အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇) အခန်း သုံး

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် ရောင်းချခြင်း

ဆက်လက်၍ အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူသည့် တကယ့်အပြုအမူနှင့် လုပ်နည်းကိုင်နည်းဖြစ်သည့် ဒုတိယသွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယပြုကြမည်။ ဤလုပ်နည်းကိုင်နည်းတွင် ဤအန္တိခရစ်အမျိုးအစားက ဘုရားသခင်၏ နှုတ်ကပတ်တော်များပါသည့် အမျိုးမျိုးသော စာအုပ်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူခြင်း ပါဝင်သည်။ ၎င်းတို့သည် ဤဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ရရှိသောအခါ ငွေရှာရန် အရင်းအနှီးကို ရရှိပြီဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရန် လိုအပ်သော ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ပြီဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပုံနှိပ်ထားသည့် ဤစာအုပ်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများ၊ ၎င်းတို့ ရောင်းချရန် ကြံရွယ်သည့် ကုန်ပစ္စည်းများနှင့် မတရားသောအမြတ်အစွန်းများရရန် ၎င်းတို့ အသုံးပြုသည့် အရာဝတ္ထုများ ဖြစ်လာသည်။ အန္တိခရစ်တို့သည် ဤစာအုပ်များကို ဘုရားအိမ်တော်က သတ်မှတ်သည့် စည်းမျဉ်းအတိုင်း ဖြန့်ဝေရမည့်အစား မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအရ မတော်မလျော် အမြတ်ထုတ်ရန် ကြိုးစားကာ ယင်းတို့ကို သိမ်းထားကြသည်။ ဘုရားအိမ်တော်တွင် စာအုပ်များ ဖြန့်ဝေခြင်း၏ စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် နှစ်သက်ခုံမင်ပြီး သမ္မာတရားကို ဆာငတ်သော သူအားလုံးထံသို့ ဖြန့်ဝေရန်ဖြစ်ပြီး ထိုသို့ အခမဲ့ ဖြန့်ဝေရန် ဖြစ်သည်။ လူမည်မျှ ယင်းတို့ကို လက်ခံရရှိသည်ဖြစ်စေ၊ စာအုပ်မည်မျှ ဖြန့်ဝေသည်ဖြစ်စေ အစဉ်သဖြင့် အခမဲ့ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဘုရားသခင်ကို ယုံကြည်သည့်အခါ သမ္မာကျမ်းစာသည် အခမဲ့မဟုတ်ပေ။ ယင်းကို ငွေဖြင့် ဝယ်ယူရသည်။ သို့သော် ယခုအခါတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် ဤစာအုပ်များကို ဘုရားအိမ်တော်က အခမဲ့ ဖြန့်ဝေသည်၊ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ဤစာအုပ်များကို လက်ခံရရှိပြီး စည်းမျဉ်းအတိုင်း အခမဲ့ ဖြန့်ဝေရန် ပျက်ကွက်သည့်အခါ ပြဿနာ ပေါ်ပေါက်လာသည်။ ပုံမှန်အခြေအနေများအောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိသူတို့သည် ဤစာအုပ်များကို စည်းမျဉ်းအတိုင်း အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး ငွေတောင်းခံခြင်း သို့မဟုတ် လွန်ကဲသော အမြတ်အစွန်းကို မတော်မလျော် ရှာဖွေခြင်း မပြုပေ။ သို့သော် အန္တိခရစ်တို့သာလျှင် ဤစာအုပ်များကို ရရှိရာတွင် စီးပွားရေးအခွင့်အလမ်းတစ်ခု ရောက်ရှိလာပြီဟု တွေးထင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လောဘတို့သည် ပေါ်ထွက်လာသည်၊ “ဤမျှထူထဲပြီး ကောင်းမွန်သော စာအုပ်များကို အခမဲ့ပေးပစ်ရသည်မှာ ဆုံးရှုံးခြင်း မဟုတ်လော။ ၎င်းတို့ထံမှ ငွေအနည်းငယ် မရှာပါက မိုက်မဲရာကျသည် မဟုတ်လော။ ထို့အပြင် ဤစာအုပ်များကို အခြားနေရာတွင် ဝယ်၍မရနိုင်ဘဲ ဘုရားသခင်ကို ယုံကြည်သူအများစုသည် မည်မျှပင် ကုန်ကျစေကာမူ ဤစာအုပ်ကို ဖတ်ရှုလိုကြပေမည်” ဟူ၍ ဖြစ်သည်။ လူတို့တွင် ဤစိတ်နေစိတ်ထားရှိသည်ကို ၎င်းတို့ သဘောပေါက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည်၊ “ငွေရှာရန် ဤအခွင့်အရေးကို ငါ လက်လွှတ်၍မဖြစ်ပေ၊ ထိုသို့သော အခွင့်အရေးမျိုးသည် ရခဲလှသည်။ ထိုစာအုပ်များ ဖြန့်ဝေသည့်အခါ လူများကို အဆင့်အတန်းခွဲသင့်သည်၊ ချမ်းသာသူများထံမှ ပိုတောင်းသင့်သည်၊ သာမန်လူများထံမှ အလယ်အလတ်ဈေးနှုန်း တောင်းသင့်သည်၊ ဆင်းရဲသူများထံမှ အနည်းငယ်သာ တောင်းသင့်သည် သို့မဟုတ် လုံးဝမဖြန့်ဝေဘဲ ထားသင့်သည်၊ ငါ့ကို မြှောက်ပင့်သူများအား လျှော့ဈေးပေးသင့်ပြီး ငါနှင့် မသင့်မြတ်သူများထံမှ ပိုတောင်းသင့်သည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ စာအုပ်များ ဖြန့်ဝေခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီပါသလော။ (မကိုက်ညီပါ။) ဤသည်မှာ စီးပွားရေးလုပ်နေခြင်းဖြစ်သည်။ အန္တိခရစ်တို့သည် ဤသို့သော စိတ်ကူးများ ပေါ်ပေါက်လာကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများအတိုင်း စာအုပ်များကို ဖြန့်ဝေသည်ဖြစ်စေ၊ မဖြန့်ဝေသည်ဖြစ်စေ ယင်းကို ဘေးဖယ်ထားလျက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့သဘောထားပြုမူသည်ကို ဦးစွာ ပြောကြစို့။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ၎င်းတို့၏ လက်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က တန်ဖိုးထားကြသလော။ (မထားပါ။) ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မိန့်မြွက်ထားသည့် အသက်လမ်းခရီးကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ စိတ်မဝင်စားကြပေ။ ၎င်းတို့သည် ယင်းတို့ကို တန်ဖိုးမထားကြသကဲ့သို့ စိုးစဉ်းမျှပင် သိလိုစိတ်မရှိကြပေ။ ၎င်းတို့သည် စာအုပ်များကို အပေါ်ယံသာ ဖြစ်သလိုဖတ်ရှုပြီး စာမျက်နှာများကို သာမန်ကာလျှံကာ လှန်လှောကြည့်ရှုကြသည်၊ “ဤသည်မှာ ဘုရားက လူတို့ကို တရားစီရင်သည့် အလုပ်ကို မည်သို့လုပ်ဆောင်ကြောင်း၊ လူတစ်စုကို သူမည်သို့သိမ်းပိုက်ခဲ့ကြောင်းနှင့် လူတို့ကို ကောင်းသောပန်းတိုင်တစ်ခု သူမည်သို့ပေးကြောင်းကို ပြောဆိုနေခြင်းသာ ဖြစ်သည်။ လူသားမျိုးနွယ်၏ အနာဂတ်အတွက်မူ ဤအသေးစိတ်အချက်များ မပါရှိပေ၊ ထို့ကြောင့် ဤစာအုပ်သည် ထိုမျှ စိတ်ဝင်စားဖွယ် မကောင်းပေ။ စာအုပ်သည် အလွန်စိတ်ဝင်စားဖွယ် မကောင်းသော်လည်း လူများစွာတို့က ယင်းကို ဖတ်ရှုရန် ဆန္ဒရှိကြသည်။ ဤသည်မှာ ကောင်း၏၊ ကျွန်ုပ်သည် ယင်းမှ အမြတ်ထုတ်နိုင်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသည် ၎င်းတို့၏ လက်ထဲသို့ ကျရောက်သောအခါ ကုန်ပစ္စည်းများ ဖြစ်သွားကြပြီး ယင်းက လူများစွာ၊ အနည်းဆုံး လူတစ်စုသည် ဤစာအုပ်များကို ဝယ်ရန် ငွေကုန်ကြေးကျခံရမည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ဖြန့်ဝေရေးကို တာဝန်ယူခြင်းဟူသည့် ဟန်ဆောင်မှုဖြင့် ဝင်ရောက်စွက်ဖက်ပြီး ဘုရားအိမ်တော်၏ ဤစာအုပ်များကို အခမဲ့ဖြန့်ဝေခြင်းအား လုပ်ငန်းတစ်ခုအဖြစ်၊ ဝယ်ခြင်းရောင်းခြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်လျှင် သူ၏ ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သူ၏နှုတ်ကပတ်တော်များကို အလေးဂရုစိုက်၍ နားထောင်သူတိုင်းထံသို့ အခမဲ့ ထောက်ပံ့ပေးသည်၊ ယင်းတို့သည် အခမဲ့ဖြစ်ပြီး