ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇) အခန်း သုံး

ခ။ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ပိုင်ဆိုင်သင့်သော မှန်ကန်သည့် ရှုထောင့်များနှင့် သဘောထားများ

ဤနေရာတွင် သင်တို့ကို ငါ ရှင်းပြရန် လိုအပ်သည့်အရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာမက ရှိနေသူအားလုံးကိုလည်း ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းသည် အရေးအကြီးဆုံးသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်တို့သည် မည်သည့်နေရာတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်တို့၏ တာဝန်များကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် ဧဝံဂေလိတရားကို ဟောပြောနေသည်ဖြစ်စေ အခက်အခဲအတားအဆီးများ အမြဲရှိနေမည် ဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ပင်လျှင် အခက်အခဲများနှင့် ပြည့်နှက်နေသည်၊ ဤအချက်ကို သင်တို့အားလုံး သတိပြုမိကြပြီးပြီလော။ သင်တို့သည် တိကျသောအချက်များကို မသိနိုင် သို့မဟုတ် ရှင်းလင်းစွာ နားမလည်နိုင်သော်လည်း ယေဘုယျအခြေအနေများကို သင်တို့အားလုံး သတိပြုမိကြသည်။ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းသည် အဆင်ပြေချောမွေ့ခြင်းမရှိသည့်အပြင်၊ သင်တို့အားလုံးသည် ဤအရာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်ပြီး အသိအမှတ်ပြုသင့်သည်။ ဤအခိုင်အမာသက်သေထူထားသောအချက်ကို ဤနေရာတွင် ချပြထားသည်၊ သို့ဖြစ်၍ အသင့်တော်ဆုံး၊ အကျိုးကြောင်းအဆီလျော်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်ရန် ဤကိစ္စရပ်များအပေါ် ငါတို့ မည်သည့် သဘောထားကို ခံယူသင့်သနည်း။ စိတ်ထဲတွင် တွန့်ဆုတ်ကာ ကြောက်ရွံ့ခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) တွန့်ဆုတ်ကာ ကြောက်ရွံ့ခြင်းသည် မမှန်ကန်သည့်အတွက် ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ မကြောက်ရွံ့ဘဲ၊ တစ်လောကလုံးနှင့် ရန်သူဖြစ်ကာ၊ တစ်လောကလုံးကို အဆုံးတိုင် အတိုက်အခံလုပ်ပြီး ရေစီးကြောင်းကို ဆန်တက်သည့် သဘောထားနှင့် ရှုထောင့်ရှိခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားလော သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်ခြင်းလော။ ဤမမှန်ကန်သော ရှုထောင့်များအားလုံးသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်ဘဲ စိတ်လိုက်မာန်ပါဖြစ်ခြင်း၏ ထင်ဟပ်မှုတစ်ခုသာ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့် ရှုထောင့်များနှင့် သဘောထားများက မှန်ကန်သနည်း။ သင်တို့အတွက် အနည်းငယ်ကို ငါ စာရင်းပြုစုပေးမည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် ပထမဆုံးသော ရှုထောင့် ဖြစ်သည်၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ တရုတ်ပြည်တွင်ဖြစ်စေ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ရှေးကာလများမှသည် မျက်မှောက်ခေတ်အထိ လူသားမျိုးနွယ်အားလုံးထဲတွင် တရားအမျှတဆုံးသော အကြောင်းတရား ဖြစ်သည်။ ယခု ငါတို့ လုပ်ဆောင်နေသည့်အရာသည် လူသားမျိုးနွယ်ထဲတွင် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သောကြောင့် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ဖုံးကွယ်ထားခြင်းမရှိ၊ ပွင့်လင်းသည်၊ လျှို့ဝှက်ခြင်းမရှိပေ။ ဤ “တရားမျှတခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် သမ္မာတရား၊ ဘုရားသခင်၏ အလိုတော်၊ ဖန်ဆင်းရှင်၏ စီစဉ်မှုများနှင့် တာဝန်ပေးစေခိုင်းချက်များကို ရည်ညွှန်းသည်။ ယင်းသည် လူ့ကိုယ်ကျင့်တရားများ၊ ကျင့်ဝတ်များနှင့် ဥပဒေများကို လုံးဝ ကျော်လွန်ပြီး ဖန်ဆင်းရှင်၏ ဦးဆောင်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ဆောင်ရွက်ထားသည့် အကြောင်းတရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အမှန်ကန်ဆုံးသော ရှုထောင့် မဟုတ်လော။ တစ်ချက်အနေဖြင့်၊ ဤရှုထောင့်သည် အမှန်တကယ် တည်ရှိနေသော အချက်တစ်ခုဖြစ်ပြီး နောက်တစ်ချက်အနေဖြင့်၊ ယင်းသည် လူတစ်ဦး ထမ်းဆောင်သည့် တာဝန်အပေါ် အမှန်ကန်ဆုံးသော အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် ဒုတိယရှုထောင့် ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိ သည်။ လောက၏ အုပ်စိုးသူများနှင့် လောကရှိ မည်သည့်အာဏာ၊ ဘာသာတရား၊ အဖွဲ့အစည်းနှင့် လူမျိုးစုမဆိုအပါအဝင် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ လက်တော်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင်ရှိသည်။ မည်သူကမျှ မိမိ၏ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ခြင်း မရှိပေ။ ငါတို့သည် ခြွင်းချက်မဟုတ်ပေ။ ငါတို့၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင်ရှိပြီး ငါတို့ သွားသည့်နေရာနှင့် နေထိုင်သည့်နေရာ၏ လားရာကို မည်သူမျှ မပြောင်းလဲနိုင်သည့်အပြင်၊ ငါတို့၏ အနာဂတ်နှင့် ပန်းတိုင်ကိုလည်း မည်သူမျှ မပြောင်းလဲနိုင်ပေ။ သမ္မာကျမ်းစာက “ရှင်ဘုရင်၏ နှလုံးသားသည် မြစ်ရေကဲ့သို့ ယေဟောဝါ၏ လက်တော်တွင် ရှိ၏။ ယင်းကို သူ အလိုရှိသည့်နေရာတိုင်းသို့ လှည့်တော်မူသည်။” (သုတ္တံကျမ်း ၂၁:၁) ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ ငါတို့ကဲ့သို့ မပြောပလောက်သော လူသားများ၏ ကံကြမ္မာများအတွက်မူ သာ၍ပင် ဆိုဖွယ်မရှိပေ။ ငါတို့ နေထိုင်သည့် နိုင်ငံ အုပ်စိုးသူ၏ အုပ်ချုပ်မှုနှင့် စနစ်အပြင် ဤနိုင်ငံ၏ နေထိုင်မှုပတ်ဝန်းကျင်သည် ငါတို့ကို ခြိမ်းခြောက်သည်ဖြစ်စေ၊ ရန်လိုသည်ဖြစ်စေ သို့မဟုတ် ဖော်ရွေသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ငါတို့ စိုးရိမ်ပူပန်စရာ သို့မဟုတ် ပူပင်ကြောင့်ကြစရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ လူတို့ စွဲကိုင်ထားသင့်သည့် ရှုထောင့်နှင့် ရှိသင့်သည့် သိနားလည်မှုဖြစ်သည့်အပြင် ၎င်းတို့ ပိုင်ဆိုင်ပြီး နားလည်သင့်သည့် သမ္မာတရားလည်း ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ တတိယရှုထောင့်ဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ငါတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ ငါတို့၏ လုပ်နိုင်စွမ်းများ သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ ငါတို့သည် မပြောပလောက်သော ဖန်ဆင်းခံများစွာထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ငါတို့ ဖြည့်ဆည်းသင့်သည့် တစ်ခုတည်းသော တာဝန်နှင့် ဝတ္တရားမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံရန် ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မရှိ၊ ထိုမျှ ရိုးရှင်းသည်။ ငါတို့သည် လက်တလောတွင် လွတ်လပ်သော နိုင်ငံတစ်ခုနှင့် လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေသော်လည်း တစ်နေ့တွင် ဘုရားသခင်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ရန်နှင့် အန္တရာယ်ပေးရန် ရန်လိုသော အင်အားစုတစ်ခုကို ပေါ်ပေါက်စေပါက ငါတို့တွင် စောဒကတက်မှု ဘာဆိုဘာမျှ မရှိသင့်ပေ။ ငါတို့သည် အဘယ်ကြောင့် စောဒကတက်မှုများ မရှိသင့်သနည်း။ အကြောင်းမှာ ငါတို့သည် အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါတို့၏ တာဝန်၊ ဝတ္တရားနှင့် အလုပ်မှာ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် စီစဉ်ညွှန်ကြားသမျှ အရာရာတိုင်းကို ကျိုးနွံနာခံရန် ဖြစ်သည်။ ဤကျိုးနွံနာခံခြင်းသည် သမ္မာတရားဖြစ်သလော။ ယင်းသည် လူတို့ ရှိသင့်သည့် သဘောထား ဟုတ်သလော။ (ဟုတ်ပါသည်။) တစ်နေ့တွင် လူသားမျိုးနွယ်အားလုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ငါတို့ကို ဆန့်ကျင်လာပြီး သေခြင်းနှင့် ငါတို့ ရင်ဆိုင်ရပါက စောဒကတက်မှုများ ရှိသင့်သလော။ (မရှိသင့်ပါ။) အချို့က “ငါတို့အနေဖြင့် စာတန်၏ ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို နောက်ထပ် မခံစားရစေရန်အလို့ငှာ ဘုရားသခင်က ငါတို့ကို နိုင်ငံရပ်ခြားသို့ ပို့ဆောင်ခဲ့ခြင်း မဟုတ်လော။ ငါတို့၏ တာဝန်များကို လွတ်လပ်စွာ ထမ်းဆောင်ပြီး လွတ်လပ်ခြင်း၏ လေကို ရှူရှိုက်နိုင်ရန် မဟုတ်လော။ သို့ဆိုလျှင် ဘုရားသခင်က ငါတို့ကို သေခြင်းနှင့် ရင်ဆိုင်စေရန် အဘယ်ကြောင့် ကြံရွယ်နေသေးသနည်း”ဟု ပြောကြသည်။ ဤစကားများသည် မမှန်ကန်ပေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံခြင်းသည် သဘောထားတစ်ခု၊ ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ယင်းသည် ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် သဘောထား ဖြစ်သည်။

