ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉) အခန်း နှစ်

၃။ ဧဝံဂေလိအလုပ်

တတိယအချက်မှာ ဧဝံဂေလိအလုပ် ဖြစ်သည်။ ဧဝံဂေလိအလုပ်သည် ဘုရားအိမ်တော်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်နှင့် လူပုဂ္ဂိုလ်ရေးရာအလုပ်ပြီးလျှင် တိကျသော အတတ်ပညာဆိုင်ရာ အလုပ်နှင့်ဆိုင်သည့် ပထမဆုံးအချက်ကြီးတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤအလုပ်ကိစ္စအတွက် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများ၊ ဧဝံဂေလိတရား ဟောကြားရန် ပထဝီဝင်ဆိုင်ရာ နယ်ပယ်နှင့် ဧဝံဂေလိတရား ဟောကြားရမည့် နည်းလမ်းများနှင့် ပတ်သက်၍ တိကျသော လုပ်ငန်းအစီအစဉ်များ ချမှတ်ကာ လုပ်ငန်းအစီအစဉ်များစွာကို ဆက်တိုက် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်၏ လုပ်ငန်းအစီအစဉ်များတွင် ဧဝံဂေလိတရား ဟောကြားရန်အတွက် လိုအပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်မျိုးစုံ၊ ရုပ်ရှင်များနှင့် ဗီဒီယိုများ၊ ဖျော်ဖြေရေး အစီအစဉ်မျိုးစုံနှင့် စပ်လျဉ်း၍ တိကျသော ဖော်ပြချက်များသာမက ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများ၏ သာမန်အယူအဆအမျိုးမျိုးနှင့် မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် စပ်လျဉ်း၍ ဖော်ပြချက်များပင် ရှိသည်။ အချို့သော ဖော်ပြချက်များကို စာဖြင့် တိတိကျကျ တင်ပြကောင်း တင်ပြထားခြင်း မရှိသော်လည်း စကားနှင့် နှုတ်ဖြင့်ပြောဆိုသော မိတ်သဟာယတွင် ယင်းတို့များစွာ ပါရှိသည်။ ဧဝံဂေလိအလုပ်သည် အစဉ်သဖြင့် တိုးတက်နေပြီး အလျဉ်မပြတ် ဖြစ်ကာ ဤအလုပ် တိုးတက်နေသည်နှင့်အမျှ ဘုရားအိမ်တော်သည် အဆက်မပြတ် ပေါ်ပေါက်လာပြီး အဆက်မပြတ် ရင်ဆိုင်နေရသော ပြဿနာများနှင့် စပ်လျဉ်း၍ တိကျသော အလုပ်အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များကို ချမှတ်ထားသည့်အပြင် ဧဝံဂေလိအမှုဆောင်များ၊ ဧဝံဂေလိ သင်းထောက်များနှင့် ဧဝံဂေလိလုပ်ငန်း ကြီးကြပ်ရေးမှူးများထံသို့ တိကျသော သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန်အချို့ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။ ဤနှောင်းပိုင်းအဆင့်တွင် ဘုရားအိမ်တော်သည် ဧဝံဂေလိအလုပ်အတွက် အစီအစဉ်များနှင့်ပတ်သက်၍ များများစားစား မပြောဆိုသော်လည်း သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို အသင်းတော်၌ တကယ့်ကို မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည်။ အထူးသဖြင့် ဧဝံဂေလိတရားသည် ပင်လယ်ရပ်ခြားသို့ စတင်ပျံ့နှံ့ပြီးနောက်တွင် ဘုရားအိမ်တော်သည် ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်လုပ်ငန်းအတွက် တိကျသော အလုပ်အစီအစဉ်များကို ချမှတ်ခဲ့သည်။ ဘာသာပြန်သူများနှင့် နိုင်ငံခြားဘာသာစကားအမျိုးမျိုးကို ကျွမ်းကျင်သည့် ဧဝံဂေလိအမှုဆောင်များသည် ဤအလုပ်မျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် ပေးဆပ်ကြကာ ဘုရားအိမ်တော်သည် ဧဝံဂေလိအလုပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ဤကဲ့သို့သော လူ့စွမ်းအားအရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံထားပြီး ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီလေသည်။ အတိုချုပ်ဆိုရလျှင် အထက်က ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို အစဉ်သဖြင့် ကိုယ်တိုင် လမ်းပြ၊ မေးမြန်းစုံစမ်း၊ နောက်ဆက်တွဲ လိုက်လုပ်ပြီး ကြီးကြပ်နေကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအလုပ်ကိစ္စနှင့် ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ဧဝံဂေလိအလုပ်အတွက် ကြီးကြပ်ရေးမှူးတစ်ဦး ရှိခြင်းဟူသည် “အလုပ်သည် မိမိဘာသာ တိုးတက်ချင်သလို တိုးတက်ပါစေ။ မည်သို့ပင်ဖြစ်စေ ယင်းသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် အသင်းတော်အသက်တာနှင့် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးအတွက်သာ တာဝန်ရှိသည်။ ဧဝံဂေလိအလုပ်နှင့် ပတ်သက်၍ ပြဿနာများရှိလျှင် ကျွန်ုပ်နှင့်မဆိုင်ပါ” ဟု စဉ်းစားလျက် ခေါင်းဆောင်များနှင့် အမှုဆောင်များက လုံးလုံးလျားလျား လက်လွှတ်ထားနိုင်သည်၊ အလုပ်ကို မည်သို့မျှ အလေးမထား၊ မေးမြန်းခြင်းမပြုဘဲ လျစ်လျူရှုထားနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်မှာ သင့်တော်ပါသလော။ (မသင့်တော်ပါ။) ဤသည်မှာ သင်၏ တာဝန်ကို တမင်ပျက်ကွက်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အားလုံးထဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ အာရုံစိုက်သင့်သည့် အရေးကြီးဆုံးသော အလုပ်ကိစ္စမှာ ဧဝံဂေလိအလုပ် ဖြစ်သည်။ သင်သည် ဤအလုပ်ကိစ္စအတွက် တိုက်ရိုက် တာဝန်ပေးမခံရနိုင်သော်လည်း ယင်းသည် မည်မျှ တိုးတက်နေသည်ကိုလည်းကောင်း၊ ယင်း၏ တိုးတက်မှု အခြေအနေသည် မည်သို့ဖြစ်သည်ကိုလည်းကောင်း သင် မေးမြန်းရမည်။ သင်သည် ဤအရာများကို နောက်ဆက်တွဲ လိုက်လုပ်ရမည်၊ သိရှိရမည်ဖြစ်ပြီး ကိုင်တွယ်နိုင်ရမည် ဖြစ်သည်။ အထူးသဖြင့် ဧဝံဂေလိအဖွဲ့များရှိ ဧဝံဂေလိတရားဟောသူများနှင့် ရေလောင်းသူများကဲ့သို့သော အရေးကြီးသည့် လူပုဂ္ဂိုလ်အချို့အပြင် ဧဝံဂေလိအလုပ်၏ ကြီးကြပ်ရေးမှူးများနှင့် ပတ်သက်၍ သင်သည် ၎င်းတို့၏ အခြေအနေများကို အမြဲတမ်း အချိန်နှင့်တပြေးညီ ကိုင်တွယ်ရမည်ဖြစ်ပြီး ဤလူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်လာပါက ယင်းတို့ကို ချက်ချင်း ဖြေရှင်းရမည်။ ဤအလုပ်ကို တာဝန်ပေးပြီးလျှင် သင်သည် ယင်းကို ခေါင်းမရှောင်သင့်ပေ။ ထို့အပြင် သင်သည် အသင်းတော်များ၌ ရှိသောသူများနှင့် ရှေ့တန်းမှ အွန်လိုင်း ဧဝံဂေလိတရားဟောသူများအပြင် အဖွဲ့တစ်ခုစီရှိ ရေလောင်းသူများ အပါအဝင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်တွင် ပါဝင်သည့် ဧဝံဂေလိဟောသူများအားလုံးကို ပုံမှန် စစ်ဆေးပြီး ညွှန်ကြားရမည်။ ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများအားလုံးသည် အထူးလေ့ကျင့်မှုကို ခံယူရမည်ဟု ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သည်။ အထူးလေ့ကျင့်မှုဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများတွင် ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရားများကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှု ရှိပြီး ဤအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်ရန် သေချာစေရမည်ကို ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ လုံးလုံးလျားလျား ရှင်းလင်းစွာ နားမလည်သည့် ရူပါရုံနှင့်ဆိုင်သော သမ္မာတရားများ၏ လက္ခဏာသွင်ပြင်တစ်ခုခု ရှိပါက ယင်းနှင့်ပတ်သက်၍ မကြာခဏ မိတ်သဟာယဖွဲ့ပေးရမည်ဖြစ်ပြီး ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများ၏ နားလည်သဘောပေါက်မှုက ပို၍ အသေးစိတ်ကျလေ၊ ပိုကောင်းလေ ဖြစ်သည်။ ဘုရားအိမ်တော်တွင် ဤအရာအတွက် အလုပ်အစီအစဉ်များ ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် သီးခြားတာဝန်များစွာ ပါဝင်သည့် တိကျပြီး ရှုပ်ထွေးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ လုပ်ငန်းတာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အနီးကပ် နောက်ဆက်တွဲ လိုက်လုပ်ကြောင်း သေချာစေရမည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ လုပ်ငန်းတာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်တစ်ခုစီတိုင်း၏ ရလဒ်များသည် အဆက်မပြတ် တိုးတက်ကောင်းမွန်လာကြောင်း သေချာစေရမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပေ၏။ ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဂီတ၊ အနုပညာနှင့် ဘာသာပြန်ဆိုခြင်းကဲ့သို့သော အခြား အတတ်ပညာဆိုင်ရာ အလုပ်မျိုးစုံသည် ဧဝံဂေလိအလုပ်ကို ထောက်ပံ့ပေးရန်နှင့် ကျောထောက်နောက်ခံပြုပေးရန် တည်ရှိခြင်းဖြစ်ပြီး ဧဝံဂေလိအလုပ်သည် အလုပ်အားလုံး၏ ရှေ့တန်းအလုပ် ဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ပြီး ဘုရားသခင် တောင်းဆိုသောရလဒ်များကို ရရှိရမည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်း အလုပ်တွင် ပါဝင်မည် ဖြစ်သည်။ ဤသည်မှာ အခြားလုပ်ငန်းပိုင်းဆိုင်ရာ ဤအလုပ်မျိုးအားလုံးသည် ဧဝံဂေလိဖြန့်ဝေခြင်းကို ဖြည့်ဆည်းပေးခြင်းတွင် ရှိသောကြောင့် ဖြစ်ပြီး ဤအလုပ်အားလုံးကို ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ပေါ် ဗဟိုပြုရမည်ဖြစ်ပြီး ယင်းအတွက် မည်သည့်အခါမျှ အဆုံးမသတ်သည့် ဖြည့်ဆည်းပံ့ပိုးမှုကို ပေးရမည် ဖြစ်သည်။ ယခုအခါတွင် ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက် လိုအပ်သည့် အချက်အလက်များ၊ ရုပ်ရှင်များနှင့် အမျိုးစုံသော ဗီဒီယိုတို့ကို နောက်ကွယ်တွင် ဘုရားသခင်ရွေးချယ်ထားသော လူများစွာ၏ အားစိုက်ထုတ်မှုအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ နောက်ကွယ်တွင် ဤလူတို့လုပ်ဆောင်သောအရာတိုင်းသည် ဧဝံဂေလိဖြန့်ဝေခြင်း အလုပ်အတွက် အားကြီးသော ပံ့ပိုးမှုကို ပေးသည်။ အတိတ်ကာလတွင် ဘုရားအိမ်တော်၌ ရုပ်ရှင်ရိုက်ကူးရေးအမျိုးမျိုး မရှိခဲ့၊ သီချင်းများစွာ မရှိခဲ့သကဲ့သို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများလည်း များများစားစား မရှိခဲ့ပေ။ ယင်းသည် အဆက်မပြတ် မိတ်သဟာယဖွဲ့ပေးသော ဧဝံဂေလိအမှုဆောင်များကိုသာ အားကိုးခဲ့ရသည်။ ဧဝံဂေလိအမှုဆောင်များသည် ၎င်းတို့၏ အာခေါင်ခြောက်သည်အထိ စကားပြောရသော်လည်း သိသာထင်ရှားသော ရလဒ်တစ်ခုခု မြင်တွေ့ရချင်မှ မြင်တွေ့ရတတ်ပြီး လူတစ်ဦးတစ်ယောက်ကို ရရှိရန် ခက်ခဲခဲ့သည်။ အသင်းတော်က ဗီဒီယိုအမျိုးမျိုးကို ထုတ်လုပ်ပြီးနောက်တွင် ဧဝံဂေလိအဖွဲ့များ၏ အလုပ်သည် အတော်အသင့် ပေါ့ပါးသွားပြီး ယခင်ကထက် များစွာ ပို၍ လွယ်ကူလာကာ အလုပ်၏ ထိရောက်မှုလည်း တိုးတက်လာခဲ့သည်။ အချို့လူများသည် ၎င်းတို့၏ တွေးခေါ်ပုံတွင် ခေါင်းမာပြီး ရှေးရိုးစွဲကြရာ ၎င်းတို့ထံ ဧဝံဂေလိတရားကို သင်ဟောကြားသည့်အခါ သင်သည် သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ အလုပ်မဖြစ်ဘဲ ၎င်းတို့က မိမိတို့၏ အယူအဆများကို စွဲကိုင်ထားကြပြီး လက်ခံဖို့ ငြင်းဆိုကြသည်။ ထိုအခါ သင်မည်သို့ ပြုလုပ်မည်နည်း။ သင်သည် ၎င်းတို့အား ဧဝံဂေလိသက်သေခံချက် ရုပ်ရှင်တစ်ကားနှစ်ကားမျှကို ကြည့်ရှုစေသောအခါ ၎င်းတို့၏ အယူအဆများသည် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပြီး မှန်သောလမ်းခရီးနှင့်ပတ်သက်၍ အကောင်းမြင်လာကြသည်။ ၎င်းတို့သည် နောက်တစ်ကြိမ် လာရောက်ရှာဖွေသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်ကြီးမားသော အတားအဆီး သို့မဟုတ် ဟန့်တားမှုမျှ မရှိတော့ဘဲ ၎င်းတို့ကို သင် သမ္မာတရားအကြောင်း ထပ်မံ၍ မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့ လွယ်ကူစွာ လက်ခံနိုင်ကြလေသည်။ ယင်းမှာ သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများအား ဘုရားအိမ်တော်က ထုတ်လုပ်သည့် ရုပ်ရှင်များကို ပြသသည့်အခါဖြစ်စေ၊ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသည့်အခါဖြစ်စေ၊ ၎င်းတို့အား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ပြသသည့်အခါဖြစ်စေ ရလဒ်များက အမှန်တကယ် သိသာထင်ရှားကာ ဤသို့ပြုလုပ်ခြင်းသည် သင်က ၎င်းတို့အား စကားမည်မျှများများ ပြောသည်ထက် ပို၍ ထိရောက်ရခြင်းဖြစ်သည်။ မည်သူသည် မှန်သောလမ်းခရီးကို ရှာဖွေပြီး လေ့လာနေပါစေ၊ ဦးစွာ ၎င်းတို့အား ရုပ်ရှင်အချို့ကို ကြည့်ရှုစေပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုစေကာ၊ ထိုသို့ဖြင့် ၎င်းတို့အတွက် လမ်းခင်းပေးလော့။ ဤနောက်တွင် ၎င်းတို့၏ အယူအဆများကို ဖြေရှင်းရန် ၎င်းတို့အား သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လော့။ ဤအရာက အခြေအနေများကို ပို၍ အဆင်ပြေချောမွေ့သွားစေသည်။ ယခုအခါတွင် မှန်သောလမ်းခရီးကို လေ့လာနေသူတို့သည် အင်တာနက်ပေါ်တွင် ဘုရားအိမ်တော်က ထုတ်လုပ်သည့် ရုပ်ရှင်များနှင့် သက်သေခံချက် ဗီဒီယိုများစွာကို ကြည့်ရှုကြပြီး ဖြစ်သည့်အပြင် အထူးသဖြင့် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုကြပြီးဖြစ်သည်။ ၎င်းတို့သည် လာရောက်ရှာဖွေပြီး လေ့လာခြင်းမပြုမီ မှန်သောလမ်းခရီးအပေါ် ကောင်းသောအမြင်တစ်ခု ရှိနှင့်ပြီးဖြစ်ကာ ယင်းသည် မှန်သောလမ်းခရီး ဖြစ်ကြောင်းကို အခြေခံအားဖြင့် အသိအမှတ်ပြုကြပြီးဖြစ်သည်။ ဤအရာတွင် သင်တို့ တစ်စုံတစ်ရာ တွေ့ရှိပြီးပြီလော။ ဘုရားအိမ်တော်က ထုတ်လုပ်သည့် ဤရုပ်ရှင်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရွတ်ဆိုချက် ဗီဒီယိုများ၊ အတွေ့အကြုံဆိုင်ရာ ဤသက်သေခံချက်ဗီဒီယိုများ၊ ဓမ္မတေးဗီဒီယိုများ စသည်တို့သည် ဘုရားသခင်အတွက် သက်သေခံရာ၌ အလွန်ပင် ထိရောက်လှပါသည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများနှင့် မိတ်သဟာယဖွဲ့ပြီး ငြင်းခုံလျက် များစွာသော လေမြောက်မြားစွာ အကုန်ခံစရာ မလိုအပ်ပေ။ ၎င်းတို့သည် ဤဗီဒီယိုများကို ကြည့်ရှုပြီးသောအခါ မှန်သောလမ်းခရီးကို လက်ခံနိုင်စွမ်းရှိကြသည်။ ဤအရာက ဧဝံဂေလိတရားကို ဟောနေသောသူတို့အား အချိန်များစွာ သက်သာစေပြီး ဧဝံဂေလိတရား ဟောပြောခြင်းအတွက် ကျောထောက်နောက်ခံပြုပေးသည့် အထောက်အပံ့အားလုံးသည် အလွန်ပင် အားကောင်းလှကြောင်းကို ပြသသည်။ ဧဝံဂေလိတရား ဟောပြောခြင်းအတွက် အမျိုးမျိုးသော အရင်းအမြစ်များမှာ အလွန်ပင် ကြွယ်ဝအောင် ရှိပါသည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ များစွာတို့သည် ဘုရားအိမ်တော်၏ ဝက်ဘ်ဆိုက်တွင် အကြောင်းအရာများစွာ ရှိပြီး အကြောင်းအရာများ အလွန် ကြွယ်ဝသည့်အတွက် ဘုရားသခင်၏ အလုပ်ကို လေ့လာရန် အွန်လိုင်းသုံးသည့်အခါ အံ့အားသင့်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုမျိုးစုံတို့လည်း ကြွယ်ဝသည်၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် ပတ်သက်လာလျှင်လည်း သင်လိုအပ်မည့်အရာ မှန်သမျှရှိပြီး ကြွယ်ဝလှသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် လမ်းညွှန်မှု၏ ရလဒ် အမှန်ပင် ဖြစ်ပါသည်။ ဤအရာအားလုံးသည် အမှန်တကယ် ဘုရားသခင်၏ အလုပ်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီးနှင့် ဘာသာရေးလောကက အခြေအမြစ်မရှိသော ကောလာဟလများ မည်သို့ပင် ဖြန့်ပြီး အသရေဖျက်ပါစေ၊ အားလုံး အချည်းနှီးသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားအိမ်တော်အလုပ်၏ ဤအချက်များအားလုံးမှ စွမ်းဆောင်ရရှိခဲ့သော ရလဒ်များနှင့် ရိတ်သိမ်းခဲ့ရသော အသီးအပွင့်များသည် လူတိုင်းမြင်နိုင်ရန် ရှင်းလင်းနေပြီး ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖြစ်မြောက်အောင်မြင်ခဲ့သော အဖြစ်မှန်များ ဖြစ်လေသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်တွင် ဘုရားအိမ်တော် အလုပ်၏ ကဏ္ဍများအားလုံးကို အလွန် နည်းစနစ်ကျသော ပုံစံနှင့် ဖွဲ့စည်းထားပြီး အစီအစဉ်တကျဖြစ်သော နည်းဟန်ဖြင့် ရှေ့ဆက်လျက်ရှိသည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် အလွန်အရေးပါပြီး၊ ရေရှည်ဖြစ်ကာ ခက်ခဲပင်ပန်းသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိအလုပ်ကို တာဝန်ယူသူတို့သည် ကြီးကြပ်ရေးမှူးများဖြစ်စေ၊ သာမန် ဧဝံဂေလိအမှုဆောင်များဖြစ်စေ ဤအလုပ်၏ အရေးပါမှုကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတည်ပြုသင့်သည်။ သင်တို့သည် ဧဝံဂေလိတရား၏ ရှေ့တန်းတွင် အလုပ်လုပ်ပြီး သင်တို့၏ တာဝန်များကို ထမ်းဆောင်နေကြသော်လည်း သင်တို့၏ နောက်တန်းတွင်၊ ဆိုလိုသည်မှာ နောက်ကွယ်တွင် ကျောထောက်နောက်ခံပြုပေးသည့် အလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသော ညီအစ်ကိုမောင်နှမများစွာ ရှိပြီး ၎င်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ထောက်ပံ့ပေးသည့် အင်အား ဖြစ်သည်။ ငါဤသို့ဆိုရခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားအိမ်တော်၏ အလုပ်အားလုံးသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၌ ဗဟိုပြုပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ထမ်းဆောင်သည့် တာဝန်များသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအတွက် အစေခံခြင်း ဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ဧဝံဂေလိအလုပ်တွင် ပါဝင်ပြီး အလုပ်ကိစ္စတိုင်းသည် ဧဝံဂေလိအလုပ်နှင့် အနီးကပ်ဆက်နွှယ်နေပြီး အပြန်အလှန် အမှီသဟဲပြုကာ ဆက်စပ်နေသည်။ အတိုချုပ်ဆိုရလျှင် ဧဝံဂေလိအလုပ်ကိုယ်၌ အပါအဝင် အလုပ်ကိစ္စတိုင်းသည် ဘုရားသခင်၏ အလုပ်ကို သက်သေခံရန် ကောင်းမွန်စွာ လုပ်ဆောင်သင့်သည့် တာဝန်တစ်ခု ဖြစ်ကာ မည်သည့်အလုပ်ကိစ္စမဆို ဘုရားသခင်ကို သက်သေခံနေသည့် အရေးကြီးဆုံးသော အလုပ်နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ ဤသည်မှာ လုံးဝ တိကျမှန်ကန်သည်။ ထို့ကြောင့် ဘုရားအိမ်တော်သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို အလုပ်ကိစ္စအားလုံး၏ ထိပ်ဆုံးစာရင်းတွင် ထားရှိပြီး ယင်းသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်ကိစ္စအားလုံးထဲတွင် နံပါတ်တစ်ဖြစ်ကာ ဤသည်မှာ လုံးလုံးလျားလျား သင့်လျော်သည်။ ယင်းသည် အဓိကကျပြီး ခက်ခဲပင်ပန်းကာ ရေရှည်ဖြစ်သော အလုပ်ကိစ္စဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူ တစ်ဦးစီတိုင်း၊ ဘုရားသခင်နောက် လိုက်လျှောက်သောသူ တစ်ဦးစီတိုင်းသည် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ပြင်ဆင်ဖို့နှင့် ဤရေရှည်တိုက်ပွဲကို တိုက်ခိုက်ဖို့အတွက် ခံနိုင်ရည်၊ စိတ်ရှည်သည်းခံမှုနှင့် လုံလောက်သော ယုံကြည်ခြင်း ရှိရမည်။ သင်သည် ၁၀ နှစ်ဖြစ်စေ၊ အနှစ် ၂၀ ဖြစ်စေ၊ အနှစ် ၃၀ ဖြစ်စေ မဆုတ်မနစ် လုံ့လထုတ်လာပါစေ၊ သင်သည် ဘုရားသခင်အပေါ် အစဉ်သဖြင့် သစ္စာစောင့်သိရမည်၊ သင်၏အသက်နှင့် သင်၏ဘဝတစ်သက်တာကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်အတွက် ဆက်ကပ်ရမည်ဖြစ်ပြီး အဆုံးတိုင်အောင် ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်လျှောက်သောသူတိုင်း ထမ်းဆောင်ဖို့ ဝတ္တရားရှိသည့် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ ယင်းသည် လူတိုင်း၏ တာဝန်ဖြစ်ပြီး လူတိုင်းကို ဘုရားသခင် အပ်နှင်းသည့် တာဝန်ပေးစေခိုင်းချက်လည်း ဖြစ်သည်။

ငါ၏ ဤမိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့အားလုံး၏ စိတ်နှလုံးထဲတွင် စိတ်အားထက်သန်မှု ရှိကြပြီး ဧဝံဂေလိအလုပ်ကို အရေးကြီးသည်ဟု မှတ်ယူလာကြပါသလော။ အချို့လူများက “ကျွန်ုပ်သည် နည်းပညာနှင့်ဆိုင်သော မည်သည့် အတတ်ပညာကိုမျှ နားမလည်ပါ။ သရုပ်ဆောင်နည်းကို မသိသဖြင့် သရုပ်ဆောင်တစ်ဦး မဖြစ်နိုင်ပါ။ စကားလုံးများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ခိုင်မာသော အခြေခံမရှိသဖြင့် ဆောင်းပါးများ ရေးသားနည်းကို မသိပါ။ ဂီတကို နားမလည်သကဲ့သို့ အနုပညာအကြောင်းကို သာ၍ပင် မသိပါ။ ကျွန်ုပ်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်သောကြောင့် ဧဝံဂေလိအဖွဲ့သို့ တာဝန်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ဧဝံဂေလိအဖွဲ့များသည် ဘုရားအိမ်တော်၏ စွန့်ပယ်ခံထားရသောနေရာနှင့် တူညီသည် မဟုတ်လော။ ပြီးလျှင် ကျွန်ုပ်သည် စွန့်ပယ်ခံထားရသောနေရာသို့ ပို့ထားခြင်းခံရသည့်အတွက် ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိပါသေးသလော”ဟု ယခင်က ပြောဆိုခဲ့သည်။ ဤသည်မှာ ပကတိအခြေအနေ ဟုတ်သလော။ အကယ်၍ ယင်းမှာ ဤအခြေအနေကို သင်နားလည်သည့်ပုံ အမှန်တကယ်ဟုတ်ပါက သင်သည် ဘုရားသခင်ကို အထင်လွဲသွားပြီ ဖြစ်သည်။ ဧဝံဂေလိတရား ဟောကြားခြင်းသည် လူတစ်ဦးစီတိုင်း၏ မလွှဲမရှောင်သာသော တာဝန် ဖြစ်သည်။ အကယ်၍ သင်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်သည့်အပြင် နည်းပညာနှင့်ဆိုင်သော မည်သည့်အတတ်ပညာကိုမျှ နားမလည်ဘဲ သင်လုပ်ဆောင်နိုင်သမျှမှာ ဧဝံဂေလိတရား ဟောကြားခြင်းသာ ဖြစ်လျှင် သင်သည် ဧဝံဂေလိအဖွဲ့တစ်ဖွဲ့တွင် သင်၏တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ပေးလိမ့်မည်။ ဤသည်မှာ သင်၏ နောက်ဆုံးအခွင့်အရေး ဖြစ်ပြီး သင့်ကို အသုံးဝင်သည့်သူအဖြစ် အလဟဿမဖြစ်စေရန်နှင့် အတတ်နိုင်ဆုံး အသုံးချနိုင်ဖို့ သေချာစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သင်သည် လူသားတစ်ဦးအနေဖြင့် သင်၏ စွမ်းဆောင်ရည်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သင်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်ဘဲ သင်လုပ်ဆောင်သမျှတိုင်းတွင် ဉာဏ်ထိုင်းသော်လည်း သင်သည် ဧဝံဂေလိတရား ဟောကြားခြင်း တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သည့်အပြင် သင့်ကို ဧဝံဂေလိလက်ခံသူများကို ရှာဖွေခိုင်းလျှင်ပင် သင်သည် ဤအရာကို လက်တွေ့ကျသော ပုံစံဖြင့် လုပ်ဆောင်နိုင်ပြီး သင်တွေ့ရှိသော ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကို ဧဝံဂေလိတရားဟောသူများထံသို့ လွှဲပြောင်းပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်း ဟောကြားနည်းကို တဖြည်းဖြည်း သင်ယူနိုင်ပြီး လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်သည်။ ဤသည်မှာ သင်၏တာဝန် မဟုတ်လော။ အခြားလူများသည် စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်နှင့် အခြားသော အလုပ်မျိုးတို့တွင် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ရလဒ်အချို့ကို ထုတ်လုပ်ကြသော်လည်း သင်သည် ဤအရာများကို အဘယ်သို့ လုပ်ဆောင်ရမည် မသိသကဲ့သို့ သင့်တွင် အထူးတလည်ဖြစ်သော ပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများလည်း မရှိပေ။ သို့ဖြစ်စေကာမူ သင်သည် သင်၏ခွန်အားကို ဧဝံဂေလိအလုပ်အတွက် ဆက်ကပ်သည်။ သင်သည် အစွမ်းကုန်ပေးဆပ်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းကာ သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ထမ်းဆောင်သည်။ ဤသည်တို့မှာ ကောင်းမှုများ မဟုတ်လော။ ဤသည်တို့မှာလည်း ကောင်းမှုများဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို အမှတ်ရလိမ့်မည်။ ဤအရာက ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေသည်။ လူတို့လုပ်ဆောင်သည့် တာဝန်များတွင် မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းဟူ၍ ခွဲခြားမှုများ မရှိပေ။ အရေးကြီးသည်မှာ သင်သည် သင်၏တာဝန်တွင် သစ္စာစောင့်သိခြင်း ရှိမရှိနှင့် ယင်းကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်ခြင်း ရှိမရှိသာ ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းကို မျှတစွာနှင့် တန်းတူဆက်ဆံသည်။ သင်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သည့်အတွက် သင့်ကို ဧဝံဂေလိတရား ဟောခိုင်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်သည် အခြား မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်သည့် အခြေအနေများတွင် သင်၏ နောက်ဆုံးဖြစ်နိုင်ချေရှိသော စွမ်းဆောင်ရည်ကို ထမ်းဆောင်နိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာအားဖြင့် သင့်ကို အခွင့်အရေးတစ်ခုနှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေးနေခြင်း ဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ပိုင်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သင့်အတွက် တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိနေဆဲဖြစ်ပြီး ကိုယ်တော်သည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဧဝံဂေလိအဖွဲ့များ၌ တာဝန်ပေးခြင်း ခံရသူတို့သည် စွန့်ပယ်ခံရသောနေရာသို့ အပို့ခံနေရခြင်း မဟုတ်သကဲ့သို့ စွန့်ပစ်ခံနေရခြင်းလည်း မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မတူညီသော နေရာတစ်ခုတွင် ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ဧဝံဂေလိအလုပ်အတွက် အလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် ယခုအခါ ဧဝံဂေလိအလုပ်ကို ကောင်းစွာ ရှုမြင်ပြီး ယင်းနှင့်ပတ်သက်၍ မည်သည့် နားလည်မှုလွဲမှားခြင်းမျှ မရှိတော့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ယင်းနှင့်ပတ်သက်၍ ဘဝင်မြင့်ကြတော့မည်လော။ လူတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မပြောင်းလဲပေ။ ဘုရားသခင်က ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်မှုကို အလိုရှိသည်။ အကယ်၍ သင်က “ကျွန်ုပ်သည် မိမိကိုယ်ကို နှိမ့်ချစွာ နေထိုင်ကာ ဘဝင်မြင့်မည်မဟုတ်၊ ဘုရားသခင် လုပ်ဆောင်ခိုင်းသည့်အရာကိုသာ ကျွန်ုပ်လုပ်ဆောင်ပါသည်” ဟု ပြောဆိုသော်လည်း သင့်တွင် သစ္စာစောင့်သိမှု မရှိလျှင်၊ ရိုးသားစစ်မှန်မှု မရှိလျှင် ယင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ။ သင်သည် ဧဝံဂေလိအလုပ်ကို မည်သို့ပင် သဘောပေါက်နားလည်သည်ဖြစ်စေ၊ မည်သို့ဆိုစေ သင်သည် သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်မှုကို ပိုင်ဆိုင်လာပါက သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းပြည့်မီလိမ့်မည်။ သင်သည် ဧဝံဂေလိတရား ဟောကြားခြင်းတာဝန်ကို မည်သို့ပင် ကောင်းစွာ သဘောထားသည်ဖြစ်စေ သို့မဟုတ် ယင်းအပေါ် သင်၏ သဘောထားသည် မည်သို့ပင် အပြုသဘောဆောင်သည်ဖြစ်စေ၊ သင်သည် ဆင်းရဲဒုက္ခကို မခံနိုင်လျှင်၊ သင့်တွင် ခံနိုင်ရည်မရှိသည့်အပြင် သစ္စာစောင့်သိမှု မရှိလျှင် ယင်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ၊ သင်သည် မည်သည့်အချိန် သို့မဟုတ် နေရာတွင် ရှိနေသည်ဖြစ်စေ၊ သင်သည် မည်သည့်လူများနှင့် ထိတွေ့ဆက်ဆံပြီး မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင်က သင့်ကို အစဉ်သဖြင့် မြင်တွေ့မည်ဖြစ်ပြီး သင်၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်။ သင်သည် ဧဝံဂေလိအဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ဘုရားသခင် သင့်ကို