အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁၀) အခန်း လေး

အသင်းတော်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့် နည်းပညာအရ ကျွမ်းကျင်မှုလိုအပ်သော အလုပ်များကို သိသိသာသာ တာဝန်ယူနိုင်စွမ်းမရှိသည့်တိုင် အသင်းအဖွဲ့တွင် မရမက ဆက်နေကြသည့်သူအချို့ ရှိသည်။ ၎င်းတို့အနေဖြင့် ယခင်က ဆီလျော်သည့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သင်ယူပြီးဖြစ်သည်၊ ဤအထူးပြုဘာသာရပ်ကို နားလည်သည်၊ လုပ်ငန်းအထာသိသည်ဟု ၎င်းတို့က ယုံကြည်ကြသောကြောင့် ဤအလုပ်ကို မရမက ဆက်လက်တာဝန်ယူကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသည့်အပြင် သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းကို အကြောင်းပြု၍ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန်မဆိုထားနှင့်၊ ထိုသမ္မာတရားကို ၎င်းတို့ နားလည်ကာ သိရှိကြောင်း မရမကပြောဆိုလျက် အခြားသူတို့နှင့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မရှိကြချေ။ ထို့ကြောင့် တစ်ဖက်တွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သိရှိခြင်း၊ လုပ်ငန်းအထာကို သိခြင်းတို့နှင့် အခြားတစ်ဖက်တွင် သမ္မာတရား စည်းမျဉ်းများကို သိနားလည်ခြင်းတို့ကြား ခြားနားချက်တစ်ခု ရှိသလော။ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို သိရှိခြင်းနှင့် လုပ်ငန်းအထာသိခြင်းတို့အားဖြင့် ယင်းမှာ သမ္မာတရား စည်းမျဉ်းများကို သိနားလည်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် ဤလူများက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို သိရှိခြင်းသည် သမ္မာတရား စည်းမျဉ်းများကို သိနားလည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် မည်သူ့ကိုမျှ နားထောင်ခြင်း မရှိသည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ အလုပ်ကို လုပ်ဆောင်စရာမလိုဘဲ အလုပ်ကို ရဲရဲတင်းတင်းဖြင့် စိတ်တိုင်းကျ စတင်လုပ်ဆောင်နိုင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အရေးကိစ္စဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ အခြားမည်သူကမျှ ကြားဝင်စွက်ဖက်၍မရ သို့မဟုတ် ၎င်းတို့ကို မေးမြန်း၍မရ၊ အလုပ်ဟူသည်မှာ ၎င်းတို့ လုပ်ဆောင်သည့်အတိုင်းသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာကို စံနှုန်းအဖြစ် မှတ်ယူရသည်ဟူ၍ ယုံကြည်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဆိုးရွားသည့် ပြဿနာတစ်ခု မဟုတ်လော။ အကြင်သူသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကိုသာ သိရှိပြီး သမ္မာတရားကို နားမလည်လျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ မည်သည့် အကျိုးဆက်များ ဖြစ်လာလိမ့်မည်နည်း။ (၎င်းတို့သည် အသင်းတော်အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေကြလိမ့်မည်။) အနှောင့်အယှက်သာလော။ ၎င်းတို့သည် မာနထောင်လွှားကာ စိတ်ကြီးဝင်လာကြမည် မဟုတ်လော။ ဘုရားသခင်အပေါ် ရှက်ဖွယ်ဖြစ်စေသည့် အရာများကို ၎င်းတို့ လုပ်ဆောင်ကြမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သင် စွမ်းဆောင်ရရှိမည့် အကျိုးတရားမှာ ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သည်။ သင်သည် အလုပ်တစ်ခုကို လုပ်ဆောင်ခြင်း သက်သက် မဟုတ်ဘဲ ထို့ထက် သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ဘုရားသခင်ကို သက်သေခံခြင်း အကျိုးတရားအား စွမ်းဆောင်ရရှိသည်။ ထို့ကြောင့် ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုသည် သင်ထမ်းဆောင်နေသည့် တာဝန်ကို အစေခံမှုတွင်သာ ရှိပေသည်။ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုသည် သမ္မာတရားကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွင် ကျွမ်းကျင်ခြင်းသည် သမ္မာတရားကို သင်နားလည်သည် သို့မဟုတ် သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အလုပ်ကို လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ လူအချို့က “ဘုရားအိမ်တော်သို့ ကျွန်ုပ် လာခဲ့သည်၊ ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုကို ကျွန်ုပ် သိသည်၊ လုပ်ငန်းအထာကို သိသည်။ ထို့ကြောင့် ဘုရားအိမ်တော်က အရေးကြီးသည့် အလုပ်တာဝန်များကို ကျွန်ုပ်အား ပေးသင့်ပြီး ကျွန်ုပ်ကို အထင်ကြီးသင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို အရှက်မခွဲသင့် သို့မဟုတ် ကျွန်ုပ်၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အတွင်းတွင် ကျရောက်သည့် မည်သည့်အရာတွင်မဆို ကိုယ်နှင့်မဆိုင်ဘဲ ဝင်မစွက်သင့်ပေ။ ကျွန်ုပ်သည် အခြားသူတို့ကို သွန်သင်ပေးနေသူတစ်ဦး ဖြစ်သင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းအထာမသိသူများကို မစီစဉ်သင့်ပါ။ ဤလူများက ကျွန်ုပ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ မထိုက်တန်ပါ”ဟု ဆိုလျက် ဤအရာအပေါ် ကန့်ကွက်ကြသည်။ ဤသည်မှာ မှန်ကန်သည့် တွေးပုံတွေးနည်း ဖြစ်သလော။ (မဟုတ်ပါ။) အခြားသူတို့က ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ မထိုက်တန်ဟူသည်မှာ အန္တိခရစ်များ တွေးသည့်ပုံစံ မဟုတ်လော။ သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ ထိုက်တန်သည့်သူ ဘုရားအိမ်တော်တွင် မည်သူမျှမရှိလျှင် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် ထိုက်တန်သလော။ သင့်ကိုယ်သင် အဘယ်သူဟူ၍များ သင် ထင်လေသနည်း။ သင်သည် စုံလင်အောင်ပြုခြင်း ခံရပြီးပြီလော။ သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်ကို ချီးမြှောက်သောကြောင့်သာ သင်သည် ဤတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးရှိခြင်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများကို သင် နားလည်သင့်သည်။ ယခုတွင် သင်သည် အလုပ်အကိုင်တစ်ခုကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကို သက်သေခံနေခြင်း ဖြစ်သည်။ သင် သိရှိသည့် ထိုအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်သည် အစေခံမှုပေးရန် အသုံးပြုခြင်းမျှသာ ဖြစ်ပြီး ဤတာဝန်နှင့်ဆိုင်သည့် အစေခံမှုတွင် အသုံးပြုခြင်း ဖြစ်သည်။ ထို့ကြောင့် သင် ထမ်းဆောင်သည့် တာဝန်သည် နည်းပညာအရ ကျွမ်းကျင်မှု မည်မျှလိုအပ်သည်ဖြစ်စေ၊ ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သည့် အကျိုးတရားကို သင် စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုတာဝန်၏ ကဏ္ဍတိုင်းတွင်ရှိသည့် သမ္မာတရား စည်းမျဉ်းများအပေါ် သင် အမြဲ အာရုံစိုက်ရမည်။ သင်သည် ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်ခြင်းမရှိသည့်အပြင် သင် ထမ်းဆောင်သည့် တာဝန်က ဘုရားသခင်အပေါ် အရှက်ရစေလျှင် သင်၏ နည်းပညာ စွမ်းရည်များသည် မည်သည့် အသုံးဝင်မှု ရှိလိမ့်မည်နည်း။ ထိုအရာများတွင် တန်ဖိုးတစ်ခုတလေ ရှိလိမ့်မည်လော။ ရှိမည်မဟုတ်။ ထို့ကြောင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာ စွမ်းရည်အနည်းငယ်ကို သမ္မာတရားအဖြစ် သဘောမထားနှင့်။ ယင်းတို့သည် သမ္မာတရား မဟုတ်သကဲ့သို့ မြတ်နိုးတန်ဖိုးထားထိုက်ခြင်း မရှိ။ ဘုရားအိမ်တော်က သင့်ကို အသုံးမပြုလျှင်၊ ဘုရားသခင်က သင့်ကို မချီးမြှောက်လျှင် သင်၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်နှင့် နည်းပညာ စွမ်းရည်အနည်းငယ်သည် အချည်းနှီးသာ ဖြစ်ပေမည်။ သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ထိုအရာများသည် တစ်ပြားမျှမတန်ပေ။

အန္တိခရစ်များ၏ အယောင်ဆောင်၍ လိမ်လည်ခြင်းသည် လူတို့၏ စိတ်နှလုံး၌ နေရာတစ်ခု ရှိရန်အတွက် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး တလွဲလမ်းညွှန်ရန်အတွက် အယောင်ဆောင်၍ လိမ်လည်ခြင်း နည်းလမ်းကို အသုံးပြုကြသည်။ အယောင်ဆောင်၍ လိမ်လည်ခြင်းကို ဤလူများက လုပ်ဆောင်ခြင်းသည် ၎င်းတို့က အခြေခံအားဖြင့် သမ္မာတရားကို လက်ခံခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်း မရှိကြောင်းကို ပြသရုံသာမက၊ ဤလူများအတွက် အသုံးပြု၍ရနိုင်သည့် သာ၍ပင် လက်တွေ့ကျသော အဓိပ္ပာယ်ကောက်ယူချက်တစ်ခု ရှိသည်။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိပေ။ “၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိ”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို နားလည်ကြခြင်းမရှိဟု ဆိုလိုသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် မည်သည့်လူစားမျိုးအား ဘုရားသခင် ချစ်သည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဤဝိညာဉ်ရေးရာ ပြည့်ဝသည့် လူမျိုးကို စိတ်ကူးပြီး အယောင်ဆောင်၍ လှည့်ဖြားခြင်းနှင့် ဟန်ဆောင်မှုကို လုပ်ဆောင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်နှင့် အခြားသူတို့အား ၎င်းတို့ကို နှစ်သက်စေနိုင်သည်ဟု ယုံကြည်လျက်၊ ဤလူစားမျိုးကဲ့သို့ ၎င်းတို့ ပြုမူကြလေသည်။ စင်စစ်အားဖြင့် ဤကဲ့သို့သော လူများသည် ဘုရားသခင် မုန်းတီးကာ ပြစ်တင်ရှုတ်ချသည့်သူများ အတိအကျဖြစ်သည်နှင့်အမျှ ဆန့်ကျင်ဘက် ဖြစ်လေသည်။ ထို့ကြောင့် ဤကဲ့သို့သော လူတစ်ဦး မဖြစ်နှင့်။ ဤကဲ့သို့သော တစ်စုံတစ်ဦး သင်လည်း ဖြစ်လိုလျှင် ဤနည်းဖြင့် အယောင်ဆောင်၍ လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုကို သင် မကြာခဏ လုပ်ဆောင်ပြီး လူတို့ကို ဤနည်းဖြင့် အထင်အမြင်မှားစေလျှင် သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း ဖြစ်သည်။ သင့်အနေဖြင့် “ကျွန်ုပ်တွင် အားနည်းချက်ရှိသည်၊ ကျွန်ုပ်တွင် အပျက်သဘောဆောင်ခြင်း ရှိသည်၊ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ် ဘာမျှ ထူးခြားခြင်းမရှိပါ။ ကျွန်ုပ် နားမလည်သည့်အရာများစွာရှိပြီး မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ။ ကျွန်ုပ်သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျဆင်းရန်အလို့ငှာ မကြာခဏ အားနည်းပြီး စာတန်၏ အထင်အမြင်မှားစေခြင်းခံရသည်။ နည်းပညာကျွမ်းကျင်မှုများကို သင်ယူခြင်းအရ အလွန်ဆုံးအနေဖြင့် တစ်ခု သို့မဟုတ် နှစ်ခုကို ကျွန်ုပ် ကျွမ်းကျင်ပိုင်နိုင်ပြီး ယင်းတို့ကို ယေဘုယျအားဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သိသည်။ ဤအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအနည်းငယ်အား မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် သိပြီး ဤအထူးကျွမ်းကျင်မှု အနည်းငယ် ရှိသည်။ ကျွန်ုပ်သည် သာမန်လူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တွင် မြင့်မားသည့် အစွမ်းအစမရှိသကဲ့သို့ ကျွန်ုပ်၏ သိမြင်မှုသည် ဤသို့သာဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်လျှင် ဘုရားသခင်က မိတ်သဟာယတွင် ပေးသလောက်သာ ကျွန်ုပ် နားလည်သည်။ ဘုရားသခင် အသေအချာ ဖော်ထုတ်ပြခြင်း သို့မဟုတ် ရှင်းပြခြင်းမရှိသည့် မည်သည့်အရာကိုမျှ ကျွန်ုပ် နားမလည်သကဲ့သို့ ကျွန်ုပ်၏ အစွမ်းအစက ဤသို့သာ ဖြစ်သည်။ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အသင်းတော် ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ရွေးချယ်ကြပြီး ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်နေခြင်းဖြစ်၍ ကျွန်ုပ်က အခြားသူတို့ထက် ပိုတော်နေသောကြောင့် မဟုတ်ပါ။ ကျွန်ုပ် ကြွားဝါစရာ ဘာမျှ မရှိပါ”ဟု ပြောရန် သင်ယူရမည်။ ထိုသို့သော အရာတစ်ခုကို သင်တို့ ပြောနိုင်သလော။ ထိုသို့သော အရာတစ်ခုကို သင်တို့ ပြောဖူးသလော။ သင်၏ စိတ်နှလုံးတွင် ဤသို့ စဉ်းစားသလော။ သင်သည် ကြီးမြတ်သည်၊ အံ့ဖွယ်ဖြစ်သည်၊ ကျန်သည့်သူများထက် သာသည်၊ ရှားပါးသော သူတစ်ဦးဖြစ်သည်၊ သင်သည် သင်ရောက်ရှိသည့် မည်သည့်အဖွဲ့တွင်မဆို ထူးခြားသည်၊ သင်သည် ပထမတန်းစားဖြစ်သည်၊ လူတစ်စုတွင် သင်သည် တစ်လ သို့မဟုတ် နှစ်လ အချိန်ကုန်ဆုံးလျှင် သင်၏ အထူးကျွမ်းကျင်မှုများ၊ ပါရမီများ၊ အစွမ်းအစနှင့် သိမြင်မှုတို့ကို အားလုံးက မျက်မြင်ကြုံတွေ့နိုင်ပြီး သာမန်လူတို့ထက် ပိုကောင်းသည်ကို မြင်နိုင်သည်ဟု သင်၏ စိတ်နှလုံးတွင် အမြဲ ခံစားလျှင်၊ သင်သည် သင်၏ စိတ်နှလုံးတွင် ဤသို့ အမြဲ တိုင်းတာပြီး သင့်ကိုယ်သင် ထားရှိလျှင် သင်သည် အလွန်အန္တရာယ်များပြီး ဒုက္ခပြဿနာများစွာ ရှိပေသည်။

လူသားမျိုးနွယ်တစ်ရပ်လုံးတွင် စုံလင်သည့် လူတစ်ဦးတလေ သို့မဟုတ် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည့်လူ တစ်ဦးတလေ ရှိရန်မဆိုထားနှင့်၊ သမ္မာတရားကို စစ်မှန်စွာ နားလည်နိုင်သည့်သူ အလွန်နည်းပါသည်။ လူတိုင်းက သာမန်ဖြစ်သည်။ လူအချို့က မိမိတို့သည် သာမန်မဟုတ်ဟု တွေးထင်ကြသည်။ သို့ဆိုလျှင် ဤစိတ်ကူးသည် အဘယ်သို့ ဖြစ်လာသနည်း။ ၎င်းတို့ တော်သည့်အရာ တစ်စုံတစ်ခု ၎င်းတို့တွင် ရှိခြင်းအားဖြင့် ဖြစ်လာပေသည်။ အချို့သည် သီချင်းဆိုရာတွင် တော်သည်၊ အချို့မှာ သရုပ်ဆောင်ရာတွင် တော်သည်၊ အချို့က နည်းပညာ ကျွမ်းကျင်မှုများတွင် တော်သည်၊ အချို့က ကာယအလုပ်လုပ်ရာတွင် တော်သည်၊ အချို့က လူမှုဆက်ဆံရေးတွင် တော်ကြသည်၊ အချို့မှာ နိုင်ငံရေးတွင် တော်ကြသည်၊ အချို့မှာ စီးပွားရေးလုပ်ငန်းတွင် တော်ကြသည်၊ စသည်ဖြင့် ဖြစ်၏။ ဤအရာများထဲမှ မည်သည့်အရာမျှသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိသည့်တိုင် ယင်းတို့က သင့်ကို မှားယွင်းသော အယူအဆတစ်ခုဖြစ်စေပြီး သင်သည် ကျန်သည့်သူများအားလုံးထက် သာလွန်သည်ဟု သင့်ကို တလွဲ တွေးထင်စေသည်။ ဤအရာများက သင့်အား ကျန်သည့်သူများထက် သာလွန်သည်ဟု တလွဲတွေးထင်စေခြင်းသည် အဘယ်ကြောင့် မှားယွင်းသနည်း။ သင် တော်သည့် ဤအရာများနှင့် “ကျန်သည့်သူများအားလုံးထက် သာလွန်ခြင်း”ဟုခေါ်သည့် ဤအရာသည် သင့်အနေဖြင့် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရားကို သိနားလည်ခြင်းအရ သာမန်လူတို့ကို ကျော်လွန်နိုင်သည် သို့မဟုတ် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းတို့အား လိုက်စားခြင်းနှင့်ပတ်သက်လျှင် ကောင်းသော အခြေအနေများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းတို့က ဤအရာများကို မဆိုလိုပေ။ သင်တို့အနေဖြင့် ဤကိစ္စရပ်ကို ရှင်းလင်းစွာ သတိပြုရမည်။ ဘုရားသခင်သည် မိမိ၏ နှုတ်ကပတ်တော်များကို မိန့်မြွက်၍ မိမိ၏ အမှုကို စတင်ဆောင်ရွက်တော်မူသည့် အချိန်မှစ၍ ယခုအချိန်အထိ ကိုယ်တော်သည် မရေမတွက်နိုင်သော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီး မရေမတွက်နိုင်သော အမှုများကို ဆောင်ရွက်ခဲ့ပြီ ဖြစ်၏။ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးအထဲမှ တစ်ဦးတစ်ယောက်မျှပင် ဘုရားသခင်၏ မိန့်မြွက်ချက်များ၌ ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် ကိုယ်တော်မိန့်မြွက်သော နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို မြင်ဖူးပါသလော။ လူတစ်ဦးကပင်လျှင် ဘုရားနှုတ်ကပတ်တော်များ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မြင်နိုင်ပြီးနောက် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို ထသက်သေခံနိုင်သလော။ တစ်ဦးတလေမျှ မရှိပေ။ ဤအချက်က လူသားမျိုးနွယ်တစ်ရပ်လုံး၏ အစွမ်းအစ၊ စိတ်များနှင့် သိမြင်မှုတို့နှင့်ပတ်သက်လျှင် လူသားအားလုံးက စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သည်ဟူသည့်အချက်ကို မဆိုထားနှင့်၊ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်းအတွက် လိုအပ်သော အခြေအနေများ မပိုင်ဆိုင်ကြောင်းကို သက်သေပြသည်။ လူအချို့က “သမ္မာတရားကို သဘောပေါက်နားလည်ခြင်းအတွက် လိုအပ်သည့် အခြေအနေကို ကျွန်ုပ်တို့ မပိုင်ဆိုင်လျှင် ယခုတွင် သမ္မာတရားအနည်းငယ်ကို အဘယ်သို့ဖြစ်ပြီး ကျွန်ုပ်တို့ နားလည်ကြသနည်း”ဟု ဆိုကြသည်။ ထိုအကြောင်းကို ငါ အလွန်များစွာ ပြောဆိုပြီးဖြစ်သောကြောင့် ဖြစ်သည် မဟုတ်လော။ ငါသည် နောက်ထပ် စကားမပြောချင်အောင်ပင် အလွန်များစွာ ပြောဆိုပြီးဖြစ်ကာ စကားပြောခြင်းကို ငြီးငွေ့နေပြီဖြစ်သည်။ ငါသည် စကားပြောပြီး သင်တို့နှင့်အတူ မိတ်သဟာယ ပြုသည့်အကြိမ်တိုင်းတွင် အမှုအရာများကို အသေးစိတ် စဉ်ဆက်မပြတ် ရှင်းပြရင်း အကြောင်းအရာများကို အဓိကအကြောင်းအရာများ၊ အလယ်အလတ် အကြောင်းအရာများနှင့် အကြောင်းအရာခွဲများအဖြစ်သို့ ခွဲခြားရပြီး သင်တို့က နားမလည်ကြသေးပေ။ ထို့ကြောင့် သင်တို့၏ အစွမ်းအစသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ အချို့သည် အလွန့်အလွန် မာနထောင်လွှားနေကြပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြဆဲဖြစ်သော်လည်း၊ သင်သည် မာနထောင်လွှားစရာ ဘာအကြောင်းရှိသနည်း။ သင်တို့ အများစုနှင့်ပတ်သက်၍ ချီးမွမ်းဖွယ်ရာတစ်ခုမျှ မရှိသည်ကို ငါ မြင်သည်။ နည်းပညာအလုပ်များကို နှစ်ပေါင်းများစွာကြာ ဆောင်ရွက်ပြီးနောက်တွင် သင်တို့ထဲမှ မည်မျှသည် သမ္မာတရား စည်းမျဉ်းများကို အမှန်တကယ် နားလည်သနည်း၊ သမ္မာတရား စည်းမျဉ်းများကို လိုက်လျှောက်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ သင်တို့၏ အလုပ်များကို ဆောင်ရွက်နိုင်သနည်း။ သင်တို့သည် အလုပ်က မည်သည့်အရာဖြစ်စေ မည်သည့်အလုပ်ကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြသကဲ့သို့ အထက်က သင့်ကို အမှုအရာများအား လုပ်ဆောင်ရမည့်ပုံကို ကိုယ်တိုင်ကိုယ်ကျ အမြဲ ညွှန်ကြားရသည်။ မဟုတ်လျှင် မည်သည့်အရာမျှ မှန်မှန်ကန်ကန် ဖြစ်သွားခြင်း မရှိသကဲ့သို့ အထက်က နောက်ဆက်တွဲလုပ်ပေးခြင်းနှင့် မည်သို့ လုပ်ဆောင်ရမည်ကို သင့်အား ညွှန်ကြားခြင်းမရှိဘဲ အလုပ်တစ်ခုတလေ ဆက်လုပ်ဖြစ်လျှင် ပြဿနာဖြစ်ပေါ်သည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ကြွားဝါရမည့်အရာ တစ်ခုတလေ ရှိသလော။ မရှိပေ၊ သို့တိုင် ၎င်းတို့သည် ကဏ္ဍတိုင်းတွင် ပြီးပြည့်စုံသည့်၊ ဝိညာဉ်ရေးရာ ပြည့်ဝသည့်၊ ကြီးမြတ်ပြီး အထွတ်အထိပ်ဖြစ်သည့် လူများဖြစ်သယောင် ဟန်ဆောင်နေကြသည်။ ၎င်းတို့သည် အရှက်မဲ့ကြသည် မဟုတ်လော။ သင်တို့သည် အမှန်တကယ်ပင် ဒုက္ခပေးတတ်ကြပေသည်တကား။ မည်သည့် အကြောင်းအရာကို ငါ မိတ်သဟာယပြုသည်ဖြစ်စေ၊ ငါသည် အသေးစိတ် လုပ်ဆောင်ရသည်၊ ပို၍ အသေးစိတ်ဖြစ်လေ ကောင်းလေဖြစ်သည်။ အမှုအရာများကို အနည်းငယ် ပိုမို ရိုးရှင်းစွာ ရှင်းပြခြင်းမျှဖြင့် အဆင်ပြေမည်မဟုတ်။ ဤသည်မှာ လူတို့၏ အစွမ်းအစနှင့် အနည်းငယ်သော သိမြင်မှု ဖြစ်သည့်ပုံစံတည်း။ ၎င်းတို့သည် အလွန်အမင်း သနားဖွယ်ဖြစ်သည့်တိုင် ၎င်းတို့ အလွန်တော်သည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါ၏ မိတ်သဟာယကို ဤနေရာတွင် ငါ အဆုံးသတ်မည်။

(ဂ) လူအားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်းဖြင့်

ယခုတွင် အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်းဖြင့်ဟူသည့် တတိယ သွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြမည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် အားလုံးထက် သာလွန်ချင်ကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ အသိသာအထင်ရှားဆုံးသော သရုပ်သကန်ဖြစ်သည်။ လူတစ်ဦးဦးက အားလုံးထက် သာလွန်ချင်သည့်အခါ ဤပြဿနာသည် အလွန်ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပြီး ထိုသို့သော လူများသည် စစ်မှန်သော အန္တိခရစ်များချည်းသာ ဖြစ်သည်။ “လူအားလုံးထက် သာလွန်အောင် ပြုလုပ်ခြင်း”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အန္တိခရစ်များသည် ကောင်းကင်တမန်မင်းဖြစ်သည့် စာတန်၏ အနှစ်သာရကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ပင်ကိုအားဖြင့် ပုံမှန် သို့မဟုတ် သာမန်လူများ ဖြစ်ရန် လိုလားခြင်း မရှိကြပေ။ ၎င်းတို့ကို သာမန်လူများဖြစ်စေလျှင်၊ သာမန်ဘဝတစ်ခုကို အသက်ရှင်စေလျှင်၊ ထိုသို့လုပ်ဆောင်ဖို့ လိုလားနေကြလိမ့်မည်မဟုတ်သကဲ့သို့ ဤအရာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကြလိမ့်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ရုန်းကန်ကြလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် စဉ်ဆက်မပြတ် ရုန်းကန်ကြလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆူဆူညံညံဖြစ်စေချင်ကြပြီး မိုးနှင့်မြေကြားတွင် ၎င်းတို့ကဲ့သို့ ထိပ်တန်းလူသားတစ်ဦးရှိသည်ကို အခြားလူတို့ သိရှိရန်အလို့ငှာ အခြားသူတို့ မြင်ဖို့အတွက် ပါးနပ်သော လှည့်ကွက်များကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်ချင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘာသာတရားမရှိသူများ ပြောသကဲ့သို့ မိမိ၏ ကန်နှင့် မဆံ့သည့် ငါးတစ်ကောင်ဖြစ်သည်ကို အခြားသူတို့ သိရှိရန်အလို့ငှာ အောင်မြင်အောင်လုပ်ချင်ကြသည်။ မိမိတို့ ကန်များအတွက် ကြီးလွန်းသည့် ဤငါးများသည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဝိညာဉ်ဆိုးများ၊ ညစ်ညူးသည့် မကောင်းဆိုးဝါးများ၊ ကောင်းကင်တမန်မင်းများ၊ စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သာမန်လူတစ်ဦး၏ ဘဝကို အသက်ရှင်ရင်း ဘဝတွင် ၎င်းတို့၏ ကံကြမ္မာဖြင့် ကျေနပ်ရောင့်ရဲလျက် မိမိတို့၏ နေ့ရက်များကို ကျော်ဖြတ်ဖို့ ပင်ကိုအားဖြင့် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်တာဝန်ကို တိတ်ဆိတ်စွာ စောင့်ထိန်းခြင်း မရှိ သို့မဟုတ် လိမ္မာသည့် သာမန်လူများကဲ့သို့ မပြုမူကြပေ။ ထိုသို့ဖြစ်ခြင်းဖြင့် ၎င်းတို့ ကျေနပ်ရောင့်ရဲခြင်း မရှိကြ။ ထို့ကြောင့် အပေါ်ယံတွင် ၎င်းတို့ မည်သို့ ပြုမူကြသည်ဖြစ်စေ၊ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့သည် မိမိတို့၏ ဘဝ ကံကြမ္မာနှင့်ပတ်သက်၍ အမြဲ မကျေမနပ်ဖြစ်နေကြပြီး အချို့သော အရာများကို လုပ်ဆောင်ကြလိမ့်မည်။ မည်သည့်အရာများဖြစ်သနည်း။ ပုံမှန်လူများ လုံးဝ စိတ်မကူးမိနိုင်မည့် အချို့သောအရာများကို ၎င်းတို့ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် အာရုံစိုက်ခြင်းခံလိုကြပြီး ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစည်းခံကာ အဖိုးအခ အနည်းငယ်ပေးဖို့ တွန့်ဆုတ်ကြမည် မဟုတ်ပေ။ “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်”ဟူသည့် ဆိုရိုးစကားတစ်ခု ရှိသည်။ အန္တိခရစ်တစ်ဦးသည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် သာမန်မဟုတ်သည်ကို သက်သေပြဖို့အတွက် အံ့ဖွယ်ရာအချို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး “မိမိတို့၏ အသက်မွေးအလုပ်တွင် အောင်မြင်မှု”အချို့ ဖန်တီးရမည်ဟု ခံစားကြသည်။ ဤနေရာတွင် အဆိုးရွားဆုံးသော ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်တွင် အမှုအရာများကို လုပ်ဆောင်နေကြသော်လည်း၊ မိမိတို့တာဝန်ကို ဟန်ဆောင်လုပ်ဆောင်ခြင်းအား ခံယူကျင့်သုံးကြသော်လည်း မိမိတို့တာဝန်အား မည်သို့ လုပ်ဆောင်ရမည် သို့မဟုတ် အသင်းတော်အလုပ်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဟူသည်နှင့်ပတ်သက်၍ ဘုရားသခင်ထံမှ မည်သည့်အခါမျှ ရှာဖွေခြင်းမရှိသကဲ့သို့ ဘုရားအိမ်တော်၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်၊ သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်နှင့် ညီအစ်ကို မောင်နှမများကို အကျိုးပြုသည့်၊ ဘုရားသခင်ကို အရှက်မရစေသည့်၊ ဘုရားသခင်ကို သက်သေခံသည့်၊ အသင်းတော်အလုပ်ကို ချောမွေ့စွာ တိုးတက်စေနိုင်ပြီး မိမိတို့၏ အလုပ်တွင် သတိမမူမိသော အမှားများ မဖြစ်ပေါ်သည်ကို သေချာစေသည့် နည်းလမ်းဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သေချာအောင် လေ့လာစိစစ်ဖို့ စိတ်ထက်သန်စွာ ကြိုးစားကြခြင်း မရှိပေ။ ၎င်းတို့သည် ဤအရာများအကြောင်းကို လုံးဝ မေးမြန်းခြင်းမရှိကြသကဲ့သို့ ဤအရာများအကြောင်းကို လုံးဝ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ၎င်းတို့စိတ်နှလုံးတွင် ဤအရာများမရှိ၊ ၎င်းတို့၏ စိတ်နှလုံးက ဤအရာများနှင့် ပြည့်နေခြင်း မရှိပေ။ သို့ဆိုလျှင် မည်သည့်အရာအကြောင်းကို ၎င်းတို့ စုံစမ်းမေးမြန်းကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်အရာနှင့် ပြည့်နေသနည်း။ ၎င်းတို့အနေဖြင့် အသင်းတော်၏ မဏ္ဍိုင်ဖြစ်ကြောင်းနှင့် အသင်းတော်က ၎င်းတို့မရှိဘဲ ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ၎င်းတို့နှင့်သာ အသင်းတော်၏ အလုပ်ရှိသမျှက ချောမွေ့စွာ တိုးတက်နိုင်ခြင်းဖြစ်ကြောင်းတို့ကို အခြားလူများ မြင်နိုင်ရန်အလို့ငှာ မိမိတို့၏ ပါရမီများအား မည်သို့ကြွားနိုင်မည်၊ ၎င်းတို့သည် အခြားလူများနှင့် မတူကြောင်းကို မည်သို့ ပြနိုင်မည်၊ အသင်းတော်၌ ၎င်းတို့၏ ခေါင်းဆောင်မှုပုံစံကို မည်သို့ကြွားလုံးထုတ်မည် ဟူသည့် အတွေးများဖြင့် ပြည့်နေပေသည်။ အန္တိခရစ်များ၏ သရုပ်သကန်များ၊ ၎င်းတို့ လုပ်ရပ်များ၏ လှုံ့ဆော်မှုများနှင့် မူလတွန်းအားများကို အကဲဖြတ်သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်နေရာတွင် ထားရှိကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားလုံးထက် သာလွန်သည့်နေရာတွင် ထားရှိကြပေသည်။ ဤသည်မှာ မည်သို့ ပေါ်လွင်ထင်ရှားသနည်း။ (သူတို့သည် လူတိုင်းအပေါ် အာခံတတ်ပြီး အမြဲ အဆုံးအဖြတ်ပေးချင်ကြပြီး အခြားလူတို့အား ၎င်းတို့ ပြောသည့်အရာကို လုပ်စေလိုကြသည်။) လူတိုင်းအပေါ် ၎င်းတို့၏ အာခံမှုနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသည်။ ဤအရာအတွင်းတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ အသင်းတော်အလုပ်ကို ၎င်းတို့ လုပ်ဆောင်ချိန်တွင် မိမိတို့တာဝန်ကို ထမ်းဆောင်နေခြင်းမရှိကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အလေးထားခြင်း မရှိကြပေ။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်၊ အသင်းတော်၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည် သို့မဟုတ် ဘုရားအိမ်တော်က