အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂) အခန်း နှစ်

ကနေဒါအသင်းတော်ရှိ အန္တိခရစ်၏ ကိစ္စရပ်ကို ကိုင်တွယ်သည်နှင့်တစ်ပြိုင်နက် လူအချို့က “ဤလူများသည် မိမိတို့တာဝန်ကို နှစ်များစွာ ထမ်းဆောင်ပြီးဖြစ်သည့်တိုင် အန္တိခရစ်တစ်ဦး ပေါ်ထွက်လာပြီး အဖျက်အမှောင့် ဖြစ်စေခဲ့သောကြောင့် ၎င်းတို့ သီးခြားခွဲထားခြင်းခံရလေပြီ”ဟု တွေးခဲ့ကြသည်။ ၎င်းတို့က “အို၊ ဘုရားသခင်က ဒေါသထွက်ပြီး လူတို့အား ကျိန်ဆဲသည်ကို ငါ တွေ့ရသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။ အန္တိခရစ်များ၏ အပေါင်းအသင်းများ၊ ကြံရာပါများနှင့် နောက်လိုက်များပင်လျှင် ချမ်းသာပေးခြင်းမခံခဲ့ရပါ။ ဘုရားသခင်သည် လူတစ်ဦးတလေ၏ ခံစားချက်များကို တကယ် စာနာထောက်ထားမှုမရှိလေပြီ။ အများအားဖြင့် ဘုရားသခင်သည် လူသားအပေါ် ချစ်ပြီး သနားကရုဏာထားသည်ဟု မကြာခဏ ပြောထားသော်လည်း ဤအကြိမ် သူ၏ ဒေါသသည် တကယ်ကို မခံမရပ်နိုင်ဖွယ်ရာ ဖြစ်သည်တကား”ဟု တွေးလျက် အန္တရာယ်ကြီးမားမှုနှင့်ဆိုင်သော ခံစားချက်တစ်ခု ရှိကြသည်။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် စတင် ဘဝင်မကျ ဖြစ်လာကြသည်။ ငါ့ကို ပြောလော့၊ ဤသို့တွေးထင်ခြင်းသည် လူတို့အတွက် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ လူတို့သည် ဤကိစ္စရပ်ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်တို့သည် တရားဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်နေကြပြီး ဖြစ်သနည်း။ အနည်းဆုံး ငါးနှစ်ရှိပြီ မဟုတ်လော။ ပြီးလျှင် များစွာသော ကိစ္စရပ်များတွင်၊ အထူးသဖြင့် စည်းမျဉ်းများ အတော်လေး ရှင်းလင်းသည့် ကိစ္စရပ်အချို့တွင် ဘုံသဘောတူညီချက်တစ်ခု ငါတို့ ရှိနိုင်သင့်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) “ဘုံသဘောတူညီချက်”ဟူသည်မှာ အဘယ်နည်း။ ဖွင့်ဟရန်မလိုသော အပြန်အလှန် နားလည်မှုတစ်မျိုးကို ဆိုလိုသည်။ ငါသည် အကြောင်းရင်းကို သင်တို့အား မပြောပြဘဲ တစ်စုံတစ်ရာကို လုပ်ဆောင်ပြီး သင်တို့က အကြောင်းရင်းကို ကောင်းစွာ အပြည့်အဝ သိရှိကြသည်၊ ထိုအရာကို သင်တို့ နားလည်နိုင်သည်၊ လက်ခံနိုင်ပြီး အပြုသဘောဆောင်သည့် ရှုထောင့်မှ သဘောပေါက်နိုင်ကြသည်။ ဤသည်မှာ ဖွင့်ဟပြောရန်မလိုသော အပြန်အလှန် နားလည်မှုကို ဆိုလိုသည့်အရာဖြစ်သည်။ ဖွင့်ဟပြောရန်မလိုသော ဤအပြန်အလှန် နားလည်မှုက မည်သို့ ဖြစ်လာသနည်း။ သင့်အနေဖြင့် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်သည်၊ သမ္မာတရားအပေါ် သိနားလည်မှု အဆင့်တစ်ခုကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ငါတို့က အချင်းချင်း ပိုမိုသိကျွမ်းသွားကြသည်ဆိုပါစို့။ သင့်ကို အမှုအရာများစွာ ငါ ရှင်းပြပြီးဖြစ်သည် ငါ၏ အမြင်များ၊ ငါ၏ စိတ်ကူးများ၊ လုပ်ရပ်အတွက် ငါ၏ စည်းမျဉ်းများအပြင် သင် နားလည်ကာ လုပ်ဆောင်ရန်လိုအပ်သည့် အရာများကို သင့်အား ပြောပြပြီးဖြစ်သည်။ ဤအရာအားလုံးကိုလည်းကောင်း၊ ငါ၏ အမြင်များက မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း သင်တို့ကို ငါ ပြောပြပြီးဖြစ်ကာ ထိုအခါ ငါ၏ အမြင်များကို သင်တို့ လက်ခံခဲ့ပြီး အမှုအရာများ၊ သင်၏ တာဝန်၊ ယုံကြည်ခြင်း၊ ဘဝနှင့် အခြားလူတို့ကို ငါ၏ အမြင်များနှင့်အညီ သင်တို့ ချဉ်းကပ်ပြီးဖြစ်သည်။ ထိုအခါ ငါတို့ကြားရှိ ဖွင့်ဟပြောရန်မလိုသော အပြန်အလှန် နားလည်မှုသည် ကြီးထွားသည်ထက် ကြီးထွားပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ကနေဒါ အသင်းတော်ကို ကိုင်တွယ်ခြင်းနှင့်စပ်လျဉ်း၍ သင်တို့သည် ဖွင့်ဟပြောရန်မလိုသော ဤအပြန်အလှန် နားလည်မှုမျိုးကို ငါတို့ ရရှိပြီးပြီလော။ ငါရှင်းပြနေသည့်အတိုင်း ထိုကိစ္စကို ငါ မရှင်းပြခဲ့လျှင် ငါတို့၏ ဖွင့်ဟရန်မလိုသော အပြန်အလှန် နားလည်မှုသည် မည်သည့်သဘောသက်ရောက်မည်နည်း။ “အခြားသူများအတွက် စံနမူနာတစ်ခု ချမှတ်ရန် လူတို့ကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးခြင်း” နှင့် “အခြားသူတို့အတွက် လူတို့ကို သတိပေးချက်တစ်ခု ဖြစ်စေခြင်း” ဟူသည့် ဤသည်မှာ ငါတို့၏ ဖွင့်ဟရန် မလိုသော အပြန်အလှန်နားလည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဤလူများသည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့သည်၊ သို့ဆိုလျှင် ဤလုပ်ရပ်ကို ငါ လုပ်ဆောင်ခြင်းက ၎င်းတို့ထံမှ ထိုသို့သော တုံ့ပြန်ချက်တစ်ခုကို မည်သို့ဖြစ်၍များ ဆွပေးနိုင်ခဲ့သနည်း။ ငါ့ကို ပြောလော့၊ ထိုသို့သော အမြင်များကို ၎င်းတို့ ဖွင့်ပြောသည်ကို ကြားရသည့်အခါ ငါ မည်သို့ ခံစားခဲ့ရသနည်း။ လူတို့က ထိုသို့သောအရာများ ပြောနိုင်ကြသည်မှာ မည်မျှပင် ဝမ်းနည်းစရာဖြစ်သည်ကို ငါ့အား ခံစားရစေသည်။ သင့်ကို ငါ မေးသည်၊ ထိုသို့ ငါ ခံစားခဲ့သင့်သလော။ (ခံစားခဲ့သင့်ပါသည်။) အဘယ်ကြောင့် ထိုသို့ သင်ပြောသနည်း။ ဤပြောဆိုချက်မျိုး၊ ဤရှုထောင့်အမြင်မျိုး၊ ဤသိနားလည်မှုမျိုးနှင့် ဤသဘောပေါက်နားလည်မှုမျိုး မတည်ရှိခဲ့သင့် သို့မဟုတ် မထွက်ပေါ်ခဲ့သင့်ပေ။ ယခု ယင်းတို့သည် ထွက်ပေါ်လာပြီးဖြစ်ကာ ငါ၏ မျှော်လင့်ချက်များကို ကျော်လွန်ပြီးဖြစ်သည်။ ယင်းတို့သည် ငါ၏ အကဲဖြတ်ချက်နှင့်လည်းကောင်း၊ မျှော်လင့်ချက်များနှင့်လည်းကောင်း အလွန်ကွာခြားလွန်းသဖြင့် ဤကိစ္စရပ်အပေါ် ငါ ရှက်မိခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက “ထိုအရာသည် ထိုမျှဆိုးရွားသလော။ သင်သည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ် လုပ်နေခြင်းသာ ဖြစ်သည် မဟုတ်လော”ဟု ပြောလိမ့်မည်။ သင်တို့ကို ငါ ပြောမည်၊ ဤသည်မှာ ကြီးမားသည့် ကိစ္စတစ်ခု မဟုတ်သော်လည်း အသေးအဖွဲ ကိစ္စရပ်တစ်ခုလည်း မဟုတ်ပေ။ ဘုရားသခင်ကို သင် စတင်ယုံကြည်သည့်အချိန်မှစ၍ ဘုရားသခင်က သင်၏ ဘုရားသခင်နှင့် သင်၏ သခင်ဖြစ်ကြောင်း သင် အသိအမှတ်ပြုသည့်အချိန်၊ ဘုရားနှုတ်ကပတ်တော်များကို သင် စားသောက်ချင်သည့်အချိန်၊ ဘုရားသခင်နောက် လိုက်ချင်သည့်အချိန်၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်ခံပြီး သင့်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတိုင်းကို ကျိုးနွံနာခံချင်သည့်အချိန် ထိုနေ့ရက်အချိန်မှစ၍ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခု ထူထောင်ပြီးဖြစ်သည်။ ဤဆက်ဆံရေးကို သင် ထူထောင်ပြီးသည်နှင့်တစ်ပြိုင်နက် သင်နှင့် ဘုရားသခင်ကြားတွင် တည်ရှိသည့် အရေးအပါဆုံးသော ပြဿနာတစ်ခုရှိသည်။ ယင်းမှာ မည်သည့် ပြဿနာဖြစ်သနည်း။ သင့်အနေဖြင့် ဘုရားသခင် လုပ်ဆောင်သည့်အရာများနှင့် ဘုရားသခင် ပြုမူသည့် ပုံစံများကို လက်မခံနိုင်လျှင် ဤအရာများကို သင် နားမလည်နိုင်သကဲ့သို့ ယင်းတို့ကို ရှာဖွေကာ နားလည်သဘောပေါက်ရန် ကနဦးခြေလှမ်း မလှမ်းနိုင်လျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အချိန်တိုင်းတွင် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုတွင် ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤအန္တရာယ်ရှိသည့် အခြေအနေတစ်ခုက မည်သည့်အရာကို ညွှန်ပြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို သင် မည်မျှ စားသောက်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ သင် မည်သို့ စီစဉ်သည်ဖြစ်စေ ဤအန္တရာယ်ရှိသည့် အခြေအနေက တစ်နေ့တာအတွက်ပင် တည်ရှိနေသရွေ့ ဘုရားသခင်နောက် သင် လိုက်လိုခြင်းနှင့်ဆိုင်သည့် အမှန်တရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံလိုသည့် သင်၏လိုအင်ဆန္ဒတို့သည် ပျက်စီးကောင်းပျက်စီးသွားနိုင်သည်၊ မခိုင်လုံသောအရာ ဖြစ်ကောင်းဖြစ်လာနိုင်ပြီး စိတ်ကူးယဉ်သက်သက်တစ်ခုသာ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အဘယ်ကြောင့် ဤသို့ ငါ ပြောသနည်း။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်ဆက်ဆံရေးတစ်ခု မဟုတ်သရွေ့၊ ပြီးလျှင် ဤအန္တရာယ်ရှိသည့် အခြေအနေတစ်ခု တည်ရှိနေသရွေ့ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို သင် ထိန်းသိမ်းနိုင်လိမ့်မည်လော။ ထို့နောက် သင်သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျိုး ရှိလိမ့်မည်နည်း။ ထိုအရာသည် သဟဇာတဖြစ်သော ဆက်ဆံရေးတစ်ခု ဖြစ်လိမ့်မည်လော။ မိသားစု ဆက်ဆံရေးတစ်ခု သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များကြား ဆက်ဆံရေးတစ်ခု ဖြစ်လိမ့်မည်လော။ ထိုအရာသည် အတိအကျအနေဖြင့် မည်သည့်ဆက်ဆံရေးမျိုး ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အန္တရာယ်ရှိသော အခြေအနေတစ်ခုတွင် ရှိသရွေ့ သင်သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူကို အကဲဖြတ်ကာ အထင်လွဲနိုင်စွမ်း ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာများကို သင် ဆန့်ကျင်ကာ လက်ခံရန် ငြင်းပယ်နိုင်စွမ်းပင် ရှိလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်သည် အန္တရာယ်ကျရောက်မည် မဟုတ်လော။ ဤအန္တရာယ်သည် အဘယ်သို့ ဖြစ်လာသနည်း။ ဘုရားသခင်ကို သင် မသိသောကြောင့် ဖြစ်လာပေသည်။ ငါတို့သည် အပြုသဘောဆောင်သော ဘက်မှပြောမည်မဟုတ်ဘဲ ထို့ထက် အပျက်သဘောဆောင်သည့်ဘက်မှ ပြောမည်။ ဥပမာအနေဖြင့် သင်သည် ဘုရားသခင်ကို တစ်နည်းနည်းဖြင့် အမြဲ သိမြင်ကာ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် ရှင်ဘုရင်တစ်ပါး ဖြစ်ကြောင်း၊ အရေးအကြီးဆုံးသော အရာရှိတစ်ဦး၊ ကမ္ဘာမြေပေါ် အာဏာစွဲကိုင်သည့် အထွတ်အထိပ် လူတစ်ဦးဖြစ်ကြောင်း သင် တွေးထင်သည်။ သင်၏ စိတ်ကူးထဲတွင် ဘုရားသခင်က ဤရာထူးမျိုးတွင်ရှိသည့် တစ်စုံတစ်ဦးဖြစ်သည်ဟု အမြဲ သင် တွေးထင်သောကြောင့် ဤအခြေခံအကြောင်းရင်းအရ ဘုရားသခင် လုပ်ဆောင်သည့်အရာများနှင့် ပြောဆိုသည့်အရာများအပေါ် မည်သည့် ရှုထောင့်အမြင်ကို သင် ခံယူလိမ့်မည်နည်း။ သင်တို့ကို ငါ ဥပမာအနည်းငယ်ပေးမည်ဖြစ်ပြီး ထို့နောက်တွင် မည်သည့် ရှုထောင့်အမြင်အား ငါ ဆိုလိုသည်ကို သင်တို့ နားလည်ကောင်း နားလည်သွားပေမည်။ လောကတွင် ဤဆိုရိုးစကားရှိ၏။ “ဘုရင်နဲ့ နီးနီးကပ်ကပ် နေရတာက ကျားတစ်ကောင်နဲ့ လှဲနေရသလိုပဲ အန္တရာယ်များတယ်”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ဤဆိုရိုးကို ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးအတွက် အသုံးပြုသည့် လူတစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) ထိုသို့သော လူများရှိပြီး များစွာသောလူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ဤရှုထောင့်အမြင်ကို ခံယူကြသည်။ ထို့နောက် ယခင်က ငါတို့ ဖော်ပြခဲ့သည့် “အခြားသူတို့အတွက် လူတို့ကို သတိပေးချက်တစ်ခု ဖြစ်စေခြင်း”ဟူသည့် ဆိုရိုးစကားရှိသည်။ ဤအရာကလည်း ဘုရားသခင်ကို ကမ္ဘာမြေပေါ်တွင် ရှင်ဘုရင်တစ်ပါး သို့မဟုတ် ဩဇာတိက္ကမနှင့် အဆင့်အတန်း ရှိသည့်သူတစ်ဦး ဖြစ်စေသလော။ (ဖြစ်စေပါသည်။) ၎င်းတို့သည် ဘုရားသခင်အပေါ် ဤအမြင်ရှိကြသောကြောင့် ဘုရားသခင်အပေါ် ဤသိနားလည်မှု ရှိကြခြင်း ဖြစ်ကာ ၎င်းတို့အနေဖြင့် လောကတွင် အဆင့်အတန်းရှိသည့် တစ်စုံတစ်ဦးအား သဘောထားသည့်အတိုင်း ဘုရားသခင်ကို သဘောထားကြသည်မှာ ၎င်းတို့တွင် ဘုရားသခင်နှင့် ဤဆက်ဆံရေးမျိုး ရှိကြသောကြောင့်ဖြစ်သည်၊ သူ့ကို ဤပုံစံဖြင့် ၎င်းတို့ မြင်ကြသောကြောင့်ဖြစ်သည်၊ ဤအရာက သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ၎င်းတို့ နားလည်သည့်ပုံစံ ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဤသည်မှာ သဘာဝကျပေသည်။ ဤသို့ပြောထားသည့် နောက်ထပ် ဆိုးရိုးစကားတစ်ခု ရှိသည်။ “မိမိ၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အား ကျူးကျော်ဝင်ရောက်လာသူကို မည်သို့ သည်းခံနိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လောကီရှင်ဘုရင်များကိုလည်းကောင်း၊ အဆင့်အတန်းနှင့် ဩဇာတိက္ကမရှိသည့် လူတို့ကိုလည်းကောင်း ဖော်ပြသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင်တို့ထဲမှ အချို့သည် ဤကဲ့သို့သော လူများကို သိကျွမ်းကောင်းသိကျွမ်းနိုင်သည် သို့မဟုတ် ယခင်က ပေါင်းသင်းဆက်ဆံခဲ့ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် ဘုရားသခင်အတွက် ဤဆိုရိုးကို သင်တို့လည်း အသုံးပြုကောင်းပြုနိုင်ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်က တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အချိန် သို့မဟုတ် ပြောဆိုသည့်အချိန်တွင် သင်သည် ထိုဆိုရိုးစကားများကို သူနှင့်ချိတ်ဆက်ပြီး ဘုရားသခင်ကို ထိုသို့ သဘောထားကောင်းထားနိုင်သည်။ သင်သည် ဘုရားသခင်ကို ထိုသို့ သဘောထားကာ သူ့အပေါ် ထိုရှုထောင့်အမြင်ရှိလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မည်သည့်အရာကဲ့သို့ အတိအကျ ဖြစ်လိမ့်မည်နည်း။ အတိုက်အခံဖြစ်လိမ့်မည်။ သင်၏ စိတ်ကူးတွင် ဘုရားကို သင် မည်မျှ လေးစားရိုသေကာ ကြောက်ရွံ့သည်ဖြစ်စေ၊ သင် မည်သို့ နာခံတတ်ကာ သူ့ကို မည်မျှ အရှုံးပေးအပ်နှံနိုင်သည်ဖြစ်စေ၊ ပြီးလျှင် သူ့အပေါ် သင်၏ သဘောထားက မည်သည့်အရာဖြစ်စေ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အတိုက်အခံဖြစ်လိမ့်ဦးမည်ဖြစ်သည်။ ဤပုံစံဖြင့် ပြောခြင်းအားဖြင့် ငါ၏ စကားများက အနည်းငယ် စိတ်ကူးသက်သက် ဖြစ်ပုံပေါက်သည်ဟု သင်တို့ ထင်ကောင်းထင်နိုင်သော်လည်း ယင်းတို့ကို သင်တို့ သေချာစွာ တွေးဆကြည့်လျှင် ဤသည်မှာ အမှုအရာများ၏ ပကတိအခြေအနေ ဖြစ်သည်ကို သင် မြင်သည်မဟုတ်လော။ ကနေဒါ အသင်းတော်ရှိ အန္တိခရစ်၏ ကိစ္စရပ်ကို ငါ ကိုင်တွယ်သည်နှင့်တစ်ပြိုင်နက် အမှုအရာများကို သင်တို့အား ငါ သေချာစွာနှင့် အသေးစိတ် မရှင်းပြခဲ့သကဲ့သို့ ထိုလူများအား အဘယ်ကြောင့် ငါ ကိုင်တွယ်ခဲ့သည်ဟူသည့် အကြောင်းရင်းများကို သင့်အား ငါ မပြောပြခဲ့ပေ။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့၏ ရှေ့ရေးများနှင့် ကံကြမ္မာအကြောင်း စိုးရိမ်လာခဲ့ကြသည်။ ဤစိုးရိမ်မှုသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ဘုရားသခင်ကို လူတို့ အထင်လွဲခြင်းနှင့် ဘုရားသခင်ကို မသိကျွမ်းခြင်းတို့မှ လာ၏။ ဤသည်မှာ ဖြစ်ကြောင်းရင်းမြစ်ဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏ သိနားလည်မှုသည် ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီလျှင်၊ ဥပမာအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဩဇာအာဏာနှင့် ဉာဏ်ပညာတို့အပေါ် သင်၏ သိနားလည်မှုသည် သမ္မာတရားနှင့် ကိုက်ညီလျှင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ အကြောင်းရင်းများကို သင် နားမလည်သကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားမလည်လျှင်ပင် ဘုရားသခင်ကို သင် အထင်လွဲလိမ့်မည်လော။ လုံးဝ အထင်လွဲမည်မဟုတ်။ ကနေဒါ အသင်းတော်နှင့်ပတ်သက်သည့် ပြဿနာများကို ငါ ကိုင်တွယ်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် လူအချို့က “ဤသည်မှာ သူတို့ကို သတိပေးချက်တစ်ခုဖြစ်စေဖို့နှင့် ကျွန်ုပ်တို့ ကြောက်လန့်စေဖို့ လုပ်ဆောင်ခြင်းဖြစ်သည်”ဟု ဆိုကြသည်။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့ ပြောသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းက မှန်ကန်သည့် သိနားလည်မှုကို ပြသလော။ (မပြပါ။) အဘယ်ကြောင့် မပြသနည်း။ အလွန့်အလွန် ရိုးရှင်းသောအရာတစ်ခုကို သင်တို့အား ငါ ပြောမည်။ ၎င်းတို့၏ သိနားလည်မှုသည် အခြေအနေမှန်နှင့် ကွဲလွဲနေခဲ့သည်။ အဖြစ်မှန်များက ထိုကဲ့သို့ မဟုတ်ခဲ့သကဲ့သို့ ၎င်းတို့ နားလည်မှုလွဲခဲ့ကြပေသည်။ ယင်းမှာ ရိုးရှင်းသည့် စကားတစ်ခွန်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤကိစ္စကို ရှင်းပြရန် သင်တို့သည် အဘယ်ကြောင့် ပင်ပန်းသော အားထုတ်မှုကို ပြုလုပ်ရသနည်း။ ယင်းကို ငါ လုံးဝ မစဉ်းစားခဲ့သကဲ့သို့ မည်သူ့ကိုမျှ ကြောက်လန့်စေဖို့ ငါ လုံးဝ အလိုမရှိခဲ့ပေ။ လူအများစုသည် နှစ်ကာလများတစ်လျှောက် မိမိတို့တာဝန်တွင် ထိရောက်မှု၌ အဆက်မပြတ် တိုးတက်နေကြပြီးဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ယခုတွင် မိမိတို့တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် ထမ်းဆောင်ကြသလော။ မထမ်းဆောင်ကြပေ။ သို့တိုင် ဤလူများသည် မိမိတို့တာဝန်တွင် စံနှုန်းပြည့်မီမည့် ဖြစ်စဉ်တွင် ရှိနေကြပြီး အသေးအဖွဲ ပြဿနာများ တစ်ခုတလေရှိလျှင် ငါ လွှတ်ပေးလိုက်သည်။ ဤဖြစ်စဉ်အတောအတွင်းတွင် လူအချို့က အဖျက်အမှောင့်များ ဖြစ်ကောင်းဖြစ်စေနိုင်သည်၊ အချို့က အချိန်ဆွဲကောင်း ဆွဲနိုင်သည်၊ သို့မဟုတ် လူအချို့ကြားတွင် အသေးအဖွဲ ပြဿနာအချို့ ဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်သော်လည်း ခြုံငုံကြည့်လျှင် ၎င်းတို့ အတော်လေး တော်ကြပေသည်။ သို့သော် သင်တို့ မမေ့သင့်သည့် အရာတစ်ခု ရှိသည်။ သင်တို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လာခဲ့ခြင်းဖြစ်သည်။ သင်တို့ မည်မျှအလုပ်ကြိုးစားသည်ဖြစ်စေ၊ မည်မျှပင် ဆင်းရဲဒုက္ခ ခံရသည်ဖြစ်စေ၊ မည်မျှပင် ပြုပြင်ခြင်းခံရသည်ဖြစ်စေ သင်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ဘုရားသခင်သည် သင်တို့ကို ဤအခွင့်အရေး ပေးခဲ့သည်မှာ သင်တို့သည် အမျိုးမျိုးသော မတူညီသည့် အခြေအနေများကို တွေ့ကြုံခံစားနိုင်ပြီး ပုဂ္ဂိုလ်ရေးရာ အတွေ့အကြုံအမျိုးမျိုးကို ရရှိလာနိုင်ရန် ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်ပြီး သင်တို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန်အတွက် ယင်းတို့အားလုံးကို လုပ်ဆောင်ခြင်းဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် မည်သည့်အရာကို စိုးရိမ်ပူပန်နေကြသနည်း။ သင်တို့သည် မည်သူ့ကို သတိထားရှောင်နေကြသနည်း။ ထိုကဲ့သို့ ဖြစ်ရန် မလိုအပ်ပေ။ သမ္မာတရားကို ပုံမှန်အတိုင်း လိုက်စားလော့၊ သင်တို့၏ သင့်တင့်လျောက်ပတ်သော နေရာကို ရှာဖွေလော့၊ သင်တို့၏ တာဝန်နှင့် သင်တို့အပေါ် ကျရောက်သော အလုပ်ကို ကောင်းစွာ လုပ်ဆောင်လော့၊ သို့ဆိုလျှင် လုံလောက်ပေပြီ။ ဤသည်မှာ သင်တို့ကို များစွာ တောင်းဆိုနေခြင်း မဟုတ်ပေ။

ကနေဒါ အသင်းတော်တွင် အန္တိခရစ် ပေါ်ထွန်းပြီး အဖျက်အမှောင့်လုပ်ခြင်းများ စတင်ဖြစ်စေသည့် အချိန်မှစ၍ ထိုလူများ ယနေ့ ၎င်းတို့ ရောက်ရှိနေသည့် အဆင့်သို့ ရောက်သည်အထိ ငါသည် ၎င်းတို့ကို အချိန်မည်မျှကြာအောင် သည်းခံခဲ့ပြီနည်း။ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ငါလုံးဝ မသိဘဲ နေခဲ့သည် မဟုတ်၊ ငါသည် ယင်းကို အချိန်ကြာမြင့်စွာ သည်းခံခဲ့သည်။ ငါ မည်မျှ သည်းခံခဲ့သနည်း။ အချိန်ကြာမြင့်စွာပင် ၎င်းတို့သည် လက်စသတ်သောအလုပ်များကို မထုတ်လုပ်နိုင်ခဲ့ကြချေ၊ ၎င်းတို့သည် မိမိတို့၏ အလုပ်တွင် တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြ၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မိမိတို့၏ သင့်လျော်သော ကိစ္စရပ်များကို ဂရုမစိုက်ခဲ့ကြချေ၊ ၎င်းတို့အားလုံးသည် စိတ်ထင်ရာစိုင်း၍ မဆင်မခြင် ပြုမူကြကာ အကျင့်ပျက်၍ ထိန်းကွပ်မှုမရှိဘဲ လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ကိုင်တွယ်ခြင်း ခံခဲ့ရသင့်သည်။ သင်တို့သည်လည်း စိတ်ထင်ရာစိုင်း၍ မဆင်မခြင် ပြုမူနိုင်စွမ်းရှိပြီး သင်တို့၏ သင့်လျော်သော ကိစ္စရပ်များကို ဂရုမစိုက်နိုင်ပါက သင်တို့ကို ငါ ကိုင်တွယ်ရန် မစောင့်လေနှင့်။ ထိုအစား သင်တို့ကိုယ်တိုင် အလျင်ဦးအောင် နုတ်ထွက်လော့၊ ယင်းက ပို၍ သိက္ခာရှိပေမည်။ ယင်းသည် သင့်တော်မှန်ကန်သော လုပ်ဆောင်မှု ဖြစ်မည်လော။ မဟုတ်ပေ၊ ယင်းသည် သင့်တော်မှန်ကန်သော လုပ်ဆောင်မှု မဟုတ်။ ထွက်ခွာသွားရန် အစဉ်မပြတ် မစဉ်းစားနှင့်၊ သင်တို့သည် ဤနေရာတွင် စွဲစွဲမြဲမြဲ အမြစ်တွယ်ရန်နှင့် သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် လိုအပ်သည်။ သင်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မထမ်းဆောင်နိုင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ယင်းတွင် သင်တို့၏ စိတ်နှစ်မြှုပ်ထားလော့။ ပြီးလျှင် အဆုံး၌ သင်တို့၏ တာဝန်အားလုံးကို ပြီးမြောက်စေရန် သေချာစေလော့။ တာဝန်ကို စွန့်ခွာထွက်ပြေးသူ မဖြစ်နှင့်။ လူအချို့က “ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းသည်၊ ကျွန်ုပ်သည် ထိုမျှပညာမတတ်သကဲ့သို့ ပါရမီလည်း မရှိပါ။ ကျွန်ုပ်၏ စရိုက်လက္ခဏာတွင် ချို့ယွင်းချက်များ ရှိပြီး ကျွန်ုပ်၏ တာဝန်တွင် အခက်အခဲများကို အစဉ် ကြုံတွေ့ရသည်။ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ဘဲ ဖြုတ်ချခြင်းခံရလျှင် ကျွန်ုပ် ဘာလုပ်ရမည်နည်း” ဟု ပြောကြသည်။ သင်သည် မည်သည့်အရာကို ကြောက်ရွံ့သနည်း။ ဤအလုပ်ကို သင်တစ်ဦးတည်းဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလော။ သင်သည် ကဏ္ဍတစ်ခုကိုသာ တာဝန်ယူခဲ့ခြင်း ဖြစ်သည်၊ အလုံးစုံကို တာဝန်ယူရန် သင့်အား တောင်းဆိုနေခြင်း မဟုတ်ပေ။ သင် လုပ်ဆောင်သင့်သည့် အရာများကိုသာ တာဝန်ယူလော့၊ ယင်းသည် လုံလောက်သည်။ ထိုသို့ဆိုလျှင် သင်သည် သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ယင်းသည် အလွန် ရိုးရှင်းသည်၊ သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် အလွန်ပင် သံသယများနေရသနည်း။ သင်သည် ကြွေကျသော သစ်ရွက်များက သင်၏ ဦးခေါင်းကို ထိမှန်ပြီး ကွဲအက်သွားမည်ကို ကြောက်ရွံ့နေကာ သင်၏ ကိုယ်ပိုင် အရေးပေါ် အစီအစဉ်များကို ရှေးဦးစွာ စဉ်းစားနေသည်။ ဤသည်မှာ အကျိုးမရှိဘူး မဟုတ်လော။ “အကျိုးမရှိခြင်း” က မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် တိုးတက်အောင် မကြိုးစားခြင်း၊ မိမိ၏ အစွမ်းကုန်ကို ပေးရန် ဆန္ဒမရှိခြင်း၊ အခမဲ့ ထမင်းစားလက်မှတ်ကို ရဖို့ အစဉ် လိုလားပြီး ကောင်းသောအရာများကို ခံစားလိုခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော လူများသည် အမှိုက်များ ဖြစ်ကြသည်။ လူအချို့သည် အလွန် စိတ်ထားသေးသိမ်ကြသည်။ ထိုသို့သော လူများကို ငါတို့ မည်သို့ သရုပ်ဖော်နိုင်မည်နည်း။ (၎င်းတို့သည် အလွန် စိတ်ထားသေးသိမ်ကြသည်။) အလွန် စိတ်ထားသေးသိမ်သော လူတစ်ဦးသည် ယုတ်ညံ့သော လူတစ်ဦးဖြစ်ပြီး မည်သည့် ယုတ်ညံ့သော လူမဆိုသည် လူကြီးလူကောင်းတစ်ဦး၏ စရိုက်ကို ၎င်းတို့၏ ကိုယ်ပိုင် ယုတ်ညံ့သော စံနှုန်းများဖြင့် တိုင်းတာနိုင်ပြီး အခြားသူများကို ၎င်းတို့ကဲ့သို့ပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ ဤလူများသည် အကျိုးမရှိသူများ ဖြစ်ကြပြီး ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်ကူမည် မဟုတ်ပေ။ လူတစ်ဦးကို အလွန်နည်းသော ယုံကြည်ခြင်း ရှိစေသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် ၎င်းတို့က သမ္မာတရားကို နားမလည်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။ သင်သည် အလွန်နည်းသော သမ္မာတရားများကို နားလည်ပြီး ယင်းတို့အပေါ် သင်၏ နားလည်မှုသည် အလွန် ပေါ့တန်နေပါက၊ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင် တာဝန်ယူဆောင်ရွက်သော အလုပ်တိုင်းကို၊ ဘုရားသခင် လုပ်ဆောင်သော အရာအားလုံးကို၊ ဘုရားသခင်က သင့်အပေါ် ထားရှိသော တောင်းဆိုချက်တိုင်းကို နားမလည်နိုင်ပါက၊ သင်သည် ဤနားလည်မှုကို မရရှိနိုင်ပါက ဘုရားသခင်နှင့် စပ်လျဉ်းသော သံသယအမျိုးမျိုး၊ စိတ်ကူးစိတ်သန်းအမျိုးမျိုး၊ နားလည်မှုလွဲခြင်းအမျိုးမျိုးနှင့် အယူအဆအမျိုးမျိုးတို့သည် သင့်ထဲ၌ ပေါ်ပေါက်လာလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဤအရာများဖြင့်သာ ပြည့်နေပါက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်မည်လော။ သင်တို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြ၊ ထိုအကြောင်းကြောင့် သင်တို့သည် အစဉ် စိတ်မသက်မသာ ခံစားရပြီး သင်တို့ မည်သည့်အချိန်တွင် ဖြုတ်ချခြင်းခံရမည်ကို မသိဘဲ စိုးရိမ်ပူပန်နေကြသည်။ သင်တို့သည် ကြောက်ရွံ့ခြင်းကို ခံစားရပြီး “ဘုရားသခင်သည် စစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ဤနေရာသို့ အချိန်မရွေး ရောက်လာနိုင်သည်” ဟု တွေးထင်ကြသည်။ စိတ်အေးအေးထားလော့။ သင်တို့သည် ဘုရားအိမ်တော်က သင်တို့ကို ယုံကြည်အပ်နှံသော အလုပ်ကို ကောင်းစွာ လုပ်ဆောင်နေသမျှ ကာလပတ်လုံး သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှုတွင် အနည်းငယ် လိုအပ်နေလျှင်ပင် ငါသည် ယင်းကို လျစ်လျူရှုလိုက်မည်။ စုဝေးပွဲများကို သင် တက်ရောက်ခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်း၊ သင်၏ အသင်းတော် အသက်တာနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းများ မည်သို့အခြေအနေ ရှိသည်ဟူသည်ကိုမူ ထိုအရာများကို ငါ စောင့်ကြည့်စစ်ဆေးမည် မဟုတ်သကဲ့သို့ သင်၏ အလုပ်နှင့် ပတ်သက်လာသည့်အခါ ငါ သင်တို့ကို နှောင့်ယှက်မည်မဟုတ်။ သင်တို့ကို ငါ အဘယ်ကြောင့် မနှောင့်ယှက်မည်နည်း။ အကြောင်းရင်းအချို့ရှိ၏။ အကြောင်းရင်းတစ်ခုမှာ သင်သည် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ငါ့ထက် ပိုရင်းနှီးကျွမ်းဝင်သောကြောင့်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အလုပ်လုပ်သည့် လုပ်ငန်းစဉ်တွင် သင်တို့၏ အတွေ့အကြုံ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများအရ သင်တို့ တိုးတက်ပြီးဖြစ်သင့်ကာ သင်တို့၏ အလုပ်အတွက် အစီအစဉ်တစ်ခု စိတ်ကူးရသင့်ကြပြီးဖြစ်သည်။ အရေးအသားဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ အချို့သော စည်းမျဉ်းစည်းကမ်းများကို သင် အကျဉ်းချုပ်ပြီးဖြစ်သင့်သည်။ မည်သည့် အလုပ်လုပ်သောနည်းလမ်း သင် အသုံးပြုသည်ကို ငါ မသိသကဲ့သို့ သင်၏ အလုပ်အစီအစဉ်များနှင့် အလုပ်လုပ်သည့် နည်းစနစ်များအား ကမောက်ကမဖြစ်စေဖို့ ငါ ဆန္ဒမရှိပေ။ သင်တို့၏ကိုယ်ပိုင် ဟန်ပန်များဖြစ်စေ၊ ပုံစံများဖြစ်စေ၊ နည်းဥပဒေများဖြစ်စေ၊ စည်းမျဉ်းစည်းကမ်းများဖြစ်စေ ယင်းတို့အတိုင်း သင်တို့ လုပ်နိုင်ပြီး လွယ်ကူကာ အဆင်ပြေသည့်၊ လူတိုင်းကို လွတ်လပ်စေကာ လွတ်မြောက်စေပြီး ထိရောက်မှု မြင့်မားသည့်အဆင့်တစ်ခုကို ရလဒ်ဖြစ်ပေါ်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို အလုပ်ကို လုပ်ဆောင်နိုင်သည်။ ဆိုလိုသည်မှာ သင်၏ အလုပ်တွင် လွတ်လပ်ခွင့်အပြည့် ငါပေး၏။ အသင်းတော်များ အနီးဝန်းကျင်တွင် ငါ တစ်ခါတစ်ရံ လမ်းလျှောက်သော်လည်း သင်တို့ ငါ့ကို မမြင်ရန်အလို့ငှာ ငါ ဝေးဝေးနေ၏။ သင်တို့ လွတ်လပ်ကာ လွတ်မြောက်စေဖို့အတွက် ငါ အစွမ်းကုန် ကြိုးစားသည်။ ဤအရာကို ငါ အဘယ်ကြောင့် လုပ်ဆောင်သနည်း။ သင်တို့ထဲမှ မည်သူမျှသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ထိုမျှရင်းနှီးခြင်း မရှိပေ။ သင်တို့သည် သင်ယူမှုဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တဖြည်းဖြည်း လေ့လာစူးစမ်းရန် လိုအပ်သည်။ လူတို့အနေဖြင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူနေသည်ဖြစ်စေ၊ သမ္မာတရားထဲသို့ ဝင်ရောက်နေကြသည်ဖြစ်စေ ၎င်းတို့အားလုံးတွင် ကိုယ်ပိုင် တိုးတက်မှုနှုန်းနှင့် ကျွမ်းကျင်မှုအဆင့်ရှိကြသည်။ သင်သည် လူတို့အား ၎င်းတို့၏ အစွမ်းအစများကို ကျော်လွန်သည့်အရာများအား လုပ်ဆောင်ရန် တိုက်တွန်း၍ မရပေ။ လူတို့အနေဖြင့် ဖြစ်စဉ်တစ်ခု ဖြတ်သန်းရမည်၊ ကျရှုံးမှုများ၊ ဆုတ်ဆိုင်းမှုများကို တွေ့ကြုံရမည်၊ သို့မဟုတ် ၎င်းတို့၏ အမှားများမှ သင်ခန်းစာအချို့ကို သင်ယူရမည်ဖြစ်ပြီး ထို့နောက်တွင် ရှေ့ဆက်ရမည့် လမ်းတစ်ခုကို တဖြည်းဖြည်း အကျဉ်းချုပ်ကာ နယ်ပယ်အားလုံးတွင် စည်းမျဉ်းအချို့ကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့အနေဖြင့် တိုးတက်မှုကို ဖြစ်နေစေကြလိမ့်မည်ဖြစ်သည်။ သင်တို့တွင် သင်တို့ကိုယ်ပိုင် အလုပ်လုပ်သည့်ပုံစံများနှင့် သင်တို့ကိုယ်ပိုင် နည်းစနစ်များ ရှိကြသည်။ ငါ့အနေဖြင့် ဤအရာများနှင့်စပ်လျဉ်း၍ သင်တို့ကို နှောင့်ယှက်ရန်မှာ သင့်တော်မည်မဟုတ်။ ထို့ကြောင့် သင်တို့၏ အလုပ်နှင့်ပတ်သက်သည့် ဤကိစ္စရပ်များနှင့်စပ်လျဉ်းသော ဆွေးနွေးမှုများတွင် ငါ ထိုမျှပါဝင်မှု သိပ်မရှိခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့် ဆက်စပ်သည့် အကြောင်းရင်း ဖြစ်သည်။ ငါနှင့်ဆက်စပ်သည့် အဓိက အကြောင်းရင်းတစ်ခုလည်းရှိသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးရိုးသားသားပြောမည်။ အတတ်ပညာ ကျွမ်းကျင်မှုများ သို့မဟုတ် အနုပညာအရဖြစ်စေ၊ သမ္မာတရားအရ ပို၍ပင်ဖြစ်စေ သင်တို့ သိမြင်ကာ စဉ်းစားနိုင်စွမ်းရှိသည့် အရာအားလုံးသည် ငါ့အတွက် အလွန်ပေါ့တန်ပေသည်။ ပိုမိုမြန်ဆန်သည့် တိုးတက်မှုဖြစ်စေဖို့ သင်တို့ကို အတင်းအကျပ်ပြုရန် ငါ ကြိုးစားခဲ့လျှင် သင်တို့ ခံနိုင်မည်လော။ သင်တို့ ခံနိုင်မည်မဟုတ်။ ငါ လိုအင်ဆန္ဒရှိသည့်အတိုင်း သင်တို့ကြားတွင် ပြုမူခဲ့လျှင် သင်တို့အပေါ် ငါ၏ တောင်းဆိုမှုများသည် သင်တို့၏ လက်ရှိ အတတ်ပညာဆိုင်ရာ စစ်မှန်သည့် ကျွမ်းကျင်မှုအဆင့်ကိုလည်းကောင်း၊ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်းသည့် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုလည်းကောင်း ကျော်လွန်မည်ဖြစ်သည်။ ယင်းမှာ ငါ့အတွက် အလွန် ပင်ပန်းစရာဖြစ်မည်ဖြစ်ပြီး သင်တို့အတွက် အလွန်အားသွန်ခွန်စိုက်လုပ်ရမည် ဖြစ်သောကြောင့် ယင်းကို လုပ်ဆောင်ရန် ငါဆန္ဒမရှိပေ။ ငါတို့နှစ်ဦးလုံးသည် ကသိကအောက်ဖြစ်သော အခြေအနေတစ်ခုတွင် ရှိကြမည်ဖြစ်ပြီး ယင်းမှာ ကောင်းမည်မဟုတ်ပေ။ ဤသည်မှာ ငါ မြင်လိုသည့်အရာ မဟုတ်ပေ။ ဤသည်တို့မှာ ကိစ္စရပ်အပေါ် ငါ၏ အတွေးအမြင်များဖြစ်ပြီး ဤသည်မှာ အမှုအရာများ၏ ပကတိအခြေအနေဖြစ်သည်။ အကြောင်းရင်းနှစ်ခုဖြစ်သည့် သင်တို့နှင့် ဆက်စပ်သည့် အရာတစ်ခုနှင့် ဤကိစ္စရပ်အပေါ် ငါ၏ အကြံအစည်များ ရှိသည့်အရာတစ်ခုတို့ကြောင့် ငါသည် အမှုအရာများကို ဤနည်းဖြင့် ကိုင်တွယ်ပြီးဖြစ်သည်။ အမှုအရာများကို ဤနည်းဖြင့် ကိုင်တွယ်ခြင်းသည် သင်တို့၏ တဖြည်းဖြည်းချင်း ကြီးထွားမှုအတွက် သင့်တော်ပေသည်။ အသက်ဝင်ရောက်မှုနှင့် ပတ်သက်လာသည့်အခါတွင် သင်တို့တွင် ဘုရားနှုတ်ကပတ်တော် စာအုပ်များရှိသည်၊ စုဝေးပွဲမျိုးစုံနှင့် တရားဒေသနာမျိုးစုံရှိပြီး သင်တို့ကို ရေလောင်းကာ ထောက်ပံ့ပေးသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း ရှိသည်။ သင်တို့ စားသောက်ကာ ရရှိနိုင်သည့် အလွန်များသော အမှုအရာများရှိသည်။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့၏ အသက်တာ ကြီးထွားမှု ဖြစ်စဉ်သည် မြေကြီးထဲသို့ မျိုးစေ့ချပြီး ရေလောင်းခံရကာ မြေဆီဩဇာဖြည့်ခံရသည့်နောက် တဖြည်းဖြည်း အညှောက်ထွက်ကာ နောက်ဆုံးတွင် အသီးသီးသည်အထိ ကြီးထွားလာသည့် မျိုးစေ့တစ်စေ့နှင့် ဆင်တူသည်။ ထိုအရာသည် အလွန်နှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင် ဖြတ်သန်းရသည့် နှေးကွေးသော ဖြစ်စဉ်သည် မျိုးစေ့တစ်စေ့က အညှောက်ပေါက်ခြင်းမှ အသီးသီးခြင်းထက် သာ၍ပင် နှေးကောင်းနှေးနိုင်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤအတွက် လူတို့အတွင်းတွင် ပါရှိသည့် လက်တွေ့ကျပြီး ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများစွာ ရှိသည်။ တစ်ခုမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းဖြစ်သော်လည်း ယင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည်မဟုတ်။ နောက်ထပ်တစ်ခုမှာ လူတို့သည် မလှုပ်မယှက်ဖြစ်ကာ မကြာခဏ အပျက်သဘောဆောင်တတ်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများနှင့် ပတ်သက်လာသည့်အခါ ပျင်းရိကြပြီး ထုံထိုင်းကာ နှေးကွေးကြသည်။ ထို့အပြင် လူတို့သည် အပြုသဘောဆောင်သည့်အရာများကို မချစ်ကြပေ။ ထို့ကြောင့် လူတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ပြီး အသက်ဝင်ရောက်မှုကို ရရှိဖို့ ကြိုးစားသည့်အခါ ၎င်းတို့တွင် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နေရပြီး လှိုင်းတံပိုးများနှင့် ဆန့်ကျင်လှေလှော်နေရသကဲ့သို့ ဖြစ်နေသည်။ လူတို့အတွက် ရေလိုက်ငါးလိုက်နေခြင်း၊ ကပ်ပါးရပ်ပါးလုပ်ခြင်း၊ လောကီရေးရာကို လိုက်စားခြင်းနှင့် ရေပန်းစားမှုများနောက် လိုက်ခြင်းသည် လွယ်ကူသည့်အရာဖြစ်သည့် ဘာသိဘာသာနှင့် ပေါ့ပေါ့ဆဆ အသက်ရှင်ခြင်းဖြစ်ပြီး ခံစားချက်အရဖြစ်သော ရှုထောင့်အမြင်မှဆိုရလျှင် လူတို့သည် ဤနည်းဖြင့် အမှန်တကယ် ပြုမူဆောင်ရွက်ချင်ကြလေသည်။ သို့သော် သမ္မာတရား လိုက်စားခြင်း၊ တရားမျှတသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်တာဝန်များကို အာရုံစိုက်နိုင်သည့် တရားမျှတစိတ်တစ်ခုရှိသော လူတို့ဖြစ်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသောအရာ ဖြစ်လေသည်။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒများ၊ မိမိတို့ကိုယ်ပိုင် ခံစားချက်များ၊ မိမိတို့ကိုယ်ပိုင် အယူအဆများကို ပုန်ကန်ရမည်ဖြစ်ပြီး မိမိတို့၏ ပျင်းရိမှုနှင့် အခြားထိုသို့သော အပျက်သဘောဆောင်သော အရာများကိုလည်း ပုန်ကန်ရမည်ဖြစ်သည်။ မိမိတို့ စိတ်ကူးခဲ့သည့်အတိုင်း မဟုတ်သည့် လူများ၊ အလုပ် လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် ပတ်ဝန်းကျင်များကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါဖြစ်စေ၊ စိတ်မချမ်းသာစရာ သို့မဟုတ် မကောင်းသော အမှုအရာများကို ၎င်းတို့ ကြားရသည့်အခါတွင်ပင်ဖြစ်စေ ၎င်းတို့အနေဖြင့် ဤအရာကို အောင်မြင်ကျော်လွှားဖို့ ဆုတောင်းခြင်းအပေါ် မှီခိုရမည်ဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် ကြီးမားသော အတိုက်အခံကို ကြုံရကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် စိတ်ပိုင်းဖြတ်ချက်ရှိပြီး အံ့ဖွယ်အားအင်ဖြင့် သမ္မာတရားကို လိုက်စားကြပါက တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ တွေ့ကြုံပြီးသည့်နောက်တွင် တိုးတက်မှုအချို့ကို မြင်တွေ့ရလိမ့်မည်ဖြစ်သည်။ သို့တည်းမဟုတ်လျှင် မိမိတို့ နှစ်သက်သည့်အတိုင်း ၎င်းတို့ ပြုမူဆောင်ရွက်ပြီး အမှုအရာများအား သူ့အလိုလိုဖြစ်ခွင့်သာ ပေးမည်ဆိုလျှင် ၎င်းတို့၏ တိုးတက်မှုသည် အလွန်နှေးကွေးကြလိမ့်မည်။ အချိန်အတန်ကြာပြီးနောက် ၎င်းတို့အတွက် အထူးအရေးပါသော အဖြစ်အပျက်တစ်ခုဖြစ်သည့် အထူးဖြစ်ရပ်တစ်ခုကို ကြုံတွေ့ရကောင်း ကြုံရမည်ဖြစ်ပြီး ၎င်းတို့ သင်ခန်းစာတစ်ခု ယူမိကြလိမ့်မည်၊ ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ကြီးမားသော နာကျင်မှုကို ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်ပြီး အလွန် ထိခိုက်ကြလိမ့်မည်ဖြစ်ကာ ယင်းနောက်တွင်သာ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်လာသည့်အခါ အပြုသဘောဆောင်သော ပြောင်းလဲမှု အနည်းငယ်ကို ၎င်းတို့ ပြုလုပ်နိုင်ကြလိမ့်မည်ဖြစ်သည်။ ဤ အပြုသဘောဆောင်သော ပြောင်းလဲမှုသည် ၎င်းတို့အား တိုးတက်မှု ဖြစ်နိုင်စေသလော။ မဖြစ်နိုင်စေပါ။ ၎င်းတို့၏ တိုးတက်မှုသည် ဤကာလအတောအတွင်း သမ္မာတရားကို ၎င်းတို့ရှာဖွေပုံအပေါ် မူတည်သည်။ ၎င်းတို့သည် ဆင်ခြေများသာ ဖန်တီးနိုင်သည့်လူများ၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခြင်းကို အကြိုက်တွေ့ကြသည့် လူများနှင့် သမ္မာတရားကို အမှန်တကယ် မချစ်သည့်လူများဖြစ်လျှင် ဤအဖြစ်အပျက်မှ ၎င်းတို့ ရရှိသမျှမှာ အပေါ်ယံသင်ခန်းစာတစ်ခုထက် ဘာမျှပိုမည်မဟုတ်သကဲ့သို့ သမ္မာတရား သိနားလည်မှုတစ်ခုကို ၎င်းတို့ ရရှိကြမည် မဟုတ်ပေ။ သင့်ဘဝတိုးတက်မှု၏ နှေးကွေးသောအရှိန်နှင့်အညီ သင်တို့နှင့် ငါ၏ ပေါင်းသင်းဆက်ဆံမှုတွင် ငါသည် ခပ်ခွာခွာနေခြင်းကို ထိန်းသိမ်းပြီး ဤနည်းလမ်းကို ခံယူကျင့်သုံးသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ဤသည်မှာ သင်တို့အတွက် အလွန် အကျိုးရှိပေသည်။ အနည်းဆုံးအနေဖြင့် သင်တို့သည် စိတ်အေးသက်သာ ရှိကြသည်။ ငါသည် သင်တို့ကို တစ်နေ့လုံး စောင့်ကြည့်ကာ သတိထားကြည့်နေရင်း တစ်ရက် ၂၄ နာရီလုံးလုံး သင်တို့ကို အပန်းဖြေခွင့်မပေးဘဲ၊ သင်တို့ကို ကြိုးစားပမ်းစားနှင့် မမောနိုင်မပန်းနိုင် အလုပ်လုပ်စေလျက် ငါသည် သင်တို့ ထမ်းရွက်ရန် အပိုဝန်ထုပ်ဝန်ပိုးတစ်ခုမျှ ပေးမည်မဟုတ်။ ယင်းကို လုပ်ဆောင်ရန် ငါ ဖန်တီးမည်မဟုတ်ဘဲ ထိုအစား သင်တို့နှင့်ပတ်သက်၍ အမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးမည်ဖြစ်သည်။ ယင်းမှာ သင်တို့အနေဖြင့် စိတ်အလိုလိုက်ခြင်းအဖြစ်သို့ ကျဆင်းသွားနိုင်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ကို မစောင့်ကြည့်ဖို့ ဤရွေးချယ်မှုကို ငါ အဘယ်သို့ဖြစ်ပြီး ယုံကြည်စိတ်ချစွာ ပြုလုပ်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်း ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားလျှင်၊ ဤလိုအပ်ချက်ရှိပြီး ၎င်း၏ အတွင်းကျကျ စိတ်နှလုံးတွင် သမ္မာတရားကို လိုက်စားဖို့ လိုလားနေလျှင် ၎င်းကို သင် စောင့်ကြည့်မနေသည့် အချိန်တွင်ပင် ၎င်းက သမ္မာတရား လိုက်စားနေဆဲဖြစ်သည်။ ၎င်းသည် မိမိ၏ လျော်ကန်သော အရေးကိစ္စများကို အာရုံစိုက်သည့် ရည်မွန်သော လူတစ်ဦးဖြစ်သည်။ သူသည် ရည်မွန်သော လူတစ်ဦးမဟုတ်လျှင် ၎င်းကို သင် စောင့်ကြည့်လျှင်ပင် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ပေ။ ၎င်းတို့ကို သင် စောင့်ကြည့်နေချိန်တွင် သင့်ကို ဝတ်ကျေတမ်းကျေ ဆက်ဆံဖို့အတွက် အပေါ်ယံ နည်းလမ်းတစ်ခုခုဖြင့်သာ ပြုမူဆောင်ရွက်ကြပြီး တစ်ခဏမျှ သင် စောင့်ကြည့်မနေချိန်တွင် ၎င်းတို့ ပုံမှန်လုပ်ဆောင်သည့် နည်းလမ်းဖြင့်သာ ပြုမူဆောင်ရွက်ကြပြီး ၎င်းတို့ရှိခဲ့ကြသည့် ယခင်က ပကတိအခြေအနေသို့ ပြန်ရောက်သွားကြသည်။ သမ္မာတရားကို လိုက်စားခြင်းသည် လူတို့ စောင့်ကြည့်၍ရသည့် အရာတစ်ခုမဟုတ်ပေ။ ဤသည်မှာ ငါ လုံးလုံးလျားလျား နားလည်သည့်အရာတစ်ခုဖြစ်ပြီး ထိုအကြောင်းကြောင့် သင်တို့နှင့်အတူ ပေါင်းသင်းကာ ဆက်ဆံရန်အတွက် ဤနည်းလမ်းကို ငါ ခံယူကျင့်သုံးခြင်း ဖြစ်သည်။ ငါ့အနေဖြင့် ဤအရာကို လုပ်ဆောင်ရန် လုံးဝ သင့်တင့်လျောက်ပတ်ပေသည်။

ကနေဒါ အသင်းတော်နှင့်ဆိုင်သည့် ကိစ္စရပ်ကို ယခုတွင် အသေအချာ ရှင်းပြထားပြီးဖြစ်သည် မဟုတ်လော။ ပြီးလျှင် ဤကိစ္စရပ်မှနေ၍ သမ္မာတရားအချို့ကို သင်တို့ နားလည်ပြီလော။ အနာဂတ်တွင် ထိုသို့သော ကိစ္စရပ်တစ်ခုကို သင်တို့ တစ်ဖန် ကြုံရလျှင် ထိုအရာသည် အခြားသူတို့အတွက် စံနမူနာတစ်ခုချမှတ်ရန် လူတို့ကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးခြင်းနှင့် အခြားသူတို့အတွက် ၎င်းတို့ကို သတိပေးချက်တစ်ခုဖြစ်စေခြင်း ကိစ္စတစ်ခုဖြစ်သည်ဟု သင်တို့ ပြောလိမ့်ဦးမည်လော။ ဤအရာမဖြစ်မီတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မည်သူကမျှ ချိုးဖျက်နိုင်မည်မဟုတ်သကဲ့သို့ သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နှင့်ပြီးဖြစ်သည်ဟု သင် ခံစားခဲ့ရသည်။ သို့သော် ဤကိစ္စရပ်ကို သင် ကြုံရသည့်အခါ သင်ပိုင်ဆိုင်သည့် ထိုသေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်က ပေါ်လွင်သွားခဲ့သည်။ မည်သည့် ဝိညာဉ်ရင့်ကျက်မှုနည်း။ သင့်အနေဖြင့် လေးလံသည့် ဝန်ထုပ်ကို ထမ်းရွက်ပြီး ဆင်းရဲဒုက္ခခံနိုင်မည်၊ သင်၏ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့က ယခင်က သာ၍ ကြီးမားပြီး မကြာခင် သင် စုံလင်အောင်ပြုခြင်းခံရမည်ဟု သင် တွေးထင်ခဲ့သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် သင်ထားရှိသည့် မှားယွင်းသော