အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း သုံး)
၂။ အန္တိခရစ်တို့၏ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် အပြုအမူနှင့် လူတို့အား သူတို့ကို မည်သို့အတင်းအကျပ်နာခံစေပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ပုံစံဖြင့် ပြုမူလုပ်ဆောင်ကာ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမပြု၊ သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့စိတ်ကျေနပ်သလို လုပ်ဆောင်ပြီး အခြားလူများအား ၎င်းတို့ကို အတင်းအကျပ်နာခံစေသည်။ အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သည့်စီစဉ်မှုများ၊ သို့မဟုတ် ဆုံးဖြတ်ချက်များကို ပြုလုပ်သည်ဖြစ်စေ အခြားလူများနှင့် မိတ်သဟာယမဖွဲ့၊ အများသဘောတူညီချက်ကို မယူ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေ၊ ပြီးလျှင် ၎င်းတို့တာဝန် ထမ်းဆောင်ရာတွင် အသုံးချသင့်သော စည်းမျဉ်းများကို မရှာဖွေဟု ဆိုနိုင်သည်။ ထို့အပြင် ၎င်းတို့သည် အမှုအရာများကို နည်းလမ်းတစ်ခုခုဖြင့် အဘယ်ကြောင့် လုပ်ဆောင်နေသည်ကို လူတို့အား နားလည်ခွင့်မပေးဘဲ လူတို့အား မရှင်းမလင်းဖြစ်သွားစေပြီး ၎င်းတို့အား နားထောင်ရန် တာဝန်မကင်း ဖြစ်သွားစေသည်။ တစ်စုံတစ်ယောက်က ယင်းတို့ကို နားမလည်ဘဲ ၎င်းကို မေးလျှင် ထိုအန္တိခရစ်သည် မိတ်သဟာယဖွဲ့လိုစိတ်၊ သို့မဟုတ် ရှင်းပြလိုစိတ်မရှိပေ။ ဤကိစ္စတွင် အန္တိခရစ်သည် မည်သည့်အခြေအနေကို ထိန်းသိမ်းလိုသနည်း။ မည်သူမျှ အသေးစိတ်အချက်အလက်များကို သိခွင့်မရှိပေ။ မည်သူမျှ အသိပေးခံရခွင့်မရှိ။ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့က မှန်သည်ဟု ထင်မြင်သောအရာကို လုံးလုံးလျားလျား အကောင်အထည်ဖော်ရမှ ဖြစ်မည်ဖြစ်သည်။ အခြားလူများက မေးခွန်းထုတ်ခွင့်မရှိ၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အရည်အချင်း ပို၍ပင် အရည်အချင်းပြည့်မီခြင်း မရှိချေ။ ထိုသူတို့တွင် နာခံပြီး ကျိုးနွံနာခံဖို့ အခန်းကဏ္ဍသာ ရှိသည်။ အန္တိခရစ်က ဤအရာကို မည်သို့မြင်သနည်း။ “ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် သင်တို့သည် ငါ၏ စီမံမှုအောက်တွင်ရှိပြီး ငါ့အား နားထောင်ရမည်။ သင်တို့သည် ငါပြောသည့်အရာကို နားမထောင်လိုလျှင် ငါ့ကို မရွေးချယ်ခဲ့သင့်ပါ။ ငါ့ကို ရွေးချယ်လျှင် ငါ့ကို နားထောင်ရမည်ဖြစ်သည်။ ငါသည် အရာရာတိုင်းတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့နှင့် ညီအစ်ကိုမောင်နှမများကြားမှ ဆက်ဆံရေးမှာ အဘယ်နည်း။ အမိန့်ပေးသည့်သူမှာ ၎င်းတို့ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက အမှန်နှင့် အမှားကို မစိစစ်နိုင်၊ စုံစမ်းမေးမြန်းခြင်း ပြု၍မရ၊ ပြီးလျှင် ၎င်းတို့ကို စွပ်စွဲခွင့်၊ ပိုင်းခြားသိမြင်ခွင့်၊ မေးခွန်းထုတ်ခွင့်၊ သို့မဟုတ် သံသယဖြစ်ခွင့်မရှိ၊ ဤအရာအားလုံးကို တားမြစ်ထားသည်။ အန္တိခရစ်သည် အစီအစဉ်များ၊ စကားများ၊ နည်းလမ်းများကို အဆိုပြုရန်သာ လိုသည်။ လူတိုင်းက မေးခွန်းမထုတ်ဘဲ လက်ခုပ်ဩဘာပေးပြီး သဘောတူရမည်။ ဤသည်မှာ အနည်းငယ် နိုင်ထက်စီးနင်းပြုခြင်း မဟုတ်သလော။ ဤသည်မှာ မည်သည့်နည်းဗျူဟာမျိုး ဖြစ်သနည်း။ ယင်းသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။) အပေါ်ယံတွင် “ထင်တိုင်းကြဲခြင်း” သည် ဆုံးဖြတ်ချက်များအား တစ်ကိုယ်တည်း ချမှတ်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ရည်ညွှန်းပြီး “အာဏာရှင်ဆန်ခြင်း” ဆိုသည်မှာ အကဲဖြတ်ခြင်း၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မိမိဘာသာ ချမှတ်ပြီးနောက်တွင် လူတိုင်းက ကွဲပြားသော ထင်မြင်ချက်များထားရှိခွင့်ဖြစ်စေ၊ ကွဲပြားသော စကားများပြောခွင့်ဖြစ်စေ၊ မေးခွန်းများမေးမြန်းခွင့်ပင်ဖြစ်စေ မရှိဘဲ ယင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းဆိုသည်မှာ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ချက်မချမီတွင် ၎င်းတို့ဘာသာ တွေးတောပြီး စဉ်းစားသုံးသပ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အခြားမည်သူ၏ ပါဝင်ကူညီမှုမျှမပါဘဲ အမှုအရာများအား လုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး နောက်ကွယ်တွင် ဆုံးဖြတ်ချက်များကို အမှီအခိုကင်းစွာ ချမှတ်သည်။ ၎င်းတို့ကိုယ်တိုင်၏ တွဲဖက်အမှုဆောင်များ၊ အလုပ်ဖော်များ၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သော ခေါင်းဆောင်များပင် ကြားဝင်စွက်ဖက်၍ မရပေ။ ဤသည်မှာ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မည်သည့်အခြေအနေကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤပုံစံဖြင့် လုပ်ဆောင်သူတို့သည် ၎င်းတို့စိတ်တွင် အမှုအရာများကို အချိန်ယူ တွေးတောပြီး ဦးနှောက်ခြောက်အောင် စဉ်းစားဆင်ခြင်ခြင်းအားဖြင့် အပြောင်းအလဲမရှိ ရှေ့ဆက်လုပ်ဆောင်ပြီး အခြားလူများနှင့် မည်သည့်အခါမျှ တိုင်ပင်ဆွေးနွေးခြင်းမရှိကြချေ။ ၎င်းတို့သည် ခေါင်းထဲတွင် ဤသို့၊ ထိုသို့ စဉ်းစားသည်၊ သို့သော် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်ဆိုသည်ကို မည်သူမျှမသိ။ အဘယ်ကြောင့် မည်သူမျှ မသိသနည်း။ ၎င်းတို့က မပြောသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် စကားများများ မပြောတတ်သောကြောင့်သာ ဖြစ်သည်ဟု လူအချို့က ထင်ကောင်းထင်နိုင်သည်။ သို့သော် ယင်းမှာ မှန်သလော။ ဤသည်မှာ ပင်ကိုစရိုက်နှင့် မသက်ဆိုင်ပေ။ အခြားလူများကို အမှောင်ထဲတွင်ထားရန်အတွက် တမင်လုပ်ဆောင်သော ရွေးချယ်မှုဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ဘာသာ လုပ်ဆောင်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်တွက်ချက်မှုများရှိသည်။ မည်သည့်အရာကို ၎င်းတို့ တွက်ချက်နေသနည်း။ ၎င်းတို့၏ တွက်ချက်မှုများမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ဗဟိုပြုသည်။ ၎င်းတို့သည် နောက်ဆုံးတွင် မည်သူ့ကိုမျှ မည်သည့်အပြစ်အနာအဆာကိုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ အကျိုးအမြတ်ကို ရရှိဖို့ မျှော်လင့်လျက်ဖြင့် ၎င်းတို့အသာစီးရရန် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မထိခိုက်အောင် မည်သို့ ကာကွယ်ရမည်ကိုလည်းကောင်း၊ ၎င်းတို့အား အခြားလူများ ပိုင်းခြားသိမြင်စေခြင်း မရှိဘဲ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အရေးကြီးသည်မှာ ၎င်းတို့၏ လုပ်ရပ်များကို အထက်မသိစေရန် မည်သို့ ဖုံးကွယ်ရမည်ကိုလည်းကောင်း တွေးတောကြသည်။ ၎င်းတို့က “ငါသည် ခဏတာ နမော်နမဲ့ဖြင့် အမှားတစ်စုံတစ်ခုကို ပြောမိလျှင် လူတိုင်းက ငါ့ကို ရိပ်စားမိမည်။ တစ်စုံတစ်ယောက်က ဘောင်ကျော်၍ ပြောဆိုပြီး ငါ့အား အထက်သို့ တိုင်ကြားလျှင် အထက်က ငါ့ကို ဖြုတ်ချကောင်းဖြုတ်ချနိုင်ပြီး ငါ၏ အဆင့်အတန်းကို ဆုံးရှုံးရမည်။ ထို့အပြင် ငါသည် အခြားလူများနှင့် အစဉ်မိတ်သဟာယဖွဲ့လျှင် ငါ၏ အကန့်အသတ်ရှိသော အရည်အချင်းများသည် အားလုံးဆီသို့ ပေါ်လွင်မည်မဟုတ်လော။ အခြားလူများက ငါ့ကို အထင်သေးကောင်း သေးသွားနိုင်သလော” ဟု တွေးသည်။ ယခုတွင် ငါ့အားပြောလော့။ ၎င်းတို့သည် အမှန်ပင် ပိုင်းခြားသိမြင်ခြင်းခံရလျှင် ကောင်းမည်လော၊ သို့မဟုတ် ဆိုးမည်လော။ အမှန်တွင် သမ္မာတရားကို လိုက်စားသူတို့အတွက်၊ ရိုးသားသူတို့အတွက် ပိုင်းခြားသိမြင်ခံရခြင်း၊ သိက္ခာတစ်ခုခုဖြစ်စေ၊ ဂုဏ်သတင်းတစ်ခုခုဖြစ်စေ ဆုံးရှုံးခြင်းသည် ထိုမျှ အရေးမပါပေ။ ၎င်းတို့သည် ဤအရာများကို လွန်စွာ အရေးစိုက်ပုံမရ။ ၎င်းတို့သည် ယင်းတို့ကို ပေါ်ပေါ်ထင်ထင် သတိထားမိခြင်း သိပ်ရှိပုံမရသကဲ့သို့ ယင်းတို့ကို တန်ဖိုးလည်း မထားချေ။ သို့သော် အန္တိခရစ်များသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားပေ။ ပြီးလျှင် ၎င်းတို့၏ အဆင့်အတန်းကိုလည်းကောင်း၊ ၎င်းတို့အပေါ် အခြားလူများ၏ အမြင်နှင့် သဘောထားတို့ကိုလည်းကောင်း အသက်ကိုယ်၌ထက် ပို၍အရေးကြီးသည်ဟု မှတ်ယူသည်။ ၎င်းတို့အား စိတ်ထဲရှိသည့်အတိုင်းပြောရန်၊ သို့မဟုတ် အမှန်အတိုင်းပြောရန် တောင်းဆိုခြင်းသည် အလွန့်အလွန်ခက်ခဲသည်။ အကျိုးအမြတ်များစွာကို ပေးခြင်းသည်ပင် မလုံလောက်ကောင်း မလုံလောက်နိုင်ပေ။ ၎င်းတို့၏ လျှို့ဝှက်ချက်များ၊ သို့မဟုတ် အတွင်းရေးကိစ္စများကို ထုတ်ဖော်ခိုင်းလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။ ၎င်းတို့၏ အသက်ဆုံးရှုံးရလျှင်ပင် ထိုသို့ မလုပ်ကောင်းမလုပ်နိုင်ပေ။ ဤသည်မှာ မည်သည့်သဘာဝမျိုးဖြစ်သနည်း။ ဤသို့သောသူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းသည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ အမှန်တွင်တော့ “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်။”
အန္တိခရစ်များသည် မိမိကိုယ်ကို တန်ဖိုးထားမှု၊ အဆင့်အတန်း၊ သိက္ခာနှင့် ၎င်းတို့၏ ဩဇာအာဏာကို ထိန်းသိမ်းနိုင်သည့် မည်သည့်အရာမဆိုအပေါ် အထူးအလေးထားသည်။ သင်က ၎င်းတို့နှင့် မိတ်သဟာယပြုကာ “အသင်းတော်အလုပ်ကို လုပ်ဆောင်ရာတွင် ပြင်ပကိစ္စများဖြစ်စေ၊ အတွင်းပိုင်း စီမံအုပ်ချုပ်ရေးဖြစ်စေ၊ ဝန်ထမ်းပြင်ဆင်နေရာချထားခြင်းများ၊ သို့မဟုတ် အခြားမည်သည့်အရာဖြစ်စေ ညီအစ်ကိုမောင်နှမများနှင့် သင်တို့ မိတ်သဟာယဖွဲ့ရမည်။ အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပထမဆုံးအဆင့်သည် မိတ်သဟာယဖွဲ့ဖို့ သင်ယူခြင်းဖြစ်သည်။ မိတ်သဟာယသည် အလဟဿစကားပြောခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အပျက်သဘောဆောင်မှု၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ခြင်းကိုသာ ဖော်ပြခြင်းမဟုတ်။ သူတစ်ပါးတို့ကို လွှမ်းမိုးရန်အတွက် သင်၏ အပျက်သဘောဆောင်သော၊ သို့မဟုတ် ပုန်ကန်သော အခြေအနေတို့ကို ပွင့်အံမချသင့်ပေ။ အဓိကအချက်မှာ ဘုရားနှုတ်ကပတ်တော်များတွင် စည်းမျဉ်းများကိုရှာပြီး သမ္မာတရားကို နားလည်ရန်နည်းလမ်းအကြောင်းကို မိတ်သဟာယဖွဲ့ရန် ဖြစ်သည်” ဟု ဆိုသည်။ သို့ရာတွင် သမ္မာတရားကို သင် မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ကို မတို့ထိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်ပြီး ကျင့်ကြံပြုမူပုံရှိ ၎င်းတို့၏ စည်းမျဉ်းများနှင့် ဦးတည်ချက်ကို ပြောင်းလဲစေရန် မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ညင်ညင်သာသာ ပြောရလျှင် ယင်းသည် စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။ ပြင်းထန်စွာပြောရလျှင် ယင်းသည် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။ အမှန်တွင် ရက်စက်ကြမ်းကြုတ်ခြင်းဟု ခေါ်သည်မှာ ဆီလျော်သည်။ ပါးစပ်တွင် သိုးတစ်ကောင်ကို ခဲထားပြီး သူ၏ သားကောင်နှင့်ပတ်သက်၍ သာယာကြည်နူးနေသော ဝံပုလွေတစ်ကောင်ကို စဉ်းစားကြည့်လော့။ သင်က သူနှင့် ဆွေးနွေးညှိနှိုင်းပြီး “ငါသည် သင့်ကို ယုန်တစ်ကောင် အစားပေးမည်။ သိုးကို လွှတ်ပေးပါ။ အဆင်ပြေမည်လော” ဟု ဆိုသည်။ ယင်းက သဘောမတူပေ။ သင်က “ငါသည် သင့်အား နွားတစ်ကောင်ပေးမည်။ ကျေနပ်သလော” ဟု ဆိုသည်။ ယင်းက လုံးဝ သဘောတူမည်မဟုတ်။ ယင်းက သိုးကို ဦးစွာ စားမည်ဖြစ်ပြီး ထို့နောက်တွင် နွားကို ယူလိမ့်မည်။ ယင်းသည် တစ်ခုတည်းနှင့် ကျေနပ်ခြင်းမရှိ။ နှစ်ကောင်လုံးကို အလိုရှိသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မတင်းတိမ်နိုင်စွာ လောဘကြီးပြီး အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။) ယင်းမှာ ရက်စက်ကြမ်းကြုတ်လွန်းသည်ချည်းသာ ဖြစ်၏။ အလားတူစွာပင် အန္တိခရစ်များ၏ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့်ပတ်သက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ၎င်းတို့ကို ပြုပြင်ခြင်း၊ သို့မဟုတ် အကြံပေးခြင်းသည် အလုပ်မဖြစ်။ ယင်းတို့ထဲမှ မည်သည့်အရာကမျှ ၎င်းတို့၏ အရိုးစွဲနေသော အဆင့်အတန်းလိုက်စားမှုကို၊ သို့မဟုတ် အခြားလူများကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒကို မပြောင်းလဲနိုင်ပေ။ သင်က ၎င်းတို့ကို ပိုမိုမြင့်သော အဆင့်အတန်း၊ သို့မဟုတ် ပို၍ကြီးသော အကျိုးအမြတ်များဖြင့်သာ ဆွဲဆောင်၍ရနိုင်ပေသည်။ ဤသို့မဟုတ်လျှင် ၎င်းတို့၏ပါးစပ်ထဲတွင် ရောက်နေပြီဖြစ်သော သားကောင်ကို လုံးဝ လက်လွှတ်မည်မဟုတ်။ ဤသို့ လက်လွှတ်ရန် အကြွင်းမဲ့ငြင်းဆန်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့တွင် အဆင့်အတန်းတစ်ခုရှိသည်နှင့် အားတက်သရော စွမ်းဆောင်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ရန် ဤအခွင့်အရေးကို အသုံးပြုလိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အရာကို ဂုဏ်ဖော်မည်နည်း။ ၎င်းတို့၏ အမျိုးမျိုးသော ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများ၊ ၎င်းတို့၏ နောက်ကြောင်းရာဇဝင်၊ ပညာရေး၊ တန်ဖိုး၊ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အဆင့်အတန်းတို့ဖြစ်သည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်ပြီး ကျွမ်းကျင်သည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့ကစားနိုင်ပြီး ကြိုးကိုင်ညွှန်ကြားနိုင်သည်ကိုလည်းကောင်း၊ လူတို့ကို မည်သို့ တွန်းအားပေးနိုင်သည်ကိုလည်းကောင်း ကိုယ်ရည်သွေးခြင်းနှင့် ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ သမ္မာတရား၊ သို့မဟုတ် ပိုင်းခြားသိမြင်မှု မရှိသူတို့သည် ဤအရာကို ကြားပြီး ဤသို့သော အန္တိခရစ်များသည် အလွန်ပင် အထင်ကြီးလောက်ဖွယ်ဖြစ်သည်ဟု ခံစားမိသည်။ ၎င်းတို့ကိုယ်၌ကမူ နိမ့်ကျသည်ဟု ခံစားရပြီး ၎င်းတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုကို လိုလိုလားလား ကျိုးနွံနာခံကြလေသည်။
