အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅) အခန်း လေး

အကြောင်းအရာ ၆- အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခြင်း

ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် လူများစွာတို့သည် အမြဲပင် အဆင့်အတန်းကို လိုက်စားပြီး ၎င်းတို့အပေါ် လူတို့ အထင်ကြီးခြင်းရှိစေဖို့ အားထုတ်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်ချင်ကြပြီး လူအုပ်၏ ခေါင်းဆောင်နေရာတွင် ရှိချင်ကြသည်။ ဤအရာများအတွက် ၎င်းတို့သည် မိသားစုများကို စွန့်လွှတ်ကာ အလုပ်အကိုင်များကို စွန့်လွှတ်ကြသည်၊ ဒုက္ခဆင်းရဲကို ခံစားပြီး အဖိုးအခပေးကြပြီးနောက် နောက်ဆုံးတွင် ၎င်းတို့၏ အလိုဆန္ဒ ပြည့်ကာ ခေါင်းဆောင်တစ်ဦး ဖြစ်လာကြသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ဤလူတို့၏ ဘဝများက အမှန်တကယ် ခြားနားသွားသည်။ သူတို့သည် မိမိတို့၏ ဝတ်စားဆင်ယင် ပြင်ဆင်ပုံမှအစ စကားပြောဆိုပုံနှင့် ပြုမူပုံအဆုံး မိမိတို့စိတ်ထဲ၌ ရှိခဲ့ဖူးသော ရာထူးရှိသူများ၏ ပုံရိပ်နှင့် ဟန်ပန်ကို အဘက်ဘက်မှ ပေါ်လွင်ထင်ရှားစေကြ၏။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ စကားပြောရမည်ကို သင်ယူကြသည်၊ လူများကို မည်သို့ အမိန့်ပေးစေခိုင်းရမည်ကို သင်ယူကြပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကို ၎င်းတို့အတွက် လူတို့အား မည်သို့ ကိုင်တွယ်ခိုင်းရမည်ဆိုသည်ကို သင်ယူကြလေသည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းတို့သည် မည်သို့ အရာရှိဖြစ်ရမည်ကို သင်ယူကြလေသည်။ ၎င်းတို့သည် တစ်နေရာသို့ ခေါင်းဆောင်တစ်ဦးအဖြစ် သွားရောက်သည့်အခါ အရာရှိတစ်ဦးအဖြစ် သွားသည့် သဘောဖြစ်သည်။ အရာရှိဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က “အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခြင်း” ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ၎င်းတို့၏ ဘဝနှင့်ပတ်သက်သည့် မည်သည့်အရာသည် ယခင်နှင့် ကွာခြားသွားသနည်း။ ၎င်းတို့စားသောက်၊ ဝတ်ဆင်သောအရာနှင့် အသုံးပြုသော အရာများ ကွာခြားသွားသည်။ ၎င်းတို့ အစာစားသည့်အခါ အာဟာရပြည့်ဝပြီး အရသာရှိရန် အထူးဂရုစိုက်လာသည်။ ၎င်းတို့ဝတ်ဆင်သော အဝတ်အစားများ၏ အမှတ်တံဆိပ်နှင့် ဟန်ပန်တို့ကို အထူးဂရုစိုက်လာသည်။ တစ်နေရာတွင် တစ်နှစ်ကြာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီးနောက်တွင် ၎င်းတို့သည် ဝဖြိုးဖောင်းပွလာကြပြီဖြစ်သည်။ ခေါင်းမှခြေထိ နာမည်ကြီး ဒီဇိုင်နာများ၏ အဝတ်အစားများကို ၎င်းတို့ ဝတ်ဆင်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ဖုန်း၊ ကွန်ပျူတာနှင့် ၎င်းတို့အိမ်ရှိ အသုံးအဆောင်ပစ္စည်းများသည် တန်ဖိုးကြီး အမှတ်တံဆိပ်များချည်းသာ ဖြစ်သည်။ ခေါင်းဆောင်မဖြစ်မီတွင် ၎င်းတို့၌ ဤအခြေအနေများ ရှိခဲ့သလော။ (မရှိခဲ့ပါ။) ခေါင်းဆောင် ဖြစ်လာပြီးနောက် ၎င်းတို့သည် ငွေရှာရန် အားမထုတ်ခဲ့ကြပေ၊ သို့ဆိုလျှင် ဤပစ္စည်းများအားလုံးကို ဝယ်ယူရန် ငွေများကို မည်သည့်နေရာမှ ၎င်းတို့ ရရှိခဲ့ကြသနည်း။ ညီအစ်ကိုမောင်နှမများက ဤပစ္စည်းများကို ၎င်းတို့ထံ လှူဒါန်းခဲ့သလော သို့မဟုတ် ဘုရားအိမ်တော်က ဤပစ္စည်းများကို ၎င်းတို့အတွက် ခွဲဝေသတ်မှတ်ပေးခဲ့သလော။ ဘုရားအိမ်တော်က ခေါင်းဆောင်နှင့် အမှုတော်ဆောင်တိုင်းထံ ဤပစ္စည်းများကို ခွဲဝေသတ်မှတ်ပေးသည်ကို သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) သို့ဆိုလျှင် ယင်းတို့ကို ၎င်းတို့က မည်သို့ရရှိခဲ့ကြသနည်း။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ၎င်းတို့ ရရှိခဲ့ခြင်းမဟုတ်ပေ။ ထို့ထက် ထိုအရာများသည် ၎င်းတို့ အဆင့်အတန်း ရရှိ၍ “အရာရှိ” ဖြစ်လာကာ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ကြပြီးနောက် အခြားသူများထံမှ ခြိမ်းခြောက်တောင်းယူခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် သိမ်းယူခြင်းတို့အားဖြင့် ရရှိခဲ့သော အရာများသာ ဖြစ်ကြသည်။ နေရာတိုင်းရှိ အသင်းတော်များတွင် သင်တို့ ထိတွေ့ဆက်ဆံလာခဲ့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်အမျိုးမျိုးထဲတွင် ဤကဲ့သို့သောလူများ တစ်ဦးတလေ ရှိသလော။ ၎င်းတို့ ကနဦး ခေါင်းဆောင်ဖြစ်လာချိန်တွင် မည်သည့်အရာမျှ မရှိကြသော်လည်း သုံးလမပြည့်မီတွင်ပင် ၎င်းတို့၌ တန်ဖိုးကြီး အမှတ်တံဆိပ်နာမည်ရှိသည့် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများ ရှိလာကြသည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် အချို့လူများက ၎င်းတို့အနေဖြင့် အဆင့်မြင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားသင့်ကြောင်း၊ ၎င်းတို့ အပြင်ထွက်သည့်အခါ ကားစီးသင့်ကြောင်း၊ ၎င်းတို့အသုံးပြုသော ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများသည် သာမန်လူများ အသုံးပြုသည့်အရာများထက် ပိုကောင်းသင့်ကြောင်း၊ တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ရမည်ဖြစ်ပြီး မော်ဒယ်အဟောင်းဖြစ်လျှင် အသစ်နှင့် အစားထိုးရမည်ဖြစ်ကြောင်း တွေးထင်ကြလေသည်။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ ရှိသလော။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ မည်သည့်အခါမျှ မရှိခဲ့သကဲ့သို့ ထိုသို့ထင်မြင်သော ညီအစ်ကိုမောင်နှမ တစ်ဦးမျှ မရှိပေ။ သို့ဆိုလျှင် ဤခေါင်းဆောင်များ မွေ့လျော်ခံစားနေရသော ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ တစ်ချက်အနေဖြင့် သူတို့သည် ဘုရားသခင်၏ အိမ်တော်အလုပ်ကို လုပ်ဆောင်သည်ဟူသော ခေါင်းစဉ်တပ်၍ ညီအစ်ကိုမောင်နှမများထံမှ ခြိမ်းခြောက်တောင်းယူခြင်းနှင့် သူဌေးသူကြွယ်များကို ဤအရာများ ဝယ်ပေးစေခြင်းတို့အားဖြင့် ဤအရာများကို ရရှိခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် အလှူငွေများကို အလွဲသုံးစားလုပ်ကာ ခိုးယူခြင်းဖြင့် ဤအရာများကို ၎င်းတို့ကိုယ်တိုင် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အစားအစာနှင့် သောက်စရာကို ကလိမ်ကကျစ် ရယူသည့် လူဖျင်းလူညံ့များ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ ငါမျှဝေခဲ့သည့် ယခင်ကိစ္စအနည်းငယ်ထဲမှ လူများနှင့် ကွဲပြားမှုတစ်ခုတလေရှိသလော။ (မရှိပါ။) ၎င်းတို့တွင် တူညီသည့်အရာ မည်သည့်အရာရှိသနည်း။ သူတို့အားလုံးသည် အလှူငွေများကို အလွဲသုံးစားလုပ်ရန်နှင့် ခြိမ်းခြောက်တောင်းယူရန် မိမိတို့၏ ရာထူးကို အသုံးချခဲ့ကြသည်။ လူအချို့က “ဘုရားအိမ်တော်တွင် အလုပ်လုပ်ခြင်းနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦး ဖြစ်ခြင်းဖြင့် ဤအရာများကို မွေ့လျော်ခံစားရန် ၎င်းတို့ အရည်အချင်းပြည့်မီကြသည် မဟုတ်လော။ ၎င်းတို့သည် အလှူငွေများကို ဘုရားသခင်နှင့်အတူ ဝေပုံကျယူရန် အရည်အချင်း ပြည့်မီကြသည်မဟုတ်လော”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ အရည်အချင်းပြည့်မီကြသလော။ (မပြည့်မီပါ။) အကယ်၍ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ရန် ၎င်းတို့အနေဖြင့် ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်ပါက ဤကိစ္စတွင် ဘုရားအိမ်တော်၌ ထိုအရာများကို ဝယ်ယူနိုင်သည်ဟု ပြောသည့် စည်းကမ်းများရှိ၏။ သို့သော် ဤလူများသည် စည်းကမ်းများ၏ သတ်မှတ်ချက်များအတွင်းတွင် ပစ္စည်းများကို ဝယ်ယူကြခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့က ထိုသို့ ဝယ်ယူနေခြင်း မဟုတ်ကြောင်း ပြသသည့် မည်သည့်အရာကို သင်တို့မြင်သနည်း။ (အကယ်၍ ၎င်းတို့သည် အလုပ်အတွက် ထိုအရာကို အမှန်တကယ် လိုအပ်ပါက အသုံးပြု၍ရနိုင်သရွေ့ ပစ္စည်းတစ်ခုက ကောင်းမွန်သည်ဟု ၎င်းတို့ စဉ်းစားကြမည်ဖြစ်သော်လည်း အန္တိခရစ်များ လိုက်စားသည်မှာ တန်ဖိုးကြီး ဒီဇိုင်နာ ပစ္စည်းများဖြစ်ပြီး အရာအားလုံးထဲမှ အကောင်းဆုံးကို သုံးစွဲကြသည်။ ဤအချက်မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဤအရာများကို မွေ့လျော်ခံစားရန် မိမိတို့၏ အဆင့်အတန်းကို အသုံးပြုနေကြကြောင်း မြင်နိုင်ပါသည်။) မှန်ပေသည်။ အကယ်၍ ထိုအရာကို အလုပ်အတွက် လိုအပ်ပါက တစ်စုံတစ်ရာမှာ အသုံးပြု၍ရနိုင်သရွေ့ ကောင်းမွန်ပေသည်။ ၎င်းတို့သည် ထိုသို့သော ဆန်းပြားပြီး ဈေးကြီးသည့် ပစ္စည်းများကို အသုံးပြုရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထို့အပြင် ၎င်းတို့က ဤပစ္စည်းများကို ဝယ်ယူသည့်အခါ အခြားသူများသည် ဆုံးဖြတ်ချက်တွင် ပါဝင်ပြီး သဘောတူခဲ့ကြသလော။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ အကယ်၍ အခြားသူများက ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့ပါက ၎င်းတို့အားလုံးသည် ထိုတန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူရန် သဘောတူနိုင်ခဲ့ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့က အလှူငွေများကို ခိုးယူခြင်းဖြင့် ဤအရာများကို ရရှိခဲ့သည်မှာ အလွန် သိသာထင်ရှားပေသည်။ ဤသည်မှာ ရှင်းရှင်းကြီးပင် ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၌ စည်းကမ်းတစ်ခုရှိ၏။ အသင်းတော်တစ်ခုချင်းစီတွင် ပူဇော်သက္ကာများကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်စေ၊ အလုပ်တာဝန် ထမ်းဆောင်ရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်စေ မည်သည့်အခါမျှ လူတစ်ဦးတစ်ယောက်တည်း၏ အလုပ်မဟုတ်ချေ။ သို့ဆိုလျှင် ဤလူများသည် တစ်ဦးချင်းအနေဖြင့် အလှူငွေများကို မိမိတို့ စိတ်ကြိုက် အသုံးပြုပြီး သုံးစွဲနိုင်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ၎င်းတို့ လုပ်ဆောင်သည့် ဤအရာများ၏ သဘာဝမှာ အလှူငွေကို ခိုးယူခြင်းနှင့်ဆိုင်သည့် သဘာဝဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြားလူတို့ကို အကြောင်းကြားရန် မဆိုထားနှင့်၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သဘောတူညီမှုနှင့် အသိအမှတ်ပြုခြင်းတို့ကို မယူဘဲ၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို အခြားမည်သူကမျှ မသိဘဲ ဤပစ္စည်းများကို ၎င်းတို့ ဝယ်ယူပြီး ရယူကြလေသည်။ ဤအရာ၏ သဘောသဘာဝသည် ခိုးယူခြင်းနှင့် အနည်းငယ် ဆင်တူသည်မဟုတ်လော။ ဤအရာကို အလှူငွေများအား ခိုးယူခြင်းဟု ခေါ်သည်။ ခိုးယူခြင်းသည် လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။ အဘယ်ကြောင့် လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်း အလံအား လွှင့်ထူခြင်းဖြင့် ဤဆန်းပြားသော ပစ္စည်းများကို ဝယ်ယူပြီး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအပြုအမူမျိုးကို လိမ်လည်မှုဟု ခေါ်ပြီး လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သည်။ ဤသို့သတ်မှတ်ခြင်းဖြင့် ငါသည် လွန်လွန်းသွားပြီလော။ ငါသည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာမျှသာမက ဤခေါင်းဆောင်ဟု ဆိုသူများသည် တစ်နေရာတွင် ခဏကြာနေပြီးနောက် ထိုနေရာရှိ ညီအစ်ကိုမောင်နှမများက ကမ္ဘာလောကတွင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်၊ မည်သည့် လူမှုဆက်ဆံရေးများ ရှိကြသည်၊ ပြီးလျှင် ဤလူများထံမှ မည်သည့်အကျိုးကျေးဇူးများကို ၎င်းတို့ လိမ်လည်ယူငင်နိုင်သည်ဆိုသည်နှင့် မည်သည့် အဆက်အသွယ်များအား ၎င်းတို့ အသုံးပြုနိုင်သည်ကို အလွန်ရှင်းလင်းစွာ သိရှိရန် တစေ့တစောင်း အကဲခတ်ကြသည်။ ဥပမာအနေဖြင့် မည်သည့် ညီအစ်ကို မောင်နှမများက ဆေးရုံတွင် အလုပ်လုပ်သည်၊ အစိုးရဌာနတွင် အလုပ်လုပ်သည်၊ သို့မဟုတ် ဘဏ်တွင် အလုပ်လုပ်သည်၊ သို့မဟုတ် မည်သူက စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင်ပိုင်သည်၊ ကားတစ်စီးပိုင်သည်၊ သို့မဟုတ် အိမ်ကြီးတစ်လုံးရှိသည်စသည်ဖြင့် ၎င်းတို့သည် ထိုအရာများကို အလွန်ရှင်းလင်းစွာ သိရှိဖို့ တစေ့တစောင်း အကဲခတ်နေကြသည်။ ဤအရာများသည် ဤခေါင်းဆောင်များ၏ အလုပ်နယ်ပယ်အတွင်းတွင် ရှိသလော။ ၎င်းတို့သည် ဤအရာများကို သိရှိရန် တစေ့တစောင်း အကဲခတ်နေခြင်းသည် မည်သည့်အရာကို လုပ်ဆောင်နေခြင်းဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့အတွက် အစေခံမှုပေးစေဖို့၊ ၎င်းတို့ကို အစေခံစေဖို့နှင့် အဆင်ပြေမှုများ ပေးစေဖို့အတွက် ဤဆက်သွယ်မှုများကို အသုံးပြုလိုပြီး လောကတွင် အထူးရာထူးရှိသည့် ဤညီအစ်ကိုမောင်နှမများကို အသုံးပြုလိုကြလေသည်။ ၎င်းတို့အနေဖြင့် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ ယင်းမှာ ၎င်းတို့လုပ်ဆောင်နေသည့်အရာ ဖြစ်သလော။ ၎င်းတို့လုပ်ဆောင်နေသည့် ဤအရာများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိသည်။ စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်လုပ်သည့်အခါ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းခြင်းအား အာရုံစိုက်ကြပြီး အသင်းတော် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအား အာရုံစိုက်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ပတ်သက်မှု မရှိသည့်အရာများကို အာရုံမစိုက်ကြပေ။ အသင်းတော်တွင် မည်သူက မိမိ၏တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသည်၊ မည်သူက မိမိ၏တာဝန်တွင် ထိရောက်မှုရှိသည်၊ မည်သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် မည်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသည်ဟူသည်တို့အား