သိမြင်နားလည်ခြင်းဖြစ်ခဲ့သည်။ ပြီးလျှင် ယခု မည်သည့်အရာကို သင် စဉ်းစားသနည်း။ သင်၏ တွေးခေါ်မှုသည် အနည်းငယ် အလောကြီးနေ၏။ ငါ့ကို ကြည့်လော့။ ငါသည် အပြင်ပန်းတွင် ဤသို့ထင်ရသည်။ ငါ့ကို ထိတွေ့ပြီး မြင်နိုင်သည်။ ငါ၏ ပင်ကိုစရိုက်က ပွင့်လင်းကာ သိသာရှင်းလင်းသည်ဟု ယူဆ၍ ရနိုင်သလော။ ငါ၏ ပင်ကိုစရိုက်မှ အကဲဖြတ်သည့်အခါ၊ ငါသည် ပြဿနာတစ်ခု ပေါ်ပေါက်သည့်အခါ သင်မသိအောင် လုပ်ဆောင်ပြီး သင်တို့အား မည်သည့်အရာမျှ မပြောဘဲ တိတ်တဆိတ် ဆောင်ရွက်ပြီးနောက် ငါ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင်တို့အား ခန့်မှန်းစေသည့်လူတစ်ဦး မဟုတ်ပေ။ ငါသည် ထိုလူစားမျိုး မဟုတ်။ မည်သည့် ပြဿနာ ပေါ်ပေါက်သည်ဖြစ်စေ သင်တို့ထံ ထိုအရာကို ရှင်းလင်းစွာ ငါ အမြဲ ရှင်းပြသည်။ သို့တိုင် သင်တို့သည် ထိုသို့သော သဘောတရားတစ်စုံကို အကျဉ်းချုပ်ပြောကာ “ဤသည်မှာ ဘုရားသခင်အပေါ် ငါ၏ အမြင့်ဆုံးသော သိနားလည်မှုဖြစ်သည်”ဟု ဆိုနိုင်ကြဆဲဖြစ်သည်။ ဤသိနားလည်မှုအပေါ် သင် မည်သို့ တွေးထင်သနည်း။ ယခု သင်သည် သင်ခန်းစာတစ်ခု သင်ယူပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် သင်တို့၏ သိနားလည်မှုတွင် သင်တို့၏ အကြီးမားဆုံးသော ကျရှုံးမှုဖြစ်လေပြီဟု ဆို၍ရနိုင်သလော။ ငါ ပြောသည့် စကားများကို သင်တို့ ကြားနိုင်ပြီး ငါ၏ အသွင်အပြင်ကို မြင်နိုင်ကာ ငါသည် ထိတွေ့ပြီး မြင်၍ရနိုင်သည့် သွေးသားရှိသော လူတစ်ဦးဖြစ်သည်။ ငါသည် ထိုဆောင်ရွက်ပုံနည်းလမ်းကို ခံယူခဲ့ပြီး သင်တို့ထဲမှ မည်သူကမျှ ထိုအရာကို နားမလည်နိုင်ခဲ့သကဲ့သို့ ငါတို့သည် ဘုံသဘောတူညီချက်တစ်ခု မရနိုင်ခဲ့ကြပေ။ ငါတို့တွင် ဖွင့်ဟရန်မလိုသော အပြန်အလှန် နားလည်မှု အနည်းငယ်မျှပင် မရှိခဲ့ကြပေ။ သင်သည် ဘုရားသခင်နှင့် အလွန် ဝေးကွာနေသည်တကား။ သင်သည် ဘုရားသခင်ကို သိနားလည်ခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သည်။ ဤသည်တို့မှာ စစ်မှန်သော စကားများဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အခြေအနေဖြစ်သည်။ သင်၏ တာဝန်ကို အနည်းငယ် ထမ်းဆောင်နိုင်ရုံဖြင့်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ သင် ယုံကြည်ပြီးဖြစ်ကာ အယူဝါဒအချို့ကို သင် ပြောဆိုနိုင်ရုံဖြင့် ဘုရားသခင်ကို သင် နားလည်ခြင်းဖြစ်သည်ဟု မထင်လေနှင့်။ သင့်ကို ငါ ပြောမည်၊ သင်၏ တွေးခေါ်မှုက လောကြီးနေ၏။ သင်သည် ယင်းနှင့်ပတ်သက်၍ ဗဟုသုတနှင့်ပြည့်စုံနေသည်ဟု မထင်လေနှင့်။ အမှန်တွင် သင်သည် ဘုရားသခင်ကို သိနားလည်ခြင်းနှင့် ဝေးကွာနေဆဲဖြစ်သည်။ သင်သည် ဤသို့သော နားလည်မှုရဖို့ အမှန်တကယ်ပင် အလွန်ဝေးနေသေး၏။ မည်သည့် ကိစ္စရပ်တွင်မဆို လူတို့သည် ထုတ်ဖော်ခံရနိုင်ပြီး လူအချို့သည် ကနေဒါအသင်းတော်ကို ကိုင်တွယ်ခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်အားဖြင့် ထုတ်ဖော်ခံရပြီးဖြစ်သည်။ လူတို့အနေဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားအကြောင်းကို သင်ယူရန်အလို့ငှာ၊ ၎င်းတို့၏ ပုန်ကန်မှုကို နားလည်ရန်အလို့ငှာ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးက အတိအကျ မည်သည့်အရာဖြစ်သည်ကို နားလည်ပြီး သမ္မာတရားနှင့်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုနှင့် အသိပညာအပြင် ဘုရားသခင်အပေါ် ၎င်းတို့၏ သိနားလည်မှုက မည်သည့်အဆင့်တွင် အတိအကျရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်ရန်အလို့ငှာ ဤမတူကွဲပြားသော အခြေအနေများနှင့် အဖြစ်အပျက်များမှတစ်ဆင့် အဆက်မပြတ် ကြီးထွားရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကို အဆက်မပြတ် သိနားလည်လာရမည်ဖြစ်သည်။ ဤကိစ္စရပ်များမှတစ်ဆင့် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် စစ်မှန်သော အခြေအနေတို့က တိုင်းတာခံရလိမ့်မည်ဖြစ်သည်။ ဤအကြိမ်တွင် သင်ခန်းစာတစ်ခုကို သင်တို့ ရပြီးဖြစ်သလော။ နောက်တစ်ကြိမ်တွင် ဤသိနားလည်မှုမျိုးမရှိရန် ကြိုးပမ်းလော့။ ထိုအရာသည် အလွန် ထိခိုက်စေသောအရာဖြစ်သည်၊ အလွန်မယုံနိုင်စရာချည်းသာ ဖြစ်သည်။ ဤကိစ္စရပ်ကို ထိုမျှရှည်ကြာစွာ ရှင်းပြထိုက်သည်ဟု သင်တို့ ထင်သလော။ မလိုအပ်ခဲ့သင့်ပေ။ မလိုအပ်ခဲ့သင့်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ သင်တို့ သဘောပေါက်ပြီးဖြစ်သည့် စကားများနှင့် အယူဝါဒများအရ သင်တို့သည် ဤကိစ္စရပ်နှင့်ဆိုင်သည့် အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့သင့်ပေသည်။ ထိုအရာနှင့်ပတ်သက်၍ သင်တို့ဘာသာ ချင့်ချိန်စဉ်းစားခြင်းနှင့် ထိုအရာအပေါ် လူတိုင်း အတူတကွ မိတ်သဟာယပြုခြင်းအားဖြင့် သင်တို့၏ သိနားလည်မှု အလွန် အစွန်းရောက်လာခြင်းမရှိဘဲ ထိုအရာကို သင်တို့ အတော်အတန် စင်ကြယ်သော နည်းလမ်းဖြင့် နားလည်နိုင်ခဲ့သင့်သည်။ သို့သော် မမျှော်လင့်ဘဲ အစွန်းရောက်သော သိနားလည်မှုများ ပေါ်ထွက်လာပြီးဖြစ်ကာ ငါ့အနေဖြင့် အချို့သော အသေးစိတ်အချက်များကို မိတ်သဟာယပြုဖို့ လိုအပ်လာပြီဖြစ်သည်။ ဤမိတ်သဟာယကို နားထောင်ပြီးနောက်တွင် သင်တို့၏ စိတ်နှလုံးများသည် ယခု တောက်ပသွားကြသည် မဟုတ်လော။ ဤကိစ္စရပ်နှင့်ပတ်သက်၍ ယခု သင်တို့တွင် နောက်ထပ် စိတ်ကူးတစ်ခုတလေမျှ မရှိသင့်ကြပေ၊ မှန်ပါသလော။ သို့ဖြစ်၍ ထိုလူများကို ငါကိုင်တွယ်ခဲ့သည့် နည်းလမ်းအား လွန်ကဲသည်ဟု သင်တို့ ယူဆကြသလော။ (မယူဆကြပါ။) ဤကိစ္စရပ်နှင့်ပတ်သက်သည့် ဆွေးနွေးမှုကို ဤတွင် ငါတို့ အဆုံးသတ်လိုက်ကြစို့၊ ပြီးလျှင် အဓိကအကြောင်းအရာနှင့် ပတ်သက်၍ ငါ စတင်မိတ်သဟာယပြုမည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။