အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည် (အခန်း တစ်)

ဖြည့်စွက်ချက်- ကြွက်များကို လိုက်ဖမ်းခြင်း

မကြာသေးမီက ကိစ္စသစ်တစ်ခုကို ငါကြားခဲ့သည်။ ဤအရာသည် လူတို့၏ အပြုအမူများ၊ စိတ်သဘောထားများနှင့် မည်သို့ဆက်စပ်ကြောင်း၊ ဤပုံဥပမာသည် မည်သည့် အကြောင်းအရာဖြစ်ကြောင်းနှင့် မည်သည့်ပြဿနာမျိုးကို ယင်းက ပုံဆောင်ကြောင်းကို နားထောင်၍ စဉ်းစားကြလော့။ တရုတ်လူမျိုးအချို့ အမေရိကသို့ ရောက်လာခဲ့ပြီးနောက် ဤနေရာ၏ လူမှုပတ်ဝန်းကျင်နှင့် လူမှုအငွေ့အသက်သည် တရုတ်ပြည်နှင့် အကြီးအကျယ် ခြားနားကြောင်း မြင်တွေ့ရသည်သာမက အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ၎င်းတို့တွေ့ရှိသည့် အခြားတစ်ခုလည်း ရှိခဲ့သည်။ ယင်းမှာ ဤနိုင်ငံတွင် လူတို့သာလျှင် လွတ်လပ်သည်မဟုတ်ဘဲ မျိုးစုံသော သက်ရှိသတ္တဝါများနှင့် တိရစ္ဆာန်များလည်း လွန်စွာ လွတ်လပ်ကြပြီး ၎င်းတို့ကို မည်သူမျှ ဒုက္ခမပေးကြချေ။ လူသား၏ လွတ်လပ်မှုသည် လူမှုရေးစနစ်များ၏ ထုတ်ကုန်ဖြစ်သည်မှာ အမှန်ဖြစ်သောကြောင့် မျိုးစုံသော သက်ရှိသတ္တဝါများနှင့် တိရစ္ဆာန်များကို မည်သည့်အရာက လွတ်လပ်မှုပေးသနည်း။ ဤသည်မှာ လူမှုရေးစနစ်များနှင့် ဆက်စပ်သလော။ (ဆက်စပ်ပါသည်။) ယင်းမှာ လူမှုရေးစနစ်များနှင့် အစိုးရမူဝါဒများက သဘာဝပတ်ဝန်းကျင် တစ်ခုလုံးကို မည်သို့ကာကွယ်ပြီး စီမံခန့်ခွဲသည်ဟူသည့်အရာနှင့် ဆက်စပ်သည်။ ဤနေရာတွင် တောရိုင်းတိရစ္ဆာန်များသည် နေရာတိုင်း၌ ရှိကြပြီး နေရာအနှံ့တွေ့နိုင်သည်။ ဥပမာ လမ်းမကြီးဘေးရှိ မြက်ခင်းပြင်တွင် တောဘဲငန်းများ မြက်စားနေသည်ကို တွေ့နိုင်ပြီး အချို့သော သမင်များ၊ ဝက်ဝံများ သို့မဟုတ် ဝံပုလွေများသာမက ကြက်ဆင်များ၊ ရစ်ငှက်များအပြင် အမျိုးစုံသော ငှက်များနှင့် အခြား တောရိုင်းတိရစ္ဆာန်များကို တွေ့နိုင်သော ပန်းခြံ၊ မြက်ခင်းပြင်နှင့် တောအချို့လည်း ရှိသည်။ လူတို့သည် ဤသို့သော မြင်ကွင်းမျိုးကို တွေ့သောအခါ ပထမဆုံး မည်သည့်ထင်မြင်ချက် ရှိတတ်သနည်း။ (၎င်းတို့သည် သဘာဝကို မြင်တွေ့ရပြီဟု ခံစားကြသည်။) ထို့ပြင် သဘာဝကို မြင်တွေ့သောအခါ ၎င်းတို့၌ မည်သည့်ခံစားချက်မျိုး ရှိသနည်း။ “သူတို့၏နိုင်ငံကို ကြည့်လော့။ လူတို့သာလျှင် လွတ်လပ်သည်မဟုတ်၊ ဤနေရာတွင် တိရစ္ဆာန်များပင် လွတ်လပ်သည်။ ဤနေရာ၌ တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်ဝင်စားရလျှင် တရုတ်ပြည်၌ လူတစ်ဦးအဖြစ် နေရသည်ထက် ပို၍ကောင်းမည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင် တိရစ္ဆာန်များပင် လွတ်လပ်ပြီး သူတို့ကို မည်သူမျှ ဒုက္ခမပေး” ဟု ပြောကြမည်မဟုတ်လော။ ၎င်းတို့၌ ထိုသို့သော ခံစားချက်မျိုး ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးသောသူတို့အနေဖြင့် ဤအရာများမှာ ရိုးလာပြီဖြစ်ပြီး လုံးဝ မထူးဆန်းတော့ပေ။ ဤအရာများက တကယ့်ကို ပုံမှန်ဖြစ်သည်ဟု ထင်ကြသည်။ သို့သော် လူအချို့အနေဖြင့် ဤပတ်ဝန်းကျင်မျိုးနှင့် ရင်းနှီးလာပြီးနောက်တွင် သူတို့စိတ်ထဲ၌ နိုးကြားတက်ကြွသော အတွေးတချို့ စတင်ပေါ်‌ထွက်လာသည်မှာ “ဤတိရစ္ဆာန်များအားလုံးသည် အလွန်ပင် လွတ်လပ်ကြပြီး သူတို့ကို မည်သူမျှ မကြီးကြပ်သဖြင့် သို့မဟုတ် မစောင့်ကြည့်သဖြင့် သူတို့ကို ငါဖမ်းဆီးပြီး စားသောက်နိုင်သလော။ သူတို့ကို ငါစားသောက်နိုင်လျှင် အလွန်ကောင်းမည်ဖြစ်သော်လည်း သူတို့ကို ဥပဒေအရ အကာအကွယ်ပေးထားသည်ဆိုလျှင် ငါသည် လက်လွတ်စပယ် လုပ်၍မရပေ။ ဤအရာကို ငါ စုံစမ်းရမည်” ဟူ၍ပင်ဖြစ်သည်။ သတင်းအချက်အလက်များကို စစ်ဆေးပြီးနောက် တောရိုင်းတိရစ္ဆာန်များသည် အမျိုးသားဥပဒေက တညီတညာတည်း အကာအကွယ်ပေးထားကြောင်း၊ ၎င်းတို့ကို လူတို့နှစ်သက်သလို အမဲလိုက်ပြီး သတ်ဖြတ်၍မရကြောင်း ဥပဒေက အတိအလင်း ဖော်ပြထားသည်ကို သူတို့ တွေ့ရှိကြ၏။ အကယ်၍ လူတို့က အမဲလိုက်လိုလျှင် အစိုးရပြဋ္ဌာန်းထားသော အမဲလိုက်နယ်မြေအတွင်း၌ လိုက်ရမည်။ သူတို့တွင် လိုင်စင်လည်း လိုအပ်ပြီး သူတို့ဖမ်းဆီးသည့် တိရစ္ဆာန်များအတွက် အခကြေးငွေ ဆောင်ကောင်း ဆောင်ရမည်။ အတိုချုပ်အားဖြင့် ဥပဒေက ဤတောရိုင်းတိရစ္ဆာန်များကို အကာအကွယ် ပေးထားပြီး ယင်း၌ ၎င်းတို့နှင့်ပတ်သက်၍ ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ လူအချို့က တောရိုင်းတိရစ္ဆာန်ကာကွယ်မှုဆိုင်ရာ ဥပဒေကို နားမလည်နိုင်ဘဲ “ဤတောရိုင်းတိရစ္ဆာန် စားကောင်းသောက်ဖွယ်များ အားလုံးရှိလင့်ကစား အစိုးရက ငါတို့နှစ်သက်သလို ဖမ်းဆီးစားသောက်ခွင့် မပြုချေ။ ယင်းမှာ နှမြောစရာ ကောင်းလေစွ။ တရုတ်ပြည်တွင် ဤအရာနှင့်ပတ်သက်၍ မည်သူမျှ ဂရုမစိုက်၊ ‘မည်သူမျှ မတိုင်တန်းလျှင် အာဏာပိုင်များက စုံစမ်းမည်မဟုတ်။’ ယင်းနှင့်ပတ်သက်၍ မည်သူမျှ မသိသရွေ့ တိရစ္ဆာန်တစ်ကောင်ကို သင် ဖမ်းဆီးစားသောက်နိုင်သည်။ သို့သော် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် သင် ဤသို့လုပ်၍မရပေ။ ဤနေရာတွင် တရားဝင်စည်းမျဉ်းများ ရှိပြီး အခြားလူတို့၏ မြေပေါ်တွင် မိမိလုပ်ချင်သမျှကို လုပ်၍မရပေ။ သို့သော် ဤတိရစ္ဆာန်များအားလုံးက တောရိုင်းသားကောင်ပင်ဖြစ်သည်။ ၎င်းတို့ကို ငါတို့ ကြည့်သာကြည့်နိုင်ပြီး စားသောက်၍မရသည်မှာ နှမြောစရာ ကောင်းလိုက်လေစွ။ ဖြေရှင်းချက်တစ်ခုကို ငါထုတ်ဖို့လိုသည်။ ဤသားကောင်ကို မည်သူမျှ သတိမထားမိသည့်အပြင် ဥပဒေကို မချိုးဖောက်ဘဲ မည်သို့ စားရနိုင်မည်နည်း” ဟု တွေးဆကြသည်။ လူအချို့က လှည့်ကွက်တစ်ခုကို စဉ်းစားပြီး “အကယ်၍ ငါသည် လှောင်အိမ်တစ်ခု ပြုလုပ်ပြီး သားကောင်များကို အာရုံဖမ်းစားဖို့အတွက် အထဲတွင် အရသာရှိသော စားစရာအနည်းငယ်ကို ထားကာ တောယုန်များကဲ့သို့ သားကောင်လေး အနည်းငယ်ကို ဖမ်းပြီး သတ်စားဖို့ ချောင်တစ်နေရာကို ရှာလျှင် ငါသည် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်မည် မဟုတ်ပေ၊ ဟုတ်သလော။ ထိုတိရစ္ဆာန်အငယ်လေးများကို အစိုးရက အကာအကွယ် မပေးထားသည့်အပြင် ဥပဒေ၌ ၎င်းတို့နှင့်ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များ မရှိပေ။ ငါ ဤသို့ပြုလျှင် တောကောင်သားစားရနိုင်ပြီး ဥပဒေမချိုးဖောက်မိအောင်လည်း သေချာစေနိုင်သည်။ ယင်းမှာ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဖြစ်၏” ဟု ပြောကြသည်။ သူတို့၌ ဤစိတ်ကူးရှိပြီးနောက် လှောင်အိမ်တစ်ခုကို တည်ဆောက်ပြီး အမဲစလိုက်တော့သည်။ နှစ်ရက်မလွန်ခင် ကြွက်တစ်ကောင် လှောင်အိမ်ထဲ ဝင်လာသဖြင့် သူတို့က အလျင်စလို သတ်စားကာ ဤအရာသည် တောကောင်သားအစစ် ဖြစ်သည်ဟု ခံစားနေကြသည်။ ယင်းကို စားပြီးနောက် သူတို့သည် မည်သို့ ကောက်ချက်ချသနည်း။ “တောကောင်သားများက အတော်ပင် အရသာရှိသည်။ ယခုမှစ၍ အခြားတောကောင် အမျိုးအစားများကို စားရဖို့ နည်းလမ်းပိုရှာရမည်။ ငါသည် ဥပဒေမချိုးဖောက်သရွေ့ ယင်းတို့ကို စားဖို့ဝန်မလေးပါ” ဟူ၍ပင် ဖြစ်လေသည်။ ပုံဥပမာမှာ ဤတွင် ပြီးဆုံး၏။

