အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၄) အခန်း တစ်

၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ

ယနေ့တွင် ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲမှ အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည်။ ပြီးခဲ့သည့်အခေါက်တွင် အချက်ကိုးတွင် ပါရှိသော အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များမှ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သည့် ဒုတိယကဏ္ဍကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအပိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့သည်၊ မှန်သလော။ (မှန်ပါသည်။) ပြန်စဉ်းစားပြီး ငါ့ကို အကြမ်းဖျင်း အကျဉ်းချုပ်တစ်ခု ပေးလော့။ အန္တိခရစ်များ၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့်စပ်လျဉ်း၍ အချက်မည်မျှကို ငါတို့ အဓိက မိတ်သဟာယပြုခဲ့ကြသနည်း။ (ပြီးခဲ့သည့်အခေါက်တွင် ဘုရားသခင်က အချက်နှစ်ချက် မိတ်သဟာယပြုခဲ့ပါသည်။ ပထမအချက်မှာ ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်များ၏သဘောထား ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို လုံးဝ လက်ခံနိုင်ခြင်း သို့မဟုတ် ကျိုးနွံနာခံနိုင်ခြင်း မရှိသကဲ့သို့ ထိုအရာကို သမ္မာတရားအဖြစ်လည်း လက်မခံနိုင်ကြပေ။ ဒုတိယမှာ လူအုပ်စုတစ်စုထဲတွင် အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ပုံနှင့် ၎င်းတို့၌ မည်သည့် သရုပ်သကန်များ ရှိကြသည်ဟူသည်နှင့် ပတ်သက်၍ ဖြစ်သည်။ အန္တိခရစ်များ၏ အနှစ်သာရမှာ ယှဉ်ပြိုင်တတ်သော အနှစ်သာရဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ၎င်းတို့ ယှဉ်ပြိုင်ရမှဖြစ်မည်ဖြစ်သည်။) သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ ငါတို့ ယနေ့ ဆက်၍ မိတ်သဟာယပြုကြစို့။ ပြီးခဲ့သည့်အခေါက်တွင် မည်သည့် အလုပ်တာဝန်ကို သင်တို့အား ငါ ပေးခဲ့သနည်း။ ငါတို့၏ စုဝေးပွဲပြီးသည့်နောက် မည်သည့်အရာကို ချင့်ချိန်စဉ်းစားကာ မိတ်သဟာယပြုရန် သင်တို့ကို ငါ စေခိုင်းခဲ့သနည်း။ သင်တို့ သတိရကြသလော။ (အန္တိခရစ်များ၏ စိတ်သဘောထားများထဲမှ မည်သည့်စိတ်သဘောထားကို ကျွန်ုပ်တို့ ပိုင်ဆိုင်သည်ကို တွေ့မြင်ရန်နှင့် အမှုအရာများအား လုပ်ဆောင်ရန် အန္တိခရစ်များ၏ သဘာဝများထဲမှ မည်သည့်အရာကို ကျွန်ုပ်တို့ အမှီပြုကြသည်ဟူသည်ကို တွေ့မြင်ရန် အန္တိခရစ်များ၏ သရုပ်သကန်များနှင့်ဆိုင်သော မိတ်သဟာယဖြင့်လည်းကောင်း၊ စိစစ်မှုဖြင့်လည်းကောင်း မိမိကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ရန် ဘုရားသခင်က ကျွန်ုပ်တို့ကို စေခိုင်းခဲ့ပါသည်။) ဤသည်မှာ အဓိက အကြောင်းအရာ ဖြစ်သည်။ အကြောင်းအရာခွဲမှာ မည်သည့်အရာ ဖြစ်သနည်း။ (အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်နေစဉ် ပြသသည့် ယှဉ်ပြိုင်တတ်သော သဘာဝများအကြောင်းနှင့် ကျွန်ုပ်တို့၏ လက်တွေ့ဘဝများတွင် ထိုယှဉ်ပြိုင်တတ်သော သဘာဝများကို ကျွန်ုပ်တို့ ထုတ်ဖော်ပုံ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အမှုအရာများကို ကျွန်ုပ်တို့ လုပ်ဆောင်ပုံ၊ ကျွန်ုပ်တို့ ပြောသည့်အရာနှင့် လုပ်ဆောင်သည့်အရာ၊ ပြီးလျှင် ကျွန်ုပ်တို့၏ အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ညီအစ်ကို မောင်နှမများနှင့် ဖက်ပြိုင်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်သရုပ်သကန်များကို ကျွန်ုပ်တို့ ပြသကြသည်ဟူသည်တို့ကို မြင်ရန် ထိုယှဉ်ပြိုင်တတ်သော သဘာဝများဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ခြင်းအကြောင်းတို့ ဖြစ်သည်။) ဤအရာကို တစ်ဦးတလေက ဖြည့်စွက်နိုင်သလော။ (အန္တိခရစ်များ၏ ဤသရုပ်သကန်များအပေါ် မိတ်သဟာယပြုနေစဉ် အခြားလူတို့က မည်ကဲ့သို့ဖြစ်ကြောင်းကို အစဉ်သဖြင့် ပြောနေမည့်အစား ထိုအရာများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ကာ အန္တိခရစ်များ၏ စိတ်သဘောထားများ၊ ထုတ်ဖော်ချက်များနှင့် အလားတူပင်ဖြစ်သည့် မည်သည့် စိတ်သဘောထားများနှင့် ထုတ်ဖော်ချက်များသည် ကျွန်ုပ်တို့တွင် ရှိသည်ကို မိတ်သဟာယပြုရန် ဘုရားက ပြောပါသည်။) ယင်းမှာ အတော်ပင် ပြည့်စုံပြီဖြစ်၏။ ပြီးခဲ့သည့် အခေါက်တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် လူအုပ်စုတစ်စုတွင် အန္တိခရစ်တို့ ပြုမူဆောင်ရွက်ပုံအတွက် ဆောင်ပုဒ်မှာ အဘယ်အရာဖြစ်သနည်း။ ဤအရာက သင်တို့အား စွဲမှတ်ချက်တစ်ခု ဖြစ်သွားစေခဲ့သည် မဟုတ်လော။ (၎င်းတို့၏ ဆောင်ပုဒ်မှာ “ကျွန်ုပ် ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်”ဟူ၍ ဖြစ်သည်။) ဤအရာကို သင်တို့ မှတ်မိကြသည်။ ဤအရာကို အဘယ်သို့ဖြစ်ပြီး သင်တို့ မှတ်မိနိုင်ခဲ့ကြသနည်း။ (အကြောင်းမှာ ဘုရားသခင်ပြောသည့် အန္တိခရစ်များ၏ ဤဆောင်ပုဒ်ဖြစ်သည့် “ကျွန်ုပ် ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်”ဟူသည်မှာ ကျွန်ုပ်ကိုယ်တိုင် ပြနေကျဖြစ်ပြီး မကြာခဏ ထုတ်ဖော်သည့် အရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဘုရားမိတ်သဟာယ၏ လေသံမှာ အတော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်ပြီး ဤစကားများကို ဘုရားသခင် ဖော်ပြသည့် နည်းလမ်းမှာ ကျွန်ုပ်ကိုယ်တိုင်၏ စိတ်နှလုံး အခြေအနေနှင့် ကိုက်ညီသည်။ ထို့ကြောင့် ထိုအရာက ကျွန်ုပ်အား အတော်အတန် နက်ရှိုင်းသည့် စွဲမှတ်ချက်တစ်ခု ဖြစ်သွားစေခဲ့ပါသည်။) တစ်ခါတစ်ရံ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့၏ မတူကွဲပြားသော သဘာဝ အနှစ်သာရ အမျိုးအစားများကို ငါမိတ်သဟာယပြုကာ စိစစ်သည့်အခါ လူတို့ လက်ခံရန် လွယ်ကူပြီး လူတို့အား နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခုကို ဖြစ်သွားစေခဲ့သည့် အချို့သော နေ့စဉ်သုံး စကားအသုံးအနှုန်းအချို့အပြင် အချို့သော သဘောသွားနှင့် နည်းစနစ်တို့ကို အသုံးပြုသည်။ ပြီးလျှင် လက်တွေ့ဘဝနှင့် အတော် နီးစပ်သည့် ဥပမာအချို့ကိုလည်း ငါအသုံးပြုသည်။ ဤအရာကို လုပ်ဆောင်ခြင်းက အန္တိခရစ်များ၏ အနှစ်သာရကို သိရှိလာရန်နှင့် မိမိတို့ကိုယ်ကို သိရှိလာရန် လူတို့အား အမှန်တကယ် ထောက်ကူသည်။ ထိုအရာသည် လူတို့က မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် ၎င်းတို့၏ လက်တွေ့ဘဝတွင် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအတွက်လည်း အကျိုးရှိပြီး အန္တိခရစ်များ၏ ဤစိတ်သဘောထားမျိုးကို ပြောင်းလဲရာတွင် ၎င်းတို့အတွက် သာ၍ပင် အထောက်အကူ ဖြစ်လေသည်၊ မှန်သလော။ (မှန်ပါသည်။) ပြီးခဲ့သည့် မိတ်သဟာယ၏ မှတ်မိသောအရာကို အကြမ်းဖျင်းအားဖြင့် သင်တို့ ပြောကြပြီး ဖြစ်သော်လည်း အသေးစိတ်အချက်များက ဤအရာများကို ကျော်လွန်သည်။ နောက်ထပ် အသေးစိတ်အချက် များစွာရှိသည်။ မိတ်သဟာယတစ်ခုကို နားထောင်ပြီးနောက် အကျဉ်းချုပ်တစ်ခုကို သင်တို့ ပြုလုပ်သင့်သည်။ အနည်းဆုံးအနေဖြင့် မိတ်သဟာယတစ်ခုကို နားထောင်ပြီးနောက် သင်တို့ အတူစုဝေးကာ ထိုအရာကို သုံးလေးကြိမ် ပြန်နားထောင်သင့်ပြီး ထို့နောက်တွင် လူတိုင်းက အတူတကွ အကျဉ်းရုံးနိုင်သည်။ ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယနှင့်ပတ်သက်၍ သင်တို့၏ မှတ်မိသောအရာများနှင့် အကျဉ်းချုပ်များကို နားထောင်ပြီးနောက်တွင် ထိုအရာသည် သင်တို့အတွက် အတော်လေး စိမ်းနေကြောင်း ငါ ပြောနိုင်သည်။ ထိုအရာသည် သင်တို့က မိတ်သဟာယကို လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်က နားထောင်ခဲ့ပြီး သင်တို့အား မည်သည့် စွဲမှတ်ချက်မျှ ဖြစ်မသွားစေခဲ့သည့်အလားပင် ဖြစ်လေသည်။ အပိုင်းတစ်ခု၊ စာတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်း၊ ကိစ္စတစ်ခု သို့မဟုတ် နှစ်ခုနှင့်ပတ်သက်၍ သင်တို့အား အယူအဆနှင့် စွဲမှတ်ချက်အချို့ ဖြစ်သွားစေနိုင်ခဲ့သော်လည်း လူအများစုက အန္တိခရစ်များကို ဖော်ထုတ်ခြင်းနှင့်ဆိုင်သည့် ပို၍များသော ပဓာနကျသော အသိပညာနှင့် စိစစ်မှုတို့အပေါ် အယူအဆတစ်ခုမျှဖြစ်စေ၊ စွဲမှတ်ချက်တစ်ခုမျှဖြစ်စေ မရှိသည့်အလား ထင်ရလေသည်။ ထို့ကြောင့် သင်တို့သည် ငါတို့ ဆွေးနွေးခဲ့ကြသည့် ကိစ္စရပ်များအပေါ် သင်တို့အလယ်တွင် သာ၍ ပြန်လည်စဉ်းစားသုံးသပ်ကာ မိတ်သဟာယပြုရမည်ဖြစ်သည်။ ယင်းတို့ကို ထိုအတိုင်း နားထောင်ပြီးနောက် လုံးဝ အလေးအနက် မထားဘဲ ဘေးဖယ်ထားခြင်း မပြုနှင့်။ ထိုသို့ သင်တို့ လုပ်ဆောင်လျှင် သမ္မာတရားထဲသို့ သင်တို့၏ ဝင်ရောက်မှုသည် အလွန် နှေးကွေးလိမ့်မည်။ ဤတရားဒေသနာများအပေါ် ပြန်လည် စဉ်းစားသုံးသပ်မှု မရှိခြင်းက အလုပ်ဖြစ်မည် မဟုတ်။ သို့ဖြစ်၍ သင်တို့သည် သင်တို့၏ အသင်းတော် အသက်တာတွင် ဤတရားဒေသနာများကို မည်သို့ အသုံးပြုမည်နည်း။ သီတင်းပတ်တိုင်း သင်တို့၏ စုဝေးပွဲများတွင် ဤတရားဒေသနာများကို သင်တို့ မိတ်သဟာယပြုကြသလော။ သို့မဟုတ် သင်တို့အများစုက ယင်းတို့နှင့်ပတ်သက်သော ထင်မြင်ချက်တစ်ခုနှင့် ခြေခြေမြစ်မြစ်ရှိသော သိမြင်မှုတို့ကို ရရှိပြီးနောက် ယင်းတို့မှတစ်ဆင့် သမ္မာတရားကို နားလည်ရန်အလို့ငှာ နောက်ဆုံးထွက်ရှိထားသော တရားဒေသနာများနှင့် မိတ်သဟာယများကို သင်တို့ အချိန်အတန်ကြာ နားထောင်ကြသလော။ ဤအရာကို သင်တို့ လုပ်ဆောင်ကြသလော။ (ဘုရားသခင်၊ အပတ်တိုင်း ကျွန်ုပ်တို့၏ စုဝေးပွဲများတွင် ဘုရားသခင်၏ နောက်ဆုံးထွက်ရှိထားသော မိတ်သဟာယများကို ကျွန်ုပ်တို့ ပထမဦးစွာ စားသောက်ကြပါသည်။) အသင်းတော် ခေါင်းဆောင်များ၊ တရားဟောဆရာများနှင့် အသင်းတော်အသက်တာတွင် အဆုံးအဖြတ်ပေးသော အဖွဲ့များရှိ ကြီးကြပ်သောသူတို့သည် ဤအရာအတွက် တာဝန်ယူကြရမည်။ ဤနည်းဖြင့်သာ အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်။

ဂ။ မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် လျှို့ဝှက်ကြံစည်ခြင်း

၁။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားပြုခြင်း

ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ဆိုင်သော တတိယကဏ္ဍဖြစ်သည့် အကျိုးအမြတ်များအပေါ် ငါတို့ မိတ်သဟာယပြုကြမည်။ အကျိုးအမြတ်များမှာ အဘယ်နည်း။ (ကောင်းချီးများနှင့် အကျိုးစီးပွားများကို ရရှိခြင်းဖြစ်သည်။) ဤသည်မှာ အလွန်ရိုးရှင်းသော ရှင်းလင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ အရှိအတိုင်း တိုက်ရိုက် အဓိပ္ပာယ်ဖြစ်သည်။ ထိုအရာကို အနည်းငယ် ထပ်ဖြည့်စွက်လော့။ အကျိုးအမြတ်များမှာ အဘယ်နည်း။ (ယင်းတို့သည် လူတို့က မိမိတို့၏တာဝန်ကို လုပ်ဆောင်ရာမှဖြစ်စေ၊ လောကတွင် အလုပ်လုပ်ရာမှဖြစ်စေ ရရှိနိုင်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အကျိုးစီးပွားများ၊ တက်မက်ဖွယ်ကောင်းသော အရာများနှင့် သက်သာလွယ်ကူမှုများ ဖြစ်သည်။) ဤရှင်းလင်းချက် မှန်ကန်၏။ အကျိုးအမြတ်များသည် လူတို့က ၎င်းတို့၏ လစာအပြင် ရရှိသည့် ကောင်းမွန်သော အကျိုးခံစားခွင့်များ ဖြစ်ပြီး နေ့စဉ် လိုအပ်ချက်များ၊ အစားအစာ သို့မဟုတ် ကူပွန်များကဲ့သို့သော အရာများပါဝင်သည်။ ယင်းတို့သည် လူတစ်ဦးက မိမိ၏ တာဝန်ကို ထမ်းဆောင်နေစဉ် ရရှိသည့် သက်သာလွယ်ကူမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အကျိုးခံစားခွင့်ကိုလည်း ရည်ညွှန်းသည်။ ဤအရာအားလုံးသည် အကျိုးအမြတ်များဖြစ်၏။ ယခု ဤဝေါဟာရက မည်သည့်အရာ ဆိုလိုသည်ကို ငါ ရှင်းပြပြီးဖြစ်သဖြင့် ဤကဏ္ဍတွင် ငါတို့ မိတ်သဟာပြုမည့် နယ်ပယ်များ၊ ဥပမာများနှင့် သရုပ်သကန်များကို သင်တို့ အားလုံး သိကြသလော။ အချို့သော လူတို့၏ အပြုအမူများနှင့် လုပ်ရပ်များအပြင် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူတို့သည် သင်တို့ စိတ်များတွင် လျှပ်တစ်ပြက်ပေါ်လာနေသည်၊ မှန်သလော။ သင်တို့ ပထမဆုံး စဉ်းစားမိသည့် လူများမှာ မည်သူများဖြစ်သနည်း။ (အသင်းတော်အပေါ် မှီခိုနေထိုင်ရန် ၎င်းတို့၏ အဆင့်အတန်းကို ကောင်းကောင်း အသုံးချသည့် လူများဖြစ်သည်။) ဤသည်မှာ လူတစ်မျိုးတစ်စားဖြစ်သည်။ ဤလူများသည်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့ထဲမှ အချို့တွင် အဆင့်အတန်းရှိကြသည်။ အခြားသူများက သာမန်တာဝန်များ ထမ်းဆောင်စဉ်တွင် ၎င်းတို့သည် အဆင့်အမျိုးမျိုးတွင် ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများ ဖြစ်ကြလေသည်။ ၎င်းတို့အားလုံးသည် မည်သည့် တူညီသော သရုပ်သကန်များ ရှိကြသနည်း။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိ၊ မိမိတို့၏ မိသားစုများနှင့် မိမိတို့၏ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် အလုပ်တစ်ခုခုကို အဆက်မပြတ် လုပ်ဆောင်ကာ အချို့သော အရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် နေ့စဉ် အလုပ်များကာ အဖိုးအခပေးကြပြီး ၎င်းတို့စိတ်တွင် အမြဲတွေးထားကြသည်မှာ ဤအလုပ်ကို လုပ်ဆောင်ခြင်း သို့မဟုတ် ဤတာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် မည်သည့် တက်မက်ဖွယ်ကောင်းသော အရာများကို ရရှိကြလိမ့်မည် ဟူသည့်အရာ ဖြစ်သည်။ ထိုအရာမှ မည်သည့် သက်သာလွယ်ကူမှုများနှင့် ဦးစားပေး အကျိုးခံစားခွင့် ရနိုင်မည့်အကြောင်း ၎င်းတို့ အမြဲ ကြံစည်ကာ တွက်ချက်နေကြသည်။ ၎င်းတို့ သိသည်နှင့်တစ်ပြိုင်နက် ဤအရာများကို ရရှိရန် လိုအပ်သည့်အရာမှန်သမျှကို လုပ်ဆောင်ကြပြီး ထို့ထက်ပို၍ပင် ၎င်းတို့ကိုယ်တိုင်အတွက် ဤသက်သာလွယ်ကူမှုများနှင့် ဤအကျိုးစီးပွားများကို ရဖို့ ထိုသို့သော အခွင့်အရေးတစ်ခုတလေကိုမျှ သေချာပေါက် လက်လွတ်ခံကြလိမ့်မည်မဟုတ်။ ဤကိစ္စရပ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အကြင်နာမဲ့ပြီး စာနာစိတ်မရှိကြဟု သင်ပြော၍ရပြီး ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သေချာပေါက် အလေးထားခြင်း မရှိကြပေ။ ၎င်းတို့ကို ညီအစ်ကို မောင်နှမများက အပျက်သဘောဆောင်စွာ ရှုမြင်ကြမည်ကို ၎င်းတို့ မစိုးရွံ့ကြသကဲ့သို့ ထိုအရာကြောင့် ဘုရားသခင်က ၎င်းတို့အား မည်သို့ သုံးသပ်မည်ကို သေချာပေါက် မစိုးရိမ်ကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ ၎င်းတို့ မွေ့လျော်ခံစားနိုင်သည့် အကျိုးရှိသော အကျိုးခံစားခွင့်မှန်သမျှကို မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်များအား မည်သို့ ကောင်းစွာ အသုံးချရမည်ကို လျှို့ဝှက်စွာ ချင့်ချိန်စဉ်းစားပြီး ကျိတ်ကြံစည်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူများသည် အပေါ်ယံအားဖြင့် မှားသည်ဟု ယူ၍ မရသည့် အတွေးအခေါ်နှင့် ပြောဆိုချက်တစ်မျိုး