အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၆) အခန်း နှစ်
၂) လူသားကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ်ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း
ဒုတိယအချက်မှာ အန္တိခရစ်တို့သည် လူကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ်ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းတို့အပေါ် ပထမအချက်တွင် ထားရှိသကဲ့သို့ တူညီသော ရှုမြင်ပုံနှင့် ရပ်တည်ချက်ကို ထားရှိကြသည်။ ဤနှုတ်ကပတ်တော် အမျိုးအစားများကို ၎င်းတို့သည် မည်သို့ စပ်စုကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်လူအမျိုးအစားကို ကျိန်ဆဲရန် ရည်ရွယ်သည်၊ မည်သည့်အမျိုးအစားကို အပြစ်ဒဏ်ပေးရန် ရည်ရွယ်သည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို ကျိန်ဆဲရန် မည်သည့်နှုတ်ကပတ်တော်များကို ပြောဆိုခဲ့သည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အပြစ်ပေးရန် မည်သည့်ပုံစံကို အသုံးပြုသည်၊ ထို့အပြင် မည်သည့်လူအမျိုးအစားကို ကျိန်ဆဲရန် ဘုရားသခင်သည် မည်သည့်နည်းလမ်းနှင့် နှုတ်ကပတ်တော်များကို အသုံးပြုသည်တို့ကို ၎င်းတို့တွေ့သောအခါ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာသည်ကိုလည်းကောင်း၊ ယင်းတို့ ယခုထိတိုင် အမှန်တကယ်ဖြစ်လာပြီးခြင်း ရှိမရှိကိုလည်းကောင်း မိမိတို့၏ နေ့စဉ်အသက်တာတွင် ကြည့်လျက် စတင်စောင့်ကြည့်လေ့လာကြသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်၏ ရန်ပုံငွေများကို အလွဲသုံးစားလုပ်သည့်၊ ညီအစ်ကိုမောင်နှမများကို မဆင်မခြင် ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်သည့်၊ အသင်းတော်တွင် နိုင်လိုမင်းထက်ပြုမူပြီး မဆင်မခြင် ပြုမူသည့်၊ စည်းမျဉ်းများမရှိဘဲ လုပ်ဆောင်သည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေသည့်၊ အခြားသူများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤလူအမျိုးအစားအတွက် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ ရှိသည်ဟု ဖော်ပြထားသည်။ အန္တိခရစ်တစ်ဦးက စောင့်ကြည့်လေ့လာသည်။ “ဘုရားသခင်သည် ထိုသို့သောလူများကို မချစ်ပေ၊ ကိုယ်တော်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်။ သို့သော် ဤသူကို ကိုယ်တော်သည် မည်သို့ ပစ်ပစ်ခါခါငြင်းနေသနည်း။ ထိုသူသည် နေ့စဉ် အတော်ပင် သက်သောင့်သက်သာ နေထိုင်ပြီး ညီအစ်ကိုမောင်နှမများကို ဖိနှိပ်နေသည့်တိုင် အပြစ်တင်ဆုံးမခြင်းမခံရပေ။ ညီအစ်ကိုမောင်နှမများက ဤသည်ကို ခံနေရုံသာ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာသနည်း။ ယင်းတို့ မည်သို့ အမှန်တကယ်ဖြစ်လာနိုင်သည်ကို ကျွန်ုပ် မမြင်ပေ။ ဘုရားသခင်က ဤသို့သောလူများကို ကျိန်ဆဲသည်ဆိုခြင်းမှာ ပြောရုံသက်သက် စကားတစ်ခွန်းသာ ဖြစ်ကောင်းဖြစ်မည်။ ဘုရား၏ နှုတ်ကပတ်တော်များတွင် ဩဇာအာဏာရှိသင့်ပြီး ဘုရား စကားပြောပြီးနောက်တွင် လူတို့၏ စိတ်နှလုံးထဲ၌ အနေရခက်ကာ အပြစ်တင်ဆုံးမခြင်း ခံရသည်ဟု ခံစားရသင့်သည်။ သူ၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်နေခြင်း ရှိမရှိကို ကျွန်ုပ် စောင့်ကြည့်လေ့လာရန်နှင့် ရှုမြင်ရန် လိုအပ်သည်၊ သူနှင့် စကားစမြည်ပြောပြီး သူ၏သဘောထားကို စနည်းနာရန် လိုအပ်သည်” ဟူ၍ ဖြစ်လေသည်။ သို့ဖြစ်၍ ထိုအန္တိခရစ်က ထိုသူကို “သင်သည် မကြာသေးမီက အမှုအရာများကို မည်သို့ တွေ့ကြုံခံစားနေရသနည်း” ဟု မေးသည်။ “အခြေအနေ အတော်ပင် ကောင်းမွန်ပါသည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးဆောင်တော်မူသည်။ အသင်းတော်အသက်တာသည် မဆိုးပါ၊ ညီအစ်ကိုမောင်နှမများအားလုံး လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ကြပြီဖြစ်ပြီး သူတို့အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် နှစ်သက်ကြသည်၊ ပြီးလျှင် ဧဝံဂေလိအလုပ်သည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိသည်” “အလုပ်သည် ချောချောမွေ့မွေ့ တိုးတက်မနေသည့်အခါ သင် စိတ်မညစ်သလော။ သင် အပျက်သဘောမဆောင်သလော။ ဘုရားသည် သင့်ကို ဆုံးမပဲ့ပြင်သလော။ သင့်အတွင်းစိတ်ထဲ၌ အပြစ်တင်ဆုံးမခြင်း ခံရသည်ဟု ခံစားရသလော” “မရှိပါ၊ အလုပ်ကို ဤမျှကောင်းမွန်စွာ လုပ်ဆောင်နေသည်ဖြစ်ရာ အဘယ်ကြောင့် အပြစ်တင်ဆုံးမခြင်းကို ခံရမည်ဟု ခံစားရမည်နည်း။ ဖြစ်ခြင်းဖြစ်လျှင် ဘုရားသခင်သည် ကျွန်ုပ်ကို ကောင်းချီးပေးလျက်ပင် ရှိသေးသည်” ဟူ၍ ပြော၏။ ထိုအန္တိခရစ်က စိတ်ထဲ၌ တွေးသည်၊ “ဘုရားသည် ဤသို့သောလူကို မကျိန်ဆဲခဲ့ပေ၊ သို့ဖြစ်၍ ဘုရားပြောခဲ့သည့် ဆိုးယုတ်သော လူများကို ကျိန်ဆဲခြင်း၊ ဘုရားသခင်ကို အတိုက်အခံ လုပ်သောသူများကို ကျိန်ဆဲခြင်းအကြောင်း နှုတ်ကပတ်တော်များသည် အမှန်တကယ် မဖြစ်လာသေးပါတကား။ ဤခေါင်းဆောင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်သည့် ဤသို့ သိသာထင်ရှားသော လုပ်ရပ်များကို ကျူးလွန်ခဲ့သည်၊ ဘုရား၏ ကျိန်ခြင်းအမင်္ဂလာများသည် သူ့အပေါ် ကျရောက်သင့်သည်။ အဘယ်ကြောင့် မကျရောက်သေးသနည်း။ လူတို့ကို ကျိန်ဆဲသည့် ဘုရား၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိမရှိကို ပြောရခက်သည်။ ထို့ကြောင့် ကျွန်ုပ် ဆက်လက်၍ စောင့်ကြည့်လေ့လာမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် “အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်” ဟူသော စကားရပ်တစ်ခု ရှိသည်။ အန္တိခရစ်၏ အမြင်တွင် ဘုရားသခင်ကို အတိုက်အခံလုပ်သော လူများစွာရှိသည်။ ဥပမာအနေဖြင့် အချို့သောလူများသည် ဘုရားသခင်၏ ဤအမှုအဆင့်နှင့် ပထမဆုံး ထိတွေ့ခဲ့စဉ်က သမ္မာတရားကို နားမလည်ဘဲ ဘုရားသခင်၏ ဤအမှုအဆင့်ကို ငြင်းပယ်လျက် ဘုရားသခင်ကို ပြစ်မှားစော်ကားသော၊ အသရေဖျက်သော စကားအချို့ကို ပြောဆိုခဲ့ကြသည်။ ထိုအန္တိခရစ်က မိမိဘာသာ စိတ်ထဲ၌ တွေးသည်၊ “ဤလူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောလူများ ဖြစ်သလော။ ၎င်းတို့သာ ဖြစ်ပါက ဘုရား၏ နှုတ်ကပတ်တော်များအရ အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်။ သို့သော် ဤမျှနှစ်များစွာ ကြာပြီးနောက်တွင် ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှ မသေသေးဟု ထင်ရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာသေးပါတကား။ ၎င်းတို့ မသေသေးလျှင်ပင် အနည်းဆုံးအနေဖြင့် ဤလူများသည် လက်ကျိုးခြင်း သို့မဟုတ် ခြေထောက်မရှိခြင်း ဖြစ်သင့်သည်၊ သို့မဟုတ် မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ သို့မဟုတ် ၎င်းတို့၏အိမ် ပြိုကျခြင်း၊ သို့မဟုတ် ကားတိုက်မှုဖြစ်ခြင်းကဲ့သို့ အိမ်၌ ဘေးဒုက္ခအချို့ ခံစားရသင့်သည်။ ဤကံဆိုးမိုးမှောင်ကျမှုများထဲမှ တစ်ခုမျှ မဖြစ်ခဲ့ပေ၊ သို့ဆိုလျှင် အတိုက်အခံလုပ်မှုသည် သေခြင်းသို့ ဦးတည်သည်ဟု မည်သို့ ပြောနိုင်မည်နည်း။ ကျွန်ုပ်တို့၏ နားလည်နိုင်စွမ်း ညံ့ဖျင်းသောကြောင့် ဘုရား၏ နှုတ်ကပတ်တော်များ မည်သို့အမှန်တကယ်ဖြစ်လာပြီး အကောင်အထည် ပေါ်လာသည်ကို ကျွန်ုပ်တို့ မသိသေးခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာမည် မဖြစ်လာမည်ကို လူတို့မသိကြပေ၊ ပြောရခက်သည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်သည် ဤစောင့်ကြည့်လေ့လာနိုင်သော အဖြစ်မှန်များမှတစ်ဆင့်လည်းကောင်း၊ မိမိ၏စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုမှတစ်ဆင့်လည်းကောင်း၊ ၎င်း၏ “တစ်မူထူးခြားသော” ရှုမြင်ပုံမှလည်းကောင်း ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိနှင့် မည်သို့အမှန်တကယ် ဖြစ်လာသည်ကို ရှုမြင်သည်။ ၎င်းသည် ဤကိစ္စအပေါ်တွင် အမြဲတမ်း ကြီးမားသော မေးခွန်းထုတ်စရာတစ်ခုအဖြစ် ထားရှိသည်။ ၎င်းသည် ဤကိစ္စ၏ နောက်ဆုံး ရလဒ်သည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤအဖြစ်အပျက်များကို မည်သို့ရှင်းပြရမည်ကိုလည်းကောင်း၊ ဤဖြစ်စဉ်များကို မည်သို့သိမြင်နားလည်ရမည်ကိုလည်းကောင်း မသိပေ။ ၎င်းသည် ဤအကြောင်းအတွက် မကြာခဏ ဆုတောင်းလေ့ရှိသည်မှာမူ အမှန်ပင်ဖြစ်သည်၊ “အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ဉာဏ်ပွင့်စေတော်မူပါ၊ ကိုယ်တော်သည် လူတို့ကို မည်သို့ ကျိန်စာတိုက်ပြီး အပြစ်ဒဏ်ပေးသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များ မည်သို့ အမှန်တကယ် ဖြစ်လာသည်ကိုလည်းကောင်း ကျွန်ုပ်ကို နားလည်ခွင့်ပေးပါ၊ ထိုသို့ဖြင့် ကိုယ်တော့်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ကျွန်ုပ်၌ ဖြစ်ပေါ်လာစေရန်အလို့ငှာ၊ ထိုသို့ဖြင့် ကျွန်ုပ်သည် ကိုယ်တော့်ကို ကြောက်ရွံ့ပြီး ကိုယ်တော့်ကို အတိုက်အခံလုပ်သော အမှုအရာများကို မလုပ်ဆောင်မိစေရန် ဖြစ်ပါသည်” ဟူ၍ ဖြစ်သည်။ ဤဆုတောင်းချက်သည် အသုံးဝင်သလော။ ဘုရားသခင် နားညောင်းတော်မူမည်လော။ (မညောင်းပါ။) ဘုရားသခင်သည် ယင်းကို အရေးပင်မလုပ်တော်မူ။ ကိုယ်တော်သည် ဤဆုတောင်းချက်များကို အသိဉာဏ်ကင်းမဲ့သော ယင်ကောင်များနှင့် ပိုးကောင်များ၏ တဝီဝီမြည်သံကဲ့သို့ မှတ်ယူတော်မူ၏။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော ဆုတောင်းချက်များကို နားမညောင်းသနည်း။ အကြောင်းမှာ အန္တိခရစ်ပြောဆိုသည့် ဝါကျတိုင်းသည် စမ်းသပ်ခြင်း၊ ရန်စခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထိုသို့သောလူအတွက်မူ ဘုရားသခင်သည် ၎င်းတို့ကို ဗြောင်ကျကျ ဒဏ်ခတ်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သော်လည်း ၎င်းတို့လုပ်ဆောင်သမျှ၊ ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုမြင်ပုံများနှင့် ရပ်တည်ချက်တို့သည် ဘုရားသခင်၏ အမြင်တွင် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည်။ အန္တိခရစ်၏ ဤသရုပ်သကန်များအားလုံးသည် စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားခြင်းခံရသည်။ ၎င်းတို့သည် ဤအမှုအရာများကို တိတ်တဆိတ် လုပ်ဆောင်ပြီး ဤအမှုအရာများကို လျှို့ဝှက်စွာ စပ်စုသည်။ ဘုရားသခင်သည် ၎င်းတို့ကို မိမိ၏စိတ်နှလုံးထဲ၌ ပြစ်တင်ရှုတ်ချပြီး ကျိန်စာတိုက်သည်မှာလည်း ပြောစရာမလိုပေ။
