အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း ငါး
ဆက်လက်၍ ဘုရားသခင်၏ အကျိုးစီးပွားများ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အကျိုးစီးပွားများအကြောင်းကို ငါတို့ မိတ်သဟာယပြုမည်။ ဤအကျိုးစီးပွားသုံးခုကြားတွင် တူညီသည့်အရာ တစ်စုံတစ်ခု ရှိနိုင်ခြင်းရှိမရှိ၊ ဆိုလိုသည်မှာ အကျိုးစီးပွားတစ်ခုအကြောင်းကို ပြောနေချိန် ထိုအရာသည် အခြားအရာများနှင့် တန်းတူထား၍ ရမရဟူသည်နှင့်ပတ်သက်၍ ယခု မပြောကြစို့နှင့်။ ဦးစွာပထမ ဘုရားသခင်၏ အကျိုးစီးပွားများအကြောင်းကို ပြောကြစို့။ ဘုရားသခင်၏ အကျိုးစီးပွားများတွင် ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ နာမနှင့် အရေးအကြီးဆုံးအနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားအမှုတော် ပျံ့နှံ့ခြင်းတို့ပါဝင်ကြောင်း ငါ ယခုတင် ဖော်ပြပြောဆိုခဲ့သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ပတ်သက်သရွေ့ အကြီးမားဆုံးနှင့် အရေးအကြီးဆုံးသော အရာများဖြစ်သည်။ ယခုအခါတွင် လူတို့နှင့် အလွန်အလှမ်းဝေးသည့် ဘုရားသခင်၏ ဘုန်းအသရေ၊ ဘုရားသခင်၏ နာမနှင့် ဘုရားသခင်၏ သက်သေခံချက်ကို မဖော်ပြကြစို့နှင့်။ ဦးစွာပထမ ဘုရားသခင်၏ အမှုတော်အကြောင်း ပြောကြစို့။ ဘုရားသခင်သည် မည်သည့်အမှုကို အမှန်တကယ် လုပ်ဆောင်နေသနည်း။ ဘုရားအမှုတော်၏ ပါဝင်သောအကြောင်းအရာမှာ အဘယ်နည်း။ ဘုရားအမှုတော်၏ သဘာဝမှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်က လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ကြဉ်းသနည်း။ လူသားမျိုးနွယ်အပေါ် ယင်း၏ သက်ရောက်မှု အတိအကျမှာ အဘယ်နည်း။ ဤအရာများအကြောင်းကို ဦးစွာ ပြောကြစို့။ သို့ဆိုလျှင် ဘုရားသခင်၏ အမှုတော်သည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည်။) ဤအကြောင်းအရာ မပြောင်းလဲနိုင်၊ အမှုတော်၏ ရည်ရွယ်ချက် မပြောင်းလဲနိုင်ပေ။ ဆိုလိုသည်မှာ စာတန်၏ အာဏာအောက်တွင် ရှိပြီး စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဤအမှုတော်မှာ လူသားသဏ္ဌာန်တူခြင်းအားလုံး ကင်းမဲ့သွားသည့်အဆင့်ထိ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူတစ်စု၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်သဘောထားများဖြင့် ပြည့်နေကြသည့် လူတစ်စုကို ကယ်တင်ရန်ဖြစ်သည်။ ၎င်းတို့တွင် လူသားပုံသဏ္ဌာန်ရှိကြရန်အလို့ငှာ ၎င်းတို့ကို ပြောင်းလဲစေရန်နှင့် ၎င်းတို့အား သမ္မာတရား နားလည်စေရန်နှင့် မည်သည့်အရာက တရားမျှတပြီး မည်သည့်အရာက တရားမျှတခြင်းမရှိကြောင်း၊ မည်သည့်အရာက အပြုသဘောဆောင်သော အရာများဖြစ်ပြီး မည်သည့်အရာက အပျက်သဘောဆောင်သော အရာများဖြစ်ကြောင်း၊ စစ်မှန်သော လူတို့၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ လူတို့မည်သို့အသက်ရှင်သင့်ကြောင်းနှင့် နေရာယူရန် ဘုရားသခင်က လူတို့အတွက် ကြိုတင်စီမံထားပြီးဖြစ်သည့် နေရာတွင် ၎င်းတို့ ရှိကြရန်အလို့ငှာ မည်သည့် နေရာတွင် ၎င်းတို့ ရပ်တည်သင့်ကြောင်းတို့ကို သိရှိကာ သဘောပေါက်နားလည်စေရန် ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင့်အမှုတော်၏ အခြေခံကျသော ပါဝင်သည့်အကြောင်းအရာများဖြစ်ပြီး ယင်းတို့ကို အယူအဆဆိုင်ရာ အဆင့်ဖြင့် သင်တို့အားလုံး သိရှိကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်တို့ အမှန်တကယ် နားလည်လျှင် ဘုရားသခင်က လူတို့အား ရှုတ်ချကာ ဖျက်ဆီးရန်အလို့ငှာ သို့မဟုတ် ၎င်းတို့ကို သန့်စင်စေကာ စုံလင်အောင်ပြုလုပ်ပေးရန်အလို့ငှာ တရားစီရင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင်က လူတို့ကို မီးအိုင်ထဲသို့ တွန်းချရန်အလို့ငှာ သို့မဟုတ် ၎င်းတို့ကို ကယ်တင်ကာ အလင်းထဲသို့ ခေါ်ဆောင်ရန်အလို့ငှာ တရားစီရင်ပြီး ပြစ်တင်ဆုံးမခြင်း ရှိမရှိဟူသည်တို့ကို သင်တို့ သိသင့်ကြပေသည်။ ဘုရားသခင်က အလွန်များစွာသော သမ္မာတရားများကို ဖော်ပြကြောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေမျိုးစုံကို ဖော်ထုတ်ကြောင်း၊ လူတို့၏ ယုံကြည်ခြင်းတွင်ရှိသည့် သွေဖည်မှုများနှင့် ယုံကြည်ခြင်းနှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများကို ပြုပြင်ကြောင်းနှင့် လူတို့အား သမ္မာတရားကို နားလည်ကာ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန်နှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြကြောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသူများအလယ်တွင် ရလဒ်အချို့ ရရှိနှင့်ပြီးဖြစ်ကြောင်းတို့ကို ငါတို့အားလုံး မြင်နိုင်သည်။ ဘုရားသခင်သည် လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး ၎င်းတို့အား စစ်မှန်သော ဖန်ဆင်းခံများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့်လူများ ဖြစ်လာခွင့်ပေးလျက် မဟာလူသား သို့မဟုတ် ကြီးမြတ်သော လူများဖြစ်လာခြင်းမှ တားဆီးလေသည်။ ဘုရားသခင်သည် ဖာရိရှဲတို့၏ သူတော်ကောင်းယောင်ဆောင်သော မျက်နှာများကို လူတို့အား မြင်ခွင့်ပေးလျက်၊ လူတို့အား ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဆောင်ကြဉ်းလျက် ဖာရိရှဲတို့၏ သူတော်ကောင်းယောင်ဆောင်သော အနှစ်သာရကို ဖော်ထုတ်သည်။ လူတို့အနေဖြင့် ရိုးရာယဉ်ကျေးမှု၏ အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်နိုင်ကာ သမ္မာတရားကို လက်ခံပြီး ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် ရိုးရာယဉ်ကျေးမှု၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် ထိုရိုးရာယဉ်ကျေးမှုက လူတို့အပေါ် ထားရှိသည့် အချုပ်အနှောင်များကိုလည်းကောင်း၊ ၎င်းတို့ကို ဖြစ်စေသည့် ထိခိုက်နစ်နာမှုကိုလည်းကောင်း ဖော်ထုတ်သည်။...