အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည် (အခန်း တစ်)
ယနေ့တွင် ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ အချက် ၁၁ ကို မိတ်သဟာယပြုကြမည်။ ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည်ဟူ၍ ဖြစ်၏။ ဤအချက်၏ တိကျသော အကြောင်းအရာမှာ အန္တိခရစ်များက ပြုပြင်ခံရခြင်းကို သဘောထားပြုမူပုံအကြောင်းဖြစ်သည်။ တိတိကျကျဆိုရလျှင် ဤအရာနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ သဘောထားနှင့် ဤသဘောထားကို ထားရှိစဉ် မည်သည့်အရာကို ၎င်းတို့ ဆက်လက်လုပ်ဆောင်သည်ဆိုသည်နှင့် မည်သည့် သရုပ်သကန်များ ရှိကြသည်ဟူသည်တို့ ဖြစ်သည်။ အန္တိခရစ်များက ပြုပြင်ခံရခြင်းအား သဘောထားပြုမူပုံနှင့်ပတ်သက်သော အကြောင်းအရာအပေါ် ငါတို့ မိတ်သဟာယပြုပြီးသား ဖြစ်သလော။ (ပြုပြီးသားဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာတို့အား သဘောထားပြုမူပုံနှင့်ပတ်သက်သည့် မိတ်သဟာယအတောအတွင်းတွင် ဤအရာကို ဆွေးနွေးခဲ့ပါသည်။) သို့ဆိုလျှင် ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်၏ သဘောထားမှာ အဘယ်နည်း။ အန္တိခရစ်များက ၎င်းတို့ ပြုပြင်ခံရသည့်အခါ မြွက်ဆိုသည့် လူသိများသော ဆိုရိုးများနှင့်ပတ်သက်၍ တစ်ချိန်က ငါတို့ မိတ်သဟာယပြုခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ဤအခြေအနေမျိုးအတွက် လူသိများသော ဆိုးရိုးစကားနှစ်ခုရှိသည်။ တစ်ခုမှာ “ဘုရားသခင်က ဖြောင့်မတ်သည်၊ ပြီးလျှင် ကျွန်ုပ်သည် လူတစ်ဦးဦးကို မဟုတ်ဘဲ ဘုရားကို ယုံကြည်သည်”ဟူ၍ ဖြစ်ပြီး အခြားတစ်ခုမှာ “သင်သည် ကျွန်ုပ်ကို ပြုပြင်ဖို့ ဝါနုလွန်းပါသေးသည်။ ဘုရားကို ကျွန်ုပ် မယုံကြည်ခဲ့လျှင် မည်သူ့ကိုမျှ ဂရုစိုက်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကို ပြုပြင်သူမည်သူကိုမဆို မုန်းသည်။ ထို့အပြင် ၎င်းတို့ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရတော့မည်ဟု သံသယဖြစ်ကြသည်။ အဆုံးတွင် ၎င်းတို့က ပြုပြင်ခံရခြင်းကို ငြင်းပယ်ရုံမက နေရာတိုင်းတွင် အယူအဆများကိုလည်း ဖြန့်ကြပုံနှင့်ပတ်သက်၍လည်း ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယင်းမှာ ငါတို့ ပြောဆိုဆွေးနွေးခဲ့သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
၁။ အန္တိခရစ်များသည် ပြုပြင်ခြင်းကို ခံရခြင်းအကြောင်းအရင်း
၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ထိပါးသည့်အခါ အန္တိခရစ်များက ပြုပြင်ခံရခြင်းအား သဘောထားပြုမူပုံနှင့်ပတ်သက်၍ ငါတို့၏ ယခင် မိတ်သဟာယအပေါ် အမြန်ပြန်လည်သုံးသပ်မှုလေးတစ်ခု ငါ ယခုတင် ပြောခဲ့သည်။ ယနေ့တွင် ငါတို့သည် ဤအရာကို နောက်ထပ် ရှုထောင့်တစ်ခုမှ မိတ်သဟာယပြုပြီး စိစစ်မည်ဖြစ်ကာ အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ မည်သည့် တိကျသော စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဟူသည်နှင့် ၎င်းတို့တွင် မည်သည့်သဘောထားမျိုး ရှိကြသည်ဟူသည့်အရာအပြင် ၎င်းတို့၏ တိကျသည့် အမြင်များက မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို တစ်ချက်ကြည့်ကြမည်ဖြစ်ပြီး ဤအမြင်များကို အခြေခံ၍ ၎င်းတို့၏ စိတ်သဘောထားများကို ငါတို့ စိစစ်မည် ဖြစ်သည်။ ဤအရာတွင် ပြုပြင်ခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ပါဝင်သဖြင့် ပထမဆုံးအနေဖြင့် အန္တိခရစ်များ ပြုပြင်ခံရသည့် အကြောင်းရင်းများအကြောင်းကို မိတ်သဟာယပြုကြစို့။ ပြုပြင်ခြင်းသည် အခြေအမြစ်မရှိဘဲ လုပ်ဆောင်သည့် အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ဆက်စပ်အကြောင်းအရာတွင်လည်းကောင်း၊ မည်သည့် အခြေအနေများအောက်တွင်လည်းကောင်း ဤအရာက အန္တိခရစ်တစ်ဦးထံ ဖြစ်ပျက်လိမ့်မည်နည်း။ ယင်းမှာ ထိုလူသည် အန္တိခရစ်တစ်ဦး ဖြစ်သောကြောင့် သက်သက် ဖြစ်မည်လော။ လူအချို့က “အဆင့်အတန်းရှိသည့် သူမည်သူမဆို၊ ထင်ရှားကျော်ကြားသည့်သူ မည်သူမဆို အဆုံးတွင် ပြုပြင်ခံရလိမ့်မည်”ဟူ၍ ပြောကြသည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) သို့ဆိုလျှင် အန္တိခရစ်များသည် ၎င်းတို့ကို ပြုပြင်ခံရစေသည့် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ သာမန်အမှားတစ်ခု ပြုလုပ်မိလျှင် ၎င်းတို့ ပြင်းထန်စွာ ပြုပြင်ခံရလိမ့်မည်လော။ ဤအရာသည် မိတ်သဟာယပြုသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များသည် အဘယ်ကြောင့် ပြုပြင်ခံရကြသနည်း။ ထိုအရာကို သဘောတရားအရ ကြည့်သည့်အခါ အန္တိခရစ်များတွင် မာနထောင်လွှားသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို ကျိုးနွံနာခံခြင်းမရှိကြ၊ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် အပြုသဘောဆောင်သည့်အရာများကို မချစ်ကြ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကာ သမ္မာတရားကို မုန်းကြပြီး ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခံရသင့်သည် သို့မဟုတ် မညှာမတာပင် ဖော်ထုတ်ခံရသင့်ကြပေသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များအရ ၎င်းတို့ကို အန္တိခရစ်များအဖြစ် သွင်ပြင်လက္ခဏာကို သတ်မှတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခံရသင့်ပြီး မညှာမတာပင် ဖော်ထုတ်ခံရသင့်သည်။ ၎င်းတို့မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ ၎င်းတို့သည် မသနားထိုက်ပေ။ ၎င်းတို့သည် ငြင်းပယ်ခံရသင့်ပြီး မည်သူမဆိုသည် ၎င်းတို့ကို ပြုပြင်ရာတွင် လုံးဝ တရားပေသည်။ ယင်းမှာ အမှုအရာများ၏ ပကတိအခြေအနေ မဟုတ်လော။ (မဟုတ်ပါ။) သင် သေချာသလော။ အန္တိခရစ်တို့သည် အဘယ်ကြောင့် ပြုပြင်ခြင်း ခံရသနည်း။ ဤအတွက် အကြောင်းရင်းအချို့ကို ငါ ယခုတင် ဖော်ပြခဲ့သည်။ သင်တို့ထဲမှ အချို့က ထိုအကြောင်းရင်းများ မှန်ကန်ခြင်းမရှိဟု ခံစားကောင်း ခံစားရနိုင်သော်လည်း သင်သည် ထိုအရာနှင့်ပတ်သက်၍ သေချာခြင်းမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အယူဝါဒများကိုသာ နားလည်ပြီး ဤအရာ၏ အနှစ်သာရကို မရိပ်စားမိသောကြောင့် ဖြစ်သည်။ ဤအရာကို သင်တို့ သတိမပြုမိသေးသည့် အချက်က သင်တို့သည် အန္တိခရစ်များ အဘယ်ကြောင့် ပြုပြင်ခံရသည်ဟူသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း မသိမြင်သေးကြောင်းကို ပြပေသည်။ လူအများစုက ဤကိစ္စနှင့်စပ်လျဉ်း၍ အယူဝါဒများကိုသာ နားလည်ကြပြီး အန္တိခရစ်က ပြုပြင်ခံရသင့်ပြီး မညှာမတာ ဖော်ထုတ်ခံရသင့်သည်ဟု ၎င်းတို့၏ စိတ်နှလုံးများတွင် သိရှိကြသော်လည်း အန္တိခရစ်၏ တကယ့် အပြုအမူနှင့် စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြလေသည်။ ဤအရာက ၎င်းတို့အနေဖြင့် ဤပြဿနာ၏ အနှစ်သာရ သို့မဟုတ် အန္တိခရစ်များ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ကြကြောင်းကို ညွှန်ပြသည်။ သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်သည့် သူများသည် အယူဝါဒများကိုသာ နားလည်ကြသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းကြလေသည်။ ထို့ကြောင့် တစ်စုံတစ်ခုကို အမှန်တကယ် လုပ်ဆောင်နေသည့် အန္တိခရစ်တစ်ဦး ရှိနေလျှင် ထိုအရာကို ၎င်းတို့က ရှင်းရှင်းလင်းလင်း သိမြင်နိုင်မည် မဟုတ်ပေ။
