အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၅) အခန်း လေး

အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ကြီးကျယ်ခမ်းနားသော၊ ကြီးမြတ်သော၊ မြင့်မြတ်သောသူများ ဖြစ်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မည်ဆိုလျှင် ဘုရားသဘောသဘာဝနှင့်ဆိုင်သော မိန့်မြွက်ချက်များ၊ တတိယကောင်းကင်မှ ဘုရားသခင်ပြောခဲ့သော နှုတ်ကပတ်တော်များကို ရွေးချယ်ရမည်ဖြစ်သည်၊ သို့မဟုတ် သာမန်လူများ နားလည်ပြီး သေချာစွာ သိမြင်ရန် ခက်ခဲသော နက်နဲသည့် ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ၎င်းတို့ လိုချင်သည့်အရာမှာ သမ္မာတရား သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် လမ်းခရီးမဟုတ်ဘဲ ၎င်းတို့၏ သိချင်စိတ်ပြင်းပြမှု၊ ၎င်းတို့၏ အနှစ်မဲ့သော အတွေးအခေါ်များနှင့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ သို့ဖြစ်၍ သင်၏ ပတ်ဝန်းကျင်ရှိ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ပို၍ သာမန်ကျပြီး နားလည်ရလွယ်ကူသော အပိုင်းများကိုလည်းကောင်း၊ လူ့သဘာဝ၏ ရှုထောင့်မှ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကိုလည်းကောင်း လျစ်လျူရှုသည်ကိုဖြစ်စေ၊ သံစဉ်ထည့်ထားသည့်အခါတွင်ပင် ယင်းတို့ကို သီဆိုရမည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွေးချယ်သောနည်းလမ်းဖြင့် ကြည့်ရှုခြင်း၊ နားထောင်ခြင်း သို့မဟုတ် ဖတ်ရှုခြင်း ပြုသည်ကိုဖြစ်စေ သင်တွေ့မြင်ပါက ထိုသို့သောလူများတွင် ပြဿနာတစ်ခု ရှိလေသည်။ လူအချို့က “မည်သို့သော ပြဿနာမျိုးနည်း။ ၎င်းတို့၏ တွေးခေါ်မှုတွင် ရှိသော ပြဿနာတစ်ခုလော သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုလော” ဟု မေးကောင်းမေးနိုင်သည်။ တစ်ခုမျှ မဟုတ်ပေ။ ထိုသို့သောလူများ၏ စိတ်သဘောထားတွင် ပြဿနာရှိသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းများကို သီဆိုသည့်အခါ နေ့စဉ်အသက်တာနှင့် ပတ်သက်သော သမ္မာတရားများနှင့် သက်ဆိုင်သည့် ဓမ္မသီချင်းများကို မသီဆိုသည်ကိုလည်းကောင်း၊ မိမိကိုယ်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သည့် ဓမ္မသီချင်းများ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဘာသာရေး အယူအဆများနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှားယွင်းသော အမြင်များကို ဖော်ထုတ်သည့် ဓမ္မသီချင်းများအပြင် ဘုရားသခင်က လူတို့ကို ရိုးသားသောသူများ ဖြစ်ရန် တောင်းဆိုသည့် ဓမ္မသီချင်းများကို သီဆိုရန် မလိုလားသည်ကိုလည်းကောင်း သင်တို့ သတိပြုမိဖူးသလော။ အထူးသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်များနှင့် အကြောင်းအရာများ၊ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်ခြင်းတို့အတွက် သက်သေခံသည့်၊ လူ့ဇာတိခံ ဘုရားသခင်အတွက် ချီးမွမ်းပြီး သက်သေခံသည့် ဓမ္မသီချင်းများနှင့်ပတ်သက်လျှင် ၎င်းတို့သည် တစ်လုံးတစ်ပါဒမျှ သီဆိုမည် မဟုတ်ဘဲ အခြားတစ်စုံတစ်ဦးက ယင်းတို့ကို စတင်သီဆိုသည်နှင့် တစ်ပြိုင်နက် ပစ်ပစ်ခါခါငြင်းပယ်ခြင်းကို ခံစားရသည်။ သို့သော် ကောင်းကင်ဘုံရှိ ဘုရားသခင်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက် သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းအကြောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ လွန်ကဲထူးမြတ်ခြင်း၊ လုပ်ဆောင်ချက်များ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အမျက်ဒေါသတို့အတွက် သက်သေခံခြင်းအကြောင်းကို ၎င်းတို့ သီဆိုသည့်အခါတွင်မူ အလွန် စိတ်အားထက်သန်စွာဖြင့် သီဆိုကြပြီး ဖော်ပြ၍မရနိုင်သော အမူအရာတစ်ခုကိုပင် ထုတ်ဖော်ကြသည်။ ထိုသို့သော ဓမ္မသီချင်းများကို ၎င်းတို့ သီဆိုသည့်အခါ ၎င်းတို့သည် ထူးခြားဆန်းကြယ်လာကြသည်။ ၎င်းတို့၏ မျက်နှာသွင်ပြင်များက ပုံပျက်သွားပြီး ၎င်းတို့၏ ဆိုးယုတ်သော အမူအရာက ပေါ်ထွက်လာသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော်ဖြစ်သော စိတ်သဘောထားအကြောင်း သီဆိုသည့်အခါတွင် ၎င်းတို့သည် စားပွဲကိုထုပြီး ခြေကိုဆောင့်ကြကာ ဒေါမာန်ထွက်သည့် အတိုင်းအတာအထိ ရောက်ရှိကြသည်။ ဘုရားသခင်၏ အမျက်ဒေါသ ထုတ်လွှတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ကြီးမားသော ဘေးအန္တရာယ်များ သက်ရောက်စေခြင်းအကြောင်း ဖြစ်သည့်အခါတွင်မူ ၎င်းတို့သည် အံသွားခဲကြိတ်လျက် သီဆိုကြရာ ၎င်းတို့၏ မျက်နှာများမှာ နီမြန်း၍ တင်းမာနေလေသည်။ ထိုသို့သောလူများ၏ ဝိညာဉ်တွင် ပြဿနာတစ်ခု ရှိနေသည် မဟုတ်လော။ ဥပမာအားဖြင့် ဘုရားသခင်က “ငါသည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ဤစကားကို သံစဉ်တစ်ခု ထည့်ပြီးနောက်တွင် ယင်းသည် ပထမပုဂ္ဂိုလ်မှ ပြောင်းလဲသွားပြီး “ဘုရားသခင်သည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု တတိယပုဂ္ဂိုလ် ဖြစ်လာသည်။ ပုံမှန် စိတ်နေစိတ်ထားမှာ ဤသည်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ကြောင်း၊ ဤသည်မှာ သူ၏နှုတ်ကပတ်တော်များကို သီဆိုခြင်းမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ခြင်း ဖြစ်ကြောင်းနှင့် တတိယပုဂ္ဂိုလ် ရှုထောင့်၊ လူ၏ရှုထောင့်မှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် စကားပြောဆိုသည့် စိတ်နေစိတ်ထားနှင့် နောက်ခံအကြောင်းအရာတို့ကို နားလည်ခြင်း ဖြစ်ကြောင်းတည်း။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် တုံ့ပြန်မှုဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ယင်းကို မည်သို့ သီဆိုကြသနည်း။ ၎င်းတို့သည် တတိယပုဂ္ဂိုလ်ကို မပြောင်းလဲသော်လည်း ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ပုံမှန်လူများ၏ စိတ်နေစိတ်ထားနှင့် မတူညီပေ။ ပုံမှန်လူများက “ဘုရားသခင်” ဟု သီဆိုသည့်အခါ ၎င်းတို့က “ဤသည်တို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင် ပြောဆိုသည့်အရာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ သို့သော် အန္တိခရစ်များ သီဆိုသည့်အခါတွင်မူ မည်သို့နည်း။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ “ဤသည်မှာ ငါလုပ်ဆောင်ခဲ့သည့်အရာ၊ ငါပြောခဲ့သည့်အရာ၊ ငါထုတ်လွှတ်မည့် အမျက်ဒေါသ၊ ငါထုတ်ဖော်မည့် စိတ်သဘောထား ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကွဲပြားသည် မဟုတ်လော။ ၎င်းတို့သည် လူတိုင်း၏ ရှေ့တွင် “ငါသည် ကြီးစွာသော အမျက်ဒေါသကို ထုတ်လွှတ်သောအခါ တိုင်းနိုင်ငံတိုင်း တုန်လှုပ်လိမ့်မည်” ဟု ဗြောင်ကျကျ မသီဆိုဝံ့သော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ ထိုသို့ သီဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်က အမျက်ဒေါသကို ထုတ်လွှတ်ပြီး တိုင်းနိုင်ငံတိုင်းကို တုန်လှုပ်စေသည်ဟု ၎င်းတို့ တွေးထင်ကြသောကြောင့် ဤနှုတ်ကပတ်တော်များကို စစ်မှန်သော စိတ်ခံစားချက်ဖြင့် သီဆိုကြသည်။ ဤသည်က ၎င်းတို့အတွင်း၌ ပြဿနာတစ်ခုကို ညွှန်ပြနေသည် မဟုတ်လော။ အစမှအဆုံးတိုင် အန္တိခရစ်များက ဘုရားသခင်ကို အသိအမှတ် မပြုသည့်အကြောင်းရင်းမှာ ၎င်းတို့က ဘုရားဖြစ်လိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆိုရင်း မိမိတို့ကိုယ်ကို တည်ဆောက်လိုကြပြီး လူများက ၎င်းတို့ကို ဘုရားဖြစ်သည်ဟု ယုံကြည်စေကာ လူသားမျိုးနွယ်၏ ဘုရားသခင်အဖြစ် ၎င်းတို့ကို အသိအမှတ် ပြုစေလိုကြသည်။ ယင်းမှာ ဖြစ်သည့်အရာ အတိအကျပင် ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝဖြင့် စကားပြောသည့် စာပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုသည့်အခါ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်သုံးသပ်လျက် တတိယပုဂ္ဂိုလ် ရှုထောင့်မှ သဘောပေါက်နားလည်ပြီး ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ကွဲပြားသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ သီဆိုခြင်း သို့မဟုတ် ဖတ်ရှုခြင်း ပြုသည့်အခါ ၎င်းတို့သည် ထိုသို့သော စိတ်သဘောထားတစ်ခုကို ဖော်ပြရန်၊ ထိုသို့သော စိတ်သဘောထားနှင့် အနှစ်သာရတစ်ခုအတွင်း၌ မိမိတို့ကိုယ်တိုင် အသက်ရှင်နေထိုင်ရန် တိုက်တွန်းမှုကို တွေ့ကြုံခံစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နေရာကို အစားထိုးရန် ရည်ရွယ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ သူ၏ မိန့်ကြားချက်၏ လေသံ၊ သူ၏ ဖော်ပြချက်အားလုံးနှင့် သူထုတ်ဖော်သည့် စိတ်သဘောထားများအတွင်း၌ ဘုရားသခင်၏ စကားပြောလေသံ၊ ပုံစံ၊ စကားလုံးအသုံးအနှုန်းနှင့် စိတ်သဘောထားတို့ကို အတုယူရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောသကဲ့သို့ စကားမပြောနိုင်သောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို မဖော်ပြနိုင်သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ အတုယူမှုတွင် အရေးနိမ့်သောကြောင့်လည်းကောင်း ဘုရားသခင်က သူ၏ ဘုရား၏သဘောသဘာဝဖြင့် စကားပြောသည့်အခါ အန္တိခရစ်များသည် ဘုရားသခင်ကို အတုယူရန်နှင့် ဘုရားဖြစ်ရန် ကြိုးပမ်းဖို့ ၎င်းတို့၏ အခွင့်အရေးကို နောက်ဆုံးတွင် မြင်တွေ့ကြသည်။ ဘုရားသခင်၏ ဘုရားသဘောသဘာဝ ရှုထောင့်မှ သူ၏မိန့်မြွက်ချက်များက အန္တိခရစ်များကို ဘုရားသခင် မည်သို့စကားပြောသည်၊ လူကို မိန့်ကြားရန် သူအသုံးပြုသည့် လေသံနှင့် လူကို မိန့်ကြားရန် သူအသုံးပြုသည့် ပုံစံ၊ ရှုထောင့်နှင့် အသံအနိမ့်အမြင့်တို့ကို သိရှိစေလျက် သဲလွန်စများနှင့် လမ်းညွှန်မှုကို ပေးသည်။ ဤသည်မှာ ဘုရားသဘောသဘာဝဖြင့် မြွက်ဆိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားခြင်းနှင့် ကိုးကွယ်ခြင်းတွင် ၎င်းတို့၏ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် နေ့စဉ်အသက်တာတွင် လူအချို့က ဘုရားအိမ်တော်၏ အလုပ်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်အတွက် တာဝန်ရှိသည်ဟူသော မူမမှန်သော အကြောင်းပြချက်ဖြင့် လူတို့ကို ဆုံးမရန် ဘုရားသခင်၏ လေသံကို အတုယူသည်ကို မကြာခဏ တွေ့မြင်နိုင်သည်။ ၎င်းတို့သည် လူတို့ကို ဩဝါဒခြွေရန်၊ ပြစ်တင်ရှုတ်ချရန်၊ ပြုပြင်ရန်နှင့် ဖော်ထုတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးစေ့ပတ်စေ့ ကိုးကားကြသည်။ များစွာသော အဖြစ်မှန်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းအရာတို့မှ ဆန်းစစ်ကြည့်သည့်အခါ ၎င်းတို့၏ လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ သစ္စာစောင့်သိမှု၊ တရားမျှတစိတ် သို့မဟုတ် တာဝန်သိစိတ်တို့မှ စစ်မှန်စွာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်၏ အနေအထားမှလည်းကောင်း၊ ဘုရားသခင်၏ ရှုထောင့်မှလည်းကောင်း လုပ်ဆောင်ရန် ကြိုးပမ်းကြပြီး ဘုရားသခင်ကို အစားထိုးရန် ရည်ရွယ်ကြသည်။ လူအချို့က “၎င်းတို့က ဘုရားသခင်ကို အစားထိုးလိုသည်ဟု မည်သည့်အခါကမျှ မပြောခဲ့ပါ” ဟု ဆိုကြသည်။ ၎င်းတို့ ပြောရန် မလိုအပ်ပေ။ ၎င်းတို့၏ လုပ်ရပ်များ၏ အနှစ်သာရ၊ အရင်းအမြစ်နှင့် ရည်ရွယ်ချက်တို့ကို စောင့်ကြည့်လေ့လာရုံမျှဖြင့် သိနိုင်ပေသည်။ ဤသည်မှာ အန္တိခရစ်၏ အနှောင့်အယှက်နှင့် နည်းလမ်းများဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ သရုပ်သကန် မည်သို့ပင်ဖြစ်စေ၊ ဘုရားဖြစ်လိုခြင်း၊ ဤရည်ရွယ်ချက်ကို မည်သည့်နည်းနှင့်မဆို ထားရှိခြင်းဟူသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်ပါသလော။ (မဟုတ်ပါ။) ထိုသို့သောလူတစ်ဦးကို ဤအချက်တစ်ခုတည်းကို အခြေခံ၍ အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်နိုင်သလော။ (ဟုတ်ကဲ့၊ သရုပ်ဖော်နိုင်ပါသည်။) ဤအချက်တစ်ခုတည်းကပင် လုံလောက်ပါသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားပါစေ၊ သင်သည် အစဉ်သဖြင့် ဘုရားဖြစ်လိုပြီး ဘုရားကို မဆင်မခြင် အတုယူကာ အခြားသူများကို သင့်အား ဘုရားကဲ့သို့ မှတ်ယူပြီး ဆက်ဆံရန် တောင်းဆိုပါက ထိုသို့သော လုပ်ရပ်များ၊ အပြုအမူများနှင့် စိတ်သဘောထားများသည် အန္တိခရစ်၏ အနှစ်သာရ ဖြစ်သည်။ ဤအချက်တစ်ခုတည်းကပင် အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ရန် လုံလောက်ပေသည်။ ယင်းမှာ အန္တိခရစ်၏ စိတ်သဘောထားတစ်ခုမဟုတ်၊ သို့မဟုတ် အန္တိခရစ်၏ အပြုအမူ သဲလွန်စတစ်ခု မဟုတ်ဘဲ အန္တိခရစ်၏ အနှစ်သာရရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။

ငါ့ကို ပြောလော့၊ မည်သည့်အရာက သဘာဝအားဖြင့် ပို၍ဆိုးရွားသနည်း။ ဘုရားဖြစ်လိုခြင်းလော သို့မဟုတ် အဆင့်အတန်းကို အစဉ်ရှာဖွေရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိခြင်းလော။ (ဘုရားဖြစ်လိုခြင်း ဖြစ်ပါသည်။) လူများတွင် ရည်မှန်းချက်များ၊ မာနထောင်လွှားသော စိတ်သဘောထားများ ရှိကြပြီး ၎င်းတို့၏ အဆင့်အတန်းကို အခိုင်အမာပြသလိုကြကာ တစ်ခါတစ်ရံ ဤအဆင့်အတန်းက ဖြစ်ပေါ်စေသော အကျိုးကျေးဇူးများကို ခံစားလျက် ယင်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ပြီး ပြောင်းလဲနိုင်သည်။ သို့သော် ဘုရားဖြစ်လိုခြင်း၊ ဘုရားသခင်၏ စကားပြောလေသံကို အတုယူခြင်း၊ ဘုရားသခင်၏ စကားပြောပုံကို အတုယူခြင်း၊ ဘုရားသခင်ကဲ့သို့ပင် စကားပြောနိုင်ပြီး ပြုမူနိုင်သည်ဟု အခြားသူများကို အထင်မှားစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် လုံးလုံးလျားလျား ကိုးကားခြင်း၊ ယင်းတို့ကို လုံးစေ့ပတ်စေ့ ရွတ်ဆိုခြင်း၊ ၎င်းတို့၏ စကားပြောလေသံနှင့် ပုံစံမှာ ဘုရားသခင်နှင့် အလွန်တူညီခြင်း၊ နောက်ဆုံးတွင် အခြားသူများကို ၎င်းတို့သည် ဘုရားဖြစ်သည် သို့မဟုတ် ဘုရားနှင့် အတူတူနီးပါးဖြစ်သည်ဟု တလွဲယုံကြည်စေခြင်း၊ အချို့က ၎င်းတို့ကို ဘုရားကဲ့သို့ပင် ဆက်ဆံခြင်းတို့မှာ ယင်းသည် ပြဿနာရှိလေသည်။ ယင်းမှာ ကုစား၍မရနိုင်သော ပြဿနာတစ်ခု၊ ပျောက်ကင်းအောင် ကုစား၍မရနိုင်သော နာမကျန်းမှုတစ်ခု ဖြစ်သည်။ ဘုရားဖြစ်လိုခြင်းသည် အသေးအဖွဲ ကိစ္စရပ်တစ်ခုလော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို သူ၏အနှစ်သာရက သတ်မှတ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် ဇာတိပကတိ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့သည် သူ၏ တစ်ကိုယ်ရေ ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ရရှိခြင်းမဟုတ်၊ သို့မဟုတ် လူ့အဖွဲ့အစည်း၊ နိုင်ငံများ၊ လူသားမျိုးနွယ် သို့မဟုတ် မည်သည့်လူတစ်ဦးကမျှ ပျိုးထောင်ပေးခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တော်တိုင်က ပျိုးထောင်ပေးခြင်းပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရကို ပင်ကိုအားဖြင့် ပိုင်ဆိုင်သည်။ သူသည် လူ၏ အကူအညီ သို့မဟုတ် အထောက်အပံ့ကို မလိုအပ်သကဲ့သို့ မည်သည့်ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် အချိန်ကာလဆိုင်ရာ ပြောင်းလဲမှုများကိုမျှ မလိုအပ်ပေ။ ဘုရားသခင်တွင် ဘုရားသခင်အဖြစ် သူ၏ပင်ကိုလက္ခဏာ ရှိသောကြောင့် သူ၏အနှစ်သာရသည် ရှေးမဆွကပင် ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်သည်၊ ယင်းမှာ မွေးရာပါအရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို ဖော်ပြနိုင်သည့် သူ၏စွမ်းရည်သည် လူသားများထံမှ သူသင်ယူခဲ့သည့်အရာတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့က ပျိုးထောင်ပေးခဲ့သည့်အရာတစ်ခုလည်း မဟုတ်ပေ။ အန္တိခရစ်များသည် ဤကိစ္စရပ်ကို စေ့စပ်သေချာစွာ မသိမြင်နိုင်ကြပေ။ မိုက်မဲစွာပင် ၎င်းတို့က ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို လူများက ၎င်းတို့ကို ဘုရားနှင့်ပိုတူသည်ဟု မှတ်ယူလောက်အောင် ကောင်းစွာ အတုယူနိုင်ပါက ၎င်းတို့သည် ဘုရားဖြစ်ရန် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် လူများကို နားမလည်စေပြီး လမ်းပျောက်စေသည့် အနှစ်မဲ့သော၊ လက်တွေ့မကျသော၊ သဘောပေါက်နားလည်နိုင်ခြင်း မရှိသော “ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ဟုခေါ်သည့်အရာအချို့ကို ပြောဆိုခြင်းအားဖြင့် လူများသည် ၎င်းတို့ကို ဘုရားကဲ့သို့ မှတ်ယူကောင်းမှတ်ယူနိုင်ပြီး ၎င်းတို့သည် ဘုရားဖြစ်လာရန် အခွင့်အရေး ရကောင်းရနိုင်သည်ဟု တွေးထင်ကြသည်။ ဤသည်မှာ အန္တရာယ်ရှိသော ကိစ္စရပ်တစ်ခု မဟုတ်လော။

ဘုရားဖြစ်လိုသော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်သည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် အမြဲတမ်း လှုပ်ရှားနိုးကြွနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းဆိုပြီး ပြစ်တင်ရှုတ်ချနေစဉ်တွင် သူ၏ စကားပြောလေသံကိုလည်း အတုယူကြသည်။ မည်မျှ စက်ဆုပ်ဖွယ်ကောင်းသော၊ ကောက်ကျစ်ဆိုးယုတ်သော၊ အရှက်မရှိသော၊ ယုတ်မာသော လုပ်ရပ်ပါတကား။ ၎င်းတို့သည် ဘုရားဖြစ်လိုသော လိုအင်ဆန္ဒဖြင့် အသည်းအသန် စွဲလန်းပြီး ရူးသွပ်ဖောက်ပြန်နေကြသည်။ ယင်းမှာ ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ (ရွံရှာဖွယ်ကောင်းပါသည်။) သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကရော ဘုရားဖြစ်ရန် လိုအင်ဆန္ဒကို ထားရှိသလော။ ဘုရားဖြစ်လိုသူတိုင်း ပြစ်တင်ရှုတ်ချခြင်း ခံရမည်။ ဘုရားဖြစ်လိုသူတိုင်း ပျက်စီးခြင်းသို့ ရောက်မည်။ ဤသည်မှာ အဖြစ်မှန်တစ်ခုဖြစ်သည်၊ ချဲ့ကားပြောဆိုခြင်း သို့မဟုတ် သင့်ကို ခြောက်လှန့်ရန် ကြိုးပမ်းခြင်း မဟုတ်ပေ။ မယုံဘူးလော။ စမ်းကြည့်လော့။ ယင်းဘက်၌ စဉ်းစားကြည့်လော့၊ ထို့နောက် ယင်းအတိုင်း လုပ်ဆောင်ကြည့်လော့၊ ပြီးလျှင် သင်သည် အတွင်းစိတ်၌ ယင်းကို ခံနိုင်ရည်ရှိမရှိ ကြည့်လော့၊ အတွင်း၌ မည်သို့ခံစားရသည်ကို ကြည့်လော့။ အကယ်၍ သင်သည် ထိုသို့သောလုပ်ရပ်များဖြင့် စိတ်အတွင်း၌ နှစ်သက်ခြင်း၊ ဂုဏ်ယူခြင်းနှင့် ကျေနပ်ခြင်းတို့ကို ခံစားရပါက သင်သည် အသုံးမကျဘဲ အန္တရာယ်ရှိနေသည်။ သို့သော် ထိုသို့ပြုမူခြင်းက သင့်အား မိမိကိုယ်ကို အပြစ်တင်မိစေပြီး လိပ်ပြာမလုံဟု ခံစားရစေကာ အခြားလူများ သို့မဟုတ် ဘုရားသခင်ကို မျက်နှာချင်းဆိုင်ရန် အလွန်ရှက်ရွံ့စေပါက သင်၌ အသိစိတ်အချို့၊ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားအချို့ ရှိသေးသည်။ လူများစွာတို့သည် ဘုရားဖြစ်ရန် ရည်သန်မျှော်မှန်းကြ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်ဘဲ၊ ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို မသိဘဲ၊ ဤအချက်အလက်ကို မသိနားမလည်ဘဲ ၎င်းတို့သည် ထိုစိတ်ကူးကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပြီး ရည်မှန်းချက်များနှင့် အစီအစဉ်များ ရှိကောင်းရှိနိုင်သော်လည်း မည်သို့ဆက်လုပ်ရမည်ကို မသိသောကြောင့် မဆင်မခြင် လုပ်ဆောင်ရန် မဝံ့ရဲကြပေ။ အများဆုံးအားဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာဆန်သူ၊ ကယ်တင်ခြင်းခံရသူ၊ သန့်ရှင်းသူ သို့မဟုတ် ကယ်တင်ခြင်းအတွက် အရည်အချင်း ပြည့်မီသူများအဖြစ် ဟန်ဆောင်ကြသည်။ သို့သော် ဘုရားသခင်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ၎င်းတို့ ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များက ပေါက်ဖွားလာပြီး လုပ်ဆောင်စပြုကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ကြသနည်း။ ရှင်းလင်းသော သရုပ်သကန်တစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်ပြောသော နက်နဲပြီး ဉာဏ်မမီနိုင်သော နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုကြခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ စကားပြောဆိုသည့် သဘောထား၊ ပုံစံ၊ လေသံနှင့် စကားလုံးအသုံးအနှုန်းတို့နှင့် ရင်းနှီးအောင် ပြုလုပ်ကြပြီး ထို့နောက် ၎င်းတို့သည် ဤအရာများကို အတုယူရန် ကြိုးပမ်းကာ ယင်းတို့ကို နက်နက်ရှိုင်းရှိုင်း လေ့လာကြသည်။ ပို၍ရင်းနှီးလေ ပိုကောင်းလေ ဖြစ်သည်မှာ မျက်စိမှိတ်ထားသည့်တိုင် ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို ခံစားနိုင်သည့်အထိ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို စိတ်ပါဝင်စားစွာ အလွတ်ကျက်မှတ်ကြပြီး တစ်ချိန်တည်းမှာပင် လူများကြားတွင် လေ့ကျင့်ကာ အစမ်းလေ့ကျင့်ကြလျက် ဤဟန်၊ ဤပုံစံ၊ ဤလေသံနှင့် ဤစကားလုံးအသုံးအနှုန်းတို့ကို ၎င်းတို့၏ စကားပြောဆိုရာတွင် အတုယူကြပြီး ထို့နောက် ဤသို့ပြုမူခြင်းနှင့် ပြောဆိုခြင်းက ၎င်းတို့ကို ဘုရားဖြစ်နေသည်ဟူသော ခံစားချက်ကို ပေးမပေး နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခံစားကြသည်။ ၎င်းတို့သည် ထိုလေ့ကျင့်မှုနှင့် ပို၍ရင်းနှီးပြီး ကျွမ်းကျင်လာသည်နှင့်အမျှ မိမိတို့ကိုယ်ကို ဘုရားသခင်၏ နေရာတွင် အမှုမဲ့အမှတ်မဲ့ ထားကြသည်။ ရုတ်တရက် တစ်နေ့တွင် တစ်စုံတစ်ဦးက “သူတို့၏ စကားပြောဆိုမှု၏ ခံစားချက်နှင့် လေသံက ဘုရားသခင်၏ လေသံနှင့် နီးစပ်ပုံရသည်။ သူတို့နှင့် စကားပြောရသည်မှာ ဘုရားသခင်နှင့် အတူရှိနေသကဲ့သို့ ခံစားရသည်။ သူတို့၏ စကားများတွင် ဘုရားသခင်၏ စကားပြောဆိုမှု ရသပါရှိသည်” ဟု ပြောဆိုသည်။ ထိုသို့သော မှတ်ချက်စကားများကို အမှတ်တမဲ့ ကြားပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများသည် အဆုံးမရှိသော ကျေနပ်မှုဖြင့် ပြည့်သွားပြီး ၎င်းတို့၏ ဆန္ဒကို နောက်ဆုံးတွင် ဖြစ်မြောက်အောင်မြင်နိုင်ခဲ့ပြီ၊ နောက်ဆုံးတွင် ဘုရားဖြစ်လာခဲ့ပြီဟု ခံစားရသည်။ ယခု ၎င်းတို့သည် အဆုံးသတ်သွားပြီ မဟုတ်လော။ လျှောက်လှမ်းရန် အခြားလမ်းများ ရှိနေလျက် အဘယ်ကြောင့် ပျက်စီးခြင်းလမ်းကို ရွေးချယ်ရသနည်း။ ဤသည်မှာ သေလမ်းရှာခြင်း မဟုတ်လော။ ထိုသို့သော အတွေးများကို ထားရှိခြင်းပင်လျှင် အန္တရာယ်ရှိသည်၊ ဤအတွေးများကို လုပ်ရပ်များအဖြစ် ပြောင်းလဲခြင်းမှာ သာ၍ပင် အန္တရာယ်ရှိသေးသည်။ အကယ်၍ လူတစ်ဦး၏ လုပ်ရပ်များသည် ထိန်းချုပ်မရဘဲ လွဲချော်သွားပြီး ၎င်းတို့သည် ဤလမ်းကြောင်းအတိုင်း အဆုံးထိတိုင် လိုက်ကာ ယင်း၌ အောင်မြင်ရန်နှင့် ယင်းကို လက်တွေ့ကျမှု ဖြစ်လာစေရန် စိတ်ပိုင်းဖြတ်ထားပါက ၎င်းတို့သည် လုံးဝပျက်စီးခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်လာသည်။ အန္တိခရစ်အချို့သည် အမှန်တကယ်ပင် ဤလမ်းကြောင်းအတိုင်း လုပ်ဆောင်ပြီး ကြိုးပမ်းနေကြသည်။ သင်တို့သည် ထိုသို့သောလူများကို မြင်ဖူးသလော သို့မဟုတ် ထိတွေ့ဆက်ဆံဖူးသလော။ (ကျွန်ုပ်သည် တရုတ်ပြည်မကြီးတွင် ရှိစဉ်က ဘုရားသခင်၏ စကားပြောလေသံကို အတုယူပြီး ဘုရားဖြစ်လိုသော စိတ်ကူးကို မကြာခဏ ထားရှိသည့် လူတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ ထိုအချိန်က လူနှစ်ဦး၊ သုံးဦးက သူမကို ဘုရားအဖြစ် မှတ်ယူခဲ့ကြပြီး လူတစ်ဦးကမူ သူမကို မြင်သောအခါ ဒူးထောက်ပျပ်ဝပ်ခဲ့သည်အထိပင် ဖြစ်ပါသည်။) လူတစ်ဦးသည် မည်သည့်အတိုင်းအတာအထိ ဘုရားဖြစ်ရန် ကြိုးစားသည်ဖြစ်စေ ယင်းမှာ တစ်ဖက်ပိတ်လမ်းဆုံးဖြစ်သည်။ သင်တို့သည် ဤအရာကို ထိုးထွင်းသိမြင်ပြီလော။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖော်ပြချက်များနှင့် ထောက်ပံ့မှုအားလုံးသည် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များ နားလည်စေရန်နှင့် ထိုသို့ဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် ကူညီဖို့ ရည်ရွယ်သည်။ အကယ်၍ လူများသည် ဘုရားသခင်က ဤသတင်းစကားများကို ဖော်ပြပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားဖြစ်လာခြင်း၏ အသေးစိတ် အချက်အလက်များကို ယင်းတို့ထံမှ ကောက်နုတ်ရယူသင့်ပြီး ထိုသို့ဖြင့် ဘုရားဖြစ်ရန် လိုက်စားခြင်း၊ ဘုရားကို အတုယူခြင်းနှင့် ဘုရားဖြစ်လာခြင်းတို့ကို ပြုသင့်သည်ဟု တလွဲယုံကြည်ပါက ၎င်းတို့အတွက် ဇာတ်သိမ်းသွားပြီဖြစ်သည်။ ဤသည်မှာ ပျက်စီးခြင်း၏ လမ်းခရီးဖြစ်သည်၊ သင်သည် ဤအရာကို မည်သည့်အခါမျှ အတုမယူရ။ လူအချို့က “ဘုရားကို အတုမယူရန်မှာ အနည်းငယ် ခက်ခဲပေသည်။ ဘုရားစကားပြောသည်ကို ကြားသည့်အခါတိုင်း ဘုရား၏ ပင်ကိုလက္ခဏာမှ စကားပြောခြင်းသည် မည်မျှပင် သိက္ခာရှိပြီး ခံ့ညားထည်ဝါသည်ကို ကျွန်ုပ် တွေးမိသည်။ ယင်းမှာ အဘယ့်ကြောင့်များ အလွန်ပင် သာယာကြည်နူးဖွယ် ကောင်းပြီး စွဲမက်ဖွယ် ကောင်းရသနည်း။ ဘုရား စကားပြောသည့်အခါတွင် ဘုရားဖြစ်ရသည်မှာ အလွန်ကောင်းရမည်ဟု ကျွန်ုပ် အဘယ်ကြောင့် တွေးရသနည်း။ ဘုရား၏ ပင်ကိုလက္ခဏာရှိသည့် ပုဂ္ဂိုလ်က စကားပြောသည့်အခါ အလွန်ကွာခြားသည်ဟု ထင်ရသည်” ဟု ပြောကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ လေသံနှင့် စကားလုံးအသုံးအနှုန်းအချို့ကို အမှုမဲ့အမှတ်မဲ့ အတုခိုးစပြုကြသည်။ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများထဲတွင် ၎င်းတို့သည် ဘုရားဖြစ်ရန် သို့မဟုတ် ဘုရားဖြစ်လာရန် ထိုမျှအတိအလင်း မလိုချင်ကောင်း မလိုချင်ကြသော်ငြားလည်း ၎င်းတို့၏ အတုယူခြင်းသည် အဘယ်အရာတွင် အရင်းခံသနည်း။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသောကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်အရာကြောင့်နည်း။ (ယင်းမှာ ဘုရားဖြစ်လိုသော ရည်ရွယ်ချက်မှ အရင်းခံပါသည်။) အကယ်၍ ငါ့တွင် ဤပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိဘဲ ဤနှုတ်ကပတ်တော်များကို ပြောခဲ့ပါက တစ်စုံတစ်ဦးက ငါ့ကို အတုယူမည်လော။ မည်သူမျှ ငါ့ကို အရေးစိုက်မည်မဟုတ်၊ မည်သူမျှ ငါ့ကို အထင်ကြီးမည်မဟုတ်ပေ၊ ယင်းမှာ အဖြစ်မှန် မဟုတ်လော။ ငါ့တွင် ဤပင်ကိုလက္ခဏာနှင့် အဆင့်အတန်း မရှိခဲ့စဉ်က ငါသည်လည်း လူများနှင့် စကားပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည်။ ထိုအခါ မည်သူက ငါ့ကို အရေးတယူလုပ်ခဲ့သနည်း။ ငါသည် ငယ်ရွယ်ပြီး အဆင့်မြင့်ပညာ သို့မဟုတ် အရည်အချင်းများ ကင်းမဲ့ကာ မည်သည့်လူမှုရေး အဆင့်အတန်းမျှ မရှိသည်ကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ငါ၏ ကိုယ်ပိုင်အသင်းတော်မှဖြစ်စေ၊ အခြားမည်သည့်အသင်းတော်များမှဖြစ်စေ မည်သူကမျှ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ငါနှင့် ထိတွေ့ဆက်ဆံနေသည့် မည်သည့်လူများကမျှ ငါ့ကို အမှန်တကယ် အရေးတယူ မလုပ်ခဲ့ကြပေ။ ငါသည် မှန်ကန်စွာ သို့မဟုတ် ရိုးသားစွာ ပြောဆိုခဲ့လျှင်ပင် မည်သူမျှ အာရုံမစိုက်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းမရှိဘဲ သင်သည် ဩဇာလွှမ်းမိုးမှုမရှိ၊ သင်ပြောဆိုသမျှသည် မှန်ကန်သည်ဖြစ်စေ၊ သမ္မာတရားဖြစ်စေ အရေးမပါပေ။ လူများသည် သင်ပြောသမျှကို ငြင်းပယ်ပြီး ယင်းတို့အားလုံးမှာ မှားယွင်းသည်ဟု အခိုင်အမာ ဆိုကောင်းပင် ဆိုပေမည်။ ထိုအခါ တစ်စုံတစ်ဦးက သင့်ကို အတုယူမည်လော။ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိသော အလွန် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည့် လူတစ်ဦးကို မည်သူက အလုပ်ရှုပ်ခံကာ အတုယူမည်နည်း။ လူတို့၏ အမြင်တွင် ထိုသို့သောလူတစ်ဦးသည် ဩဇာလွှမ်းမိုးမှု ကင်းမဲ့ပြီး အထင်ကြီးလေးစားခြင်း မခံထိုက်ပေ၊ ၎င်းတို့က သင့်ကို အနိုင်မကျင့်လျှင်ပင် သင်ကံကောင်းပြီဖြစ်သည်။ သင့်ကို အတုယူခြင်းက ဘာအသုံးဝင်မည်နည်း။ အခြားသူများက ၎င်းတို့ကို အထင်သေးရန်၊ အနိုင်ကျင့်ရန်နှင့် ခွဲခြားဆက်ဆံရန်အတွက်သာ ၎င်းတို့က သင့်ကို အတုယူမည်လော။ လူတို့သည် မည်သူ့ကို အတုယူကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏အမြင်တွင် ဩဇာလွှမ်းမိုးမှုနှင့် ကြီးကျယ်ခမ်းနားမှု ရှိသူများ၊ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူများကို အတုယူကြသည်။ လူတို့သည် ဤပုဂ္ဂိုလ်များကို အတုယူကြသည်။ လူတစ်ဦးသည် အချို့သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ထိုသူက ပြောနေကျစကားမျိုးကို ပြောဆိုလျက်နှင့်ပင် အခြားသူများ၏အမြင်တွင် အဘယ်ကြောင့် ကွဲပြားသွားပုံရသနည်း။ ၎င်းတို့သည် မည်သို့များ ရုတ်တရက် ဩဇာလွှမ်းမိုးမှုရှိပြီး အတုယူထိုက်သူများဖြစ်သည့်ပုံ ပေါ်လာကြသနည်း။ လူတို့သည် အမှန်တကယ် အဘယ်အရာကို အတုယူနေကြသနည်း။ ၎င်းတို့ လက်ခံ၊ အတုခိုးပြီး စုံမက်သည့်အရာမှာ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများမဟုတ်ဘဲ အပြင်ပန်း ကြီးကျယ်ခမ်းနားမှု၊ အပေါ်ယံ အဆင့်အတန်းသာ ဖြစ်သည်။ ယင်းမှာ မမှန်သလော။ အကယ်၍ ငါ့တွင် ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်း မရှိခဲ့ပါက ငါသည် သမ္မာတရားနှင့်အညီ မည်မျှပင် ပြောဆိုခဲ့သည်ဖြစ်စေ သို့မဟုတ် ဝိညာဉ်ရေးရာ နှုတ်ကပတ်တော်များကို မည်မျှပင် ပြောဆိုခဲ့သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များသည် သင်တို့ကြားတွင် ပြန့်ပွားနိုင်မည်လော။ မပြန့်ပွားနိုင်ပေ၊ မည်သူမျှ ယင်းကို အရေးစိုက်မည်မဟုတ်ပေ။ သို့သော် ငါ့တွင် ငါ၏ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ငါမကြာခဏပြောဆိုသော နှုတ်ကပတ်တော်အချို့၊ ငါ၏ အရပ်သုံးစကားများ၊ ငါ၏ စကားလုံးအသုံးအနှုန်း၊ ငါ၏ စကားပြောဆိုပုံနှင့် ဟန်ပန်တို့ကို လူများစွာတို့က အတုယူစပြုကြသည်။ ဤအရာကို ကြားရသည်မှာ ငါ့ကို ရွံရှာစေသည်။ မည်မျှ ရွံရှာဖွယ်ကောင်းသနည်း။ ယင်းကို ကြားရသည်မှာ ငါအော့အန်ချင်သည်ဟု ခံစားရသည်။ ငါ့ကို အတုယူသူတိုင်းကို ငါရွံရှာသည်မှာ၊ ငါ့ကို အတုယူသူတိုင်းကို ငါစက်ဆုပ်သည်မှာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချသည်အထိပင် ဖြစ်သည်။ ဤအရာများကို အတုယူခြင်းနောက်ကွယ်ရှိ လူတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ စကားပြောလေသံကို အတုခိုးရန်၊ ဘုရားဖြစ်ရသည့် အရသာကို မြည်းစမ်းရန်ဖြစ်သည်၊ ယင်းမှာ အဖြစ်မှန် မဟုတ်လော။ ယင်းမှာ အဆင့်အတန်းလိုချင်ခြင်း၊ အဆင့်အတန်းရှိသော အနေအထားမှ စကားပြောလိုခြင်း၊ ၎င်းတို့ကိုယ်တိုင်လည်း အဆင့်အတန်း၊ ပင်ကိုလက္ခဏာနှင့် တန်ဖိုးရှိသည့်အလား ပေါ်လွင်စေရန် ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းရှိသူတစ်ဦး၏ လေသံနှင့် ပုံစံဖြင့် စကားပြောဆိုခြင်းနှင့် ပြုမူခြင်းအကြောင်း ဖြစ်သည်၊ ယင်းမျှသာ မဟုတ်လော။ အကယ်၍ သင်သည် သာမန်လူတစ်ဦးကို အတုယူပါက ယင်းမှာ ကိစ္စကြီးကြီးမားမား မဟုတ်ပေ၊ အများဆုံးအနေဖြင့် ယင်းမှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံကို အတုယူပါက ထိုနေရာတွင် ပြဿနာစတင်လေသည်။ ငါသင့်ကို ပြောမည်၊ သင်သည် မြေမြှုပ်မိုင်းကို နင်းမိလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် စကားရပ်တစ်ခုရှိသည်၊ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသောဘုရား ဖြစ်သည်။ “မကောင်းမှုကို ရွံမုန်းခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် အတုမရှိပေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ သြဇာအာဏာနှင့် ချစ်ခြင်းမေတ္တာတို့သည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် အရာကမျှ မပိုင်ဆိုင်သော သဘောသဘာဝများဖြစ်သည်၊ ဤအရာများကို အတုယူရန် ကြိုးစားခြင်းသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သင်သည် ဤသဘောသဘာဝများကို မပိုင်ဆိုင်သည့်အတွက် အဘယ်ကြောင့် ယင်းတို့ကို အတုယူရန် ကြိုးပမ်းမည်နည်း။ သင်သည် ယင်းတို့ကို မပိုင်ဆိုင်သည့်အတွက် အဘယ်ကြောင့် ဘုရားဖြစ်ရန် ကြိုးစားမည်နည်း။ အတုယူရာတွင် သင်သည် ဘုရားဖြစ်ရန်၊ ဘုရားဖြစ်လာရန် ရည်ရွယ်ချက်ကို ထားရှိနေခြင်း မဟုတ်လော။ သို့မဟုတ် သင်သည် ဘုရားသခင်ကို ကြည်ညိုလေးမြတ်သောကြောင့်၊ သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းနှင့် အနှစ်သာရကို သင်အားကျသောကြောင့် သူ့ကို အတုယူခြင်းလော။ လုံးဝမဟုတ်ပေ၊ သင်၌ ထိုသို့ပြုရန် ကိုယ်ကျင့်စရိုက်နှင့် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည်။ သင်သည် ဘုရားဖြစ်ရန် အာသာပြင်းပြမှုကို ဖြည့်ဆည်းရန်၊ လူတို့၏ အထင်ကြီးလေးစားမှုနှင့် ရိုသေမှုကို ရရှိရန်နှင့် လူများကြားတွင် ဘုရားကဲ့သို့ ဆက်ဆံခံရရန်သာ လိုချင်သည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု မဟုတ်လော။ ယင်းမှာ အလွန်ပင် သိက္ခာမဲ့လှပါတကား။ အတုယူခြင်းကိုယ်၌က စက်ဆုပ်ဖွယ်ဖြစ်ပြီး ဘုရားဖြစ်ရန် ရည်သန်မျှော်မှန်းခြင်းသည် ရွံရှာဖွယ်ကောင်းသည်သာမက ပြစ်တင်ရှုတ်ချထိုက်သည်။ ထို့ကြောင့် ယနေ့ ငါသည် သင်တို့ကို လေးနက်တည်ကြည်စွာ ပြောမည်၊ ငါ မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ မည်သည့်အရာကို ငါလုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ငါပြောဆိုသည့်အရာ သို့မဟုတ် ငါ လုပ်ဆောင်သည့်အရာက သင်တို့၏ စိတ်နှလုံးထဲတွင် ရိုသေလေးမြတ်ခြင်း၊ မနာလိုခြင်း သို့မဟုတ် ငြူစူခြင်းတို့ကို နှိုးဆွပေးသည်ဖြစ်စေ သင်တို့ မှတ်သားရမည့်အရာတစ်ခု ရှိသည်၊ ငါ့ကို မည်သည့်အခါမျှ အတုမယူနှင့်။ သင်သည် အတုယူရန် ရည်ရွယ်ချက်ကို လက်လွှတ်ရမည်၊ သင်သည် အတုယူခြင်း စိတ်နေစိတ်ထားကို ပုန်ကန်ရမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပြစ်မှားခြင်းမှ ရှောင်ကြဉ်ရမည်။ ဤသည်မှာ ကြီးလေးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးက ဘုရားသခင်၏ စကားပြောလေသံ၊ စကားပြောဆိုပုံနှင့် စိတ်သဘောထားတို့ကို အပေါ်ယံချီးမွမ်းပြောဆိုရန်၊ ထင်ရာမြင်ရာ ကြိုးကိုင်ညွှန်ကြားရန်နှင့် ကပြက်ကချော်လုပ်ရန် မဖြစ်စလောက်အရာအဖြစ် သဘောထားပြုမူခြင်းသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့ပြုလုပ်ပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရာရောက်သည်၊ ဤအရာကို မည်သည့်အခါမျှ မလုပ်နှင့်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ စကားပြောဆိုပုံနှင့် လေသံကို အတုယူသည်ကို ငါမကြားနိုင်လျှင်ပင် သင်၌ ထိုသို့သော စိတ်သဘောထားနှင့် ထိုသို့သော အတွေးများရှိသည်ကို သိရုံမျှဖြင့် ငါ့ကို လုံးဝဥဿုံ ရွံရှာစေသည်။ အကယ်၍ သင်သည် လူသားမျိုးနွယ်အားလုံး သို့မဟုတ် လူအများကို မိန့်ကြားရန် ရည်ရွယ်လျက် ဘုရားသခင်၏ ဝိညာဉ်တော်၏ လေသံကို အတုယူပါက သင်သည် သေခြင်းတရားကို ရှာနေခြင်း မဟုတ်လော။ ဤသည်မှာ လူတိုင်း သတိဝီရိယရှိသင့်သည့်အရာဖြစ်သည်၊ ဤအရာကို မည်သည့်အခါမျှ မလုပ်နှင့်။ လူအချို့က “ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု မေးမြန်းလေ့ရှိခဲ့သည်။ ယနေ့ ငါ သင့်ကို တစ်ခု ပြောပြမည်၊ ဘုရားသခင်၏ စကားပြောလေသံနှင့် ပုံစံတို့အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော အကြောင်းအရာများ တသီတတန်းကို အပြင်ပန်းဖြစ်စေ၊ အတွင်းပိုင်းဖြစ်စေ အတုယူခြင်းအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်လေသည်။ သင်တို့သည် ဤအရာကို လုံးဝဥဿုံ အမှတ်ရရမည်ဖြစ်ပြီး ဤပုန်ကန်ပြစ်မှားမှုကို မည်သည့်အခါမျှ မကျူးလွန်နှင့်။ အကယ်၍ သင်သည် ဤပြစ်မှားမှုကို ကျူးလွန်ပြီး ချက်ချင်း ပြင်ဆင်နိုင်၊ ပုန်ကန်နိုင်ပြီး သင့်ကိုယ်သင် ပြောင်းလဲနိုင်ပါက မျှော်လင့်ချက် ရှိပါသေးသည်။ သို့သော် အကယ်၍ သင်သည် ဤလမ်းကြောင်းအတိုင်း ဇွဲရှိရှိ ဆက်သွားပါက အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပြီး ငါသင့်အား အမှန်တရား ပြောပြမည်။ ဘုရားသခင်၏ အမြင်တွင် ထိုအချိန်၌ ပြန်လှည့်ရန် နေရာရှိတော့မည်မဟုတ်၊ သင်သည် လုံးဝဥဿုံ ဇာတ်သိမ်းသွားပြီဖြစ်သည်။ အမှတ်ရလော့၊ ဘုရားသခင်သည် မကောင်းမှုကို ရွံမုန်းသောဘုရား ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သော ရှုထောင့်တိုင်းကို အလွန်အမင်း သတိထားခြင်းဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ယင်းကို ပေါ့ပေါ့တန်တန် သဘောမထားရ။ အကယ်၍ ဘုရားသခင်၏ စကားပြောဆိုပုံနှင့် လေသံသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး၏ ပါးစပ်မှ ထွက်ပေါ်လာပါက ယင်းသည် ဘုရားသခင်အပေါ် ကြီးမားလှသော ဂုဏ်သရေပျက်စေခြင်းနှင့် ပြစ်မှားစော်ကားခြင်းဖြစ်ပြီး ဘုရားသခင် လုံးဝသည်းမခံနိုင်သောအရာ ဖြစ်သည်။ လူသားများသည် ဤပုန်ကန်ပြစ်မှားမှုကို မည်သည့်အခါမျှ၊ ထာဝရကာလပတ်လုံး မကျူးလွန်ရ။ သင်နားလည်သလော။ သင်သည် ဤပြစ်မှားမှုကို ကျူးလွန်လျှင် သေမည်။ အကယ်၍ သင်သည် နားမထောင်ဘဲ ငါ့ကို မယုံကြည်ပါက စမ်းကြည့်လော့၊ သင်သည် သင့်အပေါ်သို့ ဘေးအန္တရာယ် အမှန်တကယ် သက်ရောက်စေသည့်အခါတွင် ငါသင့်ကို မပြောခဲ့ဟု အပြစ်မတင်နှင့်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။