အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁) အခန်း ခြောက်
လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်ပြုတတ်ခြင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ၊ ၎င်းတို့၏ အတိုင်းအတာသည် အတော်အတန် ပိုမိုပေါ့ပါးပြီး ပိုမိုပေါ့တန်သည်။ အကယ်၍ အတိုင်းအတာသည် ပေါ့တန်ပါက၊ အဘယ်ကြောင့် ယင်းတို့ကို ဤနေရာတွင် ငါ ဖော်ပြရသနည်း။ အန္တိခရစ်များသည် နားလည်ရခက်ခဲပြီး မရှင်းမလင်းသောနည်းဖြင့် လှည့်ဖြားစွာ ပြုမူပြောဆိုတတ်ကြရာ၊ ၎င်းတို့အနေဖြင့် အန္တရာယ်ပြုတတ်ပြီး လှည့်ဖြားတတ်သည်ဟု အခြားသူတို့အား ခံစားရစေပြီး၊ သာမန်လူများသည် ၎င်းတို့အကြောင်း အမှန်တရားတစ်ခုလုံးကို သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့သည် လှည့်ဖြားစွာ ပြုမူပြောဆိုတတ်ကြပြီး မာယာကင်းသော၊ ရိုးသားပြီး သမ္မာတရားကို လိုက်စားသောသူများနှင့် ပေါင်းသင်းဆက်ဆံ၍မရနိုင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် ထိုသို့သောလူများကို မကြာခဏ ကစားပြီး အသုံးချတတ်ကြသည်။ ဤလူများသည် လုံးဝ သတိမထားမိဘဲ အန္တိခရစ်များ၏ ကစားခြင်းနှင့် လှည့်ဖြားခြင်းကို ခံကြရပြီး၊ ၎င်းတို့၏ အသုံးချခြင်းကိုပင် ခံကြရသည်။ အန္တိခရစ်များ အသုံးပြုသော ဤအပြုအမူနှင့် ဤနည်းလမ်းများသည် လူတို့ကို အလွန် အန္တရာယ်မဖြစ်စေသည်မှာ အမှန်ဖြစ်၏။ လူတို့ကို အလွန်အန္တရာယ်ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြစ်ပြီး၊ သာ၍ပင် ပြင်းထန်သည်မှာ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားမှ ပေါ်ထွက်လာသော လူတို့ကို အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ လုပ်ရပ်များနှင့်ပတ်သက်လာသည့်အခါ အခြားသူများကို မပြောပြနိုင်သော အရင်းခံအကြောင်းနှင့် ရည်ရွယ်ချက်တစ်ခု အမြဲရှိတတ်ကြသည်။ ၎င်းတို့သည် အကြောင်းရင်းမရှိဘဲ မည်သည့်အရာကိုမျှ ဆက်ကပ်ခြင်း သို့မဟုတ် အသုံးခံခြင်း ပြုလုပ်လိမ့်မည်မဟုတ်သကဲ့သို့၊ မည်သူအတွက်မျှ သို့မဟုတ် ဘုရားအိမ်တော်အတွက် အကြောင်းရင်း သို့မဟုတ် နစ်နာကြေးမရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်နှင့် စကားလုံးတိုင်း၏ နောက်ကွယ်တွင် အရင်းခံအကြောင်းတစ်ခု၊ ကြံရွယ်ချက်တစ်ခု ရှိနေပြီး၊ ၎င်းတို့၏ ကြံရွယ်ချက်နှင့် အရင်းခံအကြောင်းတို့ ချပြခြင်းခံရသည့်အခိုက်၊ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ပျက်စီးသွားသည့်အခိုက်တွင်၊ ဆုတ်ခွာရန် အခွင့်အရေးတစ်ခုကို ၎င်းတို့ ရှာဖွေကြသည်။ ၎င်းတို့၏စိတ်နှလုံးထဲ၌၊ ၎င်းတို့က “အကြောင်းရင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခြင်း၊ အသုံးခံခြင်းသည် အလွန်မတန်ပါ။ ကိုယ့်အတွက် အကျိုးမရှိပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှနေ၍ တစ်စုံတစ်ရာကို ရရှိရပေမည်။ ဆုလာဘ်မတောင်းဘဲ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံလျှင်၊ ယင်းသည် စဉ်းစားဉာဏ်ကင်းမဲ့သောသူသာဖြစ်သည်” ဟု တွေးကြသည်။ ၎င်းတို့၏ ဆင်ခြင်တွေးခေါ်မှုစနစ်မှာ “အခမဲ့ ကျွေးသော နေ့လည်စာဟူသည်မှာ မရှိပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူများ ပိုင်ဆိုင်သင့်ပြီး လုပ်ဆောင်သင့်သော အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ အပြုအမူနှင့် ကောင်းမွန်သော လုပ်ဆောင်ချက်များကို မိုက်မဲသည်၊ စဉ်းစားဉာဏ်မရှိဟု သရုပ်ဖော်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဥပမာအနေနှင့်၊ ဘုရားအိမ်တော်သည် အလုပ်အစီအစဉ်အချို့ကို ပြုလုပ်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများ၏ ဘဝများအတွက် စောင့်ရှောက်မှုအချို့ကို ထောက်ပံ့ပေးသော်လည်း၊ အန္တိခရစ်များသည် အတွင်းမှနေ၍ ထိုအရာများကို တားဆီးနှောင့်ယှက်ကြသည်။ ယင်းတို့ကို တားဆီးနှောင့်ယှက်ရာ၌ အန္တိခရစ်တစ်ဦး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အကယ်၍ အလုပ်အစီအစဉ်များသည် အန္တိခရစ်ထံမှ လာခဲ့ပြီး၊ ဤသည်ကို သိရှိသည့်အခါ၊ ညီအစ်ကိုမောင်နှမများသည် ထိုအန္တိခရစ်အပေါ် ကျေးဇူးတင်စိတ် ခံစားရမည်ဖြစ်သည်။ ထို့နောက်တွင် အန္တိခရစ်က ဦးဆောင်သွားပေမည်။ အလုပ်အစီအစဉ်များအား မည်သူပြုလုပ်ခဲ့သည်ကို ညီအစ်ကို မောင်နှမများက မသိရှိဘဲ ဘုရားအိမ်တော်က ပြုလုပ်ခဲ့သည်ဟု ထင်မြင်ပြီး၊ ဘုရားသခင်ကို ကျေးဇူးတင်ပါက၊ အန္တိခရစ်သည် ထိုအရာများကို ဆောင်ရွက်မည်လော။ လုံးဝ ဆောင်ရွက်မည် မဟုတ်ပေ။ အန္တိခရစ်ကြောင့် အလုပ်အစီအစဉ်များ ရပ်တန့်သွားမည်ဖြစ်ပြီး အကောင်အထည်ဖော်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားအိမ်တော်က ဤအလုပ်အစီအစဉ်များကို ထုတ်ပြန်ခြင်းသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိပြီး၊ ဧဝံဂေလိအလုပ်သည် ပိုမိုကောင်းမွန်စွာ ပျံ့နှံ့မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့်ဆက်စပ်သည့် ကြီးမားသောအရာဖြစ်သည်၊ သို့ဖြစ်လျှင် ခေါင်းဆောင်များအဖြစ် ပြုမူဆောင်ရွက်သောသူများသည် ဤအလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သင့်သနည်း။ ယင်းတို့ကို ကောင်းမွန်စွာ ဆောင်ရွက်ကာ အကောင်အထည်ဖော်ရန် ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သင့်သည်။ သို့သော်၊ အချို့အန္တိခရစ်များသည် အတွင်းမှနေ၍ ယင်းကို တားဆီးနှောင့်ယှက်ပြီး နှစ်နှစ်ကြာသည်အထိ အလုပ်ကို အကောင်အထည်မဖော်ကြပေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ စာတန်က အတားအဆီးများနှင့် အဖျက်အမှောင့်များ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ အချို့အသင်းတော်များသည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်ပေးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရပြီး၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်သော ညီအစ်ကိုမောင်နှမများက စောင့်ရှောက်ခြင်းမခံကြရပေ။ ဤအရာက အန္တိခရစ်များကို ဝမ်းသာစေပြီး၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့က၊ “အင်မတန် အံ့သြဖွယ်ကောင်းတဲ့အရာနှင့် အင်မတန်ကြီးမားသော အကျိုးကျေးဇူးများကို ခံစားခွင့်ရသူဖြစ်ခြင်းက ငါ့အတွက် လုံလောက်ပေသည်။ ညီအစ်ကိုမောင်နှမအားလုံးသည် အဘယ်သို့ဖြစ်ပြီး အကျိုးကျေးဇူးခံစားခွင့်ရှိသူတွေ ဖြစ်နိုင်မည်နည်း” ဟု တွေးကြသည်။ ညီအစ်ကိုမောင်နှမများက အကျိုးကျေးဇူးခံစားရခြင်းက အန္တိခရစ်များကို မည်သို့ သက်ရောက်မှုရှိမည်နည်း။ ၎င်းတို့ကို လုံးဝ သက်ရောက်မှုရှိမည်မဟုတ်ပေ။ ၎င်းတို့ အကျိုးကျေးဇူးခံစားရမည်၊ လူတိုင်း အကျိုးကျေးဇူးခံစားရမည်ဖြစ်ပြီး ယင်းကအလွန်ကောင်းပေမည်။ အလုံးစုံသောအခြေအနေကို စဉ်းစားကြည့်လော့။ သင်သည် ဤအရာကို မပိတ်ပင်မတားဆီးသင့်သကဲ့သို့၊ မထိန်ချန်ထားသင့်ဘဲ၊ ဝမ်းသာစွာဖြင့် အကောင်အထည်ဖော်သင့်သည်။ ဤသည်မှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ဤသည်မှာ လူတစ်ဦး ထမ်းဆောင်သင့်သော တာဝန်ဖြစ်ပြီး၊ သင်၏ တာဝန်လည်း ဖြစ်သည်။ ရှုထောင့်တစ်ခုမှာ ထိုအရာက သင့်ကို ဘာမျှ မဆုံးရှုံးမနစ်နာစေစဉ်တွင်၊ အခြားရှုထောင့်တစ်ခုမှာ ဤသို့ဖြစ်သည်၊ လူတိုင်းက ဧဝံဂေလိအလုပ် ပျံ့နှံ့စေလိုကြသည် မဟုတ်လော။ (ကျွန်ုပ်တို့ ပျံ့နှံ့စေလိုကြပါသည်။) ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ ကျေးဇူးတော်အား မွေ့လျော်ခံစားနေကြသည်ကို ၎င်းတို့ မြင်သည့်အခါ၊ မနာလိုဖြစ်လာကြသလော။ မည်သည့်အရာကို ၎င်းတို့ မနာလိုဖြစ်ကြသနည်း။ အန္တိခရစ်များသည် မကောင်းဆိုးဝါးများဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင်၊ အန္တိခရစ်များသည် အလုပ်ကို အဘယ်ကြောင့် အကောင်အထည်မဖော်ကြသနည်း။ အကြောင်းမှာ ၎င်းတို့က