အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း သုံး

အန္တိခရစ်များက မည်သို့ကောက်ကျစ်ဆိုးယုတ်ပုံ၊ အန္တရာယ်ပေးပုံနှင့် လှည့်ဖြားပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ပြီးခဲ့သည့်အကြိမ်က ငါတို့သည် အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သော ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည်ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာကို နှစ်ကြိမ်တိုင်တိုင် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ပထမဦးဆုံး ဆွေးနွေးမှုမှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်၍ ဖြစ်သည်။ ထိုဆွေးနွေးမှု၏ အလေးပေးသောအချက်မှာ အဘယ်နည်း။ (သမ္မာတရားကို ရန်လိုခြင်းနှင့် စက်ဆုပ်မုန်းတီးခြင်း ဖြစ်ပါသည်။) အန္တိခရစ်များသည် သမ္မာတရားနှင့် ဘုရားသခင်နှင့် ကိုက်ညီသော အပြုသဘောဆောင်သည့်အရာအားလုံးကို မုန်းတီးလျက် သမ္မာတရားအပေါ် ရန်လိုပြီး စက်ဆုပ်မုန်းတီးကြသည်။ ယင်းမှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော ပထမဦးဆုံးနှင့် အဓိကကျသည့် သရုပ်သကန် ဖြစ်သည်။ ပထမဦးဆုံး ဆွေးနွေးမှုမှာ အန္တိခရစ်များက အဘယ်အရာကို စက်ဆုပ်မုန်းတီးသည်ဟူသည့်အကြောင်း ဖြစ်သည်။ သာမန်လူတို့သည် အပျက်သဘောဆောင်သောအရာများနှင့် ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို စက်ဆုပ်မုန်းတီးကြသည်။ ၎င်းတို့သည် ညစ်ညမ်းသော၊ မှောင်မိုက်သော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများကို စက်ဆုပ်မုန်းတီးကြသည်။ သို့ရာတွင် ဤအရာနှင့် ဆန့်ကျင်လျက် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ပထမဦးဆုံး သရုပ်သကန်၏ အခိုင်မာဆုံးသော သက်သေအထောက်အထားမှာ ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများကို စက်ဆုပ်မုန်းတီးခြင်း မဟုတ်ဘဲ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ဆက်စပ်သော အပြုသဘောဆောင်သည့်အရာအားလုံးကို စက်ဆုပ်မုန်းတီးခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်စပ်လျဉ်းသည့် ပထမဦးဆုံး ခိုင်မာသော သက်သေအထောက်အထား ဖြစ်သည်။ ငါတို့၏ ဒုတိယဆွေးနွေးမှုမှာ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော သရုပ်သကန်များနှင့်စပ်လျဉ်းသည့် ဒုတိယခိုင်မာသော သက်သေအထောက်အထားအကြောင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို စက်ဆုပ်မုန်းတီးပါက အဘယ်အရာကို ၎င်းတို့ ချစ်မြတ်နိုးကြသနည်း။ (အပျက်သဘောဆောင်သောအရာများ ဖြစ်ပါသည်။) ပုံမှန်လူ့သဘာဝရှိသော လူတို့သည် အဘယ်အရာကို ချစ်မြတ်နိုးကြသနည်း။ တရားမျှတမှု၊ ကြင်နာမှုနှင့် အလှတရားတို့ကို ချစ်မြတ်နိုးကြသည့်အပြင် လူ့သဘာဝနှင့်သက်ဆိုင်သော ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း၊ လူတို့အတွက် အပြုသဘောဆောင်ပြီး အကျိုးရှိသော ဘဝပေးအသိနှင့် အသိပညာ၊ အရာခပ်သိမ်းအတွက် ဘုရားသခင် ထူထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများ၊ ဘုရားသခင်၏ ပညတ်တရားများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ဘုရားသခင် ဖော်ပြထားသော သမ္မာတရားများနှင့် ဘဝနေနည်းအားလုံးအပြင်၊ ဘုရားသခင်နှင့် ဆက်စပ်သော အခြားအရာများအပါအဝင် ဘုရားသခင်ထံမှလာသော အပြုသဘောဆောင်သည့်အရာအားလုံးကို ချစ်မြတ်နိုးကြသည်။ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် ဤအရာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို မကြိုက်နှစ်သက်ကြပေ။ ၎င်းတို့ အဘယ်အရာကို ကြိုက်နှစ်သက်ကြသနည်း။ (လိမ်ညာမှုများနှင့် လှည့်ဖြားမှုများ ဖြစ်ပါသည်။) မှန်ပေသည်၊ ပူးပေါင်းကြံစည်မှုများ၊ အကြံအစည်များ၊ လောကီရေးရာ ကိစ္စရပ်များအတွက် နည်းလမ်းအမျိုးမျိုး၊ လူတို့ကို မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်း၊ ထို့အပြင် ရန်ဖြစ်ခြင်း၊ အဆင့်အတန်းနှင့် ဩဇာအာဏာတို့နှင့်အတူ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများကို ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်သော ဤအပျက်သဘောဆောင်သည့်အရာအားလုံးကို ချစ်မြတ်နိုးကြသည်။ ယင်းက အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို တိကျစွာ အတိအကျ ဖော်ပြနေသည်။ ဤသက်သေအထောက်အထားများသည် လက်ခံနိုင်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသက်သေအထောက်အထားအားလုံးသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း ပြည့်စုံသည်ဟု မှတ်ယူ၍မရနိုင်သေးသည့် အပိုင်းနှစ်ပိုင်းသာ ရှိပေသည်။ ယနေ့တွင် အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်ပုံနှင့်ဆိုင်သည့် တတိယအပိုင်းကို ဆက်လက်၍ ဆွေးနွေးကြမည်။ ဤတတိယအပိုင်းသည် ပထမနှင့် ဒုတိယအပိုင်းတို့နှင့် သေချာပေါက် ကွဲပြားသော်လည်း ယင်းတို့နှင့် ဆက်စပ်နေသည်။ မည်သို့ ဆက်စပ်နေသနည်း။ အပိုင်းသုံးပိုင်းလုံးသည် ဤအနှစ်သာရဖြစ်သော အန္တိခရစ်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ဆွေးနွေးကြသည်။ မည်သို့ ကွဲပြားသနည်း။ ဤအပိုင်းတွင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝက ချစ်မြတ်နိုးပြီး လိုအပ်သည့်အရာများအပြင် ၎င်းတို့ မုန်းတီးသည့်အရာများသည် ယခင်အပိုင်းနှစ်ပိုင်း၌ ဆွေးနွေးခဲ့သည့်အရာများနှင့် ကွဲပြားသည်။ အကြောင်းအရာ ကွဲပြားပေသည်။ ဤကွာခြားချက်မှာ အန္တိခရစ်များသည်လည်း အပြုသဘောဆောင်သည့်အရာအချို့ကို ကြိုက်နှစ်သက်သည် သို့မဟုတ် အပျက်သဘောဆောင်သည့်အရာအချို့ကို ၎င်းတို့လည်း မုန်းတီးသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ယင်းမှာ ၎င်းတို့ ချစ်မြတ်နိုးသော သို့မဟုတ် လိုအပ်သောအရာသာမက ဤအန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုက အလွန်တန်ဖိုးထားမြတ်နိုးသည့်အရာအထိ မြင့်တက်သွားသော အခြားအပိုင်းတစ်ခု ပါဝင်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ ကိုးကွယ်သောအရာ သို့မဟုတ် လေးစားသောအရာဖြစ်သည်။ လူအချို့က “‘အလွန်တန်ဖိုးထားမြတ်နိုးခြင်း’ ‘ကိုးကွယ်ခြင်း’ နှင့် ‘ကြည်ညိုလေးစားခြင်း’ ကဲ့သို့သော ဝေါဟာရများကို အပြုသဘောဆောင်သောအရာများကို ရည်ညွှန်းရန် အသုံးပြုသင့်သည်။ သို့ဖြစ်၍ ထိုဝေါဟာရများကို အန္တိခရစ်များအပေါ် မည်သို့ အသုံးပြုနိုင်မည်နည်း။ ဤဝေါဟာရများသည် သင့်လျော်ပါသလော” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤဝေါဟာရများသည် ချီးကျူးဂုဏ်ပြုခြင်းမဟုတ်သကဲ့သို့ ရှုတ်ချခြင်းသဘောလည်း မဟုတ်ပေ။ ယင်းတို့သည် ကြားနေဝေါဟာရများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို ဤနေရာ၌ အသုံးပြုခြင်းသည် မည်သည့်စည်းမျဉ်းကိုမျှ ချိုးဖောက်ခြင်းမရှိသကဲ့သို့ လက်သင့်ခံနိုင်သောအရာ ဖြစ်သည်။

၃။ အန္တိခရစ်များ ကိုးကွယ်ပြီး လေးစားအားကျသော အရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

အန္တိခရစ်များက မည်သည့်အရာကို ကိုးကွယ်ကာ လေးစားကြသနည်း။ ဦးစွာပထမ ၎င်းတို့က သမ္မာတရား၊ ဘုရားသခင် သို့မဟုတ် ဘုရားသခင်နှင့် ဆက်စပ်သည့် နှစ်သက်ဖွယ်သောအရာ သို့မဟုတ် ကောင်းမြတ်သော အရာတစ်ခုခုကို ကိုးကွယ်ခြင်းမဟုတ်သည်မှာ သေချာသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့က အတိအကျ ကိုးကွယ်ကြသနည်း။ တစ်ခုတလေကို သင်တို့ စဉ်းစားနိုင်ကြသလော။ သင်တို့ကို ငါ အရိပ်အမြွက်တစ်ခု ပေးမည်။ သခင့်ကို ယုံကြည်သည့် ဘာသာတရားတွင်ရှိသော ထိုလူတို့သည် ခရစ်ယာန်ဘာသာထဲသို့ မည်သို့ သက်ဆင်းရောက်ရှိကြသနည်း။ ၎င်းတို့သည် ယခုတွင် အဘယ်ကြောင့် ဘာသာတရားတစ်ခုအဖြစ်၊ ဂိုဏ်းဂဏတစ်ခုအဖြစ် သွင်ပြင်လက္ခဏာဆောင်ပြီး ဘုရားသခင်၏ အသင်းတော်အဖြစ်၊ ဘုရားအိမ်တော် သို့မဟုတ် ဘုရားအမှုတော်၏ ရည်မှန်းချက်အဖြစ် သွင်ပြင်လက္ခဏာမဆောင်ရသနည်း။ ၎င်းတို့တွင် ဘာသာရေး သွန်သင်မှုများရှိသည်။ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင် ပြုခဲ့သည့် အမှုနှင့် တစ်ချိန်က ဘုရားသခင် ပြောဆိုခဲ့သည့် စကားများကို စာအုပ်တစ်အုပ်အဖြစ်၊ သင်ကြားရေး ပစ္စည်းများအဖြစ် ပြုစုပြီး ထို့နောက်တွင် ကျောင်းများဖွင့်ကာ အမျိုးမျိုးသော ဓမ္မပညာရှင်များကို စုဆောင်းပြီး လေ့ကျင့်ပေးကြသည်။ ဤဓမ္မပညာရှင်များက မည်သည့်အရာကို လေ့လာကြသနည်း။ ထိုအရာသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လေ့လာကြသနည်း။ (ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားသခင် ပြောဆိုထားသည့် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသော ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားများကို လေ့လာကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဓမ္မပညာဆိုင်ရာ အသိပညာနှင့် အစားထိုးကြပြီး ယင်းမှာ ခရစ်ယာန်ဘာသာ သို့မဟုတ် ကက်သလစ် အယူဝါဒထဲသို့ ၎င်းတို့ သက်ဆင်းကျရောက်သည့်ပုံစံ ဖြစ်သည်။ ဘာသာတရားတွင် မည်သည့်အရာကို အလွန်တန်ဖိုးထားမြတ်နိုးသနည်း။ ဘုရားကျောင်းတစ်ခုသို့ သင် သွားပြီး တစ်စုံတစ်ဦးက သင့်ကို ဘုရားသခင်အား အချိန်မည်မျှကြာ သင်ယုံကြည်ပြီး ဖြစ်သည်ကို မေးမြန်းကာ သင်က ယုံကြည်ခါစသာရှိသည်ဟု ပြောဆိုလျှင် ၎င်းတို့က သင့်ကို အာရုံစိုက်မည်မဟုတ်ပေ။ သို့သော် သင်သည် ကျမ်းစာနှင့် ဝင်သွားပြီး “ကျွန်ုပ်သည် အကြင်မည်သော ဓမ္မပညာ ကျမ်းစာကျောင်းမှ ယခုတင် ဘွဲ့ရခဲ့သည်”ဟု ပြောလျှင် ၎င်းတို့က သင့်ကို ဂုဏ်ထူးဆောင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်ကြလိမ့်မည်။ သင်သည် သာမန် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင့်ထံ၌ ထင်ပေါ်သော လူမှုရေး အဆင့်အတန်းတစ်ခု မရှိလျှင် သင်နှင့်ပတ်သက်၍ ၎င်းတို့က ဒုက္ခခံမည် မဟုတ်ပေ။ ဤသည်မှာ ခရစ်ယာန်ဘာသာဖြစ်ပြီး ယင်းမှာ ဘာသာရေးလောက၏ ပကတိအခြေအနေ ဖြစ်သည်။ အသင်းတော်တွင် တရားဟောပြီး အဆင့်အတန်း၊ ရာထူးနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားများ ပိုင်ဆိုင်ဖို့ ဓမ္မပညာ ကျမ်းစာကျောင်းများတွင် လေ့ကျင့်ထားကြသည့် လူတစ်စုဖြစ်ပြီး ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာကို ထိန်းသိမ်းသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် ထိုသို့သောလူများကို စင်ပေါ်ရောက်ကာ တရားဟောရန်၊ နေရာတကာတွင် ဧဝံဂေလိ ဖြန့်ပြီး အလုပ်ကို လုပ်ဆောင်ရန် လေ့ကျင့်ပေးသည်။ ဤဓမ္မပညာ ကျောင်းသားများ၊ တရားဟောသည့် သင်းအုပ်များနှင့် ဓမ္မပညာရှင်များကဲ့သို့သော ပါရမီရှင်များကြောင့် ခရစ်ယာန်ဘာသာ၏ ယနေ့ထိတိုင် ဆက်လက်တည်ရှိမှုကို သေချာစေသည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ဤလူများသည် ခရစ်ယာန်ဘာသာ တည်ရှိခြင်း၏ တန်ဖိုးနှင့် အရင်းအနှီးဖြစ်လာကြသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မပညာ ကျမ်းစာကျောင်းတစ်ကျောင်း၏ ဘွဲ့ရတစ်ဦး ဖြစ်လျှင်၊ သမ္မာကျမ်းစာကို ကောင်းစွာ ဆွေးနွေးတတ်လျှင်၊ ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်ကာ အသိပညာနှင့် အပြောကောင်းခြင်းအချို့ရှိလျှင် ထိုအသင်းတော်၏ တက်ရောက်သူဦးရေ စည်ကားလိမ့်မည်ဖြစ်ပြီး အခြားအသင်းတော်များထက် များစွာ သာ၍ ကျော်ကြားလာလိမ့်မည်ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင်ရှိသည့် ဤလူတို့က မည်သည့်အရာကို ကြည်ညိုလေးစားကြသနည်း။ အသိပညာ၊ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ရှေးကာလမှ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ရှေးကာလတွင် ကျမ်းစာများ ရှိခဲ့ပြီး ထိုကျမ်းစာများကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြကာ ယင်းမှာ ယနေ့အထိတိုင် လူတိုင်းက ထိုကျမ်းစာများကို ဖတ်ရှုကာ သင်ယူကြပုံဖြစ်သည်။ လူတို့သည် သမ္မာကျမ်းစာကို အခန်းအမျိုးမျိုး ခွဲကြသည်၊ မတူညီသော ပုံစံများဖြင့် ပြုစုကြပြီး လေ့လာ၍ သင်ယူရန် တိုက်တွန်းကြသော်လည်း ၎င်း၏ သမ္မာကျမ်းစာလေ့လာမှုသည် ဘုရားသခင်ကို သိရှိဖို့အတွက် သမ္မာတရားကို နားလည်ရန်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်လည်း မဟုတ်ပေ။ ထို့ထက် သမ္မာကျမ်းစာ၏ အသိပညာနှင့် နက်နဲမှုများကို လေ့လာရန်၊ မည်သည့်အချိန်ရှိ မည်သည့်ဖြစ်ရပ်များသည် ဗျာဒိတ်ကျမ်းပါ မည်သည့် ပရောဖက်ပြုချက်အား ပြည့်စုံစေပြီးဖြစ်သည်ကို သိရှိရန်နှင့် ကြီးမားသော ကပ်ဘေးများနှင့် နှစ်တစ်ထောင်ကာလသည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သဘောပေါက်နားလည်ရန် ဖြစ်သည်။ ဤအရာများကို ၎င်းတို့က လေ့လာကြသည်။ ၎င်းတို့၏ လေ့လာမှုသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိသလော။ (မရှိပါ။) သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့် အရာများကို အဘယ်ကြောင့် ၎င်းတို့ လေ့လာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လေ့လာလေ၊ နားလည်သည်ဟု ၎င်းတို့ ခံစားရလေဖြစ်ပြီး စကားများနှင့် အယူဝါဒများဖြင့် ၎င်းတို့ ပြင်ဆင်လေ၊ ၎င်းတို့၏ အရည်အချင်းများ သာ၍ မြင့်မားလေ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့၏ စွမ်းရည်များ သာ၍ ကြီးမားလေဟု ခံစားရပြီး ၎င်းတို့အနေဖြင့် မိမိတို့၏ ယုံကြည်ခြင်းတွင် နောက်ဆုံး၌ ကောင်းချီးခံစားရလိမ့်မည်ဖြစ်ကြောင်း၊ သေပြီးနောက်တွင် ကောင်းကင်ဘုံသို့ သွားရလိမ့်မည်ဖြစ်ကြောင်း သို့မဟုတ် အသက်ရှင်သူသည် သခင်ဘုရားနှင့် ဆုံတွေ့ဖို့ ကောင်းကင်သို့ ချီဆောင်ခံရလိမ့်မည်ဖြစ်ကြောင်း သာ၍ ယုံကြည်လေ ဖြစ်ကြသည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မကိုက်ညီသည့် ၎င်းတို့၏ ဘာသာရေး အယူအဆများ ဖြစ်သည်။

ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာကို လေ့လာသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်၌ ပုန်းကွယ်နေသော အန္တိခရစ်များနှင့် မည်သို့ ကွာခြားကြသနည်း။ ဆက်လက်၍ ထိုနှစ်ဦးကြားရှိ ဆက်နွှယ်မှုအကြောင်းကို ပြောကြစို့။ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဘာသာတို့၌ သမ္မာကျမ်းစာ၊ ဓမ္မပညာ၊ ဘုရားသခင်၏ အမှုတော်သမိုင်းကိုပင် လေ့လာသောသူတို့သည် အမှန်တကယ် ယုံကြည်သူများ ဟုတ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ပြောသည့် သူ၏ ယုံကြည်သူများနှင့်လည်းကောင်း၊ နောက်လိုက်များနှင့်လည်းကောင်း ကွာခြားကြသလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ယုံကြည်သူများ ဖြစ်ကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသော်လည်း ဘုရားသခင်နောက်သို့ မလိုက်ကြ သို့မဟုတ် သူ့ကို သက်သေမခံကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို လေ့လာခြင်းသည် သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေ၊ ဇီဝဗေဒ သို့မဟုတ် နက္ခတ္တဗေဒကို လေ့လာသောသူတို့နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့က သိပ္ပံ သို့မဟုတ် အခြားဘာသာရပ်များကို မကြိုက်နှစ်သက်ကြဘဲ ဓမ္မပညာကို လေ့လာရန် ၎င်းတို့ အထူးတလည် ကြိုက်နှစ်သက်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို လေ့လာရန် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့်တိုလီမုတ်စများကို ရှာဖွေခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ လုံးဝ မတွေ့ရှိနိုင်ကြပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် စကားလုံးများ၊ အသိပညာ၊ ဒဿနိကဗေဒ၊ လူ့စိတ်နှင့် လူ့အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ မယုံကြည်သူများအဖြစ်၊ ဘာသာတရားမရှိသူများအဖြစ် သတ်မှတ်သည်။ ဤဘာသာတရားမရှိသူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ်၊ ခရစ်ယာန်များအဖြစ် ဟန်ဆောင်လျက် ခရစ်ယာန်အသိုင်းအဝိုင်းဟု ခေါ်ဆိုကြသည့်အရာအတွင်း၌ ရောနှောနေထိုင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ရှိကြသလော။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ထဲမှ အတော်များများသည် မိမိတို့စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို သာ၍ပင် ယုံကြည်မှုနည်းကြသည်။ ဤမယုံကြည်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သံသယဝင်ခြင်းနှင့် ငြင်းပယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင် ပြောဆိုထားသည့် ပရောဖက်ပြုချက်များ၊ အထူးသဖြင့် ကပ်ဘေးများနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံလာမည် သို့မဟုတ် ဖြစ်ပေါ်လာမည်ကို မျှော်လင့်ခြင်းမရှိသည့် သဘောထားကိုပင် ၎င်းတို့ ခံယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်ဆိုကြသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ဤလူတို့သည် ဓမ္မပညာနှင့်ဆိုင်သည့် ဘာသာရပ်နှင့် အသိပညာကိုလည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အထူးတလည် စိတ်ဝင်စားသောကြောင့် ဘုရားသခင်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာသော ပညာတတ်အုပ်စုသက်သက်သာ ဖြစ်ကြသည်။ ဤပညာတတ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ဘုရားသခင်က အမှုပြုရန် ကြွလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာသောအခါ ၎င်းတို့ မည်သို့ တုံ့ပြန်ကြသနည်း။ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုတော်သစ်ကို စတင်ခဲ့ကြောင်း ၎င်းတို့ ကြားသိရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နာမတော်သစ်နှင့် ဘုရားသခင်၏ အမှုတော်သစ်ကို ဟောပြောသည့် မည်သူမဆို၊ ထိုသူကို ၎င်းတို့က ရှုတ်ချကြပြီး သတ်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန်ပင် အလိုရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် မဟုတ်လော။ ၎င်းတို့နှင့် ရှေးခေတ် ဖာရိရှဲများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်များအကြား ကွာခြားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အပေါ်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအပေါ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် ရန်လိုကြပြီး၊ ထို့ထက်ပင်သာ၍ ဘုရားသခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ရန်လိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် လူ့ဇာတိမခံယူပါက၊ ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေပါက သင်သည် ဘုရားဖြစ်သည်။ အကယ်၍ သင်သည် လူ့ဇာတိခံယူပြီး လူတစ်ဦးဖြစ်လာပါက သင်သည် ဘုရားမဟုတ်သကဲ့သို့ သင့်ကို ကျွန်ုပ်တို့ အသိအမှတ်မပြုပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ၎င်းတို့အနေဖြင့် ဤနေရာ၌ ရှိနေသရွေ့ ဘုရားသခင်ကို လူ့ဇာတိခံယူခွင့်ပြုမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။ ဘာသာရေးလောကသည် ဤ အငြင်းအခုံမျိုး၌ ပါဝင်ပတ်သက်သလော။ ဤအငြင်းအခုံ၏ အသံသည် ကျယ်လောင်ပြီး အလွန်အားကောင်းကာ “ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် မှားယွင်းပြီး မဖြစ်နိုင်ပါ။ အကယ်၍ သူသည် လူ့ဇာတိခံယူပါက အတုအယောင် ဖြစ်ရမည်” ဟု ဆိုကြသည်။ “သူတို့သည် လူသားတစ်ဦးကို သိသာထင်ရှားစွာ ယုံကြည်နေကြသည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံနေရခြင်းသာ ဖြစ်သည်” ဟု ဆိုသော လူအချို့လည်း ရှိသည်။ အကယ်၍ ၎င်းတို့က ဤသို့ ပြောဆိုနိုင်ပါက လွန်ခဲ့သော အနှစ်နှစ်ထောင်က သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့ချိန် ၎င်းတို့ ရှိနေခဲ့ပါက သခင်ယေရှုကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ယခု ၎င်းတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း အမှန်တွင် သခင်ယေရှု၏ နာမတော်၊ “သခင်ယေရှု” ဟူသော စကားလုံးနှစ်လုံးကိုသာ ယုံကြည်ကြခြင်းဖြစ်ပြီး ကောင်းကင်ဘုံရှိ မရေရာသော ဘုရားတစ်ဆူကို ယုံကြည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်၊ မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှု၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်တို့ကို မယုံကြည်ကြသကဲ့သို့၊ လက်ဝါးကပ်တိုင်၌ ကားစင်တင်သတ်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ်အားလုံးအတွက် ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော်ကို သာ၍ပင် မယုံကြည်ကြပေ။ ၎င်းတို့ လေ့လာသော ဓမ္မပညာသည် ဘာသာရေးဆိုင်ရာ သီအိုရီ သို့မဟုတ် ကျမ်းတစ်စောင်တစ်မျိုးသာ ဖြစ်ပြီး လူတို့ကို အထင်အမြင်မှားစေသော ဖြစ်နိုင်ဖွယ်ရှိပုံရသည့် မှားယွင်းသော အယူဝါဒများထက် မပိုပေ။ ခရစ်ယာန်ဘာသာထဲက ဤဓမ္မပညာဆိုင်ရာ ပညာရှင်များဟု ခေါ်သူများသည် ငါတို့ အသင်းတော်တွင်ရှိသည့် အန္တိခရစ်များနှင့် မည်သည့် မလွဲမသွေဖြစ်သော ဆက်စပ်မှုရှိသနည်း။ ၎င်းတို့၏ အမျိုးမျိုးသော အပြုအမူများနှင့် ငါတို့ ဆွေးနွေးသည့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရကြားတွင် ဆက်စပ်မှုမှာ အဘယ်နည်း။ ၎င်းတို့အကြောင်းကို အဘယ်ကြောင့် ပြောဆိုဆွေးနွေးရသနည်း။ ခရစ်ယာန်ဘာသာတွင်ရှိသည့် လူများအကြောင်းကို ယခုအချိန်တွင် မဆွေးနွေးသေးဘဲ ဆိုင်းငံ့ထားကြပါစို့။ ထိုအစား အန္တိခရစ်များအဖြစ် အမျိုးအစား သတ်မှတ်ခံရသူများက သမ္မာတရားအား သဘောထားကြပုံကို ကြည့်ကြစို့၊ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှနေ၍ မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် အလွန်တန်ဖိုးထားမြတ်နိုးကြသည်ကို ကြည့်ကြစို့။ ပထမဆုံးအနေဖြင့် သမ္မာတရားအချို့ကို ၎င်းတို့သဘောပေါက်ပြီးနောက်တွင် ဤသမ္မာတရားများကို မည်သို့နားလည်ကြသနည်း။ ဤသမ္မာတရားများကို ၎င်းတို့က မည်သို့ သဘောထားကြသနည်း။ ဤသမ္မာတရားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဤစကားများကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် ၎င်းတို့ လက်ခံကြသလော၊ သို့မဟုတ် ယင်းတို့ကို သဘောတရားအမျိုးအစားတစ်ခုအဖြစ် ၎င်းတို့က မိမိကိုယ်ကို ပြင်ဆင်ကြပြီး ထို့နောက် အခြားသူများထံ သွားဟောကြသလော။ (၎င်းတို့က ထိုအရာများကို ဟောပြာရမည့် သဘောတရားတစ်မျိုးအဖြစ် သဘောထားကြပါသည်။) ၎င်းတို့သည် ထိုအရာများကို သင်ယူ၊ စိစစ်ပြီး လေ့လာရမည့် သဘောတရားတစ်မျိုးအဖြစ် သဘောထားကြပြီး လေ့လာပြီးနောက်တွင် ထိုအရာများကို ၎င်းတို့၏ စိတ်နှင့် အတွေးများတွင် သင်ယူကြသည်။ ယင်းတို့ကို ၎င်းတို့က မှတ်မိကြသည်၊ ဆွေးနွေးနိုင်ကြပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ကြကာ ထို့နောက် နေရာတိုင်း၌ ထုတ်ပြကြသည်။ ၎င်းတို့ မည်မျှကြာ ဆက်ပြောဆိုဆွေးနွေးနေသည်ဖြစ်စေ သင် မမြင်ရသည့်အရာတစ်ခု ရှိ၏။ အယူဝါဒမည်မျှကို ၎င်းတို့ ပြောဆိုသည်ဖြစ်စေ၊ မည်မျှကောင်းစွာ ၎င်းတို့ ပြောနိုင်သည်ဖြစ်စေ၊ လူမည်မျှကို ၎င်းတို့ စကားပြောသည်ဖြစ်စေ၊ မည်သို့ ကျွမ်းကျင်စွာပြောသည်ဖြစ်စေ၊ အကြောင်းအရာ မည်မျှပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာက သမ္မာတရားနှင့်အညီ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုအရာများမှ မည်သည့်ရလဒ်ကိုမျှ သင် မမြင်ရပေ။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို သင် မမြင်ရပေ။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံကြပေ။ သမ္မာတရားကို မည်သည့်အရာအဖြစ် ၎င်းတို့က သဘောထားကြလေပြီနည်း။ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့ တန်ဆာပလာတစ်ခုအဖြစ် ဖြစ်သည်။ ဥပမာအနေဖြင့် ဘုရားသခင်က လူတို့အား ရိုးသားရန် ပြောပြီး၊ ရိုးသားသောလူတစ်ဦးက မည်သည့် သရုပ်သကန်များရှိသည်၊ ရိုးသားသော လူတစ်ဦးက မည်သို့ ပြောဆို၊ ပြုမူကာ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်ဟူသည်တို့ကို ရှင်းပြသည်။ ဤအရာကို နားထောင်ပြီးနောက်တွင် ၎င်းတို့၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ ဤစကားများက ၎င်းတို့အပေါ် မည်သည့် သက်ရောက်မှုရှိသနည်း။ ဦးစွာပထမ ၎င်းတို့က ဤစကားများကို လုံးဝ လက်မခံကြပေ။ ၎င်းတို့၏သဘောထားမှာ အဘယ်နည်း။ “ကျွန်ုပ် ထိုအရာကို နားလည်သည်။ ရိုးသားသော လူတို့က မလိမ်ကြပါ၊ ရိုးသားသော လူတို့က အခြားသူများကို အမှန်တရား ပြောပြီး မိမိတို့ စိတ်နှလုံးများကို ဖွင့်ဟနိုင်ကြသည်။ ရိုးသားသောလူတို့က မိမိတို့ တာဝန်များကို ဝတ်ကျေတမ်းကျေ မဟုတ်ဘဲ သစ္စာစောင့်သိစွာ ထမ်းဆောင်ကြသည်” ဟူ၍ ဖြစ်၏။ ၎င်းတို့က ဤစကားများကို ၎င်းတို့၏ စိတ်နှလုံးများတွင် သဘောတရားတစ်ခုအဖြစ် ထိန်းသိမ်းထားကြသည်။ ဤသဘောတရားမျိုးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ပြောင်းလဲစေနိုင်သလော။ (မပြောင်းလဲစေနိုင်ပါ။) သို့ဆိုလျှင် ထိုအရာကို ၎င်းတို့က အဘယ်ကြောင့် သတိရကြသေးသနည်း။ ၎င်းတို့က ဤစကားများ၏ မှန်ကန်မှုကို နှစ်သက်ကြပြီး အခြားသူများထံမှ သာ၍အလေးထားမှုကို ရရှိလျက် မိမိတို့ကိုယ်ကို ပြရုပ်တင်ဖို့အတွက် ဤမှန်ကန်သော သဘောတရားများကို အသုံးပြုကြသည်။ လူတို့က အလွန်အလေးထားကြသည့်အရာမှာ မည်သည့်အရာနည်း။ မှန်ကန်သည့် စကားများကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် အသေးစိတ် ပြောတတ်သည့် ၎င်းတို့၏ စွမ်းရည်ဖြစ်သည်။ ယင်းမှာ ဤလူတို့ အလိုရှိသည့်အရာဖြစ်သည်။ ဤစကားများကို ကြားပြီးနောက်တွင် ၎င်းတို့က အလေးအနက်ထားကြပြီလော။ (မထားကြသေးပါ။) အဘယ်ကြောင့် မထားကြသနည်း။ အဘယ်သို့ဖြစ်ပြီး သင်တို့ ပြောနိုင်သနည်း။ (ယင်းတို့ကို ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပါ။) အဘယ်ကြောင့် ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “သို့ဆိုလျှင် ဤအရာများသည် ဘုရား၏ စကားများဖြစ်သလော။ ရိုးရှင်းပေသည်၊ ယင်းတို့ကို တစ်ကြိမ် ကြားပြီးနောက်တွင် ငါ မှတ်မိသည်။ ရိုးသားသော လူတစ်ဦးက မည်သို့ ပြုမူသင့်သည်ဟူသည်ကို တစ်ကြိမ်ကြားပြီးနောက်တွင် ငါ ရွတ်ပြနိုင်သည်။ သင်တို့အားလုံးက ထိုအရာကို မှတ်စုယူပြီး တွေးဆရန် လိုအပ်ကြဆဲဖြစ်သော်လည်း ငါ မလိုအပ်ပါ”ဟု တွေးကြသည်။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို သဘောတရားတစ်မျိုး သို့မဟုတ် အသိပညာတစ်မျိုးအဖြစ် ယူဆကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ရိုးသားသောလူတစ်ဦး မည်သို့ဖြစ်ရမည်ကို မတွေးဆကြ၊ ၎င်းတို့သည် ဤအရာနှင့် မိမိတို့ကိုယ်ကို မယှဉ်ကြည့်ကြပေ၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သို့စံမမီသည် သို့မဟုတ် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း စည်းမျဉ်းများကို ဆန့်ကျင်သည့် မည်သည့်လုပ်ရပ်များအား ၎င်းတို့ လုပ်ဆောင်မိသည်ဟူသည်ကို မြင်တွေ့ရန် ၎င်းတို့က မိမိတို့၏ လုပ်ရပ်များကို မဆန်းစစ်ကြပေ။ ပြီးလျှင် ၎င်းတို့က “ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် သမ္မာတရားဖြစ်သည်။ လူတို့အနေဖြင့် ရိုးသားသင့်သည်။ ထို့ကြောင့် ရိုးသားသော လူတစ်ဦးဖြစ်ရန်အလို့ငှာ မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် နည်းလမ်းတစ်ခုဖြင့် ငါ အဘယ်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ မရိုးသားသည့် မည်သည့်အရာကို ငါ လုပ်ဆောင်မိပြီနည်း။ မည်သည့် အပြုအမူများသည် ရိုးသားသောလူတစ်ဦး၏ အပြုအမူများ မဟုတ်သနည်း”ဟူ၍ လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့သည် ဤကဲ့သို့ စဉ်းစားကြသလော။ (မစဉ်းစားကြပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ ၎င်းတို့က “သို့ဆိုလျှင် ဤသည်မှာ ရိုးသားသောလူတစ်ဦး ဖြစ်သည်လော။ ဤသည်မှာ သမ္မာတရားဖြစ်သည်လော။ ဤသည်မှာ သဘောတရားတစ်ခု၊ ဆောင်ပုဒ်တစ်ခုသာဖြစ်သည် မဟုတ်လော။ အလွန်ကိုယ်ကျင့်တရား ကောင်းပုံရသည့် သဘောကိုသာ ခံယူလော့၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်ပါ”ဟု တွေးကြသည်။ ၎င်းတို့က အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်ကြသနည်း။ ၎င်းတို့က “ငါ့ စိတ်နှလုံးတွင် ရှိသည့် မည်သည့်အရာကိုမဆို အခြားသူတို့အား ငါ ပြောပြလျှင် ငါ့ကိုယ်ငါ ဖော်ထုတ်နေခြင်း ဖြစ်မည်မဟုတ်လော။ ငါ့ကိုယ်ငါ ဖော်ထုတ်ပြီး အခြားသူတို့က ငါ့ကို ရိပ်စားမိလျှင် ငါ့ကို အထင်ကြီးကြလိမ့်ဦးမည်လော။ ငါ စကားပြောလျှင် အခြားသူတို့က နားထောင်ကြလိမ့်ဦးမည်လော။ ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်မှာ ရိုးသားသော လူတစ်ဦးက မလိမ်ညာနိုင်ဟူ၍ ဖြစ်သည်။ လိမ်ညာခြင်းမရှိဘဲ လူတို့၏ စိတ်နှလုံးများတွင် လူတစ်ဦး၏ ကိုယ်ပိုင်အတွင်းရေး မကျန်ဘဲ နေမည်မဟုတ်လော။ ယင်းမှာ အခြားသူတို့အား ငါ့ကို ရိပ်စားမိခွင့်ပေးခြင်းဖြစ်မည် မဟုတ်လော။ ထိုသို့ အသက်ရှင်ခြင်းသည် မိုက်မဲမည် မဟုတ်လော”ဟု ခံစားကြသည်။ ဤသည်မှာ ၎င်းတို့၏ ရှုထောင့်ဖြစ်သည်။ မှန်ကန်မည်ဟု ၎င်းတို့ ယူဆသည့် သဘောတရားတစ်ခုကို ၎င်းတို့က လက်ခံသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများတွင် အယူအဆများ ရသွားသည်ဟု ထိုအရာက ဆိုလိုပေသည်။ ဤအယူအဆများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤစကားများက ၎င်းတို့အပေါ် မည်သည့် သက်ရောက်မှုများ ရှိနိုင်သည်၊ ယင်းတို့က ၎င်းတို့ကို ပေးသည့် ကောင်းကျိုးများနှင့် ဆိုးကျိုးများဟူသည်တို့ကို ၎င်းတို့က ပထမဆုံးအနေဖြင့် စိစစ်ကြသည်။ ထိုစကားများကို ၎င်းတို့ စိစစ်ပြီး ယင်းတို့က ၎င်းတို့အား ကောင်းကျိုးမပေးသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ဤကဲ့သို့ ငါ လက်တွေ့လုပ်ဆောင်၍ မဖြစ်ပါ။ ဤအရာကို ငါ လုပ်ဆောင်မည် မဟုတ်ပါ။ ငါ ထိုမျှ မမိုက်မဲပါ။ ငါသည် သင်တို့လောက် မိုက်မဲကာ ရိုးအမည် မဟုတ်ပါ။ မည်သည့်အချိန်တွင်ဖြစ်စေ ငါ့ကိုယ်ပိုင် အမြင်များကို ငါ အမြဲ ဆုပ်ကိုင်ထားပြီး ငါ့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းရမည်။ သင့်ထံတွင် အစီအစဉ်ပေါင်း တစ်ထောင်ရှိကောင်း ရှိနိုင်သော်လည်း ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခု ရှိသည်။ ငါ့စိတ်နှလုံးတွင်ရှိသည့် အကြံအစည်ကို ငါ ဖော်ထုတ်၍မဖြစ်ပါ။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် လူနုံလူအများအတွက် ဖြစ်သည်”ဟု စဉ်းစားကြသည်။ တစ်နည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းပယ်ကြသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးကဲ့သို့၊ ဝိညာဉ်ရေးရာ ပြည့်ဝသော လူတစ်ဦးကဲ့သို့ မိမိတို့အပေါ် လူတို့က သာ၍ ရှုမြင်အောင်ပြုလုပ်လျက် မိမိတို့ကိုယ်ကို ပြရုပ်တင်ရန် အတော်ပင် ပဓာနကျသော စကားရပ်အချို့ကို မှတ်မိကြလေသည်။ ဤသည်မှာ ၎င်းတို့ စိတ်နှလုံးများတွင် တွက်ချက်ကြသည့် အရာဖြစ်သည်။

အန္တိခရစ်တို့သည် တရားဒေသနာများနှင့် သမ္မာတရားနှင့်ပတ်သက်၍ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကိုလည်း မကြာခဏ နားထောင်ကြသော်လည်း ၎င်းတို့ထံတွင် သမ္မာတရားအပေါ် တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိပုံမပေါ်ပေ။ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် နားထောင်သည်ဖြစ်စေ လုံးဝ နားမထောင်ခဲ့ဘိသကဲ့သို့ ဖြစ်နေပြီး ယခင်အတိုင်းပင် ကိုယ့်စိတ်အထင်နှင့်ကိုယ် မကောင်းမှုများကို ဆက်လက်၍ မဆင်မခြင် ကျူးလွန်ကြသည်။ ဤသည်က ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းနှင့် ယင်းကို မချစ်ကြောင်း သက်သေပြသည်။ ၎င်းတို့သည် အဘယ်အရာကို ချစ်မြတ်နိုးကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပို၍ စုံလင်စွာ၊ ပို၍ ဂုဏ်သိက္ခာရှိစွာ၊ ပို၍ တင့်တယ်စွာ ပြင်ဆင်နိုင်ပြီး လူတို့ကို မိမိတို့အား ပို၍ ကိုးကွယ်စေနိုင်သော မှန်ကန်သည့်၊ ဆန်းသစ်သည့်၊ အနည်းငယ် ပို၍ အဆင့်မြင့်ယဉ်ကျေးဖွယ်ရာဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အသိပညာကို ချစ်မြတ်နိုးကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာနှင့်ပတ်သက်၍ အဘယ်အရာက ကောက်ကျစ်ဆိုးယုတ်သနည်း။ သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာအကြောင်းကို အန္တိခရစ်တစ်ဦးက မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့နောက်သို့ လိုက်စေရန်အတွက် ဖြစ်နိုင်ဖွယ်ရှိပုံရသော သဘောတရားတစ်စုံ သို့မဟုတ် မှန်ကန်သော စကားလုံးများကို အစဉ်သဖြင့် ဖန်တီးနိုင်ကြသည်။ ဤသည်မှာ စာတန်လောက်ပင် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အကြံအစည်များ၊ ကြိုတင်ကြံရွယ်မှုများနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို ဆောင်ရွက်ရန်အတွက် သဘောတရားပိုင်းဆိုင်ရာ အခြေခံအကြောင်းရင်းတစ်ခု ရှာတွေ့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတည်းဟူသော အလံကို ဝှေ့ယမ်းလိုသည့် ပြည့်စုံသော အစီအစဉ်အစုတစ်ခုတို့၌ ထင်ရှားသည်။ ဤသည်မှာ အန္တိခရစ်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့ကိုယ်ကို ကြွားဝါရန်အတွက်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြောင်းအရာနှင့်မသက်ဆိုင်ဘဲ ကိုးကားကြသည်။ မိတ်သဟာယဖွဲ့ခြင်းများနှင့် တရားဒေသနာများကို ၎င်းတို့ နားထောင်ပြီး မိမိတို့ အသုံးပြုနိုင်သော ဆန်းသစ်သည့် စကားစုတစ်ခုကို ကြားသိရသောအခါ ချက်ချင်း မှတ်သားထားလိုက်ကြသည်။ လူနုံလူအများက ထိုသို့သော အပြုအမူကို မြင်တွေ့ပြီး “သူတို့သည် တရားဒေသနာတစ်ခုကို ကြားသည့်အခါတိုင်း မှတ်စုများ မှတ်သားလျက် ဖြောင့်မတ်ခြင်းတရားအတွက် အဘယ်မျှ ဆာလောင်မွတ်သိပ်လိုက်ပါသနည်း။ အရေးကြီးသောအချက်တိုင်းကို မှတ်သားထားလျက် သူတို့၌ ဝိညာဉ်ရေးရာ နားလည်မှု အဘယ်မျှ ရှိရမည်နည်း” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ မှတ်စုမှတ်သားခြင်းသည် အခြားလူတို့၏ မှတ်စုမှတ်သားခြင်းနှင့် တူသလော။ မတူပါ။ အချို့လူတို့က၊ “ဤသည်မှာ ကောင်းသော ပြောဆိုချက်တစ်ခု ဖြစ်သည်။ ကျွန်ုပ် နားမလည်ပါ၊ သို့ဖြစ်၍ ကျွန်ုပ်၏ လက်တွေ့လုပ်ဆောင်မှုတွင် လမ်းကြောင်းတစ်ခုနှင့် စည်းမျဉ်းများ ရှိရန်အလို့ငှာ ယင်းကို မှတ်သားထားပြီး နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရာ၌ ကျင့်သုံးရန် လိုအပ်သည်”ဟု