အန္တိခရစ်တစ်ဦးသည် အဘယ်ကြောင့် ပြုပြင်ခံရကောင်း ခံရနိုင်မည်နည်း။ အကြောင်းရင်းက အလွန် ရိုးရှင်းပေသည်။ ထိုအရာသည် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ၎င်းတို့၏ အနှစ်သာရမှ ထုတ်ဖော်ပြသည့် မတူကွဲပြားသော အလေ့အထများနှင့် အပြုအမူများကြောင့် ဖြစ်သည်။ ပြီးလျှင် ဤအလေ့အထများ၊ အပြုအမူများနှင့် သရုပ်သကန်များသည် မည်သည့်အရာများ ဖြစ်သနည်း။ ပထမဆုံးအနေဖြင့် အန္တိခရစ်များသည် မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံများကို ထူထောင်ကြသည်။ ၎င်းတို့၏ အန္တိခရစ် အနှစ်သာရကြောင့် ၎င်းတို့သည် ဘုရားသခင်ကို သူ၏ ရွေးချယ်ထားသော လူတို့အတွက် ပြိုင်ဆိုင်ကြပြီး ပိုင်နက်အတွက်လည်းကောင်း၊ လူတို့၏ စိတ်နှလုံးများအတွက်လည်းကောင်း ပြိုင်ကြလေသည်။ ဤအရာအားလုံးသည် ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံများကို ထူထောင်ကြခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် ၎င်း၏ ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်သည့်အခါ ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းသည် မိမိ၏ ကိုယ်ပိုင် ဩဇာလွှမ်းမိုးမှုနှင့် ဩဇာအာဏာ နယ်ပယ်ကို စီမံလျက် မိမိကိုယ်ပိုင် ပိုင်နက်ကို သီးသန့် ထိန်းချုပ်မှုရရှိရန်၊ မိမိကိုယ်ပိုင် အုပ်စုဖွဲ့ရန်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ဘုရားသခင်ကို ငြင်းပယ်ပြီး ထိုအစား မိမိတို့နောက် လိုက်ရန်အလို့ငှာ ထိုသူတို့ကို အထင်အမြင်မှားစေဖို့ ကြိုးစားရင်း မိမိကိုယ်ပိုင် စီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်၊ ဘုရားသခင်နှင့် ထိပ်တိုက်တွေ့ခြင်း ဖြစ်သည်။ အန္တိခရစ်များက ဤသရုပ်သကန်များကို ဖော်ပြသည့်အခါ၊ ဤအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ၎င်းတို့ ပြုပြင်ခံရသင့်ကြသလော။ (ပြုပြင်ခံရသင့်ပါသည်။) ဤသည်မှာ အန္တိခရစ်တစ်ဦးကို ပြုပြင်ခြင်းအတွက် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သလော။ ဤသည်မှာ ၎င်းတို့၏ တိကျသည့် သရုပ်သကန်များထဲမှ တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ယင်းကို ယခုလေးတင် အဘယ်ကြောင့် မပြောနိုင်ကြသနည်း။ ဤစကားများသည် သင်တို့၏ နှုတ်တွင်ရော၊ သင်တို့၏ စိတ်တွင်ပါ ရှိသည် မဟုတ်လော။ (ရှိပါသည်။) ဤသရုပ်သကန်သည် ငါ ယခုတင် ဖော်ပြခဲ့သည့် အယူအဆဆိုင်ရာ အကြောင်းရင်းများနှင့် ဆန့်ကျင်ကွဲလွဲသလော။ ယင်းတို့ကြားက ခြားနားချက်မှာ အဘယ်နည်း။ (ထိုအကြောင်းရင်းများက အမှန်တွင် ယေဘုယျဆန်သည်၊ ဘုရားသခင် ယခုတင် ဖော်ပြခဲ့သည့် သရုပ်သကန်မှာမူ အသေးစိတ်ကျပါသည်။ အန္တိခရစ်တစ်ဦး၏ လက်တွေ့ကျသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။) ယခင်က ဖော်ပြခဲ့သည့် အကြောင်းရင်းများသည် ယေဘုယျဆန်သည်။ ယင်းတို့သည် အယူဝါဒအချို့သာ ဖြစ်သည်။ အန္တိခရစ်များ အဘယ်ကြောင့် ပြုပြင်ခံရသည်ဟူသည့် တိကျသော အကြောင်းရင်းများ လုံးဝ မဟုတ်ခဲ့ပေ။ ဤသရုပ်သကန်သည် စစ်မှန်သည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။ ပထမဆုံးသော သရုပ်သကန်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ရန် ကြိုးစားကြခြင်း ဖြစ်သည်။ ဒုတိယ သရုပ်သကန်မှာ ၎င်းတို့၏ လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ရန် ကြိုးစားခြင်းကဲ့သို့ပင် တူညီသည့် သဘာဝ ရှိသော်လည်း တိကျသည့် အလေ့အထများက ကွဲပြားသည်။ ထို့ကြောင့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း အားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အပြုသဘောဆောင်သည့် ဝေါဟာရလော သို့မဟုတ် အပျက်သဘောဆောင်သည့် ဝေါဟာရလော။ ထိုအရာတွင် ချီးကျူးသည့်သဘောဆောင်သော ဂယက်အနက်များ ရှိသလော သို့မဟုတ် အထင်သေးရှုတ်ချသောသဘောဆောင်သည့် ဂယက်အနက်များ ရှိသလော။ (အထင်သေးရှုတ်ချသော သဘောဆောင်သည့် ဂယက်အနက်များ ရှိပါသည်။) ပုံမှန်အားဖြင့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း မှုအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဤအရာတွင် မည်သည့်သရုပ်သကန်မျိုးတို့ ပါဝင်သနည်း။ (အန္တိခရစ်များသည် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေဖို့ရန်အလို့ငှာ နောက်ကွယ်တွင် အမှုအရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အသင်းတော် ရွေးကောက်ပွဲများအတောအတွင်းတွင် သူတို့သည် နောက်ကွယ်တွင် မဲဆွယ်ကြသည်။) ဤသည်မှာ ပါဝင်သည့်အရာများထဲမှ တစ်ခုဖြစ်သည်။ တိုတိုပြောရလျှင် ဤသရုပ်သကန်မျိုးက အခြားသူတို့နှင့် မဆွေးနွေးဘဲ၊ ပွင့်လင်းမြင်သာမှုမရှိဘဲ၊ အမှုအရာအချို့ကို ခိုးကြောင်ခိုးဝှက် လုပ်ဆောင်ခြင်း၊ လူတိုင်းနောက်ကွယ်တွင် အခြေအနေများကို ကြိုးကိုင်ခြယ်လှယ်ခြင်း၊ အထူးသဖြင့် ထိုအကြောင်းကို အထက်အား သို့မဟုတ် အထက်ခေါင်းဆောင်များအား သိခွင့်မပေးခြင်းတို့ကို ဆိုလိုသည်။ အန္တိခရစ်များသည် ထိုအရာများက စည်းမျဉ်းများကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ထိုအရာများက ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေကြောင်းနှင့် ဘုရားသခင်က ထိုအရာများကို စက်ဆုပ်ကြောင်း အပြည့်အဝ ကောင်းစွာ သိရှိလျက်ပင် အချို့သောအရာများကို တိတ်တဆိတ် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြေအနေကို ကြိုးကိုင်ညွှန်ကြားရန် စာတန်၏ လှည့်ကွက်များနှင့် လူသား နည်းစနစ်များကို အသုံးပြုရင်း ဤအရာများကို မရမက လုပ်ဆောင်ကြဆဲဖြစ်ပြီး ထို့နောက်တွင် တိတ်တဆိတ် ပြုမူဆောင်ရွက်ကြသည်။ အမှုအရာများကို တိတ်တဆိတ် လုပ်ဆောင်ခြင်း နောက်ကွယ်တွင် ၎င်းတို့၏ ရည်မှန်းချက်များမှာ အဘယ်နည်း။ ရည်မှန်းချက်တစ်ခုမှာ တန်ခိုးအာဏာကို အရယူဖို့ဖြစ်ပြီး နောက်တစ်ခုမှာ ၎င်းတို့ လိုချင်သည့် မည်သည့် အကျိုးစီးပွားကိုမဆို ရရှိရန် ဖြစ်သည်။ ဤရည်မှန်းချက်များအတွက် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ၊ အသင်းတော် စည်းမျဉ်းများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ထို့ထက်ပင်ပို၍ ၎င်းတို့၏ ကိုယ်ပိုင် အသိစိတ်ကို ချိုးဖောက်သည့် အမှုအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှု မရှိပေ။ ၎င်းတို့သည် အမှုအရာများကို လူတိုင်းထံမှ ကွယ်ဝှက်ထားကြသည် သို့မဟုတ် အခြေအနေကို ထိန်းချုပ်ခြင်း သို့မဟုတ် အထက်ခေါင်းဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်နိုင်ရန်အလို့ငှာ မိမိတို့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းရှိ ကြံရာပါ အရေအတွက် အနည်းငယ်ကိုသာ ပြောပြကြသည်။ လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း ဟူသည်မှာ လူအများစုက လုံးဝ သတိမမူမိစဉ်တွင် ၎င်းတို့က အချို့သော ဆုံးဖြတ်ချက်များချကာ အချို့သော အရာများကို စီစဉ်ညွှန်ကြားသည်ဟု ဆိုလိုပြီး ဤအရာများ ဖြစ်လာပြီးသည့်နောက်တွင် လူအများစုက ယင်းတို့၏ ရင်းမြစ်ကိုဖြစ်စေ၊ မည်သူက ထိုအရာများအား အစပြုခဲ့သည်ကိုဖြစ်စေ၊ အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကိုဖြစ်စေ မသိကြချေ။ လူအများစုက ဘာမျှမသိဘဲဖြစ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် ညီအစ်ကို မောင်နှမများ၊ အထက်ခေါင်းဆောင်များနှင့် အထက်တို့ကို တမင်တကာ လိမ်လည်ကြသည်။ သင်သည် ဤအရာများကို စပ်စုရန် မည်သို့ ကြိုးစားသည်ဖြစ်စေ၊ မည်သူကို သင် မေးမြန်းသည်ဖြစ်စေ ယင်းတို့နောက်ကွယ်တွင် မည်သည့်အရာရှိသည်ကို မည်သူမျှ မသိကြသကဲ့သို့ အထူးသဖြင့် အချိန်ကြာမြင့်စွာက ဖြစ်ပျက်ခဲ့သည့် အရာများစွာအတွက် မည်သည့်အရာဖြစ်နေသည်ကို လူအများစုက မသိကြသေးပေ။ ဤသည်မှာ လက်သီးပုန်းထိုးသော ကြိုးကိုင်ခြယ်လှယ်ခြင်း ဖြစ်သည်။ ထိုအရာသည် အန္တိခရစ်များ အသုံးပြုသည့် မြင်နေကျ နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းတို့က တစ်စုံတစ်ရာကို လုပ်ဆောင်လိုသည့်အခါ ထိုအရာကို အခြားမည်သူနှင့်မျှ ဆွေးနွေးခြင်းမရှိဘဲ သိုသိုသိပ်သိပ် ကြံစည်ကာ စီစဉ်ကြသည်။ ၎င်းတို့တွင် ယုံကြည်ကိုးစားရသည့် မည်သူမျှ မရှိလျှင် မိမိတို့ခေါင်းများထဲတွင် ၎င်းတို့၏ လျှို့ဝှက်ကြံစည်ခြင်းကို လုပ်ဆောင်ကြသည်။ ၎င်းတို့တွင် ကြံရာပါတစ်ဦးတလေ ရှိလျှင် ထိုသူတို့နှင့်အတူ တိတ်တဆိတ် လျှို့ဝှက်ကြံစည်ကာ စီစဉ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဩဇာအာဏာ နယ်ပယ်အတွင်းရှိ မည်သူမဆို ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားခြင်း၊ ၎င်းတို့ အကြံများ၏ ပစ်မှတ်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုး၏ အဓိက စရိုက်လက္ခဏာမှာ အဘယ်နည်း။ လူအများစုက စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခုတွင် ရှိနေစဉ် မည်သည့်အရာဖြစ်နေသည်ကို သိပိုင်ခွင့် မရှိဘဲ အန္တိခရစ်များ၏ လှည့်စားခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့ကို ခံရလျက် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း ဖြစ်သည်။ အန္တိခရစ်များက လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းကို ဆောင်ရွက်ကြပြီး ပွင့်လင်းသည့် သို့မဟုတ် ထင်သာမြင်သာရှိသည့် နည်းလမ်းတစ်ခုဖြင့် မပြုမူခြင်း သို့မဟုတ် မည်သည့်အရာဖြစ်နေသည်ကို လူတိုင်းအား သိခွင့်မပေးခြင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် စည်းမျဉ်းများ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်းနှင့် ၎င်းတို့က မကောင်းသည့်လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်နေမိကြကြောင်းတို့ကို လုံးဝ ကောင်းစွာ၊ ရှင်းလင်းစွာ သိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်နေခဲ့သည့်အရာကို လူအများစုက သိခဲ့ကြမည်ဆိုလျှင် ထိုသူတို့ထဲမှ အချို့သည် ထကြွကာ ၎င်းတို့ကို ဆန့်ကျင်ကြမည်ဖြစ်ပြီး အထက်ခေါင်းဆောင်များက သိခဲ့လျှင် ၎င်းတို့ ပြုပြင်ခံရကာ ဖြုတ်ချခံရမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့ အဆင့်အတန်းက အန္တရာယ်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် အချို့သော အရာများတွင် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း နည်းစနစ်ကို ခံယူကျင့်သုံးကြပြီး ယင်းတို့နှင့်ပတ်သက်၍ အခြားလူတို့အား သိခွင့်မပေးကြပေ။ ၎င်းတို့၏ လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း၏ အကျိုးဆက်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အတွက် အကျိုးရှိသလော။ လူတိုင်းအတွက် တည်ဆောက်စရာ ဖြစ်သလော။ မဖြစ်သည်မှာ အမှန်ဖြစ်၏။ လူအများစုက အထင်အမြင်မှားစေခြင်းခံရပြီး လိမ်လည်ခြင်းခံရကာ ယင်းမှ လုံးဝ အကျိုးဖြစ်ထွန်းမှု မရှိပေ။ အန္တိခရစ်များ အသုံးပြုသည့် ဤလက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်း နည်းစနစ်သည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အန္တိခရစ်များက လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းအား ဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် ဤသရုပ်သကန်များကို သိရှိခံရသည့်အခါတွင် အန္တိခရစ်များသည် ပြုပြင်ခံရသင့်သလော။ ၎င်းတို့အနေဖြင့် ဖော်ထုတ်ကာ ငြင်းပယ်ခြင်းခံရသင့်သလော။ (ခံရသင့်ပါသည်။) လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းကို ဆောင်ရွက်ခြင်းသည် အန္တိခရစ်များ၏ ခိုင်မာသော သရုပ်သကန်တစ်ခု ဖြစ်သည်။
အန္တိခရစ်များ အလုပ်လုပ်သည့်အခါတွင် အခြား မည်သည့် သရုပ်သကန်များကို တွေ့ရလေ့ရှိသနည်း။ (အန္တိခရစ်များသည် မိမိတို့၏ကိုယ်ပိုင် အဆင့်အတန်းအတွက် လူတို့ကို ဖိနှိပ်ကာ ညှဉ်းဆဲကြသည်။) အန္တိခရစ်များအတွက် အခြားလူများကို ညှဉ်းဆဲခြင်းသည် အဖြစ်အများဆုံးသောအရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ ၎င်းတို့၏ ခိုင်လုံသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်လေသည်။ အန္တိခရစ်များသည် ၎င်းတို့၏အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် လူတိုင်းကို ၎င်းတို့အား နာခံပြီး အရေးစိုက်ရန် အစဉ်တောင်းဆိုကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို အရေးမစိုက်သည်ကိုဖြစ်စေ၊ ၎င်းတို့အပေါ် ရွံမုန်းပြီး အတိုက်အခံပြုလုပ်သည်ကိုဖြစ်စေ တွေ့ရှိလျှင် ထိုသူကို နှိပ်ကွပ်ရန်အလို့ငှာ ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း နည်းဗျူဟာများကို ကျင့်သုံးကြလိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့၏ ထင်မြင်ချက်များနှင့် ကွဲလွဲသူများကို မကြာခဏ ဖိနှိပ်သည်။ သမ္မာတရားကို လိုက်စားပြီး မိမိတို့တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သူများကို ၎င်းတို့က မကြာခဏ ဖိနှိပ်သည်။ ၎င်းတို့ကို မြှောက်ပင့်ခြင်းမရှိသော အတော်အတန် ယဉ်ကျေးဖွယ်ရာရှိပြီး ဖြောင့်မတ်သည့်လူများကို ၎င်းတို့က မကြာခဏ ဖိနှိပ်သည်။ ၎င်းတို့နှင့် အဆင်မပြေသောသူ သို့မဟုတ် အလျှော့မပေးသောသူတို့ကို ဖိနှိပ်သည်။ အန္တိခရစ်များသည် အခြားလူများအား သမ္မာတရားစည်းမျဉ်းအရ မဆက်ဆံပေ။ လူတို့အား မျှမျှတတ မဆက်ဆံနိုင်ပေ။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို မနှစ်သက်သောအခါ၊ ၎င်းတို့အဖို့ တစ်စုံတစ်ယောက်က ပင်ကိုအားဖြင့် အလျှော့မပေးသည့် ပုံစံရှိသောအခါ ထိုလူကို တိုက်ခိုက်ပြီး ညှဉ်းပန်းရန် အခွင့်အရေးများ၊ ဆင်ခြေများကို ရှာဖွေကြပြီး မူမမှန်သောအကြောင်းပြချက်များကို အကြံထုတ်ကြလေသည်။ ၎င်းတို့ကို ဖိနှိပ်ရန်အတွက် အသင်းတော်၏ အလုပ်လုပ်နေသည်ဆိုသည့် ခေါင်းစဉ်ကိုပင် ယူသည်အထိဖြစ်သည်။ လူတို့က ဩဇာညောင်းလာပြီး ၎င်းတို့ကို မငြင်းရဲတော့သည့်အချိန်အထိ ၎င်းတို့က အလျှော့မပေးပေ။ လူများက ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို အသိအမှတ်မပြုမချင်း၊ ၎င်းတို့ကို အပြုံးနှင့် နှုတ်မဆက်မချင်း၊ ၎င်းတို့အပေါ် ထောက်ခံခြင်းနှင့် လိုက်လျောခြင်းကို မပြမချင်း၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ထင်မြင်ချက်မျှ မရှိရဲသည်အထိ မဖြစ်မချင်း ၎င်းတို့သည် လက်မလျှော့ပေ။ မည်သည့်အခြေအနေတွင်မဆို၊ မည်သည့်အုပ်စုတွင်မဆို အခြားလူများအပေါ် အန္တိခရစ်တို့၏ ဆက်ဆံမှုတွင် “တရားမျှတခြင်း” ဟူသည့် စကားလုံးသည် မတည်ရှိပေ။ ပြီးလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော ညီအစ်ကိုမောင်နှမများအပေါ် ၎င်းတို့၏ ဆက်ဆံရေးတွင် “ချစ်ခြင်း” ဟူသည့် စကားလုံးသည် မတည်ရှိပေ။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုရှိသော မည်သူကိုမဆို ၎င်းတို့၏ မျက်လုံးထဲမှ သံချောင်းတစ်ချောင်းအဖြစ်နှင့် နံဘေးတွင်ရှိသော ဆူးငြှောင့်တစ်ခုအဖြစ် မှတ်ယူပြီး ထိုသူကို ညှဉ်းပန်းရန်အတွက် အခွင့်အရေးများ၊ မူမမှန်သော အကြောင်းပြချက်များကို ရှာဖွေလိမ့်မည်။ ထိုလူက အလျှော့မပေးလျှင် ထိုလူကို ၎င်းတို့နှိပ်စက်ပြီး ထိုလူက နှိပ်ကွပ်မခံရမချင်း ၎င်းတို့ မရပ်ကြပေ။ အန္တိခရစ်တို့က ဤအရာကို လုပ်ဆောင်ခြင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီဘဲ သမ္မာတရားနှင့် ရန်ဘက်ဖြစ်သောကြောင့် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံသင့်သလော။ ထိုမျှတင်မဟုတ်ဘဲ ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် စရိုက်လက္ခဏာ သတ်မှတ်ခြင်းသည်သာလျှင် အလုပ်ဖြစ်လိမ့်မည်။ အန္တိခရစ်သည် လူတိုင်းအား ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများ၊ ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ပန်းတိုင်များအရ ဆက်ဆံသည်။ ၎င်းတို့၏ ဩဇာအာဏာအောက်တွင် တရားမျှတစိတ်ရှိသူ၊ တရားမျှတစွာ ပြောဆိုနိုင်သူ မည်သူမဆို၊ တရားမမျှတမှုအတွက် တိုက်ခိုက်ရဲသူ မည်သူမဆို၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသူ မည်သူမဆို၊ အစစ်အမှန် ပါရမီရှိပြီး ပညာကြီးသူ မည်သူမဆို၊ ဘုရားသခင်အတွက် သက်သေခံချက်ပေးနိုင်သူ မည်သူမဆို၊ ဤသို့သောလူအားလုံးတို့သည် အန္တိခရစ်၏ မနာလိုမှုနှင့် ရင်ဆိုင်ရမည်။ ဖိနှိပ်ခံရမည်။ ဖယ်ကြဉ်ခံရမည်။ ပြီးလျှင် ၎င်းတို့ တစ်ဖန် ပြန်ထလာနိုင်ခြင်း မရှိသည်အထိ အန္တိခရစ်၏ ခြေထောက်အောက်တွင်ပင် နင်းချေခံရမည်။ ဤသည်မှာ အန္တိခရစ်က လူကောင်းများနှင့် သမ္မာတရားကို လိုက်စားသောသူများကို ဆက်ဆံသည့် မုန်းတီးမှုဖြစ်သည်။ အန္တိခရစ်က မနာလိုဖြစ်ပြီး ဖိနှိပ်သော လူအများစုနီးပါးသည် အပြုသဘောဆောင်သောပုဂ္ဂိုလ်များနှင့် လူကောင်းများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ လူအများစုသည် ဘုရားသခင်က ကယ်တင်မည့်သူများ၊ ဘုရားသခင်က အသုံးပြုနိုင်သည့်သူများ၊ ဘုရားသခင်က စုံလင်စေမည့် သူများဖြစ်သည်။ ဘုရားသခင်က ကယ်တင်မည့်သူ၊ အသုံးပြုမည့်သူနှင့် စုံလင်စေမည့်သူများကို ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်းဖြစ်သည့် ဤသို့သော နည်းဗျူဟာများကို အသုံးချရာတွင် အန္တိခရစ်များသည် ဘုရားသခင်၏ ပြိုင်ဘက်များမဟုတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်သူများ မဟုတ်သလော။ ၎င်းတို့သည် သမ္မာတရားကို ဤကဲ့သို့ လိုက်စားကြသူများအား မနာလိုဖြစ်ကြ၊ တိုက်ခိုက်ကြပြီး ဖယ်ကြဉ်ကြသည်နှင့်အမျှ အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတို့ကို တိုက်ရိုက် နှောင့်ယှက်နေကြခြင်း ဖြစ်သည်။ ဤအန္တိခရစ်မျိုးသည် လူ့ဇာတိခံ ဘုရားသခင်အပေါ်တွင်သာမက၊ ဘုရားသခင်နောက်လိုက်သူများနှင့် သမ္မာတရား လိုက်စားသူများအပေါ်တွင်လည်း ရန်မူလိုကြသည်။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များ၏ ဤသရုပ်သကန်မျိုးအပေါ် ပိုင်းခြားသိမြင်မှု ရှိသင့်သလော။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ကာ ငြင်းပယ်သင့်သလော။ အန္တိခရစ်များတွင်ရှိသည့် စိတ်သဘောထားမျိုးကို သမ္မာတရားအား မိတ်သဟာယပြုခြင်းအားဖြင့် ဖြေရှင်း၍ရနိုင်သလော။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းသည့် စိတ်သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လုံးဝ လက်ခံကြလိမ့်မည် မဟုတ် သို့မဟုတ် ကျိုးနွံနာခံကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော စစ်မှန်သည့် အန္တိခရစ်များကို ကိုင်တွယ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသို့သောလူတို့ကို ဖော်ထုတ်ဖို့၊ ပိုင်းခြားသိမြင်ကာ ငြင်းပယ်ဖို့ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း အပြည့်အဝ ကိုက်ညီပေသည်။ အန္တိခရစ်များက ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ဤသို့ ညှဉ်းဆဲခြင်းသည် သိသာရှင်းလင်းစွာပင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်နှင့် ထိပ်တိုက်တွေ့ခြင်းနှင့် သူ၏ ရွေးချယ်ထားသောလူတို့အတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ အထင်အမြင်မမှားစေနိုင်သကဲ့သို့ ထိန်းချုပ်၍ မရနိုင်သည့်သူများကို မနာလိုဖြစ်ကာ မုန်းကြသည်။ ၎င်းတို့သည် ဤလူတို့ကို မရရှိနိုင်ကြဘဲ ဘုရားသခင်ကိုလည်း ထိုသူတို့ကို ရရှိခွင့်မပေးကြပေ။ ဤနည်းဖြင့် ၎င်းတို့သည် အသင်းတော်တွင် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့အတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ပြီး ထိုလူများအပေါ် ထိခိုက်နစ်နာမှုနှင့် ပျက်စီးခြင်း ရောက်စေသည့် စာတန်၏ အခန်းကဏ္ဍကို ဆောင်ရွက်နေကြသည် မဟုတ်လော။ အန္တိခရစ်များသည် သမ္မာတရား လိုက်စားသည့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ဘုရားသခင် မရရှိအောင် တားဆီးလျက် ထိုသူတို့ကို မိမိတို့ကြိုးဆွဲရာကစေလိုကြပြီး ဘုရားသခင်နောက် လိုက်သည့်သူများအားလုံးကိုလည်း အထင်အမြင်မှားစေလိုကြသည့်အပြင် ဤလူများ၏ ကယ်တင်ခြင်း ရရှိသည့် အခွင့်အရေးများကို ပျက်စီးစေလျက်၊ ၎င်းတို့နောက်သို့ လိုက်စေလိုကြသည်။ ထိုအခါတွင်မှ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြလိမ့်မည် ဖြစ်သည်။ လူတို့ကို သေသည်ထိ ထိခိုက်နစ်နာစေကြသည့် အန္တိခရစ်များသည် ဘုရားသခင်၏ အဓိကရန်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သင့်ပေသည်။
အန္တိခရစ်များတွင် အခြား မည်သည့် သရုပ်သကန်များရှိကြသနည်း။ (သူတို့သည် အလုပ်အစီအစဉ်များကို ဆန့်ကျင်ကြပြီး အမှုအရာများကို မိမိတို့သဘောအတိုင်းသာ လုပ်ဆောင်ကြသည်။) ဤအရာနှင့် မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ခြင်းနှင့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းတို့ကြား ဆင်တူမှုအချို့ ရှိသော်လည်း ထိုအရာသည်လည်း နောက်ထပ် တိကျသော သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်များက အမှုအရာများကို မိမိတို့သဘောအတိုင်း မည်သို့ လုပ်ဆောင်ကြသနည်း။ (အထက်က ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ရန် တောင်းဆိုသည့် အလုပ် အစီအစဉ်များကို ထုတ်ပြန်သော်လည်း အချို့သော အန္တိခရစ်များသည် ဤအလုပ်အစီအစဉ်များကို အကောင်အထည် ဖော်ရမည့်အစား လူတိုင်းအား မိမိတို့ကိုယ်ကို သိရှိစေရန်အတွက် “သင့်ကိုယ်သင် ပိုင်းခြားသိမြင်နိုင်သည့်အခိုက်အတန့်တွင်သာ အခြားလူတို့ကို သင် ပိုင်းခြားသိမြင်နိုင်သည်”ဟူသည့် မူမမှန်သော အကြောင်းပြချက်ကို အသုံးပြုကြကာ ညီအစ်ကို မောင်နှမများအား အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်း မရှိအောင် တားဆီးလေသည်။) ဤသည်မှာ အထက် အလုပ်အစီအစဉ်များကို ဆန့်ကျင်ခြင်းအပြင် အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ အခြားမည်သည့်အရာဖြစ်သနည်း။ (အန္တိခရစ်များတွင် အထက်၏ အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးများ ရှိကြသည်။ အပြင်ပန်းအားဖြင့် ဤအစီအစဉ်များကို ၎င်းတို့ အကောင်အထည်ဖော်နိုင်ပြီး ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုနေကြသည်ဟု ထင်ရသော်လည်း နောက်ဆက်တွဲအလုပ် လုံးဝ လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် ဤအရာများကို လိုက်မေးမြန်းခြင်း မရှိသကဲ့သို့ နောက်ပိုင်းတွင် အလေးမထားဘဲနေလိုက်ကြသည်။) အန္တိခရစ်များက အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်းဟူသည်မှာ အထက်က မည်သည့်အလုပ်ကို စီစဉ်နေသည်ဖြစ်စေ၊ အောက်တွင်ရှိသူများကို မည်သည့်အလုပ်အား အကောင်အထည်ဖော်ရန် အထက်က တောင်းဆိုသည်ဖြစ်စေ အန္တိခရစ်များက ထိုအရာကို ဘေးဖယ်ထားကြလိမ့်မည်၊ လျစ်လျူရှုကြလိမ့်မည်၊ အသိပေးကြလိမ့်မည် မဟုတ်သကဲ့သို့ အကောင်အထည်ဖော်ကြလိမ့်မည် မဟုတ်ပေ။ ထို့နောက်တွင် ၎င်းတို့ အလိုရှိသည့်အရာ၊ လုပ်ဆောင်ရန် လိုလားနေကြသည့်အရာနှင့် ၎င်းတို့ကို အကျိုးပြုမည့်အရာတို့အား လုပ်ဆောင်ကြလိမ့်မည်။ ဥပမာအနေဖြင့် အသင်းတော်၏ စာအုပ်ဖြန့်ဝေခြင်း စည်းမျဉ်းများအရ ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ထုတ်ပြန်ခြင်းတွင် ပုံမှန် အသင်းတော် အသက်တာကို အသက်ရှင်သည့်လူတိုင်းသည် စာအုပ်တစ်အုပ် ရှိရမည်ဖြစ်သည်။ သို့သော် အန္တိခရစ်တစ်ဦးက ဤအရာကို မြင်သည့်အခါ “လူတိုင်းအတွက် စာအုပ်တစ်အုပ်လော။ ယင်းသည် ငါ့အတွက် မကောင်းသည့် အခြေအနေတစ်ခု ဖြစ်မည်မဟုတ်လော။ လူတစ်ယောက်လျှင် စာအုပ်တစ်အုပ်က မဖြစ်နိုင်ပါ။ လူတစ်ဦးစီက ငါ့အပေါ် အတိအကျ တွေးသည့်အရာအပေါ် အခြေခံ၍ ဤအလုပ်ကို ငါ ဆောင်ရွက်ပြီး အကောင်အထည်ဖော်ရမည်။ ထိုအရာသည် ပုံမှန် အသင်းတော် အသက်တာကို အသက်ရှင်ခြင်းအကြောင်းသာ မဖြစ်သင့်ဘဲ အလှူငွေပေးရာတွင် ယေဘုယျအားဖြင့် မည်သူပိုမိုပေးသည်ဟူသည့်အကြောင်း ဖြစ်သင့်သည်။ ခြွင်းချက်မရှိဘဲ မည်သည့် အလှူငွေမျှ မပေးသည့်လူများ သို့မဟုတ် ဆင်းရဲသောလူများသည် စာအုပ်မရသင့်ပါ။ ၎င်းတို့က စာတစ်အုပ်အတွက် ငါ့ကို အနူးအညွတ်တောင်းပန်ပြီး ငွေသားအချို့ကို အင်တင်တင်ဖြင့် ပေးလျှင် ၎င်းတို့ ပြုမူဆောင်ရွက်ပုံကို အခြေခံ၍ ၎င်းတို့ကို စာအုပ်တစ်အုပ် ပေးမည်၊ မပေးမည်ကို ငါ ဆုံးဖြတ်မည်”ဟု တွေးလေသည်။ ဤသည်မှာ အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သလော။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်းသည် လက်ရှိ အလုပ် အစီအစဉ်များအပြင် မိမိတို့ကိုယ်ပိုင် မူဝါဒများကို ချမှတ်ခြင်း၊ ၎င်းတို့၏ ဒေသန္တာရ အသင်းတော်တွင် ထိုမူဝါဒများအတိုင်း ပြုမူဆောင်ရွက်ခြင်း၊ ဘုရားအိမ်တော်က တောင်းဆိုသည့် အလုပ်အစီအစဉ်များနှင့် စည်းမျဉ်းများကို လုံးဝ အကောင်အထည်မဖော်ခြင်းနှင့် ထိုအစား မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ပန်းတိုင်များအတိုင်း ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် စာအုပ်များကို ဖြန့်ဝေနေခဲ့ကြပြီး အလုပ်တာဝန်က ပြီးစီးသည့်ပုံပေါ်သည်။ သို့သော် ထိုအရာကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အတွက် အခြေခံအကြောင်းရင်းမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ ထိုအရာသည် ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များ သို့မဟုတ် အသင်းတော် စည်းမျဉ်းများကို အခြေမခံခဲ့ပေ။ ၎င်းတို့၏ ကိုယ်ပိုင် မူဝါဒများ၊ ကိုယ်ပိုင် လုပ်နည်းကိုင်နည်းများကို အခြေခံခဲ့သည်။ ဤသည်မှာ အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို မည်သည့်ကျိုးနွံနာခံမှုမျှ လုံးဝ မပြကြပေ။ ၎င်းတို့သည် ထိုအလုပ်အစီအစဉ်များကို တစ်သဝေမတိမ်း အကောင်အထည် ဖော်နိုင်ခြင်း သို့မဟုတ် စီမံဆောင်ရွက်နိုင်ခြင်း မရှိကြဘဲ ထိုအစား မိမိတို့၏ ဒေသန္တာရ အသင်းတော်အတွင်းတွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်သည့် မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများနှင့် စည်းကမ်းများစွာကို တိတ်တဆိတ် ထူထောင်ကြလေသည်။ ဤသည်မှာ မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို တည်ထောင်ခြင်း ဖြစ်သည်သာမက အမှုအရာများကို မိမိတို့ သဘောအတိုင်း လုပ်ဆောင်ခြင်း ပို၍ပင် ဖြစ်လေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ ဒေသန္တာရ အသင်းတော်တွင် အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ကြသည့်အခါ ဤသည်တို့မှာ ၎င်းတို့ကိုယ်ပိုင် အစီအစဉ်များ၊ အထက်က ထုတ်ပြန်ခဲ့ပြီး အခြား အသင်းတော်များတွင် အကောင်အထည်ဖော်ခဲ့သည့် အလုပ်အစီအစဉ်များနှင့် ကွဲပြားသည့် အရာတစ်ခု ဖြစ်သည်။ အပေါ်ယံတွင် ၎င်းတို့သည် ဟန်ဆောင်လုပ်ပြကြပြီးဖြစ်သည်၊ ၎င်းတို့က အလုပ်အစီအစဉ်များကို လက်ခံရရှိကြပြီး ဖတ်ရှုကြသော်လည်း ထိုအလုပ်အစီအစဉ်များ တိတိကျကျ အကောင်အထည်ဖော်ပုံအတွက် ၎င်းတို့ကိုယ်ပိုင် နည်းစနစ်များ ရှိကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို တကယ်ပင် အလေးမထားကြသကဲ့သို့ ပွင့်ပွင့်လင်းလင်း ချိုးဖောက်ကြသည်။ ဤအရာကို အမှုအရာများအား မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်း ဟုခေါ်သည်။ အန္တိခရစ်များသည် အမှုအရာများကို မိမိတို့သဘောအတိုင်း အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ (သူတို့သည် အသင်းတော်တွင် အာဏာကို စွဲကိုင်ချင်ကြပြီး အရာရာနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချလိုကြသည်။) မှန်၏။ ၎င်းတို့က အာဏာကို ကိုင်စွဲလိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် အာဏာရကာ အခြားသူတို့ကို ထိန်းချုပ်ဖို့၊ အခြားသူတို့ကို ၎င်းတို့အား အလေးဂရုပြုစေဖို့၊ နာခံစေဖို့နှင့် ကြောက်ရွံ့စေဖို့အတွက် အခွင့်အရေးရှိသမျှကို ရှာဖွေကာ အရယူကြသည်။ ၎င်းတို့သည် အခြားသူတို့ကို ထိန်းချုပ်ဖို့၊ ၎င်းတို့သာ ဤနေရာတွင် အာဏာကိုင်စွဲပြီး အခြားမည်သူမျှ မကိုင်စွဲကြောင်း၊ အခြားသူတို့အနေဖြင့် ၎င်းတို့၏ အတည်ပြုချက်ကို မယူဖို့၊ ၎င်းတို့ကို ကျော်သွားဖို့ တကယ်ကို မဖြစ်နိုင်ကြောင်းနှင့် မည်သူမျှ ၎င်းတို့ကို မကျော်လွန်နိုင်ကြောင်း လူတိုင်းကို သိစေဖို့အတွက် ၎င်းတို့၏ မတူကွဲပြားသော အလေ့အထများကို အသုံးပြုရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့သည် အဓိကအားဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ကာ အာဏာကို အရယူလိုကြသည်။ အန္တိခရစ်များက ဤသို့ ပြုမူနေကြခြင်းသည် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားအိမ်တော်၏ တောင်းဆိုချက်များအတိုင်း ကိုင်တွယ်နေကြခြင်း မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ထိုအရာသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် မိမိတာဝန်ကို ပုံမှန်ထမ်းဆောင်နေသည့်သူတစ်ဦးတလေက လုပ်ဆောင်သင့်သည့်အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များက ဤသရုပ်သကန်ကို ထုတ်ဖော်ပြသသည့်အခါ ၎င်းတို့ ပြုပြင်ခံရသင့်သလော။ ၎င်းတို့အနေဖြင့် ဖော်ထုတ်ခံရပြီး ငြင်းပယ်ခံရသင့်သလော။ (ဖော်ထုတ်ခံရပြီး ငြင်းပယ်ခံရသင့်ပါသည်။)
အန္တိခရစ်များ၏ အခြားသော သရုပ်သကန်များထဲမှ အချို့မှာ အဘယ်နည်း။ (အန္တိခရစ်များသည် လှူဖွယ်ပစ္စည်းများကို ခိုးယူကြသည်၊ ဘုရားအိမ်တော်၏ ငွေကို မိမိတို့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် သုံးကြပြီး အထူးအခွင့်အရေးများကို အကြိုက်တွေ့ကြသည်။) အထူးအခွင့်အရေးများကို အကြိုက်တွေ့ခြင်းသည် တိကျသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးက အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ထိန်းထား၍မရတော့ပေ။ ၎င်းတို့သည် အခြားသူတို့ကို ခြေအောက်တွင် နင်းချေရမည့် အရာများအဖြစ် မြင်ကြပြီး ၎င်းတို့ လုပ်ဆောင်သည့် အရာရာတိုင်းတွင် အခြားသူများထက် သာလွန်ကာ ထင်ပေါ်ချင်ကြသည်၊ အခွင့်အရေး အပြည့်အဝ ယူချင်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အရာရာအပြင် ၎င်းတို့ စကားပြောဆိုသည့်အခါတွင် အသာစီးရဖို့ ကြိုးပမ်းကြသည်။ မည်သည့်ထိုင်ခုံတွင် ၎င်းတို့ ထိုင်သည်ဖြစ်စေ အထူးထိုင်ခုံ ဖြစ်စေချင်ကြသည်။ ဘုရားအိမ်တော်၌ မည်သည့်အထူးအခွင့်အရေးကို မွေ့လျော်ရသည်ဖြစ်စေ အခြားမည်သူမဆို ရရှိသည့်အရာထက် ပိုကောင်းစေချင်ကြသည်။ ၎င်းတို့သည် လူတိုင်းအား ၎င်းတို့အပေါ် ပိုမိုအထင်ကြီးစေချင်ကြပြီး အခြားမည်သူမဆိုထက် ပို၍ အကောင်းမြင်စေချင်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်း မရှိသည့်အခါ အဆင့်အတန်းကို လုယူချင်ကြပြီး ၎င်းတို့တွင် အဆင့်အတန်းရှိသည်နှင့်တစ်ပြိုင်နက် အလွန့်အလွန် မာနထောင်လွှားလာကြလေသည်။ ၎င်းတို့ကို စကားပြောသည့် မည်သူမဆို ၎င်းတို့ကို မော့ကြည့်ရမည်၊ မည်သူမျှ ၎င်းတို့နှင့် ဘေးချင်းယှဉ် လမ်းလျှောက်၍မရဘဲ ထိုအစား နောက်တွင် ခြေတစ်လှမ်း သို့မဟုတ် နှစ်လှမ်းအကွာတွင် ရှိနေရမည်ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို အလွန် ကျယ်လောင်စွာ သို့မဟုတ် အလွန်ကြမ်းတမ်းစွာ စကားပြော၍မရ၊ မမှန်သည့် စကားများကို အသုံးပြု၍မရ သို့မဟုတ် ၎င်းတို့ကို မမှန်သည့် နည်းလမ်းဖြင့် ကြည့်၍မရပေ။ ၎င်းတို့သည် အားလုံးကို ချစ်တီးခေါင်းသန်းရှာကြလိမ့်မည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ပြောမည့်အရာ တစ်စုံတစ်ခု ရှိလိမ့်မည်။ မည်သူကမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေး၍မရ သို့မဟုတ် ဝေဖန်၍မရ။ ထိုအစား လူတိုင်းက ၎င်းတို့ကို ရိုသေးလေးစားရမည်၊ ၎င်းတို့ကို ကပ်ဖားရမည်ဖြစ်ပြီး မြှောက်ပင့်ရမည်ဖြစ်သည်။ အန္တိခရစ်က အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်ကြလိမ့်မည်ဖြစ်ပြီး အခြားသူတို့က ၎င်းတို့ကို ရိုသေလေးစားကြရန်အလို့ငှာ ကြွားဝါကြလိမ့်မည်။ ၎င်းတို့သည် အဆင့်အတန်းကို အကြိုက်တွေ့ကြပြီး အခြားသူတို့၏ လေးစားမှုကို အမှန်တကယ် တန်ဖိုးထားကြသည်သာမက ရုပ်ဝတ္ထု ပျော်ရွှင်မှုများသည်လည်း ၎င်းတို့အတွက် အထူးအရေးကြီးလေသည်။ ၎င်းတို့သည် အကောင်းဆုံး ဆက်ဆံမှုပေးသည့် အိမ်ရှင်များနှင့်အတူ နေချင်ကြသည်။ ၎င်းတို့၏ အိမ်ရှင်က မည်သူဖြစ်သည်ဖြစ်စေ ၎င်းတို့ စားသည့်အရာနှင့်စပ်လျဉ်း၍ ၎င်းတို့တွင် သီးသန့် တောင်းဆိုမှုများ ရှိကြပြီး အစားအစာက အတော်အတန် မကောင်းလျှင် မိမိတို့၏ အိမ်ရှင်ကို ပြုပြင်ဖို့ အခွင့်အရေး ရှာကြလိမ့်မည်။ ၎င်းတို့သည် အဆင့်မမီသော မည်သည့် ပျော်ရွှင်မှုကိုမဆို လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့၏ အစားအစာ၊ အဝတ်အစား၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေး အားလုံးတို့သည် သိသိသာသာ ပိုကောင်းရမည်ဖြစ်သည်၊ သာမန်က တကယ်ကို အဆင်ပြေလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် သာမန် ညီအစ်ကို မောင်နှမများရရှိသည့် အရာနှင့် အတူတူပင်ဖြစ်သော အရာများကို လက်မခံနိုင်ကြပေ။ အခြားသူတို့က မနက် ၅ နာရီ သို့မဟုတ် ၆ နာရီ ထမည်ဆိုလျှင် ၎င်းတို့က မနက် ၇ နာရီ သို့မဟုတ် ၈ နာရီ ထကြလိမ့်မည်။ ၎င်းတို့အတွက် အကောင်းဆုံး အစားအစာနှင့် ပစ္စည်းများကို သီးသန့်ထားပေးရမည်ဖြစ်သည်။ လူတို့ ပေးသည့် လှူဖွယ်ပစ္စည်းများပင်လျှင် ပထမဦးစွာ ၎င်းတို့၏ ဆန်းစစ်ခြင်း ခံရမည်ဖြစ်ပြီး ကောင်းသည့်အရာ သို့မဟုတ် တန်ဖိုးရှိသည့်အရာ မည်သည့်အရာကိုမဆို သို့မဟုတ် ပျော်မွေ့သည့် မည်သည့်အရာကိုမဆို ၎င်းတို့ သိမ်းထားကြလိမ့်မည်ဖြစ်ကာ အသင်းတော်အတွက် အကြွင်းအကျန်များကို ချန်ထားကြလိမ့်မည်။ ပြီးလျှင် အန္တိခရစ်များ လုပ်ဆောင်သည့် စက်ဆုပ်ဖွယ် အကောင်းဆုံးသောအရာ အခြားတစ်ခု ရှိ၏။ ထိုအရာမှာ မည်သည့်အရာနည်း။ ၎င်းတို့တွင် အဆင့်အတန်း ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အာသာဆန္ဒက ကြီးထွားလာသည်၊ ၎င်းတို့၏ အတွေ့အကြုံ ပိုများလာပြီး အပျော်အပါး လိုက်စားတတ်လာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ငွေသုံးလိုစိတ်၊ စားသောက်လိုစိတ် ဖြစ်ပေါ်ကြပြီး သို့ဖြစ်၍ အသင်းတော်၏ အလုပ်အတွက် အသင်းတော်က အသုံးပြုသည့် ငွေများအားလုံးကို မိမိတို့အတွက် ပိုင်ဆိုင်ချင်ကြသည်၊ မိမိတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို ခွဲဝေလိုကြသည်၊ မိမိတို့ အလိုဆန္ဒများအတိုင်း ထိန်းချုပ်ချင်ကြလေသည်။ အန္တိခရစ်များသည် ဤအာဏာမျိုးနှင့် ဤဆက်ဆံမှုမျိုးကို အကြိုက်တွေ့ကြပြီး ၎င်းတို့တွင် အာဏာရှိသည်နှင့်တစ်ပြိုင်နက် ချက်လက်မှတ်များအားလုံးနှင့် အမျိုးမျိုးသော သဘောတူညီချက်များကဲ့သို့ အရာရာတိုင်းပေါ် မိမိတို့၏ နာမည်ကို လက်မှတ်ထိုးချင်ကြသည်။ ၎င်းတို့သည် ဘောပင်တစ်ချောင်းဖြင့် မိမိတို့၏ လက်မှတ်ကို မရပ်မနား ရေးရသည့် ခံစားချက်၊ ငွေကို ရေလို ဖြုန်းတီးရသည့် ခံစားချက်ကို မွေ့လျော်ခံစားချင်ကြသည်။ အန္တိခရစ်တစ်ဦးတွင် အဆင့်အတန်းမရှိသည့်အခါ ၎င်းတို့ထဲ၌ ဤသရုပ်သကန်များကိုဖြစ်စေ၊ ၎င်းတို့က ဤလူစားမျိုး ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့တွင် ဤစိတ်သဘောထားမျိုး ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က ထိုသို့သောအရာများ လုပ်ဆောင်ကြမည်ကိုဖြစ်စေ မည်သူမျှ မမြင်နိုင်ကြပေ။ သို့သော် ၎င်းတို့က အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ဤအရာအားလုံး ပေါ်လွင်သွားသည်။ ၎င်းတို့က နံနက်တွင် ရွေးကောက်ခံရလျှင် ထိုနေ့ နေ့လည်အရောက်၌ ၎င်းတို့ အလွန့်အလွန် မာနထောင်လွှားလာကြသည်၊ ၎င်းတို့က ခေါင်းမော့ရင်ကော့နေကြသည်၊ စိတ်ကြီးဝင်ကြပြီး သာမန်လူတို့ကို အရေးမထားကြပေ။ အပြောင်းအလဲက အလွန်မြန်ဆန်စွာ ဖြစ်သွားသည်။ သို့သော် အမှန်တွင် ၎င်းတို့ မပြောင်းလဲကြပေ။ ၎င်းတို့ ထုတ်ဖော်ခံရခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤမာနထောင်လွှားသည့် ဟိတ်ဟန်များကို ပြုလုပ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်ရပ်လိုကြသည်၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ချင်ကြသည်။ တစ်စုံတစ်ဦးက အရသာရှိသော အစားအစာကို တည်ခင်းသည့်အခါတိုင်းတွင် ၎င်းတို့သည် မိမိတို့၏ အနံ့ထွက်နေသည့် ခန္ဓာကို ထိန်းသိမ်းဖို့ အားဆေးများကို တောင်းဆိုရင်း ထိုအစားအစာကို စတင်၍ ခေါင်းမဖော်တမ်း စားကြလေသည်။ အထူးအခွင့်အရေးများကို အန္တိခရစ်များ ပျော်မွေ့ခြင်းက မကြာခဏ ဖြစ်ပွားသည်။ ဆိုးရွားမှု အဆင့်အရသာ ကွာခြားချက်များ ရှိသည်။ သွေးသား ပျော်ရွှင်မှုများကို ဖက်တွယ်သည့် လူတစ်ဦးတလေက ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့်အခါ ၎င်းသည် အထူးအခွင့်အရေးများကို အကြိုက်တွေ့ချင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် လုံးဝ ကွဲပြားခြားနားလာကြသည်။ အဆင့်အတန်းနှင့်အတူ လာသည့် ပျော်ရွှင်မှုများနှင့် အထူးဆက်ဆံမှုအားလုံးကို ခိုင်မာစွာနှင့် သေသေချာချာ မျှော်မှန်းကြသည် ဖက်တွယ်ထားကြသည်၊ လက်လွှတ်ကြလိမ့်မည်မဟုတ်၊ မိမိတို့၏ ချုပ်ကိုင်မှုကို တစ်စက်လေးမျှ အလျှော့ပေးလိမ့်မည်မဟုတ်၊ အနည်းငယ်မျှ လက်လွှတ်ဆုံးရှုံးခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် အလေ့အထများထဲမှ မည်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း ဖြစ်သနည်း။ တစ်ခုမျှ မဟုတ်ပေ။ ထိုအရာတစ်ခုစီတိုင်းသည် မြင်ရသည်မှာ အော်ဂလီဆန်စရာဖြစ်ပြီး စက်ဆုပ်စရာဖြစ်သည်။ ၎င်းတို့၏ အလေ့အထများနှင့် သရုပ်သကန်များသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည်သာမက ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် ရှက်စိတ် အနည်းငယ်မျှပင် မပိုင်ဆိုင်ကြပေ။ အန္တိခရစ်များတွင် အဆင့်အတန်းရှိသည့်အခါ မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကာ မိမိတို့ကိုယ်ပိုင် အာဏာနှင့် အဆင့်အတန်းအတွက် ကြိုးစားခြင်းအပြင် ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို အကျိုးပြုမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ပျက်ကွက်ကြသည်သာမက အဆင့်အတန်း၏ အကျိုးကျေးဇူးများ၊ သွေးသား ပျော်ရွှင်မှုများနှင့် လူတို့က ၎င်းတို့ကို အထင်ကြီးကာ အမွန်အမြတ်ထားခြင်းတို့ကိုလည်း ပျော်မွေ့ကြလေသည်။ အချို့သော အန္တိခရစ်များသည် ၎င်းတို့ကို အစေခံရန် လူများကိုပင် ရှာကြကာ ၎င်းတို့သောက်သည့် လက်ဖက်ရည်ကို အခြားသူတို့အား တည်ခင်းစေပြီး ၎င်းတို့ ဝတ်သည့် အဝတ်အစားများကို အခြားသူတို့အား လျှော်ဖွတ်စေသည့်အပြင် ၎င်းတို့ ရေချိုးသည့်အခါတွင်ပင် မိမိတို့၏ ကျောကို ပွတ်တိုက်ပေးဖို့ သီးသန့် လူတစ်ဦး ထားကာ ၎င်းတို့ အစားစားသည့်အခါ လိုလေးသေးမရှိ ပြုစုပေးမည့်သူတစ်ဦး ထားကြသည်။ သာ၍ပင်ဆိုးသည်မှာ အချို့သည် တစ်နေ့သုံးနပ်စာ အသီးသီးအတွက် သတ်မှတ်ထားသည့် စားသောက်ဖွယ်စာရင်းတစ်ခုပင် ရှိကြပြီး ဤအရာတင်မက အားဆေးများ သုံးစွဲချင်ကြပြီး ၎င်းတို့အတွက် မတူညီသည့် ဟင်းချိုမျိုးစုံကို ပြုတ်စေချင်ကြလေသည်။ အန္တိခရစ်များတွင် အရှက်တရား ရှိကြသလော။ မရှိကြပေ။ ထိုလူစားမျိုးကို ရိုးရိုး ပြုပြင်ခြင်းက အတော်အတန် သက်ညှာခြင်းဖြစ်သည်ဟု သင်တို့ ပြောကြမည်လော။ ၎င်းတို့ကို ပြုပြင်ခြင်းသည် ၎င်းတို့အား ရှက်စေလိမ့်မည်လော။ (ရှက်စေမည်မဟုတ်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ အတော်လေး ရိုးရှင်းပေသည်။ ပြုပြင်ပြီးနောက် ၎င်းတို့ကို ဖော်ထုတ်ပြီး ၎င်းတို့ အဘယ်အရာဖြစ်သည်ကို သိခွင့်ပေးလော့။ ဤအရာကို ၎င်းတို့ အလျှော့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ၎င်းတို့ ထုတ်ပယ်ခံရသင့်ပြီး လူတိုင်းက ၎င်းတို့ကို ငြင်းပယ်သင့်ပေသည်။ သင်တို့သည် အန္တိခရစ်တစ်ဦးကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ငြင်းပယ်နိုင်ကြသလော။ ၎င်းတို့ကို တိုင်ကြားကာ ဖော်ထုတ်ဖို့ သင်သည် ထရပ်ဝံ့သလော။ (ရပ်နိုင်ပါသည်။) သင်တို့သည် အမှန်တကယ် ရဲဝံ့ကြသလော၊ သို့မဟုတ် မရဲဝံ့ကြသလော။ ယခုတွင် သင်သည် သင့်ကို ထောက်ပံ့ရန် အခြားသူများရှိသည့်အခါ ၎င်းတို့ကို သင် ထရပ်ကာ ဖော်ထုတ်ဝံ့လိမ့်မည်ဖြစ်သော်လည်း အားပေးထောက်ပံ့မှုမရှိဘဲနှင့် သင်သည် သတ္တိရှိလိမ့်ဦးမည်လော။ ယခု သင် ရှိသည့်နေရာသည် အဆင်းနီသော နဂါးကြီး အုပ်စိုးမှုမရှိဘဲ ဘေးကင်းလုံခြုံသည်၊ ထို့ကြောင့် သင်က “မည်သည့်အရာကို ငါ ကြောက်ရွံ့ရမည်နည်း။ သူတို့သည် အန္တိခရစ်သာ ဖြစ်သည် မဟုတ်လော။ ငါတို့၏ အထောက်အပံ့အဖြစ် ဘုရားသခင်ရှိသဖြင့် အန္တိခရစ်ကို ဖော်ထုတ်ရန် ငါ သတ္တိရှိပြီး ငါ မကြောက်ပါ”ဟု တွေးသည်။ သို့သော် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်မူ မတူပေ။ သင်သည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ပြီး ၎င်း၏ အဆင့်အတန်းကို ဆုံးရှုံးလျှင် ၎င်းက သင့်ကို ညှဉ်းဆဲဝံ့လိမ့်မည်၊ သင့်ကို သစ္စာဖောက်ဝံ့လိမ့်မည်ဖြစ်ပြီး အာဏာပိုင်များ၏ လက်သို့ သင့်ကို အပ်နှံဝံ့လိမ့်မည်။ သင်သည် ၎င်းကို ဖော်ထုတ်ဝံ့ဦးမည်လော။ (ဖော်ထုတ်ကောင်းဖော်ထုတ်ဝံ့မည် မဟုတ်ပါ။) ဖော်ထုတ်ကောင်း ဖော်ထုတ်ဝံ့မည်မဟုတ်။ သင်၏ သဘောထားက ချက်ချင်း ပြောင်းလဲသွားလိမ့်မည်။ ထိုအခြေအနေတွင် သင်သည် ၎င်းတို့ကို ဖော်ထုတ်ဝံ့မည်မဟုတ်။ သို့ဆိုလျှင် ၎င်းတို့ကို မဖော်ထုတ်ဝံ့ခြင်းသည် မှန်ကန်သလော။ မမှန်ကန်ပေ၊ သင့်တွင် သက်သေခံချက် မရှိသကဲ့သို့ သင်သည် အောင်မြင်သူတစ်ဦး မဟုတ်ကြောင်းကို ဆိုလိုပေသည်။ ထိုအရာသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ပြောသင့်သည့်အရာတစ်ခု မဟုတ်ပေ။ သင်သည် နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေသော်လည်း သင်၏ စိတ်နှလုံးက “အသင် အန္တိခရစ်၊ အသင် နတ်ဆိုးနှင့် စာတန်၊ သင့်ကို ငါ ဖော်ထုတ်မည်။ သင့်ကို ငြင်းပယ်ဖို့ ဉာဏ်ပညာကို ငါ အသုံးပြုမည်ဖြစ်ပြီး အသင်းတော်မှ သင့်ကို ဖယ်ရှားမည်။ သင်သည် ဘုရားအိမ်တော်တွင် နေဖို့ မထိုက်တန်ပါ။ သင်သည် နတ်ဆိုးတစ်ဦးဖြစ်သည်။ သင်သည် စာတန်တစ်ဦးဖြစ်သည်။ သင့်ကို ငါ့စကားများဖြင့် လူသိရှင်ကြား ငါ မဖော်ထုတ်သော်လည်း သင့်ကို ငါ့စိတ်နှလုံးအတွင်းမှ ငါ ငြင်းပယ်သည်။ သမ္မာတရားကို နားလည်သည့် နောက်ထပ် ညီအစ်ကို မောင်နှမများကို ငါ ရှာဖွေမည်ဖြစ်ပြီး အတူတကွ သင့်ကို ငါတို့ ငြင်းပယ်မည်။ သင်၏ ခေါင်းဆောင်မှု သို့မဟုတ် သင်၏ ကြိုးကိုင်ညွှန်ကြားမှုကို ငါတို့ လက်ခံမည်မဟုတ်ပါ”ဟု အကြိမ်ကြိမ် အော်ဟစ်နေသည်ဆိုပါစို့။ ဤသည်မှာ ပြုမူဆောင်ရွက်ရန် မှန်ကန်သည့် နည်းလမ်းဖြစ်သလော။ (ဟုတ်ပါသည်။) အခြေအနေက ကောင်းကျိုးမပြုဘဲရှိကောင်းရှိနိုင်ပြီး အန္တိခရစ်တစ်ဦးကို လူသိရှင်ကြား ဖော်ထုတ်ခြင်းက သင့်ကို အန္တရာယ်တွင် ရှိစေကောင်းရှိစေနိုင်သော်လည်း ဘုရားသခင်၏ စေခိုင်းချက်တာဝန်၊ သမ္မာတရား စည်းမျဉ်းများနှင့် သင်၏ တာဝန်တို့ကို စွန့်လွှတ်၍မရ သို့မဟုတ် စွန့်ပစ်၍မရနိုင်ပေ။ အထူးအခွင့်အရေးများကို အကြိုက်တွေ့သည့် အန္တိခရစ်များ၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မရှက်မကြောက် မွေ့လျော်ခံစားသည့် အန္တိခရစ်များကိုမူ ၎င်းတို့ကို ငါတို့ ငြင်းပယ်သင့်ပြီး ဘုရားအိမ်တော်တွင် ကပ်ပါးကောင်များ ဖြစ်လာခွင့်မပေးသင့် သို့မဟုတ် နောက်ထပ် ညီအစ်ကို မောင်နှမများကို ထိခိုက်နစ်နာစေခွင့် သို့မဟုတ် အထင်အမြင်မှားစေခွင့် မပေးသင့်တော့ပေ။ ၎င်းတို့ကို ငါတို့ ဖယ်ရှားသင့်သည်။ ဘုရားအိမ်တော်၏ ရင်းမြစ်များသည် ဤကပ်ပါးကောင်များကို ထောက်ပံ့ခြင်းအတွက် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်အတွင်းတွင် အစာမစားထိုက်သကဲ့သို့ ဘုရားအိမ်တော်တွင် အရာရာတိုင်းကို မွေ့လျော်ခံစားထိုက်ခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြပြီး ငြင်းပယ်ခံထိုက်သင့်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်ဖြစ်သည့် အထူးအခွင့်အရေးများကို အကြိုက်တွေ့ခြင်း၊ အထူးအခွင့်အရေးများကို အရှက်မဲ့သည့် အကြိုက်တွေ့ခြင်း ဖြစ်သည်။ မည်သည့်အရာကိုမျှ ပံ့ပိုးခြင်းမရှိဘဲ ၎င်းတို့သည် ခေါင်းဆောင်မှု ရာထူးတစ်ခုကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အာဏာကို အမိအရ ရယူသည်၊ မိမိတို့ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ပြီး မိမိတို့အတွက် အရသာရှိသည့် အစားအစာကို အတင်းအဓမ္မ ချက်ပြုစေကာ ဝယ်ယူစေသည့်အပြင် ညီအစ်ကို မောင်နှမများ ကြိုးစားရှာထားသည့် ဥစ္စာပစ္စည်းများကို လုယူကာ သူတို့၏ ငွေနှင့် ပစ္စည်းများကို ခြိမ်းခြောက်ညှစ်ယူလေသည်။ ၎င်းတို့အတွက် ထိုအရာသည် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ကာ တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်း၊ တစ်ဖန် ဖြစ်လာလိမ့်မည်မဟုတ်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးတစ်ဦး တွေးထင်သည့်ပုံစံ မဟုတ်လော။ အရှက်မဲ့သည့် တွေးခေါ်မှုပါတကား။ ဤလူစားမျိုးသည် ပြုပြင်ခံရသင့်သည်၊ ဖော်ထုတ်ခံရသင့်ပြီး ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်ခြင်းခံရသင့်ပေသည်။
အန္တိခရစ်များ၏ အခြားသော သရုပ်သကန်အချို့မှာ အဘယ်နည်း။ မိမိကိုယ်တိုင်၏ အထက်နှင့် အောက်တွင်ရှိသောသူများကို လှည့်ဖြားခြင်းသည် တိကျသည့် သရုပ်သကန်တစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) အန္တိခရစ်များသည် ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည်။ ၎င်းတို့သည် ရိုးသားသည့် စိတ်နှလုံး၊ သမ္မာတရားကို ချစ်သည့် စိတ်နှလုံး သို့မဟုတ် အပြုသဘောဆောင်သည့် အရာများအတွက် ချစ်ခြင်းစိတ်နှလုံး မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် မှောင်မိုက်သည့် ချောင်များတွင် မကြာခဏ အသက်ရှင်နေကြသည်။ ရိုးသားသည့် သဘောထားဖြင့် မပြုမူကြ၊ မှန်ကန်စွာ ပြောဆိုခြင်းမရှိကြသကဲ့သို့ အခြားသူများအပေါ်ကိုရော၊ ဘုရားသခင်အပေါ်ကိုပါ ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်သည့် စိတ်နှလုံးများ ထားရှိကြသည်။ ၎င်းတို့သည် အခြားသူတို့ကို လှည့်ဖြားချင်ကြပြီး ဘုရားသခင်ကိုလည်း လှည့်ဖြားချင်ကြသည်။ ဘုရားသခင်၏ စေ့စေ့ကြည့်ရှုစစ်ဆေးခြင်းကို မဆိုထားနှင့်၊ အခြားသူတို့၏ ကြီးကြပ်မှုကို ၎င်းတို့ လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အခြားသူတို့ထဲတွင် ရှိသည့်အခါ စိတ်ထဲတွင် ၎င်းတို့ မည်သည့်အရာ စဉ်းစားနေပြီး စီစဉ်နေသည်၊ ၎င်းတို့က မည်သည့်လူစားမျိုးဖြစ်ပြီး သမ္မာတရားအပေါ် မည်သည့် သဘောထား ထားရှိကြသည် စသည်တို့ကို မည်သူ့ကိုမျှ လုံးဝ မသိစေချင်ကြပေ။ ၎င်းတို့သည် အခြားသူတို့အား ဤအရာတစ်ခုတလေကိုမျှ မသိရှိစေချင်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း လှည့်စားချင်ကြသည်၊ သူ့ကို ဘာမျှမသိဘဲနေစေချင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက အဆင့်အတန်းမရှိသည့်အခါ၊ လူတစ်စုတွင် အခြေအနေကို ကြိုးကိုင်ညွှန်ကြားဖို့ အခွင့်အလမ်းများ ၎င်းတို့တွင် မရှိသည့်အခါ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များ နောက်ကွယ်တွင် မည်သည့်အရာ တည်ရှိနေသည်ကို မည်သူမျှ အမှန်တကယ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူတို့က “၎င်းတို့သည် နေ့စဉ် မည်သည့်အရာအကြောင်းကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု နောက်ကွယ်တွင် ကြံရွယ်ချက်တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေကြသလော။ အခြားသူတို့အပေါ် မနာလိုမှု သို့မဟုတ် အမုန်းတရား တစ်ခုတလေကို ၎င်းတို့ ခံစားကြသလော။ ၎င်းတို့သည် အခြားသူတို့အပေါ် အမြင်စောင်းမှုများ တစ်ခုတလေ ရှိကြသလော။ အခြားသူတို့ ပြောသည့်အရာအပေါ် ၎င်းတို့၏ အမြင်များက မည်သည့်အရာများ ဖြစ်သနည်း။ အချို့သောအရာများကို ၎င်းတို့ ကြုံရသည့်အခါ မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း”ဟု တွေးကြလေသည်။ အန္တိခရစ်များသည် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်ကို အခြားသူတို့အား လုံးဝ သိခွင့်မပေးကြပေ။ ၎င်းတို့သည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆအကြောင်းကို စကားအနည်းငယ်ဖြင့် အမှန်ဖော်ပြကြလျှင်ပင် ထိုစကားများက မရေမရာဖြစ်ပြီး မပြတ်မသားဖြစ်နေလိမ့်မည်။ ၎င်းတို့သည် အခြားသူတို့အား ပြင်းပြင်းထန်ထန် စဉ်းစားသွားစေလျက် ၎င်းတို့က မည်သည့်အရာ ပေးသိဖို့ ကြိုးစားနေကြသည်ကို မခွဲခြားနိုင်ရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာ ပြောချင်သည် သို့မဟုတ် မည်သည့်အရာ ဖော်ပြရန် ကြိုးစားနေကြသည်ကို မသိရှိရန်အလို့ငှာလည်းကောင်း လှည့်ပတ်ပြောဆိုကြလေသည်။ ထိုသို့သော