မနာလိုဖြစ်သောကြောင့် ဖြစ်သည်။ အလုပ်ကို အကောင်အထည်ဖော်ခြင်းသည် ဧဝံဂေလိအလုပ် ပျံ့နှံ့ရေးအတွက် အကျိုးရှိမည်ကို ၎င်းတို့ စဉ်းစားကြသလော။ (မစဉ်းစားကြပါ။) ထိုအရာသည် ၎င်းတို့၏ အကျိုးစီးပွားများကို သက်ရောက်မှုရှိသလော။ ထိုအရာသည် ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ ၎င်းတို့နှင့် လုံးဝ ပတ်သက်မှုမရှိပေ၊ သို့တိုင် ထိုအရာကို ၎င်းတို့ အကောင်အထည်မဖော်ကြသကဲ့သို့ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်နေသော နတ်ဆိုးများဖြစ်ပြီး ကျိန်ခြင်းခံရသင့်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့်လည်းကောင်း၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်သော လူများစွာတို့နှင့်လည်းကောင်း သက်ဆိုင်သည့် ထိုသို့သောကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍၊ ၎င်းတို့သည် အကျိုးဆက်များကို လုံးဝ မစဉ်းစားကြပေ။ အကယ်၍ ၎င်းတို့၌ ကောင်းမွန်သည့် ကြံရွယ်ချက် အစအနလေးတစ်ခု ရှိခဲ့ပါက၊ ယင်းကို အားတင်းလုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ၎င်းတို့အနေဖြင့် အဘယ်ကြောင့် ဤပုံစံဖြင့် ပြုမူကြသနည်း။ ဤသည်မှာ ယုတ်မာမှုဖြစ်ပြီး၊ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ သင်တို့သည် ထိုသို့သောအရာများကို လုပ်ဆောင်ကြသလော။ ထိုသို့သောအရာများကို သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်တို့သည် အန္တိခရစ်များနှင့် ခြားနားခြင်းမရှိသကဲ့သို့၊ သင်တို့သည်လည်း အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်။ ထိုသို့သောအရာများကို သင်တို့ မလုပ်ဆောင်သင့်ပေ။ မကြာခဏ အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးသော၊ အသင်းတော်၌ သောင်းကျန်းသော ဆိုးယုတ်သောလူများ အသင်းတော်တွင်ရှိသည်ကို မြင်တွေ့သော်လည်း၊ လျစ်လျူရှုသော အန္တိခရစ်အချို့လည်း ရှိသည်။ ထိုသို့သောလူများကို ကိုင်တွယ်ရန် ၎င်းတို့ စေခိုင်းခြင်းခံရသည့်အခါ၊ တွန့်ဆုတ်ပြီး ထိုသူတို့ကို ကိုင်တွယ်ခြင်းအား ရွှေ့ဆိုင်းထားကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို မစဉ်းစားကြပေ၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း မထိခိုက်ရေးကိုသာ ၎င်းတို့ စဉ်းစားကြပြီး ထိုမျှသာ ဖြစ်သည်။ ၎င်းတို့က၊ “ငါ့ကို ခေါင်းဆောင်လုပ်စေသဖြင့် ငါက အဆုံးအဖြတ်ပေးရမည်ဖြစ်သည်။ ငါသည် အကြွင်းမဲ့အာဏာနှင့် သြဇာအာဏာရှိသည်။ သင်က နှင်ထုတ်ဖို့ပြောသောသူမည်သူကိုမဆို ငါ နှင်ထုတ်ရမည်ဆိုလျှင်၊ ယင်းက ငါ့ကို လုံးဝ အာဏာမဲ့သွားသကဲ့သို့ ပေါ်လွင်သွားစေလိမ့်မည်။ ဤလူများက ငါ၏စောင့်ရှောက်မှုအောက်တွင် ရှိပြီး ငါ၏ လက်အောက်ငယ်သားများဖြစ်သည်ကို ညီအစ်ကိုမောင်နှမများသိဖို့ ငါ သေချာလုပ်ဆောင်ရမည်”ဟု တွေးကြသည်။ ၎င်းတို့က မည်သူ့ကို အတိုက်အခံလုပ်နေကြသနည်း။ (ဘုရားသခင်ကို ဖြစ်သည်။) ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ လူသားတစ်ဦးက မည်သည့်အရာမျိုးဖြစ်သည်ကို သင်တို့ သိကြသလော။ ဘုရားသခင်က သင့်အား သင်၏ ထွက်သက်ဝင်သက်ကို ပေးခဲ့ပြီး၊ သင်က ထိုသို့သော အရေးကြီးသည့်အရာကို မသိပါက၊ ယင်းသည် သင့်ကို စဉ်းစားဉာဏ်ကင်းမဲ့စေသည် မဟုတ်လော။ ဘုရားသခင်သည် သင့်အသက်ကို အချိန်မရွေး အဆုံးသတ်စေနိုင်သည်၊ သို့တိုင် သင်သည် ဘုရားသခင်ကို အသည်းအသန် ဆန့်ကျင်နေဆဲဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပြီး၊ သင်သည် အသက်ရှင်နေသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ထို့ကြောင့်၊ ရှုထောင့်တစ်ခုမှာ သင်တို့သည် သမ္မာတရားကို လိုက်စားရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မလိုက်လျှောက်ရပေ၊ ဤအရာအပြင်၊ အန္တိခရစ်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ သိရမည်။ အကယ်၍ သင်တို့သည် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ပါက၊ ထိုသူကို အနီးကပ် စောင့်ကြည့်သင့်ပြီး၊ ထိုသူက မကောင်းသည့်အရာတစ်ခု ပြုလုပ်တော့မည်ကို သင်တို့ မြင်တွေ့ပါက၊ ချက်ချင်း တားဆီးသင့်ကာ၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ပူးပေါင်း၍ ထိုသူကို ဖော်ထုတ်ကာ၊ စိတ်ဖြာလေ့လာဆွေးနွေးသင့်သည်၊ ငြင်းပယ်ပြီးနှင်ထုတ်သင့်သည်။ အသင်းတော်တစ်ခုရှိ လူငယ်ညီအစ်ကိုမောင်နှမအချို့ ပူးပေါင်း၍ ခေါင်းဆောင်အတုအယောင်တစ်ဦးကို ဖြုတ်ချခဲ့ကြောင်း လတ်တလောတွင် ငါ ကြားသိခဲ့ရသည်။ ဤလူငယ်များသည် တိုးတက်မှု ဖြစ်စေကြပြီးဖြစ်ကြောင်း၊ စာတန်ဆန်သော အတွေးအခေါ်များဖြင့် ၎င်းတို့ အသက်မရှင်ကြကြောင်း၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြကာ လူအများစုထက် များစွာ ၎င်းတို့သာလွန်ကြောင်း ငါ ပြောဆိုသည်။ လူအများစုသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ရှိကြပြီး၊ စာတန်၏ အဆိပ်ခတ်ခြင်းကို အလွန်အမင်း ခံထားရကာ၊ စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်ခြင်း မရှိကြသေးပေ။ ခေါင်းဆောင်အတုအယောင်တစ်ဦးကို ဖယ်ရှားနိုင်ခြင်းသည် သမ္မာတရားအချို့ကို နားလည်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း ပြသသည်။ ဤသည်မှာကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤအရာက အသက်တာတွင် ရင့်ကျက်လာပြီး မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြောင်း ပြသသည်။
ကောက်ကျစ်ဆိုးယုတ်မှု၊ မသိမသာဒုက္ခပေးတတ်ခြင်း၊ လှည့်ဖြားတတ်ခြင်းဟူသော အန္တိခရစ်၏ အနှစ်သာရနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာများအပြင်၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်အားလုံးကို ယနေ့တွင် မိတ်သဟာယဖွဲ့ခြင်းနှင့် ဖော်ထုတ်ခြင်းအားဖြင့်၊ အန္တိခရစ်များက ဘုရားသခင်ကို ပင်ကိုအားဖြင့် ဆန့်ကျင်ကြသည်ကို ငါတို့ မြင်တွေ့ရသည်။ အချို့လူများက၊ “ကျွန်ုပ်တွင်အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသော်လည်း၊ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရ မရှိပါ။ ကျွန်ုပ်သည် မည်သည့်အခါတွင်မျှ အန္တိခရစ်တစ်ဦးဖြစ်သွားမည်မဟုတ်ပါ” ဟု ဆိုကြသည်။ ဤသဘောထားအပေါ် သင်တို့ မည်သို့ ထင်မြင်ပါသနည်း။ သင့်တွင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ မရှိသော်လည်း၊ အန္တိခရစ်တစ်ဦး၏ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များ ရှိနေသည်။ သင်သည် အန္တိခရစ်တစ်ဦး အသက်ရှင်နေထိုင်သည့်အရာကို အသက်ရှင်နေထိုင်ပြီး၊ သင့်တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိပေသည်။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်မည့် အန္တရာယ်၌ ရှိနေသည်။ အဆင့်အတန်း၊ သြဇာလွှမ်းမိုးမှု၊ အရင်းအနှီးများဖြင့်၊ သင် အန္တိခရစ်တစ်ဦး ဖြစ်လာရန်မှာ အချိန်နှင့်သာ ဆိုင်ပေသည်။ ယင်းမှာ အမှန်တရား ဖြစ်သည်။ ဤသို့ ငါ ဆိုရာ၌ ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ငါသည် သင်တို့အား သတိပေးရန်နှင့် အမှန်တရားတစ်ခုကို ပြောပြရန် ထိုအရာကို ပြောဆိုခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စတင်လိုက်လျှောက်သည်နှင့်တစ်ပြိုင်နက်၊ ဖြစ်နိုင်ခြေနှစ်ခု ရှိသည်။ တစ်ခုမှာ ထိုအရာကို သင် အချိန်မီ ရှာဖွေတွေ့ရှိပြီး၊ ဦးတည်ချက်ပြောင်းနိုင်လိမ့်မည်ဖြစ်ကာ၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၊ နောင်တရပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံနိုင်လာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးသော ဖြစ်နိုင်ခြေဖြစ်ပြီး၊ သင်သည် ကယ်တင်ခြင်းကို ရရှိမည့် မျှော်လင့်ချက် ရှိလိမ့်မည်။ သို့သော်၊ သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းအား