အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅) အခန်း နှစ်

အကြောင်းအရာ ၂- နိုင်ငံရပ်ခြားမသွားနိုင်ခြင်းကြောင့် မကျေမချမ်းဖြစ်ခြင်း

တရုတ်ပြည်မတွင် ငါ အလုပ်လုပ်နေခဲ့ချိန်တွင် ငါတို့နှင့်အတူ နိုင်ငံခြားသွားနိုင်မည်ဟု တွေးထင်ပြီး ထိုအရာနှင့်ပတ်သက်၍ အလွန်ဝမ်းသာနေခဲ့သည့် ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ သူက “ငါ နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ ဘုရားနှင့်ပတ်သက်သည့် ကြီးစွာသော ကောင်းချီးများကို နောက်ဆုံးတွင် ငါ မွေ့လျော်နိုင်ပြီ။ ယခင်က ဘုရားနှင့်ပတ်သက်၍ ငါ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။ ယနေ့တွင် နောက်ဆုံး၌ ငါ ဆုလာဘ်ချီးမြှင့်ခြင်း ခံရလေပြီ။ ဤအရာနှင့် ငါ ထိုက်တန်သည်။ အနည်းဆုံးအနေဖြင့် ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး များစွာသော ဆင်းရဲဒုက္ခများစွာကို ငါ တွေ့ကြုံရပြီးဖြစ်သည်။ ထို့ကြောင့် ဤကောင်းမွန်သည့်အရာကို ကြုံကြိုက်ရသည့်အခါ ငါ ပါဝင်သင့်သည်။ ဤလိုချင်ဖွယ်သော အရာကို ငါ မွေ့လျော်ခံစားရသင့်သည်”ဟု တွေးခဲ့သည်။ ဤသည်မှာ သူ တွေးခဲ့သည့်အရာ ဖြစ်သည်။ သို့သော် သူနှင့်အတူ အချိန်ကာလတစ်ခုကြာ ရင်းနှီးပြီးသည့်နောက်တွင် သူ ပြောဆို၊ လုပ်ဆောင်သည့်အရာများ၌ သူသည် စည်းမျဉ်းနှင့်မညီကြောင်း၊ သူ့ထံတွင် ကောင်းမွန်သည့် လူ့သဘာဝမရှိကြောင်း၊ ကောင်းချီးခံစားရဖို့ သူ၏ ကြံရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အတော်လေး အားကောင်းပြီး သူသည် တစ်ခါတစ်ရံ ပြုပြင်ခြင်းခံရန် လိုအပ်ကြောင်းတို့ကို ငါ သတိထားမိခဲ့သည်။ အကြိမ်အချို့ ပြုပြင်ခံရပြီးနောက်တွင် သူက “ယခုအခါတွင် ဤကိစ္စ၌ ငါတော့ သွားပေပြီ။ အထက်က ငါ့ကို ရိပ်စားမိပြီဖြစ်ပြီး နိုင်ငံခြားသွားဖို့ တစ်ဖန် မပြောကြလေပြီ။ ငါ နိုင်ငံခြားသို့ သွားရမည့် မျှော်လင့်ချက် မရှိသည့်ပုံရသည်”ဟု တွေးမိလေသည်။ သူသည် ဤအရာများကို သူ၏ စိတ်နှလုံးတွင် စဉ်ဆက်မပြတ် ပြန်ပြောင်းတွေးနေမိခဲ့သည်။ အမှန်တွင် သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း၊ နိုင်ငံခြားသွားရန် အခြေခံအားဖြင့် မသင့်တော်ကြောင်းနှင့် နိုင်ငံခြားသို့ သွားခဲ့လျှင်ပင် မည်သည့်အလုပ်ကိုမျှ သူ လုပ်နိုင်မည် မဟုတ်ကြောင်းကို ငါတို့ မြင်နိုင်ခဲ့သောကြောင့် ထိုအကြောင်းကို သူနှင့် မပြောခဲ့ကြပေ။ သူ့တွင် နိုင်ငံခြားသွားရမည့် မျှော်လင့်ချက်မရှိဟု သူ ခံစားရသောကြောင့် အခြားအစီအစဉ်များကို သူ စလုပ်ခဲ့သည်။ တစ်နေ့တွင် သူသည် အပြင်ထွက်သွားပြီး လုံးဝ ပြန်မလာတော့ပေ။ “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး အလုပ်အချို့ကို လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင် သင်တို့က နိုင်ငံခြား သွားနေကြသော်လည်း သင်တို့နှင့်အတူ သွားဖို့ ကျွန်ုပ် အရည်အချင်းမရှိပါ။ နောက်နေ့များတွင် ဤအရာအတွက် ကျွန်ုပ်ပြေရာပြေကြောင်း ပြုရင်း အချိန်ကုန်ဆုံးပါမည်။ ဘုရားသခင်က ကျွန်ုပ်ကို အလွန် မုန်းတီးသောကြောင့် သူ့ကို ကျွန်ုပ် စွန့်ခွာမည်။ သူ မုန်းတီးသည့်သူတစ်ဦးကို ကျွန်ုပ် မြင်စေမည် မဟုတ်ပါ။ ကျွန်ုပ် ပုန်းနေလိုက်ပါမည်”ဟု ပြောထားသည့် စာတစ်စောင်ကိုသာ သူ ချန်ခဲ့သည်။ ဤစကားလုံးများက အဓိပ္ပာယ် ရှိသည့်ပုံပေါ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ကြီးမားသည့် ပြဿနာ မရှိသည့်ပုံပေါက်သည်။ ဆက်လက်၍ သူက “ကျွန်ုပ်မွေးကတည်းက ဤပုံစံသာ ဖြစ်ခဲ့သည်။ ကျွန်ုပ် မည်သူနှင့် နေသည်ဖြစ်စေ အသုံးချခံရသည်။ အခြားသူများနှင့်အတူ ကျွန်ုပ် ဆင်းရဲဒုက္ခကို ခံစားရသော်လည်း ၎င်းတို့နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရခြင်း မရှိပါ”ဟု ပြောလေသည်။ ဤအရာအားဖြင့် မည်သည့်အရာကို သူ ဆိုလိုသနည်း။ (သူသည် ဘုရားသခင်၏ အသုံးချခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပါသည်။) ယင်းမှာ သူ အတိအကျ ဆိုလိုသည့်အရာဖြစ်သည်။ အထူးသဖြင့် သူက “မည်သူနှင့် ကျွန်ုပ် နေသည်ဖြစ်စေ ထိုသူနှင့်အတူ ဆင်းရဲဒုက္ခကိုသာ ကျွန်ုပ် ခံစားရသည်။ ထိုသူနှင့်အတူ ကောင်းချီးများကို ကျွန်ုပ် မမွေ့လျော်ရပါ”ဟု ပြောသည့်အခါတွင် သူ ဆိုလိုသည့်အရာမှာ “ကျွန်ုပ်သည် သင်တို့နှင့်အတူ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်ကာ အရဲစွန့်ရခြင်းများစွာကို တာဝန်ယူရပြီးဖြစ်သည့်တိုင် သင်တို့နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရမည့် အချိန်ရောက်သည့်အခါ သင်တို့က မလိုမလား ဖြစ်နေကြသည်”ဟူ၍ ဖြစ်ပေသည်။ ဤစကားများကို ပြောခြင်းဖြင့် သူသည် ညည်းညူနေခြင်းဖြစ်ပြီး ဤကိစ္စ၏ အကျိုးဆက်အဖြစ် သူ့အထဲတွင် မကျေမချမ်းမှုက ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။ သူ၏ နှုတ်ဖြင့် သူက “ဘုရားသည် ကျွန်ုပ်ကို စက်ဆုပ်မုန်းတီးသည်။ ဘုရားကို ကျွန်ုပ် စွန့်ခွာမည်။ သူ့ကို ကျွန်ုပ် စက်ဆုပ်မှု ခံစားစေမည်မဟုတ်ပါ”ဟု ဆိုသော်လည်း သူ၏ စိတ်နှလုံးတွင် သူသည် အမှန်တကယ် မကျေမချမ်း ဖြစ်လေသည်။ “သင်တို့သည် ကောင်းချီးများ မွေ့လျော်ခံစားရန် နိုင်ငံခြားသို့ သွားနေကြခြင်းဖြစ်ပြီး ကျွန်ုပ်ကို ဖယ်ရှားချင်နေကြသည်”ဟူ၍ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ငါတို့ သူ့ကို ပြုပြင်ခဲ့သည်မှာ သမ္မာတရားကို သူ မလိုက်စားခဲ့သောကြောင့် သို့မဟုတ် သူ ပြောဆို၊ လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းနှင့်မညီသောကြောင့် မဟုတ်ဘဲ သူ့ကို ဖယ်ရှားချင်သောကြောင့် ဖြစ်သည်ဟု သူက တွေးထင်ခဲ့သည်။ သူ့ထံတွင် ပြဿနာတစ်ခု ရှိခဲ့သည်ကို သူ နားမလည်ခဲ့ပေ။ ထိုအစား သူက “ငါသည် သင်နှင့်အတူ ဆင်းရဲဒုက္ခ ခံစားခဲ့သည်။ ထို့ကြောင့် သင်နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရသင့်သည်။ သင်သည် ငါ့ကို နိုင်ငံတော်ထဲသို့ လုံးဝ ဝင်ရောက်ခွင့်ပေးရမည်ဖြစ်ပြီး နိုင်ငံတော်သားများထဲမှ တစ်ဦး ဖြစ်လာခွင့်ပေးရမည်။ ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်သည် ငါ့ကို မည်သည့်အခါတွင်မျှ မစွန့်ပစ်သင့်ပါ”ဟု တွေးလေသည်။ ဤသည်မှာ သူ တွေးခဲ့သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစဉ်းစားခြင်း နည်းလမ်း၏ အနှစ်သာရမှာ အဘယ်နည်း။ (ထိုအရာသည် သရဖူတစ်ခုအတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်နှင့် အပေးအယူတစ်ခု ပြုလုပ်ရန် ကြိုးစားခဲ့ချိန်က ပေါလုကဲ့သို့သော အနှစ်သာရ ဖြစ်သည်။) ယင်းမှာ မှန်ပေသည်၊ ပေါလု၏ အနှစ်သာရဖြစ်သည်။ သူသည် သရဖူတစ်ခုရကာ ကောင်းချီးခံစားရဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်၊ ဘုရားသခင်နောက် လိုက်ခဲ့သည်၊ ဆင်းရဲဒုက္ခကို ခံစားခဲ့ပြီး အဖိုးအခတစ်ခု ပေးခဲ့သည်။ သူသည် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် ဘုရားသခင်နှင့် အပေးအယူများကို ဆောင်ရွက်ရန်သာ ကြိုးစားခဲ့သည်။ အပေးအယူမဖြစ်လျှင် သူသည် ကောင်းချီးမခံစားရသည့်အပြင် မမျှမတဆက်ဆံခံရသည်ဟု ခံစားရလျှင် သူသည် ဒေါသထွက်လာသည်၊ ကိစ္စတစ်ခုလုံးက သေချာပေါက် ဖြစ်လမ်းမရှိသော ကိစ္စတစ်ခုဖြစ်သည်ဟု ခံစားရပြီး ဂရုမစိုက်ဘဲ ဇွတ်လုပ်ပြီး သူ၏ စိတ်နှလုံးတွင် မကျေမချမ်းမှု ဖြစ်ပေါ်လေသည်။ ဤသည်တို့မှာ သူ စကားပြောစဉ် ပြသခဲ့သည့် အရာများဖြစ်သည်။ ဤလူသည် ဆက်လက်၍ မည်သည့်အရာကို လုပ်ဆောင်သနည်း။ နောက်ပိုင်းတွင် ဤလူသည် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပြီး ငယ်ရွယ်သော အမျိုးသမီးအချို့ကို သူ့အား ဝန်းရံစေခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဟု သူ မပြောခဲ့သော်လည်း သူသည် သူ၏ တာဝန်ကို မထမ်းဆောင်ခဲ့သည့်အပြင် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ခဲ့ပေ။ သူသည် အနည်းငယ် ပြုပြင်ခံရရုံဖြင့် ဘုရားသခင်နောက် လိုက်ဖို့ သူ၏ အခွင့်အရေးကို စွန့်လွှတ်ပြီးနောက် စီးပွားရေးလုပ်ငန်း သွားလုပ်မည်ဟု မည်သူကမျှ မတွေးဖူးခဲ့ပေ။ သူ၏ ဒေါသထွက်သော ပြောဆိုပြုမူပုံနှင့် ယခင်က သူ့ကိုယ်သူ ပြခဲ့သည့် ပုံစံတို့မှာ မတူကွဲပြားသော လူနှစ်ဦးကဲ့သို့ ဖြစ်လေသည်။ ဤသည်မှာ သူ၏ သဘာဝက သူ့ဘာသာ ပေါ်လာခြင်းဖြစ်သည်။ ယခင်က သင့်တော်သည့် အခြေအနေ မရှိခဲ့သောကြောင့် ဤအရာကို မလုပ်ခဲ့ခြင်းသက်သက် ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ နောက်ထပ် ရှုထောင့်တစ်ခုမှာ သူသည် မိမိ၏ ပကတိအခြေအနေကို ဖုံးကွယ်ထားခဲ့သည်၊ ယင်းမှာ သူမဟုတ်သည့်ပုံစံ ဟန်ဆောင်ခဲ့ပြီး ထိုအရာကို မလုပ်ဆောင်ရန် ချုပ်တည်းထားခဲ့သည်။ သင်သည် အမှန်တကယ် လူကောင်းတစ်ဦးဖြစ်လျှင် မည်သည့် အခြေအနေကို သင် ကြုံရသည်ဖြစ်စေ သင်၏ နေရာ၌ သင် ဦးစွာပထမ ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်ပြီး သင် အဘယ်သူဖြစ်သည်ကို သိရမည်။ ထို့အပြင် လူ့သဘာဝတစ်ခုခု အမှန်တကယ် ရှိသော လူတို့သည် လူ့သဘာဝကင်းမဲ့သည့် အရာများနှင့် မကောင်းမှုများကို လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ပါ။) လုံးဝ မလုပ်ဆောင်နိုင်ပေ။ ဤကိစ္စရပ်မှနေ၍ လူတို့သည် သမ္မာတရားကို လက်မခံနိုင်သည့်အခါ ထိုအရာသည် အပုန်ကန်ဆုံးသော အရာဖြစ်ပြီး ၎င်းတို့ အန္တရာယ်အများဆုံး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်လျှင် မယုံကြည်သူများဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၏ ကောင်းချီး ခံစားရဖို့ဖြစ်သည့် လိုအင်ဆန္ဒသည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလျှင် ဘုရားသခင်ကို ၎င်းက စွန့်ခွာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်း လိုက်စားသောအရာမှာ ကောင်းချီးခံစားရဖို့နှင့် ကျေးဇူးတော်ကို မွေ့လျော်ခံစားဖို့ ဖြစ်သောကြောင့် ဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့အတွက် ကယ်တင်ခြင်းသည် အဆင်တန်ဆာတစ်ခုနှင့် ကြားကောင်းသည့် စကားတစ်လုံး ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးက လိုက်စားသည်မှာ ဆုလာဘ်များ၊ သရဖူတစ်ခုနှင့် လိုချင်ဖွယ်ရာ ဖြစ်သော အရာများဖြစ်သည်။ ၎င်းတို့သည် ဤအရာကို ဤဘဝတွင် အဆတစ်ရာ လက်ခံရရှိလိုကြပြီး နောင်ဘဝတွင် ထာဝရအသက်ကို ရရှိလိုကြသည်။ ဤအရာများကို ၎င်းတို့ မရရှိနိုင်လျှင် ယုံကြည်ကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ သရုပ်အမှန် ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စွန့်ခွှာကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ ယုံကြည်သည်မှာ ဘုရားသခင်၏ အမှုတော် မဟုတ်သကဲ့သို့ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ မဟုတ်သည့်အပြင် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မဆိုထားနှင့် ၎င်းတို့ လိုက်စားသည်မှာ ကယ်တင်ခြင်းမဟုတ်ပေ။ ထို့ထက် ယင်းမှာ ပေါလုကဲ့သို့ပင် ကြွယ်ဝစွာ ကောင်းချီးခံစားရဖို့၊ ကြီးမားသည့် တန်ခိုးအာဏာကို ကိုင်စွဲဖို့၊ ကြီးမားသည့် သရဖူတစ်ခုကို ဆင်မြန်းဖို့နှင့် ဘုရားသခင်ကဲ့သို့ တူညီသည့်အဆင့်တွင် ရှိဖို့ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်၌ အကျိုးကျေးဇူး သို့မဟုတ် လိုချင်ဖွယ်ရာဖြစ်သော အရာတစ်ခုခု ရှိသည့်အချိန်တိုင်းတွင် ထိုအရာကို အရယူရန် ၎င်းတို့ တိုက်ပွဲဝင်ကြသည်၊ လူတို့အား ၎င်းတို့၏ အရည်အချင်းများနှင့် ဝါရင့်မှုအတိုင်း အဆင့်အတန်း စတင်သတ်မှတ်ကြပြီး “ကျွန်ုပ် အရည်အချင်း ပြည့်မီသည်။ ဤအရာနှင့်ဆိုင်သည့် ဝေစုကို ကျွန်ုပ် ရသင့်သည်။ ထိုအရာကို ရရန် ကျွန်ုပ် တိုက်ပွဲဝင်ရမည်”ဟု အပြန်ပြန်အလှန်လှန် စဉ်းစားလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့ကိုယ်ကို အထင်ကရ နေရာတစ်ခုတွင် ထားရှိကြပြီးနောက် ဘုရားအိမ်တော်၏ ဤအကျိုးကျေးဇူးများကို ၎င်းတို့ မွေ့လျော်ခံစားခြင်းကသာ သင့်တော်သည်ဟု တွေးထင်ကြလေသည်။ ဥပမာအားဖြင့် နိုင်ငံခြားသို့ သွားခြင်းကိစ္စတွင်၊ ထိုလူ၏ ပထမဆုံးသော အတွေးမှာ သူ့အနေဖြင့် ပါဝင်ရသင့်သည်၊ လူအများစုက သူ့လောက် မတော်ကြ၊ သူ့လောက် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရခြင်းမရှိ၊ သူ့လောက် အရည်အချင်းမပြည့်မီကြ၊ သူ့လောက် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း မရှိကြသကဲ့သို့ သူ့လောက် အချိန်ကြာကြာ ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့ဟူ၍ ဖြစ်သည်။ သူသည် မိမိကိုယ်ကို အဆင့်အတန်း သတ်မှတ်ရန် ဆင်ခြေတိုင်းနှင့် အကဲဖြတ်ခြင်း နည်းလမ်းတိုင်းကို အသုံးပြုခဲ့သည်။ လူတို့ကို သူ မည်သို့ အဆင့်အတန်း သတ်မှတ်သည်ဖြစ်စေ သူသည် မိမိကိုယ်ကို အရှေ့တွင်လည်းကောင်း၊ အရည်အချင်းပြည့်မီသူများ၏ အဆင့်အတန်းများတွင်လည်းကောင်း ထားရှိလေသည်။ နောက်ဆုံးတွင် ဤအကျိုးခံစားခွင့်ကို သူ မွေ့လျော်ခံစားသင့်ခြင်းသည်သာ သင့်တော်သည်ဟု သူ ခံစားခဲ့သည်။ ဤအရာကို သူ မရသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သူ၏ အကျိုးစီးပွားတွင်ရှိသော ကောင်းချီးခံစားကာ အမှုအရာများကို ရရှိမည့် သူ၏ စိတ်ကူးယဉ်အိပ်မက်က အစိတ်စိတ် အမြွှာမြွှာကွဲသည်နှင့်တစ်ပြိုင်နက် ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သူ လုပ်ဆောင်မည်၊ ဒေါသထွက်လာမည်၊ သမ္မာတရားကို ကျိုးနွံနာခံကာ ရှာဖွေခြင်းထက် ဘုရားသခင်ကို ငြင်းခုံမည်ဖြစ်သည်။ သူ၏ စိတ်နှလုံးက သူ လိုက်စားသည့် ဤအရာများနှင့် ပြည့်နှင့်ပြီးသားဖြစ်ကာ သူ လိုက်စားသည့် အရာများသည် သမ္မာတရားနှင့် လုံးဝ သဟဇာတမဖြစ်သည်မှာ သိသာထင်ရှားပေသည်။ သူ့အနေဖြင့် အလုပ်မည်မျှလုပ်ဆောင်ခဲ့သည်ဖြစ်စေ သူ၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်မှာ ပေါလု၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်များ ဖြစ်ခဲ့သည့်အတိုင်းပင် သရဖူတစ်ခု ရရှိရန်ထက် ဘာမျှမပိုသကဲ့သို့ ထိုအရာကို သူက တင်းကျပ်စွာ ဖက်တွယ်ပြီး မည်သည့်အခါတွင်မျှ မစွန့်လွှတ်ပေ။ သူ့အား သမ္မာတရားဖြင့် မည်သို့မိတ်သဟာယ ပြုပေးသည်ဖြစ်စေ၊ သူ့အနေဖြင့် မည်သို့ပြုပြင်ခံရ၊ ဖော်ထုတ်ခံရပြီး စိစစ်ခံရသည်ဖြစ်စေ၊ ကောင်းချီးခံစားရဖို့ဖြစ်သော ကြံရွယ်ချက်ကို ခေါင်းမာစွာ သူ ဖက်တွယ်ထားပြီး လက်မလွှတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သူ မရရှိသကဲ့သို့ ကောင်းချီးခံစားဖို့ဖြစ်သည့် သူ၏ လိုအင်ဆန္ဒ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားသည်ကို မြင်သည့်အခါ သူသည် အပျက်သဘောဆောင်လာပြီး နောက်ဆုတ်သွားသည်။ သူ၏ တာဝန်ကို စွန့်ပစ်ကာ ထွက်ပြေးသွားလေသည်။ သူသည် သူ၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းခြင်း မရှိခဲ့ သို့မဟုတ် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် ကောင်းမွန်သည့် အစေခံမှုကို မပေးခဲ့သည့်အပြင် ဤအရာက သူသည် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း မရှိခဲ့ကြောင်း၊ အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြောင်းနှင့် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်စက်မျှ မရှိခဲ့ကြောင်းကို အပြည့်အဝ ထုတ်ဖော်ပြလေသည်။ သူသည် သိုးအုပ်ထဲတွင် ချောင်းနေသည့် သိုးရေခြုံသော ဝံပုလွေတစ်ကောင်သာ ဖြစ်သည်။ နောက်ဆုံးတွင် မယုံကြည်သူ စစ်စစ်ဖြစ်သော လူတစ်ဦးသည် လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရကာ ယုံကြည်သူတစ်ဦးအဖြစ် သူ၏ဘဝသည် အဆုံးသတ်လာခဲ့ပေသည်။ ဤသည်မှာ အခြေအနေတစ်ခု ဖြစ်သည်။

