အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း တစ်

ဖြည့်စွက်ချက်- သမ္မာတရားဟူသည်မှာ

ယနေ့တွင် ပြီးခဲ့သည့်အခေါက်က အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်မိတ်သဟာယပြုမည်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာမှာ အဘယ်နည်း။ (“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” သည် သမ္မာတရားမဟုတ်ပါ။) သို့ဆိုလျှင် ထိုအရာက သမ္မာတရားဖြစ်သည်ဟု သင်တို့ တွေးလေ့ရှိခဲ့ကြသလော။ လူတို့က ထိုအရာသည် သမ္မာတရားဖြစ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် အတန်အသင့် အပြုသဘောဆောင်သည်၊ စေ့ဆော်နိုင်ပြီး လူတို့အား ကြိုတင်ဦးဆောင်လှုပ်ရှားကာ တိုးတက်ပြောင်းလဲလိုစိတ်ရှိစေဖို့ ခွန်အားပေးနိုင်ချေရှိသည်ဟု အမှုမဲ့အမှတ်မဲ့ တွေးထင်လေ့ရှိခဲ့ကြသည်။ ထိုအရာကို ဤဆိုလိုရင်းအဆင့်မှ ကြည့်သည့်အခါ သမ္မာတရားနှင့် အတန်အသင့် နီးစပ်ပြီး အပြုသဘောဆောင်သောအရာများနှင့် အတန်အသင့် နီးစပ်သည်ဟု လူတို့ တွေးခဲ့ကြသည်။ ထို့ကြောင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသည့် ဤဆိုရိုးသည် အတန်အသင့် အပြုသဘောဆောင်သော စကားအသုံးအနှုန်းတစ်ခု ဖြစ်သည် သို့မဟုတ် အနည်းဆုံးအနေဖြင့် အပျက်သဘောဆောင်သော ဂယက်အနက်ထက် အပြုသဘောဆောင်သော ဂယက်အနက်ရှိကာ လူတို့၏ ဘဝများနှင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းတို့ကို အထောက်အကူပေးရာတွင် အခန်းကဏ္ဍတစ်ခု ရှိခဲ့သည်ဟု လူတို့က အမှုမဲ့အမှတ်မဲ့ ယုံကြည်ခဲ့ကြသည်။ သို့သော် ထိုအရာနှင့်ပတ်သက်၍ မိတ်သဟာယ ပြုပြီးနောက်တွင် ထိုသို့သောအရာမျိုး တစ်ခုမျှ မဟုတ်ကြောင်းနှင့် ထိုအရာနှင့်ပတ်သက်၍ ကြီးမားသည့် ပြဿနာများရှိကြောင်းကို ငါတို့ မြင်တွေ့ခဲ့ကြသည်။ ဤစကားအသုံးအနှုန်းနှင့် ဆင်တူသည့် စကားအသုံးအနှုန်းများကိုဖြစ်စေ၊ ဆက်စပ်သည့် စကားအသုံးအနှုန်းများကိုဖြစ်စေ၊ အလားတူ အခန်းကဏ္ဍတစ်ခုရှိပြီး လူတို့က အတန်အသင့် အပြုသဘောဆောင်သည် သို့မဟုတ် အတန်အသင့် ကောင်းမြတ်သည်ဟု အမှုမဲ့အမှတ်မဲ့ တွေးထင်ကြသည့် စကားအသုံးအနှုန်းများကိုဖြစ်စေ သင်တို့ နောက်ထပ် ရှာဖွေကာ စိစစ်ပြီးကြပြီလော။ (ထိုသို့မလုပ်ရသေးပါ။) ငါ့ကို ပြောလော့၊ “သာဓကတစ်ခုမှ တစ်ခုကိုနားလည်ပြီး အလားတူအရာများကို သိရှိခြင်း”သည် ဤနေရာတွင် သင့်တော်သလော။ (သင့်တော်ပါသည်။) ဤစကားအသုံးအနှုန်းသည် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ လက်တွေ့ကျသည့် အသုံးဝင်မှုများရှိသည်ဟု ပြောရမည်ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့သည် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” အကြောင်းကို မိတ်သဟာယပြုခဲ့ကြသည်။ အခြားအလားတူ မည်သည့် စကားအသုံးအနှုန်း အမျိုးအစားများ ရှိသနည်း။ အခြားမည်သည့် စကားအသုံးအနှုန်းများက အကြမ်းဖျင်းအားဖြင့် တူညီသည့် အဓိပ္ပာယ်ရှိသနည်း သို့မဟုတ် တူညီသည့် အခန်းကဏ္ဍကို ဆောင်ရွက်နိုင်သနည်း။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသကဲ့သို့သော စကားအသုံးအနှုန်းများကို အချင်းချင်း မိတ်သဟာယပြုရင်းနှင့် အသစ်သော သိနားလည်မှုအချို့ကို ရရှိရင်း ငါ့နည်းလမ်းအတိုင်း သင်တို့ စိစစ်ရာတွင် မည်သည့် အန္တရာယ်မျှ မရှိပေ။ ယင်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို သင် ရိပ်စားမိနိုင်သည့်အခါ ထိုသို့သော စကားအသုံးအနှုန်းများကို သင် စွန့်ပစ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များပေါ် လုံးဝ အခြေခံထားသည့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းလမ်းကို လျှောက်လိမ့်မည်ဖြစ်သည်။

ယခင်နှစ်ခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာကို ဆက်ကြစို့။ ယင်းမှာ မည်သည့် အကြောင်းအရာ ဖြစ်သနည်း။ (သမ္မာတရားဟူသည်မှာဖြစ်သည်။) မှန်ပေ၏၊ သမ္မာတရားဟူသည်မှာ ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားဟူသည်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (သမ္မာတရားသည် လူ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) သင်တို့သည် သဘောတရားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဤစာကြောင်းကို အာဂုံဆောင်ပြီးပုံရသည်။ သို့ဆိုလျှင် ငါတို့၏ ယခင်မိတ်သဟာယနှစ်ခုနောက်ပိုင်း သင်တို့၏ စိတ်နှလုံးအတွင်းတွင် ယခင်နှင့်နှိုင်းစာလျှင် ယခုအခါ၌ သမ္မာတရားအပေါ် သင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အသိပညာနှင့် သဘောပေါက်နားလည်နိုင်စွမ်း၌ ကွာခြားချက်တစ်ခုခု ရှိသလော။ (ရှိပါသည်။) ဤကွာခြားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သနည်း။ ရေတိုအနေဖြင့် သင်သည် လက်တွေ့ကျသည့် အတွေ့အကြုံနှင့်ဆိုင်သော အသိပညာရှိကောင်းရှိနိုင်မည်မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သင့်ထံတွင် သိမြင်နိုင်သော အသိပညာတစ်ခုခု ရှိပေသည်။ သင်တို့၏ ကိုယ်ပိုင် အတွေ့အကြုံ၊ အသိပညာနှင့် သိနားလည်မှုတို့ကို အခြေခံ၍ ငါ့ကိုပြောလော့။ (ကိစ္စရပ်များ ကျွန်ုပ်အပေါ်ကျရောက်သည့် အချိန်တိုင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ကို ယခင်က ကျွန်ုပ် သိခဲ့သော်လည်း မည်သည့်အခါတွင်မျှ ထိုအရာကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ထိုအရာမှာ တဇောက်ကန်းဖြစ်ခြင်းကို ကျွန်ုပ် ထုတ်ဖော်တတ်လေ့ရှိပြီး တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ခြင်းသည် မှားယွင်းကြောင်းကို ဘုရားနှုတ်ကပတ်တော်များမှ ကျွန်ုပ် သိကာ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျွန်ုပ် သိသော်လည်း လုပ်ဆောင်မိဆဲဖြစ်သည့်အပြင် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ကျွန်ုပ် ရှာမတွေ့ခဲ့သကဲ့သို့ပင် ဖြစ်လေသည်။ ပြီးခဲ့သည့်အခေါက်တွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ် နားထောင်ပြီးနောက်တွင်သာ လူတို့သည် စာတန်ဆန်သော အတွေးအခေါ်များ၏ ထိန်းချုပ်ခြင်းခံရသောကြောင့် ဖောက်ပြန်ပျက်စီးမှုကို မကြာခဏ ထုတ်ဖော်ကြကြောင်းနှင့် ကျွန်ုပ်အတွင်းတွင် “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ် တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”ဟူသည့် စာတန်ဆန်သော တွေးခေါ်မှုစနစ်ရှိသောကြောင့်လည်းကောင်း၊ ဤဆိုရိုးက မှန်ကန်သည်ဟု ကျွန်ုပ် တွေးထင်သောကြောင့်လည်းကောင်း တဇောက်ကန်းဖြစ်ခြင်းကို ကျွန်ုပ် ထုတ်ဖော်ပြမိကြောင်းနှင့် မိမိကိုယ်ကို ကာကွယ်သော နည်းလမ်းတစ်ခုအနေဖြင့် ဤသို့ ကျွန်ုပ် ပြုမူဆောင်ရွက်ကြောင်း ကျွန်ုပ် သဘောပေါက်ခဲ့သည်။ ဤစာတန်ဆန်သော အတွေးနှင့် အမြင်တို့၏ လွှမ်းမိုးခြင်းခံရသဖြင့် သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါ။ သို့သော် အမှန်တွင် ဤစာတန်ဆန်သော အရာများသည် အပြင်ပန်းအားဖြင့် မှန်ကန်ပုံရသော်လည်း အမှန်တွင် ယင်းတို့ သိရှိစေသည့် အဓိပ္ပာယ်သည် ဘုရားနှုတ်ကပတ်တော်များ တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်နေပြီး မှားယွင်းပေသည်။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် အညီ ပြုမူဆောင်ရွက်ခြင်းသည်သာ လုံးဝ မှန်ကန်ပါသည်။) အမှန်တကယ် ကောင်းပေ၏။ ထိုအရာကို မည်သူ ဖြည့်စွက်ပြောဆိုပေးနိုင်သနည်း။ (တစ်စုံတစ်ရာကို ကျွန်ုပ် ဖြည့်ပြောချင်ပါသည်။ ကျွန်ုပ်လည်း ကိစ္စရပ်များ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရမည်ကို ယခင်က သိခဲ့သော်လည်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ် အနည်းငယ် မရှင်းမလင်း ဖြစ်ခဲ့သေးသည်။ ဘုရားသခင်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် သမ္မာတရားက အလွန် လက်တွေ့ကျပြီး ဘဝ၏ ကဏ္ဍတိုင်းနှင့် ဆက်စပ်သည်ကို ကျွန်ုပ် ခံစားရသည်။ ဘုရားသခင် ဖော်ပြခဲ့သည့် ဥပမာအချို့ကို ကြည့်ပါ။ တရုတ်လူမျိုးများသည်လည်း အနောက်တိုင်း နိုင်ငံများတွင် ရောက်ရှိပြီးနောက် ကော်ဖီသောက်တတ်လာကြသည်။ ဤသည်မှာ လူတစ်ဦး၏ ပြုမူပုံနှင့်ပတ်သက်သည့် ပြဿနာတစ်ခု မဟုတ်ဘဲ လူတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်ပြီး ဤအရာသည် သမ္မာတရားနှင့် ဆက်စပ်ပါသည်။ ထို့အပြင် မှန်သည်ဟု လူတို့ တွေးထင်သည့် အချို့သော တွေ့မြင်နေကျ ဆိုရိုးများနှင့် ဥပစာစကားများအပေါ် ဘုရားသခင်၏ စိစစ်မှုနောက်တွင် မှန်ကန်ပုံရသည့် ကျွန်ုပ်၏ကိုယ်ပိုင် အပြုအမူများနှင့် အလေ့အကျင့်များကိုလည်းကောင်း၊ ဤအပြုအမူများ နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်များ၊ အတွေးအခေါ်များနှင့် အမြင်များကိုလည်းကောင်း၊ ဤအရာများအပေါ် မှီခိုအားထားခြင်းအားဖြင့် မည်သည့်အရာကို ကျွန်ုပ် အတိအကျ အသက်ရှင်နေထိုင်နေသည်ကိုလည်းကောင်း ကျွန်ုပ် ပြန်လည်သုံးသပ်သင့်ကြောင်းကို စဉ်းစားလာမိပါသည်။ ယခုတွင် ကျွန်ုပ်အပေါ် ကိစ္စရပ်များ ကျရောက်သည့်အခါတိုင်းတွင် သမ္မာတရားကို မည်သို့ ရှာဖွေကာ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ပိုမိုအတိအကျခံစားရပြီး ယင်းမှာ စိတ်ကူးသက်သက် သိပ်မဖြစ်တော့ပါ။) ဤမိတ်သဟာယနှစ်ခုမှတစ်ဆင့် လူအများစုက သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သမ္မာတရားနှင့် ဆက်စပ်သော အကြောင်းအရာအချို့အပေါ် အခြေခံကျသော သိနားလည်မှုတစ်ခုကို ရရှိပြီးဖြစ်သည်ဟု ထင်ရပြီး ၎င်းတို့၏ ပြုမူနေထိုင်မှုနှင့် လုပ်ရပ်တို့က သမ္မာတရားနှင့် ဆက်စပ်ခြင်း ရှိမရှိဟူသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းတွင် စောင့်ထိန်းလိုက်နာပြီး ကြားနာသည့်အရာများထဲမှ အတိအကျ မည်သည့်အရာတို့က သမ္မာတရားဖြစ်ပြီး မည်သည့်အရာတို့က သမ္မာတရားမဟုတ်သည်ကိုလည်းကောင်း၊ မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများက အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ဟူသည်နှင့် ထိုသို့သော အရာများက သမ္မာတရားနှင့် မည်သည့် ဆက်စပ်မှုရှိသည်တို့ကိုလည်းကောင်း အလွန်ပင် ရိုးသားစစ်မှန်စွာ စတင်၍ ပြန်လည်သုံးသပ်နှင့်ကြပြီး ဖြစ်သည်။ ပြန်လည်သုံးသပ်ပြီးနောက်တွင် လူတို့က သမ္မာတရားဟူသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည့်အပြင် အတိအကျပင် မည်သည့်အရာများက သမ္မာတရားဖြစ်ပြီး မည်သည့်အရာက သမ္မာတရားမဟုတ်ဟူသည်တို့ကို ဆုံးဖြတ်နိုင်ကြလေသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို နှစ်ပေါင်းများစွာ စားသောက်ပြီးနောက်တွင် လူအများစုသည် အချို့သော အရာများကို ရရှိကြပြီးဖြစ်ကာ အမှန်တရားတစ်ခုကို ရှင်းလင်းစွာ မြင်နိုင်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်များက ဧကန်အမှန် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်ထံမှ လာသည့် အရာတိုင်းသည် သမ္မာတရားဖြစ်သည်ဟူ၍ ဖြစ်၏။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတို့သည် ဤအချက်ကို စိတ်နှလုံးမှ အသိအမှတ်ပြုကာ လက်ခံနှင့်ပြီးဖြစ်သော်လည်း တကယ့်ဘဝတွင် ၎င်းတို့သည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အရာများ သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည့်အရာများကို အမှုမဲ့အမှတ်မဲ့ မကြာခဏ ပြောကောင်းပြောနိုင်သည်။ လူတို့က မှန်ကန်ပြီး ကောင်းမြတ်သည်ဟု တွေးထင်သည့်အရာများကို လူအချို့က သမ္မာတရားအဖြစ်ပင် သဘောထားကြပြီး အထူးသဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် အချိန်ကြာမြင့်စွာကတည်းက လက်ခံထားပြီးဖြစ်ရုံမက အပြုသဘောဆောင်သောအရာများ အဖြစ်ပင် သဘောထားကြပြီးဖြစ်သည့် စာတန်ထံမှလာသော ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ် မှားနေသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် နတ်ဆိုးဆန်သော စကားများကို ပိုင်းခြားသိမြင်ခြင်း မရှိကြသေးပေ။ ဥပမာအနေဖြင့် “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း”၊ “အခြားသူများကို ၎င်းတို့လုပ်သည့်အတိုင်း ပြန်ခံစေပါ”၊ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုသည်နှင့် “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည် မဟုတ်ပါ”စသည်တို့ကဲ့သို့သော စာတန်ဆန်သည့် အတွေးအခေါ်များစွာကို လူတို့က သမ္မာတရားအဖြစ်လည်းကောင်း၊ ဘဝအတွက် ဆောင်ပုဒ်များအဖြစ်လည်းကောင်း သဘောထားကြပြီး ဤစာတန်ဆန်သော အတွေးအခေါ်များကို စောင့်ထိန်းခြင်းအတွက် မိမိတို့ကိုယ်ကို အထူးပင်ကျေနပ်အားရကြပြီး ဘုရားနှုတ်ကပတ်တော်များကို မဖတ်ပြီးမချင်း စာတန်ထံမှလာသော ဤအရာများက အမှန်တကယ် သမ္မာတရား မဟုတ်ဘဲ လူတို့ကို အထင်အမြင်မှားစေသည့် ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသည့် အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများဖြစ်ကြောင်း ၎င်းတို့ သဘောမပေါက်ကြပေ။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ အချို့မှာ ကျောင်းပညာရေးမှလာပြီး အချို့မှာ ပုံနှိပ်စာအုပ်များမှလာသည်၊ အချို့မှာ မိသားစု သွန်သင်မှုမှလာပြီး အချို့မှာ လူမှုရေး ပုံစံသွင်းပေးခြင်း မှလာသည်။ တိုတိုပြောရလျှင် ယင်းတို့အားလုံးသည် ရိုးရာယဉ်ကျေးမှုမှလာပြီး စာတန်၏ ပညာရေးမှ ပေါ်ပေါက်သည်။ ဤအရာများသည် သမ္မာတရားနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော။ မည်သည့် ပတ်သက်မှုမျှမရှိပေ။ သို့သော် လူတို့သည် ဤအရာများကို အရှိအတိုင်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိဘဲ သမ္မာတရားအဖြစ် ယူဆကြဆဲဖြစ်သည်။ ဤပြဿနာသည် အလွန်ဆိုးရွားလာပြီသလော။ စာတန်ထံမှလာသည့် ဤအရာများကို သမ္မာတရားအဖြစ် သဘောထားခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤအရာများကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် လူတို့သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် အသိတရားနှင့် ဆင်ခြင်တုံတရားအတိုင်း လူတို့ အသက်ရှင်နိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် အသိတရား၊ အသိစိတ်၏ စံနှုန်းများကို ၎င်းတို့ ပြည့်မီနိုင်ကြသလော။ ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လူတို့ ရရှိနိုင်ကြသလော။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အတွက် လူတို့ လိုက်နာစောင့်ထိန်းသည့် ဤအရာများသည် သမ္မာတရား ဖြစ်သလော။ ယင်းတို့သည် လူတစ်ဦး၏ အသက်အဖြစ် ဆောင်ရွက်နိုင်သလော။ လူတို့က မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် မှန်ကန်၊ ကောင်းမွန်သည့် အတွေးအခေါ်များ၊ ရှင်သန်ရေး မဟာဗျူဟာများ၊ ရှင်သန်ရေး နည်းဥပဒေသများနှင့် ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်ဟူသကဲ့သို့သော ဤအပျက်သဘောဆောင်သည့် အရာများကို သမ္မာတရားအဖြစ် သဘောထားကာ လိုက်နာစောင့်ထိန်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူသားမျိုးနွယ်သည် ဤအရာများကို နှစ်ထောင်ချီ လိုက်နာစောင့်ထိန်းပြီးဖြစ်သည်။ ၎င်းတို့ လုံးဝ ပြောင်းလဲကြပြီးပြီလော။ လူသားမျိုးနွယ်၏ လက်ရှိ အခြေအနေသည် လုံးဝ ပြောင်းလဲသွားပြီလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ပိုကောက်ကျစ်ဆိုးယုတ်သည်ထက် ဆိုးယုတ်လာပြီး ဘုရားသခင်ကို ပိုအတိုက်အခံဖြစ်သည်ထက် ဖြစ်လာနေသည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်သည့်အကြိမ်တိုင်းတွင် သမ္မာတရားများစွာကို ဖော်ပြပြီး ဤသမ္မာတရားတွင် ဩဇာအာဏာနှင့် တန်ခိုးတို့ရှိသည်ကို လူတို့ မြင်နိုင်သည်။ သို့ဖြစ်၍ လူသားများက ဘုရားသခင်ကို အဘယ်သို့များ ငြင်းပယ်ကာ အတိုက်အခံလုပ်နိုင်ကြဆဲ ဖြစ်သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို လက်မခံသကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသေးသနည်း။ ဤသည်မှာ လူသားမျိုးနွယ်အနေဖြင့် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်ဆန်သော စိတ်သဘောထားများနှင့် ပြည့်ကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း၊ မုန်းတီးကြောင်းနှင့် လုံးဝ လက်မခံကြောင်းတို့ကို ပြသရန် လုံလောက်ပေသည်။ ဤပြဿနာ၏ ရင်းမြစ်မှာ လူသားများသည် အလွန်များသည့် စာတန်ဆန်သော အတွေးအခေါ်များနှင့် အလွန်များသည့် စာတန်ဆန်သော အသိပညာတို့ကို လက်ခံကြပြီးခြင်း ဖြစ်ပေသည်။ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် လူတို့သည် စာတန်ဆန်သော အတွေး၊ အမြင်မျိုးစုံနှင့် ပြည့်ဝနေပြီး ထိုသို့ဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း စိတ်သဘောထားတစ်ခု ဖြစ်ပေါ်ကြပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော လူများစွာတို့က ဘုရားနှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိသည်ကို အသိအမှတ်ပြုကြသော်လည်း သမ္မာတရားကို လက်မခံကြကြောင်း ငါတို့ မြင်နိုင်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်အခါ “ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်၊ သမ္မာတရားအထက်တွင် မည်သည့်အရာမျှမရှိ၊ သမ္မာတရားသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် ရှိပြီး သမ္မာတရားကို လိုက်စားခြင်းအား ဖြစ်တည်မှု၏ ရည်မှန်းချက်အဖြစ် ကျွန်ုပ်တို့ သဘောထားသည်”ဟူ၍ ၎င်းတို့၏ နှုတ်များဖြင့် ဝန်ခံကြသော်လည်း လက်တွေ့ဘဝတွင်မူ လူသိများသော စာတန်ဆန်သည့် ဆိုရိုးများနှင့် စာတန်ဆန်သည့် အတွေးအခေါ်များဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ဘေးဖယ်ထားကာ လူသား ဓမ္မပညာဆိုင်ရာ အသိပညာနှင့် ဝိညာဉ်ရေးရာ အယူဝါဒတို့ကဲ့သို့သော အရာများကို သမ္မာတရားဖြစ်သည့်အလား လိုက်နာစောင့်ထိန်းကာ လက်တွေ့လုပ်ဆောင်ကြဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော လူအများစု၏ စစ်မှန်သော အခြေအနေဖြစ်သလော။ (ဟုတ်ပါသည်။) သင်တို့သည် စာတန်ဆန်သော ရိုးရာယဉ်ကျေးမှုမှဖြစ်သည့် အရိုးစွဲနေသော ဤအရာများကို ဤနည်းဖြင့် ဆက်လက် လိုက်နာစောင့်ထိန်းပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ စိစစ်ခြင်းနှင့် နားလည်ခြင်းမရှိလျှင်၊ ယင်းတို့ကို အရင်းအမြစ်မှ သင် ပိုင်းခြားသိမြင်ခြင်း မရှိလျှင် သို့မဟုတ် ယင်းတို့အပေါ် စေ့စေ့စပ်စပ် နားလည်ခြင်း မရရှိနိုင်လျှင် သို့မဟုတ် ယင်းတို့ကို မစွန့်ပစ်နိုင်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သေချာသည့် ရလဒ်တစ်ခုရှိ၏။ ယင်းမှာ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် မည်သည့် လမ်းကြောင်းလျှောက်ရမည်ဆိုသည်ကို မသိကြသေးဘဲ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ အယူဝါဒများနှင့် ဓမ္မပညာဆိုင်ရာ သီအိုရီများကို မကြာခဏ အလွယ်တကူ ပြောဆိုကြကာ ၎င်းတို့ ပြောသမျှတိုင်းက ကြားကောင်းပြီး သမ္မာတရားနှင့် ကိုက်ညီသည့် အယူဝါဒသာ ဖြစ်လေသည်။ သို့သော် အမှန်တွင် ဤလူများသည် ၎င်းတို့ လက်တွေ့လုပ်ဆောင်ကာ အသက်ရှင်နေထိုင်သည့်အရာအရ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲတို့၏ ပုံစံတူများ ဖြစ်ကြပေသည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် သူ၏ ကျိန်ဆဲခြင်းကို မလွဲမသွေခံရပေသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသောသူတို့သည် ဖာရိရှဲများဖြစ်ကြပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါတွင်မျှ မရရှိနိုင်ပေ။

ဥပမာအနေဖြင့် ကလေးသူငယ်များကို သွန်သင်ခြင်းနှင့်ဆိုင်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ သားသမီးများသည် မနာခံသကဲ့သို့ မိမိတို့၏ သင့်လျော်သော တာဝန်များကို အာရုံစိုက်နေကြခြင်း မရှိသည်ကို ဖခင်အချို့က မြင်ကာ “ရှေးလူတို့က ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟု ပြောသည့်အခါ မှန်ပေသည်”ဟု ပြောကြလေသည်။ ထိုသို့သော ဖခင်များသည် ဤကိစ္စရပ်ကို ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ မမှတ်ယူကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားနှုတ်ကပတ်တော်များအစား လူတို့၏ စကားများသာ ရှိသည်။ ထို့ကြောင့် ၎င်းတို့တွင် သမ္မာတရား စစ်မှန်မှု ရှိသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားအချို့ကို နားလည်ကြကာ ၎င်းတို့၏ မိဘတာဝန်များကို ဖြည့်ဆည်းရန်အလို့ငှာ ၎င်းတို့၏ သားသမီးများကို သွန်သင်ပေးဖို့ သမ္မာတရား အသုံးပြုရမည်ဟူသည်ကို သိသင့်ကြသော်လည်း ဤသို့ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့၏ သားသမီးများက မှားယွင်းသည့် လမ်းကြောင်းပေါ်လျှောက်သွားကြသည်ကို ၎င်းတို့ မြင်သည့်အခါ သက်ပြင်းချပြီး “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟု ပြောကြလေသည်။ ဤသည်မှာ မည်သည့် စကားအသုံးအနှုန်းမျိုး ဖြစ်သနည်း။ ထိုအရာသည် မည်သူ၏ လူသိများသော ဆိုရိုးဖြစ်သနည်း။ (စာတန်၏ လူသိများသော ဆိုရိုးဖြစ်သည်။) ဤစကားအသုံးအနှုန်းကို ဘုရားသခင်က ပြောဖူးသလော။ (မပြောဖူးပါ။) သို့ဆိုလျှင် ဤစကားအသုံးအနှုန်းသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှလာပါသည်။) စာတန်ထံမှ၊ လောကထံမှ လာပေသည်။ လူတို့သည် သမ္မာတရားကို အလွန့်အလွန် “လိုက်စား”ကြပြီး သမ္မာတရား အလွန့်အလွန် “ချစ်”ကြကာ သမ္မာတရားကို အလွန့်အလွန် “ချီးမြှောက်”ကြသည်။ သို့ဆိုလျှင် ထိုသို့သော ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ဤကဲ့သို့သော စာတန်ဆန်သည့် စကားအသုံးအနှုန်းများကို ၎င်းတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ထိုအရာသည် တရားပြီး သိက္ခာရှိသော စကားတစ်ခွန်း ဖြစ်သည်ဟုပင် ၎င်းတို့က ခံစားကြသည်။ ၎င်းတို့က “သမ္မာတရားနှင့် ဘုရားသခင်အတွက် ကျွန်ုပ် မည်မျှကြောက်ရွံ့ခြင်းနှင့် ကြည်ညိုလေးစားခြင်း ရှိသည်ကို ကြည့်ပါ။ ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည်ကို ပြောခြင်းက ကျွန်ုပ်အတွက် အလိုလိုဖြစ်လာသည်။ ဤသည်မှာ ကြီးမားလိုက်သည့် သမ္မာတရားပါတကား။ ဘုရားသခင်ကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် ဤစကားအသုံးအနှုန်းကို ကျွန်ုပ် ပြောနိုင်မည်လော”ဟု ဆိုကြသည်။ ယင်းမှာ ထိုအရာကို သမ္မာတရားအဖြစ် ပုံမှားရိုက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤစကားအသုံးအနှုန်းက သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည်မှာ မည်သည့် စကားအသုံးအနှုန်းမျိုး ဖြစ်သနည်း။ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ဤစကားအသုံးအနှုန်းက ဆိုလိုသည့်အရာမှာ သားသမီးများက မနာခံလျှင် သို့မဟုတ် ရင့်ကျက်ခြင်းမရှိလျှင် ဖခင်၏ တာဝန်ဖြစ်သည်ဟူ၍ ဆိုလိုပေသည်။ ယင်းမှာ ထိုသားသမီးတို့ကို မိဘများက ကောင်းစွာ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းမရှိဟု ပြောခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အမှန်တကယ် ဟုတ်ပါသလော။ (မဟုတ်ပါ။) မိဘအချို့သည် သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ပြုမူကျင့်ကြံကြသည့်တိုင် ၎င်းတို့၏ သားများသည် လူဆိုးလူတေများဖြစ်ပြီး ၎င်းတို့၏ သမီးများက ပြည့်တန်ဆာများ ဖြစ်ကြသည်။ ဖခင်အခန်းကဏ္ဍကို ဆောင်ရွက်သည့်လူသည် အလွန် ဒေါသထွက်ကာ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်။ သူတို့ကို ငါ ပျက်စီးအောင်လုပ်မိလေပြီ”ဟု ပြောသည်။ ဤသည်မှာ သင့်တော်မှန်ကန်သော စကားတစ်ခွန်း ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။) မည်သို့ပုံစံဖြင့် မှားယွင်းသနည်း။ ဤစကားအသုံးအနှုန်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကို သင် နားလည်လျှင် သင်သည် သမ္မာတရားကို နားလည်ကြောင်းနှင့် ဤစကားအသုံးအနှုန်းအတွင်းတွင် တည်ရှိသည့် ပြဿနာနှင့်ပတ်သက်၍ မှားယွင်းသည့်အရာကို သင်နားလည်ကြောင်း သက်သေပြပေသည်။ ဤကိစ္စရပ်တွင် သမ္မာတရားကို သင် နားမလည်လျှင် ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင် မရှင်းပြနိုင်ပေ။ သမ္မာတရားနှင့်ဆိုင်သည့် ရှင်းပြချက်နှင့် အဓိပ္ပာယ်ရှင်းလင်းချက်ကို သင်တို့ ယခု နားထောင်ပြီးဖြစ်သဖြင့် သင်တို့သည် “ဤစကားအသုံးအနှုန်း မှားယွင်းသည်။ ဤသည်မှာ လောကီ စကားအသုံးအနှုန်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့က ထိုသို့သောအရာများကို မပြောပါ”ဟု ခံစားကာ ပြောနိုင်လေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင် ပြောပုံဆိုပုံ ပြောင်းလဲရုံမျှပြောင်းလဲသွားခြင်း ဖြစ်သည်။ ထိုအရာက သင်သည် သမ္မာတရားကို နားလည်သည်ဟု မဆိုလိုပေ။ အမှန်တွင် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့်ပတ်သက်၍ မှားယွင်းသည့်အရာကို သင်မသိပေ။ ဤကဲ့သို့သော ကိစ္စရပ်နှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားနှင့် ကိုက်ညီသည့် မည်သည့်အရာကို သင် ပြောဆိုသင့်သနည်း။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ ထိုသို့သော ကိစ္စရပ်များကို မှန်ကန်စွာ မည်သို့ နားလည်ပြီး ရှင်းပြရမည်ဆိုသည်နှင့်ပတ်သက်၍ ဦးစွာပထမ ပြောကြစို့။ ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ ပြောသနည်း။ ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များက တိတိကျကျ ပြောစရာ တစ်ခုတလေ ရှိသလော။ ဘုရားသခင်က အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သည်။ အားလုံးမှာ လူတို့အနေဖြင့် ယင်းတို့ကို လက်ခံကာ မိမိတို့၏ အသက်ဖြစ်စေရန်အလို့ငှာ ဖြစ်သည်။ သို့ဆိုလျှင် မိမိတို့၏ သားသမီးများကို သင်ကြားလေ့ကျင့်ပေးသည့်အခါ ၎င်းတို့အား