လူအချို့က “ဤသည်မှာ တကယ့်ဇာတ်လမ်းတစ်ခုလော သို့မဟုတ် ဖန်တီးထားသလော” ဟု မေးကြသည်။ လောလောဆယ်တွင် ယင်းက တကယ်ဖြစ်စေ၊ ဖန်တီးထားသည်ဖြစ်စေ၊ ယင်းက အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ မဖြစ်ပျက်ခဲ့သည်ဖြစ်စေ မစိုးရိမ်နှင့်။ ဤဇာတ်လမ်းကို အခြေခံ၍ အမှုအရာများကို ဤသို့ပြုလုပ်သည့် လူတို့နှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းသည်ကိုသာ စဉ်းစားလော့။ ဤအရာမျိုး ပြုလုပ်ခြင်းသည် ကြီးမားသော အမှားတစ်ခုလော။ ယင်းကို ဥပဒေချိုးဖောက်ခြင်းဟု သတ်မှတ်ထားသလော။ ယင်းသည် လူ့ကျင့်ဝတ်တရားကို ဆန့်ကျင်သည်ဟု သတ်မှတ်ထားသလော။ (ဟုတ်ပါသည်။) ယင်းက လူ့ကျင့်ဝတ်တရားကို ဆန့်ကျင်သလော၊ သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သလော၊ သို့မဟုတ် အခြားတစ်ခုခုကို ဆန့်ကျင်သလော။ ဦးစွာ ဤအပြုအမူမျိုးသည် ချီးမွမ်းထိုက်သလော သို့မဟုတ် ရှုတ်ချထိုက်သလော၊ ငါ့ကိုပြောလော့။ သင်တို့သည် မည်သည့်ဘက်ကို လိုက်သနည်း။ (ရှုတ်ချခြင်းကို လိုက်ပါသည်။) ယင်းက လူ့ကျင့်ဝတ်တရားကို ဆန့်ကျင်သည်ဖြစ်စေ၊ ဥပဒေကို ဆန့်ကျင်သည်ဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝကို ဆန့်ကျင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤအပြုအမူမျိုးက မကောင်းသည့်အပြင် လူ့သဘာဝကို ပိုင်ဆိုင်သော လူတို့၏ အပြုအမူမဟုတ်ပေ။ သို့ဆိုလျှင် ယင်းမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤစိတ်သဘောထားမျိုး သို့မဟုတ် အပြုအမူမျိုးက ဆိုးဝါးသော ပြဿနာဟုတ်သလော။ သင်တို့၏ ကိုယ်ပိုင်စံနှုန်းအရ ဤကိစ္စကို သင်တို့ မည်သို့ အကဲဖြတ်မည်နည်း။ နေ့စဉ်ဘဝနှင့် လူတန်းစားမျိုးစုံတွင် ဤအပြုအမူမျိုးမှာ တွေ့မြင်နေကျဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန့်အလွန် ကောက်ကျစ်စဉ်းလဲသော သို့မဟုတ် ဆိုးယုတ်သော လုပ်ဆောင်မှု မဟုတ်သော်လည်း မသင့်တော်သည့်အပြင် ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ပိုင်ဆိုင်ထားရမည့် သရုပ်သကန်တစ်ခု မဟုတ်ပေ။ ဤသည်မှာ အတိအကျအားဖြင့် မည်သည့်သရုပ်သကန်မျိုး ဖြစ်သနည်း။ ရှေ့ဆက်ကာ အမျိုးအစားခွဲပြလော့။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ယင်းကို အားပေးသင့်သလော။ (အားမပေးသင့်ပါ။) ယင်းသည် အားမပေးထိုက်သည့်အပြင် လူတို့က မချီးမွမ်းသည့်အတွက် ယင်းကို ရှုတ်ချပြီး စက်ဆုပ်ရွံရှာသင့်သည်။ ဤအပြုအမူမျိုးမှာ တွေ့မြင်နေကျဖြစ်၏။ လူတန်းစားမျိုးစုံနှင့် နေ့စဉ်ဘဝတွင် မကြာခဏ မြင်ရတတ်သည်။ ယင်းကို မကြာမကြာ သတိပြုမိပြီး ဤအရာမျိုး မကြာမကြာ ပြုလုပ်သောလူများ ရှိသည်။ သို့ဆိုလျှင် ယင်းကို ရွေးထုတ်ပြီး ဆွေးနွေးကာ၊ ထိုသို့ဖြင့် ဤကိစ္စနှင့်ဆိုင်သည့် တိကျမှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက်ရှိဖို့နှင့် ဖြစ်နိုင်လျှင် သူတို့ကို ဤအပြုအမူမျိုးမှ ကင်းအောင်နေဖို့ အယောက်တိုင်းကို ထောက်ကူပေးရန် ထိုက်တန်သလော။ ယင်းက ကောင်းမည် မဟုတ်လော။ (ကောင်းမည်ဖြစ်ပါသည်။) သို့ဆိုလျှင် ယင်းကို အဓိပ္ပာယ် သတ်မှတ်ကြစို့။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ယင်းမှာ မာနထောင်လွှားခြင်းလော။ စိတ်နှလုံးမာကျောခြင်းလော။ လှည့်ဖြားတတ်ခြင်းလော။ (မဟုတ်ပါ။) ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းလော။ (အနည်းငယ် မှန်ပါသည်။) ယင်းသည် ထိုအရာနှင့် အတော်ပင် နီးစပ်သည်။ သင်တို့ လေ့လာသင်ယူထားပြီး နားလည်သည့် စကားလုံးများထဲတွင် ဤအပြုအမူမျိုးကို အဓိပ္ပာယ်သတ်မှတ်နိုင်သည့် စကားလုံး တစ်လုံးတလေ ရှိသလော။ (ယုတ်ညံ့ခြင်းဟူသည့် စကားလုံးပင်။) ယုတ်ညံ့ခြင်းဟူသည့် စကားလုံးတွင် ဤအရည်အသွေးအနည်းငယ် ရှိပါသည်။ ဤစကားလုံးတွင် ဤအပြုအမူနှင့် အနှစ်သာရမျိုး ပါဝင်သော်လည်း ယင်းကို အပြည့်အဝနှင့် လုံးလုံးလျားလျား မခြုံငုံပေ။ ဤအပြုအမူကို မလိုမုန်းထားသည်ဟု သတ်မှတ်၍မရပေ။ အဘယ့်ကြောင့်ဆိုသော် ကြွက်တစ်ကောင်ကို သတ်ဖြတ်ခြင်းက မလိုမုန်းထားခြင်းဖြစ်လျှင် ကြွက်များကို မျိုးဖြုတ်ခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ပေမည်။ ကြွက်မျိုးဖြုတ်ခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်၏။ ကြွက်များက လူတို့ကို ဒုက္ခပေးသဖြင့် ၎င်းတို့ကို မျိုးဖြုတ်ခြင်းက မှန်ကန်၏။ သို့သော် ၎င်းတို့ကို မျိုးဖြုတ်ခြင်းနှင့် စားသောက်ခြင်း၌ ခြားနားချက်ရှိသည် မဟုတ်လော။ (ရှိပါသည်။) သို့ဆိုလျှင် ဤအပြုအမူကို မည်သို့ ပေါင်းရုံးဖော်ပြနိုင်သနည်း။ ဤအပြုအမူမျိုးနှင့် ဆက်စပ်သည့် မည်သည့်စကားလုံးများကို သင်တို့ စဉ်းစားမိနိုင်သနည်း။ (ယုတ်ပတ်ခြင်းပင်။) (အောက်တန်းကျသော စရိုက်ပင်။) အောက်တန်းကျသော စရိုက်၊ ယုတ်ညံ့ခြင်း၊ ယုတ်ခြင်းတို့ဖြစ်သည်။ နေ့စဉ်ဘဝတွင် အောက်တန်းကျသော အပြုအမူနှင့် မိမိ၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို အလေးမထားခြင်းတို့ကို ပေါင်းရုံးဖော်ပြဖို့ မည်သည့်စကားလုံးကို အသုံးပြုသနည်း။ (သိမ်ဖျင်းခြင်းပင်။) “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးက ဤအပြုအမူမျိုးကို အတိအကျနှင့် ရှင်းရှင်းလင်းလင်း ပေါင်းရုံးဖော်ပြသည်။ ယင်းကို အဘယ့်ကြောင့် “သိမ်ဖျင်းသည်” ဟု အဓိပ္ပာယ် သတ်မှတ်ရသနည်း။ အကယ်၍ ယင်းကို ယုတ်ညံ့သည်၊ တစ်ကိုယ်ကောင်းဆန်သည် သို့မဟုတ် ယုတ်သည်ဟု ဆိုလျှင် ယင်းမှာ သိမ်ဖျင်းသောလူတို့ ထုတ်ဖော်သည့် သရုပ်သကန်တစ်မျိုးသာ ဖြစ်သည်။ “သိမ်ဖျင်းခြင်း” တွင် ယုတ်ညံ့ခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ ယုတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အကျင့်ပျက်ခြင်း၊ လက်မခံနိုင်သော အပြုအမူများ ကျင့်ကြံပြုမူခြင်း၊ မိမိ၏ လုပ်ရပ်များတွင် ပွင့်လင်းမှု သို့မဟုတ် ရိုးဖြောင့်မှု ရှိရမည့်အစား ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ပြုမူခြင်းနှင့် မသင့်လျော်သော အရာများကိုသာ လုပ်ဆောင်ခြင်း စသည့် အဓိပ္ပာယ်များစွာ ပါဝင်သည်။ ဤသည်တို့မှာ သိမ်ဖျင်းသောလူများ၏ အမျိုးစုံသော အပြုအမူများနှင့် သရုပ်သကန်များ ဖြစ်၏။ ဥပမာ ပုံမှန်လူတစ်ဦးက တစ်စုံတစ်ခုကို ပြုလုပ်လိုလျှင် ယင်းက လျော်ကန်နေသရွေ့ ပွင့်လင်းမြင်သာသော ပုံစံဖြင့် ပြုလုပ်ပြီး ယင်းက ဥပဒေကို ချိုးဖောက်လျှင် သူက လက်လျှော့ပြီး ယင်းကို လုပ်ဆောင်မည်မဟုတ်ပေ။ သိမ်ဖျင်းသော လူတို့မှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို မရရသည့်နည်းဖြင့် စွမ်းဆောင်ရရှိမည်ဖြစ်ပြီး ဥပဒေ၏ ကန့်သတ်ချက်များကို တန်ပြန်ကာကွယ်ဖို့ နည်းဗျူဟာများ ရှိမည်ဖြစ်သည်။ သူတို့သည် ဥပဒေကို ရှောင်ကွင်းပြီး ထိုသို့ပြုခြင်းက လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရား အပြုအမူ သို့မဟုတ် လူ့သဘာဝနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ထို့ပြင် အကျိုးဆက်များက မည်သည့်အရာဖြစ်စေ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ဖို့ နည်းလမ်းများကို ရှာဖွေကြသည်။ ဤအရာများတစ်ခုကိုမျှ သူတို့ ဂရုမစိုက်ဘဲ သူတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်နိုင်သော မည်သည့်နည်းဖြင့်မဆို ဖြစ်မြောက်အောင်မြင်ဖို့သာ ကြိုးပမ်းကြသည်။ ဤသည်မှာ “သိမ်ဖျင်း” ခြင်းပင်။ သိမ်ဖျင်းသောလူတို့၌ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) သူတို့သည် မြင့်မြတ်သလော၊ အောက်တန်းကျသလော။ (အောက်တန်းကျသည်။) သူတို့သည် မည်သည့်ပုံစံဖြင့် အောက်တန်းကျသနည်း။ (သူတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ကိုယ်ကျင့်တရားအပြုအမူဆိုင်ရာ အခြေခံစည်း မရှိပါ။) မှန်ပေ၏။ ဤလူစားမျိုးသည် သူတို့၏ ကျင့်ကြံပြုမူခြင်း၌ အခြေခံစည်း သို့မဟုတ် စည်းမျဉ်းများ မရှိကြပေ။ သူတို့သည် အကျိုးဆက်များကို မထောက်ရှုဘဲ သူတို့လိုချင်သည့်အရာ မှန်သမျှကိုသာ ပြုလုပ်ကြသည်။ သူတို့သည် ဥပဒေနှင့်ပတ်သက်၍၊ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍၊ သူတို့၏ အသိတရားက သူတို့၏ လုပ်ရပ်များကို လက်ခံနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် သူတို့ကို တစ်စုံတစ်ဦးက လူသိရှင်ကြား ရှုတ်ချသည်၊ ဝေဖန်သည် သို့မဟုတ် အပြစ်တင်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။ သူတို့သည် ဤအရာအားလုံးကို အလေးမထားသည့်အပြင် သူတို့ အကျိုးအမြတ်ရပြီး ပျော်ရွှင်နေသရွေ့ အရေးမစိုက်ပေ။ အမှုအရာများအား သူတို့ ပြုလုပ်သည့်နည်းလမ်းသည် စာရိတ္တပျက်ပြားကာ သူတို့၏ အတွေးအခေါ်သည် စက်ဆုပ်ဖွယ်ကောင်းပြီး နှစ်ခုလုံးမှာ ရှက်စရာကောင်းသည်။ ဤသည်မှာ သိမ်ဖျင်းခြင်းကို ဆိုလို၏။ “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးကို ငါတို့ ယခင်က ပြောဆိုခဲ့သည့် ထိုစိတ်သဘောထားအချို့၏ သရုပ်သကန်များနှင့် အစားထိုး၍ရသလော။ ယင်းမှာ အမှန်တကယ် အဆင်ပြေမည်မဟုတ်ပေ။ “သိမ်ဖျင်းခြင်း” ဟူသည့် စကားလုံးမှာ အတော်ပင် ထူးခြားသဖြင့် သိမ်ဖျင်းသော လူတို့သည် ထူးခြားသော လူစားမျိုးဟုတ်သလော။ မဟုတ်ပေ။ သင်တို့အထဲ၌ သိမ်ဖျင်းသောအရာ တစ်ခုခုရှိသလော။ (ရှိပါသည်။) ဤအရာ၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ (တစ်ခါတစ်ရံ လူတို့သည် မျက်နှာသစ်ပြီးနောက် မျက်နှာသစ်စင်တစ်ခုလုံးတွင် ရေကျန်ခဲ့ပြီး သုတ်မပစ်ကြချေ။ ထို့ပြင် လူတို့သည် စားသောက်ပြီးသောအခါ စားပွဲပေါ်မှ ထမင်းလုံးများနှင့် ဟင်းရည်ဖတ်များကို သန့်ရှင်းရေးမလုပ်ကြပေ။ မိမိတို့၏ အဝတ်အစားများ ညစ်ပေသောအခါ ယင်းတို့ကို မခေါက်ဘဲ ဘေးတစ်နေရာရာ၌သာ ချောင်ထိုးကြသည်။ ဤသည်တို့မှာလည်း သိမ်ဖျင်းခြင်း၏ သရုပ်သကန်များ ဖြစ်သည်ဟု ထင်ပါသည်။) အမှန်တွင် ဤအရာများမှာ နေ့စဉ်ဘဝ၏ အသေးစိတ်အချက်များသာ ဖြစ်ပြီး သန့်ရှင်းစင်ကြယ်မှု မရှိခြင်းသည် အမှန်တကယ် သိမ်ဖျင်းခြင်းမဟုတ်၊ လူ့သဘာဝထဲ၌ မိမိ၏ အသက်ရှင်နေထိုင်ခြင်းနှင့် ဆိုင်၏။ အကယ်၍ လူတစ်ဦးသည် အဖွဲ့တစ်ခုတွင် ပါဝင်သောအခါ အခြားသူများအတွက် အကျိုးပြုသော အရာများကို မပြုလုပ်ပါက၊ လူတစ်ဦးသည် ကောင်းမွန်စွာ သွန်သင်လေ့ကျင့်ပေးခြင်း မခံရပါက သို့မဟုတ် မလိမ္မာပါက၊ ထို့ပြင် လူတို့၏ မကောင်းမြင်ခြင်းကို ခံရပြီး အခြားသူများအား သူ့ကို မုန်းတီးစက်ဆုပ်အောင် လုပ်သည့်အပြင် သူသွားသည့် မည်သည့်နေရာမဆို၏ စည်းကမ်းများ သို့မဟုတ် ဖွဲ့စည်းပုံများကို မလိုက်နာတတ်ဘဲ ဤနားလည်သဘောပေါက်ခြင်း မရှိပါက သူ၏ လူ့သဘာဝ၌ တစ်စုံတစ်ခု ပျောက်ဆုံးနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အရာ ပျောက်ဆုံးနေသနည်း။ ဆင်ခြင်တုံတရား ပျောက်ဆုံးနေသည်။ ဤသို့သော လူတို့သည် ဂုဏ်သိက္ခာကင်းမဲ့နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၌ ဂုဏ်သိက္ခာမရှိ၊ တည်ကြည်မှု မရှိသည့်အပြင် ညံ့ဖျင်းစွာ သွန်သင်လေ့ကျင့်ပေးခြင်း ခံခဲ့ရပေသည်။ ဤအရာသည် ကျင့်ကြံပြုမူခြင်း၏ အခြေခံစည်း၊ ပုံမှန်လူ့သဘာဝအား နေထိုင်အသက်ရှင်ခြင်းတို့နှင့် သက်ဆိုင်သည်။ အကယ်၍ လူတစ်ဦးသည် ဤစံနှုန်းများကိုပင် မပြည့်မီနိုင်ပါက သူသည် သမ္မာတရားကို မည်သို့များ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဘုရားသခင်ကို မည်သို့များ ဘုန်းတော်ထင်ရှားစေနိုင်မည်နည်း။ သမ္မာတရားစည်းမျဉ်းများအတိုင်း မည်သို့များ ပြုမူလုပ်ဆောင်နိုင်မည်နည်း။ ဤအရာများတစ်ခုတလေ လုပ်ဆောင်ခြင်းမှ သိပ်ကို အလှမ်းဝေးနေသည်။ ဤလူစားမျိုး၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ထိုသူကို ထိန်းကျောင်းဖို့ လွယ်ကူသလော။ သူ့အနေဖြင့် ပြောင်းလဲဖို့ လွယ်ကူသလော။ လုံးဝ မလွယ်ကူပေ။ သို့ဆိုလျှင် သူသည် မည်သို့ ပြောင်းလဲနိုင်သနည်း။ ဤအရာမှာ သူ့ကို လူတိုင်း ကြီးကြပ်ခြင်း၊ ချုပ်ထိန်းခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းတို့အပေါ် မူတည်မည်ဖြစ်သည်။ ဆိုးဝါးသော အရေးကိစ္စများတွင် လူတိုင်း သူ့ကို ဝေဖန်ထောက်ပြရဲရမည်။ ဤဝေဖန်ထောက်ပြခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူ့ကို ထောက်မပေးဖို့၊ သူ့ကို ကောင်းမွန်စွာ ကျင့်ကြံပြုမူအောင် အကူအညီပေးဖို့နှင့် ရှက်ဖွယ်ကောင်းပြီး မသင့်လျော်သော အရာများကို ပြုလုပ်ခြင်းမှ တားဆီးဖို့ ဖြစ်၏။ သို့ဆိုလျှင် သိမ်ဖျင်းခြင်းသည် အတိအကျအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်း၏ အခြေခံ လက္ခဏာများနှင့် သရုပ်သကန်များမှာ အဘယ်နည်း။ ငါ၏ ပေါင်းရုံးသုံးသပ်ချက်သည် တိကျမှန်ကန်မှု ရှိမရှိကို ကြည့်လော့။ သိမ်ဖျင်းသော လူတို့သည် မည်သည့်အရာနှင့် တူညီသနည်း။ သူတို့သည် မယဉ်ပါးသော၊ ညံ့ဖျင်းစွာ သွန်သင်လေ့ကျင့်ပေးခြင်း ခံခဲ့ရသော၊ တောရိုင်းတိရစ္ဆာန်များနှင့် တူညီပြီး ဤအရာ၏ အခြေခံ သရုပ်သကန်များမှာ မာနထောင်လွှားခြင်း၊ အရိုင်းအစိုင်း ဖြစ်ခြင်း၊ ချုပ်ထိန်းမှု ကင်းမဲ့ခြင်း၊ မဆင်မခြင် ပြုမူခြင်း၊ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံခြင်းသာမက မိမိနှစ်သက်သည့် အရာမှန်သမျှ ပြုလုပ်ခြင်း၊ မည်သူ့ကိုမျှ နားမထောင်ခြင်း၊ သို့မဟုတ် မည်သူ့ကိုမျှ သူ့အား စီမံခွင့်မပြုခြင်း၊ လူတိုင်းကို ဆန့်ကျင်ဝံ့ခြင်းနှင့် အခြားမည်သူ့အတွက်မျှ အ‌လေးထားမှု မရှိခြင်းတို့ ဖြစ်ကြသည်။ သိမ်ဖျင်းခြင်း၏ သရုပ်သကန်အမျိုးမျိုးမှာ ဆိုးဝါးသလော၊ ငါ့ကိုပြောလော့။ (ဆိုးဝါးပါသည်။) အနည်းဆုံးအနေဖြင့် မာနထောင်လွှားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် မဆင်မခြင် ပြုမူခြင်းနှင့်ဆိုင်သည့် ဤစိတ်သဘောထားမှာ အလွန်ဆိုးဝါး၏။ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်အား ဝေဖန်သုံးသပ်သည့် သို့မဟုတ် အတိုက်အခံလုပ်သည့် အရာများကို မလုပ်သည့်ပုံ‌ ပေါက်နေလျှင်ပင် သူ၏ မာန‌ထောင်လွှားသော စိတ်သဘောထားကြောင့် မကောင်းမှုကို ပြုလုပ်ပြီး သူ့ကို အတိုက်အခံ လုပ်မည်မှာ အလွန်အမင်း ဖြစ်နိုင်ချေ ရှိလေသည်။ သူ၏ လုပ်ဆောင်ချက်များအားလုံးမှာ ဖောက်ပြန်ပျက်စီးသော သူ၏ စိတ်သဘောထားများ ထုတ်ဖော်ပြမှုများဖြစ်သည်။ လူတစ်ဦးသည် တစ်စုံတစ်ခုသော အဆင့်အထိ သိမ်ဖျင်းလာသောအခါ သူသည် ဓားပြတစ်ဦးနှင့် နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ဓားပြများနှင့် နတ်ဆိုးများက သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် ဖျက်ဆီးခြင်းကိုသာ ခံရနိုင်၏။

ဤပုံဥပမာအကြောင်း ပြောရာတွင် တန်ဖိုးရှိသလော။ (ရှိပါသည်။) ဤပုံဥပမာသည် လူသား၏ သဘာဝအနှစ်သာရ သို့မဟုတ် စိတ်သဘောထားကို မဖော်ပြသော်လည်း ယင်းမှာ လူ့အပြုအမူနှင့် သက်ဆိုင်ပြီး လူသား၏ အနှစ်သာရနှင့် ကွာခြားသည့် သို့မဟုတ် မဆက်စပ်သည့် အရာများသာ မဟုတ်ပေ။ ဤပုံဥပမာကို မည်သို့ ခေါ်သင့်သနည်း။ ယင်းကို ပုံဆောင်ခိုင်းနှိုင်းသော အရည်အသွေးတစ်ခုဖြင့် တဲ့တိုးကြီးမဖြစ်လွန်းစေဘဲ အမည်ပေးကြစို့။ (ကြွက်များကို လိုက်ဖမ်းခြင်း။) “ကြွက်များကို လိုက်ဖမ်းခြင်း” သည် အတော်လေး ကောင်းမွန်သည့်အမည် ဖြစ်၏။ တစ်စုံတစ်ယောက်သည် “လုံးဝ တရားနည်းလမ်းကျသော” နည်းလမ်းဖြင့် ကြွက်တစ်ကောင်ဖမ်းခဲ့ပြီး “ကျွန်ုပ် ဘာလုပ်နိုင်မည်နည်း။ သင်းက ဤနေရာတွင် ပြေးဝင်လာခြင်းဖြစ်ပြီး ထိုအတွက် ကျွန်ုပ်စိတ်မကောင်း ဖြစ်ရပေသည်။ ထို့ပြင် သင်းက ဒဏ်ရာရထားသည်။ အကယ်၍ သင်းက ပြန်ထွက်ပြေးသွားလျှင်လည်း သေမည်ဖြစ်ပြီး မည်သို့ဆိုစေ အခြားတိရစ္ဆာန်များက သင်းကို စားပစ်လိုက်မည်ပင်။ ထို့ကြောင့် သင်းကို ကျွန်ုပ် အဘယ့်ကြောင့် မစားဘဲနေရမည်နည်း။ ယင်းသည် လုံးဝ တရားနည်းလမ်းကျမည် မဟုတ်လော” ဟု ပြောလေ၏။ ထိုကြွက်ကို စားဖို့ရန်အတွက် သူသည် ထိုဆင်ခြေများ အကုန်လုံးကို လုပ်ဇာတ်ခင်းပြီး ထိုအကြောင်းပြချက်များ အကုန်လုံးကို ဖန်တီးပြီးနောက် ကြွက်ကို စိတ်သန့်သန့်ဖြင့် စားပစ်လိုက်၏။ ဤသည်မှာ သိမ်ဖျင်းခြင်းပင်။ ယင်းမှာ အမေရိကားရှိ လူတို့က အသားစား၍ မရသည့်အလား မဟုတ်သောကြောင့် ထိုသို့သောအရာကို ပြုလုပ်ဖို့အတွက် ထိုပြဿနာအလုံးစုံကို တွေ့ကြုံခြင်းနှင့် လုံ့လစိုက်ထုတ်မှု အလုံးစုံကို ပြုလုပ်ခြင်းမှာ အကျိုးမရှိပေ။ ဤသည်မှာ သိမ်ဖျင်းသောလူတို့ ပြုလုပ်သည့် အရာမျိုးဖြစ်၏။ ပုံမှန်လူတို့က ဤအရာမျိုးလုပ်သလော။ လူ့သဘာဝနှင့် တည်ကြည်မှုရှိသော လူတို့က ဤအရာမျိုးလုပ်သလော။ (မလုပ်ပါ။) ၎င်းတို့ အဘယ့်ကြောင့် မလုပ်ကြသနည်း။ ဤသည်မှာ တည်ကြည်မှုနှင့် ဆိုင်၏။ သဘာဝအရ ပြုပြင်၍မရသော သူခိုးများသည် အမြဲတစေ ခိုးဝှက်ပြီး တစ်တိတစ်တိ ခိုးနေကာ ရှက်ဖွယ်ကောင်းသော အရာများကို ပြုလုပ်ကြသည်။ ၎င်းတို့သည် အိမ်တွင် တစ်စုံတစ်ခု ချို့တဲ့နေ၍လော။ ဟုတ်ချင်မှ ဟုတ်မည်။ ၎င်းတို့သည် သိမ်ဖျင်းသဖြင့် ခိုးဝှက်နေရမည်ဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့် မတင်းတိမ်နိုင်အောင် လောဘကြီးသော စိတ်သဘောထားကို ကျေနပ်စေဖို့အတွက် ခိုးဝှက်ခြင်းကို အမှီပြုနေသည်။ ဤအရာများ ပြုလုပ်ခြင်းက ၎င်းတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုပေးသည်။ အကယ်၍ ၎င်းတို့သည် ဤအရာမျိုးကို မလုပ်လိုက်ရလျှင် စိတ်မချမ်းမသာ ဖြစ်နေမည်။ ဤသည်မှာ သိမ်ဖျင်းခြင်းဖြစ်၏။ ယခု ငါသည် ပုံဥပမာကို အပြီးသတ်ပြီး အဓိကအကြောင်းအရာသို့ ဆက်သွားမည်။

အဓိကအကြောင်းအရာအကြောင်း မပြောမီ ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယပြုချက်တွင် ပါဝင်သည့် အကြောင်းအရာကို ဦးစွာ တွေးဆကြစို့။ ဘုရားသခင် ရွေးချယ်ထားသောလူတို့ ထမ်းဆောင်သည့် တာဝန်များကို အဓိကအားဖြင့် အမျိုးအစားခြောက်ခုအဖြစ် ခွဲခြားနိုင်သည်။ ပထမအမျိုးအစားကို ငါတို့ ဆွေးနွေးပြီးဖြစ်ကာ ယင်းမှာ ဧဝံ‌ဂေလိတရားဟောခြင်းဟူသည့် တာဝန်ကို ထမ်းဆောင်သောလူတို့ ဖြစ်၏။ ဒုတိယ အမျိုးအစားမှာ အသင်းတော်ထဲရှိ အဆင့်အမျိုးမျိုးတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ထမ်းဆောင်သောသူတို့ ဖြစ်သည်။ ဤအမျိုးအစား၌ ပါဝင်သူများကို အခြေခံအားဖြင့် အဓိကအမျိုးအစားနှစ်ခုအဖြစ် ခွဲခြားနိုင်ကာ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များဟု အမည်ရသည့် ဤအမျိုးအစားများမှ တစ်ခုအကြောင်းကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ အန္တိခရစ်များ မည်သို့အလုပ်လုပ်သည်၊ ၎င်းတို့၌ မည်သည့် သရုပ်သကန်များ ရှိသည်နှင့် ၎င်းတို့ကို အန္တိခရစ်များဟု စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သည့် မည်သည့်အရာများကို ၎င်းတို့လုပ်သည်ဟူသည့် အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် စိတ်သဘောထားများကို ငါတို့ ဆွေးနွေးခဲ့ကြသည်။ ယင်း၌ တိကျသော မည်သည့်အချက်များ ရှိသနည်း။ (အချက် ၁။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်။ အချက် ၂။ အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏။ အချက် ၃။ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်။ အချက် ၄။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ အချက် ၅။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏။) ပြီးခဲ့သည့်အခေါက်တွင် အချက်ငါးချက်ကို အကျဉ်းချုပ် ပြောခဲ့ပြီး သင်တို့သည် ထိုအရာများအားလုံးကို မှတ်သားခဲ့ကြသည်။ ယခုအခါတွင် နောက်ထပ်လာမည့် အချက်များကို မှတ်သားကြလော့။ အချက် ၆။ သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏။ အချက် ၇။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည်။ အချက် ၈။ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်။ အချက် ၉။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်။ အချက် ၁၀။ ၎င်းတို့သည် သမ္မာတရားကို မထီမဲ့မြင်ပြုသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ ချိုးဖောက်ပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်။ အချက် ၁၁။ ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို ကျူးလွန်သည့်အခါ ပြုပြင်ခံရခြင်းကို လက်ခံပြီး နောင်တရသည့် သဘောထားတစ်ခု ရှိရမည့်အစား အယူအဆများကို ဖြန့်ဝေကာ ဘုရားသခင်ကို လူသိရှင်ကြား ဝေဖန်အကဲဖြတ်ကြလေသည်။ အချက် ၁၂။ အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်။ အချက် ၁၃။ ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏ စိတ်နှလုံးကိုလည်း ထိန်းချုပ်၏။ အချက် ၁၄။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏။ အချက် ၁၅။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏။ စုစုပေါင်း ၁၅ ချက် ရှိကာ ယင်းတို့အားလုံးက အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်သည်။ ဤ ၁၅ ချက်က အန္တိခရစ်များ၌ရှိသည့် မတူညီသော အပြုအမူမျိုး၊ သရုပ်သကန်မျိုးနှင့် စိတ်သဘောထားမျိုးတို့ကို အခြေခံအားဖြင့် အကျဉ်းချုပ်ဖော်ပြသည်။ ယင်းတို့အချို့သည် အပေါ်ယံတွင် အပြုအမူများ ဖြစ်ဟန်တူသော်လည်း ဤအပြုအမူများ၏ နောက်ကွယ်တွင် အန္တိခရစ်များ၏ ငုပ်နေသော စိတ်သဘောထား အနှစ်သာရရှိ၏။ ယင်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်အရ ဤ ၁၅ ချက်ကို နားလည်ဖို့ လွယ်ကူသလော။ ယင်းတို့အားလုံးကို ရိုးရှင်းသော ဘာသာစကားဖြင့် ရေးဖွဲ့ထားပြီး တစ်ဖက်တွင် ယင်းတို့မှာ နားလည်ရ လွယ်ကူသည့်အပြင် ယင်းတို့တစ်ခုစီက အကျဉ်းချုပ်ဖော်ပြသည့် အရာသည် လူ၏ သရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် အနှစ်သာရတို့နှင့် ဆက်စပ်လေသည်။ အချက်တိုင်းသည် စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်၏။ ယင်းမှာ ခဏတာ အပြုအမူ သို့မဟုတ် အကြံအစည်သာ မဟုတ်ပေ။ စိတ်သဘောထားဟူသည်မှာ အဘယ်နည်း။ စိတ်သဘောထားသည် မည်သည့်အရာဖြစ်ကြောင်း လူတစ်ဦး မည်သို့ ရှင်းပြနိုင်သနည်း။ စိတ်သဘောထားဟူသည်မှာ လူတစ်ဦး မည်သည့်နေရာ သွားသည်ဖြစ်စေ သူ၏ စိတ်ကူးများ၊ ထင်မြင်ချက်များ၊ အမှုအရာများ ပြုလုပ်ဖို့အတွက် စည်းမျဉ်းများ၊ လုပ်ဆောင်မှုနည်းလမ်းများနှင့် သူလိုက်စားနေသည့် ရည်မှန်းချက်ပန်းတိုင်တို့သည် အချိန်နှင့် ပထဝီဝင်တည်နေရာ ပြောင်းလဲမှုများအတိုင်း လိုက်၍ မပြောင်းလဲပေ။ အကယ်၍ လူတစ်ဦး၏ အမှုအရာများ ပြုလုပ်ပုံသည် သူ၏ ပတ်ဝန်းကျင် ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားလျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှု မဟုတ်တော့ဘဲ ခဏတာအပြုအမူသာ ဖြစ်၏။ တကယ့်စိတ်သဘောထားမှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ (ယင်းက လူတစ်ဦးကို မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို စိုးမိုးခြယ်လှယ်နိုင်သည်။) မှန်၏၊ ယင်းသည် အချိန်မရွေး၊ နေရာမရွေး အခြေအနေ၏ ချုပ်ထိန်းမှုများ သို့မဟုတ် လွှမ်းမိုးမှုများ မပါဘဲ လူတစ်ဦး၏ စကားများနှင့် လုပ်ဆောင်ချက်များကို စိုးမိုးခြယ်လှယ်နိုင်သည်။ ယင်းသည် အနှစ်သာရဖြစ်၏။ အနှစ်သာရဟူသည်မှာ အသက်ရှင်ရပ်တည်ဖို့အတွက် လူတစ်ဦး အမှီသဟဲပြုသည့်အရာ ဖြစ်၏။ ယင်းသည် အချိန်၊ တည်နေရာ သို့မဟုတ် အခြားသော ပြင်ပအကြောင်းရင်းများ၏ ပြောင်းလဲမှုအပေါ် မူတည်၍ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ လူတစ်ဦး၏ အနှစ်သာရ ဖြစ်၏။ လူအချို့က “ကျွန်ုပ်တွင် ကိုယ်တော်အကျဉ်းချုပ်ဖော်ပြထားသည့် အန္တိခရစ်များ၏ ဤသရုပ်သကန် ၁၅ ခုလုံး အနည်းနှင့်အများ ရှိသော်လည်း အဆင့်အတန်းကို မလိုက်စားသည့်အပြင် မည်သည့်ရည်မှန်းချက်နှင့်မျှ မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ ထို့အပြင် ကျွန်ုပ်သည် ယခုလောလောဆယ် မည်သည့်တာဝန်ဝတ္တရားကိုမျှ တာဝန်ယူခြင်း မရှိပါ။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အမှုဆောင်တစ်ဦးလည်း မဟုတ်သည့်အပြင် ထင်ရှားကျော်ကြားမှုဖြင့် နေရခြင်းကို မနှစ်သက်ပေ။ သို့ဆိုလျှင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် ကျွန်ုပ်နှင့် မဆိုင်ဘူး မဟုတ်လော။ အကယ်၍ ယင်းနှင့် မဆိုင်ပါက ကျွန်ုပ်အနေဖြင့် ဤမိတ်သဟာယပြုချက်များကို နားထောင်ဖို့မလို သို့မဟုတ် မိမိကိုယ်ကို သူတို့နှင့် နှိုင်းယှဉ်ကြည့်စရာမလိုသည်မှာ မှန်သည်မဟုတ်လော” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများ၏ ပကတိအခြေအနေများ ဟုတ်သ‌လော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးသည် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဤသရုပ်သကန်များနှင့် ပတ်သက်၍ မိတ်သဟာယပြုထားသည့် သမ္မာတရားများကို လူတစ်ဦးသည် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး ဤမိတ်သဟာယပြုချက်များထဲတွင် မိမိကိုယ်ကို သိနားလည်ရမည်။ ထို့နောက် မှန်ကန်သောလမ်းကြောင်းကို ရှာတွေ့ပြီး မိမိ၏ တာဝန်ထမ်းဆောင်မှုနှင့် ဘုရားသခင်အား အစေခံရာတွင် စည်းမျဉ်းများကို ပိုင်ဆိုင်လာရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သူသည် အန္တိခရစ်များ၏ လမ်းကြောင်းမှ လွတ်မြောက်ပြီး စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းကို အစပြုနိုင်သည်။ အကယ်၍ သင်တို့သည် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို မိမိတို့ကိုယ်ကိုနှင့် ဆက်စပ်နိုင်လျှင် ဤသည်မှာ သင်တို့အတွက် သတိပေးချက်၊ နှိုးဆော်ချက်၊ ဖော်ထုတ်ပြချက်နှင့် တရားစီရင်ချက်တစ်ခု ဖြစ်မည်။ အကယ်၍ မိမိတို့ကိုယ်ကိုနှင့် မဆက်စပ်နိုင်သော်လည်း သင်တို့၌လည်း တူညီသော အခြေအနေများ ရှိကြောင်း သတိပြုမိနိုင်လျှင် သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုသိနားလည်ရန် ကြိုးစားသင့်ပြီး ထိုအခြေအနေများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသို့ဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်ပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်းမှ ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။

အန္တိခရစ်များက မိမိကိုယ်ကို မည်သို့ ဂုဏ်တင်ချီးကျူးပြီး သက်သေခံပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ယနေ့မိတ်သဟာယပြုချက်သည် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးအနက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် စတုတ္ထမြောက် သရုပ်သကန်အကြောင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် စဉ်းလဲသော ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို မသမာသော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့အသုံးပြုသည့် ဤနည်းလမ်းများကို လှည့်ဖြားတတ်သော စိတ်သဘောထားက ညွှန်ကြားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ဆိုလျှင် ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ ဤအရာသည် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မည်သည့်ဆက်စပ်မှု ရှိသနည်း။ သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရာ၌ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းနိုင်သလော။ မပွင့်လင်းနိုင်ကြပေ။ သို့သော် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ လိုအင်ဆန္ဒတစ်ခု အမြဲရှိပြီး ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာမှာ ထိုလိုအင်ဆန္ဒကို အထောက်အကူ ပြုဖို့အတွက် ဖြစ်သည့်အပြင် ၎င်းတို့ပြောဆိုလုပ်ဆောင်သည့် အရာ၏ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများကို အလွန်လျှို့ဝှက်စွာ ထိန်းသိမ်းထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိဖို့ တလွဲပြုမူခြင်း သို့မဟုတ် ကလိမ်ကကျစ် နည်းလမ်းတစ်ခုခုကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့သော လျှို့ဝှက်ခြင်းသည် သဘာဝအားဖြင့် စဉ်းလဲသည်မဟုတ်လော။ ထိုသို့သော စဉ်းလဲခြင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ခေါ်ဆိုနိုင်သည်မဟုတ်လော။ (ခေါ်ဆိုနိုင်ပါသည်။) ယင်းကို ကောက်ကျစ်ဆိုးယုတ်သည်ဟု စင်စစ် ခေါ်ဆို၍ရပြီး ယင်းသည် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းစွာ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းတစ်ခုခု သို့မဟုတ် နည်းစနစ်တစ်ခုခုကို အသုံးပြုကြသည်။ ဤစိတ်သဘောထားမှာ လှည့်ဖြားခြင်းဖြစ်၏။ သို့ရာတွင် လူတို့အား မိမိတို့နောက်လိုက်စေဖို့၊ မိမိတို့ကို ကြည်ညိုစေဖို့နှင့် ကိုးကွယ်စေဖို့ အမြဲတမ်း အလိုရှိနေသည့် စိတ်နှလုံးထဲရှိ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန်၊ ဤအရာများကို မည်သည့်နည်းဖြင့်မဆို အရှက်မရှိ လုပ်ဆောင်ရန်အတွက် ၎င်းတို့ကို မကြာခဏ ညွှန်ကြားလေသည်။ ဤစိတ်သဘောထားမှာ မည်သည့်အရာနည်း။ ဤအရာမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းအဆင့်ထိ မြင့်တက်လေသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် သာမန် စိတ်သဘောထား သေးသိမ်ခြင်း သို့မဟုတ် လှည့်ဖြားတတ်ခြင်းနှင့် လိမ်လည်ပြောဆိုခြင်းမျှသာ မဟုတ်ပေ။ လူတစ်ဦးသည် သာမန်ဖောက်ပြန်ပျက်စီးမှုမှ ကောက်ကျစ်ဆိုးယုတ်ခြင်း အဆင့်သို့ မြင့်တက်နိုင်လျှင် ဤသည်မှာ ၎င်းတို့ ပို၍ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အတိုင်းအတာကို ဖော်ပြလော့။ မည်သည့်နည်းလမ်းဖြင့် ပြောဆိုခြင်းက သင့်တော်မည်နည်း။ လူတစ်ဦးသည် သာမန်ဖောက်ပြန်ပျက်စီးမှုမှ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ အဘယ်ကြောင့် မြင့်တက်သွားသနည်း။ ဤကိစ္စကို သင်တို့ ရှင်းလင်းစွာ သိမြင်နိုင်သလော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းကြားတွင် မည်သည့်ကွာခြားချက် ရှိသနည်း။ ၎င်းတို့ ဖော်ပြပုံအရဆိုလျှင် ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့သည် အသေအချာ ဆက်စပ်နေသော်လည်း ကောက်ကျစ်ဆိုးယုတ်ခြင်းက ပို၍ပြင်းထန်သည်။ ယင်းသည် အဆုံးစွန်ထိရောက်သော လှည့်ဖြားတတ်ခြင်း ဖြစ်သည်။ လူတစ်ဦးတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည်ဟု ဆိုလျှင် ထိုသူသည် သာမန်အားဖြင့် လှည့်ဖြားတတ်သူမဟုတ်ပေ၊ အကြောင်းမှာ သာမန်လှည့်ဖြားတတ်ခြင်းသည် ထိုသူက အကျင့်ပါနေသော လိမ်လည်ပြောဆိုသူဖြစ်ခြင်း သို့မဟုတ် သူ၏လုပ်ဆောင်ချက်များတွင် သိပ်မရိုးသားခြင်းဟု ဆိုလိုနိုင်သော်လည်း ကောက်ကျစ်ဆိုးယုတ်ခြင်းမှာမူ လှည့်ဖြားတတ်ခြင်းထက် ပို၍ ဆိုးရွားပြီး ပို၍နက်ရှိုင်းသောအဆင့်တွင် ရှိသောကြောင့်ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသူတစ်ဦး၏ လှည့်ဖြားတတ်ခြင်းသည် သာမန်လူတစ်ဦး၏ လှည့်ဖြားတတ်ခြင်းထက် ပို၍ကြီးမားပြီး ပို၍ဆိုးရွားသည်၊ ပြီးလျှင် ၎င်းတို့၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များ၊ ၎င်းတို့၏လုပ်ဆောင်ချက်များ နောက်ကွယ်မှ ပရိယာယ်များသည်လည်း ပို၍ကောက်ကျစ်စဉ်းလဲပြီး ပို၍လျှို့ဝှက်ကာ လူအများစုသည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။

အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သာမန်လူက အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ သာမန်လူသည် လူတို့အား မိမိတို့ကို အထင်ကြီးစေရန် မကြာခဏ လေထွားပြီး ကြွားလုံးထုတ်ကြကာ ဤစိတ်သဘောထားများ၊ အခြေအနေများနှင့်ဆိုင်သည့် သရုပ်သကန်များလည်း ရှိမည်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ပုံမှန်လူတို့က အလားတူပြုလုပ်သည်နှင့် မည်သို့ ကွာခြားသနည်း။ ခြားနားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် ရှင်းလင်းနေရမည်။ မိမိကိုယ်ကို ရံဖန်ရံခါ ဂုဏ်တင်ချီးကျူးခြင်း သို့မဟုတ် ကြွားဝါခြင်းဟူသည့် သရုပ်သကန်အားလုံးကို အန္တိခရစ်များ၏ အမျိုးအစားအောက်၌ ပေါင်းမထည့်လေနှင့်။ ဤသည်မှာ အယူအဆဆိုင်ရာ အမှားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤကိစ္စကို မည်ကဲ့သို့ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်သနည်း။ ခြားနားချက်က မည်သည့်နေရာတွင် ရှိသနည်း။ အကယ်၍ သင်သည် ဤအရာကို ရှင်းလင်းစွာ ဖော်ပြနိုင်လျှင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှာ မည်သည့်အရာဖြစ်ကြောင်း သင် လုံးလုံးလျားလျား နားလည်နိုင်သည်။ ကြိုးစားပြောကြည့်လော့။ (အန္တိခရစ်တစ်ဦး၏ အမှုအရာများပြုလုပ်သည့် နည်းလမ်းမှာ ပို၍ ခိုးကြောင်ခိုးဝှက်နိုင်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် အလွန် မှန်ကန်သင့်တော်သည်ဟု ထင်ရသည့် နည်းလမ်းအချို့ကို အသုံးချသည်။ ၎င်းတို့သည် မှန်ကန်သင့်တော်သော ကိစ္စတစ်ခုအကြောင်း ပြောနေသည့်ပုံပေါက်သော်လည်း သင်မသိလိုက်မီ ၎င်းတို့က မည်သူမျှ သတိမထားမိဘဲ စတင်၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ၎င်းတို့၏နည်းလမ်းက အတော်ပင် ခိုးကြောင်ခိုးဝှက်နိုင်သည်။) အတော်ပင် ခိုးကြောင်ခိုးဝှက်နိုင်သည် ဟူသည့် ဤအရာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ၎င်းတို့၏နည်းလမ်းအားဖြင့် ၎င်းတို့ကို သိသာစေခြင်း ဖြစ်သည်။ အခြားနောက်ထပ်တစ်ခုခု ရှိသလော။ ရည်ရွယ်ချက်ရှိရှိဖြင့် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ရည်ရွယ်ချက်မရှိဘဲ ထိုသို့ပြုလုပ်ခြင်းတို့ကြားထဲမှ သဘာဝအားဖြင့် ခြားနားချက်မှာ မည်သည့်အရာ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ (ရည်ရွယ်ချက်များက ခြားနားပါသည်။) ဤသည်မှာ ခြားနားချက်ရှိသည့်နေရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် သာမန်လူတစ်ဦးသည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး ကြွားလုံးထုတ်သောအခါ ယင်းမှာ ပြစားဖို့သက်သက် ဖြစ်သည်။ ထိုသူတို့က ပြစားပြီးသည်နှင့် ကိစ္စအဆုံးသတ်ပြီဖြစ်ပြီး အခြားသူတို့က သူတို့ကို အထင်ကြီးသည်ကိုဖြစ်စေ၊ အထင်သေးသည်ကိုဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ထိုသူတို့၏ ရည်ရွယ်ချက်က တိကျပြတ်သားလွန်းခြင်း မရှိ၊ ယင်းက သူတို့ကို ထိန်းချုပ်နေသော စိတ်သဘောထားတစ်ခု၊ စိတ်သဘောထား ထုတ်ဖော်မှုတစ်ခုသက်သက်ပင်။ ဤမျှသာဖြစ်၏။ ဤစိတ်သဘောထားမျိုးကို ပြောင်းလဲဖို့ လွယ်ကူသလော။ အကယ်၍ အဆိုပါလူသည် သမ္မာတရားကို လိုက်စားပါက ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံသောအခါ သူသည် တဖြည်းဖြည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။ သူ၌ ရှက်စိတ်နှင့် ဆင်ခြင်တုံတရား တဖြည်းဖြည်း ပိုရှိလာမည်ဖြစ်ပြီး ဤအပြုအမူမျိုး ပြသခြင်း ပို၍ပို၍ လျော့နည်းလာမည်။ သူသည် ဤအပြုအမူမျိုးကို ပြစ်တင်ရှုတ်ချမည်ဖြစ်ကာ ချုပ်တည်းမှုကို ကျင့်သုံးပြီး မိမိကိုယ်ကို ထိန်းမည်ဖြစ်သည်။ ဤသည်မှာ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်၏။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် မရည်ရွယ်ဘဲ ထိုသို့ပြုလုပ်ခြင်းတို့အထဲ၌ ပါရှိသော စိတ်သဘောထားများမှာ အတူတူဖြစ်သော်လည်း ထိုအရာနှစ်ခု၏ သဘာဝမှာ ခြားနား၏။ ယင်းတို့သည် သဘာဝအားဖြင့် မည်သို့ခြားနားသနည်း။ ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို အကြံအစည်ဖြင့် ပြုလုပ်သည်။ ဤအရာကို ပြုလုပ်သော လူတို့က သာမန်ကာလျှံကာ စကားပြောနေခြင်းမဟုတ်၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အချိန်တိုင်းတွင် ၎င်းတို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ဖုံးကွယ်နေသော ရည်မှန်းချက်များကို ထားရှိကြပြီး စာတန်ဆန်သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် ဤအရာမျိုးကို ပြုလုပ်ကြသည်။ အပေါ်ယံတွင် ယင်းသည် တူညီသော သရုပ်သကန်မျိုးဖြစ်ဟန် တူသည်။ အခြေအနေနှစ်ခုလုံးတွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြသော်လည်း ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖော်ထုတ်ချက်တစ်ခုအဖြစ် သတ်မှတ်သည်။ ထို့ပြင် ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကို ဘုရားသခင်က မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ လူတစ်ဦးက လူတို့ကို မိမိအား အထင်ကြီးစေရန်၊ မိမိအား ကိုးကွယ်စေရန်၊ ကြည်ညိုလေးစားစေပြီးနောက် မိမိနောက်သို့ လိုက်စေရန် ဆုံးဖြတ်ထားလျက် လူတို့ကို အထင်အမြင်မှားစေရန် အလိုရှိခြင်းအဖြစ် သတ်မှတ်သည်။ သူ၏လုပ်ရပ်သည် သဘာဝအားဖြင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့က သူ့နောက်လိုက်ပြီး သူ့အား ကိုးကွယ်ရန်အတွက် လူတို့ကို အထင်အမြင်မှားစေဖို့နှင့် လူတို့အား လက်ဝယ်ရရှိဖို့ သူ၌ ရည်ရွယ်ချက် ရှိလျှင်ရှိချင်း သူသည် စကားပြောပြီး ပြုမူလုပ်ဆောင်သည့်အခါ သမ္မာတရားကို နားမလည်သည့်အပြင် နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ကင်းမဲ့သောသူတို့ကို အလွယ်တကူ အထင်အမြင်မှားစေပြီး လမ်းမှားစေနိုင်သည့် နည်းလမ်းများနှင့် နည်းစနစ်များအချို့ကို အသုံးပြုကြမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ဤသူပြောသည့်အရာ မှန်သည်ဟုထင်ကာ သူ့ကို ကြည်ညိုလေးစားပြီး အထင်ကြီးကောင်း ကြီးနိုင်သည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ သူ့ကို ကိုးကွယ်ပြီး သူ့နောက်ကိုပင် လိုက်ကြမည်ဖြစ်သည်။ နေ့စဉ်အသက်တာတွင် အဖြစ်များဆုံး ဖြစ်ရပ်မှာ လူတစ်ဦးသည် တရားဒေသနာတစ်ပုဒ်ကို ကြားပြီးနောက် အတော်ပင် ကောင်းစွာ နားလည်သည့်ဟန်တူသော်လည်း သူ့အပေါ် တစ်စုံတစ်ရာကျရောက်သည့် နောက်ပိုင်းတွင် ယင်းကို မည်သို့ဖြေရှင်းရမည် မသိပေ။ သူသည် ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သွားသော်လည်း ဤအရာက အကျိုးမထူးသည့်အပြင် နောက်ဆုံးတွင် ဤကိစ္စအကြောင်း မေးမြန်းပြီး ဖြေရှင်းချက်တစ်ခုကို တောင်းဆိုဖို့ရန် သူ၏ခေါင်းဆောင်ထံသို့ သွားရလေသည်။ သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့် အချိန်တိုင်း ယင်းကိုဖြေရှင်းပေးဖို့ သူ၏ခေါင်းဆောင်ကို တောင်းဆိုချင်သည်။ ယင်းမှာ လူအချို့အတွက် ဘိန်းရှူခြင်းက စွဲလမ်းမှုနှင့် ပုံစံတစ်ခုဖြစ်လာပြီး အချိန်တန်သောအခါ ထိုသူတို့သည် ဘိန်းမရှူရဘဲ မနေနိုင်တော့မည့်ပုံစံနှင့် တူနေသည်။ ထို့ကြောင့် အန္တိခရစ်များ မသိမသာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် ဝိညာဉ်ရင့်သန်မှု နုနယ်သော၊ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော၊ စဉ်းစားဉာဏ်မရှိဘဲ ပညာမဲ့သော သူတို့အတွက် မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်လာသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာကျရောက်တိုင်း ယင်းနှင့်ပတ်သက်၍ ထိုအန္တိခရစ်ကို သွားမေးကြမည်ဖြစ်ပြီး ထိုအန္တိခရစ်က အမိန့်မထုတ်လျှင် လူတိုင်းက ပြောဆိုဆွေးနွေးပြီး ထိုကိစ္စအပေါ် အများသဘောတူညီမှု ရရှိပြီးသားဖြစ်လျှင်ပင် ၎င်းတို့က မည်သည့်အရာကိုမျှ မဆောင်ရွက်ရဲပေ။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ဆန္ဒမပါဘဲ လုပ်ဆောင်ပြီး ဖိနှိပ်ခံရဖို့ ကြောက်သဖြင့် ကိစ္စရပ်တိုင်းတွင် ထိုအန္တိခရစ်က စကားပြောပြီးမှသာ အရေးယူဆောင်ရွက်ရဲကြသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်ထားသောအခါ၌ပင် ဆုံးဖြတ်ချက်မချရဲ သို့မဟုတ် ထိုကိစ္စကို မကိုင်တွယ်ရဲကြပေ။ ထိုအစား နောက်ဆုံးထင်မြင်ချက်နှင့် ဆုံးဖြတ်ချက်အတွက် ၎င်းတို့ မျှော်ကိုးရသည့် “ဆရာကြီး” ကို စောင့်ဆိုင်းကြသည်။ အကယ်၍ ၎င်းတို့၏ဆရာကြီးက မည်သည့်အရာကိုမျှ မပြောလျှင် ထိုကိစ္စကိုကိုင်တွယ်သော မည်သူမဆို မည်သို့ပြုလုပ်သင့်သည်နှင့် ပတ်သက်၍ မသေမချာ ဖြစ်နေကြမည်။ ဤလူတို့သည် အဆိပ်မိထားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို အဆိပ်ခတ်ခံထားရပြီဟု ဆိုလိုသည်။ ၎င်းတို့အနေဖြင့် အကြီးအကျယ် အဆိပ်ခတ်ခံရဖို့အတွက် ထိုအန္တိခရစ်က အလုပ်မည်မျှ လုပ်ဆောင်ဖို့လိုပြီး ၎င်းတို့ကို အဆိပ်မည်မျှ တိတ်တဆိတ် ထည့်ပေးဖို့လိုသနည်း။ အကယ်၍ ထိုအန္တိခရစ်သည် မိမိကိုယ်ကို မကြာမကြာ စိတ်ဖြာလေ့လာဆွေးနွေးပြီး မိမိကိုယ်ကိုမိမိ သိကျွမ်းကာ မိမိ၏ အားနည်းချက်များ၊ အမှားများနှင့် ပြစ်မှားခြင်းများကို လူတို့မြင်တွေ့ဖို့ မကြာခဏ ဖွင့်ဟဝန်ခံလျှင် သူ့ကို လူတိုင်းက ယခုကဲ့သို့ ကိုးကွယ်နေဦးမည်လော။ လုံးဝ ကိုးကွယ်တော့မည်မဟုတ်ပေ။ ထိုအန္တိခရစ်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၌ အတော်များများ ကြိုးစားအားထုတ်နေပုံပေါက်ကာ ယင်းမှာ ထိုကဲ့သို့သော “အောင်မြင်မှု” ကို သူ ရရှိထားသည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ သူလိုချင်သည့် ရလဒ်ဖြစ်၏။ သူမပါလျှင် မည်သူကမျှ မိမိ၏တာဝန်ကို သင့်လျော်အောင် မည်သို့ထမ်းဆောင်ရမည် မသိဘဲ လူတိုင်းက လုံးဝ လမ်းစပျောက်နေမည် ဖြစ်သည်။ ဤလူတို့ကို ထိန်းချုပ်နေစဉ် ထိုအန္တိခရစ်သည် ၎င်းတို့ကို အဆိပ်များစွာ တိတ်တဆိတ် ထည့်ပေးပြီး များစွာ ကြိုးစားအားထုတ်နေသည်မှာ ထင်ရှားလေ၏။ အကယ်၍ ၎င်းက စကားအနည်းငယ်သာ ပြောခဲ့ပါက ဤလူတို့သည် ယခုကဲ့သို့ ၎င်း၏ ဘောင်ခတ်ခြင်းကို ခံရဦးမည်လော။ လုံးဝ ခံရမည်မဟုတ်ပေ။ ထိုအန္တိခရစ်က လူတို့ကို မိမိအား ကိုးကွယ်အောင်၊ မိမိအား လေးစားကြည်ညိုအောင်သာမက ကိစ္စရပ်တိုင်းတွင် မိမိအား အရေးစိုက်အောင် လုပ်ခြင်းဟူသည့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ကြိုးစားသောအခါ ၎င်းတို့သည် အမှုအရာများစွာနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် စကားများစွာကို ပြုလုပ်ပြောဆိုပြီးပြီ မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့ စွမ်းဆောင်ရရှိသည့် ရလဒ်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၌ လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး ၎င်းတို့မပါဘဲ ဆက်လက် အသက်မရှင်နိုင်တော့ခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့မပါလျှင် မိုးပြိုကျပြီး မြေကြီးက ဆက်မလည်ပတ်တော့မည့် ပုံစံဖြစ်ကာ ဘုရားသခင်အား ယုံကြည်ခြင်း၌ တန်ဖိုးမရှိကာ သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့ကာ တရားဒေသနာများ နားထောင်ခြင်းက အလဟဿဖြစ်မည့်အလားပင် ဖြစ်သည်။ ယင်းမှာ လူတို့သည် ထိုအန္တိခရစ် အနားတွင်ရှိနေလျှင် မိမိတို့၏အသက်တာ၌ မျှော်လင့်ချက်တစ်ခုခု ရှိသည်ဟု ခံစားရပြီး ထိုအန္တိခရစ် သေဆုံးခဲ့လျှင် မျှော်လင့်ချက်ဟူသမျှ ပျောက်ဆုံးသွားမည့် ပုံစံလည်း ဖြစ်သည်။ ဤလူတို့သည် စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီမဟုတ်လော။ (ဟုတ်ပါသည်။) ထို့ပြင် ဤကဲ့သို့သော လူတို့သည် ထိုအရာနှင့် မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ထိုအရာနှင့် ၎င်းတို့ထိုက်တန်သည်ဟု ငါတို့ အဘယ့်ကြောင့် ဆိုရသနည်း။ ဘုရားသခင်သည် သင်ယုံကြည်နေသည့် တစ်ပါးတည်းသောသူသာ ဖြစ်သည်။ သို့ဆိုလျှင် နေရာတိုင်းတွင် အန္တိခရစ်များကို သင့်အား ဘောင်ခတ်ပြီး ထိန်းချုပ်ခွင့်ပေးကာ ၎င်းတို့ကို သင် အဘယ့်ကြောင့် ကိုးကွယ်လိုက်လျှောက်ရသနည်း။ ထို့ပြင် မိမိသည် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ဘုရားအိမ်တော်က လူတို့ကို ရှင်းလင်းသော စည်းမျဉ်းများနှင့် နည်းဥပဒေသများကို ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အကယ်၍ မိမိဘာသာ မဖြေရှင်းနိုင်သည့် အခက်အခဲတစ်ခု ရှိပါက သမ္မာတရားနားလည်သူ တစ်စုံတစ်ဦးထံ၌ ရှာဖွေသင့်ပြီး ပို၍ကြီးလေးသော အရေးကိစ္စများတွင် အထက်ထံ၌ ရှာဖွေသင့်သည်။ သို့သော် သင်သည် သမ္မာတရားကို မရှာဖွေသည်သာမက ဆန့်ကျင်ဘက်အနေဖြင့် ဤအန္တိခရစ်များ ပြောသည့်အရာကို ယုံကြည်လျက် လူတို့ကိုသာ ကိုးကွယ်ပြီး မျှော်ကိုးသည်။ ထို့ကြောင့် သင်သည် စာတန်၏ လက်ပါးစေဖြစ်လာပြီး မိမိကိုယ်ကိုသာ အပြစ်တင်ဖို့ရှိသည် မဟုတ်လော။ ဤအရာနှင့် သင်ထိုက်တန်သည် မဟုတ်လော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များကြားတွင် တူညီသော အပြုအမူနှင့် သရုပ်သကန်ဖြစ်ကာ ယင်းသည် အဖြစ်များဆုံး သရုပ်သကန်တစ်ခု ဖြစ်၏။ အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံပုံနှင့်ဆိုင်သည့် အဓိက ပင်ကိုလက္ခဏာမှာ အဘယ်နည်း။ ယင်းသည် သာမန်လူတစ်ဦး မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့်ပုံနှင့် မည်သည့်ပုံစံအားဖြင့် ခြားနားသနည်း။ ယင်းမှာ အန္တိခရစ်များ၌ ဤလုပ်ဆောင်ချက်၏ နောက်ကွယ်၌ ၎င်းတို့ကိုယ်ပိုင် ရည်ရွယ်ချက်ရှိကာ ယင်းကို မရည်ရွယ်ဘဲ လုပ်နေခြင်း လုံးဝမဟုတ်ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အကြံများ၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ထားရှိနေကြပြီး မိမိတို့ကိုယ်ကို ဤနည်းဖြင့် သက်သေခံနေခြင်း၏ အကျိုးဆက်များကို မှန်းဆကြည့်လျှင် အင်မတန် ကြောက်စရာကောင်း၏။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်ကြလေသည်။

