အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၇) အခန်း နှစ်

အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ယင်းမှာ လူတိုင်း မြင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အခြားလူတို့၏ အကြံပြုချက်များကို လက်မခံကြရုံမက အရေးအကြီးဆုံးမှာ ပြုပြင်ခံရခြင်းကိုလည်း လက်မခံကြပေ။ အန္တိခရစ်များက သမ္မာတရားကို လက်မခံကြခြင်းမှာ မြေကြီးလက်ခတ်မလွဲ သေချာပေသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြပါမူ အန္တိခရစ်များ ဖြစ်ကြမည် မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် အဘယ်ကြောင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသေးသနည်း။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ “ဤဘဝတွင် အဆတစ်ရာ ရရှိပြီး နောင်ဘဝတွင် ထာဝရအသက်ရရှိရန်” ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် ဤဆိုရိုးကို လုံးဝ လိုက်လျှောက်နေကြသည်။ ဤသည်မှာ အပေးအယူတစ်ခု မဟုတ်လော။ ဤသည်မှာ လုံးဝ အပေးအယူတစ်ခု ဖြစ်၏။ ဤအပေးအယူ၏ သဘာဝဖြင့် အကဲဖြတ်သော် ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် မည်သည့်နည်းဖြင့် ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ တစ်ဦးတလေက ငါ့ကို ပြောပြနိုင်သလော။ (အန္တိခရစ်များက ဘုရားသခင် ဖော်ပြသည့် ဤအလွန်များသော သမ္မာတရားများကို ကြားသော်လည်း ယင်းတို့ကို လုံးဝ မလိုက်စားကြပေ။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်၊ ပြီးလျှင် အခြားသူများအပေါ် အာဏာကိုင်စွဲရန်အတွက်သာ မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစွာ စွဲကိုင်ကြပြီး လက်မလွှတ်ကြပေ။) အဖြေက မှန်သလိုမျိုးရှိသည်၊ ထိုအရာကို သင် နားလည်သလိုမျိုးရှိသော်လည်း ထိုမျှ တိကျခြင်း မရှိပေ။ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းက မှားသည်ဟု ၎င်းတို့က အပြည့်အဝ ကောင်းစွာ သိရှိသော်လည်း အဆုံးထိတိုင် မလျှော့တမ်းလုပ်ကာ နောင်တရဖို့ ငြင်းဆန်ကြလျှင် ဤပြဿနာက ဆိုးရွားပေသည်။ ယခုခေတ်တွင် လူအများစုသည် ကောင်းချီးများ ရရှိဖို့ ရည်ရွယ်ချက်ဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့အားလုံးက ဆုလာဘ်ချီးမြှင့်ခံရပြီး သရဖူတစ်ခုရရှိရန် မိမိတို့၏ တာဝန်များ ထမ်းဆောင်မှုကို အသုံးပြုချင်ကြပြီး မိမိတာဝန် ထမ်းဆောင်ခြင်း၏ အရေးပါမှုကို ၎င်းတို့ နားမလည်ကြပေ။ ဤပြဿနာကို ရှင်းလင်းစွာ မိတ်သဟာယပြုရန် လိုအပ်သည်။ ထို့ကြောင့် လူတို့၏ တာဝန် ဖြစ်လာပုံကိုသာ ပထမဆုံး ပြောဆိုဆွေးနွေးကြစို့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲရန်နှင့် ကယ်တင်ရန် အမှုပြု၏၊ ထို့ကြောင့် ကိုယ်တော်၌ လူတို့အပေါ် တောင်းဆိုချက်များ ရှိသည်မှာ သေချာ၏။ ဤတောင်းဆိုချက်များမှာ သူတို့၏ တာဝန်များ ဖြစ်၏။ လူတို့၏ တာဝန်က ဘုရားသခင်၏ အမှုတော်မှလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များမှလည်းကောင်း ဖြစ်ပေါ်သည်မှာ သိသာပေသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် အလှပဆုံးသောအရာဖြစ်ပြီး ယင်းသည် ၎င်းတို့အလယ်တွင် ချီးမွမ်းဖို့ရာ ပြောစမှတ်တွင်မည့် အဖြစ်အပျက်အဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက် ပျော်ရွှင်ခြင်းနှင့် အခွင့်ထူး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အမှတ်ရထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်က ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သော သူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်၏ ကိစ္စမဟုတ်ပေ။ အနည်းငယ် ပို၍ ပေါ်လွင်စွာနှင့် ရိုးရှင်းစွာ ဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ လူတို့တွင် ကြားဝင်ရန် အခွင့်မရှိပေ။ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့်ပူးပေါင်းဆောင်ရွက်ပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကတိတစ်ခုတလေ သို့မဟုတ် ကောင်းချီးများကို ရရှိရန် သဘောထားများကိုဖြစ်စေ၊ လုပ်ရပ်များနှင့် အပြုအမူများကိုဖြစ်စေ ဖော်ထုတ်ပြခြင်းများဖြင့် အလဲအထပ်လုပ်ရန် မကြိုးစားသင့်ပေ။ ဖန်ဆင်းရှင်က ဤအလုပ်ကို သင်တို့ထံ အပ်နှံသောအခါတွင် ဖန်ဆင်းခံများအနေဖြင့် ဤတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သင်တို့လက်ခံသည်မှာ မှန်ကန်ပြီး သင့်တော်ပေသည်။ ဤအရာနှင့်ပတ်သက်၍ အပေးအယူလုပ်ခြင်းတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဖန်ဆင်းရှင်၏ဘက်တွင် သူသည် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များဖြင့် သင်တို့ အယောက်စီတိုင်းကို အပ်နှံဖို့ လိုလားလျက်ရှိသည်။ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ ဘက်တွင်မူ လူတို့သည် ဤတာဝန်ကို မိမိတို့အသက်တာ၏ ဝတ္တရားအဖြစ်၊ ဤဘဝတွင် မိမိတို့ အသက်ရှင်နေထိုင်မှုဖြင့် ဖော်ပြသင့်သော တန်ဖိုးအဖြစ် မှတ်ယူကာ ဝမ်းမြောက်စွာ လက်ခံသင့်ပေသည်။ ဤနေရာတွင် အပေးအယူလုပ်ခြင်း မရှိ၊ ဤသည်မှာ ညီမျှသော အလဲအထပ်လုပ်ခြင်းတစ်ခု မဟုတ်၊ ယင်းက လူတို့ စိတ်ကူးထားသည့် ဆုလာဘ်တစ်ခုတလေဖြစ်စေ၊ အခြားစကားများဖြစ်စေ ပါဝင်ပတ်သက်ခြင်း ပို၍ပင် မရှိချေ။ ဤသည်မှာ သေချာပေါက် ကုန်သွယ်မှုမဟုတ်။ ယင်းသည် လူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ပေးသောအဖိုးအခဖြစ်စေ၊ ၎င်းတို့ လုပ်ဆောင်ပေးသည့် အလုပ်ကြိုးစားမှုကိုဖြစ်စေ အခြားသောအရာတစ်ခုဖြင့် အလဲအလှယ် လုပ်ခြင်းအကြောင်း မဟုတ်ပေ။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါကမျှ မပြောခဲ့သကဲ့သို့ လူများကလည်း ယင်းကို ဤနည်းလမ်းဖြင့် နားမလည်သင့်ပေ။ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးပြီး ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်ကို ဖန်ဆင်းရှင်ထံမှ ရရှိထားသည့် ဖန်ဆင်းခံတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ယူဆောင်ရွက်လေသည်။ ဤကိစ္စရပ်၊ ဤလုပ်ငန်းစဉ်တွင် အပေးအယူသဘော တစ်ခုမျှမရှိပေ။ ထိုအရာသည် အတော်ပင် ရိုးရှင်းပြီး လျော်ကန်သောအရာတစ်ခု ဖြစ်သည်။ မိမိတို့ ကလေးကို မွေးဖွားပြီးနောက် သတ်မှတ်ချက်များ သို့မဟုတ် ညည်းညူခြင်းများ မရှိဘဲ ပြုစုပျိုးထောင်ပေးသည့် မိဘများကဲ့သို့ပင် ဖြစ်သည်။ ကလေးက ကြီးပြင်းလာရာတွင် သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဟူသည်မှာမူ ၎င်းတို့၏ မိဘများအနေဖြင့် ၎င်းတို့ မွေးဖွားကတည်းက ထိုသို့သော တောင်းဆိုချက်များ မရှိခဲ့ကြပေ။ ကလေးတစ်ဦးကို မွေးဖွားပေးပြီးနောက်တွင် “သူ့အနေဖြင့် အနာဂတ်တွင် ကျွန်ုပ်ကို အလုပ်အကျွေးပြုပြီး ဂုဏ်ဆောင်ပေးရန်အလို့ငှာသာ သူ့ကို ကျွန်ုပ် ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။ သူ ကျွန်ုပ် ဂုဏ်မဆောင်ပေးဘဲ နေမည်ဆိုလျှင် ယခုပင် သူ့ကို ကျွန်ုပ် လည်ပင်းညှစ်သတ်လိုက်မည်”ဟု ပြောသည့် မိဘတစ်ဦးမျှ မရှိပေ။ ဤကဲ့သို့သော မိဘတစ်ဦးမျှ မရှိပေ။ ထို့ကြောင့် မိဘများက မိမိတို့၏သားသမီးများကို ပြုစုပျိုးထောင်သည့် နည်းလမ်းမှ အကဲဖြတ်သော် ထိုအရာသည် ဝတ္တရားတစ်ခု၊ တာဝန်တစ်ခု ဖြစ်သည်မှာ မှန်သလော။ (မှန်ပါသည်။) မိမိတို့ကလေးက သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ မကျေပွန်သည်ဖြစ်စေ မိဘများက မိမိတို့ကလေးကို ဆက်လက်ပြုစုပျိုးထောင်လိမ့်မည်ဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခများ ရှိသည်ဖြစ်စေ မိမိတို့ကလေးများ အရွယ်ရောက်သည့် လူကြီးဖြစ်လာကြသည့်ထိတိုင် ပြုစုပျိုးထောင်ပေးကြလိမ့်မည်ဖြစ်ကာ ၎င်းတို့အတွက် အကောင်းဆုံး မျှော်လင့်ပေးကြလိမ့်မည် ဖြစ်သည်။ မိဘများက မိမိတို့ ကလေးအတွက် ရှိကြသည့် ဤတာဝန်နှင့် ဝတ္တရားတွင် ခြွင်းချက်ထားခြင်း သို့မဟုတ် အပေးအယူလုပ်ခြင်း တစ်ခုမျှ မရှိပေ။ ဆက်စပ်သော အတွေ့အကြုံ ရှိသည့်သူများက ဤအရာကို နားလည်နိုင်ကြပေသည်။ မိဘအများစုတွင် ၎င်းတို့၏သားသမီးက သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိဆိုသည်အတွက် သတ်မှတ်ထားသော စံနှုန်း မရှိပေ။ ၎င်းတို့၏ သားသမီးက သားသမီးဝတ်ကျေပွန်လျှင် သားသမီးက သားသမီးဝတ် မကျေပွန်ပါက ရွှင်ပျသည်ထက် ၎င်းတို့ ပိုမိုရွှင်ပျကြမည်ဖြစ်ပြီး ၎င်းတို့၏ အိုမင်းသော အရွယ်တွင် အနည်းငယ် ပို၍ ပျော်ရွှင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ ကလေးက သားသမီးဝတ်မကျေပွန်လျှင် ထိုအတိုင်းသာ ဖြစ်ခွင့်ပေးကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အတော်အတန် သဘောထားကြီးသည့် မိဘအများစုက တွေးကြမည့်ပုံစံဖြစ်သည်။ အားလုံးကို ခြုံကြည့်သော် မိဘများက မိမိတို့ သားသမီးများကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်စေ၊ သားသမီးများက မိမိတို့ မိဘများကို ထောက်ပံ့ပေးခြင်းဖြစ်စေ ကိစ္စရပ်မှာ တာဝန်၊ ဝတ္တရားနှင့်ဆိုင်ပြီး ယင်းသည် လူတစ်ဦး၏ မျှော်လင့်ထားသည့် အခန်းကဏ္ဍတစ်ခုအတွင်း အကျုံးဝင်ပေသည်။ အမှန်စင်စစ် ဤအရာအားလုံးသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်းနှင့် နှိုင်းယှဉ်ပါက သေးငယ်သော အမှုကိစ္စများ ဖြစ်ကြသော်လည်း လူ့လောက၏ အမှုကိစ္စများထဲတွင်မူ ယင်းတို့သည် ပို၍ နှစ်သက်ဖွယ်ကောင်းပြီး တရားမျှတသော ကိစ္စရပ်များထဲတွင် ပါဝင်၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်းအတွက် ဤသည်မှာ ပို၍ပင် သက်ဆိုင်ကြောင်း ပြောရန်မလိုပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာသည့်အခါ၊ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် အလွန်သင့်တော်သည့် အရာတစ်ခုဖြစ်ပြီး ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဟူသော အခြေခံအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် ပို၍ပင် ကြီးမြတ်သော အမှုကို ပြုတော်မူခဲ့ပြီး လူတို့အပေါ်တွင် နောက်ထပ် အမှုတော်တစ်ဆင့်ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ထိုအမှုမှာ အဘယ်နည်း။ ကိုယ်တော်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ပေးပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိစေကာ ထိုမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရစေသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေသည်၊ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်စေခြင်းအားဖြင့် ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သည့် နောက်ဆုံးအကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။ ဤ ဖန်ဆင်းရှင်၏ “မျက်နှာ အလင်း” သည် ကျယ်ပြန့်သော အဓိပ္ပာယ်နှင့် အကြောင်းအရာပမာဏများစွာ ပါဝင်သည်။ ယနေ့ ဤအရာကို ကျွန်ုပ်တို့ ဆွေးနွေးမည်မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ထံသို့ ဘုရားသခင်က သေချာပေါက် ကတိများ၊ ကောင်းချီးများ ထုတ်ပေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မတူညီသော ဖော်ပြချက်များပြုလုပ်မည်မှာ မှန်ပေသည်။ ဤသည်မှာ နောက်ထပ်ကိစ္စတစ်ခုဖြစ်သည်။ ယခုခေတ်တွင် ဘုရားသခင် ရှေ့မှောက်သို့ လာရောက်ပြီး မိမိတို့၏တာဝန်ကို ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထမ်းဆောင်ကြသူတိုင်းသည် ဘုရားသခင်ထံမှ မည်သည့်အရာကို လက်ခံရရှိသနည်း။ လူသားမျိုးနွယ်အကြားတွင် တန်ဖိုး အရှိဆုံးနှင့် အလှဆုံးအရာများဖြစ်သည့် သမ္မာတရားနှင့် အသက်တို့ကို လက်ခံရရှိကြသည်။ လူသားမျိုးနွယ်ထဲမှ မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ ဖန်ဆင်းရှင်၏ လက်တော်ထဲမှ ထိုသို့သော ကောင်းချီးမင်္ဂလာများကို အလွယ်တကူ လက်ခံရရှိနိုင်ခြင်း မရှိချေ။ ထိုသို့သော လှပပြီး ကြီးမြတ်သော အရာကို အန္တိခရစ်မျိုးများက အရောင်းအဝယ် တစ်ခုအဖြစ်သို့ မလိမ့်တစ်ပတ်လုပ်ကြသည်၊ ယင်းတွင် ၎င်းတို့က ဘုရားသခင်၏ လက်တော်မှ သရဖူနှင့် ဆုလာဘ်များကို တောင်းခံကြလေသည်။ ထိုသို့သော အရောင်းအဝယ် လုပ်ခြင်းတစ်ခုသည် အလွန်လှပပြီး တရားမျှတသည့် အရာတစ်ခုကို အကျည်းတန်ဆုံးနှင့် ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ဤသည်မှာ အန္တိခရစ်များ ပြုသည့် အရာမဟုတ်လော။ ဤအရာကို အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်သလော။ ၎င်းတို့သည် တကယ့်ကို အတော်အတန် ဆိုးယုတ်ပေသည်။ ဤသည်မှာ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုပြုရန် လူ့ဇာတိခံယူသည်။ သမ္မာတရားများစွာကို ဖော်ပြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုအားလုံးကို လူသားမျိုးနွယ်ထံသို့ ဖွင့်ပြပြီး ကယ်တင်ခြင်းခံရဖို့အလို့ငှာ လူတို့ နားလည်ပြီး ဝင်ရောက်ရမည့် သမ္မာတရားအားလုံးကို ပံ့ပိုးသည်။ ဤသမ္မာတရားများနှင့် ဤ ဘုရားနှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သောအရာများကို ချစ်သောသူအားလုံးတို့အတွက် အဖိုးထိုက်ရတနာများဖြစ်သည်။ သမ္မာတရားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လိုအပ်ချက်များဖြစ်ပြီး ယင်းတို့သည် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စကားလုံးတိုင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ သူတို့နားလည်သဘောပေါက်သင့်သည့် အရာများဖြစ်သည်။ ကယ်တင်ခြင်းရရှိရန်အတွက် လူတို့ လိုက်နာရမည့် အရာများဖြစ်သည်။ လူသားများရရှိရမည့် သမ္မာတရားများဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤနှုတ်ကပတ်တော်များကို သဘောတရားများ၊ ဆောင်ပုဒ်များအဖြစ် မှတ်ယူသည်။ ၎င်းတို့က ယင်းတို့ကို လျစ်လျူပင် ရှုကြသည့်အပြင် ပို၍ပင် ဆိုးသည်မှာ ၎င်းတို့က ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်လေသည်။ အန္တိခရစ်များသည် လူသားမျိုးနွယ်တွင် တန်ဖိုးအရှိဆုံးအရာများကို အယောင်ဆောင်ဆရာသမားများ၏ မုသားများအဖြစ် မှတ်ယူကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ လောကတွင် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများ ရှိသည်ဟူသည်မှာ ဝေးစွ၊ ကယ်တင်ရှင်တစ်ပါး မရှိဟုပင် ယုံကြည်ကြသည်၊ လှပသောအရာတစ်ခုတလေ၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုတလေကို လူသားလက်အားဖြင့် အတင်းအကျပ် အရယူရမည်၊ လူသား၏ ကြိုးပမ်းမှုဖြင့် ရယူရမည်ဟု ထင်မြင်ကြသည်။ ရည်မှန်းချက်နှင့် အိပ်မက်များမရှိသောလူတို့သည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ဟု အန္တိခရစ်များက ထင်ကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင် ဖော်ပြသော သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ မုန်းတီးခြင်းနှင့် ပြည့်နေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကိုသီအိုရီများ၊ ဆောင်ပုဒ်များအဖြစ် သူတို့ သတ်မှတ်ကြသည်။ သို့သော် အာဏာ၊ အကျိုးစီးပွား၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို စီမံခန့်ခွဲပြီး လိုက်စားရမည့် တရားမျှတသော အကြောင်းတရားများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်၊ သရဖူများကို ရရှိရန်၊ ပို၍ကြီးမားသော ကောင်းချီးများကို မွေ့လျော်ခံစားရန်အတွက် ကြိုးစားသည့်အနေဖြင့် ဘုရားသခင်နှင့် အရောင်းအဝယ်ပြုလုပ်ရန် နည်းလမ်းအဖြစ် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် လုပ်ဆောင်သော အစေခံမှုကိုလည်း အသုံးပြုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်သလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့က မည်သို့ အဓိပ္ပာယ်ကောက်ကြသနည်း။ ၎င်းတို့ကပြောသည်။ “ဘုရားသခင်က သူ့အတွက် မည်သူက အများဆုံး အသုံးခံပြီး ဒုက္ခခံသည်၊ မည်သူက အဖိုးအခအမြင့်ဆုံးပေးဆပ်သည်ကို ကြည့်ခြင်းဖြင့် မည်သူက ဆရာကြီးဖြစ်သည်ကို ဆုံးဖြတ်သည်။ မည်သူက အပြေးအလွှားသွားလာနိုင်သည်၊ စကားပြောကောင်းသည်၊ မည်သူက ဓားပြစိတ်ဓာတ်ရှိပြီး ပစ္စည်းဥစ္စာများကို အတင်းအဓမ္မ သိမ်းယူနိုင်သည်ကိုကြည့်ပြီး မည်သူက နိုင်ငံတော်ကိုဝင်ရောက်နိုင်ပြီး မည်သူက သရဖူများရရှိသည်ကို ဘုရားသခင်က ဆုံးဖြတ်သည်။ ပေါလုက၊ ‘ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။’ (တိမောသေသြဝါစာ ဒုတိယစောင် ၄:၇-၈) ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။” ၎င်းတို့သည် ပေါလု၏ ဤစကားများကို လိုက်လျှောက်ပြီး ပေါလု၏ စကားများသည် မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သို့သော် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဖော်ပြချက်များ အားလုံးကို လျစ်လျူရှုကာ၊ “ဤအရာများက အရေးမကြီးပေ။ အရေးကြီးသမျှမှာ ငါ၏ တိုက်လှန်ခြင်းကို ပြုလုပ်ပြီး အဆုံးတိုင်အောင် ပြေးပြီးသည်နှင့် တစ်ပြိုင်နက် အဆုံးတွင် ငါသည် သရဖူတစ်ခုကို ရလိမ့်မည်။ ဤသည်မှာ မှန်ကန်သည်။ ဤသည်မှာ ဘုရားသခင် ဆိုလိုသောအရာမဟုတ်လော။ ဘုရားသခင်က နှုတ်ကပတ်တော် ထောင်ပေါင်းများစွာ ပြောကြားခဲ့ပြီး မရေမတွက်နိုင်သော တရားဒေသနာများပေးခဲ့သည်။ နောက်ဆုံးတွင် သူက လူတို့ကို ပြောလိုသောအရာမှာ သရဖူနှင့် ဆုလာဘ်များရလိုလျှင် တိုက်ခိုက်ရန်၊ ရုန်းကန်ရန်၊ ဆုပ်ကိုင်ရန်နှင့် ရယူရန်မှာ သင့်အပေါ်မူတည်သည်ဟူ၍ ဖြစ်သည်။” ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ပုံ မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤသည်မှာ ဘုရားသခင်၏ အမှုကို အန္တိခရစ်များက အစဉ်သဖြင့် မြင်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို ၎င်းတို့ အဓိပ္ပာယ်ကောက်သည့်ပုံစံဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာအားလုံးကို မလိမ့်တပတ်လုပ်ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အလဲအလှယ်သက်သက်အဖြစ် မှတ်ယူကြပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ထမ်းဆောင်ဖို့ တောင်းဆိုသည့် တာဝန်ကို သိမ်းယူခြင်း၊ ရန်လိုခြင်း၊ လှည့်စားခြင်း၊ အလဲအလှယ် လုပ်ခြင်းသက်သက်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်မဟုတ်လော။ ကောင်းချီးများရပြီး ကောင်းကင်နိုင်ငံကို ဝင်ရောက်ရန်မှာ အလဲအလှယ်ပြုလုပ်ခြင်းမှတစ်ဆင့် ရယူရမည်၊ ဤသည်မှာ မျှတသည်၊ ကျိုးကြောင်းသင့်ပြီး၊ တရားနည်းလမ်းအကျဆုံး ဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော တွေးခေါ်မှုစနစ် မဟုတ်လော။ စာတန်ဆန်သော တွေးခေါ်မှုစနစ် မဟုတ်လော။ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသို့သော အမြင်များနှင့် သဘောထားများကို အစဉ် ကိုင်စွဲထားကြသည်။ ယင်းက အန္တိခရစ်များ၏ စိတ်သဘောထား အလွန်ပင် ကောက်ကျစ်ဆိုးယုတ်သည်ကို သက်သေပြသည်။

ယခုတင် မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာ၏ အချက်အနည်းငယ်မှနေ၍ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သင်တို့ မြင်နိုင်ခဲ့ကြသလော။ (မြင်နိုင်ခဲ့ပါသည်။) ပထမဆုံး အချက်မှာ အန္တိခရစ်များက မိမိတို့၏တာဝန်ကို သဘောထားပြုမူပုံဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်တို့သည် မိမိတို့၏ တာဝန်ကို မည်သို့သဘောထားပြုမူကြသနည်း။ (အန္တိခရစ်များသည် မိမိတို့၏တာဝန်ကို ၎င်းတို့၏ကိုယ်ပိုင် ခရီးပန်းတိုင်နှင့် ၎င်းတို့ ကိုယ်ကျိုးစီးပွားများအတွက် လဲလှယ်သည့် အပေးအယူတစ်ခုအဖြစ် ယူဆကြသည်။ ဘုရားက လူတို့အပေါ် မည်မျှ အမှုပြုပြီးသည်ဖြစ်စေ၊ ၎င်းတို့ထံ နှုတ်ကပတ်တော်မည်မျှ ပြောဆိုပြီးဖြစ်ကာ ၎င်းတို့ထံ သမ္မာတရား မည်မျှ ဖော်ပြပြီးသည်ဖြစ်စေ ၎င်းတို့က ဤအရာအားလုံးကို ငြင်းပယ်ပြီး ၎င်းတို့၏ တာဝန်ကို ဘုရားနှင့် အပေးအယူတစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ထမ်းဆောင်နေကြဆဲဖြစ်သည်။) အန္တိခရစ်များက မိမိတို့တာဝန်ကို အပေးအယူတစ်ခုအဖြစ် ယူဆကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို အပေးအယူတစ်ခု ပြုလုပ်ခြင်း၊ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်ဖြင့် ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းအတွက်ဖြစ်သင့်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ကောင်းချီးများရရှိခြင်းသည် သင့်တင့်လျောက်ပတ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သူတို့သည် လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းတည်းဟူသော အပြုသဘောဆောင်သည့်အရာကို ပုံပျက်စေပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို ဂုဏ်သရေညှိုးနွမ်းစေသည့်အပြင် ဤသို့ပြုခြင်း၏ တရားဝင်ဖြစ်မှုကိုလည်း ဂုဏ်သရေညှိုးနွမ်းစေကြ၏။ သူတို့သည် ဖန်ဆင်းခံများ သဘာဝအတိုင်း ထမ်းဆောင်သင့်သော တာဝန်ကို အပေးအယူလုပ်ခြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ကြ၏။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ဤသည်မှာ ပထမအချက်ဖြစ်သည်။ ဒုတိယအချက်မှာ အန္တိခရစ်များက အပြုသဘောဆောင်သည့်အရာများ သို့မဟုတ် သမ္မာတရား၏ တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို မယုံကြည်ကြသည့်အပြင် အသိအမှတ်မပြုကြခြင်း ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ ကောက်ကျစ်ဆိုးယုတ်သနည်း။ ဘုရားနှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သည့် အရာများအားလုံး၏ လက်တွေ့ကျမှုဖြစ်သည့်တိုင် အန္တိခရစ်များက ထိုအရာကို မမြင်နိုင်ကြသကဲ့သို့ အသိအမှတ်မပြုကြပေ။ ဘုရားနှုတ်ကပတ်တော်များကို ဆောင်ပုဒ်များအဖြစ်၊ သဘောတရားတစ်မျိုးအဖြစ် ၎င်းတို့က သဘောထားကြပြီး ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ဟူသည့် အချက်ကို ပုံပျက်စေကြသည်။ ဤနေရာတွင် အကြီးမားဆုံးနှင့် အဓိကအကျဆုံး ပြဿနာမှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဤနှုတ်ကပတ်တော်များကို အသုံးပြုချင်ပြီး လူက သန့်စင်ခြင်းခံရကာ ကယ်တင်ခြင်း မရရှိနိုင်မီတွင် ဘုရားနှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်သည်။ ဤသည်မှာ အဖြစ်မှန်ဖြစ်ပြီး သမ္မာတရားဖြစ်သည်။ အန္တိခရစ်များက လူသားမျိုးနွယ်ထံပြုသော ဘုရားသခင်၏ ဤကတိတော်ကို အသိအမှတ်မပြု သို့မဟုတ် လက်မခံကြချေ။ ၎င်းတို့က “ကယ်တင်ခံရခြင်းလော။ သန့်စင်ခံရခြင်းလော။ ယင်းမှာ အဘယ်အကျိုးရှိသနည်း။ အချည်းနှီးဖြစ်သည်။ ကျွန်ုပ် သန့်စင်ခြင်းခံရလျှင် အမှန်တကယ် ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သလော။ ကျွန်ုပ် မထင်ပါ”ဟု ပြောကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို အလေးဂရုမပြုသကဲ့သို့ စိတ်မဝင်စားကြပေ။ ဤအရာနှင့်ပတ်သက်၍ ပြောမထားသည့် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့က မယုံကြည်ကြခြင်း ဖြစ်သည်။ ယင်းတို့သည် ဆိုရိုးများနှင့် အယူဝါဒများသာ ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို သန့်စင်စေနိုင်သည် သို့မဟုတ် ကယ်တင်နိုင်သည်ကို ၎င်းတို့က မယုံကြည်ကြပေ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ဤအရာသည် ဘုရားသခင်က ယောဘကို ထိုအချိန်က ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် တစ်စုံတစ်ဦးအဖြစ်လည်းကောင်း၊ စုံလင်သည့် လူတစ်ဦးအဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည့် အချိန်နှင့် ခိုင်းနှိုင်းပြောဆိုနိုင်သည်။ ဘုရားသခင် ပြောခဲ့သည့် ဤစကားများသည် သမ္မာတရားဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်က ထိုသို့သော အရာတစ်ခုကို အဘယ်ကြောင့် ပြောခဲ့သနည်း။ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့၏ အပြုအမူကို စောင့်ကြည့်လေ့လာသည်၊ ၎င်းတို့၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ အနှစ်သာရကို မြင်သည်။ ဤအရာအပေါ် အခြေခံ၍ သူက ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သည့် လူတစ်ဦးဖြစ်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘကို တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပို၍ လေ့လာစောင့်ကြည့်ခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် ယောဘ၏ သရုပ်သကန်များမှာလည်း တစ်ရက်၊ နှစ်ရက်မျှထက် ပိုမို ရှည်ကြာခဲ့သကဲ့သို့ ကိစ္စရပ်များ တစ်ခု သို့မဟုတ် နှစ်ခုမျှကိုသာ သေချာပေါက် ခြုံငုံခဲ့ခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ဤအချက်အပေါ် စာတန်က မည်သည့် သဘောထား ခံယူခဲ့သနည်း။ (မယုံသင်္ကာဖြစ်ကာ သံသယရှိသည့် သဘောထားတစ်ခု ဖြစ်သည်။) စာတန်က မယုံသင်္ကာဖြစ်ရုံမျှဖြစ်သည်မဟုတ်၊ ထိုအရာကို သူ ငြင်းပယ်ခဲ့သည်။ ရိုးရှင်းစွာ ပြောရလျှင် သူ၏ စကားများမှာ “ကိုယ်တော်သည် ယောဘကို နွားများ၊ သိုးများနှင့် မရေမတွက်နိုင်သည့် ပိုင်ဆိုင်မှုများအပါအဝင် အလွန်များစွာ ပေးခဲ့သည်။ ကိုယ်တော့်ကို ကိုးကွယ်ရန် သူ့ထံတွင် အကြောင်းရင်းများစွာ ရှိသည်။ ယောဘက စုံလင်သည့်လူတစ်ဦးဖြစ်သည်ဟု ကိုယ်တော် ပြောသော်လည်း ကိုယ်တော်၏ စကားများက ခိုင်လုံမှု မရှိပါ။ ကိုယ်တော်၏ စကားများက သမ္မာတရား