အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀) အခန်း တစ်
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ
ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မည်သည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယပြုခဲ့သနည်း။ (“အစေခံသူ”ဟူသော အမည်ကို အန္တိခရစ်တို့ သဘောထားပြုမူသည့် ပုံစံများနှင့်ပတ်သက်၍ ဘုရားသခင် မိတ်သဟာယပြုခဲ့သည်။ ပထမဆုံးအနေဖြင့် “အစေခံသူ”ဟူသော အမည်ကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံကို ဘုရားသခင် မိတ်သဟာယပြုခဲ့သည်။ အစေခံသူတစ်ဦး၏ အခြေအနေကို နောက်ချန်ထားသူတစ်ဦးနှင့် အစေခံသူတစ်ဦးဖြစ်နေဆဲဖြစ်သည့် သူတစ်ဦးတို့ကြား ခြားနားချက်နှင့်ပတ်သက်၍လည်း ဘုရားသခင် မိတ်သဟာယပြုခဲ့ပြီး နောက်ဆုံးအနေဖြင့် “အစေခံသူ” အမည်နှင့်စပ်လျဉ်း၍ အန္တိခရစ်များ၏ ရှုထောင့်အမြင်များနှင့် လိုက်စားမှုများကို ဘုရားသခင် စိစစ်ခဲ့ပါသည်။) သို့ဆိုလျှင် အန္တိခရစ်များသည် “အစေခံသူ”အမည်အပေါ် မည်သည့် ရှုထောင့်အမြင်နှင့် သဘောထားတို့ ရှိကြသနည်း။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုပြီး လုပ်ဆောင်ကြသနည်း။ (“အစေခံသူ”အမည်အပေါ် အန္တိခရစ်များ၏ သဘောထားမှာ လက်မခံခြင်းနှင့် ရွံရှာစက်ဆုပ်မှု သဘောထားတစ်ခုဖြစ်သည်။ မည်သူ့ထံမှလာသည်ဖြစ်စေ ထိုအမည်ကို ၎င်းတို့ လက်မခံကြသကဲ့သို့ အစေခံသူဖြစ်ခြင်းသည် အဆင့်အတန်း နိမ့်ကျစေသည်ဟု ယုံကြည်ကြသည်။ အစေခံသူများကို ဘုရားသခင်က လူသားမျိုးနွယ်၏ အနှစ်သာရအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း မဟုတ်ဘဲ ထို့ထက် ဘုရားသခင်က လူသား ပင်ကိုလက္ခဏာနှင့် တန်ဖိုးတို့ကို စိန်ခေါ်ခြင်းနှင့် အထင်အမြင်သေးခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။) (အန္တိခရစ်များသည် “အခြားသူတို့က အများအာရုံစိုက်ခံနေရစဉ်တွင် ကျွန်ုပ်သည် နောက်ကွယ်၌ အားသွန်ခွန်စိုက် အလုပ်လုပ်မည် မဟုတ်ပါ”ဟူသည့် ဤလူသိများသော စကားရပ်ကို ပြောဆိုကြသည်။ အန္တိခရစ်များသည် အခြားသူတို့အား မိမိတို့ကို အစေခံမှု ပေးစေခြင်းသာ အလိုရှိကြပြီး ဘုရားသခင်ကို အစေခံမှုပေးခြင်းသည် ရှက်ဖွယ်ကောင်းသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင်က အစေခံသူများဖြစ်သည်ကို သဘောပေါက်သည့်အခါ ၎င်းတို့သည် ဘုရားအိမ်တော်၌ အစေခံမှု ဆက်လက် ပေးရမည့်အစား လွတ်မြောက်ရမည့် လမ်းတစ်ခု စရှာကြကာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များပင် ဖြစ်စေပြီး ဖျက်ဆီးတတ်သောအရာများကို လုပ်ဆောင်ကြသည်။) “အစေခံသူ”အမည်အပေါ် အန္တိခရစ်များ၏ သဘောထားဖြင့် အကဲဖြတ်သော် ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ဟု ငါတို့ မြင်သနည်း။ (၎င်းတို့၏ အနှစ်သာရသည် ဘုရားသခင်အပေါ် ရန်လိုပြီး သမ္မာတရားကို မုန်းသည့် အနှစ်သာရတစ်ခုဖြစ်သည်။) ပြီးလျှင် ၎င်းတို့၏ အနှစ်သာရသည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ရန်လိုသည့်အနှစ်သာရတစ်ခု ဖြစ်သည့်အခါ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။) မှန်ပေ၏၊ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် အန္တိခရစ်များ၏ ပထမဆုံး အရင်းခံအကြောင်းနှင့် ကြံရွယ်ချက်မှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ ရရှိချင်ကြသနည်း။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှာ အဘယ်နည်း။ ၎င်းတို့သည် အစေခံသူများဖြစ်ရန် လာကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် လူကောင်းတစ်ဦးဖြစ်ခြင်းနှင့် မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ခြင်း သဘောထားအပေါ် အခြေခံ၍ လာကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အတွက် လာကြသနည်း။ တိကျမှန်ကန်စွာပြောရလျှင် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့ လာကြခြင်းဖြစ်သည်။ ပြီးလျှင် တိတိကျကျဆိုရလျှင် ရှင်ဘုရင်များအဖြစ် စိုးစံရန်၊ ဘုရားသခင်နှင့်အတူ ရှင်ဘုရင်များအဖြစ် စိုးစံရန် ၎င်းတို့ လိုက်စားကြပြီး အဆင့်မြင့်ကာ ကြီးမြတ်သောအရာများကို ရှာဖွေကြသည်။ ထို့ကြောင့် လူတို့သည် အစေခံသူများဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ ဤသည်မှာ ကောင်းချီးများ ရှာဖွေကာ ရှင်ဘုရင်များအဖြစ် စိုးစံရန်ဖြစ်သော အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် လုံးဝ ကွဲလွဲကာ ဆန့်ကျင်နေပေသည်။ ထိုအရာသည် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျော်လွန်ပြီး ဘုရားသခင်က လူတို့အား ဤအမည်ပေးမည်ဟု ၎င်းတို့ လုံးဝ မတွေးမိကြပေ။ အန္တိခရစ်များက ဤအချက်ကို လက်မခံနိုင်ကြပေ။ ပြီးလျှင် ဤအချက်ကို ၎င်းတို့ လက်မခံနိုင်သည့်အခါ မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ ဤအချက်ကို လက်ခံကာ မိမိတို့ကိုယ်ကို ပြောင်းလဲရန် ၎င်းတို့ ကြိုးစားကြသလော။ ၎င်းတို့သည် ဤအချက်ကို လက်ခံရန် မကြိုးစားကြသကဲ့သို့ မိမိတို့၏ ရည်မှန်းချက်များနှင့် စိတ်သဘောထားများကိုလည်း ပြောင်းလဲရန် မကြိုးစားကြပေ။ ထို့ကြောင့် ၎င်းတို့က အစေခံသူများဖြစ်သည်ဟု အပြောခံရပြီး ကောင်းချီးများရရှိဖို့ဖြစ်သည့် ၎င်းတို့၏ ကြံရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ ဖယ်ရှားခံလိုက်ရလျှင် ၎င်းတို့သည် အသင်းတော်ထဲတွင် ခိုင်မာစွာ မရပ်တည်နိုင်ကြတော့ပေ။ အဖြစ်မှန်ကို ၎င်းတို့ သဘောပေါက်ပြီး ထိုသို့သော သရုပ်သကန်များရှိသည့် မိမိတို့ကဲ့သို့သော လူများသည် အစေခံသူများဖြစ်ကြောင်း သိရှိသည့် အခိုက်အတန့်တွင် ၎င်းတို့သည် မျှော်လင့်ချက်အားလုံးကို စွန့်ကာ မိမိတို့၏ စရိုက်အမှန်များကို ထုတ်ဖော်ပြကြလေသည်။ အစေခံသူများအဖြစ် ၎င်းတို့၏ အခြေအနေကို ပြောင်းလဲရန် ၎င်းတို့ မကြိုးစားသကဲ့သို့ “အစေခံသူများ” ဟူသည့် အမည်အပေါ် ၎င်းတို့၏ မှားယွင်းသော သဘောထားနှင့် ရှုထောင့်အမြင်တို့ကို ပြောင်းလဲရန်နှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လိုက်လျှောက်ရန်လည်း မကြိုးစားကြပေ။ ထို့ကြောင့် ဘုရားသခင်က မည်သည့် အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ ထိုသို့သောလူများသည် ယင်းတို့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် လက်ခံခြင်း ရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို ရှာဖွေကြမည် မဟုတ်ပေ။ ထိုအစား ဤနာမည်ကို မိမိတို့ကိုယ်တိုင် ဖယ်ရှားဖို့ လူ့နည်းလမ်းကို ဦးနှောက်ခြောက်ခံ ကြိုးစားစဉ်းစားကြကာ ဤပင်ကိုလက္ခဏာကို ဖယ်ရှားဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ အန္တိခရစ်များ ပြသသည့် ဤသရုပ်သကန်ဖြင့် အကဲဖြတ်သော် အန္တိခရစ်များသည် သမ္မာတရားကို ၎င်းတို့၏ ရိုးတွင်းခြင်ဆီထဲမှနေ၍ အလွန်အမင်း မနှစ်မြို့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လက်မခံကြသကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် စိတ်ကူးများနှင့် အယူအဆများ ရှိကြသော်လည်း ပုံမှန်နည်းလမ်းဖြင့် မဟုတ်ပေ။ ထို့ထက် အပြုသဘောဆောင်သည့် အရာများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ အကြီးအကျယ်ကို အလွန်အမင်း မနှစ်မြို့ခြင်း၊ မုန်းတီးခြင်းနှင့် ရန်လိုခြင်းတို့ကိုပင် ခံစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။