အချို့ အန္တိခရစ်များသည် ၎င်းတို့၏ အကြံအစည်များတွင် အထူးပင်ကောက်ကျစ်ပြီး နက်နဲသည်။ ၎င်းတို့သည် အဆုံးစွန် စာတန်ဆန်သော အတွေးအခေါ်ကို လိုက်နာကြသည်။ ယင်းမှာ မည်သည့်အခြေအနေမဆိုတွင် ထုတ်ဖော်ပြောဆိုခြင်းသိပ်မရှိရန်နှင့် ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့်အခြေအနေမဆိုတွင် ၎င်းတို့၏ ရပ်တည်ချက်ကို လွယ်လင့်တကူ မဖော်ပြဘဲ လုံးဝ အတင်းအကျပ်စေခိုင်းခြင်းခံရမှသာ ပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် စကားမပြောမီ၊ သို့မဟုတ် မလုပ်ဆောင်မီတွင် ၎င်းတို့အနီးရှိလူများကို နှံ့နှံ့စပ်စပ်နားလည်ပြီး ရှင်းရှင်းလင်းလင်း သိမြင်ရန် ဖြစ်သည့်အလား လူတိုင်း၏ လုပ်ရပ်များကို အာရုံစိုက်စွာဖြင့် စောင့်ကြည့်လေ့လာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ရှေးဦးစွာဖြင့် မည်သူက ၎င်းတို့၏ သားကောင်ဖြစ်ပြီး ၎င်းတို့ကို ကူညီသူဖြစ်နိုင်သည်၊ ၎င်းတို့၏ “နိုင်ငံရေးရန်သူ”အဖြစ် မည်သူကို သတိထားရှောင်ရန် လိုအပ်သည်တို့ကို ခွဲခြားဖော်ထုတ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် စကားမပြောဘဲ၊ သို့မဟုတ် ခံယူချက်မရှိဘဲ တိတ်တဆိတ် နေမြဲနေသည်။ သို့တိုင်အောင် ၎င်းတို့သည် စိတ်အတွင်းတွင် ဆင်ခြင်တွေးတောပြီး အပိုင်ကြံနေကြသည်။ ဤပုဂ္ဂိုလ်တို့သည် ပင်ကိုအားဖြင့် ကောက်ကျစ်ပြီး ထုတ်ဖော်ပြောဆိုခြင်း သိပ်မရှိ။ ဤသို့သောသူသည် အလွန်ပင် ဒုက္ခပေးမည့်လက္ခဏာရှိသည်ဟု သင်တို့ဆိုမည်လော။ ၎င်းတို့က မကြာခဏ ထုတ်ဖော်ပြောဆိုခြင်းမရှိလျှင် ၎င်းတို့ကို သင်မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ ၎င်းတို့ကို ရိပ်စားမိဖို့ လွယ်ကူသလော။ အလွန်ခက်ခဲသည်။ ဤသို့သောလူတို့၏ စိတ်နှလုံးများသည် စာတန်ဆန်သော အတွေးအခေါ်ဖြင့် လုံးဝ ပြည့်နေသည်။ ဤသည်မှာ စဉ်းလဲခြင်း မဟုတ်သလော။ အန္တိခရစ်များက ၎င်းတို့သည် ၎င်းတို့၏အမြင်များကို စဉ်ဆက်မပြတ်ဖော်ပြပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့လျက် များစွာပြောဆိုလျှင် လူတိုင်းက ၎င်းတို့ကို ရိပ်စားမိမည်၊ အန္တိခရစ်သည် လေးနက်မှုမရှိ၊ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ထင်မည်ဖြစ်ပြီး ၎င်းတို့ကို လေးစားမည်မဟုတ်ဟု ယုံကြည်ကြသည်။ အန္တိခရစ်အတွက် လေးစားမှုပျောက်ဆုံးခြင်းသည် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ အခြားလူများ၏ စိတ်နှလုံးရှိ ၎င်းတို့၏ အထင်ကြီးခြင်းခံရသော အဆင့်အတန်းဆုံးရှုံးပြီး သာမန်ဖြစ်သည့်၊ မသိနားမလည်သည့်၊ ပုံမှန်သာဖြစ်သည့် ပုံစံပေါ်သည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ အန္တိခရစ်များက မြင်တွေ့ရန် မမျှော်လင့်သည့်အရာဖြစ်သည်။ ထို့ကြောင့် အသင်းတော်ရှိ အခြားလူများက မိမိတို့၏ အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၊ ယမန်နေ့က ၎င်းတို့ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ယနေ့ မရိုးသားခြင်းကြောင့် ၎င်းတို့ခံစားရသော မခံနိုင်သော စိတ်ဆင်းရဲမှုတို့ကို အစဉ်ဖွင့်ပြောပြီး ဝန်ခံသည်ကို အန္တိခရစ်က မြင်သောအခါ ဤလူများကို မိုက်မဲပြီး နုံအသည်ဟု ၎င်းက သဘောထားသည်။ ၎င်းက ဤသို့သောအရာများကို မိမိဘာသာ မည်သည့်အခါမျှ ဝန်မခံဘဲ မိမိ၏အတွေးများကို ဖုံးထားသောကြောင့် ဖြစ်သည်။ လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်း ဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး သာမန်ထက်ထူးကဲသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣန္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် လေးစားမှုရရန်အတွက် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် အလင်းတစ်ခုခုကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် ၎င်းတို့၌ ဤအရာကင်းမဲ့သောကြောင့် သမ္မာတရားအား မိတ်သဟာယဖွဲ့စဉ်တွင် တိတ်ဆိတ်စွာနေကာ ပုန်းကွယ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲတွင် ချောင်းနေသည်။ အခြားလူများက အလင်းကို ထုတ်ပြောသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန်အတွက် နည်းလမ်းများကို ရှာပြီး ကြွားဝါရန်အတွက် ယင်းကို အခြားပုံစံဖြင့် ဖော်ပြသည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ပုံဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ထင်ပေါ်ပြီး သာလွန်ရန် ကြိုးပမ်းသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နှစ်သက်ကြသည်။ ၎င်းတို့သည် အခွင့်အရေးမရှိလျှင် ရှေးဦးစွာ သိုသိုသိပ်သိပ်နေပြီး မိမိတို့၏ အမြင်များကို မိမိတို့ဘာသာ သိမ်းထားသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်မှုဖြစ်သည်။ ဥပမာ ဘုရားအိမ်တော်မှ တရားဒေသနာတစ်ပုဒ်ကို ထုတ်ပြန်သောအခါ ဘုရားနှုတ်ကပတ်တော်နှင့်တူသည်ဟု အချို့လူများက ဆိုသည်။ ပြီးလျှင် အခြားသောသူတို့က အထက်မှ မိတ်သဟာယနှင့်ပိုတူသည်ဟု ထင်မြင်သည်။ အတော်အတန်ပင် ရိုးရှင်းသည့်စိတ် ရှိသောသူတို့က ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ပြောသည်။ သို့သော် အန္တိခရစ်များက ဤအရာနှင့်ပတ်သက်ပြီး ထင်မြင်ချက်ရှိလျှင်ပင် ဖုံးကွယ်ထားသည်။ ၎င်းတို့သည် အများစု၏ အမြင်ကို ကြည့်ရှုလေ့လာပြီး လိုက်လျှောက်ရန် ပြင်ဆင်ထားသော်လည်း အမှန်တကယ်တွင် ယင်းကို ၎င်းတို့ဘာသာ နှံ့နှံ့စပ်စပ် သဘောမပေါက်နိုင်ပေ။ ဤသို့ပါးနပ်ပြီး ကလိမ်ကျသော လူတို့သည် သမ္မာတရားကို နားလည်နိုင်သလော၊ သို့မဟုတ် စစ်မှန်သော ပိုင်းခြားသိမြင်မှု ရှိသလော။ သမ္မာတရားကို