အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း နှစ်)
အန္တိခရစ်များက လူတို့ကို မည်သို့အထင်အမြင်မှားစေပြီး ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ကာ ထိန်းချုပ်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၁။ အန္တိခရစ်များက လူတို့အား မည်သို့ အထင်အမြင်မှားစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ပြီးခဲ့သော စုဝေးပွဲတွင် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးအနက် စတုတ္ထမြောက်အချက်အပေါ် ငါတို့၏ မိတ်သဟာယပြုချက်ကို အပြီးသတ်ခဲ့ကြသည်။ ယနေ့တွင် အန္တိခရစ်များက လူတို့ကို မည်သို့ အထင်အမြင်မှားစေပြီး ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ကာ ထိန်းချုပ်ပုံဟူသည့် အချက်ငါးအပေါ် စတင်၍ မိတ်သဟာယပြုမည်။ အန္တိခရစ်များ၏ သရုပ်သကန်များနှင့်ဆိုင်သည့် ဤလက္ခဏာသွင်ပြင်၌ ကြိယာလေးလုံး ပါဝင်ပြီး ဤကြိယာလေးလုံးနှင့် အန္တိခရစ်များ၏ အပြုအမူမှနေ၍ သူတို့၏ စိတ်သဘောထားများကို ငါတို့ တွေ့နိုင်သည်။ ပထမဆုံးကြိယာမှာ “အထင်အမြင်မှားစေသည်” ဖြစ်၏။ ဤအရာထဲ၌ မည်သည့် စိတ်သဘောထားမျိုး ပါရှိသနည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ယခုအခါတွင် “ဆွဲဆောင်သိမ်းသွင်းသည်” ဟူသည့် စကားလုံးတွင်ကော။ ဆွဲဆောင်သိမ်းသွင်းခြင်းက ပုံမှန်အားဖြင့် နှစ်လိုဖွယ်ကောင်းသော စကားလုံးများကို အသုံးပြုသလော၊ သို့မဟုတ် နှစ်လိုဖွယ်မကောင်းသော စကားလုံးများကို အသုံးပြုသလော။ (နှစ်လိုဖွယ်ကောင်းသော စကားလုံးများ ဖြစ်၏။) သို့ဆိုလျှင် ဤအပြုအမူကို မည်သည့်စိတ်သဘောထားမျိုးက ထိန်းချုပ်သနည်း။ ကောက်ကျစ်ဆိုးယုတ်မှုပင်။ “ခြိမ်းခြောက်သည်” နှင့် “ထိန်းချုပ်သည်” ဟူသည့် စကားလုံးများကော။ ဤအရာတို့ကို မည်သည့် စိတ်သဘောထားက ထိန်းချုပ်သနည်း။ (ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။) မှန်သည်၊ ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။ အချက်ငါးမှနေ၍ အန္တိခရစ်တို့၏ စိတ်သဘောထားများကို ငါတို့ တွေ့နိုင်သည်။ ဤအချက်တွင် အန္တိခရစ်များ၏ အခြေခံ သရုပ်သကန်များမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။) ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုဟူသည့် ဤစိတ်သဘောထား နှစ်ခုလုံးသည် အလွန်ပင် သိသာမြင်သာပြီး ပေါ်လွင်ထင်ရှား၏။ ဤအပြုအမူများကို “အထင်အမြင်မှားစေသည်” ဟူသည့် စကားလုံးဖြင့် အစပြုလျက် တစ်ခုချင်း ဆွေးနွေးကြစို့။ “အထင်အမြင်မှားစေသည်” ဟူသည့် အသုံးအနှုန်းသည် ယေဘုယျအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၌ ရိုးသားမှုနှင့် ဆိုင်သည့် သရုပ်သကန်တစ်ခုခု ပါဝင်သလော။ ယင်း၌ ရိုးသားသည့် စကားလုံးတစ်ခုခု ရှိသလော။ (မရှိပါ။) ယင်း၌ ရိုးသားသည့် စကားလုံးမရှိ၊ အတုအယောင်ချည်း ဖြစ်၏။ မိမိပြောသည့်အရာ မှန်ကန်သည်ဟု အခြားသူများ ယုံကြည်အောင်ပြုလုပ်ပြီး ထိုသို့ဖြင့် မိမိကို အခြားသူများက အသိအမှတ်ပြုကာ ယုံကြည်စိတ်ချအောင် ပြုလုပ်ရန်အတွက် ယင်းက မမှန်ကန်သော ထင်မြင်ချက်များ၊ မမှန်ကန်သော ပြောဆိုချက်များနှင့် လှည့်စားသော စကားလုံးများကို အသုံးပြု၏။ ဤသည်မှာ “အထင်အမြင် မှားစေသည်” ဟူသည့် စကားလုံးက ဆိုလိုသည့်အရာ ဖြစ်၏။ အထင်အမြင်မှားစေခြင်း ခံရသောသူတို့သည် သမ္မာတရားကို ရရှိသလော၊ သို့မဟုတ် မှန်ကန်သောလမ်းကြောင်းကို အစပြုသလော။ ၎င်းတို့က ဤအရာတစ်ခုကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိပေ။ လူတို့အား အထင်အမြင်မှားစေခြင်းဟူသည့် အပြုအမူနှင့် ကျင့်သုံးမှုမှာ အပြုသဘောဆောင်သည်ထက် တကယ်ကို အပျက်သဘောဆောင်၏။ အထင်အမြင် မှားစေခြင်းခံရသောသူတို့မှာ အခြေခံအားဖြင့် လှည့်စားခံရလေပြီ။ ၎င်းတို့သည် တကယ့်အဖြစ်မှန်များ၊ လက်တွေ့အခြေအနေ သို့မဟုတ် မှန်ကန်သော နောက်ခံအကြောင်းရင်းတို့ကို နားမလည်ပေ၊ ထို့နောက်တွင် မှားယွင်းသော လမ်းကြောင်းနှင့် ဦးတည်ချက်သာမက မှားယွင်းသော လိုက်လျှောက်ဖို့ လူအရွေးမှားကြ၏။ ဤသည်မှာ အလှည့်စားခံရသော သူတို့အပေါ် အထင်အမြင်မှားစေခြင်းမှ ရရှိသည့် အကျိုးသက်ရောက်မှု ဖြစ်၏။ ယင်းမှာ ဈေးဝယ်ကုန်တိုက်ထဲမှ ကြော်ငြာများနှင့် တူ၏။ ယင်းတို့ကို အလွန်ပင် စိတ်ဝင်စားဖွယ် ရေးသားထားပြီး လူတို့က တွေ့မြင်သောအခါ အမြင်အတိုင်း ဝယ်ယူလိုက်ကြသော်လည်း ဝယ်ယူပြီးသောအခါ ထိုကုန်ပစ္စည်းများကို အသုံးမကျမှန်း တွေ့ရှိကြ၏။ ယင်းမှာ လှည့်စားခံရခြင်း ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့် နည်းလမ်းဖြင့် ပြုမူခြင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို အထင်အမြင် မှားစေဖို့အတွက် သူတို့သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ မည်သည့်စကားများကို ပြောသနည်း။ ထို့ပြင် မည်သည့်အရာများကို ပြုလုပ်သနည်း။ သူတို့၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အရင်ဦးဆုံး ပြောကြစို့။ အကယ်၍ သူတို့၌ ရည်ရွယ်ချက် လုံးဝမရှိလျှင် လူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး အထင်အမြင် မှားစေရန်အတွက် ကြိုးပမ်းအားထုတ်ဖို့ သို့မဟုတ် နှစ်လိုဖွယ်ကောင်းသော အရာများကို ပြောဆိုဖို့ လိုမည်လော။ “အချောင်ရသည့် အရာဟူ၍မရှိ” ဟူသည့် ဘာသာတရား မရှိသူများကြားမှ ဆိုရိုးတစ်ခုရှိ၏။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိလျှင် အလှည့်စားခံရမည် ဖြစ်သည်။ လောကကြီးသည် ဤမျှပင် ကောက်ကျစ်ဆိုးယုတ်ကာ လူတို့သည် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ပြီး အချင်းချင်း ဒုက္ခပေးကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဘဝပင်ဖြစ်၏။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် ဝေ့ဝိုက်သော စကားပြောဆိုခြင်းတွင် အဘယ့်ကြောင့် ကြိုးပမ်းအားထုတ်သနည်း။ သူတို့သည် အာဏာရအောင် ယှဉ်ပြိုင်ပြီး လူတို့ကို ထိန်းချုပ်ရန်ဟူသည့် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် စကားပြောပြီး ပြုမူလုပ်ဆောင်ကြခြင်း ဖြစ်၏။ ဤသည်ကို သံသယဖြစ်စရာ မရှိပေ။ သူတို့၏ ရည်မှန်းချက်များမှာ နိုင်ငံရေးသမားများ၏ ရည်မှန်းချက်များနှင့် မခြားနားပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် မည်သည့် နည်းဗျူဟာများကို အသုံးပြုသနည်း။ ယင်းကို မည်သို့ လုပ်ဆောင်သနည်း။ ပထမဦးစွာ သင့်အား သူတို့ကို သဘောကျအောင် လုပ်သည်။ သူတို့အပေါ် အထင်အမြင်ကောင်း ရှိပြီဆိုသည်နှင့် သင်သည် သူတို့နှင့်ပတ်သက်၍ သတိထားရှောင်တော့မည် မဟုတ်တော့ပေ။ သူတို့ကို သင် ယုံကြည်စိတ်ချပြီးလျှင် သူတို့၏ ဦးဆောင်မှုကို လက်ခံကာ လိုလိုလားလား နာခံမည်ဖြစ်သည်။ သင်သည် သူတို့ပြောသမျှနှင့် သင့်အား ခိုင်းသမျှကို နားထောင်လိုစိတ် ရှိမည်ဖြစ်သည်။ ဤနားထောင်လိုစိတ်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးခြင်းနှင့် စည်းမျဉ်းများမရှိဘဲ နားထောင်ခြင်းနှင့် နာခံခြင်းကို ဆိုလိုသည်။ အန္တိခရစ်များသည် စကားလုံးများ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လူတို့အား အထင်အမြင်မှားစေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သို့ဆိုလျှင် သူတို့သည် ဤအကျိုးရလဒ်ကို ရရှိဖို့အတွက် ပုံမှန်အားဖြင့် မည်သည့်နည်းလမ်းများကို အသုံးချကြသနည်း။ များသောအားဖြင့် လူ့အယူအဆများသာမက လူ့ခံယူချက်နှင့်ဆိုင်သည့် အယူဝါဒများနှင့် လျော်ညီသည့် စကားလုံးများကို အသုံးပြုကြသည်။ တစ်ခါတစ်ရံတွင် သမ္မာတရားနှင့် လျော်ညီသည့် စကားလုံးများနှင့် အယူဝါဒအချို့ကိုလည်း ပြောကြသည်။ ဤအရာက လူတို့အား