ဤအရာအားလုံးကို အောက်ပါအတိုင်း အကျဉ်းချုပ်နိုင်သည်။ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်သည် လူတို့အား ဆိုးယုတ်သည့် လောက၏ ခေတ်ရေစီးကြောင်းများမှ ဘုရားအိမ်တော်ဆီသို့ ပြန်ခေါ်ဆောင်ရန်နှင့် ထို့နောက်တွင် စာတန်၏ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် အမျိုးမျိုးသော စာတန်ဆန်သည့် အတွေးအခေါ်များ၊ စာတန်ဆန်သည့် အဆိပ်အတောက်များက လူတို့ကို ဒုက္ခပေးခြင်းမှ ရုန်းထွက်လွတ်မြောက်ရန် ၎င်းတို့အနေဖြင့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သည့် စစ်မှန်သော စည်းမျဉ်းများက မည်သည့်အရာဖြစ်ပြီး လူတို့ မည်သို့ ကျင့်ကြံပြုမူသင့်သည်ဟူသည်တို့ကို နားလည်ကာ သိရှိနိုင်ရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် သွန်သင်ပြီး သမ္မာတရားနှင့် အသက်ဖြင့် ထောက်ပံ့ပေးရန် ဖြစ်သည်။ အစမှသည် လက်ရှိအချိန်ထိတိုင် ဘုရားသခင်သည် ပညတ်တော်ခေတ်ရှိ သူ၏ အမှုတော်မှ ကျေးဇူးတော်ခေတ်ရှိ သူ၏ အမှုတော်အပြင် နောက်ဆုံးသောကာလတွင် ယခု သူ လုပ်ဆောင်နေသည့် တရားစီရင်ခြင်းအမှုထိတိုင် အမှုမျိုးစုံကို လုပ်ဆောင်ပြီးဖြစ်သည်။ ယခုအခါတွင် သင်တို့သည် ဘုရားအမှုတော်၏ ဤအဆင့်သုံးဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြီဖြစ်သဖြင့် ဘုရားသခင်၏ အနှစ်၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်တွင် သူ့အမှုတော်၏ သဘာဝမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာကို မည်သို့ သတ်မှတ်သင့်သနည်း။ (ဤသည်မှာ လူသားမျိုးနွယ်အလယ်တွင် တရားအမျှတဆုံးသော လုပ်ငန်းကြီးဖြစ်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းဆိုင်ရာ ဘုရားသခင်၏ အမှုတော်သည် အနှစ် ၆၀၀၀ကြာ ဖြစ်ပေါ်လျက် ရှိနေခဲ့ပြီး ဤအနှစ် ၆၀၀၀ အတောအတွင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယခုထက်ထိတိုင် ဦးဆောင်လျက် မမောနိုင်မပန်းနိုင် သည်းညည်းခံ၊ စောင့်ဆိုင်းကာ စကားပြောဆိုပြီးဖြစ်သည်။ ဘုရားသခင်သည် လက်မလျှော့ခဲ့သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုသည် လူသားမျိုးနွယ်အလယ်တွင် တရားအမျှတဆုံးသော လုပ်ငန်းကြီးဖြစ်သည်။ ဘုရားသခင့်အမှုတော်၏ သဘာဝမှ ကြည့်သည့်အခါ ဘုရားသခင်၏ အကျိုးစီးပွားများသည် တရားအမျှတဆုံးနှင့် တရားဝင်အဖြစ်ဆုံး ဖြစ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ အကျိုးစီးပွားများကို ကာကွယ်ပေးလျှင် လူသားမျိုးနွယ်ထံ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ လူသားမျိုးနွယ်သည် ကောင်းစွာ ဆက်လက် ရှင်သန်နိုင်သည်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်၊ ဘုရားသခင် ချမှတ်သည့် အရာခပ်သိမ်း၏ နည်းဥပဒေသများအတွင်းတွင် အသက်ရှင်နိုင်ပြီး လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားပြီးဖြစ်သည့် အရာရာကို မွေ့လျော်ခံစားနိုင်ကာ ထိုသို့ဖြင့် လူသားများသည် အရာခပ်သိမ်း၏ စစ်မှန်သော အရှင်သခင်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်သည် နောက်ဆုံးတွင် လူတို့၏ အကြီးမားဆုံးသော အကျိုးစီးပွားများတွင် ရှိသည်ကို သင်တို့ မြင်သင့်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှုတော်သည် လူသားမျိုးနွယ်အလယ်တွင် တရားအမျှတဆုံးသော လုပ်ငန်းကြီးဖြစ်သည် မဟုတ်လော။ ဤအရာသည် ငြင်းပယ်မရနိုင်သကဲ့သို့ သေချာပေသည်။ ထိုအမှုတော်သည် တရားအမျှတဆုံးသော လုပ်ငန်းကြီးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် မိမိ၏ကိုယ်ကျိုးစီးပွားများအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည်အထိ လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော် ဖြန့်ဝေခြင်းအား ဟန့်တားသည်ထိ လုပ်ဆောင်မည်ဆိုလျှင် ဤသည်မှာ အဘယ်လူဖြစ်သနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် ကောက်ကျစ်ဆိုးယုတ်သော ပုဂ္ဂိုလ်တစ်ဦးနှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိဘဲ လူသားမျိုးနွယ်ကို ထောက်ပံ့ရုံထောက်ပံ့ပေးသည်။ လူသားမျိုးနွယ်အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးရှိသည့် အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး တရားအမျှတဆုံးသော လုပ်ငန်းကြီးကို တာဝန်ယူဆောင်ရွက်နေစဉ်တွင် လူတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု သို့မဟုတ် ကျေးဇူးမတင်ရှိကြသကဲ့သို့ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် မစဉ်းစားရုံမကဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့က နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကြကာ ထိခိုက်စေကြပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ကိုယ်ကျိုးစီးပွားများကို လိုက်စားကြလေသည်။ ထိုသို့သော လူများတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား လုံးဝ မရှိကြပေ။ ၎င်းတို့သည် လူများဟု ခေါ်ထိုက်ကြသေးသလော။ ဤသည်တို့မှာ နတ်ဆိုးများနှင့် စာတန်များ စင်စစ်ဖြစ်ကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်လင့်ကစား ဘုရားသခင်က လူတို့ကို မတို့ထိနိုင်လျှင် ၎င်းတို့၌ နှလုံးသားများ ရှိကြသေးသလော။ မရှိကြပေ။ နှလုံးသားမရှိခြင်းသည် အသိစိတ် မရှိခြင်းဟု ဆိုလိုသည်။ ထိုသို့သော လူများတွင် အသိစိတ်သဘော