အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည် (အခန်း နှစ်)
အန္တိခရစ်များ ပြုပြင်ခံရသည့် အကြောင်းရင်း ခြောက်ခုအကြောင်းကို ငါတို့ ယခုတင် ပြောဆိုပြီးဖြစ်သည်။ ပထမမှာ မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံများကို ထူထောင်ခြင်း ဖြစ်သည်။ ဒုတိယမှာ လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းဖြစ်သည်။ တတိယမှာ အခြားသူတို့ကို ညှဉ်းဆဲခြင်းဖြစ်သည်။ စတုတ္ထမှာ အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ ပဉ္စမမြောက်မှာ အထူးအခွင့်အရေးများကို အကြိုက်တွေ့ခြင်းဖြစ်ပြီး ဆဋ္ဌမမြောက်မှာ မိမိတို့၏ အထက်နှင့် အောက်တွင်ရှိသောသူများကို လှည့်ဖြားခြင်း ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသလော။ (ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေဖို့ အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ဖြန့်ခြင်းဖြစ်သည်။) (ဘုရားသခင်ကို လုံးဝ မချီးမြှောက်ခြင်း သို့မဟုတ် သက်သေမခံခြင်းနှင့် ထိုအစား မိမိတို့ကိုယ်ကို အမြဲ သက်သေခံခြင်း၊ လူတို့ကို အထင်အမြင်မှားစေဖို့ စကားလုံးများနှင့် အယူဝါဒများကို ရေရွတ်ပြောဆိုခြင်းတို့ဖြစ်သည်။) (သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့် လူကို ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် မုန်းခြင်းတို့ ဖြစ်သည်။) ဤအရာသုံးခုထဲတွင် မည်သည့်အရာသည် ယှဉ်ကြည့်လျှင် ငါတို့ ဆွေးနွေးပြီးသားဖြစ်သည့် အကြောင်းရင်းခြောက်ခုနှင့် အနှစ်သာရအနေဖြင့် နီးစပ်သနည်း။ (မိမိတို့ကိုယ်ကို အစဉ်သဖြင့် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း၊ ပြီးလျှင် ဘုရားသခင်ကို လုံးဝ သက်သေမခံခြင်း ဖြစ်သည်။) ထိုတစ်ခုသည် သဘာဝအားဖြင့် အတော်လေး ဆိုးရွား၏။ နောက်ထပ်ဆိုးရွားသောအချက်မှာ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို တိုက်ခိုက်ခြင်းနှင့် ဝေဖန်ခြင်း၊ ထို့နောက်တွင် လူများကို အထင်အမြင်မှားစေဖို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို ဖြန့်ခြင်းဖြစ်သည်။ အန္တိခရစ်များ၏ အခြားသော တိကျသည့် သရုပ်သကန်အချို့ ရှိသင့်သော်လည်း ဤအရာများက အရာရာကို အနည်းနှင့်အများ ကိုယ်စားပြုသည်။ ထို့ကြောင့် ယနေ့တွင် ထိုအရာတစ်ခုစီနှင့်ပတ်သက်၍ မလိုအပ်သည့် အသေးစိတ်အချက်များကို ပြောဆိုရန် ငါတို့ မလိုအပ်ပေ။ ယင်းသည် ယနေ့ မိတ်သဟာယ၏ အာရုံစိုက်ရာ မဟုတ်ပေ။ ထိုအစား ယနေ့၏ အာရုံစိုက်ရာမှာ အန္တိခရစ်တစ်ဦးက အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ပုံနှင့် ပတ်သက်ပေသည်။ တစ်နည်းအားဖြင့် ပြုပြင်ခံရပြီးနောက် အန္တိခရစ်တစ်ဦး၏ သဘောထား၊ ဤသဘောထား၏ ရင်းမြစ်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရ၏ ပကတိအခြေအနေ၊ ဤသည်မှာ ငါတို့ ဆက်လက်မိတ်သဟာယပြုသင့်သည့် အဓိကအာရုံစိုက်ရာ ဖြစ်သည်။ ငါတို့ ယခုတင် ဆွေးနွေးသွားသည့် အခြားသောအရာများမှာ ဤအရာနှင့် အတော်အတန် ဆက်စပ်သော သာ၍ သေးငယ်သည့် အကြောင်းအရာများဖြစ်သည်။ ယင်းတို့ကို ယခင်က ငါတို့ လုံလောက်အောင် အသေးစိတ်ကျကျ ဆွေးနွေးပြီးဖြစ်သဖြင့် ယနေ့တွင် ငါတို့ ယခင်က မိတ်သဟာယပြုခဲ့ပြီးဖြစ်သည့် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို အကျဉ်းရုံးလျက်၊ အသေးစိတ်မဟုတ်သကဲ့သို့ ယေဘုယျသော နည်းလမ်းတစ်ခုဖြင့် ယင်းတို့ကို ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည်။ အန္တိခရစ်များသည် ဤသရုပ်သကန်များ၊ ဤစိတ်သဘောထားများနှင့် အနှစ်သာရများကို ပိုင်ဆိုင်ကြပြီး ဤအမှုအရာမျိုးများကို လုပ်ဆောင်ကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင်ခံရကာ ငြင်းပယ်ခံရမည်ဖြစ်သည်။ သို့သော် စစ်မှန်သည့် အန္တိခရစ်တစ်ဦး၊ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သည့်သူတစ်ဦးသည် ၎င်း လုပ်ဆောင်ပြီးဖြစ်သည့် ဤအရာများ သို့မဟုတ် ၎င်းတို့၏ ဤသရုပ်သကန်များသည် အန္တိခရစ်တစ်ဦးနှင့်သက်ဆိုင်သည်ကို အသိအမှတ်ပြုမည်လော။ (အသိအမှတ်ပြုမည် မဟုတ်ပါ။) စာတန်နှင့် နတ်ဆိုးများက ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်ကြောင်း အသိအမှတ်ပြုသည်ကို မည်သည့်အချိန်တွင် သင် မြင်ဖူးသနည်း။ ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်မိကြောင်း ၎င်းတို့ လုံးဝ အသိအမှတ်ပြုကြလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် အမှားမျိုးများကို ၎င်းတို့ ပြုမိပြီးသည်ဖြစ်စေ ၎င်းတို့ မှားခဲ့ကြောင်းကို လုံးဝ ဝန်ခံကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ ဤအနှစ်သာရနှင့်ဆိုင်သော ရှုထောင့်အမြင်မှနေ၍ ယနေ့၏ မိတ်သဟာယအတွက် အကြောင်းအရာကို အစပြုလိုက်ကြစို့။
၂။ အန္တိခရစ်များသည် ပြုပြင်ခြင်းကို လက်မခံသောအခါ မည်သို့ပြုမူပုံ
က။ ၎င်းတို့အမှားလုပ်ထားသည်ကို ဝန်ခံရန် ငြင်းဆိုခြင်း
အန္တိခရစ်တစ်ဦးက မည်မျှကြီးမားသည့် အမှားတစ်ခုကို ပြုလုပ်မိပြီးသည်ဖြစ်စေ၊ မည်မျှများပြားသည့် မကောင်းမှုကို ၎င်းတို့ ကျူးလွန်မိပြီးဖြစ်သည်ဖြစ်စေ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့ မတတ်သာသည့်အဆုံး ကျင့်သုံးရသည့် ပထမဆုံးသော အပြုအမူမှာ မိမိတို့ အပြစ်မရှိကြောင်း သက်သေထူရန် တစ်ပတ်ရိုက်ခြင်းကို အသည်းအသန် အသုံးပြုလျက် တစ်စုံတစ်ရာ အမှားလုပ်ထားသည်ကို လုံးဝ ငြင်းဆိုသည့် အပြုအမူဖြစ်သည်။ ဤသည်မှာ ၎င်းတို့က တစ်စုံတစ်ခုသော အမှားကျူးလွန်မိသည့်အခါ နောင်တရသည့် သဘောထားတစ်ခု ကင်းမဲ့ခြင်းဖြစ်သည်။ ယင်းကို အန္တိခရစ်များ၏ ဆယ့်တစ်ခုမြောက်သော သရုပ်သကန်တွင် ဖော်ပြထားပေသည်။ အန္တိခရစ်များတွင် နောင်တရသည့် သဘောထား မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် စိတ်ထဲတွင် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် နောင်တရသည့် သဘောထားတစ်ခု မရှိကြသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့က တစ်စုံတစ်ရာ အမှားလုပ်ထားခြင်းမရှိဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။) မှန်ပေ၏။ အန္တိခရစ်များက ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ အမှားလုပ်မိကြောင်း လုံးဝ ဝန်မခံကြပေ။ သို့ဆိုလျှင် ၎င်းတို့က အန္တိခရစ်များ ဖြစ်ကြောင်းကို ၎င်းတို့ ဝန်ခံနိုင်ကြသလော။ ဤသည်မှာ ပို၍ပင် ခက်ခဲ၏။ သင်သည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ဖို့ အချက်အလက် စာရင်းတစ်ခုကို ပြုလုပ်နိုင်လျှင် ထိုအရာကို ၎င်းတို့က လက်ခံနိုင်ကြလိမ့်မည်လော။ ဧကန်မုချပင် ၎င်းတို့သည် ဤအရာကို သာ၍ပင် လက်ခံနိုင်စွမ်းရှိကြလိမ့်မည် မဟုတ်။ ဤသရုပ်သကန်မျိုးများမှတစ်ဆင့် အန္တိခရစ်တစ်ဦး၏ အနှစ်သာရသည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်သည့် အနှစ်သာရဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်၊ သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသည့် စိတ်သဘောထားတစ်ခု ဖြစ်ကြောင်းကို ငါတို့ မြင်နိုင်ပေသည်။ ထို့ကြောင့် အန္တိခရစ်များသည် ဖော်ထုတ်ခံရသောအခါတွင်၊ ပြုပြင်ခံရသောအခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခုခံရန်အတွက် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာဖွေရန်၊ ကြိုးစားပြီး လွတ်အောင်ပြုလုပ်ရန်အတွက် ဆင်ခြေမျိုးစုံကို ရှာဖွေရန်၊ ဤသို့ဖြင့် တာဝန်ကို ရှောင်ဖယ်ရန်ဖြစ်သော ၎င်းတို့၏ပန်းတိုင် အထမြောက်ပြီး ခွင့်လွှတ်ခံရခြင်းဟူသည့် ၎င်းတို့၏ဦးတည်ချက်ကို ရရှိရန်အတွက်ဖြစ်သည်။ အန္တိခရစ်များ အကြောက်ဆုံးသော အရာမှာ ဘုရားသခင်ရွေးချယ်ထားသောလူတို့က ၎င်းတို့၏ စရိုက်၊ ၎င်းတို့၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များ၊ ၎င်းတို့၏ ပျော့ကွက်၊ ၎င်းတို့၏ အစွမ်းအစအမှန်နှင့် လုပ်နိုင်စွမ်းအမှန်တို့အား ရိပ်စားမိမည်ကို ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များ၊ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးဖိရန်အလို့ငှာ မိမိတို့ကိုယ်ကို ပြရုပ်တင်ကြသည်။ ၎င်းတို့၏ မကောင်းမှုသည် ပေါ်လွင်လာပြီး ဖော်ထုတ်ခံရသည့်အခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ဤအမှန်တရားကို ဝန်မခံခြင်း၊ သို့မဟုတ် လက်မခံခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ အမှားများကို ပြုပြင်ရန်၊ အစားထိုးဖြည့်ဆည်းရန် အစွမ်းကုန် လုပ်ဆောင်ရမည့်အစား ယင်းတို့ကို ဖုံးကွယ်ရာတွင် အသုံးပြုရန်၊ ၎င်းတို့၏ လုပ်ရပ်များအား အတွင်းသိသိသောသူများကို တစ်ပတ်ရိုက်ရန်နှင့် အထင်အမြင်မှားစေရန်၊ ကိစ္စ၏ အဖြစ်မှန်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအား နားလည်သဘောပေါက်ခြင်း မရှိစေရန်၊ ၎င်းတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အိမ်တော်အတွက် မည်မျှနစ်နာစေသည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို ၎င်းတို့ မည်မျှနှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့သည်ကိုလည်းကောင်း ထိုသူတို့အား အသိမပေးရန် နည်းလမ်းမျိုးစုံကို အကြံထုတ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ အထက်က သိရှိသွားမည်ကို ၎င်းတို့အကြောက်ဆုံး ဖြစ်သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် အထက်က သိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းခံရမည်ဖြစ်ပြီး ၎င်းတို့အတွက် အားလုံး ပြီးဆုံးသွားလိမ့်မည်ဖြစ်ကာ ၎င်းတို့ဖြုတ်ချခြင်းခံရဖို့နှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့မှာ သေချာ၏။ ထို့ကြောင့် အန္တိခရစ်များ၏ မကောင်းမှုလုပ်ခြင်း ဖော်ထုတ်ခံရသောအခါတွင် ၎င်းတို့လုပ်သော ပထမဆုံးသောအရာသည် ၎င်းတို့ မည်သည့်နေရာတွင် မှားသွားသည်၊ မည်သည့်နေရာတွင် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်၊ ၎င်းတို့ ပြုလုပ်ခဲ့သောအရာကို အဘယ်ကြောင့်ပြုလုပ်ခဲ့ရသည်၊ မည်သည့်စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံခဲ့ရသည်၊ ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အရာဖြစ်သည်၊ ထိုအချိန်တွင် ၎င်းတို့၏ အခြေအနေက မည်သို့ဖြစ်သည်၊ ဤသည်မှာ စိတ်အလိုလိုက်ခြင်း ကြောင့်၊ သို့မဟုတ် ရည်ရွယ်ချက်များ၏ မသန့်စင်မှုကြောင့် ဟုတ်မဟုတ်တို့ကို မဆင်ခြင်မသုံးသပ်ခြင်း ဖြစ်သည်။ ယင်းတို့ကို ပြန်လည်ဆင်ခြင်ကြည့်ဖို့ မဆိုထားနှင့်၊ ဤအရာများကို စိတ်ဖြာလေ့လာခြင်း ပြုလုပ်ရမည့်အစား အချက်အလက်အမှန်များကို ဖုံးကွယ်ရန် နည်းလမ်းမရွေးကို ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများကို တစ်ပတ်ရိုက်ရန်အလို့ငှာ ထိုသူတို့၏ ရှေ့တွင် မိမိတို့ကိုယ်ကို ရှင်းပြပြီး မှန်ကြောင်းပြရန် အစွမ်းကုန်ကြိုးစားကြကာ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်တွင် ဆက်လက်၍ မကောင်းမှုများကို မဆင်မခြင် ပြုလုပ်ပြီး ၎င်းတို့၏ အာဏာကို အလွဲသုံးစားလုပ်ကာ လူများကို ဆက်လက်၍ အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်ရန်အလို့ငှာ၊ ပြီးလျှင် ၎င်းတို့၏ ရည်မှန်းချက်များကို လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ထိုလူများအား ၎င်းတို့ကို အထင်ကြီးစေပြီး ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်စေရန်အလို့ငှာ အကြီးစားပြဿနာများကို အသေးစားပြဿနာများ ဖြစ်ပုံပေါက်စေပြီး အသေးစားပြဿနာများကို ပြဿနာမရှိပုံပေါက်စေသည့်အပြင် ဖြီးဖြန်းကြလေသည်။ အစမှအဆုံးထိ အန္တိခရစ်များသည် အမှန်တကယ် မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ အန္တိခရစ်များ လုပ်ဆောင်သမျှမှာ အမှုအရာများကို ပြောဆိုရန်၊ အမှုအရာများကို လုပ်ဆောင်ရန် ကြိုးစားရင်း ဦးနှောက်ခြောက်ခံစဉ်းစားခြင်းနှင့် ဆုတောင်းပြီး မိမိတို့၏ အမှားများနှင့် ပြစ်မှားခြင်းများကို ဝန်ခံကာ မိမိတို့၏ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန် ဘုရားသခင်ရှေ့မှောက်သို့ လာမည့်အစား မိမိတို့ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် မိမိတို့ကိုယ်ကို အလုပ်များစေကြခြင်း ဖြစ်သည်။ ၎င်းတို့ ပြုလုပ်မိသည့် အမှားများက အသင်းတော်၏ အလုပ်နှင့် ညီအစ်ကို မောင်နှမများအပေါ် ဖြစ်စေသည့် ထိခိုက်နစ်နာမှုကိုလည်း ဝန်မခံကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် အကြိမ်ကြိမ် ကသုတ်ကရက် ရှာဖွေမြဲရှာဖွေနေကြသည်။ “မည်သည့်နေရာ အတိအကျတွင် အမှားတစ်ခုကို ငါ လုပ်မိလေပြီနည်း။ မည်သည့်နေရာတွင် ငါ သတိမထားဘဲ ထိုသို့ဖြင့် တစ်စုံတစ်ဦးအား ငါ့အပေါ် နိုင်ကွက်ရှိခွင့်ပေးလေပြီနည်း။ မည်သည့်နေရာတွင် ငါ လုံလောက်အောင် အားမထုတ်ဘဲ သို့မဟုတ် အမှုအရာများကို အပြည့်အဝ မစဉ်းစားဘဲ ထိုသို့ဖြင့် ငါသည် တစ်စုံတစ်ရာကို မှားယွင်းသွားခွင့်ပေးကာ ငါ့အပေါ် တိုက်ခိုက်ရာတွင် အသုံးပြု၍ရနိုင်သည့် ဝေဖန်မှုရင်းမြစ်တစ်ခု သို့မဟုတ် နိုင်ကွက်တစ်ခု ဖြစ်သွားစေခဲ့သနည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အဖန်ဖန် စဉ်းစားပြီး ဆန်းစစ်ကြသည်၊ မစားနိုင် သို့မဟုတ် မအိပ်နိုင်ဖြစ်ကြသည်။ သို့သော် အန္တိခရစ်တစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းကာ ၎င်းတို့ တစ်စုံတစ်ရာ အမှားလုပ်မိပြီဖြစ်ကြောင်း ဝန်ခံဖို့မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် သိရှိခြင်း မရှိသည့်အပြင် ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ အဖြေများကို ရှာဖွေခြင်းမရှိ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းမရှိသကဲ့သို့၊ မိတ်သဟာယတွင် ဖွင့်ဟကာ ပြဿနာများကို ဖြေရှင်းဖို့ရန် သမ္မာတရားကို ရှာဖွေဖို့အတွက် ၎င်းတို့က သမ္မာတရားကို နားလည်သည့် ညီအစ်ကို မောင်နှမများအား သာ၍ မရှာဖွေကြပေ။ ကိစ္စရပ်တစ်ခုနှင့် ၎င်းတို့ ထိပ်တိုက်တွေ့သည့်အခါ ရှာဖွေခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်းမရှိ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့အကြောင်းကို လူသိနည်းလေ ပိုကောင်းလေဖြစ်သည်ဟူ၍လည်းကောင်း၊ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ထိန်းသိမ်းခြင်းက အကောင်းဆုံး မူဝါဒဖြစ်သည်ဟူ၍လည်းကောင်း တွေးထင်ရင်း မိမိတို့၏ ပြဿနာများကို ကွယ်ဝှက်ဖို့ အလိုရှိသလို အသုံးပြုနိုင်သည့် နည်းလမ်းတိုင်းကို အသုံးပြုဖို့ ကြိုးစားကြလေသည်။ အန္တိခရစ်များ၏ စိတ်နှလုံးများသည် ဤမျှ မှောင်မိုက်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံမည့် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိဘဲ ပုန်ကန်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ဖြင့် ပြည့်လေသည်။ အန္တိခရစ်များသည် မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း မထိခိုက်အောင် ထိန်းသိမ်းရန် နည်းလမ်းများကို အမြဲ ရှာဖွေနေကြသည်။ ၎င်းတို့ကို အားပေးကာ ကူညီဖို့ မည်သူက ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုသည်ဖြစ်စေ “အရာရာကို ငါ နားလည်သည်။ သင်တို့၏ အကူအညီ ငါ မလိုပါ။ ငါ့တွင် ပြဿနာများရှိသည့်အချိန်တွင်ပင် ငါသည် သင်တို့ထက် ပိုကောင်းသည်။ သင်တို့ နားလည်သည့်အရာ အနည်းငယ်ဖြင့် ငါ့ကို သင်တို့ ကူညီနိုင်မည်ဟု ထင်သလော။ ဤနေရာတွင် သင်သည် သင်၏ အစွမ်းအစများကို အမှန်တကယ် ပိုလွန်ခန့်မှန်းနေခြင်း ဖြစ်သည်”ဟု မိမိတို့ဘာသာ တွေးရင်း ထိုအရာကို လက်မခံကြပေ။ အန္တိခရစ်များသည် ဤသို့သာ မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြလေသည်။ ၎င်းတို့သည် အလွန်များသည့် မကောင်းသည့်အရာများကို လုပ်ဆောင်ကြသည့်တိုင် တစ်စုံတစ်ရာ အမှားလုပ်မိကြောင်း သို့မဟုတ် ၎င်းတို့တွင် ပြဿနာတစ်ခုတလေ ရှိကြောင်းကို ဝန်ခံဖို့ ငြင်းဆန်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် အလွန် စိတ်နှလုံးမာကျောပြီး မည်သူပြောသည့် စကားတစ်လုံးမျှ နားကိုထောင်ကြမည် မဟုတ်။ ၎င်းတို့၏ စိတ်များတွင် ဘေးဖယ်ထား၍မရနိုင်သည့် တစ်ခုတည်းသောအရာမှာ နောက်ပိုင်း၌ ၎င်းတို့၏ လုပ်ရပ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပေါ် မည်သည့် သက်ရောက်မှုမျိုး ရှိလိမ့်မည်ဟူသည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို အစိုးရိမ်စေဆုံးသောအရာဖြစ်ပြီး ၎င်းတို့ အပူပန်ဆုံးသောအရာ ဖြစ်သည်။