လူတို့ နားလည်သဘောပေါက်သင့်သည့် နောက်ထပ် အရေးအကြီးဆုံးသော အချက်တစ်ချက် ရှိသည်။ နိုင်ငံရပ်ခြားတွင် အတော်အတန် တည်ငြိမ်ပြီး လွတ်လပ်သော်လည်း အဆင်းနီသော နဂါးကြီး၏ မကြာခဏ ဒုက္ခပေးနှောင့်ယှက်ခြင်းကို ရှောင်ရှားရန် ခက်ခဲနေဆဲ ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ ဒုက္ခပေးနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရသည့်အခါ အချို့သောလူတို့က စိုးရိမ်ကြသည်။ “အဆင်းနီသော နဂါးကြီး၏ အာဏာစက်က အလွန်ကြီးမားသည်။ ၎င်းသည် သူ့အတွက် အလုပ်လုပ်ပေးရန်၊ သူ့ကိုယ်စား အစေခံမှုပေးရန် ကမ္ဘာတစ်ဝှမ်းမှ အရေးပါသော ပုဂ္ဂိုလ်များကို လာဘ်ထိုးနိုင်သည်။ သို့ဖြစ်၍ နိုင်ငံရပ်ခြားသို့ ကျွန်ုပ်တို့ ထွက်ပြေးလျှင်ပင် အန္တရာယ်ရှိနေဆဲ၊ အန္တရာယ်ဖြစ်လုနီးပါး ဖြစ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်တို့ ဘာလုပ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤသတင်းများကို ကြားရသည့်အခါတိုင်းတွင် အချို့သောလူတို့သည် အလျှော့ပေးလိုလျက်၊ ထွက်ပြေးလိုကြလျက်၊ မည်သည့်နေရာတွင် ပုန်းအောင်းရမည်ကို မသိကြတော့ဘဲ၊ စိုးရိမ်ပြီး ကြောက်လန့်လာကြလေသည်။ ဤသို့ဖြစ်သည့်အခါတိုင်းတွင် အချို့က၊ “လောကကြီးသည် အလွန်ကျယ်ပြောလှသော်လည်း ငါ့အတွက် နေရာမရှိပါတကား။ အဆင်းနီသော နဂါးကြီး၏ အာဏာစက်အောက်တွင် ငါသည် သူ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပြီး သူ၏ အာဏာစက် နယ်ပယ်ပြင်ပတွင်ပင် အဘယ်ကြောင့် သူ၏ နှောင့်ယှက်ခြင်းကို ခံနေရသေးသနည်း။ အဆင်းနီသော နဂါးကြီး၏ အာဏာစက်က အလွန်ကြီးမားသည်၊ ငါ ကမ္ဘာ့အစွန်အဖျားသို့ ထွက်ပြေးလျှင်ပင် သူသည် ငါ့ကို အဘယ်ကြောင့် ရှာတွေ့နိုင်သေးသနည်း”ဟူ၍ တွေးမိကြသည်။ လူတို့သည် မကြောက်လန့်ဘဲမနေနိုင်ဖြစ်ကြပြီး ဘာလုပ်ရမည်ကို မသေမချာဖြစ်လာကြသည်။ ဤသည်မှာ ယုံကြည်ခြင်းရှိခြင်း၏ သရုပ်သကန်တစ်ခုလော။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ (ဘုရားသခင်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်း ဖြစ်ပါသည်။) ယင်းမှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ကင်းမဲ့ခြင်းမျှသာဖြစ်သလော။ သင်တို့သည် အခြားသူများထက် နိမ့်ကျသည်ဟု စိတ်ထဲတွင် ခံစားရသလော။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အသင်းတော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သူခိုးတစ်ယောက်ကဲ့သို့ အနည်းငယ် သိုဝှက်ရသည်ဟု သင်ခံစားရသလော။ ဘာသာရေးလောကတွင်ရှိသည့် သူတို့ထက် အနည်းငယ် နိမ့်ကျသည်ဟု သင်ခံစားရသလော။ “သူတို့၏ အာဏာကို ကြည့်ပါ။ သူတို့တွင် တရားဝင် သင်းအုပ်ဆရာများနှင့် နိုင်ငံတော်က အသိအမှတ်ပြုထားသော ခမ်းနားသည့် ဘုရားရှိခိုးကျောင်းကြီးများ ရှိသည်။ အလွန် ထည်ဝါလိုက်လေခြင်းပါတကား။ သူတို့တွင် နိုင်ငံအမျိုးမျိုး၌ သံစုံကျူးအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ ရှိသည်။ သို့သော် ငါတို့ကို ကြည့်ပါ၊ အမြဲတမ်း အနိုင်ကျင့်ခံနေရသည်။ သွားလေရာတွင် ဖယ်ကြဉ်ခြင်းကို ရင်ဆိုင်နေရသည်။ ငါတို့သည် အဘယ်ကြောင့် သူတို့နှင့် ကွဲပြားနေရသနည်း။ ငါတို့ သွားလေရာရာ၌ ထိုအကြောင်းကို အဘယ်ကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ရသနည်း။ ငါတို့သည် အဘယ်ကြောင့် အလွန်စိတ်မချမ်းမြေ့စွာ အသက်ရှင်ရမည်နည်း။ အထူးသဖြင့် အွန်လိုင်းတွင် ထိုအပျက်သဘောဆောင်သော ဝါဒဖြန့်မှုများချည်းသာ ရှိနေသည်။ အခြားအသင်းတော်များက ဤအရာကို အဘယ်ကြောင့် ခါးစည်းမခံရဘဲ၊ ငါတို့က ဤအရာများကို အဘယ်ကြောင့် အမြဲတမ်း ခံစားနေရသနည်း။ ဘုရားသခင်ကို ယုံကြည်သော အခြားယုံကြည်သူများသည် သွားလေရာရာ၌ ခရစ်ယာန်ဘာသာကို ယုံကြည်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောကြသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော ငါတို့ကမူ လူဆိုးများက ငါတို့ကို တိုင်ကြားပြီးနောက် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရလျက် ပွင့်လင်းစွာ မပြောဝံ့ကြပါ”ဟု စဉ်းစားကြလေသည်။ မကြာသေးမီက အစိုးရအရာရှိတစ်ဦးဟု ဆိုသူတစ်ဦးက ညီအစ်ကိုမောင်နှမအချို့ကို မေးခွန်းအနည်းငယ် မေးခဲ့ကြောင်း ငါကြားခဲ့သည်။ အရာရှိတစ်ဦးက ၎င်းတို့အား မေးမြန်းနေသည်ကို မြင်သောအခါ ၎င်းတို့သည် ကြောက်လန့်လာပြီး မေးသမျှကို ဖြေကြားလျက်၊ မိမိတို့ သိသမျှအားလုံးကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့ပြုမူရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သည်၊ အရာရှိများကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ သင်သည် တရားမဝင်သော အရာတစ်ခုတလေကိုမျှ မလုပ်ဆောင်ခဲ့ပါက ကြောက်ရွံ့ရန် မလိုအပ်ပေ။ သင့်တွင် သမ္မာတရားရှိပါက နတ်ဆိုးများနှင့် စာတန်ကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းခရီးမဟုတ်ဟု သင်ထင်သလော။ တရားမဝင်သော အရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့သည်ဟု ခံစားရသလော။ သို့ဆိုလျှင် သင်သည် အရာရှိတစ်ဦးကို အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။ ထိုသို့သောလူများသည် မိုက်မဲပြီး မသိနားမလည်သောသူများ မဟုတ်လော။ အချို့သောလူများသည် တရုတ်ပြည်မကြီးတွင် လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ကြီးမားသော အတိုင်းအတာထိ ခံစားခဲ့ရသည်။ နိုင်ငံရပ်ခြားသို့ ရောက်လာပြီးနောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အပြစ်ရှိသည်ဟု ခံစားရသလော။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည့်အတွက် မျက်နှာငယ်ရသည်ဟု ခံစားရသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ရန် နိုင်ငံရပ်ခြားသို့ အတင်းထွက်ပြေးစေခြင်းခံရသည့်အတွက် မိမိတို့၏ ဘိုးဘေးများကို မျက်နှာပြရန် ရှက်မိပြီး ဂုဏ်ငယ်သည်ဟု ခံစားရသလော။ စာတန်ဆန်သော အစိုးရနှင့် ဘာသာရေးလောကက ဘုရားသခင်နှင့် အသင်းတော်ကို ရန်လိုစွာ ဆက်ဆံနေသည်ကို ၎င်းတို့ မြင်တွေ့ပြီး မိမိတို့ကိုယ်ကို သူများထက် နိမ့်ကျသည်၊ ရာဇဝတ်မှုတစ်ခု ကျူးလွန်ခြင်းထက်ပင် ပို၍ ရှက်ဖွယ်ကောင်းသည်ဟု ခံစားရသလော။ သင်တို့တွင် ဤခံစားချက်များ ရှိသလော။ (မရှိပါ။) သင်တို့သည် ဤအတွေးများနှင့် ခံစားချက်များကို လက်သင့်မခံလိုဘဲ အပေါ်ယံတွင် ခေါင်းခါကောင်း ခါနိုင်သော်လည်း တကယ့် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦး၏ စိတ်နေစိတ်ထား၊ ၎င်းတို့၏ အပြုအမူများနှင့် ၎င်းတို့ မသိစိတ်ဖြင့် လုပ်ဆောင်သည့် လုပ်ရပ်များသည် ၎င်းတို့၏ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံး၊ အဖုံးကွယ်ဆုံးသော ကဏ္ဍများကို မလွဲမသွေ ဖော်ထုတ်လေသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သင့်တွင် ဤအရာများ မရှိပါက သင်သည် အဘယ်ကြောင့် ကြောက်ရွံ့ရသနည်း။ ဥပဒေမချိုးဖောက်သော လူတစ်ဦးသည် ရဲကို ကြောက်သလော။ သူသည် တရားသူကြီးကို ကြောက်သလော။ မကြောက်ပေ။ ဥပဒေချိုးဖောက်သော သူတို့သာလျှင် ရဲကို အကြောက်ဆုံးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ရဲများသည် ဥပဒေမဲ့ပြီး မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့် ရဲ၏ ဖိနှိပ်မှုကို ကျင့်သားရနေသော တရုတ်လူမျိုးများသာလျှင် ရဲကို အကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့် တရုတ်လူမျိုးများက နိုင်ငံရပ်ခြားသို့ ပထမဆုံး ရောက်ရှိသည့်အခါ ရဲကို မြင်ရုံမျှက ၎င်းတို့ကို ကြောက်လန့်သွားစေသည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ အုပ်ချုပ်မှုကြောင့် ကြောက်လန့်နေရခြင်း၏ ရလဒ်တစ်ခုဖြစ်သည်၊ ယင်းမှာ ၎င်းတို့၏ မသိစိတ်ထဲတွင် ထုတ်ဖော်ပြသသည့်အရာတစ်ခု ဖြစ်သည်။ အနောက်နိုင်ငံများတွင် သင်၏ အဆင့်အတန်းသည် တရားဝင်ဖြစ်သည်၊ သင့်တွင် နေထိုင်ခွင့်ရှိသည်၊ သင်သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့သည့်အပြင်၊ အစိုးရကိုလည်း မတိုက်ခိုက်ခဲ့ဘဲ မည်သည့်ရာဇဝတ်မှုကိုမျှ မကျူးလွန်ခဲ့ပေ။ သင်၏ ယုံကြည်ခြင်းက ဘာသာရေးလောကတွင် မည်မျှ အငြင်းပွားမှုကို လှုံ့ဆော်စေကာမူ အချက်တစ်ချက်မှာ သေချာနေဆဲဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဥပဒေအရ အကာအကွယ်ပေးခံထားရပြီးဖြစ်သည်၊ ယင်းသည် တရားဝင်ပြီး လွတ်လပ်သည်၊ ပြီးလျှင် ဤသည်မှာ သင်၏ တရားသော လူ့အခွင့်အရေး ဖြစ်သည်။ သင်သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ၊ သို့ဖြစ်၍ တစ်စုံတစ်ဦးက