မဟုတ်ပါ၊ စစ်မှန်ခြင်း မရှိပါ၊ တိကျမှန်ကန်ခြင်း မရှိသကဲ့သို့ ကိုယ်တော်၏ စကားများကို ကျွန်ုပ် ငြင်းပယ်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန် ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က “ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်၊ သူသည် စုံလင်သော လူတစ်ဦး ဖြစ်သည်”ဟု ပြောခဲ့သည်။ စာတန်က မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ (ယောဘသည် ဘုရားသခင်ကို အကြောင်းရင်းမရှိဘဲ ကိုးကွယ်မည်လောဟူ၍ ဖြစ်သည်။) စာတန်က “မှားသည်၊ သူသည် စုံလင်သောသူ မဟုတ်ပါ။ သူသည် ကိုယ်တော့်ထံမှ အကျိုးအမြတ်များနှင့် ကောင်းချီးများ ရရှိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ကိုယ်တော့်ကို ကြောက်ရွံ့သည်။ ဤအကျိုးအမြတ်များနှင့် ကောင်းချီးများကို ကိုယ်တော် သိမ်းယူလျှင် သူသည် ကိုယ်တော့်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ပါ။ သူသည် စုံလင်သောသူတစ်ဦး မဟုတ်ပါ”ဟု ပြောခဲ့သည်။ ထို့ကြောင့် ဘုရားသခင် ပြောခဲ့သည့် စာကြောင်းတိုင်းအတွက် စာတန်သည် ထိုအရာအပေါ် မေးခွန်းထုတ်လိမ့်မည်ဖြစ်ပြီး ကြက်ခြေခတ်လိမ့်မည် ဖြစ်သည်။ စာတန်က ဘုရားသခင်၏ စကားများကို ငြင်းပယ်ပြီး မည်သည့်အရာမဆိုနှင့်ပတ်သက်၍ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ပြောဆိုချက်များကို ငြင်းလေသည်။ စာတန်က သမ္မာတရားကို ငြင်းပယ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ အဖြစ်မှန်ဖြစ်၏။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို ဖော်ထုတ်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ လူသားမျိုးနွယ်အတွက် တိကျသည့် သတ်မှတ်ချက်အမျိုးမျိုးကို ချမှတ်ပေးသည့် ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်များ၏ သဘောထားမှာ အဘယ်နည်း။ ယင်းတို့ကို ၎င်းတို့က အသိအမှတ်ပြုပြီး “အာမင်”ထူးကြသလော။ ယင်းတို့ကို ၎င်းတို့ လိုက်လျှောက်နိုင်ကြသလော။ (မလိုက်လျှောက်နိုင်ကြပါ။) ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားနှုတ်ကပတ်တော်မျိုးစုံအတွက် အန္တိခရစ်များ၏ လက်ငင်း တုံ့ပြန်မှုမှာ “မှားသည်။ ဤသည်မှာ တကယ့်ပကတိအခြေအနေ ဖြစ်သလော။ အဘယ်သို့ဖြစ်ပြီး သင် ပြောသည့်အရာက မှန်နေရသနည်း။ ယင်းမှာ မမှန်ပါ။ ကျွန်ုပ် မယုံကြည်ပါ။ သင် ပြောသည့်အရာသည် အဘယ်ကြောင့် အလွန် မနှစ်သက်စရာဖြစ်ရသနည်း။ ဘုရားသခင်က ဤကဲ့သို့ ပြောဆိုမည် မဟုတ်ပါ။ ကျွန်ုပ် စကားပြောရမည်ဆိုလျှင် ဤသို့ ပြောဆိုသင့်ပေသည်”ဟူ၍ဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ ဘုရားသခင်အပေါ် အန္တိခရစ်များ၏ ဤသဘောထားများဖြင့် အကဲဖြတ်သော် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ လိုက်နာနိုင်ကြသလော။ လုံးဝ မလိုက်နာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်သော ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ဒုတိယအချက်ဖြစ်သည်။ တတိယအချက်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ချင်ပြီး လူသားမျိုးနွယ်အား စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမှောင်အင်အားစုများမှ ရုန်းထွက်လွတ်မြောက်ခွင့်ပေးပြီး ကယ်တင်ခြင်း ရရှိခွင့်ပေးချင်သည်ဟူသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အန္တိခရစ်များ စဉ်းစားသည့်အရာဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ ဤသည်မှာ အပေးအယူတစ်ခုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ကစားပွဲတစ်ခုသာဖြစ်သည်ဟုပင် ယုံကြည်ကြသည်။ မည်သူတို့ကြားက ကစားပွဲတစ်ပွဲဖြစ်သနည်း။ ဒဏ္ဍာရီလာ ဘုရားတစ်ပါးနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုပြီး ဆင်းရဲဒုက္ခကမ္ဘာနှင့် ကင်းဝေးလိုသည့် မသိနားမလည်သကဲ့သို့ မိုက်မဲသည့် လူတစ်စုတို့ကြား ကစားပွဲတစ်ခု ဖြစ်သည်။ ဤသည်မှာလည်း နှစ်ဖက်လုံးက လိုလိုလားလား ပါဝင်လိုသူများဖြစ်သည့် အပေးအယူတစ်ခု၊ တစ်ဖက်က ပေးရန် လိုလားပြီး အခြားတစ်ဖက်က ရရှိရန် လိုလားသည့် အပေးအယူတစ်ခုလည်း ဖြစ်သည်။ ထိုအရာက ဤကစားပွဲမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ၎င်းတို့ မြင်သည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ထုတ်ဖော်ပြချက်ဖြစ်သည် မဟုတ်လော။ အန္တိခရစ်များက ရည်မှန်းချက်များနှင့်ပြည့်ကြသောကြောင့်၊ ခရီးပန်းတိုင်နှင့် ကောင်းချီးမင်္ဂလာများကို ၎င်းတို့ လိုချင်ကြသောကြောင့်၊ ၎င်းတို့သည် လူသားမျိုးနွယ်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော လုပ်ငန်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်ကို ကစားပွဲတစ်ခု၊ အပေးအယူတစ်ခုအဖြစ်သို့ ကလိမ်ကကျစ် လုပ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ထို့အပြင် အန္တိခရစ်များတွင် အတော်ပင် ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့ပုံရသည့် နောက်ထပ် သရုပ်သကန်တစ်ခုရှိသည်။ ထိုအရာသည် အဘယ်ကြောင့် အဓိပ္ပာယ်မဲ့ရသနည်း။ ဘုရားသခင် ပြုပြီးသည့် အမှုအားလုံးကို အန္တိခရစ်များက မယုံကြည်ကြသကဲ့သို့ ဘုရားသခင် ပြောပြီးသည့် အရာတိုင်းက သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်နိုင်ကြောင်းကို ၎င်းတို့ မယုံကြည်ကြသော်လည်း ဆင်းရဲဒုက္ခကို ခါးစည်းခံရန်၊ အဖိုးအခပေးရန်နှင့် ဤအပေးအယူကို ပြုလုပ်ပြီး ပံ့ပိုးပေးရန် ၎င်းတို့၏ အဆင်သင့်ဖြစ်ခြင်းက မကုန်ခမ်းနိုင်ပေ။ ဤသည်မှာ ရယ်စရာကောင်းသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်ဘဲ အန္တိခရစ်များ၏ မိုက်မဲမှု ဖြစ်သည်မှာ အမှန်ဖြစ်၏။ တစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်ကြ၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကိုပင် ပုံပျက်စေကြသော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်မှ တစ်ကိုယ်ရေ အကျိုးအမြတ်များကို ရရှိလိုကြဆဲဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ဖက်တွင် ဤအမှန်တရားအားလုံး၏ စစ်မှန်မှုကို မဆိုထားနှင့်၊ ယင်းတို့၏ တည်ရှိခြင်းကိုပင် ၎င်းတို့ မယုံကြည်ကြစဉ်တွင် တစ်ဖက်တွင်လည်း ၎င်းတို့သည် အမြတ်အစွန်းများရရန် ကြံစည်ဆဲဖြစ်ပြီး အခွင့်သာမှုတိုင်းကို ယူလိုကြသည်၊ အခွင့်အရေးသမားဆန်လိုကြပြီး လောကတွင် ၎င်းတို့ မရရှိနိုင်သောအရာများကို ရယူလိုကြသည်၊ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန် ပါးနပ်သည်ဟု ထင်မှတ်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ ရယ်စရာ မကောင်းပေလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လှည့်ဖြားနေကြပြီး အလွန့်အလွန် မိုက်မဲကြပေသည်။