ဤသည်မှာ သီးခြားဖြစ်သော အခြေအနေတစ်ခု မဟုတ်ပေ။ ဤသည်မှာ နိုင်ငံခြား သွားခြင်းကိစ္စကြောင့် မှောက်မှားကာ ထုတ်ဖော်ခံရသည့် တစ်ဦးတည်းသော လူမဟုတ်ပေ။ ငါတို့ ယခုတင် ပေးသည့် ဥပမာမှာ အမျိုးသားတစ်ဦးအကြောင်း ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး၏ ဥပမာလည်း ရှိ၏။ ကနဦးတွင် အစီအစဉ်မှာ ဤအမျိုးသမီးကိုလည်း ငါတို့နှင့်အတူ နိုင်ငံခြားသို့ လိုက်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သည့်အခါ သူသည် စိတ်ထဲတွင် အလွန် ဝမ်းသာပြီး ထိုကိစ္စအတွက် စတင် စီစဉ်ကာ ပြင်ဆင်ခဲ့သည်။ သို့သော် အဆုံးတွင် အကြောင်းရင်း အမျိုးမျိုးကြောင့် သူ မသွားနိုင်ခဲ့ပေ။ ထိုအချိန်သည် အခြေအနေက အလွန် အန္တရာယ်များသောကြောင့် သူသည် အသိပေးခြင်းမခံခဲ့ရ။ တစ်ခါက လုပ်ဖော်ကိုင်ဖက်များအတွက် အစည်းအဝေးတစ်ခုတွင် သူက ဤဆုံးဖြတ်ချက်ကို သိသွားသည်။ ဤအရာကို စိစစ်လော့။ ဤအမျိုးသမီးက သိသွားသည့်အခါ အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ (လူတစ်ဦးတွင် ပုံမှန်လူတစ်ဦး၏ တွေးခေါ်မှုရှိခဲ့လျှင် သိရှိသွားပြီးနောက်တွင် သူ့အနေဖြင့် အလွန် ကြီးမားသည့် တုံ့ပြန်မှုတစ်ခု ရှိနိုင်ဖွယ် ရှိမည်မဟုတ်။ သူနိုင်ငံခြား မသွားနိုင်ရခြင်းမှာ အခြေအနေက အန္တရာယ်များသောကြောင့် ဖြစ်သည်ဟု စဉ်းစားမည်ဖြစ်ပြီး ထိုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်နိုင်ကြမည် ဖြစ်သည်။ သို့သော် ဤအမျိုးသမီးက သိရှိသွားလျှင်မူ သူသည် ဒေါသထွက်ကောင်းထွက်လာနိုင်ပြီးဖြစ်ကာ ဘုရားသခင်နှင့် ငြင်းခုံရန် ကြိုးစားကောင်းကြိုးစားပြီးဖြစ်နိုင်သည်။) ယင်းမှာ မှန်ပေသည်။ သင်တို့သည် ဤလူစားမျိုး၏ စရိုက်လက္ခဏာကို အတော်အတန် သဘောပေါက်လေပြီ။ ဤသည်မှာ ဤလူစားမျိုး၏ ပကတိအခြေအနေဖြစ်သည်။ ထိုကိစ္စက မည်သည့်အရာဖြစ်စေ ၎င်းတို့သည် အနာခံမည် မဟုတ်ဘဲ ထို့ထက် အခွင့်ကောင်းယူကြမည် ဖြစ်သည်။ အရာရာတွင် ၎င်းတို့သည် အခြားသူအားလုံးထက် သာလွန်ရမည်ဖြစ်ပြီး အခြားသူအားလုံးထက် တော်ရမည်ဖြစ်သည်။ အရာရာတွင် ၎င်းတို့က အတော်ဆုံး ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် လိုချင်ဖွယ်ရာဖြစ်သော အရာတိုင်းကို ရရှိရမည်ဖြစ်ပြီး တစ်စုံတစ်ရာတွင် ဝေစုတစ်ခုရှိခြင်းသည် ၎င်းတို့အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်။ အမျိုးသမီးက ဤကိစ္စရပ်ကို သိသွားပြီးနောက်တွင် ထိုအခိုက်၌ သူ ဒေါသထွက်ကာ ဝုန်းဒိုင်းကြဲလျက် မြေပေါ် လူးလိမ့်လေသည်။ သူ၏ မကောင်းဆိုးဝါး ဘက်ခြမ်းက ပေါ်လွင်နေခဲ့ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များကို သူက ဩဝါဒပေးကာ သူတို့အား ဒေါသဖြင့် မဲလေသည်။ သူ၏ ဒေါသသည် မည်သည့်နေရာမှ လာခဲ့လေသနည်း။ သူသည် ညီအစ်ကို မောင်နှမများကို ဒေါသထွက်သည့်အလား ထင်ရသော်လည်း သူ အမှန်တကယ် ဒေါသထွက်သည်မှာ မည်သူနည်း။ (ဘုရားသခင်ကို သူ ဒေါသထွက်ခြင်းဖြစ်ပါသည်။) ဤသည်မှာ ဖြစ်နေခဲ့သည့်အရာ ဖြစ်သည်။ ထို့နောက်တွင် သူ ဒေါသ၏ အကြောင်းတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာ၏ ရင်းမြစ်မှာ မည်သည့်အရာနည်း။ (သူ၏ လိုအင်ဆန္ဒ မပြည့်သောကြောင့် ဖြစ်သည်။) လိုချင်ဖွယ်ရာဖြစ်သော အရာတစ်ခုကို သူ မရရှိခဲ့သကဲ့သို့ သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဤအကြိမ် အခွင့်ကောင်းယူရာတွင် မအောင်မြင်ခဲ့ပေ။ ထို့ထက် အခြားလူတို့က အခွင့်အရေးရသွားပြီး သူ မပါဝင်နိုင်ခဲ့သောကြောင့် ဒေါသထွက်ရသည်။ သူ မည်သို့မျှ ဟန်မဆောင်နိုင်တော့ပေ။ သူ၏ စိတ်နှလုံး မကျေနပ်ချက်နှင့် မကျေမချမ်း ဖြစ်ခြင်းအားလုံးကို သူ ထွက်ပေါက်ရှာကာ လွှတ်လိုက်သည်။ အတိတ်တွင် သူသည် အထက်က မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို ပထမဆုံး အမြဲ သိရှိရမှဖြစ်သည်။ သူသည် အထက်နှင့် အမြဲ အဆက်အသွယ်ရှိချင်ခဲ့ပြီး ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိပေ။ သူသည် မိမိကိုယ်ကို သာမန် အဖွဲ့ဝင်တစ်ဦးအဖြစ် မဟုတ်ဘဲ အဆင့်မြင့် ပုဂ္ဂိုလ်ကျော်တစ်ဦးအဖြစ် အမြဲ သဘောထားခဲ့သည်။ ထို့ကြောင့် ဤအကြိမ်တွင် သူလည်း နိုင်ငံခြားသွားသင့်သည်ဟု တွေးခဲ့သည်။ အခြားမည်သူမျှ မသွားသင့်လျှင် သူ သွားသင့်သည်ဟူ၍ ဖြစ်၏။ သူသည် အဓိက သွားသင့်သောသူဖြစ်ပြီး သူ့အနေဖြင့် ဤပုံစံဖြင့် ဆက်ဆံခြင်းခံရသည့် ပျော်ရွှင်မှုခံစားသင့်သည်။ ဤသည်မှာ သူ၏ စိတ်နှလုံးက အမှန်တကယ် တွေးသည့်အရာဖြစ်ခဲ့သည်။ ယခုတွင် သူသည် ဤပုံစံဖြင့် ဆက်ဆံခြင်းခံရသည့် ပျော်ရွှင်မှု ခံစားရမည်မဟုတ်ကြောင်း၊ ဤနှစ်ကာလများတွင် သူ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခအားလုံးက အချည်းနှီးသာဖြစ်ခဲ့ကြောင်းကို သူ မြင်ခဲ့ရသည်။ သူ့အနေဖြင့် ဒုက္ခသုခခံ၍ ရယူနိုင်ခဲ့သည့် အဆင့်အတန်းနှင့် သူ လိုချင်ခဲ့သည့် အကျိုးခံစားခွင့်တစ်ခုမျှ သူ့တွင် မရှိခဲ့ပေ။ ချက်ချင်းပင် ဤအရာများအားလုံးသည် အချည်းနှီးအဖြစ်သို့ ပြိုကွဲသွားသည်။ မယုံကြည်နိုင်ဖွယ်ရာပင် သူသည် ထိုမျှပမာဏရှိသည့် လိုချင်ဖွယ် အရာတစ်ခုကို ကလိမ်ကျမယူနိုင်ခဲ့ပေ။ မယုံကြည်နိုင်ဖွယ်ရာပင် သူ ဘေးချိတ်ခြင်းခံရသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နှလုံးတွင် မြင့်မားသည့် နေရာတစ်ခုကို သူ နေရာယူခဲ့ခြင်း မရှိသည့်အပြင် သူသည် သာမန်လူတစ်ဦးဖြစ်သည်ဟု သူ စဉ်းစားခဲ့သည်။ သူ၏ စိတ်နှလုံးရှိ ခုခံကာကွယ်သော စည်းက လုံးဝ ပြိုလဲသွားပြီး သူ ဟန်မဆောင်တော့သကဲ့သို့အမှုအရာများကို မဖုံးကွယ်တော့ပေ။ သူသည် စတင် သောင်းကျန်းလာသည်၊ လူတို့ကို အော်ဟစ်လာသည်၊ ရင်ဖွင့်သည် ဒေါသထွက်ပြီး အခြားသူများက မည်သည့်အရာကို ပြောသည် သို့မဟုတ် မည်သို့မြင်သည်ကို ဂရုမစိုက်ဘဲ သူ့အတွက် ဗီဇအရ ဖြစ်သောအရာကို ဖော်ထုတ်လေသည်။ ထို့နောက်တွင် တာဝန်တစ်ခု ထမ်းဆောင်ရန် အဖွဲ့တစ်ဖွဲ့ထံသို့ သူ စေလွှတ်ခြင်းခံခဲ့ရသည်။ သူ၏ တာဝန်ကို သူ ထမ်းဆောင်နေစဉ်တွင် မကောင်းသည့်အရာများစွာ လုပ်ဆောင်ခဲ့ပြီး အဖွဲ့တွင်ရှိသည့် ညီအစ်ကို မောင်နှမများက နောက်ဆုံးတွင် သူ နှင်ထုတ်ခံရဖို့ တောင်းဆိုသည့် စာတစ်စောင်ကို အတူတကွ ရေးခဲ့ကြသည်။ သူ နှင်ထုတ်ခံရသည့် အကြောင်းတရားမှာ မည်သည့်အရာနည်း။ သူလုပ်ဆောင်ခဲ့သည့် မကောင်းမှုက အလွန်ပင် များလွန်းလှသဖြင့် အားလုံးကို စကားရပ်တစ်ခုဖြင့် ရေးသားဖော်ပြရန်မှာ မဖြစ်နိုင်ကြောင်း ညီအစ်ကိုမောင်နှမများက ထပ်ဆင့်ပြောပြခဲ့ကြသည်။ တစ်နည်းအားဖြင့် သူက မကောင်းမှုများစွာ လုပ်ဆောင်ခဲ့ပြီး