ရဲအရာရှိတစ်ဦးဖြစ်သည်ဟု ဆိုကာ သင့်ကို “သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလော။ သင်၏ သက်သေခံကတ်ပြားကို ပြပါ။ သင်သည် မည်သည့်နေရာမှ လာသနည်း။ သင် အသက်မည်မျှရှိသနည်း။ သင် ယုံကြည်သူတစ်ဦးဖြစ်သည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း။ မည်သည့်နေရာတွင် သင် နေထိုင်သနည်း။ သင်၏ လိပ်စာကို ပြောပါ”ဟု မေးခွန်းထုတ်ပါက သင်သည် မည်သို့ တုံ့ပြန်မည်နည်း။ ပထမမေးခွန်းဖြစ်သည့် “သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလော”ဟူသည်ကို သင်သည် မည်သို့ ဖြေမည်နည်း။ (ယုံကြည်ပါသည်။) သင်တို့သည် အဘယ်ကြောင့် “ယုံကြည်ပါသည်”ဟု ပြောမည်နည်း။ ဤသည်မှာ အဖြစ်မှန်ကို အခြေခံသလော။ သို့မဟုတ် မေးလာပါက “ယုံကြည်ပါသည်” ဟု ပြောရခြင်းသည် ဤသည်မှာ နိုင်ငံသားတစ်ဦးအနေဖြင့် သင်၏ တာဝန်ဖြစ်၍လော။ သို့တည်းမဟုတ် ဘုရားသခင်က သင့်ကို “ယုံကြည်ပါသည်” ဟု ပြောရန် ညွှန်ကြားခဲ့၍လော။ သင်တို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ မေးခဲ့သည့် ဒုတိယအရာဖြစ်သော “သင်၏ သက်သေခံကတ်ပြားကို ပြပါ” ဟူသည်အတွက်မူ သင်တို့ ပြမည်လော။ (ပြမည်မဟုတ်ပါ။) တတိယမေးခွန်းဖြစ်သော “သင် ဘယ်မှာနေသနည်း။ သင်၏ လိပ်စာကို ချရေးပါ” ဟူသည်ကို သင်တို့ ချရေးမည်လော။ (ချရေးမည်မဟုတ်ပါ။) စတုတ္ထမေးခွန်းဖြစ်သော “သင် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်ပေါင်း မည်မျှရှိပြီနည်း။ သင့်ကို ဤယုံကြည်ခြင်းနှင့် မည်သူက မိတ်ဆက်ပေးခဲ့သနည်း။ သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင် နိုင်ငံရပ်ခြားတွင် နေသည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း” ဟူသည်တို့ကို သင်တို့ ဖြေမည်လော။ (ဖြေမည် မဟုတ်ပါ။) ပဉ္စမမေးခွန်းဖြစ်သော “သင် ဤနေရာတွင် မည်သည့်တာဝန်ကို ထမ်းဆောင်နေသနည်း။ သင်၏ ခေါင်းဆောင်မှာ မည်သူနည်း”ဟူသည်ကို သင်တို့ တုံ့ပြန်မည်လော။ (တုံ့ပြန်မည် မဟုတ်ပါ။) အဘယ်ကြောင့် မတုံ့ပြန်မည်နည်း။ (ကျွန်ုပ်သည် ၎င်းတို့ကို ပြောပြရမည့် တာဝန်မရှိပါ။) သို့ဆိုလျှင် ပထမမေးခွန်းသို့ ပြန်သွားရလျှင်၊ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလောဟု မေးလာပါက သင်တို့အားလုံး တညီတညွတ်တည်း “ယုံကြည်ပါသည်”ဟု ဖြေမည်ဟု ဆိုခဲ့ကြသည်။ ဤသို့ဖြေဆိုခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အကြောင်းမှာ ယုံကြည်ခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သောကြောင့် ဖြစ်သည်။ ရဲတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တွင် သူတို့ကို မပြောဘဲ နေပိုင်ခွင့် ရှိပါသည်။) သို့ဆိုလျှင် သင်သည် ၎င်းတို့ကို အဘယ်ကြောင့် မပြောပြမည်နည်း။ (အကြောင်းမှာ သူတို့က ကျွန်ုပ်ကို အဘယ်ကြောင့် မေးမြန်းနေသည်ကိုလည်းကောင်း၊ မည်သည့်အနေအထားဖြင့် မေးမြန်းနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ မေးမြန်းခြင်းသည် တရားဝင်ခြင်း ဟုတ်မဟုတ်ဟူသည်ကိုလည်းကောင်း ကျွန်ုပ် ဦးစွာ ရှင်းလင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့၏ ရည်ရွယ်ချက်နှင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား မရှင်းလင်းပါက ကျွန်ုပ်တွင် သူတို့၏ မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိပါ။) ဤပြောဆိုချက် မှန်ကန်ပေသည်။ အစတွင် သင်တို့အားလုံးက “ယုံကြည်ပါသည်”ဟု ဖြေဆိုမည်ဟု ပြောခဲ့ကြသော်လည်း ငါ ဆက်လက်မေးမြန်းလာသည်နှင့်အမျှ သင်တို့၏ တုံ့ပြန်မှုက မမှန်ကန်ကြောင်း ခံစားရလျက် တစ်စုံတစ်ခု လွဲချော်နေသည်ဟု သင်တို့ စတင်ခံစားလာကြသည်။ ပြဿနာ မည်သည့်နေရာတွင် ရှိသည်ကို သင်တို့ ဖော်ထုတ်နိုင်ခဲ့ကြသလော။ ဤကိစ္စတွင် သင်တို့ ရှိသင့်သည့် နားလည်မှုမှာ ဤသို့ဖြစ်သည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ။ ငါတို့သည် ရာဇဝတ်သားများ မဟုတ်၊ ငါတို့တွင် ငါတို့၏ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် ရှိသည်။ မည်သူကမျှ ငါတို့ကို သဘောရှိ စစ်ဆေးမေးမြန်းခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း ပြု၍မရပေ။ မည်သူက ငါတို့ကို မေးခွန်းများ မေးသည်ဖြစ်စေ ငါတို့ အမှန်အတိုင်း ဖြေဆိုရမည်ဟု မဆိုလိုပေ။ ငါတို့တွင် ဤသို့ပြုလုပ်ရန် တာဝန်မရှိပေ။ ဤစကားများသည် မှန်ကန်သလော။ (မှန်ပါသည်။) မည်သူပင်ဖြစ်စေ ငါတို့ကို ထင်ရာမြင်ရာ စစ်ဆေးမေးမြန်းခြင်းသည် တရားမဝင်ပေ။ ငါတို့သည် ဥပဒေကို နားလည်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် ယင်းအား မည်သို့အသုံးပြုရမည်ကို သင်ယူရမည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ပိုင်ဆိုင်သင့်သည့် ဉာဏ်ပညာ ဖြစ်သည်။ သို့ဆိုလျှင် အနာဂတ်တွင် သင်သည် ထိုသို့သောအခြေအနေတစ်ခုကို ကြုံတွေ့ရပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင် ယုံကြည်သလောဟု မေးလာပါက သင်သည် မည်သို့ တုံ့ပြန်မည်နည်း၊ မည်သို့ ကိုင်တွယ်မည်နည်း။ သင် ပထမဆုံး ပြောသည့်အရာမှာ “သင်သည် မည်သူနည်း။ မည်သည့် လုပ်ပိုင်ခွင့်ဖြင့် ကျွန်ုပ်ကို ဤသို့ မေးရသနည်း။ ကျွန်ုပ်သည် သင့်ကို သိပါသလော” ဟူ၍ ဖြစ်သည်။ အကယ်၍ ၎င်းတို့က အစိုးရအေဂျင်စီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ပြောပါက သင့်အနေဖြင့် ၎င်းတို့အား အထောက်အထားပြခိုင်းသင့်သည်။ အကယ်၍ ၎င်းတို့၏ အထောက်အထားကို မပြပါက သင်က “သင်သည် ကျွန်ုပ်နှင့် စကားပြောရန် အရည်အချင်းမပြည့်မီပါ။ ကျွန်ုပ်တွင်လည်း သင့်ကို ဖြေဆိုရန် မည်သည့်တာဝန်မျှ မရှိပေ။ အစိုးရဝန်ထမ်းများစွာ ရှိသည်၊ ၎င်းတို့အားလုံးကို ကျွန်ုပ် ဖြေကြားနေရမည်လော။ အစိုးရတွင် အချို့သောအလုပ်များကို ကိုင်တွယ်ရန် သတ်မှတ်ထားသော လူများ ရှိသည်၊ သင်သည် ဤကိစ္စကို အမှန်တကယ် ကြီးကြပ်ရသည့်သူဖြစ်သလော။ သင် ကြီးကြပ်ရသည့်သူဖြစ်လျှင်ပင် ကျွန်ုပ်သည် ဥပဒေမချိုးဖောက်ခဲ့ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည် သင့်ကို အဘယ်ကြောင့် ဖြေကြားရမည်နည်း။ သင့်ကို အဘယ်ကြောင့် အရာအားလုံး ပြောပြရမည်နည်း။ အကယ်၍ ကျွန်ုပ်သည် တစ်စုံတစ်ခု မှားယွင်းစွာလုပ်ဆောင်ခဲ့ပြီး ဥပဒေချိုးဖောက်ခဲ့သည်ဟု သင် ထင်ပါက သက်သေအထောက်အထားကို တင်ပြနိုင်သည်။ သို့သော် သင်သည် ကျွန်ုပ်ကို သင်၏ မေးခွန်းတစ်ခုတလေကို ဖြေကြားစေလိုပါက ကျွန်ုပ်၏ ရှေ့နေနှင့် သွားပြောလော့။ သင့်ကို ဖြေဆိုရန် ကျွန်ုပ်တွင် တာဝန်မရှိသည့်အပြင်၊ သင့်တွင်လည်း မေးခွန်းမေးပိုင်ခွင့် မရှိပါ”ဟု ပြောဆိုလော့။ ဤတုံ့ပြန်နည်းသည် မည်သို့ရှိသနည်း။ ယင်းက ဂုဏ်သိက္ခာကို ဖော်ပြသလော။ (ဖော်ပြပါသည်။) သို့ဆိုလျှင် သင်တို့၏ တုံ့ပြန်မှုက မည်သည့်အရာကို ပြသခဲ့သနည်း။ ယင်းက ဂုဏ်သိက္ခာကို ဖော်ပြခဲ့သလော။ (မဖော်ပြပါ။) သင်တို့၏ နည်းလမ်းအတိုင်း တုံ့ပြန်ခြင်းသည် ဥပဒေကို မသိနားမလည်ခြင်းအား ပြသသည်။ သင်တို့သည် အခြားသူများ မေးသမျှကို ဖြေကြားရုံဖြေကြားကြပြီး အဆုံးတွင် မည်သည့်အရာ ဖြစ်သွားသနည်း။ သင်သည် ယုဒတစ်ဦး ဖြစ်လာပေသည်။ သင်တို့သည် မဆင်မခြင် ဖြေဆိုနိုင်ပြီး ယင်းအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်ရှိသည့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သူများက မသိနားမလည်သူများ၊ အဆင့်အတန်း နိမ့်ကျသူများဖြစ်ပြီး နိုင်ငံတော်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသူများဖြစ်သည်ဟုလည်းကောင်း၊ ဤနိုင်ငံတွင် ၎င်းတို့သည် လူ့အခွင့်အရေး သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ နေထိုင်သင့်သည်ဟုလည်းကောင်း အယူဝါဒသွတ်သွင်းခြင်းနှင့် ဦးနှောက်ဆေးကြောခြင်းတို့ကို ခံထားရပေသည်။ သို့ဖြစ်၍ ယုံကြည်သူများသည် မိမိတို့ကိုယ်ကို အဆင့်အတန်းနိမ့်ကျသူများအဖြစ် သတ်မှတ်လိုက်မိကြသည်။ အနောက်နိုင်ငံများသို့ ရောက်ရှိလားပြီးနောက်တွင် ၎င်းတို့သည် လူ့အခွင့်အရေးဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ဂုဏ်သိက္ခာဟူသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများဟူသည်မှာ အဘယ်အရာဖြစ်သည် စသည့်အရာများကို နားမလည်ကြပေ။ သို့ဖြစ်၍ တစ်စုံတစ်ဦးက ဘုရားသခင်ကို သင် ယုံကြည်သလားဟု မေးလာသည့်အခါ သင်သည် သင်သိသမျှအားလုံးကို ပြောပြကာ မည်သည့်ဝိညာဉ်ရင့်ကျက်မှုကိုမျှ လုံးဝမပြဘဲ ကြောက်ရွံ့မှုကြောင့် အလျင်အမြန် ဝန်ခံလိုက်မိလေသည်။ ဤအရာအားလုံးကို မည်သူက ဖြစ်စေခဲ့သနည်း။ ယင်းကို ဖြစ်စေခဲ့သည်မှာ အဆင်းနီသော နဂါးကြီး၏ အယူဝါဒသွတ်သွင်းခြင်းနှင့် အုပ်ချုပ်မှုဖြစ်သည်။ တရုတ်ပြည်မကြီးတွင်ရှိသည့် လူတိုင်း၏ နက်ရှိုင်းသော မသိစိတ်ထဲတွင် ဘုရားသခင်ကို သင် ယုံကြည်သည်နှင့်တစ်ပြိုင်နက် သင်သည် ဤလူ့အဖွဲ့အစည်းတွင်၊ လူသားမျိုးနွယ်အကြားတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းကို ရရှိသွားသည်၊ သင်သည် လူ့အဖွဲ့အစည်းနှင့်လည်းကောင်း၊ လူသားမျိုးနွယ်တို့နှင့်လည်းကောင်း အဆက်ပြတ်သွားသည်ဟူသော အယူအဆတစ်ခု ရှိနေသည်။ သို့ဖြစ်၍ ဤလူတို့သည် ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မိမိတို့ကိုယ်ကို ကာကွယ်ရမည့် အသိ ကင်းမဲ့ကြသည်၊ ၎င်းတို့ မိုက်မဲသည်၊ မသိနားမလည်ဖြစ်ကြသည့်အပြင် အခြားသူများကို မိမိတို့အလိုရှိသလို အနိုင်ကျင့်ခွင့်နှင့် ကြိုးကိုင်ခွင့်ပေးလျက် ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်ဟူသည့် အယူအဆရှိလေသည်။ ဤသည်မှာ သင်တို့၏ စိတ်နေသဘောထား ဖြစ်သည်။ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ ဝေးစွ၊ သင်သည် အချိန်မရွေး သူ့ကို သစ္စာဖောက်ပြီး အချိန်မရွေး ယုဒတစ်ဦး ဖြစ်လာနိုင်သည်။ သို့ဆိုလျှင် သင်သည် ဂုဏ်သိက္ခာဖြင့် မည်သို့ ပြုမူနိုင်မည်နည်း။ သင့်ကို မေးခွန်းများ မေးလာသည့် သူစိမ်းတစ်ဦးကို သင် မည်သို့ ရင်ဆိုင်သင့်သနည်း။ ပထမဦးစွာ ၎င်းတို့ မည်သူဖြစ်သည်ကို မေးလော့၊ ထို့နောက် ၎င်းတို့ကို အထောက်အထားပြခိုင်းလော့။ ဤသည်မှာ သင့်လျော်သော ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဖြစ်သည်။ အနောက်နိုင်ငံများတွင် ရဲ သို့မဟုတ် အခြားမည်သည့် အစိုးရဝန်ထမ်းမဆို အစိုးရကိုယ်စား အလုပ်လုပ်သည့် ကိုယ်စားလှယ်များအဖြစ် အများပြည်သူနှင့် ဆက်ဆံသည့်အခါ ၎င်းတို့သည် ဦးစွာ မိမိတို့၏ အထောက်အထားများကို အမြဲတမ်း ပြသကြသည်။ ၎င်းတို့၏ အထောက်အထားများကို အခြေခံ၍ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုပြီးနောက် သင်သည် ၎င်းတို့၏ မေးခွန်းများကို မည်သို့တုံ့ပြန်ရမည် သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ တောင်းဆိုချက်များအား မည်သို့ကိုင်တွယ်ရမည်ကို ဆုံးဖြတ်လော့။ ဤကိစ္စတွင် သင်သည် မုချ ရွေးချယ်မှုများ ပြုလုပ်ခွင့်ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သင့်တွင် လုပ်ပိုင်ခွင့် လုံးဝရှိသည်၊ သင်သည် ရုပ်သေးတစ်ရုပ် မဟုတ်ပေ။ သင်သည် တရုတ်လူမျိုးတစ်ဦး၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အသင်းသားတစ်ဦး ဖြစ်သော်လည်း သင်နေထိုင်သည့် နိုင်ငံ၏ တရားဝင်ပြီး အသိအမှတ်ပြုခံရသော နိုင်ငံသားတစ်ဦးလည်း ဖြစ်သည်။ သင်၌ လုပ်ပိုင်ခွင့် ရှိသည်ကို မမေ့နှင့်။ သင်သည် နိုင်ငံတစ်ခုတလေ၏ ကျွန် သို့မဟုတ် အကျဉ်းသားတစ်ဦး မဟုတ်ပေ။ သင်သည် ဤနိုင်ငံ၏ ဥပဒေများ၊ လူ့အခွင့်အရေးများနှင့် စနစ်များကို မွေ့လျော်ခံစား၍ရသောသူတစ်ဦး ဖြစ်သည်။

ငါမိတ်သဟာယဖွဲ့ပြီးသည့် အကြောင်းအရာကို အခြေခံ၍ သင်တို့သည် ရုတ်တရက်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်များနှင့် မမျှော်လင့်ထားသော ဖြစ်ရပ်များကို မည်သို့ ရင်ဆိုင်သင့်သနည်း။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့ရမည့် စတုတ္ထအချက်ဖြစ်သည်၊ မကြောက်ရွံ့နှင့် ဖြစ်သည်။ အချို့လူများက “မကြောက်ရွံ့ခြင်းဆိုသည်မှာ မိုက်မိုက်မဲမဲ ရဲတင်းသည့်နည်းလမ်းဖြင့် ပြုမူခြင်းကို ဆိုလိုသလော”ဟု မေးကြသည်။ မဟုတ်ပေ၊ မကြောက်ရွံ့ခြင်းဆိုသည်မှာ ငါတို့သည် ရာဇဝတ်သားများ မဟုတ်သောကြောင့်၊ ကျွန်များ မဟုတ်သောကြောင့် မည်သည့်အာဏာကိုမျှ မကြောက်ရွံ့ခြင်းကို ဆိုလိုပေသည်။ ငါတို့သည် ဘုရားသခင် ရွေးချယ်ထားသော ဂုဏ်သိက္ခာရှိသည့်လူများ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော ဂုဏ်သိက္ခာရှိသည့် ဖန်ဆင်းခံ လူသားများ ဖြစ်ကြသည်။ ပထမဦးစွာ ဤကိစ္စရပ်အပေါ် သင်တို့၏ချဉ်းကပ်ပုံတွင် မကြောက်ရွံ့နှင့်။ ထို့အပြင် သင်၏တာဝန်နှင့် သင်၏တာဝန်ကို ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို တက်ကြွစွာ ထိန်းသိမ်းဆောင်ရွက်လော့။ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် ငါတို့ကို ပစ်မှတ်ထားသည့် အမျိုးမျိုးသော အာဏာများ၏ ပြောဆိုချက်များ၊ လုပ်ဆောင်ချက်များနှင့် အခြားအရာများကိုလည်း တက်ကြွသော သဘောထားဖြင့် ရင်ဆိုင်လော့။ ယင်းတို့ကို တက်ကြွစွာနှင့် ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ခြင်းဟူသည့် ဤသဘောထားကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) ဤသို့ အသက်ရှင်နေထိုင်ခြင်းသည် လူတစ်ဦးကဲ့သို့ ဂုဏ်သိက္ခာရှိသည်။ ယင်းမှာ နေလို့ဖြစ်ရုံမျှဖြင့် ယုတ်ညံ့စွာ အသက်ရှင်ခြင်း မဟုတ်ပေ။ ငါတို့သည် ငါတို့၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံရပ်ခြားသို့ ရောက်လာကြခြင်းဖြစ်သည်။ ငါတို့၏ ဝမ်းဗိုက်များကို ဖြည့်တင်းရန် သို့မဟုတ် ဘဝကို ရပ်တည်နိုင်ရုံ ရုန်းကန်နေထိုင်ရန် မဟုတ်ပေ။ ငါတို့သည် မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပေ။ မည်သည့်နိုင်ငံအတွက်ကိုမျှ ဒုက္ခမပေးခဲ့သည့်အပြင် မည်သည့်နိုင်ငံအတွက်မျှ သေချာပေါက် ကျွန်များ မဟုတ်ကြပေ။ ငါတို့သည် ဘုရားအိမ်တော်အတွင်း၌ ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ငါတို့သည် အခြားသူများအပေါ် မှီခိုခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ထောက်ပံ့ကြသည်။ ဤသည်မှာ လုံးဝ တရားဝင်သည်။

ငါတို့ ယခုတင် ဆွေးနွေးခဲ့သည့် အချက်လေးချက်အနက် အချက်တစ်ခုချင်းစီသည် အရေးကြီးသည်။ ပထမအချက်မှာ အဘယ်နည်း။ (နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ တရုတ်ပြည်တွင်ဖြစ်စေ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ မိမိကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် ရှေးကာလများမှသည် မျက်မှောက်ခေတ်အထိ လူသားမျိုးနွယ်အားလုံးထဲတွင် တရားအမျှတဆုံးသော အကြောင်းတရား ဖြစ်သည်။ ယခု ငါတို့ လုပ်ဆောင်နေသည့်အရာသည် လူသားမျိုးနွယ်ထဲတွင် တရားအမျှတဆုံးသော အကြောင်းတရားဖြစ်သောကြောင့် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ဖုံးကွယ်ထားခြင်းမရှိ၊ ပွင့်လင်းသည်၊ လျှို့ဝှက်ခြင်းမရှိပေ။) ဒုတိယအချက်ကရော အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိ သည်။ လောက၏ အုပ်စိုးသူများနှင့် လောကရှိ မည်သည့်အာဏာမဆို အပါအဝင် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ လက်တော်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင်ရှိသည်။ မည်သူကမျှ မိမိ၏ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ခြင်း မရှိပေ။ ငါတို့သည် ခြွင်းချက်မဟုတ်ပေ။ ငါတို့၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင်ရှိပြီးငါတို့ သွားသည့်နေရာနှင့် နေထိုင်သည့်နေရာ၏ လားရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ငါတို့ နေထိုင်သည့် နိုင်ငံ အုပ်စိုးသူ၏ အုပ်ချုပ်မှုနှင့် စနစ်တို့က မည်သို့ရှိသည်၊ ဤနိုင်ငံ၏ နေထိုင်မှုပတ်ဝန်းကျင်သည် မည်သို့ရှိသည်နှင့် ယင်းတို့က ငါတို့အပေါ် ခြိမ်းခြောက်သည်ဖြစ်စေ၊ ရန်လိုသည်ဖြစ်စေ သို့မဟုတ် ဖော်ရွေသည်ဖြစ်စေ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိပြီး ငါတို့ စိုးရိမ်ပူပန်စရာ သို့မဟုတ် ပူပင်ကြောင့်ကြစရာ တစ်ခုမျှ မရှိပေ။) တတိယအချက်မှာ အဘယ်နည်း။ (ငါတို့ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ငါတို့၏ လုပ်နိုင်စွမ်းများ သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ ငါတို့သည် မပြောပလောက်သော ဖန်ဆင်းခံများစွာထဲမှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ငါတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တစ်ခုတည်းသော တာဝန်နှင့် ဝတ္တရားမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားခြင်းများကို ကျိုးနွံနာခံရန် ဖြစ်သည်၊ ငါတို့သည် လက်တလောတွင် လွတ်လပ်သော နိုင်ငံတစ်ခုတွင် ရှိနေသော်လည်း တစ်နေ့တွင် ဘုရားသခင်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ရန်နှင့် အန္တရာယ်ပေးရန် ရန်လိုသော အင်အားစုတစ်ခုကို ပေါ်ပေါက်စေပါက ငါတို့တွင် စောဒကတက်မှု တစ်ခုမျှ မရှိသင့်ပေ။ ဤသည်မှာ ငါတို့၏ တာဝန်၊ ဝတ္တရားနှင့် အလုပ်တို့သည် ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် စီစဉ်ညွှန်ကြားသမျှ အရာရာတိုင်းကို ကျိုးနွံနာခံရန် ဖြစ်သောကြောင့်ဖြစ်သည်။) စတုတ္ထအချက်မှာ ပြင်ပရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို ကြောက်ရွံ့ခြင်းမရှိဘဲ တက်ကြွစွာ ရင်ဆိုင်ရန် ဖြစ်သည်။ ဤအချက်လေးချက်သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူတိုင်း ရှိသင့်သည့် သဘောထားများနှင့် သိနားလည်မှုများ ဖြစ်ကြပြီး ယင်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူတိုင်း နားလည်သင့်သည့် သမ္မာတရားများလည်း ဖြစ်ကြသည်။ ဤအချက်လေးချက်သည် ယနေ့ မိတ်သဟာယဖွဲ့ခဲ့သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဝတ္တရားနှင့် သိပ်ဆက်စပ်မှုမရှိသော်လည်း ငါတို့သည် အလုပ်ထဲမှ အခက်အခဲများအကြောင်း ပြောနေသောကြောင့် ဤကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ဆဲဖြစ်သည်၊ ယင်းမှာ အချည်းနှီးမဟုတ်ပေ။