ယခုတင် သင်တို့၏ အဖြေများမှနေ၍ မိတ်သဟာယတစ်ခုစီ၏ အကြောင်းအရာကို သင်တို့ အကျဉ်းမချုပ်ရသေးသည့်အပြင် ထို့နောက်တွင် ဆုတောင်းရင်းဖတ်ရှုခြင်း သို့မဟုတ် ပြန်ပြောင်းတွေးဆခြင်း မပြုခဲ့သည်ကို ငါ မြင်သည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့သည် အဓိက သွင်ပြင်လက္ခဏာသုံးခုအပေါ် မိတ်သဟာယပြုခဲ့ကြသည်။ ပထမဆုံးမှာ အစေခံသူများက မည်သည့်အရာဖြစ်သည်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ဒုတိယမှာ “အစေခံသူ”ဟူသော အမည်ကို အန္တိခရစ်တို့ သဘောထားပြုမူသည့် ပုံစံများ သို့မဟုတ် တိတိကျကျဆိုရလျှင် ၎င်းတို့ အစေခံသူများ မဖြစ်လိုကြခြင်း၏ သရုပ်သကန်များနှင့် အပြုအမူများက အတိအကျ မည်သည့်အရာများဖြစ်ပြီး ယင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများက အတိအကျ မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ ဖြစ်သည်။ ပြီးလျှင် တတိယမှာ အန္တိခရစ်များသည် အစေခံသူများ ဖြစ်ရန် မလိုလားကြသည့်အတွက် ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့က မည်သည့်အရာကို လုပ်ဆောင်လိုသည်၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများ ဖြစ်သည်ဟူသည်နှင့် ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အကြောင်းရင်းက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ ဖြစ်သည်။ အခြေခံအားဖြင့် ဤသွင်ပြင်လက္ခဏာသုံးခုမှနေ၍ “‘အစေခံသူ’ဟူသော အမည်ကို အန္တိခရစ်တို့ သဘောထားပြုမူသည့် ပုံစံများ” ကဏ္ဍခွဲနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြပြီး ဤသွင်ပြင်လက္ခဏာသုံးခုမှတစ်ဆင့် “အစေခံသူ”ဟူသည့် အမည်ကို ၎င်းတို့ သဘောထားပြုမူရာတွင် အန္တိခရစ်များ အသုံးပြုသည့် အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှုများနှင့် အပြုအမူများအပြင် ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်တို့ကို ငါတို့ စိစစ်ခဲ့ကြသည်။ သင်တို့သည် ထိုအရာကို ကြားပြီးနောက်တွင် မိတ်သဟာယတစ်ခုစီ၏ အကြောင်းအရာကို သင်တို့ ချင့်ချိန်စဉ်းစားခြင်း မရှိကြပေ။ သင်တို့က ဤအရာများကို ရေတိုအနေဖြင့်သာ သတိရကြသော်လည်း အချိန်ကြာလာလျှင် ဤအရာကို သင်တို့ မှတ်ပင်မမှတ်မိနိုင်ကြပေ။ သင်သည် သမ္မာတရားကို နားလည်ကာ ရရှိလိုလျှင် သင်၏ စိတ်နှလုံး၌ အားထုတ်မှုပြုရမည်ဖြစ်ပြီး မကြာခဏ ဆုတောင်းရင်းဖတ်ရှုကာ ချင့်ချိန်စဉ်းစားရမည်။ သင်၏ စိတ်နှလုံးတွင် ဤကိစ္စရပ်များရှိရမည်။ မရှိလျှင် သင်သည် ဤကိစ္စရပ်များကို နှလုံးမသွင်းသကဲ့သို့ မည်သည့်အားထုတ်မှုမျှ မပြုသည့်အပြင် သင်၏ စိတ်နှလုံး၌ ဤကိစ္စရပ်များအကြောင်းကို မစဉ်းစားလျှင် မည်သည့်အရာကိုမျှ သင် ရရှိမည် မဟုတ်။ လူအချို့က “အန္တိခရစ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်သည် ကျွန်ုပ်နှင့် အလွန် အလှမ်းဝေးသည်။ ကျွန်ုပ်က အန္တိခရစ်တစ်ဦးဖြစ်ဖို့ စီစဉ်နေခြင်း မဟုတ်သကဲ့သို့ ကျွန်ုပ်သည် သူတို့ကဲ့သို့ ဆိုးသောလူတစ်ဦး မဟုတ်ပါ။ ကျွန်ုပ်သည် အရေးမပါဆုံးသောလူအဖြစ် ရိုးရိုးကုတ်ကုတ် ခံယူလိုက်မည်သာဖြစ်ပြီး ယင်းမှာ ကျွန်ုပ်အတွက် ကိစ္စမရှိပါ။ ကျွန်ုပ်ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်မည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ကျွန်ုပ် လိုက်လျှောက်မည် မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တွင် အန္တိခရစ်၏ စိတ်သဘောထား အနည်းငယ်ရှိလျှင်ပင် အချိန်ကြာသည်နှင့်အမျှ ထိုအရာကို ကျွန်ုပ် တဖြည်းဖြည်း ပြောင်းလဲမည်ဖြစ်ပြီး ယင်းမှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကာ ထိုမျှ မဆိုးရွားပါ။ ဤအရာကို နားထောင်ခြင်းက အဓိပ္ပာယ်မရှိပါ”ဟု ပြောကြသည်။ ဤရှုထောင့်အမြင် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ တစ်စုံတစ်ဦးသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိလိုလျှင် အရေးအကြီးဆုံးမှာ ပတ်ဝန်းကျင်မျိုးစုံတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မည်သည့် အခြေအနေများ၊ အတွေးများနှင့် ရှုထောင့်အမြင်များ ထွက်ပေါ်နိုင်သည်ကို ၎င်းတို့ သဘောပေါက်နားလည်ရမည်ဖြစ်သည်။ ဤအရာများကို သဘောပေါက်နားလည်ခြင်းအားဖြင့်သာ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အရာများ ဖြစ်သည်၊ မည်သည့်နယ်ပယ်များတွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်ပြီး သမ္မာတရားကို ဆန့်ကျင်သည်ဆိုသည်နှင့် ၎င်းတို့စိတ်ထဲတွင် သမ္မာတရားနှင့် ကွဲလွဲသည့် မည်သည့် အရာများ ရှိကြသည်ဟူသည်တို့ကို ၎င်းတို့ သိရှိနိုင်ကြပေသည်။ ဤအရာများကို ၎င်းတို့ သိရှိကြသည်နှင့်တစ်ပြိုင်နက် ဤပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖြေရှင်းနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ကြပေသည်။ အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် ထုတ်ဖော်ပြခံရသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သို့မဟုတ် ထွက်ပေါ်နိုင်သည့် အမျိုးမျိုးသော အခြေအနေများကို သင် သဘောပေါက်နားလည်ခြင်း မရှိသကဲ့သို့ ဤအရာများက သမ္မာတရားကို မည်သည့်နည်းများဖြင့် ဆန့်ကျင်သည်ကိုဖြစ်စေ၊ ပြဿနာများက မည်သည့်နေရာတွင် ရှိနေသည်ကိုဖြစ်စေ သဘောပေါက်နားလည်ခြင်း မရှိလျှင် ဤပြဿနာများကို သင် မည်သို့ ဖြေရှင်းမည်နည်း။ ဤပြဿနာများကို သင် ဖြေရှင်းချင်လျှင် ၎င်းတို့၏ ရင်းမြစ်က မည်သည့်နေရာတွင် တည်ရှိသည်၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာများဖြစ်သည်၊ တိကျသည့် ပြဿနာများက မည်သည့်နေရာတွင် ထွက်ပေါ်သည်ဟူသည်တို့ကို သင် ဦးစွာ သဘောပေါက်နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် သင် မည်သို့ဝင်ရောက်ရမည်ဟူသည်ကို ဖြေရှင်းခြင်းအား အစပြုရမည်ဖြစ်သည်။ ဤနည်းဖြင့် ထွက်ပေါ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို တစ်ခုပြီးတစ်ခု ဖြေရှင်း၍ရနိုင်ပေသည်။ သင်တို့အနေဖြင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအပေါ် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိခြင်းတို့အပေါ် သင်တို့ သိပ်မရှင်းသေးသည့်ပုံရသည်။ သင်တို့သည် မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မရှိသေးပေ။