သူ လုပ်ဆောင်ခဲ့သည့်အရာ၏ သဘောသဘာဝက အလွန်ဆိုးရွားခဲ့သည်။ ထိုအရာကို စာတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းမျှဖြင့် ရှင်းလင်းစွာ သိရှိစေ၍ မရနိုင်သကဲ့သို့ အဖြစ်အပျက်တစ်ခု သို့မဟုတ် နှစ်ခုမျှဖြင့် အသေးစိတ်ပြန်ပြော၍ မရနိုင်ပေ။ သူသည် မရေတွက်နိုင်သော ဆိုးယုတ်သည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ထိုအရာက လူတို့အား ဒေါသထွက်စေခဲ့သောကြောင့် အသင်းတော်က သူ့ကို နှင်ထုတ်ခဲ့သည်။ သူ လုပ်ဆောင်ခဲ့သည့် ဤဆိုးယုတ်သောအရာများကို နိုင်ငံခြားသွားခြင်း ကိစ္စမဖြစ်ပေါ်မီတွင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စဖြစ်ပေါ်ပြီးနောက်တွင် သူသည် ဤအရာများကို အဘယ်ကြောင့် လုပ်ဆောင်နိုင်စွမ်းရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသွားသည့် ကိစ္စသည် သူ အလိုရှိသည့်အတိုင်း ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့် သူ ထုတ်ဖော်ခဲ့သည့် အကျည်းတန်မှုတို့သည် ဤလိုချင်ဖွယ်သော အရာကို သူ မရခဲ့ရုံကြောင့် ဖြစ်ခဲ့သည့် လက်စားချေခြင်းနှင့် ထွက်ပေါက်ရှာခြင်းတစ်မျိုး ဖြစ်သည်။ ငါ့ကို ပြောလော့၊ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး လူ့သဘာဝရှိသည့် လူတစ်ဦးက ဤကဲ့သို့သော အခြေအနေတစ်ခု ကြုံရသည့်အခါ သမ္မာတရားများစွာကို သူနားမလည်လျှင်ပင် သူသည် ဤသရုပ်သကန်များ ဖြစ်ပေါ်နိုင်စွမ်း ရှိသလော။ ဤအရာများကို ၎င်းတို့ ထုတ်ဖော်နိုင်စွမ်း ရှိကြသလော။ လူ့သဘာဝ အနည်းငယ်၊ အသိစိတ် အနည်းငယ်နှင့် ရှက်စိတ်အနည်းငယ်ရှိသောသူ မည်သူမဆိုသည် ဤအရာကို လုပ်ဆောင်လိမ့်မည် မဟုတ်ဘဲ မိမိတို့ကိုယ်ကို ချုပ်ထိန်းလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးက မပျော်ရွှင်သော်လည်း ကျေနပ်ခြင်း မရှိသကဲ့သို့ အနည်းငယ် နာကျင်သော်လည်း ၎င်းတို့ သာမန်လူတစ်ဦးသာ ဖြစ်သည့်အကြောင်း၊ ဤအရာကိုရရှိရန် ၎င်းတို့ မတိုက်ခိုက်သင့်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်သောသူတို့အနေဖြင့် သမ္မာတရားကို လိုက်စားသင့်ကြောင်း၊ အရာရာတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်ကြောင်း၊ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိသင့်ကြောင်းနှင့် လူတို့သည် ဖန်ဆင်းခံများဖြစ်ကာ မည်သို့မျှ အထင်ကြီးလောက်စရာ မရှိကြောင်းတို့ကို ၎င်းတို့ စဉ်းစားကြလေသည်။ ၎င်းတို့သည် နှစ်ရက်ကြာ ဝမ်းနည်းနေကြလိမ့်မည် ဖြစ်သော်လည်း ထို့နောက် ယင်းကို အတိတ်တွင် ထားခဲ့လိုက်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ယုံကြည်သင့်သည့်အတိုင်း ယုံကြည်ကြလိမ့်ဦးမည်ဖြစ်ပြီး မကောင်းမှုကို ပြုလုပ်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ဤကိစ္စရပ်ကြောင့် လက်တုံ့ပြန်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤကိစ္စရပ်ကြောင့် ထွက်ပေါက်ရှာကြလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သမ္မာတရားကို မလိုက်စားသောလူများနှင့် မိမိ၏ စရိုက်လက္ခဏာက အလွန်ဆိုးရွားသောလူတို့သည် သေးငယ်သည့် ကိစ္စရပ်တစ်ခုကြောင့်သက်သက်ဖြင့် ယခင်က ၎င်းတို့တွင် လုံးဝ မရှိသည့် ဤမကောင်းသော လုပ်ဆောင်ချက်များအားလုံးကို ပြသနိုင်စွမ်း ရှိကြလေသည်။ ဤအရာက ပြဿနာကို ရှင်းပြပေသည်။ ဤလူစားမျိုး၏ လူ့သဘာဝ အနှစ်သာရကို ထိုအရာက ရှင်းပြသည်။ ပြီးလျှင် ဤလူစားမျိုး၏ စစ်မှန်သော လိုက်စားမှုကို ရှင်းပြသည်။ အတိအကျဆိုရလျှင် ၎င်းတို့၏ စစ်မှန်သော စရိုက်သည် ဤကိစ္စအပေါ် ထုတ်ဖော်ပြခြင်းမှတစ်ဆင့် လုံးဝ ထင်ရှားပေါ်လွင်သွားခြင်း ဖြစ်သည်။ ဦးစွာပထမ ၎င်းတို့၏ အနှစ်သာရသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ လုံးလုံးလျားလျား ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဖူးသကဲ့သို့ မိမိတို့ကိုယ်ကို ကယ်တင်ခြင်း ခံရမည့်သူအဖြစ် တစ်ကြိမ်တစ်ခါမျှ သဘောမထားကြသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား မလိုက်စားကြပေ။ အဆင့်အတန်းနှင့် ပျော်ရွှင်မှုကိုသာ လိုက်စားကြသည်။ ၎င်းတို့သည် ကောင်းမွန်သည့် အကျိုးခံစားခွင့်ကိုသာ လိုက်စားပြီး ဘုရားသခင်နှင့် တူညီသည့် အဆင့်တွင်ရှိဖို့သာ လိုက်စားအားထုတ်ကြသည်။ ဘုရားသခင် မွေ့လျော်ခံစားသည့် မည်သည့်အရာမဆို ၎င်းတို့လည်း မွေ့လျော်ခံစားကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်နောက် အချည်းနှီး လိုက်နေကြခြင်း မဟုတ်ပေ။ ဤသည်တို့မှာ ၎င်းတို့ လိုက်စားသည့်အရာများဖြစ်သည်။ ဤသည်မှာ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်ဖြစ်ပြီး ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းစိတ်နယ်ပယ် ဖြစ်သည်။ ဤကိစ္စက ဤအမျိုးသမီးအတွက် အနှစ်နှစ်ဆယ် ယုံကြည်ခြင်းကို အဆုံးသတ်သွားစေခဲ့သည်။ အားလုံးက အလဟဿဖြစ်သွားလေသည်။

ငါ့ကို ပြောလော့၊ ဤလူနှစ်ဦးသည် မည်သည့်နေရာတွင် ယခု ရှိသင့်သနည်း။ အသင်းတော်တွင်လော သို့မဟုတ် အခြားတစ်နေရာရာတွင်လော။ (ဘာသာတရားမရှိသော လောကတွင် ဖြစ်ပါသည်။) အဘယ်ကြောင့် ထိုသို့ သင်တို့ ပြောသနည်း။ ဤအရာကို သင်တို့ မည်သို့ ဆုံးဖြတ်ခဲ့သနည်း။ သင်တို့၏ စကားများက မည်သည့်အရာအပေါ် အခြေခံသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့သည် မယုံကြည်သူများ ဖြစ်သောကြောင့်ဖြစ်ပြီး ဘုရားသခင်၌ သူတို့၏ ယုံကြည်မှုသည် ဖန်ဆင်းခံများအဖြစ် သူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား လိုက်စားဖို့ ရည်ရွယ်ချက်အတွက် မဟုတ်သောကြောင့်ဖြစ်သည်။ အဆုံးတွင် ဤကဲ့သို့သော လူများသည် သူတို့၏ ယုံကြည်ခြင်းတွင် ခိုင်မာစွာ မရပ်တည်နိုင်သကဲ့သို့ လောကသို့သာ ပြန်သွားနိုင်သည်။) အဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်သော်လည်း ထိုအရာသည် အဆုံးသတ် မဟုတ်သေးပေ။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ၎င်းတို့ ပျောက်ကွယ်သွားကြလေပြီနည်း။ စိတ်ထဲတွင် ၎င်းတို့ စဉ်းစားနေသည့်အရာကို သင် ကြည့်ရမည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လှုပ်ရှားမှုတစ်ခုခု ဖြစ်နေသည့်အချိန်တွင်သာ ဤကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်ပြီး ဤကဲ့သို့သော ရွေးချယ်မှုများကို လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့အား ဤကဲ့သို့သော လမ်းကြောင်းတစ်ခုကို ရွေးချယ်စေခဲ့သည့် ဤကိစ္စရပ်ကို ၎င်းတို့က မည်သည့်နည်းဖြင့် စိစစ်ကာ အကဲဖြတ်ခဲ့ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့က “ငါသည် ဘုရားကို ဤနှစ်ကာလများတစ်လျှောက်လုံး ယုံကြည်ပြီးဖြစ်ကာ ဆင်းရဲဒုက္ခများစွာကို ခံစားရပြီးဖြစ်သည်။ ငါ အဆင့်အတန်းရရှိလာနိုင်မည့် နေ့ကို ငါ အမြဲ တောင့်တခဲ့သည်။ အထက်နှင့်အတူ ရှိခြင်းဖြင့် ငါ ကျော်ကြားလာနိုင်ပြီး အသိအမှတ်ပြုခြင်း ခံရနိုင်ပေသည်။ ယခုတွင် ငါသည် နောက်ဆုံး၌ နိုင်ငံခြားသွားဖို့ အခွင့်အရေးတစ်ခု ရှိလေပြီ။ ဤသည်မှာ ကြီးမားပေသည်။ ဤသည်မှာ ဘုရားကို မယုံကြည်မီတွင် ငါ လုံးဝ မတွေးဝံ့ခဲ့သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားကို ယုံကြည်ခြင်းအားဖြင့် သရဖူတစ်ခု ရရှိခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း လက်စသတ်တော့ ငါသည် ထိုသို့သော