မည်သည့်အရာနှင့်မျှ လဲလှယ်ရန် မလိုအပ်ပေ။ လူတို့ထံမှ လိုအပ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူတစ်ဦး ဖြစ်လာရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့သာ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် စိတ်ကျေနပ်မှု ရှိသည်၊ သူ၏ ပန်းတိုင်သည် ဖြစ်မြောက်အောင်မြင်ပြီးဖြစ်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် အချည်းနှီး ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူသည် ဤအရာ၌ နှစ်သိမ့်မှုကို တွေ့ကြုံခံစားရသည်။ ဤသည်မှာ ဘုရားသခင်၏ ဆန္ဒဖြစ်သကဲ့သို့ လူသားအပေါ် ဆောင်ရွက်ခဲ့သည့် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်၏ ရည်ရွယ်ချက်လည်းဖြစ်ကာ ဖန်ဆင်းခံများအပေါ် ဖန်ဆင်းရှင်၏ အလှပဆုံးသော လိုအင်ဆန္ဒလည်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ ရည်ရွယ်ချက်များကို သူ့နောက်လိုက်သောသူများထံသို့ အခမဲ့ အဆက်မပြတ် ထောက်ပံ့ပေးသည်။ ဤသည်မှာ အလွန်ပင် စင်ကြယ်သော၊ သန့်ရှင်းသော လုပ်ရပ်၊ အလွန် ကြီးမြတ်သော လုပ်ဆောင်ချက် ဖြစ်သည်၊ ဤနေရာတွင် အရောင်းအဝယ် ပါဝင်ခြင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးဂရုပြု၍ နားထောင်ပြီး တမ်းတသော လူတိုင်းအတွက် ဘုရားသခင်ပြောသည့် စာကြောင်းတိုင်းသည် တန်ဖိုးမဖြတ်နိုင်ပေ။ လူတို့သည် ဘုရားသခင်ထံမှ သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များကို အခမဲ့ ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာမှာ သူ့အား ကျေးဇူးဆပ်ရန်၊ သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန်နှင့် သူ၏ ကြီးမြတ်သော အမှုတော် မကြာမီ ပြီးစီးအောင်မြင်စေရန် သူ့အား နှစ်သိမ့်မှု ခံစားရစေရန် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့အကြား ရှိသင့်သော ဖွင့်ဟရန်မလိုသည့် အပြန်အလှန်နားလည်မှုတစ်မျိုး ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤကိစ္စကို အရောင်းအဝယ်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် စကားပြောခြင်းနှင့် အလုပ်လုပ်ခြင်း အခွင့်အရေးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထောက်ပံ့မှုအတွက် လူတို့၏ လိုအပ်ချက်ကိုလည်းကောင်း အမြတ်ထုတ်၍ တစ်ကိုယ်ရေ အကျိုးအမြတ်ကို ရှာဖွေကာ ၎င်းတို့ မရသင့်သော ငွေနှင့် အကျိုးအမြတ်များကို ရယူကြသည်။ ထိုသို့သော အပြုအမူသည် ကျိန်စာတိုက်ခြင်းခံထိုက်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စကားပြောဆိုခြင်းအတွက် အပြန်အလှန်အနေဖြင့် အဖိုးအခ တောင်းသည်ကို ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များမှ သင် မြင်ဖူးခြင်း သို့မဟုတ် ကြားဖူးခြင်း ရှိလေသနည်း။ စာတစ်ကြောင်းအတွက် မည်မျှဖြစ်သနည်း၊ စာတစ်ပိုဒ်အတွက် မည်မျှဖြစ်သနည်း၊ တရားဒေသနာတစ်ခုအတွက် မည်မျှဖြစ်သနည်း၊ စာအုပ်တစ်အုပ်အတွက် မည်မျှဖြစ်သနည်း၊ သို့မဟုတ် ပြုပြင်ခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် စစ်ဆေးခြင်း တစ်ကြိမ်အတွက်၊ သို့မဟုတ် အသက်ထောက်ပံ့မှု တစ်ကြိမ်အတွက် မည်မျှဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စကားများကို ပြောခဲ့ဖူးသလော။ (မပြောဖူးပါ။) ဘုရားသခင်သည် ထိုသို့သော အရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင် မိန့်မြွက်သည့် စာကြောင်းတိုင်း၊ စာပိုဒ်တိုင်းနှင့် အပိုင်းတိုင်း၊ လူတို့ ဘုရားသခင်ထံမှ လက်ခံရရှိသည့် ပြုပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်း အကြိမ်တိုင်းအပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်တင်းပေးမှု စသည်တို့အားလုံးထဲမှ မည်သည့်အရာကို ငွေဖြင့် တိုင်းတာနိုင်သနည်း။ မည်သည့်အရာကို လူသားတို့က ငွေ သို့မဟုတ် ပစ္စည်းဥစ္စာများနှင့် လဲလှယ်၍၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ အဖိုးအခကို ပေး၍ ရယူနိုင်သနည်း။ တစ်ခုမျှ မရှိပေ။ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံး၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားလုံးသည် တန်ဖိုးမဖြတ်နိုင်ပေ။ ယင်းတို့သည် တန်ဖိုးမဖြတ်နိုင်သောကြောင့်၊ လူတို့က ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းအတွက် အလဲအထပ်လုပ်ရန် ငွေကိုဖြစ်စေ၊ မည်သည့်ရုပ်ဝတ္ထုဆိုင်ရာပစ္စည်းကိုဖြစ်စေ အသုံးမပြုနိုင်သောကြောင့် အတိအကျပင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို လူတို့အား အခမဲ့ ထောက်ပံ့ပေးသည်ဟု မိန့်ဆိုခြင်းဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်တို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ တန်ဖိုးမဖြတ်နိုင်သော၊ အဖိုးတန်သော သဘာဝကို မမြင်နိုင်ကြပေ။ ထိုအစား ၎င်းတို့သည် ယင်းတို့မှ လွန်ကဲသော အမြတ်အစွန်းများကို မတော်မလျော် ရယူရန် လိုက်စားကြသည်၊ ဤသည်မှာ လုံးလုံး ရှက်ဖွယ်ကောင်းသော အမှုဖြစ်ပေသည်။

အချို့သော အန္တိခရစ်တို့သည် လူတို့ကို ညှဉ်းပန်းရန်၊ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို တည်ဆောက်ရန်၊ အခြားသူများကို ၎င်းတို့၏ ကြောက်မက်ဖွယ်ဖြစ်ခြင်းနှင့် တန်ခိုးအာဏာကို ခံစားရအောင် လုပ်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်အောက်ရှိ ညီအစ်ကိုမောင်နှမများထံ ဖြန့်ဝေခြင်းမပြုဘဲ သိမ်းထားကြသည်။ သို့ဖြစ်၍ ထိုသို့သော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်တို့ အာဏာရသော အချို့သောအသင်းတော်များတွင် ညီအစ်ကိုမောင်နှမများသည် ဖတ်ရှုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် နားထောင်ရန် ဘုရားသခင်၏ တရားဒေသနာများ မရှိကြသည်ကို တွေ့ရှိရသည်။ ထိုသို့သော လူများသည် ကျိန်စာတိုက်ခြင်း ခံထိုက်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အရာအဖြစ် သဘောထားပြုမူခဲ့ကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး နောက်လိုက်သောသူများထံ ဘုရားသခင်က ပေးအပ်ခြင်းဖြစ်သည်၊ ယင်းတို့သည် မည်သည့်လူတစ်ဦးတစ်ယောက်တည်းအတွက်မျှ သီးသန့်ပေးအပ်ထားခြင်းမဟုတ်သကဲ့သို့ မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားမျိုးနွယ်အားလုံးထံ မိန့်မြွက်ခြင်းဖြစ်ပြီး မည်သူကမျှ မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ မည်သည့်ဆင်ခြေဖြင့်ဖြစ်စေ ဘုရားသခင်၏ မိန့်မြွက်ခြင်းကို သိမ်းထား၍မရပေ။ သို့တိုင်အောင် အန္တိခရစ်တို့သည် ဤအရာကိုလုပ်ဆောင်ရန် စံနှုန်းကိုဖောက်ဖျက်လျက် ထိုသို့သောအခန်းကဏ္ဍတွင် အတိအကျ ပါဝင်ဆောင်ရွက်နေကြသည်။ အချို့သော အန္တိခရစ်တို့သည် နောက်ဆုံးပေါ် တရားဒေသနာ အသံသွင်းခွေများကို