အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၂) အခန်း နှစ်

အန္တိခရစ်များသည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ စိတ်မဝင်စားကြပေ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ဗဟိုပြုသည်။ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများ ပါဝင်ခြင်းမရှိလျှင် ၎င်းတို့ တကယ်ကိုပင် အရေးမစိုက်ကြသကဲ့သို့ စုံစမ်းခြင်းမပြုကြပေ။ ၎င်းတို့ တစ်ကိုယ်ကောင်းဆန်လိုက်လိမ့်မည့် ဖြစ်ခြင်းပါတကား။ အချို့သော အန္တိခရစ်များက ခေါင်းဆောင်များအဖြစ် ပြုမူဆောင်ရွက်နေခဲ့ကြချိန်တွင် အဆင်းနီသော နဂါးကြီးသည် ၎င်းတို့၏ ကြီးကြပ်မှု နယ်ပယ်အောက်တွင်ရှိသည့် အလှူငွေ ပမာဏများစွာကို လုယက်ခဲ့သဖြင့် အံ့အားသင့်ဖွယ်ကောင်းသော ပမာဏကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤအန္တိခရစ်များသည် မိမိတို့ကိုယ်ကို လုံးဝ အပြစ်မတင်ခဲ့ကြပေ။ ထို့နောက်တွင် ၎င်းတို့က “ထိုအရာသည် ကျွန်ုပ်၏ တာဝန်မျှသာ မဟုတ်ပါ။ အဘယ်သို့ဖြစ်ပြီး ယင်းတို့အားလုံးအတွက် ကျွန်ုပ်အပေါ် အပြစ်တင်နိုင်ရသနည်း။ ထို့အပြင် ဤအခြေအနေမျိုးက ရှောင်လွှဲမရနိုင်ပါ”ဟူ၍ပင် ပြောကြလေသည်။ ၎င်းတို့သည် လုံးဝ နောင်တမရကြပေ။ အခြားလူများအပေါ် အပြစ်ပုံချကြပြီး ဆင်ခြေများဖြင့် ပြည့်လျက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားကြလေသည်။ ၎င်းတို့သည် မည်သည့်အကောင်ယုတ်မျိုးများ ဖြစ်ကြသနည်း။ ဤသို့သော လူများသည် နှင်ထုတ်ခံရသင့်သည် မဟုတ်လော။ ၎င်းတို့သည် ကျိန်ခြင်းခံကာ အပြစ်ပေးခံရသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ကြီးလေးသည့် အမှားတစ်ခုကို ကျူးလွန်မိပြီးနောက်တွင် ဤအန္တိခရစ်များသည် လုံးဝ နောင်တမရကြပေ။ ၎င်း၏ ပေါ့ဆမှုကြောင့် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများက အဆင်းနီသော နဂါးကြီး၏ လုယူသွားခြင်းခံရလျှင် ပုံမှန်လူတစ်ဦး၊ လူ့သဘာဝရှိသည့် လူတစ်ဦး၊ ဘုရားသခင်ကို သစ္စာစောင့်သိသည့် လူတစ်ဦး သို့မဟုတ် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးရှိသည့် လူတစ်ဦးသည် မည်သည့် သရုပ်သကန်ကို ပြသမည်နည်း။ (၎င်းတို့ နောင်တရကြမည်၊ မိမိတို့ကိုယ်ကို အပြစ်တင်ကြမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ခြင်းမရှိဟု ၎င်းတို့၏ စိတ်နှလုံးတွင် ခံစားမည်ဖြစ်သည်။) ဆက်လက်၍ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြမည်နည်း။ ကျေရာကျေကြောင်း လုပ်ပေးရန် နည်းလမ်းတစ်ခုကို စဉ်းစားကြမည်ဖြစ်သည်။ အကြွေးတင်ရှိခြင်းနှင့် နောင်တစိတ်တစ်ခုကို လှိုက်လှိုက်လှဲလှဲ ခံစားကြမည်ဖြစ်သည်။ အခြားသူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ညည်းညူသည့် စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ပေ။ မိမိတို့ကိုယ်ကို ခုခံကာကွယ်မည် မဟုတ်။ ထိုအရာသည် ၎င်းတို့၏ ပေါ့ဆမှု၊ ၎င်းတို့၏ ပြစ်မှားမှုဖြစ်ကြောင်း အသိအမှတ်ပြုကြမည် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို ကိုင်တွယ်ရန် ဘုရားအိမ်တော်က မည်သို့မည်ပုံဆုံးဖြတ်သည်ဖြစ်စေ ၎င်းတို့ လက်ခံကြမည်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များက ဤအရာကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် နှင်ထုတ်ခံရပြီးနောက်တွင် အဘယ်ကြောင့် မကျေနပ်ချက်များနှင့် ပြည့်ကြသနည်း။ ဤအရာက အန္တိခရစ်များ၏ သဘာဝကို ထုတ်ဖော်ပြသည်။ ဤအန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို အင်မတန် သိသာသည့် ဆုံးရှုံးမှုများ ဖြစ်စေသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို လျစ်လျူရှုခြင်းကြောင့် အခြားသူများထံမှ အလွန်များသော အားထုတ်မှုသည် အချည်းနှီးဖြစ်သွားရပြီး အလွန်များသော ပူဇော်သက္ကာများကို အဆင်းနီသော နဂါးကြီးက ယူဆောင်သွားသည့်တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်သည့်စိတ် မခံစားရ၊ အကြွေးတင်သည့်စိတ် မခံစားရသကဲ့သို့ မိမိတို့ကိုယ်ကိုပင် ခုခံကာကွယ်ကြလေသည်။ ၎င်းတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်သည့်အခါ ကျိုးနွံနာခံရန် ငြင်းပယ်ကြပြီး ၎င်းတို့၏ အာခံမှုကို နေရာတကာတွင် ပျံ့နှံ့စေကြသည်။ ၎င်းတို့သည် မည်သည့်အကောင်ယုတ်မျိုးများ ဖြစ်ကြသနည်း။ ဤသည်မှာ သေခြင်းတရားကို လက်ယပ်ခေါ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အနှစ်သာရကို ကြည့်သည့်အခါ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ရန်လိုသည့် သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့သည် လူ့သဘာဝ ကင်းမဲ့သည်။ အသက်ရှင်သည့် မကောင်းဆိုးဝါးများ၊ စာတန်များ၊ လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန်များ ဖြစ်သည်။ လူ့သဘာဝရှိသည့် လူတို့က သေးငယ်သော အမှားတစ်ခု ပြုမိသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို တလွဲပြောမိသည့်အခါ မိမိကိုယ်ကို ပြစ်တင်စိတ်ခံစားကြသည်။ သို့သော် အသက်ရှင်သည့် မကောင်းဆိုးဝါးများ၊ အန္တိခရစ်များက ဤအရာကို မခံစားရပေ။ ထိုသို့သော ကြီးလေးသည့် အမှားတစ်ခုကို ကျူးလွန်မိပြီးနောက်တွင်ပင် ထိုအန္တိခရစ်များသည် မိမိကိုယ်ကို ပြစ်တင်စိတ်တစ်ခုမျှ မခံစားရသကဲ့သို့ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်ပင် ကြိုးစားကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် သမ္မာတရားကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ ဤအချက်ကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ (အသိအမှတ်မပြုကြပါ။) ထိုအရာကို ၎င်းတို့ အသိအမှတ်မပြုကြသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ်၊ ဘုရားသခင်အဖြစ် ယူဆကြသည်။ ၎င်းတို့မှလွဲ၍ အခြားဘုရားမရှိဟု တွေးထင်ကြသည်။ ဤသည်တို့မှာ နတ်ဆိုးများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ နတ်ဆိုးများ၊ နတ်ဆိုးစစ်စစ်များ ဖြစ်သည်။ အသင်းတော်၏ အရင်းအမြစ်များကို အန္တိခရစ်များက လုံးဝ မေးမြန်းခြင်းမရှိကြသကဲ့သို့ ယင်းတို့အတွက် သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့် အစီအစဉ်ကိုမျှ မပြုလုပ်ကြချေ။ သို့သော် ၎င်းတို့ကိုယ်တိုင် တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို ပိုင်ဆိုင်ထားမည်ဆိုလျှင်မူ ထိုအရာကို ၎င်းတို့ အကောင်းဆုံး ဂရုစိုက်ကြလိမ့်မည်မှာ သင် ယုံကြည်စိတ်ချနိုင်သည်။ ၎င်းတို့ အိပ်မောကျရင်း ယောင်သည့်အချိန်တွင်ပင် ထိုအရာအကြောင်း စကားတစ်ခွန်းမျှ ထုတ်ဖော်မည်မဟုတ်သကဲ့သို့ ၎င်းတို့ထံမှ ထိုအရာကို သင် အနိုင်အထက်ပြုမူခြင်းဖြင့်လည်း ရယူနိုင်မည် မဟုတ်။ ထိုအရာကို ၎င်းတို့က အထူးကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သည်။ သို့သော် ဘုရားအိမ်တော်၏ အရင်းအမြစ်များနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက လုံးဝ ကွဲပြားသွားသည်။ ၎င်းတို့တွင် ဤသဘောထားမျိုး အမှန်တကယ် ရှိကြသည်။ “ယင်းသည် ကျွန်ုပ်နှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ ထိုအရင်းအမြစ်ကို ကျွန်ုပ် မွေ့လျော်ခံစားခွင့်မရှိသကဲ့သို့ ထိုအရာသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ထိုအရာကို ကျွန်ုပ် ကောင်းစွာ စောင့်ရှောက်လျှင်ပင် အခြားတစ်စုံတစ်ဦး ရကောင်းရသွားနိုင်သည်။ ထိုအရာကို အလွန်ကောင်းစွာ စောင့်ရှောက်ခြင်းအတွက် မည်သည့်အကျိုးရှိသနည်း”ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်ကို ၎င်းတို့၏ တာဝန်အဖြစ် ၎င်းတို့ မယူဆကြပေ။ ဤသည်မှာ လူ့သဘာဝ ချို့တဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် လူ့သဘာဝ ချို့တဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ စိတ်ချ၍မရနိုင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်က သင့်ကို ဤအလုပ် အပ်နှံထားပြီးဖြစ်ကာ သင် ထမ်းဆောင်သင့်သည့် တာဝန်များကို ပေးထားပြီးဖြစ်သည်။ ဤသည်မှာ သင်၏ အလုပ်တာဝန်တွင် ပါဝင်သည်။ သင့်အနေဖြင့် ယင်းတို့ကို တစ်ခုပြီးတစ်ခု ဆောင်ရွက်လျက်၊ ဘုရားသခင် တောင်းဆိုထားသော စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လိုက်လျှောက်လျက်၊ ယင်းတို့ကို ကောင်းမွန်စွာ စနစ်တကျစီစဉ်ပေးလျက် ဤကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်သင့်သည်။ သို့ဆိုလျှင် သင်၏ တာဝန် ကောင်းမွန်စွာ ဖြည့်ဆည်းပြီးလိမ့်မည်။ သို့သော် အန္တိခရစ်များတွင် ဤတွေးခေါ်မှုအလေ့အထ သို့မဟုတ် စိတ်ကူးရှိကြသလော။ (မရှိကြပါ။) လုံးဝ မရှိကြပေ။ ဤသည်မှာ လူ့သဘာဝ လုံးဝ ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ လူ့သဘာဝ ကင်းမဲ့ခြင်း၏ တိကျသော သရုပ်သကန်မှာ အဘယ်နည်း။ ထိုအရာသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားရှိခြင်းအကြောင်းကိုလည်းကောင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ယုံကြည်စိတ်ချမရခြင်း၊ အားကိုး၍မရနိုင်ခြင်းနှင့် မည်သည့်အရာကိုမျှ တာဝန်ပေးအပ်ရန် ထိုက်တန်မှု မရှိခြင်းတို့အကြောင်းကိုလည်းကောင်း အရေးစိုက်ခြင်း မဟုတ်ပေ။

