အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၉) အခန်း တစ်

၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ

ဃ။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာ

၄) အန္တိခရစ်များက “အစေခံသူ” ဟူသည့် အမည်ကို မည်သို့သဘောထားပြုမူပုံ

ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ အချက်ကိုးနှင့်ပတ်သက်၍ ငါတို့ ဆက်လက် မိတ်သဟာယပြုမည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်ဟူ၍ ဖြစ်သည်။ ဤအချက်နှင့်အတူ မိတ်သဟာယအတွက် ငါတို့၏ အဓိကအကြောင်းအရာမှာ အန္တိခရစ်များ၏ အကျိုးစီးပွားများအပေါ် စိစစ်မှုတစ်ခုဖြစ်ပြီး ယနေ့တွင် အန္တိခရစ်များ၏ အကျိုးစီးပွားများထဲမှ စတုတ္ထအချက်အတွင်းရှိ စတုတ္ထမြောက် အကြောင်းအရာခွဲဖြစ်သော “အစေခံသူ”ဟူသည့် အမည်ကို ၎င်းတို့ သဘောထားပြုမူပုံအား ငါတို့ မိတ်သဟာယပြုမည်ဖြစ်ပြီး အန္တိခရစ်များက ဤအမည်နာမအား မည်သို့ သဘောထားပြုမူကြသည်ကို ငါတို့ စိစစ်မည် ဖြစ်သည်။ ယခုချိန်ထိတိုင် ဘုရားသခင်နောက် လိုက်ပြီးဖြစ်သည့်သူများသည် “အစေခံသူ”ဟူသည့် စကားနှင့် ရင်းနှီးအကျွမ်းဝင်ကြပြီး ၎င်းတို့ထဲမှ အများစုက ၎င်းတို့ စိတ်နှလုံးများတွင် ဤအမည်နာမကို အခြေခံအားဖြင့် လက်ခံကြပြီးဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်အရဖြစ်သော အထုံအရ ဤအမည်နာမတွင် မည်သည့် အတိုက်အခံမျှ မရှိပေ။ သို့သော် လူတစ်ဦးသည် အစေခံသူတစ်ဦးဖြစ်သည်ဟု အတိအကျပြောဆိုခြင်းနှင့် ပတ်သက်လာသည့်အခါ ထိုလူက မတရားဆက်ဆံခံရသည်ဟု ခံစားရလျက် ဤသို့ အမှန်တကယ် အခေါ်မခံချင်သကဲ့သို့ အမှန်တကယ် အစေခံသူတစ်ဦးမဖြစ်ချင်ဘဲ တွန့်ဆုတ်မှုနှင့် မလိုလားမှုကို အဓိက ဖော်ပြလေသည်။ လူတို့၏ ထုတ်ဖော်ပြသမှုများမှ အကဲဖြတ်သော် ၎င်းတို့၏ စိတ်ခံစားချက်အရဖြစ်သော အထုံများအရ “အစေခံသူ” ဟူသည်မှာ မကောင်းသည့် အမည်နာမတစ်ခု မဟုတ်ကြောင်းကို ၎င်းတို့ သဘောတူကြသော်လည်း အရှိအတိုင်းဖြစ်သော ရှုထောင့်အမြင်တစ်ခုမှ ကြည့်သော် လူတို့သည် ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့် မလိုလားမှုနှင့်ပင် သက်ဆိုင်သော အရိပ်လက္ခဏာအချို့ဖြင့် “အစေခံသူ”ဟူသည့် အမည်နာမကို သဘောထားကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ထိုအမည်နာမအပေါ် ဤစိတ်ခံစားချက်များ ရှိကြသည်။ “အစေခံသူ”ဟူသည့် အမည်နာမကို လူတို့က မည်သည့်အရာ တွေးထင်ကြသည်ဖြစ်စေ၊ ၎င်းတို့က ထိုအရာကို ရိုးသားစစ်မှန်စွာ လက်ခံနိုင်ပြီး အစေခံသူတစ်ဦး ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဤအမည်နာမနှင့်ပတ်သက်၍ ၎င်းတို့ တွေးထင်သည့်အရာက လူ၏ မသန့်စင်မှုများစွာနှင့် အလိုဆန္ဒများစွာ ပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ သင်တို့အားလုံးအနေဖြင့် “အစေခံသူ”ဟူသည့် အမည်နာမနှင့်ပတ်သက်၍ သင်တို့စိတ်နှလုံးများတွင် မှန်ကန်တိကျသော သိနားလည်မှုနှင့် အတွေးအမြင်တစ်ခု ရှိလာနိုင်ကြဖို့အလို့ငှာ ယနေ့တွင် အစေခံသူတစ်ဦးက မည်သည့်အရာ အတိအကျဖြစ်သည်၊ ဘုရားသခင်၏ အမြင်တွင် “အစေခံသူ”ဟူသည့် အမည်ကို မည်သို့ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး စရိုက်လက္ခဏာ သရုပ်ဖော်ထားသည်၊ ဘုရားသခင် ပြောဆိုသည့် ဤအစေခံသူများ၏ အနှစ်သာရက မည်သည့်အနှစ်သာရ ဖြစ်သည်ဆိုသည်နှင့် “အစေခံသူ”ဟူသည့် စကားကို ဘုရားသခင်က မည်သို့ သဘောထားပြီး ယင်းက ထိုအမည်နာမအား လူတို့ သဘောထားပုံနှင့် မည်သို့ ကွာခြားသည်ဟူသည်တို့ကို ငါတို့ ပထမဆုံး မိတ်သဟာယပြုမည် ဖြစ်သည်။

(က) “အစေခံသူ” ဟူသော အမည်၏ အနက်အဓိပ္ပာယ်နှင့် ဇာစ်မြစ်

“အစေခံသူ”ဟူသည့် စကားလုံးသည် တစ်စုံတစ်ရာအတွက် အလုပ်လုပ်ပြီး အားထုတ်မှုပြုသော လူတစ်ဦးဟု တိုက်ရိုက် ဆိုလိုသည်။ ဤအမည်နာမကို ရာထူးအရ ငါတို့ အကဲဖြတ်လျှင် ထိုအရာက ယာယီအချိန်ကာလတစ်ခုအတွက် အသုံးပြုခြင်းခံရသည့် တစ်စုံတစ်ဦးကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးသည် အစေခံသူတစ်ဦးအဖြစ် သဘောထားခြင်းခံရပြီး အလုပ်တစ်ခုကို စလုပ်လျှင် သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အလုပ်ဝင်ရလျှင် ဤသည်မှာ ၎င်းတို့ တာဝန်ယူလုပ်ကိုင်သည့် ရေရှည်လုပ်ငန်း အသက်မွေးဝမ်းကျောင်း သို့မဟုတ် အလုပ်အကိုင် မဟုတ်ဘဲ ယာယီသာ ဖြစ်သည်။ ၎င်းတို့သည် ဤလုပ်ငန်း သို့မဟုတ် အလုပ်အကိုင်တွင် အားထုတ်မှုအချို့ ပြုပြီး ခဏတာမျှ အစေခံရန် ယာယီစေခိုင်းခံရခြင်းဖြစ်သည်။ ၎င်းတို့တွင် အလားအလာများမရှိ၊ အနာဂတ်မရှိသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များ မရရှိကြပေ။ မည်သည့်တာဝန်ကိုမျှ ၎င်းတို့ တာဝန်ယူဆောင်ရွက်ရန် မလိုပေ။ ၎င်းတို့၏ အလုပ်အတွက် ၎င်းတို့ လစာပေးခံရခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့ကို တာဝန်ပေးထားသည့် အလုပ် ပြီးစီးသည့်အခါ ၎င်းတို့ကို မလိုအပ်တော့သည့်အပြင် ၎င်းတို့က မိမိတို့၏ လစာကိုသာ ယူပြီး သွားလိုက်ကြသည်။ တိုတိုပြောရလျှင် ထိုအရာသည် ယာယီဖြစ်ပြီး လိုအပ်သည့်အခါတွင် ၎င်းတို့ အလုပ်လုပ်ခိုင်းခံရခြင်း ဖြစ်သည်။ ဤသည်မှာ အစေခံသူတစ်ဦးနှင့် ပတ်သက်သည့် တိုက်ရိုက် သိနားလည်မှု ဖြစ်သည်။ လူသားမျိုးနွယ်၏ အတွေးအခေါ်များအတိုင်း “အစေခံသူ”ဟူသည့် စကားလုံးကို ငါတို့ အနက်ပြန်လျှင် အစေခံသူများကို “စာချုပ်ဖြင့်ငှားရမ်းသောလုပ်သား” နှင့် “ယာယီလုပ်သား” များ၊ အလုပ်တစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုအတွက် ယာယီ အလုပ်လုပ်သည့်လူများ သို့မဟုတ် အားထုတ်မှုပြုသည့် လူများအဖြစ် ရည်ညွှန်းထားသည်။ ၎င်းတို့၏ တစ်ခုတည်းသော ဆက်စပ်မှုသည် အလုပ်တစ်ခုအတွက် ၎င်းတို့ကို လိုအပ်သော အချိန်ကာလအတွက် ဖြစ်ပြီး ထိုအချိန်ကာလ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့တွင် မည်သည့်တန်ဖိုးမျှ မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို မလိုအပ်တော့သကဲ့သို့ ၎င်းတို့တွင် နောက်ထပ် အသုံးဝင်မှုတန်ဖိုး မရှိတော့သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးက ထိုအချိန်အတောအတွင်းတွင် ကုန်ဆုံးသွားပြီဖြစ်သည်။ ဤသည်မှာ “အစေခံသူ”ဟူသည့် စကားလုံးနှင့်စပ်လျဉ်း၍ လူတို့ နားလည်ကာ မြင်နိုင်သည့် တိုက်ရိုက်အဓိပ္ပာယ်ဖြစ်သည်။ လူသား ဘာသာစကားက ဖော်ပြနိုင်သည့် အဓိပ္ပာယ်၊ ဆိုလိုသည်မှာ ဘုရားသခင် ပြောဆိုထားသည့်အတိုင်း လူသားများ နားလည်သဘောပေါက်နိုင်သည့် “အစေခံသူ”ဟူသည့် အမည်နာမ၏ အဓိပ္ပာယ်အတွင်းတွင် သမ္မာတရားနှင့် ကိုက်ညီသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ ပုံမှန် လူ့သဘာဝ၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ စစ်မှန်သော ဖန်ဆင်းခံများအဖြစ် လူတို့ နားလည်သင့်သည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ ဘုရားသခင်က ဤအမည်နာမအား သဘောထားပုံနှင့်စပ်လျဉ်းသည့် အဓိပ္ပာယ်အဆင့်တစ်ခု ရှိသလော။ (မရှိပါ။) မရှိသည်ကို သင်တို့ မည်သို့ သိကြသနည်း။ သင်တို့ အခက်တွေ့ကြသည်၊ ထိုအရာကို မရှင်းပြနိုင်ကြပေ။ သင်တို့ထဲတွင် တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရကျောင်းသားများ၊ ပါရဂူဘွဲ့ရ ကျောင်းသားများနှင့် ပါမောက္ခများ ရှိကြသည့်တိုင် သင်တို့ထဲမှ မည်သူကမျှ ဤအရာကို ရှင်းလင်းစွာ မရှင်းပြနိုင်ပေ၊ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ အသိပညာနှင့် သမ္မာတရားကြား ခြားနားချက် ဖြစ်သည်။ သင်သည် ပညာတတ် ဖြစ်ကောင်းဖြစ်နိုင်သည်၊ “အစေခံမှု” နှင့် “ပြုသူ”ဟူသည့် ဝေါဟာရတစ်ခုချင်းကို သင် သိကောင်းသိနိုင်သည့်အပြင် ဤဝေါဟာရများက စကားလုံးတစ်လုံး ဖွဲ့ရန်၊ လူတစ်မျိုးနှင့် လူတစ်စုကို ဖော်ပြဖို့အတွက် ပေါင်းစပ်လိုက်သည့်အခါ ဤလူများ၏ အနှစ်သာရ၊ ၎င်းတို့၏ သရုပ်သကန်များနှင့် လူသားမျိုးနွယ်အားလုံးကြား ၎င်းတို့၏ အဆင့်အတန်းကို သင် နားလည်နိုင်သည်။ သို့သော် ဤစကားလုံးကို သမ္မာတရား၏ ရှုထောင့်အမြင်နှင့် ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ သင် နားမလည်နိုင်သည့်အခါတွင် သင်၏ သိနားလည်မှုသည် မည်သည့်နေရာမှ အတိအကျ လာသနည်း။ သင် နားလည်လာသည့် ဤစကားလုံး၏ အနှစ်သာရသည် မည်သည့်အရာ အတိအကျဖြစ်သနည်း။ ထိုအရာသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှလည်းကောင်း၊ ဤလူ့အဖွဲ့အစည်းမှလည်းကောင်း၊ လူသားမျိုးနွယ်၏ အသိပညာမှလည်းကောင်းလာသည့် “အစေခံသူ”ဟူသော စကားလုံးနှင့်ဆိုင်သည့် သိနားလည်မှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ အသိပညာသည် သမ္မာတရားနှင့် သဟဇာတဖြစ်သလော သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သလော။ (သမ္မာတရားနှင့် ဆန့်ကျင်ပါသည်။) သို့ဆိုလျှင် သင်သည် ဤစကားလုံးနှင့်ဆိုင်သည့် ဤသိနားလည်မှုနှင့် သဘောပေါက်ခြင်းတို့ ရှိသည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်နေသလော သို့မဟုတ် ဘုရားသခင်နှင့် သဟဇာတဖြစ်သည့်ဘက်တွင် ရပ်တည်နေသလော။ သိသာထင်ရှားစွာပင် သင်သည် ဤစကားလုံးကို သင်၏ အသိပညာဖြင့်၊ သင်၏ ဦးနှောက်ဖြင့် သိနားလည်ပြီး သဘောပေါက်နားလည်သည့်အခါ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် အလိုအလျောက်၊ အမှုမဲ့အမှတ်မဲ့ ရပ်တည်နေပေသည်။ သင်သည် ဤစကားလုံးကို နားလည်ရန် သင်၏ အသိပညာကို အသုံးပြုသည့်အခါ သင် နားလည်ပြီးဖြစ်သည့် အရာများက သင့်ကို “အစေခံသူ”ဟူသည့် စကားလုံးအပေါ် အတိုက်အခံဖြစ်ခြင်း၊ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မုန်းတီးမှုပင် မလွဲမသွေ ဖြစ်စေသည်။ ဤနေရာတွင် ကျိုးနွံနာခံမှု တစ်ခုတလေရှိသလော။ စစ်မှန်သည့် လက်ခံမှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူအချို့က “ကောင်းသည့် စကားများကို ကျွန်ုပ် လက်ခံသော်လည်း ဤမကောင်းသည့် စကားလုံးကို အဘယ်ကြောင့် လက်ခံသင့်သနည်း။ ထိုအရာအပေါ် မည်သည့် အတိုက်အခံမျှ ကျွန်ုပ် မခံစားရခြင်းက လုံလောက်ပေသည်။ ဥပမာအနေဖြင့် ‘သရဖူတစ်ခု ရရှိခြင်း’၊ ‘ဆုလာဘ်များ ရရှိခြင်း’၊ ‘ကောင်းချီးခံစားရခြင်း’၊ ‘နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း’၊ ‘ကောင်းကင်ဘုံသို့ တက်ရခြင်း’၊ ‘ငရဲသို့ မသွားခြင်း’၊ ‘အပြစ်ဒဏ်ပေးမခံရခြင်း’ နှင့် ‘သားဦးတစ်ဦးဖြစ်ခြင်း’ဟူသကဲ့သို့သော အပြုသဘောဆောင်သည့် ဝေါဟာရများကို ကျွန်ုပ် လက်ခံသည်။ ဤသည်မှာ သဘာဝကျပေသည်။ လူ၏ သာမန် တုံ့ပြန်ချက်ဖြစ်ပြီး ဤသည်တို့မှာ လူတို့ လိုက်စားသင့်သည့် အရာများ ဖြစ်သည်။ ‘ဆိုးယုတ်သော လူများ’၊ ‘အန္တိခရစ်များ’၊ ‘အပြစ်ဒဏ်ပေးခံရခြင်း’ နှင့် ‘ငရဲသို့သွားရခြင်း’ဟူသကဲ့သို့သော အပျက်သဘောဆောင်သည့် ဝေါဟာရများအတွက်မူ ထိုဝေါဟာရများကို လက်ခံခြင်းအား မည်သူမျှ မနှစ်သက်ပါ။ ‘အစေခံသူ’ဟူသည့် ဝေါဟာရသည် ကြားနေဖြစ်သော်လည်း ကျွန်ုပ်၏ သိနားလည်မှုအရ ထိုအရာကို ကျွန်ုပ် လက်မခံနိုင်သကဲ့သို့ ထိုအရာကို အထင်အမြင်မသေးခြင်းက ကျွန်ုပ်အတွက် တော်သင့်လောက်ပေသည်။ အကယ်၍ ကျွန်ုပ်သည် ထိုအရာကို လိုလားစွာ လက်ခံပြီး ကျိုးနွံနာခံကာ ဘုရားသခင်ထံမှ ခံယူမည်ဆိုလျှင်၊ ယင်းမှာ တကယ့်ကို မဖြစ်နိုင်ပါ”ဟု ပြောကြသည်။ ဤသည်မှာ လူတို့ တွေးထင်သည့် ပုံစံမဟုတ်လော။ (ဟုတ်ပါသည်။) ဤတွေးခေါ်ပုံတွေးခေါ်နည်းသည် မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) ထိုအရာ မှားယွင်းသည်ဟု သင် မည်သည့်အချိန်တွင် သိရှိလာခဲ့သနည်း။ ယခုလေးတင်ဖြစ်သည်၊ မှန်သလော။ ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ ဤအရာ မှားယွင်းသည်ကို သင် ယခုလေးတင် သိရှိလာခဲ့ခြင်း ဖြစ်သည်။ ဤအရာကို သဘောမပေါက်မီတွင် သင်သည် အပြင်ပန်းတွင် “အစေခံသူ”ဟူသည့် အမည်နာမကို လက်ခံရရှိပြီးဖြစ်သည့်ပုံပေါ်ပြီး ထိုအရာကို သင်က ခံစားချက်အရ လက်ခံနှင့်ခဲ့ပြီးဖြစ်ကာ ဤလက်ခံမှုသည် စစ်မှန်သလော သို့မဟုတ် အယောင်ဆောင်ခြင်းဖြစ်သလော။ (အယောင်ဆောင်ခြင်းဖြစ်ပါသည်။) သိသာရှင်းလင်းစွာပင် ထိုအရာသည် မစစ်မှန်သကဲ့သို့ ထိုအရာကို သင် အပြည့်အဝ လက်ခံဖို့ လိုလားခြင်းလည်း မရှိပေ။ ဤနေရာတွင် မုသား၊ ဟန်ဆောင်မှုနှင့် စိတ်မပါခြင်းတို့ရှိပြီး သင့်ထံတွင် အခြားရွေးချယ်စရာမရှိဟူသည့် ခံစားချက်တစ်ခုလည်း ရှိခဲ့သည်။

ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည့်အရာသည် “အစေခံသူ”ဟူသည့် အမည်နာမနှင့် စပ်လျဉ်း၍ လူတို့၏ စစ်မှန်သော တုံ့ပြန်ချက်များနှင့် သရုပ်သကန်များဖြစ်ပြီး ယင်းတို့က ဤအမည်နာမအပေါ် လူတို့၏ သဘောထားမှာ စိတ်မပါသည့် သဘောထားတစ်ခု၊ ခွဲခြားဆက်ဆံကာ ရွံရှာသည့် သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ အတိုက်အခံလုပ်သည့် သဘောထားတစ်ခုဖြစ်သည်ကို အပြည့်အဝ ထုတ်ဖော်လျက် ဤအမည်နာမအပေါ် လူတို့၏ အယူအဆများ၊ အမြင်များနှင့် သဘောပေါက်နားလည်မှုတို့ကို အပြည့်အဝ ထင်ရှားစေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အစေခံသူများဖြစ်ခြင်းကို အထင်အမြင်သေးကြသောကြောင့်၊ “အစေခံသူ”ဟူသည့် အမည်နာမကို အထင်သေးကြသောကြောင့်၊ အစေခံသူများဖြစ်ဖို့ လိုလားခြင်းမရှိသကဲ့သို့ အစေခံသူများဖြစ်ခြင်းကို မုန်းကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ဤအမည်နာမအပေါ် လူတို့၏သိနားလည်မှုနှင့် သဘောထားဖြစ်သည်။ ယခုတွင် ဘုရားသခင်က အစေခံသူများအား မြင်ပုံ၊ “အစေခံသူ”ဟူသည့် စကားလုံး ဖြစ်လာပုံ၊ ဤအမည်နာမ၏ အနှစ်သာရက ဘုရားအမြင်တွင် မည်သည့်အရာဖြစ်ပြီး ၎င်း၏ ဇာစ်မြစ်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို အတိအကျ ကြည့်ကြစို့။ လူသားမျိုးနွယ်၏ အသုံးအနှုန်းကို အသုံးပြုရလျှင် “အစေခံသူ”၏ တိုက်ရိုက် အဓိပ္ပာယ်မှာ ယာယီအလုပ်သမားတစ်ဦး၊ လုပ်ငန်းတစ်ခု သို့မဟုတ် အလုပ်တစ်ခုတွင် ယာယီ ဝန်ဆောင်မှုပေးသူတစ်ဦးနှင့် ယာယီအကြောင်းရင်းတစ်ခုအရ လိုအပ်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားအိမ်တော်တွင် အစေခံသူများဟု ခေါ်သည့် ဤလူစုသည် မရှိမဖြစ်ဖြစ်သည်။ ဤလူများက ဘုရားအိမ်တော်သို့၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် နေရာသို့ လာသည့်အခါ ဘုရားသခင်၏ အမှုတော် သို့မဟုတ် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း သို့မဟုတ် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်းကို ဘာမျှ မသိကြပေ။ ၎င်းတို့က မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့က အပြင်လူများ၊ ဘာသာတရားမရှိသောသူများသာ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဘာသာတရားမရှိသူများဖြစ်သည့် လူများက ဘုရားအိမ်တော်သို့ လာကြသည့်အခါ သူ့အတွက် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ဟု ပြော၍ရကောင်းရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပြည့်ကာ ဘုရားသခင်ကို လုံးဝ မသိကြသောကြောင့်၊ ပြီးလျှင် လူတို့၏ သဘာဝအနှစ်သာရကြောင့် ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် ညွှန်ကြားသမျှကို လုပ်ဆောင်ခြင်းသာ ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော် မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ ထိုနေရာအထိ လိုက်လျှောက်ကြ၏။ ၎င်းတို့၏ အသိပညာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ၎င်းတို့ကို ပို့ဆောင်သည့်နေရာအထိသာ ကျယ်ပြန့်၏။ ၎င်းတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကိုသာ သိရှိပြီး ယင်းတို့ကို လုံးဝ နားလည်ခြင်း မရှိကြပေ။ ဤလူများသည် ၎င်းတို့အား ဘုရားသခင်က လုပ်ဆောင်ရန် တောင်းဆိုသည့် အလုပ်တိုင်းကို မလှုပ်မရှားဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် လုံးဝ မလှုပ်မရှားဖြစ်ပြီး မတက်ကြွကြပေ။ ဤတွင် “မလှုပ်မရှားဖြစ်သော”ဟူသည်မှာ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်မည်ကို ၎င်းတို့ မသိကြ၊ ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် စေခိုင်းသည့်အရာကို ၎င်းတို့ မသိကြ၊ ၎င်းတို့အား ဘုရားသခင် စေခိုင်းသည့် အလုပ်၏ အရေးပါမှု သို့မဟုတ် တန်ဖိုးကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့ လိုက်လျှောက်နေသင့်သည့် လမ်းကြောင်းကို ၎င်းတို့ မသိကြဟု ဆိုလိုသည်။ ဘုရားအိမ်တော်သို့ လာသည့်အခါ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား မောင်းသည့်ပုံစံဖြင့်သာ လည်ပတ်လျက်ရှိသည့် စက်ယန္တရားများကဲ့သို့ ဖြစ်သည်။ ၎င်းတို့ထံမှ မည်သည့်အရာကို ဘုရားသခင် လိုအပ်သနည်း။ သင်တို့ သိကြသလော။ (လူတို့သည် ဘုရားသခင် တရားစီရင်ဖို့အတွက် သမ္မာတရားကို ဖော်ပြခြင်းခံရသည့်သူများ ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အပြုခံများဖြစ်သည်။) ဤသည်မှာ ကဏ္ဍတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အပြုခံများဖြစ်၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ လူတို့၏ ဆုကျေးဇူးများမှာရော အဘယ်သို့နည်း။ (ဟုတ်ပါသည်။) ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် စဉ်းစားတွေးခေါ်ခြင်းကော အဘယ်သို့နည်း။ (ဟုတ်ပါသည်။) သင်သည် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် စဉ်းစားတွေးခေါ်ခြင်းရှိလျှင်သာ ဘုရားက သင့်ကို အသုံးပြုသည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိလျှင် အစေခံသူတစ်ဦး ဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီပေ။ အခြားမည်သည့်အရာ ရှိသနည်း။ (လူတို့၏ ကျွမ်းကျင်မှုများနှင့် အထူးပါရမီများဖြစ်သည်။) ဤအရာများသည် ဆုကျေးဇူးများတွင် ပါဝင်ပြီး ယင်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ လူတို့ပိုင်ဆိုင်သည့် အမျိုးမျိုးသော ကျွမ်းကျင်မှုများ ဖြစ်သည်။ အခြား မည်သည့်အရာရှိသနည်း။ (ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ချက် ဖြစ်သည်။) ဤသည်မှာလည်း ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် နာခံကာ ကျိုးနွံနာခံရန် လိုအင်ဆန္ဒဖြစ်ပြီး ထိုအရာကို အပြုသဘောဆောင်သည့်အရာများအား ချစ်ရန်နှင့် သမ္မာတရားကို ချစ်ရန် လူတို့၏ လိုအင်ဆန္ဒအဖြစ်လည်း ပြော၍ရနိုင်သည်မှာ အမှန်ဖြစ်၏။ နာခံကာ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒမှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ချက်ဖြစ်သော်လည်း ဤအရာကို ပြောဆိုဖို့ အသင့်တော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ (နာခံကာ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒ ဖြစ်သည်။) မှန်ပေ၏၊ “လိုအင်ဆန္ဒ”ဟူသည့် စကားလုံးမှာ ယှဉ်ကြည့်လျှင် ပိုမိုယေဘုယျဆန်ပြီး သာ၍ ကျယ်ပြန့်သော အပိုင်းအခြား ပါဝင်သည်။ ငါတို့အနေဖြင့် “စိတ်ပိုင်းဖြတ်ချက်”ဟူသည့် စကားလုံးကို အသုံးပြုလျှင် နယ်ပယ်မှာ အတော်အတန် ပိုမိုကျဉ်းမြောင်းသည်။ ထို့အပြင် “လိုအင်ဆန္ဒ”သည် ယှဉ်ကြည့်လျှင် “စိတ်ပိုင်းဖြတ်ချက်”ထက် အတိုင်းအတာအားဖြင့် ပိုမိုပေါ့ပါးသည်။ ယင်းမှာ သင့်တွင် လိုအင်ဆန္ဒတစ်ခုရှိပြီးနောက် အမျိုးမျိုးသော စိတ်ပိုင်းဖြတ်ချက်အမျိုးအစားများကို သင် တဖြည်းဖြည်း ဖြစ်စေသည်ဟု ဆိုလိုပေသည်။ စိတ်ပိုင်းဖြတ်ချက်များက ပိုမိုတိကျသည်၊ လိုအင်ဆန္ဒများမှာမူ အတော်အတန် ပိုမို ယေဘုယျဆန်သည်။ ဖန်ဆင်းရှင်နှင့်ပတ်သက်သရွေ့ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ ဘုရားသခင် လိုအပ်သည့်အရာအချို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ စိတ်သဘောထားတို့နှင့်ပတ်သက်၍ တစ်ခုမျှ လုံးဝကို မသိရှိသည့် အပြင်လူတစ်ဦးက ဘုရားအိမ်တော်သို့ လာသည့်အခါ ၎င်းသည် စက်ယန္တရားတစ်ခုကဲ့သို့ဖြစ်ပြီး ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်းကောင်း ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည့် သမ္မာတရားနှင့် အခြေခံအားဖြင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ဘုရားသခင် အသုံးပြုနိုင်သည့် ထိုသို့သော လူတို့နှင့် သက်ဆိုင်သည့် အရာများသည် ငါတို့ ယခုတင် ဖော်ပြခဲ့သည့်အရာများ ဖြစ်သည်။ ပထမအချက်မှာ ဤလူများသည် ဘုရားနှုတ်ကပတ်တော်များကို ပြောဆိုခြင်းခံရသူများ ဖြစ်လာနိုင်ကြခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ဤလူများ ပိုင်ဆိုင်သည့် ဆုကျေးဇူးများ ဖြစ်သည်။ တတိယမှာ ဤလူများက ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် တွေးခေါ်မှု ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ စတုတ္ထမှာ ဤလူများပိုင်ဆိုင်သည့် အမျိုးမျိုးသော ကျွမ်းကျင်မှုများ ဖြစ်သည်။ ပဉ္စမနှင့် အရေးအကြီးဆုံးသောအရာတစ်ခုမှာ ဤလူများတွင် ဘုရားနှုတ်ကပတ်တော်များကို နာခံကာ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒ ရှိကြခြင်း ဖြစ်သည်။ ဤအရာများအားလုံး အလွန် အရေးကြီးပေသည်။ တစ်စုံတစ်ဦးက ဤအရာများအားလုံးကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အစေခံမှုတွင်လည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်လည်းကောင်း စတင် အလုပ်လုပ်ပြီး မှန်ကန်သည့် လမ်းကြောင်းပေါ် တရားဝင်အစပြုကြလေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အစေခံသူတစ်ဦး တရားဝင် ဖြစ်လာကြခြင်း ဖြစ်သည်။

လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သကဲ့သို့ ဘုရားသခင်ကို စိုးစဉ်းမျှ မကြောက်ရွံ့သည့်အခါ ၎င်းတို့ တစ်ဦးစီအတွက် အစေခံသူ၏ အခန်းကဏ္ဍထက် အခြားအခန်းကဏ္ဍမရှိနိုင်ပေ။ ဆိုလိုသည်မှာ သင်သည် ဖြစ်လိုသည်ဖြစ်စေ၊ မဖြစ်လိုသည်ဖြစ်စေ အစေခံသူတစ်ဦးဖြစ်သည်။ ဤအမည်နာမကို သင် ရှောင်လွှဲ၍မရနိုင်ပေ။ လူအချို့က “ကျွန်ုပ်၏ ဘဝတစ်လျှောက်လုံး ဘုရားကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်သည်။ ယေရှုကို ကျွန်ုပ် စတင်ယုံကြည်ကတည်းက ယနေ့ထိတိုင် ဆယ်စုနှစ်များ ဖြစ်လေပြီ။ ကျွန်ုပ်သည် အမှန်တကယ် အစေခံသူတစ်ဦးသာ ဖြစ်သလော”ဟု ပြောကြသည်။ ဤမေးခွန်းအပေါ် သင်တို့ အဘယ်အရာ တွေးထင်ကြသနည်း။ ဤအရာနှင့်ပတ်သက်၍ မည်သူကို ၎င်းတို့ မေးမြန်းနေခြင်း ဖြစ်သနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို မေးမြန်းပြီး ပြန်သုံးသပ်ဆင်ခြင်သင့်သည်။ “ယခုတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ငါ နားလည်သလော။ ယခု ငါ၏ တာဝန်ကို ငါ ထမ်းဆောင်သည့်အခါ ငါသည် အားထုတ်ရုံမျှ အားထုတ်နေခြင်း ဖြစ်သလော သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ သမ္မာတရားကို လိုက်စားကာ သိနားလည်ခြင်း လမ်းကြောင်းကို ငါ လိုက်လျှောက်နေသလော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ငါ ဝင်ရောက်ပြီးပြီလော။ ငါ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိသလော။ ငါသည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် တစ်စုံတစ်ဦးဖြစ်သလော”ဟူ၍။ ဤအရာများကို ထည့်တွက်လျက် ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ပြန်သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့အနေဖြင့် ဤစံသတ်မှတ်ချက်များကို ပြည့်မီပြီးဖြစ်လျှင်၊ ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရချိန်တွင် ၎င်းတို့ ခိုင်မာစွာ ရပ်တည်နိုင်လျှင်၊ ဘုရားသခင်ကို ၎င်းတို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လျှင် ၎င်းတို့အနေဖြင့် အစေခံသူတစ်ဦး မဟုတ်တော့သည်မှာ အမှန်ဖြစ်၏။ ဤစံသတ်မှတ်ချက်များထဲမှ တစ်ခုကိုမျှပင် ၎င်းတို့ မပြည့်မီသေးလျှင် အစေခံသူတစ်ဦးအဖြစ် မုချ ရှိနေကြဆဲဖြစ်ပြီး ဤသည်မှာ ရှောင်လွှဲ၍မရသကဲ့သို့ မလွဲမသွေ ဖြစ်သောအရာတစ်ခု ဖြစ်သည်။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ် အနှစ် ၃၀ ကျော် ယုံကြည်ပြီးဖြစ်သည်။ ယင်းတွင် ယေရှုကို ယုံကြည်ရင်း ကျွန်ုပ် ကုန်ဆုံးခဲ့သည့် နှစ်ကာလများပင် မပါဝင်ပါ။ ဘုရားသခင်က လူ့ဇာတိခံ၊ ပေါ်ထွန်း၊ အမှုပြုပြီး သူ၏ မိန့်မြွက်ချက်များကို စတင်ပြောဆိုသည့် ဤအချိန်ကာလကတည်းက ကျွန်ုပ်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်လေပြီ။ ကျွန်ုပ်သည် ဘုရားသခင်၏ အမှုတော်ကို ပထမဆုံး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရသည့် သူများထဲတွင် ပါဝင်ပြီး သူ၏ နှုတ်မှ ပြောဆိုထားသည့် နှုတ်ကပတ်တော်များကို ကြားရသည့် ပထမဆုံးသောသူများထဲတွင် ပါဝင်ခဲ့သည်။ ထိုအချိန်ကတည်းက နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးဖြစ်ကာ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ကာ နောက်သို့ လိုက်နေဆဲဖြစ်သည်။ ကျွန်ုပ်သည် ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို အကြိမ်ရေအချို့ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည့်အပြင် ဘုရားသခင်က ကျွန်ုပ်ကို အမြဲ ကွယ်ကာ လမ်းပြပြီးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို လုံးဝ မစွန့်ပစ်ခဲ့ပါ။ ယခုတွင် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်နေဆဲဖြစ်သည်။ ကျွန်ုပ်၏ အနေအထားများက ပိုကောင်းမွန်သည်ထက် ကောင်းမွန်နေသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းက အစဉ်သဖြင့် တိုးပွားနေပြီး ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ် သံသယ လုံးဝ မရှိပါ။ ကျွန်ုပ်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်နေဆဲဖြစ်သလော”ဟု ပြောကြသည်။ သင်သည် မည်သူ့ကို မေးမြန်းနေခြင်း ဖြစ်သနည်း။ သင်သည် လူမှား မေးနေမိခြင်း ဖြစ်သည် မဟုတ်လော။ ဤမေးခွန်းကို သင် မမေးသင့်ပေ။ သင့်အနေဖြင့် နှစ်ပေါင်းများစွာကြာ ယုံကြည်ပြီးဖြစ်သဖြင့် သင်က အစေခံသူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကို မသိသလော။ ဤအရာကို သင် မသိလျှင် သမ္မာတရား လက်တွေ့ကျမှုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး သင် ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် သင့်အနေဖြင့် မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းတစ်ခုဖြင့် သင် ပြုမူခြင်း ရှိမရှိဟူသည်တို့ကို သင့်ကိုယ်သင် အဘယ်ကြောင့် မမေးသနည်း။ ဘုရားသခင်သည် ဤနှစ်ကာလများစွာကြာ အမှုပြုပြီးဖြစ်သည်၊ ဤနှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ သင်သည် မည်မျှ နားလည်ကာ ဝင်ရောက်ပြီး ဖြစ်သနည်း။ မည်မျှ သင် ရရှိပြီးဖြစ်သနည်း။ ပြုပြင်ခံရသည့် ဖြစ်ရပ်မည်မျှကိုလည်းကောင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ မည်မျှကိုလည်းကောင်း သင် လက်ခံပြီးဖြစ်သနည်း။ ဤအရာကို သင် လက်ခံခဲ့ချိန်တွင် သင်၏ သက်သေခံချက်၌ သင် ခိုင်မာစွာ ရပ်တည်ခဲ့သလော။ ဘုရားသခင်အတွက် သင် သက်သေခံနိုင်သလော။ ယောဘ ကြုံခဲ့ရသည့် စမ်းသပ်မှုများကဲ့သို့သော စမ်းသပ်မှုများကို သင် ကြုံရသည့်အခါ ဘုရားသခင်ကို သင် ငြင်းပယ်နိုင်စွမ်းရှိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် အတိအကျ မည်မျှ ကြီးမားသနည်း။ သင်၏ ယုံကြည်ခြင်းသည် ယုံကြည်လက်ခံမှု တစ်ခုခုမျှသာ ဖြစ်သလော သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးလော့။ ဤမေးခွန်းများအတွက် အဖြေများကို သင် မသိလျှင်၊ သင်သည် နားဝေတိမ်တောင် ဖြစ်သောလူတစ်ဦးဖြစ်ပြီး သင်သည် အများလုပ်သည့်အတိုင်း လိုက်လုပ်နေခြင်းသာဖြစ်သည်ဟု ငါ ပြောနိုင်သည်။ သင့်အနေဖြင့် အစေခံသူတစ်ဦးဟုပင် အခေါ်မခံရထိုက်ပေ။ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် ဤသဘောထားမျိုး ထားရှိပြီး မိမိ၏ စိတ်နှလုံးတွင် ရှုပ်ထွေးနေသည်ချည်းသာ ဖြစ်နေသေးသော တစ်စုံတစ်ဦးသည် အလွန် သနားဖွယ်ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြပေ။ ဘုရားသခင်မှာမူ လူအားလုံးအပေါ် သူ၏ ဆက်ဆံမှုတွင် လုံးဝ ပြတ်သားကာ ရှင်းလင်းနေပေသည်။

“အစေခံသူ”ဟူသည့် စကားလုံးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ မူလ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ဟူသည့်အပေါ် ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ လူတို့သည် ဘုရားအိမ်တော်ထဲသို့ ဝင်ရောက်ကြသည့်အခါ အစတွင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် အမျိုးမျိုးသော လိုအင်ဆန္ဒများ သို့မဟုတ် စိတ်ပိုင်းဖြတ်ချက်တစ်ခုခုသာ ပိုင်ဆိုင်ကြချိန်တွင် ထိုကာလအတောအတွင်း ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍမှာ အစေခံသူနှင့်ဆိုင်သည့် အခန်းကဏ္ဍသာ ဖြစ်နိုင်သည်။ “အစေခံသူ”ဟူသည့် စကားလုံးသည် ထိုမျှ နားကြား၍မကောင်းလှပေ။ ထိုစကားလုံးကို အခြားနည်းဖြင့် ပြောရလျှင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော အစေခံမှုတွင် အစေခံကာ အလုပ်လုပ်ရန်ဟု ဆိုလိုပေသည်။ အားထုတ်မှုပြုရန် ဆိုလိုပေသည်။ ဤလူများသည် မည်သည့် သမ္မာတရားကိုမျှ နားမလည်ကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားမလည်ကြပေ။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ကာ စီမံခန့်ခွဲရန်ဖြစ်သော ဘုရားသခင် ပါဝင်ဆောင်ရွက်သည့် တိကျသော အမှုတော်တွင်ဖြစ်စေ၊ သမ္မာတရားနှင့်ဆက်စပ်သည့် အမျိုးမျိုးသော အလုပ်များတွင်ဖြစ်စေ မည်သည့် အားထုတ်မှုမျှ မပံ့ပိုးပေးနိုင် သို့မဟုတ် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်း မရှိကြချေ။ ၎င်းတို့တွင် အချို့သော ကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများသာရှိပြီး အထွေထွေ အရေးကိစ္စများနှင့်ဆိုင်သည့် အလုပ်တစ်ခုခုအတွက် အားထုတ်မှုအချို့သာ ပြုနိုင်ကာ အနည်းငယ်သော အရာများကို ပြောဆိုနိုင်ပြီး အဓိကမဟုတ်သော အစေခံမှု အလုပ်တစ်ခုခုကို လုပ်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လူတို့ လုပ်ဆောင်ထားသည့် အလုပ်၏ အနှစ်သာရဖြစ်လျှင်၊ ၎င်းတို့က အစေခံမှု အခန်းကဏ္ဍတစ်ခုကိုသာ ဆောင်ရွက်နေလျှင် “အစေခံသူ”ဟူသည့် အမည်နာမကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ အဘယ်ကြောင့် ထိုအမည်နာမကို ပယ်ရှားဖို့ ခက်ခဲသနည်း။ ဤသည်မှာ ဤအမည်နာမအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်မှုတစ်ခုတလေ ရှိသလော။ လုံးဝ ရှိပေသည်။ လူတို့အတွက် အားထုတ်မှုအနည်းငယ်ပြုကာ မိမိတို့၏ သဘာဝ အစွမ်းအစများ၊ ၎င်းတို့၏ ဆုကျေးဇူးများနှင့် ဉာဏ်များအတိုင်း အမှုအရာများကို လုပ်ဆောင်ဖို့ အလွန် လွယ်ကူသော်လည်း သမ္မာတရားဖြင့် အသက်ရှင်ဖို့၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ဖို့နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ဖို့ကိုမူ အလွန်အားသွန်ခွန်စိုက် လုပ်ရပေသည်။ ထိုအရာက အချိန်၊ ဘုရားသခင်၏ လမ်းပြမှု၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုတို့ လိုအပ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ သာ၍ပင် လိုအပ်ပေသည်။ ထို့ကြောင့် ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ လူအများစုက အလုပ်လုပ်နေစဉ်တွင် လူတို့ အလွန်ဆုံး လုပ်ဆောင်နိုင်ပြီး ထောက်ပံ့ပေးနိုင်သည်မှာ ယခုတင် ဖော်ပြထားသည့်အရာများ ဖြစ်သည်။ ယင်းတို့မှာ ဘုရားနှုတ်ကပတ်တော်ကို လက်ခံရရှိသူများ ဖြစ်ခြင်း၊ အချို့သော ဆုကျေးဇူးများ ပိုင်ဆိုင်ခြင်းနှင့် ဘုရားအိမ်တော်၌ အသုံးဝင်မှုတစ်ခုခုရှိခြင်း၊ ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု ပိုင်ဆိုင်ခြင်းနှင့် ၎င်းတို့အား လုပ်ဆောင်ရန် ညွှန်ကြားထားသည့် မည်သည့်အလုပ်ကိုမဆို သဘောပေါက်နားလည်ကာ ဆောင်ရွက်နိုင်ခြင်း၊ အချို့သော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်းနှင့် ဘုရားအိမ်တော်တွင်ရှိသည့် အလုပ်တစ်ခုခုတွင် ၎င်းတို့၏ အထူး ပါရမီများကို အသုံးပြုနိုင်ခြင်းနှင့် အရေးအကြီးဆုံးမှာ နာခံကာ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒရှိခြင်းတို့ ဖြစ်သည်။ ဘုရားအိမ်တော်၌ သင် အစေခံမှုပေးနေချိန်တွင် ဘုရားသခင်၏ အမှုတော်အတွက် သင် အားထုတ်မှုပြုနေချိန်တွင် သင်သည် နာခံကာ ကျိုးနွံနာခံဖို့ လိုအင်ဆန္ဒ အနည်းငယ်မျှဖြင့်ပင် သင်သည် အပျက်သဘောဆောင်လာမည် မဟုတ်သကဲ့သို့ ခိုကပ်မည် မဟုတ်ပေ။ ထိုအစား မိမိကိုယ်ကို ချုပ်တည်းခြင်းအား သင် ကျင့်သုံးရန် တတ်နိုင်သမျှ သင် လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သာ၍များသည့် ကောင်းမွန်သော အရာများကို လုပ်ဆောင်နေစဉ်တွင် မကောင်းသည့်အရာများကို သာ၍ လျော့နည်းစွာ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူအများစု ရှိကြသည့် အခြေအနေနှင့် အနေအထား ဖြစ်သည် မဟုတ်လော။ သင်တို့အားလုံးထဲတွင် ဤအနေအထားနှင့် အတိုင်းအတာကို စွန့်ခွာနှင့်ပြီးဖြစ်သည့် အလွန်နည်းပါးသော လူနည်းစုရှိသည်မှာ အမှန်ဖြစ်၏။ ပြီးလျှင် ဤအလွန်နည်းပါးသော လူနည်းစုက မည်သည့်အရာကို ပိုင်ဆိုင်လာကြလေပြီနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီးဖြစ်သည်၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ၎င်းတို့က ပြဿနာများကို ကြုံရသည့်အခါ ၎င်းတို့ ဆုတောင်းကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကြပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြသည်။ နာခံကာ ကျိုးနွံနာခံဖို့ဖြစ်သော ၎င်းတို့၏ လိုအင်ဆန္ဒမှာ စိတ်ပိုင်းဖြတ်ချက်အဆင့်တွင် ရပ်တန့်ရုံမျှ ရပ်တန့်မသွားဘဲ ထို့ထက် ပြဿနာများကို ရင်ဆိုင်ရသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တက်ကြွစွာ လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိနိုင်ကြသည်။ ၎င်းတို့သည် မဆင်မခြင် စကားမပြော၊ အပြုအမူ မပြုဘဲ သတိကြီးစွာဖြင့် ဂရုတစိုက် နေထိုင်ကြ၏။ အထူးသဖြင့် ၎င်းတို့၏ ပြုပြင်ခံရခြင်းက ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ဆန့်ကျင်ကွဲလွဲသည့်အခါ ဘုရားသခင်ကို ၎င်းတို့ မဝေဖန်ကြ၊ သူနှင့် ငြင်းခုံခြင်း မရှိကြသကဲ့သို့ ၎င်းတို့ စိတ်နှလုံးများတွင် အတိုက်အခံဖြစ်ခြင်းကို မခံစားရကြပေ။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် ၎င်းတို့ လှိုက်လှိုက်လှဲလှဲ လက်ခံကြသည်။ ဤလူများနှင့် အစေခံသူများကြားတွင် ခြားနားချက်တစ်ခုတလေ ရှိသလော။ ထိုခြားနားချက်များမှာ အဘယ်နည်း။ ပထမဆုံး ခြားနားချက်မှာ ၎င်းတို့က သမ္မာတရားကို နားလည်ကြခြင်းဖြစ်ပြီး ဒုတိယမှာ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာတစ်ခုခု ရှိကြပြီး စတုတ္ထအနေဖြင့် ၎င်းတို့၏ နာခံမှုနှင့် ကျိုးနွံနာခံမှုတို့သည် လိုအင်ဆန္ဒများသက်သက် မဟုတ်တော့ဘဲ စိတ်ခံစားချက်အရဖြစ်သော သဘောထားတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ကျိုးနွံနာခံတတ်လာပြီး ဖြစ်သည်။ ပဉ္စမအနေဖြင့် ဤအချက်များထဲမှ အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသောအရာမှာ ၎င်းတို့ထဲတွင် ထွက်ပေါ်ပြီးဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်သည့်သူများသည် “အစေခံသူများ”နှင့်ဆိုင်သည့် အမည်နာမကို ပယ်ရှားနှင့်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝင်ရောက်မှုနှင့် ဆိုင်သည့် ၎င်းတို့၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သိမြင်မှု အဆင့်တို့မှ အကဲဖြတ်သည့်အခါ ထိုအရာသည် ၎င်းတို့က ဘုရားအိမ်တော်၌ အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုတည်းကို လုပ်ဆောင်ခြင်းလောက် မရိုးရှင်းတော့သကဲ့သို့ ၎င်းတို့အနေဖြင့် အလုပ်အနည်းအကျဉ်းကို လုပ်ဖို့ ယာယီ ဆင့်ခေါ်ခြင်းခံခဲ့ရသည့် ယာယီ အလုပ်သမားများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူများသည် ယာယီ ဆုလာဘ်များအတွက် ဤနေရာတွင် ရှိနေကြခြင်း မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ယာယီ အသုံးပြုဖို့အတွက် စည်းရုံးခံရခြင်း မဟုတ်သကဲ့သို့ ဤရေရှည်အလုပ်ကို ၎င်းတို့ တာဝန်ယူလုပ်နိုင်ခြင်း ရှိမရှိဟူသည်ကို မြင်ရဖို့ ၎င်းတို့ အသုံးပြုခံရသည့် အချိန်ကာလအတောအတွင်း လေ့လာစောင့်ကြည့်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့် ဤလူတို့သည် “အစေခံသူ” ဟူသော ဘွဲ့အမည်၊ အခေါ်အဝေါ်ကို ဖယ်ရှားပြီး ဖြစ်၏။ ထိုသို့သော လူများကို သင်တို့ မြင်ပြီးပြီလော။ အသင်းတော်တွင် ထိုသို့သောလူများ ရှိကြ၏။ ဤလူများက မည်သူများဖြစ်ပြီး ၎င်းတို့ မည်မျှရှိသည်ကို သင်တို့ သိရှိလိုကြသော်လည်း ယခုတွင် ထိုအရာကို ငါ မပြောနိုင်။ သမ္မာတရားကို သင်တို့ နားလည်လာသည့်အခါ ၎င်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ သင်တို့ သိရှိသင့်သည့်အရာမှာ သင်တို့ မည်သည့် အနေအထားမျိုးများတွင်ရှိသည်၊ သင်တို့ရှေ့တွင်ရှိသည့် သင်တို့ လိုက်လျှောက်နေသော လမ်းကြောင်းက မည်သည့် လမ်းကြောင်းဖြစ်ပြီး မည်သည့်လမ်းကြောင်းကို သင်တို့ လိုက်လျှောက်နေသင့်သည်ဟူသည်တို့ ဖြစ်သည်။ ဤအရာများသည် သင်တို့ သိသင့်သည့်အရာများ ဖြစ်သည်။

ယခုတွင် “အစေခံသူ” ဟူသည့် အမည်နာမမှာ ဘုရားသခင်က လူတို့အပေါ် ချမှတ်ထားခြင်း ဖြစ်သလော။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန်၊ လူတို့ကို အတန်းအစားခွဲကာ အဆင့်သတ်မှတ်ရန် ဤအမည်နာမကို အသုံးပြုခြင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်က ဤအမည်နာမကို မည်သို့ သတ်မှတ်လေပြီနည်း။ လူတို့ကို ဘုရားသခင်က အမည်နာမတစ်ခု ပေးခြင်းသည် သူက ၎င်းတို့အား အမည်သညာတစ်ခုကို ကြုံရာပေးနေခြင်း မဟုတ်သကဲ့သို့ သူသည် ထိုအရာကို အပြင်ပန်း သွင်ပြင်အပေါ် အခြေခံ၍ သတ်မှတ်ခြင်းလည်း မဟုတ်ပေ။ ဤအမည်နာမသည် အမည်နာမတစ်ခုသာ မဟုတ်ပေ။ လူတစ်ဦး၏ အမည်သည် စစ်မှန်သည့် အဓိပ္ပာယ် မပါရှိသည့် သတ်မှတ်ချက်တစ်ခု၊ အမည်နာမတစ်ခုသာ ဖြစ်သည်။ ဥပမာအနေဖြင့် တရုတ်လူမျိုး မိဘအချို့က ၎င်းတို့ သမီးအနေဖြင့် ဉာဏ်ကောင်းပြီး လှပမည်ဟု မျှော်လင့်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့သမီး၏အမည်တွင် “လှပသော” ဟူသည့် စာလုံးကို အသုံးပြုကြသော်လည်း ယင်းမှာ မျှော်လင့်ချက်တစ်ခုသာ ဖြစ်ပြီး သူမ၏ အနှစ်သာရနှင့် ဘာမျှပတ်သက်မှု မရှိပေ။ သူမသည် အမှန်တကယ် ထုံထိုင်းပြီး ကြီးပြင်းလာရာတွင် ဆွဲဆောင်မှု မရှိကောင်းမရှိနိုင်ပေ။ သို့ဆိုလျှင် သူမကို “လှပသောသူ”ဟု ခေါ်ရာတွင် အဘယ်အဓိပ္ပာယ်ရှိသနည်း။ “နဂါး” သို့မဟုတ် “ကျား”တစ်ကောင် ကဲ့သို့ ဖြစ်လာရန် ရည်ရွယ်သည့် စာလုံးများကို အသုံးပြု၍ “ချင်းလုံး” သို့မဟုတ် “ချင်းဟူ”ဟု မှည့်ခေါ်ထားသည့် ယောက်ျားလေးအချို့လည်း ရှိသည်။ ထိုသို့သော အမည်များ ခေါ်ဆိုခံရခြင်းအားဖြင့် ၎င်းတို့သည် အမှန်တကယ်ပင် ရှိန်လောက်သောသူများ ဖြစ်ကြသလော။ ၎င်းတို့သည် သူရဲဘောကြောင်သူများ သို့မဟုတ် အသုံးမကျသူများ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤသည်တို့မှာ မိဘများက မိမိတို့ သားသမီးများအတွက် ရှိကြသည့် မျှော်လင့်ချက်များဖြစ်သည်။ ၎င်းတို့သည် မိမိတို့သားသမီးများကို ဤကဲ့သို့သော အမည်များပေးကြပြီး ဤအမည်များက ထိုသားသမီးများ၏ အနှစ်သာရနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပေ။ ထို့ကြောင့် လူတို့၏ နာမည်များနှင့် အမည်နာမများသည် လူတို့၏ စိတ်ကူးများနှင့် ကောင်းမွန်သော အလိုဆန္ဒများကို သယ်ဆောင်သော်လည်း အမည်နာမများနှင့် အခေါ်အဝေါ်များသာဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရအပေါ် အခြေခံ၍ ပေးထားခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင် သတ်မှတ်သည့် အမည်နာမနှင့် နာမည်များမှာ လူတို့၏ အပြင်ပန်း သွင်ပြင်ကို အခြေခံ၍ ပေးထားခြင်း လုံးဝ မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကိုယ်ပိုင် အလိုဆန္ဒများအပေါ် အခြေခံထားခြင်းလည်း မဟုတ်သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်သည် လူတို့အား အစေခံသူများဖြစ်ဖို့ အလိုရှိသလော။ (အလိုမရှိပါ။) ဘုရားသခင်က “ငါသည် လူတိုင်းအား အစေခံသူများဖြစ်လာဖို့ အလိုရှိပြီး မည်သူ့ကိုမျှ ကယ်တင်ခံရဖို့ အလိုမရှိပါ”ဟု ပြောသည်ကို ဘုရားနှုတ်ကပတ်တော်များတွင် သင်တို့ ဖတ်ဖူးကြသလော။ (မဖတ်ဖူးပါ။) သို့ဆိုလျှင် ဘုရားသခင် အလိုရှိသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ လူတို့သည် ယခင်က “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းသို့ မရောက်စေလိုပေ”ဟု ပြောကြပြီးဖြစ်သည်။ ဤသည်မှာ အလိုဆန္ဒ တစ်ခုဖြစ်သည်။ သို့သော် “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမသည် ကြုံရာကျပန်း ဖြစ်လာခဲ့ခြင်းမဟုတ်။ ထိုအရာသည် ဘုရားသခင်က “သစ်ပင်” နှင့် “မြက်” အမည်များကို သတ်မှတ်ခြင်းကဲ့သို့သာပင် ဖြစ်သည်။ သစ်ပင်များသည် ကြီးမားပြီး မြင့်မားသော အရာများဖြစ်ကာ တစ်စုံတစ်ယောက်က သစ်ပင်တစ်ပင်ကို စကားထဲထည့်ပြောသည့်အခါ သစ်ပင်သည် ကြီးမားပြီး မြင့်မားသည်ကို လူတိုင်း သိကြသကဲ့သို့ တစ်စုံတစ်ယောက် မြက်ပင်ကို စကားထဲထည့်ပြောသည့်အခါ မြက်ပင်က သေးငယ်ပြီး နိမ့်သည်ကို လူတိုင်းသိကြသည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် “အစေခံသူ”ဟူသည့် အမည်နာမကကော အဘယ်သို့နည်း။ ဤအမည်နာမသည် လူ၏ အနှစ်သာရနှင့် သရုပ်သကန်များနှင့်အညီလည်းကောင်း၊ ဘုရားအမှုတော်၏ အဆင့်နှင့်အညီလည်းကောင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်အညီ သမ္မာတရားကို တဖြည်းဖြည်း နားလည်လာနိုင်ကြလျှင်၊ သမ္မာတရား လက်တွေ့ကျမှုထဲ ဝင်ရောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်လျှင် ဤအချိန်၌ ဤအမည်နာမ ပြောင်းလဲသွားပေသည်။ ထို့ကြောင့် သင်သည် အစေခံသူများထဲမှ တစ်ဦးဖြစ်လျှင်ပင် ထိုအရာက ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်ခြင်းတို့အား ထိခိုက်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့ခြင်းတို့အား သာ၍ပင် ထိခိုက်ခြင်း မရှိပေ။

“အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမကို မည်သည့်အခါမျှ ပယ်ရှားနိုင်မည် မဟုတ်သည့် လူတစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) မည်သည့်လူစားမျိုး ဖြစ်သနည်း။ သမ္မာတရားကို မလိုက်စားသည့် လူစားမျိုး၊ သမ္မာတရားကို ချစ်ရန်မဆိုထားနှင့် နားလည်ကောင်း နားလည်နိုင်သော်လည်း လက်တွေ့မလုပ်ဆောင်သည့် လူစားမျိုးဖြစ်ပြီး ၎င်းတို့ စိတ်နှလုံးတွင် မကြာခဏဆိုသလို သမ္မာတရားကို ပစ်ပစ်ခါခါပင် ငြင်းကာ အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို ၎င်းတို့ အလွန်အမင်း မနှစ်မြို့လျှင် အဘယ်ကြောင့် ဘုရားအိမ်တော်၌ ရှိနေကြသနည်း။ ၎င်းတို့သည် အကျိုးအမြတ်အချို့ကို ရရှိလိုသော ဆန္ဒအတွေးဖြင့် ဘုရားအိမ်တော်တွင် အနည်းငယ်အားထုတ်ကာ အပြုအမူကောင်းအချို့ကို ပြသကြလေသည်။ သူတို့သည် မိမိတို့ ပေးဆပ်ရသော အဖိုးအခ၊ မိမိတို့ကိုယ်ကို ပေးကမ်းခြင်းနှင့် အသုံးခံခြင်း၊ ထို့ပြင် မိမိတို့၏ လူငယ်ဘဝအချို့ကို အချိန်ဖြုန်းခြင်းနှင့် မိမိတို့၏ အချိန်အချို့ကို အသုံးပြုခြင်းတို့ဖြင့် သူတို့ ရရှိလိုသော အကျိုးကျေးဇူး မည်သည်ကိုမဆို လဲလှယ်ကြ၏။ ဤလူများ လိုက်လျှောက်သည့် လမ်းကြောင်းကြောင့် အဆုံးတွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ကြ၊ ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စွမ်းဆောင်ရရှိနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အစေခံသူများအဖြစ် အစဉ်ထာဝရ စရိုက်လက္ခဏာသရုပ်ဖော်ခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်ရှိ ဤလူစားမျိုးထဲတွင် တကယ့် အဆုံးထိတိုင် အစေခံမှု ပေးနိုင်သူအချို့နှင့် မပေးနိုင်သူအချို့ရှိပြီး တကယ့်အဆုံးထိတိုင် အစေခံမှု ပေးနိုင်သူများနှင့် မပေးနိုင်သူများကြားတွင် လူ့သဘာဝအနေဖြင့် အနည်းငယ် ကွဲပြားမှုတစ်ခု ရှိပေသည်။ သမ္မာတရားကို မလိုက်စားသော်လည်း တကယ့်အဆုံးထိတိုင် အစေခံမှုပေးနိုင်သူများ ဆိုလိုသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော် ဆက်ဖြစ်နေစဉ်တွင် ဘုရားသခင်၏ အမှုတော်အတွက် ဘုရားအိမ်တော်၌ အားထုတ်မှုတစ်ခုခု ရည်စူးဆက်ကပ်နိုင်သည့် လူတို့တွင် အတော် ကောင်းမွန်ပြီး ကြင်နာတတ်သော လူ့သဘာဝတစ်ခု ရှိကြသည်။ ၎င်းတို့သည် မကောင်းမှုကို မလုပ်ဆောင်ကြ၊ ၎င်းတို့ အစေခံမှု ပေးနေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေကြသကဲ့သို့ အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်း မခံရကြပေ။ ထိုသို့သော လူတို့သည် တကယ့် အဆုံးထိတိုင် အစေခံမှု ပေးနိုင်ကြပြီး ဤသည်တို့မှာ အမြဲ အစေခံသူများဖြစ်မည့်သူများ ဖြစ်သည်။ အခြားသူများမှာမူ ၎င်းတို့၏ လူ့သဘာဝက အလွန်ဆိုးသောကြောင့်၊ ၎င်းတို့က နိမ့်ကျသည့် စရိုက်လက္ခဏာနှင့် တည်ကြည်မှု ရှိကြသောကြောင့် အစေခံမှု ပေးနေစဉ် ဘုရားအိမ်တော်၌ အမျိုးမျိုးသော အလုပ်ကို မကြာခဏ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကြသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်များစွာကို ဆုံးရှုံးမှု ဖြစ်စေကြလေသည်။ ၎င်းတို့အနေဖြင့် အကြိမ်ကြိမ် ပြုပြင်ခံရသည့်အခါတွင်ဖြစ်စေ၊ သီးခြားခွဲထားခြင်း ခံရသည့်အခါတွင်ဖြစ်စေ နောင်တရရန် မသိကြသည့်အပြင် ၎င်းတို့၏ မကောင်းသည့် လမ်းဟောင်းများဆီသို့သာ ပြန်ရောက်သွားကြသည်။ ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ နားမလည်ကြ၊ သမ္မာတရားကို လက်မခံကြဘဲ ထိုအစား လက်လွတ်စပယ် ပြုမူသဖြင့် ထိုသို့သော လူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရကြသည်။ အဘယ်ကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်း ခံရကြသနည်း။ ဤကဲ့သို့သော လူများသည် အစေခံမှုကိုပင် မပေးနိုင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အားထုတ်မှု တစ်ခုခုပြုနေချိန် ကောင်းစွာ အလုပ်မလုပ်နိုင်ကြသကဲ့သို့ အားထုတ်မှုပြုနေကြသော်လည်း မကောင်းမှုကိုလည်း ၎င်းတို့ လုပ်ဆောင်ကြပြီး ဘုရားအိမ်တော်နှင့် ညီအစ်ကို မောင်နှမများအား အဖိုးအခပေးစေကြသည်။ ထိုသို့သော လူများကို အသုံးပြုခြင်းသည် ဆုံးရှုံးမှုနှင့် မတန်ပေ။ ၎င်းတို့ကို ပြန်သုံးသပ်ဆင်ခြင်ဖို့ အခွင့်အရေးများ အကြိမ်ကြိမ် ပေးထားသော်လည်း အဆုံးတွင် ၎င်းတို့၏ သဘာဝ မပြောင်းမလဲရှိနေပြီး မည်သူပြောသည့်အရာကိုမျှ တစ်ခုမျှ နားမထောင်ကြပေ။ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ အစေခံမှုပေးရန်ပင် မထိုက်တန်သကဲ့သို့ ထိုအရာကို မတတ်စွမ်းနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဖယ်ရှားခြင်းကို ခံကြရခြင်းဖြစ်သည်။

ယခုတွင် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို သင်တို့ ယေဘုယျအားဖြင့် နားလည်ကြသလော။ “အစေခံသူ”ဟူသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင် ပေးသည့် ခွဲခြားဆက်ဆံသော အမည်နာမတစ်ခု ဖြစ်သလော။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန် ဤအမည်နာမကို တမင်တကာ အသုံးပြုနေသလော။ လူတို့ကို ထုတ်ဖော်ကာ စစ်ကြောရန် ဘုရားသခင်က ဤအမည်နာမကို အသုံးပြုနေသလော။ လူသားများက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို လူတို့အား သိရှိစေရန် ဘုရားသခင်က ဤအမည်နာမကို အသုံးပြုနေခြင်း ဖြစ်သလော။ ဤအရာများကို ဘုရားသခင် ရည်ရွယ်သလော။ အမှန်တွင် ဘုရားသခင်သည် ဤအရာများထဲမှ တစ်ခုကိုမျှ မရည်ရွယ်ပေ။ ဘုရားသခင်သည် လူတို့ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် လူတို့ကို သေးသိမ်စေကာ လှောင်ပြောင်ရန် မရည်ရွယ်သကဲ့သို့ လူတို့ကို စစ်ကြောဖို့အတွက် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်ကို အသုံးပြုရန်လည်း သူ မရည်ရွယ်ပေ။ “အစေခံသူ”အမည်အတွက် ဘုရားသခင်တွင် ရှိထားသည့် တစ်ခုတည်းသော ဆိုလိုရင်းအဓိပ္ပာယ်မှာ သူသည် လူတို့၏ ပြုမူဆောင်ရွက်မှုနှင့် အနှစ်သာရနှင့်အညီ၊ ဘုရားသခင်၏ အမှုတော်အတွင်း၌ လူတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍအပြင် လူတို့ လုပ်ဆောင်နိုင်သည့်အရာ ၎င်းတို့ ပူးပေါင်းဆောင်ရွက်နိုင်သည့်အရာတို့နှင့်အညီ ဤအမည်နာမကို သူ စရိုက်လက္ခဏာ သရုပ်ဖော်ကာ ဖွဲ့စည်းခြင်း ဖြစ်သည်။ ဤအဓိပ္ပာယ်မှကြည့်လျှင် ဘုရားအိမ်တော်ရှိ လူတိုင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အစေခံမှုပြုနေကြပြီး တစ်ချိန်မဟုတ်တစ်ချိန်က ဤအစေခံသူ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ဖူးကြသည်ကို ငါတို့ မြင်နိုင်သည်။ ဤသို့ ငါတို့ ပြော၍ရသလော။ (ရပါသည်။) ငါတို့ အမှန်တကယ် ပြောနိုင်ပြီး ယခုတွင် ဤအရာကို သင်တို့အားလုံး နားလည်နိုင်ပေသည်။ ဘုရားသခင်သည် လူတို့ကို သေးသိမ်စေရန်ဖြစ်စေ၊ ၎င်းတို့အား သာ၍ ကောင်းစွာပြုမူစေပြီး နာခံတတ်စေရန်ဖြစ်စေ၊ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် နေရာတို့က မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့အား သိခွင့်ပေးရန်ဖြစ်စေ မဆိုထားနှင့်၊ ၎င်းတို့အား စိတ်ဓာတ်ကျစေရန် သို့မဟုတ် လူတို့၏ ယုံကြည်ခြင်းကို စစ်ကြောရန်အတွက် ဤအမည်နာမကို အသုံးမပြုချင်သကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ဖို့ လူတို့၏ လုပ်ဆောင်ပိုင်ခွင့်အား ဖယ်ရှားရန် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို ဘုရားသခင်က သာ၍ပင် အသုံးမပြုချင်ပေ။ ဤအမည်နာမကို ဘုရားသခင်နောက် လူတို့ လိုက်နေစဉ် လူတို့ ထုတ်ဖော်ပြသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် လူတို့၏ စစ်မှန်သော အခြေအနေများနှင့်အညီ လုံးဝ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤအမည်နာမသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော် အဆုံးသတ်လာသည်နှင့် တစ်ပြိုင်နက် လူတို့၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ ရာထူးနှင့် ခရီးပန်းတိုင်တို့ မည်သည့်အရာ ဖြစ်လိမ့်မည်ဟူသည်နှင့် လုံးဝ ပတ်သက်ခြင်း မရှိပေ။ ဤအမည်နာမသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် စီမံခန့်ခွဲမှု အမှုတော်တို့၏ လိုအပ်ချက်များမှ လုံးဝ ဖြစ်လာခြင်းဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်တွင်ရှိသည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စစ်မှန်သော အခြေအနေတစ်ခု ဖြစ်သည်။ အစေခံသူများအဖြစ် ဘုရားအိမ်တော်အတွက် အစေခံမှုများပေးနေပြီး စက်ယန္တရားများကဲ့သို့ အသုံးပြုခြင်းခံရသည့် လူတို့အတွက်မူ ဘုရားသခင်နောက်သို့ လိုက်သည့် ၎င်းတို့၏ ခရီးစဉ်တွင် ဤအခြေအနေက တကယ့်အဆုံးထိတိုင် ရှိမြဲရှိနေခြင်း ရှိမရှိ၊ သို့မဟုတ် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲနိုင်ခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့၏ လိုက်စားမှုအပေါ် မူတည်ပေသည်။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားနိုင်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်လျှင် “အစေခံသူ”အမည်နာမကို ၎င်းတို့ လုံးလုံးလျားလျား ဖယ်ရှားကြလိမ့်မည် ဖြစ်သည်။ ပြီးလျှင် “အစေခံသူ”အမည်နာမကို ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် မည်သည့်အရာများ ဖြစ်လာကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် နောက်လိုက်များ၊ ဘုရားသခင်၏ လူများနှင့် နိုင်ငံတော်သားများဖြစ်လာကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်လာကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်နောက်သို့ လိုက်နေသော်လည်း အားထုတ်မှုပြုခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးခြင်းတို့အတွက်သာ သင် တင်းတိမ်ရောင့်ရဲနေလျှင်၊ သမ္မာတရားကို မလိုက်စားလျှင် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လုံးဝ မပြောင်းလဲလျှင်၊ သင်သည် အမှုအရာများကို ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ လုံးဝ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ နောက်ဆုံးတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလျှင် ဤ “အစေခံသူ”အမည်နာမ၊ ဤ “သရဖူ”သည် သင်နှင့် လုံးလုံးလျားလျား၊ အပြည့်အဝ အံဝင်ခွင်ကျ ဖြစ်လိမ့်မည်ဖြစ်ကာ ထိုအရာကို သင် တစ်ကြိမ်တစ်ခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာသည့်အချိန်တွင် သင်သည် ဤအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး သင်၏ စိတ်သဘောထားများ မပြောင်းလဲသေးလျှင်၊ “ဘုရားသခင်၏ နိုင်ငံတော်သားများ”ဟူသည့် အမည်နာမသည် သင်နှင့် မည်သည့် ဆက်စပ်မှုမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် အစဉ်ထာဝရ အစေခံသူတစ်ဦး ဖြစ်လိမ့်မည်။ ဤစကားများကို သင် မည်သို့ နားလည်နိုင်သနည်း။ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သည့် အခိုက်အတန့်တွင် ဆိုလိုသည်မှာ ဘုရားသခင် ကယ်တင်လိုသည့် လူများအားလုံး ကယ်တင်ခံရသည့်အချိန်၊ ဘုရားသခင် လုပ်ဆောင်လိုသည့် အမှုတော်က ယင်း၏ အကျိုးတရားနှင့် ယင်း၏ ရည်မှန်းချက်များကို လုံးလုံးလျားလျား စွမ်းဆောင်ရရှိပြီးသည့်အချိန်တွင် ဘုရားသခင်သည် စကားပြောတော့မည် မဟုတ်၊ လူတို့ကို လမ်းပြတော့မည် မဟုတ်၊ သူသည် လူတို့အပေါ် ကယ်တင်ခြင်းအလုပ် တစ်ခုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်တော့သကဲ့သို့ လူတစ်ဦးချင်းစီတိုင်း လိုက်လျှောက်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းက လိုက်ပြီး အဆုံးသတ်မည့်အတိုင်း သူ၏ အမှုတော်သည် ထိုနေရာတွင်ပင် အဆုံးသတ်လိမ့်မည်ဖြစ်သည်ကို သင်တို့နားလည်သင့်သည်။ သမ္မာကျမ်းစာ၌ ဤကျမ်းချက်ရှိ၏။ “မဖြောင့်မတ်သောသူသည် မဖြောင့်မတ်စွာ ပြုစေဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာဒိတ်ကျမ်း ၂၂:၁၁) ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သူ၏ အမှုတော် ပြီးဆုံးပြီဟု ဆိုလိုက်သည့်တဒင်္ဂတွင် ဤအရာက ဘုရားသခင်သည် လူကို ကယ်တင်ခြင်း၊ လူကို ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့်ဆိုင်သည့် သူ၏ အမှုတော်ကို ဆောင်ရွက်တော့မည် မဟုတ်၊ လူကို ဘုရားသခင်က ဉာဏ်အလင်းပေးတော့မည်မဟုတ်၊ သို့မဟုတ် လမ်းပြတော့မည် မဟုတ်သကဲ့သို့ သူက လူကို တိုက်တွန်းရင်း သို့မဟုတ် ပြုပြင်ရင်း အပင်ပန်းကြီးစွာနှင့် အလေးအနက် စကားပြောတော့မည် မဟုတ်သည်ကို ညွှန်ပြပေသည်။ ဘုရားသခင်က ဤအမှုတော်ကို ဆောင်ရွက်တော့မည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်တွင် အရာခပ်သိမ်း၏ အဆုံးသတ်များ ထုတ်ဖော်ခြင်းခံရလိမ့်မည်၊ ထိုအခါ လူတို့၏ အဆုံးသတ်များ သတ်မှတ်ခြင်းခံရလိမ့်မည်ဖြစ်ပြီး ထိုအရာကို မည်သူကမျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူတို့အတွက် ကယ်တင်ခံရဖို့ နောက်ထပ် အခွင့်အရေးများ ရှိတော့မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။

ဘုရားသခင်၏ အမှုတော်အဆုံးသတ်တွင် တစ်စုံတစ်ဦးက “အစေခံသူ”အမည်နာမကို ဖယ်ရှားသည့်အခါ၊ ဤအခေါ်အဝေါ်၊ ဤအခြေအနေကို ၎င်းတို့ ဖယ်ရှားသည့်အခါ ထိုအရာက ဤလူသည် ဘုရားသခင်၏ အမြင်တွင် အပြင်လူ သို့မဟုတ် ဘာသာတရားမရှိသူတစ်ဦး မဟုတ်တော့ဘဲ ထို့ထက် ဘုရားအိမ်တော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်လည်းကောင်း သက်ဆိုင်သည့် လူတစ်ဦးဖြစ်သည်ကို ညွှန်ပြသည်။ ပြီးလျှင် “ဘုရားသခင်၏ အိမ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်မှ လူတစ်ဦး” ဟူသည့် ဤအမည်နာမသည် အဘယ်သို့ ဖြစ်လာလေပြီနည်း။ ဤအမည်နာမကို လူတို့က မည်သို့ ရရှိကြသနည်း။ သင်သည် သမ္မာတရားကို လိုက်စားခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းတို့အားဖြင့် ဘုရားသခင်၏ အိမ်တော်မှ လူတစ်ဦး ဖြစ်လာပြီး ထိုသို့ဖြင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ကာ အတိုင်းအတာတစ်ခုအထိ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိပြီး ဘုရားသခင်ကို ကျိုးနွံနာခံ၍ ကြောက်ရွံ့နိုင်စွမ်း ရှိလာ၏။ ယောဘနှင့် ပေတရုကဲ့သို့ သင်သည် စာတန်၏ ထိခိုက်နစ်နာစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ခံရရန် မလိုတော့ပေ။ သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ဘုရားအိမ်တော်တွင် လွတ်လပ်စွာ အသက်ရှင်နိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ရုန်းကန်နေရန် မလိုအပ်တော့သကဲ့သို့ ဘုရားသခင်၏ အမြင်တွင် သင်သည် စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး၊ စစ်မှန်သည့် လူသားတစ်ဦး ဖြစ်သည်။ ယင်းမှာ ဝမ်းမြောက်စွာ အောင်ပွဲခံရမည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ ထိုအရာသည် မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူတစ်ဦး၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် အခက်အခဲဒုက္ခရှိသည့် ဘဝသည် လုံးဝ အဆုံးသတ်လာပြီးဖြစ်ကာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတို့နှင့်ဆိုင်သည့် ဘဝတစ်ခုကို ၎င်းတို့ စတင်အသက်ရှင်သည်ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မျက်နှာတော်အလင်းတွင် အသက်ရှင်နိုင်ကြသည်၊ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြပြီး ဤသည်မှာ ဝမ်းမြောက်စွာ အောင်ပွဲခံသင့်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် အဆုံးတွင် “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမကို ဖယ်ရှားရန် မစီမံနိုင်သေးသည့် အခြားလူစားမျိုးများအတွက်မူ ဘုရားသခင်၏ အမှုတော် အဆုံးသတ်ချိန်၌ ဤအမည်နာမ၊ ဤ “သရဖူ”ကို ၎င်းတို့၏ ခေါင်းများမှ မဖယ်ရှားရသေးလျှင်၊ ထိုအရာသည် ၎င်းတို့အတွက် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် အပြင်လူများ ဖြစ်နေဆဲဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့က ဘာသာတရားမရှိသူများ ဖြစ်နေဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ဤအတွက် အကြောင်းရင်းမှာ ၎င်းတို့က သမ္မာတရားကို လက်မခံကြခြင်း သို့မဟုတ် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မရရှိကြသေးပေ။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြပေ။ ဤလူများသည် ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခံရသင့်ပြီး ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် နေရာမရှိကြပေ။ ဘုရားသခင်၏ နိုင်ငံတော်တွင် ၎င်းတို့အတွက် နေရာမရှိလျှင် ၎င်းတို့ မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့က ဘုရားသခင်၏ နိုင်ငံတော်ပြင်ပတွင် ရှိကြပြီး ဘုရားသခင်၏ လူများနှင့် ခွဲထားခြင်းခံရသည့် အုပ်စုတစ်စုဖြစ်သည်။ ထိုသို့သော လူများသည် “အစေခံသူများ”ဟု ခေါ်ခြင်းခံရဆဲဖြစ်ပြီး ဤအရာက ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်နှင့်ဆိုင်သည့် လူများ ဖြစ်မလာကြသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ လုံးဝ ဖြစ်ကြလိမ့်မည် မဟုတ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုသကဲ့သို့ ဘုရားသခင်ထံမှ ကောင်းချီးများကို သို့မဟုတ် ကျေးဇူးတော်ကို ၎င်းတို့ လုံးဝ ရရှိကြလိမ့်မည် မဟုတ်ကြောင်း ညွှန်ပြပေသည်။ ထိုအရာက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့်အတူ သူ၏ နိုင်ငံတော်တွင် ကောင်းမွန်သော ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားခွင့် မရှိကြောင်း သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိရန် အခွင့်အရေး မရှိကြောင်းကို ညွှန်ပြသည်လည်း ပြောစရာမလိုပေ။ ဤအခွင့်အရေး မရှိတော့ပြီ။ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်သရွေ့ ဤအခိုက်အတန့်သည် ဝမ်းမြောက်စွာ အောင်ပွဲခံရသည့် အရာတစ်ခု ဖြစ်သလော သို့မဟုတ် ဝမ်းနည်းဖွယ်ဖြစ်သော အဖြစ်အပျက်တစ်ခုလော။ ဤသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်ပြင်ပနှင့် ဘုရားသခင်၏ နိုင်ငံတော်ပြင်ပတွင် “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို သယ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ဆုလာဘ်က မည်သည့်အရာ ဖြစ်လိမ့်မည်ဟူသည်အတွက်မူ ယင်းမှာ နောက်ပိုင်းကိစ္စဖြစ်သည်။ မည်သို့ဆိုစေ အစေခံသူများကို ပေးသည့် ဆုလာဘ်နှင့် ဘုရားသခင်၏ နိုင်ငံတော်သားများကို ပေးသည့် ဆုလာဘ်တို့ကြား ခြားနားချက်က အလွန်ကြီးမား၏။ ရာထူး၊ ဆုလာဘ်နှင့် အခြား ထိုသို့သော သွင်ပြင်လက္ခဏာများတွင် ခြားနားမှုများ ရှိသည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ရန် သူ၏ အမှုတော်ကို ဆောင်ရွက်နေခဲ့စဉ်တွင် ဤကဲ့သို့သော လူတို့က သမ္မာတရားကို မရရှိသေးသကဲ့သို့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မရရှိနိုင်ကြသေးသည်မှာ သနားဖွယ်ဖြစ်သည် မဟုတ်လော။ အလွန် သနားဖွယ်ဖြစ်၏။ ဤသည်တို့မှာ “အစေခံသူ”အမည်နာမနှင့် စပ်လျဉ်းသည့် စကားအချို့ ဖြစ်သည်။

“အစေခံသူများကို ဖော်ပြသည့်အခါ ကျွန်ုပ် အတိုက်အခံဖြစ်ခြင်း ခံစားရသည်။ ကျွန်ုပ်သည် အစေခံသူတစ်ဦး မဖြစ်ချင်သကဲ့သို့ အစေခံသူတစ်ဦး ဖြစ်ရသည်ကို ဝမ်းမသာပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ လူများထဲမှတစ်ဦးဖြစ်လျှင် ၎င်းတို့ထဲမှ အရေးမပါဆုံးသောသူ ဖြစ်လျှင်ပင် ကျွန်ုပ် လက်ခံနိုင်ပြီး အစေခံသူတစ်ဦး မဟုတ်သရွေ့ အဆင်ပြေသည်။ ဤဘဝတွင် ကျွန်ုပ်သည် အခြားသော လိုက်စားမှု မရှိသကဲ့သို့ အခြားသော ရည်သန်မျှော်မှန်းချက် မထားရှိပါ။ ‘အစေခံသူ’အမည်နာမကို ဖယ်ရှားဖို့အတွက်သာ ကျွန်ုပ် မျှော်လင့်စောင့်စားသည်။ ကျွန်ုပ် များစွာ တောင်းဆိုနေခြင်း မဟုတ်ပါ”ဟု ပြောသည့်လူအချို့ရှိသည်။ ဤကဲ့သို့သော လူများအပေါ် သင် မည်သို့ တွေးထင်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုက်စားမှုတွင်ရှိသည့် လူတစ်ဦး၏ သဘောထား ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ အပျက်သဘောဆောင်သည့် သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) “အစေခံသူ”နှင့်ဆိုင်သည့် အမည်နာမနှင့် ပတ်သက်လာသည့်အခါ သင့်အသက်တာတွင် သင် ဖြစ်စေသည့် တိုးတက်မှုအဆင့်အပေါ် အခြေခံ၍ ဤအမည်နာမကို ပေးထားခြင်း ဖြစ်ပြီး သင် အလိုရှိသည့်အရာဖြင့် ဆုံးဖြတ်၍မရနိုင်သောကြောင့် ထိုအမည်နာမကို သင် ဖယ်ရှားရန် ကြိုးစားဖို့ မလိုအပ်ပေ။ ထိုအရာသည် သင် အလိုရှိသည့်အရာအပေါ် မူတည်ခြင်းမရှိဘဲ ထို့ထက် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် သင်၏ စိတ်သဘောထားများ ပြောင်းလဲပြီးခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ သင်၏ ရည်မှန်းချက်ပန်းတိုင်မှာ “အစေခံသူ”နှင့်ဆိုင်သည့် ဤအမည်နာမကို ဖယ်ရှားနိုင်ခြင်းအား လိုက်စားဖို့အတွက်သာ ဖြစ်လျှင် အမှန်တရားကို သင့်အား ငါပြောမည်။ သင် အသက်ရှင်သရွေ့ ထိုအမည်နာမကို သင် တစ်ကြိမ်တစ်ခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိနိုင်လျှင်၊ ဤအမည်နာမသည် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်။ ထိုအရာကို ဤအချက်နှစ်ချက်မှ ကြည့်သည့်အခါ “အစေခံသူ”အမည်နာမကို ဘုရားသခင်က လူတို့အပေါ် ချမှတ်ခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ထိုအရာသည် လူတို့အပေါ် ဘုရားသခင် ချမှတ်သည့် အမည်နာမတစ်ခု မဟုတ်သကဲ့သို့ အခေါ်အဝေါ်တစ်ခုလည်း မဟုတ်ပေ။ ထိုအရာက လူတို့က ၎င်းတို့၏ အသက်တာများတွင် ဖြစ်စေသည့် တိုးတက်မှုအဆင့်အပေါ် အခြေခံ၍ ပေးထားသည့် အမည်နာမတစ်ခု ဖြစ်သည်။ သင်၏ အစေခံသူတစ်ဦး ဖြစ်ခြင်းသည် အသက်တာတွင် သင် ဖြစ်စေသည့် တိုးတက်မှု မည်မျှအားဖြင့်လည်းကောင်း၊ သင်၏ စိတ်သဘောထား မည်မျှ ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း လျော့နည်းသွားသည်။ သင့်အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အား စွမ်းဆောင်ရရှိနိုင်သည့်တစ်နေ့တွင် အစေခံသူတစ်ဦး ဖြစ်ဖို့ လိုလားနေလျှင်ပင် သင်သည် အစေခံသူတစ်ဦး မဟုတ်တော့သကဲ့သို့ သင်၏ လိုက်စားမှု၊ သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင် လိုက်လျှောက်သည့် လမ်းကြောင်းတို့က ဤအရာကို ဆုံးဖြတ်ပေသည်။ “ဤ ‘အစေခံသူ’အမည်နာမကို ကျွန်ုပ် ပယ်ရှားချင်ပြီး အစေခံသူတစ်ဦး မဖြစ်ချင်ပါ။ သို့သော် သမ္မာတရားကို ကျွန်ုပ် နားမလည်သကဲ့သို့ သမ္မာတရားကို လိုက်စားဖို့ လိုလားနေခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်နိုင်သနည်း”ဟု ပြောသည့်သူများလည်း ရှိသည်။ ဖြေရှင်းချက်တစ်ခု ရှိသလော။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ် အခြေခံ၍ လူမျိုးစုံ၏ အဆုံးသတ်များကို ဆုံးဖြတ်သည်။ အပေးအယူလုပ်ဖို့အတွက် အခွင့်အရေးမရှိပေ။ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် တက်ရောက်နိုင်လျှင် ဤသည်မှာ ဝမ်းမြောက်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား မလိုက်လျှောက်ဖို့ ဆုံးဖြတ်လျှင် ဤသည်မှာ ဝမ်းနည်းစရာ အကြောင်းတရား ဖြစ်သည်။ ဤသည်တို့မှာ လမ်းကြောင်းနှစ်ခုသာ ဖြစ်သည်။ ရွေးချယ်ရန် အလယ်အလတ်လမ်းကြောင်း မရှိပေ။ ဘုရားသခင် မိန့်မြွက်သည့် စကားများက မည်သည့်အခါတွင်မျှ ဆိတ်သုဉ်းသွားလိမ့်မည် မဟုတ်။ အရာခပ်သိမ်း ဆိတ်သုဉ်းသွားလိမ့်မည် ဖြစ်သော်လည်း ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုမျှ မဆိတ်သုဉ်းသွားနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များသည် အရာခပ်သိမ်းအပေါ် အကဲဖြတ်ချက်ပေးခြင်းနှင့် ဆုံးဖြတ်သတ်မှတ်ခြင်းတို့ စံသတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး မည်သည့်အခါတွင်မျှ ဆိတ်သုဉ်းမသွားနိုင်ပေ။ ဤကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်း ပြောင်းလဲကာ ဆိတ်သုဉ်းသွားသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခွန်းမျှ ဆိတ်သုဉ်းသွားလိမ့်မည် မဟုတ်ဘဲ ထိုအစား သူ၏ နှုတ်ကပတ်တော်များအားလုံး ပြီးပြည့်စုံလိမ့်မည်။ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့၏ အဆုံးသတ်များကို ဘုရားနှုတ်ကပတ်တော်များကြောင့် ဆုံးဖြတ်ထားကာ ထုတ်ဖော်ပြထားသည်။ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့် ဆွေးနွေးချက်မျှ မရှိနိုင်ပေ။ ထို့ကြောင့် လူတို့၏ အဆုံးသတ်များအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ခြင်း၊ ဆုံးဖြတ်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ လူတို့သည် ဖြစ်ချင်သောအတွေးကို အရသာတွေ့နေလျှင်၊ ပကတိ လူနုံလူအများဖြစ်ကြသည်။ ဘုရားသခင်က လူတို့ကို ဒုတိယလမ်းကြောင်းတစ်ခု မပေးထားသဖြင့် ဤကိစ္စရပ်တွင် ၎င်းတို့အတွက် ရွေးချယ်ဖို့ ဒုတိယလမ်းကြောင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး လူတို့က ကြားဝင်နှောင့်ယှက်လိုလျှင်ပင် ဤကိစ္စရပ်တွင် ကြားဝင်နှောင့်ယှက်၍ မရနိုင်ပေ။ ကိစ္စရပ်များကို ကိုင်တွယ်ဖို့အတွက် ငွေအချို့ကို သင် သုံးနိုင်ပြီး သင်၏ အဆက်အသွယ်များကို အသုံးပြုနိုင်သော သင်သည် ဘာသာတရားမရှိသော လောကတွင် ရှိနေသည်ဟု သင် ထင်သော်လည်း ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်၍ အလုပ်မဖြစ်ပေ။ ဘုရားသခင်နှင့် ပတ်သက်လျှင် သင်အောင်မြင်မည်မဟုတ်သည်ကို သတိရလော့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။