အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၂) အခန်း တစ်
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ယနေ့တွင် အန္တိခရစ်တို့၏ သရုပ်သကန်များတွင်ရှိသော အချက်ကိုးကို ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည်။ ၎င်းတို့၏ သရုပ်သကန်များနှင့်ပတ်သက်သည့် ကိုးခုမြောက်အချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့၏ အကြောင်းအရာကို စတင်ကာ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ကြောင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုရင်း ပထမအချက်ဖြစ်သည့် ဤအရာ၏ အနည်းငယ်မျှသာ ငါတို့ မိတ်သဟာယပြုခဲ့သည်။ ဒုတိယအချက်အတွက် လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ပြီး လူတို့အကျိုးစီးပွားများ၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူသည့်အကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ငါတို့ မိတ်သဟာယပြုခဲ့သည့် တတိယအချက်မှာ ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများနှင့်ပတ်သက်သော အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူ၍ ဖြစ်၏။ ဤသည်မှာ အနည်းနှင့်အများဆိုသလို ငါတို့ ဆက်လက်မိတ်သဟာယပြုခဲ့သည့် အချက်သုံးချက်နှင့်ဆိုင်သော အကြောင်းအရာ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့ မိတ်သဟာယ ပြုခဲ့သည့်အရာမှာ အကျိုးစီးပွားများ၏ အမျိုးမျိုးသော ကဏ္ဍများကို ကောက်ချက်ချကာ လူတို့အား အခြေခံကျသော အယူအဆများအပေါ် သိနားလည်မှုတစ်ခုပေးလျက် အခြေခံအားဖြင့် အယူအဆအပေါ် အခြေတည်သော သမ္မာတရားများဖြစ်သည်။ အထက်တွင်ဆိုခဲ့ပြီးသော အကြောင်းအရာကို ဤအကြိမ်တွင် ငါတို့ နောက်ထပ်ဆက်လက်၍ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဆန်းစစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ငါတို့၏ ကိုးခုမြောက်အချက်အတွက် ငါတို့ မိတ်သဟာယပြုမည့် အကြောင်းအရာမှာ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို မီးမောင်းထိုးပြရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအချက်နှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယတွင် အန္တိခရစ်များ၏ သရုပ်သကန်များကို ငါတို့ ဆက်လက်၍ အာရုံစိုက်၍ ဆန်းစစ်သွားမည် ဖြစ်သည်။ ငါတို့သည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို ခွဲခြားဖော်ထုတ်ကာ ဤရှုထောင့်အမြင်မှ ယင်းတို့ကို စိစစ်ဖို့ ကြိုးပမ်းလျက် ၎င်းတို့ကိုယ်တိုင်နှင့်ဆက်စပ်သည့် အမျိုးမျိုးသော အကျိုးစီးပွားများအပေါ် အန္တိခရစ်များ၏ သဘောထားနှင့် အပြုအမူတို့ကို အဓိကအားဖြင့် စိစစ်မည်ဖြစ်သည်။ အန္တိခရစ်များ၏ အမြင်တွင် ၎င်းတို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော အရာများက မည်သည့်အရာများဖြစ်သည်ဆိုသည့်အပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့ အစပြုမည်ဖြစ်သည်။
အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့သည် အမည်များသာ ဖြစ်သည်။ မည်သည့် တကယ့် တန်ဖိုးမျှမရှိသည့် အမည်နာမများထက် ဘာမျှမပိုသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများကို မထီမဲ့မြင်ပြုခြင်းဖြင့် သဘောထားကြပြီး ထိုအရာများသည် ၎င်းတို့ စဉ်းစားဆင်ခြင်ခြင်းနှင့် မတန်သောအရာ သို့မဟုတ် အာရုံစိုက်ခြင်းနှင့် မထိုက်တန်သောအရာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်တို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများက ၎င်းတို့အတွက် အဆုံးစွန် အရေးပါမှုရှိသည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများအတွက် အသင်းတော်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကြာခဏ သစ္စာဖောက်ကြလေသည်။ ယခုတွင် အကျိုးစီးပွားနှင့်ဆိုင်သည့် ကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုထောင့်များနှင့်ဆိုင်သည့် ရှင်းလင်းသော အမြင်တစ်ခုကို လူတို့အား ပေးရန်အလို့ငှာ မည်သည့်အရာများသည် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သည်ကို ငါတို့ အမျိုးအစားခွဲကာ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ဦးစွာပထမ အန္တိခရစ်များက မည်သို့ အမည်တပ်ခံရသည်ဖြစ်စေ၊ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများ သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် သို့မဟုတ် ထိုသမ္မာတရားအပေါ် ရန်လိုမှုထားရှိသည့် ပုဂ္ဂိုလ်များအဖြစ် အမည်တပ်ခံရသည်ဖြစ်စေ ဤလူစားမျိုးသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြပေ။ ၎င်းတို့သည် ဇာတိခန္ဓာဖြင့် အသက်ရှင်ကြပြီး ပုံမှန်လူ့ဘဝ၏ တူညီသော လိုအပ်ချက်များ ရှိကြသည်။ ထို့ကြောင့် ညီအစ်ကို မောင်နှမများကြား သို့မဟုတ် ဘုရားအိမ်တော်နှင့် အသင်းတော်အတွင်း အသက်ရှင်သည့် အန္တိခရစ်များကဲ့သို့သော လူများတွင်လည်း ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ဆက်စပ်သည့် အကျိုးစီးပွားများရှိသည်။ ဤသည်မှာ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ပထမဆုံး ကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ပတ်သက်သည့် ဒုတိယကဏ္ဍခွဲမှာ ၎င်းတို့၏ ဩဇာအာဏာနှင့် ပတ်သက်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် တတိယကဏ္ဍခွဲမှာ ၎င်းတို့၏ အကျိုးအမြတ်နှင့် ပါဝင်ပတ်သက်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများကို စနစ်တကျမဟုတ်သော၊ ရိုးစင်းသော ပုံစံဖြင့် မိတ်သဟာယပြုခြင်းနှင့် ယှဉ်လျှင် ဤကဏ္ဍခွဲသုံးခုမှတစ်ဆင့် စိစစ်ခြင်းက သာ၍ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဤကဏ္ဍခွဲသုံးခုပေါ် အခြေခံ၍ မိတ်သဟာယပြုရန် သင်တို့ကို ငါ စေခိုင်းလျှင် သင်တို့တွင် ထိုးထွင်းသိမြင်မှု တစ်ခုတလေ ရှိသလော။ သိနားလည်မှုတစ်ခုခုကို သင်တို့ မိတ်သဟာယပြုနိုင်သလော။ (ဒုတိယကဏ္ဍခွဲနှင့် စပ်လျဉ်း၍ ထိုးထွင်းအမြင်အချို့ကို ကျွန်ုပ် မိတ်သဟာယပြုကောင်း ပြုနိုင်မည်ဖြစ်သော်လည်း တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် အကျိုးအမြတ်အကြောင်းကို ကျွန်ုပ် သိပ်မရှင်းပါ။) ကောင်းပေပြီ၊ ငါ မိတ်သဟာယပြုနေစဉ် သင်တို့ ရှင်းလင်းစွာ ပြောနိုင်သည့် နေရာတွင် သင်တို့ ဖြည့်စွက်ပေးနိုင်ပြီး သင်တို့ ရှင်းလင်းခြင်းမရှိဟု မြင်သောအရာအပေါ် ငါ မိတ်သဟာယပြုမည်။ ယင်းမှာ အလုပ်ဖြစ်သလော။ (အလုပ်ဖြစ်ပါသည်။)
က။ သူတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး
အန္တိခရစ်တို့၏ အကျိုးစီးပွားများနှင့်ဆိုင်သော ပထမကဏ္ဍခွဲ ဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးဖြင့် ငါတို့၏ မိတ်သဟာယကို အစပြုမည်။ ဤကဏ္ဍခွဲ၏ အဓိပ္ပာယ်မှာ လူတိုင်းအတွက် ရှင်းနေသင့်သည်။ ထိုအရာသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းမှုနှင့် ဆက်စပ်သည်။ တရုတ်ပြည်မတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် အသက်ရှင်ခြင်းဟု ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည့် လူတိုင်း အဆင်းနီသော နဂါးကြီး၏ အဖမ်းခံရမည့်၊ စီရင်ချက်ချခံရပြီး ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည့် အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်ရသည်။ အန္တိခရစ်များသည် ခြွင်းချက်မဟုတ်ပေ။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အန္တိခရစ်များအဖြစ် သရုပ်ဖော်ခြင်းခံရနိုင်သော်လည်း ဘာသာရေးလောကနှင့် မဟာမိတ်ပြုသည့် အဆင်းနီသော နဂါးကြီးကမူ ဘုရားသခင်၏ အသင်းတော်နှင့် သူ ရွေးချယ်ထားသော လူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းပန်းနှိပ်စက်ရန် စဉ်ဆက်မပြတ် အစွမ်းကုန် လုပ်ဆောင်နေပြီး အန္တိခရစ်များသည်လည်း မိမိတို့ကိုယ်ကို ထိုသို့သော အခြေအနေတစ်ခုတွင် ရှိသည်ကို တွေ့ရှိရကာ အဖမ်းခံရမည့် ခြိမ်းခြောက်မှုမှ လွတ်ကင်းခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မကြာခဏ ကြုံရမည်ဖြစ်သည်။ ဤအရာက အန္တိခရစ်များအနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအား မည်သို့ကိုင်တွယ်သည်ဟူသည့် မေးခွန်းကို ထည့်သွင်းစဉ်းစားသည်။ ဤကဏ္ဍခွဲအတွက် ငါတို့သည် အန္တိခရစ်များက ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအပေါ် ထားရှိသည့် သဘောထားအကြောင်းကို အဓိက မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ကောင်းပြီ၊ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြပါသည်။) အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ “ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ” ဟူ၍ ဖြစ်သည်။ ဤအမှုကိစ္စတွင် ၎င်းတို့သည် မကြာခဏ ဘုရားရှေ့သို့လာပြီး ဆုတောင်းကာ ၎င်းတို့ကို ဒုက္ခမှ ကာကွယ်ပေးပါရန် ဘုရားသခင်အား အသနားခံသည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေ အသင်းတော်ခေါင်းဆောင်ပိုင်း အလုပ်ကို ၎င်းတို့ အမှန်ပင် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်သင့်သည်ဟုလည်းကောင်း ခံစားရသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် အဖမ်းခံရခြင်းမှ ရှောင်ရှားရန်၊ ညှဉ်းပန်းနှိပ်စက်ခြင်းအားလုံးမှ ရှောင်တိမ်းကာ မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုတွင် နေရာချရန်အလို့ငှာ အန္တိခရစ်တို့သည် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မကြာခဏ တောင်းပန်ခယပြီး ဆုတောင်းကြသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် အမှီပြုပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ကြသည်။ ဤအရာနှင့်ပတ်သက်သည့်အခါ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုခြင်းက စစ်မှန်လေ၏။ အသင်းတော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့၏တာဝန်အတွက် စိုးစဉ်းမျှ မစဉ်းစားကြဘဲ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘုရားသခင် ကာကွယ်ပေးပါရန် တောင်းလျှောက်ရင်းဖြင့်သာ ဘုရားသခင်ထံ သူတို့ အာရုံစိုက်ဆုတောင်းကြသည်။ ၎င်းတို့၏ အလုပ်၌ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုသည် ၎င်းတို့ကို လမ်းပြသည့် စည်းမျဉ်းဖြစ်သည်။ နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော “တာဝန်သိစိတ်”နှင့် “သစ္စာစောင့်သိခြင်း” တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကို ကာကွယ်မည့် အစီအစဉ်၊ “ဝှက်ဖဲ”ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ် ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကို ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ စာတန်အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ “သစ္စာစောင့်သိခြင်း”နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ၎င်းတို့သည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တို့သည် အလွန်အန္တရာယ်များပြီး အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝအနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။
အချို့က “ဤသရုပ်သကန်များရှိသည့် လူတို့ကို တရုတ်နိုင်ငံ၏ လူမှုရေးအခြေအနေတွင်ရှိသည့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်သာ တွေ့ကောင်းတွေ့နိုင်သည်။ သင် ရေမြေခြားသို့သွားသည့်အခါ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အဖမ်းအဆီးမရှိပါ၊ သို့ဖြစ်၍ တစ်ကိုယ်ရေ ဘေးကင်းရေးက ဆက်စပ်မှုမရှိသောအရာ ဖြစ်လာသည်။ ဤအကြောင်းအရာအတွက် လိုအပ်ချက် ရှိသေးသလော”ဟု ပြောကောင်းပြောမည်။ ထိုအတွက် လိုအပ်ချက်တစ်ခုရှိသည်ဟု သင်တို့ ထင်ကြသလော။ (ထင်ပါသည်။) ရေမြေခြားတွင်ပင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်သည့်လူများစွာတို့သည် ဤအပြုအမူများကို မကြာခဏ ပြသကြသည်။ နိုင်ငံတစ်ခုခု၏ နိုင်ငံရေး အစိုးရစနစ်မှဖြစ်စေ၊ ဘာသာတရားမရှိသူများမှဖြစ်စေ၊ ဘာသာရေးလောကမှဖြစ်စေ ဘုရားအိမ်တော်ကို တိုက်ခိုက်ကြောင်း၊ အသရေဖျက်ကြောင်းနှင့် ဆန့်ကျင်လှုပ်ရှားမှုများ ပြုကြောင်းဆီသို့ ဆွေးနွေးမှုကို ပြောင်းလိုက်သည်နှင့် လူအချို့သည် နက်နဲသော အကြောက်တရားကို ခံစားရပြီး စိတ်ထဲတွင် သူရဲဘောကြောင်ကြလေသည်။ ဘုရားသခင်ကို မယုံကြည်လျှင် ဤအခိုက်အတန့်တွင် ပိုကောင်းမည်ဖြစ်ပြီး ပိုလွတ်လပ်မည်ဟုပင် ၎င်းတို့ ခံစားကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအတွက် နောင်တရကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် အချို့သည် အလျင်အမြန် တပ်ခေါက်ဖို့ပင် စဉ်းစားဆင်ခြင်ကြပြီး ယုံကြည်ခြင်းကို စွန့်ဖို့ စိတ်ကူးကို လက်သင့်ခံကြသည်။ ဤကဲ့သို့သော လူများသည် ဤအရာထက် မည်သည့်အရာမျှ အရေးမကြီးဟု ခံစားလျက် ၎င်းတို့၏တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ပတ်သက်သည့် ပူပန်မှုများကို တစ်ချိန်လုံး ထားရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ၎င်းတို့၏ ဘဝများနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးတို့သည် ပထမဆုံး ပူပန်စရာများဖြစ်သည်။ ထို့ကြောင့် အသင်းတော်နှင့် ဘုရားသခင်၏ အမှုတော်ကို လောကနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးက မကောင်းပြောပုံ၊ အသရေဖျက်ပုံ၊ ရှုတ်ချပုံတို့နှင့် ရင်ဆိုင်ရသည့်အခါ ဤလူများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ရပ်တည်ခြင်း