ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉) အခန်း လေး

အလုပ်အစီအစဉ်များကို တိကျစွာ ဆက်သွယ်ပြောကြားပြီး အကောင်အထည်ဖော်ရမည့်ပုံ

၁။ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားရမည့်ပုံ

ဤအလုပ်အစီအစဉ် ၁၀ ချက်သည် ဘုရားသခင်အနေဖြင့် အသင်းတော်ထဲနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကြားတွင် လုပ်ဆောင်သည့် မတူညီသော အလုပ်အားလုံး၏ အပိုင်းအခြားနှင့် ပါဝင်သည့်အကြောင်းအရာ ဖြစ်သည်။ ဤအလုပ်၌ ပါဝင်သည့်အကြောင်းအရာနှင့် အပိုင်းအခြားကို နားလည်သဘောပေါက်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရာတွင် ကြီးကြပ်ရန် ကူညီပေးသည်။ အခြားတစ်ဖက်တွင် ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ၎င်းတို့၏ တာဝန်များ၏ အတိုင်းအတာကိုလည်းကောင်း၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်နှင့် ဖြည့်ဆည်းသင့်သည့် တာဝန်များကိုလည်းကောင်း နားလည်သဘောပေါက်စေရန်နှင့် “ခေါင်းဆောင်များနှင့် အမှုဆောင်များ” ဟူသည့် အမည်၏ တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရရှိစေရန် အဓိကအားဖြင့် ကူညီပေးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော ပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်သင့်သနည်း။ ၎င်းတို့သည် နိုင်ငံတော်အစိုးရ၏ အရာရှိများကဲ့သို့ ဖြစ်သင့်သလော။ (မဖြစ်သင့်ပါ။) “ခေါင်းဆောင်များနှင့် အမှုဆောင်များ” သည် ရာထူး သို့မဟုတ် အမည်တစ်ခု မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် တာဝန်များမှလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်နှင့် သူတောင်းဆိုသည့် စံနှုန်းများမှလည်းကောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ အဘယ်အရာဖြစ်သည်ကို နားလည်သင့်သည်။ ဤနည်းအားဖြင့် လူတစ်ဦးသည် “ခေါင်းဆောင်များနှင့် အမှုဆောင်များ” ဟူသော အမည်နှင့်ပတ်သက်၍ အတော်အတန် တိကျသော နားလည်သဘောပေါက်မှုတစ်ခု ရရှိလာမည်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် ပို၍ ရှင်းလင်းလာမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အနည်းဆုံး ဖြည့်ဆည်းသင့်သည့် တာဝန်များမှာ အဘယ်နည်း။ အချက်ကိုးတွင် ဖော်ပြထားသည့်အတိုင်း ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ အလုပ်အစီအစဉ်တစ်ခုစီကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ၎င်းတို့ ပြုလုပ်သင့်သည်။ အလုပ်အစီအစဉ်သည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ယင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များမှတစ်ဆင့် ဆက်သွယ်ပြောကြားနေသမျှ ကာလပတ်လုံး ၎င်းတို့ လုပ်ဆောင်ရမည့်အရာမှာ အလုပ်အစီအစဉ်ကို လုံးဝတိကျမှန်ကန်သော နားလည်သဘောပေါက်မှုတစ်ခု ရရှိပြီးနောက် အသင်းတော်များထံ မဆိုင်းမတွ၊ ရပ်စဲခြင်းမရှိ ဆက်သွယ်ပြောကြားရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုပ်အစီအစဉ်များကို တရားဟောသူများ၊ အသင်းတော်ခေါင်းဆောင်နှင့် အသင်းတော်သင်းထောက် အဆင့်ရှိသောလူများ အပါအဝင် အဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များထံသို့ ဆက်သွယ်ပြောကြားရန် လိုအပ်ပါက အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း ခံရသူတို့အနေဖြင့် ယင်းတို့ကို ဤအဆင့်ရှိလူများအထိတိုင် ဆက်သွယ်ပြောကြားသင့်ကာ ထိုအတိုင်းပင် ဖြစ်သည်။ အကယ်၍ အလုပ်အစီအစဉ်များကို ညီအစ်ကိုမောင်နှမ အယောက်တိုင်းထံသို့ ဆက်သွယ်ပြောကြားရမည်ဆိုလျှင် ယင်းတို့ကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ တင်းကျပ်စွာ ညီအစ်ကိုမောင်နှမ အယောက်တိုင်းထံသို့ ဆက်သွယ်ပြောကြားသင့်သည်။ အကယ်၍ ပတ်ဝန်းကျင်က အလုပ်အစီအစဉ်များကို စာဖြင့်ရေးသားထားသော ပုံစံဖြင့် ဆက်သွယ်ပြောကြားရန် အဆင်မပြေဖြစ်စေပြီး ဤသို့ပြုလုပ်ခြင်းက လုံခြုံရေးအန္တရာယ်များ သို့မဟုတ် ပို၍ကြီးမားသော ပြဿနာများကိုပင် ယူဆောင်လာမည်ဆိုလျှင် အလုပ်အစီအစဉ်များ၏ အရေးကြီးပြီး အဓိကကျသော အကြောင်းအရာကို လူတစ်ဦးချင်းဆီသို့ နှုတ်ဖြင့် တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားသင့်သည်။ သို့ဆိုလျှင် အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု သတ်မှတ်ရန် ဤအရာကို မည်သို့ လုပ်ဆောင်ရမည်နည်း။ အကယ်၍ အလုပ်အစီအစဉ်များကို စာဖြင့် ဆက်သွယ်ပြောကြားနေပါက လူတိုင်းက ယင်းတို့ကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ ယင်းတို့နှင့်ပတ်သက်၍ လူတိုင်း သိရှိကြောင်းနှင့် လူတိုင်းက ယင်းတို့ကို အလေးအနက်ထားနေကြောင်း အတည်ပြုရမည်။ အကယ်၍ ယင်းတို့ကို နှုတ်ဖြင့် ဆက်သွယ်ပြောကြားနေပါက ဆက်သွယ်ပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် လူတို့အား ယင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်း ရှိမရှိနှင့် မှတ်မိခြင်း ရှိမရှိကို ထပ်ခါတလဲလဲ မေးမြန်းရမည်ဖြစ်ပြီး ၎င်းတို့ကို အလုပ်အစီအစဉ်များအား ပြန်လည်ရွတ်ဆိုစေရန်ပင် တောင်းဆိုနိုင်ကာ၊ ဤနည်းလမ်းဖြင့်သာ အလုပ်အစီအစဉ်များကို အမှန်တကယ် ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ လူတို့သည် ဘုရားအိမ်တော် သတ်မှတ်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ တိကျသော အကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ပြန်လည်ရွတ်ဆိုနိုင်ပြီး ရှင်းလင်းစွာ ပြောဆိုနိုင်ပါက ဤသည်မှာ အလုပ်အစီအစဉ်များကို ၎င်းတို့၏ စိတ်ထဲရောက်အောင် ဆက်သွယ်ပြောကြားထားပြီးဖြစ်ကြောင်း၊ ယင်းတို့ကို မှတ်မိထားပြီး ရှင်းရှင်းလင်းလင်း နားလည်ကြောင်း သက်သေပြသည်။ ထိုအခါမှသာ အလုပ်အစီအစဉ်များကို အမှန်တကယ် ဆက်သွယ်ပြောကြားထားပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ အခြေအနေများ၊ ပတ်ဝန်းကျင်နှင့် အခြားထိုသို့သော အကြောင်းအချက်များအားလုံးသည် အလုပ်အစီအစဉ်များကို စာဖြင့် ဆက်သွယ်ပြောကြားဖို့အတွက် လုံးဝသင့်လျော်ပါက ယင်းတို့ကို စာဖြင့် မဖြစ်မနေ ဆက်သွယ်ပြောကြားရမည်။ အကယ်၍ ပတ်ဝန်းကျင်က ခွင့်မပြုသောကြောင့် ယင်းတို့ကို စာဖြင့် ဆက်သွယ်ပြောကြား၍မရဘဲ ထိုအစား နှုတ်ဖြင့်သာ ဆက်သွယ်ပြောကြားရမည်ဆိုလျှင် နှုတ်ဖြင့် ဆက်သွယ်ပြောကြားနေသည့် အရာသည် အလုပ်အစီအစဉ်များနှင့် တထေရာတည်းဖြစ်ကြောင်း၊ ယင်းတို့သည် လွဲချော်နေခြင်း မရှိကြောင်း၊ မည်သည့် ကိုယ်ပိုင်နားလည်သဘောပေါက်မှုကိုမျှ ဖြည့်စွက်ထားခြင်း မရှိကြောင်းနှင့် မူရင်းစာသားကို ပြန်ပြောပြနေခြင်းသာ ဖြစ်ကြောင်း အတည်ပြုရမည်ဖြစ်ကာ၊ ဤနည်းအားဖြင့်သာ အလုပ်အစီအစဉ်များကို အမှန်တကယ်နှင့် တိကျစွာ ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ယင်းတို့၏ တိကျသော စကားအသုံးအနှုန်းများနှင့် လုံးဝအညီ ဆက်သွယ်ပြောကြားသင့်သည်။ ယင်းတို့ကို တာဝန်မဲ့သော နည်းလမ်းဖြင့် သို့မဟုတ် လူတို့၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုများနှင့် စိတ်ကူးများကို အခြေခံ၍ လွဲချော်သော သို့မဟုတ် အဓိပ္ပာယ်မရှိသော အနက်ဖွင့်ဆိုချက်များဖြင့် ဆက်သွယ်ပြောကြားခြင်း မပြုသင့်ပေ။ ယင်းတို့ကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်းနှင့် ပတ်သက်လာလျှင် လူတို့သည် အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်းအတွက် အတိမ်းအစောင်းမခံမှု အဆင့်ကို နားလည်သင့်သည်။ ဆိုလိုသည်မှာ ယင်းတို့အား ဆက်သွယ်ပြောကြားခြင်းကို တိကျစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ ယင်းတို့ကို တစ်သဝေမတိမ်း ဆက်သွယ်ပြောကြားဖို့ လိုသလော” ဟု ပြောကြသည်။ ထိုသို့ပြုလုပ်ရန် မလိုအပ်ပါပေ။ တစ်သဝေမတိမ်း ဖြစ်မှုသည် စက်ပစ္စည်းများအတွက် တောင်းဆိုထားသောအရာ ဖြစ်သည်။ အကယ်၍ လူတို့သည် ယင်းတို့ကို မှန်ကန်စွာသာ ဆက်သွယ်ပြောကြားနိုင်ပါက တော်တော်လေး ကောင်းနေပါပြီ။ ဥပမာအားဖြင့် အသင်းတော်အသက်တာနှင့်ပတ်သက်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်အား