အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၄) အခန်း နှစ်

အန္တိခရစ်တစ်ဦးက မည်သည့် ဆင်းရဲဒုက္ခအတိုင်းအတာ ခံစားရသည်ဖြစ်စေ၊ အသင်းတော်တွင် မည်သည့် အဖိုးအခ ပေးသည်ဖြစ်စေ၊ ထိုအရာကို ၎င်း၏ ဝတ္တရား တစ်စိတ်တစ်ပိုင်းအဖြစ်၊ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်အဖြစ် မခံစားရဘဲ ဘုရားသခင်က အောက်မေ့သတိရသင့်သည့် ၎င်း၏ ဖြည့်ဆည်းမှုအဖြစ် စဉ်းစားလေသည်။ ဘုရားသခင်က ၎င်း၏ ဖြည့်ဆည်းမှုကို အောက်မေ့သတိရလျှင် သူသည် ၎င်းကို ကောင်းချီးများ၊ ကတိများနှင့် အထူးရုပ်ဝတ္ထုဆိုင်ရာ အကူအညီများ ပေးလျက် ၎င်းကို အကျိုးအမြတ်များ ခံစားခွင့်ပေးကာ အထူးအကျိုးကျေးဇူးအချို့ ရရှိခွင့်ပေးလျက် ကတိတစ်ခုကို ချက်ချင်း အကောင်အထည်ဖော်သင့်သည်ဟု ၎င်းက တွေးထင်သည်။ ထိုအခါမှသာ အန္တိခရစ်က ကျေနပ်လိမ့်မည် ဖြစ်၏။ တာဝန်နှင့်ပတ်သက်၍ အန္တိခရစ်တစ်ဦး၏ သိနားလည်မှုမှာ အဘယ်နည်း။ တာဝန်သည် ဖန်ဆင်းခံများ တာဝန်ယူ ဆောင်ရွက်သင့်သည့် ဝတ္တရားတစ်ခု ဖြစ်သည်ဟု ၎င်းက မခံစားရသကဲ့သို့ ဘုရားသခင်နောက်သို့ လိုက်သောသူတို့ မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်သည်ဟုလည်း မခံစားရချေ။ ထိုအစား တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်ရာတွင် အသုံးချ၍ရသည့်အရာတစ်ခု၊ သူ၏ ဆုလာဘ်များအတွက် အလဲအလှယ် လုပ်နိုင်သည့် အရာတစ်ခုနှင့် ၎င်း၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းကာ ဘုရားသခင်ကို ၎င်း၏ ယုံကြည်လက်ခံမှုအတွက် ကောင်းချီးများရရှိရန် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ခံစားရသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးရရှိခြင်းသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် မရှိမဖြစ် ထားရှိရမည့်လိုအပ်ချက် ဖြစ်သင့်ကြောင်းနှင့် ထိုအရာက လူတို့အား ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ပေးကြောင်း၊ လူတို့အနေဖြင့် ဘုရားသခင်က ၎င်းတို့အား အနာဂတ် စိုးရိမ်မှုများမှ အသေအချာ လွတ်မြောက်စေလျှင်သာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်အေးလက်အေး ဖြစ်နိုင်ကြောင်း ၎င်းတို့ တွေးထင်ကြသည်။ မိမိတို့၏ တာဝန်များကို လုပ်ဆောင်သောသူတို့ကို ဘုရားသခင်က သက်သာလွယ်ကူမှုနှင့် ဦးစားပေး အကျိုးခံစားခွင့်တိုင်းကို ပေးသင့်ကြောင်းနှင့် တာဝန်များကို ၎င်းတို့ထမ်းဆောင်နေသည့် အတောအတွင်းတွင် လူတို့က ဘုရားအိမ်တော်က ပေးသည့် အကျိုးကျေးဇူးများအားလုံးကို မွေ့လျော်ခံစားသင့်ကြောင်းလည်း ၎င်းတို့က တွေးထင်ကြသည်။ ဤသည်တို့မှာ လူတို့ ရရှိသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်သည့်ပုံစံ ဖြစ်သည်။ ဤတွေးခေါ်ပုံနည်းလမ်းများသည် အန္တိခရစ်များ၏ ရှုထောင့်အမြင်နှင့် နီတိအတိအကျဖြစ်ပြီး ယင်းတို့သည် တာဝန်အပေါ် ၎င်းတို့၏ သဘောထားကို ထင်ဟပ်လေသည်။ မိမိတာဝန်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားနှင့်စပ်လျဉ်း၍ ဘုရားအိမ်တော်က မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ အန္တိခရစ်တို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ထားရှိသည့် အရာများက မည်သည့်အခါတွင်မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်ကို အစဉ်အမြဲ ဆုပ်ကိုင်ကြလိမ့်မည်။ ဤသရုပ်သကန်နှင့် ဆက်စပ်၍ ငါတို့ အသုံးပြုနိုင်သည့် စကားရပ်တစ်ခု ရှိသည်။ ထိုစကားရပ်မှာ အဘယ်နည်း။ အခြားအရာအားလုံးထက် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို ဦးစားပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့လက်ဖြင့် ဆုပ်ကိုင်နိုင်သည့်အရာများသာ စစ်မှန်ပြီး ကတိများပြုခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟူ၍ ဖြစ်၏။ ဤလူများတွင်ရှိသည့် သရုပ်သကန်များ၏ အနှစ်သာရမှာ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို ဦးစားပေးခြင်းနှင့်ဆိုင်သည်၊ မှန်သလော။ (မှန်ပါသည်။) ရုပ်ဝါဒသည် ဘုရားမဲ့ဝါဒဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ မြင်နိုင်ပြီး ထိတွေ့နိုင်သည့်အရာကိုသာ အားကိုးကြသည်၊ ၎င်းတို့ မြင်နိုင်သည့်အရာကိုသာ အရေးပါသည်ဟု မှတ်ယူကြပြီး ၎င်းတို့ မမြင်နိုင်သည့် မည်သည့်အရာမဆို၏ တည်ရှိခြင်းကို ငြင်းပယ်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦး၏ တာဝန်နှင့်ပတ်သက်သည့် အသိပညာနှင့် သိနားလည်မှုသည် သမ္မာတရားစည်းမျဉ်းများနှင့် မုချ ဆန့်ကျင်နေကြောင်းနှင့် ဘာသာတရားမဲ့သူတို့၏ ရှုထောင့်နှင့် လုံးဝ အတူတူပင်ဖြစ်ကြောင်း သတ်မှတ်၍ရသည်။ အမှန်ပင် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရား၊ မှန်သောလမ်းခရီးဖြစ်သည်ကို မယုံကြည်ကြပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သာ စစ်မှန်ကြောင်းနှင့် ၎င်းတို့ လိုက်စားပြီး မွေ့လျော်ခံစားနိုင်သည့် အရာရာတိုင်းကို လူသား အားထုတ်၊ ကြိုးပမ်းမှုမှတစ်ဆင့်သာလည်းကောင်း၊ ၎င်းတို့ ပေးသည့် အဖိုးအခမှတစ်ဆင့်သာလည်းကောင်း ရရှိနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းက “လူတို့အနေဖြင့် ပျော်ရွှင်မှုကို မိမိတို့ကိုယ်တိုင် ဖန်တီးရမည်”ဟုပြောသော ရှုထောင့်နှင့် မည်သို့ ကွာခြားသနည်း။ ကွာခြားမှု မရှိပေ။ လူတို့အနေဖြင့် ဘုရားသခင်အတွက် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် အဖိုးအခ ပေးခြင်းတို့အားဖြင့် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိကြသည်ဟု ၎င်းတို့က မယုံကြည်ကြပေ။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူဆောင်ရွက်ပြီး ထိုသို့ဖြင့် မိမိတို့တာဝန်ကို စံနှုန်းပြည့်မီသော ပုံစံဖြင့် လာထမ်းဆောင်သည့် လူတို့က ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများကို ရရှိနိုင်သည်ဟုလည်း ၎င်းတို့က မယုံကြည်ကြပေ။ ဤအရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကတိများ သို့မဟုတ် ဘုရားသခင်၏ ကောင်းချီးများကို ၎င်းတို့ မယုံကြည်ကြောင်း ပြသပေသည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို ၎င်းတို့ မယုံကြည်ကြသောကြောင့် စစ်မှန်သော ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်သောကြောင့် ဘုရားအိမ်တော်ထံမှ အထူး အကျိုးခံစားခွင့်နှင့် ရုပ်ဝတ္ထု ကောင်းချီးများကို ကျွန်ုပ် မွေ့လျော်ခံစားသင့်သည်။ ဘုရားအိမ်တော်က ကျွန်ုပ်အား ရုပ်ပိုင်းဆိုင်ရာ အခွင့်ထူးနှင့် ပျော်ရွှင်မှုတိုင်းကို ပေးသင့်သည်။ ယင်းက လက်တွေ့ကျမည်ဖြစ်သည်”ဟုသာ ယုံကြည်ကြသည်။ ယင်းမှာ အန္တိခရစ်၏ စိတ်နေစိတ်ထားနှင့် အမြင်ရှုထောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကတိများက ယုံကြည်အားထားရကြောင်း သို့မဟုတ် သမ္မာတရားကို ရရှိခြင်းအားဖြင့် လူတစ်ဦးက အသက်ရပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည်ဟူသော အချက်ကို ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို ယတိပြတ်ကို မရှာဖွေကြပေ။ သမ္မာတရားကို လက်မခံကြသကဲ့သို့ လူသားကို ဘုရားသခင် ပေးပြီးသည့် အကြီးမားဆုံးသော ကတိတော်ဖြစ်သည့် လူက ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သည်မှာ ဘုရားသခင်၏ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ဖြစ်ပြီး ဘုရားသခင် အောက်မေ့သတိရမည့် အရာတစ်ခုဖြစ်ကာ ဤလုပ်ငန်းစဉ်အတောအတွင်းတွင် လူသည် သမ္မာတရားကို ရရှိနိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ပေသည်ဟူသည့် ဤသမ္မာတရားကို သာ၍ပင် အသိအမှတ်မပြုကြပေ။ သင့်ကို ဘုရားသခင် ပြုသည့် ကတိများကို သင် ယုံကြည်ပြီး ဤကတိများကို လက်ခံနိုင်လျှင် သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပေသည်။ အန္တိခရစ်များနှင့် မယုံကြည်သူများက ဤစကားများကို ကြားသည့်အခါ မည်သို့ ခံစားကြရသနည်း။ (ဘုရားသခင် ပြောသည့်အရာကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ လှည့်ဖြားမှုတစ်ခု ဖြစ်သည်ဟု တွေးထင်ကြသည်။) ဘုရားသခင် ပြောသည့် ဤစကားများမှာ ဘုရားသခင်က စဉ်းစားဉာဏ်မဲ့ပြီး ရိုးအသော လူနုံလူအအချို့ကို သူ့အတွက် အစေခံမှုပေးစေရန် အတွေးမှားများကို ခေါင်းထဲထည့်ပေးနေခြင်းသာ ဖြစ်ပြီး ၎င်းတို့၏ အစေခံမှုပြီးသွားသည့်အခါ ၎င်းတို့ကို မောင်းထုတ်ဖို့ ရှိသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့က “သမ္မာတရား ရခြင်းလော။ ဟားဟား။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မည်သူမြင်နိုင်သနည်း။ ဘုရား၏ ကတိများက မည်သည့်အရာ ဖြစ်သည်ကို မည်သူထိတွေ့နိုင်သနည်း။ ယင်းတို့ကို မည်သူက ရရှိပြီးပြီနည်း။ ဘုရား၏ ကတိများသည် လက်တွေ့မကျပါ။ ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ရရှိခြင်း၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းသည်သာ လက်တွေ့ကျသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းတို့သည်သာ စစ်မှန်သည်။ လူကို ဘုရား နှင်းအပ်သည့် ကတိများနှင့် လူကို သူ ပေးသည့် သမ္မာတရားအကြောင်းကို နှစ်ချီ ငါ ကြားနေခဲ့ရပြီးဖြစ်ကာ ငါ လုံးဝ မပြောင်းလဲသေးပါ။ ဤအရာများက ငါ့ကို အဆင့်အတန်းရှိသည့် အဆင့်မြင့်သော ဘဝတစ်ခုကို အသက်ရှင်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အကျိုးကျေးဇူးမျှ ငါ မရရှိသေးပါ။ လူအချို့က ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိကာ ပြောင်းလဲပြီးဖြစ်သည့်အပြင် ဘုရားကောင်းချီးများ ရရှိပြီးဖြစ်သည်ဟု ပြောလျက် သက်သေခံကြသော်လည်း ၎င်းတို့သည် အလွန် သာမန်ဖြစ်ပုံ ပေါက်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်သည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ၎င်းတို့က ဘုရား၏ ကောင်းချီးများ ရရှိကာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြမည်နည်း”ဟု စဉ်းစားကြသည်။ ၎င်းတို့လက်များဖြင့် ဖမ်းဆုပ်ပြီး ရရှိနိုင်သည့် အရာများသည်သာ အစစ်မှန်ဆုံးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အမြင်ရှုထောင့် ဖြစ်သည် မဟုတ်လော။ တကယ်ကို ဟုတ်ပေသည်။ ထို့ကြောင့် ဤအန္တိခရစ်များသည် အသင်းတော်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အရာရာကို သံသယဖြင့် ကြည့်ကြသည်၊ အကျိုးကျေးဇူးတစ်ခုခုကို ၎င်းတို့ မည်သည့်နေရာတွင် ရရှိနိုင်သည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းမှ အကျိုးအမြတ်အချို့ကို ရယူရန်နှင့် သာ၍ကြီးမားသော လက်တွေ့ကျသည့် အကျိုးကျေးဇူးများ ရရှိရန် ၎င်းတို့က မည်သည့် အခွင့်အရေး အသုံးပြုနိုင်သည်ဟူသည်တို့ကို အမြဲ တွေးဆနေကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်များတွင် ဤအရာများကို မကြာခဏ ချင့်တွက်နေကြလေသည်။ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိခြင်းအားဖြင့်သာ အကျိုးကျေးဇူးတိုင်းကို ရရှိနိုင်သည်ဟူသော ခံစားချက် ရှိကြသောကြောင့် အဆင့်အတန်းကို လိုက်စားရန် ၎င်းတို့ ဆုံးဖြတ်ကြပြီး ဤအရာများအတွက် ကြိုးပမ်းရန် လုံးလုံးလျားလျား ရည်စူးမြှုပ်နှံထားကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ ချင့်ချိန်စဉ်းစားခြင်း မရှိ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်း မရှိသကဲ့သို့ သမ္မာတရားကို လိုက်စားရန် မဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်သိမ့်ကာ ဟာတာတာ ဖြစ်ခြင်းကို ဖြည့်ဆည်းရန်သာ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ကြသည်။ မည်သည့်အချိန်တွင်မဆို သင်က အန္တိခရစ်တစ်ဦးအား ၎င်း၏ လောဘနှင့် အလိုဆန္ဒကို လက်လွှတ်ရန်၊ ၎င်း၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လုံးလုံး စွန့်လွှတ်ရန်နှင့် ဘုရားသခင်ကို ၎င်း၏ ယုံကြည်ခြင်းမှ ၎င်း အလိုရှိသည့် ဤအကျိုးကျေးဇူးများကို စွန့်ရန် စေခိုင်းလျှင် ၎င်းသည် လုပ်ဆောင်နိုင်မည် မဟုတ်။ ဤအရာများကို ၎င်းတို့အား လက်လွှတ်ခိုင်းခြင်းသည် သင်က ၎င်းတို့အား အရေခွံဆုတ်ရန် သို့မဟုတ် ၎င်းတို့၏ အရွတ်များကို ဆွဲထုတ်ရန် ကြိုးစားနေသည့်အလား ၎င်းတို့ကို ခံစားရစေသည်။ ဤအရာများ မရှိလျှင် ၎င်းတို့၏ နှလုံးများကို ၎င်းတို့ထံမှ ထုတ်ယူခံရပြီး ဖြစ်သည့်အလား၊ ၎င်းတို့၏ စိတ်ဝိညာဉ်ကို ၎င်းတို့ ဆုံးရှုံးရပြီဖြစ်သည့်အလား ၎င်းတို့ ခံစားရပြီး ဤရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မရှိလျှင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအတွက် မျှော်လင့်ချက်မရှိသကဲ့သို့ ဘဝ၏ အဓိပ္ပာယ်ပျောက်ဆုံးသည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ၎င်းတို့၏ အမြင်တွင် မိမိ၏ တာဝန်အတွက်သာ မိမိကိုယ်ကို အသုံးခံပြီး ဆက်ကပ်ကာ အဖိုးအခပေးသောသူတို့၊ မိမိ၏ တစ်ကိုယ်ရေ အကျိုးခံစားမှုများကို မရှာဖွေသောသူတို့သည် လူနုံလူအချည်းသာ ဖြစ်သည်။ အန္တိခရစ်များ ခံယူကျင့်သုံးသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”ဟူ၍ ဖြစ်သည်။ ၎င်းတို့က “လူတို့သည် အဘယ်သို့ဖြစ်ပြီး မိမိတို့အတွက် မစဉ်းစားဘဲ နေနိုင်ကြသနည်း။ ၎င်းတို့ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက် အဘယ်သို့ဖြစ်ပြီး လူတို့က မကြိုးပမ်းဘဲနေနိုင်ကြသနည်း”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် အရာရာကို စွန့်ပြီး မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံကြသောသူတို့ကို အထင်အမြင်သေးကြသည်။ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သူများနှင့် မိမိတို့၏ ရုပ်ဝတ္တုပစ္စည်းဆိုင်ရာ အသက်တာများနှင့် ပတ်သက်ပါက အလွန်ခြိုးခြံစွာနှင့် ရိုးရှင်းစွာ အသက်ရှင်သောသူတို့ကို ၎င်းတို့က အထင်အမြင်သေးကြပြီး ဘုရားကို ယုံကြည်ကာ တာဝန်တစ်ခုကို ထမ်းဆောင်သောကြောင့် နှိပ်စက်ညှဉ်းပန်းခံရသဖြင့် အိမ်မပြန်နိုင်သောသူတို့ကို ၎င်းတို့က အထင်အမြင်သေးကြသည်။ ၎င်းတို့သည် “ဘုရားကို သင်တို့၏ ယုံကြည်ချက်ကြောင့် သင်တို့၏အိမ်ကို သင်တို့ ဆုံးရှုံးရပြီဖြစ်သည်။ သင်တို့သည် သင်တို့၏ မိသားစုနှင့် အတူမနေရသကဲ့သို့ ငွေမစို့မပို့ဖြင့် အသက်ရှင်နေရသည်။ သင်တို့ အလွန် မိုက်မဲပေသည်။ ဘုရားကို ယုံကြည်ခြင်းအပါအဝင် လူတစ်ဦးက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက်ဖြစ်သော စည်းမျဉ်းများကို ၎င်းက ခံယူကျင့်သုံးရမည်။ ၎င်းတို့သည် ဆုံးရှုံးမှုကို လုံးဝ ခံစားရမည်မဟုတ်။ ၎င်းတို့သည် ဘုရား၏ ကတိများနှင့် ကောင်းချီးများကို မြင်ကာ ထိတွေ့နိုင်ရမည်ဖြစ်ပြီး ခံယူကျင့်သုံးရမည့် တစ်ခုတည်းသော သင့်တော်သည့် သဘောထားမှာ တောယုန်ကို မမြင်မချင်း သိမ်းငှက်ကို မလွှတ်နှင့်ဟူသည့် သဘောထားတစ်ခု ဖြစ်သည်။ သင်တို့သည် အလွန် စဉ်းစားဉာဏ်မဲ့ကြ၏။ ကျွန်ုပ်ကို ကြည့်ပါ။ ကျွန်ုပ်သည် ဘုရားကို ယုံကြည်သည့်အပြင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်။ ဘုရားအိမ်တော်၏ ကောင်းမွန်သည့် အကျိုးခံစားခွင့်အားလုံးကို ကျွန်ုပ် မွေ့လျော်ခံစားပြီး အနာဂတ်တွင်လည်း ကောင်းချီးများကို ရရှိနိုင်သည်။ မည်သည့် ဆင်းရဲဒုက္ခကိုမျှ ကျွန်ုပ် ခါးစည်းခံရန် မလိုအပ်သကဲ့သို့ ကျွန်ုပ် ရရှိသည့် ကောင်းချီးများသည် သင်တို့၏ ကောင်းချီးများထက် သာ၍ ကြီးမားလိမ့်မည် ဖြစ်သည်။ သင်တို့၏ မိသားစုများနှင့် အလုပ်များကို စွန့်ကာ အိမ်မပြန်နိုင်သည့်အပြင် အနာဂတ်တွင် ကောင်းချီးတစ်ခုတလေ ရရှိနိုင်ခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍ သေချာမှုတစ်ခုမျှ မရှိသော သင်တို့ကဲ့သို့ ကျွန်ုပ် အဖိုးအခမပေးပါ”ဟု ဆိုလျက် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤလူများကို မကြာခဏ ရယ်သွမ်းသွေးကြလေသည်။ ဤလူများသည် မည်သည့်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြ၊ ၎င်းတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ မထမ်းဆောင်ကြ။ သို့တိုင် သမ္မာတရား လိုက်စားသောသူများနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့အတွက်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့အတွက်နှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ဖို့အတွက် မိမိတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်၊ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးသောသူများအား အထင်အမြင်သေးနေကြသည်။ ဤကဲ့သို့သော လူများစွာ ရှိသလော။ (ရှိပါသည်။) အသင်းတော်တိုင်းတွင် တချို့တလေ ရှိကြလေသည်။ ဤလူများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်သလော။ ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်ကြသလော။ (ကယ်တင်ခြင်း မခံရနိုင်ကြပါ။) ၎င်းတို့ ကယ်တင်ခံရနိုင်ချေရှိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများပင် မဟုတ်ကြပေ။