နားမလည်သောသူတစ်ဦးသည် မည်သည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သနည်း။ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ လူအချို့သည် အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့်တိုင် လေးနက်ဟန်ဆောင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး အခြားလူများက ၎င်းတို့အား ရိပ်စားမိမည်ကို စိုးရိမ်ကြသည်။ ဤသို့သော အခြေအနေ၌ မှန်ကန်သော သဘောထားမှာ “ဤအမှုကိစ္စကို ငါတို့ မသိမြင်နိုင်။ ငါတို့မသိသည့်အတွက် ပေါ့ဆစွာ မပြောဆိုသင့်။ မမှန်ကန်စွာပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သည်။ အထက်ကပြောသည့်အရာကို ငါစောင့်ကြည့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်လော။ ဤသည်မှာ ရိုးရှင်းသော ဘာသာစကားဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များက အဘယ်ကြောင့် မပြောသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိမြင်လျက် ရိပ်စားမိခြင်းအား မခံလိုပေ။ သို့သော် ဤအရာ၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တစ်ခုလည်း ရှိသည်။ လေးစားခြင်းခံရရန် ဖြစ်သည်။ ဤသည်မှာ ရွံရှာဖွယ်အဖြစ်ဆုံးသောအရာ မဟုတ်လော။ လူတိုင်းက ပြောဆိုပြီးနောက်တွင် အများစုက ဘုရားနှုတ်ကပတ်တော်ဟု ပြောပြီး အနည်းငယ်က ဘုရားနှုတ်ကပတ်တော် မဟုတ်ဟု ဆိုသည်ကို မြင်ပြီးနောက် အန္တိခရစ်ကလည်း တရားဒေသနာက ဘုရားနှုတ်ကပတ်တော်မဟုတ်နိုင်ဟု ခံစားရသော်လည်း ဘွင်းဘွင်းရှင်းရှင်း ထုတ်မပြောပေ။ ၎င်းက “ဤကိစ္စတွင် ငါ အလောတကြီး အကဲဖြတ်၍မဖြစ်။ လူအများစုအတိုင်း ငါလက်ခံလိုက်မည်” ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ အသိအမြင်ကင်းမဲ့မှုကို ဝန်ခံရမည့်အစား ဟန်ဆောင်ပြီး ဖုံးကွယ်ရန်အတွက် ဤပြောဆိုချက်ကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အလွန် အမြော်အမြင်ရှိသည်၊ ၎င်းတို့၏ နည်းလမ်းများက အလွန်ကောင်းသည်ဟု ထင်မြင်ကြသည်။ ထို့နောက်တွင် နှစ်ရက်ကြာပြီးနောက် တရားဒေသနာသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု ဘုရားအိမ်တော်က ကြေညာသောအခါ အန္တိခရစ်က “တွေ့သလော။ မည်သည့်အရာကို သင့်အား ငါပြောခဲ့သနည်း။ ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ကို ငါအစကတည်းက သိခဲ့သည်။ သို့သော် ယင်းတို့ကို သတိမပြုမိသည့်သင်တို့ထဲမှ လူများ၏ အားနည်းချက်နှင့် ပတ်သက်၍ ငါစိုးရိမ်သောကြောင့် မပြောနိုင်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု ငါပြောခဲ့လျှင် သင်တို့အား ရှုတ်ချနေခဲ့ခြင်း ဖြစ်မည်မဟုတ်လော။ သင်တို့သည် ဝမ်းနည်းသွားလိုက်မည့်ဖြစ်ခြင်း။ သင်တို့ မည်မျှအားနည်းသည်ကို သိလျက် ငါသည် စိတ်အေးနိုင်မည်လော။ ဤသို့ဆိုလျှင် ငါသည် မည်သည့်ခေါင်းဆောင်မျိုး ဖြစ်မည်နည်း” ဟု ချက်ချင်းပြောသည်။ ဟန်ဆောင်ရာ၌ တကယ့်ကို ဆရာတစ်ဆူပါတကား။ အန္တိခရစ်များ ပြောသည့်အရာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များနှင့် ချိန်ရွယ်ချက်များရှိသည်။ ၎င်းတို့၏ ပါးစပ်ကို ဖွင့်သည့်အခါတိုင်းတွင် ယင်းမှာ မိမိတို့ကိုယ်ကို ကြွားဝါဖို့၊ မိမိတို့၏ အောင်မြင်မှုများ၊ ယခင်က ကောင်းမှုများ၊ ယခင်က ဂုဏ်ကျက်သရေများကို ကြွားလုံးထုတ်ဖို့ ဖြစ်သည်။ ၎င်းတို့စကားပြောသည့်အခါတိုင်းတွင် ဤအရာများအကြောင်းဖြစ်သည်။ ၎င်းတို့အား မရိပ်စားမိနိုင်သောသူတို့သည် ၎င်းတို့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်သည်။ ၎င်းတို့အား ရိပ်စားမိနိုင်သူတို့ကမူ ၎င်းတို့ကို အလွန်အမင်း မသိမသာဖြင့်အန္တရာယ်ပေးပြီး လှည့်ဖြားတတ်သည်ဟု မြင်ကြသည်။ အန္တိခရစ်သည် သူ၏အားနည်းချက်များကို မည်သည့်အခါမျှ ဝန်မခံ။ အန္တိခရစ်များသည် လျှို့ဝှက်စွာ အလုပ်လုပ်ပြီး မရေမရာ ပြောဆိုသည်။ ၎င်းတို့ပြောသည့်အရာအများစုမှာ အဓိပ္ပာယ်မရှိ။ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ နားမလည်နိုင်ပေ။ ပိုဆိုးသည်မှာ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်သော်လည်း နားလည်ဟန်ဆောင်ကာ အရာရာတွင် ပါဝင်ပတ်သက်လိုသည်။ အမှုကိစ္စအားလုံးတွင် ဆုံးဖြတ်ချက်ချလိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသည်။ ၎င်းတို့အနီးရှိလူများကို မည်သည့်သိခွင့်မျှမပေးဘဲ ထားလိုသည်။ အဆုံးတွင် ဤသည်မှာ မည်သည့်အခြေအနေကို ဖြစ်စေသနည်း။ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်သူ၊ သို့မဟုတ် တာဝန်ထမ်းဆောင်သူတိုင်းက ၎င်းတို့သည် အပေါ်ယံတွင် သစ္စာစောင့်သိပြီး ပေးဆပ်လိုစိတ်ရှိသည့် ပုံစံရှိသော်လည်း အမှန်မှာ ဤသို့မဟုတ်ဟူ၍ ခံစားရသည်။ အန္တိခရစ်နှင့် နှစ်ချီသည်အထိ ရင်းနှီးခဲ့သည့်သူတို့ပင် ၎င်းတို့မည်သည့်အရာ စဉ်းစားနေသည်ကို မရိပ်စားမိနိုင်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိသည်ကို မသိပေ။ လူအများစုက ၎င်းတို့ကို မရိပ်စားမိနိုင်ပေ။ ၎င်းတို့ပြောသည့်အရာအားလုံးမှာ မုသားများနှင့်၊ အနှစ်မရှိသော စကားများ၊ တမင်လိမ်လည်လှည့်စားပြီး လှည့်ဖြားသော စကားများ ဖြစ်သည်။ ၎င်းတို့သည် အရာရာတွင် ပါဝင်ပတ်သက်ချင်ပြီး ဆုံးဖြတ်ချက်အားလုံးကို ချလိုသည်။ သို့သော် ၎င်းတို့က ဆုံးဖြတ်ပြီးသည်နှင့် ဖြစ်နိုင်ချေရှိသော ဂယက်ရိုက်မှုများအတွက် မည်သည့်တာဝန်မျှမယူပေ။ ပြီးလျှင် ဤအပြုအမူကို ဆင်ခြေပေးရန် အကြောင်းပြချက်များကို အကြံထုတ်သည်။ ဆုံးဖြတ်ပြီးနောက်တွင် အခြားလူများကို အလုပ်တာဝန် လွှဲပေးလိုက်သည်။ ၎င်းတို့ကမူ ဝင်ရောက်စွက်ဖက်ရန် အခြားသောကိစ္စများကို ကူးပြောင်းသွားလေသည်။ နဂိုမူရင်းကိစ္စကို နောက်ဆက်တွဲ လုပ်ဆောင်ခြင်းရှိမရှိ၊ လက်တွေ့အကောင်အထည်ဖော်ခြင်းရှိမရှိ၊ စီမံဆောင်ရွက်ခြင်း၏ ထိရောက်မှုက မည်သို့ဖြစ်စေ၊ အခြားလူအများစုက ဤနည်းလမ်းအပေါ် ထင်မြင်ချက်တစ်ခုခုရှိမရှိ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းရှိမရှိ၊ ညီအစ်ကိုမောင်နှမများက ဤအရာနှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ရှိမရှိနှင့်ပတ်သက်ပြီး ၎င်းတို့ ဂရုမစိုက်ပေ။ ၎င်းတို့၏ အရေးကိစ္စ မဟုတ်သည့်အလား၊ ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်သည့်အလား ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် စိုးစဉ်းမျှသော ဂရုစိုက်မှုကိုပင် မပြပေ။ ၎င်းတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့ကြွားဝါပြီး