အချက် ၁၁- ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည် (အခန်း သုံး)

ခ။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကို ဝန်ခံရန် ငြင်းဆိုခြင်း

အန္တိခရစ်တစ်ဦးက ပြုပြင်ခံရသည့်အခါ နောင်တမရရုံတင်မက အယူအဆများကိုလည်း ဖြန့်ကာ ပွင့်ပွင့်လင်းလင်း ဝေဖန်လေသည်။ ဤအတွက် ပထမဆုံးသော အဓိက အကြောင်းရင်းမှာ ၎င်းတို့သည် အမှားလုပ်မိပြီးဖြစ်သည်ကို အသိအမှတ်ပြုရန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦးက ၎င်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်းကို အသိအမှတ်မပြုခြင်း ဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ရာ အမှားလုပ်မိသည်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းထက် သာ၍ ဆိုးရွားပြီး သာ၍ ခိုင်လုံသည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်ကို လက်ခံသူ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသူ မည်သူမဆို ပိုင်ဆိုင်သင့်သည့် အနိမ့်ဆုံး အသိပညာမှာ လူသားများက ဖောက်ပြန်ပျက်စီးကြကြောင်း၊ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံကြရကြောင်း၊ ၎င်းတို့တွင် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝ ကင်းမဲ့ကြောင်း၊ သမ္မာတရား မပိုင်ဆိုင် သို့မဟုတ် ဘုရားသခင်ကို မသိကြကြောင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်သူများ ဖြစ်ကြောင်းတို့ကို ပထမဆုံး အသိအမှတ်ပြုရန် ဖြစ်သည်။ အန္တိခရစ်များကသာ ၎င်းတို့ ကိုယ်တိုင်က နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်းကို တစ်ကြိမ်တစ်ခါမျှ ဝန်ခံဖို့မဆိုထားနှင့်၊ ၎င်းတို့အနေဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီးဖြစ်ကာ ဖောက်ပြန်ပျက်စီးသော လူသားများသည် စာတန်နှင့် အားလုံး သက်ဆိုင်ကြောင်းကို လုံးဝ ဝန်ခံကြမည် မဟုတ်ပေ။ အထူးသဖြင့် လူအများစုက မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်၊ သိရှိနိုင်ပြီး ပြုပြင်ခြင်းကို လက်ခံနိုင်သည့်အချိန်တွင် အန္တိခရစ်များက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ကိုပင် ဝန်မခံနိုင်ကြပေ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ဆိုးရွားသည်ဟု ငါ ပြောသနည်း။ အန္တိခရစ်များက သမ္မာတရားကို အသိအမှတ်ပြုနိုင်စွမ်း မရှိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို လက်မခံကြသည့်အတွက် ဘုရားနှုတ်ကပတ်တော်များတွင် ပြောထားသည့် မည်သည့်အရာကိုမဆို မိမိတို့၏ စိတ်နှလုံးအတွင်းထဲမှ လက်ခံရန် ငြင်းဆန်ကြသည်။ လူအချို့က “ယင်းကို သူတို့ လက်ခံရန် ငြင်းဆန်သည်ဟု ကိုယ်တော် အဘယ်သို့ ပြောနိုင်သနည်း။ သူတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်ကြောင်း၊ ဘုရားသခင်၏ ရန်သူများဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်”ဟု ပြောကြသည်။ ယင်းကို ဝန်ခံခြင်းအဖြစ် အဘယ်သို့ ယူဆသနည်း။ ဘာသာတရား မရှိသူတစ်ဦးကပင်လျှင် ၎င်းက လူကောင်းတစ်ဦးမဟုတ်ကြောင်း ပြောကောင်းပြောနိုင်သော်လည်း ယင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိခြင်းကို ဝန်ခံခြင်းအဖြစ် မှတ်ယူ၍ ရသလော။ မှတ်၍မရပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း စစ်မှန်သည့် ဝန်ခံခြင်းမှာ ပထမဆုံးအနေဖြင့် သင် မည်သည့်လူစားမျိုး ဖြစ်သည်ကို သိရှိခြင်း ဖြစ်သည်။ ထိုအရာက အမျိုးမျိုးသော အတိုင်းအတာထိ ဘုရားသခင် ဖော်ပြသည့် မတူကွဲပြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် မိမိကိုယ်ကို ဆက်စပ်နိုင်စေခြင်းအပြင် မတူကွဲပြားသော အခြေအနေများတွင်ရှိနေစဉ် သင်ထုတ်ဖော်ပြသည့် မတူကွဲပြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဆက်လက်၍ အသိအမှတ်ပြုနိုင်ခြင်းကိုလည်း ဆိုလိုသည်။ ဤအရာများသည် တူညီသည့် ခိုင်လုံသော သရုပ်သကန်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် အန္တိခရစ်တစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို အသိအမှတ်မပြုဘဲ ထိုအစား စက်ဆုပ်ရွံရှာသောကြောင့် ဤအရာများကို မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရုံနားထောင်ပြီး ထိုမျှသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ပြန်လည်သုံးသပ်ခြင်းမရှိ၊ မိမိတို့ကိုယ်ကို စိစစ်ခြင်းမရှိ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မိမိတို့ကိုယ်တိုင်နှင့် ဤစကားများကို ယှဉ်ကြည့်ခြင်း မရှိကြပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ကြံရွယ်ချက်များ၊ အတွေးများနှင့် ရှုထောင့်အမြင်များကို ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအတိုင်း စိစစ်ကာ နှိုင်းယှဉ်ကြည့်ခြင်း မရှိကြပေ။ ၎င်းတို့က ဤအရာများကို လုံးဝ လုပ်ဆောင်ခြင်းမရှိကြ။ ၎င်းတို့က ဤအရာများကို မလုပ်ဆောင်ခြင်းသည် မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့အတွက်မှာမူ ဘုရားသခင် ပြောဆိုထားသည့် ဤစကားများသည် အမှုအရာများကို သရုပ်ဖော်သည့် နည်းလမ်းတစ်ခု၊ မတူကွဲပြားသော ရှုထောင့်အမြင်တစ်ခုသက်သက် ဖြစ်သည်။ ယင်းတို့သည် လူ၏ စိတ်သဘောထားများ၊ ပင်ကိုစရိုက်၊ လက်တွေ့လုပ်ဆောင်မှုများနှင့် အနှစ်သာရတို့ကို ဖော်ပြခြင်းနှင့်ဆိုင်သည့် မတူကွဲပြားသော နည်းလမ်းတစ်ခု သက်သက် ဖြစ်သည်။ ယင်းတို့သည် လူ၏ စိတ်သဘောထားများကို သတ်မှတ်ခြင်းအတွက် စံသတ်မှတ်ချက် လုံးဝ မဟုတ်ပေ ဟူ၍ဖြစ်လေသည်။ ဤသည်မှာ အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အလေးမထားပုံကို ဖော်ပြရန် တိကျမှန်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အန္တိခရစ်များသည် လူသားမျိုးနွယ်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဘုရားသခင်၏ ဖော်ထုတ်ခြင်းအပေါ် မိမိတို့၏ စိတ်များတွင် ခန့်မှန်းခြေ သိနားလည်မှုတစ်ခုသာ ရှိကြသော်လည်း ထိုအရာကို မိမိတို့၏ စိတ်နှလုံးများထဲတွင် လုံးဝ လက်မခံကြပေ။ ထိုအရာကို ၎င်းတို့ လက်မခံကြသည့်အတွက် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ မိမိတို့၏ စိတ်သဘာထားကို ချုပ်တည်းရန်၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုများကို ပြောင်းလဲပြီး မိမိတို့၏ မမှန်ကန်သည့် ရှုထောင့်အမြင်များကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ အသုံးပြုနိုင်ကြသလော။ လုံးဝ အသုံးမပြုနိုင်ကြပေ။ အန္တိခရစ်များက သမ္မာတရားကို လက်မခံကြပေ။ ယင်းက ၎င်းတို့အနေဖြင့် မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ကို ဝန်မခံကြဟု ဆိုလိုပေသည်။ ဥပမာအနေဖြင့် မာနထောင်လွှားခြင်းကို ကြည့်လော့။ ဤစိတ်သဘောထားကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များက လူတွင် ဤစိတ်သဘောထား ထင်ရှားကာ ပေါ်လွင်သည့် နည်းလမ်းအချို့အကြောင်းကို ပြောဆိုသည်။ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုသည့် လူတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် အပြုအမူကိုလည်းကောင်း၊ စိတ်သဘောထားကိုလည်းကောင်း ဤဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အကြိမ်ကြိမ် နှိုင်းယှဉ်ချိန်ဆလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် “ကျွန်ုပ်၌ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိပါသည်။ ဤအရာကို ကျွန်ုပ် လုပ်ဆောင်သည့်အချိန်တွင် ကျွန်ုပ် ထုတ်ဖော်ပြခဲ့သည့် စိတ်သဘောထားဖြစ်သည်။ ကျွန်ုပ်၏ ဤအတွေးများ၊ လုပ်ရပ်များနှင့် သဘောထားတို့သည် မာနထောင်လွှားကြပါသည်။ အခြားသူတို့ကို ကျွန်ုပ် ဆက်ဆံသည့်၊ ကျွန်ုပ်၏ အလုပ်ကို လုပ်ဆောင်ပြီး ကျွန်ုပ်၏ တာဝန်ကို ကိုင်တွယ်သည့် ဤနည်းလမ်းများက မာနထောင်လွှားသည်”ဟု ဝန်ခံကြလိမ့်မည်။ ယင်းမှာ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို စံနှုန်းအဖြစ် ရှုမြင်ကြပြီး မိမိတို့ကိုယ်ပိုင် အပြုအမူကို နှိုင်းယှဉ်မှုများပြုလုပ်ဖို့ အသုံးပြုကြပြီး ဆက်စပ်မှုတစ်ခု ရှာတွေ့သည့်အခါ ၎င်းတို့က မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်း၊ ဘုရားသခင် ပြောဆိုသမျှတိုင်းသည် မှန်ကန်ပြီး လုံးဝ မမှားကြောင်းတို့ကို အမှုမဲ့အမှတ်မဲ့ အသိအမှတ်ပြုမိကြသည်။ ယခုတွင်မူ လူတို့က မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ဟု အသိအမှတ်ပြုပြီးနောက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုနိုင်ကြခြင်း ရှိမရှိဟူသည်ကို မပြောကြစို့နှင့်။ ပထမဆုံးအနေဖြင့် လူတို့က မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ကို အသိအမှတ်ပြုခြင်း ရှိမရှိဟူသည့်အကြောင်းကိုသာ ပြောဆိုကြစို့။ အသိအမှတ်ပြုခြင်းနှင့် ပတ်သက်လာသည့်အခါ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ပုံမှန်တွေးခေါ်မှုတို့ကို ပိုင်ဆိုင်သည့် လူအများစုသည် ဘုရားနှုတ်ကပတ်တော်မှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြမှုတို့ကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ “အာမင်”ဟု အမှုမဲ့အမှတ်မဲ့ ပြောဆိုမိကြသည်၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း ဝန်ခံမိကြပြီး ထိုသို့ဖြင့် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းအသိအမှတ်ပြုသဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာ၍ ဦးညွှတ်ကြသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း ၎င်းတို့ အသိအမှတ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရားနှင့် အထူးသဖြင့် ပြုပြင်ခံရခြင်းအပေါ် မှန်ကန်သည့်၊ သင့်တော်သည့် သဘောထားတစ်ခု ရှိကြလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်း အသိအမှတ်ပြုနေစဉ်တွင် ၎င်းတို့ ပြုပြင်ခံရသည့်အခါ ဤပြုပြင်ခြင်းကို စိတ်နှလုံးမှ အမှတ်တမဲ့နှင့် မသိစိတ်၏ စေ့ဆော်မှုအရ ကျိုးနွံနာခံနိုင်ကြလိမ့်မည်ဖြစ်ပြီး လက်ခံရန် လိုလားနေကြလိမ့်မည်။ ပြုပြင်ခြင်းမှတစ်ဆင့် ၎င်းတို့ကို ချုပ်ထိန်းကာ ဆုံးမပဲ့ပြင်ဖို့ အခြားသူများကို တောင့်တကြသည့် လူအချို့ပင် ရှိပြီး ၎င်းတို့သည် ပြုပြင်ခံရခြင်းအပေါ် အပြုသဘောဆောင်သည့် ခံစားချက်များ အလွန် အလွယ်တကူ ဖြစ်ပေါ်ကြသည်။ ၎င်းတို့သည် ထိုအရာအပေါ် အပြုသဘောဆောင်သည့် သဘောထားတစ်ခု ရှိကြသည်။ ဤသည်တို့မှာ ပုံမှန်လူများဖြစ်သည်။ တစ်ဦးတည်းသော မူမမှန်သည့်လူများမှာ အန္တိခရစ်များဖြစ်ကြသည်။ ထိုသို့သော လူများသည် ဘုရားနှုတ်ကပတ်တော်များကို လက်မခံကြ၊ ထိုနှုတ်ကပတ်တော်များကို အထင်သေးမှုဖြင့် မကြာခဏ ငေါ့ကြပြီး မိမိတို့၏ စိတ်နှလုံးများတွင် အတိုက်အခံဖြစ်ကြသည်၊ ဝေဖန်ကာ ရှုတ်ချကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဘုရားသခင်၏ ဖော်ထုတ်ခြင်းနှင့် သရုပ်ဖော်ခြင်းတို့အပေါ် တူညီသည့် သဘောထားရှိကြသည်။ ယင်းမှာ မည်သည့် သဘောထားဖြစ်သနည်း။ ဥပမာအနေဖြင့် ဘုရားသခင်က လူတို့တွင် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိကြောင်းကို ပြောဆိုပြီး ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ တိကျသည့် သရုပ်သကန်များအကြောင်း ပြောဆိုဆွေးနွေးခြင်းကို ကြည့်လော့။ အန္တိခရစ်တစ်ဦးက ဤတိကျသည့် သရုပ်သကန်များအကြောင်းကို ကြားသည့်အခါ ဤအရာကို လက်ခံရန် ၎င်းတို့ ငြင်းဆန်ရုံမျှသာ မဟုတ်ဘဲ ထိုအစား ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် ဤတိကျသော သရုပ်သကန်များအား တိုး၍ အထင်သေးကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ကြမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် စာတန်၏ သဘောထားဖြစ်သည့် စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နောက်ကို လိုက်ကြသောကြောင့်ဖြစ်သည်။ ၎င်းတို့က “သင်သည် ဤအရာကို မာနထောင်လွှားမှုဟု ခေါ်သော်လည်း တတ်စွမ်းနိုင်သူများထဲတွင် မည်သူသည် မဝင့်ကြွားဘဲနေသနည်း။ ခေါင်းဆောင်မှု ပါရမီရှိသည့်လူများထဲတွင် မည်သူသည် ခံ့ညားထည်ဝါသော နည်းလမ်းတစ်ခုဖြင့် စကားမပြောဘဲနေသနည်း။ အဆင့်အတန်း ရှိသည့်လူတို့ထဲတွင် မည်သူသည် အနည်းငယ် မဝင့်ကြွားဘဲနေသနည်း။ ဤအရာများထဲမှတစ်ခုမျှသည် အရေးမကြီးပေ။ ဤအရာများအားလုံးသည် ဘာသာတရားမရှိသည့် လောကတွင် လုံးဝ ပုံမှန်ဖြစ်သော်လည်း