သွန်သင်ဖို့ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသင့်သည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များကို လူသားမျိုးနွယ်အားလုံးထံ ပြောဆိုထားပေသည်။ သင်သည် အရွယ်ရောက်သူဖြစ်စေ၊ ကလေးငယ်တစ်ဦးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ သက်ကြီးသူဖြစ်စေ ငယ်ရွယ်သူဖြစ်စေ၊ လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံသင့်ပေသည်။ ဘုရားနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး လူတို့၏ အသက်ဖြစ်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များသာ လူတို့ကို ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် ဆိုက်ရောက်စေနိုင်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဤကိစ္စရပ်အပေါ် အကုန်အစင် သိနားလည်မှု ရှိနိုင်သင့်ကြသည်။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းကို သင် မည်သို့ ရှင်းပြသနည်း။ (လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက ဆုံးဖြတ်သည်။ ထို့အပြင် ဤဘဝတွင် ၎င်းတို့ ခံရမည့် အပြစ်ဒဏ် သို့မဟုတ် ၎င်းတို့ ရရှိမည့် ကောင်းချီးမင်္ဂလာတို့သည် ၎င်းတို့၏ ယခင်ဘဝနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် “သားသမီးများက မှန်ကန်သည့်လမ်းကြောင်းကို မလိုက်လျှောက်လျှင် ထိုအရာသည် ၎င်းတို့၏ မိဘများက ၎င်းတို့ကို ကောင်းစွာ သင်ကြားလေ့ကျင့်ပေးခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်”ဟူသည့် စကားသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံနိုင်စွမ်း မရှိသကဲ့သို့ ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဟူသည့် အမှန်တရားကို လုံးဝ ငြင်းပယ်ပါသည်။) သင် ပြောသည့်အရာအရ သားသမီးများက မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ ဘုရားသခင်က လူတို့အား ၎င်းတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ခွင့်ပေးပြီး မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ခွင့်ပေးသည်။ သို့သော် လူတို့တွင် စာတန်ဆန်သော သဘာဝများရှိကြကာ အားလုံးက ကိုယ့်ရွေးချယ်မှုကိုယ် ပြုလုပ်ကြပြီး အားလုံးက ကိုယ်နှစ်သက်ရာလမ်းကြောင်းကို ရွေးချယ်ကြကာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန် မလိုမလားဖြစ်နေကြသည်။ သင် ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီလျှင် လူတို့အနေဖြင့် ထိုအရာကို ယုံကြည်လက်ခံနိုင်ရန်အလို့ငှာ သင် အသေအချာ ရှင်းပြသင့်ပေသည်။

ဆက်လက်၍ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုမည်။ ပထမဆုံး ရှင်းလင်းစေရမည့်အရာမှာ “မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန် သားသမီးများ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်သည်”ဟု ပြောခြင်းသည် မှားယွင်းပေသည်။ မည်သူဖြစ်စေ လူတစ်မျိုးမျိုးဖြစ်လျှင် လမ်းကြောင်းတစ်ခုခုကို လျှောက်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ သေချာသည် မဟုတ်လော။ (သေချာပါသည်။) လူတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်းဖြစ်သည့်အရာကို အဆုံးအဖြတ်ပေးသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ဖြစ်လာသည့် လူအမျိုးအစားတို့သည် ၎င်းတို့နှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ ကြိုတင်စီမံထားသည့်အရာ၊ မွေးရာပါဖြစ်ပြီး လူတစ်ဦး၏ သဘာဝနှင့် ပတ်သက်ပေသည်။ သို့ဆိုလျှင် မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက လူတစ်ဦး၏ သဘာဝကို စိုးမိုးနိုင်သလော။ (မစိုးမိုးနိုင်ပါ။) မိဘ၏ လေ့ကျင့်သင်ကြားပေးခြင်းက လူသား၏ သဘာဝကို မစိုးမိုးနိုင်သကဲ့သို့ လူတစ်ဦးက မည်သည့်လမ်းကြောင်း လျှောက်သည်ဆိုသည့် ပြဿနာကို မဖြေရှင်းပေးနိုင်ပေ။ မိဘများက ပေးနိုင်သည့် တစ်ခုတည်းသော လေ့ကျင့်သင်ကြားပေးခြင်းမှာ အဘယ်နည်း။ ၎င်းတို့ သားသမီးများ၏ နေ့စဉ်ဘဝရှိ ရိုးရှင်းသော အပြုအမူအချို့၊ အတန်အတင့် အပေါ်ယံဆန်သော အတွေးများနှင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း စည်းအချို့ဖြစ်သည်။ ဤသည်တို့မှာ မိဘများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည့် အရာများ ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက လူလားမြောက်သောအရွယ် မရောက်မီတွင် မိမိတို့၏ သားသမီးများ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်၊ စာကြိုးစားကာ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် အားလုံး၏ အထက်တွင်ရှိနိုင်ဖို့ ကြိုးပမ်းရန်၊ မကောင်းသည့်အရာများ မလုပ်ဆောင်ရန် သို့မဟုတ် မကောင်းသည့် လူများ ဖြစ်မလာရန် မိဘများက လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည့် ၎င်းတို့၏ သတ်မှတ်ထားသော တာဝန်ကို ဖြည့်ဆည်းသင့်ပေသည်။ မိဘများသည် ၎င်းတို့ သားသမီးများ၏ အပြုအမူကိုလည်း စည်းကမ်းဖြင့် ထိန်းပေးသင့်သည်၊ ၎င်းတို့အား ယဉ်ကျေးကာ ၎င်းတို့၏ လူကြီးသူမများကို တွေ့သည့်အခါတိုင်းတွင် နှုတ်ခွန်းဆက်ရန် သွန်သင်ပေးသင့်ပြီး အပြုအမူနှင့် ဆက်စပ်သည့် အခြားသောအရာများကို သွန်သင်ပေးသင့်သည်။ ဤသည်မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့ကလေး၏ ဘဝကို စောင့်ရှောက်ခြင်းနှင့် ၎င်းတို့ကို ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်း အခြေခံစည်းအချို့ဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် မိဘများ၏ လွှမ်းမိုးခြင်းပင် ဖြစ်သည်။ ၎င်းတို့ကလေး၏ ပင်ကိုစရိုက်အတွက်မူ မိဘများက ဤအရာကို မသွန်သင်နိုင်ပေ။ မိဘအချို့သည် အေးအေးလူလူရှိကြပြီး အရာရာကို အေးအေးဆေးဆေး အရှိန်ဖြင့် လုပ်ဆောင်ကြပြီး ၎င်းတို့၏ သားသမီးများမှာမူ အလွန် စိတ်မရှည်ဖြစ်ကြပြီး တိုတောင်းသည့် အချိန်တစ်ခဏအတွက်ပင် ငြိမ်ငြိမ် မနေနိုင်ကြပေ။ ၎င်းတို့ ၁၄ သို့မဟုတ် ၁၅ နှစ်အရွယ်ရောက်သည့်အခါ စားဝတ်နေရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြပြီး အရာရာတွင် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များချကြသည်။ ၎င်းတို့၏ မိဘများကို ၎င်းတို့ မလိုအပ်ကြသကဲ့သို့ အလွန် အမှီအခိုကင်းကြလေသည်။ ဤအရာကို ၎င်းတို့၏ မိဘများက သွန်သင်ထားခြင်း ဖြစ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦး၏ ပင်ကိုစရိုက်၊ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရအပြင် အနာဂတ်တွင် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းတို့သည် ၎င်းတို့၏ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။ “သို့ဆိုလျှင် ထိုအရာသည် အဘယ်သို့ဖြစ်ပြီး ၎င်းတို့နှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိဖြစ်နိုင်သနည်း။ လူအချို့သည် ပညာတတ်မိသားစု သို့မဟုတ် သီးသန့် အသက်မွေးမှုတစ်ခုတွင် ကျွမ်းကျင်သည့် မျိုးဆက်များရှိသည့် မိသားစုတစ်စုမှ လာကြသည်။ ဥပမာအနေဖြင့် မျိုးဆက်တစ်ခုက ပန်းချီပညာကို လေ့လာသည်၊ နောက်မျိုးဆက်ကလည်း ပန်းချီပညာကို လေ့လာပြီး ထိုသို့ပင် နောင်မျိုးဆက်ကလည်း လေ့လာသည်။ ဤအရာက ‘မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်’ဟူသည့် စကားအသုံးအနှုန်း၏ မှန်ကန်မှုကို အတည်ပြုသည်”ဟု ဆိုခြင်းဖြင့် ချေပပြောဆိုသောသူအချို့ ရှိသည်။ ဤသည်မှာ မှန်သောစကားဖြစ်သလော သို့မဟုတ် မှားသောစကား ဖြစ်သလော။ (မှားပါသည်။) ဤပြဿနာကို သရုပ်ဖော်ရန် ဤဥပမာကို အသုံးပြုခြင်းက မှားယွင်းပြီး မှန်ကန်တိကျမှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာတို့သည် မတူကွဲပြားသော အရာနှစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ကျွမ်းကျင်မှုရှိသည့် မျိုးဆက်များပါသည့် မိသားစုတစ်စု၏ လွှမ်းမိုးမှုသည် ကျွမ်းကျင်မှုနှင့်ဆိုင်သည့် ကဏ္ဍတစ်ခုကိုသာ အကျုံးဝင်ပြီး ဤမိသားစု ပတ်ဝန်းကျင်က တူညီသောအရာကို လူတိုင်း သင်ယူလေ့လာမှုဖြင့် အကျိုးဆက်ဖြစ်ပေါ်စေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာ၏ အပေါ်ယံတွင် ကလေးသူငယ်ကလည်း ဤတူညီသောအရာကိုပင် ရွေးချယ်သော်လည်း ထိုအရာ၏ အရင်းအမြစ်တွင် ဤသည်မှာ ဘုရားသခင်၏ ကြိုတင်စီမံခြင်းသာ ဖြစ်သည်။ ထိုလူသည် ဤမိသားစုထဲသို့ အဘယ်သို့ ပြန်လည်လူဝင်စားခဲ့ရသနည်း။ ယင်းမှာလည်း ဘုရားသခင်က အချုပ်အခြာအာဏာရှိသောအရာတစ်ခု မဟုတ်လော။ မိဘများသည် မိမိတို့၏ သားသမီးများကို လူလားမြောက်အရွယ်ထိ ပျိုးထောင်ခြင်းအတွက်သာ တာဝန်ရှိသည်။ သားသမီးများသည် ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် ဘဝနေထိုင်မှုပုံစံ အမူအကျင့်တို့အရသာ ၎င်းတို့ မိဘများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ သို့သော် ၎င်းတို့ အရွယ်ရောက်သည်နှင့်တစ်ပြိုင်နက် ဘဝတွင် ၎င်းတို့ လိုက်စားသည့် ရည်မှန်းချက်နှင့် ဘဝတွင် ၎င်းတို့၏ ကံကြမ္မာမှာ ၎င်းတို့ မိဘများနှင့် ပတ်သက်မှု ဘာဆိုဘာမျှ မရှိပေ။ အချို့သော မိဘများသည် ဘဝကို ၎င်းတို့၏ အဆင့်အတန်းအတိုင်း အသက်ရှင်သည့် သာမန် လယ်သမားများသာ ဖြစ်သော်လည်း ၎င်းတို့၏ သားသမီးများက အစိုးရအရာရှိများဖြစ်လာနိုင်ကြပြီး ကြီးမားသည့်အရာများကို လုပ်ဆောင်နိုင်ကြသည်။ ထို့နောက် မိမိတို့၏ မိဘများက အသီးသီး အစွမ်းအစရှိသည့် ရှေ့နေနှင့် ဆရာဝန်ဖြစ်ကြသည့် သားသမီးများ ရှိသည်။ သို့တိုင် သားသမီးများမှာ မည်သည့်နေရာတွင် သွားသည်ဖြစ်စေ အလုပ်တစ်ခုကို မရနိုင်သည့် အသုံးမကျသောသူများ ဖြစ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ မိဘများက ၎င်းတို့ကို ဖြစ်ဖို့ သွန်သင်ပေးခဲ့ကြသည့်အရာ ဖြစ်သလော။ ဖခင်က ရှေ့နေတစ်ဦး ဖြစ်သည့်အခါ သူသည် သူ၏ သားသမီးအပေါ် လေ့ကျင့်သင်ကြားပေးခြင်း၊ လွှမ်းမိုးခြင်းနှင့်ပတ်သတ်၍ တွန့်တိုကန့်သတ်နိုင်ဖွယ် ရှိသလော။ လုံးဝ မရှိပေ။ မည်သည့် ဖခင်ကမျှ “ကျွန်ုပ်ဘဝတွင် ကျွန်ုပ် အလွန် ကြီးပွားချမ်းသာပြီးဖြစ်သည်။ ကျွန်ုပ်၏ သားသမီးများက အနာဂတ်တွင် ကျွန်ုပ်လောက် မကြီးပွားမချမ်းသာဖို့ ကျွန်ုပ် မျှော်လင့်သည်။ ယင်းမှာ အလွန်ပင်ပန်းဖွယ်ဖြစ်သည်။ အနာဂတ်တွင် နွားကျောင်းသားများမျှသာ ဖြစ်ခြင်းက သူတို့အတွက် လုံလောက်သည်”ဟု မပြောပေ။ ၎င်းသည် ၎င်း၏ သားသမီးများကို မိမိထံမှ သင်ယူလေ့လာကာ အနာဂတ်တွင် မိမိကဲ့သို့ဖြစ်ရန် မုချ လေ့ကျင့်သင်ကြားပေးရပေမည်။ သူ၏ သားသမီးများကို သူက လေ့ကျင့်သင်ကြားပေးပြီးနောက်တွင် ၎င်းတို့ထံ မည်သည့်အရာဖြစ်လိမ့်မည်နည်း။ သားသမီးများသည် ၎င်းတို့ ဖြစ်လာဖို့ ရည်ရွယ်သည့် မည်သည့်အရာမဆို ဖြစ်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကံကြမ္မာများက ၎င်းတို့ ရည်ရွယ်ထားသည့် မည်သည့်အရာမဆို ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ဤနေရာတွင် မည်သည့်အချက်ကို သင်တို့ သိမြင်ကြသနည်း။ ကလေးတစ်ဦး လျှောက်သည့် လမ်းကြောင်းက ၎င်း၏ မိဘများနှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိပေ။ မိဘအချို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး ၎င်းတို့၏ သားသမီးများအား ဘုရားသခင်ကို ယုံကြည်ရန် လေ့ကျင့်သင်ကြားပေးသော်လည်း ၎င်းတို့ ပြောသည့်အရာ မှန်သမျှကို ၎င်းတို့၏ သားသမီးများက မယုံကြည်ကြသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ မိဘများ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ မိဘအချို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ၎င်းတို့၏ သားသမီးများကမူ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့၏ သားသမီးများက ဘုရားသခင်ကို စတင်ယုံကြည်သည်နှင့်တစ်ပြိုင်နက် သူ့နောက်သို့ လိုက်ကြသည်၊ သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံကြသည်၊ သမ္မာတရားကို လက်ခံနိုင်ကြပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိကြကာ ထိုသို့ဖြင့် ၎င်းတို့၏ ကံကြမ္မာ ပြောင်းလဲလေသည်။ ဤသည်မှာ မိဘများ၏ လေ့ကျင့်သင်ကြားပေးခြင်း၏ ရလဒ်ဖြစ်သလော။ လုံးဝ မဟုတ်၊ ထိုအရာသည် ဘုရားသခင်၏ ကြိုတင်စီမံခြင်း၊ ရွေးချယ်ခြင်းတို့နှင့် ပတ်သက်ပေသည်။ “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခု ရှိသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများကို လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသော်လည်း ကလေးတစ်ဦး၏ ကံကြမ္မာကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ထိုကလေး၏ သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ လေ့ကျင့်သင်ကြားပေးခြင်းက ကလေးတစ်ဦး၏ သဘာဝနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းပေးနိုင်ပေ။ ဘဝတွင် လူတစ်ဦးလျှောက်သည့် လမ်းကြောင်းကို ၎င်းတို့၏ မိဘများက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဘုရားသခင်က ကြိုတင်စီမံထားခြင်း ဖြစ်သည်။ “လူ၏ ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်သည်” ဟု ပြောထားပြီး ဤဆိုရိုးကို လူသားအတွေ့အကြုံမှ ကောက်ချက်ချထားသည်။ လူတစ်ဦးက လူလားမြောက်သည့်အရွယ်သို့ မရောက်မီတွင် ၎င်းက မည်သည့်လမ်းကြောင်း လျှောက်မည်ကို သင် မပြောနိုင်ပေ။ ၎င်းတို့အနေဖြင့် အရွယ်ရောက်သူဖြစ်လာပြီး အတွေးအခေါ်များရှိကာ ပြဿနာများအပေါ် ပြန်လည်သုံးသပ်နိုင်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက် ပိုမိုကျယ်ပြန့်သည့် လူ့အသိုင်းအဝိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ ရွေးချယ်ကြလိမ့်မည်ဖြစ်သည်။ လူအချို့က အဆင့်မြင့်အရာရှိများဖြစ်ချင်သည်ဟု ပြောကြသည်၊ အခြားသူတို့က ရှေ့နေများဖြစ်ချင်သည်ဟု ပြောသည့်တိုင်အောင် အခြားသူတို့က စာရေးဆရာများ ဖြစ်ချင်သည်ဟု ပြောကြသည်။ လူတိုင်းတွင် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများနှင့် မိမိတို့ကိုယ်ပိုင် စိတ်ကူးများရှိကြသည်။ မည်သူကမျှ “ကျွန်ုပ်ကို လေ့ကျင့်သင်ကြားပေးရန် ကျွန်ုပ်၏ မိဘများကိုသာစောင့်မည်။ ကျွန်ုပ်၏ မိဘများက ကျွန်ုပ် ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးသည့် မည်သည့်အရာမဆို ဖြစ်လာအောင်လုပ်မည်”ဟု မပြောပေ။ မည်သူကမျှ ဤမျှလောက်မမိုက်မဲပေ။ လူလားမြောက်သည့်အရွယ်သို့ ရောက်ပြီးနောက်တွင် လူတို့၏ စိတ်ကူးများက စတင် နိုးကြွလာပြီး တဖြည်းဖြည်း ရင့်ကျက်ကာ ထိုသို့ဖြင့် ၎င်းတို့ရှေ့ရှိ လမ်းကြောင်းနှင့် ရည်မှန်းချက်ပန်းတိုင်တို့မှာ တိုး၍ ရှင်းလင်းလာလေသည်။ ဤအချိန်တွင် ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်နှင့် မည်သည့် အဖွဲ့နှင့်ဆိုင်သည်ဆိုသည်တို့မှာ နည်းနည်းချင်း သိသာထင်ရှားပြီး ထင်သာမြင်သာဖြစ်လာလေသည်။ ဤအချိန်မှစ၍ ၎င်းတို့၏ စိတ်သဘောထားအပြင် ၎င်းတို့ လိုက်စားသည့်လမ်းကြောင်း၊ ဘဝတွင် ၎င်းတို့၏ ဦးတည်ချက်နှင့် ၎င်းတို့ သက်ဆိုင်သည့် အဖွဲ့ကဲ့သို့ပင် လူတစ်ဦးစီ၏ ပင်ကိုစရိုက်သည် တဖြည်းဖြည်း သိသာထင်ရှားစွာ သတ်မှတ်ခြင်းခံလာရသည်။ ဤအရာအားလုံးသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင် ကြိုတင်စီမံထားပြီးဖြစ်သည့်အရာ ဖြစ်သည်။ မိမိ၏ မိဘများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ဤအရာကို ယခု သင် ရှင်းလင်းစွာ မြင်သလော။ သို့ဆိုလျှင် မည်သည့်အရာများသည် မိဘများနှင့် ပတ်သက်သနည်း။ လူတစ်ဦး၏ အသွင်အပြင်၊ အရပ်အမြင့်၊ မျိုးဗီဇများနှင့် အချို့သော မိသားစုရောဂါများသည် မိမိ၏ မိဘများနှင့် ပတ်သက်မှု ပမာဏ အနည်းအကျဉ်းသာ ရှိသည်။ အဘယ်ကြောင့် ပမာဏ အနည်းအကျဉ်းဟု ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အခြေအနေအားလုံးတွင် မမှန်ကန်သောကြောင့် ဖြစ်သည်။ အချို့သော မိသားစုများတွင် မျိုးဆက်တစ်ခုစီကို ရောဂါတစ်ခုက ဖိစီးနှိပ်စက်သော်လည်း ထို့နောက်တွင် ကလေးတစ်ဦးက ထိုရောဂါမရှိဘဲ မွေးသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ “ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤကလေးက ပင်ကိုစရိုက်ကောင်းမွန်သောကြောင့် ဖြစ်သည်”ဟု ပြောသောသူအချို့ ရှိသည်။ ဤသည်မှာ လူတို့၏ အယူအဆဖြစ်သော်လည်း ထိုကိစ္စရပ်သည် မည်သည့်အရာမှ ပေါ်ပေါက်လာသနည်း။ (ဘုရားသခင်၏ ကြိုတင်စီမံမှုမှဖြစ်သည်။) ထိုသို့အတိအကျ ဖြစ်ပေသည်။ သို့ဆိုလျှင် “မသင်ပြဘဲ ကျွေးမွေးရုံသာ ကျွေးမွေးခြင်းသည် ဖခင်၏ အပြစ်ဖြစ်သည်”ဟူသည့် စကားအသုံးအနှုန်းသည် အမှန်တကယ် မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ယခုတွင် ယင်းနှင့်ပတ်သက်၍ သင်တို့ ရှင်းသွားပြီ၊ ဟုတ်ပါသလော။ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ မသိလျှင် ဖြစ်မည် မဟုတ်ပေ။ သမ္မာတရားမရှိဘဲနှင့် မည်သည့်ကိစ္စကိုမျှ သင် ရှင်းလင်းစွာ မမြင်နိုင်ပေ။