မေးမြန်းခြင်းကိုသာ ၎င်းတို့ အာရုံစိုက်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုသူတို့ကို ရာထူးတိုးပေးပြီး နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်ဖြစ်စေသောလူများကို စုံစမ်းစစ်ဆေးကာ ထိုသူတို့ကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းကြသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်သူများသာလျှင် စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ အန္တိခရစ်များသည် ဤအရာများကို လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ကြပါ။) ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် လိုချင်ဖွယ်ဖြစ်သောအရာများကို ရယူရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အမှုအရာများကို လုပ်ဆောင်ကြပြီး ပြင်ဆင်မှုများ ပြုလုပ်ကြသော်လည်း အသင်းတော်၏အလုပ်ကို အားစိုက် မလုပ်ဆောင်ကြသကဲ့သို့ အလေးမထားကြပေ။ ထို့ကြောင့် ၎င်းတို့သည် တစ်နေရာရာတွင် ၎င်းတို့၏ ခြေကုပ်ကို ရရှိပြီးနောက်တွင် မည်သည့်ညီအစ်ကိုမောင်နှမများက ၎င်းတို့အတွက် မည်သည့်အစေခံမှုကို ပေးနိုင်သည်ကို အတော်အတန် သိရှိသွားကြသည်။ ဥပမာအနေဖြင့် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည့် မည်သူမဆိုသည် ၎င်းတို့ မကျန်းမာသည့်အခါ အခမဲ့ဆေးဝါးများကို ပေးနိုင်ပြီး ပြည်ပမှ တင်သွင်းသော အရည်အသွေးမြင့်သည့် ဆေးဝါးများကို ပေးနိုင်သည်။ ဘဏ်တွင် အလုပ်လုပ်သည့် မည်သူမဆိုက ၎င်းတို့အတွက် ငွေသွင်းငွေထုတ်များ လုပ်ဆောင်ရာတွင် အဆင်ပြေစေနိုင်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အလွန်ရှင်းလင်းစွာ စုံစမ်းသိရှိသွားကြသည်။ ၎င်းတို့သည် ဤလူများ၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို အလေးမထားဘဲ မိမိတို့၏ရှေ့တွင် ဤလူများကို စုစည်းကြသည်။ ဤလူများက ၎င်းတို့နောက်လိုက်ကာ ၎င်းတို့၏အကူများနှင့် လက်ထောက်များ ဖြစ်ရန် လိုလားနေသရွေ့ အန္တိခရစ်များက ၎င်းတို့ကို လိုချင်ဖွယ်သောအရာများ ပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နီးကပ်စွာထားကာ ပြုစုပျိုးထောင်ကာ ကာကွယ်ပေးကြလိမ့်မည် ဖြစ်ပြီး တစ်ချိန်တည်းတွင် ဤလူများသည် အသင်းတော်၌ ဤအန္တိခရစ်များ၏ ရာထူးကို ခိုင်မာစေရန်နှင့် ဤအန္တိခရစ်များ၏ အင်အားစုများကို ထိန်းသိမ်းရန် အလုပ်လုပ်ကြလေသည်။ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက စစ်မှန်သည့် အလုပ် လုပ်နေခြင်းရှိမရှိကို သင် သိလိုသည့်အခါ ထိုအသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ စစ်မှန်သော အခြေအနေအကြောင်းနှင့် အသင်းတော်အလုပ် မည်သို့ရှိသည်ကို ၎င်းတို့အား မေးမြန်းလော့။ ပြီးလျှင် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်သူတစ်ဦး အမှန်တကယ် ဟုတ်မဟုတ်ဟူသည်ကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ လူအချို့သည် အသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ မိသားစု ကိစ္စများနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ရှင်းလင်းစွာ သိရန် တစေ့တစောင်း အကဲဖြတ်ကြသည်။ ၎င်းတို့အား မည်သူက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင် ပိုင်သည်၊ မည်သူ၏ မိသားစုက ကားတစ်စီးရှိသည်၊ မည်သူ၏ မိသားစုက စီးပွားရေးလုပ်ငန်းကြီးတစ်ခု လုပ်နေသည် သို့မဟုတ် မည်သူက မည်သည့်ဒေသဆိုင်ရာဌာနတွင်မဆို အလုပ်လုပ်ပြီး ညီအစ်ကိုမောင်နှမများအတွက် အမှုအရာများကို လုပ်ဆောင်ပေးနိုင်သည် ဟူသည်တို့ကို သင် မေးလျှင် ၎င်းတို့က တိကျစွာ ပြောပြနိုင်ကြသည်။ မည်သူက သမ္မာတရား လိုက်စားသည်၊ မည်သူက မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်သည်၊ မည်သူက အန္တိခရစ်ဖြစ်သည်၊ မည်သူက လူတို့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်၊ မည်သူက ဧဝံဂေလိ တရားဟောရာတွင် ထိရောက်သည် သို့မဟုတ် ဒေသတွင်းတွင် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသည့်သူ မည်မျှရှိသည်ဟူသည်တို့ကိုမူ ၎င်းတို့က ဤအရာများကို မသိကြပေ။ ဤလူများသည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် မိမိတို့ရှိရာနေရာ၌ လူမှုဆက်နွှယ်မှုအားလုံးကို အသုံးပြုလိုကြပြီး လူမှုအသိုင်းအဝိုင်းငယ်တစ်ခု ဖြစ်လာစေရန် ယင်းတို့ကို ပေါင်းစည်းလိုကြသည်။ ထို့ကြောင့် ဤခေါင်းဆောင်များ ရှိရာနေရာကို အသင်းတော်တစ်ပါးဟု ခေါ်ဆို၍မရနိုင်ပေ။ ထိုအရာကို ၎င်းတို့ လုပ်ဆောင်ပြီးသည့်နောက်တွင် လူမှုရေးအဖွဲ့တစ်ခု ဖြစ်လာပြီဖြစ်သည်။ ဤလူများ အတူတကွ စုဝေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ နှလုံးများကို ဖွင့်ဟကာ အချင်းချင်း၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား မည်သူတွင် ပိုမိုအားကောင်းသော အဆက်အသွယ်များရှိသည်၊ မည်သူက လူမှုအဖွဲ့အစည်းတွင် မြင့်မားသည့် အဆင့်အတန်းရှိပြီး အလွန်ဖြစ်မြောက်အောင်မြင်သည်၊ မည်သူသည် လူမှုအဖွဲ့အစည်းတွင် လူသိများသည်၊ မည်သူက လူ့အဖွဲ့အစည်းတွင် ဩဇာလွှမ်းမိုးမှုရှိပြီး မည်သူက ခေါင်းဆောင်အတွက် အထူးအဆင်ပြေသော ဝန်ဆောင်မှုများနှင့် လိုချင်ဖွယ်ဖြစ်သော အရာများအား ပေးနိုင်သည်ဟူသည်တို့ကို ကြည့်ကြသည်။ ဤလူများက မည်သူများ ဖြစ်သည်ဖြစ်စေ ၎င်းတို့သည် ခေါင်းဆောင်၏ စိတ်နှလုံးတွင် အဆင့်အတန်း ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များက လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ လုပ်ဆောင်နေကြသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်ကို တည်ဆောက်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် အသင်းတော်ကို ဖြိုချကာ ဖျက်ဆီးနေကြခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ သီးခြားနိုင်ငံတော်၊ ကိုယ်ပိုင်အုပ်စုနှင့် ဂိုဏ်းဂဏတို့ကို တည်ထောင်နေကြသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။