အာရုံမစိုက်၊ သို့မဟုတ် ဘုရားသခင် သင့်ကို မမြင်နိုင်၊ သို့ဖြစ်၍ သင်သည် လုပ်ချင်သမျှကို လုပ်ဆောင်နိုင်သည်ဟု မထင်မှတ်လေနှင့်။ ထို့ပြင် အကယ်၍ သင်သည် ဧဝံဂေလိအဖွဲ့၌ တာဝန်ပေးခံရပါက သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ဟု ထင်မှတ်ပြီး ယင်းကို အပျက်သဘောဖြင့် မကိုင်တွယ်လေနှင့်။ ဤတွေးခေါ်ပုံနှစ်ခုလုံး မှားယွင်းသည်။ သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ရန် စီစဉ်သည်ဖြစ်စေ၊ ယင်းသည် သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သင်သည် ယင်းကို ဝီရိယရှိရှိနှင့် တာဝန်သိသိ လုပ်ဆောင်သင့်သည်။ သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မပြောင်းလဲသည်ဖြစ်၍ ဘုရားသခင်၏ အစီအစဉ်များအပေါ် သင်၏ ကျိုးနွံနာခံခြင်းသည်လည်း မပြောင်းလဲသင့်ပေ။ ဧဝံဂေလိအမှုဆောင်များ၏ အဆင့်အတန်းသည် အခြားသော တာဝန်များကို ထမ်းဆောင်သူတို့၏ အဆင့်အတန်းနှင့် တူညီ၏။ လူတစ်ဦး၏ တန်ဖိုးကို ၎င်းတို့ ထမ်းဆောင်သည့် တာဝန်အားဖြင့် မတိုင်းတာဘဲ သူသည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိအားဖြင့်သာ တိုင်းတာသည်။ ကြီးမားပြီး တိကျသော ဤအလုပ်ကိစ္စဖြစ်သည့် ဧဝံဂေလိအလုပ်နှင့် ပတ်သက်၍ ငါမိတ်သဟာယဖွဲ့ရမည်မှာ ဤမျှသာ ဖြစ်သည်။

၄။ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး

စတုတ္ထအချက်မှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး ဖြစ်သည်။ ဤအထဲတွင် ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဂီတ၊ အနုပညာ၊ ဘာသာပြန်ဆိုခြင်း စသည်တို့ ပါဝင်သည်။ အချို့လူများက “ကျွန်ုပ်တို့ ဝတ်စုံချုပ်သူများသည်လည်း ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တွင် ပါဝင်သည်။ ဝတ်စုံချုပ်ခြင်းကို အလုပ်တစ်မျိုးအဖြစ် သတ်မှတ်ပါသလော” ဟု ပြောဆိုကြသည်။ ဝတ်စုံချုပ်ခြင်းကို ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဂီတကဲ့သို့သော အလုပ်အမျိုးအစားများတွင် ထည့်သွင်းသည်။ ယင်းမှာ ဤအလုပ်အမျိုးအစားများနှင့် ပူးပေါင်းဆောင်ရွက်သော ထောက်ပံ့ပေးခြင်းအလုပ်တစ်မျိုး ဖြစ်သည်။ ကာလတိုင်းတွင် ဤအတတ်ပညာဆိုင်ရာ အလုပ်အမျိုးအစားများအတွက် တိကျသော သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ဘုရားအိမ်တော်၌ တိကျသော အလုပ်အစီအစဉ်များ ရှိသည်။ အချို့ကို စာဖြင့် အသိပေးပြောပြပြီး အချို့ကို စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နှုတ်ဖြင့် အသိပေးပြောပြသည်။ မည်သို့ပင် အသိပေးပြောပြပါစေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့အတွက် တာဝန်ကို ထမ်းဆောင်သင့်ကာ ဤအလုပ်ကိစ္စအတွက် ဘုရားအိမ်တော်က ထုတ်ပြန်သည့် တိကျသော သတ်မှတ်ချက်များကို မှတ်တမ်းတင်ပြီး ဤမှတ်စုများကို သေသပ်အောင် စီစဉ်သင့်သည့်အပြင် ယင်းတို့အပေါ် လက်တွေ့ကျစွာ မိတ်သဟာယဖွဲ့ကာ တိကျစွာ အကောင်အထည်ဖော်သင့်သည်။ ဤသည်မှာလည်း ကြီးမားသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ဧဝံဂေလိအလုပ်ပြီးလျှင် ဒုတိယမြောက် တိကျသော အလုပ်ကိစ္စ ဖြစ်သည်။ ဤတိကျသော အလုပ်ကိစ္စအရ ဘုရားအိမ်တော်သည် အတတ်ပညာဆိုင်ရာ အမျိုးမျိုးတွင် ပါဝင်လုပ်ဆောင်နေသည့် တာဝန်ထမ်းဆောင်သူများအားလုံးကို ၎င်းတို့၏ တာဝန်များနှင့် ဆက်စပ်သော အတတ်ပညာဆိုင်ရာ ဗဟုသုတကို အဆက်မပြတ် လေ့လာရန်သာမက ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့်အရာများက အသုံးဝင်သည်ကို သေချာသိရှိဖို့အတွက် သတင်းအချက်အလက်များကို ရှာဖွေရန်လည်း တောင်းဆိုသည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့် ပတ်သက်၍ အဆက်မပြတ် မိတ်သဟာယဖွဲ့နေပြီး အတတ်ပညာဆိုင်ရာ အလုပ် အမျိုးမျိုးအတွက် တိကျသော အစီအစဉ်များကို ပံ့ပိုးပေးနေသည်။ တစ်ခါတစ်ရံတွင် ဤအလုပ်အမျိုးအစားများနှင့်ပတ်သက်၍ ကြီးကြပ်ရေးမှူးများနှင့် အဖွဲ့သားများကို အတူတကွ မိတ်သဟာယဖွဲ့ပြီး တစ်ခါတစ်ရံတွင်မူ အဆိုပါအလုပ်ကိစ္စအတွက် တာဝန်ရှိသည့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများကိုသာ မိတ်သဟာယဖွဲ့သည်။ စာဖြင့် သို့မဟုတ် စုဝေးပွဲများမှတစ်ဆင့် အသိပေးပြောဆိုပြီး မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤအလုပ်အမျိုးအစားများကို အဆက်မပြတ် တိုးတက်ကောင်းမွန်စေပြီး စံသတ်မှတ်လျက်ရှိကာ ဧဝံဂေလိအလုပ်၏ လိုအပ်ချက်များအရ တိကျသော အစီအစဉ်များကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် အတော်အသင့် ဆန်းသစ်သော အဓိကအကြောင်းအရာတစ်ခုဖြင့် ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ပြီး ထိုရုပ်ရှင်ကို အတော်အတန် ပညာရှင်ဆန်ဆန် ရိုက်ကူးသည် ဆိုပါစို့။ ထိုရုပ်ရှင်ကို အွန်လိုင်းပေါ်သို့ တင်ပြီးနောက်တွင် အလွန်မြင့်မားသော ကြည့်ရှုနှုန်းကို ရရှိသည်။ ဤသို့သောအခြေအနေမျိုးတွင် ဘုရားအိမ်တော်သည် တုံ့ပြန်ချက်နှင့် ဧဝံဂေလိအလုပ်၏ လိုအပ်ချက်များကို အခြေခံ၍ ဤအလုပ်အမျိုးအစားအတွက် တိကျသော သတ်မှတ်ချက်များကို ချမှတ်သည်။ အတိုချုပ်ဆိုရလျှင် ဤအလုပ်ကိစ္စသည် အဆက်မပြတ် ပြန်လည်သုံးသပ်ပြီး တိုးတက်ကောင်းမွန်စေသည့်အပြင် ယင်းမှာ အဆက်မပြတ်လည်း တိုးတက်နေသည်။

အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးအတွက် ဘုရားအိမ်တော်၏ အစီအစဉ်များက လူတို့ကို ပို၍ လေ့လာရန်နှင့် သင်ယူရမည့် ဆရာများ၊ အရင်းအမြစ်အမျိုးမျိုးနှင့် သင်ကြားရေးဆိုင်ရာ ပစ္စည်းများကို ရှာဖွေရန် တောင်းဆိုသည်။ သီချင်းဆိုခြင်းကို ဥပမာအနေဖြင့် ယူကြည့်လော့။ သင်ယူရမည့် ဆရာတစ်ဦးကို ရှာဖွေပြီး သူ့အား အဆိုပိုင်း နည်းပြပေးစေခြင်းသည်လည်း တိကျသော အလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ ဤအစီအစဉ်ကို ကြားပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်၏ သတ်မှတ်ချက်များနှင့်အညီ ဤအလုပ်အတွက် သင့်တော်သော ဆရာတစ်ဦးကို ရှာဖွေပြီး တေးသံရှင်များကို မှန်ကန်သော အဆိုပိုင်းဆိုင်ရာ ဂီတပညာနှင့် မှန်ကန်သော သီဆိုနည်းကို လေ့လာဖို့ ကူညီခြင်းအားဖြင့် ထိုသူအား ငါတို့၏ တေးသံရှင်များကို သင်ကြားပေးစေသင့်သည့်အပြင် သင်ယူဖို့အတွက် အကောင်းဆုံးလက်ရာများကို ရှာဖွေရမည်မှာ အမှန်ပင်။ သီချင်းရေးဖွဲ့ခြင်း၊ သံစုံသီချင်းဆိုခြင်းနှင့် ပတ်သက်၍ အတတ်ပညာဆိုင်ရာ ဗဟုသုတကို အစဉ်သဖြင့် လေ့လာရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက လူတို့ကို မိမိတို့၏ တာဝန်များနှင့် ဆက်စပ်သော အတတ်ပညာဆိုင်ရာ ဗဟုသုတကို အဆက်မပြတ် လေ့လာရန်နှင့် ဆန်းသစ်ပြီး လက်တွေ့ကျသည့် အချို့သောနည်းလမ်းများကို မည်သို့အသုံးပြုရမည် စသည်တို့ကို သင်ယူရန် အစဉ်သဖြင့် တောင်းဆိုသည်။ ဤအလုပ်အစီအစဉ်များနှင့် သတ်မှတ်ချက်များသည် တစ်ကြိမ်သာ ထုတ်ပြန်၍ ပြီးသွားသည့် ကိစ္စမဟုတ်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤအလုပ်အစီအစဉ်များအကြောင်း မကြာခဏ မိတ်သဟာယဖွဲ့ရန်၊ အတတ်ပညာဆိုင်ရာ အလုပ်တွင် ပါဝင်လုပ်ဆောင်နေသူတို့ကို လမ်းပြရန်၊ ၎င်းတို့ကို ဆက်လက်လေ့လာနိုင်စေရန်နှင့် အတတ်ပညာဆိုင်ရာ အလုပ်မျိုးစုံကို အဆက်မပြတ်နှင့် ထိထိရောက်ရောက် တိုးတက်ကာ နက်ရှိုင်းလာစေပြီး ရှိရင်းစွဲအတိုင်း မနေစေဖို့ ကြိုးပမ်းရန် တောင်းဆိုထားသည်။ အချို့လူများက “အလုပ်အစီအစဉ်များကို ယနေ့ ကျွန်ုပ်တို့ထံ ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို ဤလအတွင်း လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်ပြီး ယင်းမှာ ကိစ္စပြီးပြီ။ အကယ်၍ အထက်က အနာဂတ်တွင် ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မပြောဆိုပါက ကျွန်ုပ်တို့သည် ယင်းတို့ကို ဆက်လက်၍ လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကောင်း လိုအပ်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဤသည်မှာ အမှန်တကယ် ထိုသို့ ဟုတ်သလော။ (မဟုတ်ပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတိုင်း လုံးဝ မစဉ်းစားသင့်ဘဲ အခါအားလျော်စွာ ဆက်လက်၍ မေးမြန်းစုံစမ်းသင့်ပြီး “သင်၏ ဤလုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှုများက အဆင်ပြေသလော။ သင်သည် အခက်အခဲတစ်စုံတစ်ခုနှင့် ရင်ဆိုင်နေရသလော။ စည်းမျဉ်းများနှင့် ဆန့်ကျင်သော သို့မဟုတ် မကိုက်ညီသော တစ်စုံတစ်ရာ ရှိပါသလော။ မည်သူသည် မိမိ၏ လေ့လာမှုများတွင် အကောင်းဆုံး လုပ်ဆောင်ခဲ့သနည်း။ မည်သူသည် အကျွမ်းကျင်ဆုံးဖြစ်ပြီး မည်သူသည် အလျင်မြန်ဆုံး အထာကျအောင် လေ့လာပြီးဖြစ်သနည်း။ ဤသဘောတရားများကို လေ့လာပြီးနောက် သင်လေ့လာခဲ့သည့်အရာများထဲမှ မည်သည့်အရာသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အသုံးပြုရန် သင့်တော်သည်ဟု သင်ထင်သနည်း”ဟု မေးသင့်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက နိုင်ငံခြားဘာသာစကားများအား လေ့လာနေသည့် ဧဝံဂေလိအဖွဲ့များရှိ ထိုလူများကို ဤသို့သော မေးခွန်းများ မေးရမည်မှာ “သင်သည် ဤနိုင်ငံခြားဘာသာစကားကို လေ့လာနေသည်မှာ နှစ်မည်မျှ ရှိပြီနည်း။ သင်၏ လေ့လာမှုသည် ယခုတလော မည်သို့ အဆင်ပြေသနည်း။ နေ့စဉ်သုံး စကားစမြည်များ မည်မျှကို သင် ပြောဆိုနိုင်သနည်း။ သင်သည် အထွေထွေ ဝိညာဉ်ရေးရာ ဝေါဟာရများကို ဘာသာပြန်နိုင်ပြီလော။ သင်သည် ဧဝံဂေလိတရား ဟောကြားခြင်းနှင့် ဆက်စပ်သော ဤသမ္မာတရားများကို ဆက်သွယ်ပြောဆိုရန် ဤနိုင်ငံခြားဘာသာစကားကို အသုံးပြုနိုင်သလော။ သင်သည် လက်ရှိတွင် စကားပြောခြင်းတွင် ပို၍ ကျွမ်းကျင်သလော သို့မဟုတ် စာရေးခြင်းတွင် ပိုကျွမ်းကျင်သလော။ သင့်အတွက် ကူညီသင်ယူပေးမည့် ဆရာတစ်ဦး လိုအပ်ပါသလော။ နိုင်ငံခြား ဘာသာစကားများကို လေ့လာရာ၌ ပို၍ သင့်တော်ပြီး ကျွမ်းကျင်သော အခြားမည်သူတစ်ဦးဦး ရှိသေးသလော။ ဤသို့သော တာဝန်ထမ်းဆောင်သူမျိုး၏ အရေအတွက် တိုးလာပြီလော။ ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ဒုက္ခများပြီး ခက်ခဲလွန်းသောကြောင့် ယင်းကို ဆက်လက်၍ မသင်ယူချင်တော့ဟု ခံစားရပြီး တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ကာ အခြားတာဝန်တစ်ခုသို့ ပြောင်းလိုသူ တစ်စုံတစ်ယောက် ရှိသလော” ဟူ၍ဖြစ်သည်။ ဤအလုပ်အမျိုးအစားနှင့် ဆက်စပ်သည့် ဤတိကျသော အကြောင်းအရာများကို အခါအားလျော်စွာ မေးမြန်းပြီး ကြီးကြပ်ပေးရန် လိုအပ်သည်။ တိကျသော အလုပ်အစီအစဉ်များကို အထက်က ပြုလုပ်ပြီးဖြစ်သည့်အတွက် ကြီးကြပ်ရေးမှူးများသည် ဤတိကျသော တာဝန်များအတွက် အဆုံးတိုင်အောင် တာဝန်ယူသင့်သည်။ အထက်က မေးမြန်းလာဖို့ကို ထိုင်မစောင့်ပါနှင့်။ အကယ်၍ အထက်က ခြောက်လ သို့မဟုတ် တစ်နှစ်ကြာမျှ မေးမြန်းခြင်း မပြုပါကလည်း သင်သည် အလုပ်အားလုံးကို သင်တတ်စွမ်းသမျှ ကောင်းမွန်စွာ လုပ်ဆောင်သင့်နေသေးကာ အချိန်တိုင်းတွင် အထက်၏ စုံစမ်းစစ်ဆေးခြင်းနှင့် ညွှန်ကြားမှုကို လက်ခံရန် အသင့်ဖြစ်နေသင့်သည်။ ဤသည်မှာ မှန်ကန်သော စိတ်နေသဘောထားဖြစ်သည်။ အကြောင်းမှာ အလုပ်အစီအစဉ်များကို ထုတ်ပြန်၍ အသိပေးပြောပြထားပြီး ဖြစ်ကာ သင်သည် ယင်း၏ ကြီးကြပ်ရေးမှူးအဖြစ် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ရန် တာဝန်ရှိသဖြင့် သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သင်သည် အသုံးမကျသူတစ်ဦးဖြစ်ပြီး ဖြုတ်ချဖယ်ရှားခြင်း ခံရသင့်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤတိကျသော အလုပ်အစီအစဉ်များ သို့မဟုတ် အထက်မှ မိတ်သဟာယဖွဲ့ခြင်းများကို မကြာခဏ ချင့်ချိန်စဉ်းစားပြီး မိတ်သဟာယဖွဲ့ပြီးလျှင် ယင်းတို့ကို အခြေအနေအရ အကောင်အထည်ဖော်ပြီး အလုပ်ကို ဆက်လက်၍ နောက်ဆက်တွဲ လိုက်လုပ်သင့်သည်။ ၎င်းတို့သည် ယခုတလော မည်သည့်အလုပ်အမျိုးအစားများကို လျစ်လျူရှုထားသည်ကိုလည်းကောင်း၊ မစစ်ဆေးရသေးသည်မှာ ကြာခဲ့ပြီကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင် မည်သည့်အရာများ၌ သိပ်မကျွမ်းကျင်သည့်အပြင် ယခုတလော မမေးမြန်းခဲ့သည်ကိုလည်းကောင်း၊ သို့ဖြစ်၍ မည်သည့်လက်ရှိအခြေအနေကို ၎င်းတို့ မသိနားမလည်သည်ကိုလည်းကောင်း စောင့်ကြည့်သင့်ပြီးလျှင် ၎င်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသင့်သည်။ ထိုမျှမက အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးနှင့် ပတ်သက်၍ ဘုရားအိမ်တော်တွင် အခြားသော တိကျသည့် အစီအစဉ်တစ်ခုရှိသည်။ ဆီလျော်သော ပင်ကိုစွမ်းရည်ရှိသူများကို အဆက်မပြတ် ရှာဖွေတွေ့ရှိရန်၊ ပြုစုပျိုးထောင်ရန်နှင့် တာဝန်မြှင့်တင်ပေးရန် ဘုရားအိမ်တော်က တောင်းဆိုသည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အစီအစဉ်ကို လက်ခံရရှိသည့်အခါ မည်သို့ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဤအလုပ်အမျိုးအစားကို လုပ်ဆောင်ရန် သင့်တော်သူ တစ်စုံတစ်ယောက် ရှိမရှိကို အာရုံစိုက်ရမည်။ အကယ်၍ အချို့လူတို့သည် ဤအလုပ်အမျိုးအစားကို လုပ်ဆောင်ရန် သင့်တော်သော်လည်း နည်းပညာနှင့်ဆိုင်သော အတတ်ပညာနှင့်ပတ်သက်၍ များစွာ နားလည်သဘော‌ပေါက်ခြင်း