အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း သုံး

တရုတ်လူမျိုးများစွာက အနောက်တိုင်းသို့ လာရောက်ပြီးနောက်တွင် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုနှင့် မှန်ကန်ကာ ကောင်းမွန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများကို အနောက်တိုင်းသားများထဲသို့ သွတ်သွင်းချင်ကြလေသည်။ ထိုနည်းတူစွာပင် အနောက်တိုင်းသားများသည် အကျောခံမည်မဟုတ်ဘဲ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုများကလည်း အလွန်ရှေးကျသည်ဟု ယုံကြည်ကြလေသည်။ ဥပမာအနေဖြင့် ရှေးခေတ်ရောမ၊ ရှေးခေတ် အီဂျစ်နှင့် ရှေးခေတ် ဂရိနိုင်ငံတို့အားလုံးသည် ၎င်းတို့၌ “ရှေးခေတ်”ဟူသည့် စကားလုံး ပါရှိကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုများသည် အနှစ်သုံးထောင်ကျော်လေသည်။ ဤအရေအတွက်ပေါ်အခြေခံ၍ ကြည့်သည့်အခါ ဤနေရာတွင် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုခု ရှိပြီး ဤယဉ်ကျေးမှု အမွေအနှစ်က ဖြစ်စေသည့်အရာများသည် လူသားမျိုးနွယ်ထဲတွင် လူ့ဘဝတစ်ခုလုံး၏ အနှစ်သာရအဖြစ်လည်းကောင်း၊ လူသားမျိုးနွယ်၏ အသက်၊ ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ပြုမူကျင့်ကြံမှုတို့မှ ဖြစ်လာသည့် စံပြုထိုက်ဆုံးသော အရာများကို ပေါင်းရုံးဖော်ပြချက်အဖြစ်လည်းကောင်း ယူဆခြင်းခံရလေသည်။ လက်ဆင့်ကမ်းလာခဲ့ကြသည့် စံပြုထိုက်ဆုံးသော အရာများကို လူသားမျိုးနွယ်က မည်သို့ ခေါ်ဆိုသနည်း။ ရိုးရာယဉ်ကျေးမှုဖြစ်သည်။ လူမျိုးဆက်တစ်ဆက်ပြီး တစ်ဆက်သည် ဤရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းလာကြပြီးဖြစ်ကာ လူတိုင်းက ၎င်းတို့၏ စိတ်နှလုံးများတွင် ဤသည်မှာ အကောင်းဆုံးသောအရာဖြစ်သည်ဟု တွေးထင်ကြလေသည်။ ထိုအရာကို လူတို့ လိုက်နာစောင့်ထိန်းနိုင်သည်ဖြစ်စေ၊ မစောင့်ထိန်းနိုင်သည်ဖြစ်စေ၊ ယေဘုယျအားဖြင့်ပြောရလျှင် လူမျိုးနွယ်စုတစ်ရပ်လုံးက ထိုအရာကို အခြားအရာအားလုံးအထက်တွင် ရှိသောအရာတစ်ခုအဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း သဘောထားကြလေသည်။ ထို့ကြောင့် လူမျိုးနွယ်စုတိုင်းသည် စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးခြင်းကို ခံနိုင်သည့် ရိုးရာဓလေ့ဆိုင်ရာ အမှုအရာများအချို့ ရှိကြပြီး ယင်းက ၎င်းတို့အပေါ် အထူးတလည် နက်နဲသော လွှမ်းမိုးမှုရှိကာ ၎င်းတို့က ဤအရာများကို အချင်းချင်း ပြိုင်ဆိုင်ကာ နှိုင်းယှဉ်ရန်နှင့် ကြိုးစားကာ အချင်းချင်း သာလွန်အောင်လုပ်ဖို့ရန်ပင် အသုံးပြုကြလေသည်။ သာဓကအနေဖြင့် တရုတ်လူမျိုးများက “ကျွန်ုပ်တို့၏ အရက်ဖြူယမကာက ကောင်းသည်၊ အရက်ပါဝင်မှု အလွန် မြင့်မားသည်”ဟု ပြောကြသည်။ အနောက်တိုင်းသားများက “သင်တို့၏ ယမကာနှင့်ပတ်သက်၍ မည်သည့်အရာကများ အလွန်ကောင်းနေသနည်း။ အရက်ပါဝင်မှု အလွန်မြင့်သဖြင့် သင်တို့သည် သောက်ပြီးနောက်တွင် ယစ်မူးကြပြီးသည့်အပြင် အသည်းအတွက်လည်း တကယ် မကောင်းပါ။ ကျွန်ုပ်တို့ အနောက်တိုင်းသားများ သောက်သည့် ဝိုင်နီသည် အရက်ပါဝင်မှု နည်းသည်၊ အသည်းကို ထိခိုက်မှုနည်းပြီး သွေးလည်ပတ်မှုကိုလည်း မြှင့်တင်ပေးသည်”ဟု ဆိုကြလေသည်။ တရုတ်လူမျိုးများက “ကျွန်ုပ်တို့၏ အရက်ဖြူကလည်း သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး ထိုအရာကို အလွန်ကောင်းစွာ လုပ်ဆောင်ပေးသည်။ သင် သောက်လိုက်သည်နှင့်တစ်ပြိုင်နက် သင့် ခေါင်းဆီသို့ ရောက်သွားပြီး သင့်မျက်နှာအနှံ့ နီမြန်းသွားသည်။ သင်တို့၏ ဝိုင်နီသည် ကျေနပ်လောက်အောင် မပြင်းပါ၊ မည်မျှသောက်သည်ဖြစ်စေ သင်တို့ မမူးပါ။ သင်တို့ မြင်ကြသလော၊ ကျွန်ုပ်တို့တွင် အရက်သောက်ခြင်းအတွက် အရက် ထုံးတမ်းဓလေ့ရှိပြီး လက်ဖက်ရည် သောက်ခြင်းအတွက် လက်ဖက်ရည် ထုံးတမ်းဓလေ့ရှိသည်”ဟု ပြောလေသည်။ အနောက်တိုင်းသားများက “ကျွန်ုပ်တို့တွင်လည်း လက်ဖက်ရည်သောက်ခြင်းအတွက် လက်ဖက်ရည် ထုံးတမ်းဓလေ့ ရှိပြီး၊ ကော်ဖီသောက်ခြင်းအတွက် ကော်ဖီ ထုံးတမ်းဓလေ့၊ အရက်သောက်ခြင်းအတွက် အရက် ထုံးတမ်းဓလေ့ ရှိကာ ယနေ့ခေတ်တွင် အမြန်ပြင်အစားအစာ ထုံးတမ်းဓလေ့ပင် ကျွန်ုပ်တို့၌ ရှိသည်”ဟု ဆိုကြလေသည်။ အချင်းချင်း နှိုင်းယှဉ်ရာတွင် မည်သူကမျှ အခြားမည်သူ့ကိုမျှ အလျှော့မပေးသကဲ့သို့ အခြားသူတစ်ဦးဦးထံမှ မည်သည့်အရာကိုမျှ တစ်ယောက်မျှ လက်မခံကြပေ။ ၎င်းတို့ကိုယ်ပိုင် အမှုအရာများက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့အားလုံး တွေးထင်ကြသော်လည်း အမှန်တွင် ထိုအရာများထဲမှ မည်သည့်အရာမျှ သမ္မာတရား မဟုတ်ပေ။ ဘာသာတရားမရှိသောသူများကို ဘေးဖယ်လျက် ဘုရားသခင်ကို ယုံကြည်သူများပင်လျှင်၊ သာ၍ ဆိုးသေးသည်မှာ ဤအမှုတော်အဆင့်ကို နှစ်ပေါင်း ၂၀ သို့မဟုတ် ၃၀ လက်ခံပြီးကြသူများပင်လျှင် ဤအရာများကို သမ္မာတရား လုံးဝ မဟုတ်ကြောင်း သဘောမပေါက်ကြသည်မှာ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာဖြစ်၏။ “ထိုအရာသည် သမ္မာတရားနှင့် ဆက်စပ်သည်ဟု ပြောခြင်းက အဆင်ပြေသလော”ဟု ပြောသော သူအချို့ရှိသည်။ ဆက်စပ်သည်ဟု ပြောရန်ပင် အဆင်မပြေပေ။ ထိုအရာသည် သမ္မာတရားမဟုတ်။ သမ္မာတရားနှင့် ဘာဆိုဘာမျှ ဆက်စပ်ခြင်း၊ ဆက်နွှယ်ခြင်း မရှိပေ။ ယင်းတို့သည် ဆင်မတူသကဲ့သို့ တူညီသောအရာ မဟုတ်ပေ။ ကြေးနီသည် မည်မျှ ရွှေရည်စိမ်ထားသည်ဖြစ်စေ၊ မည်မျှ အရောင်တင်ထားသည်ဖြစ်စေ၊ ကြေးနီဖြစ်နေဆဲဖြစ်ပြီး အရောင်မတင်ထားသည့်၊ မတောက်ပသည့် သို့မဟုတ် အရောင်စိုခြင်းမရှိသည့် ရွှေမှာမူ ရွှေဖြစ်နေဆဲဖြစ်သည်။ ယင်းတို့သည် တူသောအရာ မဟုတ်ကြပေ။

“အတော်အတန် ကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှု သွန်သင်လေ့ကျင့်ပေးခြင်းနှင့် ပုံသွင်းပေးခြင်းတို့ကို ရရှိကြပြီးဖြစ်သည့် လူတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်သလော”ဟု မေးသည့် သူအချို့ရှိသည်။ မလွယ်ပေ၊ ဤအရာများသည် သီးခြားကိစ္စရပ်နှစ်ခု ဖြစ်သည်။ အနည်းငယ် ကွာခြားသည်မှာ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံများသာဖြစ်သည်။ သို့သော် သမ္မာတရားကို လက်ခံခြင်းအပေါ် လူတို့၏ သဘောထားများ၊ ၎င်းတို့၏ အမျိုးမျိုးသော အတွေးများနှင့် အမြင်များအပြင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာက အတူတူပင် ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလနှင့်ဆိုင်သော သူ့အမှုတော်၏ ဤအဆင့်၌ စကားစတင်ပြောခဲ့ချိန်တွင် တရုတ်လူမျိုးများနှင့်ဆိုင်သည့် ဆက်စပ်အကြောင်းအရာဖြင့် ပြောဆိုခဲ့ပြီး သူ၏ စကားများကို ၎င်းတို့အတွက် ရည်ညွှန်းပြောဆိုနေခဲ့သည်။ အနှစ်သုံးဆယ် ကုန်လွန်သွားပြီး ဤစကားများက အာရှ၏ အခြားအစိတ်အပိုင်းများ၊ ဥရောပနှင့် အမေရိက စသည်တို့ကဲ့သို့သော နေရာများရှိ လူမျိုးနွယ်စု မျိုးစုံထံသို့ ဖြန့်ချိသည့်အချိန်တွင် ယင်းတို့ကို လူတို့က ဖတ်ရှုပြီးနောက်တွင် လူတို့က လူမည်း၊ လူဖြူ၊ လူညို သို့မဟုတ် လူဝါဖြစ်သည်ဖြစ်စေ အားလုံးက “ဤစကားများသည် ကျွန်ုပ်တို့အကြောင်းကို ပြောနေသည်”ဟု ဆိုကြသည်။ ဘုရားသခင်၏ စကားများက လူသားများအားလုံး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည်။ လူအနည်းငယ်က “ဤစကားများသည် သင်တို့ တရုတ်လူမျိုးများကိုသာ ရည်ညွှန်းသည်။ ကျွန်ုပ်တို့တွင် မရှိသည့် သင်တို့ တရုတ်လူမျိုးများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်းကို ပြောနေခြင်း ဖြစ်သည်”ဟု ပြောကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အရေအတွက် အလွန်နည်းပါးသော လူတို့ကသာ ထိုသို့သော အရာများကို ပြောမည်ဖြစ်သည်။ အတိတ်ကာလတွင် တောင်ကိုရီးယားလူမျိုးများက ဤနားလည်မှုလွဲခြင်းမျိုး ရှိခဲ့ကြသည်။ တောင်ကိုရီးယားလူမျိုးများက ဒီမိုကရေစီဝါဒ အခြေခံပြီး လွတ်လပ်သော လူမှုစနစ်တစ်ခုအောက်တွင် အသက်ရှင်ကာ ခရစ်ယာန်ယဉ်ကျေးမှုအပြင် ကိုရီးယား ယဉ်ကျေးမှု နှစ်ထောင်ချီကာလများ၏ လွှမ်းမိုးခြင်းခံခဲ့ရသောကြောင့် ၎င်းတို့၏ မျိုးနွယ်စုသည် တရုတ်လူမျိုးများထက် ပိုမိုဂုဏ်ရှိကာ မြင့်မြတ်သည်ဟု ၎င်းတို့က ယုံကြည်ခဲ့ကြသည်။ အဘယ်ကြောင့် ထိုသို့ တွေးခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် တရုတ်လူမျိုးများစွာသည် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ပြီးနောက်တွင် ၎င်းတို့ သွားခဲ့သည့် နေရာများကို ကျန်းမာရေးနှင့် မညီညွတ်စေသကဲ့သို့ ပိုမို ဆူညံသွားစေသောကြောင့်၊ ခိုးမှုနှင့် ပြစ်မှုတို့ တိုးစေခဲ့ပြီး ဤအရာက လူမှုအခြေအနေအပေါ် ဆိုးကျိုးပေးသော သက်ရောက်မှုအချို့ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တောင်ကိုရီးယားရှိ ညီအစ်ကို မောင်နှမများက “တရုတ်လူမျိုးများသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများဖြစ်ပြီး မောဘ၏ မျိုးဆက်များဖြစ်သည်။ ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများမှာ အဆင်းနီသော နဂါးကြီး၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးပါ”ဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ ပြောခြင်းဖြင့် မည်သည့်အရာကို ၎င်းတို့ သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ “ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရသေးသောကြောင့် တရုတ်လူမျိုးများလောက် ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်း မရှိပါ။ တရုတ်လူမျိုးများသည် ကျွန်ုပ်တို့ထက် ပို၍ ဖောက်ပြန်ပျက်စီးသည်။ ကျွန်ုပ်တို့သည် တရုတ်လူမျိုးများထက် ပို၍ ကောင်းသည်”ဟူ၍ ဖြစ်သည်။ “ပို၍ ကောင်းသည်”ဟူသည့်အရာဖြင့် မည်သည့်အရာကို ၎င်းတို့က ဆိုလိုသနည်း။ (ပို၍ ကောင်းစွာ ပြုမူသည်ဟူ၍ ဖြစ်သည်။) တစ်နည်းအားဖြင့် အပြုအမူနှင့် ပတ်သက်ပေသည်။ နောက်တစ်နည်းအားဖြင့် သမိုင်းအစကတည်းက တောင်ကိုရီးယား နိုင်ငံက ပေါက်ဖွားစေခဲ့ပြီး လက်ခံခဲ့သည့် ရိုးရာယဉ်ကျေးမှုသည် မြင့်မြတ်သည်၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များထက် ပိုမိုမြင့်မြတ်ပြီး ဤရိုးရာယဉ်ကျေးမှုမျိုး၏ ပုံသွင်းပေးခြင်းခံရသည့် လူများနှင့် မျိုးနွယ်စုသည် တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံသွင်းပေးခြင်း ခံရသူများထက် ပိုမို မြင့်မြတ်သည်ဟူ၍ ၎င်းတို့က အလွန် ရိုးသားစစ်မှန်စွာ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုပြီး ဘုရားသခင်က “သင်တို့ အညံ့စား အမှိုက်များ”ဟု ပြောသည်ကို မြင်သည့်အခါ သူသည် တရုတ်လူမျိုးများကို ပြောနေခြင်းဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ တရုတ်ညီအစ်ကို မောင်နှမများက “‘သင်တို့’ဟူသည့် ဘုရားသခင် ပြောသည့်အရာသည် လူသားမျိုးနွယ်ကို ရည်ညွှန်းသည်”ဟု ပြောကြသည်။ တောင်ကိုရီးယားလူမျိုးများက “ယင်းမှာ မမှန်ပါ၊ ဘုရားသခင်က ‘သင်တို့’အကြောင်း ပြောနေခြင်းဖြစ်သည်၊ ကျွန်ုပ်တို့အကြောင်း မဟုတ်ပါ။ ဘုရားသခင် သွယ်ဝိုက်ညွှန်းဆိုသည့် အရာမှာ တောင်ကိုရီးယားလူမျိုးများ မပါဝင်ပါ”ဟု ပြောကြသည်။ ယင်းမှာ ၎င်းတို့ တွေးထင်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ အမှုအရာများကို မည်သည့် ရှုထောင့်မှ ၎င်းတို့ ကြည့်သည်ဖြစ်စေ၊ ၎င်းတို့၏ သဘောထားနှင့် ရှုထောင့်အမြင်များသည် ဓမ္မဓိဋ္ဌာန်ကျပြီး မျှတသည့် ရှုထောင့်အမြင်မှဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား၏ ရှုထောင့်အမြင်များမှပင် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူမျိုးနွယ်စုနှင့် ရိုးရာယဉ်ကျေးမှုတို့နှင့်ဆိုင်သည့် ဆက်စပ်အကြောင်းအရာမှ အမှုအရာများကို ကြည့်ကြလေသည်။ ထို့ကြောင့် အမှုအရာများကို ၎င်းတို့ မည်သို့ ကြည့်ကြသည်ဖြစ်စေ နောက်ဆက်တွဲ ရလဒ်များက သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲပေသည်။ အမှုအရာများကို ၎င်းတို့ မည်သို့ ကြည့်သည်ဖြစ်စေ ၎င်းတို့၏ စမှတ်မှာ “ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယား နိုင်ငံနှင့်ပတ်သက်သမျှ အရာရာက မှန်ကန်သည်၊ ထိုအရာနှင့် ပတ်သက်သမျှတိုင်းက စံနှုန်းဖြစ်ပြီး အရာရာက မှန်ကန်သည်”ဟူ၍ အမြဲ ဖြစ်လေသည်။ ၎င်းတို့သည် အရာရာကို မှားယွင်းသော ရှုထောင့်အမြင်နှင့် စမှတ်မှ ရှုမြင်ကာ အကဲဖြတ်ကြသောကြောင့် ယင်းတို့ကို ၎င်းတို့မြင်သည့်အခါ ရလဒ်များက မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) သေချာပေါက် မှားပေသည်။ သို့ဆိုလျှင် အရာရာကို အကဲဖြတ်သင့်သည့် စံနှုန်းက မည်သည့်အရာ ဖြစ်သင့်သနည်း။ (သမ္မာတရား ဖြစ်သည်။) ထိုအရာသည် သမ္မာတရားဖြစ်သင့်သည်။ ဤသည်မှာ စံနှုန်းဖြစ်သည်။ ၎င်းတို့၏ စံနှုန်းကိုယ်၌က မှားယွင်းပေသည်။ ၎င်းတို့သည် အမှုအရာအားလုံးနှင့် အဖြစ်အပျက်အားလုံးကို မှားယွင်းသော ရှုထောင့်အမြင်နှင့် သဘောထားမှ အကဲဖြတ်ကြသည်။ ထို့ကြောင့် အကဲဖြတ်ထားသည့် ရလဒ်များက မုချ မှားယွင်းသည်၊ မျှတခြင်းမရှိ၊ မှန်ကန်ခြင်းမရှိသည့်အပြင် အရှိကိုအရှိတိုင်း သာ၍ပင် မဟုတ်ပေ။ ထို့ကြောင့် မရင်းနှီးသောကိစ္စအချို့ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပြီး ထို့အပြင် ၎င်းတို့၏ အတွေးအခေါ်က အလွန် အစွန်းရောက်သည်၊ ပွင့်လင်းခြင်းမရှိ၊ သဘောထားကျဉ်းမြောင်းပြီး စိတ်လိုက်မာန်ပါဖြစ်ခြင်း ဖြစ်တတ်လေသည်။ ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းက မည်သည့်နေရာမှ လာသနည်း။ ထိုအရာမှာ ၎င်းတို့ မည်သည့်အရာကို ပြောသည်ဖြစ်စေ “ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယားနိုင်ငံ”ဟု ဖော်ပြရမည်ဖြစ်ပြီး “ကြီးမြတ်သော”ဟူသည့် စကားလုံးကို မရမက ဖြည့်စွက်ပြောကြခြင်း ဖြစ်သည်။ “ကြီးမြတ်သော” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤ “ကြီးမြတ်သော”ဟူသည့် စကားလုံးသည် မာနထောင်လွှားခြင်းကို ကိုယ်စားပြုသည် မဟုတ်လော။ သင်သည် ကမ္ဘာတစ်ဝှမ်းကို ခရီးသွားလျှင် သို့မဟုတ် မြေပုံစာအုပ်ကို ကြည့်လျှင် တောင်ကိုရီးယားနိုင်ငံသည် မည်မျှ ကြီးသနည်း။ အခြားနိုင်ငံများထက် အမှန်တကယ် ပိုကြီးမားပြီး ကြီးမြတ်သည်ဟု အမှန်တကယ် ခေါ်၍ရလျှင် အဆင်ပြေသည်၊ “ကြီးမြတ်သော”ဟု ခေါ်ဆိုလော့။ သို့သော် ကမ္ဘာမြေပေါ်ရှိ အခြားနိုင်ငံများနှင့် ယှဉ်သည့်အခါ တောင်ကိုရီးယားသည် ကြီးမားသော နေရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့က အဘယ်ကြောင့် ထိုအရာကို “ကြီးမြတ်သော”ဟု မလျှော့တမ်း ခေါ်နေကြသနည်း။ ထို့အပြင် နိုင်ငံက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ထိုနိုင်ငံက ပေါက်ဖွားစေသည့် စည်းမျဉ်းများနှင့် ရိုးရာယဉ်ကျေးမှုတို့သည် ဘုရားသခင်ထံမှ မလာသကဲ့သို့ သမ္မာတရားထံမှ လုံးဝ မလာပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးက သမ္မာတရားကို လက်မခံမီနှင့် ကယ်တင်ခြင်းကို လက်မခံမီတွင် ၎င်းတို့ လက်ခံသည့် အတွေးအခေါ်အားလုံး စာတန်ထံမှ လာသောကြောင့် ဖြစ်သည်။ စာတန်က ဖြစ်စေသည့် အတွေးအခေါ်များ၊ အမြင်များနှင့် ရိုးရာယဉ်ကျေးမှုအားလုံးက လူတို့ကို မည်သည့်အရာ လုပ်ဆောင်သနည်း။ ထိုအရာများက လုပ်ဆောင်သည့်အရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ယုတ္တိမရှိသကဲ့သို့ အဓိပ္ပာယ်မဲ့သည့် အဆင့်ထိပင် သဘောထား ကျဉ်းမြောင်းပြီး အစွန်းရောက်သော အတွေးအခေါ်များနှင့် အမှုအရာများအပေါ် တစ်ဖက်သတ်ဖြစ်ကာ တစ်ဖက်စောင်းနင်း ဖြစ်သည့် အမြင်များရှိကြသည့် အကျိုးဆက်နှင့်အတူ လူတို့ကို အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အကျိုးဆက်များ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများစွာတွင်ရှိသည့် လူတို့နှင့် အချို့သော လူမျိုးနွယ်စုတို့ကပင်လျှင် “ဘုရားသခင်သည် တရုတ်နိုင်ငံတွင် လူ့ဇာတိခံသည်”ဟူသည့် စကားများကို ကြားသည့်အခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ အဘယ်နည်း။ မဖြစ်နိုင်ဟူသည့် စကားတစ်လုံးသာ ဖြစ်သည်။ ထိုနေရာက မည်သည့်အရာ ဖြစ်ရမည်ဟု ၎င်းတို့ တွေးထင်ကြသနည်း။ (အစ္စရေးနိုင်ငံ ဖြစ်သည်။) မှန်ပေ၏၊ အစ္စရေးနိုင်ငံဖြစ်သည်။ လူတို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ပြီး အယူအဆများကို လိုက်နာစောင့်ထိန်းရသည်ကို အနှစ်သက်ဆုံးဖြစ်ကြသည်။ အစ္စရေးနိုင်ငံသည် ဘုရားသခင် အမှုပြုပြီးသောနေရာဖြစ်သောကြောင့် ဘုရားသခင်သည် အစ္စရေးနိုင်ငံတွင်ဖြစ်စေ၊ ၎င်းတို့ ရိုသေလေးမြတ်သည့် တန်ခိုးအာဏာ ကြီးမားသော အင်ပါယာတစ်ခုခုတွင်ဖြစ်စေ ပေါ်ထွန်းသင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည် သို့မဟုတ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် တစ်ချိန်က ရှေးကျသော ယဉ်ကျေးမှုတစ်ခု ဖြစ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံတွင် ဘုရားသခင် ပေါ်ထွန်းသင့်သည်ဟု တွေးထင်ကြသည်။ တရုတ်နိုင်ငံသည် ထိုသို့သော နိုင်ငံတစ်ခု အတိအကျ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က တရုတ်နိုင်ငံတွင် လူ့ဇာတိခံယူသည်ဟူသော သက်သေခံချက်ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပြီး ဤအရာတစ်ခုတည်းက ကယ်တင်ခံရမည့် ဤအခွင့်အရေးကို ဆုံးရှုံးစေရန် လုံလောက်လေသည်။ ဤအရာကို မည်သူက ဖြစ်စေခဲ့သနည်း။ (၎င်းတို့ကိုယ်တိုင်က ဖြစ်စေခဲ့ပါသည်။) ထိုသို့သော အယူအဆကို ၎င်းတို့ ထားရှိပြီး ပုန်ကန်တတ်လာကြကာ ပြဿနာကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကို လုံးဝ မရှာဖွေကြသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ဆိုးရွားသည့် ထိခိုက်နစ်နာမှု ဖြစ်စေကြပြီးဖြစ်သည့်အပြင် ကယ်တင်ခြင်း ရရှိမည့် ဤတစ်ခုတည်းသော အခွင့်အရေးကို ပျက်စီးစေမိကြပြီ ဖြစ်သည်။

လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ရှိကြသည့် စိတ်ကူးများနှင့် အယူအဆများစွာအပြင် လူတို့ ကိုးကွယ်ကြသည့် အရာအချို့ပင်လျှင် အလွန် ရယ်ဖွယ်ကောင်းပြီး အဓိပ္ပာယ်မရှိပေ။ အမေရိကနိုင်ငံတွင် နေပြီး ထိုနိုင်ငံကို နှစ်သက်သော တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသည် အမေရိကန်လူမျိုးများနှင့် ထိတွေ့ဆက်ဆံလာရကာ ၎င်းတို့ထဲမှ တစ်ဦးက သူမကို “နွေဦးပွဲတော် ရောက်တော့မည်ဖြစ်သည်။ နွေဦးပွဲတော် ကာလအတောအတွင်းတွင် တရုတ်လူမျိုးများက မည်သည့်အရာကို သုံးဆောင်ကြသနည်း”ဟု မေးသည်။ သူမက “ကျွန်ုပ် တရုတ်လူမျိုး မဟုတ်ပါ။ တောင်ကိုရီးယားလူမျိုး ဖြစ်သည်”ဟု ပြောသည်။ အမေရိကန်လူမျိုးက “သို့ဆိုလျှင် တောင်ကိုရီးယားလူမျိုးများကလည်း နွေဦးပွဲတော်ကို ကျင်းပကြသည် မဟုတ်လော” ဟု ပြန်ပြောသည်။ ယင်းကို သူမက “ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများသည် နွေဦးရာသီပွဲတော်ကို မကျင်းပကြပါ”ဟု ပြောသည်။ အမေရိကန်လူမျိုးက “တောင်ကိုရီးယား လူမျိုးများက တရုတ်လူမျိုးများကဲ့သို့ပင် နွေဦးရာသီပွဲတော် ကျင်းပကြသည်ဟု ကျွန်ုပ် ထင်ခဲ့သည်”ဟု ဆိုလေသည်။ သူမက အလွန့်အလွန် မပြေပြစ်သော လေသံဖြင့် “ကျွန်ုပ်တို့သည် တရုတ်လူမျိုးများနှင့် မတူပါ။ ကျွန်ုပ်တို့က နွေဦးရာသီ ကျင်းပသည်ဟု သင် တွေးထင်ခြင်းသည် သင့်တော်သလော။ ဤအရာသည် ကျွန်ုပ်တို့ တောင်ကိုရီးယားလူမျိုးများ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ စော်ကားခြင်းဖြစ်သည်”ဟု ဆိုလေသည်။ တောင်ကိုရီးယား လူမျိုးများသည် နွေဦးရာသီပွဲတော်ကို အမှန်တကယ် မကျင်းပကြသလော။ (တကယ် ကျင်းပကြပါသည်။) အမှန်တွင် တောင်ကိုရီးယားလူမျိုးများကလည်း နွေဦးရာသီပွဲတော်ကို ကျင်းပကြသည်။ ထို့ကြောင့် တောင်ကိုရီးယားလူမျိုးများက ထိုပွဲတော်ကို မကျင်းပကြဟု အဘယ်ကြောင့် သူမ ပြောခဲ့သနည်း။ ဤကိစ္စရပ်ကို ဆွေးနွေးကြစို့။ နွေဦးရာသီပွဲတော်ကျင်းပခြင်းသည် မှန်သလော၊ သို့မဟုတ် မမှန်သလော။ ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင်တို့ ရှင်းပြနိုင်သလော။ နိုင်ငံခြားသားများအတွက် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းသည် သူ့ကိုယ်၌က ရှက်ဖွယ်သောအရာတစ်ခု မဟုတ်။ လူတို့၏ ဘဝများတွင် အရေးကြီးသော ရက်တစ်ရက်ကို အောက်မေ့ဂုဏ်ပြုသည့် အထူးထုံးတမ်းဓလေ့တစ်ခု ဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှု လောကရှိ လူသားများအတွက် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းသည် မှားယွင်းသည့်အရာ သို့မဟုတ် ရှက်ဖွယ်သောအရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ထိုအမျိုးသမီးက နွေဦးရာသီပွဲတော် ကျင်းပခြင်းကို အဘယ်ကြောင့်ဝန်မခံဝံ့သနည်း။ အဘယ်ကြောင့်ဆိုသော် နွေဦးရာသီပွဲတော်ကို ကျင်းပခြင်းအား သူမ ဝန်ခံသည်နှင့်တစ်ပြိုင်နက် သူမသည် အနောက်တိုင်းမဆန်တော့သကဲ့သို့ အလွန်ရိုးရာဆန်သည့် အရှေ့အာရှလူတစ်ဦးအဖြစ် အမည်တပ်ခံရလိမ့်မည်ဖြစ်ကာ သူမသည် ရိုးရာဆန်သည့် အရှေ့အာရှ အမျိုးသမီးတစ်ဦးဖြစ်သည်ဟု လူတို့အား မတွေးထင်စေလိုသောကြောင့် ဖြစ်သည်။ သူမတွင် အရှေ့အာရှ ရိုးရာများမရှိကြောင်းနှင့် အရှေ့အာရှ ရိုးရာများကို သူမ နားမလည်ကြောင်း သို့မဟုတ် ထိုအရာများနှင့်ပတ်သက်၍ မည်သည့်အရာမျှ သိပင်မသိကြောင်း သူမက လူတို့အား တွေးထင်စေချင်သည်။ သူမက အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောကြောင်း ၎င်းတို့ကို သိစေချင်သည်၊ သူမ၏ ဆံပင်ကို ရွှေရောင်ဆိုးသည်၊ အပြာရောင် မျက်ကပ်မှန်ကို တပ်သည်၊ အနောက်တိုင်းသားတစ်ဦးကဲ့သို့ ဝတ်စားပြီး အနောက်တိုင်း အမျိုးသမီးများကဲ့သို့ ရဲရင့်ကာ ဘောင်ခတ်မခံကြောင်း၊ လွတ်မြောက်ကြောင်း၊ အမှီအခိုကင်းပြီး ထိုးထွင်းအမြင်ရှိကြောင်း သိစေချင်လေသည်။ ယင်းမှာ သူမက လူတို့အား သူမအပေါ် ယူဆစေချင်ပုံ ဖြစ်သည်။ ထို့ကြောင့် ဤအတွေးအခေါ်၏ စိုးမိုးခြယ်လှယ်မှုအောက်တွင်၊ သူမအပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါတိုင်းတွင် သူမ ပြုမူသည့်နည်းလမ်းက ဤအတွေးအခေါ်နှင့် ကိုက်ညီလိမ့်မည်။ တစ်စုံတစ်ဦးက သူမအား တောင်ကိုရီးယားလူမျိုးများက နွေဦးရာသီပွဲတော် ကျင်းပခြင်းရှိမရှိ မေးမြန်းသည့်အခါတိုင်းတွင် သူမက “ကျွန်ုပ်တို့ တောင်ကိုရီးယား လူမျိုးများသည် နွေဦးရာသီပွဲတော်ကို မကျင်းပကြပါ”ဟု ပြန်ဖြေသည်။ သူမနှင့် ရင်းနှီးသည့် သူများက “နွေဦးရာသီပွဲတော်ကို ကျွန်ုပ်တို့ ကျင်းပသည်မှာ အသိသာကြီးဖြစ်သည်။ ကျွန်ုပ်တို့ ကျင်းပခြင်းမရှိဟု သင် အဘယ်ကြောင့် ပြောရသနည်း”ဟု ပြောလျှင် သူမ မည်သို့ ပြန်ဖြေမည်နည်း။ “သင် ဒုံးဝေးပေသည်။ နွေဦးရာသီပွဲတော်ကို ကျွန်ုပ်တို့ ကျင်းပသည်ဟု ဆိုလျှင် ကျွန်ုပ်က ရိုးရာဆန်သော တောင်ကိုရီးယားလူမျိုးတစ်ဦးဖြစ်သည်ကို သူတို့ သိသွားကြမည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ သူမသည် လူတို့အား သူမအနေဖြင့် အမေရိကတွင် မွေးဖွား၊ ကြီးပြင်းခဲ့သည်ဟု တွေးထင်စေချင်လေသည်။ သင်က “သင် ဤနေရာတွင် မွေးခဲ့သည်၊ သို့သော် သင်တို့၏ မိသားစု မျိုးဆက်မည်မျှသည် ဤနေရာတွင် နေထိုင်ပြီးပြီနည်း”ဟု သူမကို မေးလျှင် သူမက “ကျွန်ုပ်တို့၏ ဘိုးဘေးများက ဤနေရာတွင် ကြီးပြင်းခဲ့ကြသည်”ဟု ပြောပေမည်။ ဤသည်မှာ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း၏ သင်္ကေတတစ်ခုဟု သူမက တွေးထင်သောကြောင့် ဤမုသားကို ပြောသည်ထိ လုပ်ဆောင်ကာ အခြားသူများ သိသွားမည်ကို စိုးရွံ့ခြင်း မရှိပေ။ ဤသည်မှာ မည်သည့် အတွေးအခေါ်မျိုးနည်း။ ဤကိစ္စရပ်သည် လိမ်ညာထိုက်သလော။ စွန့်စားထိုက်သလော။ မစွန့်စားထိုက်ပေ။ ထိုသို့သော သေးငယ်သည့် ကိစ္စရပ်တစ်ခုကပင်လျှင် လူတစ်ဦး၏ အတွေးအခေါ်များနှင့် အမြင်များကို ဖော်ထုတ်နိုင်လေသည်။ မည်သည့် အတွေးအခေါ်နှင့် အမြင်မျိုးများ ဖော်ထုတ်ခံရသနည်း။ အချို့သော တရုတ်မိန်းကလေးများသည် တကယ်ကို လှပကြသည်၊ သို့သော် ၎င်းတို့သည် မိမိတို့၏ ဆံပင်ကို မရမက ရွှေရောင်ဆိုးကြသည်၊ ကောက်ကြသည်၊ ၎င်းတို့၏ မျက်လုံးအရောင်ကို ပြောင်းလဲသွားစေသည့် မျက်ကပ်မှန် အရောင်အမျိုးမျိုးကို တပ်ဆင်ကြပြီး နိုင်ငံခြားသူများကဲ့သို့ ပုံမှားရိုက်ကြလေသည်။ မျက်မြင်တွေ့ရသည်မှာ တကယ်ကို ကသိကအောက်ဖြစ်ရပေသည်။ ထိုသို့သော လူမျိုးဖြစ်ဖို့ ၎င်းတို့က အဘယ်ကြောင့် မရမကလုပ်ဆောင်ကြသနည်း။ ထိုကဲ့သို့ စတင်ဝတ်စားပြီးနောက်တွင် ၎င်းတို့၏ မျိုးရိုး ပြောင်းလဲသွားသလော။ ၎င်းတို့၏ မျိုးရိုးပြောင်းလဲသွားပြီး နောင်ဘဝတွင် လူဖြူတစ်ဦးအဖြစ် သို့မဟုတ် ၎င်းတို့ အထင်ကြီးသည့် မျိုးနွယ်စုတစ်ခု၏ လူတစ်ဦးအဖြစ် ၎င်းတို့ လူဝင်စားလျှင်ပင် အဘယ်သို့ဖြစ်သနည်း။ ဤကိစ္စရပ်ကို ရှင်းလင်းစွာ သင်တို့ မြင်နိုင်သလော။ တစ်စုံတစ်ဦးသည် ပုံစံတစ်ခုခုနှင့် ပင်ကိုစရိုက်တစ်ခုခုဖြင့် မရမက ပြုမူကျင့်ကြံကာ ၎င်းတို့ ရိုသေလေးမြတ်သည့် တိုင်းနိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးကဲ့သို့ဖြစ်စေ၊ လူမျိုးနွယ်စုတစ်ခု၏ မျိုးနွယ်ဝင်တစ်ဦးကဲ့သို့ဖြစ်စေ ပုံမှားရိုက်လျှင် ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်စေရန် ချုပ်ကိုင်ထားသည့် အခြေခံကျသော အတွေးအခေါ်အချို့ ရှိသလော။ ထိုအရာကို စိုးမိုးသည့် အတွေးအခေါ်မှာ အဘယ်နည်း။ ယင်းမှာ ထိုတောင်ကိုရီးယား အမျိုးသမီးကဲ့သို့ ဖြစ်သည်။ အမေရိကန်လူမျိုးများက သူမကို စားပွဲတင်တင်းနစ် ကစားတတ်သလောဟု မေးသည့်အခါ သူမက “စားပွဲတင်တင်းနစ်က အဘယ်အရာဖြစ်သနည်း။ တရုတ်လူမျိုးများသာ ယင်းကို ကစားကြသည်။ ကျွန်ုပ်တို့က တင်းနစ်နှင့် ဂေါက်ကစားကြသည်”ဟု ပြောသည်။ ဤကဲ့သို့ ပြုမူကျင့်ကြံကာ စကားပြောတတ်သည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ အတော်အတန် ဟန်ဆောင်ခြင်း မဟုတ်သလော။ သူမ လုပ်ဆောင်သမျှတိုင်းက အယောင်ဆောင်ခြင်း ဖြစ်ပြီး ထိုအရာက သူမ၏ဘဝကို အလွန် ပင်ပန်းစရာဖြစ်စေသည်။ သင်တို့သည် ဤကဲ့သို့ ပြုမူကျင့်ကြံကြမည်လော။ အနောက်တိုင်းတွင် ဆယ်စုနှစ်ချီကြာ နေထိုင်ပြီးဖြစ်သည့် တရုတ်လူမျိုးအချို့သည် မိမိတို့ ဇာတိမြို့ကို ပြန်လာကြသည့်အခါ တရုတ်စကား မပြောတတ်ကြတော့ပေ။ ဤသည်မှာ မကောင်းသည့်အရာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူအချို့က “ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ မမေ့ရပေ။ လူတို့အနေဖြင့် မိမိတို့၏ မျိုးရိုးဇာစ်မြစ်ကို မမေ့သင့်ဟု ဘုရားသခင်ကလည်း ပြောသည်။ ဘုရားသခင်သည် လူတို့၏ ဇာစ်မြစ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံခဲ့ရပြီး လူတို့နှင့်ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်ထံမှလာသည်။ ထို့ကြောင့် ဖန်ဆင်းခံများဖြစ်သည့် လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ရမည်ဖြစ်သည်။ ဤသည်မှာ မိမိ၏မျိုးရိုးဇာစ်မြစ်ကို မမေ့ဖို့ဟု ဆိုလိုသည့်အရာ ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာမှန်သည် မဟုတ်လော။ အခြေအနေတိုင်းတွင် ရှာဖွေရမည့် သမ္မာတရား ရှိသော်လည်း လူတို့က သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို လုံးလုံး လိုက်နာစောင့်ထိန်းကြလေသည်။ ယင်းမှာအဘယ်ကြောင့်နည်း။ လူအချို့က “ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ လုံးဝ မမေ့ပါ။ ကျွန်ုပ်တို့ သွားသည့်နေရာတိုင်းတွင် ကျွန်ုပ်တို့က တရုတ်လူမျိုးဖြစ်ကြောင်း ဝန်ခံပြီး ကျွန်ုပ်တို့၏နိုင်ငံသည် ဆင်းရဲကာ ခေတ်နောက်ကျကြောင်းကို ကျွန်ုပ်တို့ ဝန်ခံသည်။ ကျွန်ုပ်တို့၏ မျိုးရိုးဇာစ်မြစ်ကို ကျွန်ုပ်တို့ လုံးဝ မည်သည့်အခါမျှ မေ့လိမ့်မည် မဟုတ်ပါ”ဟု ဆိုလေသည်။ ဤသည်မှာ မှန်သလော။ ရှုထောင့်တစ်ခုအနေဖြင့် ဤပြဿနာအားလုံးသည် လူသားမျိုးနွယ်အပေါ် ဤရိုးရာယဉ်ကျေးမှုများဟုခေါ်သော အရာများ၏ အလွန်အကျွံ နက်နဲသော လွှမ်းမိုးမှုနှင့် သွန်သင်လေ့ကျင့်မှုတို့ကြောင့် ဖြစ်သည်။ နောက်ရှုထောင့်တစ်ခုမှာ လူတို့သည် တရားဒေသနာများကို နှစ်များစွာ နားထောင်ပြီးနောက်တွင်ပင် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ သေချာစွာ ချင့်ချိန်စဉ်းစားခြင်းနှင့် ရှာဖွေခြင်း မပြုကြသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းတို့က ၎င်းတို့တွင် ရှိနှင့်ပြီးဖြစ်သော ၎င်းတို့ သင်ယူလေ့လာပြီးသားဖြစ်သည့် ရိုးရာယဉ်ကျေးမှုနှင့် ယိုယွင်းသော အရာများကို မကြာခဏ အသုံးပြုကြသောကြောင့် ယင်းတို့သည် ခိုင်မာစွာ အမြစ်တွယ်ကာ သမ္မာတရားအဖြစ် ပုံမှားရိုက်လေသည်။ ဤသည်မှာ ဒုတိယရှုထောင့်ဖြစ်သည်။ တတိယအနေဖြင့် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို မရှာဖွေကြချေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို တိုင်းတာရန် ၎င်းတို့ သိနှင့်ပြီးဖြစ်သည့် လူသား အယူအဆများတွင်ရှိသော ရိုးရာရှုထောင့်အမြင်များ၊ အသိပညာနှင့် လေ့လာသင်ယူမှုမှ ရသော ပညာတို့ကို အသုံးပြုကြလေသည်။ ထို့ကြောင့် ယခုထက်ထိတိုင် လူတို့သည် တရားဒေသနာများစွာကို နားထောင်ပြီး ဖြစ်သော်လည်း နှုတ်စကားဖြင့် လူတို့ လက်ဆင့်ကမ်းကြသည့် အပြုအမူ စည်းမျဉ်းများဟု ခေါ်သောအရာများနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ စည်းမျဉ်းများဟု ခေါ်သောအရာများသည် ၎င်းတို့က မှန်ကန်သည်ဟု စွဲကိုင်ကြသည့် အသိပညာတစ်ခုခု၊ စကားပုံများနှင့် ကြားနေကျဆိုရိုးများပေါ်တွင် မကြာခဏ အခြေခံလေသည်။ ဥပမာအနေဖြင့် လူအချို့က တစ်စုံတစ်ရာကို အမှားလုပ်ကာ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပြုပြင်လျှင် ၎င်းတို့က “အင်း၊ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ’ ဆိုသည်နှင့် ‘ပြုံးနေသည့်မျက်နှာကို လက်နှင့် မရွယ်နှင့်’ ဟူသည့် ဆိုရိုးစကားများကဲ့သို့ဖြစ်သည်။ ငါ၏ ဤအားနည်းချက်လေးကို အပြုံးဖြင့် ငါ စိတ်ရှည်စွာ လက်ခံခဲ့သည်။ ထိုအတွက် သင်က ငါ့ကို အဘယ်ကြောင့် ဆက်ဖော်ထုတ်နေသနည်း”ဟု တွေးကြလိမ့်မည်။ အပြင်ပန်းအားဖြင့် ၎င်းတို့က နာခံမှုရှိစွာ နားထောင်ကာ ကျိုးနွံနာခံကြသော်လည်း အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်တွင် ၎င်းတို့သည် ပြန်လည်ငြင်းခုံပြီး အတိုက်အခံလုပ်ရန် ရိုးရာအယူအဆများကို အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းတို့ အတိုက်အခံလုပ်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ” ဆိုသည်နှင့် “ပြုံးနေသည့် မျက်နှာကို လက်ဖြင့် မရွယ်နှင့်”ဟူသော ဆိုရိုးများက စစ်မှန်သော သမ္မာတရားများဖြစ်ပြီး မှန်ကန်သည်ဟုလည်းကောင်း၊ လူတစ်ဦးဦးက ခံစားချက် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ၎င်းတို့ကို ဆက်လက် မရပ်မနား ပြုပြင်ကာ ဖော်ထုတ်ခြင်းသည် မှားယွင်းသည်ဟုလည်းကောင်း ၎င်းတို့က တွေးထင်ခြင်း ဖြစ်ပြီး ယင်းမှာ သမ္မာတရား မဟုတ်ပေ။

ငါတို့ ယခုတင် မိတ်သဟာယပြုပြီးသည့် အကြောင်းအရာမှ သမ္မာတရားအပေါ် သာ၍နက်နဲသော သိနားလည်မှုတစ်ခုကို သင်တို့ ရရှိပြီးပြီလော။ (ရရှိပြီးပါပြီ။) အချို့က “ယခု ဤအရာကို ကျွန်ုပ်တို့အား သင် ပြောပြီးပြီဖြစ်သဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့် စည်းမျဉ်းများအား ကျွန်ုပ်တို့ လိုက်နာသင့်သည်ကို ကျွန်ုပ်တို့ မသိပါ။ ဤရိုးရာယဉ်ကျေးမှုများ၊ ဤအယူအဆများနှင့် အသိပညာတို့ မရှိဘဲ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်သင့်သနည်း။ မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ ကျွန်ုပ်တို့ကို စိုးမိုးရန် ဤအရာများမရှိဘဲနှင့် အဘယ်သို့ ကျွန်ုပ်တို့၏ နှုတ်များကို ဖွင့်ဟကာ ဘုရားနှုတ်ကပတ်တော်များကို ဟောပြောနိုင်မည်နည်း။ ဤအရာများ မရှိဘဲနှင့် ဘုရားနှုတ်ကပတ်တော်များကို ဟောပြောရန် ကျွန်ုပ်တို့အတွက် အခြေခံအကြောင်းရင်း မရှိတော့ပြီ မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်တို့တွင် အခြားမည်သည့်အရာ ကျန်သနည်း”ဟု ပြောကောင်းပြောနိုင်သည်။ ကောင်းပြီ၊ ၎င်းတို့ကို ငါပြောသည်မှာ သင့်ထံတွင် ဤအရာများ အမှန်တကယ် မရှိလျှင် သမ္မာတရားကို ရှာဖွေရန် ပိုမိုလွယ်ကူလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်ခံကာ ဘုရားသခင်ထံသို့ ပြန်လာရန် ပိုမိုလွယ်ကူလိမ့်မည် ဟူ၍ဖြစ်သည်။ ယခင် သင်၏နှုတ်ကို သင် ဖွင့်ဟခဲ့ချိန်က ထွက်လာသည့်အရာမှန်သမျှမှာ စာတန်ဆန်သော အတွေးအခေါ်များနှင့် “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏”၊ “ပြုံးနေသည့် မျက်နှာကို လက်ဖြင့် မရွယ်နှင့်”၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ”စသည်တို့ကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ အသိပညာ ဖြစ်ခဲ့သည်။ ယခုအခါတွင် သင်က တွေးဆကာ “ယင်းကို ကျွန်ုပ် ပြော၍ မဖြစ်ပါ၊ ဤဆိုရိုးများအားလုံး မှားသည်၊ ယင်းတို့သည် ငြင်းပယ်ခြင်း ခံရကာ ရှုတ်ချခံရပြီးဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို ကျွန်ုပ် ပြောသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို အောက်ကျို့စွာနှင့် သင့်တင့်လျောက်ပတ်စွာ ဖတ်ရွတ်ခြင်းကို ဆက်လက်ဆောင်ရွက်ပြီး ဘုရားနှုတ်ကပတ်တော်များမှ အခြေခံအကြောင်းရင်းကို ရှာပါ”ဟု တွေးကြလေသည်။ လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင်နောက်လိုက်သော်လည်း ၎င်းတို့၏ နှုတ်များကို ဖွင့်ဟသည့်အခါတိုင်းတွင် ထွက်လာသမျှမှာ ရိုးရာယဉ်ကျေးမှုမှ ၎င်းတို့ ရရှိသည့် ဤစကားပုံများ၊ ဆိုရိုးများ၊ အချို့သောအရာများနှင့် အမြင်များဖြစ်သည်။ တစ်စုံတစ်ခု ၎င်းတို့အပေါ်ကျရောက်သည့်အခါ မည်သူမျှ ဘုရားသခင်ကို အပြည့်အဝ မချီးမြှောက်နိုင် သို့မဟုတ် သက်သေမခံနိုင်ကြသကဲ့သို့ “ဘုရားသခင်က ဤအရာပြောသည်” သို့မဟုတ် “ဘုရားသခင်က ထိုအရာပြောသည်”ဟု မပြောနိုင်ပေ။ မည်သူကမျှ ထိုသို့ မပြောကြ၊ မည်သူကမျှ မိမိတို့ နှုတ်ကို ဖွင့်ဟကာ ဘုရားနှုတ်ကပတ်တော်များကို ဒိုးဒိုးဒေါက်ဒေါက် မရွတ်ပြနိုင်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဒိုးဒိုးဒေါက်ဒေါက် မရွတ်ပြနိုင်သော်လည်း ထိုကြားနေကျဆိုရိုးများကို သင် ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြနိုင်သည်။ သို့ဖြစ်၍ သင်၏ စိတ်နှလုံးသည် မည်သည့်အရာနှင့် အတိအကျ ပြည့်နေသနည်း။ စာတန်ထံမှလာသည့် အရာများသာ ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်က ၎င်းတို့၏ အလုပ်ကို စစ်ဆေးသည့်အခါ လူအချို့က “မည်သည့်အရာကို သင်တို့ စစ်ဆေးနေကြသနည်း။ အသုံးပြုသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို အသုံးမပြုနှင့် ဟူ၏။ သင်သည် ကျွန်ုပ်ကို အမြဲ သံသယရှိလျှင် အဘယ်ကြောင့် ကျွန်ုပ်ကို အသုံးပြုသနည်း။ ထိုအရာကို လုပ်ဆောင်ရန် အခြားတစ်စုံတစ်ဦးကိုသာ ရှာလော့”ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သော ပြုမူဆောင်ရွက်နည်းဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ကို ကြီးကြပ်ပြီး ဝေဖန်ရန် အခြားသူများကို အခွင့်မပေးကြပေ။ ၎င်းတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်သော်လည်း စည်းမျဉ်းများကို မရှာဖွေသကဲ့သို့ အသင်းတော်အလုပ်ကို အနှောင့်အယှက်နှင့် အဖျက်အမှောင့်များ ဖြစ်စေသည့် လူများလည်းရှိသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဖြုတ်ချခြင်းခံရသည့်အပြင် ပြုပြင်ခြင်း ခံကြရလေသည်။ ပြစ်တင်ရှုတ်ချသော စကားအချို့ကို နားထောင်ပြီးနောက်တွင် ၎င်းတို့သည် အာခံပြီး “‘အောင်မြင်မှုတစ်ခုမျှ မရရှိသေးလျှင်ပင် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီးဖြစ်သည်။ ဆင်းရဲဒုက္ခမဟုတ်လျှင် ပင်ပန်းနွမ်းနယ်မှုဖြစ်သည်’ ဟု ဆိုသော ဆိုရိုးစကားတစ်ခု ရှိသည်။ ဤသေးငယ်သည့် အမှားကိုသာ ငါ လုပ်ခဲ့သည်၊ အဘယ်အရေးနည်း”ဟု တွေးကြလေသည်။ ၎င်းတို့သည် ဤကြားနေကျဆိုရိုးကို ဦးစွာပထမ သိလာခဲ့ရသဖြင့် ထိုအရာသည် ၎င်းတို့၏ အတွေးအခေါ်များကို စိုးမိုးကာ လွှမ်းမိုးလျက် ၎င်းတို့ထဲတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသောကြောင့် ဤပတ်ဝန်းကျင်တွင်လည်းကောင်း၊ ဤအခြေအနေ ဖြစ်ပြီးနောက်တွင်လည်းကောင်း ဘုရားအိမ်တော်က ၎င်းတို့အပေါ် ဆက်ဆံခြင်းအား အတိုက်အခံလုပ်ခြင်းနှင့် ကျိုးနွံနာခံမှုမရှိခြင်းအတွက် အခြေခံအကြောင်းရင်းတစ်ခုအနေဖြင့် ဤဆိုရိုးကို အသုံးပြုရန် ယင်းက ၎င်းတို့ကို လှုံ့ဆော်လေသည်။ ထိုသို့ဖြစ်သဖြင့် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသေးသလော။ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် လွယ်ကူသေးသလော။ အပြင်ပန်းအားဖြင့် ၎င်းတို့ ကျိုးနွံနာခံကြလျှင်ပင် ယင်းမှာ ၎င်းတို့တွင် ရွေးချယ်စရာမရှိသကဲ့သို့ ထိုအရာက နောက်ဆုံး အားထားရာ ဖြစ်သောကြောင့် ဖြစ်ပေသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့က ပြန်မတိုက်ခိုက်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် အတိုက်အခံဖြစ်ခြင်း ရှိနေဆဲဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ဟန်ဆောင်လုပ်ပြခြင်းဖြစ်သည်။ စစ်မှန်သည့် ကျိုးနွံနာခံမှု မဟုတ်ပေ။ ဤနေရာတွင် ကျိုးနွံနာခံမှုမရှိ၊ ရှာကြံအကြောင်းပြခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သာ ရှိသည်။ ဤရှာကြံအကြောင်းပြခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ “အောင်မြင်မှုတစ်ခုမျှ မရရှိသေးလျှင်ပင် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီးဖြစ်သည်။ ဆင်းရဲဒုက္ခမဟုတ်လျှင် ပင်ပန်းနွမ်းနယ်မှုဖြစ်သည်” ဟူသည့် ဤဆိုရိုးမှ ဖြစ်ပေါ်ခဲ့ပေသည်။ ဤဆိုရိုးက ဤလူများထဲတွင် မည်သည့် စိတ်သဘောထားမျိုးကို ဖြစ်ပေါ်စေသနည်း။ မနာခံခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ ဆန့်ကျင်ခြင်းနှင့် ရှာကြံအကြောင်းပြခြင်းတို့ ဖြစ်သည်။ ဤမိတ်သဟာယမှ နောက်ထပ် သမ္မာတရားကို သိနားလည်မှုတစ်ခု သင်တို့ ရရှိပြီးပြီလော။ သင်သည် ဤအပျက်သဘောဆောင်သည့် အရာများကို အသေအချာ စိစစ်ကာ ပိုင်းခြားသိမြင်၍ သင်၏ စိတ်နှလုံးမှ ဖော်ထုတ်ကာ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါတိုင်းတွင် သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အိုဟောင်းသောအရာများကို စွန့်လွှတ်ပြီးဖြစ်ကာ ထိုအိုဟောင်းသောအရာများက သင်၏ တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်ကို အစေခံခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းတို့တွင် ယင်းတို့အပေါ် မှီခိုရန် သင့်ကို မဆွဲဆောင်နိုင်တော့ခြင်းကြောင့် ဖြစ်သည်။ ထိုအရာများသည် သင်၏ ကိုယ်ပိုင်ပြုမူကျင့်ကြံခြင်း စည်းမျဉ်းများ မဟုတ်တော့ပေ။ သင်၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် သင် လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများ မဟုတ်တော့သကဲ့သို့ ယင်းတို့သည် ဝေဖန်ကာ ပြစ်တင်ရှုတ်ချခံရပြီးသား ဖြစ်သည်။ သင်သည် ထိုအရာများကို ယူကာ တစ်ဖန် အသုံးပြုလျှင် သင်၏ စိတ်နှလုံးအတွင်းနက်နက်၌ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် ယခင်လောက် ပျော်ရွှင်လိမ့်ဦးမည်လော။ သင်သည် မှန်ကန်သည့်ဘက်တွင် ရှိသည်ဟု အလွန်သေချာလိမ့်ဦးမည်လော။ လွယ်ကူတော့မည်မဟုတ်သည်မှာ သိသာထင်ရှား၏။ သင့်အထဲတွင်ရှိသည့် ဤအရာများသည် အမှန်တကယ် ဖယ်ရှားခြင်းခံရလျှင် စစ်မှန်သည့် စည်းမျဉ်းများက မည်သည့်အရာ အတိအကျဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များက အတိအကျ မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို ဘုရားနှုတ်ကပတ်တော်များတွင် သင် ရှာဖွေသင့်ပေသည်။ လူအချို့က “ဆရာမပြ နည်းမကျ”ဟူ၍ မကြာခဏ ပြောဆိုကြသည်။ ဤဆိုရိုးသည် မှန်သလော၊ မှားသလော။ မုချ မှားယွင်းပေသည်။ အဘယ်သို့ မှားယွင်းသနည်း။ “ဆရာမပြ”ဟူသည့် စကားရပ်တွင် “ဆရာ”သည် မည်သူကို ရည်ညွှန်းသနည်း။ သင်၏ အလုပ်ရှင်၊ သင်၏ သူဌေး၊ သင်၏ အထက်လူကြီး ဖြစ်သည်။ “ဆရာ”ဟူသည့် ဤစကားကိုယ်၌က မှားယွင်း၏။ ဘုရားသခင်သည် သင်၏ အလုပ်ရှင်မဟုတ်သကဲ့သို့ သင်၏ သူဌေးလည်း မဟုတ်သည့်အပြင် သင်၏ မန်နေဂျာလည်း မဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားဖြစ်သည်။ မန်နေဂျာများ၊ သူဌေးများနှင့် အထက်လူကြီးများအားလုံးသည် အမျိုးအစားတူပြီး လူများကဲ့သို့ပင် အဆင့်တူညီကြသည်။ အခြေခံအားဖြင့် ၎င်းတို့အားလုံး ဆင်တူကြသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများချည်းသာ ဖြစ်သည်။ သင်သည် ၎င်းတို့စကားကို နားထောင်သည်၊ ၎င်းတို့ထံမှ လုပ်အားခရပြီး၊ သင့်ကို ၎င်းတို့ လုပ်ဆောင်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်သည်။ သင် လုပ်ဆောင်သည့် မည်သည့် အလုပ်ပမာဏမဆိုအတွက် ၎င်းတို့က အခပေးပြီး နောက်ထပ် ဘာမျှမပိုပေ။ “နည်းမကျ”ဟူသည့် စကားရပ်တွင်ရှိသည့် “နည်း”ဟူသည့် အရာက မည်သည့်အရာကို ဆိုလိုသနည်း။ (ချီးကျူးမှုဖြစ်သည်။) ချီးကျူးခြင်းနှင့် လုပ်ခဖြစ်သည်။ သင့်လုပ်ရပ်များအတွက် တွန်းအားမှာ လုပ်အားခရရန် ဖြစ်သည်။ ဤအရာက သစ္စာစောင့်သိမှု သို့မဟုတ် နာခံခြင်းကို မတောင်းဆိုသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကိုးကွယ်မှု မလိုအပ်ပေ။ ဤအရာတစ်ခုမျှ မရှိပေ။ ထိုအရာသည် အပေးအယူတစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် ဝေဖန်ကာ ရှုတ်ချခံရသည့် အရာတစ်ခု အတိအကျ ဖြစ်သည်။ သင်က “ဆရာမပြ၊ နည်းမကျ”ဟူသည့် ဆိုရိုးကို သမ္မာတရားအဖြစ် သဘောထားလျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ သင်သည် လူအချို့အား သမ္မာတရားကို နားလည်စေရန် ကြိုးစားသည့်အခါ ၎င်းတို့၏ တုံ့ပြန်မှုက နှေးကွေးပြီး လေးကန်နေလိမ့်မည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်မျှစားသောက်ပါစေ သမ္မာတရား တစ်ခု သို့မဟုတ် နှစ်ခုကိုပင် နားလည်နိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ စကားရပ်တစ်ခု သို့မဟုတ် နှစ်ခုကိုပင် မှတ်မိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် လူစုလူဝေးအလယ် မကြာခဏ ပျံ့နှံ့သည့် ပေါ်ပင်ရေပန်းစားသော စကားလုံးများ၊ စကားပုံများ၊ ကြားနေကျဆိုရိုးများနှင့်လည်းကောင်း၊ သာမန်လူများက မကြာခဏ ပြောဆိုသည့် ဤအရာများနှင့်လည်းကောင်း ပတ်သက်လာသည့်အခါ ၎င်းတို့က အလွန့်အလွန် လျင်မြန်စွာ လက်ခံကြလေသည်။ တစ်စုံတစ်ဦးသည် မည်မျှ ထုံထိုင်းသည်ဖြစ်စေ၊ ၎င်းကပင်လျှင် ဤအရာများကို အလွန့်အလွန် မြန်ဆန်စွာ လက်ခံလေသည်။ ဤသည်မှာ အဘယ်သို့များ ဖြစ်နိုင်သနည်း။ သင်သည် မည်သည့် မျိုးနွယ်စုဖြစ်စေ၊ မည်သည့် အသားအရောင်ရှိသည်ဖြစ်စေ နောက်ဆုံး စိစစ်ချက်မှာ သင်သည် လူသားဖြစ်ပြီး တစ်မျိုးတစ်စားတည်းသာ ဖြစ်သည်။ ဘုရားသခင်သည်သာ လူသားများအတွက် မတူကွဲပြားသော အမျိုးအစားတစ်ခု ဖြစ်သည်။ လူသားများသည် အခြားလူသားများကဲ့သို့ပင် အစဉ်ထာဝရ တစ်မျိုးတစ်စားတည်း ဖြစ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်သည့်အခါတိုင်းတွင် ထိုအရာကို လက်ခံရန် လူသားမျိုးနွယ်အားလုံးအတွက် မလွယ်ကူပေ။ လူသားမျိုးနွယ်ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါတိုင်းတွင်မူ ထိုအရာကို လုပ်ဆောင်သူက မည်သူဖြစ်စေ၊ မည်မျှနိမ့်ကျသည်ဖြစ်စေ ထိုအရာသည် လူတိုင်း၏ အယူအဆများနှင့် ကိုက်ညီလျှင် ထိုအရာကို အလျင်အမြန် လက်ခံကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးအခေါ်များ၊ အမြင်များ၊ တွေးခေါ်သည့် နည်းလမ်းများ၊ သိနားလည်မှု အဆင့်များနှင့် လမ်းကြောင်းများသည် အတိုင်းအတာ အနည်းအကျဉ်းမျှသာ ကွာခြားလျက် အခြေခံအားဖြင့် အတူတူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူအဆများ၏ ထူးခြားသော လက္ခဏာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာကို ပြောသည်နှင့်တစ်ပြိုင်နက် လူအချို့က ထိုအရာကို အလျင်အမြန် လက်ခံကြလိမ့်မည်ဖြစ်ပြီး ယင်းမှာ ပကတိအတိုင်းသာ ဖြစ်သည်။

သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာများက သမ္မာတရားမဟုတ်ဘဲ မည်သည့်အရာက သမ္မာတရားအဖြစ် ဆိုလိုသည်ဟူသည်တို့ကို သင် အနည်းနှင့်အများ နားလည်ပြီလော။ သင်တို့၏ စိတ်များတွင် အခြား ထိုသို့သော အရာများ မည်သည့်အရာ ရှိသနည်း။ ယင်းတို့သည် အသိပညာအဖြစ် သတ်မှတ်၍မရသောကြောင့် ထိုအရာများက သင့်အနေဖြင့် စာမျက်နှာများကို လှန်လှောလိုက်ရုံဖြင့် ရှာတွေ့နိုင်သည့် စာအုပ်ထဲတွင်ရှိသော တစ်စုံတစ်ရာကဲ့သို့ မဟုတ်သောကြောင့် သေချာတွေးတောခြင်းမရှိဘဲ ယခု သင်တို့ မပြောနိုင်သေးပေ။ ထိုအစား ယင်းတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်းတွင် သင်တို့ မထိန်းချုပ်နိုင်သည့် အလွန့်အလွန် သဘာဝကျသော နည်းလမ်းတစ်ခုဖြင့် ထုတ်ဖော်မပြောဘဲ မနေနိုင်သော အရာများဖြစ်သည်။ ထိုအရာများသည် သင်တို့၏ အသက်ဖြစ်လာပြီးဖြစ်ကာ သင်တို့၏ အရိုးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးဖြစ်သည်ကို သက်သေပြသည်။ ယင်းတို့ကို စဉ်းစားခိုင်းသည့်အခါ စဉ်းစား၍မရသော်လည်း ယင်းတို့ကို မပြောရန် တောင်းဆိုခံရသည့်အခါတွင်လည်း သင် ပြောဖို့ မအောင့်နိုင်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် ထိုလွဲချော်သော အမြင်များက ထွက်လာလိမ့်မည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ တွေ့ကြုံရန် သင် အချိန်ယူလော့။ ယခုမှစ၍ လူတို့ မကြာခဏ ပြောဆိုကာ မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများကို သင်တို့ အာရုံစိုက်သင့်သည်။ အဆင်းနီသော နဂါးကြီး၏ အဆိပ်အချို့နှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်အချို့ကို ယခင်က ငါတို့ ဖော်ပြခဲ့သည်။ ထိုအရာများသည် ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်နှင့်ဆိုင်သည့် ရှုထောင့်အမြင်မှ ပိုင်းခြားသိမြင်ရန် လွယ်ကောင်းလွယ်နိုင်သည်။ ဆိုလိုသည်မှာ ယင်းတို့က မုချ သမ္မာတရား မဟုတ်ကြောင်း လူတို့က တန်းသိနိုင်ပြီး ယင်းတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်ဖြစ်ကြောင်းနှင့် ယင်းတို့နောက်ကွယ်တွင် ဉာဏ်များသော အကြံများရှိကြောင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်ကြပေသည်။ ထိုအရာများသည် ပိုင်းခြားသိမြင်ရန် လွယ်ကူပြီး ယင်းတို့ကို စိစစ်ရန် စေခိုင်းခံရသည့်အခါ သင်တို့သည် ထိုအရာများကို အနည်းနှင့်အများ အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်သည်ဟု ငါ ယူဆထားသည်။ သိသိသာသာပင် စာတန်ဆန်သည့် ထိုအရာများကို သင်တို့ ဖယ်ရှားပြီးဖြစ်သော်လည်း သင်တို့၏ စိတ်နှလုံးထဲတွင် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း”၊ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”ဟူသည်နှင့် “ပြုံးနေသောမျက်နှာကို လက်ဖြင့်မရွယ်နှင့်”ဟူသည့်အပြင် “မတရားမှုက အားပေးထောက်ခံမှု အနည်းငယ်သာ ရရှိနေစဉ် တရားမျှတမှုက ထောက်ခံမှု အလျှံပယ်ရရှိစေသည်”နှင့် “လူကြီးလူကောင်းတစ်ဦးသည် စော်ကားထားသော ပေးစာကမ်းစာကို မစားပါ”ဟူသကဲ့သို့သော ဆိုရိုးများစွာ ရှိနေဆဲဖြစ်သည်။ သင်တို့၏ စိတ်နှလုံးများအတွင်းတွင် ဤဆိုရိုးများဘေးတွင် သင်တို့က စစ်ဆေးသည့် မှတ်ချက်များ ထားရှိကာ “ဤအရာများ တန်ဖိုးရှိသည်။ ဤဘဝတွင် ငါ့လူသားတစ်ဦး၏ ဂုဏ်သိက္ခာအားလုံးသည် ဤဆိုရိုးများတွင် ရှိသည်”ဟု တွေးထင်နေနိုင်သေးပြီး ဤအရာများကို မဖော်ထုတ်ရသေးပေ။ ယင်းတို့သည် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီးဖြစ်ကာ ယင်းတို့အပေါ် ပိုင်းခြားသိမြင်မှု သင် ရရှိသည်နှင့်တစ်ပြိုင်နက် အနာဂတ်တွင် ဤရိုးရာယဉ်ကျေးမှုဆိုင်ရာ ကိစ္စများထွက်ပေါ်လာသည့်အခါ ယင်းမှာ သဘာဝကျသော တုံ့ပြန်မှုဖြစ်စေ၊ အရှိအတိုင်းဖြစ်သော အခြေအနေများ၏ ထင်ဟပ်မှုတစ်ခုဖြစ်စေ ဤအရာများသည် မှားယွင်းပြီး မုချ သမ္မာတရားမဟုတ်ကြောင်း သင် ချက်ချင်း သဘောပေါက်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် သမ္မာတရားအပေါ် သင်၏ သိမြင်ခြင်းနှင့် အသိအမှတ်ပြုခြင်း အဆင့်သည် ယခုထက် ပိုမြင့်မားလိမ့်မည်။ “ယခုထက် ပိုမြင့်မား”ဟူသည့်အရာအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ သင်သည် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခု ရှိပြီးဖြစ်လိမ့်မည်၊ သင်၏ ပိုင်းခြားသိမြင်နိုင်စွမ်း တိုးတက်ပြီးဖြစ်လိမ့်မည်၊ သမ္မာတရားအပေါ် သင်၏ အတွေ့အကြုံနှင့် သိနားလည်ခြင်းတို့က ယခုထက် ပိုနက်နဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင် ခံစားလိမ့်မည်ဟု ငါ ဆိုလိုပေသည်။ ယခုအခါတွင် သင်က “စာတန်ထံမှလာသည့် ရိုးရာယဉ်ကျေးမှုအားလုံးနှင့် ဤလောက၏ မျိုးနွယ်စုအားလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု နောက်ခံမှ ဖြစ်ပေါ်လာခဲ့သည့် ရိုးရာယဉ်ကျေးမှုအားလုံး မှားယွင်းပေသည်”ဟု တွေးကောင်းတွေးနိုင်သည်။ ဤသည်မှာ ထိုအရာကို ယေဘုယျ ပြောဆိုပုံဖြစ်သော်လည်း မည်သည့်အရာက မှားယွင်းပြီး မည်သို့ မှားယွင်းသည်ကို သင် ပြောကောင်းပြောနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် တစ်ခုစီကို အပြန်အလှန် စိစစ်ကာ နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် ထိုအရာကို သင်လက်လွှတ်နိုင်သည့်၊ ရှုတ်ချနိုင်သည့်၊ ထိုအရာမှ သင့်ကိုယ်သင် လုံးဝ ကင်းကွာစေနိုင်ပြီး ထိုအရာဖြင့် အသက်မရှင်ဘဲ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်သည့် အဆင့်သို့ ရောက်ရှိရမည်ဖြစ်သည်။ ယခုအခါတွင် ထိုစကားပုံများ၊ ကြားနေကျဆိုရိုးများ၊ ကျော်ကြားသော နီတိများနှင့် သာမန်ကာလျှံကာ ဆွေးနွေးသည့် စကားများက ဘုရားနှုတ်ကပတ်တော်များနှင့် မည်သို့မျှ ပတ်သက်မှုမရှိသကဲ့သို့ သမ္မာတရား မဟုတ်ကြောင်း သင်၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒအရသာ သင် သိကောင်းသိနိုင်သော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင် အခြားသူများအား ရှုတ်ချခြင်း၊ သင့်ကိုယ်သင် ချုပ်တည်းခြင်းနှင့် သင်၏ အပြုအမူကို လမ်းညွှန်ခြင်းတို့အတွက် ဤစကားများကို အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အမှုမဲ့အမှတ်မဲ့ အသုံးပြုဆဲ ဖြစ်သည်။ ထိုအရာများက သင်၏ အတွေးအခေါ်များနှင့် အမြင်များကို ကန့်သတ်ကာ ကြိုးကိုင်ညွှန်ကြားသည်။ ယင်းက ပြဿနာဖြစ်စေနိုင်ပြီး သမ္မာတရားထဲသို့ သင်၏ဝင်ရောက်မှုကို ထိခိုက်လိမ့်မည်။ တစ်နေ့တွင် စာတန်ထံမှ ဤအရာများက သင့်စိတ်နှလုံးတွင် ထွက်ပေါ်ကောင်း ထွက်ပေါ်နိုင်သေးသော်လည်း သင်သည် ယင်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်ကာ ယင်းတို့အပေါ် မှီခိုခြင်းမရှိဘဲ အသက်ရှင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်လျှင် သင်သည် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်။ သင်သည် ယခု ဤဝိညာဉ်ရင့်ကျက်မှု ရှိသလော။ မရှိသေးချေ။ မှန်ကန်သည်ဟု သင်တို့အားလုံးက အသိအမှတ်ပြုသည့် ဆိုရိုးတစ်ခုရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များတွင် အလားတူ စကားများကို ရှာတွေ့ကောင်းရှာတွေ့လျှင် ယင်းတို့ကို တစ်ထေရာတည်းပုံစံဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဤဆိုရိုးသည်လည်း သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားနှုတ်ကပတ်တော်များကဲ့သို့ အတူတူပင် ဖြစ်ကြောင်းကို သင် အမှားမှားအယွင်းယွင်း ယုံကြည်မိနိုင်သည်။ ဤကိစ္စရပ်များကို ရှင်းလင်းစွာ သင် မမြင်နိုင်သေးသကဲ့သို့ လူ၏ စကားများကို သင် ဖက်တွယ်ဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ရန် မလိုမလားရှိနေလျှင် ဤဆိုရိုးက သမ္မာတရားထဲသို့ သင်၏ ဝင်ရောက်မှုကို လွှမ်းမိုးလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားနှုတ်ကပတ်တော် မဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း အစားမထိုးနိုင်သောကြောင့် ဖြစ်သည်။

ယနေ့ခေတ်တွင် ငါသည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို စဉ်ဆက်မပြတ် မိတ်သဟာယပြုနေသည်။ ယင်းမှာ ငါသည် အလေးအနက်ထားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ သင်တို့အနေဖြင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ လူတို့၏ အမျိုးမျိုးသော စိတ်ကူးများနှင့် အမြင်များ၊ ၎င်းတို့၏ ကောင်းမှုများနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များ၊ ပြီးလျှင် လူတို့က အသက်ရှင်နေထိုင်ရန် မှီခိုအားထားကြသည့် အချို့သော မှန်ကန်သည့် ဆိုရိုးများနှင့် ဘဝပေးအသိ အလေ့အထများအပြင် ရိုးရာယဉ်ကျေးမှုမှ အချို့သော စိတ်ကူးများနှင့် အမြင်များကို ယူပြီး ယင်းတို့က သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း၊ သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေ အမှန်တကယ် ရှိမရှိဆိုသည်ကိုလည်းကောင်း သိမြင်ရန် ယင်းတို့အားလုံးကို စိစစ်ကာ ပိုင်းခြားသိမြင်ရမည်ဖြစ်သည်။ ယင်းတို့က သမ္မာတရားဖြစ်သည်ဟု သင် ယုံကြည်လျှင် ဤမှန်ကန်ကြောင်း အခိုင်အမာ တင်ပြသည့်အဆိုအတွက် သင်၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းတို့ကို စာတန်ဆန်သော သဘောတရားများနှင့် သွန်သင်မှုများပေါ် အခြေခံ၍ သမ္မာတရားအဖြစ် သင်သရုပ်ဖော်လျှင် သင်သည် စာတန်နှင့် သက်ဆိုင်ပေသည်။ ဤအရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်း မရှိလျှင် စာတန်ထံမှ လာပေသည်။ ထို့ကြောင့် ယင်းတို့၏ အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်သည်ကို သင် စိစစ်ရန် လိုအပ်သည်။ အထူးသဖြင့် လူတစ်ဦးသည် မျိုးဆက်တစ်ဆက်ပြီးနောက်တစ်ဆက်သို့ နှုတ်စကားဖြင့် လက်ဆင့်ကမ်းလာပြီးဖြစ်သော ရိုးရာယဉ်ကျေးမှုတွင် ရှိသည့် များစွာသော ဆိုရိုးများနှင့် အမြင်များအပေါ် မှန်ကန်သော သိနားလည်မှုနှင့် မှန်ကန်သော သဘောထားတစ်ခု ရှိသင့်ပေသည်။ ဤနည်းဖြင့်သာ လူတို့သည် သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို နားလည်ကာ သိရှိနိုင်ပြီး လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို အတိအကျ နားလည်ကာ “ဘုရားသခင် ပြောဆိုသမျှတိုင်းက သမ္မာတရားဖြစ်သည်”ဟူသည့် စကားရပ်က အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို နားလည်နိုင်ပေသည်။ တစ်ချိန်တည်းတွင်ပင် လူသားများတွင် လူ့ဆက်ဆံရေးများနှင့်ဆိုင်သော လူ့ကျင့်ဝတ်၊ လူ့သဘာဝ၊ လောကီဓလေ့ထုံးတမ်းများနှင့် ကိုက်ညီတန်ရာရှိသည့် ဤအမြင်များနှင့် ဆိုရိုးများ ရှိသည်ကို ထောက်သော်၊ ၎င်းတို့တွင် အသက်ရှင်နေထိုင်ရန် ၎င်းတို့ မှီခိုအားထားသည့် ဤစိတ်ကူးများ၊ အမြင်များနှင့် ဆိုရိုးများ ရှိသည်ကိုထောက်သော် လူများကို ကယ်တင်ရန်အတွက် သမ္မာတရားများကို ဘုရားသခင်ဖော်ပြဆဲဖြစ်ရသည့် အကြောင်းအရင်းအပြင် သမ္မာတရားသာလျှင် လူများကို ကယ်တင်နိုင်ပြီး သမ္မာတရားသာလျှင် လူများကို ပြောင်းလဲနိုင်ကြောင်း ဘုရားသခင် ပြောရသည့်အကြောင်းအရင်းကို လူတို့ သိရှိစေရန်ကိုလည်း ထိုစကားရပ်က ထောက်ကူပေးလေသည်။ ဤနေရာတွင် ရှာရမည့် သမ္မာတရားများရှိသည်မှာ သိသာထင်ရှားပေသည်။ အနည်းဆုံးအနေဖြင့် တစ်ခုသောအချက်မှာ ဘဝတွင် လူတို့ မှီခိုအားထားသည့် ထိုစိတ်ကူးများ၊ အမြင်များနှင့် ဆိုရိုးများသည် ဖောက်ပြန်ပျက်စီးသော လူသားများထံမှ လာပေသည်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပေါင်းရုံးဖော်ပြထားခြင်းဖြစ်ပြီး လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြစ်ကာ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထို့အပြင် ဤအရာများသည် အခြေခံအားဖြင့် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲကာ ရန်လိုပေသည်။ ယင်းတို့သည် သမ္မာတရားကို အစားမထိုးနိုင်၊ သေချာပေါက် သမ္မာတရား မဟုတ်သကဲ့သို့ မည်သည့်အခါတွင်မျှ သမ္မာတရား ဖြစ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤအရာများသည် မှားယွင်းသောအရာအဖြစ် သတ်မှတ်ခြင်းခံရပြီး ပြစ်တင်ရှုတ်ချခြင်းခံရကာ သမ္မာတရား လုံးဝ မဟုတ်ကြချေ။ ဘုရားသခင်၏ လုပ်ရပ်များနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဤအရာများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ လူ့ဆက်ဆံရေးများနှင့်ဆိုင်သော လောကီဓလေ့ထုံးတမ်းများနှင့်ဖြစ်စေ၊ လူတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ၎င်းတို့၏ စိတ်ကူးများ၊ အမြင်များနှင့် ကောင်းမှုများနှင့်ဖြစ်စေ၊ ကိုယ်ကျင့်တရားအပြုအမူ၊ ဂုဏ်သိက္ခာနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ဖြစ်စေ စိုးစဉ်းမျှပင် ပတ်သက်မှုမရှိပေ။ ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်က ပေါင်းရုံးဖော်ပြထားသော လူတို့ယုံကြည်သည့် အမျိုးမျိုးသော အပြုသဘောဆောင်သည့် အရာများနှင့် စကားများအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က အမှီပြုဖြစ်တည်သည့် တစ်ခုတည်းသော အခြေခံအုတ်မြစ်နှင့် ဥပဒေသများဖြစ်သည်။ လူသားထံမှ ဖြစ်ပေါ်သော ယုံကြည်မှုဟုဆိုသောအရာများသည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ ဘုရားသခင်က ရှုတ်ချသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရ ရှိသည့်အတွက် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှု ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်ဆိုပါစေ၊ အဓိပ္ပာယ်သတ်မှတ်ပါစေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် နားလည်ပါစေ ဘုရားနှုတ်ကပတ်တော်များသည် အစဉ်ထာဝရ သမ္မာတရား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်အခါမျှ မပြောင်းလဲသည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ ဤဖောက်ပြန်ပျက်စီးကာ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်မျှပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ ထာဝရမပြောင်းလဲသည့် အချက်တစ်ခုက ကျန်ရှိနေသည်။ ဘုရားနှုတ်ကပတ်တော်များသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်ဖြစ်ပြီး လူသားက ဤအရာကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အထင်ကြီးခံရသော ရိုးရာယဉ်ကျေးမှုနှင့် သိပ္ပံအသိပညာတို့သည် မည်သည့်အခါမျှ အပြုသဘောဆောင်သော အရာများ ဖြစ်မလာနိုင်သည်ကိုလည်းကောင်း၊ ထိုအရာများသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မလာနိုင်သည်ကိုလည်းကောင်း လူသားက ဝန်ခံရမည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ရှင်သန်ခြင်းနည်းဗျူဟာတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤနေရာ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် ပေါင်းရုံးဖော်ပြပြီးဖြစ်သည့် ဤကြားနေကျဆိုရိုးများက စာတန်ထံမှလည်းကောင်း၊ လူတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း အရင်းခံဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့မဟုတ် ယင်းတို့သည် လူသား၏ တဇောက်ကန်းဖြစ်ခြင်းနှင့် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာပြီး အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့အပေါ် အချုပ်အခြာအာဏာရှိသည်။ ၎င်းတို့ကို သူ၏လက်တွင် ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ဘုရားသခင်သည်သာ အရာအားလုံး၏ စည်းကမ်းများ၊ အဖြစ်မှန်များ၊ အချက်အလက်များနှင့် နက်နဲမှုများကို သိသည်။ ဘုရားသခင်သည် အရာအားလုံး၏ မူလအရင်းအမြစ်ကို သိသည်။ ပြီးလျှင် အရာအားလုံး၏ အရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်သိသည်။ အရာခပ်သိမ်းအတွက် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် အဓိပ္ပာယ်သတ်မှတ်ချက်များသည်သာ အတိကျဆုံးဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များသည်သာ လူသားများ၏ အသက်တာအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်ကာ လူသားများက အသက်ရှင်နိုင်သည့် သမ္မာတရားများနှင့် စံသတ်မှတ်ချက်များဖြစ်သည်။ လူက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကတည်းက အသက်ရှင်ရန် မှီခိုအားထားပြီးဖြစ်သည့် စာတန်ဆန်သော ဥပဒေသများနှင့် သဘောတရားများမှာမူ အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်နှင့်လည်းကောင်း၊ သူသည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည့် အချက်နှင့်လည်းကောင်း တစ်ချိန်တည်းတွင်ပင် ဆန့်ကျင်ပေသည်။ လူ၏ စာတန်ဆန်သည့် သဘောတရားများအားလုံးသည် လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စာတန်ထံမှ ဖြစ်ကြသည်။ စာတန်သည် မည်သည့် အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်သနည်း။ ပထမဆုံးအနေဖြင့် ၎င်းက မိမိကိုယ်ကို သမ္မာတရားအဖြစ် တင်ပြသည်။ ဆက်လက်၍ ၎င်းက ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်း၏ ဥပဒေသများနှင့် စည်းမျဉ်းများအားလုံးကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပြီး နင်းချေလေသည်။ ထို့ကြောင့် စာတန်ထံမှ လာသည့်အရာသည် စာတန်၏ အနှစ်သာရနှင့် အလွန်ကောင်းစွာ ကိုက်ညီပြီး စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်၊ အတုအယောင်နှင့် ဟန်ဆောင်မှုတို့ဖြင့်လည်းကောင်း၊ စာတန်၏ အစဉ်မပြောင်းလဲသော ရည်မှန်းချက်နှင့်လည်းကောင်း ပြည့်နှက်နေသည်။ စာတန်ထံမှလာသည့် ဤအတွေးအခေါ်များနှင့် သဘောတရားများကို ဖောက်ပြန်ပျက်စီးသော လူသားများက ပိုင်းခြားသိမြင်နိုင်သည်ဖြစ်စေ၊ မသိမြင်နိုင်သည်ဖြစ်စေ၊ လူမည်မျှက ဤအရာများကို အမွှမ်းတင်၊ အားပေးပြီး လိုက်လျှောက်သည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းတို့နှင့်ပတ်သက်၍ နှစ်ပေါင်း၊ ခေတ်ကာလပေါင်းမည်မျှ လေးစားကြည်ညို၊ ကိုးကွယ်ကာ ဟောပြောခဲ့ကြသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းတို့၏ အနှစ်သာရ၊ ဇာစ်မြစ်နှင့် ရင်းမြစ်သည် ဘုရားသခင်ကို ရန်လိုကာ သမ္မာတရားကို ရန်လိုသည့် စာတန်ဖြစ်သောကြောင့် ဤအရာများသည် မည်သည့်အခါတွင်မျှ သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်။ ယင်းတို့သည် အမြဲပင် အပျက်သဘောဆောင်သောအရာများ ဖြစ်လိမ့်မည်။ နှိုင်းယှဉ်စရာ သမ္မာတရား မရှိသည့်အခါ ယင်းတို့သည် ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာများအဖြစ် အထင်မှားခံရနိုင်သော်လည်း ယင်းတို့ကို ဖော်ထုတ်ကာ စိစစ်ရန် သမ္မာတရားကို အသုံးပြုသည့်အခါ ယင်းတို့သည် အမှားမကင်းပေ။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မခံနိုင်သကဲ့သို့ အလျင်အမြန် ပြစ်တင်ရှုတ်ချကာ ငြင်းပယ်ခြင်းခံရသည့် အရာများ ဖြစ်ကြသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိတိကျကျ တစ်ထပ်တည်းကျပြီး လူတို့ထဲသို့ စာတန်သွတ်သွင်းသည့် အရာများမှာမူ လူသားမျိုးနွယ်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော လိုအပ်ချက်များနှင့် တိကျစွာ ဆန့်ကျင်ပေသည်။ ယင်းတို့က ပုံမှန်လူတစ်ဦးကို မူမမှန်ဖြစ်လာစေပြီး အစွန်းရောက်လာစေသည်၊ သဘောထားကျဉ်းမြောင်းလာစေသည်၊ မာနထောင်လွှားလာစေသည်၊ မိုက်မဲလာစေသည်၊ ကောက်ကျစ်ဆိုးယုတ်လာစေသည်၊ စိတ်နှလုံးမာကျောလာစေသည်၊ ရက်စက်လာစေပြီး သည်းမခံနိုင်အောင်ပင် မာန်တက်လာစေသည်။ ထိုအရာက အလွန် ဆိုးရွားသွားသဖြင့် လူတို့က စိတ်ဖောက်ပြန်လာကာ ၎င်းတို့ မည်သူဖြစ်သည်ကိုပင် မသိကြသည့် အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့သည် ပုံမှန် သို့မဟုတ် သာမန်လူများ မဖြစ်ချင်ကြဘဲ ထိုအစား မဟာလူသားများ၊ အထူးတန်ခိုးများရှိသည့် လူများ၊ သို့မဟုတ် အဆင့်မြင့် လူသားများဖြစ်ဖို့ မလျှော့တမ်း လုပ်ဆောင်ကြလေသည်။ ဤအရာများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေပြီးဖြစ်ကာ ၎င်းတို့၏ ဗီဇကို ပုံပျက်စေပြီးဖြစ်သည်။ သမ္မာတရားက လူတို့အား ပုံမှန်လူ့သဘာဝ၏ စည်းမျဉ်းများနှင့် ဥပဒေသများအပြင် ဘုရားသခင် ထူထောင်ခဲ့သည့် ဤစည်းမျဉ်းများအတိုင်း ပိုမို၍ အလိုအလျောက် တည်ရှိနိုင်စေပြီး ဤကြားနေကျဆိုရိုးစကားများနှင့် အထင်အမြင်မှားစေသော ဆိုထုံးများဟု ခေါ်သည့်အရာများကမူ လူတို့အား ပုံမှန်လူ့သဘာဝလမ်းကြောင်းမှ သွေဖည်စေကာ ပုံမှန်လူတို့ မလုပ်ဆောင်သင့်၊ သို့မဟုတ် မတွေးသင့်သည့် အချို့သော အစွန်းရောက်သည့် အရာများကို လုပ်ဆောင်စေသည့် အဆင့်ထိတိုင်အောင်ပင် လူတို့ကို လူသားဗီဇအား အတိအကျ ဆန့်ကျင်စေကာ ဘုရားသခင် စီမံထားပြီး ဖန်တီးသည့် နည်းဥပဒေသများကို အတိအကျ ရှောင်လွှဲစေလေသည်။ ဤစာတန်ဆန်သော ဥပဒေသများက လူတို့၏ လူ့သဘာဝကို ပုံပျက်စေရုံမက လူတို့အား ၎င်းတို့၏ ပုံမှန် လူ့သဘာဝနှင့် ပုံမှန် လူ့သဘာဝ ဗီဇတို့ကိုလည်း ဆုံးရှုံးစေသည်။ ဥပမာအနေဖြင့် စာတန်ဆန်သော ဥပဒေသများက “လူတစ်ဦး၏ ကံကြမ္မာသည် ထိုသူ၏ လက်ထဲတွင် ရှိ၏”ဟူ၍လည်းကောင်း၊ “ပျော်ရွှင်ခြင်းကို ကိုယ့်လက်ဖြင့်ကိုယ် ဖန်တီးရသည်”ဟူ၍လည်းကောင်း ဆိုသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆန့်ကျင်ပြီး လူသားဗီဇနှင့် ဆန့်ကျင်သည်။ လူတို့၏ ခန္ဓာနှင့် ဗီဇတို့သည် အကန့်အသတ်သို့ ရောက်ရှိသည့်အခါ သို့မဟုတ် ၎င်းတို့၏ ကံကြမ္မာက အလွန်အရေးကြီးသည့် အဆင့်တွင် ရှိသည့်အခါ စာတန်ထံမှ လာသည့် ဤဥပဒေသများကို အမှီပြုသည့်လူတို့သည် မခံနိုင်ကြပေ။ ဖိအားသည် ၎င်းတို့၏ ခံနိုင်ရည်ကို ကျော်လွန်ပြီး ၎င်းတို့စိတ်က သည်းခံနိုင်သည့်အရာကို ကျော်လွန်သည်ဟု အများစုက ခံစားရပြီး အဆုံးတွင် လူအချို့သည် စိတ်ကစဉ့်ကလျားရောဂါ ဖိစီးလာကြလေသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ယခု ဖြေဆိုနေသည့် လူတို့သည် ထိုစာမေးပွဲက ပေးလာသည့် အလွန့်အလွန်ကြီးမားသော ဖိအားကို ခံစားနေရသည်။ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များက မတူပေ။ အချို့က ထိုသို့သော စနစ်တစ်ခုကို လက်ခံနိုင်ကြသော်လည်း အချို့က လက်မခံနိုင်ကြပေ။ အဆုံးတွင် လူအချို့သည် စိတ်ဓာတ်ကျလာစဉ်တွင် အခြားသူတို့မှာ စိတ်ကစဉ့်ကလျားရောဂါ ဖိစီးလာကြပြီး အဆောက်အဦးမှပင် ခုန်ချကာ သေကြောင်းကြံကြလေသည်။ အမှုအရာမျိုးစုံ ဖြစ်ပျက်သည်။ ဤအကျိုးဆက်များက မည်သို့ ဖြစ်သနည်း။ အကြောင်းရင်းမှာ စာတန်သည် လူတို့အား ၎င်းတို့ကို ထိခိုက်စေသည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားစေခြင်းဖြင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ဘုရားသခင် ချမှတ်သည့် စည်းမျဉ်းများအတိုင်း လူတို့က အလိုအလျောက် အသက်ရှင်နိုင်ကြကာ လူတို့အတွက် ဘုရားသခင် စီမံထားပြီးဖြစ်သည့် နည်းလမ်းအတိုင်း အသက်ရှင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ ဘုရားသခင်ရှေ့တွင် အသက်ရှင်နိုင်ကြလျှင် ၎င်းတို့ စိတ်ဖောက်ပြန်လာကြလိမ့်မည်လော။ အလွန်များသော ဖိအားကို ၎င်းတို့ ကြံ့ကြံ့ခံနိုင်လိမ့်မည်လော။ လုံးဝ စိတ်ဖောက်ပြန်လာကြလိမ့်မည် မဟုတ်။ ဘုရားသခင်သည် သမ္မာတရားကို လူတို့ နားလည်ရန်အတွက်အလို့ငှာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်အလို့ငှာ သူ၏ အမှုတော်ကို လုပ်ဆောင်သည်။ ဤနည်းဖြင့် လူတို့သည် ဖိအားမရှိဘဲ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်နိုင်ကြပြီး လွတ်လပ်မှုနှင့် လွတ်မြောက်မှုကိုသာ ရရှိနိုင်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး လူသား ဗီဇနှင့် လူတို့အကြောင်း အရာရာကို ဘုရားသခင်ကသာ သိသည်။ ဘုရားသခင်သည် လူတို့ကို လမ်းပြကာ ၎င်းတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် သူ ဖန်တီးခဲ့သည့် စည်းမျဉ်းများကို အသုံးပြုပြီး စာတန်မှာမူ ထိုသို့ အတိအကျ မလုပ်ဆောင်ပေ။ ၎င်းက လူတို့အား စည်းမျဉ်းများအားလုံးကို ချိုးဖောက်စေပြီး မဟာလူသားများနှင့် လျှမ်းလျှမ်းတောက်များဖြစ်ဖို့ သွေးဆောင်သည်။ ဤသည်မှာ လူတို့ကို လှည့်စားနေခြင်း မဟုတ်လော။ လူတို့သည် အမှန်တကယ် ပုံမှန်ဖြစ်ပြီး သာမန်လူများ ဖြစ်သည်။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး မဟာလူသားများ သို့မဟုတ် အထူးအစွမ်းတန်ခိုးများ ရှိသည့် လူများ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လူတို့ကို ဖျက်ဆီးနေခြင်း မဟုတ်လော။ သင် မည်မျှ ရုန်းကန်ကြိုးစားသည်ဖြစ်စေ၊ သင်၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများက မည်မျှ ကြီးမားသည်ဖြစ်စေ သင်သည် မဟာလူသား သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦး ဖြစ်မလာနိုင်ပေ။ သင်သည် လူ့သဘာဝနှင့်ဆိုင်သည့် ပုံပန်းအားလုံး ဆုံးရှုံးသည့်အဆင့်ထိ သင့်ကိုယ်သင် ပျက်စီးစေလျှင်ပင် သင်သည် မဟာလူသားတစ်ဦး သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦး ဖြစ်မလာနိုင်ပေ။ ဘဝတွင် လူတစ်ဦးက ရှိသင့်သည့် မည်သည့် အသက်မွေးအလုပ်မဆိုကို ဘုရားသခင်က စီမံထားခြင်း ဖြစ်သည်။ ဘုရားသခင် ဖန်တီးခဲ့သည့် ဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း သင် အသက်ရှင်ရမည့်အစား စာတန်၏ အထင်အမြင်မှားစေပြီး နတ်ဆိုးဆန်သော စကားများကို ရွေးချယ်ကာ မဟာလူသား သို့မဟုတ် အထူးအစွမ်းတန်ခိုးများရှိသည့် လူတစ်ဦးဖြစ်ခြင်းကို လိုက်စားလျှင် သင်သည် ညှဉ်းဆဲခြင်းခံစားရကာ သေဆုံးလိမ့်မည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် စာတန်၏ ဖျက်ဆီးခံရခြင်း၊ နင်းချေခံရခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို လက်ခံရန် ဆုံးဖြတ်လျှင် သင် ခါးစည်းခံရသမျှသည် သင်ကိုယ်တိုင်၏ လုပ်ရပ်များနှင့်ဆိုင်သော အကျိုးဆက်ဖြစ်သည်။ သင်နှင့်ထိုက်တန်သည့်အရာ ဖြစ်ပြီး သင်ကိုယ်တိုင်၏ သဘောဆန္ဒနှင့်ဆိုင်ပေသည်။ လူအချို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြသည်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျရှုံးပြီး ထိုစာမေးပွဲကို မည်သည့်အခါတွင်မျှ အောင်မြင်အောင် မလုပ်နိုင်ရာမှ ရူးသွပ်သွားရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်သလော။ အဘယ်ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို သင် ဖြေချင်သနည်း။ ကျန်သောသူများထက် ထင်ပေါ်ရန်နှင့် သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်သာ ဖြစ်သလော။ သင့်အနေဖြင့် ကျန်သည့်သူများထက် ထင်ပေါ်ခြင်းနှင့် သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ခြင်းတည်းဟူသော ဤရည်မှန်းချက်နှစ်ခုကို စွန့်လွှတ်ပြီး ဤအရာများနောက်ကို လိုက်မည့်အစား မှန်ကန်သည့် ရည်မှန်းချက်တစ်ခုကို ပြောင်းလဲလိုက်မည်ဆိုလျှင် ဖိအားက ပျောက်ကွယ်သွားမည် မဟုတ်လော။ သင်သည် စာတန်ထံမှ ဖောက်ပြန်ပျက်စီးခြင်းကို လက်ခံလျှင်၊ ၎င်းထံမှ ဤစိတ်ကူးများနှင့် အမြင်များအားလုံးကို လက်ခံလျှင် သင်၏ ခန္ဓာကိုယ်သည် နာကျင်မှုမျိုးစုံကို ခါးစည်းခံရမည်ဖြစ်ကာ ထိုအရာသည် သင်နှင့်ထိုက်သည့်အရာ အတိအကျပင် ဖြစ်၏။ ဤအကျိုးဆက်သည် သင်ကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်ပြီး သင်ကိုယ်တိုင် ဖန်တီးသောအရာ ဖြစ်သည်။ ဘုရားသခင်က ကြိုတင်စီမံထားခြင်း မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ထိုသို့ အသက်မရှင်စေပေ။ ဘုရားနှုတ်ကပတ်တော်များက အမှုအရာများကို အလွန် ရှင်းလင်းသွားစေနှင့်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းမရှိသူမှာ သင်သာ ဖြစ်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်၊ စိတ်စွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များက သည်းညည်းခံနိုင်သည့် အကန့်အသတ်တစ်ခုရှိသော်လည်း လူတို့ကိုယ်တိုင်က ထိုအရာကို သဘောမပေါက်ကြသကဲ့သို့ အခြားနည်းဖြင့် တွေးကြပြီး ၎င်းတို့၏ ကံကြမ္မာက ၎င်းတို့ ကိုယ်ပိုင်လက်တွင် ရှိသည်ဟုပင် ဆိုကြသည့်တိုင် အဆုံးတွင် ၎င်းတို့၏ ကံကြမ္မာကို မရမကထိန်းချုပ်ရန် စီမံနိုင်ရမည့်အစား စိတ်မချမ်းမြေ့စရာ ကောင်းပြီး ဝမ်းနည်းစရာ သေခြင်းဖြင့် သေဆုံးကြရသည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး မိမိကိုယ်ပိုင် ကံကြမ္မာကို ဆုပ်ကိုင်ထားခြင်း ဖြစ်သနည်း။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်မျိုးစုံနှင့် အယူလွဲမျိုးစုံ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာမျိုးစုံကို စာတန် အသုံးပြုပုံ ဖြစ်သည်။ လူတို့သည် ဤအရာကို မိမိတို့ကိုယ်တိုင် မသိကြသကဲ့သို့ “လူ့အဖွဲ့အစည်းက စဉ်ဆက်မပြတ် တိုးတက်နေသည်၊ အချိန်ကာလများကို ငါတို့ အမီလိုက်ရမည်ဖြစ်ပြီး အပြုသဘောဆောင်သော စွမ်းအားအားလုံးကို လက်ခံရမည်”ဟု တွေးလျက် ယင်းတို့နှင့်ပတ်သက်၍ ကိစ္စမရှိဟူ၍ပင် ခံစားကြသည်။ ဤအရာများသည် လုံးဝ နတ်ဆိုးဆန်သော စကားများ ဖြစ်သည်။ ဘီလူးသရဲစီးသော ဘာသာတရားမရှိသည့် လောကတစ်ခုတွင် အဘယ်သို့ဖြစ်ပြီး အပြုသဘောဆောင်သည့် စွမ်းအားတစ်ခုခု ရှိနိုင်မည်နည်း။ ထိုအရာသည် အပျက်သဘောဆောင်သော စွမ်းအားသာ ဖြစ်သည်။ ကင်ဆာချည်းသာဖြစ်ပြီး ချိန်ကိုက်ဗုံးတစ်လုံးသာ ဖြစ်သည်။ ဤအရာများကို သင် လက်ခံလျှင် ယင်းတို့၏ ကောင်းကျိုးမပြုသော အကျိုးဆက်များကို သင် ခံရလိမ့်မည်ဖြစ်ပြီး စာတန်၏ ညှဉ်းဆဲခြင်းနှင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားခြင်းမှ ဖြစ်လာသည့်အရာ ဖြစ်သည်။ သင်သည် စာတန်နောက်သို့လိုက်လျှင် မည်သည့် ကောင်းမွန်သော အဆုံးသတ် ရှိနိုင်မည်နည်း။ စာတန်သည် သင့်ကို အဆိပ်ခပ်ရန်နှင့် သင့်အထဲသို့ အဆိပ်ကို သွတ်သွင်းရန် တတ်နိုင်သမျှ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်က သင့်ကို ကယ်တင်သည်။ စာတန်က သင့်ကို ဒုက္ခပေးသည်။ ဘုရားသခင်က သင်၏ နာမကျန်းမှုများကို ကုစားပေးသည်။ စာတန်က သင့်ကို နာမကျန်းဖြစ်စေရန် အဆိပ်ကို သင့်အထဲသို့ သွတ်သွင်းသည်။ စာတန်ထံမှ အဆိပ်ကို သင် လက်ခံလေ၊ သမ္မာတရားကို လက်ခံရန် သင့်အတွက် အားသွန်ခွန်စိုက်လုပ်ရလေ ဖြစ်သည်။ ယင်းမှာ ပကတိအတိုင်းသာ ဖြစ်၏။ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယ ဤတွင် အဆုံးသတ်၏။ ဆက်လက်၍ နောက်ထပ် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။