အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၄) အခန်း သုံး

၂။ ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန် ညီအစ်ကိုမောင်နှမများကို အသုံးချခြင်း

အန္တိခရစ်များက မိမိတို့၏တာဝန်ကို ထမ်းဆောင်နေချိန် ရရှိရန် ကြိုးပမ်းကြသည့် အကျိုးကျေးဇူးများမှာ ငါတို့ ဆွေးနွေးပြီးသား အရာဖြစ်သော ငွေ၊ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ၊ အစားအစာနှင့် အသုံးဝင်သည့်အရာများထိသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ဤအကျိုးကျေးဇူးများ၏ နယ်ပယ်သည် အလွန်ကြီးမား၏။ ဥပမာအနေဖြင့် အန္တိခရစ်များက တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ထိုတာဝန်ကို ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန် ဩဇာပေးလျက် ထိုညီအစ်ကိုမောင်နှမများကို အသုံးချကြသည်။ ဤသည်မှာ အန္တိခရစ်များက ရရှိရန် ကြိုးပမ်းသည့် အကျိုးကျေးဇူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် အသင်းတော် ခေါင်းဆောင်များ ဖြစ်မလာမီတွင် အိမ်၌ အရာရာကို မိမိတို့ဘာသာ အမြဲ လုပ်ဆောင်ပြီး ၎င်းတို့တွင် ရည်မှန်းချက်များ သို့မဟုတ် မလိုမုန်းထားသည့် ကြံရွယ်ချက်များ မရှိသည့်ပုံပေါ်ကြသည်။ သို့သော် ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်များအဖြစ် အရွေးခံရပြီး အဆင့်အတန်းရသည်နှင့်တစ်ပြိုင်နက် အရာရာတိုင်းကို မိမိတို့ဘာသာ လုပ်ဆောင်ကြသေးသလော။ ၎င်းတို့က အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ထူးခြားသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၌ အထူးအကျိုးခံစားခွင့်ရှိသင့်ကာ မိမိတို့ကိုယ်ပိုင် “တာဝန်”ကို အတူတကွ အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာ “လူအုပ်၏ အင်အား”ကို ဆော်ဩစည်းရုံးရန်နည်းလမ်းအား သင်ယူရမည်ဟု တွေးထင်ကြသည်။ ၎င်းတို့အိမ်တွင်ရှိသည့် အလုပ်တိုင်းသည် အသင်းတော်၏ အလုပ်တာဝန်အတွင်းတွင် ကျရောက်သည့် အလုပ်ဖြစ်လာပြီး ၎င်းတို့သည် ၎င်းတို့၏ အိမ်မှုဝေယျာဝစ္စများနှင့် နေ့စဉ်အလုပ်တာဝန်များကို ညီအစ်ကို မောင်နှမများကြားတွင် ခွဲဝေကြသည်။ ဥပမာအနေဖြင့် ၎င်းတို့အိမ်တွင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တစ်ခုခုရှိသည့်အခါ ၎င်းတို့က ညီအစ်ကို မောင်နှမများအား “ပြီးခဲ့သည့် ဤတစ်ရက်နှစ်ရက်တွင် ကျွန်ုပ်သည် အသင်းတော်အလုပ်နှင့် အလုပ်များနေခဲ့သည်။ အလုပ်တစ်ခုနှင့် ပတ်သက်၍ ကျွန်ုပ်ကို ကူညီရန် သင်တို့ထဲမှ တစ်ဦးတလေတွင် အချိန်ရှိသလော”ဟု ဆိုကြသည်။ လူသုံးလေးဦးက စေတနာ့ဝန်ထမ်းလုပ်ပေးကြပြီး အချိန်အနည်းငယ်ကြာပြီးနောက်တွင် ထိုအလုပ်က ပြီးသွားသည်။ ဤခေါင်းဆောင်များက “လူများသဖြင့် အလုပ်တွင်ကျယ်သည်။ ခေါင်းဆောင်ဖြစ်ရသည်မှာ ကောင်း၏။ တစ်စုံတစ်ခုကိုသာ ငါ ပြောရန်လိုပြီး ထိုအရာ ပြီးစီးသွားသည်။ နောင်တွင် အိမ်၌ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိသည့်အခါတိုင်းတွင် ညီအစ်ကို မောင်နှမများကို ငါ ကူညီခိုင်းလိုက်မည်”ဟု တွေးကြသည်။ ဤသို့ဆက်ဖြစ်သည်နှင့်အမျှ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်နှင့်ဆိုင်သည့် အလုပ်ကို ထိုမျှမပြီးဘဲ လူတို့အား ၎င်းတို့အိမ်အတွက် အလုပ်သွားလုပ်စေရန် အလွန်ပင်များသော စီစဉ်မှုများ လုပ်ဆောင်ကြကာ ဤအရာကိုပင် အချိန်ဇယားတွင် ထည့်ကြလေသည်။ ၎င်းတို့သည် “အလုပ်များ”သည့် အသင်းတော် ခေါင်းဆောင်များပါတကား။ ၎င်းတို့အနေဖြင့် ခေါင်းဆောင်များ ဖြစ်မလာမီတွင် မည်သည့်အခါတွင်မျှ အိမ်၌ လုပ်ဆောင်ရမည့်အရာ ထိုမျှမရှိကြသော်လည်း ခေါင်းဆောင်များ ဖြစ်လာပြီးသည့်နောက်တွင် အိမ်တွင် ဆောင်ရွက်ရမည့် နောက်ထပ် အလုပ်များစွာ ရှိလေသည်။ အချို့သော ညီအစ်ကို မောင်နှမများက ၎င်းတို့အတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးပေးကြသည်၊ အချို့က ၎င်းတို့အတွက် မြေကို ရေလောင်းပေးကြသည်၊ အချို့က ၎င်းတို့အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးကြသည်။ အချို့က ပေါင်းသင်ပေးကြသည်၊ အချို့က မြေဩဇာထည့်ပေးကြပြီး အချို့မှာ ၎င်းတို့၏ ဟင်းသီးဟင်းရွက်များကို ကူရောင်းပေးကြပြီးနောက် မိမိတို့ရသည့် ငွေအားလုံးကို မိမိတို့အတွက် တစ်ပြားတစ်ချပ်မျှ မသိမ်းထားဘဲ ၎င်းတို့ကို ပေးကြသည်။ ၎င်းတို့ ခေါင်းဆောင်များ ဖြစ်လာပြီးနောက်တွင် ၎င်းတို့၏ နေအိမ်အသက်တာက ကြီးပွားတိုးတက်သွားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတို့က ၎င်းတို့ကို အမြဲ ထောက်ပံ့ကာ ကူညီပေးကြပြီး ၎င်းတို့၏ စကားလုံးတိုင်းက အလွန်ပင် ထိရောက်လေသည်။ ၎င်းတို့သည် အလွန်ပျော်ရွှင်ကာ ကျေနပ်အားရကြပြီး “ဤအသင်းတော် ခေါင်းဆောင်နှင့်ဆိုင်သည့် ဂုဏ်ပုဒ်က ကြီးမြတ်၍ အဆင့်အတန်းရှိခြင်းက အလွန်ကောင်းပေသည်။ အိမ်တွင် ငါ တစ်ချိန်ချိန်တွင် အစားအစာ နည်းပါးသောအခါ စကားတစ်ခွန်းသာ ပြောရန်လိုပြီး လူတို့က ငါ့ကို အစားအစာပေးကြကာ ထိုအတွက် ငွေကိုပင် မလိုချင်ကြပါ။ ဤသည်မှာ သက်သောင့်သက်သာ ရှိလိုက်သည့် ဘဝပါတကား။ ငါ၏ ယုံကြည်မှုကြောင့် ဘုရား၏ ကောင်းချီးပေးခြင်းကို ငါ တကယ် ခံရပေသည်။ ဤသည်မှာ ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး အမှန်တကယ်ပင် ဘုရား၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသည် အလွန်ကောင်းမြတ်၏။ ဘုရားကို ကျေးဇူးတင်ပါသည်”ဟု ပို၍ တွေးထင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို အစေခံပြီးသည့်အခါတိုင်းတွင် သို့မဟုတ် ၎င်းတို့၏ ဩဇာပေးခြင်းခံရပြီးနောက်တွင် ၎င်းတို့သည် “ဘုရားကို ကျေးဇူးတင်ကြ”ပြီး “ဘုရားထံမှ ထိုအရာကို ခံယူကြသည်။” ဤအရေးမပါသော အသင်းတော်ခေါင်းဆောင်များသည် ဤအတိုင်းအတာအထိ ၎င်းတို့၏ ရာထူးကို အသုံးပြုနိုင်ကြသည်။ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်ကြသလော။ ဤကဲ့သို့သော အရာမျိုး တစ်စုံတစ်ခုကို သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိကြမည်လော။ လူတို့သည် ခေါင်းဆောင်များဖြစ်လာရန် အဘယ်ကြောင့် ယှဉ်ပြိုင်ကြသနည်း။ အဘယ်ကြောင့် အဆင့်အတန်းအတွက် ၎င်းတို့ ယှဉ်ပြိုင်ကြသနည်း။ ရရှိမည့် အကျိုးကျေးဇူးမရှိလျှင် အဆင့်အတန်းအတွက် တစ်ဦးတလေက ယှဉ်ပြိုင်မည်လော။ ၎င်းတို့ ယှဉ်ပြိုင်သည့် အဆင့်အတန်းမှာ ဒူပေနာပေခံ လုပ်သားတစ်ဦးကဲ့သို့ အားသွန်ခွန်စိုက် လုပ်ရခြင်းနှင့် အလုပ်လုပ်ခြင်းသဘောဖြစ်လျှင် မည်သူမျှ ယှဉ်ပြိုင်လုယူမည်မဟုတ်။ လူတို့သည် အဆင့်အတန်းကို ရရှိရန် အစွမ်းကုန် ကြိုးစားအားထုတ်ကာ ထိုအဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြခြင်းမှာ အဆင့်အတန်းရှိခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ အလွန်များသောကြောင့် အတိအကျ ဖြစ်ပေသည်။ အရေးမပါသည့် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းက ၎င်းတို့အား ထိုသို့သော ကြီးမားသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးပြီး ၎င်းတို့ဘဝအတွက် အင်မတန် ကြီးမားသော အဆင်ပြေမှုများနှင့် အလွန်များသော အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းလေသည်။ မည်သည့်လူစားမျိုးက ဤသို့ ပြုမူသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ ဖြစ်ကြသလော။ လူ့သဘာဝနှင့် အသိစိတ်ရှိသည့်သူ ဖြစ်ကြသလော။ ဘုရားကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသောသူ ဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့က အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် လူတိုင်းအတွက်လည်းကောင်း၊ ဘုရားအိမ်တော်အတွက်လည်းကောင်း ပြုမူဆောင်ရွက်ကြသည်ဟု ယုံကြည်ကြပြီး ထိုအရာကို တာဝန်တစ်ခုအဖြစ် မတွေးထင်ကြပေ။ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် ၎င်းတို့၏ နေအိမ်အသက်တာကို စတေးခြင်း အခြေခံအကြောင်းရင်းပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ညီအစ်ကို မောင်နှမများက ၎င်းတို့ပေးသည့် အဖိုးအခအတွက် ၎င်းတို့ကို အလျော်ပေးသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် အိမ်အလုပ်ကို လုပ်ရန် အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကူလုပ်ပေးသင့်သည်။ ၎င်းတို့က စိုက်ခင်းများတွင် အလုပ်လုပ်မည့်အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ၎င်းတို့၏ စိုက်ခင်းများတွင် ပေါ်လာပြီး ထိုသို့လုပ်ဆောင်ရန် တာဝန်ရှိသည့်အလား ၎င်းတို့အတွက် အလုပ်လုပ်ပေးသင့်သည်။ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းကြောင့် မည်သည့်အရာကို ၎င်းတို့ စွန့်ရသည်ဖြစ်စေ ထိုအတွက် ညီအစ်ကို မောင်နှမများက နှစ်ဆ ပေးလျော်သင့်သည်ဟူ၍ ဖြစ်၏။ ဤသည်တို့မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ ကိုယ်ရေးကိုယ်တာ အသက်တာအတွက် လုပ်ဆောင်စေရန် ညီအစ်ကို မောင်နှမများကို အမိန့်ပေးဖို့ အသုံးပြုသည့် အချို့သော အရာများဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသို့သော အခွင့်အရေးကို လုံးဝ လက်လွတ်မခံဘဲ ဤအကျိုးကျေးဇူးများက ဆုံးရှုံးသွားသည်ကို လုံးဝ လက်ပိုက်ကာ ရပ်ကြည့်နေလိမ့်မည် မဟုတ်။ ထိုအစား ၎င်းတို့သည် အတိအကျ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ကြ၏။ ၎င်းတို့က ၎င်းတို့အတွက် အလုပ်လုပ်စေရန် ညီအစ်ကို မောင်နှမများကို အသုံးချဖို့လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များကဲ့သို့ ၎င်းတို့အတွက် အလုပ်လုပ်ခိုင်းဖို့လည်းကောင်း အချိန်တိုင်းကို အသုံးပြုပြီး အခွင့်အရေးတိုင်းကို အမိအရယူကြသည်။ ညီအစ်ကို မောင်နှမများ၏ မိုက်မဲမှုနှင့် ရိုးသားမှုတို့ကို ၎င်းတို့က အသုံးချကြပြီး မိမိတို့တာဝန်များကို လိုလိုလားလား ထမ်းဆောင်ကာ ဘုရားအတွက် အဖိုးအခပေးလိုသည့် ညီအစ်ကို မောင်နှမများ၏ စိတ်နေစိတ်ထားကိုပင်လျှင် ၎င်းတို့အား အစေခံခိုင်းဖို့ အသုံးချကြလေသည်။ ထိုအတောအတွင်းတွင် အချို့သော စကားများက သမ္မာတရားဖြစ်သည်ဟုလည်း ၎င်းတို့က ဟန်ဆောင်ကြပြီး ခေါင်းဆောင်များသည်လည်း လူသားများ ဖြစ်ကြောင်း၊ ခေါင်းဆောင်များတွင်လည်း မိသားစုများရှိပြီး ခေါင်းဆောင်များကလည်း မိမိတို့၏ ဘဝကို ရှင်သန်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးက ၎င်း၏ အိမ်ထောင်မှုကိစ္စများကို ကိုင်တွယ်ရန် အချိန်မရှိလျှင် ညီအစ်ကို မောင်နှမများက ဤကိစ္စများကို မိမိတို့၏ကိုယ်ပိုင် တာဝန်များအဖြစ် သဘောထားသင့်ကြောင်း၊ ဤအရာများကို လုပ်ဆောင်ဖို့ ထိုခေါင်းဆောင်က တောင်းဆိုရန် မလိုအပ်ဘဲ ခေါင်းဆောင်က မလုပ်ဆောင်နိုင်သည့် ဤအရာများကို တက်ကြွစွာနှင့် ဆန္ဒအလျောက် လုပ်ဆောင်ပေးသင့်ကြောင်းဟူသည့် ဤအယူဝါဒကို ညီအစ်ကို မောင်နှမများက သိရှိရန်အတွက် ထိုညီအစ်ကိုမောင်နှမများကို ဆုံးမသွန်သင်ဖို့ ထိုစကားများကို အသုံးပြုကြလေသည်။ များစွာသော ညီအစ်ကို မောင်နှမများသည် ဤပြုစားမှုနှင့် မက်လုံးမျိုးအောက်တွင် ဤခေါင်းဆောင်များကို လိုလိုလားလား အစေခံကြသည်။ ဤသည်မှာ အန္တိခရစ်များက အာဏာနှင့် အဆင့်အတန်းကို ဆုပ်ကိုင်လုယူခြင်းအားဖြင့် စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ဖြစ်ပြီး ၎င်းတို့ ဆောင်ရွက်လိုသည့် အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်ကာ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ဆုပ်ကိုင်လုယူခြင်းအားဖြင့် ၎င်းတို့ ကြိုးပမ်းအားထုတ်လိုသည့် အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ ဤကဲ့သို့သော လူများစွာ ရှိသလော။ (ရှိပါသည်။) ဤလူများသည် စာတန်များဖြစ်၏။ သမ္မာတရားမရှိသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို လိုက်မလျှောက်သည့်လူများသည် ၎င်းတို့၌ အဆင့်အတန်းတစ်စက်လေးမျှ ရှိလျှင်ပင် ထိုသို့သော အရာများကို လုပ်နိုင်စွမ်းရှိကြသည်။ ဤလူများသည် သနားဖွယ်ဖြစ်ကြသလော။ ၎င်းတို့၏ အကျင့်စရိုက်များကို သင်တို့ အဘယ်အရာ ထင်ကြသနည်း။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား တစ်ခုတလေ ရှိသလော။

အချို့သော အသင်းတော်များတွင် ပုံမှန်အားဖြင့် မိမိတို့အိမ်၌ နေရမည့်အစား ၎င်းတို့ အသင်းတော် ခေါင်းဆောင်၏ အိမ်၌ အချိန်ကြာမြင့်စွာနေထိုင်သည့် ညီအစ်ကို မောင်နှမများရှိကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ၎င်းတို့ ခေါင်းဆောင်၏ အိမ်တွင် မကြာခဏ နေထိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းဆောင်က “ခေါင်းဆောင်”ရာထူးကို ယူစဉ်ကတည်းက ၎င်း၏ အိမ်သည် ရေရှည်လုပ်မည့် အိမ်စေတစ်ဦး လိုအပ်လာသောကြောင့် ဖြစ်သည်။ ၎င်းတို့က ညီအစ်မတစ်ဦးကို ရွေးချယ်ကြပြီး ဤညီအစ်မက ခေါင်းဆောင်၏ အိမ်အတွက် ရည်စူးအပ်နှံထားသည့် အိမ်စေဖြစ်လာသည်။ ဤညီအစ်မသည် အိမ်စေတစ်ဦး ဖြစ်လာသောကြောင့် သူမ၏ တာဝန်သည် မည်သည့်အရာ ဖြစ်လာသနည်း။ သူမသည် မိမိအပေါ် ကျရောက်သည့် အလုပ် သို့မဟုတ် အသင်းတော်နှင့် ဆက်စပ်သည့် အလုပ်ကို လုပ်ဆောင်နေရမည့်အစား ခေါင်းဆောင်၏ မိသားစုဝင်အားလုံးကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင် လိုလေသေးမရှိ ပြုစုပေးနေရပြီး ခေါင်းဆောင်အတွက် အိမ်မှုဝေယျာဝစ္စများကို တာဝန်ယူဆောင်ရွက်ပေးခြင်းက သူမအတွက် လုံးဝ မှန်ကန်သင့်မြတ်သည်ဟု ခံစားပြီး ဤအရာအတွက် မည်သည့် စောဒကတက်ခြင်းမျှဖြစ်စေ၊ မည်သည့် အယူအဆမျှဖြစ်စေ မရှိပေ။ ဤနေရာတွင် ပြဿနာမှာ မည်သူဖြစ်သနည်း။ အသင်းတော် ခေါင်းဆောင်တစ်ဦးက မည်မျှအလုပ် လုပ်ရသည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို ဦးဆောင်ရသည်ဖြစ်စေ၊ ၎င်းတို့သည် အမှန်တကယ် အလွန် အလုပ်များကြသလော။ ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့သည် အမှန်တကယ် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း မရှိကြသလော။ ၎င်းတို့ နိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်ခြင်း မရှိလျှင်ပင် ယင်းမှာ ၎င်းတို့၏ကိုယ်ပိုင် ကိစ္စဖြစ်သည်။ အခြားသူတစ်ဦးတစ်ယောက်နှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ ညီအစ်ကို မောင်နှမများက စိတ်မပါလျှင် သို့မဟုတ် လှုပ်ရှားတက်ကြွမှု မရှိလျှင် ထိုသို့သော ခေါင်းဆောင်များက ၎င်းတို့ကို မကျေနပ်သည့် မျက်နှာထားဖြင့် ဆက်ဆံပြီး ၎င်းတို့နှင့်အတူ “သမ္မာတရားကို မိတ်သဟာယပြု”ရန် ဤအရာကို ကောင်းစွာ အသုံးချကာ ဤကိစ္စရပ်ကြောင့် ညီအစ်ကို မောင်နှမများက ပြုပြင်ခံရသည်။ ဤတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့အိမ်တွင်ရှိသည့် အိပ်ရာခင်းက ညစ်ပတ်သည့်အခါ ညီအစ်ကို မောင်နှမများက လျှော်ဖွပ်ရသည်။ ၎င်းတို့၏ နေအိမ်က ရှုပ်ပွနေသည့်အခါ ညီအစ်ကို မောင်နှမများက သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလင်းပေးရပြီး အစာစားချိန်များတွင် ညီအစ်ကို မောင်နှမများက ချက်ပြုတ်ပေးရသည်။ ဤခေါင်းဆောင်များသည် လတ်လျားလတ်လျား နေသူများ ဖြစ်လာကြပြီး ဤသည်မှာ ခေါင်းဆောင်များအဖြစ် ၎င်းတို့ ပြုမူဆောင်ရွက်ကြပုံဖြစ်သည်။ ထိုသို့သော လူများသည် ဤသရုပ်သကန်များနှင့် ဤလူ့သဘာဝမျိုးရှိသည့်အခါ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) အဘယ်ကြောင့် မရှိကြသနည်း။ (ထိုသို့သော လူတို့သည် လူ့သဘာဝတွင် အလွန် ချို့တဲ့ကြပြီး အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို တကယ် စိတ်ဝင်စားကြလိမ့်မည် မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့ စိတ်မဝင်စားလျှင် အဘယ်ကြောင့် ခေါင်းဆောင်များ ဖြစ်လာကြသနည်း။ (၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားရန်နှင့် မိမိတို့ကိုယ်ကို ပြစားရန် ထိုသို့လုပ်ဆောင်ကြခြင်း ဖြစ်သည်။) ထိုအရာကို ရှင်းလင်းစွာ သင် မရှင်းပြနိုင်ပေ၊ ရှင်းပြနိုင်သလော။ မည်သည့်လူစားမျိုးများသည် ညီအစ်ကို မောင်နှမများကို ၎င်းတို့အတွက် အလုပ်လုပ်ပေးစေရန်နှင့် ၎င်းတို့ကို အစေခံစေရန် အသုံးချနိုင်သနည်း။ ဤသည်မှာ အန္တိခရစ်များ၏ သိသာထင်ရှားသော စရိုက်လက္ခဏာများထဲမှ တစ်ခု ဖြစ်သည် မဟုတ်လော။ အရာခပ်သိမ်းတွင် ၎င်းတို့ကိုယ်ပိုင် အကျိုးကျေးဇူးများကိုသာ ရှာဖွေခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့ကိုသာ စိတ်ဝင်စားခြင်းနှင့် ဤသို့ပြုမူဆောင်ရွက်ခြင်းက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ထိုအရာတွင် လူ့သဘာဝ ရှိမရှိ၊ ထိုအရာက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းရှိမရှိ၊ ထိုအရာမှနေ၍ ညီအစ်ကို မောင်နှမများက အကျိုးကျေးဇူးတစ်ခုခု သို့မဟုတ် တည်ဆောက်ပေးခြင်းတစ်ခုခု ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို မစဉ်းစားခြင်းဖြစ်သည်။ ၎င်းတို့က ဤအရာများကို မစဉ်းစားဘဲ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးအမြတ်၊ ဆုံးရှုံးမှုနှင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကိုသာ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်ပြီး အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်ဖြစ်သည်။ ဤသည်မှာ အဆင့်အတန်း ပိုင်ဆိုင်သည့် လူစားတစ်မျိုး ဖြစ်သည်။ လူအချို့တွင် အဆင့်အတန်း မရှိသကဲ့သို့ သာမန် တာဝန်များကို ထမ်းဆောင်ကြပြီး အရည်အချင်းအချို့ ရရှိကြသည့်အခါ ၎င်းတို့က အခြားသူတို့အားလည်း ၎င်းတို့ကို အစေခံစေလိုကြသည်။ လူအချို့သည် ဘေးအန္တရာယ်များသော တာဝန်အနည်းငယ်ကို ထမ်းဆောင်ကြပြီး အခြားသူတို့အား ၎င်းတို့ကို အစေခံရန်လည်း အမိန့်ပေးလိုကြသည်။ အထူးတာဝန်များကို ထမ်းဆောင်ပြီး မိမိတို့တာဝန်များကို အခြေခံ သတ်မှတ်ချက်တစ်ခု၊ အပေးအယူလုပ်သည့် အားသာချက်တစ်ခုအဖြစ်လည်းကောင်း၊ ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေသည့် အရင်းအနှီးတစ်မျိုး အဖြစ်လည်းကောင်း သဘောထားသည့်သူအချို့လည်း ရှိသည်။ သာဓကအနေဖြင့် လူအချို့သည် အခြားသူများ သင်ယူလေ့လာခဲ့ခြင်း မရှိသည့် သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိသည့် အထူးအတတ်ပညာ ကျွမ်းကျင်မှုများကို သိကြသည်။ ဘုရားအိမ်တော်တွင် ဤအတတ်ပညာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် တာဝန်တစ်ခုကို ၎င်းတို့ စတင်လုပ်ဆောင်သည့်အခါ ၎င်းတို့က အခြားသူများနှင့် မတူကြောင်း၊ ဘုရားအိမ်တော်၌ ၎င်းတို့သည် အရေးကြီးသည့် နေရာတစ်ခုတွင် ထားရှိခြင်းခံရကြောင်း၊ ယခု ၎င်းတို့က အထက်တန်းလွှားများတွင် ရှိကြကြောင်း ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ တန်ဖိုးက နှစ်ဆဖြစ်သွားကာ ၎င်းတို့က ရိုသေလေးစားထိုက်သည်ဟု အထူးသဖြင့် ခံစားကြလေသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်သည့် အလုပ်တာဝန်အချို့ရှိကြောင်း၊ ၎င်းတို့ထံ အစားအစာ ယူလာပေးခြင်း သို့မဟုတ် ၎င်းတို့၏ အဝတ်လျှော်ပေးခြင်းကဲ့သို့သော နေ့စဉ်အလုပ်တာဝန်များနှင့် ပတ်သက်လာသည့်အခါ အခြားသူတို့အား လုပ်ခမပေးဘဲ ၎င်းတို့ကို အစေခံစေရန် အမိန့်ပေးခြင်းက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ ၎င်းတို့အတွက် ညီအစ်ကို မောင်နှမများအား ဤအရာ၊ ထိုအရာ လုပ်ဆောင်စေရန်အတွက် ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေသည်ဟူသော ဆင်ခြေကို အသုံးပြုသည့်သူအချို့ပင် ရှိသည်။ မိမိတို့ကိုယ်တိုင် လုံးဝ လုပ်ဆောင်ရမည့် အရာများမှလွဲ၍ ၎င်းတို့က အခြားသူတို့အား အစေခံစေနိုင်သည့် သို့မဟုတ် ဆောင်ရွက်ရန် အမိန့်ပေးနိုင်သည့် အခြားအရာအားလုံးကိုမူ အခြားသူတို့ကို လုပ်ဆောင်ခိုင်းကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့က “ငါ့တွင် အရင်းအနှီးရှိသည်။ ငါသည် လေးစားရိုသေဖွယ်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ရှားပါးသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ အထူးတာဝန်တစ်ခုကို ငါ ထမ်းဆောင်ပြီး ငါသည် ဘုရားအိမ်တော်၏ ပျိုးထောင်ပေးခြင်းကို အဓိက လက်ခံရရှိသည့်သူတစ်ဦးဖြစ်သည်။ သင်တို့ထဲမှ မည်သူမျှသည် ငါ့လောက် မတော်ကြပါ။ သင်တို့အားလုံးက ငါ့ထက် အဆင့်နိမ့်သည်။ ငါသည် ဘုရားအိမ်တော်အတွက် အထူးပံ့ပိုးမှုတစ်ခု ပြုလုပ်နိုင်ပြီး သင်တို့ မလုပ်နိုင်ကြ။ ထို့ကြောင့် သင်တို့ ငါ့ကို အစေခံသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်တို့မှာ လွန်ကဲပြီး အရှက်မဲ့သော တောင်းဆိုချက်များဖြစ်သည် မဟုတ်လော။ လူတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤတောင်းဆိုချက်များထားရှိကြသည်။ သို့သော် အန္တိခရစ်များက ဤအရာများကို ရက်စက်စွာနှင့် အရှက်မဲ့စွာ သာ၍ပင် တောင်းဆိုကြပြီး သင်သည် သမ္မာတရားကို ၎င်းတို့အတူ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က ယင်းတို့ကို လက်လျှော့မည် မဟုတ်ပေ။ သာမန်လူတို့သည်လည်း အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ပိုင်ဆိုင်ကြပြီး ၎င်းတို့တွင် ပါရမီအနည်းငယ်ရှိလျှင် သို့မဟုတ် အနည်းငယ်သော ပံ့ပိုးမှုတစ်ခုခုကို ပြုလုပ်လျှင် ထိုသို့သော အထူးအကျိုးခံစားခွင့်ကို မွေ့လျော်ခံစားပိုင်ခွင့် ရှိသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် ကိုယ့်အင်္ကျီကိုယ်၊ ကိုယ့်ခြေအိတ်ကိုယ် လျှော်ဖွပ်ခြင်းမရှိကြဘဲ ၎င်းတို့အတွက် အခြားသူများကို လုပ်ဆောင်ခိုင်းကြပြီး လူ့သဘာဝနှင့် ဆန့်ကျင်သည့် အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်အချို့ကို ပြုလုပ်ကြသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန် ကင်းမဲ့နေကြသည်။ လူတို့၌ ဤသို့သော အတွေးအခေါ်များနှင့် တောင်းဆိုမှုများ ရှိခြင်းသည် ဆင်ခြင်တုံတရား ဘောင်အတွင်းမှ တောင်းဆိုခြင်းမျိုး မဟုတ်ပေ။ အခြေခံအဆင့်မှ ဆိုရလျှင် ယင်းသည် လူ့သဘာဝနှင့် အသိစိတ်စံနှုန်းများနှင့် မကိုက်ညီဘဲ ပိုမိုမြင့်မားသော အဆင့်မှ ဆိုရလျှင်မူ သမ္မာတရားနှင့် မကိုက်ညီခြင်းပင် ဖြစ်သည်။ ဤသရုပ်သကန်များအားလုံးကို အန္တိခရစ်များက မိမိတို့ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ကြသည့် အမျိုးအစားတွင် ထား၍ရပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သူတိုင်းသည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ယင်းတို့ကို လုပ်လည်းလုပ်ဝံ့ကြလေသည်။ တစ်စုံတစ်ဦးတွင် ပါရမီနှင့် အရင်းအနှီး အနည်းငယ်ရှိကာ ပံ့ပိုးမှုတစ်ခုခု ပြုလုပ်လျှင် ၎င်းတို့သည် အခြားသူများကို အသုံးချလိုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ရန် ၎င်းတို့၏ တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးကို အသုံးပြုချင်ကြသည်။ ၎င်းတို့အတွက် အမှုအရာများကို အသင့်ဖြစ်စေလိုကြပြီး ၎င်းတို့အား အစေခံရန် အခြားသူတို့ကို အမိန့်ပေးခြင်းမှလာသည့် ပျော်ရွှင်မှုနှင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားလိုကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်သည့် သူအချို့ပင်ရှိပြီး ဤအချိန်အတောအတွင်းတွင် ၎င်းတို့သည် အသေးစား ရောဂါတစ်ခုခု ဖြစ်ကာ ထိုသို့ဖြင့် စိတ်လှုပ်ရှားထိခိုက်ပြီး မည်သူကမျှ ၎င်းတို့အကြောင်းကို ပူပန်ခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ခြင်းမရှိဟု ညည်းညူကြလေသည်။ သင်သည် သင်၏တာဝန်ကို သင်ကိုယ်တိုင်အတွက် ထမ်းဆောင်နေခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် တာဝန်ကို ထမ်းဆောင်နေပြီး သင်၏ ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဤအရာသည် အခြားလူတို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ လူတစ်ဦးက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားတစ်စုံတစ်ဦးအတွက် လုံးဝ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် အခြားတစ်စုံတစ်ဦးအပေါ် အစေခံမှုအနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မည်သူမျှသည် လုပ်ခမရှိဘဲ အခြားသူများကို အစေခံဖို့ မည်သည့် ဝတ္တရားမျှမရှိ သို့မဟုတ် အခြားသူတို့၏ ဩဇာပေးခြင်းခံရရန် ဝတ္တရားမရှိပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့အနေဖြင့် ချစ်ခင်တတ်ရန်နှင့် အခြားသူများအပေါ် ၎င်းတို့ စိတ်ရှည်၊ သည်းခံတတ်ရန် ဘုရားသခင်က တောင်းဆိုသော်လည်း လူတစ်ဦးသည် အခြားသူတို့အား ဤသို့ဖြစ်ရန် မိမိ၏ဆန္ဒအရ မတောင်းဆိုနိုင်သကဲ့သို့ ထိုသို့ဖြစ်ခြင်းက ကျိုးကြောင်းမသင့်ပေ။ သင်က ဤအရာကို တောင်းဆိုခြင်းမရှိဘဲ တစ်စုံတစ်ဦးသည် သင့်အပေါ် စိတ်ရှည်၊ သည်းခံနိုင်သကဲ့သို့ သင့်ကို ချစ်ခြင်းမေတ္တာပြနိုင်လျှင် ယင်းမှာ ၎င်းတို့၏ သဘောဖြစ်သည်။ သို့သော် သင်က ၎င်းတို့အပေါ် တောင်းဆိုသောကြောင့် ညီအစ်ကို မောင်နှမများက သင့်ကို အစေခံလျှင်၊ ၎င်းတို့သည် သင်၏ အတင်းအကျပ် စေခိုင်းခြင်းခံရကာ အသုံးချခြင်းခံရလျှင်၊ သို့မဟုတ် သင်က ၎င်းတို့ကို တစ်ပတ်ရိုက်သဖြင့် ၎င်းတို့က သင့်ကို အစေခံလျှင် သင်နှင့်ပတ်သက်၍ ပြဿနာရှိပေသည်။ အချို့သည် မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးကိုပင် ကောင်းစွာ အသုံးပြုပြီး ထိုအရာကို ချမ်းသာကြွယ်ဝသော ညီအစ်ကို မောင်နှမအချို့အား ဤအရာ၊ ထိုအရာ ဝယ်စေကာ မိမိတို့အတွက် အစေခံမှုများပေးစေလျက် ၎င်းတို့ထံမှ ပစ္စည်းများကို အတင်းအဓမ္မယူရန် ဆင်ခြေတစ်ခုအဖြစ် မကြာခဏ အသုံးပြုကြသည်။ ဥပမာအနေဖြင့် ၎င်းတို့က အဝတ်အစားအချို့ ထပ်လိုအပ်လျှင် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးထံ “သင်က အဝတ်အစားများ ချုပ်တတ်သည် မဟုတ်လော။ ဝတ်စရာ သွားချုပ်လော့”ဟု ပြောကြသည်။ ထိုညီအစ်ကို သို့မဟုတ် ညီအစ်မက “သို့ဆိုလျှင် သင့် ပိုက်ဆံအိတ်ကို ထုတ်လော့။ ပိတ်စအချို့ကို သင်ဝယ်လော့၊ ပြီးလျှင် တစ်စုံတစ်ရာကို ကျွန်ုပ် သင့်အတွက် ချုပ်ပေးမည်”ဟု ပြောသည်။ ၎င်းတို့က ၎င်းတို့၏ ငွေကို ထုတ်ရမည့်အစား ထိုညီအစ်ကို သို့မဟုတ် ထိုညီအစ်မကို ၎င်းတို့အတွက် ပိတ်စဝယ်ပေးဖို့ အကျပ်ကိုင်ကြသည်။ ဤလုပ်ရပ်၏ သဘာဝသည် လှည့်ဖြားတတ်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများကြားက ဆက်ဆံရေးကို အမြတ်ထုတ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းအနှီးကို အမြတ်ထုတ်ခြင်း၊ ညီအစ်ကို မောင်နှမများထံမှ အစေခံမှုနှင့် အကျိုးခံစားခွင့်မျိုးစုံကို တောင်းဆိုရန်၊ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် ညီအစ်ကို မောင်နှမများအား အမိန့်ပေးဖို့ မိမိတို့၏ တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အမြတ်ထုတ်ခြင်းဟူသည့် ဤသည်တို့မှာ အန္တိခရစ်များ၏ နိမ့်ကျသော အကျင့်စရိုက်နှင့်ဆိုင်သည့် သရုပ်သကန်များသာ ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို လိုက်စားနိုင်ကြသလော။ ၎င်းတို့ လုံးဝ ပြောင်းလဲနိုင်ကြသလော။ (မပြောင်းလဲနိုင်ကြပါ။) ဤသို့ ငါ မိတ်သဟာယပြုသည်ကို ကြားသည့်အခါ လူအချို့က ဤအရာများကို ဆိုးရွားသည့် လုပ်ဆောင်မှုဖြစ်သည်ဟု သဘောပေါက်ကောင်း သဘောပေါက်ကြမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် ထိန်းချုပ်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် မိမိတို့ကိုယ်ကို ထိန်းချုပ်ခြင်းသည် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တူညီသလော။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းသည် အသိတရားရလာခြင်းမျှသာဖြစ်ပြီး မိမိ၏ ပုံရိပ်နှင့် ပကာသနတို့ကို အလေးထားခြင်းမျှသာ ဖြစ်သည်။ ဤစိစစ်မှုအား ငါ ပြုလုပ်သည်ကို ကြားပြီးသည့်နောက်တွင် ပြဿနာ၏ ပြင်းထန်မှုကို ဤလူတို့က မြင်တွေ့သွားကာ ၎င်းတို့ တစ်ဖန် ချွတ်ချော်၍မရကြောင်းနှင့် ၎င်းတို့အနေဖြင့် ညီအစ်ကို မောင်နှမများအား ၎င်းတို့အပေါ် သိမြင်ခွင့်ပေးလျှင် ၎င်းတို့ ဖော်ထုတ်ခံရကာ ငြင်းပယ်ခံရလိမ့်မည် ဖြစ်သည်ဟု သဘောပေါက်ကြလေသည်။ ၎င်းတို့၏ အသိတရားရခြင်းသည် ဤအဆင့်ထိသာ ရှိသဖြင့် ၎င်းတို့၏ အလိုဆန္ဒများနှင့် လောဘတို့ကို ၎င်းတို့၏ စိတ်နှလုံးများမှ ဖယ်ရှား၍မရနိုင်ပေ။

