ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈) အခန်း သုံး

၂။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် အယောင်ဆောင် ခေါင်းဆောင်များ

ငါတို့သည် အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို အချိန်မီသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင် အမျိုးအစားတစ်မျိုး၌ရှိသော သရုပ်သကန်များနှင့်အတူ၊ ဤသို့သောလူတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအား အဘယ်ကြောင့် မဖြည့်ဆည်းနိုင်ကြသည်ဟူသော အကြောင်းရင်းများကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်ထဲရှိ အရှုပ်အထွေးများနှင့် အခက်အခဲများကို မတွေ့ရှိနိုင်သောကြောင့် ဤတာဝန်ကို မဖြည့်ဆည်းနိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ နောက်ထပ် လူအမျိုးအစားတစ်မျိုးလည်း ရှိသည်။ ၎င်းတို့သည် ထိုဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သောလူတို့နှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့သည်လည်း အလုပ်ထဲတွင် တည်ရှိသော ပြဿနာများကို မတွေ့ရှိနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ထိုပြဿနာများကို အထက်သို့ ချက်ချင်းသတင်းပို့နိုင်ခြင်း မရှိသည့်အပြင်၊ အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေနိုင်ခြင်း မရှိကြပေ။ ထိုသို့သောလူတို့သည်လည်း အလုပ်နှင့် အလုပ်များနေကြသည်။ တစ်နေ့လုံး အားနေခြင်းမရှိဘဲ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ ၎င်းတို့သည် တရားဒေသနာများ ဟောပြောခြင်း၊ နေရာအသီးသီးရှိ ညီအစ်ကိုမောင်နှမများထံ သွားရောက်ကြည့်ရှုခြင်း၊ အလုပ်အတွက် စီစဉ်မှုများ ပြုလုပ်ခြင်းတို့ဖြင့် အလုပ်များနေကြသည့်အပြင်၊ အသင်းတော်အလုပ်အတွက် ပစ္စည်းမျိုးစုံကို ဝယ်ယူခြင်းဖြင့်ပင် အလုပ်များနေကြသည်။ တစ်စုံတစ်ဦး ဖျားနာလျှင် ၎င်းတို့က ဆရာဝန် ကူရှာပေးသည်။ တစ်စုံတစ်ဦးက အိမ်၌ အခက်အခဲများရှိလျှင် ၎င်းတို့က ငွေကြေးအထောက်အပံ့ စီစဉ်ပေးခြင်းဖြင့် ကူညီသည်။ တစ်စုံတစ်ဦးသည် မကောင်းသော အခြေအနေတွင် ရှိနေလျှင် ၎င်းတို့က ထိုသူကို ပံ့ပိုးရန် အစပြုလုပ်ဆောင်ပြီး ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် တက်ကြွစွာ ကူညီပေးသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် အမြဲ အထွေထွေ အလုပ်ကိစ္စအချို့ဖြင့် အလုပ်များနေကြသည်။ ၎င်းတို့သည် အသင်းတော်၏ လက်တွေ့ကျသော အလုပ်၊ ဧဝံဂေလိအလုပ်နှင့် အသင်းတော်အသက်တာရှိ ပြဿနာများကို ဂရုမစိုက်ကြပေ။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ဟိုဟိုသည်သည် ပြေးလွှားရင်း မိမိတို့ကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး၊ အသင်းတော်၏ အရေးကိစ္စများနှင့် ညီအစ်ကိုမောင်နှမများ၏ သီးသန့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ ခေါင်းဆောင်များအနေဖြင့် ဤတာဝန်များကို ထမ်းဆောင်သင့်သည်ဟု ၎င်းတို့ ထင်ကြသော်လည်း၊ ခေါင်းဆောင်တစ်ဦး၏ ပဓာနကျသော အလုပ်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ သဘောမပေါက်သည့်အပြင်၊ မည်မျှပင် ကြိုးစားလုပ်ဆောင်ပါစေ အသင်းတော်၌ တည်ရှိသော လက်တွေ့ကျပြီး အရေးပါသည့် ပြဿနာများကို ၎င်းတို့ ရှာမတွေ့နိုင်ကြသေးပေ။ သို့ဖြစ်၍၊ အသင်းတော်အသက်တာ၌ အနှောင့်အယှက်များနှင့် အတားအဆီးများ ပေါ်ပေါက်လာသည့်အခါတွင်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့က အသက်ဝင်ရောက်မှု၌ အခက်အခဲများ ကြုံတွေ့ရသည့်အခါတွင်လည်းကောင်း၊ ဤခေါင်းဆောင်တို့သည် ဤအရာများကို အချိန်မီမဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အားနေခြင်းမရှိဘဲ နေ့တိုင်း အလုပ်လုပ်ရင်း အလုပ်များနေပြီး သွားလာနေကြသော်လည်း၊ ဤမျှ အလုပ်များနေခြင်းဖြင့် မည်သည့်အရာကိုပင် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသနည်း။ အသင်းတော်အလုပ်၌ ပြဿနာများစွာ ရှိနေသော်လည်း၊ ၎င်းတို့က ထိုပြဿနာများကို ရှာမတွေ့နိုင်ကြပေ။ အပြင်ပန်းအရ၊ ၎င်းတို့သည် လုံ့လဝီရိယရှိပုံရသည်၊ တာဝန်သိတတ်ပုံရပြီး အားနေခြင်းမရှိသည့်ပုံရသော်လည်း၊ အလုပ်ထဲတွင် ပြဿနာတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ၊ ၎င်းတို့သည် ဟာကွက်များကို လိုက်ဖာထေးရင်း၊ “ရှုပ်ထွေးပြီး ခက်ခဲသော ပြဿနာ”မျိုးစုံကို ဖြေရှင်းရင်း၊ အသင်းတော်၌ ပေါ်ပေါက်လာသော ဆိုးယုတ်သောလူမျိုးစုံနှင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသူမျိုးစုံတို့ကို ကိုင်တွယ်ရင်း အလုပ်များနေကြသည်။ ၎င်းတို့သည် ဤကဲ့သို့ အလုပ်ဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေကြသော်လည်း၊ အခြေခံအကျဆုံးသော ပြဿနာများကိုပင် မပိုင်းခြားနိုင်ကြပေ။ ကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်ပြီး မကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ကောင်းသော အစွမ်းအစဟူသည် အဘယ်အရာဖြစ်ပြီး ညံ့ဖျင်းသော အစွမ်းအစဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ စစ်မှန်သော အရည်အချင်းနှင့် အသိပညာကို ပိုင်ဆိုင်ခြင်းဟူသည် အဘယ်အရာဖြစ်ပြီး ဆုကျေးဇူးများရှိခြင်းဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ မပိုင်းခြားနိုင်ကြပေ။ ဘုရားအိမ်တော်က မည်သည့်လူစားမျိုးတို့ကို ပျိုးထောင်ပေးပြီး မည်သည့်လူစားမျိုးတို့ကို ဖယ်ရှားရှင်းလင်းသည်၊ မည်သည့်လူတို့က သမ္မာတရားကို လိုက်စားပြီး မည်သူတို့က မလိုက်စားသည်၊ မည်သည့်လူတို့က မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်ပြီး မည်သူတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း မရှိသည်၊ မည်သည့်လူတို့ကို ဘုရားသခင်၏လူများအဖြစ် စုံလင်စေနိုင်ပြီး မည်သည့်လူတို့က အလုပ်လုပ်ပေးသူများဖြစ်သည်၊ စသည်တို့ကို ၎င်းတို့ ထိုးထွင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် စကားကြီးစကားကျယ် ပြောနိုင်ပြီး အနှစ်မရှိသော သီအိုရီများကို ထုတ်ဖော်ပြောဆိုနိုင်သော်လည်း လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်သူတို့အား ပျိုးထောင်ရန် အဓိကပစ်မှတ်များအဖြစ် သဘောထားပြီး၊ အရေးကြီးသောအလုပ်ကို ထမ်းဆောင်ရန်နှင့် အပ်နှံရန် ၎င်းတို့အတွက် စီစဉ်ပေးကြသည်။ နားလည်သဘောပေါက်မှု စစ်စစ်၊ အစွမ်းအစနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းရှိသူတို့ကိုမူ၊ ဤလူတို့က ဘုရားသခင်ကို အလွန်ကြာမြင့်စွာ မယုံကြည်သေးသောကြောင့် သို့မဟုတ် မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြကြပြီးဖြစ်သောကြောင့် သက်သက်ဖြင့် မြှင့်တင်ပေးရန်နှင့် ပျိုးထောင်ပေးရန် ၎င်းတို့က နှောင့်နှေးစေကြသည်။ ဤသို့သော ပြဿနာများသည် အသင်းတော်၌ မကြာခဏ ပေါ်ပေါက်တတ်ပြီး၊ ဤသည်မှာ အသင်းတော်အလုပ်၏ တိုးတက်မှုကို သက်ရောက်မှုရှိစေသည်။ ဤအရာများမှာ စစ်မှန်သော ပြဿနာများဖြစ်သည့်တိုင်၊ ဤခေါင်းဆောင်မျိုးက ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မတွေ့ရှိနိုင်သည့်အပြင်၊ လုံးဝပင် သတိမပြုမိကြပေ။ ဆိုးယုတ်သူတို့က အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသည့်အခါ၊ ၎င်းတို့က ထိုသူတို့ကို စောင့်ကြည့်လေ့လာမှု ခံယူခွင့်ပေးပြီး မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရန် အခွင့်အရေးတစ်ခု ပေးကြသည်။ ဆိုးယုတ်သူများမဟုတ်သည့် အခြားသူတို့က ငယ်ရွယ်ပြီး အသိဉာဏ်မဲ့သောကြောင့်နှင့် စည်းမျဉ်းများမရှိဘဲ ပြုမူသောကြောင့် ရံဖန်ရံခါ သေးငယ်သော အမှားအချို့၊ စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများမဟုတ်သည့် အမှားများကို ပြုလုပ်မိသည့်အခါတွင်မူ၊ ဤခေါင်းဆောင်မျိုးက ဤအမှားများကို ခွင့်မလွှတ်နိုင်သော အပြစ်များအဖြစ် သဘောထားပြီး ဤလူတို့ကို အိမ်ပြန်ခိုင်းလိုက်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားသည် နေ့စဉ် အလုပ်ဖြင့် အလုပ်များနေပြီး၊ အပြင်ပန်းအားဖြင့်၊ ၎င်းတို့သည် အားထုတ်မှုများစွာ ပြုလုပ်နေပုံရပြီး ၎င်းတို့၏ အချိန်များစွာကို အသုံးပြုနေပုံရသော်လည်း၊ ၎င်းတို့ မည်သို့ပင် အလုပ်လုပ်ပါစေ ထိုအလုပ်မှ စစ်မှန်သော အသက်ထောက်ပံ့မှုကို မည်သူမျှ မရရှိကြပေ။ ဘုရားသခင် ရွေးချယ်ထားသောလူတို့၌ မည်သည့်ပြဿနာများနှင့် အခက်အခဲများ ရှိသည်ဖြစ်စေ၊ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ထိုအရာများကို မဖြေရှင်းနိုင်သည့်အပြင်၊ ၎င်းတို့ လုပ်နိုင်သမျှမှာ ချစ်ခင်သော စိတ်နှလုံးဖြင့် ၎င်းတို့ကို တိုက်တွန်းအားပေးခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အားပေးရန် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်းသာ ဖြစ်သည်။ ထို့ကြောင့်၊ ထိုသို့သောလူတို့၏ ခေါင်းဆောင်မှုအောက်တွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် အသက်ထောက်ပံ့မှု မရရှိကြ၊ စိတ်အားထက်သန်မှုကို အခြေခံ၍ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြရုံသာဖြစ်ပြီး၊ မည်သည့် အသက်ဝင်ရောက်မှုမျှ မရရှိကြပေ။ ဤသို့ဖြင့် ၎င်းတို့ မည်မျှကြာကြာ ခံနိုင်မည်နည်း။ ရလဒ်အနေဖြင့်၊ အချို့လူတို့သည် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းကာ၊ ဘုရားသခင်၏နေ့ရက် ရောက်ရှိလာရန် အမြဲ တောင့်တနေကြပြီး၊ ရူပါရုံများသည် ၎င်းတို့အတွက် ပိုပိုပြီး မရှင်းမလင်း ဖြစ်လာကာ၊ အရေးကိစ္စများကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများ ရှိလာကြသည့်အပြင်၊ အချို့သည် ဘုရားသခင်ကို သံသယပင်ဝင်လာကာ သူ့ကို သတိထားနေကြသည်အထိပင် ဖြစ်လာသည်။ အယောင်ဆောင် ခေါင်းဆောင်တို့သည် ဤပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ လုံးဝ မဖြေရှင်းနိုင်ကြသည့်အပြင်၊ ၎င်းတို့ လုပ်သမျှမှာ ထိုပြဿနာများကို ရှောင်လွှဲခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး အရေးကိစ္စများကို ဖြေရှင်းရန် ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ မဖတ်ကြ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြပေ၊ ၎င်းတို့သည် ဤအလုပ်ကို ဘယ်သောအခါမျှ မဆောင်ရွက်ကြပေ။ နေ့စဉ်နေ့တိုင်း၊ ၎င်းတို့သည် အထွေထွေ အလုပ်ကိစ္စအချို့နှင့် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သော အပြင်ပန်းဆိုင်ရာ အရေးကိစ္စအချို့ဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ အမှုအရာများ လုပ်ဆောင်ရင်း ၎င်းတို့ အလုပ်များနေသရွေ့၊ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းနှင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းဖြစ်ပြီး၊ ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နိုင်ဖွယ်မရှိသည်ကို ဆိုလိုသည်ဟု ၎င်းတို့ ထင်ကြသည်။ အမှန်တွင်၊ ဤအထွေထွေ အရေးကိစ္စများဖြင့် ၎င်းတို့ မိမိတို့ကိုယ်ကို အလုပ်များစေခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စေဖို့ မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများကို အသက်တာ၌ တိုးတက်ရန် လုံးဝမကူညီပေ။ ငါ့ကို ပြောလော့၊ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစား၏ အစွမ်းအစနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ အလုပ်များနေသရွေ့ ပြဿနာအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သွယ်ဝိုက်သောနည်းဖြင့် ပြေလည်သွားစေလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤလူတို့သည် အလွန်ပင် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ပင် ညံ့ဖျင်းသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ မည်သည့် စစ်မှန်သောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်သည့်အပြင်၊ ဤအရာက ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ စစ်စစ် ဖြစ်စေသည်။ ဤသည်မှာ ပိုင်းခြားရန် အလွယ်ကူဆုံးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ယခုအခါ နေရာတိုင်းရှိ အသင်းတော်များတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ရှိနေကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရန် မိမိတို့၏ စိတ်အားထက်သန်မှုကိုသာ အမှီပြုကြပြီး သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အလုပ်မှာ အဘယ်အရာဖြစ်သည်ကို မသိကြသည့်အပြင်၊ အရေးကိစ္စများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စွမ်းလည်း မရှိကြပေ။ တစ်နေ့လုံး အထွေထွေအလုပ်အချို့ဖြင့်သာ ကြောင်းကျိုးမမြင်ဘဲ အလုပ်ရှုပ်လျက် အချိန်ကုန်နေကြသည်။ ဥပမာအားဖြင့်၊ အသင်းတော်က ပစ္စည်းတစ်ခု ဝယ်ရန် လိုအပ်သည်ဆိုပါစို့။ ဤသည်မှာ အလုပ်တာဝန်ကြီးတစ်ခု မဟုတ်ပေ။ သက်ဆိုင်ရာနယ်ပယ်၌ အသိနှံ့စပ်သူ တစ်စုံတစ်ဦးကို သွားဝယ်ခိုင်းရန် စီစဉ်လိုက်ရုံသာ လိုအပ်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက ငွေအများကြီးကုန်မည်ကို ကြောက်သောကြောင့် စျေးအပေါဆုံးတစ်ခုကို ဝယ်ယူရန် နေရာများစွာသို့ သွားရောက်ဖို့ တစ်စုံတစ်ဦးကို စီစဉ်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်း၏ ရလဒ်မှာ ၎င်းတို့သည် ဈေးပေါသော ပစ္စည်းတစ်ခုကို ဝယ်ယူခဲ့ပြီး ရက်အနည်းငယ်ကြာ အသုံးပြုပြီးနောက် ပျက်စီးသွားကာ နောက်တစ်ခု သွားဝယ်ရန် လိုအပ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ငွေကို ချွေတာနိုင်ခဲ့ခြင်း မရှိသည့်အပြင် ဆန့်ကျင်ဘက်အားဖြင့် ပို၍ပင် ကုန်ကျသွားရသည်။ ဤသည်မှာ အလုပ်တာဝန်တစ်ခုကို ကိုင်တွယ်ရန် စည်းမျဉ်းရှိသော နည်းလမ်းတစ်ခု ဖြစ်သလော။ ပစ္စည်းတစ်ခု ဝယ်ယူသည့်အခါ နာမည်ကြီးတံဆိပ်ကို ဝယ်ရန် မလိုအပ်သော်လည်း၊ လုပ်ဆောင်ရန် သင့်တော်သော အရာမှာ အနည်းဆုံးအနေဖြင့် သင့်တော်သော အရည်အသွေးရှိပြီး အသုံးပြုနိုင်သည့် အရာတစ်ခုကို ဝယ်ယူခြင်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တို့သည် အထွေထွေ အလုပ်ကိစ္စများနှင့်ပတ်သက်၍ များစွာ စိုးရိမ်ကြပြီး၊ ထိုသို့စိုးရိမ်ခြင်းနှင့်ပတ်သက်၍ မှားယွင်းသည့်အရာ မည်သည့်အရာမျှ မရှိပေ။ သို့သော်လည်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အရေးပါသည့် အလုပ်ကို အလေးအနက်မထားကြသည့်အပြင်၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ယင်းမှာ ၎င်းတို့က ပဓာနကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအလုပ်အပြင်၊ ခေါင်းဆောင်နှင့် အမှုဆောင် ဝန်ထမ်းများကို အပြောင်းအလဲများ ပြုလုပ်သည့်အလုပ်တို့ကဲ့သို့သော အလုပ်များသည် အလွန်အရေးကြီးသော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များက အရေးမကြီးဟု ထင်ကြပြီး ဤအလုပ်များကို ဘေးဖယ်ထားကာ လျစ်လျူရှုကြသည်။ ၎င်းတို့သည် အစွမ်းအစ မလုံလောက်သည့်အပြင်၊ အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိကြသော်လည်း၊ သင်ယူရန်လည်း မကြိုးစားကြပေ။ ထိုအစား၊ “ဤအလုပ်ကို ကြီးကြပ်ပေးမည့် တစ်စုံတစ်ယောက် ရှိနေသရွေ့ အဆင်ပြေပါသည်။ ငါ့ကိုလည်း လိုအပ်နေသေးသည်လော။ ငါသည် အရေးကြီးသော အလုပ်များကို ကိုင်တွယ်ပါသည်။ ဤအရာများမှာ ငါဒုက္ခခံရန် မလိုသည့် အရေးမပါသောအရာများသာ ဖြစ်သည်။ သူတို့ကို စည်းမျဉ်းများ ပြောပြပြီးသည်နှင့် ငါ့အလုပ် ပြီးပြီဖြစ်သည်” ဟု တွေးနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အပြင်ပန်းတွင် အလွန်အလုပ်များပုံရသော်လည်း၊ ၎င်းတို့ အလုပ်များနေသည့် အရာများကို ကြည့်သည့်အခါ၊ ထိုအရာများထဲမှ တစ်ခုမျှ အသင်းတော်၏ အရေးပါသည့် အလုပ်မဟုတ်ပေ။ တစ်ခုမျှသည် လူတို့၏ အသက်တာအတွက် ထောက်ပံ့ပေးသည့် အလုပ်မဟုတ်သည့်အပြင်၊ တစ်ခုမျှက အရေးကိစ္စများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်းပါဝင်သည့် အလုပ်မဟုတ်ပေ။ ၎င်းတို့ မိမိတို့ကိုယ်ကို အလုပ်များစေသည့် အရာများတွင် တန်ဖိုး ဘာဆိုဘာမျှ မရှိသည့်အပြင်၊ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် ကြောင်းကျိုးမမြင်ဘဲ အလုပ်ရှုပ်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန်အလို့ငှာ မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်ရန် နှစ်သက်သည့် အချို့သော အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေရန် စိတ်အားထက်သန်မှုကိုသာ အမှီပြုကြသည်။ ညီအစ်ကိုမောင်နှမများက မည်သည့်အဝတ်အစားများ ဝတ်ဆင်သည်၊ မည်သည့်ဆံပင်ပုံစံများ ထားရှိသည်၊ အခြားသူများနှင့် မည်သို့ဆက်ဆံသည်၊ မည်သို့ စကားပြောဆို ပြုမူကြသည် စသည်တို့ကဲ့သို့သော အသင်းတော်အလုပ်နှင့် မသက်ဆိုင်သည့် အရေးမပါသော ကိစ္စရပ်များကို ၎င်းတို့က အသေးစိတ် စုံစမ်းမေးမြန်းကြသည်။ ဤသည်မှာ ၎င်းတို့က ဖော်ရွေတတ်ပြီး ရင်းနှီးဖော်ရွေခြင်းဖြစ်သည်ဟုလည်းကောင်း၊ လူတို့၏ လက်တွေ့ဘဝများရှိ အရေးကိစ္စများကို ဖြေရှင်းခြင်းသည် ခေါင်းဆောင်တစ်ဦး လုပ်ဆောင်သင့်သည့်အရာ၊ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ သို့သော်လည်း ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ ဓမ္မတေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ စီမံအုပ်ချုပ်ရေးအလုပ်၊ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းအလုပ်၊ အသင်းတော်များ တည်ထောင်ခြင်းအလုပ်၊ လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းအလုပ် စသည်တို့ကဲ့သို့သော အရေးပါသည့် အလုပ်များကိုမူ ၎င်းတို့ အလေးအနက်မထားကြပေ။ ၎င်းတို့သည် ဤအလုပ်တစ်ခုတလေတွင် မပါဝင်ကြသည့်အပြင်၊ နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း မရှိကြပေ။ ယင်းမှာ ဤအလုပ်က ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် အသင်းတော်၌ စုပုံနေသော ပြဿနာများစွာကို မဖြေရှင်းကြပေ။ ၎င်းတို့ ဖြုတ်ချသင့်သော အယောင်ဆောင် ခေါင်းဆောင်များကို မဖြုတ်ချကြပေ။ မကောင်းသောအရာများကို လုပ်ဆောင်ရင်း မကောင်းမှုပြုကာ သောင်းကျန်းနေသော ဆိုးယုတ်သူတို့ကို ၎င်းတို့ မကန့်သတ်၊ မကိုင်တွယ်ကြသည့်အပြင်၊ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ ချုပ်တည်းမှုမရှိဖြစ်ပြီး စည်းကမ်းမဲ့ခြင်း၊ အချိန်ဆွဲခြင်းတို့နှင့်ပတ်သက်သည့် အရေးကိစ္စကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းလည်း မရှိကြပေ။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့သည် ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်သူများ ဖြစ်ကြသလော။ ၎င်းတို့ လုပ်ဆောင်သော အရေးမပါသည့်အပြင် ဆက်စပ်မှုမရှိသည့် တာဝန်များကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အရေးကြီးပြီး အရေးပါသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းနှင့် သစ္စာစောင့်သိနေခြင်းဖြစ်သည်ဟု ယုံကြည်လျက် ထိုတန်ဖိုးမရှိသော အရာများဖြင့် တစ်နေ့လုံး မိမိတို့ကိုယ်ကို အလုပ်များစေကြသော်လည်း၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံထားသည့် ပဓာနကျသော အလုပ်တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ဤကဲ့သို့သောလူတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ မြို့နယ်ခွဲရုံးများ၏ အုပ်ချုပ်ရေးမှူးများနှင့် ညီမျှကြသည်၊ ၎င်းတို့သည် ရပ်ကွက်၏ အရေးမပါသည့် ကိစ္စများဖြင့်သာ အလုပ်ရှုပ်နေသူများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နေကြသေးသလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင် စစ်စစ်များ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့် အကြောင်းရင်းများကြောင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအဖြစ် သတ်မှတ်ခြင်းခံရသနည်း။ (၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့်၊ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ အရေးမပါသော ကိစ္စအချို့ကို ကိုင်တွယ်ခြင်းသာ ဖြစ်သည်။) ဤသည်မှာ တိကျသော အကြောင်းရင်းဖြစ်သည်။ ဤလူတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းသည်။ ၎င်းတို့သည် တရားဒေသနာမည်မျှပင် နားထောင်စေကာမူ၊ အလုပ်အစီအစဉ်မည်မျှပင် ဖတ်ရှုစေကာမူ၊ ဘုရားအိမ်တော်၌ တာဝန်ကို နှစ်မည်မျှပင် ထမ်းဆောင်စေကာမူ၊ သို့မဟုတ် နှစ်ပေါင်းမည်မျှကြာ ခေါင်းဆောင်များဖြစ်ကြသည်ဖြစ်စေ၊ မိမိတို့ ဘာလုပ်နေသည်ကိုလည်းကောင်း၊ မိမိတို့လုပ်ဆောင်နေသည့်အရာသည် မှန်ခြင်း သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မိမိတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ဘယ်သောအခါမျှ မသိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များဟူသော တံဆိပ်နှင့် အမည်နာမအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလုပ်များနေသရွေ့ အဆင်ပြေသည်ဟူ၍ ဖြစ်သည်။ ကြိတ်ဆုံလည်သော မြည်းတစ်ကောင်ကဲ့သို့၊ ၎င်းတို့သည် နောက်ထပ်မလှုပ်ရှားနိုင်တော့သည်အထိ ဆက်ဆွဲနေကြပြီး၊ ဤအရာကို မိမိတို့၏ တာဝန်ဝတ္တရားများအားဖြည့်ဆည်းနေခြင်းဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ မည်သည့်ဘက်သို့ ၎င်းတို့ ဆွဲသည်ဖြစ်စေ၊ ဆွဲရာတွင် ၎င်းတို့ စိုက်ထုတ်သော အားအင်သည် မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ၊ ၎င်းတို့အတွက်မူ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော အရေးကိစ္စများစွာရှိပြီး၊ ၎င်းတို့သည် ထိုအရာများကို ဖြေရှင်းရန် သို့မဟုတ် အထက်သို့ သတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေရန် မကြိုးစားကြပေ။ ၎င်းတို့ နှစ်ပေါင်းမည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ လူတို့နှင့် နှစ်ပေါင်းမည်မျှ ထိတွေ့ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦး၏ သရုပ်သကန်များက မိမိ၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ပေါ့တန်ပြီး သမ္မာတရားကို နားမလည်သေးသော ယုံကြည်သူအသစ်တစ်ဦး၏ သရုပ်သကန်များဖြစ်သလော သို့မဟုတ် မယုံကြည်သူတစ်ဦး၏ သရုပ်သကန်များ ဖြစ်သလောဟူသည်ကိုပင် ၎င်းတို့ မသိကြသည့်အပြင်၊ ၎င်းတို့အား မည်သို့ ပိုင်းခြားသိမြင်သင့်သည် သို့မဟုတ် သတ်မှတ်သင့်သည်ကိုလည်း ၎င်းတို့ မသိကြပေ။ နှစ်ဦးစလုံး အပျက်သဘောဆောင်သော အခြေအနေ၌ ရှိသည့် လူနှစ်ဦးရှိသည့်အခါ၊ ၎င်းတို့ထဲမှ မည်သူသည် ပျိုးထောင်ရန် ထိုက်တန်ပြီး မည်သူသည် မထိုက်တန်သည်ကို ၎င်းတို့ မသိကြပေ။ လူနှစ်ဦးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတော်အတန် ဝတ်ကျေတမ်းကျေဖြစ်နေသည့်အခါ၊ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို လိုက်စားသူဖြစ်ပြီး မည်သူသည် အလုပ်လုပ်ပေးသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စွမ်းရှိပြီး မည်သူသည် သမ္မာတရား လက်တွေ့ကျမှု မရှိသည်ကိုလည်းကောင်း ၎င်းတို့ မခွဲခြားနိုင်ကြပေ။ မည်သည့်လူတို့သည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ၏ လမ်းကြောင်းအား လိုက်နိုင်ခြေရှိလိမ့်မည်ဟူသည်ကို ဤလူတို့နှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့လျှင်ပင် ၎င်းတို့ မသိကြပေ။ မည်မျှပင် အဓိပ္ပာယ်မဲ့သော အားထုတ်မှုများကို ၎င်းတို့ လုပ်ဆောင်ပါစေ၊ အသုံးမဝင်သော အလုပ်မည်မျှကို ၎င်းတို့ ထမ်းဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့ အနီးဝန်းကျင်၌ ပြဿနာမည်မျှပင် ရှိနေပါစေ၊ ၎င်းတို့သည် ထိုအရာကို သတိမမူမိကြသည့်အပြင်၊ ဤအရာများက အရေးကိစ္စများဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်ကြပေ။ အကြောင်းမှာ ထိုသို့သောလူတို့သည် အစွမ်းအစ ညံ့ဖျင်းကြသောကြောင့်၊ အတွေးတွင် နားဝေတိမ်တောင်ဖြစ်ကာ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ၎င်းတို့အတွက် အလွန်ခက်ခဲလှသည်။ ရိုးရှင်းသော အထွေထွေ အလုပ်အချို့ကို လုပ်ဆောင်နိုင်ခြင်းမှလွဲ၍၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏ ပဓာနကျသော အလုပ်နှင့်ဆက်စပ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ အလုပ်ထဲရှိ မည်သည့်စစ်မှန်သော ပြဿနာကိုမျှ ၎င်းတို့ မမြင်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ ဤသို့သော အစွမ်းအစရှိသည့် ဤကဲ့သို့သော ခေါင်းဆောင်မျိုးသည် ပျိုးထောင်ရန် ထိုက်တန်နိုင်သလော။ အရှုပ်အထွေးများ သို့မဟုတ် အခက်အခဲများဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြသည့်အပြင်၊ စည်းမျဉ်းများအတိုင်း ထိုအရာများကို ကိုင်တွယ်ခြင်းအား သာ၍ပင် စံမမီကြပေ။ အသင်းတော်အလုပ်၌ ကြုံတွေ့ရသော ပြဿနာများသည် အလွန်အဖြစ်များသော ပြဿနာများဖြစ်လျှင်ပင်၊ ၎င်းတို့သည် ထိုပြဿနာများကို အကျဉ်းချုပ်ပြီး အမျိုးအစားခွဲခြားနိုင်ခြင်း မရှိသေးသည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့ရမည်ကိုလည်း ၎င်းတို့ မသိကြပေ။ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားသည် အသင်းတော်၌ မကြာခဏ ပေါ်ပေါက်တတ်သော ဤပြဿနာများကို လုံးဝ ကိုင်တွယ်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိကြပေ။ ၎င်းတို့၏ အကြီးမားဆုံးသော ပြဿနာမှာ အဖိုးအခပေးရန် မလိုလားခြင်း သို့မဟုတ် အလုပ်များပြီး ပင်ပန်းနွမ်းနယ်မည်ကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က ညံ့ဖျင်းသော အစွမ်းအစ၊ မရှင်းလင်းသော စိတ်ရှိခြင်းဖြစ်ပြီး အသင်းတော်၏ အရေးကြီးသောအလုပ်နှင့် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အထွေထွေ အလုပ်အချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မဆီလျော်သော အရာအချို့ကို စိတ်ဝင်စားခြင်းအား နှစ်သက်ပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခန်းကဏ္ဍတွင် ပါဝင်လိုကြသည်။ ၎င်းတို့သည် အလွန်ကြီးမားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသည့် နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြသည် မဟုတ်လော။ အစွမ်းအစ ညံ့ဖျင်းသော ခေါင်းဆောင်များသည် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်၊ အသင်းတော်ရှိ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်နှင့် အဆင့်အသီးသီးရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သော ဝန်ထမ်းရေးရာအလုပ်တို့ကဲ့သို့သော သမ္မာတရား စည်းမျဉ်းများပါဝင်သည့် အလုပ် သို့မဟုတ် ခက်ခဲရှုပ်ထွေးသော အတတ်ပညာဆိုင်ရာအလုပ်ဖြစ်သည့် အသင်းတော်၏ အဓိကအလုပ်ကို ၎င်းတို့အားလုံးမလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး စည်းမျဉ်းများကို ၎င်းတို့ သဘောမပေါက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် တူညီစွာပင် ဤအလုပ်အားလုံးကို စံမမီကြသည့်အပြင် မည်သို့လုပ်ဆောင်ရမည်ကို သင်ယူနိုင်စွမ်း မရှိကြပေ။ ဥပမာအားဖြင့်၊ ဤကဲ့သို့သော ခေါင်းဆောင်တစ်ဦးကို လူငါးဦးပေးထားပြီး ဤလူငါးဦးအား ၎င်းတို့၏ ပညာအရည်အချင်း၊ အစွမ်းအစ၊ အားသာချက်များနှင့် ကိုယ်ကျင့်စရိုက်တို့ကို အခြေခံ၍ အလုပ်ခွဲဝေပေးရန် စေခိုင်းထားသည်ဆိုပါစို့။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသော အလုပ်တာဝန်တစ်ခုဖြစ်သလော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစနှင့် သက်ဆိုင်မှု တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) သာမန်အစွမ်းအစရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူငါးဦးကို အချိန်တစ်ခုကြာ စောင့်ကြည့်လေ့လာခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် သိကျွမ်းခြင်းတို့ ပြုလုပ်ပြီးနောက် အတော်အတန် မှန်ကန်တိကျစွာ အလုပ်ခွဲဝေပေးလိမ့်မည်။ အစွမ်းအစ ညံ့ဖျင်းသော ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ လူငါးဦးသည် အလွန်များလွန်းသည်ဟု ထင်လိမ့်မည်။ လူအလွန်များသည့်အခါ ၎င်းတို့ စိတ်ရှုပ်ထွေးလာကြပြီး ၎င်းတို့အား အလုပ်မည်သို့ ခွဲဝေပေးရမည်ကို မသိကြသည့်အပြင်၊ ၎င်းတို့အား အလုပ်ခွဲဝေပေးလျှင်ပင် သင့်လျော်သောနည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိမည်မဟုတ်ပေ။ ဤသည်မှာ ဝန်ထမ်းရေးရာ ကဏ္ဍအရ ဖြစ်သည်။ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍မူ၊ ဥပမာအားဖြင့်၊ အကယ်၍ ၎င်းတို့သည် ကိစ္စရပ်နှစ်ခု သို့မဟုတ် သုံးခုကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက၊ ဤကိစ္စရပ်များကြားရှိ ဆက်နွှယ်မှုအား မည်သို့ အကဲဖြတ်ပြီး ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ သိမည်မဟုတ်သည့်အပြင်၊ မည်သည့်ပြဿနာကို ဦးစွာဖြေရှင်းသင့်ပြီး မည်သည့်ပြဿနာကို နှောင့်နှေးမှုတစ်ခုတလေ မရှိဘဲ နောက်မှ ဖြေရှင်းနိုင်သည်ကိုလည်း ၎င်းတို့ ချိန်ဆနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ကောင်းကျိုးနှင့် ဆိုးကျိုးများအား မည်သို့ ချိန်ဆရမည်ကို မသိကြပေ။ အရေးကြီးမှုနှင့် အရေးပေါ်ဖြစ်မှု အစဉ်လိုက်အတိုင်း တာဝန်များအား မည်သို့ ဦးစားပေးရမည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကိုလည်း ၎င်းတို့ မသိကြပေ။ သို့သော်လည်း၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်သောကြောင့်၊ တစ်စုံတစ်ခုကို နားမလည်သော်လည်း၊ နားလည်သယောင် ဟန်ဆောင်ရမည်ဖြစ်ပြီး၊ တစ်စုံတစ်ခုကို သဘောမပေါက်လျှင်ပင် သဘောပေါက်သယောင် ဟန်ဆောင်ရမည်ဖြစ်ကာ၊ ကြံ့ကြံ့ခံပြီး ဖြစ်သလိုလုပ်ဖို့ အယူဝါဒအချို့ကို ဟောပြောကာကြားကောင်းပုံရသည့် စကားအနည်းငယ်ကို ပြောပြီး ကိစ္စရပ်များကို အလျင်အမြန် အဆုံးသတ်ရန်မှလွဲ၍ ၎င်းတို့ လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့ပြောဆိုသည့်အရာသည် မှန်ကန်တိကျခြင်း ရှိမရှိ၊ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ အပြည့်အဝ ရှင်းလင်းစွာ သိကြသော်လည်း၊ ဖြစ်သလိုသာ လုပ်ချင်ကြလေသည်။ မိမိတို့လုပ်ဆောင်နေသည့်အရာဖြင့် ပြဿနာများအား ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၎င်းတို့ ကောင်းစွာ သိကြသော်လည်း၊ ပြဿနာများကို အထက်သို့ သတင်းမပို့ကြသေးသည့်အပြင်၊ ထိုသို့ဖြင့် အလုပ်ကို နှောင့်နှေးသွားစေပြီး ၎င်းတို့ ဖြုတ်ချခြင်းခံကြရသည်။ ငါ့ကို ပြောလော့၊ ဤလူတို့သည် လူမိုက်များဖြစ်ကြသည် မဟုတ်လော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို သတင်းပို့သည့်အခါ၊ ၎င်းတို့သည် လက်ရှိယနေ့ထိ ဖြစ်ပျက်ခဲ့ပြီးသော အရေးမပါသည့် အဖြစ်အပျက်ဟောင်းများအားလုံးကို ပြန်ပြောပြကြပြီး၊ ၎င်းတို့ ကိစ္စများစွာ ပြောပြီးသည့်နောက်တွင်ပင်၊ မည်သည့်ပြဿနာများ ရှိနေသည်ကို သင်တို့က ၎င်းတို့ကို ကူညီ၍ စိစစ်ကာ အကဲဖြတ်ပေးရဦးမည် ဖြစ်သည်။ ၎င်းတို့သည် အရေးကိစ္စတစ်ခုကို မည်သို့တင်ပြရမည်ကိုပင် နားမလည်ကြသည့်အပြင်။ အရေးကိစ္စတစ်ခု၏ အဓိကအချက်နှင့် အနှစ်သာရက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မရှင်းပြဘဲ နာရီပေါင်းများစွာ စကားပြောနိုင်သည်။ ၎င်းတို့ပြောသမျှသည် အပေါ်ယံအဆင့်ရှိသည့် အရာများနှင့်သာ ဆက်စပ်ပြီး အဓိပ္ပာယ်မရှိသော စကားများစွာသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစ အလွန်ညံ့ဖျင်းပြီး ကျပ်မပြည့်ခြင်းဖြစ်သည် မဟုတ်လော။ အစွမ်းအစရှိသော လူတို့သည် ဤအရာများကို နားထောင်ရန် လိုလားနေကြသလော။ ၎င်းတို့ စကားပြောနေသည့်သူက ၎င်းတို့ သတင်းပို့နေသည့်လူ၏ လက်ရှိအခြေအနေနှင့် သရုပ်သကန်များက အဘယ်အရာဖြစ်သည်၊ ၎င်းတို့ မည်သည့်အခြေအနေနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးနေပြီး မဖြေရှင်းနိုင်သည်ဟူသည်တို့ကို သိလိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း၊ ဤလူတို့သည် ထိုလူက အတိတ်တွင် မည်သည့်အလုပ်အား လုပ်ဆောင်ခဲ့သည်ကို အမြဲပြောကြပြီး၊ ထိုလူ၏ လက်ရှိအခြေအနေကို မပြောကြသည့်အပြင်၊ မိမိတို့ကိုယ်တိုင် မည်သည့်အရှုပ်အထွေးများနှင့် ပြဿနာများ ရှိသည်ကိုလည်း မပြောကြပေ။ ၎င်းတို့သည် ကိစ္စများစွာ ပြောကြပြီး၊ ၎င်းတို့ အတိအကျ ဘာပြောနေသည်ကို မည်သူမျှ မခွဲခြားနိုင်ပေ။ ၎င်းတို့သည် မေးခွန်းတစ်ခု မေးလိုလျှင်ပင်၊ မည်သည့်နေရာမှ စရမည်ကို မသိပေ။ ထိရောက်နိုင်ပြီး လူတို့ကို နားလည်စေမည့် နည်းလမ်းဖြင့် မည်သို့ ဖော်ပြရမည်ကို ၎င်းတို့ မသိကြပေ၊ ၎င်းတို့တွင် မိမိတို့၏ အသုံးအနှုန်းကို ဖွဲ့စည်းနိုင်စွမ်းပင် မရှိကြပေ။ ဤသည်မှာ အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် အစွမ်းအစ ညံ့ဖျင်းကြပြီး၊ အရေးကိစ္စတစ်ခုကို ၎င်းတို့ သတင်းပို့သည့်အခါ၊ အဓိပ္ပာယ်မရှိသည့်အပြင် နားမလည်နိုင်သော စကားများစွာကို ပြောကြပြီးနောက်၊ “သင်တို့ကို လုံလောက်သည့် သတင်းအချက်အလက် ပမာဏ ငါ ပေးပြီးပြီ၊ မှန်သလော။ ဤအရေးကိစ္စနှင့်ပတ်သက်၍ အတိတ်နှင့် ပစ္စုပ္ပန် အရာရာတိုင်းကို ငါ ပြောပြပြီးပြီ၊ ထို့ကြောင့် ငါ မည်သည့် မေးခွန်းမေးချင်သည်ကို သင်တို့ ယခု မပြောနိုင်ကြသလော”ဟု စဉ်းစားကြသည်။ ၎င်းတို့ကို မည်သည့်အရာ သင်တို့ မေးပါစေ၊ မည်သို့ပင် လမ်းညွှန်ပါစေ၊ မည်သည့်အရာ ပြောရမည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ အရေးကိစ္စ၏ အဓိကအချက်ကို လုံးဝ မပြောနိုင်ကြပေ။ ယင်းမှာ ၎င်းတို့က မိမိတို့ကိုယ်ကို ဖော်ပြရန် စကားလုံးများ မရှိခြင်း သို့မဟုတ် ပညာအရည်အချင်း နိမ့်ကျခြင်း မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး ဦးနှောက်မရှိခြင်းဖြစ်သည်။ ထို့ကြောင့် ဤအရာများအား မည်သို့ ဖော်ပြရမည်ကို ၎င်းတို့ မသိကြ၊ ၎င်းတို့၏ စိတ်များက နားဝေတိမ်တောင်ဖြစ်နေပြီး အခြားသူများက ၎င်းတို့ကို နားလည်နိုင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ၎င်းတို့တွင် ဝန်တာစိတ်တစ်ခုခုရှိကြပြီး၊ အချိန်ကြာလာသည်နှင့်အမျှ၊ အချို့သော အရေးကိစ္စများအပေါ် အသိအချို့ ရှိလာကြသော်လည်း၊ မည်သို့ ဖော်ပြရမည်ကို မသိကြ၊ အရေးကိစ္စများကို အကျဉ်းချုပ်ရန် မဆိုထားနှင့်၊ အရေးကိစ္စများ၏ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ ဤမျှ အစွမ်းအစ ညံ့ဖျင်းသော လူတို့သည် အလုပ်လုပ်နိုင်ကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြသလော။ မဖြည့်ဆည်းနိုင်ကြပေ။ သင်သည် ၎င်းတို့အား အချိန်နှင့် အခွင့်အရေးများပေးပြီး ပြဿနာများကို သတင်းပို့ရန်နှင့် ဖော်ပြရန် ခွင့်ပြုလျှင်ပင်၊ ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် သင်သည် ထိုသို့သောလူတို့နှင့် စကားစမြည်ပြောဆိုနိုင်သေးသလော။ ၎င်းတို့ကို အသုံးပြုနိုင်သေးသလော။ (အသုံးမပြုနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ကို အသုံးပြု၍မရနိုင်သနည်း။ ၎င်းတို့သည် စကားကို ရှင်းလင်းစွာပင် မပြောနိုင်ကြသည့်အပြင်၊ မိမိတို့၏ အတွေးအခေါ်များ၊ စိတ်ကူးများနှင့် သဘောထားများကို ဖော်ပြရန် ဘာသာစကားကို အသုံးပြုရမည့် လူသားတစ်ဦး၏ အနိမ့်ဆုံးသော ပင်ကိုအသိစိတ်ပင် မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်နိုင်ကြသနည်း။ ၎င်းတို့တွင် အားသာချက်အချို့၊ စစ်မှန်သော စိတ်အားထက်သန်မှု၊ တာဝန်ယူစိတ် အနည်းငယ်နှင့် အတော်လေး ဖြောင့်မှန်သော စိတ်နှလုံး ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့၏ အစွမ်းအစကအလွန်ညံ့ဖျင်းသည်။ သင် မည်သို့ပင် သင်ကြားပေးပါစေ ၎င်းတို့ မည်သည့်အရာကိုမျှ မသင်ယူနိုင်ကြသည့်အပြင်၊ မည်သို့ စကားပြောရမည်ကို ၎င်းတို့အား သင်ကြားပေးလျှင်ပင် ၎င်းတို့ သဘောပေါက်နိုင်မည် မဟုတ်သဖြင့် သင်တို့ စိတ်တိုပြီး ဒေါသထွက်လာလိမ့်မည်။ ၎င်းတို့ စကားပြောသည့်အခါ၊ သင့်ကို စိတ်ရှုပ်ထွေးသွားစေလျက်၊ ကမောက်ကမဖြစ်အောင် ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မပြောနိုင်သည့်အပြင်၊ ၎င်းတို့ပြောဆိုသည့်အရာသည် အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ သနားစရာအကောင်းဆုံးအရာမှာ ၎င်းတို့သည် လူဘာသာစကားကို နားမလည်သည့်တိုင် ကြောင်းကျိုးမမြင်ဘဲ ဆက်လက်ပြုမူနေကြဆဲ၊ မိမိတို့ကိုယ်ကို အရည်အချင်းရှိသည်ဟု ထင်နေကြဆဲဖြစ်ပြီး ၎င်းတို့ကို သင် ပြုပြင်သည့်အခါ အာခံကြခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အစွမ်းအစသည် ဘာသာစကားဖြင့် မိမိတို့ကိုယ်ကို ဖော်ပြနိုင်စွမ်းမရှိအောင်ပင် ညံ့ဖျင်းနေသည့်အခါ၊ ၎င်းတို့သည် အလုပ်၌ အရည်အချင်းပြည့်မီနိုင်သေးသလော။ (မပြည့်မီနိုင်ပါ။) ၎င်းတို့၏ အလုပ်၌ အရည်အချင်းမပြည့်မီခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက ၎င်းတို့သည် အလုပ်၌ ကြုံတွေ့ရသော အခက်အခဲများနှင့် ပြဿနာများကို အချိန်မီတွေ့ရှိနိုင်စွမ်းမရှိကြောင်းကို ညွှန်ပြပြီး၊ အလုပ်၌ မည်သည့်အရေးကိစ္စများ ပေါ်ပေါက်သည်ဖြစ်စေ၊ ထိုအရာများကို ဘယ်သောအခါမျှ အချိန်မီမဖြေရှင်းနိုင်သည့်အပြင်၊ အထက်သို့ အချိန်မီသတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေနိုင်ခြင်းလည်း မရှိကြောင်းကို ညွှန်ပြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အလွန်ခက်ခဲပြီး၊ ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ အစွမ်းအစ ညံ့ဖျင်းသည့် ဤသို့သောလူတို့နှင့်ပတ်သက်လာသည့်အခါ၊ ဤအလုပ်သည် ၎င်းတို့အတွက် အလွန့်အလွန် ခက်ခဲသည်။ ယင်းမှာ ငါးတစ်ကောင်ကို ကုန်းပေါ်တွင် အတင်းအကျပ် နေခိုင်းသကဲ့သို့ သို့မဟုတ် ဝက်တစ်ကောင်ကို အတင်းအကျပ် ပျံသန်းခိုင်းသကဲ့သို့ ဖြစ်သည်၊ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းလှပေသည်။

အချို့က “ကျွန်ုပ်သည် ထိုလူများအတွက် စိတ်မကောင်းဖြစ်မိပါသည်။ သူတို့သည် အလုပ်မျိုးစုံကို ကိုင်တွယ်လျက် ဟိုဒီ အလွန်အလုပ်ရှုပ်နေကြပြီး သူတို့၏ အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့် အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံလိုက်ရသည်။ သို့ဆိုလျှင် ယင်းမှာ သူတို့ ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးက အချည်းနှီးဖြစ်သွားပြီဟု ဆိုလိုသလော။ ဤသည်မှာ လူများကို မတရားသဖြင့် ဆက်ဆံခြင်း မဟုတ်လော”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များကို ဖြုတ်ချခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ ယင်းမှာ လူများကို မတရားသဖြင့် ဆက်ဆံခြင်း မည်သို့ဖြစ်နိုင်မည်နည်း။ သင်က အယောင်ဆောင် ခေါင်းဆောင်များကို ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍတွင် မရမက ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းသည် လူများကို မတရားသဖြင့် ဆက်ဆံခြင်း မဟုတ်ဟု သင်ဆိုလိုသလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ဖြုတ်ချခြင်းအားဖြင့် ဘုရားအိမ်တော်သည် ထိုအယောင်ဆောင် ခေါင်းဆောင်ကို ပြစ်တင်ရှုတ်ချနေခြင်း မဟုတ်သည့်အပြင်၊ ထိုအယောင်ဆောင် ခေါင်းဆောင်ကို ငရဲသို့ ပို့နေခြင်းလည်း မဟုတ်ဘဲ၊ ထိုအစား ထိုသူအား ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေပါက ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် ဤပြဿနာကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် မစဉ်းစားသနည်း။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ရှေ့ဆက်ရန် တစ်ခုတည်းသော နည်းလမ်း မဟုတ်သည်မှာ သေချာသလော။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦးမဟုတ်ပါက လုပ်ဆောင်ရန် အခြားတာဝန်များ မရှိလေသလော။ ခေါင်းဆောင်များမဟုတ်သည့်အပြင် ညံ့ဖျင်းသော အစွမ်းအစကို ပိုင်ဆိုင်သူများအတွက် ရှင်သန်ရန် လမ်းကြောင်းမရှိသလော။ (မဟုတ်ပါ၊ ယင်းမှာ မမှန်ပါ။) သို့ဆိုလျှင် လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းမှာ အဘယ်နည်း။ ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့်အရာမှာ အစွမ်းအစညံ့ဖျင်းသော ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစား၌ ရှိသော သရုပ်သကန်များနှင့် ပြဿနာများ ဖြစ်သည်။ ငါတို့သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချနေခြင်း သို့မဟုတ် ကျိန်ဆဲနေခြင်းမဟုတ်၊ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်းသာ ဖြစ်သည်။ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဤလူအမျိုးအစားအား မိမိတို့ကိုယ်ကို တိကျမှန်ကန်စွာသိရှိစေပြီး မိမိတို့ကိုယ်ကို နေရာချစေရန်၊ မိမိတို့၏ အတိုင်းအတာကို သိစေရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ဟူသည်တို့ကို တိကျစွာ နားလည်စေရန်နှင့် ထို့နောက်တွင် ၎င်းတို့က ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် သင့်တော်ခြင်း ရှိမရှိဟူသည်ကို သိမြင်ဖို့အတွက် ဤအရာများကို မိမိတို့ကိုယ်တိုင်နှင့် နှိုင်းယှဉ်ကြည့်စေရန် ဖြစ်သည်။ သင်၏ အစွမ်းအစသည် အမှန်တကယ် ညံ့ဖျင်းသည်မှာ သင်သည် စကားအသုံးအနှုန်းဖြင့် မိမိကိုယ်ကို ဖော်ပြနိုင်စွမ်းမရှိသည်အထိ၊ သို့မဟုတ် သင်၏ အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြနိုင်စွမ်းမရှိသည်အထိ၊ သို့မဟုတ် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်စွမ်းမရှိသည်အထိဖြစ်ပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီသည့်အပြင်၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်သည် အစွမ်းအစညံ့ဖျင်းသည့်အတွက်၊ ဤသို့သော မိမိကိုယ်ကို သတိပြုမိခြင်းမျိုး ရှိရမည်ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်၏ အစွမ်းအစက ညံ့ဖျင်းသည်၊ ကောင်းပြီ၊ သို့ဆိုလျှင် ဘာဖြစ်သနည်း။ ကျွန်ုပ်၌ ကောင်းသော လူ့သဘာဝရှိသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သင့်သည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သလော။ အခြားသူများက “ကောင်းသော လူ့သဘာဝရှိသည့်အပြင် ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခကို ပေးဆပ်ရန် လိုလားနေခြင်းလည်း ရှိသည်၊ ကျွန်ုပ်သည် တရားဒေသနာများကို ဟောပြောနိုင်သည်၊ ကျွန်ုပ်၏ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခုရှိပြီး၊ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ထောင်ချခံရပြီးဖြစ်သည်။ ဤအရာများသည် ကျွန်ုပ်အား ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်စေရန်အတွက် အရင်းအနှီးများအဖြစ် သတ်မှတ်၍မရသလော”ဟု ပြောဆိုကြသည်။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အရင်းအနှီးရှိရမည်ဟူသည်မှာ သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) ယခု ငါတို့ ဆွေးနွေးနေသည့်အရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဖြစ်ပြီး ဤအကြောင်းအရာအတွင်း၌ ငါတို့သည် အစွမ်းအစနှင့်ဆိုင်သည့် ပြဿနာအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ဤတာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သင်၌ ရှိသင့်သော မိမိကိုယ်ကို သတိပြုမိခြင်းမှာ “ကျွန်ုပ်၌ ဤအစွမ်းအစမရှိသည့်အပြင်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်နိုင်ပါ။ ကျွန်ုပ်၌ မည်သည့်အရင်းအနှီးရှိသည်ဖြစ်စေ အသုံးမဝင်ပါ”ဟူ၍ ဖြစ်သည်။ သင်သည် ကောင်းသော လူ့သဘာဝရှိသည်ဟုလည်းကောင်း၊ သင်သည် ယုံကြည်စိတ်ချရသည်ဟုလည်းကောင်း၊ သင်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံရန် စိတ်ပိုင်းဖြတ်ချက်ရှိသည်ဟုလည်းကောင်း၊ သင်သည် အဖိုးအခကို ပေးရန် လိုလားနေသည်ဟုလည်းကောင်း ပြောဆိုသည်၊ သို့ဆိုလျှင် ဘုရားအိမ်တော်သည် သင့်ကို မတရားသဖြင့် ဆက်ဆံလေပြီလော။ ဘုရားအိမ်တော်သည် လူတိုင်းကို အကောင်းဆုံးအသုံးချပြီး တစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်စေရန် အတိအကျ စီစဉ်ပေးသည့်နည်းလမ်းဖြင့် လူတို့ကို အသုံးပြုသည်။ သင်၌ ကောင်းသော လူ့သဘာဝရှိသော်လည်း သင်၏ အစွမ်းအစက ညံ့ဖျင်းပါက၊ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းရှိသမျှဖြင့် ကောင်းစွာ ထမ်းဆောင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန်အလို့ငှာ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရမည်ဟု မဆိုလိုပေ။ သင့်ဘာသာ ဒုက္ခခံလိုစိတ်ပင်ရှိသော်လည်း ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒုက္ခခံရမည့်နည်းလမ်းဖြင့် သင့်ဘာသာ ဒုက္ခမခံနိုင်သည့်အပြင်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်၌ ရှိသင့်သော အစွမ်းအစကို သင်မပိုင်ဆိုင်ဘဲ ယင်းကို စံမမီလျှင်၊ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ မိမိကိုယ်ကို အတင်းအကျပ်မပြုနှင့် သို့မဟုတ် မိမိကိုယ်ကို အခက်တွေ့အောင် မလုပ်နှင့်။ သင်သည် ၂၅ ကီလိုကို သယ်နိုင်ပါက ၂၅ ကီလိုသာ သယ်လော့။ “၂၅ ကီလိုက မလုံလောက်ပါ။ ကျွန်ုပ် ပို၍ပင် သယ်ချင်သည်။ ကျွန်ုပ် ကီလို ၅၀ သယ်ချင်သည်။ ပင်ပန်းနွမ်းနယ်၍ သေသွားလျှင်ပင် ယင်းကို လုပ်လိုစိတ်ရှိသည်”ဟု ပြောဆိုလျက်၊ သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားပေးခြင်းဖြင့် ကြွားဝါရန် မကြိုးစားနှင့်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီသော်လည်း၊ သင်သည် ကြွားဝါရန် သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားပေးနေဆဲဖြစ်လျှင်၊ သင်သည် ပင်ပန်းနွမ်းနယ်သွားမည် မဟုတ်သော်လည်း၊ သင်သည် အသင်းတော်အလုပ်ကို နှောင့်နှေးမှုများ ဖြစ်စေလိမ့်မည်၊ သင်သည် အလုပ်၏ တိုးတက်မှုနှင့် ထိရောက်မှုကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး၊ လူများစွာ၏ အသက်တိုးတက်မှုကို နှောင့်နှေးစေလိမ့်မည်၊ ဤသည်မှာ သင် မထမ်းဆောင်နိုင်သည့် တာဝန်ဖြစ်ပေသည်။ သင်သည် အစွမ်းအစမလုံလောက်သောကြောင့်၊ သင်၌ မိမိကိုယ်ကို သတိပြုမိခြင်းရှိပါက၊ သင်သည် နုတ်ထွက်ရန် တက်ကြွစွာ ကမ်းလှမ်းသင့်ပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် သင့်ထက် ပို၍တာဝန်ယူတတ်သော၊ သမ္မာတရားကို ချစ်မြတ်နိုးသည့် အစွမ်းအစကောင်းသူတစ်ဦးကို အမည်စာရင်းတင်သွင်းသင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သောအရာ ဖြစ်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အမှန်တကယ် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦး၊ သမ္မာတရားကို အမှန်တကယ် နားလည်ပြီး လက်တွေ့လုပ်ဆောင်သူတစ်ဦး ဖြစ်ပေမည်။ သင်သည် ခေါင်းဆောင်မှုအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့် သင်၏ရာထူးမှ နုတ်ထွက်ပြီးနောက် သင်နှင့်သင့်တော်သော တာဝန်တစ်ခုကို ရွေးချယ်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရနိုင်ရန်အလို့ငှာ သင်၏ သစ္စာစောင့်သိမှုကို ဆက်ကပ်ပါက၊ သင်သည် ထူးကဲစွာ ထက်မြက်သောသူတစ်ဦး ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းသော်လည်း၊ ကောင်းသော လူ့သဘာဝရှိသည်။ ကျွန်ုပ်သည် မိမိဘာသာ ဒုက္ခခံလိုစိတ်ရှိသည်၊ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခကို ပေးဆပ်လိုစိတ်ရှိသည်။ ကျွန်ုပ်၌ စိတ်ပိုင်းဖြတ်ချက်ရှိသည်၊ ကျွန်ုပ်လုပ်ဆောင်သမျှအရာရာ၌ သင်တို့အားလုံးထက် ပို၍ခံနိုင်ရည်ရှိသည်၊ ပြီးလျှင် ကျွန်ုပ်သည် စိတ်သဘောထားကြီးပြီး ပြုပြင်ခြင်း သို့မဟုတ် စမ်းသပ်ခံရခြင်းကို မကြောက်ပါ။ ကျွန်ုပ်၏ အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သေးသည်”ဟု အမြဲတစေ တွေးထင်နေသည်။ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းသည် ပြဿနာမဟုတ်ပေ။ ဤသည်မှာ သင့်ကို ပြစ်တင်ရှုတ်ချခြင်းအဖြစ် ရည်ရွယ်ခြင်းမဟုတ်။ သင့်ကို အမျိုးအစားခွဲခြားရန်နှင့် သင်ဘာလုပ်နိုင်သည်၊ မည်သည့်တာဝန်မျိုးနှင့် သင့်တော်သည်ဟူသည်တို့ကို ရှင်းရှင်းလင်းလင်း နားလည်စေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိပြဿနာမှာ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်နိုင်စွမ်းမရှိခြင်းပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သော်လည်း၊ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင်။ သင်လုပ်ဆောင်နိုင်သမျှမှာ အလုပ်ကို ဖရိုဖရဲဖြစ်စေခြင်းသာ ဖြစ်သည်။ သင်၌ ကောင်းသော လူ့သဘာဝရှိပါက၊ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး၊ သင့်ကိုယ်သင် ဒုက္ခခံကာ အဖိုးအခကို ပေးဆပ်လိုစိတ်ရှိပါက၊ သင်လုပ်ဆောင်ရန် သင့်တော်သော အလုပ်တစ်ခုနှင့် သင်ထမ်းဆောင်သင့်သော တာဝန်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်သည် သင့်အတွက် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်ပေးလိမ့်မည်။ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ခွင့်မပြုခြင်းသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စည်းကမ်းများကို အခြေခံသည်။ သို့သော်လည်း၊ ဘုရားအိမ်တော်သည် သင်၏ အစွမ်းအစညံ့ဖျင်းသောကြောင့် သင်၏ တာဝန်ထမ်းဆောင်ခွင့် သို့မဟုတ် ဘုရားသခင်အား ယုံကြည်ပြီး နောက်လိုက်ခွင့်ကို လုံးဝငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည် မဟုတ်လော။ (သင့်တင့်လျောက်ပတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ ငါတို့ ပိုမိုအသေးစိတ် မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ အစွမ်းအစညံ့ဖျင်းသော အချို့လူများက ဤသည်ကို ကြားပြီး “ဤအရာနှင့်ပတ်သက်၍ နောက်ထပ် မိတ်သဟာယမဖွဲ့ပါနှင့်တော့။ ကျွန်ုပ် လူတိုင်းကို မျက်နှာပြဖို့ အလွန်ရှက်မိပါသည်။ ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းကြောင်း ကျွန်ုပ်သိပြီး အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ကျွန်ုပ် ဆက်လုပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ်သာ နေမည်၊ သို့မဟုတ်ပါက ကျွန်ုပ်သည် တောက်တိုမည်ရအလုပ်များ၊ ချက်ပြုတ်ခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်ခြင်းတို့ကို လုပ်ဆောင်မည်။ မည်သည့်အရာမဆို အဆင်ပြေပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်ရာထူးနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို မညည်းမညူဘဲ ခံမည်၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံပါမည်။ ကျွန်ုပ်၏ အစွမ်းအစညံ့ဖျင်းခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်ဖြစ်ပြီး၊ ယင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်ပါသည်”ဟု ဆင်ခြင်သုံးသပ်ကြသည်။ သင်သည် အမှုအရာများကို ဤနည်းလမ်းဖြင့် မြင်နိုင်ပါက၊ ကောင်းမွန်ပြီး ယင်းမှာ သင်၌ မိမိကိုယ်ကို သတိပြုမိခြင်းအချို့ရှိသည်ဟု ဆိုလိုသည်။ ကျွန်ုပ်သည် ဤပြဿနာနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်သဟာယဖွဲ့မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော်၊ အစွမ်းအစညံ့ဖျင်းသော ဤလူများနှင့်ပတ်သက်၍၊ လူတို့သည် ဤလူများနှင့်စပ်လျဉ်း၍ မှန်ကန်သော သဘောထားနှင့် ရှုထောင့်အမြင် ပို၍ရှိလာစေရန်အလို့ငှာလည်းကောင်း၊ ဤလူများသည် မိမိတို့၏ အစွမ်းအစညံ့ဖျင်းခြင်းပြဿနာနှင့်စပ်လျဉ်း၍ မှန်ကန်သော သဘောထားနှင့် ရှုထောင့်အမြင်ရှိလာပြီး ထို့နောက်တွင် မိမိတို့ကိုယ်ကို တိကျစွာ နေရာချနိုင်စေရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့နှင့်သင့်တော်သော နေရာနှင့် တာဝန်ကို ရှာဖွေနိုင်စေရန်၊ ၎င်းတို့၏ အဖိုးအခကို ပေးဆပ်ရာတွင် ဇွဲလုံ့လနှင့် ဆင်းရဲဒုက္ခကို ခံနိုင်သော ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ကျိုးကြောင်းဆီလျော်စွာ အသုံးချပြီး အကောင်အထည်ဖော်နိုင်စေရန်အလို့ငှာလည်းကောင်း ငါတို့သည် ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးပြီး အချက်အလက်များ၏ အမှန်တရားကို ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာက သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား မထိခိုက်စေသည့်အပြင် ဘုရားအိမ်တော်၌ သင်၏ ပုံရိပ်ကိုလည်း မထိခိုက်စေပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။