လက်ခံရရှိပြီးနောက် ယင်းတို့ကို ဦးစွာနားထောင်ပြီး အလင်းသစ်အချို့ကို ရှာဖွေတွေ့ရှိကာ ၎င်းတို့မသိရှိခဲ့သော အကြောင်းအရာအချို့ရှိသည်ကို တွေ့ရှိသည့်အခါ ဤတရားဒေသနာအတွဲကို ၎င်းတို့၏ တာဝန်ခံရသူများထံ မဖြန့်ဝေရန် ဆုံးဖြတ်ကြသည်။ အခြားမည်သူမျှမသိဘဲ ၎င်းတို့သည် တရားဒေသနာ အသံသွင်းခွေများကို သိမ်းထားကြသည်။ သိမ်းထားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရည်ရွယ်ချက်မှာ စုဝေးပွဲများအတွင်း ကြွားဝါရန်ဖြစ်ပြီး ဤကြွားဝါခြင်းသည် ရောင်းချခြင်းပင်ဖြစ်သည်။ ဤသို့ ကြွားဝါသည့်လုပ်ရပ်မှတစ်ဆင့် ၎င်းတို့၏ လက်အောက်ရှိလူများသည် ယခင်က မကြားဖူးခဲ့သော အကြောင်းအရာများ၊ အသစ်ဖြစ်သော အရာအားလုံးကို ကြားရသည့်အခါ ၎င်းတို့သည် အန္တိခရစ်တို့ကို အထင်ကြီးလာကြပြီး ဤနည်းဖြင့် အန္တိခရစ်တို့၏ ပန်းတိုင်သည် ဖြစ်မြောက်အောင်မြင်လေသည်။ နေရာတိုင်းရှိ အသင်းတော်များတွင် မိတ်သဟာယ တရားဒေသနာများ သို့မဟုတ် အသံသွင်းခွေများကို အချိန်နှင့်တစ်ပြေးညီဖြစ်စေ၊ အပြည့်အစုံဖြစ်စေ မဖြန့်ဝေသော လူအချို့ အသေအချာရှိသည်မှာ ငြင်းမရနိုင်ပေ၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် လုံးဝတည်ရှိပါသည်။ ထို့အပြင် အချို့သော အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ၎င်းတို့အပေါ်ထားသည့် လူတို့၏ သဘောထားကို အခြေခံ၍ ဖြန့်ဝေကြကာ ၎င်းတို့ထံ မြှောက်ပင့်သူများကိုသာဖြစ်စေ၊ ဖားယားသူများကိုသာဖြစ်စေ ပေးကြသည်။ စာအုပ်များသည် အခမဲ့ဖြစ်သော်လည်း လူတိုင်းက ယင်းတို့ကို အလွယ်တကူ မရရှိနိုင်ပေ၊ အခမဲ့၊ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းဟူသည့် စည်းမျဉ်းသည် အန္တိခရစ်တို့၏ လက်ထဲတွင် အခြေအနေအမျိုးမျိုးအရ ထိခိုက်သွားသည်။ ၎င်းတို့သည် ၎င်းတို့နှင့်အတူရှိသူများ သို့မဟုတ် ၎င်းတို့စကားကို နားထောင်သူများအား စာအုပ်များကို အင်တင်တင်ဖြင့် ပေးကောင်း ပေးနိုင်သော်လည်း အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခြင်း ဖြစ်ချင်မှ ဖြစ်ပေမည်၊ ၎င်းတို့၏ အမြင်များနှင့် သဘောထားကွဲလွဲသူများ သို့မဟုတ် ဆန့်ပင် ဆန့်ကျင်သူများကိုမူ အန္တိခရစ်တို့က ရွေးချယ်၍ ပေးကောင်းပေးမည် သို့မဟုတ် လုံးဝမပေးဘဲပင် နေပေမည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ဖြန့်ဝေခြင်း၌ မတော်မလျော်သော အမြတ်အစွန်းများကို ရှာဖွေရန် ကြိုးပမ်းသည်သာမက ယင်းကို လူတို့အား သိမ်းသွင်းရန်၊ လူတို့အား စည်းရုံးရန်အပြင် အခြားသူများကို နှိပ်ကွပ်ရန်နှင့် ညှဉ်းပန်းရန် နည်းလမ်းတစ်ခုအဖြစ်လည်း အသုံးပြုကြသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိသည်။ တစ်စုံတစ်ဦးက ၎င်းတို့အကြောင်း မကောင်းပြောလျှင်၊ ၎င်းတို့ကို မရွေးကောက်လျှင်၊ သို့မဟုတ် ၎င်းတို့ကို ဆန့်ကျင်မဲပေးလျှင် ထိုသူကို ညှဉ်းပန်းရန် နည်းလမ်းတစ်ခုအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမ်းထားကောင်းသိမ်းထားမည်ဟု ဆိုကာ လူတို့ကို ခြိမ်းခြောက်ပင် ခြိမ်းခြောက်နိုင်သည်။ ထို့ကြောင့် အချို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ သို့မဟုတ် တရားဒေသနာ အသံသွင်းခွေများကို အချိန်နှင့်တစ်ပြေးညီ မရရှိနိုင်မည်ကို စိုးရွံ့ခြင်းကြောင့် ဤအန္တိခရစ်တို့ကို အလွန်ကြောက်ရွံ့ကြသည်။ အန္တိခရစ်တို့က မကောင်းမှုပြုပြီး ၎င်းတို့ကိုယ်တိုင် မတရားသောဆက်ဆံမှုကို ခံရလျှင်ပင် အန္တိခရစ်တို့၏ နှိပ်ကွပ်ခြင်းနှင့် ညှဉ်းပန်းခြင်းကို ခံရမည်ကိုလည်းကောင်း၊ အထက်နှင့် အဆက်အသွယ် ပြတ်သွားမည်ကိုလည်းကောင်း၊ အထက်မှ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းကို လက်လွတ်ဆုံးရှုံးမည်ကိုလည်းကောင်း စိုးရွံ့သဖြင့် ၎င်းတို့ကို တိုင်ကြားဝံ့ခြင်းမရှိပေ။ ထိုသို့သော လူများ ရှိသလော။ ရာနှုန်းပြည့် လုံးဝရှိပါသည်။ အန္တိခရစ်တို့သည် မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ကြသည်၊ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ခြင်း၊ အုပ်စုဖွဲ့ခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံတော်များကို ဖန်တီးခြင်းတို့ကို လုပ်ဆောင်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေသည့်အခါတွင်လည်း ခြွင်းချက်မထားပေ။ ၎င်းတို့အား အကျိုးအမြတ်များကို မတော်မလျော် ရရှိစေနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ရရှိစေနိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က အမြတ်ထုတ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပါအဝင် မည်သည့်အရာကိုမျှ မချန်လှပ်ပေ။ ဤအမှုအရာများသည် သင်တို့၏ အသင်းတော်တွင်၊ သင်တို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့ဖူးသလော။ အချို့သော အန္တိခရစ်တို့သည် ၎င်းတို့၏ လက်အောက်ရှိသူများကို ဤသို့ ခြိမ်းခြောက်ကြသည်၊ “ကျွန်ုပ်ကို သင် မရွေးကောက်လျှင်၊ အထက်ကို ကျွန်ုပ်အကြောင်း တိုင်ကြားလျှင်၊ သင်က ကျွန်ုပ်ကို မနှစ်သက်လျှင်၊ သင်က သတင်းပေးတိုင်တောသဖြင့် ကျွန်ုပ်သိသွားလျှင် နောက်နောင် တရားဒေသနာ အသံသွင်းခွေများကို သင်ရတော့မည်မဟုတ်။ ကျွန်ုပ်သည် သင့်အား ထောက်ပံ့မှုကို ဖြတ်တောက်မည်၊ သင့်ကို အာဟာရမရှိဘဲ ထားမည်၊ သင့်ကို သေသည်အထိ အစာငတ်၊ ရေငတ်ထားမည်” ဟု ပြောလေသည်။ အန္တိခရစ်တို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည် မဟုတ်လော။ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းတို့သည် မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိသည်။

သင်တို့သည် ထိုသို့သော အန္တိခရစ်တို့ကို ကြုံတွေ့ရလျှင် ၎င်းတို့ကို သင်တို့ မည်သို့ ကိုင်တွယ်မည်နည်း။ ၎င်းတို့ကို အထက်သို့ တိုင်ကြားဝံ့သလော။ သင်တို့ စည်းလုံးပြီး ၎င်းတို့ကို ပစ်ပယ်ဝံ့သလော။ (ဟုတ်ပါသည်။) သင်တို့သည် ယခုအခါတွင် ဟုတ်ပါသည်ဟု ပြောသော်လည်း ၎င်းတို့နှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင် သင်သည် မလုပ်ဝံ့ဘဲ ဖြစ်ကောင်းဖြစ်ပေမည်၊ သင်က “ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါး၏၊ ကျွန်ုပ်သည် ငယ်ရွယ်၏၊ ကျွန်ုပ်သည် အားနည်းပြီး တစ်ယောက်တည်း ဖြစ်သည်။ အန္တိခရစ်တို့က အမှန်တကယ် အုပ်စုဖွဲ့၍ ကျွန်ုပ်ကို အနိုင်ကျင့်လျှင် ကျွန်ုပ် ဇာတ်သိမ်းမည် မဟုတ်လော။ ဘုရားသခင်သည် အဘယ်မှာနည်း။ မည်သူက ကျွန်ုပ်၏ နစ်နာချက်များကို နားထောင်မည်နည်း။ မည်သူက ကျွန်ုပ်၏ နစ်နာချက်များကို ဖြေရှင်းပေးပြီး လက်စားချေပေးမည်နည်း။ မည်သူက ကျွန်ုပ်ဘက်မှ ရပ်တည်ပေးမည်နည်း” ဟု တွေးတောလျက် တွန့်ဆုတ်သွားပေမည်။ သင်၏ ယုံကြည်ခြင်းသည် အဘယ်ကြောင့် ဤမျှ သေးငယ်ရသနည်း။ သင်သည် အန္တိခရစ်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့သွားသည်၊ သို့သော် စာတန်က သင့်ကို ကိုယ်တိုင်ကိုယ်ကျ ခြိမ်းခြောက်လျှင်ရော အဘယ်သို့နည်း၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်တန့်လိုက်မည်လော။ အန္တိခရစ်တစ်ဦးက သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖြန့်ဝေလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ ၎င်းတို့က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များအတွက် ငွေပေးခိုင်းလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ အန္တိခရစ်က သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ဖြန့်ဝေသည့်အခါတိုင်း ၎င်းတို့က သင့်ကို အခက်တွေ့စေပြီး မကြားဝံ့မနာသာ စကားများ ပြောဆိုလျှင် သင်သည် မည်သို့လုပ်ဆောင်မည်နည်း။ ဤအခြေအနေသည် ကိုင်တွယ်ရန် လွယ်ကူပါသလော။ သင်တို့အား ပါးနပ်သောနည်းဗျူဟာတစ်ခုကို ငါပြောပြမည်။ စာအုပ်များ ဖြန့်ဝေရန် အချိန်နီးကပ်လာသည့်အခါတိုင်း သင်သည် အန္တိခရစ်နှင့်အတူ ရပ်တည်သင့်ပြီး ၎င်းတို့၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ ချိုသာသောစကားများကို အားသွန်ခွန်စိုက်ပြောဆိုကာ ၎င်းတို့ကို အားတက်သရော ချီးမွမ်းပြီး မြှောက်ပင့်သင့်သည်။ ၎င်းတို့က သင့်ထံ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် တရားဒေသနာ အသံသွင်းခွေများကို ဖြန့်ဝေပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အထက်သို့ တိုင်ကြားရန် အခွင့်အရေးတစ်ခုကို ရှာဖွေလော့။ ၎င်းတို့ကို အထက်သို့ တိုင်ကြားရန် နည်းလမ်းမရှိလျှင် အန္တိခရစ်ကို ကန့်သတ်ပြီး ချည်နှောင်ထားရန် ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများနှင့် စည်းလုံးရန် အခွင့်အရေးကို ရှာဖွေလော့။ ဤသည်မှာ အသင်းတော်အတွက် အန္တရာယ်ကို အမှန်တကယ် ဖယ်ရှားခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်။ အချို့က အန္တိခရစ်သည် ဤအစီအစဉ်ကို ရှာဖွေတွေ့ရှိလျှင် မည်သို့လုပ်မည်နည်းဟု မေးကောင်းမေးပေမည်။ သင်သည် ဤတစ်ကြိမ်တွင် ယုံကြည်မှုမရှိလျှင် နောက်အခွင့်အရေးကို စောင့်ဆိုင်းလော့။ သင်သည် သတ္တိရှိလာပြီး အခါအခွင့်သင့်သောအခါ ထိုအခါတွင် သင်သည် အရေးတယူဆောင်ရွက်လော့။ အတိုချုပ်ဆိုရလျှင် အန္တိခရစ်က သင်၏ အာဟာရဖြည့်တင်းအား ဖြတ်တောက်မည်ကို သင်ကြောက်ရွံ့လျှင် အစပိုင်းတွင် အာရုံစိုက်ခံရအောင် မလုပ်နှင့်။ သင့်ကိုယ်သင် မြင်သာအောင် မပြနှင့် သို့မဟုတ် အန္တိခရစ်က သင့်ကို ထိုးထွင်းသိမြင်ခွင့်မပြုနှင့်။ သင်သည် လုံလောက်သော ဝိညာဉ်ရင့်ကျက်မှုကို ရရှိသည့်အခါ သင့်တွင် သင့်တော်သောလူများ၊ မှန်ကန်သောလူများနှင့် အန္တိခရစ်ကို ဆန့်ကျင်ရာတွင် သင်နှင့်အတူ ရပ်တည်နိုင်သော၊ အန္တိခရစ်ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်နိုင်သော လူများ ပိုမိုရှိလာသည့်အခါ ထိုအချိန်သည် သင်သည် အန္တိခရစ်နှင့် ပြတ်စဲနိုင်သည့်အချိန်ဖြစ်သည်။ ဤနည်းဗျူဟာသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အချို့က “ဤသည်မှာ အခြားသူများကို လှည့်ဖြားခြင်း မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရိုးသားသောလူများ ဖြစ်စေလိုသည် မဟုတ်လော။ ဤသည်မှာ ရိုးသားပုံမရပေ” ဟု ပြောကောင်းပြောပေမည်။ ဤသည်မှာ အခြားသူများကို လှည့်ဖြားခြင်းလော။ (မဟုတ်ပါ။) ဤသည်မှာ နတ်ဆိုးတစ်ကောင်ကို လှည့်ကွက်ဆင်ခြင်းဖြစ်သည်။ နတ်ဆိုးတစ်ကောင်ဖြစ်သည့် အန္တိခရစ်တစ်ဦးကို ကိုင်တွယ်သည့်အခါ မည်သည့်နည်းလမ်းမဆို လက်ခံနိုင်ဖွယ်ရှိသည်။

သင်တို့သည် အန္တိခရစ်တို့ကို ကြောက်ရွံ့ကြသလော။ သင်၏ ကိုယ်ပိုင်အသင်းတော်၌ သင်၏ ပတ်ဝန်းကျင်တွင် အန္တိခရစ်တစ်ဦး အမှန်တကယ် ရှိသည်ဟု ဆိုကြပါစို့။ သင်သည် ၎င်းတို့ကို သတိပြုမိပြီးဖြစ်သည်။ ၎င်းတို့တွင် အာဏာနှင့် အဆင့်အတန်းရှိပြီး လူများစွာက ၎င်းတို့ကို ထောက်ခံကြသည်။ ၎င်းတို့တွင် ဂိုဏ်းတစ်ခုနှင့် အမာခံနောက်လိုက် အနည်းငယ် ရှိသည်။ သင်သည် ၎င်းတို့ကို ကြောက်ရွံ့မည်လော။ အချို့က ကြောက်ရွံ့မည်ဟု ဆိုကြသည်။ ကြောက်ရွံ့ခြင်းသည် မှန်ကန်သလော။ ဤကြောက်ရွံ့ခြင်းတွင် အနည်းဆုံး ကောင်းမွန်ပြီး မှန်ကန်သော သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ငါအဘယ်ကြောင့် ထိုသို့ပြောရသနည်း။ သင်သည် ၎င်းတို့ကို ကြောက်ရွံ့လျှင် ယင်းက သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် ဆိုးယုတ်ကြောင်း၊ ၎င်းတို့သည် သင့်ကို ညှဉ်းပန်းနိုင်ပြီး သင့်ကို ဒုက္ခပေးနိုင်ကြောင်း၊ ၎င်းတို့သည် လူကောင်းတစ်ဦး သို့မဟုတ် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်ကြောင်း သင် ယုံကြည်ကြောင်းကို အနည်းဆုံးတော့ ပြသနေသည်။ သင်သည် အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့နှင့်ပတ်သက်၍ ဤနားလည်မှုနှင့် ပိုင်းခြားသိမြင်မှု ရှိသည်။ သင်သည် ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်ခြင်း သို့မဟုတ် ၎င်းတို့သည် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိနိုင်သော်ငြားလည်း အနည်းဆုံးအနေဖြင့် သင်သည် ၎င်းတို့မှာ လူကောင်းတစ်ဦး၊ သမ္မာတရားကို လိုက်စားသူတစ်ဦး၊ ဖြောင့်မတ်သူ သို့မဟုတ် ကြင်နာတတ်သူတစ်ဦး၊ သို့မဟုတ် ရိုးသားသူတစ်ဦး မဟုတ်ကြောင်းကို သိရှိသောကြောင့် ၎င်းတို့ကို ကြောက်ရွံ့ခြင်းဖြစ်သည်။ သာမန်နှင့် သာမည သို့မဟုတ် ဟန်ဆောင်မှုကင်းသောလူများသည် နတ်ဆိုးများမှလွဲ၍ မည်သည့်လူစားမျိုးကို အများအားဖြင့် ကြောက်ရွံ့ကြသနည်း။ (ဆိုးယုတ်သောလူများ ဖြစ်ပါသည်။) လူတိုင်းသည် ဆိုးယုတ်သောလူများကို ကြောက်ရွံ့ကြသည်။ အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံးထဲ၌ ဤလူသည် ဆိုးယုတ်ကြောင်း သိသည်။ ဤအခြေခံအပေါ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအပေါ် ၎င်းတို့၏ သဘောထားကို စောင့်ကြည့်လေ့လာလော့။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို ကြည့်ရှုလော့၊ ပြီးလျှင် ၎င်းတို့၏ အမျိုးမျိုးသော အပြုအမူများကို ပိုင်းခြားသိမြင်ကာ ၎င်းတို့၏ အပြုအမူများမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရကို နားလည်ပြီး ပိုင်းခြားသိမြင်လာလော့။ အဆုံးစွန်၌ သင်သည် ၎င်းတို့မှာ အန္တိခရစ်တစ်ဦးဖြစ်ကြောင်း သတ်မှတ်နိုင်လျှင် သင်၏ ကြောက်ရွံ့မှုတွင် နောက်ထပ် အစိတ်အပိုင်းတစ်ခု ပါဝင်လာလိမ့်မည်၊ ယင်းမှာ ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို ကြောက်ရွံ့နိုင်သော်ငြားလည်း သင်သည် ၎င်းတို့ဘက်တွင် ရှိမည်မဟုတ်ဘဲ သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့ကို ငြင်းပယ်လိမ့်မည်၊ ဤသည်မှာ ကောင်းသောအရာလော သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) ၎င်းတို့က သင့်ကို ၎င်းတို့နှင့်အတူ မကောင်းမှုပြုရန် တောင်းဆိုလျှင် သင် သဘောတူမည်လော။ သင်၏ စိတ်နှလုံးထဲ၌ ဤအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်လော။ ၎င်းတို့က သင့်ကို ၎င်းတို့နှင့်အတူ ဘုရားသခင်ကို သံကုန်အော်ဟစ် ဆဲဆိုရန် သို့မဟုတ် ဝေဖန်အပြစ်တင်ရန် တောင်းဆိုလျှင် သင်သဘောတူမည်လော။ ၎င်းတို့က သင့်ကို အခြားသူများကို ညှဉ်းပန်းနှိပ်စက်ရာ၌ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အချို့သော လူပုဂ္ဂိုလ်များထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်များကို မဖြန့်ဝေရန် တောင်းဆိုလျှင် သင်သဘောတူမည်လော။ သင်သည် ဤအရာများကို လုပ်ဆောင်ရန် သဘောတူမည် မဟုတ်ကြောင်း ရာနှုန်းပြည့် မသေချာနိုင်သော်ငြားလည်း အနည်းဆုံးအနေဖြင့် သင်သည် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ လုပ်ရပ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပေလိမ့်မည်။ သင်သည် ၎င်းတို့နှင့်အတူ အချို့အရာများကို မလိုမလားနှင့် အတင်းအကျပ်ဖိအားပေးမှုအောက်တွင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း ယင်းမှာ သင်သည် ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ်စေခိုင်းခြင်း ခံခဲ့ရသောကြောင့်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဆန္ဒအလျောက် ဖြစ်လိမ့်မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် အဓိကပြစ်မှုကျူးလွန်သူ ဖြစ်မည်မဟုတ်ဘဲ အများဆုံးအနေဖြင့် သင်သည် ၎င်းတို့၏ ပြစ်မှုများတွင် အပေါင်းအပါတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့ကို လူကိုယ်တိုင် ဖော်ထုတ်ခြင်း သို့မဟုတ် ဒေါသထွက်အောင်ဆွပေးခြင်း မပြုနိုင်သော်ငြားလည်း သင်သည် ၎င်းတို့၏ နောက်လိုက်အဖြစ်ဖြစ်စေ၊ ကြံရာပါအဖြစ်ဖြစ်စေ ပြုမူမည်မဟုတ်ပေ။ ဤသည်မှာ အတိုင်းအတာတစ်ခုအထိ အန္တိခရစ်ကို ငြင်းပယ်ခြင်းပင် ဖြစ်သည်။ လူအများစုသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့ကို ကြောက်ရွံ့ခြင်းကြောင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်နိုင်ရုံသာ ပြုလုပ်နိုင်ကြသည်၊ ထို့ကြောင့် သင်သည် ယာယီ၊ အရေးပေါ်ဖြေရှင်းနည်းတစ်ခုအဖြစ် ဤအရာကို လုပ်ဆောင်နိုင်ခြင်းသည် မဆိုးလှဟု ဆိုနိုင်ပေသည်။ သို့သော် ဤအဆင့်သို့ ရောက်ရှိခြင်းသည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းဟု မှတ်ယူနိုင်သလော။ ယင်းသည် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းဟု မှတ်ယူနိုင်သလော။ ယင်းသည် စာတန်ကို အောင်နိုင်ခြင်းဟု မှတ်ယူနိုင်သလော။ ဘုရားသခင်၏ အမြင်တွင်မူ မှတ်ယူ၍မရပေ။ သို့ဆိုလျှင် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် သင်မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သင်တို့အားလုံးသည် လမ်းကြောင်းတစ်ခု ကင်းမဲ့နေကြပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်လိုက်ကြခြင်းသာ ဖြစ်၏။ “၎င်းတို့က မကောင်းမှုပြုသည်၊ သို့သော် ကျွန်ုပ်သည် ၎င်းတို့နှင့်အတူ မကောင်းမှုပြုရန် မဝံ့ရဲပါ၊ ကျွန်ုပ်သည် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ပါသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူများကို ညှဉ်းပန်းနှိပ်စက်ရန် မကောင်းမှုများ ပြုကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ကိုယ်တိုင် မည်သူ့ကိုမျှ မညှဉ်းပန်းသရွေ့ အဆင်ပြေပါသည်။ ထိုမကောင်းမှုအတွက် ကျွန်ုပ် အပြစ်တင်ခြင်း ခံရမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အများဆုံးအနေဖြင့် သင်တို့သည် ဤသို့လုပ်ဆောင်နိုင်လျှင် မဆိုးလှဟု ဆိုနိုင်ပေသည်၊ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်နေပြီး အလယ်အလတ် လမ်းစဉ်ကို ပုံသေစောင့်ထိန်းနေခြင်းမျှသာ ဖြစ်ကာ သင်သည် သက်သေခံနိုင်စွမ်း မရှိပေ။ သို့ဆိုလျှင် သက်သေခံရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အယူဝါဒအရဆိုလျှင် သင်သည် ဆိုးယုတ်သောလူများကို ငြင်းပယ်သင့်သည်၊ အန္တိခရစ်တို့ကို ငြင်းပယ်ပြီး ဖော်ထုတ်သင့်သည်၊ ပြီးလျှင် အန္တိခရစ်တို့အား ဘုရားအိမ်တော်၌ မကောင်းမှုများလုပ်ကာ သောင်းကျန်းခြင်းနှင့် ဘုရားအိမ်တော်သို့ ဆုံးရှုံးမှုများ ဖြစ်စေခြင်းတို့မှ တားဆီးသင့်သည်။ သို့သော် ဤအရာကို အတိအကျ မည်သို့လုပ်ဆောင်ရမည်ကို သင်သိသလော။ (အထက်သို့ တိုင်ကြားပြီး ပြောပြပါ။) ယင်းမှာ သင်တို့ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့် တာဝန်များနှင့် ဝတ္တရားများ၏ အတိုင်းအတာပင်လော။ ယင်းမှာ သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်သည့် သက်သေခံချက်အားလုံး၊ သင်၌ရှိသော ဝိညာဉ်ရင့်ကျက်မှုအားလုံးပင်လော။ အန္တိခရစ်တစ်ဦးကို တိုင်ကြားခြင်းမှလွဲ၍ သင်တို့ အခြားမည်သည့်အရာကို လုပ်ဆောင်နိုင်သေးသနည်း။ (ကျွန်ုပ်တို့သည် ရှေးဦးစွာ အန္တိခရစ်၏ တစ်သမတ်တည်းဖြစ်သော အပြုအမူနှင့် မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များကို အတူတကွ စုစည်းနိုင်ပြီးနောက် ဤအချက်အလက်များအရ ညီအစ်ကိုမောင်နှမများနှင့်အတူ အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယဖွဲ့နိုင်ပါသည်။ ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အားလုံးသည် အန္တိခရစ်ကို ဖော်ထုတ်ရန်အတွက် ဆောင်ရွက်နိုင်ပြီး နောက်ပိုင်းတွင် ကျွန်ုပ်တို့သည် ၎င်းတို့ကို အသင်းတော်မှ နှင်ထုတ်နိုင်ပါသည်။) အဆင့်များနှင့် လုပ်ငန်းစဉ်များသည် မှန်ကန်သည်၊ သို့သော် အချို့သော အထူးအခြေအနေများအတွက်မူ အဘယ်သို့နည်း။ သင်သည် ခေါင်းဆောင်တစ်ဦး၏ ရာထူးနေရာမှ ပြောဆိုနေခြင်းဖြစ်သည်၊ သို့သော် သာမန်ယုံကြည်သူတစ်ဦးက အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့လျှင် မည်သို့ဖြစ်မည်နည်း။ ယင်းမှာ ကျောက်တုံးကို ကြက်ဥနှင့် ပေါက်ခြင်းနှင့် တူသည် မဟုတ်လော။ ထိုသို့သောအခြေအနေများတွင် သင်တို့ မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဝင်ငွေနှင့် အသုံးစရိတ်များကို စာရင်းပြုစုခြင်းနှင့် အစီရင်ခံခြင်းတို့နှင့် သက်ဆိုင်သော ဇာတ်လမ်းတစ်ပုဒ်ကို သင်တို့ကို ငါပြောပြမည်။ စာရင်းများကို ထိန်းသိမ်းရန် တာဝန်ရှိသူတစ်ဦး ရှိခဲ့သည်၊ တစ်ခုမှာ အပြင်ပိုင်း အသုံးပြုရန်အတွက်ဖြစ်ပြီး တစ်ခုမှာ အတွင်းပိုင်း အသုံးပြုရန်အတွက် ဖြစ်သည်။ တစ်နေ့တွင် အတွင်းပိုင်းစာရင်း၌ ဒေါ်လာနှစ်ရာ ကွာဟချက်တစ်ခု ရှိနေခဲ့သည်။ နောက်ပိုင်းတွင် ကြီးကြပ်ရေးမှူးက စာရင်းများကို စစ်ဆေးရန် ရောက်လာပြီး ကွာဟချက်ကို မြင်သောအခါ သူက “အတွင်းပိုင်းစာရင်းကို ဆုတ်ဖြဲလိုက်ပါ။ အပြင်ပိုင်းစာရင်းတစ်ခုတည်းကိုသာ ထားလိုက်၊ သို့ဆိုလျှင် မည်သူ့တွင်မျှ သက်သေရှိမည် မဟုတ်ပါ” ဟု ဆိုသည်။ ထိုနေရာရှိ လူပုဂ္ဂိုလ်များထဲမှ တစ်ဦးက သဘောမတူဘဲ “ဤသည်မှာ ပူဇော်သက္ကာ ဖြစ်သည်။ ငွေမည်မျှပင်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ ငွေဖြစ်သည်၊ သင်ဤသို့ လုပ်၍မရနိုင်ပါ” ဟု ဆိုသည်။ ကြီးကြပ်ရေးမှူးက မည်သည့်အရာမျှ မပြောဆိုဘဲ အခြားလူတစ်ဦးကမူ “ဒေါ်လာနှစ်ရာသည် အဘယ်မှာ အရေးပါသနည်း။ အန္တိခရစ်တို့ အလွဲသုံးစားလုပ်သည့်အခါ တစ်ခါတည်းကို သောင်းချီနေခြင်း ဖြစ်သည်” ဟု မှတ်ချက်ပေးခဲ့သည်။ ဤသို့ဖြင့် ထိုလူတို့သည် ထိုကိစ္စကို ထိုနည်းအတိုင်း ဖြေရှင်းခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် လူတစ်ဦးက ဤချဉ်းကပ်ပုံသည် မှားယွင်းသည်ဟု ခံစားရပြီး ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ အထက်သို့ တိုင်ကြားခဲ့သည်။ ထိုအဖွဲ့က ဒေါ်လာနှစ်ရာသည် များပြားသော ပမာဏမဟုတ်ကြောင်းနှင့် ၎င်းတို့သည် ယင်းကို ကိုင်တွယ်ရန် အလွန်အလုပ်များနေကြောင်း ပြောဆိုခဲ့သည်။ အသင်းတော်ခေါင်းဆောင်များထံ တိုင်ကြားသည့်အခါတွင်လည်း ၎င်းတို့သည်လည်း ယင်းကို မဖြေရှင်းခဲ့ကြဘဲ အားလုံးက ထိုကိစ္စကို လျစ်လျူရှုခဲ့ကြသည်။ ထိုကိစ္စကို တိုင်ကြားခဲ့သူသည် “ဤသူတို့အားလုံး အဘယ်၍များ ဤသို့ဖြစ်နေကြသနည်း။ ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ်တွင် ၎င်းတို့သည် မည်သို့ဖြစ်၍များ အလွန် တာဝန်မဲ့နိုင်ကြသနည်း။ သူတို့က အလွန် ဗြောင်ကျကျ လိမ်လည်လှည့်ဖြားဖို့ပင် ဝံ့ရဲကြသည်” ဟု ဆိုကာ စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ သူသည် ဤကိစ္စအတွက် စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ တစ်နေ့တွင် ငါသည် ထိုလူတို့ထံ အလည်အပတ်သွားသောအခါ ထိုသူသည် ဤကိစ္စကို ငါ့အား တိုင်ကြားခဲ့ပြီး စာရင်းကိုင်လုပ်သူသည် ပေါ့ဆကြောင်း၊ ၎င်းတို့သည် စာရင်းကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြောင်း၊ အဆုံး၌ ကွာဟချက်တစ်ခု ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ဤကိစ္စသည် အလွန်ကြီးမားခြင်း မရှိသော်လည်း ပါဝင်ပတ်သက်သူတစ်ဦးချင်းစီ၏ သဘောထားများမှာ မတူညီခဲ့ပေ။ ဤကြီးကြပ်ရေးမှူးများနှင့် ခေါင်းဆောင်များဟု ခေါ်သူတို့သည် ထိုကိစ္စကို မဖြေရှင်းခဲ့ကြပေ။ ၎င်းတို့သည် စာရင်းကိုင်လုပ်သူကို ထွက်သွားခိုင်းခြင်း မရှိသည်သာမက ထိုသူကို ကာကွယ်ရန် ဆင်ခြေတစ်ခုကိုပင် ရှာခဲ့ကြသည်။ ကိစ္စကို တိုင်ကြားခဲ့သူသည် ဆက်လက်တိုင်ကြားခဲ့သော်လည်း လူများစွာ၏ ကြဉ်ခြင်းကို ခံခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသူသည် ထိုကိစ္စကို တိုင်ကြားသည့်အခါ မည်သို့သော စိတ်နေစိတ်ထားမျိုး ရှိခဲ့သနည်း။ အကယ်၍ ၎င်းတို့တွင် “ဒေါ်လာနှစ်ရာသည် အဘယ်မှာ အရေးပါသနည်း။ အန္တိခရစ်တို့ အလွဲသုံးစားလုပ်သည့်အခါ တစ်ခါတည်းကို သောင်းချီနေခြင်း ဖြစ်သည်” ဟု ဆိုခဲ့သော အခြားသူတစ်ဦးကဲ့သို့ တစ်ပုံစံတည်းသော သဘောထားမျိုး ရှိခဲ့မည်ဆိုလျှင် ၎င်းသည် ထိုကိစ္စကို တိုင်ကြားနေဦးမည်လော။ တိုင်ကြားမည် မဟုတ်ပေ။ အကယ်၍ ၎င်းက “ဤသည်မှာ ကျွန်ုပ်၏ပိုက်ဆံမဟုတ်ပေ၊ အလွဲသုံးစားလုပ်လိုသူ မည်သူမဆို လုပ်ပါစေ၊ ၎င်းတို့၌ တာဝန်ရှိပေလိမ့်မည်။ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ အလွဲသုံးစား မလုပ်ခဲ့သည့်အတွက် ဤတာဝန်ကို ယူရန်မလိုပေ”၊ သို့မဟုတ် “ကျွန်ုပ်သည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့နှင့် အသင်းတော်ခေါင်းဆောင်များကို တိုင်ကြားပြီးပြီဖြစ်ကာ ၎င်းတို့အားလုံးက ကျွန်ုပ်ကို လျစ်လျူရှုသည်၊ ထို့ကြောင့် ကျွန်ုပ်၏အပိုင်းကို ကျွန်ုပ်လုပ်ပြီးပြီ၊ နောက်ထပ် ဒုက္ခခံရန်မလိုပေ” ဟု ဆိုခဲ့မည်ဆိုလျှင်၊ သူ့ထံတွင် ဤသဘောထားရှိခဲ့လျှင် ၎င်းသည် တိုင်ကြားခြင်းကို မဆုတ်မနစ် ဆက်လက် လုပ်ဆောင်နိုင်ဦးမည်လော။ သေချာပေါက် မလုပ်ဆောင်နိုင်ပေ၊ လူအများစုသည် အများဆုံးအနေဖြင့် ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ တိုင်ကြားပြီးနောက်တွင် ရပ်တန့်သွားကြလိမ့်မည်။ သို့သော် ဤသူသည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ သူ၏တိုင်ကြားချက်ကို တင်ပြသည့်အချိန်၌ပင် နောဧနှင့် အာဗြဟံတို့၏ ဇာတ်လမ်းများအကြောင်း ငါ၏မိတ်သဟာယကို ကြားခဲ့ရသည်။ နားထောင်ပြီးနောက် သူသည် စိတ်ထိခိုက်သွားပြီး “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် နောဧသည် နောက်မဆုတ်ဘဲ ယင်းတို့ကို နှစ်ပေါင်းများစွာ စွဲကိုင်ခဲ့သည်။ သို့တိုင်အောင် ကျွန်ုပ်မူကား ဤသေးငယ်သောအခက်အခဲကို ကြုံတွေ့ရုံမျှဖြင့် မရမနေလုပ်ဆောင်ခြင်း မပြုနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်လုပ်သင့်သည့်အရာ မဟုတ်ပေ” ဟု တွေးတောခဲ့သည်။ ထို့ကြောင့် သူသည် အဆုံး၌ အထက်သို့ ရောက်သည်အထိ ဇွဲဖြင့် တိုင်ကြားခဲ့ပြီး အထက်က ထိုကိစ္စကို ဖြေရှင်းပေးခဲ့သည်။ သင်တို့အလယ်၌ ထိုသို့သောလူများစွာ ရှိသည်ဟု သင်တို့ထင်သလော။ သင်တို့သည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့လျှင် သင်တို့ထဲမှ မည်မျှသည် ဤသူကဲ့သို့ ဇွဲရှိမည်နည်း။ သင်တို့သည်လည်း ဒေါ်လာနှစ်ရာသည် များပြားခြင်းမရှိ၊ ကြီးမားသောကိစ္စမဟုတ်ဟု ယုံကြည်ပြီး ထို့ကြောင့် စည်းမျဉ်းများကို အလွန်ပင် ခိုင်မာစွာ စွဲကိုင်ရန် သို့မဟုတ် အလွန် အလေးအနက်ထားရန် မလိုအပ်ကြောင်းနှင့် ကွာဟချက်ကြီးမားလာသည့်အချိန်အထိ စောင့်ပြီးမှ တိုင်ကြားနိုင်သည်ဟု တွေးထင်ကြမည်လော။ သင်တို့က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တာဝန်ကို ကောင်းမွန်စွာ ကျွန်ုပ်ဖြည့်ဆည်းပြီးပြီဖြစ်သည်။ ဖြေရှင်းလိုက်သည်ဖြစ်စေ၊ မဖြေရှင်းလိုက်သည်ဖြစ်စေ ဤသည်မှာ ခေါင်းဆောင်တို့၏ကိစ္စပင်ဖြစ်သည်။ ကျွန်ုပ်သည် သာမန်ယုံကြည်သူတစ်ဦးသာ၊ ကျွန်ုပ်၌ ဤမျှလောက်သာ အစွမ်းအစရှိသည်၊ ဤမျှလောက်သာ လုပ်ဆောင်နိုင်၏။ ကျွန်ုပ်တိုင်ကြားပြီးပြီ၊ ကျွန်ုပ်၏ဝတ္တရားကို ကျွန်ုပ်ဖြည့်ဆည်းပြီးပြီ၊ ကျန်သောအရာသည် ကျွန်ုပ်နှင့်မဆိုင်တော့ပေ” ဟု တွေးထင်ကြမည်လော။ ဤသည်မှာ သင်တို့ တွေးထင်ကြမည့်ပုံစံဖြစ်သည် မဟုတ်လော။ ပြီးလျှင် တစ်စုံတစ်ယောက်က သင့်ကို ဖိနှိပ်ခဲ့လျှင် သင်သည် တိုင်ကြားဖို့ မဝံ့ရဲတော့မည် မဟုတ်လော။ ဤသူသည် ကိစ္စကို တိုင်ကြားသည့် ဖြစ်စဉ်အတွင်း ဖိနှိပ်မှုကို ရင်ဆိုင်ခဲ့ရပြီး အချို့လူများက လက်ညှိုးထိုးပြီး ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျက် ၎င်းတို့ကို အမြဲတစေ ညှဉ်းပန်းရန် ကြည့်နေခဲ့ကြသည်။ ဤလူတို့သည် မည်မျှ မလိုမုန်းထားတတ်လိုက်ကြမည်နည်း။ ဤလူအနည်းငယ်ကို