အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၈) အခန်း သုံး
၎င်းတို့၏ မလိုမုန်းထားသော သဘာဝကြောင့်၊ အန္တိခရစ်များသည် သမ္မာတရား လိုက်စားသောသူ မည်သူကိုမဆို အလျှော့မပေးကြပေ။ တကယ့် အလုပ်အချို့ လုပ်ဆောင်နိုင်သည့် မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များကိုမဆို ၎င်းတို့က အထင်သေးကြပြီး ၎င်းတို့ကိုယ်တိုင်သာ မှန်ကန်ကာ အခြားသူများအားလုံး မှားယွင်းသည့်အလား ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးကို အယောင်ဆောင်အဖြစ် အမည်တပ်ကြသည်။ ၎င်းတို့ကို သမ္မာတရားဖြင့် မည်သို့မိတ်သဟာယ ပြုပေးသည်ဖြစ်စေ ပြုပြင်ခြင်းကို ၎င်းတို့ လုံးဝ လက်ခံကြလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းကြလိမ့်ဦးမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့အား ပြုပြင်သူ မည်သူမဆိုက ၎င်းတို့ကို လက်ခံယုံကြည်စေနိုင်ခြင်း မရှိလျှင် ထိုအရာကို ၎င်းတို့ လက်ခံကြလိမ့်မည် မဟုတ်။ ပြုပြင်ခံရခြင်းက အချည်းနှီးဖြစ်ပြီး သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အမြင်ရှုထောင့်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များကို အစဉ်သဖြင့် ထိန်းသိမ်းသောကြောင့် သမ္မာတရားကို လက်ခံဖို့ ၎င်းတို့အတွက် အလွန်ခက်ခဲပြီး တစ်ချိန်တည်းတွင် ၎င်းတို့ကို ပြုပြင်သူတို့အား ၎င်းတို့က ဝေဖန်ကာ ရှုတ်ချကြသည်။ ပြုပြင်ခံရခြင်းကို ၎င်းတို့ သဘောထားပုံတွင် အန္တိခရစ်များက မည်သည့်စိတ်သဘောထားကို ထုတ်ဖော်ကြသနည်း။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို သင်တို့ မြင်နိုင်သလော။ အန္တိခရစ်တို့၏ သဘာဝရှိ အဓိကစရိုက်များမှ တစ်ခုမှာ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ “ရက်စက်ကြမ်းကြုတ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့၌ သမ္မာတရားနှင့်စပ်လျဉ်း၍ အထူးသဖြင့် ဆိုးယုတ်သော သဘောထားရှိခြင်း ဖြစ်သည်၊ သမ္မာတရားကို ကျိုးနွံနာခံခြင်း မရှိရုံသာမက၊ လက်ခံဖို့ ငြင်းဆန်ရုံသာမက ၎င်းတို့ကို ပြုပြင်သူတို့ကိုပင် ပြစ်တင်ရှုတ်ချလေသည်။ ယင်းမှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထား ဖြစ်သည်။ ပြုပြင်ခံရခြင်းကို လက်ခံသူ မည်သူမဆိုသည် အနိုင်ကျင့်ခြင်းကို ခုခံနိုင်စွမ်း မရှိကြောင်းနှင့် အခြားသူများကို အစဉ်သဖြင့် ပြုပြင်သည့်လူများသည် အစဉ်သဖြင့် ရန်စပြီး အနိုင်ကျင့်လိုသည့် လူများဖြစ်သည်ဟု အန္တိခရစ်တို့က ထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို ပြုပြင်သည့်သူ မည်သူကိုမဆိုအား ခုခံလိမ့်မည် ဖြစ်ပြီး ထိုလူကို ခက်ခဲစေလိမ့်မည်။ ပြီးလျှင် အန္တိခရစ်တစ်ဦး၏ ချို့ယွင်းချက်များ၊ ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဆွေးနွေးပြောဆိုလာသည့် မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်း မိတ်သဟာယပြုသည့်သူ မည်သူ့ကိုမဆိုဖြစ်စေ၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိစေသည့် မည်သူ့ကိုမဆိုဖြစ်စေ ထိုလူသည် ၎င်းတို့အား ခက်ခဲအောင် လုပ်နေသည်ဟု တွေးထင်ကြပြီး ထိုလူကို သဘောမကျပေ။ ၎င်းတို့သည် ထိုလူကို အလွန်အမင်း မုန်းတီးကြပြီး ထိုသူကို လက်စားချေမည်ဖြစ်ကာ ထိုလူအတွက် ကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ငါတို့ မိတ်သဟာယပြုကြမည့် အန္တိခရစ်တို့က ပြုပြင်ခံရခြင်းအား သဘောထားပုံနှင့်ဆိုင်သော နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်သည့် မည်သူ့ကိုမဆို ၎င်းတို့က မုန်းတီးကြသည်။ ဤသည်မှာ အန္တိခရစ်များတွင် အလွန် သိသာထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ မည်သို့သော လူစားမျိုးများသည် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ကြသနည်း။ ဆိုးယုတ်သည့် လူများဖြစ်သည်။ အမှန်မှာမူ အန္တိခရစ်တို့သည် ဆိုးယုတ်သော လူများဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့သာလျှင် ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သည့်သူများ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးသည် စေတနာထားသည့် တိုက်တွန်းအားပေးခြင်းမျိုး၊ ထောက်ပြခြင်းမျိုး၊ သွန်သင်ခြင်းမျိုး၊ သို့မဟုတ် အကူအညီမျိုး တစ်ခုတလေကို ကြုံရသည့်အခါ ၎င်းတို့၏ သဘောထားသည် ကျေးဇူးတင်ရှိခြင်း၊ သို့မဟုတ် နှိမ့်ချစွာ လက်ခံခြင်း ဖြစ်ရမည့်အစား အရှက်ကြောင့် အမျက်ဒေါသထွက်ပြီး အလွန်အမင်း ရန်လိုခြင်း၊ မုန်းတီးခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ပင် ဖြစ်လေသည်။ “လတ်တလောတွင် သင်သည် စည်းမျဉ်းနှင့်အညီ မပြုမူဘဲ အထိန်းအကွပ်မဲ့နေခဲ့ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင့်ကိုယ်သင် တစိုက်မတ်မတ် ကြွားဝါနေခဲ့သည်။ သင်သည် အဆင့်အတန်းအတွက် အလုပ်လုပ်နေခဲ့ပြီး သင်၏ တာဝန်ကို လုံးဝ ကမောက်ကမ ဖြစ်စေခဲ့သည်။ သင်သည် ဘုရားသခင်ကို မျှတစွာ ဆက်ဆံပြီလော။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် သမ္မာတရားကို သင် မရှာသေးသနည်း။ စည်းမျဉ်းအတိုင်း အဘယ်ကြောင့် သင် ပြုမူဆောင်ရွက်ခြင်း မရှိသေးသနည်း။ ညီအစ်ကို မောင်နှမများက သမ္မာတရားနှင့်ပတ်သက်၍ သင်နှင့်အတူ မိတ်သဟာယပြုသည့်အခါ သင် အဘယ်ကြောင့် လက်မခံခဲ့သနည်း။ ၎င်းတို့ကို သင် အဘယ်ကြောင့် လျစ်လျူရှုခဲ့သနည်း။ သင် နှစ်သက်သည့်အတိုင်း အဘယ်ကြောင့် သင် ဆက်လုပ်ဆောင်လေပြီနည်း”ဟု ပြောဆိုခြင်းဖြင့် အန္တိခရစ်တစ်ဦးကို ပြုပြင်ကာ ဖော်ထုတ်သည့်သူအချို့ ရှိသည်။ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုင်သည့် ၎င်း၏ ထုတ်ဖော်ခြင်းကို ဖော်ထုတ်သည့် ဤအဘယ်ကြောင့်ဟူသည်အရာအချို့၊ ဤစကားများသည် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ “အဘယ်ကြောင့်နည်း။ “အဘယ်ကြောင့်”ဟူသည့်အရာ မရှိပါ။ ငါ အလိုရှိသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်သည်။ ငါ့ကို ပြုပြင်ရန် မည်သည့်အရာက သင့်အား အခွင့်ပေးသနည်း။ ထိုသို့လုပ်ဆောင်ရအောင် သင်သည် အဘယ်သူနည်း။ ငါသည် တစ်ဇွတ်ထိုးလုပ်တတ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ယခုတွင် ငါ ဤအသက်အရွယ်ကို ရောက်ပြီဖြစ်သဖြင့် ငါ့ကို အဘယ်သူမျှ ဤသို့ မပြောဝံ့ပေ။ ငါတစ်ဦးတည်းသာ အခြားသူများကို ဤပုံစံဖြင့် စကားပြောနိုင်သည်။ အခြားမည်သူကမျှ ငါ့ကို ဤကဲ့သို့ စကားမပြောနိုင်ပါ။ မည်သူက ငါ့ကို ဩဝါဒပေးဝံ့သနည်း။ ငါ့ကို ဩဝါဒပေးနိုင်သည့်လူ မမွေးသေးပါ။ သင် ငါ့ကို ဩဝါဒပေးနိုင်သည်ဟု အမှန်တကယ် ထင်သလော”ဟူ၍ ဖြစ်သည်။ ၎င်း၏ စိတ်နှလုံးအတွင်းတွင် အမုန်းတရားဖြစ်ပေါ်ပြီး လက်စားချေဖို့အတွက် အခွင့်အရေးကို ရှာဖွေလေသည်။ ၎င်း၏ စိတ်ထဲတွင် ၎င်းက “ငါ့ကို ပြုပြင်နေသည့် ဤလူသည် အသင်းတော်တွင် တန်ခိုးအာဏာရှိသူလော။ ငါ သူ့ကို လက်တုံ့ပြန်မည်ဆိုလျှင် သူ့အတွက် မည်သူက ရပ်တည်ပေးမည်နည်း။ ငါ သူ့ကို ဒုက္ခပေးမည်ဆိုလျှင် အသင်းတော်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်လော။ ငါ့တွင် ဖြေရှင်းချက်တစ်ခုရှိသည်။ သူ့ကို ငါ လက်တုံ့ပြန်မည် မဟုတ်ပါ။ တစ်စုံတစ်ခုကို လုံးဝ လျှို့ဝှက်စွာဖြင့် ငါ လုပ်ဆောင်မည်။ သူ့ကို ဝေဒနာခံစားစေကာ အရှက်ရစေရန်အတွက် သူ၏ မိသားစုကို ငါ တစ်စုံတစ်ခု လုပ်ဆောင်မည်၊ ထိုသို့ဖြင့် ငါသည် ဤမကျေမချမ်းဖြစ်ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။ ငါ လက်စားချေကိုချေရမည်။ ဤကိစ္စကို ယခု ငါ ဘေးချိတ်ထား၍မရပါ။ အခြားသူများက ငါ့ကို ဩဇာပေးနိုင်ရန်အလို့ငှာ ဘုရားကို ငါ ယုံကြည်လာခဲ့ခြင်း မဟုတ်သကဲ့သို့ အခြားသူများအား ငါ့ကို စိတ်တိုင်းကျ အနိုင်ကျင့်ခွင့်ပေးရန်အတွက် ဤနေရာသို့ ငါ လာခဲ့ခြင်း မဟုတ်ပါ။ ငါသည် ကောင်းချီးမင်္ဂလာများရရှိရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်။ လူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရန် ရဲရင့်ခြင်းရှိရမည်။ ငါ့ကို ဖော်ထုတ်ရလောက်အောင် သင်သည် ရဲတင်းလိုက်လေခြင်း။ ဤသည်မှာ အနိုင်ကျင့်ခြင်းပင်ဖြစ်သည်။ ယခုအခါ သင်သည် ငါ့ကို အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် မဆက်ဆံသဖြင့် ငါသည် သင့်ကို ဒုက္ခပေးမည်ဖြစ်ပြီး ငါသည် သင့်ကို အကျိုးဆက်များ ခံစားစေမည်။ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြစို့၊ ပြီးလျှင် မည်သူက ပို၍ရက်စက်သည်ကို ကြည့်ကြစို့”ဟူ၍ အပိုင်ကြံနေကြလေသည်။ ဖော်ထုတ်သည့် စကားအနည်းငယ်မျှက အန္တိခရစ်များကို အမျက်ထွက်စေပြီး ၎င်းတို့ထဲတွင် ကြီးမားလှသည့် အမုန်းတရားကို ဖြစ်ပေါ်စေခဲ့ကာ လက်စားချေဖို့အတွက် များစွာ အားထုတ်လုပ်ဆောင်စေလေတော့သည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် လုံးဝ ပေါ်လွင်ထင်ရှားလျက် ရှိသည်။ ၎င်းတို့အနေဖြင့် အခြားတစ်ဦးကို မုန်းတီးမှုကြောင့် လက်တုံ့ပြန်သည့်အခါ ထိုသူအပေါ် မုန်းတီးမှု သို့မဟုတ် ယခင်ကရှိခဲ့သည့် အာဃာတကြောင့် မဟုတ်ဘဲ ထိုသူက ၎င်းတို့၏ အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်သာ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤအရာက မည်သူလုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ထိုသူ၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ အန္တိခရစ်တစ်ဦးကို ဖော်ထုတ်သည့် လုပ်ရပ်သက်သက်က ထိုအန္တိခရစ်၏ မုန်းတီးမှုကို အစပျိုးစေနိုင်ပြီး ၎င်း၏ လက်စားချေမှုအား ဖြစ်ပေါ်စေနိုင်သည်ကို ပြသနေသည်။ မည်သူဖြစ်စေ၊ ၎င်းသည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်ပြီး ပြုပြင်သရွေ့ ထိုသူကို ရန်သူတစ်ဦးအဖြစ် ၎င်းက သဘောထားလိမ့်မည် ဖြစ်သည်။ ၎င်းက “ကျွန်ုပ်ကို ပြုပြင်သူ မည်သူကိုမဆို ကျွန်ုပ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမည်ဖြစ်သည်။ ကျွန်ုပ်ကို ပြုပြင်သူ၊ ကျွန်ုပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သူ၊ ကျွန်ုပ်အား ဘုရားအိမ်တော်၏ နှင်ထုတ်ခြင်းခံရအောင် လုပ်ဆောင်သူ၊ သို့မဟုတ် ကျွန်ုပ်၏ ကောင်းချီးဝေစုကို လုယက်သူ မည်သူကိုမဆို ကျွန်ုပ် လုံးဝ လွှတ်ထားမည် မဟုတ်ပါ။ ယင်းမှာ ဤလောကီ ကမ္ဘာတွင် ကျွန်ုပ်၏ ပကတိအခြေအနေ ဖြစ်သည်။ မည်သူကမျှ ကျွန်ုပ်ကို ဒုက္ခမပေးဝံ့ပါ။ ကျွန်ုပ်ကို ဒုက္ခပေးဝံ့သည့်လူ မမွေးသေးပါ”ဟုပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည့် ကြမ်းတမ်းသော စကားများဖြစ်သည်။ ဤကြမ်းတမ်းသော စကားများကို ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့်အခါ အခြားသူတို့ကို ခြိမ်းခြောက်ရန်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ကာကွယ်ရန် ၎င်းတို့က ဖွင့်ထုတ်ပြောဆိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် အမှန်တကယ် မကောင်းမှုကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ၎င်းတို့အတွက် ရရှိနိုင်သော မည်သည့်နည်းလမ်းကိုမဆို အောက်တန်းအကျခံ၍ ကျင့်သုံးကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤကဲ့သို့သော အန္တိခရစ်များကို ကြုံရသည့်အခါ ထိုသူတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် ထိုသူတို့အပေါ် အရေးယူဆောင်ရွက်ဖို့ သတ္တိမရှိကြဘဲ အန္တိခရစ်များက သာ၍ပင် ဆိုးလာကြလေတော့သည်။ ၎င်းတို့၏ မကောင်းမှုပြုခြင်းက သာ၍ပင် အရှက်မဲ့လာသည်၊ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် ကြိုးစားမြဲကြိုးစားနေကြပြီး ထိုလူအများစုကို အထင်အမြင်မှားစေကာ ထိန်းချုပ်သည့်အဖြစ်သို့ နောက်ဆုံး၌ ရောက်ရှိသွားကြသည်။ ဤသည်မှာ ဘေးဒုက္ခဖြစ်စေသောအရာ ဖြစ်သည်။ အချို့သော အန္တိခရစ်များသည် ညီအစ်ကို မောင်နှမများကြောင့် ၎င်းတို့၏ ဒုစရိုက်အမှုများ ဖော်ထုတ်ခံကြောင်း သို့မဟုတ် အထက်လူကြီးများထံသို့ တိုင်ကြားခံရကြောင်း သိသွားသည့်အခါ ၎င်းတို့သည် ထိုသူတို့ကို လက်စားချေကာ အဆင်းနီသော နဂါးကြီးလက်သို့ လွှဲအပ်ကြလေသည်။ ထိုသူတို့ကို ၎င်းတို့က စာတန်၏ အုပ်ချုပ်မှုသို့ အပ်ကြသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ပြီးလျှင် အန္တိခရစ်များက အလွန် ရက်စက်ကြမ်းကြုတ်သည်ကို ထောက်ရှုသော် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြပြီး အသင်းတော်ကို အဖျက်အမှောင့်လုပ်ရန် လာကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထဲသို့ လှည့်ဖြားခြင်းဖြင့် ဝင်ရောက်လာသော မကောင်းဆိုးဝါးများဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကာ ထိခိုက်စေခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင်နှင့် ဘုရားသခင် ရွေးချယ်ထားသူများ၏ ရန်သူများဖြစ်ကြသည်။ အန္တိခရစ်များ၊ ဆိုးယုတ်သော မကောင်းဆိုးဝါးများကို