အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၉) အခန်း နှစ်

(ခ) “အစေခံသူ”ဟူသော အမည်ကို အန္တိခရစ်တို့ သဘောထားပြုမူသည့် ပုံစံများ

ယနေ့မိတ်သဟာယအတွက် အကြောင်းအရာမှာ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် အန္တိခရစ်များ၏ သဘောထားကို စိစစ်ခြင်း ဖြစ်သည်။ ယခုတွင် ငါတို့သည် “အစေခံသူ”ဟူသည့် အမည်နာမနှင့်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မိတ်သဟာယပြုခြင်းကို ပြီးစီးပြီးဖြစ်သဖြင့် လူအများစုသည် ဤအမည်နာမအပေါ် အပြုသဘောဆောင်သည့် သိနားလည်မှုတစ်ခု ရှိကြသည် မဟုတ်လော။ သင်သည် ဤအမည်နာမအပေါ် အတိုက်အခံ ဖြစ်ခြင်း သို့မဟုတ် မလိုလားမှုကို ခံစားရဆဲဖြစ်သလော။ (မခံစားရပါ။) သို့ဆိုလျှင် “အစေခံသူ”ဟူသည့် အမည်နာမကို အန္တိခရစ်များ သဘောထားပုံနှင့် ထိုအမည်နာမအပေါ် ၎င်းတို့ မည်သည့် သဘောထားပြုမူ ကြသည်ဟူသည်တို့ကို ငါတို့ ယခုကြည့်ကြစို့။ အန္တိခရစ်များ တန်ဖိုးအထားဆုံးသောအရာများမှာ မြင့်မားသော ရာထူး၊ မြင့်မားသော ဂုဏ်သိက္ခာနှင့် အကြွင်းမဲ့ တန်ခိုးအာဏာတို့ ဖြစ်သည်။ အချို့သော အလွန် သာမန်ဖြစ်သည့်၊ အခြေခံအကျဆုံးသော အဆင့်နှင့် သာ၍ နိမ့်ကျသော အဆင့်ရှိသည့် အမည်နာမများအပြင် လူတို့က အတော်အတန် အရှက်ရစရာအဖြစ် မြင်သည့် အခြားသော အမည်များနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက ၎င်းတို့၏ စိတ်နှလုံးများတွင် ပြင်းထန်သည့် အတိုက်အခံဖြစ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို ခံစားရပြီး အထူးသဖြင့် “အစေခံသူ”ဟူသည့် အမည်နာမအတွက် ဤအရာကို ခံစားရကြသည်။ အစေခံသူများအဖြစ် သိရှိရသည့် ဤလူစုအပေါ် ဘုရားသခင်က မည်သို့ သည်းခံပြီး စိတ်ရှည်သည်ဖြစ်စေ၊ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် ဘုရားသခင်၏ ရှင်းပြချက်နှင့် အနက်ပြန်မှုတို့က မည်သည့်အရာဖြစ်စေ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဤအမည်နာမအပေါ် အထင်သေးနေကြဆဲ ဖြစ်သည်။ ဤအမည်နာမက အလွန် နိမ့်ကျပြီး ၎င်းတို့ကိုယ်တိုင် အစေခံသူများ ဖြစ်ခဲ့မည်ဆိုလျှင် မိမိတို့၏ မျက်နှာများကို ပြဖို့ အလွန်အရှက်ရကြမည်ဖြစ်သည်ဟု ၎င်းတို့က စဉ်းစားကြသည်။ ဤအမည်နာမ အပေးခံရသည့် တဒင်္ဂတွင် ၎င်းတို့၏ တည်ကြည်မှု၊ မာနနှင့် ဂုဏ်သတင်းတို့ စိန်ခေါ်ခြင်းခံရပြီး သေးသိမ်စေခြင်းခံရသည်၊ ၎င်းတို့၏ တန်ဖိုးက ထိုးကျသွားပြီး ဘဝအတွက် မည်သည့် အဓိပ္ပာယ်မျှ မရှိတော့ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် မည်သို့ဖြစ်စေ ဤ“အစေခံသူ” အမည်နာမကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ သင်သည် ၎င်းတို့အား ဘုရားအိမ်တော်သို့ သွားကာ ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးရန် စေခိုင်းလျှင် ၎င်းတို့က “ဤ ‘အစေခံသူ’ အမည်နာမသည် အလွန် အရှက်ရစေပြီး အစေခံသူတစ်ဦးဖြစ်ဖို့ မည်သည့်နည်းဖြင့်မျှ ကျွန်ုပ် လိုလားခြင်း မရှိပါ။ အစေခံသူတစ်ဦးဖြစ်ရန် ကျွန်ုပ်ကို စေခိုင်းခြင်းအားဖြင့် သင်သည် ကျွန်ုပ်ကို စော်ကားနေခြင်း ဖြစ်သည်။ သင် ကျွန်ုပ်ကို စော်ကားနိုင်ဖို့အလို့ငှာ ဘုရားကို ကျွန်ုပ် ယုံကြည်လာခဲ့ခြင်း မဟုတ်ပါ။ ကောင်းချီးများ ရရှိဖို့ ကျွန်ုပ် လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် အဘယ်အရာအတွက် ကျွန်ုပ်က ကျွန်ုပ်၏ မိသားစုကို စွန့်လေပြီနည်း၊ ကျွန်ုပ်၏ အလုပ်ကို ထားရစ်ခဲ့ကာ ကျွန်ုပ်၏ လောကီ အလားအလာများကို စွန့်လေပြီနည်း။ ကျွန်ုပ်သည် အစေခံသူတစ်ဦးဖြစ်ဖို့ လာခဲ့ခြင်း မဟုတ်ပါ။ သင့်အတွက် အလုပ်လုပ်ရန်နှင့် သင့်ကို အစေခံရန်အတွက် ကျွန်ုပ် လာခဲ့ခြင်း မဟုတ်ပါ။ ကျွန်ုပ်ကို အစေခံသူတစ်ဦးဖြစ်ဖို့ သင် ပြောလျှင် ကျွန်ုပ် လုံးဝ မယုံကြည်ဘဲသာ နေလိုက်ချင်သည်”ဟု ပြောကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘောထား ဖြစ်သည် မဟုတ်လော။ “ဘုရားအိမ်တော်၌ အစေခံသူတစ်ဦးဖြစ်ရန် ကျွန်ုပ်ကို သင် ပြောလျှင် ဘုရားကို ကျွန်ုပ် ယုံကြည်ရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ထိုအရာသည် မည်သည့် အဓိပ္ပာယ် ရှိသေးသနည်း”ဟု ပြောသည့် အန္တိခရစ်များပင် ရှိသည်။ ထို့ကြောင့် ၎င်းတို့က ဘုရားအိမ်တော်၌ အလုပ်တစ်ခုကို တာဝန်ယူဆောင်ရွက်ပြီး တာဝန်ပေးစေခိုင်းချက်တစ်ခု သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုကို လက်ခံသည့်အခါ အောက်ပါအရာများကို ပထမဆုံး သဘောပေါက်ချင်ကြလေသည်။ “ဤအလုပ်ကို ငါ တာဝန်ယူပြီးနောက်တွင် ငါသည် အသင်းတော် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်လော သို့မဟုတ် အခြားသူတို့အတွက် အစေခံကာ အလုပ်လုပ်ပေးနေသည့် နောက်လိုက်ပါမွှားတစ်ဦးသာ ဖြစ်လိမ့်မည်လော”ဟူ၍ ဖြစ်သည်။ ဤအရာကို သဘောမပေါက်မီတွင် လောလောဆယ်၌ ၎င်းတို့ အလုပ်လုပ်ကြသည်။ ဤကာလအတောအတွင်းတွင် လူတို့၏ စကားများနှင့် အမူအရာများကို ၎င်းတို့ လေ့လာစောင့်ကြည့်ကြသည်၊ စူးစူးစိုက်စိုက် သေချာကြည့်ကာ နားစွင့်ထားကြပြီး အရင်းအမြစ် အမျိုးမျိုးထံမှ သတင်းအချက်အလက်များကို မေးမြန်းကြလေသည်။ ၎င်းတို့အနေဖြင့် ဤနေရာတွင် ယာယီ အစေခံမှု ပေးနေခြင်း ဟုတ်မဟုတ်၊ ဤအလုပ်ကို ၎င်းတို့ ရေရှည် လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့က ပျိုးထောင်၍ရသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်၊ သို့မဟုတ် နေရာလွတ်တစ်ခုကို ဖြည့်ဖို့ရန် ယာယီ အသုံးပြုခြင်းသာခံရသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ကို ၎င်းတို့က သိချင်ကြသည်။ ၎င်းတို့အနေဖြင့် နေရာလွတ်တစ်ခု ဖြည့်ဖို့ရန် အသုံးပြုခံရခြင်းသာဖြစ်ပြီး အခြားသူတို့၏ အကျိုးအတွက်လည်းကောင်း၊ အခြားသူတို့၏ ရာထူးနှင့် တန်ခိုးအာဏာတို့အတွက်လည်းကောင်း အစေခံဖို့ စေခိုင်းခြင်းခံရလျှင် ထိုအရာကို လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တာဝန်တစ်ခု လုပ်ဆောင်ရန် ၎င်းတို့ကို လိုအပ်ခြင်းရှိမရှိ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သည့် တာဝန်သည် ဘုရားအိမ်တော်၏ အလုပ်အတွက် မည်မျှအရေးကြီးသည်ဟူသည်တို့ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အနေဖြင့် ဤနေရာတွင် အခြေအနေကို ကြီးကြပ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ဖို့ တန်ခိုးအာဏာမရှိဘဲ အစေခံမှု ပေးနေခြင်းဖြစ်သည်ဟု သဘောပေါက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လုပ်ရပ်များတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ၎င်းတို့၏ တာဝန်ကို ပေါ့ဆကြသည်၊ မဆင်မခြင် ပြုမူကြသည်၊ အာဏာရှင်လည်း ဆန်လာပြီး မိမိတို့တာဝန်များကို မသိကျိုးကျွန်ပင်ပြုနိုင်ကာ အချိန်မရွေး စွန့်ခွာနိုင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် မိမိတို့ကိုယ်ပိုင်တာဝန်တို့ကို ကလေးသူငယ်များ၏ ကစားပွဲများဖြစ်သည့်အလား သဘောထားပြုမူကြသည်။ ၎င်းတို့တွင် ဤကဲ့သို့ပြောသည့် ဘဝဆောင်ပုဒ်တစ်ခု ရှိကြသည်။ “အခြားသူများက ထင်ပေါ်မှုကို ရယူနေကြစဉ်တွင် ကျွန်ုပ်သည် နောက်ကွယ်တွင် အားသွန်ခွန်စိုက် အလုပ်လုပ်နေမည် မဟုတ်ပါ”ဟူ၍ ဖြစ်၏။ ၎င်းတို့က “ငါသည် ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ငါသည် အခြေအနေကို ကြီးကြပ်ကာ ဆုံးဖြတ်ချက်များကို ချမှတ်ဖို့ တန်ခိုးအာဏာဖြင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုကို ငါ ဆုံးရှုံးရမည်ဆိုလျှင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်သည် အဘယ်အရာ ဖြစ်တော့မည်နည်း။ ဘုရားကို ယုံကြည်ခြင်း၌ အဘယ်အဓိပ္ပာယ်ရှိတော့မည်နည်း။ ဘုရားကို အဘယ်ကြောင့် ငါ ယုံကြည်နေသနည်း။ အဓိကကျသော ကောင်းချီးများကို ရရှိရန်အလို့ငှာ အရေးမပါသော အကျိုးကျေးဇူးများကို ငါ စွန့်ခဲ့သည် မဟုတ်လော။ ဤလိုအင်ဆန္ဒ မပြည့်နိုင်လျှင် လောကီ ရေပန်းစားမှုများနောက်သို့သာ ငါ မဆိုင်းမတွ လိုက်မည်ဖြစ်ပြီး ငရဲသို့သွားလိုက်မည်”ဟု တွေးကြသည်။ အန္တိခရစ်များ၏ နီတိမှာ အဘယ်နည်း။ “ထိပ်ဆုံးရောက်ဖို့ ၎င်းတို့သွားသည့်လမ်းတွင် ကျွန်ုပ်အား အမြတ်ထုတ်သည်ကို မည်သူ့ကိုမျှ ခွင့်ပြုမည် မဟုတ်ပါ။ ကျွန်ုပ်သည် အခြားသူများကို အသုံးချသည့်သူဖြစ်သည်။ လူတို့သည် မိမိတို့၏ ပံ့ပိုးမှုများပေါ် အခြေခံ၍ ဆုချီးမြှင့်ခြင်းခံရလျှင်၊ စာရင်း၏ ထိပ်ဆုံး၌ ကျွန်ုပ် ရှိသင့်သည်။ ထိုအခါမှသာ ထကြွလှုပ်ရှားတက်ကြွစွာ ကျွန်ုပ် အလုပ်လုပ်မည်ဖြစ်ပြီး အစွမ်းကုန်ပေးဆပ်မည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ကျွန်ုပ်ကို ထိုအရာအား လုပ်ခိုင်းရန် မမျှော်လင့်လေနှင့်။ သင်သည် ကျွန်ုပ်ကို အားစိုက်ထုတ်ခိုင်းလျှင်၊ သင့်ကို အကြံဉာဏ်ပေးဖို့ စေခိုင်းလျှင်၊ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှဖြင့် ကျွန်ုပ်ကို အလုပ်လုပ်ရန် စေခိုင်းသော်လည်း နောက်ဆုံးတွင် လူတို့အတွက် မိမိတို့၏ ပံ့ပိုးမှုများအပေါ် အခြေခံ၍ ဆုချီးမြှင့်ခံရမည့် အချိန်ရောက်လာသည့်အခါတွင် ကျွန်ုပ် မည်သည့်အရာကိုမျှ မရရှိပါက သင်တို့အတွက် အလုပ်လုပ်ဖို့၊ သင်တို့အတွက် မိမိကိုယ်ကို အသုံးခံကာ အစေခံဖို့ ကျွန်ုပ်ကို စေခိုင်းခြင်းနှင့်ပတ်သက်ပြီး သင်တို့ မမျှော်လင့်နှင့်”ဟူ၍ ဖြစ်၏။ ဤသည်တို့မှာ အန္တိခရစ်များ၏ စိတ်သဘောထားများနှင့်သက်ဆိုင်သည့် စစ်မှန်သော ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် “အစေခံသူ”အမည်နာမကို ပယ်ရှားရန် တမင်သက်သက် မကြိုးစားကြသော်လည်း ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရအရ၊ ထိုအရာကို ၎င်းတို့ စဉ်ဆက်မပြတ် ပယ်ရှားနေကြပြီး ဤအမည်နာမကို