အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂) အခန်း လေး

အန္တိခရစ်များသည် အလိမ်အညာများနှင့် လှည့်ဖြားမှုများကို ချစ်မြတ်နိုးကြသည်၊ အခြားမည်သည့်အရာကို ၎င်းတို့ နှစ်သက်ကြသေးသနည်း။ ၎င်းတို့သည် နည်းဗျူဟာများ၊ အကြံအစည်များနှင့် လျှို့ဝှက်ကြံစည်မှုများကို နှစ်သက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေဘဲ၊ အလိမ်အညာများနှင့် လှည့်ဖြားမှုများအပေါ် လုံးလုံးလျားလျား မှီခိုကာ အကြံအစည်များနှင့် လျှို့ဝှက်ကြံစည်မှုများကို အသုံးပြုလျက်၊ စာတန်၏ အတွေးအခေါ်အတိုင်း ဆောင်ရွက်ကြသည်။ သင်သည် သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ကြမည်မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့သည် အကြံအစည်များနှင့် လျှို့ဝှက်ကြံစည်မှုများကို အသုံးပြုလျက် ဦးနှောက်ခြောက်ခံစဉ်းစားကာ လုပ်ဆောင်ကြလိမ့်မည်။ သင်သည် သမ္မာတရားကို မည်မျှပင် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့ နားမလည်နိုင်ဟု ထင်ရသည်။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်လိုသည့်အတိုင်း၊ မိမိတို့ဆန္ဒရှိသည့်အတိုင်း၊ မိမိတို့၏ကိုယ်ကျိုးစီးပွားအတွက် အကျိုးရှိမည့် မည်သည့်နည်းလမ်းဖြင့်မဆို အမှုအရာများကို ယတိပြတ် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏စစ်မှန်သော သဘောသဘာဝနှင့် စစ်မှန်သော စရိုက်ကို ဖုံးကွယ်လျက်၊ လူတို့ကို အရူးလုပ်ပြီး လှည့်ဖြားလျက် ချောမွေ့စွာ ပြောဆိုကြသည်၊ အခြားသူများသည် အလှည့်စားခံရသည့်အခါ၊ ၎င်းတို့ ကျေနပ်အားရကြပြီး၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ပြည့်ဝသွားပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ တစ်သမတ်တည်းဖြစ်သော နည်းလမ်းနှင့် လုပ်နည်းကိုင်နည်းဖြစ်သည်။ မိမိတို့ပြောဆိုပုံတွင် ဖြောင့်မတ်ရိုးသားသူများ၊ ရိုးသားစွာ စကားပြောပြီး မိမိတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် ပုန်ကန်တတ်သော အနေအထားများနှင့်ပတ်သက်၍ ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သူများ၊ စိတ်ရင်းအတိုင်း စကားပြောသူများဖြစ်ကြသည့် ထိုရိုးသားသောလူများနှင့်ပတ်သက်၍မူ၊ အန္တိခရစ်များသည် ၎င်းတို့ကို စိတ်အတွင်းထဲမှ ရွံရှာပြီး ခွဲခြားဆက်ဆံကြသည်။ ၎င်းတို့သည် မိမိတို့ကဲ့သို့ပင် ကောက်ကျစ်စဉ်းလဲသောနည်းလမ်းဖြင့် စကားပြောဆိုပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်လူများကို နှစ်သက်ကြသည်။ ထိုသို့သောလူများနှင့် ကြုံရသည့်အခါ၊ ၎င်းတို့သည် မိမိတို့နှင့်တူသောသူတစ်ဦးကို တွေ့ရှိရပြီးဖြစ်သည့်အလား မိမိတို့၏စိတ်နှလုံးထဲ၌ ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ အခြားသူများက မိမိတို့ထက် ပိုတော်မည်ကို သို့မဟုတ် မိမိတို့ကို ပိုင်းခြားသိမြင်နိုင်မည်ကို ၎င်းတို့ မစိုးရိမ်တော့ပေ။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုဖြစ်သည် မဟုတ်လော။ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြောင်းကို ထိုအရာက သရုပ်မဖော်နိုင်သလော။ (သရုပ်ဖော်နိုင်ပါသည်။) အဘယ်ကြောင့် ဤကိစ္စရပ်များက အန္တိခရစ်များ ကောက်ကျစ်ဆိုးယုတ်ကြောင်းကို သရုပ်ဖော်နိုင်သနည်း။ အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားသည် အသိစိတ်ရှိသော ဆင်ခြင်တုံတရားရှိသည့် မည်သည့်ဖန်ဆင်းခံမဆို ချစ်မြတ်နိုးသင့်သည့်အရာ ဖြစ်သည်။ သို့သော်၊ အန္တိခရစ်များနှင့်ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ဤအပြုသဘောဆောင်သော အရာများကို စိတ်ရှုပ်စရာတစ်ခုအဖြစ်လည်းကောင်း၊ မျက်စိစပါးမွှေးစူးစရာတစ်ခုအဖြစ်လည်းကောင်း သဘောထားကြသည်။ ယင်းတို့ကို လိုက်နာသူ သို့မဟုတ် လက်တွေ့လုပ်ဆောင်သူ မည်သူမဆို ၎င်းတို့၏ရန်သူ ဖြစ်လာပြီး၊ ၎င်းတို့သည် ထိုသို့သောပုဂ္ဂိုလ်များအပေါ် ရန်လိုကြသည်။ ဤသည်မှာ ယောဘအပေါ် စာတန်၏ ရန်လိုခြင်းသဘာဝနှင့် ဆင်တူသည် မဟုတ်လော။ (ဆင်တူပါသည်။) ယင်းသည် စာတန်နှင့်တစ်ထပ်တည်းဖြစ်သော သဘာဝ၊ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များ၏ သဘာဝသည် စာတန်ထံမှ ပေါ်ပေါက်ပြီး၊ ၎င်းတို့သည် စာတန်နှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်များသည် စာတန်နှင့် ပူးပေါင်းကြံစည်ကြသည်။ ဤပြောဆိုချက်သည် လွန်ကဲသလော။ လုံးဝမလွန်ကဲပေ၊ ယင်းသည် လုံးဝ မှန်ကန်ပေသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များသည် အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လှည့်ဖြားမှုကို လုပ်ဆောင်ခြင်းအား နှစ်သက်သည်၊ ၎င်းတို့သည် အလိမ်အညာများ၊ အထင်အမြင်မှားစေသော အသွင်အပြင်များနှင့် ဟန်ဆောင်မှုများကို နှစ်သက်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့၏သရုပ်မှန်ကို ဖော်ထုတ်ပါက၊ ၎င်းတို့သည် ထိုအရာကို ဝမ်းမြောက်စွာ ကျိုးနွံနာခံပြီး လက်ခံနိုင်ကြသလော။ ၎င်းတို့သည် ထိုအရာကို လက်ခံနိုင်မည် မဟုတ်သည်သာမက၊ ဆဲဆိုကြိမ်းမောင်းမှုများစွာဖြင့် တုံ့ပြန်ကြပေမည်။ အဖြစ်မှန်ကို ပြောဆိုသူများ သို့မဟုတ် ၎င်းတို့၏စစ်မှန်သော သဘောသဘာဝကို ဖော်ထုတ်သူများသည် ၎င်းတို့ကို ဒေါသထွက်စေပြီး ဒေါသူပုန်ထစေမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ဟန်ဆောင်မှု၌ အလွန်ကျွမ်းကျင်သော အန္တိခရစ်တစ်ဦး ရှိကောင်းရှိနိုင်သည်။ လူတိုင်းက ထိုသူကို လူကောင်းတစ်ဦးအဖြစ် သိမြင်ကြသည်၊ ချစ်ခင်တတ်သည်၊ လူတို့ကို စာနာထောက်ထားနိုင်သည်၊ အခြားသူများ၏အခက်အခဲများကို နားလည်နိုင်သည်၊ အားနည်းပြီး အပျက်သဘောဆောင်သူတို့ကို မကြာခဏ ထောက်မကူညီတတ်သည်။ အခြားသူများတွင် အခက်အခဲတစ်ခုတလေ ရှိသည့်အခါတိုင်းတွင်၊ ၎င်းတို့သည် စာနာထောက်ထားနိုင်ကြပြီး ခွင့်လွှတ်နိုင်စွမ်းရှိသည်။ လူတို့၏စိတ်နှလုံးများထဲတွင်၊ ဤအန္တိခရစ်သည် ဘုရားသခင်ထက် ပို၍ကြီးမြတ်သည်။ သီလရှိသည့်ဟန် ပြုသော ဤပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍၊ သင်သည် ၎င်းတို့၏ဟန်ဆောင်မှုနှင့် အယောင်ဆောင်လိမ်လည်မှုကို ဖော်ထုတ်ပါက၊ သင်သည် ၎င်းတို့အား အဖြစ်မှန်ကို ပြောပြပါက၊ ၎င်းတို့ လက်ခံနိုင်ကြသလော။ လက်ခံကြလိမ့်မည် မဟုတ်သည်သာမက၊ ၎င်းတို့၏ဟန်ဆောင်မှုနှင့် အယောင်ဆောင်လိမ်လည်မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာကြလိမ့်မည်။ ငါ့ကို ပြောလော့။ ဖာရိရှဲများက အခြားသူများကြားသိစေရန်အတွက် ဆုတောင်းပြီး ဖတ်ရှုရန်လမ်းထောင့်များ၌ ကျမ်းစာများကို သယ်ဆောင်ချိန်တွင် သင်သည်၎င်းတို့၏ဟန်ဆောင်မှုကို ဖော်ထုတ်ပြီး၊ ၎င်းတို့က လူအများမြင်စေရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့အား ပြောဆိုပါက၊ သင်ပြောသည့်အရာကို ၎င်းတို့ဝန်ခံကြမည်လော။ ၎င်းတို့ ဝမ်းမြောက်စွာ လက်ခံကြမည်လော။ သင်၏စကားလုံးများကို ၎င်းတို့ ဆင်ခြင်သုံးသပ်ကြမည်လော။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် ဟန်ဆောင်လိမ်လည်မှုနှင့် လှည့်ဖြားမှုဖြစ်ကြောင်းကို ၎င်းတို့ ဝန်ခံနိုင်ကြမည်လော။ ၎င်းတို့အနေဖြင့် ဆင်ခြင်သုံးသပ်ပြီး၊ နောင်တရကာ၊ ဤသို့ နောက်တစ်ဖန် ပြုမူခြင်းမပြုဘဲ နေနိုင်ကြမည်လော။ လုံးဝ နေနိုင်ကြမည် မဟုတ်ပေ။ သင်က ဆက်လက်၍၊ “သင်၏လုပ်ရပ်များသည် လူတို့ကို အထင်အမြင်မှားစေပြီး သင်သည် ငရဲသို့သွားကာ အပြစ်ပေးခံရလိမ့်မည်”ဟု ပြောဆိုပါက၊ ယင်းသည် အမှန်တရားကို ပြောဆိုနေခြင်းဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တရားကို ပြောဆိုနေခြင်း ဖြစ်သည်။ ထိုအရာကို ၎င်းတို့ လက်ခံကြမည်လော။ လက်ခံကြမည် မဟုတ်ပေ၊ ၎င်းတို့သည် ချက်ချင်း ဒေါသထွက်လာပြီး၊ “သင်ဘာပြောသနည်း။ ကျွန်ုပ်ငရဲကျပြီး အပြစ်ပေးခံရမည်ဟု သင်ပြောနေခြင်းဖြစ်သလော။ ယင်းမှာ များသွားပေပြီ။ ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခြင်းဖြစ်သည်၊ သင့်ကို ယုံကြည်ခြင်း မဟုတ်ပါ။ သင်၏စကားများက ဘာမျှ အရာမရောက်ပါ” ဟု ဆိုကြလိမ့်မည်။ ယင်းမျှနှင့် ပြီးသွားပြီလော။ ၎င်းတို့သည် နောက်ထပ် မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့က ဆက်လက်၍၊ “ကျွန်ုပ်သည် နေရာအနှံ့ ခရီးသွားခဲ့သည်၊ လူပေါင်းများစွာကို ဧဝံဂေလိတရားဟောခဲ့သည်၊ အလွန်တရာ အကျိုးဖြစ်ထွန်းခဲ့သည်၊ လက်ဝါးကပ်တိုင်များစွာကို သယ်ပိုးခဲ့သည်၊ ထောင်ထဲတွင် ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်သည်။ အသင် ကလေးငယ်၊ သခင်ဘုရားကို ကျွန်ုပ် စတင်ယုံကြည်ခဲ့ချိန်က သင်သည် သင့်အမေ၏ ဗိုက်ထဲတွင် ရှိနေတုန်းပဲဖြစ်သည်” ဟု ဆိုကြလိမ့်မည်။ ၎င်းတို့၏သဘာဝ ဖော်ထုတ်ခံလိုက်ရသည်၊ မှန်ပါသလော။ ၎င်းတို့သည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအကြောင်းကို ဟောပြောကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤသေးငယ်သောကိစ္စကို အဘယ်ကြောင့် ၎င်းတို့ သည်းမခံနိုင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ သည်းမခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် အမှန်တရားကို ပြောဆိုပြီးဖြစ်သောကြောင့်၊ သင်သည် ၎င်းတို့၏ သရုပ်အမှန်ကို ဖော်ထုတ်ပြီးဖြစ်ကာ ၎င်းတို့တွင် ခရီးပန်းတိုင်မရှိကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို သည်းခံနိုင်ပါဦးမည်လော။ ၎င်းတို့သည် အန္တိခရစ်များမဟုတ်ပါက၊ ၎င်းတို့သည် အန္တိခရစ်များ၏လမ်းကြောင်းပေါ်တွင် ရှိနေသော်လည်း