အထင်အမြင် မှားစေခြင်းဟူသည့် သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကို သူတို့အနေဖြင့် စွမ်းဆောင်ရရှိရန် လွယ်ကူစေပြီး လူတို့သည်လည်း သူတို့ကို လက်ခံနိုင်ဖွယ် ရှိကြသည်။ ဥပမာ ညီအစ်ကို မောင်နှမများသည် အမှားတစ်စုံတစ်ခု ပြုလုပ်ကာ အသင်းတော်၏အလုပ်အပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားစေပြီး အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်း ခံစားရသောအခါ အန္တိခရစ်များသည် ၎င်းတို့ကို အားပေးရန်နှင့် အကူအညီပေးရန်အတွက် သမ္မာတရားကို မိတ်သဟာယ မပြုကြပေ။ ထိုအစား သူတို့က “လူတို့အနေဖြင့် အားနည်းသည်မှာ ဖြစ်ပျက်နေကျ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပုံမှန်ဖြစ်၏။ ကျွန်ုပ်သည်လည်း မကြာခဏ အားနည်းတတ်၏။ ဘုရားက ဤအရာများကို အမှတ်မရ” ဟု ဆိုကြသည်။ လက်တွေ့တွင်မူ ဘုရားက ဤအရာများကို အမှတ်ရသည်၊ သို့မဟုတ် အမှတ်မရသည်ကို သူတို့ သိသလော။ မသိကြပေ။ သူတို့က “ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့ခြင်းရှိရှိ၊ မရှိရှိ အရေးမကြီးပေ။ နောက်တစ်ကြိမ်တွင် ယင်းကို မှန်ကန်အောင်သာ လုပ်ဆောင်လော့။ ဘုရားအိမ်တော်က မသိသည့်အပြင် မည်သူမျှ ယင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း မဟုတ်ပေ။ အထက်သို့ ငါ မတိုင်သရွေ့ အထက်ပိုင်းခေါင်းဆောင်များက ယင်းနှင့်ပတ်သက်၍ သိမည်မဟုတ်၊ အထက်က လုံးဝသိမည် မဟုတ်သည့်အပြင် ဘုရားလည်း သိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားက ဤကိစ္စကို အာရုံစိုက်မည် မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူများ ဖြစ်ကြသည်။ သင်၌ ဖောက်ပြန်ပျက်စီးမှု ရှိသကဲ့သို့ ကျွန်ုပ်လည်း ရှိသည်။ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကျွန်ုပ်သည် မိဘသဖွယ်ဖြစ်၏။ သင်တို့ ပြုမိသော မည်သည့်အမှားများမဆို ကျွန်ုပ်၏ တာဝန်ဖြစ်၏။ နုနယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိပြီး သင်တို့အား အားပေးခြင်းနှင့် အကူအညီပေးခြင်း မပြုနိုင်သည်မှာ ကျွန်ုပ်၏ အမှားဖြစ်ကာ ယင်းက သင်တို့အား မှားယွင်းသော အရာများ ပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျွန်ုပ်၌ ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိခဲ့ပါက သင်တို့အား ကျွန်ုပ် ကူညီနိုင်ခဲ့မည်ဖြစ်ပြီး သင်တို့သည် အမှားလုပ်ခဲ့ပြီး ဖြစ်မည်မဟုတ်ပေ။ ဤကိစ္စအတွက် ကျွန်ုပ်၌ တာဝန်ဝတ္တရား ရှိသည်။ ဤအရာက အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးနစ်နာမှုအနည်းငယ် ဖြစ်ကောင်း ဖြစ်စေခဲ့မည် ဖြစ်သော်လည်း ဤအရာကို ကျွန်ုပ်တို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ယင်းက ထိုကိစ္စ၏ အဆုံးသတ်ဖြစ်လိမ့်မည်။ ဤကိစ္စကို မည်သူမျှ စုံစမ်းစစ်ဆေးမှု မလုပ်ရ၊ ထို့ပြင် အထက်ပိုင်းသို့ မည်သူမျှ မတိုင်ကြားရပေ။ ယင်းကို သင်နှင့် ကျွန်ုပ်သာ သိပါစေ။ အကယ်၍ ကျွန်ုပ်သည် အခြား ညီအစ်ကိုမောင်နှမများထံ မပြောပြလျှင် မည်သူကမျှ အထက်ပိုင်းသို့ တိုင်ကြားမည်မဟုတ်ဘဲ ထိုကိစ္စက ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းပြီး ဤသို့သောအရာမျိုး သို့မဟုတ် ဤအမှားမျိုးကို ထပ်၍ မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ဟု ဘုရားရှေ့၌ သစ္စာဆိုဖို့သာ လိုအပ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်၌ သင်တို့ကို ကာကွယ်ရန် တာဝန်ရှိသည်။ ဘုရားသည် အလွန်မြင့်မြတ်သဖြင့် ကျွန်ုပ်တို့အနေဖြင့် သူ၏ ကာကွယ်မှုကို တောင်းခံခြင်းသည် လက်တွေ့ကျသလော။ ထို့ပြင် ဘုရားသည် လူတို့၏ အသက်တာထဲရှိ ဤအသေးအဖွဲ ကိစ္စများဖြင့် အလုပ်ရှုပ်မခံသောကြောင့် သင်တို့အား ကာကွယ်ခြင်းဟူသည့် တာဝန်ဝတ္တရားမှာ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျွန်ုပ်အပေါ် ကျရောက်သည်မှာ ဓမ္မတာပင်ဖြစ်လေသည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်သဖြင့် အမှားပြုလုပ်ပါက အပြစ်တင်မှုကို ကျွန်ုပ်ခံယူမည်။ မစိုးရိမ်နှင့်၊ တစ်စုံတစ်ရာ အမှန်တကယ် မှားသွားပြီး ယင်းကို အထက်က သိရှိသွားသည့် အချိန်ကျရောက်ပါက သင်တို့အတွက် ကျွန်ုပ်ရပ်တည်ပေးမည်” ဟု ဆိုကြသည်။ ဤသည်ကို လူတို့ ကြားရသောအခါ “ဤသည်မှာ အလွန်ကောင်းပေ၏။ ကျွန်ုပ်သည် တာဝန်ယူရမည်ကို အလွန် စိုးရိမ်ခဲ့သည်။ ဤခေါင်းဆောင်သည် အလွန် ချီးကျူးစရာကောင်း၏” ဟု တွေးကြသည်။ ၎င်းတို့သည် အထင်အမြင် မှားအောင်လုပ်ခြင်း ခံရပြီ မဟုတ်လော။ အန္တိခရစ်များ ပြောခဲ့သည့်အရာ၌ သမ္မာတရားနှင့် လျော်ညီသည့်အရာ တစ်ခုတလေ ရှိသလော။ လူတို့အတွက် အကျိုးပြုသည့် သို့မဟုတ် တည်ဆောက်ပေးသည့် အရာတစ်ခုခု ရှိသလော။ စည်းမျဉ်းများအပေါ် အခြေခံ၍ အရေးကိစ္စများကို ကိုင်တွယ်သည့်အရာ တစ်ခုခုရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤသည်တို့မှာ မည်ကဲ့သို့သော စကားများ ဖြစ်သနည်း။ ယင်းတို့မှာ ခံစားချက်များနှင့် မိတ်ဆွေဖြစ်ခြင်းအပေါ် ဦးစားပေးရင်း ရင်းနှီးမှုများကို တည်ဆောက်ရန်၊ အန္တိခရစ်များသည် အထူးသဖြင့် နားလည်ပေးတတ်သည်၊ အထူးသဖြင့် လူတို့အား ခွင့်လွှတ်တတ်ပြီး သည်းခံတတ်သည်ဟု လူတို့ ခံစားရအောင် ပြုလုပ်ရင်း ထိုဆက်ဆံရေးကို တစ်စုံတစ်ခုသော အဆင့်သို့ မြင့်တက်စေရန်အတွက် လူသား၏ ခံယူချက်များ၊ ကိုယ်ချင်းစာစိတ်နှင့် ခွင့်လွှတ်ခြင်းကို အသုံးပြုသည့် စကားများပင် ဖြစ်၏။ သို့သော် ဤအရာ၌ စည်းမျဉ်းများ သို့မဟုတ် သမ္မာတရားများ မရှိပေ။ ဤအပေါ်ယံကြော နားလည်သဘောပေါက်မှုမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ အမှုအရာများကို ဖော့ပြောခြင်းဖြစ်ကာ ကလေးငယ်တစ်ဦးကို ချော့မော့ခြင်းနှင့် တူ၏။ ဤတွင် မည်သည့် နည်းလမ်းများကို အသုံးပြုထားသနည်း။ လူတို့အား အရူးလုပ်ခြင်းနှင့် အထင်အမြင် မှားစေခြင်းဟူသည့် သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ရန်အတွက် ညီအစ်ကိုမောင်နှမများ၏ အကျိုးကို အထိခိုက်ခံပြီး ဘုရားအိမ်တော်၏ အကျိုးကို သစ္စာဖောက်လျက် ချော့မော့ခြင်း၊ လှည့်စားခြင်း၊ ရင်းနှီးမှုများ တည်ဆောက်ခြင်း၊ အမှုအရာများကို ဖော့ပြောခြင်းနှင့် လူကောင်းယောင်ဆောင်ခြင်း အစရှိသည်တို့အားလုံးကို အသုံးပြုကြသည်။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်နည်း။ ယင်းကြောင့် လူတို့သည် ဘုရားသခင်ထံမှ ကင်းကွာကာ ဘုရားသခင်ကို သတိထားရှောင်ကြဉ်ပြီး အန္တိခရစ်များနှင့် ပို၍ နီးစပ်လာလေသည်။ အထင်အမြင် မှားစေခြင်း ခံရပြီးနောက်တွင်ပင် ဤလူတို့က “ကျွန်ုပ်သည် ထိုအမှားကို ပြုလုပ်ပြီးနောက် အလွန် စိုးရိမ်ခဲ့သည်။ ဘုရားသခင်ထံ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့သော်လည်း သူသည် ကျွန်ုပ်ကို မနှစ်သိမ့်ခဲ့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် မတည်ငြိမ်ဘဲ စိတ်ပူပန်ခဲ့ကာ ဘုရားသခင်ထံမှ ဖြေရှင်းချက် ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် ယခု အဆင်ပြေပြီ။ ထိုခေါင်းဆောင်ထံ သွားသရွေ့ ကျွန်ုပ်၏ ပြဿနာများအားလုံး ပြေလည်သွားသည်။ ကျွန်ုပ်၌ ထိုခေါင်းဆောင်မျိုး ရှိသည်မှာ အမှန်တကယ်ကို အတော်ပင် ကံကောင်းသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အခြားသူအားလုံးထက် ပိုကောင်းသည်” ဟု ပြောကြသည်။ ဤအဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးနှင့် အမြင်ရှုထောင့်များက ထိုအန္တိခရစ်များထံသို့ ရွှေ့ပြောင်းသွားပြီး ဖြစ်ကာ ၎င်းတို့သည် သူတို့၏ ထိန်းချုပ်ခြင်းကို ခံရပြီဖြစ်သည်။ ၎င်းတို့ကို အန္တိခရစ်များက အဘယ်သို့ ထိန်းချုပ်နိုင်ကြသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဤအန္တိခရစ်များထံ၌ စိတ်ချလုံခြုံရသော ခံစားချက်ကို ရှာတွေ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မျှဝေခံစားပေးခြင်းကို တွေ့ကြုံရပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ကျေနပ်မှုနှင့် နှစ်သိမ့်မှုကို ခံစားကြရသည်။ ဤအရာက ၎င်းတို့ အထင်အမြင်မှားစေခြင်းကို ခံထားရကြောင်း ပြလေ၏။