ဤနေရာတွင် သင်တို့အားလုံးက တစ်ဆိတ်ကိုတစ်အိတ် လုပ်နေကြသည်။ ထို့အပြင် အခြားသူတို့နှင့် ဆွေးနွေးခြင်းမရှိဘဲ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် မာနထောင်လွှားမှုအဖြစ် အမှန်တကယ် မှတ်ယူ၍ရသလော။ ယင်းမှာ အမှန်တကယ်ပင် ထင်ရာစိုင်းခြင်း ဖြစ်သလော။ တတ်စွမ်းနိုင်သည့်လူများက ထိန်းချုပ်သင့်ပြီး အာဏာကို လက်ဝါးကြီးအုပ်နိုင်ခြင်းကို အရည်အချင်းရှိခြင်းဟု ခေါ်သည်။ သာမန်လူများဖြစ်သည့် သင်တို့နှင့် အမှုအရာများကို ဆွေးနွေးခြင်းတွင် အဘယ်အသုံးဝင်မှု ရှိသနည်း။ သင်တို့ အဘယ်အရာကို သိရှိကြသနည်း။ ထို့ကြောင့် ကျွန်ုပ်သည် မာနထောင်လွှားနေခြင်း မဟုတ်ပါ။ အရည်အချင်းရှိကာ တတ်စွမ်းနိုင်ခြင်းသာ ဖြစ်သည်။ ထိုအရာကို ခေါင်းဆောင်မှု အရည်အသွေးရှိခြင်းဟု ခေါ်ပြီး ယင်းမှာ မွေးရာပါ ပါရမီတစ်ခု ဖြစ်သည်။ ကျွန်ုပ်တွင် ထိုသို့သော ကြီးမြတ်သည့် ပင်ကိုစွမ်းရည်ရှိသည်။ မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်နိုင်သည်။ အခြေအနေများက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့် အဖွဲ့တွင် ကျွန်ုပ် ရှိသည်ဖြစ်စေ ကြီးကြပ်နိုင်သည်။ ဤသည်မှာ ပါရမီရှိသော လူတစ်ဦးဖြစ်ခြင်း ဖြစ်သည်။ ပါရမီရှိသည့် လူများသည် နင်းချေခြင်းမခံရသင့်သကဲ့သို့ ဖော်ထုတ်ခြင်းမခံရသင့်ပေ။ ထိုအစား မည်သည့်အဖွဲ့တွင် သူတို့ရှိသည်ဖြစ်စေ၊ သူတို့ ချီးကျူးခံရသင့်သည်၊ ချီးမြှောက်ခံရသင့်ပြီး အရေးပါသည့် အခန်းကဏ္ဍများကို အပေးခံရသင့်သည်။ သူတို့သည် ခေါင်းဆောင်မှု အရည်အသွေးများရှိသည့် တတ်စွမ်းနိုင်သော၊ ပါရမီရှိသောလူများ ဖြစ်သဖြင့် ခေါင်းဆောင်တစ်ဦး၊ အကြီးအကဲတစ်ဦး၏ ပြောဆိုပြုမူပုံ ရှိသင့်သည်။ ၎င်းတို့က ဤအရာများကို ဖုံးကွယ်နေလျှင် ယင်းမှာ ဟန်ဆောင်ဗန်းပြနေခြင်း မဟုတ်လော”ဟု ပြောကြသည်။ ၎င်းတို့သည် မာနထောင်လွှားသော စိတ်သဘောထားအပေါ် ဘုရားသခင်၏ ဖော်ထုတ်မှုကို ဝေဖန်ကာ ရှုတ်ချဖို့အတွက် ဤမူမမှန်သည့် အကြောင်းပြချက်နှင့် ဤအယူလွဲများကို အသုံးပြုကြသည်။ ထို့ကြောင့် မည်သည့်အရာကို သင် ပြောသည်ဖြစ်စေ၊ ဘုရားသခင် ဖော်ပြကာ သတ်မှတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များကို ၎င်းတို့ လုံးဝ အသိအမှတ်ပြုကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က “ဘုရားပြောသည့် အရာသည် အမှုအရာများကို သရုပ်ဖော်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ထိုအရာသည် အတော်အတန် အပြုသဘောဆောင်သည်၊ သမားရိုးကျဖြစ်ကာ အစဉ်အလာ ဖြစ်သော်လည်း သမ္မာတရားအဖြစ် သတ်မှတ်၍မရပေ။ ထိုအရာက လူအချို့နှင့်သာ သင့်တော်သည်။ ဥပမာအနေဖြင့် လူအချို့သည် အတော်လေး မာယာကင်းပြီး ၎င်းတို့တွင် မည်သည့်ပါရမီမျှ မရှိကြသကဲ့သို့ အလွန် တတ်စွမ်းခြင်း သို့မဟုတ် တော်ခြင်းလည်း မရှိကြသည့်အပြင် ၎င်းတို့တွင် ခေါင်းဆောင်မှု အရည်အသွေးများ မရှိကြပေ။ ၎င်းတို့တွင် သင့်တင့်လျောက်ပတ်သည့် တွဲဖက်မရှိလျှင် ပြုမူဆောင်ရွက်သည့်အခါ အခြားသူတို့နှင့် တိုင်ပင်ရမည်ဖြစ်ပြီး မတိုင်ပင်လျှင် မိမိတို့ အလုပ်ကို မထမ်းဆောင်နိုင်ကြပါ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့် လူစားမျိုး ဖြစ်သည်”ဟု တွေးကြသည်။ ဤကဲ့သို့သော အကြောင်းပြချက်များသည် စာတန်ဆန်သော အယူလွဲများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများချည်းသာ ဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အန္တိခရစ်များက လုံးဝ မယုံကြည်ကြပေ။ ထို့ကြောင့် ယင်းတို့ကို ၎င်းတို့ ကြားသည့် မည်သည့်အချိန်တွင်မဆို ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံ လုပ်ပြကြသည်။ ၎င်းတို့သည် အသွင်အပြင်များကို ထိန်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုသည့် ဖာရိရှဲများကဲ့သို့သာ ဖြစ်ကြသည်။ ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ စိတ်နှလုံးအတွင်းထဲတွင် လက်မခံကြ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အသက်နှင့် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုအတွက် ရည်မှန်းချက် မဖြစ်စေကြပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦးက အမှားတစ်ခုကို ကျူးလွန်သည့်အချိန်တွင် ထိုကိစ္စရပ်တွင် ၎င်းတို့ ထုတ်ဖော်ပြသည့် စိတ်သဘောထား၊ အနှစ်သာရတို့နှင့် စပ်လျဉ်း၍ ၎င်းတို့ကို သင် ပြုပြင်သည့်အခါ လက်ခံမည့်အရေးကို မဆိုထားနှင့်၊ ထိုအတွက် ၎င်းတို့ကို သင် ပြုပြင်ပြီး ဖော်ထုတ်သည့်အခါ ၎င်းတို့ တစ်စုံတစ်ရာ အမှားလုပ်မိသည်ကို ဝန်မခံကြမည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့က တစ်စုံတစ်ရာ အမှားလုပ်မိပြီးဖြစ်သည်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းကဲ့သို့ပင် အန္တိခရစ်တစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည့်အခါ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်းကို ငြင်းဖို့အတွက် ၎င်းတို့တွင် အကြောင်းပြချက်တစ်ခုခု၊ ဆင်ခြေတစ်ခုခု၊ ရှင်းပြချက်တစ်ခုခု အမြဲ ရှိကြလိမ့်မည်။ ဥပမာအနေဖြင့် ကိစ္စရပ်တစ်ခုခုတွင် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ ၎င်းတို့က အလောတကြီးဖြစ်နေခဲ့ကြောင်း၊ ထိုအရာက မကောင်းသည့် စကားလုံး ရွေးချယ်မှုတစ်ခုဖြစ်ကာ ၎င်းတို့၏ အသံကို အနည်းငယ် ကျယ်ကျယ်ပြောမိကြောင်း ပြောဆိုကြသည်။ ၎င်းတို့အနေဖြင့် အခြားသော ကိစ္စရပ်တွင် လှည့်ဖြားတတ်နေခဲ့ပြီး ပွင့်လင်းခြင်းမရှိခဲ့ဟု တစ်စုံတစ်ဦးက ပြောလျှင် ၎င်းတို့က လူအများစုတွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသောကြောင့် ဖြစ်နေသည့်အရာကို ၎င်းတို့ပြောလျှင် အခြားသူတို့က နားလည်မည် မဟုတ်သကဲ့သို့ ၎င်းတို့ ပြောသည့်အရာကို အထင်လွဲကြမည်ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ မပွင့်လင်းခဲ့ကြရသည့် အကြောင်းရင်းဖြစ်သည်ဟု ပြောကြသည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ၊ ဆင်ခြေများနှင့် ရှင်းပြချက်များ အမြဲ ရှာတွေ့နိုင်ကြသည်။ ခြုံကြည့်သော် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ၊ ထိုအရာက