အန္တိခရစ်တစ်ယောက်သည် မှားယွင်းသည့်အရာများကို မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်မှားယွင်းသည့်အရာမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို တလွဲအသုံးပြုခြင်းဖြစ်စေ၊ ဖြုန်းတီးခြင်းဖြစ်စေ၊ အလွဲသုံးစားလုပ်ခြင်းဖြစ်စေ၊ သို့မဟုတ် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေ၍ အကြီးအကျယ် ဆိုးဆိုးရွားရွား ရှုပ်ထွေးပွေလီစေကာ ဘုရားသခင်၏ အမျက်ဒေါသကို ဆွလျှင်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် စိတ်တည်ငြိမ်အေးဆေးပြီး လုံးဝ ပူပင်မှုမရှိပေ။ အန္တိခရစ်တစ်ယောက်သည် မည်သည့်မကောင်းမှုမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဖြစ်စေ မိမိတို့၏ အပြစ်များကို ဝန်ချပြီး နောင်တရရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ ချက်ချင်း မလာပေ။ သို့မဟုတ် ၎င်းတို့သည် ၎င်းတို့၏ မှားယွင်းလုပ်ဆောင်မှုများကို ဝန်ခံရန်၊ ၎င်းတို့၏ ပြစ်မှားခြင်းများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို သိရှိရန်နှင့် ၎င်းတို့၏ ဒုစရိုက်အမှုများကို နောင်တရရန်အတွက် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ဖွင့်ပြောသည့် သဘောထားတစ်ခုဖြင့် ညီအစ်ကိုမောင်နှမများရှေ့ကို မည်သည့်အခါမျှ မလာပေ။ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာနှင့် အဆင့်အတန်းကို ပြန်လည်ရရှိရန်အတွက် တာဝန်ကိုရှောင်ပြီး အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချရန် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ၎င်းတို့ ဂရုစိုက်သည့်အရာမှာ အသင်းတော်၏ အလုပ်မဟုတ်ဘဲ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို မည်သည့်နည်းနှင့်မျှ ထိခိုက်ခြင်း၊ သို့မဟုတ် သက်ရောက်ခြင်းရှိမရှိပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပြစ်မှားမှုများကြောင့် ဘုရားအိမ်တော်တွင် ဖြစ်ပွားသော ဆုံးရှုံးမှုများအတွက် ဖာထေးရန် နည်းလမ်းများကို စဉ်းစားတွေးတောခြင်း မရှိသကဲ့သို့ ဘုရားသခင်အပေါ် တင်ရှိသည့် အကြွေးများကိုလည်း ပေးဆပ်ရန် မကြိုးစားပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မှားယွင်းသည့်အရာတစ်ခုခုကို လုပ်နိုင်စွမ်းရှိကြောင်း၊ သို့မဟုတ် အမှားတစ်ခုလုပ်ခဲ့ကြောင်း မည်သည့်အခါမျှ ဝန်မခံပေ။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် အမှားများကို ကိုယ်ကစ၍ဝန်ခံခြင်းနှင့် ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ဖြစ်ကြောင်းကုန်စင်ပြောခြင်းတို့သည် အရည်အချင်းမရှိခြင်းနှင့် မိုက်မဲခြင်းဖြစ်သည်။ ၎င်းတို့၏ မကောင်းမှုများကို လူသိသွားပြီး ဖော်ထုတ်ခံရလျှင် အန္တိခရစ်များသည် ခဏတာပေါ့ဆသည့် အမှားတစ်ခုကိုသာ ဝန်ခံမည်ဖြစ်ပြီး တာဝန်ဝတ္တရားများကို ၎င်းတို့ကိုယ်တိုင် တမင်ပျက်ကွက်သည်ကို မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့၏ မှတ်တမ်းမှ အစွန်းအထင်းကို ဖယ်ရှားရန်အတွက် အခြားတစ်ယောက်အပေါ်သို့ တာဝန်ကို ပုံချဖို့ ကြိုးစားလိမ့်မည်။ ဤသို့သောအချိန်မျိုးတွင် အန္တိခရစ်များသည် ဘုရားအိမ်တော်အပေါ် ဖြစ်ပွားသည့် ဆုံးရှုံးမှုအတွက် ထေမိစေဖို့နည်းလမ်း၊ ဖွင့်ပြောဖို့နည်းလမ်း၊ မိမိတို့၏ အမှားများကို ဝန်ခံရန်နည်းလမ်း သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများအား ဤအကြောင်းကို ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ နည်းလမ်းတို့ကို အရေးမစိုက်ပေ။ ၎င်းတို့သည် ကြီးသည့်ပြဿနာကို ငယ်အောင်၊ ငယ်သည့်ပြဿနာကို ပပျောက်အောင် နည်းလမ်းများ ရှာခြင်းကို အရေးစိုက်ကြသည်။ သူတစ်ပါးတို့က ၎င်းတို့ကို နားလည်ပြီး ကြင်နာသနားလာအောင်ပြုလုပ်ရန် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို ပေးကြသည်။ အခြားလူများ၏ စိတ်ထဲတွင် မိမိတို့၏ ဂုဏ်သတင်းကို ပြန်လည်ထိန်းသိမ်းရန်၊ မိမိတို့၏ ပြစ်မှားမှုများနှင့်သက်ဆိုင်သော အလွန့်အလွန် အပျက်သဘောဆောင်သော လွှမ်းမိုးမှုကို နည်းနိုင်သမျှ နည်းစေရန်၊ အထက်က ၎င်းတို့အား အဆိုးမမြင်စေရန်အပြင် အထက်က ၎င်းတို့အား မည်သည့်အခါမျှ တာဝန်မယူခိုင်းစေရန်၊ မဖြုတ်ချစေရန်၊ အခြေအနေကို စုံစမ်းစစ်ဆေးခြင်း မပြုစေရန် သို့မဟုတ် ၎င်းတို့ကို မကိုင်တွယ်စေရန် သေချာစေဖို့ ၎င်းတို့ အစွမ်းကုန် ကြိုးစားကြ၏။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်စေဖို့အတွက် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပြန်လည်ရရှိစေရန် အန္တိခရစ်များသည် မည်သည့်ဒုက္ခပမာဏကိုမဆို ခံရန် လိုလားကြသည်။ ပြီးလျှင် မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းစနစ်တိုင်းကို တွေးတောကြလိမ့်မည်။ ၎င်းတို့၏ ပြစ်မှားမှု၊ သို့မဟုတ် အမှား၏ တကယ့်အစမှနေ၍ အန္တိခရစ်များသည် ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများအတွက် မည်သည့်တာဝန်ခံယူမှုကိုမဆို ထားရှိရန် လုံးဝ မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများ နောက်ကွယ်ရှိ အရင်းခံအကြောင်းများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဝန်ခံရန်၊ မိတ်သဟာယဖွဲ့ရန်၊ ဖော်ထုတ်ရန် သို့မဟုတ် စိစစ်ရန် ရည်ရွယ်ချက်လုံးဝ မရှိပေ။ အသင်းတော်အလုပ်အပေါ်သို့ ၎င်းတို့ ဖြစ်စေသည့် ဆုံးရှုံးမှုနှင့် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဖြစ်စေသော နစ်နာမှုအတွက် ဖာထေးလုပ်ဆောင်ပေးရန် သေချာပေါက် မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ထို့ကြောင့် အကြောင်းအရာကို မည်သည့်ရှုထောင့်ဖြင့် ကြည့်ပါစေ အန္တိခရစ်များသည် မိမိတို့၏ မှားယွင်းလုပ်ဆောင်မှုများကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ပြီး နောင်တရဖို့ထက် သေသာသေလိုက်ချင်သော သူများ ဖြစ်လေသည်။ အန္တိခရစ်များသည် ရွေးနုတ်ကယ်တင်ရန် မျှော်လင့်ချက်လုံးဝမရှိတော့အောင် အရှက်မဲ့ပြီး အရေထူသည်။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များမှလွဲ၍ အခြားမဟုတ်ပေ။ အသင်းတော်အတွင်းတွင် မည်မျှကြီးမားသည့် အမှားများကို ၎င်းတို့ ပြုလုပ်မိသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ ရင်များကို ကော့ကာ ဂုဏ်ယူဝင့်ကြွားကြသည်။ ၎င်းတို့အနေဖြင့် မှားယွင်းသည့်အရာ တစ်ခုမျှ လုပ်ဆောင်ခြင်းမရှိဟု ယုံကြည်ရင်းနှင့် နောင်တရရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိဘဲလျက် ဤအရာကို ၎င်းတို့ လုံးဝ ဂရုမစိုက်ကြချေ။ ၎င်းတို့ ကျူးလွန်မိပြီးဖြစ်သည့် အမှားများနှင့်ပတ်သက်၍ ၎င်းတို့သည် မည်သည့်မျက်ရည်မျှ လုံးဝ မကျသကဲ့သို့ ဤအရာများကြောင့် မည်သည့် ဝမ်းနည်းခြင်း သို့မဟုတ် နောင်တမျှ မခံစားဖူးကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှုမဲ့အမှတ်မဲ့ ဖော်ထုတ်မိပြီး ထိုသို့ဖြင့် လူအများစုအား မိမိတို့၏ စစ်မှန်သော သဘောသဘာဝများကို မြင်ခွင့်နှင့် ၎င်းတို့ကို ငြင်းပယ်ခွင့် ပေးမိလျှင် ၎င်းတို့ စိတ်ဆင်းရဲကြသည်၊ သို့မဟုတ် ဝမ်းနည်းကြလေသည်။ ၎င်းတို့သည် အမှားများ ပြုလုပ်မိပြီးဖြစ်ကာ ၎င်းတို့၏ လုပ်ရပ်များက ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့အပေါ် ထိခိုက်နစ်နာမှု ဖြစ်စေကာ အသင်းတော်၏ အလုပ်ကို ပျက်စီးဆုံးရှုံးမှု ဖြစ်စေပြီးနောက်တွင် ၎င်းတို့ ပြောသည့် စကားတိုင်းနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာတိုင်းသည် ဤအမှားများကို ထေမိစေဖို့ သို့မဟုတ် ဆုံးရှုံးမှုများကို ပြန်ရဖို့အတွက် မဟုတ်ဘဲ ထိုအစား ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကြံရွယ်ချက်များကို ထားရှိကာ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်၊ ဟန်ဆောင်ပြကာ ပြစားမှုတစ်ခု ပြုလုပ်ရန် ဖြစ်နိုင်သည့် မည်သည့် နည်းလမ်းကိုမဆို ဖန်တီးနေကြလေသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် မတော်တဆဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် တစ်ခဏမျှ သတိမမူခဲ့ခြင်းသာဖြစ်ကြောင်း ပိုများသည့် လူတို့အား မြင်စေရန်ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ထိုသူတို့၏ ခွင့်လွှတ်မှုကို ရရှိနိုင်သည်၊ ထိုသူတို့အား ၎င်းတို့ကိုယ်စား စကားပြောစေနိုင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့၏ ယုံကြည်ကိုးစားမှုနှင့် မျက်နှာသာပေးခြင်းတို့ကို ရရှိနိုင်ကာ ထိုသို့ဖြင့် အပြည့်အဝ တစ်ကျော့ပြန်လာဖို့ဖြစ်သည့် ၎င်းတို့ ရည်မှန်းချက်ကို ရရှိနိုင်ကြပေသည်။