၅) အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးကို မည်သို့ချဉ်းကပ်ပုံ
ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများဖြစ်သည့် အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးကို မည်သို့ချဉ်းကပ်ပုံနှင့် ဆက်စပ်သည့် နောက်ဆုံး အကြောင်းအရာအပေါ် ငါတို့ မိတ်သဟာယပြုကြမည်ဖြစ်သည်။ အသင်းတော်ထဲရှိ ၎င်းတို့၏ ရာထူးနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက မည်သည့် သရုပ်သကန်များ ပြသသည်၊ ၎င်းတို့ မည်သည့်အရာများ လုပ်ဆောင်ကြသည်ဆိုသည်နှင့် ထိုအရာများကို လုပ်ဆောင်ချိန်တွင် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် စိတ်သဘောထား အနှစ်သာရက မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ကို သွင်ပြင်လက္ခဏာသုံးခုအဖြစ် ငါတို့ ခွဲခြားမည်ဖြစ်ပြီး တစ်ခုပြီးတစ်ခု စိစစ်မည်ဖြစ်သည်။ ပထမဆုံး သွင်ပြင်လက္ခဏာမှာ “ဟန်ဆောင်မှုဖြင့်”ဖြစ်သည်၊ ဒုတိယမှာ “အယောင်ဆောင်၍ လိမ်လည်ခြင်းဖြင့်”ဖြစ်ပြီး တတိယမှာ “လူအားလုံးထက် သာလွန်အောင် ပြုလုပ်ခြင်းဖြင့်” ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာသုံးခုထဲမှ တစ်ခုစီကို စကားလုံးအနည်းငယ်ဖြင့် ရေးသားထားပြီး အကျဉ်းချုံးထားသည်ဟု ယူဆ၍ရနိုင်သော်လည်း တစ်ခုစီတွင် ပါဝင်သည့် အန္တိခရစ်များ၏ အမျိုးမျိုးသော လုပ်ရပ်များ၊ သရုပ်သကန်များနှင့် ပြောဆိုချက်များအပြင် ၎င်းတို့၏ သဘောထားများနှင့် စိတ်သဘောထားများ ရှိလေသည်။ ယနေ့၏ အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရန် ဤသွင်ပြင်လက္ခဏာသုံးခုကို ငါ အဘယ်ကြောင့် သတ်မှတ်သည်ဟူသည်နှင့်ပတ်သက်ပြီး ယခု တစ်ချက်စဉ်းစားလော့။ သင်တို့ ဖတ်ရှုပြီးနောက်တွင် သင်တို့၏ စိတ်ထဲ၌ အန္တိခရစ်များက အသင်းတော်ထဲရှိ မိမိတို့၏ရာထူးကို မည်သို့ချဉ်းကပ်ပုံနှင့်ဆိုင်သည့် ဤအကြောင်းအရာကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ သင်တို့တွင် မည်သည့် စိတ်ကူးများ ရှိကြသနည်း။ လူအများစုက ၎င်းတို့၏ စိတ်ထဲတွင် တွေးသည့်အရာမှာ အန္တိခရစ်များ၏ နိုင်လိုမင်းထက်ပြုမှု၊ ရာထူးကို အသုံးပြု၍ အခြားသူများအပေါ် အပေါ်စီးမှ ပြုမူပြောဆိုခြင်း၊ လူတို့ကို ၎င်းတို့ စည်းရုံးသိမ်းသွင်းခြင်းနှင့် အသင်းတော်တွင် တန်ခိုးအာဏာကို ၎င်းတို့အရယူခြင်း မုချ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အရာရှိများ အမြဲတစေ ဖြစ်ချင်ကြသည်၊ မိမိတို့၏ ရာထူးကို အသုံးပြု၍ အခြားသူများအပေါ် အပေါ်စီးမှ ပြုမူပြောဆိုချင်ကြသည်၊ အာဏာကို စွဲကိုင်ချင်ကြပြီး လူတို့ကို ထိန်းချုပ်ချင်ကြလေသည်။ အခြေခံအားဖြင့် ဤသည်တို့မှာ လူတို့ တွေးကြသည့်အရာများ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်တွင် အန္တိခရစ်များက မကြာခဏ ပြသကြသည့် အတော်အတန် သိသာထင်ရှားသော သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ထို့ကြောင့် ဤအရာများအပြင် လူတို့ မမြင်နိုင်သည့် အခြားမည်သည့်သရုပ်သကန်များ ရှိသနည်း။ အန္တိခရစ်များသည် အသင်းတော်တွင် ခိုင်မာသည့် ခြေကုပ်တစ်ခုရရှိဖို့၊ ရာထူးနှင့် မြင့်မားသော ဂုဏ်ဒြပ်ရရှိဖို့နှင့် အာဏာကို ရယူကာ ပိုများသည့် လူတို့ကို ထိန်းချုပ်ရန်ပင် အခြားမည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့တွင် မည်သည့် သရုပ်သကန်များ ရှိကြသနည်း။ ဤအရာများသည် အန္တိခရစ်များ အသုံးပြုသည့် ပိုမို အထင်အမြင်မှားစေသည့်၊ မသိမသာဒုက္ခပေးတတ်ပြီး ခိုးကြောင်ခိုးဝှက်ဖြစ်သော နည်းလမ်းများနှင့် နည်းစနစ်များဖြစ်ပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများရှိ လူမသိသော အတွေးများ၊ ကွယ်ဝှက်ထားသည့် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များလည်း ဖြစ်နိုင်ကြပေသည်၊ ဟုတ်သလော။ ထို့ကြောင့် ယင်းတို့ကို တစ်ခုချင်း မိတ်သဟာယပြုကြစို့။
(က) ဟန်ဆောင်မှုဖြင့်
ပထမဆုံး သွင်ပြင်လက္ခဏာမှာ “ဟန်ဆောင်မှုဖြင့်” ဖြစ်သည်။ “ဟန်ဆောင်မှု”ဟူသည့် စကားလုံး၏ တိုက်ရိုက် အဓိပ္ပာယ်မှာ နားလည်ရန် လွယ်ကူပြီး ချီးကျူးထိုက်သောအရာ မဟုတ်သည်မှာ သိသာထင်ရှားသည်။ လူတစ်ဦးသည် ဟန်ဆောင်ရာတွင် တော်သည်၊ ၎င်းလုပ်ဆောင်သမျှက ဟန်ဆောင်မှုတစ်ခုဖြစ်သည်၊ ၎င်းလုပ်ဆောင်သမျှမှာ အခြားသူတို့အတွက် နားလည်ရခက်ပြီး ၎င်းက အခြားသူတို့နှင့် အပေါ်ယံအဆင့်တစ်ခုဖြင့်သာ ပြုမူ၊ ပြောဆိုသည်ဟု ပြောသည့်အခါတွင် ထိုသို့သောပုံစံတစ်ခုဖြင့် ဆောင်ရွက်ကာ ပြုမူသည့် လူတစ်ဦးသည် မုချပင် အလွန် လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်သည်။ ၎င်းက ရိုးသားသော လူတစ်ဦး မဟုတ်သကဲ့သို့ ရိုးရှင်းသည့်၊ ဟန်ဆောင်မှုကင်းသည့် လူတစ်ဦး မဟုတ်ဘဲ ထို့ထက် စိတ်ဓာတ်ရေးရာကြိုးကိုင်ခြယ်လှယ်မှုတွင် အလွန်တော်ကြသည်၊ ၎င်းအနေဖြင့် အလွန် ပါးနပ်ပြီး အခြားသူတို့ကို လှည့်ဖြားရာတွင် အလွန်တော်ကြပေသည်။ ဤသည်မှာ “ဟန်ဆောင်မှု”ဟူသည့် စကားလုံးနှင့်ဆိုင်သည့် အခြေခံအကျဆုံးသော သိနားလည်မှုဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ အပြုအမူ၊ လုပ်ရပ်များနှင့် ဤအပြုအမူမျိုးကြားရှိ ဆက်နွှယ်မှုမှာ အဘယ်နည်း။ ၎င်းတို့တွင် ဟန်ဆောင်မှု အနှစ်သာရတစ်ခုရှိသည်ဟုပြသည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ဟန်ဆောင်မှုကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ ကြံရွယ်ချက်က အတိအကျ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ဟန်ဆောင်မှုကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ ဤအရာများသည် ယနေ့ ငါတို့ မိတ်သဟာယပြုသည့် အကြောင်းအရာနှင့် နီးကပ်စွာ ဆက်စပ်နေပေသည်။