ငါသည် နှစ်ပေါင်းများစွာ သင်တို့နှင့် အဆက်အသွယ် ရှိပြီးဖြစ်သော်လည်း သင်တို့၏ မိသားစုများက မည်သည့်အရာ လုပ်ဆောင်သည်၊ သင်တို့၏ မိသားစုများက မည်မျှ ချမ်းသာသည်ဆိုသည်နှင့် သင်တို့၏ နောက်ခံများက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့အကြောင်းကို ငါ မေးမြန်းသလော။ (မမေးမြန်းပါ။) ဤအရာများကို ငါ အဘယ်ကြောင့် မမေးသနည်း။ ထိုအရာများကို မေးမြန်းရာတွင် အဓိပ္ပာယ်မရှိပေ။ ဘုရားအိမ်တော်သည် လူ့အဖွဲ့အစည်း မဟုတ်။ သင့်အနေဖြင့် အခြားသူများကို ကပ်ပါးရပ်ပါးလုပ်ရန် သို့မဟုတ် အခြားသူများနှင့် အဆက်အသွယ်များရအောင် မျက်နှာလိုမျက်နှာရလုပ်ရန် မလိုအပ်ပေ။ ဤအရာများအကြောင်းကို မေးမြန်းခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဘုရားအိမ်တော်ကို လူ့အဖွဲ့အစည်းအဖြစ်သို့ မပြောင်းလဲနှင့်။ သင်၏ မိသားစု နောက်ခံက မည်သည့်အရာဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် သင် အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ ထိုအရာက မြို့ကြီးတစ်ခုတွင်ဖြစ်စေ၊ ကျေးလက်တောနယ် ဒေသတစ်ခုတွင်ဖြစ်စေ အရေးမကြီးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် လူ့အဖွဲ့အစည်း၌ မည်မျှ မြင့်မားသည့် အဆင့်အတန်းတစ်ခု သင် ရှိနေကျဖြစ်စေ အရေးမကြီးပေ။ ယင်းကို ငါ ကြည့်လိမ့်မည် မဟုတ်။ လူတို့နှင့် ငါ စကားစမြည်ပြောသည့်အခါ ၎င်းတို့၏ မိသားစု အခြေအနေအကြောင်းကို ငါ လုံးဝ မမေးမြန်းဘူးချေ။ ထိုအကြောင်းကို ၎င်းတို့က ပြောရန် လိုလားလျှင် ငါ နားထောင်သော်လည်း လူတို့ကို အသုံးချဖို့အတွက် သတင်းအချက်အလက် တစ်မျိုးမျိုးကို ရယူဖို့ ကြိုးစားရန်မဆိုထားနှင့်၊ ဤအရာများကို ငါ မေးကိုမေးရမည့် အရေးကြီးသော သတင်းအချက်အလက်အဖြစ် ငါ လုံးဝ သဘောမထားပေ။ သို့သော် အန္တိခရစ်များက ဤအရာများအကြောင်းကို မေးမြန်းသည့်အခါ ၎င်းတို့က စကားစမြည်ပြောဆိုရန်သက်သက်အတွက် ထိုအရာကို လုပ်ဆောင်နေခြင်း သေချာပေါက် မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် လိုချင်ဖွယ်သော အရာအချို့ကို ရယူရန် ထိုအရာကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် မည်သူမဆို၏ မိသားစုက ကျန်းမာရေးထုတ်ကုန်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်ပိုင်ဆိုင်ပြီး ၎င်းတို့အား ကျန်းမာရေးထုတ်ကုန်များကို လက်ကားဈေးနှုန်းဖြင့် ဝယ်ယူခွင့်ပေးနိုင်လျှင် ၎င်းတို့သည် ထိုမိသားစုကို ချဉ်းကပ်ကြ၏။ သို့မဟုတ် ကောင်းမွန်သောပစ္စည်းများကို ၎င်းတို့အား ကူညီဝယ်ယူပေးနိုင်သည့် မိတ်ဆွေတစ်ဦးရှိသည့် မည်သူမဆိုကို ၎င်းတို့က မှတ်မိကြလိမ့်မည်။ သူတို့သည် ဤ “အဆက်အသွယ်များ” နှင့် ထူးချွန်သော အရည်အချင်းရှိသူများဟု သူတို့ ထင်မှတ်သော လူများကို စာရင်းပြုစုထား၍ အရေးကြုံသောအခါတွင် အသုံးချကြ၏။ ဤလူများအားလုံးသည် ပါရမီရှိကြပြီး ၎င်းတို့အတွက် အလွန် အသုံးဝင်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သမ္မာတရားကို မလိုက်စားသကဲ့သို့ လောကီနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်သည့် လူများသည် ဤအရာများကို အသက်နှင့် သမ္မာတရားထက် ပိုမိုအရေးကြီးသည်ဟု မြင်ကြသည်။ လူတစ်ဦးဦးသည် လူ့အဖွဲ့အစည်းတွင် သာမန် အလုပ်သမားတစ်ဦးဖြစ်နေကျဖြစ်လျှင် ဤအရာကို ခေါင်းဆောင်တစ်ဦးက ကြားသည်နှင့်တစ်ပြိုင်နက် ထိုသူသည် မိမိ၏ ယုံကြည်ခြင်းတွင် မည်မျှ လိုက်စားသည်ဖြစ်စေ ၎င်းက ထိုသူကို မည်သည့်အာရုံမျှ မစိုက်ချင်သော်လည်း တစ်စုံတစ်ဦးက အရာရှိတစ်ဦးဖြစ်ခဲ့ပြီး သူ၏ မိသားစုက ချမ်းသာကြောင်း၊ သာလွန်သော ဘဝနေထိုင်မှုပုံစံတစ်ခုရှိကာ ထိပ်ဆုံးတွင် ဘဝကို အသက်ရှင်နေထိုင်သည်ကို မြင်ပြီး ၎င်းက ထိုသူကို ဖော်လံဖားလျှင် ဤသည်မှာ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်တို့သည် ဤဆက်ဆံမှုမျိုးကို ခံရဖူးသလော။ ဤဆက်ဆံမှုမျိုးကို ခံရပြီးနောက်တွင် သင်တို့သည် စိတ်ထဲ၌ မည်သည့်အရာကို စဉ်းစားကြသနည်း။ ဘုရားအိမ်တော်၌ ချစ်ခြင်းမေတ္တာ သို့မဟုတ် နွေးထွေးမှုမရှိဟု သင်တို့ ခံစားရသလော။ အန္တိခရစ်များသည် ဘုရားအိမ်တော်ကို ကိုယ်စားပြုသလော။ ဘုရားအိမ်တော်ကို ၎င်းတို့ ကိုယ်စားမပြုကြပေ။ စာတန်ကို ကိုယ်စားပြုကြ၏။ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ အနှစ်သာရသည် စာတန်နှင့် သက်ဆိုင်သည်ချည်းသာ ဖြစ်ပြီး သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်းမရှိပေ။ ၎င်းတို့က မိမိတို့ကိုယ်ကိုသာ ကိုယ်စားပြုကြသည်။ ဤ “အဆက်အသွယ်များ”ကို မိမိတို့၏ လက်ဝယ်သို့ ရရှိကာ ဆက်သွယ်ပြီးနောက် ၎င်းတို့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ကိုင်တွယ်ခိုင်းဖို့ သို့မဟုတ် ၎င်းတို့ မိသားစုဝင်များအတွက်ပင် အလုပ်ကို စီစဉ်ခိုင်းဖို့အတွက် ဤအဆက်အသွယ်များကို အသုံးပြုကြသည့် အန္တိခရစ်အချို့လည်း ရှိသည်။ ငါ့ကိုပြောလော့၊ ဤအရာမျိုး ဖြစ်ပျက်တတ်သလော။ (ဖြစ်ပျက်ပါသည်။) အန္တိခရစ်များအားလုံးသည် ဤအရာများကို အလွန် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ အသိစိတ်မရှိသည့်လူ၊ အရှက်မရှိသည့်လူနှင့် တစ်ကိုယ်ကောင်းဆန်ပြီး အဆုံးစွန် ယုတ်ညံ့သည့် လူတစ်ဦးက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ကိုယ်ကျင့်တရား အပြုအမူ၊ လူတစ်ဦး၏ အသိစိတ်နှင့် လုံးဝ ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ အမြင်တွင် ၎င်းတို့၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်ရန်၊ အကျိုးအမြတ်များကို ရယူရန် ၎င်းတို့၏ ရာထူးကို အသုံးပြုခြင်းနှင့် ထိုသို့သော အရာမျိုးသည် လောကတွင် ပုံမှန်အဖြစ်ဆုံးသော အရာဖြစ်ပြီး ထိုအရာကို ယင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်း၊ ဝေဖန်ပိုင်းခြားခြင်း သို့မဟုတ် နားလည်သဘောပေါက်ခြင်း မပြုသင့်ပေ။ ထိုအရာသည် မယုံကြည်သူများက “အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ပါ”ဟု ပြောသည့် ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအားဖြင့် အန္တိခရစ်များ လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့၏ လိုက်စားမှုကဲ့သို့ပင် ထိုအရာသာ ကျိုးကြောင်းသင့်သည့်အလား ညီအစ်ကိုမောင်နှမများအား အမှုအရာများကို ခြိမ်းခြောက်လုပ်ဆောင်ခိုင်းဖို့ မိမိတို့ပိုင်ဆိုင်သည့် အာဏာကို အသုံးပြုပြီး ၎င်းတို့၏ ရာထူးကို အသုံးပြုရင်းနှင့် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းမရှိသည့် အလေ့အထများနှင့် တောင်းဆိုချက်များကို ညီအစ်ကိုမောင်နှမများထံ တင်ပြလျက် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် တစ်စက်မျှမရှိဘဲ ဤဦးတည်ချက်ဖြင့် ကြိုးစားအားထုတ်လျက် ရှိကြသည်။ ချင့်ချိန်နိုင်စွမ်းကင်းမဲ့သည့် နားဝေတိမ်တောင်ဖြစ်သော လူအချို့သည် မိမိတို့ အလိုဆန္ဒမပါဘဲ ဤခေါင်းဆောင်များ၏ အသုံးချခြင်းနှင့် စေခိုင်းခြင်းခံကြရပြီး ထိုခေါင်းဆောင်များအတွက် အမှုအရာများကို လုပ်ဆောင်ပေးဖို့ မိမိတို့ကိုယ်ပိုင် ငွေကို အသုံးပြုကြသော်လည်း မည်သည့်အရာမျှ မပြောနိုင်ကြသကဲ့သို့ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ကာ ကောင်းမှုများကို ပြင်ဆင်နေခြင်းဖြစ်သည်ဟု တွေးထင်ကြသည့် လူအချို့ပင် ရှိနိုင်သည်။ သင့်ကို ငါ ပြောမည်။ စင်စစ်အားဖြင့် သင်သည် မှားယွင်း၏။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းမှုများကို ပြင်ဆင်နေခြင်း မဟုတ်။ ထို့ထက် သင်သည် မကောင်းသည့် လူတစ်ဦးကို မကောင်းသည့် အရာများကို လုပ်ဆောင်ရာတွင် အကူအညီ ပေးနေခြင်းဖြစ်ပြီး ဆိုးယုတ်သော လူတစ်ဦး၏ စွမ်းအားကို တိုးပွားစေခြင်းဖြစ်သည်။ ဤအရာကို ငါ အဘယ်ကြောင့် ပြောသနည်း။ ဤအရာများကို သင် လုပ်ဆောင်သည့်အခါ စည်းမျဥ်းများနှင့် မကိုက်ညီပေ။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် အန္တိခရစ်တစ်ဦးအား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များအတွက် ကူညီကြံစည်ပေးနေခြင်း ဖြစ်ပြီး ၎င်းတို့အတွက် အတွင်းရေး ကိစ္စများကို ကူညီကိုင်တွယ်ပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန် မဟုတ်။ သင်၏ ဝတ္တရား မဟုတ်။ သင့်ကို ဘုရားသခင် ပေးခဲ့သည့် တာဝန်ပေးစေခိုင်းချက် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်လည်း မဟုတ်ပေ။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်သည် စာတန်ကို အလုပ်အကျွေးပြုနေခြင်းနှင့် စာတန်အတွက် အလုပ်လုပ်နေခြင်း ဖြစ်သည်။ စာတန်အတွက် အလုပ်လုပ်ပေးခြင်းအတွက် ဘုရားသခင်က သင့်ကို အောက်မေ့သတိရလိမ့်မည်လော။ (သတိရလိမ့်မည် မဟုတ်ပါ။) ထိုသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို အောက်မေ့သတိရလိမ့်မည်နည်း။ ကျမ်းစာတွင် စကားရပ်တစ်ခုရှိ၏။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဤသည်မှာ ဘုရားသခင်က ချမှတ်ခဲ့သည့်အရာ ဖြစ်သည်။ ဤစကားများသည် မည်သည့်အရာကို ဆိုလိုသနည်း။ အကယ်၍ သင်တို့သည် ညီအစ်ကို မောင်နှမများအနက် အနိမ့်ကျဆုံးသော သူတို့အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်လျှင် ထိုအရာသည် မုချဧကန် စည်းမျဉ်းများနှင့်အညီလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီလည်းကောင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အဆင့်အတန်းက မည်မျှမြင့်မားသည်ဟူသည်ကို သင် ကြည့်ရမည့်အစား စည်းမျဉ်းနှင့်အညီ သင် လုပ်ဆောင်ပေသည်။ လူအချို့သည် အဆင့်အတန်းရှိသူများအတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ အားထုတ်ပြီး အလုပ်လုပ်ကာ စိတ်ထက်သန်စွာ ထောက်ပံ့ကြသော်လည်း အဆင့်အတန်းမရှိသည့် လူတစ်ဦးက တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ၎င်းတို့ကို တောင်းဆိုလျှင် ထိုအရာက ၎င်းတို့ လုပ်ဆောင်သင့်သည့် တာဝန် သို့မဟုတ် ဝတ္တရားဖြစ်လျှင်ပင် ၎င်းတို့က အလေးဂရုမပြုကြပေ။ သို့ဆိုလျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာများကို မည်သို့စရိုက်လက္ခဏာ သရုပ်ဖော်သနည်း။ ဘုရားသခင်၏ ရပ်တည်ချက်မှကြည့်လျှင် ဤအရာများကို စာတန်အတွက် အလုပ်လုပ်ပေးခြင်းအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ပြီး သူက ဤအရာများကို လုံးဝ အောက်မေ့သတိရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဆဋ္ဌမမြောက် နမူနာ ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤကဲ့သို့သော အခြေအနေများကို မြင်ပြီးကြပြီလော။ (ဘုရားသခင်၊ ကျွန်ုပ် အခြေအနေတစ်ခုကို မြင်ခဲ့ပါသည်။ ယခင်က၊ ကျွန်ုပ်တို့ ရှိသည့်နေရာတွင် ခေါင်းဆောင်ဖြစ်ခဲ့သည့် အန္တိခရစ်တစ်ဦး ရှိသည်။ သူမသည် ညီအစ်ကို မောင်နှမများက လှူဒါန်းထားသည့် အစားအစာကောင်း၊ အသုံးဝင်သည့် ပစ္စည်းများ၊ မိတ်ကပ်နှင့် အခြားအရာများကို မိမိအတွက် သိမ်းထားရန် သူမ၏ ရာထူးကို အသုံးပြုခဲ့သည်။ အချို့သော အရာများက သက်တမ်းကုန်ပြီးသား ဖြစ်သော်လည်း သူမက ညီအစ်ကို မောင်နှမများကို မပေးဘဲနေခဲ့သေးသည်။ သူမသည် ဤအရာများအားလုံးကို အလွဲသုံးစား လုပ်ခဲ့သည်။ ထို့ပြင် သူမသည် ငှက်မွေးနွေးထည်တစ်ထည်ကို ဝယ်ယူခဲ့၏။ သို့သော် နောက်ပိုင်းတွင် ညီအမတစ်ဦးက ဈေးမကြီးဘဲ အရည်အသွေးကောင်းသော ငှက်မွေးနွေးထည်တစ်ထည် ဝယ်ယူထားသည်ကို မြင်သောအခါ သူမ၏ အနွေးထည်ကို လိမ်လည်လှည့်ဖြားယူငင်ရန် ထိုညီအမအား အကြောင်းအမျိုးမျိုးပြ၍ ပြောဆိုခဲ့ပြီး ထိုညီအမအား သူမ၏ကိုယ်ပိုင် ငှက်မွေးနွေးထည်ကို ဝယ်ယူရန် ငွေပိုကုန်ကျစေခဲ့သည်။) အန္တိခရစ်တိုင်းက ဆိုးယုတ်သည့် လူတစ်ဦးဖြစ်ကာ ၎င်းတို့တွင် လူ့သဘာဝ မရှိ၊ အသိစိတ်မရှိသကဲ့သို့ ၎င်းတို့၏ စရိုက်လက္ခဏာသည် အထူးသဖြင့် ဆိုးယုတ်သည်ဟု ပြော၍ ရနိုင်ပေသည်။ ဤလူများသည် နောက်ဆုံးတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။

ယခင်က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံခြားသို့ ရောက်ရှိလာသော မိသားစုဝင်သုံးဦးပါသည့် မိသားစုတစ်စုရှိခဲ့သည်။ ရောက်ရှိပြီးနောက်တွင် ၎င်းတို့သည် ပစ္စည်းများဝယ်ယူဖို့ ညီအစ်ကိုမောင်နှမများကို နေ့စဉ် အပြင်လိုက်ပို့ခိုင်းလေသည်။ ၎င်းတို့ထဲမှအချို့က ငှက်မွေး ကုတ်အင်္ကျီများ လိုချင်ကြသည်၊ အချို့က ဘောင်းဘီများ လိုချင်ကြပြီး အခြားသူတို့က ဖိနပ်များ လိုချင်ခဲ့ကြသည်။ ၎င်းတို့က ထိုမျှများပြားသောငွေများ ယူမလာခဲ့ကြကြောင်း ပြောဆိုလျက် ဆင်ခြေများ ပေးခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ထိုမျှများပြားသော ငွေကို ယူမလာခဲ့ကြလျှင် ပစ္စည်းများကို ဝယ်မနေခဲ့သင့်ကြပေ။ သို့သော် ၎င်းတို့က ဝယ်ချင်နေကြဆဲဖြစ်ပြီး သာမန်ပစ္စည်းများကို မလိုချင်ကြဘဲ ဆန်းပြားသောပစ္စည်းများကိုသာ လိုချင်ခဲ့ကြသည်။ ထိုပစ္စည်းများအတွက် ညီအစ်ကို မောင်နှမများက မိမိတို့ကိုယ်ပိုင် ငွေဖြင့် ပေးချေခဲ့ကြရသည်။ ထိုမိသားစုသည် အချိန်ကာလတစ်ခုကြာ မိမိတို့တာဝန်ကို ထမ်းဆောင်ခဲ့ကြစဉ်တွင် လူတို့သည် ၎င်းတို့၏ အပြုအမူကို သဘောမကျ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့စားသောအစားအစာ၊ ၎င်းတို့ နေထိုင်သည့် နေရာများနှင့် အသုံးပြုသော ပစ္စည်းများသည် ခမ်းနားထည်ဝါလွန်းသည်ချည်းသာ ဖြစ်သည်။ ထိုမိသားစုထဲမှ ဖခင်ဖြစ်သူသည် ညီအစ်ကိုမောင်နှမများကို နွားနို့ပင်ဝယ်ခိုင်းခဲ့ပြီး ရေငတ်သည့်အခါတွင် နွားနို့ကို ရေကဲ့သို့ သောက်လေသည်။ ဤကမ္ဘာပေါ်တွင် နွားနို့ကို ရေကဲ့သို့ သောက်သုံးနိုင်သူ မည်မျှရှိသနည်း။ ၎င်းတို့သည် မည်သည့်အဆင့်အတန်းရှိသောလူများ ဖြစ်ရော့မည်နည်း။ နောက်ပိုင်းတွင် သူက ညီအစ်ကိုမောင်နှမများကို ပျားလိမ္မော်နှင့် လိမ္မော်သီးများ ဝယ်ခိုင်းခဲ့သည်။ ၎င်းတို့က အိတ်ကြီးတစ်အိတ်စာ ဝယ်ပေးခဲ့ကြရာတွင် ထိုမိသားစုက နှစ်ရက်အတွင်း အကုန်စားလိုက်ကြသည်။ ဤအရာပြီးသည့်နောက်တွင် သူက ၎င်းတို့အတွက် ဖြည့်စွက်ဗီတာမင်ဓာတ်အချို့ လိုချင်သည်ဟု ပြောသည်။ ထို့ကြောင့် သူသည် “ဘုရားအတွက် ချယ်ရီသီးများကို သင်တို့ ဝယ်ပေးရမည်” ဟု ပြောရင်း ငါ့ကိုပင် အကြောင်းပြချက်အဖြစ် အသုံးပြုလျက် ညီအစ်ကိုမောင်နှမများကို