တစ်စုံတစ်ဦးက အဆင့်အတန်းရရှိသွားသည့်နောက် အခြားလူတို့ အနီးဝန်းကျင်တွင် ၎င်းတို့၏ အပြုအမူမှာ သာ၍ပင် ခိုးကြောင်ခိုးဝှက်ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များ၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ ပုံရိပ်နှင့် မိမိတို့၏ နာမည်၊ မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ စသည်တို့ကို ကာကွယ်ချင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံ သို့မဟုတ် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း မပြောချင်ကြပေ။ ၎င်းတို့အနေဖြင့် အမှားတစ်ခုကို ပြုလုပ်မိသည့်အခါတွင်ပင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြမိသည့်အခါတွင်ပင် သို့မဟုတ် ၎င်းတို့ လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များက မှားယွင်းသည့်အခါတွင်ပင် ၎င်းတို့သည် မဖွင့်ဟချင်ကြသကဲ့သို့ ထိုအကြောင်းကို အခြားသူတို့အား သိခွင့်မပေးချင်ကြသည့်အပြင် ညီအစ်ကို မောင်နှမများကို လှည့်စားဖို့အတွက် အပြစ်ကင်းပြီး စုံလင်သည့် အသွင်အပြင်ကို အမြဲထားရှိကြသည်။ အထက်နှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍လည်းကောင်း ၎င်းတို့သည် နားကြားကောင်းသည့် အရာများကိုသာ ပြောဆိုကြပြီး အထက်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် လှည့်ဖြားတတ်သည့် နည်းစနစ်များနှင့် အလိမ်အညာများကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ အထက်ကို အစီရင်ခံပြီး အထက်ကို စကားပြောသည့်အခါ ၎င်းတို့၏ အားနည်းချက်တစ်ခုတလေကိုမျှ မည်သူမျှ မသိရှိနိုင်ရန်အလို့ငှာ မကောင်းသည့် မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ မပြောကြပေ။ ၎င်းတို့သည် အောက်ပိုင်းအဆင့်များတွင် ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာကိုဖြစ်စေ၊ အသင်းတော်တွင် ဖြစ်ပေါ်သည့် ပြဿနာများ တစ်ခုတလေကိုမျှဖြစ်စေ၊ ၎င်းတို့အလုပ်တွင်ရှိသည့် ပြဿနာများ သို့မဟုတ် အပြစ်အနာအဆာများကိုဖြစ်စေ၊ ၎င်းတို့ နားမလည်နိုင် သို့မဟုတ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အရာများကိုဖြစ်စေ လုံးဝ ထုတ်ပြောကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤကိစ္စများနှင့်ပတ်သက်၍ အထက်ကို မည်သည့်အခါမျှ မမေးမြန်းဘဲ သို့မဟုတ် မရှာဖွေဘဲ ထိုအစား ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်နိုင်သည့်၊ ၎င်းတို့၏ အလုပ်ကို လုံးလုံးလျားလျား တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိသည့် ပုံရိပ်တစ်ခုနှင့် အသွင်အပြင်တစ်ခုကိုသာ ပြသလေသည်။ ၎င်းတို့သည် အသင်းတော်တွင် တည်ရှိသည့် မည်သည့်ပြဿနာများကိုမဆို အထက်သို့ အစီရင်မခံကြသကဲ့သို့ အသင်းတော်တွင် အမှုအရာများက မည်သို့ ပရမ်းပတာဖြစ်နေသည်ဖြစ်စေ၊ ၎င်းတို့အလုပ်တွင် ဖြစ်ပေါ်သည့် အပြစ်အနာအဆာများ၏ အတိုင်းအတာ မည်သို့ဖြစ်စေ၊ သို့မဟုတ် အောက်ပိုင်းအဆင့်များတွင် ၎င်းတို့ အတိအကျ မည်သည့်အရာ လုပ်ဆောင်ကြပြီးသည်ဖြစ်စေ ဤအရာအားလုံးနှင့်ပတ်သက်၍ အထက်အား မတော်တဆ ကြားခွင့်မပေးရန် သို့မဟုတ် မည်သည့်သတင်းကိုမျှ ကြားခွင့်မပေးရန် ကြိုးပမ်းရင်း၊ ပကတိအခြေအနေကို ဖုံးကွယ်ရန် အားထုတ်မှုတစ်ခုအနေဖြင့် ဤကိစ္စရပ်များနှင့် ဆက်စပ်သည့် လူများ သို့မဟုတ် ၎င်းတို့အကြောင်း အမှန်တရားကို သိရှိသည့်လူများအား ဝေးကွာသော နေရာများကို ပြောင်းရွှေ့သည်အထိပင် လုပ်ဆောင်ရင်း ထိုအရာအားလုံးကို ထပ်တလဲလဲ ဖုံးဖိကြလေသည်။ ဤသည်တို့မှာ မည်သည့် အလေ့အထများ ဖြစ်သနည်း။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားသည့် လူတစ်ဦး ရှိသင့်သည့် သရုပ်သကန်မျိုး ဖြစ်သလော။ အလွန် သိသာစွာပင် မဟုတ်ပေ။ ဤသည်မှာ မကောင်းဆိုးဝါးတစ်ကောင်၏ အပြုအမူ ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် ဘုရားသခင်ထံမှ ဤအမှုအရာများကို ထိမ်ချန်ထားရင်း မိမိတို့၏ အဆင့်အတန်း သို့မဟုတ် နာမည်ဂုဏ်သတင်းအပေါ် သက်ရောက်မှုတစ်ခု ရှိနိုင်မည့် မည်သည့်အရာကိုမဆို ဖုံးကွယ်ရန်၊ ဖုံးဖိရန် အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထက်နှင့် အောက်တွင်ရှိသူများကို လှည့်ဖြားခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အောက်တွင်ရှိသည့်သူများကို “အထက်က ကျွန်ုပ်ကို အလွန် အထင်ကြီးပြီး အလွန် တန်ဖိုးထားသည်။ အထက်က ကျွန်ုပ်ကို ထိုသို့သော အရေးကြီးသည့် အလုပ်ကို အပ်လျက်၊ ထိုထိုသော အလုပ်တာဝန်များကို တာဝန်ပေးလေပြီ။ သူတို့သည် ကျွန်ုပ်၏ အလုပ်အတွက် လမ်းညွှန်ချက်များပေးလျက် ကျွန်ုပ်အပေါ် တကယ်ကို ကောင်းစွာ ဂရုစိုက်ပြီး ကျွန်ုပ်၏ ဘဝအတွက်လည်း တာဝန် အမှန်တကယ် ယူကြပြီးဖြစ်သည်။ အထက်က ထိုထိုသော ကိစ္စရပ်များကြောင့် ကျွန်ုပ်ကို ပြုပြင်ခဲ့ပြီး ထိုထိုသော နည်းလမ်းဖြင့် ကျွန်ုပ် လက်ခံခဲ့ကာ ထိုအရာအပေါ် ကျွန်ုပ်၏ သိနားလည်မှုက ထိုကဲ့သို့ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်အား ချစ်ပုံကို ကြည့်ပါလော့။ သူသည် ကျွန်ုပ်ကို ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ခဲ့ပြီး ကျွန်ုပ်၏ အလုပ်တွင် ကိုယ်တိုင် လမ်းညွှန်မှုပေးလေပြီ”ဟု မကြာခဏ ပြောကြလိမ့်မည်။ ပြီးလျှင် အထက်ကိုလည်း ၎င်းတို့က မိမိတို့၏ အလုပ်အတွက် တာဝန်အလွန်ယူကြသည့် ပုံစံတစ်ခု၊ ညီအစ်ကို မောင်နှမများကို အလွန်အမင်း ဂရုစိုက်ကာ မိမိတို့၏ စိတ်နှလုံးနှင့် အစွမ်းခွန်အားကို အပြည့်အဝ ရည်စူးဆက်ကပ်သည့် ပုံစံတစ်ခု ပုံဖမ်းကြသော်လည်း ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးက ၎င်းတို့ထံ မတူကွဲပြားသည့် စိတ်ကူး သို့မဟုတ် အယူအဆတစ်ခု တင်ပြခြင်းအကြောင်း သို့မဟုတ် မိမိတို့အလုပ်တွင်ရှိသည့် အပြစ်အနာအဆာများ သို့မဟုတ် လမ်းလွဲခြင်းများ တစ်ခုတလေအကြောင်းကို စကားတစ်ခွန်းမျှ လုံးဝ ပြောကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ၎င်းတို့နှင့်ပတ်သက်သည့် ပကတိအခြေအနေကို အထက်က သိရှိသွားလျှင် ထုတ်ပယ်ခံရမည်ကို ကြောက်လန့်လျက် ၎င်းတို့နှင့်ပတ်သက်သည့် အမျိုးမျိုးသော အမှန်တရားများကို အထက်က မသိအောင် ဖုံးကွယ်ရန် အပြင်းအထန် ကြိုးစားနေစဉ် အောက်လူများနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ထိန်းသိမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အထက်နှင့် အောက်တွင်ရှိသည့်သူများကို လှည့်ဖြားခြင်း ဖြစ်သည် မဟုတ်လော။ အန္တိခရစ်တစ်ဦးက အာဏာကို အရယူသည်နှင့်တစ်ပြိုင်နက် မည်သူကမျှ ၎င်းတို့၏ စစ်မှန်သော အခြေအနေ၊ ၎င်းတို့၏ စစ်မှန်သော အနေအထား၊ သို့မဟုတ် ၎င်းတို့၏ တကယ့် လူ့သဘာဝ သို့မဟုတ် အလုပ် စွမ်းဆောင်ရည်များကို မရိပ်စားမိနိုင်ရန်အလို့ငှာ ၎င်းတို့ကိုယ်တိုင်နှင့်ပတ်သက်သည့် အမှန်တရားကို ဆက်လက် ကွယ်ဝှက်ထားရန် တတ်နိုင်သမျှ လုံးဝ လုပ်ဆောင်ကြသည်။ ၎င်းတို့အနေဖြင့် ခိုင်မာသည့် ခြေကုပ်တစ်ခုရရှိပြီး မိမိတို့၏ အာဏာနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အစဉ်အမြဲ မွေ့လျော်ခံစားနိုင်ရန်အလို့ငှာ ဤအရာများကို ဖုံးကွယ်ရန် နည်းစနစ်မျိုးစုံနှင့် နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။ မိမိကိုယ်တိုင်၏ အထက်နှင့် အောက်တွင်ရှိသောသူများကို လှည့်ဖြားခြင်းသည် အန္တိခရစ်များသာ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ထိုအရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားသခင်ကို အစေခံသည့် တစ်စုံတစ်ဦး ပိုင်ဆိုင်သင့်သော သရုပ်သကန်တစ်ခု ဖြစ်သလော။ သမ္မာတရား လိုက်စားသည့် တစ်စုံတစ်ဦး ပိုင်ဆိုင်သင့်သော သရုပ်သကန်တစ်ခု ဖြစ်သလော။ (မဟုတ်ပေ။) သို့ဆိုလျှင် အန္တိခရစ်တစ်ဦးက ဤသရုပ်သကန်မျိုး၊ ဤစိတ်သဘောထားမျိုးကို ပိုင်ဆိုင်သည့်အခါ ပြုပြင်ခံရသင့်သလော။ (ပြုပြင်ခံရသင့်ပါသည်။)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။