ရှိကြသည်။ ယင်းမှာ “ဘုရားအိမ်တော်သည် ငါ၏ အိမ်ဖြစ်ပြီး ငါ၏ အိမ်သည် ဘုရားအိမ်တော်ဖြစ်သည်။ ငါပိုင်သည့်အရာကို ဘုရားသခင်ပိုင်ပြီး ဘုရားပိုင်သည့်အရာကို ငါပိုင်သည်။ လူတို့၏ တာဝန်များသည် သူတို့၏ ဝတ္တရားများဖြစ်ပြီး သူတို့၏ တာဝန်များမှ သူတို့ မွေ့လျော်ခံစားနိုင်သည့် အကျိုးအမြတ်များ အားလုံးသည် ဘုရားက ပေးသနားသည့် ကျေးဇူးတော်များဖြစ်သည်။ ယင်းတို့ကို လူတို့ ငြင်းပယ်၍ မရသကဲ့သို့ သူ့ထံမှ ခံယူသင့်ကြသည်။ ယင်းတို့ကို ငါ မရရှိလျှင် အခြားတစ်စုံတစ်ဦးက ရလိမ့်မည်ဖြစ်သောကြောင့် မထူးတော့သည့်အတူ ငါသည်လည်း နှိမ့်ချသယောင် ဟန်မဆောင်တော့ဘဲ ဤအကျိုးအမြတ်များကို မွေ့လျော်ခံစားလိုက်ပြီး မည်သည့်အရာကိုမျှ ငါ နှိမ့်ချမှုဖြင့် သေချာပေါက် မငြင်းပယ်သင့်ပါ။ ဤအကျိုးအမြတ်များအတွက် ငါ ကြိုးပမ်းပြီး ကျိုးနွံနာခံသော စိတ်နှလုံးဖြင့်၊ ပွင့်လင်းသော သဘောထားတစ်ခုဖြင့် ယင်းတို့ကို လက်ခံရန် ငါ လက်လှမ်းဖို့သာ လိုအပ်သည်”ဟူ၍ ဖြစ်သည်။ ထိုသို့သော အကျိုးအမြတ်များကို ၎င်းတို့ ပင်ကိုအားဖြင့် ထိုက်တန်ပြီး ပိုင်ဆိုင်သင့်သည့် အကျိုးခံစားခွင့်တစ်မျိုးအဖြစ် ၎င်းတို့က မြင်ကြသည်။ လူတစ်ဦးက အလုပ်လုပ်ပြီး အချိန်အင်အား၊ လူအင်အားကို အသုံးပြုသောကြောင့် သူ လက်ခံရရှိသည့် လစာနှင့် ပေးငွေတို့သည် သူ၏ မျှတသော ဝေစုဖြစ်သည်ဟု ခံစားရသည့်အချိန်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ယင်းတို့အတွက် ကြိုးပမ်းခြင်းမှတစ်ဆင့် ဤအရာများကို အလွဲသုံးစားလုပ်ပြီး ဤအကျိုးအမြတ်များကို ရရှိကြလျှင်ပင် ညီအစ်ကို မောင်နှမများက ၎င်းတို့နှင့်ပတ်သက်၍ အယူအဆတစ်မျိုးမျိုး ရှိမရှိ ဟူသည်ကို ၎င်းတို့ ဂရုစိုက်ရန် မဆိုထားနှင့်၊ ယင်းကို အမှားအဖြစ်ဖြစ်စေ၊ ဘုရားသခင် စက်ဆုပ်မုန်းတီးသည့် အရာတစ်ခုအဖြစ်ဖြစ်စေ မမြင်ကြပေ။ ထိုအရာက အပြည့်အဝ မှန်ကန်ပြီး သဘာဝကျသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည့်အလား အန္တိခရစ်များက ဤအရာများအားလုံးကို မွေ့လျော်ခံစားကြပြီး ဤအရာများအတွက် ၎င်းတို့ ကြိုးစားအားထုတ်ကြသည်၊ ပြီးလျှင် ထို့ထက်ပို၍ နေ့စဉ် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအရာများအားလုံးအတွက် ၎င်းတို့ ကြံစည်ကြလေသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ပုံမှန် အခြေအနေဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများအတွက် အန္တိခရစ်များက ကြံဖန်ကြိုးစားနေခြင်းနှင့် ဆိုင်သည့် ပုံမှန် အခြေအနေလည်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ စိတ်နေစိတ်ထားမှာ မည်သည့်အရာ ဖြစ်သနည်း။ “လူတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့က အပြန်အလှန်အနေဖြင့် တစ်စုံတစ်ခုကို ရဖို့ ကြိုးစားမှဖြစ်မည်ဖြစ်သည်။ ဤတာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ်၏ မိသားစုကို ကျွန်ုပ် စွန့်လွှတ်ပြီးဖြစ်သဖြင့်၊ ဘုရားနှင့် သူ၏ အိမ်တော်အတွက် ကျွန်ုပ်၏ အလုပ်ကြိုးစားမှု၊ အားအင်နှင့် အချိန်တို့ကို ပေးထားပြီးဖြစ်သဖြင့် ကျွန်ုပ် အလိုရှိသည့် ကောင်းမွန်သော အကျိုးခံစားခွင့် အားလုံးကို ကျွန်ုပ် မွေ့လျော်ခံစားရသင့်သည်”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက ဤအရာအားလုံးကို ၎င်းတို့ ပင်ကိုအားဖြင့် ထိုက်တန်သည့်အရာများအဖြစ်၊ လူတို့က ထိုအရာများအတွက် ကြိုးပမ်းရန်မလိုအပ်ဘဲ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သင့်သည့်အရာများအဖြစ် မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်များတွင်ရှိသည့် ရှုထောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် အကျိုးအမြတ်များအတွက် စဉ်ဆက်မပြတ် အလုပ်ကြိုးစားနေကြပြီး ထိုအကျိုးအမြတ်များထဲမှ တစ်ခုအား အခြားတစ်စုံတစ်ဦးက ယူသွားကာ ၎င်းတို့အတွက် နည်းသွားမည်ကို အမြဲ စိုးရွံ့နေကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် ရည်မှန်းချက်ပန်းတိုင်များ အားလုံး၏ အနှစ်သာရမှာ နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်သနည်း။ ဤအရာအားလုံး၏ အနှစ်သာရမှာ ၎င်းတို့က မိမိတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်များအားလုံး ရရှိရန် ကြံစည်နေကြခြင်း၊ သို့မဟုတ်လျှင် ၎င်းတို့သည် လူနုံလူအကြီးများသာ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘဝက မည်သည့်အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်ဟု တွေးနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်နေစိတ်ထားဖြစ်သည်။

အန္တိခရစ်များ၏ သဘာဝ သို့မဟုတ် သမ္မာတရားကို မချစ်သည့် ၎င်းတို့၏ သရုပ်သကန်များကို ဘုရားသခင်က မည်သို့ ဖော်ထုတ်သည်ဖြစ်စေ ၎င်းတို့၏ ဤရည်ရွယ်ချက်များနှင့် လိုက်စားမှုများကို ၎င်းတို့ စွန့်လွှတ်ကြလိမ့်မည်မဟုတ်။ အကျိုးအမြတ်များအတွက် ၎င်းတို့ ဆက်ကြိုးပမ်းကြသည်။ ဥပမာအနေဖြင့် လူအချို့သည် ဧည့်ခံသည့် တာဝန်ကို စတင်ထမ်းဆောင်ပြီးနောက်တွင် အသင်းတော်ကဖြစ်စေ၊ ညီအစ်ကို မောင်နှမများကဖြစ်စေ ဧည့်ခံသည့်နေအိမ်အတွက် အချို့သော အစားအစာ သို့မဟုတ် အသုံးအဆောင်များကို ဝယ်ပေးသည် သို့မဟုတ် ငွေအချို့ပင် ထောက်ပံ့ပေးလေသည်။ ဤတာဝန်ကို ထမ်းဆောင်သည့်လူသည် အန္တိခရစ်တစ်ဦးဖြစ်လျှင် ၎င်းအတွက် ရရှိရန် ကြိုးစားသည့် တပ်မက်ဖွယ်ကောင်းသောအရာများမှာ မီးခြစ်တစ်ခုမျှ သို့မဟုတ် ဇွန်းတစ်ချောင်းမျှလောက် မရိုးရှင်းပေ။ ၎င်းက “ကျွန်ုပ်သည် ဤညီအစ်ကို မောင်နှမများကို ဧည့်ခံရန် ကျွန်ုပ်၏ အိမ်ဖြင့် ထောက်ပံ့ပေးနေပြီး သူတို့၏တာဝန်များကို သူတို့ ထမ်းဆောင်နေစဉ် အစေခံမှု ပေးနေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က ပစ္စည်းများနှင့် ငွေအားလုံးကို ထောက်ပံ့ပေးသင့်သည်မှာ အမှန်ဖြစ်၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ အိမ်ကို ထောက်ပံ့ပေးပြီး သင်တို့အားလုံးအတွက် ချက်ပြုတ်ပေးနေကာ သင်တို့၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနေသည်။ ယင်းမှာ အတော်ကောင်းနှင့်နေပြီဖြစ်သည်။ ကျန်သည့်အရာများဖြစ်သည့် သင်တို့ စားသောက်ပြီး အသုံးပြုသည့်အရာအတွက်မူ အသင်းတော်က ထောက်ပံ့ပေးသင့်သည်”ဟု ပြောသည်။ အသင်းတော်က ဤအရာများကို ထောက်ပံ့ပေးလိမ့်မည်မှာ ဧကန် မမှားပေ။ သို့သော် ဤနေရာတွင် ငါ မိတ်သဟာယပြုလိုသည့်အရာမှာ အန္တိခရစ်များက ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်ပုံနှင့် အခြားလူတို့က ဤတာဝန်ကို စစ်မှန်စွာ ထမ်းဆောင်ပုံတို့ကြား ခြားနားချက်ဖြစ်သည်။ အန္တိခရစ်များက ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်သည့်အခါ ဤလုပ်ရပ်များကို အမြင်အတိုင်း အမှန်ဟု ယတိပြတ် လက်ခံယုံကြည်၍ မရပေ။ ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိကြ၏။ ၎င်းတို့က “ဤဧည့်ခံသည့် တာဝန်ကို ငါ ထမ်းဆောင်နေသည်။ ထို့ကြောင့် ထိုအရာမှ တစ်စုံတစ်ခု ရရှိဖို့ ငါ ကြံဖန်ရန် လိုအပ်သည်။ အသင်းတော်က အစားအစာအချို့နှင့် အခြားလိုအပ်သောအရာများကို ထောက်ပံ့ပေးနေသည်။ ထို့ကြောင့် ငါ၏ မိသားစုဝင်များက ထိုအစားအစာကို ညီအစ်ကိုမောင်နှမများနှင့်အတူ စားရန်လည်းကောင်း၊ ထိုအရာအားလုံးကို ၎င်းတို့ နှစ်သက်သည့်အတိုင်း အသုံးပြုရန်လည်းကောင်း လိုအပ်သည်။ ငါ၏ အိမ်သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဘုရားအိမ်တော်နှင့် သက်ဆိုင်သောအရာသည် ငါ၏ အိမ်နှင့်လည်း သက်ဆိုင်သည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် သဘောထားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူအချို့သည် ဧည့်ခံသည့် တာဝန်ကို စတင်၍ ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးသည် စတင်ပြောင်းလဲလာကာ ညီအစ်ကိုမောင်နှမများကို ဧည့်ခံခြင်းအတွက် အသုံးပြုသည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ငွေကြေးများအကြောင်းကို စဉ်ဆက်မပြတ် စဉ်းစားနေကြပြီး ဤအရာများကို မည်သူကမျှ သေချာစွာ မစစ်ဆေးလျှင် ဤအန္တိခရစ်များအတွက် အကျိုးအမြတ်အချို့ရဖို့ အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ မည်သည့် အခွင့်အရေးမျိုးဖြစ်သနည်း။ ၎င်းတို့က လျှို့ဝှက်စွာဖြင့် “ဤသည်မှာ လူတစ်ဦးက တစ်နေ့တာ သုံးသမျှဖြစ်သည်။ ထို့ကြောင့် ငွေမည်မျှကျန်သည်ဖြစ်စေ အသင်းတော်ထံ ငါ ပြန်ပေးမည်မဟုတ်ပါ။ ကိုယ့်အတွက်သာ ယူထားလိုက်မည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ငါ၏ ချွေးနည်းစာ ဖြစ်သည်။ ထို့ကြောင့် ထိုငွေကို ယူထားသည့်အတွက် မည်သူကမျှ ငါ့ကို အပြစ်တင်၍မရနိုင်ပါ။ ဤသည်မှာ ငါနှင့်ထိုက်တန်သည့်အရာသာ ဖြစ်သည်မှာ ပြောစရာမလိုပေ”ဟု တွက်ချက်ကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ကျန်သည့်ငွေကို ၎င်းတို့၏ အိတ်ကပ်ထဲ ထည့်ကြလိမ့်မည်။ အချို့သော အန္တိခရစ်များသည် ညီအစ်ကို မောင်နှမများက လှူဒါန်းသည့် သို့မဟုတ် ဘုရားအိမ်တော်က ထောက်ပံ့ပေးသည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကို ၎င်းတို့အတွက် ယူထားရန် ဆင်ခြေမျိုးစုံရှာကြလိမ့်မည်။ အချို့သော နေရာများတွင် ညီအစ်ကို မောင်နှမများက ထိုနေရာတွင် နောက်တစ်ကြိမ် နေထိုင်ရန် သွားသည့်အချိန်တွင် အိပ်ရာပေါ်က မွေ့ရာက မရှိတော့ပေ။ ခေါင်းအုံးများနှင့် ဂွမ်းကပ်များ မရှိတော့ပေ။ အသားနှင့် ဟင်းသီးဟင်းရွက်များအားလုံး မရှိတော့သကဲ့သို့ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အိမ်ရှင်များကို မေးမြန်းသည့်အခါ ဤအန္တိခရစ်များက “အစားအစာကို အချိန်ကြာမြင့်စွာ သိမ်းထားလျှင် ထိုမျှ အရသာကောင်းတော့မည် မဟုတ်သောကြောင့် ကျွန်ုပ်တို့ စားလိုက်ပြီ”ဟု ပြောသည်။ ဤသည်တို့မှာ လောဘကြီးသည့်လူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်က ထောက်ပံ့ပေးထားသည့် ရုပ်ဝတ္ထုပစ္စည်းများအပြင် ဧည့်ခံသည့်နေအိမ်အတွက် ညီအစ်ကိုမောင်နှမများက ဝယ်ပေးထားသည့် အရာများသည် ဤအန္တိခရစ်များ၏ ပိုင်နက်များထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ယင်းတို့က ၎င်းတို့အပိုင် ဖြစ်လာသည်။ ၎င်းတို့သည် မိမိတို့နှစ်သက်သည့်အတိုင်း ထိုအရာများကို အသုံးပြုသည် သို့မဟုတ် စားကြသည် သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် ပိုင်ဆိုင်မှုများအဖြစ်ပင် တိုက်ရိုက် သဘောထားကြပြီး ဖွက်ထားလိုက်ကြသည်။ ညီအစ်ကို မောင်နှမများက ထိုနေရာသို့ နောက်တစ်ကြိမ် သွားသည်နှင့် ဤအရာများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ အသင်းတော်က ဤအန္တိခရစ်များ နေထိုင်သော နေရာများကို နောက်တစ်ကြိမ် အသုံးပြုရန် လိုအပ်လျှင် ထိုပစ္စည်းများကို နောက်တစ်ကြိမ် ဝယ်ယူဖို့ ငွေသုံးရန် လိုအပ်ပြီး ညီအစ်ကို မောင်နှမများသည် ထိုအရာများကို မိမိတို့အိမ်များဆီသို့ တစ်ဖန် ယူဆောင်ရလေသည်။ ဤအရာကို မြင်သည့်အခါ အန္တိခရစ်များက “ဘုရားကို ယုံကြည်ခြင်းက အမှန်ပင် အလွန်ကောင်းပေသည်တကား။ အခြားအရာတစ်ခုတလေကို လုပ်ဆောင်လျက်ဖြင့် ဤမျှမြန်မြန် ငါ မချမ်းသာနိုင်ပါ။ ယခုထက်ထိတော့ ဤသည်မှာ ဥစ္စာပစ္စည်းရဖို့ အဆင်ပြေဆုံး နည်းလမ်းဖြစ်သည်။ ပြီးလျှင် အသင်းတော်၏ ဤပိုင်ဆိုင်မှုများ ပျောက်ဆုံးသည်ကို မည်သူကမျှ ရဲထံ တိုင်ကြားဝံ့မည်မဟုတ်ပါ။ သင်က ငါ့ကို တိုင်ကြားရန် အမှန်တကယ် ကြိုးစားလျှင် သင့်ကို ငါ အရင်တိုင်ကြားမည်။ ထို့ကြောင့် သင် လုပ်နိုင်သမျှက ပါးစပ်ပိတ်ထားကာ သည်းညည်းခံဖို့သာ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင် တိုင်ကြားရမည့်နေရာ မရှိပါ။ ဤပစ္စည်းများကို ငါ ပိုင်ဆိုင်ပြီးဖြစ်ကာ ဤအစားအစာကို စားပြီးဖြစ်သည်။ သင်သည် ငါ့ကို မည်သည့်အရာ လုပ်နိုင်သနည်း။ ဘုရားက အသည်းကြော်များကို မရွေးပါ။ ငါက ညီအစ်ကို မောင်နှမများကို ဧည့်ခံဖို့အတွက် ငါ့အိမ်ကို ပေးနေခြင်း ဖြစ်သောကြောင့် ယင်းမှာ ငါ ပြုလုပ်ခဲ့သည့် ပံ့ပိုးမှုဖြစ်ပြီး ထိုအတွက် ဘုရားက ငါ့ကို အောက်မေ့လိမ့်မည်။ ငါ အနည်းငယ် ယူလျှင် အဘယ်ကြောက်ရွံ့စရာ ရှိသနည်း။ ဤသည်မှာ ငါနှင့်ထိုက်တန်သည့်အရာသာ ဖြစ်သည်။ ဤအစားအစာကို ယူစားခြင်းတွင် အဘယ်ကြောက်စရာ ရှိသနည်း။ သင်တို့ကမူ စားခွင့်ရှိသော်လည်း ငါက စားခွင့်မရှိသည်မှာ အဘယ်သို့နည်း။ သင်တို့က ဘုရားအိမ်တော်သားများဖြစ်သည်။ သို့သော် ငါသည်လည်း အိမ်တော်သားတစ်ဦးဖြစ်သည် မဟုတ်လော။ ထိုအခြေအနေမှ အကျိုးအမြတ်ကို ငါ ခံစားရမည်သာမက အစားအစာများကို ငါ့ဘာသာစားပြီး ငါ တစ်ယောက်တည်း ယင်းတို့ကို ညစာစားမည်ဖြစ်သည်”ဟုတွေးလျက် ဝမ်းသာနေကြသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်များအပေါ် အန္တိခရစ်များ၏ သဘောထား ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤအရာများကို ရရှိရန်ဖြစ်ပြီး “ဤအရာများသည် ဘုရားက ပေးသနားသည့် အကြီးမားဆုံး ကျေးဇူးတော်ဖြစ်သည်။ ဤကျေးဇူးတော်ထက် မည်သည့်အရာမျှ သာ၍ လက်တွေ့မကျပါ။ ပြီးလျှင် ဤကောင်းချီးမင်္ဂလာထက် မည်သည့်အရာမျှ သာ၍ မစစ်မှန်သကဲ့သို့ အမှန်တကယ် အကျိုးမရှိပါ။ ဤသည်မှာ အလွန်ကို ကောင်းလွန်းသည်တကား။ ဘုရားကို ယုံကြည်ခြင်းဟူသည်မှာ ‘ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိရန်’ ဖြစ်သည်ကို ဆိုလိုသည်ဟု လူတိုင်းက ပြောကြသည်။ ဤအရာက ထိုဆိုရိုးကို ပြည့်စုံစေသည်။ ကျွန်ုပ်သည် ယခု ဤကောင်းချီးကို မြည်းစမ်းနေရပြီဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဘုရား၏ ကျေးဇူးတော် ဖြစ်သည်”ဟု ပြောလျက် ယင်းတို့ကို အကြီးမားဆုံး အကျိုးအမြတ်များအဖြစ် မြင်ကြလေသည်။ ထိုသို့ဖြင့် အန္တိခရစ်များသည် ဘုရားအိမ်တော်နှင့်ဆိုင်သည့် အရာများကို အပိုင်ယူခြင်းနှင့်ပတ်သက်၍ မည်သည့် လိပ်ပြာမသန့်ဖြစ်ခြင်းမျှ မရှိသကဲ့သို့ ယင်းတို့ကို ၎င်းတို့အတွက် ရက်စက်စွာ ရယူကြလေသည်။ ဘုရားအိမ်တော်၏ ဤပိုင်ဆိုင်မှုများကို အန္တိခရစ်များက မည်သို့ မြင်ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို ဘာသာတရားမရှိသည့် လောကရှိ အများပိုင်ဥစ္စာပစ္စည်းကဲ့သို့ သဘောထားပြုမူကြသည်။ ၎င်းတို့အားလုံးက လောဘကြီးကြသည်။ ဘုရားအိမ်တော်၏ ပစ္စည်းများကို အားလုံးက မိမိတို့အတွက် ယူချင်ကြသည့်တိုင် ဤအရာများကို ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းအတွက် မွေ့လျော်ခံစားထိုက်သည့် ကျေးဇူးတော်နှင့် ကောင်းချီးများအဖြစ် ယုံကြည်ကြဆဲဖြစ်သည်။ ထို့အပြင် ဤအရာနှင့်ပတ်သက်၍ မည်သည့် နောင်တ သို့မဟုတ် အရှက်မျှ ၎င်းတို့ လုံးဝ မခံစားရသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင် ကောက်ကျစ်ဆိုးယုတ်မှုကိုဖြစ်စေ၊ တည်ကြည်မှုကင်းမဲ့ခြင်းကိုဖြစ်စေ အသိအမှတ်မပြုကြချေ။ ဤအန္တိခရစ်များထဲမှ အချို့သည် တိုး၍ လောဘကြီးကာ ရည်မှန်းချက်ပင် ကြီးမားလာကြသည်။ ၎င်းတို့၏ ဧည့်ခံသော တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့၏ လုပ်ရပ်များကို ဘုရားက စက်ဆုပ်မည်ကို သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များက သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို ၎င်းတို့ လုံးဝ မခံစားကြရပေ။ ထိုအစား ၎င်းတို့က “ထိုမိသားစုသည် ဧည့်ခံသည့်သူအဖြစ် အစေခံပြီး ထိုအရာများကို ရရှိကြသည်။ အလားတူ လူတို့ကိုသာ ငါ ဧည့်ခံရမည်ဆိုလျှင် ထိုအရာများသည် အမှန်အားဖြင့် ငါ့အပိုင် ဖြစ်သင့်ပေသည်။ ထိုအိမ်ရှင်သည် ငါ့ထက် ပို၍ သက်သောင့်သက်သာ နေရပြီး သာ၍ ကောင်းစွာလည်းစားရသည်။ ငါသည်လည်း အဘယ်သို့ဖြစ်ပြီး ထိုသို့ အခွင့်အရေးမယူခဲ့သနည်း” ဟူ၍ တွေးလျက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မပြတ်တွက်ချက်ကာ နှိုင်းယှဉ်၍သာ နေကြလေသည်။ ၎င်းတို့သည် ဤအရာများအတွက်လည်း အပိုင်ကြံကာ ပြိုင်ဆိုင်ကြသည်။ အခွင့်အရေးတစ်ခု ရလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မငဲ့ညှာသကဲ့သို့ ထိုအရာကို လုံးဝ လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် အန္တိခရစ်များက ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်နေချိန်တွင် ဖိနပ်ခုံတစ်စုံလောက် သေးငယ်သည့် အရာဝတ္ထုများမှသည် ဘုရားအိမ်တော်က ဝယ်ယူထားသည့် ပစ္စည်းကိရိယာ တန်ဆာပလာများကဲ့သို့ ကြီးမားသည့်အရာများအထိ မည်သည့်အရာကိုမဆို ၎င်းတို့ အငမ်းမရလိုချင်ကာ အပိုင်ယူနိုင်သမျှ ယူကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုကို ကာကွယ်ရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းနှင့် ဤအရာများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့နှင့် ထိုက်တန်သောအရာများသာ ဖြစ်ကြောင်း အရှက်မဲ့စွာ ပြောဆိုရင်း ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာကို အလွဲသုံးစားပြုလျက် ၎င်းတို့အတွက် ပစ္စည်းများကို ယူဖို့ ဆင်ခြေနှင့် နည်းလမ်းမျိုးစုံ ရှာတွေ့ရန် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသည့် အခွင့်အရေးအား ကောင်းစွာ အသုံးချကြလေသည်။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်ကာ ဘုရားသခင်နောက်လိုက်သည့် လူများကြားတွင် ဖြစ်ပျက်လေသည်။

အန္တိခရစ်များက ၎င်းတို့၏ ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်နေစဉ် ညီအစ်ကို မောင်နှမများကို ဧည့်ခံခြင်းအတွက် မည်သည့်ပေးငွေကိုမဆို လက်ခံရန် ငြင်းဆန်လျက် ပစ္စည်းများကို ၎င်းတို့ အငမ်းမရလိုချင်ခြင်း မရှိသည့်အလား သို့မဟုတ် ရယူရန် မကြိုးစားသည့်အလား အပြင်ပန်းအားဖြင့် ပြသကောင်းပြသနိုင်ပြီး တန်ဖိုးမဲ့သည့် အရာဝတ္ထုအချို့ကို ၎င်းတို့က မြင်သည့်အခါ လုံခြုံစေရန် အဆောတလျင် ထိန်းသိမ်းကြလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားအိမ်တော်နှင့်ဆိုင်သည့် တန်ဖိုးရှိသောအရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့က ထိုသို့ လက်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့က တစ်ယွမ်တန်သည့်အရာတစ်ခုကို လွှဲအပ်ကြမည် ဖြစ်သော်လည်း ယွမ်တစ်ရာ၊ ယွမ်တစ်ထောင်၊ ယွမ်တစ်သောင်းတန်သည့် အရာတစ်ခုခု သို့မဟုတ် သာ၍ပင် အဖိုးတန်သည့် အရာတစ်စုံတစ်ခုနှင့် ပတ်သက်လာသည့်အခါ ထိုအရာကို ၎င်းတို့၏ အိတ်ကပ်ထဲသို့ အတင်းသိပ်ထည့်ကာ ၎င်းတို့အတွက် ယူထားကြလိမ့်မည်။ လူအချို့အတွက် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို စောင့်ရှောက်နေစဉ်တွင် အနီးအနား၌ အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်ပေါ်ပြီး ၎င်းတို့ ဤအရာလုပ်ဆောင်နေသည်ကို သိသည့် လူတို့သည် အခြားတစ်နေရာရာသို့ ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်သည် သို့မဟုတ် အဖမ်းခံရကောင်း ခံရနိုင်သည်။ ထို့ကြောင့် ၎င်းတို့ လုံခြုံအောင် ထိန်းသိမ်းထားသည့် ဤပစ္စည်းဥစ္စာများ အကြောင်းကို ၎င်းတို့မှလွဲ၍ မည်သူကမျှ မသိကြချေ။ လူတို့ စမ်းသပ်ခံရကြသည်မှာ ဤကဲ့သို့သော အခြေအနေများတွင် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောသူတို့မှာ ၎င်းတို့၏ တာဝန်များကို တစ်ချိန်လုံး စောင့်ထိန်းနိုင်ကြပြီး ဤပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်မည့် စိတ်ကူး သို့မဟုတ် အတွေး လုံးဝ ရှိကြလိမ့်မည် မဟုတ်ပေ။ သို့သော် အန္တိခရစ်များမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဤပစ္စည်းဥစ္စာများကို ၎င်းတို့အတွက် ယူရန် ဦးနှောက်ခြောက်ခံစဉ်းစားကြပြီး ဖြစ်နိုင်သမျှနည်းလမ်းကို ရှာကြံတွေးတောကြလိမ့်မည်။ ဤပစ္စည်းဥစ္စာများကို ၎င်းတို့ စောင့်ရှောက်ကာကွယ်ကြောင်း သိသည့် လူများအပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးများတွင် တိတ်တဆိတ် ဝမ်းသာသွားပြီး ဝမ်းမြောက်သောကြောင့် ခုန်ပင်ခုန်မိကြသည်။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်စိတ် သို့မဟုတ် အပြစ်ရှိသည့်စိတ် တစ်ခုမျှရှိရန် မဆိုထားနှင့်၊ ကြောက်ရွံ့မှုလုံးဝ မရှိဘဲ ထိုပစ္စည်းဥစ္စာများကို ၎င်းတို့အတွက် ချက်ချင်း ယူကြလေသည်။ အချို့သော အန္တိခရစ်များသည် ဤပစ္စည်းဥစ္စာများကို ၎င်းတို့ကိုယ်တိုင်၏ အိမ်ထောင်စရိတ်စကများအတွက် အသုံးပြုကြပြီး စိတ်ကြိုက်သုံးစွဲကြသည်။ အချို့က မိမိတို့အိမ်အတွက် ၎င်းတို့ လိုချင်သည့်အရာကို ဝယ်ယူဖို့ ငွေကို ချက်ချင်း သုံးစွဲကြပြီး အချို့မှာ မိမိတို့၏ ဘဏ်အကောင့်ထဲသို့ပင် ငွေကို တိုက်ရိုက် ထည့်လိုက်ကြကာ ၎င်းတို့အတွက် သိမ်းထားကြသည်။ ညီအစ်ကို မောင်နှမများက ပစ္စည်းဥစ္စာများကို ပြန်လည်သိမ်းဆည်းသည့်အခါတွင် အန္တိခရစ်များသည် ၎င်းတို့ လုပ်မိခဲ့သည့်အရာကို ဝန်ခံနိုင်ကြသလော။ အန္တိခရစ်များက လုံးဝ ဝန်ခံကြလိမ့်မည် မဟုတ်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ တပ်မက်ဖွယ်ကောင်းသော အရာများကို ရရှိရန်ဖြစ်ပြီး ဤတပ်မက်ဖွယ်ကောင်းသော အရာများတွင် ဘုရား၏ ပူဇော်သက္ကာများ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုနှင့် ညီအစ်ကို မောင်နှမများ၏ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုများပင် ပါဝင်လေသည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်ကို လောဘ၊ လိုအင်ဆန္ဒနှင့် တစ်ကိုယ်ရေ ရည်မှန်းချက်တို့ဖြင့် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ဘဲ ထို့ထက် အကျိုးအမြတ်အားလုံး၊ သက်သာလွယ်ကူမှုများ အားလုံးနှင့် ပစ္စည်းဥစ္စာများအားလုံးကို ရယူရန်အလို့ငှာ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ဤလူများသည် လောဘနှင့် လိုအင်ဆန္ဒများဖြင့် ပြည့်နေသည်ဟု ပြော၍ ရသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို မည်သည့်အရာအပေါ် ထားရှိကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများအပေါ် ထားရှိကြသည်။ ထို့ကြောင့် ဧည့်ခံသည့် တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့်အခါ ဘုရားအိမ်တော်က မည်သူ့အတွက် မည်သည့်အရာ ဝယ်ပေးသည်၊ ဘုရားအိမ်တော်က မည်သူ့ကို ငွေမည်မျှ ထုတ်ပေးသည်ဆိုသည်နှင့် လူအချို့သည် ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားအိမ်တော်နှင့် ညီအစ်ကို မောင်နှမများထံမှ မည်မျှကြီးမားသည့် အကျိုးအမြတ်များနှင့် မည်သည့် တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများ ရရှိကြသည်ဆိုသည်တို့ကို ၎င်းတို့က အာရုံစိုက်ကြလေသည်။ ဤသည်တို့မှာ ၎င်းတို့ စောင့်ကြည့်နေသည့်အရာများ ဖြစ်သည်။ သာမန်ညီအစ်ကို မောင်နှမများကို ဧည့်ခံရန် ၎င်းတို့ စေခိုင်းခြင်းခံရပြီး ထိုသို့လုပ်ဆောင်ခြင်းမှ တပ်မက်ဖွယ်ကောင်းသော ပစ္စည်းတစ်ခုမျှ မရလျှင် ၎င်းတို့ မလုပ်ဆောင်ရစေဖို့အလို့ငှာ ဆင်ခြေမျိုးစုံ အကြံထုတ်ကြလိမ့်မည်ဖြစ်သည်။ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကို ဧည့်ခံရန် စေခိုင်းခြင်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘောထားက ၁၈၀ ဒီဂရီလှည့်သွားသည်။ ပြောင်းလဲသွားသည်။ ၎င်းတို့ ပြုံး၍သာနေကြပြီး ခေါင်းဆောင်ကို စိတ်ထက်သန်စွာ စောင့်ဆိုင်းကြလေသည်။ ၎င်းတို့သည် ၎င်းတို့ ဧည့်ခံရမည့် ဤ “အရေးကြီးပုဂ္ဂိုလ်”ကို မိမိတို့အိမ်သို့ ဖိတ်ရန်နှင့် ဤခေါင်းဆောင်ကို ဘုရားကဲ့သို့ ကိုးကွယ်ရန် အလွန်ပင် စိတ်လှုပ်ရှားကြသည်။ ၎င်းတို့သည် ပွပေါက်တိုးပြီဖြစ်ကာ ဤသည်မှာ ၎င်းတို့၏ ရွှေဥဥသည့်ငန်း ဖြစ်သည်ဟု တွေးထင်ကြပြီး ဤအခွင့်အရေးကို လွတ်သွားလျှင် ၎င်းတို့၏ ချမ်းသာမည့် အခွင့်အရေး ရှိတော့မည် မဟုတ်သောကြောင့် အဘယ်သို့ဖြစ်ပြီး ၎င်းတို့သည် ထိုအရာကို အလွတ်ခံဖို့ ဖြစ်နိုင်မည်နည်း။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ရန် လောဘ၊ လိုအင်ဆန္ဒနှင့် စေ့ဆော်မှု၊ ကြံရွယ်ချက်တို့ဖြင့် ၎င်းတို့ကို တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများ ယူဆောင်ပေးနိုင်သည့် ဤတာဝန်ကို လက်ခံကြလေသည်။ ၎င်းတို့၏ နောက်ဆုံး ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သလော။ ညီအစ်ကိုမောင်နှမများကို ကောင်းမွန်စွာ ဧည့်ဝတ်ပြုရန် ဖြစ်သလော။ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပေးရန်ဖြစ်သလော။ သမ္မာတရားကို ရရှိရန် ဖြစ်သလော။ မဟုတ်၊ ဤအရာတစ်ခုမျှ မဟုတ်ပေ။ ၎င်းတို့သည် တပ်မက်ဖွယ်ကောင်းသော ပစ္စည်းများကို ရရှိရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည်။ သာမန်လူများကို ၎င်းတို့ ဧည့်မခံချင်သော်လည်း အဆင့်အတန်းရှိသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဆင့်အတန်းရှိသည့် အမှုဆောင်တစ်ဦးကို ၎င်းတို့ ဧည့်ခံရမည်ဟု ကြားသည့်အခါ ဤအရာကို လုပ်ဆောင်ရန် အငမ်းမရဖြစ်ကြမည်ဖြစ်ကာ ထို့နောက်တွင် “ခေါင်းဆောင်များက ဤနေရာတွင် နေထိုင်ရန် လာကြသည့်အခါ နုံချာသည့် အခြေအနေတွင် နေထိုင်၍ မဖြစ်ပါ။ ဧည့်ခံခြင်း သက်သာလွယ်ကူမှု ရှိစေဖို့ အရာရာကို ပြင်ဆင်သင့်သည် မဟုတ်လော။ ဘုရားအိမ်တော်က ပေးထားသည့် အရာများကို ကျွန်ုပ်တို့ မွေ့လျော်ခံစားခြင်း မရှိပါ။ မွေ့လျော်ခံစားလျှင်ပင် ကျွန်ုပ်တို့သည် ခေါင်းဆောင်များအား စိန်နားကပ်ရောင်ဖြင့် ပါးပြောင်နေခြင်းသာဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်တစ်ဦး လာလျှင် ဤနေရာတွင် ကျွန်ုပ်တို့ နေ့စဉ်စားသည့် အစားအစာကို စားကျင့်မရှိမည်ကို စိုးရသည်။ ခေါင်းဆောင်များက နေ့စဉ် အမှုအရာများစွာကို စီမံရပြီး ၎င်းတို့ နေမကောင်းဖြစ်လာလျှင် ဧည့်ခံသူများအနေနှင့် ကျွန်ုပ်တို့၏ တာဝန်တွင် ကျွန်ုပ်တို့ တာဝန်ပေါ့လျော့ခြင်းဖြစ်မည် မဟုတ်လော။ ထို့ကြောင့် အသင်းတော်သည် ခေါင်းဆောင်များအတွက် တစ်နေ့ အစာသုံးနပ် ပြင်ဆင်ပေးသင့်သည်။ ကျွန်ုပ်တို့အနေဖြင့် နွားနို့၊ ပေါင်မုန့်၊ ကြက်ဥများနှင့် မျိုးစုံသော ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားနှင့် ကျန်းမာရေး ဖြည့်စွက်စာများကို ၎င်းတို့အတွက် အသင့်ဖြစ်စေရမည်”ဟု ဆိုလျက် ၎င်းတို့အတွက် အမျိုးစုံသော နေ့စဉ် လိုအပ်ချက်များနှင့် အိမ်သုံး ပစ္စည်းကိရိယာ တန်ဆာပလာကို ဘုရားအိမ်တော်က ဝယ်ယူပေးရန်အတွက် ဆင်ခြေအမျိုးမျိုးကို အကြံထုတ်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ချီးကျူးလောက်စရာ ထောက်ထားသော အတွေးဖြစ်သည် မဟုတ်လော။ အန္တိခရစ်များက လူဟုထင်ရသော ဘာသာစကားကို ထုတ်ပြောကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ခေါင်းဆောင်များအတွက် အမှန်တကယ် စဉ်းစားနေကြသလော။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်မှန်းချက် အတိအကျမှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် ဆင်းရဲကောင်းဆင်းရဲနိုင်ပြီး ယခင်က အကောင်းစားများကို မစားဖူးခြင်း၊ မမြင်ဖူးခြင်း ဖြစ်နိုင်ပြီး ၎င်းတို့က အတွေ့အကြုံရရန်၊ ချမ်းသာသူကဲ့သို့ အသက်ရှင်ရန်၊ ၎င်းတို့၏ အခြေခံ လိုအပ်ချက်များအားလုံး တာဝန်ယူခြင်းခံရသည့် ဘဝတစ်ခုကို အသက်ရှင်ရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည့်အပြင် ၎င်းတို့၏ ကျန်းမာရေးကို ဂရုစိုက်ရန်၊ သာမန်လူများ မစားနိုင်သည့်အရာများကို စားကာ သာမန်လူများ မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့် အကျိုးခံစားခွင့်တစ်ခုခုကို မွေ့လျော်ခံစားရန် ဤအခွင့်အရေးကို အသုံးပြုချင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ အတွေးများသည် အလွန် ထောက်ထားသည့်ပုံ ပေါ်လေသည်။ သို့သော် ၎င်းတို့၏ အရေးထားမှုနောက်ကွယ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ကျိုးအတွက် ကြံဖန်ချင်ကြသည်။ ဤအရာများကို ရရှိချင်ကြသည်၊ ဤအရာများကို လက်ဝါးကြီးအုပ်ချင်ကြပြီး ၎င်းတို့ ကိုယ်ပိုင် အကြံများ၏ ရှုထောင့်တိုင်းကို သေချာပေါက် အချိန်ယူစဉ်းစားကြလေသည်။ အခြားမည်သူ တစ်ဦးတစ်ယောက်အတွက်မျှ ဤအရာကို ၎င်းတို့ လုပ်ဆောင်မည် မဟုတ်။ ပြီးလျှင် ခေါင်းဆောင်တစ်ဦးကို ၎င်းတို့ ဧည့်ခံသည့်အခါ ဤအန္တိခရစ်များသည် ကောင်းမွန်သည့် ဘဝကို အမှန်တကယ် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က “ဤကဲ့သို့ အသက်ရှင်ခြင်းသည် အလွန်ကောင်းသော်လည်း အမှန်တကယ်တွင် ဤအရာများသည် ငါနှင့် မသက်ဆိုင်ပါ။ ဤအရာများသည် မည်သည့်အချိန်တွင် ငါ့အပိုင် ဖြစ်လိမ့်မည်နည်း။ ဤခေါင်းဆောင်ကို ငါ ဖယ်ရှားလျှင် ဤအရာများကို ငါ မွေ့လျော်ခံစားနိုင်တော့မည် မဟုတ်ပါ။ သို့သော် သူ့ကို ငါ မဖယ်ရှားလျှင် သူ့ကို ဆက်လက် ဧည့်ခံဖို့ ငါ့မှာ တကယ် စေတနာ မရှိပါ။ ဤတပ်မက်ဖွယ်ကောင်းသော ပစ္စည်းများအတွက်သာ မဟုတ်လျှင် ဤတာဝန်ကို ငါ လုပ်မည့်အရေးမှာ ဖြစ်နိုင်မည် မဟုတ်ပါ။ နေ့စဉ် ငါ စောစော ထပြီး ညဉ့်နက်မှ အိပ်ရာဝင်ရသည်။ စဉ်ဆက်မပြတ် ကြောက်ရွံ့နေရသည့် အခြေအနေတွင် ရှိရပြီး သူ့ကို ငါ အလုပ်အကျွေးပြုနေရသည်။ ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများကြောင်းနှင့် ထိုတာဝန်မှ ငါ ရသည့် အကျိုးအမြတ်များနှင့် ပျော်ရွှင်မှုတို့က မလုံလောက်ကြောင်းကို