အချို့သော အန္တိခရစ်များသည် ပြုပြင်ခြင်းခံရပြီးနောက် ၎င်းတို့ အဘယ်ကြောင့် ပြုပြင်ခံရသည်ကို နားလည်ရန်၊ ဖော်ထုတ်ခံရသည့် ကိစ္စရပ်တွင် မိမိတို့၏ အမှားက မည်သည့်နေရာ၌ အမှန်တကယ် တည်ရှိနေသည်ဟူသည်နှင့် ရှေ့ဆက်၍ ထိုအရာအတွက် ၎င်းတို့ မည်သို့ ပြုပြင်သင့်ကြသည်ဟူသည်တို့ကို သိရှိရန် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့သည် ပြုပြင်ခံရခြင်းကို အသုံးချကြသည်။ ပြုပြင်ခံရခြင်းကို ၎င်းတို့ လက်ခံခဲ့ပုံ၊ ထိုအရာမှ သင်ခန်းစာယူခဲ့ကြပုံ၊ ၎င်းတို့ ကျိုးနွံနာခံနိုင်ခဲ့ပုံနှင့် အထက်နှင့် သာ၍ ရင်းနှီးသော ဆက်သွယ်မှုရှိခဲ့ပြီးနောက် အထက်၏ အသိအမှတ်ပြုခြင်းကို ၎င်းတို့ ရရှိခဲ့ပုံတို့အား အခြားသူတို့နှင့် မိတ်သဟာယပြုကြလေသည်။ တစ်ချိန်တည်းတွင် ဤအန္တိခရစ်များသည် လူတို့ကို ပြုပြင်ခြင်းအတွက် အထက်တွင် စည်းမျဉ်းများမရှိကြောင်း၊ အထက်က လူတို့ကို ကြုံရာကျပန်း ပြုပြင်ကာ လူတို့၏ ခံစားချက်များကို ကိုယ်ချင်းစာခြင်းမရှိ၊ ငဲ့ကွက်ခြင်းမရှိသကဲ့သို့ လူသား အားနည်းချက်များကို ငဲ့ကွက်ခြင်းမရှိကြောင်းနှင့် ဤအရာများအားလုံး ရှိလင့်ကစား ၎င်းတို့က လုံးဝ ကျိုးနွံနာခံနေကြဆဲဖြစ်ပြီး ၎င်းတို့ထံ ကျရောက်သည့် အလုပ်ကို အကြွင်းမဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ကြဆဲဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အပျက်သဘောဆောင်လာခြင်းမရှိ၊ အားနည်းလာခြင်း သို့မဟုတ် အတိုက်အခံဖြစ်လာခြင်း မရှိသကဲ့သို့ မိမိတို့၏ တာဝန်ကိုလည်း စွန့်ခြင်းမရှိကြောင်းကို လူတို့အား ထင်မြင်စေလျက် အထက်နှင့်ပတ်သက်သည့် ၎င်းတို့၏ကိုယ်ပိုင် စိတ်မကျေနပ်မှုများနှင့် အယူအဆများကို ဖြန့်ရန်အတွက် ၎င်းတို့က ပြုပြင်ခံရခြင်းကို လက်ခံခဲ့ပုံအကြောင်း မိတ်သဟာယပြုခြင်းအားဖြင့် ဟန်ဆောင်ဗန်းပြမှုတစ်ခုကိုလည်း ဖန်တီးကြလေသည်။ အန္တိခရစ်တစ်ဦးက ဤအရာအားလုံးကို ပြောဆိုသည့်အခါ ထိုအရာသည် လူတို့အား သမ္မာတရားကို ကျိုးနွံနာခံစေရန်နှင့် ပြုပြင်ခြင်းကို လိုလိုလားလား လက်ခံစေရန် ပျက်ကွက်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် လူတို့အား အန္တိခရစ် ကိုယ်တိုင်အတွက် အားကျမှု၊ လေးစားမှုနှင့် ရိုသေမှုတို့ကို ဖြစ်ပေါ်စဉ်တွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် ထင်မြင်ချက်များ ဖြစ်ပေါ်စေပြီး ဘုရားသခင်အပေါ် သတိထားရှောင်လာစေသည်။ ဤရလဒ်နှစ်ခုဖြစ်ပေါ်ပြီးသည်နှင့်တစ်ပြိုင်နက် လူတို့ ပြုလုပ်သည့် အကြီးမားဆုံးသော သတိမမူမိခြင်းများမှာ မည်သည့် ပြစ်မှားမှုများကို အန္တိခရစ်က ကျူးလွန်မိခဲ့သည်၊ မည်သည့်အရာကို ၎င်းတို့ အမှားလုပ်မိခဲ့သည်ဟူသည်နှင့် ၎င်းတို့အနေဖြင့် မိမိတို့ အလုပ်တွင် တတ်စွမ်းနိုင်ခြင်း မရှိခဲ့သည့်အပြင် မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ခဲ့သောကြောင့် အသင်းတော်၏ အလုပ်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်အတွက်လည်းကောင်း ၎င်းတို့က ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်ဟူသည့် အချက်တို့ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည်။ မှားယွင်းသည့် တန်ပြန်စွပ်စွဲမှုတစ်ခု ပြုလုပ်ခြင်းနှင့် ထိုသို့ဖြင့် အခြားသူတို့ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်တွင် ပေါ့ဆခဲ့ကြသောကြောင့်၊ မိုက်မဲပြီး မသိနားမလည်ခဲ့ကြသောကြောင့်၊ မိမိတို့ကိုယ်ပိုင် သီးခြားဖြစ်သော နိုင်ငံကို ထူထောင်ရန် ကြိုးစားခဲ့ကြသောကြောင့် ဘုရားအိမ်တော်၏ အလုပ်အပေါ် ဒုက္ခပြဿနာများစွာ ဖြစ်စေခဲ့ပြီး ညီအစ်ကို မောင်နှမများ၏ ဘဝများကို အင်မတန် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဟူသည့်အချက်ကို ၎င်းတို့ မည်သည့်အခါမျှ ထုတ်မပြောကြပေ။ ဤအရာများကို ၎င်းတို့ လုံးဝ ဝန်ခံခြင်း သို့မဟုတ် စိစစ်ခြင်း မရှိကြ၊ ဤကိစ္စရပ်များ၏ အမှန်တရားကို ၎င်းတို့ လုံးဝ ဖော်ပြခြင်းမရှိ၊ ၎င်းတို့ ဖြုတ်ချခံရခြင်းအတွက် အကြောင်းပြချက် သို့မဟုတ် ၎င်းတို့အဘယ်ကြောင့် ပြုပြင်ခံခဲ့ကြရသည်ဟူသည်ကို ၎င်းတို့ မည်သည့်အခါမျှ ထုတ်မပြောကြ။ ၎င်းတို့ ပြောဆိုသမျှမှာ အထက်က ၎င်းတို့ကို ပြုပြင်ခဲ့ပုံ၊ အထက်၏ ပြုပြင်ခြင်းက မည်မျှ လူမဆန်ပုံ၊ ၎င်းတို့ကို အထက်က မည်မျှ ပြင်းထန်စွာ စကားပြောခဲ့ပုံ၊ ၎င်းတို့ မည်မျှ ငိုကြွေးခဲ့ပုံ၊ ၎င်းတို့က မြေစာပင်ဖြစ်ခဲ့ပုံနှင့် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားခဲ့ရပုံ၊ သို့ဖြစ်စေကာမူ မိမိတို့တာဝန်ကို မပျက်မကွက် ဆက်လက် ထမ်းဆောင်ရင်း ခါတိုင်းကဲ့သို့ပင် ထိုနေရာတွင် နေမြဲနေခဲ့ပုံ ဟူသည်တို့ ဖြစ်သည်။ အစမှ အဆုံးထိ အန္တိခရစ်တစ်ဦးသည် မိမိ၏ ကိုယ်ပိုင်အမှားကို အသိအမှတ်ပြုသည့် သဘောထား အနည်းငယ်မျှ ရှိဖူးသလော။ မရှိဖူးပေ။ စစ်မှန်သည့် အခြေအနေကို မသိသော မိုက်မဲကာ မသိနားမလည်သည့် လူများ၊ သမ္မာတရားကို နားမလည်သည့်လူများက ဤအရာကို ကြားသည့်အခါ “အထက်သည် လူတို့ကို ပြုပြင်ပုံတွင် မည်သည့် စည်းမျဉ်းမျှ မရှိပါ။ တစ်စုံတစ်ဦးက မိမိ၏ အလုပ်တွင် မည်မျှ ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သို့ အဖိုးအခပေးသည်ဖြစ်စေ သူတို့သည် အလားတူပင် ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် သူတို့သည် မည်သည့် အားနည်းချက်မျှ ပြ၍မရပါ၊ ကျိုးနွံနာခံရုံနာခံရမည်ဖြစ်သည်”ဟု တွေးကြသည်။ အန္တိခရစ်၏ မိတ်သဟာယနှင့် အထင်အမြင်မှားစေခြင်း အဆင့် ပြီးသည့်နောက်တွင်လည်းကောင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် အတော်အတန်များသည့် အားထုတ်မှုပြုပြီးနောက်တွင်လည်းကောင်း ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ လူတို့အနေဖြင့် ပြုပြင်ခံရသည့်အခါ ဘုရားသခင်၏ စိတ်နှလုံးကို ပိုမိုသိနားလည်နိုင်မည့်အစား သို့မဟုတ် ပြုပြင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံကာ လက်ခံနိုင်ပြီးနောက် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ မိမိတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို သိရှိကာ ၎င်းတို့ အမှန်တကယ် မည်သူဖြစ်သည်ကို သိရှိမည့်အစား ရွံ့မုန်းမှုနှင့် အတိုက်အခံဖြစ်ခြင်းတို့ကို သာ၍ ခံစားကြရန်အလို့ငှာ လူတို့ စိတ်နှလုံးများတွင်ရှိသည့် ဘုရားသခင်အပေါ် အထင်လွဲမှုများနှင့် သတိထားမှုတို့ကို ပေါက်ဖွားစေခြင်း ဖြစ်သည်။ ဤအန္တိခရစ်၏ မိတ်သဟာယတစ်လျှောက်လုံးတွင် ၎င်းတို့ အမှားလုပ်ခဲ့သည့်အရာကို ၎င်းတို့ တစ်ကြိမ်တစ်ခါမျှ ဖော်ပြကြသလော။ မိမိတို့၏ အမှားကို ဝန်ခံသည့် သဘောထားအနည်းငယ်ကို ၎င်းတို့ တစ်ကြိမ်တစ်ခါမျှ ပြသကြသလော။ အနည်းငယ်မျှပင် မပြသကြပေ။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် မိမိတို့ကိုယ်ပိုင် အမှားကို ၎င်းတို့ လုံးဝ အသိအမှတ်မပြုကြ။ အန္တိခရစ်တစ်ဦးက ဖြုတ်ချခံရပြီးနောက်တွင် ၎င်းတို့၏ အမှားက ဘုရားအိမ်တော်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့ပြီးဖြစ်ကြောင်း ဝန်ခံသည်ကို သင်တို့ ကြားဖူးကြသလော။ (မကြားဖူးပါ။) ထိုလူသည် အန္တိခရစ်တစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် ထိုအရာကို ဝန်ခံမည်မဟုတ်။ ငါတို့သည် မိမိ၏ လုပ်ရပ်များက ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို သောင်းချီ ဆုံးရှုံးမှုဖြစ်စေခဲ့သော်လည်း အဆုံးတွင် ၎င်း အမှားတစ်ခုတလေ လုပ်ဆောင်မိပြီးဖြစ်ကြောင်းကို မည်သည့်အခါမျှ အသိအမှတ်မပြုသည့် “အမျိုးသမီး ခေါင်းဆောင်” ကဲ့သို့သော အန္တိခရစ်အနည်းငယ်နှင့် အခြားလူသိများသော အန္တိခရစ်အနည်းငယ်အကြောင်းကို ပြောဆိုဆွေးနွေးကြပြီးဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ အမှားလုပ်ခဲ့သည့်အရာနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ ပြောဆိုခဲ့ခြင်းမရှိဘဲ၊ ထိုအစား အခြားသူတို့က ၎င်းတို့နှင့် အလုပ်မလုပ်ခဲ့ကြပုံအကြောင်းကိုသာ စောဒကတက်ကြသည်။ ၎င်းတို့သည် ကောင်းမွန်သည့်အရာ အားလုံးအတွက်လည်းကောင်း၊ မှန်ကန်စွာ လုပ်ဆောင်ထားသည့် မည်သည့်အရာမဆိုအတွက်လည်းကောင်း၊ မှန်ကန်သည့် ဆုံးဖြတ်ချက်အားလုံးအတွက်လည်းကောင်း နာမည်ကောင်း ရယူနေစဉ်တွင် တာဝန်၊ အမှား၊ ပြစ်တင်မှုရှိသမျှကို အခြားလူတို့၏ ပခုံးများပေါ် တွန်းပို့ခဲ့ကြသည်။ ဖြစ်ရပ်များတစ်လျှောက်လုံးတွင် ၎င်းတို့သည် ကြီးကြပ်သည့် အဓိကလူများ ဖြစ်ခဲ့ကြသော်လည်း အမှားများအားလုံးကို အခြားလူတို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာဆိုခဲ့ကြသည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့က မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြသနည်း။ အန္တိခရစ်များသည် ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများဖြစ်စေပြီး အခြားလူတို့က ဤအတွက် တာဝန်ယူရမည်ဖြစ်သည်။ သို့တိုင် အောင်မြင်မှု အနည်းငယ်မျှ ရှိသည့်အခါတိုင်းတွင် အန္တိခရစ်များက ထိုအရာကို လုပ်ဆောင်ခဲ့သူများမှာ ၎င်းတို့ဖြစ်ကြောင်း ပြောဆိုလျက် အသင်းတော်တွင်ရှိသည့်လူတိုင်း၊ ဘာသာတရားမရှိသောသူများကိုပင် ထိုအကြောင်းကို သိခွင့်ပေးဖို့ တရွရွဖြစ်လျက် ချက်ချင်း ပေါ်လာကြသည်။ အမှားအနည်းငယ်မျှ ၎င်းတို့ ပြုလုပ်မိသည့်အခါ ၎င်းတို့သည် ကြားခံပေးမည့်သူတစ်ဦးကို ရှာဖို့၊ တာဝန်ကို ပုံပေးဖို့အတွက် အပူတပြင်းလုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်ကိစ္စများကိုမဆို ချိုးနှိမ်ပစ်ရန် ကြိုးစားရင်း အကြီးစား ပြဿနာများကို သေးငယ်သည့် ပြဿနာများ ဖြစ်ပုံပေါက်အောင် လုပ်ပြီး သေးငယ်သည့် ပြဿနာများကို