လူကို ကျိန်ခြင်းအမင်္ဂလာ၊ အပြစ်ဒဏ် ပေးခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် မယုံကြည်ကြသကဲ့သို့ နားလည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် မကြာခဏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်။ “ဤနှုတ်ကပတ်တော်များသည် အတိအကျ မည်သို့ အမှန်တကယ်ဖြစ်လာသနည်း။ ယင်းတို့သည် အမှန်တကယ် ဖြစ်လာနိုင်သလော။ မည်သူ့အတွက် အမှန်တကယ်ဖြစ်လာမည်နည်း။ ဘုရား၏ ကျိန်ခြင်းအမင်္ဂလာနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရသောသူတို့သည် ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းကို အမှန်တကယ် လက်ခံရရှိကြသလော။ လူ့မျက်စိဖြင့် မြင်နိုင်သလော။ ဘုရားသခင်သည် ယင်းအားလုံးကို လူ့မျက်စိဖြင့် မြင်နိုင်အောင် မပြုလုပ်သင့်သလော” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို မိမိတို့၏ နေ့စဉ်အသက်တာတွင် အရေးပါပြီး အရာရောက်သော ကိစ္စများအဖြစ် သဘောထားပြုမူလျက် မိမိတို့၏စိတ်နှလုံးထဲ၌ အဆက်မပြတ် စဉ်းစားကြသည်။ အချိန် သို့မဟုတ် အခွင့်အရေးရသည့်အခါတိုင်း ၎င်းတို့သည် ယင်းတို့ကို စဉ်းစားကြသည်။ ပတ်ဝန်းကျင်က သင့်တော်နေသမျှနှင့် ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပေါ်နေသမျှ၊ သို့မဟုတ် ထိုသို့သော အကြောင်းအရာများ ပါဝင်နေသမျှ ၎င်းတို့၏ ရပ်တည်ချက်နှင့် ရှုမြင်ပုံတို့သည် ရှင်းလင်းစွာ ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အသရေဖျက်နေကြသည်၊ ဤနှုတ်ကပတ်တော်များကို လူ့ရှုမြင်ပုံမှလည်းကောင်း၊ လူ့နည်းလမ်းဖြင့်လည်းကောင်း နားလည်ရန် ကြိုးပမ်းနေကြသည်၊ တစ်ချိန်တည်းတွင် ဤနှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာနိုင်ခြင်း ရှိမရှိ၊ နေ့စဉ်အသက်တာတွင် အမှန်တကယ်ဖြစ်လာပြီး လက်တွေ့ကျသော အကျိုးသက်ရောက်မှုများ ရှိခဲ့ခြင်း ရှိမရှိကိုလည်း စမ်းသပ်နေကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤသို့လုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤအမှုအရာများကို မိမိတို့၏စိတ်နှလုံးထဲ၌ တနုံ့နုံ့စဉ်းစား၍ မမောနိုင်မပန်းနိုင် တွေးဆနိုင်ကြသနည်း။ အကြောင်းမှာ အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သမ္မာတရားမည်မျှပင် ဖော်ပြပါစေ၊ ယင်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် အနှစ်သာရကို သက်သေပြရန် မလုံလောက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေပြနိုင်သည့် တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်းနှင့် အကောင်အထည်ပေါ်လာခြင်း ရှိမရှိပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အကောင်အထည်ပေါ်ခြင်းနှင့် အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စမ်းသပ်ရန် ၎င်းတို့၏ တစ်ခုတည်းသော စံသတ်မှတ်ချက်ဖြစ်သည်။ အလားတူပင် လူကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည်လည်း ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို စမ်းသပ်ရန် ၎င်းတို့၏ စံသတ်မှတ်ချက် ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရာတွင် အန္တိခရစ်တို့၏ အရေးကြီးဆုံးသော အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ အန္တိခရစ်တို့သည် လူ့ရှုမြင်ပုံများနှင့် နားလည်ခြင်းနည်းလမ်းများကို အသုံးပြုလျက်၊ လူ့အသိဉာဏ်ကို အားကိုးလျက် လူတို့ကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စမ်းသပ်ပြီး အကဲဖြတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အဖြစ်မှန်များကို မမြင်နိုင်သည့်အခါတွင်လည်းကောင်း၊ မိမိတို့မြင်လိုသည့် မြင်ကွင်းကို မမြင်နိုင်သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အကြိမ်ကြိမ် ငြင်းပယ်ကြသည်။ ၎င်းတို့ မြင်နိုင်စွမ်းနည်းလေလေ၊ ဘုရားသခင်ကို ၎င်းတို့၏ ငြင်းပယ်မှု ပိုမိုပြင်းထန်လေလေဖြစ်ပြီး မိမိတို့ ရင်းနှီးမြှုပ်နှံခဲ့သည့်အရာနှင့် အသုံးခံခဲ့သည့်အရာတို့ တန်ဖိုးရှိခြင်း ရှိမရှိကို ပို၍ သံသယဝင်လေလေဖြစ်သည်။ သို့သော် ဘုရားအိမ်တော်၌ ဘုရားသခင်ကို အသရေဖျက်သော သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သော ဆိုးယုတ်သောလူအချို့ဖြစ်စေ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး အတိုက်အခံ လုပ်သောသူတို့ဖြစ်စေ အမျိုးမျိုးသော အတိုင်းအတာဖြင့် အပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာများကို လက်ခံရရှိသည်ကို အန္တိခရစ်တို့ မျက်မြင်တွေ့ရှိသည့်အခါတွင်လည်းကောင်း၊ ဤလူတို့၏ မည်သည့်အရာဖြစ်လာသည်ကို မြင်တွေ့သည့်အခါတွင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသွားကြပြီး “ဘုရားသည် တကယ့်ကို အရှိန်အဝါကြီးလှသည်။ ကိုယ်တော်ပြောသမျှက အောင်မြင်ပြီးမြောက်သည်။ ထိုသူသည် အရင်က ကောင်းနေပြီး ရုတ်တရက် သေဆုံးသွားသည်၊ အကြောင်းမှာ မနေ့ကပင် သူသည် ဘုရားကို နှုတ်ဖြင့်ဆဲဆိုနေခဲ့သောကြောင့် ဖြစ်သည်။ နောက်တစ်ယောက်မှာ နွားထီးကဲ့သို့ သန်မာခဲ့သော်လည်း ယခု ရုတ်တရက် ဖျားနာသွားသည်၊ အကြောင်းမှာ သူသည် ဘုရားအိမ်တော်၏အလုပ်ကို သိသိသာသာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ပြီး ယင်းကို ဝန်မခံခဲ့သောကြောင့် ဘုရား၏ ကျိန်ခြင်းအမင်္ဂလာကို ထိုက်ထိုက်တန်တန် ခံရခြင်းဖြစ်သည်။ အခြားတစ်ဦးမှာ အသင်းတော်ထဲ၌ မကောင်းမှုအချို့ ကျူးလွန်ပြီး ဒုစရိုက်အမှုအချို့ကို လုပ်ဆောင်ခဲ့သောကြောင့် သူ၏မိသားစုအပေါ် ကံဆိုးမိုးမှောင်ကျခဲ့ပြီး ထိုအချိန်မှစ၍ သူ၏အိမ်၌ ငြိမ်သက်ခြင်း မရှိတော့ပေ။ ဘုရားအကြောင်းကို အမြဲ ပြစ်မှားစော်ကားသောစကားများ ပြောဆိုခဲ့သည့် နောက်တစ်ဦးမှာ ယခု ရူးသွားပြီး မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ကြွေးကြော်နေသည်။ ဤသည်မှာ နတ်ဆိုးစွဲခြင်းဖြစ်သည်၊ ဘုရားက သူ့ကို စာတန်လက်သို့ အပ်လိုက်ပြီး ညစ်ညူးသော မကောင်းဆိုးဝါးများ၏ နေထိုင်ရာ၌ ထားလိုက်ခြင်းဖြစ်သည်။ သူ့ကို နတ်ဆိုးစွဲအောင် လုပ်ဆောင်ခြင်းသည် လူသားများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ၊ ဤအရာကို လုပ်ဆောင်ရန် ဘုရား၌သာ အာဏာဩဇာရှိသည်။ ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်။ ကိုယ်တော်က ထိုသူကို နတ်ဆိုးများလက်သို့ အပ်လိုက်ရာ၊ ၎င်းတို့က သူ့ကို ဝင်စွဲပြီး သူ့ကို စိတ်ဖောက်ပြန်စေ၍ အရှက်ကင်းမဲ့စေကာ လမ်းများပေါ်တွင် ဝတ်လစ်စလစ်ဖြင့် လျှောက်ပြေးလွှားစေခဲ့သည်။ ဤလူတို့၏ ဖြစ်လာသည့်အရာကို ကြည့်လော့၊ ၎င်းတို့ခံစားခဲ့ရသော အပြစ်ဒဏ်များနှင့် ကျိန်ခြင်းအမင်္ဂလာများကို ကြည့်လော့၊ ၎င်းတို့အားလုံး အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း” ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အကျဉ်းချုပ်ပြီးနောက် အန္တိခရစ်တို့၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ “ဤလူများတွင် ဘုရားသခင်ကို ဗြောင်ကျကျ နှုတ်ဖြင့်ဆဲဆိုသောသူများ၊ ဘုရားသခင်ကို ဗြောင်ကျကျ ပြစ်မှားစော်ကားပြီး ဝေဖန်သုံးသပ်သောသူများနှင့် ဘုရားအိမ်တော်၌ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ တမင်တကာ ပြုလုပ်သောသူများ ပါဝင်သည်။ ဘုရားကို ဆန့်ကျင်ခြင်းသည် ကောင်းကျိုးမရှိဟု ထင်ရသည်။ ဘုရားသည် တကယ့်ကို ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ သင်သည် အခြားလူများကို စော်ကားလျှင် ၎င်းတို့က သင့်ကို များစွာမလုပ်ဆောင်နိုင်ပေ၊ သို့သော် သင်သည် ဘုရားသခင်ကို ပြစ်မှားလျှင်မူကား ယင်းမှာ ကြီးလေးသောကိစ္စဖြစ်သည်။ သင်သည် သင်၏ အပြုအမူအတွက် တာဝန်ယူရမည်၊ ဤအဖိုးအခသည် အလွန်ကြီးမားလှသည်။ အနည်းဆုံးအနေဖြင့် သင်သည် ရူးသွပ်ကောင်း ရူးသွပ်သွားနိုင်ပြီး ဘုရားသခင်သည် သင့်အား မသန့်ရှင်းသော မကောင်းဆိုးဝါးများထံသို့ လွှဲပြောင်းပေးအပ်လိမ့်မည်၊ ယင်းက ငရဲသို့သွားခြင်းဟု သေချာပေါက် ဆိုလိုပေသည်။ အလွန်ဆုံးအနေဖြင့် ဘုရားသခင်သည် ဤဘဝတွင် သင်၏ ဇာတိပကတိဆိုင်ရာ ဖြစ်တည်မှုကို ဖျက်သိမ်းမည်ဖြစ်ကာ သင့်အား ဖျက်ဆီးပြီး နောင်ဘဝတွင် သင်သည် ပန်းတိုင်ရှိမည် မဟုတ်ဘဲ နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည် မဟုတ်သကဲ့သို့ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိမည် မဟုတ်သည်မှာ ပြောစရာမလိုချေ။ ၎င်းတို့ ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့သည့် နည်းလမ်းအမျိုးမျိုးကို သုံးသပ်သော် ကျွန်ုပ် ပို၍ သတိထားရန် လိုအပ်ပြီး ကိုယ့်အတွက် စည်းမျဉ်းအချို့ ချမှတ်ရန် လိုအပ်သည်။ ပထမဦးစွာ ကျွန်ုပ်သည် ဘုရားသခင်ကို ဗြောင်ကျကျ နှုတ်ဖြင့်မဆဲဆိုရ၊ ဆဲဆိုရမှဖြစ်မည်ဆိုလျှင် စိတ်ထဲ၌ တိတ်တဆိတ်သာ ဆဲဆိုရမည်။ ဒုတိယအနေဖြင့် ကျွန်ုပ်၌ ဘုရားဖြစ်လိုသော လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ရှိလျှင်ပင် ယင်းကို ထုတ်ဖော်၍မရနိုင်၊ သို့မဟုတ် အခြားသူများကို မသိစေနိုင်ပေ။ တတိယအနေဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏ အပြုအမူနှင့် လှုပ်ရှားမှုများကို ချုပ်တည်းရမည်၊ နှောင့်ယှက်မှုများ ဖြစ်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရ။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေပြီး ဘုရားသခင်ကို အမျက်ထွက်စေလျှင် ယင်းမှာ ဆိုးရွားပေလိမ့်မည်။ မဆိုးရွားသည့်အခြေအနေတွင် ကျွန်ုပ် အသက်ဆုံးရှုံးနိုင်သည်၊ ပိုမိုဆိုးရွားသော အခြေအနေတွင် ကျွန်ုပ်သည် ကျိန်ခြင်းအမင်္ဂလာကိုခံရပြီး အနက်ဆုံးသောတွင်းထဲသို့ ကျရောက်ကာ ယင်းမှာ ကျွန်ုပ်၏ ဇာတ်သိမ်းပင် ဖြစ်ပေမည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ဤအမှုအရာများ ဖြစ်ပျက်သည်ကို မြင်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာပြီဟု ခံစားရပြီး ဘုရားသခင်သည် အလွန်ကြီးမြတ်ကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရသည်။ ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့် ကြောက်မက်ဖွယ်ကောင်းခြင်းတို့ကို ဤဖြစ်ရပ်များမှတစ်ဆင့် ၎င်းတို့က သိမြင်ပြီး အသိအမှတ်ပြုကြသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲရှိ ဤအတွေးဖြစ်စဉ်များအားလုံးအပြင် ဤအမှုအရာများကို မြင်ပြီးနောက် ၎င်းတို့အကျဉ်းချုပ်ခဲ့သော လုပ်ဆောင်မှုအတွက် စည်းမျဉ်းများသည် ၎င်းတို့၏ အတွင်းစိတ်ကမ္ဘာ၏ လှုပ်ရှားမှုများ မဟုတ်လော။ ၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် လုပ်ဆောင်သမျှသည် စပ်စုခြင်းဟု သိကြသည့်အရာပင် ဖြစ်သည်။