သိကျွမ်းခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုထားကာ ဤအရာကို ဆက်သွယ်ပြောကြားရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အလုပ်အစီအစဉ်များက လူတို့ကို အတိုင်းအတာတစ်ခု ပေးပြီး ၎င်းတို့သည် သက်ဆိုင်ရာ ဤဘုရားနှုတ်ကပတ်တော်များအားလုံးကို ဖတ်ရှုနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက အလုပ်အစီအစဉ်များကို နားလည်မှုလွဲပြီး မိမိ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် အယူအဆများ၊ စိတ်ကူးများကို ဖြည့်စွက်ကာ အပိုစကားအချို့ကို ဆက်သွယ်ပြောကြားပါက ဤသည်မှာ ၎င်းတို့သည် အလုပ်အစီအစဉ်များမှ သွေဖည်သွားပြီဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနေသလော။ (မဟုတ်ပါ။) ၎င်းတို့သည် အလုပ်အစီအစဉ်များကို မိမိတို့၏ ကိုယ်ပိုင်ဖြည့်စွက်ချက်များဖြင့် ဆက်သွယ်ပြောကြားနေခြင်း ဖြစ်ကာ ယင်းမှာ လုံးဝ အဓိပ္ပာယ်မရှိသောစကားသာ ဖြစ်သည်။ လူတစ်ဦးသည် အထက်မှလာသော အလုပ်အစီအစဉ်တိုင်းကို အကြိမ်ပေါင်းများစွာ ဖတ်ရှုရမည်ဖြစ်ပြီး ယင်း၏ တိကျမှန်ကန်သော အဓိပ္ပာယ်၊ ဤအလုပ်အစီအစဉ် ထုတ်ပြန်ခြင်း၏ အရေးပါမှုနှင့် ယင်းက စွမ်းဆောင်ရရှိဖို့ ရည်ရွယ်ထားသည့် ရလဒ်များကို ရှင်းလင်းရမည်ဖြစ်ကာ၊ ထို့နောက် အမှားများပြုလုပ်ခြင်းကို ရှောင်ရှားလျက် အထက်က စီစဉ်ထားသော တိကျသည့် အလုပ်ကိစ္စရပ်များကို လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သော နည်းလမ်းကို သဘောပေါက်ရမည်။ ဤအရာများကို မိတ်သဟာယဖွဲ့ပြီး နားလည်ပြီးနောက် အလုပ်အစီအစဉ်ကို ဆက်သွယ်ပြောကြားခြင်းသည် လုံးဝ တိကျမှန်ကန်ပေလိမ့်မည်။ ဦးစွာ လုပ်ဆောင်ရမည့်အရာမှာ အလုပ်အစီအစဉ်များကို သင်းအုပ်နယ်မြေများ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များမှနေ၍ အခြားအဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးဆီသို့ ပေးပို့ရန်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့က အသင်းတော်တိုင်းရှိ အဖွဲ့တိုင်း၏ ကြီးကြပ်ရေးမှူးထံသို့ ထပ်ဆင့်ပေးပို့ရမည်။ ထို့နောက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးက နားလည်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်ကြည့်ရမည်ကို သိရှိရန် ယင်းတို့ကို စုဝေးပွဲများတွင် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ရမည်ဖြစ်ကာ ဤအကျိုးသက်ရောက်မှုကို ရရှိမှသာ ယင်းတို့ကို ဆက်သွယ်ပြောကြားပြီးပြီဟု မှတ်ယူ၍ရမည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ဘုရားအိမ်တော်မှ သတ်မှတ်သည့် နည်းလမ်းနှင့် အတိုင်းအတာအတိုင်း ဆက်သွယ်ပြောကြားရမည်။ ဆက်သွယ်ပြောကြားသည့် အကြောင်းအရာသည် တိကျမှန်ကန်ပြီး အမှားအယွင်းကင်းရမည်မှာ အမှန်ပင်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ပေါ့ပေါ့ဆဆ နားလည်မှုလွဲပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များကို မဖြည့်စွက်ရ၊ ယင်းမှာ ၎င်းတို့ကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်းနှင့် အကောင်အထည်ဖော်ခြင်းကို နားလည်ရမည့်ပုံစံ ဖြစ်သည်။

အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များအား တိကျမှန်ကန်စွာ မည်သို့ ဆက်သွယ်ပြောကြားရမည်ကို မသေချာသေးပါက ဘာလုပ်သင့်သနည်း။ ဤအတွက် အလွန်ရိုးရှင်းပြီး လွယ်ကူသော နည်းလမ်းတစ်ခု ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်အတူ အလုပ်အစီအစဉ်များကို ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်၊ ဤအလုပ်အစီအစဉ်များအတွက် အထက်က သတ်မှတ်နေသည့် တိကျသော အချက်များ မည်မျှရှိသည်ကို ကြည့်ရှုစစ်ဆေးပြီး တစ်ခုပြီးတစ်ခု စာရင်းပြုစုသင့်သည်။ ထို့နောက် ဤအလုပ်အစီအစဉ်များကို အခြေခံ၍ ဧဝံဂေလိအလုပ်၏ အခြေအနေများ၊ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုးနှင့် အသင်းတော်အသက်တာသာမက မတူညီသော လူအမျိုးမျိုး၏ အစွမ်းအစနှင့် မိသားစုအခြေအနေများ အစရှိသည့် ဒေသခံအသင်းတော်၏ အခြေအနေအမှန်ကို ထည့်သွင်းစဉ်းစားသင့်ပြီး ဤအလုပ်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို ကြည့်ရှုဖို့အတွက် ဤအရာအားလုံးကို ပေါင်းစပ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အလုပ်အစီအစဉ်များကို တထေရာတည်းနှင့် တိကျမှန်ကန်သော နားလည်သဘောပေါက်ခြင်းသို့ ရောက်ရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆက်သွယ်ပြောကြားခြင်းနည်းလမ်းများ ရှိမှသာလျှင် တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနိုင်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များကို လက်ခံရရှိကာ ယင်းတို့က တိကျစွာ လိုအပ်သည့်အရာများကို သိမြင်ခြင်းမရှိ၊ ညီအစ်ကိုမောင်နှမများကို ကြောင်းကျိုးမမြင်ဘဲ စုစည်းကာ ယင်းတို့ကို ထုတ်ပြန်ပြီး ဆက်သွယ်ပြောကြားပါက ဤသည်မှာ သင့်လျော်ပါသလော။ ဤအရာ၏ ရလဒ်မှာ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီး တစ်လ သို့မဟုတ် နှစ်လအကြာတွင် အသင်းတော်တိုင်း၌ ယင်းတို့ကို အကောင်အထည်ဖော်ထားသည့်ပုံတွင် လမ်းလွဲမှုများရှိကြောင်း ရှာဖွေတွေ့ရှိရပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က အလုပ်အစီအစဉ်များကို သေသေချာချာ ပြန်ကြည့်သည့်အခါမှသာ အလုပ်အစီအစဉ်များကို လမ်းလွဲမှုများဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း ၎င်းတို့ တွေ့ရှိရလေသည်။ အကယ်၍ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ထိုစဉ်က အလုပ်အစီအစဉ်များကို တာဝန်သိသိဖြင့် ဖတ်ရှုပြီး မိတ်သဟာယဖွဲ့ပြီးခဲ့လျှင် အဆင်ပြေမည်ဖြစ်သော်လည်း ခဏတာ ပျင်းရိခြင်းနှင့် ဝတ်ကျေတမ်းကျေ လုပ်ခြင်းတို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်တွင် အမှားများနှင့် လမ်းလွဲမှုများစွာကို ပေါ်ပေါက်စေခဲ့ပြီး နောက်ပိုင်းတွင် ယင်းတို့ကို မှန်ကန်အောင် ပြင်ဆင်ရသည်။ ဤသည်မှာ လုံးဝမလိုအပ်သော အပိုအဆင့်တစ်ခုကို ဖြည့်စွက်ပြီး အချိန်ဖြုန်းတီးခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အလုပ်အစီအစဉ်များကို ရှင်းရှင်းလင်းလင်း တိုက်ရိုက် မိတ်သဟာယဖွဲ့ပြီးနောက် တစ်ခုပြီးတစ်ခု ဆက်သွယ်ပြောကြားကာ အကောင်အထည်ဖော်ခဲ့လျှင် ပိုကောင်းမည်ဖြစ်၏။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါ ယင်းသည် အမှားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားရန်အတွက် အဆင့်ဆင့်ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အလုပ်အစီအစဉ်များ၏ တိကျသော အကြောင်းအရာနှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက်နားလည်မှုနှင့် တိကျမှန်ကန်သော နားလည်မှုတစ်ခု ရှိရမည်ဖြစ်သည့်အပြင် ၎င်းတို့သည် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များ၊ အကောင်အထည်ဖော်မှု နည်းလမ်းများနှင့် အကောင်အထည်ဖော်မည့်သူများကို စိတ်ထဲတွင် ရည်ရွယ်ထားရမည်ဖြစ်ကာ ဤနည်းအားဖြင့်သာ အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနိုင်မည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များနှင့် ပတ်သက်၍ မပြည့်စုံသော နားလည်သဘောပေါက်မှုသာ ရှိသည့်အခါ၊ နားလည်ပုံရရုံသာ ရှိသည့်အခါ၊ ယင်းတို့အပေါ် မရေမရာနှင့် မရှင်းမလင်း ဖြစ်သည့်အခါ၊ သို့မဟုတ် ယင်းတို့၌ရှိသည့် တိကျသော သတ်မှတ်ချက်များနှင့် ပါဝင်သည့်အကြောင်းအရာကို လုံးဝ နားမလည်သည့်အခါ ကြောင်းကျိုးမမြင်ဘဲ ထုတ်ပြန်ပြီး ဆက်သွယ်ပြောကြားပါက သင့်လျော်သလော။ (မသင့်လျော်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သလော။ လုံးဝပင် မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများက အလုပ်အစီအစဉ်များရှိ သတ်မှတ်ထားသည့် တိကျသော စံနှုန်းများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ယင်းတို့ကို အတိအကျ မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် အခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်အစီအစဉ်များအပေါ် တိကျမှန်ကန်သော