ချယ်ရီသီးအချို့ ဝယ်ခိုင်းခဲ့သည်။ ငါက “ယခုက ဆောင်းရာသီဖြစ်သည်။ ချယ်ရီသီးစားရမည့် ရာသီမဟုတ်ပါ။ ငါ စားမည်မဟုတ်၊ ငါ့အတွက် မဝယ်ပါနှင့်”ဟု ပြောခဲ့သည်။ သူက “ကျွန်ုပ်တို့ ဝယ်ကိုဝယ်မှဖြစ်မည်” ဟု ပြောခဲ့သည်။ ညီအစ်ကိုမောင်နှမများက ချယ်ရီသီးတစ်ဘူး ဝယ်လာသောအခါ သူ့မိသားစုက ချက်ချင်းပင် အပြောင်ရှင်းလိုက်ကြသည်။ ငါသည် ထိုကဲ့သို့ စားနိုင်သူတစ်ဦးကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းတို့သည် သစ်သီးများကို ထမင်းကဲ့သို့ စားကြပြီး နို့ကို ရေကဲ့သို့ သောက်ကြသည်။ ထို့နောက် ထမင်းစားချိန်ရောက်သောအခါ ၎င်းတို့က ငါးဟင်းကို တွေ့သည်နှင့် အာသာငမ်းငမ်း စားကြသည်။ ၎င်းတို့စားသောက်ပုံကို သင်တို့ စက်ဆုပ်ရွံရှာကြမည်ဖြစ်သည်။ ၎င်းတို့သည် ယခင်က ကောင်းမွန်သည့်အရာ တစ်ခုမျှ မစားဖူးသော ငတ်မွတ်နေသည့် သရဲတစ္ဆေများနှင့် တူပေသည်။ ၎င်းတို့က ကောင်းသည့်အရာများကို ရသည့် ဤအခွင့်အရေးကို ကောင်းကောင်း အသုံးချသင့်သည်ဟု ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က တဝတပြဲစားဖို့ အားတက်သရော အလုအယက်ကြိုးပမ်းကြလေသည်။ နောက်ဆုံးတွင် ကလေးငယ်သည် အလွန်အကျွံစားမိပြီး တစ်စုံတစ်ရာ ပြဿနာဖြစ်သွားခဲ့သည်။ ဤသို့ဖြစ်ပြီးနောက်တွင် ထိုကလေးက ယုတ္တိမကျသော စကားတစ်ခွန်းကို ပြောခဲ့သည်။ “ကျွန်ုပ်သည် ထိုငါးဟင်းကို ဘုရား၏နေရာတွင် မစားခဲ့လျှင် ကျွန်ုပ် နေမကောင်းဖြစ်ခဲ့မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ထိုငါးဟင်းကို သူစားနေခဲ့ချိန်တွင် ငါသည် ထိုနေရာတွင်ပင် မရှိခဲ့သည့်အပြင် ထိုအကြောင်းကို ငါ တစ်ခုမျှ မသိခဲ့ပေ။ သူက သူ့သဘောဖြင့် စားခဲ့ခြင်းဖြစ်သည်။ သူသည် ငါ့ကို အဘယ်သို့များ အပြစ်တင်နိုင်သနည်း။ သို့သော် သူသည် ငါ့ကို တကယ်ကို အပြစ်တင်ခဲ့သည်။ ဤကဲ့သို့သောလူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ (သူတို့ကို ရှင်းလင်းပစ်သင့်သည်။) ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ကြသနည်း။ (နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်၏။ ထိုအချိန်တွင် ငါက ဒေသခံ အသင်းတော် ခေါင်းဆောင်များကို “သူတို့ကို ရှင်းလင်းပစ်ပြီး ဤနေရာမှ ဝေးနိုင်သမျှဝေးဝေးကို ပို့လိုက်ပါ။ သူတို့၏မျက်နှာများကို ငါ တစ်ဖန် မမြင်လိုတော့ပါ” ဟု ပြောခဲ့သည်။

ငါသည် အသင်းတော်အချို့ထံသို့ သွားရောက်ခဲ့ပြီး ထိတွေ့ဆက်ဆံခဲ့ဖူးသည့် ညီအစ်ကိုမောင်နှမ အရေအတွက်မှာ မနည်းလှပေ။ မကောင်းသည့်အပြင် ဆိုးယုတ်သည့် လူမျိုးစုံကို ငါ မြင်ခဲ့သော်လည်း ပုံမှန်အားဖြင့် ငါ ပေါင်းသင်းသည့် လူအရေအတွက်မှာ အတော်ပင် နည်းပါးခဲ့သည်။ လူအများစုနှင့် ဆက်ဆံနိုင်မည့် နည်းလမ်း အမှန်တကယ် မရှိသကဲ့သို့ အသိခေါက်ခက် အဝင်နက်သည့် လူများလည်း အလွန်များပြားလှသည်။ ၎င်းတို့ပြောသမျှအရာတိုင်းတွင် မူမမှန်သည့်၊ မှားယွင်းသော ဆင်ခြင်တွေးခေါ်မှုစနစ်ရှိပြီး ၎င်းတို့သည် မုသားများကို အမှန်ဖြစ်သည့်အလား တင်ပြပြောဆိုကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များသာ ဖြစ်ကြပြီး လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှ မရှိကြပေ။ ဤကဲ့သို့သော လူများသည် အသင်းတော်တစ်ခုစီတွင် အနည်းဆုံး သုံးပုံတစ်ပုံခန့် ရှိနေသည်။ ၎င်းတို့ထဲမှ မည်သူမျှ တန်ဖိုးတစ်ခုတလေ မရှိသည့်အပြင် မည်သူမျှ ကယ်တင်မခံရနိုင်ပေ။ ၎င်းတို့အားလုံး အမြန်ဆုံး ဖယ်ရှားရှင်းလင်းခံရသင့်သည်။ ငါ ထိတွေ့ဆက်ဆံရန် နှစ်သက်သည့် လူများမှာ သမ္မာတရားကို လက်ခံနိုင်သူများ၊ အတော်အတန် ရိုးသားသူများနှင့် ပွင့်လင်းစွာ စကားပြောဆိုနိုင်သူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မည်သည့်ဖောက်ပြန်ပျက်စီးမှုများကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့တွင် မည်သည့် သွေဖည်မှုများရှိသည်ဖြစ်စေ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီး ထိုသမ္မာတရားကို လက်ခံရန် လိုလားနေသရွေ့ ၎င်းတို့နှင့် ငါ အဆင်ပြေနိုင်သည်။ လှည့်ဖြားတတ်သူများနှင့် အခြားသူများကို အခွင့်အရေးယူရန် နှစ်သက်သူများကိုမူ ငါ အလေးဂရုပြုခြင်း မရှိပေ။ လူအချို့သည် ငါ့မျက်မှောက်တွင်ရှိသည့်အခါ မိမိတို့ကိုယ်ကို အမြဲ ကြွားလုံးထုတ်လိုကြပြီး ငါ့အား ၎င်းတို့အပေါ် အထင်ကြီးစေလိုကြသည်။ ၎င်းတို့သည် ငါ့ကို လှည့်စားရန် ငါ့ရှေ့တွင် တစ်မျိုး၊ ငါ့နောက်ကွယ်တွင် တစ်မျိုး ပြုမူကြသည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများ ဖြစ်ပြီး ၎င်းတို့ကို ဝေးနိုင်သမျှ ဝေးဝေးသို့ ပို့သင့်သည်။ ငါသည် ၎င်းတို့ကို မည်သည့်အခါတွင်မျှ တစ်ဖန် မမြင်လိုပေ။ လူတို့တွင် အားနည်းချက်များနှင့် ချို့ယွင်းချက်များ ရှိသည့်အခါ ငါသည် ၎င်းတို့ကို ထောက်ပံ့ကာ ပံ့ပိုးပေးနိုင်ပြီး ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အခါ ငါသည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုနိုင်သော်လည်း နတ်ဆိုးများနှင့် ငါ ပတ်သက်ခြင်း သို့မဟုတ် နတ်ဆိုးများ ပြောသည့်အရာကို ငါ နားထောင်ခြင်း မရှိပေ။ လူအချို့သည် ယုံကြည်သူအသစ်များဖြစ်ကြပြီး ၎င်းတို့ နားမလည်သည့် သမ္မာတရားအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မသိနားမလည်စွာ စကားပြောကာ ပြုမူနိုင်စွမ်းရှိကြသည်။ သမ္မာတရားနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုပေးနိုင်သော်လည်း သမ္မာတရားအချို့ကို သင်တို့ နားလည်ပြီးနောက် ငါ့အပေါ် မတော်တရော် ပြုမူကာ အပြစ်ရှာလျက် တမင်သက်သက် ရုတ်ရုတ်သဲသဲ ဖြစ်စေလျှင် ငါသည် သင့်ကို သည်းခံလိမ့်မည်မဟုတ်။ အဘယ်ကြောင့် ငါ သည်းမခံမည်နည်း။ သင်သည် ကယ်တင်၍ရနိုင်သည့်သူ မဟုတ်သောကြောင့် ငါသည် သင့်ကို အဘယ်ကြောင့် သည်းခံသင့်သနည်း။ တစ်စုံတစ်ဦးကို သည်းညည်းခံခြင်းဆိုသည်မှာ ငါသည် ၎င်းတို့ကို သည်းခံနိုင်ပြီး စိတ်ရှည်နိုင်သည်ဟု ဆိုလိုပေသည်။ ငါသည် မသိနားမလည်သူများနှင့် သာမန်ဖောက်ပြန်ပျက်စီးသောလူကို စိတ်ရှည်နိုင်သော်လည်း ရန်သူများ သို့မဟုတ် နတ်ဆိုးများကို စိတ်မရှည်နိုင်ပေ။ နတ်ဆိုးများနှင့် ရန်သူများသည် သင်တို့အား နားဝင်ချိုသောအရာများ ပြောဟန်ဆောင်ပြီး သင်တို့ကို လာဘ်ထိုးလျှင်၊ လှည့်ဖြားလျှင်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုကို ပေးလျှင် ၎င်းတို့ပြောသည့်အရာကို သင်တို့ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် သင်တို့သည် ဤအရာကို ရှင်းလင်းစွာ မြင်ပြီးဖြစ်ကာ ဤလူများသည် ထုတ်ဖော်ခံရပြီးသား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ပြောသည့်အရာတွင် ရိုးသားခြင်းမရှိကြ။ သမ္မာတရားကို ၎င်းတို့ မိတ်သဟာယပြုသည့်အခါ သူတော်ကောင်း ယောင်ဆောင်မှုချည်းသာ ဖြစ်ပြီး ၎င်းတို့ ပြောသည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို သိမြင်ရန် ခက်ခဲပေသည်။ ဤအရာများကို မှန်ကန်တိကျစွာ သင် မြင်နိုင်လျှင် ၎င်းတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ကို သင် သေချာနိုင်ပေသည်။ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအားဖြင့်သာ ပြဿနာက လုံးလုံးလျားလျား ပြေလည်သွားနိုင်သည်။ လူအချို့က “၎င်းတို့ကို အဘယ်ကြောင့် သူတို့အား အနည်းငယ်မျှ သက်ညှာခွင့် မပေးရသနည်း”ဟု ပြောကြသည်။ ဤလူများတွင် နောင်တရဖို့ အခွင့်အရေးမရှိပေ။ ၎င်းတို့အတွက် နောင်တရရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့က စာတန်ကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင်က မည်သို့ အနန္တတန်ခိုးရှိပြီး ဉာဏ်ပညာရှိသည်ဖြစ်စေ ၎င်း၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤသည်မှာ ဘုရားသခင် ရှိသင့်သည့် အနှစ်သာရ မဟုတ်ပေ။ ဘုရားသခင်ကို ဘုရားအဖြစ် ၎င်းက သဘောမထားသည့်အပြင် မိမိ၏ ဉာဏ်များသော အကြံအစည်များက ဉာဏ်ပညာဖြစ်ကြောင်း၊ မိမိ၏ သဘာဝအနှစ်သာရက သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သမ္မာတရားမဟုတ်ကြောင်း ၎င်းတို့က တွေးထင်လေသည်။ ဤသည်မှာ စာတန်စစ်စစ်တစ်ဦးဖြစ်ပြီး အဆုံးထိတိုင် ဘုရားသခင်ကို ရန်လိုရန် ကံဇာတာပါပေသည်။ ထို့ကြောင့် ဆိုးယုတ်သောလူများသည် သမ္မာတရားကို မချစ်နိုင်ရန်နှင့် သမ္မာတရားကို မလိုက်စားနိုင်ရန် ကံဇာတာပါကြပြီး ထိုသို့ဖြင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ခြင်းနှင့် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းသည် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပြီး စိုးစဉ်းမျှ မှားယွင်းခြင်း မရှိပေ။

ယနေ့ ငါ မိတ်သဟာယပြုပြီး စိစစ်ခဲ့သည့် အန္တိခရစ်များသည် ၎င်းတို့ လိုက်စားသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ကို လုံးဝ ပြောင်းလဲကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အစားအစာနှင့် သောက်စရာတို့ကို ကလိမ်ကကျစ် ရယူရန် အစွမ်းကုန်အားထုတ်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားလျက် ၎င်းတို့ လိုက်စားသည့် အရာရာတွင် ကိုယ်ကျိုးစီးပွားကို ဦးစားပေးကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စိတ်ရင်းမှန်ဖြင့် ဘယ်သောအခါမျှ အသုံးမခံခဲ့ကြပေ။ အစားအစာနှင့် သောက်စရာ၊ အကျိုးစီးပွားနှင့် ကောင်းမွန်သော အကျိုးခံစားခွင့်တို့ကို လိမ်လည်ရယူရန်သာ ၎င်းတို့က အလိုရှိကြသည်။ ၎င်းတို့က ဘုရားသခင်သည် ဤအရာကို မြင်ခြင်းမရှိ၊ ထိုအကြောင်းကို သိခြင်းမရှိသကဲ့သို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ခြင်းမရှိဟု တွေးထင်ကြသောကြောင့် ဤအရာများကို စွဲစွဲမြဲမြဲ လိုက်စားကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည့်ပုံစံဖြစ်သည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကိုလည်း မလျှောက်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခံရဖို့ ပျက်စီးကိန်းဆိုက်ကြပေသည်။ ဤသည်တို့မှာ ဘုရားသခင် ဖယ်ရှားရှင်းလင်းသည့် လူစားမျိုးများဖြစ်ပြီး ဘုရားအိမ်တော်က ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် နှင်ထုတ်သင့်သည့် လူစားမျိုးများ ဖြစ်သည်။ လူတစ်ဦးက အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် ရှိသည်ကို ရှာဖွေတွေ့ရှိခြင်းမှသည် သမ္မာတရားနှင့် မကိုက်ညီသည့် အရာတသီတတန်းကို ၎င်းတို့ လုပ်ဆောင်ခြင်းထိ၊ အန္တိခရစ်များအဖြစ် ၎င်းတို့ စရိုက်လက္ခဏာ သရုပ်ဖော်ခံရသည့် နေ့ရက်ထိတိုင် ဤအရာအားလုံးက အန္တိခရစ်များ မပြောင်းလဲသည်ကို လူတိုင်းအား ပြသပေသည်။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်မှာ ဘုရားအိမ်တော်၏ နှင်ထုတ်ခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သည်။ ၎င်းတို့က ပြောင်းလဲနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် ဤအရာများကို သင်တို့ သိရှိခြင်းသည် မည်သည့် ကောင်းကျိုးပြုသနည်း။ လူအချို့က “ကျွန်ုပ်တို့သည် လိမ်လည်မှုဖြင့် အစားအစာနှင့် သောက်စရာတို့ကို မရယူပါ။ သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားပြီး ဖန်ဆင်းခံများအဖြစ် ကျွန်ုပ်တို့၏ တာဝန်ကို လုပ်ဆောင်လိုကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နောက်လိုက်ပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံကြသည်။ အန္တိခရစ်များကဲ့သို့ ကျွန်ုပ်တို့ မပြုမူကြသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ရန်လည်း မစီစဉ်ကြပါ။ ဤကိစ္စများကို သိရှိခြင်းသည် ကျွန်ုပ်တို့တွင် မည်သည့် အသုံးဝင်မှုရှိပါသနည်း”ဟု ပြောကြသည်။ ပုံမှန် ညီအစ်ကို မောင်နှမများအတွက် အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ချက်များသည် လူတစ်ဦးစီအတွက် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ပြီး မည်သည့် လမ်းကြောင်းက မှန်ကန်ကာ မည်သည့် အပြုအမူများနှင့် အမှုအရာများလုပ်ဆောင်သည့် နည်းလမ်းတို့က ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟူသည်တို့ကို ၎င်းတို့အား သိခွင့်ပေးနိုင်သည်။ အဆင့်အားလုံးရှိ အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤသည်မှာ အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ဘဝ သက်သေဖြစ်သည်။ အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းက အသင်းတော်အလုပ်အတွက် မည်သည့် ကောင်းကျိုးကို ပြုသနည်း။ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သူတို့က သန့်ရှင်းပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ရှိရန်အလို့ငှာ၊ နတ်ဆိုးများနှင့် စာတန်များ၏ အဖျက်အမှောင့်များမှ လွတ်ကင်းရန်အလို့ငှာ ထိုအရာက သင်တို့အား အန္တိခရစ်များကို မှန်ကန်တိကျစွာ ခွဲခြားဖော်ထုတ်ဖို့ ကူညီပေးပြီး သင့်တော်သည့်အချိန်တွင် အသင်းတော်မှ ၎င်းတို့ကို နှင်ထုတ်ကာ အသင်းတော်အား သာ၍ သန့်စင်စေကာ ဤအန္တိခရစ်များ၏ အဖျက်အမှောင့်များ၊ အနှောင့်အယှက်များနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ ကင်းရှင်းစေရန် ကူညီပေးပေသည်။ ထို့ကြောင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်း သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့ကို သင်က အမှန်တရားများနှင့် သရုပ်သကန်များ၏ ရှုထောင့်အမြင်မှ ပိုင်းခြားသိမြင်သည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပိုင်းခြားသိမြင်သည်ဖြစ်စေ ဤသွင်ပြင်လက္ခဏာနှစ်ခုလုံးကို သင် ကျွမ်းကျင်ပိုင်နိုင်ရမည်။ ထိုအရာသည် သင်၏ အသက်ဝင်ရောက်မှုအတွက်လည်းကောင်း၊ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း အကျိုးရှိသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။

