အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂) အခန်း လေး

ဂ။ အန္တိခရစ်များက ခရစ်တော်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို မည်သို့သဘောထားပြုမူပုံ

အန္တိခရစ်တို့က ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့သဘောထားပြုမူသည်ကို နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားပြီး ငါတို့သည် ခုလေးတင် တိကျသောဥပမာအချို့ကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်မည်။ ခရစ်တော်၏ နောက်ထပ်သွင်ပြင်တစ်ခုဖြစ်သည့် သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် သူတို့၏ ထူးခြားသော စိတ်သဘောထားအနှစ်သာရကို ပြသနေဆဲဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်၏သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို သူတို့ဆက်ဆံရာ၌ ပြုမူသကဲ့သို့ တူညီသော အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များနှင့် ချဉ်းကပ်မှုများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဤအရာများကို ဘုရားသခင်ထံမှ မခံယူနိုင်သေးသကဲ့သို့ ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ် လက်မခံနိုင်သေးဘဲ ယင်းအစား ၎င်းတို့သည် ယင်းတို့ကို မထီမဲ့မြင်ပြုကြသည်၊ ၎င်းတို့သည် ယင်းတို့ကို လှောင်ပင် လှောင်ပြောင်ပြီး ပြစ်တင်ရှုတ်ချကာ ထို့နောက်တွင် ၎င်းတို့သည် ယင်းတို့ကို ငြင်းပယ်ကြသည်။ ယင်းမှာ အဆင့်သုံးဆင့် ဖြစ်သည်၊ ပထမဦးစွာ ၎င်းတို့သည် စောင့်ကြည့်သည်၊ ထို့နောက် ၎င်းတို့သည် ပြစ်တင်ရှုတ်ချသည်၊ နောက်ဆုံးတွင် ၎င်းတို့သည် ငြင်းပယ်သည်။ ဤအရာအားလုံးသည် အန္တိခရစ်တို့၏ လုပ်နေကျလုပ်ရပ်များ ဖြစ်သည်၊ ဤသည်ကို အန္တိခရစ်တို့၏အနှစ်သာရက အဆုံးအဖြတ်ပေးသည်။ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဆိုသည်မှာ အဘယ်နည်း။ စာသားအရှိအတိုင်းဆိုလျှင် နားလည်ရန် မခက်ခဲသင့်ပေ၊ ယင်းမှာ မိမိကိုယ်ကို ကြွားဝါရန် မကြိုက်ခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်မသွေးခြင်း၊ ခပ်လျှိုလျှိုနေခြင်းနှင့် မထင်မရှား နေခြင်းကို ဆိုလိုသည်။ ဤသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင် နဂိုမူလ ပင်ကိုစရိုက်နှင့် သက်ဆိုင်သည်။ အသွင်အပြင်အရဆိုလျှင် လူတို့အတွက် သတိပြုမိရန် မခက်ခဲလောက်ပေ၊ ခရစ်တော်၌ ရည်မှန်းချက်မရှိ၊ ကိုယ်တော်သည် အာဏာကို သိမ်းပိုက်ရန် မကြိုးစား၊ ကိုယ်တော်၌ အာဏာအတွက် လိုအင်ဆန္ဒမရှိ၊ ကိုယ်တော်သည် လူတို့၏စိတ်နှလုံးကို လှောင်ပိတ်ခြင်း မရှိသကဲ့သို့ သူတစ်ပါး၏စိတ်ကို ဖတ်ခြင်းကိုလည်း မလေ့လာပေ၊ ခရစ်တော်သည် ရိုးရှင်းစွာ၊ ပွင့်လင်းစွာ၊ ရှင်းလင်းစွာ စကားပြောသည်၊ လူတို့၏စစ်မှန်သော အတွေးများကို ချော့မော့မေးမြန်းရန် စူးစမ်းသောစကားများ သို့မဟုတ် လှည့်ကွက်များကို မည်သည့်အခါမျှ အသုံးမပြုပေ။ အကယ်၍ လူတို့သည် တစ်စုံတစ်ခုကို ပြောလိုပါက သူတို့ ပြောနိုင်သည်၊ မပြောလိုပါက ကိုယ်တော်သည် သူတို့ကို အတင်းအကျပ်မပြုပေ။ ခရစ်တော်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို ဖော်ထုတ်သည့်အခါ ကိုယ်တော်သည် တိုက်ရိုက်စကားပြောပြီး ယင်းတို့ကို ရှင်းရှင်းလင်းလင်း ထောက်ပြသည်၊ ထို့အပြင် ခရစ်တော်၏ အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းသည် အလွန်ရိုးရှင်းသည်။ ငါနှင့် အပြန်အလှန် ဆက်ဆံဖူးသောသူတို့၌ ဤသို့သော အထင်အမြင် ရှိလောက်သည်၊ “ကိုယ်တော်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ပရိယာယ် တစ်စုံတစ်ရာမျှ မရှိဘဲ အတော်အတန် ရိုးဖြောင့်တော်မူ၏။ အဆင့်အတန်း ရှိသော်ငြားလည်း မည်သည့်အုပ်စုတွင်မဆို သာလွန်သည်ဟူသော စိတ်ရှိဟန် မတူပေ” ဟု ပြောကြသည်။ ဤပြောဆိုချက်သည် အမှန်တကယ် မှန်ကန်သည်၊ ငါသည် အခြားသူများရှေ့တွင် ထင်ပေါ်ခြင်း သို့မဟုတ် ငါ့ကျော်ကြားမှုကို တိုးပွားစေခြင်းကို မနှစ်သက်ပေ။ အကယ်၍ ငါ၌ ဤအဆင့်အတန်း အမှန်တကယ် ကင်းမဲ့ပြီး ဘုရားသခင်က ငါ့ကို သက်သေမခံခဲ့ပါက ငါ၏ ရှိရင်းစွဲ ပင်ကိုစရိုက်မှာ လူအများ၏ နောက်၌ နေလိုခြင်းဖြစ်သည်၊ ငါ့ကိုယ်ငါ မြင်သာအောင် မလုပ်လို၊ ငါ၌ အချို့သော အထူးကျွမ်းကျင်မှုများ ရှိလျှင်ပင် အခြားသူများကို မသိစေလိုပေ၊ အကြောင်းမှာ အကယ်၍ လူတို့ သိရှိပါက ၎င်းတို့သည် ငါ့နောက်သို့ တကောက်ကောက် လျှောက်လိုက်နေမည်ဖြစ်ကာ ယင်းမှာ စိတ်အနှောင့်အယှက်ပေးကာ ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ငါ မည်သည့်နေရာသို့ပင် သွားပါစေ လူတို့သည် စတင်၍ ငါ့နောက် တကောက်ကောက် လျှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ငါသည် သူတို့ကို ပထုတ်ရန် နည်းလမ်းများကို ရှာဖွေသည်၊ လိုအပ်သည့်အခါ ကိစ္စရပ်များကို ဆွေးနွေးပြီး မလိုအပ်သည့်အခါ သူတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ရန် သူတို့ကို သူတို့၏ သင့်လျော်သောနေရာများသို့ အမြန်ဆုံး ပြန်ပို့ပေးသည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဤသည်မှာ မတွေးဝံ့စရာပင် ဖြစ်သည်၊ “ကျွန်ုပ်တို့ လူသားများသည် ကိုယ်တော့်ကို အလွန်အမင်း ချစ်၍ ထောက်ခံကြပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်အပေါ်၌ အလွန် ချစ်ခင်စွဲလမ်းကြပါ၏။ အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဤချစ်ခင်တွယ်တာမှုကို