နားလည်သဘောပေါက်မှုတစ်ခုအပြင် ယင်းတို့ကို အကောင်အထည်ဖော်ရန်အတွက် တိကျသော အစီအစဉ်များနှင့် အဆင့်များကိုပါ ရှိထားနှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဤနည်းအားဖြင့်သာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမအဆင့်ဖြစ်သည့် အလုပ်အစီအစဉ်များအား ဆက်သွယ်ပြောကြားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအားလုံးက အလုပ်အစီအစဉ်များ၌ ပါဝင်သည့်အကြောင်းအရာကို တိကျမှန်ကန်စွာ နားလည်ပြီး ဤအလုပ်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အရေးပါမှု၊ တန်ဖိုးနှင့် စံနှုန်းများနှင့်ဆိုင်သည့် သိမြင်မှုအချို့ကို ရရှိသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူပုဂ္ဂိုလ်များနှင့် တိကျသော အလုပ်အစိတ်အပိုင်းများအား မည်သို့ ခွဲဝေချထားရမည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သူက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟူသည့် တိကျသော အစီအစဉ်ကိုလည်းကောင်း ချက်ချင်း မိတ်သဟာယဖွဲ့သင့်ကာ ဤသည်တို့မှာ အလုပ်ကို လုပ်ဆောင်ခြင်း အဆင့်ဆင့်ဖြစ်၏။ ဤနည်းအားဖြင့် အလုပ်အား နောက်ဆက်တွဲဆောင်ရွက်ခြင်းကို သင်တို့ မည်သို့ထင်သနည်း။ ယင်းကို အလုပ်အား အနီးကပ် နောက်ဆက်တွဲဆောင်ရွက်ခြင်းဟု မှတ်ယူ၍ရသလော။ ယင်းသည် အလုပ်ကို အချိန်မီ နောက်ဆက်တွဲဆောင်ရွက်ခြင်း ဟုတ်သလော။ (ဟုတ်ပါသည်။)

၂။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရမည့်ပုံ

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသောအခါ ယင်းကို ဆက်သွယ်ပြောကြားပြီး ထုတ်ပြန်လိုက်ရုံနှင့် ပြီးဆုံးသွားသည်တော့ မဟုတ်ပေ။ အသင်းတော်တိုင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများက အလုပ်အစီအစဉ် ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ယင်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သလော။ ဤသည်မှာ အလုပ်အစီအစဉ်တစ်ခုကို အမှန်တကယ် လုပ်ဆောင်ခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမဟုတ်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်က အခြေခံအားဖြင့် တောင်းဆိုသည့် စံနှုန်းလည်း မဟုတ်ပေ။ အလုပ်အစီအစဉ်တစ်ခုကို ဆက်သွယ်ပြောကြားခြင်းနှင့် ထုတ်ပြန်ခြင်းသည် ရည်ရွယ်ချက်မဟုတ်ဘဲ ယင်းကို အကောင်အထည်ဖော်ခြင်းကသာ ရည်ရွယ်ချက်ဖြစ်သည်။ သို့ဆိုလျှင် အလုပ်အစီအစဉ်များကို မည်သို့ အတိအကျ အကောင်အထည်ဖော်ရမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် ညီအစ်ကိုမောင်နှမများ အားလုံးကို အတူတကွခေါ်ယူပြီး ထိုအလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထိုအလုပ်ကို လုပ်ဆောင်ရန်အတွက် အဓိက ကြီးကြပ်ရေးမှူးတစ်ဦးနှင့် အဖွဲ့ဝင်များကို ရွေးချယ်ရမည်။ အလုပ်ကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိတ်သဟာယဖွဲ့ခြင်းဖြစ်ကာ အလုပ်ကို စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်နှင့် ကိုက်ညီအောင် မည်သို့လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ပြီး လုပ်ဆောင်သည်ဟု အဓိပ္ပာယ်သက်ရောက်စေမည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်တို့ကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ မိတ်သဟာယဖွဲ့နေစဉ်တွင် ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစီအစဉ်အမျိုးမျိုးကို အကြံပြုသင့်ပြီး နောက်ဆုံးတွင် အသင့်တော်ဆုံးနှင့် စည်းမျဉ်းများနှင့် အကိုက်ညီဆုံးဖြစ်သော နည်းလမ်း၊ နည်းစနစ်နှင့် အဆင့်များကို ရွေးချယ်ကာ အလုပ်ကို အစီအစဉ်တကျ ရှေ့ဆက်နိုင်ရန်အတွက် မည်သည့်အရာကို အရင်လုပ်ဆောင်ရမည်၊ မည်သည့်အရာကို နောက်မှ လုပ်ဆောင်ရမည်တို့ကို ဆုံးဖြတ်ရမည်။ ဤအရာကို သဘောတရားပိုင်းအရ နားလည်သည့်အခါ၊ လူတို့တွင် မည်သည့်အခက်အခဲ သို့မဟုတ် စိတ်ကူးစိတ်သန်းတို့မျှ မရှိတော့သည့်အခါ၊ ဤအလုပ်အပေါ် မည်သည့်အတိုက်အခံလုပ်ခြင်းကိုမျှ ၎င်းတို့ မခံစားရတော့သည့်အခါနှင့် ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို နားလည်နိုင်သည့်အခါတွင်ပင် အလုပ်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု မှတ်ယူ၍မရနိုင်သေးပေ။ ဤအလုပ်အတွက် မည်သူက အသင့်တော်ဆုံးနှင့် အကျွမ်းကျင်ဆုံးဖြစ်သည်၊ ဤအလုပ်၏တာဝန်ကို မည်သူက ထမ်းဆောင်နိုင်သည်၊ ဤအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မည်သူ့တွင် ရှိသည်တို့ကိုလည်း ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤအလုပ်ကို တာဝန်ယူမည့်သူများကို ရွေးချယ်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် ပြီးစီးရမည့် နောက်ဆုံးသတ်မှတ်ရက်ကို သတ်မှတ်ရမည်ဖြစ်ကာ အလုပ်ပြီးမြောက်ရန် လိုအပ်သော အရင်းအမြစ်များ၊ ပစ္စည်းများနှင့် အခြားထိုသို့သောအရာများကို ပြင်ဆင်ပြီး ရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်ကာ ထိုအခါမှသာ အလုပ်ကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ အမှန်ပင် အကောင်အထည်မဖော်မီတွင် ဤအလုပ်အတွက် တာဝန်ရှိသူများနှင့် တစ်ဦးချင်း တိကျသည့် ဆက်သွယ်ပြောဆိုမှုများ၊ ဆွေးနွေးမှုများကို လုပ်ဆောင်ရန်လည်း လိုအပ်ပြီး ၎င်းတို့အနေဖြင့် ဤအလုပ်ကို ယခင်က လုပ်ဆောင်ဖူးခြင်း ရှိမရှိနှင့် ဤအလုပ်အပေါ် ၎င်းတို့၏ ရှုထောင့်များနှင့် ထင်မြင်ချက်များမှာ အဘယ်အရာဖြစ်သည်ကို မေးမြန်းရမည်။ အကယ်၍ ၎င်းတို့က စည်းမျဉ်းများနှင့် ကိုက်ညီသော အစီအစဉ်နှင့် ထင်မြင်ချက်အချို့ကို ပေးအပ်ပါက ယင်းတို့ကို လက်ခံအသုံးပြုနိုင်သည်။ ထို့အပြင် အလုပ်တိုင်းကို အကောင်အထည်ဖော်ရာတွင် ပြဿနာမည်မျှ အမှန်တကယ် ရှိနေသည်ကို ရှာဖွေတွေ့ရှိရန်လည်း အာရုံစိုက်ရမည်ဖြစ်ကာ ဤအဆင့်ကို လျစ်လျူမရှုသင့်ပေ။ ပြဿနာများကို ရှာဖွေတွေ့ရှိပြီးနောက် ယင်းတို့ကို အချိန်မီ ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားရမည်ဖြစ်ပြီး ရှိနေသော ပြဿနာအားလုံးကို လုံးစေ့ပတ်စေ့ ဖြေရှင်းပြီးမှသာ အလုပ်အစီအစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီး ဖြစ်လိမ့်မည်။ ထို့အပြင် ဤအလုပ်ကို ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်း သင်တို့ ရှာဖွေရမည် မဟုတ်လော။ ထို့အပြင် ဘုရားအိမ်တော်တွင် ဤအလုပ်အတွက် အချိန်နှင့်ပတ်သက်၍ သတ်မှတ်ချက်တစ်ခုခု ရှိမရှိ၊ မည်သည့်အချိန်အတိုင်းအတာအတွင်း ပြီးစီးရမည်၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်တစ်ခုခု ရှိမရှိ စသည်တို့အားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မိတ်သဟာယဖွဲ့သင့်သည့် အကြောင်းအရာများပင် ဖြစ်ကြသည်။ ဤသည်မှာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အကောင်အထည်ဖော်ခြင်းသည် နှုတ်ဖြင့် ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် သဘောတရားပိုင်းဖြင့် အဆုံးမသတ်ဘဲ သက်ဆိုင်ရာအလုပ်၏ တကယ့် တိုးတက်မှုသာမက ဖြေရှင်းရန်လိုအပ်သည့် တိကျသော ပြဿနာများနှင့် အခက်အခဲအချို့လည်း ပါဝင်လေသည်။ ဤအရာအားလုံးသည် ကြီးကြပ်ရေးမှူးများနှင့်အတူ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည့် အရာများဖြစ်သည်။ ဆိုလိုသည်မှာ ဤတိကျသောအလုပ်ကို မလုပ်ဆောင်မီ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ကြီးကြပ်ရေးမှူးများနှင့် ဤကဲ့သို့သော မိတ်သဟာယဖွဲ့ခြင်း၊ ဆန်းစစ်ခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ကာ ဤသည်မှာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ဤအကောင်အထည်ဖော်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးက “ယခုလောလောဆယ်တွင် ဤအလုပ်ကို မည်သို့လုပ်ရမည်ကို ကျွန်ုပ်လည်း မသိပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ယင်းကို သင့်ထံ လွှဲပြောင်းလိုက်ပြီ။ အလုပ်အစီအစဉ်ကိုလည်း သင့်ထံ ဆက်သွယ်ပြောကြားလျက် ထုတ်ပြန်ပြီးဖြစ်ကာ ဆက်စပ်သော ကိစ္စအားလုံးကိုလည်း သင့်အား ပြောပြပြီးဖြစ်သည်။ ယင်းကို သင် လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ၊ သင် မည်သို့ပြုလုပ်သည်ဖြစ်စေ၊ ကောင်းမွန်စွာ ပြုလုပ်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ လုပ်သည်ဖြစ်စေ၊ ထို့ပြင် အချိန်မည်မျှကြာသည်ဖြစ်စေ ထိုအရာအားလုံးသည် သင်၏ သဘောအတိုင်းပင် ဖြစ်သည်။ ဤကိစ္စများသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပေ။ ဤမျှလောက်သော အလုပ်ကိုလုပ်ခြင်းဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းပြီးပြီ” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောသင့်သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) အကယ်၍ ခေါင်းဆောင်တစ်ဦးက ဤသို့ပြောဆိုပါက ၎င်းတို့သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အထက်တွင် သတ်မှတ်ချက်များရှိပြီး အလုပ်အစီအစဉ်များအတိုင်း အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည့်အခါတိုင်း ဤလူစားမျိုးက “သင်လုပ်ပါလော့၊ ကျွန်ုပ် မည်သို့လုပ်ရမည် မသိပေ။ မည်သို့ဖြစ်စေ သင် အားလုံးနားလည်သည်။ သင်သည် ကျွမ်းကျင်သူဖြစ်ပြီး ကျွန်ုပ်မှာ သာမန်လူဖြစ်သည်” ဟု ပြောဆိုလျက် အခြားတစ်စုံတစ်ဦးအပေါ် ယင်းကို လုံးလုံးလျားလျား လွှဲချလေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် “လက်သုံးစကား” ပင်ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြေဆင်လက်တစ်ခုကို ရှာပြီးနောက် ခိုးကြောင်ခိုးဝှက် ထွက်သွားကြသည်။

အချုပ်အားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် တာဝန်မယူကြပေ။ ၎င်းတို့၏ အစွမ်းအစသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့သည် အလုပ်နှင့် သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ အဓိကအချက်မှာ ၎င်းတို့သည် အာရုံမစိုက်ကြသည့်အပြင် စိတ်မနစ်ဘဲ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဤသည်တို့မှာ တာဝန်မယူခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အစွမ်းအစနှင့် အတွေ့အကြုံရင့်ကျက်မှုအပိုင်းတွင် အနည်းငယ် အားနည်းသော်လည်း ၎င်းတို့သည် အာရုံစိုက်လျက် အလုပ်လုပ်နိုင်ပြီး မိမိတို့၏အလုပ်ထဲတွင် စိတ်နစ်နိုင်သည် ဆိုပါစို့။ ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်ရရှိသည့် ရလဒ်များသည် ထိုမျှမကောင်းမွန်သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် တာဝန်ယူတတ်သူများဖြစ်ပြီး မိမိတို့၏ အလုပ်တွင် လုံးလုံးလျားလျား စိတ်နစ်ကာ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့သည် အစွမ်းအစပိုင်းတွင် အနည်းငယ် ချို့တဲ့ပြီး ဝိညာဉ်ရင့်ကျက်မှုပိုင်းတွင် နုနယ်သောကြောင့်သာ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အချိန်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် မိမိတို့၏အလုပ်တွင် အပြည့်အဝ ကျွမ်းကျင်လာမည်ဆိုလျှင် ဤသို့သော ခေါင်းဆောင်မျိုးကို ဆက်လက်၍ ပျိုးထောင်ပေးသင့်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိဘဲ မိမိတို့၏ ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကိုသာ မွေ့လျော်ခံစားနေကာ စစ်မှန်သောအလုပ်ကို လုံးဝမလုပ်ဆောင်ပါက သူသည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်ဖြစ်ပြီး ရာထူးမှ ချက်ချင်း ဖြုတ်ချခံရသင့်ကာ မြှင့်တင်ပေးခြင်း သို့မဟုတ် အသုံးပြုခြင်းကို မည်သည့်အခါမျှ နောက်တစ်ကြိမ် အခွင့်မပေးသင့်ပေ။ စစ်မှန်သော ခေါင်းဆောင်တစ်ဦး၊ တာဝန်ယူတတ်သော ခေါင်းဆောင်တစ်ဦးသည် မိမိ၏အလုပ်တွင် အစွမ်းကုန် ကြိုးစားသည်။ သူသည် အလုပ်တွင် မိမိ၏စိတ်ကို နှစ်မြှုပ်ထားပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်ရန် နည်းလမ်းအမျိုးမျိုးကို ရှာဖွေကာ မိမိတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားအားထုတ်သည်။ ဤနည်းဖြင့် သူသည် မိမိ၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေစဉ်တွင် တာဝန်သိတတ်သော ခေါင်းဆောင်များသည် အကောင်အထည်ဖော်မှု အခြေအနေကိုလည်း စောင့်ကြည့်လေ့လာပြီး နောက်ဆက်တွဲ လိုက်လုပ်ကြမည် ဖြစ်သည်။ မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ထွက်သွားပြီး ထိုအရေးကိစ္စကို ခေါင်းရှောင်မည့်အစား တုံ့ပြန်ဆောင်ရွက်မှုများနှင့် ဖြေရှင်းနည်းများကို ချမှတ်နိုင်စွမ်း ရှိကြမည်ဖြစ်သည်။ ဤနည်းဖြင့် အလုပ်ကို အကောင်အထည်ဖော်ခြင်းကို တာဝန်ယူတတ်ခြင်းဟု ခေါ်သည်။ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအလုပ်ကိစ္စကို လက်ရှိတွင် အရေးကြီးဆုံးသောအလုပ်အဖြစ် မှတ်ယူပြီး တာဝန်ယူသင့်သည်။ ၎င်းတို့သည် ကိုယ်တိုင်ကိုယ်ကျ နောက်ဆက်တွဲ လိုက်လုပ်ရမည်ဖြစ်ပြီး အစအဆုံး တာဝန်ယူရမည်ဖြစ်ကာ အလုပ်သည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိပြီး အဖွဲ့တစ်ဖွဲ့စီ၏ ခေါင်းဆောင်များက မည်သို့လုပ်ဆောင်ရမည်ကို သိရှိသွားမှသာ အလုပ်ကို လက်လွှတ်သင့်သည်။ သို့သော် အလုပ်ကို လက်လွှတ်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ အခြေအနေကို နားလည်ပြီး အခါအားလျော်စွာ စစ်ဆေးရန် လိုအပ်နေဆဲဖြစ်ကာ ဤနည်းလမ်းဖြင့်သာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးစီးကြောင်း အာမခံနိုင်မည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်နေရာများကို မစွန့်ခွာဘဲ အစအဆုံး ဇွဲရှိရှိလုပ်ဆောင်ကာ အလုပ်ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေခြင်းကို စစ်မှန်သောအလုပ်အား လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဤအချိန်အတောအတွင်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြားသော အလုပ်ကိစ္စများ၏ တိုးတက်မှုကိုလည်း ဂရုစိုက်ပြီး လေ့လာစစ်ဆေးရန် လိုအပ်သည်။ ထိုအလုပ်တွင် မည်သို့သော အခက်အခဲများ သို့မဟုတ် ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညွှန်ကြားမှုနှင့် ဖြေရှင်းချက်ကို ပေးရန် လုပ်ငန်းခွင်သို့ အမြန်သွားသင့်သည်။ အဓိကခေါင်းဆောင်သည် အရေးအပါဆုံးသော အလုပ်ကို တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်းအနေဖြင့် အသင်းတော်၏ အခြားအလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ခြင်း၊ နားလည်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ပြုလုပ်ကာ အလုပ်အားလုံး ပုံမှန်အတိုင်း ရှေ့ဆက်နေကြောင်း သေချာစေရန်လည်း လိုအပ်သည်။ အရေးအပါဆုံးသော အလုပ်နှင့်ပတ်သက်လာလျှင် အဓိကခေါင်းဆောင်သည် လုပ်ငန်းခွင်၌ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေပြီး ဤအလုပ်ကို ဦးစီးကွပ်ကဲရမည်ဖြစ်ကာ အထူးသဖြင့် အလုပ်၏ အရေးပါသော အစိတ်အပိုင်းများနှင့် ပတ်သက်လာလျှင် သူသည် လုပ်ငန်းခွင်မှ လုံးဝ မထွက်ခွာရပေ။ အကယ်၍ လူတစ်ဦးတည်းနှင့် မလုံလောက်ပါက အခြားတစ်ဦးကို သူနှင့် ပူးပေါင်း၍ အလုပ်ကို ညွှန်ကြားရန် စီစဉ်သင့်ကာ ဤသည်မှာ အရေးပါသောအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားခြင်းနှင့် ဘုံရည်ရွယ်ချက်တစ်ခုဖြင့် အတူတကွ ပူးပေါင်းခြင်းပင် ဖြစ်သည်။ အကြောင်းမှာ ဘုရားအိမ်တော်တွင် အခြေအနေတိုင်းနှင့် အချိန်ကာလတိုင်း၌ အရေးအပါဆုံးသော အလုပ်တာဝန်တစ်ခု ရှိသောကြောင့်ဖြစ်ကာ အကယ်၍ အဓိကခေါင်းဆောင်သည် အရေးပါသောအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက သူ၏ အစွမ်းအစတွင် ပြဿနာရှိနေပြီဖြစ်ပြီး သူ့ကို ဖြုတ်ချရမည်ဖြစ်သည်။ အခြားခေါင်းဆောင်များက သာမန်အလုပ်ကို တာဝန်ယူလုပ်ဆောင်နေစဉ် အဓိကခေါင်းဆောင်သည် အရေးအပါဆုံးသော အလုပ်ကို တာဝန်ယူရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ ဦးစားပေးတတ်ရန်နှင့် အကျိုးအပြစ်များကို ချိန်ဆတတ်ရန် သင်ယူရမည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤစည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီကြခြင်း ဖြစ်သည်။

ဘုရားအိမ်တော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ အများစုသည် လူငယ်များဖြစ်ကြပြီး ၎င်းတို့သည် လက်သင်လေးများ ဖြစ်ကြကာ အလုပ်လုပ်ဆောင်ရန် လေ့ကျင့်သင်ယူနေကြဆဲ ဖြစ်သောကြောင့် အရေးအကြီးဆုံးအရာမှာ ၎င်းတို့အနေဖြင့် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် သင်ယူဖို့ပင် ဖြစ်သည်။ အချို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားအိမ်တော်မှ ထားရှိသည့် သတ်မှတ်ချက်များမှာ မြင့်မားလွန်းသည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ အမှန်တကယ်တွင် လုံးဝမဟုတ်ပေ။ လူတို့အား စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် တောင်းဆိုခြင်းသည် မြင့်မားသော သတ်မှတ်ချက်တစ်ခု မည်သို့ ဖြစ်နိုင်မည်နည်း။ အကယ်၍ လူတစ်ဦးသည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပါက အသင်းတော်အလုပ်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ လူတစ်ဦးသည် အမှုကိစ္စများကို စည်းမျဉ်းများမရှိဘဲ ကိုင်တွယ်ပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် သာမန်လူများအတွက် မဟုတ်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပါက သူသည် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အစွမ်းအစ အလွန်ညံ့ဖျင်းသောသူများသည် စည်းမျဉ်းများကို စံမမီ၊ ဘုရားအိမ်တော်က ၎င်းတို့ကို ပြုစုပျိုးထောင်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာရန် အရည်အချင်းလည်း မပြည့်မီချေ။ အချို့သောလူတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရသည်မှာ ခက်ခဲသည်ဟု အစဉ်သဖြင့် ခံစားကြရပြီး ဤအတွက် အကြောင်းရင်းနှစ်ရပ်ရှိသည်။ တစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝနားမလည်သည့်အပြင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ အခြားအကြောင်းရင်းမှာ ၎င်းတို့၌ အစွမ်းအစမရှိခြင်း၊ အလုပ်လုပ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုကြောင်း မသိခြင်း၊ ထိုအလုပ်အတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ခြင်းနှင့် အယူဝါဒများကိုပင် ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းတို့ ဖြစ်သည်။ ဤကဲ့သို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ လူတစ်ဦး၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်၊ သူသည် မည်သို့အလုပ်လုပ်ရမည်ကို မသိသည့်အပြင် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် အလုပ်ထိရောက်မှုလုံးဝမရှိ၊ ဆိုလိုသည်မှာ သူသည် တစ်ရက်ကြာသင့်သော အလုပ်တစ်ခုကို ရက်အတန်ကြာအောင် အချိန်ယူပြီး တစ်လကြာသင့်သော အလုပ်တစ်ခုကို ခြောက်လကြာသည်ဟု ဆိုကြပါစို့။ ထိုသို့သောလူများသည် အသုံးမကျသူများ၊ အဖြစ်မရှိသူများပင်။ အစွမ်းအစ အလွန်ညံ့ဖျင်းသော လူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ကြပေ။ ငါ့အနေဖြင့် လူတို့အပေါ် ဤသတ်မှတ်ချက်များ ထားရှိခြင်းသည် မျှလည်းမျှတပြီး ကျိုးကြောင်းလည်း ဆီလျော်သည့်အပြင် ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သည့်အရာများ ဖြစ်ကြသည်။ အချို့သောလူတို့သည် ဘုရားအိမ်တော်မှ ချမှတ်သည့် သတ်မှတ်ချက်များမှာ မြင့်မားလွန်းသည်ဟု ခံစားကြကာ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းကြောင်း၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် အရည်အချင်းမပြည့်မီကြောင်းနှင့် ၎င်းတို့သည် တာဝန်ခံမှုရှိပြီး နုတ်ထွက်သင့်ကြောင်းကို ပြသလေသည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို မထမ်းဆောင်နိုင်သည့်အပြင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်လည်း မသင့်တော်သည်ဖြစ်၍ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေသော်ငြားလည်း အယောင်ဆောင်ခေါင်းဆောင်သာ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်တစ်ခုကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက တစ်ချိန်တည်းတွင် အခြားအလုပ်ကို မည်သို့ အာရုံစိုက်နိုင်မည်နည်း။ အစွမ်းအစ အလွန်ညံ့ဖျင်းသောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်ပါသလော။ ၎င်းတို့သည် အိမ်စောင့်ခွေးတစ်ကောင်လောက်ပင် မတော်ပါက လူဟုခေါ်ဆိုခြင်းကိုပင် မခံထိုက်ပေ။ ခွေးတစ်ကောင်သည် အိမ်စောင့်သည့်အခါ ရှေ့ခြံ၊ နောက်ခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းကိုသာမက အိမ်ရှိ ကြက်များ၊ ငန်းများနှင့် သိုးများကိုပင် စောင့်ကြည့်ပေးနိုင်သည်။ လူစိမ်းတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့ရှိလိုက်သည်နှင့် ၎င်းက ဟောင်သည်၊ မည်သူ့ကိုမျှ ခြံထဲသို့ ဝင်ခွင့်မပြုသကဲ့သို့ လူစိမ်းတစ်ဦး ချဉ်းကပ်လာကြောင်းကိုလည်း မိမိ၏သခင်အား သတိပေးတတ်သည်။ ခွေးတစ်ကောင်၏ ဦးနှောက်ပင်လျှင် မရိုးအပေ။ အကယ်၍ လူတစ်ဦး၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး သူ့ကို ခွေးတစ်ကောင်နှင့်ပင် နှိုင်းယှဉ်၍မရပါက ထိုသို့သောလူစားမျိုးသည် အသုံးမကျသည် မဟုတ်လော။ အချို့သောလူတို့သည် အေးဆေးသက်သာစွာနေခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းကြသည်၊ အစားကြူးပြီး ပျင်းရိကြကာ မိမိတို့ကိုယ်တိုင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ဘုရားအိမ်တော်ကို မှီခိုကပ်ရပ်လိုကြကာ ၎င်းတို့သည် ကပ်ပါးကောင်များ မဟုတ်ကြသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှုကိစ္စများအား စည်းမျဉ်းများဖြင့် ကိုင်တွယ်ရန် တောင်းဆိုခြင်းအားဖြင့် ဘုရားအိမ်တော်သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ကြကာ ဤလူတို့အားလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသူများ ဖြစ်ကြသည်။ အေးဆေးသက်သာစွာနေခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းကြသည့်အပြင် စစ်မှန်သော မည်သည့်အရာကိုမျှ မလုပ်သောသူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ သက်သောင့်သက်သာရှိမှုကို တပ်မက်သော၊ ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းလျမှုကို ကြောက်ရွံ့သော၊ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအကြောင်း အမြဲတစေ ညည်းညူပြီး ဆင်းရဲဒုက္ခကို လုံးဝမခံနိုင်သော ထိုအသုံးမကျသူများအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ တစ်ဦးတစ်ယောက်မျှ မကျန်စေရ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို စတင်သည့်အခါ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရပါက ၎င်းတို့သည် ပြဿနာ၏ ဇာစ်မြစ်ကို ရှာဖွေပြီးနောက် ထိုခလုတ်ကန်သင်းများနှင့် အတားအဆီးများဖြစ်သည့် ကဖျက်ယဖျက်နိုင်ပြီး မလျော်ကန်သော ပြဿနာရှာသူများကို ရှင်းလင်းဖယ်ရှားသင့်သည်။ ကျန်ရှိနေသူများအားလုံးသည် သမ္မာတရားကို လက်ခံပြီး နာခံကာ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည့်အခါ ၎င်းတို့ကို ဦးဆောင်ရန် များစွာပို၍ လွယ်ကူလာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်လုပ်သည့်အခါ လူတို့အနေဖြင့် ၎င်းတို့ပြောသည်ကို ကြားပြီးနောက် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခု ရှိစေရန်အတွက် အလျင်ဦးစွာ သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ၎င်းတို့သည် လူတို့ကို မိမိတို့အား အလေးဂရုပြုပြီး နာခံရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုဖို့ နေနေသာသာ၊ အယူဝါဒများကို မပြောဆိုသင့်၊ ဆောင်ပုဒ်များကိုလည်း မဟစ်ကြွေးသင့်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပါက လူအများစုသည် ယင်းကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိကြလိမ့်မည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှုအရာများကို ရှင်းလင်းစွာ သို့မဟုတ် ပြတ်သားစွာ မရှင်းပြလင့်ကစား ညီအစ်ကိုမောင်နှမများကို လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုနေသေးကာ ညီအစ်ကိုမောင်နှမများက မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို မရှာတွေ့နိုင်ပါက စိုးရိမ်စရာဖြစ်ကာ ဤအရာက အလုပ်၏ရလဒ်များအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိကျသော အလုပ်မျိုးတိုင်းတွင် ပါဝင်သည့် သမ္မာတရား စည်းမျဉ်းများအကြောင်းကို ပြတ်သားစွာ ရှင်းပြနိုင်ပြီး ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သရွေ့ လူအများစုသည် နားလည်တတ်လာပြီး ဆင်ခြင်တုံတရားရှိကာ မိမိကဏ္ဍကို လုပ်ဆောင်လိုစိတ် ရှိကြလိမ့်မည်။ လူတစ်ဦး ပြောဆိုသည့်အရာသည် မှန်ကန်လျှင်၊ သမ္မာတရားနှင့် ကိုက်ညီလျှင်၊ အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိလျှင် လူတိုင်းက ထိုသူ၏စကားကို နားထောင်လိုစိတ် ရှိကြသည်။ သို့ရာတွင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး တစ်စုံတစ်ဦးက ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော လမ်းကြောင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ၎င်းတို့က မရှင်းပြနိုင်ဘဲ ထိုအစား ကိန်းကြီးခန်းကြီးနိုင်သော အယူဝါဒအချို့ကို ပြောဆိုကာ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးပြီးနောက် ထိုသူကို ပြန်လွှတ်လိုက်သည့် အခြေအနေတစ်ခု ရှိလေသည်။ ထိုသူသည် စိတ်ထဲတွင် ဘဝင်မကျဘဲ “သင်သည် ကျွန်ုပ်အား ဤအရာကို သွား၍ လက်တွေ့လုပ်ဆောင်ကြည့်ခိုင်းနေသော်လည်း ရှင်းလင်းစွာ မရှင်းပြခဲ့သဖြင့် ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်၌ လိုက်လျှောက်စရာ လမ်းကြောင်းမရှိပါ။ ကျွန်ုပ် နားမလည်သောကြောင့် သင့်ကို မေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း သင်ကိုယ်တိုင်လည်း နားမလည်သည့်အပြင် အယူဝါဒများ ပြောဆိုပုံနှင့် ဆောင်ပုဒ်များကို ဟစ်ကြွေးပုံသာ သိရှိကြောင်း သိလိုက်ရသည်။ သင်သည် ကျွန်ုပ်ထက် ပို၍မသာပေ။ သင့်ကို ကျွန်ုပ် အဘယ့်ကြောင့် နာခံရမည်နည်း။ ကျွန်ုပ်သည် သမ္မာတရားကို နာခံခြင်းဖြစ်ကာ သင် အယူဝါဒများ ပြောဆိုပြီး ဆောင်ပုဒ်များ ဟစ်ကြွေးသည်ကို နာခံခြင်းမဟုတ်ပါ” ဟူ၍ စဉ်းစားတော့သည်။ ဤသို့သောအခြေအနေမျိုး ဖြစ်တတ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အနှစ်သာရမရှိသော အယူဝါဒများ ပြောဆိုခြင်းကို ရှောင်ကြဉ်နိုင်လျှင်၊ အမှန်အတိုင်း ပြောဆိုနိုင်လျှင်၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် လူအများစုသည် နာခံနိုင်ကြလိမ့်မည်။ ထို့ကြောင့် အသင်းတော်၏ အလုပ်သည် အမှန်တကယ်တွင် လုပ်ဆောင်ရန် လွယ်ကူသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို စိတ်အားထက်သန်စွာ အကောင်အထည်ဖော်နိုင်သရွေ့ မိမိတို့၏ အလုပ်တာဝန်များကို ထိန်းသိမ်းထားနိုင်သရွေ့၊ ထို့ပြင် တိကျသောအလုပ်တွင် ပါဝင်နိုင်သရွေ့ ၎င်းတို့သည် ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မှာ အသေအချာဖြစ်သည်။ စိုးရိမ်စရာဖြစ်သည်မှာ အကယ်၍ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် တာဝန်မယူတတ်ဘဲ ဟန်ကြီးပန်ကြီးပြုမူကာ အယူဝါဒများ ပြောဆိုရန်နှင့် ဆောင်ပုဒ်များ ဟစ်ကြွေးရန်သာ သိရှိပြီး လုပ်ငန်းခွင်၌ တိကျသောအလုပ်တွင် မပါဝင်ပါက အလုပ်ထဲတွင် ပြဿနာများ သေချာပေါက် ရှိလာမည်ဖြစ်သည်။ ဤသည်မှာ အောက်ခြေ၌ရှိသောသူများသည် ဤသို့သောအမှုအရာများကို ထိုးထွင်းမသိမြင်နိုင်သောကြောင့်၊ ၎င်းတို့၌ လမ်းပြပေးမည့်သူတစ်ဦး လိုအပ်သောကြောင့်၊ ၎င်းတို့၌ အားကိုးအားထားပြုစရာတစ်ခု လိုအပ်သောကြောင့်၊ ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို ပြောပြမည့်သူတစ်ဦး လိုအပ်သောကြောင့်၊ ကြီးကြပ်ကွပ်ကဲမှုပေးပြီး စစ်ဆေးမှုများ ဆောင်ရွက်မည့်သူတစ်ဦး လိုအပ်သောကြောင့် ဖြစ်ပြီး သို့မဟုတ်ပါက အလုပ်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ရာထူးနေရာတစ်ခုမှနေ၍ အယူဝါဒနှင့် ဆောင်ပုဒ် အနည်းငယ်ကို ဟစ်ကြွေးလိုက်ရုံဖြင့် အောက်ခြေရှိလူတို့က စတင်ဆောင်ရွက်ပြီး သင်ပြောသည့်အတိုင်း လုပ်ဆောင်ကြမည်ဟု မျှော်လင့်နေပါက စိတ်ကူးသာယဉ်နေလော့။ အောက်ခြေရှိလူတို့သည် စက်ယန္တရားများနှင့်တူ၏။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို အသက်မသွင်းပါက ၎င်းတို့ လှုပ်ရှားမည်မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူများသည် ဤအရာကိုပင် ထိုးထွင်းမသိမြင်နိုင်ပါက ၎င်းတို့သည် ထိုးထွင်းအမြင် ကင်းမဲ့လွန်းပေသည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်က အလွန်အရေးပါပြီး မည်သည့်အရာက အထွေထွေအလုပ်ကိစ္စ ဖြစ်သည်ကို မသိကြသကဲ့သို့ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ အလုပ်တာဝန်များကို ဦးစားပေးသတ်မှတ်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ၊ ၎င်းတို့တွင် စည်းမျဉ်းများမရှိ၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ဘဲ လက်တွေ့မကျသော အရာအချို့ကိုသာ ပြောဆိုလျက် အယူဝါဒများကိုသာ ပြောပြပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးရုံသာ ပြုကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ဘဲ ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို မည်သို့ စီစဉ်ပြီး အကောင်အထည်ဖော်ရမည်ကို သိရမည်ဖြစ်ပြီး အလုပ်ကို မည်သို့ စစ်ဆေး၍ ညွှန်ကြားပြီး ပေါ်ပေါက်လာသော ပြဿနာများကို မည်သို့ ကိုယ်တိုင်ဖြေရှင်းရမည်ကိုလည်း သိရမည်ဖြစ်သည်။ ဤကဲ့သို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ပြီး လူတို့ကို လုံးလုံးလျားလျား ယုံကြည်လက်ခံလာအောင် လုပ်နိုင်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို မညွှန်ကြားနိုင်ပါက သို့မဟုတ် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်ပါက၊ အကယ်၍ ၎င်းသည် အခြားသူများကို အဆက်မပြတ် ဟောပြောဆုံးမပြီး ပြုပြင်နိုင်ရုံသာရှိကာ မိမိကိုယ်တိုင် အမှုအရာများကို ရှုပ်ထွေးအောင်လုပ်သော်လည်း အခြားသူများကို ပြစ်တင်ရှုတ်ချပါက ဤသည်မှာ အရည်အချင်းမပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းပင်။ ထိုသို့သော ခေါင်းဆောင်သည် အသုံးမကျသူ၊ သူသည် အယောင်ဆောင်ခေါင်းဆောင် ဖြစ်ပြီး သူ့ကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ အကယ်၍ သင်သည် တိကျသောအလုပ်တစ်ခုခုကို မည်သို့လုပ်ဆောင်ရမည် မသိပါက ဤတိကျသောအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ သင့်အား ကူညီရန် သင်၏ လက်ထောက်များအဖြစ် ဆောင်ရွက်ရန် သင့်တော်သောလူနှစ်ဦးကို အနည်းဆုံး ရှာဖွေရမည်ဖြစ်ပြီး အနှောင့်အယှက်များကို ဖန်တီးသည့် ကဖျက်ယဖျက် ပြုတတ်သောသူများကို အနည်းဆုံး ဦးစွာ ကိုင်တွယ်၍ ရှင်းလင်းပစ်ရမည်။ ဤသည်မှာ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် အခွင့်သာသော အခြေအနေများကို ဖန်တီးပေးခြင်း မဟုတ်လော။ သင်သည် စစ်မှန်သည့်အရာတစ်ခုအား လုပ်ဆောင်နိုင်သောသူများကို တွေ့ရှိသည့်အခါ ၎င်းတို့ကို ချက်ချင်း ရာထူးတိုးပေးပါက၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသောသူတို့ကို ချက်ချင်းကိုင်တွယ်၍ ရှင်းလင်းပစ်လျှင် ဤအလုပ်ကို သင်ဆက်လက်လုပ်ဆောင်သည့်အခါ အခက်အခဲများ လွန်စွာ နည်းပါးသွားလိမ့်မည်။ အစွမ်းအစ ညံ့ဖျင်းလွန်းသော ခေါင်းဆောင်များသည် ဤကဲ့သို့ အလုပ်လုပ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် လူတို့အား မကျေမနပ်ဖြစ်စေမိမည်ကို စိုးရိမ်ကြပြီး ဆိုးယုတ်သောလူတစ်ဦးက အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ အဆက်မပြတ် ဖြစ်ပွားစေသည်ကို တွေ့မြင်သည့်အခါ မကိုင်တွယ်ကြပေ။ ၎င်းတို့သည် မည်သူက လက်တွေ့ကျသောအရာတစ်ခုခုအား လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ အလုပ်ကို တာဝန်ယူရန် မည်သူက မြှင့်တင်ပေးရန် သင့်တော်သည်ကိုလည်း မသိကြပေ။ ဤကဲ့သို့သော ခေါင်းဆောင်များသည် ကြောင်းကျိုးမမြင်ကြသည့်အပြင် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရား သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို နားမလည်ပါက ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်ရန်အတွက် မကြာခဏ လေ့ကျင့်ရမည်။ ၎င်းတို့သည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သရွေ့၊ အလုပ်တာဝန်များကို အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ မည်ကဲ့သို့ ဦးစားပေးသတ်မှတ်ရမည်ကို သိသရွေ့၊ ထို့ပြင် အကျိုးအပြစ်များအား မည်ကဲ့သို့ ချိန်ဆရမည်ကို သိသရွေ့ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီလာနိုင်မည် ဖြစ်သည်။

ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ အလုပ်အစီအစဉ်များကို တိကျစွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဤအကြောင်းအရာကို ငါမိတ်သဟာယဖွဲ့ပြီးဖြစ်၍ သင်တို့ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယခုအခါ အလုပ်အစီအစဉ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပြီး အကောင်အထည်ဖော်ရမည်နှင့်ပတ်သက်၍ အခြေခံနားလည်သဘောပေါက်မှုတစ်ခုခု ရှိပြီလော။ ပြီးလျှင် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ၊ ဝတ္တရားများနှင့်ပတ်သက်၍ တိကျသော နားလည်သဘောပေါက်မှု တစ်ခုခု ယခုရှိပြီလော။ (ရှိပါပြီ။) ယခု သင်တို့တွင် ဤတိကျသော နားလည်သဘောပေါက်မှု ရှိပြီဖြစ်သောကြောင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။ ထို့နောက် သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် အစွမ်းအစကို ပိုင်ဆိုင်ခြင်းရှိမရှိနှင့် ခေါင်းဆောင်ပိုင်းအလုပ်အတွက် ပြည့်မီခြင်းရှိမရှိကို အကဲဖြတ်နိုင်စွမ်းရှိသင့်သည်။ အစွမ်းအစညံ့ဖျင်းပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်သည့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက်၊ ဆိုလိုသည်မှာ အယောင်ဆောင် ခေါင်းဆောင်များဟု ငါတို့ခေါ်သောသူများအတွက်မှာမူ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဝတ္တရားနှင့်ဆိုင်သည့် တိကျသောအကြောင်းအရာကို နားလည်ပြီးသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချို့က “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို အမှန်တကယ် နားမလည်ခဲ့ပေ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် အယောင်ပြသက်သက်အတွက် အလုပ်အချို့ကို လုပ်ဆောင်ရန် ကျွန်ုပ်၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အားကိုးခဲ့ပြီး ကျွန်ုပ်သည် စိတ်အားထက်သန်ကာ ဆင်းရဲဒုက္ခကို ခံယူလိုစိတ်ရှိသောကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီလောက်သည်ဟု ထင်မှတ်ခဲ့ပါသည်။ ဘုရားသခင်က ဤနည်းအားဖြင့် မိတ်သဟာယဖွဲ့သည်ကို နားထောင်ပြီးနောက် ကျွန်ုပ် အံ့သြမှင်တက်မိပါသည်။ ကျွန်ုပ်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းလွန်းကာ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိလိုက်ရသည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏ တိကျသော အလုပ်အစီအစဉ်တစ်ခုတည်းကိုပင် အကောင်အထည်ဖော်နိုင်စွမ်း မရှိပါ။ အလုပ်အစီအစဉ်တစ်ခုကို အကြိမ်တော်တော်များများ ဖတ်ရှုခြင်း၊ လူတိုင်းထံသို့ လက်ဆင့်ကမ်းခြင်း၊ ထို့ပြင် အောက်ခြေရှိလူတို့ ယင်းကို လုပ်ဆောင်သည့်အခါ တိုက်တွန်း၍ ကြီးကြပ်ခြင်းသည် ထိုအလုပ်အစီအစဉ်ကို ကျွန်ုပ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ဆိုလိုကြောင်း ကျွန်ုပ် ထင်မှတ်နေကျဖြစ်သည်။ အတန်ကြာပြီးနောက် အလုပ်သည် ကောင်းမွန်စွာ မပြီးမြောက်ခဲ့ကြောင်းနှင့် တိကျသောအလုပ်များစွာ လျစ်လျူရှုခံခဲ့ရကြောင်း ကျွန်ုပ်တွေ့ရှိလိုက်ရပြီး၊ ထိုအခါမှသာ ကျွန်ုပ်၏ အစွမ်းအစသည် အမှန်တကယ် ချို့တဲ့နေကြောင်းနှင့် ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်ထိုက်သည့် အရည်အချင်းမရှိကြောင်း ကျွန်ုပ်နားလည်ခဲ့သည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် ဤကဲ့သို့သောလူတစ်ဦးသည် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ၎င်းတို့၏တာဝန်ကို စွန့်လွှတ်လိုက်လျှင် သင့်တော်မည်လော။ (မသင့်တော်ပါ။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိသလော။ သို့မဟုတ် ဤပြဿနာသည် မဖြေရှင်းနိုင်သော ပြဿနာလော။ (မဟုတ်ပါ၊ မဖြေရှင်းနိုင်သည်တော့ မဟုတ်ပါ။ ထိုလူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပိုကောင်းအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။) ဤသည်မှာ အပြုသဘောဆောင်ပြီး တက်ကြွသော ရှုမြင်ချက်တစ်ခု ဖြစ်သည်။ အလွန်ကောင်းသော ရှုမြင်ချက်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပိုကောင်းအောင် ကြိုးစားအားထုတ်သင့်သည်၊ ဘုရားသခင်ကို ယုံကြည်ပြီး အားကိုးသင့်ကာ အပျက်သဘောဆောင်လာခြင်း သို့မဟုတ် မိမိတို့၏အလုပ်ကို စွန့်လွှတ်ခြင်း မပြုသင့်၊ ဤသည်မှာ ဖြေရှင်းနည်းတစ်ခု ဖြစ်သည်။ ယင်းသည် ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုလော။ (ဟုတ်ပါသည်။) သို့သော် ယင်းသည် တစ်ခုတည်းသော ဖြေရှင်းနည်းလော။ (မဟုတ်ပါ။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းပြီး လက်တွေ့ကျသော မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် ဤအရာအတွက် တာဝန်ယူပြီး မိမိတို့၏ရာထူးမှ နုတ်ထွက်နိုင်သည်။) ဤသည်မှာ ဒုတိယဖြေရှင်းနည်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ယခင်က ကြိုးစားခဲ့ပြီးဖြစ်ကာ ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်ဆောင်နိုင်ဟု ခံစားရပါက၊ ဆိုလိုသည်မှာ ယင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရပြီး အားစိုက်ရကာ ယင်းနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ပြီး ကောင်းစွာမအိပ်စက်နိုင်ဟု ခံစားရလျှင်၊ ပြီးလျှင် နေ့စဉ်နေ့တိုင်း မိမိတို့ကို တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ ခံစားရသဖြင့် ခေါင်းမဖော်နိုင် သို့မဟုတ် အသက်မရှူနိုင်ဘဲ လမ်းလျှောက်သည့်အခါ မိမိတို့၏ ခြေထောက်များ လေးလံနေသည်ဟုပင် ခံစားရလျှင်၊ ထို့ပြင် တိကျသော ဤသတ်မှတ်ချက်များကို နားထောင်ပြီးနောက် မိမိတို့၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းပြီး ထိုအလုပ်အား တကယ်ကို မလုပ်ဆောင်နိုင်ဟု ပို၍ပင် ခံစားရပါက ၎င်းတို့သည် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာတစ်ခု ရှိသည်၊ ယင်းမှာ ချက်ချင်းနုတ်ထွက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက ဘုရားအိမ်တော်၏ အလုပ်ကို မထိခိုက်စေသင့်၊ ဤသည်မှာ ၎င်းတို့၌ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အကန့်အသတ်များကို ကျော်လွန်၍ ကြောင်းကျိုးမဆင်ခြင်ဘဲ မိမိတို့ကိုယ်ကို ဇွတ်မတိုးသင့်၊ မိမိတို့၏ အစွမ်းအစများအား ကျော်လွန်သည့်အရာတစ်ခုကို လုပ်ဆောင်ရန် အတင်းအကျပ် မကြိုးစားသင့် သို့မဟုတ် မိုက်မဲသောအရာများကို မလုပ်ဆောင်သင့်ပေ။ ဤအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်သောသူများသာလျှင် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ ဆင်ခြင်တုံတရားရှိသောသူများသည် မိမိကိုယ်ကို သတိပြုမိခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို ရှင်းလင်းစွာ သိရှိကြပြီး မိမိတို့၏ ကိုယ်ပိုင်အားနည်းချက်များကို သိရှိကြသည်။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ အတိုင်းအတာကို ရှင်းလင်းစွာ သိရှိသည့်အခါမှသာ မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာ၊ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အရာနှင့် လုပ်ဆောင်ရန် အသင့်တော်ဆုံးဖြစ်သည့် အရာတို့ကို တိကျမှန်ကန်စွာ နားလည်နိုင်ကြသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို အဘယ်ကြောင့် သိရှိရမည်နည်း။ မိမိတို့ လုပ်ဆောင်သင့်သည့် တာဝန်ကို သေချာစွာသိရှိရန် ဤအရာက ကူညီပေးပြီး ထိုတာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်လည်း ကူညီပေးသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ပြီးသားဖြစ်ကာ သင့်တွင် ဤအစွမ်းအစသာရှိပြီး ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိမြင်ပြီးဖြစ်ပါက သင့်အနေဖြင့် မိမိကိုယ်ကို နောက်တစ်ကြိမ် ဆန်းစစ်ပြီး နောက်တစ်ကြိမ် သက်သေပြစရာ မလိုအပ်တော့ပေ။ သင်သည် ချက်ချင်းနုတ်ထွက်သင့်ကာ သင်၏ ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး ရာထူးမှမဆင်းဘဲ မနေနှင့်။ သင်သည် တိကျသောအလုပ်ကို မလုပ်ဆောင်နိုင်သဖြင့် အခြားသူများကို ထိခိုက်စေပြီး ကြန့်ကြာမှုများ ဖြစ်ပေါ်စေခြင်း မရှိနှင့်။ နုတ်ထွက်ခြင်းသည် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခု မဟုတ်လော။ ဤလမ်းကြောင်းနှစ်ခုကို သင့်ရှေ့တွင် ချထားပြီးဖြစ်ကာ သင်သည် တစ်ခုကို ရွေးချယ်နိုင်သည်။ သင်သည် ရှေ့ဆက်ရန် လမ်းကြောင်းမဲ့နေခြင်း မဟုတ်သကဲ့သို့ လမ်းကြောင်းတစ်ခုတည်းသာ ရှိနေခြင်းလည်း မဟုတ်ပေ။ သင်သည် မိမိကိုယ်ကို နားလည်သဘောပေါက်မှုအပေါ် အခြေခံ၍လည်းကောင်း၊ သင့်ကို သိနားလည်သော သင့်ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများမှ သင့်အပေါ် ပြုလုပ်သည့် အကဲဖြတ်ချက်များအပေါ် အခြေခံ၍လည်းကောင်း သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့်ပတ်သက်၍ လက်တွေ့ကျပြီး တိကျမှန်ကန်သော ဝေဖန်သုံးသပ်မှုများ ပြုလုပ်နိုင်ပြီးလျှင် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် အမှုအရာများကို ခက်ခဲအောင် ဖန်တီးမည်မဟုတ်ပေ။ ဤအရာကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) လူအချို့က “ကျွန်ုပ် ထပ်မံကြိုးစားပြီး ပိုကောင်းအောင် ကြိုးစားအားထုတ်လိုသည်။ ကျွန်ုပ် ထိုသို့ပြုလုပ်နိုင်မည်ဟု ထင်သည်။ ကျွန်ုပ်သည် ထိုနှစ်များအတွင်း သမ္မာတရားကို လိုက်စားရန် အာရုံကောင်းကောင်းမစိုက်ခဲ့၍သာ ဖြစ်ပြီး ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်လည်း သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိသေးဘဲ နားဝေတိမ်တောင်ဖြစ်သော နည်းလမ်းဖြင့် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် အလွန်လွယ်ကူသည်၊ လိုအပ်သမျှမှာ လူတို့ကို စုဝေးပွဲများ တက်ရောက်ရန် စည်းရုံးခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရာတွင် ဦးဆောင်လမ်းပြခြင်း၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ အချိန်မီဖြေရှင်းခြင်းနှင့် အထက်မှလာသည့် မည်သည့်အစီအစဉ်များကိုမဆို ချက်ချင်း အကောင်အထည်ဖော်ပြီးနောက် ထိုမျှနှင့် အဆုံးသတ်ခြင်းတို့ ဖြစ်သည်ဟု စဉ်းစားနေကျဖြစ်သည်။ အတန်ကြာမျှ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ကျွန်ုပ်မဖြေရှင်းနိုင်သော ပြဿနာများစွာ ရှိနေခဲ့ကြောင်း၊ အထက်မှနေ၍ အလုပ်အကြောင်း မေးမြန်းသည့်အခါ မည်သို့တုံ့ပြန်ရမည်ကို မသိခဲ့ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူအချို့က တကယ်ဖြစ်နေသော အရေးကိစ္စများကို ဖော်ထုတ်ပြောဆိုသည့်အခါ ကျွန်ုပ်အဖြေမပေးနိုင်ခဲ့ကြောင်းကို တွေ့ရှိရလိမ့်မည်ဟု မည်သည့်အခါမျှ စိတ်မကူးခဲ့ဖူးပါ။ ညီအစ်ကိုမောင်နှမများအနေဖြင့် ဘုရားသခင်ကို ယုံကြည်လက်ခံခဲ့သည့် ဤနှစ်ကာလများတစ်လျှောက်တွင် ၎င်းတို့အားလုံးသည် မကြာခဏဆိုသလိုပင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြပြီး တရားဒေသနာများကို နားထောင်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားအချို့ကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအနည်းငယ်ကို ပိုင်ဆိုင်ကြသည်မှာ အမှန်ပင်။ ကျွန်ုပ်သည် သမ္မာတရားလက်တွေ့ကျမှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် ရေလောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း မရှိနိုင်ပါ” ဟု ဆိုကြသည်။ ဘုရားအိမ်တော်ရှိ မည်သည့် တိကျသောအလုပ်မျိုးကိုမဆို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ထိုမျှမလွယ်ကူကြောင်း ယခုအခါ ရှင်းလင်းနေပြီဖြစ်သည်။ တစ်ဖက်တွင် လူတို့သည် အစွမ်းအစကို ပိုင်ဆိုင်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ဝန်တာစိတ်ထားရန် လိုအပ်သကဲ့သို့ သမ္မာတရားကို နားလည်ရန်လည်း လိုအပ်ကာ ဤအရာများအားလုံးမှာ လုံးလုံးလျားလျား လိုအပ်ပေသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် အစွမ်းအစညံ့ဖျင်းပါက အဆင်ပြေမည် မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူ့သဘာဝမရှိသည့်အပြင် ဝန်တာစိတ် မထားပါကလည်း အဆင်ပြေမည် မဟုတ်ပေ။ တိကျသောအလုပ်သည် တိကျသော ကိုင်တွယ်ဖြေရှင်းခြင်း လိုအပ်ပြီး ဤသည်မှာ ထိုမျှရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သို့ရာတွင် အချို့သောလူတို့က လက်မခံနိုင်ကြသေးပေ။ ၎င်းတို့သည် ထပ်မံကြိုးစားလိုကြဆဲ ဖြစ်ပြီး ၎င်းတို့အား နောက်ထပ်အခွင့်အရေးပေးရန် တောင်းဆိုကြသည်ဖြစ်၍ ဤကဲ့သို့သောလူများကို နောက်ထပ်အခွင့်အရေး ပေးသင့်သလော။ အကယ်၍ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် အစွမ်းအစသည် နှစ်ခုစလုံး သာမန်ဖြစ်သော်လည်း ၎င်းတို့သည် တိကျသောအလုပ်အချို့ကို ထမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ မလုပ်ဘဲ မိမိတို့၏အလုပ်တွင် ရလဒ်များကို စွမ်းဆောင်ရရှိအောင် ပြဿနာများအား ဖြေရှင်းခြင်းကို အာရုံစိုက်နိုင်ပါက၊ အထက်မှနေ၍ ပြုလုပ်ထားသည့် မည်သည့်အစီအစဉ်ကိုမဆို လိုက်နာပြီး ကျိုးနွံနာခံနိုင်ပါက၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ အခြေခံအားဖြင့် အလုပ်ကို အကောင်အထည်ဖော်နိုင်ပါက၊ ၎င်းတို့သည် ငယ်ရွယ်သောကြောင့်၊ သမ္မာတရားကို နားမလည်သောကြောင့်သာမက မခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ရှိသောကြောင့် ယခင်က မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့စေကာမူ ၎င်းတို့သည် မှန်ကန်သောသူများ ဖြစ်နေပါက ၎င်းတို့ကို နောက်ထပ်အခွင့်အရေးပေးပြီး မိမိတို့ကိုယ်ကို ဆက်လက်၍ လေ့ကျင့်စေသင့်ကာ ၎င်းတို့ကို ကြောင်းကျိုးမဆင်ခြင်ဘဲ ဖြုတ်ချခြင်း မပြုလေနှင့်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ ထိုမျှမလွယ်ကူသကဲ့သို့ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ရွေးကောက်တင်မြှောက်ရသည်မှာလည်း ထိုမျှမလွယ်ကူပေ။ ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် မိမိတို့၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု အနည်းငယ်ရှိကြပြီး ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မိမိတို့၏အလုပ်တွင် ယခင်ကထက် အနည်းငယ် ပိုကောင်းလာကြမည်ဖြစ်ကာ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပြမှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲ လိုက်လုပ်ခြင်း ဟူသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဝတ္တရားနှင့်ပတ်သက်သော သမ္မာတရား စည်းမျဉ်းများကို ယခုတွင် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးများအားလုံး ရှင်းလင်းပြတ်သားသွားပြီး သင်တို့၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိနေပြီဖြစ်သည်။ သင်တို့သည် ယခုအခါ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနိုင်ပြီး အသက်ဝင်ရောက်မှုကို ရရှိသည်သာမက ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်သည့် သိမြင်မှု သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ကိုလည်း ရရှိသင့်ကာ၊ အနည်းဆုံးအနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်တို့အ‌ပေါ် ရှင်းလင်းပြတ်သားမှုနှင့် နားလည်သဘောပေါက်မှုကို ရရှိထားသင့်သည်။ အတိုချုပ်ဆိုရလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ သိရှိခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းအတွက် အထောက်အကူဖြစ်ပြီး အကျိုးရှိစေကာ ဤနည်းအားဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် အနှစ်သာရမဲ့ခြင်း မရှိတော့ဘဲ ပို၍ ခိုင်မာပြည့်စုံလာမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။