အတိတ်တွင် အသင်းတော်တစ်ပါး၌ နောင်တရဟန်မရှိဘဲ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို အဆက်မပြတ် ပြုလုပ်နေခဲ့သည့် မကောင်းသော လူ့သဘာဝရှိသည့် လူတစ်ဦးရှိနေကြောင်း အထက်က တွေ့ရှိခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် ဒေသန္တရအသင်းတော် ခေါင်းဆောင်အား ဤပုဂ္ဂိုလ်ကို ဖယ်ရှားရန် ပြောခဲ့ကြသည်။ ဒေသန္တရအသင်းတော်ခေါင်းဆောင်က ဤသည်ကို ကြားသောအခါ “သူ့ကို ဖယ်ရှားဖို့လော။ ထိုကိစ္စကို ကျွန်ုပ် စဉ်းစားဖို့လိုသည်။ သူသည် ကျွန်ုပ်၏လူ ဖြစ်ပြီး သူ့ကို ဤအတိုင်းပင် ဖယ်ရှားပစ်လိုက်၍ မရပေ။ သူ့အတွက် ကျွန်ုပ်ရပ်တည်ပေးရမည်။ အခြေအနေအမှန်ကို အထက်က နားမလည်ပေ။ သူ့ကို ဤအတိုင်းပင် ဖယ်ရှားဖို့ ကြိုးစားခြင်းက အမှန်ပင် လွန်လွန်းသည်။ သူသည် အလွန်ပင် ဝမ်းနည်းပက်လက် ဖြစ်သွားမည်” ဟု စဉ်းစားလိုက်၏။ သူသည် ထိုသူကို ဖယ်ရှားဖို့အတွက် နှုတ်အားဖြင့် သဘောတူခဲ့သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ ထိုသို့ပြုလိုစိတ် မရှိခဲ့ပေ။ သူက ဤအရာကို မည်သို့ကိုင်တွယ်ခဲ့ကြောင်း သင် ခန့်မှန်းနိုင်သလော။ သူက “အောက်မှလူတို့က သူတို့၏ ခေါင်းဆောင်အဖြစ် ကျွန်ုပ်အပေါ် ကျေနပ်ပြီး အထက်က ကျွန်ုပ်ကို မမုန်းတီးမည့် နည်းလမ်းဖြင့် ကျွန်ုပ်သည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်း၍ ရမည်နည်း” ဟု တွေးဆခဲ့သည်။ ယင်းကို စဉ်းစားပြီးနောက် အကြံတစ်ခု ထုတ်ခဲ့သည်။ သူသည် လူတိုင်းကို စုဝေးဖို့ ခေါ်လိုက်ပြီး “ယနေ့ ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းဖို့ အထူးကိစ္စရပ်တစ်ခု ရှိသည်။ မည်သည့်အရာ ဖြစ်သနည်း။ အထက်မှ သူ့အပေါ် သိပ်မကျေနပ်သည့် လူတစ်ဦးရှိကာ သူတို့က ထိုသူ့ကို ဖယ်ရှားချင်ကြသည်။ သို့ဖြစ်၍ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် မည်သို့ ပြုလုပ်သင့်သနည်း။ ထိုသူ့ကို ဖယ်ရှားဖို့ဖြစ်စေ၊ မဖယ်ရှားဖို့ဖြစ်စေ မဲပေးခြင်းဖြင့် အားလုံး ဆုံးဖြတ်ကြစို့” ဟု ပြောလေသည်။ မဲရလဒ်ကို ရေတွက်ထားကာ လူ ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့်က ထိုသူကို ဖယ်ရှားဖို့ သဘောတူသော်လည်း သဘောထားကွဲလွဲသည့် မဲအနည်းငယ် ရှိလေသည်။ ဤအမြင်မတူသူများသည် ထိုဆိုးယုတ်သောသူ၏ အရိုးစွဲနောက်လိုက်များ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် အခြားသော အကြောင်းရင်းများကြောင့် ထိုသို့ပြုသည်ကိုဖြစ်စေ ငါတို့ ပြောမည်မဟုတ်၊ မည်သို့ပင်ဆိုစေ လူအချို့က သဘောမတူသဖြင့် အမြင်ရှုထောင့်မှာ တညီတညွတ်တည်း မဖြစ်ခဲ့ပေ။ ထို့နောက် ခေါင်းဆောင်က “မဲအရဆိုလျှင် သဘောထား မတိုက်ဆိုင်မှုများရှိကြောင်း ကျွန်ုပ် သတိပြုမိသည်။ ဤသည်မှာ အရေးပါသော ကိစ္စတစ်ခု ဖြစ်ပြီး ဤသဘောထားများကို ကျွန်ုပ်တို့ လေးစားရမည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီကို ကျင့်သုံးဖို့လိုသည်။ အနောက်တိုင်း ဒီမိုကရေစီစနစ်သည် အဘယ်မျှ ချီးမွမ်းနှစ်လိုဖွယ်ကောင်းသည်ကို ကြည့်လော့။ အသင်းတော်ထဲတွင်လည်း ထိုအတိုင်း ကျင့်သုံးရမည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို စွမ်းဆောင်ရရှိဖို့ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းရမည်။ ယခုတွင် သဘောထားကွဲလွဲသော မဲအနည်းငယ် ရှိသဖြင့် ဤသူကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပေ။ ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ၏ သဘောထားများကို လေးစားရမည်။ ညီအစ်ကိုမောင်နှမများသည် မည်သူတို့ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဘုရားရွေးကောက်ထားသော လူတို့ ဖြစ်ကြ၏။ သူတို့၏ သဘောထားများကို ကျွန်ုပ်တို့ လျစ်လျူရှု၍မရပေ။ ဘုရားရွေးကောက်ထားသော လူတို့ထဲမှ တစ်ဦးတည်းကပင် သဘောမတူပါက ဖယ်ရှားခြင်းကို ကျွန်ုပ်တို့ ဆက်လုပ်၍မရ” ဟု ပြော၏။ အမှန်တွင် သူပြောသည့်အရာ၌ အခြေခံအကြောင်းရင်း မရှိ၊ ဘုရားသခင်က ထိုသို့သောအရာမျိုးကို မည်သည့်အခါမျှ မပြောခဲ့ဖူးပေ။ သူသည် အဓိပ္ပာယ်မဲ့သော အရာကို ပြောနေခြင်းသာ ဖြစ်၏။ ထို့နောက်တွင် ဆိုးယုတ်သောသူသည် ဖယ်ရှားခြင်းမခံရသေးကြောင်း အထက်က တွေ့ရှိသောအခါ သူတို့က ဒေသန္တရခေါင်းဆောင်ကို ထိုကိစ္စနှင့် ပတ်သက်၍ အလောတကြီး ဆောင်ရွက်ခိုင်းတော့သည်။ သူက “ဟုတ်ပါပြီ။ ယင်းမှာ မကြာမီ အပြီးသတ်မည် ဖြစ်သည်” ဟု ဆိုလျက် ကတိပေးလေသည်။ သူ၏ကတိမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူသည် အချိန်ဆွဲဦးမည်ဟု ဆိုလို၏။ သူက “သင်တို့က ကျွန်ုပ်ကို သူ့အား ဖယ်ရှားဖို့ ခိုင်းနေသော်လည်း ကျွန်ုပ် ထိုသို့ ချက်ချင်း မလုပ်နိုင်ပေ။ အချိန်အတော်အတန် ကျော်လွန်သွားလျှင် သင်တို့သည် ထိုအကြောင်းကို မေ့ပျောက်ကောင်း မေ့ပျောက်သွားနိုင်ပြီး ကျွန်ုပ်လည်း သူ့ကို ဖယ်ရှားစရာ လိုတော့မည် မဟုတ်၊ အဘယ်သူပြောနိုင်မည်နည်း” ဟု စဉ်းစားသည်။ ထို့နောက် သူသည် လူတိုင်းကို နောက်ထပ် အတူတကွ စုဝေးရန်နှင့် နောက်ထပ် မဲပေးရန် ခေါ်ပြန်သည်။ မိတ်သဟာယပြုချက်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်းအားဖြင့် ထိုသူကို အမှန်ပင် ဖယ်ရှားရန် လိုအပ်ကြောင်း လူတိုင်းအတွက် ရှင်းလင်းလာသည်။ သဘောထား ကွဲလွဲသောမဲများ လျော့နည်းလာသော်လည်း သူ့အား ဖယ်ရှားခြင်းကို ဆန့်ကျင်သောမဲတစ်မဲ ရှိနေသေးသည်။ ခေါင်းဆောင်က ဤတစ်ကြိမ်တွင်လည်း သူ့ကို မဖယ်ရှားဘဲ “ဆန့်ကျင်သော မဲတစ်မဲ ရှိနေသရွေ့ သူ့ကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပါ” ဟု ဆိုလေသည်။ လူအများစုက “အကယ်၍ အထက်က ဖယ်ရှားရန် အမိန့်ပေးပါက သူ့ကို ဖယ်ရှားရမည်။ ဤကိစ္စကို အထက်က ထိုးထွင်းသိမြင်နိုင်သည်မှာ သေချာလောက်သည်မဟုတ်လော။ သူတို့သည် အမှားမလုပ် ခဲ့သည်မှာ သေချာလောက်သည်မဟုတ်လော” ဟု စဉ်းစားကြသည်။ အထက်၏ အစီအမံများကို ကျိုးနွံနာခံခြင်းက စည်းမျဉ်းတစ်ခုလော။ ယင်းက သမ္မာတရားလော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း ဤခေါင်းဆောင်က မသိခဲ့ပေ။ သူသည် မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ သူက “ဆန့်ကျင်သည့် မဲတစ်မဲ ရှိနေသေးသောကြောင့် သူ့ကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပေ။ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများ၏ သဘောထားများကို လုံးလုံးလျားလျား လေးစားရမည်။ ဤသည်ကို အမြင့်ဆုံး လူ့အခွင့်အရေးဟု ခေါ်သည်” ဟု ဆိုခဲ့သည်။ ထို့နောက် အထက်က ထိုကိစ္စကို နောက်ထပ် စုံစမ်းသောအခါ ခေါင်းဆောင်က ၎င်းတို့ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ဆက်၍ ကိုင်တွယ်ဖြေရှင်းပြီး အချိန်ဆက်ဆွဲခဲ့သည်။ နောက်ဆုံးတွင် သူသည် ထိုဆိုးယုတ်သောသူကို ဖယ်ရှားမည်မဟုတ်ကြောင်း အထက်က တွေ့ရှိသောအခါ သူ့ကိုပါ ဖြုတ်ချပြီး ဖယ်ရှားကြတော့သည်။ အထက်က သူ့ကို ခေါင်းဆောင်တစ်ဦး ဖြစ်စေခဲ့သော်လည်း သူက ၎င်းတို့ကို နားမထောင်ခဲ့ပေ။ အထက်က သူ့ကို အသုံးပြုရန်နှင့် ဖြုတ်ချရန် အခွင့်အာဏာရှိ၏။ ဤသည်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပင်။ ဤနောက်တွင် သူ့ကို အားပေးထောက်ခံသူများလည်း ဖယ်ရှားခံခဲ့ကြရသည်။ အထက်၏ အစီအစဉ်များကို လူတိုင်း၏ မဲဖြင့်အတည်ပြုရန် လိုသလော။ (မလိုပါ။) အဘယ့်ကြောင့် မလိုသနည်း။ အဘယ့်ကြောင့် မလိုသည်ကို သင်တို့ ရှင်းမပြနိုင်ပေ။ သင်တို့သည် ထိုနားဝေတိမ်တောင် ခေါင်းဆောင်နှင့် အတော်ပင် တူပုံရသည်။ ယင်းသည် မှန်ကန်သည် မဟုတ်လော။ သင်တို့အား ငါ မိတ်သဟာယပြုနေသော ဤစကားများမှာ အယူဝါဒများလော၊ သို့မဟုတ် လက်တွေ့ကျမှုများလော၊ ငါ့ကိုပြောလော့။ (လက်တွေ့ကျမှုများ ဖြစ်ပါသည်။) အကယ်၍ လူတို့သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်လျှင် တိကျမှန်ကန်မည်လော။ (တိကျမှန်ကန်မည် ဖြစ်ပါသည်။) အကယ်၍ ယင်းသည် တိကျမှန်ကန်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်း လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်ဖို့ လိုသလော။ (မလိုပါ။) အထက်သည် ဖယ်ရှားဖို့ အမိန့်ပေးခြင်းဖြင့် လူတစ်ဦးကို မတရားသဖြင့် ပြုနိုင်မည်လော။ လုံးဝ ပြုနိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် အထက်က ဤဆိုးယုတ်သောသူအား ဖယ်ရှားဖို့ အမိန့်ပေးပြီး ဤခေါင်းဆောင်က ဆောင်ရွက်ဖို့ ငြင်းဆိုသောအခါ ဤတွင် ပြဿနာမှာ အဘယ်နည်း။ (ပြောင်ပြောင်တင်းတင်း ဖီဆန်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ပြောင်ပြောင်တင်းတင်း ဖီဆန်ခြင်းထက်မကဘဲ သီးခြားနိုင်ငံတော် တစ်ခုကို ဖန်တီးခြင်းဖြစ်၏။ အထက်က ထိုဆိုးယုတ်သောသူကို ဖယ်ရှားဖို့ အမိန့်ပေးသောအခါ ဤအယောင်ဆောင်ခေါင်းဆောင်က အချိန်ဆွဲပြီး မဆောင်ရွက်ခဲ့သည့်အပြင် ဆန္ဒမဲပင်ကောက်ခံကာ လူအများ၏ သဘောထားကို ဆန်းစစ်သုံးသပ်ခဲ့သည်။ သူသည် မည်သည့် လူအများ၏ သဘောထားကို သုံးသပ်နေခဲ့သနည်း။ လူအများ၏ သဘောထားဟူသည် အဘယ်နည်း။ အများစုသည် မည်သည့်အရာ ဖြစ်သနည်း။ လူအများစုက သမ္မာတရားကို နားလည်သလော သို့မဟုတ် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) လူအများစုသည် ပိုင်းခြားသိမြင်နိုင်စွမ်းကိုပင် မပိုင်ဆိုင်သောကြောင့် သမ္မာတရားကို နားလည်သောလူများ ဖြစ်နိုင်မည်လော။ ဤခေါင်းဆောင်က လူအများ၏ သဘောထားကိုပင် ဆန်းစစ်သုံးသပ်ခဲ့သည်။ ယင်းက မည်သည့်ပြဿနာကိုမဆို အမှန်ပင် ဖြေရှင်းနိုင်သလော။ ယင်းသည် လိုအပ်သလော။ လူအများစုသည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အထက်က ကိုယ်တိုင်ကြီးကြပ်ကာ ဆိုးယုတ်သောသူကို ဖယ်ရှားဖို့ အမိန့်ပေးခဲ့သော်လည်း ဤအန္တိခရစ်က အချိန်ဆွဲသည့်အပြင် သူ့ကို မဖယ်ရှားဘဲ ဆိုးယုတ်သောသူတစ်ဦးကို ခိုလှုံခွင့်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်း၊ အသင်းတော်ထဲ၌ နေထိုင်ရန်နှင့် နှောင့်ယှက်ရန် အခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ဆိုးယုတ်သောလူများ မည်သည့်နေရာ၌ရှိစေ ပရမ်းပတာဖြစ်ခြင်းနှင့် စနစ်တကျမှုကင်းမဲ့ခြင်းတို့ ရှိသည်။ ဘုရားသခင်ရွေးချယ်ထားသော လူများက မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်သည့်အပြင် အသင်းတော်အလုပ်လည်း ပုံမှန်အတိုင်း မတိုးတက်နိုင်ပေ။ ဆိုးယုတ်သောလူများအား မဆိုင်းမတွ ဖယ်ရှားခြင်းကသာ အသင်းတော်အလုပ် ပုံမှန်အတိုင်း ရှေ့ဆက်ဖို့ သေချာစေနိုင်သည်။ သို့သော်လည်း အန္တိခရစ်များ အခွင့်အာဏာရှိသော နေရာများတွင် ဘုရားအိမ်တော်၏ အကျိုးကို ထိခိုက်နစ်နာစေသော၊ အနှောင့်အယှက်များ ဖြစ်ပွားစေသော၊ ကြောင်းကျိုးဆီလျော်မှု မရှိသော ပုံစံဖြင့် ပြုမူသော၊ ထို့ပြင် ရိုးသားမှန်ကန်မှု စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူတို့ကို ဖယ်ရှားနိုင်ခြင်း မရှိပေ။ အန္တိခရစ်များသည် အသင်းတော်ထဲတွင် မကောင်းသောအရာများကို ပြုလုပ်ရင်း သောင်းကျန်းကာ ထိုဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ခိုလှုံခွင့်ပေးပြီး အကာအကွယ်ပေးကြသည်။ ၎င်းတို့သည် မည်သည့်မူမမှန်သောအကြောင်းပြချက်ဖြင့် ဤသို့ ပြုလုပ်သနည်း။ ၎င်းတို့သည် အရာရှိများ ဖြစ်ကြသည်ဟူသည့် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် ၎င်းတို့သည် အခြားလူတို့၏ သခင်များ ဖြစ်ရမည်ဟူ၍ပင်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ထဲတွင် အရာရှိများအဖြစ် မိမိတို့ကိုယ်ကို ဟန်လုပ်ကြပြီး အခြားလူတို့၏ သခင်များ ဖြစ်ချင်ကြသည်။ လူ၏သခင်သည် အဘယ်သူနည်း၊ ငါ့ကိုပြောလော့။ (ဘုရားသခင်ပင်။) ဘုရားသခင်နှင့် သမ္မာတရားသည် လူ၏သခင်ဖြစ်၏။ ထိုအန္တိခရစ်များမှာ မည်သည့်အရာမျှ မဟုတ်ပေ။ ၎င်းတို့သည် ဤလူတို့၏သခင်များ ဖြစ်ချင်သော်လည်း ၎င်းတို့၏သခင် မည်သူမှန်းပင် မသိကြပေ။ ၎င်းတို့သည် လူလိမ်လူညစ်များ မဟုတ်ကြသလော။ အန္တိခရစ်များသည် လူတို့ကို “ကျွန်ုပ်သည် သင်တို့၏သခင် ဖြစ်နိုင်သည်။ အကယ်၍ သင်တို့၌ နာကြည်းချက်၊ မကျေနပ်ချက်တစ်ခုခု ရှိပါက သို့မဟုတ် သင်တို့သည် မတရားမှု သို့မဟုတ် အခက်အခဲတစ်ခုခုကို တွေ့ကြုံခံစားခဲ့ရပါက သင်တို့၏ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်ုပ်သည် သင်တို့အတွက် ရှင်းပေးနိုင်သည်” ဟူ၍ ပြောရန် ဤနည်းစနစ်ကို အသုံးပြုကြသည်။ ထိုအခါ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်ကို နားမလည်သောသူတို့သည် ထိုအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်။ ၎င်းတို့သည် ထိုသူတို့ကို လိုက်လျှောက်ပြီး ကိုးကွယ်ရမည့် ဘိုးဘေးများနှင့် ဘုရားသခင်အဖြစ် သဘောထားကြသည်။ သမ္မာတရားကို နားလည်သောသူတို့သည် ထိုကဲ့သို့သော အန္တိခရစ်များကို ကြုံတွေ့သောအခါ မည်သို့ ခံစားကြသနည်း။ ၎င်းတို့သည် ထိုသူတို့ကြောင့် စက်ဆုပ်ရွံရှာပြီး အော့ကြောလန်ကာ “သင်သည် ကျွန်ုပ်တို့၏သခင်ဖြစ်ပြီး ကျွန်ုပ်တို့ကို ထိန်းချုပ်လိုသလော။ လုံးဝ မဖြစ်နိုင်ပေ။ သင်သည် ကျွန်ုပ်တို့ကို သင့်ထံသို့ မဟုတ်ဘဲ ဘုရားသခင်ထံသို့ ခေါ်ဆောင်ရန်အတွက် ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် သင့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုလေသည်။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်များ၏ အကြံအစည်များကို ရိပ်စားမိပြီးဖြစ်သည်ဟု ဆိုလိုသည်။ အန္တိခရစ်များက လူတို့ကို ၎င်းတို့၏ သခင်များဖြစ်သည်ဟူသည့် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် အထင်အမြင်မှားစေကာ ဤသည်မှာ စိတ်ခံစားမှုဆိုင်ရာဖြစ်စေ၊ စိတ်ဓာတ်ရေးရာဖြစ်စေ၊ ဝိညာဉ်ရေးရာဖြစ်စေ၊ အခြားသော လိုအပ်ချက်များဖြစ်စေ သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု သူတို့အား ထင်အောင်လုပ်ခြင်း ဖြစ်သည်။ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်ကို နားမလည်သောသူတို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို မကြာခဏ ခံရသည်မှာ အထင်အမြင် မှားအောင်လုပ်ခြင်း ခံရပြီးနောက်တွင် ၎င်းတို့သည် နောက်ကြောင်း ပြန်လှည့်နိုင်ခြင်းနှင့် ပြန်လည်သုံးသပ်နိုင်ခြင်း မရှိနိုင်သည်သာမက ထိုအန္တိခရစ်များဘက်ကပင် ရပ်တည်ပြီး ခုခံကာကွယ်နိုင်သည့် အတိုင်းအတာအထိပင် ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဘက်က ရပ်တည်ပြီး ခုခံကာကွယ်နိုင်သည်ဟု အချက်က ၎င်းတို့သည် အမှန်တကယ် အထင်အမြင် မှားသွားပြီဖြစ်ကြောင်း အခိုင်အမာ ထင်ရှားစေသည်။ ဤသည်မှာ မှန်ကန်သည်မဟုတ်လော။ (မှန်ကန်ပါသည်။) လူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်ကြသနည်း။ ယင်းမှာ ကယ်တင်ခြင်း ရရှိဖို့အတွက် မဟုတ်လော။ အကယ်၍ သင်သည် အန္တိခရစ်များနောက် လိုက်ပါက ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းနှင့် သူ့ကို သစ္စာမဲ့နေခြင်း မဟုတ်လော။ ဘုရားသခင်အား ရန်လိုသည့် စွမ်းအားများဘက်၌ ရပ်တည်နေခြင်း မဟုတ်လော။ ထိုသို့ဖြစ်နေလျှင် ဘုရားသခင် သင့်ကို အလိုရှိနေဦးမည်လော။ အကယ်၍ သင်သည် ဘုရားသခင်နောက်သို့ အမည်ခံသက်သက် လိုက်နေသော်လည်း လူတစ်ဦးနောက်သို့ လိုက်နေပါက ဘုရားသခင်သည် သင့်ကို မည်သို့ ရှုမြင်ပြီး သင့်ကို မည်သို့ ဆက်ဆံမည်နည်း။ အကယ်၍ သင်သည် ဘုရားသခင်ကို ငြင်းပယ်လျှင် သူသည် သင့်အား ပစ်ပစ်ခါခါ ငြင်းမည်မဟုတ်လော။ အကယ်၍ လူတို့သည် ဤအယူဝါဒလေးကိုပင် နားမလည်ပါက သမ္မာတရားကို နားလည်နိုင်မည်လော။ ဤလူတို့သည် နားဝေတိမ်တောင် ဖြစ်ကြသည်မဟုတ်လော။
