အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း တစ်)

ဖြည့်စွက်ချက်- ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း

ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို သတ်သတ်မှတ်မှတ် အစမပြုမီ ဇာတ်လမ်းတစ်ပုဒ်ဖြင့် ငါ အစပြုမည်။ သင်တို့အားလုံး ဇာတ်လမ်းများ နားထောင်ရသည်ကို နှစ်သက်ကြသလော။ (နှစ်သက်ပါသည်။) သို့ဆိုလျှင် ဇာတ်လမ်းများကို နားထောင်ခြင်း၌ စည်းမျဉ်းရှိသလော။ ပြောပြနေသော ဇာတ်လမ်းများတွင် သင်သည် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုကို သဘောပေါက်နားလည်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဆိုင်သည့် လက္ခဏာသွင်ပြင်တစ်ခုကို နားလည်ခြင်း၊ လူ့သဘာဝအနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ခုကို သိနားလည်ခြင်း၊ သို့မဟုတ် ထိုဇာတ်လမ်းထဲတွင် လူတို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား လက်တွေ့ကျမှုကို ရှာဖွေတွေ့ရှိခြင်း ရှိနိုင်ရမည်။ ဤသည်မှာ ဇာတ်လမ်းများ ပြောပြခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ ယင်းမှာ အလဟဿ စကားလျှောက်ပြောခြင်း မဟုတ်သည့်အပြင် အတင်းအဖျင်းပြောခြင်းလည်း သေချာပေါက် မဟုတ်ပေ။ လူအချို့သည် ဇာတ်လမ်းများကို နားထောင်သောအခါ ဖြစ်ရပ်များကိုသာ နားလည်သဘောပေါက်ကြသည်။ ၎င်းတို့သည် မည်သည့် လူအမျိုးအစားများ ဖြစ်သနည်း။ (အစွမ်းအစညံ့ဖျင်းသော လူတို့ဖြစ်ကြသည်။) ညံ့ဖျင်းသော အစွမ်းအစဟူသည်မှာ ၎င်းတို့ အတွေးအခေါ်မရှိသည်ကို ဆိုလိုသည်။ အဓိကအားဖြင့် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် မည်သည့်ဇာတ်လမ်းကို နားထောင်သည်ဖြစ်စေ ဖြစ်ရပ်များကိုသာ မှတ်မိနိုင်ကြသည် သို့မဟုတ် ထိုဇာတ်လမ်းမှ စည်းမျဉ်းစည်းကမ်း အနည်းငယ်ကိုသာ သိနားလည်နိုင်ကြသည်။ သို့သော် ဇာတ်လမ်းထဲမှ လူတို့နားလည်သင့်သည့် သမ္မာတရားအမျိုးမျိုးနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် သဘောပေါက်ခြင်း၊ နားလည်ခြင်း သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အကင်းမဲ့ဆုံးသော အပြုအမူ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ တစ်ယောက်တလေသည် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ပြီးနောက် ဤအပြုအမူမျိုးကို ပြသဖူးသလော။ ယင်းကို ကြားနာပြီးနောက် သိပ်နားမလည်၊ ထိုဇာတ်လမ်းက အဓိပ္ပာယ်မရှိသည့်အပြင် ယင်းကို ပြောပြော၊ မပြောပြော ကိစ္စမရှိဟု ခံစားခြင်းဖြစ်သည်။ ထိုသို့သော လူတို့၌ သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ သင်တို့သည် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်သောအခါ ထိုဇာတ်လမ်းထဲရှိ ဖြစ်ရပ်များမှနေ၍ အကျိုးကျေးဇူးတစ်ခုခု ရရှိနိုင်သလော။ ယင်းမှ သမ္မာတရားကို နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဇာတ်လမ်းများ နားထောင်ခြင်းနှင့်ပတ်သက်၍ ငါ ယခုတင် ထုတ်ပြောသွားသော စည်းမျဉ်းကို သင်တို့ နားလည်သင့်သည်။ ကိုင်း၊ ဇာတ်လမ်းကို အစပြုကြစို့။

ရှောင်ပေါင်ဟု‌‌ခေါ်သော ကောင်လေးတစ်ယောက် ရှိခဲ့သည်။ မကြာသေးမီက လူတစ်ဦး သူ့အိမ်သို့ရောက်လာပြီး ဤလူက ရှောင်ပေါင်၏ မိဘများနှင့် မကြာခဏ အပြင်ထွက်ကာ ဧဝံဂေလိတရားဟောလေ့ရှိသည်။ တစ်နေ့တွင် ရှောင်ပေါင်၏ မိဘများသည် ကိစ္စလေးတစ်ခုလုပ်ဖို့ အပြင်ထွက်သွားကြပြီး အိမ်တွင် ထိုလူနှင့် ရှောင်ပေါင်ကို ချန်ထားခဲ့ကြသည်။ ငါတို့၏ ဇာတ်လမ်းက ဤတွင် အစပြု၏။ ရှောင်ပေါင်သည် ထိုလူနှင့် သိပ်မရင်းနှီးသဖြင့် ထိုလူသည် ရှောင်ပေါင်ဆော့ကစားနေစဉ် သွားပြီး သူနှင့်ရင်းနှီးရန် ဆုံးဖြတ်လိုက်သည်။ သူက ရှောင်ပေါင်ကို သိပြီး သူ၏နာမည်ကိုပင် သိသည်ဟု ပြောသည်။ ရှောင်ပေါင် ပျော်ရွှင်သွားပြီး ထိုလူသည် လူဆိုးတစ်ဦးမဖြစ်နိုင်ဟု တွေးလိုက်သည်။ ထို့နောက် ထိုလူက ရှောင်ပေါင်ကို “ရှောင်ပေါင်၊ မင်း၏ မိဘများက သူတို့ စကားပြောစဉ်တွင် ငါ့အကြောင်းကို ပြောဖူးကြသလား” ဟု မေး၏။ ရှောင်ပေါင်က တစ်ခဏ စဉ်းစားလိုက်ပြီး “ကျွန်တော် မသိပါ” ဟု ဆိုသည်။ ထိုလူက “မင်းသည် ရိုးသားသောကလေးတစ်ဦး ဖြစ်သည်။ လိမ္မာသောကလေးများသည် သူတို့သိသည့်အတိုင်း ပြောသည်” ဟု ပြောလေသည်။ သူသည် ရှောင်ပေါင်ကို ထပ်မံ၍ “မင်းမိဘများသည် ငါ့အကြောင်းကို ပြောဖူးသလား၊ သို့မဟုတ် မပြောဖူးဘူးလား” ဟု မေးပြန်၏။ ရှောင်ပေါင်က သူမသိကြောင်း ပြောနေသေးသည်။ ထိုလူက ဆက်လက်၍ “ရှောင်ပေါင်၊ လိမ္မာပါ။ အကယ်၍များ မင်း ငါ့ကို အမှန်အတိုင်းပြောလျှင် ချိုချဉ်အနည်းငယ် ကျွေးမည်” ဟု ပြောလေသည်။ ရှောင်ပေါင်က တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း သူ မသိကြောင်း ပြောနေဆဲဖြစ်သည်။ ထိုလူက “သူအမှန်ပြောလာအောင် ငါ မည်သို့လုပ်ရပါမည်နည်း” ဟု ချင့်ချိန်စဉ်းစားလိုက်သည်။ သူက တစ်ခဏမျှ စဉ်းစားပြီးနောက် ရှောင်ပေါင်အား “ရှောင်ပေါင်၊ မင်းမိဘများက ဘုရားသခင်ကို ယုံကြည်ကြသည်။ ပြီးတော့ ငါလည်း ယုံကြည်သည်။ ငါက မင်းမိဘများနှင့် အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည်။ ငါတို့သုံးယောက်လုံး ဘုရားသခင်ကို ယုံကြည်ပြီး မင်းလည်း ဘုရားသခင်ကို ယုံကြည်သည်။ ဘုရားသခင်က မည်သို့သောကလေးမျိုးကို နှစ်သက်သည်ကို မင်းသိသလား” ဟု မေးလေသည်။ ရှောင်ပေါင်က ထိုအကြောင်းကို စဉ်းစားပြီး “ကျွန်တော် မသိပါ” ဟု ဖြေ၏။ ထိုလူက “ဘုရားသခင်က မုသားမပြောသော၊ ရိုးသားသော ကလေးများကို နှစ်သက်သည်။ သူတို့ တစ်ခုခုကို သိသည့်အခါ သိသည်ဟုပြောပြီး မသိသည့်အခါတွင် မသိကြောင်းပြောကြသည်။ ယင်းမှာ ရိုးသားသည့် ကလေးဖြစ်ပြီး ထိုသို့သော ကလေးများကို ဘုရားသခင်က နှစ်သက်သည်” ဟု ပြောလိုက်သည်။ ရှောင်ပေါင်က ဤအကြောင်းကို စဉ်းစားပြီးမှ “ကောင်းပြီ” ဟု ဆို၏။ ထိုအခါ သူမသိကြောင်း ဆက်၍ မပြောတော့ပေ။ ထိုလူက ဆက်ပြီး “အကယ်၍များ မင်းက ငါ့ကို အမှန်အတိုင်းပြောလျှင် မင်းသည် ရိုးသားသောကလေးတစ်ဦး၊ ဘုရားသခင် ချစ်သောကလေး ဖြစ်မည်” ဟု ပြောသည်။ ရှောင်ပေါင်က ဤအကြောင်းကို စဉ်းစားလိုက်ပြီး “သို့ဆိုလျှင် ကောင်းပါပြီ” ဟု ဆိုသည်။ ထိုလူက “‘သို့ဆိုလျှင် ကောင်းပါပြီ’ ဟူသည်မှာ မည်သည့်အဓိပ္ပာယ်နည်း” ဟု မေး၏။ ရှောင်ပေါင်က “ယင်းမှာ ကျွန်တော့်မိဘများ ယခင်က ဦးလေးအကြောင်း တစ်ခုခုပြောဖူးကြသည်ဟု ဆိုလိုပါသည်” ဟု ပြောလိုက်တော့သည်။ ထိုအခါ ထိုလူက မည်သည့်အရာကို ပြောခဲ့ကြောင်း ဆက်မေးပြီး ရှောင်ပေါင်ကို ရိုးသားသောကလေးတစ်ဦး ဖြစ်ဖို့နှင့် လိမ်မပြောဖို့ ထပ်ခါတလဲလဲ ပြော၏။ ရှောင်ပေါင်က “ကျွန်တော့်အမေနှင့် အဖေတို့က ဦးလေးသည် လူကောင်းမဟုတ်ကြောင်း ပြောသည်။ ဦးလေးက ထိုမျှမရိုးသားကြောင်း၊ သို့ဖြစ်၍ ဦးလေးနှင့် စကားပြောသည့်အခါတွင် သူတို့ သတိထားသင့်ကြောင်း သူတို့ပြောကြသည်” ဟု ဆိုလေသည်။ ထိုလူက ထပ်ပြီး “မင်းအမေနှင့် အဖေက အခြားမည်သည့်အရာ ပြောခဲ့သေးသနည်း” ဟု မေးပြန်၏။ ရှောင်ပေါင်က “ကျွန်တော် မမှတ်မိတော့ပါ” ဟု ပြန်ဖြေသည်။ “လိမ္မာလိုက်စမ်းပါ” ဟု ထိုလူက ဆို၏။ ထိုအခါ ရှောင်ပေါင်က “ကျွန်တော့်အမေနှင့် အဖေတို့က ဦးလေးကို အကုန်လုံး မပြောပြသင့်ဟု ပြောသည်” ဟု ပြန်ဖြေသည်။ ထို့နောက် ထိုလူက သူ့ကို ဆက်လက် မေးမြန်းပြီး ရှောင်ပေါင်ကလည်း သူ့ကို အများကြီးပြောပြ၏။ ထိုလူသည် ပို၍ပို၍ စိတ်မသက်မသာ ဖြစ်ပြီး ရှောင်ပေါင်အား “ရှောင်ပေါင်၊ မင်းက ဘုရားသခင်ချစ်သော ကလေး၊ အင်မတန်လိမ္မာသော ကလေးတစ်ဦး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မင်းက ရိုးသားသော လူတစ်ဦး ဖြစ်သည့်အပြင် မင်းသိသမျှကိုလည်း ငါ့ကို ပြောပြသောကြောင့် ဖြစ်သည်” ဟု ဆိုလေ၏။ ဤအချိန်တွင် ရှောင်ပေါင်သည် ဤလူကို အစကကဲ့သို့ သတိထားရှောင်ပြီး မဆက်ဆံတော့သည့်အပြင် သူမေးသမျှကို “ကျွန်တော် မသိပါ” ဟု နောက်ထပ် မတုံ့ပြန်တော့ချေ။ သူက ထိုလူအား အရာရာကို ပြောပြချင်သည်မှာ ထိုလူ မသိသောအရာမှန်သမျှကို ရှောင်ပေါင်အား မေးလိုက်ရုံသာလိုလေသည်။ ထိုလူကလည်း ရှောင်ပေါင်ကို “ငါ၏ အိမ်နာမည်မှာ ဒါ့ပေါင်ဖြစ်သည်။ သို့ဆိုလျှင် သင်သိပြီ၊ မင်းကို ရှောင်ပေါင်လို့ခေါ်သကဲ့သို့ ငါ့ကိုလည်း ဒါ့ပေါင်ဟု ခေါ်ကြသည်။ ငါတို့နှစ်ဦးသည် အရင်းနှီးဆုံး မိတ်ဆွေများ မဖြစ်သင့်သလော” ဟု ထုတ်ဖော်ပြောလေသည်။ ရှောင်ပေါင်က “ဖြစ်သင့်ပါသည်” ဟု ဖြေ၏။ သူတို့သည် ဆက်လက်၍ ရောက်တတ်ရာရာဖြင့် အမှုအရာများစွာအကြောင်း ပြောကြကာ ပို၍ စကားပြောလေလေ၊ သူတို့မှာ ပျော်လေလေဖြစ်ကြသည်။ ရှောင်ပေါင်ကလည်း စားစရာချိုချဉ်တချို့ ရပြီး ထိုလူအား သတိထားရှောင်ပြီး မနေတော့ချေ။ ထို့နောက် ထိုလူက ရှောင်ပေါင်ကို “နောင်တွင် အကယ်၍များ မင်းအမေနှင့် အဖေတို့က ငါ့အကြောင်းတစ်ခုခု ထပ်ပြောလျှင် ငါ့ကို ပြန်ပြောပြနိုင်မည်လော” ဟူသည့် ဤတောင်းဆိုချက်ကို ပြုလေသည်။ ရှောင်ပေါင်က “ပြောပါမည်။ အကြောင်းမှာ ကျွန်တော်တို့က ရင်းနှီးသောမိတ်ဆွေများ ဖြစ်သောကြောင့် ဖြစ်သည်” ဟု ဆိုသည်။ ရှောင်ပေါင်သည် ဤလူအား သတိထားရှောင်ပြီး မနေတော့ဘဲ ဤလူသည် သူ့ထံမှလိုချင်သည့် သတင်းအချက်အလက်ကို ရရှိလေတော့သည်။ ထိုနေ့မှစ၍ သူတို့သည် တကယ့် မိတ်ဆွေကောင်းများ ဖြစ်သွားကြလေ၏။ ရှောင်ပေါင်၏ မိခင်နှင့်ဖခင်က ထိုလူအကြောင်း တစ်စုံတစ်ခု ပြောသည့်အခါတိုင်း ရှောင်ပေါင်က သူ့ကို အလျင်အမြန် ပြောပြတတ်သည်။ ထိုလူကလည်း ရှောင်ပေါင်ကို “ငါတို့နှစ်ဦးကြားမှ ကိစ္စကို မင်းအမေနှင့် အဖေကို ငါလုံးဝ ပြောပြမည် မဟုတ်ပါ။ ဤသည်မှာ ငါတို့၏ လျှို့ဝှက်ချက်ဖြစ်သည်။ နောင်တွင် မင်း အရသာရှိသော အစားအစာ တစ်ခုခု သို့မဟုတ် ပျော်စရာကောင်းသော ကစားစရာ တစ်ခုခု လိုအပ်ခဲ့လျှင် မင်းအတွက် ငါ သေချာပေါက် ဝယ်ပေးမည်။ ပြီးလျှင် အကယ်၍များ မင်းအမေနှင့် အဖေကို မင်းမသိစေချင်သည့်အရာ တစ်ခုခုရှိလျှင် မင်းအတွက် ငါ လျှို့ဝှက်ထားပေးမည်” ဟု ကတိပေးလေသည်။ ထို့ကြောင့် ရှောင်ပေါင်သည် ပို၍ပင် စိတ်အေးလက်အေး ဖြစ်ပြီး ထိုလူကို အကြွင်းမဲ့ ယုံကြည်သွားတော့သည်။ သူသည် ဆက်လက်၍ ထိုသူနှင့် စိတ်ရင်းအတိုင်း ဆက်ဆံကာ သူတို့သည် “တကယ့်မိတ်ဆွေကောင်းများ” ဖြစ်သွားကြလေ၏။

ယင်းမှာ ဇာတ်ကြောင်းကုန်စင် ဖြစ်၏။ ယင်း၌ ဇာတ်ကောင်များစွာ မပါဝင်ပေ။ အဓိကဇာတ်ကောင်များမှာ ဒါ့ပေါင်နှင့် ရှောင်ပေါင် ဖြစ်၏။ အကြောင်းအရာကိစ္စ အတိအကျသည် ဒါ့ပေါင်ဟူသည့်လူက ရှောင်ပေါင်ဟူသည့် ကလေးကို အထင်အမြင် မှားစေရန်၊ ဖျောင်းဖျရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန် ကြိုးစားကာ သူသိချင်သည့် သတင်းအချက်အလက် တစ်ခုခုကို သူ့အား ပြောပြစေသည့်ပုံကို အဓိကထားသည်။ ယင်းမှာ ဤဇာတ်လမ်းနှင့် အပြန်အလှန်စကားပြောခြင်း အမျိုးအစားပင် ဖြစ်၏။ ဤရိုးရှင်းသော ဇာတ်လမ်းဇာတ်ကွက်နှင့် အပြန်အလှန်စကားပြောခြင်းမှ မည်သည့်အရာကို ငါတို့ မြင်တွေ့နိုင်သနည်း။ ဤတွင် မည်သူ၏ ပင်ကိုစရိုက်များကို အဓိကအားဖြင့် ဆွေးနွေးထားသနည်း။ ယင်းမှာ ကလေး၏ ပင်ကိုစရိုက်လော၊ သို့မဟုတ် လူကြီး၏ ပင်ကိုစရိုက်လော။ (လူကြီး၏ ပင်ကိုစရိုက်ဖြစ်သည်။) သို့ဆိုလျှင် ဤနေရာတွင် မည်သည့်အရာကို ပေါ်လွင်အောင်ပြနေသနည်း။ ထိုဇာတ်လမ်း၏ အဓိက အကြောင်းအရာကိစ္စမှာ အဘယ်နည်း။ အဓိက အကြောင်းအရာကိစ္စမှာ ဤလူကြီးက သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်ဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုသည့်ပုံ ပါဝင်၏။ သူက မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း သင်တို့ နားလည်သလော။ (ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် အထင်အမြင်မှားစေခြင်း ဖြစ်ပါသည်။) သူက ထိုသူငယ်ကို ဆွဲဆောင်သိမ်းသွင်းဖို့ မက်လုံးများနှင့် သူ့ကို အထင်အမြင်မှားစေဖို့ သင့်တော်သော စကားလုံးများကို အသုံးပြုကာ သူ့ကို ဖြားယောင်းခြင်းကိုပင် ပြုခဲ့သည်။ ၎င်းက သူ့ကို ဖြားယောင်းရန်အတွက် မည်သည့်အရာကို အသုံးပြုခဲ့သနည်း။ အကျိုးအမြတ်များပင် ဖြစ်ကာ သူသည် အကျိုးအမြတ်များကို အသုံးပြုပြီး ထိုသူငယ်ကို ဖြားယောင်းခဲ့၏။ ဆွဲဆောင်သိမ်းသွင်းခြင်း၊ ဖြားယောင်းခြင်းနှင့် အထင်အမြင်မှားစေခြင်းဖြစ်ကာ ဤအရာ၌ ဖြားယောင်းခြင်းနှင့် အထင်အမြင်မှားစေခြင်း၊ ဖြားယောင်းဖို့အတွက် သင့်တော်သော စကားလုံးများကို အသုံးပြုခြင်း ပါဝင်ပြီး အနည်းငယ် ခြိမ်းခြောက်သော သဘာဝကိုလည်း ဖော်ပြသည်။ ထိုစကားလုံးများကို မှန်သည်ဟု ထင်ရသော်လည်း ဤစကားလုံးများကို မည်သည့်အကြောင်းကြောင့် အသုံးပြုခဲ့သနည်း။ (သူ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် ဖြစ်သည်။) သူ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များကို ဖြစ်မြောက်အောင်မြင်ဖို့ ယင်းတို့ကို အသုံးပြုခဲ့သည်။ သူအသုံးပြုခဲ့သည့် နည်းလမ်းများမှာ အခြေခံအားဖြင့် ရှင်းလင်းပေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သည့် အပြုအမူဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအပြုအမူက စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်လက္ခဏာသွင်ပြင်နှင့် ဆိုင်သနည်း။ (ကောက်ကျစ်ဆိုးယုတ်မှုနှင့် ဆိုင်သည်။) လှည့်ဖြားခြင်းအစား ကောက်ကျစ်ဆိုးယုတ်မှုဟု ငါတို့ အဘယ့်ကြောင့် ဆိုရသနည်း။ ကောက်ကျစ်ဆိုးယုတ်မှုသည် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းသော အဆင့်အထိ ရောက်လေသည်။ ယင်းမှာ မသိမသာနှင့် ပို၍ ဒုက္ခပေးတတ်သည်၊ ပို၍ သိုသိပ်သည်၊ ပို၍ အထင်အမြင် မှားစေကာ နားလည်ဖို့ ပို၍ ခက်ခဲသည့်အပြင် ကောက်ကျစ်ဆိုးယုတ်မှုအထဲ၌ ဖြားယောင်းခြင်း၊ ဖျောင်းဖျခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်း၊ မိမိဘက် ပါလာအောင် လုပ်ခြင်း၊ လာဘ်ထိုးခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းတို့ ပါရှိလေသည်။ ဤလုပ်ရပ်များနှင့် အပြုအမူများသည် လှည့်ဖြားခြင်းထက် များစွာ ကျော်လွန်၏။ ယင်းတို့သည် သံသယဖြစ်စရာမရှိ ကောက်ကျစ်ဆိုးယုတ်၏။ ထိုလူက “အကယ်၍ မင်းငါ့ကို မပြောလျှင် ငါ မင်းကို ရိုက်နှက်မည်၊ ကန်ကျောက်မည်၊ သို့မဟုတ် သတ်ပစ်မည်” ဟု မပြောခဲ့ပေ။ သူသည် ထိုနည်းစနစ်မျိုးကို မကျင့်သုံးခဲ့သည့်အပြင် အပြင်ပန်းအားဖြင့် သူသည် မလိုမုန်းထားပုံ မပေါက်ခဲ့ချေ။ သို့သော်လည်း ဤသည်မှာ မလိုမုန်းထားမှုထက် ပို၍ပင် ကြောက်စရာကောင်း၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ယင်းကို ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လှည့်ဖြားခြင်းကို ပုံမှန်အားဖြင့် လူအများစုက သတိပြုမိနိုင်သော်လည်း သူ၏နည်းစနစ်မှာ ပို၍ စဉ်းလဲသည်။ အပေါ်ယံတွင် သူသည် လူသား၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် ယဉ်ကျေးသော အသုံးအနှုန်းကို အသုံးပြုသည်။ သို့သော် အမှန်တွင် စိတ်ထဲ၌ ပို၍ကွယ်ဝှက်ထားသော အရာများ ရှိ၏။ သူ၏ လုပ်ရပ်များနှင့် နည်းစနစ်များသည် လူတို့ အများအားဖြင့် မြင်ရပြီး ကြုံတွေ့ရသော လှည့်ဖြားခြင်းထက် ပို၍ ဖုံးကွယ်ထားကာ မသိမသာနှင့် ပို၍ ဒုက္ခပေးတတ်သည်။ သူ၏ နည်းဗျူဟာများမှာ ပို၍ ဆန်းပြားသည်၊ ပို၍ တမင်လှည့်စားသည်၊ ပြီးလျှင် ပို၍ အထင်အမြင် မှားစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။

