အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း လေး)
လူအချို့သည် အလွန်ပင် ကံကောင်းထောက်မပြီး အသင်းတော်တွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့၏ အစွမ်းအစများနှင့် ဝိညာဉ်ရင့်ကျက်မှုများသည် ပြည့်မီခြင်းမရှိ။ ခေါင်းဆောင်ဖြစ်ခြင်းသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့က ထိုသို့ နားလည်သဘောပေါက်ခြင်း မရှိပေ။ ဤအစား ၎င်းတို့က “ငါသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားလူများထက် ပိုတော်ပြီး ပို၍ အဆင့်မြင့်သည်။ ငါသည် သာမန်လူမဟုတ်တော့။ သင်တို့အားလုံးက ဘုရားရှေ့တွင် နာခံစွာဖြင့် ဦးညွှတ်ပြီး ကိုးကွယ်ဖို့ လိုအပ်သော်လည်း ငါက မလိုအပ်ပေ။ ငါသည် သင်တို့နှင့် ကွဲပြားသောကြောင့် ဖြစ်သည်။ သင်တို့သည် ဖန်ဆင်းခံများဖြစ်သော်လည်း ငါကား ဖန်ဆင်းခံမဟုတ်” ဟု တွေးကြသည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်အရာနည်း။ သင်သည်လည်း အသွေးနှင့်အသားနှင့် မဟုတ်လော။ သင်သည် အခြားလူများနှင့် မည်သို့ကွဲပြားသနည်း။ ကွဲပြားချက်မှာ သင်၏ အရှက်မဲ့ခြင်းတွင် တည်ရှိသည်။ သင်သည် ရိုးဖြောင့်သောဂုဏ် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်။ သင်သည် ခွေးတစ်ကောင်နှင့်ပင် ယှဉ်၍မရပေ။ သင်သည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ ပြုမူလုပ်ဆောင်ပြီး အခြားလူများထံမှ မည်သည့်အကြံဉာဏ်ကိုမဆို လျစ်လျူရှုသည်။ ယင်းမှာ ကွာခြားမှုဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစက မည်မျှညံ့ပါစေ၊ အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ ထိရောက်မှုက မည်မျှနိမ့်ကျပါစေ ၎င်းတို့သည် သာမန်လူ၏ အထက်တွင်ရှိသည်ဟု ထင်ဆဲဖြစ်ပြီး ၎င်းတို့တွင် အရည်အချင်းနှင့် ပင်ကိုစွမ်းရည်ရှိသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အများသဘောတူညီချက်တစ်ခု ရယူရန်အတွက် အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ၎င်းတို့သည် အရည်အချင်းပြည့်မီသည်၊ သို့မဟုတ် အရာရာတိုင်းကို ထိန်းချုပ်ရန်အတွက် အကြွင်းမဲ့ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်ကြသည်။ ဤမာနထောင်လွှားမှုသည် ဆင်ခြင်တုံတရား ဆုံးရှုံးခြင်းဆီသို့ ဦးတည်နေသည်မဟုတ်လော။ ဤသည်မှာ အရှက်မဲ့စွာဖြင့် မျက်နှာပြောင်တိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ခေါင်းဆောင်မဖြစ်မီတွင် သိမ်ငယ်မှုဖြင့် ပြုမူနေထိုင်ကြသည်။ ၎င်းတို့သည် ပင်ကိုစွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ရည်မှန်းချက်တစ်ခုခုကို စိတ်တွင် ထားရှိကြသော်လည်း အခွင့်အရေး မရှိခြင်းသာ ဖြစ်သည် ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ခေါင်းဆောင် ဖြစ်လာသည့်အခါတွင် ညီအစ်ကိုမောင်နှမများနှင့် သီးခြားခွဲလျက် ပိုမိုသာလွန်သောနေရာတွင် နေကြသည်။ ၎င်းတို့သည် စတင်၍ ဟန်ကြီးပန်ကြီး ပြုမူလာကြပြီး ၎င်းတို့၏ သရုပ်မှန်ကို ပြသကြသည်။ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသောအရာများကို ရရှိနိုင်သည်ဟု စတင်၍ ထင်မြင်လာကြပြီး “ဘုရားအိမ်တော်သည် သင့်တော်သောသူကို ရွေးချယ်ခဲ့သည်။ ငါသည် အမှန်ပင် ပင်ကိုစွမ်းရည်ရှိသည်။ ပတ္တမြားမှန်လျှင် နွံတွင်နစ်သော်လည်း မညစ်ပေ။ ယခု ငါ့ကို ကြည့်ပါ။ ဘုရားသခင်က ငါ့ကို အသိအမှတ်ပြုပြီးဖြစ်သည် မဟုတ်သလော” ဟု ယုံကြည်သည်။ ဤသည်မှာ စက်ဆုပ်ဖွယ်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သာမန်ဖန်ဆင်းခံများထဲမှ တစ်ဦးသာ ဖြစ်သည်။ သင်၏ ဆုကျေးဇူးများ၊ သို့မဟုတ် ပင်ကိုစွမ်းရည်သည် မည်မျှကြီးမားပါစေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အခြားသောလူတိုင်းနှင့် အတူတူပင်ဖြစ်သည်။ သင်သည် အများနှင့်မတူဘဲ ထူးကဲသည်ဟု ထင်ပြီး သင့်ကိုယ်သင် သာလွန်သည်ဟု သတ်မှတ်ကာ အခြားသောလူအားလုံးအထက်သို့ တက်လိုလျှင်၊ အရာရာတိုင်းထက် သာလွန်လိုလျှင် သင်သည် မှားယွင်းနေပြီ ဖြစ်သည်။ ဤလွဲမှားသောအမြင်ကြောင့် သင်သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း၊ သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်ပြီး အခြားလူများက သင့်အပေါ် နာခံပြီး အလျှော့ပေးခြင်းတွင်ပင် သာယာပျော်မွေ့လိုသည်။ ဤသည်မှာ မှားယွင်းသည်။ အမှားက မည်သည့်နေရာတွင် တည်ရှိသနည်း။ (မှားယွင်းသောနေရာတွင် နေခြင်း ဖြစ်သည်။) အန္တိခရစ်များသည် အဘယ်ကြောင့် မှားယွင်းသောနေရာတွင် အစဉ် ရပ်တည်ကြသနည်း။ တစ်ခုမှာသေချာသည်။ ယင်းကို သင်တို့ သဘောမပေါက်ကောင်း မပေါက်နိုင်ပေ။ အခြားလူများနှင့် ယှဉ်လျှင် ၎င်းတို့၏ လူ့သဘာဝ၌ အပိုတစ်စုံတစ်ခုရှိသည်။ ၎င်းတို့တွင် အစဉ်သဖြင့် မှားယွင်းသောအမြင်တစ်မျိုးရှိသည်။ ဤမှားယွင်းသောအမြင်က မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းကို ဘုရားသခင်က ပေးခြင်းမဟုတ်ဘဲ စာတန်က ပေးခြင်း ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည်၊ ၎င်းတို့ထုတ်ဖော်ပြီး ဖော်ပြသမျှတိုင်းသည် လူ့သဘာဝ၏ ပုံမှန်စည်းများအတွင်းတွင်ရှိသော ဗီဇမဟုတ်ဘဲ ပြင်ပစွမ်းအားတစ်ခုက တွန်းအားပေးခြင်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် စဉ်းလဲပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ထိန်းချုပ်၍မရနိုင်ဟု အဘယ်ကြောင့်ဆိုသနည်း။ လူတို့ကို ထိန်းချုပ်ရန် ၎င်းတို့၏ လိုအင်ဆန္ဒသည် ကန့်သတ်ချက်များကို ကျော်လွန်သည်။ ကန့်သတ်ချက်များကို ကျော်လွန်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ မည်သည့်နည်းကိုမဆို ကျင့်သုံးခြင်း၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ်ကို ကျော်လွန်ခြင်းကို ဆိုလိုသည်။ ယင်းသည် စပရင်တစ်ခုကဲ့သို့ ထိန်း၍မရနိုင်ပေ။ သင်က ဖိထားသောအခါတွင် ယာယီဝပ်နေနိုင်သည်။ သို့သော် သင် လွှတ်လိုက်သည်နှင့် ပြန်ကန်ထွက်သည်။ ဤသည်မှာ လိုအင်ဆန္ဒ၏ ဝါးမျိုခြင်းကို ခံရခြင်းနှင့် စိတ်စွဲလမ်းခြင်းသို့ တွန်းပို့ခံရခြင်း မဟုတ်လော။ ဤသည်မှာ ချဲ့ကားခြင်းလုံးဝမဟုတ်။
