အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃) အခန်း ခုနစ်

စစ်မှန်သော လူသားတစ်ဦးသည် လူ့သဘာဝ၊ အသိစိတ်၊ ပုံမှန်လူ့အတွေးအခေါ်၊ လက်တွေ့ဘဝတို့နှင့် ကိုက်ညီသော၊ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော၊ လွဲချော်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်း ကင်းသော၊ စိတ်ကူးသက်သက်မဟုတ်သော၊ အနှစ်မဲ့ခြင်းမရှိသကဲ့သို့ သဘာဝလွန်မဟုတ်သော အရာများကို ချစ်မြတ်နိုးပြီး လိုက်စားသည်။ ဤအရာများနှင့်စပ်လျဉ်း၍ ပုံမှန်လူတစ်ဦးသည် ဤအရာများကို အပြုသဘောဆောင်သော အရာများအဖြစ် သဘောထားလျက် တန်ဖိုးထားခြင်း၊ မှန်ကန်စွာ ကိုင်တွယ်ခြင်းနှင့် ထုံးစံအတိုင်း လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သင့်သည်။ ဆန့်ကျင်ဘက်အားဖြင့် စားခြင်း၊ ဝတ်ခြင်း၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေး၊ အပြုအမူနှင့် နေထိုင်ပြုမူပုံကဲ့သို့သော လက်တွေ့ဘဝ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ဤသမ္မာတရားများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို သေးသိမ်စေသည်၊ လျစ်လျူရှုပြီး အလေးမထားကြပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ နှစ်သက်မှုများနှင့်လည်းကောင်း၊ သဘာဝအနှစ်သာရနှင့်လည်းကောင်း သက်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာသည် ပို၍ အပြုသဘောဆောင်လေ၊ ဘုရားသခင် ချစ်မြတ်နိုးသောအရာတစ်ခု၊ သူအလိုရှိသောအရာတစ်ခုနှင့် သူပြုလုပ်သောအရာတစ်ခု ဖြစ်လေဖြစ်ပြီး ထိုအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များထဲ၌ လူတို့ စွမ်းဆောင်ရရှိပြီး လက်ခံစေရန် သူမျှော်လင့်သည့်အရာနှင့် ပို၍ ကိုက်ညီလေ၊ ဤလူတို့က ယင်းကို ပို၍ မေးခွန်းထုတ်လေ၊ လေ့လာလေ၊ ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချလေ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပေသည်။ အန္တိခရစ်တို့သည် ဘာသာတရားမရှိသူများကြားတွင် အတော်လေး လူကြိုက်များသည်။ အကယ်၍ ငါသည် ဘာသာတရားမရှိသူများထဲတွင် ရှိခဲ့လျှင် အန္တိခရစ်များနှင့် လူ့ဇာတိခံ ဘုရားသခင်တို့ကြား မည်သည့်အရာက ဘာသာတရားမရှိသူများ၏ ပို၍ မဆိုင်းမတွ လက်ခံခြင်းကို ခံရမည်နည်း။ (အန္တိခရစ်များ ဖြစ်ပါသည်။) အဘယ်ကြောင့်နည်း။ ဘာသာတရားမရှိသူများသည် ဖြောင့်မတ်သောလူများကို နှစ်သက်ကြသလော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သောလူများကို နှစ်သက်ကြသလော။ (ကောက်ကျစ်ဆိုးယုတ်သောလူများကို နှစ်သက်ကြပါသည်။) ၎င်းတို့သည် မြှောက်ပင့်ပြီး မျက်နှာလို မျက်နှာရလုပ်သူများကို နှစ်သက်ကြသလော သို့မဟုတ် ရိုးသားသောသူများကို နှစ်သက်ကြသလော။ (မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်သူများကို နှစ်သက်ကြပါသည်။) အတိအကျပင်၊ ၎င်းတို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို မျက်နှာသာပေးကြသည်။ အကယ်၍ သင်သည် အုပ်စုတစ်ခုအတွင်းရှိ အမျိုးမျိုးသော လူအချင်းချင်း ဆက်ဆံရေးများကို စီမံခန့်ခွဲရန်အတွက် နည်းစနစ်များအား မည်သို့ အသုံးပြုရမည်ကို မသိပါက နည်းစနစ်များမှတစ်ဆင့် အမျိုးမျိုးသော လူတို့အား မည်သို့ ကြိုးကိုင်ညွှန်ကြားရမည် သို့မဟုတ် ထိန်းချုပ်ရမည် မသိပါက ထိုအုပ်စုသည် သင့်ကို လက်ခံနိုင်မည်လော။ အကယ်၍ သင်သည် အလွန် တည်ကြည်လွန်းလျှင်၊ အမှန်တရားကို အမြဲပြောဆိုလျှင်၊ ပြဿနာများစွာ၏ အနှစ်သာရကို ထိုးထွင်းသိမြင်မိနိုင်ပြီးနောက် သင် ထိုးထွင်းသိမြင်ကာ နားလည်ခဲ့သော အမှန်တရားများကို ထုတ်ဖော်ပြောဆိုလျှင် တစ်ဦးတလေက ယင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်၊ ဤလောက၌ မည်သူကမျှ ထိုအရာကို လက်မခံနိုင်ပေ။ ဤလောက၌ အမှန်တရားကို ပြောဆိုရန် မမျှော်လင့်နှင့်။ ထိုသို့ပြောဆိုခြင်းသည် ဒုက္ခပြဿနာကို ဆောင်ကြဉ်းလိမ့်မည် သို့မဟုတ် ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်။ ရိုးသားသောလူတစ်ဦးဖြစ်ရန် မမျှော်လင့်နှင့်၊ ထိုသို့ဖြစ်ခြင်း၌ အနာဂတ်မရှိပေ။ အန္တိခရစ်များကော အဘယ်သို့နည်း။ ၎င်းတို့သည် လိမ်ညာမှုများ ပြောဆိုရာ၌ ထူးချွန်ကြသည်၊ မိမိတို့ကိုယ်ကို ကျွမ်းကျင်စွာ ရုပ်ဖျက်ပြီး ပြရုပ်တင်ကြကာ မိမိတို့ကိုယ်ကို ကြီးကျယ်သော၊ ဂုဏ်သိက္ခာရှိသော၊ မွန်မြတ်သောသူအဖြစ် ပြင်ဆင်လျက် လူတို့အား သူတို့ကို ကိုးကွယ်စေကြသည်။ ၎င်းတို့သည် ဤအရာများ၌ ထူးချွန်ကြပြီး ၎င်းတို့ နှစ်သက်သည့်အရာမှာ အလားတူပင်ဖြစ်သည်။ ၎င်းတို့သည် အနှစ်မဲ့သော အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို ဆွေးနွေးခြင်းအပြင် ဆုကျေးဇူးများနှင့် နည်းဗျူဟာများကို နှိုင်းယှဉ်ခြင်းအား နှစ်သက်ကြသည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု သို့မဟုတ် လူအုပ်စုတစ်ခုတွင် အမြင့်ဆုံးသော အသိပညာနှင့် လေ့လာသင်ယူမှုတို့သည် အဓိကအရာ မဟုတ်သကဲ့သို့ ထိုကုမ္ပဏီ၌ လူတစ်ဦး၏ ရာထူးကို ဆုံးဖြတ်ရာတွင် အဓိကအချက်လည်း မဟုတ်ပေ။ အဓိကအချက်မှာ အဘယ်နည်း။ (နည်းဗျူဟာများနှင့် ပါရမီဖြစ်ပါသည်။) အတိအကျပင် ယင်းမှာ နည်းဗျူဟာများနှင့် ပါရမီဖြစ်သည်။ ဤအရာများမရှိဘဲ ကျယ်ပြန့်သော သင်ယူလေ့လာမှုကို ပိုင်ဆိုင်ခြင်းသည် အသုံးမဝင်ပေ။ ဥပမာအားဖြင့် သင်သည် ပင်လယ်ရပ်ခြားမှ ပြန်လာပြီးဖြစ်ကာ အိမ်ပြန်ရောက်သည့်အခါ ဤလူအုပ်စုအတွင်းရှိ ကစားပွဲစည်းမျဉ်းများကို လုံးဝ မသိနားမလည်ဟု ဆိုကြပါစို့။ အကယ်၍ သင်သည် ပင်လယ်ရပ်ခြား ကုမ္ပဏီများ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံသဘောတရားများကို ကျင့်သုံးပါက သင်သည် ရှေ့မတိုးသာအောင် ဖြစ်သွားလိမ့်မည်။ ယင်းမှာ ပကတိအခြေအနေ မဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအခြေအနေပင် ဖြစ်သည်။ သင့်တွင် နည်းဗျူဟာများ ရှိရမည်ဖြစ်ပြီး ပိုမိုမြင့်မားသော ရာထူးသို့ တက်လှမ်းရန်အတွက် ဆိုးယုတ်ကာ ကောက်ကျစ်ဆိုးယုတ်ရမည် ဖြစ်သည်။ ယင်းမှာ အချို့သော အမျိုးသမီးများကဲ့သို့ပင် ဖြစ်သည်၊ ၎င်းတို့ကို ထောက်ပံ့ရန် ခင်ပွန်းတစ်ဦး ရှိနေသော်လည်း ၎င်းတို့က မကျေနပ်ကြပေ။ ထင်ပေါ်ရန်နှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို အားကိုးကြသည်။ ၎င်းတို့သည် မျက်နှာတစ်ချက်မပျက်ဘဲ သို့မဟုတ် မိမိတို့၏ ခင်ပွန်းများ သို့မဟုတ် မိသားစုများအတွက် အပြစ်ရှိစိတ် သို့မဟုတ် အကြွေးတင်စိတ် ခံစားရခြင်းမရှိဘဲ မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်ခြင်းတို့ကိုပင် လုပ်ဆောင်ကြကာ လိုအပ်သည့်အခါ ဧည့်ခံဖျော်ဖြေပေးလေသည်။ သင်သည် ထိုသို့ ပြုလုပ်နိုင်မည်လော။ ယင်းမှာ သင့်အတွက် စက်ဆုပ်ဖွယ်ကောင်းသည်ဟု ထင်ရပြီး သင် မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့အကြား၌ သင်သည် ပိုမိုမြင့်မားသော ရာထူးသို့ မည်သို့ တက်လှမ်းနိုင်မည်နည်း။ နည်းလမ်းမရှိပေ။ ထိုအရာအားလုံးသည် မိမိ၏ စိတ်ဝိညာဉ်ကို ရောင်းစားခြင်းနှင့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် နည်းလမ်းများကို အသုံးပြုခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ အမှုအရာများအား ထိုသို့ လုပ်ဆောင်ခြင်းနည်းလမ်းကို သင် နှစ်သက်သလော။ (မနှစ်သက်ပါ။) သင်သည် ယခု မနှစ်သက်ဟု ဆိုသော်လည်း တစ်နေ့တွင် အတိုင်းအတာတစ်ခုအထိ သင် တွန်းအားပေးခြင်းခံရသောအခါ ယင်းကို နှစ်သက်လာလိမ့်မည်။ အကယ်၍ လူတို့က သင့်ကို တစ်နေ့လုံး အနိုင်ကျင့်ပြီး ညှဉ်းပန်းနှိပ်စက်လျှင်၊ သင် အခက်တွေ့စေဖို့ လုပ်ဆောင်လျှင်၊ သင်နှင့်ပတ်သက်၍ အပြစ်ရှာပြီး သင့်ကို မောင်းထုတ်လိုလျှင် သင်သည် မိမိ၏ အလုပ်ကို ထိန်းသိမ်းထားရန်အလို့ငှာ မိမိ၏ ခန္ဓာကိုယ်ကို ရောင်းစားရပေမည်။ ၎င်းတို့အသုံးပြုသော မည်သည့် ကောက်ကျစ်ဆိုးယုတ်သည့် လှည့်ကွက်များကိုမဆို သင် သင်ယူရမည်ဖြစ်ပြီး အဆုံးတွင် သင်သည် ၎င်းတို့ကဲ့သို့ပင် ဖြစ်လာလိမ့်မည်။ ယခုတွင် သင်က “ကျွန်ုပ်သည် ထိုနည်းဗျူဟာအစုံကို မကြိုက်ပါ။ ထိုသို့သော လူစားမျိုး ကျွန်ုပ် မဖြစ်ချင်ပါ။ ကျွန်ုပ် ထိုမျှ ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိပါ။ ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ကျွန်ုပ် မရောင်းစားလိုပါ။ ကျွန်ုပ်သည် ငွေကို မကြိုက်ပါ၊ စားရန်နှင့် ဝတ်ရန် လုံလောက်စွာ ရှိခြင်းသည် လုံလောက်ပါသည်” ဟု မျက်နှာထားတင်းတင်းဖြင့် ကြေညာသည်။ သင်သည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သင်သည် ဘာမျှမဟုတ်ပေ။ သင်သည် စာတန်က ဖောက်ပြန်ပျက်စီးစေပြီးသောအရာပင် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အစိုးရနိုင်သည်ဟု ထင်မြင်သလော။ လူတို့သည် ပတ်ဝန်းကျင်နှင့်အညီ ပြောင်းလဲကြသည်၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေနှင့် စုံစမ်းသွေးဆောင်ခြင်းမျိုးစုံကို သင် တကယ်ပင် မကျော်လွှားနိုင်ပေ။ အကယ်၍ သင်သည် ထိုပတ်ဝန်းကျင်၌ ရှိခဲ့လျှင် သင့်ကိုယ်သင် မထိန်းချုပ်နိုင်သည့်အတိုင်းပင် ဖြစ်ပေမည်။ ယခုတွင် ဘာသာတရားမရှိသူများ၏ ဘဝဇာတ်ခုံသည် အသားကြိတ်စက်တစ်ခုကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက ကြိတ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ရှင်သန်ရန် နည်းလမ်းမရှိပေ။ ယခုတွင် ဘုရားအိမ်တော်၌ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ကာကွယ်မှုနှင့်အတူ မည်သူကမျှ သင့်ကိုအနိုင်ကျင့်ခြင်းမရှိဘဲ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။ သင်သည် အလွန် ကောင်းချီးခံစားရသည်၊ သို့ဖြစ်၍ တိတ်ဆိတ်စွာ မွေ့လျော်ခံစားလော့။ အကယ်၍ သင်သည် သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ပြုပြင်ခြင်းအနည်းငယ်နှင့် ရင်ဆိုင်ရပါက မတရားခံရသည်ဟု သင် မခံစားသင့်ပေ။ ကြီးမားသော ကောင်းချီးမင်္ဂလာများကို သင် ရရှိပြီးဖြစ်သည်။ ယင်းကို သင် မသိသလော။ (သိပါသည်။) ငါ့ကို ပြောလော့၊ “အသားကြိတ်စက်”ထဲ၌ ရှိနေရခြင်းသည် ဘာသာတရားမရှိသူများအတွက် မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့သည် သေလျှင် ပိုကောင်းပေမည်။ ဘုရားအိမ်တော်၌ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခအနည်းငယ်သည် လူတို့ ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်၊ ယင်းမှာ အလွန် နာကျင်ခြင်း လုံးဝ မရှိပေ။ သို့ရာတွင် လူတို့သည် ကျေနပ်ရောင့်ရဲခြင်းမရှိကြသကဲ့သို့ မည်သို့ပင် ပြုပြင်ခြင်းခံရသည်ဖြစ်စေ နောင်တရလိုစိတ် မရှိကြပေ။ သို့သော် ၎င်းတို့ကို အိမ်သို့ ပြန်လွှတ်သောအခါ ၎င်းတို့အနေဖြင့် အလွန် ဆိုးယုတ်ပြီး ဆိုးရွားသည်ဟု ခံစားကြရသောကြောင့် ဘာသာတရားမရှိသူများထံသို့ ပြန်သွားရန် မလိုလားကြပေ။ သေခြင်းနှင့် အမှန်တကယ် ရင်ဆိုင်ရသောအခါ လူတို့သည် မသေလိုကြပေ။ လူတိုင်းက အသက်ကို တန်ဖိုးထားပြီး “ကောင်းသောသေခြင်းထက် ဆိုးသောဘဝက ပိုကောင်းသည်” ဟူသော စည်းမျဉ်းကို လိုက်နာကြသည်။ မိမိတို့၏ ခေါင်းတလားကို မြင်သည်နှင့်တစ်ပြိုင်နက် ငိုကြွေးမြည်တမ်းကြသည်။ ဘာသာတရားမရှိသူများအကြား၌ ရှင်သန်ရန် မလွယ်ကူကြောင်းကို လူတို့ ယခု သိကြသည်။ အကယ်၍ သင်သည် ဂုဏ်သိက္ခာဖြင့် နေထိုင်ပြီး သင်၏ စွမ်းရည်များကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုလိုပါက ထိုသို့ပြုလုပ်ရန် နည်းလမ်းမရှိပေ။ စွမ်းရည်များရှိရုံတစ်ခုတည်းနှင့် မလုံလောက်ပေ။ အောင်မြင်ရန်အတွက် သင်သည် ကောက်ကျစ်ဆိုးယုတ်ရမည်၊ ဆိုးယုတ်ရမည်ဖြစ်ပြီး အတော်အတန် ယုတ်မာရမည်ဖြစ်သည်။ အဘယ်အရာကို သင် ပိုင်ဆိုင်သနည်း။ လူအချို့က “ကျွန်ုပ်၌ ယခု ကောက်ကျစ်ဆိုးယုတ်မှု အနည်းငယ် ရှိသော်လည်း ဆိုးယုတ်မှုက မလုံလောက်ပါ”ဟု ဆိုကြသည်။ ယင်းမှာ လွယ်ကူသည်။ သင့်ကိုယ်သင် “အသားကြိတ်စက်” ထဲ၌ ထည့်လိုက်လော့၊ ပြီးလျှင် တစ်လမပြည့်မီ သင်သည် ဆိုးယုတ်လာလိမ့်မည်။ အကယ်၍ သင်သည် လူကောင်းတစ်ဦးဖြစ်ပါက ၎င်းတို့က သင့်ကို သတ်လိုကြလိမ့်မည်။ သင်သည် ၎င်းတို့ကို ချမ်းသာပေးသော်လည်း ၎င်းတို့က သင့်ကို ချမ်းသာပေးမည်မဟုတ်။ သို့ဖြစ်၍ သင်သည် အသက်ရှင်ရန်အလို့ငှာ ပြန်လည်တိုက်ခိုက်ရမည် ဖြစ်သည်။ သင် ဆိုးယုတ်သွားသည်နှင့်တစ်ပြိုင်နက် နောက်ပြန်လှည့်စရာအကြောင်း မရှိတော့ဘဲ သင်သည်လည်း နတ်ဆိုးတစ်ကောင် ဖြစ်လာသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် ဤနည်းဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ဘာသာတရားမရှိသူများ၏ လောကသည် အလွန် မှောင်မိုက်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ လူတို့သည် အမှောင်ထုနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ စာတန်ဆန်သော လွှမ်းမိုးမှုမှ မည်သို့ ရုန်းထွက်လွတ်မြောက်နိုင်ကြမည်နည်း။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ရရှိရန် သမ္မာတရားကို နားလည်ဖို့ လိုအပ်သည်။ ယခု သင်သည် ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သဖြင့် ကယ်တင်ခြင်းခံရပြီး စာတန်၏ စွမ်းအားမှ လွတ်မြောက်လိုပါက ယင်းမှာ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူရမည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိရမည်၊ အမှုအရာများစွာကို ထိုးထွင်းသိမြင်ရမည်ဖြစ်ပြီး ထို့အပြင် သင်၏ အမူအကျင့်ဆိုင်ရာ စည်းမျဉ်းများသည် တစ်နည်းအားဖြင့် အမြော်အမြင်ရှိရမည်ဖြစ်ကာ နောက်တစ်နည်းအားဖြင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိရပေ။ ထို့အပြင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အမြဲ မကြိုးပမ်းနှင့် သို့မဟုတ် အဆင့်အတန်း၏ အကျိုးအမြတ်များ ခံစားရန် စဉ်ဆက်မပြတ် မရှာဖွေနှင့်။ စားရန် လုံလောက်ပြီး ငတ်မသေရုံမျှသည် လုံလောက်ပေသည်။ သင်သည် ကွယ်ကာခြင်း ခံရရန်အလို့ငှာ ဤနည်းဖြင့် ကျေးဇူးတော် ပေးသနားခြင်းခံရဖို့အတွက် တောင်းလျှောက်လျက် ဘုရားသခင်ထံ ဆုတောင်းရန် လိုအပ်သည်။ အကယ်၍ သင်သည် လွန်ကဲသော လိုအင်ဆန္ဒများကို အမြဲထားရှိပါက ယင်းမှာ ယုတ္တိတန်ခြင်းမရှိသကဲ့သို့ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို အလေးဂရုပြုမည် မဟုတ်ပေ။