ကြီးမားသည့် လိုချင်ဖွယ်ရာကိစ္စနှင့် တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို ငါ မရရှိနိုင်ပေ။ ယခင်က ငါသည် ဘုရား၏ စိတ်နှလုံးတွင် တိကျသော နေရာတစ်ခုရှိသည်ဟု ထင်ခဲ့သော်လည်း ယင်းမှာ မမှန်သည်ကို ငါ ယခု မြင်ရသည်။ ဘုရားနောက်လိုက်ခြင်းမှ မည်သည့် လိုချင်ဖွယ်သော အရာတစ်ခုကိုမျှ ငါ မရနိုင်သည့်ပုံရသည်။ နိုင်ငံခြားသို့ သွားခြင်းကဲ့သို့သော ကြီးမားသည့် ကိစ္စတစ်ခုနှင့် ပတ်သက်လာသည့်အခါ သူတို့က ငါ့ကို မစဉ်းစားကြပါ။ ထို့ကြောင့် အနာဂတ်တွင် သရဖူတစ်ခု ငါ ရမည့် အခွင့်အရေး သာ၍ပင် နည်းသွားသည် မဟုတ်လော။ ထိုသရဖူအား မည်သူရမည်မှာ မသေချာသကဲ့သို့ ရမည့်သူမှာ ငါဖြစ်ဖို့ မျှော်လင့်ချက် မရှိသည့်ပုံရသည်”ဟု တွေးကြလေသည်။ မျှော်လင့်ချက်မရှိဟု ၎င်းတို့ စဉ်းစားမိသည့်အခါ ဘုရားသခင်နောက် ၎င်းတို့ လိုက်လိုကြလိမ့်ဦးမည်လော။ ယခင်က ဆင်းရဲဒုက္ခကို ခံစားခြင်းနှင့် အဖိုးအခပေးခြင်းတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့က ထိုသို့ ပြုမူကြပြီး ထိုသို့ မိမိတို့ကိုယ်ကို ထင်ရှားစေကြသည်မှာ ထိုမျှော်လင့်ချက်အနည်းငယ်ကြောင့်၊ ၎င်းတို့ စိတ်နှလုံးများတွင် ၎င်းတို့ စွဲကိုင်ထားသည့် ထိုစိတ်ကူးအနည်းငယ်ကြောင့်သာ ဖြစ်သည်။ ယခု ၎င်းတို့၏ မျှော်လင့်ချက်များက တစ်စစီပြိုကွဲပြီး ၎င်းတို့၏ စိတ်ကူးများက အချည်းနှီးဖြစ်သွားသဖြင့် ၎င်းတို့ ဆက်လက် ယုံကြည်နိုင်ကြသလော။ ဘုရားအိမ်တော်တွင် နေထိုင်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့ ဆက်လက် ကျေနပ်ရောင့်ရဲနိုင်ကြသလော။ ၎င်းတို့အနေဖြင့် မည်သည့်အရာမျှ မရရှိသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနိုင်ကြသလော။ အန္တိခရစ်များ၏ ရည်မှန်းချက်များနှင့် အလိုဆန္ဒများက အလွန်ကြီးမားသည်မှာ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အားထုတ်မှုများနှင့် ၎င်းတို့ ပေးသည့် အဖိုးအခက ဤရလဒ်ရှိရန်အတွက် လုံးဝ လိုလားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ အိပ်မက်မက်သည့်အရာမှာ ၎င်းတို့ ပေးသည့် အဖိုးအခနှင့် ၎င်းတို့၏ အားထုတ်မှုများအတွက် အလဲအလှယ်အနေဖြင့် သရဖူတစ်ခုနှင့် လိုချင်ဖွယ်သော အရာများကို ရရှိစေဖို့ဖြစ်သည်၊ ဘုရားအိမ်တော်တွင် မည်သည့် လိုချင်ဖွယ်သော အရာရှိသည်ဖြစ်စေ ၎င်းတို့က ဝေစုတစ်ခု ရသင့်သည်ဟူ၍ ဖြစ်သည်။ အခြားလူတို့က မရရှိလျှင် ကိစ္စမရှိသော်လည်း ၎င်းတို့က ရကိုရရမည်ဖြစ်သည်။ ထိုသို့သော ပြင်းထန်သည့် ရည်မှန်းချက်နှင့် လောဘတို့ရှိသည့် လူများသည် အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကာ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိဘဲ အားထုတ်နိုင်ကြသလော။ ဤအရာကို ၎င်းတို့က လုံးဝ ဖြစ်မြောက်အောင် မလုပ်နိုင်ကြပေ။ လူအချို့က “သမ္မာတရားကို သူတို့ လိုက်စားကြပါစေ။ သမ္မာတရားများစွာကို သူတို့ နားထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုအရာကို သူတို့က ဖြစ်မြောက်အောင် လုပ်နိုင်ကြမည် မဟုတ်လော”ဟု ပြောကြသည်။ “ဘုရားသခင်က သူတို့ကို ပြစ်တင်ဆုံးမပြီး တရားစီရင်လျှင် ထိုအရာက သူတို့ကို ပြောင်းလဲစေမည် မဟုတ်လော”ဟု ပြောသည့် အခြားသူများရှိသည်။ ဤသည်မှာ မှန်ကန်သလော။ ဘုရားသခင်က ဤကဲ့သို့သော လူများကို ပြစ်တင်ဆုံးမကာ တရားစီရင်ခြင်း မရှိသကဲ့သို့ ဤကဲ့သို့သော လူများကို မကယ်တင်ပေ။ ဤသည်တို့မှာ သူ ဖယ်ရှားရှင်းလင်းမည့် လူစားမျိုး အတိအကျ ဖြစ်သည်။ ငါ ပြောခဲ့သည့်အရာနှင့် သင်တို့ ယခုတင် ပြောသွားခဲ့သည့်အရာကို ယှဉ်ကြည့်လျှင် မည်သည့်အရာ ကွာခြားသနည်း။ သင်တို့ ပြောခဲ့သည့်အရာသည် ၎င်းတို့ စိတ်နှလုံးများ၏ စစ်မှန်သော လှုပ်ရှားမှု ဖြစ်သလော။ ထိုအရာသည် ဤလူစားမျိုး၏ အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ ပြောသည့်အရာသည် မည်သည့်အရာ ဖြစ်သနည်း။ (ခံစားချက်များနှင့် အနှစ်မဲ့သည့် သဘောတရားများဖြစ်သည်။) သင်တို့ ပြောသည့်အရာ၏ သဘာဝမှာ စိစစ်မှုနှင့် အကဲဖြတ်မှုဆီသို့ အနည်းငယ် ယိမ်းယိုင်ပြီး သဘောတရားအရ ယင်းတို့ကို အကဲဖြတ်ကာ သတ်မှတ်နေခြင်းဖြစ်သည်။ ထိုအရာသည် ၎င်းတို့၏ စစ်မှန်သော အတွေးများနှင့် ထုတ်ဖော်ချက်များ မဟုတ်သကဲ့သို့ ၎င်းတို့၏ စစ်မှန်သော အမြင်များလည်း မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည့် ဤလူစားမျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့ မရရှိခဲ့သည့် လိုချင်ဖွယ်သောအရာတစ်ခု၊ ၎င်းတို့ မွေ့လျော်ခံစားခဲ့ရခြင်းမရှိသည့် အကျိုးကျေးဇူးတစ်ခု သို့မဟုတ် ၎င်းတို့ မရခဲ့သည့် အကျိုးအမြတ်တစ်ခု ရှိလျှင် ၎င်းတို့ ဒေါသထွက်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတွင် ၎င်းတို့၏ ယုံကြည်ချက် ဆုံးရှုံးကြသည်။ ဘုရားသခင်ကို ယုံကြည်ရန် မလိုမလားဖြစ်ကြသည်၊ ထွက်ပြေးချင်ကြပြီး မကောင်းသည့်အရာများကို လုပ်ဆောင်လိုကြသည်။ ၎င်းတို့အနေဖြင့် ထွက်ပေါက်ရှာကာ လက်တုံ့ပြန်မှုရရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အထင်လွဲမှုများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ မကျေမချမ်းဖြစ်မှုများကို ဖွင့်ထုတ်ရန်အလို့ငှာ မကောင်းသည့် အရာများကို လုပ်ဆောင်ကြလေသည်။ ဤလူများသည် ကိုင်တွယ်ခံရသင့်သလော။ ၎င်းတို့ကို အသင်းတော်တွင် ၎င်းတို့၏ တာဝန်ကို ဆက်လက် ထမ်းဆောင်ခွင့်ပေးသင့်သလော။ (မပေးသင့်ပါ။) သို့ဆိုလျှင် ဤလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ နှင်ထုတ်ခံရသင့်သည်။) နိုင်ငံခြား မသွားရသောကြောင့် ယုံကြည်ခြင်းကို ရပ်တန့်ခဲ့သည့်သူ တစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) ဤလူစားမျိုးသည် မည်သည့်အရာ ဖြစ်သနည်း။ (မယုံကြည်သူများဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောင်းချီးခံစားရခြင်းကို လိုက်စားရန်အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ကြပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ ဖြည့်ဆည်းခြင်းမခံရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ကြသည်။) ဤကဲ့သို့သော သေးငယ်သည့် အရာကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ပစ်နိုင်ကြသည်။ ဤကဲ့သို့သော လူများကို စစ်မှန်သည့် ယုံကြည်မှုရှိသည် သို့မဟုတ် မှားယွင်းသည့် ယုံကြည်မှုရှိသည်ဟု ဆို၍ မရနိုင်ပေ။ ၎င်းတို့၏ အကျင့်စရိုက်က အလွန်နိမ့်ကျသည်။

အကြောင်းအရာ ၃- ကျေးလက်ဒေသရှိ နေအိမ်သို့ ပြန်လာပြီးနောက်တွင် ဆက်လက်ရှင်သန်နေထိုင်ရန် မဖြစ်နိုင်သည်ကို မြင်ရခြင်း