အန္တိခရစ်များသည် အသင်းတော်တစ်ခုတွင် မည်သည့်နေရာ၌ အာဏာကိုင်စွဲသည်ဖြစ်စေ ထိုအသင်းတော်ကို အသင်းတော်ဟု မခေါ်ဆိုနိုင်တော့ပေ။ ဤအရာကို တွေ့ကြုံပြီးသူတို့သည် နားလည်သင့်သည်။ ဤသည်မှာ ငြိမ်သက်အေးချမ်းသော၊ ဝမ်းမြောက်သော၊ စုပေါင်း၍စိတ်ဓာတ်မြှင့်တင်ပေးသော ပတ်ဝန်းကျင်မဟုတ်ဘဲ ဝရုန်းသုံးကားဖြစ်သော သဟဇာတမဖြစ်ခြင်းဖြစ်သည်။ လူတိုင်းက အထူးပင် ဂနာမငြိမ်ဖြစ်ပြီး စိတ်မအေးပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းကို မခံစားနိုင်သည်မှာ ဘေးဒုက္ခကြီးတစ်ခုခု ဖြစ်ပျက်တော့မည့်အလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ စကားများနှင့် လုပ်ရပ်များသည် လူတို့၏ စိတ်နှလုံး ဝေဝါးသည့် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်စေကာ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအား ပိုင်းခြားသိမြင်ရန် အရည်အချင်းကို ဆုံးရှုံးရစေသည်။ ထို့အပြင် အန္တိခရစ်များ၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းအား ကြာရှည်စွာခံရခြင်းသည် လူတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဝေးကွာစေပြီး ဘုရားသခင်နှင့် မူမမှန်သော ဆက်ဆံရေးများ ဖြစ်စေသည်။ ဘုရားသခင်ကို အမည်ခံသက်သက်ဖြင့် ယုံကြည်သော်လည်း စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသည့် ဘာသာတရားအတွင်းရှိ လူများကဲ့သို့ပင် ဖြစ်သည်။ တကယ့်ပြဿနာတစ်ခုလည်းရှိသည်။ ယင်းမှာ အန္တိခရစ်များက အာဏာကိုင်စွဲသောအခါ အသင်းတော်အတွင်း၌ ကွဲပြားခြင်းနှင့် ဖရိုဖရဲဖြစ်စေခြင်းဖြစ်သည်။ သမ္မာတရားကို ချစ်သူတို့သည် စုဝေးပွဲများတွင် ဝမ်းမြောက်မှု သို့မဟုတ် လွတ်မြောက်မှုကို မခံစားရဘဲ ဤသို့ဖြင့် အိမ်တွင် ဘုရားသခင်ကို ယုံကြည်ရန် အသင်းတော်မှ ထွက်ခွာချင်သည်။ အသင်းတော်တစ်ခုတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သောအခါ သမ္မာတရားကို လူတို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူတိုင်းက စိတ်နှလုံးနှင့် အားထုတ်မှုတွင် စည်းလုံးပြီး ပို၍ ငြိမ်သက်ခြင်းရှိကာ တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ စိုးရိမ်ကြောင့်ကြခြင်း ကင်းဝေးသည်။ သို့ရာတွင် အန္တိခရစ်များက ပြုမူလုပ်ဆောင်သောအချိန်တိုင်းတွင် ၎င်းတို့သည် ဂနာမငြိမ်သော၊ ချောက်ချားဖွယ်ဖြစ်သော ပတ်ဝန်းကျင်ကို ယူဆောင်လာသည်။ ၎င်းတို့၏ စွက်ဖက်ခြင်းသည် ဂိုဏ်းခွဲများဖြစ်ပေါ်လာစေသည်။ လူတို့က အချင်းချင်းအပေါ် ခုခံကာကွယ်လာကြသည်။ အချင်းချင်း ဝေဖန်အပြစ်တင်ကြပြီး အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ နောက်ကွယ်တွင် အချင်းချင်း သေးသိမ်အောင် ပြုလုပ်ကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များက မည်သည့်အခန်းကဏ္ဍတွင် ပြုမူလုပ်ဆောင်နေသနည်း။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည်။ အန္တိခရစ်များ၏ လုပ်ရပ်များ၏ အကျိုးဆက်များမှာ ပထမဦးစွာ ညီအစ်ကိုမောင်နှမများကြားတွင် အပြန်အလှန် ဝေဖန်အပြစ်တင်ခြင်း၊ သံသယဖြစ်ခြင်း၊ သတိပြုရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။ ဒုတိယအနေဖြင့် ယောက်ျားနှင့် မိန်းမများကြား စည်းများကို ပျောက်ကွယ်စေပြီး တဖြည်းဖြည်းချင်းဖြင့် မသင့်တော်သော အပြန်အလှန်ဆက်ဆံမှုများ ဖြစ်စေခြင်း ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့၏ စိတ်နှလုံးတွင် ရူပါရုံများနှင့်ပတ်သက်ပြီး မရှင်းမလင်းဖြစ်လာသည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ ရပ်တန့်ကြသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ တစ်ချိန်က ၎င်းတို့တွင်ရှိခဲ့သော အယူဝါဒများအား အနည်းငယ်သော နားလည်မှုသည် ပျောက်ဆုံးသွားသည်။ ၎င်းတို့၏ စိတ်များက မရှင်းမလင်းဖြစ်လာပြီး အန္တိခရစ်များနောက်သို့ မစဉ်းမစားလိုက်ကြကာ အပေါ်ယံအလုပ်များကို လုပ်ဆောင်လျက် အလုပ်ရှုပ်နေခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အန္တိခရစ်များနောက် လိုက်ခြင်းသည် မည်သည့်တိုးတက်မှုမျှ မဖြစ်စေသည်ကို လူအချို့က ခံစားရနိုင်သည်။ သမ္မာတရားကို လိုက်စားသူများက စုဝေးနိုင်ပြီး ၎င်းတို့၏တာဝန်များကို အတူတကွ လုပ်ဆောင်နိုင်ခြင်းသာရှိလျှင် အလွန်ပင် ဝမ်းမြောက်ဖွယ် ဖြစ်လိုက်မည့်ဖြစ်ခြင်း။ အန္တိခရစ်များသည် အသင်းတော်တစ်ခုတွင် အာဏာစွဲကိုင်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်တော့ပေ။ ပြီးလျှင် မှောင်မိုက်ခြင်းက ညီအစ်ကိုမောင်နှမများအပေါ် ကျရောက်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းသည် ထိုင်းမှိုင်းလာသည်။ ဤသို့ ကြာရှည်စွာ ဆက်ဖြစ်နေလျှင် ညီအစ်ကိုမောင်နှမအများစုသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်လော။
ယနေ့ ငါတို့သည် တစ်ဖက်တွင် အန္တိခရစ်များ၏ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော အပြုအမူ၏ သရုပ်သကန်များကို စိစစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ဤသရုပ်သကန်များကို စိစစ်ခြင်းအားဖြင့် သင်က အန္တိခရစ် မဟုတ်လျှင်ပင် ဤသို့သော သရုပ်သကန်များရှိခြင်းသည် သင့်အား အန္တိခရစ်တို့၏ အရည်အသွေးနှင့် ချိတ်ဆက်စေသည်ကို လူတိုင်း သတိမူမိကြသည်။ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော ပုံစံဖြင့် ပြုမူလုပ်ဆောင်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ လုံးဝ မဖြစ်ပေ။ ရှင်းလင်းစွာပင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပြသမှုဖြစ်သည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ၊ တာဝန်မည်မျှကို သင်ထမ်းဆောင်နိုင်ပါစေ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးသော လိုအပ်ချက်ဖြစ်သည်။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူခြင်းသည် စည်းမျဉ်းများကို စောင့်ထိန်းခြင်းနှင့် ညီမျှသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်က မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သင့်အဆင့်အတန်းကို ထမင်းစားလက်မှတ်အဖြစ် မမှတ်ယူသည်ကို သို့မဟုတ် အလွန်အကျွံအလေးအနက်မထားသည်ကို သက်သေပြသည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်။ သင်၏ လုပ်ရပ်များသည် တာဝန်ထမ်းဆောင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆင့်အတန်းအတွက် မဟုတ်။ တစ်ချိန်တည်းတွင်ပင် ပြဿနာများကို ကြုံရသည့်အခါ သင်သည် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သာမန် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ၊ သင်နှင့် ပူးပေါင်းဆောင်ရွက်သောသူများနှင့်ဖြစ်စေ သင်က ရှာဖွေနိုင်ပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့နိုင်လျှင် ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ သင့်တွင် သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားကို ပြသည်။ ဤသည်မှာ ပထမဦးစွာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားကို ထင်ဟပ်သည်။ ထို့အပြင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင် တာဝန်ရှိသည့်အရာဖြစ်ပြီး သင့်အလုပ်၌ သမ္မာတရားကို ရှာဖွေခြင်းသည် သင်လိုက်လျှောက်သင့်သည့်လမ်းကြောင်း ဖြစ်သည်။ အခြားလူများက သင့်ဆုံးဖြတ်ချက်များအပေါ် မည်သို့တုံ့ပြန်သည် ဟူသည်အတွက်မှာမူ ၎င်းတို့က ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ မည်သို့ကျိုးနွံနာခံသည်ဖြစ်စေ ယင်းက ၎င်းတို့ကိစ္စဖြစ်သည်။ သို့သော် သင်သည် သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး စံနှုန်းပြည့်မီခြင်း ရှိမရှိမှာမူ သင့်ကိစ္စဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများကို သင်နားလည်ရမည်။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ကျိုးနွံနာခံခြင်းနှင့်မသက်ဆိုင်ဘဲ သမ္မာတရားစည်းမျဉ်းများအပေါ် ကျိုးနွံနာခံခြင်းနှင့်သက်ဆိုင်သည်။ သင်က သမ္မာတရားစည်းမျဉ်းများကို နားလည်ပြီး လူတိုင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတိုင်းက သင့်လျော်သည်ဟု လက်ခံသည့် အများသဘောတူညီချက်ကို ရရှိသော်လည်း နာကျည်းပြီး ပြဿနာ ရှာလိုသောသူအနည်းငယ်ရှိလျှင် ဤသို့သော အခြေအနေ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသို့ဆိုလျှင် လူနည်းစုက လူများစုနောက်သို့ လိုက်သင့်သည်။ လူအများစုက အများသဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် ၎င်းတို့သည် ပြဿနာရှာရန် အဘယ်ကြောင့် ထွက်လာသနည်း။ ပျက်စီးစေရန် တမင်ကြိုးစားနေခြင်းလော။ လူတိုင်းအား ၎င်းတို့ကို ပိုင်းခြားသိမြင်ခွင့်ပေးရန်အတွက် ၎င်းတို့သည် ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြနိုင်ပြီး ၎င်းတို့၏ ထင်မြင်ချက်များက စည်းမျဉ်းများနှင့် မကိုက်ညီဘဲ ခိုင်လုံမှုမရှိဟု လူတိုင်းက ဆိုလျှင် ၎င်းတို့၏ အမြင်များကို စွန့်ပစ်ပြီး ယင်းတို့အား ကိုင်စွဲထားခြင်းကို ရပ်တန့်သင့်သည်။ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် စည်းမျဉ်းမှာ အဘယ်နည်း။ မှန်သည့်အရာကို စောင့်ထိန်းသင့်ပြီး အခြားလူများအား မှားသည့်အရာကို အတင်းအကျပ် မနာခံခိုင်းသင့်ပေ။ နားလည်ပြီလော။ အမှန်တွင် အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ဤအပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုကို မပြသမီတွင် ၎င်းတို့၏ စိတ်ထဲတွင် ကိုယ်ပိုင်အစီအစဉ်များရှိနှင့်ပြီးသား ဖြစ်သည်။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် မှန်သောအရာကို လုပ်ဆောင်ခြင်း သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို သေချာပေါက် မရည်ညွှန်းပေ။ မှားယွင်းသည့်အရာနှင့် သမ္မာတရားအား ချိုးဖောက်သည့်အရာအား လုပ်ဆောင်ခြင်း၊ လမ်းမှားနောက်သို့လိုက်ခြင်း၊ မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်ကာ တစ်ချိန်တည်းတွင်ပင် ယင်းတို့ကို မိမိတို့အား သူတစ်ပါးက လိုက်နာစေခြင်းကို ဧကန်မုချ ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဟု ခေါ်ဆိုသည့်အရာ ဖြစ်သည်။ တစ်စုံတစ်ခုသည် မှန်ကန်ပြီး သမ္မာတရားနှင့် ညီလျှင် ယင်းကို လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းမဟုတ်။ စည်းမျဉ်းများအား လိုက်နာစောင့်ထိန်းခြင်း ဖြစ်သည်။ ဤနှစ်ခုကို ခွဲခြားသိမြင်သင့်သည်။ အန္တိခရစ်များက ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဆိုသည်မှာ အဓိကအားဖြင့် မည်သည့်အရာကို ညွှန်းဆိုသနည်း။ (စည်းမျဉ်းများ၊ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသည့် အရာများအား လုပ်ဆောင်ခြင်းနှင့် အခြားလူများကို လိုက်လံလုပ်ဆောင်အောင် ပြုလုပ်ဆဲဖြစ်ခြင်း ဖြစ်သည်။) မှန်သည်။ မည်သည့်အခြေအနေ ဖြစ်ပေါ်ပါစေ၊ မည်သည့်ပြဿနာကို ကိုင်တွယ်ပါစေ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံကာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများအား ဆန့်ကျင်သည်ကို ၎င်းတို့စိတ်နှလုံးတွင် သိသော်လည်း အခြားလူများအား နားထောင်စေလိုပြီး ကျိုးနွံနာခံစေလိုဆဲ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြောင်းအလဲမရှိသော လုပ်နည်းကိုင်နည်းဖြစ်သည်။
ဧဝံဂေလိ ဖြန့်ဝေခြင်း ပထမဆုံး စတင်သောအခါတွင် လူအချို့က ဧဝံဂေလိတရားဟောရန်အတွက် ဘာသာရေးအသိုင်းအဝိုင်းများဆီသို့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ယူဆောင်သွားခဲ့သည်။ ဘာသာရေးလူစုများက နက်နဲမှုများကို ထုတ်ဖော်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ရူပါရုံများကို မိတ်သဟာယဖွဲ့ပြီး အသက်ဝင်ရောက်မှုကို ဆွေးနွေးပြီးနောက်တွင် ယင်းတို့သည် အလွန်ကောင်းသည်ဟု အားလုံးက ပြောကြသည်။ သို့ရာတွင် လူတို့နှင့်ပတ်သက်သည့် တရားစီရင်ပြီး ဖော်ထုတ်သည့် နှုတ်ကပတ်တော်အချို့ကို ယင်းတို့၏ စကားလုံးရွေးချယ်မှုတွင် ကြမ်းလွန်းသည်ဟု ၎င်းတို့မြင်ကြသည်။ ၎င်းတို့သည် ဆူပူခြင်းကို ခံရသကဲ့သို့ ခံစားရပြီး လက်မခံနိုင်ဘဲ “ဘုရားသခင်သည် လူတို့ကို ဆူပူသည့်နည်းလမ်းဖြင့် စကားပြောနိုင်သလော။ ဤစကားများသည် အများဆုံးအနေဖြင့် အမြော်အမြင် ရှိသောသူတစ်ဦးက ရေးထားသည့်ပုံစံရှိသည်” ဟု ဆိုသည်။ ဧဝံဂေလိတရားဟောခြင်းအတွက် ကြီးကြပ်သောသူက သူ့တွင် ဖြေရှင်းချက်တစ်ခုရှိသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် လူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် မကိုက်ညီသော ဘုရားနှုတ်ကပတ်တော်အပိုင်း အားလုံးကိုလည်းကောင်း၊ ဖတ်ပြီးနောက်တွင် လူတို့အား အယူအဆများဖြစ်စေမည်ဟု သူစိုးရိမ်သည့် ထိုနှုတ်ကပတ်တော်များကိုလည်းကောင်း ပြောင်းလဲပစ်ခဲ့သည်။ ဥပမာ “ပြည့်တန်ဆာ”၊ “မကောင်းသောမိန်းမ”၊ “လူလိမ်လူညစ်” ကဲ့သို့သော လူသားသဘာဝကို ဖော်ထုတ်ရန် ဘုရားသခင်အသုံးပြုသည့် စကားများနှင့် “ငရဲသို့ ကျစေခြင်း”၊ “မီးနှင့်ကန့်တို့ရှိသော ကန်အတွင်းသို့ ကျစေခြင်း” ကဲ့သို့သော စကားစုများအားလုံးကို ဖျက်ပစ်ခဲ့သည်။ အတိုချုပ်အားဖြင့် အယူအဆများ သို့မဟုတ် နားလည်မှုလွဲခြင်းများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည့် မည်သည့်စကားလုံးကိုမဆို လုံးဝ ဖယ်ရှားခဲ့သည်။ ငါ့ကို ပြောလော့။ ဘုရားနှုတ်ကပတ်တော်မှ ဤတရားစီရင်သည့်၊ ပြစ်တင်ရှုတ်ချသည့်၊ ကျိန်ဆဲသည့်စကားများကို ဖယ်ရှားပြီးနောက်တွင် ယင်းတို့သည် ဘုရားသခင်၏ ပင်ကိုစကားလုံးများအဖြစ် ဆက်လက်တည်ရှိနေသလော။ (မတည်ရှိပါ။) ယင်းတို့သည် ဘုရားသခင်က သူ၏ တရားစီရင်ခြင်းအမှုတွင် ဖော်ပြသော နှုတ်ကပတ်တော်များ ဖြစ်သေးသလော။ ဤ “အသက်ကြီးသော လူကြီးလူကောင်း” သည် မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စစ်ဆေးခြင်း၊ ဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီး အထူးကြမ်းတမ်းသည့် ဘုရားနှုတ်ကပတ်တော်များစွာကို ဖျက်ခဲ့သည်။ အထူးသဖြင့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း အချိန်နှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို ဖျက်ခဲ့သည်။ နောက်ပိုင်းတွင် စိစစ်တည်းဖြတ်ထားသော ပုံစံကို ဘာသာရေးသမားများက ဖတ်သောအခါ ၎င်းတို့က “မဆိုးပါ။ ဤသို့သော ဘုရားကို ငါတို့ ယုံကြည်နိုင်သည်” ဟု ဆိုပြီး လက်ခံခဲ့သည်။ အသက်ကြီးသော လူကြီးလူကောင်းက သူ့ဘာသာ တွေးသည်။ “ငါမည်မျှ ပါးနပ်သည်ကို ကြည့်ပါ။ ဘုရားနှုတ်ကပတ်တော်များက ကြမ်းတမ်းလွန်းခြင်းသည် အမြော်အမြင် ရှိခြင်းမဟုတ်။ ထိုလူများနှင့်ပတ်သက်လျှင် ၎င်းတို့ကို အပျော့ဆွဲဆွဲဖို့သာ လိုသည်။ ဆူပူခြင်းအဖြစ် အထင်မှားသွားနိုင်သည့်အရာများကို သင်အဘယ်သို့ ဆိုနိုင်သနည်း။ ဤသည်မှာ အမြော်အမြင် ရှိခြင်းမဟုတ်။ အပြောင်းအလဲအချို့ကို ငါပြုလုပ်ခဲ့ပြီး မည်သည့်အရာ ဖြစ်သည်ကို ကြည့်လော့။ ဘာသာရေးသင်းအုပ်ဆရာများပင် ယုံကြည်လိုစိတ်ရှိသည်။ ပိုပို၍များသောလူတို့က ယင်းကို လက်ခံနေကြသည်။ အဘယ်သို့ ထင်မြင်သနည်း။ ငါသည် အမြော်အမြင် မရှိသလော။ မပါးနပ်သလော။ အလွန်ပင် အထင်ကြီးလောက်ဖွယ် မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူ၏ ပြောင်းလဲမှုများ၏ ရလဒ်များသည် သူ့ကိုယ်သူ အလွန်အမင်း ဂုဏ်ယူစေခဲ့သည်။ သို့ရာတွင် အသင်းတော်သို့ဝင်ခဲ့သော ဘာသာရေးသမားအချို့က ၎င်းတို့ဖတ်ပြီးသော ဘုရားနှုတ်ကပတ်တော်များသည် ပြောင်းသွားပြီး အသင်းတော်ရှိ မူရင်းစာသားများနှင့် ကွဲပြားနေသည်ကို တွေ့ကာ ဤပြဿနာကို တင်ပြခဲ့သည်။ ဤအသက်ကြီးသော လူကြီးလူကောင်းက ဘုရားနှုတ်ကပတ်တော်၏ အကြောင်းအရာများအား ပြောင်းလဲခဲ့သည်ကို နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဤအသက်ကြီးသော လူကြီးလူကောင်း ပြုလုပ်ခဲ့သည့်အရာနှင့်ပတ်သက်ပြီး သင်တို့ မည်သို့ထင်သနည်း။ အခြားမည်သည့်အရာကိုမျှ မပြောဘဲ ထိုစကားများသည် သင့်စကားများမဟုတ်၊ ယင်းတို့ကို သင် ပြောင်းလဲခွင့်မရှိဟုသာ ပြောလော့။ လူသားတစ်ဦးက ရေးသားသည့် ဆောင်းပါး သို့မဟုတ် စာအုပ်တစ်အုပ်ဖြစ်လျှင်ပင် သင်က အပြောင်းအလဲများ ပြုလုပ်လိုလျှင် ဦးစွာ မူရင်းစာရေးဆရာ၏ သဘောတူညီချက်ကို ရယူဖို့ လိုသည်။ သူကသဘောတူလျှင် အပြောင်းအလဲများကို သင်ပြုလုပ်နိုင်သည်။ သူသဘောမတူလျှင် စာလုံးတစ်လုံးကိုပင် လုံးဝမပြောင်းလဲနိုင်ပေ။ ဤသည်မှာ စာရေးဆရာနှင့် စာဖတ်သူများအား လေးစားခြင်းဟု ခေါ်သည်။ စာရေးဆရာက ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ရန် အားအင်မရှိဘဲ သင့်အား လုပ်ပိုင်ခွင့်လွှဲအပ်ပြီး မူရင်းအဓိပ္ပာယ်နှင့် ကိုက်ညီသကဲ့သို့ လိုချင်သည့် သက်ရောက်မှုကို ရရှိသရွေ့ မည်သည့်အရာကိုမဆို သင်ပြောင်းလဲနိုင်သည်ဟု ဆိုလျှင် ထိုအခါတွင် အပြောင်းအလဲများ ပြုလုပ်နိုင်သလော။ (လုပ်နိုင်ပါသည်။) စာရေးဆရာက သူ၏ သဘောတူညီချက်၊ သို့မဟုတ် လုပ်ပိုင်ခွင့်ကို ပေးပြီးဖြစ်လျှင် အပြောင်းအလဲများကို ပြုလုပ်နိုင်သည်။ ဤအပြုအမူမျိုးကို မည်သို့ခေါ်သနည်း။ ယင်းသည် ကျိုးကြောင်းခိုင်လုံသည်။ တရားဝင်ပြီး သင့်လျော်သည်ဟူ၍ဖြစ်သည်၊ မှန်သလော။ သို့သော် စာရေးဆရာက သဘောမတူဘဲ သူ၏ လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းမရှိဘဲ သင်က ပြောင်းလဲပစ်လျှင် အဘယ်သို့နည်း။ ယင်းကို မည်သို့ခေါ်သနည်း။ (မဆင်မခြင်နှင့် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဟု ခေါ်သည်။) မဆင်မခြင်နှင့် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းဟု ခေါ်သည်။ ယခုတွင် ဤအသက်ကြီးသော လူကြီးလူကောင်းက မည်သည့်အရာကို ပြောင်းလဲခဲ့သနည်း။ (ဘုရားနှုတ်ကပတ်တော် ဖြစ်ပါသည်။) လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စိတ်နေစိတ်ထား၊ စိတ်သဘောထားနှင့် ရည်ရွယ်ချက်များ ပါရှိသော ဘုရားနှုတ်ကပတ်တော်မူရင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် ယင်းတို့ကို ပြောသည့်ပုံစံတွင် အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်ကပြောသည့် နှုတ်ကပတ်တော်တစ်ခုစီ၏ နောက်ကွယ်ရှိ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်နှင့် လိုချင်သော သက်ရောက်မှုကို သင်သိသလော။ သင်က ဉာဏ်မမီနိုင်လျှင် အဘယ်ကြောင့် အပြောင်းအလဲများကို မစဉ်းမစားပြုလုပ်သနည်း။ ဘုရားသခင်က ပြောဆိုသည့် စာကြောင်းတစ်ခုစီ၊ စကားလုံးရွေးချယ်မှု၊ လေသံ၊ အငွေ့အသက်၊ စိတ်နေစိတ်ထားနှင့် လူတို့ကို ခံစားစေသော စိတ်ခံစားချက်များအားလုံးသည် ဂရုတစိုက် ဖန်တီးဖော်ထုတ်ထားပြီး စဉ်းစားသုံးသပ်ထားခြင်းဖြစ်သည်။ ဘုရားသခင်တွင် စဉ်းစားဆင်ခြင်မှုနှင့် ဉာဏ်ပညာရှိသည်။ ဤ အသက်ကြီးသော လူကြီးလူကောင်းက မည်သည့်အရာကို တွေးခဲ့သနည်း။ သူသည် ဘုရားသခင်၏ စကားပြောပုံကို အမြော်အမြင် မရှိဟု မှတ်ယူခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုကို သူရှုမြင်သည့်ပုံစံဖြစ်သည်။ သူက “မုန့်ကိုအဝစားဖို့သာ ဆန္ဒရှိသည့် ဘာသာတရားထဲတွင် ရှိသောသူတို့သည် ချော့မော့ခြင်းကို ခံပြီး ချစ်ခြင်း၊ သနားကရုဏာတို့နှင့် ဆက်ဆံခြင်းခံရဖို့လိုသည်။ နှုတ်ကပတ်တော်များသည် အလွန်ကြမ်းတမ်း၍ မဖြစ်။ ကြမ်းတမ်းလွန်းလျှင် ဧဝံဂေလိကို အဘယ်သို့ တရားဟောနိုင်မည်နည်း။ ဤသို့ဆိုလျှင် ဧဝံဂေလိကို ဖြန့်ဝေနိုင်ဦးမည်လော” ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်က ဤအကြောင်းကို မသိသလော။ (သိပါသည်။) ဘုရားသခင်က အလွန်ကောင်းစွာ သိသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ဤသို့ပြောဆဲ ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်နည်း။ သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူ၏ ပုံစံအတိုင်း ပြောဆိုရန် ဖြစ်သည်။ သင်ယုံကြည်လျှင် သင်သည် ဘုရားသခင်၏ သိုးတစ်ကောင်ဖြစ်သည်။ မယုံကြည်လျှင် သင်သည် ဝံပုလွေတစ်ကောင်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သင့်အား အနည်းငယ် ဖော်ထုတ်ပြီး ဆူပူသည်။ ထို့နောက်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သည်ဆိုသည်ကို အသိအမှတ်ပြုဖို့ သင် ငြင်းဆန်သည်။ ဘယ့်နှယ်ဖြစ်သနည်း။ သင်က ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မဟုတ်တော့သလော။ ဘုရားသခင်က ဘုရားသခင်ဖြစ်ခြင်း ရပ်တန့်သွားသလော။ သင်က ဤအတွက်ကြောင့် ဘုရားသခင်ကို ငြင်းဆန်နိုင်လျှင် သင်သည် ဆိုးယုတ်သူတစ်ဦး၊ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ဘုရားသခင်က ဤသို့သောသူတို့ကို မကယ်တင်ပေ။ ထို့ကြောင့် အသင်းတော်က ၎င်းတို့ကို အတင်းအဓမ္မဖြစ်စေ၊ ချော့မော့၍ဖြစ်စေ လက်မခံသင့်ပေ။ လူအချို့က “ဘုရားသခင်က ငါ့ကို ဆူပူလျှင်ပင် ငါသည် ပျော်ရွှင်စွာ လိုလားလျက်ရှိသည်။ သူသည် ဘုရားသခင်ဖြစ်လျှင် ငါ့ကို ကယ်တင်နိုင်သည်။ သူသည် ငါ့ကို ရိုက်လျှင် ထိုက်တန်သည်။ သူသည် ငါ့အား နားဝေတိမ်တောင်ဖြစ်သူဟု ခေါ်လျှင် ယင်းမှာ ငါ၏ဖြစ်ခြင်းဖြစ်သည့်အပြင် ယင်းထက်ပင်ပို၍ ငါသည် နားဝေတိမ်တောင် ဖြစ်လေသည်။ သူက ငါ့ကို ပြည့်တန်ဆာဟုခေါ်လျှင် ပြည့်တန်ဆာတစ်ဦးက ပြုလုပ်သည့်အရာကို ငါပြုလုပ်ပြီးသည့် ပုံစံမရှိသော်လည်း ဘုရားသခင်က ပြောသည့်အတွက် ငါသည် အသိအမှတ်ပြုပြီး ခံယူသည်” ဟု ဆိုကြသည်။ ၎င်းတို့တွင် အရိုးရှင်းဆုံး ယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ လက်ခံမှုနှင့် အရိုးရှင်းဆုံးသော ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ဘုရားသခင်က ထိုသို့သောလူတို့ကို ရလိုသည်။ ဘုရားနှုတ်ကပတ်တော်များသည် ကြမ်းတမ်းလွန်းပြီး စူးရှလွန်းသည်ဟု လူအချို့က မြင်ပြီး ကောင်းချီးများကို ၎င်းတို့ ရရှိမည်မဟုတ်ဟု ခံစားရသဖြင့် မယုံကြည်လိုတော့ပေ။ ၎င်းတို့က “သင်က ဘုရားဖြစ်လျှင်ပင် ငါသည် သင့်ကို ယုံကြည်မည်မဟုတ်။ သင်က ဤသို့စကားပြောလျှင် သင့်နောက်သို့ ငါလိုက်မည်မဟုတ်” ဟု တွေးသည်။ ဤသို့ဆိုလျှင် ထွက်သွားလော့။ သင်သည် ဘုရားသခင်ကိုပင် အသိအမှတ်မပြုလျှင် ဘုရားသခင်က သင့်အား သူ၏ ဖန်ဆင်းခံအဖြစ် အဘယ်သို့ အသိအမှတ်ပြုနိုင်သနည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များကို ဤတွင် ချပြထားသည်။ ယင်းတို့ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သင့်ဆုံးဖြတ်ချက်ဖြစ်သည်။ သင်က မယုံကြည်လျှင် ထွက်သွားလော့။ သင်သည် အခွင့်ကောင်းနှင့် လွဲချော်ရလိမ့်မည်။ သင်က ယုံကြည်လျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရေးရေးရှိလိမ့်မည်။ ဤသည်မှာ မမျှတသလော။ (မျှတပါသည်။) သို့သော် ဤအသက်ကြီးသော လူကြီးလူကောင်းက ဤသို့ စဉ်းစားခဲ့သလော။ ဘုရားသခင်၏ အတွေးများကို သူ ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်သလော။ (ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါ။) သူသည် မမိုက်မဲခဲ့သလော။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် ဤသို့သော မိုက်မဲသည့် လုပ်ရပ်များကို ကျူးလွန်ကြသည်။ သူသည် ဘုရားသခင်ကို အလွန်ပင် မထင်မရှားဖြစ်ပြီး ရိုးရှင်းသည်ဟု မြင်ကာ ဘုရားသခင်၏ အကြံစည်တော်များသည် လူသား အတွေးအခေါ်ထက် အလွန်ပို၍ မြင့်မားခြင်းမရှိဟု တွေးသည်။ သူသည် ဘုရားသခင်၏ အကြံစည်တော်များက လူသား၏ အတွေးအခေါ်ထက် ပို၍ မြင့်သည့်အကြောင်းကို မကြာခဏပြောဆိုပြီး သာမန်အချိန်များတွင် ဤကြီးကျယ်ခမ်းနားသော အယူဝါဒများအကြောင်းကို တရားဟောသည်။ သို့သော် အခြေအနေတစ်ခုနှင့် အမှန်တကယ် ရင်ဆိုင်ရသောအခါ ဤစကားများကို ချောင်ထိုးထားလိုက်ပြီး ဤဘုရားနှုတ်ကပတ်တော်တို့သည် ဘုရားသခင်ပြောမည့် အရာတစ်ခုဖြစ်ပုံမရဟု ခံစားမိသည်။ သူ၏ စိတ်နှလုံးတွင် ဤဘုရားနှုတ်ကပတ်တော်များကို အသိအမှတ် မပြုခဲ့ပေ။ ထို့ကြောင့် သူသည် ယင်းတို့ကို လက်မခံနိုင်ခဲ့။ ဧဝံဂေလိကို ဖြန့်ဝေနေသည့်အခါတွင်ပင် “ဧဝံဂေလိကို ထိရောက်စွာ တရားဟောပြီး ပိုများသောလူတို့ကို ရရှိခြင်း” ဟူ၍ပင် ဟန်ဆောင်ကာ သူသည် ဘုရားနှုတ်ကပတ်တော်များကို အလျင်အမြန် ပြောင်းလဲရန် အခွင့်အရေးကို ရယူခဲ့သည်။ ငါသည် သူ၏ အပြုအမူကို နောက်ဆုံးတွင် အဘယ်သို့ စရိုက်လက္ခဏာ သရုပ်ဖော်သနည်း။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်းအနေဖြင့် ဖြစ်သည်။ ကလီကမာလုပ်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မူရင်းအဓိပ္ပာယ်ကို ထင်ရာမြင်ရာ ဖြည့်စွက်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ပြောင်းခြင်း၊ စာရေးဆရာ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ပြောင်းလဲခြင်း၊ စကားပြောရာတွင် စာရေးဆရာ၏ စိတ်စေတနာများနှင့် ရည်ရွယ်ချက်ကို လျစ်လျူရှုခြင်း၊ ထို့နောက်တွင် ယင်းတို့ကို ကြုံသလို ပြောင်းလဲခြင်းတို့ကို ဆိုလိုသည်။ ဤအရာကို ကလီကမာလုပ်ခြင်းဟု ခေါ်သည်။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခဲ့သလော။ (မရှိခဲ့ပါ။) ရဲတင်းလိုက်လေခြင်းပါတကား။ ဤသည်မှာ လူသားတစ်ဦးက လုပ်ဆောင်မည့် အရာတစ်ခုလော။ (မဟုတ်ပါ။) ယင်းသည် နတ်ဆိုးတစ်ကောင်၏ လုပ်ဆောင်မှုဖြစ်သည်။ လူသားတစ်ယောက်၏ လုပ်ဆောင်မှုမဟုတ်။ သာမန်လူတစ်ဦး၏ စကားများကိုပင် သင်သာမန်ကာလျှံကာ မပြောင်းနိုင်ပေ။ စာရေးဆရာ၏ ထင်မြင်ချက်ကို သင်လေးစားရမည်။ သင်က အပြောင်းအလဲများပြုလုပ်လိုလျှင် သူ့ကို ကြိုတင်၍ အသိပေးပြီး သူ၏ သဘောတူညီချက်ကို ရယူဖို့ လိုသည်။ သူ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်မှသာ သူ၏ ထင်မြင်ချက်များနှင့်အညီ ပြုပြင်မွမ်းမံမှုများကို သင်ပြုလုပ်နိုင်သည်။ ဤအရာကို လေးစားမှုဟု ခေါ်သည်။ ဘုရားသခင်နှင့်ပတ်သက်သောအခါတွင် လိုအပ်သောအရာမှာ လေးစားမှုသက်သက်ထက် အလွန်ပင်ပို၍ များသည်။ ဘုရားနှုတ်ကပတ်တော်ရှိ စာကြောင်းတစ်ကြောင်းပင် မမှန်မကန် ပုံနှိပ်ခဲ့လျှင်၊ သဒ္ဒါဆိုင်ရာအချက်တစ်ခုမျှပင် လိုနေလျှင် ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သလောဟု မေးရမည်ဖြစ်သည်။ လက်ခံနိုင်ဖွယ်မဖြစ်လျှင် ထိုစာမျက်နှာကို ပြန်လည်ပုံနှိပ်ရမည်။ ဤသည်မှာ အလွန်လေးနက်ပြီး တာဝန်သိသော သဘောထားကို လိုအပ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းဟု ခေါ်သည်။ ဤအသက်ကြီးသော လူကြီးလူကောင်းတွင် ဤသို့သော စိတ်နှလုံးရှိသလော။ (မရှိပါ။) သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိ။ သူသည် ဘုရားသခင်ကို သူ့အောက်တွင်ရှိသည်ဟု သတ်မှတ်သည်။ သူသည် လုံးလုံးပင် ရဲတင်းသည်။ ဤသို့သောသူကို နှင်ထုတ်သင့်သည်။
လတ်တလောတွင် အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်တို့အား မဆင်မခြင်ပြောင်းရန် အကြောင်းပြချက်တစ်ခုအနေဖြင့် ဧဝံဂေလိတရားဟောပြီး ပို၍များသောလူတို့ကို ရယူရန်ဟူသည့် ဆင်ခြေကို နောက်တစ်ဖန် အသုံးပြုခဲ့သည်။ ဤတစ်ကြိမ်တွင် ပြီးခဲ့သည့်တစ်ခေါက်လောက် မဆိုးခဲ့ပေ။ ပြီးခဲ့သည့် ဖြစ်ရပ်တွင် အခြားလူများနှင့် မိတ်သဟာယပြုခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ကလီကမာလုပ်ရန် အလျဉ်းသင့်သလို ပေါ့ပေါ့တန်တန် ပြုမူဆောင်ရွက်ကာ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်စွာ လုပ်ဆောင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် အထက်ကို ဦးစွာမေးပြီး “လူမျိုးစုတစ်စုရှိလူတို့သည် ဘုရားနှုတ်ကပတ်တော်ရှိ အချို့သော ဝေါဟာရများကို လက်မခံနိုင်ပါ။ ထိုဝေါဟာရများနှင့် ၎င်းတို့လက်မခံနိုင်သည့် ဘုရားနှုတ်ကပတ်တော်ရှိ ပြောဆိုမှုအပိုင်းများ၊ သို့မဟုတ် ကျမ်းပိုဒ်များကို ဖယ်ရှားရန်ဖြစ်စေ၊ ပြောင်းလဲရန်ဖြစ်စေ နည်းဗျူဟာတစ်ခုကို ကျွန်ုပ်တို့ အကြံထုတ်ခဲ့ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၏ အထူး အံဝင်ခွင်ကျစီမံထားသော ပုံစံဖြင့် ၎င်းတို့ကို တရားဟောသည်။ ဤသို့ဆိုလျှင် ၎င်းတို့ ယုံကြည်မည်မဟုတ်လော” ဟု ဆိုသည်။ ကြည့်လော့။ ၎င်းတို့သည် အမှန်ပင် ရဲတင်းသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ သက်ညှာစွာဖြင့် မှတ်ယူရလျှင် ဤသို့သောလူတို့သည် မိုက်မဲပြီး မသိနားမလည်ဟု၊ ငယ်လွန်းသည်ဟု တကယ်ကိုပင် သတ်မှတ်၍ ရနိုင်သည်။ နောက်တစ်ဖန် ထိုသို့မလုပ်ရန်သာ ၎င်းတို့ကို ပြော၍ရနိုင်သည်။ သို့သော် ၎င်းတို့ပြုလုပ်ခဲ့သည့်အရာ၏ သဘောသဘာဝကို ငါတို့ စရိုက်လက္ခဏာ သရုပ်ဖော်လျှင် ၎င်းတို့သည် စာတန်ကို ကျေနပ်စေရန် ဘုရားနှုတ်ကပတ်တော်များကို