အန္တိခရစ်များအနေဖြင့် လူတို့ကို အထင်အမြင် မှားစေသည်မှာ ရံဖန်ရံခါမှပြသော သရုပ်သကန်တစ်ခု မဟုတ်ပေ။ သူတို့သည် ဤအရာကို မကြာခဏ ပြသည်။ ယင်းမှာ သူတို့၏ အပြောင်းအလဲမရှိသော လုပ်ဆောင်ခြင်းစည်းမျဉ်း၊ သို့မဟုတ် ယင်းမှာ သူတို့၏ အခြေခံ၊ နည်းစနစ်နှင့် အမှုအရာများ ပြုလုပ်သည့်နည်းလမ်း ဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်ချက်များနှင့် ဆိုင်သည့် အပြောင်းအလဲမရှိသော ပုံစံဖြစ်၏။ သို့မဟုတ်ပါက သူတို့ကို မည်သူ လေးစားမည်နည်း။ ပထမဆုံးအနေဖြင့် သူတို့သည် သမ္မာတရားကို နားမလည်ကြပေ။ ဒုတိယအနေဖြင့် သူတို့၌ မကောင်းသော လူ့သဘာဝရှိကြသည်။ တတိယအနေဖြင့် သူတို့သည် ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိကြပေ။ သို့ဆိုလျှင် လူတို့အား သူတို့ကို အပြည့်အဝ လိုက်လျောအောင်၊ သူတို့ကို လေးစားအောင်နှင့် သူတို့ကို သဘောကျအောင် မည်ကဲ့သို့ လုပ်နိုင်သနည်း။ သူတို့သည် ကြွားလုံးထုတ်ဖို့အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အားထားကာ လူတို့အား သူတို့ကို လေးစားကိုးကွယ်အောင် လုပ်ကြသည်။ သူတို့သည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် ဤနည်းစနစ်များကို အသုံးပြုကာ ၎င်းတို့အား ထိုထိုသော မမှန်ကန်သော ထင်မြင်ချက်များကို ပေးပြီး သူတို့သည် ဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်ကို ချစ်သည်၊ အဖိုးအခပေးသည်၊ မှန်ကန်သော စကားလုံးများကို မကြာခဏ ပြောပြီး မှန်ကန်သော အယူအဆများကို ပေးတတ်သည်၊ ထို့ပြင် ညီအစ်ကို မောင်နှမများ၏ အကျိုးကို ကာကွယ်ပေးတတ်သည်ဟု ၎င်းတို့ သိမြင်အောင် လုပ်ကြသည်။ ထို့နောက်တွင် သူတို့သည် လူတို့အထဲ၌ လေးစားခြင်းနှင့် ကြည်ညိုခြင်း သဘောကို ဖြစ်ပေါ်စေဖို့အတွက် ဤမမှန်ကန်သော ထင်မြင်ချက်များကို အသုံးပြုကာ လူတို့ကို အထင်အမြင်မှားအောင် လုပ်နိုင်ခြင်းနှင့် သူတို့နောက်လိုက်အောင် လုပ်နိုင်ခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်လေသည်။ သူတို့က လူတို့ကို ဤကဲ့သို့ အထင်အမြင် မှားစေသောအခါ သူတို့ပြုလုပ်သော အရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သူတို့သည် သင့်လျော်မှန်ကန်သည့် အရာမှန်သမျှကို ပြောသော်လည်း သူတို့ ပြုလုပ်သည့် အရာများက သမ္မာတရားနှင့် မလျော်ညီသည်မှာ အသေအချာပင်။ ပိုင်းခြားနားလည်နိုင်စွမ်း မရှိသောသူတို့က ထိုပြဿနာကို မမြင်နိုင်ပေ။ လူတို့အား အထင်အမြင် မှားစေခြင်းဟူသည့် အနှစ်သာရနှင့်ပတ်သက်၍ သူတို့၏ လုပ်ဆောင်ချက်များကြောင့် လူတို့အနေဖြင့် သူတို့သည် သမ္မာတရားနှင့် မကိုက်ညီသည်ကို မြင်တွေ့ရန်အတွက် ခက်ခဲလေသည်။ အကယ်၍ ဤအရာကို မြင်တွေ့နိုင်ပါက လူတို့သည် သူတို့၏ လိမ်လည်မှုကို ရိပ်စားမိမည် မဟုတ်လော။ လက်တွေ့တွင် သူတို့ ပြုလုပ်သည့်အရာနှင့် သူတို့ ထုတ်ဖော်သည့်အရာမှာ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်း ဖြစ်၏။ သို့ဆိုလျှင် အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်း၏ သရုပ်သကန်မှာ အဘယ်နည်း။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် သက်ဆိုင်သည့် များစွာသော အပြုအမူများ၊ လုပ်ဆောင်ချက်များနှင့် အပြောအဆိုများသည် မှန်ကန်သယောင် ရှိသော်လည်း ယင်းတို့သည် အမှန်တွင် အပြင်ပန်း လုပ်ဆောင်ချက်များသာ ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘာမျှမဆိုင်ပေ။ သခင်ယေရှုကို အတိုက်အခံ လုပ်ခဲ့သည့် ဖာရိရှဲများကဲ့သို့ပင်။ ထိုသူတို့သည် လက်ထဲတွင် ကျမ်းစာများကို ကိုင်ပြီး လမ်းဆုံလမ်းခွများ၌ ကျယ်လောင်စွာဖြင့် “အို ကျွန်ုပ်၏သခင်...” ဟု ပြောလျက် ဆုတောင်းကြကာ လူတို့အား သူတို့၏ ဘာသာတရားကိုင်းရှိုင်းမှုကို ပြကြသည်။ ရလဒ်အနေဖြင့် ယနေ့ခေတ်တွင် “ဖာရိရှဲ” ဟူသည့် သူတော်ကောင်းယောင်ဆောင်သော လူတို့အား အခြားနည်းဖြင့်ခေါ်သော အသုံးအနှုန်း ဖြစ်လာ၏။ ဖာရိရှဲရှေ့တွင် မည်သည့် နာမဝိသေသန လာသနည်း။ သူတော်ကောင်းယောင်ဆောင်သော ဟူသည့် နာမဝိသေသနဖြစ်၏။ အမှန်တွင် “သူတော်ကောင်း ယောင်ဆောင်သော” ဟု မပြောဘဲ “ဖာရိရှဲ” ဟူသည့် စကားလုံးကို ပြောသရွေ့ ယင်းမှာ အပြုသဘောဆောင်သော စကားလုံးမဟုတ်မှန်း သင်တို့သိလိမ့်မည်။ ယင်းသည် “လူလိမ်လူညစ်” သို့မဟုတ် “နတ်ဆိုး” နှင့် အတူတူပင်ဖြစ်ပြီး တူညီသောအဓိပ္ပာယ် ဆောင်လေ၏။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် ပတ်သက်၍ ဆိုရလျှင် ယနေ့ခေတ်တွင် လူများစွာက ဝိညာဉ်ရေးဆန်ခြင်းနှင့် ပတ်သက်၍ မပြောကြဘဲ လူတစ်ဦးဦးက ဝိညာဉ်ရေးဆန်ခြင်းဟု ဆိုသောအခါတိုင်းတွင် ထိုရှေ့တွင် မည်သည့်အရာကို ထပ်ဖြည့်တတ်သနည်း။ (အယောင်ဆောင် ဟူသည့် စကားလုံးပင်။) မှန်၏၊ အယောင်ဆောင်ဟူသည့် စကားလုံးပင်။ အခြေအနေအများစုတွင် လူတို့ကို အထင်အမြင်မှားစေသော အန္တိခရစ်များ၏ သရုပ်သကန်များသည် စင်စစ်အားဖြင့် အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းဟူသည့် သရုပ်သကန်များ ဖြစ်သည်။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် ဆက်စပ်သည့် စကားလုံးများ၊ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် အတော်လေး ကောင်းမွန်ဟန်၊ ဘာသာတရားကို အတော်လေးကိုင်းရှိုင်းဟန်၊ သမ္မာတရားနှင့် ကိုက်ညီဟန် ရှိလေသည်။ လူတစ်ဦး အားနည်းသည်ကို တွေ့သောအခါ သူတို့သည် မိမိတို့၏ အစားအစာကိုပင် မေ့လျော့ပြီး ထိုသူကို အားပေးကူညီဖို့ အပြေးအလွှား သွားကြသည်။ လူတစ်ဦး မိသားစုထဲတွင် အခြေအနေတစ်ခု ရှိနေကြောင်း သိမြင်ရသောအခါ သူတို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပင် လျစ်လျူရှုပြီး ထိုသူကို အလျင်အမြန် ကူညီကြသည်။ သို့သော်လည်း သူတို့၏ အကူအညီ၌ သင့်တော်သော အချို့စကားလုံးများ သို့မဟုတ် ကြားကောင်းပြီး စာနာတတ်သော စကားလုံးများပြောခြင်း ပါဝင်လင့်ကစား စကားများစွာ ပြောပြီးနောက်၌ တစ်ဖက်လူ၏ တကယ့်အရေးကိစ္စများကမူ ပြေလည်မသွားပါချေ။ သို့ဆိုလျှင် ဤကဲ့သို့ သူတို့ဟန်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့သည် အထူးသဖြင့် သူတို့၏ အပြုအမူအားဖြင့် စိတ်တို့ထိခြင်းခံကြရပြီး လိုအပ်သောအချိန်များတွင် အားထားရမည့် ဤကဲ့သို့သော ခေါင်းဆောင်တစ်ဦး ရှိခြင်းက အလွန် ကောင်းသည်ဟု ခံစားကြ၏။ ၎င်းတို့သည် အမှန်ပင် ပျော်ရွှင်ကြ၏။ ထို့ကြောင့် အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် စကားလုံးများကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ တစ်ချိန်တည်းမှာပင် သူတို့ကို အထင်အမြင် မှားစေရန်၊ မိမိတို့သည် အလွန်မှပင် ဝိညာဉ်ရေးဆန်သည်၊ ထူးခြားအံ့သြလောက်သည်၊ ထို့ပြင် ၎င်းတို့၏ ယုံကြည်စိတ်ချမှု၊ မှီခိုအားထားမှုနှင့် ထိုက်တန်သည်ဟု လူတို့ယုံကြည်အောင် လုပ်ဖို့အတွက် အပြုအမူအမျိုးမျိုးကိုလည်း အသုံးချသည်။ အချို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အနည်းငယ် စိတ်ကူးသက်သက်ဖြစ်လွန်းသော်လည်း ကျွန်ုပ်တို့၏ ခေါင်းဆောင်အား ယုံကြည်ခြင်းမှာ လက်တွေ့ဆန်သည်။ ယင်းမှာ အလွန် စစ်မှန်ပြီး မှန်ကန်၏။ သူတို့ကို