အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း ငါး)

အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ပေ။ အမှုကိစ္စအားလုံးတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိမှရမည်ဖြစ်သည်။ ဤပြဿနာများအားလုံးသည် ရှင်းလင်းစွာပင် မမြင်နိုင်သလော။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းနှင့် စည်းမျဉ်းများရှာဖွေခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု သို့မဟုတ် အပေါ်ယံ လုပ်ငန်းစဉ်တစ်ခုမဟုတ်ပေ။ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (မိမိတာဝန်များကို စည်းမျဉ်းများနှင့် ထမ်းဆောင်ရန်၊ ထမ်းဆောင်ရာတွင် လမ်းကြောင်းရှိရန် ဖြစ်သည်။) မှန်သည်။ ယင်းသည် စည်းမျဉ်းများရှိနိုင်စွမ်း ရှိပြီး တာဝန်များထမ်းဆောင်ခြင်းတွင် လမ်းကြောင်းတစ်ခုရှိနိုင်စွမ်း ရှိရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် စည်းမျဉ်းများအား နားလည်ခြင်းအားဖြင့်သာ မိမိတာဝန်ကို ထိရောက်စွာ ထမ်းဆောင်နိုင်သည်ဆိုသည်ကို သင်ဦးစွာ နားလည်ရမည်။ သင်သည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင် မည်သည့်နည်းလမ်းကို ယူသင့်သနည်း။ မည်သည့်လူများ ပါဝင်ရန် လိုအပ်သနည်း။ သင့်တော်သော ပုဂ္ဂိုလ်များကို ရွေးချယ်သင့်သည်။ သမ္မာတရားကို နားလည်နိုင်သော အစွမ်းအစကောင်းရှိသည့် လူအချို့နှင့် အဓိက မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ထိရောက်သော ရလဒ်များကို ရရှိစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် မုချလိုအပ်သည်။ သင်က ဆင်ခြင်တုံတရားကင်းမဲ့သည့် အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင် ဖြစ်သည့်လူများကို ရွေးချယ်လျှင် ဆွေးနွေးမှုမည်မျှကမျှ ၎င်းတို့ကို နားလည်စေမည်၊ သို့မဟုတ် သမ္မာတရားဆီသို့ ရောက်ရှိစေမည် မဟုတ်သောကြောင့် သမ္မာတရားများစွာကို မိတ်သဟာယဖွဲ့လျှင်ပင် မည်သည့်ရလဒ်မျှ ရရှိမည်မဟုတ်။ အသင်းတော်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများသည် အသိပေးခြင်းခံရခွင့် ရှိပြီး အသင်းတော်အလုပ်နှင့် ရှိနေသော ပြဿနာများ၏ အခြေအနေကို သိသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အထက်၌ရှိသူများကို လှည့်ဖြားပြီး ၎င်းတို့အောက်၌ ရှိသူများအပေါ် အမှန်တရားကို ဖုံးကွယ်ကာ အခြားလူများကို ဝေခွဲမရဖြစ်စေရန် ရည်ရွယ်သည့် နည်းလမ်းများကို အသုံးချလျှင် ဘုရားသခင်ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားခွင့်ရှိသည်၊ သို့မဟုတ် အခြေအနေကို အထက်လူကြီးများထံသို့ တင်ပြခွင့်ရှိသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ တာဝန်နှင့် ဝတ္တရားလည်းဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်အချို့သည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ ပြုမူလုပ်ဆောင်ပြီး အသင်းတော်တွင် ဘုရားသခင်ရွေးချယ်သောလူတို့ကို ထိန်းချုပ်သည်။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အပြောင်းအလဲမရှိသော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက ဤအရာကို ဖော်ထုတ်ပြီး တိုင်ကြားခြင်းမရှိလျှင်၊ အသင်းတော်အလုပ်က နှောင့်နှေးလျှင် သို့မဟုတ် တန့်သွားလျှင် တာဝန်ခံရသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသာ မဟုတ်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များက အသင်းတော်၌ အာဏာစွဲကိုင်သောအခါတွင် ဒုက္ခခံရပြီး ကယ်တင်ခြင်းရရှိရန် မိမိတို့၏ အခွင့်အရေးကို ဖျက်ဆီးနိုင်ချေရှိသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောလူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားပြီး ဖော်ထုတ်ရန် အခွင့်နှင့် တာဝန်ရှိသည်။ ဤသည်မှာ အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအတွက် အကျိုးအမြတ်ရှိသည်။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့က “ကျွန်ုပ်သည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်ဟု သင်တို့အားလုံးပြောကြသည်။ မှန်သလော။ ဤတစ်ကြိမ်တွင် ကျွန်ုပ်သည် ဤသို့ဖြစ်မည်မဟုတ်။ လူတိုင်းကို သူတို့၏ ထင်မြင်ချက်များအား ဖော်ပြခွင့်ပြုမည်။ တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ယင်းတို့ကို ဝေမျှရန် သင့်အတွက် မည်မျှကြာပါစေ ကျွန်ုပ်စောင့်မည်” ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် အချို့သော အထူးပြဿနာများကို ရင်ဆိုင်ရသောအခါ အငြင်းပွားမှုများက ဖြေရှင်းချက်မရှိဘဲ ရက်နှင့်ချီပြီး ဆက်ဖြစ်နေပြီး ၎င်းတို့သည် ဆက်လက်၍သာ စောင့်နေသည်။ ၎င်းတို့သည် အလုပ်ကို ရှေ့မဆက်မီတွင် လူတိုင်းက သဘောတူညီချက်တစ်ခုရသည်အထိ စောင့်သည်။ ဤသို့အားဖြင့် အလုပ်မည်မျှ နှောင့်နှေးသွားသနည်း။ အမှုကိစ္စများကို လွန်စွာ နှောင့်နှေးစေသည်။ ဤသည်မှာ သိသာထင်ရှားစွာပင် တာဝန်မခံယူခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဆုံးဖြတ်ချက်များမချမှတ်နိုင်လျှင် အသင်းတော်အလုပ်ကို အဘယ်သို့ ထိရောက်စွာ စီမံနိုင်မည်နည်း။ အသင်းတော်အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆုံးဖြတ်ချက်များချရန် အခွင့်အာဏာရှိစဉ်တွင် ညီအစ်ကိုမောင်နှမများက အသိပေးခြင်းခံရခွင့်ရှိသည်။ သို့ရာတွင် နောက်ဆုံး၌ ဆုံးဖြတ်ချက်များ ချမှတ်ရမည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဆုံးဖြတ်ချက်များ မချမှတ်နိုင်လျှင် သူ၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းသည်။ ပြီးလျှင် သူသည် ခေါင်းဆောင်နေရာများအတွက် မသင့်တော်ပေ။ ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ် ၎င်းတို့တာဝန်များကို စံနှုန်းပြည့်မီအောင် မထမ်းဆောင်နိုင်ပေ။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အချိန်ကြာမြင့်စွာအထိ ပြဿနာတစ်ခုတည်းကို ငြင်းခုံနေပြီး ဆုံးဖြတ်ချက် မချနိုင်ပေ။ နောက်ဆုံးတွင် ပို၍ဗိုလ်ကျစိုးမိုးသည်ဟု ၎င်းတို့မြင်သည့် မည်သူမဆိုကို ၎င်းတို့ လက်ခံကြတော့သည်။ ဤနည်းလမ်းသည် စည်းမျဉ်းနှင့် ညီသလော။ (မညီပါ။) ၎င်းတို့သည် မည်သည့်ခေါင်းဆောင်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများသာ ဖြစ်၏။ သင်က “အန္တိခရစ်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ ကျွန်ုပ်သည် အန္တိခရစ်ဖြစ်လာမည်ကို ကြောက်သည်။ အန္တိခရစ်၏လမ်းကြောင်းကို မလျှောက်လိုပါ။ လူတိုင်းကို ၎င်းတို့၏ ထင်မြင်ချက်များအား ထုတ်ပြောသည်ကို ကျွန်ုပ်စောင့်မည်။ ထို့နောက်တွင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်အတွက် အလယ်အလတ်နည်းလမ်းကို ကောက်ချက်ချပြီး အနှစ်ချုပ်မည်” ဟု