အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း သုံး
အန္တိခရစ်များက မည်သို့ကောက်ကျစ်ဆိုးယုတ်ပုံ၊ အန္တရာယ်ပေးပုံနှင့် လှည့်ဖြားပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၁။ အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားအပေါ် အန္တိခရစ်များ၏ ရန်လိုခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ငါတို့သည် အန္တိခရစ်တို့၏ ဆဋ္ဌမမြောက် သရုပ်သကန်ကို စိတ်ဖြာလေ့လာဆွေးနွေးပြီးဖြစ်၍ ယခု သတ္တမမြောက် သရုပ်သကန်ဖြစ်သည့် အန္တိခရစ်များက မည်သို့ ကောက်ကျစ်ဆိုးယုတ်၊ အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်ကို စတင်၍ စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ လူအချို့က၊ “ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ကို ကောက်ကျစ်ဆိုးယုတ်သည်၊ အန္တရာယ်ပေးတတ်သည်၊ လှည့်ဖြားတတ်သည်ဟု ဆိုခြင်းသည် အလွန် ညင်သာလွန်းသည် မဟုတ်လော။ မည်သူသည် ကောက်ကျစ်ဆိုးယုတ်သော သို့မဟုတ် လှည့်ဖြားတတ်သော စိတ်သဘောထား အနည်းငယ်မျှ မရှိဘဲ နေမည်နည်း။ သာမန်လူအားလုံးတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ထို့ကြောင့် အကယ်၍ ကျွန်ုပ်တို့သည် အန္တိခရစ်တို့ကို ဤနည်းလမ်းဖြင့် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးမည်ဆိုလျှင်၊ လူတိုင်းသည် အန္တိခရစ်ဖြစ်သည်ဟု ဆိုလိုရာ ရောက်မည် မဟုတ်လော”ဟု ဆိုကြသည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤသို့ တွေးသလော။ သင်တို့ထဲမှ တစ်ဦးတလေက ဤသို့ အမှန်တကယ် တွေးပါက သင်တို့ မှားယွင်းပေသည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု၊ အန္တရာယ်ပေးတတ်မှုနှင့် လှည့်ဖြားတတ်မှုတို့နှင့် သာမန်လူများအတွင်းရှိ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြချက်များကြား ကွာခြားချက် ရှိသလော။ ကွာခြားချက် ရှိသည်မှာ အလွန်သေချာသည်။ သို့မဟုတ်ပါက ငါတို့သည် ဤစိတ်သဘောထားများကို အန္တိခရစ်တို့၏ သရုပ်သကန်များတွင် ထည့်သွင်းမည် မဟုတ်ပေ။ ယနေ့ ငါသည် ရှေးဦးစွာ ဤကွာခြားချက်ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့မည်ဖြစ်ပြီး၊ ထို့နောက်တွင် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော၊ အန္တရာယ်ပေးတတ်သော၊ နှင့် လှည့်ဖြားတတ်သော စိတ်သဘောထားများ၏ လက်တွေ့ ဥပမာအချို့နှင့် တိကျသော သရုပ်သကန်များအကြောင်းကို ဆက်လက်ပြောဆိုသွားမည်။ “ကောက်ကျစ်ဆိုးယုတ်သော” “အန္တရာယ်ပေးတတ်သော”ဟူသည်နှင့် “လှည့်ဖြားသော” ဟူသည့် စကားလုံးများ၏ တိုက်ရိုက် အဓိပ္ပာယ်ကို နားလည်ရန် လွယ်ကူသည်။ အခက်အခဲမှာ အန္တိခရစ်များနှင့် သာမန်လူများတွင်ရှိသည့် ဤအမျိုးအစား သရုပ်သကန်များအကြား အနှစ်သာရ ကွာခြားချက်ကို ပိုင်းခြားသိမြင်ခြင်း၊ ငါတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အနှစ်သာရများကို ပိုင်ဆိုင်သည့် လူစားမျိုးကို အန္တိခရစ်အဖြစ် အဘယ်ကြောင့် သတ်မှတ်ကြသနည်း ဆိုသည့်အချက်နှင့် အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြား အနှစ်သာရ၌ ကွာခြားချက်သည် အဘယ်အရာဖြစ်သနည်း ဆိုသည့်အချက်၌ တည်ရှိသည်။ ဦးစွာပထမ၊ အန္တိခရစ်တို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပွင့်လင်းစွာ ဆန့်ကျင်လိုကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၊ ဘုရားသခင်၏ နေရာနှင့် လူတို့၏ စိတ်နှလုံးများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြပြီး၊ သူတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အပြင် သူတို့ကို အထင်အမြင်မှားစေရန်နှင့် တုံ့ဆိုင်းရပ်တန့်စေရန်အလို့ငှာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား အမျိုးမျိုးသောအမှုများကိုပင် ပြုလုပ်ကြသည်။ အတိုချုပ်အားဖြင့်၊ အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့၏ သဘာဝသည် ပွင့်လင်းသည်ဖြစ်စေ လျှို့ဝှက်သည်ဖြစ်စေ ဘုရားသခင်ကို အစဉ် ဆန့်ကျင်ဘက်ပြုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်လိုသည်ဟု ငါ ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း အပြည့်အဝ ကောင်းစွာ သိကြပါလျက်နှင့်ကိုယ်တော်ကို ဆက်လက် ဆန့်ကျင်ကြဆဲဖြစ်ပြီး မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သမ္မာတရားကို လက်မခံကြသောကြောင့် ဖြစ်သည်။ ဥပမာအနေနှင့်၊ အန္တိခရစ်အချို့သည် လူအချို့ကို စည်းရုံးသိမ်းသွင်းပြီး ထိုသူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ကြသည်။ ၎င်းတို့သည် ဤလူတို့ကို ၎င်းတို့အား နာခံစေပြီး ၎င်းတို့နောက်လိုက်စေကာ၊ ထို့နောက် အသင်းတော်မှ စာအုပ်အမျိုးမျိုးနှင့် အချက်အလက်များကို လိမ်လည်လှည့်ဖြား၍ ရယူကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် အသင်းတော်များကို တည်ထောင်ကာ မိမိတို့၏ ကိုယ်ပိုင် နယ်ပယ်များကို တည်ထောင်ကြသည်၊ သို့မှသာ ၎င်းတို့အနေဖြင့် မိမိတို့နောက်လိုက်များ၏ နောက်လိုက်ခြင်းနှင့် ကိုးကွယ်ခြင်းကို ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်နေကြတော့သည်။ ဤသို့သော အပြုအမူသည် ကိုယ်တော် ရွေးချယ်ထားသောလူများကို ဘုရားသခင်နှင့် အပြိုင်အဆိုင် လုယူခြင်းဖြစ်သည်မှာ ထင်ရှား၏။ ဤသည်မှာ အန္တိခရစ်တို့၏ ထူးခြားသောလက္ခဏာရပ်တစ်ခု မဟုတ်လော။ ဤသိသာထင်ရှားသော လက္ခဏာရပ်အပေါ် အခြေခံ၍ ဤလူတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် မတရားခြင်း ဖြစ်သလော။ လုံးဝ မတရားခြင်း မဟုတ်ပေ။ ဤသို့ သတ်မှတ်ခြင်းသည် အလွန် တိကျလှပေသည်။ အသင်းတော်အတွင်း၌ အုပ်စုဖွဲ့ပြီး အသင်းတော်ကို ဖြိုဖျက်သည့် အန္တိခရစ်အချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အသင်းတော်အတွင်း၌ မိမိတို့၏ အင်အားစုများကို အစဉ်မပြတ် ပျိုးထောင်ကြပြီး၊ ၎င်းတို့နှင့် သဘောမတူသူများကို ဖယ်ကြဉ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အင်အားစုများကို