ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉) အခန်း သုံး

၆။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှု

အချက်ခြောက်၊ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှု။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုအလုပ်သည် ဧဝံဂေလိအလုပ် သို့မဟုတ် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်များကဲ့သို့ မကြာခဏ အလုပ်အစီအစဉ်များ ထုတ်ပြန်ခြင်း မရှိသော်လည်း ဘုရားအိမ်တော်တွင် ယင်းအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိနေဆဲဖြစ်သည်။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ပစ္စည်းဥစ္စာများကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်သည်၊ မည်သည့်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်သည်၊ မည်သူက စီမံခန့်ခွဲသည်၊ အန္တရာယ် သို့မဟုတ် ဆိုးရွားသော ပတ်ဝန်းကျင်များ ပေါ်ပေါက်လာသည့်အခါသာမက ထိုသို့သော အခြား အထူးအခြေအနေများတွင် ၎င်းတို့ကို မည်သို့ ခွဲဝေချထားသည်၊ မည်သို့စီမံခန့်ခွဲသည်၊ မည်သို့လွှဲပြောင်းသည်တို့ ပါဝင်သည်။ အမှန်တွင် အလုပ်အစီအစဉ်များ၌ ဤအရာအားလုံးနှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များ ပါဝင်ပြီး ဤအလုပ်ကိစ္စနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်က တိုက်ရိုက်အမိန့်ပေးလာရန် သို့မဟုတ် အလုပ်အစီအစဉ်များ ထုတ်ပြန်လာရန် စောင့်ဆိုင်းပြီး ထို့နောက်မှသာ တက်ကြွမှုမရှိစွာဖြင့် ပစ္စည်းဥစ္စာများကို စတင်စီမံခန့်ခွဲခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ပစ္စည်းဥစ္စာများကို တိကျသောနည်းလမ်းဖြင့် ကိုင်တွယ်ရန် တောင်းဆိုသည့် လက်ငင်း အလုပ်အစီအစဉ်များ မရှိလျှင်သော်လည်းကောင်း၊ အထူးအခြေအနေများတွင် ပစ္စည်းဥစ္စာများကို မည်သို့ကိုင်တွယ်ရမည် မသိဘဲ အထက်မှနေ၍ အချိန်မီ တုံ့ပြန်မှုများကို မရရှိနိုင်လျှင်လည်းကောင်း သင်ဘာလုပ်သင့်သနည်း။ လုံခြုံရေးသည် နံပါတ်တစ် ဦးစားပေးဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်မှာ သင်၏ တာဝန်ဖြစ်သည်။ ဘုရားအိမ်တော်က ပုံနှိပ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ၊ အမျိုးမျိုးသော စက်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ငွေနှင့် အခြား ထိုသို့သောပစ္စည်းဥစ္စာများနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များနှင့်အညီ ယင်းတို့အားလုံးကို လုံခြုံသောနေရာများတွင် ထားရှိသင့်ပြီး ဤအရာများအား စိုထိုင်းခြင်း၊ မှိုတက်ခြင်း သို့မဟုတ် ပိုးမွှားစားခြင်းတို့ မဖြစ်စေသင့်ပေ၊ ဆိုးယုတ်သောလူများ သို့မဟုတ် အဆင်းနီသော နဂါးကြီး သိမ်းပိုက်သည်ကို သာ၍ပင် ခွင့်မပြုသင့်ချေ။ ထို့အပြင် ဘုရားအိမ်တော်၏ ဤပစ္စည်းဥစ္စာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တင်းကျပ်သော လျှို့ဝှက်ထိန်းသိမ်းမှုကိုလည်း ပြုလုပ်သင့်သည်။ ဤအရေးကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိသူများကို ၎င်းတို့အကြောင်း မသိရှိစေရန် ခြွင်းချက်မရှိ တားမြစ်ထားရမည်ဖြစ်ပြီး ၎င်းတို့အကြောင်း သိရှိသူများမှာမူ နှုတ်လုံရမည်ဖြစ်ကာ သတိလက်လွတ်ဖြင့် မပြောဆိုရချေ။ ဘုရားအိမ်တော်တွင် ဤအလုပ်ကိစ္စနှင့်ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များ ရှိပြီး အချို့ကို စာဖြင့် ထုတ်ပြန်ဖို့ သို့မဟုတ် ဖွင့်ချဖို့ မသင့်လျော်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုကို ဆောင်ရွက်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းများနှင့် နည်းစနစ်များကို စဉ်းစားမိပါက မည်သည့်ဆုံးရှုံးမှုမှမဆို ကာကွယ်ရန် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းစည်းမျဉ်းကို လိုက်နာစောင့်ထိန်းလျက် အခြားခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆွေးနွေးပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည်။ ဤသည်မှာ အထူးအလုပ်ကိစ္စတစ်ခုဖြစ်ပြီး နှုတ်မလုံသောသူများ၊ တာဝန်ယူစိတ် မရှိသောသူများ၊ မရိုးသားသော ရည်ရွယ်ချက်ရှိသူများ၊ ယုံကြည်ခါစဖြစ်ပြီး မိမိတို့၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် မရှိသေးသောသူများနှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အစဉ်သဖြင့် အာသာငမ်းငမ်း မျက်စိကျနေသူများအား ထိုအကြောင်းကို ခြွင်းချက်မရှိ သိခွင့်မပြုရပေ။ ဤအရာများကို ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျပြတ်သားစွာ ဖော်ပြ၍ မရသော်လည်း ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ယုံကြည်စိတ်ချရသော ထိန်းသိမ်းစောင့်ရှောက်သူများက ဤအချက်ကို သတိပြုမိသင့်သည် မဟုတ်လော။ (သတိပြုမိသင့်ပါသည်။) ဤနေရာတွင် အထူးအခြေအနေတစ်ခု ရှိသည်။ အသစ်ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်ကို သုံးနှစ်သာ ယုံကြည်လက်ခံထားကာ သူ၌ အစွမ်းအစကောင်းရှိကာ အလွန်စိတ်အားထက်သန်ပြီး အပေါ်ယံအားဖြင့် ကောင်းမွန်ပုံရသော်လည်း သူ၏ ကိုယ်ကျင့်စရိုက်မှာ မည်သည့်ပုံစံရှိသည်၊ ပစ္စည်းဥစ္စာများကို မည်သို့ရှုမြင်သည် သို့မဟုတ် လောဘကြီးသည်၊ မကြီးသည်ကိုမူ မသိရဟု ဆိုပါစို့။ ဤအရာများကို မသိရှိရသေးဘဲ မသေချာမရေရာဖြစ်နေပြီး ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးသော ညီအစ်ကိုမောင်နှမများက ဤလူကို ကောင်းစွာမသိကြ၊ ဤလူကို ဂဃနဏ မသိကြပေ။ ထိုသို့သောအခြေအနေတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ထိုသူ့ထံ အလုပ်ကို လွှဲပြောင်းပေးရမည့်အချိန် ရောက်သောအခါ အခြားအလုပ်အားလုံးကို လွှဲပြောင်းပေးလိုက်ရသော်လည်း ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုအလုပ်ကို ထိုသူ့ထံ လွှဲပြောင်းပေးသင့်သလော။ (လွှဲပြောင်းမပေးသင့်ပါ။) အဘယ်ကြောင့် မပေးသင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအလုပ်မှာ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရန်တစ်ခုတည်း မဟုတ်ပေ။ ပစ္စည်းဥစ္စာများသည် ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အကယ်၍ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရန် သင့်တော်သောလူတစ်ဦး အမှန်တကယ်ရှိနေပြီး အသစ်ရွေးကောက်တင်မြှောက်ခံရသော ဤခေါင်းဆောင်ကို ယုံကြည်စိတ်ချ၍ မရပါက သူသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်မည် မယုံကြည်မည် သို့မဟုတ် ခိုင်မာစွာ ရပ်တည်နိုင်မည် မရပ်တည်နိုင်မည်ကို မသိရှိရသေးသည်ဖြစ်၍ ဤအလုပ်ကို သူ့ထံ လောလောဆယ် မလွှဲပြောင်းပေးလျှင်လည်း အဆင်ပြေသည်။ လွန်ခဲ့သောအချိန်တွင် လူတစ်ဦးသည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် မကြာသေးမီက ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ သူ၏ရာထူးနေရာကို တာဝန်ယူပြီးနောက် ပထမဆုံး သူလုပ်ဆောင်ခဲ့သည့်အရာမှာ ပူဇော်သက္ကာများ ထိန်းသိမ်းထားသည့် ဘဏ်အကောင့်နံပါတ်များနှင့် စကားဝှက်များကို ဘုရားသခင် ရွေးချယ်ထားသောလူများထံ တောင်းဆိုခြင်းပင် ဖြစ်သည်။ သူက ဤဘဏ်အကောင့်နံပါတ်များနှင့် စကားဝှက်များ မည်သူ၌ရှိကြောင်း မေးမြန်းခဲ့ပြီး ဤအလုပ်ကို သူ့ထံ ချက်ချင်းလွှဲပြောင်းပေးရန် ၎င်းတို့ကို ဖိအားပေးခဲ့သည်။ ဤအခြေအနေတွင် ဤအလုပ်ကို သူ့ထံ လွှဲပြောင်းပေးသင့်သလော။ သူသည် အခြား မည်သည့်အလုပ်ကိုမျှ စိတ်ပူခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မရှိဘဲ ဤကိစ္စရပ်အပေါ်တွင် အထူးတလည် အလေးအနက်ထားပြီး စိတ်ပူနေခဲ့သည်မှာ သူသည် ယုံကြည်စိတ်ချရသော လူတစ်ဦး ဟုတ်ပါသလော။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သောကြောင့် ယုံကြည်စိတ်ချရသည်ဟု မထင်မှတ်လိုက်နှင့်။ လက်တွေ့တွင် စည်းမျဉ်းများနှင့်အညီ အမှန်တကယ် ရွေးချယ်ခံရသော ထိန်းသိမ်းစောင့်ရှောက်သူများသာလျှင် ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်နိုင်ကြသည်။ ဤသို့သောလူများမှာ ယုံကြည်စိတ်ချဖို့ အကောင်းဆုံး ဖြစ်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤသို့ပြုလုပ်နိုင်စွမ်း ရှိကြသလော။ ရှိချင်မှ ရှိပေမည်။ ယခင်က ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူသည် အသင်းတော်၏ ပစ္စည်းဥစ္စာအားလုံးကို သစ္စာဖောက်လျက် ထုတ်ပြောခဲ့ရာ ယင်းက ကြီးမားသောပမာဏ ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ အကယ်၍ သူသည် အသင်းတော်၏ ပစ္စည်းဥစ္စာများ မည်သည့်နေရာတွင် ရှိသည်ကို မသိခဲ့ပါက အသေရိုက်နှက်ခြင်း ခံရလျှင်ပင် ဤအရာကို ထုတ်ဖော်နိုင်မည် မဟုတ်၊ သို့ဆိုလျှင် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများသည် ဆုံးရှုံးမှုများ မခံစားခဲ့ရမည် မဟုတ်လော။ သူသည် လွန်စွာမှ သိရှိခဲ့သောကြောင့်ပင်လျှင် နှိပ်စက်ညှဉ်းပန်းမှုနှင့် မခံမရပ်နိုင်စရာ ရိုက်နှက်မှုများကို မခံနိုင်သည့်အခါ အရာအားလုံးကို ဖွင့်ဟခဲ့ပြီး ဤငွေသည် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို ဤပစ္စည်းဥစ္စာများ မည်သည့်နေရာတွင် ရှိကြောင်း သိခွင့်မပြုခဲ့ပါက၊ ပြီးလျှင် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်နေသူသည် ယုံကြည်စိတ်ချရသူဖြစ်ပါက ဘုရားအိမ်တော်၏ ငွေသည် ဆုံးရှုံးမှုများ ခံစားရပြီး အဆင်းနီသော နဂါးကြီး၏ အတင်းအဓမ္မ သိမ်းယူခြင်းကို ခံရမည်လော။ ခံရမည်မဟုတ်ပေ။ ဤသည်မှာ ဆိုးဝါးသော သင်ခန်းစာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်၏ အစီအစဉ်နှင့်ပတ်သက်လာလျှင် အရေးအကြီးဆုံးအချက်မှာ လုံခြုံရေးသည် ပထမဖြစ်သည်။ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုံးဝ ထိန်းသိမ်းထားရမည်ဖြစ်ပြီး အလုပ်ကို လုံခြုံသော မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်သင့်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရာတွင် သစ္စာစောင့်သိမှုပြသော တစ်စုံတစ်ဦးကို ရှာဖွေပြီး ၎င်းတို့ကို စီမံခန့်ခွဲစေလော့။ ဤသည်မှာ ယုံကြည်စိတ်ချမှု အရှိဆုံးသော လုပ်ဆောင်ပုံနည်းလမ်း ဖြစ်သည်။ ဤလူသည် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သော်လည်း သူသည် သစ္စာစောင့်သိပြီး ငွေကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်လာလျှင် လုံးဝစွမ်းဆောင်နိုင်သောကြောင့် ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် ဤလူကို အသုံးပြုခြင်းသည် သင့်တော်သောအရာ ဖြစ်သည်။ ဤအလုပ်ကိစ္စသည် တာဝန်တစ်ခုတည်းသော အလုပ်ဖြစ်သောကြောင့် ယင်းအတွက် အစီအစဉ်များသည် အလွန်ရိုးရှင်းသည်။ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် သင့်တော်သောလူများကို ရှာဖွေပြီး ယင်းတို့ကို ထိန်းသိမ်းရန် လုံခြုံသောနေရာတစ်ခုကို ရှာဖွေလော့။ ထို့အပြင် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ခွဲဝေချထားခြင်းနှင့် သုံးစွဲခြင်းတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျသော ပြဋ္ဌာန်းချက်များလည်း ရှိသည်။ ငွေကို လိုအပ်သော အသုံးစရိတ်များအတွက် သုံးစွဲနိုင်သော်လည်း မလိုအပ်သော အသုံးစရိတ်များအတွက် မသုံးစွဲရပေ။ နောက်ထပ်အရာတစ်ခုရှိသေးသည်။ ယင်းမှာ ပစ္စည်းဥစ္စာများနှင့် သက်ဆိုင်သော အသုံးစရိတ်များအတွက် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းစနစ်တစ်ခု ရှိပြီး ဘုရားအိမ်တော်တွင် အမျိုးမျိုးသော လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများအတွက် လူအချို့ထံမှ ထိုးမြဲလက်မှတ်များ လိုအပ်ခြင်း အစရှိသည့် တိကျသော ပြဋ္ဌာန်းချက်များကို ကျင့်သုံးသည်။ စီမံခန့်ခွဲမှုရှိသည်။ ကာကွယ်စောင့်ရှောက်မှုရှိသည်။ သုံးစွဲမှုရှိသည့်အပြင် စာရင်းကိုင်ခြင်းလည်း ရှိကာ ဤအရာအားလုံးအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိပေသည်။

၇။ သန့်စင်ခြင်းအလုပ်

အချက် ခုနစ်၊ သန့်စင်ခြင်းအလုပ်။ ဘုရားအိမ်တော်သည် ဤအလုပ်ကိစ္စအတွက် တိကျသော အလုပ်အစီအစဉ်များကိုလည်း အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ အလုပ်အစီအစဉ်များကို တစ်ဖက်တွင် ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သည့် လိုအပ်ချက်များအပေါ် အခြေခံ၍ ပြုလုပ်ပြီး အခြားတစ်ဖက်တွင်မူ မတူညီသော လူစားမျိုးတို့နှင့်ပတ်သက်၍ အမျိုးအစားခွဲခြားခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းတို့အပေါ် အခြေခံသည့်အပြင် ၎င်းတို့ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့၏ သရုပ်သကန်များအတိုင်း တစ်မျိုးစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းအပေါ် အခြေခံ၍လည်း ပြုလုပ်လေသည်။ ဘုရားအိမ်တော်တွင် အမျိုးမျိုးသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ကိုင်တွယ်ရန် စည်းမျဉ်းများ ရှိသည်။ အချို့မှာ တာဝန်ထမ်းဆောင်သူများအဆင့်မှ ဖယ်ရှားခြင်းခံရသည်။ အချို့မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်သော အသင်းတော်များမှ ဖယ်ရှားခြင်းခံရပြီး အချိန်ပိုင်း တာဝန်ထမ်းဆောင်သော အသင်းတော်များ သို့မဟုတ် သာမန်အသင်းတော်များသို့ ပို့ခြင်းခံရသည်။ အချို့မှာ သာမန်အသင်းတော်များမှ ဖယ်ရှားခြင်းခံရပြီး ဘီအုပ်စုများသို့ ပို့ခြင်းခံရကာ အချို့မှာမူ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို တိုက်ရိုက်ခံရသည်။ ဘုရားအိမ်တော်သည် အသင်းတော်ကို သန့်စင်ခြင်းအလုပ်အတွက် အလုပ်အစီအစဉ်များကို အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး သန့်စင်ဖယ်ရှားခြင်းခံရဖို့ အခြေအနေများနှင့် ကိုက်ညီသည့် ကွဲပြားခြားနားသော လူစားမျိုးတို့နှင့်ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များလည်း ရှိသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လူတို့ထားရှိသည့် သဘောထားများနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ကျူးလွန်ခဲ့သည့် ပြစ်မှားခြင်းများအပေါ် အခြေခံသည့်အပြင် လူစားအမျိုးမျိုးတို့တွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအပေါ် အခြေခံလျက် ဘုရားအိမ်တော်သည် ဤလူတို့ကို ကိုင်တွယ်ရန်အတွက် တိကျသော အစီအစဉ်များကို နောက်ဆုံးတွင် ဖန်တီးရေးဆွဲလေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကို ကိုင်တွယ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လုံးလုံးလျားလျား လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုံးလုံးလျားလျား လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအလုပ်အစီအစဉ်များနှင့် ပတ်သက်လာလျှင် တစ်ဖက်တွင် လူတို့က သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ခြားနားသော လူစားမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူနိုင်ရန်အတွက် ယင်းတို့ကို မိတ်သဟာယဖွဲ့ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ဤအလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့၍ အကောင်အထည်ဖော်နိုင်ဖို့အတွက် အသင်းတော်များထံ ထုတ်ပြန်ပေးရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ အသင်းတော်အား သန့်စင်ခြင်းအလုပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ယင်းကို လုံးဝ မရပ်တန့်စေရပေ။ အသင်းတော်၌ ဆိုးယုတ်သောလူများ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည်အထိ ယင်းကို ဆက်လက် လုပ်ဆောင်သွားရမည်။ အထက်မှ အသင်းတော်ကို သန့်စင်ရန် အလုပ်အစီအစဉ် ထုတ်ပြန်သည့်အခါမှသာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သန့်စင်ခြင်းအလုပ်ကို အချိန်ကာလတစ်ခုအထိသာ လုပ်ဆောင်ရမည်ဟူ၍ မဟုတ်ချေ။ ထိုသန့်စင်ခြင်းကို ပြုလုပ်ပြီးနောက် ခဏအကြာတွင် အနှောင့်အယှက်များပေးနေသည့် ဆိုးယုတ်သောလူများ ရှိနေသည်ကို ထပ်မံတွေ့ရှိသော်လည်း အထက်က ယင်းနှင့်ပတ်သက်၍ မည်သည့်အလုပ်အစီအစဉ်မျှ မပြုလုပ်ရသေးပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုဆိုးယုတ်သောလူများနှင့်ပတ်သက်၍ ဂရုမစိုက်ဘဲ သို့မဟုတ် ဖယ်ရှားခြင်းမပြုဘဲ နေပါက လုံးဝမဖြစ်ပေ။ အသင်းတော်၏ သန့်စင်ခြင်းအလုပ်ကို စနစ်တကျဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်။ ဖယ်ထုတ်ပစ်ရမည့် သို့မဟုတ် နှင်ထုတ်ရမည့်လူများ ရှိနေသရွေ့ သန့်စင်ခြင်းအလုပ်ကို ဆက်လက်၍ လုပ်ဆောင်ရမည်။ အထက်မှ အမိန့်ပေးလာရန်ဖြစ်စေ၊ အထက်အဆင့်မှ ခေါင်းဆောင်များက သင်တို့ထံ အသိပေးဆက်သွယ်ပြောကြားလာရန်ဖြစ်စေ ဘာသိဘာသာ စောင့်မနေနှင့်။ ထို့ပြင် ပိုများလာသော ညီအစ်ကိုမောင်နှမများက တစ်စုံတစ်ဦးကို တိုင်ကြားရန်လည်း ဘာသိဘာသာ စောင့်မနေနှင့်။ ဘုရားသခင် ရွေးချယ်ထားသောလူများက တစ်စုံတစ်ဦးကို ဖော်ထုတ်ပြီး တိုင်ကြားသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအမှုကို စတင်စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်သင့်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိုင်ကြားစာကို ထိမ်ချန်ထားပြီး ထိုကိစ္စကို မကိုင်တွယ်ပါက ၎င်းတို့ကို စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်သင့်သည့်အပြင် ၎င်းတို့က ဆိုးယုတ်သောသူတစ်ဦးအား အကာအကွယ်ပေးနေသည်ကို တွေ့ရှိပါက ၎င်းတို့ကို ဆိုးယုတ်သောလူနှင့်အတူ အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ အသင်းတော်အား သန့်စင်ခြင်းအလုပ်ကို မထမ်းဆောင်သော မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မဆို အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ပြီး ချက်ချင်း ဖြုတ်ချခံရသင့်သည်။ အကယ်၍ ၎င်းတို့က ဆိုးယုတ်သောလူများကို ကာပေးပြီး ကာကွယ်လျှင်ပင် ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ကာ အသင်းတော်မှ ရှင်းလင်းဖယ်ထုတ်ပြီး နှင်ထုတ်နိုင်သည်။ ဤသည်တို့မှာ အသင်းတော်ကို သန့်စင်ခြင်းအလုပ်နှင့်ပတ်သက်၍ ဘုရားအိမ်တော်က ပြုလုပ်ထားသည့် တိကျသော ပြဋ္ဌာန်းချက်များ ဖြစ်ကြသည်။ အသင်းတော်ကို သန့်စင်ခြင်းအလုပ်သည် အရေးတကြီး ဦးစားပေးရမည့်အရာ ဖြစ်ပြီး ကြီးမားသော အရေးပါမှုရှိသည်။ အသင်းတော်ကို သန့်စင်ခြင်းသည် အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်အတွက် မဟုတ်လော၊ ငါ့ကို ပြောလော့။ အကယ်၍ အသင်းတော်သည် သန့်ရှင်းစင်ကြယ်သွားပြီဆိုလျှင်၊ ဆိုလိုသည်မှာ အကယ်၍ အသင်းတော်အတွင်း၌ မည်သည့်ဆိုးယုတ်သောလူများကမျှ အနှောင့်အယှက်များ မပေးတော့ဘဲ ယင်း၏ အသင်းသားများကြားတွင် မည်သည့်မယုံကြည်သူများမျှ ရောနှောနေခြင်းမရှိတော့လျှင် ယင်းသည် စစ်မှန်သော အသင်းတော်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး အသင်းတော်အသက်တာအတွက် အကောင်းဆုံးသော ရလဒ်များကိုလည်း မြင်တွေ့ရလိမ့်မည်။ ဤသည်မှာ ခရစ်တော်၏ နိုင်ငံတော်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆီသို့ နောက်ထပ် ကြီးမားသော ခြေလှမ်းတစ်လှမ်း ဖြစ်မည်မဟုတ်လော။ ဤကဲ့သို့ သန့်စင်သော အသင်းတော်တစ်ခုသည် လူတိုင်းက သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်မည် ဖြစ်သောကြောင့်လည်းကောင်း၊ လူတိုင်းက ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး ဘုရားသခင်၏ လူများအဖြစ် စုံလင်အောင် ပြုခြင်းခံရမည် ဖြစ်သောကြောင့်လည်းကောင်း၊ အနှောင့်အယှက်များပေးမည့် ဆိုးယုတ်သောလူ တစ်ဦးတလေမျှ ရှိတော့မည် မဟုတ်သောကြောင့်လည်းကောင်း နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက် အကျိုးအရှိဆုံး ဖြစ်ပေလိမ့်မည်။ သဘာဝအားဖြင့် ဤကဲ့သို့သော အသင်းတော်သည် ကောင်းချီးအရဆုံးသော အသင်းတော်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အသင်းတော်ကို သန့်စင်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသော လူတို့အနေဖြင့် မိမိတို့၏ တာဝန်များအား ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို ပို၍ ငြိမ်းချမ်းစေရန်နှင့် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်များမှ ကင်းလွတ်စေရန်အတွက်သာလျှင် ယင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်သည် လူလေလူလွင့်များနှင့် အသုံးမကျသူများကို