စဉ်းစားကြသောကြောင့် မှတ်စုများ မှတ်သားကြခြင်း ဖြစ်သည်။ အန္တိခရစ်သည် ဤသို့ စဉ်းစားသလော။ ၎င်းတို့၏ စေ့ဆော်မှုမှာ အဘယ်နည်း။ ၎င်းတို့က “ယနေ့ သင်တို့ မည်သူမျှ မကြားဖူးသော သမ္မာတရားဆိုင်ရာ အချက်တစ်ခုကို ငါ မှတ်သားထားခဲ့ပြီး မည်သူ့ကိုမျှ ငါ ပြောပြမည်မဟုတ်သကဲ့သို့ အခြားသူများနှင့်လည်း ထိုအကြောင်းကို မိတ်သဟာယပြုမည်မဟုတ်ပါ။ ထိုအရာကို ငါ နားလည်သွားပြီဖြစ်ပြီး တစ်နေ့နေ့တွင် ထိုအကြောင်းကို သင်တို့အားလုံးအား ငါ ပြောပြပြီး သမ္မာတရားကို ငါ အမှန်တကယ် နားလည်ကြောင်း သင်တို့အား သိစေရန် ကြွားဝါမည်ဖြစ်ကာ လူတိုင်းက ၎င်းတို့၏ ထောက်ခံမှုကို ပြသကြလိမ့်မည်” ဟု စဉ်းစားကြသည်။ အန္တိခရစ်တို့သည် ဤသို့ မှတ်စုများ မှတ်သားပြီး ၎င်းတို့၏ မှတ်စုများက အတော်အတန် မှန်ကန်တိကျသောကြောင့် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဆာငတ်ကြသည်ဟု သင်တို့ ထင်ကောင်းထင်နိုင်သည်။ သို့သော် မှတ်စုများ မှတ်သားပြီးသည့်နောက် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် မိမိတို့၏ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ထိုမျှသာ ဖြစ်သည်။ တစ်နေ့တွင် ၎င်းတို့ တရားဟောဆရာတစ်ဦး ဖြစ်လာပြီး အဘယ်အရာ ဟောပြောရမည်ကို မသိသောအခါ မိမိတို့၏ မှတ်စုစာအုပ်ကို အလျင်အမြန် လှန်လှောကြည့်ရှုကြသည်၊ မိမိတို့၏ တရားဒေသနာနှင့်ဆိုင်သည့် အကြောင်းအရာကို စုစည်းကြသည်၊ ထိုအရာကို ဖတ်ရှုသည်၊ အလွတ်ကျက်မှတ်သည်၊ မိမိတို့စိတ်ထဲ၌ အားလုံး ရှင်းလင်းသွားသည်အထိ အလွတ် ပြန်လည်ရေးသားကြသည်။ ထိုအခါမှသာ ၎င်းတို့က မိမိတို့၌ နောက်ဆုံးတွင် “သမ္မာတရား” ရှိပြီဖြစ်ပြီး ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ကြွားဝါပြောဆိုနိုင်ပြီဟု တွေးထင်လျက် “မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည်” ဟု ခံစားကြရသည်။ ဤလူတို့ ပြောဆိုသည့်အရာ၏ လက္ခဏာရပ်တစ်ခုမှာ ထိုအရာသည် အနှစ်မဲ့သော အယူဝါဒများ၊ အကြောင်းပြချက်များနှင့် စည်းမျဉ်းစည်းကမ်းများချည်းသာ ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့၌ တိကျသော အခက်အခဲများ ရှိသောအခါ သို့မဟုတ် ပြဿနာများကို တွေ့ရှိပြီး ၎င်းတို့ထံမှ ဖြေရှင်းချက်များကို ရှာဖွေသောအခါ ၎င်းတို့သည် ရှင်းလင်းစွာနှင့် ယုတ္တိရှိစွာ ပြောဆိုလျက် အယူဝါဒတစ်ပြုံတစ်မကိုသာ သင်တို့အား ပေးနေဆဲ ဖြစ်သည်။ အကယ်၍ ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့အား မေးမြန်းပါက ၎င်းတို့ ပြောရမည့်စကားမသိကြတော့ပေ။ အကယ်၍ ၎င်းတို့သည် ယင်းကို ရှင်းလင်းစွာ မပြောဆိုနိုင်ပါက ဆိုးရွားသော ပြဿနာတစ်ခု ရှိနေပြီဖြစ်ပြီး ထိုအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်ကြောင်း သက်သေပြပေသည်။ သမ္မာတရားကို နားမလည်သောသူများနှင့် သမ္မာတရားကို မချစ်မြတ်နိုးသောသူတို့သည် ထိုသမ္မာတရားကို ပြောဆိုချက်တစ်မျိုး သို့မဟုတ် သဘောတရားတစ်မျိုးအဖြစ်သာ မကြာခဏ သဘောထားကြသည်။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်တွင်၊ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ ထိုအရာကို ၎င်းတို့ ရိပ်စားမိနိုင်ခြင်းမရှိပေ။ ၎င်းတို့ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြပေ။ တစ်စုံတစ်ယောက်က ၎င်းတို့နှင့် မိတ်သဟာယပြုသောအခါ ၎င်းတို့ တုံ့ပြန်သည့် “ကျော်ကြားသော ဆိုရိုးစကား” တစ်ခု ရှိသည်။ “မည်သည့်အရာကိုမျှ ကျွန်ုပ်အား မပြောပါနှင့်၊ မည်သည့်အရာကိုမဆို ကျွန်ုပ်နားလည်ပါသည်။ ကျွန်ုပ် တရားဟောပြောနေစဉ်အခါက သင်တို့သည် လမ်းပင် မလျှောက်တတ်သေးပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ “ကျော်ကြားသော ဆိုရိုးစကား” ဖြစ်သည်။ ၎င်းတို့သည် အရာရာကို နားလည်သည်ဟု အခိုင်အမာ ဆိုကြသည်။ သို့ဖြစ်၍ ပြဿနာများ ပေါ်ပေါက်သည့်အခါတိုင်း အဘယ်ကြောင့် ၎င်းတို့ အကျပ်ရိုက်ကြသနည်း။ နားလည်သောသူတစ်ဦးအနေဖြင့် သင်တို့သည် အဘယ်ကြောင့် အရေးယူဆောင်ရွက်ခြင်း မရှိနိုင်သနည်း။ အဘယ်ကြောင့် ဤကိစ္စရပ်က သင်တို့ကို အဟန့်အတားဖြစ်စေပြီး စိတ်ရှုပ်ထွေးစေသနည်း။ သမ္မာတရားကို သင်တို့ နားလည်သလော၊ နားမလည်သလော။ အကယ်၍ သင်တို့ နားလည်ပါက အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ အကယ်၍ သင်တို့ နားလည်ပါက အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် လူတို့ ပထမဦးဆုံး ပြုလုပ်သင့်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့ကျိုးနွံနာခံသင့်ပေသည်၊ အခြားမည်သည့်အရာမျှ မရှိပေ။ လူအချို့က “အရာရာကို ကျွန်ုပ် နားလည်ပါသည်။ ကျွန်ုပ်နှင့် မိတ်သဟာယမဖွဲ့ပါနှင့်။ အခြားသူများထံမှ အကူအညီ ကျွန်ုပ် မလိုအပ်ပါ”ဟု ဆိုကြသည်။ ၎င်းတို့ကို ကူညီရန် မလိုအပ်ပါက ကိစ္စမရှိပေ။ သို့သော် စိတ်မကောင်းစရာအချက်မှာ ၎င်းတို့ အားနည်းသောအခါ ၎င်းတို့ နားလည်သော ထိုအယူဝါဒများသည် အနည်းငယ်မျှပင် အသုံးမဝင်တော့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကိုပင် မထမ်းဆောင်လိုကြတော့ဘဲ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် ဆိုးယုတ်သော ဆန္ဒတစ်ခုလည်း ပေါ်ပေါက်လာသည်။ ဓမ္မပညာဆိုင်ရာ သဘောတရားများကို နှစ်ပေါင်းများစွာ ဟောပြောပြီးနောက် ထိုကဲ့သို့ပင် ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်တန့်လိုက်ကြပြီး ထိုသို့ပင် ထွက်သွားကြသည်။ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဝိညာဉ်ရင့်ကျက်မှုမရှိလျှင် အသက်မရှိပေ။ အကယ်၍ သင်တို့၌ အသက်ရှိပါက အဘယ်ကြောင့် ထိုသို့ သေးငယ်သည့်ကိစ္စရပ်တစ်ခုကို မကျော်လွှားနိုင်ရသနည်း။ သင်တို့သည် အတော်ပင်စကားပြောကောင်းသည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့ကိုယ်သင်တို့ ဖျောင်းဖျကြလော့။ သင်တို့ကိုယ်သင်တို့ပင် အယုံသွင်းနိုင်ခြင်းမရှိပါက၊ သင်တို့ နားလည်သည်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ သမ္မာတရား ဖြစ်သလော။ သမ္မာတရားသည် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဖြေရှင်းပေးနိုင်သည်။ သင်တို့ နားလည်သော ထို “သမ္မာတရားများ” သည် အဘယ်ကြောင့် သင်တို့၏ ကိုယ်ပိုင် အခက်အခဲများကိုပင် မဖြေရှင်းပေးနိုင်ရသနည်း။ သင်တို့ နားလည်သည့်အရာသည် အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ထိုအရာသည် အယူဝါဒများသာ ဖြစ်သည်။

အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သော ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည်ဟူသည့်အချက်နှင့်စပ်လျဉ်း၍၊ ဤသရုပ်သကန်၏ တတိယအပိုင်းဖြစ်သော အသိပညာနှင့် ကျမ်းတတ်ပညာကို ၎င်းအလွန်တန်ဖိုးထားမြတ်နိုးသည်ဟူသည့်အကြောင်းကို ငါ ယခုလေးတင် ပြောဆိုခဲ့သည်။ အန္တိခရစ်များသည် အသိပညာနှင့် ပညာအရည်အသွေးကို အလွန်တန်ဖိုးထားမြတ်နိုးသည်၊ ဤအရာနှင့်ပတ်သက်၍ အဘယ်အရာက သူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သရုပ်ဖော်နိုင်သနည်း။ အသိပညာနှင့် ပညာအရည်အသွေးကို အလွန်တန်ဖိုးထားမြတ်နိုးခြင်းသည် ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိကြောင်း ဆိုလိုသည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ ငါတို့သည် ဤနေရာ၌ အချက်အလက်များကို သေချာပေါက် ပြောဆိုရမည်ဖြစ်သည်။ ငါတို့က အနှစ်မဲ့သော စကားများ သို့မဟုတ် သဘောတရားများကိုသာ ဆွေးနွေးခဲ့သည့်အလား၊ လူတို့သည် ဤအရာအပေါ် တစ်ဖက်သတ်ခံယူကာ ဤအရာအပေါ် စေ့စပ်သော သိနားလည်မှုကို လျော့နည်းကောင်းလျော့နည်းသွားနိုင်သည်။ ပထမဦးစွာ သမိုင်းတွင် ပို၍ ရှေးကျသော အရာတစ်ခုခုဖြင့် အစပြုကြစို့။ ငါ စကားပြောနေစဉ် ငါ၏ စကားများကို အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် တိုက်ဆိုင်စစ်ဆေးကြလော့။ ပြီးလျှင် အန္တိခရစ်များ၏ သရုပ်သကန်များနှင့် အနှစ်သာရနှင့်လည်း တိုက်ဆိုင်စစ်ဆေးကြလော့။ လွန်ခဲ့သော အနှစ်နှစ်ထောင်က ဖာရိရှဲများအကြောင်းကို ဦးစွာ ပြောကြစို့။ ထိုအချိန်က ဖာရိရှဲများသည် သူတော်ကောင်းယောင်ဆောင်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ပထမဦးဆုံးအကြိမ် လူ့ဇာတိခံယူပြီး ပေါ်ထွန်းကာ အမှုပြုခဲ့ချိန်တွင်၊ ဖာရိရှဲများသည် သမ္မာတရားကို တစ်စက်မျှ လက်မခံခဲ့ကြရုံသာမက သခင်ယေရှုကိုပင် ပြင်းထန်စွာ ရှုတ်ချပြီး ဆန့်ကျင်ခဲ့ကြကာ၊ ထိုသို့ဖြင့်ဘုရားသခင်၏ ကျိန်ခြင်းကို ခံခဲ့ကြရသည်။ ဤအရာက ဖာရိရှဲများသည် အန္တိခရစ်များ၏ စံပြုလောက်သော ကိုယ်စားပြုသူများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ “အန္တိခရစ်များ” ဟူသည်မှာ ဖာရိရှဲများအတွက် နောက်ထပ်အမည်တစ်ခု ဖြစ်လာခဲ့ပြီး အနှစ်သာရအားဖြင့် ဖာရိရှဲများသည် အန္တိခရစ်များကဲ့သို့သော လူစားမျိုးပင် ဖြစ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို စိတ်ဖြာလေ့လာဆွေးနွေးရန် ဖာရိရှဲများဖြင့် အစပြုခြင်းသည် ဖြတ်လမ်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း လူတို့အား ပြသခဲ့သည့် အဘယ်အရာများကို ဖာရိရှဲများက ပြုလုပ်ခဲ့ကြသနည်း။ အန္တိခရစ်များသည် အသိပညာနှင့် ပညာအရည်အသွေးကို အလွန်တန်ဖိုးထားမြတ်နိုးကြောင်း ငါ ယခုလေးတင် ဖော်ပြခဲ့သည်။ အသိပညာနှင့် ပညာအရည်အသွေးသည် မည်သည့်လူများနှင့် နီးကပ်စွာ ဆက်စပ်နေသနည်း။ ဤအရာများ၏ ပြယုဂ်များမှာ မည်သူတို့ ဖြစ်သနည်း။ ၎င်းတို့သည် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ကျောင်းသားများကို ရည်ညွှန်းသလော။ မရည်ညွှန်းပေ၊ ယင်းမှာ အလွန်အလှမ်းကွာသွားပေမည်။ ၎င်းတို့သည် ဖာရိရှဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဖာရိရှဲများက သူတော်ကောင်းယောင်ဆောင်ရသည့် အကြောင်းရင်း၊ ကောက်ကျစ်ဆိုးယုတ်ကြသည့်အကြောင်းရင်းမှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အသိပညာကို နှစ်သက်ကြခြင်း ကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာကြပြီး ကျမ်းဆိုင်ရာ အသိပညာကို လိုက်စားကြသည့်တိုင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဘုရားသခင်ထံ ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်ပြီးသောအရာကို လေ့လာရင်း၊ ထိုသို့ဖြင့် အခြားသူတို့အား သွန်သင်ပေးရန် ဘုရားနှုတ်ကပတ်တော်များကို သဘောတရားတစ်ခု၊ အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လျက် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လေ့လာကြသည်။ ယင်းကို ပညာရပ်ဆိုင်ရာ လေ့လာမှုဟု ခေါ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ပညာရပ်ဆိုင်ရာ လေ့လာမှုကို လုပ်ဆောင်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ လေ့လာနေကြသနည်း။ ၎င်းတို့၏ အမြင်တွင် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ဖော်ပြချက် မဟုတ်သကဲ့သို့ သမ္မာတရား သာ၍ပင် မဟုတ်ချေ။ ထို့ထက် ပညာအရည်အသွေးတစ်မျိုးဖြစ်သည် သို့မဟုတ် ဓမ္မပညာဆိုင်ရာ အသိပညာဟုပင် ဆိုနိုင်သည်ဟူ၍ ဖြစ်၏။ ၎င်းတို့၏ အမြင်တွင် ဤအသိပညာ၊ ဤပညာအရည်အသွေးကို ဖြန့်ဖြူးခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို ဖြန့်ဝေခြင်း၊ ဧဝံဂေလိကို ဖြန့်ဝေခြင်းဖြစ်သည်။ ဤသည်မှာ တရားဟောခြင်းဟု ၎င်းတို့ ခေါ်ဆိုသည့်အရာဖြစ်သော်လည်း ၎င်းတို့ ဟောသမျှမှာ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။