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်စပ်လျဉ်း၍၊ ယနေ့တွင် ငါတို့သည် အန္တိခရစ်များ ကိုးကွယ်သည့်အရာဖြစ်သော တတိယမြောက် သရုပ်သကန်ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့နေကြခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်အရာကို ကိုးကွယ်ကြသနည်း။ (အသိပညာနှင့် သင်ယူလေ့လာမှု ဖြစ်ပါသည်။) အသိပညာနှင့် သင်ယူလေ့လာမှုအပြင်နောက်ထပ်အရာတစ်ခုမှာ ဆုကျေးဇူးများ ဖြစ်သည်။ အသိပညာနှင့် သင်ယူလေ့လာမှုတွင် အဘယ်အရာများ ပါဝင်သနည်း။ ယင်းတို့တွင် လောက၌ လေ့လာကြသော ထိုစာအုပ်များထဲတွင် တွေ့ရှိရသည့်အရာ၊ အသိပညာနှင့်ဆက်စပ်သော လုပ်ငန်းများ၌ ပါဝင်ခြင်းမှ ရရှိသော အတွေ့အကြုံအပြင်၊ ကိုယ်ကျင့်တရား၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့နှင့်စပ်လျဉ်း၍ လူ့အဖွဲ့အစည်း၌ ဟောပြောကြသည့် အမျိုးမျိုးသော ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ ထို့အပြင်၊ ယင်းတို့တွင် သိပ္ပံပညာရပ်နယ်ပယ်အမျိုးမျိုးမှ အသိပညာများ ပါဝင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များ၌ ဖော်ပြထားသော လူဝင်စားခြင်းကို မယုံကြည်ကြပေ။ သို့သော် တစ်နေ့တွင် သိပ္ပံဆိုင်ရာ သုတေသနက လူသေဆုံးပြီးနောက် ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ထွက်ခွာသွားပြီး လူ၏ကိုယ်အလေးချိန်သည် ဝိညာဉ်၏အလေးချိန် ဖြစ်နိုင်ဖွယ်ရှိသော ပမာဏတစ်ခုအထိ လျော့ကျသွားသောကြောင့် လူတို့၌ ဝိညာဉ်ရှိကြောင်း ရှာဖွေတွေ့ရှိပါက ၎င်းတို့သည် ယင်းကို ယုံကြည်ကောင်း ယုံကြည်ကြပေမည်။ ဘုရားသခင်က မည်သို့ပင် ပြောသည်ဖြစ်စေ၊ ၎င်းတို့ မယုံကြည်ကြသော်လည်း သိပ္ပံပညာရှင်များက တစ်စုံတစ်ခုကို ကိုယ်အလေးချိန်အပေါ် အခြေခံ၍ တိုင်းတာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က သိပ္ပံပညာကိုသာ ယုံကြည်ကိုးစားကြသည်။ လူအချို့သည် နိုင်ငံ၊ အစိုးရနှင့် ဆက်စပ်ရာသတင်းအချက်အလက်များ၊ သီအိုရီများနှင့် ကျော်ကြားသော ပုဂ္ဂိုလ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ယုံကြည်ကြသည်။ ဤအရာများကိုသာ ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သွန်သင်ခြင်း၊ လမ်းပြခြင်း သို့မဟုတ် မိန့်မြွက်ချက်များကို အလေးအနက်မထားကြပေ။ သို့သော် ကျော်ကြားသူတစ်ဦး စကားပြောသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း လက်ခံပြီး ထိုသူတို့ကို ကိုးကွယ်ကာ ထိုသူတို့၏ စကားများကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့အတွက် နေ့စဉ် ချပေးခဲ့သော မန္နမုန့်ကို သိုလှောင်ထား၍မရနိုင်ဘဲ လတ်ဆတ်တော့မည်မဟုတ်သောကြောင့် နောက်တစ်နေ့တွင် မစားသုံးသင့်ဟု ပြောခဲ့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ စကားများကို မယုံကြည်ခဲ့ကြပေ။ ၎င်းတို့က “အကယ်၍ ဘုရားက မန္နမုန့်ကို မပို့ဘဲနေလျှင် ငါတို့ ဗိုက်ဆာကြမည် မဟုတ်လော”ဟု တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က ထိုမန္နမုန့်များကို စုဆောင်းကာ သိုထားဖို့ နည်းလမ်းရှာဖွေခဲ့ကြသည်။ ဘုရားသခင်က ဒုတိယနေ့တွင် မန္နမုန့်ကို ပို့ပေးခဲ့ပြီး ၎င်းတို့သည် ယင်းကို ဆက်လက်၍ စုဆောင်းခဲ့ကြသည်။ ဘုရားသခင်သည် တတိယနေ့တွင် မန္နမုန့်ကို ပို့ပေးခဲ့ပြီး ၎င်းတို့သည် ဆက်လက်၍ စုဆောင်းခဲ့ကြသည်။ ဘုရားသခင်သည် နေ့စဉ် ထိုစကားများကိုပင် ပြောခဲ့ပြီး ၎င်းတို့က မိမိတို့ကို ဘုရားသခင် ညွှန်ကြားခဲ့သည့်အရာနှင့် ဆန့်ကျင်သော နည်းလမ်းဖြင့် တစ်သမတ်တည်း ပြုမူခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စကားများကို မည်သည့်အခါမျှ မယုံကြည်ခဲ့သကဲ့သို့ နားမထောင်ခဲ့ကြပေ။ တစ်နေ့တွင် သိပ္ပံပညာရှင်တစ်ဦးက သုတေသနပြုလုပ်ပြီး “အကယ်၍ မန္နမုန့်ကို တစ်နေ့တည်း၌ မစားသုံးဘဲ နောက်တစ်နေ့အတွက် ချန်ထားခဲ့လျှင် အပြင်ပန်း၌ လတ်ဆတ်ပုံရလျှင်ပင်၊ ယင်း၌ စားသုံးမိပါက အစာအိမ်ရောဂါကို ဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ ပါဝင်သည်” ဟု ဆိုခဲ့သည်။ ထိုနေ့မှစ၍ ၎င်းတို့သည် စုဆောင်းခြင်းကို ရပ်တန့်ခဲ့ကြသည်။ ၎င်းတို့အတွက်မူ သိပ္ပံပညာရှင်တစ်ဦး၏ ပြောဆိုချက်တစ်ခွန်းသည် ဘုရားသခင်၏ ပြောဆိုချက်ဆယ်ခွန်းထက် ပို၍ အားကောင်းသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံခဲ့ကြပြီး ဘုရားသခင်ကို အသိအမှတ်ပြုကာ ဘုရားသခင်နောက်သို့ လိုက်ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိရန် ဆန္ဒရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းကို အကြိုက်တွေ့လျက်၊ ဘုရားသခင် ပေးသနားသော ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခဲ့ကြသော်လည်း ထိုအရာမှလွဲ၍ ဘုရားသခင် ပြောခဲ့သည့်အရာ၊ သူညွှန်ကြားခဲ့သည့်အရာ၊ အမိန့်ပေးခဲ့သည့်အရာ သို့မဟုတ် ၎င်းတို့ကို တာဝန်ပေးစေခိုင်းခဲ့သည့်အရာတို့နှင့်ဆိုင်သည့် ဝါကျတစ်ကြောင်းကိုမျှ ၎င်းတို့ နားမထောင်ခဲ့ကြပေ။ အကယ်၍ ဩဇာအာဏာနှင့် ရာထူးအဆင့်အတန်းရှိသည့် အသိပညာဗဟုသုတနှံ့စပ်သော လူတစ်ဦးက တစ်စုံတစ်ခုကို ပြောဆိုခဲ့လျှင် သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတစ်ခုကို မြွက်ဆိုခဲ့လျှင်၊ ၎င်းတို့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ချက်ချင်း လက်ခံခဲ့ကြသည်။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် အလွန် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ဥပမာအားဖြင့်၊ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ကန်စွန်းဥများကို ကြက်ဥနှင့်အတူ မစားရန် လူအချို့ကို ငါပြောခဲ့သည်။ ငါ၏ ပြောဆိုချက်သည် အဘယ်အရာကို အခြေခံသနည်း။ ငါသည် အကြောင်းမဲ့ ပြောနေခြင်းမဟုတ်။ ဤအရာနှစ်ခုလုံးကို တစ်ချိန်တည်း၌ စားသုံးခြင်းဖြင့် အစာအဆိပ်သင့်သောလူများ၏ ဖြစ်ရပ်များ ရှိခဲ့သည်။ ဤသည်ကို ကြားပြီးနောက် ပုံမှန်လူတစ်ဦး၏ တုံ့ပြန်မှုမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့က “အနာဂတ်တွင် ကန်စွန်းဥများကို ကျွန်ုပ် စားသောအခါ ကြက်ဥများကို စားတော့မည်မဟုတ်ပါ။ အနည်းဆုံး နောက်နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်း ကြက်ဥများကို မစားတော့ပါ” ဟု တွေးကြလိမ့်မည်။ ၎င်းတို့သည် ယင်းကို အလေးအနက်ထားပြီး မိမိတို့၏ စားသောက်မှုအလေ့အထများကို ပြောင်းလဲကြလိမ့်မည်။ သို့ရာတွင် လူအချို့က ယင်းကို မယုံကြည်ကြပေ။ ၎င်းတို့က “ကြက်ဥနှင့် ကန်စွန်းဥများကို အတူတကွ စားသုံးခြင်းမှ အစာအဆိပ်သင့်ခြင်းလော။ ယင်းမှာ မဖြစ်နိုင်ပါ။ ထိုအရာများကို ကျွန်ုပ်အတူတကွ စားသုံးမည်၊ ကျွန်ုပ် အစာအဆိပ်သင့်ခြင်း ရှိမရှိ သင် ကြည့်ပါလေ” ဟု ဆိုကြပေမည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သောသူ ဖြစ်ပါသည်။) ဤသူသည် အနည်းငယ် ယုတ်မာသည်ဟု ငါ မြင်သည်။ ဤအရာတစ်ခုကို ငါ ပြောဆိုပြီး ၎င်းတို့က ထိုအရာများကို မရမက အတူ စားသုံးကြသည်။ ဤသည်မှာ ယုတ်မာခြင်း မဟုတ်လော။ ၎င်းတို့သည် တရားနည်းလမ်းကျပြီး မှန်ကန်ကာ အပြုသဘောဆောင်သော အရာကို အထူးသဖြင့် ဆန့်ကျင်သည်၊ ယှဉ်ပြိုင်သည်၊ အတိုက်အခံလုပ်သည်၊ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် အာဏာကို တန်ဖိုးထားသည်။ နတ်ဆိုးများနှင့် စာတန်များက မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် မည်သည့်အရာကို ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ လူတို့သည် ယင်းကို မေးခွန်းမထုတ်ဘဲ လက်ခံနိုင်ကြစဉ်တွင် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြသည့်အခါတွင်မူ ယင်းတို့ကို လက်ခံလိုစိတ်မရှိဘဲ အယူအဆများစွာကိုပင် ဖြစ်ပေါ်စေကြသည်။ ဤတွင် နောက်ထပ် ဥပမာတစ်ခု ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိ ကျေးလက်ဒေသများစွာ၌ သားရဲတိရစ္ဆာန်များ မကြာခဏ လှည့်လည်သွားလာသော ရှေးကျသောသစ်တောများ ရှိသည်။ အပြင်ထွက်သည့်အခါ အဖော်တစ်ဦး ပါရှိသင့်ပြီး လိုအပ်သည်မှလွဲ၍ ညဘက်တွင် အပြင်မထွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင် အပြင်ထွက်ရန် လိုအပ်ပါက သင်သည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်၊ တစ်စုံတစ်ဦးနှင့်အတူ သွားရမည် သို့မဟုတ် ကိုယ့်ကိုယ်ကိုကာကွယ်သည့် လက်နက်များကို ဆောင်ထားရမည်ဖြစ်သည်။ နောင်တရခြင်းထက် လုံခြုံခြင်းက ပိုကောင်းသည်။ လူအချို့က “မည်သည့်အရာမျှ ဖြစ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ကာကွယ်ပေးပါလိမ့်မည်”ဟု ဆိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို စမ်းသပ်နေခြင်း မဟုတ်လော။ ဤကြိုတင်ကာကွယ်မှုများကို ပြုလုပ်ခြင်းသည် လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဦးခေါင်းတစ်ခု၊ နှလုံးသားတစ်ခုနှင့် စိတ်ဝိညာဉ်တစ်ခု ရှိသည်။ သို့ဖြစ်၍ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကို အဘယ်ကြောင့် မရမကတောင်းဆိုရသနည်း။ ဘုရားသခင်ကို မစမ်းသပ်နှင့်။ သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လော့။ အကယ်၍ သင်သည် လူလေးဦး သို့မဟုတ် ငါးဦးအဖွဲ့ကပင် မကိုင်တွယ်နိုင်သော ကြမ်းတမ်းခက်ထန်သည့် သားရဲတိရစ္ဆာန်တစ်ကောင်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရပါက အသက်ရှင်ကောင်း ရှင်နိုင်သည်။ ယင်းမှာ ဘုရားသခင်၏ ကွယ်ကာခြင်း ဖြစ်သည်။ လူအချို့သည် ဝံပုလွေများကို အမှန်ပင် တွေ့မြင်ခဲ့ပြီးဖြစ်ကာ ဝံပုလွေများနှင့် ဝက်ဝံများ အူသံကို ကြားခဲ့ပြီးဖြစ်သည်။ ဤသားရဲတိရစ္ဆာန်များ၏ တည်ရှိမှုကို အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရန် လွယ်ကူသောကြောင့် ညဘက်တွင် အပြင်မထွက်ရန် ငါပြောသောအခါ ငါသည် ကြံဖန်ပြောနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ငါသည် လူတို့ကို ကြောက်လန့်စေရန် ကြိုးစားနေခြင်း မဟုတ်ပေ။ လူအချို့သည် ဤအရာကို ကြားပြီးနောက် “ကျွန်ုပ် ပို၍ သတိထားသင့်သည်။ ကျွန်ုပ် အပြင်ထွက်သည့်အခါ အဖော်တစ်ဦးကို ရှာဖွေမည် သို့မဟုတ် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရမည်စိုး၍ ကိုယ့်ကိုယ်ကိုကာကွယ်သည့် လက်နက်တစ်ခုကို ဆောင်ထားမည်” ဟု ဆိုကြသည်။ လူအချို့က ဤအရာကို ကြားပြီးနောက် အလေးအနက်ထားပြီး ယုံကြည်ကာ လက်ခံပြီး ထို့နောက်တွင် ငါ ပြောခဲ့သည့်အရာကို လက်တွေ့လုပ်ဆောင်ရန် ဆက်လက်လုပ်ဆောင်ကြသည်။ ဤသည်မှာ ရိုးရှင်းသော လက်ခံခြင်းဖြစ်သည်။ ယင်းထက် ပို၍လွယ်ကူနိုင်မည် မဟုတ်ပေ။ သို့ရာတွင် နားမထောင်ရန် ငြင်းပယ်သော လူအမျိုးအစားတစ်မျိုး ရှိသည်။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်သည် သားရဲတိရစ္ဆာန်တစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးရသနည်း။ သူတို့ အဘယ်မှာ ရှိကြသနည်း။ တစ်ကောင် ထွက်လာပါစေ၊ ကျွန်ုပ် ရင်ဆိုင်ပြီး မည်သူက ပို၍ ကြမ်းတမ်းသည်ကို ကြည့်မည်။ သားရဲတိရစ္ဆာန်များနှင့်ပတ်သက်၍ အဘယ်အရာသည် ထိုမျှ ကြောက်စရာကောင်းသနည်း။ သင်တို့အားလုံးသည် သေးငယ်သော ယုံကြည်ခြင်းဖြင့် ကြောက်တတ်ကြခြင်းသာ ဖြစ်သည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းကို ကြည့်ပါ၊ ကျွန်ုပ်သည် ဝက်ဝံများကို မကြောက်ပါ”ဟု ဆိုကြသည်။ ၎င်းသည် အကြောင်းမဲ့သက်သက် လျှောက်သွားနေပြီး တစ်ယောက်တည်း တမင်တကာ အပြင်ထွက်ကြသည်။ အစာစားပြီးနောက် ၎င်းတို့သည် အပြင်၌ လမ်းလျှောက်ထွက်ရမည်ဖြစ်ပြီး တစ်ယောက်တည်း မရမက သွားကြသည်။ အခြားသူများက ၎င်းတို့နှင့်အတူ သွားဖို့ အဖော်တစ်ဦးကို ရှာဖွေရန် အကြံပြုသောအခါ ၎င်းတို့က “မဖြစ်နိုင်ပါ၊ အဘယ်ကြောင့် အဖော်တစ်ဦးကို ကျွန်ုပ် လိုအပ်ရမည်နည်း။ အဖော်တစ်ဦးရှိခြင်းသည် ကျွန်ုပ်ကို တန်ဖိုးမရှိသူကဲ့သို့ ဖြစ်စေလိမ့်မည်။ ကျွန်ုပ် တစ်ယောက်တည်း အပြင်ထွက်မည်”ဟု ပြန်ပြောကြသည်။ ၎င်းတို့အနေဖြင့် ထိုအရာကို စမ်းလုပ်ကြည့်မှဖြစ်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့အနေဖြင့် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ခြင်း ရှိမရှိကို ပြောပင်မပြောဘဲနေကြစို့။ ထိုသို့သော ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားသည် ပြဿနာဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သော လူတစ်ဦး၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပါသည်။) သင်သည် ၎င်းတို့နှင့် လေးနက်သော ကိစ္စရပ်များအကြောင်း ပြောဆိုရန် ကြိုးစားပြီး ၎င်းတို့သည် ယင်းကို ဟာသတစ်ခုကဲ့သို့ သဘောထားကြသည်။ ထိုသို့သောလူများနှင့် စကားပြောဆိုရာ၌ အကျိုးတစ်စုံတစ်ရာ ရှိသလော။ ဤသို့သောလူများသည် သားရဲတိရစ္ဆာန်များထက် ပိုဆိုးသည်။ ၎င်းတို့နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ခံရန် မလိုအပ်ပေ။

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများနှင့် အချို့သော အထူးပါရမီများကို အထူးသဖြင့် အာရုံစိုက်တတ်ကြောင်း၊ ၎င်းတို့သည် အထူးပါရမီရှိသူများကို အထူးသဖြင့် အားကျလေးစားပြီး တန်ဖိုးထားကြောင်း၊ ထိုသို့သောလူများ ပြောဆိုသည့်အရာကို ၎င်းတို့ လုံးဝ ရိုသေကြောက်ရွံ့ပြီး နာခံကြောင်းတို့ကို ယခုတင် ငါတို့ ပြောဆိုခဲ့ကြသည်။ လူတို့အတွက် အကျိုးရှိပြီး ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်ရန် လိုအပ်သော သာမန်အသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် စစ်မှန်သော သင်ယူလေ့လာမှု၊ သို့မဟုတ် ပုံမှန်လူ့အတွေးအခေါ်အတွင်း နားလည်နိုင်သော လက်တွေ့ကျပြီး အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ယင်းတို့ကို အာရုံမစိုက်ဘဲ မထီမဲ့မြင်ပြုကြသည်။ စုဝေးပွဲများအတွင်းတွင် ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ခေါင်းကုတ်ကြသည်၊ အချို့မှာ မျက်လုံးမှေးစင်းသွားသည်။ ထုံထိုင်းကာ ဉာဏ်ထိုင်းပုံရကြပြီး အချို့မှာ အတွေးလွန်နေပုံရသည်။ ဘုရားအိမ်တော်သည် လေးနက်သော ကိစ္စရပ်များကို ဆွေးနွေးလေ ၎င်းတို့က စိတ်ဝင်စားမှု နည်းပါးလာလေ ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့လေ ၎င်းတို့သည် ပို၍ ငိုက်မျဉ်းပြီး အိပ်ချင်စိတ်ဖြစ်ပေါ်လေ ဖြစ်သည်။ ဤလူတို့သည် သမ္မာတရားကို လုံးဝ စိတ်ဝင်စားမှုမရှိသည်မှာ သိသာထင်ရှားသည်။ ဤမယုံကြည်သူများသည် ကယ်တင်၍မရနိုင်တော့သည် မဟုတ်လော။ ဘာသာတရား၌ ၎င်းတို့ ရှိနေခဲ့စဉ်တွင် လူအချို့သည် အခြားသူများက အခြားသော ဘာသာစကားဖြင့် ပြောဆိုသည်ကို ကြားရခြင်း သို့မဟုတ် ထူးဆန်းသောအရာများကို မျက်မြင်တွေ့ရှိခြင်းကိုသာ နှစ်သက်ခဲ့ကြပြီး မယုံနိုင်စရာအရာများကို မြင်တွေ့ခြင်းက ၎င်းတို့၏ စိတ်ဓာတ်ကို ချက်ချင်း မြှင့်တင်ပေးခဲ့သည်။ လူအချို့သည် ငါ့ကို မြင်သောအခါ “ကျွန်ုပ်သည် ဝိဇ္ဇာဘွဲ့ဖြင့် ဘွဲ့ရခဲ့ပြီး ဒဿနိကဗေဒကို အဓိကသင်ယူခဲ့သည်။ သင်ကော အဘယ်အရာကို လေ့လာခဲ့သနည်း”ဟု ပြောဆိုရန် နှစ်သက်ကြသည်။ ငါက “ငါသည် သီးခြားဘာသာရပ် တစ်ခုတလေကိုမျှ မလေ့လာခဲ့ပါ။ စာလုံးအနည်းငယ်ကိုသာ ငါ နားလည်ပြီး စာအုပ်များကို ဖတ်နိုင်ပါသည်” ဟု ဆိုသည်။ ၎င်းတို့က “သို့ဆိုလျှင် သင်သည် စံမမီပါ” ဟု ဆိုကြသည်။ ငါက “ဤအရာကို နှိုင်းယှဉ်ခြင်းသည် အသုံးမဝင်ပါ၊ သို့သော် ခဏတာ မိတ်သဟာယဖွဲ့ကြပါစို့။ သင်၌ လက်ရှိ အခက်အခဲတစ်ခုခု ရှိပါသလော” ဟု ပြန်ပြောသည်။ ၎င်းတို့သည် မည်သို့ တုံ့ပြန်ကြသနည်း။ “ဟွန်း၊ ကျွန်ုပ်၌ အဘယ်အခက်အခဲများ ရှိသနည်း။ ကျွန်ုပ်၌ မည်သည့်အခက်အခဲမျှ မရှိပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို အလွန်ကောင်းမွန်စွာ ထမ်းဆောင်နေပါသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် သရဲပူးနေသည့်အလား သန်းဝေကာ မျက်ရည်များကျလျက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်။ အကယ်၍ ငါသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆက်လက်ဖော်ထုတ်ပါက ၎င်းတို့အနေဖြင့် နောက်ထပ် နားမထောင်လိုတော့ဘဲ မိမိတို့၏ ခွက်ကို ကိုင်ပြီး ထွက်သွားကြသည်။ ငါသည် ၎င်းတို့နှင့် တန်းတူရည်တူ ပေါင်းသင်းဆက်ဆံပြီး စကားပြောဆိုရန် ပို၍ ကြိုးစားလေ ၎င်းတို့သည် ငါ့ကို ပို၍ အထင်သေးလေ ဖြစ်သည်။ ဤသည်မှာ စေတနာကောင်းကို တန်ဖိုးထားရန် ပျက်ကွက်ခြင်း မဟုတ်လော။ ကားမောင်းတတ်သော သူတစ်စုံတစ်ဦး ရှိခဲ့သည်။ ငါက “သင် ကားမောင်းနေသည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း” ဟု မေးခဲ့သည်။ သူက “ကျွန်ုပ်သည် ကောလိပ်မှ ဘွဲ့ရပြီးနောက် အလုပ်လုပ်ပြီး နှစ်နှစ်အကြာတွင် ကားတစ်စီး ဝယ်ခဲ့သည်” ဟု ဆိုခဲ့သည်။ ငါက “သို့ဆိုလျှင် သင်သည် နှစ်အတော်ကြာ ကားမောင်းနေပြီးဖြစ်သည်။ ငါသည် ကားမမောင်းတတ်သေးပါ”ဟု ဆိုခဲ့သည်။ ဤသို့ပြောဆိုခြင်းသည် တန်းတူရည်တူ ပေါင်းသင်းဆက်ဆံခြင်း မဟုတ်လော။ ယင်းမှာ ပုံမှန်လူ့သဘာဝရှိသော လူတို့၏ စကားပြောဆိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို ကြားပြီးနောက် သူက “ဟမ်။ သင်သည် ကားမမောင်းတတ်သေးဘူးလော။ သို့ဆိုလျှင် သင် အဘယ်အရာကို လုပ်နိုင်သနည်း” ဟု ဆိုခဲ့သည်။ ငါက “ငါ များများစားစား မလုပ်နိုင်ပါ။ ငါသည် ကားထဲ၌ စီးတတ်ရုံသာ သိပါသည်” ဟု ဆိုခဲ့သည်။ ငါက သူ့အား “သင်သည် လက်ရှိတွင် အဘယ်တာဝန်ကို ထမ်းဆောင်နေသနည်း” ဟု မေးခဲ့သည်။ သူက “ကျွန်ုပ်သည် ဘဏ္ဍာရေးနှင့် စာရင်းကိုင်အလုပ်ကို လုပ်နေပါသည်။ ကျွန်ုပ်၏ စိတ်ထဲတွင် ဂဏန်းများနှင့် ပြည့်နေသည်။ ကောလိပ်၌ ကျွန်ုပ်သည် သင်္ချာဘာသာ၌ ထူးချွန်ခဲ့ပြီး သိပ္ပံဘာသာရပ်များ၌ အားအကောင်းဆုံး ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ချင်းဟွာ သို့မဟုတ် ပီကင်းတက္ကသိုလ်သို့ တက်ရောက်ရန် အလားအလာ ရှိခဲ့သည်” ဟု ဆိုခဲ့သည်။ ငါက “ငါသည် သင်္ချာ၌ အလွန်ညံ့သည်။ ကိန်းဂဏန်းများက ငါ့ကို ခေါင်းကိုက်စေသည်။ ငါသည် စကားလုံးများကို လေ့လာခြင်း၊ ဝေါဟာရများကို သင်ယူခြင်း၊ ထိုသို့သောအရာများကို ပို၍နှစ်သက်သည်” ဟု ဆိုခဲ့သည်။ သူက “ထိုအရာကို သင်ယူခြင်းသည် အသုံးမဝင်ပါ။ ဝိဇ္ဇာဘာသာရပ်များကို လေ့လာသောလူတို့သည် ယေဘုယျအားဖြင့် အနာဂတ်မရှိကြပါ”ဟု ဆိုခဲ့သည်။ သူပြောခဲ့သည့်အရာကို ကြည့်လော့။ ယင်း၌ ပုံမှန်လူ့ဆင်ခြင်တုံတရား တစ်ခုတလေ ပါဝင်သလော။ (မပါဝင်ပါ။) ငါသည် သူနှင့် ထိုသို့တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် စကားပြောဆိုကာ ထိတွေ့ဆက်ဆံသောအခါ သူသည် ကိစ္စရပ်ကို မှန်ကန်စွာ သဘောထားပြုမူနိုင်ခြင်း မရှိခဲ့ပေ။ ထိုအစား သူသည် ငါ့ကို အထင်သေးပြီး သေးသိမ်စေခဲ့သည်။ အကယ်၍ သူသည် အဆင့်အတန်း သို့မဟုတ် အသိပညာရှိသော တစ်စုံတစ်ဦးနှင့် ကြုံတွေ့ခဲ့ပါက ကွဲပြားကောင်း ကွဲပြားပေမည်။ အတူတကွ အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် သူက၊ “ကျွန်ုပ်သည် ဘုရားနှင့် ရင်းနှီးလာခဲ့ပြီးဖြစ်သည်။ သူနှင့် စကားစမြည်ပြောခဲ့ပြီးဖြစ်ကာ သူနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သည်”ဟု ခံစားလာရသည်။ ယခုတွင် သူ့အနေဖြင့် အရင်းအနှီးအချို့ ရှိသည်ဟု တွေးထင်ပေမည်။ အကျိုးဆက်အနေဖြင့် သူ၏ လေသံသည် ပြောင်းလဲသွားပေလိမ့်မည်။ တစ်ခါတွင်၊ ငါက သူ့အား “တစ်စုံတစ်ယောက်သည် သူတို့၏ တာဝန်များကို နောက်ထပ် မထမ်းဆောင်လိုတော့ဘဲ အိမ်ပြန်လိုသည်ဟု ကျွန်ုပ် ကြားခဲ့သည်။ ထိုသူ အိမ်ပြန်သွားခဲ့ပါသလော” ဟု မေးခဲ့သည်။ သူက “အိုး၊ ထိုသူလော။ သူက အိမ်ပြန်ဖို့ မည်သည့်အချိန်တွင်မျှ ရည်ရွယ်ခြင်းမရှိခဲ့ပါ” ဟု ပြန်ပြောခဲ့သည်။ ဤသည်မှာ မည်သည့် လေသံမျိုး ဖြစ်သနည်း။ ယင်းမှာ ပြောင်းလဲသွားခဲ့သလော။ ငါသည် သူ့ကို ပထမဆုံး တွေ့ခဲ့ချိန်တွင်၊ သူသည် ငါ့ကို နားလည်၍မရနိုင်ဟု ခံစားခဲ့ရသည်။ သူသည် မထင်မရှား အသက်ရှင်လျက် ရိုသေဖွယ်ရာဖြစ်ပြီး မိမိကိုယ်ကို ကောင်းစွာ ပြုမူခဲ့သည်။ ယခုတွင် သူသည် ပို၍ ရင်းနှီးလာသောအခါ သူ၏ အမြီးက ထောင်လာသည်။ ဤသည်မှာ မည်သည့်လေသံမျိုး ဖြစ်သနည်း။ သူသည် ငါနှင့် စကားပြောဆိုသည်နှင့်အမျှ သူနှင့်အတူ အနည်းငယ် အာခံခြင်း၊ ဂရုမစိုက်ခြင်း၊ လျစ်လျူရှုခြင်းနှင့် သေးသိမ်နှိမ့်ချသော သဘောထားတစ်ခုကို ဆောင်ထားသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသောသူ တစ်စုံတစ်ဦးဖြစ်သလော။ (မဟုတ်ပါ။) သာမန်၊ ပုံမှန်လူတစ်ဦးသည် သင်နှင့် ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်သည်။ ယင်းမှာ ပုံမှန်အဖြစ်ဆုံးသောအရာ ဖြစ်သည်။ အကယ်၍ သူသည် သင့်ကို အနိုင်ကျင့်လျှင်၊ သင့်ကို ဖိနှိပ်လျှင် သို့မဟုတ် သင့်ကို သေးသိမ်စေလျှင် မည်သို့ ခံစားရသနည်း။ သင့်ကို ဤသို့ ဆက်ဆံခြင်းသည် သူ၌ ပုံမှန်လူ့သဘာဝတစ်ခုခုကို ပေါ်လွင်စေသလော။ ငါ့ကို ပြောလော့၊ အကယ်၍ ဤသို့သော တစ်စုံတစ်ယောက်သည် ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းရှိသော တစ်စုံတစ်ယောက် သို့မဟုတ် သူ၏ အထက်အရာရှိ သို့မဟုတ် အကြီးအကဲနှင့် ကြုံတွေ့ရပါက သူသည် ထိုသူတို့ကို ဤနည်းအတိုင်း ဆက်ဆံဝံ့မည်လော။ ဆက်ဆံဝံ့မည်မဟုတ်။ သူသည် မိမိကိုယ်ကို ရည်ညွှန်းရန်လည်းကောင်း၊ ဤလူတို့နှင့် စကားပြောဆိုရန်လည်းကောင်း၊ လက်အောက်ငယ်သား၊ အောက်ခြေဝန်ထမ်း၊ အစေခံ၊ နှိမ့်ချသောသူ၊ သာမန်ပြည်သူ သို့မဟုတ် အောက်တန်းစားကဲ့သို့သော အမည်နာမများကို ခံယူရလျက် စိတ်အားထက်သန်စွာ ပျပ်ဝပ်ပေမည်။ ဘာသာတရားမရှိသူများအကြား၌ ထိပ်တန်းအရာရှိများသည် ၎င်းတို့အောက်ရှိ လူတို့ကို နင်းခြေကြပြီး သင်သည် မည်သူမျှမဟုတ်သူ ဖြစ်သဖြင့်၊ မည်သူက တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် သင်နှင့် စကားစမြည်ပြောဆိုမည်နည်း။ ၎င်းတို့သည် ပျော်ရွှင်သောအခါ သင်နှင့် ရံဖန်ရံခါ စကားပြောဆိုလျှင်ပင်၊ ၎င်းတို့သည် သင့်ကို မည်သို့မျှ အရေးမထားကြပေ။ ၎င်းတို့သည် အကြောင်းရင်းမရှိဘဲ သင့်ကို စီးပိုးလျက် လူထက်နိမ့်ကျသော တစ်စုံတစ်ခုအဖြစ် သဘောထားကြသည်။ ငါသည် ထိုသူနှင့် တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် စကားပြောဆိုကာ စကားစမြည်ပြောသောအခါ အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ခုကို မရရှိနိုင်သည်သာမက၊ မထီမဲ့မြင်ပြုခြင်း၊ သေးသိမ်စေခြင်း၊ မထီလေးစားပြုခြင်းနှင့် လှောင်ပြောင်ခြင်းတို့ကိုလည်း ရင်ဆိုင်ရသည်။ ယင်းမှာ ထိုသူနှင့် ငါ၏ ထိတွေ့ဆက်ဆံပုံနည်းလမ်း၌ တစ်စုံတစ်ခု မှားယွင်းနေသောကြောင့်လော သို့မဟုတ် သူ၏ စိတ်သဘောထား၌ ပြဿနာတစ်ခု ရှိသောကြောင့်လော။ (ထိုသူ၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ငါလည်း ထိုအတိုင်းပင် စဉ်းစားနေခဲ့သည်။ ငါသည် လူတိုင်းကို တစ်ပုံစံတည်း ဆက်ဆံသည်။ သို့ဆိုလျှင် အဘယ်ကြောင့် အချို့က မှန်ကန်စွာ တုံ့ပြန်စဉ်တွင် အခြားသူများက ထိုသို့မတုံ့ပြန်ကြသနည်း။ လူတို့ကို ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။ အခြားသူများကို မည်သို့ လေးစားရမည်ကို သိသောသူ၊ ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးကို နားလည်ပြီး မိမိတို့ မည်သူဖြစ်သည်ကို သိသော လူ့သဘာဝရှိသူများနှင့် မိမိကိုယ်ကို သိသောအသိကင်းမဲ့သည့် ကောက်ကျစ်ဆိုးယုတ်ပြီး မာနထောင်လွှားသူများ ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ့အရေခွံကို ဝတ်ဆင်ထားသော်လည်း မိမိမည်သူဖြစ်သည်ကိုပင် မသိသော တစ်စုံတစ်ရာကို သင် အဘယ်အရာဟု ခေါ်ဆိုသနည်း။ ယင်းမှာ ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် ငါက၊ “လွန်ခဲ့သော ရက်အနည်းငယ်က ကိုင်တွယ်ရန် သင့်ကို ငါ ညွှန်ကြားခဲ့သော ကိစ္စရပ်သည် မည်သို့ ဖြစ်သွားခဲ့သနည်း။ ထိုအရာများကို သင် ကိုင်တွယ်ခဲ့ပါသလော”ဟု သူ့ကို မေးခဲ့သည်။ သူက “သင် အဘယ်အရာကို ပြောနေသနည်း”ဟု ပြန်ပြောခဲ့သည်။ ငါက “ထိုအရာအနည်းငယ်ဖြစ်သည်။ ယင်းတို့ကို သင်တို့ ဂရုစိုက်ခဲ့ပါသလော။ ယင်းတို့ကို ကိုင်တွယ်ခဲ့ပါသလော” ဟု ဆိုခဲ့သည်။ ငါသည် သူ့ကို နှစ်ကြိမ် သတိပေးခဲ့ပြီး သူသည် နောက်ဆုံး၌ “အိုး၊ သင်က ထိုအရာများကို ပြောနေသည်လော။ ယင်းတို့ကို လွန်ခဲ့သော အချိန်ကြာမြင့်စွာက ကျွန်ုပ် ကိုင်တွယ်ပြီးပါပြီ” ဟူ၍ အမှတ်ရသွားသည်။ ပထမစကားလုံး “အိုး”က မည်သည့် လေသံမျိုးကို ဖော်ပြသနည်း။ တစ်ဖန် ယင်းမှာ မထီမဲ့မြင်ပြုသော လေသံဖြစ်ပြီး သူ၏ နတ်ဆိုးဆန်သော သဘာဝက တစ်ဖန် ပေါ်ထွက်လာသည်။ သူ၏ သဘာဝသည် မပြောင်းလဲဘဲ ရှိနေခဲ့သည်။ သူသည် ထိုသို့သော ယုတ်ညံ့သည့် လူစားမျိုးသာ ဖြစ်သည်။ ယင်းကို သူ မည်သို့ ကိုင်တွယ်ခဲ့သည်ကို ငါဆက်လက်၍ မေးမြန်းခဲ့ပြီး သူက နောက်ထပ် အသေးစိတ်အချက်များမပါရှိဘဲ “လူအချို့က ထိုအရာကို ကြည့်ရှုစစ်ဆေးပြီး ထိုသို့ ကိုင်တွယ်ခဲ့သည်”ဟု ပြန်ပြောခဲ့သည်။ အကယ်၍ ငါသည် ပို၍ တိကျသောအချက်များအတွက် မေးမြန်းရန် ကြိုးစားခဲ့လျှင်၊ ယင်းတို့ကို စစ်စစ်ပေါက်ပေါက် မေးခဲ့လျှင်ပင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ငါသည် သူ့အား အလုပ်တာဝန်တစ်ခုကို ကိုင်တွယ်ရန် ညွှန်ကြားခဲ့သည်။ ငါ၌ အသိပေးခံရပိုင်ခွင့် မရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သူ၏ တာဝန်မှာ အဘယ်နည်း။ ငါ့ထံမှ အလုပ်တာဝန်ကို လက်ခံပြီးနောက် ထိုတာဝန်အား မည်သို့ ကိုင်တွယ်ခဲ့သည်ကို သူ ပြန်လည်သတင်းပို့ရန် လိုအပ်သည် မဟုတ်လော။ (လိုအပ်ပါသည်။) သို့သော် သူသည် ပြန်လည်သတင်းမပို့ခဲ့ဘဲ တစ်လျှောက်လုံး မည်သည့်နောက်ဆုံးရသတင်းကိုမျှ ငါ မရရှိနိုင်ခဲ့ပေ။ ငါသည် ဤကိစ္စရပ်ကို မည်သို့ ကိုင်တွယ်ထားခဲ့သည်ကို စုံစမ်းမေးမြန်းရန် တစ်စုံတစ်ယောက်ကိုသာ စေလွှတ်နိုင်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမျှမရှိသေးပေ။ ငါ၏ စိတ်နှလုံးထဲ၌ ငါက “ကောင်းပြီ၊ သင့်ကို ငါ အမှတ်ရနေမည်။ သင်သည် ယုံကြည်စိတ်ချထိုက်သူ မဟုတ်ပါ။ ငါသည် သင့်ကို မည်သည့်အရာကိုမျှ မအပ်နှံနိုင်ပါ။ သင်သည် အများယုံကြည်လက်ခံနိုင်မှု အလွန် ကင်းမဲ့သည်”ဟု တွေးခဲ့သည်။ ဤသည်မှာ မည်သည့် နတ်ဆိုးမျိုး ဖြစ်သနည်း။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်သဘောထားမှာ အဘယ်နည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်သည် သူ့ကို တန်းတူရည်တူအဖြစ် ဆက်ဆံသောအခါ၊ သူနှင့်အတူ အမှုအရာများကို ယဉ်ကျေးစွာ ဆွေးနွေးပြီး ချစ်ကြည်ရန် ကြိုးစားသောအခါ သူသည် ယင်းကို မည်သို့ သိမြင်သနည်း။ သူသည် ယင်းကို သင်၏ အရည်အချင်းမရှိခြင်းနှင့် အားနည်းခြင်းအဖြစ်၊ သင့်ကို အနိုင်ကျင့်ရလွယ်သူအဖြစ် ရှုမြင်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုစစ်စစ် ဖြစ်သည်။ ဤသို့သော ကောက်ကျစ်ဆိုးယုတ်သည့် လူစားမျိုးသည် ပျံ့နှံ့ခြင်းမရှိသော်လည်း အသင်းတော်တိုင်း၌ တည်ရှိနေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် မာကျောသည်၊ မာနထောင်လွှားသည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ၎င်းတို့၏ စိတ်သဘောထားများက ရက်စက်ကြမ်းကြုတ်သည်။ ဤသို့သောလူများက ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အတည်ပြုသည်မှာ ဤစိတ်သဘောထားများနှင့် အပြုအမူများ အတိအကျ ဖြစ်ပေသည်။ ၎င်းတို့သည် ကြင်နာမှု၊ သည်းခံမှု၊ စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာကဲ့သို့သော ပုံမှန်လူ့သဘာဝ၏ အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာများကို မနှစ်သက်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ခွဲခြားဆက်ဆံမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ထားရှိကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် အဘယ်အရာ တည်ရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။

ယနေ့တွင် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယပြုသည့် အကြောင်းအရာသည် ယခင် မိတ်သဟာယနှစ်ခုနှင့် အနည်းငယ် ကွဲပြားပြီး တစ်ခုစီသည် သွင်ပြင်လက္ခဏာတစ်ခုကို အလေးပေးသည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်း နက်ရှိုင်းသောနေရာ၌ ၎င်းတို့သည် အသိပညာ၊ သင်ယူမှု၊ ဆုကျေးဇူးများနှင့် အထူးပါရမီများကို အထွတ်အမြတ်ထားကြသည်။ ဤအရာများအတွက် နက်ရှိုင်းသော လေးစားမြတ်နိုးမှုကို ၎င်းတို့ ခံစားကြရသည်။ သို့ဆိုလျှင် ၎င်းတို့၌ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ (မရှိပါ။) အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲနိုင်သည်ဟု အချို့က ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်လော။ ပြောင်းလဲမည်မဟုတ်၊ ၎င်းတို့ မပြောင်းလဲနိုင်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှု၊ သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ သူ၏ သစ္စာစောင့်သိခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သနားကရုဏာနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းတို့ကို မထီမဲ့မြင်ပြုခြင်းသည် ၎င်းတို့၏ သဘာဝ၌ ရှိသည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ ၎င်းတို့သည် လူသားများအကြား၌ အသက်ရှင်သော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မထီမဲ့မြင်ပြုကြပြီး ထို့ထက်ပင်ပို၍ အသိပညာ၊ သင်ယူလေ့လာမှု၊ သိပ္ပံအတတ်၊ ဆုကျေးဇူးများနှင့် သက်ဆိုင်ခြင်းမရှိသော သမ္မာတရားအားလုံးကို စက်ဆုပ်ရွံရှာကြသည်။ ထိုသို့သောလူများကို ကယ်တင်ခံရနိုင်သလော။ (ကယ်တင်မခံရနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ ကယ်တင်မခံရနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုခု၏ ခဏတာ ထုတ်ဖော်ပြသခြင်း မဟုတ်ဘဲ ၎င်းတို့၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ အခြားသူများက ၎င်းတို့ကို မည်သို့ပင် အကြံပေးသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား မည်မျှကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ကို မပြောင်းလဲစေနိုင်ပေ။ ဤသည်မှာ ယာယီဝါသနာတစ်ခု မဟုတ်ဘဲ ဤအရာများအတွက် ၎င်းတို့အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများနှင့် အထူးပါရမီများကို အတိအကျ လိုအပ်သောကြောင့် ဤအရာက ၎င်းတို့အား ထိုအရာများကို တန်ဖိုးထားစေသည်။ တန်ဖိုးထားခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤအရာများနောက်လိုက်ပြီး ရရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးရန် ၎င်းတို့ လိုလားနေခြင်းကိုဆိုလိုသည်၊ ယင်းမှာ တန်ဖိုးထားခြင်းက သွယ်ဝိုက်ညွှန်းဆိုသည့်အရာ ဖြစ်သည်။ ဤအရာများမှာ ၎င်းတို့ တန်ဖိုးထားသောအရာများဖြစ်သောကြောင့် ဤအရာများကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ယင်းတို့ကို ရရှိရန် မည်သည့်အဖိုးအခကိုမဆို ပေးလိုစိတ်ရှိကြသည်။ အချို့က၊ “ဘုရားက ကျွန်ုပ်ကို လုပ်ဆောင်ရန် တောင်းဆိုသမျှသည် အဆင်ပြေပါသည်။ ဘုရားက ကျွန်ုပ်ကို သမ္မာတရား လိုက်စားရန် မတောင်းဆိုသရွေ့ ကျွန်ုပ်သည် ဘုရားကို ကျေနပ်စေနိုင်သည်”ဟူ၍ပင် ဆိုကြသည်။ ဤအတွက် ၎င်းတို့ မျှော်လင့်ကြသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့အနေဖြင့် တရားဒေသနာများကို ငြိမ်သက်စွာ နားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျက် ထိုနေရာ၌ ထိုင်နေလျှင်ပင် ဤအရာများမှ ၎င်းတို့ ရရှိသည့်အရာမှာ သမ္မာတရား မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာကို အသုံးပြု၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာရင်း၊ ၎င်းတို့အတွက် သမ္မာတရားကို ရရှိရန် မဖြစ်နိုင်အောင် ဖြစ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် အမြဲ တိုင်းတာကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသိပညာ၊ သင်ယူလေ့လာမှုနှင့် သတင်းအချက်အလက် သို့မဟုတ် နက်နဲမှုတစ်မျိုးမျိုးကို ရရှိရန် မျှော်လင့်ကြသည်။ လူအများစုက မသိရှိသည့် သင်ယူလေ့လာမှုတစ်မျိုးမျိုးကို ၎င်းတို့ တောင့်တပြီး ရှာဖွေကြသည်။ လူတို့ မသိရှိသော ဤသင်ယူလေ့လာမှုကို ရရှိပြီးနောက်တွင် ၎င်းတို့အနေဖြင့် ပို၍ လေးစားဖွယ်ကောင်းပြီး ပို၍ အားရကျေနပ်ဖွယ်ဖြစ်သော ဘဝတစ်ခုကို နေထိုင်နိုင်ရန်၊ လူတို့အကြား၌ ပို၍ ဂုဏ်သိက္ခာရှိပြီး ပို၍ အဆင့်အတန်းရှိရန်၊ လူတို့အား ၎င်းတို့အပေါ် ပို၍ ယုံကြည်စေပြီး ပို၍ ကိုးကွယ်စေရန် ဤသင်ယူလေ့လာမှုနှင့် အသိပညာဖြင့် မိမိတို့ကိုယ်ကို လက်နက်တပ်ဆင်ကာ ပြရုပ်တင်ရန် အချည်းနှီး မျှော်လင့်လျက် ယင်းကို လှည့်လည်ကြွားဝါကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခဲ့သော အရေးပါသည့်အရာအချို့၊ ဂုဏ်ကျက်သရေရှိသည်ဟု ၎င်းတို့မှတ်ယူသော အရာများအပြင်၊ ၎င်းတို့ ကြွား၍ရပြီး မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် ထူးခြားမှုကို ကြွားလုံးထုတ်ရန် အသုံးပြုနိုင်သော၊ အထင်ကြီးစရာကောင်းသည်ဟု ၎င်းတို့ ယုံကြည်သော အရာများကို မမောနိုင်မပန်းနိုင်အောင် ကြွားဝါကြသည်။ ၎င်းတို့ သွားသည့်နေရာတိုင်း၌ တူညီသော သီအိုရီတစ်စုံကို ဟောပြောကြသည်။ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ပင် ဖတ်ရှုသည်ဖြစ်စေ သို့မဟုတ် စုဝေးပွဲများကို တက်ရောက်ပြီး တရားဒေသနာများကို မည်သို့ ကြားသည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြပေ။ သမ္မာတရားအနည်းငယ်ကို ၎င်းတို့ သဘောပေါက်လျှင်ပင်၊ ယင်းကို လုံးဝ လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ ထိုသို့သောလူများ၏ အနှစ်သာရဖြစ်ပြီး မည်သူကမျှ မပြောင်းလဲနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် အခြားသူများ မပိုင်ဆိုင်သော တစ်စုံတစ်ခုက ပင်ကိုအားဖြင့် ပါလာသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့ ချစ်မြတ်နိုးသည့်အရာမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့် ဆက်စပ်နေသည်။ ဤသည်မှာ ၎င်းတို့၏ သေနိုင်လောက်သော အားနည်းချက်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံရန်၊ ပေါလု၏ လမ်းကြောင်းကို လိုက်လျှောက်ရန်နှင့် အဆုံးတိုင်အောင် သမ္မာတရားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ကံပါလာပြီး ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် ဖြစ်သည်၊ ထိုသမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။

အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုကို သင်တို့ တွေ့ကြုံပြီးပြီလော။ သင်တို့၏ အနီးဝန်းကျင်တွင် ဤသို့သောလူများ ရှိသလော။ သင်တို့သည် ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သလော။ ငါတို့သည် ဤအကြောင်းအရာကို ဆွေးနွေးရင်း စုဝေးပွဲများစွာ၌ အဘယ်ကြောင့် အချိန်ကုန်ဆုံးခဲ့ရသနည်း။ ပုံမှန်အားဖြင့် လူတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း ပြောဆိုသောအခါ၊ ၎င်းတို့က မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် လှည့်ဖြားမှု စိတ်သဘောထားများအား ဖော်ပြသည်ကို ငါ မကြာခဏ ကြားရသည်။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်ခြင်းအကြောင်း လူတို့ ပြောဆိုသည်ကို ကြားရခဲသည်။ ယခုတွင် ငါတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအကြောင်း မိတ်သဟာယဖွဲ့သည်နှင့်အမျှ၊ တစ်စုံတစ်ဦး၏ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်သည်ဟု လူတို့ ပြောဆိုသည်ကို ငါ မကြာခဏ ကြားရသည်။ သင်တို့သည် သိနားလည်မှုအချို့ကို ရရှိပြီးဖြစ်သည်ဟု ထင်ရသည်။ အတိတ်တွင်၊ လူတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း ပြောဆိုသောအခါ၊ မာနထောင်လွှားခြင်းကို အမြဲ ၎င်းတို့ ထုတ်ပြောကြသည်။ ထိုအရာကို ယခုကြည့်လျှင်၊ မည်သည့်စိတ်သဘောထားက ပို၍ ပြင်းထန်သနည်း၊ မာနထောင်လွှားခြင်းလော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်းလော။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ အတိတ်တွင်၊ လူတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းပြဿနာ၏ ပြင်းထန်မှုကို အသိအမှတ်မပြုခဲ့ကြပေ။ အမှန်တွင် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ စိတ်သဘောထားနှင့် အနှစ်သာရသည် မာနထောင်လွှားခြင်းထက် ပို၍ ပြင်းထန်သည်။ အကယ်၍ လူတစ်ဦး၏ စိတ်သဘောထားနှင့် သဘာဝအနှစ်သာရသည် ပြင်းထန်စွာ ကောက်ကျစ်ဆိုးယုတ်ပါက၊ သင့်ကို ငါ ပြောမည်။ သင်သည် ထိုသူနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်။ ဝေးဝေးနေလော့။ ထိုသို့သောလူများသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းကြလိမ့်မည် မဟုတ်။ ကောက်ကျစ်ဆိုးယုတ်သောလူများနှင့် ပေါင်းသင်းဆက်ဆံပြီး ထိတွေ့ဆက်ဆံခြင်းမှ သင် အဘယ်အကျိုးကျေးဇူးများကို ရရှိနိုင်မည်နည်း။ အကျိုးကျေးဇူးများ မရှိသော်လည်း သင်၌ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို တွန်းလှန်ရန် “ပဋိပစ္စည်းများ” ရှိပါက၊ သင်သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံ၍ ရကောင်းရနိုင်သည်။ သင်၌ ဤအာမခံချက် ရှိသလော။ (မရှိပါ။) အကယ်၍ သင်၌ ဤအာမခံချက် မရှိပါက၊ အဘယ်ကြောင့် သင်သည် ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်သနည်း။ အကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ နောက်ကွယ်၌ အခြားအရာနှစ်ခုဖြစ်သည့် တစ်စိမ့်စိမ့်အန္တရာယ်ပြုတတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့ ရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားကို နားလည်မှုကင်းမဲ့ပြီး အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သော လူအများစုသည် အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံရသည်။ သင်သည် ၎င်းတို့၏ ထိန်းချုပ်ခြင်းကိုသာ ခံရနိုင်ပြီး အဆုံးတွင် သင်သည် ၎င်းတို့၏ သုံ့ပန်း ဖြစ်လာသည်။ ၎င်းတို့၏ သုံ့ပန်းဖြစ်လာခြင်းသည် နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်နိုင်သည်။ ၎င်းတို့ကို သင် အနိုင်မယူနိုင်ဘဲ သင်၏ စိတ်နှလုံးထဲ၌ လက်မခံနိုင်ဖြစ်နေသော်လည်း၊ လိုအပ်ချက်ကြောင့် ၎င်းတို့ကို နှုတ်ဖြင့် ကျိုးနွံနာခံရမည် ဖြစ်သည်၊ သို့မဟုတ် သင်သည် ၎င်းတို့၏ လုံးဝ ထိန်းချုပ်ခြင်းကို ခံရသည့် အခြားနည်းလမ်းတစ်ခု ရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၌ လူတို့ မသိရှိသော တစ်စုံတစ်ခု ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့စကားကို နားထောင်စေရန်၊ ၎င်းတို့ တရားနည်းလမ်းကျကြောင်း၊ မှန်ကန်ကြောင်းနှင့် အပြုသဘောဆောင်ကြောင်း သင့်ကို ယုံကြည်စေရန် အမျိုးမျိုးသော နည်းလမ်းများ၊ ပြောဆိုချက်များ၊ နည်းစနစ်များ၊ နည်းဗျူဟာများ၊ နည်းလမ်းများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို အသုံးပြုနိုင်ပြီး၊ ၎င်းတို့အနေဖြင့် မကောင်းမှုပြုလျှင်ပင်၊ သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြလျှင်ပင်၊ အဆုံး၌ ၎င်းတို့သည် အမှုအရာများကို ပြောင်းလဲစေပြီး လူတို့အား ၎င်းတို့ မှန်ကန်သည်ဟု ထင်မြင်စေမည် ဖြစ်သည်။ ၎င်းတို့၌ ဤစွမ်းရည် ရှိသည်။ ဤစွမ်းရည်မှာ အဘယ်နည်း။ ယင်းမှာ အလွန်အမင်း အထင်အမြင်မှားစေတတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း အထင်အမြင်မှားစေတတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ နှစ်သက်သောအရာ၊ မနှစ်သက်သောအရာ၊ အလွန်အမင်း မနှစ်မြို့သောအရာ၊ တန်ဖိုးထားပြီး ကိုးကွယ်သော အရာများသည် အချို့သော လွဲချော်သည့် သဘောထားအမြင်များဖြင့် ဖွဲ့စည်းထားသည်။ ဤသဘောထားအမြင်များသည် ၎င်းတို့အတွင်း၌ သီအိုရီအစုံတစ်ခုကို သယ်ဆောင်ပြီး၊ ယင်းတို့အားလုံးသည် သာမန်လူတို့အတွက် ချေပရန် ခက်ခဲသော ဖြစ်နိုင်ဖွယ်ရှိပုံရသည့် မှားယွင်းသော အယူဝါဒများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ မိမိတို့၏ ကိုယ်ပိုင်အမှားများအတွက် ကလိမ်ကကျစ်ကျသော အကြောင်းပြချက်များကိုပင် တင်ပြနိုင်သောကြောင့် ဖြစ်သည်။ သမ္မာတရား လက်တွေ့ကျမှုမရှိဘဲ၊ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ၎င်းတို့ကို မယုံကြည်မလက်ခံစေနိုင်ပေ။ အဆုံးစွန်သော ရလဒ်မှာ ၎င်းတို့သည် သင့်ကို စကားမပြောနိုင်အောင်ဖြစ်စေလျက်၊ တဖြည်းဖြည်း ၎င်းတို့ကို မလွန်ဆန်နိုင်ဖြစ်စေရင်း သင့်ကို ချေပရန် ၎င်းတို့၏ အနှစ်မဲ့သော သီအိုရီများကို အသုံးပြုလေသည်။ ထိုသို့သောလူများ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် ၎င်းတို့က အလွန်အမင်း အထင်အမြင်မှားစေတတ်ကြသည်ဟူသော အချက်၌ တည်ရှိသည်။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် ဘာမျှမဟုတ်သကဲ့သို့ ၎င်းတို့ထမ်းဆောင်သမျှ တာဝန်တိုင်းကို ကမောက်ကမဖြစ်စေကြသည်။ သို့တိုင် အဆုံး၌ ၎င်းတို့အား ကိုးကွယ်ရန်၊ ၎င်းတို့၏ ခြေများတွင် “ဒူးထောက်ရန်” အချို့သောလူတို့ကို ၎င်းတို့က အထင်အမြင်မှားစေနိုင်ကြဆဲဖြစ်ပြီး လူတို့အား ၎င်းတို့ကို နာခံစေနိုင်ကြဆဲဖြစ်သည်။ ဤလူစားမျိုးသည် အမှားကို အမှန်၊ အနက်ကို အဖြူဖြစ်အောင် ပြောင်းလဲနိုင်သည်။ သူသည် အမှန်တရားနှင့် မုသားကို ပြောင်းပြန်လှန်နိုင်သည်၊ သူလုပ်ဆောင်ခဲ့သော မကောင်းမှုများကို အခြားသူများအပေါ် ပုံချနိုင်ပြီး အခြားသူများ၏ ကောင်းမှုများအတွက် ဂုဏ်ကို မိမိကိုယ်ပိုင်အဖြစ် ရယူနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် ၎င်းတို့ အမှန်တကယ် မည်သူဖြစ်သည်ကို မသိဘဲ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် အသွင်အပြင်တို့ဖြင့် အကဲဖြတ်သည့်အခါ၊ သင်က “ဤလူသည် သာမန်ထက်ထူးခြားသည်။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် နှိုင်းယှဉ်၍မရနိုင်ပါ”ဟု တွေးကောင်း တွေးပေမည်။ ဤသည်မှာ အထင်အမြင်မှားစေခြင်းကို ခံရခြင်း မဟုတ်လော။ သင် အထင်အမြင်မှားစေခြင်း ခံရသည့်နေ့သည် သင် အန္တရာယ်ကျရောက်သည့်နေ့ ဖြစ်သည်။ အခြားသူများကို အထင်အမြင်မှားစေသော ဤလူစားမျိုးသည် အလွန်သာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့၏ စကားများကို နားထောင်သူ မည်သူမဆိုသည် အထင်အမြင်မှားစေခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ခံရနိုင်ပြီး အချိန်ကာလတစ်ခုကြာ ပြန်လည်နာလံထူရန် ခက်ခဲသည်ကို တွေ့ရှိရသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့သည် အထင်အမြင်မှားစေသူများဖြစ်ကြောင်း မြင်တွေ့နိုင်ကာ ၎င်းတို့ကို ဖော်ထုတ်ပြီး ငြင်းပယ်နိုင်သော်လည်း အထင်အမြင်မှားစေခြင်း ခံရသော အခြားသူများကမူ “မဟုတ်ပါ၊ ဘုရားအိမ်တော်သည် သူ့အပေါ် မမျှမတဆက်ဆံနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် သူ့အတွက် ရပ်တည်ပေးရမည်”ဟု ဆိုလျက် ၎င်းတို့ကို ကာကွယ်ပင်ကာကွယ်ပေးနိုင်သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သိသာရှင်းလင်းစွာပင် ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရသော်လည်း ၎င်းတို့ကို အထင်အမြင်မှားစေခဲ့သော ထိုသူကို ၎င်းတို့ ကာကွယ်ပြီး မှန်ကြောင်းပြကြသည်။ ဤသူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူသားတစ်ဦးနောက်သို့ လိုက်သောသူများ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် ဤပုဂ္ဂိုလ်ကို ဤသို့ ကိုးကွယ်ပြီး အထူးသဖြင့် ကာကွယ်ပေးကြသနည်း။ အကယ်၍ ၎င်းတို့သည် ထိုသို့သော သိသာထင်ရှားသည့် ကိစ္စရပ်ကို သတိမပြုမိနိုင်ပါက အတိုင်းအတာတစ်ခုအထိ အထင်အမြင်မှားစေခြင်း ခံရပြီးဖြစ်သည် မဟုတ်လော။ အန္တိခရစ်သည် လူတို့အား လူသားများနှင့် မတူတော့သည့်အထိ သို့မဟုတ် ဘုရားသခင်နောက်သို့ လိုက်ရန် စိတ်မရှိတော့သည့်အထိ အထင်အမြင်မှားစေခဲ့သည်။ ထိုအစား ၎င်းတို့သည် အန္တိခရစ်ကို ကိုးကွယ်ပြီး သူ့နောက်သို့ လိုက်ကြသည်။ ဤလူများသည် ဘုရားသခင်ကို သစ္စာဖောက်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူက သင့်ကို မရရှိသေးဘဲ အန္တိခရစ်က သင်၏ စိတ်နှလုံးကို ရရှိခဲ့ပြီးဖြစ်ကာ သင်သည် သူ့နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ပါက ယင်းမှာ ၎င်းတို့က သင့်ကို ဘုရားအိမ်တော်မှ ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းမှ၊ ဘုရားအိမ်တော်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်သည် သင့်ကို ကြိုက်သည့်အတိုင်း ကြိုးကိုင်ပြီး ကစားနိုင်သည်။ ၎င်းတို့သည် သင်နှင့် ကစားပြီးသွားသောအခါ သင့်ကို နောက်ထပ် အလိုရှိတော့မည်မဟုတ်ဘဲ အခြားသူများကို အထင်အမြင်မှားစေရန် ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့၏ စကားများကို ဆက်လက်နားထောင်ပြီး ၎င်းတို့အတွက် အမြတ်ထုတ်ရန် တန်ဖိုးရှိနေပါက ၎င်းတို့သည် သင့်ကို အချိန်အတန်ကြာအောင် ဆက်လက်၍ လိုက်လျှောက်ခွင့်ပြုကောင်း ပြုပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် သင့်၌ အမြတ်ထုတ်ရန် တန်ဖိုးတစ်ခုတလေကို နောက်ထပ် မမြင်တော့ပါက၊ အကယ်၍ ၎င်းတို့သည် သင့်ကို နောက်ထပ် အရေးထားမှု တစ်ခုတလေမျှ မရှိတော့ပါက၊ သင့်ကို စွန့်ပစ်ကြလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းသို့ ပြန်လာနိုင်သေးသလော။ (မလာနိုင်ပါ။) အဘယ်ကြောင့် နောက်ထပ် သင် မယုံကြည်နိုင်တော့သနည်း။ အဘယ်ကြောင့်ဆိုသော်သင်၏ ကနဦးယုံကြည်ခြင်းက မရှိတော့သောကြောင့် ဖြစ်သည်။ ယင်းမှာ ကွယ်ပျောက်သွားပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေပုံဖြစ်သည်။ ၎င်းတို့သည် စာတန်က အာဒံနှင့်ဧဝကို အထင်အမြင်မှားစေခဲ့သည့်အတိုင်းပင် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့်အတူ လူတို့ ကိုးကွယ်သော အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို အသုံးပြုကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ သဘာဝအနှစ်သာရထဲ၌ ၎င်းတို့ နှစ်သက်သော၊ မုန်းတီးသော၊ အထွတ်အမြတ်ထားသော အရာ မည်သည့်အရာဖြစ်စေ အချက်တစ်ချက်မှာ သေချာပေသည်။ ၎င်းတို့ နှစ်သက်သောအရာနှင့် လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့ အသုံးပြုသောအရာသည် သမ္မာတရားနှင့် ဆန့်ကျင်သည်၊ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသကဲ့သို့ ဘုရားသခင်ကို ရန်ဘက်ပြုသည်။ ဤမျှလောက်မှာ သေချာပေသည်။ ဤအရာကို အမှတ်ရလော့၊ အန္တိခရစ်များသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတမဖြစ်နိုင်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။