သမ္မာတရားကို လက်ခံနိုင်ပြီး အယောင်ဆောင်လိမ်လည်မှု၏ သရုပ်သကန်တစ်ခုကိုလည်း ပြသပါက၊ သင်သည် ၎င်းတို့၏ အယောင်ဆောင်လိမ်လည်မှုကို ဖော်ထုတ်လျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်း ဆင်ခြင်သုံးသပ်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ၊ ထိုသို့ပြုလုပ်သည်ဟု ဆိုခြင်းသည် လက်တွေ့မကျသကဲ့သို့ အနှစ်သာရမဲ့သည်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့သော်၊ ဤအရာကို ကြားရခြင်းအတွက် သာမန်လူအများစု၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏စိတ်နှလုံးထဲတွင် စူးရှသောနာကျင်မှုကို ခံစားရခြင်း ဖြစ်သည်။ ဤစူးရှသောနာကျင်မှုက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့ကြားသိရသည့်အရာကြောင့် ၎င်းတို့ ထိခိုက်သည်ဟု ဆိုလိုသည်။ တစ်စုံတစ်ဦးက အလွန် မဆင်မခြင်ပြုမူဝံ့ပြီး၊ အမှန်တရားကို ပြောဆိုဝံ့ကာ၊ ၎င်းတို့၏ရှေ့မှောက်၌ ဤကဲ့သို့ ၎င်းတို့ကို ရှုတ်ချဝံ့လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ခဲ့ပေ။ ဤစကားလုံးများသည် ၎င်းတို့ လုံးဝ မမျှော်လင့်ခဲ့သကဲ့သို့ ယခင်က မကြားခဲ့ဖူးသည့်အရာ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့တွင် ရှက်စိတ်တစ်ခုရှိပြီး သိက္ခာဆည်လိုကြလေသည်။ ဆုတောင်းကာ ကျမ်းစာဖတ်ရန် လမ်းထောင့်၌ရပ်ခြင်းက လူတို့ကို အထင်အမြင်မှားစေသည်ဟု သင်ပြောဆိုသည့်အပေါ် ၎င်းတို့ အချိန်ယူစဉ်းစားသည်နှင့်အမျှ၊ မိမိကိုယ်ကို ဆန်းစစ်ပြီးနောက်တွင်၊ ဤသို့ပြုလုပ်ခြင်းသည် ၎င်းတို့ မည်မျှ ဆက်ကပ်အပ်နှံကြောင်း၊ သခင်ဘုရားကို မည်မျှ ချစ်မြတ်နိုးကြောင်းနှင့် မည်မျှ ဆင်းရဲဒုက္ခခံစားနိုင်ကြောင်း လူတို့ကို ပြသရန် အမှန်ပင်ဖြစ်သည်ကို ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်၊ ဤသည်မှာ ဟန်ဆောင်လိမ်လည်မှုဖြစ်ပြီး၊ သင်ပြောဆိုခဲ့သည့်အရာ မှန်ကန်ကြောင်းကို ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်။ ၎င်းတို့အနေဖြင့် ဤကဲ့သို့ ဆက်လက်ပြုမူနေပါက၊ အခြားသူများကို မျက်နှာပြနိုင်တော့မည်မဟုတ်ကြောင်း ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်။ ၎င်းတို့တွင် ရှက်စိတ်တစ်ခုရှိပြီး၊ ထိုရှက်စိတ်နှင့်အတူ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတိုင်းအတာတစ်ခုအထိ ချုပ်တည်းနိုင်ပြီး၊ မိမိတို့၏ အရှက်ကင်းမဲ့ပြီး ၎င်းတို့အတွက် သိက္ခာကျစေမည့် ဒုစရိုက်အမှုများ သို့မဟုတ် မိမိတို့၏လုပ်ရပ်များကို ရပ်တန့်နိုင်ကောင်း ရပ်တန့်နိုင်သည်။ ၎င်းတို့အနေဖြင့် ဤကဲ့သို့ ဆက်လက်၍ မပြုမူတော့သည့်အခါ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ နောင်တရခြင်း အရိပ်အယောင်တစ်ခုကို သွယ်ဝိုက်ညွှန်းဆိုသည်။ ၎င်းတို့ သေချာပေါက် နောင်တရမည်ဟု မသေချာသော်လည်း၊ အနည်းဆုံးအနေဖြင့် နောင်တရနိုင်ခြေ ရှိသည်၊ ယင်းသည် အန္တိခရစ်များနှင့် ဖာရိရှဲများထက် များစွာ ပိုကောင်းသည်။ မည်သည့်အရာက ပိုကောင်းစေသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အသိစိတ်နှင့် ရှက်စိတ်တစ်ခုရှိသောကြောင့်၊ အခြားသူများ၏ ဖော်ထုတ်သည့်စကားလုံးများသည် ၎င်းတို့၏စိတ်နှလုံးကို စူးရှစွာ ထိခိုက်စေခြင်းဖြစ်သည်။ ၎င်းတို့သည် အရှက်ရပြီး မိမိတို့၏ဂုဏ်သိက္ခာ ထိခိုက်ခံရသည်ဟု ခံစားကောင်းခံစားရနိုင်သော်လည်း၊ ဤစကားလုံးများက မှန်ကန်ကြောင်းကို အနည်းဆုံးအနေဖြင့် ၎င်းတို့ အသိအမှတ်ပြုနိုင်သည်။ ၎င်းတို့သည် သိက္ခာကို အဖတ်မဆယ်နိုင်လျှင်ပင်၊ စိတ်ထဲတွင်မူ၊ ၎င်းတို့သည် ထိုစကားလုံးများကို အသိအမှတ်ပြုပြီး ကျိုးနွံနာခံနှင့်ပြီးဖြစ်ကာ၊ လက်ခံနှင့်ပြီးဖြစ်သည်။ အန္တိခရစ်များသည် မည်သို့ ကွဲပြားကြသနည်း။ အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုရသနည်း။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မှန်ကန်သည့်အရာတစ်ခုကို ၎င်းတို့ ကြားသိသည့်အခါ၊ ထိုအရာကို ၎င်းတို့ လက်မခံနိုင်ရုံသာမက၊ ပြောင်းပြန်ပင်ဖြစ်ပြီး ၎င်းတို့ မုန်းတီးကြသည်ဟူသောအချက်တွင် တည်ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် ရှင်းပြရန်အတွက် ဆင်ခြေများ၊ အကြောင်းပြချက်များနှင့် အမျိုးမျိုးသော ဓမ္မဓိဋ္ဌာန်ကျသည့် အချက်များကို ရှာဖွေလျက်၊ မိမိတို့၏ကိုယ်ပိုင်နည်းလမ်းများကို အားကိုးအားထားပြုကြသည်။ ၎င်းတို့သည် မည်သည့်ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန် ရည်မှန်းကြသနည်း။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများကို အပြုသဘောဆောင်သော အရာများအဖြစ်သို့လည်းကောင်း၊ အပြုသဘောဆောင်သော အရာများကို အပျက်သဘောဆောင်သော အရာများအဖြစ်သို့လည်းကောင်း ပြောင်းလဲစေရန် ရည်မှန်းကြသည်၊ အခြေအနေကို ၎င်းတို့ ပြောင်းပြန်လှန်လိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်ပါလော။ ၎င်းတို့က၊ “သင် မည်မျှပင် မှန်ကန်သည်ဖြစ်စေ၊ သို့မဟုတ် သင်၏စကားလုံးများသည် သမ္မာတရားနှင့် မည်မျှပင် ကိုက်ညီသည်ဖြစ်စေ၊ သင်သည် ငါ၏ ကျလောက်အောင် အပြောကောင်းခြင်းကို ကြံ့ကြံ့ခံနိုင်သလော။ ငါပြောဆိုသည့် စကားလုံးအားလုံးသည် သိသာထင်ရှားစွာပင် မဟုတ်မမှန်မှု၊ လှည့်ဖြားမှုများနှင့် အထင်အမြင်မှားစေမှုများ ဖြစ်နေသော်လည်း၊ သင်ပြောဆိုသည့်အရာကို ငါ ငြင်းပယ်ပြီး ရှုတ်ချနေလိမ့်ဦးမည် ဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်ပါလော။ အမှန်ပင်၊ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အန္တိခရစ်များသည် လူကောင်းများကို မြင်သည့်အခါ၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ထိုသူတို့ကို ရိုးသားသည်ဟု မယူဆဟူ၍ သင်တို့ ထင်သလော။ ၎င်းတို့သည် ထိုသူတို့ကို ရိုးသားသောလူများနှင့် သမ္မာတရားကို လိုက်စားသူများအဖြစ် အမှန်ပင် ယူဆကြပေ၏။ သို့သော် ရိုးသားခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့အပေါ် ၎င်းတို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ရိုးသားသောလူများသည် မိုက်မဲသည်ဟု ၎င်းတို့ တွေးကြသည်။ ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းအပေါ် ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် ရန်လိုခြင်းတို့ ဖြစ်ကြသည်။ ထိုအရာသည် မဟုတ်မမှန်ဟု ၎င်းတို့ ယုံကြည်ကြသည်၊ သမ္မာတရားကို လိုက်စားရန်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး မည်သူမဆိုထံ မည်သည့်အရာကိုမဆို ပြောဆိုကာ အရာအားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံရလောက်အောင် မိုက်မဲသူ မည်သူမျှ ရှိနိုင်မည်မဟုတ်ဟု ၎င်းတို့ ယုံကြည်ကြသည်။ မည်သူမျှ ထိုမျှ မမိုက်မဲပေ။ ဤလုပ်ရပ်အားလုံးက မှန်ကန်ခြင်းမရှိဟု ၎င်းတို့ ခံစားရပြီး၊ ထိုလုပ်ရပ်များထဲမှ တစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ အန္တိခရစ်များသည် ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်ပြီး ဖြောင့်မတ်သည်ဟု ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) သို့ဖြစ်၍၊ ၎င်းတို့သည် ဤအရာအားလုံး၏နောက်ကွယ်တွင် မိမိတို့၏စိတ်များထဲ၌ မေးခွန်းများထုတ်ကြလေသည်။ ဤနေရာတွင်ရှိသည့် သွယ်ဝိုက်သောညွှန်းဆိုချက်မှာ အဘယ်နည်း။ ဤမေးခွန်းတစ်ပုံကြီးကို ငါတို့ မည်သို့ အဓိပ္ပာယ်ကောက်ယူကြသနည်း။ ၎င်းတို့သည် ထိုအရာကို သံသယဝင်ခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်းမျှသာ မဟုတ်ပေ၊ အဆုံးတွင်၊ ၎င်းတို့သည် ထိုအရာကို ငြင်းလည်းငြင်းပယ်ပြီး အခြေအနေကို ပြောင်းပြန်လှန်ရန် ရည်မှန်းကြသည်။ အခြေအနေကို ပြောင်းပြန်လှန်ခြင်းဟု ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့က၊ “အလွန်တရားမျှတနေခြင်းက ဘာအသုံးဝင်သနည်း။ အလိမ်အညာတစ်ခုကို အကြိမ်တစ်ထောင် ထပ်ခါထပ်ခါ ပြောဆိုပါက၊ အမှန်တရား ဖြစ်လာသည်။ မည်သူကမျှ အမှန်တရားကို မပြောဆိုပါက၊ ယင်းသည် အမှန်တရားမဟုတ်သကဲ့သို့ အသုံးမဝင်ပါ၊ ယင်းသည် အလိမ်အညာတစ်ခုသာ ဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ အမှားနှင့်အမှန်ကို လှည့်လိုက်ခြင်း မဟုတ်လော။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်၊ အဖြစ်မှန်များကို လွဲချော်စေခြင်းနှင့် အမှားနှင့်အမှန်ကို လှည့်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ နှစ်သက်သည့်အရာ ဖြစ်သည်။ အန္တိခရစ်များသည် ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုတို့၌ ထူးချွန်ကြသည်။ ၎င်းတို့ ထူးချွန်သည့်အရာသည်၊ ၎င်းတို့၏ပင်ကိုစရိုက်၌ ရှိရင်းစွဲဖြစ်ပြီး၊ ၎င်းတို့၏ပင်ကိုစရိုက်၌ ရှိရင်းစွဲဖြစ်သောအရာသည် ၎င်းတို့၏သဘာဝအနှစ်သာရ၌ ရှိသည့်အရာ အတိအကျပင် ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထို့ထက်ပင်ပို၍၊ ယင်းသည် ၎င်းတို့ မက်မောတောင့်တပြီး ချစ်မြတ်နိုးသည့်အရာဖြစ်ကာ လောက၌ ၎င်းတို့ ရှင်သန်ပုံအတွက် စည်းမျဉ်းလည်း ဖြစ်သည်။ ၎င်းတို့သည် “လူကောင်းတို့ သက်တမ်းတို၍ လူဆိုးတို့ အသက်ရှည်၏၊” “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော။” “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏။” “လူသည် သဘာဝကို အောင်နိုင်လိမ့်မည်၊” စသည့်အရာကဲ့သို့သော ဆိုရိုးစကားများကို ယုံကြည်ကြသည်။ ဤပြောဆိုချက်များထဲမှ တစ်ခုတလေသည် ပုံမှန်လူများ နားလည်သဘောပေါက်နိုင်သည့် လူ့သဘာဝ သို့မဟုတ် သဘာဝနိယာမများနှင့် ကိုက်ညီသလော။ တစ်ခုမျှ မကိုက်ညီပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် စာတန်၏ ဤနတ်ဆိုးဆန်သော ဆိုရိုးစကားများကို အဘယ်ကြောင့် အလွန် နှစ်သက်ကြပြီး မိမိတို့၏ဆောင်ပုဒ်များအဖြစ်ပင် သဘောထားကြသနည်း။ ၎င်းတို့၏သဘာဝက အလွန် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။