ထောက်ပံ့မထားသကဲ့သို့ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားပြီး မုန့်ကို အဝစားတတ်သည့် ကပ်ပါးရပ်ပါးများကိုလည်း မထောက်ပံ့ပေ။ တာဝန်များကို လုံးဝမထမ်းဆောင်ဘဲ အခြားသူများ တာဝန်ထမ်းဆောင်ခြင်းကို အနှောင့်အယှက်ပေးပြီး ထိခိုက်စေသူအားလုံးနှင့် အသင်းတော်၌ တာဝန်မဲ့သော မှတ်ချက်များပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းနှင့် မိမိတို့၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်သူအားလုံးတို့သည်လည်း ရှင်းလင်းပစ်ခြင်း ခံရဖို့ဖြစ်သည်။ မတူညီသော လူစားမျိုးအားလုံးသည် ယခုအခါ လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီးဖြစ်ကာ အသင်းတော်၏ သန့်စင်ခြင်းအလုပ်သည် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာဖြစ်ပြီး ယင်းကို စေ့စေ့စပ်စပ်နှင့် ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ ထုတ်ဖော်ခြင်းခံထားရသည့် ဤဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ မယုံကြည်သူများ၊ အသုံးမကျသူများနှင့် ကပ်ပါးရပ်ပါးများအားလုံးသည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရသူများဖြစ်ကြပြီး ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်တော့ပေ။ အကယ်၍ အသင်းတော်သည် သန့်စင်ခြင်းအလုပ်ကို မလုပ်ဆောင်ခဲ့ပါက ဤသည်မှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် အသင်းတော်ကို သန့်စင်ခြင်းအလုပ်သည် လောလောဆယ်တွင် အရေးတကြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ အသင်းတော် သန့်စင်ခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာလျှင် ပျိုးထောင်ရန် ထိုက်တန်ပြီး ဆက်လက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်နိုင်သူများ ဖြစ်ကြသည်။ အသင်းတော် သန့်စင်ခြင်းအလုပ်ကို ပိတ်ဆို့တားဆီးသည့် မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မဆိုသည် ခလုတ်ကန်သင်းနှင့် အတားအဆီးဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားရမည်။ အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်အတွက် ဤခလုတ်ကန်သင်းများနှင့် အတားအဆီးများအားလုံးကို ဦးစွာ လုံးလုံးလျားလျား ရှင်းလင်းပစ်ပြီး ဖြေရှင်းရမည်ဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ ဤသည်သာလျှင် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စများ ချောမွေ့စွာ ရှေ့ဆက်ရန်အတွက်လည်းကောင်း၊ ဘုရားသခင်သည် ဘုန်းအသရေအားလုံးကို ရရှိနိုင်ရန်အတွက် အသင်းတော်က ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်အတွက်လည်းကောင်း အထောက်အကူပြုသည်။

၈။ ပြင်ပရေးရာ အလုပ်

အချက် ရှစ်၊ ပြင်ပရေးရာ အလုပ်။ ပြင်ပရေးရာအလုပ်သည် ကြီးမားသော အလုပ်ကိစ္စတစ်ခုလည်း မဟုတ်သကဲ့သို့ သေးငယ်သော အလုပ်ကိစ္စတစ်ခုလည်း မဟုတ်သည့်အပြင် ပြင်ပရေးရာအလုပ်နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတွင်း၌ စည်းမျဉ်းအချို့ ရှိသည်။ တစ်ခုမှာ ဒေသန္တရ ဥပဒေများနှင့် တိကျသော ဒေသန္တရ စည်းမျဉ်းစည်းကမ်းများအကြောင်း လေ့လာရန် ဖြစ်သည်။ ဆိုလိုသည်မှာ အသင်းတော်သည် နေရာတစ်ခုတွင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင်သည် ဒေသန္တရ ဥပဒေများအကြောင်းကို ဦးစွာ လေ့လာရမည်ဖြစ်ကာ ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ နောက်ထပ်စည်းမျဉ်းတစ်ခုမှာ သင်နားမလည်သော သို့မဟုတ် မရှင်းလင်းသော ပြင်ပရေးရာအလုပ်နှင့် သက်ဆိုင်သည့် ပြဿနာများကို သင်ကြုံတွေ့ရသည့်အခါ သင်သည် ရှေ့နေတစ်ဦးနှင့် သက်ဆိုင်ရာ ဥပဒေပညာရှင်များကို တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး အသိပညာမဲ့သော ဆုံးဖြတ်ချက်များ မိမိဘာသာ မချရပေ။ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် မတူညီသော နိုင်ငံများရှိ မတူညီသော နိုင်ငံ့အခြေအနေများနှင့်အညီ တိကျသော အစီအစဉ်များကို ဖန်တီးရေးဆွဲရမည်။ သို့ဆိုလျှင် ဤအစီအစဉ်များသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ သင်သည် ရှေ့နေပြောသည့်အတိုင်း လိုက်နာပြီး ရှေ့နေကို ဆုံးဖြတ်ချက်များ ချခွင့်ပြုရမည်ဖြစ်ကာ မိမိဘာသာ စိတ်ကူးပေါက်သလို ဆုံးဖြတ်ချက်များ သို့မဟုတ် ချမှတ်မှုများ မပြုလုပ်နှင့်။ နိုင်ငံ၏ အခြေအနေများ၊ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတစ်ခုစီတွင် မတူညီကြသောကြောင့် သင်၏စိတ်အထင်ကို အခြေခံ၍ မလုပ်ဆောင်နှင့်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် လမ်းပေါ်၌ တစ်စုံတစ်ဦး လုယက်ခံနေရသည်ကို သင်မြင်သည် ဆိုပါစို့။ တရုတ်နိုင်ငံရှိ ဥပဒေများက ဤအရာကို မြင်တွေ့သည့် မည်သည့်လမ်းသွားလမ်းလာမဆို သတ္တိရှိရှိဖြင့် ကြားဝင်ကူညီနိုင်သည်၊ သူခိုးကို ဦးစွာ ဖမ်းဆီးပြီးနောက် ၎င်းတို့ကို ရဲလက်သို့ အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ အကယ်၍ ဤသို့ပြုလုပ်ပါက သင်သည် သတ္တိရှိရှိ ကြားဝင်ကူညီဖို့ကြိုးစားသည့် သူရဲကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မည်သည့် တရားဥပဒေဆိုင်ရာတာဝန်မျှ ယူဖို့မလိုအပ်ဘဲ ချီးကျူးခံရမည်ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ နိုင်ငံ့အခြေအနေနှင့် စနစ်ဖြစ်ပြီး တရုတ်နိုင်ငံရှိ ရိုးရာယဉ်ကျေးမှုတစ်မျိုး ဖြစ်ကာ တရုတ်လူမျိုးတို့က ယင်းကို “ရိုးရာအစဉ်အလာအရ ကောင်းမြတ်သောအကျင့်” ဟူသည့် သာယာနာပျော်ဖွယ် နာမည်ကောင်းဖြင့် ဖော်ပြကြသည်။ သို့သော် အနောက်နိုင်ငံများတွင်၊ အထူးသဖြင့် အမေရိကန်နှင့် ကနေဒါကဲ့သို့သော နိုင်ငံများတွင် သင်သည် သူခိုးတစ်ယောက် တစ်စုံတစ်ခု ခိုးယူနေသည်ကို မြင်၍ သူ့ကို ချက်ချင်းဖမ်းပြီး ရဲမှ လာရောက်ဖမ်းဆီးရန် စောင့်ဆိုင်းသည်ဆိုပါက ယင်းသည် မှားယွင်းကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ အကြောင်းမှာ သင်သည် သာမန်နိုင်ငံသားတစ်ဦးသာ ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦး မဟုတ်သောကြောင့် ဖြစ်သည့်အပြင် သင်၌ မည်သူ့ကိုမျှ ဖမ်းဆီးပိုင်ခွင့်မရှိပေ။ ရဲကသာလျှင် တစ်စုံတစ်ဦးကို ဖမ်းဆီးပိုင်ခွင့် ရှိသည်။ သင်သည် သူခိုးတစ်ယောက် တစ်စုံတစ်ခု ခိုးယူသည်ကို မြင်သည့်အခါ သင်သည် ရဲကို တိုင်ကြားနိုင်သော်လည်း သူခိုးကို သင်ကိုယ်တိုင် ဖမ်းဆီး၍မရပေ။ အကယ်၍ သင်သည် သူခိုးတစ်ဦးကို အလျဉ်းသင့်သလို ဖမ်းဆီးလိုက်ပါက တရားမဝင် ပြုမူနေခြင်း ဖြစ်ကာ ဤသည်မှာ အနောက်နိုင်ငံများရှိ ဥပဒေဖြစ်သည်။ တရုတ်လူမျိုးတို့၏ “ရိုးရာအစဉ်အလာအရ ကောင်းမြတ်သောအကျင့်” ကို အနောက်နိုင်ငံများတွင် ကျင့်သုံးရန် မသင့်လျော်ပေ။ အနောက်နိုင်ငံများတွင် ယင်းတို့၏ ကိုယ်ပိုင်ဥပဒေများ ရှိသည်။ အကယ်၍ သင်သည် အနောက်နိုင်ငံတစ်နိုင်ငံရှိ လမ်းမပေါ်၌ တစ်စုံတစ်ဦး လဲကျနေသည်ကို မြင်လျှင် ဥပဒေက မည်သို့ ပြဋ္ဌာန်းထားသနည်း။ သင်သည် သွားရောက်၍ “သင် အဆင်ပြေရဲ့လား။ အကူအညီ လိုအပ်ပါသလား” ဟု မေးမြန်းရမည်။ အကယ်၍ ထိုလူက အကူအညီမလိုအပ်ကြောင်း ပြောပါက သင်ထွက်သွားနိုင်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦး လဲကျနေသည်ကို မြင်သော်လည်း သူ့ကို အဆင်ပြေရဲ့လားဟု မေးမြန်းခြင်း သို့မဟုတ် ကြည့်ရှုစစ်ဆေးခြင်းမပြုဘဲ ဆက်လက်၍သာ လျှောက်သွားပါက သင်သည် ဥပဒေချိုးဖောက်နေခြင်း ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံတွင် ထိုသို့သောအခြေအနေမျိုးကို ကြုံတွေ့ရပါက ယင်းမှာ လှည့်စားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ယင်းကို သင်လျစ်လျူရှုပါက သင့်အပေါ် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ပေ။ အကယ်၍ သင်က “သင် အဆင်ပြေရဲ့လား။ အကူအညီ လိုအပ်ပါသလား” ဟု မေးမြန်းပါက ယင်းမှာ သင့်အတွက် ဒုက္ခဖြစ်သွားနိုင်ပြီး ထိုလူက သင့်ကို ရိုက်စားလုပ်ချင်လုပ်နိုင်ကာ ထို့နောက်တွင် သင်သည် ကောင်းမွန်သောဘဝဖြင့် နောက်ထပ် ပြန်လည်နေထိုင်နိုင်မည့်အရေးကို မစဉ်းစားလေတော့နှင့်။ ဤကိစ္စရပ်နှစ်ခုက သင်တို့ကို မည်သည့်အရာ ပြောပြသနည်း။ မတူညီသော နိုင်ငံများနှင့် မတူညီသော လူမျိုးများကြားရှိ ပညာရေးသည် လူမှုပတ်ဝန်းကျင်များနှင့် လူမှုစနစ်များအပြင် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တကယ်ကို ကွဲပြားသကဲ့သို့ပင် လုံးဝကွဲပြားခြားနားပေသည်။ ပြင်ပရေးရာအလုပ်နှင့် ပတ်သက်လာလျှင် တစ်ဖက်တွင် ဤအလုပ်ကို လုပ်ဆောင်နေသော လူတို့သည် အသင်းတော်အလုပ်နှင့် သက်ဆိုင်သော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပြဋ္ဌာန်းချက်များကို တိကျစွာ နားလည်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ညီအစ်ကိုမောင်နှမများ သိရှိရန် လိုအပ်သည့် အချို့သော သာမန်ဘဝဆိုင်ရာ အသိပညာ သို့မဟုတ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ၎င်းတို့ ဖြန့်ဝေသင့်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ဤအလုပ်ကိစ္စနှင့်ပတ်သက်၍ အလုပ်အစီအစဉ်များ ရှိပြီး ယင်းကို ထမ်းဆောင်သူတို့အား ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သက်ဆိုင်ရာ ဥပဒေများနှင့် အစိုးရစည်းမျဉ်းစည်းကမ်းများကို ဦးစွာ အမြဲတမ်း လေ့လာကိုးကားရန် တောင်းဆိုထားသည်။ အထူးသဖြင့် ဖြေရှင်းရန် ခက်ခဲသော အရေးကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ကြောင်းကျိုးမမြင်ဘဲ ချမှတ်ခြင်း သို့မဟုတ် တရုတ်လူမျိုးတို့၏ တွေးခေါ်ပုံနှင့် ယုတ္တိဗေဒအရ ဖြေရှင်းနည်းများကို ဖော်ထုတ်ခြင်း မပြုရ၊ ဤသည်မှာ စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လုပ်ဆောင်ပုံ ဖြစ်သည်။ ဤအရာများကို သင်နားလည်သည့်အခါမှသာ ပြင်ပရေးရာအလုပ်၏ အရေးပါမှုကိုလည်းကောင်း၊ ယင်းက မည်သည့်ရလဒ်များကို စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်အတွက် ဤအလုပ်အစီအစဉ်များကို ပြုလုပ်ရန် အဘယ်မျှ လိုအပ်သည်ကိုလည်းကောင်း သင်သိရမည်ဖြစ်သည်။ ဤအလုပ်ကိစ္စ၏ အတိုင်းအတာသည် သိပ်မကြီးမားသဖြင့် အခြေအနေအများစုတွင် ဤအလုပ်၌ ပါဝင်သည့် အလုပ်လုပ်သူများအား ယင်း၏ အလုပ်အစီအစဉ်များကို ရှင်းလင်းစွာ နားလည်စေရုံမျှဖြင့် လုံလောက်သည်။ အကယ်၍ ယင်းသည် ညီအစ်ကိုမောင်နှမများ သိရှိရန် လိုအပ်သည့်အရာဖြစ်ပါက ၎င်းတို့ကို နားလည်သဘောပေါက်စေရန် ကူညီပေးလော့။ ညီအစ်ကိုမောင်နှမများသည် နိုင်ငံရပ်ခြားတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် သက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို နားမလည်လျှင် မဖြစ်သောကြောင့် ပြင်ပရေးရာ အလုပ်သည်လည်း အလွန်အရေးကြီးလေသည်။ ဘုရားအိမ်တော်တွင် ဤကိစ္စရပ်၌ လိုအပ်သည့်အရာနှင့် ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များ ရှိပြီး ဤအရာကို အလုပ်အစီအစဉ်များအပေါ် အခြေခံ၍ အကောင်အထည်ဖော်ရန်သာ လိုအပ်သည်။ အထူးအခြေအနေများ ပေါ်ပေါက်လာပါက ဘုရားအိမ်တော်သည် အရေးပေါ် ဖြေရှင်းနည်းအချို့ကို ဖန်တီးရေးဆွဲပေးလိမ့်မည်။ အကယ်၍ အလုပ်တာဝန်တစ်ခုသည် ပြင်ပရေးရာအလုပ်နှင့် သက်ဆိုင်ပါက သင်သည် ပြင်ပရေးရာ အလုပ်လုပ်သူများနှင့် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ ဘုရားအိမ်တော်တွင် တိကျသော မည်သည့်အစီအစဉ်များ ရှိကြောင်း ကြည့်ရမည်၊ သင်၏ စိတ်အထင်ကို ကြောင်းကျိုးမမြင်ဘဲ အားကိုးခြင်းနှင့် အသိပညာမဲ့သော လုပ်ဆောင်ခြင်းကို မပြုနှင့်။ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းသည် ဒုက္ခဖြစ်စေနိုင်မည်ဖြစ်ပြီး အကျိုးဆက်များမှာ စဉ်းစား၍ပင်မရနိုင်လောက်အောင် ဆိုးရွားလိမ့်မည်။ ပြင်ပရေးရာ အလုပ်သည်လည်း သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တာဝန်ဖြစ်ပြီး မရှုပ်ထွေးသည့်အပြင် တိကျသော အလုပ်ကိစ္စအများစုကို အလုပ်အစီအစဉ်များထဲတွင် ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ လူတို့သည် နိုင်ငံရပ်ခြားတွင် ပြင်ပရေးရာ အလုပ်ကို ပထမဆုံး စတင်လုပ်ဆောင်သည့်အခါ ယင်းမှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားရနိုင်သော်လည်း အချိန်အတန်ကြာ လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် ပုံစံများနှင့် နည်းလမ်းများကို ရှာဖွေတွေ့ရှိကြပြီး ယင်းမှာ ထိုမျှ ရှုပ်ထွေးပုံမရတော့ပေ။ အစပိုင်းတွင် နိုင်ငံရပ်ခြားသွားသည့် တရုတ်လူမျိုးတို့သည် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ညဘက် အိပ်ရာဝင်နောက်ကျလွန်းခြင်း၊ နံနက်ခင်း အိပ်ရာထစောလွန်းခြင်း၊ ၎င်းတို့၏ ခွေးများ ဟောင်သဖြင့် လူတို့ကို အနှောင့်အယှက်ပေးခြင်း၊ လသာဆောင်များတွင် အဝတ်လှန်းခြင်း၊ ကားကို မတော်တရော် ရပ်နားခြင်းတို့အတွက် တိုင်ကြားခံခဲ့ကြရကာ အမှုအရာများစွာအတွက် တိုင်ကြားခံခဲ့ကြရသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အကြိမ်များစွာ တိုင်ကြားခံခဲ့ရပြီး ရဲများက ၎င်းတို့ကို လမ်းညွှန်မှုပေးရန် ၎င်းတို့၏ တံခါးများကို အမြဲလာခေါက်ရကာ အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက်မှသာ မိမိတို့သည် နိုင်ငံရပ်ခြားတွင် ရှိနေကြပြီး တရုတ်နိုင်ငံတွင် ရှိနေကြခြင်းမဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်ခဲ့ကြသည်။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည် သတိရှိလာကြပြီး ဥပဒေအသိအမြင် အနည်းငယ်ရှိလာကာ ဘဝ၊ အလုပ်၊ ယာဉ်မောင်းခြင်း စသည်တို့နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းအချို့ကို နားလည်လာခဲ့ကြသည်။ တရုတ်လူမျိုးတို့ နိုင်ငံရပ်ခြားသို့ ပထမဆုံး သွားသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ ကျင့်ကြံပြုမူရမည်ဟူသော အခြေခံကျင့်ဝတ်အချို့ကိုသာ နားလည်ပြီး ဥပဒေဆိုင်ရာ ကိစ္စရပ်အများစုနှင့်ဆိုင်သည့် သာမန်အသိ မရှိခဲ့ကြပေ။ ၎င်းတို့သည် ဥပဒေအသိအမြင်မရှိဘဲ တောရိုင်းတိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ခဲ့ကြသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ခံထားရသကဲ့သို့ ဗဟုသုတအချို့ ရရှိခဲ့ကြပြီး စည်းမျဉ်းစည်းကမ်းအချို့ကို နားလည်ခဲ့ကြကာ အနည်းငယ် တိုးတက်လာခဲ့ကြသည်။