လက်မခံသနည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်စကားနည်း။ ငါသည် သင်တို့အား ငါပြောသင့်သည့်အရာကို ပြောခဲ့ပြီး ငါညွှန်ကြားရမည့်အရာကို ညွှန်ကြားခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်တို့ လုပ်သင့်သည့်အရာကို သွားလုပ်ကြလော့၊ ငါ့နားတွင် ဝိုင်းအုံမနေကြနှင့်၊ ငါ မမက်မောပေ။ လူတို့၏အမြင်တွင် ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “ဘုရားသခင်၊ ထိုမျှကြီးမားသောအလုပ်ကို လုပ်ဆောင်ပြီးဖြစ်၍ သင်သည်လည်း မကြာခဏ မိမိကိုယ်ကို ကျေနပ်သည်ဟု မခံစားရဘူးလား။ နောက်လိုက်များစွာရှိသည့်အတွက် သင်လည်း အမြဲတမ်း သာလွန်သည်ဟု မခံစားရဘူးလား။ သင်က အမြဲတမ်း အထူးအခွင့်အရေးများကို ခံစားလိုစိတ် မရှိဘူးလား” ဟူ၍ ဖြစ်လေသည်။ ငါက ငါ မည်သည့်အခါမျှ ထိုသို့ မခံစားခဲ့ရဟု ဆိုသည်၊ ငါ့၌ နောက်လိုက်များစွာ ရှိသည်ကို ငါ မည်သည့်အခါမျှ သတိမထားမိပေ၊ ငါသည် သာလွန်သည်ဟု မခံစားရ၊ ငါ့ရပ်တည်မှု မည်မျှမြင့်မားသည်ကို ငါ ခံစားသိမြင်ခြင်းမရှိပေ။ ငါ့ကို ပြောကြလော့၊ အကယ်၍ သာမန်လူတစ်ဦးသည် ထိုသို့သောအခြေအနေ၌ ရှိနေပါက သူသည် နေ့စဉ်နေ့တိုင်း မည်မျှဘဝင်ခိုက်နေမည်နည်း။ သူတို့သည် ဘာစားရမည်၊ ဘာဝတ်ရမည်ကို မသိတော့မည် မဟုတ်လော။ သူတို့သည် တစ်နေ့လုံး ကောင်းကင်၌ ပျံဝဲနေမည် မဟုတ်လော။ သူတို့သည် သူတို့ပတ်လည်၌ လူများ ဝိုင်းအုံနေရန် အမြဲတမ်း မျှော်လင့်နေမည် မဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် စွမ်းရည်အချို့ကို ပိုင်ဆိုင်သောသူတို့သည် အစည်းအဝေးများ ကျင်းပရန် နည်းလမ်းများကို အစဉ်သဖြင့် ရှာဖွေကြကာ မိန့်ခွန်းပြောချိန်အတွင်းတွင် အာရုံစိုက်မှုနှင့် လက်ခုပ်ဩဘာပေးခြင်း ခံစားချက်ကို နှစ်သက်၍ ယင်းက အသားစားခြင်းနှင့် ဝိုင်သောက်ခြင်း၏ ပျော်ရွှင်မှုထက် သာလွန်သည်ဟု တွေးထင်ကြသည်။ ငါတွေးမိသည်၊ ငါသည် အဘယ်ကြောင့် ထိုသို့ မခံစားရသနည်း။ အဘယ်ကြောင့် ယင်းကို ကောင်းသည်ဟု မခံစားရသနည်း။ ထိုခံစားချက်ကို ငါ အဘယ်ကြောင့် မမက်မောရသနည်း။ လောကီ ဂီတလောကတွင် စွမ်းရည်အနည်းငယ် ရှိသောသူများ၊ အထူးသဖြင့် သီဆိုကခုန်နိုင်သောသူများကို နတ်ဘုရားမများ၊ နတ်ဘုရားများ၊ ဂီတဘုရင်များ၊ ဂီတဘုရင်မများ၊ ဖခင်များ၊ မိခင်များနှင့် အဘိုးများဟုပင် ခေါ်ကြသည်။ ဤအရာများသည် ကောင်းသော ဘွဲ့အမည်များ မဟုတ်ပေ။ ထို့အပြင် အချို့လူတို့သည် သူတို့ကို “ရှောင်ကဝမ်” သို့မဟုတ် “ရှောင်လီ” ဟု ခေါ်သည့်အခါ မကျေမနပ်ဖြစ်ကြသည်၊ ယင်းက သူတို့၏ ဝါရင့်မှုကို နိမ့်ကျစေသည်ဟု တွေးထင်ကြပြီး သူတို့၏ ဝါရင့်မှုကို ပြောင်းလဲရန် နည်းလမ်းများကို ရှာဖွေကြကာ အနာဂတ်တွင် လူတို့က သူတို့ကို ဘုရင် သို့မဟုတ် ဘုရင်မဟု ခေါ်ဆိုစေရန် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ယုံကြည်သူများသည် ဘာသာတရားမရှိသူများကဲ့သို့ မမိုက်ရိုင်းသင့်ကြောင်း၊ သူတို့ကို ဘုရား၊ ဘုရင် သို့မဟုတ် ဘုရင်မဟု မခေါ်သင့်ကြောင်း၊ သူတို့သည် အနေအထိုင်အေးဆေးပြီး နှိမ့်ချရမည်ဖြစ်ကြောင်း လူအချို့က ဆိုကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို နှိမ့်ချသူဟု တိုက်ရိုက်ခေါ်ဆိုခြင်းသည် အနည်းငယ် အောက်တန်းကျသည်၊ ယင်းမှာ အတော်ပင် မသေးငယ် သို့မဟုတ် မနိမ့်ကျဟု ယူဆကြသောကြောင့် သူတို့သည် မိမိတို့ကိုယ်ကို သေးငယ်သော၊ အလွန်သေးငယ်သော၊ ဖုန်မှုန့်၊ အငယ်လေးဟု ခေါ်ဆိုကြပြီး အချို့က သဲပွင့်နှင့် နာနိုမီတာဟုပင် ခေါ်ဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို အာရုံမစိုက်ဘဲ အောက်တန်းကျမှုအပေါ်၌သာ စဉ်းစားကြံဆကြသည်၊ မြက်ပင်ငယ်၊ အညှောက်ဟူသော အမည်များနှင့်၊ မြေကြီး၊ ရွှံ့၊ မစင် စသည်တို့ကိုပင် ခေါ်ဆိုကြသည်။ ဤအမည်များသည် တစ်ခုထက်တစ်ခု ပို၍မနှစ်မြို့ဖွယ်ကောင်းပြီး နိမ့်ကျသော်လည်း ၎င်းတို့သည် တစ်စုံတစ်ခုကို ပြောင်းလဲနိုင်သလော။ ဤအမည်များ ရှိသောလူတို့သည်လည်း အလွန်မာနထောင်လွှားပြီး ဆိုးသွမ်းကာ အချို့မှာ ဆိုးယုတ်သောလူများပင် ဖြစ်သည်ကို ငါ မြင်တွေ့ရသည်။ ထိုသို့အမည်ပေးခံရသောသူတို့သည် သေးငယ်သွားခြင်း သို့မဟုတ် နှိမ့်ချသွားခြင်း မရှိရုံသာမက မောက်မာလျက်၊ ကောက်ကျစ်ဆိုးယုတ်လျက်၊ မလိုမုန်းထားလျက် ရှိနေဆဲ ဖြစ်သည်။

ဘုရားသခင်သည် မြေကြီးပေါ်၌ အလုပ်လုပ်ရန် ပထမဆုံးအကြိမ် လူ့ဇာတိခံယူသောအခါ ကိုယ်တော်၏ အလုပ်သည် ရိုးရှင်းပြီး တိုတောင်းခဲ့သော်လည်း ယင်းသည် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးကြီးသော အလုပ်အဆင့်တစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် သခင်ယေရှုသည် လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရပြီးနောက် ကိုယ်တော်သည် အသက်ပြန်ရှင်လာပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့ကာ လူသားမျိုးနွယ်ထံ နောက်တစ်ဖန် ပေါ်ထွန်းတော်မမူခဲ့ပေ။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်ထံ နောက်တစ်ဖန် ပေါ်မထွန်းခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှု ဖြစ်သည်။ သာမန်လူ့ကျိုးကြောင်းဆင်ခြင်မှုအရ၊ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး သုံးဆယ့်သုံးနှစ်ခွဲကြာ ဆင်းရဲဒုက္ခခံခဲ့သည်၊ လူသားမျိုးနွယ်၏ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ စော်ကားခြင်း စသည်တို့ကို ခါးစည်းခံခဲ့ပြီး