ဖယ်ရှားဖို့ အားထုတ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြသည်၊ ကြိုးစားနေကြပြီး ရုန်းကန်နေကြပေသည်။ အန္တိခရစ်တစ်ဦးက အလုပ်တစ်ခုခုကို တာဝန်ယူဆောင်ရွက်သည့်အခါ ၎င်းတို့တွင် ထင်ပေါ်ပြီး အများအာရုံစိုက်ခံရဖို့ အခွင့်အရေးတစ်ခုရှိလျှင် သို့မဟုတ် ၎င်းတို့တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ၎င်းတို့က ဆုံးဖြတ်ချက်များ ချမှတ်လျှင်၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာလျှင်၊ ရာထူး၊ ဩဇာလွှမ်းမိုးမှုနှင့် ဂုဏ်သိက္ခာတို့ ရှိပြီး ၎င်းတို့အောက်တွင် လူအချို့ရှိလျှင်၊ ၎င်းတို့ အလွန်သဘောကျနှစ်သက်ကြသည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက ၎င်းတို့နှင့် ပတ်သက်သည့် ပြဿနာတစ်ခုကို ဖော်ထုတ်ပြီး “စည်းမျဉ်းများအတိုင်း သင် ကိုင်တွယ်ရမည့်အစား သင် ဆန္ဒရှိသည့် မည်သည့်ပုံစံဖြင့်မဆို ကိုင်တွယ်သည့် အရာများစွာရှိသည်။ ဤသည်မှာ အစေခံမှုသက်သက် ပေးနေသည့် တစ်စုံတစ်ဦး၏ အပြုအမူဖြစ်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း မရှိပါ”ဟုဆိုလျက် ပြုပြင်လျှင် အန္တိခရစ်က ထိုအရာကို လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) ပထမဆုံးအနေဖြင့် ၎င်းတို့၏ အပြစ်ကင်းမှုကို ၎င်းတို့ ဖွင့်ဟပြောဆိုလိမ့်မည်၊ ထိုအရာကို ဆင်ခြေပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ကိစ္စကို ခုခံလျှောက်လဲလိမ့်မည်ဖြစ်ကာ ဒုတိယအနေဖြင့် “အစေခံမှု ပေးခြင်း”ဟူသည့် စကားများအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အတိုက်အခံဖြစ်ခြင်းတို့ကို ၎င်းတို့ ချက်ချင်း ခံစားမိလိမ့်မည်ဖြစ်သည့်အပြင် ယင်းတို့ကို လုံးဝ လက်ခံကြမည် မဟုတ်ပေ။ ၎င်းတို့က “ထိုသို့သော မြင့်မားသည့် အဖိုးအခတစ်ခုကို ကျွန်ုပ် ပေးပြီးဖြစ်ကာ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်သည်။ ကျွန်ုပ်သည် အလုပ်ကို စောစော အစပြုပြီး ညဉ့်နက်မှ အလုပ်ပြီးသည်။ ပြီးလျှင် ကျွန်ုပ် အိပ်ရေးပျက်ပြီး ထမင်းစားဖို့ မေ့သည့်တိုင် သင်က ကျွန်ုပ်သည် အစေခံမှုပေးနေသည်ဟု ပြောနေသေးသည်လော။ ဤကဲ့သို့ အစေခံမှု ပေးသောလူများ အမှန်တကယ် ရှိသလော။ ကျွန်ုပ်သည် ထိုသို့သော မြင့်မားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်ကာ ထိုအတွက် ငါ ရရှိခဲ့သည့်အရာအားလုံးမှာ ‘အစေခံသူ’နှင့်ဆိုင်သည့် ဤအမည်နာမ၊ ဤသတ်မှတ်ချက်ဖြစ်သည်။ သို့ဆိုလျှင် ငါ့အတွက် မျှော်လင့်စောင့်စားဖို့ မည်သည့်အရာ ရှိသနည်း။ ဘုရားကို ယုံကြည်ခြင်းတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ မည်သည့် အရင်းခံအကြောင်း ရှိသနည်း။ ဤဘုရားမျိုးကို မယုံကြည်ခြင်းက ပိုကောင်းသည်”ဟု ပြောကြလိမ့်မည်။ ၎င်းတို့၏ စိတ်ထက်သန်မှုကို ၎င်းတို့ ဆုံးရှုံးသွားကြသည်။ ပြုပြင်ခံရပြီးနောက်တွင် အန္တိခရစ်များက ထိုအရာကို လက်မခံရုံမက အတိုက်အခံဖြစ်ခြင်းလည်း ခံစားရပြီး အလွန်အမင်း မနှစ်မမြို့ ဖြစ်လာကာ အထင်လွဲခြင်းကိုပင် သာ၍ ဖြစ်ပေါ်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့ အလုပ်လုပ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည့်အခါ ၎င်းတို့၏ သဘောထားက ပြောင်းလဲသွားပြီး ၎င်းတို့က “ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယခုတွင် ငါသည် အစေခံသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို ငါ လုပ်သည့်အခါ ချင့်ချိန်လုပ်ဆောင်သင့်သည်၊ မိမိကိုယ်တိုင် အရံအစီအစဉ်တစ်ခု ချန်ထားကာ ရှိသမျှ အင်အားကို အကုန်မထုတ်သင့်ပေ။ ဘုရားက ဖြောင့်မတ်သည်ဟု လူတိုင်းပြောသည်။ သို့ဆိုလျှင် ငါသည် ထိုအရာကို အဘယ်သို့ဖြစ်ပြီး မမြင်နိုင်ရသနည်း။ ဘုရားက အဘယ်သို့ ဖြောင့်မတ်သနည်း။ မည်သည့်အရာကို ငါ လုပ်ဆောင်သည်ဖြစ်စေ ငါသည် အစေခံသူတစ်ဦးဖြစ်သည့်အတွက် ယခုချိန်မှစ၍ ဘုရားကို ငါ ယုံကြည်သည့်ပုံစံကို ငါ ပြောင်းလဲမည်။ အစေခံမှုကိုသာ ငါ ပေးမည်ဖြစ်ပြီး မည်သူ့ကို မည်သူက ကြောက်ရွံ့သည်ကို ငါတို့ ကြည့်ကြစို့။ ငါ လုပ်ဆောင်သည့် မည်သည့်အရာအတွက်မျှ ငါသည် ချီးမွမ်းခံရခြင်း သို့မဟုတ် အသိအမှတ်ပြုခံရခြင်း ရှိမည်မဟုတ်သည့်အတွက် ရှိပါစေတော့။ ငါ၏ အသက်ရှင်ခြင်းပုံစံနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့အား ငါ ပြောင်းလဲမည်။ သင် ငါ့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ငါ လုပ်ဆောင်မည် ဖြစ်ပြီး ငါ့တွင် စိတ်ကူးတစ်ခုတလေ ရှိလျှင် ထုတ်ပြောမည်မဟုတ်ပါ။ ပြောချင်သူ မည်သူမဆို ပြောနိုင်သည်။ တစ်စုံတစ်ဦးက ငါ့ကို ပြုပြင်လျှင်၊ အပေါ်ယံတွင် သူတို့ကို ငါ သဘောတူပုံပေါ်မည်ဖြစ်ပြီး တစ်ဦးတလေက မိမိ၏ အလုပ်တွင် အမှားတစ်ခုပြုမိလျှင် ထိုအမှားကို ငါ သတိပြုမိလျှင်ပင် မည်သည့်အရာကိုမျှ ပြောမည်မဟုတ်ပါ။ စည်းမျဉ်းများကို သိနားလည်ခြင်းမရှိဘဲ တစ်စုံတစ်ဦးက ပြုမူဆောင်ရွက်လျှင် ထိုစည်းမျဉ်းများကို ငါ နားလည်လျှင်ပင် ၎င်းတို့ကို ပြောပြမည် မဟုတ်ပါ။ ၎င်းတို့ လူနုံလူအများကဲ့သို့ ပြုမူသည်ကို ငါ စောင့်ကြည့်ရုံ စောင့်ကြည့်မည်၊ ကျွန်ုပ်ကဲ့သို့ သူတို့လည်း ပြုပြင်ခြင်းခံရဖို့အလို့ငှာ သူတို့ကို အမှားများပြုလုပ်ခွင့်ပေးမည်ဖြစ်ပြီး အစေခံသူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခံရခြင်းက မည်ကဲ့သို့ခံစားရသည်ဟူသည့် အတွေ့အကြုံအား ၎င်းတို့ ကိုင်တွယ်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်မည်။ သင်တို့သည် ငါ့ကို အခက်ကြုံစေခဲ့သည့်အတွက် သင်တို့အတွက် အမှုအရာများကို ငါ အခက်ကြုံစေမည်ဖြစ်ပြီး သင်တို့ကိုလည်း အေးအေးဆေးဆေး နေခွင့်ပေးမည် မဟုတ်ပါ”ဟု စဉ်းစားကြသည်။ ပြုပြင်ခံရခြင်းနှင့် ဆုံးမပဲ့ပြင်ခံရခြင်းမျှက ၎င်းတို့အား ထိုသို့သော ပြင်းထန်သည့် စိတ်ခံစားမှုများနှင့် အတိုက်အခံဖြစ်သည့် ခံစားချက်များကို ခံစားစေသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) အစေခံမှု ပေးခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ ဘုရားသခင်အတွက် အစေခံမှုပေးခြင်းက ဆိုးသလော။ ဘုရားသခင်အတွက် အစေခံမှုပေးခြင်းက သင်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသလော။ သူ့အတွက် သင်၏ အစေခံမှုပေးခြင်းနှင့် ဘုရားသခင် ထိုက်တန်သည် မဟုတ်လော။ သို့ဆိုလျှင် သင့်အတွက် ဘုရားသခင်အား မည်သည့်အရာကို လုပ်ဆောင်စေခြင်းနှင့် သင် ထိုက်တန်သနည်း။ သင်သည် အဘယ်ကြောင့် ဤစကားများအပေါ် အလွန် ဆတ်ဆတ်ထိမခံဖြစ်ပြီး အတိုက်အခံဖြစ်နေရသနည်း။ ဖန်ဆင်းရှင်သည် လူသားများကြား အသက်ရှင်ကာ ဖောက်ပြန်ပျက်စီးသည့် လူသားတိုင်းကို၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သည့် လူသားများကို အစေခံသည့် လူတစ်ဦးဖြစ်လာရန် မိမိကိုယ်ကို နှိမ့်ချခဲ့သည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အစေခံမှု အနည်းငယ်ကို အဘယ်ကြောင့် မပေးနိုင်ကြသနည်း။ ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ ထိုအရာနှင့်ပတ်သက်၍ မကောင်းသတင်း ကျော်စောသည့်အရာ တစ်စုံတစ်ခု ရှိသလော။ ထိုအရာနှင့်ပတ်သက်၍ ပြောမထွက်နိုင်သောအရာ တစ်စုံတစ်ခု ရှိသလော။ ဘုရားသခင်၏ နှိမ့်ချခြင်း၊ ပုန်းကွယ်မှုတို့နှင့် ယှဉ်ကြည့်သည့်အခါ၊ လူသားများသည် အစဉ်ထာဝရ စက်ဆုပ်ဖွယ်ဖြစ်ပြီး အကျည်းတန်ကြလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။

ယခုတွင် သမ္မာတရားကို လိုက်စားသည့် ဖောက်ပြန်ပျက်စီးသော လူများသည် “အစေခံသူ”အမည်နာမကို ကြားသည့်အခါ တဒင်္ဂမျှတာ စိတ်မကောင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤအရာသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသို့ ရောက်ရှိရန် သမ္မာတရား လိုက်စားဖို့ ၎င်းတို့ကို လှုံ့ဆော်ပေးနိုင်သည့် တွန်းအားပေးသော အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်က လူတို့ကို ပေးသည့် ဤအမည်နာမကို အလွန် ဆတ်ဆတ်ထိမခံ မဖြစ်ကြပေ။ သို့သော် ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍မူ မမှန်ပေ။ ၎င်းတို့သည် လူတို့ကို ဘုရားသခင်ပေးသည့် အမည်များနှင့်ပတ်သက်၍ အမြဲ အလွန် အပြစ်မရှိအပြစ်ရှာကြပြီး ယင်းတို့ကို နှလုံးသွင်းကြလေသည်။ ဘုရားသခင်ပြောသည့် စကားရပ်တစ်ခုက ၎င်းတို့၏ အကျိုးစီးပွားများအပေါ် ထိပါးကာ ၎င်းတို့ကို ထိခိုက်စေဖို့က များစွာမလိုအပ်ပေ။ ပြီးလျှင် ဘုရားသခင် ပြောသည့် တစ်စုံတစ်ရာက ကောင်းချီးများ ရရှိဖို့ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့ကို ဆန့်ကျင်သည့်အခါ ထိုအရာက ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားမှုအား ထိခိုက်လေသည်။ ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားခြင်းနှင့် ဂုဏ်သိက္ခာတို့ ထိခိုက်သည့် တဒင်္ဂတွင် ၎င်းတို့က ဘုရားသခင်ကို ဝေဖန်၊ ငြင်းပယ်ပြီး သစ္စာဖောက်ကြလေသည်။ ဘုရားသခင်ကို ၎င်းတို့ စွန့်ခွာချင်ကြသည်၊ မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် မလိုမလားဖြစ်သည့် တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို မဖြောင့်မတ်ခြင်းအတွက်လည်းကောင်း၊ လူတို့နှင့်ပတ်သက်၍ စာနာမှုမရှိခြင်းအတွက်လည်းကောင်း ကျိန်ဆဲကြလေသည်။ လူအချို့က ဘုရားသခင်ကို နှစ်သက်သဘောကျစေဖို့ အလွန် ခက်ခဲကြောင်းနှင့် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ မမှန်ကန်ကြောင်းပင် ပြောဆိုကြသည်။ ဤစကားများ၊ ခံစားချက်များနှင့် စိတ်သဘောထားများသည် အန္တိခရစ်များထံမှ လာသည်ချည်းသာ ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံသည့် သဘောထားတစ်ခု