ညီအစ်ကို မောင်နှမများကဲ့သို့ ဆက်ဆံခြင်းသည် ဆိုးရွားသော အမှားတစ်ခု ဖြစ်ပေမည်။ သင့်အနေဖြင့် ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သည်ဟူသည်မှာ သင်သည် မျက်ကန်းဖြစ်ရပေမည်။ အန္တိခရစ်တစ်ဦးသည် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်သည့်အလား ရေလောင်းခြင်း၊ ကျွေးမွေးခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရလျှင် သို့မဟုတ် သမ္မာတရား လိုက်စားသောသူတစ်ဦး ဖြစ်သည့်အလား ရာထူးတိုးခြင်းခံရပြီး အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုကို ပေးခြင်းခံရလျှင် ခေါင်းဆောင်သည် ကြီးမားသည့် မကောင်းမှုကို ကျူးလွန်နေခြင်းဖြစ်သည်။ ၎င်းသည် အန္တိခရစ်၏ မကောင်းမှုတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ပြီး ၎င်းကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ ကြံရာပါများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်က ရှင်းလင်းပစ်ကာ နှင်ထုတ်ခြင်းခံရသင့်သည့် အန္တိခရစ်များဖြစ်သည်ဟု ပြောပါက တရားနည်းလမ်းကျပေသည်။
အန္တိခရစ်များ ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ သဘောထားက လက်ခံပြီး နာခံသည့် သဘောထားတစ်ခု မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ထိုအရာကို အတိုက်အခံလုပ်ကာ အလွန်အမင်း မနှစ်မြို့ခြင်း ရှိကြပေသည်။ ယင်းက အမုန်းတရား ဖြစ်စေသည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်သူတိုင်း၊ ၎င်းတို့၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေများကို ဖော်ထုတ်သည့် လူတိုင်းအား ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မုန်းတီးကြသည်။ ၎င်းတို့က မည်သည့်အတိုင်းအတာထိ သင့်ကို မုန်းကြသနည်း။ ၎င်းတို့က မုန်းတီးစိတ်ဖြင့် အံကြိတ်လျက် ၎င်းတို့၏ မြင်ကွင်းမှ သင် ပျောက်ကွယ်သွားမည်ကို အလိုရှိကြပြီး သင်တို့နှစ်ဦး အတူနေ၍မရဟု ခံစားနေကြသည်။ အန္တိခရစ်များသည် လူတို့နှင့်ပတ်သက်၍ ဤကဲ့သို့ဖြစ်ကြလျှင် ၎င်းတို့ကို ဖော်ထုတ်ကာ ရှုတ်ချသည့် ဘုရားနှုတ်ကပတ်တော်များအား ၎င်းတို့ လက်ခံနိုင်ကြသလော။ လက်မခံနိုင်ကြပေ။ ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုကို ၎င်းတို့သည် မိမိတို့အား ဖော်ထုတ်ခြင်းနှင့် မိမိတို့ကို ထိခိုက်စေရုံဖြင့် မုန်းကြလိမ့်မည်ဖြစ်ပြီး ထိုသူတို့အား လက်တုံ့ပြန်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကို ပြုပြင်ခဲ့သူအား မိမိတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားစေလိုကြသည်။ ထိုသူ အဆင်ပြေနေသည်ကို မြင်ရခြင်းအား ၎င်းတို့ မခံနိုင်ကြပေ။ ဤလူက သေဆုံးသွားလျှင် သို့မဟုတ် ကပ်ဘေး ကြုံတွေ့ရလျှင် ၎င်းတို့ ပျော်ရွှင်ကြပေမည်။ ဤလူ အသက်ရှိကာ ဘုရားအိမ်တော်၌ မိမိတာဝန်ကို ထမ်းဆောင်နေသေးပြီး အရာရာက ပုံမှန်အတိုင်း ဖြစ်နေသရွေ့ ၎င်းတို့၏ စိတ်နှလုံးတွင် ဆင်းရဲဒုက္ခခံစားရသည်၊ မသက်မသာဖြစ်ကာ မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို ခံစားရလေသည်။ ၎င်းတို့တွင် တစ်စုံတစ်ဦးအပေါ် လက်တုံ့ပြန်ဖို့ နည်းလမ်းမရှိသည့်အခါ ထိုသူကို တိတ်တဆိတ် ကျိန်ဆဲလေသည်၊ သို့မဟုတ် ထိုလူအပေါ် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းတို့ ဆောင်ကြဉ်းပေးရန်နှင့် ဘုရားသခင်က ၎င်းတို့၏ နစ်နာချက်များကို တရားသဖြင့်ဖြစ်အောင် လုပ်ပေးရန်အတွက်ပင် ဆုတောင်းကြလေသည်။ အန္တိခရစ်များက ဤအမုန်းတရား ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဤအရာက လုပ်ရပ်တသီတတန်းကို ဖြစ်စေသည်။ ဤလုပ်ရပ်များတွင် လက်တုံ့ပြန်ခြင်းနှင့် ကျိန်ဆဲခြင်းများအပြင်၊ အမုန်းတရားမှ အစပြုသည့် အခြားသူများကို အမှုဆင်ခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကဲ့သို့သော အခြားလုပ်ရပ်အချို့ ပါဝင်သည်မှာ အမှန်ဖြစ်၏။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်သည့်အခါ သူ၏ နောက်ကွယ်တွင် ၎င်းတို့က ထိုလူကို အကြည်ညိုပျက်အောင် လုပ်ကြလိမ့်မည်။ တစ်စုံတစ်ရာကို မှန်ကန်သည်ဟု ထိုလူက ပြောသည့်အခါ ၎င်းတို့က ထိုအရာ မှားယွင်းသည်ဟု ပြောကြလိမ့်မည်။ ထိုလူ၏ နောက်ကွယ်တွင် အလိမ်အညာများ ဖြန့်ပြီး အနှောင့်အယှက်များ ဖြစ်စေလျက် ၎င်းလုပ်ဆောင်သည့် အပြုသဘောဆောင်သော အရာအားလုံးကို လွဲချော်စေပြီး အပျက်သဘောဖြစ်စေမည် ဖြစ်သည်။ မသိနားမလည်သကဲ့သို့ အမှုအရာများကို မရိပ်စားမိနိုင်သည့် သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည့် အခြားသူများကို ၎င်းတို့ဘက်တွင် ပူးပေါင်းဖို့နှင့် ၎င်းတို့ကို ထောက်ကူစေဖို့ရန်အလို့ငှာ ၎င်းတို့က လှုံ့ဆော်ပြီး ဆွဲဆောင်ကြလိမ့်မည်။ ၎င်းတို့ကို ပြုပြင်သည့် လူက မကောင်းသည့်အရာတစ်ခုမျှ မလုပ်ဆောင်ခဲ့သည်မှာ သိသာသော်လည်း ထိုသူအပေါ် မကောင်းမှုအချို့ကို ပုံထားချင်ကြဆဲဖြစ်သည်။ ထိုသို့ဖြင့် ထိုသူသည် ဤအမှုအရာမျိုးများ ပြုလုပ်သည်ဟု လူတိုင်းအား မှားယွင်းစွာ ယုံကြည်စေပြီးနောက် ထိုသူကို လူတိုင်း အတူတကွ ငြင်းပယ်ကြစေဖို့အလို့ငှာ ဖြစ်သည်။ အန္တိခရစ်များသည် ဤနည်းဖြင့် အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်ကာ လူတို့အား ထိုသူတို့၏ တာဝန်ထမ်းဆောင်မှုတွင် အဖျက်အမှောင့်လုပ်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့ကို ပြုပြင်သည့်လူအား အခက်အခဲဖြစ်စေရန်နှင့် လူတိုင်းအား ထိုသူ့ကို စွန့်ပစ်စေရန် ဖြစ်သည်။ “သင်သည် ကျွန်ုပ်ကို ပြုပြင်ကာ အခက်အခဲ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ထိုအရာနှင့်ပတ်သက်၍ သင့်ကို ကျွန်ုပ် အေးအေးဆေးဆေးနေခွင့်ပေးလိမ့်မည် မဟုတ်ပါ။ ပြုပြင်ခံရခြင်းနှင့် စွန့်ပစ်ခံရခြင်းက မည်သည့်အရာနှင့် တူသည်ကို သင့်အား ကျွန်ုပ် မြည်းစမ်းစေမည်။ သင် ကျွန်ုပ်ကို မည်သို့ပင် ဆက်ဆံပါစေ ယင်းအတိုင်း သင့်ကို ကျွန်ုပ် ဆက်ဆံမည်။ ကျွန်ုပ်ကို သင် အေးအေးဆေးဆေး နေခွင့်မပေးလျှင် သင်သည်လည်း အေးအေးဆေးဆေး နေခွင့်ရလိမ့်မည် မထင်နှင့်”ဟု ပြောသော အန္တိခရစ်အချို့လည်း ရှိပေသည်။ အန္တိခရစ်များ မကောင်းမှုကို လုပ်ဆောင်သည့်အခါ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက စကားစမြည်ပြောဆိုဖို့အတွက် ၎င်းတို့ကို ဆက်သွယ်ကြသည်။ ၎င်းတို့ နောင်တရရမည်ဖြစ်ကြောင်း ပြောကြပြီး ၎င်းတို့ကို ကူညီကာ ထောက်ပံ့ပေးဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြကြသည်။ ထိုအရာကို ၎င်းတို့က လက်မခံရုံမက ခေါင်းဆောင်က စစ်မှန်သည့် မည်သည့်အလုပ်မျှ မလုပ်သကဲ့သို့ ပြဿနာများကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ အသုံးပြုခြင်းမရှိဟူသည့် အခြေအမြစ်မရှိသော ကောလာဟလများကိုလည်း အစပြုကြသည်။ အမှန်တွင် ခေါင်းဆောင်က ထိုသို့သော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ ၎င်းတို့က ပြန်လှည့်ပြီး အမှန်တရားများကို လွဲချော်စေကာ မိမိတို့ကို ကူညီနေသည့်လူအား အသရေဖျက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သည် မဟုတ်လော။ အပြည့်အဝ သိလျက်ဖြင့် ဤဆိုးယုတ်သော လူများနှင့် အန္တိခရစ်များသည် အပြုသဘောဆောင်သည့်အရာများက အပျက်သဘောဆောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အပြစ်များ၊ အမှားများ၊ ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်ချက်များနှင့် မလိုမုန်းထားသော လုပ်ရပ်များကို သမ္မာတရားနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော အရာများဖြစ်ကြောင်း အခိုင်အမာဆိုကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ် မည်မျှ ကြီးမားသည့် အမှားတစ်ခု ၎င်းတို့ ပြုလုပ်မိသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ ထိုအရာကို အသိအမှတ်မပြုကြ သို့မဟုတ် အလေးအနက် လုံးဝ သဘောမထားကြပေ။ ထိုအကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ ပေါ့ပြက်ပြက်နှင့် အဖြစ်သဘောသာ ပြောဆိုကြလေသည်။ ဤကိစ္စရပ်ကြောင့် ၎င်းတို့ကို ပြုပြင်သည့်လူက ၎င်းတို့၏ အမြင်တွင် အပြစ်သားတစ်ဦးဖြစ်လာပြီး ထိုအစား ဝေဖန်မှု၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ဤသည်မှာ အဖြူကို အမည်းဟု ခေါ်ဆိုခြင်းဖြစ်သည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ ပြုပြင်ခြင်းခံရသည့်အခါ “ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများ ပြုမိသည့် အမှားများအားလုံးသည် မသိနားမလည်ခြင်းနှင့် ခေါင်းဆောင်များ၊ တာဝန်ရှိသူများက ကောင်းစွာ အလုပ်လုပ်ဖို့ ပျက်ကွက်ခြင်းတို့ကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့အလုပ်အား မည်သို့ ဆောင်ရွက်ရမည်ကို သိခဲ့ကြလျှင် ကျွန်ုပ်တို့ကို ချက်ချင်း သတိပေးချက်များ ပေးခဲ့ပြီး အမှုအရာများကို ကောင်းစွာ စီမံခဲ့ကြမည်ဆိုလျှင် ဘုရားအိမ်တော်အတွက် ဆုံးရှုံးမှုများက လျော့နည်းသွားမည် မဟုတ်လော။ ထို့ကြောင့် မည်သည့် အမှားများကို ကျွန်ုပ်တို့ ပြုလုပ်မိသည်ဖြစ်စေ ခေါင်းဆောင်နှင့် အမှုဆောင်များကို လုံးဝ အပြစ်တင်ရမည်ဖြစ်ပြီး ၎င်းတို့က အကြီးမားဆုံး တာဝန်ယူသင့်ကြပေသည်”ဟု ဆိုလျက် မှားယွင်းသည့် တန်ပြန်စွပ်စွဲချက်များပင် ပြုလုပ်ကြလေသည်။ ဤသည်မှာ မှားယွင်းသည့် တန်ပြန်ပြောဆိုချက်များကို ပြုလုပ်ခြင်း မဟုတ်လော။ ဤမှားယွင်းသော တန်ပြန်ပြောဆိုချက်များသည် အဖြူကို အမည်းဟု ခေါ်ဆိုခြင်းဖြစ်ပြီး လက်တုံ့ပြန်ခြင်းပုံစံတစ်ခု ဖြစ်သည်။
အန္တိခရစ်များတွင် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများ ရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ရန် သို့မဟုတ် ဖော်ထုတ်ရန် ကြိုးစားလျှင် ၎င်းတို့က သင့်ကို မုန်းကြလိမ့်မည်ဖြစ်ပြီး အဆိပ်ပြင်းသော မြွေများဖြစ်သည့်အလား သင့်ကို မညှာမတာ တိုက်ခိုက်လိမ့်မည်။ သင်သည် မည်မျှ ကြိုးစားသည်ဖြစ်စေ ၎င်းတို့ကို လှုပ်ခါနိုင်မည်မဟုတ်၊ သို့မဟုတ် ခါချနိုင်မည် မဟုတ်ပေ။ ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံရသည့်အခါ ကြောက်ရွံ့မိကြသလော။ လူအချို့သည် အမှန်တကယ် ကြောက်လန့်ကာ “သူတို့ကို ကျွန်ုပ် မပြုပြင်ဝံ့ပါ။ သူတို့သည် အဆိပ်ပြင်းသော မြွေများကဲ့သို့ အလွန် ကြမ်းကြုတ်ပြီး ကျွန်ုပ်၏ တစ်ကိုယ်လုံးအနှံ့ သူတို့ ရစ်ပတ်လိုက်လျှင် ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်”ဟု ပြောကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် သေးငယ်ကြသည်၊ မည်သည့်အရာအတွက်မျှ မကောင်းကြ၊ ခရစ်တော်၏ စစ်သားကောင်းများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း သက်သေမခံနိုင်ကြပေ။ ထို့ကြောင့် ထိုသို့သော အန္တိခရစ်များကို သင်တို့ ကြုံသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ၎င်းတို့က သင့်ကို ခြိမ်းခြောက်လျှင်၊ သို့မဟုတ် သင့်အသက်ကို နုတ်ယူဖို့ ကြိုးစားလျှင် သင် ကြောက်ရွံ့မည်လော။ ထိုသို့သော အခြေအနေများတွင် သင်၏ ညီအစ်ကို မောင်နှမများနှင့် သင် အမြန် ပူးပေါင်းကာ ရပ်တည်ရမည်၊ စုံစမ်းစစ်ဆေးရမည်၊ အထောက်အထား စုဆောင်းရမည်ဖြစ်ပြီး အသင်းတော်မှ အန္တိခရစ်များ ရှင်းလင်းသွားသည်ထိ ၎င်းကို ဖော်ထုတ်ရမည်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို အကုန်အစင် ဖြေရှင်းခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦးကို သင် ရှာဖွေတွေ့ရှိကာ ၎င်းတွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များရှိပြီး အခြားသူများကို ညှဉ်းပန်းကာ လက်တုံ့ပြန်နိုင်သည်ကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်လျှင် ၎င်းတို့ မကောင်းမှုကျူးလွန်သည်ထိ မစောင့်နှင့်၊ ထိုအရာကို သင် မကိုင်တွယ်မီ သက်သေအထောက်အထားကို စုလော့။ ဤသည်မှာ ဘာသိဘာသာ နေခြင်းဖြစ်ပြီး ဆုံးရှုံးမှုအနည်းငယ်ပင် ဖြစ်စေနှင့်ပြီးဖြစ်လိမ့်မည်။ အန္တိခရစ်များက ၎င်းတို့တွင် ဆိုးယုတ်သော လူတစ်ဦး၏ အင်္ဂါရပ်များ ရှိသည်ကို ပြကာ ၎င်းတို့၏ မသိမသာဒုက္ခပေးပြီး မလိုမုန်းထားသော စိတ်သဘောထားကို ထုတ်ဖော်ပြ၍ ၎င်းတို့ လုပ်ဆောင်တော့မည့်အချိန်သည် ၎င်းတို့ကို ကိုင်တွယ်ရန်၊ ဖြေရှင်းရန်၊ ရှင်းလင်းပစ်ပြီး နှင်ထုတ်ရန် အကောင်းဆုံးဖြစ်သည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်မှု အရှိဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ လူအချို့သည် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့ပြီး ၎င်းတို့ကို မဖော်ထုတ်ဝံ့ကြချေ။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်နိုင်ပေ။ ယင်းက သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိမှုမရှိကြောင်း ပင်ကိုအားဖြင့် ပြသလေသည်။ အန္တိခရစ်က သင့်အပေါ် လက်တုံ့ပြန်ရန် နိုင်ကွက်တစ်ခု ရှာတွေ့မည်ကို သင် စိုးရွံ့သည်။ ပြဿနာမှာ မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သင် ယုံကြည်ကိုးစားမှု မရှိခြင်း ဖြစ်နိုင်မည်လော။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင် မသိသလော။ သင့်တွင်ရှိသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော ကိစ္စအချို့ကို အန္တိခရစ်က ရှာတွေ့နိုင်ပြီး ထိုအရာနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်လျှင်ပင် သင် မစိုးရွံ့သင့်ပေ။ ဘုရားအိမ်တော်တွင် ပြဿနာများကို သမ္မာတရား စည်းမျဉ်းများပေါ်အခြေခံ၍ ကိုင်တွယ်ပေသည်။ ပြစ်မှားခြင်းများကို ပြုလုပ်ခြင်းက တစ်စုံတစ်ဦးသည် ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ ဘုရားအိမ်တော်က ခဏတာ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်း သို့မဟုတ် ရံဖန်ရံခါ ပြစ်မှားခြင်းကြောင့် တစ်စုံတစ်ဦးကို လုံးဝ ကိုင်တွယ်ခြင်းမရှိပေ။ အနှောင့်အယှက်များကို တစိုက်မတ်မတ် ဖန်တီးပြီး မကောင်းမှုလုပ်ဆောင်ကာ သမ္မာတရား စိုးစဉ်းမျှကိုပင် လက်မခံသည့် ထိုအန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားအိမ်တော်က လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ မတရားလုပ်လိမ့်မည် မဟုတ်ပေ။ လူတိုင်းကို မျှတစွာ ဆက်ဆံသည်။ အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များက လူကောင်းတစ်ဦးကို မမှန်မကန် စွပ်စွဲလျှင်ပင် ဘုရားအိမ်တော်က ထိုသူတို့ကို သင်္ကာရှင်းပေးလိမ့်မည်ဖြစ်သည်။ အသင်းတော်က အန္တိခရစ်များကို ဖော်ထုတ်နိုင်ကာ တရားမျှတစိတ်ရှိသည့် လူကောင်းတစ်ဦးကို မည်သည့်အခါတွင်မျှ ရှင်းလင်းပစ်လိမ့်မည် မဟုတ်၊ သို့မဟုတ် ကိုင်တွယ်လိမ့်မည် မဟုတ်ပေ။ မိမိတို့ကို လက်တုံ့ပြန်ရန် အန္တိခရစ်များက နိုင်ကွက် ရှာတွေ့မည်ကို လူတို့ အမြဲ ကြောက်ကြသည်။ သို့သော် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိကာ သူ၏ ပစ်ပယ်ခြင်းခံရမည်ကို သင် မကြောက်သလော။ သင့်အပေါ် လက်တုံ့ပြန်ရန် အန္တိခရစ်တစ်ဦးက နိုင်ကွက် ရှာတွေ့သွားမည်ကို သင် ကြောက်ရွံ့လျှင် ၎င်းကို တိုင်ကြားပြီး ဖော်ထုတ်ရန် အန္တိခရစ်၏ ဒုစရိုက်အမှုများနှင့်ဆိုင်သည့် အထောက်အထားကို အဘယ်ကြောင့် လက်မလွှတ်တမ်း အသုံးမပြုသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံအားပေးခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်က သင်၏ ကောင်းမှုများနှင့် တရားမျှတသော လုပ်ရပ်များကို အောက်မေ့သတိရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤအရာကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် စိတ်ထဲတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို အမြဲ ထားရှိသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ဖယ်ရှားခြင်းသည် စာတန်နှင့် စစ်ပွဲတွင် အရေးအကြီးဆုံးသော တိုက်ပွဲဖြစ်သည်။ ဤတိုက်ပွဲကို အောင်မြင်လျှင် အောင်မြင်သောသူ၏ သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ စာတန်များနှင့် ဆိုးယုတ်သော နတ်ဆိုးများကို အသေအလဲရင်ဆိုင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၌ ရှိသင့်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အောင်မြင်သောသူများ ပိုင်ဆိုင်သင့်သည့် သမ္မာတရား လက်တွေ့ကျမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် အလွန်များသော သမ္မာတရားကို ပေးသနားပြီးဖြစ်သည်၊ သင့်အနေဖြင့် သက်သေခံကာ အသင်းတော်၏ အလုပ်ကို ကာကွယ်ပေးခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် ထိုမျှအချိန်ကြာမြင့်စွာ သင့်ကို ဦးဆောင်လမ်းပြပြီးဖြစ်ကာ သင့်အတွက် အလွန်များစွာ ထောက်ပံ့ပေးပြီးဖြစ်သည်။ ဖြစ်ချင်တော့ ဆိုးယုတ်သော လူများနှင့် အန္တိခရစ်တို့က ဒုစရိုက်အမှုများကို လုပ်ဆောင်ကာ အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေးသည့်အခါတွင် သင်သည် ကြောက်တတ်လာကာ ဆုတ်ခွာလျက် သင်၏ ခေါင်းကို လက်ဖြင့်ကာပြီး ထွက်ပြေးသွားလေသည်။ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်ကို အောင်မြင်နိုင်ခြင်းမရှိ၊ သင်သည် သက်သေခံခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်။ ဤအလွန်အရေးပါသော အခိုက်အတန့်တွင် သင်သည် ထရပ်ကာ စာတန်နှင့် စစ်ဆင်နွှဲရမည်၊ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည်၊ ၎င်းတို့ကို ပုန်းကွယ်ရမည့်နေရာ မပေးဘဲ အသင်းတော်မှ ဖယ်ရှားလျက် ပြစ်တင်ရှုတ်ချကာ ကျိန်ဆဲရမည်ဖြစ်သည်။ ဤအရာကိုသာ စာတန်အပေါ် အောင်နိုင်မှု ရရှိခြင်းနှင့် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်ခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသော လူများထဲမှ တစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ စိန်ခေါ်မှုများကို သင်ကြောက်ရွံ့၍မရပေ။ သမ္မာတရား စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်သည် စိန်ခေါ်မှုများကို ကြောက်ရွံ့ပြီး ဆိုးယုတ်သော လူများ သို့မဟုတ် အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့သောကြောင့် အလျှော့ပေးလျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးလည်း မဟုတ်ချေ။ သင်သည် အသုံးမကျသူ၊ အစေခံသူများထက်ပင် နိမ့်ကျသူတစ်ဦး ဖြစ်သည်။ အချို့သော သူရဲဘောကြောင်သူတို့က “အန္တိခရစ်များသည် အလွန် ရှိန်လောက်စရာ ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမဆို တတ်စွမ်းနိုင်ကြသည်။ ကျွန်ုပ်ကို သူတို့ လက်တုံ့ပြန်လျှင် အဘယ်သို့ဖြစ်မည်နည်း”ဟု ပြောကောင်းပြောကြမည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သော စကားဖြစ်သည်။ အန္တိခရစ်များထံမှ လက်တုံ့ပြန်ခြင်းကို သင် ကြောက်လျှင် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းမှာ အဘယ်မှာနည်း။ ဘုရားသခင်သည် သင့်ဘဝ၏ အလွန်များလှစွာသော နှစ်ကာလများတစ်လျှောက် သင့်ကို ကွယ်ကာပေးထားပြီ မဟုတ်လော။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ဘုရားသခင်က အခွင့်မပေးလျှင် ၎င်းတို့က သင့်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့အပြင် အန္တိခရစ်များက