လူအချို့က “ဘုရားအိမ်တော်အတွက် ငါ အားထုတ်သည်။ ဘုရားအိမ်တော်အတွက် ပံ့ပိုးမှုများစွာ ငါ ပြုလုပ်ပြီးဖြစ်သည်။ မည်သူကမျှ ငါ့ကို အစားထိုးမရနိုင်သည့် တာဝန်တစ်ခုကို ငါထမ်းဆောင်သည်။ ငါ့ထံတွင် လိုအပ်မှုများရှိသည့်အခါ ညီအစ်ကို မောင်နှမများနှင့် ဘုရားအိမ်တော်သည် ငါ၏ လိုအပ်ချက်များကို ပြည့်ဝဖို့ အကူအညီပေးရမည့် တာဝန်ရှိသည်။ အချိန်တိုင်းတွင် ငါ့ကို သူတို့ အကြွင်းမဲ့နှင့် အဖိုးအခပေးစရာမလိုဘဲ အလုပ်အကျွေးပြုသင့်သည်”ဟု တွေးကြလေသည်။ ဤသည်မှာ ရှက်ဖွယ်ကောင်းသော စဉ်းစားနည်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ နိမ့်ကျသည့် ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်တစ်ခု ဖြစ်သည် မဟုတ်လော။ သာဓကအနေဖြင့် တစ်ခါတစ်ရံ လူတိုင်း နာမကျန်း ဖြစ်တတ်ကြသော်လည်း လူအချို့ နာမကျန်းဖြစ်ကြသည့်အခါ ထိုအကြောင်းကို အခြားလူတို့ထံ လျှောက်ပြောပြနေခြင်း မရှိဘဲ ထိုအစား မိမိတို့၏တာဝန်များကို ထမ်းဆောင်သင့်သည့်အတိုင်း ဆက်လက်ထမ်းဆောင်ကြလေသည်။ မည်သူမျှက ၎င်းတို့အကြောင်းကို မသိကြ သို့မဟုတ် အရေးမစိုက်ကြသကဲ့သို့ ၎င်းတို့က တစ်ကိုယ်တည်း ညည်းညူခြင်း သို့မဟုတ် မိမိတို့၏ တာဝန်များကို နှောင့်နှေးစေခြင်း မရှိကြချေ။ သို့တိုင် လူအချို့မှာ ၎င်းတို့ ကျန်းမာနေသည့်အချိန်တွင်ပင် နာမကျန်းဖြစ်ဟန်ဆောင်ကြသည်။ လူတို့အား ၎င်းတို့အပေါ် လိုလေသေးမရှိ ပြုစုစေရန် နည်းလမ်းပေါင်းစုံ ကြိုးစားကာ အထူးအကျိုးခံစားခွင့်ရရန် ဖြစ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်လျက် ၎င်းတို့က ဧကရီဘုရင်မများ သို့မဟုတ် ဆွေကြီးမျိုးကြီးများကဲ့သို့ ပြုမူကြသည်။ ၎င်းတို့က နာမကျန်း မဖြစ်သည့်အချိန်တွင် နာမကျန်းဖြစ်ဟန်ဆောင်ကြပြီး ၎င်းတို့ အမှန်တကယ် နာမကျန်းဖြစ်သည့်အခါ ထိုအချိန်တွင် ၎င်းတို့ကြောင့် လူမည်မျှ ဆင်းရဲဒုက္ခခံစားကာ ၎င်းတို့၏ ခြေမကိုင်မိလက်မကိုင်မိဖြစ်အောင် ဩဇာပေးခြင်းခံရမည်ကို မည်သူမျှမသိသည်နှင့်အမျှ ယင်းမှာ သာ၍ပင် ဒုက္ခပေးတတ်လေသည်။ ထိုသို့သော လူတစ်ဦး နာမကျန်းဖြစ်သည့်အခါ ထိုအရာမှာ လူတိုင်းအပေါ် ကျရောက်သော ကံအကြောင်းမလှမှုတစ်ခု ဖြစ်သည်။ အချို့က ၎င်းတို့ကို ကြက်သားစွပ်ပြုတ်လုပ်ပေးကြသည်။ အချို့က ၎င်းတို့ကို နှိပ်နယ်ပေးကြသည်၊ အချို့က ၎င်းတို့ကို အစာကျွေးကြပြီး အချို့က လမ်းလျှောက်ဖို့ ကူညီပေးကြသည်။ လူများစွာ ဆင်းရဲဒုက္ခခံစားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) မူလက ထိုအရာသည် သာမန်၊ အသေးစား နာမကျန်းမှုတစ်ခုသာ ဖြစ်သော်လည်း ဆိုးရွားသည့်၊ သေစေနိုင်သော နာမကျန်းမှုတစ်ခု ဖြစ်သည့်အလား ၎င်းတို့က ဟန်ဆောင်ရသည်။ အဘယ်ကြောင့် ၎င်းတို့ ဟန်ဆောင်ရန် လိုအပ်သနည်း။ ၎င်းတို့က ညီအစ်ကို မောင်နှမများအား ၎င်းတို့အတွက် အစေခံမှုပေးစေဖို့၊ ၎င်းတို့ကို လိုလေသေးမရှိ ပြုစုစေကာ အစေခံစေဖို့အတွက် လှည့်စားရန် ထိုအရာကို လုပ်ဆောင်ကြသည်။ ဤလူများသည် ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများစွာ ရှိသလော။ သင်တို့အားလုံးသည် ဤကဲ့သို့ ဖြစ်ကြသည် မဟုတ်လော။ (ကျွန်ုပ်သည် ဤအရာကို ကျွန်ုပ်၏အထဲတွင် သတိမပြုမိသေးပါ။) သင်တို့သည် ဤအရာကို သတိမပြုမိသေးလျှင် ယင်းက သင်တို့သည် ပုံမှန်အားဖြင့် သင်တို့၏ နေ့စဉ်ဘဝတွင် သင်တို့၏ အပြုအမူကို ဆန်းစစ်ခြင်းမရှိကြောင်း၊ သင်တို့၏ အတွေးများနှင့် သဘာဝ အနှစ်သာရတို့ကို သင်တို့ ဆန်းစစ်ခြင်းမရှိကြောင်းနှင့် ဘုရားသခင်၏ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို သင်တို့ လက်မခံကြောင်း သက်သေပြသည်။ လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် အနည်းငယ် သာ၍ ပင်ပန်းကြပြီး ညဘက်တွင် အနည်းငယ် အိပ်ရေးပျက်ကြကာ ၎င်းတို့က ဤသို့ခက်ခဲစွာ လုပ်ဆောင်ကြရခြင်းသည် ဆိုးရွားသည့် အခြေအနေတစ်ခု ဖြစ်သည့်အလား ချဲ့ကားပြောဆိုကြသည်။ နောက်နေ့မနက်တွင် ၎င်းတို့ နိုးထသည့်အခါ ၎င်းတို့က “မနေ့ညက ကျွန်ုပ် တစ်မှေးမျှ မအိပ်ခဲ့ရပါ။ ဤပြီးခဲ့သည့်နှစ်ရက်တွင် ကျွန်ုပ်သည် မအိပ်နိုင်အောင် အလွန်ပင်ပန်းလျက် ကျွန်ုပ်၏ တာဝန်နှင့် အလွန် အလုပ်များနေခဲ့သည်။ တစ်စုံတစ်ဦးအား ငါ့ကို အမြန် နှိပ်နယ်ခိုင်းလော့”ဟု ညည်းကြသည်။ အမှန်တွင် ၎င်းတို့က ခြောက်နာရီကြာ အိပ်စက်ခဲ့ကြပေသည်။ ၎င်းတို့တွင် မည်သည့် ပြဿနာများ ရှိသည်ဖြစ်စေ ယင်းတို့အတွက် မိမိတို့တာဝန်အပေါ် အမြဲအပြစ်ဖို့ကြလေသည်။ ၎င်းတို့ ပင်ပန်းသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခခံနေရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ နာမကျန်းဖြစ်ပြီး သက်သောင့်သက်သာ မခံစားရသည်ဖြစ်စေ ဤအရာများကို ၎င်းတို့၏ တာဝန်အပေါ် အမြဲ အပြစ်တင်ကြသည်။ အဘယ်ကြောင့် ၎င်းတို့က ၎င်းတို့၏ တာဝန်ကို အပြစ်တင်ကြသနည်း။ ထိုအရာသည် အကျိုးကျေးဇူးအချို့ ရရှိခြင်း၊ လူတိုင်းအား ၎င်းတို့ကို စာနာစေခြင်းအကြောင်းသာဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ကို အစေခံရန်နှင့် လိုလေသေးမရှိ ပြုစုပေးရန် တောင်းဆိုရာတွင် မှန်ကန်ကြောင်းပြနိုင်ကြမည်ဖြစ်သည်။ ဧကရာဇ်များနှင့် ဧကရီဘုရင်မများကဲ့သို့ အမြဲ ပြုမူဆောင်ရွက်လိုပြီး အခြားသူတို့ကို ၎င်းတို့အား လိုလေသေးမရှိ ပြုစုစေလိုသည့် ဤလူများသည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ဤလူများသည် နိမ့်ကျသည့် အကျင့်စရိုက်ရှိကြပြီး စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ လူအချို့သည် အနည်းငယ် နေမကောင်းဖြစ်ကာ ရံဖန်ရံခါ မည်သည့် အစာကိုမျှ ခံတွင်းမတွေ့နိုင်လျှင် ထိုအရာက အသည်းအသန် ပြင်းထန်သည့်အလား ချဲ့ကားပြောဆိုကြသည်။ အလွန့်အလွန် ရေးကြီးခွင့်ကျယ် ပြုလုပ်ကြပြီး ၎င်းတို့အား နှိပ်နယ်ပေးမည့် တစ်စုံတစ်ဦးကို ချက်ချင်းရှာကြလေသည်။ နှိပ်နယ်ပေးခြင်းက ၎င်းတို့ကို အနည်းငယ်မျှ နာကျင်စေသည့်အခါ ၎င်းတို့ အော်ဟစ်ပြီး ကျယ်လောင်စွာ စူးစူးဝါးဝါး ဟစ်ကြွေးကြလေသည်။ ဆိုလိုသည်မှာ “ကျွန်ုပ်အတွက်မှာ အနှိပ်အနယ် ခံခြင်းသည်ပင်လျှင် ဒုက္ခများလေသည်။ ဘုရားက ကျွန်ုပ်ကို ဆုလာဘ်မပေးသည့်အပြင် စုံလင်အောင်မပြုလျှင် ကျွန်ုပ် အမှန်တကယ် အကြီးအကျယ် နစ်နာဆုံးရှုံးမည်ဖြစ်သည်”ဟူ၍ ဖြစ်၏။ ၎င်းတို့က ဆင်းရဲဒုက္ခအနည်းငယ်ကို သည်းညည်းခံကာ အဖိုးအခအနည်းငယ် ပေးသည့်အခါ ကမ္ဘာမြေပေါ်ရှိ လူတိုင်းက သိရှိရန်အလို့ငှာ ထိုအရာကို တစ်လောကလုံးထံ ကြေညာချင်ကြလေသည်။ သင်သည် သင့်ကိုယ်သင်အတွက် သင်၏ တာဝန်ကို ထမ်းဆောင်သည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ဘုရားသခင်ရှေ့တွင် ထမ်းဆောင်သည် မဟုတ်လော။ လူတို့ထံ သင်၏ ဆင်းရဲဒုက္ခကို ကြေညာခြင်းသည် မည်သည့်အတွက်ဖြစ်သနည်း။ ယင်းမှာ အပေါ်ယံဆန်သည် မဟုတ်လော။ ထိုသို့သော လူများသည် နိမ့်ကျသည့် အကျင့်စရိုက်ရှိကြပြီး အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ဤလူများသည် အခြားမည်သည့် နည်းလမ်းများဖြင့် အောက်တန်းကျကြသနည်း။ ၎င်းတို့သည် ၎င်းတို့က အခြားလူအားလုံးနှင့် မတူသကဲ့သို့ အလွန် အဖိုးတန်ကာ အလွန် ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်း လိုအပ်ကြောင်းကို လူတို့အား သိခွင့်ပေးဖို့ မျှော်လင့်လျက် အချို့သော အထူး အလေ့အထများနှင့် အကျင့်ဆန်းများကိုလည်း ပြသကြသည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက ၎င်းတွင် အစာစားလိုစိတ် မရှိသည့်အပြင် မည်သည့်အရာကိုမျှ မစားနိုင်ကြောင်း ပြောသည့်အခါ ဤကဲ့သို့သော လူတစ်ဦးသည် မိမိ၏ ဗိုက်ကို တအားဆုပ်ထားကာ ၎င်းတို့သည်လည်း အစာအိမ် မကောင်းသော်ငြား မိမိတို့တာဝန်ကို မရမက ထမ်းဆောင်နေကြကြောင်း ပြောလိမ့်မည်ဖြစ်ကာ တစ်စုံတစ်ဦးအား အစာအိမ်ဆေးတစ်ခုခု အမြန်ယူလာရန် စေခိုင်းလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးကိုလည်း ငါက “သင် မြင်သလော၊ ငါ ထမင်းပွဲအနည်းငယ်သာ စားနိုင်ပြီး ငါ၏ အစာအိမ်သည် အေးသော အစာနှင့် အအေးများကို ခံနိုင်ရည်မရှိပါ”ဟု ပြောခဲ့သည်။ ဤလူက ငါ့စကားကိုကြားသည့်အခါ “သင်၏ အစာအိမ်က အေးသောအရာများကို ခံနိုင်ရည် မရှိသလော။ ငါ့အစာအိမ်လည်း ခံနိုင်ရည်မရှိပါ”ဟု ပြန်ပြောခဲ့သည်။ ငါက “သင်၏ အစာအိမ်က အဘယ်သို့ဖြစ်ပြီး အေးသောအရာများကို ခံနိုင်ရည်မရှိရသနည်း”ဟု ပြောခဲ့သည်။ သူက “ကျွန်ုပ် အအေးမိသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ ဗိုက်အောင့်သည်။ အေးသောအရာများကို ခံနိုင်ရည်မရှိပါ”ဟု ပြောလေသည်။ ဤအရာကို ပြောသည့်အချိန်တွင် ၎င်းက ငှက်ပျောသီးကို အခွံနွှာပြီး တစ်ကိုက်၊ နှစ်ကိုက်ဖြင့် အငမ်းမရမျိုချလေသည်။ ငါက “ထိုငှက်ပျောသီးကို တစ်ကိုက်၊ နှစ်ကိုက်မျှဖြင့် အငမ်းမရမျိုချလိုက်သည်ကို ထောက်သော် သင်၏ အစာအိမ်သည် အေးသောအရာများကို အမှန်တကယ်ပင် အလွန့်အလွန် ခံနိုင်ရည်မရှိ ဖြစ်ရပေမည်။ သင်၏ အစာအိမ်သည် အမှန်တကယ် အေးသောအရာများကို ခံနိုင်ရည်မရှိသလော”ဟု ငါ ပြောခဲ့သည်။ ထိုသို့သော လူများသည် အရှက်မဲ့ပြီး ဆင်ခြင်တုံတရားမရှိခြင်း မဟုတ်လော။ လူတစ်ဦးသည် ၎င်း၏ ပုံမှန်လူ့သဘာဝတွင် ဆင်ခြင်တုံတရားနှင့် ရှက်စိတ် ကင်းမဲ့လျှင် ၎င်းသည် လူသား လုံးဝ မဟုတ်ဘဲ သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ သားရဲတိရစ္ဆာန်များသည် သမ္မာတရားကို နားမလည်နိုင်ကြသကဲ့သို့ ပုံမှန်လူ့သဘာဝ၏ တည်ကြည်မှု၊ သိက္ခာ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိကြပေ။ ဤလူများတွင် အရှက်တရား သို့မဟုတ် သိက္ခာ မရှိကြသောကြောင့် တာဝန် အနည်းငယ်ကို ထမ်းဆောင်ပြီး အခက်အခဲ အနည်းငယ် ခါးစည်းခံရသည့်အခါ၊ ၎င်းတို့၏ အားထုတ်မှုများကို လူတိုင်းက အသိအမှတ်ပြုရန်အလို့ငှာ၊ အမြင်သစ်ဖြင့် ၎င်းတို့ကို အထင်ကြီးလေးစားကြရန်အလို့ငှာနှင့် ဘုရားသခင်က ၎င်းတို့အား အထူး အကျိုးခံစားခွင့်ပေးရန်၊ ၎င်းတို့ကို ကြင်နာစွာ ဆက်ဆံပြီး ကောင်းချီးပေးရန်အလို့ငှာ ထိုအရာကို တစ်လောကလုံးထံသို့ ကြေညာချင်ကြလေသည်။ တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ဦးက ၎င်းတို့ကို ချက်ချင်း အစေခံရမည်ဖြစ်သည်၊ ၎င်းတို့၏ တောင်းဆိုချက်များကို တုံ့ပြန်ရမည်ဖြစ်ပြီး ၎င်းတို့အတွက် အသင့်ရှိပေးရမည်ဖြစ်သည်။ ၎င်းတို့ ရေဆာသည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့အတွက် လက်ဖက်ရည် ငှဲ့ပေးရသည်။ ၎င်းတို့ ဆာလောင်သည့်အခါ တစ်စုံတစ်ဦးက ၎င်းတို့ကို အစားအစာ တည်ခင်းပေးရသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့ကို အစေခံပေးမည့်၊ ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ပေးပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် တစ်စုံတစ်ဦးကို အမြဲရှိရမည် ဖြစ်သည်။ ၎င်းတို့၏ ဇာတိခန္ဓာမှာ အခြားတစ်စုံတစ်ဦးအတွက် မွေးဖွားခဲ့သည့်အလားဖြစ်ပြီး ၎င်းတို့သည် ပင်ကိုအားဖြင့် ၎င်းတို့ကို လိုလေသေးမရှိ ပြုစုရန် တစ်စုံတစ်ဦးကို လိုအပ်လေသည်။ ထိုအရာမှာ မည်သူကမျှ ၎င်းတို့ကို လိုလေသေးမရှိ ပြုစုခြင်းမရှိလျှင် ၎င်းတို့က မိမိတို့ကိုယ်ကို တာဝန်ယူနိုင်စွမ်း ကင်းမဲ့ကြသည့်အလား ဖြစ်ပြီး မသန်မစွမ်းဖြစ်ကြသည့်အလား ဖြစ်သည်။ လုပ်ဆောင်ရမည့်အရာကို စေခိုင်းစရာ တစ်ဦးမျှ ၎င်းတို့တွင် မရှိသည့်အခါ သို့မဟုတ် ၎င်းတို့အတွက် အလုပ်လုပ်စေကာ ၎င်းတို့ကို အစေခံစေရန် ၎င်းတို့ အမိန့်ပေးနိုင်သည့် မည်သူမျှမရှိသည့်အခါ ၎င်းတို့သည် အထီးကျန်ပြီး အနှစ်မဲ့ကာ ဘဝက အဓိပ္ပာယ် သို့မဟုတ် မျှော်လင့်ချက်မရှိဟု ခံစားကြလေသည်။ ၎င်းတို့က အခြားသူတို့အား ၎င်းတို့ကို အစေခံစေရန်နှင့် လိုလေသေးမရှိပြုစုစေရန် ခိုင်းဖို့ အခွင့်အရေးနှင့် ဆင်ခြေတစ်ခုရှာတွေ့သည့်အခါ လေထဲတွင် မျောလွင့်ကြသည့်အလား စိတ်ကျေနပ်ကာ ဝမ်းသာသွားကြသည်။ ဘဝက ဤမျှ နှစ်သက်ဖွယ် ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက ဤမျှနှစ်သက်ဖွယ်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်ဟူ၍ လည်းကောင်း၊ ဤသည်မှာ ယုံကြည်သူတစ်ဦးက ဘုရားသခင်ကို ယုံကြည်သင့်သည့်ပုံစံဖြစ်သည် ဟူ၍လည်းကောင်း တွေးထင်ကြသည်။ တာဝန်တစ်ခုအပေါ် ၎င်းတို့၏ သိနားလည်မှုဟူသည်မှာ အခြားသူတို့အား ၎င်းတို့ကို အစေခံစေခြင်းနှင့် အခြားသူတို့အား လွတ်လပ်စွာ အမိန့်ပေးနိုင်ခြင်းတို့ပေါ် အခြေခံ၍ အားထုတ်မှုကို အားစိုက်ထုတ်ခြင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ တာဝန်အတွက် ဆုလာဘ်တစ်ခု အမြဲ ရရှိသင့်ကြောင်း၊ ၎င်းတို့က တစ်စုံတစ်ရာကို အမြဲ ရရှိရမည်ဖြစ်ကာ တစ်စုံတစ်ရာကို ရဖို့ ကြိုးစားရမည်ဖြစ်ကြောင်း ယုံကြည်ကြသည်။ ၎င်းတို့က ငွေ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းများကို ရရှိရန် ကြိုးစားနေခြင်း မရှိလျှင်၊ သွေးသား ပျော်ရွှင်မှုများနှင့် ဝမ်းမြောက်မှုများကို ရရှိရန် ကြိုးစားနေကြခြင်းဖြစ်ပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ဇာတိပကတိသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် နှစ်သိမ့်မှု အခြေအနေတွင် ရှိလိမ့်မည်ထင်ရကာ ထို့နောက်တွင် ၎င်းတို့ ပျော်ရွှင်လိမ့်မည်၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရန် အားအင် ရှိလိမ့်မည်ဖြစ်ပြီး သစ္စာစောင့်သိမှုတစ်ခုခုဖြင့် ထိုအရာကို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားအပေါ် လွဲချော်သော သိနားလည်မှု ရှိကြသလော သို့မဟုတ် ၎င်းတို့၏ နိမ့်ကျသော အကျင့်စရိုက်ကြောင့် သမ္မာတရားကို လက်မခံကြခြင်းသာ ဖြစ်သလော။ (၎င်းတို့တွင် နိမ့်ကျသည့် အကျင့်စရိုက်ရှိသောကြောင့် သမ္မာတရားကို လက်မခံကြပါ။) ဤလူများသည် လုံးလုံးလျားလျား မယုံကြည်သူများ၊ အန္တိခရစ်များ၏ သားကောင်းမြေးမြတ်များနှင့် အန္တိခရစ်များ၏ ပြယုဂ်ဖြစ်ကြပေသည်။

ဘုရားအိမ်တော်တွင် ဖျော်ဖြေရသည်ကို မွေ့လျော်ပြီး အပြင်လောကတွင် ရှိသည့်အခါ သရုပ်ဆောင်အလုပ်ကို နှစ်သက်သော်လည်း ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့် သရုပ်ဆောင်အချို့ ရှိသည်။ ယခု ၎င်းတို့သည် ဘုရားအိမ်တော်သို့ ရောက်လာကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ အလိုဆန္ဒများ အမှန်တကယ် ဖြစ်လာသည်။ ၎င်းတို့ နှစ်သက်သည့် အလုပ်အကိုင်တွင် ၎င်းတို့ အလုပ်လုပ်နိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက အလွန့်အလွန် ဝမ်းမြောက်ခြင်းနှင့် ပြည့်ပြီး တစ်ချိန်တည်းတွင် ဤအခွင့်အရေးကို ၎င်းတို့အား ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤလူများထဲမှ တစ်ဦးသည် အဓိက အခန်းကဏ္ဍတစ်ခုကို အောင်အောင်မြင်မြင် ရရှိရလောက်အောင် ကံကောင်းသွားကြပြီးနောက်တွင် ၎င်းတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသည့် လူတစ်ယောက်ဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် တန်ဖိုးအတွက် တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်ဟု ခံစားမိကြသည်။ ၎င်းတို့က လောကတွင် ရှိသည့် ကျော်ကြားသူများနှင့် ထူးချွန်ပြောင်မြောက်သူတို့က မည်သည့်အရာ လုပ်ဆောင်ခဲ့ကြသည်၊ မည်သို့ ပြုမူခဲ့ကြသည်၊ ထိုသူတို့၏ ဟန်ပန်အမူအရာက မည်သို့ဖြစ်ပြီး ထိုသူတို့တွင် မည်သည့် ဘဝနေထိုင်မှုပုံစံ ရှိခဲ့ကြသည်ဟူသည်တို့ကို ကြည့်ပြီး ဤသည်မှာ အရည်အသွေးကောင်းကာ မြင့်မြတ်မှုရှိသည့် ဘဝတစ်ခုကို အသက်ရှင်နေခြင်း ဖြစ်သည်ဟု ယုံကြည်လျက် ထိုသူတို့ကို အတုခိုးကာ တုပကြလေသည်။ ထို့ကြောင့် ၎င်းတို့က အဓိက ဇာတ်ကောင်နေရာကို ရကာ “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”တစ်ဦး ဖြစ်လာသည့်အချိန်မှစ၍ ဟိတ်ဟန်လုပ်လာကြလေသည်။ မည်သည့်အတိုင်းအတာအထိ ၎င်းတို့ ဟိတ်ဟန်လုပ်ခဲ့ကြသနည်း။ တစ်ခါက ဤပြဿနာကို ရှင်းပြနိုင်သည့် အသေးစားဖြစ်ရပ်တစ်ခု ရှိခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ရှိ လူအားလုံး ရုပ်ရှင် စတင်ရိုက်ကူးရန် အသင့်ဖြစ်သည့်အချိန်တွင် ဤအထူး “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”သည် မျက်ခုံးကို ကောင်းစွာ မဆွဲရသေးသဖြင့် လူတိုင်းက ၎င်းကို စောင့်ဆိုင်းကြရသည်၊ ၎င်းကို ဝန်းရံကာ အစေခံကြရသည်။ ဆယ်မိနစ်ကုန်သွားသည်၊ ထို့နောက် မိနစ်နှစ်ဆယ်သာ ကုန်သွားပြီး ထိုထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်သည် ၎င်း၏ မျက်ခုံးက ထိုမျှကောင်းစွာ ဆွဲထားခြင်းမရှိဟု ခံစားရသည်။ ထို့ကြောင့် မိတ်ကပ်ပညာရှင်ကို ဖျက်ခိုင်းပြီး တစ်ဖန် ဆွဲခိုင်းကြရသည်။ တစ်နာရီသာကုန်သွားကာ သရုပ်ဆောင်နှင့် ရိုက်ကူးရေးအဖွဲ့ဝင် အားလုံးသည် ရုပ်ရှင်စတင်မရိုက်ကူးမီတွင် ဤ “ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်”က သူ၏ မျက်ခုံးကို ကောင်းစွာ ပြီးအောင်ရေးဆွဲဖို့အတွက် စောင့်ဆိုင်းနေခဲ့ရသည်။ လူတိုင်းက ဤလူကို အစေခံကြရပြီး ဝန်းရံနေခဲ့ကြရသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ပုံမှန်လူတစ်ဦး ဖြစ်သလော။ လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး ဖြစ်သလော။ မဟုတ်ပေ။ ၎င်းသည် စာတန်အုပ်စုနှင့်ဆိုင်သော လူတစ်ဦးဖြစ်သည်၊ စာတန်နှင့် သက်ဆိုင်သည်။ ပြီးလျှင် ၎င်းသည် ဘုရားအိမ်တော်မှ လူတစ်ဦး မဟုတ်။ ဘုရားအိမ်တော်တွင် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်များ ရှိသလော။ ဘုရားအိမ်တော်တွင် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်များမရှိ၊ ညီအစ်ကို မောင်နှမများသာ ရှိသည်။ မတူညီသော တာဝန်များသာ ရှိသည်။ ရာထူး အနိမ့်၊ အမြင့်များကြား ခြားနားချက် မရှိပေ။ ထို့ကြောင့် ဤလူတစ်ဦးသည် မည်သည့်အခြေခံအကြောင်းရင်းပေါ်တွင် ညီအစ်ကို မောင်နှမများအား ၎င်းကို စောင့်ဆိုင်းစေခဲ့သနည်း။ အကြောင်းအရာ တစ်ခုက သေချာ၏။ ၎င်းက အခြားသူများထက် သာ၍ အရေးကြီးသည်၊ ၎င်း၏ တာဝန်က အခြားသူများ၏ တာဝန်ထက် ပိုအရေးပါသည်၊ ၎င်းမပါဘဲနှင့် တင်ဆက်မှုကို ရုပ်ရှင်ရိုက်၍ ရနိုင်မည်မဟုတ်သကဲ့သို့ ၎င်းမရှိဘဲနှင့် အခြားလူတို့သည် ၎င်းတို့၏တာဝန်များကို အချည်းနှီးလုပ်ဆောင်နေကြမည်ဟု ၎င်းက တွေးထင်ပေသည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းကို အစေခံရသည်၊ ၎င်းကို စောင့်ဆိုင်းရန်အလို့ငှာ အဖိုးအခပေးကာ စိတ်ရှည်ခြင်းကို ကျင့်သုံးကြရပြီး မည်သူကမျှ မညည်းညူသင့်ပေ။ လူ့သဘာဝ ကင်းမဲ့ခြင်းအပြင် ဤကဲ့သို့သော လူများသည် ဤသို့ ပြုမူဆောင်ရွက်ခြင်းအတွက် စည်းမျဉ်းများကို မည်သည့်နေရာတွင် ရရှိကြသနည်း။ ၎င်းတို့၏ စည်းမျဉ်းများသည် သမ္မာတရားမှလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များမှလည်းကောင်း လာသလော။ သို့မဟုတ် လူသား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာသလော။ (လူသားဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်သည်။) စာတန်၏ အုပ်စုမှလာသည့် သူများတွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်သာမက လူအုပ်စုများအတွင်းတွင် ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူနှင့် သရုပ်သကန်များကလည်း စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် စက်ဆုပ်ဖွယ်ဖြစ်သနည်း။ ၎င်းတို့က အခြေအနေတစ်ခုကို အမြဲ ထိန်းချုပ်ချင်ကြသည်၊ အခြားလူတို့ကို ကြိုးကိုင်ညွှန်ကြားလိုကြပြီး အခြားလူတို့အား ၎င်းတို့ကို ဝန်းရံစေလိုသည့်အပြင် ၎င်းတို့ကို အဓိကကျသော ပုဂ္ဂိုလ်ဖြစ်အောင် ပြုစေလိုကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူအားလုံးထက် သာ၍ မြင့်မားသည့် နေရာတစ်ခုတွင် သိသာစွာ ထားရှိနေကြခြင်းဖြစ်ပေသည်။ ၎င်းတို့သည် အခြားသူတိုင်းကို လွှမ်းမိုးကာ ထိန်းချုပ်လိုကြသည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) မည်သူက ဤအရာကို လုပ်ဆောင်သနည်း။ (စာတန်ဖြစ်ပါသည်။) ဤသည်မှာ စာတန်လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့အား ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများထဲတွင် လူတို့အတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် အခြေအနေတစ်ခုကို ချုပ်ကိုင်ကာ လူတိုင်း၏ အတွေးများနှင့် အပြုအမူကို ထိန်းချုပ်ရန် တောင်းဆိုချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤအရာသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ လူတို့ မွေးရာပါသည့် စာတန်ဆန်သော သဘာဝတစ်ခု ဖြစ်သည်။ လူတို့သည် စာတန်များဖြစ်ပြီး ၎င်းတို့သည် မွေးကတည်းက ဤသဘာဝကို ပိုင်ဆိုင်ကြပြီးဖြစ်သည်။ ထိုအရာကို လေ့လာသင်ယူရန် ၎င်းတို့အတွက် မလိုအပ်ပေ။ ထိုအရာကို ၎င်းတို့အား သွန်သင်ပေးရန် မည်သူကိုမျှ ၎င်းတို့ မလိုအပ်သကဲ့သို့ ၎င်းတို့နှင့်အတူ သမ္မာတရားကို သင် မည်သို့ မိတ်သဟာယပြုပေးသည်ဖြစ်စေ၊ ဤအရာကို ၎င်းတို့က လက်လွှတ်မည် မဟုတ်ပေ။ လူတစ်ဦးကလည်း မိမိ၏ ဖျော်ဖြေမှုကို တင်ဆက်ရန် စင်ပေါ်သို့မတက်မီတွင် ဆံစအနည်းငယ်က နေရာတကျ သေသေသပ်သပ် မရှိဘဲ ဖွာထွက်နေခဲ့သည်။ သူ၏ အပြင်ပန်းအရ အဆင်ပြေပုံရသော်လည်း အချိန်မီ တင်ဆက်ရန် စင်မြင့်ပေါ်သို့ မတက်ခဲ့ပေ။ ညီအစ်ကို မောင်နှမများက ၎င်းကို မည်မျှ တိုက်တွန်းသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ ၎င်းက မိမိကိုယ်ကို အကျော်အမော်တစ်ဦး၊ အဓိကဒေါက်တိုင်တစ်ခုအဖြစ် သဘောထားကာ လူအားလုံးကို သူ၏ ဆံပင်အနည်းငယ်အတွက် အဖိုးအခ ပေးဆပ်စေ၍ အချိန်ကုန်စေလျက် လူတိုင်းအား သူတစ်ဦးတည်းကိုသာ အစေခံစေလေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသည့် တစ်စုံတစ်ဦးက ရှိသင့်သော သရုပ်သကန်တစ်ခု ဖြစ်သလော။ ဤလုပ်ရပ်၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် ဟိတ်ဟန်လုပ်နေခဲ့ကြခြင်း မဟုတ်လော။ ၎င်းတို့သည် တာဝန်ယူခြင်း မရှိနေခဲ့ကြသကဲ့သို့ အသိခေါက်ခက် အဝင်နက်ကြလေသည်။ ၎င်းတို့နှင့် ပတ်သက်သရွေ့ မည်သူ၏ တာဝန်မျှ ၎င်းတို့၏ တာဝန်လောက် အရေးမကြီးသကဲ့သို့ လူတိုင်းက ၎င်းတို့ကို အစေခံခဲ့ကြရသည်။ ၎င်းတို့က “ဤဆံမျှင်နှစ်ခုကို နေရာတကျ အခြောက်ခံပုံသွင်းဖို့ တစ်နေ့လုံး အချိန်ယူရမည်ဆိုလျှင် သင်တို့ ငါ့ကို တစ်နေ့လုံး စောင့်ဆိုင်းရမည်။ နှစ်ရက်ကြာမည်ဆိုလျှင် သင်တို့က နှစ်ရက်စောင့်ဆိုင်းရမည်ဖြစ်ပြီး တစ်သက်တာ အချိန်ယူရလျှင် သင်တို့က တစ်သက်တာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများက မည်သည့်အရာဖြစ်စေ ငါ၏ အကျိုးစီးပွားက ဦးစားပေးဖြစ်သည်။ ငါ၏ ဆံပင်ကို နေရာတကျ အခြောက်ခံပုံမသွင်းနိုင်လျှင် ကင်မရာရှေ့သို့ ငါ သွားသည့်အချိန်တွင် ငါ၏ ပုံရိပ်ထိခိုက်မည် မဟုတ်လော။ ငါ၏ ပုံရိပ်သည် အလွန် အရေးကြီးသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားက မပြောပလောက်”ဟု တွေးကြလေသည်။ ဤလူသည် မည်သည့်အရာမျိုးဖြစ်သနည်း။ ဤလူစားမျိုးက “ဘုရားကို ကျွန်ုပ် ချစ်သည်။ ဘုရားကို ကျွန်ုပ် သက်သေခံသည်၊ ဘုရားအတွက် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ပြီး အရာရာကို စွန့်လွှတ်သည်”ဟုလည်း ပြောမည်ဖြစ်သည်။ ဤသည်မှာ အလိမ်အညာချည်းသာ ဖြစ်သည် မဟုတ်လော။ ဆံပင်တစ်ပင် သို့မဟုတ် နှစ်ပင်ကို အခြောက်ခံပုံသွင်းခြင်းကဲ့သို့သော အရာတစ်ခုကို ၎င်းတို့က လက်မလွှတ်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လက်လွှတ်နိုင်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်နိုင်ကြသနည်း။ ၎င်းတို့၏ စွန့်လွှတ်ခြင်းအားလုံးက အတုအယောင် ဖြစ်သည်။ ဤကဲ့သို့သော လူများသည် လုံးဝ ဆင်ခြင်တုံတရားမဲ့ကြသည်။ အသိစိတ် မရှိကြသကဲ့သို့ အောက်တန်းကျသည့် အကျင့်စရိုက်ရှိကြပြီး သမ္မာတရားကို ချစ်ခြင်းနှင့်ပတ်သက်၍ သာ၍ပင် စံမမီကြပေ။ ၎င်းတို့၏ လူ့သဘာဝသည် စံမမီကြသဖြင့် မည်သူကမျှ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုကြလိမ့်မည် မဟုတ်။ ထိုအရာနှင့် ၎င်းတို့ မထိုက်တန်ကြသကဲ့သို့ ၎င်းတို့၏ အကျင့်စရိုက်သည် စံမီခြင်း မရှိပေ။ ထိုသို့သော ယုတ်ညံ့သည့် လူ့သဘာဝတစ်ခုဖြင့် ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုခြင်းသည် ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်နှင့် သမ္မာတရားအကြောင်း ပြောဆိုခြင်းကဲ့သို့ ဖြစ်မည် မဟုတ်လော။ ၎င်းတို့တွင် လူသား ပုံသဏ္ဌာန်တစ်ခုခု ရှိပြီး လူသားတစ်ဦးကဲ့သို့ စကားပြောနိုင်သည့်အခါ လူတို့က ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်းကို ပြောဆိုကြလိမ့်မည် ဖြစ်သော်လည်း ယခု ထိုအရာနှင့် ၎င်းတို့ မထိုက်တန်ကြပေ။ ဤကဲ့သို့သော လူများစွာရှိသည်၊ အတော်လေးများ၏။ သို့ဆိုလျှင် လူအချို့သည် အဘယ်ကြောင့် ဤအရာများကို မထင်ရှားစေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အခွင့်အရေးတစ်ခုကို လက်မလွှတ်တမ်း အသုံးမချကြသေးသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစနှင့် ပါရမီတို့က အလွန် သာမန်ဖြစ်ပြီး ၎င်းတို့က ထင်ရှားကျော်ကြားဖို့ အခွင့်အရေး မရှိကြသေးသည့်အပြင် အရင်းအနှီးတစ်ခုခု မရရှိကြသေးသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ ကြံစည်နေကြသောကြောင့်၊ ၎င်းတို့၏ အစီအစဉ်များက အကြံထုတ်သည့် အခြေအနေတွင် ရှိနေသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤထုတ်ဖော်ခြင်းမျိုး မပြကြသေးခြင်း ဖြစ်သည်။ သို့သော် ဤထုတ်ဖော်ခြင်းမရှိသည်မှာ ၎င်းတို့တွင် ဤသဘာဝ မရှိဟု မဆိုလိုပေ။ သင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်လျှင် ဤထုတ်ဖော်ခြင်းကို သင် လွတ်ထွက်ခွင့်ပေးမိမည့် နေ့တစ်နေ့ အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။ သင်သည် သင်ဖြစ်ပြီး လူ့သဘာဝ မရှိခြင်းက လူ့သဘာဝ မရှိခြင်း ဖြစ်သည်။ သင်သည် ဟန်ဆောင်မှုဖြင့် သို့မဟုတ် သင့်တွင် ပါရမီမရှိသည့်အပြင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိသောကြောင့် လူ့သဘာဝရှိသည့် တစ်စုံတစ်ဦး ဖြစ်မလာနိုင်ပေ။ ထို့ကြောင့် လမ်းကြောင်းတစ်ခုသာ ရှိသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ကာ ပြုပြင်ခြင်းကို လက်ခံနိုင်လျှင် ၎င်းတို့၏ အကျင့်စရိုက်က အတော်အတန် တိုးတက်နိုင်သည်။ ဤအမှန်တရားများကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ဤအမှန်တရားများကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြပြီး ထို့နောက်တွင် ၎င်းတို့ကိုယ်ပိုင် အပြုအမူနှင့် အတွင်းကျကျ စိတ်နှလုံးကို မကြာခဏ ဆန်းစစ်ကာ စစ်ဆေးနိုင်ကြသည့်အခါ ၎င်းတို့သည် ပိုကောင်းမွန်လာနိုင်ပြီး မိမိတို့ကိုယ်ကို အနည်းငယ် သာ၍ ချုပ်ထိန်းလာနိုင်ကြပေသည်။ မိမိကိုယ်ကို အနည်းငယ် ချုပ်ထိန်းခြင်းဖြင့် မည်သည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်သနည်း။ သင့်ကိုယ်သင် အလွန်များစွာ အရှက်ရစေမည်မဟုတ်။ သင်၏ ဂုဏ်သတင်းသည် အနည်းငယ် သာ၍ ကောင်းမွန်လာလိမ့်မည်။ လူတို့က သင့်ကို စက်ဆုပ်ကြမည်မဟုတ်။ ဘုရားသခင်က သင့်ကို မုန်းတီးစက်ဆုပ်မည် မဟုတ်သကဲ့သို့ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရနိုင်သည့် အခွင့်အရေးတစ်ခု ရှိနိုင်သေး၏။ ဤသည်မှာ လူသားတစ်ဦး ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံး ဆင်ခြင်တုံတရား မဟုတ်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည့် တစ်စုံတစ်ဦးအတွက် ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ရန် လွယ်ကူသည် မဟုတ်လော။

ထိုသို့သော လူများအကြောင်းကို သင်တို့အား ငါပြောနေသည်ကို သင်တို့ ကြားသည့်အခါ သင်တို့ အတော်ပင် စိတ်အေးလက်အေး ဖြစ်သော်လည်း သင်တို့ထဲမှ လူအချို့အကြောင်းကို ငါ ပြောလျှင် သင်တို့ မည်သို့ ခံစားကြမည်နည်း။ ပုံမှန် တုံ့ပြန်ကြမည်လော။ သင့်ကို ငါ ပြောမည်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်လိုလျှင် စမ်းသပ်မှု တစ်ခုပြီးတစ်ခု သင် အောင်မြင်ရမည်။ ဤကိစ္စရပ်များကို လျှော့မတွက်နှင့်။ သင်၏ လူ့သဘာဝက စံမမီလျှင် ညီအစ်ကို မောင်နှမများက သင့်ကို စက်ဆုပ်ကြလိမ့်မည်သာမက ဘုရားကလည်း သင့်ကို စုံလင်အောင် ပြုလိမ့်မည်မဟုတ်၊ ကယ်တင်လိမ့်မည် မဟုတ်။ ဘုရားသခင်က တစ်စုံတစ်ဦးကို ကယ်တင်ရန်အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်များမှာ ထိုလူက လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ် ပိုင်ဆိုင်ရမည်ဖြစ်ပြီး အရှက်တရားကို သိရမည်ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်ရှေ့သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို ကြားသည့်အခါ ဘုရားသခင်က ၎င်းတို့ကို အလင်းပေး၊ ဦးဆောင်ကာ လမ်းပြလိမ့်မည်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရား သို့မဟုတ် ရှက်စိတ်တစ်ခု မရှိသည့် လူတို့သည် ဘုရားသခင် ရှေ့သို့လာရန် အစဉ်ထာဝရ အရည်အချင်း ပြည့်မီကြလိမ့်မည် မဟုတ်။ သင်သည် တရားဒေသနာများကို နားထောင်ပြီး အယူဝါဒအချို့ကို သိလျှင်ပင် ဉာဏ်အလင်းပေးခံရလိမ့်ဦးမည် မဟုတ်သောကြောင့် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ အစဉ်ထာဝရ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် မဝင်ရောက်နိုင်လျှင် သင်၏ ကယ်တင်ခြင်း ရရှိဖို့ မျှော်လင့်ချက်များက သုညဖြစ်သည်ကို သဘောပေါက်ရန် များစွာမလိုအပ်ပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကိုသာ သင် ပိုင်ဆိုင်ပြီး ဘုရားသခင်က သင့်ထံတွင် ရှိဖို့ တောင်းဆိုသည့် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုမျှ မရှိလျှင် သင်သည် ကြီးမားသည့်အန္တရာယ် ရှိပေသည်။ သင်သည် အန္တိခရစ်တို့၏ လုပ်ရပ်များနှင့် ထုတ်ဖော်ခြင်းများအပါအဝင် ငါဖော်ထုတ်နေသည့် အန္တိခရစ်တို့၏ ဤသရုပ်သကန်များ၊ အနှစ်သာရများ တစ်ခုချင်းစီတိုင်းကို သင်ကိုယ်တိုင်နှင့် တန်းညှိကြည့်နိုင်လျှင်၊ ယင်းတို့ကို သင် အတိုင်းအတာ အနည်းနှင့်အများဆိုသလို ပိုင်ဆိုင်လျှင် ဤသည်မှာ သင့်အတွက် အလွန်အန္တရာယ်ရှိပေသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခံရသည်အထိ စောင့်ဆိုင်းနေလျှင် သင် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်။ မည်သည့်အရာသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သနည်း။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိခြင်းလော။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းဖြစ်သည်။) ဟုတ်သလော။ (ဟုတ်ပါသည်။) ထိုအရာကို သေချာစွာ စဉ်းစားပြီးနောက် တစ်ဖန် ဖြေလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိခြင်း နှစ်ခုလုံးက သေစေနိုင်သော ရောဂါဖြစ်သည်။) ယင်းမှာ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော သူတို့အတွက်လည်း အလားတူပင် ဖြစ်သည်။ မည်သည့်ပြဿနာကို ၎င်းတို့ ကြုံရသည်ဖြစ်စေ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသောလူတို့သည် သမ္မာတရား လိုက်စားခြင်းကို လုံးဝ အာရုံမစိုက်ကြသကဲ့သို့ ၎င်းတို့တွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား အနိမ့်ဆုံးအဆင့်ပင် မရှိကြချေ။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြသကဲ့သို့ ကယ်တင်ခြင်းကိုလည်း မရရှိနိုင်ကြပါ။ ဤသည်မှာလည်း သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။) အခြားမည်သူ ပြောလိုသနည်း။ (ကျွန်ုပ်၏ သိနားလည်မှုမှာ ဤအရာနှစ်ခုထဲမှ မည်သည့်အရာမျှ သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရားကို မလိုက်စားလျှင် ယင်းမှာ သေစေနိုင်သော ရောဂါဖြစ်သည်။) ဤသည်မှာ ထိုအရာနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်တစ်ခုဖြစ်သည်။ သို့သော် ဤအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ အန္တိခရစ်၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သော ထိုလူတို့သည် သမ္မာတရားကို တကယ် မလိုက်စားကြ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ခြင်းသည် အန္တရာယ်အများဆုံးသော အရာဖြစ်သည်။ အန္တိခရစ်၏ အနှစ်သာရအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူများက သမ္မာတရားကို တကယ် မလိုက်စားကြဟု ဆိုလိုသည်။ ၎င်းတို့က အဆင့်အတန်းကိုသာ လိုက်စားကြသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ အန္တိခရစ်များ ဖြစ်ကြသည်။ စာတန်၏ ပြယုဂ်ဖြစ်သည်။ ၎င်းတို့သည် မွေးကတည်းက နတ်ဆိုးများဖြစ်ကြသည်။ လူ့သဘာဝ မရှိကြ။ ရုပ်ဝါဒီများဖြစ်ကြသည်။ ၎င်းတို့က စံပြ မယုံကြည်သူများဖြစ်ကြပြီး ထိုသို့သော လူများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ “သမ္မာတရားကို အလွန်အမင်း မနှစ်မြို့”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြ၊ ဘုရားသခင်က အရာခပ်သိမ်းနှင့် အရာရာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဟူသည့် အချက်ကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသည့် အချက်ကိုပင် ၎င်းတို့က အသိအမှတ်မပြုကြပေ။ ထို့ကြောင့် ထိုသို့သော လူများကို သမ္မာတရား လိုက်စားရန် အခွင့်အရေးပေးသည့်အခါ ထိုအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) သမ္မာတရားကို ၎င်းတို့ မလိုက်စားနိုင်ကြသောကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရား၏ ရန်သူများနှင့် ဘုရားသခင်၏ ရန်သူများ အစဉ်ထာဝရ ဖြစ်ကြသောကြောင့်လည်းကောင်း သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို အစဉ်ထာဝရ မရရှိနိုင်ခြင်းသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ ပြီးလျှင် အန္တိခရစ် စိတ်သဘောထားရှိသူ အားလုံးသည် အန္တိခရစ် အနှစ်သာရရှိသူများနှင့် စိတ်သဘောထားတွင် တူညီသော အချက်များ ရှိကြပြီး ၎င်းတို့၌ တူညီသော သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများ ရှိကြသည့်အပြင် ဤသရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများကို ၎င်းတို့ ဖော်ပြသည့် နည်းလမ်းများ၊ တွေးခေါ်ပုံစံများနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများပင်လျှင် အားလုံး တစ်ထပ်တည်းကျကြလေသည်။ သို့ရာတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်သူတို့အတွက်မူ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်သည်ဟူသည့်အချက်ကို အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ မလိုက်စားသရွေ့ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်လာပြီး ၎င်းတို့၏ အဆုံးသတ်က အန္တိခရစ်၏ အနှစ်သာရ ပိုင်ဆိုင်သောသူတို့၏ အဆုံးသတ်နှင့် တူညီလိမ့်မည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့တိုင် ကံအားလျော်စွာပင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်သည့်သူအချို့၊ အပြုသဘောဆောင်သည့် အရာများကိုချစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် သတ်မှတ်ချက်များ ပိုင်ဆိုင်သူအချို့ ရှိလေသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားကြသောကြောင့် ဤလူများသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကြသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကြပြီး ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားကို ဖယ်ရှားကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်တော့သည့်အပြင် ၎င်းတို့အနေဖြင့် ကယ်တင်ခံရမည့် ဖြစ်နိုင်ချေတစ်ခု ရှိလေသည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်ခြင်းက သေစေနိုင်သော ရောဂါတစ်ခုဖြစ်သည်ဟု မည်သည့်အခြေအနေတွင် ပြော၍ရသနည်း။ ဤအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ ဤလူများက ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင် ပြောသည့် အရာရာတိုင်းကို ယုံကြည်ပြီး အသိအမှတ်ပြုကြကာ မိမိတို့တာဝန်များကို လုပ်ဆောင်နိုင်ကြသော်လည်း မှားနေသောအရာတစ်ခု ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်၊ သို့မဟုတ် မလိုက်စားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သောအရာ ဖြစ်လာပြီး ထိုအရာက ၎င်းတို့၏ အသက်ကို နုတ်ယူနိုင်သည်။ အန္တိခရစ်၏ အနှစ်သာရရှိသည့် လူတို့နှင့် ပတ်သက်လာသည့်အခါ အခြေအနေများ မည်သို့ရှိသည်ဖြစ်စေ ဤလူများအနေဖြင့် သမ္မာတရားကို ချစ်ရန်၊ သို့မဟုတ် သမ္မာတရားကို လက်ခံရန်မှာ မဖြစ်နိုင်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရရှိနိုင်ကြပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သင် နားလည်၏။ ငါ့ကို ပြန်ပြောလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောလူတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်သည့်လူများ သို့မဟုတ် လက်ခံနိုင်သည့် လူများ လုံးဝ မဟုတ်ကြသကဲ့သို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ ရရှိရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အတွက် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ အန္တိခရစ်၏ စိတ်သဘောထားကို ပိုင်ဆိုင်သည့် လူအချို့အတွက်မူ လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်ပြီး အပြုသဘောဆောင်သည့် အရာများကို ချစ်ကာ သမ္မာတရားကို လိုက်စားပြီးနောက် သမ္မာတရားကို လိုက်စားခြင်းမှတစ်ဆင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု စွမ်းဆောင်ရရှိသည်ဟူသည့် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်နှင့်အတူ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်နေကြခြင်းဖြင့် ၎င်းတို့အတွက် မိမိတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်။ ဤအရာအားလုံးကို လူတို့၏ အနှစ်သာရနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းအားလုံးက ဆုံးဖြတ်ပါသည်။) ဆိုလိုသည်မှာ အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့အတွက် သမ္မာတရားကို တစ်ကြိမ်တစ်ခါ လိုက်စားရန်မှာ မဖြစ်နိုင်သည့်အပြင် ကယ်တင်ခြင်းကို လုံးဝ မရရှိနိုင်ပေ။ အန္တိခရစ်၏ စိတ်သဘောထား ရှိသော လူတို့ကိုမူ နှစ်မျိုးနှစ်စားအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည်။ တစ်မျိုးက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရရှိနိုင်ကာ တစ်မျိုးမှာ သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ ကယ်တင်ခြင်း မရရှိနိုင်ပေ။ ကယ်တင်ခြင်း မရရှိနိုင်သည့်သူများမှာ အလုပ်လုပ်ပေးသူများချည်းသာ ဖြစ်သည်။ အချို့သော သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူများက ကျန်ရှိနိုင်ပြီး ၎င်းတို့သည် မတူကွဲပြားသည့် ရလဒ်တစ်ခု ကြုံရနိုင်ချေရှိသည်။

အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်း မရရှိနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူများက သမ္မာတရားကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ အပြုသဘောဆောင်သည့် အရာများရှိသည်ကို ဤလူများက အသိအမှတ်မပြုကြသကဲ့သို့ အပြုသဘောဆောင်သည့်အရာများကို မချစ်ကြပေ။ ထိုအစား ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည့်အရာများနှင့် အပျက်သဘောဆောင်သည့် အရာများကို ချစ်ကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သည့် အရာအားလုံး၏ ပြယုဂ်ဖြစ်၍ အပျက်သဘောဆောင်ကာ ကောက်ကျစ်ဆိုးယုတ်သည့် အရာအားလုံးကို ဖော်ပြသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ။ သမ္မာတရားကို ရန်လိုကာ မုန်းတီးကြသည်။ ထိုသို့သော အနှစ်သာရတစ်ခုဖြင့် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ (မလိုက်စားနိုင်ကြပါ။) ထို့ကြောင့် ဤလူများကို သမ္မာတရား လိုက်စားစေရန် မဖြစ်နိုင်ချေ။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်အမျိုးအစားအဖြစ်သို့ ပြောင်းလဲရန် ဖြစ်နိုင်သလော။ ဥပမာအနေဖြင့် ကြောင်တစ်ကောင်ကို ခွေး သို့မဟုတ် ကြွက်တစ်ကောင်အဖြစ်သို့ ပြောင်းရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ကြွက်တစ်ကောင်သည် တွင်းများထဲတွင် မကြာခဏ ပုန်းအောင်းကာ အရိပ်များထဲတွင် အသက်ရှင်လျက် အမြဲ ကြွက်တစ်ကောင်သာ ဖြစ်လိမ့်မည်။ ကြောင်တစ်ကောင်သည် ကြွက်တစ်ကောင်၏ သဘာဝရန်သူ အစဉ်သဖြင့် ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ပြောင်းလဲ၍မရပေ။ ဤအရာ လုံးဝ မပြောင်းလဲနိုင်ပေ။ သို့တိုင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူအချို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားရန် အရာရာကို ပေးဆပ်ဖို့ လိုလားနေသည့်သူအချို့ ရှိပေသည်။ ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို ၎င်းတို့က လက်တွေ့လုပ်ဆောင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဦးဆောင်သည်ဖြစ်စေ ၎င်းတို့ လိုက်လျှောက်ကြသည်။ ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းနှင့် လုံးဝ ကိုက်ညီပြီး ဘုရားသခင် ညွှန်ပြသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ လိုက်စားကြလေသည်။ အခြားသူများမှာမူ သမ္မာတရားကို မလိုက်စားခြင်းမှလွဲ၍ ၎င်းတို့သည်လည်း အန္တိခရစ်၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဤလူတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သဘောပေါက်ရန် သိပ်မလိုအပ်ပေ။ ၎င်းတို့က သမ္မာတရားကို ရရှိကြလိမ့်မည် မဟုတ်သည်သာမက ကယ်တင်ခံရမည့် အခွင့်အရေးလည်း ဆုံးရှုံးကြလိမ့်မည် ဖြစ်သည်။ ဤလူများက သနားစဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးများပေးကာ သမ္မာတရား၊ အသက်နှင့်လည်း ထောက်ပံ့ပေးသော်လည်း ဤအရာများကို ၎င်းတို့က မြတ်နိုးတန်ဖိုးထားခြင်း မရှိသကဲ့သို့ စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းကို မလိုက်လျှောက်ကြပေ။ ၎င်းတို့က ကယ်တင်ခံရမည့် အခွင့်အရေး ဆုံးရှုံးသည်မှာ ဘုရားသခင်က လူအချို့ကို အခြားလူများထက် မျက်နှာသာပေးခြင်း မဟုတ်သည့်အပြင် ဤလူများကို အခွင့်အရေးများ မပေးခြင်းကြောင့် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က ဤအခွင့်အရေးများကို မြတ်နိုးတန်ဖိုးထားခြင်း မရှိသောကြောင့် သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သောအရာ ဖြစ်လာပြီး ၎င်းတို့၏ အသက်များကို ဆုံးရှုံးဖို့ ဖြစ်စေသည်။ အချို့သော အယူဝါဒများကို နားလည်ခြင်းနှင့် အချို့သော အပြင်ပန်း လုပ်ရပ်များ၊ ကောင်းမွန်သည့် အပြုအမူများကို ဖော်ပြခြင်းသည် ဘုရားသခင်က ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားနှင့်ဆိုင်သည့် ကိစ္စကို စစ်ဆေးမည် မဟုတ်ကြောင်း၊ ထိုအရာကို ၎င်းတို့ ဖုံးကွယ်နိုင်ကြောင်းနှင့် သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင် သိနားလည်မှု၊ နည်းစနစ်များ၊ အလိုဆန္ဒများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြောင်းကို ဆိုလိုသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အဆုံးတွင် ၎င်းတို့ကို ဘုရားသခင်က မည်သည့်အခွင့်အရေးများ ပေးသည်ဖြစ်စေ၊ ၎င်းတို့၏ကိုယ်ပိုင် လမ်းကြောင်းကိုသာ မရမက ဖက်တွယ်ကြသည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို အစကတည်းက ထိုသို့သတ်မှတ်ခဲ့သောကြောင့် ၎င်းတို့က ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြသည်မဟုတ်။ ဘုရားသခင်က အစတွင် မည်သည့် သတ်မှတ်ချက်မျှ မပေးပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ၏ ရန်သူများ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည့် လူများ မဟုတ်ဘဲ ထို့ထက် စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများသာ ဖြစ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားမည်မျှ ဖော်ပြသည်ဖြစ်စေ ၎င်းတို့က မိမိတို့၏ လိုက်စားမှုတွင် သမ္မာတရားအတွက် ကြိုးပမ်းခြင်း မရှိကြသေးချေ။ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ၎င်းတို့ ခြေချနိုင်ရမည့်အစား အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လိုက်လျှောက်ကြပြီး နောက်ဆုံးတွင် ကယ်တင်ခံရမည့် ၎င်းတို့၏ အခွင့်အရေး ဆုံးရှုံးသွားသည်။ ယင်းမှာ ဝမ်းနည်းစရာတစ်ခု မဟုတ်လော။ အင်မတန် ဝမ်းနည်းစရာတစ်ခု ဖြစ်သည်။ ဤလူများက အလွန် သနားစဖွယ်ဖြစ်ကြသည်။ အဘယ်ကြောင့် သနားစဖွယ်ဖြစ်ကြသနည်း။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ကြပြီး သမ္မာတရားကို နားလည်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အဖိုးအခအနည်းငယ် ပေးပြီး အပြုအမူကောင်းတစ်ခုခု ဖော်ပြကြကာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်သည်။ ၎င်းတို့တွင် ပါရမီ၊ အစွမ်းအစနှင့် ဆုကျေးဇူးအချို့ရှိကာ အချို့သော စကားလုံးများနှင့် အယူဝါဒများ ပြောဆိုနိုင်ကြသည်၊ အလုပ်တစ်ခုခုကို လုပ်နိုင်ကြသည်၊ အထူးတာဝန်အချို့ကို ထမ်းဆောင်နိုင်ကြပြီး ၎င်းတို့က အသက်ကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဆင်းရဲဒုက္ခ အနည်းငယ်ကို ၎င်းတို့ ခါးစည်းခံနိုင်ကာ အဖိုးအခ အနည်းငယ် ပေးနိုင်ပြီး ဘုရားသခင်ကို ၎င်းတို့က ကျိုးနွံနာခံနိုင်သည့်အပြင် ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သည်ဟု တလွဲတွေးကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အစားထိုးရန် ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်း၊ ၎င်းတို့၏ ဆုကျေးဇူးများ၊ မိမိတို့ကိုယ်ကို ပြင်ဆင်ထားသည့်စကားလုံးများနှင့် အယူဝါဒများကို အသုံးပြုကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အကြီးမားဆုံး ပြဿနာ၊ ၎င်းတို့၏ သေစေနိုင်သော အားနည်းချက် ဖြစ်သည်။ ထိုအရာက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ် အစပြုနှင့်ပြီးသားဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ကို ၎င်းတို့ ပိုင်ဆိုင်ပြီးသား ဖြစ်သည်ဟူ၍လည်းကောင်း တလွဲ ယုံကြည်စေသည်။ မည်သို့ဆိုစေ အဆုံးတွင် ဤလူများက ကယ်တင်ခြင်း မရရှိနိုင်လျှင် ၎င်းတို့တွင် ၎င်းတို့ကိုယ်တိုင်မှလွဲ၍ အပြစ်တင်စရာ မည်သူမျှ မရှိပေ။ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို အာရုံမစိုက်သောကြောင့်၊ သမ္မာတရားကို မလိုက်စားသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ရန် အလိုလားဆုံးဖြစ်ကြသောကြောင့် ဖြစ်သည်။

ယခုတွင် တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် အယူဝါဒက မည်သည့်အရာဖြစ်သည်ကို မသိသေးသည့် လူအချို့ ရှိသည်။ ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့် ပြောဆိုသမျှသည် အနှစ်မဲ့သော အယူအဆများ၊ အခြားသူများကို ဩဝါဒခြွေသည့် စကားများ၊ အနှစ်မပါသော ကြွေးကြော်သံများချည်းသာ ဖြစ်ပြီး အတိတ်က မိမိတို့ မည်သို့ ဒုက္ခခံ၍ အဖိုးအခ ပေးဆပ်ခဲ့ရသည်ကို ပြောဆိုကာ မိမိတို့၏ ဝါရင့်မှုကို ထုတ်ဖော်ကြွားဝါကြလေသည်။ မိမိကိုယ်ကို သိသည့်အသိအကြောင်း၊ ပြုပြင်ခြင်းကို ၎င်းတို့ လက်ခံပုံ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြပုံ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ၎င်းတို့ ပြိုင်ဆိုင်ကြပုံ သို့မဟုတ် ၎င်းတို့တွင် မည်သည့် အန္တိခရစ် စိတ်သဘောထားနှင့် ဆိုင်သော ထုတ်ဖော်ခြင်းများ ရှိသည်ဟူသည်တို့ကို လုံးဝ မပြောဆိုကြပေ။ ဤအရာများအကြောင်းကို ၎င်းတို့က မည်သည့်အခါတွင်မျှ မပြောဆိုကြပေ။ ၎င်းတို့၏ ပံ့ပိုးမှုများအကြောင်းကိုသာ ၎င်းတို့ ပြောဆိုကြပြီး ၎င်းတို့၏ ပြစ်မှားမှုများအကြောင်းကို မပြောကြပေ။ ဤလူများသည် ကြီးမားသည့် အန္တရာယ်ရှိကြသည် မဟုတ်လော။ လူအချို့သည် တရားဒေသနာများကို အနှစ် ၂၀ သို့မဟုတ် အနှစ် ၃၀ ကြာ နားထောင်နေခဲ့ကြပြီး သမ္မာတရား လက်တွေ့ကျမှုက မည်သည့်အရာ ဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းက မည်သည့်အရာကို ဆိုလိုသည်ဟူသည်ကို မသိကြသေးပေ။ ထို့ကြောင့် ဤလူများတွင် ဘုရားနှုတ်ကပတ်တော်များကို နားလည်ရန် အစွမ်းအစများ ရှိကောင်းမရှိနိုင်ဟု ငါ သံသယရှိသည်။ တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက်တွင် ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း ၎င်းတို့တွင် အဆင့်အတန်း မရှိသည့်အခါ အပျက်သဘောဆောင်ကြဆဲဖြစ်ပြီး တစ်ကိုယ်တည်း ငိုကြွေးကာ ညည်းညူကြလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ အလုပ်ကိုပင် စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သည်။ တရားဒေသနာများကို အနှစ် ၃၀ ကြာ နားထောင်ပြီးနောက် ၎င်းတို့ ဖြုတ်ချခံရသည့်အခါ စိတ်ကောက်တတ်ကာ ကျိုးကြောင်းမသင့် ဖြစ်နိုင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီးနောက်တွင် မည်သည့်အရာကို ၎င်းတို့ နားလည်ကြလေပြီနည်း။ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးသည့်နောက်တွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးလျှင် ၎င်းတို့က အချည်းနှီး ယုံကြည်ခဲ့ကြခြင်း ဖြစ်လေပြီ မဟုတ်လော။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော ယုံကြည်ခြင်းတစ်ခုဟု ခေါ်သည့်အရာ ဖြစ်သည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။