ငါအမှတ်ရနေသည်၊ အဘယ်ကြောင့် ငါအမှတ်ရနေသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစာကို စားသုံးပြီး ဘုရားသခင်ကျွေးမွေးသော သမ္မာတရားအားလုံးကို မွေ့လျော်ခံစားခဲ့ကြသည့်တိုင် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ထိုသို့သော သဘောထားမျိုး ရှိခဲ့ကြသည်။ ၎င်းတို့ကို ဘုရားအိမ်တော်၏ လူများအဖြစ် မှတ်ယူနိုင်သလော။ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် ဤကိုယ်ကျင့်စရိုက် မရှိသည့်အတွက် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် တောင်းဆိုခြင်း မခံခဲ့ရပေ။ သို့သော် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကိုပင် မလုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၎င်းတို့သည် ဘုရားအိမ်တော်၌ နေထိုင်ရန် ထိုက်တန်သေးသလော။ ထိုသို့သောလူများကို အမှတ်ရသင့်သလော။ သင်တို့သည် ထိုသို့သောလူများကို နှစ်သက်ကြသလော။ (မနှစ်သက်ပါ။) သို့ဆိုလျှင် သင်တို့သည် မည်သို့သောလူစားမျိုးကို နှစ်သက်ကြသနည်း။ (စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာသူများ၊ အဆုံးတိုင်အောင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ရန် ဇွဲရှိသူများကို နှစ်သက်ပါသည်။) ငါသည် ရှိန်လောက်သောသူကို မြင်လျှင် ကြောက်ရွံ့သော်လည်း ဟန်ဆောင်မှုကင်းသော လူများရှေ့တွင်မူ ခေါင်းမော့ရင်ကော့တတ်သည့် ထိုအသုံးမကျသူတို့ကို စက်ဆုပ်ရွံရှာသည်။ ငါသည် ကျွေးသောလက်ကို ပြန်ကိုက်သူများ၊ သမ္မာတရားကို စိတ်ဝင်စားမှုမရှိသူများ၊ အထူးသဖြင့် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခဲ့သော်လည်း သမ္မာတရားကို လုံးဝနားမလည်၊ စိုးစဉ်းမျှပင် မပြောင်းလဲဘဲ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သတိထားရှောင်နေဆဲဖြစ်သူများကိုလည်း စက်ဆုပ်ရွံရှာသည်။ အကယ်၍ ထိုသို့သောလူများ သိသာထင်ရှားစွာ မကောင်းမှုပြုသည့် ကိစ္စများမရှိလျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း မပြုနိုင်သော်လည်း ကျွန်ုပ်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်။ မည်မျှ စက်ဆုပ်ရွံရှာသနည်း။ အန္တိခရစ်တို့နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကုန်ပစ္စည်းတစ်ခုအဖြစ် သဘောထားပြုမူကာ ရောင်းချခြင်း၊ ကုန်သွယ်ခြင်း၊ ဖလှယ်ခြင်းတို့ပြုလုပ်ပြီး ယင်းမှ အကျိုးအမြတ်များ ရယူကြသည်။ ဤလူအမျိုးအစားသည် ဘုရားနှုတ်ကပတ်တော်များမှ အကျိုးအမြတ် မရနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ သဘောထားပြုမူသည့် သဘောထားမှနေ၍ ၎င်းတို့သည် အန္တိခရစ်တို့ကဲ့သို့ပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မလိုက်လျှောက်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ပူဇော်သက္ကာများအပေါ် ၎င်းတို့ထားရှိသင့်သည့် ရိုးရှင်းပြီး အခြေခံအကျဆုံးသော သဘောထားကိုပင် မပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် ကျွေးသောလက်ကို ပြန်ကိုက်ကြောင်း ကျွန်ုပ်တို့ တွက်ချက်ခန့်မှန်းနိုင်သည်။ ၎င်းတို့သည် မည်သို့သောအရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သခင်နှင့် မိမိတို့၏မိတ်ဆွေများကို သစ္စာဖောက်သော ယုဒများ ဖြစ်ကြသည်။ ဤဇာတ်လမ်းကို ကြားပြီးနောက် သင်တို့၏ အတွေးအခေါ်များမှာ အဘယ်နည်း။ သင်တို့သည် ထိုသို့သောအခြေအနေများတွင် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာပြီး သင်၏ ရပ်တည်ချက်ကို ခိုင်မာစွာ ဖက်တွယ်နိုင်ကြသလော။ သင်သည် အသုံးမကျသူတစ်ဦးဖြစ်ပြီး အမြဲတစေ တွန့်ဆုတ်နေလျှင်၊ အန္တိခရစ်တို့၏ အင်အားကို အမြဲကြောက်ရွံ့နေလျှင်၊ ၎င်းတို့၏ ညှဉ်းပန်းခြင်း ခံရမည်ကို ကြောက်ရွံ့နေလျှင်၊ ၎င်းတို့၏ အင်အားက သင့်ကို ဒုက္ခပေးမည်ကို ကြောက်ရွံ့နေလျှင်၊ ပြီးလျှင် သင်၏ စိတ်နှလုံးထဲ၌ အမြဲကြောက်ရွံ့နေပြီး ဤအရာကို တုံ့ပြန်ရန် ဉာဏ်ပညာ ကင်းမဲ့နေလျှင်၊ အန္တိခရစ်တို့ကို အမြဲတစေ အလျှော့ပေးလိုက်လျောနေလျှင်၊ ၎င်းတို့ကို တိုင်ကြားရန် သို့မဟုတ် ဖော်ထုတ်ရန် မဝံ့ရဲလျှင်၊ သို့မဟုတ် ၎င်းတို့ကို ငြင်းပယ်ရန် သင်နှင့်အတူ ပေါင်းစည်းမည့် အခြားသူများကို မရှာဖွေဝံ့လျှင် သင်သည် ဘုရားသခင်အတွက် သင်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သူတစ်ဦး မဟုတ်ပေ၊ သင်သည် အသုံးမကျသူတစ်ဦး၊ ကျွေးသောလက်ကို ပြန်ကိုက်သည့်အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူကာ ၎င်းတို့ကို အသုံးပြု၍ မိမိတို့အတွက် မတရားသော အမြတ်အစွန်းများကို မတော်တရော် ရယူရန်၊ သင့်ကို ခြိမ်းခြောက်ရန်နှင့် သင်၏ အာဟာရဖြည့်တင်းပေးခြင်းကို ဖြတ်တောက်ရန် ပြုလုပ်သည့်အခါ ထိုသို့သောအခြေအနေများတွင် သင်သည် ၎င်းတို့ကို ငြင်းပယ်နိုင်ခြင်းမရှိသေးလျှင် သင်သည် အောင်နိုင်သူတစ်ဦး ဟုတ်သလော။ သင်သည် ခရစ်တော်၏ နောက်လိုက်တစ်ဦးဖြစ်ရန် ထိုက်တန်သလော။ ဘုရားသခင်က သင့်အား အခမဲ့ပေးသနားသော နှုတ်ကပတ်တော်များနှင့် ဝိညာဉ်ရေးရာ အာဟာရဖြည့်တင်းပေးခြင်းကို ရယူရန် စွမ်းရည်ပင် သင်၌ ကင်းမဲ့နေလျှင်၊ ဤအရာများကို စားသောက်ခြင်း သို့မဟုတ် ခံစားခြင်းပင် မပြုနိုင်လျှင် ယင်းက သင့်ကို မည်မျှ တန်ဖိုးမရှိဖြစ်စေသနည်း။

အထက်တွင် ငါ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် အချက်အလက်များသည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကုန်ပစ္စည်းများအဖြစ် သဘောထားပြုမူခြင်း၏ သရုပ်သကန်အချို့ပင် ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်ကြဘဲ သမ္မာတရားကိုလည်း လက်မခံကြပေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမွှမ်းတင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောလောက်သာဖတ်ပြီး တစ်ချက်ကြည့်ရုံမျှသာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြုမူကြသည်၊ သို့ဖြစ်၍ ၎င်းတို့လိုအင်ဆန္ဒရှိသော ငွေနှင့် အကျိုးအမြတ်များကို ရရှိရန် အရောင်းအဝယ်များ ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ စားသောက်ရန် ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ လွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထိုသို့သော အန္တိခရစ်တို့သည် ဆိုးယုတ်သောလူများ၊ နတ်ဆိုးများ၊ မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဘာသာတရားမရှိသူတို့၏ အမျိုးအနွယ်ပင်တည်း။ ဘုရားအိမ်တော်၌ ပေါ်လာသူ မည်သူမဆို နှင်ထုတ်ခြင်းခံသင့်သည်၊ ထာဝရ နှင်ထုတ်ခြင်းခံရသင့်လေ၏။ သင်တို့သည် ထိုသို့သောလူများနှင့် ကြုံတွေ့သည့်အခါ ၎င်းတို့ကို ငြင်းပယ်ဝံ့သလော။ သင်တို့သည် ပေါင်းစည်းပြီး ၎င်းတို့ကို ဖော်ထုတ်ဝံ့သလော။ ၎င်းတို့ကို