ဖွဲ့စည်းပြီး လူတိုင်းအား ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်စေရန်အတွက် မိမိတို့ကို နားထောင်ပြီး နောက်လိုက်သည့်သူများကို မိမိတို့အနားတွင် ထားရှိ သည်။ ဤသည်မှာ ၎င်းတို့က ကိုယ်ပိုင် နယ်ပယ်များ ထူထောင်နေခြင်း မဟုတ်လော။ အထက်၌ မည်သည့် အလုပ်အစီအစဉ်များ သို့မဟုတ် သတ်မှတ်ချက်များ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုအရာများကိုလိုက်နာဆောင်ရွက်ရန် ငြင်းပယ်ကြပြီး ယင်းအစား မိမိတို့၏ သဘောအတိုင်း ပြုမူကာ မိမိတို့၏ နောက်လိုက်များကို အထက်အား ပွင့်လင်းစွာ ဆန့်ကျင်ရန် ဦးဆောင်ကြသည်။ ဥပမာအနေနှင့်၊ ဘုရားအိမ်တော်က အမှန်တကယ်ဖြစ်သောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ချက်ချင်း ထုတ်ပယ်ရန် တောင်းဆိုသည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးကမူ၊ “ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အမှန်တကယ်ဖြစ်သောအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသော်လည်း၊ သူတို့က ငါ့ကို ထောက်ခံကြသည်၊ အသိအမှတ်ပြုသည်၊ ပြီးလျှင် ငါက သူတို့ကို ပျိုးထောင်ပေးနေခဲ့ခြင်းဖြစ်သည်။ အထက်က ငါ့ကို ဦးစွာ မဖယ်ရှားမချင်း ဤလူများကို ထုတ်ပယ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ” ဟု တွေးကြလိမ့်မည်။ ငါ့အား ပြောလော့၊ ထိုအသင်းတော်သည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အန္တိခရစ်ကို မကျော်ဖြတ်နိုင်သကဲ့သို့ ဆောင်ရွက်၍ မရနိုင်ပေ။ အလုပ်အစီအစဉ်များကို ထုတ်ပြန်ထားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး၊ အသင်းတော်တိုင်းက ၎င်းတို့ကို မည်သို့ ဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာ၊ မည်သူက မည်သည့် အခြေအနေများကြောင့် မိမိတို့၏တာဝန်အား တာဝန်ခန့်အပ်မှု ပြုပြင်ခြင်းခံရသည် သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရသည်ဟူသည်တို့ကို ပြန်လည်သတင်းပို့ပြီးဖြစ်ချိန်တွင် အန္တိခရစ်မှာမူ မည်သည့်အရာကိုမျှ လုံးဝ ပြန်လည်သတင်းပို့ခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်၏ တာဝန်ခန့်အပ်ခံရမှုကိုမျှ လုံးဝ ပြင်ပေးခြင်းမရှိပေ။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြရာ၊ ယင်းက အသင်းတော်၏ အလုပ်ကို ပြင်းထန်စွာ ထိခိုက်စေသော်လည်း၊ အန္တိခရစ်သည် ထိုသူတို့၏ တာဝန်ခန့်အပ်ခံရမှုကို ပြင်ပေးခြင်းမရှိပေ။ အထက်က ထိုအန္တိခရစ်အား ဤလူတို့ကို ထုတ်ပယ်ရန် တိုက်ရိုက်ပြောသည့်အခါ၌ပင်၊ ၎င်းတို့ထံမှ မည်သည့်တုံ့ပြန်ချက်မျှမရှိဘဲ အချိန်ကြာမြင့်စွာ ကုန်လွန်သွားသည်။ ဤနေရာတွင် ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ အထက်က ၎င်းတို့ကို အလုပ်အစီအစဉ်များ အကောင်အထည်ဖော်ရန် တောင်းဆိုသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို စုံစမ်းမေးမြန်းရန် ကြိုးစားသည့်အခါ၊ အန္တိခရစ်ကြောင့် ရှေ့ဆက်မရ ဖြစ်သွားသည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများသည် ထိုအကြောင်းကို ဘာမျှ မသိကြပေ။ ၎င်းတို့သည် မည်သည့် သတင်းစကားကိုမျှ မရရှိကြသကဲ့သို့ အထက်နှင့် အဆက်အသွယ်ပြတ်နေသည်။ အသင်းတော်သည် ထိုလူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်။ ဤနည်းအတိုင်း ပြုမူသော အန္တိခရစ်တစ်ဦး၏ သဘာဝသည် အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်က အသင်းတော်တစ်ခုကို အာဏာသိမ်းခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် အသင်းတော်ထဲတွင် အုပ်စုဖွဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် နယ်ပယ်များကို တည်ထောင်ကြသည်၊ ဘုရားအိမ်တော်ကို ဆန့်ကျင်ကြပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေကြသည်။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးကြသည်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရကြ၊ ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိ၊ ဘုရားသခင်၌ ယုံကြည်ခြင်း ပျောက်ဆုံးကြပြီး၊ မိမိတို့၏ တာဝန်များကို တက်ကြွစွာ ၎င်းတို့ မထမ်းဆောင်နိုင်ကြတော့ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အကျင့်ပျက်ခြင်းပင်ဖြစ်လာကြကာ၊ ၎င်းတို့၏ အသက်တာများ ရပ်တန့်သွားကြသည်။ ဤအရာအားလုံးသည် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း၏ အကျိုးဆက်များ ဖြစ်ကြသည်။ ယခုတွင်၊ တရုတ်ပြည်မကြီးရှိ သင်းအုပ်နယ်မြေအားလုံးတွင်၊ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များ အမြောက်အမြား ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။ ၎င်းတို့ထဲတွင်၊ အမှန်တကယ်ဖြစ်သောအလုပ်ကို မလုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်အတုအယောင်များနှင့် အမှုဆောင်အတုအယောင်အချို့ ရှိသည်။ ၎င်းတို့အားလုံးသည် အန္တိခရစ်တို့၏ သရုပ်သကန်များကို ပိုင်ဆိုင်ခဲ့ကြပြီး၊ ၎င်းတို့အားလုံးတွင် အန္တိခရစ်တို့၏ စိတ်သဘောထားများ ရှိခဲ့ကြသော်လည်း၊ အန္တိခရစ်များ ဖြစ်သည့်အဆင့်သို့ လုံးလုံးလျားလျားမရောက်ရှိခဲ့ကြသဖြင့်၊ ၎င်းတို့သည် ထုတ်ပယ်ရုံမျှထုတ်ပယ်ခံခဲ့ကြရခြင်း ဖြစ်သည်။ သို့ရာတွင်၊ လူအချို့မှာမူ ထင်ရာစိုင်းကြသည်၊ ၎င်းတို့သည် အရာရာတိုင်းတွင် အဆုံးအဖြတ်ပေးကြသည်၊ ၎င်းတို့သည် အလုပ်အစီအစဉ်များကို လုံးဝ ချိုးဖောက်ပြီး မိမိတို့၏ သဘောအတိုင်း ပြုမူခဲ့ကြသဖြင့်၊ အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းခံရကာ နှင်ထုတ်ခြင်းခံခဲ့ရသည်။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို ဤနည်းဖြင့် ဖော်ထုတ် ကိုင်တွယ်ဖြေရှင်းခြင်းသည် အလွန်ကောင်းပေသည်။ ငါသည် ဤအစီရင်ခံစာများကို မြင်တွေ့ရသည့်အခါ အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်၊ အကြောင်းမှာ ယင်းက ဘုရားသခင်၏ ရွေးချယ်ထားသောလူအချို့သည် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီးနောက် သမ္မာတရား