အခြားလူများထံမှ လေးစားမှုရနိုင်သည့်ကိစ္စများကိုသာ ဂရုစိုက်သည်။ ထိုသို့လုပ်ဆောင်ရန် မည်သည့်အခါမျှ အခွင့်အရေးများကို လက်လွတ်မခံပေ။ ၎င်းတို့၏ အလုပ်တွင် အမိန့်များပေးပြီး စည်းမျဉ်းစည်းကမ်းများအား သတ်မှတ်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဩဇာအာဏာယှဉ်ပြိုင်မှုများ ပြုခြင်းနှင့် လူတို့ကို ကြိုးကိုင်ညွှန်ကြားခြင်းကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်ချိန်တည်းတွင် မိမိကိုယ်ကို ကျေနပ်ကာ ၎င်းတို့အလုပ်တွင် ဖြစ်မြောက်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့အလုပ်လုပ်ပုံ၏ အကျိုးဆက်များကို လုံးဝ သတိမမူမိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နေပြီး အသင်းတော်အလုပ်တွင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားအလိုတော်အား ဆောင်ရွက်ခြင်းကို ပိတ်ဆို့နေပြီး ၎င်းတို့၏ ကိုယ်ပိုင်အမှီအခိုကင်းသော နယ်မြေကို တည်ဆောက်ရန် ကြိုးစားနေကြသည်။
“ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း၊ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်း” ဟူသည့် အန္တိခရစ်များ၏ ဤအပြုအမူနှင့်ဆိုင်သော အနှစ်သာရသည် အဓိကအားဖြင့် မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ပြီးလျှင် အခြားလူများကို ထိန်းချုပ်ရန် ထူးကဲစွာ ပြင်းထန်သောဆန္ဒကို ပိုင်ဆိုင်ပြီး ပုံမှန်လူသား ဆင်ခြင်တုံတရား၏ အတိုင်းအတာကို ကျော်လွန်သည်။ ထို့အပြင် ၎င်းတို့ထမ်းဆောင်သည့် တာဝန်အပေါ် ၎င်းတို့၏ နားလည်မှု၊ သို့မဟုတ် အမြင်နှင့် သဘောထားသည် အဘယ်နည်း။ ဤသည်မှာ မိမိတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သောသူတို့နှင့် မည်သို့ကွဲပြားသနည်း။ မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်သူတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများကို ရှာဖွေသည်။ ဤသည်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ သို့သော် အန္တိခရစ်များက ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို မည်သို့သဘောပေါက်သနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု၌ မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကို ထုတ်ဖော်သနည်း။ ၎င်းတို့သည် မြင့်သည့်ရာထူးတစ်ခုတွင် ရပ်ပြီး ၎င်းတို့အောက်တွင်ရှိသူတို့အား နှိမ်ချသည်။ ၎င်းတို့သည် ဦးဆောင်ရန် ရွေးချယ်ခံရသည်နှင့် အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူများအဖြစ် မိမိတို့ကိုယ်ကို စတင်၍ မြင်လာကြသည်။ ဘုရားသခင်ထံမှ ၎င်းတို့တာဝန်ကို လက်မခံကြ။ ရာထူးတစ်ခုခုကို ရယူပြီးနောက် ၎င်းတို့အဆင့်အတန်းက အရေးကြီးသည်၊ ၎င်းတို့ ဩဇာအာဏာက ကြီးမားသည်၊ ၎င်းတို့၏ ပင်ကိုလက္ခဏာက တစ်မူထူးခြားသည်၊ ၎င်းတို့၏ မြင့်မားသော ရာထူးမှနေ၍ အခြားလူများကို အထင်သေးခွင့် ရသည်ဟု ခံစားရသည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့်အညီ အမိန့်များကို ထုတ်ပြန်နိုင်ပြီး ပြုမူလုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြစရာ တစ်စက်မျှပင် မလိုအပ်ဟုလည်းကောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဩဇာအာဏာ တပ်မက်မှုကို ဖြည့်ဆည်းရန်အတွက်၊ အခြားလူများကို အာဏာဖြင့် အုပ်စိုးပြီး ဦးဆောင်ဖို့ ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အသုံးပြုနိုင်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ ဩဇာအာဏာ၌ စိန်ခေါ်မှုမရှိရန် အခွင့်အရေးကို ရရှိသည်ဟု ခံစားရကြောင်း ဆိုနိုင်သည်။ လူအချို့က “အန္တိခရစ်များ၏ သရုပ်သကန်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် ထုတ်ဖော်ခြင်းများရှိသော်လည်း သူသည် ကျွန်ုပ်တို့နှင့် မကြာခဏ မိတ်သဟာယဖွဲ့သည်” ဟု ဆိုသည်။ ဤသည်မှာ သူသည် အန္တိခရစ်မဟုတ်ဟု ဆိုလိုသလော။ အန္တိခရစ်များသည် တစ်ခါတစ်ရံတွင် ဟန်ဆောင်နိုင်သည်။ လူတိုင်းနှင့် တစ်ချီမျှ မိတ်သဟာယဖွဲ့ကာ လူတိုင်း၏ အတွေးများကို နားလည်၍ သဘောပေါက်ပြီးသည့်နောက်တွင်၊ မည်သူက ၎င်းတို့နှင့်ကိုက်ပြီး မည်သူက မကိုက်သည်ကို ခွဲခြားဖော်ထုတ်သည့်နောက်တွင် ၎င်းတို့က ထိုသူတို့ကို အမျိုးအစားခွဲခြားသည်။ နောင်တွင်ဖြစ်သော ကိစ္စများတွင် ၎င်းတို့သည် ၎င်းတို့နှင့် ကောင်းသောဆက်ဆံရေးရှိပြီး သဟဇာတ ဖြစ်သောသူတို့နှင့်သာ ဆက်ဆံသည်။ ကိစ္စအများစုတွင် ၎င်းတို့နှင့် အမြင်သဘောထား မတူညီသူတို့ကို မကြာခဏပင် မည်သည့်အရာမျှ အသိမပေးဘဲ ထားလေသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို ဘုရားနှုတ်ကပတ်တော်စာအုပ်များပင် မပေးဘဲထားနိုင်သည်။ သင်တို့သည် ဤသို့ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းဖြစ်သည့် ဤနည်းလမ်းကို ပြုမူလုပ်ဆောင်ခဲ့ဖူးသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် အသေအချာပင် ဖြစ်ပျက်သည်။ သို့သော် အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းမှာမူ မလွဲမသွေ ဖြစ်ချင်မှဖြစ်ပေမည်။ သင်က ရံဖန်ရံခါ မိတ်သဟာယဖွဲ့ကောင်း ဖွဲ့နိုင်သည်။ သို့ရာတွင် မိတ်သဟာယဖွဲ့ပြီးနောက် အမှုအရာများက သင်ပြောသည့်တိုင်း ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်သည်။ လူအချို့က “ငါတို့ မိတ်သဟာယပြုထားသော်ငြားလည်း စင်စစ်အားဖြင့် ငါသည် ကြာမြင့်သောအချိန်ကတည်းက အစီအစဉ်တစ်ခုကို သတ်မှတ်ရေးဆွဲထားပြီးသား ဖြစ်သည်။ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့်သာ၊ ငါလုပ်သည့်အရာတွင် စည်းမျဉ်းများရှိသည်ကို သင့်အား သိစေရန်သာ ငါသည် သင်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ သင်၏ အရည်အချင်းကို ငါမသိဟု သင်ထင်သလော။ အဆုံးတွင် သင်သည် ငါ့အားနားထောင်ပြီး ငါ၏နည်းလမ်းကို လိုက်နာရဦးမည်ဖြစ်သည်” ဟု တွေးသည်။ အမှန်တွင် ၎င်းတို့သည် ကြာမြင့်သောအချိန်ကတည်းက ၎င်းတို့၏ စိတ်နှလုံးတွင် ဆုံးဖြတ်ပြီးသားဖြစ်သည်။ ၎င်းတို့က “ငါသည် အပြောအဆိုကောင်းလှသည်။ မည်သည့်ငြင်းခုံမှုကိုမဆို ငါ့ဘက်အသာစီးရစေရန် လှည့်ပတ်နိုင်သည်။ မည်သူကမျှ ငါ့ကို နိုင်အောင်မပြောနိုင်။ ထို့ကြောင့် ဦးတည်ရာသည် ငါ၏ ဦးဆောင်မှုနောက်သို့ အလိုအလျောက် လိုက်လာလိမ့်မည်” ဟု ယုံကြည်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွက်ချက်မှုများကို စောစောစီးစီး ကြိုတင်၍ ပြုလုပ်ထားသည်။ ဤအခြေအနေမျိုးက တည်ရှိသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် ရံဖန်ရံခါ မတော်တဆ ထုတ်ဖော်သော အပြုအမူတစ်ခုမဟုတ်။ ယင်းကို စိတ်သဘောထားတစ်ခုခုက ထိန်းချုပ်ထားသည်။ ၎င်းတို့၏ စကားပြောပုံ၊ သို့မဟုတ် ပြုမူလုပ်ဆောင်ပုံကို ကြည့်လျှင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ပုံစံ မရှိကောင်း မရှိနိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့လုပ်ရပ်များ၏ သဘာဝကို ကြည့်လျှင် ၎င်းတို့သည် အမှန်ပင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ပြီး အခြားလူများ၏ ထင်မြင်ချက်များကို “နားထောင်”သည်။ အခြားလူများကို စကားပြောခွင့်ပေးသည်။ အခြေအနေတစ်ခု၏ အသေးစိတ်အချက်များကို ထိုလူတို့ သတိပြုမိစေရန် လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အရာကို ဆွေးနွေးသည်။ သို့သော် ၎င်းတို့နှင့် သဘောတူညီချက်တစ်ခုရရှိစေရန် အခြားလူများကို လမ်းညွှန်ဖို့အတွက် စည်းရုံးသိမ်းသွင်းမှုတစ်ခုခုကိုဖြစ်စေ၊ စကားအသုံးအနှုန်းတစ်ခုခုကိုဖြစ်စေ အသုံးပြုသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အရာရာတိုင်းက ၎င်းတို့၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်သည်။ ဤသည်မှာ ၎င်းတို့၏ မသိမသာ ဒုက္ခပေးသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤသည်မှာ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်းဟုလည်း ခေါ်သည်။ ယင်းသည် “နူးညံ့သော” အတင်းအကျပ်စေခိုင်းခြင်းတစ်မျိုး ဖြစ်သည်။ ၎င်းတို့က “သင်သည် နားမထောင်ပေ။ မှန်သလော။ သင်သည် နားမလည်ပေ။ မှန်သလော။ ကျွန်ုပ်ရှင်းပြမည်” ဟု တွေးသည်။ ရှင်းပြရာတွင် ၎င်းတို့သည် ၎င်းတို့စကားများကို ဝေ့ဝိုက်ကွေ့ပတ်ကာ အခြားလူများကို ၎င်းတို့၏ တွေးခေါ်ပုံသို့ ခေါ်ဆောင်သည်။ လူတို့ကို လှည့်လည်ခေါ်ဆောင်ပြီးနောက်တွင် ထိုလူများက နားထောင်ပြီး “သင်ပြောသည်က မှန်သည်။ သင်ပြောသည့်အတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်မည်။ အလွန်အလေးအနက်ထားဖို့ မလိုတော့ပါ” ဟု တွေးကြလေသည်။ ပြီးလျှင် အန္တိခရစ်က ကျေနပ်သည်။ လူအများစုက ၎င်းတို့၏ စကားများကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းရှိသလော။ ဤသို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဥပမာ အမှုကိစ္စတစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင် ပြဿနာတစ်ခုရှိသည်ဟု သင်ခံစားရသည်။ အချိန်တစ်ခဏတွင် ပြဿနာအတိအကျကို သင် အတိအကျမဖော်ထုတ်နိုင်ပေ။ သို့တိုင်အောင် သင်သည် အတင်းအကျပ်နာခံအောင် စေခိုင်းခြင်းခံရသည်ဟု ခံစားရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ ဆက်စပ်မှုရှိသော စည်းမျဉ်းများကို သင်ရှာဖွေသင့်သည်။ အထက်မှ လမ်းပြမှုကို ရှာသင့်သည်၊ သို့မဟုတ် ထိုလူကို မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် သမ္မာတရားကို နားလည်သူတို့သည် ဤအမှုကိစ္စကို အတူတကွဆွေးနွေးပြီး မိတ်သဟာယဖွဲ့နိုင်သည်။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် လမ်းပြမှုသည် အန္တိခရစ်များကဖြစ်စေ၊ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်သောသူတို့က ဖြစ်စေ တင်ပြသော အဆိုပြုချက်များ သို့မဟုတ် သဘောတရားများ၌ရှိသော ပြဿနာများအပြင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကိုပါ သင့်အား နားလည်စေလိမ့်မည်။ အချင်းချင်း မိတ်သဟာယပြုခြင်းမှတစ်ဆင့် သင် နားလည်ကောင်း နားလည်လာနိုင်သည်။ သို့သော် သင်က မိတ်သဟာယဖွဲ့ရမည့်အစား “ဤသည်မှာ ကြီးကြီးမားမား ပြဿနာတစ်ခုမဟုတ်။ သူကျေနပ်သလို လုပ်ဆောင်ပါစေ။ အမှန်တွင်တော့ ငါသည် အဓိကတာဝန်ရှိခြင်းမဟုတ်။ ဤကိစ္စများကို စိတ်ရှုပ်ခံဖို့မလို။ တစ်စုံတစ်ရာ မှားယွင်းသွားလျှင် ငါသည် တာဝန်ခံရမည်မဟုတ်။ သူ တာဝန်ခံလိမ့်မည်” ဟု တွေးကောင်းတွေးနိုင်သည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤသည်မှာ သင့်တာဝန်အပေါ် သစ္စာမစောင့်သိခြင်း ဖြစ်သည်။ သင့်တာဝန်အပေါ် သစ္စာမစောင့်သိခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းမဟုတ်လော။ ဤသည်မှာ ယုဒကဲ့သို့ ဖြစ်သည်။ လူများစွာသည် ဖိနှိပ်သောအာဏာဖြင့် ရင်ဆိုင်ရသောအခါ ဤအာဏာကို ပြ၍ခြိမ်းခြောက်သူတို့အား အလျှော့ပေးပြီး လိုက်လျောလိုက်ကြသည်။ ဤသည်မှာ ၎င်းတို့တာဝန်အပေါ် သစ္စာမစောင့်သိခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင်ရင်ဆိုင်ရသည်ဖြစ်စေ၊ မဆင်မခြင်လုပ်ဆောင်ပြီး သင့်အား အတင်းအကျပ် နာခံစေသည့်သူတစ်ဦးကို ရင်ဆိုင်ရသည်ဖြစ်စေ မည်သည့်စည်းမျဉ်းများကို သင်ထိန်းသိမ်းရန် ရွေးချယ်သင့်သနည်း။ မည်သည့်လမ်းကြောင်းကို လိုက်လျှောက်သင့်သနည်း။ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားနှုတ်ကပတ်တော်နှင့် အလုပ်အစီအစဉ်များဖြင့် ကွဲလွဲခြင်းဖြစ်စေ၊ သွေဖည်ခြင်းဖြစ်စေ မရှိဟု ခံစားရလျှင် သင်သည် ခိုင်မာစွာ ရပ်တည်ရမည်။ သမ္မာတရားကို လိုက်နာခြင်းသည် မှန်ကန်ပြီး ဘုရားသခင်က အသိအမှတ်ပြုသည်။ သို့သော် စာတန်ကို၊ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို၊ ဆိုးယုတ်သောလူများကို ဦးညွှတ်ပြီး အလျှော့ပေးခြင်းသည် သစ္စာဖောက်သည့် အပြုအမူဖြစ်သည်။ ယင်းသည် ဒုစရိုက်အမှုဖြစ်သည်။ ဘုရားသခင်က မုန်းတီးပြီး ကျိန်ဆဲခြင်းကို ခံရသည်။ အန္တိခရစ်များသည် ၎င်းတို့နှင့် ငြင်းခုံသောသူတစ်ဦးကို တွေ့ကြုံရသောအခါ ၎င်းတို့က “ငါသည် ဤကိစ္စတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ငါ၏ နည်းလမ်းအတိုင်း ပြုလုပ်ရမည်။ တစ်စုံတစ်ခု မှားယွင်းသွားလျှင် ငါတာဝန်ယူမည်” ဟု မကြာခဏဆိုသည်။ ဤစကားက မည်သည့်စိတ်သဘောထားကို ကိုယ်စားပြုသနည်း။ ဤသို့ပြောဆိုပြီး လက်တွေ့လုပ်ဆောင်သူတစ်ဦးသည် ပုံမှန်လူ့သဘာဝရှိနိုင်သလော။ ၎င်းတို့သည် အဘယ်ကြောင့် အခြားလူများအား အတင်းအကျပ် နာခံစေသနည်း။ ပြဿနာများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဖြေရှင်းရန် အဘယ်ကြောင့် သမ္မာတရားကို မရှာသနည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သော စည်းမျဉ်းများကို အဘယ်ကြောင့် မသတ်မှတ်နိုင်သနည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား ကင်းမဲ့သည်ဆိုသည်ကို သက်သေပြသည်။ ဤစကားရှိ ပြဿနာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ဤသို့သောအရာများကို ပြောဆိုခြင်းသည် ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ကို သက်သေပြဖို့ လုံလောက်သည်။ ဤသည်မှာ အန္တိခရစ်၏ အပြုအမူဖြစ်သည်။ သို့ရာတွင် ပို၍ ဉာဏ်များသော အန္တိခရစ်တစ်ဦးသည် အခြားလူများကပိုင်းခြားသိမြင်မည်ကို ကြောက်ပြီး လူတိုင်းက သဘောတူသည့်အရာ၊ လူတို့ကို အထင်အမြင်မှားစေပြီး ခြေကုပ်ရယူရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင် ဖြစ်မြောက်အောင်မြင်ရန် သင့်တော်သည့်ပုံစံရှိသည့်အရာအချို့ကို ပြောရမှဖြစ်မည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား မည်သို့ထိန်းချုပ်ရမည်ကို တွေးတောလိမ့်မည်။
အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် သရုပ်သကန်များသည် များပြားစွာရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအပြုအမူမျိုး၊ စိတ်သဘောထားမျိုးနှင့် အရည်အသွေးမျိုးသည် အန္တိခရစ်များတွင် မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးသောသူတိုင်းတွင်ပင် မြင်နိုင်သောကြောင့် ဖြစ်သည်။ သင်တို့က ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ဥပမာအချို့ကို စဉ်းစားကြည့်နိုင်သလော။ ဥပမာ သင်သည် ဆံပင်တိုနှင့် ကြည့်ကောင်းသည်ဟု တစ်စုံတစ်ယောက်က ပြောပြီး သင်က “ဆံပင်တိုသည်မှာ အဘယ်အရာများ အလွန်ကောင်းသနည်း။ ဆံပင်ရှည်ကို ကျွန်ုပ်ပို၍နှစ်သက်သည်။ ကျွန်ုပ်ကျေနပ်သလို လုပ်ဆောင်မည်” ဟု ပြန်ပြောလျှင် ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် တစ်ကိုယ်ရေနှစ်သက်မှုတစ်ခု၊ ပုံမှန်လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ လူအချို့သည် အဝေးမှုန်မဟုတ်လျှင်ပင် မျက်မှန်ကို တပ်လိုကြသည်။ လူအချို့က ၎င်းတို့ကို ဝေဖန်ပြီး “သင်က ကြည့်ကောင်းရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ မျက်မှန်ကို အမှန်တကယ် မလိုပါ” ဟု ပြောသဖြင့် ၎င်းတို့က “ကျွန်ုပ် မျက်မှန်တပ်တော့ အဘယ်အရာဖြစ်သနည်း။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ် မျက်မှန်တပ်မည်” ဟု ပြန်ဖြေလျှင် ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းလော။ မဟုတ်ပါ။ ဤသည်မှာ တစ်ကိုယ်ရေ နှစ်သက်မှုဖြစ်သည်။ အများဆုံးအနေဖြင့် တစ်ဇွတ်ထိုး လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် မည်သည့်ပြဿနာမျှ မပါဝင်ပေ။ ၎င်းတို့က စိတ်ပါလျှင် သုံးလေးရက်အကြာတွင် မျက်မှန်မတပ်တော့ဘဲ နေကောင်းနေနိုင်သည်။ ဤသို့ဆိုလျှင် ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် အဓိကအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် မိမိလျှောက်သည့်လမ်းကြောင်း၊ မိမိ၏ စိတ်သဘောထား၊ မိမိလုပ်ရပ်များ၏ နောက်ကွယ်ရှိ စည်းမျဉ်းများနှင့် အရင်းခံအကြောင်းရင်းများတို့ ပါဝင်သည်။ ဥပမာ အိမ်ထောင်တစ်ခုတွင် ခင်ပွန်းဖြစ်သူက ကားများကို နှစ်သက်ပြီး မိသားစုကလည်း ယွမ် ၂၀၀၀၀ သာ ရှိသည့်တိုင် ခင်ပွန်းဖြစ်သူသည် ယွမ် ၂၀၀၀၀၀တန် ကားတစ်စီးကို မလိုအပ်ဘဲ ဝယ်ယူရန် သူ ချေးငှား၍ရနိုင်သမျှနေရာမှ ငွေများကို ချေးငှားသဖြင့် မိသားစုခမျာ အစားအစာအတွက် မတတ်နိုင်တော့သည့်အပြင် ဇနီးဖြစ်သူက ထိုဝယ်ယူမှုအကြောင်းကိုပင် မသိသည်မှာ ဤခင်ပွန်းသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သလော။ ဤသည်မှာ အမှန်ပင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းသည် အခြားလူများ၏ ခံစားချက်များ၊ အတွေးများ၊ ထင်မြင်ချက်များ၊ သဘောထားများ၊ သို့မဟုတ် အမြင်ရှုထောင့်များကို ထည့်မစဉ်းစားဘဲ မိမိအပေါ်ကိုသာ အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ရိုးရှင်းစွာဆိုရလျှင် နေ့စဉ်အသက်တာ၌ မိမိ၏ ဇာတိပကတိဆိုင်ရာ သာယာမှုများနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း၊ မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ ပြီးလျှင် တာဝန်နှင့် ပတ်သက်လာသောအခါ ယင်းသည် အဆင့်အတန်းနှင့် အာဏာကို လိုက်စားရန် မိမိ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းခြင်းအား ရည်ညွှန်းသည်။ ဥပမာတစ်ခု ပြမည်။ အသင်းတော်တွင် အိမ်တစ်လုံးရှိသည်။ ပြီးလျှင် ထိုအိမ်၏ဘေးတွင် လမ်းတစ်ခုကို ခင်းဖို့လိုသည်။ လမ်း၏ သင့်လျော်သော အကျယ်ကို အိမ်နှင့် ဝင်း၏ အရွယ်အစားဖြင့် ဆုံးဖြတ်သင့်ကာ အမြင်လှဖို့အတွက်ရော လက်တွေ့ကျဖို့အတွက်ပါ ရည်ရွယ်သည်။ ဤအိမ်နှင့် ဝင်း၏ ကြီးမားသော နေရာကိုကြည့်လျှင် လမ်းသည် အနည်းဆုံး နှစ်မီတာကျယ်ဖို့လိုသည်။ ကြီးကြပ်သူက “ငါ ဆုံးဖြတ်ပြီးပြီ။ တစ်မီတာအကျယ် ထားလိုက်မည်” ဟု ဆိုသည်။ အခြားလူများက “လူများစွာက နေ့စဉ် ဝင်ထွက်ကြသည်။ ပြီးလျှင် တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့သည် ပစ္စည်းများကို သယ်ရသည်။ တစ်မီတာက တကယ်ကို အလုပ်ဖြစ်မည်မဟုတ်။ ကျဉ်းလွန်းသည်” ဟု ဆိုသည်။ သို့သော် ကြီးကြပ်သူက သူ၏ ကိုယ်ပိုင်အမြင်ကို မရမကပြောပြီး ဆွေးနွေးလိုခြင်းမရှိ။ လမ်းခင်းပြီးသည့်နောက်တွင် လမ်းက ကျဉ်းလွန်းသည်ကို လူတိုင်းမြင်သည်။ ယင်းမှာ ထိုအိမ်၊ ထိုဝင်းနှင့် မသင့်တော်သည့်အပြင် လက်တွေ့လည်းမကျပေ။ ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်သဖြင့် ပြန်လည်ပြုလုပ်ရသည်။ ထိုအခါတွင် လူတိုင်းက ဤလူကို စောဒကတက်ကြသည်။ အမှန်တွင် လမ်းခင်းမှု မစတင်မီက လူအချို့က ကန့်ကွက်မှုများကို တင်ပြခဲ့သည်။ သို့သော် ဤသူသည် သဘောမတူဘဲ သူ၏ ကိုယ်ပိုင်အမြင်ကို မရမကပြောခဲ့ပြီး အခြားလူများကို သူ၏ ဆန္ဒများအတိုင်း အတင်းအကျပ် လိုက်နာဆောင်ရွက်စေကာ ဤသို့သော အကျိုးဆက်များ ဖြစ်ပေါ်ရသည်။ ဤလူသည် အခြားလူများ၏ အကြံပြုချက်များကို အဘယ်ကြောင့် လက်မခံနိုင်ခဲ့သနည်း။ မတူညီသော ထင်မြင်ချက်များရှိသောအခါတွင် အဘယ်ကြောင့် သူသည် ရှုထောင့်အားလုံးကို ထည့်စဉ်းစားပြီး မှန်ကန်သော လုပ်နည်းကိုင်နည်းကို ရှာခြင်း မပြုလုပ်နိုင်ရသနည်း။ တိုင်ပင်ဆွေးနွေးရန် မည်သူမျှမရှိလျှင် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချသည်မှာ ကိစ္စမရှိ။ သို့သော် ယခုတွင် တိုင်ပင်ဆွေးနွေးရန် လူများရှိပြီး ပို၍ကောင်းသော အကြံပြုချက်များပင် ရရှိနိုင်သည်။ ယင်းတို့ကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးနည်း။ အနည်းဆုံးအနေဖြင့် ဖြစ်နိုင်ချေနှစ်ခုရှိသည်။ တစ်ခုမှာ ထိုသူသည် ဆင်ခြင်စဉ်းစားမှုမရှိသော၊ နားဝေတိမ်တောင်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အခြားတစ်ခုမှာ သူ၏ စိတ်သဘောထားသည် အလွန်အမင်း မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်သည်ဟု မှတ်ယူကာ သူသည် မှန်သည်ဟု အစဉ်ခံစားရခြင်း၊ အခြားလူများပြောသည့်အရာက မည်မျှမှန်ကန်ပါစေ လက်မခံနိုင်ခြင်းဖြစ်သည်။ ဤအရာက မာနထောင်လွှားလွန်းသည်မှာ ဆင်ခြင်တုံတရား ဆုံးရှုံးသွားစေ၏။ ဤသို့သော ရိုးရှင်းသောကိစ္စတစ်ခုက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ခဲ့သည်။ အလွန်အမင်း မာနထောင်လွှားခြင်းသည် ဆင်ခြင်တုံတရား ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်။ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာမျိုးက ဆင်ခြင်တုံတရား ကင်းမဲ့သနည်း။ လူ့တိရစ္ဆာန်များက ဆင်ခြင်တုံတရား ကင်းမဲ့သည်။ လူတစ်ဦးသည် ဆင်ခြင်တုံတရား ကင်းမဲ့လျှင် လူ့တိရစ္ဆာန်နှင့် မကွာခြားပေ။ သူ၏ စိတ်သည် အကဲဖြတ်နိုင်စွမ်းမရှိ။ ဆင်ခြင်တုံတရား မရှိပေ။ လူတစ်ဦးသည် မာနထောင်လွှားလွန်းသည်မှာ ဆင်ခြင်တုံတရား ဆုံးရှုံးပြီး စဉ်းစားချင့်ချိန်နိုင်စွမ်း ကင်းမဲ့လျှင် သူသည် လူ့တိရစ္ဆာန်များနှင့် ဆင်တူသည် မဟုတ်သလော။ (ဆင်တူပါသည်။) ဤသည်မှာ သူ၏ ပကတိအခြေအနေပင် ဖြစ်သည်။ လူ့ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဆိုသည်မှာ သူသည် လူသားမဟုတ်ဟု ဆိုလိုသည်။ အန္တိခရစ်များသည် ဤသို့သော ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) အန္တိခရစ်များက ပို၍ပင် ကင်းမဲ့သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များထက် ဆိုးသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ “အသင် အဘယ်အရပ်က လာသနည်း” ဟု ဘုရားသခင်က စာတန်ကို မေးသည့်အချိန်ကကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းသည် အမှန်ပင် အလွန်ရှင်းလင်းသည်။ ဘုရားသခင်က မည်သည့်သတင်းစကားကို သိရှိစေသနည်း။ (စာတန်အား ၎င်းသည် မည်သည့်အရပ်ကလာသည်ကို ဘုရားသခင်က မေးနေခြင်းဖြစ်သည်။) ဤစာကြောင်းသည် သိသာစွာပင် မေးခွန်းသင်္ကေတဖြင့် အဆုံးသတ်သည်။ ဤသည်မှာ “မည်သည့်အရပ်က သင်လာသနည်း” ဟူ၍ “စာတန်”အား “သင်”ဟူသည့် ပြုသူနာမ်စားဖြင့် ရည်ညွှန်းသည့် မေးခွန်းတစ်ခု ဖြစ်သည်။ သဒ္ဒါက သင့်တင့်လျောက်ပတ်ပြီး ဘုရားသခင်၏ မေးခွန်းသည် နားလည်ရလွယ်သည်။ စာတန်က မည်သို့ တုံ့ပြန်သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။” (ယောဘ ဝတ္ထု ၁:၇)ဟူ၍ ဖြစ်သည်။) ဤသည်မှာ စာတန်နှင့်ပတ်သက်သည့် ထင်ရှားသော ကိုးကားချက်ဖြစ်လေသည်။ စာတန်၏ အဖြေသည် ဆင်ခြင်တုံတရားတစ်ခုခုကို ပြသသလော။ (မပြသပါ။) ၎င်းသည် ဆင်ခြင်တုံတရားကင်းမဲ့သည်။ ဘုရားသခင်က စာတန်ကို နောက်တစ်ဖန် မည်သည့်အရပ်မှလာသည်ကို မေးသောအခါ ဘုရားသခင်၏ စကားများကို နားမလည်နိုင်သည့်အလား တထေရာတည်းသော အဖြေကို ထပ်၍ဖြေသည်။ လူတို့သည် စာတန်ပြောသည့်အရာကို နားလည်နိုင်သလော။ ၎င်း၏ စကားတွင် ဆင်ခြင်တုံတရားတစ်ခုခုရှိသလော။ (မရှိပါ။) ၎င်းသည် ဆင်ခြင်တုံတရားကင်းမဲ့သည်။ ဤသို့ဆိုလျှင် စာတန်သည် သမ္မာတရားကို နားလည်နိုင်သလော။ ဘုရားသခင်ထံမှ ဤသို့သော ရိုးရှင်းသည့် မေးခွန်းတစ်ခုကိုပင် ၎င်းသည် ဤသို့ တုံ့ပြန်သည်။ ဘုရားသခင်ပြောသည့် သမ္မာတရားများကို ပို၍ပင် နားလည်နိုင်စွမ်းမရှိပေ။ အန္တိခရစ်များသည်လည်း ဆင်ခြင်တုံတရားကင်းမဲ့သည်ဟု ဆိုနိုင်သည်။ စဉ်းလဲစွာ ပြုမူလုပ်ဆောင်သော၊ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို နားမလည်နိုင်သောသူတို့ အားလုံးသည် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့က နားလည်ပြီး သိသည်ဟု ပြောသော သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်း၊ မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများ ရှာဖွေပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းအကြောင်းတို့ကို သင်မည်မျှပြောသည်ဖြစ်စေ လက်တွေ့ဆောင်ရွက်သည့်အခါတွင် ၎င်းတို့သည် သင့်စကားများကို အလေးအနက်မထားဘဲ ၎င်းတို့ အလိုရှိသလို လုပ်ဆောင်သည်။ ဤသည်မှာ မကောင်းဆိုးဝါးဆန်သော သဘာဝဖြစ်သည်။ ဤသို့သော မကောင်းဆိုးဝါးဆန်သည့် သဘာဝရှိသူတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားအမဲ့ဆုံးနှင့် အရှက်မဲ့ဆုံးသော သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ လူသားများကို ဘုရားသခင်ဖန်ဆင်းသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်ရည်ရွယ်ချက်အတွက် လူတို့ကို ရွေးချယ်ပြီး သူ့ရှေ့ကို ခေါ်ဆောင်သနည်း။ ယင်းမှာ လူတို့အား ဘုရားနှုတ်ကပတ်တော်ကို အရေးစိုက်ပြီး နားလည်စေရန်၊ ဘုရားသခင် ညွှန်ကြားသည့်အတိုင်း အသက်တာတွင် လမ်းမှန်ကို လျှောက်စေရန်၊ အဆုံးတွင် အမှန်နှင့်အမှား၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများကြား ခွဲခြားသိမြင်နိုင်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရည်ရွယ်သည့်အရာ ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်နောက်သို့ လိုက်သူတို့သည် ပိုတိုး၍ ကောင်းမွန်လာသည်။ အန္တိခရစ်များသည် မည်သည့်အတိုင်းအတာအထိ ဆင်ခြင်တုံတရားမဲ့ကြသနည်း။ ၎င်းတို့က “ဘုရားသခင်၊ သင်သည် လူတို့ကို သင့်ရှေ့သို့ ခေါ်ဆောင်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်။ သင်သည် လူတို့ကို ရွေးချယ်နိုင်သည်။ လူတို့ကို စီစဉ်ညွှန်ကြားပြီး အုပ်စိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်။ သင်သည် လူတို့အား သင့်ကို ကျိုးနွံနာခံစေပြီး နားထောင်စေသည်။ သင်သည် တိုက်ရိုက်အမိန့်များပေးပြီး သင်ပြောသည့်အတိုင်း ၎င်းတို့ကို လုပ်ဆောင်စေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလားတူလုပ်ဆောင်မည်” ဟု တွေးကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား မရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်တုံတရား မရှိခြင်းသည် ၎င်းတို့တွင် ရှက်စိတ်မရှိခြင်းဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) လူတို့သည် သင်၏လူများဖြစ်သလော။ ၎င်းတို့သည် သင့်နောက်လိုက်သင့်သလော။ ၎င်းတို့သည် သင့်အား အဘယ်ကြောင့်နားထောင်သင့်သနည်း။ သင်သည် အလွန်သေးနုပ်သော ဖန်ဆင်းခံများထဲမှ တစ်ဦးသာဖြစ်သည်။ သင်သည် အရာရာတိုင်း၏ အထက်တွင်ရှိရန် အဘယ်သို့ ရည်မှန်းချက်ထားနိုင်သနည်း။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။