တစ်နှစ်ဝန်းကျင်ကာလအတွင်း ငါ အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည့် အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ ငါတို့ တွေ့ဆုံရန် အခွင့်အရေး အကြိမ်ကြိမ် ရခဲ့ကြသော်လည်း သူသည် စကားကို လွတ်လွတ်လပ်လပ် ပြောတတ်သူတစ်ဦး မဟုတ်သောကြောင့် ငါတို့၏ စကားပြောဆိုမှုများက အကန့်အသတ်ရှိခဲ့သည်။ “စကားကို လွတ်လွတ်လပ်လပ် ပြောတတ်သူတစ်ဦး မဟုတ်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင်က သူ့ကို မေးခွန်းများ မေးသည့်အခါမှာပင် သူသည် စကားများများ ပြောလေ့မရှိခြင်းကို ဆိုလိုသည်။ ယခုတွင် သူသည် အသင်းတော်ရှိ အခြားသူများနှင့် သူ၏ ထိတွေ့ဆက်ဆံမှုများတွင် ဤအတိုင်းပင် ဖြစ်ခဲ့သလော။ ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်မျိုး ရှိခဲ့သည်။ သူနှင့် စိတ်သဘောထားတိုက်ဆိုင်သူများနှင့်ဆိုလျှင် သူသည် ပြောစရာစကား များစွာရှိသည်။ သို့ရာတွင်၊ သူနှင့် စိတ်သဘောထား မတိုက်ဆိုင်သူများနှင့်ဆိုလျှင်မူ သူသည် သတိထားလာတတ်ပြီး စကားကို သိပ်လွတ်လွတ်လပ်လပ် မပြောတော့ပေ။ နောက်ပိုင်းတွင်၊ သူနှင့် ငါ ပြောဆိုဆက်ဆံခဲ့သည့်ကာလအတွင်း သူသည် စုစုပေါင်း “စံတင်လောက်သော” စကားစု ငါးခုကို ပြောခဲ့ကြောင်း ငါ ပေါင်းရုံးသုံးသပ်မိသည်။ သူသည် စကားကို လွတ်လွတ်လပ်လပ် မပြောခဲ့သည့်အပြင် တစ်စုံတစ်ခုကို သူပြောလိုက်သည့်အခါတွင် ယင်းသည် “စံတင်လောက်သော” စကားစုတစ်ခု ဖြစ်လာတတ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ သူ့ကို “လူကြီးလူကောင်းတစ်ဦး” ဟု ငါတို့ ခေါ်နိုင်သလော။ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအနေဖြင့် ငါနှင့် ထိတွေ့ဆက်ဆံပြီး ကိစ္စရပ်များကို ဆွေးနွေးခြင်းသည် အတော်လေး ပုံမှန်ဖြစ်သည် မဟုတ်လော။ သို့ရာတွင်၊ ဤလူမှာမူ တစ်မူထူးခြားနေခဲ့သည်။ သူသည် စကားစု ငါးခုကိုသာ ပြောခဲ့သည်၊ မယုံနိုင်အောင်ပင် “စံတင်လောက်သော” စကားစု ငါးခု ဖြစ်သည်။ ဤစကားစုများကို အဘယ်အရာက ဤမျှ “စံတင်လောက်အောင်” ဖြစ်စေသည်ကို နားထောင်ကြည့်ကြပါစို့။ သူ၏ စကားစုတစ်ခုစီတိုင်း၌ ၎င်း၏ကိုယ်ပိုင် ဆက်စပ်သောအကြောင်းအရာနှင့် ၎င်းနောက်ကွယ်မှ ဇာတ်လမ်းအနည်းအကျဉ်းတစ်ခုစီ ရှိသည်။ သူ၏ ပထမဆုံးစကားစု မည်သည့်နေရာမှ လာသည်ကို အစပြု၍ ပြောကြစို့။

ဤခေါင်းဆောင်ဦးဆောင်သော အသင်းတော်တွင် မကောင်းမှုအချို့ လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့သော ဆိုးယုတ်သူတစ်ဦး ရှိခဲ့သည်။ သူသည် ဆိုးယုတ်သူတစ်ဦးဖြစ်ကြောင်း လူတိုင်းမြင်တွေ့ခဲ့သောကြောင့် ၎င်းတို့သည် သူ့အကြောင်းကို စတင် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးခဲ့ကြသည်။ အကယ်၍ သူ့ကို နှင်ထုတ်ပြီး ထွက်သွားခိုင်းမည်ဆိုလျှင် မည်သည့် မကောင်းမှုများကို သူ လုပ်ဆောင်ခဲ့သည်ဆိုသည်နှင့် အဘယ်ကြောင့် ဆိုးယုတ်သူအဖြစ် သတ်မှတ်ခံရပြီး ထွက်သွားခိုင်းခံရသည်ကို လူတိုင်းသိရှိရန်အလို့ငှာ အသင်းတော်တွင် သူ့အကြောင်း အသိပေးကြေညာချက်တစ်ခု ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ထိုဆိုးယုတ်သူ ပြုခဲ့သော မကောင်းမှုအချို့ကို ဖော်ထုတ်နေခဲ့သော်လည်း၊ များသောအားဖြင့် စကားသိပ်မပြောသော ဤခေါင်းဆောင်က “သူက ကောင်းစေဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်”ဟု ထုတ်ပြောလေသည်။ ထိုဆိုးယုတ်သူက မကောင်းမှုများပြုလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်သည်ကို သူမည်သို့ ရှုမြင်ခဲ့သနည်း။ “ဤရောင်းရင်းက ကောင်းစေဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်”ဟူ၍။ လူဆိုးတစ်ဦးပြုသော မကောင်းမှုများသည် ထိုသူက ကောင်းစေဖို့ ရည်ရွယ်သရွေ့ သမ္မာတရားနှင့် ကိုက်ညီသည်ဟု သူယုံကြည်ခဲ့သည်။ သူ့အတွက်မူ၊ ၎င်းတို့၏ လုပ်ရပ်များနှင့်ဆိုင်သည့် သဘာဝက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များက မည်သို့ပင်ဖြစ်စေ၊ ကောင်းစေဖို့ ၎င်းတို့ ရည်ရွယ်သရွေ့ ၎င်းတို့ဖြစ်စေသော အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များသည်ပင်လျှင် သမ္မာတရားနှင့် ကိုက်ညီပေသည်။ “သူက ကောင်းစေဖို့ ရည်ရွယ်ခဲ့သည်။” ယင်းမှာ ဤခေါင်းဆောင်ပြောခဲ့သော ပထမဆုံးစကားစု ဖြစ်သည်။ ထိုသို့သောစကားမျိုး သင်တို့ ကြားဖူးသလော။ ဆိုးယုတ်သူတစ်ဦးသည် မကောင်းမှုကို သိသာထင်ရှားစွာပြုနေသော်လည်း တစ်စုံတစ်ယောက်က ထိုသူသည် ထိုမကောင်းမှုများကို လုပ်ဆောင်နေစဉ် ကောင်းသော ရည်ရွယ်ချက်များ ထားရှိခဲ့သည်ဟု ဆိုနေသည်။ လူတိုင်းသည် ဤစကားစုအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသလော။ လူအများစုက တစ်စုံတစ်ယောက်သည် ကောင်းစေဖို့ ရည်ရွယ်သရွေ့ ထိုသူကို မကိုင်တွယ်သင့်ကြောင်းနှင့် တစ်စုံတစ်ယောက်က ကောင်းသော ရည်ရွယ်ချက်ဖြင့် မကောင်းမှုပြုပါက မကောင်းမှုကို တမင်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း တွေးထင်ကြသောကြောင့် အချို့လူများသည် ဤစကားစုအားဖြင့် အထင်အမြင်မှားသွားနိုင်သည်ဟု ငါယုံကြည်သည်။ ထိုသို့ ဤခေါင်းဆောင်၏ စေ့ဆော်ခြင်းနှင့် အထင်အမြင်မှားစေခြင်းခံရပြီးနောက်တွင်၊ လူအချို့သည် ခေါင်းဆောင်ဘက်သို့ပါသွားပြီး ထိုဆိုးယုတ်သည့်လူကို စတင်ကိုယ်ချင်းစာကြခြင်းက ဖြစ်နိုင်ပေသည်။ ဤခေါင်းဆောင်၏ အထင်အမြင်မှားစေခြင်းသာ မရှိခဲ့ပါက၊ လူအများစုသည် ဤကိစ္စကို မှန်ကန်စွာ နားလည်ကြမည်ဖြစ်ပြီး ထိုဆိုးယုတ်သူကို မကောင်းမှုပြုသည့်အတွက် နှင်ထုတ်ကာ ထုတ်ပစ်သင့်သည်ဟု တွေးထင်ခဲ့ကြမည်ဖြစ်သည်။ သို့သော် ဤခေါင်းဆောင်၏ လှုံ့ဆော်မှုနှင့် အထင်အမြင်မှားစေမှုတို့ကို ခံရပြီးနောက် အချို့လူများက “သူက ကောင်းစေဖို့ ရည်ရွယ်သည်၊ ယင်းမှာ အဓိပ္ပာယ်ရှိပါသည်။ တစ်ခါတစ်ရံ ငါတို့လည်း ထိုသို့ပင်ဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် မကောင်းသည့်အရာတစ်စုံတစ်ခုကို ငါတို့ လုပ်ဆောင်မိလျှင်၊ ငါတို့လည်း ရှင်းလင်းဖယ်ရှားခံရပြီး ထွက်သွားခိုင်းခံရမည်လော” ဟု တွေးမိကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဤခေါင်းဆောင်၏ဘက်သို့ ပါသွားကြသည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အနာဂတ်နှင့်ပတ်သက်၍ စဉ်းစားနေခဲ့ကြသောကြောင့် ဖြစ်သည်။ ဤခေါင်းဆောင်ပြောသော စကားစုကို လူတို့လက်ခံရန် လွယ်ကူခဲ့သည် မဟုတ်လော။ ထိုစကားစုကို ၎င်းတို့ လက်ခံခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်၍လည်းကောင်း၊ အမှုအရာများ လုပ်ဆောင်ခြင်းအတွက် သူ၏ စည်းမျဉ်းများနှင့်ပတ်သက်၍လည်းကောင်း သံသယဖြစ်ပေါ်ကြလေသည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ဘုရားအိမ်တော်တွင်ရှိသည့် စည်းမျဉ်းများနှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာခဲ့ကြသည်။ ထိုအရာများနှင့်ပတ်သက်၍ မေးခွန်းများထုတ်ကြကာ ထို့နောက် ရှုတ်ချကြလေသည်။ ၎င်းတို့သည် ဤသံသယများကို မိမိတို့၏စိတ်နှလုံးထဲတွင် ထားရှိကြသည်။ အမှန်တကယ်တွင်၊ ဤဆိုးယုတ်သူသည် မကောင်းမှုတစ်ခု လုပ်ဆောင်ခဲ့သောကြောင့် ထုတ်ပစ်ခံရခြင်းမဟုတ်ပေ။ ဘုရားအိမ်တော်၌၊ မည်သူမဆို ကာယအလုပ်လုပ်သည်ဖြစ်စေ၊ အထူးတာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများပါဝင်သော တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ ရံဖန်ရံခါ အမှားလုပ်မိရုံမျှဖြင့် ထုတ်ပစ်ခံရခြင်း မရှိပေ။ ၎င်းတို့အားလုံးသည် အသင်းတော်ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူကို စုပေါင်း၍ သတ်မှတ်ခြင်းကို ခံကြရပြီး ထို့နောက်တွင် ကိုင်တွယ်ဖြေရှင်းခြင်း ခံကြရခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ယောက်သည် အလုပ်လုပ်သင့်သည့်အချိန်တွင် အမြဲပျင်းရိနေပြီး အလုပ်ကို ရှောင်ရှားရန် ဆင်ခြေများပေးပါက၊ ဤအပြုအမူအပေါ်အခြေခံ၍ ၎င်းတို့ကို ထုတ်ပစ်ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) မှန်ပေ၏။ သင့်လျော်ပေသည်။ ဥပမာအနေဖြင့်၊ သင့်ကို သန့်ရှင်းရေးလုပ်ရန် တာဝန်ပေးထားပြီး၊ သင်က မကြာခဏ နေကြာစေ့စားခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ သတင်းစာဖတ်ခြင်းနှင့် နေကြာစေ့အခွံများကို ပေါ့ပေါ့ဆဆ လွှင့်ပစ်ခြင်းတို့ ပြုလုပ်နေလျှင်၊ သင်သည် သင်၏တာဝန်များကို ပေါ့လျော့နေသည် မဟုတ်လော။ သင်သည် သန့်ရှင်းရေးမလုပ်ရုံသာမက ရှုပ်ပွအောင်လည်း ဖန်တီးနေသည်၊ ယင်းမှာ သင်သည် သင်၏တာဝန်များကို လျစ်လျူရှုနေခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။ အကယ်၍ သင်သည် သင်၏အလုပ်တွင် အရည်အချင်းမပြည့်မီပါက၊ သင့်ကို ထုတ်ပစ်ခြင်းသည် စည်းမျဉ်းများနှင့် လုံးဝကိုက်ညီပြီး ထိုအရာနှင့်ပတ်သက်၍ သင် မငြင်းခုံသင့်ပေ။ သို့သော်လည်း ဤအသင်းတော်ခေါင်းဆောင်က ထိုလူသည် ကောင်းစေဖို့ ရည်ရွယ်ကြောင်းအခိုင်အမာဆိုသဖြင့် ယင်းက လူတို့ကို အထင်အမြင်မှားစေခဲ့သည်။ ခေါင်းဆောင်က ဤသို့ လူတို့ကို လှုံ့ဆော်ပြီး အထင်အမြင်မှားစေပြီးနောက် ၎င်းတို့ထဲမှ အချို့သည် သူ၏ဦးဆောင်မှုနောက်သို့လိုက်ကြပြီး ဘုံသဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ဤသို့ပြုမူကြသောအခါ ဘုရားသခင်နှင့် သမ္မာတရားစည်းမျဉ်းများကို မည်သည့်နေရာတွင် ထားရှိခဲ့ကြသနည်း။ ၎င်းတို့သည် “ကျွန်ုပ်တို့အသင်းတော်” နှင့် “ကျွန်ုပ်တို့၏ဘုရားအိမ်တော်” ဟု ပြောဆိုကြလျက် မိသားစုတစ်ခုကဲ့သို့ ဖြစ်လာခဲ့ကြသည်။ “အသင်းတော်” နှင့် “ဘုရားအိမ်တော်”ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဘုရားသခင်မရှိသောနေရာ၌ ဘုရားအိမ်တော် ရှိနိုင်သလော။ (မရှိနိုင်ပါ။) နေရာတစ်နေရာ၌ ဘုရားသခင်မရှိပါက ထိုနေရာတွင် အသင်းတော် တည်ရှိနိုင်သလော သို့မဟုတ် တည်ထောင်၍ရနိုင်သလော။ (တည်ထောင်၍မရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့က “ကျွန်ုပ်တို့၏”ဟု ပြောသောအခါ မည်သည့်အရာကိုဆိုလိုကြသနည်း။ ဘုရားသခင်နှင့် ၎င်းတို့ ခွဲထွက်သွားကြပြီဟု ဆိုလိုပေသည်။ အသင်းတော်သည် ဤနားဝေတိမ်တောင်ဖြစ်သော ခေါင်းဆောင်၏ အသင်းတော်ဖြစ်လာခဲ့သည်၊ သူသည် အသင်းတော်၏ ဆရာသခင်ဖြစ်လာစဉ်တွင် ညီအစ်ကိုမောင်နှမများဟု ခေါ်သောသူတို့နှင့် နားဝေတိမ်တောင်ဖြစ်သောလူများသည် သူနှင့် အုပ်စုဖွဲ့ကာ သူ့အပေါ် ဆွေမျိုးများကဲ့သို့ ပြုမူဆက်ဆံကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ကင်းကွာသွားကြသဖြင့် ဘုရားသခင်သည် “ဘုရားအိမ်တော်” ၏ အပြင်ဘက်တွင်ရှိသော အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်ခဲ့ရသည်။ ဤသည်တို့မှာ ဤအခြေအနေများအောက်တွင် ဤခေါင်းဆောင်က ထိုပထမဆုံးစကားစုကို ပြောဆိုခဲ့ချိန်၌ ဖြစ်ပေါ်လာခဲ့သည့် အကျိုးဆက်များပင် ဖြစ်သည်။ လူတိုင်းက “ငါတို့အသင်းတော်ခေါင်းဆောင်က တရားမျှတသည်၊ ငါတို့ကို သူ အလေးထားသည်၊ ငါတို့၏ အားနည်းချက်များကို ခွင့်လွှတ်ပေးပြီး ငါတို့အတွက်ပင် ပြောပေးသည်။ ငါတို့အမှားများ ပြုလုပ်မိသည့်အခါ၊ ဘုရားသခင်က ငါတို့ကို အမြဲဖော်ထုတ်ကာ ပြုပြင်သည်။ သို့သော် ငါတို့ခေါင်းဆောင်သည် ကြက်ပေါက်လေးများကို ကာကွယ်ပေးသည့် ကြက်မကြီးကဲ့သို့ ငါတို့ကို အမြဲကာကွယ်ပေးသည်။ အနီးဝန်းကျင်တွင်သူရှိနေလျှင် ငါတို့သည် မည်သည့် မတရားမှုများကိုမျှ ခံစားရမည်မဟုတ်ပါ” ဟု တွေးလျက် သူ့ကို အထူးသဖြင့် ထောက်ခံကြလေသည်။ လူတိုင်းက သူ့ကို ကျေးဇူးတင်ခဲ့ကြသည်။ ဤသည်တို့မှာ ဤခေါင်းဆောင်ပြောခဲ့သော ပထမဆုံးစကားစု၏ အကျိုးဆက်များ ဖြစ်ကြသည်။

ဤခေါင်းဆောင်ပြောခဲ့သော ဒုတိယစကားစုကို ဆက်ကြစို့။ အသင်းတော်၌ လူအများစု မဆောင်ရွက်နိုင်သည့် သို့မဟုတ် မိမိတို့၏တာဝန်များနှင့် အလုပ်များနေ၍ မလုပ်ကိုင်နိုင်သော ပြင်ပအရေးကိစ္စများနှင့်ပတ်သက်သည့် အလုပ်အချို့ ရှိခဲ့သည်။ ပြင်ပအရေးကိစ္စများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သော အမည်ခံယုံကြည်သူအချို့ ရှိခဲ့ရာ ဘုရားအိမ်တော်က ဤအလုပ်များအား တာဝန်ယူဆောင်ရွက်စေရန် ထိုသို့သောလူတစ်ဦးကို ရရှိဖို့ ငွေအနည်းငယ် ခန့်ခွဲခဲ့ရပြီး၊ တစ်ခါတစ်ရံ ဘုရားအိမ်တော်သည် ၎င်းကိုယ်စား အလုပ်အတော်များများကို ထိုသူအား ကိုင်တွယ်စေရန်အတွက် ငွေအနည်းငယ်ပို၍ သုံးစွဲခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသို့သောကိစ္စများကို ကိုင်တွယ်ရန် ဘုရားအိမ်တော်က အပို ယွမ်၂၀၀ သုံးစွဲခြင်းသည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်သလော။ ထိုကိစ္စများကို ကိုင်တွယ်ရန် ဤသည်မှာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး၊ ယင်းက ကောင်းသောရလဒ်များ ရရှိစေခဲ့သောကြောင့် ၎င်းတို့က ထိုသို့ပင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသူအား အပို ယွမ်၂၀၀ ပေးခြင်းက ဘုရားအိမ်တော်အတွက် ဤကိစ္စများကို ကိုင်တွယ်ရန် အဆင်ပြေစေခဲ့ပြီး ပြဿနာများစွာလည်း ပြေလည်သွားခဲ့သည်။ ထိုအပို ယွမ်၂၀၀ ကို သုံးစွဲခြင်းသည် တန်သလော။ (တန်ပါသည်။) လုံးဝကို တန်ခဲ့ပေသည်။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းက သင့်လျော်ခဲ့သည်။ အကယ်၍ ဘုရားအိမ်တော်က ထို ယွမ် ၂၀၀ကို ထိုအလုပ်များ မကိုင်တွယ်နိုင်သူတစ်ဦးအား ပေးခဲ့မည်ဆိုလျှင်၊ ယင်းသည် အလဟဿဖြုန်းတီးခြင်းသာ ဖြစ်ပေမည်။ ထို ယွမ်၂၀၀ ကို သူ့အားပေးခြင်းက ထိုအလုပ်များကို ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု ဆိုလိုသည်။ သို့ဖြစ်ရာ ဘုရားအိမ်တော်က အမှုအရာများကို ဤသို့ကိုင်တွယ်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီသည်။) သို့ဆိုလျှင်၊ ဤအကြောင်းကို ညီအစ်ကိုမောင်နှမများနှင့် မဆွေးနွေးခြင်း သို့မဟုတ် မပြောပြခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) အထက်က အမှုအရာများကို ဤသို့ကိုင်တွယ်ပိုင်ခွင့်ရှိသလော။ (ရှိပါသည်။) ရှိသည်မှာ သေချာပေသည်။ သို့သော် ဤအသင်းတော်ခေါင်းဆောင်က၊ “ညီအစ်ကိုမောင်နှမတွေက ထိုသူကို နောက်ထပ် ယွမ်၂၀၀ ပေးထားသည်ဟု ပြောကြသည်။ ကျွန်ုပ်က ဤကိစ္စကို ညီအစ်ကိုမောင်နှမတွေကိုယ်စား မေးခြင်းသာ ဖြစ်သည်။ သူတို့က ဤစည်းမျဉ်းကို နားမလည်ကြသကဲ့သို့၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ မည်သို့ မိတ်သဟာယပြုရမည်ကို ကျွန်ုပ်တို့ ရှာဖွေချင်ပါသည်” ဟု ပြောလေသည်။ သူသည် စကားကို တစ်ပိုင်းတစ်စသာ ပြောခဲ့သည်။ ဤသည်မှာ သူ၏ ဒုတိယစကားစု ဖြစ်သည်။ ဤစကားစုသည် “ကိုယ်တော်လုပ်သမျှအရာအားလုံးက စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ကိုယ်တော်ပြောသော်လည်း၊ ဤအရာက မကိုက်ညီပါ။ ပြီးလျှင် ညီအစ်ကိုမောင်နှမအချို့က ထိုအရာနှင့်ပတ်သက်၍ သဘောထားအမြင်များနှင့် အယူအဆများ ရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်က သူတို့ကိုယ်စား ကိုယ်တော့်ကို ထိုကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်ရမည်ဖြစ်သည်။ ဤကိစ္စကို ကိုယ်တော် မည်သို့ရှင်းပြမည်နည်း။ ကျွန်ုပ်ကို ရှင်းပြချက်တစ်ခုပေးပါ” ဟု ဆိုလိုသည့် မေးခွန်းတစ်ခု ဖြစ်သည်မှာ သိသာသည်။ ယင်းမှာ မေးခွန်းတစ်ခုဖြစ်သည် မဟုတ်လော။ ယခု၊ ဤအရာအတွင်းတွင် သတင်းစကားမည်မျှ ပါဝင်သည်ကို ဆက်လက်စိစစ်ကြည့်ကြလော့။ သင်တို့ ဤသို့သောအရာကို ကြားရသည့်အခါ သင်တို့၏အမြင်မှာ အဘယ်နည်း။ ဤကိစ္စအပေါ်အခြေခံ၍ ဤလူကို သင်တို့ မည်သို့ရှုမြင်ကြသနည်း။ (ဘုရားသခင်၊ သူ၏ဤစကားစုတွင် မေးခွန်းထုတ်သည့်လေသံ ပါနေပါသည်။ သူသည် ဘုရားသခင်ကို မေးခွန်းထုတ်နေခြင်း ဖြစ်သည်။ အမှန်တကယ်တွင်၊ ဤကိစ္စအပေါ် သူ၏ ကိုယ်ပိုင်အယူအဆများ ရှိနေပါသည်။ သူ၏ကိုယ်ပိုင် စစ်မှန်သော အတွေးများကို သူ ထုတ်မပြောဘဲ၊ ထိုအစား ညီအစ်ကိုမောင်နှမများက အထက်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် သဘောထားအမြင်များ ရှိနေကြောင်း သူက ပြောခဲ့သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ညီအစ်ကိုမောင်နှမများတွင် အယူအဆများ ရှိသည့်အခါ၊ သူသည် ဤပြဿနာကိုဖြေရှင်းရန် သူတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်၊ သို့သော် သူသည် ဤပြဿနာကို မဖြေရှင်းရုံသာမက ဤအယူအဆများဖြင့် ဘုရားသခင်ကို မေးခွန်းထုတ်ရန် ရောက်လာခဲ့သည်။ သူ့တွင် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိနေပါသည်။) အချက်နှစ်ချက်ကို ဖော်ပြထားပြီးဖြစ်သည်။ ပထမအချက်မှာ သူသည် အထက်ကို မေးခွန်းထုတ်နေခြင်းဖြစ်ပြီး၊ အခြားအချက်မှာ သူ့အတွင်း၌ အယူအဆများ ရှိနှင့်ပြီးဖြစ်သော်လည်း သူက “ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ ထိုစည်းမျဉ်းများကို ရှာဖွေချင်ကြသည်”ဟု ပြောနေခဲ့ခြင်းပင် ဖြစ်သည်။ ဤစကားစုနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ ညီအစ်ကိုမောင်နှမများသည် သူ့အတွက် ထိုမျှအရေးကြီးခဲ့သလော။ သူသည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အလွန်အရေးကြီးသည်ဟု မှတ်ယူခဲ့သည့်အတွက်၊ ထိုသို့သော ပြင်းထန်သည့် အယူအဆများ ၎င်းတို့ ဖြစ်ပေါ်လာသည့်အခါ အဘယ်ကြောင့် သူက မဖြေရှင်းခဲ့သနည်း။ သူသည် သူ၏တာဝန်ကို တမင်ပျက်ကွက်နေခဲ့ခြင်း မဟုတ်လော။ သူသည် တာဝန်ကို တမင်ပျက်ကွက်နေခဲ့ခြင်းဖြစ်သည်။ သူသည် ပြဿနာကို မဖြေရှင်းခဲ့သည့်အပြင်၊ အထက်ကို မေးခွန်းထုတ်ရန် ညီအစ်ကိုမောင်နှမများ၏ အယူအဆများကိုပင် အရှက်မရှိယူဆောင်လာခဲ့သည်။ သို့ဖြစ်လျှင် သူက ဘာအသုံးကျခဲ့သနည်း။ အဘယ်အရာက သူ့ကို မေးခွန်းထုတ်နိုင်စွမ်းရှိစေခဲ့သနည်း။ သူ့တွင်လည်း အယူအဆများ ရှိခဲ့သည် မဟုတ်လော။ အထက်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူ့တွင်လည်း အတွေးများ ရှိခဲ့သည် မဟုတ်လော။ ဤကိစ္စကို သင့်လျော်စွာမကိုင်တွယ်ခဲ့ဟု သူလည်း ခံစားခဲ့သည် မဟုတ်လော။ ထို ယွမ်၂၀၀ သည် သူ့အပေါ် သုံးစွဲခဲ့ခြင်းမဟုတ်သောကြောင့်၊ သူက အခွင့်အရေးလွဲချော်သွားသည်ဟု ခံစားခဲ့ရသည် မဟုတ်လော။ သူက “ထိုအပို ယွမ် ၂၀၀ ကို ငါရခဲ့သင့်သည်။ ငါတို့ ထိုငွေနှင့် ထိုက်တန်သည်။ ထိုလူသည် မယုံကြည်သူတစ်ဦးဖြစ်သည်၊ သူ မရခဲ့သင့်ပါ။ ငါတို့က ဘုရားကို အမှန်တကယ်ယုံကြည်ပြီး ငါတို့က ဘုရားအိမ်တော်၏ လူများဖြစ်သည်၊ သူက မဟုတ်ပါ” ဟု တွေးခဲ့သည်။ သူဆိုလိုသည့်အရာမှာ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူ ဆိုလိုသည့်အရာမှာ ထိုသို့ အတိအကျပင် ဖြစ်သည်။ ပြီးလျှင် သူက ဤအရာကို တိုက်ရိုက်မပြောခဲ့ပေ။ သူက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောခဲ့သည်။ ဤအရာကိုကြားပြီးနောက်တွင် သင်တို့ နားလည်သလော၊ နားမလည်သလော။ ငွေသုံးစွဲခြင်းနှင့်ဆိုင်သည့် ဤကိစ္စအပေါ် သင်တို့၏ သဘောထားမှာ အဘယ်နည်း။ လူအများစုက ဤအသေးအဖွဲဖြစ်သောကိစ္စကို နားလည်နိုင်ကြသည်။ ဘုရားအိမ်တော်၏ အလွန့်အလွန်ကြီးမားသော အလုပ်ကို ထည့်သွင်းစဉ်းစားသည့်အခါ၊ ထိုခေါင်းဆောင်သည် အပို ယွမ်၂၀၀ သုံးစွဲခြင်းကို အာရုံစိုက်ရန် အမှန်တကယ် လိုအပ်ခဲ့သလော။ ထို့အပြင်၊ ထိုငွေက သူ၏အိတ်ထဲမှ ထွက်လာခြင်းမဟုတ်သောကြောင့်၊ ထိုငွေနှင့်ပတ်သက်၍ အဘယ်ကြောင့် သူက အလွန် စိတ်သောကရောက်ခဲ့ရသနည်း။ အခြားသူများ လူကောင်းများဖြစ်နေသည်ကိုမြင်ရခြင်းအပေါ် သူက မနာလိုဖြစ်ခဲ့ခြင်းသာ ဖြစ်သည် မဟုတ်လော။ ယင်းမှာ သူ ဆိုလိုသည့်အရာ မဟုတ်လော။ ငါ ယခုတင် သင်တို့ကို ရှင်းပြခဲ့သည့်အရာကို သင်တို့ နားလည်နိုင်ကြသလော။ သင်တို့ထဲတွင် သဘောမတူဘဲ၊ “မဟုတ်ပါ။ ကျွန်ုပ်တို့မသိဘဲ အပို ယွမ် ၂၀၀ သုံးခြင်းဖြစ်သည်။ ဤအရာအကြောင်းကို ကျွန်ုပ်တို့ သိပိုင်ခွင့်မရှိသည်မှာ ဆိုးရွားပေသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်းဖြစ်သည် မဟုတ်လော” ဟု ပြောသူတစ်ဦးတလေ ရှိသလော။ ဘုရားအိမ်တော်၏ သဘောတရားမှာ အဘယ်နည်း။ ပူဇော်သက္ကာများ၏ သဘောတရားမှာ အဘယ်နည်း။ သင်တို့ကို ငါ ပြောမည်၊ ပူဇော်သက္ကာများသည် လူတိုင်းနှင့်မသက်ဆိုင်၊ ညီအစ်ကိုမောင်နှမများနှင့် သက်ဆိုင်ခြင်း မရှိ။ အကယ်၍ ညီအစ်ကိုမောင်နှမများသာရှိပြီး ဘုရားသခင်မရှိပါက၊ ယင်းကို ဘုရားအိမ်တော်ဟု ခေါ်မည်မဟုတ်။ ဘုရားသခင် ပေါ်ထွန်းပြီး အမှုပြုသောအခါ၊ သူသည် လူတို့ကို မိမိရှေ့မှောက်သို့ခေါ်ပြီး အသင်းတော်ကို တည်ထောင်သောအခါ၌ ယင်းမှာ ဘုရားအိမ်တော် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ဆယ်ဖို့တစ်ဖို့ ပူဇော်သည့်အခါ၊ ဘုရားအိမ်တော်သို့ ပူဇော်ခြင်းမဟုတ်သကဲ့သို့ အသင်းတော်သို့ ပူဇော်ခြင်းလည်း မဟုတ်ပေ။ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ပူဇော်ခြင်း မဟုတ်သည်မှာလည်း သေချာသည်။ ဤဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်ထံ ၎င်းတို့က ပူဇော်နေခြင်း ဖြစ်သည်။ ရိုးရှင်းသောဝေါဟာရဖြင့် ပြောရလျှင်၊ ထိုငွေကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်သည်၊ ထိုငွေသည် သူ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်သည်။ သူ၏ သီးသန့်ပိုင်ဆိုင်မှုဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က မိမိအလိုရှိသည့်အတိုင်း ခွဲဝေသုံးစွဲနိုင်ပြီး၊ ထိုခေါင်းဆောင်က ယင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်ရန် အရည်အချင်းမပြည့်မီဟု ဆိုလိုသည်။ သင်တို့ကို ငါ ပြောမည်၊ ဤကိစ္စကြောင့် မေးခွန်းများမေးခြင်းနှင့် သမ္မာတရားကို ရှာဖွေလိုခြင်းသည် အနည်းငယ် လွန်ကဲပြီး မလိုအပ်ခဲ့ပေ။ အယောင်ဆောင်ကာ ဟန်ဆောင်နေသည်မှာ သူ ဖြစ်သည်။ ဤခေါင်းဆောင်က သမ္မာတရားမရှာဖွေခဲ့သော အရေးပါသည့်ကိစ္စများစွာ ရှိခဲ့သော်လည်း၊ ဤကိစ္စတွင်သာ ထိုသမ္မာတရားကိုရှာဖွေရန် သူရွေးချယ်ခဲ့သည်။ သူသည် အဘယ်ကြောင့် ထိုဆိုးယုတ်သူကို မကိုင်တွယ်ခဲ့သနည်း။ သူက “ဤသူသည် မကောင်းမှုပြုခြင်း၏ သရုပ်သကန်အချို့ကို ပြသခဲ့သည်၊ ညီအစ်ကိုမောင်နှမအားလုံးက သူ့ကို ရွံရှာနေကြသည်။ ကျွန်ုပ်က ဤအရာကို ကိုင်တွယ်သင့်သည် မဟုတ်လော” ဟု ပြောလျက် အဘယ်ကြောင့် မရှာဖွေခဲ့သနည်း။ ထိုခေါင်းဆောင်က ထိုအကြောင်းကို မမေးခဲ့ပေ၊ သူသည် ဤဆိုးယုတ်သူကို လုံးဝ မသိကျိုးကျွန်ပြုခဲ့သည်။ ယင်းမှာ ပြဿနာတစ်ခု မဟုတ်လော။ ဤခေါင်းဆောင်ပြောခဲ့သော ပထမဆုံးစကားစုမှာ အဘယ်နည်း။ (“သူက ကောင်းစေဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်”ဟူ၍ ဖြစ်ပါသည်။) “သူက ကောင်းစေဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။” ဤလူက အဘယ်မျှ “စေတနာရှိ”သည်ကို ကြည့်ကြပါလော့။ သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်လိုက်လေခြင်းပါတကား။ သူသည် ကောက်ကျစ်ဆိုးယုတ်သော်လည်း၊ သူ၏စကားများမှာ စေတနာနှင့်လည်းကောင်း၊ ကိုယ်ကျင့်တရားနှင့်လည်းကောင်း ပြည့်နေခဲ့သည်။ သူ၏စကားများတွင် ပျားရည်ပါသော်လည်း၊ သူ၏နှလုံးသားထဲတွင် ဓားမြှောင်များ ရှိနေခဲ့ပြီး၊ သူသည် လူကဲ့သို့ မပြုမူခဲ့ပေ။ သူ၏ ဒုတိယစကားစုမှာ အဘယ်နည်း။ “ဘုရားအိမ်တော်က အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ဖို့ တစ်စုံတစ်ယောက်ကို အပို ယွမ်၂၀၀ ပေးခဲ့သည်။ ဤကိစ္စရပ်တွင်ပါရှိသည့် စည်းမျဉ်းကို ကျွန်ုပ်တို့ မည်သို့နားလည်ပြီး သဘောပေါက်သင့်သည်ကို ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်ုပ် ရှာဖွေချင်ပါသည်”ဟူ၍ ဖြစ်သည်။ ငါက ဤအရာကို ပြောဆိုချက်အပြည့်အစုံတစ်ခုအနေဖြင့် ဖော်ပြပေးခဲ့ခြင်းဖြစ်သည်၊ သူက ထိုသို့ မပြောခဲ့သည်မှာ အမှန်ဖြစ်၏။ သူက သူဆိုလိုသည့်အရာကို နားလည်ရခက်စေလျက် တုံ့ဆိုင်းစွာ ပြောဆိုခဲ့သည်။ ယင်းမှာ သူ ပြောဆိုခဲ့သည့်ပုံစံသာ ဖြစ်သည်။ ဤသည်မှာ ထိုခေါင်းဆောင်ပြောခဲ့သော ဒုတိယစကားစု ဖြစ်သည်။

ယခု ထိုခေါင်းဆောင်ပြောခဲ့သော တတိယစကားစုကို နားထောင်ကြလော့။ လူတိုင်းသည် မြေတူးလျက် အတူတကွ အလုပ်လုပ်နေခဲ့ကြသည်။ လူတစ်ဦးစီတိုင်းကို ခြင်းတောင်းတစ်တောင်းအပြည့် မြေဖြည့်ရန် တာဝန်ပေးခြင်းခံခဲ့ရသည်။ မြန်ဆန်စွာ အလုပ်လုပ်ကာ ပထမဆုံး ပြီးစီးသည့်နောက် ရေအနည်းငယ်သောက်ပြီး အနားယူလျက် အခြားလူတိုင်းကို စောင့်ဆိုင်းနေခဲ့သည့် လူတစ်ဦးရှိသည်။ ထို့နောက် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။ အဘယ်အရာ မှားယွင်းခဲ့သနည်း။ တတိယပြဿနာ ပေါ်ပေါက်ခဲ့သည်။ ဤခေါင်းဆောင်က၊ “ကျွန်ုပ်တို့ထံတွင် အလုပ်လုပ်မြန်ပြီး လျင်မြန်စွာ လှုပ်ရှားတတ်သော လူတစ်ဦးရှိပါသည်၊ သို့သော် သူ့တွင် မှားယွင်းသောအရာ တစ်ခုရှိသည်။ အလုပ်ပြီးစီးပြီးနောက် သူသည် ထိုနေရာ၌ ထိုင်နေရုံသာထိုင်နေပြီး အခြားမည်သူ့ကိုမျှ မကူညီပါ၊ သို့ဖြစ်၍ လူတိုင်းသည် သူ့အပေါ် သဘောထားအမြင်များ စတင်၍ ဖြစ်ပေါ်နေကြပါသည်” ဟုပြောလျက် အထက်ကို တစ်ဖန် လာရောက်မေးမြန်းခဲ့သည်။ အထက် ညီအစ်ကိုက “သူသည် အလုပ်လုပ်သောအခါ ပုံမှန်အားဖြင့် ပျင်းရိတတ်သလော” ဟု မေးခဲ့သည်။ ဤခေါင်းဆောင်က “သူ ပျင်းရိခြင်း မရှိပါ။ အလုပ်ကို လျင်မြန်စွာ သူလုပ်ဆောင်တတ်ပြီး ပြီးစီးပြီးနောက် ထိုင်စောင့်နေရုံသာ စောင့်နေကာ မည်သူ့ကိုမျှ မကူညီပါ၊ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများက သူ့အပေါ် သဘောထားအမြင်များ ရှိနေကြပြီး သူကကရုဏာတရား ကင်းမဲ့သည်ဟု သူတို့ ဆိုကြသည်” ဟု ပြန်ဖြေခဲ့သည်။ ညီအစ်ကိုမောင်နှမများက ဤအရာကို ဖော်ပြသောအခါ ဤခေါင်းဆောင်မှာ စိတ်ဆင်းရဲသွားခဲ့သည်။ သူက “အလိုလေး၊ ထိုသူသည် အဘယ်မျှ ရက်စက်သည်ကို ကြည့်ပါ။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများက အလုပ်လုပ်ရာမှ ပင်ပန်းနေကြသည်၊ သူတို့က ဖြည်းညှင်းစွာ အလုပ်လုပ်ကြပြီး မည်သူကမျှ သူတို့ကို မကူညီပါ” ဟု စဉ်းစားခဲ့သည်။ အဖွဲ့တစ်ခုလုံးက စိတ်မချမ်းမသာ ဖြစ်ခဲ့ရသဖြင့် သူလည်း စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သူသည် အဘယ်မျှ “စာနာတတ်” လိုက်ပါသနည်း။ သူသည် ဤ “ဝန်ထုပ်” ကို အထက်ထံသို့ တိုင်ကြားရန် မိမိနှင့်အတူယူဆောင်လာခဲ့သည်။ သူ ပထမဆုံး မေးခဲ့သည့်အရာမှာ “ဤသို့သော လူတစ်ဦးကို အပြစ်ပေး၍ ရနိုင်သလော” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောကြလော့၊ ဤသို့သော လူတစ်ဦးကို အပြစ်ပေး၍ ရနိုင်သည်ဟု သင်တို့ ထင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် ဤအရာကို ကြားပြီးနောက် သင်တို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ထိုအရာနှင့်ပတ်သက်၍ သင်တို့ ရောထွေးသော စိတ်ခံစားမှုများ ရှိကြသလော။ သင်တို့ စိတ်မချမ်းမသာ ဖြစ်ကြသလော။ (ဖြစ်ပါသည်။) လူတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး အခြားသူများကို မျှတစွာ ဆက်ဆံရမည်ဟု ဘုရားအိမ်တော်က အစဉ်သဖြင့် မိတ်သဟာယပြုခဲ့သော်လည်း ဤသေးငယ်သော အရာကိုပင် သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထိုသူကို အပြစ်ပေးခြင်းသည် မျှတမည်ဟု သူ ယုံကြည်ခဲ့သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သူက “ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများက ဆင်းရဲဒုက္ခခံစားနေကြရပြီး ဤသူ၌ ကရုဏာတရား ကင်းမဲ့ကြောင်း သူတို့က ကျွန်ုပ်ထံ တိုင်ကြားခဲ့ကြသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤလူတို့ကို ကျွန်ုပ် မည်သို့ စည်းရုံးသိမ်းသွင်းနိုင်မည်နည်း၊ သူတို့ကို မည်သို့ နှစ်သိမ့်နိုင်မည်နည်း၊ သူတို့ကို မည်သို့ ကာကွယ်နိုင်မည်နည်း၊ သူတို့ မတရားခံရခြင်း သို့မဟုတ် နစ်နာသည်ဟု ခံစားရခြင်းမရှိအောင် မည်သို့တားဆီးနိုင်မည်နည်း” ဟု စဉ်းစားခဲ့သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုသူကို အပြစ်ပေးရန်ဖြစ်ပြီး ထိုသူအပြစ်ပေးခြင်းဖြင့် လူတိုင်း၏ အမျက်ဒေါသ ပြေပျောက်သွားမည်ဖြစ်ကာ အရာရာတိုင်း မျှတပြီး သာတူညီမျှ ဖြစ်သွားမည်ဟု သူက တွေးထင်ခဲ့သည်။ သူ ဤသို့ ပြုလုပ်လိုခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူက “ငါတို့အားလုံး တူညီသောအစာကို စားကြသည်၊ တစ်နေရာတည်းတွင် နေထိုင်ကြပြီး ငါတို့အားလုံး အတူတူပင် ဆက်ဆံခြင်း ခံရသည်။ သင်သည် မြန်ဆန်စွာ အလုပ်လုပ်ဖို့အတွက် မည်သည့်လုပ်ပိုင်ခွင့်ရှိပါသနည်း။ အကယ်၍ သင်သည် လျင်မြန်စွာ အလုပ်လုပ်ပါက အခြားသူများကို အဘယ်ကြောင့် မကူညီသနည်း” ဟု စဉ်းစားခဲ့သည်။ ငါ့ကို ပြောကြလော့၊ ဤအရာကို ကြားပြီးနောက်တွင် လူတို့သည် မည်သို့ ခံစားကြရသနည်း။ “မြန်ဆန်စွာ အလုပ်လုပ်ခြင်းက အပြစ်တစ်ခု ဖြစ်သည်။ ငါတို့အနေဖြင့် မည်သည့်အခါမျှ မြန်ဆန်စွာ အလုပ်မလုပ်သင့်ဟု ထင်ရသည်၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှုတွင် ငါတို့အတွက် မည်သည့်ကောင်းကျိုးမျှ ရှိမည်မဟုတ်ပါ။ မြန်ဆန်စွာအလုပ်လုပ်ခြင်းက မကောင်းသကဲ့သို့ တက်ကြွခြင်းသည်လည်း မကောင်းပါ။ နှေးကွေးခြင်းသည်သာ မျှတပေသည်” ဟူ၍ ဖြစ်သည်။ အထက်က ထိုခေါင်းဆောင်ကို “နှေးကွေးစွာ အလုပ်လုပ်သောသူတို့နှင့် ပတ်သက်၍ကော အဘယ်သို့နည်း။ သင် သူတို့ကို ဆုချီးမြှင့်ပါသလော” ဟု မေးခဲ့သည်။ ထိုခေါင်းဆောင်မှာ အကျပ်ရိုက်သွားသော်လည်း သူသည် နားဝေတိမ်တောင်ဖြစ်မနေခဲ့ပေ။ သူက “မဟုတ်ပါ၊ ကျွန်ုပ် သူတို့ကို ဆုမချီးမြှင့်နိုင်ပါ။ သို့ရာတွင် လျင်မြန်စွာ အလုပ်လုပ်သော ထိုလူကိုမူ အပြစ်ပေးသင့်ပါသည်။ ညီအစ်ကိုမောင်နှမများအားလုံးက သူ့ကို အပြစ်ပေးရန် လိုအပ်သည်ဟု ဆိုကြသည်” ဟု ပြောခဲ့သည်။ ယင်းမှာ သူ ပြောခဲ့သောစကားစု ဖြစ်သည်။ ငါ့ကို ပြောကြလော့၊ ဤစကားစုသည် ညီအစ်ကိုမောင်နှမများကို အမှန်တကယ် ကိုယ်စားပြုပါသလော၊ သို့မဟုတ် ခေါင်းဆောင်ကိုယ်တိုင်ကို ကိုယ်စားပြုပါသလော။ (ခေါင်းဆောင်ကိုယ်တိုင်ကို ကိုယ်စားပြုပါသည်။) ညီအစ်ကိုမောင်နှမများကို ဘေးဖယ်ထားကြပါစို့၊ သူတို့အထဲတွင် နားဝေတိမ်တောင်ဖြစ်သော လူအမျိုးမျိုး ရှိကြသည်၊ သမ္မာတရားကို မချစ်သောသူများ၊ မရိုးဖြောင့်သောပုံစံဖြင့် စကားပြောသောသူများ၊ တစ်ကိုယ်ကောင်းဆန်ပြီး မိမိအကျိုးသာကြည့်သောသူများ၊ ငြင်းခုံမှုများကို လှုံ့ဆော်သောသူများ၊ စည်းမျဉ်းများမရှိဘဲ စကားပြောသောသူများနှင့် ကိုယ်ကျင့်တရားအခြေခံမရှိဘဲ ပြုမူသောသူများ ဖြစ်သည်။ သူတို့အထဲတွင် မည်သို့သော လူစားမျိုးကို ရှာမတွေ့နိုင်သနည်း။ သို့ဆိုလျှင် အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ တာဝန်မှာ အဘယ်နည်း။ သြဇာလွှမ်းမိုးမှုရှိသော ညီအစ်ကိုမောင်နှမများအတွက် စကားပြောရန်၊ ဤကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများနှင့် ဆိုးယုတ်သော ကျင့်ကြံပြုမူမှုများကို ခုခံကာကွယ်ရန်မှာ သူ၏ တာဝန်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူ၏ တာဝန်မှာ အဘယ်နည်း။ ညီအစ်ကိုမောင်နှမများအကြား လွဲမှားခြင်းနှင့် သွေဖည်ခြင်းဆိုင်ရာ ပြဿနာများကို သူတွေ့ရှိသောအခါ ဤပြဿနာများကို သမ္မာတရားအသုံးပြု၍ ဖြေရှင်းရန်မှာ သူ၏ တာဝန်ဖြစ်သည်၊ သို့မှသာ ထိုလူတို့သည် မည်သည့်နေရာ၌ ပြဿနာများ ရှိသည်ကို နားလည်နိုင်မည်ဖြစ်ပြီး သူတို့၏ အခြေအနေများနှင့်ပတ်သက်သော ပြဿနာများကို နားလည်နိုင်မည်ဖြစ်ကာ သူတို့အား မိမိတို့ကိုယ်ကို သိရှိပြီး သမ္မာတရားကို နားလည်စေရန်၊ သူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ တာဝန် မဟုတ်လော။ (ဟုတ်ပါသည်။) သူ ထိုတာဝန်ကို ဖြည့်ဆည်းခဲ့ပါသလော။ သူသည် ထိုတာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့သည်သာမက ထိုကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများနှင့် ဆိုးယုတ်သော ကျင့်ကြံပြုမူမှုများကိုပင် အားပေးခဲ့ပြီး အသင်းတော်ထဲ၌ ထိုအရာများပေါက်ဖွားပျံ့နှံ့ခြင်းကို ကာကွယ်ခြင်း၊ လှုံ့ဆော်ခြင်းနှင့် လွှတ်ပေးထားခြင်းတို့ပင် ပြုခဲ့သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောကြလော့၊ အထက်က ဤသို့ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားရှိသော လူတစ်ဦးကို ပြုပြင်ကာဖော်ထုတ်ပြီးနောက် သူသည် မိမိစိတ်နှလုံးထဲ၌ အာခံလိမ့်မည်လော။ (အာခံပါလိမ့်မည်။) သေချာပေါက် အာခံလိမ့်မည်ဖြစ်သည်။ သူသည် အထက်က ပေးအပ်ထားသော စည်းမျဉ်းများအတိုင်း လူတို့ကို မျှတစွာ ဆက်ဆံလိမ့်မည်လော။ လုံးဝ ဆက်ဆံလိမ့်မည်မဟုတ်။ သူပြောခဲ့သော စကားများမှနေ၍ သူသည် လုံးလုံးလျားလျား စဉ်းလဲကြောင်းကို သင်တို့ သိမြင်နိုင်သည်။ နောက်ပိုင်းတွင် ငါ့ဘာသာ တွေးမိသည်မှာ၊ “အကယ်၍ လျင်မြန်စွာ အလုပ်လုပ်သောသူတို့ အပြစ်ပေးခံရမည်ဆိုလျှင် မည်သူသည် လျင်မြန်စွာ အလုပ်လုပ်ဝံ့လိမ့်မည်နည်း။ လူတိုင်းသည် လိပ်များလောက် နှေးကွေးလာကြလိမ့်မည်ဖြစ်ပြီး သုံးရက်ကြာအောင် လှည့်ပတ်နေသည့်တိုင် မြစ်ကမ်းပါးပေါ်သို့ မတက်နိုင်ဘဲ ဖြစ်နေကြလိမ့်မည်” ဟူ၍ ဖြစ်သည်။ ယင်းမှာ အမှုအရာများ ဖြစ်လိမ့်မည်ပုံစံ မဟုတ်လော။ လူတို့ကို မျှတစွာ ဆက်ဆံနိုင်စွမ်းမရှိခြင်းအပြင် ဤခေါင်းဆောင်၏ အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံးသော လက္ခဏာသွင်ပြင်၊ လူတို့ကို အများဆုံး အထင်အမြင်မှားစေနိုင်သည့် လက္ခဏာသွင်ပြင်တစ်ခုမှာ ညီအစ်ကိုမောင်နှမများက မည်သည့်မကောင်းသည့်အရာများကို ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် မည်သည့်မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော ရှုထောင့်အမြင်များကို ၎င်းတို့ ဖြန့်ဝေသည်ဖြစ်စေ သူသည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ပြုပြင်ပေးရန် ပျက်ကွက်ရုံသာမက ၎င်းတို့ကို အလိုလိုက်ခြင်း၊ အကာအကွယ်ပေးခြင်းနှင့် ၎င်းတို့ ကျေနပ်အောင်ပင် ကြိုးစားခြင်းတို့ ဖြစ်သည်။ သူသည် အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် အလွန့်အလွန် အန္တရာယ်ရှိပေသည်။ ဤသည်မှာ ထိုခေါင်းဆောင်ပြောခဲ့သော တတိယစကားစု ဖြစ်သည်။

စတုတ္ထစကားစုကို ဆက်ကြပါစို့။ ထိုခေါင်းဆောင် ကြီးကြပ်သော အသင်းတော်သို့ ငါ မကြာခဏ သွားလည်ပတ်လေ့ရှိပြီး သူတို့သည် ထိုနေရာ၌ ကြက်အချို့ကို ထိန်းသိမ်းထားကြသည်။ ငါ သွားရောက်လည်ပတ်သည့်အခါတိုင်းတွင် သူသည် ကြက်တစ်ကောင်ကို သတ်လေ့ရှိသည်။ တစ်နေ့တွင် ကြက်တစ်ကောင်ကို ကြက်စွပ်ပြုတ်အဖြစ် ချက်ပြုတ်မည်၊ နောက်တစ်နေ့တွင် ကြက်တစ်ကောင်ကို အနီရောင် ကြက်ချိုကြော်လုပ်မည်၊ နောက်တစ်နေ့တွင် ကြက်တစ်ကောင်ကို ကြက်သားမီးခိုးတိုက် ချက်မည်။ အကယ်၍ ငါသည် ထိုနေရာသို့ နေ့စဉ် သွားနေမည်ဆိုလျှင် ထိုကြက်အုပ်သည် ရက်အနည်းငယ်အတွင်း ကုန်ကောင်းကုန်သွားနိုင်သည်ဟု ငါ တွေးထင်မိသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ကြက်တစ်ကောင်ကို ချက်ပြုတ်သောအခါ တစ်ခါတစ်ရံ ငါသည် ကြက်သားတုံးတစ်တုံး စားမည်ဖြစ်ပြီး တစ်ခါတစ်ရံ မည်သည့်အရာမျှ မစားချင်သော်လည်း ထိုလူတို့သည် မည်သို့ပင်ဖြစ်စေ ယင်းကို စားသုံးကြကာ အကြိမ်တိုင်း ကြက်တစ်ကောင်လုံး ကုန်သွားလေသည်။ နောက်ပိုင်းတွင် ငါ ဤသို့ ဆင်ခြင်မိသည်၊ အကယ်၍ ငါ သွားရောက်လည်ပတ်သည့်အခါတိုင်း ကြက်တစ်ကောင်လုံး ကုန်သွားမည်ဆိုလျှင် သူတို့၌ ကြက်မည်မျှပင် ရှိစေကာမူ ထိုသို့ စားသုံးခြင်းခံရသဖြင့် ကြာရှည်ခံမည် မဟုတ်ပေ။ သို့ဖြစ်၍ ငါသည် ထိုခေါင်းဆောင်အား သူ့အနေဖြင့် ကြက်များကို နောက်ထပ် သတ်နေ၍မဖြစ်တော့ကြောင်း ပြောခဲ့သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်လျော်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် ဤအရာက သူ့ကို အမှန်ပင် အကျပ်ရိုက်စေခဲ့သည်။ သူက “အကယ်၍ ကျွန်ုပ်တို့ ကြက်များ မသတ်နိုင်လျှင်၊...” ဟု ဆိုလျက် မေးခွန်းထုတ်လာခဲ့သည်။ သူ နောက်ဆက်တွဲ မေးခဲ့သည့်အရာကို သင်တို့ မသိကြပေ။ နောက်ဆုံးတွင် မည်သည့်အရာကို သူ မရဲတရဲ ပြောထွက်ခဲ့သနည်း။ “သို့ဆိုလျှင် သင် အဘယ်အရာ စားလိုပါသနည်း” ဟူ၍ ဖြစ်သည်။ ငါက “ကြက်များမှလွဲ၍ စားစရာ အခြားမည်သည့်အရာမျှ မရှိသလော။ ဥယျာဉ်ခြံထဲတွင် ဟင်းသီးဟင်းရွက်များ ပြည့်နေသည် မဟုတ်လော။ ထိုအရာများထဲမှ မည်သည့်အရာကိုမဆို ငါစား၍ အဆင်ပြေပါသည်” ဟု ပြောခဲ့သည်။ သူဆိုလိုသည်မှာ အကယ်၍ ကြက်များကို သူတို့သတ်ခွင့် မရှိပါက ငါသည် အသားတစ်ခုခုကို စားသုံးရန် လိုအပ်ဦးမည် ဟူ၍ ဖြစ်သည်။ သူက “စာနာတတ်” သူတစ်ဦး မဟုတ်လော။ ငါက “မည်သည့်အသားနည်း။ အကယ်၍ သင့်မှာ ဟင်းသီးဟင်းရွက်တွေ ရှိလျှင် ငါ အသားစားမည်မဟုတ်ပါ။ ကြက်များကိုသတ်ဖို့ သင့်ကို ငါ မပြောလျှင် မသတ်ပါနှင့်” ဟု ပြောခဲ့သည်။ ဤသည်မှာ နားလည်ရန် လွယ်ကူသင့်သည် မဟုတ်လော။ (လွယ်ကူသင့်ပါသည်။) သို့သော် သူ၏ အခြေအနေတွင်မူ ယင်းမှာ အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။ ကြက်များကို သတ်၍မရခြင်းသည် သူ့ကို အမှန်ပင် သက်သောင့်သက်သာ မရှိစေခဲ့ပေ၊ သူသည် နတ်ပူးနေသော လူတစ်ဦးကဲ့သို့ အလွန် ထူးဆန်းစွာ ပြုမူလာခဲ့သည်။ ထိုတစ်ကြိမ်တွင် သူသည် ကြက်သား မစားနိုင်ခဲ့သည့်အတွက်၊ နောက်တစ်ကြိမ် ငါ သွားရောက်လည်ပတ်သောအခါ နောက်ထပ် မေးခွန်းတစ်ခုကို သူ မေးခဲ့ပြီး ယင်းက ကျွန်ုပ်တို့ကို ပဉ္စမစကားစုဆီသို့ ဆိုက်ရောက်စေသည်။ သူ၏ မေးခွန်းများက မည်သို့ ပိုပိုပြီး ရယ်စရာကောင်းလာသည်ကို နားထောင်ကြည့်ကြလော့။ မေးခွန်းမှာ အဘယ်နည်း။ သူက “ကြက်များကို ကျွန်ုပ်တို့ သတ်၍မရသည့်အတွက်၊ ပြီးလျှင် ယုန်များကိုလည်း ကျွန်ုပ်တို့ မွေးမြူထားသည့်အတွက် ထိုအစားသင် ယုန်သား စားမည်လော” ဟု ပြောခဲ့သည်။ ထိုအရာက ငါ့ကို အမှန်ပင် ဒေါသထွက်စေခဲ့သည်။ ငါက “ငါတို့ မွေးထားသည့် ယုန်လေးများက သူတို့၏ မျက်လုံးနီနီရဲရဲလေးများနှင့် ဖြူစွတ်နေသည့် အမွေးများဖြင့် အလွန်ချစ်စရာကောင်းသည်။ သူတို့သည် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြသည်။ သင်သည် အဘယ်ကြောင့် အမြဲ အသားစားဖို့ စဉ်းစားနေသနည်း။ အသားမစားဘဲ မနေနိုင်သလော”ဟု ပြောခဲ့သည်။ ငါ နားမလည်ခဲ့။ သူတို့၏ မီးဖိုချောင်တွင် အသား တစ်ခါမျှ ပြတ်လပ်ခြင်း မရှိခဲ့ပေ။ ကြက်ပေါင်များနှင့် ဝက်နံရိုးများ မကုန်မခမ်းနိုင်အောင် ရှိနေခဲ့သည်။ သူ့အတွက် စားစရာအသား မရှိသကဲ့သို့ မဟုတ်ခဲ့ပေ၊ သို့ဖြစ်၍ သူသည် ယုန်များသတ်ခြင်းနှင့် ယုန်သားစားခြင်းအကြောင်း အဘယ်ကြောင့် ဆက်လက်၍ မေးမြန်းနေခဲ့သနည်း။ ငါက ဤစကားများဖြင့်သာ ပြန်လည်ချေပခဲ့သည်၊ “သူတို့ကို သင် သတ်ခွင့်မရှိပါ။ ဤသတ်ဖြတ်မှုအားလုံးက မည်သည့်အရာအတွက်နည်း” ဟူ၍ ဖြစ်သည်။ ငါ ဤသို့ တုံ့ပြန်သည်ကို သူ မြင်သောအခါ သူသည် ပြုပြင်ခံရမည်ကို ကြောက်ရွံ့လာပြီး နောက်ထပ် မည်သည့်မေးခွန်းကိုမျှ မမေးဝံ့တော့ပေ။ ထို့နောက်တွင် သူသည် မည်သည့်အစားအစာများကို ပြင်ဆင်ခဲ့သနည်း။ ဇွန်လနှင့် ဇူလိုင်လ ရာသီအတောအတွင်းတွင် ဥယျာဉ်ထဲ၌ အသီးအရွက်အမျိုးမျိုး ရှိနေခဲ့သည်၊ ဟင်းရွက်စိမ်းများနှင့် အသီးများသီးသော ဟင်းသီးဟင်းရွက်များ ပေါများနေခဲ့သည်။ တစ်နေ့တွင် ထိုခေါင်းဆောင်သည် စားပွဲတစ်လုံးအပြည့် ဟင်းပွဲများ ပြင်ဆင်ခဲ့သည်။ အဘယ်အရာ သူ ပြင်ဆင်ခဲ့သနည်း။ ပဲပင်ပေါက်ကြော်၊ ပဲပိစပ်ပင်ပေါက်ဟင်းချို၊ ငါးနှင့်ချက်ထားသော တို့ဟူး၊ ပဲစိမ်းနှင့် ကြက်ဥကြော်၊ မှိုခြောက်ကြော်တို့ ဖြစ်သည်၊ စားပွဲပေါ်တွင် ဟင်းရွက်စိမ်း ဟင်းသီးဟင်းရွက် တစ်ရွက်မျှပင် မရှိခဲ့ပေ။ ထိုခြောက်သွေ့သော ဟင်းပွဲအားလုံးကို ငါ တစ်ချက် ကြည့်လိုက်သည်။ ရာသီဥတုအရ လတ်ဆတ်သော အရာတစ်ခုခု လိုအပ်သော်လည်း သူ ပြင်ဆင်ထားသော အစားအစာများမှာ ရာသီဥတုနှင့် လုံးဝ မကိုက်ညီပေ။ ဤလူသည် ကောက်ကျစ်ဆိုးယုတ်နေသည် မဟုတ်လောဟု ငါ တွေးထင်မိသည်။ ဥယျာဉ်ထဲ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ရှိနေခဲ့သည်။ အဘယ်ကြောင့် ဟင်းရွက်စိမ်းအချို့ကို သူ မပြုလုပ်ခဲ့သနည်း။ အဆုံးတွင် သူ့ကို အမြန်ဆုံး ထုတ်ပစ်သင့်သည်ဟု ငါ ပြောခဲ့သည်။ သူကဲ့သို့သော လူတစ်ဦးက ချက်ပြုတ်ခြင်းကို ကြီးကြပ်ပါက လူတို့သည် ရာသီအလိုက် အစားအစာများကို မည်သည့်အခါမျှ စားသုံးရမည် မဟုတ်ပေ။ ထိုအစား သူတို့သည် ရာသီဥတုနှင့် မကိုက်ညီသော အစားအစာများကို အမြဲတမ်း စားသုံးကြရမည်ဖြစ်သည်။ ယင်းမှာ ပုံမှန်ဟုတ်ပါသလော။ ယင်းမှာ လုံးဝ ပုံမှန်မဟုတ်ပေ။

ဤခေါင်းဆောင်မေးခဲ့သော မေးခွန်းများနှင့် သူ၏ ချက်ပြုတ်ပုံချက်ပြုတ်နည်းမှတစ်ဆင့်၊ ပထမဦးစွာ သူ၏အကျင့်စရိုက်သည် ညံ့ဖျင်းကြောင်း၊ ဒုတိယအနေဖြင့် သူသည် ကောက်ကျစ်ဆိုးယုတ်ပြီး တိတ်တဆိတ်အန္တရာယ်ပြုတတ်သော စိတ်သဘောထားရှိကြောင်း၊ တတိယအနေဖြင့် သူသည် သမ္မာတရားကို မလိုက်စားကြောင်း ငါ သတိပြုမိခဲ့သည်။ သို့ရာတွင် မမျှော်လင့်ထားသည့်အရာတစ်ခု ရှိခဲ့သည်၊ ယင်းကို ထူးဆန်းသည်ဟုပင် သင် ခေါ်ဆိုနိုင်သည်။ အတိတ်ကာလတွင်၊ ဤအသင်းတော်၌ ရွေးကောက်ပွဲတစ်ခု ရှိသည့်အခါတိုင်း၊ သူသည် မဲအများဆုံး ရရှိခဲ့ပြီး ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲများတွင်ပင်၊ မဲအများဆုံးကို သူရရှိနေဆဲ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးက အကြိမ်ကြိမ် မဲအရေအတွက်အများဆုံး ရရှိနေခြင်းမှာ အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ ဤအရာအတွက် နှစ်ဖက်စလုံး၌ အကြောင်းရင်းများ ရှိနေခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအတွက် နှစ်ဖက်စလုံး၌ အကြောင်းရင်းများ ရှိခဲ့သည်။ အဓိကအကြောင်းရင်းများမှာ အဘယ်နည်း။ တစ်ဖက်တွင် ညီအစ်ကိုမောင်နှမအများစုသည် သမ္မာတရားကို လိုက်စားခြင်း သို့မဟုတ် နားလည်ခြင်း မရှိကြသကဲ့သို့ လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း ကင်းမဲ့ခဲ့ကြသည်။ အခြားတစ်ဖက်တွင် ဤအသင်းတော်ခေါင်းဆောင်သည် လူတို့ကို အလွန့်အလွန် အထင်အမြင်မှားစေနိုင်စွမ်း ရှိခဲ့သည်။ ဤလူက မည်သူဖြစ်ကြောင်းကို သင်တို့ မသိကြ၊ သူ လုပ်ဆောင်ခဲ့သည့်အရာကို သင်တို့ မမြင်ကြရသေးသည့်အပြင် မမြင်ကွယ်ရာတွင် သူသည် မည်သည့်လူစားမျိုးဖြစ်ကြောင်း သင်တို့ မသိကြပေ။ သို့သော် သူပြောခဲ့သော စကားစုငါးခုနှင့်အတူ ငါ ပြောပြီးသော ကိစ္စရပ်များကို အခြေခံ၍ သူသည် မည်သည့် လူစားမျိုးဖြစ်သည်ဟု သင်တို့ ဆိုကြမည်နည်း။ သူသည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ရန် သင့်တော်ပါသလော။ (မသင့်တော်ပါ။) သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများက သူ့ကို အဘယ်ကြောင့် ဆက်လက်၍ ရွေးကောက်နေခဲ့ကြသနည်း။ အကြောင်းမှာ သူ၌ နည်းဗျူဟာများရှိပြီး ဤလူတို့ကို အထင်အမြင်မှားစေခဲ့သောကြောင့် ဖြစ်သည်။ သူသည် အပေါ်ယံအားဖြင့် ထင်မြင်ရသလောက် လုံးဝ ရိုးသားဖြူစင်ပြီး လက်တွေ့ကျသူတစ်ဦး မဟုတ်ခဲ့ပေ။ သူ့တွင် နည်းဗျူဟာများ သေချာပေါက်ရှိခဲ့သည်။ နောက်ပိုင်းတွင် ထိုအသင်းတော်၌ ခေါင်းဆောင်တစ်ဦးအဖြစ် ပြုမူဆောင်ရွက်ရန် သင့်တော်သောလူများ မရှိကြောင်းနှင့် ဤရာထူး၌ အမှုထမ်းရန် အခြားတစ်စုံတစ်ဦးကို စေလွှတ်သင့်ကြောင်း ငါ ပြောခဲ့သည်။ သို့သော် လူအချို့ကနားမလည်ခဲ့ကြပေ။ ဤခေါင်းဆောင်ကို ညီအစ်ကိုမောင်နှမများက ရွေးချယ်ခဲ့ခြင်းမဟုတ်ဟု သူတို့ ခံစားခဲ့ကြသည်။ “ညီအစ်ကိုမောင်နှမများ” ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို ကိုယ်စားပြုပါသလော။ ဤသည်မှာ သူတို့ကို အဓိပ္ပာယ်ဖွင့်ဆိုသည့်ပုံစံ ဖြစ်သလော။ (မဟုတ်ပါ။) ညီအစ်ကိုမောင်နှမများက စုပေါင်း၍ တောင်းဆိုချက်တစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ထင်မြင်ယူဆချက်နှင့် အဆိုတစ်ခုကို ဖန်တီးသောအခါ ဤအရာများသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီပါသလော။ ဘုရားသခင်သည် သူတို့၏ ပြဿနာများကို ထည့်သွင်းစဉ်းစားပြီး သူတို့ကို ဦးစွာ ဂရုစိုက်သင့်ပါသလော။ ဘုရားသခင်က ဤသို့ လုပ်ဆောင်၍ရသလော။ (လုပ်ဆောင်၍မရပါ။) သို့ဆိုလျှင် သူတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ဤညီအစ်ကိုမောင်နှမများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ သူတို့အများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြသည်၊ ကြိုးပမ်းကာ အလုပ်လုပ်လိုစိတ် ရှိကြသည်။ သို့သော် သမ္မာတရားကို မလိုက်စားကြပေ။ သူတို့သည်သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ ကင်းမဲ့ကြသည်၊ သူတို့သည် မိုက်မဲကြ၏၊ ထုံထိုင်းကြ၏၊ ဉာဏ်ထိုင်းကြသည်၊ လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် အမှုအရာများကို ရိပ်စားမိနိုင်စွမ်း မရှိသည့်အပြင် တစ်ကိုယ်ကောင်းဆန်ပြီး မိမိအကျိုးသာကြည့်တတ်ကြသည်။ သူတို့သည် ကောင်းသော ရည်ရွယ်ချက်အချို့ ပိုင်ဆိုင်ပြီး ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ရန်၊ မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် ကြိုးစားအားထုတ်ရန် လိုလားနေကြသော်လည်း သူတို့၏ သေနိုင်လောက်သော အားနည်းချက်မှာ အဘယ်နည်း။ သူတို့သည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် လက်မခံကြပေ။ သူတို့သည် “ကျွန်ုပ်ကို ကျွေးမွေးသောသူ မည်သူမဆို ကျွန်ုပ်၏ မိခင်ဖြစ်ပြီး ကျွန်ုပ်ကို ငွေပေးသောသူ မည်သူမဆို ကျွန်ုပ်၏ ဖခင်ဖြစ်သည်” ဟူသည့်အရာကို လိုက်နာစောင့်ထိန်းကြသည်။ သူတို့အပေါ် ကောင်းသောသူ သို့မဟုတ် သူတို့အတွက် အကျိုးရှိသောသူ၊ သူတို့ကိုယ်စား စကားပြောပြီး သူတို့ကို ကာကွယ်ပေးသောသူ မည်သူမဆိုသည် သူတို့ ရွေးချယ်သောသူ ဖြစ်သည်။ အကယ်၍ ထိုသို့သောလူများကို မိမိတို့၏ ကိုယ်ပိုင်ခေါင်းဆောင်အား ရွေးချယ်ခွင့်ပေးမည်ဆိုပါက၊ သူတို့သည် ခေါင်းဆောင်ကောင်းတစ်ဦးကို ရွေးကောက်တင်မြှောက်နိုင်မည်လော။ ရွေးကောက်နိုင်မည် မဟုတ်ပေ။ သူတို့သည် မိမိတို့၏ အသက်ဝင်ရောက်မှု၌ တိုးတက်မှုတစ်ခုတလေ ပြုလုပ်နိုင်မည်လော။ အကယ်၍ အထက်က သူတို့ကို အလွန်တစ်ဇွတ်ထိုးလုပ်ခွင့်ပြုပြီး အလွန် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုမူခွင့် ဆက်ပေးနေမည်ဆိုလျှင် ယင်းမှာ တာဝန်မဲ့ခြင်း ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် နားဝေတိမ်တောင် ဖြစ်ခဲ့ကြသော်လည်း အထက်ကမူ ထိုသို့မဟုတ်ပေ၊ ဤလူတို့ ရွေးချယ်ခဲ့သော ခေါင်းဆောင်ကို ဖယ်ရှားပြီး အခြားတစ်စုံတစ်ဦးဖြင့် အစားထိုးခဲ့သည်။ ဤလူတို့သည် ခေါင်းဆောင်သစ်ကို လက်ခံလိုစိတ် မရှိခဲ့ကြသော်လည်း ထိုလူက တကယ့်အလုပ်အချို့ကို လုပ်ဆောင်နိုင်သရွေ့ လူတို့ကို အထင်အမြင်မှားစေခဲ့သော ထိုအယောင်ဆောင်ခေါင်းဆောင်ထက် များစွာ ပို၍ကောင်းပေသည်။ ဤညီအစ်ကိုမောင်နှမများသည် အထက်၏ စီစဉ်မှုကို နားမလည်ခဲ့ကြသော်လည်း သူတို့အနေဖြင့် သမ္မာတရားအချို့ကို သဘောပေါက်ပြီး အမှုအရာများကို နားလည်မှုအချို့ ရှိလာသောတစ်နေ့ ရောက်လာလိမ့်မည်ဖြစ်ပြီး ထို့အခါတွင် မည်သူက ကောင်းပြီး မည်သူက ဆိုးကြောင်းကို သူတို့ သိရှိလာကြလိမ့်မည်။ ဤသို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် အထက်သည် သူတို့အတွက် လုံးဝ တာဝန်ယူနေခဲ့ခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်ပါသလော။ (သင့်လျော်ပါသည်။) သူတို့ နားမလည်ခဲ့ကြသော်လည်း သူတို့အလိုရှိသော မည်သူ့ကိုမဆို ရွေးကောက်တင်မြှောက်ရာ၌ မိမိတို့သဘောအတိုင်း ပြုလုပ်ခွင့် သူတို့ကို ပေး၍မရပေ။ သူတို့ ပုန်ကန်လိုကြသလော။ အကယ်၍ သူတို့သည် မကောင်းမှုပြုလုပ်လိုလျှင်၊ စာတန်၏ ကြံရာပါများ ဖြစ်လာလိုလျှင် လုံးဝ ဖျက်ဆီးခြင်း ခံရလိမ့်မည်။ သို့ဖြစ်၍ အထက်က သူတို့အတွက် ဆုံးဖြတ်ချက်ချပြီး အခြားခေါင်းဆောင်တစ်ဦးကို ရွေးကောက်တင်မြှောက်ပေးခဲ့သည်။ သို့သော် ဤအရာကို သူတို့ လက်မခံခဲ့ကြပေ။ သူတို့ ရွေးချယ်ခဲ့သော ထိုလူက သင့်တော်သည်ဟု သူတို့ အခိုင်အမာ ဆိုခဲ့ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်နေခြင်း မဟုတ်လော။ အဘယ်ကြောင့် ထိုသူ့ ကောင်းသည်ဟု သူတို့အမြဲတမ်း ထင်နေကြသနည်း။ ထိုသူနှင့်ပတ်သက်၍ အဘယ်အရာများ အလွန် ကောင်းမွန်နေသနည်း။ အဘယ်ကြောင့် သူတို့သည် သူ့ကို ထိန်းသိမ်းထားရန် ထိုမျှ စိတ်ပိုင်းဖြတ်ထားကြသနည်း။ ထိုနေရာ၌ ပြဿနာတစ်ခု ရှိပေသည်။ သူတို့သည် သတိမထားမိလိုက်ဘဲ ဤအယောင်ဆောင်ခေါင်းဆောင်၏ အထင်အမြင်မှားစေခြင်းနှင့် အန္တရာယ်ပြုခြင်းတို့ကို ခံခဲ့ကြရသည်။ သူတို့သည် အမှန်ပင် လူနုံလူအတစ်သိုက် ဖြစ်ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ငါ ပြောဆိုခြင်း ပြီးဆုံးလေပြီ။ ငါတို့သည် ဤအယောင်ဆောင်ခေါင်းဆောင်ကဲ့သို့သော လူတို့ကို ဤအကြောင်းအရာအတွင်း၌ စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဆန်းစစ်ရန်အတွက် စံပြုလောက်သော ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကြသည်၊ ဤသို့ပြုလုပ်ခြင်းသည် သင့်တင့်လျောက်ပတ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ စိတ်သဘောထားများထဲရှိ ကောက်ကျစ်ဆိုးယုတ်ခြင်းကိုယ်၌က စံပြုလောက်ပေသည်။

အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်အတွင်းရှိ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယနှင့်ပတ်သက်လာသည့်အခါ၊ ဤတိကျသော ဥပမာများကို ပေါင်းစပ်ခြင်းမှတစ်ဆင့်၊ ၎င်းတို့ကို ဆန်းစစ်လေ့လာပြီး နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ ဤအကြောင်းအရာသည် သင့်အတွက် ပို၍ ရှင်းလင်းလာပြီလော။ ငါယခုတင် ဆွေးနွေးခဲ့သော ဤလူသည် အနာဂတ်တွင် သမ္မာတရားကို လိုက်စားနိုင်ခြင်း ရှိမရှိဟူသည်မှာ မသိရပေ။ ထိုအရာသည် ပြောရန် ခက်ခဲပြီး ယခု မည်သည့်ကောက်ချက်ကိုမျှ ကျွန်ုပ်တို့ ဆွဲမည်မဟုတ်။ သို့ရာတွင် အချက်တစ်ချက်မှာ သေချာပါသည်၊ သူ၏ စိတ်သဘောထား၊ အနှစ်သာရနှင့် သဘာဝအားလုံး ကောက်ကျစ်ဆိုးယုတ်ခဲ့သည်။ သို့ဆိုလျှင် သူ အဘယ်အရာကို ချစ်မြတ်နိုးခဲ့သနည်း။ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးခဲ့ပါသလော။ ဘုရားသခင် ပြောဆိုခဲ့သော သမ္မာတရားအမျိုးမျိုးကို သူ ချစ်မြတ်နိုးခဲ့ပါသလော။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်း၊ အခြားသူများကို မျှတစွာ ဆက်ဆံခြင်း၊ စည်းမျဉ်းများဖြင့် ပြုမူခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့ကို သူ ချစ်မြတ်နိုးခဲ့ပါသလော။ သူသည် ဤအရာများကို ချစ်မြတ်နိုးခဲ့ပါသလော။ သူသည် ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ မချစ်မြတ်နိုးခဲ့ပေ၊ ဤသည်မှာ တစ်ရာရာခိုင်နှုန်း သေချာပါသည်။ သူပြောခဲ့သော ဤစကားစုအနည်းငယ်နှင့် သူမေးခဲ့သော ဤမေးခွန်းအနည်းငယ်မှတစ်ဆင့်၊ သူ၏ စိတ်နှလုံးအတွင်းနှင့် သူ၏ အရိုးများထဲ၌ သူချစ်မြတ်နိုးခဲ့သော အရာများက ပေါ်လွင်သွားခဲ့သည်။ ထိုအရာများထဲတွင် အပြုသဘောဆောင်သော အရာများနှင့် ကိုက်ညီသည့် အရာတစ်ခုမျှ မရှိခဲ့ပေ။ သူနှစ်သက်ပြီး ကာကွယ်ပေးလိုစိတ်ရှိခဲ့သော လူများမှာ မည်သူများ ဖြစ်သနည်း။ သူသည် မကောင်းမှုပြုသောသူများ၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သောသူများ၊ သစ္စာစောင့်သိမှု လုံးဝကင်းမဲ့ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ မကောင်းမှုများစွာတွင် ပါဝင်ပတ်သက်သောသူများကို ကာကွယ်ခဲ့သည်။ သူသည် ထိုသို့သောလူများကို အမျက်ဒေါသဖြင့် သို့မဟုတ် မုန်းတီးခြင်းဖြင့် မရှုမြင်ခဲ့ပေ၊ သူတို့အတွက်ပင် ထောက်ခံပြောဆိုပေးပြီး ကာကွယ်ပေးခဲ့သည်။ ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ သူတို့က တစ်မျိုးတစ်စားတည်းဖြစ်ကြသည်ကို ညွှန်ပြပေသည်။ သူတို့တွင်တူညီသော အကျိုးစီးပွားများနှင့် တူညီသော အနှစ်သာရ ရှိကြသည်။ သူတို့သည် ပင်ကိုအားဖြင့် အချင်းချင်း သဘောတူညီမှုရှိကြပြီး ဆိုးရွားသော အမျိုးအစားတစ်ခုတည်းရှိသည့် လူနှစ်ဦး ဖြစ်ကြသည်။ အချို့သော ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အယူအဆများနှင့် အထင်လွဲမှားမှုများကို ဆက်လက်ထားရှိသောအခါ ဤခေါင်းဆောင် မည်သို့ ခံစားခဲ့သနည်း။ ဤပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ သူသည် ဝန်ထုပ်ထမ်းသလော။ (မထမ်းပါ။) သူသည် ဤဝန်ထုပ် မထမ်းခဲ့ပေ။ ဤပြဿနာများကို သူ မဖြေရှင်းခဲ့ သို့မဟုတ် ဤကိစ္စရပ်များကို အာရုံမစိုက်ခဲ့ပေ၊ သူသည် ယင်းတို့ကို မသိကျိုးကျွန်ပြုခဲ့သည်။ တစ်စုံတစ်ယောက်က ဘုရားသခင်၏ နာမတော်ကို ဂုဏ်သရေညှိုးစေသောအခါ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ ဖျက်လိုဖျက်ဆီးလုပ်သောအခါ၊ တစ်စုံတစ်ယောက်က သစ္စာစောင့်သိမှု ကင်းမဲ့ပြီး မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သောအခါ၊ သို့မဟုတ် မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး နှောင့်ယှက်မှုနှင့် ဖျက်ဆီးမှုကို ဖြစ်ပေါ်စေသောအခါ၊ သို့မဟုတ် အပျက်သဘောဆောင်မှုကို ဖွင့်ထုတ်ပြီး အယူအဆများကို ဖြန့်ဝေသောအခါ ဤအရာများထဲမှ တစ်ခုခုကို ပြဿနာအဖြစ် သူ သတ်မှတ်နိုင်ခဲ့ပါသလော။ သူသည် ယင်းတို့ကို ပြဿနာများအဖြစ် မသတ်မှတ်နိုင်ခဲ့ပေ။ သူက “ဤပြဿနာများ တည်ရှိနေခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ မည်သူသည် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ချက်များ မရှိဘဲ နေသနည်း”ဟု တွေးခဲ့သည်။ သူသည် အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုနေခဲ့သနည်း။ ထိုလူတို့သည် ဤသို့ ပြုမူရမည်ဖြစ်ပြီး ထိုသို့ဖြင့် သူသည် ထိုမျှ ဆိုးရွားပုံပေါ်မည်မဟုတ်၊ သူသည် “ပုန်းကွယ်” နိုင်ပြီး “အကာအကွယ်ပေးခြင်း” ခံရမည်ဟု သူ သွယ်ဝိုက်ညွှန်းဆိုနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤလူတို့သည် အဆက်မပြတ် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေခဲ့ပြီး သူသည် ၎င်းတို့ကို မကိုင်တွယ်ခဲ့ပေ။ ဤအရာကို အခြေခံ၍ ငါ့ကို ပြောကြလော့၊ သူ၌ တရားမျှတစိတ် ရှိခဲ့ပါသလော။ သူသည် သမ္မာတရားကို ချစ်မြတ်နိုးခဲ့ပါသလော။ ဘုရားအိမ်တော်ကို သူ မည်သည့် နေရာမျိုးအဖြစ် မှတ်ယူခဲ့သနည်း။ သူသည် ဘုရားအိမ်တော်ကို ရိုးသားသောလူများ၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိသောလူများ၊ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် မိမိတို့၏ နေရာကို သိသောလူများဖြင့် ပြည့်စေရန် အလိုမရှိခဲ့ပေ။ သူသည် လူတိုင်းအား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့စေချင်ခဲ့၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ့ကို သက်သေမခံစေချင်ခဲ့ပေ။ ဘုရားအိမ်တော်ရှိ လူတိုင်းက ထိုသို့ဖြစ်လျှင် သူ မနှစ်သက်ချေ။ သို့ဆိုလျှင် သူ နှစ်သက်ခဲ့သည့်အရာမှာ အဘယ်အရာ ဖြစ်သနည်း။ လူတိုင်း မိမိအကျိုးအတွက်သာ ဆက်သွယ်မှုများ ပြုလုပ်ကြခြင်း၊ အချင်းချင်း၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြခြင်း၊ အခြားမည်သူ့ကိုမျှ မထိခိုက်စေခြင်း သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်၏ လျှို့ဝှက်ချက်များကိုမျှ မဖော်ထုတ်ခြင်းတို့ကို သူ နှစ်သက်ခဲ့သည်။ လူတိုင်းက အချင်းချင်း ကာကွယ်ပြီး ခိုလှုံခွင့်ပေးသည်ကို သူနှစ်သက်ခဲ့သည်၊ အခြားသူများ ပြုလုပ်ခဲ့သော မကောင်းမှုတစ်ခုခုကို ပြင်ပလူများမသိအောင် ဖုံးကွယ်ထားပြီး တစ်စုတစ်စည်းတည်း ပြုမူဆောင်ရွက်ကြသည်ကို သူနှစ်သက်ခဲ့သည်။ ယင်းမှာ သူ နှစ်သက်ခဲ့သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ယောက်က အခြားတစ်ဦး၏ မကောင်းမှုများနှင့် စစ်မှန်သော အခြေအနေများကို လူသိရှင်ကြား ထုတ်ဖော်ပြီး ဤအရာများကို လူသိရှင်ကြား ဖြစ်စေကာ တိုက်ရိုက်ပြောဆိုပြီး လူတိုင်းအား ၎င်းတို့အကြောင်း သိစေသောအခါ သူသည် ထိုသို့သော လုပ်ရပ်များကို မုန်းတီးပြီး စက်ဆုပ်ရွံရှာခဲ့သည်။ မကောင်းမှုများကို ဖုံးကွယ်ပြီး ဖုံးဖိထားသည့်အခါ၊ မုသားများ ဖော်ထုတ်ခြင်းမခံရသည့်အခါတွင်လည်းကောင်း၊ လှည့်ဖြားမှု၌ ပါဝင်ပတ်သက်သူ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေသူ မည်သူမဆို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းခြင်း မခံရသည့်အခါတွင်လည်းကောင်း သူ နှစ်သက်ခဲ့သည်။ သူ ကြီးကြပ်သော အသင်းတော်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် မည်သည့်အရာ ဖြစ်လာခဲ့သနည်း။ ယင်းတို့သည် အနှစ်မဲ့သော စကားများ ဖြစ်လာခဲ့ပြီး အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို သူက ဟန့်တားပိတ်ဆို့ခဲ့သောကြောင့် ဖြစ်သည်။ သူသည် ၎င်းတို့ကို ဖြတ်တောက်တားဆီးသည့် အဆီးအတားတစ်ခုဖြစ်လာခဲ့သည်။ ဤသည်မှာ အန္တိခရစ်များက မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ အချက်အလက်များကို လွဲချော်စေခြင်း၊ အချို့သော နည်းဗျူဟာများကို အသုံးပြုခြင်းနှင့် အခြားသူများကို အရူးလုပ်ပြီး လှည့်စားရန် အချို့သော အကြံအစည်များနှင့် ပရိယာယ်များ၌ ပါဝင်ပတ်သက်ခြင်းတို့အားဖြင့် ထုတ်ဖော်သည့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။