သာမန်ကာလျှံကာ ပြောင်းလဲနေခြင်း ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်သော ယုဒ၏၊ သစ္စာဖျက်သူ၊ သစ္စာဖောက်သူများ၏ အပြုအမူဖြစ်သည်။ ၎င်းတို့သည် လူတို့ သဘောကျစေရန်နှင့် ဧဝံဂေလိကို လူတို့ လက်ခံစေရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို လူတို့အတွက် ပို၍ နားဝင်ချိုဖွယ်နှင့် လက်ခံနိုင်ဖွယ်ဖြစ်အောင် လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်များကို ကလီကမာလုပ်လေသည်။ ဤသည်မှာ မည်သည့်အရာနှင့် ညီမျှသနည်း။ ကမ္ဘာမြေရှိ လူတစ်ယောက်ကမျှ မယုံကြည်လျှင်ပင် ဘုရားနှုတ်ကပတ်တော်များသည် ဘုရားနှုတ်ကပတ်တော်ဖြစ်ခြင်းမှ ရပ်တန့်သွားသလော။ ဘုရားနှုတ်ကပတ်တော်၏ သဘာဝက ပြောင်းလဲသလော။ (မပြောင်းလဲပါ။) ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က လက်ခံမှသာလျှင် သမ္မာတရားဖြစ်ပြီး ၎င်းတို့ လက်မခံလျှင် သမ္မာတရားမဟုတ်သလော။ ဘုရားနှုတ်ကပတ်တော်၏ သဘာဝသည် ဤအတွက်ကြောင့် ပြောင်းလဲနိုင်သလော။ လုံးဝ မပြောင်းလဲနိုင်ပေ။ သမ္မာတရားသည် သမ္မာတရား ဖြစ်သည်။ သင် လက်မခံလျှင် သေလိမ့်မည်။ ဧဝံဂေလိတရားဟောနေသောလူအချို့က “၎င်းတို့ လက်မခံသည်မှာ သနားစဖွယ်ကောင်းလိုက်လေခြင်း။ ၎င်းတို့သည် ကြီးကျယ်မြင့်မြတ်သည့် လူများပါတကား။ ဘုရားသခင်သည် ၎င်းတို့အား အလွန်ချစ်ပြီး သနားကရုဏာထားသည်။ ငါတို့သည် ၎င်းတို့အား ချစ်ခြင်းအနည်းငယ်ကို အဘယ်သို့ မပြနိုင်ရသနည်း။ ၎င်းတို့ လက်ခံနိုင်ရန်အတွက် ဘုရားနှုတ်ကပတ်တော်အချို့ကို ပြောင်းလဲကြစို့။ ဤလူတို့သည် အံ့ဩဖွယ်ကောင်းလိုက်လေခြင်း၊ ပြီးလျှင် ဘုရားက ၎င်းတို့အပေါ် ကောင်းပြီး သနားကရုဏာထားလိုက်လေခြင်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါတို့ အလေးထားသင့်သည်” ဟု တွေးကြသည်။ ဤသည်မှာ ဟန်ဆောင်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) နောက်ထပ် အယောင်ဆောင်တစ်ဦးဖြစ်သည်။ သမ္မာတရားကို နားမလည်သူတို့သည် မိုက်မဲသောအရာများကိုသာ လုပ်ဆောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်သူတစ်ဦးသည် ကိုင်တွယ်ခြင်းခံရပြီး နှင်ထုတ်ခံရသည်ဟု ပြောပြီးသားဖြစ်သည်။ ပြီးလျှင် ယခုတွင် ဘုရားနှုတ်ကပတ်တော်ကို နောက်တစ်ဖန် ကလီကမာလုပ်လိုသူများ ရှိနေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ဖြစ်မြောက်ဖို့ ကြိုးစားနေကြသနည်း။ ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဂုဏ်ကျက်သရေအတွက် သခင့်ကို သစ္စာဖောက်နေခြင်း၊ စာတန်ကို ကျေနပ်စေခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် လက်တွေ့မကျသလော။ ယင်းတို့ကို ပွင့်ပွင့်လင်းလင်း မတင်ပြနိုင်သလော။ သင်သည် ယင်းတို့ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုသလော။ သင်သည် ယင်းတို့ကို အသိအမှတ်မပြုလျှင် အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ သမ္မာတရားကို သင်လက်မခံနိုင်လျှင် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသို့ဖြင့် ကယ်တင်ခြင်းရရှိရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က မည်သို့စကားပြောပါစေ၊ သင့်အယူအဆများနှင့် မကိုက်ညီသည့် မည်သည့်စကားများကို အသုံးပြုပါစေ သူသည် ဘုရားသခင်ဖြစ်ဆဲဖြစ်ပြီး သူ၏ အနှစ်သာရသည် မပြောင်းလဲပေ။ သင်သည် မည်မျှနှစ်လိုဖွယ်ဖြစ်စွာ စကားပြောသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သို့ ကြင်နာပါစေ၊ သဘောကောင်းပါစေ၊ သို့မဟုတ် ချစ်ခင်မှုရှိသည်ဟု သင်ထင်ပါစေ သင်သည် လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်ဆဲ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ပြီး စာတန်ကို ကျေနပ်စေရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို ပြောင်းလဲရန် ကြိုးစားသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်း၏ သဘောသဘာဝနှင့်ပတ်သက်သော ယခင်က မိတ်သဟာယများ ပြီးနောက်တွင် ယခု၌ ဧဝံဂေလိတရားဟောရာတွင် ဤသို့သောပြဿနာသည် နောက်တစ်ဖန် ဖြစ်ပေါ်မည်မဟုတ်ဟု ငါထင်ခဲ့သည်။ သို့တိုင်အောင် မယုံနိုင်စွာပင် ကလီကမာလုပ်ရဲပြီး ဤသို့သောအတွေးများကို ခေါင်းထဲထည့်တွေးနေသော လူများရှိဆဲ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် ဤလူတို့၏ သဘောထားမှာ အဘယ်နည်း။ (မရိုသေမလေးစားခြင်း ဖြစ်သည်။) ၎င်းတို့သည် လုံးလုံး မဆင်မခြင်လုပ်ဆောင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် ငှက်မွေးကဲ့သို့ ပေါ့ပါးကာ ယင်းတို့၌ အရေးပါမှုမရှိချေ ဟူ၍ဖြစ်သည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်ကို မည်သို့ပုံစံဖြင့်မဆို ပြောနိုင်သည်။ သူ၏စကားများကို ငါကျေနပ်သလို ပြောင်းလဲနိုင်သည်။ ယင်းတို့ကို လူသားအယူအဆများ၊ နှစ်သက်မှုများနှင့် ညီစေရန် ပြုလုပ်ခြင်းက ပိုကောင်းသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်က ဖြစ်သင့်သည့်အရာ ဖြစ်သည်” ဟု တွေးကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်ခြင်းကဲ့သို့သော အရာများအား ပြုလုပ်သောသူတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သည်။ ၎င်းတို့သည် မဆင်မခြင်ဖြစ်စွာ၊ တွေးခေါ်ခြင်းမရှိစွာဖြင့် ပြုမူလုပ်ဆောင်ကာ ကြုံသလို ကလီကမာလုပ်ကြသည်။ ၎င်းတို့သည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ အခြားသော အန္တိခရစ်များနှင့် တစ်ပုံစံတည်းဖြစ်သော စိတ်သဘောထားနှင့် အရည်အသွေးတို့ရှိသည်။ နောက်အချက်တစ်ခုရှိသည်။ ၎င်းတို့သည် အန္တရာယ်ကို ရင်ဆိုင်ရသောအခါ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်သောအခါ ၎င်းတို့၏ ပထမဆုံးအတွေးနှင့် လုပ်ရပ်မှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ကြသည်။ ဘုရားနှုတ်ကပတ်တော်ကို ကလီကမာလုပ်သူတို့သည် အမှန်ပင် ဧဝံဂေလိကို ထိရောက်စွာ ဖြန့်ဝေရန် ဤသို့လုပ်ဆောင်ကြသလော။ ၎င်းတို့၏ ထိရောက်ခြင်းဆိုသောအရာနောက်ကွယ်တွင် ဖုံးကွယ်နေသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပင်ကိုစွမ်းရည်များနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို ကြွားဝါလိုပြီး “ငါ မည်မျှစွမ်းဆောင်နိုင်သည်ကို ကြည့်ပါ။ ငါ၏ ပြောင်းလဲမှုများပြီးနောက်တွင် ဧဝံဂေလိတရားဟောခြင်းသည် မည်မျှ ထိရောက်သည်ကို မြင်သလော။ သင်တို့သည် ထိုမျှလောက် ကျွမ်းကျင်မှုမရှိကြ။ သင်တို့သည် ဤသို့တွေးပင်တွေးရဲမည်မဟုတ်။ ကြည့်ပါ။ ငါ၏ အတွေးများ၊ လုပ်ရပ်များဖြင့် ငါရရှိခဲ့သော ရလဒ်များကို မြင်သလော” ဟူ၍ လူတို့ကို မြင်အောင်ပြုလုပ်သည်။ ဤလူတို့သည် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားရန် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့် ဆန္ဒကို ဖြည့်ဆည်းရန်အတွက် ဘုရားနှုတ်ကပတ်တော်တို့ကို လျစ်လျူရှုပြီး ကလီကမာလုပ်သည်။ ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ ကိုယ်ကျင့်စရိုက်မရှိသလော။ ၎င်းတို့အား အန္တိခရစ်များဟု စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် တရားမမျှတခြင်း လုံးဝမဟုတ်ပေ။