ငါ ယခုအခါတွင် အမြဲတွေးမိသည်။ ခေါင်းဆောင်က ဤနေရာတွင် ရေရှည် ဆက်နေထိုင်လျှင် ငါ မည်သည့်အရာ လုပ်ရမည်နည်း။ သူထွက်သွားအောင်လုပ်ဖို့ ငါ နည်းလမ်းတစ်ခု စဉ်းစားရမည်ဖြစ်ပြီး ထို့နောက်တွင် ငါသည် ငါ၏ အိမ်တွင် အေးချမ်း၊ ဆိတ်ငြိမ်စွာ တစ်ဖန်နေရမည်ဖြစ်သည်”ဟု တွေးကြလေသည်။ ဤသည်မှာ လူတို့ တွေးသည့်ပုံစံဖြစ်သလော။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်ပြီး ၎င်းတို့၏ တာဝန်ကို စစ်မှန်စွာ ထမ်းဆောင်သောလူတို့သည် ဤသို့ တွေးကြသလော။ (မတွေးကြပါ။) ဤသည်မှာ အန္တိခရစ်များ တွေးသည့်ပုံစံဖြစ်သည်။ ၎င်းတို့ ရရှိသည့် တပ်မက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အကျိုးအမြတ်များက မည်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါတွင်မျှ မရောင့်ရဲနိုင်ပေ။ ၎င်းတို့သည် မတင်းတိမ်နိုင်ကြ။ မည်သည့်အရာကိုမျှ မရရှိသေးဟု ၎င်းတို့ တွေးထင်ကြပြီး ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်ဟု မထင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤသည်မှာ ထပ်လောင်း စတေးမှုနှင့် အဖိုးအခဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ပစ္စည်းမည်မျှ ၎င်းတို့ ရရှိသည်ဖြစ်စေ၊ အကျိုးအမြတ် မည်မျှ ၎င်းတို့ ရရှိသည်ဖြစ်စေ ၎င်းတို့ အခွင့်အရေး ဆုံးရှုံးရသည်ဟု ခံစားကြပြီး ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထွက်နေသည်မှာ ဘုရားအိမ်တော်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထွက်နေသည်မှာ ညီအစ်ကို မောင်နှမများ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်မှာမူ ထိုအရာမှ တပ်မက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မရရှိကြောင်း တွေးထင်ကြလေသည်။ အချိန်ကုန်ဆုံးသည်နှင့်အမျှ ဤတပ်မက်ဖွယ်ကောင်းသည့် အရာများက ၎င်းတို့ကို စိတ်မကျေနပ်စေနိုင်သကဲ့သို့ ၎င်းတို့၏ လောဘက မတင်းတိမ်နိုင်သည်ကို ခံစားကြသည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် မည်သည့် လူ့သဘာဝကို ပိုင်ဆိုင်ကြသနည်း။ လူ့သဘာဝတစ်ခုခုကို ၎င်းတို့ ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) လူ့သဘာဝမရှိသည့် လူတို့တွင် အသိစိတ် ရှိသလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို စစ်မှန်စွာ ထမ်းဆောင်လိုသည့် လိုအင်ဆန္ဒအပြင် နှိမ့်ချလိုသည့် လိုအင်ဆန္ဒ၊ ရိုးသားစစ်မှန်ပြီး မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံလိုသည့် လိုအင်ဆန္ဒတစ်ခု ထားရှိလျက် ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့သည် ငွေပေးချေမှုကို တောင်းဆိုခြင်း မရှိဘဲ၊ မည်သည့် ပေးငွေကိုမျှ ရှာဖွေခြင်းမရှိဘဲ၊ ပြီးလျှင် မည်သည့် ဆုလာဘ်မျှ ရှာဖွေခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသလော။ (မထမ်းဆောင်နိုင်ပါ။) အဘယ်ကြောင့် မထမ်းဆောင်နိုင်သနည်း။ ၎င်းတို့တွင် အသိစိတ်နိုးကြားမှု မရှိသကဲ့သို့ မည်မျှကြီးမားသည့် အကျိုးအမြတ်များကို ၎င်းတို့ ရရှိသည်ဖြစ်စေ ၎င်းတို့ ကောင်းစွာ ထိုက်တန်သည်ဟု တွေးကြသည်။ ဤ “ကောင်းစွာ ထိုက်တန်”သည်ဟူသည်မှာ ပုံမှန်လူများ မစဉ်းစားနိုင်သည့် အရာတစ်ခုနှင့် လုံးဝ မစဉ်းစားမည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအတွေးနှင့် သဘောထားမျိုးတွင် ရှက်စိတ်တစ်ခုတလေ တွေ့ရသလော။ (မတွေ့ရပါ။) ရှက်စိတ်မရှိသည့် လူတို့သည် လူ့သဘာဝ တစ်ခုတလေ ပိုင်ဆိုင်သလော။ ဤကိစ္စရပ်က အရှက်တရား သို့မဟုတ် အသိစိတ်မရှိသည့် သဘာဝဖြစ်သည့် အန္တိခရစ်တို့ ပိုင်ဆိုင်သော သဘာဝတစ်ခုကို ဖော်ထုတ်သည်။

အရှက်တရားမရှိသည့်သူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ လူသားမျိုးနွယ်အတွင်းတွင် မည်သည့်လူစားမျိုးများသည် အရှက်မရှိကြသနည်း။ (စိတ်ကစဉ့်ကလျားရောဂါ ဖိစီးနေသော လူများဖြစ်သည်။) စိတ်မကျန်းမာသောလူတို့သည် အရှက်တရား မရှိကြ၊ လမ်းများတစ်လျှောက် အဝတ်မပါဘဲ ပြေးကြသည်၊ ၎င်းတို့ကို ကြည့်နေသည့် လူများအားလုံးကို သတိမမူမိဘဲ အဝတ်ဝတ်သည့် လူများကို ရယ်သွမ်းသွေးကာ “အဝတ်အစားများကို ဝတ်သည်မှာ သင်တို့အတွက် အဘယ်မျှ ဒုက္ခများရသည်ကို ကြည့်ပါ။ ကျွန်ုပ်သည် အဝတ်မပါဘဲ လမ်းတစ်လျှောက် ပြေးနေပြီး အလွန် လွတ်လပ်ကာ အတားအဆီးမရှိသကဲ့သို့ ခံစားရသည်”ဟု ဆိုကောင်းဆိုပေမည်။ ဤသည်မှာ အရှက်မရှိခြင်း ဖြစ်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အရှက်မရှိခြင်း ဟူသည့်အရာ ဖြစ်သည်။ အရှက်တရားမရှိသည့် လူတို့သည် အသိစိတ်နိုးကြားမှု မရှိသကဲ့သို့ စိတ်ကျန်းမာခြင်း မရှိကြချေ။ ၎င်းတို့သည် အခြားလူတိုင်း၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်ကြသည်။ အခြားတစ်ဦးတလေနှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ ရယူချင်ကြသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် ပုံမှန် လူသား ဆင်ခြင်တုံတရား နယ်ပယ်ကို ကျော်လွန်သွားပြီဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ အသိစိတ် နိုးကြားမှုမရှိသည့် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ မုချ မရနိုင်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ရုပ်ဝတ္ထု အကျိုးစီးပွားများကိုသာ လိုက်စားကြပြီး သမ္မာတရားကို လုံးဝ မရရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်တွင် နေရာတစ်ခု ရှိကြလိမ့်မည်လော။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို မကယ်တင်ပေ၊ သို့မဟုတ် စုံလင်အောင်ပြုခြင်း မရှိပေ။ ဤလူတို့သည် သနားစရာကောင်းသလော။ (မကောင်းပါ။) ဤလူများကို မုန်းတီးရမည်ဖြစ်သည်။ ၎င်းတို့သည် ရွံရှာဖွယ်၊ အထင်အမြင်သေးဖွယ်နှင့် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်သည်။ ဤလူတို့၏ အကျင့်စရိုက်သည် ယုတ်ညံ့ပြီး အောက်တန်းကျသည်။ ၎င်းတို့တွင် ဂုဏ်သိက္ခာ သို့မဟုတ် အရှက်တရား မရှိကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် လောဘ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးစီးပွားများကို ရရှိဖို့ ကြိုးစားရန် ၎င်းတို့၏ တာဝန်ထမ်းဆောင်သည့် အခွင့်အရေးကို ကောင်းစွာ အသုံးချလိုခြင်းသာ ဖြစ်ကြပြီး သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို မလုပ်ဆောင်ကြပေ။ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ၎င်းတို့သည် တပ်မက်ဖွယ်ကောင်းသောအရာများ၊ အကျိုးစီးပွားများနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုလည်း တောင်းလျှောက်ကြသည်။ ၎င်းတို့ မည်သို့ ဆင်းရဲဒုက္ခခံစားခဲ့ပြီး စတေးခဲ့ကြသည်ဆိုသည်တို့ကို ဘုရားသခင်ထံ သရုပ်ဖော်ပြကြပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ရန်၊ ဘုရားသခင်ထံမှ ကောင်းချီးများနှင့် ဆုလာဘ်များကို တောင်းဆိုရန်နှင့် ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်းပင် လက်ဖြန့်တောင်းကာ ၎င်းတို့ အလိုရှိသည့် ရုပ်ဝတ္ထု အကျိုးခံစားခွင့်ကို တောင်းဆိုရန် ၎င်းတို့ ခါးစည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခနှင့် ၎င်းတို့ ပေးခဲ့ကြသည့် အဖိုးအခများကို အသုံးပြုဖို့အတွက်သာ ဤအရာများနှင့်ပတ်သက်၍ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြလေသည်။ ဘုရားသခင်ရှေ့သို့ လာကြသည့်အချိန်တွင် ၎င်းတို့ ဖော်ပြလိုသည့်အရာမှာ ၎င်းတို့၏ စောဒကတက်ခြင်းများ၊ ၎င်းတို့၏ အာခံမှု၊ ၎င်းတို့၏ မကျေနပ်ချက်များ၊ ၎င်းတို့၏ နစ်နာချက်များနှင့် ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းအပြင် ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒများ မပြည့်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်ပျက်ခြင်းတို့ဖြစ်သည်။ ဤသရုပ်သကန်များကို ဘုရားသခင်က မြင်သည့်အခါ ၎င်းတို့ကို သူ နှစ်သက်သလော သို့မဟုတ် စက်ဆုပ်မုန်းတီးသလော။ (သူ စက်ဆုပ်မုန်းတီးပါသည်။) အသင်းတော်အတွက် သေးငယ်သော အသုံးခံမှုတစ်ခုခု ၎င်းတို့ ပြုလုပ်သည့်အခါ ထိုအရာကို ကြေညာကာ နာမည်ကောင်းယူဖို့ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်နေချိန်၊ သို့မဟုတ် အမျိုးမျိုးသော အလုပ်များကို လုပ်ဆောင်နေချိန် ၎င်းတို့၏ စတေးမှုများနှင့် ၎င်းတို့ ဆက်ကပ်ပြီးသောအရာတို့အကြောင်းကို ဘုရားသခင်အား ပြောပြရန် ချက်ချင်း ဘုရားသခင်ရှေ့မှောက်သို့ လာကြလေသည်။ ဘုရားသခင်က ဤအရာများအား မသိမည်ကိုလည်းကောင်း၊ ဘုရားသခင်က ဤအရာများအား မမြင်နိုင်မည်ကိုလည်းကောင်း၊ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခကို ဘုရားသခင်မေ့သွားမည်ကိုလည်းကောင်း ၎င်းတို့ ကြောက်လန့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ဆိုးယုတ်သူများအဖြစ်၊ အတော့်ကို ရှက်ကြောက်စိတ် ကင်းမဲ့ကြသူများအဖြစ် မြင်ရလေသည်။ ၎င်းတို့ ပေးခဲ့သည့် အဖိုးအခများကို သရုပ်ဖော်ရန်နှင့် ကြေညာရန်၊ မည်သည့်အရာများ ၎င်းတို့ ရရှိလိုသည်ကို သူ့ထံ သရုပ်ဖော်ပြရန်နှင့် ၎င်းတို့ အလိုရှိသည့် ဆုလာဘ်များကို ဘုရားသခင်ထံ လက်ဖြန့်ပြီး တောင်းဆိုရန် ဘုရားသခင်ရှေ့မှောက်သို့ ၎င်းတို့ လာကြသည့်အခါ ဘုရားသခင်က “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ”ဟု ပြောလေသည်။ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ “သင်ကဲ့သို့သော လူတို့သည် ငါ့ရှေ့သို့လာရန် မထိုက်တန်ပါ။ ငါသည် သင့်ကို စက်ဆုပ်ပြီး သင့်အပေါ် အလွန်အမင်း မနှစ်မြို့ပေ။ သင် အလိုရှိသည့်အရာမှန်သမျှကို ငါ ပေးပြီးဖြစ်သည်။ ဤဘဝတွင် သင် ရရှိရန် ဆန္ဒရှိသည့် အဆတစ်ရာကို သင် ရရှိနှင့်ပြီးဖြစ်သည်။ အခြားမည်သည့်အရာကို သင် အလိုရှိသနည်း”ဟူ၍ ဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပေးလိုသည့်အရာမှာ အဓိကအားဖြင့် ရုပ်ဝတ္ထု မဟုတ်ပေ။ ထိုအစား သူသည် သမ္မာတရားမှတစ်ဆင့် ၎င်းတို့က ကယ်တင်ခြင်းကို ရယူနိုင်ကြရန်အလို့ငှာ လူသားမျိုးနွယ်အပေါ် သမ္မာတရား ပေးသနားလိုပေသည်။ သို့သော် အန္တိခရစ်များသည် ဘုရားသခင်၏ အမှုတော်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြသည်။ သမ္မာတရားကို မရှာဖွေကြသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့အတွက် တပ်မက်ဖွယ်ကောင်းသော အရာများကို မတော်မရော် ရရှိရန်အတွက် ဘုရားသခင်၏ အမှုတော် အတောအတွင်းတွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် အခွင့်အရေးကို အသုံးပြုချင်ကြလေသည်။ ၎င်းတို့သည် လွယ်ပေါက်များကို အပြည့်အဝ အသုံးချကြပြီး အရာရာတွင် အခြားသူတို့၏ ဆုံးရှုံးနစ်နာမှုမှ အမြတ်ထုတ်ကြသည့်တိုင် ၎င်းတို့က နစ်နာကာ များစွာ အကျိုးခံစားရခြင်းမရှိခဲ့သကဲ့သို့ မကြာခဏ ခံစားကြလေသည်။ ၎င်းတို့သည် အလွန်များစွာ စတေးခံခဲ့ကာ ဆက်ကပ်ပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ဆုံးရှုံးမှုများက အကျိုးအမြတ်များထက် အလေးသာကြောင်းလည်း မကြာခဏ ခံစားကြပြီး ထို့ထက်ပို၍ပင် ၎င်းတို့၏ စတေးမှုများကို မကြာခဏ နောင်တရကာ အမှုအရာများကို ၎င်းတို့ အတော်အတန် သေသေချာချာ မစဉ်းစားခဲ့ကြောင်း သို့မဟုတ် ၎င်းတို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို မစဉ်းစားခဲ့ကြကြောင်း တွေးကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စတေးမှုများအတွက် အချိန်မီ ဆုလာဘ်များကို မရရှိသဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် မကြာခဏ ဒေါသထွက်ပြီး ဘုရားသခင်အပေါ် စောဒကတက်ခြင်းများ အပြည့်ရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ ဘုရားသည် ဘက်လိုက်ခြင်းမရှိပါ၊ မှန်ပါသလော။ ဘုရားသည် လူတို့ကို ကောင်းချီးပေးသည့် ဘုရား မဟုတ်လော။ လူတစ်ဦး၏ ကောင်းမှုများအားလုံးနှင့် မိမိကိုယ်ကို ဆက်ကပ်ကာ အသုံးခံသမျှအားလုံးကို ဘုရားက သတိရသည် မဟုတ်လော။ ဘုရား၏ အမှုတော်အတွက် ငါ၏ မိသားစုကို ငါ စွန့်လွှတ်ခဲ့ပြီး အဖိုးအခပေးပြီးဖြစ်သော်လည်း ဘုရားထံမှ မည်သည့်အရာကို ငါ ရရှိသနည်း”ဟု တွေးလျက် မကြာခဏ တွက်ချက်နေကြသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့သည် ရေတိုတွင် မပြည့်ဝကြလျှင် ၎င်းတို့သည် အပျက်သဘောဆောင်လာပြီး ညည်းညူလာကြသည်။ ၎င်းတို့ လောဘနှင့် လိုအင်ဆန္ဒတို့က ရေရှည်တွင် မပြည့်ဝကြလျှင် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများက စုပုံလာသော ငြူစူခြင်းဖြင့် ပြည့်လာသည်။ ပြီးလျှင် ဤစုပုံလာသော ငြူစူခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို စတင် သံသယရှိကာ မေးခွန်းထုတ်လာကြလိမ့်မည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို စတင် ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အနှစ်သာရတို့ကိုပင် စတင် သံသယ ဝင်ကြလိမ့်မည်။ ဤငြူစူခြင်းသည် အချိန်ကြာမြင့်စွာ စုပုံလာလျှင် ဤအရာများသည် အန္တရာယ်ပေးနိုင်သော အကျိတ်များအဖြစ်သို့ ပြောင်းသွားပြီး စတင်ပျံ့နှံ့ကာ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်နိုင်စွမ်း ရှိလာကြလိမ့်မည်။ အထူးသဖြင့် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းသော၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု အတော်ပင် နုနယ်သော လူအချို့ရှေ့တွင် ရှိသည့်အခါ သို့မဟုတ် ယုံကြည်ခါစဖြစ်သော လူအချို့ရှေ့တွင် ရှိသည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ ၎င်းတို့၏ မကျေနပ်ချက်နှင့် ဘုရားသခင်နှင့်ပတ်သက်သော ပြစ်မှားစော်ကားခြင်းကို ဖြန့်ရင်း ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ၎င်းတို့ ရံဖန်ရံခါ ထုတ်ဖော်ကာ ဖြန့်ကြလိမ့်မည်။ ပြီးလျှင် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့သော လူအချို့ကိုပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့အကြောင်း သံသယများရှိရန် အထင်အမြင်မှားစေကြလိမ့်မည်ဖြစ်သည်။ ဤအရာကို အန္တိခရစ်များက လုပ်ဆောင်ကြသည် မဟုတ်လော။ ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ လိုက်စားမှုများနှင့် ကြံရွယ်ချက်တို့ မပြည့်ဝသောကြောင့် ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ဘုရားသခင်အပေါ် ဤသဘောထားမျိုး ဖြစ်ပေါ်နိုင်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ သိသာထင်ရှားစွာပင် အန္တိခရစ်၏ စိတ်သဘောထားနှင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။