တောင်းဆိုသည့် စည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်သည်ဟူသည်တို့ကို သိအောင်လုပ်ဖို့ ဒုက္ခခံရန် လိုအပ်မှုတစ်ခုတလေ ရှိသည်ဟု ၎င်းတို့ မခံစားရပေ။ ငါပြောသည့် မည်သည့်အရာကိုမျှ ၎င်းတို့ အာရုံပင်မစိုက်ကြပေ။ မည်သည့်စည်းမျဉ်းများကို ၎င်းတို့ လိုက်နာစောင့်ထိန်းကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် စီးပွားရေးကို ဆောင်ရွက်ရန်အလို့ငှာ အသင်းတော်ကို အစေခံခြင်းနှင့် ညီအစ်ကို မောင်နှမများကို အစေခံခြင်းကဲ့သို့သော စည်းမျဉ်းများနှင့် အရင်းခံအကြောင်းများကို လိုက်နာစောင့်ထိန်းကြသည်။ သူတို့သည် အသင်းတော်၌လည်းကောင်း၊ ညီအစ်ကိုမောင်နှမများအကြား၌လည်းကောင်း ခြေကုပ်တစ်နေရာ ရရှိနိုင်သမျှ ကာလပတ်လုံး၊ ဩဇာအာဏာနှင့် စီမံခန့်ခွဲနိုင်သည့် အာဏာကို ရရှိလာသမျှ ကာလပတ်လုံး ထိုမျှနှင့် လုံလောက်ပြီ ဖြစ်၍ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ သူတို့အခေါ် “ရလဒ်” ကို ရရှိကြလိမ့်မည် ဖြစ်၏။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းရန် သို့မဟုတ် ဘုရားသခင်၏ ဝန်ထုပ်ကို ထောက်ထားရန် မဟုတ်ဘဲ ထို့ထက် အသင်းတော်နှင့် ညီအစ်ကို မောင်နှမများကို အစေခံရန်ဖြစ်ပြီး ဤအရာကို လုပ်ဆောင်နေစဉ်တွင် ဤအရာများအားလုံးကို ထိန်းချုပ်ရန် ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့ ထိန်းချုပ်လိုကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် ပထမဆုံးအနေဖြင့် မိမိတို့ကိုယ်တိုင်အတွက် ခြေကုပ်တစ်ခုရရှိဖို့၊ ကျော်ကြားမှုတစ်ခုခု ရရှိဖို့၊ ၎င်းတို့၏ ဂုဏ်သတင်းကြီးထွားဖို့ လာကြသည်။ စီမံခန့်ခွဲကာ ဆုံးဖြတ်ချက်များချမှတ်ဖို့အတွက် တန်ခိုးအာဏာ ရှိလာကြပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှ ဖြစ်စေနိုင်ပြီး ဘုရားသခင်၏ နေရာကို ယူနိုင်ကြလေသည်။ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် လူ့ဇာတိခံဘုရားသခင်ကို ပြယုဂ်တစ်ခု၊ ရုပ်သေးရုပ်တစ်ခုမျှ ဖြစ်စေကြပြီး ဤသည်မှာ “အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်း”ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ ပြုမူသည့်ပုံစံ ဖြစ်သည်။ အန္တိခရစ်များသည် လူတို့၏ မျက်နှာသာကို ရရှိကာ ပိုများသည့်လူတို့၏ သတိပြုမိခြင်းခံရဖို့အလို့ငှာ မိမိတို့၏ ဆုကျေးဇူးများနှင့် ပါရမီများကို အပြည့်အဝ ပြသဖို့နှင့် ၎င်းတို့၏ တစ်မူထူးခြားသော အတွေးများနှင့် လုပ်ဆောင်ချက်များကို ပြသဖို့ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း အခွင့်အရေးအား အသုံးပြုကြလေသည်။ ထို့နောက် ၎င်းတို့သည် စီမံခန့်ခွဲဖို့၊ ဆုံးဖြတ်ချက်များ ချမှတ်ဖို့နှင့် အသင်းတော်တွင် အမှုအရာများကို ထိန်းချုပ်ဖို့ အာဏာရယူကြပြီး ဤအရာက များစွာသောလူတို့အား ၎င်းတို့ကို ဩဇာခံစေကာ ၎င်းတို့ကို ကျိုးနွံနာခံစေပြီး ဘုရားသခင်က အပြင်လူဖြစ်လာသည်။ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှ ဖြစ်စေခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ လုပ်ရပ်များဖြင့် ဖြစ်မြောက်အောင်မြင်လိုသည့် ရည်မှန်းချက်ဖြစ်ပြီး ဤသည်မှာ အန္တိခရစ်များ စိုးစံသည့် မည်သည့်နေရာတွင်မဆို အဆုံးတွင် ဖြစ်ပျက်သည့်အရာ ဖြစ်သည်။

အသင်းတော်တွင် အာဏာရှိသည့် အန္တိခရစ်တစ်ဦး ရှိလျှင် ညီအစ်ကို မောင်နှမများသည် မည်သည့်အခြေအနေတွင် ရှိကြလိမ့်မည်နည်း။ ၎င်းတို့သည် အန္တိခရစ် ပြောသည့်အရာကိုသာ လုပ်ဆောင်ကြလိမ့်မည်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းကြလိမ့်မည်။ သမ္မာတရားကို နားလည်ကြမည် မဟုတ်သကဲ့သို့ သမ္မာတရားကို ရှာဖွေကြမည် မဟုတ်ပေ။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံသည်ဖြစ်စေ၊ မည်မျှ ကြီးမားသည့် အဖိုးအခပေးသည်ဖြစ်စေ အသက်ဝင်ရောက်မှုတွင် မည်သည့်တိုးတက်မှုမျှ ဖြစ်စေကြလိမ့်မည် မဟုတ်။ ထိုသို့သော အသင်းတော်သို့ ငါသွားသည့်အခါ ငါပင်လျှင် ငြင်းပယ်ခံရလိမ့်မည်။ ထိုသူတို့ထဲတွင် ဤအန္တိခရစ်သည် နာမည်ခံ ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း အမှန်တွင် အန္တိခရစ်သည် ၎င်းတို့၏ ဆရာသခင်နှင့် ၎င်းတို့၏ ဘုရားဖြစ်လာပြီဖြစ်သည်။ အန္တိခရစ်တစ်ဦး ထိန်းချုပ်ထားသည့် မည်သည့်အသင်းတော်တွင်မဆို သမ္မာတရားနှင့် ဘုရားသခင်သည် ပြယုဂ်များမျှသာ ဖြစ်သွားသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက အားလုံးထက် သာလွန်အောင် ပြုလုပ်သည့်အချိန်တွင် ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသည် မဟုတ်လော။ အသင်းတော်တွင်ရှိသည့် လူတို့သည် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံရပြီး အပြင်လူများက အလုပ်လုပ်ရန် ထိုအသင်းတော်သို့ သွားသည့်အခါ ဤလူများသည် စကားပြောကာ ပြုမူဆောင်ရွက်သည့် အခါတိုင်းတွင် မိမိတို့ ဆရာသခင်ထံမှ ၎င်းတို့၏ အချက်ပြမှုများကို ယူကြရမည် မဟုတ်လော။ ၎င်းတို့သည် တစ်စုတစ်စည်းတည်းဖြစ်သော အမိန့်တစ်ခုအောက်တွင် ရှိကြသည်၊ ၎င်းတို့သည် ပြိုင်တူ ပြုမူဆောင်ရွက်ကြပြီး မည်သူမျှ ခွင့်ပြုချက်မရဘဲ စကားမပြောဝံ့ကြ။ ၎င်းတို့၏ ဆရာသခင်က တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့က ထိုအကြည့်တစ်ချက်ဖြင့် မည်သည့်အရာဆိုလိုသည်ကို သိရှိကာ ထို့နောက်တွင် ထိုအတိုင်းလျော်ညီစွာ ပြုမူဆောင်ရွက်ကြလေသည်။ ငါသည် ၎င်းတို့ကို တစ်စုံတစ်ရာ မေးမြန်းလျှင် ၎င်းတို့၏ အချင်းချင်းပြောဆိုလေ့ရှိသော ဒေသစကားဖြင့် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုကြလေသည်။ ဤသည်မှာ ၎င်းတို့ ပြောဆိုနေသည့်အရာကို ငါ့အား မသိစေလိုကြသည့် သဘောဖြစ်သည်၊ ၎င်းတို့က ငါ့ကို ရှောင်ရှားချင်ကြပြီး ငါ့ကို အပြင်လူတစ်ဦးအဖြစ် စဉ်းစားကြသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည် မဟုတ်လော။ ငါ့ကို ၎င်းတို့ ရှောင်ရှားလိုခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားနှင့် အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်နှင့် လူတို့ကို ထိန်းချုပ်လိုကြသည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားရန် မဆိုထားနှင့်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ရန်နှင့် မိမိတို့ကိုယ်ပိုင် လုပ်ငန်းကို ပါဝင်ဆောင်ရွက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့က ၎င်းတို့၏ တာဝန်ကို ဟန်ဆောင်ထမ်းဆောင်ခြင်းအောက်တွင် မိမိတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်နေကြခြင်း ဖြစ်သည်။ အန္တိခရစ်များတွင် ဤသဘာဝမျိုးရှိသည့်အတွက် အဆင့်အတန်းကို ၎င်းတို့ ချစ်ပြီး ထိုအဆင့်အတန်းကို ပုဂ္ဂလဓိဋ္ဌာန်ကျကျ လိုချင်သည်ဟု မပြောကြလျှင်ပင် တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ပြီး မိမိတို့လက်ကို ဆန့်တန်းသည့်ခဏတွင် အန္တိခရစ်များ၏ လမ်းကြောင်းကို အပြေးသွားကြသည်။ ၎င်းတို့၏ မကောင်းဆိုးဝါးဆန်သော သဘာဝသည် ပေါ်လွင်သွားပြီး ၎င်းတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ရန် ကြိုးစားကြလေသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သည်နှင့် ၎င်းတို့၏ ကိုယ်ပိုင် လုပ်ငန်းများကို ဆောင်ရွက်ရန် ကြိုးစားကြသည်။ မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သည်နှင့် မိမိတို့ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များအတိုင်း ဆက်လုပ်ရန် ကြိုးစားကြလေသည်။ အထက်က တစ်စုံတစ်ရာကို စီစဉ်ပြီး ထိုအရာက ၎င်းတို့ထံရောက်သည့်အခါ အန္တိခရစ်များက ထိုအရာကို အကောင်အထည်ဖော်ရမည့်အစား ထိုအရာကို လေ့လာကြသည်၊ ထိုအရာကို အေးအေးဆေးဆေး စဉ်းစားပြီး မိတ်သဟာယပြုကြသည်။ ထိုအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာကို ခံယူကြခြင်း ရှိမရှိကိုလည်းကောင်း၊ ထိုအရာက အလုပ်ဖြစ်နိုင်ခြင်း ရှိမရှိကိုလည်းကောင်း ကြည့်ရန် လူတိုင်းအား ထိုအရာကို ဆွေးနွေးခိုင်းဖို့ ဖြစ်သည်။ ထိုအရာကို အကောင်အထည်ဖော်ရန် မဟုတ်ပေ။ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သည့်အရာတိုင်းသည် သမ္မာတရား ဖြစ်သော်လည်း ထိုအရာက အန္တိခရစ်တစ်ဦးထံ ရောက်သည့်အခါတွင် ပြောင်းလဲသွားသည်။ ထိုအရာသည် ၎င်းတို့အတွက် လေ့လာရမည့် တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့က ထိုအရာကို လေ့လာသည်၊ စိစစ်ပြီး ဆွေးနွေးကြကာ အဆုံးတွင် ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားသခင်၏ အစီအစဉ်များကို လူတိုင်းအား ငြင်းဆိုစေကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “သင်သည် သမ္မာတရား မဟုတ်ပါ။ သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင် ပြောသည့်အရာသည် မည်သည့်အရာမျှ အရေးမပါပါ။ ငါ၏ စီရင်ပိုင်ခွင့်တွင် သင်သည် အဆုံးအဖြတ်ပေးခွင့်ရလိုလျှင် သင် မမျှော်လင့်လေနှင့်။ ယခု ဤနေရာတွင် ငါသည် စီမံခန့်ခွဲသူဖြစ်သောကြောင့် ငါ ပြောသည့်အရာကို လူတိုင်း လုပ်ရမည်။ ငါသည် ထိန်းချုပ်ဖို့နှင့် ဆုံးဖြတ်ချက်များချဖို့အတွက် အကြွင်းမဲ့ အာဏာရှိပြီး သင်သည် ဤနေရာတွင် ပြယုဂ်တစ်ခုမျှသာဖြစ်နိုင်သည်။ ငါ၏ အလုပ်နှင့် ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ငါသည် အရာရာတိုင်းအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သင် ပြောသည့်အရာတိုင်းက သမ္မာတရားဖြစ်လျှင်ပင် ယင်းသည် ငါ့အပေါ် အလုပ်ဖြစ်မည် မဟုတ်ပါ”ဟု တွေးကြလေသည်။ ဤသည်မှာ အန္တိခရစ်နှင့် နတ်ဆိုးတစ်ဦးဖြစ်သည်၊ မှန်သလော။ ထို့ကြောင့် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ နယ်မြေသို့ ရောက်သည့်အခါ အသင်းတော်၏ အလုပ် အစီအစဉ်များ၊ အထက်၏ တောင်းဆိုချက်များနှင့် သမ္မာတရား စည်းမျဉ်းများသည် လုံးဝ အကောင်အထည်ဖော်ခံရခြင်း မရှိပေ။ အကောင်အထည် ဖော်ခြင်းမခံရသည့် ဤအရာများနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ အသင်းတော်တစ်ပါးက ယင်းတို့ကို အကောင်အထည်မဖော်သည့်အခါ ဤသည်မှာ ထိုအသင်းတော်တွင်ရှိသည့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည့်သဘောဖြစ်ပြီး ဤခလုတ်တံသင်းများနှင့် အတားအဆီးများကို ကိုင်တွယ်သင့်သည်။ သင့်ကို ဘုရားအိမ်တော်က လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိဟု သင် ထင်သလော။ ဘုရားအိမ်တော်က