အသင်းတော်အတွင်းတွင် မည်သူက မည်သည့်အလုပ်ကို မည်သည့်နေရာတွင် လုပ်ဆောင်နေသည်၊ ထိုအရာကို ၎င်းတို့က ကောင်းမွန်စွာ လုပ်ဆောင်နေခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ၎င်းတို့က ထိရောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိ၊ နှောင့်ယှက်မှုများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများနှင့်ဆိုင်သည့် ဖြစ်ရပ်တစ်ခုတလေ ဖြစ်ပေါ်သလော သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ တုံ့ပြန်ချက်က မည်သည့်အရာနှင့်တူသည်ဟူသကဲ့သို့သော အမှုထမ်းများနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက လုံးဝ အသေးစိတ် မေးမြန်းခြင်း သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ အစီအစဉ်များ ပြုလုပ်ခြင်း မရှိကြပေ။ သာဓကအနေဖြင့် ဘုရားအိမ်တော်က ပါရမီအမျိုးအစား အမျိုးမျိုးရှိသော ပုဂ္ဂိုလ်များ ပေးရန် တောင်းဆိုသည့်အခါ အန္တိခရစ်များသည် ဥပမာအနေဖြင့် ဤပုဂ္ဂိုလ်များက မိမိတို့၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်တစ်ခု ရှိမရှိ၊ ၎င်းတို့၏ လူ့သဘာဝက မည်သို့ရှိသည်၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့၏ တစ်ဦးချင်းအလိုက်ဖြစ်သော ပါရမီများနှင့် နည်းပညာ ကျွမ်းကျင်မှုတို့က ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် ပျိုးထောင်ပေးခြင်းနှင့် အရေးကြီးသည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ခြင်းတို့နှင့် သင့်တော်ခြင်း ရှိမရှိဟူသည်တို့နှင့်ပတ်သက်သော ဤပုဂ္ဂိုလ်များ၏ အခြေအနေများကို တိတိကျကျ သိရှိရအောင်လုပ်ခြင်းဖြစ်စေ၊ မေးမြန်းခြင်းဖြစ်စေ မရှိဘဲ ဤပုဂ္ဂိုလ်များအကြောင်း တင်ပြချက်စာများကို ခဏမျှသာ သာမန်ကာလျှံကာ ကြည့်ကြလေသည်။ ဤအရာများနှင့် စပ်လျဉ်း၍ အန္တိခရစ်များသည် ဝတ်ကျေတမ်းကျေ လုပ်ဆောင်လျက်၊ တင်ပြချက်စာများကို ခဏတာ လေ့လာဆန်းစစ်လျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး ထိုမျှသာဖြစ်သည်။ ပေးလိုက်သည့် လူတစ်ဦးချင်းနှင့် ၎င်းတို့ အမှန်တကယ် မည်သည့်အခါကမျှ ဆက်ဆံခြင်းမရှိသကဲ့သို့ ၎င်းတို့အပေါ် အသေးစိတ်ကျကျ သို့မဟုတ် နက်နက်နဲနဲ သိနားလည်ရန် မကြိုးစားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ ရွေးချယ်သည့် လူအများစုသည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရန် သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံစိုက်ရန် ပျက်ကွက်ကြသောကြောင့် ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ဤအခြေအနေကို အန္တိခရစ်များက မည်သို့ ရှုမြင်သနည်း။ “ဤတာဝန်များကို ထမ်းဆောင်ရန် ငါ ရာထူးတိုးခံရခြင်းမျိုး မဟုတ်ပါ။ ထိုအရာများနှင့် ငါ မဆိုင်ပါ။ မည်သူသွားသည်ဆိုသည့်အရာက မည်သည့် ကွာခြားမှုကို ဖြစ်စေမည်နည်း။ ငါ့အနေဖြင့် ထောက်ခံစာများကို အသိအမှတ်ပြုကာ ဤလူများကို ပေးလိုက်လျှင် ယင်းကို ငါ၏ အလုပ်အား လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူ၍ရသည်။ ထို့အပြင် ရာထူးတိုးခံရမည့် လူတစ်ဦးချင်းစီက ငါ့အပေါ် ကျေးဇူးကြွေးတင်မည်ဖြစ်သည်။ သူတို့က ပြုစုပျိုးထောင်ထိုက်ခြင်း ရှိမရှိဟူသည်မှာ ငါနှင့်မဆိုင်ပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက မသင့်တော်သည့် လူပုဂ္ဂိုလ်များ ပေးလိုက်သဖြင့် ဘုရားအိမ်တော်၏ အလုပ်အတွက် အဟန့်အတားဖြစ်စေလျှင် ၎င်းတို့က တာဝန်တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ၎င်းတို့အနေဖြင့် တာဝန်များစွာရှိသည်။ သို့သော် ဤနတ်ဆိုးဆန်သော အရာများက စိစစ်မှုတစ်ခုကိုမျှ လုံးဝ မဆောင်ရွက်ကြပေ။ အချို့က “ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များရှိသည့် အချို့သော နေရာများတွင် ကျွန်ုပ်တို့သည် လူတို့နှင့် လူချင်း တေ့တေ့ဆိုင်ဆိုင်ဆက်ဆံ၍ မရပါ။ ၎င်းတို့အပေါ် စိစစ်မှုများကို အဘယ်သို့ ကျွန်ုပ်တို့ ဆောင်ရွက်နိုင်မည်နည်း”ဟု ပြောကြသည်။ ပတ်ဝန်းကျင်က မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ ဤကိစ္စရပ်များကို ကိုင်တွယ်ရန် နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများ ရှိနေဆဲဖြစ်သည်။ ထိုအရာသည် သင်က တာဝန်ယူမှုရှိကာ စစ်မှန်ရိုးသားစွာ ရည်စူးဆက်ကပ်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သင်၏ သစ္စာစောင့်သိမှုနှင့် တာဝန်ယူခြင်းကို သင် ပေးအပ်လျှင် ရလဒ်က အကောင်းဆုံး မဟုတ်လျှင်ပင် ထိုအရာကို ဘုရားက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ သိရှိပြီး တာဝန်အတွက် သင်ခေါင်းခံရမည် မဟုတ်ပေ။ သို့သော် သင်၏ သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်းတို့ကို ပေးအပ်ခြင်းမရှိလျှင် မည်သည့်အရာမျှ တလွဲတချော်မဖြစ်ဘဲ အဆုံးတွင် မည်သည့် အကျိုးဆက်ကိုမျှ မဖြစ်စေလျှင်ပင် ထိုအရာကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်။ ဤလုပ်နည်းကိုင်နည်းနှစ်ခု၏ သဘောသဘာဝမှာ ကွဲပြားပြီး ဘုရားသခင်က ယင်းတို့ကို မတူကွဲပြားစွာ ဆောင်ရွက်မည်ဖြစ်သည်။ လူများပေးခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်တို့သည်လည်း ကျိတ်ကြံတတ်ကြသည်။ ၎င်းတို့တွင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော ရည်ရွယ်ချက်များလည်း ရှိပြီး သစ္စာစောင့်သိမှုကင်းမဲ့ကြသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသည်ဖြစ်စေ အန္တိခရစ်များတွင် ၎င်းတို့ကိုယ်ပိုင် အပိုင်ကြံခြင်းများ ရှိပြီး စည်းမျဉ်းများကို စောင့်ထိန်းခြင်း မရှိကြပေ။ ထို့အပြင် လက်တွေ့ကျသော အလုပ် ကောင်းစွာ ပြီးစီးရန်အတွက်အလို့ငှာ ၎င်းတို့အနေဖြင့် ၎င်းတို့၏ မျက်နှာများကို ပြရမည်ဖြစ်သည်၊ ပို၍များသော လူများနှင့် တွေ့ဆုံဖို့ ဟိုဟိုသည်သည် ခရီးသွားရမည်၊ အခက်အခဲများကို ခါးစည်းခံကာ စွန့်စားလုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး ကိစ္စနှင့် တစ်စုံတစ်ရာ ပတ်သက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များသည် တစ်ဖန် စတင်အပိုင်ကြံကြပြီး ၎င်းတို့၏ သဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်။ မည်သည့်အရာ ထုတ်ဖော်ခြင်းခံရသနည်း။ အလွန်များသော လူတို့နှင့် ဆက်ဆံခြင်းသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် အန္တရာယ်တစ်ခုဖြစ်ပြီး လူတို့နှင့် ၎င်းတို့ စိတ်ကူးပေါက်သလို ဆက်ဆံ၍မရဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့ ဆက်ဆံသင့်သည့်လူများကို မဆက်ဆံကြသကဲ့သို့ ၎င်းတို့ မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြ။ ထိုအစား ပုန်းကွယ်ကာ ရိုးရှင်းသော အလုပ်တာဝန်များထက်ပို၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ အိမ်တွင်းအောင်းရမည့် ဘေးကင်းသော ကွန်းခိုရာတစ်ခုကို ရှာကြသည်။ အလုပ်၏ အခြားကဏ္ဍများ မည်သို့ ကောင်းစွာ လုပ်ဆောင်ထားသည်၊ အဖျက်အမှောင့်ပြုခြင်းများ ဖြစ်စေသည့် လူများရှိမရှိ၊ အလုပ် အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်စာအုပ် အမျိုးမျိုး သို့မဟုတ် အသံသွင်းထားသည့် တရားဒေသနာများကို ဖြန့်ဝေထားခြင်း ရှိမရှိဆိုသည်တို့အတွက်မူ အန္တိခရစ်များသည် ဤအရာများနှင့်ပတ်သက်၍ တိကျသော အစီအစဉ်များကိုဖြစ်စေ၊ မေးမြန်းစုံစမ်းခြင်းများကိုဖြစ်စေ လုံးဝ မပြုလုပ်ကြပေ။ ၎င်းတို့အနေဖြင့် သစ္စာစောင့်သိသည်ဟု ယူဆခံရရန် စွန့်စားလုပ်ဆောင်ရမည်၊ ၎င်းတို့၏ မျက်နှာများကို ပြပြီး ဒုက္ခပြဿနာကြုံရမည်ဟု ဆိုခြင်း မဟုတ်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ မည်သူ ရှင်းပြနိုင်သနည်း။ (ကနဦး၌ သူတို့က ဤအလုပ်ကို လုပ်ဆောင်ခဲ့ခါစအချိန်တွင် မည်သို့ ကောင်းစွာ လုပ်ဆောင်ရမည်ကိုဖြစ်စေ၊ အကြံပြုထောက်ခံထားသည့် အမှုထမ်းက သင့်တော်ခြင်း ရှိမရှိ ဟူသည်ကိုဖြစ်စေ လုံးဝ မစဉ်းစားခဲ့ကြသကဲ့သို့ မည်သည့်အခါတွင်မျှ စိတ်နှလုံးအကြွင်းမဲ့ ပြုမူဆောင်ရွက်ခြင်း မရှိကြပါ၊ သို့မဟုတ် သူတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း မရှိကြပါ။ ဤအရာများကို သူတို့ လုံးဝ မတွေးကြပါ။) ၎င်းတို့က သစ္စာစောင့်သိမှုကို ယတိပြတ် မပြကြပေ။ ဘုရားသခင်ကို သစ္စာစောင့်သိမှုရှိသော လူတို့ အလုပ်လုပ်ပုံ၏ သဘာဝနှင့် သစ္စာစောင့်သိမှု မရှိသောသူတို့ အလုပ်လုပ်ပုံ၏ သဘာဝတို့ကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။ အန္တရာယ်ရှိသည့် ကိစ္စရပ်များကို ၎င်းတို့ နှစ်ဦးလုံး ကြုံရသည့်အခါ သစ္စာစောင့်သိမှုရှိသောသူတို့သည် အန္တရာယ်ကို ရင်ဆိုင်နိုင်ပြီး အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဉာဏ်ပညာနှင့် နည်းစနစ်များကို အသုံးပြုလျက် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်နိုင်ကြသည်။ သို့သော် အန္တိခရစ်များကမူ အန္တရာယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်တွေ့ကျသော အလုပ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိကြသကဲ့သို့ အလုပ်အစီအစဉ်များကို ၎င်းတို့က လုံးဝ အကောင်အထည်ဖော်ခြင်း မရှိကြပေ။ ယင်းမှာ ခြားနားချက် ဖြစ်သည်။ အန္တိခရစ်များက အသင်းတော်၏ အခြေအနေ၊ အလုပ်တာဝန်အမျိုးမျိုး စသည်တို့ကို နှုတ်ဖြင့် မေးမြန်းကောင်း မေးမြန်းနိုင်သော်လည်း ၎င်းတို့၏ မေးမြန်းမှုများကပင်လျှင် လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံအဆင့် အားထုတ်မှုအချို့ကိုသာ ပြုလုပ်နေကြပြီး ထိုအရာနှင့်ပတ်သက်၍ လုံးဝ စေ့စပ်တိကျခြင်း မရှိကြချေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်နေကြသည်ဟု ထင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် အလုပ်ကို ၎င်းတို့ နားမလည်ကြ၊ မှတ်စုများ မယူကြ၊ ထိုအရာနှင့်ပတ်သက်၍ တွေးဆခြင်းမရှိကြသကဲ့သို့ ဆုတောင်းခြင်း၊ သို့မဟုတ် ရှာဖွေခြင်း မပြုကြပေ။ အလုပ်၏ မတူကွဲပြားသော အစိတ်အပိုင်းများက မည်သို့ တိုးတက်နေသည် သို့မဟုတ် အမှုအရာများ ကောင်းစွာ လုပ်ဆောင်ထားခြင်းမရှိသည့် အပိုင်းများအတွက် မည်သူက တာဝန်ရှိသည် သို့မဟုတ် မည်သည့် အသင်းတော်ခေါင်းဆောင်များက သင့်တော်ခြင်း မရှိနိုင်သည် သို့မဟုတ် မည်သည့်နေရာတွင် အလုပ်ကို အကောင်အထည်ဖော်ခြင်း မရှိသေးသည် ဟူသည်တို့ကို အလေးထားရန် အားစိုက်ထုတ်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို စဉ်းစားခြင်းမရှိ၊ ဟန်ဆောင်လုပ်ပြရုံ လုပ်ပြကြပြီး ပြဿနာများကို ၎င်းတို့ ခွဲခြားဖော်ထုတ်သည့်အခါ မဖြေရှင်းကြချေ။ ခေါင်းဆောင်ဟု ခေါ်သောသူအချို့သည် စုဝေးပွဲများအတွက်သာ လူများကို စုစည်းသည်၊ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းပြီး အလုပ်ကို စိစစ်ကာ စုံစမ်းစစ်ဆေးလေသည်။ လက်တွေ့ကျသော အလုပ်တစ်ခုခု ပါဝင်ပြီး ၎င်းတို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် လိုအပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး အန္တရာယ်ရှိပြီး အခက်အခဲအဆင့်တစ်ခုခု ပါဝင်သည်နှင့်တစ်ပြိုင်နက် ထိုအရာကို ၎င်းတို့က မလုပ်ဆောင်ကြပေ။ ထိုအချိန်တွင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအား ဦးစားပေးလျက် အလုပ်ကို ရပ်လိုက်ကြသည်။ ပြဿနာများကို ၎င်းတို့ သတိပြုမိသည့်အချိန်တွင်ပင် တိကျသည့် အစီအစဉ်များကို မပြုလုပ်ကြပေ။ ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ၎င်းတို့ လူသိများပြီး အဖမ်းခံရမည့် အန္တရာယ်ရှိလျှင် ဤအလုပ်တာဝန်များကို အခြားသူများထံ ခွဲဝေပေးလိုက်ကြသလော။ မခွဲဝေပေးကြပေ။ ၎င်းတို့သည် ဤအလုပ်တာဝန်များကို လုပ်ဆောင်ရန် အခြားသူများအား မစီစဉ်ပေးကြဘဲ ယင်းမှာ ပြဿနာ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့က မည်သည့်အနှစ်သာရကို ထုတ်ဖော်ပြသနည်း။ ၎င်းတို့သည် သစ္စာစောင့်သိမှု ကင်းမဲ့ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ အရာရာတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို အလေးထားကြသည်။ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို အကောင်အထည် ဖော်ထားခြင်း ရှိမရှိ သို့မဟုတ် ဘုရားအိမ်တော် အလုပ်၏ တိုးတက်မှုအကြောင်းကို ၎င်းတို့ လုံးဝ မေးမြန်းခြင်း မရှိကြသကဲ့သို့ ဤအရာများနှင့်ပတ်သက်၍ ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုကို မပေးအပ်ကြသကဲ့သို့ ၎င်းတို့၏ သစ္စာစောင့်သိမှုကို မပြကြပေ။ ၎င်းတို့အတွက် ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟန်ဆောင်လုပ်ပြခြင်းသည် လုံလောက်၏။ ဤအရာကို အလုပ်လုပ်နေခြင်းအဖြစ် ၎င်းတို့က ယူဆကြသည်။ အန္တရာယ်က သေးငယ်လျှင် အလုပ်အချို့ကို အင်တင်တင်ဖြင့် ၎င်းတို့ လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် အန္တရာယ်က ကြီးမားပြီး ၎င်းတို့ အဖမ်းခံရမည့် ဖြစ်နိုင်ချေတစ်ခု ရှိလျှင် ထိုအလုပ်က မည်မျှ အရေးကြီးသည်ဖြစ်စေ လုပ်ဆောင်ကြမည် မဟုတ်။ ယင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ၎င်းတို့၏ အကျိုးစီးပွားများက လုံခြုံစိတ်ချရသရွေ့ မည်သူကိုမဆို ၎င်းတို့ သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ ၎င်းတို့၏ အကျိုးစီးပွားများကို ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား အဆုံးရှုံးခံလျက် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ၎င်းတို့၏ အကျိုးစီးပွားများက အထွတ်အထိပ်ဖြစ်သည်။ အန္တိခရစ်များသည် တာဝန်တစ်ခုကို ယူသည်နှင့်တစ်ပြိုင်နက် သစ္စာစောင့်သိနိုင်ကြသလော။ (သစ္စာစောင့်သိနိုင်ခြင်း မရှိပါ။) သစ္စာစောင့်သိခြင်းသည် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ဘဝများနှင့် ဘေးကင်းရေးကို စဉ်းစားပေးနိုင်ကြသလော။ (မစဉ်းစားပေးနိုင်ကြပါ။) ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို မီးတွင်းထဲသို့ တွန်းချကာ ၎င်းတို့ကို စတေးခံ အသုံးချစရာများအဖြစ် အသုံးပြုလျက် မိမိတို့ကိုယ်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ဖြစ်သည်။

၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က “ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့ကြပြီး ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို အချိန်ဆွဲကြသည်။ ၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုလည်း နှစ်သက်ကြပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍများကို ယူရန် လိုလားကြသည်။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို တာဝန်ယူရန် မလွယ်ပါ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်ကို အဆင်းနီသော နဂါးကြီးက သိသွားလျှင် ကျွန်ုပ် လူသိများလာမည်ဖြစ်ပြီး အလိုရှိသော စာရင်းတွင် အထည့်ခံရမည်ဖြစ်ကာ ကျွန်ုပ် အမိခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ အသက်က အန္တရာယ်ရှိမည်ဖြစ်သည်”ဟူသည်ကို သိကြသော်လည်း ဤအဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားရန်အတွက် ဤအန္တရာယ်များကို လျစ်လျူရှုကြသည်။ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံကြသည့်အခါ ၎င်းတို့၏ ဇာတိပကတိ ပျော်ရွှင်ခြင်းအကြောင်းသာ မွေ့လျော်ခံစားကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အမျိုးမျိုးသော အသင်းတော်များနှင့် စာအဆက်အသွယ် အနည်းအကျဉ်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ နေရာတစ်ခုခုတွင် ၎င်းတို့ ပုန်းကွယ်ပြီး မိမိဘာသာ သီးခြားခွဲနေလျက် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြသကဲ့သို့ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ခေါင်းဆောင် အဘယ်သူဖြစ်သည်ကို မသိကြပေ။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့သည့် အတိုင်းအတာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်သည်မှာ အမည်ခံသာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ခေါင်းဆောင်များအဖြစ် မည်သည့် လက်တွေ့အလုပ်တွင်မျှ ၎င်းတို့ ပါဝင်ခြင်းမရှိကြ။ မိမိတို့ဘာသာ ပုန်းကွယ်ဖို့အကြောင်းသာ ၎င်းတို့ ဂရုစိုက်ကြသည်။ အခြားသူတို့က “ခေါင်းဆောင်ဖြစ်ခြင်းက အဘယ်သို့နည်း” ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က “ကျွန်ုပ်သည် အလွန့်အလွန် အလုပ်များပြီး ဘေးကင်းရေးအတွက် အိမ်ဆက်တိုက်ပြောင်းနေရသည်။ ဤပတ်ဝန်းကျင်သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် ကျွန်ုပ်၏ အလုပ်ကိုပင် ကျွန်ုပ် အာရုံမစိုက်နိုင်ပါ”ဟု ပြောလိမ့်မည်။ မျက်လုံးများစွာက ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု ၎င်းတို့ အမြဲ ခံစားရပြီး ပုန်းကွယ်ရန် မည်သည့်နေရာ ဘေးကင်းလုံခြုံသည်ကို မသိကြချေ။ ရုပ်ဖျက်ခြင်း၊ မတူကွဲပြားသော နေရာများတွင် မိမိတို့ဘာသာ ပုန်းကွယ်ခြင်းနှင့် တစ်နေရာတွင် ရှိမနေခြင်းတို့မှလွဲ၍ နေ့စဉ် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြချေ။ ထိုသို့သော ခေါင်းဆောင်များ တည်ရှိသလော။ (တည်ရှိပါသည်။) မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက “ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ထား၏။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်”ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က “အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ”ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက “သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်”ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် သရုပ်ဖော်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူးအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့ ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ “ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်သည်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော လူများသည် ထူးထူးခြားခြား ကြောက်တတ်ကြသည်၊ အလွန်အမင်း ကြောက်လန့်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ၎င်းတို့ထံ မကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဂနာမငြိမ်သော