အန္တိခရစ်တို့သည် “ဘုရားက လူများအား မကျိန်ဆဲပါ၊ ဘုရားနှုတ်ကပတ်တော်များသည် အမှန်တကယ် ဖြစ်မလာပါ” ဟု ဗြောင်ကျကျ မပြောကြသကဲ့သို့ “ဘုရားသခင်က မည်သူမည်ဝါကို အပြစ်ဒဏ်ပေးခဲ့ပြီ၊ ဘုရားသခင်က မည်သူမည်ဝါကို ကျိန်ဆဲခဲ့ပြီ။ ဘုရားနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာပြီ၊ ဘုရားသည် အမှန်ပင် ကြီးမြတ်လေသည်” ဟုလည်း ဗြောင်ကျကျ မပြောကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဤကိစ္စရပ်များကို ကျိတ်ကြံစည်၊ စီစဉ်ပြီး စဉ်းစားသုံးသပ်ကြသည်။ စဉ်းစားသုံးသပ်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလျှင် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင် သို့မဟုတ် အကောင်အထည် ပေါ်ခြင်းမရှိလျှင် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း တွေးတောကြသည်။ ၎င်းတို့၏ စပ်စုမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်ရန်မဟုတ်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန်မဟုတ်၊ သမ္မာတရားကို ရရှိပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာရန်မှာ သာ၍ပင် မဟုတ်ဘဲ ထိုအစား လူ့နည်းလမ်းများနှင့် ပရိယာယ်များကို အသုံးပြုလျက် ဤကိစ္စရပ်အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်၊ ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများနှင့် အပြစ်ဒဏ်ပေးခြင်းကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ မိမိတို့၏စိတ်နှလုံးထဲ၌ အကြံအစည် ထုတ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သော ဤအတွေးအခေါ် တသီတတန်းကြီးသည် ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုကြောင်း သက်သေပြနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်မှားစော်ကားနေခဲ့ကြောင်း သက်သေပြနိုင်သလော။ (ပြနိုင်ပါသည်။) လုံးဝ သက်သေပြနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလျှင် ၎င်းတို့၌ အသင့်ပြင်ထားသော တန်ပြန်ဖြေရှင်းနည်းများ ရှိသည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များ အမှန်တကယ် မဖြစ်လာလျှင်လည်း၊ ၎င်းတို့၌ ထိုအတွက် တန်ပြန်ဖြေရှင်းနည်းများ ရှိသည်။ ၎င်းတို့၏ တန်ပြန်ဖြေရှင်းနည်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိအပေါ်မူတည်၍ ပြောင်းလဲသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာပါက အန္တိခရစ်များသည် ကောင်းမွန်စွာ ကျင့်ကြံပြုမူခြင်း၊ ဘုရားသခင်၏ အိမ်တော်အတွင်းရှိ အလုပ်တာဝန်များကို သတိကြီးစွာဖြင့် ထမ်းဆောင်ခြင်း၊ ခပ်လျှိုလျှို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် ရိုင်းစိုင်းခြင်း မရှိခြင်းတို့ဖြင့် မည်သည့်အမှားမျှ မပြုလုပ်မိစေရန် သတိထားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် ၎င်းတို့သည် ဗြောင်ကျကျ ဝတ်ကျေတမ်းကျေ ပြုမူလုပ်ဆောင်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏အမြင်တွင် အမှန်တကယ် ဖြစ်လာသည်ဟု မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ၎င်းတို့၏စိတ်နှလုံးသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ အမှန်တကယ် အသိအမှတ်ပြုကြမည် မဟုတ်ပေ၊ ၎င်းတို့၏စိတ်နှလုံးကို ဘုရားသခင်ထံသို့ မည်သည့်အခါမျှ အပြည့်အဝ ပေးအပ်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ တာဝန်များနှင့် လုပ်ဆောင်ချက်များသည် စိတ်နှလုံးဖြင့် ထမ်းဆောင်ခြင်းမဟုတ်ဘဲ လှည့်ဖြားခြင်း၊ ဖုံးကွယ်ခြင်း၊ လျှို့ဝှက်ခြင်းတို့ဖြင့် အကြံအစည်များ၊ လှည့်ကွက်များ၊ ဟန်ဆောင်မှုများကို အသုံးပြု၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ တွေးထင်သည့်အရာ၊ စဉ်းစားသုံးသပ်သည့်အရာနှင့် သံသယဝင်သည့်အရာကို အခြားသူများနှင့်ဖြစ်စေ၊ ဘုရားသခင်နှင့်ဖြစ်စေ မည်သည့်အခါမျှ ပွင့်လင်းစွာ ဝေမျှခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် စိတ်ကူးများကို သမ္မာတရားအဖြစ်၊ လုပ်ဆောင်ရန်နှင့် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်ကောင်းမွန်သော လားရာနှင့် ပန်းတိုင်အဖြစ် ခေါင်းမာစွာ မှတ်ယူကြသည်။ အန္တိခရစ်တို့၏ အမြင်တွင် လူကို ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာခြင်း ရှိမရှိသည် အလွန်အရေးကြီးသည်၊ အကြောင်းမှာ ယင်းက နေ့စဉ်အသက်တာတွင် ၎င်းတို့ မည်သို့ပြုမူလုပ်ဆောင်ပြီး ကျင့်ကြံမည်ကို၊ အလုပ်ကို မည်သို့သဘောထားပြုမူမည်ကို၊ ညီအစ်ကိုမောင်နှမများကို မည်သို့ဆက်ဆံမည်ကို ဆုံးဖြတ်ပေးသောကြောင့်ဖြစ်သည်၊ ယင်းက ၎င်းတို့ထုတ်ဖော်သည့် အပြုအမူများ၊ ၎င်းတို့၌ရှိသော လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များကိုလည်း ဆုံးဖြတ်ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာသည့်အခါ အန္တိခရစ်တို့သည် ကောင်းမွန်စွာနှင့် ဟန်ဆောင်မှုကင်းမဲ့စွာ ကျင့်ကြံပြုမူကြသည်၊ မိမိတို့၏ လှုပ်ရှားမှုများကို ချုပ်တည်းကြသည်၊ နှောင့်ယှက်မှုများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသည့် အရာတစ်ခုကိုမျှ မလုပ်ဆောင်ရန် ကြိုးစားကြပြီး နှောင့်ယှက်သော သို့မဟုတ် အဖျက်အမှောင့်လုပ်သော၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသရေဖျက်သော၊ သို့မဟုတ် ကိုယ်တော်၏အလုပ်ကို အသရေဖျက်သော စကားများကို မပြောဆိုရန် ကြိုးစားကြသည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် ၎င်းတို့သည် သိက္ခာစောင့်ထိန်းမှု မရှိဘဲ ဘုရားသခင်၏အလုပ်ကို တရားစီရင်ရန်နှင့် ပြစ်တင်ရှုတ်ချကြရန် အားမနာကြပေ။ ဤသို့ဖြင့် အန္တိခရစ်တို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်ကို အဆက်မပြတ် ဆန့်ကျင်ပြီး ပွက်လောညံအောင် ကန့်ကွက်ကြသည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း မခံရဘဲ နေနိုင်မည်လော။ ၎င်းတို့၏ ဤသဘောထား၊ ဤစိတ်သဘောထားနှင့် ဤအနှစ်သာရသည် ဘုရားသခင်၏ စစ်မှန်သော ရန်သူတစ်ဦး၏ သဘောထား၊ စိတ်သဘောထားနှင့် အနှစ်သာရပင် ဖြစ်သည်။ အန္တိခရစ်တို့သည် မိမိတို့အလိုရှိသမျှကို မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ၎င်းတို့ တွေးထင်သည့်အရာ၊ ကြံစည်သည့်အရာ၊ စဉ်းစားသုံးသပ်သည့်အရာ၊ သို့မဟုတ် ထားရှိသည့် ရှုမြင်ပုံများကို လုံးဝ မဖုံးကွယ်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသကဲ့သို့ လူ၏ အတွင်းစိတ်နှလုံးကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်ဟုလည်း မယုံကြည်ကြပေ။ ထို့ကြောင့် အန္တိခရစ်တို့၏ တွေးခေါ်မှုစနစ်တွင် ၎င်းတို့သည် အကောင်းဆုံးသော ရှင်သန်ရေးနည်းဗျူဟာဟု မှတ်ယူသည့်အရာမှာ ဤသို့ဖြစ်သည်၊ “ကျွန်ုပ် လုပ်ဆောင်သည့်အရာနှင့် ပြုမူသည့်အရာ၊ အခြားသူများ မြင်နိုင်သည့်အရာသည် ကျွန်ုပ်သည် မည်သို့သောလူစားမျိုးဖြစ်သည်ကို တိုင်းတာရန် စံနှုန်းတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ တွေးထင်သည့်အရာ၊ ကျွန်ုပ် ကြံစည်ပြီး ရည်ရွယ်သည့်ပုံစံ၊ ကျွန်ုပ်၏ အတွင်းစိတ်ကမ္ဘာသည် မည်သို့ရှိသည်၊ ကျွန်ုပ်သည် ဘုရားကို အသရေဖျက်ပြီး ပြစ်မှားစော်ကားနေသည်ဖြစ်စေ၊ ဘုရားကို တရားစီရင်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားကို ယုံကြည်ပြီး ချီးမွမ်းနေသည်ဖြစ်စေ ကျွန်ုပ် မပြောလျှင် သင်တို့ထဲမှ မည်သူမျှ သိမည်မဟုတ်။ ကျွန်ုပ်ကို အပြစ်တင်ရှုတ်ချရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ကျွန်ုပ် စကားမပြောလျှင် ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ် မည်သည့်အရာ တွေးထင်သည်ကိုဖြစ်စေ၊ မည်သည့်အရာကြံစည်သည်ကိုဖြစ်စေ၊ ဘုရားအပေါ် ကျွန်ုပ်၏ သဘောထားနှင့် ရှုမြင်ပုံသည် အဘယ်အရာဖြစ်သည်ကိုဖြစ်စေ သင်တို့ထဲမှ မည်သူမျှ သိရန် မျှော်လင့်၍ပင်မရ၊ ပြီးလျှင် မည်သူမျှ ကျွန်ုပ်ကို မည်သည့်အပြစ်အတွက်မျှ စွပ်စွဲနိုင်မည် မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ အကြံအစည်ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ လူတို့အကြား နေထိုင်ခြင်းနှင့် အမှုအရာများကို လုပ်ဆောင်ခြင်း၌ ပြုမူကျင့်ကြံခြင်းဆိုင်ရာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ အပြုအမူသည် မှားယွင်းခြင်းမရှိသမျှ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အမှားအယွင်းများ မရှိသမျှ၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ တွေးထင်သည့်အရာကို မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် အလွန်ပါးနပ်ကြသည် မဟုတ်လော။ (မဟုတ်ပါ။) ၎င်းတို့သည် မည်သို့ဖြစ်၍များ မပါးနပ်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ကောင်းမွန်စွာ ရုပ်ဖျက်ဖုံးကွယ်ကြသည်။ ၎င်းတို့ ဆုတောင်းသည့်အခါ လမ်းထောင့်များ၌ ဆုတောင်းကြပြီး အခြားသူများရှေ့တွင် ၎င်းတို့ပြောဆိုသည့် စကားများသည် အားလုံးမှန်ကန်ကာ အပြစ်တင်စရာ ရှာမတွေ့နိုင်ပေ။ ၎င်းတို့ ယုံကြည်သည့်အချိန် ကြာလေလေ ပို၍ ဝိညာဉ်ရေးရာဆန်လေလေ ဖြစ်လာသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် တွေးထင်သည့်အရာကို ၎င်းတို့သည် မိမိတို့၏မိသားစုနှင့် တံခါးပိတ်၍သာ ပြောဆိုကြပြီး အချို့မှာ မိမိတို့၏မိသားစုကိုပင် မပြောကြသောကြောင့် မည်သူမျှ ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိချေ။ သို့သော် ၎င်းတို့သည် အချက်တစ်ချက်ကို မေ့နေကြသည်။ လူသားများက ၎င်းတို့ကို ထိုးထွင်းသိမြင်ခြင်း ရှိမရှိသည် အဘယ်အသုံးဝင်သနည်း။ ၎င်းမှာ အရေးမပါပေ၊ မည်သည့်လူသားမျှ အခြားလူတစ်ဦး၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးနိုင်ပေ။ လူသားများက ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း ရှိမရှိသည် အရေးမကြီးပေ၊ ယင်းမှာ မသက်ဆိုင်သကဲ့သို့ မည်သည့်အရာကိုမျှ မဆုံးဖြတ်ပေ။ အရေးကြီးသောအချက်မှာ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းအပြုအမူကိုသာ ကြည့်ရှုခြင်း မဟုတ်ဘဲ ကိုယ်တော်သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာကိုလည်း စောင့်ကြည့်လေ့လာတော်မူသည်။ အန္တိခရစ်တို့သည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်ဟု မယုံကြည်သောကြောင့်လည်းကောင်း၊ မသိသောကြောင့်လည်းကောင်း ၎င်းတို့က “ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကျွန်ုပ်တွေးထင်သည့်အရာကို မည်သူမျှ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်၊ လူများရော ဘုရားပါ ဝင်မစွက်ဖက်နိုင်” ဟု မိုက်မဲစွာနှင့် အဓိပ္ပာယ်မဲ့စွာ တွေးထင်ကြသည်။ ဘုရားသခင်သည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စောင့်ကြည့်လေ့လာနိုင်သည်၊ သို့ဖြစ်၍ သင်၏ အတွေးအခေါ်များသည် သင့်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းအပြုအမူကို အခြေခံ၍သာ လူတို့ကို ပြစ်တင်ရှုတ်ချခြင်း မဟုတ်ဘဲ ပို၍အရေးကြီးသည်မှာ ၎င်းတို့၏ အတွင်းစိတ်အတွေးအခေါ်များကို အခြေခံ၍ ပြစ်တင်ရှုတ်ချတော်မူသည်။ ဤသည်မှာ အန္တိခရစ်တို့ မိုက်မဲသည့်နေရာပင် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုနေစဉ် အရေးကြီးသောအချက်တစ်ချက်ကို ၎င်းတို့ မေ့နေကြသည်။ ဘုရားသခင်သည်လည်း ၎င်းတို့၏ အတွေးအခေါ်များကို လျှို့ဝှက်စွာ စောင့်ကြည့်လေ့လာနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာခြင်း ရှိမရှိကို စပ်စုကြပြီး ၎င်းတို့ ရရှိလာသော ကောက်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုယ်တော်၏ တည်ရှိမှုကို ငြင်းပယ်သင့်သည်ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို လျှို့ဝှက်စွာ စောင့်ကြည့်လေ့လာလျက် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့ထားရှိသော သဘောထားကို မြင်လေသည်၊ ကိုယ်တော်သည် ဘုရားသခင်ကို အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့၏ သက်သေအထောက်အထားအားလုံးကို မြင်ပြီး၊ ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအားလုံး၏ ထိန်းချုပ်မှုအောက်၌ ဖြစ်ပေါ်လာသော အပြင်ပန်းအပြုအမူကိုလည်း စောင့်ကြည့်လေ့လာသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အပြုအမူကို အခြေခံ၍ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို နောက်ဆုံး၌ မည်သို့သောသူအဖြစ် အဆုံးအဖြတ်ပေးသနည်း။ အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတစ်ဦး၊ မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်သောသူ ဖြစ်သည်။ ဤသည်မှာ ရလဒ်ပင်ဖြစ်သည်။ အန္တိခရစ်တို့သည် ထက်မြက်ကြသလော။ ၎င်းတို့သည် ထက်မြက်ခြင်းနှင့် အလှမ်းဝေးသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ၎င်းတို့က မိမိတို့သည် အထူးသဖြင့် တွေးခေါ်နိုင်စွမ်းရှိသည်ဟုလည်းကောင်း၊ မိမိတို့၏ တွေးခေါ်မှုသည် အလွန်ယုတ္တိရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် ကျိတ်ကြံစည်ရာ၌ အထူးသဖြင့် ကျွမ်းကျင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ အကြံအစည်ထုတ်ပြီးနောက် ၎င်းတို့၌ မမျှော်လင့်ထားသည့် ဖြစ်ရပ်မျိုးစုံအတွက်လည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများအားလုံးအတွက်လည်းကောင်း တန်ပြန်ဖြေရှင်းနည်းများနှင့် နည်းလမ်းများရှိပြီး အမြဲတမ်း အကောင်းဆုံးသော ရလဒ်များနှင့် အကျိုးအမြတ်များကို ဖြစ်ပေါ်စေသည်။ ၎င်းတို့သည် မကြာခဏဆိုသလို မိမိတို့ကိုယ်ကို ကျေနပ်ပြီး အထင်ကြီးလေးစားလေ့ရှိကာ မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်များနှင့် ကျွမ်းကျင်မှုများကို သဘောကျနေကြသည်။ ၎င်းတို့သည် မိမိတို့သည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးသောလူဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရင်းမြစ်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့သည် မည်သူ့ကို ဦးတည်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နောက်ကွယ်ရှိ နောက်ခံအကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်လာပြီးနောက် ၎င်းတို့သည် မည်သို့သောသဘောထားကို ခံယူသင့်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ်မဖြစ်လာလျှင် မည်သို့သော တန်ပြန်ဖြေရှင်းနည်းများကို အသုံးချသင့်သည်ကို ၎င်းတို့ နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဤမျှ ဉာဏ်ကောင်းပြီး ပြည့်စုံသည့်အတွက်၊ သာမန်လူတစ်ဦးထက် ပို၍ ဉာဏ်ကောင်းသည့်အတွက် မိမိတို့ကိုယ်ကို မကြာခဏ ဂုဏ်ပြုကြသည်။ ၎င်းတို့သည် အဘယ်အရာအတွက် မိမိတို့ကိုယ်ကို ဂုဏ်ပြုနေကြသနည်း။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်းအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုခြင်းသည် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြီးမားသော အောင်မြင်မှုခံစားချက်ကို ပေးသည့်အရာတစ်ခု ဖြစ်သည်ဟု ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသို့သောလူများဖြစ်သည့်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အထင်ကြီးလေးစားပြီး ဂုဏ်ပြုကြသည်။ အန္တိခရစ်တို့သည် မိုက်မဲကြသည် မဟုတ်လော။ အခြားလူများနှင့် ယှဉ်ပြိုင်ခြင်းသည် သင်တို့ထဲမှ မည်သူက အခြားတစ်ဦးထက် သာလွန်သည်ကို အမှန်တကယ် ဆုံးဖြတ်နိုင်စေကောင်းနိုင်ပြီး သင်၏ ကိုယ်ပိုင်အားသာချက်နှင့် ဖြစ်တည်မှုခံစားချက်ကိုပင် ခံစားရစေကောင်း ခံစားရစေနိုင်သည်။ သို့သော် သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးကို စပ်စုသည့်အခါ ယင်းကို အဘယ်အရာဟု ခေါ်သနည်း။ ပြီးလျှင် ပါဝင်ပတ်သက်သည့် အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်တည်း။ သင်သည် ရုပ်ရှင်မင်းသားများ၊ အဆိုတော်များ၊ ကျော်ကြားသူများ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၊ မည်သူ့ကိုမဆို စပ်စုနိုင်သည်၊ သို့သော် သင် လုံးဝ မစပ်စုရမည့် တစ်ဦးတည်းသောသူမှာ ဘုရားသခင်ဖြစ်သည်။ သင် ထိုသို့လုပ်ဆောင်လျှင် သင်သည် သင်၏ စပ်စုခြင်းအတွက် မှားယွင်းသော ပစ်မှတ်ကို ရွေးချယ်နေခြင်းဖြစ်သည်။ ယနေ့ခေတ် တိုးတက်သော သတင်းအချက်အလက်ကမ္ဘာနှင့် သတင်းအချက်အလက်စီးဆင်းမှုကို လွယ်ကူချောမွေ့စေသည့် အမျိုးမျိုးသော ကိရိယာများရှိသည့် လောက၌ အခြားလူတစ်ဦး၏ သွားလာရာနေရာများ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအပြင် ၎င်းတို့၏ နေ့စဉ်အသက်တာကို စပ်စုခြင်းသည် ရှက်ဖွယ်ရာအဖြစ် မမှတ်ယူနိုင်ပေ။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူတစ်ဦး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုင်စွဲပြီး နေ့စဉ် စားသောက်သောသူတစ်ဦးအတွက်၊ မိမိ၏စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးကိုလည်းကောင်း၊ ဘုရားသခင်၏ အလုပ်အားလုံးကိုလည်းကောင်း အဆက်မပြတ် စပ်စုခြင်းသည် အလွန်ဆိုးရွားသော အာခံခြင်းဖြစ်သည်။ လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဘုရားသခင်ရှေ့၌ ထုတ်ဖော်သည့်အခါ ဘုရားသခင်သည် သင့်အား နားလည်ပြီး သိရှိစေရန် သမ္မာတရားကို ပံ့ပိုးပေးနိုင်သည်၊ သင့်အား အသွင်ပြောင်းလဲမှုကို ရရှိရန် အချိန်ပေးတော်မူသည်။ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှု၊ ပြစ်မှားခြင်းများနှင့် အပြစ်များကို ခွင့်လွှတ်နိုင်ပြီး အမှတ်မရဘဲ နေနိုင်တော်မူသည်။ ဘုရားသခင် ခွင့်မလွှတ်နိုင်သော သို့မဟုတ် သည်းမခံနိုင်သော တစ်ခုတည်းသောအရာမှာ အန္တိခရစ်တို့၌ ကျိုးနွံနာခံလိုသောစိတ်နှလုံး လုံးဝမရှိခြင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း၊ ထို့အပြင် အချိန်တိုင်းနှင့် နေရာတိုင်း၌ ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ်၊ စဉ်ဆက်မပြတ် ၎င်းတို့၏ စပ်စုခြင်းပင် ဖြစ်သည်။ သင်သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။ သင်သည် ဘုရားသခင်၏ မှန်ကန်မှုကို စမ်းသပ်လိုသလော။ သင်သည် မည်သူ့အတွက် စိစစ်မှုများ ပြုလုပ်နေသည်ဟု ထင်နေသနည်း။ သင်သည် ဘုရားသခင် ဤအမှုအရာများကို လုပ်ဆောင်ရခြင်း၏ ရင်းမြစ်နှင့် ရည်ရွယ်ချက်ကို ဆန်းစစ်လိုသလော။ သင့်ကိုယ်သင် မည်သူဟု ထင်နေသနည်း။ ဤမျှလောက်ဖြစ်နေလျက် သင်သည် မိမိကိုယ်ကို အပြင်လူတစ်ဦးအဖြစ် မမှတ်ယူသလော။ ဘုရားသခင်သည် သင်၏ စပ်စုခြင်းခံရသူ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရသူ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံခြင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်း၊ ကိုယ်တော်၏ ပြုပြင်ခြင်းကို လက်ခံခြင်းနှင့် စိတ်သဘောထားပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် ထိုသို့သော အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှု အားလုံးဖြစ်သည့် ဤသည်တို့မှာ တရားဝင်သော အရာများဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ ဘုရားသခင်ကို နားလည်မှုလွဲသည့် အချိန်တွင်ပင်၊ အားနည်းပြီး အပျက်သဘောဆောင်ကာ ဘုရားသခင်အပေါ် ညည်းညူသည့်အခါတွင်ပင် ဘုရားသခင်သည် သင့်အပေါ် အပြစ်မယူသကဲ့သို့ သင့်ကို ပြစ်တင်ရှုတ်ချခြင်းလည်း မပြုပေ။ သို့သော် အချက်တစ်ချက်ရှိသည်။ သင်သည် ဘုရားသခင်ကို အမြဲ စပ်စုနေသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အလုပ်၏ မှန်ကန်မှုကို အမြဲ ပိုင်းခြားသိမြင်ရန် ကြိုးစားနေသည်။ ဤသည်မှာ ဘုရားသခင် လုံးဝ ခွင့်မလွှတ်မည့် သို့မဟုတ် သည်းမခံမည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ အမှန်တကယ် ဖောက်ပြန်ပျက်စီးသော လူသားများသည် လူ့တိရစ္ဆာန်များ မဟုတ်ပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဤကဲ့သို့ ဆန့်ကျင်ဘက်မလုပ်ကြသကဲ့သို့ ထိုသို့သော အမြင်ရှုထောင့်များနှင့် သဘောထားများကို မထားရှိကြ၊ သို့မဟုတ် ဘုရားသခင်ကို ဤနည်းဖြင့် မဆက်ဆံကြပေ။ ဘုရားသခင်ကို ဗြောင်ကျကျနှင့် လူသိရှင်ကြား ဆန့်ကျင်ဘက်ပြုရပ်တည်နိုင်သည့် အရာတစ်ခု၊ အခန်းကဏ္ဍတစ်ခုသာ ရှိသည်၊ ၎င်းမှာ စာတန်ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏ ပြစ်မှားခြင်းများနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို အမှတ်မရဘဲ နေတော်မူသော်လည်း ဘုရားသခင်အပေါ် စာတန်၏ ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု၊ ပြစ်မှားစော်ကားမှုနှင့် အသရေဖျက်မှုကို ဘုရားသခင်သည် မည်သည့်အခါမျှ ခွင့်လွှတ်မည်မဟုတ်ပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားများကိုသာ ကယ်တင်တော်မူသည်၊ စာတန်ကို မကယ်တင်ပေ။ အန္တိခရစ်တို့သည် မိမိတို့၏သဘာဝ၌ ပြောင်းလဲခြင်းမရှိဘဲ အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်လျက် စာတန်ကို ကိုယ်စားပြုနိုင်သည်၊ စာတန်၏အစား ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု ရပ်တည်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စပ်စုသည်။ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကျိန်ခြင်းအမင်္ဂလာများနှင့် ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဤနည်းဖြင့် မပြုမူဘဲ မနေနိုင်ကြပေ၊ ၎င်းတို့သည် သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်း ဖြစ်လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။