ကိုယ်တော်သည် လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရ၍ အသက်ပြန်ရှင်လာပြီးနောက် သူ၏အောင်ပွဲနှင့် ဘုန်းအသရေ၏အသီးအပွင့်များကို ခံစားရန် လူတို့အကြားသို့ ပြန်လာသင့်ခဲ့သည်။ ကိုယ်တော်သည် နောက်ထပ် သုံးဆယ့်သုံးနှစ်ခွဲ သို့မဟုတ် ထို့ထက်ပို၍ပင် အသက်ရှင်သင့်ခဲ့ပြီး လူသားမျိုးနွယ်က ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကြည်ညိုခြင်း၊ ကိုယ်တော်နှင့်ထိုက်တန်သော အဆင့်အတန်းနှင့် အထူးခံစားခွင့်တို့ကို ခံစားသင့်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်သည် ဤသို့ မလုပ်ဆောင်ခဲ့ပေ။ ဤအလုပ်အဆင့်တွင် ဘုရားသခင်သည် မည်သည့်အခမ်းအနားမျှမရှိဘဲ သိုသိုသိပ်သိပ်ဖြင့် တိတ်ဆိတ်စွာ ကြွလာခဲ့ပြီး စွမ်းရည်အနည်းငယ် ရှိရုံမျှဖြင့် မိမိတို့ကိုယ်ကို ထင်ရှားပေါ်လွင်အောင် လုပ်တတ်သော လူသားများနှင့်မတူဘဲ ဘုရားသခင်သည် လောကကြီးအား “ငါ ရောက်လာပြီ၊ ငါသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်” ဟု ကြွေးကြော်လိုမည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိအတွက် ဤကဲ့သို့သော စကားတစ်ခွန်းကိုမျှ မမြွက်ဆိုခဲ့ဘဲ မြင်းဇောင်းတစ်ခု၌ တိတ်ဆိတ်စွာ မွေးဖွားခဲ့သည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် လာခဲ့သော ပညာရှိသုံးဦးမှလွဲ၍ သခင်ယေရှုခရစ်တော်၏ ကျန်ရှိသောဘဝသည် ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေခဲ့ပြီး ယင်းမှာ သူ၏လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် ဘုန်းအသရေကို ရရှိခဲ့ပြီး လူ၏အပြစ်များကို ခွင့်လွှတ်ခဲ့သည်၊ ယင်းက ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် ကြီးမြတ်သောလုပ်ရပ်တစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း ဆိုလိုသည်၊ အကြောင်းမှာ ကိုယ်တော်သည် လူတို့ကို အပြစ်နှင့် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့်ဖြစ်ပြီး ကိုယ်တော်သည် လူသားမျိုးနွယ်၏ ရွေးနုတ်ရှင် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားမျိုးနွယ်၏ဝတ်ပြုကိုးကွယ်ခြင်း၊ လေးစားကြည်ညိုခြင်းနှင့် ပျပ်ဝပ်ခြင်းတို့ကို ခံစားသင့်သည်မှာ ကျိုးကြောင်းဆီလျော်သည်။ သို့ရာတွင် ဘုရားသခင်သည် အသံတစ်စုံတစ်ရာမပြုဘဲ သိုသိုသိပ်သိပ်နှင့် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။ လွန်ခဲ့သော အနှစ်နှစ်ထောင်အတွင်း ဘုရားသခင်၏ အလုပ်သည် အစဉ် ဖြန့်ဝေနေခဲ့သည်။ ဤဖြန့်ဝေခြင်း၏ ဖြစ်စဉ်သည် ဆင်းရဲဒုက္ခ၊ သွေးထွက်သံယိုမှု၊ လူသားမျိုးနွယ်အားလုံး၏ ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်းတို့နှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏သဘောထား မည်သို့ပင်ဖြစ်စေ ကိုယ်တော်သည် သမ္မာတရားကို ဆက်လက်ဖော်ပြခဲ့ပြီး လူကို ကယ်တင်ခြင်းဆိုင်ရာ သူ၏အလုပ်ကို မည်သည့်အခါကမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ ထို့အပြင် ဤအနှစ်နှစ်ထောင်အတွင်း ဘုရားသခင်သည် မိမိကိုယ်ကို ကြေညာရန်၊ သခင်ယေရှုသည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ကြောင်းနှင့်၊ လူသားမျိုးနွယ်သည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ပြီး လက်ခံသင့်ကြောင်း ဆိုရန် ရှင်းလင်းသောစကားများကို မည်သည့်အခါကမျှ အသုံးမပြုခဲ့ပေ။ ဘုရားသခင်သည် လူအများ နောင်တရစေရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်စေရန်၊ ကိုယ်တော်၏ကယ်တင်ခြင်းကို လက်ခံစေရန်နှင့် ထိုသို့ဖြင့် သူတို့၏အပြစ်များ ခွင့်လွှတ်ခြင်းကို ရရှိစေရန်အလို့ငှာ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ဟောကြားရန် သူ၏အစေခံများကို စေလွှတ်ခြင်းတည်းဟူသော အရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုသည်။ ဘုရားသခင်သည် ကိုယ်တော်က ကြွလာမည့် မေရှိယဖြစ်ကြောင်း ဆိုရန် မည်သည့်အပိုစကားကိုမျှ မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ၊ ယင်းအစား ကိုယ်တော်ပြုခဲ့သမျှသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ဖြစ်ကြောင်း၊ သခင်ယေရှု၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းဖြစ်ကြောင်း၊ သခင်ယေရှုသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့ကြောင်းနှင့်၊ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အချက်အလက်များမှတစ်ဆင့် သက်သေပြခဲ့သည်။ ပစ္စုပ္ပန် လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်သည် တူညီသောပုံစံနှင့် ပုံသဏ္ဌာန်ဖြင့် လူတို့အကြားသို့ ကြွလာခဲ့သည်။ ဇာတိပကတိ၌ ဘုရားသခင်၏ကြွလာခြင်းသည် လူသားမျိုးနွယ်အတွက် ကြီးမားသောကောင်းချီးတစ်ခု၊ မယုံနိုင်လောက်အောင် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်ပြီး သာ၍ပင် ယင်းသည် လူသားမျိုးနွယ်၏ ကံကောင်းခြင်း ဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင်အတွက် ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် အနာကျင်ဆုံးအရာ ဖြစ်သည်။ သင်တို့ ဤသည်ကို နားလည်နိုင်သလော။ ဘုရားသခင်၏အနှစ်သာရသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်သည် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကို ကင်းမဲ့ပြီး ယင်းအစား ကိုယ်တော်သည် သစ္စာရှိသည်၊ သန့်ရှင်းသည်၊ ဖြောင့်မတ်သည်။ လူသားမျိုးနွယ်အကြားသို့ ကြွလာခြင်းအားဖြင့် ကိုယ်တော်သည် လူ၏အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းက ကိုယ်တော်ကယ်တင်လိုသော ထိုလူအားလုံးသည် ကိုယ်တော်မုန်းတီးပြီး စက်ဆုပ်ဖွယ်ဟု မြင်သောသူများဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၌ မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့ ကင်းမဲ့သည်၊ ကိုယ်တော်သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသည်၊ ကိုယ်တော်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်၊ သို့သော် ကိုယ်တော်ရင်ဆိုင်ရသောအရာမှာ ကိုယ်တော်၏ အနှစ်သာရနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ရန်လိုသော လူသားတစ်စု အတိအကျပင် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်အရာကို အများဆုံး ပေးသနည်း။ သူ၏ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်း၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့သည် သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုတို့ ဖြစ်ကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က “ဘုရားသခင်သည် ဤမျှကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်တော်မူ၍ ကြီးမြတ်လှသော ဘုန်းအသရေကို ရရှိတော်မူကာ များစွာသော အရာများအပေါ်၌ အချုပ်အခြာအာဏာ ကိုင်စွဲတော်မူပါလျက် အဘယ်ကြောင့် မိမိကိုယ်ကို ထုတ်ဖော်တော်မမူသနည်း သို့မဟုတ် ကြေညာတော်မမူသနည်း” ဟု တွေးထင်သည်။ လူသားများအတွက် ဤသည်မှာ လက်ဖျောက်တစ်ချက် တီးလိုက်သကဲ့သို့ လွယ်ကူပုံရသည်၊ သူတို့သည် ကောင်းမှုတစ်ခုပြုလုပ်သည့်အခါ ယင်းကို ဆယ်ဆ ချဲ့ကားသည်၊ သူတို့သည် ကောင်းမှုအနည်းငယ် ပြုလုပ်သည့်အခါ ယင်းကို နှစ်ဆ သို့မဟုတ် သုံးဆ ဖောင်းပွစေသည်၊ ယင်းကို အဆုံးမရှိ ချဲ့ကားပြီး သူတို့ ထိုသို့ ပြုလုပ်ရာ၌ အသေးစိတ်လေလေ၊ ပို၍ ကောင်းလေလေဟု ထင်မှတ်ကြ၏။ သို့သော် ဤအရာများသည် ဘုရားသခင်၏အနှစ်သာရ၌ မရှိပေ။ ဘုရားသခင် မည်သို့ပင်ပြုလုပ်ပါစေ ယင်း၌ လူ၏ “အရောင်းအဝယ်များ” ဟုခေါ်သောအရာ တစ်ခုမျှမရှိပေ၊ ဘုရားသခင်သည် တစ်စုံတစ်ခုကို တောင်းခံလိုခြင်းမရှိ၊ ကိုယ်တော်သည် လူသားများခေါ်ဆိုသကဲ့သို့ “လျော်ကြေးကို မရှာဖွေ” ပေ။ ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ရှိသကဲ့သို့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒမရှိ၊ ကိုယ်တော်က “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါအလိုရှိသလို ငါလုပ်ဆောင်သည်၊ ငါမည်သို့ပင် လုပ်ဆောင်ပါစေ၊ သင်တို့သည် ငါ၏ကောင်းမြတ်ခြင်းကို အမှတ်ရရမည်၊ သင်တို့သည် ငါလုပ်ဆောင်သောအရာများကို နှလုံးသွင်းပြီး ငါ့ကို အမြဲတမ်း အမှတ်ရရမည်” ဟု မပြောပေ။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရမျိုး အတိအကျ ကင်းမဲ့သည်၊ ကိုယ်တော်၌ ရည်မှန်းချက်မရှိ၊ ကိုယ်တော်၌ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ မာနထောင်လွှားသော စိတ်သဘောထား မရှိဘဲ ကိုယ်တော်သည် မိမိကိုယ်ကို မကြေညာပေ။ အချို့က “ကိုယ်တော်သည် မိမိကိုယ်ကို မကြေညာလျှင် လူတို့သည် ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ကိုယ်တော်၌ ဘုရားသခင်၏ အဆင့်အတန်း ရှိတော်မူသည်ကို သူတို့သည် အဘယ်သို့ မြင်နိုင်ကြမည်နည်း” ဟု ဆိုကြသည်။ ယင်းမှာ မလိုအပ်ပေ၊ ဤသည်မှာ ဘုရားသခင်၏အနှစ်သာရက စွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏အနှစ်သာရကို ပိုင်ဆိုင်သည်၊ ကိုယ်တော်သည် မည်မျှပင်နှိမ့်ချပြီး ပုန်းကွယ်နေပါစေ၊ ကိုယ်တော်သည် မည်မျှလျှို့ဝှက်စွာ အလုပ်လုပ်ပါစေ၊ ကိုယ်တော်သည် လူသားမျိုးနွယ်အပေါ် သနားကရုဏာနှင့် သည်းခံခြင်းကို မည်သို့ပင် ပြသပါစေ လူတို့အပေါ် သူ၏နှုတ်ကပတ်တော်များ၊ အလုပ်၊ လုပ်ရပ်များ စသည်တို့၏ အဆုံးစွန်သော အကျိုးသက်ရောက်မှုသည် ဖန်ဆင်းခံလူသားများက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ ဖန်ဆင်းရှင်ကို ပျပ်ဝပ်၍ ကိုးကွယ်ခြင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လိုလိုလားလား ကျိုးနွံနာခံခြင်းတို့ ဖြစ်ရန် သေချာသည်။ ဤသည်ကို ဘုရားသခင်၏အနှစ်သာရက အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် အန္တိခရစ်တို့ မစွမ်းဆောင်နိုင်သောအရာမှာ ဤအရာ အတိအကျပင် ဖြစ်သည်။ ၎င်းတို့၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသည့်အပြင် မာနထောင်လွှားသော၊ ရက်စက်ကြမ်းကြုတ်သော၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများလည်း ရှိသည်၊ ၎င်းတို့၌ သမ္မာတရား ကင်းမဲ့သော်လည်း ၎င်းတို့သည် လူတို့ကို ပိုင်ဆိုင်ပြီး ထိန်းချုပ်လိုနေဆဲဖြစ်ကာ လူတို့ကို သူတို့အား ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်စေလိုနေဆဲ ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အခြေခံ၍ အကဲဖြတ်ရသော် ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ အန္တိခရစ်တို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ဘုရားသခင်သည် သူတို့နှင့် ယှဉ်ပြိုင်မည်လော။ ဘုရားသခင်၌ ဤအနှစ်သာရ ရှိသလော။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို ယင်းအတွက် ယှဉ်ပြိုင်ခြင်းဖြင့် ရရှိပါသလော။ (မရရှိပါ။) ကိုယ်တော်သည် ယင်းကို မည်သို့ ရရှိသနည်း။ ဖန်ဆင်းခံများကို ဘုရားသခင်က ဖန်ဆင်းထားသည်၊ လူသားမျိုးနွယ် အဘယ်အရာ လိုအပ်သည်၊ အဘယ်အရာပိုင်ဆိုင်သင့်သည်၊ လူသားမျိုးနွယ် မည်သို့အသက်ရှင်သင့်သည်ကို ဖန်ဆင်းရှင်သာလျှင် သိသည်။ ဥပမာအားဖြင့် လူတစ်ဦးက စက်တစ်ခုကို ဖန်တီးခဲ့သည်ဆိုပါစို့။ ယင်း၏ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများ၊ ယင်းကို မည်သို့ပြုပြင်ရမည် ဟူသည်တို့ကို ယင်းကို တီထွင်သူသာလျှင် သိသည်၊ စက်၏အတုကို ပြုလုပ်ရန် ကြိုးပမ်းသူမည်သူမျှ မသိပေ။ အလားတူပင် လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ လူတို့ အဘယ်အရာလိုအပ်သည်ကို ဘုရားသခင်သာလျှင် သိသည်၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်၊ ဘုရားသခင်သာလျှင် ဖောက်ပြန်ပျက်စီးသောလူသားများကို စစ်မှန်သော လူသားများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ကိုယ်တော်၏ ဩဇာအာဏာဖြင့်ဖြစ်စေ၊ မိမိကိုယ်ကို ကြေညာခြင်းများ၊ မိမိအတွက် ရှင်းချက်ထုတ်ခြင်းများဖြင့်ဖြစ်စေ၊ လူတို့ကို ဖိနှိပ်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းတို့ဖြင့်ဖြစ်စေ မပြုလုပ်ပေ၊ ဘုရားသခင်သည် ဤနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးမပြုပေ၊ စာတန်နှင့် အန္တိခရစ်တို့သာ ထိုသို့ ပြုလုပ်ကြသည်။

များစွာသော မိတ်သဟာယဖွဲ့ပြီးနောက် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုအပေါ် သင်တို့၏ နားလည်သဘောပေါက်မှုမှာ အဘယ်နည်း။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဆိုသည်မှာ အဘယ်နည်း။ ပုန်းကွယ်မှုဆိုသည်မှာ ကိုယ်တော်၏ ပင်ကိုလက္ခဏာကို တမင်တကာ ဖုံးကွယ်ခြင်း၊ ကိုယ်တော်၏အနှစ်သာရနှင့် စစ်မှန်သောအခြေအနေများကို တမင်တကာ ဖုံးကွယ်ခြင်းလော။ (မဟုတ်ပါ။) နှိမ့်ချခြင်းဟူသည် တမင်တကာ ဟန်ဆောင်ဖန်တီးရသည့် အရာတစ်ခုလော။ ယင်းမှာ မိမိကိုယ်ကို ချုပ်တည်းခြင်းလော။ ယင်းမှာ ဟန်ဆောင်ခြင်းလော။ (မဟုတ်ပါ။) လူအချို့က “ကိုယ်တော်သည် လူ့ဇာတိခံယူထားသော ဘုရားသခင် ဖြစ်တော်မူပါလျက် ဤမျှ မြင့်မြတ်သော အဆင့်အတန်းရှိသူတစ်ဦးက ဤသို့ သာမန်သောအဝတ်အစားကို အဘယ်သို့ ဝတ်ဆင်နိုင်မည်နည်း” ဟု ဆိုကြသည်။ ငါက ငါသည် သာမန်လူတစ်ဦးသာဖြစ်ပြီး သာမန်ဘဝဖြင့် အသက်ရှင်နေသည်၊ ငါနှင့်ပတ်သက်သမျှသည် သာမန်ဖြစ်သည်၊ သို့ဖြစ်၍ ငါက သာမန်အဝတ်အစားများကို အဘယ်ကြောင့် မဝတ်နိုင်ရမည်နည်းဟု ဆိုသည်။ အချို့က “ကိုယ်တော်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်၊ ခရစ်တော် ဖြစ်တော်မူ၏။ ကိုယ်တော်၏ အဆင့်အတန်းသည် မြင့်မြတ်တော်မူသည်၊ မိမိကိုယ်ကို သေးသိမ်အောင် မလုပ်ပါနှင့်” ဟု ဆိုကြသည်။ ငါက မည်သည့်သေးသိမ်အောင်လုပ်ခြင်းနည်းဟု ဆိုသည်။ ငါ့ကိုယ်ငါ အထင်ကြီးလွန်းခြင်း သို့မဟုတ် သေးသိမ်အောင် လုပ်ခြင်း မရှိပေ၊ ငါသည် ငါ၏ဖြစ်ခြင်းသာဖြစ်သည်၊ ငါလုပ်သင့်သည့်အရာကို ငါလုပ်ဆောင်ပြီး ငါပြောသင့်သည့်အရာကို ငါပြောသည်၊ ယင်း၌ မည်သည့်အမှားရှိသနည်း။ အထင်ကြီးလွန်းခြင်း သို့မဟုတ် သေးသိမ်အောင်လုပ်ခြင်း နှစ်ခုစလုံး မမှန်ကန်ပေ၊ အထင်ကြီးလွန်းခြင်းသည် မာနထောင်လွှားခြင်းဖြစ်ပြီး သေးသိမ်အောင်လုပ်ခြင်းသည် ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်း ဖြစ်သည်။ အချို့က “လူ့ဇာတိခံယူသော ဘုရားသခင်သည် နာမည်ကြီးတစ်ဦး၏အမူအရာ ရှိသင့်ပြီး သင်၏စကားပြောဆိုမှုနှင့် အပြုအမူတို့သည် ကျက်သရေရှိသင့်သည်။ လူ့အဖွဲ့အစည်းအတွင်းရှိ တန်ခိုးသြဇာရှိသော အမျိုးသမီးများ၏ ဆံပင်ပုံစံများ၊ ဝတ်စားဆင်ယင်မှုများနှင့် မိတ်ကပ်လိမ်းခြယ်မှုများကို ကြည့်ပါဦး။ ထိုသူများမှာ အဆင့်အတန်းရှိသောလူများ၊ လူတို့ အထင်ကြီးလေးစားကြရသူများ ဖြစ်ကြသည်” ဟု ဆိုကြသည်။ ငါက အဆင့်အတန်းဟူသည်မှာ မည်သည့်အရာဖြစ်သနည်းဟု ဆိုသည်။ လူများက ငါ့ကို အထင်ကြီးလျှင် အဘယ်အရေးကြီးသနည်း။ ယင်းကို ငါမမက်မောပေ။ ငါ့ကို သင် အထင်ကြီးလျှင် ယင်းကို ငါက ရွံရှာဖွယ်ရာနှင့် အော်ဂလီဆန်ဖွယ်ရာဟု မြင်သည်။ ငါ့ကို သင် လုံးဝ အထင်မကြီးရပေ။ အခြားသူများက “လူ့အဖွဲ့အစည်းအတွင်းရှိ ထိုအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များကို ကြည့်ပါဦး။ သူတို့သည် အလွန်ဂုဏ်သရေရှိ၍ တင့်တယ်စွာ ဝတ်စားဆင်ယင်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် တန်ခိုးသြဇာရှိသော အထက်တန်းလွှာ ပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်၏။ ကိုယ်တော်သည် အဘယ်ကြောင့် သူတို့ထံမှ အတုမယူသနည်း” ဟု ဆိုကြသည်။ ငါမနှစ်သက်သည့်အရာတစ်ခုကို ငါ အဘယ်ကြောင့် အတုယူရမည်နည်း။ ငါသည် မိမိ၏အသက်အရွယ်နှင့် လိုက်ဖက်သော အဝတ်အစားကို ဝတ်သည်၊ ငါသည် အဘယ့်ကြောင့် ဟန်ဆောင်ရမည်နည်း။ ငါသည် အခြားသူများထံမှ အဘယ်ကြောင့် သင်ယူရမည်နည်း။ ငါသည် ငါသာလျှင်ဖြစ်ပြီး မည်သူ့အတွက်များ ဟန်ဆောင်နေရမည်နည်း။ ယင်းက လှည့်ဖြားခြင်း မဟုတ်လော။ ငါ့ကို ပြောကြလော့၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ ပင်ကိုလက္ခဏာနှင့်ကိုက်ညီရန် မည်သို့သောပုံသဏ္ဌာန်၊ ရုပ်သွင်၊ စကားပြောဆိုမှုနှင့် အပြုအမူမျိုး ရှိသင့်သနည်း။ သင်တို့၌ ဤအတွက် စံနှုန်းများ ရှိသလော။ သင်တို့၌ ရှိရမည်၊ သို့တည်းမဟုတ်ပါက သင်တို့သည် ခရစ်တော်ကို ထိုသို့သောနည်းလမ်းဖြင့် ရှုမြင်မည်မဟုတ်ပေ။ ငါ၌ ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိသည်၊ ငါ့စံနှုန်းများသည် သမ္မာတရားစည်းမျဉ်းများ၏ အတိုင်းအတာကို ကျော်လွန်သလော။ (မကျော်လွန်ပါ။) အဘယ်ကြောင့် လူအချို့သည် ငါဝတ်ဆင်သမျှ သို့မဟုတ် စားသုံးသမျှအပေါ် အစဉ် အယူအဆများရှိကြပြီး ငါ့အပေါ် အဆက်မပြတ် အကျဉ်းချုပ်သုံးသပ်ကာ အဆုံးအဖြတ်များ ချမှတ်နေကြသနည်း၊ ယင်းမှာ စက်ဆုပ်ဖွယ် မကောင်းသလော။ အဘယ်ကြောင့် ၎င်းတို့သည် ငါ့ကို ဤနည်းလမ်းဖြင့် မြင်ကြသနည်း။ သူတို့၏အမြင်တွင် ခရစ်တော်ပြုလုပ်သမျှသည် မှားယွင်းသည်၊ ယင်းသည် အားလုံး အပျက်သဘောဆောင်သည်၊ ယင်းနှင့်ပတ်သက်၍ အမြဲတမ်း မသင်္ကာစရာတစ်ခုခု ရှိနေသည်။ ၎င်းတို့သည် အလွန်ပင် ကောက်ကျစ်ဆိုးယုတ်လိုက်မည့် ဖြစ်ခြင်းပါတကား။ ဘုရားသခင်၏ဝိညာဉ်တော်မှ၊ ဘုရားသခင် ကိုယ်တော်တိုင်၏အနှစ်သာရမှ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏လူ့သဘာဝအထိ ဘုရားသခင်၏ ဤအမျိုးမျိုးသော ပင်ကိုလက္ခဏာများ၊ အမျိုးမျိုးသော အမြင်ရှုထောင့်များ တသီတတန်းမှ အကဲဖြတ်ရသော် ဘုရားသခင်၏အနှစ်သာရအတွင်း၌ မာနထောင်လွှားခြင်း သို့မဟုတ် စာတန်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ တစ်ခုမျှမရှိဘဲ လူ၏အဆင့်အတန်းအတွက် တွန်းအားဟုခေါ်သောအရာ သာ၍ပင် မရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရမှလွဲ၍၊ ဘုရားသခင်၏ ဝိညာဉ်တော်မှစ၍ လူ့ဇာတိခံယူသော ကိုယ်တော်၏ ဇာတိပကတိအထိ ဘုရားသခင် ပိုင်ဆိုင်သောအရာများတွင် အထင်ရှားဆုံးသော လက္ခဏာမှာ ကိုယ်တော်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းတို့ ဖြစ်၏။ ဤနှိမ့်ချမှုသည် ဟန်ဆောင်ထားခြင်း မဟုတ်၊ ဤပုန်းကွယ်မှုသည် တမင်တကာ ရှောင်တိမ်းခြင်း မဟုတ်၊ ဤသည်မှာ ဘုရားသခင်၏အနှစ်သာရ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ်၌ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအချက်ကိုအခြေခံ၍ လူ့ဇာတိခံယူသော ခရစ်တော်၌ ဘုရားသခင်၏အနှစ်သာရ ရှိသည်ကို မမြင်နိုင်ပါက သူတို့သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းသည် ဝိညာဉ်ရေးရာနားလည်သဘောပေါက်မှု ကင်းမဲ့သည်၊ ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဖြစ်သော ဘုရားသခင်၏ အနှစ်သာရကို ကြည့်ရှုပါက လူတို့က ဤသို့ တွေးထင်သည်၊ “ဘုရားသခင်သည် ဤမျှကြီးမားသော သြဇာအာဏာ ရှိပုံမပေါ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်ဟု ဆိုခြင်းသည် သိပ်ယုံကြည်ဖွယ်ရာ မရှိလှဘဲ ကိုယ်တော်သည် တန်ခိုးကြီးသည်ဟု ဆိုခြင်းက ပို၍ စိတ်ချရပေမည်။ ကိုယ်တော်၌ ဤမျှကြီးမားသော သြဇာအာဏာ မရှိသောကြောင့် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ မည်သို့ကိုင်စွဲထားနိုင်မည်နည်း။ ကိုယ်တော်သည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို ဘယ်သောအခါမျှ မပြသသောကြောင့် စာတန်ကို အောင်နိုင်နိုင်မည်လော။ ဘုရားသခင်၌ ဉာဏ်ပညာရှိသည်ဟု ဆိုကြ၏။ ဉာဏ်ပညာသည် အရာခပ်သိမ်းကို ဆုံးဖြတ်နိုင်သလော။ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့တွင် အဘယ်အရာက ပို၍ ကြီးမြတ်သနည်း။ ဉာဏ်ပညာသည် အနန္တတန်ခိုးကို လွှမ်းမိုးနိုင်သလော။ ဉာဏ်ပညာသည် အနန္တတန်ခိုးအပေါ် သြဇာသက်ရောက်စေနိုင်သလော” ဟူ၍ ဖြစ်လေသည်။ လူတို့သည် ဤအရာကို စဉ်းစားကြံဆကြသော်လည်း ယင်းကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် နားမလည်နိုင်ကြပေ။ လူအချို့သည် သူတို့၏စိတ်နှလုံးထဲ၌ သံသယအချို့ကို စွဲကိုင်ထားပြီး ထို့နောက် ယင်းတို့ကို တဖြည်းဖြည်း စဉ်းစားဆင်ခြင်ကြသည်၊ သူတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဤကိစ္စကို အဆက်မပြတ် ရှာဖွေပြီး နားလည်ရန် ကြိုးစားကြကာ သူတို့သည် အတွေ့အကြုံအရ သိမြင်နားလည်မှုအချို့ကို အမှုမဲ့အမှတ်မဲ့ဆိုသလို ရရှိကြသည်။ အန္တိခရစ်တို့သာလျှင် ဘုရားသခင်၏အနှစ်သာရ၏ ဤသွင်ပြင်အားလုံး၊ ဤသရုပ်သကန်အားလုံးနှင့် ကိုယ်တော်၏လုပ်ရပ်အားလုံးကို သံသယဝင်ပြီးနောက် ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဖြစ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်နှစ်လိုဖွယ် ကောင်းသောအရာ ဖြစ်ကြောင်းကို နားလည်ရန် ပျက်ကွက်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်အပေါ် သံသယများပိုမိုရရှိပြီး ဘုရားသခင်ကို ပိုမိုဆိုးရွားစွာ ပြစ်တင်ရှုတ်ချကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာကို သံသယဝင်သည်၊ ဘုရားသခင်က စာတန်ကို အနိုင်ယူနိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်က သူ၏ဘုန်းအသရေဖြင့် မြောက်မြားစွာသော လူတို့ထံ မိမိကိုယ်ကို ထုတ်ဖော်ပြမည်ဟူသောအချက်ကို သာ၍ပင် သံသယဝင်ကြသည်။ ဤအရာများကို သံသယဝင်ပြီးနောက် ၎င်းတို့သည် အဘယ်အရာကို ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဤအရာများကို ငြင်းပယ်ကြသည်။ သို့ဖြစ်၍ အန္တိခရစ်တို့က “ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းသည် အဓိပ္ပာယ်မရှိပေ။ ယင်းတို့သည် ချီးမွမ်းခြင်းနှင့်ဖြစ်စေ၊ ထောမနာပြုခြင်းနှင့်ဖြစ်စေ မထိုက်တန်သည့်အပြင် ဘုရားသခင်၏ အနှစ်သာရ မဟုတ်ပေ။ ထိုသို့သော နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းသည် ဘုရားသခင် ပိုင်ဆိုင်သည့်အရာ မဟုတ်ပေ။ ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်ခြင်းသည် သူ မစွမ်းဆောင်နိုင်ခြင်း၏ သရုပ်သကန်များ ဖြစ်၏။ လောက၌ လူတစ်ဦးတစ်ယောက်တွင် အဆင့်အတန်း အနည်းငယ်ရှိသရွေ့ ထိုသူသည် ဘုရင်၊ မှူးမတ်၊ သို့မဟုတ် ဧကရာဇ်အဖြစ် သရဖူဆောင်းကြ၏။ ခရစ်တော်သည် သူ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး နောက်လိုက်များစွာလည်း ရှိနေပြီဖြစ်ကာ တစ်ချိန်တည်းတွင် ဧဝံဂေလိအလုပ်သည်လည်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည်။ ယင်းက ခရစ်တော်၏ တန်ခိုးအာဏာ တိုးပွားလာနေသည်ဟု အဓိပ္ပာယ် မသက်ရောက်သလော။ သို့သော် သူ၏အပြုအမူများအရ အကဲဖြတ်ရသော် သူသည် မိမိ၏တန်ခိုးအာဏာကို တိုးပွားစေရန် သို့မဟုတ် ထိုသို့သော တန်ခိုးအာဏာကို ပိုင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ဤတန်ခိုးအာဏာနှင့် ခရစ်တော်၏ နိုင်ငံတော်ကို ပိုင်ဆိုင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ပင် ဖြစ်နေ၏။ သို့ဆိုလျှင် သူ့နောက်သို့လိုက်ခြင်းဖြင့် ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများကို ရရှိနိုင်မည်လော။ ကျွန်ုပ်သည် နောင်လာမည့်ခေတ်၏ အရှင်သခင် ဖြစ်လာနိုင်မည်လော။ ကျွန်ုပ်သည် မြောက်မြားစွာသော နိုင်ငံများနှင့် လူမျိုးများအပေါ် အုပ်စိုးနိုင်မည်လော။ သူသည် ဤလောကဟောင်း၊ ဤဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်မည်လော။ ခရစ်တော်၏ သာမန်ရုပ်သွင်ကို ကြည့်ရသော် သူသည် ကြီးမားသော အမှုအရာများကို မည်သို့ပြီးမြောက်အောင်မြင်နိုင်မည်နည်း” ဟု ပြောလေသည်။ ထိုသို့သောသံသယများသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ အမြဲတမ်း ပေါ်ပေါက်နေသည်။ ခရစ်တော်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုသည် ဖောက်ပြန်ပျက်စီးသော လူသားအားလုံး၊ အထူးသဖြင့် အန္တိခရစ်တို့ လက်မခံနိုင်၊ အသိအမှတ်မပြုနိုင် သို့မဟုတ် မမြင်နိုင်သောအရာများ ဖြစ်သည်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် သူတို့၏ သံသယများအတွက် သက်သေအထောက်အထားအဖြစ်လည်းကောင်း၊ ဘုရားသခင်၏သြဇာအာဏာကို ငြင်းပယ်ရန်အတွက် သက်သေအထောက်အထားနှင့် နိုင်ကွက်အဖြစ်လည်းကောင်း မှတ်ယူကြပြီး ထိုသို့ဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၊ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြသည်။ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ပြီးနောက် အန္တိခရစ်တို့သည် သူတို့၏စီရင်ပိုင်ခွင့်အတွင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကရုဏာမထားဘဲ၊ သက်ညှာမှုမရှိဘဲ၊ ကြောက်ရွံ့ခြင်းမရှိဘဲ ဆန့်ကျင်ပြုမူလာကြ၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ သို့မဟုတ် ရည်မှန်းချက်များကို အနည်းငယ်မျှပင် ငြင်းပယ်ခြင်း သို့မဟုတ် သံသယဝင်ခြင်း မရှိကြပေ။ သူတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်အတွင်း၊ သူတို့လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်း၌ အန္တိခရစ်တို့သည် သူတို့၏ နတ်ဆိုးဆန်သော လက်သည်းများကို ဆန့်ထုတ်ကြသည်၊ သူတို့ထိန်းချုပ်နိုင်သောသူတို့ကို ထိန်းချုပ်ပြီး သူတို့အထင်အမြင်မှားစေနိုင်သောသူတို့ကို အထင်အမြင်မှားစေသည်၊ ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်ကို လုံးဝ ပစ်ပယ်ထားကာ ဘုရားသခင်၊ ခရစ်တော်နှင့် ဘုရားအိမ်တော်တို့နှင့် လုံးဝ ပြတ်စဲကြသည်။

အန္တိခရစ်တို့က ခရစ်တော်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို မည်သို့သဘောထားပြုမူကြောင်းဟူသည့် ဤအချက်နှင့်ပတ်သက်လာလျှင် ငါတို့သည် အဓိကအားဖြင့် အဘယ်အရာကို မိတ်သဟာယဖွဲ့နေကြသနည်း။ လူတို့နားလည်သင့်သော ဘုရားသခင်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုသည် အန္တိခရစ်တို့၏အမြင်တွင် သူတို့အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် ဘုရားအိမ်တော်၌ လွတ်လပ်သောနိုင်ငံတော်တစ်ခုကို တည်ထောင်ရန်အတွက် အကျိုးအရှိဆုံး အခြေအနေများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဇာတိပကတိ၌ ပုန်းကွယ်နေပြီး နောက်ဆုံးသောကာလ၌ ဤအလုပ်အဆင့်သည် ကျေးဇူးတော်ခေတ်၏အလုပ်အဆင့်နှင့် ပုံစံအားဖြင့် ကွဲပြားသည်။ ဘုရားသခင်သည် ဤအဆင့်တွင် အံ့ဖွယ်အမှုများနှင့် နိမိတ်လက္ခဏာများကို မပြုလုပ်သော်လည်း ကိုယ်တော်သည် များစွာပိုသော၊ မရေမတွက်နိုင်သော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင် မည်သို့ပင်အလုပ်လုပ်ပါစေ၊ ကိုယ်တော်သည် လူ့ဇာတိခံယူနေသရွေ့ ကိုယ်တော်၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့်အတူ ကြီးမားသော အရှက်ခွဲခံရခြင်းသည် ပါလာသည်။ ဘုရား၏သဘောသဘာဝ အနှစ်သာရကို ပိုင်ဆိုင်သော ဤသို့သောဘုရားသခင်တစ်ပါးတည်းသာလျှင် သူ၏အလုပ်ကို လုပ်ဆောင်ရန် သာမန်လူတစ်ဦးဖြစ်လာဖို့ အမှန်တကယ် နှိမ့်ချပြီး မိမိကိုယ်ကို ပုန်းကွယ်နိုင်သည်၊ အကြောင်းမှာ ကိုယ်တော်သည် နှိမ့်ချမှုနှင့် ပုန်းကွယ်မှု၏အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် စာတန်သည် ဤသည်ကို လုံးဝ မတတ်နိုင်ပေ။ စာတန်သည် လူသားများအကြား၌ အလုပ်လုပ်ရန် မည်သို့သောဇာတိပကတိမျိုးကို ယူတင်ဝတ်ဆင်မည်နည်း။ ပထမဦးစွာ ၎င်းသည် ခန့်ညားထည်ဝါသောရုပ်သွင် ရှိမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မည်၊ လှည့်ဖြားတတ်မည်၊ ကောက်ကျစ်ဆိုးယုတ်မည်၊ ထို့နောက် လူတို့ကို ကစားရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အမျိုးမျိုးသော ပရိယာယ်များနှင့် နည်းစနစ်များကို