အချို့သောလူများသည် ကျေးလက်ဒေသတွင် မွေးဖွားကြပြီး ၎င်းတို့၏ မိသားစုများတွင် စားဝတ်နေရေးအတွက် ငွေကြေးများစွာ မရှိကြပေ။ ၎င်းတို့နေ့စဉ်အသက်တာတွင်သုံးစွဲသည့် ပစ္စည်းများသည် ရိုးရှင်းပြီး မာကျောသည့် ခုတင်တစ်လုံး၊ ဗီရိုတစ်လုံးနှင့် စားပွဲတစ်လုံးမှလွဲ၍ ၎င်းတို့အိမ်တွင် အခြားပရိဘောဂများ မရှိပေ။ ၎င်းတို့အိမ်ကြမ်းပြင်ကို အုတ်နှင့်ဖြစ်စေ၊ မြေကြီးနှင့်ဖြစ်စေ ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့တွင် ကွန်ကရစ်ကြမ်းပြင်ပင် မရှိကြပေ။ ၎င်းတို့၏ ဘဝအခြေအနေများက အလွန်နိမ့်ကျ၏။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ၎င်းတို့သည် ဧဝံဂေလိ တရားဟောခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြပြီး ချမ်းသာကြွယ်ဝသည့် အချို့သော ဒေသများသို့ သွားရောက်ကြလေသည်။ အမျိုးသမီးတစ်ဦးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ မောင်နှမအများစုက မိမိတို့၏ အိမ်များတွင် သစ်သားကြမ်းခင်းများဖြစ်စေ၊ ကြွေပြားခင်းများဖြစ်စေ ခင်းထားသည်ကို မြင်တွေ့ခဲ့သည်။ နံရံများတွင် နံရံကပ်စက္ကူများ ကပ်ထားသည်၊ ၎င်းတို့၏ အိမ်များသည် အလွန်သန့်ရှင်းပြီး ၎င်းတို့က နေ့စဉ် ရေချိုးနိုင်ကြသည်။ ထို့အပြင် ၎င်းတို့၏ အိမ်များတွင် ရုပ်မြင်သံကြားစင်များ၊ ကြီးမားသော ဗီရိုများ၊ ဆိုဖာများနှင့် လေအေးပေးစက်များဖြစ်သည့် ပရိဘောဂပစ္စည်းများ အများအပြားရှိသည်။ ၎င်းတို့၏ အိပ်ခန်းများတွင် နာမည်ကျော်ဆီမွန်းမွေ့ရာများ ရှိပြီး ၎င်းတို့၏ မီးဖိုချောင်များတွင် ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့၊ မီးဖို၊ မီးအိုး၊ မီးဖိုခန်းသုံး မီးခိုးစုပ်စက် စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး ပြည့်နှက်နေသည်။ ထိုအရာများကို မြင်ရသည်မှာ မူးဝေစရာပင် ဖြစ်သည်။ ထို့အပြင် ဤသို့သော မြို့ကြီးများတွင် တစ်လွှာနှင့်တစ်လွှာကြား သူမ ဓာတ်လှေကားစီး၍ အတက်အဆင်း လုပ်နိုင်သည့် နေရာအချို့လည်း ရှိသည်။ ဤနေရာသည် သူမ၏ အမြင်ကို ဖွင့်ပေးခဲ့ပြီး ထိုနေရာတွင် တစ်ခဏကြာ အလုပ်လုပ်ကာ ဧဝံဂေလိကို တရားဟောပြီးနောက် သူမ ပြန်ချင်စိတ် မရှိတော့ပေ။ ဤသို့ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်း။ သူမက “ငါ့မိသားစု၏ မြေသားဖြင့်ဆောက်ထားသောအိမ်သည် ဤနေရာနှင့် မည်သည့်နည်းနှင့်မျှ ယှဉ်၍မရပါ။ ငါတို့အားလုံးက ဘုရားကို ယုံကြည်ကြသည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ဤလူများက ငါ၏မိသားစုထက် သာ၍ အလွန်ကောင်းစွာ အသက်ရှင်နေထိုင်ရသနည်း။ ဤလူများ၏ ဘဝက ကောင်းကင်ဘုံကဲ့သို့ ဖြစ်သည်။ ငါ့မိသားစုမှာ ဝက်ခြံထဲတွင် နေထိုင်ကြရသည်။ ဤလူများထက် များစွာ ပို၍ဆိုးရွားလှသည်”ဟု တွေးမိလေသည်။ ဤသို့နှိုင်းယှဉ်ပြီးနောက် သူမသည် စိတ်ထိခိုက်ပြီး ဤနေရာကို ပို၍သံယောဇဉ်တွယ်လာကာ အိမ်ပြန်လိုစိတ် သာ၍ပင် လျော့နည်းသွားသည်။ သူမက “ဤနေရာတွင် ငါ ရေရှည်အလုပ်လုပ်နိုင်မည်ဆိုလျှင် အိမ်ပြန်ရန် လိုတော့မည်မဟုတ်၊ ဟုတ်ပါသလော။ ထိုမြေတွင်းသည် လူနေထိုင်ရန် မသင့်တော်ပါ”ဟု တွေးလေသည်။ သူမသည် ထိုမြို့ကြီးတွင် ကာလအတန်ကြာ နေထိုင်ခဲ့ပြီး မြို့သူမြို့သားများကဲ့သို့ စားသောက်ရန်၊ ဝတ်စားဆင်ယင်ရန်နှင့် မြို့သူမြို့သားများကဲ့သို့ အသက်ရှင်နေထိုင်ရန် သင်ယူခဲ့သည်။ ထိုနေ့ရက်များ အတောအတွင်းတွင် ဘဝက အလွန် ကောင်းမွန်သည်ဟု သူမ ခံစားမိသည်။ ငွေရှိခြင်းက ကောင်းမွန်လှသည်။ ဆင်းရဲခြင်းက လူတို့အား အနာဂတ်မရှိစေပေ။ ဆင်းရဲသားများသည် အခြားသူများ၏ အထင်သေးခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မိမိတို့ပင် အထင်သေးမိကြသည်။ ထိုအကြောင်းကို သူမ စဉ်းစားလေ အိမ်ပြန်ချင်စိတ် လျော့နည်းလေဖြစ်သော်လည်း သူမ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိခဲ့ပေ။ သူသည် အိမ်သို့သာ ပြန်ခဲ့ရသည်။ အိမ်သို့ရောက်ပြီးနောက်တွင် သူမ၏ စိတ်နှလုံးထဲတွင် ရောထွေးနေသော ခံစားချက်များကို ခံစားမိပြီး ထိုခံစားချက်များကို လက်ခံရန် အလွန်ခက်ခဲခဲ့သည်။ အိမ်အတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ကြမ်းပြင်သည် မြေသား ဖြစ်နေသည်ကို သူမ မြင်လိုက်ရပြီး မီးဖိုခုတင်ပေါ်တွင် ထိုင်လိုက်သောအခါ အလွန်မာကျောကာ မသက်မသာ ခံစားရသည်။ နံရံများကို လက်ဖြင့် ထိလိုက်သောအခါတွင်လည်း သူမ၏လက်က ဖုန်မှုန့်များ ပေကျံကုန်သည်။ သူမ စားလိုသော အရသာရှိသည့် အစားအစာတစ်ခုခုကို ပြောလိုက်သောအခါတွင်လည်း မည်သူကမျှ ထိုအစားအစာ၏ အမည်များကို နားမလည်ကြသကဲ့သို့ ညအိပ်ရာ မဝင်မီ ရေချိုးလိုသည့်အခါတွင်လည်း ရေချိုးရန် လိုအပ်သော မည်သည့်အသုံးအဆောင်ပစ္စည်းမျှ မရှိပေ။ ဤကဲ့သို့ အသက်ရှင်နေထိုင်ရခြင်းသည် အလွန်နိမ့်ကျသည်ဟု သူ ထင်မိပြီး မိမိလိုချင်သည့်အရာ တစ်ခုတလေကိုမျှ မဝယ်ပေးနိုင်လောက်အောင် ဆင်းရဲသော မိဘများအပေါ် အာဃာတထားကာ အမြဲဒေါသထွက်လေ့ရှိသည်။ ပြန်လာပြီးကတည်းက သူမသည် လူသစ်တစ်ဦးအဖြစ် လုံးလုံးပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် သူမသည် သူမ၏ မိသားစုဝင်များကို မနှစ်မြို့သည့် မျက်လုံးဖြင့် ကြည့်ရှုပြီး သူမ၏နေအိမ်တွင်ရှိသည့် အရာရာတိုင်းကို မနှစ်မြို့သည့် မျက်လုံးဖြင့်ကြည့်ရှုကာ အလွန်တောကျလွန်းသဖြင့် ထိုနေရာတွင် သူမ မနေထိုင်နိုင်တော့သကဲ့သို့ ဆက်နေထိုင်လျှင် မကျေနပ်ချက်များကြောင့် သူမ သေသွားလိမ့်မည်ဟု တွေးနေမိသည်။ အိမ်မှ ထွက်လာခဲ့ခြင်းက သူမ၏ အမြင်ကို ဖွင့်ပေးခဲ့ပြီးဖြစ်သော်လည်း ထိုအရာက သူမ၏မိဘများအား သူမအပေါ် အလွန်ဒေါသထွက်စေလျက် မကောင်းသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည်။ “ငါ့မိဘများ ဘုရားကို မယုံကြည်ခဲ့လျှင်၊ ငါသည်လည်း ဘုရားကို မယုံကြည်ခဲ့လျှင် ငါတို့ဘဝများသည် အခုထက် မုချ ပိုကောင်းမွန်မည်ဖြစ်သည်။ နာမည်ကျော်ဆီမွန်း အိပ်ရာများပေါ် ငါတို့ မအိပ်နိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ပို၍ ကောင်းကောင်းမွန်မွန် ငါတို့ စားနိုင်ခဲ့မည်ဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် ကြွေပြားများ ခင်းနိုင်ခဲ့မည်ဖြစ်သည်”ဟူ၍ ဖြစ်၏။ သူမက ဤအရာကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရလဒ်တစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ ဆင်းရဲရမည့်သဘော ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်လျှင် ကောင်းမွန်သောဘဝ ရှိနိုင်မည်မဟုတ်ကြောင်းနှင့် ကောင်းမွန်သော အစားအစာများကို စားနိုင်မည်မဟုတ်၊ သို့မဟုတ် ဝတ်ကောင်းစားလှများကို ဝတ်ဆင်နိုင်မည်မဟုတ်ဟု သူမ ထင်မြင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်နယ်အချို့တွင် တစ်စုံတစ်ရာကို ဖြစ်မြောက်အောင်မြင်ခဲ့သည့် ဤထူးချွန်သော သူရဲကောင်းဆန်သည့် အမျိုးသမီးသည် ချုံးချုံးကျသွားပြီး တစ်နေ့လုံး အိပ်ငိုက်နေခဲ့သည်။ သူမသည် မနက်ခင်းတွင် အိပ်ရာထရန် ကြိုးစားရပြီး ပထမဆုံး သူမ လုပ်သည့်အရာမှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကာ မိတ်ကပ်လိမ်းခြယ်ပြီးနောက် မြို့ကြီးပြကြီးရှိ လူတို့ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများကို ဝတ်ဆင်ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် မျက်နှာရှစ်ခေါက်ချိုးဖြင့် ဤကျေးလက်ဘဝမှ လွတ်မြောက်ပြီး မြို့ကြီးပြကြီးတွင် ရှိသည့် လူများကဲ့သို့ အသက်ရှင်နေထိုင်နိုင်မည့် အချိန်ကို အချိန်ယူ စဉ်းစားနေခဲ့သည်။ သူမ ဟောပြောလေ့ရှိသော တရားဒေသနာများနှင့် သူမ၏ စိတ်ပိုင်းဖြတ်ချက်များက အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာအားလုံးကို သူမ မေ့လျော့သွားခဲ့ပြီဖြစ်သည်။ သူမအနေဖြင့် ယုံကြည်သူတစ်ဦး ဟုတ်မဟုတ်ကိုပင် သူမမသိတော့ပေ။ ဤသည်မှာ သူမ မည်မျှ မြန်မြန် ပြောင်းလဲသွားခဲ့ပုံဖြစ်သည်။ သူမ၏ အမြင် အနည်းငယ်ပွင့်သွားပြီး သူမ၏ နေထိုင်မှု ပတ်ဝန်းကျင်နှင့် ဘဝအဆင့်အတန်းများ ပြောင်းလဲသွားခဲ့သောကြောင့် သူမ ထုတ်ဖော်ခြင်းခံခဲ့ရသည်။

