အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း လေး
အန္တိခရစ်တို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကာ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးချက်
၁။ ဘုရားသခင်၏ အကျိုးစီးပွားများက အဘယ်အရာများဖြစ်ပြီး လူတို့၏ အကျိုးစီးပွားများက အဘယ်အရာများ ဖြစ်ပုံ
ဤအကြိမ်တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော ကိုးခုမြောက် အချက်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့မည်။ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ရည်မှန်းချက်များ ပြည့်ဝစေဖို့သာ သူတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြသည်။ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာများတွင် ဘုရားသခင်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကြာခဏ အလေးပေးပြောဆိုကြသည်။ သို့ရာတွင် အချို့သောလူတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်မစဉ်းစားတတ်ပေ။ ထိုအစား အရာရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှေ့တန်းတင်ကြသည်။ ဤလူများသည် အထူးပင် တစ်ကိုယ်ကောင်းဆန်သည်။ ထို့အပြင် အရေးကိစ္စများကို ၎င်းတို့ ကိုင်တွယ်ရာတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်သည်အထိ၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ဘုရားအိမ်တော်အပေါ် သွယ်ဝိုက်တောင်းဆိုမှုများ ပြုလုပ်မည့်အထိပင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိမ်ဖန်များစွာ ကာကွယ်ကြသည်။ ဤတွင် အဓိကစကားလုံးမှာ အဘယ်နည်း။ အဓိကအားဖြင့် ပြောဆိုသည့်အရာမှာ အဘယ်နည်း။ (အကျိုးစီးပွား။) “အကျိုးစီးပွား” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤဝေါဟာရတွင် မည်သည့်အရာပါဝင်သနည်း။ မည်သည့်အရာသည် လူတို့၏ အကျိုးစီးပွားများဖြစ်သည်ဟု သတ်မှတ်သနည်း။ လူတို့၏ အကျိုးစီးပွားတွင် မည်သည့်အရာ အကျုံးဝင်သနည်း။ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းတို့အပြင် ရုပ်ဝတ္ထုအကျိုးစီးပွားများနှင့် သက်ဆိုင်သောအရာများဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ယောက်သည် အခြားလူများကို သူ့အား လေးစားပြီး ကိုးကွယ်စေရန် အထင်အမြင်မှားစေသောအခါ ထိုသူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားနေခြင်းဖြစ်သည်။ ရုပ်ဝတ္ထုအကျိုးစီးပွားများလည်းရှိသည်။ ဥပမာအနည်းငယ် ပေးရလျှင် အခြားလူများအပေါ် အခွင့်အရေးယူခြင်း၊ မိမိတို့အတွက် အကျိုးအမြတ်များ ရယူခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ ပစ္စည်းများကို မိမိအပိုင်အဖြစ် သိမ်းပိုက်ခြင်းတို့အားဖြင့် လူတို့ လိုက်စားသောအရာများဖြစ်သည်။ အန္တိခရစ်များသည် အစဉ်သဖြင့် အကျိုးအမြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ အန္တိခရစ်များသည် စိတ်ပိုင်းဆိုင်ရာ အကျိုးစီးပွားကို လိုက်စားသည်ဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများကို လိုက်စားသည်ဖြစ်စေ မတော်လောဘကြီးပြီး မကျေနပ်နိုင်ကြပေ။ ဤအရာများကို ၎င်းတို့အတွက်သာ ယူဆောင်ဖို့ ကြိုးစားလိမ့်မည်။ လူတစ်ယောက်၏ အကျိုးစီးပွားများနှင့်သက်ဆိုင်သော အကြောင်းကိစ္စများသည် အရာအားလုံးတွင် ၎င်းတို့ကို ထုတ်ဖော်အပြဆုံးဖြစ်သည်။ အကျိုးစီးပွားများသည် လူတိုင်း၏ ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ တစ်ရက်ချင်းစီတိုင်းတွင် လူတစ်ယောက်က ထိတွေ့သည့်အရာရာတိုင်းသည် သူ၏ အကျိုးစီးပွားများပါဝင်သည်။ ဥပမာအနေဖြင့် သင်သည် တစ်စုံတစ်ခုကို ပြောဆိုသည့်အခါ၊ သို့မဟုတ် အကြောင်းကိစ္စတစ်ခုအကြောင်း ပြောသည့်အခါ မည်သည့်ကိုယ်ကျိုးစီးပွားများ ပါဝင်သနည်း။ လူနှစ်ဦးက ကိစ္စတစ်ခုခုကို ဆွေးနွေးကြသည့်အခါ မည်သူက ရှင်းလင်းစွာ ပြောဆိုနိုင်ပြီး မည်သူက ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်းမရှိသည်၊ မည်သူသည် အခြားသူတို့၏ အလွန်အလေးထားခြင်းခံရပြီး မည်သူက အခြားလူတို့၏ အထင်သေးခြင်းခံရသည်ဟူသည့်ကိစ္စနှင့် သက်ဆိုင်ပြီး ၎င်းတို့၏ စကားပြောပုံများ မတူညီသော် အမျိုးမျိုးသော အကျိုးဆက်များဖြစ်ပေါ်ခြင်းကိစ္စနှင့်လည်း သက်ဆိုင်ပေသည်။ ထိုအရာသည် အကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စ မဟုတ်လော။ သို့ဆိုလျှင် ဤကိစ္စမျိုးများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ လူတို့က မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ လူတို့သည် ကိစ္စရပ်ကို ရှင်းလင်းစွာ ရှင်းပြရန်အလို့ငှာနှင့် စကားလုံးများကို သာ၍ ပြေပြစ်စွာ ဖော်ပြကာ သာ၍ နှစ်သက်ဖွယ်ဖြစ်ပုံရစေရန်လည်းကောင်း၊ ဖွဲ့စည်းတည်ဆောက်ပုံလည်း ရှိသည့်သဘောရစေရန်နှင့် လူတို့အပေါ် တာရှည်ခံသော ထင်မြင်ချက်တစ်ခု ချန်ထားစေရန်အလို့ငှာလည်းကောင်း ၎င်းတို့၏ စကားလုံးများကို စနစ်တကျဖွဲ့စည်းစေရန် ဦးနှောက်ခြောက်ခံ စဉ်းစားလျက် ကြွားဝါဖို့ အစွမ်းကုန် ကြိုးစားကြလေသည်။ လူတို့၏ မျက်နှာသာရပြီး ၎င်းတို့အပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ဖန်တီးရန် ဤလုပ်နည်းကိုင်နည်းကို အသုံးပြုခြင်း၊ မိမိ၏ စကားပြောကောင်းခြင်း၊ ဉာဏ်နှင့် အသိပညာတို့ကို အသုံးပြုခြင်းသည် အကျိုးစီးပွားတစ်မျိုး ဖြစ်သည်။ လူတို့လိုက်စားသည့် အကျိုးစီးပွားများတွင် မည်သည့် အခြားသော သွင်ပြင်လက္ခဏာများလည်း ပါဝင်သနည်း။ ၎င်းတို့၏ ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ဆောင်သည့်အခါ လူတို့သည် မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့အတွက် အကျိုးရှိသည်၊ မည်သည့်လုပ်ဆောင်ချက်များက ၎င်းတို့အတွက် အကျိုးမရှိသည်၊ မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့ကို ပို၍ကြီးမားသော အကျိုးအမြတ်ရစေနိုင်သည်၊ မည်သည့် လုပ်ဆောင်ချက်များက အနည်းဆုံးအနေဖြင့် ၎င်းတို့၏ အကျိုးကို ထိခိုက်နစ်နာစေခြင်း မရှိသည်ဆိုသည်နှင့် မည်သည့် လုပ်ဆောင်ချက်များက ၎င်းတို့ကို ဂုဏ်အသရေ အများဆုံးနှင့် အကြီးမားဆုံးသော ရုပ်ဝတ္ထုအကျိုးကျေးဇူးများ ရရှိစေနိုင်ကာ ၎င်းတို့အား အကြီးမားဆုံး အကျိုးခံစားသူ ဖြစ်စေနိုင်သည်ဟူသည်တို့ကို ဦးနှောက်ခြောက်ခံ စဉ်းစားရင်း ၎င်းတို့စိတ်များတွင် အမှုအရာများကို စဉ်ဆက်မပြတ် ချိန်ဆကြသည်၊ တွက်ချက်ပြီး တွေးဆကြလေသည်။ ဤသည်တို့မှာ လူတို့က ကိစ္စရပ်များ ၎င်းတို့အပေါ် ကျရောက်သည့်အခါတိုင်းတွင် ကြိုးပမ်းကြသည့် အကျိုးစီးပွားနှစ်ခု ဖြစ်သည်။ လူတို့လိုက်စားသည့် အကျိုးစီးပွားများသည် ဤသွင်ပြင်လက္ခဏာနှစ်ခုအပေါ် အာရုံစိုက်ထားပြီး နောက်ထပ်မည်သည့်အရာမျှ မဟုတ်ပေ။ တစ်နည်းအားဖြင့် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိခြင်း သို့မဟုတ် အနည်းဆုံးအနေဖြင့် မဆုံးရှုံးခြင်းနှင့် အခြားသူများကို အခွင့်ကောင်းယူခြင်းနှင့် သက်ဆိုင်သည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာတွင် လူတို့အား ၎င်းတို့ကို အထင်ကြီးစေကာ လေးစားစေခြင်းနှင့် လူတို့ကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ လူတို့သည် ရုပ်ဝတ္ထု အကျိုးစီးပွားများကိုပင် စွန့်လွှတ်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် နောက်ပိုင်းတွင် အခြားသူများအပေါ် သာ၍ ကြီးမားသည့် အကျိုးအမြတ်တစ်ခု ရရှိရန်အလို့ငှာ သေးငယ်သည့် ဆုံးရှုံးမှုတစ်ခုကို ခံကြမည်ဖြစ်သည်။ တိုတိုပြောရလျှင် လူတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်အသရေနှင့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ဆက်စပ်သော ဤအရာများအားလုံးသည် လူတို့၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် အတန်းအစားအတွင်းတွင် ကျရောက်ပြီး လူတို့လိုက်စားသည့် အကျိုးစီးပွားများချည်းသာ ဖြစ်သည်။
ဤအကျိုးစီးပွားများကို လူတို့ လိုက်စားခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤအရာများကို အဘယ်ကြောင့် လူတို့ လိုက်စားကြသနည်း။ ယင်းတို့ကို လိုက်စားရန်မှာ သဘာဝကျသလော။ ကျိုးကြောင်းသင့်သလော။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ဤသည်မှာ ဖန်ဆင်းခံများအပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်း ဟုတ်သလော။ ဘုရားနှုတ်ကပတ်တော်များတွင် “သင်တို့ကိုယ်ပိုင် အကျိုးစီးပွားများကို သင်တို့ လိုက်စားကာ သင်တို့ကိုယ်ပိုင် အကျိုးစီးပွားများကို များနိုင်သမျှများအောင် လုပ်သင့်သည်။ ဘုရားသခင်ကို သင် ယုံကြည်ကာ တာဝန်တစ်ခုကို လုပ်ဆောင်ရုံဖြင့် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို စတေးခြင်းမပြုနှင့်။ သင်တို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာတို့ကို သင်တို့ တန်ဖိုးထားပြီး ဤအရာများကို ဖြစ်သည့်နည်းဖြင့် ကာကွယ်သင့်ကြသည်။ ဘုရားသခင်က သင့်ကို အဆင့်အတန်းပေးလျှင် သင် တန်ဖိုးထားသင့်ပြီး ထိုအဆင့်အတန်းကို သင်၏ အရှက်တရားအဖြစ်ထက် သင်၏ ဂုဏ်အသရေအဖြစ်သို့ ပြောင်းလဲသင့်သည်။ ဤသည်မှာ သင့်အဖို့ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ဖြစ်သည်”ဟု သူ ဖော်ပြသလော။ ဘုရားသခင်က ဤအရာကို ပြောဆိုဖူးသလော။ (မပြောဖူးပါ။) ဘုရားနှုတ်ကပတ်တော်များတွင် ထိုအရာမျိုး မည်သည့်အရာမျှ မရှိသည့်အတွက် ဘုရားသခင်က သူ၏ စိတ်နှလုံးတွင် ဖန်ဆင်းခံများအပေါ် မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က လူတို့အား အကျိုးစီးပွားများကို မည်သို့ သဘောထားပြုမူရန် တောင်းဆိုသနည်း။ တစ်နည်းအားဖြင့် ဘုရားသခင်က လူတို့အား ၎င်းတို့၏ အကျိုးစီးပွားများကို စွန့်လွှတ်စေချင်သည်။ ဤသည်မှာ ယေဘုယျ ဝေါဟာရဖြင့် ပြောခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် လူတို့အား ၎င်းတို့ လျှောက်သင့်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်အလို့ငှာ မည်သို့ ပြုမူလုပ်ဆောင်ရမည်၊ ဖန်ဆင်းခံတစ်ဦး လက်တွေ့လုပ်ဆောင်သင့်သည့်အတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အပေါ် မည်သည့် အမြင်များနှင့် သဘောထားများ ထားရှိသင့်သည်ဆိုသည်နှင့် မည်သို့ ရွေးချယ်သင့်သည်ဆိုသည်တို့ကို ပြောပြလျက် သာ၍များသော ကဏ္ဍများတွင် သင့်တင့်လျောက်ပတ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို ပေးလေသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့အား အကျိုးစီးပွားများကို မည်သို့ သဘောထားပြုမူရမည်ဟူသည်ကို တိုက်ရိုက် မပြောသော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အကျိုးစီးပွားများအပေါ် ဘုရားသခင်၏ အမြင်များက မည်သည့်အရာဖြစ်သည်ကိုလည်း သူ၏ နှုတ်ကပတ်တော်များက သွယ်ဝိုက်သောအားဖြင့် တိကျစွာ ဖော်ပြပြီး လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် အမြင်များကို ဘေးဖယ်ထားသင့်ကြောင်း၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်သင့်ကြောင်း၊ ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ နေရာအတိုင်း ပြုမူလုပ်ဆောင်သင့်ကာ မိမိတို့ကိုယ်ပိုင်နေရာကို ထိန်းသိမ်းသင့်ကြောင်းတို့ကို အလွန်ရှင်းလင်းအောင် ပြောဆိုထားသည်ကိုလည်း တွေ့ရသည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်၏ စိတ်နှလုံးတွင် သူသည် လူတို့အား ဤသို့ ပြုမူဆောင်ရွက်ရန် တောင်းဆိုခြင်းအားဖြင့် တမင်တကာ ၎င်းတို့အကျိုးစီးပွားများကို ခံစားခွင့် နှုတ်ယူနေခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ လူအချို့က “အသင်းတော်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအကြောင်း အမြဲ ပြောသော်လည်း ကျွန်ုပ်တို့ လူများ၏ အကျိုးစီးပွားများအကြောင်း မည်သူမျှ မပြောသည်မှာ အဘယ်သို့ဖြစ်သနည်း။ မည်သူသည် ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို စောင့်ရှောက်နေသနည်း။ ကျွန်ုပ်တို့တွင်လည်း လူ့အခွင့်အရေးအချို့ ရှိသင့်သည် မဟုတ်လော။ ကျွန်ုပ်တို့ကိုလည်း အကျိုးအမြတ် အနည်းငယ် ပေးမှဖြစ်မည်။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ရာ အနည်းငယ် မရရှိကြသနည်း။ အကျိုးစီးပွားများအားလုံး ဘုရားနှင့်ဆိုင်သည် အဘယ်သို့ဖြစ်သနည်း။ ဘုရားသည်လည်း တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော”ဟု ပြောကြသည်။ ဤအရာကို ပြောရန်မှာ လွန်ကဲစွာ ပုန်ကန်တတ်ပြီး ဖောက်ပြန်ခြင်း ဖြစ်သည်။ ဤစကားပြောခြင်းသည် သိသိသာသာ မှားယွင်းပေသည်။ လူ့သဘာဝရှိသည့် လူတစ်ဦးသည် ဤအရာကို သေချာပေါက် မပြောနိုင်ပေ။ နတ်ဆိုးများသာ ပုန်ကန်သောအရာမျိုးစုံကို ပြောဝံ့ကြသည်။ အခြားသူတို့က “ဘုရားသခင်က လူတို့အား ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို မစဉ်းစားရန် အမြဲ ပြောသည်။ မိမိကိုယ်ကျိုးအတွက် မကြံစည်ရန် သူ အမြဲ ပြောသည်။ လူတို့သည် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း သို့မဟုတ် လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်စေသည့် တစ်စုံတစ်ရာကို စွမ်းဆောင်ရရှိခြင်းအားဖြင့် ထင်ပေါ်ချင်ကြသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခု ဖြစ်သည်ဟု ဘုရားသခင် ပြောသည်။ လူတို့သည် မိမိတို့၏ကိုယ်ကျိုးစီးပွားများအတွက် ကြိုးပမ်းချင်ကြသည်၊ အစားအသောက်ကောင်းကို စားချင်ကြသည်၊ ဘဝကို မွေ့လျော်ခံစားချင်ကြသည်၊ ဇာတိပကတိ၏ သက်သာမှုများကို မွေ့လျော်ခံစားလိုကြပြီး လူသားမျိုးနွယ်အလယ်တွင် သိက္ခာရှိစွာ အသက်ရှင်ချင်ကြသည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ဤနည်းဖြင့် ဖြည့်ဆည်းနေကြပြီး ယင်းတို့ကို ဘေးဖယ်ထားရမည်ဟု ဘုရားသခင်က ပြောသည်။ ဤအကျိုးစီးပွားများအားလုံးကို ကျွန်ုပ်တို့ ဘေးဖယ်ထားလျှင် ကျွန်ုပ်တို့ သာ၍ကောင်းစွာ မည်သို့ အသက်ရှင်နိုင်မည်နည်း”ဟု ပြောကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို လူတို့ နားမလည်လျှင် ဘုရားသခင်၏ တောင်းဆိုချက်များကို အစဉ်သဖြင့် အတိုက်အခံပြုကြလိမ့်မည် ဖြစ်ပြီး ဤကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင်နှင့် အမြဲ ငြင်းခုံကြလိမ့်မည်။ ထိုအရာမှာ မိမိတို့ သားသမီးများကို ပြုစုပျိုးထောင်ရန် မိမိတို့၏ ဘဝထက်ဝက်ကြာ အလုပ်ကြိုးစားပြီးဖြစ်ကာ အလွန် ပင်ပန်းသဖြင့် ၎င်းတို့တွင် အပယိကဖျားနာမှုမျိုးစုံရကြသည့် မိဘအချို့ကဲ့သို့ပင် ဖြစ်သည်။ မိဘများက ၎င်းတို့၏ ကိုယ်ခန္ဓာများက ယိုယွင်းလာမည်ကိုလည်းကောင်း၊ ထိုအခါ ၎င်းတို့၏ သားသမီးများကို ထောက်ပံ့ပေးမည့်သူ မရှိမည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ထို့ကြောင့် ကျန်းမာရေးပစ္စည်းအချို့ကို ၎င်းတို့ ဝယ်ယူစားသုံးကြလေသည်။ သားသမီးများက မည်သည့်အရာကိုမျှ မသိနားမလည်ဘဲ ဤပစ္စည်းများကို မြင်သည်နှင့် “ကျွန်ုပ်သည် နှစ်အတော်ကြာ အဝတ်အစားသစ်တစ်ထည်မျှပင် မဝယ်ခဲ့ပါ။ သင်သည် ကျန်းမာရေးပစ္စည်းများကို ဝယ်နိုင်သေးသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ် ကောလိပ်တက်ဖို့ ထိုငွေများကို သင် စုနေသင့်သည်”ဟု ပြောကြသည်။ ဤမှတ်ချက်က မိဘများ၏ ခံစားချက်များကို ထိခိုက်နာကျင်စေသလော။ မိဘများက မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဇာတိပကတိ၏ သက်သာမှုများကို မွေ့လျော်ခံစားလိုသောကြောင့် သို့မဟုတ် ၎င်းတို့အနေဖြင့် သာ၍ ရှည်ကြာစွာနှင့် အနည်းငယ် သာ၍ သက်သောင့်သက်သာဖြစ်ခြင်းဖြင့် အသက်ရှင်ကာ အနာဂတ်တွင် ၎င်းတို့ သားသမီးများ၏ ဥစ္စာပစ္စည်းကို မျှဝေခံစားလိုသောကြောင့်လည်း မဟုတ်ပေ။ ဤအကြောင်းရင်းများအတွက် မဟုတ်။ ထိုအရာကို မည်သည့်အရာအတွက် ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်သနည်း။ ၎င်းတို့၏ သားသမီးများအတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သားသမီးများက ဤအရာကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ မိဘများကိုပင် အပြစ်တင်ကြသည်။ ဤသည်မှာ အလွန် ဖောက်ပြန်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သားသမီးများက ၎င်းတို့မိဘများ၏ ရည်ရွယ်ချက်များကို နားမလည်လျှင် အငြင်းပွားမှုများဖြစ်စေကာ ၎င်းတို့ မိဘများ၏ ခံစားချက်များကို နာကျင်စေသည်ထိပင် ၎င်းတို့၏ မိဘများနှင့် သဘောထားကွဲလွဲလာနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ စိတ်နှလုံးကို သင်တို့ နားလည်ကြသလော။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် သက်ဆိုင်သည်။ မိမိတို့ကိုယ်ကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းသည့် လူတို့၏ အလေ့အထများကို ဘုရားသခင်က အဘယ်ကြောင့် ရှုတ်ချသနည်း။ ဘုရားသခင် တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သလော။ ဘုရားသခင်က လူတို့အား ဆင်းရဲစေပြီး သနားဖွယ်ဖြစ်စေရန် တစ်ကိုယ်ရေ အကျိုးစီးပွားများ မလိုက်စားဖို့ ပြောခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်က လူတို့အား ကောင်းမြတ်စေချင်ပြီး လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာများ ပေးသနားကာ လှပသည့် ခရီးပန်းတိုင်တစ်ခုဆီသို့ လူတို့ကို ပို့ဆောင်ရန်အလို့ငှာ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင် ကြွလာခြင်းဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် လူတို့အတွက် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးများကို ရရှိရန် အရည်အချင်းပြည့်မီနိုင်ကြဖို့အလို့ငှာ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဖြစ်သည်။ သို့ရာတွင် လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး သမ္မာတရားနှင့် အသက်ရရန် များစွာ ဆင်းရဲဒုက္ခခံစားရမည်ဖြစ်သည်။ လူတိုင်းက တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားပြီး ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကို ဖြည့်ဆည်းရန် ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်ချင်ကြသော်လည်း သမ္မာတရား လိုက်စားရာတွင် အားထုတ်ခြင်းမရှိပါက အကျိုးဆက်များသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သန့်စင်ခံရကာ ကယ်တင်ခံရနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ ကယ်တင်မခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ကပ်ဘေးများတွင် ၎င်းတို့အားလုံး သေဆုံးရမည်ဖြစ်သည်။ ဤအချိန်သည် ဇာတိပကတိ၏ ပျော်ရွှင်မှုများကို မွေ့လျော်ခံစားရမည့်အချိန် ဖြစ်သလော။ မဟုတ်ပေ။ သမ္မာတရား မရရှိသည့်သူ မည်သူမဆို သေရမည်။ ထို့ကြောင့် ဘုရားသခင်က လူတို့အား မိမိတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ကာ သမ္မာတရား လိုက်စားရန် တောင်းဆိုပေသည်။ ဤသည်မှာ လူတို့အတွက်ဖြစ်သည်၊ ၎င်းတို့၏ အသက်များအတွက် ဖြစ်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ လူတို့က သမ္မာတရားကို ရရှိကာ ကယ်တင်ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးများသည် အချိန်မရွေး ရောက်လာလိမ့်မည်။ လူတို့အပေါ် ဘုရားသခင် ပေးသနားသည့် ကောင်းချီးများသည် လူတို့ စိတ်ကူးသည့် ဇာတိပကတိ၏ ပျော်ရွှင်မှုများထက် အဆပေါင်း မည်မျှ ရာချီ၊ ထောင်ချီ သာ၍ ကြီးမားမည်ကို မည်သူ သိသနည်း။ ယင်းတို့ကို လူတို့က အဘယ်သို့ဖြစ်ပြီး မမြင်နိုင်ကြသနည်း။ လူအားလုံးသည် မမြင်မကန်း ဖြစ်နေကြသလော။ သို့ဆိုလျှင် ဘုရားသခင်က အဘယ်ကြောင့် လူတို့အား မိမိတို့ကိုယ်ကျိုးစီးပွားများကို ဘေးဖယ်ကာ ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် အမြဲ တောင်းဆိုသနည်း။ ဤကိစ္စရပ်ကို မည်သူ ရှင်းပြနိုင်သနည်း။ (လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ၎င်းတို့၏ အကျိုးစီးပွားများက သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်က လူတို့အား တစ်ကိုယ်ရေ အကျိုးစီးပွားများကို စွန့်လွှတ်ရန် တောင်းဆိုသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် လူတို့အား တောင်းဆိုရာတွင် ဘုရားသခင်သည် လူတို့ကို မည်သို့ ပြုမူကျင့်ကြံရမည်ကို သွန်သင်နေခြင်း ဖြစ်သည်။ ထိုအရာမှာလည်း ဘုရားသခင် လုပ်ဆောင်သည့် အမှုမှန်သမျှအားလုံးသည် လူတို့ကို ကယ်တင်ရန်အလို့ငှာဖြစ်သောကြောင့်ဖြစ်ပြီး လူတစ်ဦးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမှန်း မသိလျှင် ထိုသူကို လူသားဟု မခေါ်ထိုက်ပါ။) သင် ပြောသည့်အရာတွင် လက်တွေ့ကျသည့် အချက်အချို့ရှိသည်။ (တစ်စုံတစ်ခုကို ကျွန်ုပ် ဖြည့်လိုပါသည်။ ကျွန်ုပ်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွဲလမ်းခဲ့သည်။ ကျွန်ုပ်တွင် ဆုကျေးဇူးအချို့ရှိပြီး ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခံရသင့်သည်ဟု ကျွန်ုပ်ခံစားခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ရောက်လာသည့်အခါတိုင်းတွင် ကျွန်ုပ် ရှုံးခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်မိခဲ့သည်။ ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်၏ ဤသေးငယ်သော အလိုဆန္ဒကို မဖြည့်ဆည်းပေးခဲ့သနည်း ဟူ၍ဖြစ်သည်။ နောက်ပိုင်းတွင် ကျရှုံးမှုအချို့ကို တွေ့ကြုံရပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခဲ့ကာ ကျွန်ုပ်သည် ကျွန်ုပ်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း လိုက်စားမှုကြောင့် မနာလိုမှုနှင့် ပဋိပက္ခများတွင် မကြာခဏ ဖြစ်ပွားစေမိခဲ့ပြီး ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများနှင့် စိတ်သဘောညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို ကျွန်ုပ် သတိပြုမိခဲ့သည်။ ကျွန်ုပ်၏ အသက်တာတွင် မည်သည့် တိုးတက်မှုမျှ ကျွန်ုပ် မဖြစ်စေခဲ့သည်သာမက၊ ဘုရားအိမ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးမှုအချို့ ဖြစ်စေခဲ့သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားခြင်းသည် ဘဝနှင့်ပတ်သက်၍ မှန်ကန်သည့် သဘောထားမဟုတ်ကြောင်း သို့မဟုတ် လိုက်စားရန် မှန်ကန်သည့် ရည်မှန်းချက်မဟုတ်ကြောင်းကို ကျွန်ုပ် သဘောပေါက်လာသည်။ ထိုအရာသည် လူတို့ကို အထင်အမြင်မှားစေရန်အလို့ငှာ စာတန်က ၎င်းတို့ထဲသို့ သွတ်သွင်းသည့် မှားယွင်းသော အမြင်ဖြစ်ပြီး ထိုသို့သော လိုက်စားမှုသည် အလွန် အန္တရာယ်များပါသည်။ ဘုရားသခင်က လူတို့အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို မလိုက်စားရန် ပြောသည်မှာ သူသည် ၎င်းတို့အတွက် ဒုက္ခပြဿနာ ဖြစ်စေချင်သောကြောင့် မဟုတ်သကဲ့သို့ ၎င်းတို့အပေါ် စည်းကမ်းတင်းကျပ်လိုသောကြောင့်မဟုတ်ဘဲ ဤသည်မှာ အလွန်အန္တရာယ်များသော လမ်းကြောင်းဖြစ်ပြီး ထိုသို့သော လိုက်စားမှုများက တစ်ဦးတစ်ယောက်အား နောက်ဆုံးတွင် လက်ချည်းသက်သက်ဖြင့်သာ အဆုံးသတ်စေနိုင်သောကြောင့် ဖြစ်သည်။) “လက်ချည်းသက်သက်” နှင့် “အလွန်အန္တရာယ်များ”ဟူသော စကားများဖြင့် သူ ပြောသည့် အန္တရာယ်မှာ မည်သည့်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ ထိုအရာသည် လက်ချည်းသက်သက်ဖြင့် အဆုံးသတ်ရခြင်းနှင့်သာ အမှန်တကယ် သက်ဆိုင်ပြီး နောက်ထပ် မည်သည့်အရာမျှ မဟုတ်ခြင်း ဖြစ်သလော။ ဤသည်မှာ မည်သည့် လမ်းကြောင်းမျိုး ဖြစ်သနည်း။ (ပျက်စီးခြင်းသို့သွားသည့် လမ်းကြောင်းဖြစ်သည်။) ဤလိုက်စားမှုသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်း မဟုတ်ဘဲ ထို့ထက် အဆင့်အတန်းနှင့် သိက္ခာကို လိုက်စားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ သင်၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက မည်မျှ သဘာဝကျသည်ဟု သင် တွေးထင်သည်ဖြစ်စေ ဘုရားသခင် အလိုရှိသည်မှာ ဤအရာ မဟုတ်။ ဤလိုက်စားမှုမျိုး မဟုတ်ပေ။ ဘုရားသခင်က သင့်အား ဤလမ်းခရီးကို မလိုက်စားစေလိုပေ။ သင်၏ ကိုယ်ပိုင် လမ်းကြောင်းကို မရမက သင် ဖက်တွယ်လျှင် သင်၏ နောက်ဆုံး အဆုံးသတ်မှာ လက်ချည်းသက်သက်ဖြင့် သင် အဆုံးသတ်ရခြင်းသာမက ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းပေါ်သို့လည်း သင် အစပြုမိလိမ့်မည်။ ဤအရာတွင် အန္တရာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်မိလိမ့်မည်၊ ဘုရားသခင်ကို ဒေါသတကြီး ရမ်းလိမ့်မည်ဖြစ်ပြီး ဆန့်ကျင်ကာ သူ့ကို ဆန့်ကျင်ရာတွင် ရပ်တည်မိလိမ့်မည်ဖြစ်ပြီး အဆုံးသတ်က ပျက်စီးခြင်း ဖြစ်လိမ့်မည်။ ဖြည့်စွက်ရန် တစ်ခုတလေ ရှိသလော။ (ဘုရားသခင်၊ ကျွန်ုပ် တစ်စုံတစ်ခုကို ဖြည့်ပြောချင်ပါသည်။ ယခုတင် ဘုရားသခင်က အဘယ်ကြောင့် လူတို့ကို မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို မကာကွယ်စေချင်ဘဲ၊ ထို့ထက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စေချင်သနည်းဟု ဘုရားသခင် မေးခဲ့သည်။ ထိုအရာကို ကျွန်ုပ် နားလည်သည့်အတိုင်းဆိုလျှင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းက ဘုရားသခင်ထံမှ ဖြစ်လာသည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းသည် လူတို့အတွက် ဖြစ်သည်။ ဤအမှုအားလုံးကို လုပ်ဆောင်ရန်အလို့ငှာ သူ လူ့ဇာတိနှစ်ကြိမ် ခံယူခြင်းအပါအဝင် ယခု အသင်းတော်ကို တည်ထောင်ခြင်း အလုပ်အားလုံးအပါအဝင် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အမှန်တွင် လူတို့ကို ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ လူတို့က ဘုရားသခင်ကို ယုံကြည်သည်နှင့်တစ်ပြိုင်နက် အသင်းတော် အသက်တာကို စတင်အသက်ရှင်ပြီး မိမိတို့ တာဝန်များကို လုပ်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့တွင် ကယ်တင်ခြင်း လမ်းကြောင်းတစ်ခု ရှိကြသည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ဘေးဖယ်ရန် တောင်းဆိုခြင်းသည် ခံစားခွင့်ကို နုတ်ယူခြင်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင် ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းမှ အကျိုးခံစားရသူမှာ ကျွန်ုပ်တို့ကိုယ်တိုင် ဖြစ်သောကြောင့် ဖြစ်သည်။) အမှန်တကယ် ကောင်းသည်။ သင်တို့ မိတ်သဟာယပြုပြီးသည့်အရာ၏ယေဘုယျ အဓိပ္ပာယ်မှာ အခြေခံအားဖြင့် မှန်ကန်၏။ လူအချို့က ၎င်းတို့ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများအကြောင်း ပြောကြပြီး အခြားသူတို့က ထိုအရာကို အယူအဆဆိုင်ရာ ရှုထောင့်မှ ပြောဆိုကြသည်။ အခြေခံအားဖြင့် သင် နားလည်သည့်အရာသည် ဘုရားသခင်၏ အကျိုးစီးပွားများက တရားဝင်ဖြစ်ပြီး လူတို့၏ အကျိုးစီးပွားများက တရားဝင်ခြင်းမရှိဟူသောအရာနှင့် အကြမ်းဖျင်း ကိုက်ညီသည်။ ဘုရားသခင်၏ အကျိုးစီးပွားများကိုသာ အကျိုးစီးပွားများဟု ခေါ်၍ရသည်။ လူတို့၏ အကျိုးစီးပွားများမှာမူ မတည်ရှိသင့်ပေ။ အထူးသဖြင့် “လူတို့၏ အကျိုးစီးပွား”ဟူသော ဤစကားရပ်၊ ဤအသုံးအနှုန်း၊ ဤအချက်သည် လူတို့ မွေ့လျော်ခံစားသင့်သည့် အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ အကျိုးစီးပွားများက အခြားအရာအားလုံးထက် ဦးစားပေးဖြစ်ပြီး ကာကွယ်ခံရသင့်သည်။ ဤသည်မှာ အခြေခံအားဖြင့် သင် နားလည်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ရန် တာဝန်ရှိသင့်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများကို မှန်ကန်စွာ သဘောထားသင့်ကာ လူတို့၏ အကျိုးစီးပွားများမှာမူ မထီမဲ့မြင်ပြုမှုဖြင့် သဘောထားခံရသင့်ကာ ဖယ်ရှားခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အကျိုးစီးပွားများသည် အလွန် ကျက်သရေမရှိသောကြောင့် ဖြစ်သည်။ လူသားရှုထောင့်မှနေ၍ အရင်းအမြစ်တွင် လူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ရောနှောနေသောကြောင့် မည်သည့်ရှုထောင့်ဖြင့် သင်ကြည့်သည်ဖြစ်စေ၊ ယင်းတို့သည် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ လူတို့၏ အကျိုးစီးပွားများအားလုံးသည် တရားမဝင်သည့် အမျိုးအစားထဲတွင် ကျရောက်ပေသည်။ ထို့ကြောင့် လူတို့က ယင်းတို့ကို ဘေးဖယ်ထားနိုင်သည်ဖြစ်စေ၊ မထားနိုင်သည်ဖြစ်စေ လူတို့၏ အကျိုးစီးပွားများကို ဘေးဖယ်ထားသင့်ကြောင်းနှင့် ကြိုးပမ်းပြီး ကာကွယ်သင့်သည်မှာ ဘုရားသခင်၏ အကျိုးစီးပွားများဖြစ်ကြောင်းကို ၎င်းတို့က ပုဂ္ဂလဓိဋ္ဌာန်ကျကျ သဘောပေါက်နှင့်ပြီးဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ အများသဘောတူညီမှုတစ်ခု ရှိသည်။ ယခု ငါတို့သည် အများသဘောတူညီမှုကို ရကြပြီးဖြစ်သဖြင့်၊ ဘုရားသခင်၏ အကျိုးစီးပွားများက အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။
ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာ အတိအကျဖြစ်သနည်း။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအားလုံးကို တန်းတူထား၍ ရနိုင်သလော။ “ဘုရားသခင်”ဟူသည်မှာ ဂုဏ်ပုဒ်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရအတွက် အနက်တူအသံကွဲတစ်ခုလည်း ဖြစ်သည်ဟု ပြော၍ ရသည်။ “ဘုရားအိမ်တော်” နှင့် “အသင်းတော်”များကရော အဘယ်သို့နည်း။ ဘုရားအိမ်တော်က နယ်ပယ်အနေဖြင့် ပိုကျယ်ပြန့်ပြီး အသင်းတော်မှာမူ သာ၍ တိကျသည်။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ (မရနိုင်ပါ။) ယင်းတို့ကို တန်းတူထား၍ မရဟု လူအချို့က ပြောကြသော်လည်း အမှန်တကယ် တန်းတူထား၍ရနိုင်သလော။ ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဘုရားသခင် ထုတ်ပြန်ကြေညာသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် တစ်ခုတည်းသောအရာဖြစ်သလော။ (ဟုတ်ပါသည်။) ယင်းတို့သည် တစ်ခုတည်းသောအရာ ဖြစ်သည်။ ဤရှုထောင့်မှပြောရလျှင် သုံးခုလုံး၏ အကျိုးစီးပွားများကို တန်းတူထား၍ရသည်။ ဘုရားအိမ်တော်သည် ဘုရားသခင်နှင့် သူ၏ ရွေးချယ်ထားသော လူတို့ဖြင့်သာ ဖြစ်တည်လာခြင်းဖြစ်ပြီး အသင်းတော်သည် ဘုရားအိမ်တော်၏ ဤရွေးချယ်ထားသော လူတို့ဖြင့်သာ ဖြစ်တည်လာသည်။ အသင်းတော်သည် ဘုရားအိမ်တော်၏ သာ၍ တိကျသည့် “လက်အောက်ခံ အသင်းအဖွဲ့”တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်သည် အနက်အဓိပ္ပာယ် သာ၍ ကျယ်ပြန့်သော ဝေါဟာရတစ်ခုဖြစ်ပြီး အသင်းတော်မှာမူ သာ၍ သတ်သတ်မှတ်မှတ်ဖြစ်သည်။ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ တန်းတူထားသင့်သည်ဟု သင်တို့ ထင်ကြသလော။ သင်တို့ မသိကြသလော။ သို့ဆိုလျှင် ယင်းတို့ကို စိစစ်ရန်အလို့ငှာ ဦးစွာပထမ တန်းတူထားရန် ကြိုးစားကြစို့။ ဥပမာအနေဖြင့် ဘုရားသခင်၏ ဘုန်းအသရေသည် ဘုရားသခင်၏ အကျိုးစီးပွားဖြစ်သည်။ ထိုအရာသည် ဘုရားအိမ်တော်၏ ဘုန်းအသရေဖြစ်သည်ဟု ပြောရန် အဆင်ပြေမည်လော။ (အဆင်ပြေမည်မဟုတ်ပါ။) ယင်းမှာ အဆင်ပြေမည်မဟုတ်ပေ။ ဘုရားအိမ်တော်သည် အမည်နာမတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ ဘုန်းအသရေသည် အသင်းတော်၏ ဘုန်းအသရေဖြစ်သည်ဟု ပြောရန် အဆင်ပြေမည်လော။ (အဆင်ပြေမည်မဟုတ်ပါ။) သိသာထင်ရှားစွာပင် ယင်းသည်လည်း အဆင်ပြေမည်မဟုတ်။ အသင်းတော်၏ ဘုန်းအသရေသည် ညီအစ်ကို မောင်နှမများအားလုံး၏ ဘုန်းအသရေဖြစ်သည်။ ထိုအရာကို ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်းတူထားခြင်းသည် လက်ခံနိုင်ဖွယ်ရှိမည်မဟုတ်ပေ။ လူတို့က ဤဘုန်းအသရေကို မသယ်ဆောင်နိုင်သကဲ့သို့ ဘုရားအိမ်တော်နှင့် အသင်းတော်ကလည်း မသယ်ဆောင်နိုင်ပေ။ ဤရှုထောင့်မှပြောရလျှင် ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများကို တန်းတူထား၍ ရနိုင်သလော။ (မရနိုင်ပေ။) မရနိုင်ပေ။ အခြားသော ရှုထောင့်မှကြည့်လျှင် ဘုရားသခင် လုပ်ဆောင်သည့် အမှုတော်၏ အစိတ်အပိုင်း၊ ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သော အစိတ်အပိုင်းနှင့် အသင်းတော်အလုပ်၏ အစိတ်အပိုင်းတို့ကို တန်းတူထား၍ ရနိုင်သလော။ ဥပမာအနေဖြင့် ဘုရားသခင်က လူတို့ကို ဧဝံဂေလိဟောရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ချိရန် ပြောသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပြီး လူတို့ကို ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာများလည်း ဖြစ်သည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ဘုရားအိမ်တော်ထံ ထုတ်ပြန်သည့်အခါ ဤအလုပ်ကို ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့် အလုပ်နှင့် တန်းတူထား၍ ရနိုင်သလော။ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာသည် သူ၏ အမှုတော် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပြီး ဤတိကျသည့် အစိတ်အပိုင်းကို ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့်အမှုတော်နှင့် တန်းတူထား၍ရသည်။ ထို့နောက် ဤတာဝန်ပေးစေခိုင်းချက်ကို အသင်းတော်ထံ ထုတ်ပြန်သည့်အခါ ထိုအရာကို ဘုရားသခင်၏ အမှုတော်နှင့် တန်းတူထား၍ရနိုင်သလော။ (ရနိုင်ပါသည်။) တန်းတူထားနိုင်သည်။ ဤဥပမာနှစ်ခုထဲမှ တစ်ခုတွင် ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရာတစ်ခု ပါဝင်သည်။ ထိုအခြေအနေတွင် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့ကို တန်းတူထား၍မရနိုင်ပေ။ အခြားသော ဥပမာတစ်ခုတွင် ဘုရားသခင် လုပ်ဆောင်သည့် အမှု၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပိုမိုတိကျစွာဆိုရလျှင် လူတိုင်းအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ပါဝင်သည်။ ဤအရာများကို တန်းတူထား၍ရသည်။ ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ သက်သေခံချက်တို့ပါဝင်သည့် အရာများနှင့်ပတ်သက်လာသည့်အခါ ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့ကို တန်းတူထား၍ရသလော။ (မရနိုင်ပါ။) ဘုရားအိမ်တော်နှင့် အသင်းတော်က ဤသက်သေခံချက်နှင့် ဘုန်းအသရေကို မပိုင်ဆိုင်နိုင်သကဲ့သို့ ယင်းတို့ကို ဘုရားသခင်နှင့် တန်းတူထား၍မရနိုင်သော်လည်း တိကျသည့် အလုပ် သို့မဟုတ် တာဝန်ပေးစေခိုင်းချက်တစ်ခုခုနှင့် သက်ဆိုင်သည့်အခါ ယင်းတို့ကို တန်းတူထား၍ရသည်။ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယင်းကို ငါတို့ များစွာ ပြောဆိုခဲ့ကြသည်။ ယနေ့တွင် ဘုရားသခင်၏ အကျိုးစီးပွားများက အတိအကျ မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူတို့ မသိကြသည့်အရာများ၊ လူတို့ လုံးဝ မတွေးဖူးသကဲ့သို့ ဘုရားသခင်နှင့် နီးကပ်စွာ ဆက်စပ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများအဖြစ် မှတ်ယူ၍ရသည့်အရာများက အတိအကျ မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို မိတ်သဟာယပြုခြင်းအား ငါတို့ အာရုံစိုက်မည်ဖြစ်သည်။ ထိုအရာက နာမ်တစ်ခုဖြစ်စေ၊ ဆိုရိုးတစ်ခု၊ သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ဆက်စပ်သည့် အရာတစ်ခုဖြစ်စေ၊ မည်သည့်အရာများသည် ဘုရားသခင်၏ အကျိုးစီးပွားများဖြစ်သနည်း။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်သည်။) ဘုရားသခင်၏ ဘုန်းအသရေသည် ဧကန်မုချဖြစ်သည်၊ ယင်းမှာ လူတို့ထံမှ ဘုရားသခင် ရရှိသည့် သက်သေခံချက်တည်း။ အခြားမည်သည့်အရာ ရှိသနည်း။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ နာမ၊ ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အဆင့်အတန်းဟူသည့် ဤအရာများသည် သူ၏ အကျိုးစီးပွားများချည်းသာ ဖြစ်သည်။ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ ကာကွယ်လိုသည့် တန်ဖိုးအရှိဆုံးသောအရာမှာ အဘယ်အရာနည်း။ ဘုရားသခင်၏ နာမလော၊ ဘုရားသခင်၏ဘုန်းအသရေလော၊ ဘုရားသခင်၏ သက်သေခံချက်လော၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းလော။ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ဘုရားသခင် ကာကွယ်လိုသည့် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်သည် ဤအနှစ် ၆၀၀၀ ကာလအတွင်း လုပ်ဆောင်ရန် ဘုရားသခင် စီစဉ်သည့် အမှုတော်အားလုံးသာ ဖြစ်သည်။ ဘုရားသခင်အတွက် ဤသည်မှာ အရေးအကြီးဆုံးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများ၏ မျက်လုံးများဖြင့် မြင်၍ရနိုင်သည့် ဘုရားသခင်၏ အကျိုးစီးပွား ဖြစ်သင့်သည်ဟု ပြော၍ရနိုင်သည်။ ဘုရားသခင်၏ အကျိုးစီးပွားနှင့်ပတ်သက်၍ လူတို့ အနည်း၊ အများ နားလည်နိုင်သည့်အရာနှင့် လူတို့ နားလည်သင့်သည့်အရာတို့သည် ယင်းတွင် အခြေခံအားဖြင့် ရပ်တန့်နိုင်သည်။ ဆက်လက်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအကြောင်းကို ပြောကြစို့။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်၏ နာမ၊ ဘုရားသခင်၏ဘုန်းအသရေနှင့် ဘုရားသခင်၏ သက်သေခံချက်တို့ကို ကာကွယ်ခြင်းအပြင် လူတို့ ကာကွယ်သင့်သည့် အခြားမည်သည့်အရာကို ဘုရားသခင်က လူသားမျိုးနွယ်အား တာဝန်ပေးစေခိုင်းလေပြီနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်။) မှန်ပေ၏၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကြီးမားဆုံး တာဝန်ပေးစေခိုင်းချက်မှာ ဘုရားအိမ်တော်၏ အကြီးမားဆုံးသော အကျိုးစီးပွားဖြစ်သည်။ သို့ဆိုလျှင် ဤအကျိုးစီးပွားသည် မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာမှာ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို လူသားမျိုးနွယ်အလယ်တွင် ဆောင်ရွက်ရန်အတွက်ဖြစ်ပြီး ဤအရာတွင် ကဏ္ဍမျိုးစုံပါဝင်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် မည်သည့်အရာ ပါဝင်သနည်း။ အသင်းတော် တည်ထောင်ကာ ဖွဲ့စည်းရန်နှင့် အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများသည်လည်းကောင်း၊ ဘုရားသခင်၏ ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်သည်လည်းကောင်း အတားအဆီးမရှိ ရှေ့ဆက်နိုင်ရန်အလို့ငှာ အဆင့်အားလုံးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထွက်ပေါ်စေရန် ပါဝင်သည်။ ဤအရာအားလုံးတွင် အသင်းတော်၏ အကျိုးစီးပွားများ ပါဝင်သည်။ ဤသည်တို့မှာ ငါတို့ မကြာခဏ ပြောဆိုကြသည့် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများတွင် အရေးအကြီးဆုံးသော အရာများဖြစ်သည်။ ပိုများသော လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာကြရန်အလို့ငှာ ဘုရားသခင်၏ အမှုတော် ဖြန့်ရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်က အဟန့်အတားမရှိဘဲ ရှေ့ဆက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ အလိုတော်ကို လူသားမျိုးနွယ်အလယ် အဟန့်အတားမရှိဘဲ လုပ်ဆောင်ရန်နှင့် လူတို့အလယ် ဘုရားနှုတ်ကပတ်တော်များ ဖြန့်ဝေခံရရန်၊ ဖြန့်ဖြူးခံရပြီး ဖြန့်ချိခြင်းခံရရန်ဟူသည့် ဤသည်တို့မှာ ဘုရားအမှုတော်အားလုံး၏ ရည်မှန်းချက်များနှင့် အချက်အချာ ဖြစ်သည်။ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများတွင် ပါဝင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ မုချ ပါဝင်ရမည်ဖြစ်သည်။ တိတိကျကျဆိုရလျှင် ထိုအရာသည် ဘုရားသခင်၏ အမှုတော်က ခေတ်ကာလတိုင်းနှင့် အဆင့်တိုင်းတွင် အဟန့်အတားမရှိဘဲ ရှေ့ဆက်နိုင်ပြီး ဖြန့်ဝေနိုင်ခြင်းရှိမရှိဆိုသည်နှင့် လူသားမျိုးနွယ်ကြားတွင် ထိုအရာကို