လုံးဝ မရှိခြင်းအပြင် ၎င်းတို့က ဘုရားသခင် ပြောဆိုသည့် အမျိုးမျိုးသော အရာများနှင့် ပတ်သက်လာသည့်အခါလည်း ချစ်တီးခေါင်းသန်းရှာ လုပ်ကြပြီး ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များအပေါ် အလေးမထားကြသကဲ့သို့ စိတ်မဝင်မစားဖြစ်ကြသည်။ ၎င်းတို့သည် ဤ “အစေခံသူ” အမည်နာမကို စဉ်ဆက်မပြတ် အတိုက်အခံဖြစ်ကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို သိနားလည်ဖို့ ရည်ရွယ်ချက်တစ်ခုတလေ ရှိရန် မဆိုထားနှင့်၊ ထိုအမည်နာမကို လက်ခံဖို့ သို့မဟုတ် ကျိုးနွံနာခံဖို့ မည်သည့်ရည်ရွယ်ချက်မျှ မရှိကြပေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ ဤသတ်မှတ်ချက်နှင့် ပင်ကိုလက္ခဏာ၊ ဤအဆင့်အတန်းနှင့် “အစေခံသူ”နှင့်ဆိုင်သည့် ရာထူးတို့ကို ဖယ်ရှားဖို့ တစိုက်မတ်မတ် ကြိုးစားခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို အထမြောက်အောင် ဆောင်ရွက်ရန်အလို့ငှာ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည် သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မည်သို့ စွမ်းဆောင်ရရှိရမည်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ ဝင်ရောက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရမည်ဟူသည်တို့ကို အနည်းငယ်မျှ ၎င်းတို့ မရှာဖွေကြပေ။ ဤအပြုသဘောဆောင်သည့် အရာများကို ၎င်းတို့ လုံးဝ မလိုက်စားကြသကဲ့သို့ အစေခံသူများအဖြစ် ၎င်းတို့ ဖော်ထုတ်ခံရသည့်အခါတွင်ပင် ၎င်းတို့ ခံစားရသည့် မခံမရပ်နိုင်ဖြစ်ခြင်းနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ တစ်ပြိုင်နက်တည်း ပွင့်ထွက်လာလေသည်။ ဤအရာသည် မည်မျှ ပြင်းထန်နိုင်သနည်း။ အချို့သော အန္တိခရစ်များသည် “ဘုရားသခင်က မဖြောင့်မတ်ပါ။ မဖြောင့်မတ်မည့်အတူတူ ဤဘုရားမျိုးကို ကျွန်ုပ်လည်း ကိုးကွယ်မည် မဟုတ်ပါ”ဟု ဆိုလျက် ဘုရားသခင်ကို အများပြည်သူ နေရာများတွင် တိတ်တဆိတ် ကျိန်ဆဲနေစဉ် မမြင်ကွယ်ရာတွင် သူ့ကို ကျယ်လောင်စွာ ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ကာ ဆန့်ကျင်ကြသည်။ ဤ “အစေခံသူ”ဟူသည့် စကားလုံးသက်သက်က ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အန္တိခရစ်များ၏ အနှစ်သာရကို ထုတ်ဖော်လေသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘောသဘာဝများက “အစေခံသူ”ဟူသည့် စကားလုံးရှေ့တွင် လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံရကာ လုံးဝ ဖွင့်ချခြင်းခံရလေသည်။ အတိအကျအားဖြင့် မည်သည့်အရာက ဖွင့်ချခြင်းခံရသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်မှာ ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံရန် သို့မဟုတ် သမ္မာတရားကို လက်ခံရန်အတွက် မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် သို့မဟုတ် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်လည်း ယုံကြည်ကြခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့သည် ကိုယ်တော်ထံမှ တစ်စုံတစ်ရာကို အလိုရှိသောကြောင့် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်၏။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် ဘုရားသခင်၏ အိမ်တော်သို့ လာရောက်ခြင်းကို ခံယူကြ၏။ မိမိတို့ကိုယ်ပိုင် နည်းလမ်း၊ အားထုတ်မှုများ၊ အလုပ်ကြိုးစားမှုနှင့် ရုန်းကန်မှုများမှတစ်ဆင့် လူအုပ်မှ ထင်ပေါ်ဖို့ရန်နှင့် ကောင်းချီးများ ရရှိဖို့ အချည်းနှီး ကြိုးပမ်းကြသည် သို့မဟုတ် ပိုကောင်းသည်မှာ ၎င်းတို့၏ နောင်ဘဝတွင် သာ၍ ကြီးမားသော ဆုလာဘ်တစ်ခုကိုပင် ရကောင်းရရှိနိုင်ဖို့အတွက် အချည်းနှီး ကြိုးပမ်းကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ အမြင်တွင် “အစေခံသူ”ဟူသည့် စကားလုံးသည် အရှက်ရစေသော တစ်စုံတစ်ခု ဖြစ်ပြီး နိမ့်ကျသော ဝေါဟာရ၊ ၎င်းတို့ လုံးဝ လက်မခံနိုင်သည့် တစ်စုံတစ်ရာ အစဉ်ထာဝရ ဖြစ်ပေသည်။ အချို့သော ညီအစ်ကို မောင်နှမများက “ဘုရားသခင်အတွက် အစေခံမှု ပေးခြင်းသည် ငါတို့၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ ထိုအရာသည် ကောင်းမြတ်သည့်အရာတစ်ခု၊ ဂုဏ်ယူဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်သည်”ဟု တွေးကြသည်။ သို့သော် အန္တိခရစ်များက ဤအချက်ကို လုံးဝ လက်မခံကြသကဲ့သို့ “ဘုရားအတွက် အစေခံမှုပေးခြင်းသည် ကျွန်ုပ်တို့၏ ကောင်းချီးမင်္ဂလာလော။ ယင်းမှာ ပြောရမည့် မည်သည့်အရာမျိုး ဖြစ်သနည်း။ အဓိပ္ပာယ်မဲ့သည့် စကားများပါတကား။ ယင်းကို လုပ်ဆောင်ရာတွင် ကောင်းချီးမင်္ဂလာမှာ အဘယ်မှာရှိသနည်း။ ပျော်ရွှင်မှုမှာ အဘယ်မှာနည်း။ ဘုရားအတွက် အစေခံမှု ပေးခြင်းအားဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ အစေခံမှုပေးခြင်းမှ ငွေ၊ ရွှေ သို့မဟုတ် ရတနာကို သင် ရရှိနိုင်သလော။ သို့မဟုတ် အိမ်တစ်အိမ်နှင့် ကားတစ်စီး သင် ရနိုင်သလော။ အစေခံမှု ပေးသူတိုင်း ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ လူကောင်းများဖြစ်သည့် အစေခံသူတစ်ဦးတလေ ရှိသလော။ အစေခံမှုပေးသည့် မည်သူကမျှ မည်သည့်အရာကိုမျှ လုံးဝ ရရှိလိမ့်မည် မဟုတ်ပါ”ဟု ပြောကြလေသည်။ ဘုရားသခင်အတွက် “အစေခံမှုပေးခြင်းသည် လူသားမျိုးနွယ်အပေါ် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်”ဟူသည့် ညီအစ်ကို မောင်နှမများ မိတ်သဟာယပြုခဲ့သော အချက်ကို ၎င်းတို့ လက်မခံကြသကဲ့သို့ ထိုအရာအပေါ် အတိုက်အခံဖြစ်ကာ စက်ဆုပ်မှု ခံစားကြလေသည်။ အခြားအရာတစ်ခုတလေကို ၎င်းတို့ နားထောင်ရန် လိုလားကြမည် ဖြစ်သည်။

အန္တိခရစ်များသည် လောကတွင် မည်သည့်အရာရှိမဆိုအတွက် သို့မဟုတ် ရာထူးနှင့် သိက္ခာရှိသည့် မည်သူ့မဆိုအတွက် မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်၊ အစေခံပြီး အဖျော်ယမကာများကို လောင်းငှဲ့ပေးနိုင်ကြကာ ဤလူများအတွက် အစေခံမှု ပေးခြင်းကိုပင် လက်ခံကြလိမ့်မည်ဖြစ်ပြီး ထိုအရာကို ဝမ်းသာအားရ လုပ်ဆောင်ပေးကြလိမ့်မည်။ ဘုရားသခင်အတွက် အစေခံမှု ပေးဖို့ ၎င်းတို့ လာကြသည့်အခါတွင်သာ ၎င်းတို့သည် မလိုမလားဖြစ်ပြီး အင်တင်တင် ဖြစ်လာကြသည်၊ မကျေမနပ်ပြောခြင်းများ၊ အတိုက်အခံဖြစ်ခြင်း၊ ခံစားချက်များဖြင့် ပြည့်လာကြလေသည်။ ဤလူများသည် မည်သည့် သတ္တဝါမျိုး ဖြစ်ကြသနည်း။ ဤသည်တို့မှာ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ရှိသင့်သော သရုပ်သကန်များ ဖြစ်သလော။ ဤသည်တို့မှာ သိသာထင်ရှားစွာပင် အန္တိခရစ်များ၏ အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မြို့တော်ဝန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် ဂုဏ်သရေရှိသော မည်သည့်နိုင်ငံရေးသမားကိုမဆို အစေခံဖို့ လောကထဲသို့ ဝင်ရောက်ရမည်ဆိုလျှင် ၎င်းတို့က ဤအရာသည် မိမိတို့၏ ဘိုးဘေးများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးပြီး မိမိတို့ မိသားစုကို ဂုဏ်ယူစေသည့် အရာတစ်ခုဖြစ်သည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့ အလွန့်အလွန် ပျော်ရွှင်ကြမည်၊ အရူးအမူး ဝမ်းသာကြမည်ဖြစ်သည်။ ၎င်းတို့၏ အလုပ်က မည်သည့်အရာဖြစ်သည်ကို တစ်ဦးတလေက မေးလျှင် “ကျွန်ုပ်သည် မြို့တော်ဝန်ကို အစေခံသည်။ မြို့တော်ဝန်၏ ရင်းနှီးသော အခြွေအရံ၊ သူ၏ ကိုယ်ရံတော်ဖြစ်သည်”ဟု ပြောကြပေမည်။ သို့မဟုတ် ၎င်းတို့က “သမ္မတ၏ နေ့စဉ်လိုအပ်ချက်များကို ကျွန်ုပ် တာဝန်ယူရသည်”ဟု ပြောကြပေမည်။ ဤအရာကို ၎င်းတို့က အလွန်ဂုဏ်ယူစွာ ပြောဆိုကြပေမည်။ ဤသည်မှာ အဆင့်မြင့် အလုပ်တစ်ခု ဖြစ်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ မိသားစုတစ်စုလုံးက ထိုအလုပ်နှင့်ဆိုင်သည့် ဂုဏ်အသရေကို မျှဝေခံစားကြမည်ဟူ၍လည်းကောင်း တွေးထင်ကြလေသည်။ ၎င်းတို့သည် ညဘက်တွင် အိပ်မက်မက်ပြီး ပျော်ရွှင်စွာနှင့် နိုးထလာကြမည်ဖြစ်ကာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို ကွယ်ဝှက်ထားကြမည် မဟုတ်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ရှက်ဖွယ်သောအရာအဖြစ် မြင်ကြမည် မဟုတ်ပေ။ ထိုအလုပ်က ဂုဏ်ယူဖွယ်ဖြစ်သည်၊ ၎င်းတို့ကို အခြားသူများထက် သာလွန်စေသည့် အလုပ်တစ်ခု၊ ၎င်းတို့ကို ဂုဏ်ရောင်ဂုဏ်ဝါ တောက်ပစေသည့် အလုပ်တစ်ခုဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ သို့သော် ဤသို့သော တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် သူ့အတွက် အစေခံမှုပေးရန် စေခိုင်းခြင်းခံရလျှင် ထိုအရာကို လုပ်ဆောင်ဖို့ မလိုမလား ဖြစ်နေတတ်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့သည် အတိုက်အခံဖြစ်ခြင်းကို ခံစားရပြီး ညည်းပင်ညည်းညူကြကာ ဘုရားသခင်ကို ကျိန်ဆဲကြသည့်အပြင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကာ ငြင်းလည်းငြင်းပယ်နိုင်ကြလေသည်။ ဤအရာနှစ်ခုကို နှိုင်းယှဉ်ကြည့်သည့်အခါ အန္တိခရစ်များက အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့က စာတန်၏ ဂိုဏ်းနှင့် သက်ဆိုင်ကြောင်းကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့က စာတန်ကို မည်သို့ ပြုစုသည်ဖြစ်စေ၊ ပြီးလျှင် ထိုအလုပ်က မည်မျှ ညစ်ပတ်သည်ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်စရာဖြစ်သည်ဖြစ်စေ သို့မဟုတ် အရှက်ရစရာဖြစ်သည်ဖြစ်စေ၊ ၎င်းတို့က ထိုအလုပ်ကို ဂုဏ်တစ်ခုအဖြစ် ယူဆကြသည်။ သို့သော် ဘုရားသခင်အတွက် သူ၏ အိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ၎င်းတို့ လုပ်ဆောင်သည့် အရာများက မည်မျှ အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ တန်ဖိုးရှိသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာများကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ မည်မျှ ချီးမြှောက်ခံရသည်ဖြစ်စေ၊ ဤအရာများကို စကားထဲထည့်မပြောထိုက်သည့် အရာအဖြစ် အမြဲ ယူဆကြသည်။ ထိုအရာက မည်သည့် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးခြင်းက မည်မျှ ဂုဏ်ယူဖွယ်ဖြစ်သည်ဖြစ်စေ၊ ပြီးလျှင် ထိုအရာက လူသားမျိုးနွယ်အတွက် အဘယ်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခု ဖြစ်သည်ဖြစ်စေ၊ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဝမ်းကိုမသာနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုသာ ရှိ၏။ အန္တိခရစ်များသည် စာတန်၏ဂိုဏ်းနှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ကြပြီး ဘုရားသခင်ကို ပင်ကိုအားဖြင့် ဆန့်ကျင်လိုကြသည့် အသက်ရှင်နေသော စာတန်များ ဖြစ်သည်။ ဘုရားသခင်ကို အစေခံကာ ဘုရားသခင်အတွက် အစေခံမှုပေးရန် စေခိုင်းခြင်းခံရလျှင် ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ ဝမ်းကိုမသာနိုင်ကြပေ။ ဘုရားအိမ်တော်က လူတို့နှင့်အတူ သမ္မာတရားကို မည်မျှမိတ်သဟာယပြုသည်ဖြစ်စေ၊ “အစေခံသူ” အမည်နာမနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတို့အား နားလည်စေရန် မည်သို့ ကြိုးစားသည်ဖြစ်စေ၊ အန္တိခရစ်များက ဖန်ဆင်းရှင်အတွက် ဖန်ဆင်းခံက အစေခံမှုပေးခြင်းသည် ဂုဏ်ယူဖွယ် ဖြစ်သည့်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသည့် အရာတစ်ခုဖြစ်ကြောင်း အမှန်တရား သို့မဟုတ် သမ္မာတရားကို လက်ခံရန် မဆိုထားနှင့်၊ ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြ သို့မဟုတ် ထိုအရာနှင့် ဆက်စပ်သည့် မည်သည့် သမ္မာတရားကိုမျှ လက်မခံနိုင်ကြပေ။ ဤသည်မှာ “အစေခံသူ” အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် သဘောထားဖြစ်သည်။ ဤအမည်နာမနှင့် ရင်ဆိုင်ရပြီး လူတို့က ဘုရားသခင်အတွက် အစေခံမှုပေးခြင်းနှင့်ဆိုင်သည့် အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များ လုပ်ဆောင်ဖူးသမျှမှာ အမှန်တရားကို လက်ခံခြင်း၊ ဘုရားသခင်ထံမှ ဤ“အစေခံသူ” အမည်နာမကို ခံယူခြင်းနှင့် ထို့နောက်တွင် သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကြောက်ရွံ့ခြင်းအစား ဤအမည်နာမကို ဖယ်ရှားပြီး ဤအမှန်တရားကို ရှောင်လွှဲဖို့ ကြိုးပမ်းခြင်း ဖြစ်သည်။ “အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ ပြသသည့် သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ အန္တိခရစ်များသည် စာတန်၏အနွယ်ဝင် ဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ ရန်လိုသော အင်အားစုများနှင့် သက်ဆိုင်ကြပြီး ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သည့် အရာများအားလုံးကို ဆန့်ကျင်လိုကြသည်ဟု ဆိုရပေမည်။

“အစေခံသူ”အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် သဘောထားသည် လက်မခံခြင်း၊ အတိုက်အခံလုပ်ခြင်း၊ စက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းတို့နှင့်ဆိုင်သည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအမည်နာမက မည်သူ့ထံမှ လာသည်ဖြစ်စေ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းက အောက်တန်းကျကြောင်း၊ မည်သူ့အတွက် ၎င်းတို့ အစေခံမှုပေးနေသည်ဖြစ်စေ ထိုအမည်နာမက အမြဲ အောက်တန်းကျကြောင်းကို ယုံကြည်လျက် ထိုအမည်နာမအပေါ် ၎င်းတို့သည် စဉ်ဆက်မပြတ် အတိုက်အခံဖြစ်ခြင်းကို ခံစားကြပြီး လက်မခံကြပေ။ “အစေခံသူ”သည် လူ၏ အနှစ်သာရအပေါ် အခြေခံ၍ ဘုရားသခင်က လူကို ပေးသည့် သတ်မှတ်ချက်တစ်ခု မဟုတ်ဘဲ လူ၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးကို စိန်ခေါ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ကြ၏။ ဤသည်မှာ “အစေခံသူ”အမည်နာမနှင့်ပတ်သက်၍ အန္တိခရစ်များတွင်ရှိသည့် အဓိကအမြင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် အန္တိခရစ်များ၏ သဘောထားမှကြည့်လျှင် ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို စံသတ်မှတ်ချက်များအဖြစ် သို့မဟုတ် သမ္မာတရားအဖြစ် သဘောထားကြရမည့်အစား ၎င်းတို့အနေဖြင့် စေ့စေ့ကြည့်ရှုစစ်ဆေးကာ စိစစ်ရမည့် အရာများအဖြစ် သဘောထားကြသည်ကို ငါတို့ မြင်နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်း သို့မဟုတ် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသည်ကို လက်ခံခြင်းနှင့်ဆိုင်သည့် အကြောင်းပြချက်အရ ဘုရားနှုတ်ကပတ်တော်များကို လက်ခံရမည့်အစား စေ့စေ့ကြည့်ရှုစစ်ဆေးခြင်း၊ အတိုက်အခံဖြစ်မှုကို ခံစားခြင်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းတို့နှင့်ဆိုင်သည့် အကြောင်းပြချက်အရ ဘုရားနှုတ်ကပတ်တော်များကို ချဥ်းကပ်ကြလေသည်။ ၎င်းတို့အတွက်မှာမူ ဘုရားသခင်ပြောသည့် စကားလုံးတိုင်းနှင့် မြွက်ဆိုသော မိန့်မြွက်ချက်တိုင်းသည် စေ့စေ့ကြည့်ရှုစစ်ဆေးရမည့် အရာတစ်ခုဖြစ်ပြီး “အစေခံသူ” အမည်နာမမှာ ခြွင်းချက်မဟုတ်ပေ။ ၎င်းတို့သည် “အစေခံသူ”ဟူသည့် စကားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် တွေးဆခြင်းတွင် အားထုတ်ကြပြီး ဘုရားနှုတ်ကပတ်တော်များ၌ ဘုရားသခင်သည် အစေခံသူများကို ကောင်းမြတ်သည့်သူအဖြစ် သဘောမထားဘဲ ထို့ထက် အောက်တန်းကျသောသူ၊ နိမ့်ကျသောသူ၊ တန်ဖိုးမဲ့သောသူ အဖြစ်လည်းကောင်း၊ ဘုရားသခင် မချစ်သည့် လူများအဖြစ်လည်းကောင်း၊ ဘုရားသခင် အလွန်မုန်းတီးစက်ဆုပ်သည့် လူများအဖြစ်လည်းကောင်း သဘောထားသည်ဟု ၎င်းတို့ မြင်ကြသည်။ ဤသည်မှာ “အစေခံသူ” အမည်နာမအပေါ် ဘုရားသခင်၏ သဘောထားဖြစ်သော်လည်း ထိုအတွက် ဆက်စပ်အကြောင်းအရာတစ်ခုရှိပြီး ဘုရားသခင်က ထိုသို့သော သဘောထားတစ်ခုရှိရခြင်းအတွက် အကြောင်းရင်းတစ်ခု ရှိပေသည်။ ထိုအရာသည် လူ၏ အနှစ်သာရအပေါ် အခြေခံပေသည်။ ၎င်းတို့ မမြင်သေးသည့် နောက်ထပ် အမှန်တရားတစ်ခုလည်း ရှိ၏။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မည်မျှ အလွန်စက်ဆုပ်ကာ မုန်းတီးသည်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် လုံးဝ လက်မလျှော့ခဲ့သကဲ့သို့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အလုပ်ကို မရပ်တန့်ခဲ့ပေ။ အန္တိခရစ်များက ဤအမှန်တရားကို မယုံကြည်ကြသကဲ့သို့ အသိအမှတ်မပြု သို့မဟုတ် မမြင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်က လူအမျိုးမျိုးတို့၏ အဆုံးသတ်များနှင့်ပတ်သက်၍လည်းကောင်း၊ အထူးသဖြင့် “အစေခံသူ”အမည်နာမနှင့် စပ်လျဉ်း၍လည်းကောင်း ပြောရန်ရှိသည့်အရာ အပေါ်ကိုသာ အစွဲကြီးနေကြသည်။ ၎င်းတို့တွင် အလွန့်အလွန် ဆတ်ဆတ်ထိမခံသော သဘောထားတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် “အစေခံသူ”အမည်နာမကို ဆင်မြန်းလျက် ဘုရားသခင်အတွက် အစေခံမှုပေးရန် မဆိုထားနှင့်၊ အစေခံသူများ မဖြစ်ချင်ကြသကဲ့သို့ အစေခံသူများအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်းကို မခံလိုကြပေ။ ထို့ကြောင့် အန္တိခရစ်များက ဘုရားအိမ်တော်သို့ ရောက်လာကြသည့်အခါ ၎င်းတို့ကိုယ်တိုင်က အစေခံသူများ ဟုတ်မဟုတ်ဟူသည်ကို မေးမြန်းရင်း မတူကွဲပြားသော အသိုင်းအဝိုင်းများစွာတွင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ၎င်းတို့နှင့်ပတ်သက်၍ လူတို့ ပြောသည့်အရာတို့မှလည်းကောင်း စုံစမ်းမှုများ ပြုလုပ်ကြသည်။ ၎င်းတို့က ရိုးသားသည့် စကားများကို ကြားချင်ကြပြီး ထိုကိစ္စ၏ အမှန်တရားကို သိချင်ကြသည်။ ၎င်းတို့သည် အစေခံသူများ ဟုတ်သလော၊ သို့မဟုတ် မဟုတ်သလော။ ဟုတ်လျှင် ၎င်းတို့ ချက်ချင်းပင် နှောင့်နှေးခြင်းမရှိဘဲ ထွက်သွားကြသည်။ ဘုရားသခင်အတွက်ဖြစ်စေ၊ ဘုရားအိမ်တော်အတွက်ဖြစ်စေ ၎င်းတို့ အစေခံမှု မပေးကြပေ။ ၎င်းတို့တွင် “အစေခံသူ”အမည်နာမအပေါ် ထိုသို့သော ပြင်းထန်သည့် တုံ့ပြန်ချက်တစ်ခု ရှိကြပြီး အန္တိခရစ်များနှင့်ပတ်သက်သရွေ့ ပင်ကိုလက္ခဏာ၊ ရာထူး၊ အလားအလာများ၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့သည် အမြဲတစေ လိုက်စားရမည့်အရာများဖြစ်ပြီး လုံးဝ မစွန့်ပစ်ရသည့် အကျိုးစီးပွားများဖြစ်သည်မှာ သိသာထင်ရှားလာလေသည်။ အန္တိခရစ်များအတွက်မှာမူ အစေခံသူများသည် ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း လူသားမျိုးနွယ်ထဲ၌ အနိမ့်ဆုံး အဆင့်တွင်ရှိသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ဤအမှန်တရားနှင့် ဤအမည်နာမကို လူမည်မျှက လက်ခံသည်ဖြစ်စေ အန္တိခရစ်များက ထိုအရာကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ်။ အလုပ်ကို လုပ်ဆောင်နေချိန်တွင် အခြားသူတို့က ၎င်းတို့အတွက် အစေခံမှုပေးရန်၊ ၎င်းတို့ စကားကို နားထောင်ရန်၊ ၎င်းတို့ကို နာခံကာ ၎င်းတို့ကို ဗဟိုပြုရန်သာ တောင်းဆိုကြပြီး မိမိတို့ကိုယ်တိုင် အခြားသူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် အမှုအရာများကို ဆွေးနွေးရန် သို့မဟုတ် အခြားသူတို့၏ အယူအဆများကို မေးမြန်းရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် လုံးဝ သတ်မှတ်ခြင်းမရှိကြပေ။ ၎င်းတို့က “ငါသည် အမှုအရာများကို လုပ်ဆောင်ချိန်တွင် အခြားသူတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အမှုအရာများကို ဆွေးနွေးကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဆိုလျှင် မိမိကိုယ်ကို ဂုဏ်ငယ်စေမည်ဖြစ်ပြီး ငါ၏ လုပ်ပိုင်ခွင့် ဆုံးရှုံးခြင်း ဖြစ်မည်ဖြစ်ကာ ယင်းသည် အစေခံမှု ပေးခြင်း ဖြစ်မည် မဟုတ်လော။ အခြားသူတို့က