အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀) အခန်း သုံး
(ခ) အယောင်ဆောင်၍ လိမ်လည်ခြင်းဖြင့်
ယခုတွင် ဒုတိယသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ အန္တိခရစ်များသည် အဆင့်အတန်း ရရှိဖို့ သူတော်ကောင်းယောင်ဆောင်ခြင်းကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် လူတို့ကြားလိုပြီး လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အချို့သော အရာများကို ပြောဆိုကြပြီး လူတို့အား ၎င်းတို့ကို အသိအမှတ်ပြုစေကာ လေးစားစေပြီး ထိုသို့ဖြင့် ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို တိုးပွားစေသည့် အချို့သောအရာများကို အပေါ်ယံလုပ်ဆောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့် နောက်ထပ်နည်းလမ်း ဖြစ်သည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုတို့ကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ အပြင်ပန်း အပြုအမူအရ ဟန်ဆောင်မှုနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းတို့သည် ပုံမှန်အားဖြင့် အခြေအနေတစ်ခု ဖြစ်သည်။ ယင်းတို့သည် အပြန်အလှန် ဆက်နွှယ်သည်။ ယင်းတို့သည် လူတို့အတွက် ပိုမိုရှင်းလင်းသည်ဟု ထင်ရစေဖို့အလို့ငှာလည်းကောင်း၊ လူတို့က ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန်အလို့ငှာလည်းကောင်း ယင်းတို့ကို ငါတို့ သီးခြားစွာ မိတ်သဟာယပြုကြမည်။ “အယောင်ဆောင်၍ လိမ်လည်ခြင်း” ၏ အဓိက အဓိပ္ပာယ်မှာ ဟန်ဆောင်မှု မဟုတ်ဘဲ ထို့ထက် အယောင်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်ကြောင့် အယောင်ဆောင်ခြင်းကို လုပ်ဆောင်ကြသနည်း။ သဘာဝအားဖြင့် ၎င်းတို့တွင် ရည်မှန်းချက်အချို့ ရှိကြပေသည်။ အန္တိခရစ်များသည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရရှိရန်အလို့ငှာ အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ကြသည်။ မဟုတ်လျှင် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုသို့သော မိုက်မဲသည့် အရာတစ်ခုကို လုံးဝ လုပ်ဆောင်ကြမည် မဟုတ်။ ဤအရာကို ပိုင်းခြားသိမြင်သော မျက်လုံးများဖြင့် ရှင်းလင်းစွာ မြင်နိုင်သည်။ လူတို့သည် အယောင်ဆောင်၍ လိမ်လည်ခြင်းကို မကြာခဏ လုပ်ဆောင်လျှင် အခြားသူတို့၏ စက်ဆုပ်မှု၊ အလွန်မုန်းတီးခြင်းနှင့် ရင့်ရင့်သီးသီး ဝေဖန်ရှုတ်ချခြင်းတို့ကို သဘာဝအလျောက် ခံကြရလိမ့်မည်။ သို့ဆိုလျှင် အန္တိခရစ်များသည် ၎င်းတို့ လုပ်ဆောင်သည့်အတိုင်း အဘယ်ကြောင့် လုပ်ဆောင်နေကြသေးသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝသာ ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းရရှိဖို့ မည်သည့်အရာကို လုပ်ဆောင်ရန် လိုအပ်ပါစေ ၎င်းတို့ အရေးမစိုက်ကြ၊ ၎င်းတို့တွင် ရှက်စိတ်ကင်းမဲ့ကြပြီး ဖြစ်သည်။ လူတို့ စိတ်များတွင် အဆင့်အတန်းကို ရရှိဖို့၊ အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ လူတို့အား ၎င်းတို့ကို ယုံကြည်ကိုးစားစေခြင်း၊ ကြည်ညိုစေခြင်း၊ ကိုးကွယ်စေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ လူတို့၏ အယူအဆများနှင့် ကိုက်သည့် ကောင်းမွန်သော အပြုအမူနှင့် သရုပ်သကန်အချို့ကို အတုယူဟန်ဆောင်ခြင်းအပြင် ၎င်းတို့သည် လူတို့ကို မိမိတို့အပေါ် အထင်ကြီးကာ ကြည်ညိုစေရန်အလို့ငှာ ကြီးမြတ်ပြီး ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ ပုံစံအတိုင်း လိုက်ပြုမူလုပ်ဆောင်ကာ ထိုသူတို့၏ စကားပြောဟန်ကိုပါ အတုခိုးကြလေသည်။ ဤနည်းဖြင့် ၎င်းတို့သည် အသင်းတော်ရှိ လူအချို့၏ ကိုးကွယ်ခြင်း၊ မြှောက်ပင့်ခြင်းနှင့် ထောက်ခံခြင်းကို စတင်၍ မသိမသာ ခံကြရသည်။ ၎င်းတို့သည် အန္တိခရစ်များကို အချို့သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ သို့မဟုတ် ကျော်ကြားသော လူများကဲ့သို့ သဘောထားကြသည်။ ယင်းမှာ အသင်းတော်ထဲတွင်လည်းကောင်း၊ လူတစ်စုတို့၏ နှလုံးသားများတွင်လည်းကောင်း၊ အန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များအဖြစ် ရိုသေလေးစားခြင်းခံရကာ ကြည်ညိုခြင်း ခံရကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် ပိုင်းခြားသိမြင်မှု လုံးဝ မရှိကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးများက နှစ်သက်ကာ လေးစားအားကျသည့် မည်သူကိုမဆို ၎င်းတို့ ကိုးကွယ်ကာ ကြည်ညိုကြသောကြောင့် ဖြစ်သည်။ အသင်းတော်တွင် အန္တိခရစ်တို့သည် မည်သည့်လူစားမျိုးကို အဓိက အယောင်ဆောင်ကြသနည်း။ လူအများစုက ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကို ကိုးကွယ်ကြသောကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကို အယောင်ဆောင်ကြလေသည်။ ယုဒဘာသာတွင် ဖာရိရှဲများသည် လူတို့၏ ကိုးကွယ်ခြင်းခံရသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဖြစ်သည်။ လူတို့သည် ထိုသူတို့ကို ၎င်းတို့၏ အသိပညာ၊ အတုအယောင် ဘာသာတရားကိုင်းရှိုင်းမှုနှင့် အပြုအမူကောင်းတို့အတွက် ကိုးကွယ်ခဲ့ကြသည်။ ထို့ကြောင့် ယုဒဘာသာတွင် ဖာရိရှဲများသည် အလွန် ရေပန်းစားခဲ့ကြသည်၊ အလွန် လေးစားခြင်းခံခဲ့ရကြသည်။ ယနေ့တွင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကိုလည်း ကိုးကွယ်ရန် နှစ်သက်ကြသူအချို့ အသင်းတော်တွင် ရှိသည်။ ဦးစွာပထမ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည့်သူများ၊ ဝိညာဉ်ရေးရာ အတွေ့အကြုံများနှင့် သက်သေခံချက်များဟုခေါ်သည့် အရာတစ်ခုခု ရှိကြသည့်သူများ၊ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးများ ရရှိကြပြီးဖြစ်သူများ၊ ကြီးမားသည့် ရူပါရုံများကို ရှုမြင်ကြပြီးသူများ၊ သာမန်ထက်ထူးခြားသော အတွေ့အကြုံအချို့ ရှိသည့်သူများကို ၎င်းတို့က ကိုးကွယ်ကြသည်။ ထို့အပြင် လူတို့အနီးဝန်းကျင်တွင်ရှိသည့်အခါ အခြားသူတို့တွင် ကိုးကွယ်မှုနှင့် လေးစားအားကျမှုကိုဖြစ်အောင် စေ့ဆော်လျက် လေလုံးထွားပြီး အဆွယ်ကောင်းသောသူများလည်း ရှိသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည့် နည်းစနစ်များ၊ နည်းလမ်းများနှင့် စည်းမျဉ်းများက အသင်းတော် စည်းမျဉ်းများနှင့် ကိုက်ညီသည့်၊ ၎င်းတို့၏ အပြင်ပန်း အပြုအမူက ဘာသာတရားကိုင်းရှိုင်းပုံရသည့် အခြားသူများ ရှိကြသည်။ ဘုရားသခင်ကို ကြီးမားသည့် ယုံကြည်ခြင်း ရှိပုံရသည့် အခြားသူများ ရှိနေသေးသည်။ ဤလူများအားလုံးကို ဝိညာဉ်ရေးရာ ပြည့်ဝသည့် လူများဟူသော အမည်နာမကို ပေးထားသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် ဝိညာဉ်ရေးရာပြည့်ဝသည့် လူများကို မည်သို့ အယောင်ဆောင်ကြသနည်း။ အတော့်ကို ရိုးရှင်းစွာပင် ၎င်းတို့ လုပ်ဆောင်သည့်အရာမှာ လူတို့အား ၎င်းတို့ကို ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတစ်ဦးအဖြစ် ရှုမြင်စေရန်အလို့ငှာ ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများ ပြောဆိုသည့်အရာများကို ပြောဆိုပြီး ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများ လုပ်ဆောင်သည့်အရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် ဤအရာများကို စစ်မှန်ရိုးသားသည့် ခံစားချက်ဖြင့် ပြောဆိုကာ လုပ်ဆောင်ကြသလော။ မဟုတ်ပေ။ ဤသည်မှာ တုပလုပ်ဆောင်ခြင်း၊ စည်းမျဉ်းစည်းကမ်းတစ်ခုကို ပုံသေစောင့်ထိန်းခြင်း ဖြစ်သည်။ ယင်းတို့သည် အခြားသူတို့ မြင်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့က ချက်ချင်း ဆုတောင်းကြသည်။ သို့သော် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း သို့မဟုတ် အမှန်တကယ် ဆုတောင်းနေခြင်းမဟုတ်၊ ၎င်းတို့က ဘုရားသခင်ကို အလွန်တရာ ချစ်ကြပြီး ဘုရားသခင်အပေါ် အင်မတန် ကြီးမားသည့် ကြောက်ရွံ့ခြင်းရှိသည်ဟု လူတို့ ပြောကြရန်အလို့ငှာ ဟန်ဆောင်လုပ်ပြနေကြခြင်း၊ ဟန်ပြလုပ်နေကြခြင်းသာ ဖြစ်သည်။ ထို့အပြင် နာမကျန်းမှုက ၎င်းတို့အပေါ် ကျရောက်ပြီး ကုသမှု လိုအပ်သည့်အခါ သွားရောက်ကုသခြင်းမရှိ သို့မဟုတ် သောက်သင့်သည့်ဆေးကို မသောက်ကြပေ။ လူတို့က “သင် ဆေးမသောက်လျှင် သင်၏ ရောဂါ ပိုဆိုးသွားနိုင်သည်။ ဆေးသောက်ရမည့် အချိန်ရှိပြီး ဆုတောင်းရမည့်အချိန် ရှိသည်။ သင်သည် သင်၏ ယုံကြည်ခြင်းကို လိုက်နာပြီး သင်၏ တာဝန်ကို မစွန့်ပစ်ရန်သာ လိုအပ်သည်”ဟု ပြောကြသည်။ ၎င်းတို့က “အဆင်ပြေပါသည်၊ ဘုရားက ကျွန်ုပ်နှင့်အတူ ရှိသည်။ ကျွန်ုပ် မကြောက်ပါ”ဟု ပြန်ပြောကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အေးဆေးတည်ငြိမ်ဟန်ဆောင်ကြသည်၊ ကြောက်ရွံ့ခြင်းမရှိသကဲ့သို့ ယုံကြည်မှုအပြည့်ရှိသည့်ဟန်ဆောင်ကြသော်လည်း စိတ်ထဲတွင်မူ အလွန်ထိတ်လန့်တုန်လှုပ်နေပြီး အနည်းငယ် နာခြင်းအောင့်ခြင်း တစ်ခုတလေ ခံစားရသည်နှင့်တစ်ပြိုင်နက် ဆရာဝန်ဆီ တိတ်တဆိတ် ပြေးသွားတတ်ကြလေသည်။ ၎င်းတို့ ဆရာဝန်ဆီ သွားခဲ့ပြီး ဆေးသောက်ခဲ့သည်ကို တစ်စုံတစ်ဦးက သိလျှင် ထိုအရာကို ဖုံးဖိဖို့ အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများ ရှာရန် ကြိုးစားကြလေသည်။ ၎င်းတို့က “နာမကျန်းဖြစ်ခြင်းသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ သင်သည် နာမကျန်းမှု၌ အသက်ရှင်သောအခါ နာမကျန်းဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်သောအခါ သင့်၌ နာမကျန်းမှု မရှိချေ။ ကျွန်ုပ်တို့သည် နာမကျန်းမှု၌ အသက်မရှင်ရ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်ပါက ဤရောဂါသည် ပျောက်ကွယ်သွားပေလိမ့်မည်”ဟုလည်း မကြာခဏ ပြောဆိုကြလေသည်။ ပေါ်ပေါ်ထင်ထင်ပင် ဤသည်မှာ လူတို့ကို ၎င်းတို့ မကြာခဏ သွန်သင်သည့်အရာဖြစ်သည်၊ လူတို့ကို ကူညီရန် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က အသုံးပြုကြသည်။ သို့သော် တိတ်တဆိတ်အနေဖြင့် လူသားနည်းလမ်းများကို အသုံးပြုလျက် မိမိတို့၏ နာမကျန်းဖြစ်ခြင်းကို ဖြေရှင်းကြလေသည်။ အခြားလူတို့ရှေ့တွင် ဘုရားသခင်အပေါ် မှီခိုသည်ဟူ၍လည်းကောင်း၊ အရာရာက ဘုရားလက်တော်ထဲတွင် ရှိသည်ဟူ၍လည်းကောင်း ၎င်းတို့က ပြောကြသည်။ နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေခြင်းကို ၎င်းတို့ ကြောက်ရွံ့ခြင်းမရှိဟု ပြောကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် မည်သူမဆိုထက် ပိုမို ကြောက်ရွံ့ကြသည်၊ နာမကျန်းဖြစ်ပြီး ဆေးရုံတက်ရမည်ကို ကြောက်ကြပြီး သေခြင်းကို သာ၍ပင် ကြောက်လန့်ကြလေသည်။ ၎င်းတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း လုံးဝ မရှိပေ။ အခြားလူတို့ရှေ့တွင် ၎င်းတို့က ဆုတောင်းကာ “ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျွန်ုပ် ဝမ်းမြောက်စွာ ကျိုးနွံနာခံပါသည်။ အရာရာသည် ဘုရားထံမှ လာပြီး လူတို့က မညည်းတွားသင့်ပါ”ဟု ပြောကြသည်။ ထိုစဉ်အတောအတွင်းတွင် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ၎င်းတို့က “ငါ၏ တာဝန်ကို ငါ သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီးဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ဤအနာရောဂါက ငါ့အပေါ် ကျရောက်နိုင်ရသနည်း။ အခြားမည်သူကမျှ ထိုရောဂါကို မရကြသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားက ငါ့ကို ထုတ်ဖော်ပြဖို့၊ ငါ့တာဝန်ကို မထမ်းဆောင်အောင် တားဆီးဖို့ ဤအရာကို အသုံးပြုနေသလော။ ဘုရားက ငါ့ကို အလွန်မုန်းတီးသလော။ သူ ငါ့ကို အလွန်မုန်းတီးလျှင် ငါသည် အစေခံသူတစ်ဦး ဖြစ်သည်လော။ ဘုရားက ငါ့ကို အစေခံမှုပေးခြင်းအတွက် အသုံးပြုနေခြင်းလော။ အနာဂတ်တွင် အဆုံးသတ်တစ်ခု ငါ ရှိလိမ့်မည်လော”ဟု တွေးနေကြလေသည်။ ၎င်းတို့သည် ကျယ်ကျယ် မညည်းညူဝံ့ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက သေချာပေါက် မှန်ကန်ခြင်း ရှိချင်မှရှိမည်ဟု ၎င်းတို့က မိမိတို့ဘာသာ တွေးမိကြသည်။ သို့သော် အပြင်ပန်းအနေဖြင့် မည်သည့်အရာမျှ မမှားယွင်းသည့်အလား ဟန်ဆောင်ကြသည်၊ ဖျားနာသည့်အခါတွင်ပင် ယင်းက ၎င်းတို့ကို မတားဆီးနိုင်ဟူ၍လည်းကောင်း၊ မိမိတို့၏တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်သည်ဟူ၍လည်းကောင်း၊ ကျိုးနွံနာခံကာ သစ္စာစောင့်သိနိုင်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်အတွက် အသုံးခံနိုင်ဆဲဖြစ်သည်ဟူ၍လည်းကောင်း ထင်မြင်စေကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ကြခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် အတုအယောင်ဖြစ်သည်။ ၎င်းတို့၏ သစ္စာစောင့်သိမှုသည် အတုအယောင်ဖြစ်သည်။ ဤတွင် စစ်မှန်သည့် မှီခိုအားထားမှုနှင့် အရှုံးပေးအပ်နှံမှုတို့ရှိဖို့ မဆိုထားနှင့်၊ စစ်မှန်သည့် ကျိုးနွံနာခံခြင်းမရှိ၊ စစ်မှန်သည့် ယုံကြည်ခြင်းမရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းမရှိ၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆန်းစစ်ခြင်းမရှိသကဲ့သို့ မိမိတို့ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်း မရှိကြချေ။ မိမိတို့ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသမျှမှာ ၎င်းတို့၏ သွေးသား အကျိုးစီးပွားများ၊ အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ၊ အထင်လွဲမှုများနှင့် သံသယများဖြင့် ပြည့်နေသည်။ သို့တိုင် အပြင်ပန်းတွင် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တစ်ဦးဦး၏ အသွင်သဏ္ဌာန်ပေးကြပြီး ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ “ဘုရား၏ ကောင်းမွန်သော ရည်ရွယ်ချက်ရှိသည်။ ကျွန်ုပ် ညည်းညူရမည်မဟုတ်ပါ”ဟု ပြောကြသည်။ ၎င်းတို့၏ နှုတ်များက ညည်းညူခြင်းမရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ချာချာလည်နေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ ညည်းညူချက်များ၊ အထင်လွဲမှုများနှင့် သံသယများသည် ၎င်းတို့ စိတ်နှလုံးများတွင် အပြင်းအထန်လှုပ်ရှားနေသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် နှောင့်နှေးခြင်းမရှိကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တာဝန်ကို ၎င်းတို့က စွန့်လွှတ်နှင့်ပြီး ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်၍ လိမ်လည်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်သည်။