ယခုတင် ငါတို့သည် သရုပ်သကန် သုံးခုကို အသုံးပြုလျက် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို စိစစ်ခဲ့ပြီး အန္တိခရစ်များက အလွန်မိုက်မဲကြသည်မှာ အကြင်သူတစ်ဦးအနေဖြင့် ရယ်ရမည်လော၊ သို့မဟုတ် ငိုရမည်လော ဆိုသည်ကိုပင် မသိပေဟူသည့် နောက်တစ်ချက်ဖြင့် အဆုံးသတ်ခဲ့ကြသည်။ သရုပ်သကန် သုံးခုမှာ အဘယ်နည်း။ (ပထမဆုံးအနေဖြင့် အန္တိခရစ်များသည် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအား အပေးအယူတစ်ခုအဖြစ် သဘောထားကြသည်။ ဒုတိယအနေဖြင့် အန္တိခရစ်များသည် ဘုရားနှုတ်ကပတ်တော်ကို အသိအမှတ်မပြုကြ၊ ဘုရားနှုတ်ကပတ်တော်များက အပြုသဘောဆောင်သည့် အရာတစ်ခုဖြစ်သည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်က လူတို့ကို ကယ်တင်နိုင်သည်ကို အသိအမှတ်မပြုဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို သဘောတရားများနှင့် ဆောင်ပုဒ်များအဖြစ် သဘောထားကြသည်။ တတိယအနေဖြင့် အန္တိခရစ်များက လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်ကို အပေးအယူတစ်ခု သက်သက်အဖြစ်လည်းကောင်း၊ ကစားပွဲတစ်ခု သက်သက်အဖြစ်လည်းကောင်း သဘောထားကြသည်။) ပြီးလျှင် နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသလော။ (အန္တိခရစ်များ၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လွန်ကဲသော မိုက်မဲမှုတို့ဖြစ်သည်။) ဤသည်တို့မှာ အတော်ပင် တိကျသည် မဟုတ်လော။ (တိကျပါသည်။) ဤစိတ်သဘောထားကို ပိုင်ဆိုင်သည့် လူစားမျိုးသည် အတော်အတန် မူမမှန်သည့် စိတ်အခြေအနေနှင့် ဆင်ခြင်တုံတရားတစ်ခု ရှိကြသည်ဟု သင်တို့ ပြောမည်လော။ (ပြောပါမည်။) မည်သည့်ပုံစံဖြင့် ၎င်းတို့ မူမမှန်ဖြစ်ကြသနည်း။ (အန္တိခရစ်များက ဘုရားသခင်နှင့် အပေးအယူ ပြုလုပ်လိုကြပြီး ဘုရားသခင်ထံမှ အလားအလာများနှင့် ခရီးပန်းတိုင်တစ်ခုကို ရရှိလိုကြသော်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကိုဖြစ်စေ၊ ဘုရားသခင်က လူသားမျိုးနွယ်အား ကယ်တင်နိုင်ကြောင်းကိုဖြစ်စေ မယုံကြည်ဘဲ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့၏ တွေးခေါ်မှုက ရှေ့နောက်မညီဖြစ်နေသည်၊ ၎င်းတို့ အလိုရှိသည့်အရာများက ၎င်းတို့၏ ငြင်းပယ်သည့်အရာများဖြစ်သည်။ ဤအရာသည် အခြေခံအားဖြင့် အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မူမမှန်ဖြစ်ပြီး ၎င်းတို့၏ စိတ်အခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေပါသည်။) ဤအရာက ၎င်းတို့အနေဖြင့် ပုံမှန်လူ့သဘာဝအရ ချို့တဲ့နေကြခြင်းကို ပြသည်။ ၎င်းတို့သည် ဤတွေးခေါ်မှုနည်းလမ်းများနှင့် တွက်ချက်မှုများဖြင့် မိမိတို့ကိုယ်ကို ဆန့်ကျင်ကွဲလွဲစေလျက် ရှိကြောင်းကို မသိကြချေ။ ဤသည်မှာ အဘယ်သို့ ဖြစ်လာသနည်း။ (၎င်းတို့က သမ္မာတရားကို လုံးဝ လက်မခံကြသောကြောင့် သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသောကြောင့် မှားယွင်းသည့် လမ်းကြောင်းကို အမြဲ လိုက်လျှောက်ကြသည်။) ပြီးလျှင် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းက မှားယွင်းသည့် လမ်းကြောင်းဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ မုချ မသိကြပေ။ ထိုသို့လုပ်ဆောင်ခြင်းက ဆုံးရှုံးမှု ခံစားရစေမည်ကို ၎င်းတို့ သိခဲ့လျှင် မုချ ထိုသို့ လုပ်ဆောင်ကြမည် မဟုတ်။ ထိုသို့ လုပ်ဆောင်ခြင်းက ၎င်းတို့အား အကျိုးကျေးဇူးတစ်ခု ပေးသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ “ငါ အဘယ်မျှ တော်သည်ကို ကြည့်ပါလော့။ သင်တို့ထဲမှ မည်သူကမျှ အမှုအရာများကို မရိပ်စားမိနိုင်ပါ။ သင်တို့အားလုံး နုံအကြသည်။ သင်တို့သည် အဘယ်သို့ဖြစ်ပြီး မာယာကင်းလွန်းနိုင်သနည်း။ ဘုရားသည် အဘယ်မှာနည်း။ ငါသည် သူ့ကို မမြင်နိုင်၊ မထိနိုင်သကဲ့သို့ ဘုရား၏ ကတိတော်များ အကောင်အထည်ပေါ်နိုင်ဖို့ အာမခံချက် မရှိပေ။ ငါ အဘယ်မျှ ပါးနပ်ချက်ချာသည်ကို ကြည့်ပါ၊ ငါ ရှေ့သို့ ခြေတစ်လှမ်းတိုးသောအခါ ဆယ်လှမ်းကို ကြိုတင်တွေးတောထားသည်။ သို့သော် သင်တို့မှာမူ တစ်လှမ်းအတွက်ပင် တွက်ချက်မှုတစ်ခုမျှ မပြုကြပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ အလွန် တော်သည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် မိမိတို့တာဝန်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ထမ်းဆောင်ပြီးနောက်တွင် လူအချို့က “ငါသည် ငါ၏ တာဝန်ကို နှစ်အနည်းငယ် ထမ်းဆောင်နေပြီးဖြစ်ကာ မည်သည့်အရာကိုမျှ မရရှိသေးပါ၊ မည်သည့် နိမိတ်လက္ခဏာကိုမျှ မျက်မြင်ကြုံတွေ့ခြင်း မရှိသေး သို့မဟုတ် တစ်မူထူးခြားသော ဖြစ်ရပ်တစ်ခုတလေကို မမြင်ရသေးပါ။ ယခင်က တစ်နေ့ကို ထမင်းသုံးနပ် ငါ စားခဲ့ပြီး သုံးနပ်ပင် ငါ စားနေဆဲဖြစ်သည်။ ထမင်းတစ်နပ် မစားဘဲနေလျှင် ငါ ဗိုက်ဆာသည်။ ညအခါတွင် တစ်နာရီ နှစ်နာရီခန့် အိပ်ရေးပျက်ခဲ့လျှင် နေ့အခါ၌ ငါ အိပ်ငိုက်နေဆဲပင်ဖြစ်သည်။ ငါသည် အထူးအစွမ်းတန်ခိုးများ ရရှိလာခြင်းမရှိသေးပါ။ ဘုရားက အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး သင်၏တာဝန်ကို သင် ထမ်းဆောင်လျှင် ကြီးမားသည့် ကောင်းချီးများ ရနိုင်သည်ဟု လူတိုင်းက ပြောကြသည်။ ငါသည် ငါ၏ တာဝန်ကို နှစ်ကာလအတန်ကြာ ထမ်းဆောင်ပြီးဖြစ်ကာ ဘာမျှ မထူးခြားပေ။ ဤကဲ့သို့ပင် ဖြစ်နေသေးသည် မဟုတ်လော။ ငါ့တွင် မကြာခဏ အားနည်းချက်၊ အပျက်သဘောဆောင်ခြင်းနှင့် ညည်းညူမှုများရှိသည်။ သမ္မာတရားက လူတို့ကို ပြောင်းလဲနိုင်ပြီး ဘုရားနှုတ်ကပတ်တော်က လူတို့ကို ပြောင်းလဲစေနိုင်သည်ဟု လူတိုင်းက ပြောကြသော်လည်း ငါ လုံးဝ မပြောင်းလဲသေးပါ။ ငါ့စိတ်နှလုံးတွင် ငါ၏ မိဘများကို ငါ မကြာခဏ လွမ်းဆွတ်သတိရဆဲဖြစ်သည်၊ ငါ၏ သားသမီးများကို လွမ်းဆွတ်သတိရဆဲဖြစ်ကာ ယခင်က လောကီတွင်ရှိခဲ့သည့် ငါ၏ နေ့ရက်ကာလများကိုပင် ငါ ပြန်အောက်မေ့မိသည်။ သို့ဆိုလျှင် ဘုရားသည် လူတို့အပေါ် အတိအကျ မည်သည့်အရာကို လုပ်ဆောင်သနည်း။ မည်သည့်အရာကို ငါ ရရှိပြီးပြီနည်း။ လူတို့က ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို ရရှိသည့်အခါ တစ်စုံတစ်ရာကို ၎င်းတို့ ရရှိကြသည်ဟု လူတိုင်းက ပြောကြသော်လည်း ၎င်းတို့ ရရှိခဲ့ကြလျှင် ကျန်သည့်သူများနှင့် ကွဲပြားခြားနားမည် မဟုတ်လော။ ယခုအခါ ငါသည် အသက်အရွယ်ရလာပြီး ကျန်းမာရေးသည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပါ။ ငါ့မျက်နှာပေါ်မှ အရေးအကြောင်းများ အလွန်များစွာ ပေါ်လာနေပြီဖြစ်သည်။ ဘုရားကို ယုံကြည်သူများသည် ကြာရှည်စွာ အသက်ရှင်လေ နုပျိုလေဖြစ်သည်ဟု ၎င်းတို့ ပြောကြသည်မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ငါသည် ပိုမိုနုပျိုလာမည့်အစား ပိုမိုအိုမင်းသွားရသနည်း။ မည်သို့ဆိုစေ ဘုရား နှုတ်ကပတ်တော်များက တိကျမှန်ကန်ခြင်း မရှိပါ။ ငါ့ဘာသာ အစီအစဉ်များ ပြုလုပ်ရန် လိုအပ်သည်။ ဘုရားကို ယုံကြည်ခြင်းက ဤမျှသာဖြစ်သည်ဟု ငါ မြင်ရသည်။ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ စုဝေးပွဲများ တက်ရင်း၊ ဓမ္မသီချင်းများ သီဆိုရင်း၊ ငါ့တာဝန်ကို ထမ်းဆောင်ရင်း အလုပ်များလေသည်။ ယင်းမှာ ပျင်းစရာကောင်းသည်ဟု ထင်ရပြီး ယခင်နှင့် ခြားနားသည့်အရာ တစ်ခုမျှ ငါ မခံစားရပါ”ဟု စဉ်းစားကြလေသည်။ ဤကဲ့သို့ ၎င်းတို့ စဉ်းစားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒုက္ခရောက်တော့မည် မဟုတ်လော။ ၎င်းတို့က “ယခုတွင် ငါ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ငါ အမှန်တကယ် ဆင်းရဲဒုက္ခခံစားနေရသည်၊ ဘုရား၏ ကတိတော်များနှင့် ကောင်းချီးများက အလွန် ဝေးကွာသည်ဟု ထင်ရသည်။ ပြီးလျှင် ဘုရားကို ယုံကြည်သည့်လူအချို့သည် ကပ်ဘေးများတွင် သေဆုံးသွားကြသည်။ ထို့ကြောင့် လူကို ဘုရား၏ စောင့်ရှောက်ခြင်းကဲ့သို့သော အရာတစ်ခု ရှိပင်ရှိပါ၏လော။ မရှိဟုဆိုပါစို့၊ သို့ဆိုလျှင် အန္တရာယ်အများဆုံးသော အခိုက်အတန့်များတွင် မိမိတို့ အသက်များကို ကယ်တင်ဖို့ ဘုရားက နိမိတ်လက္ခဏာများပြုခဲ့သည်ဟု ပြောသည့် လူအချို့ ရေးသားထားသော သက်သေခံချက် ဆောင်းပါးများသည် မှန်သလော၊ သို့မဟုတ် မှားသလော”ဟု ဆက်လက် စဉ်းစားကြလေသည်။ ၎င်းတို့က ထိုအရာကို အချိန်ယူစဉ်းစားကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် မသေချာမရေရာဖြစ်ကြကာ ၎င်းတို့၏ တာဝန်ကို ဆက်လက် ထမ်းဆောင်သည့်အခါ နုံးချည့်ပြီး စိတ်မဝင်စားကြသည့်အပြင် တက်ကြွခြင်းလည်း မရှိကြတော့ချေ။ ၎င်းတို့ နောက်တွန့်မြဲနောက်တွန့်ကာ အမှုအရာများကို စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ စတင် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်များတွင် မည်သည့် တွက်ချက်မှုများကို ၎င်းတို့ ပြုလုပ်နေကြသနည်း။ “ကောင်းချီးများကို ငါ မရရှိလျှင်၊ ဤကဲ့သို့ အမြဲဖြစ်လျှင် အခြား အစီအစဉ်များကို ငါ ပြုလုပ်ရန် လိုအပ်သည်။ ငါ၏ တာဝန်ကို ငါ ဆက်လက် ထမ်းဆောင်ခြင်း ရှိမရှိဟူသည်နှင့် အနာဂတ်တွင် ငါ မည်သို့ လုပ်ဆောင်မည်ဟူသည်ကို ငါ စီစဉ်ပြန်ဆွဲရမည်။ ငါသည် ဤသို့ တစ်ဖန် နုံအ၍မရပေ။ သို့မဟုတ်လျှင် အနာဂတ်၌ ငါ၏ အလားအလာများနှင့် ကံကြမ္မာ သို့မဟုတ် ငါ၏ သရဖူကို ငါ ရမည် မဟုတ်သကဲ့သို့ လောကီ ပျော်ရွှင်မှုကိုလည်း ငါ မွေ့လျော်ခံစားရမည် မဟုတ်ပါ။ သို့ဆိုလျှင် ဤအားထုတ်မှုအားလုံး အချည်းနှီးဖြစ်ပြီး အလဟဿဖြစ်မည် မဟုတ်လော။ ယခုကဲ့သို့ပင် ငါသည် မည်သည့်အရာမျှ ဆက်လက် ရရှိခြင်းမရှိလျှင် ဘုရားကို အမည်ခံ ယုံကြည်ရင်း အလုပ်လုပ်ကာ လောကီကို လိုက်စားခဲ့သည့် ယခင်အချိန်က ငါ ပိုအဆင်ပြေခဲ့ပေသည်။ မည်သည့်အချိန်တွင် အမှုတော် အဆုံးသတ်မည်၊ လူတို့ကို မည်သည့်အချိန်တွင် သူ ဆုချီးမြှင့်မည်၊ မည်သည့်အချိန်တွင် တာဝန် အဆုံးသတ်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ဘုရားက လူသားမျိုးနွယ်ထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းမည်ဟူသည်တို့ကို ဘုရားက လုံးဝ မပြောလျှင်၊ ဘုရားက လူတို့ကို တိကျသည့် ရှင်းပြချက်များ လုံးဝ မပေးလျှင် ဤနေရာ၌ ငါ၏ အချိန်ကို ဖြုန်းရာတွင် အဘယ် အဓိပ္ပာယ်ရှိသနည်း။ လောကထဲတွင် ငွေထွက်ရှာကာ လောကီ ပျော်ရွှင်မှုများကို မွေ့လျော်ရန် ပြန်သွားခြင်းက ပိုကောင်းမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ငါ့ဘဝကို ငါ ဖြုန်းတီးခဲ့မည် မဟုတ်ပါ။ နောင်ဘဝအတွက်မူ အဘယ်သူသိမည်နည်း။ မသိရသည့်အရာချည်းသာ ဖြစ်သည်။ ယခုတွင်မူ ဤဘဝကိုသာ ငါ ကောင်းစွာ အသက်ရှင်လိုက်မည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်များတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လေပြီ မဟုတ်လော။ ၎င်းတို့က ဤသို့ တွက်ချက်နေပြီး မှားယွင်းသည့် လမ်းကြောင်းကို လျှောက်နေကြချိန်တွင် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသေးသလော။ (မထမ်းဆောင်နိုင်ကြပါ။) လူအချို့က “အန္တိခရစ်များက အဆင့်အတန်းကို နှစ်သက်ကြသည် မဟုတ်လော။ သင်သည် သူတို့ကို ရာထူးတစ်ခုပေးလျှင် ဘုရားအိမ်တော်၌ သူတို့ နေကြမည် မဟုတ်လော”ဟု ပြောကြသည်။ အန္တိခရစ်များသည် ဤအကြိမ်တွင် အဆင့်အတန်း လိုအပ်ကြသလော။ ဤအကြိမ်တွင် ၎င်းတို့အတွက် အရေးအကြီးဆုံးသော အရာမှာ အဆင့်အတန်း ဖြစ်ချင်မှဖြစ်ပေမည်။ ၎င်းတို့ လိုအပ်သည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ လိုအပ်သည့်အရာမှာ ဘုရားသခင်က ၎င်းတို့ကို တိကျသည့် ရှင်းလင်းချက်တစ်ခု ပေးရန်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောင်းချီးများ မရရှိနိုင်လျှင် ထွက်သွားကြလိမ့်မည် ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတစ်လျှောက်တွင် ၎င်းတို့သည် အရေးကြီးသည့် ရာထူးတစ်ခုတွင် အထားခံရနိုင်ခြင်းမရှိပါက ၎င်းတို့၏ အလားအလာများက သေချာခြင်းမရှိ၊ အားရဖွယ်မရှိသကဲ့သို့ မျှော်လင့်ချက်မဲ့သည်ဟု ခံစားကြသည်။ အခြားတစ်ဖက်၌ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့ မျှော်လင့်သည့်အတိုင်း အမှုအရာများက လုံးဝ မဖြစ်လျှင်၊ ဘုရားသခင်က