အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂) အခန်း သုံး

အန္တိခရစ်များက မည်သို့ကောက်ကျစ်ဆိုးယုတ်ပုံ၊ အန္တရာယ်ပေးပုံနှင့် လှည့်ဖြားပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ပြီးခဲ့သည့်တစ်ကြိမ်တွင်၊ ငါတို့သည် အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သော ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည် ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မည်သည့် သွင်ပြင်လက္ခဏာကို ငါတို့ အဓိက မိတ်သဟာယဖွဲ့ခဲ့သနည်း။ အန္တိခရစ်များ မည်သို့ ကောက်ကျစ်ဆိုးယုတ်သည်ကို ငါတို့ ပြောခဲ့ကြသည်။ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါတို့ ပြောရသနည်း။ ၎င်းတို့၏ သဘာဝအနှစ်သာရအတွင်းရှိ မည်သည့် အထူးစိတ်သဘောထားများ၊ သရုပ်သကန်များနှင့် လက္ခဏာရပ်များက ၎င်းတို့အား ကောက်ကျစ်ဆိုးယုတ်သောသူ၊ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သောသူအဖြစ် သတ်မှတ်နိုင်သနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု တည်ရှိကြောင်းနှင့် ထိုအရာက ၎င်းတို့၏ စစ်မှန်သောအခြေအနေများနှင့် ကိုက်ညီကြောင်း သက်သေပြသည့် သိသာထင်ရှားသော လက္ခဏာများမှာ အဘယ်နည်း။ ဤကဲ့သို့သောလူများသည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ပြောဆိုရန် ငါတို့အား အကြောင်းပြချက်ပေးသည့် ၎င်းတို့၏ သဘာဝအနှစ်သာရနှင့်ဆိုင်သည့် အဓိကလက္ခဏာရပ်များမှာ အဘယ်နည်း။ ကျေးဇူးပြု၍ သင်တို့၏ အတွေးအမြင်များကို မျှဝေကြလော့။ (အန္တိခရစ်များစွာတို့သည် သမ္မာတရားကို နားလည်ကြသော်လည်း၊ ထိုသမ္မာတရားကို မျက်နှာပြောင်တိုက် ဆန့်ကျင်ကြသည်။ မှန်ကန်သည့်အရာကို ရှင်းလင်းစွာ သိရှိကြသော်လည်း ၎င်းတို့၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းရန် နှလုံးခိုင်မာစွာ ရွေးချယ်ကြသည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသူများနှင့် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များအပေါ် ၎င်းတို့၏ အခြေအမြစ်မရှိသော ရန်လိုမှုတွင်လည်း ပေါ်လွင်ထင်ရှားပါသည်။) (အန္တိခရစ်များသည် အခြားသူများ ကောင်းစားသည်ကို မမြင်လိုကြပါ။ ညီအစ်ကိုမောင်နှမများအတွက် ထောက်ပံ့ပေးရန် အကျိုးကျေးဇူးများအတွက် ဘုရားအိမ်တော်က စီစဉ်ပေးသည့်အခါ အန္တိခရစ်တို့သည် ဤအကျိုးကျေးဇူးများကို ၎င်းတို့ကိုယ်တိုင်သာ မွေ့လျော်ခံစားလိုကြသည်၊ ညီအစ်ကိုမောင်နှမများ မွေ့လျော်ခံစားကြရန် ၎င်းတို့ မလိုလားသောကြောင့် ဤအလုပ်ကို ၎င်းတို့ မလုပ်ဆောင်ကြပါ။) (ဘုရားသခင်၊ အဆင့်အတန်းရရှိရန် အန္တိခရစ်များက ဘုရားသခင်နှင့် သမ္မာတရားကို တန်ဆာပလာများအဖြစ် အသုံးပြုပုံနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ ယခင်မိတ်သဟာယက ကျွန်ုပ်အပေါ် ပြင်းထန်သော ထင်မြင်ချက်တစ်ခု ရှိစေခဲ့ပါသည်၊ ဤသည်မှာ အထူးသဖြင့် ကောက်ကျစ်ဆိုးယုတ်သည်ဟု ကျွန်ုပ်ခံစားရပါသည်။) သင်တို့အများစုသည် အချို့အရာများကို မှတ်မိကြသည်။ ဆိုလိုသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို မိတ်သဟာယပြုချိန်တွင် ငါပေးခဲ့သည့် ဥပမာအနည်းငယ်ကို မှတ်မိကြသည်။ သင်တို့သည် ဥပမာများကိုသာ မှတ်မိကြသော်လည်း၊ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရအပေါ် ငါ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း အကြောင်းအရာကိုမူ သင်တို့ မေ့လျော့ကြလေပြီ။ သို့ဆိုလျှင် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရကို မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးနေစဉ်တွင် ငါ ထည့်သွင်းစဉ်းစားခဲ့သည့် သမ္မာတရားများထဲမှ မည်မျှကို သင်တို့ နားလည်နိုင်ကြသနည်း။ သင်တို့သည် ဤအရာများကို မမှတ်မိနိုင်သည့်အတွက်၊ ယင်းက ထိုအချိန်တွင် ထိုအရာများထဲမှ တစ်ခုကိုမျှ သင်တို့ နားမလည်ခဲ့ကြောင်းကို ညွှန်ပြနေသည် မဟုတ်လော။ ငါ၏ မိတ်သဟာယက သင်တို့အပေါ် ပြင်းထန်သော ထင်မြင်ချက်တစ်ခု ချန်ထားခဲ့ပါက၊ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ကို သင်တို့ မှတ်မိနိုင်ကြမည် မဟုတ်လော။ သင်တို့၏ မှတ်ဉာဏ်ထဲသို့ ရောက်ရှိလာသည့်အရာများသည် သင်တို့ နားလည်သည့်အရာများ မဟုတ်လော။ သင်တို့ ပြန်လည်အမှတ်မရနိုင်သည့်အရာများသည် သင်တို့ နားလည်ရန် အလွန်ခက်ခဲသည်ဟု သင်တို့တွေ့ရှိသည့်အရာများ၊ သို့မဟုတ် သင်တို့ တကယ်ကို နားမလည်နိုင်သည့်အရာများ မဟုတ်လော။ ထိုအချိန်က ထိုသမ္မာတရားများကို သင်တို့ ကြားသိခဲ့ချိန်တွင်၊ မှန်ကန်သည်ဟု သင်တို့ ထင်ခဲ့ကြပြီး၊ အယူဝါဒများအရ ထိုသမ္မာတရားများကို သင်တို့ မှတ်မိခဲ့ကြကာ၊ ထိုသို့ပြုလုပ်ရန် သင်တို့အတွက် ကြီးမားသော အားထုတ်မှု လိုအပ်ခဲ့သည်။ သို့သော် တစ်ညအိပ်ပြီးနောက်၊ ထိုသမ္မာတရားများကို သင်တို့ မေ့လျော့သွားကြသည်။ တစ်လကြာပြီးနောက်၊ ယင်းတို့က လုံးဝ မရှိတော့ပေ။ ဤသဘောပင် မဟုတ်လော။ ကိစ္စရပ်တစ်ခု သို့မဟုတ် လူတစ်ဦး၏ အနှစ်သာရကို ရိပ်စားမိရန်၊ သင်သည် သမ္မာတရားကို နားလည်ဖို့ လိုအပ်သည်။ သင်သည် ဘာသာတရားမရှိသူများ၏ အမြင်ရှုထောင့်များကို ဖက်တွယ်နေဆဲဖြစ်ပြီး၊ ဘာသာတရားမရှိသူများ၏ ပြောဆိုချက်များအပေါ် အခြေခံ၍ အမှုအရာများကို ရှုမြင်ပြီး စဉ်းစားဆင်ခြင်နေသေးပါက၊ သမ္မာတရားကို သင်နားမလည်ကြောင်း ယင်းက သက်သေပြသည်။ သင်သည် တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်ခဲ့သည့် နှစ်အနည်းငယ်မှနေ၍ မည်သည့်အရာမျှ မရရှိခဲ့သကဲ့သို့ လူတို့က သင်နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့ မည်သို့ပင် ရှင်းပြပါစေ သင် နားမလည်နိုင်ပါက၊ ဤသည်မှာ သင်၌ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း ညွှန်ပြသည်၊ ယင်းကို ညံ့ဖျင်းသော အစွမ်းအစဟု ခေါ်သည်။ ထိုသို့ပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်စပ်လျဉ်း၍၊ သင်တို့ထဲမှ မည်သူကမျှ အရေးအကြီးဆုံးသော ပြောဆိုချက်ကို မဖော်ပြခဲ့ကြပေ။ အဘယ်ကြောင့် သင်တို့ မဖော်ပြခဲ့ကြသနည်း။ တစ်နည်းအားဖြင့်၊ အချိန်အတော်ကြာပြီဖြစ်ပြီး ထိုအရာကို သင်တို့ မေ့လျော့သွားကြပြီဖြစ်သောကြောင့် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့်၊ ဤပြောဆိုချက်၏ အရေးပါမှုကို သင်တို့ သဘောပေါက်နားလည်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်၊ ဤပြောဆိုချက်သည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ပြီး ဖွင့်ချသည့် အဓိကကျသော ပြောဆိုချက်တစ်ခုဖြစ်ကြောင်းကို သင်တို့ မသိခဲ့ကြပေ။ ဤပြောဆိုချက်မှာ အဘယ်နည်း။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အပြုသဘောဆောင်သော အရာအားလုံးနှင့် သမ္မာတရားနှင့် ဆက်စပ်သည့် အရာအားလုံးအပေါ် ၎င်းတို့၏ ရန်လိုမှုနှင့် စက်ဆုပ်ရွံရှာခြင်းတို့တွင် အဓိကအားဖြင့် ပေါ်လွင်ထင်ရှားသည်ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် ဤအပြုသဘောဆောင်သော အရာများကို အဘယ်ကြောင့် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသနည်း။ ဤအပြုသဘောဆောင်သော အရာများက ၎င်းတို့ကို ထိခိုက်နစ်နာစေပြီလော။ မထိခိုက်မနစ်နာစေပါ။ ယင်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ထိပါးသလော။ တစ်ခါတစ်ရံတွင် ထိပါးကောင်းထိပါးနိုင်သည်၊ တစ်ခါတစ်ရံတွင် လုံးဝမထိပါးပါ။ သို့ဆိုလျှင် အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများအပေါ် အခြေအမြစ်မရှိဘဲ အဘယ်ကြောင့် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသနည်း။ (ယင်းသည် ၎င်းတို့၏ သဘာဝ ဖြစ်ပါသည်။) ၎င်းတို့တွင် ဤ သဘာဝမျိုးရှိသည်၊ ၎င်းတို့သည် အပြုသဘောဆောင်သော အရာအားလုံးနှင့် သမ္မာတရားများအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်။ ဤအရာက အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို အတည်ပြုသည်။ ဤပြောဆိုချက်သည် အရေးကြီးသလော၊ အရေးမကြီးသလော။ ဤမျှ အရေးကြီးသော ပြောဆိုချက်တစ်ခုကို သင်တို့ မမှတ်မိကြပေ၊ အရေးမပါသည့်အရာများကိုသာ သင်တို့ မှတ်မိကြသည်။ အဘယ်ကြောင့် ငါသည် သင်တို့ကို ထိုမေးခွန်းများ မေးခဲ့သနည်း။ သင်တို့ စကားပြောရန်နှင့် ဤအရာများကို သင်တို့ မည်မျှအထိ သဘောပေါက်နားလည်သည်ကိုလည်းကောင်း၊ သင်တို့၏ စိတ်နှလုံးထဲတွင် မည်မျှ မှတ်မိနိုင်သည်ကိုလည်းကောင်း၊ ထိုအချိန်က မည်မျှ နားလည်နိုင်ခဲ့သည်ကိုလည်းကောင်း ငါမြင်တွေ့နိုင်ရန်အလို့ငှာ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ သင်တို့သည် အသေးအဖွဲဖြစ်သော