ထင်ပေါ်အောင် လုပ်နေကြစဉ်တွင် ငါသည် နောက်ကွယ်၌ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေခြင်းဖြစ်မည် မဟုတ်လော။ ငါသည် အခြားသူများကို ပြုစုကာ အစေခံနေခြင်း ဖြစ်မည် မဟုတ်လော”ဟု တွေးကြလေသည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်ချင်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်တို့သည် အခြားသူတို့အား ၎င်းတို့ကို ဂရုစိုက်ရန်၊ ၎င်းတို့ကို အရှုံးပေးအပ်နှံရန်၊ ၎င်းတို့ကို နားထောင်ရန်၊ ၎င်းတို့ကို အသိအမှတ်ပြုရန်၊ ၎င်းတို့ကို အလွန်ချီးမွမ်းရန်၊ အရာခပ်သိမ်း၌ ၎င်းတို့ကို အကောင်းမြင်ခံရအောင် လုပ်ပေးရန်၊ ၎င်းတို့ကို နေရာပေးရန်၊ ၎င်းတို့ကို အစေခံရန်နှင့် ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်သာ တောင်းဆိုကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာနှင့်အညီ သင့်တင့်လျောက်ပတ်သော ဆုလာဘ်များနှင့် သင့်တော်သော သရဖူတစ်ခုကို ပေးရန်ပင် ဘုရားသခင်ကို တောင်းဆိုကြသည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်က မည်မျှ ကြီးမားသည့် အဖိုးအခတစ်ခု ပေးပြီးဖြစ်သည်ဆိုသည်နှင့် သူ မည်မျှ ဆင်းရဲဒုက္ခခံစားပြီးဖြစ်သည်၊ သူ့ကိုယ်သူ မည်မျှ နှိမ့်ချပြီးဖြစ်သည်ဆိုသည်နှင့် လူသားမျိုးနွယ်အတွက် သူ မည်မျှ ထောက်ပံ့ပြီးဖြစ်သည်ဆိုသည်တို့ကို တစ်ဦးတလေက ဖော်ပြသည့်အခါတွင်ပင် အန္တိခရစ်များက ဤစကားများကို ကြားပြီး ဤအမှန်တရားများကို မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်း မရှိကြဘဲ ယင်းတို့ကို ဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားကြ၏။ ထိုသို့သော အရာများကို အန္တိခရစ်များက မည်သို့ အနက်ပြန်ကြသနည်း။ ၎င်းတို့က “ဘုရားသခင်သည် လူအတွက် အရာရာကို လုပ်ဆောင်ပေးရမည်ဖြစ်ပြီး လူအပေါ် အကောင်းဆုံးကို ပေးသနားရမည်၊ လူအပေါ် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ပေးသနားရမည်ဖြစ်ပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးသနားရမည်ဖြစ်သည်။ ဤအရာအားလုံးကို လူအပေါ် သူ ရည်စူးပေးအပ်ရမည်။ ထိုအရာသည် သူ၏ ဝတ္တရားဖြစ်သည်။ ပြီးလျှင် လူတို့က ဘုရားအတွက် အမှုအရာများကို စွန့်လွှတ်သည့်အခါ၊ မိမိတို့ကိုယ်ကို အသုံးခံပြီး အဖိုးအခပေးသည့်အခါ၊ ဘုရားအတွက် အရာရာကို ၎င်းတို့ ပူဇော်ပေးအပ်သည့်အခါ သူတို့သည် ဘုရားထံမှ ဆုလာဘ်များကို ရရှိသင့်ပြီး သာ၍ပင် ကောင်းမွန်သည့် တစ်စုံတစ်ရာကို ရရှိသင့်သည်။ ယင်းသည် မျှတသည့် အပေးအယူတစ်ခု မဟုတ်လော။ ညီမျှသည့် အလဲအလှယ်တစ်ခု မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ အဘယ် ပြောစရာရှိသနည်း။ ဘုရားတွင် မည်သည့်ကောင်းမှု ရှိသနည်း။ ဘုရား၏ ကောင်းမှုကိုမျှ ကျွန်ုပ် အဘယ်ကြောင့် မမြင်ရသေးသနည်း။ ဘုရားက လူအပေါ် အမှုအရာများကို ပေးသနားသည်။ ထို့ကြောင့် လူသည် ထိုအရာများကို ရရှိထိုက်သည်မှာ တရားနည်းလမ်းကျသည် မဟုတ်လော။ လူတို့က အဖိုးအခတစ်ခု ပေးနေကြပြီးဖြစ်သည်”ဟု ပြောကြသည်။ လူအတွက် ဘုရားသခင် လုပ်ဆောင်သည့် ဤအရာများအားလုံးက လူအတွက် အကြီးမားဆုံးသော ကျေးဇူးတော်ဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့သည် ကျေးဇူးတင်ရှိခြင်း မရှိကြသကဲ့သို့ ဘုရားကို ပြန်ဆပ်ဖို့ မတွေးကြပေ။ ထိုအစား ၎င်းတို့ ပေးသည့် အဖိုးအခကို လူသားမျိုးနွယ်အား ဘုရားသခင် ကတိပြုပြီးသည့် လှပသော ခရီးပန်းတိုင်အတွက် အလဲအလှယ်လုပ်ချင်ကြသည်။ ပြီးလျှင် ကောင်းချီးများကို လိုချင်ကာ ဤရည်ရွယ်ချက်အားလုံး ထားရှိခြင်းက ၎င်းတို့အတွက် လျော်ကန်သောကြောင့် မည်သို့ကြည့်သည်ဖြစ်စေ၊ ဘုရားသခင်သည် လူတို့အား မိမိ၏ အစေခံသူများ မဖြစ်စေသင့်ဟု ၎င်းတို့က ဓမ္မတာပင် ယုံကြည်ကြလေသည်။ လူတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိပြီး ထိုသို့သော ကြီးမားသည့် ချစ်ခြင်းမေတ္တာရှိပြီး ပေးကမ်းစွန့်ကြဲနိုင်သူများ၊ မိမိတို့ကိုယ်ကို အသုံးခံနိုင်ပြီး အမှုအရာများကို စွန့်လွှတ်နိုင်သည့်လူများကို ဘုရားသခင်အတွက် အစေခံမှု ပေးခိုင်းလျှင် ၎င်းတို့သည် အပြင်းအထန် အရှက်ခွဲခံရခြင်းဖြစ်ပြီး အလွန် မမျှတစွာ ဆက်ဆံခံရခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များအတွက်မှာမူ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာများအားလုံးသည် စကားထဲထည့်မပြောထိုက်ပေ။ ထို့ထက် မိမိတို့ဘာသာ လုပ်ဆောင်သည့် အရာများသည် အတော်ပင် သေးငယ်သည့် တစ်စုံတစ်ရာဖြစ်လျှင်ပင် ယင်းတို့ကို အလွန်အမင်း ချဲ့ကားပြောဆိုကြကာ ဤအရာများကို ၎င်းတို့ ကောင်းချီးများ ရရှိဖို့အတွက် အရင်းအနှီးအဖြစ် သဘောထားကြလေသည်။

လူအချို့သည် အသင်းတော်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေချိန်၌ မည်သည့်အရာကိုမျှ လုံးဝ ကောင်းစွာ မလုပ်ဆောင်ကြပေ။ ညီအစ်ကို မောင်နှမများက ၎င်းတို့ လုပ်ဆောင်သည့် အရာများ၊ ၎င်းတို့ ထောက်ပံ့ဖြည့်ဆည်းပေးသည့် ကျွမ်းကျင်မှုများနှင့် ပါရမီများ သို့မဟုတ် ၎င်းတို့ ပေးသည့် စိတ်ကူးများနှင့် အကြံပြုချက်များကို လက်မခံလျှင် ၎င်းတို့ ဆက်လက် အလုပ်လုပ်ရန် ငြင်းကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏တာဝန်ကို စွန့်လွှတ်ကာ ထွက်သွားချင်ကြလိမ့်မည်။ ဘုရားသခင်ကို စွန့်ပစ်ချင်ကြလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ၎င်းတို့ကို သင် စေခိုင်းလျှင် လုပ်ဆောင်ကြမည် မဟုတ်သကဲ့သို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် တတ်နိုင်သမျှ လုပ်ဆောင်ရန် ၎င်းတို့ကို သင် စေခိုင်းလျှင် ယင်းကိုလည်း လုပ်ဆောင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၌ မိမိတို့၏ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်ရမည့်အစား နေရာတကာတွင် မဆင်မခြင်ဖြင့် အမိန့်များကိုသာ ပေးကြသည်၊ အခြားသူများအား ၎င်းတို့စကားကို နားထောင်စေပြီး ၎င်းတို့အား ဂရုစိုက်စေကြသည်။ ၎င်းတို့၏ အစေခံသူများ ဖြစ်လာစေကာ ၎င်းတို့ကို အစေခံခိုင်းကြလေသည်။ ဤအထူးခံစားခွင့်မျိုးကို ၎င်းတို့ မရရှိလျှင် သို့မဟုတ် ဤအထူးခံစားခွင့်မျိုး၊ အခြားသူတို့အား ၎င်းတို့ကို အလုပ်အကျွေး ပြုခိုင်းသည့်၊ ၎င်းတို့အတွက် အလုပ်လုပ်ခိုင်းပြီး ၎င်းတို့၏ အမိန့်များကို နာခံခိုင်းသည့် ဤအထူးခံစားခွင့်မျိုးကို မရရှိလျှင် ၎င်းတို့က ရပ်တန့်ပြီး ထွက်သွားလိုက်ချင်ကြသည်။ ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးက ဘုရားသခင်အပေါ် စောဒကတက်ခြင်းများနှင့်လည်းကောင်း၊ ဒေါသနှင့်လည်းကောင်း ပြည့်နေပြီး ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရား ဖြစ်ပေါ်ကြကာ မည်သူကမျှ ၎င်းတို့ကို ကူညီ၍မရနိုင်ပေ။ ၎င်းတို့သည် မည်သူနှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် တန်းတူအဆင့်အတန်းဖြင့် မည်သူနှင့်မျှ မပေါင်းသင်းနိုင်ကြပေ။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများမှာ အခြားသူတို့က ၎င်းတို့အတွက် အရာရာ လုပ်ဆောင်ပေးပြီး ၎င်းတို့ ပြောဆိုသည့် အမိန့်တိုင်းနှင့် ဆောင်ပုဒ်တိုင်းအား နာခံကြသည်ကို စောင့်ကြည့်လေ့လာလျက် စကားပြောကာ ပြုမူဆောင်ရွက်နေချိန်တွင် အခြားသူတို့ထက် သာလွန်သူမှာ ၎င်းတို့သာ ဖြစ်၍ရသည်ဟူ၍ ဖြစ်သည်။ မည်သူမျှ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ မထိုက်တန်သကဲ့သို့ တန်းတူအဆင့်အတန်းဖြင့် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် မည်သူမျှ အရည်အချင်းမပြည့်မီပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို အပေါင်းအသင်းတစ်ဦးကဲ့သို့ သို့မဟုတ် သာမန် ညီအစ်ကို မောင်နှမတစ်ဦးကဲ့သို့ ဆက်ဆံပြီး ၎င်းတို့ကို စကားပြောလျှင်၊ ၎င်းတို့နှင့် အလုပ်ကိစ္စဆွေးနွေးပြီး ၎င်းတို့က တန်းတူရည်တူ ဖြစ်သည့်အလား ၎င်းတို့နှင့်အတူ သိနားလည်မှုကို မိတ်သဟာယပြုလျှင် ဤအရာကို ၎င်းတို့က မိမိတို့၏ တည်ကြည်မှုအတွက် ဆိုးရွားသည့် စော်ကားမှုတစ်ခုနှင့် ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် သဘောထားကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ထိုသို့သော လူများအပေါ် မုန်းတီးကာ ရန်လိုမှုခံစားကြပြီး ၎င်းတို့ကို တန်းတူရည်တူတစ်ဦးအဖြစ် ဆက်ဆံသည့်သူ သို့မဟုတ် ၎င်းတို့ကို အလေးအနက် သဘောမထားသည့်သူ မည်သူကိုမဆို လက်တုံ့ပြန်ဖို့ အခွင့်အရေးများကို ရှာဖွေကြလေသည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ဤသည်မှာ အခြားလူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ ထုတ်ဖော်ပြသည့် ရာထူးဂုဏ်သိမ် အဆင့်ဆင့်နှင့်ပတ်သက်သော ရှုထောင့်အမြင် ဖြစ်သည်။ ဤသည်မှာ “အစေခံသူ”ဟူသည့် အမည်နာမအပေါ် အန္တိခရစ်များ ထားရှိသည့် စစ်မှန်သော ခံယူချက်၊ သဘောထားတို့နှင့် ဆက်စပ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ဘုရားသခင် ပေးသည့် အမည်နာမတစ်ခုကိုပင် လက်မခံနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် အခြားသူတို့၏ ပြစ်တင်ရှုတ်ချခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းတို့ကို လက်ခံနိုင်ကြသလော။ ဤအရာများကို ၎င်းတို့ သာ၍ပင် လက်မခံနိုင်ကြပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် “အစေခံသူ” အမည်နာမနှင့် အနှစ်သာရတို့အပေါ် ရန်လိုမှုနှင့် အတိုက်အခံဖြစ်ခြင်းတို့ကို ခံစားရသော်လည်း နောက်တစ်နည်းအားဖြင့် ၎င်းတို့အတွက် အစေခံမှုပေးရန်၊ ၎င်းတို့ကို အစေခံရန်၊ ၎င်းတို့ကို ပြုစုရန်နှင့် နာခံရန်အတွက် ပိုများသည့် လူတို့ကို မမောနိုင်မပန်းနိုင် ဆွဲဆောင်ပြီး