အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း တစ်
ဖြည့်စွက်ချက်- လက်ဆောင်များ
ဤမိတ်သဟာယ၏ အဓိကအကြောင်းအရာကို ငါ ဆက်၍ မဆွေးနွေးမီ ဇာတ်လမ်းတစ်ခုကို ပြောပြမည်။ မည်သည့်ဇာတ်လမ်းမျိုး ငါပြောပြသင့်သနည်း။ အကယ်၍ ထိုဇာတ်လမ်းသည် လူတို့အပေါ် သက်ရောက်မှုမရှိလျှင် သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သောသူတို့အား အသက်ဝင်ရောက်မှု၊ ဘုရားသခင်ကို သိကျွမ်းခြင်းတို့နှင့်ပတ်သက်၍ တည်ဆောက်မှုမပေးလျှင် သို့မဟုတ် အကျိုးမပြုလျှင် ထိုဇာတ်လမ်းကို ပြောပြခြင်းသည် အကျိုးမရှိတော့ပေ။ ဇာတ်လမ်းတစ်ခုကို ငါ ပြောမည်ဆိုလျှင် ထိုဇာတ်လမ်းသည် ယင်းကိုယ်၌ပင် အတော်အတန် တည်ဆောက်စရာ ဖြစ်ရမည်။ ယင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိရန် လိုအပ်သည်။ သို့ဖြစ်၍ ယနေ့ ဤဇာတ်လမ်း နားထောင်ကြည့်ပြီး ယင်းသည် သင်တို့အတွက် တည်ဆောက်စရာဖြစ်ကာ အထောက်အကူပြုနိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ကြလော့။ အချို့ဇာတ်လမ်းများမှာ အဖြစ်မှန်များ ဖြစ်ကြစဉ်တွင် အခြားဇာတ်လမ်းများမှာမူ တကယ့်ဖြစ်ရပ်မှန်များမှ အတုခိုးထားသော လုပ်ကြံဖန်တီးမှုများ ဖြစ်ကြသည်။ ယင်းတို့သည် မမှန်ကန်သော်လည်း ဘဝ၌ မကြာခဏ တွေ့မြင်ရတတ်သဖြင့် လက်တွေ့အရှိတရားနှင့် ကင်းကွာနေခြင်းမျိုး မဟုတ်ပေ။ ယင်းတို့သည် လုပ်ကြံဖန်တီးထားသည်ဖြစ်စေ၊ မဖန်တီးထားသည်ဖြစ်စေ၊ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ မဖြစ်ပျက်ခဲ့သည်ဖြစ်စေ အားလုံးသည် လူတို့၏ဘဝနှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိကြသည်။ သို့ဖြစ်လျှင် ထိုသို့သော ဇာတ်လမ်းများကို သင်တို့အား အဘယ်ကြောင့် ပြောပြရသနည်း။ (ကျွန်ုပ်တို့ သမ္မာတရားကို နားလည်နိုင်ကြစေရန်အလို့ငှာ ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းတို့မှနေ၍ သင်တို့ သမ္မာတရားကို၊ လက်တွေ့ဘဝ၌ လူတို့သိရှိရန် ခက်ခဲသော သမ္မာတရားအချို့ကို နားလည်နိုင်ကြစေရန် ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူတို့၏ သိမြင်မှုကို လက်တွေ့အရှိတရားသို့ နီးစပ်အောင် ဆောင်ကြဉ်းပေးရန်လည်းကောင်း၊ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့် ဘုရားသခင်ကို နားလည်ဖို့ ပို၍ လွယ်ကူစေရန်လည်းကောင်း ဇာတ်လမ်းပြောခြင်းကို ငါတို့ အသုံးပြုကြစို့။
ငါသည် လူတို့နှင့် အချိန်ကာလကြာမြင့်စွာ များစွာ ထိတွေ့ဆက်ဆံသည့်အခါ ထူးဆန်းပြီး ရယ်စရာကောင်းသော ဖြစ်ရပ်များသည် မလွဲမသွေ ဖြစ်လာတတ်သည်။ ဤဇာတ်လမ်းသည် ယခုနှစ် နွေဦးရာသီတွင် ဖြစ်ပွားခဲ့သည်။ ဆောင်းရာသီ ဆုတ်ခွာ၍ နွေဦးရာသီသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရာသီဥတုသည် တဖြည်းဖြည်း ပို၍ အအေးလျော့လာခဲ့ပြီး အပင်အမျိုးမျိုးတို့သည် နေရောင်ခြည်နှင့် မိုးရေတို့ဖြင့် တစ်နေ့တခြား ကြီးထွားလျက် အညှောက်ပေါက်လာခဲ့ကြသည်။ ထိုအပင်များထဲမှ အချို့သည် အလေ့ကျပေါက်သောအပင်များ ဖြစ်ပြီး အချို့မှာ စိုက်ပျိုးထားသော အပင်များ ဖြစ်ကြသည်။ တိရစ္ဆာန်များစားသုံးရန် အပင်များ၊ လူသားများစားသုံးရန် အပင်များနှင့် တိရစ္ဆာန်ရော လူသားပါ စားသုံးနိုင်သော အပင်များ ရှိခဲ့သည်။ ယင်းသည် စိမ်းလန်းစိုပြည်ပြီး သက်ဝင်လှုပ်ရှားနေသော ရှုခင်းဖြစ်သည့် နွေဦးရာသီအချိန်၏ မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ ဤနေရာမှ ဇာတ်လမ်းစတင်လေသည်။ တစ်နေ့တွင် ငါသည် အထူးလက်ဆောင်တစ်ခုကို အံ့အားသင့်စွာ လက်ခံရရှိခဲ့သည်။ မည်သည့် လက်ဆောင်မျိုးဖြစ်သနည်း။ အလေ့ကျပေါက် အရွက်တစ်အိတ် ဖြစ်သည်။ ငါ့ကို ပေးသောသူက “ဒါကတော့ ‘ကျိချိုက်’ ပါပဲ။ စားလို့ရပြီး ကိုယ်တော်၏ ကျန်းမာရေးအတွက် ကောင်းပါသည်။ ကိုယ်တော် ကြက်ဥနှင့် မွှေကြော်ကြော်စား၍ရသည်” ဟု ပြောသည်။ ကောင်းပေပြီ။ ထို့နောက် ငါသည် ယခင်က ငါဝယ်ထားသည့် ကျိချိုက် နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်၊ ထိုသို့ပြုလုပ်ပြီး မကြာမီမှာပင် ပြဿနာတစ်ခု ပေါ်လာတော့သည်။ မည်သည့်အရာဖြစ်မည်ကို သင်တို့ ခန့်မှန်းနိုင်ကြသလော။ ငါသည် ‘ထူးဆန်းသောအရာ’ တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ မည်သည့်ထူးဆန်းသောအရာ ဖြစ်သနည်း။ နိုင်ငံခြားမှ ကျိချိုက် အရွက်သည် တရုတ်ပြည်မှ ကျိချိုက် အရွက်နှင့် ပုံပန်းသဏ္ဌာန် မတူပေ။ ဤနေရာတွင် တစ်ခုခုမှားနေသလော။ (မှားနေပါသည်။) အကယ်၍ ယင်းသည် အတူတူပင်ဖြစ်ခဲ့ပါက ပုံပန်းသဏ္ဌာန် တူညီသင့်သည်၊ သို့ဖြစ်၍ ပုံပန်းသဏ္ဌာန် မတူကြောင်း တွေ့ရှိရာတွင် ပထမဆုံး စိတ်ထဲပေါ်လာသည့် အရာမှာ အဘယ်အရာ ဖြစ်မည်နည်း။ ဤသည်မှာ ကျိချိုက် ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ ငါ သေချာမသိနိုင်ခဲ့ပေ။ ထိုသူအား အကြောင်းစုံကို ငါမေးမြန်းရန် လိုအပ်မည် မဟုတ်လော။ သို့ဖြစ်၍ နောက်ပိုင်းတွင် ငါသည် သူ့ထံသွား၍ “ဤသည်မှာ ကျိချိုက် အရွက် ဖြစ်ကြောင်း သင်သေချာသလော” ဟု မေးခဲ့သည်။ သူသည် ဤသည်ကို စဉ်းစားဆင်ခြင်ပြီးနောက် “အိုး၊ ဤအရာက ကျိချိုက် ဟုတ်မဟုတ် ကျွန်ုပ် မသေချာပါ” ဟု ပြန်ပြောသည်။ သူ မသေချာလျှင်၊ ငါ့အား မည်သို့ဖြစ်ပြီး သူ လက်ဆောင်ပေးနိုင်ခဲ့သနည်း။ ငါ့အား အဘယ်ကြောင့် ပေးဝံ့ခဲ့သနည်း။ ကံကောင်းစွာဖြင့် ငါသည် ယင်းကို ဤအတိုင်း မစားခဲ့ပေ။ နှစ်ရက်ကြာပြီးနောက် ယင်းသည် အမှန်တကယ်ပင် ကျိချိုက် မဟုတ်ကြောင်း ငါသေချာသွားခဲ့သည်။ ထိုသူက အဘယ်သို့ ပြောခဲ့သနည်း။ သူက “ဤအရာ ကျိချိုက် မဟုတ်သည်ကို ကိုယ်တော် မည်သို့ သိရှိသွားသနည်း။ ကျွန်ုပ် မသေချာသော်လည်း ထားလိုက်ပါတော့။ မစားပါနှင့်” ဟု ပြောသည်။ ထိုသို့သောအရာကို စားသုံး၍ ရနိုင်သေးသလော။ (မရနိုင်ပါ။) ယင်းကို စားသုံး၍ မရနိုင်ပေ။ ငါက “သင် မသေချာသော်လည်း သင်က အလွန်ကြင်နာသည့်အတွက် ကျွန်ုပ် စွန့်စားပြီး စားလိုက်ပါမည်” ဟု ပြောလျှင် အဆင်ပြေသလော။ (မပြေနိုင်ပါ။) ထိုသို့ပြုမူခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် မိုက်မဲမည်လော။ (မိုက်မဲမည်ဖြစ်ပါသည်။) ဟုတ်သည်၊ ဤသည်မှာ မိုက်မဲခြင်းပင် ဖြစ်သည်။ ကံအားလျော်စွာပင် ငါသည် ယင်းကို မစားသုံးခဲ့ဘဲ အမှုအရာများကို ငါ ထပ်မံ၍ စူးစမ်းခြင်း မပြုတော့သဖြင့် ထိုကိစ္စကို ဤမျှသာ ထားလိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် လယ်ကွင်းများတွင် အလေ့ကျပေါက်သောအပင် မျိုးစုံတို့သည် စတင်ပေါက်ရောက်လာကြသည်။ ရှည်သောအပင်၊ ပုသောအပင်၊ ပန်းပွင့်သောအပင်၊ ပန်းမပွင့်သောအပင်၊ အရောင်အသွေးစုံလင်ပြီး ပုံသဏ္ဌာန် အမျိုးမျိုးရှိသော အပင်များ ဖြစ်ကြသည်။ ယင်းတို့သည် အရေအတွက် တိုးပွားလာပြီး တစ်နေ့တခြား ပို၍ထူထပ်လာကာ ပို၍ပင် ပုံပန်းသဏ္ဌာန်ကျလာကြသည်။ တစ်နေ့တွင် ငါသည် နောက်ထပ် လက်ဆောင်အိတ်တစ်လုံးကို လက်ခံရရှိခဲ့သည်၊ သို့သော် ဤတစ်လုံးမှာ ကျိချိုက် အိတ်မဟုတ်ပေ။ ထိုအစား ‘တရုတ်ဒေါန’ များ ပါရှိပြီး ယခင်လက်ဆောင်ပေးသူထံမှပင် ဖြစ်သည်။ သူသည် နောက်ထပ်အိတ်တစ်လုံးကို ကြင်နာစွာ ပေးပို့ခဲ့ပြီး ထိုအိတ်နှင့်အတူ “ဤအရာကို စားကြည့်ပါ။ တရုတ်ဒေါနရွက်ဖြစ်သည်။ အအေးမိခြင်းကို ပျောက်ကင်းစေပြီး ကိုယ်တော် ကြက်ဥနှင့်လည်း မွှေကြော်ကြော်စားလို့ရသည်” ဟူသော ညွှန်ကြားချက်များလည်း ပါရှိသည်။ ငါ ကြည့်လိုက်သည်။ ဤသည်မှာ နှစ်အလိုက် ပေါက်သော ဒေါန မဟုတ်လော။ တရုတ်ဒေါနသည် တရုတ်ပြည်၏ နေရာဒေသများစွာတွင် တွေ့ရှိရပြီး ယင်း၏အရွက်များတွင် အထူးမွှေးရနံ့တစ်ခု ရှိသည်၊ သို့သော် ထိုသူပို့လိုက်သည့်အရာမှာ ထိုသို့မဟုတ်ပေ။ ယင်းကို တရုတ်ဒေါနအဖြစ် မည်သို့ အသိအမှတ်ပြု၍ ရနိုင်မည်နည်း။ အရွက်များမှာ အနည်းငယ် ဆင်တူသော်လည်း တရုတ်ဒေါန ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ ငါ့ကို ပေးသောသူအား ငါမေးကြည့်ရာ၊ သူက မသိဟု ပြောသည်။ ဤသို့ပြောခြင်းဖြင့် သူက လုံးလုံးလျားလျား ခေါင်းရှောင်လိုက်လေသည်။ သူက ဤသို့မေးလေသည်။ “ကိုယ်တော် ဘာလို့ အခုထိ တစ်ခုမျှ မစားသေးသနည်း။ ဤအရာ မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် မသေချာသော်လည်း ကိုယ်တော် အချို့ကို စားရမည်။ အချို့ကို ကျွန်ုပ် စားပြီးဖြစ်ကာ တကယ်ကို အရသာရှိသည်” ဟူ၍ ဖြစ်သည်။ သူ မသေချာသော်လည်း ငါ့ကို စားရန် တိုက်တွန်းနေသည်။ ငါ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဟု သင်တို့အားလုံးက ထင်ကြသနည်း။ ငါသည် ယင်းကို မဖြစ်မနေ စားသင့်သလော။ (မစားသင့်ပါ။) ယင်းကို အသေအချာပင် မစားသုံးခဲ့သင့်ပေ၊ အကြောင်းမှာ ယင်းကို ပေးပို့သောသူသည်ပင် မည်သည့်အရာ ဖြစ်သည်ကို မသိသောကြောင့် ဖြစ်သည်။ အကယ်၍ ငါသည် အရဲစွန့်ပြီး အသစ်အဆန်းတစ်ခုခုကို မြည်းစမ်းကြည့်ရန် စားသုံးလိုက်လျှင် ဘာမှမဖြစ်ကောင်း ဖြစ်မည်မဟုတ်၊ အကြောင်းမှာ ယင်းကို စားသုံးဖူးသူက အဆင်ပြေမည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အဆင်ပြေသည်ဟု ထင်မြင်ပြီး မသိနားမလည်ဘဲ စားသုံးခြင်းသည် မည်သည့်ဆောင်ရွက်ပုံနည်းလမ်းဖြစ်သနည်း။ ယင်းသည် အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ခြင်း မဟုတ်လော။ မည်သို့သော လူစားမျိုးသည် ထိုသို့သော အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်သနည်း။ ကြမ်းတမ်းပြီး မဆင်မခြင်နိုင်သော သူတစ်ဦးသာလျှင် ဤသို့ပြုလုပ်လိမ့်မည်။ “ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါ။ အနည်းနှင့်အများ တော်လောက်ပါသည်” ဟု ထင်သောသူမျိုး ဖြစ်သည်။ ငါ ဤသို့ပြုလုပ်သင့်သည်ဟု သင်တို့ ထင်ကြသလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်သနည်း။ စားစရာများ အလွန်ပေါများလှသည်၊ အဘယ်ကြောင့် မသိကျွမ်းသော အပင်တစ်မျိုးကို စားသုံးရန် စွန့်စားရမည်နည်း။ အစာခေါင်းပါးသော ကာလများတွင် အမှန်တကယ် စားစရာမရှိတော့သည့်အခါ စားသုံးကြည့်ရန် အလေ့ကျပေါက် အရွက်အမျိုးမျိုးကို တူးဖော်နိုင်ပြီး အန္တရာယ်အချို့ကိုလည်း စွန့်စားနိုင်သည်။ ဤသို့သော အခြေအနေများတွင် မသိကျွမ်းသော အပင်တစ်မျိုးကို စားသုံးနိုင်မည်ဖြစ်သည်။ သို့သော် ယခုသည် ထိုသို့သော အခြေအနေများထဲမှ တစ်ခုဖြစ်သလော။ (မဟုတ်ပါ။) သင်စားသုံးနိုင်သော အရာများ အလွန်ပေါများလှသည်၊ သို့ဖြစ်လျှင် အလေ့ကျပေါက် အရွက်စိမ်းများကို အဘယ်ကြောင့် တူးဖော်နေရမည်နည်း။ မမြင်နိုင်၊ မထိတွေ့နိုင်သကဲ့သို့ စိတ်ကူးယဉ်မျှသာဖြစ်သော အကျိုးအမြတ် အနည်းငယ်အတွက် စွန့်စားရန် လိုအပ်ပါသလော။ (မလိုအပ်ပါ။) သို့ဖြစ်၍ ငါသည် ယင်းကို မစားသုံးရန် ဆုံးဖြတ်ခဲ့သည်။ ကံအားလျော်စွာ ငါသည် ယင်းကို မစားသုံးခဲ့သကဲ့သို့ အမှုအရာများကို ထပ်မံ၍လည်း ငါစူးစမ်းခြင်းမပြုတော့သည့်အပြင် ထိုကိစ္စကိုလည်း ဤမျှသာ ထားလိုက်တော့သည်။
အချိန်အတန်ငယ် ကြာပြီးနောက် ထိုသူသည် ငါ့ကို နောက်ထပ် လက်ဆောင်တစ်ခု ပေးခဲ့သေးသည်။ ဤသည်မှာ တတိယအကြိမ် ဖြစ်သည်။ ဤတစ်ကြိမ် လက်ဆောင်မှာ အတော်ပင် ထူးခြားသည်။ ယင်းသည် မြေကြီးမှ ပေါက်ရောက်ခဲ့ခြင်း မဟုတ်သကဲ့သို့ သစ်ပင်ပေါ်မှ သစ်သီးလည်း မဟုတ်ပေ။ ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ စက္ကူအိတ်တစ်ခုထဲတွင် သေသပ်စွာ ထုပ်ပိုးထားသော ငှက်ဥနှစ်လုံးဖြစ်ပြီး အိတ်ပေါ်တွင် “ဘုရားသခင်အတွက် ငှက်ဥများ”ဟု ရေးသားထားသည်။ ရယ်စရာကောင်းသည် မဟုတ်လော။ စက္ကူအိတ်ကို ငါ ဖွင့်လိုက်သည့်အခါ ဥနှစ်လုံး၏ အခွံများတွင် လှပသော အရောင်များရှိသည်ကို ငါ တွေ့လိုက်ရသည်။ ယခင်က ဤကဲ့သို့သော အရာမျိုးကို ငါ တစ်ခါမျှ မမြင်ဖူးသောကြောင့် မည်သည့်ငှက်အမျိုးအစားက ဥထားသည်ကို ငါ မပြောနိုင်ခဲ့ပေ။ အင်တာနက်ပေါ်တွင် အချက်အလက်များကို ရှာဖွေကြည့်ရန် ငါ စဉ်းစားမိသော်လည်း မည်သည့် သဲလွန်စမျှ ငါ ရှာ၍မရခဲ့ပေ၊ အကြောင်းမှာအလားတူ ပုံစံနှင့် အရောင်ရှိသည့် ဥများစွာ ရှိနေသဖြင့် အရွယ်အစားနှင့် အရောင်ကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသတ်မှတ်ရန် နည်းလမ်းမရှိသောကြောင့် ဖြစ်သည်။ ထိုငှက်ဥများသည် မည်သည့်ငှက်အမျိုးအစား၏ ဥများဖြစ်သည်ကို ထိုသူအား ငါ မေးမြန်းရာတွင် တစ်စုံတစ်ရာ အကျိုးရှိမည်ဟု သင်တို့ထဲမှ တစ်ဦးတလေက တွေးထင်သလော။ (မတွေးထင်ပါ။) အဘယ်ကြောင့် မတွေးထင်ရသနည်း။ (သူလည်း သိမည်မဟုတ်ပါ။) သင်တို့ မှန်းဆကြသည့်အတိုင်းဖြစ်၏။ သူလည်း သိမည်မဟုတ်ပေ။ ထို့ကြောင့် ငါ သူ့ကို မမေးခဲ့ပေ။ အကယ်၍ ငါ မေးခဲ့ပါက သူ့ကို ငါ စိတ်မကောင်း ဖြစ်စေမည်ဖြစ်ပြီး သူက “ငါသည် အလွန် စေတနာထားပြီး ဂရုစိုက်နေသော်လည်း ကိုယ်တော်က ကျွန်ုပ်ကို သံသယဝင်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ကိုယ်တော်က ယင်းတို့ကို အင်တာနက်ပေါ်တွင် ရှာဖွေရန် လိုအပ်ရသနည်း။ ကျွန်ုပ်က ကိုယ်တော်စားဖို့ ပေးသည့်အတွက် စားသာစားလိုက်ပါလော့” ဟူ၍ တွေးခဲ့လိမ့်မည်ဖြစ်သည်။ ငါသည် ထိုဥများကို စားခဲ့သင့်သည် သင်တို့ ထင်သလော။ သို့မဟုတ် မစားသင့်ဟု သင်တို့ထင်သလော။ (စားသင့်သည်ဟု မထင်ပါ။) အကယ်၍ သူက ထိုဥကို သင်တို့အား ပေးခဲ့ပါက သင်တို့ စားခဲ့ကြမည်လော။ (စားမည်မဟုတ်ပါ။) ငါလည်း စားမည်မဟုတ်။ ဤဥများသည် ငှက်များ ပေါက်ဖွားရန်နှင့် မျိုးပွားရန်အတွက် ဖြစ်သည်။ ယင်းတို့ကို စားခြင်းသည် ရက်စက်ရာကျမည် မဟုတ်လော။ (ရက်စက်စရာကျပါမည်။) ငါ ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ပါ၊ ထို့ကြောင့် ငှက်ဥများ ကိစ္စကိုလည်း ထိုအတိုင်းသာ ထားလိုက်သည်၊ သို့သော် ထိုသို့သောအရာများက ဆက်လက်၍ ဖြစ်ပျက်နေခဲ့သည်။
တစ်နေ့တွင် ငါသည် တစ်နေရာရှိ လက်ရန်းတစ်ခုပေါ်တွင် အခြောက်လှန်းထားသော တရုတ်ဒေါနနှင့်တူသည့် နှစ်စဉ်ပေါက် ဒေါနအချို့ကို တွေ့ရှိခဲ့ရာ ညီအစ်မတစ်ဦးအား ယင်းကို မည်သည့်အရာအတွက် အသုံးပြုသည်ကို ငါ မေးမြန်းခဲ့သည်။ သူက “ဤသည်မှာ အရင်တစ်ခေါက်က ကိုယ်တော့်ကို ထိုလူပေးခဲ့သည့် တရုတ်ဒေါန အမျိုးအစားနှင့် တူတူပင်ဖြစ်သည် မဟုတ်လော။ တရုတ်ဒေါနသည် အစိုဓာတ်ကို ဖယ်ရှားနိုင်ပြီး အအေးမိခြင်းကို ပျောက်ကင်းစေနိုင်သည်။ ကိုယ်တော်သည် အအေးဒဏ်ကို မခံနိုင်သူ မဟုတ်လော။ ယင်းကို အခြောက်ခံပြီးသည်နှင့် အအေးမိခြင်းကို ပယ်ရှားရန်အတွက် ရေနွေးဖြင့် ကိုယ်တော် ခြေထောက်စိမ်ရာတွင် အသုံးပြုရန် သိမ်းဆည်းထားမည်ဟု ထိုလူ ပြောခဲ့သည်”ဟု ပြန်ပြောသည်။ ယင်းကို ကြားရသည့်အခါ ငါ၏ တုံ့ပြန်မှုမှာ မည်သို့ဖြစ်မည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ စကားစုတစ်ခုတည်းဖြစ်သည်။ (အာစေးမိသွားသည်။) မှန်ပေသည်။ ငါ အာစေးမိသွားခဲ့သည်။ ဤသို့သော အခြေအနေများတွင် ဤလူသည် မည်မျှ ဂရုစိုက်တတ်ကြောင်းကိုလည်းကောင်း၊ သူသည် အမှန်တကယ်ပင် အထူးကြိုးစားအားထုတ်ခဲ့ကြောင်းကိုလည်းကောင်း ငါ ပြန်လည်သုံးသပ်ခဲ့သင့်သည် မဟုတ်လော။ ငါ မည်သို့ဖြစ်၍ အာစေးမိသွားခဲ့ရသနည်း။ ဤလူသည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်က အကြိမ်အနည်းငယ် သိမြင်နားလည်မှု မရှိခဲ့ဘဲ ထို့နောက်တွင် “ကျွန်ုပ်က ကိုယ်တော့်ကို အရွက်စိမ်းများနှင့် ဥများ စားသုံးရန် ပေးခဲ့သော်လည်း ကိုယ်တော်က ၎င်းတို့ကို မစားသုံးခဲ့ပါ၊ ထို့ကြောင့် ငါ၏ ကြိုးပမ်းမှုများ အချည်းနှီး မဖြစ်စေရန်အလို့ငှာ ကိုယ်တော် ခြေထောက်ရေနွေးစိမ်ရန် တရုတ်ဒေါနအချို့ကို ငါ အခြောက်လှန်းပေးခဲ့သည်” ဟု ပြောဆိုသည့်အလား သူ၏ လုပ်နည်းကိုင်နည်းကို ပြောင်းလဲခဲ့ခြင်းသာ ဖြစ်သည်။ ဤမြင်ကွင်းကို ထောက်ရှု၍ ငါသည် အမှန်တကယ်ပင် အာစေးမိသွားခဲ့သည်။ နောက်ပိုင်းတွင် ငါက ယခုအခါ ဆေးဆိုင်များစွာတွင် တရုတ်ဒေါနကို သိုလှောင်ထားကြောင်း၊ သင်အလိုရှိသလောက် ဝယ်ယူနိုင်ကြောင်း၊ ယင်းသည် ထုပ်ပိုးမှုအမျိုးမျိုးဖြင့် လာကြောင်း၊ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုပြင်ထားကြောင်း အခြားသူတစ်ဦးကို ပြောပြနေခဲ့သည်။ ယင်းသည် ထိုသူ ငါ့ကို ပေးပို့ခဲ့သည့်အရာထက် များစွာ ပိုကောင်းသည်၊ သို့ဖြစ်၍ ယင်းကို လမ်းဘေးမှ ခူးဆွတ်ပြီးနောက် နေပူတွင် အခြောက်လှန်းရန် လက်ရန်းများပေါ်တွင် တင်ထားခြင်းသည် အချည်းနှီး ကြိုးပမ်းမှုတစ်ခု မဟုတ်လော။ အကယ်၍ သူက ယင်းကို အခြောက်လှန်းပြီး ငါ့ကို ပေးပါက ငါ လိုချင်မည်ဟု သင် ထင်သလော။ (မထင်ပါ။) ငါ မလိုချင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ လက်ရန်းများပေါ်တွင် ဒေါနရွက်တစ်ခုတလေမျှ မရှိတော့ပေ။ အကြောင်းမှာ ငါ ပြောခဲ့သည့်အရာကို သူ ပြန်ကြားသွားခဲ့ပြီး သူက ထိုအရွက်ကို မပို့တော့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် လယ်ကွင်းထဲ၌ အလေ့ကျပေါက်သောအရွက်စိမ်းများ ပိုမိုများပြားလာသည့်အခါ ထိုအရွက်များကို ရှားပါးသည်ဟု မမှတ်ယူကြတော့ခြင်းဖြစ်ရမည်။ ထို့ကြောင့် မည်သူကမျှ ငါ့ကို အလေ့ကျပေါက်သော အရွက်စိမ်းများ ပေးပို့ခြင်း မပြုတော့ပေ။ ပြီးလျှင် ထိုအချိန်အတောအတွင်း ငှက်ဥများသည်လည်း သားပေါက်သွားပြီးဖြစ်၍ နောက်ထပ် စုဆောင်း၍ မရနိုင်တော့ဟု ငါ ထင်သည်၊ ထို့ကြောင့် ယခုအချိန်ထိ ငါသည် နောက်ထပ် ငှက်ဥများ သို့မဟုတ် အလေ့ကျပေါက်သော အရွက်စိမ်းများကို လက်ခံရရှိခြင်း မရှိတော့ပေ။ ယင်းမှာ ငါ၏ ဇာတ်လမ်းဖြစ်သည်။
စုစုပေါင်းအားဖြင့် ဇာတ်လမ်းထဲတွင် ဖြစ်ရပ်လေးခု ရှိခဲ့ပြီး အားလုံးမှာ ငါ့ထံသို့ ပစ္စည်းများ ပေးပို့ခြင်းနှင့် သက်ဆိုင်သည်။ နှစ်ခုမှာ အမည်မသိ အလေ့ကျပေါက်သော အရွက်စိမ်းများ ပေးပို့ခြင်းနှင့် သက်ဆိုင်သည်၊ တစ်ခုမှာ အမည်မသိ ငှက်ဥများ ပေးပို့ခြင်းနှင့် သက်ဆိုင်ပြီး နောက်တစ်ခုမှာ နေလှန်းထားသော “တရုတ်တိုင်းရင်းဆေး” နှင့် သက်ဆိုင်သည်။ ဤအရာများအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ဖြစ်ရပ်များ ကိုယ်၌အရ ယင်းတို့ကို ကြားသိရပြီးနောက် သင်တို့သည် ထင်မြင်ချက်တစ်ခုတလေ ရှိခဲ့လျှင် ယင်းတို့မှာ အဘယ်နည်း။ ယင်းတို့ထဲတွင် သင်တို့ နားလည်သင့်သော သို့မဟုတ် ယူမှတ်သင့်သော တစ်စုံတစ်ရာ၊ သင်တို့ သင်ယူသင့်သော သင်ခန်းစာ တစ်စုံတစ်ရာ ရှိသလော။ သင်တို့ နားထောင်နေစဉ်တွင် သင်တို့အားလုံး မည်သည့်အရာကို စဉ်းစားနေခဲ့ကြသနည်း။ ငါ ပြန်ပြောပြခဲ့သည့် အရာများသည် သီးသန့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဦးတည်ခဲ့သလော။ သေချာပေါက် မဟုတ်ပေ။ သို့သော်ငြားလည်း အကယ်၍ ယင်းတို့သည် သီးသန့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဦးတည်ခဲ့ခြင်း မဟုတ်ပါက အဘယ်ကြောင့် ယင်းတို့အကြောင်းကို ငါ ပြောဆိုနေရသနည်း။ ယင်းသည် အဓိပ္ပာယ်ရှိသလော။ သို့မဟုတ် အချည်းနှီးဖြစ်သော စကားမျှသာ ဖြစ်ပါသလော။ (မဟုတ်ပါ။) သင်တို့က ယင်းကို အချည်းနှီးဖြစ်သော စကားအဖြစ် မယူဆသည့်အတွက် ငါ အဘယ်ကြောင့် ပြောဆိုနေသည်ကို သင်တို့ သိကြသလော။ ဤလူသည် အဘယ်ကြောင့် ထိုသို့သော အမှုအရာများကို လုပ်ဆောင်ခဲ့သနည်း။ သူ့ အပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ သူ၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ ဤနေရာတွင် ပြဿနာများမှာ အဘယ်နည်း။ ယင်းတို့ကို ဆက်စပ်အကြောင်းအရာဖြင့် ဖော်ပြရန် လိုအပ်သလော။ အကယ်၍ သင်တို့သည် လူတို့ကိုလည်းကောင်း၊ ဖြစ်ရပ်များ ကိုယ်၌၏ သဘောသဘာဝကိုလည်းကောင်း လက်တွေ့ဘဝနှင့်ချိန်ထိုးပြီး ထိုးထွင်းသိမြင်လျှင် သမ္မာတရားကို သင်တို့ နားလည်နိုင်ပေလိမ့်မည်။ ဤအမှုအရာများကို လုပ်ဆောင်ခဲ့သော ထိုလူ၌ ကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သည်ဟု သင်တို့ ထင်သလော။ သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သည်ဟု သင်တို့ ထင်သလော။ (ကောင်းသော ရည်ရွယ်ချက်များရှိခဲ့ပါသည်။) ဦးစွာပထမအနေဖြင့် အချက်တစ်ချက်မှာ သေချာသည်။ သူသည် စေတနာကောင်း ရှိခဲ့သည်။ သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းနေသနည်း။ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သင်က ဂရုစိုက်တတ်သည်ဟု အဓိပ္ပာယ်ရသလော။ (ရချင်မှ ရပေမည်။) အကယ်၍ ကောင်းမွန်သော ရည်ရွယ်ချက်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန်အတွက် တစ်စုံတစ်ဦး၏ ကြံရွယ်ချက်ဖြစ်ပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မသန့်ရှင်းမှုသည် သေချာပေါက် ကင်းမဲ့သလော။ ကင်းမဲ့ခြင်း မရှိပါ။ သို့ဆိုလျှင် သင်တို့အားလုံးကို ငါ မေးသည်၊ အကယ်၍ သင်သည် သင်၏ မိဘများအပေါ် ရိုသေပြီး နာခံပါက အဘယ်ကြောင့် ၎င်းတို့ စားသုံးရန် ဤအရာများကို မပေးပို့သနည်း။ သို့မဟုတ် အကယ်၍ သင်သည် သင်၏ အထက်လူကြီးများနှင့် ခေါင်းဆောင်များကို နှစ်သက်ပြီး ဂရုစိုက်ပါက အဘယ်ကြောင့် ၎င်းတို့ စားသုံးရန် ဤကဲ့သို့သော အရာများကို မပေးသနည်း။ အဘယ်ကြောင့် သင်သည် ထိုသို့ပြုလုပ်ရန် မဝံ့မရဲဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ တစ်စုံတစ်ခု မှားယွင်းသွားမည်ကို သင် ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၊ သင်၏ ခေါင်းဆောင်များနှင့် သင်၏ အထက်လူကြီးများအား ထိခိုက်နစ်နာစေမည်ကို ကြောက်ရွံ့သည်၊ သို့ဆိုလျှင် သင်သည် ဘုရားသခင်အား ထိခိုက်နစ်နာစေမည်ကို မကြောက်ရွံ့သလော။ သင်၏ ရည်ရွယ်ချက်များမှာ အဘယ်နည်း။ သင်၏ ကြင်နာမှုတွင် အဘယ်အရာ ပါဝင်သနည်း။ သင်သည် ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားနေသလော။ သင်သည် သူ့ကို ပြက်တီးပြက်ချော်လုပ်ရန် ကြိုးစားနေသလော။ ဝိညာဉ်ရေးရာဖြစ်ခြင်းဖြစ်သည့် ဘုရားသခင်အပေါ် ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ဝံ့မည်လော။ အကယ်၍ ဘုရားသခင်၏ ဇာတိပကတိသည် ပုံမှန်လူ့သဘာဝ၏ ဇာတိပကတိအတိုင်း ဖြစ်သည်ကို သင် တွေ့မြင်ပြီး သူ့ကို ကြောက်ရွံ့ရမည့်အစား ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ဝံ့ခဲ့ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမည်လော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိခဲ့ပါက ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ခြင်းသည် အမှန်တကယ်ပင် သင် ဂရုစိုက်ခြင်း ဖြစ်မည်လော။ ယင်းမှာ ဂရုစိုက်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် ပြက်တီးပြက်ချော်လုပ်ခြင်းဖြစ်ပြီး သင် အလွန်ပင် ရဲတင်းခြင်း ဖြစ်သည်။ သင်သည် အမှန်တကယ် တာဝန်ယူတတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက တစ်စုံတစ်ခုကို ဘုရားသခင်ထံ မယူဆောင်မီ မည်သည့်အရာမျှ မှားယွင်းခြင်းမရှိကြောင်း သေချာစေရန် အဘယ်ကြောင့် သင်ကိုယ်တိုင် ဦးစွာ စားသုံးပြီး မြည်းစမ်းကြည့်ခြင်း မပြုသနည်း။ အကယ်၍ သင်သည် ထိုအရာကို သင်ကိုယ်တိုင် စားသုံးပြီး မြည်းစမ်းကြည့်ခြင်းမရှိဘဲ ဘုရားသခင်ထံ တိုက်ရိုက် ယူဆောင်လာပါက ဤသည်မှာ ဘုရားသခင်ကို ပြက်တီးပြက်ချော်လုပ်ခြင်း မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေသည်ဟု သင် မခံစားရသလော။ ဤသည်မှာ ဘုရားသခင် မေ့လျော့နိုင်သော တစ်စုံတစ်ရာ ဖြစ်သလော။ ထိုအရာကို သင် မေ့လျော့လျှင်ပင် ဘုရားသခင်က မေ့လျော့လိမ့်မည် မဟုတ်။ ဤကဲ့သို့သော တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ သင့်စိတ်ထဲတွင် မည်သည့်အရာ ဖြစ်ပေါ်နေသနည်း။ သင်သည် ထိုအရာကို မမြည်းစမ်းခဲ့သကဲ့သို့ သင့်တွင် သိပ္ပံနည်းကျ အထောက်အထား မရှိပေ။ သို့တိုင် သင်သည် ထိုအရာကို ဘုရားသခင်အားပေးဝံ့သည်။ ဤသည်မှာ တာဝန်ယူသော အပြုအမူ ဖြစ်သလော။ အကယ်၍ သင်သည် ဘုရားသခင်ကို ထိခိုက်နစ်နာစေခဲ့ပါက သင် မည်သည့်တာဝန်ကို ယူမည်နည်း။ ဥပဒေက သင့်ကို အရေးမယူလျှင်ပင် ဘုရားသခင်က သင့်ကို ထာဝရ အပြစ်ဒဏ်ပေးမည်ဖြစ်သည်။ သင်သည် ဤအမှိုက်သရိုက်ကို ဘာသာတရားမရှိသော ခေါင်းဆောင်များနှင့် အရာရှိများထံ ပေးရန် လက်သင့်ခံနိုင်ဖွယ်ဖြစ်သည်ဟုပင် ထင်မည်မဟုတ်ဘဲ ယင်းကို သိက္ခာကျသည်ဟု ယူဆမည်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်ထံ ထိုအရာကိုပေးရာတွင် မည်သည့် ရည်ရွယ်ချက်မျိုးတို့ သင့်တွင် ရှိမည်နည်း။ ငါ၏ တန်ဖိုးသည် အလွန် နည်းပါးသလော။ အကယ်၍ သင်သည် သင်၏သူဌေးအား အလေ့ကျပေါက်သော အရွက်စိမ်းအိတ်တစ်အိတ် ပေးမည်ဆိုပါက သူ မည်သို့ ထင်မည်နည်း။ “ငါသည် ထိုမျှသာ တန်ဖိုးရှိသလော။ လူများက ငါ့ကို ငွေကြေးနှင့် နာမည်ကြီးတံဆိပ်ဖြင့် ပစ္စည်းများ ပေးကြသည်၊ သင်က ငါ့ကို ပေါင်းပင်လက်တစ်ဆုပ်စာသာ ပေးသည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုအရာကို လုပ်ဆောင်နိုင်စွမ်း ရှိမည်လော။ သေချာပေါက် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်။ သို့သော် အကယ်၍ ထိုအရာကို သင် လုပ်ဆောင်ခဲ့ပါက မည်သည့်အရာကို သင် စိုးရိမ်မည်နည်း။ သင် ပထမဆုံး စဉ်းစားရမည့်အရာမှာ “သူဌေးက မည်သည့်အရာကို နှစ်သက်သနည်း။ ဤအရာကို သူလိုအပ်သလော။ သူ မလိုအပ်ဘဲ ငါက သူ့ကို ပေးနေသေးလျှင် သူသည် ငါ့ကို အခက်တွေ့အောင် လုပ်လိမ့်မည်လော။ သူသည် ငါ့ကို အလုပ်တွင် အနိုင်ကျင့်ပြီး နှိပ်စက်မည်လော။ အမှုအရာများ ဆိုးရွားသွားလျှင် ယိုးမယ်ဖွဲ့ပြီး ငါ့ကို မသိမတတ်ကြောင်း ပေါ်အောင်လုပ်ခြင်းဖြင့် အလုပ်ထုတ်မည်လော” ဟူ၍ ဖြစ်သည်။ ဤအရာ တစ်ခုတလေကို သင် စဉ်းစားမိပါသလော။ (စဉ်းစားမိပါသည်။) အကယ်၍ သင်သည် သင်၏ သူဌေးကို နှစ်သက်သဘောကျစေလိုပါက သူ့ကို ပထမဆုံး သင် ပေးသင့်သည့်အရာမှာ အဘယ်နည်း။ (သူကြိုက်နှစ်သက်သောအရာ တစ်စုံတစ်ခုဖြစ်သည်။) သူကြိုက်နှစ်သက်သောအရာ တစ်စုံတစ်ခုကို ပေးရုံမျှသည် မလုံလောက်ပေ။ ဥပမာအားဖြင့် အကယ်၍ သူသည် ယခု ခွက်တစ်လုံး လိုအပ်ပါက သင် သူ့ကို ပေးဖို့ ခွက်တစ်လုံးဝယ်ရန် ယွမ် ၁၀ သို့မဟုတ် ၂၀ သုံးနိုင်သလော။ (မသုံးနိုင်ပါ။) သင်သည် သူ့ကို ရွှေကဲ့သို့သောအရာ တစ်စုံတစ်ခု၊ ငွေကဲ့သို့သောအရာ တစ်စုံတစ်ခု၊ ပွဲတိုးသောအရာ တစ်စုံတစ်ခုကို ပေးရမည်။ သင့်ကိုယ်သင်အတွက် ဝယ်ယူရန် တွန့်ဆုတ်မည့်အရာ တစ်စုံတစ်ခုကို သူ့အား အဘယ်ကြောင့် ပေးသနည်း။ (သူ့ကို နှစ်သက်စေရန်ဖြစ်သည်။) သူ့ကို နှစ်သက်သဘောကျစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးစွာ အနည်းဆုံးအားဖြင့် သူသည် သင့်ကို သူ၏ စောင့်ရှောက်မှုအောက်တွင် ထားနိုင်ပြီး သူ ကိုင်စွဲသော အာဏာဖြင့် သင့်ကို ကာကွယ်နိုင်ကာ သင်၏ အလုပ်နှင့် လစာကို တည်ငြိမ်ပြီး လုံခြုံအောင် ပြုလုပ်ပေးနိုင်သည်။ အနည်းဆုံးအနေဖြင့် သူသည် သင့်ကို အခက်တွေ့အောင် လုပ်မည်မဟုတ်။ သို့ဖြစ်၍ သင်သည် သူ့ကို အမည်မသိ အလေ့ကျပေါက်သော အရွက်စိမ်းများကို မည်သည့်အခါမျှ လက်ဆောင်ပေးမည် မဟုတ်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင်၏ သူဌေးကိုပင် ထိုသို့ မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် ငါ့ကို ပေါင်းပင်များ ပေးခဲ့သော ထိုလူသည် အဘယ်ကြောင့် ငါ့ကို ထိုသို့ လုပ်ဆောင်ခဲ့သနည်း။ အကျိုးဆက်များကို သူစဉ်းစားခဲ့သလော။ သေချာပေါက် မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့် မစဉ်းစားခဲ့သနည်း။ အချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို ညှဉ်းဆဲမည် မဟုတ်သောကြောင့် ဖြစ်သည်”ဟု ပြောကြပေမည်။ ထိုမျှ ရိုးရှင်းသလော။ ငါက သူ့ကို အခက်တွေ့အောင် လုပ်မည်မဟုတ်သောကြောင့် ဖြစ်သလော။ သူသည် ဤကဲ့သို့သော ပစ္စည်းများကို အဘယ်သို့ဖြစ်၍ ပေးဝံ့ခဲ့သနည်း။ (သူ၏ ရည်ရွယ်ချက်များ ကောင်းသည်ဟု သူထင်ခဲ့သည်။) မှန်ပေ၏။ သူသည် သူ၏ အကျည်းတန်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုအားလုံးကို ကောင်းမွန်သော ရည်ရွယ်ချက်များအောက်တွင် ဖုံးကွယ်ထားခဲ့သည်၊ ဆိုလိုသည်မှာ “ကျွန်ုပ်က ကိုယ်တော့်အပေါ် စေတနာများ ထားရှိသော်လည်း အခြားသူများကမူ မထားရှိကြပါ။ ဤအလေ့ကျပေါက်သော အရွက်စိမ်းများကို ကြည့်ပါ။ ကိုယ်တော့်အတွက် မည်သူက တူးဖော်ပေးခဲ့သနည်း။ ကျွန်ုပ် မဟုတ်ခဲ့ပါသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မည်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ဤကောင်းမွန်သော ရည်ရွယ်ချက်များသည် လူ့သဘာဝနှင့် ကိုက်ညီသလော။ အကယ်၍ ယင်းတို့သည် လူ့သဘာဝနှင့်ပင် မကိုက်ညီပါက သမ္မာတရားနှင့် ကိုက်ညီနိုင်သလော။ (မကိုက်ညီနိုင်ပါ။) ထိုအရာများသည် သမ္မာတရားနှင့် အဝေးဆုံး ဖြစ်နိုင်ပေမည်။ ဤကောင်းမွန်သော ရည်ရွယ်ချက်များမှာ အဘယ်နည်း။ ယင်းတို့သည် အမှန်တကယ် ကောင်းမွန်သော ရည်ရွယ်ချက်များ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းတို့၌ မည်သည့် သဘောထားမျိုး ပါဝင်နေသနည်း။ မည်သည့် မစင်ကြယ်မှုများနှင့် အနှစ်သာရများ ပါဝင်သနည်း။ လောကအတွေ့အကြုံ အနည်းငယ်သာရှိသော သင်တို့ လူငယ်များပင်လျှင် သင်တို့၏ သူဌေးအား ကြုံရာကျပန်း လက်ဆောင်များ ပေး၍မရကြောင်း နားလည်ကြသည်၊ အကျိုးဆက်များကို သင်တို့ စဉ်းစားရမည်ဖြစ်သည်။ သို့ဖြစ်၍ အသက်လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော်အရွယ် အထူးပင် အတွေ့အကြုံရင့်ကျက်သော လူတစ်ဦးက ငါ့ကို ထိုသို့သော အရာများကို ပေးပါက သင်တို့အမြင်တွင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိုအရာသည် ဤနေရာ၌ ငါတို့ ဆွေးနွေးရန် ထိုက်တန်သလော။ (ထိုက်တန်ပါသည်။) သို့ဖြစ်၍ အားလုံး အနှစ်ချုပ်လိုက်သည့်အခါတွင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိုလူသည် ငါ့ကို အလေ့ကျပေါက်သော အရွက်စိမ်းအချို့ကို သာမန်ကာလျှံကာ ပေးခဲ့ပြီး သူကိုယ်တိုင်ပင် ယင်းတို့မှာ မည်သည့်အရာဖြစ်သည်ကို မသိဘဲ ငါ့ကို စားသုံးခိုင်းခဲ့သည်။ ထိုအရာများက ထိုသို့သော အလေ့ကျပေါက်သော အရွက်စိမ်းမျိုးနှင့် မတူကြောင်းကို ငါ ပြောသည့်အခါ သူသည် ငါ့ကို မစားသုံးရန် ချက်ချင်းပြောဆိုခဲ့သည်။ ပြီးလျှင် ထိုမျှသာ မဟုတ်ပေ။ သူသည် ငါ့ကို စားသုံးရန် နောက်ထပ် အလေ့ကျပေါက်သော အရွက်စိမ်းတစ်မျိုးကို ပေးပို့ခဲ့သည်။ ထိုအရွက်စိမ်းများကို ငါ မစားခဲ့ဘဲ သူက “အနည်းငယ် စားကြည့်ပါ၊ အရသာရှိပါသည်။ ကျွန်ုပ် မြည်းစမ်းပြီးပြီ” ဟု ပြောသည်။ ယင်းမှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ (ရိုသေမှုမရှိသကဲ့သို့ တာဝန်မဲ့သော သဘောထား ဖြစ်ပါသည်။) မှန်ပေ၏။ ဤသဘောထားကို သင်တို့အားလုံး ခံစားရသလော။ (ခံစားရပါသည်။) ယင်းသည် စေတနာထားခြင်း ဖြစ်သလော။ ဤနေရာတွင် စေတနာထားသည့်အရာ တစ်ခုမျှ မရှိပေ။ သူသည် မည်သည့်အရာမျှ ကုန်ကျခြင်းမရှိဘဲ တစ်စုံတစ်ခုကို ကြုံရာကျပန်း