အမှုအရာ အနည်းငယ်ကိုသာ မှတ်မိကြသည်။ ငါပြောဆိုခဲ့သည့် အရာအားလုံးကို အကြောင်းမဲ့စကားစမြည်ပြောခြင်းများအဖြစ် သင်တို့ သဘောထားကြသည်။ ငါသည် ဤနေရာသို့ စကားစမြည်ပြောရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ လူတို့အား မည်သို့ ခွဲခြားသိမြင်ရမည်ဟူသည်ကို သင်တို့အား ပြောပြရန်သာ လာခဲ့ခြင်း ဖြစ်သည်။ ငါဖော်ပြခဲ့သည့် ပြောဆိုချက်သည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ခွဲခြားသိမြင်ရန် အမြင့်မားဆုံးသော သမ္မာတရားစည်းမျဉ်း ဖြစ်သည်။ သင်သည် ဤပြောဆိုချက်ကို အသုံးမပြုနိုင်ပါက၊ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ခွဲခြားသိမြင်နိုင်မည်မဟုတ်၊ သို့မဟုတ် သိရှိနိုင်မည်မဟုတ်ပေ။ ဥပမာအားဖြင့်၊ လူတစ်ဦးကို အန္တိခရစ်အဖြစ် သတ်မှတ်သည့်အခါ၊ အချို့လူများက “သူက ကျွန်ုပ်တို့အပေါ် ကောင်းပါသည်၊ သူက ချစ်ခင်တတ်ပြီး ကျွန်ုပ်တို့ကို ကူညီပါသည်။ ထိုသို့သော လူကောင်းတစ်ဦးကို အန္တိခရစ်အဖြစ် အဘယ်ကြောင့် သတ်မှတ်ရသနည်း”ဟု ပြောကောင်းပြောနိုင်ပါသည်။ အန္တိခရစ်များသည် အပေါ်ယံတွင် အခြားသူများအပေါ် ချစ်ခင်ပုံရသော်လည်း၊ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ၊ ဘုရားသခင်ကို အထူးသဖြင့် ဆန့်ကျင်ကြောင်း ထိုသူတို့ နားမလည်ကြပေ။ ၎င်းတို့၏ ဤအန္တရာယ်ပေးတတ်ပြီး စဉ်းလဲကောက်ကျစ်သောဘက်ခြမ်းသည် လူအများစု မမြင်နိုင်သောအရာတစ်ခု ဖြစ်သည်။ ထိုအရာကို ၎င်းတို့ လုံးဝ ခွဲခြားသိမြင်နိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ နားလည်မှုလွဲမှားကြပြီး၊ ဘုရားသခင်အပေါ် အယူအဆများ ဖြစ်ပေါ်ကာ၊ ဤအကြောင်းကြောင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စောဒကတက်ခြင်းပင် ပြုလုပ်ကြသည်။ ထိုသို့သောလူများသည် တကယ်ကို လူယုတ်မာများဖြစ်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အန္တိခရစ်များက လူတို့ကို မည်သို့ အမိဖမ်းသည်၊ မည်သို့ သွေးဆောင်ဖြားယောင်းသည်၊ မည်သို့ မျက်နှာလိုမျက်နှာရလုပ်သည် စသည့် အပေါ်ယံကိစ္စရပ်များကိုသာ မြင်ကြပြီး၊ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို သတိမပြုမိကြသကဲ့သို့၊ ဘုရားသခင်ကို အတိုက်အခံလုပ်ရန်နှင့် သီးခြားဖြစ်သော နယ်ပယ်များ တည်ထောင်ရန် အန္တိခရစ်များ အသုံးပြုသည့် နည်းလမ်းများကိုလည်း ၎င်းတို့ မမြင်ကြသောကြောင့် ဖြစ်သည်။ ဤအရာများကို ၎င်းတို့ အဘယ်ကြောင့် မမြင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ လူတို့ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အပြင်ပန်းဖြစ်စဉ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ပြဿနာ၏ အနှစ်သာရနှင့် အကျိုးဆက်များကို ရိပ်စားမိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် လူတို့ကို တိုင်းတာရန်နှင့် ၎င်းတို့အပေါ် စီရင်ချက်ချရန် လူတို့၏ ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ရိုးရာ လူသားအယူအဆများနှင့် လောကီရေးရာ နည်းလမ်းများကိုလည်း အစဉ်သဖြင့် အသုံးပြုကြသည်။ ရလဒ်အနေဖြင့်၊ ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း ခံကြရပြီး၊ အန္တိခရစ်များ၏ ဘက်တွင် ရပ်တည်ကြကာ၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာသည်။ ဤသည်မှာ မည်သူ၏အမှားဖြစ်သနည်း။ ဤအမှားသည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ဤသည်မှာ ၎င်းတို့ သမ္မာတရားကို နားမလည်ခြင်း၊ ဘုရားသခင်၏ အမှုတော်ကို မသိရှိခြင်းနှင့် လူပုဂ္ဂိုလ်များ၊ အမှုအရာများကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ အစဉ်သဖြင့် ရှုမြင်ခြင်းတို့၏ အကျိုးဆက်ဖြစ်သည်။

၂။ အပျက်သဘောဆောင်သောအရာများကို အန္တိခရစ်တို့၏ ချစ်ခြင်းအား စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ယနေ့၊ ငါတို့သည် အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သည့်၊ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည် ဟူသည့်အချက်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ကောက်ကျစ်ဆိုးယုတ်မှုတွင် အန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်း နှစ်မျိုးလုံး ပါဝင်သည်နှင့်အမျှ ဤသရုပ်သကန်၏ အဓိကအချက်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်မှုသည် အန္တိခရစ်များ၏ အနှစ်သာရကို ကိုယ်စားပြုစဉ်တွင်၊ တစိမ့်စိမ့်အန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားခြင်းတို့မှာမူ ယင်းနှင့်စာလျှင် သိပ်အရေးမပါသောအရာများ ဖြစ်ကြသည်။ ပြီးခဲ့သည့်အကြိမ်တွင်၊ ငါတို့သည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့ကြသည်။ ငါတို့သည် အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် ဤအသွင်အပြင်ကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် အချို့သောစကားလုံးများကို ထည့်သွင်းစဉ်းစားလျက် အချို့သော ယေဘုယျ အယူအဆများနှင့် အတော်အတန် အဓိပ္ပာယ်ဖွင့်ဆိုမှုပေးသည့် အကြောင်းအရာအချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင်၊ ငါတို့သည် ဤအကြောင်းအရာကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အချို့က “ဤအကြောင်းအရာနှင့်ပတ်သက်လာသည့်အခါ မိတ်သဟာယဖွဲ့ရမည့်အရာ တစ်ခုတလေ ရှိပါသလော” ဟု မေးကောင်းမေးနိုင်သည်။ ရှိပေ၏။ ဤနေရာတွင် မိတ်သဟာယဖွဲ့ရန် လိုအပ်နေသေးသည့် အချို့သောအသေးစိတ်အချက်များ ရှိသည်။ ငါတို့သည် ယနေ့တွင် ဤအကြောင်းအရာကို မတူညီသောနည်းလမ်းဖြင့်လည်းကောင်း၊ မတူညီသောရှုထောင့်မှလည်းကောင်း မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ အဓိက လက္ခဏာရပ်နှင့် သရုပ်သကန်မှာ အဘယ်နည်း။ အန္တိခရစ်များကဲ့သို့သော လူများသည် အပြုသဘောဆောင်သော အရာအားလုံးနှင့် သမ္မာတရားအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ရန်လိုမှုနှင့် စက်ဆုပ်ရွံရှာခြင်းသည် အကြောင်းပြချက် မလိုအပ်သကဲ့သို့၊ တစ်ဦးတလေ၏ လှုံ့ဆော်မှု၏ ရလဒ်အဖြစ် ဖြစ်ပျက်ခြင်းလည်း မဟုတ်သကဲ့သို့ ၎င်းတို့ နတ်ဆိုးစွဲကပ်ခြင်း၏ ရလဒ်လည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့သည် ဤအရာများကို ပင်ကိုယ်အားဖြင့် မနှစ်သက်ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်၊ ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ အရိုးများထဲတွင်၊ အပြုသဘောဆောင်သော အရာများနှင့် ကြုံတွေ့ရသည့်အခါ ရွံရှာမှုကို ခံစားကြရသည်။ သင်သည် ၎င်းတို့ထံ ဘုရားသခင်အကြောင်း သက်သေခံပါက သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် သင့်အပေါ် မုန်းတီးစိတ် ဖြစ်ပေါ်ကြလိမ့်မည်ဖြစ်ပြီး၊ သင့်ကို တိုက်ခိုက်ရန် စိတ်ကူးပင်ရှိကောင်း ရှိနိုင်သည်။ ပြီးခဲ့သည့် မိတ်သဟာယတွင် အပြုသဘောဆောင်သော အရာများအပေါ် အန္တိခရစ်များ ရန်လိုပြီး စက်ဆုပ်ရွံရှာခြင်းနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာကို ငါတို့ ခြုံငုံဆွေးနွေးပြီးဖြစ်သောကြောင့်၊ ဤတစ်ကြိမ်တွင် ယင်းကို ငါတို့ ထပ်မံဆွေးနွေးတော့မည် မဟုတ်ပေ။ ဤမိတ်သဟာယတွင်၊ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုကို ငါတို့ စူးစမ်းလေ့လာကြမည်။ ထိုနောက်ထပ် သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများအပေါ် ရန်လိုပြီး စက်ဆုပ်ရွံရှာကြသည်၊ သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို နှစ်သက်ကြသနည်း။ ယနေ့တွင်၊ ငါတို့သည် ဤဘက်ခြမ်းနှင့် ရှုထောင့်အမြင်မှနေ၍ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကြမည်ဖြစ်သည်။ ဤသည်မှာ လိုအပ်သလော။ (လိုအပ်ပါသည်။) လိုအပ်ပေသည်။ သင်တို့ဘာသာ ထိုအရာကို သဘောပေါက်နိုင်ကြမည်လော။ (သဘောမပေါက်နိုင်ပါ။) အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို အန္တိခရစ်များ မနှစ်သက်ခြင်းသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝဖြစ်သည်။ သို့ဖြစ်၍၊ ဤအခြေခံအကြောင်းရင်းအရ၊ အန္တိခရစ်များ မည်သည့်အရာကို နှစ်သက်သည်၊ မည်သည့်အရာမျိုးများကို ၎င်းတို့ လုပ်ဆောင်ရန် နှစ်သက်သည်၊ ထို့အပြင် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့် နည်းလမ်းနှင့် နည်းစနစ်များနှင့် ၎င်းတို့ နှစ်သက်သည့် လူစားမျိုးတို့ကို သေချာစွာ စဉ်းစားဆင်ခြင်လော။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ရှုမြင်ရန် ပိုမိုကောင်းမွန်သော ရှုထောင့်နှင့် ဘက်ခြမ်းဖြစ်သည် မဟုတ်လော။ ဤအရာက ပိုမိုတိကျပြီး ဓမ္မဓိဋ္ဌာန်ကျသော