အနည်းငယ်ကို နားလည်သဘောပေါက်လာကြပြီဖြစ်ကြောင်း ပြသသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့က သမ္မာတရား အနည်းငယ်ကို နားလည်သဘောပေါက်လာကြပြီဟု ငါ ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤတရားဒေသနာများကို နားထောင်ပြီးနောက်၊ ၎င်းတို့ကို ဘဝ၌ ကြုံတွေ့ရသော ကိစ္စရပ်အချို့နှင့် ဆက်စပ်ပြီး ကျင့်သုံးနိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤသမ္မာတရားများကို နားထောင်ပြီးသည့်နောက်တွင်၊ ထိုအချိန်၌ ထိုသမ္မာတရားများကို အမှန်တကယ် နားလည်ခြင်းမရှိကောင်းမရှိနိုင်ကြသော်လည်း၊ နောက်ပိုင်းတွင် လူများနှင့် ဖြစ်ရပ်များအပေါ် ပိုင်းခြားသိမြင်မှု ရရှိလာကြသည်။ ၎င်းတို့သည် ထင်ရာစိုင်းသူများ၊ အမှန်တကယ်ဖြစ်သောအလုပ်ကို မလုပ်ဆောင်သူများ၊ အမှန်တကယ်ဖြစ်သော ပြဿနာများကို မဖြေရှင်းနိုင်သူများ၊ မိမိတို့၏ တာဝန်များတွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး ဝန်ကို မထမ်းသူများနှင့် တာဝန်သိစိတ် မရှိသူများကို တိုင်းတာနိုင်သည့် စည်းမျဉ်းများနှင့် စံနှုန်းများ ရှိလာကြသည်။ ဤသည်မှာ တိုးတက်မှု မဟုတ်လော။ ဤသည်မှာ တိုးတက်မှု ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ပြီဟု ဆို၍မရနိုင်ပေ။ ၎င်းတို့အနေဖြင့် သမ္မာတရား အနည်းငယ်ကို နားလည်သဘောပေါက်လာခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ခေါင်းဆောင်အတုအယောင်များ၊ အန္တိခရစ်များနှင့် အမှန်တကယ်ဖြစ်သောအလုပ်ကို မဆောင်ရွက်သူများနှင့် မိမိတို့၏ အလုပ်တွင် အရည်အချင်းမပြည့်မီသူအချို့ကို အနည်းငယ် ပိုင်းခြားသိမြင်မှု ရှိလာကြသည်။ ဤသည်မှာ ကောင်းသောအရာ မဟုတ်လော။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည်၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှု ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဘက်၌ ရပ်တည်နိုင်ပြီး အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်သည်ကိုလည်းကောင်း ထိုအရာက ပြသသည်။ ဤသည်မှာ ဂုဏ်ပြုထိုက်သော အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို နားလည်သူများအား အန္တိခရစ်များက အထင်အမြင်မှားစေရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားအား နားမလည်သူများနှင့် ပိုင်းခြားသိမြင်မှု မရှိသူများကို အချိန်တစ်ခုအထိ အထင်အမြင်မှားစေနိုင်သော်လည်း၊ အချိန်မည်မျှ ကြာသနည်း။ လူတို့သည် သမ္မာတရားကို ပို၍ နားလည်လာပြီး ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်း ပို၍ ရှိလာလေ၊ ၎င်းတို့သည် အန္တိခရစ်တို့၏ ချည်နှောင်မှုများနှင့် ဘောင်ခတ်မှုများကို ငြင်းပယ်ပြီး ဖယ်ရှားရန် အချိန် ပို၍ တိုတောင်းလေဖြစ်လိမ့်မည်ဟု ငါ ယုံကြည်သည်။ ထို့ကြောင့်၊ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော အသေးစိတ် သရုပ်သကန်များအပေါ် မိတ်သဟာယဖွဲ့ရန်မှာ လိုအပ်နေဆဲ ဖြစ်သည်၊ သို့မဟုတ်ပါက အကယ်၍ လူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရလျှင်၊ ၎င်းတို့အတွက် ကယ်တင်ခြင်းကို ရရှိရန် အလွန် ခက်ခဲလိမ့်မည်။
ငါသည် အန္တိခရစ်တို့၏ သရုပ်သကန်များနှင့် ထိုသို့သော လူများကို အန္တိခရစ်များအဖြစ် သတ်မှတ်သည့် အကြောင်းရင်းများကို ရိုးရှင်းသော ဝေါဟာရများဖြင့် ယခုတင် ရှင်းပြခဲ့သည်။ သို့ဆိုလျှင်၊ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု၊ အန္တရာယ်ပေးတတ်မှု၊ နှင့် လှည့်ဖြားတတ်မှုတို့၏ သရုပ်သကန်များနှင့် သာမန်လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြား ကွာခြားချက်ကား အဘယ်နည်း။ သင်သည် ဤအကြောင်းကို နားလည်သဘောပေါက်မှု တစ်ခုတလေ ရှိသလော။ ငါသည် သင်တို့အား အဖြစ်အပျက်တစ်ခု ပြောပြမည်။ ဤအဖြစ်အပျက်သည် ကောက်ကျစ်ဆိုးယုတ်မှု၊ အန္တရာယ်ပေးတတ်မှု၊ လှည့်ဖြားတတ်မှုတို့နှင့် မုချ ဆက်စပ်နေသည်။ သမ္မာကျမ်းစာတွင်ရှိသည့် ယောဘဝတ္ထုက ဘုရားသခင်နှင့် စာတန်အကြား စကားပြောဆိုမှုတစ်ခုကို မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က စာတန်အား “အသင် အဘယ်အရပ်က လာသနည်း” (ယောဘ ဝတ္ထု ၁:၇) ဟု မေးတော်မူသည်။ စာတန်က မည်သို့ ပြန်လည်ဖြေကြားသနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” (ယောဘ ဝတ္ထု ၁:၇) ဟူ၍ ဖြစ်ပါသည်။) ယခုအချိန်အထိ၊ လူများသည် ဤစကားဖြင့် စာတန်က မည်သည့်အရာ ဆိုလိုသည်ကို နားမလည်ကြသေးပေ။ ယင်းမှာ ၎င်း၏စိတ်သဘောထားနှင့်ဆိုင်သော ထင်ဟပ်မှုဟု ခေါ်သည်။ အဘယ်ကြောင့် လူများသည် စာတန် ဆိုလိုသည့်အရာကို နားမလည်ကြသနည်း။ အကြောင်းမှာ စာတန်က အတိအကျ မည်သည့်အရပ်က လာသည်ကို သင် နားလည်သဘောပေါက်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ စာတန်ပြောခဲ့သည့်အရာနှင့် ပတ်သက်၍ ပြဿနာကား အဘယ်နည်း။ ဤနေရာတွင် စိတ်သဘောထားတစ်မျိုး ရှိနေပြီး၊ ယင်းမှာကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်။ ထိုစာကြောင်းအကြောင်း ပြောဆိုခြင်းကို ယခု အပြီးသတ်ပြီး နောက်တွင်ဖြစ်လာသည့်အရာကို စိစစ်ကြပါစို့။ စာတန်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာပြီး၊ ကိုယ်တော်၏ မေးခွန်းကို ၎င်းက ပြန်လည်ဖြေကြားပြီးနောက်၊ ဘုရားသခင်က စာတန်အား၊ “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ဝတ္ထု ၁:၈) ဟု ပြောသည်။ ဘုရားသခင် ဤသို့ မိန့်တော်မူသည်ကို ကြားရသည့်အခါ ပုံမှန်လူတစ်ဦးသည် အများအားဖြင့် မည်သို့ တုံ့ပြန်မှု ရှိမည်နည်း။ (သူသည် ယောဘ မည်သို့ ပြုမူခဲ့သည်ကို သိမြင်လိုမည်ဖြစ်သည်။) လူများက၊ “ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ သူသည် စုံလင်သောသူ ဖြစ်ခဲ့သည်။ ငါ သူ့ကို အမှန်တကယ် လေးစားကြည်ညိုသည်” ဟု ချက်ချင်း တွေးကြမည်ဖြစ်သည်။ ဤလေးစားကြည်ညိုမှုသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် ပုံမှန် လူ့သဘာဝအတွင်းရှိ အပြုသဘောဆောင်သောအရာများအတွက် တောင့်တခြင်း၊ ချစ်ခြင်းမေတ္တာ၊ နှင့် တမ်းတခြင်း တစ်မျိုးမှ ပေါ်ပေါက်လာသည်။ သို့ရာတွင်၊ သင်သည် သမ္မာတရားကို မချစ်မြတ်နိုးပါက၊ ဤစကားများကို ကြားရသည့်အခါ အဘယ်အရာကို သင် ပြလိမ့်မည်နည်း။ (မထီမဲ့မြင်ပြုခြင်းဖြစ်သည်။) သင်သည် ဤစကားများကို မထီမဲ့မြင်ပြုပြီး လျစ်လျူရှုလိမ့်မည်။ ထို့နောက် လူအချို့က၊ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းလော။ ဤကြောက်ရွံ့ခြင်းသည် မည်သည့်အရာဖြစ်သနည်း။ ‘မကောင်းမှုကို ရှောင်ကြဉ်ခြင်း’ သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယနေ့ခေတ်တွင် စုံလင်သောလူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း”ဟု တွေးကြသည်။ ၎င်းတို့သည် ဤစကားများကို ကြားပြီးနောက် ဘာမျှ မခံစားရဟု ထင်ရသည်။ သို့ဆိုလျှင် ၎င်းတို့၌ ဤအရာများကို တမ်းတပြီး တောင့်တသော စိတ်နှလုံးများ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဤအရာများကို ဆန္ဒရှိကြသလော။ (ဆန္ဒမရှိကြပါ။) ၎င်းတို့သည် ဤအတွင်းရှိ အသေးစိတ်အချက်များက မည်သည့်အရာများဖြစ်သည်ကို အတိအကျ နားလည်ရန် ရှာဖွေဖို့ ဆန္ဒရှိကြသလော။ ၎င်းတို့၌ ဤဆန္ဒ ရှိသလော။ မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ၎င်းတို့ မသိချင်ကြပေ။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သည်၊ စုံလင်သောသူ ဖြစ်သည်ဟု ဘုရားသခင် မိန့်တော်မူသည်ကို ကြားရသည့်အခါ ပုံမှန်မဟုတ်သော တုံ့ပြန်မှုပြုသည့် နောက်ထပ် လူတစ်မျိုးရှိသည်။ ၎င်းတို့က “အလို၊ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သည်၊ စုံလင်သောသူ ဖြစ်သည်လော၊ ထိုသို့သော လူတစ်ဦး ရှိသလော။ သူ မည်သို့ စုံလင်သွားခဲ့သည်ကို ငါ့အား ပြပါလော့။ ထိုအရာကို ငါ မယုံပါ” ဟု ဆိုကြသည်။ ဤသို့သော အတွေးအခေါ်များနှင့် သရုပ်သကန်များ ရှိသည့် ဤကဲ့သို့သော လူများအနေဖြင့် ဘုရားသခင် မိန့်တော်မူခဲ့သော စကားများကို အမှန်တကယ် ယုံကြည်ပြီး အသိအမှတ်ပြုကြသလော။ (မပြုကြပါ။) ၎င်းတို့သည် ထိုအရာများကို အမှန်တကယ် မယုံကြည် သို့မဟုတ် အသိအမှတ်မပြုကြပေ။ ပထမဦးစွာ၊ သေချာသော အချက်တစ်ချက် ရှိသည်၊ ဘုရားသခင် မိန့်တော်မူသည့်အရာက မှန်ကန်ကြောင်း၊ ယုံကြည်စိတ်ချရကြောင်း၊ နှင့် တိကျမှန်ကန်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်လည်းကောင်း၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအဖြစ်လည်းကောင်း၊ လူသားမျိုးနွယ်အားလုံးအတွက် အထွတ်အထိပ် သမ္မာတရားအဖြစ်လည်းကောင်း မမှတ်ယူကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မမှတ်ယူကြသည့်အတွက်၊ ဘုရားသခင်ကို မည်သို့ မှတ်ယူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ကြသည့်အတွက်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ကြောင်းကို အသိအမှတ်ပြုဖို့ ဖြစ်နိုင်မည်လော။ သေချာပေါက် အသိအမှတ်မပြုနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော်၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ကြသောကြောင့်၊ ဘုရားသခင်၏ ရှုထောင့်အမြင်ကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များကို ငြင်းပယ်ကြသောကြောင့် ဖြစ်ပြီး၊ ယင်း၏ ဆိုလိုရင်းမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြပြီး ကိုယ်တော်သည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုဖြစ်သည်ကို ငြင်းပယ်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သေချာပေသည်။ အခြားအချက်တစ်ချက် ရှိသေးသည်၊ ဤကဲ့သို့သော လူများအနေဖြင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအပေါ်တွင်လည်းကောင်း၊ အပြုသဘောဆောင်သောနှင့် အပျက်သဘောဆောင်သော အရာများအပေါ်တွင်လည်းကောင်း မည်သို့သော သဘောထား ရှိကြသနည်း။ ပြီးလျှင် ၎င်းတို့၏ သဘောထားနောက်ကွယ်တွင် မည်သည့် စိတ်သဘောထား တည်ရှိနေသနည်း။ ယောဘအပေါ် ၎င်းတို့၏ အမြင်ကား အဘယ်နည်း။ “ယင်းမှာ မဖြစ်နိုင်ပါ။ လောကတွင် ထိုသို့သော လူတစ်ဦးတလေ ရှိနိုင်ဦးမည်လော။ ဤသည်မှာ သမိုင်းဝင် အမွေအနှစ်တစ်ခုသက်သက်ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ဦးသည် ဤလောကတွင် အသက်မရှင်သင့်ပါ။ သစ္စာဖောက်ပြီး မကောင်းသောသူများ၊ ဆိုးယုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သောသူများသာ အသက်ရှင်သင့်သည်။ ယောဘကဲ့သို့သော လူများက သေသင့်သည်၊ အသက်မရှင်သင့်ပါ။” ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ (ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။) ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ယခု လူသားမျိုးနွယ်ထဲတွင် စာတန်နှင့် တစ်ထပ်တည်းတူညီသော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ရှိသည့် လူများတစ်ဦးတလေ ရှိသလော။ ဘုရားသခင်က “ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သည်၊ စုံလင်သောသူ ဖြစ်သည်” ဟု မိန့်တော်မူသည်ကို ကြားသည့်အခါ၊ မည်သည့် လူစားမျိုးတို့သည် ယုံကြည်လက်ခံခြင်းမရှိဘဲ၊ လက်ခံရန်ငြင်းပယ်ကာ ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းကို ခံစားရပြီး၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ကျိန်ဆဲခြင်းများပင် ပေါ်ပေါက်လာကြသနည်း။ ထိုသို့သော အရာများ ဖြစ်ပေါ်သည့် လူများသည် စာတန်၏ အမျိုးအစားဖြစ်သည်ဟု ကျွန်ုပ်တို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သို့ဆိုလျှင်၊ ဤလူတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် လွန်ကဲရာကျပါသလော။ (မကျပါ။) ဘုရားသခင်သည် စာတန်အား “ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သည်၊ စုံလင်သောသူ ဖြစ်သည်” ဟု ရှင်းလင်းစွာနှင့် လေးနက်တည်ကြည်စွာ မိန့်တော်မူခဲ့ချိန်တွင်၊ စာတန်၏ သဘောထားကား အဘယ်နည်း။ ၎င်းသည် ဤအမှန်တရားကို သံသယဝင်ခဲ့သည်။ ဤအရာ၏ ရှုထောင့်တစ်ခုမှာ စာတန်က ယောဘအား ထိုသို့သော လူစားမျိုးဖြစ်သည်ကို သံသယဝင်ပြီး