သူ၏ ကြီးမြတ်သော အမှုတော် ပြီးစီးသည့်နေ့ရက်တွင် သူ၏ ဘုန်းတော်ထင်ရှားခြင်းဖြင့် ကြွဆင်းလာခြင်းကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံတွေ့ခြင်းမရှိလျှင် သို့မဟုတ် ဘုရားသခင်က မည်သည့် နှစ်၊ လ၊ နေ့ရက်၊ နာရီနှင့် မိနစ်တွင် လူသားမျိုးနွယ်ထံ သူ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းလိမ့်မည်၊ မည်သည့်အချိန်တွင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ကြီးမားသော ကပ်ဘေးများ ဖြစ်လာလိမ့်မည်ဟူသည်တို့ကို ရှင်းလင်းသော အသုံးအနှုန်းဖြင့် ၎င်းတို့ကို မပြောပြလျှင်၊ သူက ဤအရာများကို ရှင်းလင်းသော အသုံးအနှုန်းဖြင့် ၎င်းတို့အား မပြောပြလျှင် ၎င်းတို့၏ စိတ်နှလုံးများက ဂနာမငြိမ်ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ လျော်ကန်သော နေရာကို ထိန်းသိမ်းရင်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဤအခြေအနေနှင့်ပတ်သက်၍ ၎င်းတို့ ကျေနပ်ရောင့်ရဲခြင်း မရှိနိုင်ကြပေ။ ၎င်းတို့ အလိုရှိသည်မှာ ရလဒ်တစ်ခုဖြစ်သည်။ ၎င်းတို့ အလိုရှိသည်မှာ ဘုရားသခင်က ၎င်းတို့ကို တိကျသည့် အသုံးအနှုန်းဖြင့် စကားတစ်ခုပြောကာ ၎င်းတို့ အလိုရှိသမျှအရာအားလုံးကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို တိကျစွာ သိရှိနိုင်စေရန် ၎င်းတို့အား ထောက်ကူပေးဖို့အတွက် ဖြစ်သည်။ ဤစကားအတွက် ၎င်းတို့က အလွန်ကြာမြင့်စွာ အလဟဿ စောင့်ဆိုင်းနေကြလျှင် ၎င်းတို့၏ စိတ်များ၌ နောက်ထပ် တွက်ချက်မှုကို ပြုကြလိမ့်မည် ဖြစ်သည်။ မည်သည့် တွက်ချက်မှုနည်း။ ၎င်းတို့ကို မည်သူက ပျော်ရွှင်မှုပေးနိုင်သည်ဟူသည်ကိုလည်းကောင်း၊ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့အား မည်သူက ပေးနိုင်သည်ကိုလည်းကောင်း ၎င်းတို့ တွက်ချက်ကြလိမ့်မည် ဖြစ်ပြီး နောင်ဘဝတွင် အရာများကို ၎င်းတို့ မရရှိနိုင်လျှင် ဤဘဝ၌ ၎င်းတို့ အလိုရှိသမျှတိုင်းကို ရရှိရမည်ဖြစ်သည်။ ဤလောကနှင့် လူသားမျိုးနွယ်က ၎င်းတို့ကို ဇာတိပကတိ၏ ကောင်းချီးများ၊ ကိုယ်စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုတို့အပြင် ဤဘဝတွင် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ပေးနိုင်လျှင် ၎င်းတို့သည် မည်သည့် အခြေအနေတွင်မဆို ဘုရားသခင်ကို အချိန်မရွေး စွန့်လွှတ်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ ကောင်းမွန်သည့် ဘဝကို အသက်ရှင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ တွက်ချက်မှုများဖြစ်သည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် လောကီ ပျော်ရွှင်မှုများနှင့် အလားအလာများကို လိုက်စားဖို့၊ မည်သည့်အခြေအနေတွင်မဆို အချိန်မရွေး ၎င်းတို့၏ တာဝန်ကို လက်လွှတ်နိုင်ကြပြီး လတ်တလောရှိနေသည့် အလုပ်ကို ရပ်နားနိုင်ကြသည်။ လူအချို့သည် လောကီ အကျိုးအမြတ်များနှင့် အလားအလာများကို ရရှိဖို့ ညီအစ်ကို မောင်နှမများကိုပင် သစ္စာဖောက်နိုင်ကြသည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် သစ္စာဖောက်နိုင်ပြီး ဘုရားသခင်ကိုပင် သစ္စာဖောက်နိုင်ကြလေသည်။ ထို့ကြောင့် အန္တိခရစ်များက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် မည်မျှထူးချွန်ပုံ ပေါ်ကောင်းပေါ်နိုင်ကြသည်ဖြစ်စေ၊ မည်မျှ ပြိုင်ဆိုင်လိုစိတ် ပြင်းပြကြသည်ဖြစ်စေ မည်သည့် အခြေအနေတွင်မဆို ၎င်းတို့အားလုံးသည် အချိန်မရွေး မိမိတို့တာဝန်များကို ရပ်ဆိုင်းနိုင်ကြသည်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားအိမ်တော်ကို စွန့်ခွာနိုင်ကြလေသည်။ ၎င်းတို့သည် မည်သည့်အခြေအနေတွင်မဆို ယုဒဖြစ်လာလျက် ဘုရားအိမ်တော်ကို အချိန်မရွေး သစ္စာဖောက်နိုင်ကြမည်ဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြလျှင် ဤအရာကို ညှိနှိုင်း၍ရသည့် အခွင့်အရေးတစ်ခုအဖြစ် မလွဲမသွေ အသုံးပြုကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို ပထမဆုံး ဖြည့်ဆည်းပြီး အခြားသူတို့၏ ကြည်ညိုခြင်းကို ရရှိဖို့အတွက် ကြိုးစားရင်း ထို့နောက်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး မိမိတို့၏ ဆုလာဘ်ကို ရရှိရန် ကြိုးစားလျက် တိုတောင်းသော အချိန်ကာလတစ်ခုတွင် ကောင်းချီးများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန် ဧကန်မုချ ကြိုးစားကြလိမ့်မည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့၏ အချိန်အကန့်အသတ်မှာ သုံးနှစ်ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ပင် ဖြစ်ကောင်းဖြစ်ပေမည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ပေးသည့် ပိုင်းခြားသတ်မှတ်ထားသော အချိန်ဖြစ်ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မိမိတို့ကိုယ်ကို ပေးသည့် အရှည်ကြာဆုံးသော အချိန်ဖြစ်သည်။ ဤအချိန်အကန့်အသတ် ပြည့်သွားသည့်အခါ ၎င်းတို့၏ ခံနိုင်ရည်လည်း ယင်း၏အကန့်အသတ်သို့ ရောက်ရှိမည်ဖြစ်သည်။ ကောင်းချီးများအတွက်ဖြစ်သော ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတွက်၊ နှစ်သက်ဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခု၊ သရဖူတစ်ခုနှင့် ဆုလာဘ်များအတွက် လိုက်လျောချက်များ ၎င်းတို့ ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၌ ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခပေးနိုင်သော်လည်း အချိန်ကုန်လွန်ခြင်းနှင့်အတူ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် အလိုဆန္ဒများ ပြောင်းလဲရန် သို့မဟုတ် အားနည်းသွားရန် မဆိုထားနှင့်၊ ထိုအချိန်ကုန်လွန်ခြင်းက ၎င်းတို့အား ထိုအရာများကို မေ့လျော့ဖို့ သို့မဟုတ် လက်လွှတ်ဖို့ မည်သည့်အခါမျှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ ဤအနှစ်သာရမှ အကဲဖြတ်ရသော် ၎င်းတို့သည် အပြုသဘောဆောင်သည့် အရာများကို မနှစ်သက်သကဲ့သို့ အပျက်သဘောဆောင်သည့် အရာများကိုသာ ချစ်ကြသည့် မယုံကြည်သူများနှင့် အခွင့်အရေးသမားများ၊ ဘုရားအိမ်တော်ထဲသို့ လှည့်ဖြားဝင်ရောက်လိုသည့် အကျင့်ပျက်သောသူတစ်စု လုံးလုံးလျားလျား ဖြစ်ကြပေသည်။ ဤလူများသည် ရှက်ဖွယ်ဖြစ်ကြပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။