အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်း၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏ (အခန်း လေး)

လူတို့ကို ဆွဲဆောင်သိမ်းသွင်းဖို့အတွက် အန္တိခရစ်များ ရှာဖွေသည့် အခြေအနေတစ်ခုခု ရှိသလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံသောသူတို့ကို ဆွဲဆောင်သိမ်းသွင်းသလော။ (မသိမ်းသွင်းပါ။) သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ကို ပိုင်ဆိုင်ထားကာ ဆွဲဆောင်သိမ်းသွင်း၍ မရသည့်အပြင် အန္တိခရစ်များနောက်သို့ လိုက်မည်မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်များက မည်သူတို့ကို ဆွဲဆောင်သိမ်းသွင်းသနည်း။ အန္တိခရစ်များသည် အဆင့်အတန်းရှိသော လူတို့ကို မြှောက်ပင့်ရာ၌ ကျွမ်းကျင်သောသူ၊ ကပ်ပါးရပ်ပါးလုပ်ရာ၌ ကျွမ်းကျင်ပြီး အပြောကောင်းသော လူတို့အပြင် မကောင်းမှုများကို ပြုလုပ်ထားပြီး နှင်ထုတ်ခြင်းခံရမည်ကို ကြောက်သဖြင့် ထိုအန္တိခရစ်များအား ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားသောသူအချို့ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် မျက်နှာသာအပေးဆုံး ဖြစ်သည်။ အန္တိခရစ်များသည် လူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး သူတို့၏ စိတ်နှလုံးများကို စည်းရုံးဖို့ရန် သူတို့အား ကာကွယ်ခြင်းဟူသည့် အခြေအနေကို အသုံးချကာ သူတို့ကို ချဉ်းကပ်စေလေသည်။ သမ္မာတရားကို နားမလည်သော ယုံကြည်သူလူသစ်များမှလွဲ၍ အန္တိခရစ်များ ဆွဲဆောင်သိမ်းသွင်းသည့် လူအများစုသည် သမ္မာတရားကို မချစ်သောလူများ ဖြစ်ကြသည်။ သမ္မာတရားကို မချစ်သောသူအားလုံးသည် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသလော။ ထိုသူတို့ မည်သူမျှ မကောင်းကြသည့်အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် မရွေးချယ်ပေ။ အန္တိခရစ်များသည် ဤလူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး သူတို့ကို လူပြက်တစ်ဦးကဲ့သို့ ဦး‌ဆောင်လေသည်။ ၎င်းတို့က မိမိတို့သည် အရာရှိနေရာ တစ်နေရာကို ရရှိထားပြီး အဆင့်အတန်းကို ပိုင်ဆိုင်သည်ဟုပင် ထင်မှတ်ကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် ကျေနပ်နေကြသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ အန္တိခရစ်များသည် အခြားမည်သည့်လူစားမျိုးကို ဆွဲဆောင်သိမ်းသွင်းသနည်း။ (အတော်လေး ဆိုးယုတ်သော လူ့သဘာဝရှိသည့် လူတို့ကို ဖြစ်ပါသည်။) အတိအကျပင် ဆိုးယုတ်သော လူတို့ကို ဆွဲဆောင်သိမ်းသွင်းသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော လူများကို မည်ကဲ့သို့ ဆက်ဆံသနည်း။ ထိုသူတို့ကို ၎င်းတို့ စောင့်ရှောက်သည်။ ဥပမာ အသင်းတော်ထဲတွင် ဆိုးယုတ်သောသူတစ်ဦး ရှိပြီး ဤသူသည် အထူးသဖြင့် ဆိုးယုတ်ကာ ထိုသူရှိသည့်အချိန်တိုင်းတွင် အသင်းတော်ထဲ၌ ဆူပူမှုကို ဖြစ်ပွားစေလျက် လူတိုင်းကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ အနှောင့်အယှက်ပေးသည့်အပြင် အသင်းတော်၏ အလုပ်ကို အနှောင့်အယှက်ပေးသည်ဟု ညီအစ်ကိုမောင်နှမများ အားလုံးက တိုင်ကြားသည် ဆိုပါစို့။ ထိုသူကို တာဝန်ထမ်းဆောင်ဖို့ရန် ထားရှိနေသရွေ့ အသင်းတော်၏အလုပ်က ဆုံးရှုံးနစ်နာမှုကို ခံစားရမည်ဖြစ်သည်။ သို့သော် အန္တိခရစ်များက ထိုသို့ဆိုးယုတ်သော လူများကို အသုံးဝင်သည်ဟု မြင်ပြီး မိမိတို့ကို အစေခံရန် မိမိတို့ဘက်သို့ ဆွဲဆောင်သိမ်းသွင်းကြသည်။ အန္တိခရစ်များက ဆိုးယုတ်သောလူများကို နှင်ထုတ်ရမည့်အစား ကာကွယ်ကြသည်။ ဆိုးယုတ်သောလူအချို့က အန္တိခရစ်တစ်ဦးကို အားမပေးမှဖြစ်စေ၊ ၎င်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပါမှဖြစ်စေ ၎င်းသည် ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ဆိုးယုတ်သောသူတစ်ဦးသည် ထိုအန္တိခရစ်ကို မြှောက်ပင့်နေသရွေ့၊ အားပေးသရွေ့၊ ပြီးလျှင် မဆန့်ကျင်သရွေ့ ၎င်းက မိမိ၏အင်အားကို ဖြည့်ဖို့အတွက် ထိုသူကို ဆွဲဆောင်သိမ်းသွင်းပြီး စည်းရုံးသိမ်းပိုက်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် သမ္မာတရား မလိုက်စားသော ဤလူတို့နှင့် မည်သို့ အဆင်ပြေသနည်း။ ၎င်းတို့၏ ပေါင်းသင်းဆက်ဆံရေး နည်းလမ်းမှာ အခြေခံအားဖြင့် အပြန်အလှန် မြှောက်ပင့်ခြင်းနှင့် အပြောကောင်းခြင်း ဖြစ်၏။ အန္တိခရစ်များ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဤဆိုးယုတ်သောလူများသည် ယင်ကောင်များသဖွယ် ၎င်းတို့ကို အုံနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယပြုဖို့ အတူတကွ စုဝေးကြခြင်း မဟုတ်သည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ၎င်းတို့မည်သူမျှ သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းဖို့ မကြိုးစားကြသောကြောင့်ပင်။ ၎င်းတို့ပြောသမျှမှာ ဘာသာတရားမရှိသူများ ပြောသည့်အရာများ ဖြစ်ကာ ယင်းတို့သည် အများအားဖြင့် အတင်းအဖျင်းစကားနှင့် ရန်တိုက်ပေးခြင်း၊ အခြားသူများအား သေးသိမ်စေပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် လူတို့အား ညှဉ်းပန်းဖို့အတွက် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးခြင်းတို့ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အား မည်သို့ သတိထားရှောင်ရမည်ကို သင်ယူကြသည်။ အထက်အား မည်သို့ ရင်ဆိုင်တိုက်ခိုက်ရမည်၊ တစ်စုံတစ်ဦးက မိမိတို့၏ ကိစ္စများကို တိုင်ကြားလိုခြင်းရှိမရှိ မည်သို့ကြိုသိရမည်နှင့် ၎င်းတို့ သိရသည်နှင့်တစ်ပြိုင်နက် မည်သို့ တုံ့ပြန်ရမည်တို့ကို ဆွေးနွေးကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများဟူသည့် ဤဂိုဏ်းက ဆွေးနွေးသည့် အရေးကိစ္စများ ဖြစ်သည်။ ၎င်းတို့ အတူရှိနေသောအခါ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကဲ့သို့သော အရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယ မဖွဲ့ကြသည့်အပြင် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယ မဖွဲ့ကြပေ။ ဥပမာအားဖြင့် အပျက်သဘောဆောင်ကာ အားနည်းနေပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် စွမ်းအင်မရှိကြသည့် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့ခြင်းနှင့် ကူညီခြင်း၊ သို့မဟုတ် အသင်းတော်အလုပ်၏ ကဏ္ဍအချို့၏ ထိရောက်မှု တိုးတက်လာစေရန် ဖြေရှင်းနည်းများနှင့် လမ်းကြောင်းများကို ရှာဖွေခြင်းကဲ့သို့သော သင့်လျော်မှန်ကန်သည့် ကိစ္စများကို ၎င်းတို့သည် မည်သည့်အခါကမျှ မဆွေးနွေးကြပေ။ ၎င်းတို့သည် အထက်ကို မည်သို့ လှည့်စားရမည်နှင့် ဘုရားသခင်၏ အိမ်တော်ကို မည်သို့ လှည့်စားရမည်ကို ပြောဆိုကြပြီး ဘုရားသခင်၏ အိမ်တော်က ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များကို