အန္တိခရစ်များသည် မည်သည့်အခြေအနေတွင်ဖြစ်စေ အယောင်ဆောင်၍ လိမ်လည်ခြင်းကို အမြဲ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် မည်သည့်အချိန်အခါဖြစ်သည်ကို အလေးဂရုမပြုကြချေ။ သာဓကအနေဖြင့် စုဝေးပွဲများကို တက်ရောက်သည့်အခါ အချို့သော ညီအစ်ကို မောင်နှမများက အပြန်အလှန် နှုတ်ဆက်ကြသည်။ အန္တိခရစ်များက ဤအရာကို မည်သို့ကိုင်တွယ်ကြသနည်း။ ၎င်းတို့က “စကားစမြည်ပြောဆိုခြင်းကို ရပ်လိုက်ပါ၊ ကျွန်ုပ်တို့ စုဝေးပွဲတွင် ရောက်နေကြခြင်းဖြစ်သည်။ ဤကိစ္စမျိုးများကို စကားစမြည် ပြောဆိုရအောင် မည်သည့်နေရာတွင် သင်တို့ ရှိနေသည်ဟု ထင်သနည်း။ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးမရှိပါ။ အလေးအနက်ထားကြလော့”ဟု ပြောကြသည်။ လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ချိန်တွင် အားလပ်ချိန်ယူကြပြီး အန္တိခရစ်များက ဤအရာကို မြင်သည့်အခါ “ဝတ်ကျေတမ်းကျေ လုပ်ပြန်သည်ပေါ့၊ ဟေ။ သို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များကို သင် ချက်ချင်းဖတ်ပြီး သူ့ရှေ့သို့ လာဆုတောင်းသင့်သည်”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများက အချင်းချင်းထံမှ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူဖို့ အမြင်များကို ဖလှယ်ကြသည့်အခါ ၎င်းတို့က “သင်တို့သည် ဘုရားနှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုကာ အရင်ဆုံး ဆုတောင်းသင့်ပြီး ထို့နောက် နောက်ပိုင်းတွင်မှ အမြင်များနှင့် စိတ်ကူးများကို ဖလှယ်သင့်သည်”ဟု ပြောကြလိမ့်မည်။ စုဝေးပွဲတစ်ခု မစတင်မီ တစ်စုံတစ်ဦးက ဆုမတောင်းရသေးလျှင် အန္တိခရစ်က ထိုသူကို အပြစ်ဖော်ဆုံးမလိမ့်မည်၊ လူတစ်မျိုးမျိုးအဖြစ် သတ်မှတ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောစရာ ရှိကြလိမ့်မည်။ ကဏ္ဍတိုင်းတွင် ၎င်းတို့က ဝိညာဉ်ရေးရာ အလွန်ပြည့်ဝကြောင်း၊ အလွန် စိတ်ထက်သန်ကြောင်း၊ သမ္မာတရားအပေါ် အလွန်တာဝန်သိတတ်ပြီး ထိုသမ္မာတရားကို လိုက်စားရန် ကြိုးစားကြကြောင်း၊ ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ အလွန်တာဝန်ယူတတ်ကြောင်း၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုနိုင်ကြောင်း၊ ၎င်းတို့တွင် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာရှိကြောင်း၊ စုဝေးပွဲများကို ၎င်းတို့ ပုံမှန်တက်ကြကြောင်း၊ စုဝေးပွဲများကို တက်ကြသည့်အခါ ၎င်းတို့ ဆုတောင်းကြကြောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ညွှန်ကြားထားသည့်နည်းလမ်းဖြင့် မိတ်သဟာယပြုကြောင်းနှင့် စကားစမြည်ပြောဆိုရာတွင် မည်သည့်အခါတွင်မျှ ပါဝင်ခြင်း မရှိကြောင်း သို့မဟုတ် အိမ်အရေးကိစ္စများကို ပြောဆိုဆွေးနွေးခြင်း မရှိကြကြောင်းတို့ကို အခြားသူတို့အား မြင်အောင်လုပ်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်၏ ဆံပင် ရှည်နေပြီဖြစ်သည်။ သင် သွားညှပ်သင့်သည်။ ယခုတွင် ရာသီဥတုပူနေပြီဖြစ်သည်။ ထို့ကြောင့် သင်၏ ဆံပင်ကိုညှပ်လျှင် သင် ပိုအေးသွားလိမ့်မည်”ဟု ပြောလျှင် ၎င်းတို့က “ကျွန်ုပ်၏ ဆံပင် အနည်းငယ်ရှည်ခြင်းက အရေးမကြီးပါ။ အလုပ်က အရေးကြီးသည်။ ကျွန်ုပ်၏ဆံပင်ကို နောက်ထပ်နှစ်ရက် အရှည်ထားမည်ဆိုလျှင် အပူဒဏ်က ကျွန်ုပ်ကို မည်သည့် ပြဿနာမျှ ဖြစ်စေမည်မဟုတ်ပါ”ဟု ပြန်ပြောကြသည်။ တစ်စုံတစ်ဦးက “သင်၏ အဝတ်အစားများက ဟောင်းနွမ်းစုတ်ပြတ်နေသည်။ ဆက်ဝတ်နေလျှင် လူတို့က သင့်ကို လှောင်ရယ်ကြလိမ့်မည်”ဟု ပြောသည်။ အန္တိခရစ်က “ကိစ္စမရှိပါ။ ဘုရားကို ယုံကြည်သော ကျွန်ုပ်တို့ ယုံကြည်သူများသည် လှောင်ရယ်ခံရခြင်းအကြောင်းကို စိုးရိမ်ကြသလော။ ကျွန်ုပ်တို့အားလုံး လွန်စွာ ဆင်းရဲဒုက္ခ ခံရပြီးဖြစ်ကာ အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို တစ်ချိန်လုံး ခါးစည်းခံရပြီးဖြစ်သည်။ လောကီလူတို့၏ ငြင်းပယ်ခြင်း ခံရသည့် လမ်းကြောင်းကို ကျွန်ုပ်တို့ လျှောက်လှမ်းပြီးဖြစ်သည်။ ထို့ကြောင့် လူတို့က ကျွန်ုပ်၏ ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများအတွက် ကျွန်ုပ်ကို လှောင်ရယ်လျှင်ကော အဘယ်သို့နည်း။ ဘုရားက ကျွန်ုပ်ကို လက်ခံသရွေ့ ယင်းသည်သာ အရေးကြီးပါသည်”ဟု ပြောကြသည်။ ဤသည်မှာ ပြောကောင်းသည့်စကား ဖြစ်သလော။ (၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသယောင် ဟန်ဆောင်နေကြခြင်းဖြစ်သည်။) ငါက မေးခွန်းများမေးကာ တရားဒေသနာတစ်ခုပြီးသည့်နောက် လူတိုင်းအား ထိုမေးခွန်းများနှင့်ပတ်သက်၍ မိတ်သဟာယ ပြုခိုင်းသော်လည်း လူတို့က မိတ်သဟာယတွင် ထိုမေးခွန်းများအား အဖြေမပေးနိုင်သည်ကို လူအချို့က မြင်ကြသည်။ ထို့ကြောင့် ဤသို့ အကျဉ်းချုပ် ပြောဆိုကြသည်။ “ဤနေရာတွင် အလင်းသစ် တစ်ခုခုကို ကျွန်ုပ် ရှာတွေ့ပြီဖြစ်သည်။ ဘုရားက မည်သည့်အရာကိုမျှ အလကား မစားပါ၊ သို့သော် ကျွန်ုပ်တို့က ဂေါ်ဖီထုပ်ကိုပင် အချည်းနှီး စားကြသည်”ဟူ၍ ဖြစ်သည်။ ဤသို့ပြောသည်ကို ယခင်က သင် ကြားဖူးပြီလော။ (မကြားရသေးပါ။) ဘုရားသခင်က မည်သည့်အရာကိုမျှ အလကားမစား၊ ဆိုလိုသည်မှာ ဘုရားက လူတို့ကို တရားဒေသနာများ ဟောသောကြောင့် သူသည် သူ၏ အစားအစာကို ထိုက်ထိုက်တန်တန် ရရှိခြင်းဖြစ်သည်ဟူ၍ ၎င်းတို့က ပြောကြသည်။ ငါတို့က မည်သည့်အရာကိုမျှ မိတ်သဟာယ မပြုနိုင်သောကြောင့် ဂေါ်ဖီထုပ်ကိုပင် အလကားစားကြသည်ဟု ပြောခြင်းဖြစ်သည်။ လူအချို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိဘဲ ဤအရာကို သမ္မာတရားအဖြစ် သဘောထားကာ နေရာတကာ သွားပြောကြသည်။ ၎င်းတို့သည် မိမိကိုယ်ကို သိသည့် သိမြင်မှုကို မိတ်သဟာယပြုခြင်း၊ ဘုရားကို ကျိုးနွံနာခံကာ ချစ်ဖို့ လိုက်စားခြင်းနှင့် လူတို့ မကြာခဏ ဆွေးနွေးကြသည့် အခြားထိုသို့သော ကြားရလေ့ရှိသည့် အကြောင်းအရာများကို ဝိညာဉ်ရေးရာပြည့်ဝသောအရာ၊ အဆင့်မြင့်သောအရာ သို့မဟုတ် အလင်းသစ်အဖြစ် ယူဆ၍ရနိုင်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့အတွက် ထိုလူပြောပြီးသည့်အရာသည်သာ အလင်းသစ်ဖြစ်ပြီး အဆင့်မြင့်လေသည်။ ထိုလူပြောခဲ့သည့်အရာသည် မှန်ကန်ပုံရသော်လည်း သေချာ စဉ်းစားကြည့်သည့်အခါ စက်ဆုပ်စရာကောင်းပြီး ပြောဆိုရန် အဓိပ္ပာယ်မရှိသောအရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်သူများဖြစ်သော်လည်း ဝိညာဉ်ရေးရာ ပြည့်ဝသယောင်၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာရှိသယောင် ဟန်ဆောင်ပြီး သမ္မာတရားကို နားလည်သယောင် ဟန်ဆောင်လိုဆဲဖြစ်သည့်သူများက တီထွင်ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် လေလုံးထွားပြီး အနှစ်မဲ့သည့် စကားလုံးများနှင့် အယူဝါဒများကို ပြောရန် သင်ယူရာတွင် အထူးလေ့လာလိုက်စားကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို အရေးမထားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ အယူဝါဒကို ပြောဆိုဖို့ သင်ယူရာတွင် အထူးလေ့လာလိုက်စားကြပြီး ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို မြင်ရန် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ စိစစ်ခြင်း မရှိကြချေ။ ဤလူများသည် သူတော်ကောင်းယောင်ဆောင်သောသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို အားလုံးထဲတွင် အရွံမုန်းဆုံး ဖြစ်သည်။
ဤဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဟုခေါ်သည့်သူများ အတူတကွစုမိကြသည့်အခါ ၎င်းတို့က ကြီးကြီးကျယ်ကျယ် အကြောင်းအရာကို လေရှည်ကြသည်၊ နက်နဲသောအရာများကို ဆွေးနွေးကြသည်၊ မိမိကိုယ်ကို သိရှိခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းအကြောင်း ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့် အရာများသည် အလွန် အဆင့်မြင့်ပြီး လောကီဆန်သည့် အပြောအဆို လုံးဝ ဖြစ်ပုံမရပေ။ ၎င်းတို့သည် တဖြည်းဖြည်းချင်း ပြောနေသည့်အကြောင်းအရာနှင့် လမ်းကြောင်းလွဲသွားပြီး လုံးဝ မဆီလျော်သည့်အကြောင်းအရာများကို ပြောဆိုနေလျက် ပြောပြီးရင်း ပြောနေမိကြသည်။ “လုံးဝ မဆီလျော်သည့် အကြောင်းအရာများကို ပြောဆိုခြင်း”သည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် လုံးလုံး အဓိပ္ပာယ်မဲ့သည့်အရာကို စတင်ပြောဆိုသည်ထိ ပြောပြီးရင်း ပြောနေမိခြင်းဖြစ်သည်။ မည်သူက ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုသည်ဟူသည်နှင့် ဘုရားနှုတ်ကပတ်တော် အခန်းကြီးတစ်ခု၏ မည်မျှကို ၎င်းတို့ သတိရကာ ဟောပြောနိုင်သည်၊ မည်သူက အခြားသူများထက် သာ၍ အဆင့်မြင့်ပြီး သာ၍ နက်နဲသော နည်းလမ်းဖြင့် တရားဟောနိုင်သည်ဆိုသည်နှင့် မည်သူက အခြားသူများထက် အလင်းဖြစ်စေသည့် နည်းလမ်းတစ်ခုဖြင့် ဟောပြောနိုင်သည်ဟူသည်တို့ကို ကြည့်ရန် အချင်းချင်း ယှဉ်ပြိုင်ကြလေသည်။ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ ယှဉ်ပြိုင်ကြပြီး ဤအရာကို “ဝိညာဉ်ရေးရာ ယှဉ်ပြိုင်ခြင်း”ဟု ခေါ်သည်။ တစ်ခါတစ်ရံ လူတို့သည် အတူတကွ စကားစမြည် ပြောဆိုနေကြသည်၊ လတ်တလောတွင် ၎င်းတို့ မည်သည့်အခြေအနေ ရှိကြသည် သို့မဟုတ် အပြင်ပန်း ကိစ္စရပ်အချို့အကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။ ထို့နောက် “ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူ”တစ်ဦး ရောက်လာပြီး ဤအရာများအကြောင်းကို လူတိုင်း စကားစမြည်ပြောဆိုနေကြသည်ကို ကြားသည့်အခါ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ယူပြီး ထောင့်တစ်နေရာကို သွားရှာဖတ်ရှုကြလေသည်။ ထိုသို့သော လူတစ်ဦးသည် ပေါင်းသင်းဆက်ဆံမှုမရှိသကဲ့သို့ ထူးဆန်းသည့်ပုံပေါ်သည် မဟုတ်လော။ အဓိကအကြောင်းအရာနှင့် ပတ်သက်၍ လူအချို့နှင့် ငါ မိတ်သဟာယပြုသည့်အခါ အလယ်တွင် ခဏအနားယူမည်ဖြစ်ပြီး အပြင်ပန်း ကိစ္စရပ်များအကြောင်းကို စကားစမြည်ပြောကြမည် ဖြစ်သည်။ ယင်းမှာ ပုံမှန်ဖြစ်သည် မဟုတ်လော။ ဤစကားစမြည်ပြောဆိုချိန်အတွင်းတွင် လူအချို့က အသံမထွက်ကြပေ။ ဤသို့အသံမထွက်သည်မှာ “သင်က သမ္မာတရားအကြောင်း မိတ်သဟာယပြုသည့်အခါ ကျွန်ုပ် နားထောင်မည်ဖြစ်သော်လည်း သင် စတင် စကားစမြည်ပြောဆိုလျှင် ကျွန်ုပ် နားထောင်တော့မည် မဟုတ်ပါ။ အချိန်ကြာမြင့်စွာ သင် ဆက်လက်၍ စကားစမြည်ပြောဆိုလျှင် ကျွန်ုပ် ထွက်သွားမည်ဖြစ်သည်” ဟု ဆိုလိုလေသည်။ မည်သည့်နေရာသို့ ၎င်းတို့ သွားကြသနည်း။ ၎င်းတို့သည် ဆုတောင်းရန် နေရာတစ်ခုခုကို သွားရှာကြပြီး “အို ဘုရား၊ ကျွန်ုပ်၏ စိတ်နှလုံးကို ပြန်ယူပါ။ ကိုယ်တော်၏ ရှေ့တွင် ကျွန်ုပ် ငြိမ်သက်စွာနေပါရစေ။ ဘာသာတရားမရှိသော လောက၏ ကိစ္စရပ်များဖြင့် ကျွန်ုပ် ဆွဲဆောင်ခြင်းခံရပြီး အလုပ်မရှုပ်မပါရစေနှင့်၊ ပြီးလျှင် လောကီ ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကို ကျွန်ုပ် မခံရပါစေနှင့်”ဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြသည်။ ယင်းမှာ အလွန် ဝိညာဉ်ရေးရာ ပြည့်ဝသလော။ ပြည့်ဝသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အိမ်ကိစ္စရပ်များနှင့် လတ်တလောတွင် သင်၏ အခြေအနေ မည်သို့ဖြစ်ခဲ့သည်ဟူသည်တို့အကြောင်းကို ၎င်းတို့ စကားစမြည် ပြောဆိုသည့်အခါ ဤသည်မှာ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်း မဟုတ်၊ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ ထည့်သွင်းပြောဆိုခြင်းမရှိဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ ထွက်သွားပြီး ဘုရားသခင်ရှေ့သို့ သွား ဆုတောင်းကြလေသည်။ ယင်းမှာ အနည်းငယ် ထူးဆန်းသည် မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရေးရာ ပြည့်ဝရန် ကြိုးစားသူတို့၏ အယောင်ဆောင်၍ လိမ်လည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင်၍ လိမ်လည်ရာတွင် အလွန်တော်ကြသည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့က ဝိညာဉ်ရေးရာ ပြည့်ဝကြောင်း၊ ၎င်းတို့၏ လိုက်စားမှုတွင် ၎င်းတို့ စိတ်အားထက်သန်ကြောင်း၊ ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့ အမြဲ အသက်ရှင်ကြကြောင်း၊ ၎င်းတို့၏ စကားများတွင် အလင်းရှိကြောင်း၊ ၎င်းတို့က သမ္မာတရားကို လိုက်စားကြောင်း၊ အပြင်လောကီဆန်သော လောက သို့မဟုတ် မိသားစု ချစ်ခင်တွယ်တာမှုများ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ မခံကြရကြောင်း၊ ၎င်းတို့တွင် ထိုသို့သော ဇာတိပကတိဆိုင်ရာ လိုအပ်ချက်များ မရှိကြောင်း၊ ၎င်းတို့က ပုံမှန်လူများနှင့် ကွဲပြားကြောင်း၊ ၎င်းတို့သည် လောကီဆန်သော လောကနှင့် ထိုသို့သော အောက်တန်းကျသည့် စိတ်ဝင်စားမှုများကို ဖယ်ရှားနှင့်ပြီးဖြစ်ကြောင်းတို့ကို အခြားသူတို့အား မြင်စေရန်ဖြစ်သည်။ လူအချို့က ဘာသာတရားမရှိသူများထံ စကားအနည်းငယ် ပြောဆိုသည့်အခါ ၎င်းတို့က “ယင်းမှာ မမှန်ပါ။ ဤဘာသာတရားမရှိသူများက ဆိုးပါသည်။ သူတို့ကို သင် စကားပြောပြီး သူတို့၏ အရေးကိစ္စများတွင် သင် ရောနှောမိသည်နှင့်တစ်ပြိုင်နက် သင်သည် စိတ်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝန်ချကာ ဆုတောင်းရန် ဘုရားရှေ့မှောက်သို့ အမြန်သွားရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် အမြန် ဖတ်ရှုရမည်၊ သူ၏ နှုတ်ကပတ်တော်များအား သင့်ကို နေရာယူစေရမည်ဖြစ်ပြီး သင့်ကို ပြည့်စေခွင့်ပေးရမည်ဖြစ်သည်”ဟု ပြောကြသည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သည့် ဘာသာတရားမရှိသောသူများကို ၎င်းတို့ မြင်သည့်အခါ ရှောင်ရှားကြပြီး စကားမပြောကြပေ။ ပုံမှန်ဆက်ဆံမှုတွင်ပင် ၎င်းတို့ ပါဝင်ပတ်သက်ကြမည်မဟုတ်သကဲ့သို့ ၎င်းတို့ကို ထူးဆန်းသည်ဟု လူတို့က တွေးထင်ကြသည်။ ဤသို့ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ “ဘာသာတရားမရှိသူများသည် နတ်ဆိုးများချည်းသာဖြစ်ပြီး သူတို့ကို ကျွန်ုပ်တို့ စကားမပြောရ။ ဘုရားက နတ်ဆိုးများကို ရွံမုန်းသည်။ ထို့ကြောင့် နတ်ဆိုးများနှင့် ကျွန်ုပ်တို့ ပေါင်းဖော်ပြီး သူတို့နှင့် ရင်းနှီးလျှင် ဘုရားက ထိုအရာကိုလည်း ရွံမုန်းမည်ဖြစ်သည်။ ဘုရား ရွံမုန်းသောအရာကို ကျွန်ုပ်တို့ ရွံမုန်းသင့်ပြီး ဘုရား ငြင်းပယ်သောအရာကို ကျွန်ုပ်တို့ ငြင်းပယ်သင့်သည်” ဟူ၍ဖြစ်သည်။ ညီအစ်ကို မောင်နှမတစ်ဦးက ဘာသာတရားမရှိသည့် မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးနှင့် စကားပြောနေသည်ကိုဖြစ်စေ၊ ရင်းရင်းနှီးနှီး ပြောဆိုနေသည်ကိုဖြစ်စေ၊ အိမ်ကိစ္စများအကြောင်း ပြောဆိုနေသည်ကိုဖြစ်စေ ၎င်းတို့ မြင်လျှင် “သူသည် ဘုရားကို နှစ်များစွာကြာ ယုံကြည်ခဲ့ကြသည့် အတွေ့အကြုံရှိသော ယုံကြည်သူတစ်ဦး ဖြစ်သည်။ ဘာသာတရားမရှိသူများကို ရှောင်ရှားရန် ကြိုးစားရမည့်အစား ထိုသူတို့နှင့် အလွန်ရင်းနှီးကြသည်။ ဤသည်မှာ ဘုရားကို သူတို့ သစ္စာဖောက်ခြင်းဖြစ်သည်၊ ပြီးလျှင် သူသည် ပြဿနာတစ်ခုနှင့် ကြုံတွေ့သည့်အခါ မုချ ယုဒတစ်ဦး ဖြစ်လာကြလိမ့်မည်”ဟု တွေးလျက် ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်မှုပြုကြလေသည်။ ၎င်းတို့သည် ထိုသို့သော လူများအပေါ် နာမည်တစ်ခု သမုတ်လိုက်ကြသည်။ လူအချို့တွင် သူတို့ကိုယ်တိုင်က ဘုရားသခင်ကို မယုံကြည်သည့်တိုင် ဘုရားသခင်ကို ယုံကြည်သည့် မိမိတို့ ကလေးအား ကန့်ကွက်ခြင်းလည်း မရှိသည့် မိဘများရှိကြသည်။ ၎င်းတို့သည် မိမိတို့မိဘများအား သာကြောင်းမာကြောင်းမေးရန် တစ်ခါတစ်ရံ ဖုန်းခေါ်ကြသည် သို့မဟုတ် မိဘများ နာမကျန်းဖြစ်သည့်အခါ စောင့်ရှောက်ပေးရန် အိမ်ပြန်ကြသည်။ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ရှုတ်ချခြင်း မရှိပေ။ ပြီးလျှင် ဤဝိညာဉ်ရေးရာ ပြည့်ဝသောလူများ၊ ဤအန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ဤသည်မှာ အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံဖြစ်သလော။ ၎င်းတို့သည် “သင်က အများအားဖြင့် စကားပြောအလွန်ကောင်းပြီး အခြားသူတို့အား ၎င်းတို့၏ ချစ်ခင်တွယ်တာမှုများကို လက်လွှတ်စေကာ ယင်းတို့၏ ဘောင်ခတ်ခြင်းမရအောင် ပြုစေသည်။ သို့သော် သင်၏ ချစ်ခင်မှုများက သာ၍ပင် အားကောင်းသည်ကို ကျွန်ုပ် မြင်သည်။ သင်၏ မိဘများက ဘုရားကို မယုံကြည်ကြသောကြောင့် သူတို့ကို သင် ငြင်းပယ်ရမည်”ဟု ပြောလျက် ထိုအရာအပေါ် ရေးကြီးခွင့်ကျယ်လုပ်ကြလေသည်။ တစ်ဖက်လူက “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်သော်လည်း ကျွန်ုပ်ကို တားလည်းမတားဆီးပါ။ သူတို့က ကျွန်ုပ်အပေါ် အလွန် အားပေးထောက်ခံသည်”ဟု ပြန်ပြောသည်။ အန္တိခရစ်က “သူတို့က သင့်ကို အားပေးထောက်ခံလျှင်ပင် ထိုအရာသည် လက်ခံနိုင်ဖွယ်မရှိသကဲ့သို့ သူတို့သည် နတ်ဆိုးများ ဖြစ်နေဆဲဖြစ်သည်။ သူတို့အတွက် သင်သည် အဘယ်သို့ဖြစ်ပြီး ချက်ပြုတ်ပေးနိုင်သေးသနည်း”ဟု ပြန်ပြောလေသည်။ တစ်ဖက်လူက “ဤသည်မှာ သာမန် လူသား ချစ်ခင်တွယ်တာမှုဖြစ်သည် မဟုတ်လော။ မိမိ၏ မိဘများအတွက် အစားအစာအနည်းငယ် ချက်ပြုတ်ပေးခြင်းနှင့် သူတို့အတွက် သားသမီးမေတ္တာပြခြင်းသည် ပုံမှန်ဖြစ်သည် မဟုတ်လော။ ဘုရားက ထိုအရာကို မရှုတ်ချပါ၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ်ကြောင့်များ ရှုတ်ချနေရသနည်း”ဟု ပြောသည်။ အန္တိခရစ်က “ဘုရားက ထိုသို့သော သေးငယ်သည့် ကိစ္စရပ်ကို အရေးတယူ ပြုတော်မူမည် မဟုတ်။ ဘုရားက ထိုအရာနှင့်ပတ်သက်၍ ဒုက္ခခံမည်မဟုတ်သည်နှင့်အမျှ ကျွန်ုပ်တို့က ရပ်တည်ချက်တစ်ခုယူပြီး ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်သင့်သည်။ သင်သည် ဤနှစ်များတစ်လျှောက်လုံး ဘုရားကို ယုံကြည်ပြီးဖြစ်သည့်တိုင် သင့်တွင် ပိုင်းခြားသိမြင်မှု သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု မရှိသည့်အပြင် နတ်ဆိုးများကို အလွန်ကောင်းစွာ ဆက်ဆံနိုင်သည်။ သင်၏ ချစ်ခင်တွယ်တာမှုက အလွန်အားကောင်းနေသည်”ဟု ပြန်ပြောလေသည်။ ဤအရာကိုပင် ၎င်းတို့က ရှုတ်ချကြသည်။ အခြားသူများက မည်သည့်အရာကို ပြုလုပ်ပါစေ မိမိတို့တွင် ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း၊ မိမိတို့၏ လိုက်စားမှုတွင် မိမိတို့ စိတ်ထက်သန်ကြောင်း၊ မိမိတို့တွင် ယုံကြည်ခြင်းရှိကြောင်း ပြသရန် ၎င်းတို့က ထိုသူတို့အပေါ် ရှုတ်ချကြပြီး အမည်တပ်ကြသော်လည်း အဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ မိသားစုဝင်တစ်ဦး သေဆုံးသည့်အခါ၎င်းတို့သည် နေ့ရက်များစွာကြာ ငိုကြွေးကြသည်မှာ အိပ်ရာမှ မထနိုင်သည့်အပြင် မိမိတို့၏ ယုံကြည်ခြင်းကို စွန့်ပစ်ချင်သည်အထိပင် ဖြစ်လေသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “သင်သည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတစ်ဦး ဖြစ်သည် မဟုတ်လော”ဟု ပြောသည်။ ၎င်းတို့က “ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတို့သည်လည်း အားမနည်းနိုင်သလော။ ကျွန်ုပ်သည် အနည်းငယ် အားနည်း၍မရနိုင်သလော”ဟု ပြန်ပြောကြလေသည်။ ဤသည်မှာ တစ်ပတ်ရိုက်ခြင်း ဖြစ်သည် မဟုတ်လော။ အတုအယောင် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများသည် ဟန်ဆောင်မှုကို လုပ်ဆောင်နိုင်စွမ်း ရှိကြပြီး ဤအရာကို အယောင်ဆောင်၍ လိမ်လည်ခြင်းဟု ခေါ်သည်။ ၎င်းတို့သည် လူတို့က မသင့်တော်သည့်အရာ သို့မဟုတ် စံမဟုတ်သည့်အရာအဖြစ် တွေးထင်ကောင်း တွေးထင်နိုင်သည့် မည်သည့်နည်းလမ်းနှင့်မျှ ပြုမူခြင်းမရှိဘဲ ၎င်းတို့တွင် အားနည်းမှုမရှိသည့်ဟန်ဆောင်ကြသည်၊ ကျိုးနွံနာခံတတ်သည့် ဟန်ဆောင်ကြသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ကို သစ္စာစောင့်သိသည့်၊ မိမိတို့၏ ကျမ်းသစ္စာများအား စောင့်ထိန်းနိုင်သည့်၊ ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သည့် ဟန်ဆောင်ကြလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူဖြင့် အကဲဖြတ်သည့်အခါ လူတို့က ၎င်းတို့ကို အသိအမှတ်ပြုကြပြီး မည်သည့်အပြစ်ကိုမျှ မဖော်ထုတ်နိုင်ကြပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန် လူ့ကျင့်ဝတ်ဖြင့် ကိုက်ညီပုံပေါ်ကြပြီး အပျက်သဘောဆောင်လာသည့်ပုံ သို့မဟုတ် အားနည်းလာသည့်ပုံပင် မပေါ်ကြပေ။ တစ်စုံတစ်ဦးက အားနည်းပြီး အပျက်သဘောဆောင်သည်ကို ၎င်းတို့ မြင်သည့်အခါ “သင်သည် ထိုသို့သော အရေးမပါသည့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ အားနည်းလာသည်၊ ယင်းသည် ဘုရားကို အလွန်နာကျင်စေသည် မဟုတ်လော။ ယခုက မည်သည့်အချိန်ကာလဖြစ်သည်ကို သင် သိမှသိလေသလော။ ဘုရားက အလွန်များသည့် နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ထံ မိန့်မြွက်ပြီးဖြစ်သောကြောင့် သင်သည် အဘယ်သို့ဖြစ်ပြီး အားနည်းလာနိုင်ဆဲ ဖြစ်ရသနည်း။ ဘုရား၏ စိတ်နှလုံးကို သင် အဘယ်သို့ဖြစ်ပြီး နားလည်မှု အလွန်နည်းနိုင်ရသနည်း။ မည်သည့် ပြဿနာကို သင် ကြုံရသည်ဖြစ်စေ သင်သည် ဘုရားရှေ့သို့ အမြဲ သွားဆုတောင်းရမည်၊ ဘုရားကို ချစ်ဖို့ သင်ယူကာ သူ့ကို သစ္စာစောင့်သိရမည်ဖြစ်ပြီး ကျိုးနွံနာခံရမည်ဖြစ်ကာ အားနည်းလာခြင်း မရှိရပေ။ သင်၏ ဇာတိပကတိကို သင် အမြဲ ထောက်ထားလျှင် သင်သည် ဘုရားကို ပုန်ကန်ခြင်းဖြစ်သည် မဟုတ်လော”ဟု ပြောလျက် ထိုသူတို့ကို မကြာခဏဆိုသလို ပြင်းထန်စွာ ပြစ်တင်မောင်းမဲလေသည်။ ဤနေရာတွင် ၎င်းတို့ ပြောဆိုသည့် အရာတစ်ခုတလေနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသည့်ပုံမပေါ်သော်လည်း ထိုအရာက အနှစ်မဲ့သည်ချည်းသာဖြစ်ပြီး လူတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ၎င်းတို့က “ယခုတွင် မည်သည့် အချိန်ကာလ ဖြစ်သည်ကို သင် သိမှသိလေသလော”ဟု ပြောသည်။ ယင်းသည် လူတို့ အားနည်းရခြင်းနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ ပုန်ကန်ခြင်းနှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး မိမိတို့ ဇာတိပကတိအတွင်းတွင် အသက်ရှင်ကြကာ လူတို့သည် အမြဲ အားနည်းလာနိုင်ကာ ပုန်ကန်နိုင်ကြပေသည်။
အန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူတို့၏ အခန်းကဏ္ဍ၊ ညီအစ်ကို မောင်နှမများထဲမှ အတော်ဆုံး၏ အခန်းကဏ္ဍနှင့် သမ္မာတရားကို သိနားလည်ပြီး အားနည်းကာ မရင့်ကျက်သောသူတို့ကို ကူညီနိုင်သည့်လူတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်ချင်ကြလေသည်။ ဤအခန်းကဏ္ဍကို ဆောင်ရွက်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် ၎င်းတို့က ဇာတိပကတိနှင့် လောကီကမ္ဘာကို ကျော်လွန်နှင့်ပြီးဖြစ်ကြောင်း၊ ပုံမှန်လူ့သဘာဝ၏ အားနည်းမှုနှင့် ပုံမှန်လူ့သဘာဝ၏ ဇာတိပကတိဆိုင်ရာ လိုအပ်ချက်များကို မိမိတို့၌ ဖယ်ရှားပြီးဖြစ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့သည် အရေးကြီးသည့် အလုပ်တာဝန်များကို တာဝန်ယူနိုင်သည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး မိမိ၏ စိတ်နှလုံးများက ဘုရားနှုတ်ကပတ်တော်များနှင့်ပြည့်သည့် ဘုရားအိမ်တော်တွင် ရှိသောသူများဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီနှင့်ပြီးဖြစ်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေနှင့်ပြီးဖြစ်ခြင်းအတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ခြင်းနှင့် ဘုရားသခင် ကတိပြုပြီးသည့် နှစ်သက်ဖွယ်သော ခရီးပန်းတိုင်ကို ရရှိနိုင်ခြင်းတို့အတွက် ၎င်းတို့က မိမိတို့ကိုယ်ကို ချီးမွမ်းကြသည်။ ထို့ကြောင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေကြပြီး ကျန်သည့်သူများထက် သာလွန်သည်ဟု မကြာခဏ ခံစားကြလေသည်။ ၎င်းတို့က အခြားသူများကို ဩဝါဒခြွေဖို့နှင့် အခြားသူတို့ကို ရှုတ်ချကာ ဆုံးဖြတ်သတ်မှတ်ဖို့အတွက် မိမိတို့ စိတ်များတွင် မှတ်မိကာ နားလည်နိုင်သည့် စကားလုံးများကို အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် အသင်းတော်တွင် မိမိတို့၏ အဆင့်အတန်းကို ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ အခြားလူများအား စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းစေကာ ၎င်းတို့ကို နာခံစေလျက် အခြားသူတို့ကို ဘောင်ခတ်ကာ ညွှန်ကြားရန်အတွက် မိမိတို့၏ အယူအဆများတွင် စိတ်ကူးမိသည့် အချို့သော လုပ်နည်းကိုင်နည်းများနှင့် ပြောဆိုချက်များကိုလည်း မကြာခဏ အသုံးပြုကြလေသည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အယူဝါဒတစ်စုံကို ဟောပြောနိုင်သရွေ့၊ ရေပန်းစားသော ဆောင်ပုဒ်များကို ဟစ်ကြွေးနိုင်သရွေ့၊ လမ်းခရီးကို ဦးဆောင်နိုင်သရွေ့ ရှေ့ထွက်လာပြီး အလုပ်ကို တာဝန်ယူကာ အသင်းတော်၏ ပုံမှန် အစီအစဉ်ကို ထိန်းသိမ်းနေသရွေ့ ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းက တည်ငြိမ်လိမ့်မည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများအဖြစ် ဟန်ဆောင်ကာ ထိုသို့ဖြစ်ခြင်းအတွက် မိမိတို့ကိုယ်ကို ချီးမွမ်းကြစဉ် တစ်ချိန်တည်းတွင် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူ၊ အပြည့်အဝ တတ်စွမ်းနိုင်ပြီး စုံလင်သော လူများအဖြစ် ဟန်ဆောင်ကြလေသည်။ သာဓကအနေဖြင့် ၎င်းတို့ စာရိုက်နိုင်သလောဟု ၎င်းတို့ကို သင် မေးလျှင် ၎င်းတို့က “စာရိုက်ခြင်းသည် ကျွန်ုပ်အတွက် မခက်ပါ”ဟု ပြောကြသည်။ သင်က ၎င်းတို့ကို “စက်ပစ္စည်းများကို သင် ပြင်နိုင်သလော”ဟု မေးသည်။ ၎င်းတို့က “စက်ပစ္စည်းများအားလုံး၏ နိယာမများက အတူတူပင်ဖြစ်သည်။ ကျွန်ုပ် ပြင်နိုင်သည်”ဟု ပြောကြသည်။ သင်က “ထွန်စက်များကို သင် ပြင်နိုင်သလော”ဟု မေးသည်။ ၎င်းတို့က “ထိုအကြမ်းထည်ဖြစ်သော စက်များကို ပြင်ခြင်းက စက်ပစ္စည်းများကို ပြင်တတ်ခြင်းအဖြစ် ယူဆ၍ရသလော” ဟု ပြောလေသည်။ သင်က ၎င်းတို့ကို “သင် ချက်ပြုတ်တတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်က အစားအစာကို စားသောကြောင့် ချက်ပြုတ်တတ်သည်မှာ ပြောစရာမလိုပါ”ဟု ပြောကြသည်။ သင်က “သင်သည် လေယာဉ်မောင်းတတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ် မသင်ယူဖူးသော်လည်း သင်ယူလျှင် လုပ်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်သည် လေယာဉ်မှူးဖြစ်နိုင်မည်ဖြစ်သည်၊ ပြဿနာမရှိပါ”ဟု ပြောကြသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်သည်၊ အရာရာတွင် တော်ကြသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ တစ်စုံတစ်ဦး၏ ကွန်ပျူတာ ပျက်သွားပြီး ၎င်းတို့ကို ပြင်ခိုင်းသည်။ ထိုအရာကို အလွယ်တကူ ပြင်နိုင်သည်ဟု ၎င်းတို့က ပြောသော်လည်း အမှန်တွင် ၎င်းတို့က ဘာမျှမသိသကဲ့သို့ မည်သို့ ပြင်ရမည်ကို မသိပေ။ အဆုံးတွင် ထိုအရာကို အကြိမ်ကြိမ် ပြင်ရန် ကြိုးစားပြီးနောက် ကွန်ပျူတာတွင်ရှိသည့် သတင်းအချက်အလက်အားလုံးကို ပယ်ဖျက်မိသွားကြလေသည်။ ကွန်ပျူတာပိုင်သည့်လူက ၎င်းတို့ကို “သင် ပြင်တတ်သလော၊ မပြင်တတ်သလော”ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ယခင်က ကွန်ပျူတာများကို ပြင်ခဲ့သော်လည်း ယခုတွင် အကြောင်းအမျိုးမျိုးကြောင့် ပြင်နည်းကို ကျွန်ုပ် မေ့သွားလေပြီ။ အခြားတစ်စုံတစ်ဦးကို သင် ပြင်ခိုင်းခြင်းက အကောင်းဆုံး ဖြစ်မည်”ဟု ပြန်ပြောကြသည်။ ၎င်းတို့သည် ဟန်ဆောင်မှုတွင် အလွန်တော်ကြသည်၊ မှန်သလော။ ဤကဲ့သို့သော လူများသည် ကောင်းကင်တမန်မင်း၏ စိတ်သဘောထား ရှိကြသည်။ ၎င်းတို့က “မည်သို့ လုပ်ဆောင်ရမည်ကို မသိပါ” သို့မဟုတ် “ကျွန်ုပ် မလုပ်တတ်ပါ” သို့မဟုတ် “ထိုအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ် မတော်ပါ” သို့မဟုတ် “ယင်းကို ယခင်က ကျွန်ုပ် မမြင်ဖူးပါ” သို့မဟုတ် “ကျွန်ုပ် မသိပါ”ဟူ၍ လုံးဝ မပြောနိုင်ကြပေ။ ထိုသို့သောအရာများကို ၎င်းတို့ လုံးဝ မပြောနိုင်ကြပေ။ ကိစ္စရပ်က မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ကို သင် မေးမြန်းလျှင် ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိသကဲ့သို့ ယခင်က မမြင်ဖူးလျှင်ပင် အရာရာတွင် ၎င်းတို့ တော်ကြကြောင်း၊ အရာရာအား မည်သို့ လုပ်ဆောင်ရမည်ကို သိကြကြောင်း၊ အရာရာကို လုပ်ဆောင်နိုင်ပြီး အရာရာကို လုပ်ဆောင်၍ရကြောင်း သင်က တလွဲ ယုံကြည်မိစေဖို့အလို့ငှာ အကြောင်းပြချက်များနှင့် ဆင်ခြေများကို ၎င်းတို့ အကြံထုတ်ကြဆဲဖြစ်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ချင်ကြသနည်း။ (မဟာလူသား၊ အပြည့်အဝ တတ်စွမ်းနိုင်သည့်လူများ ဖြစ်သည်။) ၎င်းတို့သည် အပြည့်အဝ တတ်စွမ်းနိုင်သည့်လူများ ဖြစ်ချင်ကြသည်၊ အလင်း၏ ကောင်းကင်တမန်များအဖြစ် ဟန်ဆောင်ချင်ကြသည်။ ၎င်းတို့သည် ဤအရာမျိုး ဖြစ်ကြသည် မဟုတ်လော။ အန္တိခရစ်များက အရာရာတွင် ၎င်းတို့ တော်သည်ဟု အမြဲ ဟန်ဆောင်ချင်ကြသောကြောင့်၊ အခြားသူတို့နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရန်၊ အမြင်များကို ဖလှယ်ရန်၊ ပြဿနာများအပေါ် အခြားသူတို့နှင့် ဆွေးနွေး၊ မိတ်သဟာယပြုပြီး ပြောဆိုဆက်သွယ်ရန် သင် စေခိုင်းသည့်အခါ ၎င်းတို့က မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မည်သူကိုမျှ ကျွန်ုပ် မလိုပါ။ ကျွန်ုပ် အကူတစ်ဦး မလိုအပ်ပါ။ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် မည်သူမဆို၏ အကူအညီကိုမျှ ကျွန်ုပ် မလိုအပ်ပါ။ ကျွန်ုပ်ဘာသာ ကျွန်ုပ် လုပ်နိုင်သည်၊ အရာရာအား မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် သိသည်။ ကျွန်ုပ် အပြည့်အဝ တတ်စွမ်းနိုင်ပြီး ကျွန်ုပ် မလုပ်နိုင်သည့်အရာ ဘာမျှမရှိ၊ ကျွန်ုပ် မစွမ်းဆောင် မရရှိနိုင်သည့်အရာ ဘာမျှ မရှိသကဲ့သို့ ကျွန်ုပ် အပြီးမသတ်နိုင်သည့်အရာ ဘာမျှမရှိပါ။ ကျွန်ုပ် မည်သူနည်း။ မည်သည့်အရာကိုမဆို မည်သို့ လုပ်ဆောင်ရမည်ကို သင်တို့ မသိကြသကဲ့သို့ တစ်စုံတစ်ရာအား လုပ်ဆောင်ရမည့်ပုံကို သင်တို့ သိလျှင်ပင် သင်တို့သည် ထိုအရာတွင် ကျွမ်းကျင်ခြင်း မရှိကြပါ။ အမှုအရာတစ်ခုကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် သင်ယူလေ့လာပြီးဖြစ်သော်လည်း အရာရာအား လုပ်ဆောင်ရမည့်ပုံကို ကျွန်ုပ် သိသည်။ အမှုအရာတစ်ခုတွင် ကျွန်ုပ် ကျွမ်းကျင်လျှင် အရာအားလုံးတွင် ကျွန်ုပ် ကျွမ်းကျင်သည်။ ဆောင်းပါးများ မည်သို့ ရေးသားရမည်ကို ကျွန်ုပ်သိပြီး နိုင်ငံခြား ဘာသာစကားများကို ကျွန်ုပ် ပြောဆိုနိုင်သည်။ ယခု မည်သည့် နိုင်ငံခြားဘာသာစကားကိုမဆို ကျွန်ုပ် မပြောဆိုနိုင်သော်လည်း ကျွန်ုပ် လေ့လာခဲ့လျှင် နိုင်ငံခြား ဘာသာစကား ငါးခုကို သင်ယူဖို့ ကျွန်ုပ်အတွက် ပြဿနာရှိမည် မဟုတ်ပါ”ဟု ပြောကြလေသည်။ ၎င်းတို့အနေဖြင့် ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်နိုင်သလော၊ သီချင်းဆိုပြီး ကနိုင်သလောဟု တစ်စုံတစ်ဦးက ၎င်းတို့ကို မေးပြီး ၎င်းတို့က ထိုအရာအားလုံးကို လုပ်ဆောင်နိုင်သည်ဟု ပြောကြသည်။ ၎င်းတို့သည် ကြွားဝါရာတွင် အလွန်တော်ကြသည်၊ မှန်သလော။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်နိုင်ပြီး အရာရာတိုင်းအား မည်သို့ လုပ်ဆောင်ရမည်ကို သိသယောင် ၎င်းတို့ ဟန်ဆောင်ကြသည်။ ၎င်းတို့တွင် ကောင်းကင်တမန်မင်း၏ သဘာဝ အမှန်တကယ် ရှိကြပါပေတကား။ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် နှစ်ကာလများအတွင်း ၎င်းတို့ အားနည်းလာခြင်း ရှိဖူးသလောဟု တစ်စုံတစ်ဦးက ၎င်းတို့ကို