ရရှိခဲ့ပြီးနောက် ယင်းကို ပလတ်စတစ်အိတ်တစ်ခုထဲတွင် ထည့်ကာ ငါ့ကို ပို့ပေးခဲ့ပြီး စားခိုင်းခဲ့သည်။ အကယ်၍ သင်သည် သိုးများနှင့် ယုန်များကို ကျွေးမွေးရန် အလေ့ကျပေါက်သော အရွက်စိမ်းအချို့ကို ခူးဆွတ်မည်ဆိုလျှင်ပင် “တိရစ္ဆာန်များက ဤအရာကို စားလျှင်အဆိပ်သင့်နိုင်သလော”ဟု တွေးဆရဦးမည်ဖြစ်သည်။ ယင်းမှာ သင် ထည့်သွင်းစဉ်းစားသင့်သောအရာ တစ်စုံတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် တိရစ္ဆာန်များကို ကျွေးမွေးသည့်အခါ စွန့်စားရန် ဆန္ဒရှိမည်မဟုတ်လျှင် မည်သည့်အလေ့ကျပေါက်သော အရွက်စိမ်းတစ်စည်းကိုမဆို ယူပြီး ငါ့ကို အဘယ်သို့များ စားဖို့ ပေးနိုင်မည်နည်း။ ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ သင်တို့ နားလည်ကြသလော။ ထိုသို့သော သူတစ်ဦးက ငါ့ကို ဤသို့ ဆက်ဆံပါက သူသည် သူ၏ လက်အောက်ငယ်သားများကိုဖြစ်စေ၊ သာမန်လူတစ်ဦးဟု သူယူဆသော တစ်စုံတစ်ဦးကိုဖြစ်စေ မည်သို့ ဆက်ဆံမည်ဟု သင်တို့ ထင်ကြသနည်း။ ယင်းမှာ သာမန်ကာလျှံကာ ပြက်တီးပြက်ချော်လုပ်နေခြင်းမျှသာ ဖြစ်သည်။ ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ သူ့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူ၍ရနိုင်သလော။ (မှတ်ယူ၍မရနိုင်ပါ။) သူ့ကို လူကောင်းတစ်ဦးအဖြစ် မမှတ်ယူရပေ။ လူတို့၏ ခန္ဓာကိုယ်များနှင့် အသက်များကို အလေးအနက်မထားခြင်း၊ ထိုအရာများနှင့်ပတ်သက်၍ လောင်းကစားလုပ်ပြီးနောက် မည်သည့်အရာမျှ မခံစားရခြင်း၊ ပြီးလျှင် အမှန်တကယ်ပင် လိပ်ပြာမလုံမှု လုံးဝမရှိဘဲ ထိုအရာကိုပင် အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ခြင်း ဤသည်မှာ အမှန်ပင် ထူးဆန်းလှသည်။
ဇာတ်လမ်းအစတွင် သင်တို့ သိပ်အာရုံမစိုက်မိကောင်း မစိုက်မိနိုင်သော စကားအနည်းငယ်ကို ငါ ပြောခဲ့သည်။ ထိုအလေ့ကျပေါက်သော အရွက်စိမ်းများထဲမှ အချို့သည် လူသားများ စားသုံးရန်ဖြစ်ကြောင်း၊ အချို့သည် တိရစ္ဆာန်များ စားသုံးရန်ဖြစ်ကြောင်း၊ အချို့မှာမူ လူသားရော တိရစ္ဆာန်ပါ စားသုံးရန်ဖြစ်ကြောင်း ငါ ပြောခဲ့သည်။ ဤသည်မှာ “လူသိများသော စကားရပ်” တစ်ခုဖြစ်ပြီး ထိုအတွက် ရင်းမြစ်တစ်ခု ရှိသည်။ ယင်းသည် မည်သည့်နေရာမှ လာသည်ကို သင်တို့ သိကြပါသလော။ ယင်းသည် ဇာတ်လမ်းတစ်ခုကို သွယ်ဝိုက်ညွှန်းဆိုခြင်း ဖြစ်သည်။ ယင်းသည် ထိုဇာတ်လမ်းထဲ၌ ဤလက်ဆောင်အနည်းငယ်ကို ပေးခဲ့သော လူထံမှ လာခြင်းဖြစ်သည်။ ဤလူသည် စိုက်ပျိုးရေးကို တာဝန်ယူခဲ့ပြီး သူသည် ပြောင်းအမျိုးအစား သုံးမျိုးကို စိုက်ပျိုးခဲ့သည်။ မည်သည့်အမျိုးအစား သုံးမျိုးဖြစ်သနည်း။ လူတို့စားသုံးသော အမျိုးအစား၊ တိရစ္ဆာန်များ စားသုံးသော အမျိုးအစားနှင့် လူရော တိရစ္ဆာန်ပါ စားသုံးသော အမျိုးအစားဟူ၍ ထိုသုံးမျိုး ဖြစ်သည်။ ဤပြောင်းအမျိုးအစား သုံးမျိုးမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းသည်။ ယင်းတို့အကြောင်းကို ယခင်က သင်တို့ကြားဖူးကြသလော။ သင်တို့ မကြားဖူးကြသကဲ့သို့ ယင်းတို့သည် ရှားပါးသောအရာတစ်ခု ဖြစ်သည်နှင့်အမျှ ငါ ကြားဖူးခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။ အဆုံးတွင်မူ ထိုပြောင်းများကို စိုက်ပျိုးခဲ့သော လူတို့သည် အလွန် တာဝန်မဲ့ခဲ့သောကြောင့် ပြောင်းအမျိုးအစား သုံးမျိုးတို့သည် ရောထွေးသွားခဲ့ကြသည်။ တိရစ္ဆာန်များ စားသုံးရမည့် ပြောင်းများကို လူတို့အား ကျွေးမွေးခဲ့စဉ်တွင် လူသားများ စားသုံးရမည့် ပြောင်းများကိုမူ တိရစ္ဆာန်များအား ကျွေးမွေးခဲ့သည်။ ယင်းတို့ကို စားသုံးပြီးနောက် လူတိုင်းက ပြောင်းသည် စားလို့မကောင်းကြောင်း၊ ကောက်နှံကဲ့သို့ အရသာမရှိဘဲ မြက်နံ့အနည်းငယ် ထွက်ကြောင်း ညည်းညူခဲ့ကြသည်။ ပြောင်းစိုက်ပျိုးခဲ့သော လူတို့ လုပ်ဆောင်ခဲ့သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်မဲ့မှုကြောင့် ၎င်းတို့သည် လူသားများ စားသုံးရမည့်အရာနှင့် တိရစ္ဆာန်များ စားသုံးရမည့်အရာတို့ကို ရောထွေးခဲ့ကြရာ မည်သူကမျှ ထိုနှစ်ခုကို ခွဲခြား၍မရနိုင်တော့ဘဲ ၎င်းတို့အနေဖြင့် မျိုးစေ့များ ထပ်မံဝယ်ယူပြီး အစကနေ တစ်ဖန်ပြန်လည် စိုက်ပျိုးခဲ့ကြရသည်။ ဤအလုပ်ကို မည်သို့ ဆောင်ရွက်ခဲ့သည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ ဤသို့သော လူစားမျိုးတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများ မရှိကြသလော။ (မရှိကြပါ။) ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် သမ္မာတရားကို ၎င်းတို့ ရှာဖွေကြသလော။ (မရှာဖွေကြပါ။) ၎င်းတို့ ပြုမူပုံတွင် ဤကဲ့သို့သော သဘောထားဖြင့် လူတိုင်းအပေါ် အလွန် ရိုသေမှုကင်းမဲ့ပြီး တာဝန်မဲ့နေသဖြင့် ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သို့ ထင်မြင်ကြသနည်း။ သမ္မာတရားအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားသည် မည်မျှ လေးနက်မှုရှိသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် မည်မျှ အရေးပါသနည်း။ ၎င်းတို့ သိကြသလော။ (မသိကြပါ။) ထိုသို့သော အဓိကကျသည့် ကိစ္စရပ်များအကြောင်း ၎င်းတို့ မသိသင့်သလော။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ မသိကြသနည်း။ ယင်းသည် ၎င်းတို့၏ စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ထိုစိတ်သဘောထားကား အဘယ်နည်း။ (ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပါသည်။) ထိုအရာမှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာ၏ သဘောသဘာဝကို သတိမပြုမိကြဘဲ မည်သည့်အခါမျှ တွေးဆရန် သို့မဟုတ် ရှာဖွေရန် မကြိုးစားကြသကဲ့သို့ အမှုအရာများကို လုပ်ဆောင်ပြီးနောက်တွင် မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်းလည်း မပြုကြပေ။ ထိုအစား မိမိတို့၌ ကောင်းမွန်ပြီး မှန်ကန်သော ရည်ရွယ်ချက်များ ရှိနေသရွေ့ မည်သူကမျှ ၎င်းတို့ကို ကြီးကြပ်ရန် သို့မဟုတ် ဝေဖန်ရန် မလိုအပ်ဟု ၎င်းတို့ ထင်မြင်လျက် မိမိတို့လုပ်ဆောင်လိုသည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်၊ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားများ ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထိုသို့ ဟုတ်သလော။ အချို့လူများက “ကိုယ်တော် ပြောပြပြီးသော ဇာတ်လမ်းကို ကျွန်ုပ်တို့ နားလည်ပါသည်၊ သို့သော် ကျွန်ုပ်တို့ အစိုးရိမ်ဆုံးဖြစ်သော အပိုင်းကိုမူ ကျွန်ုပ်တို့ နားမလည်သေးပါ၊ ယင်းမှာ ဤကဲ့သို့သော အမှုအရာမျိုး ဖြစ်ပျက်ခြင်းအပေါ် ကိုယ်တော်၏ သဘောထားမှာ အဘယ်နည်း။ ထိုသို့သော အမှုအရာများကို လုပ်ဆောင်သောသူအပေါ် ကိုယ်တော်၏ သဘောထားမှာ အဘယ်နည်း။ ယင်းသည် အမျက်ဒေါသ၊ ပစ်ပယ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း ဖြစ်ပါသလော။ သို့မဟုတ် ကိုယ်တော်သည် ဤကဲ့သို့သော လူစားမျိုးကို နှစ်သက်ပါသလော” ဟု ပြောကြသည်။ (ယင်းမှာ အလွန်မုန်းတီးစက်ဆုပ်ခြင်း ဖြစ်ပါသည်။) ဤကဲ့သို့သော အရာမျိုးကို အလွန်မုန်းတီးစက်ဆုပ်သင့်သည် မဟုတ်လော။ (အလွန်မုန်းတီးစက်ဆုပ်သင့်ပါသည်။) အကယ်၍ ဤသို့သော အရာမျိုး သင်တို့ထံ ဖြစ်ပျက်ခဲ့ပါက သင်တို့ အဘယ်အရာကို ထင်မြင်ကြမည်နည်း။ ကြင်နာတတ်သော သူတစ်ဦးက သင့်အား အမည်မသိ အရာအချို့ကို အကြိမ်ကြိမ် ပေးအပ်ပြီး “ထိုအရာများကို စားပါ၊ သင်၏ ခန္ဓာကိုယ်အတွက် ကောင်းပါသည်၊ ယင်းတို့က သင်၏ ကျန်းမာရေးဂရုစိုက်ရန် ကူညီပေးလိမ့်မည်၊ ယင်းတို့ကို စားသုံးပါ၊ သင်၏ ရုပ်ရည်နှင့် တက်ကြွမှုတို့ကို တိုးတက်ကောင်းမွန်စေလိမ့်မည်။ ကျွန်ုပ်၏စကားကို နားထောင်ခြင်းသည် ကောင်းသော