ယင်းမှာ ဖြစ်နိုင်သည်ဟု မထင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်သည် ကောက်ကျစ်ဆိုးယုတ်ပြီး အရာခပ်သိမ်းသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်အကြားတွင် အလွန် အံ့သြဖွယ်ကောင်းသောလူတစ်ဦး၊ ဘုရားသခင်က အမှန်တကယ် စုံလင်သည်ဟု ရှုမြင်နိုင်သည့် လူတစ်ဦး ရှိနိုင်သည်ကို မယုံကြည်ခဲ့ပေ။ စာတန်သည် ဤအမှန်တရားကို မယုံကြည်ခဲ့ပေ။ အခြားရှုထောင့်တစ်ခုမှာ ဘုရားသခင်သည် ယောဘကဲ့သို့သော လူကောင်းတစ်ဦးကို တွေ့ရှိခဲ့သည့်အခါ၊ စာတန်သည် ၎င်း၏ စိတ်နှလုံးထဲ၌ မည်သည့်အရာကို ခံစားခဲ့ရသနည်း။ ပထမဦးစွာ၊ အပေါ်ယံအဆန်ဆုံးအဆင့်အားတွင်၊ ၎င်းက “စုံလင်သောလူတစ်ဦး အဘယ်သို့ ရှိနိုင်မည်နည်း။ ငါသည် လူသားမျိုးနွယ်အားလုံးကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးပြီ မဟုတ်လော။ လူတို့သည် ငါနှင့် အတူတူချည်းသာ ဖြစ်သည်။ သူတို့အားလုံးက သင့်ကို သစ္စာဖောက်ကြပြီးဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး သူတို့သည် သင့်နောက်သို့ လိုက်နိုင်မည်နည်း”ဟု တွေးလျက် မနာလိုဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ယင်းကို လူ့ဘာသာစကားဖြင့် ပြန်ဆိုမည်ဆိုလျှင်၊ ဤသည်မှာ ၎င်း၏ စိတ်နေစိတ်ထား ဖြစ်ခဲ့သည်။ ထိုအရာ ဖြစ်နိုင်သည်ဟု စာတန်က မယုံကြည်ခဲ့ပေ။ ဤအရာ ဖြစ်နိုင်သည်ကို ၎င်း၏ မယုံကြည်ခြင်းတွင် အပိုင်းနှစ်ပိုင်း ရှိသည်၊ ပထမမှာ စာတန်သည် ယောဘ မတည်ရှိစေရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယမှာ စာတန်က “သူ တကယ်တည်ရှိနေလျှင်ပင် ငါ သူ့ကို အမြစ်ဖြတ်သုတ်သင်မည်” ဟု တွေးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ခဲ့သည်။ ၎င်းသည် စစ်မှန်သည့် လူကောင်းတစ်ဦး၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သူတစ်ဦး ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာရန် မလိုလားခဲ့ပေ။ ယောဘကဲ့သို့သော လူတစ်ဦးကို လောက၌ အသက်မရှင်စေချင်ခဲ့ပေ။ ၎င်းသည် ဤကဲ့သို့သော လူတစ်ဦး ထွက်ပေါ်စေချင်ရန် မဆိုထားနှင့်၊ တည်ပင်မတည်ရှိစေချင်ခဲ့ပေ။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ခဲ့သည်။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ရင်းမြစ်မှာ အဘယ်နည်း။ ၎င်း၏ စိတ်သဘောထား အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်၏။ ထို့အပြင်၊ စာတန်သည် အပြုသဘောဆောင်သော အရာအားလုံးအပေါ်လည်း ရန်လိုပေသည်။ “အပြုသဘောဆောင်သော အရာအားလုံး” တွင် အဘယ်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သောသူများ ပါဝင်သည်။ ယောဘအပေါ် ရန်လိုခြင်းအားဖြင့်၊ စာတန်သည် ဘုရားသခင်ကို ရန်လိုနေခဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှုအရာများ အမှန်တကယ် ဖြစ်ခဲ့ပုံဖြစ်သည်။ စာတန်သည် ယောဘအပေါ် ရန်လိုနေစဉ်၊ ဘုရားသခင်ကိုလည်း မုန်းတီးနေခဲ့သည်။ ၎င်းသည် မည်သူ့ကိုမျှ ဘုရားသခင်အား မကိုးကွယ်စေလိုခဲ့ပေ။ ဤအရာက ၎င်းအား အပျော်ရွှင်ဆုံး ဖြစ်စေမည်ဖြစ်ပြီး ဤသည်မှာ ၎င်း၏ အကြီးမားဆုံး ဆန္ဒ ဖြစ်ခဲ့သည်။ ထို့နောက်၊ ဤအမှန်တရားအားလုံးသည် ၎င်း မျှော်လင့်ခဲ့သည့်အရာနှင့် လည်းကောင်း၊ ၎င်း မြင်လိုခဲ့သည့်အရာနှင့်လည်းကောင်း၊ ၎င်း တောင့်တခဲ့သည့်အရာတို့နှင့်လည်းကောင်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်လာခဲ့သည်။ ထိုသို့သော အံ့သြဖွယ်ကောင်းသည့်အရာသည် ၎င်း၏ မျက်စိရှေ့၌ပင် ဖြစ်ပျက်ခဲ့ပြီး၊ သို့တိုင် ၎င်း၏ ကောက်ကျစ်ဆိုးယုတ်မှု၊ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုတို့က ၎င်းကို ဘုရားသခင်၏ ရှေ့မှောက်၌ နောက်ထပ် စကားပြောဆိုမှုတစ်ခု ပြုလုပ်စေခဲ့သည်။ ယင်းမှာ ၎င်းနှင့် ဘုရားသခင်အကြား အောက်ပါ အပြန်အလှန်ဆွေးနွေးမှု ဖြစ်သည်။ မူရင်းစာသားကို တစ်ဦးတလေက သိရှိသလော။ (“ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။” (ယောဘ ဝတ္ထု ၁:၉)) စာတန်သည် တိုက်ရိုက် စကားမပြောခဲ့ပေ၊ ၎င်း၏ စကားများထဲတွင် ထောင်ချောက်တစ်ခု ကွယ်ဝှက်ထားခဲ့သည်။ သင့်အနေဖြင့် ထိုအကြောင်းကို စဉ်းစားရန်အလို့ငှာ ၎င်းက “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။”ဟု ဆိုခဲ့သည်။ ငါ့အား ပြောလော့၊ ဘုရားသခင်သည် ဤစကားဖြင့် စာတန်က မည်သည့်အရာဆိုလိုသည်ကို သိရှိခဲ့သလော။ (သိရှိခဲ့ပါသည်။) ဘုရားသခင် သိရှိခဲ့သည်။ ဘုရားသခင်သည် စာတန်ကို လုံးလုံးလျားလျား သိခဲ့ပြီး အမှုကိစ္စကို လုံးဝ ရှင်းလင်းပြတ်သားစွာ သိမြင်နိုင်ခဲ့သည်။ ၎င်းက “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။” ဟု ဆိုသည်နှင့် တပြိုင်နက်၊ မည်သည့်အရာ လုပ်ဆောင်မည်ကို ဘုရားသခင် သိရှိခဲ့သည်။ ၎င်းက တစ်စုံတစ်ခု လုပ်ဆောင်ချင်သည်ကို ဘုရားသခင် မြင်သည့်အခါ၊ အခွင့်အရေးတစ်ခု ရောက်လာပြီဖြစ်ကြောင်း၊ ယောဘကို စစ်ကြောရန် စာတန်ကို အသုံးပြုရမည့် အချိန် ရောက်လာပြီဖြစ်ကြောင်း သူ သိရှိခဲ့သည်။ သို့ဆိုလျှင်၊ ၎င်းတို့ထဲတွင် မည်သူ အမြော်အမြင်ရှိသနည်း။ (ဘုရားသခင်ဖြစ်သည်။) စာတန်သည် ဤအရာကို မသိခဲ့ဘဲ၊ “ဘုရားသခင်က ငါ့ကို ယောဘအား ထိတွေ့ခွင့်မပေးဘဲ နေခဲ့သည်မဟုတ်လော။ သူသည် ယခု သဘောတူညီလိမ့်မည်ကို ငါ လုံးဝမမျှော်လင့်ခဲ့ပါ” ဟု တွေးခဲ့သည်။ အဖြစ်အပျက်ကို ဤနေရာတွင် ငါတို့ ရပ်ထားကြမည်။ ဆက်လက်၍ မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို အခြေခံအားဖြင့် လူတိုင်း သိရှိကြပေသည်။
ယခုတွင် စာတန် ပြောခဲ့သည့်အရာတွင် ၎င်း၏ သရုပ်သကန်များနှင့် စိတ်သဘောထားအပြင်၊ ဤသို့ပြောရာတွင် ၎င်း၏ အရင်းခံအကြောင်းအရင်းနှင့် ရည်ရွယ်ချက်များက အတိအကျ မည်သည့်အရာများဖြစ်သည်ကို စိစစ်ကြပါစို့။ ပထမဦးစွာ၊ စာတန်သည် ဘုရားသခင် ပြောခဲ့သည့်အရာကို မယုံကြည်ခဲ့ပေ၊ ဆိုလိုသည်မှာ၊ ၎င်းသည် ဘုရားသခင် ပြောခဲ့သော စကားများ၏ ပါဝင်သည့်အကြောင်းအရာနှင့် အချက်များအပေါ် သံသယဖြစ်သော သဘောထားကို စိတ်တွင်ထားရှိခဲ့သည်။ ဘုရားသခင် ပြောခဲ့သည့်အရာကို သံသယဝင်နေသည့် တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ဘုရားသခင် ပြောခဲ့သည့်အရာကို ငြင်းပယ်ရန် နည်းလမ်းတစ်ခုခုကို အသုံးပြုလိုခဲ့သော်လည်း၊ ၎င်းက တိုက်ရိုက် မငြင်းပယ်နိုင်ခဲ့ပေ။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာတွင် တည်ရှိခဲ့သနည်း။ ယင်းသည် ၎င်းက သူ၏စိတ်နှလုံးထဲတွင် “ငါသည် ကိုယ်တော့်ကို တိုက်ရိုက် ငြင်းပယ်မည် မဟုတ်။ ငါသည် ယောဘကို ညှဉ်းပန်းနှိပ်စက်ရန် ကိုယ်တော်အားခွင့်ပြုစေမည်ဖြစ်ပြီး၊ ထို့နောက် သူ့ကို ကိုယ်တော့်အား ငြင်းပယ်စေမည်။ ဤသည်မှာ အကောင်းဆုံးသော အဆုံးသတ် ဖြစ်ပေမည်။ ထိုအခါ ကိုယ်တော် ရှုံးနိမ့်ပြီးဖြစ်မည် မဟုတ်လော”ဟူ၍ ဆိုလျက်၊ သာ၍ပင် လှည့်ဖြားသော နည်းလမ်းတစ်ခုကို ခံယူကျင့်သုံးရာတွင် တည်ရှိပေသည်။ ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ခဲ့သည်။ စာတန်သည် ဘုရားသခင်နှင့် ၎င်း၏ စကားပြောဆိုမှုတွင်လည်းကောင်း၊ ၎င်း၏ အတွေးအခေါ်များတွင်လည်းကောင်း မည်သည့် စိတ်သဘောထားကို ထုတ်ဖော်ခဲ့သနည်း။ ထိုစိတ်သဘောထားမှာ သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်ခဲ့သည်။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်မှုအကြား ကွာခြားချက်မှာ အဘယ်နည်း။ စာတန်သည် ဤနေရာတွင် မည်သည့် အခန်းကဏ္ဍ၌ ပါဝင်နေခဲ့သနည်း။ ၎င်းသည် ယောဘအား ဘုရားသခင်ကို ငြင်းပယ်စေရန် တိုက်ရိုက် သွားရောက်ရှာဖွေခြင်း မပြုခဲ့ပေ။ အကယ်၍ ယောဘက ပြန်လည်တိုက်ခိုက်ခဲ့မည်ဆိုလျှင် ၎င်းသည် အရှက်ရလိမ့်မည်ဖြစ်သောကြောင့်၊ စာတန်သည် ထိုနည်းအတိုင်း မပြုမူခဲ့ပေ။ သို့ဆိုလျှင်၊ စာတန်သည် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ စာတန်က ၎င်းလုပ်ဆောင်ခဲ့သည့်အရာကို လုပ်ဆောင်ရာတွင် ၎င်း၏ အရင်းခံအကြောင်းရင်း၊ ၎င်း၏ နည်းလမ်းများနှင့် နည်းဗျူဟာများ အတိအကျမှာ အဘယ်နည်း။ (အခြားသူအားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။) သင်သည် စာတန်ကို အမှန်ပင် လျှော့တွက်ပေသည်၊ ၎င်း၏ ကောက်ကျစ်ဆိုးယုတ်မှုကို လူသားများက နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ လောကရှိ တရားမျှတပြီး နှစ်သက်ဖွယ်ဖြစ်သော အပြုသဘောဆောင်သည့် အရာအားလုံးသည် စာတန်အတွက် နှစ်သက်ဖွယ် မဟုတ်ပေ။ ၎င်းသည် ဤအရာအားလုံးကို ကောက်ကျစ်ဆိုးယုတ်ပြီး မစင်ကြယ်သောအရာများ ဖြစ်စေလိုသည်။ စာတန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားများအကြား အကြီးမားဆုံး ကွာခြားချက်မှာ အဘယ်နည်း။ အကြီးမားဆုံး ကွာခြားချက်မှာ ဘုရားသခင်က သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၌ ဉာဏ်ပညာနှင့် သြဇာအာဏာ ရှိကြောင်းနှင့် ဘုရားသခင်သည် အပြုသဘောဆောင်သော အရာအားလုံး၏ ရင်းမြစ်ဖြစ်ကြောင်း ၎င်းက ကောင်းစွာ သိရှိသော်လည်း၊ ဤအရာများကို အသိအမှတ်မပြုဘဲ၊ ထိုအစား ဤအရာအားလုံးကို ရွံရှာသည်၊ မုန်းတီးသည်၊ ကျိန်ဆဲပင် ကျိန်ဆဲသည်ဟူသော အချက်ဖြစ်သည်။ သို့ရာတွင်၊ ဖောက်ပြန်ပျက်စီးသော လူသားများမှာမူ စာတန်၏ အထင်အမြင်မှားစေခြင်းကို မကြာခဏ ခံကြရပြီး၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ အပြုသဘောဆောင်သော အရာများက အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့်အရာများက တရားမျှတသည်ကိုပင် မသိကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ပြကြသော်လည်း၊ ဤကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် လူတို့ မိုက်မဲနေစဉ်၊ မသိနားမလည်ဖြစ်နေစဉ်၊ ထုံထိုင်းနေစဉ်၊ ကြောင်းကျိုးမမြင်ဖြစ်နေစဉ်၊ လှည့်စားခံနေရစဉ်နှင့် သမ္မာတရားကို နားမလည်ကြစဉ်တွင် ပေါ်လွင်ပြီး၊ စာတန်မှာမူ သိလျက်နှင့် အမှားပြုလုပ်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုအရာကို စာတန်ဟု ငါတို့ ခေါ်ကြသနည်း။ အကြောင်းမှာ ၎င်းသည် ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်းကောင်း၊ စကြဝဠာတစ်ခုလုံးအနှံ့တွင်လည်းကောင်း ဘုရားသခင် လုပ်ဆောင်သမျှအားလုံးကို မြင်နိုင်ပြီး၊ ဤအရာအားလုံးကို မျက်မြင်တွေ့ကြုံနေစဉ်တွင်ပင်၊ ၎င်းသည် ဘုရားသခင် တည်ရှိကြောင်း၊ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း နှင့် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း အမှန်တရားကို ငြင်းပယ်နေဆဲ ဖြစ်သောကြောင့်တည်း။ လူမည်မျှက ဘုရားသခင်နောက် လိုက်သည်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုက မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်မျှ ကြီးမြတ်သော ဩဇာအာဏာကို ဘုရားသခင် ကိုင်စွဲသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် မည်မျှ အနန္တတန်ခိုးရှိသည်ဖြစ်စေ၊ စာတန်သည် ဤအရာအားလုံးကို ငြင်းပယ်နေဆဲဖြစ်ပြီး အရှက်တရားရော ဂုဏ်သိက္ခာပါမရှိဘဲ ၎င်းသည် လူသားမျိုးနွယ်ကို တုံ့ဆိုင်းရပ်တန့်စေသည်၊ ကြောင်းကျိုးမမြင်ဖြစ်စေပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေကာ လူသားမျိုးနွယ်ကို အထင်အမြင်မှားစေရန်နှင့် ၎င်းနောက်သို့ လိုက်စေရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် အဓိက သရုပ်သကန်များကား အဘယ်အရာဖြစ်သည်ကို ငါ ယခုပြောခဲ့သနည်း။ ၎င်းသည် ဘုရားသခင်ကို ဆန့်ကျင်လုပ်ဆောင်ရာ၌ အထူးပြုသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက မည်မျှပင် မှန်ကန်စေကာမူ ၎င်းသည် ဘုရားသခင် ပြောသည့်အရာကို အသိအမှတ်မပြုပေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားဖြစ်သည်ကို ၎င်းက အသိအမှတ်မပြုသကဲ့သို့ အမှားအမှန်ကို ပြောင်းပြန်လှန်သည်။ ဥပမာအနေနှင့်၊ ဘုရားသခင်သည် လူတို့အား သူ၏ လူသားဖန်ဆင်းခြင်း သမိုင်းကို မှတ်တမ်းတင်စေခဲ့ပြီး ဘုရားသခင်၏ လူသားဖန်ဆင်းခြင်း အမှန်တရားများ၏ မှတ်တမ်းများအပြင်၊ ရှာဖွေတွေ့ရှိနိုင်သော သက်သေအထောက်အထား လက္ခဏာများလည်း ရှိသေးသည်။ ပြီးလျှင် စာတန်က မည်သည့်အရာ လုပ်ဆောင်ခဲ့သနည်း။ ၎င်းသည် “ဒါဝင်ဝါဒ” ကို