ဆိုလျှင် ယင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) အဘယ်ကြောင့် မဖြစ်သနည်း။ ရလဒ်က သမ္မာတရားစည်းမျဉ်းများနှင့် မညီလျှင် သင်က ဤပုံစံဖြင့် ရှေ့ဆက်လျှင်ပင် ထိရောက်နိုင်သလော။ ဘုရားသခင်ကို ကျေနပ်စေမည်လော။ ယင်းသည် ထိရောက်မှုမရှိဘဲ ဘုရားသခင်ကို မကျေနပ်စေလျှင် ပြဿနာက ကြီးလေးသည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း မလုပ်ဆောင်ခြင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း၊ အမှုအရာများကို စာတန်၏ အတွေးအခေါ်အတိုင်း လုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်အပေါ် သစ္စာမစောင့်သိခြင်း ဖြစ်သည်။ ဘုရားသခင်ကို လှည့်ဖြားနေခြင်း ဖြစ်သည်။ အန္တိခရစ်အဖြစ် သံသယဝင်ခံရခြင်း၊ သို့မဟုတ် အကဲဖြတ်ခံရခြင်းကို ရှောင်ရန်အတွက် သင်သည် သင် ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ခေါင်းရှောင်ပြီး စာတန်၏ အတွေးအခေါ်နှင့်ဆိုင်သော “အလျှော့ပေးသည့်” နည်းကို ခံယူသည်။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏အလုပ်ကို ထိခိုက်သည်။ ဤသည်မှာ စည်းမျဉ်းနှင့်မညီခြင်း မဟုတ်လော။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း မဟုတ်သလော။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် စည်းမျဉ်းများနှင့် ပြောဆိုပြီး လုပ်ဆောင်ရမည်။ သင့်တာဝန်များကို ရလဒ်များနှင့် ထိရောက်မှုဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သည့်နည်းလမ်းနှင့်မဆို သင် ပြုမူလုပ်ဆောင်သင့်သည်။ ဥပမာ စိတ်ထဲတွင် လက်တွေ့ကျသော ရလဒ်တစ်ခုထားရှိကာ အသင်းတော်အတွက် ပစ္စည်းများကို ဝယ်ယူရမည်။ ပစ္စည်းများသည် သင့်တင့်သောဈေးနှုန်းရှိပြီး လက်တွေ့အသုံးဝင်သင့်သည်။ သင်သည် စည်းမျဉ်းများမရှိဘဲ ပိုက်ဆံကို မဆင်မခြင်သုံးစွဲလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၌၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ၌ ဆုံးရှုံးမှုဖြစ်စေနိုင်သည်။ ဤသို့သောအခြေအနေကို သင်တို့ အဘယ်သို့ ကိုင်တွယ်မည်နည်း။ (အထက်မှ လမ်းပြမှုကို ရှာဖွေမည်။) အထက်မှ လမ်းပြမှုကို ရှာဖွေခြင်းသည် တစ်နည်းဖြစ်သည်။ ထို့အပြင် မပျင်းရိနှင့်။ နှံ့စပ်စွာ သုတေသနလုပ်လော့။ ကျယ်ပြန့်စွာ စုံစမ်းမေးမြန်းလော့။ ပို၍ လိုက်လံမေးမြန်းလော့။ အသေးစိတ်အချက်များကို နားလည်လော့။ ပြီးလျှင် လုံလောက်စွာ ပြင်ဆင်လော့။ ဤသို့ဆိုလျှင် အတော်အတန် သင့်တော်သော ဖြေရှင်းချက်ကို ရှာတွေ့နိုင်သည်။ သင်သည် ဤအခြေခံအလုပ်ကို မလုပ်ဆောင်ဘဲ အသေးစိတ်အချက်များကို နားလည်ခြင်းမရှိဘဲ ပေါ့ဆစွာ လုပ်ဆောင်ပြီး ရလဒ်အဖြစ် ပိုက်ဆံများစွာကို ဖြုန်းတီးလျှင် ယင်းကို မည်သို့ခေါ်သနည်း။ ဝတ်ကျေတမ်းကျေဆန်ခြင်းဟု ခေါ်သည်။ လူအချို့သည် ၎င်းတို့တာဝန်ကို ဤသို့ထမ်းဆောင်ပြီး ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ပွင့်လင်းမြင်သာမှုမရှိ။ ၎င်းတို့တင်ပြသင့်သည့်အရာ၏ တစ်ဝက်ကိုသာ တင်ပြသည်။ အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိခြင်းက ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပြဿနာကို သယ်ဆောင်လာမည်ဖြစ်ပြီး နောက်ထပ်သုတေသနနှင့် တိုးတက်မှုများကို ၎င်းတို့ ဆောင်ရွက်ဖို့ လိုအပ်လိမ့်မည်ဟု ခံစားရသောကြောင့် ကျန်သည့်အရာများကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများအပေါ် တကယ့်အခြေအနေနှင့် အသေးစိတ်အချက်များကို ဖုံးကွယ်ထားလိုက်ပြီး အလုပ်ကို အလျင်အမြန်ပြီးမြောက်အောင်ပြုလုပ်ကာ ထို့နောက်တွင် ဘုရားအိမ်တော်အား ငွေပေးရန် တောင်းဆိုသည်။ သို့သော် စစ်ဆေးကြည့်သည့်အခါတွင် အလုပ်က စံမမီဘဲ ပြန်လည်လုပ်ဆောင်ရန် လိုအပ်သည်။ ပို၍များသော ပိုက်ဆံများပင် ဖြုန်းတီးခဲ့သည်။ ဤသည်မှာ ဘုရားအိမ်တော်ကို ထိခိုက်နေခြင်း မဟုတ်လော။ ဤသည်မှာ ယုဒတစ်ဦး၏ အပြုအမူမဟုတ်လော။ (ဟုတ်သည်။) ယုဒတစ်ဦး၏ အပြုအမူတွင် အတိအကျအားဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် သစ္စာဖောက်ခြင်း ပါဝင်သည်။ ဤသို့သောသူသည် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ အသင်းတော်ပြင်ပ၌ရှိသူများဘက်တွင် နေပြီး သူ၏ ကိုယ်ပိုင်ဇာတိပကတိကိုသာ ထည့်စဉ်းစားကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုတစ်ခုခုရှိသလော။ (မရှိပါ။) သစ္စာစောင့်သိမှု အနည်းငယ်မျှပင်မရှိ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းနှင့် အသင်းတော်အလုပ်ကို ထိခိုက်ခြင်းတွင် ပျော်ရွှင်မှုရှိသည်။ ဤသည်မှာ ယုဒတစ်ဦး၏ အပြုအမူဖြစ်သည်။ အခြားအခြေအနေတစ်ခုလည်း ရှိသည်။ အချို့တာဝန်များတွင် လူတိုင်းနှင့် မရင်းနှီးကောင်း မရင်းနှီးနိုင်သည့် အခြားသောနယ်ပယ်များမှ အထူးပြုအသိပညာ သို့မဟုတ် ကျွမ်းကျင်မှုပါဝင်သည်။ ဤသို့သော ဖြစ်ရပ်များတွင် သင်သည် ပြဿနာကို ရှောင်မထွက်ရပေ။ သတင်းအချက်အလက် ပေါများကြွယ်ဝသော ဤခေတ်တွင် မပျင်းရိသင့်ဘဲ သက်ဆိုင်မှုရှိသော အချက်အလက်နှင့် သတင်းတို့ကို တက်ကြွစွာ ရှာဖွေသင့်သည်။ အခြေခံအကျဆုံး သတင်းအချက်အလက်ကို ရယူခြင်းဖြင့် စတင်ပြီး သင်သည် အလုပ်အကိုင်၊ သို့မဟုတ် နယ်ပယ်အပေါ် အခြေခံနားလည်မှုကို ရရှိသည်။ ထို့နောက်တွင် အချက်အလက်ဖြစ်စေ၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ဝေါဟာရများဖြစ်စေ ထိုနယ်ပယ်၏ အတိုင်းအတာအတွင်းရှိသည့် ပို၍များသော ကဏ္ဍများအကြောင်းကို တရွေ့ရွေ့သင်ယူပြီး ယင်းနှင့် အခြေခံအားဖြင့် သင့်ကိုယ်သင် ရင်းနှီးအောင်ပြုလုပ်သည်။ ဤအဆင့်ကို ရောက်ပြီးနောက် သင်၏တာဝန်များကို လုံလောက်စွာဖြင့်၊ သစ္စာစောင့်သိစွာဖြင့် ကောင်းမွန်စွာ စံနှုန်းပြည့်မီအောင် ဖြည့်ဆည်းခြင်းအတွက် ပို၍ အကျိုးရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤသို့ဆိုလျှင် သင့်တာဝန်ကို ထမ်းဆောင်သောအခါတွင် ဤကြိုတင်ပြင်ဆင်သောအလုပ်အားလုံး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သုတေသနပြုလုပ်ခြင်း၊ အသေးစိတ်အချက်များကို နားလည်ခြင်း၊ ထို့နောက်တွင် မိတ်သဟာယနှင့် အရေးကြီးသည့် သုံးသပ်ဆန်းစစ်မှုမှတစ်ဆင့် ဖြစ်နိုင်သော ဖြေရှင်းချက်များကို ရှာဖွေခြင်းတို့အားလုံးသည် သင့်တာဝန်ကို ကောင်းမွန်စွာ စံနှုန်းပြည့်မီအောင် ဖြည့်ဆည်းခြင်းအတွက် ပြင်ဆင်ခြင်း၏ အစိတ်အပိုင်းဖြစ်သည်။ ဤပြင်ဆင်ချက်များအားကောင်းစွာပြုလုပ်ခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှုကို ထင်ရှားစေသည်။ ဝတ်ကျေတမ်းကျေဆန်သောသူများကိုလည်း ထုတ်ဖော်သည်။ မယုံကြည်သူများနှင့် မိမိတာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် လုံးလုံး ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ အသင်းတော်အတွက် မည်သည့်အရာကို ၎င်းတို့ ဝယ်ယူပါစေ ၎င်းတို့သည် အထက်မှ လမ်းညွှန်မှုကို မရှာဖွေဘဲ ပိုက်ဆံကို စိတ်ကူးပေါက်သလို မဆင်မခြင်သုံးစွဲကာ အရာရာတိုင်းကို နားလည်သည်ဟု ထင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ငွေကို ဖြုန်းတီးသည်။ ၎င်းတို့သည် ဖြုန်းတီးသူများ၊ ဘေးဒုက္ခ၏ ရှေ့ပြေးနိမိတ်များဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများတွင် ဆုံးရှုံးမှုများဖြစ်စေပြီး ၎င်းတို့သည် မကောင်းမှုပြုလုပ်နေပြီး ဘုရားသခင်အား အတိုက်အခံ လုပ်နေသည်ကိုပင် သဘောမပေါက်ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် နောင်တလုံးဝ မရှိ။ ဘုရားသခင်ရွေးချယ်ထားသောလူများက ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သောအခါမှသာ၊ ပြီးလျှင် ၎င်းတို့သည် ရှင်းလင်းပစ်ပြီး နှင်ထုတ်ခြင်းခံရရန်အတွက် မဲပေးခြင်း ခံရသည့်အခါမှသာ အနည်းငယ်သတိမူမိပြီး စတင်နောင်တရသည်။ ၎င်းတို့၏ လုပ်ရပ်များသည် ဤသို့ ပြင်းထန်သော အကျိုးဆက်များ ရှိလိမ့်မည်ဟု သတိမထားမိခဲ့ပေ။ အမှန်ပင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အုတ်ဂူကို မမြင်ရမချင်း မျက်ရည်ကျမည်မဟုတ်။ ဤသို့သောလူတို့သည် အများအားဖြင့် ကျပ်မပြည့်သည့် ငတုံးများဖြစ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန် ဆန္ဒပြင်းပြပြီး ဘုရားအိမ်တော်အတွက် လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ကြသည်။ ၎င်းတို့သည် နှုတ်ခမ်းနီဆိုးသော ဝက်များကဲ့သို့ လုံးလုံး အရှက်မဲ့သည်။ ဤလူတို့သည် မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှရှိသည်ဖြစ်စေ မည်သည့်သမ္မာတရားကိုမျှ နားမလည်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားအိမ်တော်တွင် အစဉ်သဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်လိုဆဲဖြစ်ပြီး အစဉ်သဖြင့်အာဏာစွဲကိုင်ကာ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် မျက်နှာပြောင်တိုက်၍ အရှက်မရှိခြင်းမဟုတ်လော။ ဤသို့သောသူများကို အဘယ်ကြောင့် မယုံကြည်သူများဟု သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အား နှစ်များစွာယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့သော်လည်း မည်သည့်သမ္မာတရားများကိုမျှ နားမလည်သကဲ့သို့ မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ခြင်းဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤအပြုအမူများကို ပြသသလော။ ပြသသောသူများ၊ လက်ထောင်ကြလော့။ သင်တို့အားလုံး ဖြစ်သလော။ ဤသို့ဆိုလျှင် သင်တို့အားလုံးသည် မယုံကြည်သူများဖြစ်သည်။ ယင်းသည် ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူတို့သည် တရားဒေသနာများကို ဆက်တိုက်နားထောင်လျှင် သမ္မာတရားအချို့ကို နားလည်ပြီး တိုးတက်မှုအချို့ ရှိလိမ့်မည်။ ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် ပို၍ ယုံကြည်စိတ်ချရခြင်း ရှိလာမည်။ တစ်စုံတစ်ယောက်သည် မည်သည့်တိုးတက်မှုမျှမရှိဘဲ တရားဒေသနာများကို နှစ်ချီ၍ နားထောင်လျှင် သူသည် မပြတ်မသားသူ၊ လူ့တိရစ္ဆာန်၊ မယုံကြည်သူတစ်ဦးဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်သည့် သုံးနှစ်မှ ငါးနှစ်အတွင်းတွင် အတော်များများနားလည်ပြီး ၎င်းတို့၏ စကားနှင့် လုပ်ရပ်များတွင် သမ္မာတရားကို ရှာဖွေနိုင်သည်။ ၎င်းတို့၏တာဝန်ထမ်းဆောင်ခြင်းတွင် အပြစ်အနာအဆာများကို ၎င်းတို့ သတိပြုမိလျှင်၊ သို့မဟုတ် ဘုရားအိမ်တော်အပေါ် ဆုံးရှုံးမှုတစ်ခုခုဖြစ်စေလျှင် ၎င်းတို့သည် စိတ်သောကရောက်ကြသည်။ မိမိတို့ကိုယ်ကို အပြစ်တင်ကြပြီး မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ ၎င်းတို့၏ ခဏတာဖြစ်သော အမှားများ၊ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း၊ ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိ ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခြင်းတို့သည် ဤသို့သော သိသာသည့် အမှားများဖြစ်စေပြီး ဤသို့ ကြီးမားသောဆုံးရှုံးမှုများဖြစ်စေသည်ဟု ခံစားရသည်။ ပြီးလျှင် ဤအတွက် မိမိတို့ကိုယ်ကို မုန်းတီးကြသည်။ နောင်တကြီးစွာရသော စိတ်နှလုံးရှိသူတို့သည် လူ့သဘာဝအချို့ရှိပြီး ကယ်တင်ခြင်းရရှိသည့် အဆင့်သို့ ရောက်ရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် တရားဒေသနာများကို နှစ်များစွာ နားထောင်ပြီးနောက်တွင် မည်သည့်သမ္မာတရားကိုမျှ နားမလည်လျှင်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် အမှားများကို ဆက်လက်ပြုလုပ်လျှင်၊ ဘုရားအိမ်တော်အတွက် အစဉ်သဖြင့် ပြဿနာဖန်တီးပြီး အသင်းတော်အလုပ်အပေါ် ဆုံးရှုံးမှုများဖြစ်စေလျှင်၊ နောင်တရသော စိတ်နှလုံးပင် ကင်းမဲ့လျှင် ဤသို့သောသူသည် လူ့သဘာဝလုံးဝမရှိပေ။ သူသည် ဝက်များနှင့် ခွေးများထက်ပိုဆိုးသည်။ သူသည် သူ၏တာဝန်ကို သင့်လျော်စွာထမ်းဆောင်နိုင်သေးသလော။ သူသည် တာဝန်ထမ်းဆောင်လျှင်ပင် ဝတ်ကျေတမ်းကျေဆန်သည်။ ပြီးလျှင် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်။

လူအချို့သည် စကားပြောသောအခါတွင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟူ၍ အစဉ် ညွှန်းဆိုပြီး စကားစမြည်ပြောရာတွင် “ကျွန်ုပ်တို့၏ မိသားစု” ဟူသည်ကို ဆက်တိုက် ထုတ်ပြောသည်။ ယင်းကို ၎င်းတို့ ပြောပုံမှာချိုမြိန်လိုက်လေခြင်း။ ၎င်းတို့ပြောနေသည့် ဤ “ကျွန်ုပ်တို့၏ မိသားစု” ဆိုသည်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၊ ဘုရားသခင်၏ မိသားစုနှင့် အသင်းတော်သာရှိသည်။ “ကျွန်ုပ်တို့၏ မိသားစု” ဟု အစဉ်ပြောသည်မှာ သင့်လျော်သလော။ ငါ့အနေဖြင့် သင့်လျော်သည်ဟု မခံစားရပေ။ “ကျွန်ုပ်တို့၏ မိသားစု” ဟူသည့် ဝေါဟာရကို အသုံးပြုနိုင်သည်။ သို့သော် ပြောသွားသည့်စကားက လက်တွေ့ကျမှုနှင့် ကိုက်ညီမှသာ သင့်လျော်သည်။ သင်တို့သည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်ဘဲ မိမိတို့၏ တာဝန်များကို မကြာခဏ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ကာ အသင်းတော်၏ အလုပ်ကို လုံးဝ မထိန်းသိမ်းစောင့်ရှောက်သည့်အပြင် အလေးအနက်လည်း လုံးဝမထားသည့်တိုင် ‘ငါတို့မိသားစု’ ဟုသာ အစဉ် ပြောဆိုနေမည်ဆိုလျှင် ထိုသို့ပြုမူခြင်းသည် မသင့်တော်ပေ။ ယင်းတွင် မုသားဖြစ်ပြီး အယောင်ဆောင်သည့် အရိပ်အမြွက်ပါရှိကာ ရွံရှာမှုနှင့် မနှစ်မြို့မှုတို့ကို ဖြစ်စေသည်။ သို့ရာတွင် သင်သည် အမှန်တကယ်ပင် သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသူတစ်ဦးဖြစ်လျှင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟု ညွှန်းဆိုခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ ယင်းသည် မုသားမပါဘဲ အခြားလူများအတွက် စစ်မှန်သည့်ပုံစံရှိသည်။ ပြီးလျှင် ၎င်းတို့သည် သင့်အား ညီအစ်ကိုမောင်နှမတစ်ဦးအဖြစ် မြင်ကာ နှစ်သက်ပြီး လေးစားလိမ့်မည်။ သင့်စိတ်နှလုံးတွင် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို လက်မခံဘဲ သင့်တာဝန်များကို ထမ်းဆောင်ရာ၌ တာဝန်မသိတတ်လျှင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” အဖြစ် မညွှန်းဆိုနှင့်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ခံစားရစေရန်အတွက် သမ္မာတရားကို သင် အလွန်လေးနက်စွာ လိုက်စားသင့်သည်၊ သင့်တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်သည်၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်သင့်သည်။ ဤသို့ဆိုလျှင် သင်က “ကျွန်ုပ်တို့၏ မိသားစု” ဟု ဆိုသောအခါတွင် အခြားလူများအား စက်ဆုပ်ရွံရှာသည့် ခံစားချက်လုံးဝ မရှိဘဲ ရင်းနှီးသည့် ခံစားချက်ကို ပေးသည်။ အဘယ်ကြောင့်ဆိုသော် သင့်စိတ်နှလုံးတွင် ဘုရားအိမ်တော်ကို သင်၏ ကိုယ်ပိုင်အိမ်အဖြစ် အမှန်တကယ် သတ်မှတ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် အမှန်ပင် တာဝန်သိတတ်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းသောကြောင့် ဖြစ်သည်။ “ကျွန်ုပ်တို့၏ မိသားစု” ဟု သင်ပြောသောအခါတွင် မှားယွင်းသည့် အရိပ်အယောင်တစ်ခုမျှမရှိဘဲ အပြည့်အဝ ထိုက်တန်သည့် ပုံစံရှိသည်။ အသင်းတော်အလုပ်အပေါ် တာဝန်သိတတ်မှု မပြလျှင်၊ မိမိတွင်ရှိသော မည်သည့်တာဝန်ကိုမဆို ဝတ်ကျေတမ်းကျေဆန်စွာ ထမ်းဆောင်လျှင်၊ မြေပေါ်မှ ပစ္စည်းများကို ကောက်ယူရန်၊ ညစ်ပေသောအခန်းကို သန့်ရှင်းရန်၊ သို့မဟုတ် ဆောင်းရာသီတွင် နှင်းများကို ဖယ်ရှားရန်၊ သို့မဟုတ် ခြံဝင်းကို ရှင်းရန် ဒုက္ခမခံဘဲ၊ ဘုရားအိမ်တော်သားတစ်ဦး၏ ပုံစံမရှိဘဲ အပြင်လူဖြစ်သည့်ပုံစံရှိလျှင် ဤသို့သောသူသည် ဘုရားအိမ်တော်အား “ကျွန်ုပ်တို့၏ မိသားစု” ဟု ခေါ်ဆိုရန် အရည်အချင်းပြည့်မီသလော။ ၎င်းတို့သည် အစေခံသူများ၊ ယာယီအမှုဆောင်များမျှသာဖြစ်ကာ အသက်မရှိသော၊ ဘုရားအိမ်တော်နှင့် လုံးဝ မသက်ဆိုင်သော လူများသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်းတို့သည် မကြာခဏ အရှက်မရှိစွာဖြင့် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” အဖြစ် ညွှန်းဆိုဆဲဖြစ်ပြီး ၎င်းတို့၏ ပါးစပ်ဟသည့်အခါတိုင်းတွင် ထိုစကားကို ပြောသည်။ အလွန် ရင်းနှီးစွာဖြင့် ပြောပြီး ညီအစ်ကိုမောင်နှမများကို အလွန်နွေးထွေးစွာ ဆက်ဆံသည်။ သို့သော် တကယ့် မည်သည့်လုပ်ငန်းဆောင်တာကိုမျှ မကိုင်တွယ်ပေ။ လုပ်ငန်းဆောင်တာများကို အမှန်ပင် တာဝန်ယူလုပ်ဆောင်သောအခါ၌ အမှားများပြုလုပ်ကြပြီး ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေသည်။ ၎င်းတို့သည် ကြောင်သူတော်များပင် မဟုတ်သလော။ ဤသို့သောလူတို့သည် လုံးလုံး အကျင့်ပျက်ပြီး မည်သည့်အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်သူအနေဖြင့် ရှိသင့်သော အခြေခံအကျဆုံး အရည်အသွေးများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်ပြီး သမ္မာတရားကိုလည်း လက်ခံနိုင်သင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်လျှင်၊ သမ္မာတရားကို လုံးဝ လက်မခံလျှင် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟု ခေါ်ရန် ထိုက်တန်သေးသလော။ ၎င်းတို့သည် ယာယီအမှုဆောင်များနှင့် အစေခံသူများသာ ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး ဘုရားအိမ်တော်နှင့် သက်ဆိုင်မှုမရှိသလောက်ဖြစ်သည်။ ဘုရားသခင်သည် ဤသို့သောလူတို့ကို အသိအမှတ်မပြုပေ။ သူ၏ အမြင်တွင် ၎င်းတို့သည် ဆိုးယုတ်သူများဖြစ်သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝ မလိုက်စားဘဲ ဘုရားအိမ်တော်၏ အရေးကိစ္စများအပေါ် စိတ်မဝင်စားမှုကို ပြသည်။ ၎င်းတို့ ကြုံရသည့် ပြဿနာများကို မသိကျိုးကျွန်ပြုသည်။ ၎င်းတို့၏တာဝန်များကို လျစ်လျူရှုသည်။ အခက်အခဲဖြစ်နေသော ညီအစ်ကိုမောင်နှမများနှင့် ဝေးဝေးနေသည်။ ပြီးလျှင် မကောင်းသောအရာများ လုပ်ဆောင်သူတို့အပေါ် မုန်းတီးမှုမပြဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်သည်၊ သို့မဟုတ် အသင်းတော်အလုပ်ကို ဖျက်ဆီးသည်။ ကြီးမားသော အမှန်နှင့် အမှားနှင့်သက်ဆိုင်သော ကိစ္စများတွင် သတိရှိခြင်းမရှိ။ ဘုရားအိမ်တော်တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့က အရေးမစိုက်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်ကို မိမိကိုယ်ပိုင်အိမ်အဖြစ် မှတ်ယူသလော။ မမှတ်ယူသည်မှာ သိသာထင်ရှားပေသည်။ ဤလူတို့သည် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟု ခေါ်ရန် အရည်အချင်းမပြည့်မီပေ။ ခေါ်သောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ “ကျွန်ုပ်တို့၏ မိသားစု” ဟု ပြောရန် မည်သည့်လူများက အရည်အချင်းပြည့်မီသနည်း။ လတ်တလောတွင် လူအချို့သည် အမှန်ပင် မဆိုးသည်ကို ငါ သတိပြုမိသည်။ သို့သော် ၎င်းတို့သည် လူနည်းစုဖြစ်သည်မှာ အမှန်ပင်။ လောလောဆယ်တွင် ငါတို့သည် သမ္မာတရားမည်မျှကို ၎င်းတို့နားလည်သည်၊ သို့မဟုတ် ၎င်းတို့ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် ယုံကြည်ခြင်း၏ ပမာဏတို့နှင့်ပတ်သက်ပြီး ပြောဆိုမည်မဟုတ်။ သို့သော် ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ တကယ့်အလုပ်များကို တာဝန်ယူ လုပ်ဆောင်နိုင်သည်။ ၎င်းတို့ထမ်းဆောင်သည့် မည်သည့်တာဝန်များကိုမဆို စစ်မှန်စွာ တာဝန်ယူသည်။ ၎င်းတို့တွင် လူ့သဘာဝ၏ အသွင်အချို့ရှိသည်။ ဤသို့သောလူတို့ကိုသာ ဘုရားအိမ်တော်၏ အစိတ်အပိုင်းအဖြစ် အမှန်တကယ် သတ်မှတ်နိုင်သည်။ “ကျွန်ုပ်တို့၏ မိသားစု” ဟု ၎င်းတို့ ပြောသောအခါ နွေးထွေးပြီး အမှန်တကယ်ပင် စိတ်နှလုံးအတွင်း၌ ခံစားရသည်။ ဥပမာ အသင်းတော်တွင် စားပွဲတစ်လုံးလိုသည်။ ဝယ်လျှင် ဒေါ်လာ ခြောက်ရာ၊ သို့မဟုတ် ခုနစ်ရာကျမည်။ ညီအစ်ကိုမောင်နှမအချို့က “ယင်းသည် ဈေးကြီးလွန်းသည်။ သစ်သားကို ဝယ်ပြီး ကျွန်ုပ်တို့ဘာသာ ပြုလုပ်ခြင်းအားဖြင့် ပိုက်ဆံများစွာကို ချွေတာနိုင်သည်။ ယင်းသည်လည်း မည်သည့်ကွာခြားမှုမျှမရှိဘဲ အလုပ်ဖြစ်မည်” ဟု ဆိုသည်။ ဤအရာကို ကြားပြီးနောက်တွင် ငါ၏ စိတ်နှလုံး၌ အဘယ်သို့ ခံစားရသနည်း။ စိတ်တွင် အနည်းငယ် တို့ထိခြင်း ခံစားရသည်။ “ဤလူတို့သည် မဆိုးပေ။ ဘုရားအိမ်တော်အတွက် ပိုက်ဆံချွေတာရကောင်းမှန်း ၎င်းတို့သိသည်” ဟူ၍ ဖြစ်သည်။ ဤသို့သောလူတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးသောသူများနှင့် ယှဉ်လျှင် အလွန်ပို၍သာသည်။ အနည်းဆုံးအနေဖြင့် အသိစိတ်၊ ဆင်ခြင်တုံတရားအချို့နှင့် လူသားခံစားချက် အနည်းငယ်ကို ပိုင်ဆိုင်သည်။ လူအချို့သည် မည်သည့် သတိထားမိခြင်းမျှ မရှိဘဲ ဘုရားအိမ်တော်တွင် ဒေါ်လာရာချီ၊ သို့မဟုတ် ထောင်ချီ၍ ဆုံးရှုံးစေသည်။ ဤသည်မှာ ၎င်းတို့ကိစ္စမဟုတ်ဟုပင် ပြောသည်။ ၎င်းတို့စိတ်နှလုံးတွင် အပြစ်ရှိသည်ဟု မခံစားရပေ။ အခြားတစ်ဖက်တွင် “ဆယ်ဒေါ်လာ၊ သို့မဟုတ် ရှစ်ဒေါ်လာ ချွေတာခြင်းသည်ပင် လုပ်သင့်လုပ်ထိုက်သည်။ ကျွန်ုပ်တို့ဘာသာ ဖြေရှင်းနိုင်သော အရာများအပေါ် မလိုအပ်ဘဲ ပိုက်ဆံမသုံးစွဲသင့်။ ကျွန်ုပ်တို့ တတ်နိုင်သည့်နေရာတွင် ချွေတာသင့်သည်။ မလိုအပ်ဘဲနှင့် ပိုက်ဆံအကုန်မခံသင့်ပေ။ ကျွန်ုပ်တို့အနေဖြင့် အနည်းငယ်သော ဆင်းရဲဒုက္ခနှင့် အားသွန်ခွန်စိုက် လုပ်ရခြင်းတို့ကို သည်းညည်းခံသင့်ပေသည်” ဟု ဆိုသောသူများရှိသည်။ ဤသို့သောအရာများကို ပြောနိုင်သောသူတို့သည်သာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများဖြစ်ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည်။ ပြီးလျှင် ဘုရားအိမ်တော်နှင့် အမှန်ပင် ကိုက်ညီသည်။ ဤလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလေးထားသောကြောင့် ဘုရားအိမ်တော်ကို “ကျွန်ုပ်တို့၏ မိသားစု” ဟု ခေါ်ဆိုပိုင်ခွင့်ရှိကြ၏။ လူအချို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ အကြောင်းကို လုံးဝ မစဉ်းစားပေ။ ၎င်းတို့သည် ဤအလေးထားမှုများကို မလုပ်နိုင်ခြင်း ဖြစ်သလော။ ၎င်းတို့ကိုယ်တိုင်၏ ဘဝနှင့် ပတ်သက်သောအခါတွင် ၎င်းတို့သည် အလွန့်အလွန် ချွေတာသည်။ တစ်ပြားချင်းကို တွန့်တိုသည်။ ဈေးအချိုဆုံးနှင့် လက်တွေ့အကျဆုံး ပစ္စည်းများကို အစဉ်ဝယ်ယူလိုသည်။ ၎င်းတို့တတ်နိုင်သည့်နေရာတိုင်းတွင် ချွေတာပြီး ဈေးပင်ဆစ်သည်။ စေ့စပ်စွာ တွက်ချက်ပြီး ၎င်းတို့ဘဝများကို စီမံရာ၌ သိသာထင်ရှားစွာပင် ကျွမ်းကျင်သည်။ သို့သော် ဘုရားအိမ်တော်အတွက် အမှုကိစ္စများလုပ်ခြင်းနှင့် ပတ်သက်သောအခါတွင် ဤသို့ မလုပ်ဆောင်ပေ။ ဘုရားအိမ်တော်၏ ပိုက်ဆံအသုံးပြုသောအခါတွင် မသုံးစွဲခြင်းက ဖြုန်းတီးခြင်းဖြစ်မည့်အလားပင် အသုံးကြမ်းပြီး ၎င်းတို့ ကျေနပ်သလို သုံးစွဲသည်။ ဤသည်မှာ ဆိုးရွားသော ကိုယ်ကျင့်စရိုက် လက္ခဏာတစ်ခုမဟုတ်လော။ ဤသို့သောလူတို့သည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ဘုရားအိမ်တော်ကို လုံးဝ အလေးမထားဘဲ မိမိကိုယ်ကို ကျေနပ်စေဖို့သာ ရှာဖွေသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ တအိအိနှင့် ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အနည်းဆုံးသော ပေးဆပ်မှုဖြင့် ကြီးမားသောကောင်းချီးများကို ရရန် မျှော်လင့်သည်။ ထိုသို့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လူများသည် ကြီးကျယ်ခမ်းနားလှသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဆက်လက်ထားရှိနေသေး၏။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်၌ ကြီးလေးသော ချို့တဲ့မှုတစ်ခုပင်တည်း။

ငါတို့သည် ယခုတွင် ငါတို့၏ မိတ်သဟာယ၌ အန္တိခရစ်များ၏ ဤသရုပ်သကန်ဖြစ်သည့် ၎င်းတို့သည် စဉ်းလဲစွာ ပြုမူပြီး ထင်တိုင်းကြဲကာ အာဏာရှင်ဆန်သည်ဆိုသည်ကို အခြေခံအားဖြင့် အပြည့်အဝ ပြောပြီးဖြစ်သလော။ (ပြောပြီးဖြစ်သည်။) ဤသို့ဆိုလျှင် အနှစ်ချုပ်ကြစို့။ အန္တိခရစ်များက အမှုအရာများကို စဉ်းလဲစွာ လုပ်ဆောင်ခြင်းနှင့် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်းတို့သည် သီးခြားစီဖြစ်သည့်တိုင် တူညီသော အရေးပါမှု ရှိပြီး ၎င်းတို့တွင် တွေ့ရများသည့် တစ်ပြိုင်နက်တည်းဖြစ်ပေါ်သော အပြုအမူများဖြစ်၏။ ဤသရုပ်သကန်သည် အန္တိခရစ်များ၏ အဓိကစိတ်သဘောထားနှစ်ခုဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို ဖော်ထုတ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သကဲ့သို့ ရက်စက်ကြမ်းကြုတ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့်အခြမ်းကို သင် မမြင်ကောင်း မမြင်နိုင်သော်လည်း ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သည့်အခြမ်းကို မြင်နိုင်သည်။ ၎င်းတို့သည် နူးညံ့သိမ်မွေ့စွာ ပြုမူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ နိုင်ထက်စီးနင်းပြုသော၊ သို့မဟုတ် ရိုင်းစိုင်းသော အပြုအမူတစ်ခုခုကို မြင်ဖို့ ခက်ခဲစေမည်ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကြမ်းကြုတ်သော ပုံစံမရှိသကဲ့သို့ သင့်အား မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဆောင်ခိုင်းပေ။ သို့သော် ၎င်းတို့သည် အခြားသော ကောက်ကျစ်ဆိုးယုတ်သည့်နည်းများမှတစ်ဆင့် သင့်ကို ထောင်ဖမ်းပြီး ၎င်းတို့၏ ထိန်းချုပ်မှုအတွင်းသို့ သင့်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်လေသည်။ သင့်အား ၎င်းတို့၏ ရည်ရွယ်ချက်များအတွက် အစေခံခိုင်းသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့၏ အသုံးချခြင်းကို ခံရသည်။ သင်က သတိမမူမိဘဲ ၎င်းတို့၏ထောင်ချောက်အတွင်းသို့ သက်ဆင်းကာ ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ကစားခြင်းအပေါ် လိုလားစွာ ကျိုးနွံနာခံသည်။ ၎င်းတို့သည် ဤသို့သော အကျိုးဆက်များကို အဘယ်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အန္တိခရစ်များသည် သင့်အား ညွှန်ကြားပြီး လွှမ်းမိုးရန်အတွက် မှန်ကန်သော စကားများနှင့် ဆိုရိုးစကားများကို မကြာခဏအသုံးပြုကာ သင့်ကို အချို့သောအရာများကို လုပ်ဆောင်ရန် လှုံ့ဆော်သည်။ ၎င်းတို့ပြောသမျှတိုင်းက မှန်သည်ဟုလည်းကောင်း၊ သင်က ဆောင်ရွက်သင့်ပြီး ဤနည်းအတိုင်း လုပ်ဆောင်သင့်သည်ဟုလည်းကောင်း ခံစားမိအောင် ပြုလုပ်သည်။ ဤသို့မလုပ်လျှင် သင်သည် သမ္မာတရားကို ဆန့်ကျင်နေသည်ဟု ခံစားမိမည်။ ၎င်းတို့အား မနာခံခြင်းသည် ဘုရားသခင်အား ပုန်ကန်နေသည့်သဘောဖြစ်သည်ဟု သင်ခံစားရမည်။ ဤသို့လုပ်ဆောင်ရာတွင် သင်သည် ၎င်းတို့အား လိုလိုလားလားဖြင့် နာခံသည်။ ဤအရာ၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့စကားများနောက်သို့ လိုက်ပြီး ၎င်းတို့ပြောသည့်အရာကို လက်တွေ့လုပ်ဆောင်လျှင်ပင် သမ္မာတရားကို ၎င်းတို့ နားလည်သလော။ ဘုရားသခင်နှင့် ၎င်းတို့ဆက်ဆံရေးသည် တိုး၍ နီးစပ်လာသလော၊ သို့မဟုတ် တိုး၍ ဝေးကွာသွားသလော။ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ဘုရားရှေ့သို့ လာပြီး ဘုရားထံဆုတောင်းရန် ပျက်ကွက်ရုံသာမကဘဲ ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရားစည်းမျဉ်းများအား မည်သို့ရှာရမည်ကိုလည်း မသိသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များအား မည်သို့ နားလည်သဘောပေါက်ရမည်ကိုလည်း မသိပေ။ ဤအစား ၎င်းတို့သည် ယုံကြည်နိုင်ဖွယ် မရှိသော စကားကိုပြောသည်။ “ကျွန်ုပ်သည် ပံ့ပိုးမှုနှင့် အားဖြည့်မှုအတွက် ခေါင်းဆောင်များကို အဓိကအားဖြင့် အမှီပြုလျက် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ပါစေ ခေါင်းဆောင်များက မိတ်သဟာယဖွဲ့သရွေ့ ရှေ့သို့သွားရန် လမ်းတစ်ခုရှိသည်။ ခေါင်းဆောင်များမရှိလျှင် အလုပ်ဖြစ်မည်ပင်မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက ဤမျှသာဖြစ်ပြီး ခေါင်းဆောင်များမရှိဘဲ မလည်ပတ်နိုင်သေးပေ။ ဤသည်မှာ သနားစဖွယ်မဖြစ်သလော။ ဤတွင် သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အဘယ်နည်း။ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ ၎င်းတို့သည် ဘုရားသခင်ထံ မည်သို့ဆုတောင်းရမည်၊ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်၊ ဘုရားသခင်ကို မည်သို့မျှော်ကိုးရမည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များအား မည်သို့စားသောက်ရမည်ကို မသိဟူ၍ ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့နားလည်ရန် ခေါင်းဆောင်များက ပံ့ပိုးရမည်ဖြစ်သည်။ ခေါင်းဆောင်သည် ၎င်းတို့ယုံကြည်သော ဘုရားသခင်ကို အစားထိုးနိုင်သည်။ ဘုရားသခင်အပေါ် ဤသို့သောသူ၏ ယုံကြည်မှုသည် အမှန်တကယ်တွင် သူ၏ ခေါင်းဆောင်များအပေါ် ယုံကြည်မှုဖြစ်သည်ဟု ဆိုနိုင်သည်။ ခေါင်းဆောင်များပြောသည့်အရာရာတိုင်းကို ၎င်းတို့ နားထောင်သည်။ ပြီးလျှင် ခေါင်းဆောင်များပြောသည့် မည်သည့်အရာကိုမဆို ယုံကြည်သည်။ ၎င်းတို့သည် မည်သူကို အမှန်တကယ် ယုံကြည်နေသနည်း။ မည်သူ့နောက်သို့ လိုက်နေသနည်း။ နာခံနေသနည်း။ ဘုရားသခင်လော၊ သို့မဟုတ် ခေါင်းဆောင်များဖြစ်သလော။ ဤသည်မှာ သခင့်ကို အမည်ခံအားဖြင့် ယုံကြည်ပြီး လက်တွေ့တွင် မိမိတို့၏ သင်းအုပ်ဆရာများကို ယုံကြည်သော၊ မိမိတို့၏ သင်းအုပ်များနောက်လိုက်ပြီး ယုံကြည်ကိုးစားသော ဘာသာရေးသမားများကဲ့သို့သာ မဟုတ်လော။ ဤသည်မှာ လူသားများ၏ ထိန်းချုပ်ခံရခြင်း မဟုတ်လော။ ခေါင်းဆောင်များကို သင်ကိုးကွယ်ပြီး အမှုကိစ္စအားလုံး၌ ၎င်းတို့ကို နားထောင်သည်။ ဤသည်မှာ လူသားများကို ယုံကြည်ပြီး လူသားများနောက်လိုက်နေခြင်း ဖြစ်သည်။ လူတို့၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် အလွန်ရှင်းလင်းစွာ စကားပြောပြီးသည့်တိုင် သူ၏ နှုတ်ကပတ်တော်များကို သင်နားမလည်နိုင်သကဲ့သို့ ယင်းတို့အား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိပေ။ သို့သော် နတ်ဆိုးများနှင့် စာတန်များက စကားအနည်းငယ်မျှသာ ပြောပြီးနောက်တွင် ၎င်းတို့ကို သင်နားလည်သည်။ သင် အမှန်တကယ် နားလည်သည်မှာ မည်သည့်အရာ ဖြစ်သနည်း။ တစ်ခါတစ်ရံတွင် သင်သည် စည်းမျဉ်းစည်းကမ်း၊ သို့မဟုတ် အယူဝါဒတစ်ခုကို နားလည်သည်။ ယင်းသည် သမ္မာတရားအားနားလည်ခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ယင်းသည် သမ္မာတရားအား နားလည်ခြင်းမဟုတ်။ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်း ဖြစ်သည်။ အတိအကျ ထိုသို့ပင် ဖြစ်သည်။

အန္တိခရစ်များက စဉ်းလဲစွာပြုမူခြင်း၊ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ သရုပ်သကန်တွင် ၎င်းတို့၏ အဓိကစိတ်သဘောထားများမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်သည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာတွင် ထင်ရှားသနည်း။ ၎င်းတို့၏ စဉ်းလဲသော အပြုအမူတွင် ထင်ရှားသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုက မည်သည့်နေရာတွင် ထင်ရှားသနည်း။ (ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းတွင် ဖြစ်သည်။) အဓိကအားဖြင့် ၎င်းတို့၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းတွင်၊ အခြားလူများအား ၎င်းတို့ကို အတင်းအကျပ် နာခံစေခြင်းတွင် ထင်ရှားသည်။ ၎င်းတို့၏ မလုပ်မနေရ စေခိုင်းခြင်းသည် ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ဖော်ပြသည်။ ဘုရားသခင်က လူတို့အား သူနှင့် သမ္မာတရားအပေါ် ကျိုးနွံနာခံဖို့ တောင်းဆိုသည်။ ဘုရားသခင်၏ အလုပ်လုပ်ပုံမှာ အဘယ်နည်း။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြပြီးနောက် ဘုရားသခင်အား ယုံကြည်ခြင်းတွင် အရေးကြီးဆုံးသောအရာမှာ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့ ကျိုးနွံနာခံသင့်ခြင်း ဖြစ်သည်ဟု လူတို့ကို ပြောသည်။ ဤသမ္မာတရားကို သင်သိသည်။ ဤစကားသည် မှန်သည်ဆိုသည်ကို သိသည်။ သို့သော် သင် ကျိုးနွံနာခံခြင်းရှိမရှိနှင့် သင်ကျိုးနွံနာခံပုံနှင့်ပတ်သက်ပြီး ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ သင့်တွင် လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ ရွေးချယ်ခွင့်ရှိသည်။ သင် ကျိုးနွံနာခံလိုလျှင် ကျိုးနွံနာခံလော့။ ကျိုးနွံနာခံလိုခြင်း မရှိလျှင် ကျိုးနွံနာခံဖို့မလို။ သို့ရာတွင် ကျိုးနွံနာခံမှု မရှိခြင်းကြောင့် မည်သည့်အကျိုးဆက်များဖြစ်နိုင်သည်၊ လူတို့တွင် ဘုရားသခင်က မည်သည့်အရာကို စိစစ်သည်၊ လူတို့နှင့်ပတ်သက်ပြီး သူ၏ ကောက်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်၍ ဤကိစ္စများတွင် ဘုရားသခင်သည် မည်သည့်အပိုအရာကိုမျှ မလုပ်ဆောင်ပေ။ သူသည် သင့်ကို သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် အတင်းအကျပ်ပြုခြင်း၊ သင့်အား အဖိုးအခပေးစေခြင်း၊ သို့မဟုတ် ယင်းအတွက် သင့်အား အပြစ်ဒဏ်ပေးခြင်းတို့ မရှိ။ ဘုရားသခင်က ဤသို့မလုပ်ဆောင်ပေ။ ဘုရားသခင်က လူတို့ကို ကယ်တင်နေသည့်၊ လူသားများအတွက် ပံ့ပိုးပေးရန် နှုတ်ကပတ်တော်များကို သူ ဖော်ပြနေသည့် အချိန်အတွင်းတွင် ဘုရားသခင်သည် လူတို့အား အမှားများပြုလုပ်ရန်၊ လမ်းမှားကို လိုက်ရန်ခွင့်ပြုသည်။ လူတို့အား သူ့ကို ပုန်ကန်ပြီး မိုက်မဲသောအရာများအား လုပ်ဆောင်ရန် ခွင့်ပြုသည်။ သို့သော် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် သူအလုပ်လုပ်သည့်နည်းလမ်းအချို့မှတစ်ဆင့် လူတို့အား သူ၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်ဆိုသည်တို့ကို တဖြည်းဖြည်းချင်း နားလည်စေသည်။ ဥပမာ ပြုပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့မှတစ်ဆင့်ဖြစ်ပြီး တွန်းအားပေးခြင်းမှတစ်ဆင့်လည်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည် သင့်အား ကျေးဇူးတော်အချို့ကို ပေးသည်။ သင့်အား စိတ်အတွင်းပိုင်းတွင် တို့ထိသည်။ သို့မဟုတ် သင့်အား အလင်းပေးခြင်းနှင့် ဉာဏ်ပွင့်ခြင်း အချို့ကို ပေးပြီး မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များက အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်၊ လူသားများသည် မည်သည့်နေရာကို ခံယူသင့်သည်၊ လူတို့သည် မည်သည့်အရာကို လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့ကို သင့်အား သိစေသည်။ သင့်အား နားလည်စေရန် ပြုလုပ်စဉ်တွင် သူသည် သင့်အား ရွေးချယ်မှုတစ်ခုကိုလည်း ပေးသည်။ သင်က “ကျွန်ုပ်သည် ပုန်ကန်မည်။ တစ်ဇွတ်ထိုးလုပ်ဆောင်မည်။ မှန်သည့်အရာကို ကျွန်ုပ် မရွေးချယ်လို။ သစ္စာမရှိလိုပါ။ ဤသို့သာ လုပ်ဆောင်လိုသည်” ဟု