မည်သည့် ပြဿနာကို အန္တိခရစ်များက ကြုံရသည်ဖြစ်စေ၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ ရရှိပြီး ကယ်တင်ခြင်း ရယူနိုင်ခြင်း ရှိမရှိကို ပထမဆုံးအနေဖြင့် ၎င်းတို့ စဉ်းစားရမည့်အစား ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးကျေးဇူးအားလုံးကို စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ဇာတိပကတိနှင့်ဆက်စပ်သည့် အကျိုးကျေးဇူးအားလုံးက အရေးအကြီးဆုံးသော နေရာ၊ အမြင့်ဆုံးသော နေရာ၊ အထွတ်အထိပ်နေရာကို ယူထားသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူက မည်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်ဆိုသည်ကို အလေးထားရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုပင် လုံးဝ အလေးထားခြင်း မရှိ၊ ဘုရားသခင်၏ အမှုတော်ကိုပင် လုံးဝ အလေးထားခြင်း မရှိကြချေ။ ဘုရားက လူတို့အား မိမိတို့တာဝန်ကို စံနှုန်းပြည့်မီစွာ ထမ်းဆောင်ရန် မည်သို့တောင်းဆိုသည်ဖြစ်စေ၊ လူတို့အား စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံများဖြစ်ရန် ဘုရားက မည်သို့ တောင်းဆိုသည်ဖြစ်စေ အန္တိခရစ်များက လုံးဝ စိတ်ဝင်စားမှု မရှိကြပေ။ ဘုရားသခင်က မည်သည့်နည်းလမ်းများကို ခံယူကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်စကားများကို သူ ပြောသည်ဖြစ်စေ ဘုရားသခင်သည် ဤလူများကို မတို့ထိနိုင်သဖြင့် ၎င်းတို့၏ အစီအစဉ်များကို မပြောင်းလဲစေနိုင်သည့်အပြင် ၎င်းတို့၏ လောဘနှင့် အလိုဆန္ဒများကို စွန့်လွှတ်အောင် မလုပ်နိုင်ပေ။ ဤလူများသည် အန္တိခရစ်များထဲတွင် အမည်ခံအရရော၊ အဖြစ်မှန်အရပါ ရုပ်ဝါဒီများနှင့် မယုံကြည်သူများ ဖြစ်သည်။ ထို့ကြောင့် ဤလူများကို အန္တိခရစ်များ၏ အတန်းအစားများထဲမှ ဆန်ကုန်မြေလေးများအဖြစ် ယူဆ၍ရနိုင်သလော။ (ယူဆ၍ရနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်အချို့သည် အဆင့်အတန်းအတွက် အစေခံမှုတစ်ခုခု ပေးနိုင်ကြဆဲဖြစ်ပြီး ဤလူများမှာမူ အစေခံမှုပေးရန်ပင် လိုလားခြင်း မရှိသောကြောင့်ဖြစ်သည်။) မှန်ပေ၏။ ဤလူများသည် အကျိုးကျေးဇူးများ အလိုရှိကြသည်၊ ၎င်းတို့အားလုံး တစ်နေ့လုံး အာရုံစိုက်ပြီး စဉ်းစားကြသည်မှာ အကျိုးကျေးဇူးများဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှအရာရာတိုင်းက အကျိုးကျေးဇူးများကို ဗဟိုပြုနေသည်။ လူအချို့သည် ဧည့်ခံသည့် တာဝန်ကို ထမ်းဆောင်ကြပြီး ကြက်ဥများ၊ ဆန်များ၊ သို့မဟုတ် ဂျုံမှုန့်များ ကုန်သွားသည့်အခါ ဤအရာများကို ဝယ်ဖို့ တစ်စုံတစ်ဦးအား စေလွှတ်ရန် အသင်းတော်ကို ချက်ချင်းပြောကြသည်။ ၎င်းတို့ကိုယ်တိုင် မည်သည့်အရာကိုမျှ မဝယ်ကြပေ။ ဧည့်ခံဝတ်ပြုသည့် တာဝန်ကို စတင် မထမ်းဆောင်မီက သူတို့၏နေအိမ်တွင် ဤအရာများကို မည်သည့်အခါကမျှ မစားသုံးခဲ့ဖူးသည့်အလားပင်ဖြစ်သည်။ သူတို့သည် ဤအရာအားလုံးကို မိမိတို့ကိုယ်တိုင် ဝယ်ယူခဲ့ဖူးသော်လည်း ဤတာဝန်ကို စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် ဆင်ခြေများ စတင် ပေးလာကြပြီး မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ခံစားလာရကာ မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချလာပြီး ဘုရားအိမ်တော်က သူတို့အား တစ်စုံတစ်ရာ အကြွေးတင်နေဘိသကဲ့သို့ ဘုရားသခင်၏ အိမ်တော်ထံမှ အကြွေးတောင်းသူများ၊ မြီရှင်များ ဖြစ်လာကြလေသည်။ ဤကဲ့သို့သော လူများသည် ကောင်းမြတ်ခြင်း မရှိကြပေ။

ငါသည် တရုတ်ပြည်မရှိ ဧည့်ခံသော အိမ်အချို့တွင် နေခဲ့ပြီး ညီအစ်ကို မောင်နှမများထဲမှ အချို့သည် အလွန်ကောင်းသော လူ့သဘာဝ ရှိခဲ့ကြသည်။ ၎င်းတို့ ယုံကြည်သည်မှာ နှစ်နှစ် သို့မဟုတ် သုံးနှစ်မျှသာ ရှိကာ သမ္မာတရားများစွာ နားမလည်ကြလျှင်ပင် ၎င်းတို့၏ ဧည့်ခံသော တာဝန်ကို ရိုးသားစစ်မှန်စွာ လုပ်ဆောင်ခဲ့ကြသေးသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို ငွေပေးရန် ကြိုးစားသည့်အခါ ၎င်းတို့က ငြင်းကြသည်။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပေးသည့် မည်သည့်အရာမဆိုအတွက် ၎င်းတို့က အပြန်အလှန်အနေဖြင့် ငွေပေးကြပြီး ဘုရားအိမ်တော်နှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ဂရုတစိုက် လုံခြုံအောင် ထိန်းသိမ်းကြသည်။ ဘုရားအိမ်တော်က ဝယ်ယူထားသည့် မည်သည့်အရာကိုမဆို ကုန်အောင် အသုံးပြုထားခြင်း မရှိလျှင် ၎င်းတို့က ထိုအရာ၏ တန်ဖိုးနှင့်ညီမျှသော ငွေကိုပင် ဘုရားအိမ်တော်ထံ ပေးခဲ့ကြသည်။ ငွေရေးကြေးရေး အခြေအနေ ပိုကောင်းသောသူအချို့သည် ဧည့်ခံသည့်သူများဖြစ်ရန် လိုလားခဲ့ကြပြီး ဘုရားအိမ်တော်က ပေးသည့် ငွေတစ်ပြားတစ်ချပ်ကိုမျှ မယူခဲ့ကြပေ။ လူအချို့မှာ မချမ်းသာကြ။ သို့တိုင်အောင် ၎င်းတို့ပင်လျှင် ဘုရားအိမ်တော်က ပေးသည့် ငွေတစ်ပြားတစ်ချပ်မျှ မယူခဲ့ကြပေ။ ဧည့်ခံရာတွင် အသုံးပြုဖို့အတွက် အသင်းတော်ကဖြစ်စေ၊ ညီအစ်ကို မောင်နှမများကဖြစ်စေ ၎င်းတို့၏အိမ်ကို မည်သည့်အရာ ပေးကြပါစေ ထိုအရာတစ်ခုကိုမျှ ၎င်းတို့က အလွဲသုံးစားမလုပ်ကြပေ။ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို နားလည်သောကြောင့် ဖြစ်သလော။ မဟုတ်ပေ၊ ထိုအရာသည် အကျင့်စရိုက်နှင့်ဆိုင်ပေသည်။ ထို့အပြင် သာ၍အရေးကြီးသည်မှာ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်ပြီး ထို့အတူ ကောင်းမွန်သော အကျင့်စရိုက်လည်း ရှိကြသဖြင့် ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သို့မဟုတ်လျှင် လုပ်ဆောင်နိုင်ခဲ့ကြမည် မဟုတ်ပေ။ အချို့သော ဧည့်ခံသည့် အိမ်များသို့ ငါ ရောက်ခဲ့ပြီး အိမ်ရှင်များက ငါအသုံးပြုဖို့အတွက် ၎င်းတို့၏ အကောင်းဆုံးသော ဂွမ်းကပ်များနှင့် စောင်များကို ယူလာခဲ့ကြပြီး ငါက “ဤအရာများက အသစ်စက်စက်များဖြစ်ပြီး အသုံးမပြုရသေးပါ။ သူ့ပါကင်ဘူးနဲ့သူ ပြန်ထုပ်ထားလိုက်ပါ။ ယင်းတို့ကို ငါ အသုံးပြုမည် မဟုတ်”ဟု ပြောသည်။ ၎င်းတို့က ငါ့ကို ထိုအရာများ အသုံးပြုရန် မလျှော့တမ်းပြောခဲ့ကြသည်။ ထို့နောက် ငါ အသုံးပြုဖို့အတွက် ပစ္စည်းသစ်များသာ ဝယ်ပေးကြသည့် ဧည့်ခံသည့်သူ အချို့ရှိပြီး ငါက “ပစ္စည်းသစ်များကို မဝယ်ပါနှင့်။ ယင်းမှာ အလွန်ပင် ငွေဖြုန်းခြင်းသာ ဖြစ်သည်။ ဤနေရာ၌ သင်တို့တွင် ရှိသည့်အရာကိုသာ ငါ သုံးမည်။ မည်သည့်ငွေကိုမျှ အကုန်မခံပါနှင့်။ ငါ သွားသည့်နေရာတိုင်းတွင် ဤအရာ၊ ထိုအရာ ဝယ်ဖို့ ငါ အကြံမပြုပါ။ ပစ္စည်းသစ်များ အမြဲအသုံးပြုဖို့ မလိုအပ်ပါ”ဟု ပြောခဲ့သည်။ လူအချို့သည် ဤငွေကို အသုံးပြုဖို့ မလျှော့တမ်း ပြောနေခဲ့ကြဆဲဖြစ်သည်။ စားသောက်ချိန်တွင် ဟင်းလျာများစွာ စီစဉ်ပေးခဲ့ကြသည့် ဧည့်ခံသည့်သူအချို့လည်းရှိသည်။ ငါ စားချင်သည့်အရာကို ၎င်းတို့ မသိခဲ့ကြသောကြောင့် ငါ ရွေးချယ်စရာ ရှိဖို့အလို့ငှာ ဟင်းလျာများစွာ စီစဉ်ပေးခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလျာအနည်းငယ်သာ ၎င်းတို့ စီစဉ်ခဲ့လျှင် ငါ ထိုမျှစားမကောင်းမည်ကို ၎င်းတို့ စိုးရိမ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူများစွာလည်း ရှိပေသည်။ သို့သော် အချို့သော ဧည့်ခံသည့်သူများမှာ မတူပေ။ ဤဧည့်ခံသည့်သူများနှင့် ငါနေထိုင်သည့်အခါတွင် ၎င်းတို့က ငါ နေလို့ရရန်အတွက်သာ နေ့စဉ် မရှိမဖြစ်လိုအပ်သော ပစ္စည်းအချို့ကို ဖြစ်ကတတ်ဆန်း ရှာပေးခဲ့ကြသည်။ ချက်ပြုတ်သည့်အခါ ၎င်းတို့အသုံးပြုသည့် ပါဝင်ပစ္စည်းများမှာ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ယူလာပေးခဲ့ကြသည့် အရာများသာဖြစ်ပြီး နောက်ထပ် သွားဝယ်ရန် လိုအပ်သည့်အခါ ငါ့ထံတွင် ငွေကို လက်ဖြန့်တောင်းကြသည်။ ထို့နောက် အခြားသော ဧည့်ခံသည့်သူအချို့၏ အိမ်များတွင် ငါ ပိုင်ဆိုင်သည့်ပစ္စည်းအချို့ကို လုံခြုံစွာသိမ်းထားရန် ထားရစ်ခဲ့သည်။ အတန်ကြာ ငါ ပြန်မသွားသည့်အခါတွင် ဧည့်ခံသည့်သူများသည် အံဆွဲကို ကလော်ဖွင့်ခဲ့ကြပြီး အချို့သော အရာများ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြပြီး အားလုံးက ဧည့်ခံသည့် တာဝန်ကို လုပ်ဆောင်ကြသော်လည်း ၎င်းတို့ကြားမှ ခြားနားချက်သည် ကြီးမားသော ခြားနားချက်တစ်ခု ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သောသူအချို့သည် ထိုသို့သောအရာများကို တတ်စွမ်းနိုင်ကြသည်။ ဤသည်မှာ လူသားများ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သလော။ ဤသည်မှာ လုယက်သူများ၊ ဓားပြများ၊ လူဆိုးများနှင့် ဆိုးယုတ်သောသူများ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများသည် ထိုသို့သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ စစ်မှန်သော ယုံကြည်သူတစ်ဦးသည် သင့်အတွက် တစ်စုံတစ်ရာကို လုံခြုံအောင် သိမ်းထားပေးလျှင် သင် အဝေးတွင် အချိန်မည်မျှကြာအောင် ရှိနေသည်ဖြစ်စေ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာလျှင်ပင် သင့်အတွက် ထိုအရာကို လုံခြုံအောင် အမြဲ သိမ်းထားပေးမည်ဖြစ်သည်။ ထိုအရာကို ၎င်းတို့ ထိမည်မဟုတ်၊ ကြည့်မည်မဟုတ်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်း မွှေနှောက်လှန်လှော ရှာဖွေလိမ့်မည် မဟုတ်ပေ။ သို့သော် အချို့သော ဧည့်ခံသည့်သူများနှင့်ပတ်သက်၍မူ သင်သည် ၎င်းတို့၏ နေအိမ်၌ တစ်စုံတစ်ခုကို ထားရစ်မည်ဆိုလျှင် သင် တံခါးအပြင်ဘက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထိုအရာကို ဖွင့်ကာ ကြည့်ကြလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ မွှေနှောက်လှန်လှော ရှာနေကြခြင်း ဖြစ်သနည်း။ သင့်အိတ်ထဲတွင် လက်ဝတ်ရတနာ၊ မိုဘိုင်းဖုန်း၊ သို့မဟုတ် ငွေကဲ့သို့သော တန်ဖိုးရှိသည့် အရာတစ်ခုတလေ ရှိသလောဟူသည်ကို ကြည့်ရန် ၎င်းတို့က မွှေနှောက်လှန်လှော ရှာဖွေကြလိမ့်မည် ဖြစ်သည်။ ဤအရာများအားလုံးကို ၎င်းတို့က မွှေနှောက်လှန်လှော ရှာကြသည်။ အချို့သော အမျိုးသမီးများက မည်သည့်အရာကို မွှေနှောက်လှန်လှော ရှာလေ့ရှိကြသနည်း။ သင့်ထံတွင် ဝတ်ကောင်းစားလှများ ရှိသလောဟူသည်ကို ၎င်းတို့က ကြည့်ချင်ကြသည်။ ၎င်းတို့က လှန်လှောမွှေနှောက် ရှာဖွေပြီးသည်နှင့်တစ်ပြိုင်နက် “အို၊ ဤအဝတ်အစားများက အလွန်ကောင်းသည်။ ငါ ဝတ်ကြည့်မည်”ဟု စဉ်းစားကြသည်။ ငါ့ကို ပြောလော့၊ ဤအရာများ ဖြစ်ပျက်သည် မဟုတ်လော။ (ဖြစ်ပျက်ပါသည်။) သင် အဘယ်သို့ သိသနည်း။ ဤအရာများ ဖြစ်ပျက်သည်ကို သင်မြင်ဖူးသလော။ ဤအရာများ ဖြစ်ပျက်သည်ဟု ပြောဆိုခြင်းအတွက် ငါ့တွင် ခိုင်မာသော သက်သေအထောက်အထား ရှိ၏။ ဆောင်းဦးရာသီ ကုန်ဆုံးတော့မည့် တစ်နှစ်သောအချိန်တွင် ငါသည် အဝတ်အစားအချို့ကို ဧည့်ခံသည့် အိမ်တစ်အိမ်၌ ထားရစ်ခဲ့သည်။ တစ်နေ့တွင် ဤအဝတ်အစားများထဲမှ ငါ ဝတ်ရမည့် အဝတ်အစားအချို့ကို ရုတ်တရက် စဉ်းစားမိပြီး သွားယူဖို့ စီစဉ်ခဲ့သည်။ ထို့ကြောင့် ထိုဧည့်ခံအိမ်သို့ ငါ သွားခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မှန်းကြည့်လော့။ ထိုအိမ်ထဲသို့ ငါ ဝင်သည့်အချိန်တွင် ထိုနေရာ၌ အိမ်ရှင် အမျိုးသမီးကြီးက ငါ၏ သိုးမွေးကုတ်အင်္ကျီကို စမ်းဝတ်ကြည့်နေသည်။ ထိုအရာကို ငါ မြင်သည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ ငါက “သင် မည်သည့်အရာ လုပ်ဆောင်နေသနည်း”ဟု ပြောသည်။ သူ အံ့အားသင့်သွားခဲ့သည်။ သူ လုပ်ဆောင်နေသည့်အရာကို ထိုသို့ ငါမြင်မည့် တိုက်ဆိုင်မှုတစ်ခုကို သူ မည်သည့်အခါမျှ စိတ်မကူးမိခဲ့ပေ။ ပြီးလျှင် သူ အလွန် ရှက်သွားခဲ့သည်။ သို့သော် ဤကဲ့သို့သော လူများသည် အရေထူကြပြီး သူက “အို၊ သင်၏ သိုးမွေးကုတ်အင်္ကျီက ကျွန်ုပ်နှင့် လုံးဝ လိုက်ဖက်သည်ဟု သင် မထင်သလော”ဟု ချက်ချင်း ပြောလေသည်။ ငါက “ယင်းမှာ ငါ၏ ကုတ်အင်္ကျီဖြစ်သည်။ သင် ဝတ်နေလျှင် ငါ ဝတ်၍မရပါ”ဟု ပြောသည်။ သူမက “ရော့ ယူပါ၊ ကျွန်ုပ် မလိုချင်ပါ”ဟု ပြောသည်။ ငါက “သင် မလိုချင်လျှင် အဘယ်ကြောင့်များ ယင်းကို စမ်းဝတ်ကြည့်နေသနည်း။ ဗီရိုတံခါး သော့ပိတ်ထားခဲ့သည် မဟုတ်လော”ဟု ပြန်ပြောသည်။ သူက “ယနေ့ ဖြစ်ချင်တော့ ကျွန်ုပ်တွင် မည်သည့်အရာမျှ လုပ်စရာမရှိသဖြင့် ထိုအင်္ကျီကို တစ်ချက်ကြည့်ဖို့ ထုတ်ခြင်းသာ ဖြစ်သည်”ဟု ပြောသည်။ ငါက “ထိုအင်္ကျီသည် သင့်ဟာ မဟုတ်သောကြောင့် သင် မထိလိုက်သင့်ပါ”ဟု ပြောခဲ့သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာနှင့်ဆိုင်သည့် ဥပမာတစ်ခု ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် သူ၏ ကြံရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို ငါ မသိပေ။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး ဖြစ်သလော။ ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်၏ မိသားစုဝင်တစ်ဦးအဖြစ် ငါ သဘောထားသင့်သလော။ (သဘောမထားသင့်ပါ။) ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်ဖြစ်ဖို့ မထိုက်တန်ကြ၊ အရှက်မရှိသည့်၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်၊ မည်သည့် လူ့သဘာဝမျှ လုံးဝ မရှိသည့် စာတန်၏ ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် လူလိမ်လူညစ်တစ်ဦး ဖြစ်၏။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို ကယ်တင်လိမ့်မည်လော။ ဤကဲ့သို့သော လူများသည် တည်ကြည်မှုနှင့် သိက္ခာ စိုးစဉ်းမျှ မရှိ သို့မဟုတ် ဘုရားသခင်ကို ရိုသေလေးစားမှု စိုးစဉ်းမျှပင် မရှိကြပေ။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိပေ။ ဘုရားသခင် ပြောသည့် သမ္မာတရားနှင့် လူကို သူ ပေးသည့် အသက်သည် ထိုသို့သော လူများကို ပေးထားခြင်း မဟုတ်။ ဤလူများသည် ဘုရားသခင်၏ မိသားစုဝင်များ မဟုတ်ကြဘဲ ထို့ထက် ဘုရားအိမ်တော်ပြင်ပရှိ မယုံကြည်သူများဖြစ်ပြီး နတ်ဆိုးများနှင့် သက်ဆိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက သမ္မာတရားကို မချစ်သကဲ့သို့ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘာဝအနှစ်သာရ ဖြစ်သည့်အပြင် ၎င်းတို့၏ အကျင့်စရိုက်သည်လည်း အလွန့်အလွန် နိမ့်ကျပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ ထိုသို့သောလူများသည် ရွံရှာဖွယ်၊ အထင်သေးဖွယ်ဖြစ်ကာ မုန်းတီးဖွယ်ကောင်းကြလေသည်။ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသည့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်သော ဤလူများ၏ သရုပ်သကန်များမှနေ၍ ဤလူများက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ အမှန်တကယ် အသုံးခံခြင်း မရှိကြသကဲ့သို့ ထိုတာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် လုံးဝ မထမ်းဆောင်ကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အစီအစဉ်များ၊ လောဘနှင့် လိုအင်ဆန္ဒများဖြင့် ရောက်လာကြသည်။ ၎င်းတို့သည် အကျိုးကျေးဇူးများအတွက် အသည်းအသန် ပြေးလာကြပြီး သမ္မာတရားကို ရရှိဖို့အတွက် မဟုတ်ပေ။ ထို့ကြောင့် သင် မည်သို့ ကြည့်သည်ဖြစ်စေ ဘုရားသခင်အတွက်မူ ထိုသို့သော လူများ၏ လူ့သဘာဝသည် စံနှုန်းပြည့်မီခြင်း မရှိပေ။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ထိုသို့သော လူတို့၏ လူ့သဘာဝကို စံနှုန်းပြည့်မီသည်ဟု သင် ယူဆသလော၊ ပြီးလျှင် ၎င်းတို့ကို လူကောင်းများအဖြစ် သင် ယူဆသလော။ (မယူဆပါ။) သင်တို့သည်လည်း ထိုသို့သော လူတို့ကို အထင်သေးကြသည်၊ မှန်သလော။ (မှန်ပါသည်။) ဘုရားအိမ်တော်က တစ်စုံတစ်ရာ ဝယ်လာခဲ့သည်ကို လူအချို့က ကြားသည့်အခါ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့၏ ဝေစုကို လိုချင်ကြပြီး ညီအစ်ကို မောင်နှမများက အဝတ်အစားများ လှူဒါန်းနေကြသည်ကို မြင်သည့်အခါ ထိုအဝတ်အစားကို ၎င်းတို့ ရဖို့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ၊ ၎င်းတို့ ရသင့်သည်ဖြစ်စေ၊ မရသင့်သည်ဖြစ်စေ အခြား မည်သူမဆိုထက် ကမန်းကတန်း ပို၍ အလျင်ဦးအောင် လုပ်ဆောင်လျက် သွားယူဖို့ ကြိုးစားကြသည်။ ဘုရားအိမ်တော်တွင် ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်တစ်ခု ရှိသည်ဟုဖြစ်စေ၊ ထမ်းဆောင်ဖို့ လိုအပ်သည့် ညစ်ပေသော၊ သို့မဟုတ် ပင်ပန်းသော အလုပ်အချို့ ရှိသည်ဟုဖြစ်စေ ၎င်းတို့ ကြားသည့်အခါ ချက်ချင်း ပုန်းကွယ်သွားသဖြင့် မည်သည့်နေရာတွင်မျှ ၎င်းတို့ကို ရှာမတွေ့နိုင်တော့ပေ။ ထိုသို့သော လူများသည် ဉာဏ်များပြီး မရိုးသားကြ၊ နိမ့်ကျသည့် အကျင့်စရိုက် ရှိကြသည်။ ၎င်းတို့သည် အထင်သေးဖွယ်ဖြစ်သည်၊ မုန်းစရာကောင်းပြီး စက်ဆုပ်ဖွယ် ဖြစ်ကြလေသည်။