ပြဿနာမရှိပုံပေါက်စေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အခြားသူတို့၏ လေးစားမှုကို ချက်ချင်း ပြန်လည်ရရှိနိုင်ရန်နှင့် မိမိတို့၏ မူလ အဆင့်အတန်းနှင့် အာဏာတို့ကို အမြန်ပြန်လည်ရရှိနိုင်ရန်အလို့ငှာ မည်သူကမျှ ထိုအကြောင်းကို မသိရှိရန်အတွက်လည်းကောင်း၊ လူတိုင်းက ထိုအကြောင်းကို အမြန်ဆုံး မေ့လျော့သွားကြရန်လည်းကောင်း၊ မည်သူကမျှ အမှန်တကယ် ဖြစ်ခဲ့သည့်အရာကို မသိရှိရန်အတွက်လည်းကောင်း ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦးက တစ်စုံတစ်ရာကို အမှားလုပ်ဆောင်မိပြီးဖြစ်လျှင် ၎င်းတို့ကို လူတို့က မည်သို့ လက်တွေ့ကျကျ ပြုပြင်သည်ဖြစ်စေ၊ ထိထိမိမိ ပြောဆိုသည်ဖြစ်စေ ၎င်းတို့ အတိုက်အခံဖြစ်ကြလိမ့်မည်၊ ဆန့်ကျင်ကြလိမ့်မည်ဖြစ်ပြီး လုံးဝ လက်မခံဘဲနေကြလိမ့်မည်။ ပြီးလျှင် မျက်မြင်သက်သေများရှိလျှင်ပင် သို့မဟုတ် သက်သေအထောက်အထား ရှိလျှင်ပင် ၎င်းတို့သည် မိမိတို့၏ အမှားများကို ခေါင်းမာစွာ ဝန်ခံဖို့ ငြင်းပယ်ကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ စိတ်နှလုံးအတွင်းတွင် ပြုပြင်ခြင်း အသိအမှတ်ပြုကြလိမ့်မည်မဟုတ်၊ လက်ခံကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်က “ဤအရာတွင် ကျွန်ုပ် မှားလျှင်ပင် အခြားလူများလည်း ပါဝင်ပတ်သက်ခဲ့သည်။ သူတို့ ပြုပြင်ခြင်းမခံရဘဲ ကျွန်ုပ်သာ အဘယ်ကြောင့် ပြုပြင်ခံရသနည်း။ တာဝန်ယူမှုတာဝန်ခံမှုအတွက် စစ်ဆေးခြင်းခံရသူမှာ ကျွန်ုပ်တစ်ဦးတည်းသာဖြစ်ပြီး အဘယ်ကြောင့် အခြားမည်သူမျှ မဟုတ်ရသနည်း”ဟု ပြောလိမ့်မည်။ ပြုပြင်ခြင်းက သမ္မာတရားနှင့်လည်းကောင်း၊ လက်တွေ့ကျမှုနှင့်လည်းကောင်း မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့ တလွဲ စွပ်စွဲခံရပြီးဖြစ်သည်၊ မတရားဆက်ဆံခံရခြင်းဖြစ်သည်၊ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခများစွာ ခံစားကာ အဖိုးအခများစွာ ပေးပြီးနောက်တွင် ထိုသို့ မဆက်ဆံသင့်သကဲ့သို့ သေးငယ်သော အမှားတစ်ခုအတွက် ထိုသို့ အတိုက်အခိုက် မခံရသင့်ဟု ခံစားကြလိမ့်မည်ဖြစ်သည်။ ထိုပြုပြင်မှုမျိုးကို ၎င်းတို့ လက်မခံရသင့်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ သာမန် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက ၎င်းတို့ကို ပြုပြင်လျှင် ၎င်းတို့က ဝုန်းဒိုင်းကြဲကာ မိမိတို့၏ တဇောက်ကန်းဖြစ်ခြင်းကို ပြလျက် သို့မဟုတ် ထိုသူတို့ကို လက်ဖြင့်ပင် ရွယ်ဝံ့လျက် ချက်ချင်း ပြန်တိုက်ခိုက်ကာ အတိုက်အခံလုပ်ကြလိမ့်မည်။ ၎င်းတို့ကို ပြုပြင်သူမှာ အထက်မှ ဖြစ်လျှင် အင်တင်တင်ဖြင့် နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေကြလိမ့်မည် ဖြစ်သော်လည်း စိတ်ထဲတွင် အလွန့်အလွန် မတရားဆက်ဆံခံရသည်ဟု ခံစားကြလိမ့်မည်။ ၎င်းတို့သည် သဘောမကျဖြစ်ကာ မလိုမလားဖြစ်ကြလိမ့်မည်ဖြစ်ပြီး “ဤအကြောင်းကို သင်တို့ သိသွားသည်မှာ ကျွန်ုပ်၏ ကံသာဖြစ်ဟု ထင်သည်။ အမှန်တွင် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များစွာနှင့် ညီအစ်ကို မောင်နှမများက သင်တို့ မသိသည့် အင်မတန်ဆိုးရွားသော အရာများကို လုပ်ဆောင်ခဲ့ကြပြီး အမိခံလိုက်ရသူမှာ ကျွန်ုပ် ဖြစ်သည်။ ကျွန်ုပ်၏ကံက ထိုမျှဆိုးပေသည်တကား”ဟု ဆိုလျက် လွဲချော်သော အကြောင်းပြချက်များကို မကြာခဏ ရေရွတ်ကြလိမ့်မည်။ အထက် သို့မဟုတ် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မည်မျှပြုပြင်ပါစေ ထိုအရာကို အရှိအတိုင်းသာ လက်ခံရုံလက်မခံနိုင်ကြ၊ ကိစ္စရပ်၏ အမှန်တရားကို အသိအမှတ်မပြုနိုင်ကြသကဲ့သို့ တာဝန်မယူနိုင်ကြပေ။ တာဝန်နှင့် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာကို ဝန်ခံခြင်းက ၎င်းတို့ကို သေစေမည့်အလားဖြစ်သည်။ ထိုအရာက ဘုရားအိမ်တော်ကို ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်စေခဲ့ကြောင်းကို မဆိုထားနှင့်၊ ၎င်းတို့က အမှားတစ်ခု ကျူးလွန်ပြီးဖြစ်ကြောင်း၊ ထိုကိစ္စအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်းကို လုံးဝ အသိအမှတ်ပြုကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်၏။
အန္တိခရစ်တစ်ဦးသည် တစ်စုံတစ်ရာ အမှားလုပ်ခြင်းအတွက် ပြုပြင်ခံရပြီးနောက်တွင် ထိုပြုပြင်ခြင်းကို ၎င်းတို့က လက်မခံဘဲ မိမိတို့၏ စိတ်နှလုံးအတွင်းမှနေ၍ ကျိုးနွံနာခံခြင်း မရှိသည့်အပြင် ထိုအရာမှ ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရားနှင့် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသကဲ့သို့ ၎င်းတို့သည် တစ်စုံတစ်ရာကို အမှားလုပ်နိုင်စွမ်းရှိကြောင်းကိုလည်း ဝန်မခံကြချေ။ ၎င်းတို့၏ အခြေခံကျသော စရိုက်လက္ခဏာမှာ ယုံကြည်လက်ခံမှုမရှိခြင်း၊ လက်မခံခြင်းနှင့် အသိအမှတ်မပြုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့က စုံလင်သည့် လူများဖြစ်ကြောင်း၊ တစ်စုံတစ်ရာကို အမှားလုပ်ဆောင်နိုင်စွမ်း မရှိကြောင်း အဓိကအားဖြင့် ယုံကြည်ကြသောကြောင့် ဤနည်းလမ်းများဖြင့် ပြုမူကြသည်။ ၎င်းတို့အဖို့ အမှားပြုလုပ်ကြောင်း ၎င်းတို့ကို စွပ်စွဲသူ မည်သူမဆိုသည် မှားသည့်သူ ဖြစ်သည်။ မှားယွင်းသည့် အမြင်ရှုထောင့်ရှိသူ၊ ထိုကိစ္စရပ်နှင့်ပတ်သက်၍ မတူကွဲပြားသည့် အမြင်ရှုထောင့်အမြင်နှင့် ရပ်တည်ချက်ရှိသောသူမှာ ထိုသူဖြစ်သည်။ အန္တိခရစ်များက မိမိတို့ကို ပြုပြင်သူ မည်သူမဆိုသည် မိမိတို့၏ အားသာချက်များကို မမြင်သေးသောကြောင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသူတို့က ၎င်းတို့အတွက် အမူအရာများကို ခက်ခဲအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၌ အပြစ်ရှာနေခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ကို တမင်တကာ ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း တွေးထင်ကြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦးသည် အဓိကအားဖြင့် မိမိကိုယ်ကို အမှားများ ပြုလုပ်နိုင်သည့် တစ်စုံတစ်ဦးအဖြစ် မည်သည့်အခါမျှ မမြင်သောကြောင့် ဤအရာအတွက် ပြုပြင်ခံရခြင်းကို လက်ခံမည်မဟုတ်သကဲ့သို့ နောင်တတစ်ခုတလေမျှ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က မိမိတို့ စုံလင်သည်ဟုလည်းကောင်း၊ ၎င်းတို့ တစ်ဦးတည်းသည်သာ အမှားများ ပြုလုပ်နိုင်စွမ်းမရှိဟုလည်းကောင်း ယုံကြည်ကြလေသည်။ ဤအရာက ၎င်းတို့အနေဖြင့် မိမိတို့ ဖြောင့်မတ်ကြောင်း၊ သူတော်စင်တစ်ဦး ဖြစ်ကြောင်းကို ယုံကြည်ကြသည်ဟု သွယ်ဝိုက်ညွှန်းဆိုပေသည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော လူတစ်ဦးဖြစ်သည်ကို ၎င်းတို့ အမှန်တကယ် အသိအမှတ်ပြုမည်ဆိုလျှင် ၎င်းတို့က ဖောက်ပြန်ပျက်စီးမှု ပိုင်ဆိုင်ခြင်း၊ မှားယွင်းသည့်အရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် လူသားဖြစ်သည်နှင့်အမျှ အမှားများကို ပြုလုပ်ရန် သေချာကြောင်းကို အသိအမှတ်ပြုသင့်ကြပေသည်။ အချို့သောလူများသည် အတော်လေး မာယာကင်းပုံပေါ်ကြသော်လည်း လူတို့က မိမိတို့၏ အယူအဆများတွင် အားသာချက်တစ်ခုအဖြစ် ယူဆကြသည့် တစ်စုံတစ်ရာက ၎င်းတို့၏ လူ့သဘာဝအတွင်း၌ ရှိလေသည်။ ယင်းမှာ နိုင်လိုစိတ်ပြင်းပြခြင်းနှင့် အခြားသူတို့ထက် သာလွန်ဖို့ လွန်ကဲသော စိတ်ထက်သန်ခြင်း ဖြစ်သည်။ ဤလူများတွင် ထူးကဲသော စိတ်ထိန်းနိုင်ခြင်းရှိပြီး မိမိတို့ကိုယ်ကို အလွန်မြင့်မားသည့် တောင်းဆိုမှုများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ အလွန် တင်းကျပ်ကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့သည် အပြစ်အနာအဆာ သို့မဟုတ် သတိမမူမိခြင်း အနည်းငယ်ကိုမျှ ခွင့်မပြုဘဲ စုံလင်မှုနှင့် တကယ့်အကောင်းဆုံးကို တောင်းဆိုကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် အရာရာတိုင်းတွင် အလွန့်အလွန် ဂရုစိုက်ကြသောကြောင့်၊ အမှုအရာများအပေါ် စဉ်းစားရာတွင် ၎င်းတို့ အလွန်တော်ကြပြီး အလွန့်အလွန် စေ့စပ်စွာ လုပ်ဆောင်ကြသောကြောင့် မည်သည့်အမှားကိုမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ဟု မသိစိတ်၏ စေ့ဆော်မှုအရ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ကိစ္စရပ်တိုင်းကို စေ့စပ်စွာနှင့် အပြည့်အဝ စဉ်းစားနေစဉ် အရာရာကို မည်သည့် အပြစ်အနာအဆာမျှမရှိဘဲ လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လုံးဝ မှားလိမ့်မည် မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့အတွက် လက်ခံရန် အခက်ခဲဆုံးသောအရာမှာ အမှားတစ်ခုကို ၎င်းတို့ လုပ်နိုင်စွမ်း ရှိသည်ဟူသည့်အချက် ဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူတို့က မိမိတို့ကိုယ်ကို