၉။ အသင်းတော် သက်သာချောင်ချိရေး

အချက်ကိုး၊ အသင်းတော် သက်သာချောင်ချိရေး။ ဘုရားအိမ်တော်သည် အသင်းတော် သက်သာချောင်ချိရေးနှင့်ပတ်သက်၍ ယခင်က အလုပ်အစီအစဉ်များ ပြုလုပ်ခဲ့ပြီးဖြစ်ကာ အကယ်၍ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူများ သို့မဟုတ် ၎င်းတို့၏ မိသားစုများက စားဝတ်နေရေး အလျဉ်မီရန်အတွက် အကူအညီ လိုအပ်လျှင် အသင်းတော်ခေါင်းဆောင်များက ဤကိစ္စကို ဖြေရှင်းပေးရမည်။ တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များနှင့် စည်းမျဉ်းများကို ဤအလုပ်အစီအစဉ်များတွင် တွေ့ရှိနိုင်ပြီး ဘုရားအိမ်တော်က တိကျသော ဖော်ပြချက်များနှင့် ပြဋ္ဌာန်းချက်များကို ပေးထားပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အကျဉ်းကျခံရသဖြင့် မိမိတို့၏ မိသားစုများ၏ နေ့စဉ်ဘဝများအတွက် အခက်အခဲ ဖြစ်စေသော ညီအစ်ကိုမောင်နှမများ၊ အိမ်နှင့်ဝေးရာတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေပြီး မိမိတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် မည်သူမျှမရှိသည့် မိဘများနှင့် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးသော နာမကျန်းသည့် ညီအစ်ကိုမောင်နှမများ စသည့် ဤအခက်အခဲများနှင့် အခြားထိုသို့သော အခက်အခဲများအတွက် အသင်းတော်က ကူညီဖြေရှင်းပေးသင့်သည်။ ဤအလုပ်ကိစ္စနှင့် သက်ဆိုင်သော အထူးအခြေအနေတစ်ရပ် ရှိကာ၊ ယင်းမှာ အချို့သော မိသားစုများသည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ နေအိမ်များတွင် ဧည့်ဝတ်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော်လည်း ဝင်ငွေရလမ်း မရှိသည့်အခါမျိုး ဖြစ်သည်။ သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများကို ဧည့်ဝတ်ပြုခြင်းအတွက် ၎င်းတို့၏ ကုန်ကျစရိတ်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ဤသည်မှာ အသင်းတော် သက်သာချောင်ချိရေးဆိုင်ရာ အလုပ်တွင် အကျုံးဝင်သည်။ ဤအရာနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အလုပ်အစီအစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်သည်၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံခြင်းအလုပ်ကို ဆောင်ရွက်ရန်အလို့ငှာ ဒေသအခြေအနေအရ အသင်းတော်၏ အရင်းအမြစ်များကို မျှမျှတတ ခွဲဝေချထားနိုင်ကာ အသင်းတော်တွင် ဤအရာအားလုံးအတွက် တိကျသော ပြဋ္ဌာန်းချက်များ ရှိသည်။ အကယ်၍ ဤတိကျသော ပြဋ္ဌာန်းချက်များ၏ ဘောင်အပြင်ဘက်တွင် အချို့သော အထူးအခြေအနေများ ရုတ်တရက် ပေါ်ပေါက်လာပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုကိစ္စကို မိတ်သဟာယဖွဲ့ကာ ဆွေးနွေးနိုင်ပြီး ထိုဒေသ၏ ပုံမှန်လူနေမှုအဆင့်အတန်းများကို အခြေခံ၍ တိကျပြီး မျှတသော အစီအစဉ်များကို ပြုလုပ်နိုင်သည်။ ဤသည်မှာ ကြီးမားကျယ်ပြန့်သော အလုပ်ကိစ္စတစ်ခု မဟုတ်သကဲ့သို့ အလွန်အရေးကြီးသော အလုပ်တာဝန်တစ်ခုလည်း မဟုတ်လင့်ကစား ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အတိုင်းအတာ၌ အကျုံးဝင်သော အလုပ်ဖြစ်ပြီး ယင်းကို လျစ်လျူရှု၍မရပေ။ အကယ်၍ စားဝတ်နေရေး အလျဉ်မီရန်အတွက် ထောက်ပံ့မှု သို့မဟုတ် ငွေကြေးအကူအညီ လိုအပ်သူ တစ်ဦးတစ်ယောက်မျှ မရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို ရှာဖွေဖို့ အထူးတလည် ကြိုးစားအားထုတ်ရန် မလိုအပ်ပေ။ အကယ်၍ ထိုသို့သောလူများ ရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို လျစ်လျူရှုခြင်း၊ ဘာမျှမလုပ်ဘဲ လက်ပိုက်ကြည့်နေခြင်း သို့မဟုတ် ၎င်းတို့ကို မမြင်ချင်ယောင်ဆောင်ခြင်းတို့ကို ပြုဖို့နေနေသာသာ၊ ၎င်းတို့ကို ရှောင်တိမ်းခြင်းပင် မပြုသင့်ပေ။ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်ကာ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရား ဖြစ်သည်။

၁၀။ အရေးပေါ်အစီအစဉ်များ

အချက်တစ်ဆယ်၊ အရေးပေါ် အစီအစဉ်များ။ အရေးပေါ်အစီအစဉ်များသည် ဘုရားအိမ်တော်အလုပ်၏ မည်သည့်အပိုင်းတွင်မဆို ပေါ်ပေါက်လာသည့် အထူးအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်။ ဧဝံဂေလိအလုပ် သို့မဟုတ် စီမံအုပ်ချုပ်ရေးအလုပ် သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ အလုပ်တွင် မည်သည့်အလုပ်၌ဖြစ်စေ အရေးတကြီး ဖြေရှင်းရန်လိုအပ်သော ပြဿနာများ ပေါ်ပေါက်လာခြင်း သို့တည်းမဟုတ် အန္တိခရစ်များ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များ ပါဝင်သည့် ကိစ္စတစ်ခုကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် လူတို့အနေဖြင့် အထင်အမြင်မှားစေခြင်း ခံထားရသည့် အထူးအခြေအနေတစ်ရပ်ရပ်ကို ပိုင်းခြားသိမြင်နေသည်ဖြစ်စေ၊ ဤအရာအားလုံးသည် အရေးပေါ်အစီအစဉ်များ အမျိုးအစားတွင် ပါဝင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေလျှင်၊ သို့တည်းမဟုတ် အန္တိခရစ်တစ်ဦးက ထင်ရာစိုင်းပြီး အာဏာရှင်ဆန်ကာ မိမိ၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးစားနေလျှင် စသည်ဖြင့်၊ ဤအခြေအနေများထဲမှ တစ်ခုနှင့်ပတ်သက်၍ တိကျစွာ စီစဉ်ဆောင်ရွက်ရန်အတွက် အလုပ်အစီအစဉ်တစ်ခု ဖန်တီး‌ရေးဆွဲဖို့ ထိုက်တန်ကြောင်း ဘုရားအိမ်တော်က တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ ဆက်သွယ်ပြောကြားချက်ကို စာဖြင့် ထုတ်ပြန်လိမ့်မည်။ အရေးပေါ် အစီအစဉ်များသည် ထိုအချိန်တွင် အသင်းတော်၌ ဖြစ်ပေါ်နေသည့် အချို့သော အရေးပေါ်အခြေအနေများကို အခြေခံပြီး အထက်မှနေ၍ အခြေအနေများ၏ ပြင်းထန်မှုအတိုင်းအတာအရ တိကျသော အလုပ်အစီအစဉ်များကို ဖန်တီးရေးဆွဲပြီးနောက် ယင်းတို့ကို ထုတ်ပြန်၍ ဆက်သွယ်ပြောကြားသည်။ တိကျသော အစီအစဉ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် မည်သည့်အလုပ်ကိစ္စနှင့်မဆို သက်ဆိုင်ကောင်း သက်ဆိုင်မည်ဖြစ်ကာ ယင်းကို အထက်မှ စီစဉ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကောင်အထည်ဖော်ရန် တောင်းဆိုသရွေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းကို အထက်၏ အလုပ်အစီအစဉ်များနှင့်အညီ ထုတ်ပြန်ပြီး အကောင်အထည်ဖော်ရမည်။ ၎င်းတို့သည် ဤအလုပ်အစီအစဉ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။ အထက်က ဤသို့သော အလုပ်အစီအစဉ်မျိုးများကို ပြုလုပ်သည့်အခါ ယင်းတို့သည် မည်သည့် စီမံအုပ်ချုပ်ရေးအလုပ် သို့မဟုတ် တိကျသော မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အလုပ်ထက်မျှ မနိမ့်ကျပေ။ ဤအလုပ်အစီအစဉ်များသည် ယာယီသာ ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို တရားဝင်သတ်မှတ်ထားသော အလုပ်အစီအစဉ်များကဲ့သို့ပင် ထုတ်ပြန်ခြင်း၊ ဆက်သွယ်ပြောကြားခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ခြင်းတို့ကို ပြုလုပ်နေသေးသင့်ပြီး ထို့နောက်တွင် အထက်သို့ ရှင်းတမ်းနှင့် အစီရင်ခံစာ ပေးပို့သင့်ကာ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အရေးပေါ် အစီအစဉ်များသည် တိကျသော မည်သည့်အလုပ်ကိစ္စအတွက်မျှ ရည်ရွယ်မထားပေ။ ဆိုလိုသည်မှာ အထက်သည် ဒေသအသီးသီးရှိ အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များအားလုံးကို လုပ်ငန်းတာဝန်တစ်ခု ပေးအပ်ခြင်း၊ သတ်မှတ်ချက်တစ်ခု ပြုလုပ်ခြင်း သို့မဟုတ် အလုပ်အစီအစဉ်တစ်ခု ပေးအပ်ခြင်းတို့ကို အချိန်မရွေး ပြုလုပ်မည်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤသို့သော အလုပ်ကို လျစ်လျူမရှုရပေ။ ယင်းတို့သည် အလုပ်အစီအစဉ်များ ဖြစ်ပြီး အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များအားလုံးနှင့် ဒေသအားလုံးသို့ ထုတ်ပြန်ထားသည့်အတွက် ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အတိုင်းအတာ၌ အကျုံးဝင်သော အလုပ်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်ပိုက်ကြည့်မနေသင့်သကဲ့သို့ အလုပ်ကို အကြီးအငယ်၊ မိမိတို့နှင့် အကျုံးဝင်သည့် အလုပ်ဖြစ်သည် မဖြစ်သည်ဟု အမျိုးအစားခွဲခြားခြင်း၊ သို့မဟုတ် အချိန်မီ အကောင်အထည်ဖော်ရန် မဖော်ရန် ဆုံးဖြတ်ဖို့အတွက် အလုပ်အစီအစဉ်များ၌ ရှိသည့် အထက်၏ လေသံနှင့် အရေးတကြီးဖြစ်မှုအပေါ် မှန်းဆခြင်းတို့ကို မပြုသင့်ပေ။ ထိုကဲ့သို့သောအရာများ မဖြစ်သင့်ပေ။ ထိုအစား ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအလုပ်ကို တရားဝင်သတ်မှတ်ထားသော အလုပ်တစ်ခုကို ဆောင်ရွက်သကဲ့သို့ ဆောင်ရွက်သင့်ပြီး အရေးကြီးသော လုပ်ငန်းတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် သဘောထားလျက် ပြီးမြောက်အောင် လုပ်ဆောင်သင့်ကာ၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အထူးအခြေအနေများတွင် အရေးပေါ်အစီအစဉ်များရှိပြီး ဤသည်မှာ အထူးနောက်ခံအခြေအနေများတွင် ဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ တိကျပြီး အထူးတလည်ဖြစ်သော အရာအချို့ ဖြစ်ပျက်သည့်အခါ ပို၍လက်တွေ့ကျသော နည်းလမ်းဖြင့် သမ္မာတရားအား အသုံးပြုလျက် လူတို့နှင့် အမှုအရာများကို ပိုင်းခြားသိမြင်လာနိုင်ရန်၊ လူတို့နှင့် အမှုအရာများကို မည်ကဲ့သို့ ထိုးထွင်းသိမြင်ပြီး သမ္မာတရားနှင့်ပတ်သက်၍ ပို၍ကြီးမားသော နားလည်သဘောပေါက်မှုအား မည်ကဲ့သို့ စွမ်းဆောင်ရရှိရမည်ကို သင်ယူရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ဤအခွင့်အရေးကို အသုံးချတတ်ဖို့အတွက် အထက်မှနေ၍ ဤနောက်ခံအခြေအနေများနှင့် ဖြစ်ရပ်များကို အသုံးပြုမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စေရန် ဖြစ်သည်။ ဤအရာအပြင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ အသင်းတော်အသက်တာအတွက် တိတ်ဆိတ်ငြိမ်သက်ပြီး သင့်လျော်ကာ အနှောင့်အယှက်ကင်းသော ပတ်ဝန်းကျင်တစ်ခု ရရှိစေရန်လည်း ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့အား သင်ခန်းစာအမျိုးမျိုးကို အချိန်မီသင်ယူဖို့နှင့် လေ့ကျင့်မှုကို ရရှိရန်လည်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် တစ်ကြိမ် လေ့ကျင့်ခံရပြီးနောက် လူတို့သည် ၎င်းတို့၏ အသက်တာများတွင် ကြီးမားစွာ ရင့်ကျက်တိုးတက်လာလိမ့်မည်။ ဤသည်မှာ အထက်မှနေ၍ အဆင့်အမျိုးမျိုး၌ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားသော ထိုညီအစ်ကိုမောင်နှမများကို လေ့ကျင့်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်း၌ မလိုမုန်းထားခြင်း မရှိ၊ အထက်သည် လူတို့ကို ညှဉ်းပန်းနေခြင်း မဟုတ်သကဲ့သို့ ဘာမျှမရှိခြင်းမှနေ၍ ပုံကြီးချဲ့နေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် ယာယီအလုပ်အစီအစဉ်များဖြစ်သည့် အရေးပေါ်အစီအစဉ်များ ဖြစ်သော်လည်း၊ ယင်းတို့သည် အရေးပါပြီး တန်ဖိုးရှိနေဆဲဖြစ်ကာ အဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများက ဤအရာကို နားလည်ပြီး မှန်ကန်စွာ သဘောထားပြုမူနိုင်မည်ဟု ငါမျှော်လင့်သည်။

ငါတို့သည် အလုပ်အစီအစဉ် အားလုံးပေါင်း ၁၀ ချက်ကို ဖော်ပြခဲ့ပြီးဖြစ်ကာ ယခု ဤ ၁၀ ချက်နှင့်ပတ်သက်၍ အခြေခံအားဖြင့် ငါ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ငါသည် ယင်းတို့အပေါ် အလွန်အသေးစိတ်ကျကျ မိတ်သဟာယမဖွဲ့ခဲ့သော်လည်း ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ အလုပ်အစီအစဉ်များဟူသည် အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်က တိကျသော မည်သည့်အလုပ်ကို လုပ်ဆောင်သည်ကိုလည်းကောင်း သင်တို့ကို နားလည်သဘောပေါက်စေရန် လုံလောက်ပေသည်။ အခြားတစ်ဖက်တွင် ဤတိကျသော အချက်များမှတစ်ဆင့် ဘုရားသခင်သည် အသင်းတော်ထဲနှင့် သူရွေးချယ်ထားသောသူတို့ကြားတွင် အတိအကျ မည်သည့်အရာကို လုပ်ဆောင်နေသည်ကို သင်တို့နားလည်အောင် ထောက်ကူပေးခဲ့ပြီးဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်သည် စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပါဝင်နေခြင်း သို့မဟုတ် နိုင်ငံရေး သို့မဟုတ် လူ့အခွင့်အရေးတွင် ပါဝင်နေခြင်း မဟုတ်သကဲ့သို့ မည်သည့် ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုတွင်မျှ ပါဝင်နေခြင်းလည်း မဟုတ်ပေ။ ဘုရားအိမ်တော်က လုပ်ဆောင်သည့် အလုပ်ကိစ္စများမှာ အလုပ်အစီအစဉ်များတွင် တွေ့ရသော အရာများဖြစ်သည်။ ထို့ကြောင့် အချို့သော အာဏာရပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အမြဲတမ်း ခြေရာခံခြင်း၊ စူးစမ်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်နေကြကာ၊ ဖြစ်နိုင်သည်မှာ ဘုရားအိမ်တော်၏ ဗီဒီယိုများနှင့် ဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခြင်းမှတစ်ဆင့် ဤအရာကို လေ့လာခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စစ်မှန်သော ယုံကြည်မှုတစ်ခုဖြစ်ပြီး မည်သည့်နိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင်မျှ မပါဝင်ကြောင်း ၎င်းတို့ အတည်ပြုခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် စီစီပီ၏ သွေးရူးသွေးတန်း ဖိနှိပ်မှုများနှင့် တိုက်ခိုက်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း ဆက်လက်၍ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံနေဆဲဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် အမျိုးမျိုးသော သက်သေခံချက် ဗီဒီယိုများကို အွန်လိုင်းပေါ်သို့ တင်ခဲ့ကာ လူ့အဖွဲ့အစည်းအတွက် အလွန်ကြီးမားပြီး များပြားလှသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးပြီး ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို အစဉ်မပြတ် ဖော်ပြနေကြောင်းကို အပြည့်အဝ သက်သေထူခဲ့သည်။ ၎င်းတို့သည် စူးစမ်းပြီးရင်း စူးစမ်းနေကြကာ ၎င်းတို့၏ စူးစမ်းခြင်းမှ မည်သည့်ရလဒ်ကို ရရှိသနည်း။ ၎င်းတို့ ဆိုးဆိုးရွားရွား စိတ်ပျက်ကြသည်မဟုတ်လော။ ၎င်းတို့သည် ငါတို့၏ အသင်းတော်ကို “အယူမှားဂိုဏ်း” ဟု တံဆိပ်ကပ်ရန်နှင့် အသင်းတော်ကို ပါတီဆန့်ကျင်ရေးနှင့် နိုင်ငံတော်ဆန့်ကျင်ရေးဟု တံဆိပ်ကပ်ရန် မည်သည့်နိုင်ကွက် ရှာတွေ့ရမည်ကိုပင် စဉ်းစားခဲ့ကြသည်။ သို့သော် ယခုအခါ ၎င်းတို့သည် ဤသို့မလုပ်နိုင်ကြောင်း သိကြရကာ နှစ်များတစ်လျှောက် အသင်းတော်က ထုတ်ပြန်ခဲ့သော အလုပ်အစီအစဉ်များကို ချင့်ချိန်၍ ၎င်းတို့သည် အသင်းတော်အပေါ် ဤတံဆိပ်များကပ်ရန် မဖြစ်နိုင်သည့်အပြင် ၎င်းတို့၏ စူးစမ်းမှုအားလုံးမှာ အချည်းနှီးဖြစ်ခဲ့သည်။ ဤသည်မှာ ထိုခေတ်အခါက ဂျူးလူမျိုးတို့ သခင်ယေရှုကို လေ့လာခဲ့ကြသည့်အခါနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် အစိုးရအရာရှိကြီးများက သခင်ယေရှု ပြောဆိုလုပ်ဆောင်သည့်အရာကို လေ့လာပြီး ကိုယ်တော်လုပ်ဆောင်သည့်အရာ တစ်ခုမျှ ဥပဒေကို ဆန့်ကျင်ခြင်း သို့မဟုတ် နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ သခင်ယေရှု ပြောဆိုလုပ်ဆောင်သမျှသည် မှန်ကန်ကြောင်း၊ သမ္မာတရားဖြစ်ကြောင်းနှင့် ကျမ်းစာများနှင့် လုံးလုံးလျားလျား ကိုက်ညီကြောင်း တွေ့ရှိကာ အဆုံးတွင် ၎င်းတို့ စိတ်ပျက်ခဲ့ကြရသည်။ ဘာသာရေးလောကသည် ယခုအခါ ဘုရားအိမ်တော်က ရုပ်ရှင်များနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ပို၍ပို၍ ထုတ်လုပ်နေသည်ကိုလည်းကောင်း၊ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ရွတ်ဆိုမှုများသည် အရေအတွက်အားဖြင့် တိုးပွားများပြားလာနေသည်ကိုလည်းကောင်း မြင်တွေ့နေရသဖြင့် ၎င်းတို့ မည်သို့ထင်သနည်း။ အကယ်၍ ဤအရာအားလုံးသည် ဘုရားသခင်ထံမှ လာကြောင်းကို ၎င်းတို့ မမြင်နိုင်ပါက ၎င်းတို့သည် အမှန်တကယ်ပင် အလွန့်အလွန် စဉ်းစားဉာဏ်မဲ့ကြသည်တကား။ ဘုရားသခင်ထံမှ လာသောအရာသည် ရှင်သန်ကြီးထွားရမည်သာ ဖြစ်ကာ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်အလုပ်၏ ရလဒ်ဖြစ်ပြီး မည်သူမျှ ဤအရာကို ဖုံးကွယ်၍မရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး သူဖော်ပြသည့် သမ္မာတရားများကို လူသားမျိုးနွယ်အားလုံး၏ ရှေ့မှောက်တွင် ချပြထားပြီးဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အလုပ်သည် အားကောင်းကောင်းဖြင့် ရှေ့သို့ချီတက်နေကာ မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်အင်အားစုကမျှ ယင်းကို မဆန့်ကျင်နိုင်ပေ။ အဆင်းနီသော နဂါးကြီးသည် လုံးလုံးလျားလျား အရှက်ရပြီး ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ဘာသာရေးလောကက မည်သို့ပင် ပြစ်တင်ရှုတ်ချပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို မခုခံနိုင်ဘဲ အဆုံးတွင် ၎င်း၏ အားကြီးသော အရှိန်အဟုန်ဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် နှစ်မြုပ်ခြင်းကိုသာ ခံရနိုင်သည်။

ယခုတွင် အလုပ်ကိစ္စအစီအစဉ်များနှင့်ပတ်သက်၍ ငါမိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် ဘုရားအိမ်တော်မှ လုပ်ဆောင်သည့် အလုပ်အားလုံးနှင့် ပတ်သက်သည်မဟုတ်လော။ ဤအလုပ်သည် သင်တို့ မျက်စိဖြင့် မြင်ရသည့်အရာ၊ နားဖြင့် ကြားရသည့်အရာနှင့် သင်တို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားပြီး သိနားလည်သည့်အရာဖြစ်ကာ၊ ဤအရာနှင့်ပတ်သက်၍ လျှို့ဝှက်သောအရာ တစ်ခုမျှမရှိပေ။ အဆင်းနီသော နဂါးကြီးထံတွင် နှစ်များတစ်လျှောက် အသင်းတော်၏ အလုပ်အစီအစဉ်များအားလုံး ရှိကာ ၎င်းတို့ပိုင်ဆိုင်သော အလုပ်အစီအစဉ်များသည် များပြားပြီး ပြည့်စုံလှသည်။ ၎င်းတို့သည် ထိုအရာများကို နေ့စဉ် လေ့လာကြပြီး နောက်ဆုံး ဤကောက်ချက်ချသည်အထိ လေ့လာပြီးရင်း လေ့လာနေကြသည်မှာ “အကယ်၍ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်မပြတ် ဖြန့်ဝေပြီး ဘုရားသခင်၏ အလုပ်ကို ဤနည်းလမ်းဖြင့် သက်သေခံနေပါက ယင်းမှာ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။ ဤလူအားလုံးကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ကာ ၎င်းတို့ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးလျှင်ပင် လွတ်ငြိမ်းချမ်းသာခွင့် မပေးရ” ဟူ၍ ဖြစ်သည်။ သင် မြင်သည့်အတိုင်း နတ်ဆိုးများသည် ဖောက်ပြန်ပျက်စီးသော သာမန်လူများနှင့်မတူ၊ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးစွန်ထိ ဆန့်ကျင်ကြလိမ့်မည်။ အကယ်၍ ဖောက်ပြန်ပျက်စီးသော သာမန်လူများသည် အသင်းတော်မှ သက်သေခံချက်များကို မြင်တွေ့လျှင် ထိုအရာများကို နားလည်နိုင်ကြပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်ကြကာ မည်သည့် ညှဉ်းပန်းနှိပ်စက်မှုတွင်မျှ ပါဝင်ကြမည် မဟုတ်ပေ။ သို့သော်လည်း စာတန်နှင့် နတ်ဆိုးများမှာမူ ဤသို့မဟုတ်ပေ။ ၎င်းတို့က သင် ဘုရားသခင်နောက်လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနေသည်ကို မြင်သည့်အခါ သင့်ကို မုန်းတီးပြီး သင့်ကို သတ်လိုကာ အသက်ရှင်ခွင့် မပေးကြပေ။ အကယ်၍ သင်သည် ၎င်းတို့ပြောသည့်အတိုင်း မလုပ်ဆောင်၊ ၎င်းတို့ကို မကိုးကွယ်ပါက ၎င်းတို့သည် သင်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ပြီးဆုံးတော့မည် မဟုတ်သည့်အပြင် သင့်ကို အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့က သင့်ကို သေလုအောင် လိုက်လံရှာဖွေလိမ့်မည်။ သင်သည် ကမ္ဘာမြေကြီး၏ အစွန်းတိုင်အောင် သွားလျှင်ပင် ၎င်းတို့သည် သင့်ကို အလွတ်ပေးမည်မဟုတ်သေးပေ။ ဤသည်မှာ အဆင်းနီသောနဂါးကြီး လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော သာမန်လူများနှင့် ကွဲပြားခြားနားသည်။ ဤအချက်ကို သင် ရှင်းရှင်းလင်းလင်း သိမြင်ရမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။