လုပ်ကြံဖန်တီးပြီး လူသည် မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာသည်ဟု ဆိုခဲ့သည်၊ ၎င်းသည် ခြေလေးချောင်း သတ္တဝါများမှ မတ်မတ် လမ်းလျှောက်သော ခြေနှစ်ချောင်း လူသားများအဖြစ်သို့ မျောက်ဝံများ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲသွားသည်ကို ပြသသည့် ပုံတစ်ပုံကို ရေးဆွဲခဲ့ကာ၊ ဤမိစ္ဆာဒိဋ္ဌိ အယူဝါဒနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို လုပ်ကြံဖန်တီးခဲ့သည်။ အကျိုးဆက်အားဖြင့်၊ ယခုတွင် လူအချို့က ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ငြင်းပယ်ကြသော်လည်း၊ လူအများစုက လူသည် ဘုရားသခင်ထံမှ လာသည်ကို မယုံကြည်ကြသေးပေ။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ မည်မျှ ကြီးမားသည့်အမှုအား ဘုရားသခင် ပြုနေသည်ကို ၎င်းကိုယ်တိုင် မျက်မြင်တွေ့ကြုံစေကာမူ၊ စာတန်သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ရန်လိုကာ ဆန့်ကျင်နေဆဲ ဖြစ်သည်။ ဘုရားသခင်က စာတန်ကို မဖျက်ဆီးသော သို့မဟုတ် မဖြေရှင်းသော နေ့ရက်တိုင်းတွင်၊ ၎င်းသည် သူ့ကို စဉ်ဆက်မပြတ် ဆန့်ကျင်သည်။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှု တည်ရှိရာဖြစ်ပြီး၊ ဤအရာ၏ အရင်းခံအကြောင်းရင်းမှာ ၎င်း၏ အနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။
ယောဘဝတ္ထုတွင်ပါရှိသည့် စာတန်နှင့် ဘုရားသခင်အကြား စကားပြောဆိုမှုတွင်၊ စာတန်၏ သရုပ်သကန်များနှင့် အန္တိခရစ်တို့၏ သရုပ်သကန်များအကြား ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) မည်သည့် ဆက်စပ်မှုနည်း။ အဘယ်ကြောင့် ငါသည် ဤကျမ်းပိုဒ်ကို ဆက်စပ်ဖော်ပြနေရသနည်း။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု၊ အန္တရာယ်ပေးတတ်မှုနှင့် လှည့်ဖြားတတ်မှုသည် သင်တို့ မကြာခဏ ကြုံရသော အကြောင်းအရာတစ်ခု ဖြစ်ပြီး၊ ဤအရာများသည် သင်တို့ မကြာခဏ မြင်တွေ့ရသော လက်တွေ့ကျသည့် သရုပ်သကန်များလည်း ဖြစ်သည်၊ သို့ဖြစ်ပါ၍ အဘယ်ကြောင့် ငါသည် အန္တိခရစ်တို့၏ ဤသရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အချက်တစ်ချက်အဖြစ် သီးခြား စာရင်းပြုစုနေရသနည်း။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ၎င်းသည် ဘုရားသခင်ကို အတိအကျ မည်သို့ ဆန့်ကျင်ရပ်တည်သည်ကို ငါတို့ ယခု ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည်လည်း ဤအရာကို လုပ်ဆောင်ကြသည် မဟုတ်လော။ (လုပ်ဆောင်ကြပါသည်။) အန္တိခရစ်တို့၏ သရုပ်သကန်များကား အဘယ်နည်း။ အန္တိခရစ်တစ်ဦးသည် တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်၊ ထိုတရားဒေသနာ ကောင်းကြောင်း သိရှိပြီး ထိုစကားများကို နားလည်နိုင်ကြသည်။ ထို့အပြင်၊ ၎င်းတို့၌ အစွမ်းအစ အနည်းငယ် ရှိကြပြီး၊ ထိုစကားများကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက်၊ မှတ်မိရန် ကြိုးစားအားထုတ်ကြပြီး၊ ၎င်းတို့ နှစ်သက်သည့်အရာများနှင့် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ကိုက်ညီသည့်အရာများကို အလွတ်ကျက်မှတ်ရန် ကြိုးစားကြသည်။ ထို့နောက်၊ ဤအခြေခံအကြောင်းရင်းအရ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် တရားဒေသနာကို ပြုပြင်စီရင်ပြီး ဖန်တီးကြသည်။ ယင်းကို အခြားလူများက ကြားသည့်အခါ အလွန် ကောင်းသည်ဟု ထင်ကြသည်။ သို့ရာတွင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် အဓိက သရုပ်သကန် မဟုတ်ပေ။ ၎င်းတို့၏ အဓိက သရုပ်သကန်ကား အဘယ်နည်း။ ဤကဲ့သို့သော လူများအနေဖြင့် သမ္မာတရားကို နားလည်နိုင်ကြသည်၊ သို့ဆိုလျှင် ငါ့အား ပြောလော့၊ ၎င်းတို့၌ အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်သည့် အစွမ်းအစ ရှိကြသလော။ (ရှိပါသည်။) ရှိပေသည်။ ၎င်းတို့သည် မိုက်မဲကြသည် မဟုတ်။ ဥပမာအနေနှင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ ထိတွေ့ဆက်ဆံကြပြီး၊ မည်သည့်လူများက သမ္မာတရားကို လိုက်စားပြီး မည်သည့်လူများက မလိုက်စားသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ သိရှိကြသည်။ မည်သူက မိမိကိုယ်ကို ဆက်ကပ်အပ်နှံနိုင်ပြီး အမှုအရာများအား စွန့်လွှတ်နိုင်သည်၊ မည်သူက မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သည်ဆိုသည်နှင့် သာမန် ကိစ္စရပ်များကို ကြုံတွေ့သည့်အခါ မည်သူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူရန် သေချာပေါက် ရွေးချယ်နိုင်သည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ သိရှိကြသည်။ သို့သော် ၎င်းတို့သည် ထိုသို့သော လူများကို မျှတစွာ ဆက်ဆံနိုင်ကြပါသလော။ (မဆက်ဆံနိုင်ကြပါ။) အန္တိခရစ်တို့၏ သရုပ်သကန်များနှင့် သက်ဆိုင်သော နည်းလမ်းဖြင့် ၎င်းတို့သည် လူများကို မည်သို့ ဆက်ဆံကြသနည်း။ ဥပမာအနေနှင့်၊ တစ်စုံတစ်ဦးသည် ၎င်းတို့ကို မည်သည့် ခြိမ်းခြောက်မှုမျှ မပေးဘဲ ၎င်းတို့က “သင်သည် သမ္မာတရားကို လိုက်စားပြီး သင့်အစွမ်းအစက ငါ့ထက် ပိုကောင်းသည်၊ သို့သော် ငါ သင့်ကို ရာထူးတိုးပေးမည် မဟုတ်ပါ။ ငါ သင့်ကို ရာထူးမတိုးပေးခြင်းက ငါသည် သင့်ကို လျစ်လျူရှုမည်ဟု မဆိုလိုပေ။ အကယ်၍ သင် ငါ့ကို မျက်နှာလိုမျက်နှာရလုပ်လျှင် ငါ သင့်ကို ငါ့အနားတွင် ဆက်ထားမည်။ အကယ်၍ သင် ငါ့ကို မည်သည့်အခါတွင်မျှ မျက်နှာလိုမျက်နှာရမလုပ်ဘဲ အစဉ် အလွန် တည်ကြည်နေမည်၊ အစဉ် ဘက်မလိုက်သောနည်းလမ်းဖြင့် အမှုများကို လုပ်ဆောင်ပြီး စည်းမျဉ်းများကို စွဲကိုင်နေမည်ဆိုလျှင်၊ သင်သည် ငါ လုပ်ဆောင်သည့် မည်သည့် ဆိုးညစ်မှုကိုမဆို ပိုင်းခြားသိမြင်နိုင်ပြီး ငါ့ကို ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ကာ ငါ့ကို နောင်တရစေရန် ငါနှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လိမ့်မည်ဖြစ်ပြီး ထိုအရာက ငါ့ကို အလွန်အမင်း အရှက်ရစေလိမ့်မည်။ အကယ်၍ သင်သည် ငါ့ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလျှင်၊ ကိစ္စမရှိပါ။ အကယ်၍ သင် ငါ့ကို