မည်သို့ပြန်လည်သုံးသပ်ရမည်ကို မသိရသကဲ့သို့ ထိုသို့ တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်လိမ့်မည်မဟုတ်သည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့၏လူ့သဘာဝတွင်ရှိသည့် နိုင်လိုစိတ်ပြင်းပြခြင်းနှင့် အခြားသူတို့ထက် သာအောင်ပြုလုပ်ရန် စိတ်ထက်သန်မှုတို့ကို အပြုသဘောဆောင်သည့် အရာများအဖြစ် ၎င်းတို့က ရှုမြင်ကာ ယင်းတို့က သမ္မာတရား စည်းမျဉ်းများ ဖြစ်သည့်အလား လိုက်နာကြလေသည်။ ၎င်းတို့အနေဖြင့် ဤစည်းမျဉ်းများပေါ် အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်လျှင် လုံးဝ ချွတ်ချော်ကြလိမ့်မည် မဟုတ်သကဲ့သို့ အမှားဖြစ်လျှင်ပင် ထိုအရာကို ရှုထောင့်အမြင်နှင့်ဆိုင်သည့် ကိစ္စတစ်ခုအဖြစ်၊ လူတို့က မတူကွဲပြားသော အမြင်များရှိခြင်းအဖြစ် ၎င်းတို့က မြင်ကြပြီး ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သည့်အရာက သေချာပေါက် မှားယွင်းသည့် သဘောမဟုတ်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို မည်သူက ပြုပြင်သည်ဖြစ်စေ ပြုပြင်ခြင်း သို့မဟုတ် ဖော်ထုတ်ခံရသည့်အရာက အမှန်တရားများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ထိုအရာကို ၎င်းတို့က လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့က အမှန်တကယ် မှားယွင်းသည့် တစ်စုံတစ်ရာ လုပ်ဆောင်မိပြီးဖြစ်သည်ကို သိရှိလျှင် ထိုအရာကို ၎င်းတို့ အသိအမှတ်ပြုကြလိမ့်မည်လော။ (အသိအမှတ်ပြုမည် မဟုတ်ပါ။) ထိုအရာကို ၎င်းတို့ အသိအမှတ်ပြုကြမည်မဟုတ်၊ ၎င်းတို့ ချက်ချင်း နှုတ်ဆိတ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့က ထိုအရာကို မည်သည့်အခါမျှ ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် ထိုအရာကို လုံးဝ မည်သည့်အခါမျှ တင်ပြကြလိမ့်မည် မဟုတ်။ အန္တိခရစ်တစ်ဦးသည် မိမိတို့၏ အလုပ်တွင် အမှား သို့မဟုတ် အပြစ်အနာအဆာအချို့ ဖော်ထုတ်သည့် တစ်စုံတစ်ဦးနှင့် ကြုံရပြီး ဤအရာမှ ၎င်းတို့ ကွယ်ဝှက်၍မရသည်ကို မြင်လျှင် ၎င်းတို့သည် ထိုအမှားအား မည်သူ ပြုလုပ်ခဲ့သည်ကို ဆက်လက်ရှာဖွေဖော်ထုတ်နေသယောင် ဟန်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ရှာဖွေရင်း ရှာဖွေပြီးနောက် တာဝန်ရှိသူမှာ ၎င်းတို့ဖြစ်ကြောင်းကို မမျှော်လင့်ဘဲ သိရှိလိုက်ရသည်။ တစ်စုံတစ်ဦးက “ထိုအရာကို လုပ်ဆောင်ခဲ့သူမှာ သင်ဖြစ်သည်။ အခြားတစ်စုံတစ်ဦး မဟုတ်ပါ။ သင်က ထိုအကြောင်း မေ့လျော့ခဲ့ခြင်းသာ ဖြစ်သည်”ဟု ပြောလျှင် ဤအရာကို အန္တိခရစ်တစ်ဦးက မည်သို့ တုံ့ပြန်မည်နည်း။ ဤအခြေအနေများတွင် ပုံမှန်လူတစ်ဦးသည် မည်သို့ လုပ်ဆောင်သင့်သနည်း။ အရှက်တရားရှိသည့် ပုံမှန်လူတစ်ဦးသည် မျက်နှာနီရဲသွားသင့်သည်၊ ရှက်သွားပြီး အနေခက်သင့်ကာ “ထိုအကြောင်းကို ကျွန်ုပ် မေ့သွားခဲ့သည်။ ထိုအရာကို ကျွန်ုပ် လုပ်ခဲ့ပါသည်၊ ကျွန်ုပ်၏ အမှားဖြစ်သည်။ အမှား ဆက်မဖြစ်ဖို့ရန်အလို့ငှာ ဤအတွက် မည်သို့ ပြုပြင်ရမည်ကို အမြန် အဖြေရှာကြစို့”ဟု ပြောလျက် ထိုအရာကို ချက်ချင်း ဝန်ခံသင့်သည်။ အရှက်တရား၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် တစ်စုံတစ်ဦးသည် မိမိတို့၏ အမှားကို ချက်ချင်း အသိအမှတ်ပြုကြလိမ့်မည်၊ ထို့နောက် ထိုအရာကို ဖြေရှင်းကာ ပြုပြင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်တစ်ဦးသည် အရှက်မဲ့၏။ ၎င်းတို့က အမှားကျူးလွန်မိခဲ့သည့်သူဖြစ်ကြောင်းကို တစ်စုံတစ်ဦးက သိရှိသွားသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ဦးက ဖော်ထုတ်သည်ကို ၎င်းတို့ ခံရပြီး တစ်စုံတစ်ဦးက ထိုအကြောင်းကို သိရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လေသံကို ချက်ချင်း ပြောင်းကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ အမှားကိုဝန်ခံခြင်းအား ရှောင်ရှားရန်၊ ထိုအမှားကို ပြုလုပ်ခဲ့သူက မိမိတို့ ဖြစ်ကြောင်းကို လက်ခံခြင်းအား ရှောင်ရှားရန် အမျိုးမျိုးသော နည်းလမ်းများကို စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် မျက်နှာပြောင်တိုက်၍ မုသားများကို ပြောကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အကြောင်းပြချက်များ ပေးကြလိမ့်မည်။ ၎င်းတို့ အနီးအနားတွင်ရှိသူတိုင်းက ဤအရာကို ရှက်စရာနှင့် အနေခက်စရာအဖြစ် မြင်ကြလိမ့်မည် ဖြစ်သော်လည်း အန္တိခရစ်က မည်သည့်အရာကိုမျှ ခံစားရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အကြီးစား ပြဿနာများကို သေးငယ်သည့် ပြဿနာများဟု ထင်ရအောင် ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး သေးငယ်သည့် ပြဿနာများကို ပြဿနာမဟုတ်သည့်အရာဟု ထင်ရအောင် ပြုလုပ်ကြလိမ့်မည်ဖြစ်ကာ ထို့နောက်တွင် ထိုကိစ္စကို မည်သည့်အခါမျှ ထပ်မံတင်ပြကြလိမ့်မည် မဟုတ်။ ဤကိစ္စရပ်တွင် ၎င်းတို့၏ မိုက်မဲမှုက ပေါ်လွင်သွားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ရှက်စိတ်ဖြင့် မိမိတို့၏ မျက်နှာ နီရဲသွားခြင်းမရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ နှလုံးခုန်မြန်သွားခြင်းမရှိဘဲ တာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားရင်း မိမိတို့၏ အမှားနှင့် အလိမ်အညာတို့ကို လူများစွာရှေ့တွင် ပွင့်ပွင့်လင်းလင်း ငြင်းကြလိမ့်မည်။ အန္တိခရစ်များတွင် ရှက်စိတ်တစ်ခုတလေ ရှိသလော။ (မရှိပါ။)
အချို့သော အန္တိခရစ်များသည် ယခုတင် ဖြုတ်ချခံရပြီးချိန်တွင် မကျေနပ်ချက်များဖြင့် ပြည့်နေကြသည်။ ၎င်းတို့သည် ဆုံးရှုံးသည့်စိတ် ခံစားရသည်၊ ၎င်းတို့တွင် အဆင့်အတန်း မရှိတော့၊ မည်သူကမျှ ၎င်းတို့ကို မလေးစားကြတော့ သို့မဟုတ် လိုလေသေးမရှိ ပြုစုပေးခြင်း မရှိကြတော့ဟူ၍လည်းကောင်း၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ၎င်းတို့ မွေ့လျော်ခံစား၍မရနိုင်တော့ဟူ၍လည်းကောင်း ခံစားကြလေသည်။ ၎င်းတို့ ပေးသည့် အဖိုးအခအားလုံးနှင့် ၎င်းတို့၏ အတိတ်က ဆင်းရဲဒုက္ခအားလုံးသည် ထိုအရာနှင့် ထိုက်တန်ခြင်း မရှိလေပြီဟု ခံစားကြပြီး ၎င်းတို့၏ စိတ်နှလုံးများက တရားမမျှတသည့် ခံစားချက်တစ်ခုနှင့် ပြည့်သွားသည်။ သို့သော် ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့ ပြသခဲ့သည့် သရုပ်သကန်များအတွက် သို့မဟုတ် ၎င်းတို့ အမှားလုပ်ခဲ့သည့် မည်သည့်အရာမဆိုအတွက် အပြစ်ရှိသည့်စိတ်အနည်းငယ်မျှ တွေ့ကြုံခံစားခြင်း မရှိကြပေ။ ထိုအရာက မျှတခြင်းမရှိဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့၏ စိတ်နှလုံးများက မကျေနပ်ချက်များ၊ စောဒကတက်မှုများအပြင်၊ ဘုရားသခင်အပေါ် အထင်လွဲမှုများနှင့် ပြည့်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ အမှားကို အသိအမှတ်ပြုဖို့ ငြင်းကြပြီး မိမိတို့၏ အပြစ်ကို ပြုပြင်ဖို့ သို့မဟုတ် ပြုပြင်ခံရခြင်းကို လက်ခံဖို့၊ ဤဖြုတ်ချခြင်းကို လက်ခံဖို့ အစီအစဉ် မရှိကြသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က “ဘုရားသခင်သည် မဖြောင့်မတ်ပါ။ တစ်စုံတစ်ဦးက မည်မျှ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်စေ သို့မဟုတ် မည်မျှ ကြီးမားသည့် မတရားမှုကို ခံရပြီးသည်ဖြစ်စေ သူသည် ဤအရာကို အသေးစိတ်ပြန်ပြောပြပိုင်ခွင့် မရှိပါ။ ဤသည်မှာ အလွန် နာကျင်ဖွယ်ဖြစ်သည်။ ဘုရားသည်ပင်လျှင် မှီခိုအားကိုး၍မရပါ၊ ကျွန်ုပ်တွင် မှီခိုရမည့်သူ မည်သူမျှ မရှိပါ။ အနာဂတ်တွင် ဘုရားအိမ်တော်၌ တာဝန်တစ်ခုကို ကျွန်ုပ် ဆက်လုပ်လျှင်ပင် လွန်ကဲသော သတိထားမှုဖြင့် ကျွန်ုပ် ဆက်လုပ်ဆောင်ရလိမ့်မည်ဖြစ်ပြီး မည်သူ့ကိုမျှ ယုံကြည်၍မရပါ”ဟု တွေးကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ခုခံမှုနှင့် အထင်လွဲမှုဖြင့် ပြည့်နေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အမှုအရာမည်မျှကို အမှားလုပ်ဆောင်မိခဲ့သည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို မည်သို့ ကြီးမားသည့် ဆုံးရှုံးမှုများ ၎င်းတို့ ကျရောက်စေသည်ဖြစ်စေ၊ အသင်းတော်၏ အလုပ်ကို ၎င်းတို့ မည်မျှ အန္တရာယ်ဖြစ်စေခဲ့သည်ဖြစ်စေ ဤအရာများအား ယတိပြတ် လျစ်လျူရှု၍ရသည်ဟု ၎င်းတို့ တွေးထင်ကြပြီး မိမိတို့၏ ကဏ္ဍနှင့်ပတ်သက်၍ မည်သည့် တာဝန်မျှ ယူကြလိမ့်မည်မဟုတ်၊ သို့မဟုတ် မည်သည့် အမှားကိုမျှ အသိအမှတ်ပြုကြလိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့ကို စိတ်ပျက်စေသည်မှာ ဘုရားအိမ်တော်ဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို တလွဲ စွပ်စွဲခဲ့သည်ဟု ယုံကြည်လျက်၊ ၎င်းတို့တွင် ရှိသည့် မကျေနပ်ချက်တစ်ခုတလေ၊ ၎င်းတို့ပေးခဲ့သည့် မဖြစ်စလောက်၊ သုံးမရသော မည်သည့်အဖိုးအခကိုမဆို