မည်မျှသိသာသည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေ ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ ဝန်ခံကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များသည် လူတို့ရှေ့တွင် တစ်ခုပြောကာ ၎င်းတို့နောက်ကွယ်တွင် အခြားတစ်ခု ပြောလျက် မကြာခဏ လိမ်ညာကြပြီး ၎င်းတို့က မည်သည့်အချိန်တွင် အမှန်တရား ပြောနေပြီး မည်သည့်အချိန်တွင် လိမ်ညာနေကြသည်ဟူသည်ကို မည်သူကမျှ မခွဲခြားနိုင်သည့်အပြင် မည်သူကမျှ မသိကြပေ။ သို့သော် ၎င်းတို့သည် မိမိတို့က ရိုးသားသောသူတစ်ဦးထက် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ကို လုံးဝ ဝန်ခံကြလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မကြာခဏ မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြကာ ၎င်းတို့ မည်သို့ အလွန်အမင်း မာယာကင်းမဲ့ကြသည်၊ အထူးသဖြင့် အခြားသူတို့နှင့်ရှိသည့်အခါ မည်သို့ ရိုးသားစစ်မှန်ကြသည်ဟူသည်နှင့် အခြားလူတစ်ဦးတွင် အခက်အခဲများ တစ်ခုတလေရှိသည့်အခါ မိမိတို့ စိတ်နှလုံးများ၏ ကြင်နာမှုဖြင့် ထိုလူကို ၎င်းတို့ မည်မျှ ကူညီချင်ကြသည်ဟူသည်တို့ကို ရှင်းပြကြသည်။ အန္တိခရစ်များက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ကို ဝန်မခံရုံတင်မက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးရန် အမြဲ ကြိုးစားနေကြသည်၊ ၎င်းတို့အနေဖြင့် လူကောင်းတစ်ဦး၊ ကြင်နာသည့်လူတစ်ဦးဖြစ်ကြပုံနှင့်ပတ်သက်၍ ကြွားဝါနေကြလေသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ကို ဝန်မခံရုံတင်မက တစ်ချိန်တည်းတွင် လူတို့ကို ဖျောင်းဖျရာတွင် ၎င်းတို့ မည်မျှ တော်ကြောင်း၊ လူတို့၏ မျက်နှာသာကို ရရှိခြင်းနှင့် လူတို့ကို စည်းရုံးသိမ်းသွင်းခြင်းတွင် ၎င်းတို့ မည်မျှတော်ကြောင်းတို့ကိုလည်း ကြွားဝါကြသည်။ လူတို့ကြားတွင် ပြုမူဆောင်ရွက်ခြင်း၊ စကားပြောဆိုခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မည်မျှ မဟာဗျူဟာမြောက်ပြီး တတ်စွမ်းနိုင်ကြသည်၊ မည်သူကမျှ မထူးချွန်နိုင်သကဲ့သို့ ၎င်းတို့ကို မကျော်လွန်နိုင်ပုံ၊ မည်သူကမျှ ၎င်းတို့၏ အလုပ်အတွက် သာ၍ အရည်အချင်းမရှိပုံတို့ကို ကြွားဝါကြသည်။ အန္တိခရစ်တစ်ဦးက အဖိုးအခအနည်းငယ် ပေးသည့်အခါ အဆင့်မြင့်သည့် အယူဝါဒနှင့် သဘောတရားအချို့ကို ဟောပြောနိုင်ပြီး လူတို့ကို အထင်အမြင်မှားစေကာ လူအများစုကို ၎င်းတို့အား လေးစားစေသည့် အရာတစ်စုံတစ်ခုကို တိုတောင်းသည့် အချိန်ကာလတစ်ခုကြာ လုပ်ဆောင်သည့်အခါ ၎င်းတို့အနေဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အောင်မြင်စွာ ဖုံးဖိထားပြီး ဖြစ်သည်ဟူ၍လည်းကောင်း၊ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လျစ်လျူရှုစေဖို့ လုပ်ဆောင်နိုင်ပြီး ဖြစ်သည်ဟူ၍လည်းကောင်း တွေးထင်ကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ၎င်းတို့ထားရှိသည့် ဤသိနားလည်မှုမျိုးနှင့် သဘောထားမျိုးအရ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ၎င်းတို့၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ထိုအရာကို ဆန့်ကျင်ကာ အတိုက်အခံလုပ်ရန်၊ မိမိတို့၏ ဂုဏ်သတင်းကို ယခင်အတိုင်းပြန်ဖြစ်စေဖို့ တတ်နိုင်သမျှအရာရာကို လုပ်ဆောင်ရန် ဖြစ်သည်။ အသင်းတော်၏ အလုပ်အပေါ် ၎င်းတို့ ဖြစ်စေခဲ့ကြသည့် ဆုံးရှုံးမှုများကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းအပြင် ဤကိစ္စရပ်တွင် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မလုပ်လုပ်အောင် စေ့ဆော်မှုအောက်တွင် ကျူးလွန်မိခဲ့ကြသည့် အမှားတို့ကိုလည်း အသိအမှတ်ပြုရန် ၎င်းတို့ ငြင်းဆန်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်နှင့် အနှစ်သာရကို ထောက်သော် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။)

မိမိတို့အလုပ်တွင် အမှားများပြုလုပ်မိသည့်၊ ပျင်းရိသည့်၊ မိမိတို့အလုပ်ကို မဆောင်ရွက်သကဲ့သို့ တိကျသည့် အလုပ်တာဝန်များကို လျစ်လျူရှုနေစဉ် လူတို့ကို ဩဇာပေးနေသေးသည့်၊ မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင်ကျူးလွန်ကာ အမှုအရာများအား မိမိတို့သဘောအတိုင်း လုပ်ဆောင်ကြသည့် အန္တိခရစ်အချို့ကို ငါ ကြုံရပြီးဖြစ်သည်။ ထိုသို့သော အန္တိခရစ်များသည် ဤအရာအတွက် ပြုပြင်ခံရသည့်အခါ အပေါ်ယံတွင် ၎င်းတို့အနေဖြင့် အလွန် လိုက်လျောလွန်းသည့်ပုံပေါ်သော်လည်း နောက်ကွယ်တွင် ၎င်းတို့ လုံးဝ နောင်တမရကြပေ။ ၎င်းတို့၏ နောင်တမရသော သဘောထားမှ အကဲဖြတ်သော် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို အနည်းငယ်မျှ လက်ခံခြင်း မရှိကြသေးပေ။ ပြုပြင်ခံရခြင်းကို ၎င်းတို့ လက်မခံခြင်းမှ အကဲဖြတ်သော် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြမှုများအား ၎င်းတို့ ပိုင်ဆိုင်သည်ကို ၎င်းတို့ လုံးဝ မဆန်းစစ်ဖူးကြပေ။ ထိုအစား ပြုပြင်ခံရပြီးနောက်တွင် ၎င်းတို့သည် အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်လျက်၊ လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားခြင်းကို လုပ်ဆောင်လျက်၊ ၎င်းတို့၏ အထက်နှင့်အောက်တွင် ရှိသောသူတို့ကို လှည့်ဖြားလျက် မိမိတို့ကိုယ်ပိုင် သီးခြားနိုင်ငံများကို ထူထောင်ကာ အထူးအခွင့်အရေးများကို အကြိုက်တွေ့ကြရင်း အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ ၎င်းတို့ နှစ်သက်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ ဆက်လက် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အနည်းငယ်မျှ မပြောင်းလဲကြသနည်း။ ထိုအရာမှာ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်းကို နည်းနည်းမျှ အသိအမှတ်မပြုကြသကဲ့သို့ သမ္မာတရားကို လက်မခံကြသောကြောင့် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ကြီးမားသည့် အာဏာကို စွဲကိုင်မည့်အခွင့်အရေးအား အမြန်ရယူကာ ထိုအာဏာရှိခြင်းကို အပြည့်အဝ အသုံးချကြပြီးနောက် မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ရန်၊ မကောင်းသည့်အရာများကို အစွမ်းကုန် လုပ်ဆောင်ရန်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ ဘုရားအိမ်တော်၏ ပုံမှန်ဖွဲ့စည်းပုံစနစ်ကို ထိခိုက်စေရန် ထိုအချိန်ကာလကို အခွင့်ကောင်းယူကြလေသည်။ ဘုရားအိမ်တော်မှ ရုပ်ဝတ္ထုဆိုင်ရာ အထူးအခွင့်အရေးမျိုးစုံကို မွေ့လျော်ခံစားရသော်လည်း ကောင်းမြတ်သည့်အရာတစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်ကြချေ။ အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်းအပြင် ၎င်းတို့သည် မည်သည့်အရာကို ကျိတ်၍ လုပ်ဆောင်ကြသနည်း။ ၎င်းတို့က စုဝေးပွဲများကို ဖြစ်မြောက်အောင် စီမံကြသည်၊ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောကြပြီး မဆက်စပ်သည့် အရေးကိစ္စများတွင်ပင် စွက်ဖက်ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် လူတို့ကို ဆရာသာလုပ်နေကြသည်။ အထက်က ၎င်းတို့ကို တာဝန်ပေးထားသည့် တိကျသော အလုပ်တစ်ခုကိုမျှ ၎င်းတို့ မဆောင်ရွက်ကြသကဲ့သို့ အသေးစိတ်ကျသည့် ညွှန်ကြားချက်များ၊ ကြီးကြပ်မှု သို့မဟုတ် လမ်းညွှန်မှုတို့ကို ပေးဖို့အတွက် လူကိုယ်တိုင် ပေါ်မလာကြပေ။ ၎င်းတို့သည် အနီးဝန်းကျင်ရှိလူများကို အထက်စီးမှ အမိန့်ပေးရုံသာပြုကြပြီး ရံဖန်ရံခါဆိုသလို ၎င်းတို့တွင် အမှန်တကယ် ရွေးချယ်စရာမရှိသည့်အခါ အချို့သောအရာများကို ပြီးစီးစေဖို့နှင့် လမ်းညွှန်ချက်အချို့ ပေးဖို့အတွက် အလုပ်နေရာသို့ ပေါ်လာကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ယာယီ စိတ်ထက်သန်မှု ပြခြင်းသာဖြစ်ပြီး ထို့နောက် မကြာမီတွင် ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ ၎င်းတို့သည် တစ်စုံတစ်ဦးကို ရာထူးတိုးပေးသည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးကို ရာထူးတစ်ခုအတွက် ခန့်အပ်သည့်အခါ ထိုလူ မတော်ကြောင်း မည်သူမျှ ပြော၍မရ သို့မဟုတ် ထိုအရာကို မည်သူမျှ ဆန့်ကျင်၍ မရသကဲ့သို့ အန္တိခရစ်သည် ထိုလူ၏ အလုပ်ကို မည်သည့်အခါတွင်မျှ စစ်ဆေးလိမ့်မည်မဟုတ်၊ သို့မဟုတ် ကြီးကြပ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ ရာထူးတိုးပေးသည့် သို့မဟုတ် ခန့်အပ်သည့် လူက မကောင်းသည့်အရာများကို မည်မျှလုပ်ဆောင်သည်ဖြစ်စေ အခြားမည်သူမျှ ထိုသူတို့ကို ဖော်ထုတ်ခွင့်မရှိပေ။ မည်သူကမျှ ၎င်းတို့ကို ထုတ်ပယ်၍မရသကဲ့သို့ မည်သူကမျှ ၎င်းတို့ကို တိုင်ကြားခွင့်မရှိပေ။ ထိုလူကို တိုင်ကြားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ ရန်ဘက်ဖြစ်လာလိမ့်မည်။ ၎င်းတို့ အသုံးပြုနေသည့်လူက အသင်းတော်၏ အလုပ်ကို မည်မျှ ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်စေသည်ဖြစ်စေ၊ ထိုအသင်းတော်၏ အလုပ်ကို မည်မျှ ကြီးမားသည့် အနှောင့်အယှက်များ ၎င်းတို့ ဖြစ်စေသည်ဖြစ်စေ အန္တိခရစ်များက ၎င်းတို့ကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ ပျက်ကွက်လျှင် ထိုလူနှင့် မပတ်သက်ဘဲနေရန် အမြန်လုပ်ဆောင်ကြလိမ့်မည်ဖြစ်ကာ တာဝန်မှ အမြန်ရုန်းထွက်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာက အခြားလူတို့ရှေ့တွင်ဖြစ်စေ၊ နောက်ကွယ်တွင်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး လုံးလုံး ကင်းမဲ့ကြသည်။ ၎င်းတို့သည် မယုံကြည်သူများ၊ မကောင်းဆိုးဝါးများနှင့် အသက်ရှင်နေသော စာတန်များဖြစ်ပြီး ၎င်းတို့သည် အရှက်မဲ့စွာ ရာထူးတစ်ခုကို သိမ်းပိုက်ရန်နှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန် ဆန္ဒရှိကြဆဲဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို ကပ်ပါးရပ်ပါးလုပ်နေကြသည့် ကပ်ပါးကောင်များဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခံရပြီး မိမိတို့၏ အဆင့်အတန်းကို ဆက်ထိန်းနိုင်မည် မဟုတ်သည်ကို မြင်သည့်အခါ စိတ်ဓာတ်ကျ၊ စိတ်ပျက်ပြီး ဝမ်းနည်းအားငယ်သောသူအချို့ပင် ရှိကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဝမ်းနည်းအားငယ်ကြသနည်း။ အဘယ်ကြောင့် စိတ်ဓာတ်ကျကြသနည်း။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ အဆင့်အတန်းကို ဆက်မထိန်းနိုင်သောကြောင့်ဖြစ်သည်။ အထူးအခွင့်အရေးများနှင့် အထူးဆက်ဆံမှုကို မွေ့လျော်ခံစားဖို့ ၎င်းတို့၏ အခွင့်အရေး မရှိတော့သောကြောင့်ဖြစ်သည်၊ မည်သူကမျှ ၎င်းတို့ကို မလေးစားတော့သောကြောင့်ဖြစ်ပြီး အာဏာဖြင့် ကစားသော ၎င်းတို့၏ နေ့ရက်ကာလများ ကုန်လွန်ပြီဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရာရာတိုင်းကို မိမိတို့ကိုယ်တိုင်အတွက် စတင်လုပ်ဆောင်ရလိမ့်မည်။ ၎င်းတို့အနေဖြင့် ထိုနေရာတွင် ရပ်ရုံရပ်ပြီး အမိန့်များကို ထုတ်ပြန်မည့် အခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြစ်စေခဲ့သည့် မကောင်းသည့် အကျိုးဆက်များနှင့်ပတ်သက်၍ ၎င်းတို့ နောင်တမရ သို့မဟုတ် စိတ်မကောင်းမဖြစ်ကြပေ။ ထိုအစား အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်မခံစားနိုင်တော့ခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်ကြသည်၊ မျက်ရည်ကျကာ ဆုံးရှုံးသည့်ခံစားချက်တစ်ခုကို ခံစားကြလေသည်။ ဖြုတ်ချခံရပြီးနောက် နောက်ထပ် အခွင့်အရေးကို အကြိမ်ကြိမ် အရှက်မရှိ တောင်းဆိုသည့်လူအချို့ပင် ရှိသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူတို့သည် နောက်ထပ် အခွင့်အရေး အပေးခံရနိုင်သလော။ ထိုအခွင့်အရေးဖြင့် မည်သည့်အရာကို လုပ်ဆောင်ရန် ၎င်းတို့ ရည်ရွယ်ကြသနည်း။ အသင်းတော်အပေါ် မှီခိုနေထိုင်ရန်၊ ကပ်ပါးရပ်ပါးလုပ်သောသူများ ဖြစ်ရန်နှင့် မဆင်မခြင် ပြုမူဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းတို့ကို နောက်ထပ် အခွင့်အရေးပေးခဲ့မည်ဆိုလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိလာကြမည်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြမည်လော။ (သိရှိနိုင်မည် မဟုတ်ပါ။) ၎င်းတို့အနေဖြင့် နောက်ထပ် အခွင့်အရေးရမည်ဆိုလျှင် ရှက်စိတ်အနည်းငယ် ရရှိကြမည်လော။ ၎င်းတို့၏ အကျင့်စရိုက် ပြောင်းလဲမည်လော။ နောက်ထပ် အခွင့်အရေးဖြင့် ၎င်းတို့သည် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း စတင်လုပ်ဆောင်ပြီး မိမိတို့ကိုယ်ပိုင် သီးခြားနိုင်ငံများကို