မသိအောင် အသေအချာလုပ်ကြသည်။ လူတစ်ဦးတစ်ယောက်သည် အထက်နှင့် ဆက်သွယ်သည် သို့မဟုတ် ၎င်းတို့၏ အခြေအနေအကြောင်း တိုင်ကြားထားသည်ကို ရှာဖွေတွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ယင်းကို ၎င်းတို့၏ ရာထူးနေရာအတွက် ခြိမ်းခြောက်မှုတစ်ခု ဟူ၍လည်းကောင်း၊ မိမိတို့၏ အရေးကိစ္စများကို ပျက်စီးစေသည် ဟူ၍လည်းကောင်း သတ်မှတ်သည်။ ၎င်းတို့က မည်သူ၌ တာဝန်ရှိကြောင်း မဆုတ်မနစ် စုံစမ်းစစ်ဆေးကာ သံသယရှိသူများကို ရှာဖွေလျက် တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုသူ့ကို သီးသန့်ခွဲထားကာ အခြားတစ်နေရာ ပို့ပြီးနောက် လူတစ်ဦးတလေက ၎င်းတို့၏ အခြေအနေကို အထက်သို့ မတိုင်ကြားအောင် တားမြစ်သည့် အမိန့်များကို ထုတ်ပြန်သည်။ ဤအရာက ၎င်းတို့ကို မည်သူမျှ မတိုင်ဝံ့အောင် သေချာစေသည်။ အန္တိခရစ်များသည် ဤနည်းအားဖြင့် အသင်းတော်အပေါ် အလုံးစုံ ထိန်းချုပ်ခြင်းကို ရရှိကြသည်။ အထက်သည် အခြေအနေကို ကြားသိရပြီး ၎င်းတို့၏ အားနည်းချက်ကို ရှာတွေ့ပြီးနောက် ၎င်းတို့အပေါ် စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ကာ နောက်ဆုံးတွင် ၎င်းတို့ကို ဖြုတ်ချသည့် သို့မဟုတ် နှင်ထုတ်သည့် အချိန်အထိ မျက်ကွယ်ရာ၌ မည်သည့်မကောင်းမှုကို ၎င်းတို့ကျူးလွန်ကြောင်း အထက်က သိရဖို့လမ်းစ မရှိပေ။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများဖြစ်သည့် ဤအုပ်စုသည် လအနည်းငယ်အတွင်းတွင်ပင် အသင်းတော်၏အလုပ်အား ကမောက်ကမ ဖြစ်စေနိုင်ပြီး ညီအစ်ကို မောင်နှမများအား အချင်းချင်း သင်္ကာမကင်းဖြစ်အောင်၊ အချင်းချင်း အားနည်းစေအောင်၊ အချင်းချင်း ဖော်ထုတ်အောင်နှင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်အောင် လုပ်ကာ အသင်းတော်ကို ပြိုကွဲစေနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့က လူများအား အထင်အမြင်မှားစေပြီး အသင်းတော်ကို ထိန်းချုပ်ခြင်း၏ အကျိုးဆက်ဖြစ်၏။ ဤနည်းအားဖြင့် အန္တိခရစ်များသည် သမ္မာတရား မလိုက်စားသောသူအားလုံးကို အထင်အမြင်မှားစေပြီး အသင်းတော်ကို ထိန်းချုပ်ဖို့အတွက် အသုံးဝင်သည့် ဆိုးယုတ်သောလူအချို့ကိုပင် ဆွဲဆောင်သိမ်းသွင်းလျက် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ခိုင်မာအောင်လုပ်ကြသည်။ အကယ်၍ ဆိုးယုတ်သောလူများက ၎င်းတို့ကို နာခံပါက သူတို့ကို ၎င်းတို့ စောင့်ရှောက်ကြသည်။ မနာခံပါက ၎င်းတို့သည် ဆိုးယုတ်သောလူများကို အရင်ဦးဆုံး ကိုင်တွယ်ဖြေရှင်းကြသည်။ ဆိုးယုတ်သောသူများက ၎င်းတို့နောက်သို့ လိုက်ပြီး စုဆောင်းခံကာ ဆွဲဆောင်သိမ်းသွင်းခံနိုင်လျှင် ၎င်းတို့သည် ထိုသူတို့ကို မိမိတို့၏ လက်ပါးစေများ၊ မကောင်းမှုပြုရန် လက်ရုံးများနှင့် မျက်စိများအဖြစ် ဖြစ်လာစေကြ၏။ ညီအစ်ကိုမောင်နှမများကြားထဲသို့ စိမ့်ဝင်စေကာ၊ မည်သူက ၎င်းတို့ကို ကန့်ကွက်သည်၊ မည်သူက ၎င်းတို့၏ လုပ်ရပ်များကို ပိုင်းခြားသိမြင်သည်၊ ၎င်းတို့၏ မည်သည့် ဒုစရိုက်အမှုများကို ဖော်ထုတ်တွေ့ရှိပြီးဖြစ်သည်၊ မည်သူက ၎င်းတို့၏ ပြဿနာများကို သတင်းပို့ရန် အထက်သို့ အစဉ်သဖြင့် ဆက်သွယ်လိုသည်တို့ကို ရှာဖွေဖော်ထုတ်စေကြ၏။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများသည် ဤအရေးကိစ္စများကို အထူးသဖြင့် စုံစမ်းစစ်ဆေးကာ ယင်းမှာ ၎င်းတို့ အပူပန်ဆုံးသော အရာဖြစ်၏။ ၎င်းတို့သည် တန်ပြန်‌ရေးအစီအမံများကို မကြာခဏ အတူတကွ ဆွေးနွေးကာ မိမိတို့အား ပိုင်းခြားသိမြင်နိုင်သော သို့မဟုတ် မိမိတို့အား သံသယဝင်သော သူတို့ကို ရန်သူများသဖွယ် ဆက်ဆံကြသည်။ ၎င်းတို့သည် ယနေ့ လူတစ်ဦးကို ညှဉ်းပန်းဖို့ အကြောင်းပြချက်များ ရှာပြီး နက်ဖြန်တွင် အခြားလူတစ်ဦးကို ညှဉ်းပန်းဖို့ နိုင်ကွက်ရှာကြသည်။ ၎င်းတို့သည် ဤသူတို့ကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ရန် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လှုံ့ဆော်ဖို့အတွက် ဆင်ခြေနှင့် အကြောင်းပြချက်အမျိုးမျိုးကိုပင် အသုံးပြုကြသည်။ အန္တိခရစ်များသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်လာသည်နှင့် ဤလုပ်ရပ်များကို လုပ်ဆောင်ကြသည်။ လအနည်းငယ်အတွင်း၌ပင် ၎င်းတို့သည် အသင်းတော်ကို ပရမ်းပတာ အခြေအနေရောက်အောင် ဖန်တီးကာ ယုံကြည်သူလူသစ်များရှိသည့် အသင်းတော်တစ်ပါး၏ အလွန်တက်ကြွသော စိတ်အားထက်သန်မှုကိုပင် မီးကို ရေဖြင့်ငြိမ်းသကဲ့သို့ ကွယ်ပျောက်စေနိုင်သည်။ ထို့ကြောင့် အန္တိခရစ်များသည် အမှန်ပင် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြပြီး ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်း လုံးဝ မဟုတ်။ ယင်းမှာ အလွန့်အလွန် တိကျမှန်ကန်ပေ၏။ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ အာဏာကိုင်စွဲသည့် နေရာဟူသည် အသင်းတော်အနေဖြင့် ညစ်ညမ်းဆိုးယုတ်သော အငွေ့အသက်များဖြင့် လွှမ်းမိုးနေတော့သည်။ အသင်းတော်အသက်တာ လုံးဝမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ပုံမှန်စားသောက်ခြင်း မရှိသည့်အပြင် သမ္မာတရားအား မိတ်သဟာယပြုသည့် အငွေ့အသက်မရှိပေ။ ထိုအစား အငွေ့အသက်သည် လျှို့ဝှက်ကြံစည်ခြင်းနှင့် ထိန်းမနိုင် သိမ်းမရသည့် မကောင်းသောအပြုအမူဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ နတ်ဆိုးက ထိန်းချုပ်ထားခြင်းကို ဆိုလိုသည်။ နတ်ဆိုးက ထိန်းချုပ်ထားသောအခါ ရလဒ်ကောင်းတစ်ခုခု ရှိနိုင်သလော။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် ဘေးအန္တရာယ်ကိုသာ ဖြစ်စေနိုင်သည်။ ယင်းကို သံသယဖြစ်စရာ မရှိသည်မှာ ကျိန်းသေ၏။

အန္တိခရစ်အချို့သည် ခေါင်းဆောင်မှုတာဝန်ယူဖို့ အသင်းတော်တစ်ပါးသို့ လာရောက်သောအခါ အသင်းတော်ထဲမှ မည်သူသည် အတိတ်တွင် ပြဿနာများကို အထက်သို့ မကြာခဏ တိုင်ကြားခဲ့ပြီးကြောင်း အရင်ဦးစွာ စုံစမ်းစစ်ဆေးသည်။ ၎င်းတို့သည် ထိုကဲ့သို့သော လူတို့ကို မိမိတို့ထံမှ ဝေးဝေးနေစေလိုပြီး ထိုသူတို့က ၎င်းတို့ကို ဧည့်ဝတ်ပြုနိုင်လျှင်ပင် သူတို့၏အိမ်သို့ သွားရောက်နေထိုင်ခြင်း မပြုကြပေ။ အကယ်၍ လူတစ်ယောက်ယောက်က လူတို့ကို ဖော်လံဖားရာ၌ ကျွမ်းကျင်ပြီး ခေါင်းဆောင်အနီးအပါးတွင် အမြဲတစေ ဝန်းရံနေပြီး ကပ်ပါးရပ်ပါး လုပ်နေပါက ထိုသူ၏အိမ်သည် ၎င်းတို့နေဖို့ ရည်ရွယ်သည့်နေရာ ဖြစ်၏။ လူတစ်ယောက်ယောက်က “သူတို့သည် ညီအစ်မနှစ်ဦးကို ဧည့်ဝတ်ပြုနေကြသည်” ဟု ဆိုလျှင် အန္တိခရစ်က “ယင်းမှာ မကောင်းပေ။ သူတို့ကို အခြားတစ်နေရာသို့ ရွှေ့ခိုင်းလော့” ဟု ပြန်ပြောသည်။ ထိုသူက “လူတို့ကို သင်နှစ်သက်သလို ဟိုသည်ရွှေ့ပြောင်းခိုင်း၍ မရပေ။ ထိုညီအစ်မနှစ်ဦးသည် ထိုနေရာနှင့် အတော်လေး သင့်တော်သည်။ သူတို့ကို ရွှေ့ပြောင်းခြင်းက သူတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သည်” ဟု