ယူပြီး အလွန်ပင် တစ်ဆိတ်ကိုတစ်အိတ် လုပ်ကြလေသည်။ ၎င်းတို့၏ အမှားက ဘုရားအိမ်တော်ကို ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုသည် ၎င်းတို့၏ စိတ်များတွင် လုံးဝ အရေးမပါပေ။ ၎င်းတို့က “ယင်းကို တွက်ချက်ရန် မလိုပါ သို့မဟုတ် ထိုအရာနှင့်ပတ်သက်၍ ဒုက္ခခံရန် မလိုပါ။ ယင်းကို မည်သူက ဆုံးရှုံးမှုတစ်ခုဟု ခေါ်မည်နည်း။ ထို့အပြင် မည်သည့် ခေါင်းဆောင်က အလှူငွေအချို့ကို မဖြုန်းတီးဘဲနေသနည်း။ အဘယ်သို့ဖြစ်ပြီး ကျွန်ုပ်တစ်ဦးတည်း ဖြစ်ရသနည်း။ မည်သည့်ခေါင်းဆောင်က ဘုရားအိမ်တော်ကို တစ်ကြိမ်တစ်ခါမျှ ဆုံးရှုံးမှုတစ်ခုတလေ မဖြစ်စေဘဲနေသနည်း။ ဘုရားသခင်၏ အလှူငွေများသည် မည်သည့်အရာဖြစ်သနည်း။ ထိုငွေသည် လူတိုင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် အခြားသူတို့က ထိုအလှူငွေအား သုံးခွင့်ရလျှင် ကျွန်ုပ်က အဘယ်ကြောင့် သုံးခွင့်မရသနည်း။ အခြားသူတို့ကို ထိုအလှူငွေအား ဖြုန်းခွင့်ပေးသော်လည်း ကျွန်ုပ် ဖြုန်းခွင့်မရသလော။ ဘုရားအိမ်တော်ကို ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများအကြောင်းကို ကျွန်ုပ် ပြောဆိုလျှင်၊ အခြားလူတို့က ကျွန်ုပ်ထက် သာ၍များစွာ ဖြစ်စေခဲ့သည်။ ကျွန်ုပ်သည် အဘယ်ကြောင့် ပြင်းထန်စွာ ပြုပြင်ခံရပြီး ဖြုတ်ချခံရသည့် တစ်ဦးတည်းသောသူ ဖြစ်ရသနည်း။ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိဘဲ မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ခြင်းနှင့်ပတ်သက်၍မူ လူအချို့သည် ထိုအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်ထက်ပင် များစွာ ပိုဆိုးကြသည်။ ထို့ကြောင့် ထိုသူတို့ ပြုပြင်ခံရသည့်အခါ အဘယ်ကြောင့် ဖြုတ်ချခြင်း မခံရကြသနည်း။ အဖိုးအခပေးခြင်းအတွက်မူ ကျွန်ုပ်သည် လူအများစုထက် သာ၍ ကြီးမားသည့် အဖိုးအခ ပေးပြီးဖြစ်သည်။ ရိုးသားစစ်မှန်မှုအရ မည်သူက ကျွန်ုပ်နှင့် ယှဉ်နိုင်သနည်း။ တရားဒေသနာများနှင့် ပတ်သက်၍ကော အဘယ်သို့နည်း။ ကျွန်ုပ်သည် အခြားတစ်ဦးတလေထက် ထိုတရားဒေသနာများကို ပိုမိုဟောပြောပြီး ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို သိနားလည်ခြင်းနှင့် ပတ်သက်၍မူ ကျွန်ုပ်လောက် မည်သူ နားလည်သနည်း။ အထက်၏ပြုပြင်ခြင်းကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ ထိုပြုပြင်ခြင်းကို ကျွန်ုပ်ထက် မည်သူ လက်ခံသနည်း။ စွန့်လွှတ်ခြင်းအရ မည်သူသည် ကျွန်ုပ်ထက် စွန့်လွှတ်ပြီးပြီနည်း။ ညီအစ်ကို မောင်နှမများကို ကူညီခြင်းနှင့် သူတို့၏ ပြဿနာများကို ဖြေရှင်းခြင်းအတွက်မူ မည်သူသည် ကျွန်ုပ်ထက် ယင်းကို ပိုမိုလုပ်ဆောင်သနည်း။ အသင်းတော်တွင် ဟိုသည်ပြေးလွှားပြီး အလုပ်လုပ်ခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သူကမျှ ကျွန်ုပ်ကို လိုက်ဖမ်း၍မရနိုင်ပါ။ မည်သူ့ကို ညီအစ်ကို မောင်နှမများက မဲပေးသည်၊ ထောက်ခံပြီး အတည်ပြုပေးသည်ဟူသည်နှင့် ပတ်သက်လာသည့်အခါ မည်သူသည် ကျွန်ုပ်ထက် မဲပိုမိုရရှိသနည်း”ဟု စဉ်းစားကြလေသည်။ သင် မြင်သလော၊ ဤသည်တို့မှာ အန္တိခရစ်များ ပြုလုပ်သည့် နှိုင်းယှဉ်မှုများ ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းသက်သက်နှင့် ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များက ပါဝင်ပတ်သက်သည့် အရေးကိစ္စများအကြောင်းကိုသာ ပြောဆိုကြသည်။ သင် ပြုလုပ်ခဲ့သည့် အမှားများအားလုံးနှင့် သင် ချိုးဖောက်ခဲ့သည့် သမ္မာတရား စည်းမျဉ်းများအားလုံးကို သင် အသိအမှတ်ပြုလျှင်၊ ပြုပြင်ခြင်းကို သင် လက်ခံပြီး ကျိုးနွံနာခံနိုင်လျှင်၊ ထိုအချိန်မှစ၍ စည်းမျဉ်းများကို အခြေခံ၍ သင် ပြုမူဆောင်ရွက်ခဲ့ပြီး အသင်းတော်အလုပ်ကို သင် ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများအတွက် ထေမိစေဖို့ အစွမ်းကုန် သင် လုပ်ဆောင်ခဲ့လျှင် ဘုရားအိမ်တော်သည် သင်၏ ပြဿနာများကို ဆက်လက် စစ်ဆေးနေမည် မဟုတ်လော။ ယင်းက သင့်ကို ရှုတ်ချမည်လော။ သင့်ကို ငရဲထဲသို့ ပစ်ချမည်လော။ သင့်ကိုယ်သင် ရှင်းပြခြင်းနှင့် ဆင်ခြေများ ဖန်တီးရာတွင် အလွန်များသော အားထုတ်မှုများစွာ ထားရှိဖို့ သင့်အတွက် လိုအပ်မှု တစ်ခုတလေ ရှိသလော။ သင်သည် သင်၏ မကျေနပ်မှုများနှင့်ပတ်သက်၍ ဤဝေ့ဝိုက်သောပုံစံဖြင့် ဆက်လက် စောဒကတက်ဖို့ သင့်အတွက် လိုအပ်မှုတစ်ခုတလေရှိသလော။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိသကဲ့သို့ အမှားပြုလုပ်နိုင်စွမ်း မရှိသည်မှာ အမှန်တကယ်များ ဖြစ်နိုင်မည်လော။ တရားဒေသနာများစွာ ကြားပြီးနောက်တွင် သင် အမှန်တကယ် မည်သည့်အရာမျိုးဖြစ်သည်ကို မသိသေးသလော။ အနည်းငယ် ပြုပြင်ခံရပြီးနောက်တွင် မတရားဆက်ဆံခံရသည်ဟု သင် ခံစားသည်။ သင်သည် မည်သည့် မကောင်းမှုကိုမျှ မလုပ်ဆောင်လျှင် မည်သူသည် သင့်ကို ပြုပြင်ရန် လိုလားနေမည်နည်း သို့မဟုတ် ပြုပြင်ချင်မည်နည်း။ ထို့အပြင် သင်သည် တာဝန်ရှိသည့် ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့လျှင် မည်သူက သင့်ကို ပြုပြင်ရန် လိုလားနေမည်နည်း။ ဘုရားသခင်သည် လူတို့အား အသင်းတော် အသက်တာကို အသက်ရှင်ခွင့်ပေးလျက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးပြီး လူတို့ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ လိုက်စားသည့်အရာအတွက်မူ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် အရေးကိစ္စ ဖြစ်သည်။ မည်သူကမျှ ဤအရာတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်။ သို့သော် ယခု ဘုရားအိမ်တော်တွင် ရှိသည့် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် သင်သည် အမှားတစ်ခု ပြုမိလျှင် ဘုရားအိမ်တော်ကို ဤအရာက ဖြစ်စေသည့် ဆုံးရှုံးမှုများသည် သေးငယ်သည့် ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်သည် တစ်စုံတစ်ရာကို အမှားပြောမိလျှင် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အပေါ်ရှိသည့် သက်ရောက်မှုကလည်း သေးငယ်သည့် ပြဿနာတစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင် ယူထားသည့်တာဝန်သည် သာမန်လူတစ်ဦး၏ တာဝန်နှင့် ကွာခြားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အထက်က သင့်ကို ပြုပြင်ခြင်းသည် လုံးဝ ပုံမှန်ဖြစ်၏။ သင်သည် ဤအဆင့်အတန်း မရှိခဲ့လျှင် သို့မဟုတ် ဤတာဝန်ကို မယူခဲ့လျှင် အထက်က ထိုသို့ လုပ်ဆောင်မည်လော။ သာမန် ယုံကြည်သူမည်မျှသည် အထက်၏ ပြုပြင်ခြင်းခံရပြီနည်း။ သင်သည် ကြီးမားသည့် တာဝန်ကို ထမ်းဆောင်ပြီး သင်၏ အလုပ်နယ်ပယ်ကလည်း အလွန်ကြီးမားသောကြောင့် သင် အမှားတစ်ခု ပြုမိသည့်အခါတိုင်းတွင် သက်ရောက်မှုက အလွန်ကြီးမားသည်။ ထို့ကြောင့် သင်သည် ပြုပြင်ခံရဖို့ သေချာပေသည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်ပေသည်။ ပြုပြင်ခံရခြင်းကိုပင် သင် လက်မခံနိုင်လျှင် သင်သည် ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းပြည့်မီသလော။ သင်သည် ထိုအတွက် အရည်အချင်း မပြည့်မီပေ။ သင်သည် ညီအစ်ကို မောင်နှမများ၏ ရွေးကောက်ခြင်းခံရဖို့ အရည်အချင်းမပြည့်မီပေ။ သင်သည် ထိုအရာနှင့် မထိုက်တန်ပေ။ အမှားတစ်ခုကို သင် ပြုမိသည့်အခါ သင်သည် ထိုအတွက် တာဝန်ယူဖို့၊ ထိုအရာကို အသိအမှတ်ပြုဖို့ သတ္တိပင် မရှိပေ။ သင့်တွင် ထိုသို့သော ဆင်ခြင်တုံတရားပင် မရှိသောကြောင့် အဘယ်သို့ဖြစ်ပြီး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ရသနည်း။ သင်သည် အရည်အချင်း မပြည့်မီသကဲ့သို့ ထိုက်တန်ခြင်းမရှိပေ။