ထူထောင်ရန် မကြိုးစားဘဲနေတော့မည်လော။ (နေမည်မဟုတ်ပါ။) ဤအရာတစ်ခုကိုမျှ ၎င်းတို့ လုပ်ဆောင်ကြမည်မဟုတ်။ ၎င်းတို့ ဇာတ်သိမ်းပြီ မဟုတ်လော။ သင်တို့သည် ပြုပြင်ခံရပြီး ထိုအရာသည် သင်တို့ကို ဖြုတ်ချရန်မှလွဲ၍ အထက်တွင် ရွေးချယ်စရာမရှိသည့် ဆိုးရွားသော ကိစ္စရပ်တစ်ခု ဖြစ်မည်ဆိုလျှင် သင်တို့သည် မည်သည့်အရာကို စဉ်းစားနေကြမည်နည်း။ (ကျွန်ုပ် အမှန်တကယ် ဖြုတ်ချခံရသင့်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ သဘာဝက အလွန် ကောက်ကျစ်ဆိုးယုတ်၍ ဖြစ်သည်၊ စည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အရာများစွာကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်သည်၊ အလွန်များသည့် မကောင်းမှုကို ကျွန်ုပ် ကျူးလွန်ပြီးဖြစ်ကာ အသင်းတော်၏ အလုပ်ကို အလွန်များသည့် ဆုံးရှုံးမှုများ ဖြစ်စေပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ် ဖြုတ်ချခံရသင့်ပါသည်။) ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့် လူတစ်ဦးသည် ပထမဆုံးအနေဖြင့် “ဤအချိန်အတောအတွင်းတွင် ငါ မည်သည့်အရာကို အမှန်တကယ် လုပ်ဆောင်ခဲ့သနည်း။ ငါ အဘယ်ကြောင့် ပြုပြင်ခြင်းခံခဲ့ရသနည်း။ ထိုအရာများကို လုပ်ဆောင်ခြင်းအတွက် ငါ ပြုပြင်ခံရခြင်းဖြစ်သလော၊ ပြီးလျှင် ငါ့ကို ပြုပြင်ခဲ့ချိန် ထိုလူပြောဆိုခဲ့သည့် အရာများသည် အမှန်တကယ် မှန်ကန်သလော။ ယင်းတို့ကို ငါ အဘယ်သို့ လက်ခံသင့်သနည်း။ ဤပြုပြင်ခြင်းကို ငါ မည်သို့ ကိုင်တွယ်သင့်သနည်း”ဟူ၍ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့ အမှန်တကယ် မည်သည့်အရာ လုပ်ဆောင်ခဲ့သည်၊ ၎င်းတို့၏ လုပ်ရပ်များတွင် လူသားအလိုဆန္ဒ၏ မသန့်စင်မှုများ တစ်ခုတလေ ရှိခဲ့သလော၊ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာ မည်မျှသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့၏ သဘောအတိုင်း အမှုအရာ မည်မျှ လုပ်ဆောင်ခဲ့သည်ဟူသည်တို့ကို ၎င်းတို့ ဆန်းစစ်ကြမည်ဖြစ်သည်။ ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးသည် ဤကဏ္ဍများကို ဆန်းစစ်သင့်သည်။ မိမိတို့ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးပြီးခြင်း ရှိမရှိကိုဖြစ်စေ၊ ဘုရားအိမ်တော်က ၎င်းတို့ကို မျှတစွာဆက်ဆံပြီးဖြစ်လျှင် ၎င်းတို့တွင် အဆင့်အတန်းမရှိပါက လူတို့က ၎င်းတို့အပေါ် မည်သည့်အရာ တွေးထင်ကြလိမ့်မည်ကိုဖြစ်စေ၊ မည်သည့် အလားအလာမျိုးနှင့် ခရီးပန်းတိုင်မျိုးကို ၎င်းတို့ ရှိကြလိမ့်မည်ဟူသည်ကိုဖြစ်စေ ရေးကြီးခွင့်ကျယ် မလုပ်သင့်ပေ။ ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးသည် ထိုသို့သောအရာများနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ် လုပ်မည်မဟုတ်ပေ။

အချို့သော အန္တိခရစ်များသည် မည်မျှပင်အရှက်မဲ့ကြသနည်း။ ဤအန္တိခရစ်များသည် ဖြုတ်ချခံရပြီးနောက်တွင် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ယခင်ကဲ့သို့ မလေးစားတော့လျှင်၊ ထိုသူတို့သည် ယခင်ကဲ့သို့ နွေးထွေးခြင်း သို့မဟုတ် ကြင်နာခြင်း ရှိရမည့်အစား အေးစက်ပြီး ၎င်းတို့ကို လျစ်လျူရှုလျှင် ဤအန္တိခရစ်များသည် ဤအရာကို ခံနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ အလွန်သိတတ်ခြင်းမရှိစဉ်တွင် ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ အဘယ်ကြောင့် အလွန် အထိမခံဖြစ်ကြသနည်း။ ယင်းသည် ၎င်းတို့ သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာ ရှိသလော။ အရှက်တရားရှိကြသလော။ (မရှိပါ။) လူ့သဘာဝတွင် တန်ဖိုးအရှိဆုံးသောအရာနှစ်ခုမှာ အရှက်တရားနှင့် တည်ကြည်ဖြောင့်မတ်မှုဖြစ်သည်။ အန္တိခရစ်တစ်ဦးတွင် ဤအရာများထဲမှ တစ်ခုခု၏ အရိပ်အယောင် တစ်စက်မျှမရှိပေ။ အန္တိခရစ်များသည် အရှက်မဲ့ကြပြီး ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့ မည်မျှထုတ်ဖော်ပြသည်ဖြစ်စေ သို့မဟုတ် မကောင်းမှု မည်မျှကျူးလွန်သည်ဖြစ်စေ ၎င်းတို့ မည်သည့်အရာကိုမျှ လုံးဝ မခံစားရပေ။ မည်သည့်အပြစ်ရှိသည့် စိတ်ကိုမျှ မခံစားရပေ။ သို့တိုင် ၎င်းတို့သည် မိမိတို့၏ နေထိုင်ခြင်းကို အချိန်ဆွဲချင်ကြသေးပြီး ဘုရားအိမ်တော်တွင် ကပ်စားချင်ကြသေးသည်။ ၎င်းတို့ ပြုပြင်ခံရကာ ဖော်ထုတ်ခံရပြီးနောက်၊ ၎င်းတို့ ဖြုတ်ချခံရပြီး အဆင့်အတန်းတစ်ခုမျှ မရှိတော့သည့်နောက်တွင် ညီအစ်ကိုမောင်နှမများအား လေးစားလိုက်နာစွာနှင့် ယဉ်ကျေးသမှုဖြင့် ၎င်းတို့ကို ကြည်ညိုလေးစားစေချင်ကြဆဲ ဖြစ်သည်။ ယင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့သည် မဟုတ်လော။ အန္တိခရစ်များ၏ ဤသရုပ်သကန်သည် သင်တို့အဖို့ ရွံစရာကောင်းသည်ဟု ထင်ရသလော။ (ထင်ရပါသည်။) ပြုပြင်ခံရသည့်အခါ အထူးသဖြင့် ၎င်းတို့ ဖြုတ်ချခံရပြီး မိမိတို့၏ အဆင့်အတန်း ဆုံးရှုံးလျှင် ဆုံးရှုံးသည့်ခံစားချက်တစ်ခု လူတိုင်း ခံစားရသည်။ ၎င်းတို့အနေဖြင့် ကသိကအောက်ဖြစ်ရသည့် အခြေအနေတစ်ခုတွင် ထားရှိခံရပြီးဖြစ်သည်ဟု ခံစားရပြီး အခြားသူတို့ရှေ့တွင် အနည်းငယ် အရှက်ရကာ မည်သူကိုမဆို ရင်ဆိုင်ရန် အလွန်ရှက်မိလေသည်။ သို့သော် အရှက်တရားကို သိသည့် လူတစ်ဦးသည် လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်မည် မဟုတ်ပေ။ လွဲချော်သော အကြောင်းပြချက်များကို မရေရွတ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ အမှုအရာတိုင်းကို လွဲချော်သောနည်းလမ်းတစ်ခုဖြင့် စဉ်းစားကာ ပြောဆိုမည့်အစား ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာများက မှားယွင်းကြောင်း ရိုးသားစွာ အသိအမှတ်ပြုပြီး ထိုကိစ္စရပ်ကို မျှတစွာနှင့် ဆင်ခြင်တုံတရားရှိစွာ သဘောထားပြုမူရင်း အရာရာတိုင်းကို မှန်ကန်သည့် ပုံစံဖြင့် သဘောထားပြုမူနိုင်ခြင်းကို ဆိုလိုသည်။ မျှတကာ ဆင်ခြင်တုံတရား ရှိသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် တစ်စုံတစ်ခုအတွက် ပြုပြင်ခြင်းခံခဲ့ရသဖြင့် သင် လုပ်ဆောင်ခဲ့သည့် အရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိရမည်ဟု ဆိုလိုပေသည်။ သင့်တွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ကို ဘေးဖယ်ထားလျက် သင်သည် ဤကိစ္စရပ်တွင် မှားမိခဲ့လျှင် ထိုအတွက် သင့်တွင် သေချာပေါက် တာဝန်တစ်ခုခုရှိသည်ဟုသာ ဆိုပါစို့။ ပြီးလျှင် သင့်တွင် တာဝန်ရှိသည့်အတွက် ထိုတာဝန်ကို သင် ထမ်းဆောင်သင့်ပြီး ထိုအရာကို လုပ်ခဲ့ကြောင်း အသိအမှတ်ပြုသင့်သည်။ ဤအရာကို သင် အသိအမှတ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် သင့်ကိုယ်သင် ဆန်းစစ်သင့်ပြီး “ဤအရာတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါ ထုတ်ဖော်ပြခဲ့သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စေ့ဆော်ခြင်းကို ငါ မခံခဲ့ရလျှင် ငါ၏ လုပ်ရပ်များသည် လူသားအလိုဆန္ဒနှင့် ရောနှောခဲ့သလော။ ဤအရာသည် မိုက်မဲမှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သလော။ ယင်းသည် ငါ၏ လိုက်စားမှု၊ ငါ လျှောက်သည့် လမ်းကြောင်းနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော”ဟု မေးသင့်သည်။ မိမိကိုယ်ကို ဤကဲ့သို့ ဆန်းစစ်နိုင်ခြင်းကို ဆင်ခြင်တုံတရားရှိခြင်း၊ အရှက်တရားကို သိခြင်း၊ အမှုအရာများကို မျှတမှုဖြင့်၊ ဓမ္မဓိဋ္ဌာန်ကျသော နည်းလမ်း၊ အမှန်တရားများနှင့် ကိုက်ညီသော နည်းလမ်းတစ်ခုဖြင့် ရှုမြင်ခြင်းဟုခေါ်သည်။ ဤသည်မှာ အန္တိခရစ်များ ချို့တဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ပထမဆုံးအနေဖြင့် “သင်သည် ငါ၏ ရှက်ဖွယ်ဖြစ်သော လျှို့ဝှက်ချက်ကိုပင် ဖော်ထုတ်လျက် အလွန်များသောလူတို့ရှေ့တွင် ငါကဲ့သို့သော ဂုဏ်သိက္ခာရှိသည့် ခေါင်းဆောင်တစ်ဦးကို အဘယ်သို့ဖြစ်ပြီး အလွန် မညှာမတာ ပြုပြင်နိုင်ရသနည်း။ ခေါင်းဆောင်တစ်ဦးအဖြစ် ငါ၏ ဂုဏ်သိက္ခာမှာ အဘယ်နည်း။ ငါ့ကို ပြုပြင်ရာတွင် ထိုအရာကို သင်ချေဖျက်လေပြီ မဟုတ်လော။ ယခုချိန်မှစ၍ မည်သူသည် ငါ့စကားကို နားထောင်လိမ့်မည်နည်း။ မည်သူကမျှ နားမထောင်လျှင် ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်းတစ်ခုတလေကို ငါ အဘယ်သို့ ရှိနိုင်မည်နည်း။ ယင်းက ငါ့ကို အမည်ခံသက်သက်သာ ဖြစ်စေမည် မဟုတ်လော။ သို့ဆိုလျှင် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ငါ အဘယ်သို့ဖြစ်ပြီး မွေ့လျော်ခံစားရတော့မည်နည်း။ ငါသည် ညီအစ်ကို မောင်နှမများက ပူဇော်ဆက်ကပ်သည့် ပစ္စည်းများကို မွေ့လျော်ခံစားနိုင်ခြင်းမရှိဘဲ နေတော့မည် မဟုတ်လော”ဟု တွေးကြသည်။ ဤအယူအဆက မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ကျိုးကြောင်းခိုင်လုံသလော။ (မခိုင်လုံပါ။) ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်ခြင်းဖြစ်သည်။ ဂုဏ်သိက္ခာအားဖြင့် မည်သည့်အရာကို သင် ဆိုလိုသနည်း။ ခေါင်းဆောင်တစ်ဦးဟူသည်မှာ မည်သည့်အရာဖြစ်သနည်း။ ဧကန်မုချပင် သင်သည် ဖောက်ပြန်ပျက်စီးခြင်း မကင်းမဲ့သည်မှာ မဟုတ်သလော။ “သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း”ဟူသည့်အရာအားဖြင့် သင် မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်မှာ အဘယ်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အခြားမည်သူမဆို၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အတူတူပင် ဖြစ်သည်။ ယင်းမှာ သင်၏ ရှက်ဖွယ်သော လျှို့ဝှက်ချက်ဖြစ်သည်။ သင်နှင့်ပတ်သက်၍ ထူးခြားသည့်အရာ ဘာမျှမရှိပေ။ သင်သည် အခြားသူတို့ထက် မသာလွန်ပေ။ သင့်တွင် အစွမ်းအစ အနည်းငယ်ရှိပြီး အလုပ်တစ်ခုခုကို လုပ်ဆောင်နိုင်ကြောင်းကိုသာ ဘုရားအိမ်တော်က မြင်သောကြောင့် သင့်ကို ရာထူးတိုးပေးကာ ပျိုးထောင်ပေးခဲ့ပြီး အထူးဝန်ထုပ်တစ်ခု ပေးခဲ့သည်၊ ထမ်းဆောင်ဖို့ အနည်းငယ် ပိုမိုပေးအပ်ခဲ့သည်။ သို့သော် ဤအရာက သင့်အနေဖြင့် အဆင့်အတန်းရှိသည်နှင့်တစ်ပြိုင်နက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မရှိတော့ကြောင်းကို လုံးဝ မဆိုလိုပေ။ သို့တိုင် အန္တိခရစ်များက “ယခု ကျွန်ုပ်တွင် အဆင့်အတန်းရှိသဖြင့် ကျွန်ုပ်ကို သင် မပြုပြင်သင့်ပါ၊ အထူးသဖြင့် အလွန်များသော လူတို့ရှေ့တွင် မဖြစ်သင့်ပါ။ ယင်းက လူအများစုအား ကျွန်ုပ်၏ အခြေအနေမှန်ကို သိရှိသွားခွင့်ပေးမည်ဖြစ်သည်”ဟု ပြောလျက် ဤအရာကို တွယ်ကပ်နေသည်။ ဤသည်မှာ လွဲချော်သော အကြောင်းပြချက်ဖြစ်သည် မဟုတ်လော။ ဤလုပ်နည်းကိုင်နည်းကို မည်သည့်နေရာတွင် အသုံးပြု၍ရသနည်း။ အပြင်လူ့အဖွဲ့အစည်းတွင် တစ်စုံတစ်ဦးကို သင် ချီးကျူးအားပေးသည့်အခါ ၎င်းကို စုံလင်သောသူအဖြစ် သင် လွန်လွန်ကဲကဲ မြှောက်စားရမည်ဖြစ်ပြီး အပြစ်အနာအဆာ နည်းနည်းမျှမရှိသည့် စုံလင်ခြင်းနှင့်ဆိုင်သော ပုံရိပ်တစ်ခုကို ၎င်းတို့အတွက် ထူထောင်ပေးရမည်ဖြစ်သည်။ ယင်းမှာ လှည့်ဖြားတတ်သည် မဟုတ်လော။ ဘုရားအိမ်တော်က ဤအရာကို လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) ယင်းမှာ စာတန်လုပ်ဆောင်သည့်အရာဖြစ်ပြီး အန္တိခရစ်များ တောင်းဆိုသည့်အရာ ဖြစ်သည်။ စာတန်သည် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အန္တိခရစ်များသည်လည်း ဤအရာနှင့်စပ်လျဉ်း၍ အလားတူ ဆင်ခြင်တုံတရား ကင်းမဲ့ပေသည်။ ထိုသို့သာမက ၎င်းတို့သည် လွဲချော်သော အကြောင်းပြချက်များကို ဖန်တီးကာ လွန်ကဲသော တောင်းဆိုချက်များကို တင်ပြကြသည်။ မိမိတို့၏ အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့ ပြုပြင်ခံရပုံနှင့် မည်သည့်အချိန်အခါများအတွင်းတွင် ၎င်းတို့ ပြုပြင်ခံခဲ့ရကာ မည်သည့်သဘောသွား အသုံးပြုထားသည်ဟူသည်တို့ကို အလေးထားရန် အထက်ကို ၎င်းတို့က တောင်းဆိုကြသည်။ ဤသည်မှာ လိုအပ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး စစ်မှန်ကာ မှန်ကန်သည့် အရာတစ်ခုအတွက် ပြုပြင်ခံရခြင်းဖြစ်သည်။ ထိုအရာကို သီးခြားနည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် အဘယ်လိုအပ်မှုရှိသနည်း။ သင့်ကို ချီးကျူးအားပေးခြင်းသည် ညီအစ်ကို မောင်နှမများကို ထိခိုက်နစ်နာစေခြင်း ဖြစ်မည်မဟုတ်လော။ ဆိုးယုတ်သောလူတစ်ဦးဖြစ်သည့် သင်သည် အောက်တွင်ရှိသူများကြား မကောင်းသည့် လုပ်ဆောင်ချက်များကို မဆင်မခြင် ကျူးလွန်ကာ သင်၏ ကိုယ်ပိုင် သီးခြားနိုင်ငံကို ထူထောင်နိုင်ရန်အလို့ငှာ ချီးကျူးအားပေးခံရပြီး သင်၏ အဆင့်အတန်း ကာကွယ်ပေးခြင်းကို ခံရသင့်သလော။ ယင်းသည် ညီအစ်ကိုမောင်နှမများအတွက် မျှတမည်လော။ ယင်းသည် ၎င်းတို့အပေါ် တာဝန်ယူခြင်းကို ပြသခြင်းလော။ ယင်းမှာ ၎င်းတို့အပေါ် တာဝန်ယူခြင်းကို ပြသသည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက ဤသို့ ပြုမူခြင်း၊ ဤသို့ စဉ်းစားခြင်းနှင့် ထိုတောင်းဆိုမှုမျိုးများကို ပြုခြင်းသည် ၎င်းတို့က လွဲချော်သော အကြောင်းပြချက်များကို ရေရွတ်ခြင်းနှင့် ပြဿနာရှာခြင်း၊ အရှက်တရား လုံးလုံး ကင်းမဲ့ခြင်းသက်သက် ဖြစ်ပေသည်။ ၎င်းတို့ အမှားလုပ်မိသည့် တစ်စုံတစ်ရာအတွက် ပြုပြင်ခံရချိန်တွင် အန္တိခရစ်တစ်ဦးသည် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်းကို အသိအမှတ် မပြုသကဲ့သို့ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ၎င်းတို့အား ထိုသို့သောအရာတစ်ခု လုပ်ဆောင်စေသည်ကိုလည်း မဆန်းစစ်ကြချေ။ လွဲချော်သော အကြောင်းပြချက် တစ်ပုံတစ်ခေါင်းကို ရေရွတ်ပြီးနောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ဖို့ ငြင်းဆိုသည်သာမက တန်ပြန်ရေးအစီအမံများကိုလည်း စဉ်းစားကြလေသည်။ “ဤအရာကို မည်သူ တိုင်ကြားသနည်း။ မည်သူက အထက်ထံသို့ ဤအရာကို ပေါက်ကြားစေခဲ့သနည်း။ ဤအရာ ငါ လုပ်ဆောင်ခဲ့သည်ကို မည်သူက ခေါင်းဆောင်များထံ တိုင်ကြားခဲ့သနည်း။ မည်သူဖြစ်သည်ကို ငါ သိရှိပြီး သင်ခန်းစာပေးရန် လိုအပ်သည်။ စုဝေးပွဲများအတောအတွင်းတွင် သူတို့ကို ငါ ပြစ်တင်မောင်းမဲပြီး ငါ အဘယ်မျှ ရှိန်လောက်သည်ကို သူတို့ကို ပြရန် လိုအပ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ အန္တိခရစ်တစ်ဦးသည် “ဤအကြိမ်တွင် ငါ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ပြီး လျှို့ဝှက်ချက်ကို လွှတ်ခနဲပြောမိခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် ဤအရာတစ်ဖန် မဖြစ်အောင် ထိန်းသိမ်းဖို့ ငါ အကောင်းဆုံး လုပ်ဆောင်ရမည်ဖြစ်ပြီး မည်သူမျှ သတိမပြုမိရန်အလို့ငှာ အောက်တွင်ရှိသည့် ညီအစ်ကို မောင်နှမများနှင့်အတူ အထက်ကို လိမ်လည်ဖို့ မတူကွဲပြားသည့် လုပ်နည်းကိုင်နည်းတစ်ခုကို ငါ ကြိုးစားရမည်။ မှန်ကန်သည့်အရာတစ်ခုကို ငါ လုပ်ဆောင်သည့်အခါ အမြန်ရှေ့ထွက်ပြီး ထိုအတွက် နာမည်ကောင်း ရယူသင့်သည်။ သို့သော် အမှားတစ်ခု ငါ လုပ်မိသည့်အခါ တာဝန်ကို အခြားတစ်စုံတစ်ဦးအပေါ် ငါ အမြန် လွှဲချရမည်”ဟု စဉ်းစားရင်း ထွက်ပေါက်ရှာရန် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ယင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အဆုံးစွန်ထိ အရှက်မဲ့ပေသည်။ ပုံမှန်လူတစ်ဦး ပြုပြင်ခံရသည့်အခါ စိတ်ထဲတွင် ၎င်းတို့က “ငါ မကောင်းပါ။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်ထပ် ပြောရမည့်အရာ ဘာမျှမရှိပါ။ ငါ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရမည်”ဟု မိမိကိုယ်ကို သိုသိုသိပ်သိပ် ဝန်ခံကြသည်။ ၎င်းတို့သည် ဤအခြေအနေမျိုးကို တစ်ဖန် ကြုံရသည့်အခါ ဘုရားသခင် တောင်းဆိုသည့်အရာအတိုင်း ပြုမူဆောင်ရွက်ရန် တိတ်တဆိတ် ဆုံးဖြတ်ကြသည်။ ဤအရာကို ၎င်းတို့ စွမ်းဆောင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ ပြုပြင်ခံရသည့်အခါ ထိုအရာကို ဆင်ခြင်တုံတရားရှိသော နည်းလမ်းတစ်ခုဖြင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လက်ခံကြပြီး ၎င်းတို့က မှားယွင်းသည့်အရာ တစ်စုံတစ်ခု ဧကန်အမှန် လုပ်ဆောင်မိခဲ့ကြောင်းနှင့် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည့်အတွက် ထိုအရာကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ၎င်းတို့၏ ဆင်ခြင်တုံတရားက ၎င်းတို့ကို ပြောပြလေသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် မည်သည့် အတိုက်အခံမျှမရှိဘဲ ကျိုးနွံနာခံကြပြီး ၎င်းတို့ မတရားခံရသည်ဟု အနည်းငယ်ခံစားရလျှင်ပင် ၎င်းတို့၏ အဓိကသဘောထားမှာ အပြုသဘောဆောင်ခြင်းနှင့်ဆိုင်သော သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြသည်၊ နောင်တရနိုင်ကြပြီး အနာဂတ်၌ ဤကိစ္စရပ်တွင် အလားတူ အမှား မပြုမိရန် ကြိုးပမ်းဖို့ စိတ်ပိုင်းဖြတ်ချက်ချနိုင်ကြလေသည်။ တစ်နည်းအားဖြင့် အန္တိခရစ်တစ်ဦး မည်သည့်နောင်တမျှ မခံစားရသည်သာမက မိမိတို့၏ စိတ်နှလုံးတွင် အတိုက်အခံဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်နေသည့် မကောင်းမှုကို ၎င်းတို့ လက်မလွှတ်နိုင်ကြသည်သာမက မကောင်းသည့် လုပ်ဆောင်ချက်များကို ၎င်းတို့ မဆင်မခြင် ဆက်လက်ကျူးလွန်နိုင်ရန်အလို့ငှာ၊ ၎င်းတို့၏ မကောင်းသည့် အပြုအမူကို ဆက်လက်လုပ်ဆောင်နိုင်ရန်အလို့ငှာ နောက်ထပ် ရှေ့ဆက်ရမည့်နည်းလမ်းကို ရှာဖို့ပင် ကြိုးစားကြလေသည်။ ၎င်းတို့ ပြုပြင်ခံရသည့်အခါ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ မိမိတို့ အပြစ်၏ ရင်းမြစ်၊ မိမိတို့၏ ကြံရွယ်ချက်များ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရသည့်အခါ ၎င်းတို့အတွင်းတွင် ထွက်ပေါ်သည့် မတူကွဲပြားသော အခြေအနေများနှင့် ရှုထောင့်အမြင်များကို ၎င်းတို့ မဆန်းစစ်ကြချေ။ ၎င်းတို့သည် ဤအရာများကို လုံးဝ ဆန်းစစ်ခြင်းမရှိသကဲ့သို့ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းမရှိသကဲ့သို့ အခြားတစ်ဦးတလေက ၎င်းတို့ကို အကြံပြုချက်များ၊ အကြံတို့ကို ပေးသည့်အခါ သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်သည့်အခါ လက်ခံခြင်းလည်း မရှိကြချေ။ ထိုအစား ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်နိုင်ရန်အလို့ငှာ ၎င်းတို့၏ အထက်နှင့် အောက်တွင်ရှိသည့်သူများကို လှည့်ဖြားဖို့အတွက် အမျိုးမျိုးသော နည်းလမ်းများ၊ နည်းစနစ်နှင့် နည်းဗျူဟာများကို လိုက်လံရှာဖွေဖို့ မိမိတို့၏ အားထုတ်မှုများကို တိုးကြလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အနှောင့်အယှက်များဖြစ်စေရာတွင် မိမိတို့၏ အားထုတ်မှုများကို အရှိန်မြှင့်ကြပြီး မကောင်းမှုလုပ်ဆောင်ရန် မိမိတို့၏ အဆင့်အတန်းကို အသုံးပြုကြလေသည်။ ၎င်းတို့သည် အမှန်တကယ်ပင် မျှော်လင့်ချက်လုံးဝ မရှိကြပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။