ဆိုလျှင် နောက်ဆုံးတွင် သင်သည် မိမိ၏ ကိုယ်ပိုင်ခရီးပန်းတိုင်နှင့် အဆုံးသတ်အတွက် တာဝန်ရှိသည်။ သင်၏လုပ်ရပ်များအတွက် တာဝန်ယူပြီး အဖိုးအခပေးဆပ်ရမည်ဖြစ်သည်။ ဘုရားသခင်က ဤအမှုတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဘုရားသခင်သည် မျှတပြီး ဖြောင့်မတ်သည်။ သင်က သူ၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသူဖြစ်လျှင် သို့မဟုတ် အပြန်အလှန်အနေဖြင့် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မလုပ်ဆောင်ဘဲ ဘုရားသခင်အား ကျိုးနွံနာခံသူ မဟုတ်လျှင် ဖြစ်ရပ်နှစ်ခုလုံး၌ သင်၏ ခရီးပန်းတိုင်က မည်သည့်နေရာတွင် ဖြစ်လိမ့်မည်ဖြစ်စေ ဘုရားသခင်က အလွန်စောစီးစွာကြိုတင်၍ ဆုံးဖြတ်ပြီးဖြစ်သည်။ ဘုရားသခင်သည် အပိုမည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုပေ။ ဤသည်မှာ ယနေ့တွင် သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း မလုပ်ဆောင်လျှင် သူသည် သင့်ကို ပဲ့ပြင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ သို့မဟုတ် အပြစ်ဒဏ်ပေးပြီး သင့်အပေါ် ဘေးဒုက္ခတို့ကိုဖြစ်စေခြင်းတို့ကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က ဤသို့ အလုပ်မလုပ်ပေ။ ဘုရားသခင်နှင့်ပတ်သက်လျှင် သူသည် လူတို့အား ကျိုးနွံနာခံခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို နားလည်ခွင့်ပေးရန်အတွက်သာ လူတို့ကို ကျိုးနွံနာခံဖို့ တောင်းဆိုသည်။ “မလုပ်မနေရ စေခိုင်းခြင်း” ဖြစ်သည့် အရိပ်အယောင်မရှိပေ။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားကဏ္ဍကို ကျိုးနွံနာခံရန် သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်မခိုင်းစေပေ။ ထို့ကြောင့် ဘုရားသခင်၏ လမ်းခရီးတွင် သူသည် လူတို့ကို စီစဉ်ညွှန်ကြားသည်ဖြစ်စေ၊ ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ၎င်းတို့ကို ဦးဆောင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အား သမ္မာတရားဖြင့် ပံ့ပိုးပေးသည်ဖြစ်စေ ဤလုပ်ရပ်များ၏ အကြောင်းပြချက်သည် မလုပ်မနေရ ခိုင်းစေခြင်းအပေါ် အခြေမခံသကဲ့သို့ မရှိမဖြစ်လိုအပ်ခြင်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ သင်လုပ်ဆောင်လျှင် သင်သည် သမ္မာတရားကို ပိုပို၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ ပြီးလျှင် ဘုရားသခင်ရှေ့တွင် သင်၏ အခြေအနေက ဆက်လက်၍ တိုးတက်လိမ့်မည်။ ကောင်းသောအခြေအနေတစ်ခုကို သင် ထိန်းသိမ်းလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည်လည်း သင်နားမလည်သည့် နေ့စဉ်အသက်တာ၏ ကဏ္ဍများတွင် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်ကို မကျိုးနွံမနာခံလျှင်၊ သမ္မာတရားကို လိုက်စားလိုစိတ်မရှိလျှင် သင်ရရှိသည့်အရာသည် အလွန်ပင် နည်းပါးလိမ့်မည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ သိသာသော ကွာခြားမှုဖြစ်သည်။ ဘုရားသခင်က ဘက်လိုက်မှုကို မပြသပေ။ သူသည် လူတိုင်းအပေါ် မျှတသည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်ကို အတင်းခိုင်းစေလိုက်လျှင် ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်မည်မဟုတ်လော” ဟု ဆိုသည်။ ဘုရားသခင်က လူတို့ကို အတင်းအကျပ်မခိုင်းစေပေ။ ယင်းသည် စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က ဤသို့ မလုပ်ဆောင်ပေ။ သင်သည် အတင်းအကျပ် ခိုင်းစေခြင်းခံရမှသာ ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်လျှင် သင်က မည်သည့်အရာ ဖြစ်သွားသနည်း။ သင်သည် အမှန်ပင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဟုတ်သလော။ ယင်းသည် ဘုရားသခင် အလိုရှိသည့် ကျိုးနွံနာခံမှုမျိုး မဟုတ်။ ဘုရားသခင်ပြောဆိုသည့် ကျိုးနွံနာခံခြင်းသည် လူတစ်ဦးသည် သမ္မာတရားအား နားလည်ခြင်းကို အခြေခံပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် ဘုရားနှုတ်ကပတ်တော်ကို လိုလိုလားလားဖြင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သည့် ရှိရင်းစွဲ အဓိပ္ပာယ်ဖြစ်သည်။ ယင်းတွင် မလုပ်မနေ ခိုင်းစေခြင်း၊ ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြစ်စေ၊ ချည်နှောင်ခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းတစ်မျိုးမျိုးဖြစ်စေ မပါဝင်ပေ။ ထို့ကြောင့် သင်က အမှုကိစ္စတစ်ခုတွင် အထူးပင် ချည်နှောင်ခံရသည်၊ သို့မဟုတ် ဘောင်ခတ်ခံရသည်ဟု ခံစားရသောအခါ၌ ယင်းသည် အသေအချာပင် ဘုရားသခင်၏ လုပ်ဆောင်မှုမဟုတ်။ တစ်ဖက်တွင် ယင်းသည် လူသား အတွေးအခေါ်များ၊ သို့မဟုတ် လွဲချော်နေသော သဘောပေါက်နားလည်မှုနှင့် မိမိအပေါ်မိမိ ချမှတ်သော ဘောင်ခတ်မှုများမှ အရင်းခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင် အခြားတစ်ယောက်ယောက်က သင့်အား ဘောင်ခတ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပြီး သင့်အား ဘောင်ခတ်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် မှန်သည့်ပုံစံရှိသော အကြောင်းပြချက်တစ်ခုခု သို့မဟုတ် သဘောတရားတစ်ခုကို အသုံးပြုခြင်း၊ သင်၏ အတွေးအခေါ်တွင် လွဲချော်မှုအချို့ဖြစ်ပေါ်စေခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ သင့်နားလည်မှုတွင်ရှိသော ပြဿနာတစ်ခုကို ညွှန်ပြသည်။ သင်က ဘုရားသခင်အပေါ် လိုလားစွာနှင့် ပျော်ရွှင်စွာ ကျိုးနွံနာခံသည်ကို ခံစားရလျှင် ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမှ လာပြီး စစ်မှန်သော လူ့သဘာဝထံမှ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားထံမှလည်း လာသည်။

ဘုရားအိမ်တော်တွင် သမ္မာတရားကို ကျိုးနွံနာခံခြင်း မရှိသော၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသော၊ ပြီးလျှင် အသင်းတော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသောသူအချို့ရှိသည်။ ဘုရားအိမ်တော်က ဤအရာကို အဘယ်သို့ ကိုင်တွယ်သနည်း။ ဤအရာကို ဖြေရှင်းရန် အသုံးပြုသည့် အတင်းအကျပ်ပြုလုပ်သော အကောင်အထည်ဖော်မှု နည်းလမ်းတစ်ခုခုရှိသလော။ ခေါင်းဆောင်တစ်ဦးက တကယ့်အလုပ်ကို မလုပ်လျှင်၊ အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်လျှင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သို့မဟုတ် တကယ့်အလုပ်ကို မလုပ်နိုင်လျှင် ဘုရားအိမ်တော်က ယင်းကို မည်သို့ကိုင်တွယ်သနည်း။ (ဘုရားအိမ်တော်က ၎င်းတို့ကို ဖြုတ်ချသည်။) ၎င်းတို့ကို တိုက်ရိုက် ဖြုတ်ချသည်။ သို့သော် ၎င်းတို့ကို နှင်ထုတ်သလော။ (နှင်မထုတ်ပါ။) မကောင်းမှု မကျူးလွန်ထားသောသူတို့ကို နှင်မထုတ်ပေ။ သာမန်ညီအစ်ကိုမောင်နှမတို့နှင့် ပတ်သက်ပြီး ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပေးခြင်းခံရပြီး ၎င်းတို့က ငြင်းဆန်လျှင် ဤသည်မှာ ကျိုးနွံနာခံမှု မရှိခြင်းအဖြစ် အကျုံးဝင်သလော။ ၎င်းတို့ မသွားလျှင် အခြားတစ်ယောက်ကို ရှာတွေ့နိုင်သည်။ တစ်စုံတစ်ယောက်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံရမည်လော။ (ခံရမည်မဟုတ်ပါ။) အကျပ်ကိုင်ခြင်းမရှိ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် လက်ခံပြီး ကျိုးနွံနာခံလိုစိတ် ရှိလျှင် ယင်းသည် ပြဿနာမရှိ။ ဤအရာကို အကျပ်ကိုင်ခြင်းအဖြစ် မသတ်မှတ်ပေ။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင် သဘောတူညီမှုနှင့် လိုလားမှု အခြေအနေအောက်တွင် ဤတာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် ချက်ပြုတ်ခြင်းကို နှစ်သက်သည်။ သို့သော် သန့်ရှင်းရေးလုပ်ရန် စီစဉ်ပေးခြင်းခံရပြီး ၎င်းတို့က “ကျွန်ုပ်ကို သန့်ရှင်းခိုင်းလျှင် ကျွန်ုပ် သန့်ရှင်းမည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ် ကျိုးနွံနာခံသည်” ဟု ဆိုသည်။ ဤတွင် အကျပ်ကိုင်ခြင်းတစ်ခုခု ရှိသလော။ တစ်စုံတစ်ယောက်၏ အလိုကို ဆန့်ကျင်ပြီး အတင်းအကျပ်စေခိုင်းခြင်းတစ်ခုခု ရှိသလော။ (မရှိပါ။) ဤသည်မှာ မည်သူ့ကိုမျှ ခက်ခဲသည့်အခြေအနေတစ်ခုတွင် မထားဘဲ သို့မဟုတ် မည်သူ့ကိုမျှ တစ်စုံတစ်ခုကို ဆောင်ရွက်ရန် အတင်းအကျပ်ခိုင်းစေခြင်းမရှိဘဲ ၎င်းတို့၏ လိုလားမှုနှင့် ကျိုးနွံနာခံမှုအောက်တွင် စီစဉ်ခြင်းဖြစ်သည်။ တာဝန်တစ်ခုအတွက် ယာယီတွင် မည်သူ့ကိုမျှ ရှာမတွေ့နိုင်ဘဲ သင့်ကို လောလောဆယ် ဝင်ရောက်နေရာယူပေးရန် စီစဉ်ပေးခြင်းခံရသည့် ဖြစ်ရပ်များ ရှိနိုင်သည်။ သင်ကိုယ်တိုင်က လိုလားခြင်း မရှိကောင်းမရှိနိုင်ပေ။ သို့သော် ဤသည်မှာ အလုပ်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အထူးဖြစ်ရပ်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်မှ အစားအစာကို သင်သုံးဆောင်ပြီး သင့်တာဝန်များကို ထိုနေရာတွင် ထမ်းဆောင်သည်။ သင်က ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်သူတစ်ဦးအဖြစ် သင့်ကိုယ်သင် အသိအမှတ် ပြုသည့်အတွက် ဤသေးငယ်သောကိစ္စတွင် သင်၏ ဇာတိပကတိကို မပုန်ကန်နိုင်သလော။ ဤသည်မှာ ကျိုးနွံနာခံခြင်း သို့မဟုတ် ဆင်းရဲဒုက္ခအဖြစ်ပင် အကျုံးမဝင်ပေ။ ယင်းသည် ယာယီသာဖြစ်သည်။ ဤတာဝန်ကို ရေရှည် ထမ်းဆောင်ရန် တောင်းဆိုခြင်းမဟုတ်ပေ။ လူအချို့က ၎င်းတို့ကို လုပ်ခိုင်းသည့်အလုပ်သည် ညစ်ပေပြီး ပင်ပန်းသည်ဟု ညည်းညူပြီး လုပ်ဆောင်လိုစိတ်မရှိ။ ၎င်းတို့က ဤအရာကိုထုတ်ပြောလျှင် ၎င်းတို့ကို ချက်ချင်း နေရာရွှေ့ပြောင်း၍ တာဝန်ပေးသင့်သည်။ သို့ရာတွင် ၎င်းတို့သည် နှုတ်ဖြင့်သာ ဤအရာကို ဖော်ပြပြီး အမှန်တကယ်တွင် ကျိုးနွံနာခံလိုစိတ်ရှိပြီး ဒုက္ခခံလိုစိတ်ရှိလျှင် ၎င်းတို့တာဝန်ကို ဆက်လက်ထမ်းဆောင်သင့်သည်။ ဤသို့ ကိုင်တွယ်ဖြေရှင်းနည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ဤစည်းမျဉ်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဘုရားအိမ်တော်သည် လူတို့ကို ၎င်းတို့၏ စိတ်ဆန္ဒကိုဆန့်ကျင်ပြီး လုံးဝ အတင်းအကျပ်မခိုင်းစေပေ။ လူအချို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ပျင်းရိသော၊ တာဝန်မသိတတ်သော၊ သစ္စာစောင့်သိမှုကင်းမဲ့သော နောက်ထပ် အခြေအနေတစ်ခုရှိသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မကောင်းသော အရာများကိုပင် လျှို့ဝှက်စွာလုပ်ဆောင်သည်။ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာမထမ်းဆောင်သောအခါတွင် ဆင်ခြေများပေးကြပြီး တာဝန်သည် ၎င်းတို့နှင့် သင့်တော်ခြင်းမရှိ၊ ၎င်းတို့ ထူးချွန်သောအရာမဟုတ်၊ သို့မဟုတ် ပါဝင်သော နယ်ပယ်ကို ၎င်းတို့နားမလည်ဟု ဆိုကြသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းသည် ဤအကြောင်းပြချက်များကြောင့် မဟုတ်ဆိုသည်ကို လူတိုင်းရှင်းလင်းစွာ မြင်သည်။ ဤသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့က တာဝန်တစ်ခုကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် တောင်းဆိုလျှင် ဤအရာကို သဘောတူသင့်သလော။ (မတူသင့်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသို့သောလူတို့သည် တာဝန်များထမ်းဆောင်ရန် မသင့်တော်ပေ။ ၎င်းတို့သည် တွန့်ဆုတ်စွာ လုပ်ဆောင်ပြီး သင့်လျော်သော သဘောထားတစ်ခုမရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် ၎င်းတို့ကို အဝေးသို့ ပို့သင့်သည်။ တာဝန်ထမ်းဆောင်ရန် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဆက်ဆံရခက်ပြီး အတိုက်အခံလုပ်သော အခြားလူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် အလွန့်အလွန် စိတ်မပါသကဲ့သို့ တွန့်ဆုတ်သည်။ ၎င်းတို့၏ မကျေနပ်မှုကို ချုပ်ထိန်းဖို့ မလုပ်နိုင်သလောက်နီးပါးဖြစ်ပြီး “ငါသည် ဤနေရာတွင် နှစ်အနည်းငယ် သိုသိုသိပ်သိပ်နေ၍သာ ရုန်းကန်လျက် ရပ်တည်လိုက်မည်။ ထို့နောက်တွင် မည်သည့်နေရာသို့ ငါရောက်သွားမည်ကို မည်သူသိမည်နည်း” ဟု တွေးသည်။ ဤသို့သော ရည်ရွယ်ချက်များရှိသူတို့ကို တာဝန်ထမ်းဆောင်ခွင့် မပြုသင့်ပေ။ အခြားတာဝန်များကို ၎င်းတို့ ထမ်းဆောင်လိုလျှင်ပင် ခွင့်မပြုပေ။ ဤသို့သော အမှုများကို အတင်းအကျပ် ကိုင်တွယ်ရမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ အနှစ်သာရကို သိမြင်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကို နားလည်သောသူတို့က ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့အနီးတွင်ရှိသည့် လူများကလည်း ၎င်းတို့သည် တာဝန်များထမ်းဆောင်ရန် မသင့်တော်ဟု ဆိုကြသည်။ ဤသို့သောလူတို့သည် ဘာသာတရားမရှိသူများဖြစ်သဖြင့် ၎င်းတို့ကို ဖယ်ရှားရမည်။ မဖယ်ရှားလျှင် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေနိုင်သည်။ မကောင်းမှုများကို ကျူးလွန်နိုင်သည်။ ပြီးလျှင် အသင်းတော်အတွင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နိုင်သည်။ ဤသည်မှာ လုံးဝ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ထိုသို့သော အမှုကိစ္စများကို အသင်းတော်၌ တာဝန်ထမ်းဆောင်သူများကို ဆက်ဆံခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သင့်သည်၊ သူတို့၏ မလိုလားခြင်းသည် အကြောင်းမဟုတ်ပေ။ ဤသည်မှာ အကျပ်ကိုင်ခြင်းလော။ အကျပ်ကိုင်ခြင်းမဟုတ်။ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အလုပ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများနှင့် ဘုရားအိမ်တော်တွင် ကပ်စားရန်သာ ရောက်ရှိနေသောသူများကို ဖယ်ရှားခြင်းဖြစ်သည်။ သင်က ကပ်စားလိုလျှင် အခြားတစ်နေရာ၌ လုပ်ဆောင်လော့။ ဤနေရာတွင် မလုပ်ဆောင်နှင့်။ ဘုရားအိမ်တော်သည် ဘိုးဘွားရိပ်သာတစ်ခုမဟုတ်။ လူလေလူလွင့်များကို ပံ့ပိုးမပေးပေ။ နားလည်သလော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။