အစဉ် ဝင်ရောက်စွက်ဖက်မည်ဆိုလျှင်မူ၊ ငါ သင့်ကို ဖယ်ရှားပစ်မည်ဖြစ်သည်”ဟု တွေးကြလေသည်။ ဤသည်မှာ ၎င်းတို့၌ ရှိသော အစီအစဉ်မျိုးဖြစ်ပြီး၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤသို့ တွက်ချက်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၌ စိတ်သဘောထား နှစ်မျိုးရှိသည်။ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ထိုသို့သော လုပ်ရပ်ကို ကျူးလွန်ပြီး ဤလူကို ဒုက္ခမခံစားရစေမီ ၎င်းတို့ တွေးသည့်ပုံစံဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ဤလူက သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ် ရှိသည်ကို ၎င်းတို့ လုံးဝ ကောင်းစွာ သိကြသော်လည်း၊ ရာထူးမတိုးပေးကြပေ။ ၎င်းတို့သည် ထိုသူနှင့် မရင်းနှီးကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤလူအပေါ် သတိထားဆက်ဆံပြီး စက်ဆုပ်ရွံရှာကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုက မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်တို့က အပြုသဘောဆောင်သော အရာများ မည်သည့်အရာဖြစ်ပြီး အပျက်သဘောဆောင်သော အရာများက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြခြင်း မဟုတ်၊ မှန်ကန်သော လမ်းကြောင်းက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိကြသည်၊ ထိုလမ်းကြောင်းကို ၎င်းတို့ မလိုက်လျှောက်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြ၊ မည်သူ့စကားကိုမျှ နားမထောင်ကြဘဲ၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှု၏ လမ်းကြောင်းကို ရွေးချယ်ကြသည်။ ဥပမာအနေနှင့်၊ အချို့သော အမျိုးသမီးများသည် ကိုယ်ကျင့်တရားကောင်းသော အမျိုးသမီးများ ဖြစ်လိုစိတ်မရှိဘဲ သင့်တော်လျောက်ပတ်သော ဘဝများဖြင့် အသက်မရှင်လိုကြဘဲ၊ ယင်းအစား ပြည့်တန်ဆာအိမ်သို့ ထွက်ပြေးကြရမည်။ ယနေ့ခေတ်တွင် ၎င်းတို့ကို ပြည့်တန်ဆာလုပ်ခိုင်းသူ သို့မဟုတ် အတင်းအကျပ်ခိုင်းစေသူ တစ်ဦးတစ်ယောက်မျှ မရှိပေ၊ သို့ဆိုလျှင် အဘယ်ကြောင့် ပြည့်တန်ဆာအိမ်သို့ ထွက်ပြေးကြရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး ထိုသို့သောအရာများ ဖြစ်ရန် မွေးဖွားလာသောကြောင့် ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအမှိုက်မျိုးဖြစ်ပြီး ငါတို့သည် ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးကာ အန္တိခရစ်များအဖြစ် သတ်မှတ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ပုံမှန်လူတို့၏ တည်ကြည်မှုနှင့် ကောင်းမြတ်ခြင်းအဖြစ် ဘယ်သောအခါမျှ မဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့် ပုံမှန်လူတို့အကြား ကွာခြားချက် ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ အသင်းတော်က ၎င်းတို့ကို အပြစ်ဒဏ်ပေးရန် စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံချက်များကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဆန့်ကျင်ပြီး ဖော်ထုတ်ရန် ထကြွကြသည်ဖြစ်စေ၊ မည်သည့်အရာကမျှ ၎င်းတို့ ပြုမူဆောင်ရွက်သည့် မူလ ရည်ရွယ်ချက်နှင့် စည်းမျဉ်းများကို မပြောင်းလဲစေနိုင်ပေ။ ဤအရာ လုံးဝ မဖြစ်နိုင်ပေ။ မည်သူမျှ ၎င်းတို့ကို မပြောင်းလဲနိုင်၊ မည်သူမျှ ၎င်းတို့၏ စိတ်နှလုံးများကို မတို့ထိနိုင်သကဲ့သို့၊ ၎င်းတို့၏ အမြင်များ သို့မဟုတ် ကိုယ်တိုင်ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများကို ၎င်းတို့အား စွန့်လွှတ်စေရန် မပြုလုပ်နိုင်ပေ။ သင်သည် ၎င်းတို့ကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ အန္တိခရစ်တို့သည် အလွန် ကောက်ကျစ်ဆိုးယုတ်သဖြင့် အဘယ်အရာ ကောင်းမြတ်ပြီး အဘယ်အရာက ဆိုးသည်ကို မသိကြဟု သင် ထင်မှတ်ခဲ့ပါသလော။ ၎င်းတို့ သိကြသည်။ အန္တိခရစ်တစ်ဦးသည် အထက်သို့ ပြဿနာများကို သတင်းပို့သည့်အခါ သို့မဟုတ် အလုပ်နှင့်ပတ်သက်သည့် အစီရင်ခံစာများ ပြုလုပ်သည့်အခါ၊ ၎င်းတို့သည် ထိုသို့ နားကြားကောင်းသော စကားများကို ရေးသားကြပြီး၊ သင်သည် ဤအစီရင်ခံစာများကို ဖတ်သည့်အခါ ဤလူအနေဖြင့် အလွန် ကောင်းမွန်သော အစွမ်းအစရှိရမည်ဟု သင် ထင်မှတ်ပေမည်။ သို့ရာတွင်၊ သင်သည် လက်တွေ့မြေပြင်ပေါ်ရှိ အမှန်တကယ် အခြေအနေကို သိရှိလာသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ အလုပ်တွင် အလုပ်အစီအစဉ်များကို အစဉ် ချိုးဖောက်ကြကြောင်း၊ သမ္မာတရား လိုက်စားသူများကို ဖိနှိပ်ကြကြောင်းနှင့် အသင်းတော်အလုပ်အား အနှောင့်အယှက်ပေးကြကြောင်းတို့ကို သင် ရှာဖွေတွေ့ရှိရပေသည်။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်အချို့သည် ငါတို့ အသင်းတော်၏ ဝက်ဘ်ဆိုက်တွင် မှတ်ချက်များ ချန်ထားခဲ့ကြပြီး၊ သင်သည် ၎င်းတို့၏ နောက်ခံအကြောင်းအရာ သို့မဟုတ် မူလဇာစ်မြစ်များကို မသိသည့်အခါ၊ ၎င်းတို့၏ မှတ်ချက်များသည် အထူးသဖြင့် ရှင်းလင်းစွာ ရေးသားထားသော စာကြောင်းများနှင့် ကောင်းမွန်သော အရေးအသားဟန်တို့ဖြင့် မည်မျှ ကျွမ်းကျင်စွာ ဖော်ပြထားသည်ကို သင် မြင်တွေ့ရပြီး၊ ဤလူသည် ကောင်းမွန်သော အစွမ်းအစရှိသည်ဟု သင် တွေးထင်ပေသည်။ သင်သည် ၎င်းတို့အကြောင်း သိရှိလာပြီးနောက်မှသာ ၎င်းတို့က အန္တိခရစ်တစ်ဦး ဖြစ်ကြောင်း၊ မကောင်းမှုများစွာ ပြုလုပ်ခဲ့ကြပြီး လွန်ခဲ့သော သုံးနှစ်က အသင်းတော်မှ နှင်ထုတ်ခြင်းခံခဲ့ရကြောင်း သင် သိရှိလာရသည်။ ၎င်းတို့ အနေဖြင့် ရာထူးတိုးခံရပြီး ပြန်လည်ပြင်ဆင်ရန် အခွင့်အရေးတစ်ခု ပေးအပ်ခြင်းခံရဖို့အလို့ငှာ အထက်က သတိပြုမိစေရန် ဘုရားအိမ်တော် ဝက်ဘ်ဆိုက်တွင် သတင်းစကားများကို ၎င်းတို့ အဆက်မပြတ် တင်ခဲ့ကြသည်။ ဖြစ်ပုံမှာ ဤသို့ ဖြစ်၏။ ငါ့အား ပြောလော့၊ အန္တိခရစ်တို့သည် ကောင်းချီးခံစားလိုကြသလော။ (ကောင်းချီးခံစားလိုကြပါသည်။) ၎င်းတို့သည် အမှန်တကယ် ကောင်းချီးခံစားလိုကြသည်၊ ၎င်းတို့သည် သေခြင်းကို ကြောက်ရွံ့ပြီး ပျက်စီးခြင်းသို့ရောက်မည်ကို ကြောက်ရွံ့ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။