ဖော်ထုတ်သင့်သည်၊ ၎င်းတို့ကို ငြင်းပယ်သင့်သည်။ ဘုရားအိမ်တော်သည် သမ္မာတရားက အုပ်စိုးသည်။ သင်သည် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် သင်၏အတွင်း၌ အသက်မဖြစ်သေးကြောင်း သက်သေပြနေသည်။ သင်သည် ကြောက်တတ်လျှင်၊ စာတန်များကို ကြောက်ရွံ့လျှင်၊ ဆိုးယုတ်သောလူများကို ကြောက်ရွံ့လျှင်၊ အန္တိခရစ်တို့ကို တိုက်ခိုက်မည့်အစား သင့်ကိုယ်သင် ကာကွယ်ရန် အလျှော့ပေးလိုက်လျောရခြင်းကို ပိုနှစ်သက်လျှင်၊ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်ခြင်း သို့မဟုတ် မရရှိခြင်းကို ဆိုလိုလျှင်ပင် သင်သည် ငတ်သေထိုက်သည်၊ သင်သေသွားလျှင်ပင် မည်သူကမျှ သနားမည်မဟုတ်ပေ။ သင်တို့သည် ထိုသို့သောအခြေအနေများနှင့် ကြုံတွေ့လျှင် မည်သို့ရွေးချယ်ပြီး လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်တို့သည် ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကုန်ပစ္စည်းများမဟုတ်ပေ၊ ယင်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူအားလုံးအတွက် ထောက်ပံ့ပေးခြင်းဖြစ်သည်၊ ယင်းတို့သည် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းမျှ မဟုတ်ပေ။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့အတွက် ထိမ်ချန်ထားပိုင်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့် မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်နောက်လိုက်သည့် ရွေးချယ်ထားသော လူအားလုံးထံ အခမဲ့နှင့် အဖိုးအခမယူဘဲ ဖြန့်ဝေသင့်သည်။ ယင်းတို့ကို ထိမ်ချန်ထားသူ၊ ယင်းတို့ထံမှ မတရားသော အမြတ်အစွန်းများကို မတော်တရော် ရယူရန် ကြိုးပမ်းသူ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကိုယ်ပိုင်အစီအစဉ်များ ရှိသူတိုင်းသည် ကျိန်ခြင်းခံရထိုက်သည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့က ထ၍ ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည့် လူပုဂ္ဂိုလ်များဖြစ်ကြကာ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖြတ်တောက်ဖယ်ရှားခြင်း ခံရသင့်သည့်သူများ ဖြစ်ကြသည်။

ယနေ့ ငါ မိတ်သဟာယဖွဲ့ခဲ့သည့် အချက်နှစ်ချက်သည် အန္တိခရစ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့မထီမဲ့မြင်ပြုကြောင်းကို လုံလောက်စွာ သရုပ်ဖော်ပြနိုင်သလော။ (ပြနိုင်ပါသည်။) အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သဘောထားပြုမူခြင်း မရှိကြသကဲ့သို့ ယင်းတို့ကို ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကဲ့သို့ မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ သို့မဟုတ် သဘောထားပြုမူခြင်းလည်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ပြောမထွက်နိုင်အောင် စက်ဆုပ်ဖွယ်ကောင်းပြီး ညစ်ညမ်းသော ရည်ရွယ်ချက်များကို အချိန်တိုင်း ထုတ်ဖော်ပြသကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပြောမထွက်နိုင်သော ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုကြခြင်းသာဖြစ်ပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဝတ္ထုဆိုင်ရာ မဟုတ်သည့်အရာများဖြစ်စေ ၎င်းတို့သည် မိမိတို့အတွက် မတရားသော အကျိုးအမြတ်ကို မတော်တရော် ရယူရန်၊ ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ရရှိရန်၊ သို့မဟုတ် လူတို့ကို ၎င်းတို့အား မျက်နှာလိုမျက်နှာရလုပ်စေခြင်း၊ အထင်ကြီးစေခြင်း၊ ကိုးကွယ်စရာကဲ့သို့ ကိုးကွယ်စေခြင်းနှင့် နောက်လိုက်စေခြင်းဟူသော ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလိုကြသည်။ ဤအရာများသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး လူတို့က ငြင်းပယ်သင့်သည်။ တစ်ဦးတလေက ထိုသို့သော လူပုဂ္ဂိုလ်များ သို့မဟုတ် ထိုသို့သောအရာများ ဖြစ်ပျက်နေသည်ကို တွေ့ရှိသည့်အခါတိုင်း ၎င်းတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များအား ဘုရားသခင်ရွေးချယ်ထားသော လူတို့အလယ်၌ ခိုင်မာစွာ ရပ်တည်ခြင်းမှ တားဆီးလျက် ၎င်းတို့ကို ထ၍ ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည်။ အချို့က ၎င်းတို့သည် ဤအရာများကို ကြုံတွေ့လျှင် အထက်သို့ တိုင်ကြားမည်ဟု ဆိုကြသော်လည်း ယင်းမှာ ဘာသိဘာသာ ဖြစ်လွန်းပြီး နှောင့်နှေးလွန်းသည်။ သင်သည် ဤအရာများကို အထက်သို့ တိုင်ကြားရုံမျှသာဆိုလျှင် သင်သည် အလွန်အသုံးမကျပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို စားသောက်ခဲ့ပြီး တရားဒေသနာများစွာကို ကြားခဲ့သည့်တိုင် တိုင်ကြားရန်သာ သိသည်၊ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်လွန်းကြောင်း ဆိုလိုသည်။ သင်၌ အန္တိခရစ်တို့ကို ကိုင်တွယ်ရန် အခြားနည်းလမ်းများ ရှိလောက်သည် မဟုတ်လော။ အထက်သို့ တိုင်ကြားခြင်းသည် နောက်ဆုံးအားကိုးရာဖြစ်ပြီး လုံးဝလိုအပ်သည့်အခါမှသာ လုပ်ဆောင်ရသော အဆင့်တစ်ခုဖြစ်သည်။ သင်သည် အင်အားမမျှ၊ အစွမ်းအစမယှဉ်နိုင်ဘဲ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေလျှင်၊ တစ်စုံတစ်ဦးသည် အန္တိခရစ်ဟုတ်မဟုတ် မသေချာလျှင် သင်သည် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် လုပ်ရပ်များကို ဖော်ထုတ်ရန် မဝံ့ရဲဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် သင်သည် ၎င်းတို့မှာ အန္တိခရစ်ဖြစ်ကြောင်း သေချာပြီးဖြစ်လျက်နှင့် ၎င်းတို့ကို တိုက်ခိုက်ရန်၊ ငြင်းပယ်ရန်နှင့် အနိုင်ယူရန် ထ၍မတိုက်ဝံ့သေးလျှင် သင်သည် အလွန်အသုံးမကျသည် မဟုတ်လော။ သင်နားလည်သော သမ္မာတရားအနည်းငယ်သည် အသုံးချခြင်းမခံရပေ။ သင်နားလည်ပြီး ကြားသိရသောအရာသည် သမ္မာတရားဖြစ်ကြောင်း သင်သေချာပါသလော။ အကယ်၍ သေချာပါက အဘယ်ကြောင့် သင်သည် အန္တိခရစ်တို့ကို မျက်နှာတင်းတင်းဖြင့် ဖြောင့်မတ်စွာ ထ၍ မတိုက်ခိုက်ဝံ့ရသနည်း။ အန္တိခရစ်တို့သည် အုပ်စိုးသူ အာဏာပိုင်များ မဟုတ်သည့်အတွက် သင်သည် ၎င်းတို့ကို အဘယ်အရာအတွက် ကြောက်ရွံ့နေရသနည်း။ သင်သည် ၎င်းတို့ကို မဆင်မခြင် ဖော်ထုတ်လိုက်လျှင် ၎င်းတို့က သင့်ကို အာဏာပိုင်များလက်သို့ အပ်နှံနိုင်သည့် အခြေအနေမျိုးမှလွဲ၍ ထိုသို့သောအခြေအနေများအောက်တွင် သင်သည် သတိထားသင့်သည်၊ ၎င်းတို့ကို ဒေါသထွက်အောင် မဆွပေးဘဲ အန္တိခရစ်တို့ကို တိတ်တဆိတ် ဝေဖန်သုံးသပ်ပြီး အသရေဖျက်ရန်၊ ၎င်းတို့ကို တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းရန် ဉာဏ်ပညာရှိသော နည်းလမ်းများကို အသုံးပြုသင့်သည်။ ၎င်းတို့ကို တိတ်တဆိတ် ဖယ်ရှားရှင်းလင်းခြင်းသည် ပို၍ အထင်ကြီးလောက်စရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယနေ့အတွက် မိတ်သဟာယကို ဤမျှဖြင့် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။