ကျွမ်းကျင်ရမည်ဖြစ်ပြီး အမျိုးမျိုးသော လှည့်ဖြားသည့် လှည့်ကွက်များနှင့်အတူ ၎င်းသည် အတော်အတန်ပင် သနားညှာတာမှုကင်းမဲ့ပြီး မလိုမုန်းထားစိတ်ရှိရမည်။ ၎င်းသည် လူတို့အကြား၌ မိမိကိုယ်ကို အဆက်မပြတ် မြင်သာအောင်လုပ်ရမည်ဖြစ်ပြီး တစ်စုံတစ်ယောက်က ၎င်းကို မသိမည်ကို ကြောက်ရွံ့သဖြင့် နေရာတိုင်း၌ လူအများအာရုံစိုက်ခံရအောင် လုပ်ရမည်ဖြစ်ပြီး ၎င်းသည် သူ၏ကျော်ကြားမှုကို တိုးမြှင့်ရန်နှင့် မိမိကိုယ်ကို ကြေညာရန် အမြဲတမ်း ကြိုးစားရမည်။ လူတို့က နောက်ဆုံးတွင် ၎င်းကို ဘုရင် သို့မဟုတ် ဧကရာဇ်ဟု ခေါ်သည့်အခါ ၎င်းသည် ကျေနပ်လိမ့်မည်။ ဘုရားသခင်ပြုလုပ်သောအရာသည် စာတန်ပြုလုပ်သောအရာနှင့် အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်သည် စိတ်ရှည်ခြင်းကို ကျင့်သုံးပြီး ပုန်းကွယ်နေဆဲဖြစ်ကာ ကိုယ်တော် ဤသို့ပြုလုပ်နေစဉ် လူတို့က သမ္မာတရားကို နားလည်နိုင်ရန်၊ ကယ်တင်ခြင်း ခံရနိုင်ရန်၊ ပုံမှန်လူ့သဘာဝနှင့် ပုံမှန်လူ့အသက်တာရှိသော စစ်မှန်သောဖန်ဆင်းခံများ ဖြစ်လာရန်အလို့ငှာ ဖန်ဆင်းရှင်၏သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို အသုံးပြု၍ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အသက်ကို လူတို့အတွင်း၌ အလုပ်လုပ်ပေးသည်။ ဘုရားသခင် ပြုလုပ်သောအရာသည် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော်လည်း ဘုရားသခင်သည် ယင်းကို သူ၏ကိုယ်ပိုင်တာဝန်အဖြစ် မှတ်ယူသည်။ သို့ဖြစ်၍ ကိုယ်တော်သည် ကိုယ်တိုင်လူ့ဇာတိခံယူပြီး မိခင် သို့မဟုတ် ဖခင်ကဲ့သို့ လူတို့ကို မမောမပန်း ထောက်ပံ့သည်၊ ကူညီသည်၊ ပံ့ပိုးသည်၊ ဉာဏ်ပွင့်စေသည်၊ အလင်းပေးသည်။ ကိုယ်တော်သည် လူတို့ကို ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့ကိုလည်း လုပ်ဆောင်သည့်အပြင် သူတို့ တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲလာသည်ကိုလည်းကောင်း၊ တစ်နေ့ပြီးတစ်နေ့ ပုံမှန်အသင်းတော်အသက်တာဖြင့် အသက်ရှင်သည်ကိုလည်းကောင်း၊ တစ်နေ့ပြီးတစ်နေ့ အသက်တာ၌ ကြီးထွားလာသည်ကိုလည်းကောင်း စောင့်ကြည့်သည်မှာ မှန်ပေသည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်သမျှသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား ဖြစ်သည်။ လူသားမျိုးနွယ်အကြား၌ လူသားများသည် ဘုရားသခင်ပေးဆပ်ခဲ့သော အဖိုးအခများ၊ သူ၏တန်ခိုးကြီးမှုနှင့် သူ၏ဘုန်းအသရေကို ချီးမွမ်းကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ကိုယ်တော်က လူတို့အား “ငါသည် လူသားမျိုးနွယ်အတွက် ဤအရာ၊ ထိုအရာကို ပြုလုပ်ခဲ့ပြီး ငါသည် များစွာ အနစ်နာခံခဲ့သည်၊ လူတို့သည် ငါ့ကို ချီးမွမ်းပြီးထောမနာပြုရမည်” ဟု မည်သည့်အချိန်က ပြောခဲ့ဖူးသနည်း။ ဘုရားသခင်၌ လူသားမျိုးနွယ်အတွက် ထိုသို့သောတောင်းဆိုချက်များ ရှိသလော။ မရှိပါ။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့် အလဲအလှယ်လုပ်ရန် အခြေအနေများကို မည်သည့်အခါမျှ အသုံးမပြုခဲ့ဘဲ “ငါသည် ခရစ်တော်ကို သင်တို့အကြား၌ ထားရှိခဲ့ပြီး သင်တို့သည် သူ့အား ကောင်းမွန်စွာ ဆက်ဆံရမည်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ရမည်၊ သူ့ကို ကျိုးနွံနာခံပြီး သူနောက်သို့ လိုက်ရမည်။ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်မှုများကို မဖြစ်စေနှင့်၊ သူက သင်တို့ကို လုပ်ဆောင်ရန် ပြောသမျှကို လုပ်ဆောင်လော့၊ သူက သင်တို့ကို မည်သို့လုပ်ဆောင်ရန် ပြောသည်ကို လုပ်ဆောင်လော့၊ အရာအားလုံး ပြီးမြောက်သည့်အခါ သင်တို့အားလုံး ဂုဏ်ပြုခြင်း ခံရလိမ့်မည်” ဟု ဆိုခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် ထိုသို့သောအရာကို တစ်ခါမျှ ပြောခဲ့ဖူးသလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်လော။ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့ကို သွေးဆောင်ရန်၊ ဘောင်ခတ်ရန်၊ ထိန်းချုပ်ရန်နှင့် လူတို့နှင့်ပတ်သက်သော အရာအားလုံးကို ချုပ်ကိုင်ရန်၊ လူတို့ကို ဘုရားသခင်ထံမှ ထွက်ခွာပြီး မိမိတို့ရှေ့မှောက်သို့ လာရောက်စေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုဖို့ အစဉ်သဖြင့် ကြိုးစားနေကြသူများမှာ အန္တိခရစ်များ ဖြစ်ကြသည်။ သေးငယ်သောအမှုတစ်ခုခုကို ပြုလုပ်သည့်အခါတိုင်း နေရာတိုင်း၌ ကြွေးကြော်ပြီး ကြေညာကြသူများမှာ အန္တိခရစ်များ ဖြစ်ကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို နားလည်ခြင်း၊ လက်ခံခြင်း၊ ချီးမွမ်းခြင်း သို့မဟုတ် ထောမနာပြုခြင်းတို့ကို မတတ်နိုင်ရုံသာမက ယင်းအစား ၎င်းတို့သည် ဤအရာများကို မထီမဲ့မြင်ပြုပြီး ပြစ်မှားစော်ကားကြသည်။ ဤသည်ကို အန္တိခရစ်တို့၏ စိတ်သဘောထားအနှစ်သာရက အဆုံးအဖြတ်ပေးသည်။

ယနေ့ ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ပုံ၏ သရုပ်သကန်သုံးမျိုးကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ငါတို့၏မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်ကြစို့။ သင်တို့၌ မေးခွန်းတစ်ခုတလေ ရှိပါသေးသလော။ (မရှိပါ။) ကောင်းပြီ၊ နှုတ်ဆက်ပါသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်

အောက်ခြေမှတ်စု(များ)-

က။ တရုတ်စကားပြောသူများသည် မိမိတို့ထက် ငယ်ရွယ်သူများ၏ မျိုးရိုးအမည် အရှေ့၌ “ရှောင်” ကို ထည့်သုံးကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။