ဆိုသည်။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်ပြောသည့်အရာက အထမြောက်ပြီး ကျွန်ုပ်ကို သင် နာခံရမည်” ဟု တုံ့ပြန်၏။ ထို့နောက် ၎င်းတို့က ထိုညီအစ်မနှစ်ဦးကို အတင်းအကျပ် ရွှေ့ခိုင်းသည်။ သူတို့က ဤအိမ်၌နေဖို့ အဘယ့်ကြောင့် မရမက တောင်းဆိုရသနည်း။ ယင်းမှာ ဤမိသားစုသည် မာယာကင်းပြီး အားနည်းကာ ထိုအန္တိခရစ်အတွက် ခြိမ်းခြောက်မှုကို မဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ မည်သည့် မကောင်းမှုများကို သူတို့ ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် လူတို့၏နောက်ကွယ်တွင် သူတို့၏ အပြုအမူက မည်သို့ အတားအဆီးမဲ့သည်ဖြစ်စေ ထိုမိသားစုက သူတို့ကို တိုင်ကြားမည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် နေထိုင်ရန် ဤကဲ့သို့သော နေရာကို ရှာဖွေကြ၏။ အချိန်အနည်းငယ်ကြာပြီးနောက် သူတို့က သူတို့၏ ဆိုးယုတ်သော အပေါင်းအသင်းများကို ခေါ်လာပြီး ထိုနေရာ၌ မကောင်းမှုများကို ပြုလုပ်ကာ တန်ပြန်ရေးအစီအမံများကို ဆွေးနွေးသည့်အပြင် ဤသူထိုသူကို မည်သို့ညှဉ်းပန်းရမည်ကို လျှို့ဝှက်ကြံစည်ကြသည်။ အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦး အသင်းတော်၌ ပေါ်လာသောအခါ ၎င်းတို့သည် မိမိတို့နှစ်သက်ပြီး အခွင့်ကောင်းယူရနိုင်မည့် လူတို့ကို ပထမဦးစွာ ရှာကြပြီး မိမိတို့၏အင်အားကို အလျင်ဦးဆုံး တိုးချဲ့ကာ လုံခြုံအောင်လုပ်ကြသည်။ မိမိတို့၏ ရာထူးနေရာကို မထိခိုက်စေရန်အတွက် သမ္မာတရားကို နားလည်သောသူတို့ကို လောလောဆယ်တွင် မထိပါးသေးဘဲ ထားရှိကြသည်။ လက်ရှိအစီအစဉ်ကို အဖျက်အမှောင့် မလုပ်ကြသေးချေ။ မိမိတို့၏ ရာထူးနေရာကို ခိုင်မာအောင်လုပ်ကာ သင့်တော်သော ကြံရာပါများကို ရှာဖွေပြီးနောက် သမ္မာတရားလိုက်စားသော ထိုညီအစ်ကို မောင်နှမများအား ညှဉ်းပန်းပြီး ကိုင်တွယ်ဖြေရှင်းရန် တန်ပြန်ရေးအစီအမံများကို စတင်ဆွေးနွေးကြသည်။ ထိုသူတို့ကို ၎င်းတို့ မည်သို့ ညှဉ်းပန်းပြီး ကိုင်တွယ်ဖြေရှင်းကြသနည်း။ ပထမအနေဖြင့် ၎င်းတို့အား အသိအမှတ်ပြုသောသူ၊ ၎င်းတို့နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူနှင့် ၎င်းတို့ အသုံးချနိုင်မည့်သူတို့ကို ဆွဲဆောင်သိမ်းသွင်းကြသည်။ ၎င်းတို့ ဆွဲဆောင်သိမ်းသွင်း၍ မရသောလူ သို့မဟုတ် ၎င်းတို့အား ပိုင်းခြားသိမြင်သောသူတို့ ရှိပါက ထိုသူတို့ကို သီးသန့်ခွဲထားဖို့ သို့မဟုတ် ရှင်းလင်းပစ်ဖို့ အကြောင်းပြချက် သို့မဟုတ် အကြောင်းရင်းကို ရှာကြသည်။ ဤအန္တိခရစ်များ၏ အပြုအမူက မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်းပင်။) ခေါင်းဆောင်တာဝန်များကို ၎င်းတို့ ခံယူသည့်နေရာတိုင်းသည် ညစ်ညမ်းဆိုးယုတ်သော အငွေ့အသက်များဖြင့် လွှမ်းမိုးသော နေရာဖြစ်သည်။ အသင်းတော်အသက်တာ၏ အစီအစဉ်မှာ အဖျက်အမှောင့်လုပ်ခြင်း ခံရသည်။ အကယ်၍ သင်သည် ၎င်းတို့ကို မနာခံပါက သင်သည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရမည်ဖြစ်သည်။ အန္တိခရစ်အချို့သည် လူဆိုးလူမိုက်များ၊ လူရမ်းကားများ သို့မဟုတ် အပေါက်ဆိုးသောမိန်းမများကဲ့သို့ ပြုမူကြသည်။ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင်ပင် ၎င်းတို့သည် ရာထူးနေရာတစ်ခုကို ရယူချင်နေဆဲ၊ ဘုရားသခင်၏ အိမ်တော်တွင် တင်တင်စီးစီး ပြုမူချင်နေဆဲနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ချင်နေဆဲ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အသင်းတော်ကို ကမောက်ကမ ဖြစ်စေကြသည်။ အကယ်၍ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပါက သူတို့သည် ၎င်းတို့၏ အထင်အမြင် မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတို့၏ ပျက်စီးခြင်းသို့ ဦးတည်သွားမည်ဖြစ်သည်။

အန္တိခရစ်များက လူတို့ကို မည်သို့ ဆွဲဆောင်သိမ်းသွင်းကြောင်း ငါတို့၏ ဆွေးနွေးချက်သည် ပြီးလုနီးပါးရှိပြီ။ ငါဆွေးနွေးခဲ့ပြီးဖြစ်သည့် ဤအ‌ကြောင်းကိစ္စများကို သင်တို့ နားထောင်လာနေသည်နှင့်အမျှ ယင်းတို့သည် ရှားပါးသည့်အရာတစ်ခု ဖြစ်ကြောင်း သင်တို့ ခံစားမိသလော။ သင်တို့သည် “ဤအရာ အမှန်တကယ် ဖြစ်ပျက်နိုင်သလော။ မဖြစ်နိုင်သည် မဟုတ်လော။ ဤသို့သောလူတို့သည် ယုံကြည်သူများကြားတွင် အဘယ်သို့ ရှိနိုင်သနည်း” ဟု စဉ်းစားလျက် အလွန် အံ့အားသင့်သလော။ သင်တို့ကို ငါပြောမည်။ ဤအရာထက်ပင် ပို၍ဆိုးနိုင်၏။ လူတိုင်းသည် အခြားသူများရှေ့တွင် ရှိသောအခါ လူသားပုံသဏ္ဌာန်ကို အယောင်ဆောင်သော်လည်း လူတို့မျက်ကွယ်ရာ၌ သူသည် မည်သည့်ပုံစံရှိသည် ဟူသည့်အရာက သူ၏ စစ်မှန်သော သရုပ်မှန်ကို ထုတ်ဖော်သည်။ အခြားသူများရှေ့၌ သူ၏ စကားများနှင့် လုပ်ဆောင်မှုများမှာ ဟန်ဆောင်ခြင်း၊ အယောင်ဆောင် ပုံဖမ်းခြင်းသာ ဖြစ်၏။ လူတို့မျက်ကွယ်ရာ၌ သူ ပြောသည့်အရာနှင့် လုပ်သည့်အရာက သူ၏ စစ်မှန်သော ပင်ကိုအဖြစ်ကို ထင်ဟပ်စေသည်။ အကယ်၍ လူတစ်ဦးကို လူတို့ရှေ့တွင် ပုံစံတစ်မျိုး မြင်ရပြီး လူတို့မျက်ကွယ်ရာ၌ အခြားပုံစံတစ်မျိုးဖြင့် မြင်ရပါက မည်သည့်အရာသည် အစစ်ဖြစ်ပြီး မည်သည့်အရာက အတုဖြစ်သည်ကို သင်တို့ ပိုင်းခြားသိမြင်သင့်သည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် လူတို့ရှေ့တွင် အလွန်ယဉ်ကျေးပုံ ပေါက်နိုင်သော်လည်း လူတို့မျက်ကွယ်ရာ၌ ထိုအန္တိခရစ် ပြုလုပ်ခဲ့သည့်အရာကို သူတို့သိပါက ယင်းကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု မြင်ကြမည်ဖြစ်သည်။ ထိုအန္တိခရစ်နှင့် ဆက်ဆံရသည်ကို ရှက်စရာဖြစ်သည်၊ သူသည် တည်ကြည်မှုရှိသောသူတစ်ဦးမဟုတ်ဘဲ ယုတ်မာပြီး သိမ်ဖျင်းသည်ဟု ခံစားကြမည်။ ထိုသို့ဖြစ်လျှင် ထိုအန္တိခရစ်သည် ပုံမှန်လူတို့နှင့် အဆင်ပြေနိုင်သလော။ မပြေနိုင်ပေ။ ဤသည်မှာ ပုံမှန်လူတစ်ဦး၌ မကောင်းသော အကျင့်အနည်းငယ် ရှိသည့်ကိစ္စမဟုတ်ဘဲ သူ၏ စိတ်သဘောထားနှင့် ဆိုင်သောကိစ္စ ဖြစ်သည်။ သူ၏ စိတ်သဘောထားကို မြင်တွေ့လျှင် မြင်တွေ့ချင်း သူသည် လူမဟုတ်ဘဲ လူ့တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သင်တို့ သဘောပေါက်လေသည်။ လူသားများသည် တိရစ္ဆာန်များနှင့် ပေါင်းသင်းဆက်ဆံသောအခါ မည်သည့်အရာကို ခံစားရသနည်း ဟူသည်ကို ငါ့ကိုပြောလော့။ ယင်းမှာ ဝက်တစ်ကောင်ကို အိမ်ထဲခေါ်သွားပြီး သန့်စင်ပေးကာ အဝတ်အစားလေးများ ဝတ်ဆင်ပေးသည့်အပြင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ သဘောထားခြင်းနှင့် တူ၏။ နောက်တစ်နေ့တွင် အိမ်သည် ဝက်ခြံဖြစ်သွားသည်ကို သင် တွေ့ရလေသည်။ သူက သန့်သန့်ရှင်းရှင်း နေဖို့ လုံးဝ ဂရုမစိုက်ဘဲ အိမ်ထဲတွင် စားသောက်ပြီး ကျင်ကြီးကျင်ငယ် သွားလေသည်။ ထိုအခါ သင်သည် ဝက်များကို ဤအတိုင်း ထား၍မရမှန်း သဘောပေါက်တော့၏။ ယင်းတို့သည် တိရစ္ဆာန်များပင်။ အန္တိခရစ်များကဲ့သို့သော လူတို့သည် အပြင်ပန်းတွင် အစွမ်းအစ အနည်းငယ်နှင့် သွန်သင်လေ့ကျင့်ပေးခြင်းခံရမှု အနည်းငယ်ရှိနေသည့်ပုံ ပေါက်နိုင်သည် သို့မဟုတ် တစ်ချိန်က လူ့အသိုင်းအဝိုင်းထဲတွင် ဂုဏ်သတင်းကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ရိုသေလေးစားမှု အနည်းငယ် ရရှိထားကောင်း ရရှိထားမည်။ သို့သော် ၎င်းတို့အများစုမှာ တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ကာ အသိတရားနှင့် ဆင်ခြင်တုံတရားပင် မရှိကြချေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ထားကြသလော။ (ပိုင်ဆိုင်မထားကြပါ။) ၎င်းတို့သည် ပုံမှန်လူ့သဘာဝ မရှိလျှင် လူဟု သတ်မှတ်၍ ရနိုင်သေးသလော။ ၎င်းတို့၏ ဦးဆောင်မှုကို သင်တို့ လက်ခံနိုင်သလော။ ညီအစ်ကို မောင်နှမများသည် ထိုကဲ့သို့သော လူတို့၏လက်ထဲသို့ ကျရောက်သွားလျှင် ဘာဖြစ်သွားမည်နည်း။ ထိုသူတို့သည် အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းကို ခံရမည်ဖြစ်ပြီး ဒုက္ခခံစားရမည်မှာ အသေအချာပင်။ အန္တိခရစ်များသည် နတ်ဆိုးများဖြစ်ကြပြီး ၎င်းတို့၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ အ‌ပေါ်ယံတွင် ၎င်းတို့က လူအချို့အပေါ် အလွန်ပင် ချစ်တတ်သည်၊ နားလည်တတ်သည်၊ ပြီးလျှင် လူတို့၏ အခက်အခဲများ၊ အားနည်းချက်များနှင့် စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို စာနာထောက်ထားသည်ဟု ထင်ရသည်။ လက်တွေ့တွင်မူ ဤသူတို့မှာ ၎င်းတို့ မျက်နှာပေးပြီး ၎င်းတို့ကို မြှောက်ပင့်သော လူတို့ပင် ဖြစ်ကြ၏။ သို့သော် ဤလူတို့က ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းကို ခြိမ်းခြောက်လျှင် သူတို့သည် ကြင်နာစိတ်ဖြင့်ပင် ဆက်ဆံခံရမည် မဟုတ်ဘဲ သနားညှာတာမှု သို့မဟုတ် သည်းခံမှုတစ်စက်မျှ မရှိဘဲ ပို၍ပင် မလိုမုန်းထားသော နည်းလမ်းများကို အသုံးပြုလျက် စဉ်းလဲစွာ ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်ဖြစ်သည်။ အန္တိခရစ်များ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းသည် အပေါ်ယံသာလျှင် ဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ လူတို့အား ဘုရားသခင်ထံ ခေါ်ဆောင်သွားရန် လုံးဝ မဟုတ်ဘဲ မိမိတို့ကို ကိုးကွယ်စေရန်နှင့် မိမိတို့နောက်လိုက်စေရန် ဖြစ်သည်။ လူတို့အား ဤနည်းအတိုင်း ထောင်ချောက်ဆင်သည့် ရည်ရွယ်ချက်မှာ မိမိတို့၏ ရာထူးနေရာကို လုံခြုံစေရန်နှင့် လူတို့၏ ကိုးကွယ်မှုနှင့် နောက်လိုက်မှုကို ရရှိရန် ဖြစ်၏။ လူတို့ကို အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန် အန္တိခရစ်များက မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သေချာသောအချက်တစ်ခု ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအဖို့အလို့ငှာ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို အသုံးချကြမည် ဖြစ်သည်။ နောက်ထပ် သေချာသည့်အရာမှာ ၎င်းတို့ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ လုပ်ဆောင်နေခြင်း မဟုတ်သည့်အပြင် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းဖို့ လုပ်ဆောင်နေခြင်း မဟုတ်သည်မှာ သေချာ၏။ ထိုအစား အသင်းတော်ထဲတွင် အာဏာစွဲကိုင်ဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် လုပ်ခြင်းသာ ဖြစ်သည်။ ထိုမျှမက ၎င်းတို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားအိမ်တော်၏ အကျိုးကို မည်သည့်အခါမျှ ထည့်မတွက်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကျိုးကို ထည့်မတွက်သည်မှာ မုချဖြစ်သည်။ အန္တိခရစ်များ၏ အဘိဓာန်ထဲတွင် ဤထည့်သွင်းစဉ်းစားခြင်း နှစ်ခုလုံး မရှိပေ။ ၎င်းတို့၌ ပင်ကိုအားဖြင့် ယင်းတို့ လုံးဝမရှိပေ။ ၎င်းတို့၏ ခေါင်းဆောင်မှုက မည်သည့်အဆင့် ရှိသည်ဖြစ်စေ ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကျိုးအတွက် အလေးထားမှု နည်းနည်းမျှပင် မပြချေ။ ၎င်းတို့၏ စိတ်ကူးများနှင့် ရှုထောင့်များတွင် အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးမှာ မဆီမဆိုင် ဖြစ်ပြီး အထင်သေးသည်။ ၎င်းတို့က မိမိတို့၏ ရာထူးနေရာနှင့် ကိုယ်ပိုင်အကျိုးကိုသာ စဉ်းစားကြသည်။ ဤအရာအားဖြင့် အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းအပြင် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ သေရေးရှင်ရေးကို စိုးစဉ်းမျှ အာရုံစိုက်ခြင်း မရှိဘဲ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအဖို့အလို့ငှာသာ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့၏ ရာထူးနေရာအတွက် ခြိမ်း‌ခြောက်မှုပေးသော မည်သူမဆို မသမာသော နှိမ်နင်းခြင်းနှင့် ပထုတ်ခြင်းကို ခံစားရသည့်အပြင် အတိုင်းအတာ အပြည့်အဝ ညှဉ်းပန်းခြင်း ခံရလေသည်။ တစ်ခါတစ်ရံ အန္တိခရစ်များသည် မကောင်းမှုများစွာ ကျူးလွန်ခြင်းအတွက် အတိုင်ခံရပြီး ၎င်းတို့ကို အထက်က သိရှိသွားကာ မိမိတို့၏ ရာထူးနေရာကို ဆုံးရှုံးရတော့မလို ဖြစ်သောအခါ စတင်၍ သည်းထန်စွာ ငိုကြွေးတော့သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် နောင်တရဟန်တူပြီး ဘုရားသခင်ဆီသို့ ပြန်လှည့်လာသည့်ပုံ ပေါက်သော်လည်း ၎င်းတို့မျက်ရည်များ၏ နောက်ကွယ်မှ စစ်မှန်သော အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ် နောင်တရသနည်း။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများ၊ မိမိတို့၏ ရာထူးနေရာနှင့် ဂုဏ်သတင်းကို ဆုံးရှုံးသွားရသဖြင့် ဝမ်းနည်းပြီး ခံစားရခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ မျက်ရည်များ၌ ပါဝင်သည့်အရာ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ ရာထူးနေရာကို ခိုင်မာစေရန်၊ မိမိတို့၏ ကျရှုံးမှုများမှ သင်ယူရန်နှင့် မိမိတို့ တစ်ကျော့ပြန်လာရန်အတွက် နောက်ထပ်ခြေလှမ်းများကို လုပ်ကြံဖန်တီးနေပြီ ဖြစ်သည်။ အန္တိခရစ်များ၏ ဤအပြုအမူမှနေ၍ အကဲဖြတ်ရလျှင် ၎င်းတို့သည် မိမိတို့၏ ပြစ်မှားခြင်းများနှင့် မိမိတို့ ထုတ်ဖော်ထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အတွက်ကြောင့် မည်သည့်အခါမျှ နောင်တမရ သို့မဟုတ် စိတ်ဒုက္ခမခံစားရသည့်အပြင် မိမိတို့ကိုယ်မိမိ အမှန်တကယ် သိကျွမ်းခြင်း သို့မဟုတ် နောင်တရခြင်း မရှိမည်မှာ အသေအချာပင်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ဒူးထောက်ကာ အသည်းအသန် ငိုကြွေးလျက် မိမိတို့ကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး ကျိန်ဆဲကောင်း ကျိန်ဆဲမည် ဖြစ်သော်လည်း ဤသည်မှာ လူတို့ကို အထင်အမြင် မှားစေဖို့ ရည်ရွယ်သည့် အပေါ်ယံသာဖြစ်ပြီး လူအချို့က ယင်းကို စစ်မှန်သည်ဟုပင် ယုံကောင်းယုံကြမည် ဖြစ်သည်။ ထိုအခိုက်တွင် ၎င်းတို့၏ ခံစားချက်များက အစစ်အမှန် ဖြစ်နိုင်သည်။ သို့သော်လည်း အန္တိခရစ်များသည် မည်သည့်အခါမျှ စစ်မှန်သောနောင်တ ရှိမည် မဟုတ်သည်ကို သတိရဖို့လိုသည်။ ၎င်းတို့သည် တစ်နေ့တွင် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလျှင်ပင် အမှန်တကယ် နောင်တရကြမည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကျရှုံးမှုနှင့် မိမိတို့၏ သရုပ်ဆောင်မှု ပျက်သွားပြီး မိမိတို့၏ ဒုစရိုက်အမှုများအားလုံးကို ဖော်ထုတ်ခဲ့မိသည်ကိုသာ အသိအမှတ်ပြုကြမည် ဖြစ်သည်။ အဘယ့်ကြောင့် ငါ ဤသို့ဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးခြင်းဟူသည့် အန္တိခရစ်များ၏ သဘာဝကို အခြေခံ၍ သမ္မာတရားကို မည်သည့်အခါမျှ လက်ခံကြမည် မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ မိမိကိုယ်ကိုသိမြင်မှုဟူသည်မှာ အမြဲတစေ မှား၏။ ၎င်းတို့သည် အာဏာလုယူဖို့နှင့် ရာထူးနေရာကို ခိုင်မာစေဖို့အတွက် အခွင့်အရေးများကို အမိအရ မယူနိုင်ခဲ့သောကြောင့် လူတို့၏ စိတ်နှလုံးများကို ဆုံးရှုံးရသည်ဟုသာ ဝန်ခံကြမည်။ ၎င်းတို့၏ နောင်တနှင့် ခံစားမှုမှာ ဤအကြောင်းရင်းများကြောင့် ဖြစ်၏။ အန္တိခရစ်များသည် သောကရောက်သောအခါတွင် မျက်ရည်ကျကောင်း ကျနိုင်သော်လည်း အဘယ့်ကြောင့် ငိုကြွေးကြသနည်း။ ၎င်းတို့မျက်ရည်များ၏ နောက်ကွယ်၌ မည်သည့်အရာ ရှိသနည်း။ ၎င်းတို့၏ ဒုစရိုက်အမှုတို့ အမြောက်အမြား ဖော်ထုတ်ခံထားရပြီး မိမိတို့၏ ရာထူးနေရာကို ဆုံးရှုံးသွားရသောကြောင့် ငိုကြွေးခြင်းဖြစ်၏။ အကယ်၍ ၎င်းတို့သည် အမှားကျူးလွန်ခြင်းနှင့် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရခြင်းကြောင့် အမှန်တကယ် နောင်တရနိုင်ပြီး ငိုကြွေးသည်ဆိုလျှင် ထိုသို့သော ဒုစရိုက်မျိုးစုံကို ကျူးလွန်မည် မဟုတ်ပေ။ ၎င်းတို့၌ အပြစ်ရှိသည်ဟူသော အသိစိတ် ကင်းမဲ့ပြီး မိမိတို့၏ ဒုစရိုက်အမှုများကို ဝန်မခံကြပေ။ ထိုအခါ စစ်မှန်သော နောင်တတရားက အဘယ်သို့ ဖြစ်ပေါ်နိုင်မည်နည်း။ ၎င်းတို့သည် ဒုစရိုက်ကျူးလွန်ပြီးနောက် နောင်တမရကြပေ။ ၎င်းတို့သည် ဥပေက္ခာပြုခြင်းနှင့် ပြည့်ဝကာ မိမိတို့သည် သိက္ခာကျရပြီဖြစ်ပြီး သူများလက်ညှိုးထိုး ခံရအောင် လုပ်မိပြီဟုသာ ခံစားကြသည်။ ၎င်းတို့၏ စိတ်အခြေအနေက အနည်းငယ် ကျဆင်းကောင်း ကျဆင်းသွားနိုင်သည်။ အပြင်ပန်းတွင် မည်သည့်အရာမျှ လွဲမှားမသွားသည့်ပုံ ပေါက်လင့်ကစား အဖြစ်မှန်မှာ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ဆေးရွက်ခါးများကို စားမိသော ဆွံ့အသူတစ်ဦးနှင့် တူလျက် တိတ်တဆိတ် စိတ်ဒုက္ခခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ခံစားချက်လေပွေများကို ခံစားရပြီး သည်းထန်စွာ ငိုကြွေးကြသော်လည်း စစ်မှန်သော နောင်တတရား မရှိပေ။ ဤသည်မှာ အခြေအနေ အမှန်ဖြစ်၏။ တစ်ခါတစ်ရံတွင် အန္တိခရစ်များက “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသောကြောင့် အလုပ်တာဝန်ကို ကောင်းမွန်စွာ မလုပ်ခဲ့မိသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ဟူသည့် အပြုအမူအချို့ကို ကျူးလွန်ခဲ့မိခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဦးဆောင်မှုပြုဖို့ ပျက်ကွက်ခဲ့ပြီး ခေါင်းဆောင်မှုအတွက် မထိုက်တန်ပေ။ ဘုရားက ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး ကျိန်ဆဲပါစေ။ အကယ်၍ သင်တို့သည် အနာဂတ်တွင် ကျွန်ုပ်ကို ခေါင်းဆောင်မှုအတွက် မရွေးချယ်ဖို့ ဆုံးဖြတ်လျှင်လည်း ကျွန်ုပ် မကျေမနပ် ပြောမည်မဟုတ်” ဟူသည့် နားထောင်ကောင်းသော စကားအချို့ကို ပြောကောင်းပြောမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဗြုန်းခနဲ ငိုတော့သည်။ လူအချို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့လျက် ၎င်းတို့ကို သနားကြင်နာမှု ခံစားကာ “မငိုပါနှင့်။ အနာဂတ်တွင် သင့်ကို ကျွန်ုပ်တို့ ထပ်မံ ရွေးချယ်ကြပါမည်” ဟု ပြောလေသည်။ ဤသည်ကို ကြားရသောအခါ ၎င်းတို့ ချက်ချင်းပင် အငိုရပ်တော့သည်။ ၎င်းတို့၏ သရုပ်အမှန်ကို ယခု သင်တို့ တွေ့ပြီလော။ ၎င်းတို့သည် နှစ်လိုဖွယ်ကောင်းသော စကားအနည်းငယ်ကို ပြောလျှင် ယင်းမှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့၊ ထိုလူတို့ကို အထင်အမြင် မှားစေဖို့နှင့် လှည့်စားဖို့ဖြစ်ပြီး အချို့က ထို့အတွက်ပင် အနှပ်ခံရသည်။ အန္တိခရစ်များ မျက်ရည်ကျသည့်အခါတိုင်း ယင်း၏ နောက်ကွယ်တွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိလေသည်။ ၎င်းတို့ကို ကိုးကွယ်သောသူတို့က ၎င်းတို့ကို စတင်မေးခွန်းထုတ်ပြီး ၎င်းတို့၏ အဆင့်အတန်းအတွက် စိတ်မချရတော့သောအခါ ၎င်းတို့ ငိုတော့သည်။ ၎င်းတို့သည် အလွန် စိတ်ကယောက်ကယက်ဖြစ်သဖြင့် မစားနိုင်၊ မအိပ်နိုင်ဖြစ်ကာ ၎င်းတို့၏ မိသားစုထံ “ကျွန်ုပ်သည် ခေါင်းဆောင်မှုတာဝန် မယူရပါက အဘယ်သို့ ဆက်လက်၍ စခန်းသွားနိုင်မည်နည်း” ဟု ထပ်တလဲလဲ ပြောကြသည်။ ၎င်းတို့၏ မိသားစုက “သင်သည် ယခင်က အဆင့်အတန်းမရှိဘဲနှင့်ပင် အဆင်ပြေအောင် နေခဲ့သည်မဟုတ်လော။ အဘယ့်ကြောင့် သင် ဆက်လက်မနေနိုင်ရမည်နည်း” ဟု ပြန်ပြောကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ အဆင့်အတန်းကြောင့် မဟုတ်ခဲ့လျှင် ဤအကျိုးအမြတ်များကို ရရှိခဲ့ပြီးဖြစ်မည်လော။ ကျွန်ုပ်တို့ ဤမျှလောက် ကောင်းစားမည်လော။ သင် အဘယ့်ကြောင့် အလွန် စဉ်းစားဉာဏ်မဲ့ရသနည်း” ဟု ပြန်ပြောသည်။ အချို့က အိမ်၌ ပွင့်ပွင့်လင်းလင်းဖြင့်ပင် “အဆင့်အတန်းမရှိဘဲ အသက်ရှင်ရခြင်း၏ အကျိုးမှာ အဘယ်နည်း။ ဘဝ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ မိသားစု၌ လူအနည်းငယ်သာ ရှိပြီး အိမ်တွင် ကျွန်ုပ်သည် ဤလူအနည်းငယ်အ‌ပေါ်၌သာ စီမံကြီးကြပ်သည်။ ကျွန်ုပ်သည် အိမ်ထောင်စု၏ အကြီးအကဲတစ်ဦးသာ ဖြစ်ပြီး ကျွန်ုပ်၏ အဆင့်အတန်းက မမြင့်မားပေ။ ကျွန်ုပ်သည် အသင်းတော်ထဲ၌ ရာထူးရာခံ ရှိသင့်သည်။ သို့မဟုတ်လျှင် ကျွန်ုပ်၏ဘဝမှာ အလဟဿ ဖြစ်၏။ ထို့ပြင် အသင်းတော်၌ ဤရာထူးနေရာမရှိဘဲ ကျွန်ုပ်တို့၏ မိသားစု၌ ထိုမျှကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်လော” ဟု ပြောကြသည်။ နောက်ကွယ်တွင် ၎င်းတို့ အမှန်အတိုင်း စကားပြောကြပြီး ၎င်းတို့၏ ရည်မှန်းချက်များက ပွင့်ထွက်လာသည်။ ဤသည်မှာ အရှက်မဲ့သောသူတစ်ဦး မဟုတ်လော။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းသည် ရံဖန်ရံခါမှဖြစ်သော ပြစ်မှားခြင်းမဟုတ်၊ ယင်းသည် မတော်တဆမဟုတ်။ အကယ်၍ ဤသည်တို့မှာ ရံဖန်ရံခါနှင့် မတော်တဆဖြစ်သည့် မကောင်းသော လုပ်ရပ်များ ဖြစ်ခဲ့ပါက ၎င်းတို့ကို အန္တိခရစ်များဟု သတ်မှတ်မည် မဟုတ်ပေ။ အန္တိခရစ်များက လူတို့ကို ရည်ရွယ်ချက်ရှိရှိ အထင်အမြင်မှားအောင် လုပ်ကြသည်။ ၎င်းတို့ကို စာတန်၏သဘာဝက ထိန်းချုပ်ထားသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် လူတို့ကို တစ်သမတ်တည်း အထင်အမြင် မှားအောင်လုပ်ကာ လူတို့ကို ထိန်းချုပ်ဖို့နှင့် နောက်ဆုံးတွင် အာဏာရရှိဖို့အတွက် ဤနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိဖြင့် အသုံးပြုရခြင်း အကြောင်းရင်းဖြစ်သည်။ အမှန်အားဖြင့် လူတို့ကို အထင်အမြင်မှားအောင် လုပ်ခြင်းနှင့် ထိန်းချုပ်ခြင်း၌ အန္တိခရစ်တစ်ဦး၏ ရည်ရွယ်ချက်မှာ ထိုသူတို့ကို မိမိတို့အား နားထောင်စေရန်၊ မိမိတို့၏ ဦးဆောင်မှုနောက်သို့ လိုက်စေရန်နှင့် ဘုရားသခင်ထံမှ ကင်းကွာစေရန် ဖြစ်သည်။ ထိုအန္တိခရစ်၏ ရည်မှန်းချက်များမှာ အလွန် ရှင်းလင်း၏။ ၎င်းတို့သည် လူတို့ကိုရအောင် ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့ ရည်ရွယ်သည်။ ၎င်းတို့၏ လုပ်ရပ်များမှာ ဖောက်ပြန်ပျက်စီးခြင်းအား ခဏတဖြုတ် ထုတ်ဖော်ပြမှုများ မဟုတ်သကဲ့သို့ ယင်းတို့ကို မရည်ရွယ်ဘဲ စိတ်လိုက်မာန်ပါ လုပ်မိခြင်းလည်း မဟုတ်သည့်အပြင် အထူးတလည် အခြေအနေများကြောင့် မလုပ်မဖြစ် လုပ်ရခြင်းလည်း မဟုတ်သည်မှာ အသေအချာပင်။ ယင်းမှာ လုံးလုံးလျားလျားပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၊ ၎င်းတို့၏ လွန်ကဲသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ၊ ၎င်းတို့၏ မသိမသာနှင့် ဒုက္ခပေးတတ်သော စိတ်သဘောထားနှင့် ၎င်းတို့၏ မြောက်မြားစွာသော အကြံအစည်များကြောင့် ဖြစ်လေသည်။ ယခုတွင် ၎င်းတို့၏ ဤအရာများအား ပြုလုပ်နိုင်စွမ်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက် ၎င်းတို့သည် ဤရည်မှန်းချက်များနှင့် အကြံအစည်များကို သိုထားလျက် ဤစိတ်ကူးယဉ်မှုများ စတင်၍ ပြည့်မြောက်လာစေပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် စောင့်စားနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးနှင့်ဆိုင်သည့် အခြေအနေအမှန် အတိအကျပင် ဖြစ်၏။

အထက်တွင် ဆွေးနွေးခဲ့သော အကြောင်းအရာမှနေ၍ သင်တို့ ဝင်ရောက်ဖို့လိုသည့် သမ္မာတရားကို နားလည်ထားသင့်သည်။ တစ်ဖက်တွင် ထိုသို့သော အပြုအမူများနှင့် သဘာဝအနှစ်သာရကို ပြသည့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်သင့်သည်။ အခြားတစ်ဖက်တွင် သင်တို့သည် ဤအပြုအမူများကို ထုတ်ဖော်ပြခြင်းရှိမရှိ သိရဖို့ မိမိကိုယ်မိမိနှင့်လည်း နှိုင်းယှဉ်သင့်သည်။ ယခုတွင် မိမိတို့ပြောသည့်အရာနှင့် အန္တိခရစ်များ၏ အပြောအဆိုကြားတွင် တစ်ပုံစံတည်းဖြစ်ခြင်းကို တွေ့ရှိနိုင်ပါက သို့မဟုတ် အလားတူသော အခြေအနေများတွင် တူညီသော အပြုအမူများကို နှစ်ဦးလုံးက ထုတ်ဖော်ပြပါက သင်နှင့် အန္တိခရစ်တို့ကြားမှ ထုတ်ဖော်သော စိတ်သဘောထား သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုတွင် တူညီချက်များကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ငါ ဆွေးနွေးသွားသည့် နမူနာအချို့မှတစ်ဆင့်ဖြစ်စေ၊ ထိုနမူနာများထဲတွင် ဖော်ပြထားသည့် အသေးစိတ်အချက်များ၊ စကားလုံးများနှင့် လုပ်ရပ်များမှတစ်ဆင့်ဖြစ်စေ ဤနေရာတွင် မိတ်သဟာယပြုသွားသည့် သမ္မာတရားကို သင်တို့ နားလည်နိုင်သလော သို့မဟုတ် ဤနေရာတွင် ဖော်ထုတ်ထားသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ နားလည်နိုင်သလော။ သင်တို့သည် ဤကဲ့သို့ နားထောင်နိုင်သလော။ သင်တို့သည် မည်သည့်ရှုထောင့်မှနေ၍ နားထောင်နေသနည်း။ သင်တို့သည် ဤစိတ်သဘောထားများနှင့် အန္တိခရစ်များ၏ အနှစ်သာရများကို ပိုင်းခြားသိမြင်နေပြီး ဤအပြုအမူများနှင့် ကျင့်ကြံမှုများကို ပွဲကြည့်ပရိသတ်တစ်ဦး၏ ရှုထောင့်မှနေ၍ လုံးလုံးလျားလျား ကြည့်နေသည်ဆိုလျှင် သမ္မာတရားကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပေ။) သို့ဆိုလျှင် သင်တို့သည် မည်သည့်ရှုထောင့်မှနေ၍ နားထောင်သင့်သနည်း။ (မိမိဘာသာ နှိုင်းယှဉ်ကြည့်ခြင်းမှနေ၍ ဖြစ်သည်။) မိမိဘာသာ နှိုင်းယှဉ်ကြည့်ခြင်းသည် အခြေခံအကျဆုံးအရာ ဖြစ်၏။ အခြားအရာ ရှိသေးသလော။ (မိမိကိုယ်ကို သမ္မာတရားနှင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။) မှန်၏၊ သင်တို့သည် ငါဆွေးနွေးသည့် ဥပမာတိုင်းတွင် သင်တို့ နားလည်ဖို့လိုသည့် သမ္မာတရားကို နားလည်ရမည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူတို့သည် အချက်အလက်များကိုသာ သဘောပေါက်နားလည်နိုင်သော်လည်း ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး အစွမ်းအစကောင်းကို ပိုင်ဆိုင်သောသူတို့ကမူ ယင်းတို့မှနေ၍ သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သည်။ သင်တို့သည် ဆွေးနွေးပေးထားသည့် ဇာတ်လမ်းများနှင့် ဥပမာများထဲတွင် ပါဝင်သည့် သမ္မာတရားများကို အမျိုးအစားခွဲခြားနိုင်သလော။ အချို့သော ဇာတ်လမ်းများ သို့မဟုတ် ဥပမာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို လူတို့အနေဖြင့် ယင်းတို့ကို လက်တွေ့ကျမှုနှင့် ချိတ်ဆက်ဖို့ အကူအညီပေးရန်၊ လက်တွေ့ကျမှုတွင် ထင်ဟပ်သည့် ပြဿနာအမျိုးမျိုးကို ပို၍နားလည်စေရန်နှင့် ဤသမ္မာတရား လက္ခဏာသွင်ပြင်နှင့် ဆက်စပ်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရများနှင့် ပတ်သက်၍ ၎င်းတို့၏ စွဲမှတ်မှုကို လေးနက်စေရန် ရည်ရွယ်သည်။ တစ်နည်းဆိုသော် ဤသမ္မာတရား လက္ခဏာသွင်ပြင် သို့မဟုတ် သဘာဝအနှစ်သာရနှင့် ပတ်သက်လာလျှင် သင်သည် တိကျသော ဥပမာ သို့မဟုတ် အခြေအနေတစ်ခုကို စဉ်းစားမည်ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် မိမိကိုယ်ကို နားလည်သောအခါ သို့မဟုတ် အခြားသူများကို ပိုင်းခြားသိမြင်သောအခါ အယူအဆသဘော သို့မဟုတ် စာသားသက်သက်ကို ဖတ်ရှုခြင်းထက် သဘောပေါက်နားလည်ရန် ပို၍လွယ်ကူသော၊ ပို၍ လက်တွေ့ကျသော၊ ထို့ပြင် ပို၍ လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်လုံးပေါ် နားလည်သဘောပေါက်မှုကို ရရှိမည်ဖြစ်သည်။ အကယ်၍ ယင်းသည် စာသားသက်သက် ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သင်၌ အတွေ့အကြုံမရှိပါက ထိုစာသားအပေါ် သင်၏ နားလည်သဘောပေါက်မှုမှာ ထိုစာသားများဖြင့်သာ အကန့်အသတ်ရှိနိုင်ပြီး သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံများ၏ ဘောင်ခတ်ခြင်းကို အမြဲခံရနိုင်ကာ ထိုအတိုင်းအတာအတွင်း၌သာ နေရနိုင်သည်။ သို့သော်လည်း ငါသည် ငါ၏ မိတ်သဟာယပြုချက်ထဲတွင် အချို့သော ဥပမာများကို ထပ်ဖြည့်ပြီး ဇာတ်လမ်းအနည်းငယ်၊ မြင်ကွင်းအချို့၊ တိကျသော စကားများ၊ လုပ်ရပ်များနှင့် အပြုအမူများကို စုစည်းပြင်ဆင်ပါက ယင်းသည် ဤလက္ခဏာသွင်ပြင်ထဲရှိ သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ နားလည်သဘောပေါက်မှုအပေါ် အထောက်အကူဖြစ်စေသော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။ အကယ်၍ ဤအကျိုးသက်ရောက်မှုကို ရရှိပါက သင်၌ သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်သဘောပေါက်ပြီဟု ဆိုလိုသည်။ နားလည်သဘောပေါက်သည်ဟု ယူဆနိုင်ရန်အတွက် သင်သည် နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ မည်သည့်အတိုင်းအတာအထိ ရောက်ရှိရမည်နည်း။ ယင်းသည် ၁၀၀ ရာခိုင်နှုန်းရှိစရာ မလိုသော်လည်း သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်အပေါ် သင်၏ သဘောပေါက်နားလည်ခြင်း၊ အဓိပ္ပာယ်သတ်မှတ်ချက်၊ အယူအဆနှင့် သိမြင်မှုတို့သည် အနည်းဆုံးအနေဖြင့် ခိုင်မာသင့်သည်။ ဤခိုင်မာခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက အတော်အတန် သန့်စင်လာပြီး အခြေခံအားဖြင့် မည်သည့် လူသား၏ သိမြင်မှု၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ထင်ကြေးပေးခြင်းတို့ မရောနှောဘဲ သို့မဟုတ် ဤအရာများ ရောနှောမှု ပို၍နည်းပါးလာခြင်းကို ဆိုလိုသည်။ ဤသည်တို့မှာ ထိုဥပမာများ၌ ရှိသော အကျိုးသက်ရောက်မှုများ ဖြစ်သည်။ ဤဥပမာများထဲမှ အချို့၌ ငါပြောပြသော လူတို့ သို့မဟုတ် အဖြစ်အပျက်များကို သင် သိကောင်းသိမည်၊ သို့မဟုတ် ထိတွေ့ဆက်ဆံခဲ့ပြီး ထိုသို့သော လူတို့နှင့် အတော်လေး ရင်းနှီးကောင်း ရင်းနှီးထားမည်၊ သို့မဟုတ် သင်သည် ထိုသို့သော အဖြစ်အပျက်များနှင့် ထိတွေ့ထားပြီး ထိုသို့သော အရာများကို ပြုလုပ်သော ဤလူတို့၏ ဖြစ်စဉ်တစ်ခုလုံးကိုပင် မျက်မြင်တွေ့ဖူးကောင်း တွေ့ဖူးမည်ဖြစ်သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်၍ သင်၏ နားလည်သဘောပေါက်မှုနှင့် သိမြင်မှုအပေါ် ယင်း၏ အကျိုးဖြစ်ထွန်းမှုများမှာ အဘယ်နည်း။ သင်သည် ထိုသို့သော လူတို့နှင့် အတူနေထိုင်ကောင်း နေထိုင်ဖူးမည်၊ ဤကဲ့သို့သော ဇာတ်လမ်းများ ဇာတ်ရည်လည်လာသည်ကို သင် မြင်ဖူးပြီး ဤဇာတ်လမ်းများထဲ၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို သင်ကိုယ်တိုင် တွေ့ကြုံပြီးသား ဖြစ်နိုင်သော်လည်း သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်သည်ဟု သေချာပေါက် ဆိုလိုခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ ဤသို့ဆိုခြင်းဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် ငါပြောပြနေသော လူ သို့မဟုတ် အဖြစ်အပျက်ကို သိသောကြောင့် သို့မဟုတ် အကျွမ်းတဝင်ရှိသောကြောင့် ဤနေရာ၌ မိတ်သဟာယပြုထားသည့် အသေးစိတ်အချက်များကိုဖြစ်စေ၊ သမ္မာတရားနှင့် အသေးစိတ် အကြောင်းအရာတို့ကိုဖြစ်စေ သင် နားထောင်စရာမလိုဟု မယူဆနှင့်။ ယင်းသည် အမှားကြီးကြီးတစ်ခု ဖြစ်မည်။ အကယ်၍ ထိုသူသည် သင်နှင့် အတွင်းကျကျ ရင်းနှီးသော လူတစ်ဦးဖြစ်လျှင်ပင် သင်သည် ဤနေရာရှိ သမ္မာတရားကို နားလည်ပြီးသား၊ သဘောပေါက်ပြီးသား ဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာကို ငါ အဘယ့်ကြောင့် သတိပေးနေသနည်း။ ယင်းမှာ သင်တို့ကို အသေးစိတ်အချက်များအပေါ် စွဲလမ်းနေခြင်းမှ ကာကွယ်ဖို့ဖြစ်သည်။ လူတစ်ဦးက ဤသို့သော အရာတစ်ခု လုပ်သည်ကို သင်တွေ့ပြီး ဘုရားသခင်က သူ့ကို ဥပမာအဖြစ် ဖော်ထုတ်သည့်အခါတိုင်း သင်သည် သူ့ကို လှောင်ပြောင်ပြီး ထိုသို့သော လူတို့ကို အထင်အမြင်သေးသည်။ ဤသည်မှာ သမ္မာတရားအပေါ် ထားရမည့် မှန်ကန်သော သဘောထား ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ လမ်းလွဲသွားခြင်း မဟုတ်လော။ ဤသည်မှာ အမြင်စောင်းသော သဘောပေါက် နားလည်မှုဖြစ်၏။ ကွက်ကွက်ကွင်းကွင်း ဖြစ်သော ဤဥပမာများ၊ ဇာတ်လမ်းများနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော လူတို့နှင့် ဖြစ်ရပ်များကြောင့် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းသည် မည်သည့်ပုံစံရှိသည်ကို လူတိုင်းက အမှန်တကယ် နားလည်သဘောပေါက်နိုင်ကာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရတို့၏ ထုတ်ဖော်ခြင်းသည် မည်သည့်ပုံစံရှိသည်ကိုလည်းကောင်း၊ လူတို့၏ သဘာဝအနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရရှိသည့် လူစားတစ်မျိုးမျိုးက မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သည်ကိုလည်းကောင်း၊ သူတို့ မည်သည့်အရာကို နှစ်သက်သည်ကိုလည်းကောင်း၊ သူတို့၏ စိတ်ခံစားချက် အတိုင်းအတာက မည်သို့ရှိသည်ကိုလည်းကောင်း၊ သူတို့ မည်သို့ ကျင့်ကြံပြုမူပြီး ကမ္ဘာလောကကို မည်သို့ ဆက်ဆံကာ ဘဝအပေါ် သူတို့၏အမြင်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သူတို့၏ စည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း၊ ထို့ပြင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်နိုင်သည်ကိုလည်းကောင်း ဟူသည်တို့ကို အမှန်တကယ် မျက်မြင်တွေ့ကြုံနိုင်လေသည်။ ဤဥပမာများ၊ သတ်သတ်မှတ်မှတ်ရှိသော ဤပုဂ္ဂိုလ်များနှင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ဖြစ်ရပ်များကြောင့်ပင် လူတို့သည် သမ္မာတရား၏ လက်တွေ့ကျမှုကို လူသား၏ အနှစ်သာရနှင့်ဆိုင်သည့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းဖြင့် ပို၍ပေါင်းစပ်နိုင်ကာ ယင်းတို့နှင့် ပတ်သက်၍ အတော်ပင် ပို၍ရှင်းလင်းပြီး ပို၍တိကျမှန်ကန်သော ရှုထောင့်အမြင်ကို ရရှိနိုင်သည်။ သို့ဆိုလျှင် ဤစကားများ၏ နောက်ကွယ်မှ ငါ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဤဇာတ်လမ်းများကို လျှော့မတွက်သင့် ဟူ၍ဖြစ်သည်။ ငါသည် မည်သည့် ဇာတ်လမ်းမျိုးကို ပြောသည်ဖြစ်စေ၊ ယင်းက မည်သူ့ဇာတ်လမ်းဖြစ်စေ၊ သို့မဟုတ် မည်သည့်လူစားမျိုး၏ ဇာတ်လမ်းဖြစ်စေ ရည်မှန်းချက်ပန်းတိုင် တစ်ခုသာရှိပြီး ယင်းမှာ သင် သမ္မာတရား နားလည်ဖို့ အကူအညီပေးရန် ဖြစ်သည်။ အကယ်၍ သင်သည် ယင်းမှနေ၍ သမ္မာတရားကို ရရှိလျှင် လိုချင်သော အကျိုးသက်ရောက်မှုကို ရရှိပြီးပြီဖြစ်သည်။ ထို့ကြောင့် ဤဇာတ်လမ်းများကို ပထမဆုံးအကြိမ် ကြားဖူးသောအခါ ယင်းတို့က သင့်အား အပေါ်ယံဆန်သော သမ္မာတရားအချို့ကိုသာ နားလည်စေဖို့၊ အပေါ်ယံ အဓိပ္ပာယ် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သ‌ဘောပေါက်စေဖို့ အခွင့်ပေးကောင်းပေးမည်။ သို့သော်လည်း သင်၏ ဝိညာဉ်ရင့်သန်မှု ဆက်လက်ကြီးထွားသည်နှင့်အမျှ၊ သင် အသက်ကြီးလာသည်နှင့်အမျှ၊ အခြေအနေအမျိုးမျိုးအားဖြင့် အသက်တာ၌ သင် ကြီးထွားလာသည်နှင့်အမျှ၊ သင်၏ အသက်တာသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာပြီး ဤဇာတ်လမ်းများထဲမှ ဖြစ်ရပ်များနှင့် ဤနေရာ၌ ထင်ဟပ်သည့် လူအမျိုးမျိုးတို့၏ သဘာဝအနှစ်သာရ၊ အပြုအမူနှင့် သရုပ်သကန်တို့နှင့် ပတ်သက်၍ မတူညီသော နားလည်သဘောပေါက်မှုများကို သင် ရရှိမည်ဖြစ်သည်။ ဤနားလည်သဘောပေါက်မှုများက မည်သို့ ဖြစ်လာသနည်း။ ယင်းတို့သည် ဤဇာတ်လမ်းများကိုယ်၌မှ မဟုတ်ဘဲ ဇာတ်လမ်းများ၌ ပါဝင်သည့် သမ္မာတရားများမှ လာခြင်းဖြစ်သည်။ အကယ်၍ ယင်းသည် “ကျားကျားနှင့် အမြဲအော်နေပြီး တကယ်ကျားလာသည့်အချိန်တွင် မည်သူကမျှ မယုံတော့သော ကောင်လေး” ဟူသည့် ပုံပြင်ကဲ့သို့သော ပုံပြင်တစ်ပုဒ်ကို ပြောပြခြင်းမျှသာ ဖြစ်ပါက သင် နားထောင်ပြီးသောအခါ ထိုမျှသာဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဘာမျှမဆိုင်ပေ။ ယင်းက လူတို့ကို မည်သို့ပြုမူရမည်ကိုသာ သွန်သင်သည်။ ယင်းသည် အလွန် လွယ်ကူရိုးစင်းပြီး အပေါ်ယံဆန်သည်။ သို့သော် သမ္မာတရားနှင့် ပတ်သက်လာလျှင် ထိုကဲ့သို့သော ဇာတ်လမ်းမျိုး၏ နက်နဲမှုက လူတစ်ဦး အလွယ်တကူ နားလည်နိုင်‌သည့် အပေါ်ယံ အဓိပ္ပာယ်များကို ကျော်လွန်သည်။ ယင်းက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရကို ထည့်သွင်းဖော်ပြကာ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ လူတစ်ဦး၏ လမ်းကြောင်း မည်သို့ ရွေးချယ်ရမည်၊ သမ္မာတရားကို မည်သို့ ချဉ်းကပ်ရမည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် လူတို့၏ သဘောထားများက မည်သို့ရှိသင့်သည် အစရှိသည်တို့ ပါဝင်၏။ ယင်း၌ လူတို့ ငြင်းပယ်သင့်သည့် အရာနှင့် ရွေးချယ်သင့်သည့် အရာတို့ ပါဝင်သည်။ အကယ်၍ သင်တို့သည် ဤပုံစံအတိုင်း နားထောင်နိုင်ပါက တရားဒေသနာများကို သင်တို့ ကြားသည့်အခါတိုင်း တစ်စုံတစ်ရာကို ရရှိမည်၊ အလင်းကို ပိုရရှိပြီး သမ္မာတရား၏ လက္ခဏာသွင်ပြင် အမျိုးမျိုးနှင့် ပတ်သက်၍ စည်းမျဉ်းများကို ပို၍ နားလည်ကာ အသက်ဝင်ရောက်မှု အနည်းငယ်ကို တွေ့ကြုံမည်ဖြစ်သည်။ လူတို့သည် အသက်ကြီးရင့်သည်နှင့်အမျှ၊ အချိန်ကုန်လွန်သည်နှင့်အမျှ၊ လူမှုအခြေအနေများ ပြောင်းလဲသည်နှင့်အမျှ၊ ခေတ်ရေစီးကြောင်းများ ပြောင်းသည်နှင့်အမျှ သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲတွင် ဆက်လက်အလုပ်လုပ်ပြီး သူတို့သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရားကို အခြေခံ၍ လူတို့နှင့် အမှုအရာများအား မည်သို့ရှုမြင်ရမည်ကို သိမည်ဖြစ်သည်။ ဤသည်မှာ အသက်ရရှိခြင်းကို ဆိုလို၏။ သမ္မာတရားသည် လူတစ်ဦး၏ အသက် ဖြစ်လာနိုင်၏။ ထို့ကြောင့် ဇာတ်လမ်းတစ်ပုဒ်ကို မည်သည့်အချိန်၌ ပြောပြနေသည်ဖြစ်စေ တစ်ကြိမ်တစ်ခါသာ နားထောင်ပြီး ပြီးသွားပြီဟု သဘောမထားလေနှင့်။ ဆက်၍ နားထောင်ပြီး အကယ်၍ နားမလည်လျှင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သည်။ အကယ်၍ ယင်းကို သင်၏ လက်ရှိအခြေအနေ၌ နားလည်သဘောပေါက်ဖို့ ခက်သည်ဟု သင်မြင်လျှင် သင်၏ ဝိညာဉ်ရင့်သန်မှု မလုံလောက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင် သဘောပေါက်နားလည်နိုင်သော အရာကို နားထောင်၍ သင်၏ လက်ရှိ ဝိညာဉ်ရင့်သန်မှုနှင့် ကိုက်ညီသည့်အရာကို ရွေးချယ်လော့။ အကယ်၍ ဇာတ်လမ်းတစ်ပုဒ်ကို ကြားရသောအခါ ရှင်းလင်းနေပုံပေါက်သော်လည်း နောက်တွင် နက်နဲသည်ဟု ထင်ရပါက၊ ယင်းကို သင် သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက သို့မဟုတ် ဤအခြေအနေ၌ သင်၏ အတွေ့အကြုံများနှင့် ဘဝအနေအထားများနှင့် မကိုက်ညီပါက ယင်းကို သင်၏ စိတ်နှလုံးထဲ၌ သိမ်းထားပြီး သင် စွဲမှတ်လာအောင် ထားလိုက်ပါ။ နောင်တွင် သင်သည် အလားတူ အခြေအနေများကို ကြုံတွေ့သောအခါ သင့်စိတ်နှလုံးထဲ၌ သိမ်းဆည်းထားသောအရာက တစ်ဖန်ပြန်၍ ထင်ဟပ်လာနိုင်သည်။ ယင်းမှာ သင်လေ့လာထားသည့် ဝေါဟာရနှင့် အသုံးအနှုန်းများ သို့မဟုတ် သင့်ဦးနှောက်က စွဲမှတ်ထားသည့် သတင်းအချက်အလက်ကဲ့သို့ပင် ဖြစ်၏။ ယင်းတို့ကို သင် နေ့စဉ် စဉ်းစားသလော။ မစဉ်းစားသည်မှာ သေချာသလောက်ပင်။ သင်သည် ယင်းတို့ကို တစိမ့်စိမ့်တွေးနေကျ မဟုတ်သော်လည်း ဤအသုံးအနှုန်း၊ ဝေါဟာရ သို့မဟုတ် သတင်းအချက်အလက်နှင့် ဆီလျော်သည့် ဝန်းကျင်အခြေအနေ၌ ရောက်ရှိသောအခါ ယင်းတို့အချို့က စိတ်ထဲပေါ်လာသည်။ လူတို့၌ အမှတ်ရစရာများ ရှိကာ အချို့သောအရာများကို မိမိတို့၏ စိတ်ထဲ၌ အလိုအလျောက် သိမ်းထားသည်။ ဤအရာများကို သင့်အနေဖြင့် နေ့စဉ်အသက်တာ၌ အသုံးပြုဖို့ လုံလောက်ကာ အတော်လေး အကျိုးပြုနိုင်သော်လည်း သင်သည် ယင်းတို့ကို တမင်သက်သက် အသုံးပြုဖို့နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းဖို့ ကြိုးစားပါက ပို၍ အမှားလုပ်နိုင်ဖွယ်ရှိသည်။ သင်သည် မိမိ၏ ဝိညာဉ်ရင့်သန်မှုနှင့် မိမိတွေ့ကြုံထားသော အခြေအနေများကို အခြေခံ၍ စိစိစစ်စစ် နားထောင်သင့်သည်။ ဤနည်းဖြင့် သင်၏တိုးတက်မှုက ပို၍ မြန်ဆန်လာမည်။ မည်သို့နားထောင်ရမည်ကို သိသောသူတို့က ပို၍ ရရှိကြမည်ဖြစ်သော်လည်း မသိသောသူတို့က အနည်းငယ်သာ ရရှိမည်၊ သို့မဟုတ် မည်သည့်အရာမျှ ရရှိကောင်း ရရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ဤဇာတ်လမ်းတစ်ခုတလေကိုမျှ နားမထောင်ချင်၊ ယင်းတို့တစ်ခုတွင်မျှ သမ္မာတရား မပါဝင်ဟုပင် ထင်ကောင်းထင်ပြီး ငါသည် အသုံးမကျသော အာလာပသလ္လာပ ပြောခြင်းနှင့် တစ်ချိန်လုံး အတင်းအဖျင်း ပြောခြင်း ပြုလုပ်မည့်အစား အဘယ့်ကြောင့် သမ္မာတရားအကြောင်း မပြောသနည်းဟုပင် တွေးကောင်းတွေးမည် ဖြစ်သည်။ မည်သို့သော လူအမျိုးအစားက ဤအပြုအမူကို ပြသနည်း။ (ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု မရှိသောသူတို့ပင်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော လူတို့က ဤအတိုင်း စဉ်းစားကောင်း စဉ်းစားမည်။ ငါ တရားဒေသနာများကို ‌ဟောသောအခါ ဤနေ့စဉ် အကြောင်းအရာများကိုသာ ငါပြောသည်၊ ထိုသို့ဆိုလျှင် သူတို့လည်း ပြောနိုင်သည်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သောကြောင့် သူတို့ အခြားလုပ်စရာ မရှိသောအခါ အခြားသူများနှင့် အသုံးမကျသော အာလာပသလ္လာပ ပြောကြသည်။ သင်သည် ငါပြောသည့် ဇာတ်လမ်းများထက် အတင်းအဖျင်းစကားကို ပိုသိနိုင်သော်လည်း သင်၏ ဆွေးနွေးချက်များ၌ သမ္မာတရား ပါဝင်သလော။ (မပါဝင်ပါ။) အကယ်၍ ယင်းတို့၌ သမ္မာတရား မပါဝင်လျှင် လက်လွတ်စပယ် မပြောမိဖို့ ဂရုစိုက်လော့။ သို့မဟုတ်လျှင် သမ္မာတရားနှင့် မဆက်စပ်သည့် အရာများကို ဆွေးနွေးမိကောင်း ဆွေးနွေးမိမည် ဖြစ်သည်။ လူတို့အား သမ္မာတရားကို နားလည်ဖို့ အကူအညီပေးရန် ဇာတ်လမ်းများကို ငါပြောခြင်းဖြစ်သည်။ သင်တို့သည် ငါ့ကို ကြောင်းကျိုးမမြင်ဘဲ အတုမခိုးသင့်ပေ။ သမ္မာတရား ရှာဖွေခြင်း၊ သမ္မာတရား နားလည်ခြင်းနှင့် စည်းမျဉ်းများအတိုင်း အရေးကိစ္စများအား ကိုင်တွယ်ဖို့ ကြိုးပမ်းခြင်းကိုသာ သင်တို့ အာရုံစိုက်သင့်သည်။ သင်တို့၏ အပြော၌ဖြစ်စေ၊ သင်တို့၏ လုပ်ရပ်များ၌ဖြစ်စေ သမ္မာတရားစည်းမျဉ်းများနှင့် ချိန်ညှိခြင်းကို ဦးစားပေးလော့။ ဤနည်းဖြင့် သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။