မရှိပါက ၎င်းတို့ကို လျင်မြန်စွာ ပြုစုပျိုးထောင်ရမည်ဖြစ်ကာ ယင်းကို လေ့လာပြီး လေ့ကျင့်ရန် စီစဉ်ပေးရမည်။ အတိုချုပ်ဆိုရလျှင် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးသည်လည်း အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ဤအလုပ်တွင် ပါဝင်သောအချက် မြောက်မြားစွာ ရှိပြီး ယင်း၏ နယ်ပယ်သည်လည်း ကျယ်ပြန့်သည့်အပြင် ဘုရားအိမ်တော်သည် ယင်းအတွက် တိကျသော အလုပ်အစီအစဉ်များစွာကို ရေးဆွဲပြုလုပ်ခဲ့သည်။ ဤအလုပ်ကိစ္စအတွက် လိုအပ်သည့်အရာမှာ အဆက်မပြတ် လေ့လာခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် နက်ရှိုင်းစေခြင်းဖြစ်ပြီး အဆက်မပြတ် စံသတ်မှတ်ခြင်းကို ဆောင်ရွက်ရန် သင့်လျော်သော စည်းမျဉ်းများကိုလည်း ရှာဖွေရမည် ဖြစ်သည်။ ဤအရာအပြင် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် သင့်တော်သော ပင်ကိုစွမ်းရည်ရှိသူများကို အဆက်မပြတ် ပြုစုပျိုးထောင်ရမည်။ ဤသည်မှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးထဲမှ ဤကြီးမားသောအချက်အတွက် အလုပ်အစီအစဉ်ဖြစ်ပြီး ယင်းကို နားလည်ရန်လည်း လွယ်ကူသည်။

၅။ အသင်းတော်အသက်တာ

အချက်ငါး၊ အသင်းတော်အသက်တာ။ ဘုရားအိမ်တော်သည် အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာ၊ အသင်းတော်အသက်တာ၏ ပုံစံနှင့် အသင်းတော်အသက်တာဖြင့် အသက်ရှင်နေထိုင်သည့် လူအရေအတွက်တို့နှင့်ပတ်သက်၍ တိကျသော အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များကို ပြုလုပ်ထားပြီးဖြစ်သည်။ ဘုရားအိမ်တော်သည် အထူးအခြေအနေများနှင့် အဖြစ်အပျက်များတွင် စုဝေးပွဲများ၏ ပုံစံနှင့် အသင်းတော်အသက်တာ၏ အကြောင်းအရာတို့နှင့်ပတ်သက်၍ လိုက်လျောညီထွေသော အလုပ်အစီအစဉ်များလည်း ရှိသည်။ ဤသို့သော အလုပ်အစီအစဉ်အမျိုးအစားများကို စာဖြင့်ရေးသားထားသော ပုံစံဖြင့် အများဆုံး ထုတ်ပြန်သည်။ မတူညီသော နိုင်ငံများတွင် လူသစ်များ၏ အသင်းတော်အသက်တာအတွက် အလုပ်အစီအစဉ်များဖြစ်သည့် ၎င်းတို့၏ စုဝေးပွဲများ၏ ပုံစံနှင့် အကြိမ်အရေအတွက်၊ စုဝေးပွဲများအတွင်း ၎င်းတို့ စားသောက်သည့် အကြောင်းအရာ အစရှိသည်တို့သည် အချို့သော အထူးအခြေအနေများမှလွဲ၍ တရုတ်လူမျိုးတို့၏ အသင်းတော်အသက်တာအတွက် အလုပ်အစီအစဉ်များနှင့် အခြေခံအားဖြင့် ထပ်တူကျသည်။ အသင်းတော်အသက်တာနှင့် သက်ဆိုင်သော အလုပ်အစီအစဉ်များ၏ အတိုင်းအတာကို ငါ ယခုတင် အကျဉ်းချုပ် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းတွင် မကြာသေးမီကာလအတွက် စုဝေးပွဲများ၌ စားသောက်သည့် ဘုရားနှုတ်ကပတ်တော်များ၏ အကြောင်းအရာနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့ အကြောင်းအရာ နှစ်မျိုးစလုံးအပြင် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ခြင်းပုံစံတို့ ပါဝင်သည်။ ဥပမာအားဖြင့် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ရာတွင် လူတစ်ဦးတည်းက စိုးမိုးခြယ်လှယ်ခွင့်မရှိခြင်း၊ လူတစ်ဦးချင်းစီ မိတ်သဟာယဖွဲ့ရန် ခွင့်ပြုထားသည့် အများဆုံးအချိန်၊ လေကြောရှည်သည့် ပုံစံဖြင့် စကားပြောဆိုပြီး မိမိတို့ကိုယ်ကို မရှင်းမလင်း ဖော်ပြတတ်သော လူတို့ကို မည်သို့ ကိုင်တွယ်ဆက်ဆံရမည် အစရှိသည်တို့ဖြစ်သည်။ အလုပ်အစီအစဉ်များတွင် အသင်းတော်အသက်တာ၊ စုဝေးပွဲများနှင့် သက်ဆိုင်သည့် တိကျသော ဤအရာများအားလုံးအတွက် တိကျသော ဖော်ပြချက်များ ရှိသည်။ တစ်ဖက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အစီအစဉ်များကို ထုတ်ပြန်ကာ ဆက်သွယ်ပြောကြားရန် တာဝန်ရှိပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ယင်းတို့ကို ညီအစ်ကိုမောင်နှမများအား ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ကာ အသင်းသားအားလုံးက ယင်းတို့ကို နားလည်ပြီး လက်ခံဖို့ ထောက်ကူပေးရန် တာဝန်ရှိသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအစီအစဉ်များကို တစ်သဝေမတိမ်း အကောင်အထည်ဖော်ပြီး လိုက်နာစောင့်ထိန်းရန်သာ လိုအပ်သည်။ အထူးသဖြင့် စုဝေးပွဲများ၌ စကားပြောသည့်အခါ မကြာခဏဆိုသလို အကြောင်းအရာမှ လွဲသွားသူများ၊ အဖျက်အမှောင့်လုပ်သူများ၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသူများနှင့် ဆောင်ပုဒ်များကို အော်ဟစ်ပြောဆိုသူများကို ကန့်သတ်ထားရမည်ဖြစ်ပြီး အလုပ်အစီအစဉ်များတွင် ဤကဲ့သို့သော အထူးအခြေအနေများနှင့် ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များ ရှိသည်။ အသင်းတော်အသက်တာနှင့်ပတ်သက်သော အလုပ်အစီအစဉ်များသည် အဓိကအားဖြင့် စုဝေးပွဲများနှင့် ပတ်သက်သည့် အမျိုးမျိုးသော အမှုအရာအားလုံးနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် မရှုပ်ထွေးဘဲ အလွန်ရိုးရှင်းပြီး လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဤအလုပ်အစီအစဉ်များထဲရှိ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန်သာ လိုအပ်သည်။ ဥပမာအားဖြင့် စုဝေးပွဲများ၌ ဧဝံဂေလိအဖွဲ့များသည် အသင်းတော်အသက်တာနှင့်ပတ်သက်သော အလုပ်အစီအစဉ်များထဲရှိ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ကာ ယင်းတို့၌ အထူးအထွေ ဘာမျှမရှိပေ။ အခြားအဖွဲ့များသည် အခြားသူများနှင့် မတူညီသော အလုပ်ကို လုပ်ဆောင်ရုံသာဖြစ်ပြီး စုဝေးပွဲများ၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် တစ်ကိုယ်ရေ အတွေ့အကြုံများအကြောင်း မိတ်သဟာယဖွဲ့ခြင်းကဲ့သို့သော အရာများနှင့် ပတ်သက်လာလျှင် အားလုံးတူညီကာ ဤအတိုင်းအတာကို မကျော်လွန်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာ၊ မိတ်သဟာယဖွဲ့ခြင်းက ခံယူသည့်ပုံစံနှင့် စုဝေးပွဲများ၏ ပုံစံတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ လက်ရှိပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ အခြေအနေများက ခွင့်ပြုပါက လူတို့သည် လူချင်းတွေ့ဆုံ၍ အတူတကွ စုဝေးနိုင်သည်။ သို့မဟုတ်ပါက အွန်လိုင်းပေါ်တွင် စုဝေးပွဲများ ပြုလုပ်နိုင်သည်။ ဤသည်မှာ အလွန်ရိုးရှင်းပြီး အသေးစိတ် ရှင်းရှင်းလင်းလင်း ချပြထားသော ကိစ္စရပ်တစ်ခု ဖြစ်သင့်သည်။ အသင်းသားအချို့သည် ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ရှိပြီး မတူညီသော တိုက်ကြီးများနှင့် နိုင်ငံများတွင် ပျံ့နှံ့နေကြသည်။ ဤသို့သော အခြေအနေမျိုးတွင် အွန်လိုင်းစုဝေးပွဲများ လိုအပ်သည်။ စုဝေးပွဲများ ကျင်းပမည့်အချိန်နှင့် အကြိမ်အရေအတွက်ကို ဆုံးဖြတ်ရန်မှာ ဒေသန္တရအသင်းတော်များအပေါ် မူတည်သည်။ ဘုရားအိမ်တော်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များကို သတ်သတ်မှတ်မှတ် မပြုလုပ်သကဲ့သို့ ယင်းတွင် ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိပေ။ ဘုရားအိမ်တော်သည် ဤကိစ္စရပ်တွင် အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်းမရှိသနည်း။ အသင်းတော်ရှိ လူအချို့သည် မိမိတို့၏ တာဝန်များကို အချိန်ပြည့် မထမ်းဆောင်ကြပေ။ ၎င်းတို့တွင် အလုပ်အကိုင်များနှင့် မိသားစုများ ရှိကြသည်။ ၎င်းတို့၏ တစ်ဦးချင်း အခြေအနေများမှာ မတူညီကြသည့်အပြင် မတူညီသော နိုင်ငံများရှိ အချိန်အပိုင်းအခြားများမှာလည်း မတူညီသောကြောင့် တစ်ပတ်လျှင် အကြိမ်မည်မျှ စုဝေးမည်နှင့် စုဝေးပွဲတစ်ခုစီကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပြုရမည် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤအရာနှင့်ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များကို မပြုလုပ်ဘဲ စည်းမျဉ်းတစ်ခုကိုသာ ပေးထားသည်။ ဘုရားအိမ်တော်သည် ယုံကြည်သူလူသစ်များ တစ်ပတ်လျှင် အကြိမ်မည်မျှ စုဝေးရမည်ဟူသော အတိုင်းအတာကို ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများအကြား တစ်ပတ်လျှင် အတူတကွ အကြိမ်မည်မျှ စုဝေးကြသည် ဟူသည့်အရာ၌ ကွာခြားမှုတစ်ခု ရှိသည်။ ယုံကြည်သူလူသစ်များကို တစ်ပတ်လျှင် ခုနစ်ကြိမ် စုဝေးရန် သတ်မှတ်သည့် အလုပ်အစီအစဉ်တစ်ခု ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ယုံကြည်သူလူသစ်များ တစ်ပတ်လျှင် အတူတကွ စုဝေးရမည့် အကြိမ်အရေအတွက်သည် မည်သည့်အရာအပေါ် အခြေခံသနည်း။ (ယင်းမှာ ယုံကြည်သူလူသစ်များ၌ ရှိသော အချိန်အပေါ် အခြေခံပါသည်။) တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်၊ အနည်းဆုံး တစ်ကြိမ် အတူတကွ စုဝေးခြင်းသည် လုံးဝ သင့်လျော်သည်။ အချို့လူများက “ကျွန်ုပ်တို့ ဒေသရှိ လူများသည် လယ်ယာလုပ်ငန်းပါးသည့် ရာသီအတွင်း အလွန် အားလပ်ကြသောကြောင့် လူတိုင်းက နေ့စဉ် စုဝေးလိုကြသည်။ တစ်နေ့ နှစ်ကြိမ် စုဝေးလျှင်ပင် ကျွန်ုပ်တို့အတွက် အဆင်ပြေမည်ဖြစ်သည်။ ကျွန်ုပ်တို့ အမှန်တကယ် စုဝေးလိုပါသည်” ဟု ပြောကြသည်။ ယုံကြည်သူလူသစ်များ၏ စိတ်နှလုံးများသည် စိတ်အားထက်သန်မှုဖြင့် ပြည့်နေပြီး ၎င်းတို့သည် သမ္မာတရားများကို အစဉ်သဖြင့် ပို၍ နားလည်လိုကြသည်။ ၎င်းတို့၏ မိသားစုအခြေအနေများက ခွင့်ပြုပါက နေ့စဉ်အသက်တာများကို မထိခိုက်သရွေ့ ၎င်းတို့အနေဖြင့် စုဝေးပွဲများ ပို၍တက်ရောက်ရန် တောင်းဆိုခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အပတ်စဉ် လူတို့ အတူတကွ စုဝေးသင့်သည့် အကြိမ်အရေအတွက် အတိအကျကို ဒေသတစ်ခုစီရှိ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ မိသားစုနှင့် အလုပ်အခြေအနေများအရ အဆုံးအဖြတ်ပေးသင့်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားအိမ်တော်က တိကျသော ပြဋ္ဌာန်းချက်များ မပြုလုပ်ပေ။ ထိုသို့စုဝေးရန် အခြေအနေများရှိသည့် ဘုရားသခင် ရွေးချယ်ထားသော ထိုလူတို့က ပို၍ စုဝေးနိုင်ပြီး၊ ထိုအခါ ၎င်းတို့က သမ္မာတရားများကို ပို၍နားလည်ပြီး အသက်တာတိုးတက်ကြီးထွားမှုကို ပို၍လျင်မြန်စွာ ရရှိမည်ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်၏။ သို့ရာတွင် သင့်လျော်သော အခြေအနေများ မရှိသောသူများသည် ဤနည်းလမ်းဖြင့် စုဝေးရန် မသင့်တော်ဘဲ ၎င်းတို့အတွက် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စုဝေးလျှင် အဆင်ပြေသည်။ မတူညီသော ဒေသများရှိ အသင်းတော်များက တစ်ပတ်လျှင် စုဝေးသည့် အကြိမ်အရေအတွက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ဆုံးဖြတ်ရန်ဖြစ်ပြီး မည်သူမျှ ဤအရာကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ အရေးအကြီးဆုံးအရာမှာ စုဝေးပွဲများကို အခြားမည်သည့် အကြောင်းပြချက်အတွက်မျှ မဟုတ်ဘဲ လူတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန် ကျင်းပခြင်း ဖြစ်သည်။ ထို့ကြောင့် အသင်းတော်တစ်ခုစီက စုဝေးပွဲများ ပြုလုပ်သည့် အကြိမ်အရေအတွက်ကို ယင်း၏ သတ်သတ်မှတ်မှတ်ဖြစ်သော အခြေအနေများအရ ဆုံးဖြတ်သည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် တစ်ပတ်လျှင် စုဝေးပွဲတစ်ကြိမ် ပိုတက်နိုင်ပါက ယင်းသည် ၎င်းတို့၏ အသက်တိုးတက်မှုအတွက် ပို၍ အကျိုးရှိသည်။ အကယ်၍ သမ္မာတရားကို မလိုက်စားသည့်အပြင် စုဝေးပွဲများ ပို၍ မတက်လိုသော လူများရှိပါက ဤအရာကို ၎င်းတို့အပေါ် အတင်းအကျပ် မခိုင်းသင့်ပေ။ အထူးသဖြင့် အနည်းငယ် ပို၍ အလုပ်များပြီး စုဝေးပွဲများ ပို၍တက်ရောက်ရန် အချိန်မရှိသော လခစားဝန်ထမ်းများအတွက် ၎င်းတို့ကို ဤသို့ပြုလုပ်ရန် မတောင်းဆိုသင့်ပေ။ လူတို့သည် စုဝေးပွဲများ တက်ရောက်ရန် အခြေအနေတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် အကြိမ်အရေအတွက် မည်မျှစုဝေးသည်ဖြစ်စေ ဘုရားအိမ်တော်သည် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် မည်သည့်ကန့်သတ်ချက်ကိုမျှ ပြဋ္ဌာန်းခြင်း မရှိပေ။ ဤသည်မှာ ယုံကြည်သူတစ်ဦးချင်း၏ အခြေအနေများနှင့် နောက်ခံအကြောင်းရင်းများအားလုံး မတူညီကြသောကြောင့် ဖြစ်ပြီး ထို့အတွက်ကြောင့် ၎င်းတို့ကို အတင်းအကျပ်မပြုရပေ။ အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ဘုရားအိမ်တော်သည် ယင်း၏ အလုပ်အစီအစဉ်များတွင် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များရှိပြီး အသင်းတော်၏ အဆင့်ပေါင်းစုံရှိ ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများသည် ယင်းတို့ကို ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အထက်၏ အလုပ်အစီအစဉ်များက လုပ်ဆောင်ဖို့ တောင်းဆိုထားသည့် တိကျသော လုပ်ငန်းဆောင်တာများနှင့် ကိစ္စရပ်များမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဤအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ ကြီးကြပ်ရမည်ဖြစ်သည်။ အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နားလည်လိုက်နာရမည့် စုဝေးပွဲများနှင့် သက်ဆိုင်သော အလုပ်အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် တစ်သဘောတည်း ဖြစ်ရမည်။ ကွဲလွဲမှုများကို လုံးဝခွင့်မပြုချေ။ အသင်းတော်အသက်တာအလုပ်နှင့်ပတ်သက်သော အလုပ်အစီအစဉ်များသည် အလွန်ရိုးရှင်းပြီး လူတို့နားလည်ရန် လွယ်ကူကာ စိတ်ကူးသက်သက်မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။