မရှိပေ။ မိမိ၏ လူ့သဘာဝက အသိစိတ် ကင်းမဲ့သည့်အခါ လူတစ်ဦးသည် လူသား မဟုတ်တော့ဘဲ တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်။ ဤသည်မှာ အလွန် သိသာ၏။ လူတို့ ကယ်တင်ခံရရန်အတွက် ဘုရားသခင်သည် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး မမောနိုင်မပန်းနိုင် အလုပ်လုပ်လေသည်။ လူတို့က မည်မျှ အထင်လွဲကြသည်ဖြစ်စေ၊ သို့မဟုတ် သံသယရှိကြသည်ဖြစ်စေ ဘုရားသခင်သည် အမြဲ စိတ်ရှည်ပြီးဖြစ်ကာ လူတို့ကို သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို အကြိမ်ကြိမ် ပြောပြရင်း၊ ၎င်းတို့အား တစ်စချင်း နားလည်စေရင်း၊ ၎င်းတို့အား သုံးသပ်ဆင်ခြင်စေကာ ဆန်းစစ်စေရင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ဖို့နှင့် ဘုရားသခင်၏ စိတ်နှလုံးကို သဘောပေါက်နားလည်ဖို့ ထောက်ကူလျက် ဆက်လက် ထောက်ပံ့ပေးနေသည်။ ပြီးလျှင် လူတို့သည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကြားသည့်အခါ ၎င်းတို့ တို့ထိခံရပြီး မျက်ရည်အနည်းငယ် ကျဆင်းကြသည်။ သို့သော် ၎င်းတို့ နောက်ပြန်လှည့်သောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ အလေးမထားကြသည်သာမက ၎င်းတို့ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားကြဆဲဖြစ်ကာ ကောင်းချီးမင်္ဂလာများကို လိုက်စားကြဆဲဖြစ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ထိုသို့သော လူများသည် မည်သည့်အရာကို အချို့တဲ့ဆုံး ဖြစ်သနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အချို့တဲ့ဆုံး ဖြစ်ကြသည်၊ လူ့သဘာဝ အချို့တဲ့ဆုံးဖြစ်ကြသည်။ ဘုရားသခင်သည် အမှုပြုကာ လူတို့ကိုကယ်တင်ရန် အဆုံးစွန် စိတ်ရှည်ခြင်းဖြင့် နာကျင်မှုမျိုးစုံကို သည်းညည်းခံသော်လည်း လူတို့သည် ဘုရားသခင်ကို အထင်လွဲကြဆဲဖြစ်သည်။ စဉ်ဆက်မပြတ် သူ့ကို ဖက်ပြိုင်အံတုကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် ပူပန်ခြင်းမရှိဘဲ မိမိတို့ကိုယ်ကျိုးစီးပွားများကို စဉ်ဆက်မပြတ် ကာကွယ်ကြပြီး ကြီးကျယ်ခမ်းနားသည့် ဘဝကို အမြဲ အသက်ရှင်လိုကြသော်လည်း ဘုရားသခင်၏ ဘုန်းအသရေအတွက် မဖြည့်ဆည်းပေးလိုကြချေ။ ဤအရာအားလုံးတွင် ပြောစရာ လူ့သဘာဝ တစ်ခုတလေ ရှိသလော။ လူတို့သည် နှုတ်ဖြင့်မူ ဘုရားသခင်ကို သက်သေခံသည်ဟု အကြိမ်ကြိမ် ကြွေးကြော်နေကြသော်လည်း စိတ်နှလုံးထဲ၌မူ “ဤသည်မှာ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အလုပ်မှ ရရှိသည့် အကျိုးရလဒ်များ ဖြစ်သည်။ ကျွန်ုပ်သည်လည်း အားထုတ်ခဲ့ပြီး အဖိုးအခကိုလည်း ပေးဆပ်ခဲ့သည်။ အဘယ်ကြောင့် ကျွန်ုပ်အတွက် သက်သေမခံကြသနည်း” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို အမြဲ မျှဝေခံစားလိုကြသည်။ လူတို့သည် ဤအရာများနှင့် ထိုက်တန်ကြသလော။ “ဘုန်းအသရေ”ဟူသည့် စကားလုံးသည် လူသားများနှင့် မသက်ဆိုင်ပေ။ ဘုန်းအသရေသည် ဘုရားသခင်ထံ၊ ဖန်ဆင်းရှင်ထံသာ သွားနိုင်ပြီး ဖန်ဆင်းခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ လူတို့သည် ၎င်းတို့ကိုယ်တိုင် အသုံးခံပြီး ပူးပေါင်းဆောင်ရွက်ကြလျှင်ပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော ခေါင်းဆောင်မှုအောက်တွင် ရှိနေကြဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိလျှင် လူတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ “သက်သေခံချက်”ဟူသော စကားလုံးသည်လည်း လူသားများနှင့် မသက်ဆိုင်ပေ။ နာမ်ဖြစ်သည့် “သက်သေခံချက်”ဖြစ်စေ၊ ကြိယာဖြစ်သည့် “သက်သေခံသည်”ဖြစ်စေ၊ ဤစကားနှစ်ခုလုံးကိုယ်၌က ဖန်ဆင်းခံလူသားများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဖန်ဆင်းရှင်သာ သက်သေခံရန်ထိုက်တန်ပြီး လူတို့၏ သက်သေခံချက်နှင့် ထိုက်တန်သည်။ ဤအရာကို ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့က ဆုံးဖြတ်ကာ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ အားထုတ်မှုများမှ လာပြီး ဘုရားသခင်သည် ထိုအရာကို ရှိခြင်းနှင့် ထိုက်တန်သောကြောင့်လည်း ဖြစ်သည်။ လူတို့ လုပ်ဆောင်နိုင်သည့်အရာသည် တကယ် အကန့်အသတ်ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ခေါင်းဆောင်ခြင်းနှင့် လမ်းပြခြင်းတို့၏ ရလဒ်သာ ဖြစ်သည်။ လူသား သဘာဝအတွက်မူ လူတို့သည် သမ္မာတရားအချို့ကို နားလည်ပြီး အလုပ်အနည်းငယ် လုပ်ဆောင်နိုင်သည်နှင့် မာနထောင်လွှားလာကြသည်။ ဘုရားသခင်ထံမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ၎င်းတို့နှင့် အတူ မရှိနေလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား မည်သူမျှ မစွမ်းဆောင်မရရှိနိုင်သကဲ့သို့ သူ့ကို သက်သေမခံနိုင်ပေ။ ဘုရားသခင်၏ ကြိုတင်စီမံခြင်း ရလဒ်တစ်ခုအဖြစ်၊ လူတို့တွင် ဆုကျေးဇူးအချို့ သို့မဟုတ် အထူးပါရမီအချို့ ရှိကောင်းရှိနိုင်သည်။ လုပ်ငန်းဆိုင်ရာ အတတ်ပညာ သို့မဟုတ် အလုပ်နှင့်သက်ဆိုင်သော စွမ်းရည်အချို့ကို သင်ယူပြီးဖြစ်နိုင်သည် သို့မဟုတ် လိမ္မာပါးနပ်မှု အနည်းငယ် ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားလာပြီး ဘုရားသခင်အား သူ၏ ဘုန်းအသရေနှင့် သက်သေခံချက်ကို ၎င်းတို့နှင့်အတူ မျှဝေခံစားစေလိုကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သည် မဟုတ်လော။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့သည်မှာ အစွန်းရောက်လောက်အောင်ပင်ဖြစ်၏။ ဤအရာက ၎င်းတို့အနေဖြင့် မှားယွင်းသည့်နေရာတွင် နေရာယူထားသည်ကို ပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လူသားများအဖြစ် သဘောမထားကြဘဲ သီးခြားအမျိုးအစားတစ်ခုအဖြစ်၊ မဟာလူသားများအဖြစ် သဘောထားကြသည်။ ကိုယ့်ပင်ကိုလက္ခဏာကိုယ်၊ ကိုယ့်အနှစ်သာရကိုယ်၊ မည်သည့်နေရာတွင် ၎င်းတို့ နေရာယူသင့်သည်ကို မသိသောလူတို့သည် မိမိကိုယ်ကို သိသောအသိ မရှိကြပေ။ လူ၏ နိမ့်ကျခြင်းသည် မိမိကိုယ်ကို နှိမ့်ချခြင်းမှ ဖြစ်ပေါ်လာသည်မဟုတ်၊ လူသည် မူလကတည်းက နိမ့်ကျသောသူ၊ ယုတ်ညံ့သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ နိမ့်ကျခြင်းမူကား မိမိကိုယ်ကို နှိမ့်ချတော်မူခြင်း ဖြစ်သည်။ လူတို့ကို နှိမ့်ကျသည်ဟု ဆိုခြင်းသည်ပင် ၎င်းတို့ကို ချီးမြှောက်ရာ ကျပေသည်၊ အမှန်စင်စစ်မှာမူ ၎င်းတို့သည် ယုတ်ညံ့သောသူသာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အမြဲ ပြိုင်ဆိုင်လိုကြပြီး ဘုရားကို သူ၏ ရွေးချယ်ထားသူများအတွက် ပြိုင်ဆိုင်လိုကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ကြပြီး ဤသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ၎င်းတို့သည် ကွာခြားမှု စိုးစဥ်းမျှမရှိဘဲ အမှန်တကယ် စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ဘုရားသခင်က လူတို့အား ဩဇာအာဏာနှင့် တန်ခိုး အနည်းငယ်မျှ ပေးသည်ဆိုပါစို့၊ ပြီးလျှင် ၎င်းတို့အနေဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြနိုင်ပြီး သာမန်ထက်လွန်ကဲသော အရာအချို့ကို လုပ်ဆောင်နိုင်ကြသည်ဆိုပါစို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အရာရာကို ၎င်းတို့ လုပ်ဆောင်ပြီး အသေးစိတ်အတိအကျ လုပ်ဆောင်ကြသည်ဟု မှတ်ယူကြစို့။ သို့သော် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်နိုင်ကြသလော။ လုံးဝ မကျော်လွန်နိုင်ပေ။ ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်၏ စွမ်းရည်များသည် ထိုလူသားများ၏ စွမ်းရည်များထက် သာ၍ ကြီးမားသည် မဟုတ်လော။ သူသည် ဘုရားသခင်ကို အမြဲ ကျော်လွန်ချင်သော်လည်း အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ အဆုံးတွင် သူသည် အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရသည်။ ဘုရားသခင်သည် တရားမျှတမှု၏ ပြယုဂ် အစဉ်ထာဝရ ဖြစ်လိမ့်မည်ဖြစ်ပြီး စာတန်၊ နတ်ဆိုး၊ ကောင်းကင်တမန်မင်းမှာမူ ကောက်ကျစ်ဆိုးယုတ်မှု၏ ပြယုဂ်နှင့် ကောက်ကျစ်ဆိုးယုတ်မှု အင်အားစု၏ ကိုယ်စားလှယ် အစဉ်ထာဝရ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အစဉ်ထာဝရ တရားမျှတလိမ့်မည်ဖြစ်ပြီး ဤအချက်သည် မပြောင်းလဲနိုင်။ ဤသည်မှာ ဘုရားသခင်၏ ထူးခြားပြီး သာမန်ထက်လွန်ကဲသော ဘက်ခြမ်း ဖြစ်သည်။ လူသားများသည် ဘုရားသခင်ထံမှ သူ၏ သမ္မာတရားအားလုံးကို ရရှိလျှင်ပင် ၎င်းတို့သည် သေးနုပ်သော ဖန်ဆင်းခံများသာဖြစ်ပြီး ဘုရားသခင်ကို မကျော်လွန်နိုင်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်တို့ကြား ခြားနားချက် ဖြစ်သည်။ လူတို့သည် ဘုရားသခင် ချမှတ်သည့် စည်းမျဉ်းများနှင့် ဥပဒေသများအားလုံးအတွင်းတွင် စနစ်ကျသော ပုံစံဖြင့်သာ တည်ရှိနိုင်ပြီး ဤစည်းမျဉ်းများနှင့် ဥပဒေသများအတွင်းတွင်သာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာရာတိုင်းကို စီမံခန့်ခွဲနိုင်သည်။ လူတို့သည် အသက်ရှင်သည့် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသကဲ့သို့ လူသားမျိုးနွယ်၏ ကံကြမ္မာကိုလည်း မပြောင်းလဲနိုင်ကြပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရားက မည်သည့်အရာကို ညွှန်ပြသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဩဇာအာဏာနှင့် စွမ်းရည်မည်မျှပေးသည်ဖြစ်စေ၊ အဆုံးတွင် မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ပေ။ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ၊ မျိုးဆက်ပေါင်းမည်မျှရှိသည်ဖြစ်စေ၊ လူသားများ မည်မျှရှိသည်ဖြစ်စေ လူသားများသည် ဘုရားသခင်၏ ဩဇာအာဏာနှင့် အချုပ်အခြာအာဏာအောက်တွင်သာ တည်ရှိနိုင်သည်။ ဤသည်မှာ အစဉ်ထာဝရ ပြောင်းလဲမရနိုင်သည့် အမှန်တရားတစ်ခု၊ မည်သည့်အချိန် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့် အမှန်တရားတစ်ခု ဖြစ်သည်။
ဤအရာများကို ကြားပြီးနောက်တွင် သင်တို့သည် မည်သည့်အရာကို ခံစားရသနည်း။ လူအချို့က “ကျွန်ုပ်၏ အသိတွင် ဤအရာများအကြောင်းကို ကျွန်ုပ် စဉ်းစားလေ့ရှိသော်လည်း ကျွန်ုပ်၏ အရည်အချင်းများ တိုးပွားနေခဲ့သည်ဟု ကျွန်ုပ် အမှတ်တမဲ့ ခံစားလာရသည်။ ကျွန်ုပ် အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်၏ အတွေးများလည်း ရင့်ကျက်ခဲ့ပြီး ကိစ္စများစွာနှင့်ပတ်သက်၍ သာ၍ ပြည့်စုံစွာ ကျွန်ုပ် စဉ်းစားနိုင်ခဲ့သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် သာ၍ နားထောင်သည်နှင့်အမျှ သူ၏ ရည်ရွယ်ချက်များထဲမှ အချို့ကို ကျွန်ုပ် နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် ခွန်အားရှိပြီး ကျွန်ုပ်အပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲရန် မလိုအပ်ဟု ခံစားရသည်။ မရည်ရွယ်ဘဲ ကျွန်ုပ်သည် စွမ်းဆောင်နိုင်ကြောင်းနှင့် ဘုရားသခင်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ် ခံစားလာရသည်”ဟု ပြောကြသည်။ ဤသည်မှာ ကောင်းမွန်သော ခံစားချက်ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်သို့ မကောင်းသနည်း။ ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် ကောင်းမွန်သည့် လက္ခဏာမှာ အဘယ်နည်း။ လူတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ၎င်းတို့က “လူသားများသည် ဖုန်မှုန့်ကဲ့သို့ဖြစ်ပြီး