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ညီအစ်ကိုမောင်နှမများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ လူတို့၏ တကယ့်ပြဿနာများကိုလည်း မဖြေရှင်းပေ။ ဤအစား ၎င်းတို့သည် လူတို့ကို ဩဝါဒခြွေရန်အတွက် စကားလုံးများနှင့် အယူဝါဒများကိုသာ တရားဟောသည်။ ပြီးလျှင် အခြားလူများကိုပင် ၎င်းတို့အပေါ် အတင်းအကျပ်နာခံခိုင်းသည်။ အထက်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံမှာ အဘယ်နည်း။ လှည့်ဖြားခြင်း၊ တမင်လိမ်လည်လှည့်စားခြင်းမှလွဲ၍ အခြားမဟုတ်။ အသင်းတော်အတွင်းရှိ ပြဿနာများက မည်သို့ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကိုမျှ အထက်သို့ မတိုင်ကြားပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အထက်ကို လုံးဝ စုံစမ်းမေးမြန်းခြင်းမရှိ။ ၎င်းတို့သည် မိတ်သဟာယ၊ သို့မဟုတ် အထက်မှ လမ်းညွှန်မှုကို လိုအပ်သည့် ပြဿနာများမရှိသကဲ့သို့ ထင်ရသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး သိုသိပ်ကာ နောက်ကွယ်တွင်သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ချမှတ်သူဖြစ်လိုသည့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားမှုဟု ခေါ်သည်။ သို့ရာတွင် ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုလုပ်ပြီး အထက်ကို စုံစမ်းမေးမြန်းရန် အသေးအဖွဲကိစ္စများကို တင်ပြကာ သမ္မာတရားကို လိုက်စားသူတစ်ဦးအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် အရာရာတိုင်းတွင် အဆုံးစွန်သော စေ့စပ်မှုဖြင့် သမ္မာတရားကို ရှာဖွေသည်ဟု အထက်က တလွဲ ယုံကြည်ရန် လုပ်ဆောင်သည်။ လက်တွေ့တွင် ၎င်းတို့သည် မည်သည့်အရေးပါသော ကိစ္စတွင်မဆို လမ်းပြမှုကို လုံးဝ မရှာဖွေဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များချမှတ်ကာ အထက်ကို အမှောင်ထဲတွင် ထားရှိသည်။ ပြဿနာတစ်ခုခု ဖြစ်ပေါ်လျှင် ၎င်းတို့သည် ၎င်းတို့၏ ဩဇာအာဏာ၊ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို ထိခိုက်ကောင်း ထိခိုက်နိုင်သည်ကို စိုးရိမ်ပြီး ယင်းကို တင်ပြရန် ပို၍ပင် ဖြစ်နိုင်ချေနည်းသည်။ အန္တိခရစ်များသည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်သည်။ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ အခြားလူများအား ၎င်းတို့အပေါ် အတင်းအကျပ်နာခံစေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအပြုအမူ၏ အဓိကသရုပ်သကန်များမှာ တစ်ကိုယ်ရေ လုပ်ငန်းကို လုပ်ဆောင်ခြင်း၊ ၎င်းတို့၏ လွှမ်းမိုးမှု၊ ကိုယ်ပိုင်အုပ်စုနှင့် အချိတ်အဆက်များကို ပျိုးထောင်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်စွန့်စားရသော လုပ်ငန်းများကို လိုက်စားခြင်းတို့ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ကို အကျိုးဖြစ်စေသည့်အရာများကို လုပ်ဆောင်လျက်၊ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်လျက်ဖြင့် ၎င်းတို့ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ အခြားလူများအား ၎င်းတို့အပေါ် နာခံစေသည့် အန္တိခရစ်များ၏ အာသီသနှင့် လိုအင်ဆန္ဒမှာ အထူးပင်ပြင်းထန်သည်။ မုဆိုးက သူ၏ အမဲလိုက်ခွေးကို သူ့အမိန့်များအား နာခံစေသကဲ့သို့ လူတို့အား ၎င်းတို့အပေါ် နာခံရန် မျှော်လင့်သည်။ အမှန် သို့မဟုတ် အမှားအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခုကို ရခွင့်မပြုဘဲ အကြွင်းမဲ့ လိုက်လျောပြီး ကျိုးနွံနာခံစေရန် မရမကလုပ်ဆောင်လေသည်။
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အခြားသရုပ်သကန်တစ်ခုကို အောက်ပါဖြစ်ရပ်တွင် စောင့်ကြည့်လေ့လာနိုင်သည်။ ဥပမာ အသင်းတော်တစ်ခုခု၏ ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး ပို၍အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအသင်းတော်ရှိအလုပ်ကို စုံစမ်းစစ်ဆေးပြီး ကြားဝင်ရန် ရည်ရွယ်လျှင် ဤအန္တိခရစ်သည် သဘောတူမည်လော။ လုံးဝ သဘောတူမည်မဟုတ်။ သူသည် မည်သည့်အတိုင်းအတာအထိ အသင်းတော်ကို ထိန်းချုပ်သနည်း။ အပ် မထိုးဖောက်နိုင်သကဲ့သို့ ရေလည်း မယိုစိမ့်နိုင်သည့် ထိုးဖောက်၍မရနိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။ သူသည် အခြားမည်သူ့ကိုမျှ ပါဝင်ပတ်သက်ရန်၊ သို့မဟုတ် စုံစမ်းမေးမြန်းရန် ခွင့်မပြုပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အကြောင်းကို စုံစမ်းစစ်ဆေးရန် လာရောက်သည်ကို သူသိသောအခါတွင် သူသည် ညီအစ်ကိုမောင်နှမများအား “ဤလူတို့လာရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို ငါမသိ။ ငါတို့အသင်းတော်၏ တကယ့်အခြေအနေကို သူတို့ နားမလည်။ သူတို့ ဝင်ရောက်စွက်ဖက်လျှင် ငါတို့အသင်းတော်၏ အလုပ်ကို သူတို့ အဖျက်အမှောင့်လုပ်နိုင်သည်” ဟု ဆိုသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအား သူ အထင်အမြင်မှားအောင် ပြုလုပ်ပုံဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် ညီအစ်ကိုမောင်နှမများအား ထိုသူတို့ကို ထိတွေ့ဆက်ဆံခြင်းမှ တားဆီးရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာသည်။ တစ်ချိန်တည်းတွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြောင်သူတော်ဆန်စွာ ဧည့်ခံထားလေသည်။ ထိုသူတို့အား အသေအချာ ဘေးကင်းအောင် ထားရန်ဟူသည့် အယောင်ဆောင်မှုအောက်တွင် ထိုသူတို့ကို နေရာတစ်ခု၌ တသီးတခြားထားထားသည်။ သို့သော် လက်တွေ့တွင် ထိုသူတို့သည် ညီအစ်ကိုမောင်နှမများနှင့်တွေ့ပြီး သူတို့ထံမှ အခြေအနေကို သိခြင်းအား တားဆီးဖို့ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက သူ့အား အလုပ်အခြေအနေကို မေးမြန်းသောအခါ အန္တိခရစ်သည် မမှန်မကန်လုပ်၍ အထက်ကိုလိမ်လည်ကာ အောက်ကိုဖုံးကွယ်ပြီး သူပြောဆိုသော စကားများ၌ အပိုများပါဝင်ကာ အလုပ်ကဏ္ဍအသီးသီးကို အလွန်ကောင်းမွန်သည်ဟု ပြောဆိုခြင်းဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို လှည့်ဖြားလေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်၏ ညီအစ်ကိုမောင်နှမတို့နှင့် တွေ့ဆုံရန် အကြံပြုသောအခါတွင် သူက “မည်သည့်အစီအစဉ်ကိုမျှ ကျွန်ုပ် မလုပ်ရသေးပါ။ သင်သည် မလာမီတွင် ကျွန်ုပ်ကို အသိမပေးခဲ့။ အသိပေးခဲ့လျှင် သင်နှင့် တွေ့ဆုံရန် ညီအစ်ကိုမောင်နှမအချို့ကို စီစဉ်ပြီးဖြစ်လိမ့်မည်။ သို့သော် လက်ရှိတွင် အန္တရာယ်များသော ပတ်ဝန်းကျင်ကို ကြည့်လျှင် ဘေးကင်းရန်အတွက် ညီအစ်ကိုမောင်နှမတို့နှင့် သင်မတွေ့လျှင် ပိုကောင်းသည်” ဟု