သင့်ကို အသုံးပြုနိုင်လျှင် သင့်ကို ကိုင်လည်း ကိုင်တွယ်နိုင်ပေသည်။ ဤသည်မှာ လောကဖြစ်သည်ဟု သင် ထင်သလော။ သင့်ထံတွင် ဩဇာလွှမ်းမိုးမှုရှိလျှင်၊ အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူပြီး သင်သည် အတော်ပင် ကြမ်းကြုတ်လျှင်၊ အာဏာရှင်ဆန်ပြီး အတော်အတန် ရက်စက်လျှင် သင့်ကို မည်သူကမျှ လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိဟု သင် ထင်သလော။ သို့ဆိုလျှင် သင် မှားပေသည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သည်။ ဘုရားအိမ်တော်ကို သမ္မာတရားက အုပ်စိုးပြီး ထိုသမ္မာတရားက လူတိုင်းကို မူအရဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ဆက်ဆံသည်။ ဘုရားအိမ်တော်က သင့်ကို အသုံးပြုကောင်း အသုံးပြုနိုင်ပြီး ဘုရားအိမ်တော်က သင့်ကို အသုံးမပြုဘဲနေကောင်းနေနိုင်ကာ သင့်ကို ဖယ်ရှားရှင်းလင်းနိုင်သည်။ သင် အသုံးပြုခံရခြင်း ရှိမရှိဟူသည်ကို ဘုရားသခင်ထံမှ နှုတ်ကပတ်တော်တစ်ခွန်းဖြင့် ဆုံးဖြတ်ပေသည်။ သင်သည် ဤနေရာတွင် အကျိုးသင့်အကြောင်းသင့် မဟုတ်သော ပုံစံတစ်ခုဖြင့် အနှောင့်အယှက်များဖြစ်စေကာ အမှုအရာများကို ဟန့်တားလျှင် သင်သည် နောက်ဆုံး၌ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ သင်သည် အစေခံမှုပေးဖို့ အားထုတ်မှုများပြုလျှင်၊ သင်သည် ဤနေရာတွင်နေပြီး သင်၏ နေရာကို သိကာ ကောင်းမွန်စွာ ပြုမူလျှင် ဘုရားအိမ်တော်က အစေခံမှုပေးရန် သင့်ကို ဆက်ခေါ်ထားလိမ့်မည်ဖြစ်ပြီး သင်၏ အစေခံမှုပေးခြင်းက မည်သို့ဖြစ်လာသည်ကို ကြည့်လိမ့်မည်။

အန္တိခရစ်များက မိမိတို့ကိုယ်ပိုင် နိုင်ငံများ ထူထောင်ခြင်း၏ အနှစ်သာရမှာ အားလုံးထက် သာလွန်အောင်ပြုလုပ်ခြင်း၊ ဘုရားသခင်ကို အလေးမထားခြင်း၊ သမ္မာတရားကို အလေးမထားခြင်းနှင့် အသင်းတော် စည်းမျဉ်းများကို အလေးမထားခြင်းတို့နှင့်ဆိုင်သည့် အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် “အသင်းတော်”ဟူသည့် အမည်ကိုသာ အစေခံကြသည်၊ “ဘုရားအိမ်တော်”ဟူသည့် အမည်နာမကိုသာ အစေခံကြသည်။ “ညီအစ်ကို မောင်နှမများ”ဟု ခေါ်သည့် လူစုကိုသာ အစေခံကြပြီး ဘုရားသခင်နောက်လိုက်ရန် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ ထမ်းဆောင်ခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့က မိမိတို့ကိုယ်ပိုင် နိုင်ငံများကို ထူထောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်ပြီး ဤသည်မှာ အားလုံးထက် သာလွန်အောင်ပြုခြင်းနှင့်ဆိုင်သည့် အနှစ်သာရဖြစ်သည်။ ယခုတွင် ဤအနှစ်သာရသည် ရှုတ်ချခြင်းခံရသလော သို့မဟုတ် အသိအမှတ်ပြုခြင်းခံရသလော။ (ရှုတ်ချခြင်းခံရသည်။) ရှုတ်ချခြင်းခံရသည့်အတွက် ဤလူများသည် သင်တို့ထဲတွင် ငြင်းပယ်ခြင်းခံရသင့်ပေသည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သော၊ မသိနားမလည်ဘဲ ကြောင်းကျိုးမမြင်သောသူများသည် ထိုသို့သော လူများကို မြင်သည့်အခါတွင် ၎င်းတို့ကို ချီးမွမ်း၊ လေးစားကာ ကိုးကွယ်ကြသည်။ ပြီးလျှင် ၎င်းတို့ကို ဦးညွှတ်ပင် ဦးညွှတ်ချင်ကြလေသည်။ ထိုသူများသည် အလွန်မိုက်မဲလှပါတကား။ အန္တိခရစ်များသည် သင့်ကို မည်သည့်နေရာသို့ ဦးဆောင်နိုင်သနည်း။ ၎င်းတို့က သင့်ကို ဦးဆောင်သည့်အခါ အဆင်းနီသော နဂါးကြီးက သင့်ကို ဦးဆောင်နေသကဲ့သို့ဖြစ်ပြီး သင့်ကို မြောင်းထဲသို့ သို့မဟုတ် အနက်ဆုံးသော တွင်းထဲသို့ မရောက်စေမချင်း ၎င်းတို့က ရပ်တန့်မည် မဟုတ်ပေ။ ၎င်းတို့က သင့်ကို လုံးဝ ပျက်စီးစေပြီးသည်နှင့်တစ်ပြိုင်နက် သင့်ကို မောင်းထုတ်ကြလိမ့်မည်။ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို အချည်းနှီး ယုံကြည်မိပြီး ဖြစ်လိမ့်မည်။ သင်တို့သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ဤလူများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ နာခံလျှင်၊ ကျိုးနွံနာခံပြီး ဤလူများနောက်လိုက်လျှင် သင်တို့သည် အလွန်အမင်း မသိနားမလည်သကဲ့သို့ သေထိုက်ပေသည်။ ထို့ကြောင့် သင်သည် ထိုသို့သော လူတစ်ဦးကို ကြုံရလျှင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်သည် အသင်းတော်၌ ဟန်ဆောင်မှုနှင့် အယောင်ဆောင်၍ လိမ်လည်ခြင်းကို လုပ်ဆောင်သည့် တစ်စုံတစ်ဦး၊ မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ အားလုံးထက် သာလွန်အောင် ပြုလုပ်သည့် တစ်စုံတစ်ဦး၊ သမ္မာတရားကို အထင်သေးသည့်၊ ဘုရားသခင်ကို အထင်သေးပြီး အသင်းတော် စည်းမျဉ်းများကို အထင်သေးသည့် တစ်စုံတစ်ဦးကို ကြုံရသည့်အခါ လူတိုင်းသည် ၎င်းတို့ကို ပြုပြင်ကာ ငြင်းပယ်ရန် ရပ်တည်ချက်တစ်ခု ယူသင့်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် လိမ္မာသည့်ပုံစံဖြင့် အလုပ်လုပ်ပေးနိုင်လျှင် ၎င်းတို့ကို ဆက်လက်အလုပ်လုပ်စေလော့။ သူတို့သည် အကျင့်မကောင်းဘဲ အစဉ်မပြတ် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အဟန့်အတား ပြုလုပ်နေပါက သင်တို့သည် ဘုရားသခင်၏ အိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အကောင်အထည်ဖော်၍ သူတို့ကို ဖယ်ရှားသင့်၏။

၂၀၂၀ ခုနှစ်၊ မေလ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။