မိမိတို့၏ ကိုယ်ပိုင် အကျိုးအမြတ်များအတွက် အန္တိခရစ်တို့၏ အလေးထားမှုကို ရှုထောင့်ရှိသမျှဖြင့် စိစစ်ရန် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ရာတွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အသုံးပြုခြင်းက ဤလူများသည် မယုံကြည်သူများ၊ ရုပ်ဝါဒီများ၊ အထင်သေးဖွယ်ကောင်းသော၊ အောက်တန်းကျပြီး ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်ရှိသည့်လူများ၊ စက်ဆုပ်ဖွယ်ကောင်းသူများဖြစ်ပြီး ဘုရားသခင် ကယ်တင်မည့်သူများ မဟုတ်သည်ကို ငါတို့အား မြင်ခွင့်ပေးသည်။ ထိုသို့သော လူတို့အပေါ် အဓိပ္ပာယ်သတ်မှတ်ချက်ကို သမ္မာတရားအား ၎င်းတို့ အလွန်အမင်း မနှစ်မြို့ခြင်း အတိုင်းအတာထိ ပြောဆိုရန် မလိုအပ်ပေ။ ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်အရ ၎င်းတို့ကို ငါတို့ ရိပ်စားနိုင်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားနှင့် ဆက်စပ်၍ ထိုသို့မြင့်မားသော အဆင့်ထိ မြှင့်တင်လိုက်ရန် မလိုအပ်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင်ဖြစ်စေ၊ မည်သည့် လူအုပ်စုတွင်ဖြစ်စေ၊ ထိုသို့သော လူများသည် အမြဲ အနိမ့်ကျဆုံးနှင့် အကျင့်စရိုက် အချို့တဲ့ဆုံး ဖြစ်သင့်ကြသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားကို အသုံးပြုလျက် ၎င်းတို့ကို အကဲဖြတ်ရမည်ဆိုလျှင် ၎င်းတို့သည် သာ၍ပင် အထင်သေးဖွယ်ဖြစ်ကာ အောက်တန်းကျပုံပေါ်ကြသည်မှာ အမှန်ဖြစ်၏။ သင်တို့တွင် အန္တိခရစ်များ ပြသသည့် ဤသရုပ်သကန်များနှင့်ဆိုင်သည့် နောက်ထပ် ဥပမာတစ်ခုတလေ ရှိသလော။ (အန္တိခရစ်တစ်ဦးသည် ဘုရားအိမ်တော်အတွက် စာအုပ်များကို ပုံနှိပ်သည့် ကိစ္စအား ကိုင်တွယ်နေခဲ့ပြီး သူသည် မမှန်ကန်သည့် စာရင်းတင်ပြခြင်းမှတစ်ဆင့် ဘုရားသခင်၏ အလှူငွေ ယွမ်သိန်းချီကို အလွဲသုံးစားလုပ်ခဲ့သည်။ သူ့ကို စစ်ဆေးမေးမြန်းပြီးသည့်နောက် ဤတာဝန်ကို သူ မထမ်းဆောင်မီတွင် သူ၏ မိသားစု၌ ငွေ အလွန်နည်းပါးခဲ့သော်လည်း ဤတာဝန်ကို သူ စတင် ထမ်းဆောင်ပြီးသည့်နောက်တွင် အိမ်တစ်လုံးနှင့် ကားတစ်စီးကို သူ ဝယ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် ဤကိစ္စများကို ငွေစာရင်းများမှ ရှာဖွေဖော်ထုတ်၍ မရနိုင်ခဲ့ပါ။ သူ၏ မိသားစုတစ်ခုလုံးသည် တကယ်ကို ရက်စက်ကြသဖြင့် အလှူငွေများကို ပြန်မရနိုင်ခဲ့ပါ။) ဤဖြစ်ရပ်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များက တိုက်ရိုက် တာဝန်ရှိသည် မဟုတ်လော။ (ရှိပါသည်၊ နောက်ပိုင်းတွင် အသေးစိတ်အချက်များကို ပိုမိုတွေ့ရှိလာရသည်နှင့်တစ်ပြိုင်နက် ထိုအချိန်က တာဝန်ရှိခဲ့ကြသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအန္တိခရစ် စီမံသည့် စာရင်းများကို လုံးဝ မစစ်ဆေးခဲ့ကြမှန်း သိရှိခဲ့ရသည်။ သူတို့သည် မိမိတို့တာဝန်တွင် တမင်ပျက်ကွက်ခဲ့ကြပြီး သူတို့ တာဝန်မသိတတ်ခဲ့ခြင်းကြောင့် ထိုအခြေအနေ ဖြစ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဧကန်မုချ တိုက်ရိုက် တာဝန်ရှိခဲ့ကြပါသည်။) ထို့ကြောင့် ၎င်းတို့၏ ပြစ်မှားမှုကို ဘုရားသခင်၏ မှတ်တမ်း စာအုပ်တွင် မှတ်ထားသင့်သလော။ (မှတ်ထားသင့်ပါသည်။) နောက်ပိုင်းတွင် ဤလူများသည် မည်သို့ ကိုင်တွယ်ခြင်းခံခဲ့ကြရသနည်း။ (အချို့က ရှင်းလင်းပစ်ခြင်းခံရပြီး နှင်ထုတ်ခြင်းခံခဲ့ရကာ အချို့မှာ အလှူငွေများကို ပြန်ပေးကြသည်။) ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ရန် သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤကိစ္စရပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်ကို လျစ်လျူရှုခဲ့ကြပြီး ၎င်းတို့၏ ကြီးကြပ်ရေး တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ကြသည်။ အထူးသဖြင့် ၎င်းတို့သည် မလျော်ကန်သော လူကို အသုံးပြုခဲ့ကြပြီး ဤလူကို စောင့်ကြည့်ရန် သို့မဟုတ် ကြီးကြပ်ရန် မည်သည့် အားထုတ်မှုမျှ မပြုလုပ်ခဲ့ကြ။ ၎င်းတို့ အသုံးပြုနေသည့် ဤလူနှင့်ပတ်သက်သော ပြဿနာများကို အချိန်မီ ၎င်းတို့ မသိရှိနိုင်ခဲ့ကြသောကြောင့် ဘုရားသခင်၏ အလှူငွေများနှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို သိသာထင်ရှားသည့် ဆုံးရှုံးမှု ခံစားစေခဲ့သည့် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် တိုက်ရိုက်တာဝန်ရှိသည့် ဤလူအားလုံး၏ တာဝန်ဖြစ်ပြီး ၎င်းတို့၏ ပြစ်မှားမှုအားလုံးကို မှတ်တမ်းတင်ထားသင့်သည်။ ဤသည်မှာ အလုပ်အတွက် သင့်တော်သည့် လူကို အသုံးမပြုခြင်းအားဖြင့် ၎င်းတို့က ကိုယ့်အပေါ်ကိုယ် ဖြစ်ပေါ်စေခဲ့သည့် ကောင်းကျိုးမပြုသော အကျိုးဆက်ဖြစ်ပြီး ထိုအရာက ဘုရားအိမ်တော်ကို ဆုံးရှုံးမှု ခံစားစေကာ နောက်ဆုံးတွင် ဘုရားသခင်၏ အလှူငွေများက ပေးလိုက်ရသည့် အဖိုးအခ ဖြစ်ခဲ့သည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် အမြဲ လောဘကြီးကြသလော သို့မဟုတ် တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို မြင်သည့်အခါတွင်သာ ဤဆိုးယုတ်သော စိတ်ကူးများ ၎င်းတို့တွင် ဖြစ်ပေါ်သလော။ (၎င်းတို့ အမြဲ လောဘကြီးကြပါသည်။) ဤသည်မှာ သင်က ထိုသို့သော လူများနှင့် ပေါင်းဖော်ကာ ဆက်ဆံသည့်အခါ ၎င်းတို့၏ လောဘနှင့် လိုအင်ဆန္ဒတို့ကို သင် သေချာပေါက် ရှာတွေ့နိုင်ရသည့် အကြောင်းရင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မသိခြင်း၊ လူတို့ကို ပိုင်းခြားသိမြင်မှု မရှိခြင်း၊ လူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ခြင်းနှင့် လူတို့ကို တလွဲအသုံးပြုခြင်းတို့ကြောင့် ဤအကျိုးဆက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တာဝန်က ၎င်းတို့အပေါ် ကြီးလေးစွာ ကျရောက်ခဲ့ပြီး ၎င်းတို့ နှင်ထုတ်ခံရဖို့ ထိုက်တန်ခဲ့ပေသည်။

အန္တိခရစ်များ၏ သဘာဝ၊ အနှစ်သာရ၊ စိတ်သဘောထားနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းတို့နှင့်ဆိုင်သော အဓိက သွင်ပြင်လက္ခဏာများကို ယခင်က ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သည်။ ယနေ့ ငါတို့ မိတ်သဟာယပြုပြီး စိစစ်နေသည်မှာ အန္တိခရစ်များ၏ လူ့သဘာဝ နယ်ပယ်အတွင်းတွင်ရှိသော သရုပ်သကန်များ ဖြစ်ပြီး ဤအရာသည် လက်တွေ့ဘဝနှင့် ဆက်စပ်မှု ရှိသည်။ ဤသည်မှာ သေးငယ်သော သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သော်လည်း အန္တိခရစ်များ၏ အချို့သော သရုပ်သကန်များကို ခွဲခြားဖော်ထုတ်ရန် လူတို့ကို ကူညီနိုင်ဆဲဖြစ်သည်။ ဤသည်တို့မှာလည်း အန္တိခရစ်များ၏ အချို့သော သိသာသည့် စရိုက်လက္ခဏာများ၊ သင်္ကေတများနှင့် အမှတ်အသားများဖြစ်သည်။ ဥပမာအနေဖြင့် အန္တိခရစ်တစ်ဦးသည် အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဩဇာအာဏာတို့ကို ခုံမင်နှစ်သက်ပြီး ၎င်းတို့သည် အလွန် တစ်ကိုယ်ကောင်းဆန်ကြသည်၊ စက်ဆုပ်ဖွယ် ဖြစ်ကာ ရက်စက်ကြမ်းကြုတ်ကြပြီး သမ္မာတရားကို မချစ်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်တို့သည် မည်သည့်အရာနှင့် တူသနည်း။ အချို့က “အချို့သော အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ချစ်ကြသည့်တိုင် ၎င်းတို့တွင် ဂုဏ်သရေရှိပြီး မြင့်မြတ်သော အကျင့်စရိုက်များ ရှိကြကာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသည်”ဟု ပြောကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အန္တိခရစ်များတွင် မည်သည့် စိတ်သဘောထား အနှစ်သာရ ရှိကြောင်းကို မပြောဘဲ နေကြစို့။ ပထမဦးစွာ ၎င်းတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်တို့ကို ကြည့်လော့။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်ဖို့ မဆိုထားနှင့်၊ မုချ လူကောင်းများ မဟုတ်ကြ၊ ဂုဏ်သိက္ခာ၊ အသိစိတ် သို့မဟုတ် မြင့်မြတ်သော တည်ကြည်မှုရှိသည့် လူများ မဟုတ်ကြပေ။ ဤကဲ့သို့သော လူ့သဘာဝရှိသည့် လူတို့သည် မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်ကြသလော။ သေချာပေါက် မလျှောက်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အကျင့်စရိုက်က မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည့် အနှစ်သာရ မပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤလူများသည် သမ္မာတရားကို လက်ခံနိုင်ရန် မဆိုထားနှင့်၊ ထိုသမ္မာတရားကို တကယ့်ကို မချစ်နိုင်ပေ။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် ကြံရွယ်ချက်နှင့် သဘောထားတို့ဖြင့် အကဲဖြတ်ရလျှင် အန္တိခရစ်များ၏ အကျင့်စရိုက်နှင့် လူ့သဘာဝတို့က လူတို့အား ၎င်းတို့အပေါ် ငြင်းပယ်စေပြီး အလွန်အမင်း မနှစ်မြို့မှု ခံစားရစေသည်။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ၎င်းတို့က အမြဲ အလွဲသုံးစား လုပ်ချင်ကြပြီး ဘုရားသခင်ကို ဆုလာဘ်၊ ငွေ၊ ပစ္စည်းများနှင့် အကျိုးကျေးဇူးများကို တောင်းဆိုချင်ကြသည်။ ပြီးလျှင် ဘုရားသခင်က ၎င်းတို့အား မည်သည့် လူစားမျိုးများအဖြစ် ရှုမြင်သနည်း။ ဤလူများသည် မုချ လူကောင်းများ မဟုတ်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများကို သူက မည်သို့ အတိအကျ သတ်မှတ်သနည်း။ ထိုသို့သော လူများကို သူက မည်သည့်အမည်ပေးသနည်း။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကျေးဇူးတော်ခေတ်မှ အဖြစ်အပျက်တစ်ခု ရှိသည်။ ယုဒသည် မကြာခဏ ငွေအိတ်မှ ခိုးယူသုံးစွဲခဲ့ပြီး အဆုံးတွင် သူသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းနှင့်ဆိုင်သည့် အစေခံမှုတစ်ခုပေးရန် ဘုရားသခင်၏ အသုံးပြုခြင်းခံခဲ့ရသည်။ သခင်ယေရှုသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခြင်းခံခဲ့ရပြီး သူ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်သည့် အခန်းကဏ္ဍကို ဆောင်ရွက်ခဲ့သော ယုဒမှာ သူ၏ ဝမ်းဗိုက် ပွင့်ထွက်ခြင်းကြောင့် သေဆုံးခဲ့သည်။ ထို့ကြောင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစား လုပ်ပြီး ဘုရားသခင်ထံ ဆက်ကပ်သော ပူဇော်သက္ကာများ ခိုးယူသော ဤလူများသည် ဘုရားသခင်၏ အမြင်တွင် ယုဒများချည်းသာ ဖြစ်သည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဤလူများသည် ယုဒများဟု ဘုရားသခင်၏ အမည်ပေးခြင်းကို ခံရသည်ဟူ၍ ဖြစ်သည်။ ယခုတွင် ယုဒများအဖြစ် ရှုတ်ချခြင်းခံရသည့် ဤအန္တိခရစ်များသည် ယုဒလုပ်ဆောင်ခဲ့သကဲ့သို့ ၎င်းတို့၏ သခင်နှင့် မိတ်ဆွေကို သစ္စာဖောက်ခြင်းကဲ့သို့သော အရာများကို မလုပ်ဆောင်ကြသော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရက အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာတွင် တူကြသနည်း။ ၎င်းတို့၏ ရာထူးကိုလည်းကောင်း၊ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအတွက် အခွင့်အရေးကိုလည်းကောင်း ၎င်းတို့က ကောင်းကောင်း အသုံးချကြပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ခိုးယူကာ အလွဲသုံးစားလုပ်ကြသည်။ ဤအကြောင်းကြောင့် ဤလူများသည် ယုဒများဟူ၍ ဘုရားသခင်၏ အမည်ပေးခြင်း ခံကြရကာ ၎င်းတို့သည် မိမိ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်ခဲ့သောသူနှင့် တန်းတူဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားလုပ်ပြီး သိမ်းယူသော ဤအန္တိခရစ်များသည် မိမိ၏ သခင်နှင့် မိတ်ဆွေများကို သစ္စာဖောက်ခဲ့သည့် ယုဒနှင့် တူညီကြပြီး ထိုသို့သော လူများအတွက် မည်သည့် အဆုံးသတ်က အသင့်ရှိနေသည်ကို နားလည်သဘောပေါက်ရန် သိပ်စဉ်းစားဖို့မလိုအပ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။