ဂ။ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများ

အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြင်ပရေးရာများတွင် ကိုင်တွယ်ရန် အတော်ပင် ခက်ခဲသော ကိစ္စရပ်များကို ကြုံတွေ့ရပြီး ပြဿနာ၏ အရင်းအမြစ်ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် မည်သို့ချဉ်းကပ်ရမည်ကိုလည်း မသိဘဲ အဘယ်အရာကို လုပ်ဆောင်ရမည်မသိ ဖြစ်သွားကြသည်။ ၎င်းတို့သည် ယင်းကို လျစ်လျူရှုလိုက်ရုံသာ ပြုကြရာ အမှုကိစ္စကို ကြန့်ကြာသွားစေသည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းမှာ အယောင်ဆောင်ခေါင်းဆောင်များက အလုပ်မလုပ်ဆောင်နိုင်သည့်အပြင် ကြန့်ကြာမှုများကိုသာ ဖြစ်စေခြင်း ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် ပြဿနာများကို မကိုင်တွယ်နိုင်သည့်အတွက် အဘယ်ကြောင့် အထက်သို့ သတင်းမပို့ကြသနည်း။ သင်သည် ပြဿနာတစ်ခုကို အထက်သို့ သတင်းပို့ပါက ငါတို့ ယင်းကို အတူတကွ ရင်ဆိုင်၍ရပြီး ပြဿနာသည် နောက်ဆုံးတွင် ပြေလည်သွားလိမ့်မည်။ သင်တို့ ထိုးထွင်းမမြင်နိုင်သော အချို့အရာများ ရှိသည်။ ယင်းတို့အား ဆန်းစစ်ရာတွင် သင်တို့ကို ငါ ကူညီပေးမည်။ ငါတို့သည် ဥပဒေ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ ကျော်လွှားရန် ကြီးမားလွန်းသော ပြဿနာဟူ၍ မရှိပေ။ သမ္မာတရား စည်းမျဉ်းများ ပါဝင်သည့် ကိစ္စရပ်များအတွက် ငါတို့သည် မိမိတို့ဘာသာ ဖြေရှင်းကြသည်။ ဥပဒေပါဝင်သည့် ကိစ္စရပ်များအတွက် ငါတို့သည် အကူအညီအတွက် ဥပဒေရေးရာ အကြံဉာဏ်ကို ရှာဖွေနိုင်ပြီး ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။ မည်သည့်ဆိုးယုတ်သော အင်အားစုများက ဘုရားအိမ်တော်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ပြီး တမင်ဖျက်ဆီးသည်ဖြစ်စေ အချက်တစ်ချက်ကို သတိရလော့။ ဥပဒေကို ငါတို့ မချိုးဖောက်သရွေ့ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ မည်သူမျှ ငါတို့ကို မည်သည့်အရာမျှ မလုပ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ရပ်ခြားနိုင်ငံအများစုသည် ဒီမိုကရေစီနိုင်ငံများဖြစ်ပြီး ဥပဒေဖြင့် အုပ်ချုပ်သောကြောင့် ဖြစ်သည်။ ဆိုးယုတ်သော အင်အားစုများက ဥပဒေကို ဆန့်ကျင်၍ ပြုမူလျှင်ပင် ၎င်းတို့သည်လည်း ဖော်ထုတ်ခံရခြင်းနှင့် ဥပဒေအရ အရေးယူခြင်းများကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ အဆင်းနီသော နဂါးကြီး၏ မည်းညစ်သော လက်များက ဘုရားအိမ်တော်၏ အလုပ်ကို မည်သို့ပင် နှောင့်ယှက်ပြီး တမင်ဖျက်ဆီးသည်ဖြစ်စေ၊ ငါတို့၏ ပုံမှန်အသက်တာများကို မည်သို့ပင် နှောင့်ယှက်သည်ဖြစ်စေ၊ မကောင်းမှုများလုပ်ရန် တစ်စုံတစ်ဦးကို လာဘ်ထိုးသည်ဖြစ်စေ ငါတို့သည် ဓာတ်ပုံများရိုက်ယူပြီး စစ်မှန်သော ဗီဒီယိုများ ဖန်တီးရမည်၊ မှန်ကန်တိကျသော မှတ်တမ်းများကို အလေးအနက်ထား၍ ထိန်းသိမ်းရမည်ဖြစ်ပြီး အချိန်၊ နေရာနှင့် ပါဝင်သည့်လူများကို ရှင်းလင်းစွာ ရေးမှတ်ထားရမည်။ အချိန်အခါကျသည့်အခါ ငါတို့သည် ယင်းကို ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ပြီး ငါတို့သည် ယင်းကို ကြောက်ရွံ့ရန် မလိုအပ်ပေ။ အဆင်းနီသော နဂါးကြီး၏ ဖိနှိပ်မှုသည် မည်မျှပင် ရူးသွပ်နေပါစေ ဘုရားသခင်သည် ငါတို့၏ အထောက်အပံ့ဖြစ်သောကြောင့် ငါတို့သည် ယင်းကို မကြောက်ရွံ့ပေ။ တစ်နေ့တွင် ဘုရားသခင်သည် ယင်းကို ဖျက်ဆီးရန် ဘေးအန္တရာယ်များကို စေလွှတ်လိမ့်မည်၊ ဘုရားသခင်သည် ယင်းကို တိုက်ရိုက် ဒဏ်ခတ်လိမ့်မည်ဖြစ်ပြီး ငါတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် သင်တို့သည် အချို့သောကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ပေ။ ထိုအခြေအနေတွင် သင်သည် ယင်းကို အထက်သို့ အမြန်သတင်းပို့သင့်ပြီး အထက်က ကြီးမားသောကိစ္စများကို သေးငယ်သွားစေပြီး သေးငယ်သောကိစ္စများကို ပြေလည်သွားစေလျက် သင့်ကို လမ်းကြောင်းတစ်ခု ပြလိမ့်မည်ဖြစ်သည်။ အမှန်တကယ်တွင် ကိစ္စရပ်များစွာအတွက် သင်တို့သည် မည်သို့ဆန်းစစ်ရမည်ကို မသိကြဘဲ ယင်းတို့၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် အခြေအနေတစ်ခုသည် အရေးပါပြီး ဆိုးရွားသည်ဟု ထင်မှတ်ကြသော်လည်း အထက်မှ ဆန်းစစ်ပြီးသည့်နောက်တွင် ယင်းမှာ အခြေခံအားဖြင့် မည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့ သဘောပေါက်သွားလိမ့်မည်။ ယင်းမှာ ကြောက်စရာ တစ်စက်မျှ မရှိသည့်အပြင် အရေးပါသည့်အရာ တစ်ခုမျှမဟုတ်ပေ၊ လက်ရှောင်သည့် လုပ်နည်းကိုင်နည်းကိုကျင့်သုံးလော့။ ပြီးလျှင် အချိန်အတန်ကြာပြီးနောက် ယင်းက အလိုလို ပြေလည်ပြီးဖြစ်သွားလိမ့်မည်။ ဆိုးယုတ်သော အင်အားစုများ၏ နှောင့်ယှက်မှုများသည် ကြီးမားသော ဆူပူအုံကြွမှုကို မဖြစ်ပေါ်စေနိုင်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဖော်ထုတ်ခံရခြင်းကို အကြောက်ဆုံးဖြစ်သောကြောင့် နယ်နိမိတ်များကို ကျော်လွန်ရန် မဝံ့ရဲကြပေ။ လူပြက်လက်တစ်ဆုပ်စာက နယ်နိမိတ်များကို ကျော်ဝံ့ပါက ငါတို့သည် ဥပဒေရေးရာ စီမံချက်များ ဆောင်ရွက်လျက် ယင်းကို ဥပဒေအရ ဖြေရှင်းနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံး ထိုးထွင်းသိမြင်သင့်သည့်အရာ ဖြစ်သည်။ မည်သည့်အခြေအနေကို သင် ကြုံတွေ့ရသည်ဖြစ်စေ သင်သည် လုံးဝ နားဝေတိမ်တောင်ဖြစ်စွာ မပြုမူရ သို့မဟုတ် မိုက်မဲစွာ မပြုမူရပေ။ သင်သည် အခြေအနေတစ်ခုကို ထိုးထွင်းမမြင်နိုင်လျှင် သို့မဟုတ် မကိုင်တွယ်နိုင်လျှင် အထက်သို့ ချက်ချင်း သတင်းပို့ပြီး အထက်အား သင့်ကို အကြံဉာဏ်နှင့် နည်းဗျူဟာများ ပေးစေသင့်သည်။ တစ်ခုတည်းသော စစ်မှန်သည့် ကြောက်ရွံ့စရာမှာ အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် မကိုင်တွယ်နိုင်သည့်တိုင် အထက်သို့ သတင်းမပို့ခြင်း သို့မဟုတ် အထက်ကို အကြောင်းမကြားခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြေအနေ ပိုမိုဆိုးရွားလာပြီး အလုပ်ကို ကြန့်ကြာစေသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ အထက်သို့ သတင်းပို့ကြရာ ပြဿနာကို ကိုင်တွယ်ရန် အကောင်းဆုံးသော အခွင့်အရေးကို ဆုံးရှုံးသွားဖွယ်ရှိသည်။ ယင်းမှာ ကင်ဆာရောဂါရှိသော်လည်း အချိန်မီ စစ်ဆေးခြင်း သို့မဟုတ် ကုသခြင်းမရှိဘဲ ကင်ဆာနောက်ဆုံးအဆင့်ရောက်မှသာ ဆေးရုံသို့ ကုသမှုအတွက် သွားသည့် လူတစ်ဦးနှင့် တူသည်။ သို့သော် ထိုအချိန်အရောက်တွင် အလွန်နောက်ကျသွားပြီဖြစ်ပြီး သေခြင်းကိုသာ ၎င်းတို့ စောင့်ဆိုင်းနိုင်တော့သည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် အမှုကိစ္စများကို ကြန့်ကြာစေရန် ဖြစ်နိုင်ဖွယ်အရှိဆုံး ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဉာဏ်ရည်မမီသူများ ဖြစ်ကြသည်။ ၎င်းတို့သည် လူယုတ်မာများဖြစ်ကြပြီး တာဝန်ယူစိတ်မရှိသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် လူဖျင်း၊ ကံဆိုးမိုးမှောင်ကျစေသူများ၊ ဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်သည့် လူနုံလူအများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ ယင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။ ပြင်ပရေးရာများကိုပင် မကိုင်တွယ်နိုင်လောက်အောင် အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် မည်သည့်အယောင်ဆောင်ခေါင်းဆောင်ကိုမဆို ချက်ချင်း ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နောက်ထပ်ကြန့်ကြာစေခြင်းအား တားဆီးရန်အတွက် တစ်ဖန် လုံးဝ အသုံးမပြုသင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သည် ဟန့်တားမှု အဖြစ်စေဆုံး ဖြစ်သည်။ မကြာခဏဆိုသလို ပြဿနာတစ်ခု ပေါ်ပေါက်လာသည့်အခါ လူတိုင်းနှင့် အချိန်မီ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ယင်းကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ တစ်ခုတည်းသော စိုးရိမ်စရာမှာ ကြီးကြပ်သည့် အယောင်ဆောင်ခေါင်းဆောင်သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိခြင်း၊ ပြဿနာကို မိမိတို့ဘာသာ မဖြေရှင်းနိုင်သည့်တိုင် ဆုံးဖြတ်ချက်ချသည့်အဖွဲ့နှင့်လည်း ဆွေးနွေးခြင်းမရှိ သို့မဟုတ် အထက်သို့လည်း သတင်းမပို့သည့်အပြင် ပြဿနာကို ဖုံးကွယ်ပြီး ဖုံးဖိလျက် ပေါ့ဆသော သဘောထားကို ကျင့်သုံးခြင်း ဖြစ်သည်။ ဤသည်မှာ အမှုကိစ္စများကို အကြန့်ကြာစေဆုံးသောအရာ ဖြစ်သည်။ ကိစ္စရပ်သည် ကြန့်ကြာပြီး အခြေအနေများ ပြောင်းလဲသွားပါက မလှုပ်မယှက်ဖြစ်သွားသည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်စေလျက် ပြဿနာကို ကိုင်တွယ်ရာတွင် လက်ဦးမှုရယူခြင်းကို ဆုံးရှုံးသွားစေနိုင်သည်။ ဤအရာက အဘယ်အရာကို သက်သေပြသနည်း။ အချို့အရာများသည် ကြန့်ကြာ၍မရသည့်အပြင် အခွင့်အရေးရသည်နှင့် အချိန်မီ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို သတိမပြုမိကြပေ။ ထို့ကြောင့် အလွန်တရာ ညံ့ဖျင်းသော အစွမ်းအစရှိသည့် ပုဂ္ဂိုလ်များက လုံးဝ မဦးဆောင်သင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် စကားလုံးများနှင့် အယူဝါဒအချို့ကို လေရှည်ရန်သာ သိကြပြီး တကယ့် ပြဿနာ တစ်ခုတလေကိုမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် လူတို့ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် ကြန့်ကြာမှုများကိုသာ ဖြစ်စေကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များကို ဖြုတ်ချပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ဝန်တာစိတ်နှင့် တာဝန်ယူစိတ်ရှိသော ပုဂ္ဂိုလ်များကို ရွေးချယ်ခြင်းဖြင့်သာ အသင်းတော်၏အလုပ်က ပုံမှန် တိုးတက်နိုင်သည်။ ရင်ဆိုင်ရသည့် ပြဿနာများ မည်သို့ပင်ဖြစ်စေ သမ္မာတရားကို သင် ရှာဖွေနိုင်သရွေ့ ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိသည်။ ပြင်ပရေးရာ ကိစ္စများနှင့် အဆင်းနီသော နဂါးကြီးက ဖြစ်စေသည့် နှောင့်ယှက်မှုများကို လိုအပ်သည့်အခါ ဥပဒေနည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။ ယင်းတို့မှာ ကြီးမားသောအရာ မဟုတ်ပေ။ ငါတို့သည် ဥပဒေကို မချိုးဖောက်သရွေ့ သို့မဟုတ် အစိုးရစည်းမျဉ်းများကို မချိုးဖောက်သရွေ့ မည်သူမျှ ငါတို့ကို မည်သည့်အရာမျှ မလုပ်နိုင်သည့်အပြင်၊ ဤယုံကြည်စိတ်ချမှုဖြင့် ငါတို့သည် စာတန် သို့မဟုတ် နတ်ဆိုးများထံမှ မည်သည့်နှောင့်ယှက်မှုကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။

ယခုအခါတွင် အယောင်ဆောင်ခေါင်းဆောင်များ၏ ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးပြီး နားလည်သဘောပေါက်ရမည်။ ဤသည်မှာ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် အခရာကျသည်။ ယခုအခါတွင် ငါတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့ကိုယ်တိုင် မဖြေရှင်းနိုင်သော ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါတွင် အဘယ်ကြောင့် အထက်သို့ သတင်းမပို့ကြသည်ကို မိတ်သဟာယပြုကြမည်။ ဤအရာကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ သင်တို့အားလုံး ဤအရာကို ဆန်းစစ်သုံးသပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းမှ အကျိုးကျေးဇူးရရှိနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်မလုပ်သည့် ပြဿနာသည် အလွန်ပင် ဆိုးရွားနေပြီဖြစ်သော်လည်း ယင်းထက် ပို၍ပင် ပြင်းထန်သော ပြဿနာတစ်ခု ရှိနေသေးသည်။ အသင်းတော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံမှ နှောင့်ယှက်မှုများနှင့် ကြုံတွေ့ရသောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် ယင်းကို မကိုင်တွယ်သည်သာမက ပို၍ပင်ဆိုးသည်မှာ ၎င်းတို့သည် အထက်သို့ သတင်းပို့ရန်လည်း ပျက်ကွက်ကြပြီး ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ အသင်းတော်အား နှောင့်ယှက်သည်ကို ခွင့်ပြုကြသည်၊ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်မခုစေဘဲ ဘေးမှနေ၍ အန္တရာယ်ကင်းကင်းဖြင့် ကြည့်နေကြသည်။ အသင်းတော်၏ အလုပ်ကို မည်သည့်အတိုင်းအတာအထိ နှောင့်ယှက်သည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်များက ဂရုမစိုက်ကြပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ကိုယ်ကျင့်တရား အလွန်ကင်းမဲ့နေသည် မဟုတ်လော။ ဤအချက်တစ်ခုတည်းကပင် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များကို နှင်ထုတ်ရန် လုံလောက်ပေသည်။ အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား လွတ်လပ်စွာ နှောင့်ယှက်ခွင့်ပြုခြင်းသည် အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံ လွှဲပြောင်းပေးခြင်းနှင့် တူညီပြီး ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအတွက် အကာအကွယ်တစ်ခုအဖြစ် ပြုမူနေခြင်း ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏ အလုပ်အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေပါတကား။ ဤအချက်တစ်ခုတည်းကို ကြည့်လျှင် မေးခွန်းမှာ အယောင်ဆောင်ခေါင်းဆောင်များကို ဖြုတ်ချသင့်ခြင်း ရှိမရှိ မဟုတ်တော့ဘဲ ၎င်းတို့ကို ရှင်းလင်းပစ်သင့်ခြင်း ရှိမရှိ ဖြစ်လာသည်။ မည်သည့်အရာက ပို၍ ဆိုးရွားသော သဘောသဘာဝရှိသနည်း။ အယောင်ဆောင်ခေါင်းဆောင်များ လက်တွေ့ကျသော အလုပ်မလုပ်ခြင်းဖြစ်သလော သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား နှောင့်ယှက်ခွင့်ပြုခြင်းဖြစ်သလော။ လက်တွေ့ကျသော အလုပ်မလုပ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်၏ တိုးတက်မှုကို သက်ရောက်မှုရှိစေနိုင်သည်၊ ဤသည်မှာ အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးကြန့်ကြာစေပြီး ဖြစ်သည်။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များက ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်အား မိမိတို့အလိုရှိသလို နှောင့်ယှက်ခွင့်ပြုပြီး ဖြေရှင်းချက်ကို မရှာဖွေဘဲ သို့မဟုတ် အထက်သို့ သတင်းမပို့ဘဲနေသည့်အခါ အကျိုးဆက်များမှာ စိတ်ကူး၍မရနိုင်အောင် ဖြစ်လာသည်။ အနည်းဆုံးအနေဖြင့် အသင်းတော်အသက်တာသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကြောင့် လုံးဝ ဖရိုဖရဲဖြစ်ပြီး ကမောက်ကမ ဖြစ်သွားသည့်အပြင် အသင်းတော်၏ အလုပ်မှာလည်း ပျက်စီးပြီး ရပ်တန့်သွားသည်။ ဤသည်မှာ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေခြင်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည် မဟုတ်လော။ အကျိုးဆက်များမှာ အမှန်ပင် ဆိုးရွားလှသည်။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များက ဤအမှားကို ကျူးလွန်ပါက ၎င်းတို့ကို နှင်ထုတ်ရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အထက်သို့ ပြဿနာများ သတင်းပို့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲသော အတွေးနှင့် အယူအဆတစ်ခု အမြဲရှိကြသည်။ အချို့က “အထက်သို့ ပြဿနာများ သတင်းပို့လျှင်ပင် ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မည်ဖြစ်သည်” ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ “ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မည်ဖြစ်သည်” ဟု သင်ဆိုလိုသည်မှာ အဘယ်နည်း။ သင်က ယင်းကို မဖြေရှင်းနိုင်ရုံမျှဖြင့် အထက်က မဖြေရှင်းနိုင်ဟု မဆိုလိုပေ။ အထက်က သင့်အား လမ်းကြောင်းတစ်ခု ပေးခဲ့လျှင် ပြဿနာမှာ လက်တွေ့တွင် အနှစ်သာရအားဖြင့် ဖြေရှင်းပြီးသား ဖြစ်သည်၊ အထက်က လမ်းကြောင်းတစ်ခု မပေးခဲ့လျှင် သင်သည် လမ်းကြောင်းမရှိဘဲ ဖြစ်သွားပေမည်။ သင်သည် ဤသေးငယ်သော ပြဿနာကိုပင် ထိုးထွင်းမမြင်နိုင်ပေ၊ သင်သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းသည်။ အချို့ကလည်း “ကျွန်ုပ်တို့သည် အခက်အခဲများ သို့မဟုတ် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ ဦးစွာ ရက်အနည်းငယ် တွေးတောကြံဆရန် လိုအပ်ပြီး အမှန်တကယ် ဖြေရှင်းချက် မရှာနိုင်မှသာ ယင်းကို တင်ပြသင့်သည်” ဟု ဆိုကြသည်။ ဤသို့ပြောသောသူတို့၌ ဆင်ခြင်တုံတရားအချို့ ရှိသည်ဟု ထင်ရနိုင်သော်လည်း ဤသို့ တွေးတောကြံဆနေသည့် ရက်များက ကြန့်ကြာမှုများကို ဖြစ်စေနိုင်ချေရှိသည် မဟုတ်လော။ ရက်အနည်းငယ် တွေးတောကြံဆခြင်းက ပြဿနာကို ဖြေရှင်းပေးလိမ့်မည်ဟု သင်သည် သေချာနိုင်သလော။ ယင်းက နောက်ထပ်ကြန့်ကြာမှုကို မဖြစ်စေဟု သင် အာမခံနိုင်သလော။ အခြားသူများက “ကျွန်ုပ်တို့က ပြဿနာတစ်ခုကို