ယနေ့တွင် အကြောင်းအရာအချို့နှင့်ပတ်သက်၍ ငါ ပြောဆိုဆွေးနွေးခဲ့သည်။ ဤကိစ္စရပ်များက အန္တိခရစ်များ၏ အချို့သော အပြုအမူများ၊ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအပြင် ရက်စက်မှု၊ အရှက်မဲ့ခြင်းနှင့် ကိုယ်ကျင့်တရား အပြုအမူ အခြေခံစည်း တစ်ခုတလေ လုံးဝ ကင်းမဲ့ခြင်းတို့၏ သရုပ်သကန်များချည်းသာ ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများသည် သင်တို့အနီးဝန်းကျင်တွင် ဖြစ်ပျက်ပြီးဖြစ်သည့် အကြောင်းအရာများချည်းသာ ဖြစ်လောက်ပြီး အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် ၎င်းတို့၏ သရုပ်သကန်များအားလုံးက သင်တို့အတွင်းတွင် အတိုင်းအတာတစ်ခုထိ တည်ရှိသည်ဟု ပြော၍ရပေသည်။ တစ်နည်းအားဖြင့် သင်တို့အားလုံးတွင် အန္တိခရစ်များ၏ စိတ်သဘောထားအချို့နှင့် အန္တိခရစ်များ၏ လက်တွေ့လုပ်ဆောင်မှုအချို့ ရှိကြသည်။ ထို့ကြောင့် အန္တိခရစ်များကို သင်တို့ ပိုင်းခြားသိမြင်သည်နှင့်အမျှ သင်တို့ကိုယ်ပိုင် အပြုအမူကိုလည်း သင်တို့ စစ်ဆေး၊ ဆန်းစစ်ကာ သုံးသပ်သင့်သည်။ လူအချို့က “ထိုသို့သော အကြောင်းအရာများ၊ ထိုသို့သော အတင်းအဖျင်းကို ကိုယ်တော် အမြဲ ပြောဆိုဆွေးနွေးပြီး ထိုမျှ အသေးစိတ်ကျကျ ပြောဆိုသည်။ ဤအရာက ကျွန်ုပ်တို့၏ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မည်သို့ အကျိုးပြုသနည်း။ ယခုအခါတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များနှင့် တကယ်ကို အလုပ်များကြပြီး ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မှတ်စုများ မယူချင်ပါ သို့မဟုတ် ယင်းတို့ကို နားမထောင်ချင်ပါ။ သမ္မာတရားထဲသို့ ဝင်ရောက်နေချိန်တွင် အမှုအရာနှစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်းက လုံလောက်သည်။ တစ်ခုမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် အခြားတစ်ခုမှာ မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခြင်းဖြစ်သည်။ အလွန်ရိုးရှင်းပါသည်”ဟု ပြောကောင်းပြောပေမည်။ သဘောတရားအနေဖြင့် ထိုမျှ ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း တိကျစွာနှင့် ဂဃနဏပြောရလျှင် သိပ်မရိုးရှင်းပေ။ သမ္မာတရား အနည်းငယ်ကို သင် နားလည်လျှင် သင်၏ ဝင်ရောက်မှုသည် ကြမ်းတမ်းကာ ပေါ့တန်လိမ့်မည်ဖြစ်ပြီး သင် နားလည်သည့် သမ္မာတရားများက ယေဘုယျဖြစ်သော သမ္မာတရားများဖြစ်လျှင် သင် တွေ့ကြုံသည့် အသေးစိတ်အချက်များမှာလည်း အရေအတွက် နည်းပါးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် သင် မည်သည့်အခါတွင်မျှ သန့်စင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က လူတို့အား သမ္မာတရားကို လိုက်စားကာ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ရန် တောင်းဆိုသည်။ ထို့ကြောင့် လူတို့အနေဖြင့် ဤအသေးစိတ်အချက်များကို နားလည်ရမည်ဖြစ်သည်။ ဤအရာမှ မည်သည့်အရာကို သင်တို့ မြင်သနည်း။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်သောကြောင့် သူသည် သင့်ကို အလေးအနက် ထားရမည်ဖြစ်ပြီး လုံးဝ ပေါ့ဆခြင်း၊ နားဝေတိမ်တောင် ဖြစ်ခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် လက်သင့်ခံနိုင်ဖွယ်ဖြစ်ခြင်း သို့မဟုတ် လက်သင့်ခံနိုင်ဖွယ် ဖြစ်လုနီးပါး ဖြစ်ခြင်းဖြင့် စိတ်ကျေနပ်မည်မဟုတ်ပေ။ ဘုရားသခင်အတွက် “လက်သင့်ခံနိုင်ဖွယ် ဖြစ်လုနီးပါး ဖြစ်ခြင်း”၊ “ငါးချက်ထဲမှ လေးချက်”၊ “ဖြစ်ကောင်းဖြစ်မည်” ဆိုသည်နှင့် “ဖြစ်ချင်ဖြစ်မည်”ဟူသည်တို့ မတည်ရှိပေ။ သင်သည် ကယ်တင်ခံရလိုပြီး ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းလိုလျှင် သမ္မာတရား၏ ဤအသေးစိတ် အချက်များအားလုံးကို နားလည်ရမည်။ ယခုတွင် သင်သည် အလုပ်တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိလျှင် ကိစ္စမရှိပေ။ သမ္မာတရား၏ အသေးစိတ်အချက်များထဲသို့ ယခုစတင်ဝင်ရောက်ခြင်းသည် နောက်ကျလွန်းခြင်း မရှိပေ။ သင်သည် အမှားများ ပြုလုပ်မိခြင်းမရှိဘဲ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်သည့် သဘောထားတစ်ခု ရှိခြင်းနှင့် အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ ကျိုးနွံနာခံနိုင်ခြင်းဖြင့်သာ ကျေနပ်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုများထဲသို့ လုံးဝ ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လူတို့ကို ဘုရားသခင် ပေးသည့် သမ္မာတရားတိုင်းတွင် တိကျသည့် အသေးစိတ် အချက်များစွာရှိပြီး လူတို့က ဤအသေးစိတ်အချက်များကို နားမလည်လျှင် သမ္မာတရားကို လုံးဝ နားလည်ကြလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြလိမ့်မည် မဟုတ်ပေ။ လူတို့နှင့်ပတ်သက်၍ ဘုရားသခင် အလေးအနက်ထားသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ၎င်းတို့၏ ကျိုးနွံနာခံခြင်း၊ ၎င်းတို့၏ လူအချင်းချင်း ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာကိစ္စကို ၎င်းတို့ ချဉ်းကပ်ပုံနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မည်သို့ မလျှောက်ဘဲနေရမည်ဆိုသည်နှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို မည်သို့ ဖယ်ရှားရမည်ဟူသကဲ့သို့သော ယခု ငါ ပြောဆိုနေသည့် အရာများနှင့် စပ်လျဉ်း၍ဖြစ်စေ ဤအရာများကို တစ်ခုပြီးတစ်ခု ၎င်းတို့ သဘောပေါက်သင့်ကြပေသည်။ ဤအသေးစိတ်အချက်များကို သင်တို့ အမှန်တကယ် ပိုင်းခြားသိမြင်နိုင်ပြီး ရိုးရှင်းကာ အနှစ်မဲ့သည့် အယူဝါဒအနည်းငယ်ကို မည်သို့ဟောပြောရမည်ကို သိရုံမျှသိခြင်း မဟုတ်သည်နှင့်တစ်ပြိုင်နက် သင်တို့သည် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်သည့်လူတို့သာ ကယ်တင်ခြင်းခံရမည့် အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိပေသည်။ စကားများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောခြင်းသည် အလုပ်လုပ်ပေးခြင်းသာ ဖြစ်သည်။ လူတို့သည် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်လိုကြလျှင် ဤအသေးစိတ်အချက်များနှင့် ၎င်းတို့ အစပြုရမည်။ သို့မဟုတ်လျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သည့်အခါတွင်မျှ ၎င်းတို့ စွမ်းဆောင်ရရှိကြလိမ့်မည် မဟုတ်ပေ။

၂၀၂၀ ခုနှစ်၊ ဧပြီလ ၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။