မေးမြန်းပြီး ၎င်းတို့က “အားနည်းလာဖို့အကြောင်း အဘယ်အရာရှိသနည်း။ ဘုရားနှုတ်ကပတ်တော်များကို အလွန်ရှင်းလင်းစွာ ပြောဆိုထားသည်။ ကျွန်ုပ်တို့ အားနည်းမလာရပေ။ ကျွန်ုပ်တို့ အားနည်းလာကြလျှင် ဘုရားကို ကျွန်ုပ်တို့ စိတ်ပျက်စေကြခြင်းဖြစ်သည်။ ဘုရား၏ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်ုပ်တို့ ၁၂၀ ရာခိုင်နှုန်း အားထုတ်သင့်ကြသည်”ဟု ပြန်ပြောကြသည်။ အခြားလူတစ်ဦးက “သင်သည် လွန်ခဲ့သောနှစ်များစွာက အိမ်မှ ထွက်ခွာလာပြီးနောက် အိမ်ကို လွမ်းဖူးသလော။ အိမ်ကို လွမ်းဆွတ်သည့်အခါ သင် ငိုသလော”ဟု မေးသည်။ ၎င်းတို့က “ငိုရမည့်အကြောင်း အဘယ်အရာရှိသနည်း။ ဘုရားက ကျွန်ုပ်၏ စိတ်နှလုံးတွင် ရှိသည်။ ဘုရားကို ကျွန်ုပ် စဉ်းစားသည့်အခါ အိမ်ကို မလွမ်းတော့ပါ။ ကျွန်ုပ်၏ ဘာသာတရားမရှိသည့် မိသားစုဝင်များအားလုံးက နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ သူတို့ ကျိန်ခြင်းခံရဖို့အတွက် ကျွန်ုပ် ဆုတောင်းသည်”ဟု ပြန်ပြောကြသည်။ အခြားလူတစ်ဦးက ၎င်းတို့ကို “သင်ယုံကြည်သည့်နှစ်ကာလများတွင် သင် လမ်းလွဲဖူးသလော”ဟု မေးသည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်ကို အလွန်ရှင်းလင်းစွာ ပြောဆိုထားသည်။ အဘယ်သို့ဖြစ်ပြီး လမ်းလွဲနိုင်မည်နည်း။ လမ်းလွဲသောသူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် အဓိပ္ပာယ်မဲ့သောလူများဖြစ်သည်။ ကျွန်ုပ်ကဲ့သို့သော အစွမ်းအစရှိသည့် လူတစ်ဦးသည် လမ်းလွဲနိုင်သလော။ မှားယွင်းသည့် လမ်းကြောင်းကို ကျွန်ုပ် လျှောက်နိုင်သလော။ မဖြစ်နိုင်ပါ”ဟု ပြန်ပြောကြသည်။ ၎င်းတို့အနေဖြင့် အရာရာတွင် တော်ကြောင်း၊ အခြားလူအားလုံးထက် တော်ကြကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အပျက်သဘောဆောင်ပြီး အားနည်းလာသည့် လူတို့အပေါ် ၎င်းတို့ အဘယ်အရာ တွေးထင်ကြသနည်း။ ၎င်းတို့က “အပျက်သဘောဆောင်ပြီး အားနည်းလာသည့်လူများသည် ပိုကောင်းသောအရာကို လုပ်စရာမရှိ၍သာ ဖြစ်သည်”ဟု ပြောကြသည်။ ဤသို့ အမှန်တကယ် ဖြစ်သလော။ အချို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သည် ပုံမှန်ဖြစ်ပြီး အချို့သော အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့နောက်ကွယ်တွင်မူ အကြောင်းရင်းတစ်ခု ရှိပေသည်။ ထို့ကြောင့် ဤလူများကို “ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်စရာ ဘာမျှမရှိ”ဟု ပြောခြင်းဖြင့် ဤပြဿနာကို အဘယ်သို့ဖြစ်ပြီး ၎င်းတို့ ဖော်ပြနိုင်ရသနည်း။ အန္တိခရစ်များသည် ဤနည်းဖြင့် ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်ကြသည်၊ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်နိုင်သယောင် ဟန်ဆောင်ကြသည်၊ ၎င်းတို့တွင် ချို့ယွင်းချက် သို့မဟုတ် အားနည်းချက် မရှိသယောင် ဟန်ဆောင်ကြပြီး ၎င်းတို့အနေဖြင့် ပုန်ကန်ခြင်းမရှိသကဲ့သို့ မည်သည့် ပြစ်မှားခြင်းများကိုမျှ လုံးဝ မကျူးလွန်ဖူးသယောင် သာ၍ပင် ဟန်ဆောင်ကြလေသည်။
အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ ဝင့်ဝါမှုကို ထိန်းသိမ်းဖို့နှင့် သိက္ခာဆည်ဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့် နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကိုလည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်အကြောင်းကိုလည်းကောင်း ဖွင့်ဟလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ဆိုးဆိုးရွားရွား ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်ပင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် ချစ်ခင်မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့သည် ဟန်ဆောင်မှုကင်းသော ဟန်ပန်ဖြင့် လူများကို ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်ကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါတိုင်းတွင် အာရုံစိုက်ခံရဖို့ အလျင်ဦးအောင် လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ပြသကာ ကိုယ့်ဂုဏ်ကိုယ်ဖော်တတ်ကြလေသည်။ ပြဿနာတစ်ခု ဖြစ်ပွားပြီး အကျိုးဆက်များ ဖြစ်ပေါ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အပြေးအလွှားသွားကာ ပုန်းကွယ်ကြသည် သို့မဟုတ် အခြားသူတစ်ယောက်ကို တာဝန်ယူခိုင်းဖို့ ကြိုးစားကြလေသည်။ ၎င်းတို့ နားလည်သည့် ပြဿနာတစ်ခုကို ကြုံရလျှင် ၎င်းတို့ တတ်နိုင်သည့်အရာကို ချက်ချင်း ကြွားဝါကာ ၎င်းတို့တွင် ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများရှိသည်ကို လူတို့ မြင်နိုင်ရန်အလို့ငှာနှင့် ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်နိုင်ကြစေရန်အလို့ငှာ အခြားသူတို့အား ၎င်းတို့ကို သိစေဖို့အတွက် အခွင့်အရေးကို ဖမ်းဆုပ်ကြလေသည်။ ကြီးမားသော အရာတစ်ခုခုဖြစ်ပေါ်ကာ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို တစ်ယောက်ယောက်က မေးလျှင် ၎င်းတို့သည် ၎င်းတို့အမြင်ကို ဖွင့်ပြရန် တွန့်ဆုတ်ကြသည်။ ထိုအစား အခြားလူများကို အရင်ပြောစေသည်။ ၎င်းတို့ တွန့်ဆုတ်သည်မှာ အကြောင်းပြချက်များရှိသည်။ ၎င်းတို့က အမြင်မရှိခြင်းမဟုတ်ဘဲ ၎င်းတို့အမြင်က မှားနေပြီး သူများကြားအောင်ပြောလျှင် အခြားလူများက ပြန်လည်ချေပမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေမည်ကို ၎င်းတို့ စိုးရွံ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မပြောခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ၎င်းတို့တွင် အမြင်မရှိဘဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိနိုင်၊ ၎င်းတို့အမှားကို လူတို့က လှောင်ရယ်ကြမည်ကို ကြောက်သောကြောင့် ထင်ရာမြင်ရာ မပြောရဲပေ၊ ထို့ကြောင့် တိတ်တဆိတ်နေခြင်းက ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ အချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းကို ဖွင့်ပြမိမည်ကိုကြောက်သောကြောင့် ၎င်းတို့သည် ဆင်းရဲနွမ်းပါးပြီး သနားစရာကောင်းကြောင်းကို လူတို့မြင်သွားကာ ဤသို့ဖြင့် ၎င်းတို့အပေါ် အခြားလူတို့၏အမြင်ကို သက်ရောက်မည် စိုးသောကြောင့် ၎င်းတို့အမြင်ကို ဖော်ပြရန် မဆိုင်းမတွ ထုတ်မပြောခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းတို့၏ အမြင်များ၊ အတွေးများ၊ အသိပညာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် အဆင့်မြင့်သော၊ ယုတ္တိတန်သော အဆိုများကို ဖမ်းဆုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အမြင်များနှင့် နားလည်မှုတို့အဖြစ် ထုတ်ပြသည်။ ထိုအရာများကို ၎င်းတို့က အနှစ်ချုပ်ပြီး လူတိုင်းကို မိတ်သဟာယဖွဲ့ပေးသည်။ ဤနည်းအားဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲတွင် မြင့်မားသော အဆင့်အတန်းကိုရရှိသည်။ အန္တိခရစ်တို့သည် အလွန်အမင်း ပါးနပ်ကြသည်။ ရှုထောင့်အမြင်တစ်ခုကို ဖော်ပြဖို့ အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော အခြေအနေအကြောင်းကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြသကဲ့သို့ မပြကြချေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တွေးထင်သည်၊ ၎င်းတို့၏ အစွမ်းအစက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ လူ့သဘာဝက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းများက မည်သည့်ပုံစံရှိပြီး ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ရှိမရှိဆိုသည်တို့ကို လူတို့အား မည်သည့်အခါတွင်မျှ သိခွင့်မပေးကြချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝပြီး စုံလင်သောသူဖြစ်သကဲ့သို့ ကြွားရင်းနှင့် ဟန်ဆောင်လျက်ရှိသည့် တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော မျက်နှာနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို သိမြင်ရန် မည်သည့်အခါမျှ မကြိုးစားကြချေ။ ထိုအစား ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ လူတို့က “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းအလွန်များလှစွာကြာ ယုံကြည်ပြီးလေပြီ၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ တစ်ခုတလေ သင်၌ ရှိဖူးပါသလော”ဟု ၎င်းတို့ကို မေးကြသည်။ ၎င်းတို့က “မရှိဖူးပါ” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် “သင်တို့သည် ဘုရားသခင်အတွက် အသုံးခံရာ၌ အရာခပ်သိမ်းကို စွန့်လွှတ်ခဲ့ခြင်းအတွက် နောင်တရဖူးသလား” ဟု အမေးခံရသည်။ ၎င်းတို့က “မရဖူးပါ” ဟု ဖြေသည်။ “နေမကောင်းဖြစ်သောအခါ သင် စိတ်ညစ်ပါသလား၊ ပြီးလျှင် အိမ်ကိုလွမ်းပါသလား” ၎င်းတို့က “လုံးဝ မလွမ်းပါ” ဟု ဖြေသည်။ ထို့ကြောင့် အန္တိခရစ်များသည် မိမိတို့ကိုယ်ကို စွဲမြဲစွာ အားကိုးထိုက်သော၊ စိတ်ခိုင်မာသောသူအဖြစ်၊ စွန့်လွှတ်ပြီး ဒုက္ခခံနိုင်သူ၊ အပြစ်အနာအဆာကင်းပြီး အမှားများ၊ ပြဿနာများမရှိသူအဖြစ် ဖော်ပြကြသည်။ လူတစ်ယောက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထောက်ပြလျှင်၊ ၎င်းတို့ကို တန်းတူ ဆက်ဆံလျှင်၊ သာမန်ညီအစ်ကိုမောင်နှမအဖြစ် ဆက်ဆံလျှင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က ဤအရာကို မည်သို့ သဘောထားသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ ၎င်းတို့က မှန်ကန်သည်ဟု သက်သေပြရန်၊ နောက်ဆုံးတွင် ၎င်းတို့တွင် ပြဿနာမရှိ၊ ၎င်းတို့သည် ပြည့်စုံသော၊ ဝိညာဉ်ရေးရာ ပြည့်ဝသောသူဖြစ်သည်ဟု လူတို့အားမြင်စေရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤအရာအားလုံးမှာ အယောင်ဆောင်၍ လိမ်လည်ခြင်းမဟုတ်လော။ မိမိတို့ကိုယ်ကို အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်၍ လိမ်လည်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) လုံးဝ မရှိပေ။ လူသားသည် စာတန်ကြောင့် အလွန်ဖောက်ပြန်ပျက်စီးပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်သောအခါ အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာ ကင်းမဲ့သည်ဟု ပြောဆိုလျက် သန့်ရှင်းသူတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့လျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်နှင့် ကောင်းကင်တမန်မင်းတစ်ပါး ဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ် ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို သိကြသလော။ (မသိကြပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြသည့်အတွက် ၎င်းတို့၏ မိမိတို့ကိုယ်ကို သိမြင်မှုအကြောင်းကို မိတ်သဟာယ ပြုကြလိမ့်မည်လော။ (ပြုကြလိမ့်မည် မဟုတ်ပါ။) မိမိတို့ကိုယ်ကို သိမြင်မှုအကြောင်း မိတ်သဟာယပြုသည့် အန္တိခရစ်များ ရှိကြသလော။ (ရှိပါသည်။) မည်သည့်လူစားမျိုးများက ဤအရာကို လုပ်ဆောင်ကြသနည်း။ (သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်သည်။) မှန်ပေ၏။ ဤလူများသည် မိမိတို့ကိုယ်ကို သိရှိသယောင် ဟန်ဆောင်ကြပြီး တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ မိမိတို့ကိုယ်ကို နက်နဲသော သိမြင်မှု ရှိသယောင် ဟန်ဆောင်ရင်း မိမိတို့ကိုယ်ကို အချို့သော ကြီးကြီးမားမား အမည်နာမများကို ပေးကြသည်၊ မိမိတို့ကိုယ်ကို နက်နဲသော သိမြင်မှုရှိသယောင် ဟန်ဆောင်လျက် ၎င်းတို့သည် မိမိတို့သည် စာတန်များနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းတို့သည် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများဖြစ်သည် မဟုတ်လော။ သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း မိတ်သဟာယပြုကြသည့်အခါ ၎င်းတို့သည် အမှန်တကယ် မိမိတို့ကိုယ်ကို သိရှိကြသလော။ (မသိရှိကြပါ။) သို့ဆိုလျှင် ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုနှင့် ပတ်သက်၍ မည်သည့်အရာကို ၎င်းတို့ ပြောဆိုကြသနည်း။ (အန္တိခရစ်များက ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့၏ တကယ့် အခြေအနေအကြောင်းကို မပြောကြပေ။ လုံးဝ လက်တွေ့မကျသည့် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒစကားများကိုသာ ပြောဆိုကြလေသည်။ ယင်းတို့သည် အလွန် နက်နဲသည့် သိမြင်မှုဖြစ်သည်ဟု ထင်ရသော်လည်း နောင်တရသည့် လက္ခဏာမရှိပေ။) ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကိုနှင့်ဆိုင်သည့် သိမြင်မှုဖြစ်သလော။ စစ်မှန်သည့် နောင်တမရှိသောကြောင့် မိမိတို့ကိုယ်ကို မုန်းတီးသည့် အကျိုးတရားကို ၎င်းတို့ စွမ်းဆောင်ရရှိကြပြီလော။ နောင်တနှင့် မိမိတို့ကိုယ်ကို မုန်းတီးမှု မရှိသည့်အခါ ၎င်းတို့သည် အမှန်တကယ် မိမိတို့ကိုယ်ကို မသိရှိကြပေ။ အန္တိခရစ်များ ပြောဆိုသည့် မိမိကိုယ်ကို သိမြင်မှုသည် ၎င်းတို့နှင့်ပတ်သက်၍ လူတိုင်း သိရှိသည့်အရာများ၊ လူတိုင်း မြင်သည့် အရာများသာ ပါဝင်သည်။ လူတို့က ၎င်းတို့ကို သာ၍ပင် အထင်ကြီးကြဖို့အလို့ငှာ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့လင့်ကစား ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်း ပြောဆိုနိုင်ကြဆဲဖြစ်သည်ဟု လူတိုင်းအား ခံစားစေရန်အတွက် တစ်ပတ်ရိုက်ခြင်းနှင့် မိမိကိုယ်ကို မှန်ကြောင်းရှင်းချက်ထုတ်ခြင်းတို့ကိုလည်း မှီခိုအားထားကြလေသည်။ ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ အမှားမလုပ်ခဲ့သည့်တိုင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ မိမိတို့ကိုယ်ကို သိရှိရန် ကြိုးစားနေကြသေးသည်ကို မြင်သည့်အခါ လူတို့ စဉ်းစားသည့်အရာမှာ “သူသည် တစ်စုံတစ်ရာကို အမှန်တကယ် အမှားလုပ်မိလျှင် မိမိကိုယ်ကို သာ၍ပင် သိမြင်ဖို့ အလားအလာရှိသည်။ သူသည် ဘုရားတရား ကိုင်းရှိုင်းလှပါတကား”ဟူ၍ ဖြစ်သည်။ ဤအရာကို အန္တိခရစ်များ လုပ်ဆောင်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပေသည်။ အခြားလူတို့က ဤအရာမှ သင်ခန်းစာယူနိုင်ရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် စိစစ်ခြင်းမရှိ သို့မဟုတ် သိနားလည်ခြင်း မရှိကြပေ။ ထိုအစား အခြားသူတို့အား မိမိတို့အပေါ် အထင်သာ၍ကြီးစေရန်အတွက် မိမိတို့၏ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်း မိတ်သဟာယပြုခြင်းကို အသုံးပြုကြလေသည်။ ဤလုပ်ရပ်၏ သဘာဝမှာ အဘယ်နည်း။ (လူတို့ကို အထင်အမြင်မှားစေရန် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကြခြင်း ဖြစ်သည်။ ဤအရာကို အဘယ်သို့ဖြစ်ပြီး မိမိကိုယ်ကို သိရှိခြင်းအဖြစ် မှတ်ယူ၍ရသနည်း။ ဤသည်မှာ လှည့်ဖြားမှုမှလွဲ၍ အခြားမရှိပေ။ ၎င်းတို့သည် လူတို့အား မိမိတို့အပေါ် အထင်ကြီးစေပြီး ကိုးကွယ်စေရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေရန်၊ ၎င်းတို့က ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများဖြစ်ကြောင်းနှင့် မိမိတို့ကိုယ်ကို သိရှိကြောင်း လူတို့အား တွေးထင်စေရန်အတွက် ၎င်းတို့၏ မိမိကိုယ်ကို သိမြင်မှုအကြောင်းကို ပြောဆိုခြင်းအား အသုံးပြုနေကြပေသည်။ ဤသည်မှာ စက်ဆုပ်စရာကောင်းပြီး ယုတ်ညံ့သော အလေ့အထတစ်ခု ဖြစ်ကာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။