ချက်ချင်းတင်ပြလျှင် ဤသေးငယ်သော ပြဿနာကိုပင် ကျွန်ုပ်တို့ ထိုးထွင်းသိမြင်ခြင်း မရှိဟု အထက်က ထင်မည် မဟုတ်လော။ ၎င်းတို့က ကျွန်ုပ်တို့ကို မိုက်မဲပြီး အသိဉာဏ်မဲ့သည်ဟု ခေါ်ကာ ပြုပြင်မည် မဟုတ်လော” ဟု ဆိုကြသည်။ ၎င်းတို့ ဤသို့ပြောဆိုခြင်းမှာ မှားပေသည်။ သင်သည် ပြဿနာကို တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ သင်၏ အစွမ်းအစမှာ ထင်ရှားပြီးသားဖြစ်သည်၊ အထက်က အားလုံးကို သိပေသည်။ သင်က ပြဿနာတစ်ခုခုကို မတင်ပြလျှင် အထက်က သင့်ကို အထင်ကြီးမည်ဟု သင်ထင်သလော။ သင်က ပြဿနာကို တင်ပြပြီး ယင်းက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ မဖြစ်စေခဲ့လျှင် ဘုရားအိမ်တော်က သင့်ကို တာဝန်ခံခိုင်းမည် မဟုတ်ပေ။ သို့သော်လည်း သင်က ယင်းကို မတင်ပြဘဲ ကြန့်ကြာမှုများ ဖြစ်သွားစေပါက သင့်ကို တိုက်ရိုက် တာဝန်ခံခိုင်းမည်ဖြစ်ပြီး သင့်ကို ချက်ချင်း ဖြုတ်ချကာ နောက်တစ်ကြိမ် မည်သည့်အခါမျှ အသုံးပြုတော့မည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကလည်း သင့်ကို အသိဉာဏ်မဲ့သူ၊ မိုက်မဲသူ၊ ဉာဏ်ရည်မမီသူနှင့် စိတ်မမှန်သူအဖြစ် မြင်ကြမည်ဖြစ်ပြီး ၎င်းတို့က သင့်ကို မုန်းတီးကာ ထာဝရ စက်ဆုပ်ရွံရှာကြလိမ့်မည်။ ပြဿနာများကို တင်ပြသည့်အတွက် ပြုပြင်ခံရမည်ကို သို့မဟုတ် အထက်က အထင်သေးမည်ကို အစဉ်အမြဲ ကြောက်ရွံ့သောသူတို့သည် အစွမ်းအစ ညံ့ဖျင်းပြီး အမိုက်မဲဆုံးသောသူများ ဖြစ်ကြသည်၊ ၎င်းတို့ကို ဖြုတ်ချရမည်ဖြစ်ပြီး နောက်တစ်ကြိမ် မည်သည့်အခါမျှ အသုံးပြုတော့မည် မဟုတ်ပေ။ ဤသို့ အစွမ်းအစ ညံ့ဖျင်းလျက် ကိုယ့်သိက္ခာကိုယ် ဆည်လိုသေးခြင်းသည် လုံးဝ အရှက်မဲ့ခြင်း မဟုတ်လော။ ငါ့ကို ပြောလော့၊ မိမိတို့၏အလုပ်ကို ကောင်းစွာမလုပ်ဆောင်သည်သာမက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ ဖြစ်စေသော အယောင်ဆောင် ခေါင်းဆောင်များသည် မုန်းတီးဖွယ် မကောင်းသလော။ ၎င်းတို့ကို ဖြုတ်ချသင့်သလော။ (ဖြုတ်ချသင့်ပါသည်။) အကယ်၍ အရေးကြီးသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရပြီး ၎င်းတို့က ကြန့်ကြာမှုများ သို့မဟုတ် ဆိုးရွားသော အကျိုးဆက်များကို မဖြစ်စေဘဲ အချိန်မီ တင်ပြနိုင်ပါက၊ ထိုသို့သော ခေါင်းဆောင်များကို မည်သို့ ရှုမြင်သင့်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားရှိပြီး အသင်းတော်၏အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည်ဟု မှတ်ယူခံရသည်။ ထိုသို့သော ခေါင်းဆောင်များကို ဆက်လက်အသုံးပြုသင့်သလော။ (အသုံးပြုသင့်ပါသည်။) ဉာဏ်ရည်အနိမ့်ကျဆုံးသော ခေါင်းဆောင်များသာလျှင် ပြုပြင်ခံရမည်ကို ကြောက်သည့်အတွက် ပြဿနာများကို တင်ပြခြင်းမှ ရှောင်ကြဉ်ကြပေမည်။ ထိုသို့သော ခေါင်းဆောင်များကို အနာဂတ်တွင် ဆက်လက်အသုံးပြုနိုင်သေးသလော။ ၎င်းတို့ကို အသုံးပြုခြင်းက အလွန်အမင်း ကြန့်ကြာမှုကို ဖြစ်စေသောကြောင့် နောက်ထပ် အသုံးပြု၍မရနိုင်တော့ဟု ငါထင်သည်။ ယခုအချိန်ဆိုလျှင် ဤသို့သော ပြဿနာမျိုးများကို သင်တို့အားလုံး ထိုးထွင်းသိမြင်နိုင်သင့်ပြီ မဟုတ်လော။ သင် မကိုင်တွယ်နိုင်သော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ အမြန်တင်ပြပြီး ဖြေရှင်းနည်းများအတွက် မိတ်သဟာယဖွဲ့လော့။ အကယ်၍ ဆုံးဖြတ်ချက်ချသည့်အဖွဲ့က ယင်းတို့ကို မကိုင်တွယ်နိုင်ပါက ယင်းတို့ကို အထက်သို့ ချက်ချင်းတင်ပြလော့။ ဤအရာ၊ သို့မဟုတ် ထိုအရာအတွက် မစိုးရိမ်နှင့်၊ ပြဿနာကို အချိန်မီ ဖြေရှင်းနိုင်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်ပေသည်။ ယခုလေးတင် ဖော်ပြခဲ့သော ဥပမာသည် အသင်းတော်အားလုံးတွင် ဖြစ်ပွားသည်၊ ဤအခက်အခဲများနှင့် ပြဿနာများသည် ပေါ်ပေါက်လာလိမ့်မည်။ အသင်းတော်၏ အတွင်းပိုင်းအခက်အခဲအချို့နှင့် နှိုင်းယှဉ်လျှင် ဤပြင်ပပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ ပို၍ ဆိုးရွားသည်။ ထို့ကြောင့် ပြင်ပပြဿနာများ၏ အခက်အခဲသည် အသင်းတော်၏ အတွင်းပိုင်းပြဿနာများထက် အနည်းငယ် ပို၍ကြီးမားသည်။ သင်တို့သည် ပြင်ပပြဿနာများနှင့် ရင်ဆိုင်ရပါက ယင်းတို့ကို တိုင်ပင်ဆွေးနွေးခြင်းမှတစ်ဆင့် အမြန်ဖြေရှင်းသင့်သည် သို့မဟုတ် အထက်သို့ တင်ပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည်။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို သေချာစေနိုင်ပြီး နိုင်ငံတော် ဧဝံဂေလိတရား၏ ပျံ့နှံ့ခြင်းကို အဟန့်အတားမဖြစ်စေရန် အာမခံနိုင်သည်။ အသင်းတော်၏ ပြင်ပပြဿနာများကို ကိုင်တွယ်ခြင်း၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယမှာ ဤမျှသာဖြစ်သည်။

အသင်းတော်တစ်ခုစီတွင် အစွမ်းအစ ညံ့ဖျင်းသော လူအချို့ရှိကြပြီး ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲများကို အမြဲ ကြုံတွေ့ရသည်။ ၎င်းတို့ထံ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ စစ်မှန်သော ထိရောက်မှုတစ်ခုမျှမရှိဘဲ စည်းမျဉ်းစည်းကမ်းများကိုသာ ကြောင်းကျိုးမမြင် ပုံသေစောင့်ထိန်းလျက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ၎င်းတို့ မရှာဖွေနိုင်ကြပေ။ ထိုသို့သော အခြေအနေများတွင် ဤလူတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ရန် လိုအပ်သည်။ ဤပြုပြင်ခြင်းသည် ဝန်ထမ်းနေရာ ပြန်လည်ချထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အရေးကြီးသော အလုပ်တစ်ခုကို တာဝန်ပေးအပ်ခံရသော လူတစ်ဦးရှိသည်၊ သို့သော် ၎င်းတို့၏ အလုပ်တွင် သင့်အနေဖြင့် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ မဖြေရှင်းနိုင်သော ပြဿနာအချို့ ရှိနေသည်။ ပြဿနာ၏ အနှစ်သာရကို သို့မဟုတ် ဤလူကို အသုံးပြု၍ရနိုင်သေးခြင်း ရှိမရှိဟူသည်ကို သင် ထိုးထွင်းမမြင်နိုင်သည့်အပြင် စောင့်ကြည့်လေ့လာခြင်း သို့မဟုတ် နောက်ထပ်မိတ်သဟာယဖွဲ့ခြင်းကလည်း မည်သည့်ရလဒ်ကိုမျှ မဖြစ်ပေါ်စေပေ။ ဤလူသည် အလုပ်တွင် အလွန် ကြန့်ကြာမှုများစွာကို မဖြစ်စေသော်လည်း အရေးကြီးသော ကိစ္စရပ်များက မည်သည့်အခါတွင်မျှ ပြေလည်မသွားပေ။ ယင်းက သင်တို့ကို အမြဲ အတော်အတန် မသက်မသာဖြစ်စေသည်။ ဤအရာနှင့် ရင်ဆိုင်ရသည့်အခါ သင်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သင်ကိုယ်တိုင် မဖြေရှင်းနိုင်ပါက မိတ်သဟာယဖွဲ့ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဆန်းစစ်ခြင်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စုဝေးပွဲတစ်ခုဆီသို့ ယူဆောင်လာသင့်သည်။ နောက်ဆုံးတွင် အများသဘောတူညီချက်တစ်ခုကို ရရှိနိုင်ပါက ပြဿနာက ပြေလည်သွားလိမ့်မည်။ ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက ပြဿနာကို မဖြေရှင်းပေးပါက အချိန်ကြာလာသည်နှင့်အမျှ ယင်းက အရေးကြီးသောကိစ္စရပ်များကို ကြန့်ကြာမှုများ ဖြစ်စေနိုင်သလော။ ဖြစ်စေနိုင်ပါက သင်သည် အထက်သို့ သတင်းပို့ပြီး ဖြေရှင်းချက်တစ်ခုကို အမြန်ဆုံး ရှာဖွေသင့်သည်။ အတိုချုပ်ဆိုရလျှင် သင်၏အလုပ်တွင် မည်သို့သော ရှုပ်ထွေးမှုများ သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့က ဘုရားသခင် ရွေးချယ်ထားသောလူများ တာဝန်ထမ်းဆောင်ခြင်းကို သက်ရောက်မှုရှိနိုင်သရွေ့ သို့မဟုတ် အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သရွေ့၊ ပြဿနာများကို အချိန်မီ ဖြေရှင်းသင့်သည်။ အကယ်၍ ပြဿနာတစ်ခုကို သင်ကိုယ်တိုင် မဖြေရှင်းနိုင်ပါက ယင်းကို အတူတကွ ဖြေရှင်းရန် သမ္မာတရားကို နားလည်သောသူအချို့ကိုရှာသင့်သည်။ ဤအရာက အလုပ်မဖြစ်သေးပါက သင်သည် ပြဿနာကို အထက်သို့ တင်ပြကာ အစီရင်ခံပြီး အဖြေရှာရမည်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို သို့မဟုတ် မည်သည့် တွေဝေမှုများကိုမဆို အလေးအနက်ထားရမည်ဖြစ်သည်။ ပြဿနာများ သို့မဟုတ် အခက်အခဲများကို ရှာဖွေတွေ့ရှိပြီးနောက် စကားလုံးများနှင့် အယူဝါဒအချို့ကို သာမန်ကာလျှံကာ ဟောပြောခြင်း၊ ညီအစ်ကိုမောင်နှမများကို စိတ်အားထက်သန်စေရန် ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ သို့မဟုတ် ၎င်းတို့ကို ပြုပြင်ပြီးနောက် ပြီးပြီဟု မှတ်ယူခြင်းမျှသာ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်းသည် အပေါ်ယံပြဿနာအချို့ကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ယင်းက အရင်းခံပြဿနာများကို မဖြေရှင်းနိုင်ပေ။ အရင်းအမြစ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများ ပါဝင်သည့် ကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား အခြေခံ၍ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ဖြေရှင်းရမည်ဖြစ်သည်။ လူတို့၏ တစ်ဦးချင်း အခက်အခဲများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် တာဝန်များထမ်းဆောင်ခြင်းအတွက် လိုအပ်သော အတတ်ပညာဆိုင်ရာ အသိပညာနှင့် ဆက်စပ်သည့် ပြဿနာများလည်း ရှိသည်။ ဤလက်တွေ့ကျသော ကိစ္စရပ်များအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဖြေရှင်းချက်များကို လိုအပ်သည်။ ဤကိစ္စရပ်များအနက် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဖြေရှင်းနိုင်သည့် မည်သည့်ရှုပ်ထွေးမှုများနှင့် အခက်အခဲများကိုမဆို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ စိစစ်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ စုဝေးပွဲတစ်ခုသို့ ယူဆောင်လာနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေရန် အထက်သို့ တိုက်ရိုက် သတင်းပို့နိုင်သည်။ ဤသည်ကို လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ခြင်းဟု ခေါ်ပြီး ဤနည်းလမ်းဖြင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် လေ့ကျင့်ခြင်းဖြင့်သာ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးထွားနိုင်ကာ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ယူစိတ်ရှိသရွေ့ ပြဿနာများကို အချိန်မရွေး၊ နေရာမရွေး ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ ၎င်းတို့ နေ့စဉ် ဖြေရှင်းသင့်သည့် ပြဿနာများ ရှိနေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင်တို့ ယုံကြည်သလောဟု မေးမြန်းသည့် ဖြစ်ရပ်တစ်ခုကို ငါ ယခုတင် ဖော်ပြခဲ့ပြီး သင်တို့အားလုံး ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။ အစပိုင်းတွင် လူတိုင်းက “ယုံကြည်ပါသည်”ဟု ဖြေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသော်လည်း နောက်ပိုင်းတွင် အချို့က ထိုသို့တုံ့ပြန်ခြင်းသည် မမှန်ကန်ဟု ဆိုကြပြီး အခြားသူများကမူ မသိဟု ဆိုကြသည်။ တုံ့ပြန်ပုံ အမျိုးမျိုး ရှိခဲ့သည်။ အဆုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များကလည်း “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား ‘မယုံကြည်ပါ’ ဟု ပြောဆိုခြင်းသည် အခြားသူများရှေ့တွင် ဘုရားသခင်ကို ငြင်းပယ်ခြင်းဖြစ်မည်ဖြစ်ပြီး ထိုအခါ ဘုရားသခင်က ငါတို့ကို အသိအမှတ်ပြုမည် မဟုတ်ပါ။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းအား ‘ယုံကြည်ပါ’ ဟု ပြောဆိုခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်မည်နည်း။ ရွေးချယ်မှုနှစ်ခုစလုံးက မမှန်ကန်ဟု ထင်ရသည်”ဟု တွေးတောလျက် ခေါင်းခြောက်သွားကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာအား မည်သို့ဖြေရှင်းရမည်ကို မသိခဲ့ကြသည့်အပြင် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခဲ့ကြပေ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများသည် ထိုသို့သော အခြေအနေများကို တစ်ဖန် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် မှန်ကန်သော ရှုထောင့်များနှင့် သဘောထားများ ကင်းမဲ့နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ပြဿနာသည် မပြေလည်ဘဲရှိနေလိမ့်မည်။ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းကို ဆိုလိုသည်။ မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းသည် လုပ်နိုင်စွမ်းနှင့်လည်းကောင်း၊ အစွမ်းအစနှင့်လည်းကောင်း သက်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ သို့သော် ထိုသို့သော ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ ယင်းတို့ကို မဖြေရှင်းရသေးကြောင်း သင်သိပါက သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် လူတိုင်းကို လွတ်လပ်စွာ ပြုမူခွင့်ပေးပြီး ၎င်းတို့ ခံစားရသည့်အတိုင်း လုပ်ဆောင်ခွင့်ပေးလျက် ယင်းတို့ကို လျစ်လျူရှုခြင်း သို့မဟုတ် အမှုကိစ္စကို အေးသွားစေရန် ဖိနှိပ်ထားခြင်း မပြုသင့်ပေ။ ထိုအစား သင်သည် ထိုသို့သော အခြေအနေများတွင် လုပ်ဆောင်ရန် သင့်တော်သော လုပ်ဆောင်ချက်များနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတို့ကို ရှာဖွေလျက် အထက်သို့ သတင်းပို့ရမည်။ နောက်ဆုံးတွင် လူတိုင်းသည် ဤအခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့ ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများက အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် သဘောထားများနှင့် ရပ်တည်ချက်များကို ၎င်းတို့ ခံယူသင့်သည်ကိုလည်းကောင်း နားလည်စေရမည်။ ထို့နောက် အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် နောက်တစ်ဖန် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ကြလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းကြသည်။ သို့ဆိုလျှင် သင်တို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သလောဟု မေးမြန်းခံရသည့်အခါ အစပိုင်းတွင် အဘယ်ကြောင့် “ယုံကြည်ပါသည်” ဟု ဖြေဆိုမည်ဖြစ်ကြောင်း သင်တို့အားလုံးက ပြောခဲ့ကြသနည်း။ ဤအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များအား မည်သို့ဖြေရှင်းရမည်ဟူသည်ကို သင်တို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ဖူးပေ။ ၎င်းတို့သည် လူတိုင်းတွင် မိမိတို့၏ကိုယ်ပိုင် သဘောပေါက်နားလည်မှုရှိပြီး လူတိုင်းက မိမိတို့နှစ်သက်ပုံစံအတိုင်း သဘောပေါက်နားလည်နိုင်ကာ မိမိတို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း လက်တွေ့လုပ်ဆောင်နိုင်သည့် သာမညကိစ္စများအဖြစ် ဤအရာများကို ယူဆကြလေသည်။ ထို့ကြောင့် သင်တို့သည် ဤမေးခွန်း မေးမြန်းခံရသည့်အခါ တုံ့ပြန်မှုမျိုးစုံ ရှိခဲ့သည်။ သို့ဆိုလျှင် သင်တို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ယခုတွင် ကောက်ချက်တစ်ခု ချပြီးပြီလော။ တစ်စုံတစ်ဦးက သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိမရှိ မေးမြန်းပါက မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့က မည်သူဖြစ်သည်ကို မေးလော့။ ဒုတိယအနေဖြင့် ၎င်းတို့ကို အထောက်အထား ပြခိုင်းလော့။ ၎င်းတို့က သင့်ကိုအခြားကိုယ်ရေးကိုယ်တာ အချက်အလက်များ မေးမြန်းပါက အဖြေမပေးနှင့်။ ၎င်းတို့ အထောက်အထားပြလျှင်ပင် မပြောပြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်သည်၊ သင့်ကို မည်သူက ဧဝံဂေလိတရားဟောခဲ့သည်၊ သင်၏တာဝန်များကို မည်သည့်နေရာတွင် သင် ထမ်းဆောင်ခဲ့သည်၊ သင်၏ယုံကြည်ခြင်း မည်မျှ အားကောင်းသည်၊ သင်၏အနာဂတ်လမ်းကြောင်းကို သင်မည်သို့ရွေးချယ်သည်၊ သမ္မာတရားကို သင် မည်သို့လိုက်စားပြီး ရရှိသည်ဟူသည့် ဤကိစ္စရပ်များသည် ငါတို့အတွက် အလွန်တန်ဖိုးရှိသဖြင့် မည်သည့်သူစိမ်းကိုမျှ သာမန်ကာလျှံကာ ထုတ်ဖော်ပြောဆို၍ မရပေ။ ၎င်းတို့သည် ထိုသို့သော အရေးကြီးသည့် အချက်အလက်များကို စုံစမ်းမေးမြန်းပိုင်ခွင့် မရှိပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ကိစ္စရပ်များကို မဖြေရှင်းနိုင်ပါက ဖြေရှင်းချက်များကို ရှာဖွေရန်နှင့် သင့်တော်သော တုံ့ပြန်နည်းများကို မေးမြန်းရန် အထက်သို့ အချိန်မီ သတင်းပို့သင့်သည်။ အထက်က သင်တို့ကို လှောင်ပြောင်မည်မဟုတ်၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့က သင်သည် အလွန်မိုက်မဲသည်ဟု ပြောကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ပြဿနာကို ဖြေရှင်းနိုင်ခြင်းသည် အကောင်းဆုံးသော ရလဒ်ဖြစ်သည်။

ယနေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဋ္ဌမမြောက် တာဝန်ဝတ္တရားဖြစ်သည့် အလုပ်တွင် ကြုံတွေ့ရသော ရှုပ်ထွေးမှုများ၊ အခက်အခဲများကို အချိန်မီ သတင်းပို့ပြီး ဖြေရှင်းနည်း ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ ငါတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများက မည်သည့်အရာဖြစ်သည်ဟူသည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤကိစ္စရပ်များကို ရင်ဆိုင်ရသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည်ကိုလည်းကောင်း၊ ဤကိစ္စရပ်များကို မည်သို့ချဉ်းကပ်ရမည်ဟူသည်ကိုလည်းကောင်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤကိစ္စရပ်များကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များက အဘယ်အရာများဖြစ်ကြသည်နှင့်ပတ်သက်၍မူ ထိုအပိုင်းကို နောက်မိတ်သဟာယတွင် ငါတို့ ဆွေးနွေးပြောဆိုမည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။