ပူးပေါင်းလုပ်ဆောင်ခိုင်းကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့၏ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ပြီး ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့သည် အခြားသူတို့ကို ထိန်းချုပ်ဖို့ ဆန္ဒရှိကြသည်။ ၎င်းတို့ကိုယ်တိုင်က သိသာထင်ရှားစွာပင် အသုံးမကျသကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အမှိုက်သာဖြစ်သည်။ ပုံမှန် လူ့သဘာဝ မရှိကြသကဲ့သို့ ပုံမှန်ဆင်ခြင်တုံတရား တစ်ခုတလေ ရှိရန်မဆိုထားနှင့် အခြားသူတို့နှင့် ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြ။ သမ္မာတရားနှင့်ပတ်သက်၍ အသိဉာဏ်ပွင့်လင်းစေခြင်း မခံရကြပေ။ ၎င်းတို့တွင် အတတ်ပညာဆိုင်ရာ အသိပညာ အနည်းငယ်သာရှိပြီး အနည်းငယ်သော ကျွမ်းကျင်မှုများကို သဘောပေါက်ကြကာ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် ကောင်းစွာမပြုမူကြသေးဘဲ အာဏာစွဲကိုင်လိုကြသည်။ ပြီးလျှင် အာဏာစွဲကိုင်၍ မရနိုင်သည့်အခါ “ယခင်က ထိုအရာများကို လုပ်ဆောင်ခဲ့ချိန်တွင် အစေခံမှုကို ငါ ပေးနေခဲ့ခြင်းဖြစ်ရမည်။ အစေခံမှုကို ပေးရန် ငါ လိုလားနေခြင်းမရှိပါ။ ငါ့အနေဖြင့် များစွာ အားမထုတ်မီတွင်ဖြစ်စေ၊ များစွာ မဆုံးရှုံးမီတွင်ဖြစ်စေ ယခု ကတိုက်ကရိုက် ထွက်သွားခြင်းက ပိုကောင်းမည်”ဟု တွေးထင်ကာ မိမိတို့ အဆုံးသတ်ပြီဟု ခံစားရကြ၏။ ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော စိတ်ပိုင်းဖြတ်ချက်တစ်ခု အမြဲချမှတ်ကြပြီး ထိုသို့သော ဆုံးဖြတ်ချက်တစ်ခုကို ချလာကြသည်။ ၎င်းတို့သည် အချိန်မရွေး ယုံကြည်ခြင်းကို ရပ်တန့်ပြီး ထွက်ခွာသွားနိုင်သည်။ မိမိ၏တာဝန်ကို အချိန်မရွေး ရပ်တန့်ကာ ချက်ချင်းထွက်ခွာသွားနိုင်၍ စာတန်၏ ပွေ့ဖက်မှုဆီသို့ ပြန်သွားကာ မကောင်းမှုပြုရာတွင် ၎င်း၏ လက်တွဲဖော် ဖြစ်သွားနိုင်သည်။ ထိုသို့သောလူများ ရှိသလော။ (ရှိပါသည်။) အတတ်ပညာဆိုင်ရာ အလုပ်၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့အနေဖြင့် အနည်းငယ် နားလည်ကောင်းနားလည်နိုင်သော်လည်း ထိုအတတ်ပညာဆိုင်ရာ အလုပ်၏ သွင်ပြင်လက္ခဏာအတွက် ၎င်းတို့ သဘောပေါက်ရမည့် သမ္မာတရား စည်းမျဉ်းများအရ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြပေသည်။ အသိပညာ သို့မဟုတ် ဆုကျေးဇူးများနှင့် ပတ်သက်လာလျှင် ၎င်းတို့၌ ဤအရာအချို့ ရှိကောင်းရှိနိုင်၏၊ သို့သော် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် နားလည်ရမည့် သမ္မာတရား စည်းမျဉ်းများနှင့် ပတ်သက်၍မူ ၎င်းတို့သည် လုံးဝ အသိဉာဏ်ကင်းမဲ့ကြပြန်ပြီး ၎င်းတို့၏ နားလည်သဘောပေါက်မှုသည်လည်း လွဲချော်နေ၏။ ၎င်းတို့သည် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိကြသကဲ့သို့ အတူတကွ မိတ်သဟာယပြုနေကြချိန်တွင် အခြားသူများနှင့် စိတ်တူသဘောတူ မရှိကြချေ။ ထိုသို့သောလူများသည် မည်သည့်အရာအတွက် သင့်တော်သနည်း။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အမှန်တကယ်ရှိလျှင် အခြားလူတို့ကို မှန်ကန်စွာ ဆက်ဆံနိုင်ကြလိမ့်မည်ဖြစ်ပြီး လူတို့က မှန်ကန်ကာ သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကို ပြောသည့်အခါ ၎င်းတို့က လက်ခံနိုင်ကြလိမ့်မည်၊ လိုလိုလားလား ကျိုးနွံနာခံကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဇာတိပကတိကို ပုန်ကန်နိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် လူအုပ်ထဲတွင် အစဉ်သဖြင့် ထင်ပေါ်ရန်၊ အခြားသူများကို ဦးဆောင်လမ်းပြရန်နှင့် အခြားသူများကို ထိန်းချုပ်ရန် အစဉ်သဖြင့် ဆန္ဒမရှိသင့်ပေ။ ထိုအစား အခြားသူများထက် ထူးချွန်ရန် မိမိတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ကို လက်လွှတ်သင့်ပြီး အစေခံမှုပေးခြင်း ပါဝင်လျှင်ပင် လူတို့ထဲမှ အရေးမပါဆုံးသောသူဖြစ်ရန် လိုလားနေသင့်ပေသည်။ ၎င်းတို့ တတ်နိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်သင့်သည်။ ၎င်းတို့ကိုယ်တိုင်က သာမန်လူများ ဖြစ်သည်။ ထို့ကြောင့် သာမန်လူတို့၏ နေရာသို့ ပြန်သွားသင့်ကြသည်၊ မိမိတို့ တာဝန်များကို အကောင်းဆုံး ထမ်းဆောင်သင့်ပြီး လက်တွေ့ကျသော ဟန်ပန်ဖြင့် ကျင့်ကြံပြုမူသင့်သည်။ ဤကဲ့သို့သော လူများသည် အဆုံးတွင် ခိုင်မာစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် ဤလမ်းခရီးကို မရွေးချယ်ဘဲ မိမိတို့ကိုယ်ကို ကြီးမြတ်မြင့်မြတ်သည်ဟု ထင်မှတ်လျှင်၊ မည်သူမျှ သူတို့ကို ထိပါးနိုင်ခြင်း သို့မဟုတ် ချဉ်းကပ်နိုင်ခြင်း မရှိလျှင်၊ ဒေသခံ အနိုင်ကျင့်သူ၊ အာဏာရှင်တစ်ဦး ဖြစ်လိုပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်လိုကြလျှင် ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်လာမည်သာ ဖြစ်၏။ ၎င်းတို့သည် အရေးမပါဆုံးသော လူဖြစ်ရန်ဖြစ်စေ၊ လုံးဝ လူမသိသူမသိဖြစ်ရန်ဖြစ်စေ၊ ထင်ရှားကျော်ကြားမှုမှ အလှမ်းဝေးရန်ဖြစ်စေ၊ အစွမ်းကုန် ပေးဆပ်ရန်ဖြစ်စေ လိုလားခြင်းမရှိလျှင် မုချ အန္တိခရစ်များဖြစ်ပြီး ကယ်တင်၍ မရနိုင်ပေ။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်များပေသည်။ ဤကဲ့သို့သော လူတစ်ဦးသည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်လျှင်၊ မိမိကိုယ်ကို သတိပြုမိလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော နေရာကို ယူနိုင်လျှင်၊ သာမန်လူတစ်ဦးဖြစ်ကာ မည်သည့် ဟန်ဆောင်မှုကိုမျှ ဆက်မလုပ်တော့လျှင် ကယ်တင်ခြင်းရရှိဖို့ အခွင့်အရေးတစ်ခု ရှိပေသည်။ သင်သည် အမြဲ ဗိုလ်ကျချင်ပြီး ယုတ္တိမရှိဖြစ်ချင်ကာ သင့်ကိုယ်သင် ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြသချင်လျှင် ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားအိမ်တော်သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့နှင့် ပြည့်ပြီး သင့်အနေဖြင့် မည်မျှ ရှိန်လောက်သည်ဖြစ်စေ၊ ကြမ်းကြုတ်သည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ အသုံးမဝင်ပေ။ ဘုရားအိမ်တော်သည် ယှဉ်ပြိုင်တိုက်ခိုက်ရေး ပြိုင်ကွင်းတစ်ခု မဟုတ်။ ထို့ကြောင့် သင် ယှဉ်ပြိုင်တိုက်ခိုက်လိုလျှင် လောက၏ ပြိုင်ကွင်းတွင် သွားယှဉ်ပြိုင်တိုက်ခိုက်လော့။ ဘုရားအိမ်တော်တွင်ရှိသည့် မည်သူကမျှ သင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုခြင်း မရှိပေ။ ထိုအရာကို မည်သူကမျှ စိတ်မဝင်စားကြ သို့မဟုတ် ထိုအတွက် အချိန်မပေးနိုင်ကြပေ။ ဘုရားအိမ်တော်သည် သမ္မာတရားကို တရားဟောသည့် နေရာတစ်ခုဖြစ်သည်၊ လူတို့အား သမ္မာတရားကို နားလည်ကာ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကူညီပေးသည့်နေရာ ဖြစ်သည်။ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်လျှင် ဤသည်မှာ ကိုင်တွယ်ရန် ခက်ခဲပြီး သင့်အနေဖြင့် ဤနေရာနှင့် မသက်ဆိုင်ကြောင်းကိုသာ ပြပေသည်။ သင်သည် အမြဲ ယှဉ်ပြိုင်တိုက်ခိုက်လိုလျှင် အမြဲ ကြမ်းကြုတ်ရက်စက်လိုလျှင်၊ အမြဲ ရက်စက်လိုကာ အမြဲ ခြယ်လှယ်လွန်းပြီး ယုတ္တိမရှိဖြစ်လိုလျှင် အသင်းတော်သည် သင့်အတွက် မှန်ကန်သည့် နေရာမဟုတ်ပေ။ ဘုရားအိမ်တော်ရှိ လူအများစုက သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်လိုပြီး အသက်ကို ရရှိလိုကြသကဲ့သို့ မကောင်းကြံစည်ခြင်းတွင် ပါဝင်ပတ်သက်ခြင်းနှင့် နတ်ဆိုးများကို တိုက်ခိုက်ခြင်းတို့ကို မွေ့လျော်ခြင်း မရှိကြပေ။ အန္တိခရစ်များသည်သာ အာဏာနှင့် အကျိုးအမြတ်အတွက် နေရာတကာ တိုက်ခိုက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းတို့ကို မွေ့လျော်ကြပြီး ဤအကြောင်းကြောင့် အန္တိခရစ်များသည် ဘုရားအိမ်တော်တွင် ခိုင်မာစွာ မရပ်တည်နိုင်ကြခြင်း ဖြစ်၏။

ပင်ကိုလက္ခဏာ၊ ရာထူးနှင့် အဆင့်အတန်းကဲ့သို့သော အရာများအပေါ် အလွန်အမင်း အကဲဆတ်ပြီး အထူးသဖြင့် “အစေခံသူ” ဟူသော အမည်အပေါ် ကြီးမားသော အတိုက်အခံပြုမှုနှင့် ရွံရှာမုန်းတီးမှုကို ခံစားရကာ ယင်းကို လုံးဝ လက်မခံနိုင်သော လူတစ်မျိုး ရှိ၏။ ထိုသို့သော လူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည်သာမက “အစေခံသူ”အဖြစ် ရည်ညွှန်းခံရခြင်းကိုလည်း အလွန်အမင်း မနှစ်မြို့ကြပေ။ “အစေခံသူ” အမည်နာမကို အလွန်အမင်း မနှစ်မြို့ကြသူတို့သည် အမှန်တကယ် သမ္မာတရားကို လိုက်စားသင့်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်စွမ်း ရှိကြမည်ဆိုလျှင် “အစေခံသူ”အမည်နာမကို ၎င်းတို့ ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။ သို့သော် ဤသည်မှာ ပြဿနာ အတိအကျ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန့်အလွန် မနှစ်မြို့ကြသောကြောင့် ထိုသမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို လုံးဝ လျှောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်တွင်၊ ၎င်းတို့သည် အစေခံသူ၏ အခန်းကဏ္ဍကို အစဉ်ထာဝရ ဆောင်ရွက်ကြလိမ့်မည် ဖြစ်သည်။ အန္တိခရစ်များအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် အစေခံသူများအဖြစ် ပြုမူဆောင်ရွက်နိုင်ခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်နေဆဲ ဖြစ်သည်မှာ ပြောစရာမလိုပေ။ ထိုအရာသည် ၎င်းတို့အတွက် ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို မြင်ရန်၊ ဖန်ဆင်းရှင်က သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်နှင့်အတူ သူ၏ အတွင်းကျကျ အတွေးများ မျှဝေသည်ကို ကြားရန်နှင့် ဖန်ဆင်းရှင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိသော လုပ်ဆောင်ချက်များကို အသိအမှတ်ပြုရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ၎င်းတို့အတွက်မှာမူ ဖန်ဆင်းရှင်အတွက် အစေခံသူများဖြစ်ရန်မှာ မကောင်းသည့်အရာတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်က နောက်ပိုင်းတွင် အဆုံးသတ်သွားလျှင်ပင် ဘုရားသခင်၏ အစေခံသူများဖြစ်ခြင်းနှင့် ဘုရားအိမ်တော်တွင် အစေခံမှုကို ပေးခြင်းသည် ဤအန္တိခရစ်များနှင့် စာတန်၏ အဖော်များက အမြဲ အမှတ်ရမည့်အရာတစ်ခု ဖြစ်သင့်ပေသည်။ ဘုရားသခင်အပေါ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရန်လုပ်ခြင်း ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက်တွင် အန္တိခရစ်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အမှုမဲ့အမှတ်မဲ့ အစေခံမှုပေးကြပြီး ဤသည်မှာ အန္တိခရစ်တစ်ဦးစီ၏ တည်ရှိခြင်းတွင်ရှိသည့် အနည်းငယ်မျှသော တန်ဖိုးဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား အန္တိခရစ်များကို အပျက်သဘောဆောင်သည့် ဘက်ခြမ်းမှနေ၍ ပိုင်းခြားသိမြင်ကာ သိနားလည်ခွင့်ပေးခြင်းအားဖြင့် မိမိတို့၏ ပံ့ပိုးမှုကို ပြုလုပ်ကြသည်။ ဤအချက်ကို အသိအမှတ်ပြုရန် ၎င်းတို့ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ပြီးလျှင် အစေခံသူများဖြစ်ဖို့ ၎င်းတို့ လိုလားသည်ဖြစ်စေ၊ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပျော်ရွှင်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အစေခံသူများအဖြစ် ဘုရားသခင်၏ အမှုတော်အတွက် အစေခံမှုပေးခြင်းနှင့် ဤအခန်းကဏ္ဍကို တာဝန်ယူခြင်းတို့သည် တန်ဖိုးရှိသောအရာများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်ခြင်း ဖြစ်သည်။ လူအချို့က “ဘုရားသခင်သည် အန္တိခရစ်များကိုလည်း ချီးမြှောက်သလော”ဟု ပြောကြသည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ၎င်းတို့သည် ဖန်ဆင်းခံများဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်၍မရနိုင်သလော။ ငါ ပြောသည့်အရာက မှန်ကန်ပေသည်။ ယခုတွင် အန္တိခရစ်များက ဤစကားများကို ကြားသည့်အခါ မည်သို့ ခံစားကြသနည်း။ ၎င်းတို့အနေဖြင့် အပြစ်များကို ရှာရန် မကြိုးစားသင့်ဘဲ ကိုယ်စိတ်ချမ်းသာမှု တစ်ခုခုကို ရရှိသင့်ကြပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် ကြီးမားသော ကိစ္စရပ်အတွက် အားထုတ်မှု အတိုင်းအတာတစ်ခုကို ပံ့ပိုးကြပြီးဖြစ်သည်။ ဤအရာကို ၎င်းတို့က လိုလိုလားလား လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ မထုံတက်သေးဖြင့် လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ချီးမြှောက်နေခြင်းဖြစ်ပြီး ဤအရာကို ၎င်းတို့က ဝမ်းမြောက်စွာ လက်ခံသင့်ကာ အတိုက်အခံ မလုပ်သင့်ပေ။ အန္တိခရစ်များက မိမိတို့၏ ဘိုးဘေးများကို ပုန်ကန်နိုင်ကြလျှင်၊ စာတန်ကို ပုန်ကန်နိုင်ကြပြီး သမ္မာတရားကို လိုက်စားကာ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံမှုအား လိုက်စားနိုင်ကြလျှင် ငါ့ကို ပြောလော့၊ ဘုရားသခင် ဝမ်းသာလိမ့်မည်လော။ (ဝမ်းသာပါလိမ့်မည်။) ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ကံကောင်းခြင်းလည်းဖြစ်ပြီး ၎င်းတို့လည်း ဝမ်းသာသင့်ကြပေသည်။ ဤသည်မှာ ကောင်းမွန်သောအရာတစ်ခု ဖြစ်သည်။ ဤအချက်က ယုတ္တိတန်သည်ဖြစ်စေ၊ ယုတ္တိမတန်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အန္တိခရစ်များက လမ်းကြောင်းပြောင်းပြီး နောင်တလမ်းကြောင်းကို လျှောက်နိုင်ကြလျှင် ယင်းက ကောင်းမွန်သောအရာတစ်ခုဖြစ်သည်မှာ အမှန်ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ကံကောင်းခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အန္တိခရစ်တစ်ဦးက အစေခံမှုကို လိုလိုလားလား ပေးခဲ့လျှင် ဘုရားအိမ်တော်၌ ကပ်ဆိုးတစ်ခု လျော့သွားမည် မဟုတ်လော။ သင်တို့ကြားတွင် နတ်ဆိုးတစ်ကောင် လျော့သွားခဲ့လျှင် အဖျက်အမှောင့်လုပ်သူနှင့် ပြဿနာဖန်တီးလေ့ရှိသူတစ်ဦး လျော့သွားခဲ့လျှင် သင်တို့၏ နေ့ရက်ကာလများက များစွာ ပိုမိုငြိမ်သက်အေးချမ်းမည် မဟုတ်လော။ ထိုအရာကို ဤရှုထောင့်အမြင်မှ ကြည့်သည့်အခါ အန္တိခရစ်များသည် အစေခံမှုကို ပေးဖို့ အမှန်တကယ် လိုလားနေကြမည်ဆိုလျှင် ဤသည်မှာလည်း အောင်ပွဲခံထိုက်သည့် ကောင်းမွန်သောအရာတစ်ခု ဖြစ်ပေမည်။ သင်တို့သည် ၎င်းတို့ကို တိုက်တွန်းခွန်အားပေးကာ ကူညီရမည်ဖြစ်ပြီး လုံးဝ ဖြုတ်ချရမည်မဟုတ်ပေ။ သင်တို့တွင် ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိပြီး ၎င်းတို့ကို နေခွင့်ပေးသော်လည်း ၎င်းတို့၏ အစေခံမှုပေးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ဖြစ်စေပြီး ကပ်ဘေးသို့ ဆိုက်ရောက်စေလျှင် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သင့်ပေသည်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ဖို့ ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဖော်ပြထိုက်သည့် နောက်ထပ်လူတစ်မျိုး ရှိ၏။ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည့် လူအချို့ ရှိကာ တစ်ခါတစ်ရံ ၎င်းတို့သည်လည်း နာခံကာ ကျိုးနွံနာခံနိုင်ကြသည် သို့မဟုတ် ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ကြလေသည်။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား လျှောက်ရန်ဖြစ်သည်။ ၎င်းတို့သည် အထက် သို့မဟုတ် အသင်းတော်က စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို အမြဲ ကျိုးနွံနာခံနိုင်ကြပြီး လုပ်ငန်းဆောင်တာများကို အချိန်မီ အမြဲ ပြီးစီးနိုင်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ မဖြစ်စေကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်နှင့် ၎င်းတို့ တာဝန်ယူဆောင်ရွက်သည့် တာဝန်တို့သည် ညီအစ်ကို မောင်နှမများအတွက် များစွာသော အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို ဆောင်ကြဉ်းပေးသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် မည်သည့် မကောင်းမှုမျှ မလုပ်ဆောင်ကြသေးသော်လည်း၊ ၎င်းတို့က မနှောင့်ယှက် သို့မဟုတ် အဖျက်အမှောင့်မလုပ်ကြသကဲ့သို့ ဆိုးယုတ်သည့်လူများ ဖြစ်ပုံမရကြသော်လည်း သာမန်လူများ မလုပ်နိုင်သကဲ့သို့ မလုပ်သည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ကြပြီး ယင်းမှာ ၎င်းတို့အနေဖြင့် မိမိတို့၏ ဩဇာလွှမ်းမိုးမှုကို ပျိုးထောင်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် သီးခြားတိုင်းပြည်ကို ထူထောင်ခြင်းအား မွေ့လျော်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လုပ်ငန်းဆောင်တာတစ်ခုခု တာဝန်ပေးခံရသည့်အခါ ထိုအလုပ်အတွက် ကြီးကြပ်ရေးမှူး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် သီးခြားတိုင်းပြည်ကို စတင်ထူထောင်နိုင်ကြပြီး ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ၎င်းတို့၏ တန်ခိုးအာဏာနှင့် အဆက်အသွယ်များကို မရည်ရွယ်ဘဲ စတင်ပျိုးထောင်နိုင်ကြလေသည်။ ဤနယ်ပယ်အတွင်းတွင် လူတိုင်းသည် ၎င်းတို့၏ အပြည့်အဝ လုံးလုံးလျားလျား စည်းရုံးသိမ်းသွင်းခြင်းကို ခံကြရပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်း၊ ပြောသည့်အရာတိုင်းနှင့် ပေးသည့် အဖိုးအခတို့ကို လူတို့က ချီးမွမ်းကာ အလွန် လေးစားကြလေသည်။ ၎င်းတို့သည် မိမိတို့၏ စီမံခန့်ခွဲမှု နယ်ပယ်ကို ဘုရားသခင်၏ မိသားစုအတွင်းရှိ မိမိတို့ကိုယ်ပိုင် မိသားစုလေးအဖြစ် သဘောထားကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့အနေဖြင့် အဖိုးအခပေးနိုင်သည်၊ ဆင်းရဲဒုက္ခခံနိုင်ပြီး တာဝန်ယူနိုင်သည်ဟု ထင်ရသည်၊ ပြဿနာမရှိဟု ထင်ရလေသည်။ သို့သော် အရေးကြီးသည့် အခိုက်အတန့်များတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်စွမ်းရှိကြလေသည်။ မိမိတို့ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် မိမိတို့ ထိပ်ဆုံးနေရာကို စောင့်ရှောက်ကာကွယ်ဖို့အလို့ငှာလည်းကောင်း၊ အသင်းတော်တွင် မိမိတို့၏ အကြွင်းမဲ့ ရာထူး၊ သိက္ခာနှင့် တန်ခိုးအာဏာကို စောင့်ရှောက်ကာကွယ်ဖို့အလို့ငှာလည်းကောင်း ၎င်းတို့က မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ပေးခြင်း သို့မဟုတ် ဒုက္ခပေးခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေလျှင်ပင် သို့မဟုတ် သစ္စာဖောက်လျှင်ပင်၊ ပြီးလျှင် တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်လျှင်ပင် သို့မဟုတ် ဖျက်ဆီးလျှင်ပင် ထိုကိစ္စရပ်ကို ၎င်းတို့ မစစ်ဆေးကြ။ အလေးဂရုပြုခြင်း မရှိကြသကဲ့သို့ ထိုအရာကို သည်းခံနိုင်ကြလေသည်။ ထိုလူက ၎င်းတို့၏ ရာထူးကို မခြိမ်းခြောက်သည့်အပြင် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း၌ ၎င်းတို့ကို အစေခံမှုတွင် အလုပ်လုပ်နေသေးသရွေ့ ယင်းမှာ အဆင်ပြေသည်။ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး စံသတ်မှတ်ချက် ဖြစ်သည်။ ထိုလူက မည်သည့် အဖျက်အမှောင့်များကို ဖြစ်စေသည်ဖြစ်စေ ထိုအရာကို ၎င်းတို့က မမြင်ကြ၊ အာရုံမစိုက်ကြသကဲ့သို့ ထိုလူကို ကိုင်တွယ်ရန် မဆိုထားနှင့်၊ ပြုပြင်ခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းပင် မရှိကြချေ။ ထိုသို့သောလူများသည် အန္တရာယ်များသော လူစုဖြစ်သည်။ သာမန်လူအတွက် ၎င်းတို့သည် ပိုင်းခြားသိမြင်ရန် ခက်ခဲပြီး ၎င်းတို့၌ ရာထူးမရှိချိန်တွင် ၎င်းတို့နှင့်ပတ်သက်၍ အမှားတစ်ခုကိုမျှ သင် သတိပြုကောင်း သတိပြုမိမည် မဟုတ်ပေ။ သို့သော် ၎င်းတို့တွင် ရာထူးရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝ အနှစ်သာရက လုံးဝ ပေါ်လွင်သွားသည်။ ပြီးလျှင် မည်သည့်အရာသည် အတိအကျ ပေါ်လွင်သွားသနည်း။ ၎င်းတို့ ပေးသည့် အဖိုးအခနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းအတွက် ရည်ရွယ်ချက်တစ်ခုရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်ခြင်းအတွက် ဤအရာများကို မလုပ်ဆောင်ကြ၊ ၎င်းတို့က မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေကြခြင်း မဟုတ်သကဲ့သို့ ဤအရာများအားလုံးကို ဘုရားသခင် မြင်ဖို့အတွက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ထို့ထက် လူတို့မြင်ဖို့အတွက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူတို့၏ အကြည့်၊ မျက်လုံးများနှင့် အာရုံစိုက်ခြင်းတို့ကို ဆွဲဆောင်လိုကြပြီး ဤအရာထက်ပို၍ လူတို့က ၎င်းတို့ကို ကြည်ညို၊ လေးစားကာ ချီးမွမ်းကြရန်အလို့ငှာ လူတို့၏ စိတ်နှလုံးကို အထင်အမြင်မှားစေလိုကြလေသည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား မည်သို့ မြင်သည်ကိုဖြစ်စေ၊ မည်သို့ဆက်ဆံသည်ကိုဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ဘုရားသခင်က ၎င်းတို့အနေဖြင့် အစေခံမှုပေးဖို့သာ ရှိနေခြင်းဖြစ်သည်ဟု ဆိုလျှင် ၎င်းတို့ စိတ်မဝင်စားကြ။ ၎င်းတို့၏ ခြေထောက်များရှေ့တွင် လူတို့က ဒူးထောက်နိုင်ကာ ၎င်းတို့ကို ဦးညွှတ်နိုင်သရွေ့ အဆင်ပြေသည်။ ဤလူများသည် အန္တရာယ်များသော လူစုဖြစ်ပြီး ဘုရားသခင်၏ စိတ်တော်နှင့်လည်းကောင်း၊ ဘုရားအိမ်တော်နှင့်လည်းကောင်း တညီတညွတ်တည်းဖြစ်ခြင်း မရှိကြသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးမှာ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသည့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ စိတ်နှလုံးနှင့်လည်း တညီတညွတ်တည်း မရှိပေ။ ၎င်းတို့သည် မိမိတို့အတွက် ဩဇာလွှမ်းမိုးမှုကိုလည်း ပျိုးထောင်နေကြပြီး စာတန်အတွက်လည်း ဩဇာလွှမ်းမိုးမှုကို ပျိုးထောင်နေကြသည်။ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များမှ အကဲဖြတ်သည့်အခါ ၎င်းတို့ လုပ်ဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ကို ကြွားဖို့နှင့် အခြားသူများကို ၎င်းတို့ တတ်နိုင်သလောက် ကပ်ဖားရပ်ဖားလုပ်ရန်အတွက် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။

အန္တိခရစ်များသည် ဘုရားအိမ်တော်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်တွင် အစေခံမှုတစ်ခုခုကို ပေးနိုင်ကြပြီး အဆင့်တစ်ခုတွင် ၎င်းတို့သည် ကောင်းမွန်သည့် အစေခံသူများပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်လည်းကောင်း၊ ၎င်းတို့ ရွေးချယ်သည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်အပြင် ရာထူးနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ၎င်းတို့စိတ်ထဲတွင်ရှိသည့် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် တမ်းတမှုတို့ကြောင့်လည်းကောင်း ၎င်းတို့သည် “အစေခံသူ” အမည်နာမကို လုံးဝ မပယ်ရှားနိုင်ကြပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြ၊ သမ္မာတရား လက်တွေ့ကျမှုက မည်သည့်အရာဖြစ်သည်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိနိုင်ကြ သို့မဟုတ် ယင်းထဲသို့ မဝင်ရောက်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိ၊ စစ်မှန်သည့် ကျိုးနွံနာခံမှုကို မရရှိနိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား မရရှိနိုင်ကြချေ။ ထိုသို့သော လူများသည် အန္တရာယ်များသည့် လူစုဖြစ်သည်။ ၎င်းတို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များမှာ နက်နဲကြသည်၊ ကျင့်ကြံပြုမူခြင်း၊ လောကီနှင့် ဆက်ဆံခြင်းတို့တွင် ၎င်းတို့၏နည်းလမ်းများမှာ အလွန်ပါးနပ်လေသည်။ ၎င်းတို့ စကားပြောပုံနှင့် အခြားသူတို့ကို စကားပြောနေချိန် ၎င်းတို့၏ စကားအသုံးအနှုန်းကို အထူးအာရုံစိုက်ကြပြီး လူတို့နှင့် ပေါင်းသင်းဆက်ဆံနေချိန် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများကိုလည်း သေချာအာရုံစိုက်ကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် လှည့်ဖြားပြီး ဆိုးယုတ်သည်ဟု မထင်ကောင်း မထင်ရနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးက သမ္မာတရားနှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်ကူးများ၊ အတွေးများ၊ အမြင်များနှင့် အယူအဆများနှင့် အထင်လွဲမှုများအပြင် ဘုရားသခင်ကို နားလည်ရန် ပျက်ကွက်ခြင်းတို့ဖြင့် ပြည့်နေသည်။ ဤလူများနှင့်ပတ်သက်၍ မည်သည့်အရာက ဆိုးယုတ်သည်ကို လူတို့က မမြင်နိုင်သော်လည်း သို့မဟုတ် ၎င်းတို့က ဆိုးယုတ်သည့်လူများ ဖြစ်သည်ကို မမြင်နိုင်သော်လည်း ၎င်းတို့၏ အနှစ်သာရက အလွန်ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်စေ၊ ၎င်းတို့က မိမိတို့၏တာဝန်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ တစ်ကြိမ်တစ်ခါမျှ မထမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား မလျှောက်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံခြင်းသို့ မရောက်နိုင်ကြသောကြောင့်ဖြစ်စေ အဆုံးတွင် ၎င်းတို့သည် “အစေခံသူ”အမည်နာမကို အစဉ်ထာဝရ မပယ်ရှားနိုင်ကြပေ။ ဤလူများသည် သိသာသည့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများထက် သာ၍ပင် ကျိတ်၍မကောင်းကြံကြပြီး အခြားသူတို့ကို သာ၍ပင် အထင်အမြင်လွဲမှားစေနိုင်စွမ်း ရှိကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် “အစေခံသူများ” အမည်နာမအပေါ် အတိုက်အခံဖြစ်ခြင်း တစ်ခုတလေ ခံစားရန် မဆိုထားနှင့်၊ မည်သည့် အယူအဆမျှ မရှိသကဲ့သို့ ထိုအမည်နာမအပေါ် မည်သည့် သဘောထားမျှ မထားရှိသည့်ပုံပေါ်သည်။ သို့သော် အမှန်တရားမှာ ၎င်းတို့၏ အနှစ်သာရအားဖြင့် အကဲဖြတ်သော် ၎င်းတို့သည် ဘုရားသခင်အတွက် အစေခံမှု ပေးလျှင်ပင် ၎င်းတို့သည် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ ထားရှိကြဆဲဖြစ်သည်။ ၎င်းတို့သည် အစေခံမှုကို အကြွင်းမဲ့ ပေးကြခြင်း မရှိသကဲ့သို့ သမ္မာတရားကို ရရှိရန် ထိုသို့ မလုပ်ဆောင်ကြပေ။ ဤလူများသည် စိတ်ထဲတွင် ကောက်ကျစ်ဆိုးယုတ်ပြီး လည်ကြသောကြောင့် အခြားသူများ၏ ပိုင်းခြားသိမြင်ခံရဖို့ မလွယ်ကူပေ။ အရေးပါသည့် ကိစ္စရပ်များနှင့် အရေးပါသည့် အချိန်များတွင်သာ ၎င်းတို့၏ သဘာဝ အနှစ်သာရ၊ အတွေးများ၊ အမြင်များနှင့် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းတို့ ထုတ်ဖော်ခြင်းခံရလေသည်။ ဤသို့ ဆက်ဖြစ်သဖြင့် ဤလူများက ဤလိုက်စားခြင်းလမ်းကြောင်းကို ရွေးချယ်ကာ ထိုသို့သော လမ်းကြောင်းကို လျှောက်ဖို့ ဆုံးဖြတ်လျှင် ထိုသို့သော လူတို့က ကယ်တင်ခြင်း ရရှိနိုင်လိမ့်မည်မဟုတ်ဟု စိတ်ကူး၍ရနိုင်ပေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်က မိမိတို့အပေါ် ထားရှိသည့် ယုံကြည်မှုနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော အခွင့်အရေးကို မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကျိတ်ကြံစည်ဖို့၊ လူတို့ကို ထိန်းချုပ်ကာ ညှဉ်းဆဲဖို့နှင့် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အတွက် အသုံးပြုကြလေသည်။ အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို ရရှိရမည့်အစား မကောင်းမှုမျိုးစုံကို လုပ်ဆောင်ခြင်းကြောင့် ထုတ်ဖော်ခြင်းခံရကြလေသည်။ ၎င်းတို့ ထုတ်ဖော်ခံရသည့်အခါ ဤလူများက သမ္မာတရား မလိုက်စားကြောင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၊ ကယ်တင်ခြင်း ရရှိခြင်းတို့အတွက် ဘုရားသခင်ကို မယုံကြည်ကြကြောင်းမှာ သိသာထင်ရှားလာပေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့် လူမျိုးစုံကို သူ၏ ဖော်ထုတ်ခြင်းတို့အား နားထောင်ပြီးနောက်တွင် ဤလူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် လောကနှင့်ဆက်ဆံသည့် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကို တစိုက်မတ်မတ် အသုံးပြုလျှင် နောက်ဆုံး အဆုံးသတ်တစ်ခုတည်းသာ ရှိနိုင်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတော်တွင် အစေခံသူ၏ အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ သင်တို့ကိုယ်တိုင် ယခင်က ထိုသို့သော လူတို့နှင့်ပတ်သက်၍ တွေ့ကြုံဖူးကြသလော။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရပြီး နှင်ထုတ်ခြင်းခံရသည့်အခါ အချို့သော အန္တိခရစ်များသည် စစ်တပ်မရှိသည့် အုပ်ချုပ်သူအရာရှိများ ဖြစ်လာကြသည်။ ၎င်းတို့ ပြုပြီးသည့် မကောင်းမှုက အလွန်များပြီး အလွန်ကြီးမားကာ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ရွံရှာပြီး စွန့်ပစ်ကြသည်။ ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည့်အခါတွင်လည်းကောင်း၊ အသင်းတော်၏ ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရသည့်အခါတွင်လည်းကောင်း ၎င်းတို့ဘက်က ပြောပေးသည့်၊ ၎င်းတို့အတွက် တိုက်ခိုက်ပေးပြီး ဘုရားသခင်အပေါ် ကန့်ကွက်ပြောဆိုပေးသည့် များစွာသော ကြံရာပါများနှင့် ကူညီသူများရှိသည့် နောက်ထပ်လူတစ်မျိုးလည်း ရှိပေသည်။ ဤလူစားမျိုးများသည် အခြားသောလူများကို သာ၍ပင် အထင်အမြင်မှားစေနိုင်စွမ်း ရှိကြသည် မဟုတ်လော။ ထိုသို့သော လူများသည် သာ၍ပင် အန္တရာယ်များပေသည်။ အန္တိခရစ်များက “အစေခံသူ”အမည်နာမကို မည်သို့ သဘောထားပြုမူပြီး မည်သည့် ဖုံးကွယ်ထားသည့် အလေ့အကျင့်များ၊ စိတ်ကူးများနှင့် သရုပ်သကန်များအား ၎င်းတို့ ပြသသည်ဆိုသည်တို့နှင့် ပတ်သက်၍ လောလောဆယ် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင်သာ ငါတို့ အဆုံးသတ်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။