မလိုက်လျှောက်နိုင်ပါက၊ မကောင်းမှုများစွာကို သင် ကျူးလွန်ပြီး အန္တိခရစ်တစ်ဦးအဖြစ် သရုပ်ဖော်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ အကျိုးဆက်များက မစဉ်းစားရက်စရာ ဖြစ်သည်။ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) သင်တို့ နားလည်သည်မှာ ကောင်းပေ၏။ ဤအရာအားဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ငါ ဆိုလိုသည်မှာ၊ အကယ်၍ သင့်တွင် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များ ရှိလျှင် သင့်အနေဖြင့် လှည့်သာပြင်သာရှိသေးပြီး နောင်တရရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သည်၊ သို့သော် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သင် အန္တရာယ်ရှိပေသည်။ ထို့ကြောင့်၊ သင်၌ အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များ ရှိသည်ကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ လမ်းကြောင်းပြောင်းသင့်သည်၊ သမ္မာတရားကို ရှာဖွေပြီး ဤပြဿနာကို ဖြေရှင်းသင့်သည်။ ဤကိစ္စရပ်ကို ပေါ့ပေါ့တန်တန် သဘောမထားနှင့်။ သို့မဟုတ်ပါက၊ သင်သည် အာဏာနှင့် အခွင့်အလမ်းများ ရှိလာသည့်အခါ၊ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်လိမ့်မည်ဖြစ်ပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်ပေါ်စေလိမ့်မည်။ အကျိုးဆက်များကို သင် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်သကဲ့သို့ ထိုအရာက သင်၏အဆုံးသတ်နှင့် ခရီးပန်းတိုင်အပေါ် သက်ရောက်ရန် အလားအလာ အလွန်ရှိနေပေသည်။
ယနေ့ ငါတို့သည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် သာမန်လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့ကြား ပဓာနကျသော ကွာခြားချက်ကို ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သည်။ ယခု သင်တို့ နားလည်ကြပြီလော။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ပိုင်ဆိုင်ကြပြီး၊ ၎င်းတို့အားလုံး၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များ ရှိကြသည်။ သို့ရာတွင် သာမန်လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့မှာမူ ကွဲပြားခြားနားသည်။ သာမန်လူတို့၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲများ၌မူ သမ္မာတရားကို တမ်းတပြီး သမ္မာတရားကို ချစ်မြတ်နိုးကြသည်။ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်သည့်ဖြစ်စဉ်တွင် ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားက အကန့်အသတ်ရှိသော်ငြားလည်း၊ အချို့ကိုမူ လက်တွေ့လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် တဖြည်းဖြည်း သန့်စင်ခြင်းခံရနိုင်ပြီး အမှန်တကယ် ပြောင်းလဲနိုင်ကာ၊ နောက်ဆုံး၌ ဘုရားသခင်ကို အခြေခံအားဖြင့် ကျိုးနွံနာခံနိုင်ကာ ကယ်တင်ခြင်းကို ရရှိနိုင်ကြပေသည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝမချစ်မြတ်နိုးကြပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့၊ လုံးဝ လက်တွေ့မလုပ်ဆောင်ကြပေ။ သင်တို့အနေဖြင့် ဤနေရာ၌ ငါပြောသည့်အရာအတိုင်း စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်ရန် ကြိုးစားသင့်သည်။ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်စေ၊ သာမန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်စေ၊ ၎င်းတို့နားလည်နိုင်သည့် အတိုင်းအတာအတွင်းရှိ သမ္မာတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို မြင်ရန်ကြည့်ရှုလော့။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက သမ္မာတရား စည်းမျဉ်းတစ်ခုကို နားလည်သော်လည်း၊ လက်တွေ့လုပ်ဆောင်ရမည့်အချိန်ရောက်လာသည့်အခါ၊ လုံးဝ လက်တွေ့မလုပ်ဆောင်သကဲ့သို့၊ မိမိအလိုရှိသည့်အရာကို လုပ်ဆောင်ပြီး အကြောင်းမဲ့ ပြုမူသည်ဆိုပါစို့။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်ပြီး ထိုသို့သောလူတစ်ဦးကို ကယ်တင်ရန် ခက်ခဲသည်။ လူအချို့သည် သမ္မာတရားကို အမှန်တကယ် နားမလည်ကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲ၌မူ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပြီး သမ္မာတရားနှင့် ညီညွတ်သည့် မည်သည့်အရာအား အတိအကျ လုပ်ဆောင်ရမည်ကို ရှာဖွေလိုကြသည်။ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲ၌ သမ္မာတရားကို မဆန့်ကျင်လိုကြပေ။ သမ္မာတရားကို နားမလည်သောကြောင့်သာ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်လျက် ပြောဆိုပြုမူကြခြင်းဖြစ်သည်၊ အမှားများ ပြုလုပ်ကြခြင်းဖြစ်ပြီး၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသည့်အရာများကိုပင် လုပ်ဆောင်မိကြခြင်းဖြစ်သည်။ ဤအရာ၏ သဘာဝသည် အဘယ်နည်း။ ဤအရာ၏ သဘာဝသည် မကောင်းမှုပြုခြင်းနှင့် မသက်ဆိုင်ပေ။ ထိုအရာကို မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းတို့က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့်၊ သမ္မာတရား စည်းမျဉ်းများကို မရရှိနိုင်သောကြောင့်နှင့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအရ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မှန်ကန်သည်ဟု ထင်မှတ်ကြသောကြောင့်သက်သက်ဖြင့် ဤအမှုအရာများကို ပြုလုပ်ကြခြင်းဖြစ်ရာ ၎င်းတို့သည် ထိုနည်းလမ်းဖြင့် ပြုမူကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစ ကင်းမဲ့နေသည့် မိုက်မဲပြီး မသိနားမလည်သူအဖြစ် သတ်မှတ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို တမင်တကာ ဆန့်ကျင်ကြခြင်းတော့ မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောကြောင့် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် အမှုအရာများကို အစဉ်လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏အလုပ်ကို မကြာခဏ နှောင့်ယှက်တတ်သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ပတ်သက်၍မူ၊ သင်တို့သည် ကြီးကြပ်မှုနှင့် ကန့်သတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ခြင်းအား လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ပြဿနာများဖြေရှင်းရန် သမ္မာတရားကို ပို၍မိတ်သဟာယဖွဲ့ခြင်းအား လက်တွေ့လုပ်ဆောင်ရမည်။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် အလွန်ချို့တဲ့ပြီး သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်လျှင်၊ ထိုသူကို ခေါင်းဆောင်အတုအယောင်အဖြစ် ထုတ်ပယ်ရမည့် အချိန်ကျပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ထိုသမ္မာတရားကို တမင်တကာ ဆန့်ကျင်လျှင်၊ ပြုပြင်ခြင်းခံရမည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားကို လက်မခံနိုင်ဘဲ ရှိနေကာ နောင်တတရားကို ဖော်ပြခြင်းမရှိလျှင်၊ ၎င်းတို့သည် ဆိုးယုတ်သောသူအဖြစ် ကိုင်တွယ်ခံရမည်ဖြစ်ပြီး၊ ရှင်းလင်းပစ်ခံရသင့်သည်။ သို့ရာတွင် အန္တိခရစ်တို့၏ သဘာဝသည် ဆိုးယုတ်သောသူများ သို့မဟုတ် အယောင်ဆောင် ခေါင်းဆောင်များ၏ သဘာဝထက် များစွာ ပို၍ဆိုးရွားသည်။ အကြောင်းမှာ အန္တိခရစ်တို့သည် အသင်းတော်အလုပ်ကို တမင်တကာ အနှောင့်အယှက်ပေးသောကြောင့် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်ကြ၊ မည်သူ့ကိုမျှ နားမထောင်ကြ၊ နားထောင်လျှင်လည်း ကြားသည့်အရာကို လက်မခံကြပေ။ အပေါ်ယံအားဖြင့် ထိုအရာကို လက်ခံသည့်ပုံပေါ်လျှင်ပင်၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်ကြပြီး၊ ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်သည့်အခါ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝထည့်မစဉ်းစားဘဲ မိမိတို့၏ နှစ်သက်မှုများနှင့်အညီ ပြုမူဆောင်ရွက်ကြဆဲဖြစ်သည်။ အခြားသူများအနီးဝန်းကျင်တွင် ရှိသည့်အခါ၊ ၎င်းတို့သည် လူ့စကားအချို့ကို ပြောဆိုကြပြီး လူသားပုံသဏ္ဌာန်အချို့ ရှိကြသော်လည်း၊ လူများ၏ကွယ်ရာ၌ ပြုမူကြသည့်အခါ၊ ၎င်းတို့၏ နတ်ဆိုးဆန်သော သဘာဝသည် ပေါ်ထွက်လာသည်။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ လူအချို့သည် အဆင့်အတန်းကို ရရှိသည့်အခါ၊ မကောင်းမှုမျိုးစုံကို လုပ်ဆောင်ကြပြီး အန္တိခရစ်များ ဖြစ်လာကြသည်။ အချို့လူများမှာ အဆင့်အတန်း မရှိကြသော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရနှင့် အတူတူပင်ဖြစ်သည်။ သူတို့ကို လူကောင်းများဟု သင် ပြောနိုင်သလော။ အဆင့်အတန်းကို ၎င်းတို့ ရရှိသည့်အခိုက်အတန့်၌ပင်၊ ၎င်းတို့သည် မကောင်းမှုမျိုးစုံ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။
မိမိကိုယ်တိုင်က အန္တိခရစ်အဖြစ် ကြီးထွားလာနေသောသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိရပြီး၊ အဆင့်အတန်းတစ်ခုရရှိသည်နှင့်တစ်ပြိုင်နက် ရာနှုန်းပြည့် အန္တိခရစ်တစ်ဦးဖြစ်ဖို့ သေချာသည်ဟု ခံစားရသူ တစ်ဦးတလေ သင်တို့ထဲတွင် ရှိသလော။ ထိုသို့ဖြစ်လျှင်၊ အခြားသူများက သင့်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်သည့်အခါ၊ သင်သည် ၎င်းတို့အား သင့်ကို ရွေးကောက်ခွင့် လုံးဝမပေးရဘဲ၊ “ကျွန်ုပ် ကြဉ်ရှောင်ပါသည်။ ကျွန်ုပ်ကို မရွေးချယ်ပါနှင့်။ အကယ်၍ သင်တို့ ရွေးချယ်ခဲ့လျှင်၊ ကျွန်ုပ်အတွက်တော့ အဆုံးသတ်သွားပါပြီ” ဟု ပြောသင့်သည်။ ဤသည်ကို မိမိကိုယ်ကို သိခြင်းရှိသည်ဟု ခေါ်သည်။ အဆင့်အတန်းမရှိခြင်းသည် သင်၏ အကာအကွယ် ဖြစ်သည်။ သာမန်နောက်လိုက်တစ်ဦးအနေဖြင့်၊ သင်သည် ကြီးမားသောမကောင်းမှုကို ပြုလုပ်ရန် အခွင့်အလမ်း လုံးဝ မရှိကောင်းမရှိနိုင်သကဲ့သို့ သင် အပြစ်ဒဏ်ပေးခံရနိုင်ခြေမှာလည်း သုညဖြစ်နိုင်ပေသည်။ သို့ရာတွင်၊ သင် အဆင့်အတန်းရရှိသည့်အခိုက်အတန့်၌ပင်၊ သင် မကောင်းမှုကျူးလွန်နိုင်ခြေသည် ရာနှုန်းပြည့်ဖြစ်သကဲ့သို့၊ သင် အပြစ်ဒဏ်ပေးခံရနိုင်ခြေမှာလည်း ရာနှုန်းပြည့်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်အတွက် အားလုံးအဆုံးသတ်ပြီဖြစ်ကာ၊ သင်သည် ကယ်တင်ခြင်းရရှိရန် သင့်၌ ရှိကောင်းရှိနိုင်သည့် မည်သည့်အခွင့်အလမ်းကိုမဆို လုံးဝ ဖျက်ဆီးမိပြီး ဖြစ်သွားလိမ့်မည်။ အကယ်၍ သင်သည် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိနေပါက၊ အမြန်လုပ်ပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ပြဿနာကိုဖြေရှင်းရန် သမ္မာတရားကိုရှာဖွေသင့်သည်။ ဘုရားသခင်ကိုမှီခိုပြီး မိမိကိုယ်ကိုချုပ်တည်းခြင်းအား လက်တွေ့လုပ်ဆောင်သင့်ပြီး၊ သင်၏အဆင့်အတန်းကို အခိုင်အမာမပြသင့်ပေ။ ထိုအခါ သင်သည် သင်၏တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် ရာထူးဂုဏ်ပုဒ်များကို အမြဲအာရုံစိုက်ပြီး သင်၏အဆင့်အတန်းကို အခိုင်အမာပြကာ၊ သင်၏တာဝန်ကိုထမ်းဆောင်ရန် အာရုံမစိုက်ပါက၊ သင်သည် လူလိမ်တစ်ဦးဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ သင်သည် တာဝန်တစ်ခုကို လက်ခံသည့်အခါ၊ အဆင့်အတန်းကို အာရုံမစိုက်နှင့်။ သင်၏တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်သင့်သည်။ ကိစ္စရပ်များကို ကောင်းစွာကိုင်တွယ်ခြင်းသည် အခြားမည်သည့်အရာမဆိုထက် ပို၍ စစ်မှန်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပါက၊ ဘုရားသခင်ကို သင် စိတ်ကျေနပ်စေပြီးဖြစ်မည် မဟုတ်လော။ သင်တို့နှင့်ပတ်သက်သရွေ့၊ ဤသည်မှာ မကောင်းမှု လုပ်ဆောင်ခြင်းကို သင်တို့ ရှောင်ရှားနိုင်သည့် နောက်ဆုံးနည်းလမ်းဖြစ်သည်။ သင်တို့ကို အမြဲတစေ ချုပ်ထိန်းထားပြီး အဆင့်အတန်း ရရှိခွင့်မပေးခြင်းသည် ကောင်းသောအရာလော သို့မဟုတ် မကောင်းသောအရာလော။ (ကောင်းသောအရာတစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် အချို့လူများသည် ရွေးကောက်ပွဲများအတွင်းတွင် အဆင့်အတန်းအတွက် အဘယ်ကြောင့် အလွန်ကြိုးစားပြိုင်ဆိုင်နေကြသေးသနည်း။ ထိုသို့သောလူများ၌ ရည်မှန်းချက် အလွန်များလွန်းလှသည်။ လူတို့အတွက် ရည်မှန်းချက် အလွန်များလွန်းခြင်းသည် ပုံမှန်မဟုတ်ပေ။ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်နေကြခြင်း ဖြစ်သည်။ တရားဝင်ရာထူးတစ်ခုရလိုကြကာ အဆင့်အတန်းကို အလွန်အမင်း နှစ်သက်ကြသည့် အသက်နှစ်ဆယ်ကျော်အရွယ် ညီမငယ်များစွာရှိသည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် ရွေးချယ်မခံရလျှင်၊ စိတ်ကောက်ပြီး အစာမစားဘဲနေကြသည်။ ၎င်းတို့သည် အနည်းငယ် ကလေးဆန်သည့်ပုံပေါ်သော်လည်း၊ ၎င်းတို့၏စိတ်ပိုင်းဖြတ်မှုအရမူ၊ အမှုအရာများသည် ၎င်းတို့ အသက်ကြီးလာသည်နှင့်အမျှ အလွန်အမင်း ဆိုးရွားလာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကျွမ်းကျင်သူများ ဖြစ်လာကြလိမ့်မည်၊ မှန်ပါသလော။ အချို့အမျိုးသမီးများသည် ရှေးအခါက အမျိုးသမီးတစ်ဦးက ဧကရီဘုရင်မဖြစ်လာခဲ့ကြောင်း ကြားသိပြီး ၎င်းတို့အနေဖြင့် ထိုအမျိုးသမီးဖြစ်နိုင်ဖို့ ဆန္ဒပြုလျက် အလွန့်အလွန် အားကျမိကြလေသည်။ ၎င်းတို့သည် သာမန် မဖြစ်လိုကြသကဲ့သို့ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်း၌ သာမန်နောက်လိုက်များသာ မဖြစ်လိုကြပေ။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့၏လိုအင်ဆန္ဒများ အဆက်မပြတ် တောက်လောင်နေပြီး၊ မိမိတို့ကိုယ်ကို ပြသရန် အခွင့်အလမ်းတစ်ခု ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ထိုအခွင့်အလမ်းကို ရယူကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ကောင်းမွန်သည့် ပုံစံဖြင့် ထမ်းဆောင်လိုခြင်းမရှိကြ၊ မိမိတို့၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလိုခြင်း မရှိကြ၊ သမ္မာတရားကို လိုက်စားရာ၌ မိမိတို့၏စိတ်နှလုံးကို နှစ်မြှုပ်လိုခြင်း သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံလိုခြင်း မရှိကြပေ။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် သမ္မာတရားကိုလိုက်စားပြီး မိမိတို့၏တာဝန်များအား ထမ်းဆောင်ခြင်းကို မနှစ်သက်ကြသကဲ့သို့၊ ထိုသို့သော ရိုးရှင်းသည့်ဘဝမျိုးကို အသက်ရှင်လိုခြင်းမရှိကြပေ။ ဤသည်မှာ ၎င်းတို့အတွက် ဒုက္ခဖြစ်စေသည်။ သင်တို့ထဲတွင် ဤကဲ့သို့သောသူ တစ်ဦးတလေ ရှိသလော။ ဥပမာအနေနှင့် လူတကာနှင့်သောင်းပြောင်းလိင်ဆက်ဆံရန် နှစ်သက်သည့် အမျိုးသမီးတစ်ဦးကို ကြည့်လော့။ သူမ၏ခင်ပွန်းသည် သူမအပေါ် မည်မျှပင်ကောင်းနေပါစေ သို့မဟုတ် သူ၌ငွေမည်မျှပင်ရှိနေပါစေ၊ သူသည် သူမ၏စိတ်နှလုံးကို ဘယ်သောအခါမျှ မထိန်းသိမ်းထားနိုင်ပေ။ အချို့အမျိုးသမီးများသည် ကလေးများစွာရှိပြီး အမျိုးသားများအား မဆင်မခြင် သွေးဆောင်ဖြားယောင်းရန် ကြိုးစားကြဆဲဖြစ်ကာ၊ မည်သည့်အမျိုးသားမျှ ၎င်းတို့ကို စောင့်ကြည့်ထိန်းသိမ်းထားနိုင်ခြင်းမရှိပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းပင်ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်သော စွမ်းအင်သည် အဘယ်မှလာသနည်း။ (၎င်းတို့၏ သဘာဝအတွင်းမှ လာပါသည်။) ၎င်းတို့၏သဘာဝသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ၎င်းတို့ထဲတွင် ညစ်ညူးသောဝိညာဉ်များ အသက်ရှင်ကြပြီး၊ ၎င်းတို့သည် ညစ်ညူးသော ဝိညာဉ်များ ပြန်ဝင်စားသူများ ဖြစ်ကြသည်။ ဝိညာဉ်ရေးရာနယ်ပယ်ရှိ ကိစ္စရပ်များသည် ရှုပ်ထွေးသော်လည်း၊ မည်မျှပင် ရှုပ်ထွေးနေပါစေ၊ လူတစ်ဦးသည် သမ္မာတရားကိုနားလည်ပြီး ဤကိစ္စရပ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း သဘောထားနိုင်သမျှကာလပတ်လုံး၊ ပိုင်းခြားသိမြင်ခြင်းရှိနိုင်ပြီး၊ ဤသည်ကို ဝိညာဉ်ရေးရာနယ်ပယ်ထဲသို့ တိုက်ရိုက်ထိုးထွင်းသိမြင်ခြင်းဟု သိကြသည်။ သမ္မာတရားကို သင်နားလည်သည့်အခါ၊ သင်သည် အမှုအရာများကို ထက်မြက်တိကျစွာ မြင်နိုင်ပြီး၊ သင်၏အတွေးအခေါ်သည်လည်း လျင်မြန်သွက်လက်ကာ ရှင်းလင်းလာပြီး၊ သင်၏စိတ်နှလုံးက လင်းလက်လာသည်။ အကယ်၍ သင် သမ္မာတရားကို နားမလည်ပါက၊ သင်၏စိတ်နှလုံးသည် အမြဲတစေ နားဝေတိမ်တောင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်လုပ်နေသည့်အရာတွင် သင့်စိတ်နှလုံးထဲ၌ မည်သည့်အရာမျှသိမည်မဟုတ်ဘဲ၊ သင်သည် ငတုံးတစ်ယောက်ကဲ့သို့ မည်သည့်ဘက်သို့လှည့်ရမည်ကို ကြောက်ရွံ့နေမည်။ သင် ပို၍လုပ်ဆောင်မိပါက မိမိကိုယ်ကို ကြွားဝါမိမည်ကို ကြောက်ရွံ့မည်ဖြစ်ပြီး၊ မလုပ်ဆောင်ပါက သင်၏တာဝန်ဝတ္တရားများကို မဖြည့်ဆည်းမိမည်ကို ကြောက်ရွံ့နေမည်။ သင်သည် အမြဲတစေ ထိုသို့သော အခြေအနေတွင် ရှိနေလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင့်တွင် သမ္မာတရားအပေါ် သိနားလည်မှု အလွန် နည်းပါးသောကြောင့် ဖြစ်သည်။ သမ္မာတရားကို အလွန် နားလည်မှုနည်းပါးသောသူတစ်ဦး၏ ပထမဆုံးသရုပ်သကန်သည် အဘယ်နည်း။ ၎င်းတို့သည် ယုတ်ညံ့ပြီး အသုံးမကျသောဘဝဖြင့် အသက်ရှင်ကြသည်။ အန္တိခရစ်တို့၏ ကစားခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းနှင့် ဟိုဟိုသည်သည် လှည့်စားခံရပြီးနောက်၊ ၎င်းတို့ သတိဝင်လာသည့်နေ့တွင်၊ ၎င်းတို့သည် အန္တိခရစ်များအတွက် အစေခံကာ အလုပ်လုပ်ပေးလျက် ထိုအန္တိခရစ်နှင့်အတူ အလုပ်လုပ်ခဲ့သော်လည်း အန္တိခရစ်တို့က ဘုရားသခင်ကို ချစ်မြတ်နိုးပြီး သစ္စာစောင့်သိသည်ဟု ပြောဆိုနေကြဆဲဖြစ်ပုံကို သဘောပေါက်သွားကြသည်။ ယခုမှသာ ၎င်းတို့သည် ဤစကားများအားလုံးကို မမှန်မကန် အသုံးပြုမိခဲ့ကြကြောင်း မြင်တွေ့ကြသည်။ ဤသည်မှာ အလွန်အသုံးမကျခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် အသုံးမကျသနည်း။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန်သည့်အရာကို ၎င်းတို့ ရရှိကြခြင်းဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက၊ အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိနိုင်သည်။ ထို့နောက်တွင် သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး နှင်ထုတ်နိုင်ပေသည်။ ထို့နောက်တွင် သင်သည် ၎င်းတို့၏အထင်အမြင်မှားစေခြင်းကို ဆက်လက်ခံရပြီး ၎င်းတို့နောက်လိုက်နေဦးမည်လော။ သေချာပေါက် လိုက်မည်မဟုတ်။ ထို့ပြင်၊ သင်သည် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သည်။ ဘုရားအိမ်တော်က သင့်ကို နှစ်ပေါင်းများစွာ ရေလောင်းပေးပြီး ပျိုးထောင်ပေးပြီးဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ပါက၊ အန္တိခရစ်တို့ကို မပိုင်းခြားနိုင်သကဲ့သို့ သင်ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကိုပင် မဖြည့်ဆည်းဘဲ၊ အဆုံး၌ အန္တိခရစ်များနှင့်အတူ ပူးပေါင်းကာ ၎င်းတို့၏ ကြံရာပါ ဖြစ်သွားပါက၊ ယင်းသည် သင့်ကို အသုံးမကျသူ ဖြစ်သွားစေသည် မဟုတ်လော။ ဤကဲ့သို့သောလူများသည် သနားစရာကောင်းသည် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်နောက်သို့ အမည်ခံအနေဖြင့်လိုက်သော်လည်း အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ဆွဲသွင်းခြင်းတို့ကိုခံရကာ၊ အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး၊ ပြန်လာလိုသော်လည်း သင်၏ညီအစ်ကိုမောင်နှမများကို ရင်ဆိုင်ရန် သတ္တိမရှိပါက၊ ယင်းသည် အသုံးမကျသော အသက်ရှင်နည်းတစ်ခု မဟုတ်လော။ သင် မည်မျှပင် ဝမ်းနည်းနေပါစေ၊ အသုံးမဝင်ပေ။ သမ္မာတရားကို သင် နားမလည်ခြင်းသည် မည်သူ၏ အပြစ်ဖြစ်သနည်း။ သင့်ကိုယ်သင်မှလွဲ၍ အခြားမည်သူ့ကိုမျှ အပြစ်တင်၍မရပေ။
ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန် ခုနစ်မျိုးလုံးကို မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ တစ်မျိုးချင်းစီအတွက် ငါတို့ပြောဆိုပြီးဖြစ်သော အသေးစိတ်သရုပ်သကန်များအတွက်၊ ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သော အနှစ်သာရအပြင်၊ ငါတို့ပြောဆိုခဲ့သော အခြေအနေအမျိုးမျိုးနှင့်ပတ်သက်၍၊ ဤအရာများထဲမှ တစ်ခုမျှ အခြေအမြစ်မရှိဘဲ လုပ်ကြံဖန်တီးထားခြင်းမဟုတ်ဘဲ၊ ခိုင်မာသောအခြေခံရှိပြီး အချက်အလက်များပေါ်တွင် အခြေခံထားသည်။ သို့ရာတွင် အချက်တစ်ချက်ရှိသည်။ ဤအရာများကို သင်တို့နားထောင်ပြီးသည့်နောက် စစ်မှန်သော အမှုအရာများနှင့် ကြုံတွေ့သည့်အခါ သင်တို့သည် ထိုအရာများနှင့် တိုက်ဆိုင်ချိန်ညှိနိုင်ခြင်းမရှိပါက၊ ဤအရာက မည်သည့်အရာကို ပြသနေသနည်း။ ပထမဦးစွာ၊ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့နေကြောင်း ပြသပြီး၊ တစ်ခါတစ်ရံ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုအချို့ ရှိလျှင်ပင်၊ ယင်းသည် တစ်ဝက်တစ်ပျက် နားလည်ခြင်းမျှသာဖြစ်မည်ဖြစ်ပြီး၊ ပြည့်စုံသောဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မဟုတ်ပေ။ ဒုတိယအနေနှင့်၊ ထိုအရာက သင်တို့အနေဖြင့် သမ္မာတရားကို မချစ်မြတ်နိုးသကဲ့သို့ သမ္မာတရားကို အလေးအနက်မထားကြောင်း ပြသသည်။ တတိယအနေနှင့်၊ သင်တို့သည် အစွမ်းအစ အလွန် ကင်းမဲ့ပြီး သဘောပေါက်နားလည်နိုင်စွမ်း လုံးဝ ကင်းမဲ့နေကြောင်း ပြသသည်။ ငါသည် အန္တိခရစ်တို့အား ဖော်ထုတ်ခြင်းကို များစွာပြောဆိုခဲ့ပြီးဖြစ်သော်လည်း၊ သင်သည် ထိုအရာများထဲမှတစ်ခုမျှ နားလည်ခြင်းမရှိသေးပေ။ သင်သည် ထိုအချိန်က နားလည်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း၊ နောက်ပိုင်းတွင်မူ ယင်းသည် ဝေဝါးသွားပြီး၊ ဤအရာက သင်သည် ထိုအရာကို နားမလည်သေးကြောင်း ပြသနေသည်။ အဘယ်ကြောင့် သင်နားမလည်သနည်း။ ဤအရာသည် နားလည်သဘောပေါက်မှုနှင့် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ ငါသည် ဤအဆင့်အထိ အမှုအရာများကို ရှင်းပြပြီးဖြစ်ကာ သင် နားမလည်သေးသည့်အခါ၊ ဤသည်မှာ သင်သည် သဘောပေါက်နားလည်နိုင်စွမ်း အလွန်ကင်းမဲ့ကြောင်းနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း တစ်ခုတလေမျှ အမှန်တကယ် မပိုင်ဆိုင်ကြောင်းတို့ကို ဆိုလိုပေသည်။ ငါပြောသည့်အရာ တိကျသလော။ ဤသဘောပင်ဖြစ်သည်။ တရားဒေသနာများကို ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ကြာ နားထောင်ခဲ့ပြီးဖြစ်ကာ သမ္မာတရားကို နားမလည်သေးသောသူ အချို့ သင်တို့ထဲတွင်ရှိသည်။ ဤသည်ကို ငါတို့ မည်သို့ရှင်းပြသနည်း။ ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။ တစ်ခုမှာ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ၊ အစွမ်းအစ ကင်းမဲ့ပြီး၊ သမ္မာတရားကို နားလည်နိုင်စွမ်းမရှိခြင်း ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့၌ ဝိညာဉ်ရေးရာ သိနားလည်မှုရှိသော်လည်း၊ သမ္မာတရားကို မချစ်မြတ်နိုးသကဲ့သို့ သမ္မာတရားကို စိတ်မဝင်စားခြင်း ဖြစ်သည်။ အကယ်၍ ဤဖြစ်နိုင်ခြေနှစ်ခုထဲမှ တစ်ခုသည် သင်နှင့်သက်ဆိုင်နေပါက၊ သင်သည် သမ္မာတရားကိုနားလည်နိုင်စွမ်းမရှိပေ။ အကယ်၍ ဖြစ်နိုင်ခြေနှစ်ခုလုံးက သင်နှင့်သက်ဆိုင်နေပါက၊ သင်သည် မျက်စိရောဂါခံစားနေရသော မျက်မမြင်တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ ကုရာနတ္တိဆေးမရှိပေ။ ဤနှုတ်ကပတ်တော်များအားလုံးကို ငါ မိတ်သဟာယဖွဲ့ပြီးသည့်တိုင် သင်တို့ကိုယ်သင်တို့နှင့် သင့်လျော်သောနှိုင်းယှဉ်မှုတစ်ခု မပြုလုပ်နိုင်သေးသကဲ့သို့ ငါဆိုလိုသည့်အရာကို နားမလည်ချေ။ ယင်းက သင်တို့၏သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ မည်သည့်အရာကို ပြောဆိုသနည်း။ ထိုအရာသည် အလွန် ချို့တဲ့နေသည်မဟုတ်လော။ အကယ်၍ သင်တို့သည် ပို၍ပျင်းရိလျှင်၊ သက်သောင့်သက်သာရှိမှုကို တပ်မက်လျှင်၊ သမ္မာတရားကို မချစ်မြတ်နိုးလျှင်၊ ပုဂ္ဂိုလ်ရေးနှစ်သက်မှုများရှိပြီး၊ ပြင်ပကိစ္စရပ်များကြောင့် အာရုံပျံ့လွင့်နေပါက၊ ဤစကားများသည် သင်တို့အပေါ်၌ အကျိုးသက်ရောက်မှု နည်းသည်ထက် နည်းပါးလာမည်ဖြစ်ပြီး၊ ယင်းတို့၏အကျိုးသက်ရောက်မှုမှာ အလွန် လျော့နည်းသွားမည်ဖြစ်သည်။ ဤသဘောပင်ဖြစ်သည်။ အမှန်တကယ်တွင်မူ၊ အန္တိခရစ်တို့ကို ပိုင်းခြားသိမြင်ရန် အလွန်လွယ်ကူသည်။ ရှုထောင့်တစ်ခုမှာ အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများကို ရှင်းလင်းစွာသိရှိရန်ဖြစ်စဉ်တွင်၊ အခြားရှုထောင့်တစ်ခုမှာ ၎င်းတို့၏စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ဖြစ်တည်မှုအပေါ် ရှုမြင်ချက်များက အဘယ်အရာဖြစ်သည်၊ ညီအစ်ကိုမောင်နှမများအပေါ်၊ တာဝန်အပေါ်၊ ဘုရားအိမ်တော်၏အကျိုးစီးပွားများအပေါ်၊ ဘုရားသခင်အပေါ်၊ သမ္မာတရားအပေါ်နှင့် အပြုသဘောဆောင်သောအရာများအပေါ် ၎င်းတို့၏သဘောထားများမှာ အဘယ်အရာဖြစ်သည်ဟူသည်နှင့်၊ လုပ်ရပ်များအတွက် ၎င်းတို့၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ကြည့်ရှုရန်ဖြစ်သည်။ ဤရှုထောင့်များကို အသုံးပြုခြင်းအားဖြင့် သင်တို့သည် ၎င်းတို့ကို အခြေခံအားဖြင့် သရုပ်ဖော်နိုင်မည်ဖြစ်သည်။ ၎င်းတို့ကို ပိုမိုအချိန်ကြာမြင့်စွာ စောင့်ကြည့်လေ့လာပြီး သင်ယူရန် လိုအပ်ဦးမည်လော။ လိုအပ်မည်မဟုတ်ပါ။ အန္တိခရစ်တို့သည် အကျင့်ပျက်ပြားမှုတွင်သာ ပါဝင်ခြင်းမဟုတ်သကဲ့သို့၊ လူတို့ကို ဖိနှိပ်ရုံဖိနှိပ်ခြင်းလည်းမဟုတ်ပေ။ ၎င်းတို့၌ စာတန်ဆန်သောသဘာဝရှိပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ အကယ်၍ ဤတရားဒေသနာများကို နားထောင်ပြီးသည့်နောက်၊ သင်သည် အန္တိခရစ်တစ်ဦး၏စိတ်သဘောထားကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသကဲ့သို့၊ ၎င်းတို့ဖော်ထုတ်ပြနေသည့်အရာမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်ကြောင်း မပိုင်းခြားနိုင်ပါက၊ သင်သည် ယင်းတို့ထဲမှ တစ်ခုတလေကို နားလည်ပြီးဖြစ်သလော။ သင်သည် အယူဝါဒကို မှတ်မိသော်လည်း၊ ယင်းကို မည်သည့်အရာနှင့်မျှ တိုက်ဆိုင်ချိန်ညှိနိုင်ခြင်းမရှိသကဲ့သို့ အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ သင်၏အယူဝါဒသည် အားနည်းပြီး အကျိုးသက်ရောက်မှုမရှိဖြစ်ကာ၊ ဤသည်က သင်နားမလည်သေးကြောင်း သက်သေပြနေသည်။ သင်သည် ထိုအချိန်၌ နားလည်ပြီး နောက်ပိုင်းတွင် ဆုတောင်း ဖတ်ရှုခြင်းအချို့ပြုလုပ်ကာ၊ ဤအရာများနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများနှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့လျှင်၊ ဤသမ္မာတရားများကို မှတ်သားပြီး ဆင်ခြင်သုံးသပ်ကာ၊ ဘုရားသခင်ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းလျှင်၊ သင်သည် ပို၍ရရှိပေလိမ့်မည်။ သို့ရာတွင်၊ အကယ်၍ သင်သည် သင်၏တာဝန်၌ သက်သောင့်သက်သာရှိမှုကို တပ်မက်လျှင်၊ ပေါ့လျော့လျှင်၊ သင်သည် ဝန်ထုပ်ဝန်ပိုးမရှိသကဲ့သို့၊ ပုဂ္ဂိုလ်ရေးနှစ်သက်မှုများရှိပြီး၊ စိတ်မတည်ငြိမ်ဖြစ်ကာ၊ သမ္မာတရားကို အမှန်တကယ် မချစ်မြတ်နိုးဘဲ၊ လောကီရေစီးကြောင်းနောက်လိုက်ပြီး၊ ပြင်ပကိစ္စရပ်များ၏ ဆွဲဆောင်ခြင်းကို ခံရပါက၊ သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ အဆုံး၌၊ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော ဤသမ္မာတရားများသည် သင့်အတွက် အချည်းနှီးဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသမျှမှာ စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်ဖြစ်ကာ၊ ယင်းက သင်သည် ထိုအရာအားလုံးကို အချည်းနှီး နားထောင်ခဲ့ကြောင်း ဆိုလိုပေမည်။ သင်တို့သည် ဤမိတ်သဟာယဖွဲ့ခြင်းများကို နောက်ပိုင်းတွင် ထပ်မံနားထောင်ကြသလော။ (နားထောင်ပါသည်။) သင်တို့သည် အကြိမ်မည်မျှ နားထောင်နိုင်ကြသနည်း။ သင်တို့နားထောင်သည့်အခါတိုင်း မတူညီသော အကျိုးသက်ရောက်မှု ရှိသလော။ နောက်ပိုင်းတွင် ယင်းတို့ကို သင်တို့ ဆင်ခြင်စဉ်းစားကြသလော။ ယင်းတို့ကို ဆင်ခြင်စဉ်းစားပြီးနောက် သင်တို့၌ မည်သို့သော ထင်မြင်ချက်များ ကျန်ရစ်သနည်း။ သင်နှင့်ပတ်သက်သရွေ့၊ ဤတရားဒေသနာများသည် သင်၏အသက်တာ၌ လူပုဂ္ဂိုလ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရန်အတွက် သင့်အတွက် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာနိုင်သလော။ (အန္တိခရစ်တို့၏ ထင်ရှားသည့် စိတ်သဘောထားအချို့နှင့် သရုပ်သကန်များကို ကျွန်ုပ်ကိုယ်တိုင်နှင့် နှိုင်းယှဉ်နိုင်သည်၊ ဆိုလိုသည်မှာ၊ အခြားသူများ၏စိတ်နှလုံးကို ထောင်ချောက်ဆင်ရန် ရှင်းလင်းစွာ ရည်ရွယ်ထားသည့် ကျွန်ုပ် ပြောဆိုပြုမူသည့်အရာများဖြစ်ပြီး၊ ဘုရားသခင်၏ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို ကျွန်ုပ်စဉ်းစားမိမည်ဖြစ်ကာ၊ ကျွန်ုပ်လုပ်ဆောင်ချက်များ၏ သဘာဝသည် အခြားသူများ၏စိတ်နှလုံးကို ထောင်ချောက်ဆင်ရန်ဖြစ်ပြီး ရည်ရွယ်ချက်အချို့ကို ကျွန်ုပ် စွမ်းဆောင်ရရှိလိုသည်ကို သိရှိလိမ့်မည်။ သို့ရာတွင်၊ လူပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ကျွန်ုပ်သည် အတော်အတန် ချို့တဲ့နေဆဲဖြစ်ကာ၊ ကျွန်ုပ်၏ ပတ်ဝန်းကျင်ရှိလူများနှင့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ရည်ရွယ်ချက်ရှိရှိ နှိုင်းယှဉ်ခြင်းမပြုပါ။) ငါ့ကိုပြောလော့၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ရှင်းလင်းစွာမြင်လိုပါက၊ မှန်ကိုအသုံးပြုသလော သို့မဟုတ် ရွှံ့ရေအိုင်ကို အသုံးပြုသလော။ (မှန်ကို အသုံးပြုပါသည်။) မှန်ကြည့်ခြင်း၏အကျိုးကျေးဇူးကား အဘယ်နည်း။ သင့်ကိုယ်သင် ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ထို့ကြောင့်၊ သင့်ကိုယ်သင်သာ ပိုင်းခြားသိမြင်နိုင်ပါက၊ ယင်းသည် အလွန်အကန့်အသတ်ရှိသည်။ သင်သည် အခြားသူများကိုလည်း ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ အခြားသူများကို ပိုင်းခြားသိမြင်ခြင်းသည် သူတို့ကို အန္တိခရစ်များအဖြစ် တမင်တကာ သတ်မှတ်ရန်မဟုတ်ဘဲ၊ လူအမျိုးမျိုးတို့၏ ပြောဆိုပြုမူမှုများကို တိုင်းတာခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့အတွက် စည်းမျဉ်းများရှိရန် ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်တိုင်အတွက် အကျိုးရှိပြီး၊ ဤအရာကို လုပ်ဆောင်ရာတွင် လူတစ်ဦးသည် လူများကို စည်းမျဉ်းများအတိုင်း မှန်ကန်စွာ ဆက်ဆံနိုင်ပေသည်။ ယင်းမှာ အခြားသူများနှင့်အတူ မိမိ၏တာဝန်ကိုထမ်းဆောင်သည့်အခါ သဟဇာတဖြစ်သောပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်အတွက် အကျိုးရှိသည်။ သို့ရာတွင်၊ မိမိကိုယ်ကိုသိရှိခြင်းအပေါ်၌သာ အဓိက မှီခိုအားထားလျက် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့်အရာမှာ အကန့်အသတ်ရှိသောရလဒ်များသာ ဖြစ်သည်။ သမ္မာတရားကို သင်လိုက်စားသည့်အခါ သင့်ကိုယ်သင်သိရှိခြင်းအပေါ်၌သာ အာရုံစိုက်၍မရပေ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အကျိုးတရားအား စွမ်းဆောင်ရရှိရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ်၌လည်း သင် အာရုံစိုက်ရမည်။ ရှုထောင့်တစ်ခုတည်းအပေါ်၌သာ အာရုံစိုက်ခြင်းအားဖြင့်၊ သင်သည် သမ္မာတရားအပေါ် ပြည့်စုံသော သိနားလည်မှု သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ဘယ်သောအခါမျှ ရရှိမည်မဟုတ်သကဲ့သို့၊ အသက်တာတွင်လည်း ကြီးထွားလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ စကားလုံးများနှင့် အယူဝါဒများကိုသာ သိနားလည်ခြင်းနှင့် အတော်လေး တူညီပြီး၊ သင်သည် ဘုရားသခင်ကို သိရှိနိုင်လိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ်နားလည်သူများသည် အရာခပ်သိမ်းကို ရိပ်စားမိနိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိရုံသာမက၊ အခြားသူများကိုလည်း ပိုင်းခြားသိမြင်နိုင်ပြီး၊ အမျိုးမျိုးသောလူပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရိပ်စားမိနိုင်သည်။ ဤနည်းလမ်းဖြင့်သာ လူတစ်ဦးသည် မိမိ၏တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏အသုံးပြုခြင်းကို ခံရနိုင်သည်။
အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်များအပေါ် ယနေ့ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍နက်ရှိုင်းပြီး ပို၍သစ်လွင်သော မည်သည့်နားလည်မှုများကို ရရှိကြပြီးဖြစ်သနည်း။ ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုလော့။ (ဘုရားသခင်၊ ယနေ့တွင် ကျွန်ုပ်ကို အလှုံ့ဆော်ဆုံးသောအရာမှာ ကျွန်ုပ်တို့သည် အန္တိခရစ်များကဲ့သို့ ပြုမူပြီး ဘုရားအိမ်တော်၏အလုပ်ကို တမင်တကာ တားဆီးကာ အဖျက်အမှောင့်လုပ်လျှင်၊ ကျွန်ုပ်တို့သည် အသက်ရှင်လျက်ရှိသော နတ်ဆိုးများဖြစ်သည်ဟု ဘုရားသခင် ပြောခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိတို့ထက်သာသော မည်သူ့ကိုမျှ သည်းမခံနိုင်သော အချို့လူများအကြောင်း ပြောဆိုခဲ့ပြီး၊ ကျွန်ုပ်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ကာ ကျွန်ုပ်၌ အလွန်ပြင်းထန်သော ပြိုင်ဆိုင်လိုစိတ်ရှိကြောင်း သိရှိခဲ့ပါသည်။ ကျွန်ုပ်နှင့်အတူ တာဝန်ထမ်းဆောင်သူတစ်ဦးဦးတွင် ကျွန်ုပ်ထက် အားသာချက်များ ပိုရှိသည်ကို မြင်သည့်အခါ၊ ကျွန်ုပ် စိတ်မချမ်းမသာဖြစ်ပြီး၊ သူတို့ထက် ကျွန်ုပ် အမြဲသာချင်ခဲ့သည်။ ကျွန်ုပ်၏ အခြေအနေမှာ ဘုရားသခင် ဖော်ထုတ်ခဲ့သော အသက်ရှင်နေသည့် နတ်ဆိုးများကဲ့သို့ ဖြစ်သည်ဟု ကျွန်ုပ်ခံစားရပြီး၊ ဤကိစ္စရပ်၏သဘာဝသည် ကျွန်ုပ်ထင်ထားသည်ထက် ပို၍ဆိုးရွားသည်ကို ကျွန်ုပ်မြင်တွေ့ရကာ၊ ကျွန်ုပ်ကို ကြောက်လန့်စေပါသည်။ ကျွန်ုပ်သည် ဤအရာကို မည်သည့်အခါမျှ အလွန် နက်ရှိုင်းစွာ နားမလည်ခဲ့သကဲ့သို့၊ ယခု ကျွန်ုပ်၏ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှဆိုးရွားသည်ကို မြင်တွေ့ရသဖြင့်၊ ကျွန်ုပ် အလွန်စိတ်မကောင်းဖြစ်ရပါသည်။) ထိုအရာကို သင် ယခု သတိပြုမိပေပြီ။ လူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ခဏတာဖြစ်သော ထုတ်ဖော်ပြချက်တစ်ခုလောက် မရိုးရှင်းပေ။ ယင်းတို့တွင် ယင်းတို့ကို ဖယ်ရှားရန် သင့်အား ခက်ခဲစေပြီး သင့်ကို အစဉ်ထိန်းချုပ်နေသော၊ သင့်ကို ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်စေပြီး သင့်ကိုယ်သင် မထိန်းချုပ်နိုင်စေသော အကြောင်းရင်းတစ်ခုနှင့် အမှုအရာများရှိသည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့ ဤသို့ဖြစ်ရသည်ကို ရှင်းလင်းစွာ မရှင်းပြနိုင်သကဲ့သို့၊ ထိုအရာကို မထိန်းချုပ်နိုင်ကြပေ။ ဤသည်တို့မှာ လူတို့၏စိတ်သဘောထားများ ဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ဤကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ရှင်းလင်းစွာ နားလည်နိုင်ခြင်းသည် တိုးတက်မှု၏ သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်သည်။ ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးနှင့်ပတ်သက်လာသည့်အခါ၊ သင်သည် သမ္မာတရားကိုရှာဖွေပြီး ၎င်း၏အနှစ်သာရကို ရိပ်စားမိနိုင်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံနိုင်ပါက၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် အခြေအနေတစ်ခုကို ရရှိနိုင်ပါက၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြောင်းလဲနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကိုနားလည်ခြင်းအပေါ် အခြေခံ၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင် စတင်နေခြင်း ဖြစ်သည်။ သင်တို့အများစုသည် သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့်အခါ မိမိကိုယ်ကိုချုပ်တည်းရန် ယခုအခါ အလွန်ခက်ခဲနေပြီး၊ ဤသည်မှာ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မစတင်သေးကြောင်း ဆိုလိုသည်။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်တို့ လုပ်ဆောင်သည့် အနည်းငယ်သောအရာသည် များသောအားဖြင့် ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ နှစ်သက်မှုနှင့်၊ တဇောက်ကန်းဖြစ်ခြင်းတို့အပေါ်တွင်ပင် အခြေခံနေပြီး၊ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းနှင့် အနည်းငယ်သာ ဆက်စပ်မှုရှိသည်။ မှန်ပါသလော။ (မှန်ပါသည်။) အလွန်ကောင်းပေသည်။ သင် လှုံ့ဆော်ခြင်းခံခဲ့ရသည်။ အခြားမည်သူ ပြောလိုသေးသနည်း။ (ယနေ့ ဘုရားသခင်၏မိတ်သဟာယကို နားထောင်ပြီးနောက်၊ ကျွန်ုပ် အလွန်လှုံ့ဆော်ခြင်းခံရပါသည်။ ကျွန်ုပ်သည် ယခင်က ကောက်ကျစ်ဆိုးယုတ်ခြင်းဆိုသည်မှာ အတော်အတန် လှည့်ဖြားစွာပြောဆိုခြင်း၊ ပွင့်ပွင့်လင်းလင်းမပြောဆိုဘဲ အမြဲဟန်ဆောင်ခြင်းနှင့် အခြားသူများကို လှည့်ဖြားခြင်းဟု ထင်ခဲ့သည်။ သို့ရာတွင်၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်က ယနေ့ စိတ်ဖြာလေ့လာဆွေးနွေးပေးခြင်းအား နားထောင်ပြီးနောက်၊ ကောက်ကျစ်ဆိုးယုတ်ခြင်းဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်ခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်အတိုက်အခံလုပ်ပါက၊ ယင်းမှာ သူ၏ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြစ်ကြောင်းကိုလည်းကောင်း ကျွန်ုပ်သိရှိပြီဖြစ်သည်။ ကျွန်ုပ်သည် ယခင်က ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအပေါ် ထိုသို့သော ပေါ့တန်သည့် နားလည်မှုသာရှိခဲ့သော်လည်း၊ ယခုတွင် ဘုရားသခင်၏မိတ်သဟာယဖွဲ့ခြင်းကို ကြားသိပြီးနောက်၊ ကျွန်ုပ်၌ နားလည်မှုအသစ်တစ်ခု ရရှိပြီဖြစ်သည်။ ထို့ပြင်၊ ကျွန်ုပ်ကို အတော်အတန် တုန်လှုပ်စေခဲ့သည့်အရာမှာ ကနေဒါရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကို တစ်နှစ်တာအတွက် ဘီအုပ်စုထဲသို့ ထားရှိမည်ဟု ဘုရားသခင် ပြောဆိုခြင်း ဖြစ်သည်။ ဤအရာကိုကြားရ၍ ကျွန်ုပ် အမှန်တကယ် တုန်လှုပ်သွားခဲ့ပြီး၊ ဤကိစ္စကို ဘုရားသခင်ကိုင်တွယ်ဖြေရှင်းခြင်းမှနေ၍ ဘုရားသခင်၏ဖြောင့်မတ်သော စိတ်နေသဘောထားကို ကျွန်ုပ်မြင်တွေ့နိုင်သည်။ ထိုအဖွဲ့ထဲမှ လူတစ်ဦးတစ်ယောက်မျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းမရှိသကဲ့သို့ ဤအရာက ဘုရားအိမ်တော်၏အလုပ်ကို အလွန်ကြီးမားသော အတားအဆီးများ ဖြစ်စေခဲ့သည်ကို ကျွန်ုပ်မြင်ရပြီး၊ ထိုအရာက ကျွန်ုပ်ကို အမှန်တကယ် ဒေါသထွက်စေပါသည်။ ကျွန်ုပ်တို့အဖွဲ့မှလူများသည် လတ်တလောတွင် အလားတူအခြေအနေမျိုး၌ ရှိနေကြသည်၊ ဆိုလိုသည်မှာ၊ ကျွန်ုပ်တို့၏တာဝန်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်မှုမရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏အလုပ်ပမာဏသည် ယခင်ကထက် ပေါ့ပါးသွားသည့်အခါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တာဝန်အတွက် ရှင်းလင်းသောအစီအစဉ်များ မချမှတ်ခဲ့ကြဘဲ၊ နေ့ရက်များကို အလဟဿကုန်ဆုံးစေလျက် ကျွန်ုပ်တို့၏တာဝန်၌ ပေါ့လျော့ကြသည်။ ယနေ့ ဘုရားသခင်၏မိတ်သဟာယကို နားထောင်ခြင်းမှတစ်ဆင့်၊ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သို့မဟုတ် မိမိ၏တာဝန်၌ တိုးတက်မှုကို မလိုက်စားပါက၊ အကယ်၍ လူတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်၍ အလေးအနက်မထားပါက၊ မိမိတာဝန် ထမ်းဆောင်ခြင်းအပေါ် ဤသဘောထားမျိုးကို ဘုရားသခင် စက်ဆုပ်ရွံရှာကြောင်းကို ကျွန်ုပ်မြင်တွေ့ရသည်။ ကျွန်ုပ်တို့သည် တာဝန်ထမ်းဆောင်ရန် အချိန်နှင့်အခွင့်အရေးကို တန်ဖိုးထားရမည်ဖြစ်ကြောင်းလည်း သတိပြုမိပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တာဝန်ကို တန်ဖိုးမထားပါက၊ ကျွန်ုပ်တို့ကို ဘုရားသခင် စောင့်ဆိုင်းသည့်အချိန်နှင့် သူ ပေးသည့် အခွင့်အရေးများ ဖြုန်းတီးခြင်းခံရသည့်အခါ၊ ဘုရားသခင်၏အမျက်ဒေါသသည် လူတို့အပေါ် ကျရောက်လာမည်ဖြစ်ပြီး၊ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။) သင်တို့ကို ဖိအားတစ်ခုခုအောက်တွင် ထားရှိရန် လိုအပ်ပုံရသည်။ မှန်ပါသလော။ (မှန်ပါသည်။) အလွန်ကောင်းပေ၏။ ဤသည်မှာ အမှန်တကယ်ဖြစ်သော ပြဿနာတစ်ခုဖြစ်ပြီး၊ သင်တို့စုဝေးကြသည့်အခါ ဤပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မိတ်သဟာယဖွဲ့ရမည်။ သင်တို့သည် ပုံမှန်ကြားကာလများတွင် အတူတကွမိတ်သဟာယဖွဲ့ပြီး အကျဉ်းချုပ်တစ်ခုထုတ်ကာ အစီအစဉ်အသစ်တစ်ခု ရှာဖွေရမည်။ ဤအသက်တာတွင် ငါအပါအဝင် လူတစ်ဦးစီတိုင်း၌ အထူးတာဝန်တစ်ခုရှိပြီး မိမိတို့၏ အထူးတာဝန်အတွက် ၎င်းတို့၏ အသက်မရှင်လျှင် ဤအသက်တာကို ၎င်းတို့ အသက်ရှင်ခြင်းက တန်ဖိုးမရှိပေ။ အသက်တာကို သင် အသက်ရှင်ခြင်းအတွက် တန်ဖိုးမရှိလျှင် သင်၏ အသက်တာက သုံးမရပေ။ သုံးမရဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ သင်သည် အသက်တာကို လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ အသက်ရှင်လိမ့်မည်။ အသက်ရှင်ဖို့ ထိုက်တန်လိမ့်မည် မဟုတ်။ သင်၏ တာဝန်များကို သင် ကောင်းမွန်စွာ မဖြည့်ဆည်းသကဲ့သို့ သင်၏ အထူးတာဝန်ကို မပြီးမြောက်လျှင် သင့်ကို ဘုရားသခင် ပေးသည့် အရာရာတိုင်းကို မွေ့လျော်ခံစားရန် သင် မထိုက်တန်ပေ။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ဘုရားသခင်က သင့်ထံမှ အရာရာကို အချိန်မရွေး သိမ်းယူသွားနိုင်သည်ကို ညွှန်ပြပေသည်။ ဘုရားသခင် ပေးနိုင်ပြီး ဘုရားသခင် သိမ်းယူသွားနိုင်သည်။ ဤသည်မှာ ပကတိအခြေအနေဖြစ်သည်။ အမှန်တွင် ဤနေရာတွင်ရှိသည့် လူတိုင်း၌ အထူးတာဝန်တစ်ခုရှိသည်။ သင်တို့အားလုံးတွင် ထမ်းဆောင်ရမည့် မတူကွဲပြားသော လုပ်ငန်းဆောင်တာများ ရှိကြခြင်းသာ ဖြစ်သည်။ ဘာသာတရားမရှိသူများတွင်လည်း အထူးတာဝန်တစ်ခု ရှိသည်။ ၎င်းတို့၏ အထူးတာဝန်မှာ လူတို့အနေဖြင့် ကပ်ဘေးများအလယ်တွင် ပိုပိုပြီး စိတ်ဆင်းရဲစွာ အသက်ရှင်ကာ သေဆုံးကြရန်အလို့ငှာ ဤလောက၏ အခြေအနေကို ရှုပ်ထွေးစေရန်နှင့် လူ့အဖွဲ့အစည်းကို ကစဉ့်ကလျားဖြစ်စေရန်ဖြစ်သည်။ သင်တို့၏ အထူးတာဝန်မှာ ဘုရားသခင်၏ အမှုတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်၊ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် အမှုသစ်ကို ဖြန့်ဝေရန်ဖြစ်ပြီး တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်လာနိုင်ကာ ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန်ပျော်ရွှင်ဖွယ်အကောင်းဆုံးဖြစ်၏။ လူသား သမိုင်းတွင်ရှိသည့် မည်သည့်အရာကမျှ ဤအရာထက် ပို၍ အလွန့်အလွန်ပျော်ရွှင်ဖွယ်ဖြစ်ခြင်း သို့မဟုတ် ပို၍ ကံအကြောင်းလှခြင်း မရှိပေ။ ဤအရာထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးပေ။ ဤသည်မှာ အသက်တာတွင် အကြီးမားဆုံးသောအရာဖြစ်ပြီး လူသား သမိုင်းတွင် အကြီးမားဆုံးသောအရာဖြစ်သည်။ သင်၏ အထူးတာဝန်ကို သင် ဖယ်ရှားပြီး သင်၏ တာဝန်နှင့် ဝတ္တရားများကို ဘေးချိတ်သည်နှင့်တစ်ပြိုင်နက် သင်၏အသက်တာသည် တန်ဖိုးမရှိဖြစ်လိမ့်မည်ဖြစ်ကာ အသက်ရှင်ခြင်းက သင့်အတွက် အဓိပ္ပာယ်ရှိလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့် မသေသေးသကဲ့သို့ ဤလောကတွင် သင့်အသက်တာ၏ ကျန်သည့်အချိန်ကို အသက်ရှင်နေထိုင်ရလိမ့်မည် ဖြစ်သော်လည်း အသက်ရှင်ခြင်းက သင့်အတွက် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ရှိလိမ့်မည် မဟုတ်ပေ။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို မကြားဖူးသည့်လူတစ်ဦးနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်က မည်သည့်အရာဖြစ်သည်ကို တစ်ချိန်က သိခဲ့ပြီး ဘုရားသခင်၏ လမ်းခရီးကို နားလည်ခဲ့သော်လည်း အဆုံးတွင် သမ္မာတရား သို့မဟုတ် အသက် မရရှိခဲ့သည့် လူတစ်ဦးရှိသည်ဆိုပါစို့။ ငါ့ကို ပြောလော့၊ လောကတွင် ထိုလူနှစ်ဦးလုံး အသက်ရှင်ရင်း ၎င်းတို့၏ စိတ်နှလုံး အတွင်းပိုင်း၌ ခံစားချက် တစ်ထပ်တည်း ဖြစ်ကြမည်လော။ (ဖြစ်မည် မဟုတ်ပါ။) ဘာသာတရားမရှိသူများက ၎င်းတို့၏ အထူးတာဝန်ကို မသိကြပေ။ ၎င်းတို့တွင် အထူးတာဝန်နှင့် ပတ်သက်သော သိနားလည်မှု မရှိကြချေ။ သင်၏ အထူးတာဝန်က မည်သည့်နေရာမှလာသည်ကို သင် သိသည်။ ဘုရားသခင်က ဖန်ဆင်းရှင်၊ အရာခပ်သိမ်း၏ အချုပ်အခြာအာဏာ ရှိသောသူ ဖြစ်သည်ကို သင် သိသည်။ လူတို့က ဘုရားသခင်ထံမှလာပြီး သူ့ထံ ပြန်သွားသင့်သည်ကို သင် သိသည်။ ဤအရာအားလုံးကို သိလျက်ဖြင့် ဤလောကတွင် စိတ်အေးချမ်းစွာ သင် အသက်ရှင်နိုင်သေးသလော။ သင်သည် အသက်တာကို စိတ်အေးလက်အေးဖြင့် ကြုံရာကျပန်း ဖြတ်သန်းနေနိုင်သေးသလော။ သင် မနေနိုင်ပေ။ ဘုရားသခင်က သင့်ကို ဤအထူးတာဝန်ပေးခဲ့သဖြင့် ဧဝံဂေလိ ဟောပြောခြင်းအတွက် တာဝန်ကို သင် ထမ်းဆောင်သင့်သည်၊ အခြားသူများထံ ဘုရားသခင်အတွက် သက်သေခံသင့်သည်၊ လူက ဖြည့်ဆည်းသင့်သည် တာဝန်များအားလုံးကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ လူတိုင်း အကျိုးခံစားနိုင်ပြီးနောက် ဘုရားသခင်က စိတ်ကျေနပ်ဖို့အလို့ငှာ သင် နားလည်သည့် သမ္မာတရားနှင့် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တို့ကို ဆက်ကပ်အပ်နှံသင့်သည်။ လူတို့ တတ်စွမ်းနိုင်သည့်အရာများမှာ အမှန်တွင် ဤအရာများသာဖြစ်သည်။ သင့်အနေဖြင့် အနည်းငယ် ဆင်းရဲဒုက္ခခံစားနိုင်သရွေ့၊ အဖိုးအခပေးနိုင်ပြီး ဇိမ်ခံစရာများကို မွေ့လျော်ခြင်းအား အနည်းငယ်လျှော့နိုင်သရွေ့ ဤအရာများကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်၏ အဆုံးသတ်သည် ဘာသာတရားမရှိသူများ၏ အဆုံးသတ်နှင့် ကွဲပြားလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ အမြင်တွင် ပို၍တန်ဖိုးရှိလာလိမ့်မည်၊ ဤသည်မှာ အလွန် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်၏။ ဘုရားသခင်က သင့်ကို ဤကောင်းချီးမင်္ဂလာပေးပြီး သင်က တန်ဖိုးထားရမှန်း မသိလျှင် သင်သည် အလွန်အမင်း ပုန်ကန်တတ်ပေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဤလမ်းကြောင်းကို ရွေးချယ်ပြီး ဖြစ်သည့်အတွက် ထိုအရာနှင့်ပတ်သက်၍ စိတ်မတင်မကျမဖြစ်ဘဲ ထိုအစား သင်၏ စိတ်နှလုံးကို စွဲစွဲမြဲမြဲ ငြိမ်သက်စေပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လော့။ နောင်တများဖြင့် ရှိမနေရစ်နှင့်။ ယခုအချိန်တွင် ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို သင် မရရှိနိုင်သည့်အပြင် ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို မဆောင်ရွက်ရသေးလျှင်ပင် သင်၏တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်ရန် ကြိုးပမ်းလော့။ “သင်၏တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်ခြင်း”သည် မည်သည့်အရာကို ဆိုလိုသနည်း။ စဉ်းလဲခြင်းမရှိ၊ ခိုကပ်ခြင်းမရှိဘဲ၊ ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ တစ်ခုတလေ မထားရှိဘဲ သို့မဟုတ် မည်သည့်အရာကိုမျှ မချုပ်ထိန်းထားဘဲ ထို့ထက် သင် လုပ်ဆောင်နိုင်သမျှတိုင်းကို လုပ်ဆောင်လျက် သမ္မာတရား စည်းမျဉ်းများ၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ဆိုလိုပေသည်။ ထိုအခါ သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ များစွာ တောင်းဆိုခြင်းမရှိသည်မှာ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ဤသည်မှာ လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသည့် အရာတစ်ခုဖြစ်ပြီး သင့်အနေဖြင့် စွမ်းဆောင်ရရှိနိုင်သင့်ပေသည်။ နောက်ထပ် မေးခွန်းတစ်ခုတလေ ရှိသလော။ မရှိလျှင် ယနေ့အတွက် ဤမိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်နိုင်သည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။