နေ့စဉ်အသက်တာတွင် အခြားလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အပြုအမူနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုကို သင်တို့ ခွဲခြားတတ်ပြီး ပိုင်းခြားသိမြင်နိုင်သလော။ လှည့်ဖြားသော လူပုဂ္ဂိုလ်များသည် အတော်အတန် ပညာသားပါနိုင်သော်လည်း သူတို့နှင့် အချိန်တစ်ခုကြာ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် လူအများစုသည် ၎င်းတို့ကို ထိုးထွင်းမြင်နိုင်ဆဲဖြစ်သည်။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောသူတို့ကို ထိုးထွင်းသိမြင်ဖို့ သိပ်မလွယ်လှချေ။ အကယ်၍ အနှစ်သာရ သို့မဟုတ် အကျိုးဆက်များကို မမြင်နိုင်ပါက သင့်အနေဖြင့် ထိုသူတို့ကို ထိုးထွင်းသိမြင်ဖို့ မဖြစ်နိုင်ပေ။ ကောက်ကျစ်ဆိုးယုတ်သော လူပုဂ္ဂိုလ်များသည် လှည့်ဖြားသောသူများထက် မသိမသာနှင့် ပို၍ပင် ဒုက္ခပေးတတ်သည်။ သင်သည် စကားတစ်ခွန်းနှစ်ခွန်းမျှဖြင့် သူတို့အား ထိုးထွင်းသိမြင်ခြင်းငှာ မဖြစ်နိုင်ပေ။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့နှင့် ပတ်သက်လာလျှင် အချိန်တစ်ခဏ သို့မဟုတ် တိုတောင်းသော ကာလတစ်ခုအတွင်း ထိုအရာတစ်ခုခုကို ၎င်းတို့ အဘယ့်ကြောင့် ပြုလုပ်နေကြောင်း၊ အဘယ့်ကြောင့် ထိုပုံစံမျိုးအတိုင်း စကားပြောနေကြောင်း သို့မဟုတ် ပြုမူနေကြောင်းကို သင့်အနေဖြင့် ထိုးထွင်းသိမြင်ခြင်း သို့မဟုတ် ကောင်းစွာ သဘောပေါက်ခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ တစ်နေ့တွင် ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခြင်းနှင့် အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသောအခါ ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်ကြောင်းကို ‌နောက်ဆုံးတွင် လူတိုင်း သိရှိသွားမည် ဖြစ်သည်။ ဤသည်မှာ လှည့်ဖြားခြင်းမျှထက် ပို၏။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအား ပိုင်းခြားသိမြင်နိုင်ခြင်းသည် အချိန်ကာလတစ်ခု လိုအပ်ပြီး တစ်ခါတစ်ရံတွင် ယင်းကို လူတစ်ဦး ပိုင်းခြားသိမြင်နိုင်ခြင်း မရှိမီ အကျိုးဆက်များက အရင်ဆုံး ပေါ်လာရမည်ဖြစ်သည်။ ဤသည်မှာ အလျင်အမြန် ပိုင်းခြားသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သာဓကအနေဖြင့် အဆင်းနီသော နဂါးကြီးက ဆယ်စုနှစ်များကြာအောင် လူတို့ကို အထင်အမြင် မှားစေပြီးဖြစ်ကာ ယခုမှသာ လူအနည်းငယ်က ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ရှိခြင်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် လူတို့အား အကျိုးပြုခြင်းဟူသည့် အကြောင်းပြချက်နှင့် သဘောထားကွဲလွဲသူများကို ဖယ်ရှားဖို့အတွက် တရားမျှတမှုဟူသည့် အကြောင်းပြချက်တို့ကို လွှင့်ကာ အကောင်းဆုံးဟု ထင်ရပြီး လူတို့၏ အယူအဆများနှင့် အကိုက်ညီဆုံးဖြစ်သော စကားများကို မကြာခဏ ပြောဆိုခြင်းဖြင့် မရေမတွက်နိုင်သော လူကောင်းများကို ဆိုးဆိုးရွားရွား ဒုက္ခပေးခဲ့သည်။ သို့သော် ယင်းက ပြောသည့်အရာနှင့် လုပ်သည့်အရာကို လူတို့အနေဖြင့် မှန်သည်ဟု ထင်ရသောကြောင့် ဤအရာကို အနည်းငယ်ကသာ ပိုင်းခြားသိမြင်နိုင်လေသည်။ ယင်းက လုပ်သမျှသည် တရားပြီး သင့်တင့်လျောက်ပတ်သည်၊ တရားဝင်ပြီး ဆင်ခြင်တုံတရားရှိကာ လူသားဝါဒနှင့် ကိုက်ညီသည်ဟု လူတို့အားလုံးက ထင်ကြသည်။ ရလဒ်အနေဖြင့် ယင်းသည် ဆယ်စုနှစ်များကြာအောင် လူတို့ကို အထင်အမြင် မှားစေခဲ့ပြီ ဖြစ်သည်။ ယင်းသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီး ပြိုလဲသောအခါ ယင်း၏ သရုပ်အမှန်သည် နတ်ဆိုး၏ သရုပ်မှန်ဖြစ်ကြောင်းနှင့် ယင်း၏ သဘာဝအနှစ်သာရမှာ ကောက်ကျစ်ဆိုးယုတ်ကြောင်း လူတို့ မြင်တွေ့ကြမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို နှစ်‌ပေါင်းများစွာ အထင်အမြင်မှားစေပြီဖြစ်ကာ အဆင်းနီသော နဂါးကြီး၏ အဆိပ်အတောက်က လူတိုင်း၏အထဲတွင် ရှိနေသည်။ သူတို့သည် ယင်း၏ သားစဉ်မြေးဆက်များ ဖြစ်လာကြသည်။ အဆင်းနီသော နဂါးကြီး ပြုလုပ်ခဲ့ပြီးသော အရာမျိုးများကို သင်တို့ထဲမှ တစ်စုံတစ်ယောက်က ပြုလုပ်နိုင်စွမ်း ရှိသလော။ လူအချို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ စကားပြောကာ အလွန်နှစ်လိုဖွယ်ရာ စကားလုံးများ အသုံးပြုသော်လည်း တကယ့်အလုပ်ကို မလုပ်ကြပေ။ ၎င်းတို့၏ စကားအားလုံးမှာ နှစ်လိုဖွယ်ဖြစ်သော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ကြပေ။ ထို့ပြင် ၎င်းတို့သည် အထူးသဖြင့် မသိမသာ ဒုက္ခပေးတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်း ရှိလေသည်။ ထိုသို့သောလူတို့နှင့် ပတ်သက်လာလျှင် တစ်ယောက်ယောက်က ၎င်းတို့ကို စော်ကားပါက ၎င်းတို့ လက်လွှတ်မည် မဟုတ်ပေ။ အနှေးနှင့်အမြန်ပင် ၎င်းတို့၏ လက်စားချေဖို့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် သင့်တော်သော အခွင့်အရေးကို ရှာကာ ထိုသူတို့ကို မည်သည့်နိုင်ကွက်မျှ ပေးမည်မဟုတ်ပေ။ ၎င်းတို့သည် ရှေ့ထွက်ပြီး မိမိတို့၏မျက်နှာကို မပြဘဲနှင့်ပင် ထိုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်သော လူတို့သည် အထူးသဖြင့် သိုသိပ်ပြီး ကွယ်ဝှက်ထားသော စည်းမျဉ်းများ၊ နည်းစနစ်များ၊ ရည်မှန်းချက်များ၊ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားကြ၏။ ကောက်ကျစ်ဆိုးယုတ်သော လူပုဂ္ဂိုလ်များသည် အခြားသူများကို ဒုက္ခပေးဖို့ လှည့်ကွက်များကို အသုံးချကာ တစ်ခါတစ်ရံတွင် ၎င်းတို့ကိုယ်စား သတ်ပေးဖို့ အခြားသူများကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံတွင် အခြားသူများကို အပြစ်ကျူးလွန်ဖို့ရန် သွေးဆောင်ခြင်းဖြင့် သူတို့အား ညှဉ်းပန်းခြင်း၊ တစ်ခါတစ်ရံတွင် အခြားသူများကို ညှဉ်းပန်းဖို့ရန် ဥပဒေများကို အသုံးပြုခြင်း သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းမျိုးစုံကို အားကိုးခြင်းတို့ ပြုလေသည်။ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်း ဖြစ်ကာ ယင်းတို့တစ်ခုမျှ တရားသော သို့မဟုတ် ရိုးသားသော နည်းစနစ်မဟုတ်ပေ။ သင်တို့ထဲမှ တစ်ယောက်တလေသည် ဤအပြုအမူများ သို့မဟုတ် ထုတ်ဖော်ချက်များကို ပြသလော။ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သလော။ ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြစ်ကြောင်း သတိပြုမိသလော။ လှည့်ဖြားခြင်းကို ပုံမှန်အားဖြင့် အပြင်ပန်းတွင် မြင်တွေ့နိုင်သည်။ လူတစ်ယောက်က ဝေ့လည်ကြောင်ပတ် စကားပြောသည် သို့မဟုတ် စကားအလှ အသုံးပြုသည်ဖြစ်၍ သူ မည်သည့်အရာ စဉ်းစားနေကြောင်း မည်သူမျှ မမှန်းဆနိုင်ပေ။ ယင်းမှာ လှည့်ဖြားခြင်း ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်မှု၏ အဓိက စရိုက်မှာ အဘယ်နည်း။ ယင်းမှာ သူ၏ စကားလုံးများက အထူးသဖြင့် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်ရပြီး အပြင်ပန်းတွင် အရာရာ မှန်ကန်ပုံပေါက်ခြင်း ဖြစ်သည်။ မည်သည့်ပြဿနာမျှ ရှိပုံမပေါ်ဘဲ အမှုအရာများသည် မည်သည့်ရှုထောင့်မှမဆို အတော်လေး ကောင်းမွန်ပုံပေါက်လေသည်။ သူက တစ်စုံတစ်ခုကို ပြုလုပ်သောအခါ အထူးတလည်ဖြစ်သော နည်းလမ်းတစ်ခုခု အသုံးပြုသည်ကို သင် မတွေ့မြင်ရသည့်အပြင် အပြန်ပန်းအားဖြင့် အားနည်းချက်များ သို့မဟုတ် အပြစ်အနာအဆာများနှင့် ဆိုင်သည့်လက္ခဏာ မရှိလင့်ကစား သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်လေသည်။ သူသည် အမှုအရာများကို အလွန်တရာ သိုသိပ်သောပုံစံဖြင့် လုပ်ဆောင်သည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့်ပုံ ဖြစ်၏။ ဤကဲ့သို့သော လူတို့နှင့် အရေးကိစ္စများမှာ ပိုင်းခြားသိမြင်ရန် အခက်ဆုံး ဖြစ်လေသည်။ လူအချို့က မကြာခဏပင် သင့်တော်သော အရာများကို ပြောသည်၊ ကောင်းမွန်သည်ဟု ထင်ရသော အကြောင်းပြချက်များကို အသုံးပြုသည်၊ ပြီးလျှင် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အတွက် လူ၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ ဆိုရိုးစကားများ သို့မဟုတ် လုပ်ရပ်များကို အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် အရာတစ်ခုကို လုပ်ဆောင်နေစဉ် အခြားအရာတစ်ခုကို အယောင်‌ဆောင်လေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သော်လည်း