ယခင်က ဤအမျိုးသမီးသည် တရားဟောကာ အလုပ်ကို လုပ်ဆောင်ရင်း နေရာတကာ သွားခဲ့သည်။ သူမတွင် ခိုင်မာသော စိတ်ပိုင်းဖြတ်ချက်နှင့် ကြီးမားသော ခွန်အားများ ရှိခဲ့သော်လည်း ဤသည်တို့မှာ အပြင်ပန်းသာဖြစ်သည်။ စိတ်ထဲတွင် သူမ မည်သည့်အရာကို လိုက်စားသည်၊ မည်သည့်အရာကို နှစ်သက်ပြီး သူမက မည်သည့် လူစားမျိုးဖြစ်သည်ဟူသည်တို့ကို သူမကိုယ်တိုင် မသိခဲ့ပေ။ မြို့ကြီးတစ်မြို့သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံတစ်ခုက သူမ၏ ဘဝအခြေအနေကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပြီး ချမ်းသာသောဘဝနေထိုင်မှုပုံစံတစ်ခုကို တွေ့ကြုံခံစားရသည့် အချိန်ကာလတစ်ခုက သူမ၏ ဘဝ ဦးတည်ချက်ကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီဖြစ်သည်။ အကြောင်းရင်းမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သူမကို မည်သူက ပြောင်းလဲစေခဲ့သနည်း။ ထိုသူမှာ ဘုရားသခင် မဟုတ်နိုင်ပေ၊ ဟုတ်နိုင်သလော။ မဟုတ်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် အကြောင်းရင်းက မည်သည့်အရာဖြစ်သနည်း။ ပတ်ဝန်းကျင်က သူမကို ထုတ်ဖော်ခဲ့သောကြောင့်၊ သူမ၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ခဲ့ပြီး သူမ၏ လိုက်စားမှုများနှင့် သူမရှိနေသည့် လမ်းကြောင်းကို ထုတ်ဖော်ခဲ့သောကြောင့် ဖြစ်သည်။ မည်သည့် လမ်းကြောင်းပေါ်တွင် သူမ ရှိနေခဲ့သနည်း။ ထိုအရာမှာ သမ္မာတရားကို လိုက်စားသောလမ်းကြောင်း မဟုတ်သကဲ့သို့ ပေတရု၏ လမ်းကြောင်းလည်း မဟုတ်သည့်အပြင် ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူတို့၏ လမ်းကြောင်းလည်း မဟုတ်ပေ၊ သို့မဟုတ် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကြိုးစားသောလမ်းကြောင်းလည်း မဟုတ်ပေ။ ထို့ထက် အန္တိခရစ်၏ လမ်းကြောင်းသာ ဖြစ်သည်။ ဂဃဏနဆိုရလျှင် အန္တိခရစ်၏ လမ်းကြောင်းသည် ဂုဏ်သတင်းကို လိုက်စားခြင်း၊ အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ စည်းစိမ်များကို လိုက်စားခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဤကဲ့သို့သောလူတို့၏ အနှစ်သာရဖြစ်သည်။ အကယ်၍ ဤအရာများက သူမ လိုက်စားခဲ့သည့်အရာများ မဟုတ်ဘဲ သူမသည် သမ္မာတရားကို လိုက်စားသောသူဖြစ်ခဲ့လျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတစ်ခုတွင် သေးငယ်သည့် ပြောင်းလဲမှုတစ်ခုက သူမကို လုံးဝ ထုတ်ဖော်မည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သူမ၏စိတ်နှလုံးသည် အနည်းငယ် အားနည်းမည်၊ သူမ အနည်းငယ် စိတ်မချမ်းမသာဖြစ်မည်ဖြစ်ပြီး ထိုအရာက သူမအတွက် အနည်းငယ် နာကျင်စရာဖြစ်မည် သို့မဟုတ် သူမတွင် မိုက်မဲသော သရုပ်သကန်အချို့ ရှိမည်ဖြစ်သော်လည်း ထိုသို့သော သိသာထင်ရှားသော ပုံစံဖြင့် ထုတ်ဖော်ခံရသည်အထိ ဖြစ်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ လိုက်စားမှုများ၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့ပင် တစ်ပုံစံတည်းသော အရာများကို လိုက်စားကြပြီး ဤလောကတွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဆိုးယုတ်သော ရေပန်းစားမှုများကို လိုက်စားသူမည်သူမဆိုကဲ့သို့ပင် တစ်ပုံစံတည်းသော အရာများကို လိုက်စားကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ ခေတ်ဆန်သော ဖက်ရှင်ကျသော အဝတ်အစားများကို နှစ်သက်ကြ၏။ ဘာသာတရားမရှိသူများက ဆိုးယုတ်သော ရေပန်းစားမှုများ လိုက်စားကြပုံကို နှစ်သက်ကြပြီး ဇာတိပကတိနှင့်ဆိုင်သည့် လွန်ကဲသော ဘဝနေထိုင်မှုပုံစံတစ်ခု ရှိခြင်းကို ဘာသာတရားမရှိသူများ၏ စွဲလမ်းခြင်းအား ပို၍ပင် နှစ်သက်ကြ၏။ ထို့ကြောင့် သူမ၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခုဖြင့် ဤအမျိုးသမီး၏ ဘဝအပေါ် အမြင်နှင့် ဤလောကအပေါ်လည်းကောင်း၊ ဘဝအပေါ်လည်းကောင်း သူမ၏ သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူမက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းသည် အရေးအကြီးဆုံး မဟုတ်ကြောင်းနှင့် လူတို့သည် ဤလောက၌ အသက်ရှင်စဉ်တွင် ဇာတိပကတိကို မွေ့လျော်ခံစားသင့်ပြီး ဘဝကို မွေ့လျော်ခံစားသင့်ကြောင်း၊ ရေပန်းစားမှုများကို လိုက်စားသင့်ပြီး လမ်းလျှောက်သွားစဉ် လူတို့၏ အာရုံကို ဖမ်းစားနိုင်ပြီး အခြားသူများကို အားကျစေကာ လူတို့အား မိမိတို့ကို ကိုးကွယ်စေသည့် လူ့အဖွဲ့အစည်းတွင်ရှိသော ဩဇာတိက္ကမနှင့် ပြည့်စုံပြီး နှစ်လိုဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်သင့်ကြောင်း တွေးထင်လေသည်။ အချို့သောသူတို့သည် သာ၍များသော ပတ်ဝန်းကျင်များကို ကြုံရပြီးနောက် လူမျိုးစုံနှင့် ထိတွေ့ဆက်ဆံရပြီး ၎င်းတို့၏ အမြင်ပွင့်လာပြီးနောက်တွင် သမ္မာတရားကို လိုက်စားသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သောကြောင့်လည်းကောင်း ဤဆိုးယုတ်သော ရေပန်းစားမှုများနှင့် လူသားမျိုးနွယ်ကို ပို၍ ရိပ်စားမိနိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လောကီလူတို့ရှိသည့် လမ်းကြောင်းကို သာ၍ စက်ဆုပ်မုန်းတီးနိုင်ကြသည့်အပြင် ၎င်းတို့ကို ဘုရားသခင် ညွှန်ပြသောလမ်းအား လိုက်လျှောက်ရန် ထိုလမ်းကြောင်းကို ပိုင်းခြားသိမြင်နိုင်လာကာ လုံးဝ စွန့်လွှတ်နိုင်ကြသည်။ သမ္မာတရားကို မလိုက်စားသောသူများနှင့် အန္တိခရစ်၏ အနှစ်သာရရှိသည့် လူများမှာမူ၊ ၎င်းတို့၏ အမြင်ပွင့်ပြီး မတူကွဲပြားသည့် ပတ်ဝန်းကျင်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက လျော့ပါးသွားခြင်း မရှိရုံသာမက ပို၍ပင် ကြီးထွားကာ ကြီးမားလာကြသည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများ ကြီးမားလာပြီးနောက်တွင် ကောင်းမွန်သည့် အရာများကို မွေ့လျော်ခံစားပြီး ငွေနှင့် ဩဇာလွှမ်းမိုးမှု ရှိသည့် လောကထဲတွင်ရှိသော ထိုလူများ၏ ဘဝများကို ဤလူများက ပို၍ပင် အားကျလာကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ယုံကြည်သူများ၏ ဘဝများကို မထီမဲ့မြင်ပြုသော အထင်သေးစိတ် ဖြစ်ပေါ်လာကြသည်။ ၎င်းတို့က ယုံကြည်သူအများစုသည် လောကကို လိုက်စားခြင်းမရှိ၊ ငွေကြေး မရှိ၊ အဆင့်အတန်းမရှိ၊ ဩဇာလွှမ်းမိုးမှု မရှိသကဲ့သို့ ကမ္ဘာလောကကို များစွာ မြင်ဖူးကြခြင်းမရှိ၊ ဘာသာတရား မရှိသူများလောက် ဩဇာတိက္ကမနှင့် ပြည့်စုံခြင်းမရှိ၊ ဘာသာတရား မရှိသူများလောက် ဘဝကို ကောင်းစွာ မည်သို့မွေ့လျော်ခံစားရမည်ကို နားမလည်ကြသကဲ့သို့ ဘာသာတရားမရှိသူများလောက် ကြွားဝါခြင်းမရှိဟု ထင်မြင်ကြသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဆန့်ကျင်မှုနှင့် ရန်လိုမုန်းတီးမှုက ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ကြီးထွားလာကြသည်။ ထို့ကြောင့် အန္တိခရစ်၏ အနှစ်သာရှိသည့် လူများစွာအတွက်၊ ဘုရားသခင်ကို ယုံကြည်လာသည့် အချိန်မှစ၍ ယခုအချိန်ထိ ၎င်းတို့သည် အမှန်တကယ် အန္တိခရစ်၏ အနှစ်သာရရှိသူများ ဟုတ်မဟုတ်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် သင့်လျော်သော ပတ်ဝန်းကျင် ရောက်လာသည့်တစ်နေ့တွင် ထိုအရာက ၎င်းတို့ကို ထုတ်ဖော်လိမ့်မည် ဖြစ်သည်။ ထုတ်ဖော်ခံရသည့်လူတို့သည် ထုတ်ဖော်ခြင်းမခံရသေးချိန်တွင် ၎င်းတို့သည်လည်း ယခင်က စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ကြပြီး လုပ်ဆောင်သင့်သည်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့သည် ဆင်းရဲဒုက္ခကို သည်းခံနိုင်ခဲ့ကြကာ အဖိုးအခပေးနိုင်ခဲ့ကြသည်။ ၎င်းတို့သည် တာဝန်သိသူများ၊ မှန်ကန်သော လမ်းကြောင်းပေါ်ရှိသည့် လူများနှင့် ဘုရားသခင်ကို ယုံကြည်သူများ၏ ပုံသဏ္ဌာန်နှင့် ဟန်ပန်ကို ပိုင်ဆိုင်သူများ ဖြစ်သည်ဟု ထင်ရသည်။ သို့သော် ၎င်းတို့အနေဖြင့် အပြင်ပန်းအရ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့ရှိနေသည့် လမ်းကြောင်းသည် အချိန်ကာလ၏ စမ်းသပ်မှု သို့မဟုတ် မတူကွဲပြားသော ပတ်ဝန်းကျင်များ၏ စမ်းသပ်မှုကို ခံနိုင်ရည်မရှိပေ။ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ၊ ထိုသူ၏ ယုံကြည်မှုတွင် မည်မျှခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုရှိသည်ဖြစ်စေ သူသည် အန္တိခရစ်၏ အနှစ်သာရရှိပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ရှိနေလျှင် ထိုသူသည် မလွဲမသွေ ရုပ်ဝတ္ထုဆိုင်ရာစည်းစိမ်များကို လိုက်စားလိမ့်မည်၊ အသုံးအဖြုန်းကြီးသော ဘဝနေထိုင်မှုပုံစံကို လိုက်စားလိမ့်မည်၊ ကြွယ်ဝချမ်းသာသော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်ကို ရရှိအောင် အားထုတ်လိမ့်မည်ဖြစ်သည့်အပြင် လိုချင်တပ်မက်ဖွယ်ရာမျိုးစုံကို လိုက်စားလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းတွင် အသက်ရှင်နေထိုင်ခြင်းအတွက် လောကီလူတို့၏ သဘောထားနှင့် လုပ်နည်းကိုင်နည်းတို့ကို အားကျနေလိမ့်မည်။ ဤသည်မှာ သေချာပေသည်။ ထို့ကြောင့် လူတိုင်းသည် ယခုအခါတွင် တရားဒေသနာများကို နားထောင်နေကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေကြကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော်လည်း၊ ဤအရာများကို လုပ်ဆောင်လင့်ကစား သမ္မာတရားကို မလိုက်စားသောသူတို့သည် မလွဲမသွေ ရုပ်ဝတ္ထုပစ္စည်းများကို ရရှိအောင် အားထုတ်ကြလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဦးစားပေးဖြစ်လိမ့်မည်ဖြစ်ပြီး သင့်လျော်သော ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လိုအင်ဆန္ဒများက ကြီးထွားကာ ပေါ်ထွက်လာကြလိမ့်မည်။ ဤအခြေအနေသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ယင်းမှာ ၎င်းတို့ ထုတ်ဖော်ခံရမည့်အချိန် ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မလိုက်စားပါက အနှေးနှင့်အမြန် ဤနေ့ရက်သည် ၎င်းတို့အတွက် ရောက်ရှိလာလိမ့်မည်။ သမ္မာတရားကို လိုက်စားသောလူများ၊ သမ္မာတရားကို နားလည်သူများနှင့် သမ္မာတရားက မိမိတို့၏ အခြေခံအုတ်မြစ်ဖြစ်သော လူများအတွက်မူ ဤစုံစမ်းသွေးဆောင်မှုများနှင့် ပတ်ဝန်းကျင်များ ရောက်ရှိလာသောအခါ ၎င်းတို့သည် ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြသည်။ ယင်းတို့ကို ငြင်းပယ်ကာ ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြသည်။ ဤစုံစမ်းသွေးဆောင်မှုများ ရောက်လာသောအခါ ၎င်းတို့သည် အပြုသဘောဆောင်သော အရာက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် အပျက်သဘောဆောင်သော အရာက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ခွဲခြားသိမြင်နိုင်ပြီး ထိုအရာက မိမိတို့လိုချင်သော အရာတစ်ခု ဟုတ်မဟုတ်ဟူသည်ကို သိရှိနိုင်ကြသည်။ ဤအရာသည် အချို့သော အမျိုးသမီးများက မိမိတို့ကို ရရှိအောင် အားထုတ်သော ယောက်ျားများ၌ မည်မျှပင်ငွေကြေးရှိပါစေ စိတ်မဝင်စားကြသည့် အခြေအနေကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့က စိတ်မဝင်စားကြသနည်း။ အကြောင်းမှာ ထိုယောက်ျားများတွင် ကောင်းမွန်သော စရိုက်လက္ခဏာ မရှိသောကြောင့် ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် မိမိတို့ကို ရရှိအောင် အားထုတ်သော ချမ်းသာကြွယ်ဝသည့် ယောက်ျားများ မရှိသောကြောင့် လက်တွဲဖော်ကို မရှာဖွေကြခြင်း ဖြစ်သည်။ ငွေရှိသည့် ယောက်ျားတစ်ဦးက ၎င်းကို ရရှိအောင် အားထုတ်ပြီး ယွမ် ၂၀၀၀၀ တန် ဒီဇိုင်းနာဝတ်စုံကို ဝယ်ပေးလျှင် ထိုအမျိုးသမီးများသည် စိတ်ဝင်စားလာမည် ဖြစ်ပြီး ယွမ် ၁၀၀၀၀၀ တန် မင့်ခ်သားမွေးကုတ်အင်္ကျီ၊ ကြီးမားသောစိန်တစ်လုံး၊ လှပသောအိမ်ကြီးနှင့် ကားတစ်စီးကို ဝယ်ပေးလျှင် ၎င်းတို့သည် ချက်ချင်းပင် ထိုသူနှင့် လက်ထပ်ရန် လိုလားနေကြမည်ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသမီးများက လက်မထပ်ဟု ပြောလေ့ရှိခဲ့ကြသည်မှာ မှန်သလော၊ သို့မဟုတ် မှားသလော။ ထိုအရာသည် အလိမ်အညာတစ်ခုဖြစ်သည်။ ထို့ကြောင့် လောကီကို မလိုက်စားသကဲ့သို့ လောကီဆိုင်ရာ အလားအလာများနှင့် ပျော်ရွှင်မှုများကို မလိုက်စားဟု ပြောဆိုသော လူများစွာ ရှိကြသော်လည်း ယင်းမှာ ၎င်းတို့၏ ရှေ့တွင် စုံစမ်းသွေးဆောင်မှုများ မရှိသောအခါမျိုး၊ အခြေအနေမပေးသောအခါမျိုးတွင်သာဖြစ်သည်။ အခြေအနေပေးလာသည်နှင့် ၎င်းတို့သည် ထိုအထဲသို့ နက်ရှိုင်းစွာ ကျရောက်သွားကြလိမ့်မည်ဖြစ်ပြီး မည်သို့မျှ ရုန်းထွက်လွတ်မြောက်အောင် အားထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထိုအရာမှာ ငါတို့ ယခုတင်ပေးခဲ့သည့် ဥပမာအတိုင်းပင် ဖြစ်သည်။ ထိုအမျိုးသမီးသည် မိမိကိုယ်ကို ထိုအခြေအနေမှ လွတ်မြောက်အောင် အားမထုတ်ခဲ့ပေ။ မြို့ပြဘဝ၏ ပျော်ရွှင်မှုကို ခဏတာ မွေ့လျော်ခံစားပြီးနောက် သူမသည် မိမိကိုယ်ကို မည်သူမည်ဝါဖြစ်သည်ကို မသိဘဲ လမ်းပျောက်သွားခဲ့သည်။ အကယ်၍ သူမသည် နန်းတော်တစ်ခုတွင် ထားရှိခြင်းခံခဲ့ရပါက သူမ၏ ဂုဏ်သတင်းကို မညစ်ညမ်းစေဖို့အတွက် သူမ၏ မိဘများကို အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခိုင်းခဲ့မည်လော။ ဤကဲ့သို့သော လူများသည် မိမိတို့၏ ပျော်ရွှင်မှု၊ ဂုဏ်သတင်း၊ လွန်ကဲသော ဘဝနေထိုင်မှုပုံစံနှင့် ဘဝ၏ မြင့်မားသော အဆင့်အတန်းအတွက် မိုက်မဲသော မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် တန်ဖိုးမဲ့ပြီး ယုတ်ညံ့သော စရိုက်လက္ခဏာများ ရှိကြသည်။ ဤကဲ့သို့သော လူများသည် တစ်ကြိမ်တစ်ခါမျှ သမ္မာတရားကို လိုက်စားဖူးသလော။ (မလိုက်စားဖူးပါ။) ထို့နောက် သူမ ဟောပြောခဲ့သော တရားဒေသနာများသည် မည်သည့်နေရာမှ ရောက်လာသနည်း။ သူမတွင် ဟောရမည့် တရားဒေသနာများ ရှိသလော။ သူမ ဟောပြောခဲ့သည်မှာ တရားဒေသနာများ မဟုတ်ဘဲ အယူဝါဒ ဖြစ်သည်။ သူမသည် တရားဒေသနာများ ဟောနေခြင်းမဟုတ်ဘဲ ဟန်ဆောင်နေခဲ့ပြီး လူများကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ သူမအနေဖြင့် တရားဒေသနာများစွာ ဟောကြားခဲ့ပါလျက် အဘယ်သို့ဖြစ်ပြီး မိမိကိုယ်တိုင်၏ ပြဿနာများကိုပင် ဖြေရှင်းနိုင်ခြင်း မရှိသနည်း။ ဤအခြေအနေသို့ ရောက်ရှိလာနိုင်သည်ကို သူမ သိခဲ့သလော။ အမှုအရာများကို သူမ ရှင်းလင်းစွာ မြင်ခဲ့သလော။ သူမသည် တရားဒေသနာများစွာ ဟောကြားခဲ့သည့်တိုင် မြို့ကြီးတွင် ခဏတာ ဘဝကို မွေ့လျော်ခံစားပြီးနောက် ဤကဲ့သို့သော စုံစမ်းသွေးဆောင်မှုများကို မကျော်လွှားနိုင်ခဲ့သကဲ့သို့ မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ခဲ့ပေ။ သို့ဆိုလျှင် သူမ ဟောကြားခဲ့သည်မှာ တရားဒေသနာများ ဟုတ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ ဤသည်မှာ တတိယအကြောင်းအရာ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။