အမြင်ကို ပေးသည်။ ပထမဦးစွာ၊ အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများကို မနှစ်သက်ကြပေ၊ ယင်းက ၎င်းတို့သည် ထိုအရာများကို ရန်လိုပြီး အပျက်သဘောဆောင်သော အရာများကို နှစ်သက်ကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ အပျက်သဘောဆောင်သော အရာများ၏ ဥပမာအချို့မှာ အဘယ်နည်း။ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများ ဖြစ်သည်။ ဤသည်တို့မှာ အပျက်သဘောဆောင်သော အရာများ မဟုတ်လော။ ဟုတ်ပေသည်၊ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများသည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ သို့ဆိုလျှင် လိမ်ညာမှုများနှင့် လှည့်ဖြားမှုများနှင့် ဆန့်ကျင်ဘက် အပြုသဘောဆောင်သောအရာမှာ အဘယ်နည်း။ (ရိုးသားခြင်းဖြစ်သည်။) မှန်သည်၊ ရိုးသားခြင်း ဖြစ်သည်။ စာတန်သည် ရိုးသားခြင်းကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းသည် လှည့်ဖြားခြင်းကို နှစ်သက်၏။ ဘုရားသခင်က လူသားများထံမှ ဦးစွာ တောင်းဆိုသည့်အရာမှာ အဘယ်နည်း။ ဘုရားသခင်က “သင်သည် ငါ့ကို ယုံကြည်ပြီး ငါ့နောက်သို့ လိုက်လိုပါက၊ ဦးစွာပထမအနေဖြင့် သင်သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်သင့်သနည်း” ဟု မိန့်တော်မူသည်။ (ရိုးသားသောသူတစ်ဦး ဖြစ်သင့်ပါသည်။) သို့ဆိုလျှင် စာတန်က လူတို့ကို လုပ်ဆောင်ရန် ပထမဆုံးသင်ကြားပေးသည့်အရာမှာ အဘယ်နည်း။ လိမ်ညာရန် ဖြစ်သည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ပထမဆုံး သက်သေအထောက်အထားမှာ အဘယ်နည်း။ (လှည့်ဖြားခြင်း ဖြစ်သည်။) ဟုတ်ပေသည်၊ အန္တိခရစ်များက လှည့်ဖြားခြင်းကို နှစ်သက်သည်၊ လိမ်ညာမှုများကို နှစ်သက်ပြီး၊ ရိုးသားခြင်းကို စက်ဆုပ်ကာ မုန်းတီးကြသည်။ ရိုးသားခြင်းသည် အပြုသဘောဆောင်သော အရာဖြစ်သော်လည်း၊ ၎င်းတို့က မနှစ်သက်ဘဲ၊ ထိုအစား ယင်းအပေါ် ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့သည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို နှစ်သက်ကြသည်။ တစ်စုံတစ်ဦးက အန္တိခရစ်များ၏ ရှေ့မှောက်၌ “သင်သည် အဆင့်အတန်းတစ်ခုမှနေ၍ အလုပ်ကို စီမံဆောင်ရွက်ရန် နှစ်သက်ပြီး၊ တစ်ခါတစ်ရံတွင် သင် ပျင်းရိသည်” ဟု မကြာခဏ ပြောလျက် အမှန်အတိုင်း စကားပြောပါက၊ အန္တိခရစ်များသည် ထိုအရာအပေါ် မည်သို့ ခံစားရသနည်း။ (၎င်းတို့ လက်မခံကြပါ။) ထိုအရာကို လက်မခံခြင်းသည် ၎င်းတို့ ပိုင်ဆိုင်သည့် သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ သို့သော် ယင်းမျှသာလော။ အမှန်အတိုင်း ပြောဆိုသည့် ဤပုဂ္ဂိုလ်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ရွံရှာပြီး ထိုသူကို မနှစ်သက်ကြပေ။ အချို့အန္တိခရစ်များက ညီအစ်ကိုမောင်နှမများအား “ငါသည် သင်တို့ကို အချိန်အတန်ကြာ ဦးဆောင်ပြီးဖြစ်သည်။ ငါနှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်များကို ကျေးဇူးပြုပြီး အားလုံးက ပြောပြကြပါလော့” ဟု ဆိုကြသည်။ လူတိုင်းက “သင်သည် အလွန်ရိုးသားသည့်အတွက်၊ သင့်ကို ကျွန်ုပ်တို့ တုံ့ပြန်ချက်အချို့ ပေးပါမည်” ဟု တွေးကြသည်။ အချို့က “သင်သည် သင်လုပ်ဆောင်သမျှ အရာအားလုံးတွင် အတော်အတန် အလေးအနက်ထားပြီး လုံ့လဝီရိယရှိသည်၊ သင်သည် ဆင်းရဲဒုက္ခများစွာကို သည်းညည်းခံခဲ့ရသည်။ ထိုအရာကို ကျွန်ုပ်တို့ မကြည့်ရက်နိုင်ခဲ့သကဲ့သို့ သင့်ကိုယ်စား ကျွန်ုပ်တို့ စိတ်သောကရောက်ခဲ့ရသည်။ ဘုရားအိမ်တော်က သင့်ကဲ့သို့သော ခေါင်းဆောင်များကို ပိုမိုအသုံးပြုသင့်ပေသည်။ အားနည်းချက်တစ်ခုကို ထောက်ပြရမည်ဆိုလျှင်၊ သင်သည် အလွန် အလေးအနက်ထားပြီး လုံ့လဝီရိယရှိခြင်းပင် ဖြစ်ပေမည်။ သင်သည် သင့်ကိုယ်သင် အလုပ်ပိစေပြီး ပင်ပန်းနွမ်းနယ်သွားလျှင်၊ အလုပ်ဆက်လုပ်နိုင်တော့မည် မဟုတ်ပါ၊ ထိုအခါ ကျွန်ုပ်တို့ အဆုံးသတ်သွားမည် မဟုတ်လော။ မည်သူက ကျွန်ုပ်တို့ကို ဦးဆောင်မည်နည်း” ဟု ဆိုကြသည်။ အန္တိခရစ်များက ဤအရာကို ကြားသည့်အခါ၊ ၎င်းတို့ ကျေနပ်အားရကြသည်။ ထိုအရာက လိမ်ညာမှုဖြစ်ကြောင်း၊ ဤလူများသည် ၎င်းတို့ကို မျက်နှာလိုမျက်နှာရလုပ်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ သိကြသော်လည်း၊ နားထောင်ရန် လိုလားနေကြသည်။ အမှန်မှာ၊ ဤသို့ပြောဆိုနေသည့် လူများသည် ဤအန္တိခရစ်များကို အရူးလုပ်နေခြင်းဖြစ်သော်လည်း၊ ဤအန္တိခရစ်များသည် ဤစကားလုံးများ၏ စစ်မှန်သောသဘာဝကို ထုတ်ဖော်မည့်အစား အရူးလုပ်ခံရန်ကိုပင် လိုလားကြသည်။ အန္တိခရစ်များသည် ဤကဲ့သို့ မိမိတို့အား အလွန်အမင်း ဖော်လံဖားလုပ်ကြသူများကို ချစ်မြတ်နိုးကြသည်။ ဤပုဂ္ဂိုလ်များသည် အန္တိခရစ်များ၏ အပြစ်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် အားနည်းချက်များကို ထုတ်မပြောကြပေ။ ထိုအစား၊ ၎င်းတို့သည် အန္တိခရစ်များကို တိတ်တဆိတ် ချီးမွမ်းပြီး ချီးမြှောက်ကြသည်။ ၎င်းတို့၏ စကားလုံးများက လိမ်ညာမှုများနှင့် မြှောက်ပင့်မှုများဖြစ်ကြောင်း သိသာနေသော်လည်း၊ အန္တိခရစ်များက ဤစကားလုံးများကို နှစ်သိမ့်မှုနှင့် နှစ်သက်စရာအဖြစ် မြင်လျက် ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်။ အန္တိခရစ်များအတွက်၊ ဤစကားလုံးများသည် အထူးခြားဆုံးသော စားကောင်းသောက်ဖွယ်များကို မြည်းစမ်းရခြင်းထက် ပိုကောင်းသည်။ ဤစကားလုံးများကို ကြားပြီးနောက်၊ ၎င်းတို့သည် မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်သွားကြသည်။ ဤအရာက မည်သည့်အရာကို သရုပ်ဖော်သနည်း။ အန္တိခရစ်များအတွင်း၌ လိမ်ညာမှုများကို ချစ်မြတ်နိုးသည့် စိတ်သဘောထားတစ်ခုခု ရှိကြောင်းကို ထိုအရာက ပြသပေသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်သည် အလွန်မာနထောင်လွှားပြီး လူတို့ကို မမျှမတဆက်ဆံသည်။ သင့်ကို ထောက်ခံသူများအပေါ် သင် ကောင်းသည်၊ သို့သော် တစ်စုံတစ်ဦးက သင်နှင့် ခပ်ကင်းကင်းနေလျှင် သို့မဟုတ် သင့်ကို မမြှောက်ပင့်လျှင်၊ သင်သည် ထိုသူကို သေးသိမ်စေပြီး လျစ်လျူရှုသည်” ဟု ပြောသည်ဆိုပါစို့။ ဤသည်တို့မှာ မှန်ကန်သော စကားလုံးများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များက ဤအရာကို ကြားပြီးနောက် မည်သို့ ခံစားရသနည်း။ ၎င်းတို့ စိတ်မချမ်းမြေ့ ဖြစ်လာကြသည်။ ထိုအရာကို ၎င်းတို့ မကြားလိုကြ၊ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ကိစ္စရပ်များကို အကြောင်းပြချက်ပေးရန်နှင့် ဖော့ပြောရန် ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာဖွေဖို့ ကြိုးစားကြသည်။ အန္တိခရစ်များကို လူကိုယ်တိုင် စဉ်ဆက်မပြတ် မြှောက်ပင့်သူများ၊ ၎င်းတို့ကို တိတ်တဆိတ် ချီးမွမ်းရန် အစဉ်သဖြင့် ကြားကောင်းသောစကားများ ပြောဆိုသူများနှင့် ၎င်းတို့၏ စကားလုံးများဖြင့် ၎င်းတို့ကို သိသိသာသာ လှည့်ဖြားသူများအတွက်မူ၊ အန္တိခရစ်များက ဤလူများကို မည်သည့်အခါမျှ မစုံစမ်းစစ်ဆေးကြပေ။ ထိုအစား၊ အန္တိခရစ်များက ထိုသူတို့ကို အရေးကြီးသော ပုဂ္ဂိုလ်များအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် အမြဲ လိမ်ညာသူများကို အရေးကြီးသော ရာထူးများတွင်ပင် ထားရှိပြီး၊ အချို့သော အရေးပါပြီး ဂုဏ်သိက္ခာရှိသော တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့အား တာဝန်ပေးအပ်ကြသည်၊ တစ်ချိန်တည်းတွင် အစဉ်ရိုးသားစွာ ပြောဆိုသူများနှင့် ပြဿနာများကို မကြာခဏ တိုင်ကြားသူများကိုမူ၊ အထက်ခေါင်းဆောင်ပိုင်းသို့ ဝင်ရောက်ခွင့် သို့မဟုတ် လူအများစုနှင့် သိရှိခြင်း သို့မဟုတ် နီးစပ်ခြင်းမရှိအောင် တားဆီးလျက်၊ သိပ်မထင်ရှားသော ရာထူးများတွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် စီစဉ်ပေးကြသည်။ ဤလူများအနေဖြင့် မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ သို့မဟုတ် ဘုရားအိမ်တော်၌ မည်သည့်တာဝန်များကို ၎င်းတို့ ထမ်းဆောင်နိုင်သည်ဖြစ်စေ အရေးမကြီးပေ။ အန္တိခရစ်များက ထိုအရာအားလုံးကို လျစ်လျူရှုကြသည်။ မည်သူက လှည့်ဖြားမှုကို လုပ်ဆောင်နိုင်သည်ဟူသည်နှင့် ၎င်းတို့အတွက် မည်သူ အကျိုးရှိသည်ဟူသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်၊ ဤသူတို့မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တစ်စက်မျှ မစဉ်းစားဘဲ အရေးကြီးသော ရာထူးများတွင် ၎င်းတို့ ခန့်ထားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အန္တိခရစ်များသည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို နှစ်သက်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့ တာဝန်ယူထားသည့် အသင်းတော်များသည် ဧဝံဂေလိအလုပ်ကို လုံးဝအာရုံမစိုက်သကဲ့သို့၊ ဧဝံဂေလိတရားဟောပြောရန် လူတို့ကို လေ့ကျင့်ပေးခြင်းအပေါ် အာရုံမစိုက်ဟု ဆိုပါစို့၊ ရလဒ်အနေဖြင့် ဧဝံဂေလိအလုပ်သည် ညံ့ဖျင်းသောရလဒ်များ ရရှိပြီး၊ လူအနည်းငယ်သာ ရရှိသည်ဆိုပါစို့။ သို့သော် အန္တိခရစ်များသည် လူတို့က တကယ့်အခြေအနေအား တိုင်ကြားမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ရိုးသားစွာပြောဆိုသူ မည်သူ့ကိုမဆို မုန်းတီးပြီး၊ လိမ်ညာနိုင်သူ၊ လှည့်ဖြားမှုကို လုပ်ဆောင်နိုင်သူနှင့် ဆိုးကျိုးဖြစ်စေသည့် သတင်းအချက်အလက်အားလုံးအား ဖုံးကွယ်နိုင်သူတို့ကို နှစ်သက်ကြသည်။ သို့ဆိုလျှင်၊ အန္တိခရစ်များသည် မည်သည့်ပြောဆိုမှုမျိုးကို အကြားချင်ဆုံးဖြစ်သနည်း။ “ကျွန်ုပ်တို့အသင်းတော်တွင် ဧဝံဂေလိတရားဟောပြောသူတိုင်းသည် သက်သေခံနိုင်စွမ်းရှိပြီး၊ ၎င်းတို့တစ်ဦးစီတိုင်းသည် ဧဝံဂေလိတရားဟောပြောရာတွင် ကျွမ်းကျင်သူ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤစကားလုံးများသည် လူတို့ကို လှည့်ဖြားရန် ရည်ရွယ်သည် မဟုတ်လော။ သို့သော် အန္တိခရစ်များသည် ထိုသို့သောအရာများကို ကြားရန် နှစ်သက်ကြသည်။ ဤအရာကို ကြားပြီးနောက် အန္တိခရစ်များက မည်သို့ တုံ့ပြန်ကြသနည်း။ ၎င်းတို့က “အလွန်ကောင်းပေသည်၊ ကျွန်ုပ်တို့အသင်းတော်၏ ဧဝံဂေလိအလုပ်၏ ရလဒ်များသည် တိုးတက်ကောင်းမွန်နေပြီး၊ အခြားအသင်းတော်များထက် များစွာ ပိုကောင်းသည်။ ကျွန်ုပ်တို့အသင်းတော်တွင် ဧဝံဂေလိတရားဟောပြောသူများသည် ထိုသို့ဟောပြောရာတွင် ကျွမ်းကျင်သူများချည်းသာ ဖြစ်ကြသည်”ဟု ဆိုကြသည်။ အန္တိခရစ်များနှင့် ၎င်းတို့ကို မြှောက်ပင့်သူများသည် ဤနည်းဖြင့် အချင်းချင်း ချီးကျူးကြပြီး၊ ၎င်းတို့၏ အရှက်မရှိသော မြှောက်ပင့်မှုကို အန္တိခရစ်များက မဖော်ထုတ်ကြပေ။ အန္တိခရစ်များသည် ဤပုံစံဖြင့် အလုပ်လုပ်ကြသည်၊ ၎င်းတို့၏ လက်အောက်ငယ်သားများက ၎င်းတို့ကို လှည့်ဖြားသည့်အခါ၊ ၎င်းတို့သည် လိုလိုလားလား အလှည့်ဖြားခံကြသည်။ အန္တိခရစ်များသည် ဤနည်းဖြင့်သာ အရူးလုပ်ကြသည်။ တစ်စုံတစ်ဦးက အခြေအနေမှန်ကို သိရှိပြီး ရှေ့သို့ထွက်ကာ “ဤသည်မှာ မတိကျပါ။ ကျွန်ုပ်တို့ ဧဝံဂေလိတရားဟောပြောနေသည့် လူ ၁၀ ဦးအနက်၊ နှစ်ဦးသည် သမ္မာတရားကို လက်မခံကြောင်း ကျွန်ုပ်တို့ ဆုံးဖြတ်ပြီးဖြစ်ကာ၊ ၎င်းတို့သည် စုံစမ်းစစ်ဆေးခြင်းကို စွန့်လွှတ်ပြီးဖြစ်သည်။ ကျန်ရှစ်ဦးအနက် သုံးဦးသာ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ကြသည်။ ထိုသုံးဦးကို ခေါ်ဆောင်လာရန် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားကြပါစို့”ဟု ပြောဆိုပါက၊ အခြေအနေ၏ အဖြစ်မှန်ကို ဖော်ထုတ်လိုက်သည့်အခါ၊ အန္တိခရစ်များက မည်သို့ တုံ့ပြန်ကြသနည်း။ ၎င်းတို့က “ထိုအရာများကို ငါမသိခဲ့ပါတကား”ဟု တွေးကြသည်။ အန္တိခရစ်များ မသိရှိသည့်အရာများ၏ အခြေအနေမှန်နှင့်ပတ်သက်၍ တစ်စုံတစ်ဦးက အမှန်အတိုင်း ပြောဆိုသည့်အခါ၊ ၎င်းတို့သည် ထိုသူတို့နှင့် သဘောတူသလော သို့မဟုတ် သဘောမတူသလော၊ ၎င်းတို့ ဝမ်းသာသလော သို့မဟုတ် ဝမ်းမသာသလော။ ၎င်းတို့ ဝမ်းမသာကြပေ။ အဘယ်ကြောင့် ၎င်းတို့ ဝမ်းမသာကြသနည်း။ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ကြသော်လည်း၊ အသင်းတော်၏အလုပ်နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များနှင့် အဖြစ်မှန်များကို ၎င်းတို့ မသိရှိကြသကဲ့သို့ သဘောပေါက်နားလည်ခြင်းလည်း မရှိကြပေ၊ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို နားလည်သူတစ်ဦးက ၎င်းတို့အား အားလုံးရှင်းပြရန်ပင် လိုအပ်နေသည်။ အခြေအနေကို နားလည်ပြီး ရိုးသားစွာပြောဆိုသူတစ်ဦးက ဤကိစ္စရပ်များကို ရှင်းလင်းသွားစေသည့်အခါ၊ အန္တိခရစ်များ၏ ကနဦးခံစားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် လုံးဝ မျက်နှာပျက်သွားပြီး၊ ၎င်းတို့၏ ဂုဏ်သတင်း ကျဆင်းသွားမည်ဟု ခံစားကြရသည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ထောက်ရှုလျှင်၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့အတွင်း၌ မုန်းတီးစိတ် ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က “အသင် ဗလောင်းဗလဲပြောသူ၊ သင်သာ မပြောခဲ့လျှင်၊ ဤအရာသည် မည်သူမျှ သတိမပြုမိဘဲ ပြီးသွားလိမ့်မည်။ သင့်ကြောင့် လူတိုင်း ထိုအကြောင်းကို သိသွားကြပြီ၊ ၎င်းတို့သည် ငါ့အစား သင့်ကို စတင်၍ အထင်ကြီးလေးစားကောင်းလေးစားနိုင်သည်။ ဤသည်က ငါ့ကို အရည်အချင်းမရှိသူ၊ တကယ့်အလုပ်တစ်ခုမျှ မလုပ်ဆောင်သူကဲ့သို့ မဖြစ်စေဘူးလော။ သင့်ကို ငါ မှတ်ထားမည်။ သင်က အမှန်တရားကို ပြောသည်၊ အကြိမ်တိုင်း ငါ့ကို စိန်ခေါ်ပြီး ဆန့်ကျင်သည်။ သင့်ကို နောင်တရအောင် ငါ သေချာလုပ်မည်”ဟု တွေးကြလိမ့်မည်။ စဉ်းစားကြည့်လော့။ တာဝန်သိစွာ အလုပ်လုပ်သူများ၊ ရိုးသားစွာ ပြောဆိုသူများနှင့် မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သူများအား ၎င်းတို့ မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့သည် ထိုသူတို့ကို ရန်ဘက်များအဖြစ် ရှုမြင်ကြသည်။ ဤသည်မှာ အဖြစ်မှန်များကို လွဲမှားစေခြင်း မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့်ဆက်စပ်သော အမှားများအတွက် ချက်ချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြန်တည့်မတ်အောင်လုပ်ဖို့ ပျက်ကွက်သည်သာမက၊ မိမိတို့၏ တာဝန်များကိုလည်း ဆက်လက်၍ လစ်လျူရှုကြသည်။ မှန်ကန်စွာ ပြောဆိုသူများနှင့် မိမိတို့၏ အလုပ်တွင် ဂရုတစိုက်ရှိပြီး တာဝန်သိစွာ လုပ်ဆောင်သူများအပေါ်၌ပင် မုန်းတီးစိတ် ထားရှိကြသည်။ ၎င်းတို့သည် ထိုသူတို့ကို ညှဉ်းပန်းနှိပ်စက်ရန်ပင် ကြိုးစားကောင်း ကြိုးစားနိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ဤနည်းဖြင့် ဖော်ထုတ်ခြင်းခံရသည်။ ရိုးသားသောသူတစ်ဦး ပေါ်လာသည့်အခါတိုင်း၊ တစ်စုံတစ်ဦးက ရိုးသားသော၊ မှန်ကန်သော စကားလုံးများကို ပြောဆိုသည့်အခါတိုင်းနှင့် တစ်စုံတစ်ဦးက စည်းမျဉ်းများကို လိုက်နာပြီး ကိစ္စရပ်၏ စစ်မှန်သော သဘောသဘာဝကို စုံစမ်းစစ်ဆေးသည့်အခါတိုင်းတွင် အန္တိခရစ်များသည် ၎င်းတို့ကို ရွံရှာပြီး စက်ဆုပ်ကြကာ၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝက ပေါက်ကွဲထွက်ပြီး သူ့ဘာသာ ထုတ်ဖော်ပြသလေသည်။ လှည့်ဖြားမှု ရှိသည့်အခါတိုင်းနှင့် လိမ်ညာမှုများကို ပြောဆိုသည့်အခါတိုင်းတွင်၊ အန္တိခရစ်များသည် ဝမ်းမြောက်ဝမ်းသာဖြစ်လာကြကာ၊ ထိုအရာကို အကြိုက်တွေ့ကြပြီး မိမိတို့ကိုယ်ကိုပင် မေ့လျော့သွားကြသည်။ သင်တို့ထဲမှ တစ်ဦးတလေက၊ “ဧကရာဇ်မင်း၏ ဝတ်ရုံသစ်များ”ကို ဖတ်ဖူးသလော။ အန္တိခရစ်များ၏ အပြုအမူသည် သဘာဝအားဖြင့် အတော်အတန် ဆင်တူသည်။ ထိုပုံပြင်တွင်၊ ဧကရာဇ်မင်းသည် လမ်းများပေါ်တွင် ကိုယ်လုံးတီးဖြင့် တိုင်းခန်းလှည့်လည်ခဲ့ပြီး၊ ထောင်ပေါင်းများစွာသော လူတို့က “ဧကရာဇ်မင်း၏ ဝတ်ရုံသစ်များသည် အမှန်ပင် လှပပါသည်တကား။ ဧကရာဇ်မင်းသည် အလွန်ပင် ကြည့်ကောင်းလှပါသည်တကား။ ဧကရာဇ်မင်းသည် အလွန်ပင် ကြီးမြတ်ပါသည်တကား။ ဧကရာဇ်မင်း၏ ဝတ်ရုံသစ်များသည် အမှန်ပင် မှော်ဆန်လှပါသည်တကား”ဟု ကြွေးကြော်ခဲ့ကြသည်။ လူတိုင်းက လိမ်ညာနေခဲ့ကြသည်။ ဧကရာဇ်မင်း သိခဲ့သလော။ သူသည် လုံးဝ ကိုယ်လုံးတီးဖြစ်နေခဲ့သည်၊ သူ့အနေဖြင့် မည်သည့်အဝတ်အစားမျှ မဝတ်ထားကြောင်းကို သူ မည်သို့ မသိရှိဘဲ နေနိုင်မည်နည်း။ ဤသည်ကို မိုက်မဲခြင်းဟု ခေါ်သည်။ သို့ဖြစ်၍၊ ဤကောက်ကျစ်ဆိုးယုတ်သော အန္တိခရစ်များသည် တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သော်လည်း၊ ဉာဏ်ပညာ ကင်းမဲ့ကြသည်။ အဘယ်ကြောင့် ၎င်းတို့ ဉာဏ်ပညာ ကင်းမဲ့သည်ဟု ငါ ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုကိုယ်လုံးတီး ဧကရာဇ်မင်းကဲ့သို့ ဖြစ်သောကြောင့်ဖြစ်သည်။ သူသည် သူ့ကို လှည့်ဖြားရန် ရည်ရွယ်သည့် စကားလုံးများကို ခွဲခြားသိမြင်နိုင်ခြင်း မရှိခဲ့ပေ။ သူသည် မိမိ၏ အကျည်းတန်မှုကို ဖော်ထုတ်လျက်၊ ကိုယ်လုံးတီးဖြင့် လျှောက်သွားနိုင်စွမ်းပင် ရှိခဲ့သည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ သို့ဆိုလျှင်၊ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုက မကြာခဏ ထုတ်ဖော်ပြသသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့၏ မိုက်မဲခြင်း ဖြစ်သည်။

အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သော သဘာဝရှိသောကြောင့်၊ ၎င်းတို့သည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို ချစ်မြတ်နိုးသော်လည်း ရိုးသားခြင်းကို မကြိုက်နှစ်သက်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် မှန်သောစကားကို စက်ဆုပ်ရွံရှာသောကြောင့်၊ အန္တိခရစ်များ၏ အုပ်စိုးမှုအောက်ရှိ အသင်းတော်များတွင်၊ ရိုးသားသူများဖြစ်စေ၊ ရိုးသားရန် လိုက်စားနေသူများဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လှည့်ဖြားရန် သို့မဟုတ် လိမ်ညာရန် မလိုလားသူများသည် မကြာခဏ ညှဉ်းဆဲခြင်းကို ခံကြရသည်။ ဤသည်မှာ ထိုသို့ဖြစ်သည်မဟုတ်လော။ သင်သည် အမှန်အတိုင်း ပို၍ ပြောလေ၊ အန္တိခရစ်တစ်ဦးက သင့်ကို ပို၍ ညှဉ်းဆဲလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အမှန်အတိုင်း ပို၍ ပြောလေ၊ ၎င်းတို့က သင့်ကို ပို၍ မကြိုက်နှစ်သက်လေ ဖြစ်လိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းတို့ကို မြှောက်ပင့်ပြီး လှည့်ဖြားသူများသည် ၎င်းတို့၏အမြင်တွင် မျက်နှာသာရရှိပြီး အလွန်နှစ်သက်ခြင်းခံရသည်။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သင်တို့ပတ်ဝန်းကျင်တွင် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်သည့် အန္တိခရစ်များ ရှိသလော။ ၎င်းတို့ကို သင်တို့ တစ်ခါမျှ ကြုံတွေ့ဖူးကြသလော။ ၎င်းတို့သည် လူတို့အား အမှန်အတိုင်း ပြောဆိုခွင့်မပြုပေ၊ အမှန်အတိုင်း ပြောဆိုသူမည်သူမဆို၏ ပါးစပ်ကို ပိတ်ထားစေကြသည်။ သင်သည် ၎င်းတို့၏ အပေါင်းအပါ ဖြစ်လာလျက် လိမ်ညာရန်နှင့် ၎င်းတို့ပြောသည့်အတိုင်း လိုက်လုပ်ရန် စီမံနိုင်ပါက၊ ၎င်းတို့သည် သင်၏ရန်သူ ဖြစ်တော့မည်မဟုတ်ပေ။ သင်သည် မရမက အမှန်အတိုင်း ပြောဆိုပြီး ကိစ္စရပ်များကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကိုင်တွယ်ပါက၊ ၎င်းတို့သည် အနှေးနှင့်အမြန် သင့်ကို ညှဉ်းဆဲကြလိမ့်မည်။ သင်တို့ထဲမှ တစ်ဦးတလေသည် ညှဉ်းဆဲခံရပြီးပြီလော။ သင်သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ခဲ့သောကြောင့်သက်သက်ညှဉ်းဆဲခြင်းခံခဲ့ရပြီး၊ အဆုံးတွင် သင်သည် ပြောချင်လျှင်ပင် မည်သည့်အရာကိုမျှ မပြောဝံ့သည့်အခြေအနေအထိ ညှဉ်းဆဲခြင်း ခံခဲ့ရသည်။ ဤသို့ ဖြစ်ဖူးသလော။ အမှန်အတိုင်း ပြောဆိုခြင်းနှင့် ပြဿနာများကို တိုင်ကြားခြင်းက သင့်အား ညှဉ်းဆဲခံရစေခဲ့သည်။ အသင်းတော်အမျိုးမျိုးတွင်၊ ပြဿနာများကို တိုင်ကြားသည့်အတွက် သင်တို့ထဲမှ တစ်ဦးတလေသည် ညှဉ်းဆဲခြင်း ခံရပြီးဖြစ်သလော။ အလိမ်အညာများ ပြောဆိုပြီး အသင်းတော်အား လှည့်ဖြားသူတစ်ဦးသည် ပြုပြင်ခံရပါက၊ သူသည် ညှဉ်းဆဲခံနေရခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ပုံမှန်ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်၊ ညှဉ်းဆဲခြင်းနှင့် မတူပေ။ ဤသည်မှာ သင်သည် သင်၏တာဝန်တွင် ပျက်ကွက်သောကြောင့်၊ သင်သည် စည်းမျဉ်းများကို ချိုးဖောက်သောကြောင့်၊ ပြီးလျှင် သင်သည် မှားယွင်းသောရည်ရွယ်ချက်များဖြင့် ပြုမူကျင့်ကြံကာ၊ လိမ်ညာပြီး လှည့်ဖြားသောကြောင့် ဖြစ်ပျက်ခြင်းဖြစ်ပြီး၊ ယင်းက ပြုပြင်ခြင်းကို ခံရစေသည်။ သို့ဖြစ်၍၊ ဘုရားသခင်၏ မျက်မှောက်တွင်၊ သင်သည် အမှန်အတိုင်း ပြောဆိုခြင်းအတွက် မည်သည့်အကျိုးဆက်ကိုမျှ လုံးဝခံရလိမ့်မည်မဟုတ်ပေ။ သို့သော်၊ စာတန်နှင့် အန္တိခရစ်များ၏ မျက်မှောက်တွင်၊ သင်သည် ပို၍ သတိထားရမည်။ ဤသည်မှာ “ဘုရင်နှင့် နီးနီးကပ်ကပ် နေရခြင်းက ကျားတစ်ကောင်နှင့် လှဲနေရသကဲ့သို့ အန္တရာယ်များသည်” ဟူသော ဆိုရိုးစကားကို ထင်ဟပ်စေသည်။ သင်သည် ၎င်းတို့နှင့် စကားပြောသည့်အခါ၊ ၎င်းတို့၏ စိတ်အခြေအနေကို အစဉ်သဖြင့် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ပျော်ရွှင်မှုကိုလည်းကောင်း၊ ၎င်းတို့၏ မျက်နှာအမူအရာသည် ညှိုးငယ်နေခြင်း သို့မဟုတ် ကြည်လင်နေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း အကဲဖြတ်ကာ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် ကိုက်ညီစေရန် မည်သည့်အရာပြောဆိုရမည်ကို ဆုံးဖြတ်ရမည်။ ဥပမာအားဖြင့်၊ အန္တိခရစ်တစ်ဦးက “ယနေ့ မိုးရွာမည်မဟုတ်လော” ဟု ပြောပါက၊ သင်က “ယနေ့ မိုးရွာမည်ဟု မိုးလေဝသခန့်မှန်းချက်က ဆိုသည်” ဟု ပြောရမည်။ အမှန်တကယ်တွင်၊ အန္တိခရစ်က ယနေ့ မိုးရွာနိုင်သည်ဟု ပြောသည့်အခါ၊ သူသည် အပြင်ထွက်ပြီး သူ၏တာဝန်ကို မထမ်းဆောင်လိုသောကြောင့် ဖြစ်သည်။ သင်က “ယနေ့ နေသာမည်ဟု မိုးလေဝသခန့်မှန်းချက်က ဆိုသည်” ဟု ပြောပါက၊ သူ ဒေါသထွက်လိမ့်မည်။ သင်က “အိုး၊ ကျွန်ုပ် မှားပြောမိပါသည်။ ယနေ့ မိုးရွာပါမည်”ဟု အမြန်ပြောရမည်။ အန္တိခရစ်က “သင်က မိုးမရွာဟု ယခုလေးတင် ပြောခဲ့သည်။ အဘယ်သို့ဖြစ်ပြီး မိုးရွာမည်ဟု သင် ယခု ပြောနိုင်ရသနည်း” ဟု ဆိုသည်။ သင်က “ယခု နေသာနေခြင်းက ထိုအတိုင်း ဆက်လက်ရှိနေမည်ဟု မဆိုလိုပါ။ ‘မိုးကောင်းကင်တွင် မမျှော်လင့်သော မုန်တိုင်းများ ရှိတတ်သည်’ဟု ရှေးလူကြီးများ ပြောသည့်အတိုင်း၊ ရာသီဥတုခန့်မှန်းချက်များသည် အမြဲတမ်း မတိကျပါ။ သို့သော် သင်၏ အကဲဖြတ်ချက်မှာမူ အတိအကျ မှန်ကန်ပါသည်” ဟု တုံ့ပြန်ရမည်။ အန္တိခရစ်သည် ဤသည်ကို ကြားသည့်အခါ၊ နှစ်သက်သွားပြီး သင့်ကို စဉ်းစားချင့်ချိန်တတ်သည်ဟု ချီးမွမ်းသည်။ သင်တို့သည် ဤကဲ့သို့ ပြုမူကျင့်ကြံဖူးပါသလော။ သင်တို့ ပြုမူဖူးပေသည်၊ မှန်ပါသလော။ သင်တို့သည် လူတို့ကို အမှန်အတိုင်း ပြောဆိုခွင့်မပြုသကဲ့သို့ ထိုသို့ပြောဆိုသူမည်သူ့ကိုမဆို ညှဉ်းဆဲလျက် အန္တိခရစ်များ မကြာခဏ လုပ်ဆောင်လေ့ရှိသည့်အရာကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ သင်တို့အားလုံး နန်းတွင်းဇာတ်လမ်းများကို ကြည့်ဖူးကြသည် မဟုတ်လော။ နန်းတွင်း၌ ဧကရာဇ်မင်းနှင့် သူ၏မှူးမတ်များကြား ဆက်ဆံရေးမှာ အဘယ်နည်း။ ၎င်းတို့၏ ဆက်ဆံရေးကို ဝါကျတစ်ကြောင်းတည်းဖြင့် ဖော်ပြရန် မလွယ်ကူနိုင်သော်လည်း၊ ၎င်းတို့အကြားတွင် ဖြစ်စဉ်တစ်ခုရှိသည်၊ ယင်းမှာဧကရာဇ်မင်းသည် မည်သူမျှ၏ စကားကိုမျှ အပေါ်ယံအားဖြင့် လက်မခံခြင်းပင် ဖြစ်သည်။ သူသည် သူ၏မှူးမတ်များ ပြောဆိုသမျှအရာအားလုံးကို ဆန်းစစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ၊ ယင်းကို အမှန်တရားအဖြစ် မည်သည့်အခါမျှ လက်မခံပေ။ ဤသည်မှာ သူ၏မှူးမတ်များ ပြောဆိုသည်ကို နားထောင်ခြင်းအတွက် သူ၏စည်းမျဉ်း ဖြစ်သည်။ မှူးမတ်များအတွက်မူ၊ ၎င်းတို့သည် ပြောဆိုထားခြင်းမရှိသည့် သွယ်ဝိုက်သောညွှန်းဆိုချက်များကို နားထောင်ရာတွင် ကျွမ်းကျင်ရမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ဧကရာဇ်မင်းက “ဝန်ကြီးချုပ်ဝမ်သည် ယနေ့ တစ်စုံတစ်ခုကို ဖော်ပြခဲ့သည်” စသည်ဖြင့် ပြောဆိုသည့်အခါ၊ လူတိုင်း ဤသည်ကို နားထောင်ပြီး “ဧကရာဇ်မင်းသည် ဝန်ကြီးချုပ်ဝမ်ကို ရာထူးတိုးပေးလိုပုံရသည်၊ သို့သော် သူသည် လူများက အုပ်စုဖွဲ့ခြင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် ပုန်ကန်ခြင်းတို့အား ပြုလုပ်မည်ကို အကြောက်ဆုံးဖြစ်သောကြောင့်၊ ငါသည် ဝန်ကြီးချုပ်ဝမ်ကို လူသိရှင်ကြား ထောက်ခံ၍မရပါ။ ငါသည် သူ့ကို ဆန့်ကျင်ခြင်းလည်းမဟုတ်၊ ထောက်ခံခြင်းလည်းမဟုတ်သည့် အလယ်အလတ်တွင် ရပ်တည်ရမည်၊ သို့မှသာ ဧကရာဇ်မင်းသည် ငါ၏ စစ်မှန်သောရည်ရွယ်ချက်များကို ခွဲခြားသိမြင်နိုင်မည်မဟုတ်ပါ။ သို့သော် ငါသည် ဧကရာဇ်မင်း၏ အလိုတော်ကိုလည်း ဆန့်ကျင်နေခြင်းမဟုတ်ပါ” ဟု တွေးကြသည်။ သင်တို့ သိသလော၊ ၎င်းတို့၏စိတ်ထဲတွင်၊ ဝါကျတစ်ကြောင်းတည်းကပင် မြွေတစ်ကောင်၏ လမ်းကြောင်းထက်ပင် ပိုမိုရှုပ်ထွေးသော အတွန့်အတက်များဖြင့် များပြားလှသော အတွေးအခေါ်များ ပါဝင်နေသည်။ ၎င်းတို့ပြောဆိုသည့်အရာ၏ အဓိကအဓိပ္ပာယ်သည် မရေရာမှုဖြင့် ဖုံးလွှမ်းလျက်၊ လွယ်လင့်တကူမသိနိုင်ဘဲ ရှိနေသည်။ မည်သည့်ပြောဆိုချက်များက အမှန်ဖြစ်သည် သို့မဟုတ် အမှားဖြစ်သည်ဟူသည်တို့ကို ဆန်းစစ်ရန် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် အတွေ့အကြုံ လိုအပ်ပြီး၊ ၎င်းတို့ ပုံမှန်အားဖြင့် မည်သို့ပြုမူပြောဆိုသည်ကို အခြေခံ၍ ၎င်းတို့၏ ရည်ရွယ်ရင်းအဓိပ္ပာယ်ကို သင် ပုံဖော်ရမည်ဖြစ်သည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ ပြောဆိုချက်တွင် မှန်ကန်သော ပြောဆိုချက်တစ်ခုမျှမပါရှိဘဲ၊ ၎င်းတို့ပြောဆိုသမျှ အရာအားလုံးသည် လိမ်ညာမှုများသာ ဖြစ်သည်။ အဆင့်အတန်းနိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ လူတိုင်း၏ အပြန်အလှန်ပြောဆိုမှုတွင် ကိုယ်ပိုင်ပြောဆိုပုံနည်းလမ်း ပါရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရပ်တည်ချက်မှ ပြောဆိုကြသော်လည်း၊ ၎င်းတို့ပြောဆိုသည့်အရာသည် သင်ကြားရသည့် ရိုးစင်းသော အဓိပ္ပာယ် မည်သည့်အခါမျှ မဟုတ်ပေ။ ယင်းသည် လိမ်ညာမှုများသာ ဖြစ်သည်။ လိမ်ညာမှုများသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ ပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များထဲတွင် အချို့သောရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် စေ့ဆော်မှုများ ပါရှိကြသောကြောင့်၊ ၎င်းတို့ ပြောဆိုသည့်အခါ၊ မိမိတို့၏ စကားလုံးများနှင့် မိမိတို့စကားလုံးများ၏ သွယ်ဝိုက်ညွှန်းဆိုချက်များကို ဂရုစိုက်ကြသည်၊ ၎င်းတို့သည် ကွေ့ဝိုက်ပြောဆိုကြပြီး၊ ၎င်းတို့တွင် ကိုယ်ပိုင်ပြောဆိုပုံနည်းလမ်း ရှိသည်။ ၎င်းတို့တွင် နည်းလမ်းတစ်ခုရှိသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် အမှန်အတိုင်း ပြောသောစကား ဖြစ်သေးသလော။ မဟုတ်တော့ပေ။ ၎င်းတို့၏ စကားလုံးများတွင် များစွာသော အဓိပ္ပာယ်အဆင့်ဆင့် ပါဝင်သည်၊ အမှန်နှင့်အမှား ရောနှောနေသည်၊ အချို့မှာ အမှန်ဖြစ်ပြီး၊ အချို့မှာ အမှားဖြစ်ကာ၊ အချို့မှာ လှည့်ဖြားရန် ရည်ရွယ်သည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အမှန်အတိုင်း မဟုတ်ကြပေ။ ယခုလေးတင် ဖော်ပြခဲ့သည့် ဝန်ကြီးချုပ်ဝမ်၏ ဥပမာကို ယူကြည့်လော့။ တစ်စုံတစ်ဦးက နန်းတွင်း၌ ဝန်ကြီးချုပ်ဝမ်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည်။ သူ၏ဆန့်ကျင်မှုသည် အမှန် သို့မဟုတ် အမှားအဖြစ် ချက်ချင်း ပေါ်လွင်ထင်ရှားခြင်းမရှိပေ။ သင် ထပ်မံကြည့်ရှုရမည်။ နောက်တစ်ခန်းတွင်၊ သူသည် ဝန်ကြီးချုပ်ဝမ်၏အိမ်ရှိ လျှို့ဝှက်ဧည့်ခန်းတစ်ခု၌ သောက်စားနေသည်။ လက်စသတ်တော့ ၎င်းတို့နှစ်ဦး အတူတကွ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဤပုဂ္ဂိုလ်က ဝန်ကြီးချုပ်ဝမ်ကို ဆန့်ကျင်သည့်မြင်ကွင်းကိုသာ သင် ကြည့်ရှုပါက၊ ၎င်းတို့နှစ်ဦး အတူတကွ လုပ်ဆောင်နေကြသည်ကို သင် မည်သို့ မြင်နိုင်မည်နည်း။ အဘယ်ကြောင့် ထိုသူက ဝန်ကြီးချုပ်ဝမ်ကို ဆန့်ကျင်ခဲ့သနည်း။ သံသယကိုရှောင်ရှားရန်နှင့် ဧကရာဇ်မင်းအား သတိလက်လွတ်ဖြစ်စေဖို့ ဤအရာကို အသုံးပြုကာ ၎င်းတို့နှစ်ဦး ပူးပေါင်းကြံစည်နေကြောင်း သံသယမဝင်အောင် တားဆီးရန် ဖြစ်သည်။ ဤသည်မှာ နည်းဗျူဟာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူများသည် အမှန်တရားနှင့်ဆိုင်သည့် စကားတစ်လုံးမျှ မပြောဝံ့သည့် ထိုအသိုင်းအဝိုင်းတွင် နေထိုင်ကြသည်။ နေ့စဉ်နေ့တိုင်း လိမ်ညာပြောဆိုခြင်းသည် အလွန်ပင်ပန်းစရာဖြစ်က၊ အဘယ်ကြောင့် ၎င်းတို့ မထွက်ခွာကြသနည်း။ ၎င်းတို့သည် သေဆုံးသွားသော ပြိုင်ဘက်တစ်ဦး၏ သင်္ချိုင်းသို့ပင် သွားရောက်လည်ပတ်ကြသည်၊ ယင်းမှာ မည်သည့်သဘောဖြစ်သနည်း။ ၎င်းတို့သည် အခြားသူများနှင့် တိုက်ခိုက်ရန် နှစ်သက်ကြခြင်းသာဖြစ်သည်၊ တိုက်ခိုက်ခြင်းမရှိပါက၊ ဘဝသည် ငြီးငွေ့ဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားကြရသည်။ တိုက်ခိုက်ခြင်းမရှိပါက၊ ဤဘဝသည် အလွန် ထူးခြားချက်မရှိဟု ၎င်းတို့ တွေးကြသည်။ ဤအကြံအစည်များနှင့် လျှို့ဝှက်ကြံစည်မှုအားလုံး ၎င်းတို့စိတ်ထဲတွင် ရှိနေသော်လည်း အသုံးပြုရန် နေရာမရှိသောကြောင့်၊ မည်သူက သာလွန်သည်ကို သိမြင်ရန်အတွက်၊ တိုက်ခိုက်ရမည့် ပြိုင်ဘက်တစ်ဦး လိုအပ်သည်။ ထိုအခါမှ ၎င်းတို့၏ဘဝက တန်ဖိုးရှိသည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့၏ပြိုင်ဘက် သေဆုံးသွားပါက၊ ၎င်းတို့၏ဘဝတွင် အဓိပ္ပာယ်မရှိတော့ဟု ၎င်းတို့ ခံစားကြရသည်။ ငါ့ကို ပြောလော့။ ဤကဲ့သို့သောလူများကို ပြုပြင်ပြောင်းလဲ၍ရနိုင်သလော။ (မရနိုင်ပါ။) ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ အန္တိခရစ်များတွင် ဤ သဘာဝမျိုးရှိသည်၊ ၎င်းတို့သည် အခြားသူများနှင့်လည်းကောင်း၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်လည်းကောင်း နေ့စဉ်နေ့တိုင်း တိုက်ခိုက်ကြသည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း လိမ်ညာပြောဆိုကာ လှည့်ဖြားလျက်၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြလျက် ဘုရားသခင်နှင့်ပင် တိုက်ခိုက်ကြသည်။ ၎င်းတို့သည် တစ်ခဏမျှပင် ငြိမ်သက်စွာ မထိုင်နိုင်ကြပေ။ ၎င်းတို့ထံ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ကြပေ။ အဆင်းနီသော နဂါးကြီးကဲ့သို့ပင်၊ ၎င်းတို့ လုံးဝ ဖျက်ဆီးခြင်း မခံရမချင်း အနားယူကြမည် မဟုတ်ပေ။

အန္တိခရစ်များသည် အမှန်အတိုင်းပြောဆိုသူတို့ကို မနှစ်သက်ကြ၊ ရိုးသားသောလူတို့ကိုလည်း ၎င်းတို့ မနှစ်သက်ကြပေ။ ၎င်းတို့သည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို နှစ်သက်ကြသည်။ သို့ဆိုလျှင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဥပမာအားဖြင့်၊ လူတို့ကို ရိုးသားရန် ဘုရားသခင် တောင်းဆိုသည့်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ ၎င်းတို့သည် ဤသမ္မာတရားကို မထီမဲ့မြင်ပြုကြသည်။ အပြုသဘောဆောင်သော အရာများကို ၎င်းတို့၏ မထီမဲ့မြင်ပြုနိုင်စွမ်းသည် ၎င်းတို့၏ပြဿနာကို အမှန်တကယ် ညွှန်ပြနေပြီး၊ ၎င်းတို့၏သဘာဝက ကောက်ကျစ်ဆိုးယုတ်သည်ကို သက်သေပြနှင့်ပြီးဖြစ်သည်။ သို့သော်၊ ဤသည်မှာ ပြီးပြည့်စုံသည့် သို့မဟုတ် အလုံးစုံဖြစ်သော အခြေအနေ မဟုတ်ပေ။ ပို၍နက်ရှိုင်းစွာ တူးဆွကြည့်လျှင်၊ လူတို့အား ရိုးသားရန် ဘုရားသခင်၏ တောင်းဆိုချက်ကို အန္တိခရစ်များက မည်သို့ နားလည်ကြသနည်း။ ၎င်းတို့က၊ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၊ အရာအားလုံးကို ဘုရားသခင်ထံ ပြောဆိုခြင်း၊ သူ့ကို အရာအားလုံး ပြောပြခြင်းနှင့် ညီအစ်ကိုမောင်နှမများနှင့် အရာအားလုံးကို ပွင့်လင်းစွာ မျှဝေခြင်းက၊ ကျွန်ုပ်၏ဂုဏ်သိက္ခာကို ဆုံးရှုံးခြင်းဟု ဆိုလိုသည် မဟုတ်လော။ ထိုအရာကဂုဏ်သိက္ခာမရှိခြင်း၊ ကိုယ်ပိုင်ဟန်မရှိခြင်းနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှု လုံးဝမရှိခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဆိုးရွားလှသည်၊ ဤသည်မှာ မည်သည့် သမ္မာတရားမျိုး ဖြစ်သနည်း”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ထိုအရာကို ဤသို့ ရှုမြင်ကြသည် မဟုတ်လော။ အန္တိခရစ်များသည် ရိုးသားခြင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်ကို ၎င်းတို့၏စိတ်နှလုံး အတွင်းနက်နက်၌ မထီမဲ့မြင်ပြုသည်သာမက၊ ၎င်းတို့သည် ထိုအရာကို ရှုတ်ချခြင်းပင် ပြုကောင်းပြုနိုင်သည်။ ၎င်းတို့သည် ထိုအရာကို ရှုတ်ချနိုင်ပါက၊ ရိုးသားသောလူများ ဖြစ်နိုင်ကြသလော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် လုံးဝ မရိုးသားနိုင်ကြပေ။ လူအချို့က ၎င်းတို့ လိမ်လည်ပြောဆိုခဲ့ကြောင်း ဝန်ခံသည်ကို တွေ့မြင်သည့်အခါ အန္တိခရစ်များ၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ၎င်းတို့သည် ထိုသို့သောအပြုအမူကို မထီမဲ့မြင်ပြုပြီး လှောင်ပြောင်ကြသည်။ ရိုးသားရန် ကြိုးစားသည့်လူများသည် အလွန်မိုက်မဲသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ရိုးသားသောလူတို့ကို မိုက်မဲသောသူများအဖြစ် ၎င်းတို့ သတ်မှတ်ခြင်းသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့က၊ “ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် မည်သူက အမှန်တရားကို ပြောဆိုသနည်း။ ဘုရားသခင်က သင့်ကို ရိုးသားရန် တောင်းဆိုပြီး၊ သင်က အမှန်တကယ် ရိုးသားရန် ကြိုးစားသည်၊ သင်သည် ထိုသို့သောကိစ္စရပ်များအကြောင်းကိုပင် ရိုးသားစွာ ပြောဆိုသည်။ သင်သည် အမှန်ပင် မယုံနိုင်လောက်အောင် မိုက်မဲပါတကား” ဟု တွေးကြသည်။ ၎င်းတို့၏စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ရိုးသားသောလူများအပေါ် ၎င်းတို့ခံစားရသည့် အထင်သေးခြင်းက၊ ၎င်းတို့သည် ဤသမ္မာတရားကို ရှုတ်ချပြီး စက်ဆုပ်ရွံရှာကြောင်း၊ ၎င်းတို့သည် ယင်းကို လက်မခံသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိကြောင်း သက်သေပြပေသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည် မဟုတ်လော။ ဤသမ္မာတရားသည် သိသာထင်ရှားစွာပင် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး၊ မိမိတို့၏ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်လျှင် လူတို့ ပိုင်ဆိုင်သင့်သည့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သော်လည်း၊ အန္တိခရစ်များကမူ ယင်းကို ရှုတ်ချကြလေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အသင်းတော်၌၊ ပြဿနာများကို တိုင်ကြားခြင်းကြောင့် သို့မဟုတ် အထက်သို့ အခြေအနေမှန်ကို ဖော်ပြခြင်းကြောင့် အချို့သောခေါင်းဆောင်များ၏ “ပြုပြင်ခြင်း” ကို