လူအများစုက ဤအပြုအမူများကို လှည့်ဖြားသည်ဟု ယူဆကြသည်။ ကောက်ကျစ်ဆိုးယုတ်မှုအပေါ် လူတို့၏ နားလည်သဘောပေါက်မှုနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့သည် အတော်အတန် နည်းပါး၏။ အမှန်တွင် ကောက်ကျစ်ဆိုးယုတ်မှုသည် လှည့်ဖြားခြင်းထက် ပိုင်းခြားသိမြင်ဖို့ ပို၍ခက်ခဲသည်မှာ ယင်းသည် ပို၍သိုသိပ်ပြီး ယင်း၏ နည်းစနစ်များနှင့် လုပ်ရပ်များက ပို၍ ဆန်းပြားသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိအထဲ၌ လှည့်ဖြားသော စိတ်သဘောထားရှိလျှင် ပုံမှန်အားဖြင့် အခြားသူများက ထိုသူနှင့် ပေါင်းသင်းဆက်ဆံသော နှစ်ရက်သုံးရက်အတွင်း သူ၏ လှည့်ဖြားခြင်းကို သတိပြုမိနိုင်သည်၊ သို့မဟုတ် ထိုလူ၏ လုပ်ရပ်များနှင့် စကားများ၌ သူ၏ လှည့်ဖြားသော စိတ်သဘောထား ထုတ်ဖော်ပြမှုကို သတိမူမိနိုင်သည်။ သို့ရာတွင် အကယ်၍ ထိုလူသည် ကောက်ကျစ်ဆိုးယုတ်သည်ဆိုပါက ဤသည်မှာ ရက်အနည်းငယ်အတွင်း ပိုင်းခြားသိမြင်နိုင်သည့် အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တိုတောင်းသော အချိန်ကာလတစ်ခု၌ ဖြစ်ပျက်သည့် သိသာထင်ရှားသော ဖြစ်ရပ်များ သို့မဟုတ် အထူးအခြေအနေများ တစ်ခုခုမရှိဘဲ သူစကားပြောသည်ကို နားထောင်ရုံမျှဖြင့် မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ဖို့ မလွယ်ကူချေ။ သူက အမြဲတမ်းပင် သင့်တော်သော အရာများကို ပြောဆိုလုပ်ဆောင်ပြီး သင့်တော်သော အယူဝါဒကို တစ်ခုပြီးတစ်ခု ပြောဆိုသည်။ သူနှင့် ပေါင်းသင်းဆက်ဆံသော ရက်အနည်းငယ်ပြီးနောက်တွင် ဤလူသည် အတော်လေး ကောင်းမွန်သည်၊ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အသုံးခံနိုင်သည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ဘုရားသခင်ကိုချစ်သော စိတ်နှလုံးရှိသည်၊ ပြီးလျှင် သူပြုမူသည့်ပုံစံတွင် အသိတရားနှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးရှိသည်ဟု သင် ထင်ကောင်းထင်မည် ဖြစ်သည်။ သို့သော် သူသည် အရေးကိစ္စအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူ၏ ပြောစကားနှင့် လုပ်ရပ်များသည် အမှုအရာ အမြောက်အမြား၊ နတ်ဆိုးဆန်သော ရည်ရွယ်ချက် အမြောက်အမြားနှင့် ရောထွေးနေကြောင်း သင် သိမြင်လေသည်။ ဤလူသည် မရိုးသားဘဲ လှည့်ဖြားကာ ကောက်ကျစ်ဆိုးယုတ်သော အရာတစ်ခု ဖြစ်ကြောင်း သင် သဘောပေါက်လေသည်။ သူသည် လူတို့နှင့် ပေါင်းသင်းဆက်ဆံရန်အတွက် သမ္မာတရားနှင့် လျော်ညီပြီး လူ၏ ချစ်ခင်တွယ်တာမှုကို ပိုင်ဆိုင်သည့် သင့်တော်သော စကားလုံးများနှင့် နှစ်လိုဖွယ်ကောင်းသော စကားစုများကို မကြာခဏ အသုံးပြုသည်။ တစ်ဖက်တွင် သူသည် မိမိကိုယ်ကို ဂုဏ်တင်ပြီး အခြားတစ်ဖက်တွင် အခြားသူများကို အထင်အမြင်မှားစေကာ လူတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းကို စွမ်းဆောင်ရရှိလေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အလွန့်အလွန် အထင်အမြင်မှားစေကာ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် လူများစွာကို အထင်အမြင်မှားစေပြီး ဒုက္ခပေးလေသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့သည် အလွန်အမင်း အန္တရာယ်ရှိလေ၏။ သင်တို့ပတ်လည်တွင် ထိုကဲ့သို့သောလူများ ရှိသလော။ သင်တို့ကိုယ်တိုင်ရော ဤကဲ့သို့ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းက အဘယ်မျှ ဆိုးဝါးသနည်း။ သမ္မာတရားစည်းမျဉ်း တစ်ခုမျှမရှိဘဲ စကားပြောခြင်းနှင့် ပြုမူလုပ်ဆောင်ခြင်း၊ ပြုမူလုပ်ဆောင်ရန်အတွက် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို လုံးလုံးလျားလျား အားထားခြင်း၊ အခြားသူများက သင့်ကို မရိပ်စားမိနိုင်ဖို့ သို့မဟုတ် သတိမပြုမိနိုင်ဖို့၊ ပြီးလျှင် သင်၏ လူ့သဘာဝနှင့် အဆင့်အတန်းကို အထင်ကြီးမှုနှင့် ‌လေးစားမှုဖြင့် ကြည့်ဖို့အတွက် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် ဟန်ဆောင်မှုနောက်ကွယ်၌ အသက်ရှင်ရန် အမြဲအလိုရှိခြင်းသည် ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်လေ၏။ သင်တို့သည် ကောက်ကျစ်ဆိုးယုတ်သော ဤအပြုအမူများကို ရံဖန်ရံခါမှသာ ထုတ်ဖော်ပြသလော သို့မဟုတ် များသောအားဖြင့် ဤကဲ့သို့ ဖြစ်သလော။ ဤသည်မှာ သင်၏ ပကတိအခြေအနေသာ ဖြစ်ပြီး ယင်းကို သင့်အနေဖြင့် ရုန်းထွက်လွတ်မြောက်ရန် ခက်ခဲသလော။ အကယ်၍ ထိုသို့သော နည်းစနစ်မျိုးကို သင် အသုံးချသည်မှာ ရံဖန်ရံခါမှသာ ဖြစ်လျှင် ဤသည်ကို ပြောင်းလဲနိုင်သေးသည်။ သို့သော်လည်း ဤသည်မှာ သင်၏ ပကတိအခြေအနေသာ ဖြစ်ပြီး ပါးပါးနပ်နပ်နှင့် လှည့်ဖြားခြင်းဖြင့် အမြဲတစေ ပြုမူကာ လှည့်ကွက်များကို စဉ်ဆက်မပြတ် အားထားနေလျှင် သင်သည် အလည်ဆုံးသော နတ်ဆိုးပင် ဖြစ်၏။ သင်တို့ကို ငါ အမှန်အကန် ဆိုသည်ကား ဤကဲ့သို့သော လူတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ချေ။

ဇာတ်လမ်းထဲတွင် ဒါ့ပေါင်သည် ရှောင်ပေါင်ကို အထင်အမြင် မှားစေရန်နှင့် ထိုကောင်လေးကို မိမိအား အမှန်အတိုင်း ပြောလာအောင် လုပ်ရန်အတွက် ဤနည်းစနစ်များကို အသုံးပြုသည်။ သူ့ကို ဤသို့ ပြုမူရန် မည်သူသင်ပေးသနည်း၊ ငါ့ကိုပြောလော့။ သူ့ကို မည်သူမျှ မသင်ပေးခဲ့ပေ။ သို့ဆိုလျှင် ဤပရိယာယ်များက မည်သည့်နေရာမှ လာသနည်း။ (သူ၏သဘာဝမှ လာပါသည်။) ယင်းတို့သည် သူ၏ သဘာဝမှ၊ သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရမှ လာသည်။ သူသည် ထိုသို့သောလူစားမျိုးပင် ဖြစ်၏။ သူသည် ကလေးငယ်တစ်ဦးကိုပင် ချမ်းသာမပေးချေ။ စက်ဆုပ်ဖွယ် ကောင်းလိုက်လေခြင်း။ အကယ်၍ သူသည် အမှန်တရားကို သိလိုလျှင် ကလေးငယ်၏ မိဘများကို တိုက်ရိုက်မေးနိုင်သည်၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သိရန် တက်ကြွစွာ လုပ်ဆောင်ပြီး သူတို့အား မိမိ၏စိတ်နှလုံးကို ဖွင့်ချပြထားနိုင်သည်။ ထိုအခါ သူတို့က သူ့ကို အမှန်အတိုင်း ပြောကောင်းပြောမည် ဖြစ်သည်။ အခြားသူများ၏ နောက်ကွယ်တွင် ရှက်ဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ဖြစ်သော ဤအရာများကိုလုပ်ဖို့ ထိုကဲ့သို့သော နည်းစနစ်များကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိသော လူတို့ ပြုလုပ်သည့်အရာ ဖြစ်၏။ ယင်းသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည် မဟုတ်လော၊ ငါ့ကိုပြောလော့။ (စက်ဆုပ်ရွံရှာဖွယ် ကောင်းပါသည်။) သူသည် ကလေးငယ်တစ်ဦးကိုပင် အလွတ်မပေးချေ။ သူသည် ကလေးငယ်ကို အနိုင်ကျင့်ဖို့၊ အရူးလုပ်ဖို့နှင့် လိမ်လည်လှည့်စားဖို့ လွယ်သည်ဟု မြင်သဖြင့် သူ့ကို ဒုက္ခပေးရန် ကျိတ်ကြံလေ၏။ ယခုတွင် သူသည် ရိုးသားကြင်နာတတ်သော လူကြီးတစ်ယောက်ကို တွေ့ပါက ထိုသူကို မည်သို့ ဆက်ဆံမည်နည်း။ ထိုသူကို အလွတ်ပေးနိုင်မည်လော။ လုံးဝ ပေးနိုင်မည်မဟုတ်ပေ။ အကယ်၍ သူသည် သူကိုယ်တိုင်နှင့် အလားတူသော လူတစ်ဦး၊ မိမိ၏ စကားလုံးများနှင့် လုပ်ရပ်များတွင် နည်းဗျူဟာများကို အသုံးချရန် နှစ်သက်သည့် လူတစ်ဦးကို တွေ့ပါက သူမည်သည့်အရာ လုပ်မည်နည်း။ (ထိုလူသည် သူကဲ့သို့ပင် ကောက်ကျစ်ဆိုးယုတ်သည်ကို သိသဖြင့် ထိုသူအား သတိထားရှောင်ကြဉ်နိုင်ကာ မည်သည့်အရာကိုမျှ အလွယ်တကူ ထုတ်ဖော်မည် မဟုတ်ပေ။) သတိထားနေသည့်အပြင် အခြားမည်သည့်အရာ လုပ်ကောင်းလုပ်မည်နည်း။ (ယှဉ်ပြိုင်မည် ဖြစ်ပါသည်။) သူသည် ပွင့်ပွင့်လင်းလင်းနှင့် တိတ်တဆိတ် ယှဉ်ပြိုင်မည်။ ထိုသို့ပင် ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့၏ အပြုအမူဖြစ်သည်။ ဤကဲ့သို့သော လူတို့သည် အခြားသူများအား ပွင့်ပွင့်လင်းလင်းနှင့် တိတ်တဆိတ် ယှဉ်ပြိုင်ရသည်ကို နှစ်သက်ပြီး အခွင့်အရေးတိုင်းကို အမိအရ ယူကြသည်။ ၎င်းတို့၌ ထင်ရှားကျော်ကြားသော နီတိရှိကြကာ ဤသို့သော လူတို့ကို သင်ကြုံတွေ့ပြီး ထိုနီတိအား ၎င်းတို့ပြောသည်ကို ကြားလျှင် ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိကြောင်း သင် သေချာနိုင်သည်။ ၎င်းတို့က မည်သည့်အရာကို ပြောကြသနည်း။ ဥပမာ တာဝန်ထမ်းဆောင်ဖို့အတွက် ၎င်းတို့သည် အခြားလူတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ရန် သင် အကြံပြုသောအခါ ၎င်းတို့က “အို ကျွန်ုပ်သည် သူတို့ကို မယှဉ်နိုင်ပါ” ဟု ပြောကြသည်။ ၎င်းတို့၏ ပထမဆုံးအတွေးက “ယှဉ်ပြိုင်ခြင်း” ကိစ္စပင် အမြဲတမ်း ဖြစ်၏။ ၎င်းတို့၏ ပထမဆုံးစိတ်ကူးမှာ လုပ်ငန်းကို ကောင်းစွာလုပ်ဖို့ အခြားသူများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည် ဟူသည့်ကိစ္စမဟုတ်ဘဲ ထိုသူတို့နှင့် ယှဉ်ပြိုင်ရန်ကိစ္စသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ထင်ရှားကျော်ကြားသော နီတိဖြစ်၏။ ၎င်းတို့သည် မည်သည့်လူစုထဲ၌ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဘာသာတရားမရှိသူများ၊ ညီအစ်ကို မောင်နှမများ၊ သို့မဟုတ် မိသားစုဝင်များကြားထဲတွင် ရှိသည်ဖြစ်စေ ၎င်းတို့၏ တစ်ခုတည်းသော စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အကယ်၍ ၎င်းတို့သည် အခြားသူများကို လူရှေ့သူရှေ့တွင် အနိုင်မယူနိုင်လျှင် တိတ်တဆိတ် အနိုင်ယူမည်ဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် ကောက်ကျစ်ဆိုးယုတ်၏။ လူအချို့သည် အပြင်ပန်းတွင် အခြားသူများနှင့် သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေပုံပေါက်နိုင်သော်လည်း သူတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့က တိတ်တဆိတ် ပြိုင်ဆိုင်နေကြကာ သူတစ်ပါးကို သွယ်ဝိုက် တိုက်ခိုက်ရန်နှင့် သေးသိမ်စေရန် နည်းလမ်းများနှင့် ပရိယာယ်အမျိုးမျိုးကို အသုံးချနေကြသည်။ ဤအရာကို ပိုင်းခြားနားလည်နိုင်ခြင်း မရှိသော လူတို့သည် ၎င်းတို့၏ နည်းဗျူဟာများကို ထိုးထွင်းသိမြင်မည် မဟုတ်ဘဲ ၎င်းတို့ ထိုးထွင်းသိမြင်လိုက်သည့် အချိန်တွင် ၎င်းတို့၏ ယှဉ်ပြိုင်ခြင်းက ရလဒ်တစ်ခုသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။ ကောက်ကျစ်ဆိုးယုတ်သော လူတို့သည် အခြားသူများနှင့်‌ ပေါင်းသင်းဆက်ဆံသောအခါ ယင်းမှာ ပေါ်တင်ရော တိတ်တဆိတ်ပါ ယှဉ်ပြိုင်ခြင်း ကိစ္စချည်းသာဖြစ်ကာ အခြားသူများကို အနိုင်ရဖို့၊ ထိုသူတို့ကို အရှုံးပေးစေဖို့နှင့် နောက်ဆုံးတွင် လူတိုင်းကို မိမိတို့အား အလျှော့ပေးလာအောင် လုပ်ဖို့အတွက် အမျိုးမျိုးသော အစီအစဉ်များ၊ လှည့်ကွက်များ သို့မဟုတ် နည်းစနစ်တစ်ခုခုကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ် စတင်တည်ရှိလာကတည်းက ယခုအချိန်အထိ လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်လုံးသည် “ယှဉ်ပြိုင်ခြင်း” နှင့် ပြည့်နှက်နေပြီး ဖြစ်သည်။ တိုင်းနိုင်ငံများကြားရှိ ကြီးမားသော အတိုင်းအတာ၌ဖြစ်စေ၊ မိသားစုများကြားရှိ သေးငယ်သော အတိုင်းအတာ၌ဖြစ်စေ၊ လူတို့ကြားရှိ တစ်သီးပုဂ္ဂလအဆင့်၌ဖြစ်စေ ပဋိပက္ခနှင့်မပြည့်နေသည့် အုပ်စု ဟူ၍မရှိပေ။ ယင်းမှာ ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်မှု မဟုတ်လျှင်ပင် သိုသိုသိပ်သိပ် ဖြစ်သည်။ နှုတ်အားဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်လျှင်ပင် ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်သည်။ တရုတ်သမိုင်းတွင် လူမျိုးနွယ်စုအမျိုးမျိုးကြား၌ ရှိခဲ့သည့် အဖြစ်များဆုံးသော စစ်ပွဲများကာလသည် နွေဦးနှင့် ဆောင်းဦးခေတ်အပြင် စစ်ဖက်ပြိုင်နေသော ပြည်နယ်များခေတ် ဖြစ်သည်။ ဆွန်ဇု၏ စစ်တိုက်ခြင်းအနုပညာထဲ၌ ပါဝင်သည့် နည်းဗျူဟာများကဲ့သို့သော စစ်ရေးမဟာဗျူဟာနှင့်ပတ်သက်၍ ထင်ရှားကျော်ကြားသော စာအုပ်အများစုမှာ ထိုခေတ်နှစ်ခေတ် အတောအတွင်း၌ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့အားလုံးကို ထိုအချိန်အတွင်း ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ အသာစီးရယူနည်း သုံးဆယ့်ခြောက်နည်းဟူသည့် စာအုပ်လည်း ရှိပြီး ယင်းက စစ်မက်‌ရေးရာတွင် အသုံးပြုသော နည်းဗျူဟာအမျိုးမျိုးကို မှတ်တမ်းပြုစုထားသည်။ ဤစစ်‌ရေးမဟာဗျူဟာများနှင့် နည်းဗျူဟာများ အချို့ကို ယနေ့တိုင်အောင် အသုံးပြုနေကြဆဲ ဖြစ်သည်။ ယင်းမဟာဗျူဟာ အနည်းငယ်မှာ မည်သည့်အရာများ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ (“မိမိကိုယ်ကို အနာတရဖြစ်စေခြင်း” မဟာဗျူဟာ ဖြစ်ပါသည်။) (“အာရုံလွှဲ” မဟာဗျူဟာ ဖြစ်သည်။) (“နှစ်ဖက်ချွန်သူလျှို” မဟာဗျူဟာ၊ “မြို့ဗလာ” မဟာဗျူဟာနှင့် “ပျားရည်ထောင်ချောက်” မဟာဗျူဟာတို့ ဖြစ်ကြပါသည်။) ၎င်းတို့က “ပျားရည်ထောင်ချောက်”၊ “မြို့ဗလာ”၊ သို့မဟုတ် “အာရုံလွှဲ” တို့ဖြင့် အစပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ထင်ရှားကျော်ကြားသော ဤမဟာဗျူဟာများအားလုံးသည် “ပရိယာယ်” ဖြင့် အဆုံးသတ်သည်။ “ပရိယာယ်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (“နည်းဗျူဟာ” သို့မဟုတ် “စဉ်းလဲသော အကြံအစည်” ဖြစ်သည်။) ယင်းသည် မသိမသာနှင့် ဒုက္ခပေးသော၊ စဉ်းလဲသော၊ ကွယ်ဝှက်ထားသော သို့မဟုတ် လျှို့ဝှက်သော မဟာဗျူဟာတစ်ခုခုကို ညွှန်းဆိုသည်။ ဤ “ပရိယာယ်” များမှာ စီမံရေးဆွဲခြင်းနှင့် မဆိုင်၊ လျှို့ဝှက်ကြံစည်ခြင်းနှင့် ဆိုင်၏။ ဤပရိယာယ်များ၏ နောက်ကွယ်တွင် မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့၏ အပြုအမူ၊ စစ်မက်ရေးရာတွင် ၎င်းတို့အသုံးချသော ဤမဟာဗျူဟာများနှင့် လုပ်ပုံလုပ်နည်းများမှာ လူ့သဘာဝ၊ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဘုရားသခင်သည် ဤပုံစံအတိုင်း အလုပ်လုပ်သလော။ (မလုပ်ပါ။) လုံးဝ မလုပ်ပေ။ သို့ဆိုလျှင် ဤလုပ်ပုံလုပ်နည်းများက မည်သူ့ကို ကိုယ်စားပြုသနည်း။ ယင်းတို့က စာတန်နှင့် ကောက်ကျစ်ဆိုးယုတ်သော ဤလူသားများကို ကိုယ်စားပြုသည်။ ကောက်ကျစ်ဆိုးယုတ်သော လူသားများ၏ ဤမဟာဗျူဟာများသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ယင်းတို့ကို စာတန်ဆီမှ ရရှိခြင်းဖြစ်သည်။ ဤအရာကို နားလည်ဖို့အတွက် အချို့တွင် ပြဿနာရှိကောင်းရှိမည် ဖြစ်သောကြောင့် ယင်းတို့ကို နတ်ဆိုးဘုရင်များထံမှ ရရှိသည်ဟု ငါဆိုသင့်သည်။ ထိုအခါ လူတို့နားလည်မည် ဖြစ်သည်။ မည်သူတို့သည် နတ်ဆိုးဘုရင်များ ဖြစ်ကြသနည်း။ ယင်းတို့မှာ လူသားများကြားတွင် စိတ်ဝမ်းကွဲပြားမှုကို ပေါ်ပေါက်စေပြီး ကသောင်းကနင်းဖြစ်ခြင်းကို ဖြစ်ပွားစေဖို့အတွက် ဤလောကထဲ၌ လူဝင်စားလာသော နတ်ဆိုးများနှင့် စာတန်ပင် ဖြစ်ကြသည်။ ယင်းတို့က ဤမဟာဗျူဟာများကို ရေးဆွဲပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော မှတ်တမ်းများထဲတွင် “မြို့ဗလာ” မဟာဗျူဟာ သို့မဟုတ် “အာရုံလွှဲ” မဟာဗျူဟာတို့ကို သူအသုံးပြုကြောင်း သင်တို့ မြင်တွေ့ဖူးသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ ဤမဟာဗျူဟာများ ပါဝင်သလော။ ဘုရားသခင်သည် သူ၏အလုပ်ကို စီမံခန့်ခွဲရန် ထိုမဟာဗျူဟာမျိုးကို မည်သည့်အခါမျှ အသုံးမပြုခဲ့ချေ။ ဤမဟာဗျူဟာများကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်တစ်ရပ်လုံးက အသုံးပြုကြသည်။ ပို၍ကြီးမားသော အတိုင်းအတာဖြင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် မင်းဆက်တစ်ဆက်မှသည် ပို၍သေးငယ်သော အတိုင်းအတာဖြင့် လူမျိုးနွယ်စုတစ်စု သို့မဟုတ် မိသားစုတစ်စုအထိအပြင် လူပုဂ္ဂိုလ်များကြားမှ ဆက်နွှယ်မှုများအထိပင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သင် တွေ့ရသည့် မည်သည့်နေရာ၌မဆို ယှဥ်ပြိုင်တိုက်ခိုက်မှုကို သင် တွေ့ရသည်။ ၎င်းတို့သည် မည်သည့်အရာအတွက် တိုက်ခိုက်နေကြသနည်း။ ၎င်းတို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ တန်ခိုးအာဏာ၊ အဆင့်အတန်းနှင့် အကျိုးအမြတ်အတွက်၊ ဤအရာများကို ရရှိဖို့အတွက်သာလျှင် ဖြစ်၏။ ပို၍များသော လူတို့ကို ထိန်းချုပ်ဖို့ရန် တိုင်းနိုင်ငံတစ်ခုနှင့်တစ်ခု တွန်းလှန်တိုက်ခိုက်ကြသည်။ လူမျိုးနွယ်စုများ အချင်းချင်းလည်း နယ်မြေ၊ လူမျိုးနှင့် အချုပ်အခြာအာဏာအတွက် အချင်းချင်း တိုက်ခိုက်ကြသည်။ လူပုဂ္ဂိုလ်များသည်လည်း သာလွန်ကြီးမြတ်ခြင်းနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ကြသည်။ လူသားမျိုးနွယ်ရှိသော မည်သည့်နေရာ၌မဆို ပဋိပက္ခရှိသည်။ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်ရှိသော မည်သည့်နေရာ၌မဆို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ရှိ၍ဖြစ်၏။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရပြီဖြစ်သောကြောင့် လောကကြီးသည် ပဋိပက္ခနှင့် သွေးစွန်းခြင်းဖြင့် ပြည့်နေခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပြုလုပ်သည့် အရာတိုင်းတွင် စာတန်စိတ်သဘောထား၏ အနှောင်အဖွဲ့များမှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်လုံး အနောက်တိုင်း၌ ဖြစ်စေ၊ အရှေ့တိုင်း၌ဖြစ်စေ ယင်း၏ သမိုင်းကာလ အပိုင်းအခြားတိုင်းသည် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်သော ယှဉ်ပြိုင်တိုက်ခိုက်မှုဆိုင်ရာ ရှုတ်ချဖွယ်ရာ သမိုင်းမှတ်တမ်းပင် ဖြစ်၏။ လူသားများက ဤအရာများကို မွန်မြတ်သည်ဟုပင် သဘောထားကြ၏။ ယနေ့ လူအချို့က တရုတ်နိုင်ငံ၏ အသာစီးရနည်း သုံးဆယ့်ခြောက်နည်းကို လေ့လာနေကြဆဲ ဖြစ်သည်။ သင်တို့သည် ယင်းတို့ကို လေ့လာနေကြသလော။ (မလေ့လာပါ။) အကယ်၍ သင်သည် ဤအရာများကို တမင်တကာ လေ့လာပြီး သင်၏ဉာဏ်ရည် တိုးပွားစေဖို့နှင့် ယင်းတို့ကို သင်၏ ရှင်သန်လွတ်မြောက်ရေး စွမ်းရည်များ ဖြစ်စေဖို့အတွက် ယင်းတို့အထဲမှ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ နည်းလမ်းများ၊ နည်းစနစ်များနှင့် ပရိယာယ်များကို လေ့ကျက်မှတ်သားပါက ယင်းသည် လုံးဝ မှားယွင်း၏။ သင်သည် စာတန်နှင့် မလွဲမသွေ နီးကပ်လာမည်ဖြစ်ကာ ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်လာပြီး ပို၍ပို၍ ဆိုးယုတ်လာမည် ဖြစ်သည်။ သို့သော်လည်း သင်သည် မိမိ၏ရှုထောင့်အမြင်ကို ပြောင်းလဲနိုင်ပြီး ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာ ဆွေးနွေးနိုင်ခြင်း၊ ပိုင်းခြားသိမြင်နိုင်ခြင်းနှင့် ဖော်ထုတ်နိုင်ခြင်း ရှိပါက မည်သည့်ရလဒ်မျိုးကို ရရှိမည်နည်း။ သင်သည် စာတန်ကို ပို၍ပင် မုန်းပြီး ပို၍ပင် မိမိကိုယ်မိမိ သိရှိနားလည်ကာ ပို၍ပင် မုန်းမည်ဖြစ်သည်။ ပို၍ပင် ကောင်းမွန်သော အဆုံးသတ်မှာ အဘယ်နည်း။ ယင်းမှာ စာတန်ကို ငြင်းပယ်ပြီး ဘုရားသခင်နောက်သို့ အသေအချာ စိတ်ပိုင်းဖြတ်ကာ လိုက်လျှောက်ခြင်း ဖြစ်သည်။ လူတို့ကို ညွှန်ကြားရန်နှင့် သွတ်သွင်းပေးရန် လူသားမျိုးနွယ်က နှစ်ပေါင်းထောင်ချီ၍ စုဆောင်းထားခဲ့သည့် ဤမည်ကာမတ္တ ရိုးရာယဉ်ကျေးမှုများ၊ အသိပညာနှင့် အယူအဆမျိုးစုံကို စာတန်အသုံးပြုကာ ပို၍နက်ရှိုင်းသော အတိုင်းအတာဖြင့် သူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ရန် ရည်ရွယ်လေသည်။ အကယ်၍ သင်သည် ဤအရာများကို ကျွမ်းကျင်ပိုင်နိုင်ပြီး မည်သို့အသုံးပြုရမည်ကို သိပါက သင်သည် သက်ရှိထင်ရှားရှိသော စာတန်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ဘုရားသခင်၏ လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်၏။

ပြီးခဲ့သော စုဝေးပွဲများအတွင်း ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်မှုနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့သောအခါ လူအများစုက အဖြစ်များဆုံး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည့် မာနထောင်လွှားသော စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာကို မကြာခဏ ထုတ်ပြောတတ်ကြပြီး ယင်း၏ ဖြစ်တည်မှုက ပျံ့နှံ့နေလေသည်။ ဖောက်ပြန်ပျက်စီးသော အခြားမည်သည့် စိတ်သဘောထားများသည် အတော်အတန် အဖြစ်များသနည်း။ (လှည့်ဖြားတတ်ခြင်းနှင့် စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။) လှည့်ဖြားတတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့မှာ လူတို့ မကြာခဏ ကြုံတွေ့ရသော အရာများ ဖြစ်ကြသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းကို ယေဘုယျအားဖြင့် မြင်တွေ့ရမှု ပိုနည်းပြီး ယင်းကို များစွာ သိနားလည်ခြင်း မရှိပေ။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သိနားလည်ဖို့ အခက်ဆုံးဖြစ်ကာ ယင်းမှာ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့်၊ အတော်ပင် သိုဝှက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သည်ဟု ဆိုနိုင်သည် မဟုတ်လော။ ဥပမာ လူနှစ်ဦး အတူနေထိုင်ကြပြီး ၎င်းတို့အနက် မည်သူကမျှ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိခြင်း မရှိဟု ဆိုပါစို့။ အပြင်ပန်းတွင် ၎င်းတို့နှစ်ဦးသည် ပြဿနာလုံးဝ မရှိဘဲ သဟဇာတကျကျ အတူနေထိုင်ကြသည်ဟု ထင်ကောင်း ထင်ရနိုင်သည်။ သို့သော်လည်း အတွင်းစိတ်ထဲ၌ ၎င်းတို့မည်သူကမျှ သမ္မာတရားကို မလိုက်စားသည့်အပြင် သင့်အနေဖြင့် မမြင်နိုင်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုး ရှိနေဆဲဖြစ်သည်။ ယင်းတို့ကို သင် အဘယ့်ကြောင့် မမြင်နိုင်သနည်း။ အဘယ့်ကြောင့်ဆိုသော် ဤသူနှစ်ဦးလုံးသည် မိမိတို့၏ လုပ်ရပ်များတွင် အထူးသဖြင့် လှည့်ဖြားတတ်ပြီး မရိုးဖြောင့်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် မည်သည့် ပိုင်းခြားသိမြင်နိုင်စွမ်းမျှ မရှိသဖြင့် ၎င်းတို့ပြဿနာများ၏ အနှစ်သာရကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ သင်နားလည်သ‌ဘောပေါက်သော သမ္မာတရားမှာ နည်းပါးပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသောကြောင့် သင့်အနေဖြင့် မည်သည့်နည်းနှင့်မျှ သဘောပေါက်နားလည်ဖို့ မဖြစ်နိုင်သည့် ရှုပ်ထွေးသော အရေးကိစ္စများစွာ ရှိကာ သင်သည် အခြားလူတို့ကို ၎င်းတို့၏ အရေးကိစ္စများကို ကူညီဖြေရှင်းပေးခြင်းငှာ မစွမ်းသာပြီဖြစ်သည်။ ခေါင်း‌‌ဆောင်များအဖြစ် သင်တို့သည် ဤကဲ့သို့သော လူတို့ကို ကြုံတွေ့ရသောအခါ မည်သည့်အရာ ပြုလုပ်သင့်သနည်း။ အကယ်၍ သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ပါက ယင်းကို ၎င်းတို့ အလွယ်တကူ လက်ခံကြမည်လော။ လက်ခံကြမည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုသို့သော လူတို့ကို သင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှိသလော။ ထိုကဲ့သို့သော လူတို့ကို ကိုင်တွယ်ရာ၌ စည်းမျဉ်းက အဘယ်နည်း။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် အလုပ်လုပ်ပေးဖို့ နည်းပညာဆိုင်ရာ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခုကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံပြီး ထိုနည်းတူပင် တောင်းဆိုမှုများ ပြုလုပ်သင့်သည်။ သို့ရာတွင် ထိုသို့သော လူတို့က သမ္မာတရား မလိုက်စားသည်ကို တွေ့ရသဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များထမ်းဆောင်ရာတွင် သစ္စာစောင့်သိနိုင်မည်လော။ (စောင့်သိနိုင်မည် မဟုတ်ပါ။) ၎င်းတို့၌ သစ္စာစောင့်သိမှု ကင်းမဲ့ကြောင်း မည်သည့်အပြုအမူက ပြညွှန်သနည်း။ ဤသို့သော လူတို့သည် အမှုအရာများကို အပြသက်သက် လုပ်ဆောင်ရာ၌ တော်ကြသည် မဟုတ်လော။ ဘေးနားတွင် မည်သူမျှ မရှိသောအခါ ၎င်းတို့သည် ကရော်ကမည်လုပ်ပြီး အချိန်ဆွဲကြသည်။ တစ်စုံတစ်ယောက် လာသည်ကို ၎င်းတို့ မြင်သောအခါ ကသုတ်ကရက် ကောက်လုပ်ကြသည်။ ၎င်းတို့သည် မေးခွန်းတစ်ပုံတစ်ခေါင်းကြီးကိုပင် ထုတ်ကာ ဤအရာ၊ ထိုအရာသည် လက်သင့်ခံနိုင်ဖွယ်ဖြစ်မဖြစ် မေးတတ်ကြသည်။ ထိုသူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ အလုပ်ကို ရပ်လိုက်ကာ မည်သည့်အရာမျှ မလုပ်ဘဲ တင်ပြစရာ မည်သည့်အရေးမျှ မရှိတော့သည့်အပြင် မိမိတို့၏ စိတ်နှလုံးထဲတွင် “ငါသည် သင့်ကို ကပြက်ကချော် လုပ်နေခြင်းသာ ဖြစ်သည်။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မမဲ့ချေ” ဟုပင် ပြောကြသည်။ ဤသို့သော လူတို့သည် အရာရာကို အပြသက်သက် လုပ်ဆောင်ကြ၏။ ၎င်းတို့သည် အယောင်ဗန်းပြခြင်း၌ အထူးကျွမ်းကျင်ပြီး ဟန်ဆောင်မှု၌ တော်ကာ လူတို့ကို မမှန်ကန်သော ထင်မြင်ချက်ကို ပေးကြသည်။ ၎င်းတို့နှင့် နှစ်ကာလချီ၍ ပေါင်းသင်းဆက်ဆံဖူးသော လူများစွာက ၎င်းတို့၏ မရိုးဖြောင့်သော၊ လှည့်ဖြားတတ်သော အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ အခြားသူများက ၎င်းတို့နှင့်ပတ်သက်၍ မေးမြန်းသောအခါ ၎င်းတို့က “ဤသူသည် အတော်ပင် ကောင်းပြီး လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံကာ တစ်ဦးတလေကိုမျှ လုံးဝ ဒုက္ခမပေးသည့် လူ့အကြိုက်လိုက်သူတစ်ဦးသာ ဖြစ်၏။ တစ်စုံတစ်ယောက်က အမှားလုပ်မိသောအခါ၌ပင် သူက ထိုသူကို ပြုပြင်ခြင်း မရှိပေ။ သူသည် အခြားသူများကို စဉ်ဆက်မပြတ် တိုက်တွန်းအားပေးပြီး နှစ်သိမ့်ပေးတတ်သည်” ဟုပင် ပြော၏။ ဤလူတို့သည် အခြားသူများနှင့် ‌ပေါင်းသင်းဆက်ဆံမှုများတွင် မည်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးချကြသနည်း။ ၎င်းတို့သည် အချိန်အခါနှင့် ကိုက်ညီအောင် သရုပ်ဆောင်ပြီး ပြေပြစ်ပါးနပ်ကာ လူအများစုက ၎င်းတို့ကို လူကောင်းဖြစ်သည်ဟု ဆိုကြသည်။ သင်တို့၏ အနီးအနားတွင် ဤကဲ့သို့သောလူများ ရှိသလော။ (ရှိပါသည်။) လူတိုင်းသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်တတ်ကြသော်လည်း ဤသီးခြားပုဂ္ဂိုလ်များက မိမိတို့ကိုယ်ကို လုံလုံခြုံခြုံ ဖုံးကွယ်ထားကာ မိမိတို့၏ ပြဿနာများကို မည်သူမျှ သတိပြုမိဖို့ မဖြစ်နိုင်အောင် လုပ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ သမိုင်းတွင် ဧကရာဇ်ဘုရင်အချို့သည် မရေမတွက်နိုင်သော မကောင်းမှုများကို ကျူးလွန်ခဲ့ကြသည့်တိုင် နောင်လာနောက်သားများက ၎င်းတို့ကို ပညာရှိသော အုပ်ချုပ်သူများဟု ခေါ်ဆိုနေကြသေးသည်။ လူတို့က ၎င်းတို့နှင့်ပတ်သက်၍ ထိုသို့‌သောအမြင်များ အဘယ့်ကြောင့် ထားရှိကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ရန် အားထုတ်ကြိုးပမ်းမှုတစ်ခုခု စိုက်ထုတ်ပြီး အချို့သောအရာများကို လုပ်ဆောင်ခဲ့သည် မဟုတ်လော။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများအတွက် ကောင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့ကြပြီး အခြားတစ်ဖက်တွင် သမိုင်းကို ပုံဖျက်ခဲ့ပြီး မိမိတို့၏ ပြစ်မှုများကို ဖုံးကွယ်ရန်အတွက် မိမိတို့အကြောင်း အမှန်တရားနှင့် အဖြစ်မှန်ကို‌ ရေးသားသောသူတို့ကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် ယင်းတို့ကို ဖုံးဖိဖို့ အဘယ်သို့ ကြိုးစားပါစေ ၎င်းတို့၏ လုပ်ရပ်များနှင့်ဆိုင်သည့် မှတ်တမ်းများရှိသည်မှာ သံသယမရှိပေ။ ၎င်းတို့သည် အမှန်တရားကိုသိခဲ့သော လူတိုင်းကို ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ထိုအကြောင်းအရာများကို နောင်လာနောက်သားများက တစ်စတစ်စနှင့် ထုတ်ဖော်ခဲ့ကြသည်။ လူတို့ သိရှိသွားသောအခါ လိမ်လည်လှည့်စားခံရသည်ဟု ခံစားကြရသည်။ ဤသမိုင်းဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ခြင်းအားဖြင့် လူတို့တွင် လူသားမျိုးနွယ်အားလုံးနှင့် ပတ်သက်သည့် အဖြစ်မှန်အပေါ် အသစ်သော နားလည်သဘောပေါက်မှု ရှိသင့်ပေသည်။ မည်သို့သော နားလည်သဘောပေါက်မှုမျိုး ဖြစ်သနည်း။ ဘုရင်မင်းများမှအစ သာမန်ပြည်သူများအထိ လူသားထုတစ်ရပ်လုံးသည် ကောက်ကျစ်ဆိုးယုတ်သူတို့၏ လက်အောက်သို့ ကျရောက်နေကာ တစ်ယောက်ထက်တစ်ယောက် ပို၍ ကောက်ကျစ်ဆိုးယုတ်လာကြသည်အထိ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံနေကြရသည်။ မဆိုးယုတ်သောသူ တစ်ယောက်မျှမရှိ၊ မဆိုးမိုက်သောသူ တစ်ယောက်မျှ မရှိပေ။ ၎င်းတို့အားလုံးသည် ပြစ်မှုများစွာကို ကျူးလွန်ကြပြီးဖြစ်သည်။ ၎င်းတို့အားလုံးသည် အတော်ပင် ကောက်ကျစ်ဆိုးယုတ်ကာ ၎င်းတို့ကြားထဲတွင် ကောင်းသောသူ တစ်ယောက်မျှ မရှိပေ။ အချို့က “မင်းဆက်တိုင်းတွင် ဖြောင့်မတ်သော မင်းမှုထမ်းများ အနည်းငယ်ရှိသည်။ ဖြောင့်မတ်သော ဤမင်းမှုထမ်းများကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ယူဆရသ‌လော” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ဤဖြောင့်မတ်သော မင်းမှုထမ်းများ၏ သြဇာအာဏာအောက်တွင် ဘုရားသခင်ကို ယုံကြည်လက်ခံပါက သင့်ကို ၎င်းတို့ ဖမ်းမည်၊ မဖမ်းမည်ကို ကြည့်လော့။ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်အကြောင်း သက်သေခံပါက ၎င်းတို့၏ သဘောထားကို အကဲခတ်ကြည့်လော့။ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိသည်၊ မရှိသည်ကို သင် ချက်ချင်း သိလိမ့်မည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အလုပ်သာမက သူဖော်ပြသည့် သမ္မာတရားက လူတို့ မည်သို့သောသူဖြစ်သည်ကို အခြားအရာအားလုံးထက် ပို၍ ဖော်ထုတ်လေသည်။ အချို့သော အုပ်ချုပ်မင်းလုပ်သူများနှင့် မင်းမှုထမ်းများက အချို့သော နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများကို စွမ်းဆောင်ရရှိခဲ့ခြင်းနှင့် လုပ်ရပ်ကောင်းအချို့ကို လုပ်ဆောင်ခဲ့ခြင်း ရှိကောင်းရှိမည် ဖြစ်သော်လည်း ဤလုပ်ရပ်ကောင်းများ၏ သဘာဝမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းတို့မှနေ၍ မည်သူသည် အကျိုးခံစားရသနည်း။ ယင်းတို့မှာ အုပ်ချုပ်မင်းလုပ်သော လူတန်းစားက တောင်းဆိုသည့် လုပ်ရပ်ကောင်းများ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သော လုပ်ရပ်ကောင်းများမှာ ဘုရားသခင် အသိအမှတ်ပြုသော ကောင်းမှုများ ဟုတ်သလော။ ဤ “နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ” သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်း ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့၏ နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများနှင့် လုပ်ရပ်ကောင်းများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ဆက်စပ်မှု လုံးဝ မရှိချေ။ ၎င်းတို့လုပ်ဆောင်သည့် လုပ်ရပ်ကောင်းများနှင့် နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ၌ ရှိသည့်အရာအားလုံးကို ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများက လှုံ့ဆော်လေသည်။ ယင်းတို့အားလုံးကို မိမိတို့ကိုယ်ကို မော်ကွန်းတင်ရန်နှင့် အခြားသူများ၏ ချီးကျူးဂုဏ်ပြုမှု ခံရရန်အတွက် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လုပ်ရပ်ကောင်းများ မည်မျှကို ဆောင်ရွက်သည်ဖြစ်စေ သို့မဟုတ် နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ မည်မျှကို ရရှိထားသည်ဖြစ်စေ ၎င်းတို့သည် မကောင်းမှုကို မည်သည့်အခါမျှ ကျူးလွန်ထားခြင်းမရှိဖို့ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ပိုင်ဆိုင်ထားခြင်းမရှိဖို့ မဆိုထားဘိ၊ ၎င်းတို့သည် ကြင်နာတတ်သော စိတ်နှလုံးရှိသည့် လူကောင်းများဖြစ်သည်ဟုပင် သက်သေမပြနိုင်ချေ။ ဤလူတို့သည် ဘုရားသခင်၏အမြင်တွင် မည်သည့်လူစားမျိုးဖြစ်ကြောင်း သင် ရှင်းပြီလော။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သိနားလည်ရန် ဤအကြောင်းအရာများကို အသုံးပြုနိုင်သ‌လော။ ကောင်းမှုတစ်ခု လုပ်လျှင်လုပ်ချင်း လူတိုင်း မသိသိအောင်လုပ်ပြီး ကြွားလုံးထုတ်ချင်ကာ အပြင်ပန်းအားဖြင့် လူတစ်ဦးသည် မကြွားဝါသင့် သို့မဟုတ် မာနမထောင်လွှားသင့်ကြောင်း၊ လူတစ်ဦးသည် နှိမ့်ချခြင်းဖြင့် ကျင့်ကြံပြုမူသင့်ကြောင်း ပြောနေတတ်သည့် ထိုသို့သော လုပ်ပုံလုပ်နည်းများကို သင်တို့ လုပ်သလော။ သာဓကအားဖြင့် သင်သည် အမှုဆောင်ဖို့အတွက် အသင်းတော်သစ်တစ်ပါးသို့ သွားသော်လည်း သင်သည် ခေါင်းဆောင်ပိုင်းနေရာတွင် ရှိနေကြောင်း လူတို့ မသိသဖြင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လူတို့ကိုသိစေဖို့အတွက် ရသမျှနည်းလမ်းကို သင် လုပ်ကြည့်ဖို့လိုအပ်ကာ တစ်ညလုံး ဦးနှောက်ခြောက်အောင် စဉ်းစားလျက် နောက်ဆုံးမှ အဖြေကောင်းတစ်ခုကို စဉ်းစားမိလေသည်။ ထိုအဖြေမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်သည် လူတိုင်းကို အစည်းအဝေးတစ်ခုအတွက် စုရုံးစေပြီး “ယနေ့စုဝေးပွဲတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်း ရှိမရှိကို မိတ်သဟာယဖွဲ့ကြစို့။ ကျွန်ုပ် စံနှုန်းမပြည့်မီပါက ကျွန်ုပ်ကို သင်တို့ ထုတ်ဖော်ပြီး ဖြုတ်ချနိုင်သည်။ အကယ်၍ ကျွန်ုပ် စံနှုန်းပြည့်မီပါက ဤတာဝန်ကို ကျွန်ုပ် ဆက်ထမ်းဆောင်မည်” ဟု ပြောခြင်းဖြစ်သည်။ ဤသည်ကို လူတိုင်း ကြားရသောအခါ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်မှန်း သူတို့ ချက်ချင်း သိကြလေသည်။ သင်သည် ဤသို့ဖြင့် သင်၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခဲ့ပြီ မဟုတ်လော။ ဤရည်မှန်းချက်ပန်းတိုင်သည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝမှ အရင်းခံသည်။ ရည်မှန်းချက်များရှိခြင်းသည် လူတို့၌ တွေ့နေကျ လက္ခဏာတစ်ခု ဖြစ်သော်လည်း လူတို့အားလုံး၌ ရည်မှန်းချက်များ ရှိစေကာမူ အချို့က မိမိတို့လိုချင်သော ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ဖို့ရန် မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် မတူညီသော စကား၊ နည်းစနစ်နှင့် မဟာဗျူဟာအမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။

ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ငါတို့သည် ဆက်လက်၍ မကြာမကြာ ဆွေးနွေးကြမည်။ ဤသို့ဖြင့် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် ပတ်သက်၍ ပို၍စေ့စပ်သေချာသော နားလည်သဘောပေါက်မှုကို သင်တို့ ရရှိမည်။ တစ်ဖက်တွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင် မတူညီသော လူစားမျိုးတို့ကို ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ သင်တို့သည် သမ္မာတရားထဲသို့ ပို၍နက်ရှိုင်းသော ဝင်ရောက်မှုလည်း ရှိမည်ဖြစ်သည်။ အကယ်၍ ငါသည် ယေဘုယျဆန်သော အယူအဆတစ်ခု သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်၏ ကဏ္ဍတစ်ခုကိုသာ မိတ်သဟာယဖွဲ့ပါက သင်တို့၏ နားလည်သဘော‌ပေါက်မှုမှာ အတော်လေး ပေါ့တန်မည်ဖြစ်သည်။ သို့ရာတွင် ငါတို့၏ မိတ်သဟာယဖွဲ့မှုအတွက် ဖြစ်ရပ်မှန်အချို့ကို အသုံးပြုခြင်းနှင့် ဥပမာများပေးခြင်းအားဖြင့် သင်တို့၏ နားလည်သဘောပေါက်မှုသည် ပို၍ နက်ရှိုင်းလာနိုင်သည်။ ဥပမာ ကလေးငယ်နှစ်ယောက် အတူစကားပြောနေကြသည် ဆိုပါစို့။ ကလေးတစ်ယောက်က “ယနေ့ သင်သည် သင်၏အိမ်စာကို လုပ်ခဲ့သလော” ဟု မေးသည်။ ကျန်သည့်ကလေးက “မလုပ်ခဲ့ပါ” ဟု ပြန်ဖြေသည်။ ထိုအခါ ပထမတစ်ဦးက “ကျွန်ုပ်လည်း မလုပ်ခဲ့ပါ” ဟု ဆိုသည်။ သူတို့နှစ်ဦးလုံး အမှန်တရားကို ပြောနေကြသလော။ (ပြောနေကြပါသည်။) သင် မှားသွားပြီ။ သူတို့ထဲမှ တစ်ယောက်သည် လိမ်ညာနေ၏။ ထိုသူသည် စိတ်နှလုံးထဲတွင် မည်သည့်အရာ စဉ်းစားနေသနည်း။ “ငအ၊ ကျွန်ုပ် တကယ်မလုပ်ခဲ့ဟု သင်ထင်သလော။ ကျွန်ုပ် ထိုမျှ မမိုက်မဲပေ။ ကျွန်ုပ် အိမ်စာမလုပ်ခဲ့လျှင် အပြစ်ဒဏ်ပေးခံရမည်။ အဘယ်သို့များ မလုပ်ခဲ့ဘဲ နေနိုင်မည်နည်း။ သင်လည်း အိမ်စာမလုပ်ဖို့အတွက် ကျွန်ုပ်မလုပ်ခဲ့ဟု သင့်အား တမင်သက်သက် ထင်စေခြင်းဖြစ်သည်။ ‌နောက်ဆုံးတွင် သင်သည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်ပြီး ကျွန်ုပ်တော့ ကောင်းကောင်းကြီး လှောင်ရယ်နိုင်မည်” ဟူ၍ ဖြစ်သည်။ ဤကလေးသည် ဆိုးသလော။ (ဆိုးပါသည်။) သင်တို့အနက် တစ်ဦးဦးသည် ဤကဲ့သို့သောအရာကို ပြုလုပ်ခဲ့ဖူးသလော။ နောက်ထပ်ဥပမာက ဤသို့ဖြစ်၏။ တနင်္လာနေ့ အတန်းထဲတွင် ကျောင်းသားတစ်ဦးသည် တနင်္ဂနွေနေ့တွင် သူမ ‌ဈေးဝယ်ထွက်ခဲ့ကြောင်း ပြောစဉ် နောက်တစ်ဦးက သူငယ်ချင်းများထံ သွားလည်ခဲ့သည်ဟု ဆို၏။ တကယ်တမ်းတွင် သူတို့နှစ်ဦးလုံး အိမ်တွင် စာကျက်နေခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့ အလွန်အမင်း ယှဉ်ပြိုင်မှုများသော ဝန်းကျင်တစ်ခုတွင် သင်သည် မိမိ၏ပြိုင်ဘက်ကို သာလွန်နိုင်ဖို့အလို့ငှာ သူ့ကို သတိလစ်ဟင်းသွားစေရန် ဤသို့သော အရာများကို ပြောရလေသည်။ ဤသည်မှာ ပရိယာယ်ဟု ခေါ်သည့်အရာ ဖြစ်၏။ ထိုသို့သော အရာများမှာ နေ့စဉ်ဘဝတွင် မဆန်းတော့ပေ။ တစ်ခါတစ်ရံတွင် မိဘများနှင့် သားသမီးများသည် အလားတူသော အပြန်အလှန် ပြောဆိုမှုများ ပြုကြပြီး အလားတူသော စိတ်သ‌ဘောထားများကို ထုတ်ဖော်ကြကာ ယင်းကို သူငယ်ချင်းများကြားတွင်လည်း ထုတ်ဖော်ကြသည်။ ဤစိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုများကို နေရာတိုင်းတွင် မြင်နိုင်ကာ သင်သည် ယင်းတို့ကိုမြင်ရဖို့ မျက်စိရှင်ရှင်ဖြင့် စောင့်ကြည့်ဖို့သာ လိုသည်။ အဘယ့်ကြောင့် စောင့်ကြည့်ရမည်နည်း။ ယင်းမှာ အချက်အလက်ကို စုဆောင်းရရှိဖို့၊ အကြောင်းမဲ့သက်သက် စကားစမြည်ပြောဖို့၊ အတင်းအဖျင်းပြောဖို့ သို့မဟုတ် ဇာတ်လမ်းများထွင်ဖို့ မဟုတ်ပေ။ ထိုအစား ယင်းသည် သင်၏ ပိုင်းခြားနားလည်နိုင်စွမ်းကို တိုးတက်စေပြီး သင်သည်လည်း အလားတူအပြုအမူများကို ထုတ်ဖော်ပြခြင်း ရှိမရှိ မြင်တွေ့နိုင်ရန်အတွက် အခြားသူများ လုပ်ဆောင်သည့်အရာနှင့် ထုတ်ဖော်ပြသသည့်အရာကို မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ကြည့်ခွင့်ပေးဖို့ ဖြစ်သည်။ သင်သည် တစ်စုံတစ်ယောက်က ဤအပြုအမူမျိုးကို ထုတ်ဖော်ပြသည်ကို တွေ့ရသောအခါ သူ၌ ဤစိတ်သဘောထား ရှိကြောင်း သင် နားလည်မည်ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အပြုအမူမျိုးကို သင်လည်း ထုတ်ဖော်ပြသောအခါ သင်၌လည်း ဤစိတ်သဘောထား ရှိကြောင်း သင် သိနားလည်နိုင်မည်လော။ အကယ်၍ သင် သိနားလည်နိုင်ခြင်းမရှိပါက ထိုသူ၏ စိတ်သဘောထားနှင့်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်မှုက မှားလေသည်။ ယင်းကို သင် အမှန်တကယ် နားမလည်ခဲ့သေး၊ သို့မဟုတ် တစ်နည်းအားဖြင့် သင်၌ ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု မရှိသည့်အပြင် သင်သည် ယင်းကို တိကျမှန်ကန်စွာ နားမလည်ခဲ့သေးပေ။ ဤအကြောင်းအရာများကို ရက်အနည်းငယ်အတွင်း၌ အပြည့်အဝ မဆွေးနွေးနိုင်ချေ။ ယင်းနှင့်ပတ်သက်၍ အနည်းငယ် ဆွေးနွေးခြင်းက သင်တို့ကို အနည်းငယ် ရရှိအောင် အကူအညီပေးမည်ဖြစ်ပြီး သမ္မာတရားနှင့် ပတ်သက်၍ သင်တို့၏ နားလည်သဘော‌ပေါက်မှုက အတော်အတန် နက်ရှိုင်းမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်ပါက ပို၍နက်နဲသော ဝင်ရောက်မှုအဆင့်ကို ရရှိမည်။ သင်၏ အတွေ့အကြုံနှင့် ဝင်ရောက်မှု အတိမ်အနက်သည် သင်၏ နားလည်သဘောပေါက်မှုနှင့် ခွဲမရပေ။ သင်၏ အတွေ့အကြုံနှင့် ဝင်ရောက်မှု အတိမ်အနက်က သင်၏ နားလည်သဘော‌ပေါက်မှု အတိမ်အနက်ကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ထိုနည်းတူစွာ သင်၏ နားလည်သဘော‌ပေါက်မှု အတိမ်အနက်က သင်သည် အဘယ်မျှ နက်နဲစွာ တွေ့ကြုံပြီး ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်းကိုလည်း ထင်ရှားစေနိုင်သည်။ ဤနှစ်ခုမှာ အပြန်အလှန် ဆက်စပ်နေ၏။ ဤသည်မှာ သမ္မာတရားထဲသို့ ဝင်ရောက်သည့် လမ်းကြောင်းဖြစ်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းဖြင့်သာ လက်တွေ့ကျမှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဤအကြောင်းအရာကို ငါတို့ ဤနေရာတွင် အဆုံးသတ်ပြီး ယနေ့မိတ်သဟာယဖွဲ့မှု၏ အဓိကအကြောင်းအရာသို့ ဆက်သွားကြမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။