ပြန်ဖြေသည်။ သူ၏ စကားများက ကျိုးကြောင်းသင့်ပုံရသော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသူက ပြဿနာကို သတိပြုမိနိုင်သည်။ “သူသည် ဖော်ထုတ်ခံရမည်ကို ကြောက်သောကြောင့်၊ သူ့အလုပ်ရှိ အပြစ်အနာအဆာများနှင့် လမ်းလွဲမှုများ ထုတ်ဖော်ခံရမည်ကို ကြောက်သောကြောင့် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များကို ညီအစ်ကိုမောင်နှမများနှင့် မတွေ့ဆုံစေလိုခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်သည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများကို တင်းကျပ်စွာ ထိန်းချုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မသိတတ်လျှင် အန္တိခရစ်၏ လှည့်ဖြားခြင်းနှင့် အရူးလုပ်ခြင်းကို အလွယ်တကူ ခံရနိုင်သည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ တကယ့်အခြေအနေ၊ ၎င်းတို့၏ မဖြေရှင်းရသေးသည့် အခက်အခဲများ၊ အထက်၏ မိတ်သဟာယများ၊ တရားဒေသနာများနှင့် ဘုရားနှုတ်ကပတ်တော်စာအုပ်များသည် ညီအစ်ကိုမောင်နှမများထံသို့ အချိန်မီ ပေးပို့ခြင်းရှိမရှိ၊ အသင်းတော်၏ အလုပ်စီမံကိန်းအမျိုးမျိုးက မည်သို့တိုးတက်နေသည်၊ လမ်းလွဲမှုများ၊ သို့မဟုတ် ပြဿနာများရှိမရှိဟူသည့် ဤအရာအားလုံးကို ထိုခေါင်းဆောင်များနှင့် အမှုဆောင်များက သိမည်မဟုတ်။ ထိုညီအစ်ကိုမောင်နှမများသည်လည်း ဘုရားအိမ်တော်ရှိ မည်သည့်အလုပ်အစီအစဉ်အသစ်ကိုမျှ သတိမထားမိပေ။ ဤသို့ဖြင့် အန္တိခရစ်သည် အသင်းတော်ကို အပြည့်အဝထိန်းချုပ်သည်။ ဩဇာအာဏာကို လက်ဝါးကြီးအုပ်ပြီး အမှုကိစ္စများတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများသည် အထက်ပိုင်းအဆင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ထိတွေ့ဆက်သွယ်ရန် အခွင့်အရေးမရှိသကဲ့သို့ အဖြစ်မှန် အမှန်တရားကို မသိဘဲ အန္တိခရစ်၏ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ စစ်ဆေးနေသည့် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်က မည်သို့စကားပြောသည်ဖြစ်စေ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အန္တိခရစ်သည် ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်ဆဲဖြစ်ကာ သူ့အပေါ် အပြည့်အဝ ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်၏ စောင့်ရှောက်မှုအောက်သို့ အပ်နှံသည့် သဘောသက်ရောက်သည်။ အန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ တာဝန်မသိတတ်လျှင်၊ မည်သို့ကိုင်တွယ်ရမည်ကို မသိလျှင် ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ဒုက္ခပေးခြင်း မဟုတ်လော။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ ဖြစ်သည် မဟုတ်သလော။ အန္တိခရစ်က ထိန်းချုပ်သည့် အသင်းတော်နှင့်ပတ်သက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြားဝင်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရမည်။ ပြီးလျှင် အန္တိခရစ်ကို ချက်ချင်းကိုင်တွယ်ပြီး ဖယ်ရှားရန် လိုအပ်သည်။ ဤသည်မှာ သံသယမရှိပေ။ တကယ့်အလုပ်ကို မလုပ်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား အန္တိခရစ်က အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို လျစ်လျူရှုနေသည့် အယောင်ဆောင်ခေါင်းဆောင်များ ရှိလျှင် ရွေးချယ်ခြင်းခံရသောလူတို့သည် ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို ဖော်ထုတ်သင့်သည်။ ၎င်းတို့ကို တိုင်ကြားသင့်သည်။ ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားသင့်သည်။ ပြီးလျှင် ၎င်းတို့အား ခေါင်းဆောင်ကောင်းများနှင့် အစားထိုးသင့်သည်။ ဤသည်မှာ အန္တိခရစ်က လူတို့ကို အထင်အမြင်မှားအောင် ပြုလုပ်ခြင်း ပြဿနာကို လုံးလုံးလျားလျားဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လူအချို့က “ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နိုင်သည်။ ဤအတွက်ကြောင့် အန္တိခရစ်၏ ပြဿနာကို ကိုင်တွယ်ပြီးဖြေရှင်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်။ ၎င်းတို့ကို နောက်ထပ် အခွင့်အရေး မပေးသင့်သလော” ဟု ပြောနိုင်သည်။ ဤသို့သော နားဝေတိမ်တောင် ဖြစ်သည့် ခေါင်းဆောင်များအတွက် နောက်ထပ် မည်သည့်အခွင့်အရေးမျှ မပေးသင့်ပေ။ နောက်ထပ်အခွင့်အရေးပေးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကိုသာ ဆက်လက် ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့် မညီပေ။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သော စက်ဆုပ်ဖွယ်ကောင်းသောလူများ ဖြစ်သည်။ ယခင်နှစ်နှစ်က အသင်းတော်အချို့ရှိ ညီအစ်ကိုမောင်နှမအချို့သည် တကယ့်အလုပ်ကို မလုပ်သော ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဖယ်ရှားရန် ပေါင်းစည်းခဲ့ကာ ၎င်းတို့ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခဲ့သည်။ ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော သတင်းကောင်းကို ကြားရခြင်းသည် ငါ့ကိုကျေနပ်စေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အသက်တာတွင် တိုးတက်ကြီးထွားပြီး ဘုရားသခင်အား ယုံကြည်ခြင်းတွင် မှန်သောလမ်းကြောင်းကို ဝင်ရောက်ခြင်း၏ အကောင်းဆုံးသော အထောက်အထားဖြစ်သည်။ ဤသည်မှာ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ဝိညာဉ်ရင့်ကျက်မှုအချို့ကို ရခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၊ ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ ထိန်းချုပ်ခြင်းကို မခံရတော့ဆိုသည်ကို ပြသည်။ သာမန်အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အဆင့်အတန်း၊ သို့မဟုတ် ဩဇာအာဏာ၏ ဘောင်ခတ်ခြင်းကို မခံရတော့သော ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားအောင် မလုပ်နိုင်တော့ပေ၊ သို့မဟုတ် မထိန်းချုပ်နိုင်တော့ပေ။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန် သတ္တိရှိကြသည်။ သူတို့ကို မောင်းထုတ်ပြီး ဖြုတ်ချရဲကြသည်။ အမှန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများကြားရှိ သာမန်လူဖြစ်စေ ၎င်းတို့အားလုံးတွင် ဘုရားရှေ့၌ တူညီသော အဆင့်အတန်းရှိကြပြီး တာဝန်များသာ ကွဲပြားသည်။ ဘုရားအိမ်တော်တွင် အဆင့်အတန်း၌ ကွဲပြားမှုမရှိ။ အလုပ်နှင့် တာဝန်တွင်သာ ကွဲပြားမှုများရှိသည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်လုပ်နေသော အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် ရင်ဆိုင်ရသောအခါ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်သည်။ ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်သင့်သည်။ အသင်းတော်မှ အန္တိခရစ်များကို နှင်ထုတ်သင့်သည်။ ဤတာဝန်သည် အားလုံးအတွက် တူညီပြီး အားလုံး၏ တာဝန်ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။