ရွေးချယ်မှုဖြစ်သည်” ဟု သင့်အား အလွန် ကြိုးစားအားထုတ်၍ ဖျောင်းဖျသည်ဟု ဆိုကြစို့။ အကယ်၍ စိစစ်အတည်ပြုပြီးနောက် ထိုအရာများသည် တန်ဖိုးမရှိဖြစ်နေပါက သင် မည်သည့်အရာကို တွေးထင်မည်နည်း။ (ထိုနေရာတွင် ကျွန်ုပ်သာဆိုလျှင် ဤလူစားမျိုးနှင့် နောက်ထပ် ပတ်သက်လိုတော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် သူနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး အာစေးမိသွားပေမည်။ ထိုသို့သော ခံစားချက်မျိုး ဖြစ်မည်ဖြစ်သည်။) ထိုသို့သော လူများကို ရွံရှာမုန်းတီးပြီး စက်ဆုပ်သင့်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ခံစားသင့်သလော။ (အကျိုးမရှိပါ။) အကျိုးမရှိပေ၊ ဟုတ်သလော။ “ဤလူသည် သမ္မာတရားကို နားမလည်သောကြောင့် ဤသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်” ဟု ပြောသောသူများ ရှိသည် မဟုတ်လော။ လူအများစုသည် သမ္မာတရားကို နားမလည်ကြပေ၊ သို့တိုင် ၎င်းတို့ထဲမှ မည်မျှသည် ထိုသို့သော အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) လူတို့ ကွဲပြားကြသည်။ ယင်းမှာ လူတို့ အချင်းချင်း ဆက်ဆံကြသည့်အခါနှင့် အတူတူပင် ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများ ဖလှယ်ကြသည့်အခါ အချို့လူများသည် မျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုကို ရှာဖွေကြသည်။ ဤလူတို့သည် တစ်ဖက်လူကို ၎င်းတို့အပေါ် အနည်းငယ် အခွင့်ကောင်း ယူခွင့်ပြုလျှင်ပင် ၎င်းတို့အတွက် အရေးမကြီးပေ။ ဤနည်းအားဖြင့် ၎င်းတို့၏ ဆက်ဆံရေးက တည်တံ့ခိုင်မြဲလေသည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်ကြပြီး အနည်းငယ် အခွင့်မသာခြင်းသည် ကြီးမားသော ဆင်းရဲဒုက္ခမဟုတ်ဟု ခံစားကြသည်။ အခြားလူများမှာမူ လူ့သဘာဝ ကင်းမဲ့ကြပြီး အခြားသူများအပေါ် အမြဲ အခွင့်ကောင်း ယူချင်ကြသည်။ အခြားသူများနှင့် ၎င်းတို့၏ ဆက်ဆံခြင်းများသည် အခြားသူများ၏ ထိခိုက်နစ်နာမှုများကြားမှ ၎င်းတို့ကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သင့်ထံမှ အကျိုးအမြတ်အချို့ကို နှိုက်ယူနိုင်ပါက သင့်ကို ကျေနပ်နှစ်သက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားမည် ဖြစ်သော်လည်း အကယ်၍ ၎င်းတို့ မနှိုက်ယူနိုင်ပါက သင့်ကို မောင်းထုတ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် ရိုးသားမှုတစ်ခုမျှ မပြကြပေ၊ ထိုသို့သော လူများ၌ လူ့သဘာဝ မရှိပေ။
ယနေ့ ပြောပြခဲ့သော ဇာတ်လမ်းထဲတွင်ကဲ့သို့ လက်ဆောင်များ ပေးသော လူစားမျိုးကို သင်တို့ မည်သို့ ထင်မြင်ကြသနည်း။ ဤကဲ့သို့သော လူတို့သည် အဘယ့်ကြောင့် ပစ္စည်းလက်ဆောင်များ ပေးကြသနည်း။ ယင်းသည် တိုက်ဆိုင်မှုတစ်ခုလော။ အကယ်၍ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ် ဖြစ်ပျက်ခဲ့ပါက ယင်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချိန်ကာလတစ်ခုအတွင်း တူညီသောအရာ လေးကြိမ် ဖြစ်ပျက်ပါက ယင်းကို တိုက်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူ၍ ရနိုင်သေးသလော။ (မရနိုင်ပါ။) သူ၏ ဤအပြုအမူသည် မတော်တဆ ဖြစ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ထိုသို့သော စိတ်သဘောထားမျိုးကိုလည်း ဖောက်ပြန်ပျက်စီးခြင်းကို ခဏတာ ထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းဟု ခေါ်ဆို၍မရနိုင်ပေ။ သို့ဆိုလျှင် သူ၏ အပြုအမူနှင့်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်နည်း။ ငါတို့ အစောပိုင်းက ပြောခဲ့သည့်အတိုင်း သူ၏ အပြုအမူသည် အရိုအသေကင်းမဲ့သည်၊ တာဝန်မဲ့သည်၊ မဆင်မခြင်နိုင်သည်၊ ကမူးရှူးထိုးလုပ်ကာ စိတ်လိုက်မာန်ပါဖြစ်ပြီး ယဉ်ကျေးမှုကင်းမဲ့သော စိတ်သဘောထား ရှိသည်။ သို့ဖြစ်၍ သူ အဘယ်ကြောင့် ထိုသို့ ပြုလုပ်ခဲ့သနည်း။ အဘယ်ကြောင့် သူသည် ထိုအရာများကို အခြားမည်သူ့ကိုမျှ မပေးဘဲ ငါ့ကိုသာ ပေးခဲ့သနည်း။ ငါ၏ ကွဲပြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် ငါ့ကို ဤလက်ဆောင်များ လက်ခံရရှိရန် အရည်အချင်း ပြည့်မီစေခဲ့ခြင်းဖြစ်သည်။ ယင်းက လက်ဆောင်များ ပေးခဲ့သော ထိုသူ၏ ရည်ရွယ်ချက်နှင့် သူလုပ်ဆောင်ခဲ့သည့်အရာ၏ သဘောသဘာဝတို့ကို ပေါ်လွင်စေသလော။ သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (မျက်နှာလိုမျက်နှာရ လုပ်ရန်ဖြစ်သည်။) မှန်ပေသည်။ သူ၏ ဤမျက်နှာလိုမျက်နှာရ လုပ်ခြင်းကို ဖော်ပြရန် အတိကျဆုံးသော စကားလုံးမှာ အဘယ်နည်း။ ထိုအရာသည် အဆင့်အတန်းမရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။ မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် အချောင်သမားဝါဒ ဖြစ်သည်။ ယင်းမှာ သင်နှင့်ပတ်သက်၍ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ သင်သတိမပြုမိဘဲ သူ တူးထားပြီးသော တွင်းထဲသို့ သင့်ကို ဆွဲဆောင်သွင်းယူလျက် သင့်အား သူနှင့်ပတ်သက်၍ စိတ်ကျေနပ်စေခြင်းနှင့်ဆိုင်သည့် ပါးနပ်သော နည်းလမ်းတစ်ခု ဖြစ်နေချိန် အမှန်တကယ်တွင်မူ သူသည် အနည်းငယ်မျှပင် ရိုးသားမှုမရှိပေ။ သူသည် မည်သည့်အဖိုးအခမျှ မပေးဘဲ မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်များကို အောင်မြင်စေလိုပေသည်။ သူသည် အကျိုးဆက်များကို အသေးစိတ်တစ်ခုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဤသို့ပြုလုပ်ခဲ့ပြီး သူ အခမဲ့ ကောက်ယူရရှိခဲ့သော တစ်စုံတစ်ခုကို သင့်အား ပေးခဲ့ကာ သင့်အား သူက ဂရုစိုက်တတ်သည်ဟု ခံစားစေပြီး သင့်ကို ပျော်ရွှင်သော အခြေအနေတစ်ခုသို့ သွေးဆောင်ခေါ်ငင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ် မည်သည့်အရာကို ဆိုလိုသနည်း။ တစ်ပြားတစ်ချပ်မျှပင် မသုံးစွဲဘဲ သူ၏ နစ်နာဆုံးရှုံးမှုဖြင့် သင်က ကြီးမားစွာ အကျိုးခံစားခဲ့ရသည်ဟု သင့်ကို သူခံစားစေခဲ့သည်ဟု ဆိုလိုပေသည်။ ယင်းမှာ သင့်ကို လူနုံလူအတစ်ဦးအဖြစ် သဘောထားခြင်းဖြစ်ကြောင်း သိသာပေသည်။ ယင်းမှာ ထိုသို့ ဆိုလိုသည် မဟုတ်လော။ သူက “ငါ တစ်ပြားတစ်ချပ်မျှ မသုံးစွဲပါ၊ ငါ အပင်ပန်းမခံပါ။ ကိုယ်တော့်အတွက် ငါ့မှာ ရိုးသားမှု မရှိပါ။ ကိုယ်တော် ငါ့ကို သတိရနေစေရန် တစ်စုံတစ်ခုကို ငါ ပေးလိုက်မည်၊ သို့မှသာ ကိုယ်တော်က ငါ့ကို ကြင်နာတတ်သည်၊ ဂရုစိုက်တတ်သည်၊ သစ္စာစောင့်သိသည်၊ ငါ့စိတ်နှလုံးထဲတွင် ကိုယ်တော့်အပေါ် ချစ်ခြင်းမေတ္တာ ရှိသည်ဟု ထင်မြင်ပေလိမ့်မည်”ဟု မိမိဘာသာ တွေးနေလေသည်။ သူသည် ဤကဲ့သို့ဖြစ်သည်ဟု သင့်အား တလွဲ ယုံကြည်စေခြင်းသည် အဆင့်မရှိသော လှည့်ကွက်တစ်ခုဖြစ်ပြီး ယင်းမှာ အချောင်သမားဝါဒလည်း ဖြစ်သည်။ မည်သည့်အဖိုးအခမျှ မပေးဘဲ သို့မဟုတ် မည်သည့်ရိုးသားမှုမျှ မရှိဘဲ အကြီးမားဆုံးသော အကျိုးအမြတ်နှင့် အကြီးမားဆုံးသော အကျိုးကျေးဇူးအတွက် ကြင်နာမှုဟုခေါ်သည့် အပေါဆုံးသောအရာကို အသုံးပြုခြင်းသည် အဆင့်မရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤသို့ ပြုမည်လော။ လူတိုင်း ပြုလုပ်ကြသည်။ သင်တို့သည် သူလုပ်ဆောင်ခဲ့သည့်အရာမျိုးကို မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သော်လည်း အကယ်၍ သင်တို့၌ အခွင့်အရေးရှိခဲ့ပါက သင်တို့ ပြုလုပ်ကြပေမည်။ ယင်းမှာ ဤသို့သော လူစားမျိုးတို့နှင့် ဆက်ဆံရာတွင် ငါ ကောက်ချက်ချခဲ့သော ပထမဆုံးအချက်ဖြစ်သည်၊ အတိအကျဆိုရသော် ၎င်းတို့သည် အဆင့်မရှိသော လှည့်ကွက်များတွင် အလွန် တော်ကြခြင်း ဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ ဘုရားသခင် မဟုတ်ပေ။ ၎င်းတို့ နောက်ကလိုက်သည်မှာ ၎င်းတို့ကို အကျိုးပြုမည့်သူ၊ ကောင်းချီးပေးမည့်သူ၊ နောက်ကလိုက်ထိုက်သည်ဟု ၎င်းတို့ ထင်မြင်သောသူ တစ်စုံတစ်ဦး ဖြစ်သည်။ ဤဖြစ်ရပ်တစ်ခုက ဤလူစားမျိုး၏ ယုံကြည်ခြင်းနှင့် ၎င်းတို့ အမှန်တကယ် မည်သည့်ပုံစံရှိသည်ဟူသော အမှန်တရားကို လုံးဝ ဖော်ထုတ်ခဲ့သည်။ ဘုရားသခင်အပေါ် ချစ်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့နှင့်ပတ်သက်သော ထိုသို့သောလူတို့၏ နားလည်မှုသည် အလွန် ရိုးရှင်းလွန်းပြီး ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် အဆင့်မရှိသော လှည့်ကွက်တစ်ခု၏ နည်းလမ်းကို အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ကြသလော။ ၎င်းတို့သည် မည်သည့်နည်းနှင့်မဆို ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ (မကြောက်ရွံ့ကြပါ။) သို့ဆိုလျှင် အခြားအရာများမှာ သာ၍ပင် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ ငါ ကောက်ချက်ချခဲ့သော ပထမဆုံးအချက် ဖြစ်သည်။ သင်တို့အမြင်တွင် ငါ မှန်ပါသလော။ (မှန်ပါသည်။) ငါသည် သူ့ကို မမျှမတ သမုတ်နေခြင်း ဖြစ်သလော။ ငါသည် တစ်ဆိတ်ကို တစ်အိတ်လုပ်နေခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ သူ၏ အနှစ်သာရကို ကြည့်သည့်အခါ ယင်းထက် များစွာ ပို၍ ဆိုးရွားသည်။ အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင်ကို လှည့်ဖြားပြီး ကပြက်ကချော်လုပ်နေခြင်းဖြစ်သည်။
ငါ ကောက်ချက်ချခဲ့သော ဒုတိယအချက်မှာ ထိုသို့သော လူတို့ထံမှ မြင်တွေ့နိုင်သည့်အရာ ဖြစ်သည်။ လူ့စိတ်နှလုံးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ငါ့ကို ပြောလော့၊ ဤထိတ်လန့်ဖွယ်ရာကား အဘယ်နည်း။ လူ့စိတ်နှလုံးသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ (ဤလူသည် ကောင်းချီးများ ရရှိဖို့ဖြစ်သော သူ၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို မျက်နှာချိုသွေးသည်၊ ပြီးနောက် သူသည် တာဝန်မဲ့ကာ ဤအရာများကို ဘုရားသခင်က စားသုံးပြီးနောက် သူ၏ ခန္ဓာကိုယ်၌ မည်သို့ ဖြစ်မည်ကိုဖြစ်စေ၊ အကျိုးဆက်များက မည်သည့်အရာများက ဖြစ်လိမ့်မည်ကိုဖြစ်စေ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ သူသည် သူ၏ မိသားစုကို စားဖို့အတွက် ပေးသည့် မည်သည့်အရာမဆို၏ အကျိုးဆက်များကို အမြဲ စဉ်းစားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို တစ်စုံတစ်ခု ပေးသည့်အခါတွင်မူ အကျိုးဆက်များကို လုံးဝ မစဉ်းစားချေ။ သူသည် ဘုရားသခင်ကို မျက်နှာချိုသွေးခြင်းဖြင့် မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်များအား မည်သည့်နည်းဖြင့်ရရ စွမ်းဆောင်ရရှိရန်အတွက်သာ ထိုသို့ လုံးလုံးလျားလျား လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အထူးပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်း၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာတစ်ခုမျှမရှိကြောင်းနှင့် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ မဆက်ဆံကြောင်း မြင်တွေ့နိုင်သည်။) သွယ်ဝိုက်သောအားဖြင့် ဆိုရလျှင် ယင်းမှာ ငါ့ကို လူသားတစ်ဦးကဲ့သို့ မဆက်ဆံခြင်းဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့ ပြော၍ ရနိုင်ပါသလော။ (ရနိုင်ပါသည်။) အလွန် ကြောက်မက်ဖွယ်ကောင်းသော ရည်ရွယ်ချက်များပါတကား။ (ဟုတ်ပါသည်၊ သူသည် ဘုရားသခင်ကို မိမိ၏ ဆွေမျိုးရင်းချာတစ်ဦးကဲ့သို့ ဆက်ဆံလျှင်ပင် ဘုရားသခင်ကို လှည့်ဖြားမည် မဟုတ်ပါ။) ယင်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင်၏ မိတ်ဆွေဖြစ်ပါက သူတို့သည် သင့်ကို ထိုသို့ ဆက်ဆံမည်လော။ ဆက်ဆံမည် မဟုတ်။ ၎င်းတို့က မည်သည့်အရာ စားဖို့ကောင်းသည်ကို သင့်အား ပြောပြကြမည်ဖြစ်ပြီး တစ်စုံတစ်ခုကို စားသုံးခြင်းအတွက် ဘေးထွက်ဆိုးကျိုးများ ရှိခဲ့ပါက ယင်းကို မစားသုံးဖို့ သင့်အား အပြင်းအထန် တားမြစ်ကြမည်ဖြစ်သည်။ ယင်းမှာ မိတ်ဆွေများပင် လုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် ဤလူသည် ထိုသို့ လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ သူသည် ငါ့အပေါ် ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အတွက် သင်တို့ကိုလည်း သေချာပေါက် လုပ်ဆောင်မည် ဖြစ်သည်။ သူနှင့်ပတ်သက်၍ အခြား မည်သည့် ထိတ်လန့်ဖွယ်ရာများ ရှိသေးသနည်း။ (သူသည် အလွန်အမင်း တွက်ချက်တတ်သည်။ သူသည် ယင်းကို အပေါ်ယံ စေတနာထားခြင်းဖြင့် ဖုံးကွယ်ထားသော်လည်း အတွင်းထဲတွင်မူ သူ တတ်နိုင်သမျှ ဈေးအပေါဆုံးသောအရာမှ အကြီးမားဆုံးသော အကျိုးအမြတ်ကို ထုတ်ယူရန်ကြိုးစားရင်း ကြံစည်နေပြီး ယင်းမှာ ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။) ထိုသို့ ရှုမြင်ခြင်းသည် ကောင်းပေသည်။ အစောပိုင်းတွင် သင် ရည်ညွှန်းခဲ့သည့်အရာမှာ သူ၏ တစ်ကိုယ်ကောင်းဆန်သောဘက်ခြမ်း ဖြစ်စဉ်တွင် ဤသည်မှာမူ သူ၏ ကြံစည်မှုကို ရည်ညွှန်းသည်။ သင်တို့အားလုံး ပြောပြီးသည့်အရာဖြင့် စဉ်းစားသည့်အခါ လူတစ်ဦး၏ စိတ်အတွင်းမှလာသော ဤအရာများ၊ သူတို့၏ လူ့သဘာဝမှ ထုတ်ဖော်ပြသသော ဤအရာများဖြစ်စေ၊ ၎င်းတို့ ထိတွေ့နိုင်သောအရာများဖြစ်စေ၊ မထိတွေ့နိုင်သော အရာများဖြစ်စေ၊ အခြားသူများ မြင်နိုင်သောအရာများဖြစ်စေ၊ မမြင်နိုင်သောအရာများဖြစ်စေ၊ အနက်မဖွင့်ဆိုနိုင်သော အရာများဖြစ်စေ ယင်းတို့သည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့ကို မိဘများက သင်ကြားပေးခြင်းဖြစ်သလော။ ကျောင်းတွင် သင်ကြားပေးထားခြင်း ဖြစ်သလော။ သို့မဟုတ် လူ့အဖွဲ့အစည်းက ပျိုးထောင်ပေးခြင်းလော။ ယင်းတို့သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ယင်းတို့သည် မွေးရာပါဖြစ်သည့် အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ငါ ဆိုရသနည်း။ မွေးရာပါဖြစ်သော အရာများသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ယင်းတို့သည် လူတစ်ဦး၏ သဘာဝ အနှစ်သာရနှင့် ဆက်စပ်ပေသည်။ သို့ဖြစ်၍ သူ့အနေဖြင့် ဤသို့ တွေးတောခြင်းသည် ကြာရှည်စွာ ကြိုတင်ကြံရွယ်မှုတစ်ခုလော၊ သို့မဟုတ် ရုတ်တရက် ပေါ်ပေါက်လာသော စိတ်ကူးတစ်ခုလော။ သူသည် အခြားတစ်စုံတစ်ဦး လုပ်ဆောင်သည့် တစ်စုံတစ်ရာကို မြင်၍ လှုံ့ဆော်ခံရခြင်း ဖြစ်သလော၊ သို့မဟုတ် အချို့သော အခြေအနေများအောက်တွင် သူသည် ထိုသို့ လုပ်ဆောင်ရန် လိုအပ်ခဲ့ခြင်းလော။ သို့မဟုတ် ထိုသို့ လုပ်ဆောင်ရန် သူ့ကို ငါ ညွှန်ကြားခဲ့ခြင်း ဖြစ်သလော။ ဤအရာများ တစ်ခုမျှ မဟုတ်ပေ။ ဤသေးငယ်သော အမှုအရာများသည် အပြင်ပန်းတွင် သာမန်ဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ဤအမှုအရာ တစ်ခုချင်းစီ၏ နောက်ကွယ်မှ သဘောသဘာဝမှာမူ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။ ဤအမှုအရာများကို လုပ်ဆောင်ခဲ့သော လူသည် ယင်းတို့ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များကို သိရှိနိုင်ခဲ့သလော။ မသိရှိနိုင်ခဲ့ပေ။ အဘယ်ကြောင့် မသိရှိနိုင်ခဲ့သနည်း။ သင်သည် သင်၏ သူဌေးကို ပေးဖို့အတွက် လမ်းဘေးဆိုင်တစ်ဆိုင်မှ စျေးပေါသော ပစ္စည်းတစ်ခုကို ဝယ်သည်ဆိုပါစို့။ ယင်းကို မပေးမီတွင် သင်သည် ကိစ္စရပ်များကို ဆန်းစစ်ပြီး “သူဌေးက ဤပစ္စည်းကို လမ်းဘေးဆိုင်မှာ ရှာတွေ့နိုင်သလော။ သူသည် အွန်လိုင်းတက်ပြီး ထိုအရာက မည်မျှပေးရသည်ကို သိရှိအောင်လုပ်နိုင်သလော။ ထိုအရာအား မည်မျှပေးရသည်ကို တစ်ဦးတလေက သူ့ထံ ထုတ်ပြောနိုင်သလော။ ထိုအရာကို သူ တွေ့သည်နှင့်တစ်ပြိုင်နက် ငါ့အပေါ် သူ မည်သို့ ထင်လိမ့်မည်နည်း”ဟု မိမိကိုယ်ကို မေးသည် မဟုတ်လော။ ဤသည်တို့မှာ သင် ဆန်းစစ်ရမည့်အရာများ မဟုတ်လော။ သင်သည် ပထမဆုံး ဆန်းစစ်မည်ဖြစ်ပြီး ထို့နောက်တွင်မှ ယင်းကို ဝယ်ယူပေမည်။ ဆန်းစစ်ပြီးနောက် ဤပစ္စည်းကို လက်ဆောင်ပေးခြင်းသည် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်စေမည်ဟု သင် ခံစားရပါက သင် ပေးဦးမည်လော။ သင် သေချာပေါက် ပေးမည်မဟုတ်။ အကယ်၍ သင်သည် ဤပစ္စည်းကို သင်၏ သူဌေးအား ပေးခြင်းသည် စရိတ်စက နည်းမည်ဖြစ်ပြီး သင်၏ သူဌေးကို ပျော်ရွှင်စေမည်ဟု ထင်မြင်ပါက ထိုအရာကို သင် သေချာပေါက် ပေးပစ်မည်ဖြစ်သည်။ သို့သော် ဇာတ်လမ်းထဲမှ ဤသူသည် ဤအရာများ တစ်ခုကိုမျှ မဆန်းစစ်ခဲ့ပေ။ သို့ဆိုလျှင် သူ မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ သူ စဉ်းစားနေခဲ့သည့် အရာအားလုံးမှာ ဤသည်သာ သူ၏ ရည်ရွယ်ချက်များအား စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟူ၍ ဖြစ်သည်။ ယခုအခါ ထိုအရာကို စိစစ်ခြင်းအားဖြင့် ဤကိစ္စ၏ သဘောသဘာဝက ပေါ်ထွက်လာသည်။ ဤကိစ္စ၏ သဘောသဘာဝမှတစ်ဆင့် မည်သည့်အရာကို မြင်တွေ့နိုင်သနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် လူတို့၌ မြင်တွေ့ရက ဒုတိယရလဒ်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ထိုသို့သော လူတို့ ထုတ်ဖော်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ အလိုအလျောက်ဖြစ်သည်ဖြစ်စေ ယင်းနှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ဆွဲ၍ရနိုင်သလော။ လူ့စိတ်နှလုံးကို အလွန် ကြောက်မက်ဖွယ်ကောင်းအောင် မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းသည် အလွန် မခံစားတတ်သောကြောင့်ဖြစ်သလော။ မခံစားတတ်သောသူသည် သိမြင်မှု ကင်းမဲ့သောသူ ဖြစ်သည်။ ၎င်းတို့ကို မခံစားတတ်သောသူအဖြစ် ဖော်ပြခြင်းသည် တိကျမှန်ကန်မည်လော။ (တိကျမှန်ကန်မည် မဟုတ်ပါ။) သို့ဆိုလျှင် ထိုအရာသည် မသိနားမလည်မှုကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းတရားကို နောက်ဆုံး၌ မည်သည့်အရာဟု မှတ်ယူသင့်သနည်း။ လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ဖြစ်သည်ဟု မှတ်ယူသင့်သည်။ လူတို့၏ ထိတ်လန့်ဖွယ်ရာသည် အဘယ်မှာ တည်ရှိသည်ကို သင်တို့ကို ငါ ပြောပြရမည်။ ယင်းမှာ နတ်ဆိုးတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟူသော အချက်၌ တည်ရှိသည်။ ယင်းနှင့်ပတ်သက်၍ သင်တို့အားလုံး မည်သို့ ခံစားရပါသနည်း။ နတ်ဆိုးတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော ပြောဆိုချက်တစ်ခုဟု သင်တို့ မထင်သလော။ ထိုအရာကို ကြားရသည့်အခါ သင်တို့ မကြောက်လန့်ကြသလော။ သင်တို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေသည်ဟု သင်တို့ ယခင်က မတွေးခဲ့ကြပေ။ သင်တို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ဟုသာ သင်တို့ တွေးထင်ခဲ့ကြသော်လည်း သင်တို့ထဲ၌ နတ်ဆိုးများ ကျိန်းဝပ်နေသည်ကို သင်တို့ မသိခဲ့ကြပေ။ ယခု သင်တို့ သိကြပေပြီ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ ငါသည် မှန်ကန်စွာ သိမြင်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟု ငါ အဘယ်ကြောင့် ဆိုရသည်ကို တွေးဆကြလော့။ ထိုအကြောင်းကို စဉ်းစားကြလော့။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောလူတစ်ဦးသည် ဘုရားသခင်ကို ဤသို့ လှည့်ဖြားမည်လော။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလော။ ဤသည်မှာ သိသိကြီးနှင့် ဘုရားသခင်ကို အတိုက်အခံပြုခြင်းဖြစ်ပြီး သူ့ကို ဘုရားသခင်ကဲ့သို့ လုံးဝ မဆက်ဆံခြင်း ဖြစ်သည်။ ယခုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီဖြစ်သဖြင့် လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ အဘယ်နည်း။ အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးလော။ မိတ်ဆွေကဏ္ဍလော။ ဆွေမျိုးတော်စပ်ခြင်းလော။ ထိုအရာသည် အမှန်တကယ် မည်သည့် ဆက်ဆံရေးမျိုး ဖြစ်သနည်း။ သင်သည် ဤဆက်ဆံရေးကို မည်သို့ ကိုင်တွယ်ပြီး ချဉ်းကပ်သနည်း။ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံပြီး သဟဇာတကျကျ ပေါင်းသင်းသည့်အခါ သင်၌ မည်သည့် စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်သင့်သနည်း။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် သင့်စိတ်နှလုံးထဲ၌ မည်သည့်အရာကို ထားရှိသင့်သနည်း။ (ကြောက်ရွံ့ခြင်းဖြစ်သည်။) ကြောက်ရွံ့ခြင်းသည် လူတိုင်းအတွက် လက်တွေ့မကျပုံရသည်။ (ထိတ်လန့်ခြင်းဖြစ်သည်။) ထိတ်လန့်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ အကယ်၍ သင်သည် ငါ့ကို သာမန်လူတစ်ဦးအဖြစ်၊ အသိအကျွမ်းတစ်ဦးအဖြစ်သာ အချင်းချင်း ကောင်းစွာ နားမလည်သေးဘဲ မိတ်ဆွေဖြစ်ရန် မလုံလောက်သေးသူအဖြစ် သဘောထားပါက ငါတို့ကြားမှ ဆက်ဆံရေးသည် သဟဇာတကျပြီး ချစ်ကြည်ရင်းနှီးမှု မည်သို့ ရရှိနိုင်မည်နည်း။ အသိစိတ်ရှိသော လူတစ်ဦးသည် ထိုသို့သော အမှုအရာများကို သင့်တင့်လျောက်ပတ်စွာ မည်သို့ လုပ်ဆောင်ရမည်ကို သိသင့်သည်။ (လေးစားမှု ရှိရန် လိုအပ်သည်။) ဤသည်မှာ သင် အနည်းဆုံး ရှိသင့်သည့်အရာ ဖြစ်သည်။ လူနှစ်ဦး တွေ့ဆုံကြသည်ဆိုပါစို့။ ၎င်းတို့သည် အချင်းချင်း မရင်းနှီးသေးသကဲ့သို့ တစ်ဦး၏အမည်ကို တစ်ဦး မသိကြသေးပေ။ အကယ်၍ ၎င်းတို့ထဲမှ တစ်ဦးက အခြားတစ်ဦးသည် ဟန်ဆောင်မှုကင်းသည်ကို မြင်ပြီး သူ့ကို ပြက်တီးပြက်ချော်လုပ်လိုပါက ဤသည်မှာ အနိုင်ကျင့်ခြင်း မဟုတ်လော။ အနိမ့်ဆုံးသော လေးစားမှုမျှပင် မရှိပါက လူ့သဘာဝ တစ်စုံတစ်ရာ ကျန်ရှိဦးမည်လော။ လူတို့ အချင်းချင်း သဟဇာတကျကျ ပေါင်းသင်းဆက်ဆံရန်အတွက် မည်သည့် အငြင်းပွားမှုများ သို့မဟုတ် ပဋိပက္ခများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် အနည်းဆုံး အချင်းချင်း လေးစားရမည်။ လေးစားမှုသည် ကျင့်ကြံပြုမူခြင်း၏ အခြေခံကျသော ဘဝပေးအသိဖြစ်ပြီး လူသားအားလုံးကြားတွင် အနိမ့်ဆုံး လေးစားမှုရှိသည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသည့်အခါ ဤလေးစားမှု တည်ရှိသလော။ အကယ်၍ သင်သည် ဤအဆင့်ကိုပင် မရောက်ရှိနိုင်ပါက သင့်စိတ်ထဲ၌ ဘုရားသခင်နှင့် သင်ကြားမှ ဆက်ဆံရေးသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သနည်း။ ထိုအခါ မည်သည့် ဆက်ဆံရေးမျှ လုံးဝ မရှိပေ။ ပြင်ပလူတစ်ဦး၏ ဆက်ဆံရေးမျှပင် မရှိပေ။ ထို့ကြောင့် လက်ဆောင်များပေးခဲ့သော ထိုလူသည် ဘုရားသခင်ကို ဤသို့ ဆက်ဆံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မလေးစားရုံသာမက သူ့ကို လှည့်လည်းလှည့်ဖြားလိုခဲ့သည်။ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို လေးစားသင့်သည် သို့မဟုတ် သူ၏ ကျန်းမာရေးကိုလည်းကောင်း၊ လက်ဆောင်များကို စားသုံးခြင်း၏ အကျိုးဆက်များကိုလည်းကောင်း ဂရုတစိုက်နှင့် စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားသင့်သည်ဟု သူ မခံစားရပေ။ ဤအရာများသည် သူ၏ ထည့်သွင်းစဉ်းစားမှုများ နယ်ပယ်အတွင်း၌ မရှိခဲ့ပေ။ ဘုရားသခင်ကို လှည့်ဖြား၍ သူ၏မျက်နှာသာရရန် လှည့်ကွက်များအသုံးပြုရုံမျှက သူ့အတွက် လုံလောက်ခဲ့သည်၊ သူ့အတွက် အကောင်းဆုံးအရာမှာ ဘုရားသခင်ကို လှည့်ဖြားနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ သူ၏ စိတ်နှလုံး ဖြစ်သည်။ လူ၌ ထိုသို့သော စိတ်နှလုံးရှိခြင်းသည် ဆိုးရွားသည် မဟုတ်လော။ ထိတ်လန့်ဖွယ်ရာ ဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။