မရှိကြချေ။ ထိုအစား ဤအရာများဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို မကောင်းပြော၊ အသရေဖျက်သည့် အသံများကို ၎င်းတို့ ကြားရသည့်အခါ စိတ်ထဲတွင် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြလေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်နှင့် ဘုရားသခင်၊ သူ့အိမ်တော်နှင့် အသင်းတော်တို့ကြားတွင် စည်းခြားရန် ပြင်းထန်သော ဆန္ဒရှိကြသည်။ ထို့အပြင် ဤကဲ့သို့သော အချိန်အခိုက်အတန့်များတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြောင်း ဝန်ခံခြင်းက ၎င်းတို့အတွက် ခက်ခဲပြီး စိတ်ဆင်းရဲစရာကောင်းသော အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သူ၏ အိမ်တော် သို့မဟုတ် အသင်းတော်နှင့် မည်သည့် ဆက်စပ်မှုမျှ မရှိရန် အသည်းအသန် အလိုရှိကြသည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်ကြပြီး အရှက်ရကာ မိမိတို့ မျက်နှာကိုပင် မပြနိုင်ကြပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ နောက်လိုက်များ အမှန်တကယ် ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ကြပြီးပြီလော။ (မဟုတ်ပါ။) တရုတ်ပြည်မတွင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အဖမ်းအဆီးကို မကြာခဏ ရင်ဆိုင်ရပြီး တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ဆိုင်သည့် ပြဿနာများကို မကြာခဏ ကြုံကြရသည်။ ရေခြားမြေခြား ပတ်ဝန်းကျင်သည် ထိုမျှ မကြမ်းတမ်းသော်လည်း လူတို့သည် အလားတူ အခြေအနေများကို ကြုံကြရဆဲဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးလောကထံမှ အသရေဖျက်ခြင်းနှင့် ရှုတ်ချခြင်းတို့ကို ရင်ဆိုင်ရပြီး အသင်းတော်အပေါ် နိုင်ငံအမျိုးမျိုး၏ ဥပေက္ခာပြုခြင်းကိုဖြစ်စေ၊ နားလည်သဘောပေါက်မှု မရှိသည့် စကားအချို့ကိုဖြစ်စေ ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့သည် မည်သည့်အရာ လုပ်ဆောင်ရမှန်းမသိကြသကဲ့သို့ ဘုရားသခင်၏ မှန်ကန်မှုကို သာ၍ပင် မေးခွန်းထုတ်လျက် ဘုရားသခင်၏ အမှုတော်က စစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့်ပတ်သက်၍ မသေချာမှုများနှင့် သံသယများပင် ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို မကြာခဏ စဉ်းစားကြသဖြင့် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို တည်ငြိမ်ပြီး အေးဆေးသော စိတ်နှလုံးတစ်ခုဖြင့် မလုပ်ဆောင်နိုင်ကြပေ။ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဘဝများကို ဘုရားသခင်ထံ အမှန်တကယ် ပေးအပ်ကြပြီးဖြစ်သလော။ (မပေးအပ်ကြပါ။) အချို့က “ရေခြားမြေခြားသို့ ရောက်လာခြင်းသည် အဆင်းနီသော နဂါးကြီး၏ အာဏာစက်မှ လွတ်မြောက်ခြင်းသဘောဖြစ်သည် မဟုတ်လော။ ရေခြားမြေခြားတွင် ဘာသာရေး လွတ်လပ်ခွင့်ရှိသည် မဟုတ်လော။ အရာရာက လွတ်လပ်ပြီး လွတ်မြောက်သည် မဟုတ်လော။ ဘုရားသခင်က ငါတို့ကို ငါတို့၏ တာဝန်များ ထမ်းဆောင်ရန် ရေခြားမြေခြားသို့ ဦးဆောင်လမ်းပြပြီးဖြစ်သည့်အတွက် အလားတူ ကြမ်းတမ်းသည့် အခြေအနေများကို ငါတို့ ရင်ဆိုင်ရန် အဘယ်ကြောင့် လိုအပ်ဦးမည်နည်း။ အဘယ်ကြောင့် ရေခြားမြေခြားတွင် ဤသင်ခန်းစာများကို ငါတို့ သင်ယူကာ ဤဆင်းရဲဒုက္ခကို ကြုံရန် လိုသေးသနည်း”ဟုပင် တွေးကြသည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သံသယများရှိကြပြီး အချို့မှာ သံသယရှိရုံမက “ထိုအရာသည် မှန်သောလမ်းခရီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုတော် ဖြစ်သည့်အတွက်၊ ကျွန်ုပ်တို့တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသော၊ မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန် အရာရာကို စွန့်လွှတ်ကြပြီးဖြစ်သည့် ကျွန်ုပ်တို့သည် ဤလောကတွင် အဘယ်ကြောင့် ထိုသို့သော မမျှတသည့် ဆက်ဆံမှုကို သည်းညည်းခံရဦးမည်နည်း”ဟူသကဲ့သို့သော မေးခွန်းများ ထားရှိလျက် အတိုက်အခံလည်းလုပ်ကြသည်။ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် နားမလည်ကြသည့်အပြင် အခြားအရာအားလုံးထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ဦးစားပေးကြသောကြောင့် ဤသိနားလည်မှုကင်းမဲ့ခြင်းကို ညည်းညူခြင်းနှင့် ဘုရားသခင်အပေါ် ရည်ရွယ်သည့် မေးခွန်းထုတ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားစေကြသည်။ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ရေခြားမြေခြားမှ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စွန့်စားရန်ပင် စိုးရွံ့ကြသည်။ အန္တရာယ်တစ်ခုခု ပါဝင်သည့် တာဝန်တစ်ခုကို အပေးခံရလျှင် “ဤတာဝန်အတွက် ကျွန်ုပ် မသင့်တော်ပါ။ ကျွန်ုပ်၏ မိသားစုသည် တရုတ်ပြည်မတွင် ရှိနေဆဲဖြစ်ပြီး အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ရှာတွေ့လျှင် ကျွန်ုပ်အတွက် ဒုက္ခဖြစ်စေမည်မဟုတ်လော”ဟူသကဲ့သို့သော ဆင်ခြေများ ရှာကြသည်။ ၎င်းတို့က ထိုသို့သော တာဝန်များကို ထမ်းဆောင်ရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းသိမ်းရန်၊ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ကာကွယ်ရန်နှင့် ကိုယ့်ဘဝကိုယ် ကယ်တင်ရန် ရွေးချယ်ကြသည်။ မိမိတို့ကိုယ်ကို အပြည့်အဝ ပူဇော်ဆက်ကပ်မည့်အစား ၎င်းတို့၏ တာဝန်များကို လက်ခံရန် အရာရာကို လက်လွှတ်ကာ စွန့်လွှတ်မည့်အစား မိမိတို့ကိုယ်ကိုအတွက် ထွက်ပေါက်တစ်ခုကို ချန်ထားကြသည်။ ဤအရာကို ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ အပြုအမူအချို့ ဖြစ်သည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မသက်မသာ ခံစားရပြီး ဤအရာအကြောင်းကို မကြာခဏ ဆုတောင်းကြသည်။ လူအချို့က စာတန်၏ အင်အားစုများ အလွန် အားကောင်းပြီး ၎င်းတို့ကဲ့သို့ သာမန်လူတစ်ဦးက အဘယ်သို့ အတိုက်အခံ လုပ်နိုင်မည်နည်းဟု တွေးလျက် ကြောက်ရွံ့ခြင်းနှင့် သူရဲဘောကြောင်ခြင်းတို့ကို မကြာခဏ ခံစားရသည်။ ထို့ကြောင့် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့သည် မကြာခဏ ကြောက်ရွံ့ကာ စိုးရိမ်ကြသည်။ အချို့က ၎င်းတို့ အဖမ်းခံရသည်နှင့်တစ်ပြိုင်နက် အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်က လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်၊ တစ်စုံတစ်ခုဖြစ်လျှင် မည်သူမျှ ထိရောက်လိမ့်မည် မဟုတ်ဟုပင် ခံစားကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို ကာကွယ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ အရဲစွန့်ကာ ဘေးအန္တရာယ်များသော တာဝန်တစ်ခုကို ယူရန်လိုအပ်သည့်အခါ ပုန်းကွယ်ကြပြီး မည်သူကမျှ ၎င်းတို့ကို ဖျောင်းဖျ၍မရနိုင်ကြပေ။ ၎င်းတို့က ဘုရားအိမ်တော်က ပေးအပ်ထားသည့် အရေးကြီးသော တာဝန်များကို ငြင်းပယ်ရန် ဆင်ခြေနှင့် အကြောင်းပြချက်မျိုးစုံ ရှာလျက် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းမရှိဟု အခိုင်အမာဆိုကြသည်။ ပတ်ဝန်းကျင်က ကောင်းလျှင် ဤလူများသည် မိုက်ခွက်တစ်ခုဖြင့် ကြီးမားသည့် လူအုပ်ရှေ့ လူမြင်ကွင်းတွင်ပင် ရပ်ကာ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ မှန်သောလမ်းခရီးကို လူတိုင်း လာရောက်ကာ စစ်ဆေးနိုင်မည်ဟု ကျွန်ုပ် မျှော်လင့်သည်”ဟူ၍ အော်ဟစ်ကောင်း အော်ဟစ်နိုင်ပေမည်။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အန္တရာယ်မရှိသည့်အချိန်တွင် မည်သည့်အကြောက်တရားမျှမရှိဘဲ ဤအရာကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်မှု သို့မဟုတ် အခြေအနေတစ်ခုခု၏ အရိပ်အမြွက် စိုးစဉ်းမျှ ရှိသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ရုတ်တရက်ဖြစ်သော အခြေအနေများ ဖြစ်ပေါ်သည့်အခါ ၎င်းတို့၏ စိတ်ထက်သန်မှု ပျောက်ကွယ်သွားသည်၊ ၎င်းတို့၏ “သစ္စာစောင့်သိမှု”ပျောက်သွားပြီး ၎င်းတို့၏ “ယုံကြည်ခြင်း”က မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ၎င်းတို့သည် မထင်ရှားသော၊ နောက်ကွယ်မှ အလုပ်ကို ဆောင်ရွက်ရန် အစဉ်သဖြင့် ရှာဖွေဖို့ကြိုးစားရင်း၊ ၎င်းတို့ အရဲစွန့်ရပြီး အန္တရာယ်များသောအရာအတွက် တာဝန်ခံရန် လိုအပ်သည့် အလုပ်များနှင့် တာဝန်များကို အခြားသူများအပေါ် တွန်းပို့လျက် ဤနည်းထိုနည်းဖြင့် ထွက်ပြေးရန်သာ သိကြသည်။ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စင်ပေါ်မှ လူရွှင်တော်များကဲ့သို့ တစ်ဖန်ပေါ်လာကြသည်။ ၎င်းတို့ အဘယ်ကြောင့် ပြန်ပေါ်လာကြသနည်း။ မိမိတို့ကိုယ်ကို စတင် ပြသရန်၊ လူတို့အား ၎င်းတို့၏ တည်ရှိခြင်းကို သိခွင့်ပေးရန်၊ ဘုရားသခင်အား ၎င်းတို့၏ စိတ်ထက်သန်မှုကို ပြရန်၊ ဘုရားသခင်အား ထိုအခိုက်အတန့်တွင် ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြင်ခွင့်ပေးရန်နှင့် တစ်ချိန်တည်းတွင်ပင် ယခင်က ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာအတွက် ပြန်ထေမိရန် အသည်းအသန်ကြိုးစားရင်း ကျေရာကျေကြောင်း လုပ်ဆောင်ပေးရန် ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်၌ ဒုက္ခပြဿနာ သို့မဟုတ် အပြောင်းအလဲနှင့်ဆိုင်သည့် လက္ခဏာ အနည်းငယ်မျှရှိသည်တွင် ဤလူများသည် တစ်ဖန် ပျောက်ကွယ်ကာ ပုန်းကွယ်ကြလေသည်။
ဧဝံဂေလိအလုပ်ကို စတင်ဖြန့်ဝေသည့်အချိန်တွင် ဧဝံဂေလိတရားဟောရန် အထူးသဖြင့် ခက်ခဲခဲ့သည်။ ထိုအချိန်တွင် ဧဝံဂေလိ ဟောပြောနိုင်မည့်သူ များစွာမရှိခဲ့သကဲ့သို့ ဟောပြောသည့်သူများမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုတွင် အတော်လေး အပေါ်ယံဆန်လေသည်။ ၎င်းတို့သည် လူတို့၏ ဘာသာရေးအယူအဆများကို အလွန်ကောင်းစွာ ပိုင်းခြားသိမြင်နိုင်ခဲ့ခြင်း မရှိခဲ့ကြသကဲ့သို့ လူတို့ကို ရရှိရန် ခက်ခဲခဲ့သည်။ ထို့အပြင် ဧဝံဂေလိ ဟောပြောခြင်းသည်လည်း အန္တရာယ်များ ပါရှိသည်။ အတော်အတန် လူ့သဘာဝကောင်းရှိသည့် လူများနှင့် သင် ကြုံရသည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ထိုဧဝံဂေလိတရားကို လက်ခံရန် ငြင်းကာ နားလိုက်မည်ဖြစ်သော်လည်း သင့်ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် စော်ကားခြင်းရှိမည် မဟုတ်။ ၎င်းတို့နှင့် အဆက်အသွယ်လုပ်ခြင်းကို သင် ထိန်းသိမ်းလျှင် ၎င်းတို့ကို ရရှိမည့် မျှော်လင့်ချက် ရှိနေဆဲဖြစ်ကောင်းဖြစ်မည်။ ယင်းက ရလဒ်အချို့ ဖြစ်ထွန်းမည်ဖြစ်သည်။ သို့သော် ဆိုးယုတ်သော လူများ သို့မဟုတ် အမျိုးမျိုးသော ဂိုဏ်းဂဏအဖွဲ့အစည်းများမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သင် ကြုံရသည့်အခါ ဤလူများသည် လက်ခံရန် ငြင်းမည်သာမက ပူးတွဲတိုက်ခိုက်ခြင်းကိုပင် လုပ်ဆောင်မည်ဖြစ်သည်၊ သင်၏ အပြစ်များကို အတင်းဝန်ခံစေမည်ဖြစ်ပြီး သင် ဝန်မခံလျှင် သင့်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ကောင်းတိုက်ခိုက်မည် ဖြစ်သည်။ သာ၍ပြင်းထန်သော ကိစ္စများတွင် ၎င်းတို့က သင့်ကို ရဲထံ တိုင်ပင်တိုင်ကြားမည်ဖြစ်ပြီး အချိန်မရွေး အချုပ်ခံရမည့် အန္တရာယ်ဖြစ်စေလျက် ရဲစခန်းဆီသို့ သင့်ကို လွှဲပေးကြမည်ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် ဤကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ၎င်းတို့က ၎င်းတို့လုပ်သင့်သည့်အချိန်တွင် ၎င်းတို့၏ တာဝန်များကို ဆက်ထမ်းဆောင်ကြပြီး ဧဝံဂေလိ ဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့တွင်ပင် ဦးဆောင်လမ်းပြကြသည်။ သို့သော် ခေါင်းဆောင်များဟု ခေါ်သောသူများ သို့မဟုတ် ထိုအယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ပြုမူဆောင်ရွက်ခြင်း မရှိကြချေ။ ထိုသို့သော အန္တရာယ်များနှင့် ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကိုယ်တိုင် သွားမည်မဟုတ်ဘဲ အခြားသူများကို စေလွှတ်မည်ဖြစ်သည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသော သူတစ်ဦးက ဂိုဏ်းဂဏအဖွဲ့အစည်းတစ်ခုခုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်ကို သိသွားသည့် ခေါင်းဆောင်တစ်ဦးအကြောင်း ကျွန်ုပ် ကြားခဲ့ရသည်။ ထိုသူထံ ဧဝံဂေလိတရားဟောရန် တစ်စုံတစ်ဦးကို စီစဉ်ဖို့ သူမ ရည်ရွယ်ခဲ့သည်။ ထိုအရာကို အချိန်ယူစဉ်းစားပြီးနောက်တွင် သင့်တော်သည့် လူကို သူမ ရှာမတွေ့နိုင်ခဲ့သကဲ့သို့ သူမကိုယ်တိုင် သွားလိုက်ခြင်းက ပို သင့်လျော်မည်ဟု တွေးခဲ့သည်။ သို့သော် အန္တရာယ်ကို သူမ ကြောက်ရွံ့ပြီး မသွားချင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အစားထိုးသွားပေးဖို့အတွက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်ရှိသည့် ညီမငယ်တစ်ဦးကို သူမ စီစဉ်ပေးခဲ့သည်။ သင်တို့ မည်သည့်အရာ တွေးထင်ကြသနည်း။ ဤညီမငယ်သွားဖို့အတွက် သူမ စီစဉ်ခဲ့သင့်သလော။ (မစီစဉ်ခဲ့သင့်ပါ။) အဘယ်ကြောင့် သူမ မစီစဉ်ခဲ့သင့်သနည်း။ (အဘယ်ကြောင့်ဆိုသော် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူသည် ဂိုဏ်းဂဏအဖွဲ့အစည်းတစ်ခုခုမှ ဘာသာရေး အယူအဆများစွာရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ထိုညီမငယ်သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်၊ သမ္မာတရားနှင့်ပတ်သက်၍ ပေါ့တန်သော သိနားလည်မှုရှိသည်၊ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မာတရားအကြောင်းကို မိတ်သဟာယ မပြုနိုင်သကဲ့သို့ ထိုသူကို သူမ ပြောင်းလဲစေနိုင်မည် မဟုတ်သည်သာမက သူမကိုယ်တိုင်လည်း အထင်အမြင်မှားအောင် လုပ်ခြင်း ခံခဲ့ရနိုင်ပါသည်။) သူမ၏ အသက်အရွယ်ကို စဉ်းစားသည့်အခါ သမ္မာတရားမည်မျှကို ဤညီမငယ်က အမှန်တကယ် နားလည်နိုင်မည်နည်း။ ကျမ်းစာနှင့်ဆိုင်သော အသိပညာမည်မျှ သူမ ပိုင်ဆိုင်ခဲ့သနည်း။ ထိုဂိုဏ်းဂဏအဖွဲ့အစည်းမှ ခေါင်းဆောင်ကို သူမ ပြောင်းလဲနိုင်ချေ မည်မျှရှိသနည်း။ သူမ၏ အသက်အရွယ်ကို ထောက်ရှုသော် သူမသည် ဧဝံဂေလိ ဟောပြောရာတွင် အတွေ့အကြုံ များစွာ မရှိခဲ့သည်မှာ သေချာသည်။ ထို့အပြင် သူမသည် ယခုတင် အရွယ်ရောက်လာခဲ့ခြင်းဖြစ်ပြီး အတွေ့အကြုံကင်းမဲ့သည်။ လူကြီးများ၏ အယူအဆများ၊ စိတ်ကူးများနှင့် အခက်အခဲများကို သူမက ရိပ်စားမိနိုင်မည်လော။ (ရိပ်စားမိနိုင်မည် မဟုတ်ပါ။) သေချာပေါက် ရိပ်စားမိနိုင်မည် မဟုတ်ပေ။ သူမ၏ အရွယ်တွင် သူမသည် လူကြီးများ၏ အတွေးများကို ကိုင်တွယ်ရန်အတွက် တကယ်ကို စံမမီပေ။ ငါ့ကို ပြောလော့၊ သူမ၏ အသက်အရွယ်ကို ထောက်ထားဆင်ခြင်သော် ဤညီမငယ်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သလော။ (မဟုတ်ပါ။) သူမသည် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေ။ ထို့ကြောင့် ထိုညီမငယ်ကို စေလွှတ်ခြင်းအားဖြင့် ဤခေါင်းဆောင်တွင် မှန်ကန်သည့် ရည်ရွယ်ချက်ရှိသလော။ (သူမတွင် မှန်ကန်သည့် ရည်ရွယ်ချက် မရှိပါ။) သူမတွင် မှန်ကန်သည့် ရည်ရွယ်ချက်မရှိပေ။ သူမအနေဖြင့် ငယ်ရွယ်သော ညီအစ်မကို မစေလွှတ်ခဲ့သင့်ပေ။ နောက်ပိုင်းတွင် ထိုညီမငယ်သည် ထိုဂိုဏ်းဂဏအဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံလာရပြီး ထိုသူက လူကောင်းတစ်ဦးမဟုတ်သည်ကို တွေ့ရသည့်အခါ သူမ အထူးတလည် ကြောက်ရွံ့မိပြီး နောက်တစ်ကြိမ် မသွားရဲတော့ကြောင်း ထုတ်ပြောလျက် ခေါင်းဆောင်ထံ ပြန်လည် သတင်းပို့ခဲ့သည်။ ဤခေါင်းဆောင်က “မဟုတ်ပါ၊ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင် သွားရမည်”ဟု မရမကပြောလျက် သူမအပေါ် ဖိအားပေးလေသည်။ ထိုညီမငယ်က “ထိုအရာသည် ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ် သွားသင့်သော်လည်း ထိုအရာကို ကျွန်ုပ် မကိုင်တွယ်နိုင်ပါ၊ ကျွန်ုပ် မလုပ်နိုင်ပါ”ဟု ပြောလျက် မျက်ရည်မကျချင်ဘဲကျရလေသည်။ မည်သို့ဆိုစေကာမူ ဤခေါင်းဆောင်က အလျှော့မပေးဘဲ “ထိုအရာကို သင် မလုပ်ဆောင်နိုင်လျှင်ပင် သင် သွားရမည်။ အခြားမည်သူမျှ မရှိပါ၊ ထို့ကြောင့် သင်သွားမှဖြစ်မည်”ဟု ဆက်ပြောသည်။ ဤသည်မှာ မည်သည့်ခေါင်းဆောင်မျိုးဖြစ်သည်ဟု သင်တို့ ထင်သနည်း။ အန္တရာယ်ချဉ်းကပ်လာသည့်အခါ သူမသည် မိမိကိုယ်ကို ကာကွယ်ခဲ့ရုံသာမက သူမ နောက်ဆုတ်ရင်း အခြားသူကိုလည်း အန္တရာယ်ဖြစ်စေသည်။ ဤညီမငယ်က သူမ၏ မတတ်စွမ်းနိုင်ခြင်းကို ဖော်ပြသည့်အပြင် ကြောက်ရွံ့မှုဖြင့် ငိုကြွေးသည့် အခြေအနေတွင်ပင် သူမက သဘောမတူဘဲ ရှိနေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ဤသည်မှာ လူသားတစ်ဦး ဖြစ်သလော။ (မဟုတ်ပေ။) လူသားတစ်ဦး မဟုတ်ပေ။ သူမသည် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းရေးကို မစဉ်းစားခဲ့ဘဲ သူမ၏ကိုယ်တိုင်အတွက်သာ စဉ်းစားခဲ့သည်။ မိမိတို့ ငွေကြေးရှိသမျှ ဆုံးရှုံးပြီး ဘာမျှမကျန်တော့သည့်အချိန် ၎င်းတို့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် အလဲအလှယ်အနေဖြင့် ၎င်းတို့၏ အချစ်ရဆုံးသောသူများကို စတေးရင်း၊ ၎င်းတို့အနေဖြင့် ခက်ခဲသည့် အချိန်ကာလများကို ခံနိုင်ရည်ရှိပြီး ကပ်ဘေးကို လွတ်မြောက်ခွင့်ရရန်၊ ၎င်းတို့၏ အကြွေးများကို ပြန်ဆပ်ဖို့ အပေါင်ပစ္စည်းအဖြစ် ၎င်းတို့၏ သမီးအရင်းများကို ပေးကမ်းကြသည့် လောင်းကစားလုပ်သော မိဘများကဲ့သို့ပင် သူမသည် သူမ၏ တစ်ကိုယ်ရေ အကျိုးစီးပွားအတွက် အခြားသူများ၏ ဘေးကင်းရေးကိုပင် အလဲအလှယ်လုပ်ခဲ့သည်။ ဤခေါင်းဆောင်သည် မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ သူမတွင် လူ့သဘာဝတစ်ခုတလေ ကျန်ရှိသလော။ (မရှိပါ။) သူမတွင် လူ့သဘာဝ တစ်စက်မျှမရှိပေ။ ဤအပြုအမူကို အခြေခံ၍ ဤကဲ့သို့သော လူတို့ကို အန္တိခရစ်များအဖြစ် သရုပ်ဖော်၍ရသလော။ (ရနိုင်ပါသည်။) လုံးဝ သတ်မှတ်၍ရနိုင်ပေသည်။ လူအချို့က “သူတို့ လုပ်ဆောင်နေသည့်အရာသည် အသင်းတော်၏ အလုပ်အတွက်၊ ဧဝံဂေလိတရားဟောခြင်းအတွက် ဖြစ်သည်။ သူတို့ ရည်ရွယ်သည့်အရာက ကောင်းသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ထိုအရာကို သူတို့ လုပ်နေခြင်း မဟုတ်လော။ အဘယ်သို့ဖြစ်ပြီး သူတို့ကို အန္တိခရစ်များအဖြစ် သရုပ်ဖော်၍ ရနိုင်မည်နည်း”ဟု ပြောကောင်းပြောကြပေမည်။ တစ်ဦးတလေက ဤသို့တွေးဖူးကြသလော။ ဤသို့ အကြောင်းပြချက် ပေး၍ရသလော။ (မရပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဤခေါင်းဆောင်သည် သူမကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဘေးကင်းရေးအတွက် အပေးအယူလုပ်သည့်အနေဖြင့် ထိုညီမငယ်၏ အသက်နှင့် ဘေးကင်းရေးကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ သူမသည် ထိုညီမငယ်ကို တွင်းတစ်ခုထဲသို့ တမင်တွန်းချခြင်းဖြစ်သည်။ သူမတွင် အထူးရက်စက်သော လူ့သဘာဝ ရှိသည်။) သာ၍ ရှင်းလင်းစွာ ပြောရလျှင် ထိုညီမငယ်က ဤအလုပ်တာဝန်ကို လုံးဝ လုပ်နိုင်စွမ်းမရှိသည်ကို အပြည့်အဝ သိသည့် ဤခေါင်းဆောင်သည် သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်အတွက် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမသည် သူမ၏ တစ်ကိုယ်ရေ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အခြားလူ၏ အကျိုးစီးပွားနှင့်ဘေးကင်းရေးကို စတေးလျက် သူမကိုယ်ပိုင်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့်ပတ်သက်သော ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရန် ထိုအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ သူမ၏ ရည်ရွယ်ချက်ဖြစ်သည်။ သူမသည် အလုပ်တာဝန်အတွက် အကောင်းဆုံးသော လူကို ရှာလျက် မည်သူက ဤအလုပ်ကို လုပ်နိုင်စွမ်းရှိသည်၊ ဤလူကို မည်သူက ပြောင်းလဲစေနိုင်မည်၊ သို့မဟုတ် မည်သူက ဤအလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟူသည်တို့ကို တကယ် မစဉ်းစားခဲ့ပေ။ သူမ လုပ်ရပ်များ၏ အနှစ်သာရမှာ သူမ၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းဖြစ်စေ၊ သူမ၏ သစ္စာစောင့်သိမှု သို့မဟုတ် ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအကြောင်းဖြစ်စေ မဟုတ်ဘဲ သူမ၏ အထက်လူကြီးများထံ ဖြစ်ကြောင်းကုန်စင် ရှင်းပြနိုင်ရန်နှင့် အခြားသူများကို ထိခိုက်နစ်နာစေလျက်ပင် အခြားသူများ၏ အကျိုးစီးပွားများကို စတေးခြင်းဖြင့် သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ခြင်းအကြောင်းပင် ဖြစ်သည်။ သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ပြီး သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ အခြားသူများအား ထိခိုက်နစ်နာစေသည့် နည်းလမ်းတစ်ခုဖြင့် သူမ ပြုမူဆောင်ရွက်ခဲ့သည်။ ဤသည်မှာ ထိုအရာ၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ထိုအရာ၏ အနှစ်သာရဖြစ်သည်။ ထို့ကြောင့် ဤခေါင်းဆောင်၏ လုပ်ရပ်များကို အန္တိခရစ်တစ်ဦး၏ လုပ်ရပ်များအဖြစ် သရုပ်ဖော်နိုင်သည်။ ဤသည်မှာ ကိစ္စရပ်၏ ရင်းမြစ်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အတိအကျ မှန်ပေသည်။ သင့်တော်သည့်သူများ မရှိသည့်အပြင် ဤညီမငယ်မရှိခဲ့လျှင် ထိုဂိုဏ်းဂဏအဖွဲ့အစည်း ခေါင်းဆောင်အား သူမကိုယ်တိုင် သွား၍ ပြောင်းလဲအောင်လုပ်ရန် စေခိုင်းခြင်းခံရလျှင် သူမ သွားခဲ့မည်လော။ သူမအနေဖြင့် “သင့်တော်သူများ မရှိလျှင် ကျွန်ုပ် သွားမည်။ ကျွန်ုပ် မကြောက်ပါ။ ဤလူကို ရရှိရန် ကျွန်ုပ်၏ အသက်ကို စတေးရမည့်သဘောဆိုလျှင်ပင်၊ ကျွန်ုပ် စွန့်လွှတ်ဖို့ လိုလားနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သောကြောင့် ဖြစ်သည်”ဟု ပြောနိုင်ခဲ့မည်လော။ ယင်းကို သူမ လုပ်ဆောင်နိုင်ခဲ့မည်လော။ (လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပါ။) သူမ လုပ်ဆောင်နိုင်မည်မဟုတ်ဟု အဘယ်ကြောင့် ငါတို့ ပြောသနည်း။ ဤနေရာတွင် ငါတို့သည် မှန်းဆနေခြင်းမဟုတ်ပေ။ သူမ လုပ်နိုင်မည်မဟုတ်ဟု ပြောခြင်းအားဖြင့် မည်သည့်အရာအပေါ် ငါတို့ အခြေခံနေခြင်း ဖြစ်သနည်း။ (အဘယ်ကြောင့်ဆိုသော် သူမ၏ တာဝန်ကို သူမ လုပ်ဆောင်နေခဲ့ချိန်တွင် ရလဒ်များ စွမ်းဆောင်ရရှိရန်နှင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသောသူကို ပြောင်းလဲစေဖို့ အမှန်တကယ် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုညီမငယ်ကို စေလွှတ်ခြင်းဖြင့် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခဲ့ခြင်းသာ ဖြစ်သည်။ ထိုညီမငယ်မရှိခဲ့လျှင် ဤလူကို ရရှိရန် သူမကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ သွားခဲ့မည် မဟုတ်ပါ။) မှန်ပေသည်၊ ယင်းမှာ ဖြစ်မည့်ပုံစံဖြစ်သည်။ သင့်တော်သည့်သူ မရနိုင်သည်ကို သူမ မြင်ခဲ့လျှင် သူမကိုယ်တိုင် သွားခဲ့မည်မဟုတ်လော။ (ဟုတ်ပါသည်။) သူမသည် သူ၏ တာဝန်ကို အမှန်တကယ် သစ္စာစောင့်သိခဲ့ပြီး သူမ၏ ကိုယ်ပိုင် တစ်ကိုယ်ရေ ဘေးကင်းရေးကို မစဉ်းစားခဲ့လျှင် ထိုညီမငယ်ကို သွားခွင့်ပေးခဲ့မည် မဟုတ်ဘဲ သူမကိုယ်တိုင် သွားခဲ့မည်ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် မသွားခဲ့ခြင်းဖြင့် ရည်ညွှန်းသည့် ကိစ္စမှာ အဘယ်နည်း။ (သူမသည် သူမ၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နေခဲ့ခြင်း ဖြစ်သည်။) မှန်ပေ၏၊ ယင်းမှာ ဖြစ်ခဲ့သည့်ပုံစံဖြစ်သည်။ သူမသည် သူမ၏ တာဝန်ကို အမှန်တကယ် သစ္စာစောင့်သိခဲ့လျှင် ထိုကြီးလေးသောတာဝန်ကို သူမကိုယ်တိုင် ထမ်းရွက်ခဲ့မည် ဖြစ်သည်။ သို့သော် ထိုသို့ သူမ မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူမ၏ နေရာတွင် သွားရောက်ရန် သင့်တော်မှု အနည်းဆုံးသောသူကို သူမ ရွေးချယ်ခဲ့သည်။ အန္တရာယ်မှ သူမကိုယ်သူမ ကာကွယ်ကာ သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ဆိုင်သည့် သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ အန္တရာယ်အများဆုံးသော နေရာသို့ သင့်တော်မှုအနည်းဆုံးသောသူကို စေလွှတ်ခြင်းသည် သူမ၏ ရည်ရွယ်ချက်ဖြစ်ခဲ့သလော။ (ဖြစ်ခဲ့ပါသည်။) ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။ ဤသည်မှာ လူတို့ကို စီစဉ်ခြင်းနှင့် ပတ်သက်သည်။
တရုတ်ပြည်မတွင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သူတို့အား အန္တရာယ်များသော ပတ်ဝန်းကျင်များတွင် မကြာခဏ ထားရှိလျက် တစ်စိုက်မတ်မတ်နှင့် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်၊ ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်။ သာဓကအနေဖြင့် အစိုးရက ယုံကြည်သူများကို ဖမ်းဆီးရန် မူမမှန်သော အကြောင်းပြချက် အမျိုးမျိုးကို အသုံးပြုသည်။ အန္တိခရစ်တစ်ဦး နေထိုင်သည့် နယ်မြေတစ်ခုကို ၎င်းတို့ ရှာတွေ့သည့်အခါတိုင်းတွင် အန္တိခရစ်က စဉ်းစားသည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ စီစဉ်ခြင်းအကြောင်းမဟုတ်ဘဲ ဤအန္တရာယ်များသော အခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ဟူ၍ ဖြစ်သည်။ အသင်းတော်က ဖိနှိပ်မှုနှင့် အဖမ်းအဆီးများကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များသည် နောက်ဆက်တွဲအလုပ်တွင် လုံးဝ ပါဝင်ခြင်း မရှိကြချေ။ အရေးကြီးသည့် အသင်းတော် အရင်းအမြစ်များ သို့မဟုတ် အမှုတော်ဆောင်များအတွက် အစီအစဉ်များကို ၎င်းတို့ မပြုလုပ်ကြချေ။ ထိုအစား ၎င်းတို့ကိုယ်တိုင်အတွက် ဘေးကင်းသော နေရာတစ်ခု အရယူပြီး ပြီးစေလိုက်ဖို့ ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာကြသည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အာမခံချက်ရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ်၊ အမှုတော်ဆောင်များ၊ သို့မဟုတ် အရင်းအမြစ်များကို စီစဉ်ရာတွင် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်သည်မှာ ရှားလှသည့်အပြင် ကိစ္စရပ်ကို စုံစမ်းမေးမြန်းခြင်းလည်း မရှိ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ် တစ်ခုမျှလည်း ပြုလုပ်ခြင်း မရှိကြချေ။ ဤအရာကြောင့် အသင်းတော်၏ အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများက ဘေးကင်းလုံခြုံသည့် နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းခြင်းမခံရဘဲ နောက်ဆုံးတွင် အသင်းတော်အတွက် သိသာထင်ရှားသော ဆုံးရှုံးမှုများဖြစ်စေကာ ပိုများသည့် ညီအစ်ကို မောင်နှမများ ဖမ်းဆီးခံရသည့်အဖြစ်သို့ ရောက်စေလျက် အဆင်းနီသော နဂါးကြီး၏ အများအပြား လုယက်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ခံသွားရလေသည်။ ဤသည်မှာ အန္တိခရစ်များက အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့တာဝန်ကို ခေါင်းရှောင်ခြင်း ရလဒ်ဖြစ်သည်။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အစဉ်သဖြင့် ဦးစားပေးဖြစ်သည်။ ထိုအရာမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် အမြဲပူပန်စရာတစ်ခုဖြစ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့က “ငါ ဒုက္ခမရောက်ရ။ မည်သူ အမိခံရသည်ဖြစ်စေ ငါဖြစ်၍ မရပါ။ ငါ အသက်ရှင်နေမှဖြစ်မည်။ ဘုရား၏ အမှု ပြီးစီးသည့်အခါ ဘုရား၏ ဘုန်းအသရေကို မျှဝေခံစားရန် ငါ စောင့်နေဆဲဖြစ်သည်။ ငါ အမိခံရလျှင် ယုဒကဲ့သို့ ပြုမူမည်ဖြစ်ပြီး ငါ့အတွက် ဇာတ်သိမ်းသွားလိမ့်မည်။ ငါ့အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိမည်မဟုတ်ပါ။ ငါ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်”ဟု မိမိတို့ဘာသာ တွေးကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် နေရာသစ်တစ်နေရာသို့ အလုပ်လုပ်ဖို့ သွားသည့်အခါတိုင်းတွင် မည်သူထံတွင် အစိုးရ၏ ရှာဖွေစစ်ဆေးခြင်းမှ ၎င်းတို့ ပုန်းကွယ်ကာ ဘေးကင်းလုံးခြုံမှု ခံစားရနိုင်သည့် အလုံခြုံဆုံးနှင့် အာဏာအရှိဆုံးသော အိမ်ထောင်စုရှိသည်ကို ပထမဆုံး စုံစမ်းမေးမြန်းကြသည်။ ဒုတိယအနေဖြင့် အစားအစာ တစ်နပ်စာတိုင်းတွင် အသားဟင်းပါသည့်နေရာ၊ နွေရာသီတွင် လေအေးပေးစက်ရှိပြီး ဆောင်းရာသီတွင် အပူပေးစက် ရှိသည့်နေရာဖြစ်သော ပိုကောင်းမွန်သည့် အသက်ရှင်နေထိုင်မှု အခြေအနေရှိသည့် အိမ်ထောင်စုများကို ရှာကြသည်။ ထို့အပြင် ယုံကြည်သူများထဲတွင် မည်သူက သာ၍ စိတ်ထက်သန်မှုရှိပြီး ပိုမိုအားကောင်းသော အခြေခံအုတ်မြစ်ရှိသည်၊ ဒုက္ခပြဿနာ ဖြစ်ပေါ်သည့်အခါ ကာကွယ်မှုပေးနိုင်သည့် တစ်စုံတစ်ဦးနှင့်ပတ်သက်၍ ၎င်းတို့က မေးမြန်းစုံစမ်းကြသည်။ ဤကိစ္စရပ်များအားလုံးကို ၎င်းတို့က ပထမဆုံး စုံစမ်းကြသည်။ ၎င်းတို့၏ စုံးစမ်းစစ်ဆေးခြင်းပြီးသည့်နောက်တွင် ၎င်းတို့သည် အခြေချရန် နေရာတစ်ခု ရှာတွေ့ပြီး အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ကြသည်၊ စာတစ်စောင်ပို့ကြသည် သို့မဟုတ် သတင်းအချက်အလက်တစ်ခုခု သို့မဟုတ် အလုပ် အစီအစဉ်များကို နှုတ်ဖြင့် အသိပေးကြသည်။ ယခုတွင် အန္တိခရစ်များသည် အလုပ်လုပ်နိုင်စွမ်းရှိသည်ဟု သင် ထင်သလော။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် ၎င်းတို့ကို ခရေစေ့တွင်းကျနှင့် သပ်ရပ်စွာ ထည့်သွင်းစဉ်းစားကာ စီစဉ်ကြပုံကို သင် ကြည့်သည့်အခါ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အား မည်သို့ လုပ်ဆောင်ရမည်ကို ၎င်းတို့ သိပုံရသည်၊ ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ စိတ်နှလုံးများတွင် သိသည်ဟု ထင်ကောင်းထင်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ရည်ရွယ်ချက်များက မမှန်ပေ။ ၎င်းတို့သည် တစ်ကိုယ်ရေ အကျိုးအမြတ်ကိုသာ စဉ်းစားကြပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြချေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာက သမ္မာတရားကို ဆန့်ကျင်ပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် အမှုအရာများကို ၎င်းတို့သဘောအတိုင်း မလျှော့တမ်းလုပ်ဆောင်ကာ လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူဆောင်ရွက်ကြလေသည်။ ၎င်းတို့ လုပ်ဆောင်သမျှသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ဖြစ်သည်။ မိမိတို့ကိုယ်ကို တည်ငြိမ်စေပြီး ထိခိုက်နစ်နာမည့်နည်းလမ်းမှ လွတ်မြောက်သည်၊ အန္တရာယ်လွန်သွားပြီဟု ခံစားရပြီးနောက်တွင် အန္တိခရစ်တို့သည် အပေါ်ယံဆန်သော အလုပ်တစ်ခုခုကို ဆက်လုပ်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ အစီအစဉ်များတွင် အတော်လေး စေ့စပ်တိကျကြသော်လည်း ထိုအရာက မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဟူသည့်အပေါ် မူတည်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလွန် ဂရုစိုက်စွာ စဉ်းစားကြသော်လည်း အသင်းတော် အလုပ် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့ကို ပြသကြပြီး အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အရိပ်အယောင်တစ်ခုပင်မရှိဘဲ တာဝန်ယူမှု မပြကြပေ။ ၎င်းတို့အနေဖြင့် အန္တိခရစ်များအဖြစ် သရုပ်ဖော်ခံရခြင်းမှာ ဤအပြုအမူများကြောင့် အတိအကျ ဖြစ်ပေသည်။ ငါတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် ၎င်းတို့ ကောင်းစွာ သေချာစဉ်းစားပြီး စေ့စပ်တိကျကာ ခိုင်လုံသော အစီအစဉ်များ ပြုလုပ်ကြပုံကို စဉ်းစားရင်း အစွမ်းအစတစ်ခုတည်းအပေါ် အခြေခံ၍ အကဲဖြတ်ရမည်ဆိုလျှင် ၎င်းတို့သည် အစွမ်းအစ ကင်းမဲ့ခြင်းမရှိကြသကဲ့သို့ ၎င်းတို့တွင် စဉ်းစားချင့်ချိန်တတ်ကြပေသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ကိုင်တွယ်နိုင်စွမ်း ရှိသင့်ကြပေသည်။ ယခုတွင် ၎င်းတို့၏ တတ်စွမ်းနိုင်ခြင်းကို အခြေခံ၍ ကြည့်လျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် မခေါ်ဝေါ်သင့်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့ အခေါ်ခံနေရသေးသနည်း။ ထိုအရာကို ၎င်းတို့၏ အနှစ်သာရအပေါ်၊ သမ္မာတရားကို ၎င်းတို့ လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည့်အပေါ်၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားသော လူများ ဟုတ်မဟုတ်ဟူသည့်အပေါ် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်၊ ၎င်းတို့၏ အစားအသောက်နှင့် ၎င်းတို့၏ ဘေးကင်းရေးတို့နှင့် ပတ်သက်၍ စဉ်းစဉ်းစားစားလုပ်ပြီး တိကျသော စဉ်းစားဆင်ခြင်မှုများနှင့် အစီအစဉ်များကို ပြုလုပ်ကြသည်။ သို့သော် ဘုရားအိမ်တော်၏ အလုပ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးလုံး ကွဲပြားသော လူများဖြစ်လာကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ အထူးတလည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်လာကြသည်။ ဤသူများသည် သမ္မာတရားကို လိုက်စားသည့် လူများ မဟုတ်ပေ။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်နှင့် အထက်၏ အလုပ်အစီအစဉ်များကို စိစစ်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာနှင့် မလုပ်ဆောင်လိုသည့်အရာ၊ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ဆက်စပ်သည့်အရာနှင့် ဆက်စပ်မှု မရှိသည့်အရာဟူ၍ သေချာစွာ ရွေးချယ်စိစစ်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် အစားဆိုလျှင် သွက်ပြီး လုပ်ဖို့ဆိုလျှင် နှေးကြောင်းနှင့် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံမစိုက်ကြကြောင်းတို့ကို အထက်မှ သိရှိခြင်းကို ရှောင်ရှားရန်သက်သက်အတွက် အန္တရာယ်မရှိသည့် လွယ်ကူသော အလုပ်တစ်ခုခုကို လုပ်ဆောင်ကြသည်။ အလုပ်ကို စီစဉ်ပြီးနောက်တွင် ထိုသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်က မည်သို့ ဆောင်ရွက်ထားသည်ကို လုံးဝ မေးမြန်းခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိကြချေ။ ဥပမာအနေဖြင့် ဘုရားအိမ်တော်က ပူဇော်သက္ကာများနှင့် အမျိုးမျိုးသော အရင်းအမြစ်များနှင့် စပ်လျဉ်း၍ ယင်းတို့ကို မည်သို့ စီစဉ်ရမည်၊ မည်သည့်နေရာတွင် ထားရှိရမည်၊ မည်သို့ လုံခြုံစွာထိန်းသိမ်းရမည်ဆိုသည်နှင့် မည်သူက လုံခြုံစွာထိန်းသိမ်းရမည် ဟူသည်တို့နှင့်ပတ်သက်ပြီး တိကျသော စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိသည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များသည် ဤအရာ များအကြောင်းကိုသာ ပြောဆိုကြပြီး အစီအစဉ်များ ပြုလုပ်ပြီးသည်နှင့် ပြီးပြီဟု ယူဆလိုက်ကြသည်။ ပတ်ဝန်းကျင်က သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ ၎င်းတို့သည် လှည့်ပတ်ကြည့်ရှုရန် အလုပ်ခွင်ကို မည်သည့်အခါတွင်မျှ လည်ပတ်ခြင်းမရှိဘဲ ၎င်းတို့၏ ပါးစပ်များကိုသာ လှုပ်ရှားကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားအိမ်တော်၏ ဤအရင်းအမြစ်များအတွက် သတ်သတ်မှတ်မှတ် ဖြစ်သော အစီအစဉ်များက သင့်တင့်လျောက်ပတ်ခြင်း သို့မဟုတ် ဘေးကင်းလုံခြုံခြင်း ရှိမရှိဟူသည်ကို သဘောမပေါက်ကြသည့်အပြင် မေးမြန်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မရှိကြချေ။ ထို့ကြောင့် အန္တိခရစ်များအနေဖြင့် ခေါင်းဆောင်ဖြစ်သည့် အချိန်ကာလအတောအတွင်း ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းတွင် ဘုရားနှုတ်ကပတ်တော် စာအုပ်အချို့သည် ဆိုးယုတ်သော လူတို့၏ သိမ်းဆည်းခြင်းခံရသည်။ မမှန်ကန်သော ထားသိုသိမ်းဆည်းမှုကြောင့် စာအုပ်အချို့မှာ မှိုတက်သွားပြီး အချို့သော အခြေအနေများတွင် စာအုပ်အချို့ သို့မဟုတ် အရင်းအမြစ်အချို့မှာ ယင်းတို့ကို မည်သူမျှ ဂရုမစိုက်သည့် နေရာများတွင် ထားရှိခြင်းခံရလေသည်။ အန္တိခရစ်များသည် ဤကိစ္စရပ်များအတွက် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များကို ပြုလုပ်ရန် ပျက်ကွက်ကြသည်သာမက ယင်းတို့နှင့်ပတ်သက်၍လည်း သေချာပေါက် သတင်းမေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိကြချေ။ ထိုအစား အစီအစဉ်များကို ၎င်းတို့ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အလုပ်တာဝန် ပြီးသွားပြီဟု ယူဆလိုက်ကြသည်။ ၎င်းတို့သည် လည်လည်ပတ်ပတ် ပြောဆိုပြီး ထိုမျှသာဖြစ်သည်။ လက်တွေ့ကျသည့် မည်သည့် ရလဒ်ကိုမျှ ရှာဖွေခြင်းမရှိဘဲ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြသည်။ ဤအပြုအမူများမှတစ်ဆင့် အန္တိခရစ်များသည် သစ္စာစောင့်သိမှုကို ပြကြသလော။ (မပြကြပါ။) ၎င်းတို့တွင် သစ္စာစောင့်သိမှု မရှိကြပေ။ အသင်းတော်၏ အမျိုးမျိုးသော အရင်းအမြစ်များကို စီစဉ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက လုံးဝ မမေးမြန်းကြပေ။ “လုံးဝ မမေးမြန်း”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မည်သည့် အစီအစဉ်ကိုမျှ လုံးဝ ပြုလုပ်ခြင်းမရှိဟု ဆိုလိုသလော။ တစ်စုံတစ်ဦးက အထက်လူကြီးများထံ ၎င်းတို့အား တိုင်ကြားမည်စိုးသဖြင့် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အလို့ငှာ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြပြီး အစီအစဉ်များ ပြုလုပ်ကြသည်။ သို့သော် တိတိကျကျ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ မလုပ်ဆောင်ကြပေ။ တိတိကျကျ အလုပ်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာတွင် ဤအရာများကို မည်သည့်နေရာတွင် ထားသင့်သည်၊ ဘေးကင်းလုံခြုံခြင်း ရှိမရှိ၊ ယင်းတို့ကို တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်း ရှိမရှိ၊ ကိုက်ဖြတ်တတ်သော သတ္တဝါများ လာပြီး ပစ္စည်းများကို ဝါးစားခြင်းရှိမရှိ၊ ယင်းတို့က ရေလွှမ်းမိုးခြင်း ခံရမည်လော၊ သို့မဟုတ် အခိုးခံရမည်လော၊ လုံခြုံစွာ ထိန်းသိမ်းခြင်းအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များက သင့်တော်ခြင်း ရှိမရှိ စသည်တို့ကို ဆုံးဖြတ်ခြင်း ပါဝင်သည်။ သို့သော် အန္တိခရစ်များသည် လုံးဝ မေးမြန်းခြင်း၊ လုံးဝ စုံစမ်းစစ်ဆေးခြင်း မရှိကြသကဲ့သို့ လုံးဝ စိတ်ဝင်စားခြင်း မရှိကြချေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအရာများသည် ၎င်းတို့အတွက် မွေ့လျော်ခံစားရမည့် အရာများမဟုတ်ဟု ယုံကြည်ကြသည်။ ယင်းတို့ကို တန်ဖိုးမထားကြသကဲ့သို့ ယင်းတို့ကို အသုံးမလိုကြပေ။ ယင်းတို့သည် အခြားသူများနှင့်သက်ဆိုင်သည်၊ ဘုရားအိမ်တော်နှင့် သက်ဆိုင်ပြီး ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့သည် လုံးဝ အရေးမစိုက်ကြ။ ထိုအရာနှင့်ပတ်သက်၍ ပူပန်လိုသူ မည်သူမဆို စိုးရိမ်ပူပန်ပါစေ ၎င်းတို့က မပူပန်ကြပေ။ အမှုအရာများကို ၎င်းတို့ စီစဉ်ပြီး ထိုမျှဖြင့် ပြီးသွားသည်။ အန္တိခရစ်အချို့သည် ဒုက္ခခံပြီး စီစဉ်ခြင်းပင်မရှိကြပေ။ ဤအလုပ်ကို ကောင်းစွာလုပ်လျှင်ပင် မည်သည့် ဆုလာဘ်မျှ ရမည်မဟုတ်ကြောင်းနှင့် ထိုအရာကို ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းအတွက် မည်သူကမျှ ၎င်းတို့ကို တာဝန်ခံစေမည်မဟုတ်ကြောင်း ယုံကြည်ကြသည်။ ဤမျှလောက် အရေးမပါသည့် တစ်စုံတစ်ရာအတွက် မည်သူ ၎င်းတို့ကို တိုင်ကြားမည်နည်း။ ထိုအတွက် ဘုရားသခင်က ၎င်းတို့ကို အပြစ်ပေးမည်လော။ ၎င်းတို့၏ တာဝန်များအပေါ် အန္တိခရစ်များ၏ သဘောထားနှင့် ရှုထောင့်တို့မှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိစ္စများကို ကိုင်တွယ်ကြသည်။ ဤအရာများက ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်း သို့မဟုတ် ဘေးကင်းရေးကို မထိခိုက်သရွေ့ ထိုအရာများကို စီမံထားခြင်းရှိမရှိဟူသည်ကို ၎င်းတို့ အရေးမစိုက်ကြချေ။ ဤအရာများ ပျောက်ဆုံးသည်ဖြစ်စေ၊ လျော့နည်းလာသည်ဖြစ်စေ၊ ပျက်စီးသည်ဖြစ်စေ အားလုံးက ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ အန္တိခရစ်များ၏ စိတ်တွင် ဘုရားအိမ်တော်၏ အရင်းအမြစ်များကို အများပိုင် ဥစ္စာပစ္စည်းအဖြစ် ယူဆထားသည်။ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့က ပူပန်ရန် မလိုအပ်၊ ယင်းတို့ကို မည်သို့မျှ အလေးဂရုပြုရန် မလိုအပ်သကဲ့သို့ ယင်းတို့ကို စီမံခန့်ခွဲရန် မည်သည့် အားအင်မျှ သုံးဖို့ မလိုအပ်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များအဖြစ် အန္တိခရစ်များ၏ အချိန်ကာလအတောအတွင်းတွင် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ ပေါ့ဆမှုကြောင့်၊ တစ်ကိုယ်ရေ ပျော်ရွှင်မှုအပေါ် ၎င်းတို့၏ အာရုံစိုက်ခြင်းနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုကြောင့် ဘုရားအိမ်တော်ရှိ အရင်းအမြစ်အမျိုးမျိုးတို့သည် အဆင်းနီသော နဂါးကြီး၏ လုယက်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းခံရသည် သို့မဟုတ် ဆိုးယုတ်သောလူအချို့၏ သိမ်းခြင်း ခံရလေသည်။ ထိုသို့သော အခြေအနေများစွာ ရှိခဲ့သည်။ လူအချို့က “ထိုသို့သော ရန်လိုသည့် ပတ်ဝန်းကျင်တွင် မည်သူက အရာရာကို အလွန် စေ့စပ်တိကျစွာ အာရုံစိုက်နိုင်မည်နည်း။ မည်သူက ပေါ့ဆမှု အနည်းငယ် သို့မဟုတ် အမှားအနည်းငယ် ပြုလုပ်မိခြင်းကို ရှောင်ရှားနိုင်မည်နည်း”ဟု ပြောကောင်းပြောကြမည်။ ဤသည်မှာ အမှားအနည်းငယ် ပြုလုပ်မိခြင်းအကြောင်းသာ ဖြစ်သလော။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ သစ္စာစောင့်သိမှု ပြနိုင်မည်ဆိုလျှင် ဤအရင်းအမြစ်များ ဆုံးရှုံးခြင်းက ထိုမျှ ကြီးမားမည်မဟုတ်ဟု ငါ ဆိုဝံ့သည်။ မုချ လျော့နည်းမည်ဖြစ်ပြီး အလုပ်၏ ထိရောက်မှုက များစွာ တိုးတက်မည် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။