ပုရွတ်ဆိတ်များထက် နိမ့်ကျကြသည်။ လူတို့အနေဖြင့် မည်မျှ ခွန်အားရှိသည်ဖြစ်စေ၊ သိက္ခာရှိသည်ဖြစ်စေ၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ ၎င်းတို့၏ အတွေးအခေါ်များသည် မည်မျှရင့်ကျက်သည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မကျော်လွန်နိုင်ပါ”ဟု သာ၍ ခံစားရလေဖြစ်သည်။ လူတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ဘုရားဩဇာအာဏာ၏ ကြီးမြတ်ခြင်းနှင့် ဘုရားဩဇာအာဏာ၏ အနန္တတန်ခိုးတို့ကို သာ၍ ခံစားရလေဖြစ်သည်။ လူတို့ အချိန်ကြာမြင့်စွာ အသက်ရှင်လေ လူတို့၏ အရေးမပါမှုကို ၎င်းတို့ ခံစားရလေဖြစ်သည်။ ၎င်းတို့ သာ၍ အချိန်ကြာမြင့်စွာ အသက်ရှင်လေ၊ ဘုရားသခင်နှင့်ဆိုင်သည့် ဉာဏ်မမီနိုင်ဖွယ်ဖြစ်ခြင်းကို သာ၍ ခံစားရလေ ဖြစ်သည်။ ထိုသို့သော စိတ်အခြေအနေသည် ပုံမှန်ဖြစ်သည်။ ယခု သင်တို့တွင် ဤအခြေအနေမျိုး ရှိကြသလော။ မရှိကြသေး၊ မှန်သလော။ သင်တို့သည် ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်၍ ဒွိဟဖြစ်လျက် တစ်ခါတစ်ရံတွင် “ဘုရားသခင်သည် သူ၏ အကျိုးစီးပွားများထဲမှ အနည်းငယ်ကို ကျွန်ုပ်နှင့် မျှဝေခံစားခြင်း မရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ကြောင့် ချီးမွမ်းစကားများ မပြောသနည်း။ ကျွန်ုပ်၏ အနီးဝန်းကျင် လူတို့အား ကျွန်ုပ်ကို အထင်ကြီးအောင် သူ အဘယ်ကြောင့် မလုပ်သနည်း။ ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် ကျွန်ုပ်အတွက် သက်သေမခံစေသနည်း။ ကျွန်ုပ် အဖိုးအခပေးပြီးဖြစ်ကာ ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဆုချီးမြှင့်လိမ့်မည်နည်း”ဟု ဆိုရင်း သေးငယ်သည့် အချက်ပြမှုအချို့ကိုပင် ပေးပို့လျက် ရုန်းကန်မှုအလယ်တွင် မကြာခဏ ရှိနေဆဲဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဟုတ်လှပြီဟု ဘဝင်ခိုက်နေသော၊ မိမိကိုယ်ကို ကျေနပ်သည့် စိတ်နေစိတ်ထားတွင် မကြာခဏ သာယာနေဆဲဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ပင် သင့်ကိုယ်သင် မည်သူမှန်း မသိဘဲ သင် စွမ်းဆောင်နိုင်သည်ဟု မကြာခဏ ခံစားသည်။ ဤအခြေအနေသည် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ အသက်တာတွင် တိုးတက်မှု မဟုတ်ပေ။ ဤအရာကို အဘယ်အရာဟု ခေါ်သနည်း။ တစ်ဖန် ကြီးမားလာနေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ လူအချို့သည် မည်သည့်ပံ့ပိုးမှုမျှ မပြုလုပ်သေးချိန်တွင် အနည်းငယ် သာ၍ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့နေပြီး ခပ်လျှိုလျှို နေကြသည်။ အရေးပါသည့်အရာတစ်ခုခုကို ၎င်းတို့ လုပ်ဆောင်ပြီး ပံ့ပိုးမှုအချို့ ပြုလုပ်ကာ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ အနီးဝန်းကျင်ရှိ လူတို့အား မြင်သည့်အခါ “သင်တို့သည် အဘယ်ကြောင့် ငါ၏ ပံ့ပိုးမှုများနှင့်ပတ်သက်၍ အစီရင်မခံကြသနည်း။ သင်တို့အားလုံးက ဘုရားသခင်၏ နာမနှင့် အနှစ်သာရကို သက်သေခံကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ငါနှင့်ပတ်သက်သည့် တင်ပြချက်တစ်ခုကို မပေးကြသနည်း။ ငါ့အတွက် သင်တို့ သက်သေမခံလျှင်ပင် ငါနှင့်ပတ်သက်သည့် တင်ပြချက်တစ်ခုကိုသာ ပေး၍ရနိုင်သည်။ ညီအစ်မ မည်သူမည်ဝါဖြစ်သည့် ငါသည် ဘုရားသခင်ကို ၂၅ နှစ်ကြာ ယုံကြည်ပြီးဖြစ်သည်။ ယခု ငါ အသက် ၄၅ နှစ်ရှိပြီ၊ အိမ်ထောင်မပြုသေးသကဲ့သို့ တစ်ကိုယ်ရည်တစ်ကာယဖြစ်ကာ ဤနေ့ထိတိုင် ရိုးသားဖြူစင်စွာနှင့် စိတ်ထက်သန်စွာ လိုက်စားအားထုတ်ပြီးဖြစ်သည်။ ငါသည် အသင်းတော်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် တရုတ်ကွန်မြူနစ် အစိုးရ၏ အလိုရှိသော စာရင်းတွင် အကြိမ်များစွာ ထည့်သွင်းခြင်းခံခဲ့ရသည်၊ လိုက်လံဖမ်းဆီးခြင်းခံရပြီးဖြစ်ကာ နိုင်ငံခြားသို့ မပြောင်းမီ ပြည်နယ် ဆယ်ခုကျော်ကြားတွင် ဟိုရောက်သည်ရောက် ရောက်လျက် နေရာမျိုးစုံတွင် သွားပုန်းနေရပြီးဖြစ်သည်။ ယင်းနောက်တွင် ငါသည် ဘုရားအိမ်တော်၏ အရေးကြီးသော အလုပ်နှင့်ဆိုင်သော ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ် ဆက်အမှုထမ်းခဲ့သည်။ ထိုကာလအတောအတွင်းတွင် ငါသည် အသင်းတော်အလုပ်၏ တိုးတက်မှုနှင့် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် စွဲမြဲသော ပံ့ပိုးမှုတစ်ခု ပြုလုပ်ရင်း ဘုရားအိမ်တော်၏ အချို့သော အလုပ်များအတွက် အပြုသဘောဆောင်သော အကြံများစွာ၊ စိတ်ကူးများနှင့် အယူအဆများစွာကို အဆိုပြုပြီးဖြစ်သည်။ ငါ့ကို သင်တို့ အဘယ်ကြောင့် ထိုသို့ မတင်ပြကြသနည်း။ လူတိုင်းက ကျွန်ုပ်အကြောင်းကို သင်ယူမိရန်နှင့် ကျွန်ုပ်အကြောင်းကိုသိရန်အလို့ငှာ ကျွန်ုပ်၏ ပါရမီများကို ပြသဖို့ အချို့သော အခြေအနေများနှင့် အခါအခွင့်များကို ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်ကို မပေးသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို အမြဲ ချုပ်တည်းသနည်း။ ဘုရားအိမ်တော်သည် ကျွန်ုပ်တို့ ထိုမျှ မလွတ်လပ်သကဲ့သို့ ထိုမျှ စိုးရိမ်သောကကင်းခြင်း၊ လွတ်မြောက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းမရှိပါ”ဟု တွေးကြသည်။ သူမသည် စိုးရိမ်သောကပင်ကင်းချင်သည်၊ လွတ်မြောက်ကာ ပျော်ပင်ပျော်ရွှင်ချင်သည်။ သင့်ကို ငါတို့ အဘယ်သို့ စိုးရိမ်သောက ကင်းစေနိုင်မည်နည်း၊ လွတ်မြောက်စေကာ ပျော်ရွှင်စေနိုင်မည်နည်း။ အဆင့်၏ ထိပ်ဆုံးတွင် သင့်ကို ထားခြင်းအားဖြင့်လော။ ထို့နောက် သင့်ကို ထိပ်ဆုံးအဆင့်တွင် ထားပြီးနောက် သင်နှင့်ပတ်သက်ပြီး တင်ပြချက်တစ်ခုကို ပေးခြင်းအားဖြင့်ဖြစ်သည်။ အပြင်လောကတွင် ဤလူသည် နိုင်ငံ၏ ကျော်ကြားသော ဆရာဝန်များအတွက် ပထမဆုကို ရရှိခဲ့သည့် ကျော်ကြားသော ဆရာဝန်တစ်ဦးဖြစ်ခဲ့ပြီး သူမ၏ အမည်သည် နောက်ပိုင်းတွင် “ကမ္ဘာကျော် ဆရာဝန်များ၏ စွယ်စုံကျမ်း”တွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ သူမသည် စာရွက်စာတမ်းများစွာ ပြီးစီးပြီးဖြစ်ကာ ဘုရားအိမ်တော်သို့ ရောက်လာပြီးနောက်တွင် သူမသည် အဓိကအစိတ်အပိုင်းတစ်ခုနှင့် ပါရမီရှိသော လူတစ်ဦးအဖြစ် ဆက်ရှိကာ ယခု သူမသည် ဝါရင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီဖြစ်သည်ဟူ၍ဖြစ်သည်။ သို့ဆိုလျှင် သူမ ပျော်ရွှင်လိမ့်မည် မဟုတ်လော။ သူမက “ငါသည် ပါရမီရှိသော လူတစ်ဦးဖြစ်သည်။ ယခင်က ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ဘုရားအိမ်တော်ထဲသို့ ရောက်လာပြီးနောက်တွင် ငါသည် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ငါသည် သင် ထားသည့်နေရာတိုင်းတွင် တောက်ပပြီး ယင်း၏ တောက်ပခြင်းကို မည်သူကမျှ ကန့်သတ်ချုပ်ထိန်း၍မရသည့် ရွှေကဲ့သို့ဖြစ်သည်။ ငါ၏ ဤစွမ်းရည်များသည် အားလုံးမြင်ဖို့အတွက် ရှိနေသည်။ ဘုရားသခင်က သက်သေမခံသော်လည်း ဤအချက်များက ငါ့အတွက် ထူးကဲသော သက်သေခံချက်ပေးသည်”ဟု တွေးလိမ့်မည်။ ဤအယူအဆကို သင် အဘယ်သို့ ထင်သနည်း။ တစ်နေ့တာအတွက် သင်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် လိုက်စားမှုကို သင် မစွန့်လွှတ်နိုင်လျှင် သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ချည်နှောင်မှုကို သင် ခံရဆဲဖြစ်ကာ သင်သည် အမှန်တကယ် စိုးရိမ်သောက မကင်းနိုင်သကဲ့သို့ မပျော်ရွှင်နိုင်ပေ။ သင်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ အချုပ်အနှောင်များဖြင့် ချည်နှောင်၊ ကန့်သတ်ကာ ဖိနှိပ်ချုပ်ချယ်ခံရသရွေ့ သင်၏ သမ္မာတရား လိုက်စားမှုတွင် ရှေ့ဆက်လိမ့်မည် မဟုတ်ဘဲ သင် ရှိသည့်နေရာတွင်သာ ပိတ်မြဲပိတ်မိနေနိုင်သည်။ လူအချို့က “ငါ ဒုံရင်းသို့ ပြန်ဆိုက်လိမ့်မည်လော”ဟု မေးကောင်းမေးနိုင်သည်။ အမှန်တရားမှာ သင့်အနေဖြင့် ရှေ့မဆက်သရွေ့၊ ကျဉ်းထဲကျပ်ထဲ ပိတ်မိနေခြင်း သို့မဟုတ် ဒုံရင်းသို့ ပြန်ဆိုက်နေခြင်း ဖြစ်သည်။ ဤအရာက သင်၏ သဘာဝ အနှစ်သာရသည် ဤအရာဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ မည်သည့် တိုးတက်မှုမျှ သင် လုံးဝ ဖြစ်စေလိမ့်မည် မဟုတ်သကဲ့သို့ အဆုံးထိပင် မကောင်းမှုများစွာ သင် လုပ်ကောင်းလုပ်နိုင်သေးသည်ကို ပြသပေသည်။ သင် ထုတ်ဖော်ခံရလိမ့်မည်ဟု သေချာပေါက် လုံးဝ ပြောနိုင်သည်။ ထိုသို့သော လူတစ်ဦးသည် သင့်တော်သည့် ပတ်ဝန်းကျင် ရှိသည်နှင့်တစ်ပြိုင်နက်၊ အဆင့်အတန်း ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက် ပေါ်လွင်သွားလိမ့်မည်။ အမှန်တွင် ဤပတ်ဝန်းကျင်နှင့် အဆင့်အတန်းမရှိလျှင် ၎င်းတို့တွင် မည်သည့်ရည်မှန်းချက်မျှ မရှိဘဲနေမည်လော။ ရှိနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာနှင့် ဤအနှစ်သာရသာဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ကို ကန့်သတ်ချုပ်ထိန်း၍ မရနိုင်ပေ။ ၎င်းတို့တွင် သင့်တော်သည့် ပတ်ဝန်းကျင်ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဗြုန်းခနဲ “ပေါက်ကွဲ”လိမ့်မည်ဖြစ်ကာ မည်သည့် ကန့်သတ်ချက်များကမျှ ၎င်းတို့ကို ထိန်းထားနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မကောင်းမှုများကို ၎င်းတို့ စတင်လုပ်ဆောင်လိမ့်မည်။ ပြီးလျှင် နတ်ဆိုးတစ်ကောင်နှင့် ဆိုင်သည့် ၎င်းတို့၏ အကျည်းတန်သော မျက်နှာ လုံးဝ ပေါ်လွင်သွားလိမ့်မည်။ ဤသည်မှာ ထုတ်ဖော်ခံရခြင်းနှင့်ဆိုင်သော အခြေအနေတစ်ခု ဖြစ်သည်။ “ထုတ်ဖော်”ဟူသည့် စကားလုံးကို ဤနည်းဖြင့် သင် နားလည်သင့်သည်။ ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ရန် မရည်ရွယ်ခဲ့၊ ဘုရားသခင်သည် သင့်ကို လေ့ကျင့်ဖို့ အခွင့်အရေးပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် သင်သည် စေတနာကောင်းကို နားမလည်ဘဲ သင့်ကိုယ်သင် တကယ့်ကိုပင် ပြစားခဲ့သည်။ ထုတ်ဖော်ခံရခြင်းသည် သင် ခံထိုက်သောအပြစ်ဒဏ်မဟုတ်လော။ ဤသည်မှာ သင်၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်က သင့်ကို ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းရန် တမင် ရည်ရွယ်ခဲ့ခြင်း မဟုတ်။ သင့်ကို ထုတ်ဖော်ခဲ့သည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ဖြစ်သည်။ အခြားမည်သူ့ကို သင် အပြစ်တင်နိုင်သနည်း။
လူတို့၏ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ အကျိုးစီးပွားများအရ ဤအရာနှင့်စပ်လျဉ်း၍ သမ္မာတရားအကြောင်းကို အတော်အတန် အနည်းနှင့်အများ ငါတို့ မိတ်သဟာယပြုပြီးပြီလော။ လူတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများမှာ အဘယ်နည်း။ ယင်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ကောင်းချီးများ ရရှိလိုသည့် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒအပြင် လူတို့၏ ဝင့်ဝါမှု၊ ဂုဏ်၊ မိသားစု၊ ဆွေမျိုးများ၊ ရုပ်ဝတ္ထု အကျိုးစီးပွားများ စသည်တို့အပါအဝင် လူတို့ လိုက်စားသည့် အရာများ ဖြစ်သည်။ လူတို့ အကျိုးစီးပွားများ၏ အနှစ်သာရမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်ပြီး စာတန်ဆန်သည်။ သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးသည်။ ဘုရားသခင်၏ အကျိုးစီးပွားများမှာမူ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားမျှတမှုအရှိဆုံးသော လုပ်ငန်းကြီးဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အကျိုးစီးပွားများကို ကာကွယ်ရာတွင် လျော်ကန်သည်။ သူသည် တရားမျှတသော လုပ်ငန်းကြီးကို ကာကွယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်ပြီး သူ၏ ကိုယ်ပိုင် သိက္ခာကို ကာကွယ်လိုသောကြောင့် မဟုတ်။ ဤသည်မှာ တရားမျှတပြီး တရားဝင်ဖြစ်ကာ ဘုရားသခင် ကယ်တင်သည့် လူသားမျိုးနွယ်အတွက် အတိုင်းမသိ အကျိုးကျေးဇူးရှိသည်။ ဘုရားသခင်က သူ၏ အကျိုးစီးပွားများကို ကာကွယ်သည့်အခါတွင်သာ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်သည် ကယ်တင်ခံရနိုင်ပြီး အကျိုးဆက်အနေဖြင့် သာ၍ ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိနိုင်ပြီး သို့မှသာ လူတို့သည် နောက်ဆုံးတွင် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်လာနိုင်ကာ ဘုရားသခင် ချမှတ်သည့် ဥပဒေသများနှင့် စည်းမျဉ်းများအတွင်းတွင် အသက်ရှင်နိုင်သည်။ ပြီးလျှင် ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် အရာခပ်သိမ်းအလယ်တွင် အသက်ရှင်နိုင်ပြီး သို့မှသာ လူသားမျိုးနွယ်သည် ဝမ်းမြောက်ခြင်းနှင့် အမှန်တကယ် လှပသော ဘဝတစ်ခုကို ရရှိနိုင်ပေသည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် တရားမျှတသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်သလော။ အလွန် တရားမျှတပေသည်။ ဘုရားသခင်၏ ဤအမှုတော်နှင့် ဤစီမံခန့်ခွဲမှုအပြင် ဧဝံဂေလိတရားဟောခြင်း၊ ရုပ်ရှင်များ ရိုက်ကူးခြင်း၊ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၊ ဗီဒီယိုများ ဖန်တီးခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဘာသာပြန်ခြင်းနှင့် အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို ထိန်းသိမ်းခြင်းကဲ့သို့ ဘုရားသခင်၏ လူသားမျိုးနွယ် ကယ်တင်ခြင်းပါဝင်သည့် အသင်းတော်ရှိ အလုပ်အားလုံးဖြစ်သည့် ဤအလုပ်များသည် အရေးကြီးပြီး အာမခံရမည်ဖြစ်သည်။ မိမိတို့ တာဝန်များကို လုပ်ဆောင်သည့် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့၏ အသက်တာကို တာဝန်ယူခြင်းနှင့်ဆိုင်သည့် ကဏ္ဍလည်း ရှိသည်။ ဤသည်မှာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်းနှင့်တူသည့် အခြေခံအကျဆုံး အလုပ်တစ်ခု ဖြစ်ပြီး ဘုရားအိမ်တော်၏ အဓိကအလုပ်နှင့် သိပ်ပတ်သက်ပုံမရသော်လည်း အလွန် အရေးကြီးပြီး ဤနေရာတွင် ဖော်ပြရန် လိုအပ်သည်။ အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော ပုံမှန် အမှုအရာများမှာ လူတို့အတွက် ဘုရားသခင် ပံ့ပိုးပေးသည့် အရာဖြစ်ပြီး ယင်းတို့သည်လည်း ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ပိုင်ဆိုင်သင့်သည့် ကျိုးကြောင်းဆီလျော်မှု အရှိဆုံးသော ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ဤအရာများကို ခံစားခွင့်ပိတ်ပင်လိမ့်မည် မဟုတ်ဘဲ ထို့ထက် ယင်းတို့ကို သူ ကာကွယ်ရမည်။ သင်သည် ဘုရားသခင် ကာကွယ်လိုသည့် အရာများကို အမြဲ နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ထိခိုက်စေလျှင် ထိုသို့သော အရာများအပေါ် အမြဲ အထင်သေးပြီး ယင်းတို့နှင့် ပတ်သက်၍ အယူအဆများနှင့် ထင်မြင်ချက်များ အမြဲရှိလျှင် သင်သည် ဘုရားသခင်ကို ငြင်းနေခြင်းဖြစ်ပြီး သူ့ကို ဆန့်ကျင်ရပ်တည်နေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အရေးကြီးသည့်အရာအဖြစ် သင် သဘောမထားဘဲ ယင်းတို့ကို အမြဲ ထိခိုက်စေလိုပြီး ပျက်စီးခြင်းအမြဲ ဖြစ်စေလိုလျှင် သို့မဟုတ် ယင်းတို့ထံမှ အကျိုးအမြတ် အမြဲရလိုလျှင်၊ လိမ်လည်လှည့်စားလိုလျှင် သို့မဟုတ် အလွဲသုံးစားလုပ်လိုလျှင်၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ဒေါသထွက်လိမ့်မည်လော။ (ဒေါသထွက်ပါလိမ့်မည်။) ဘုရားဒေါသ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ အပြစ်ပေးခံရလိမ့်မည်။) ဤသည်မှာ သေချာ၏။ ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်လိမ့်မည်မဟုတ်၊ လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်။ သင် လုပ်ဆောင်နေသည့်အရာသည် အသင်းတော်အလုပ်ကို ဖြိုဖျက်နေခြင်းဖြစ်ပြီး ဖျက်ဆီးနေခြင်းဖြစ်ကာ ဤသည်မှာ ဘုရားအိမ်တော်နှင့် အလုပ်နှင့် အကျိုးစီးပွားများနှင့် ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မကောင်းမှုကြီးတစ်ခု ဖြစ်သည်။ ဘုရားသခင်နှင့် တုပဖက်ပြိုင်နေခြင်းဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ အဘယ်သို့ ဒေါသမထွက်ဘဲနေနိုင်မည်နည်း။ လူအချို့က ၎င်းတို့အနေဖြင့် အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့ အလုပ်တွင် အရည်အချင်း မရှိကြသကဲ့သို့ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းကို ဖြစ်စေသည့် အမှုအရာများကို မတော်တဆ လုပ်ဆောင်မိလျှင် ဤသည်မှာ ခွင့်လွှတ်နိုင်လောက်သောအရာ ဖြစ်သည်။ သို့သော် သင်၏ ကိုယ်ပိုင် တစ်ကိုယ်ရေ အကျိုးစီးပွားများကြောင့် သင်သည် မနာလိုမှုနှင့် ပဋိပက္ခတွင် အာရုံစိုက်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးလျှင် ဤအရာသည် တမင်ရည်ရွယ်သည့် ချိုးဖောက်မှုဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ကိစ္စဖြစ်ပေသည်။ ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လော။ ဘုရားသခင်သည် သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နေပြီး သူ၏ ကြီးမားသည့်အဖိုးအခအားလုံးက ထိုအရာအတွက် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ဆန့်ကျင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို တမင်တကာ ထိခိုက်နစ်နာစေပြီး ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ သိက္ခာနှင့် အဆင့်အတန်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အထိခိုက်ခံလျက် တမင်တကာ လိုက်စားပြီး ဘုရားအိမ်တော်၏ အလုပ်ကို တားဆီးခံရစေကာ ပျက်စီးစေကာ ဘုရားအိမ်တော်အတွက် ရုပ်ဝတ္ထုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု တစ်ပုံတစ်ခေါင်းပင် ဖြစ်စေလျက် အသင်းတော်၏ အလုပ်ကို ဖြိုဖျက်ဖို့ တွန့်ဆုတ်ခြင်းမရှိလျှင် ထိုသို့သော လူတို့သည် ခွင့်လွှတ်ခံရသင့်သည်ဟု သင်တို့ ထင်ကြသလော။ (ခွင့်လွှတ်မခံရသင့်ပါ။) ၎င်းတို့ကို ခွင့်လွှတ်၍မရဟု သင်တို့အားလုံး ပြောကြသည်။ သို့ဆိုလျှင် ထိုသို့သောလူများနှင့်ပတ်သက်၍ ဘုရားသခင် ဒေါသထွက်သလော။ မုချ ဒေါသထွက်ပေသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်း၊ လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် အင်မတန် ကြီးမားသော အလုပ်တစ်ခုကို လုပ်ဆောင်ပြီးဖြစ်ကာ ထိုအတွက် သူ၏ ကြီးမားသည့်အဖိုးအခများ ပြုပြီးဖြစ်သည်။ ဘုရားသခင်သည် ဤတရားအမျှတဆုံးသော လုပ်ငန်းကြီးကို အလွန် အလေးအနက်ထားသည်။ သူ၏ ကြီးမားသည့်အဖိုးအခများ အားလုံးကို သူ ကယ်တင်လိုသည့် ဤလူများအတွက် အသုံးပြုထားပြီးဖြစ်သည်။ သူ၏ မျှော်လင့်ချက်အားလုံးကိုလည်း ဤလူများအပေါ် ထားရှိကာ သူ၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်မှ သူ ရရှိလိုသည့် နောက်ဆုံး ရလဒ်များနှင့် ဘုန်းအသရေတို့သည် ဤလူများအပေါ်တွင် ပြည့်မြောက်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် တုပဖက်ပြိုင်လျှင်၊ ဤအကြောင်းတရား၏ ရလဒ်ကို ဆန့်ကျင်၊ နှောင့်ယှက် သို့မဟုတ် ဖျက်ဆီးလျှင် ဘုရားသခင်က ၎င်းကို ခွင့်လွှတ်လိမ့်မည်လော။ (ခွင့်လွှတ်လိမ့်မည် မဟုတ်ပါ။) ဤအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသလော။ သင်သည် ဘုရားသခင်နောက်လိုက်သည်၊ ကယ်တင်ခြင်း လိုက်စားသည်၊ ဘုရားသခင်၏ စိစစ်မှုနှင့် လမ်းပြမှုတို့ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို လက်ခံကာ ကျိုးနွံနာခံသည်ဟု ဆက်ပြောနေသော်လည်း ဤစကားလုံးများကို သင် ပြောနေစဉ်တစ်လျှောက်လုံး အသင်းတော်၏ အလုပ်အမျိုးမျိုးကို သင် နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးနေပြီး သင်၏ အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကြောင့်၊ သင်၏ ပေါ့ဆမှု သို့မဟုတ် တာဝန်ကို တမင်ပျက်ကွက်ခြင်းကြောင့် သို့မဟုတ် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကြောင့်၊ ပြီးလျှင် သင်၏ ကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းအတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အကျိုးစီးပွားများနှင့် အခြားကဏ္ဍ အမြောက်အမြား ထိခိုက်ခံရပြီးဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်က ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ခြင်းခံရကာ နှောင့်ယှက်ခံရပြီးသည်အထိပင် ဖြစ်လျှင် ဘုရားသခင်သည် သင်၏ အသက်စာစောင်ရှိ သင်၏ အဆုံးသတ်ကို မည်သို့ ချိန်ဆသင့်သနည်း။ သင့်ကို မည်သို့ သတ်မှတ်သင့်သနည်း။ တရားမျှတစွာ ပြောရလျှင် သင် အပြစ်ဒဏ်ခံထိုက်ခြင်းပင် ဖြစ်သည်။ ဤအရာကို သင်၏ ပြစ်ဒဏ်နှင့် ထိုက်တန်ခြင်းဟု ခေါ်သည်။ ယခုတွင် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ လူတို့၏ အကျိုးစီးပွားများမှာ အဘယ်နည်း။ (၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ကြသည်။) လူတို့၏ အကျိုးစီးပွားများသည် အမှန်တွင် ၎င်းတို့၏ လွန်ကဲသော လိုအင်ဆန္ဒများသာ ဖြစ်သည်။ တဲ့တိုးပြောရလျှင် ယင်းတို့သည် စုံစမ်းသွေးဆောင်မှုများသာဖြစ်သည်။ မုသားများသာဖြစ်ပြီး လူတို့ကို စုံစမ်းသွေးဆောင်ရန် စာတန် အသုံးပြုသည့် ငါးစာသာ ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် မိမိကိုယ်ကျိုးစီးပွားများကို လိုက်စားခြင်းဟူသည်မှာ မကောင်းမှုပြုရာတွင် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဟန့်တားရန်အလို့ငှာ စာတန်သည် လူတို့ကို စုံစမ်းသွေးဆောင်ဖို့၊ အဖျက်အမှောင့်လုပ်ပြီး အထင်အမြင်မှားစေဖို့နှင့် လူတို့ကို ဘုရားသခင်နောက်လိုက်ခြင်းမှ တားဆီးဖို့၊ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမှ တားဆီးဖို့ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေသည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးရန် တမင် ထကြွလျက် စာတန်နှင့် ပူးပေါင်းဆောင်ရွက်ပြီး စာတန်နောက်လိုက်ကြသည်။ ဘုရားသခင်က သမ္မာတရားနှင့်ပတ်သက်၍ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ အသိဝင်လာကြခြင်း မရှိသေးချေ။ ဘုရားအိမ်တော်က ၎င်းတို့ကိုမည်မျှ ပြုပြင်သည်ဖြစ်စေ သမ္မာတရားကို လက်မခံကြသေးချေ။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံကြခြင်းမရှိ။ ထိုအစား အမှုအရာများကို မိမိတို့ သဘောအတိုင်း မရမကလုပ်ကာ မိမိတို့ နှစ်သက်သည့်အတိုင်း မရမက လုပ်ဆောင်နေကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးကြသည်။ အသင်းတော်၏ အမျိုးမျိုးသော အလုပ်၏ တိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို အလွန်ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေကြသည်။ ဤအပြစ်သည် အလွန်ကြီးပြီး ထိုသို့သော လူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို မုချ ခံရလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။