ငှက်ကလေးများလောက် ကြောက်လန့်လာပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်ကြတော့ပေ။ အစောပိုင်းက ငါတို့ ပြောခဲ့ကြသည့် ဤလူစားမျိုးသည် လုပ်နိုင်စွမ်းရှိလျှင် မည်သည့်အလုပ်ကိုမျှ တကယ်ကို လုံးဝ လုပ်ဆောင်ခြင်း မရှိကြချေ။ ပြဿနာတစ်ခုရှိသည်ကို ၎င်းတို့ သိလျှင်ပင် ကိုင်တွယ်မည်မဟုတ်။ မိမိတို့ကိုယ်ကိုသာ ကာကွယ်ကြပြီး အထူးတလည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ဤလူနှစ်မျိုးနှစ်စားလုံးက မယုံကြည်သူများ ဖြစ်ကြသည်။ ပထမအမျိုးအစားမှာ ယုံကြည်စိတ်ချ၍ မရသကဲ့သို့ သစ္စာဖောက်တတ်သည်၊ အခက်အခဲနှင့် ပင်ပန်းနွမ်းလျမှုကို ကြောက်ရွံ့ကြသည်၊ မိမိတို့၏ ခန္ဓာအတွက် ပူပန်ကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြပေ။ ဒုတိယအမျိုးအစားမှာ ကြောက်တတ်ပြီး ကြောက်လန့်သည်။ တကယ့်အလုပ်ကို မထမ်းဆောင်ဝံ့သကဲ့သို့ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခံရကာ နှိပ်စက်ညှဉ်းပန်းခြင်းခံရမည်ကို ကြောက်ကြသည်။ ဤလူနှစ်မျိုးနှစ်စားကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။)

အန္တိခရစ်များက မိမိတို့ကိုယ်တိုင်၏ ဘေးကင်းလုံခြုံမှုအား ကာကွယ်ပုံနှင့်ပတ်သက်၍ သင်တို့ သိသည့် ဥပမာတစ်ခုခု ရှိသလော။ (ဘုရားသခင်၊ ထိုသို့သော ဖြစ်ရပ်တစ်ခု ကျွန်ုပ် သိပါသည်။ မကောင်းသည့်အရာများ လုပ်လျက် သောင်းကျန်းနေသည့် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည့် အသင်းတော်တစ်ပါးရှိပြီး ခေါင်းဆောင်များ၊ သင်းထောက်များနှင့် ညီအစ်ကို မောင်နှမ အနည်းငယ်တို့အားလုံး ဖမ်းဆီးခံခဲ့ရသည်။ ထိုအချိန်တွင် အန္တိခရစ်က အမိခံရမည်ကို စိုးရွံ့ခဲ့သည်။ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်သည့်အလုပ်အတွက် အစီအစဉ်များ ပြုလုပ်ခြင်းမရှိဘဲ ဝေးလံသော နေရာတစ်ခုတွင် သူ ပုန်းအောင်းနေခဲ့သည်။ ဧည့်ခံသော မိသားစုတစ်စုနှင့် နေထိုင်ရန်ပင် သူ ငြင်းခဲ့ပြီး ထိုအစား နေရာတစ်ခု ငှားရန် အလှူငွေများကို မရမက အသုံးပြုခဲ့သည်။ နောက်ပိုင်း အလုပ်အတွက် သင့်တင့်လျောက်ပတ်သည့် အစီအစဉ်များကို သူ မပြုလုပ်ခဲ့သကဲ့သို့ ကွယ်ဝှက်နေသည့် အန္တရာယ်များကို ချက်ချင်း မရှင်းလင်းခဲ့သောကြောင့် ညီအစ်ကို မောင်နှမအချို့ အဖမ်းခံခဲ့ရပြီး အသင်းတော် အလုပ်က မရပ်ချင်ဘဲရပ်လိုက်ရသည်။ အန္တိခရစ်များက အထူးပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်မှာ သိသာထင်ရှားသည်။ အရေးကြီးသည့် အခိုက်အတန့်အချိန်များတွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ကာကွယ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ပါ။) အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများ၏ စိတ်သဘောထားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာနှင့် အဘယ်သို့ ခြားနားသနည်း။ (ဘုရားသခင်ကို သစ္စာစောင့်သိသူများထံ ထိုသို့သော အရာများ ကျရောက်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန်၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများအား ကာကွယ်ရန် ၎င်းတို့ နည်းလမ်းတစ်ခုခု စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုများ နည်းပါးစေရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကို မောင်နှမများအတွက် လိုအပ်သည့် အစီအစဉ်များကို ပြုလုပ်ကြလိမ့်မည်။ ထိုအချိန်အတောအတွင်းတွင် အန္တိခရစ်များမှာမူ ၎င်းတို့ ကာကွယ်ခြင်းခံရဖို့ ဦးစွာပထမ သေချာအောင် လုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ မပူပန်ကြပေ။ အသင်းတော်က အဖမ်းအဆီးများ ရင်ဆိုင်ရသည့်အခါ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်က ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။) အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး၊ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် သွယ်ဝိုက်သောနည်းဖြင့် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။ တရုတ်ပြည်မ၏ ပတ်ဝန်းကျင်တွင်၊ မိမိတာဝန်ကို လုပ်ဆောင်နေစဉ် စွန့်စားမှုတစ်ခုတလေကို ရှောင်ရှားရန်နှင့် မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ သေချာစေရန် ဖြစ်နိုင်သလော။ သတိအရှိဆုံးသောလူပင်လျှင် ထိုအရာကို အာမမခံနိုင်ပေ။ သို့သော် သတိက လိုအပ်သည်။ ကြိုတင် ကောင်းစွာ ပြင်ဆင်ထားခြင်းသည် ကိစ္စများကို အနည်းငယ် တိုးတက်စေပြီး၊ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများကို လျော့ပါးစေဖို့ အထောက်အကူပြုနိုင်သည်။ ပြင်ဆင်မှု လုံးဝ မရှိလျှင်၊ ဆုံးရှုံးမှုများက များပြားလိမ့်မည်။ ဤအခြေအနေနှစ်ခုကြားက ကွာခြားချက်ကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ ထို့ကြောင့်၊ စုဝေးပွဲများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ သတိရှိခြင်းက အကောင်းဆုံးဖြစ်ပြီး၊ တားဆီးကာကွယ်ရေး စီမံချက်များကို လုပ်ဆောင်ရန် လိုအပ်သည်။ သစ္စာစောင့်သိသည့် လူတစ်ဦးက မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းက အနည်းငယ် သာ၍ ပြည့်စုံစွာ၊ စေ့စပ်စွာစဉ်းစားနိုင်သည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန်အလို့ငှာ ဤအရာများအပြင် မိမိတို့ လုပ်နိုင်သည့်အရာကို ၎င်းတို့က စီစဉ်လိုကြသည်။ ဤရလဒ်ကို စွမ်းဆောင်ရရှိရမည်ဟု ၎င်းတို့ ခံစားကြသည်။ သစ္စာစောင့်သိမှု ကင်းမဲ့သူတစ်စုံတစ်ဦးသည် ဤအရာများကို ထည့်မတွက်ပေ။ ဤအရာများက အရေးပါခြင်းမရှိဟု ၎င်းတို့ တွေးထင်ပြီး၊ မိမိတို့တာဝန် သို့မဟုတ် အလုပ်အဖြစ် သဘောမထားကြပေ။ တစ်စုံတစ်ရာ လွဲချော်သည့်အခါ၊ မိမိကိုယ်ကို အပြစ်တင်စိတ်တစ်ခုမျှ မခံစားကြရပေ။ ဤသည်မှာ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မပြကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ပေးခံရသည့်အခါ အတော်လေး ဝမ်းမြောက်ဝမ်းသာ လက်ခံကြပြီး ကောင်းမွန်သည့် ကြေညာချက်အချို့ ပြုလုပ်ကြသော်လည်း အန္တရာယ်လာသည့်အခါ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ပြေးရာတွင် ပထမ၊ ရှောင်တိမ်းရာတွင် ပထမဖြစ်သည်။ ဤအရာက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့သည် အထူးသဖြင့် ဆိုးရွားပြင်းထန်သည်ကို ပြသည်။ ၎င်းတို့တွင် တာဝန်သိစိတ် သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိကြပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သို့ ထွက်ပြေးပြီး မည်သို့ ပုန်းကွယ်ရမည်ဟူသည်ကိုသာ သိကြကာ မိမိတို့၏ တာဝန်များ သို့မဟုတ် အလုပ်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းကိုသာ စဉ်းစားကြသည်။ မိမိတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက်၊ အန္တိခရစ်များသည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝကို တစ်သမတ်တည်း ပြသကြသည်။ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်များကို ၎င်းတို့ ဦးစားမပေးကြပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သာ၍ပင် ဦးစားမပေးကြပေ။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြသည်။

ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည့် ကဏ္ဍခွဲသည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော ကိုးခုမြောက် အချက်ဖြစ်သည့် ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင်ဖောက်ကြသည်ဟူသည့်အရာနှင့် ဆက်စပ်သည် မဟုတ်လော။ (ဆက်စပ်ပါသည်။) မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ အန္တရာယ်နှင့် ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခခံစားရခြင်းကို ရှောင်ရှားရန်အလို့ငှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များအပေါ် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားတစ်ခု ခံယူကြသည်။ တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းမရှိဘဲ ရာထူးနေရာများကို ယူကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း မဟုတ်လော။ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် အလဲအလှယ်အနေဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ ဘုရားသခင်၏ အမှုတော်နှင့် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို အရေးမထားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဏ္ဍခွဲတွင် ငါတို့ စိစစ်ကြပြီးဖြစ်သည့် သရုပ်သကန်များက အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော အနှစ်သာရကို အပြည့်အဝ ဖော်ထုတ်သည်။ ဤနေရာတွင် မည်သည့်အရာကို ငါတို့ အဓိက မိတ်သဟာယ ပြုပြီးဖြစ်သနည်း။ ဒုက္ခရောက်မည်ကို ကြောက်သည့်စိတ်နှင့် မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းကြသကဲ့သို့ ဘုရားသခင်ကို သစ္စာစောင့်သိမှု ဘာဆိုဘာမျှ မပြကြပေ။ ဤသရုပ်သကန်တွင် သမ္မာတရား စစ်မှန်မှု တစ်ခုတလေ ရှိသလော။ ထိုအရာသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ ဤသည်မှာ လုံးလုံးလျားလျား လူ့သဘာဝ ကင်းမဲ့မှုတစ်ခု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။