နေ့စဉ်ဘဝတွင် လူတစ်ဦးစီသည် မိမိတို့၏ စိတ်တွင် စာတန်ထံမှလာသော ဤဟုတ်မှန်သယောင်ရှိသော်လည်း မှားနေသည့် အမြင်အတော်များများ ရှိလေသည်။ ယင်းတို့သည် အတွင်းတွင် ဆက်လက် စုပုံနေကာ သိမ်းဆည်းခြင်းခံရပြီး တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ထုတ်ဖော်ခြင်းခံရလေသည်။ လူအချို့က “ယောက်ျားကောင်းသည် မိန်းမတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမပြု ဟု ပြောကြသည်။ ကျွန်ုပ်မည်မျှ မွန်မြတ်သည်ကို ကြည့်ပါ။ ကျွန်ုပ်သည် ယောက်ျားပီသသော၊ သန်မာသော ယောက်ျားတစ်ဦးဖြစ်ပြီး သင်ကမူ အရှက်အကြောက်ကြီးသူတစ်ဦး ဖြစ်သောကြောင့် သင့်ကို ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ”ဟု ပြောကြသည်။ ဤစကားအသုံးအနှုန်းကို ၎င်းတို့က မည်ကဲ့သို့ သဘောထားကြသနည်း။ (သမ္မာတရားအဖြစ် သဘောထားကြသည်။) သမ္မာတရားအဖြစ်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းတစ်ခု အဖြစ်လည်းကောင်း သဘောထားကြသည်။ အမှန်တကယ် ချောမောသည့် ရုပ်ရည်ရှိပြီး တော်ဖြောင့်သော လူကြီးလူကောင်းတစ်ဦး ပုံပေါက်သော်လည်း ခိုးကြောင်ခိုးဝှက်လုပ်တတ်ပြီး မိမိကိုယ်ကို အမြဲ ဟန်ဆောင်တတ်ကာ အခြားသူများနှင့် ဆက်ဆံသည့်အခါ အထူးသဖြင့် လှည့်ဖြားတတ်ပြီး မသိမသာဒုက္ခပေးတတ်သည့် လူတစ်ဦးကို တွေ့သည့်လူများလည်း ရှိပြီး လူများစွာတို့က သူ့ကို မခန့်မှန်းနိုင်ကြသောကြောင့် “ရန်လိုသည်ထက် ဖြောင့်မှန်ပြီး ကြင်နာတတ်သည့် လူတစ်ဦးအဖြစ် ကျင့်ကြံပြုမူကာ အခြားသူများကို ဖော်ရွေရန်အလို့ငှာသာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ‘လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်’ဟု ဆိုရိုးစကားက ပြောသည့်အတိုင်းပင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အချို့သည်လည်း ဤအဓိပ္ပာယ်ရှိပါသည်”ဟု ဆိုကြသည်။ ဤလူတို့ ပြောသည့်အရာနှင့်ပတ်သက်၍ သင် မည်သို့ထင်သနည်း။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်။” သင် မြင်သလော၊ လူတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့စိတ်ထဲတွင်ရှိသည့် ဤတွေ့မြင်နေကျဆိုရိုးများ၊ စကားပုံများနှင့် ဥပစာစကားများ တစ်ပြိုင်တည်း ထွက်လာပြီး ပွင့်အံထွက်လာကာ သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်း မပါပေ။ အဆုံးတွင် ထိုလူတို့က “ကျွန်ုပ်ကို ဉာဏ်အလင်းပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”ဟုပင် ပြောကြသည်။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟူသည့် ဆိုရိုးစကားသည် မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) မှားယွင်းသည်ကို သင်တို့အားလုံး သိကြသည်၊ သို့သော် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက်နှင့် ပတ်သက်၍ မှားယွင်းသည့်အရာမှာ ၎င်းတို့က အယောင်ဆောင် ဖြစ်နေခြင်း ဖြစ်သည်။ မည်သူကမျှ အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးဖြစ်ရန် ဆန္ဒ မရှိကြပေ၊ ဗီလိန်အစစ်ဖြစ်ရန် ဆန္ဒရှိကြသည်။ ဗီလိန်အစစ်နှင့်ပတ်သက်၍ လူတို့ အသိအမှတ်ပြုသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့သည် ဗီလိန်များ ဖြစ်ကြသော်လည်း စစ်မှန်ကြသောကြောင့်သာ လူတိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိကြခြင်း ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာဖြစ်ရန် ဆန္ဒရှိကြသနည်း၊ ဗီလိန်အစစ်လော သို့မဟုတ် အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးလော။ (တစ်ခုမျှ မဟုတ်ပါ။) အဘယ်ကြောင့် ဤလူနှစ်မျိုးနှစ်စား မဖြစ်ရမည်နည်း။ (တစ်ဦးမျှ သမ္မာတရားနှင့် မကိုက်ညီပါ၊ ဘုရားနှုတ်ကပတ်တော်များတွင် ဤအရာနှင့်ပတ်သက်၍ ဘာမျှ မပြောထားပါ။) ဘုရားသခင်က လူတို့အား အယောင်ဆောင် လူကြီးလူကောင်းတစ်ဦး သို့မဟုတ် ဗီလိန်အစစ်တစ်ဦးဖြစ်ရန် မပြောထားကြောင်း အခိုင်အမာဆိုခြင်းအတွက် ဆီလျော်သည့် အခြေခံအကြောင်းရင်းကို သင်တို့ ရှာတွေ့နိုင်သလော။ (ဘုရားသခင်က လူတို့အား ရိုးသားသောလူများဖြစ်ရန် အလိုရှိပါသည်။) ဘုရားသခင်က လူတို့ကို ရိုးသားသောလူများဖြစ်ရန် အလိုရှိသည်။ သို့ဆိုလျှင် ရိုးသားသော လူများနှင့် ဗီလိန်အစစ်များကြားတွင် ခြားနားချက်မှာ အဘယ်နည်း။ “ဗီလိန်”ဟူသော စကားလုံးသည် မကောင်းသော်လည်း အတော့်ကို စစ်မှန်၏။ အဘယ်ကြောင့် ဗီလိန်အစစ်များက မကောင်းသနည်း။ အသေအချာ ရှင်းပြနိုင်သလော။ ဗီလိန်အစစ်ဖြစ်စေ၊ အယောင်ဆောင် လူကြီးလူကောင်းဖြစ်စေ တစ်ဦးမျှ လူကောင်းများ မဟုတ်ဟု အခိုင်အမာဆိုခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဗီလိန်များမှာ အဘယ်နည်း။ ဗီလိန်များနှင့် မည်သည့် စကားလုံးက ပုံမှန်အားဖြင့် ဆက်စပ်နေသနည်း။ (စက်ဆုပ်ဖွယ်ဖြစ်သည်။) မှန်ပေ၏။ “စက်ဆုပ်ဖွယ်”ဟူသည့် ဤဝေါဟာရကို ဘုရားနှုတ်ကပတ်တော်များတွင် မည်သို့ ဖော်ပြကာ သတ်မှတ်ထားသနည်း။ ဘုရားနှုတ်ကပတ်တော်များတွင် “စက်ဆုပ်ဖွယ်”ဟူသည်ကို ကောင်းမွန်သည့် စကားလုံးအဖြစ် သတ်မှတ်ထားသလော၊ သို့မဟုတ် မကောင်းသည့် စကားလုံးဖြင့် သတ်မှတ်ထားသလော။ (မကောင်းသည့် စကားလုံးဖြစ်သည်။) မကောင်းသည့် စကားလုံးတစ်လုံး၊ ဘုရားသခင် ပြစ်တင်ရှုတ်ချသည့် စကားလုံးတစ်လုံး ဖြစ်သည်။ စက်ဆုပ်ဖွယ် လုပ်ရပ်များနှင့် စက်ဆုပ်ဖွယ် အမြင်များရှိသော လူတို့သည် ဗီလိန်များ ဖြစ်ကြ၏။ ဗီလိန်တစ်ဦး၏ စိတ်သဘောထားနှင့် အနှစ်သာရကို အခြားမည်သို့ သတ်မှတ်ထားသနည်း။ တစ်ကိုယ်ကောင်းဆန်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်သည့်အရာက စစ်မှန်ကာ ၎င်းတို့၏ စစ်မှန်သော နဂိုစိတ်ရင်းဖြစ်လျှင်ပင် ၎င်းတို့သည် အလွန့်အလွန် ဗီလိန်ဖြစ်နေကြဆဲ ဖြစ်သည်။ အယောင်ဆောင် လူကြီးလူကောင်းတစ်ဦးသည် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကာ မိမိကိုယ်ကို အမြဲ ဟန်ဆောင်ပြီး အခြားသူများအား သူ၏ တောက်ပ၊ လင်းလက်ပြီး ဖော်ရွေသည့်ဘက်ခြမ်းကို မြင်ခွင့်ပေးလျက် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ဖြစ်စေကြသည်။ ၎င်းသည် မိမိ၏ စစ်မှန်သော စိတ်သဘောထား၊ အယူအဆများနှင့် အမြင်များကို မည်သူမျှ မမြင်နိုင်စေရန် သို့မဟုတ် နားလည်သဘောပေါက်နိုင်ခြင်းမရှိစေရန် ဖုံးကွယ်ထားသည်။ ထိုသို့သောလူတို့တွင် မည်သည့် စိတ်သဘောထား ရှိသနည်း။ (လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။) ၎င်းတို့သည် တကယ်ကို ကောက်ကျစ်ဆိုးယုတ်သော လူများ ဖြစ်သည်။ ထို့ကြောင့် ဗီလိန်များဖြစ်စေ၊ လူကြီးလူကောင်းများဖြစ်စေ လူကောင်းများ မဟုတ်ပေ။ တစ်ဦးသည် အတွင်းတွင် မကောင်းသကဲ့သို့ အခြားတစ်ဦးမှာ အပြင်ဘက်တွင် မကောင်းပေ။ ၎င်းတို့၏ စိတ်သဘောထားများက အတူတူပင်ဖြစ်သည်။ နှစ်ဦးလုံးက အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ကြသည်။ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်သော လူနှစ်မျိုးနှစ်စားတို့သည် ရိုးသားသောလူများဖြစ်ရန် ကြိုးစားကြသလော။ (မကြိုးစားကြပါ။) ထို့ကြောင့် ဤလူနှစ်မျိုးနှစ်စားထဲမှ မည်သည့်လူစားမျိုး သင် ဖြစ်လာသည်ဖြစ်စေ သင်သည် ဘုရားသခင် တောင်းဆိုသည့် လူကောင်းတစ်ဦး သို့မဟုတ် ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ သင်သည် ဘုရားသခင် စက်ဆုပ်သည့် လူတစ်ဦး ဖြစ်ပြီး ဘုရားသခင်က တောင်းဆိုသည့် လူတစ်ဦး သင်မဖြစ်ပေ။ ထို့ကြောင့် ငါ့ကို ပြောလော့၊ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်” ဟူသည့် စကားအသုံးအနှုန်းသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ဤရှုထောင့်မှ ထိုအရာကို ကြည့်သည့်အခါ၊ ဤစကားအသုံးအနှုန်းသည် သမ္မာတရား မဟုတ်ပေ။ မိမိတို့ကိုယ်ကို လူကောင်းများအဖြစ် ပုံမှားရိုက်နိုင်ရန်အလို့ငှာ လူကြီးလူကောင်း အယောင်ဆောင်များကို တိုက်ခိုက်ကာ ရှုတ်ချဖို့ ရည်မှန်းချက်ဖြင့် လူများစွာတို့က ဤဗီလိန်များ၏ ဆိုးညစ်မှုက တရားမျှတမှု စွမ်းပကားတစ်ခုခုကဲ့သို့ ၎င်းတို့ကို အထူးသဖြင့် တရားမျှတစေကာ စစ်မှန်စေသည့်အလား “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟု ပြောကြပေသည်။ ဗီလိန်တစ်ဦးအနေဖြင့် သင်သည် တရားမျှတသည်ဟု အဘယ်သို့ အခိုင်အမာဆိုနိုင်သနည်း။ သင်သည် ပြစ်တင်ရှုတ်ချခြင်း ခံထိုက်သည့်သူတစ်ဦး ဖြစ်သည်။

လူတိုင်း၏ စိတ်တွင် ဤအမျိုးအစားနှင့်ဆိုင်သော စကားအသုံးအနှုန်းများနှင့် အမှုအရာများ အတော်များများ ရှိသည်။ ထို့ကြောင့် လူအတော်များများက ဤအမြင်မျိုးကို စွဲကိုင်ကြသည်။ ထိုအရာသည် ရိုးရာယဉ်ကျေးမှုဖြစ်စေ၊ ကျေးလက်ရိုးရာ စကားပုံများဖြစ်စေ၊ မိသားစု ဆောင်ပုဒ်များ၊ မိသားစု စည်းမျဉ်းများ သို့မဟုတ် နိုင်ငံတစ်ခု၏ ဥပဒေရေးရာ စနစ်ဖြစ်စေ လူ့အဖွဲ့အစည်းတွင် အချိန်ကြာမြင့်စွာ အကြီးအကျယ် အဆင့်ဆင့်ပျံ့နှံ့ပြီးဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်ကြားတွင် အပြုသဘောဆောင်သော အရာများအဖြစ်ပင် အချိန်ကြာမြင့်စွာ ထုတ်ဖော်ပြောခြင်းခံရကာ အားပေးထောက်ခံခြင်း ခံရပြီးဖြစ်သည့် ဤအရာများကို လူတို့သည် လူမျိုးဆက်တစ်ပြီးတစ်ဆက်အား လေ့ကျင့်သင်ကြားပေးရန် မကြာခဏ အသုံးပြုကြလေသည်။ အချို့သော စကားအသုံးအနှုန်းများကို လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများနှင့် လူသား ဖြစ်တည်မှု စည်းမျဉ်းများအဖြစ် လူတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် သဘောထားနေကြသည်။ အချို့မှာ လူတို့ သဘောတူလက်ခံခြင်းသာ ရှိသော်လည်း အကောင်အထည်ဖော်ရန် မလွဲမသွေ ဆန္ဒရှိခြင်းမျိုး မဟုတ်သည့် ရှုထောင့်ကို သိရှိစေသည့် စကားအသုံးအနှုန်းများ ဖြစ်သည်။ ယင်းတို့ကို သင် အကောင်အထည်ဖော်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်၏ စိတ်နှလုံးအတွင်းနက်နက်ထဲတွင် သင်သည် ဤစကားအသုံးအနှုန်းများကို သင်၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် အမှန်တကယ် သဘောထားပေသည်။ တိုတိုပြောရလျှင် ဤအရာများသည် ဘုရားသခင်ကို လူတို့၏ ယုံကြည်မှုအတွက်လည်းကောင်း၊ သမ္မာတရားကို လိုက်စားခြင်းအတွက်လည်းကောင်း ကြီးမားသော အဟန့်အတားတစ်ခုဖြစ်လေသည်။ ယင်းတို့သည် လူတို့အား အကျိုးပြုသည်ထက် ထိခိုက်နစ်နာမှု ဖြစ်စေသည်။ ဥပမာအနေဖြင့်၊ ခေတ်သစ်လူတို့ မကြာခဏ ပြောဆိုကြသည့် အကြောင်းအရာမှာ “ဘဝက တန်ဖိုးရှိသည်။ ချစ်ခြင်းမေတ္တာက သာ၍ပင် တန်ဖိုးရှိသည်။ သို့မဟုတ် လွတ်လပ်မှုအတွက် နှစ်ခုလုံးကို ကျွန်ုပ် စွန့်လွှတ်မည်”ဟူ၍ ဖြစ်သည်။ ဤစကားအသုံးအနှုန်းသည် မြင့်မားသော စံများရှိပြီး လွတ်လပ်မှုကို လိုက်စားကာ ရိုးရာမြေရှင်ပဒေသရာဇ်စနစ်ကို ဖယ်ရှားချင်သော အရှေ့တိုင်းနှင့် အနောက်တိုင်းရှိ လူတို့က တက်ကြွစွာ ဖြန့်ဖြူးပြီး ရိုသေလေးမြတ်သည့် လူသိများသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ဤနေရာတွင် လူတို့လိုက်စားမှု၏ အာရုံစိုက်ရာမှာ အဘယ်နည်း။ အသက် ဖြစ်သလော။ သို့မဟုတ် ချစ်ခြင်းမေတ္တာ ဖြစ်သလော။ (မဟုတ်ပါ၊ လွတ်လပ်မှုဖြစ်ပါသည်။) မှန်ပေ၏၊ လွတ်လပ်မှုဖြစ်သည်။ သို့ဆိုလျှင် ဤစကားအသုံးအနှုန်းသည် သမ္မာတရား ဖြစ်သလော။ ဤစကားအသုံးအနှုန်း၏ အဓိပ္ပာယ်သည် လွတ်လပ်မှုကို လိုက်စားရန်အလို့ငှာ ဘဝကို စွန့်လွှတ်စတေးရနိုင်ပြီး ထိုလှပသော လွတ်လပ်မှုဆီသို့ အပြေးသွားရန်အတွက် ချစ်ခြင်းမေတ္တာကိုလည်း စွန့်လွှတ်ရနိုင်သည်။ ဆိုလိုသည်မှာ သင် ချစ်သည့်လူကိုလည်း စွန့်ပစ်ရနိုင်သည်။ ဤလွတ်လပ်မှုသည် လောကီလူတို့အတွက် မည်သည့်ပုံပေါက်သနည်း။ ၎င်းတို့က လွတ်လပ်မှုတစ်ခုအဖြစ် တွေးထင်သည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ရိုးရာဓလေ့ကို ထိုးဖောက်ထွက်ခြင်းသည် လွတ်လပ်မှုတစ်မျိုး ဖြစ်သည်၊ ဓလေ့ဟောင်းများကို ထိုးဖောက်ထွက်ခြင်းသည် လွတ်လပ်မှုတစ်မျိုးဖြစ်ပြီး မြေရှင်ပဒေသရာဇ် သက်ဦးစံပိုင်စနစ်ကို ထိုးဖောက်ထွက်ခြင်းသည်လည်း လွတ်လပ်မှုတစ်မျိုး ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အချို့သော နိုင်ငံရေး အစိုးရစနစ်၏ ထိန်းချုပ်မှုမခံရခြင်းဖြစ်သည်။) နောက်တစ်ခုမှာ တန်ခိုးအာဏာ သို့မဟုတ် နိုင်ငံရေး၏ ထိန်းချုပ်မှု မခံရခြင်း ဖြစ်သည်။ ၎င်းတို့ လိုက်စားသည်မှာ ဤလွတ်လပ်မှုမျိုး ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ပြောဆိုသည့် လွတ်လပ်မှုသည် စစ်မှန်သော လွတ်လပ်မှု ဖြစ်သလော။ (မဟုတ်ပါ။) ထိုအရာသည် ဘုရားသခင်အပေါ် ယုံကြည်သောလူများက ပြောဆိုသည့် လွတ်လပ်မှုနှင့် ဆင်တူမှုများ ရှိသလော။ (မရှိပါ။) ဘုရားသခင်ကို ယုံကြည်သော လူအချို့သည်လည်း မိမိတို့၏ စိတ်နှလုံးများတွင် ဤအမြင်ရှိကောင်းရှိနိုင်သည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အံ့ဩဖွယ်ဖြစ်သည်၊ ထိုအရာက သင့်ကို လွတ်လပ်စေကာ လွတ်မြောက်စေသည်။ သင့်အနေဖြင့် မည်သည့် ဓလေ့ထုံးစံ သို့မဟုတ် ရိုးရာလုပ်ရိုးလုပ်စဉ်များကိုမျှ လိုက်လျှောက်ရန်မလိုပါ။ မင်္ဂလာပွဲများ သို့မဟုတ် အသုဘအခမ်းအနားများကို စီစဉ်ခြင်း သို့မဟုတ် တက်ရောက်ခြင်းနှင့်ပတ်သက်၍ သင် စိုးရိမ်ရန် မလိုပါ၊ လောကီအမှုအရာများအားလုံးကို သင် လက်လွှတ်သည်။ သင်သည် အမှန်တကယ် အလွန်လွတ်လပ်ပေသည်” ဟူ၍ဖြစ်သည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) သို့ဆိုလျှင် လွတ်လပ်မှုသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ ယခု လွတ်လပ်ကြသလော။ (အနည်းငယ် လွတ်လပ်ပါသည်။) သို့ဆိုလျှင် ဤလွတ်လပ်မှုအနည်းငယ်ကို သင်တို့ မည်သို့ ရရှိသနည်း။ ဤလွတ်လပ်မှုသည် မည်သည့်အရာကို ဆိုလိုသနည်း။ (သမ္မာတရားကို သိနားလည်ခြင်းနှင့် စာတန်၏ အမှောင်စွမ်းအားမှ ထိုးဖောက်ထွက်ခြင်းဖြစ်သည်။) စာတန်၏ အမှောင်စွမ်းအားကို ထိုးဖောက်ထွက်ပြီးနောက်တွင် သင်သည် လွတ်မြောက်မှုအနည်းငယ်နှင့် လွတ်လပ်မှုအဆင့်တစ်ခုခု ခံစားရသည်။ သို့သော် ထိုအရာကို သင် မစိစစ်လျှင် သင်သည် အမှန်တကယ် လွတ်လပ်သည်ဟု တွေးထင်မိမည်ဖြစ်ပြီး အမှန်တွင်မူ သင် မလွတ်လပ်ပေ။ စစ်မှန်သော လွတ်လပ်မှုသည် လူတို့ တွေးထင်သည့် အကွာအဝေးနှင့် ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်ဖြင့် ခန္ဓာကိုယ်၏ လွတ်လပ်မှုနှင့် လွတ်မြောက်မှုမျိုး မဟုတ်ပေ။ ထို့ထက် လူတို့က သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် လောကအကြောင်း မှန်ကန်သည့် အမြင်များ ရှိကြလိမ့်မည်ဖြစ်ပြီး ဘဝတွင် မှန်ကန်သည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ကို လိုက်စားနိုင်ပြီး စာတန်၏ စွမ်းအားနှင့် စာတန်ဆန်သော စိတ်ကူးများ၊ အမြင်များ၏ အချုပ်အချယ်များကို လူတို့ မခံရသည့်အခါ ၎င်းတို့၏ စိတ်နှလုံး လွတ်မြောက်ပေသည်။ ဤသည်မှာ စစ်မှန်သော လွတ်လပ်ခြင်း ဖြစ်သည်။

ငှက်ကဲ့သို့ နေရာအနှံ့ ပျံသန်းရင်းနှင့် လွတ်လပ်တက်ကြွသော ဘဝတစ်ခုကို အသက်ရှင်ရင်း လွတ်လပ်မှုကို မိမိနှစ်သက်သည်ဟု တွေးထင်သည့် ဘာသာတရားမရှိသောသူတစ်ဦးဖြစ်သည့် လူငယ်တစ်ဦးရှိသည်။ ထို့ကြောင့် သူသည် သူ၏မိသားစုတွင် ထိုအသုံးမကျသော စည်းမျဉ်းများနှင့် ဆိုရိုးများကို မထီမဲ့မြင်ပြုလေသည်။ သူသည် သူ၏ မိတ်ဆွေများကို “ကျွန်ုပ်သည် ရိုးရာအဆန်ဆုံးသော မိသားစုတစ်စုနှင့် စည်းမျဉ်းများ၊ ရိုးရာဓလေ့ များစွာရှိသည့် အလွန်ကြီးမားသော မိသားစုတစ်စုတွင် ကျွန်ုပ် မွေးဖွားခဲ့ပြီး ကျွန်ုပ်တို့၏ မိသားစု၌ ဗိမာန်အထဲတွင် မျိုးရိုးအစဉ်အဆက်တစ်ခုစီအတွက် စီစဉ်ထားသည့် အောက်မေ့ဖွယ် ကျောက်ပြားများရှိသည့် ဘိုးဘွားပိုင်ဗိမာန်တစ်ခု ယခုအချိန်တွင်ပင် ရှိလေသည်။ ကျွန်ုပ် ကိုယ်တိုင်သည် ဤရိုးရာဓလေ့များကို ချိုးဖောက်ပြီးဖြစ်ကာ ဤမိသားစု စည်းမျဉ်းများ၊ မိသားစု အစဉ်အလာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြသော အလေ့အထများ၏ လွှမ်းမိုးခြင်း မခံရပါ။ ကျွန်ုပ်သည် အလွန် သမားရိုးကျမဟုတ်သည်ကို သင်တို့ မမြင်ကြသလော”ဟု မကြာခဏ ပြောလေသည်။ သူ၏ မိတ်ဆွေများက “သင်သည် အလွန် သမားရိုးကျမဟုတ်သည်ကို ကျွန်ုပ်တို့ သတိထားမိပါပြီ”ဟု ပြောကြသည်။ ယင်းကို ၎င်းတို့ မည်သို့ သတိထားမိခဲ့ကြသနည်း။ သူသည် လျှာတွင် အပေါက်ဖောက်ထားကာ နှာခေါင်းတွင် နားကွင်းတပ်ထားပြီး နားရွက်နှစ်ဖက်လုံးတွင် နားပေါက် လေးခု သို့မဟုတ် ငါးခု၊ ချက်တွင် အပေါက်ဖောက်ထားသည့်အပြင် သူ၏ လက်မောင်းတွင် မြွေဆေးမင်ကြောင်ရုပ်တစ်ခု ရှိသည်။ တရုတ်လူမျိုးများက မြွေများကို အတိတ်နိမိတ်မကောင်းသောအရာအဖြစ် ယူဆကြသော်လည်း သူသည် သူ့ခန္ဓာကိုယ်တွင် မြွေတစ်ကောင်ကို မရမက တက်တူးထိုးထားသဖြင့် ထိုအရာကို မြင်သည့်အခါ လူတို့ ကြောက်ရွံ့ကြလေသည်။ ဤသည်မှာ သမားရိုးကျမဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလွန် သမားရိုးကျမဖြစ်ခြင်း ဖြစ်သည့်အပြင် သူသည် အတွေးအမြင်သစ်ကို ဖော်ဆောင်သော လူတစ်ဦး၏ ဟန်ပန်ဖြင့်လည်း စကားပြောသည်။ သူ့ကို မြင်သောလူတိုင်းက “ဤလူသည် အံ့ဖွယ်ဖြစ်သည်တကား။ သူသည် သမားရိုးကျမဟုတ်ပါ။ တကယ်ကို သမားရိုးကျမဟုတ်ပါ”ဟု ပြောကြသည်။ သူ့အနေဖြင့် ဤနည်းလမ်းများဖြင့် သမားရိုးကျမဟုတ်ခြင်းကို ဖော်ပြနေ၍မရဘဲ အနည်းငယ်ပိုမို လက်ဆုပ်လက်ကိုင် ပြ၍ရသောအရာတစ်ခု ဖြစ်စေရမည်ဖြစ်ပြီး သူ သမားရိုးကျမဟုတ်ပုံနှင့်ဆိုင်သည့် လက္ခဏာများကို လူများအား ပိုမို သတိပြုနိုင်စေရမည်ဟု သူ ယုံကြည်လေသည်။ အခြားသူများသည် ယေဘုယျအားဖြင့် အသားအရောင်ဝါသော တရုတ်လူမျိုး ရည်းစားများ ထားရှိကြသည်ကို သူ မြင်ပြီး လူတိုင်းက သူသည် တကယ်ကို သမားရိုးကျ မဟုတ်သော သူဖြစ်သည်ဟု ပိုမို