အန္တိခရစ်များသည် အခြားသူများနောက်တွင် နောက်ကျ မကျန်ရစ်လိုသည့် လူများဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့အပေါ် မှီခိုအားထားရန် လိုလားခြင်းမရှိ၊ အခြားသူတို့၏ အမိန့်များ၊ ညွှန်ကြားချက်များနှင့် ကွပ်ကဲမှုများကို လက်ခံရန် လိုလားခြင်းမရှိကြသကဲ့သို့ သာမန်လူဖြစ်ပြီး အခြားသူတို့၏ အထင်သေးခြင်းခံရရန် လိုလားခြင်း မရှိကြချေ။ ထို့ထက် ၎င်းတို့သည် ဂုဏ်ဒြပ်ရှိချင်သည့်လူများ၊ အခြားသူတို့အား ၎င်းတို့အပေါ် အထင်ကြီးလေးစားစေချင်ပြီး အခြားသူတို့အား ၎င်းတို့ကို အလွန်တန်ဖိုးထားစေလိုသည့် လူများဖြစ်သည်။ ထို့အပြင် အသင်းတော်တွင်လည်းကောင်း၊ လူတို့ကြားတွင်လည်းကောင်း ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်ပေးဖို့ အခြားသူတို့ကို အမိန့်ပေးကာ ညွှန်ကြားသည့်လူများ သာ၍ပင် ဖြစ်လိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်ဒြပ်၊ ဩဇာလွှမ်းမိုးမှုနှင့် ၎င်းတို့ စွဲကိုင်သည့် တန်ခိုးအာဏာတို့ဖြင့် ၎င်းတို့၏ အလိုဆန္ဒများကို အကောင်အထည်ဖော်ချင်ကြပြီး အမှုအရာများကို လုပ်ဆောင်ရန် မည်သူမဆို အမိန့်ပေးကာ ညွှန်ကြား၍ရသည့် သာမန်လူများ မဖြစ်ချင်ကြပေ။ ဤသည်တို့မှာ အခြားလူတို့ကြားတွင် အန္တိခရစ်များရှိကြသည့် လိုက်စားမှုများနှင့် လိုအင်ဆန္ဒများ ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူတို့ကြားတွင် မိမိတို့၏ ရာထူးနှင့် ပတ်သက်လာသည့်အခါ အတော်ပင် ဆတ်ဆတ်ထိမခံဖြစ်ကြသည်။ အဖွဲ့တစ်ခုတွင် ရှိသည့်အခါ ၎င်းတို့၏ အသက်အရွယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးမှု တစ်ခုတလေရှိသည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ အရေးကြီးမည်ဟု ၎င်းတို့ ယုံကြည်သည့်အရာမှာ အများစုက ၎င်းတို့ကို မည်သို့ မြင်သည်၊ အများစုက ၎င်းတို့ကို အချိန်ပေးပြီး မိမိတို့၏ စကားနှင့် လုပ်ရပ်များတွင် နေရာပေးခြင်း ရှိမရှိ၊ အများစု၏ စိတ်နှလုံးများတွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ရာထူးတို့က မြင့်မားခြင်းရှိမရှိ သာမန်ဖြစ်ခြင်း ရှိမရှိ၊ အများစုက ၎င်းတို့ကို အထင်ကြီးခြင်း ရှိမရှိ၊ သာမန်အဖြစ် မြင်ခြင်း ရှိမရှိ၊ ဘာမျှ မထူးခြားသောသူအဖြစ် မြင်ခြင်း ရှိမရှိ စသည်တို့ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ဝါရင့်မှုများကို အများစုက မည်သည့်အရာကဲ့သို့ ယူဆကြသည်၊ လူတို့ကြားတွင် ၎င်းတို့၏ စကားများက မည်မျှ အရေးပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့က တစ်စုံတစ်ရာကို ပြောဆိုပြီးနောက် လူမည်မျှက ၎င်းတို့ကို အသိအမှတ်ပြုသည်၊ လူမည်မျှက ၎င်းတို့ကို ချီးမွမ်းသည်၊ ၎င်းတို့ကို သဘောတူထောက်ခံသည်၊ အာရုံစူးစိုက်စွာ နားထောင်ပြီး နှလုံးသွင်းသည်ဟူသည်တို့ဖြစ်သည်။ ထို့အပြင် လူအများစုက ၎င်းတို့ကို ကြီးမားသော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ သေးငယ်သော ယုံကြည်ခြင်းရှိသူအဖြစ် မြင်သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် ၎င်းတို့ စိတ်ပိုင်းဖြတ်ချက်က မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ၎င်းတို့ မည်မျှ စွန့်လွှတ်ပြီး အသုံးခံကြသည်၊ ဘုရားအိမ်တော်အတွက် ၎င်းတို့၏ ပံ့ပိုးမှုများက မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ဘုရားအိမ်တော်တွင် ၎င်းတို့ ထမ်းဆောင်သည့် ရာထူးက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အတိတ်ကာလတွင် မည်သည့်အရာကို ၎င်းတို့ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သည်ဆိုသည်နှင့် အရေးကြီးသည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည်ဟူသည့် ဤအရာတို့မှာ ၎င်းတို့ အလေးအထားဆုံးအရာများ ဖြစ်သည်။ အန္တိခရစ်များသည် အသင်းတော်တွင် မည်သူက ဆုကျေးဇူးအရှိဆုံးဖြစ်သည်၊ အသင်းတော်တွင် မည်သူက ရှင်းလင်းစွာ အပြောဆိုနိုင်ဆုံးဖြစ်ပြီး စကားပြောအကောင်းဆုံးဖြစ်သည်၊ မည်သူက အတတ်ပညာ ကျွမ်းကျင်မှုများတွင် တော်ပြီး နည်းပညာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်ဟူသည်တို့ကို မကြာခဏ နှိုင်းယှဉ်လျက် မိမိတို့၏ စိတ်နှလုံးတွင် အဆင့်အတန်းနှင့် ဝါစဉ်တို့ကို မကြာခဏ သတ်မှတ်ကြသည်။ ဤအရာများကို ၎င်းတို့ နှိုင်းယှဉ်နေစဉ်တွင် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာရန် စဉ်ဆက်မပြတ် အားထုတ်နေကြသည်၊ ယင်းတို့ကို ကျွမ်းကျင်ရန်နှင့် ပိုင်နိုင်မှုရှိရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူတို့အား မိမိတို့အပေါ် အထင်ကြီးစေသည့် နည်းလမ်းတစ်ခုဖြင့် တရားဒေသနာ ဟောကြားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ရှင်းပြရမည်ဟူသည်တို့ကို အားထုတ်ခြင်းအား အဓိက အာရုံစိုက်ကြသည်။ ဤသို့အားထုတ်မှုပြုနေစဉ်တွင် သမ္မာတရားအား မည်သို့ နားလည်ရမည် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ဟူသည်ကို ၎င်းတို့ မရှာဖွေကြဘဲ ထို့ထက် ပိုများသည့် လူတို့ကပင်လျှင် ၎င်းတို့က အမှန်တကယ်ပင် ထူးခြားကြောင်း၊ သာမန်လူများမျှသာ မဟုတ်ကြောင်း၊ ၎င်းတို့ တတ်စွမ်းနိုင်ကြောင်းနှင့် သာမန်လူများထက် ပိုအဆင့်မြင့်ကြောင်း သိလာကြရန်အလို့ငှာ ဤစကားများအား မည်သို့သတိရရမည်၊ ပိုများသည့် လူတို့ထံပင် မိမိတို့၏ အားသာချက်များအား မည်သို့ကြွားနိုင်မည်ဟူသည်တို့ကို တွေးဆနေကြသည်။ ဤစိတ်ကူး၊ ကြံရွယ်ချက်များနှင့် အမြင်အမျိုးအစားများကို ထားရှိရင်း အန္တိခရစ်များသည် မတူကွဲပြားသော အမှုအရာမျိုးစုံကို လုပ်ဆောင်လျက် လူတို့ကြားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့တွင် ဤအမြင်များ ရှိကြသောကြောင့်၊ ဤလိုက်စားမှုများနှင့် ရည်မှန်းချက်များ ရှိကြသောကြောင့် ၎င်းတို့သည် အပြုအမူကောင်းများ၊ မှန်ကန်သည့် ပြောဆိုချက်များနှင့် ကောင်းမွန်သည့် လုပ်ရပ် အကြီး၊ အသေးမျိုးစုံကို ဖန်တီးဖြစ်ပေါ်စေကြသည်။ ဤအပြုအမူများနှင့် လုပ်ရပ်များက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသူများ၊ အခြေခံအားဖြင့် သမ္မာတရားကို မလိုက်စားကြသူများနှင့် ကောင်းမွန်သည့် အပြုအမူ ရှိခြင်းကိုသာ အာရုံစိုက်ကြသူများအား အန္တိခရစ်များကို အားကျ၊ လေးစားစေကာ ၎င်းတို့ကို အတုပင်ခိုးစေပြီး ၎င်းတို့နောက်ပင် လိုက်စေသည်။ ဤသို့ဖြင့် အန္တိခရစ်များ၏ ရည်မှန်းချက် ပြည့်စုံသွားသည်။ အန္တိခရစ်များက ထိုသို့သော ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ထားရှိသည့်အခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ ဤသည်မှာ ငါတို့ ယနေ့ မိတ်သဟာယပြုမည့်အရာ ဖြစ်သည်။ ထိုအရာသည် ဆက်လက်မိတ်သဟာယ ပြုထိုက်သည့် အကြောင်းအရာတစ်ခုဖြစ်ပြီး သင်တို့ တစ်ဦးစီအနေဖြင့် အာရုံစိုက်ကာ သိရှိထိုက်သည့် အကြောင်းအရာတစ်ခု သာ၍ပင် ဖြစ်ပေသည်။
အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြချေ။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အချက်တစ်ခုကို ထင်ရှားစွာ ညွှန်ပြသည်။ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခြင်း မရှိချေ။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ယင်းက အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပြင် ကောင်းချီးခံစားရခြင်းနှင့် ဆုလာဘ်ရခြင်းတို့မှလွဲ၍ ၎င်းတို့လိုက်စားသည့် နောက်အရာတစ်ခုမှာ ဇာတိပကတိ၏ စည်းစိမ်များနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ပျော်မွေ့ခံစားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် အနှောင့်အယှက်၊ အဖျက်အမှောင့်များကို ဖြစ်စေသည်။ ၎င်းတို့ လိုက်စားသည့်အရာ၊ ၎င်းတို့၏အပြုအမူနှင့် သရုပ်သကန်များသည် ဘုရားသခင် ချစ်သောအရာများ မဟုတ်သည်ကို ဤအချက်အလက်များက ပြလေသည်။ ပြီးလျှင် ဤအရာများသည် သမ္မာတရားကို လိုက်စားသော လူများ၏ လုပ်ရပ်များနှင့် အပြုအမူများ သေချာပေါက် မဟုတ်ချေ။ ဥပမာအနေဖြင့် ပေါလုကဲ့သို့ အန္တိခရစ်အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ ၎င်းတို့၏အလုပ်ကို လုပ်သည့်အခါ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေနိုင်သလို အစားအစာမစားဘဲ နေနိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုး၍နှိပ်စက်နိုင်သည်။ မည်သည့်နာမကျန်းဖြစ်ခြင်းနှင့် မသက်မသာ ဖြစ်ခြင်းတို့ကိုမဆို အောင်မြင်ကျော်လွှားနိုင်သည်။ ပြီးလျှင် ဤအရာများအားလုံးကို လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘေးသို့ဖယ်နိုင်စွမ်း ရှိကြောင်း၊ မိမိတို့ကိုယ်ကို ဖယ်ကြဉ်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့အတွက်မှာမူ တာဝန်သာ ရှိကြောင်း လူတိုင်းကို ပြဖို့ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့က အခြားလူများ ရှေ့တွင် ပြကြသည်။ လူများအနီးအနားတွင် ရှိသည့်အခါ ၎င်းတို့သည် နားသင့်သည့်အချိန်တွင် မနားဘဲ ၎င်းတို့၏ အလုပ်အချိန်ကို တမင်သက်သက်ပင် တိုးချဲ့လျက် စောစောထကာ နောက်ကျမှ အိပ်ရာဝင်လျက် ယင်းကို အပြည့်အဝ ပြသကြသည်။ သို့သော် အန္တိခရစ်တို့ ဤကဲ့သို့ နံနက်မှ ညအထိ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည့်အခါတွင် အလုပ်၏ ထိရောက်မှုနှင့် ၎င်းတို့၏တာဝန် အကျိုးရှိခြင်းတို့က မည်သည့်အခြေအနေရှိသနည်း။ ဤအရာများသည် ၎င်းတို့ ထည့်တွက်စဉ်းစားသည့်အရာများထဲ၌ မပါပေ။ ၎င်းတို့သည် ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရန်သာ ကြိုးစားကြသည်။ ဤနည်းအားဖြင့် အခြားသူများက သူတို့ ဒုက္ခခံသည်ကို တွေ့မြင်နိုင်ပြီး ကိုယ့်အတွက်ကို တစ်စက်မျှ မစဉ်းစားဘဲ ဘုရားသခင်အတွက် ၎င်းတို့ မည်သို့အသုံးခံသည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တို့သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိအတွက်ကိုမူ ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်းကို လူတိုင်း တွေ့မြင်ပြီးခြင်း ရှိမရှိ၊ လူတိုင်းက ယင်းကို သတိပြုမိခြင်း ရှိမရှိ၊ ၎င်းတို့သည် လူတိုင်းအပေါ် ထင်မြင်ချက်ဖြစ်စေခြင်း ရှိမရှိနှင့် ဤထင်မြင်ချက်သည် ထိုလူတို့ထဲတွင် လေးစားအားကျခြင်းနှင့် ထောက်ခံခြင်းတို့ကို ဖြစ်ပေါ်စေမည် ဟုတ်မဟုတ်၊ ၎င်းတို့၏ နောက်ကွယ်တွင် ဤလူများက “သူတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် ကြံ့ကြံ့ခံနိုင်ကြသည်၊ သူတို့၏ သည်းခံသည့်စိတ်ဓာတ်နှင့် ထူးခြားသော ဇွဲလုံ့လတို့က ကျွန်ုပ်တို့ထဲမှ မည်သူ့ထက်မဆို သာလွန်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်သူတစ်ဦးဖြစ်သည်။ ကြီးသောဝန်ကို ထမ်းနိုင်ပြီး ကြံ့ကြံ့ခံနိုင်သည့်သူဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ ဒေါက်တိုင်ဖြစ်သည်”ဟု ပြောလျက် အားပေးပံ့ပိုးပြီး ချီးမွမ်းမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤအရာကို ကြားသည့်အခါ အန္တိခရစ်တို့သည် စိတ်ကျေနပ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က “ထိုကဲ့သို့ ဟန်ဆောင်သည်မှာ ကျွန်ုပ် အလွန် ပါးနပ်ပေသည်။ ဤအရာကို လုပ်သည်မှာ ကျွန်ုပ် အလွန်တော်ပေသည်။ လူတိုင်းက အပြင်ပန်းကိုသာ ကြည့်မည်ကို ကျွန်ုပ်သိသည်။ ပြီးလျှင် ၎င်းတို့သည် ဤအပြုအမူကောင်းတို့ကို နှစ်သက်ကြသည်။ ဤကဲ့သို့ ကျွန်ုပ် ပြုမူလျှင် လူများ၏ ထောက်ခံချက်ကို ရမည်၊ ကျွန်ုပ်ကို ၎င်းတို့ အားပေးပံ့ပိုးကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ကျွန်ုပ်ကို အားကျကြလိမ့်မည်ကို ကျွန်ုပ် သိခဲ့သည်။ ကျွန်ုပ်ကို မြင်သည့်အမြင်သည် လုံးလုံးပြောင်းလဲသွားလိမ့်မည်။ ပြီးလျှင် ကျွန်ုပ်ကို မည်သူကမျှ နောက်တစ်ကြိမ် လုံးဝ အထင်သေးမည် မဟုတ်ပေ။ ကျွန်ုပ်သည် လက်တွေ့အလုပ်ကို မလုပ်နေကြောင်း အထက်မှ သိရှိသွားသည့် နေ့ရက်အချိန် ရောက်လာပြီး ကျွန်ုပ်ကို ဖြုတ်ချသည့်အခါ ကျွန်ုပ်အတွက် ခုခံကာကွယ်ပေးသည့် လူ၊ ကျွန်ုပ်အတွက် ငိုကြွေးသည့်လူနှင့် ကျွန်ုပ်ကို နေဖို့ တိုက်တွန်းသည့်သူ၊ ပြီးလျှင် ကျွန်ုပ်၏ကိုယ်စား ပြောပေးသူများစွာ မလွဲဧကန်ရှိလိမ့်မည်” ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ ဟန်ဆောင်သော အပြုအမူကို တိတ်တဆိတ် ကြည်နူးနေကြပြီး ဤကြည်နူးခြင်းက အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရကိုလည်း ထုတ်ဖော်မပြသလော။ ပြီးလျှင် ဤသည်မှာ အဘယ်အနှစ်သာရဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။) မှန်ပေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အနှစ်သာရဖြစ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ခြင်း အနှစ်သာရ၏ စိုးမိုးခြင်းခံရလျက် အန္တိခရစ်များသည် မိမိဘာသာ အားရကျေနပ်မှုနှင့် မိမိကိုယ်ကို လေးစားခြင်း အခြေအနေတစ်ခု ပေါက်ဖွားကာ ယင်းက ၎င်းတို့အား မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် တိတ်တဆိတ် ကန့်ကွက်စေပြီး ဆန့်ကျင်စေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ကြီးမားသည့် အဖိုးအခကို ပေးကာ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခများစွာ ခါးစည်းခံရပုံ ပေါ်သော်လည်း ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့ အမှန်တကယ် အလေးထားကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံကြသလော။ မိမိတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့ မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ငါသည် သမ္မာတရားမရှိဟု သင် မပြောခဲ့သလော။ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ဟု သင် မပြောခဲ့သလော။ ငါသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်းနှင့် ငါ့ကိုယ်ပိုင် နိုင်ငံကို ထူထောင်ဖို့ ငါ ကြိုးစားသည်ဟု သင် မပြောခဲ့သလော။ ငါ့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း၊ သမ္မာတရားကို ငါ နားမလည်ကြောင်း၊ ထို့ကြောင့် ငါသည် အစေခံသူတစ်ဦးဖြစ်ကြောင်း သင် မပြောခဲ့သလော။ ငါ အဘယ်သို့ အစေခံမှုပေးသည်ဆိုသည်နှင့် ဤကဲ့သို့ အစေခံမှု ငါပေးပြီး ဤကဲ့သို့ ပြုမူဆောင်ရွက်သည့်အခါ ညီအစ်ကို မောင်နှမများက ငါ့အပေါ် မည်သို့ ထင်မြင်ကြသည်ဟူသည်တို့ကို သင့်အား ငါ ပြမည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ပို၍ပင်များသော လူတို့၏ လေးစားမှုကို ငါ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို သင့်အား ငါ ပြမည်။ ပြီးလျှင် တစ်နေ့ ငါ့ကို သင် အဝေးသို့ ပို့ချင်ပြီး ပြစ်တင်ရှုတ်ချချင်သည့်အခါ ယင်းကို သင် မည်သို့ အတိအကျ စီမံမည်ကို ငါ ကြည့်မည်”ဟု တွေးလျက် ဘုရားသခင်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်ကြလေသည်။ အန္တိခရစ်များသည် မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ဤသို့ ယှဉ်ပြိုင်ကြပြီး သမ္မာတရားလိုက်စားခြင်းအား ဤကောင်းမွန်သော အပြုအမူများဖြင့် အစားထိုးရန် ကြိုးစားကြလေသည်။ ထိုသို့လုပ်ဆောင်ရာတွင် လူတို့အနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိရန်အလို့ငှာ လူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေဖို့ ဘုရားသခင် အမှုပြုခြင်းနှင့် ဦးဆောင်ခြင်းတို့၏ လက်တွေ့ကျသော အကျိုးတရားကို ငြင်းပယ်ဖို့ ကြိုးစားကြလေသည်။ အနှစ်သာရအားဖြင့် ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် လူကို ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်အား ငြင်းပယ်ကာ ရှုတ်ချရန်အတွက် ဤမှန်ကန်ကြောင်းရှင်းချက်ထုတ်ခြင်းကို အသုံးပြုကြပြီး ဘုရားသခင်အနေဖြင့် လူတို့ကို တရားစီရင်ခြင်းသည် မှားယွင်းပြီး အကျိုးမရှိဟု ယုံကြည်ကြသည်။ အန္တိခရစ်များတွင်ရှိသည့် ဤစိတ်ကူးများနှင့် ရှုထောင့်အမြင်များသည် ကောက်ကျစ်ဆိုးယုတ်သည်၊ မသိမသာဒုက္ခပေးတတ်သည်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ၎င်းတို့ကို ဘုရားသခင်က အတိအလင်း ပြစ်တင်ရှုတ်ချခြင်း မရှိသေးသည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် စတင် ယှဉ်ပြိုင်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို မဖော်ထုတ်သကဲ့သို့ ၎င်းတို့၏ အပြုအမူကို မရှုတ်ချသေးသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ရန်နှင့် သမ္မာတရားကို လိုက်စားခြင်းကသာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက်ကို ဖြစ်စေနိုင်သည်ဟူသည့် အချက်ကို ငြင်းပယ်ရန်အတွက် အခြားလူတို့ကို အထင်အမြင်မှားစေကာ လူတို့ကို စည်းရုံးသိမ်းသွင်းရန်အလို့ငှာ ဟန်ဆောင်မှုကို စတင် အသုံးပြုကြလေသည်။ ဤသည်မှာ ၎င်းတို့ မှန်ကန်ကြောင်းရှင်းချက်ထုတ်ခြင်း၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိကြသည် မဟုတ်လော။ ၎င်းတို့၏ ဆင်းရဲဒုက္ခနောက်ကွယ်တွင် ၎င်းတို့သည် ထိုသို့သော ရည်မှန်းချက်များနှင့် မသန့်စင်မှုများ ထားရှိကာ ထိုအကြောင်းကြောင့် ဘုရားသခင်က ထိုသို့သော လူများနှင့် ထိုသို့သော စိတ်သဘောထားကို စက်ဆုပ်ခြင်း ဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤအချက်ကို မည်သည့်အခါတွင်မျှ မမြင် သို့မဟုတ် မသိမှတ်ကြချေ။ ဘုရားသခင်သည် လူ၏ အတွင်းကျကျစိတ်နှလုံးကို စောင့်ကြည့်လေ့လာကာ လူကမူ လူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ မြင်သည်။ အန္တိခရစ်တို့နှင့်ပတ်သက်၍ စဉ်းစားဉာဏ် အမဲ့ဆုံးသောအရာမှာ ၎င်းတို့က ဤအချက်ကို မသိမှတ်သကဲ့သို့ မမြင်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဒုက္ခခံစားပြီး အခက်အခဲကို ခါးစည်းခံနိုင်ကြောင်း၊ သာမန်လူများ ကြံ့ကြံ့မခံနိုင်သည့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ကြောင်း၊ သာမန်လူများ မလုပ်နိုင်သည့် အလုပ်ကို လုပ်နိုင်ကြောင်း အခြားသူများက တွေးထင်ရန်အလို့ငှာ ၎င်းတို့တွင် ခံနိုင်ရည်ရှိကြောင်း၊ ၎င်းတို့၏ ကိုယ်ကိုထိုး၍နှိပ်စက်နိုင်ကြောင်းနှင့် မိမိတို့ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားများ သို့မဟုတ် ပျော်ရွှင်မှုတို့ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း အခြားသူများ တွေးထင်ရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြရုပ်တင်ကာ စွဲမက်ဖွယ်ဖြစ်စေရန် ကောင်းသော အပြုအမူကို အသုံးပြုဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် တမင်သက်သက် မိမိတို့၏ အဝတ်အစားများကိုပင် အနည်းငယ် ညစ်ပတ်သည်ထိတိုင် ဝတ်ဆင်ကာ မလျှော်ဘဲနေကြသည်။ နံလာသည့်အခါတွင်ပင် မလျှော်ကြချေ။ အခြားသူများက ၎င်းတို့အား ကိုးကွယ်စေသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ အခြားသူများရှေ့တွင် ၎င်းတို့ ရှိလေ၊ ၎င်းတို့အား သာမန်လူများနှင့် မတူကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့၏ မိမိတို့ကိုယ်ကို အသုံးခံရလိုသော ၎င်းတို့၏ လိုအင်ဆန္ဒသည် သာမန်လူများထက် ကြီးမားကြောင်း၊ ဆင်းရဲဒုက္ခခံရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်သည် သာမန်လူများထက် ပိုကြီးမားကြောင်းနှင့် ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းအတွက် ၎င်းတို့၏ ခံနိုင်ရည်သည် သာမန်လူများထက် ကြီးမားကြောင်းတို့ကို အခြားသူများ မြင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ပြသရန် တတ်နိုင်သမျှ ၎င်းတို့ လုပ်ဆောင်လေ ဖြစ်သည်။ အန္တိခရစ်များသည် ဤအခြေအနေမျိုးများတွင် ထိုသို့သော အပြုအမူများ ပေါက်ဖွားကာ ဤအပြုအမူများနောက်ကွယ်တွင် ရှိသည်မှာ လူတို့က ၎င်းတို့ကို ကိုးကွယ်ကာ အထင်ကြီးစေဖို့အတွက် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်ရှိသည့် အန္တိခရစ်များ၏ လိုအင်ဆန္ဒ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိကြသည့်အခါ၊ လူတို့၏ ချီးမွမ်းမှုများကို ၎င်းတို့ ကြားသည့်အခါနှင့် လူတို့က ၎င်းတို့ကို အားကျကာ လေးစားပြီး သဘောကျသည့် အကြည့်များဖြင့် ကြည့်ကြသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဝမ်းသာပြီး ကျေနပ်ကြသည့် အချိန်ဖြစ်သည်။
ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းနှင့် အဖိုးအခ ပေးခြင်းတို့နှင့်ဆိုင်သော အန္တိခရစ်များ၏ အပေါ်ယံ အပြုအမူကောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို စစ်မှန်စွာ အလေးထားခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကို အသုံးခံခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ (ကြံရွယ်ချက်က ခြားနားသည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံသူတို့သည် စည်းမျဉ်းများ ရှာဖွေခြင်း၊ အလုပ် ရလဒ်များနှင့် အလုပ်ထိရောက်မှုတို့အပေါ် အာရုံစိုက်ကြလိမ့်မည်။ အန္တိခရစ်တို့သည် အပေါ်ယံတွင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပုံပေါ်ကြသော်လည်း၊ ထိုအရာသည် အခြားသူတို့အား ၎င်းတို့အပေါ် အထင်ကြီးလေးစားစေရန်သာ ဖြစ်သည်။ အလုပ် ထိရောက်မှု သို့မဟုတ် အလုပ်ရလဒ်များကို ၎င်းတို့ လုံးဝ မစဉ်းစားကြပါ။) မှန်ပေ၏၊ ၎င်းတို့ စကားနှင့် လုပ်ရပ်များ၏ ကြံရွယ်ချက်၊ စေ့ဆော်မှုနှင့် ရင်းမြစ်တို့တွင် ခြားနားချက်တစ်ခု ရှိသည်။ ထိုအရာက လုံးဝ ကွဲပြားခြားနားသည်။ ၎င်းတို့ကဲ့သို့ပင် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး သမ္မာတရားကို လိုက်စားသောသူများသည် ဤဆင်းရဲဒုက္ခတစ်လျှောက်တွင် စည်းမျဉ်းများကို ရှာဖွေကြသည်။ စည်းမျဉ်းများကို ရှာဖွေခြင်းက အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ကျိုးနွံနာခံခြင်း စိတ်နေစိတ်ထားတစ်ခုရှိသည်ကို ပြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အမှုအရာများကို လုပ်ဆောင်ရန် မကြိုးစားကြ သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် အမှုအရာများကို လုပ်ဆောင်ရန် မကြိုးစားကြပေ။ ၎င်းတို့၏ လုပ်ရပ်များတွင် ကျိုးနွံနာခံမှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိကြပြီး ၎င်းတို့အနေဖြင့် မိမိတို့ တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူ၏ လုပ်ငန်းတွင် ပါဝင်ပတ်သက်နေခြင်း မဟုတ်ကြောင်းကို အလွန်ရှင်းလင်းစွာ သိရှိကြသည်။ ထိုနည်းတူ အန္တိခရစ်များသည် ဆင်းရဲဒုက္ခကို ခါးစည်းခံပုံပေါ်ကြသော်လည်း ၎င်းတို့သည် လူတို့မြင်ရန်အတွက် ထိုအရာကို ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး ပြစားကြသည်။ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြ၊ ၎င်းတို့၏ လုပ်ရပ်များတွင် ကျိုးနွံနာခံမှု သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိ၊ ၎င်းတို့၏ စိတ်နှလုံးများက ဘုရားသခင် ရှေ့မှောက်တွင် အသက်မရှင်သကဲ့သို့ ထိုသို့သော အပြုအမူနှင့် သရုပ်သကန်များကို လူတို့အား စည်းရုံးသိမ်းသွင်းပြီး လူတို့၏ မျက်နှာသာပေးခြင်းကို ဝယ်ယူရန်အတွက် အသုံးပြုဖို့ ၎င်းတို့ ကြိုးစားကြလေသည်။ ဤတွင် ခြားနားချက်တစ်ခု ရှိသည် မဟုတ်လော။ အန္တိခရစ်များ၏ အပြုအမူနှင့်ဆိုင်သော အနှစ်သာရအားဖြင့် အကဲဖြတ်သည့်အခါ ဤဆင်းရဲဒုက္ခ ခါးစည်းခံခြင်းက ဟန်ဆောင်မှုတစ်ခု ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ ဆင်းရဲဒုက္ခကို ခါးစည်းခံခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အပြုအမူနှင့် သရုပ်သကန်မှာ ၎င်းတို့က ဟန်ဆောင်လုပ်ပြခြင်းနှင့် လူတို့မြင်ဖို့ ပြစားခြင်းတစ်ခုသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ပြုမူဆောင်ရွက်ခြင်းမရှိကြပေ။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ နောက်ထပ် သွင်ပြင်လက္ခဏာမှာ ဟန်ဆောင်မှုနှင့် လှည့်ဖြားခြင်းတို့တွင် အန္တိခရစ်များထက် မည်သူမျှ သာ၍ ကျွမ်းကျင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် အလွန် မီးစဉ်ကြည့်ကတတ်ပြီး လူတို့အား မိမိတို့ကို ကိုးကွယ်အောင်လုပ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေပြီး လှည့်ဖြားဖို့အတွက် လည်သော နည်းလမ်းအချို့ကို မကြာခဏ အသုံးပြုတတ်ကြသည်။ ဤသည်မှာ ၎င်းတို့ အကျွမ်းဆုံးသောအရာ ဖြစ်သည်၊ ယင်းက ၎င်းတို့တွင် အရိုးစွဲနေသည်၊ ဤဉာဏ်များပြီး ပြောင်းလဲတတ်သော အနှစ်သာရကို ပင်ကိုအားဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားကြသည်။ ဥပမာအနေဖြင့် မိမိ၏ စကားများနှင့် အပြုအမူက အလွန် ကြင်နာပြီး နှိမ့်ချသည်ဟု ထင်ရသော အန္တိခရစ်အချို့၊ အခြားသူတို့၏ အားနည်းချက်များကို လုံးဝ မဖော်ထုတ်သည့်၊ လိုက်လျောတတ်သည့်၊ အခြားသူတို့ကို ဝေဖန်ရန် သို့မဟုတ် ရှုတ်ချရန် မြန်ဆန်ခြင်းမရှိသည့်၊ လူတို့က အပျက်သဘောဆောင်ကာ အားနည်းသည့်အခါ ချက်ချင်း ကူညီမှု ကမ်းလှမ်းသည့် အန္တိခရစ်အချို့ရှိလေသည်။ ၎င်းတို့သည် စိတ်ထားနွေးထွေးပြီး ကြင်နာတတ်သော၊ လူကောင်းတစ်ဦး၏ အသွင် ရှိကြသည်။ လူတို့ အခက်အခဲရောက်သည့်အခါ တစ်ခါတစ်ရံ စကားများဖြင့် ၎င်းတို့ ကူညီကြပြီး တစ်ခါတစ်ရံ လုပ်ရပ်အနည်းငယ်ဖြင့် ကူညီကြသည်။ ထိုသူတို့ကို ကူညီဖို့အတွက် ငွေအချို့ သို့မဟုတ် ပစ္စည်းအချို့ကို လှူဒါန်းကြသည့် အချိန်များပင် ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့၏ လုပ်ရပ်များက ကောင်းမွန်သည့် ပုံပေါ်သည်။ လူအများစု၏ စိတ်များတွင် ဤသည်မှာ ၎င်းတို့ တွေ့ဆုံပြီး ပေါင်းသင်းဆက်ဆံချင်သည့် လူစားမျိုး ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ကို ခြိမ်းခြောက်ကာ နှောင့်ယှက်ကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုသူတို့ထံမှ အကူအညီများစွာ ရရှိနိုင်သည်။ ဥပမာအနေဖြင့် ရုပ်ဝတ္ထုဆိုင်ရာ အကူအညီဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီဖြစ်စေ ပိုမိုမြင့်မားသော ဝိညာဉ်ရေးရာ သဘောတရားများ စသည့် အကူအညီပင်ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထိုသို့သောလူများသည် မကောင်းသည့်အရာဘာမျှ မလုပ်ဆောင်ကြ။ ၎င်းတို့သည် အသင်းတော်တွင် နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မရှိကြသကဲ့သို့ ၎င်းတို့ ရောက်နေသည့် မည်သည့်အဖွဲ့ကိုမဆို သဟဇာတဖြစ်အောင် လုပ်ပေးသည်ဟု ထင်ရသည်။ ၎င်းတို့၏ လည်ပတ်မှုနှင့် ပြေလည်အောင် ဆောင်ရွက်ပေးခြင်းအောက်တွင် လူတိုင်းက ပျော်ရွှင်သည့်ပုံပေါ်သည်၊ လူတို့ အဆင်ပြေပြီး မည်သည့် ခိုက်ရန်ဖြစ်ခြင်း သို့မဟုတ် စကားများခြင်းမျှ မရှိကြပေ။ ၎င်းတို့ ထိုနေရာတွင် ရှိကြသည့်အခါ လူတိုင်းက ၎င်းတို့ အချင်းချင်း မည်မျှကောင်းစွာ သင့်မြတ်ကြသည်၊ ၎င်းတို့ မည်မျှ ရင်းနှီးကြသည်ကို ခံစားမိကြသည်။ ၎င်းတို့ မရှိတော့သည့်အခါ လူအချို့သည် အချင်းချင်း စတင်၍ အတင်းအဖျင်းပြောကြသည်၊ အချင်းချင်း ကြဉ်ကြသည်၊ မနာလိုဖြစ်ပြီး ကိစ္စများကို ငြင်းခုံကြလေသည်။ အန္တိခရစ်များက ၎င်းတို့ကြားတွင် ရှိပြီး သင့်မြတ်အေးချမ်းဖို့ စေခိုင်းသည့်အခါတွင်သာ လူတိုင်းက ငြင်းခုံခြင်းကို ရပ်လိုက်ကြသည်။ ဤအန္တိခရစ်များသည် မိမိတို့အလုပ်တွင် အလွန် တတ်စွမ်းနိုင်သည်ဟု ထင်ရသော်လည်း ၎င်းတို့ မည်သည့်အရာအား အမှန်တကယ် ကျိတ်ကြံစည်နေသည်ကို ပြသသည့် အရာတစ်ခုရှိ၏။ ၎င်းတို့ သွန်သင်ပြီး ဦးဆောင်သည့် လူတိုင်းသည် စကားလုံးများနှင့် အယူဝါဒများကို ပြောနိုင်ကြသည်၊ မည်သို့ အထက်စီးမှနေပြီး အခြားသူတို့အား ဩဝါဒခြွေရမည်ကို ၎င်းတို့ အားလုံး သိကြသည်၊ လူတို့အား မည်သို့ မြှောက်ပင့်ပြီး ကပ်ဖားရမည်ကို သိကြသည်၊ မည်သို့ လှည့်ကွက်သုံးပြီး လှည့်ဖြားတတ်ရမည်ကို သိကြသည်၊ မည်သို့လူတို့အား မည်သည့်အရာ ပြောရမည်ကို ၎င်းတို့ သိကြသည်၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်လာကြပြီး အပြင်ပန်းတွင် လုံးဝ စိတ်အေးချမ်းသည်ဟု ထင်ရသည်။ အန္တိခရစ်များက အသင်းတော်ကို မည်သည့်အရာ ဖြစ်စေကြပြီနည်း။ ဘာသာရေး အဖွဲ့အစည်းတစ်ခု ဖြစ်စေကြပြီဖြစ်သည်။ ရလဒ်မှာ အဘယ်နည်း။ လူတို့သည် မိမိတို့၏ စာတန်ဆန်သော အတွေးအခေါ်ဖြင့် အသက်ရှင်ပြီး သမ္မာတရားကို လိုက်စားရန် မလိုလားကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ ဆုံးရှုံးကြပြီး ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ညီအစ်ကို မောင်နှမများအပေါ် ထိခိုက်နစ်နာမှု ဖြစ်စေကြပြီး ၎င်းတို့ကို ပျက်စီးခြင်းသို့ ဆိုက်ရောက်စေကြပုံ ဖြစ်သည်။ သို့တိုင် ၎င်းတို့က ကြီးမားသည့် ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ညီအစ်ကို မောင်နှမများအတွက် ကြီးမားသည့် အမှုအရာများ လုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ညီအစ်ကို မောင်နှမများထံ ကြီးမားသည့် ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပြီးဖြစ်ကြောင်း တွေးထင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား နှိမ့်ချကာ စိတ်ရှည်ရန်၊ ညီအစ်ကို မောင်နှမတစ်ဦးတွင် ပြဿနာတစ်ခု ရှိသည်ကို မြင်သည့်အခါ သည်းခံပြီး ထောက်ထားညှာတာရန်၊ အခြားသူတို့ကို စကားဖြင့် မရိုင်းပျရန် သို့မဟုတ် မနာကျင်စေရန် မကြာခဏ သွန်သင်ကြပြီး ထိုင်သည့်အခါ သို့မဟုတ် မတ်တတ်ရပ်သည့်အခါ မည်သည့် ကိုယ်နေဟန်ထားယူရမည်ကိုဖြစ်စေ၊ မည်သည့် အဝတ်အစားများ ဝတ်ဆင်ရမည်ကိုဖြစ်စေ ညွှန်ကြားကြသည်။ ညီအစ်ကို မောင်နှမများကို ၎င်းတို့ မကြာခဏ သွန်သင်သည့်အရာမှာ သမ္မာတရားကို မည်သို့ နားလည်ရမည် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများအား မည်သို့ ပုံသေစောင့်ထိန်းပြီး ကောင်းမွန်စွာ ပြုမူရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ အသင်အပြအောက်တွင် လူတို့၏ ဆက်ဆံမှုများက ဘုရားနှုတ်ကပတ်တော်များပေါ်၊ သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံခြင်းမရှိဘဲ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များအပေါ် အခြေခံလေသည်။ အပြင်ပန်းတွင် မည်သူမျှ အချင်းချင်း ထိခိုက်နာကျင်စေခြင်း မရှိ၊ မည်သူကမျှ အခြားသူ၏ အားနည်းချက်များကို ထောက်ပြခြင်း မရှိကြသော်လည်း မည်သူကမျှ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို မည်သူ့ကိုမျှ မပြောကြသကဲ့သို့ ၎င်းတို့ ဖွင့်ဟခြင်း မရှိကြသည့်အပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ ပုန်ကန်ခြင်း၊ အားနည်းချက်များနှင့် ပြစ်မှားမှုများကို ၎င်းတို့ မိတ်သဟာယမပြုကြပေ။ ထိုအစား အပေါ်ယံအဆင့်တစ်ခုဖြင့် မည်သူက ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးပြီးဖြစ်သည်၊ မည်သူက မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိပြီးဖြစ်သည်၊ မည်သူသည် ညီအစ်ကို မောင်နှမများအတွက် အကျိုးပြုပြီးဖြစ်သည်၊ မည်သူက ဘုရားအိမ်တော်တွင် အတော်များသော ပံ့ပိုးမှုများ ပြုလုပ်ပြီးဖြစ်သည်၊ ဧဝံဂေလိ တရားဟောခြင်းကြောင့် မည်သူက ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်သည်ဟူသည်တို့နှင့်ပတ်သက်၍ တတွတ်တွတ် ပြောကြလေသည်။ ယင်းမှာ ၎င်းတို့ ပြောဆိုဆွေးနွေးသမျှ ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ပြရုပ်တင်ကာ ဟန်ဆောင်ရန်အတွက် အပြင်ပန်းအားဖြင့် နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် အကူအညီပေးခြင်းတည်းဟူသော အပြုအမူကောင်းကိုသာ အသုံးပြုရုံမျှ မဟုတ်ပေ။ အခြားသူတို့အား ဤကောင်းမွန်သည့် အပြုအမူ ကူးစက်စေရန် ပုဂ္ဂိုလ်ရေး ပုံသက်သေ ချမှတ်ဖို့နှင့် ထိုအရာကို အတုယူရန် ၎င်းတို့အား တိုက်တွန်းခွန်အားပေးဖို့လည်း ကြိုးစားကြလေသည်။ ၎င်းတို့၏ ကောင်းမွန်သည့် အပြုအမူနောက်ကွယ်ရှိ ရည်မှန်းချက်မှာ မိမိတို့ကိုယ်ကို လူတို့၏ အာရုံစိုက်ရာ ဖြစ်စေဖို့၊ လူတို့အား ၎င်းတို့အပေါ် အထင်ကြီးစေဖို့ထက် ဘာမျှ မပိုပေ။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မိမိတို့ကိုယ်ကို သိသောအသိအကြောင်း ပြောဆိုပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိစစ်သည့်အခါ ၎င်းတို့ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေကြပြီး ၎င်းတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို စိစစ်ရန် ကြိုးပမ်းမှု လုံးဝ မပြုလုပ်ကြပေ။ ညီအစ်ကို မောင်နှမများက အချင်းချင်း၏ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်များကို ဖော်ထုတ်ပြီး ပြုပြင်ကြသည့်အခါ အားလုံးအပေါ် အန္တိခရစ်များက နှိမ့်ချခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်သည့် တစ်ဦးတည်းသောသူများ ဖြစ်သည်။ ၎င်းတို့သည် မည်သူမဆို ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းကို မဖော်ထုတ်ကြသကဲ့သို့ ညီအစ်ကို မောင်နှမများအား သူတို့၏ အပြုအမူကောင်းအတွက်လည်းကောင်း၊ ပြောင်းလဲခြင်းအတွက်လည်းကောင်း ချီးကျူးပင်ချီးကျူးကာ ချီးမွမ်းကြသည်။ ၎င်းတို့သည် ချစ်ခင်တတ်သော၊ ထောက်ထားသော၊ သည်းခံပြီး နှစ်သိမ့်သော လုပ်ရပ်တစ်ခုကို ဟန်လုပ်လျက် လူ့အကြိုက်လိုက်သူ အခန်းကဏ္ဍကို ဆောင်ရွက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက ဟန်ဆောင်ခြင်း၊ လူတို့ကို လှည့်ဖြားခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့တွင် အလွန့်အလွန် ကျွမ်းကျင်ခြင်း၏ သရုပ်သကန်များဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။