ချောမောစွာ ဆောင်ရွက်ကာ ချောမောစွာ တိုးတက်ခြင်း ရှိမရှိဟူသည်တို့နှင့် သက်ဆိုင်ပေသည်။ ဤအရာအားလုံးသည် ပုံမှန် ရှေ့ဆက်နေလျှင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများသည် ကာကွယ်ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ဘုန်းအသရေနှင့် ဘုရားသခင်၏ သက်သေခံချက်တို့သည် ကာကွယ်ခံရလိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်နှင့် အသင်းတော်တွင် ဘုရားသခင်၏ အမှုတော်သည် တားဆီးခံရကာ အဟန့်အတားမရှိဘဲ ရှေ့ဆက်နိုင်ခြင်းမရှိသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်က လုပ်ဆောင်ရန် စီစဉ်သည့် အမှုတော်တို့ကို တားဆီးဟန့်တားလျှင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများက ကြီးမားစွာ ထိခိုက်နစ်နာမည်မှာ သေချာသည်။ ဤအရာများက ဆက်စပ်နေကြသည်။ ဆိုလိုသည်မှာ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများ ကြီးမားစွာ ထိခိုက်နစ်နာသည့်အခါ သို့မဟုတ် ဟန့်တားခံရသည့်အခါ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် ပြင်းပြင်းထန်ထန် နှောင့်ယှက်ခြင်းခံရဖို့ သေချာပြီး ဘုရားသခင်၏ အကျိုးစီးပွားများသည်လည်း ကြီးမားစွာ ထိခိုက်နစ်နာလိမ့်မည် ဖြစ်သည်။
ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးသည့်နောက် ဆက်လက်၍ လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ လူတို့၏ အကျိုးစီးပွားများအကြောင်းကို ယခုတင် အနည်းငယ် ငါတို့ ပြောပြီးဖြစ်သည်။ ယခုတွင် ယင်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူတို့ အကျိုးစီးပွားများ၏ သဘောသဘာဝအကြောင်းကို ပြောကာ ယင်းတို့ကို စရိုက်လက္ခဏာ သရုပ်ဖော်ကြစို့။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ အကျိုးစီးပွားများကို ဘေးဖယ်ထားရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ လူတို့တွင် ဤလုပ်ပိုင်ခွင့် မရှိကြသလော။ ဘုရားသခင်သည် လူတို့အား ဤလုပ်ပိုင်ခွင့်ကို မပေးသလော။ ထိုသို့သော လုပ်ပိုင်ခွင့်များနှင့် လူတို့ မထိုက်တန်သလော။ ထိုသို့ မဟုတ်သလော။ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည့် လူတို့ အကျိုးစီးပွားများ၏ အချို့သော သွင်ပြင်လက္ခဏာများမှကြည့်သည့်အခါ လူတို့သည် အကျိုးစီးပွားများကို ဘယ်အရာအတွက် လိုက်စားကြသနည်း။ (မိမိတို့အတွက်ဖြစ်သည်။) “မိမိတို့အတွက်”ဟူသည်မှာ ခြုံငုံ၍ ကောက်ချက်ချခြင်းတစ်ခု ဖြစ်သည်။ မိမိတို့ကိုယ်တိုင်ဟူသည်မှာ အဘယ်သူနည်း။ (စာတန်များဖြစ်သည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားဖြင့် အသက်ရှင်နိုင်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခံရလျှင်၊ ၎င်းတို့ အလိုရှိသောအရာကို လိုက်စားကြလျှင် ဤလိုက်စားမှုသည် ဘုရားသခင်နှင့် သဟဇာတဖြစ်မည် မဟုတ်လော။ သို့သော် ပြောင်းလဲခြင်းနှင့် ကယ်တင်ခံရခြင်းမတိုင်မီ လူတို့ လိုက်စားသည့် တစ်ခုတည်းသောအရာမှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိနှင့် ဆက်စပ်သည့် သွင်ပြင်လက္ခဏာ အမြောက်အမြားဖြစ်သည်။ ဤအရာများသည် သမ္မာတရားကို လုံးဝ ရန်လိုပြီး ဆန့်ကျင်သည်။ သမ္မာတရားကို ချိုးဖောက်ခြင်းစင်စစ်ဖြစ်သည်၊ သမ္မာတရား၏ ဆန့်ကျင်ဘက်စင်စစ် ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့ဖြစ်သည့် ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံး၏ အနှစ်သာရမှာ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ပြီးထိခိုက်စေသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်။ ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ နှောင့်ယှက်ခြင်း၊ ထိခိုက်ခြင်းနှင့် ဖြိုဖျက်ခြင်း၊ တို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ အား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့်ဂုဏ်အဆင့်အတန်းတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ပို၍များသောလူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများပင် ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းမည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် အမှားမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်ပြီး ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ ဝန်တာကို အလေးထားနိုင်သည်။ သူ၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စတိုင်းတွင် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းသည်။ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ၎င်းတို့ကို ထောက်ပံ့သည်။ ပံ့ပိုးပေးသည်။ ဘုရားသခင်က ဂုဏ်ကျက်သရေနှင့် သက်သေခံချက်ကို ရရှိပြီး ယင်းကြောင့် စာတန်ကို အရှက်ရစေသည်။ ထိုသူ၏ လိုက်စားမှုကြောင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ လိုက်စားမှုကြောင့် ဘုရားသခင်၏ အလိုတော်သည်လည်း ပြည့်စုံကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော လိုက်စားမှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် ပွင့်လင်းမြင်သာသည်၊ ဤသို့သော လိုက်စားမှုသည် ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ကြီးမားသော အကျိုးဖြစ်စေသည့်အပြင် အသင်းတော်အလုပ်အဖို့ လုံးလုံးလျားလျား အကျိုးဖြစ်စေသည်။ ယင်းသည် အမှုအရာများကို ရှေ့ဆက်ရာတွင် ကူညီပေးပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။