အန္တိခရစ်များက အမှားတစ်ခု ကျူးလွန်မိပြီးဖြစ်သည်ကို အသိအမှတ်မပြုနိုင်ကြသည်မှာ အန္တိခရစ်များ၏ အနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ကြသောကြောင့် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့သည် တာဝန်ယူရန် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် မလိုမလားဖြစ်နေကြသည်။ ဤအရာများကို လုပ်ဆောင်ဖို့ ၎င်းတို့ မလိုမလားဖြစ်ပြီး မိမိတို့၏ အမှားကို အသိအမှတ်ပြုဖို့ ငြင်းဆိုခြင်းကို ထောက်သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ၎င်းတို့ ဆောင်ရွက်နိုင်ကြသလော။ လုံးဝ မဆောင်ရွက်နိုင်ကြပေ။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အခါ မိမိတို့ကိုယ်ပိုင် စီမံကိန်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုမည့် မည်သည့်အရာကိုမျှ တကယ့်ကို မလုပ်နိုင်ကြသည့်အပြင် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ လုပ်ဆောင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ အလုပ်ကို တစ်ကြိမ်တစ်ခါမျှလည်း ဆောင်ရွက်ကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်တစ်ဦးက သေးငယ်သည့် အမှားတစ်ခုအတွက် ပြုပြင်ခံရသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို ကြီးမားသည့် ဆုံးရှုံးမှုများဖြစ်စေသည့် အကြီးစား ဆိုးဝါးသော အမှားတစ်ခုအတွက် ပြုပြင်ခံရသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့အမှားကို အသိအမှတ်ပြုနိုင်စွမ်း မရှိကြသကဲ့သို့ ဤကိစ္စရပ်တွင် ပြစ်မှားမှုတစ်ခုကို ၎င်းတို့ ကျူးလွန်မိပြီးဖြစ်ကာ ဘုရားသခင်ကို အကြွေးတင်ရှိသည်ကို အသိအမှတ်မပြုနိုင်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းတို့သည် ဤအရာက ဖြစ်စေခဲ့သည့် ဆုံးရှုံးမှုများနှင့် ပတ်သက်မှုတစ်ခုတလေ ရှိခဲ့သည်ဟု ဝန်ခံဖို့ထက် သေသာသေလိုက်မည်ဖြစ်ပြီး ၎င်းတို့က အဓိက တာဝန်ရှိကြကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များက မှားယွင်းခဲ့ကြောင်း၊ မှားယွင်းသည့် လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်ခဲ့ကြောင်းကို အသိအမှတ်ပြုကြလိမ့်မည်မဟုတ်၊ သို့မဟုတ် ဤကိစ္စရပ်တွင် ၎င်းတို့အနေဖြင့် ခေါင်းရှောင်၍မရနိုင်သည့် တာဝန်ရှိကြောင်းကို ဝန်ခံဖို့ မဆိုထားနှင့်၊ အမှန်တရားကို ကောင်းစွာ သိရှိလင့်ကစား မကောင်းမှုကို တမင်သက်သက် ကျူးလွန်သည့် ၎င်းတို့၏အမှားကိုပင် ဝန်ခံကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ပြုမူဆောင်ရွက်သည့်အခါ မမှန်ကန်သည့် ရည်ရွယ်ချက်များ ရှိခဲ့ကြောင်း၊ မည်သူနှင့်မျှ ၎င်းတို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူခဲ့ကြကြောင်း၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ၎င်းတို့ အရသာတွေ့ခဲ့ကြကြောင်း၊ မိမိတို့တာဝန်တွင် ပေါ့ဆခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဆုံးရှုံးမှုများဖြစ်စေခဲ့ကြောင်းတို့ကို ဝန်ခံကြလိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့ အမှားတစ်ခု ပြုပြီးနောက်တွင် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံစားရပြီးဖြစ်ကြောင်း၊ ထောင်ထဲသို့ ရောက်သွားခဲ့ရသော်လည်း ယုဒတစ်ဦး လုံးဝ မဖြစ်လာခဲ့ကြောင်း၊ အဖိုးအခမည်မျှ ၎င်းတို့ပေးခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့် ကြီးမားသော ပံ့ပိုးမှုများ ၎င်းတို့ ပြုလုပ်ခဲ့ကြကြောင်းတို့ကို တစ်ချိန်လုံး ရှင်းပြကြလိမ့်မည်။ ၎င်းတို့သည် ဤအရာများကို နေရာတကာ ဖြန့်ဝေကာ ကြေညာကြလိမ့်မည်။ ၎င်းတို့၏ ပံ့ပိုးမှုများနှင့် ၎င်းတို့ပေးခဲ့သည့် အဖိုးအခကို လူသိရှင်ကြား သတင်းလွှင့်ခြင်းအပြင် ဘုရားအိမ်တော်က ၎င်းတို့ကို ပြုပြင်ရာတွင်လည်းကောင်း၊ ၎င်းတို့ကို ဆက်ဆံသည့် နည်းလမ်းတွင်လည်းကောင်း မှားယွင်းကာ မမျှတကြောင်းကိုလည်း ဖြန့်ဝေကြလိမ့်မည်ဖြစ်သည်။ နောင်တရသည့် သဘောထား ကင်းမဲ့ခြင်းအပြင်၊ ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ၎င်းတို့ကို ဘုရားအိမ်တော် ကိုင်တွယ်ဖြေရှင်းပုံအပေါ်တွင်လည်းကောင်း ၎င်းတို့က နေရာအနှံ့တွင် ဝေဖန်ကြလိမ့်မည်။ ၎င်းတို့ ပြောသည့်အရာကို ပိုများသည့်လူတို့က ယုံကြည်လျှင်၊ ၎င်းတို့ကို ပိုများသည့်လူတို့က ခုခံကာကွယ်ရန် ကြိုးစားလျှင်၊ ဘုရားအိမ်တော်အတွက် ၎င်းတို့ ပေးပြီးသည့် အဖိုးအခကို အသိအမှတ်ပြုပြီး လက်ခံကာ ဘုရားအိမ်တော်က အန္တိခရစ်ကို ဆက်ဆံရာတွင် မျှတမှုမရှိသကဲ့သို့ မတရားဆက်ဆံခဲ့သည်ဟု ယုံကြည်ကြလျှင် အန္တိခရစ်က ၎င်း၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရာတွင် မိမိတို့ကိုယ်ကို ချုပ်တည်းရန်မဆိုထားနှင့် မည်သည့်အခါတွင်မျှ ယိမ်းယိုင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် နောင်တရရန် ရည်ရွယ်ချက်တစ်ခုတလေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးပင် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ အမှားလုပ်မိပြီးနောက်တွင် ထိုအမှားကို အသိအမှတ်ပြုရန် ငြင်းဆိုကြသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် တာဝန်ကို ခေါင်းရှောင်ရန် ကြိုးစားကြပြီး တစ်ချိန်တည်းတွင် မိမိတို့၏ အနာဂတ် ခရီးပန်းတိုင်အကြောင်းကို ပိုမို ပူပန်ကြလေသည်။ ၎င်းတို့၏ ခရီးပန်းတိုင်က ခြိမ်းခြောက်ခြင်း ခံရနေသည်ကို အန္တိခရစ်တစ်ဦးက မြင်သည့်အခါ သို့မဟုတ် ဘုရားအိမ်တော်က ၎င်းတို့ကဲ့သို့သော လူများအား ပျိုးထောင်တော့မည် မဟုတ်သည်ကို ကြားသည့်အခါ ၎င်းတို့ကို ပြုပြင်ကာ ဖော်ထုတ်ခဲ့သည့် လူများနှင့် ၎င်းတို့ကို သိက္ခာကျစေခဲ့သည့်လူများအပေါ် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ သာ၍ပင် အမုန်းတရား ခံစားကြလိမ့်မည်။ ၎င်းတို့ ပြုပြင်ခံရသည့် ဖြစ်စဉ်တစ်လျှောက်လုံးတွင် အန္တိခရစ်တစ်ဦးသည် လုံးဝ နောင်တရလိမ့်မည် မဟုတ်။ ၎င်းတို့၏ အဆင့်အတန်းနှင့် ခရီးပန်းတိုင်တို့က လုံခြုံစိတ်ချရမည်မဟုတ်ကြောင်း၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်တို့ လုံးဝ ပြီးမြောက်လိမ့်မည် မဟုတ်ကြောင်း ၎င်းတို့ အမှန်တကယ် သိရှိသွားလျှင် ရန်စောင်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အယူအဆများနှင့် အပျက်သဘောတို့ကို တိတ်တဆိတ် စတင်ဖြန့်ဝေကြလိမ့်မည်။ ၎င်းတို့ကို ပြုပြင်ခဲ့သည့် ညီအစ်ကို မောင်နှမများ သို့မဟုတ် အထက်အဆင့် ခေါင်းဆောင်များကို ၎င်းတို့ ဝေဖန်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ပြုပြင်စရာ အကြောင်းရင်းမရှိကြောင်း၊ ၎င်းတို့ကို သိက္ခာဆည်ခွင့် လုံးဝ မပေးခဲ့ကြောင်းကို ဆိုလျက် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်လူကိုလည်း ဝေဖန်ပြီး တိုက်ခိုက်ကြလိမ့်မည်။ ၎င်းတို့သည် တကယ်ကို ဆင်ခြင်တုံတရား မရှိကြပေ။ ဤလူစားမျိုးသည် တရားဒေသနာ မည်မျှကြားရသည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးအနည်းငယ်မျှ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာကြာ ယုံကြည်သည်ဖြစ်စေ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်နိုင်ကြပေ။ ၎င်းတို့သည် အမှန်တကယ် သနားစရာကောင်းလောက်အောင် အသုံးမကျသည့်အပြင် စက်ဆုပ်ဖွယ်ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ခြင်းအတွက် ပြင်းထန်စွာ ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းအနေဖြင့် အမှားတစ်ခုတလေ လုပ်ဆောင်ခဲ့ကြောင်းကို လုံးဝ ဝန်မခံသကဲ့သို့ ၎င်းတို့အပေါ် မမျှတခြင်းအတွက် ဘုရားအိမ်တော်ကို ၎င်းတို့ စောဒကတက်ပြီး ဝေဖန်စဉ်တွင် တရားမျှတမှုမရှိဟူသည့် စိတ်ခံစားချက်နှင့်လည်း ပြည့်နေကြသည်။ ပြီးလျှင် နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားအိမ်တော်ကို ရန်စောင်ကာ ကန့်ကွက်ပြောဆိုလျက် မိမိတို့၏ အယူအဆများကို ပွင့်ပွင့်လင်းလင်း စတင်ဖြန့်ဝေကြပြီး အဆုံးတွင် ၎င်းတို့ နှင်ထုတ်ခံရကြသည်။ ဤအဆင့်များထဲမှ တစ်ခုတလေတွင်ရှိသည့် အန္တိခရစ်၏ အပြုအမူအတွင်း၌ ပုံမှန်လူ့သဘာဝ အနည်းငယ်မျှ ရှိသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကကော အဘယ်သို့နည်း။ သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခုတလေ လုံးဝ ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး အနည်းငယ်မျှ ရှိသလော။ မရှိပေ၊ ဤအရာများတစ်ခုမျှ မပါရှိပေ။ အန္တိခရစ်တစ်ဦးသည် အစွန်းရောက်အောင် စက်ဆုပ်ဖွယ်ဖြစ်သည်၊ အရှက်တရားမဲ့ပြီး အလွန်အမင်း ကြောင်းကျိုးမသင့်ဖြစ်ပေသည်။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ခြင်း မရှိတော့သည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မျှော်လင့်ချက်မဲ့သောသူအဖြစ် သဘောထားလိုက်ကြပြီး မဆင်မခြင် စတင်ပြုမူကြသည်။ ၎င်းတို့သည် မိမိတို့အလုပ်တွင် မည်မျှမကျွမ်းကျင်သည်ဖြစ်စေ၊ အလုပ်စွမ်းဆောင်ရည်တွင် ၎င်းတို့ မည်မျှချို့တဲ့နေကြသည်ဖြစ်စေ အဆင့်အတန်း၏ အကျိုးကျေးဇူးများနှင့် အခြားသူတို့၏ လေးစားမှုကို မွေ့လျော်ခံစားချင်ကြဆဲဖြစ်သည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို မိမိတို့ဘဝထက် ပိုမိုအရေးကြီးသောအရာအဖြစ် ၎င်းတို့က မြင်ကြပြီး မည်မျှကြီးမားသည့် အမှားကို ၎င်းတို့ ပြုမိသည်ဖြစ်စေ၊ မည်သည့် အပြစ်ရှိသည့်စိတ်ကိုမျှ လုံးဝ မခံစားကြပေ။ ၎င်းတို့သည် လူသားပင် ဖြစ်ကြသလော။ ၎င်းတို့သည် သိုးရေခြုံထားသည့် ဝံပုလွေတစ်ကောင် ဖြစ်သည်။ အပြင်ပန်းအားဖြင့် လူအရေခြုံပြီး လူတစ်ဦးနှင့် တူကြသော်လည်း အတွင်းတွင် ၎င်းတို့က လူသားမဟုတ်ကြပေ။ ၎င်းတို့က အမှန်တကယ် စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ အော်ဂလီဆန်စရာဖြစ်ပြီး ရွံစရာကောင်းကြပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။