မည်သို့ဆိုးယုတ်နိုင်သည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် တတ်စွမ်းနိုင်သည်မှာ မည်သည့်အရာဖြစ်သနည်း။ ပေါင်းစည်းကာ ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ရန်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် လွယ်ကူလွန်းသည်သာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် အန္တိခရစ်များကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ထိုသို့သော လူများသည် အသုံးမကျသကဲ့သို့ ဘုရားသခင်နောက်လိုက်ဖို့ မထိုက်တန်ကြပေ။ အိမ်သို့ ပြန်သွားလော့၊ သင်၏ သားသမီးများကို ပြုစုပျိုးထောင်ကာ ဘဝကို ပုံမှန်အတိုင်းသာ အသက်ရှင်လော့။ အန္တိခရစ်များက အသင်းတော် အလုပ်ကို နှောင့်ယှက်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိခိုက်နစ်နာစေခြင်းအား ရင်ဆိုင်ရာတွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ၎င်းတို့၏ ဒုစရိုက်အမှုများကို မည်သို့ တုံ့ပြန်သင့်သနည်း။ ဘုရားသခင်နောက် လိုက်သူများက ၎င်းတို့၏ သက်သေခံချက်တွင် မည်သို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်သနည်း။ စာတန်နှင့် အန္တိခရစ် အင်အားစုများကို ၎င်းတို့မည်သို့ ဆန့်ကျင်တိုက်ခိုက်သင့်သနည်း။ အန္တိခရစ်များက နှောင့်ယှက်ချိန်၊ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ချိန်တွင် ဘုရားသခင်ကို သင်ကျိုးနွံနာခံပြီး သစ္စာစောင့်သိခြင်း ရှိမရှိ၊ ဘေးထွက်ထိုင်ကာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း ရှိမရှိဟူသည်တို့က အပြည့်အဝ ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ့ကို သစ္စာစောင့်သိသူတစ်ဦး မဟုတ်လျှင် သူ့ကို သစ္စာဖောက်သောသူတစ်ဦး ဖြစ်သည်။ အခြားရွေးချယ်စရာ မရှိပေ။ နားဝေတိမ်တောင်ဖြစ်သောသူအချို့နှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူအချို့သည် အလယ်အလတ်လမ်းစဉ်ကို လိုက်ရန် ရွေးချယ်ကြပြီး ကြားနေသောသူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမြင်တွင် ဤလူများသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု ကင်းမဲ့ပြီး သူ့ကို သစ္စာဖောက်သောသူများ ဖြစ်ကြသည်။ အချို့သော နားဝေတိမ်တောင်ဖြစ်သည့် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ သူရဲဘောကြောင်မှုကြောင့် အန္တိခရစ်များ၏ ညှဉ်းပန်းခြင်းကို ကြောက်ရွံ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း”ဟု မရပ်မနား မေးကြသည်။ ဤသည်မှာ သင် မေးနေသင့်သည့် မေးခွန်းမဟုတ်ပေ။ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ်တို့ကိုယ်ပိုင် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပါ။ အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို အပြည့်အဝ ဖော်ထုတ်ပါ၊ ညီအစ်ကို မောင်နှမများအား ပိုင်းခြားသိမြင်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ကာ အန္တိခရစ်များကို ငြင်းပယ်ပုံအား သင်ယူနိုင်စေပါ။ ကျွန်ုပ်တို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကို ကျွန်ုပ်တို့ မပူပန်သင့်ပါ။ ကျွန်ုပ်တို့အတွက် စဉ်းစားဖို့ အရေးအကြီးဆုံးသော အရာမှာ ဆိုးယုတ်သောလူတို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေချိန်တွင် ကျွန်ုပ်တို့၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ဟူ၍ ဖြစ်သည်။) ထိုအရာက သင်၏ မိသားစုကို ထိခိုက်မည်ဆိုလျှင်ကော အဘယ်သို့နည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို မဆိုင်းမတွ ကျွန်ုပ်တို့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းသင့်သည်။ ကျွန်ုပ်တို့ မိသားစု၏ လုံခြုံဘေးကင်းရေးအတွက် ချစ်ခင်တွယ်တာသော ပူပန်မှုများကြောင့် ကျွန်ုပ်တို့သည် မိမိတာဝန်ကို စွန့်လွှတ်ပစ်ပယ်ခြင်း သို့မဟုတ် မိမိ၏သက်သေခံချက်တွင် ခိုင်မြဲစွာရပ်တည်ရန် ပျက်ကွက်ခြင်း မပြုသင့်ပါ။) မှန်ပေ၏။ ဦးစွာပထမ သင်၏ သက်သေခံချက်တွင် သင် ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်ပြီး အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က ဘုရားအိမ်တော်တွင် နေရာမရှိကြဖို့အလို့ငှာ ပြုလုပ်ရင်း ၎င်းတို့ကို အဆုံးထိတိုင် ဆန့်ကျင်တိုက်ခိုက်ရမည်။ ၎င်းတို့အနေဖြင့် အလုပ်လုပ်ပေးဖို့ လိုလားကြလျှင် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခွင့်ပေးပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပေးလော့။ အလုပ်လုပ်ပေးဖို့ ၎င်းတို့ မလိုမလားဖြစ်နေလျှင် ဘုရားအိမ်တော်၌ အသင်းတော်၏ အလုပ်ကို ၎င်းတို့ မနှောင့်ယှက်နိုင်ရန်၊ အဖျက်အမှောင့်မလုပ်နိုင်ရန် သို့မဟုတ် မဖျက်ဆီးနိုင်ရန်အလို့ငှာ လူတိုင်း အတူတကွ ပေါင်းစည်းပြီး ၎င်းတို့ကို နှင်ထုတ်ရမည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာဖြစ်ပြီး သင် ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေခံချက် ဖြစ်သည်။ ထို့အပြင် သင်၏ မိသားစုနှင့် သင်၏အသက်သည် ဘုရားသခင်၏ လက်တွင် အားလုံးရှိပြီး စာတန်က မဆင်မခြင် မပြုမူဝံ့ကြောင်းကို သင် နားလည်ရန် လိုအပ်သည်။ ဘုရားသခင် ပြောခဲ့သည်မှာ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို မဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။” ဤစကားများကို သင်သည် မည်သည့်အတိုင်းအတာအထိ ယုံကြည်နိုင်သနည်း။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို တိုက်ခိုက်ခြင်းသည် သင့်ယုံကြည်ခြင်း၏အရွယ်အစားကို ထုတ်ဖော်ပြသည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ အမှန်တကယ် ယုံကြည်ခြင်းရှိပါက သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပြီဖြစ်သည်။ အကယ်၍ သင့်တွင် ဘုရားသခင်ထံ ယုံကြည်ခြင်း အနည်းငယ်မျှသာ ရှိပါက၊ ပြီးလျှင် ထိုယုံကြည်ခြင်းသည် မရေရာသကဲ့သို့ ပေါ့တန်ပါက သင့်တွင် စစ်မှန်သောယုံကြည်ခြင်း မရှိပေ။ အကယ်၍ သင်သည် ဤအရာများအားလုံးအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာရှိနိုင်ကြောင်းနှင့် စာတန်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြောင်းကို မယုံကြည်ပါက၊ သင်သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ကြောက်ရွံ့နေသေးပါက၊ အသင်းတော်တွင် ၎င်းတို့က မကောင်းမှုများ ကျူးလွန်ခြင်း၊ အသင်းတော်၏ အမှုတော်ကို ၎င်းတို့ နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို သည်းခံနိုင်သည့်အပြင် ၎င်းကို ရပ်တည်ပြီး တိုက်ခိုက်ရဲခြင်း မရှိဘဲ စာတန်နှင့် အပေးအယူလုပ်နိုင်ပြီး သို့မဟုတ် သင့်ကိုယ်သင် ကာကွယ်ဖို့ ၎င်း၏သနားညှာတာမှုကို တောင်းခံနိုင်ပြီး၊ သင်သည် စွန့်ခွာထွက်ပြေးသူတစ်ဦး၊ လူ့အကြိုက်လိုက်သူတစ်ဦးနှင့် ဘေးမှနေ၍ ရပ်ကြည့်နေသူတစ်ဦး ဖြစ်လာပါက သင့်တွင် ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်း ကင်းမဲ့လေသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် မေးခွန်းတစ်ခု ဖြစ်လာသည်မှာ သင်၏ယုံကြည်ခြင်းကို အလွန်အမင်း နုံချာစေလေသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့က ဘုရားအိမ်တော်၌ အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များ ဖြစ်စေသည်ကို သင် မြင်သော်လည်း ဂရုမစိုက်ဘဲရှိနေချိန်တွင်၊ သင်၏ ကိုယ်ပိုင် အသက်၊ သင်၏ မိသားစုနှင့် သင်၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ဖို့အလို့ငှာ ဘုရားအိမ်တော်နှင့် သူ၏ ရွေးချယ်ထားသော လူတို့၏ အကျိုးစီးပွားများကို သင် သစ္စာဖောက်သည့်အခါ သင်သည် သစ္စာဖောက်တစ်ဦး၊ ယုဒတစ်ဦး ဖြစ်လာပေသည်။ ဤသည်မှာ ရှင်းလင်းသိသာနေပေသည်။ ငါတို့သည် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့အား မည်သို့ ပိုင်းခြားသိမြင်ကာ သတိပြုရမည်ကို ဆွေးနွေးရင်း ၎င်းတို့အကြောင်းကို မကြာခဏ မိတ်သဟာယပြုကာ စိစစ်ကြသည်။ အားလုံးမှာ သမ္မာတရားနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယပြုဖို့နှင့် လူတို့အနေဖြင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ဖော်ထုတ်နိုင်ကြဖို့အလို့ငှာ ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှုအား လူတို့ကို ပေးဖို့တည်းဟူသော ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံရတော့မည်မဟုတ်သကဲ့သို့ ၎င်းတို့အနေဖြင့် စာတန်၏ စွမ်းအားနှင့် ကျေးကျွန်ဘဝမှ ရုန်းထွက်လွတ်မြောက်နိုင်ကြလေသည်။ သို့သော် လူအချို့သည် မိမိတို့၏ စိတ်နှလုံးများ၌ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ဖို့ မကြိုးစားကြပေ။ ထိုအစား လူ့အကြိုက်လိုက်သူများ အခန်းကဏ္ဍကို ဆောင်ရွက်ကြသည်။ ၎င်းတို့က အန္တိခရစ်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း မရှိကြ၊ ထိုသူတို့နှင့် ရှင်းလင်းသည့် စည်းများ ချမှတ်ခြင်း မရှိကြသည့်အပြင် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့အတွက် ဖော့ထားသည့် အလွန်အကျွံမဟုတ်သော လုပ်နည်းကိုင်နည်းတစ်ခုကို ရွေးချယ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကြီးမားသောအန္တရာယ်ကို ဖိတ်ခေါ်ရင်း ဤဆိုးယုတ်သည့် လူများနှင့် အန္တိခရစ်များဖြစ်သည့် ဤနတ်ဆိုးများကို ဘုရားအိမ်တော်တွင် ဆက်နေခွင့်ပေးကြသည်။ ၎င်းတို့က ဤနတ်ဆိုးများအား အသင်းတော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကို မောင်နှမများကို ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းကိုလည်းကောင်း အထိန်းအကွပ်မဲ့စွာဖြင့် နှောင့်ယှက်ခွင့်ပေးကြသည်။ ထိုသို့သော လူများသည် မည်သည့် အခန်းကဏ္ဍကို ဆောင်ရွက်ကြသနည်း။ ထိုသူတို့သည် အန္တိခရစ်များအတွက် အကာအကွယ်တစ်ခုနှင့် ၎င်းတို့အတွက် ကြံရာပါများ ဖြစ်လာကြသည်။ သင်သည် အန္တိခရစ်များကဲ့သို့ အလားတူ အမှုအရာများကို လုပ်ကောင်းမလုပ်နိုင်သော်လည်း သို့မဟုတ် အလားတူ ဒုစရိုက်အမှုများကို ကျူးလွန်ကောင်းမကျူးလွန်နိုင်သော်လည်း ၎င်းတို့၏ ဒုစရိုက်အမှုများတွင် သင် ပါဝင်ပေသည်။ သင် ရှုတ်ချခံရပေသည်။ သင်သည် အန္တိခရစ်များကို မည်သည့် အရေးယူဆောင်ရွက်မှုမျှ မလုပ်ဘဲ သို့မဟုတ် မည်သည့်အရာကိုမျှ မလုပ်ဘဲ သင့်အနီးဝန်းကျင်တွင် အကြီးအကျယ် ကသောင်းကနင်း ဖြစ်ခွင့်ပေးလျက် သည်းခံပြီး ကာကွယ်ပေးနေသည်။ သင်သည် အန္တိခရစ်များ၏ မကောင်းမှုတွင် ပါဝင်သည် မဟုတ်လော။ ဤအရာကြောင့် အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် လူ့အကြိုက်လိုက်သူများက အန္တိခရစ်များအတွက် ကြံရာပါများ ဖြစ်လာကြပေသည်။ အန္တိခရစ်များက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေသည်ကို မျက်မြင်ကြုံတွေ့သော်လည်း ဖော်ထုတ်ခြင်းမရှိ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသည့် စည်းများ သတ်မှတ်ခြင်းမရှိသည့် မည်သူမဆိုသည် ၎င်းတို့အတွက် လက်ပါးစေများနှင့် ကြံရာပါများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်း မရှိကြပေ။ ဘုရားသခင်နှင့် စာတန်ကြားမှ အလွန်အရေးပါသော စစ်ပွဲအခိုက်အတန့်များတွင် ၎င်းတို့သည် အန္တိခရစ်များကို ကာကွယ်ကာ ဘုရားသခင်ကို သစ္စာဖောက်ရင်း စာတန်ဘက်တွင် ရပ်တည်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်အတွက် စက်ဆုပ်မုန်းတီးဖွယ် ဖြစ်သည်။
အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကို ကြုံတွေ့သောအခါ အလွန်အမင်း အာခံမှုကို မကြာခဏ ပြသကြသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိအတွက် ငြင်းခုံရန် စတင်ပြီး အကောင်းဆုံး ကြိုးစားကြကာ လူတို့ကို အထင်အမြင်မှားစေရန်အတွက် လှည့်ပတ်ပြောဆိုခြင်းနှင့် စကားပြောကောင်းခြင်းကို အသုံးပြုကြ၏။ ဤသည်မှာ အလွန်ပင် အတွေ့ရများသည်။ သမ္မာတရားကို လက်ခံရန် အန္တိခရစ်တို့ ငြင်းဆန်မှု၏ သရုပ်သကန်မှာ သမ္မာတရားကို မုန်းတီးပြီး အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည့် ၎င်းတို့၏ စာတန်ဆန်သော သဘာဝကို အပြည့်အဝ ဖော်ထုတ်သည်။ ၎င်းတို့သည် စာတန်၏ အနွယ်ဝင် စစ်စစ်ဖြစ်၏။ အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရက ဖော်ထုတ်ပြခြင်းခံရသည်။ အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့လုပ်သမျှတိုင်းသည် သမ္မာတရားကို ဆန့်ကျင်သည်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းခံရပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဒုစရိုက်အမှုများဖြစ်သည်၊ ပြီးလျှင် ၎င်းတို့လုပ်ဆောင်သည့် ဤအရာအားလုံးတို့သည် အန္တိခရစ်များက စာတန်များနှင့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ ဖြစ်သည်ကို အပြည့်အဝ အတည်ပြုပေးသည်။ ထို့ကြောင့် ပြုပြင်ခြင်းခံရခြင်းနှင့်ပတ်သက်သည့်အခါတွင် ပျော်ရွှင်စွာ လိုက်လျောပြီး လိုလားသည့် နည်းလမ်းတစ်ခုဖြင့် လုံးဝ လက်ခံခြင်း မရှိကြဘဲ ထိုအစား အတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်းအပြင် ၎င်းတို့သည် ပြုပြင်ခြင်းကိုလည်း မုန်းတီးသည်။ ၎င်းတို့ကို ပြုပြင်သောသူများကိုလည်း မုန်းတီးသည်။ ၎င်းတို့၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်သော၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်သောသူတို့ကို မုန်းတီးသည်။ အန္တိခရစ်များက ၎င်းတို့ကို ဖော်ထုတ်သည့် မည်သူမဆိုသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင် ပြုလုပ်နေခြင်းသက်သက်သာ ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကို ဖော်ထုတ်သောသူ မည်သူကိုမဆို ယှဉ်ပြိုင်ပြီး တိုက်ခိုက်သည်။ အန္တိခရစ်တို့၏ ဤသဘာဝမျိုးကြောင့် ၎င်းတို့ကို ပြုပြင်သောသူ မည်သူမဆိုအပေါ် လုံးဝ ကြင်နာမည် မဟုတ်သကဲ့သို့ ထိုသို့ပြုလုပ်သော မည်သူမဆိုကို သည်းခံမည်မဟုတ်၊ သို့မဟုတ် လက်ခံလိုက်လျောမည်မဟုတ်။ ထိုသို့ပြုလုပ်သောသူ မည်သူမဆိုအပေါ် ကျေးဇူးတင်ဖို့၊ သို့မဟုတ် ချီးမွမ်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်လျှင် ဂုဏ်သိက္ခာဆုံးရှုံးအောင်၊ မျက်နှာပျက်အောင် ပြုလုပ်လျှင် ၎င်းတို့၏ စိတ်နှလုံး၌ ဤလူအတွက် မုန်းတီးမှုများ သိုထားလိမ့်မည်။ ထိုသူကို လက်စားချေရန် အခွင့်အရေးတစ်ခုကို ရှာဖွေလိုလိမ့်မည်။ ၎င်းတို့သည် သူတစ်ပါးတို့အပေါ် မုန်းတီးလိုက်လေခြင်းပါတကား။ ဤသည်မှာ ၎င်းတို့ထင်မြင်သည့်အရာဖြစ်ပြီး “ယနေ့တွင် သင်ကျွန်ုပ်ကို ပြုပြင်ခဲ့သည်။ ယခု ကျွန်ုပ်တို့၏ ရန်စကို သတ်မှတ်ပြီးလေပြီ။ သင့်လမ်း သင်သွားတော့၊ ကျွန်ုပ်လည်း ကိုယ့်လမ်း ကိုယ်သွားမည်။ သို့သော် ကျွန်ုပ် အရလက်စားချေမည်ဟု ကျိန်ဆို၏။ သင်၏အမှားကို ကျွန်ုပ်ထံ ဝန်ခံလျှင်၊ ကျွန်ုပ်ကို ဦးညွှတ်လျှင်၊ ဒူးထောက်ပြီး တောင်းပန်လျှင် သင့်ကို ခွင့်လွှတ်ပေးမည်။ ဤသို့မဟုတ်လျှင်ကား ကျွန်ုပ်သည် ဤကိစ္စကို မည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ်” ဟူ၍ အခြားသူများရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်။ အန္တိခရစ်များသည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အပေါ် မည်သူမဆို၏ ကြင်နာသော ပြုပြင်ခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို၊ သို့မဟုတ် မည်သူမဆို၏ ရိုးသားသော အကူအညီကို ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ ရောက်ရှိလာမှုအဖြစ် မည်သည့်အခါမျှ မမြင်ပေ။ ထိုအစား အရှက်ခွဲခံရသည့် လက္ခဏာတစ်ခုအဖြစ်၊ ၎င်းတို့ အရှက်အရဆုံးသော အခိုက်အတန့်အဖြစ် မြင်ကြသည်။ ဤသည်မှာ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်းနှင့် ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားတစ်ခု ဖြစ်ကြောင်းကို ပြသ၏။ ပြုပြင်ခံရသောကြောင့် အခြားသူများအပေါ် လက်တုံ့ပြန်ခဲ့သည့် ဆိုးယုတ်သောလူ တစ်ဦးတလေကိုဖြစ်စေ၊ အန္တိခရစ်များ တစ်ဦးတလေကိုဖြစ်စေ သင်တို့ တွေ့ဆုံဖူးကြသလော။ (တွေ့ဆုံဖူးပါသည်။) ၎င်းတို့က မည်သို့ လက်တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့၏ လက်တုံ့ပြန်ခြင်း နည်းလမ်းက ဆိုးရွားခဲ့သလော။ (ဆိုးရွားခဲ့ပါသည်။ အသင်းတော်တွင် ဒုစရိုက်အမှုအချို့ကို လုပ်ဆောင်ခဲ့သည့် အန္တိခရစ်တစ်ဦးကို တစ်ခါက ကျွန်ုပ် ဆုံခဲ့ပြီး အသင်းတော် ခေါင်းဆောင်က သူ၏ အပြုအမူကို ဖော်ထုတ်ပြီးနောက်တွင် သူသည် ဤခေါင်းဆောင်က မည်သည့် စစ်မှန်သော အလုပ်ကိုမျှ မလုပ်ခဲ့ပုံနှင့် မိမိရှေ့မှောက်သို့ လူတို့ကို ရောက်လာစေဖို့အတွက် စကားလုံးများနှင့် အယူဝါဒများ ပြောခဲ့ပုံတို့ကို ပြောဆိုလျက် အသင်းတော်တွင် အခြေအမြစ်မရှိသော ကောလာဟလများကို စတင် ဖြန့်ဝေသည်။ ထို့နောက်တွင် ဤအန္တိခရစ်ကို ကျွန်ုပ်တို့ သွားဖော်ထုတ်သည့်အခါ အစတွင် သူက မိမိကိုယ်ကို ဟန်ဆောင်နိုင်ခဲ့သော်လည်း သူ့ကို ကျွန်ုပ်တို့ ဆက်လက် ဖော်ထုတ်သည့်အခါ သူက “ကျွန်ုပ်၏ အိမ်နောက်တွင် ရဲစခန်းတစ်ခုရှိသည်၊ သူတို့က ကျွန်ုပ်အိမ်ကို မကြာခဏ လာကြသည်”ဟု ဆိုလျက် ကျွန်ုပ်တို့ကို ခြိမ်းခြောက်ခဲ့သည်။ သူ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ သူ့ကို ကျွန်ုပ်တို့ တစ်ဖန် ဖော်ထုတ်လျှင် သူက ကျွန်ုပ်တို့ကို ရဲတိုင်မည်ဟူ၍ ဖြစ်သည်။ သူ၏ ရက်စက်ခြင်းက ပေါ်လွင်သွားခဲ့သည်။) (တစ်ခါက အန္တိခရစ်တစ်ဦးကို ကျွန်ုပ် ကြုံခဲ့ရသည်။ ညီအစ်မတစ်ဦးက သူ့ကို တိုင်ကြားသည့် စာတစ်စောင်ကို ရေးသားခဲ့ပြီး သူက ဤစာကို တွေ့ခဲ့ချိန်တွင် ဤညီအစ်မ နေထိုင်ခဲ့သည့် နေရာတွင် အန္တရာယ်များသော အခြေအနေတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်၏ အဓိက လုပ်ဖော်ဆောင်ဖက်အားလုံးကို စုစည်းလိုက်ပြီး “ဤညီအစ်မက ကျွန်ုပ်ကို တိုင်ကြားသည့် စာတစ်စောင်ရေးသားပြီးနောက် သူ နေထိုင်သည့် နေရာတွင် အန္တရာယ်များသည့် အခြေအနေတစ်ခု အဘယ်ကြောင့် ရုတ်တရက် ဖြစ်ပေါ်ခဲ့သနည်း။ အချည်းနှီးဖြစ်သော အလုပ်ကို ဘုရားသခင်က မုချ မလုပ်ပါ။ သူသည် တစ်စုံတစ်ဦးကို ထုတ်ဖော်တော့မည် ဖြစ်ကောင်းဖြစ်နိုင်သည်”ဟု ပြောလေသည်။ ထို့နောက်တွင် ထိုညီအစ်မနှင့်ပတ်သက်၍ ပြဿနာတစ်ခုခု ရှိသည်ဟု လူတိုင်းအား ယုံကြည်စေလျက် ထိုညီအစ်မကို လက်ညှိုးထိုးစေသည့် လှုံ့ဆော်သောအရာအချို့ကို သူက ပြောဆိုခဲ့သည်။ အဆုံးတွင် ထိုညီအစ်မသည် ဖြုတ်ချခံရပြီး အဝေးသို့ ပို့ခြင်းခံခဲ့ရကာ သူမ၏ စာသည်လည်း ဘေးဖယ်ခြင်းခံရပြီး ထိုစာကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် အစမှအဆုံးထိ အန္တိခရစ် ပြောခဲ့သည့် အရာကို ကျွန်ုပ်တို့ နှိုင်းယှဉ်ချိန်ဆခဲ့ပြီး သူသည် ကျွန်ုပ်တို့အား တစ်ယောက်ကိုတစ်မျိုး ပြောဆိုခဲ့ကြောင်း သိရှိခဲ့ရသည်။ သူသည် အလွန် အန္တရာယ်ပေးမည့်လက္ခဏာရှိပြီး လှည့်ဖြားတတ်ခဲ့သည်ကို ကျွန်ုပ်တို့ တွေ့ခဲ့ကြသည်။ နောက်ဆုံးတွင် မိတ်သဟာယပြုခြင်းမှတစ်ဆင့် သူ့ကို ကျွန်ုပ်တို့ ခွဲခြားသိမြင်ခဲ့ကြပြီး ထိုကိစ္စကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။) ယခုတွင် အန္တိခရစ်များအားလုံးက ဆိုးယုတ်သော လူများဖြစ်ပြီး ဆိုးယုတ်သော လူများက တန်ခိုးအာဏာ စွဲကိုင်သရွေ့ ၎င်းတို့အားလုံးသည် အန္တိခရစ်များချည်းသာဖြစ်သည်မှာ အခိုင်အမာဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။