သင် ထိကိုင်နိုင်သည်၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် သင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေသောအခါ သူတို့ကို သင် တိုက်ရိုက် မေးမြန်းပြီး စကားပြောနိုင်သည်။ ယင်းမှာ အလွန်ပင် ကောင်းလိုက်လေခြင်း” ဟုပင် တွေးကောင်း တွေးကြမည်ဖြစ်သည်။ ထိုသို့သော ရလဒ်မျိုးကို စွမ်းဆောင်ရရှိရာ၌ အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်များကို ပြည့်မြောက်အောင်မြင်ကြပြီး ဖြစ်သော်လည်း သူတို့ အထင်အမြင် မှားအောင်လုပ်ခဲ့သော သူတို့မှာမူ စိတ်မချမ်းမြေ့ဖွယ်ရာ အဆုံးသတ်ရသည်။ အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို အချိန်ကာလတစ်ခုထိ ခံရပြီးနောက်တွင် ဤလူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ ပြန်ရောက်လာကြသည့်အခါတွင် ၎င်းတို့သည် မည်သို့ဆုတောင်းရမည် သို့မဟုတ် သူ့ထံတွင် မိမိတို့၏ စိတ်နှလုံးများကို မည်သို့ဖွင့်ဟရမည်ကို မသိတော့ပေ။ ထို့မျှမက ဤလူတို့ အတူတကွ စုဝေးကြသောအခါ အချင်းချင်း မြှောက်ပင့်ကြသည်။ ဝိညာဉ်ရေးဆန်ချင်ယောင် ဆောင်ကြသည်။ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး အထင်အမြင် မှားစေပြီး လှည့်စားကြသည်။ အဆုံးတွင် အန္တိခရစ်များက “ကျွန်ုပ်တို့၏ အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမ အယောက်တိုင်းက ဘုရားကိုချစ်ကြသည်။ အရေးကိစ္စများကို ရင်ဆိုင်ရသောအခါ သူတို့အယောက်စီတိုင်းက ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ကြသည်။ သူတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင်ပင် မိမိတို့၏ သက်သေခံချက်တွင် အားလုံး ခိုင်မာစွာ ရပ်တည်နိုင်ကြသည်။ ကျွန်ုပ်တို့အထဲတွင် ယုဒတစ်ဦးမျှ ရှိမည်မဟုတ်။ ထိုအရာကို ကျွန်ုပ် အာမခံသည်” ဟုပင် အခိုင်အမာဆိုကြသည်။ အမှန်မှာမူ ၎င်းတို့ အဖမ်းခံရသောအခါ အများစုက ယုဒအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် လူဆိုးလူညစ်တစ်သိုက်ပင် မဟုတ်ကြသလော။ အန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကို အရူးလုပ်ဖို့၊ အထင်အမြင် မှားစေဖို့နှင့် လိမ်လည်လှည့်စားဖို့ရန် အနှစ်မဲ့သော စကားများနှင့် ဆောင်ပုဒ်များကို အသုံးပြုကြသည်။ လူအများစုသည် စဉ်းစားဉာဏ်မရှိဘဲ ပညာမဲ့ကာ ပိုင်းခြားနားလည်နိုင်စွမ်း ကင်းမဲ့သည့်အပြင် အန္တိခရစ်များကို လက်လွတ်စပယ် ပြုမူခွင့်ပေးကြသည်။ ဘုရားသခင်ရွေးချယ်ထားသော လူတို့အားလုံးက မိမိတို့၏ တာဝန်များကို လုံခြုံသောဝန်းကျင်၌ လုပ်ဆောင်နိုင်ဖို့ သေချာစေရန်ဟူသည့် ရည်မှန်းချက်ဖြင့် အခြေအနေများ ပေါ်လာသောအခါ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်နှင့် မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ကို အထက်မှလာသော အလုပ်အစီအစဉ်များက အလေးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဖမ်းဆီးမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှု ရှိလာပါက ဆုံးရှုံးနစ်နာမှုများ နည်းနိုင်သမျှနည်းအောင် လုပ်သင့်သည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး အဖမ်းခံရပြီး ထောင်ကျကာ သူတို့၏ အသင်းတော်အသက်တာ တစ်ခုလုံး ဆုံးရှုံးရပါက ဤသည်မှာ သူတို့၏ အသက်ဝင်ရောက်မှုတွင် အနုတ်လက္ခဏာသို့ ဦးတည်စေသည် မဟုတ်လော။ ထောင်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်း မရှိဘဲ လူတစ်ဦး၏အသက်တာ ရင့်ကျက်နိုင်သလော။ သူတို့သည် ဓမ္မသီချင်း စာသားအနည်းငယ်ကိုသာ မှတ်မိနိုင်ပြီး နေ့စဉ် သူတို့၏အသက်တာက ထိုစာသားအနည်းငယ်ကိုသာ အားကိုးရ၏။ သူတို့ ညအချိန် ဆုတောင်းသောအခါ သူတို့၏ စိတ်နှလုံးထဲ၌သာ အသံတိတ်ဖြင့် ဆုတောင်းနိုင်ပြီး နှုတ်ခမ်းကိုပင် မလှုပ်ဝံ့ကြပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ကျန်ရှိသည့် တစ်ခုတည်းသောအရာမှာ “သစ္စာမဖောက်နှင့်။ ယုဒတစ်ဦး မဖြစ်လေနှင့်။ ဘုရားသခင်အတွက် သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလော့။ သူ့ကို ဂုဏ်သရေမဖျက်နှင့်” ဟူသည့် အတွေးမျိုးသာ ဖြစ်၏။ အခြားဘာမျှ မရှိ၊ လူတို့တွင် ထိုသို့သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုသာ ရှိတော့သည်။ အန္တိခရစ်များက ဤအရာများကို ထည့်မတွက်ကြပေ။ သူတို့ကို အဘယ့်ကြောင့် အန္တိခရစ်များဟု ခေါ်ရသနည်း။ သူတို့သည် အခြားသူများကို ဒုက္ခပေးပြီး ညီအစ်ကို မောင်နှမများကို မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ဒုက္ခပေးကြလေသည်။ အထက်မှလာသော အလုပ်အစီအစဉ်များက လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို လုံခြုံသော အခြေအနေအတွင်း လုပ်ဆောင်ရန်နှင့် မတော်တဆမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် သတ်မှတ်ထားသော်လည်း အန္တိခရစ်များက သူတို့၏လုပ်ငန်းများကို လုပ်ဆောင်သောအခါ ဤအလုပ် အစီအစဉ်များကို မလိုက်နာကြပေ။ သူတို့သည် အော်ဟစ်ပြီး မိမိတို့အလိုကျအတိုင်း ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ လုံခြုံမှုကို လျစ်လျူရှုကြသည်။ စဉ်းစားဉာဏ်မဲ့သော လူအချို့သည် ပိုင်းခြားနားလည်နိုင်စွမ်း ကင်းမဲ့ပြီး “အထက်မှနေ၍ လုံခြုံမှုကို အဘယ့်ကြောင့် အမြဲတမ်း ထုတ်ပြောနေရသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် မတော်တဆမှုများကို အလွန် ကြောက်ရသနည်း။ ဘာများ ကြောက်စရာရှိသနည်း။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်” ဟု စဉ်းစားကြသည်။ ထိုကဲ့သို့သော အရာများကို ပြောနေသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက နုနယ်ကောင်း နုနယ်မည်။ နားလည်သဘောပေါက်မှု ကင်းမဲ့ကောင်း ကင်းမဲ့ပေမည်၊ ထို့ပြင် အရေးကိစ္စများကို ထိုးထွင်းသိမြင်ချင်မှ သိမြင်မိနိုင်မည်။ သို့သော် သင်သည် စဉ်းစားဉာဏ်မဲ့စွာ ပြုမူ၍မရပေ။ လူတို့သည် အချို့သော အခြေအနေများတွင် မည်သို့ စုရုံးသင့်ကြောင်းနှင့် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း အထက်က စီစဉ်ထားပြီးဖြစ်သည်။ အသေးစိတ်ကျသော ဤအစီအစဉ်များအားလုံးက ဘာအတွက်နည်း။ ယင်းတို့မှာ ဘုရားသခင်ရွေးချယ်ထားသော လူတို့အား ကာကွယ်ဖို့ အတိအကျပင်ဖြစ်ကာ ဤသို့ဖြင့် သူတို့သည် စုရုံးနိုင်ပြီး မိမိတို့၏ တာဝန်များကို ပုံမှန်နှင့် လုံခြုံသောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လုံခြုံမှုက သင်တို့အား ဘုရားသခင်ကို ဆက်လက် ယုံကြည်နိုင်ရန်၊ သင်တို့၏ အသင်းတော်အသက်တာဖြင့် အသက်ရှင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်ရန် အခွင့်ပေးသည်။ အကယ်၍ သင်၏လုံခြုံမှုကိုပင် ဆုံးရှုံးရပါက သင်သည် အဆင်းနီသော နဂါးကြီး၏ အဖမ်းခံရပြီး ထောင်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်နိုင်ဘဲ သို့မဟုတ် မဖတ်နိုင်ဘဲ ဓမ္မသီချင်းများ မဆိုနိုင်သည့်အပြင် စုဝေးပွဲများလည်း မရှိပါက သင်သည် ဘုရားသခင်ကို အဘယ်သို့ ယုံကြည်နိုင်ဦးမည်နည်း။ သင်သည် အမည်ခံ ယုံကြည်သူတစ်ဦးသာ ဖြစ်လာနိုင်သည်။ အန္တိခရစ်များက ဤကိစ္စများကို ဂရုမစိုက်ပေ။ သူတို့သည် လူတို့၏ သေရေးရှင်ရေးကို ဂရုမစိုက်ပေ။ သူတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် အလိုဆန္ဒများ အထမြောက်ဖို့အလို့ငှာ လူတိုင်းကို “အခြေအနေများကို ကျွန်ုပ်တို့ မကြောက်ပါ။ ကျွန်ုပ်တို့တွင် ဘုရားရှိသည်” ဟု ကြောင်းကျိုးမမြင်ဘဲ ထအော်ဖို့ အားပေးကြသည်။ စဉ်းစားဉာဏ် မရှိသောသူတို့က ဘာကိုမျှ နားမလည်ဘဲ ဤစကားများဖြင့် အထင်အမြင်မှားအောင် အလုပ်ခံရသည်။ လူတိုင်း၌ မရေရာသော၊ အနှစ်မဲ့သော အတွေးများရှိပြီး “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်၍ ဘုရားသခင်က ကျွန်ုပ်တို့ကို ကာကွယ်သည်။ အကယ်၍ ကျွန်ုပ်တို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက ယင်းမှာ ဘုရားသခင်၏ အခွင့်တော်အရ ဖြစ်သည်” ဟု စဉ်းစားကြသည်။ ဤသည်တို့မှာ အဓိပ္ပာယ်မရှိသော စကားများ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များနှင့် သမ္မာတရားကို နားမလည်သောသူတို့ ပြုမူသည့်ပုံ ဖြစ်၏။ ညီအစ်ကိုမောင်နှမများက နားလည်ကောင်း နားလည်မည် မဟုတ်သော်လည်း အလုပ်အစီအစဉ်များကို မကြာခဏ မိတ်သဟာယပြုသော ခေါင်းဆောင်များအဖြစ် သင်သည် ဤကိစ္စများကို မသိနားမလည်ဘဲ မနေသင့်ပေ။ သင်သည် လုပ်ငန်းကို အလုပ်အစီအစဉ်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သင့်ကို နားထောင်သူ ပိုများလေ ကောင်းလေဖြစ်ပြီး လူပိုများလေ သင်၏ပြောပုံဆိုပုံက ပို၍ စိတ်အားထက်သန်လေဖြစ်သည်ဟုပင် ထင်မှတ်လျက် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းဖို့အတွက် အမြဲတမ်း စကားများများ ပြောလိုခြင်း မရှိရပေ။ အန္တိခရစ်များသည် သူတို့လက်အောက်၌ ရှိသောသူတို့ကို စည်းရုံးသိမ်းသွင်းရန်နှင့် သူတို့၏ လမ်းညွှန်ချက်ကို နားထောင်စေရန်အတွက် ပတ်ဝန်းကျင်လုံခြုံမှုကို အလေးထားခြင်း လုံးဝမရှိဘဲ သူတို့အားလပ်သည့် အချိန်တွင် ဤလူတို့ကို စုဝေးစေပြီး နောက်ဆုံးတွင် ဤလူတို့ ပျက်စီးခြင်းသို့ ဦးတည်စေသည်။
အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် ကြီးကျယ်ခမ်းနားသော အရာများကို ပြောခြင်းနှင့် အနှစ်မဲ့သော၊ အယောင်ဆောင် ဝိညာဉ်ရေးဆန်သော၊ အယူအဆဆန်သော အခြေခံသဘောအချို့ကို အသုံးပြုခြင်း၌ ကျွမ်းကျင်ကြသည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူအများက အန္တိခရစ်များကို နားထောင်လိုက်ပြီး မိမိတို့ကို အဘယ်သို့ ကြိုးကိုင်ညွှန်ကြားပါစေ နာခံကြသဖြင့် ဒုက္ခပြဿနာနှင့် ဖမ်းဆီးခံရမှုကို ဖြစ်ပေါ်လေသည်။ ဤဒုက္ခပြဿနာများက မည်သို့ ပေါ်လာနိုင်သနည်း။ ယင်းမှာ ဘုရားသခင်က ၎င်းတို့ကို မကာကွယ်သောကြောင့်ဟု အချို့က ပြောကောင်းပြောမည်။ သို့သော် ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောခြင်း မဟုတ်လော။ ဤကိစ္စအတွက် ဘုရားသခင်အပေါ် အပြစ်တင်၍မရပေ။ ဘုရားသခင်က လူတို့အား သူ၏အလုပ်ကို အခြေအနေအမျိုးမျိုး၌ တွေ့ကြုံခွင့်ပေးလေသည်။ အကယ်၍ သင်သည် အလုပ်အစီအစဉ်များအပေါ် အခြေခံ၍ စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သည့်အပြင် လူမည်မျှ အတူတကွ စုရုံးသည်ဖြစ်စေ ပတ်ဝန်းကျင်အခြေအနေက အခွင့်ပေးသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း သင်စားသောက်နိုင်ပြီး၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံကာ သင်ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်နိုင်ပါက ဘုရားသခင်သည် သင့်အား လမ်းပြမည်ဖြစ်ပြီး သင့်အထဲ၌ သူ၏အလုပ်ကို ဆောင်ရွက်မည်ဖြစ်သည်။ အကယ်၍ သင်သည် အထက်မှလာသည့် သတ်မှတ်ချက်များကို ဆန့်ကျင်ပြီး သင့်တစ်ကိုယ်ရေ ဆန္ဒအတိုင်း ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ တစ်စုံတစ်ရာ ဖြစ်ပျက်ပါက ယင်းသည် စဉ်းစားဉာဏ်မဲ့ခြင်းနှင့် မသိနားမလည်ခြင်းသာ ဖြစ်၏။ ဘုရားသခင်သည် လူတိုင်းကို စစ်ဆေးရန်အတွက် ထောင်ထဲထည့်ဖို့ မရည်ရွယ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်စီအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ကောင်းမွန်စွာ စားသောက်ပြီး သူ၏အလုပ်ကို တွေ့ကြုံဖို့ ဖြစ်သည်။ သို့သော်လည်း အန္တိခရစ်များက ဤအရာကို နားမလည်ကြပေ။ သူတို့က မိမိတို့ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းကို ယုံကြည်ကာ ဘုရားသခင်၏ ကာကွယ်ခြင်းရှိလျှင် ဘာမျှ ကြောက်စရာမရှိဟု စဉ်းစားကြသည်။ သူတို့သည် ဘုရားသခင်၏ ကာကွယ်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများအပေါ် နားလည်သဘောပေါက်မှု မရှိသည့်အပြင် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းကာ ဘုရားသခင်ကို အမြဲတမ်း ဘောင်ခတ်ကြသည်။ လူများစွာတို့သည် သူတို့ကြောင့် အထင်အမြင် မှားသွားသည့်အပြင် သူတို့နှင့်အတူ ကြောင်းကျိုးမမြင်ဘဲ ပြုမူပြီး အထက်မှလာသော အစီအစဉ်များကို လျစ်လျူရှုကာ ရလဒ်အနေဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်လေသည်။ ၎င်းတို့ အဖမ်းခံရပြီး ထောင်ထဲတွင် နှိပ်စက်ခြင်းကို ခါးစည်းခံရသည်။ ဒုက္ခပြဿနာများ ပေါ်ပေါက်သောအခါ ဤလူတို့၌ မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသနည်း။ ၎င်းတို့၌ စိတ်အားထက်သန်မှု အနည်းငယ်သာ ရှိကြသည်။ ၎င်းတို့သည် အယူဝါဒအနည်းကိုသာ နားလည်ပြီး ဆောင်ပုဒ်အနည်းငယ်ကို ဟစ်ကြွေးနိုင်သော်လည်း ဘုရားသခင်နှင့် ပတ်သက်၍ အသိပညာ လုံးဝမရှိပေ။ သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော နားလည်သဘောပေါက်မှု၊ သိမြင်မှု သို့မဟုတ် အတွေ့အကြုံ မရှိသည့်အပြင် လူတို့အား ကယ်တင်ဖို့ ဘုရားသခင် မည်သို့ အလုပ်လုပ်ကြောင်း နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ဖို့ စိတ်အားထက်သန်မှုကိုသာ အမှီပြုပြီး စိတ်ပိုင်းဖြတ်မှု အနည်းငယ်သာ ရှိသည်။ ဤဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသည့် လူတို့သည် အဖမ်းခံရပြီး ထောင်ချခံရသောအခါ သက်သေခံချက် ပေးနိုင်သလော။ လုံးဝ မပေးနိုင်ချေ။ ၎င်းတို့သည် သစ္စာဖောက်လျှင် ဖောက်ချင်း အကျိုးဆက်များက အဘယ်နည်း။ ၎င်းတို့သည် “ဘုရားသည် အနန္တတန်ခိုးရှင် ဖြစ်သည် မဟုတ်လော။ အရာရာတိုင်းသည် သူ၏ လက်ထဲတွင် ရှိသည်ဖြစ်၍ အဘယ့်ကြောင့် ကျွန်ုပ်ကို မကယ်တင်သနည်း။ သူသည် ကျွန်ုပ်ကို အဘယ့်ကြောင့် ဤသို့ဒုက္ခခံစားဖို့ အခွင့်ပေးသနည်း။ ဘုရားတစ်ပါး ရှိပင်ရှိသလော။ ကျွန်ုပ်တို့၌ စိတ်အားထက်သန်မှု များစွာ ရှိသည်မှာ မှားနိုင်သလော။ အကယ်၍ ကျွန်ုပ်တို့၏ ခေါင်းဆောင်များက ကျွန်ုပ်တို့ကို လမ်းလွဲစေခဲ့ပြီးဖြစ်ပါက ဘုရားက ထိုသူတို့ကို အဘယ့်ကြောင့် ဆုံးမပဲ့ပြင်ခြင်း မရှိသနည်း။ ဘုရားက ကျွန်ုပ်တို့ကို အဘယ့်ကြောင့် ဤနေရာသို့ ပို့ဆောင်ခဲ့သနည်း။ သူက ကျွန်ုပ်တို့ကို အဘယ့်ကြောင့် ထိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ အခွင့်ပေးခဲ့သနည်း” ဟူ၍ စတင် တွေးတောလေတော့သည်။ စောဒကတက်ခြင်းများ စတင်ပေါ်လာပြီးနောက် ဘုရားသခင်အား ချက်ချင်း ငြင်းပယ်ကာ “ဘုရား၏ လုပ်ဆောင်ချက်များသည် လူသား၏ ဆန္ဒနှင့် မလျော်ညီပေ။ သူ၏ လုပ်ရပ်များက အမြဲတမ်း မမှန်ကန်နိုင်သည့်အပြင် သူသည် သမ္မာတရား ဖြစ်ချင်မှ ဖြစ်ပေမည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင် များစွာ ဒုက္ခရောက်ကာ ယင်းကို အချိန်ကာလတစ်ခုအထိ ခါးစည်းခံရပြီးနောက် ၎င်းတို့သိခဲ့သည့် အယူဝါဒအနည်းငယ်နှင့် ၎င်းတို့၌ ရှိခဲ့သည့် စိတ်အားထက်သန်မှု သေးသေးလေးကပင် ပျောက်ဆုံးသွားသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းပယ်ပြီး မိမိတို့၏ ယုံကြည်ခြင်း ပျောက်ဆုံးကာ ယုဒတစ်ဦးပင် ဖြစ်လာသည်။ ထောင်မှ လွတ်လာပြီးနောက် ၎င်းတို့က “ယခုတွင် ကျွန်ုပ်သည် အခြေအနေများနှင့် ပတ်သက်၍ နောက်ထပ် စိုးရိမ်စရာပင် မလိုတော့ပေ။ ဘုရားကို မယုံကြည်သောသူတို့ အဘယ်မျှ ကောင်းမွန်သည်ကို ကြည့်လော။ သူတို့သည် အပြင်ဘက်တွင် လွတ်လပ်မှုများစွာ ရှိသည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် လျှို့ဝှက်စွာ ယုံကြည်နေကြသနည်း။ အကယ်၍ တိုင်းပြည်က ယုံကြည်မှုကို တားမြစ်ပါက ဆက်၍သာ မယုံကြည်တော့နှင့်” ဟုပင် စဉ်းစားလေသည်။ ထို့နောက်တွင် ထိုကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်သေးသလော။ (မယုံကြည်နိုင်တော့ပါ။) အဘယ့်ကြောင့် မယုံကြည်နိုင်တော့သနည်း။ ဘုရားသခင်က ၎င်းတို့ကို နောက်ထပ် အလိုမရှိတော့၍ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို တစ်ကြိမ်တစ်ခါသာ ရွေးချယ်ပြီး သင်သည် သင်၏အခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်သောကြောင့် သင့်ကို ဘုရားသခင် ဒုတိယအကြိမ် အလိုရှိတော့မည် မဟုတ်ပေ။ ထိုကဲ့သို့သော လူတို့အဖို့ ကယ်တင်ခြင်းရရှိမည့် မျှော်လင့်ချက်မှာ အဘယ်နည်း။ ယင်းမှာ သုညဖြစ်၏၊ မျှော်လင့်စရာ မကျန်တော့ချေ။ ဤသည်မှာ လူတို့ကို အထင်အမြင် မှားစေဖို့အတွက် လက်လွတ်စပယ် ပြုမူခြင်းနှင့် အယောင်ဆောင် ဝိညာဉ်ရေးဆန်သော အယူအဆအချို့ကို အသုံးပြုခြင်းဖြင့် နောက်ဆုံးတွင် အန္တိခရစ်များ ဖြစ်ပွားစေသည့် အကျိုးဆက်ပင် ဖြစ်ကာ သူတို့ကို အပြင်ပန်း ဝိညာဉ်ရေးဆန်ခြင်းနှင့် စိတ်အားထက်သန်မှုကို လိုက်စားစေသည်။ အကျိုးဆက်မှာ အဘယ်နည်း။ (၎င်းတို့ ပျက်စီးသွားလေသည်။) ဘုရားသခင်က ၎င်းတို့ကို ကယ်တင်သည်၊ မကယ်တင်သည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ယခုအခါတွင် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းလမ်းကြောင်းက ဤအဆင့်သို့ ရောက်ရှိသောအခါ ၎င်းတို့၏ အလားအလာနှင့် ပန်းတိုင်သည် အခြေခံအားဖြင့် ပျက်စီးသွားသည့်ပုံ ပေါက်လေ၏။ အရာရာ ပြီးဆုံးသွားသောအခါ ဤအရာကို အဘယ်သူက ဖြစ်ပွားစေသနည်း။ ယင်းကို ဖြစ်ပွားစေသူမှာ အန္တိခရစ်များပင် ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ကြောင်းကျိုးမမြင်အောင် မပြုမူဘဲ အလုပ်အစီအစဉ်များနှင့်အညီ ပြုမူလျက် ညီအစ်ကိုမောင်နှမများအား အထက်မှလာသည့် သတ်မှတ်ချက်များအတိုင်း ဦးဆောင်ပြီး လူတိုင်းကို ဘုရားသခင်ထံသို့ ခေါ်ဆောင်ခဲ့ပါက ဤအရာများ ဖြစ်ပျက်သွားခဲ့မည် မဟုတ်ပေ။ ဤလူတို့ ကယ်တင်ခံရဖို့ မျှော်လင့်ချက် ရှိနေနိုင်ဦးမည်လော။ (ရှိနေနိုင်ဦးမည် ဖြစ်ပါသည်။) ဤလူတို့တွင် ကယ်တင်ခြင်းနှင့်ယှဉ်သော မျှော်လင့်ခြင်း ရှိနေဦးမည်ဖြစ်သည်။ အန္တိခရစ်များ၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အလွန်အမင်း ကြီးမားသောကြောင့် ၎င်းတို့ကို ကာကွယ်ပေးဖို့နှင့် နားထောင်ပေးဖို့ မည်သူမျှမရှိလျှင် ဘဝသည် ပျင်းစရာ ကောင်းပြီး ငြီးငွေ့ဖွယ်ဖြစ်သည်ဟု သူတို့ ခံစားကြရသည်။ သူတို့သည် မိမိတို့နောက်လိုက်သော ထိုနားဝေတိမ်တောင်ဖြစ်သူများကို ကြိုးကိုင်ညွှန်ကြားရမည့် အသုံးချခံများနှင့် အရုပ်များအဖြစ် ဆက်ဆံပြီး ၎င်းတို့အားလုံးကို မိမိတို့၏ ရှေ့ဆောင်လမ်းပြမှုနောက်သို့ လိုက်စေသည်။ သူတို့က မိမိတို့သည် စွမ်းဆောင်နိုင်ပြီး ပျော်စရာများကို ပိုင်ဆိုင်သည်၊ ထို့ပြင် ဤဘဝကို အသက်ရှင်ရကျိုးနပ်သည်ဟု ခံစားကြသည်။ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အလို့ငှာ သူတို့သည် မိမိတို့နောက်လိုက်သောသူတို့ကို အထင်အမြင် မှားစေရန်အတွက် ဝိညာဉ်ရေးဆန်သည်ဟု ဆိုသော၊ ကြားကောင်းသော ဤစကားများကို အသုံးပြုကြလေသည်။ ပြီးလျှင် ထိုသူတို့သည် အထင်အမြင် မှားအောင် လုပ်ခြင်းခံရပြီးသည့်နောက်တွင်၊ မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းလွဲအောင် လုပ်ခြင်းခံရပြီးနောက်တွင် အန္တိခရစ်တို့နောက် လိုက်ဖို့အတွက် ဘုရားသခင်ထံမှ ခပ်ခွာခွာနေကြပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ကြလေသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဤလူတို့၏ အလားအလာနှင့် ပန်းတိုင်မှာ ပျက်စီးသွားပြီး သူတို့သည် ကယ်တင်ခြင်းရဖို့ မိမိတို့၏ အခွင့်အရေး ဆုံးရှုံးရသည်။ လူတို့သည် ဘုရားသခင်ကို မှန်မှန်ကန်ကန် မယုံကြည်ဘဲ အခြားလူတို့နောက်သို့ လိုက်သောအခါ အကျိုးဆက်များမှာ အဘယ်နည်း။ ဝိညာဉ်ရေးဆန်ပုံရသောသူ တစ်ဦးဦးကို သင်တို့ အားကျနေသေးသလော။ (အားမကျပါ။) “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကို မည်သို့ သဘောရသနည်း။ ယင်းမှာ အနှစ်မဲ့၏။ လူတို့သည် ဇာတိပကတိ ဖြစ်ကြပြီး ဖန်ဆင်းခံများ ဖြစ်ကြသည်။ အကယ်၍ သင်သည် အမှန်တကယ် ဝိညာဉ်ရေးဆန်လျှင် သင်၏ ဇာတိပကတိက ရှိတော့မည်မဟုတ်၊ ထိုအခါ သင်သည် အဘယ်သို့ ဝိညာဉ်ရေး ဆန်တော့မည်နည်း။ ယင်းသည် အဓိပ္ပာယ်မဲ့သော ပြောဆိုခြင်းသာ မဟုတ်လော။ သို့ဖြစ်၍ “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကိုယ်၌က မခိုင်လုံသည်ကို သင်သိမြင်၏။ ယင်းမှာ အဓိပ္ပာယ်မဲ့သော ပြောဆိုခြင်းသာ ဖြစ်သည်။ အနာဂတ်တွင် လူတစ်ဦးဦးက သူသည် ဝိညာဉ်ရေးဆန်ခြင်းကို လိုက်စားနေကြောင်း ပြောသည်ကို သင် ကြားလျှင် ထိုသူကို “သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ခြင်းကို လိုက်စားသင့်သည်။ ယင်းက ပို၍ လက်တွေ့ကျ၏။ အကယ်၍ သင်သည် ဝိညာဉ်ရေးဆန်ခြင်းကို လိုက်စားလျှင် ယင်းမှာ တစ်ဖက်ပိတ်လမ်းပင်။ ဝိညာဉ်ရေးဆန်ခြင်းကို လုံးဝ မလိုက်စားနှင့်။ ယင်းမှာ လူတို့လိုက်စားသည့် အရာတစ်ခု မဟုတ်။ ယင်းက တကယ့်ကို မခိုင်လုံပါ” ဟု ပြောလော့။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လက်ခံလာပြီးနောက် အဘယ်သူသည် ဝိညာဉ်ရေးဆန်သော လူတစ်ဦး ဖြစ်လာဖူးသနည်း၊ ငါ့ကိုပြောလော့။ ထင်ပေါ်ကျော်ကြားသော ထိုပုဂ္ဂိုလ်ကြီးများနှင့် ဘာသာရေးနှင့်ဆိုင်သည့် သမ္မာကျမ်းစာ အနက်ဖွင့်သူများသည် ဝိညာဉ်ရေးဆန်သလော။ ထိုသူတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြပြီး မည်သူမျှ ဝိညာဉ်ရေးမဆန်ပေ။ “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကို တီထွင်ခဲ့သော လူတို့သည် အခြားသူများကို အထင်အမြင် မှားစေရန်အတွက် အနှစ်မဲ့သော ဤစကားလုံးကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ထိုသူတို့အားလုံး လူလိမ်လူညစ်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ထိုကဲ့သို့ အနှစ်မဲ့သော အရာများကို မည်သို့သော လူစားမျိုးက ပြောနိုင်သနည်း။ ထိုသူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိကြပါ။) အကယ်၍ သင်သည် လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် မည်သည့်အရာနှင့် သက်ဆိုင်သင့်သည်ကိုပင် နားမလည်ပါက သမ္မာတရားကို သင် နားလည်နိုင်မည်လော။ သင်သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံတစ်ဦး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်၏။ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် သင်သည် ဇာတိပကတိနှင့် သက်ဆိုင်၏။ ယင်းမှာ လူသားများ၏ ပင်ကိုအရည်အသွေး ဖြစ်၏။ ဇာတိပကတိဆန်ဖို့ ကြိုးပမ်းလျှင် သင်သည် စာတန်နှင့် သက်ဆိုင်သည်မှာ အမှန်ပင်။ ယင်းမှာ ကမ္ဘာလောက၏ လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော လူတို့သည် သမ္မာတရားကို လိုက်စားသင့်သည်မှာ မှန်ကန်၏။ အကယ်၍ လူတို့သည် ဝိညာဉ်ရေးဆန်ဖို့ သို့မဟုတ် ဘုရားသခင်နှင့် ဆင်တူဖို့ ကြိုးပမ်းလျှင် ဤသည်မှာ ၎င်းတို့ လျော်ညီအောင် နေနိုင်သည့် အရာတစ်ခု ဟုတ်သလော။ ၎င်းတို့ အဘယ်သို့ လိုက်စားသည်ဖြစ်စေ အချည်းနှီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအဖို့ မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်ရေးဆန်ဖို့ သို့မဟုတ် ဘုရားသခင်နှင့် ဆင်တူဖို့ ကြိုးပမ်းခြင်းသည် ဆောင်ပုဒ်တစ်ခု၊ အယောင်ဆောင် ဝိညာဉ်ရေးရာ သဘောတရားတစ်ခုသာ ဖြစ်ပြီး သမ္မာတရားနှင့် တခြားစီဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ပါက ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်၍ သူ့ကို ကျေနပ်စေနိုင်အပ်သည်။ ဤသည်မှာ သမ္မာတရားလက်တွေ့ကျမှု ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။