ယုံကြည်လက်ခံရန်အလို့ငှာ သူ့အတွက် နိုင်ငံခြားသူ၊ လူဖြူ ရည်းစားတစ်ဦးကို တမင်ရအောင် ယူလေသည်။ နောက်ပိုင်းတွင် သူသည် သူ၏ ရည်းစားက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ့ကို မည်သို့လုပ်ဆောင်ခိုင်းသည်ဖြစ်စေ လုပ်ဆောင်ရင်း အခြေအနေတိုင်းတွင် သူ၏ ရည်းစားကို လိုက်အတုခိုးလေသည်။ သူ၏ မွေးနေ့ ရောက်လာသည့်အခါ သူ၏ ရည်းစားက သူ့ကို ထုပ်ပိုးထားသော ဆန်းကြယ်သည့် လက်ဆောင်ဗူးကြီးတစ်ခုကို ဝယ်ပေးသဖြင့် သူသည် ထိုလက်ဆောင်ကို ကြည်နူးစွာ စတင် ဖွင့်ဖောက်သည်။ ထုပ်ပိုးထားသည့် အလွှာများအားလုံးကို ခွာပြီးနောက် အထဲတွင် အစိမ်းရောင် ဦးထုပ်တစ်ခုကို သူ တွေ့ရသည်။ တရုတ်လူမျိုးအားလုံးက “အစိမ်းရောင် ဦးထုပ်”၏ သွယ်ဝိုက်ညွှန်းဆိုချက်ကို သိကြသည်၊ မဟုတ်လော။ ဤသည်မှာ မုချပင် အလွန်ရိုးရာဆန်သော အရာတစ်ခု ဖြစ်သည်။ ထိုအရာကို သူ မြင်သည်နှင့်တစ်ပြိုင်နက် သူ ဒေါသထွက်လာပြီး “ဤသည်မှာ မည်သည့် လက်ဆောင်မျိုးနည်း။ မည်သူ့အတွက် ဤလက်ဆောင်ကို သင် ဝယ်သနည်း”ဟု ပြောသည်။ သူ၏ ရည်းစားက သူ ပျော်မည်ဟု ထင်ခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပြီး သူ အလွန် ဒေါသထွက်လာရသနည်း။ အကြောင်းရင်းကို သူမ မတွေးတတ်သည့်အပြင် အဖြေရှာ၍မရသောကြောင့် “ဤအစိမ်းရောင် ဦးထုပ်သည် ရှာရမလွယ်ကူပါ။ သင်နှင့် လိုက်ဖက်မည်ကို ကျွန်ုပ် အာမခံသည်”ဟု ပြောလေသည်။ သူက “ဤဦးထုပ်က မည်သည့်အရာ ကိုယ်စားပြုသည်ကို သင် သိသလော”ဟု ပြောသည်။ ရည်းစားဖြစ်သူက “ဦးထုပ်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ အစိမ်းရောင် ဦးထုပ်များက တကယ်ကို ကြည့်ကောင်းသည်”ဟု ပြောလေသည်။ ပြီးလျှင် သူမသည် သူ့ကို မရမက ဆောင်းခိုင်းသည်။ မည်သို့ဖြစ်စေ သူက ဆောင်းကို မဆောင်းပေ။ “အစိမ်းရောင် ဦးထုပ်များ”နှင့်ဆိုင်သည့် သွယ်ဝိုက်ညွှန်းဆိုချက်ကို အနောက်တိုင်းသားများ သိကြသလော။ (မသိကြပါ။) သို့ဆိုလျှင် ဤကိစ္စရပ်ကို အသေအချာ ရှင်းပြကာ ဖွင့်ပြောသင့်သည် မဟုတ်လော။ ယင်းကို သင်တို့ တစ်ဦးကမျှ မဖြေနိုင်ပေ။ အဘယ်ကြောင့် ထိုအရာကို သင်တို့ အသေအချာ မရှင်းပြဝံ့ကြသနည်း။ ဤသည်မှာ အရေးကြီးသည့်ကိစ္စ မဟုတ်သည်မှာ သေချာသလော။ သင်တို့သည် ဤလူကဲ့သို့ပင် ဖြစ်ကြသည်။ သမ္မာတရားနှင့် လွတ်လပ်မှုကို လိုက်စားရန် သမားရိုးကျဖြစ်ခြင်း၊ ရိုးရာဓလေ့ကို လက်လွှတ်ခြင်းနှင့် စာတန်ဆန်သော ရိုးရာယဉ်ကျေးမှု အယူအဆများကို စွန့်ပစ်ခြင်း အောင်လံကို ဝှေ့ယမ်းနေသည့်တိုင် သင်တို့သည် ဤအစိမ်းရောင် ဦးထုပ်တစ်ခုနှင့်ပတ်သက်၍ အလွန် အစွဲထားနေကြသည်။ ထိုလူငယ်၏ ရည်းစားက သူ့ကို ဆောင်းခိုင်းပြီး သူက မည်သို့ဆိုစေ ဆောင်းကို မဆောင်းဘဲ အဆုံးတွင် “သင်သည် ထိုဦးထုပ်ကို မရမက ဆောင်းခိုင်းသည်။ ကျွန်ုပ် ဆောင်းလျှင် အခြားလူများထံမှ အရှက်ခွဲခြင်းကို ခံစားရမည်ဖြစ်သည်”ဟု ပြောလေသည်။ ဤသည်မှာ ထိုကိစ္စ၏ အချက်ဖြစ်ပြီး ပြဿနာ တည်ရှိသောနေရာ ဖြစ်သည်။ ဤသည်မှာ ရိုးရာဓလေ့ဖြစ်သည်။ ဤရိုးရာဓလေ့မှာ တစ်စုံတစ်ရာက မည်သည့် အရောင်ရှိသည် သို့မဟုတ် မည်သည့်အရာမျိုးဖြစ်သည်ဆိုသည်နှင့် မပတ်သက်ဘဲ ထိုအစား လူတို့တွင် ဤအရာက လှုံ့ဆော်သည့် သင်္ကေတ၊ အမြင်နှင့် ပတ်သက်ပေသည်။ အစိမ်းရောင် ဦးထုပ်ဖြစ်သည့် ဤအရာက မည်သည့်အရာကို အတိအကျ ပုံဆောင်သနည်း။ မည်သည့်အရာကို ကိုယ်စားပြုသနည်း။ လူတို့က ဤအရောင်ရှိသည့် ဦးထုပ်များကို မကောင်းသောအရာအဖြစ် သမုတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအရောင်ရှိသော ဦးထုပ်များကို ငြင်းပယ်ကြသည်။ အဘယ်ကြောင့် ငြင်းပယ်ကြသနည်း။ ထိုသို့သော အရာတစ်ခုကို ၎င်းတို့ အဘယ်ကြောင့် လက်မခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲတွင် ရိုးရာအတွေးအခေါ်တစ်မျိုး ရှိသောကြောင့် ဖြစ်သည်။ ဤရိုးရာအတွေးအခေါ်ကိုယ်၌က သမ္မာတရား မဟုတ်ပေ။ ထိုအရာသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သော်လည်း ဤလူမှုအဖွဲ့အစည်းနှင့် ဤလူမျိုးနွယ်တို့က ထိုအရာကို အပျက်သဘောဆောင်သည့်အရာတစ်ခုအဖြစ်သို့ မသိမသာ ပြောင်းလဲလိုက်ကြပြီး ဖြစ်သည်။ ဥပမာအနေဖြင့် လူတို့က အဖြူရောင်ကို သန့်ရှင်းခြင်း၏ သင်္ကေတအဖြစ်၊ အမည်းရောင်ကို အမှောင်နှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ သင်္ကေတအဖြစ်သို့လည်းကောင်း၊ အနီရောင်ကို ပွဲလမ်းသဘင်၊ သွေးထွက်သံယိုဖြစ်ခြင်းနှင့် စိတ်ထက်သန်ပြင်းပြမှု အဖြစ်သို့လည်းကောင်း ပုံဆောင်သတ်မှတ်သည်။ အတိတ်ကာလတွင် တရုတ်လူမျိုးများသည် ၎င်းတို့ လက်ထပ်သည့်အခါ အနီရောင်အင်္ကျီများကို ပျော်ပွဲရွှင်ပွဲ အခမ်းအနားဆန်သည်ဟု ယုံကြည်လျက် ဝတ်ဆင်ခဲ့ကြသည်။ အနောက်တိုင်းသားများ လက်ထပ်ကြသည့်အခါ သန့်ရှင်းခြင်းကို ပုံဆောင်သည့် လှပပြီး သန့်ရှင်းသော အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ကြသည်။ လက်ထပ်ထိမ်းမြားခြင်းအပေါ် ယဉ်ကျေးမှုနှစ်ခု၏ သိနားလည်မှုက ကွဲပြားပေသည်။ ယဉ်ကျေးမှုတစ်ခုတွင် အနီရောင်က ထိုအရာကို ကိုယ်စားပြုပြီး အခြားယဉ်ကျေးမှုတစ်ခုတွင် အဖြူရောင်က ကိုယ်စားပြုသည်။ ဤအရောင်နှစ်ခုလုံးက လက်ထပ်ထိမ်းမြားခြင်းအပေါ် ကောင်းချီးမင်္ဂလာနှင့်ဆိုင်သည့် သဘောထားတစ်ခုကို ကိုယ်စားပြုကြသည်။ အမျိုးမျိုးသော မျိုးနွယ်စုအဖွဲ့များနှင့် လူမျိုးများက မတူကွဲပြားသော ရည်ရွယ်ချက်များအတွက် တူညီသည့်အရာများကို အသုံးပြုကြပြီး ဤသည်မှာ ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ နောက်ခံများ ဖြစ်တည်လာပုံ ဖြစ်သည်။ ဤယဉ်ကျေးမှုနောက်ခံများ ထွက်ပေါ်ပြီးနောက်တွင် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့များက ယင်းတို့နှင့်အတူ ဖြစ်ပေါ်လာသည်။ ဤသို့ဖြင့် မတူကွဲပြားသော လူမှုအဖွဲ့အစည်းများနှင့် မတူကွဲပြားသော လူမျိုးနွယ်တို့သည် မတူကွဲပြားသော ဓလေ့များ ဖြစ်ပေါ်လာကြပြီး ထိုဓလေ့များက ဤမျိုးနွယ်စုအသီးသီး၏ လူတို့ကို လွှမ်းမိုးလေသည်။ ထိုသို့ဖြင့် တရုတ်လူမျိုးများသည် အစိမ်းရောင်ဦးထုပ်များနှင့်ဆိုင်သည့် သွယ်ဝိုက်ညွှန်းဆိုချက်၏ လွှမ်းမိုးခြင်းကို ခံရလေသည်။ ၎င်းတို့ထဲတွင် ဤအရာ သွတ်သွင်းခံရခြင်းမှ မည်သည့် ရလဒ်ဖြစ်ပေါ်သနည်း။ အမျိုးသားများသည် အစိမ်းရောင် ဦးထုပ်များကို ဆောင်း၍မရသကဲ့သို့ အမျိုးသမီးများကလည်း မဆောင်းကြပေ။ အမျိုးသမီးတစ်ဦးတလေက ဆောင်းသည်ကို သင် မြင်သလော။ အမှန်တွင် ဤယဉ်ကျေးမှု ရိုးရာဓလေ့သည် အမျိုးသားများကိုသာ ရည်ရွယ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသားများက အစိမ်းရောင် ဦးထုပ်ဆောင်းခြင်းသည် မကောင်းသည့် လက္ခဏာတစ်ခုဖြစ်ပြီး ထိုအရာသည် အမျိုးသမီးများနှင့် ဆက်စပ်မှု မရှိပေ။ သို့သော် ဤယဉ်ကျေးမှုဓလေ့သည် ဖြစ်တည်လာသည်နှင့်တစ်ပြိုင်နက် မည်သည့် ဆက်စပ်အကြောင်းအရာဖြင့် ဖြစ်ပေါ်သည်ဖြစ်စေ ဤလူမျိုးနွယ်စု၏ လူတိုင်းကြောင့် ထိုယဉ်ကျေးမှုဓလေ့က ဤအစိမ်းရောင်ဦးထုပ်နှင့်ပတ်သက်၍ ခွဲခြားဆက်ဆံမှုတစ်မျိုး ဖြစ်စေသည်။ ထိုသို့သော ခွဲခြားဆက်ဆံခြင်း ဖြစ်ပြီးနောက်တွင် ဤအရာသည် အလွန် အပြစ်ကင်းသည့်၊ ရုပ်ဝတ္ထုပစ္စည်း တစ်ခုမှသည် အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ်သို့ အမှုမဲ့အမှတ်မဲ့ဖြင့် ပြောင်းလဲသွားသည်။ အမှန်တွင် ထိုအရာသည် အပြစ်ကင်းပြီး မည်သည့်အပြုသဘောဆောင်သည့် အရည်အသွေး သို့မဟုတ် မည်သည့်အပျက်သဘောဆောင်သည့် အရည်အသွေးမျှ လုံးဝ မရှိပေ။ ထိုအရာသည် ရုပ်ဝတ္ထုပစ္စည်းတစ်ခု၊ အရောင်တစ်ခုနှင့် ပုံပန်းတစ်ခုရှိသော အရာဝတ္ထုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ရိုးရာယဉ်ကျေးမှု၏ ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ခံရပြီးနောက်တွင် နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်လာသနည်း။ (အပျက်သဘောဆောင်သောအရာဖြစ်သည်။) အပျက်သဘောဆောင်သောအရာ ဖြစ်လာသည်။ အပျက်သဘောဆောင်သောအရာ ဖြစ်လာပြီးနောက်တွင် လူတို့သည် ဤအရာကို မှန်ကန်စွာ သဘောထားနိုင်ခြင်း၊ သို့မဟုတ် အသုံးပြုနိုင်ခြင်း မရှိကြပေ။ ထိုအကြောင်းကို တွေးလော့။ တရုတ်စျေးတွင် အနီရောင်၊ ပန်းရောင်၊ အဝါရောင် စသည်တို့ကဲ့သို့သော အရောင်အမျိုးမျိုးရှိသည့် ဦးထုပ်များ ရှိသော်လည်း အစိမ်းရောင်ဦးထုပ်များ မရှိပေ။ လူတို့သည် ဤရိုးရာအတွေးအခေါ်၏ ဘောင်ခတ်ခြင်းနှင့် လွှမ်းမိုးခြင်း ခံရသည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှု၏ သတ်သတ်မှတ်မှတ် ဖြစ်သော ကိစ္စရပ်တစ်ခုက လူတို့အပေါ်ရှိသည့် သက်ရောက်မှု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။