ခံရခြင်းဖြင့် အဆုံးသတ်ကာ၊ ညှဉ်းဆဲခံရသည့် လူများ မကြာခဏ ရှိတတ်သည်။ တစ်ခါတစ်ရံတွင်၊ အထက်မှ အသင်းတော်ရှိ အခြေအနေကို မေးမြန်းသည့်အခါ၊ အချို့ခေါင်းဆောင်များသည် အပြုသဘောဆောင်သော အရာများကိုသာ အစီရင်ခံကြပြီး အပျက်သဘောဆောင်သော အရာများကို ချန်လှပ်ထားကြသည်။ ဤခေါင်းဆောင်များ၏ အစီရင်ခံချက်များက အဖြစ်မှန်မဟုတ်ကြောင်းကို လူအချို့က ကြားပြီး ၎င်းတို့ကို အမှန်အတိုင်းပြောရန် တောင်းဆိုသည့်အခါ၊ ဤခေါင်းဆောင်များသည် ထိုသူတို့ကို ဘေးသို့တွန်းထုတ်ပြီး၊ အမှန်တရားကို မပြောအောင် တားဆီးကြသည်။ အချို့လူများသည် အန္တိခရစ်များ၏ အမှုအရာများ လုပ်ဆောင်ပုံနည်းလမ်းကို လက်မခံကြပေ။ ၎င်းတို့က၊ “သင်သည် ရိုးသားစွာ ပြောဆိုမည်မဟုတ်သောကြောင့်၊ ငါသည် သင့်ကို ခေါင်းဆောင်တစ်ဦးကဲ့သို့ သဘောထားမည်မဟုတ်။ ငါသည် အထက်ကို အမှန်တရား ပြောပြမည်။ ၎င်းတို့ ငါ့အား ပြုပြင်မည်ကို ငါမကြောက်ပါ” ဟု တွေးကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် စစ်မှန်သည့် အခြေအနေကို အထက်သို့ သစ္စာရှိစွာ အစီရင်ခံကြသည်။ ၎င်းတို့ ဤသို့ပြုသည့်အခါ၊ ယင်းသည် အသင်းတော်၏ အဖြစ်မှန်ကို ပေါ်လွင်သွားစေသည်။ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ထိုအန္တိခရစ်များနှင့်ပတ်သက်သည့် အဖြစ်မှန်များကို ဖော်ထုတ်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အရေးကိစ္စများ၏ အခြေအနေမှန်ကို ဖော်ထုတ်ကြပြီး ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို သဘောတူကြသလော။ ၎င်းတို့သည် ထိုအရာကို သည်းခံနိုင်ကြသလော။ ကိစ္စရပ်အား တိုင်ကြားခဲ့သည့်လူများကို ၎င်းတို့သည် လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ထို့နောက် မကြာမီတွင်ပင်၊ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတစ်ခု ခေါ်ယူပြီး၊ လူတို့အား ထိုအရာကို ဆွေးနွေးရန် တောင်းဆိုပြီး ၎င်းတို့၏တုံ့ပြန်မှုများကို စောင့်ကြည့်လေသည်။ လူအများစုသည် လွယ်လွယ်နှင့် ယိမ်းယိုင်သွားကြလျက် ထိုကိစ္စရပ်ကို စဉ်းစားပြီး၊ “တစ်စုံတစ်ဦးက အဖြစ်မှန်များကို တိုင်ကြားခဲ့ပြီး၊ ယခု ဤခေါင်းဆောင်က အန္တရာယ်ကျရောက်နေသည်။ ဖြစ်ပျက်နေသည့်အရာကို ငါတို့ မတိုင်ကြားခဲ့ပါ၊ အထက်မှ ဤခေါင်းဆောင်ကို အပြစ်ပေးရန် ဆုံးဖြတ်ပါက၊ ငါတို့သည် ၎င်းတို့နှင့်အတူ ငြိစွန်းမိသွားမည် မဟုတ်လော”ဟု တွေးကြသည်။ သို့ဖြစ်၍၊ ဤလူများသည် ခေါင်းဆောင်များကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေကြပြီး၊ ရလဒ်အနေဖြင့် အမှန်တရားကို တိုင်ကြားခဲ့သည့်လူများသည် အဆက်အသွယ်ဖြတ်ခံရကြသည်။ ဤနည်းအားဖြင့်၊ အန္တိခရစ်များသည် ၎င်းတို့အလိုရှိသလို လုပ်ဆောင်နိုင်ကြသည်၊ အဘယ်ကြောင့်ဆိုသော် မည်သည့် မကောင်းမှုကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မည်သူမျှ အထက်သို့ အခြေအနေကို မတိုင်ကြားဝံ့ကြသောကြောင့်ဖြစ်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ရည်မှန်းချက်များကို စွမ်းဆောင်ရရှိကြသည်။ ထို့ကြောင့်၊ အချို့လူများအတွက်၊ အထက်သို့ အခြေအနေကို တိုင်ကြားခြင်းသည် လက်တွေ့အခက်အခဲများစွာကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် အဖြစ်မှန်များကို သိရှိကြသော်လည်း၊ အန္တိခရစ်များက ၎င်းတို့ကို အမြဲ နှုတ်ဆိတ်စေလိုကြသည်။ ကြောက်ရွံ့ခြင်းနှင့် မဝံ့ရဲခြင်းတို့ကြောင့်၊ ၎င်းတို့သည် လျှော့ပေးကြပြီး၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အန္တိခရစ်များ၏ အကျပ်ကိုင်ခြင်းကို ခံရကြသည် မဟုတ်လော။ အဆုံးတွင်၊ ဤအန္တိခရစ်များသည် ထုတ်ဖော်ခံရပြီး ထုတ်ပယ်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ လျှော့ပေးခဲ့သည့်လူများက မည်သို့ခံစားရမည်ဟု သင်တို့ ထင်ပါသနည်း။ ၎င်းတို့ နောင်တရကြသလော။ (နောင်တရကြပါသည်။) ၎င်းတို့က၊ “အမှုအရာများ ဤသို့အဆုံးသတ်မည်ကိုသာ ငါသိခဲ့မည်ဆိုလျှင်၊ ငါ လက်လျှော့ခဲ့မည်မဟုတ်ပါ။ သူတို့ ထုတ်ပယ်ခံရသည်အထိ သူတို့ကို ငါ ဆက်လက်ဖော်ထုတ်ပြီး သူတို့၏ပြဿနာများကို တိုင်ကြားခဲ့သင့်သည်” ဟု တွေးလျက် ဝမ်းလည်းဝမ်းသာသကဲ့သို့ နောင်တလည်းရကြလေသည်။ သို့သော် လူအများစုသည် ထိုသို့ မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့ အလွန် သတ္တိနည်းကြလေသည်။

အန္တိခရစ်များသည် လှည့်ဖြားခြင်းနှင့် လိမ်ညာမှုများကို နှစ်သက်ပြီး ရိုးသားခြင်းကို စက်ဆုပ်ရွံရှာကြသည်၊ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ ပထမဆုံး သိသာထင်ရှားသော သရုပ်သကန် ဖြစ်သည်။ သင်တို့ သိကြသလော။ အချို့လူများသည် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသည့် နည်းလမ်းဖြင့် အမြဲ စကားပြောဆိုကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဝါကျများသည် အစရှိသော်လည်း အဆုံးမရှိပေ။ တစ်ခါတစ်ရံတွင် အဆုံးရှိသော်လည်း အစမရှိပေ။ ၎င်းတို့သည် မည်သည့်အရာကို ပြောဖို့ရည်ရွယ်သည်ကို သင် မသိနိုင်ပေ။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ သင့်အတွက် အဓိပ္ပာယ်မရှိပေ။ သင်က ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြခိုင်းလျှင် ၎င်းတို့က ရှင်းပြမည်မဟုတ်။ ၎င်းတို့သည် ၎င်းတို့၏ စကားများတွင် နာမ်စားများကို မကြာခဏ အသုံးပြုသည်။ ဥပမာ ၎င်းတို့သည် တစ်စုံတစ်ခုကို သတင်းပို့ပြီး “ဒီလူက...ဟိုဟာလေ...သူက ဒါကို စဉ်းစားနေတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သိပ်ပြီးတော့...” ဟူ၍ ပြောသည်။ ၎င်းတို့သည် နာရီများစွာ ဆက်လက်ပြောဆိုနိုင်ပြီး မိမိတို့ကိုယ်ကို ရှင်းလင်းစွာ ဖော်ပြခြင်း မရှိသေးဘဲ အထစ်ထစ်အငေါ့ငေါ့ပြောသည်။ မိမိတို့ စာကြောင်းများကို ပြီးအောင်မပြောဘဲ၊ တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိသည့် စကားလုံးအချို့ကိုသာပြောကာ သင်သည် ယင်းကိုကြားပြီးနောက်တွင် မည်သည့်အရာမျှ နားလည်မသွားဘဲ စိတ်ပင်ရှုပ်သွားသည်။ အမှန်တွင် ၎င်းတို့သည် များစွာ လေ့လာမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ပညာကောင်းစွာ တတ်မြောက်ထားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဝါကျတစ်ကြောင်းကို အပြည့်အစုံ ပြောဆိုနိုင်စွမ်းမရှိသနည်း။ ဤသည်မှာ စိတ်သဘောထားပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည်အလွန်ပင် မယုံကြည်ရဖြစ်သည်မှာ အမှန်တရား အနည်းငယ်မျှကိုပင် ပြောဆိုရန်အလွန်အမင်း အားစိုက်ရလေသည်။ အန္တိခရစ်တို့ပြောသည့်အရာမှန်သမျှတွင် အဓိက ဆိုလိုချက်မရှိပေ။ အစဉ်သဖြင့် အစရှိပြီး အဆုံးမရှိပေ။ ၎င်းတို့သည် စာကြောင်းတစ်ဝက်ကို ရှေ့နောက်မစဉ်းစားဘဲ ပြောချပြီး အခြားတစ်ဝက်ကို မျိုသိပ်လိုက်ကာ ၎င်းတို့ဆိုလိုသည့်အရာကို သင့်ကို နားမလည်စေချင်ဘဲ ၎င်းတို့က သင့်ကို ခန့်မှန်းစေချင်သောကြောင့် အမြဲ သွေးတိုးစမ်းနေကြလေသည်။ ၎င်းတို့က သင့်ကို တိုက်ရိုက်ပြောလျှင် ၎င်းတို့ပြောသည့်အရာကို သင်သဘောပေါက်ပြီး ၎င်းတို့ကို ရိပ်စားမိမည် မဟုတ်လော။ ဤအရာကို ၎င်းတို့ အလိုမရှိပေ။ အဘယ်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့က သင့်ကို သင့်ဘာသာ ခန့်မှန်းစေချင်သည်။ သင်ခန့်မှန်းသည့်အရာက မှန်သည်ဟု ၎င်းတို့က သင့်ကို လိုလိုချင်ချင် ယုံကြည်ခွင့်ပြုသည်။ ဤဖြစ်ရပ်တွင် ဤအရာကို ၎င်းတို့က မပြောခဲ့ပေ။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်တာဝန်မျှမရှိပေ။ ထို့အပြင် ယင်းတို့၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ဟု သင်၏ ခန့်မှန်းချက်ကို သင်ပြောသည့်အခါ ၎င်းတို့က မည်သည့်အရာကို ရသနည်း။ သင်၏ ခန့်မှန်းချက်သည် အတိအကျပင် ၎င်းတို့ ကြားလိုသည့်အရာဖြစ်ပြီး ထိုအရေးကိစ္စနှင့်ပတ်သက်၍ သင်၏ အယူအဆများနှင့် အမြင်များကို ၎င်းတို့ သိရသည်။ ထိုမှနေ၍ ၎င်းတို့သည် မည်သည့်အရာကို ပြောရမည်၊ မည်သည့်အရာကို မပြောရမည်၊ မည်သို့ပြောရမည်တို့ကို ရွေးချယ်လျက် စကားကို စိစိစစ်စစ် ရွေးနုတ်၍ပြောကြလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အစီအစဉ်တွင် နောက်တစ်ဆင့်ကို လှမ်းကြလိမ့်မည်။ ဝါကျတိုင်းက ထောင်ချောက်တစ်ခုဖြင့် အဆုံးသတ်ပြီး ၎င်းတို့ပြောသည်ကို သင်နားထောင်သည်နှင့်အမျှ၊ သင်က ၎င်းတို့ ပြောသည့်အရာကို အဆုံးထိ လိုက်ပြောနေလျှင်၊ သင်သည် ထောင်ချောက်အတွင်းသို့ လုံးဝ ကျရောက်သွားပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဤသို့ အစဉ်စကားပြောရသည်မှာ ပင်ပန်းသလော။ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့ မပင်ပန်းကြပေ။ ယင်းသည် ၎င်းတို့အတွက် လုံးဝ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သင့်အတွက် ဤထောင်ချောက်များကို ၎င်းတို့က အဘယ်ကြောင့် ဖန်တီးလိုကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏ အမြင်များကို ၎င်းတို့က ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့ကို သင်ရိပ်စားမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့ကို သင်နားလည်ခြင်းမရှိအောင် ၎င်းတို့က ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်ကို နားလည်အောင် ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့သည် သင်၏ အမြင်များ၊ အယူအဆများ၊ နည်းလမ်းများကို သင့်ထံမှ နှိုက်ယူလိုသည်။ အောင်မြင်လျှင် ၎င်းတို့၏ ထောင်ချောက်များက အလုပ်ဖြစ်ပြီး ဖြစ်သည်။ အချို့လူတို့က “အင်း”၊ “အော်” ဟု မကြာခဏပြောလျက် အချိန်ဆွဲကြသည်။ ၎င်းတို့သည် အတိအကျ အမြင်တစ်ခုကို မဖော်ပြပေ။ အခြားလူတို့က “ဒီလိုမျိုး”၊ “ဒါဆို...” ဟု ပြောလျက်၊ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို ဖုံးကွယ်လျက်၊ ၎င်းတို့ အမှန်တကယ် ပြောလိုသည့်အရာအစား ဤအရာကို အသုံးပြုလျက် အချိန်ဆွဲကြသည်။ ၎င်းတို့၏ ဝါကျတိုင်းတွင် အသုံးမဝင်ဘဲ သုံးနှုန်းနေသော စကားများ၊ ကြိယာဝိသေသနများ၊ အကူကြိယာများ များစွာရှိကြသည်။ ၎င်းတို့၏ စကားများကို သင် မှတ်တမ်းတင်ထားပြီး ထုတ်ရေးထားလျှင် အကြောင်းအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ သို့မဟုတ် သဘောထားများကို မည်သည့်စကားကမျှ ထုတ်ဖော်ခြင်းမရှိသည်ကို သင် တွေ့ရှိရမည်။ ၎င်းတို့၏ စကားများအားလုံးတွင် ဖုံးကွယ်နေသော ထောင်ချောက်များ၊ စုံစမ်းသွေးဆောင်မှုများနှင့် ဆွဲဆောင်မှုများပါဝင်သည်။ ဤစိတ်သဘောထားသည် အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) အလွန်ကောက်ကျစ်ဆိုးယုတ်ပေသည်။ လှည့်ဖြားခြင်း ပါဝင်သလော။ ၎င်းတို့ ဖန်တီးသည့် ဤထောင်ချောက်များ၊ စုံစမ်းသွေးဆောင်မှုများနှင့် ဆွဲဆောင်မှုများကို လှည့်ဖြားခြင်းဟု ခေါ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသည့်လူတို့၏ တွေ့ရလေ့ရှိသော ထူးခြားသည့် ပင်ကိုလက္ခဏာတစ်ခုဖြစ်သည်။ ဤ အတွေ့ရများသော ပင်ကိုလက္ခဏာသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့သည် သတင်းကောင်းများကို သတင်းပို့ပြီး မကောင်းသောသတင်းများကို သတင်းမပို့ပေ။ ၎င်းတို့သည် ကျေနပ်ဖွယ် အသုံးအနှုန်းများကို အထူးသီးသန့်ပြောသည်။ ၎င်းတို့သည် အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ ယင်းတို့၏ တကယ့်အဓိပ္ပာယ်ကို တချို့တစ်ဝက်ဖုံးကွယ်သည်။ ရှုပ်ထွေးစွာ ပြောသည်။ မရေရာစွာ ပြောသည်။ ပြီးလျှင် ၎င်းတို့၏ စကားများတွင် စုံစမ်းသွေးဆောင်မှုများပါသည်။ ဤအရာများသည် ထောင်ချောက်များသာ ဖြစ်ပြီး ယင်းတို့သည် လှည့်ဖြားမှုနည်းလမ်းများချည်းသာ ဖြစ်ပေသည်။

အန္တိခရစ်အများစုသည် ဤသရုပ်သကန်များကို ပြသကြပြီး ဤနည်းဖြင့် ပြောဆိုပြုမူကြသည်။ သင်တို့သည် ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံရပါက ဤအရာကို ခွဲခြားသိမြင်နိုင်မည်လော။ ၎င်းတို့ကို သင်တို့ ရိပ်စားမိနိုင်မည်လော။ ပထမဆုံးအနေဖြင့်၊ ၎င်းတို့က ရိုးသားသောလူများဟုတ်သလောဟူသည်ကို သင်ဆုံးဖြတ်ရမည်။ အခြားသူများကို ရိုးသားရန်နှင့် အမှန်အတိုင်းပြောဆိုရန် ၎င်းတို့ မည်မျှပင် တောင်းဆိုပါစေ၊ ၎င်းတို့ကိုယ်တိုင်က ရိုးသားသောလူများဖြစ်သလော၊ ရိုးသားရန် ကြိုးပမ်းနေကြသလောဟူသည်နှင့် ရိုးသားသောလူများအပေါ် ၎င်းတို့၏အမြင်နှင့် သဘောထားမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကိုသင် ကြည့်ရှုရမည်။ ၎င်းတို့၏စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် ရိုးသားသောလူများကို ၎င်းတို့ ရွံရှာခြင်း၊ စက်ဆုပ်ရွံရှာခြင်းနှင့် ခွဲခြားဆက်ဆံခြင်း ရှိသလော သို့မဟုတ် ၎င်းတို့သည်လည်း စိတ်ထဲတွင် ရိုးသားသောလူများဖြစ်လိုသော်လည်း၊ ထိုသို့ပြုလုပ်ရန် အခက်တွေ့ပြီး စိန်ခေါ်မှုဖြစ်နေသောကြောင့် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသလောဟူသည်တို့ကို ကြည့်ရှုလော့။ ဤအရာများထဲမှ မည်သည့်အရာသည် ၎င်းတို့၏အခြေအနေဖြစ်သည်ကို သင်တို့ ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။ ဤအရာကို သင်တို့ ခွဲခြားသိမြင်နိုင်မည်လော။ အချိန်တိုအတွင်းတွင်၊ သင်တို့အနေဖြင့် ထိုသို့ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လှည့်ဖြားတတ်သောနည်းလမ်းများက ပါးနပ်ပါက၊ ၎င်းတို့ကို သင်တို့ မရိပ်စားမိခြင်းဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော်၊ အချိန်ကြာလာသည်နှင့်အမျှ၊ လူတိုင်းက ၎င်းတို့ကို ရိပ်စားမိနိုင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်သည့် အမှန်တရားကို ထာဝစဉ် ဖုံးကွယ်မထားနိုင်ပေ။ ထိုအရာသည်အဆင်းနီသော နဂါးကြီးက မိမိသည် “ပြည်သူကို အမှုထမ်းနေသည်” ဟူသည်နှင့် “လူတို့၏ ပြည်သူ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသည်” ဟု မကြာခဏ ပြောဆိုပုံနှင့် တူသည်။ သို့သော် ယနေ့ခေတ်တွင် ၎င်းသည် ပြည်သူ၏ပါတီဖြစ်သည်ဟု မည်သူက ယုံကြည်သေးသနည်း။ ၎င်းသည် ပြည်သူကိုယ်စား ဆုံးဖြတ်ချက်များ ချမှတ်နေသည်ဟု မည်သူက ယုံကြည်သေးသနည်း။ မည်သူမျှ ထိုသို့ မယုံကြည်ကြတော့ပေ၊ မှန်ပါသလော။ ကနဦးတွင်၊ ပြည်သူလူထုသည် ကွန်မြူနစ်ပါတီနှင့်အတူ ၎င်းတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ဆရာသခင်များဖြစ်လာနိုင်မည်၊ ၎င်းသည် ပြည်သူကို အမှုထမ်းပြီး ၎င်းတို့၏ပြည်သူ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လိမ့်မည်ဟု တွေးထင်လျက် အကောင်းမြင်သောမျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင်၊ ၎င်း၏နတ်ဆိုးဆန်သော စကားများကို မည်သူက ယုံကြည်သေးသနည်း။ လူတို့က ယခုအခါ ၎င်းကို မည်သို့ အကဲဖြတ်ကြသနည်း။ ၎င်းသည် အများပြည်သူ၏ ရန်သူတော်ကြီး ဖြစ်လာပြီဖြစ်သည်။ သို့ဆိုလျှင်၊ ၎င်းသည် ပြည်သူ့ဝန်ထမ်းအဖြစ်မှ ရန်သူတော်ကြီးအဖြစ်သို့ မည်သို့ ပြောင်းလဲသွားခဲ့သနည်း။ ၎င်း၏လုပ်ရပ်များမှတစ်ဆင့်လည်းကောင်း၊ ၎င်း၏လုပ်ရပ်များကို ၎င်း၏စကားလုံးများနှင့် နှိုင်းယှဉ်ခြင်းအားဖြင့်လည်းကောင်း၊ ၎င်းပြောဆိုခဲ့သည့်အရာအားလုံးသည် မိမိကိုယ်ကို ဖုံးဖိဖာထေးရန် ရည်ရွယ်သည့် လှည့်ဖြားတတ်သော လိမ်ညာမှုများ၊ မုသားများနှင့် စကားလုံးများသာဖြစ်ကြောင်း လူတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းသည် နားကြားအကောင်းဆုံးသောစကားလုံးများကို ပြောဆိုခဲ့သော်လည်း အဆိုးရွားဆုံးသောအရာများကို လုပ်ဆောင်ခဲ့သည်။ အန္တိခရစ်များသည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအား “သင်တို့သည် သင်တို့၏တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သင့်သည်၊ ထိုတာဝန်များကို ကိုယ်ရေးကိုယ်တာ မသန့်ရှင်းမှုများဖြင့် မရောနှောစေနှင့်” ဟု ပြောဆိုကြသည်။ သို့သော် ထိုအကြောင်းကို စဉ်းစားကြည့်လော့၊ ၎င်းတို့ကိုယ်တိုင် ဤနည်းအတိုင်း ပြုမူကြပါသလော။ သင်သည် ၎င်းတို့အား တစ်စုံတစ်ခုကို အကြံပြုသည့်အခါ၊ သင်သည် သင်၏ထင်မြင်ချက်ကို အနည်းငယ်မျှသာ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ယင်းကို သဘောတူမည်မဟုတ် သို့မဟုတ် လက်ခံမည် မဟုတ်ပေ။ ၎င်းတို့၏တစ်ကိုယ်ရေ အကျိုးစီးပွားများသည် ၎င်းတို့၏တာဝန်များ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ထိပ်တိုက်တွေ့သည့်အခါ၊ ၎င်းတို့သည် အမြတ်အစွန်းရှိသမျှအတွက် တိုက်ခိုက်ကြပြီး တစ်စမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့၏အပြုအမူနှင့်ပတ်သက်၍ စဉ်းစားကြည့်လော့၊ ထို့နောက် ၎င်းတို့ပြောဆိုသည့်အရာနှင့် နှိုင်းယှဉ်ကြည့်လော့။ မည်သည့်အရာကို သင်သတိပြုမိသနည်း။ ၎င်းတို့၏စကားလုံးများသည် ကြားကောင်းသော်လည်း ထိုစကားအားလုံးသည် လူတို့ကို လှည့်ဖြားရန် ရည်ရွယ်သည့် မုသားများချည်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏အကျိုးစီးပွားများအတွက် လျှို့ဝှက်ကြံစည်ပြီး တိုက်ခိုက်သည့်အခါ၊ ၎င်းတို့၏အပြုအမူအပြင်၊ ၎င်းတို့လုပ်ရပ်များ၏ ရည်ရွယ်ချက်များ၊ နည်းလမ်းများနှင့် နည်းစနစ်များအားလုံးသည် အစစ်အမှန်များသာဖြစ်သည်။ အတုအယောင်များ မဟုတ်ကြပေ။ ဤအရာများကို အခြေခံ၍၊ သင်သည် အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိနိုင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။