ဥပမာတစ်ခု ပေးမည်။ ဤသရုပ်သကန်နှင့် စိတ်သဘောထားမျိုးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆက်စပ်မှုရှိမရှိ သင်တို့ စဉ်းစားကြည့်နိုင်သည်။ တစ်ကြိမ်တွင် နေရာတစ်နေရာရာ၌ နှစ်နှစ်သုံးနှစ်ကြာ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ သူသည် အသင်းတော်များကြားတွင် လှည့်လည်သွားလာခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာ၌ အခြေချခဲ့သည်။ သူ အခြေချခဲ့သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူအများစုက သူ့ကိုသိပြီး အထင်ကြီးကြသည့်အပြင် သူသည် ထိုနေရာတွင် အတော်လေး လူသိများကြသည်ကို ဆိုလိုသည်။ သူ့ကို လူတို့ တွေ့လိုက်သည်နှင့် သူ့ကို ကြိုဆိုပြီး မိမိတို့၏ထိုင်ခုံပေးကာ စားစရာကောင်းကောင်း တစ်ခုခု ပေးတတ်ကြသည်။ ဆန့်ကျင်ကွဲလွဲသည့် အသံမထွက်၊ မည်သူကမျှ သူ့ကို မဆန့်ကျင်ကြ။ လူတိုင်းက ဤခေါင်းဆောင်နှင့် အတော်လေး ရင်းနှီးကြပြီး အမှုအရာများကို သူလုပ်ဆောင်ပုံကို သူတို့အားလုံး၏ စိတ်ထဲမှ အတော့်ကို သဘောကျပြီး သူ၏ဦးဆောင်မှုကို လက်ခံကြသည် ဟူ၍ဖြစ်သည်။ ထိုခေါင်းဆောင်က ထိုနေရာ၌ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သူ မည်မျှစကားပြောခဲ့သည်၊ သို့မဟုတ် မည်သည့်အကြောင်းအရာကို သူ ပြောခဲ့သည်မှာ မသေချာပေ။ ဤအသေးစိတ်အချက်များကို မသိရသော်လည်း တိုတိုပြောရလျှင် လူအများစုက သူ၏ဦးဆောင်မှုကို အတော်လေး ထောက်ခံခဲ့ကြသည်။ အချိန်အတန်ကြာပြီးနောက် ထိုခေါင်းဆောင်က “ဤနေရာရှိ ညီအစ်ကို မောင်နှမများအားလုံးသည် နာခံမှုရှိပြီး ကျိုးကျိုးနွံနွံ ရှိကြကာ အသင်းတော်ထဲတွင် အဘက်ဘက်မှကြည့်လျှင် အမှုအရာများက အဆင်ပြေနေသည်။ ဝမ်းနည်းဖွယ်ရာမှာ လုံးလုံးလျားလျား ကျေနပ်စရာ မကောင်းသည့် အရာတစ်ခုရှိကာ ယင်းမှာ ဤနေရာရှိ ပတ်ဝန်းကျင်က ညံ့ဖျင်းနေခြင်းဖြစ်သည်။ အကယ်၍ ပတ်ဝန်းကျင်က ကောင်းမွန်ခဲ့လျှင် နေသာ၍ ပျော်စရာကောင်းသော နေ့တစ်နေ့တွင် လူထောင်ချီ၍ ကြီးမားသော စုဝေးပွဲလုပ်ဖို့ ပန်းခြံကြီးကြီးတစ်ခုသို့ သွားရမည်ဖြစ်ကာ မိုက်ခွက်နှင့် ဆောင်းဘောက်ကြီးများကို သုံးလျက် ငါတို့သည် သမ္မာတရားကို ထုတ်ပြန်ကြမည်ဖြစ်ပြီး ပိုများသောလူတို့အား ဘုရားကို ယုံကြည်စေနိုင်လောက်သည်။ ထိုအခါ ငါတို့၏အလုပ်က အသီးသီးမည် မဟုတ်လော” ဟု ဆိုသည်။ ဤသည်ကို ကြားပြီးနောက် လူတိုင်းက “အာမင်” ဟု ဆိုပြီး ယင်းကို ထောက်ခံခဲ့ကြသည်။ “ငါတို့သည် သမ္မာတရားကို ထုတ်ပြန်ကြမည်” ဟူသည့် စကားရပ်တွင် ပြဿနာရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) ပြဿနာက အဘယ်နည်း။ (ထိုခေါင်းဆောင်က မိမိကိုယ်ကို ဘုရားသခင်အဖြစ် သဘောထားနေခြင်း ဖြစ်သည်။) ယင်း၌ ပြဿနာရှိကြောင်း သင်တို့အားလုံး သတိထားမိသော်လည်း ထိုနေရာ၌ ရှိသည့် နားဝေတိမ်တောင်ဖြစ်သော လူတို့က သတိမထားမိခဲ့ကြပေ။ ထိုသူတို့က ဤစကားကို “အာမင်” ဟုပင် တုံ့ပြန်ခဲ့ကြသည်။ သမ္မာတရားကို ဤခေါင်းဆောင်က ထုတ်ပြန်ထားသလော။ သူက မည်သူနည်း။ သူသည် သာမန်ခေါင်းဆောင်သာ ဖြစ်သည်။ သူက နှစ်အနည်းငယ်မျှသော အလုပ်ကို လုပ်ဆောင်ခဲ့ပြီးနောက် လူတိုင်းထက် သူက ပို၍သာလွန်သည်ဟု စတင်တွေးထင်ပြီး ဘဝမေ့သွားကာ သမ္မာတရားကိုပင် ဖော်ပြလိုခဲ့သည်။ ယင်းမှာ သူ့အတွက် မလွယ်သောလုပ်ငန်း ဖြစ်ပေမည်။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ယင်းက သူသည် မည်သူဖြစ်ကြောင်း မသိသည့်အပြင် မည်သည့်တာဝန်ကို သူ လုပ်ဆောင်နေကြောင်း မသိခဲ့သည်ကို သက်သေပြသည်။ သူ၌ ဤစိတ်သဘောထားမျိုး ရှိသဖြင့် သူ၏ လုပ်နေကျအလုပ် သို့မဟုတ် ပြောနေကျစကား၏ အစိတ်အပိုင်းတစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သူ၏ လုပ်နေကျအလုပ်နှင့် စကားတို့မှာ နားဝေတိမ်တောင်ဖြစ်သော စကားများ၊ နတ်ဆိုးဆန်သော စကားများနှင့် ပြည့်နှက်နေသည်မှာ သေချာပြီး အသင်းတော်ကို ထောက်ပံ့ပေးခြင်းနှင့် ရေလောင်းပေးခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိနိုင်ခြင်း လုံးဝ မရှိပေ။ သူသည် သမ္မာတရားကို ဖော်ပြသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သိဖို့မဆိုနှင့်၊ သမ္မာတရားက မည်သည့်အရာဖြစ်ကြောင်း မသိပေ။ နှစ်နှစ်သုံးနှစ်မျှ တစ်နေရာရာတွင် အလုပ်လုပ်ပြီးနောက် သူသည် ဂုဏ်သိက္ခာနှင့် အရည်အသွေးကောင်း အနည်းငယ်ရရှိပြီဟု ထင်ပြီးနောက် ဘဝမေ့သွားကာ မိမိဘာသာ အတော်လေး ကျေနပ်နေပြီး သမ္မာတရားကို ဖော်ပြချင်သည်။ ထိုသို့သော နားလည်မှုလွဲခြင်း ရှိနေခြင်းက စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ဤနားလည်မှုလွဲခြင်းက မည်သည့်နေရာမှ လာသနည်း။ သူ၌ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု ရှိခဲ့သလော၊ သို့မဟုတ် ယင်းက တဒင်္ဂစိတ်ကူးပေါက်ခြင်း ဖြစ်သလော။ သူသည် အလုပ်အနည်းငယ် လုပ်ဆောင်ခဲ့ပြီး ထိုဒေသန္တရ အသင်းတော်ထဲရှိ မည်သူကမျှ သူ့ကို မဆန့်ကျင်ခဲ့ဘဲ သူ့အတွက် အရာရာအဆင်ပြေ ချောမွေ့နေဟန်တူသဖြင့် သူက အရာရာသည် သူပြုလုပ်ခဲ့သည့်အရာ၏ ရလဒ်ဖြစ်သည်ဟု ယုံကြည်ကာ ထိုအရာအတွက် သူက ချီးကျူးမှုရနိုင်သည်ဟု ရုတ်တရက် တွေးထင်မိသည်။ သူက “ထိုမျှအရေးပါသော အလုပ်ကို ငါလုပ်နိုင်လျှင် ငါသည် ဘုရားမဟုတ်လော။ ထို့ပြင် ငါသည် ဘုရားဖြစ်လျှင် ယခု ငါသည် ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရသည်။ အကယ်၍ အပြင်ပတ်ဝန်းကျင်က ပိုကောင်းခဲ့လျှင် ငါသည် သမ္မာတရားကို ဖော်ပြနိုင်သည်” ဟု စဉ်းစားမိခဲ့သည်။ ဤအတွေးက ရုတ်တရက် သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူ၏ဦးနှောက်တွင် မှားယွင်းသည့်အရာ တစ်ခုခုရှိသည် မဟုတ်လော။ (ရှိပါသည်။) သူ၏ ဦးနှောက်တွင် တစ်စုံတစ်ခု မှားနေသည်။ သူ၌ ဆင်ခြင်တုံတရားကင်းမဲ့သည် မဟုတ်လော။ စာတန်များနှင့် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် စကားများက ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်နိုင်သလော။ ယင်းတို့က လုံးဝ မပိုင်ဆိုင်နိုင်ပေ။ ဤခေါင်းဆောင်သည် အလုပ်အနည်းငယ် လုပ်ဆောင်ပြီး ရလဒ်အချို့ ရရှိခဲ့ပြီးနောက် ရုတ်တရက် သူသည် လူသားဖြစ်ကြောင်း မေ့သွားသည်။ ထိုမျှမလျော်ကန်သော စကားများကို သူမဆင်မခြင် ပြောချလိုက်နိုင်ခြင်းသည် သူ၏ စိတ်သဘောများနှင့် ဆက်စပ်သည်မဟုတ်လော။ (ဆက်စပ်ပါသည်။) ယင်းနှင့် မည်သို့ ဆက်စပ်သနည်း။ သူ၏ စိတ်သဘောထားများတွင် သူသည် နောက်လိုက်တစ်ဦး ဖြစ်လိုစိတ်ရှိသလော။ သူသည် ဘုရားသခင်၏ သာမန်နောက်လိုက်တစ်ဦးသာ ဖြစ်ကြောင်း သူသိသလော။ သူ လုံးဝ မသိပေ။ သူ၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာသည် အခြားသူများ အားလုံးထက် အလွန်အမင်း ဂုဏ်အသရေရှိပြီး သာလွန်သည်ဟု သူက ယုံကြည်နေသည်။ ဤသို့သော အပြုအမူမျိုး၊ ယင်း၏ သဘာဝနှင့် သင်တို့ ရင်းနှီးသည် မဟုတ်လော။ စာတန်သည် အဘယ့်ကြောင့် လေထုထဲသို့ ဆွဲချခြင်း ခံခဲ့ရသနည်း။ (သူသည် ဘုရားသခင်နှင့် တူညီသော အဆင့်အတန်း၌ နေချင်ခဲ့၍ ဖြစ်သည်။) သူသည် ဘုရားသခင်နှင့် တူညီသော အဆင့်အတန်း၌ နေချင်ခဲ့ခြင်း ဖြစ်သည်။ စာတန်သည် စကြဝဠာထဲတွင် သူ၏နေရာကို မသိခဲ့၊ သူသည် မည်သူဖြစ်မှန်း မသိခဲ့သည့်အပြင် သူ၏ ကိုယ်ပိုင်အတိုင်းအတာကို အကဲမဖြတ်နိုင်ခဲ့သောကြောင့် ဘုရားသခင်က စာတန်ကို သူနှင့် တစ်နေရာတည်းတွင် သွားလာခွင့်ပြုသောအခါ စာတန်က သူသည် ဘုရားဖြစ်သည်ဟု စတင်၍ စဉ်းစားတော့သည်။ သူသည် ဘုရားသခင် ပြုလုပ်သည့် အရာများကို ပြုလုပ်ချင်ခဲ့သည်။ သူ့ကို ကိုယ်စားပြုရန်၊ သူ့ကို အစားထိုးရန်နှင့် သူတည်ရှိကြောင်းကို ငြင်းဆန်ရန် အလိုရှိခဲ့ကာ ရလဒ်အနေဖြင့် သူသည် လေထုထဲသို့ ပစ်ချခြင်းခံခဲ့ရသည်။ အန္တိခရစ်များသည် ထိုကဲ့သို့ တစ်ပုံစံတည်းသော အရာမျိုးကို ပြုလုပ်သည်။ ၎င်းတို့ လုပ်ရပ်များ၏ သဘာဝမှာ အတူတူဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် ဇာစ်မြစ်တစ်ခုတည်းသာ ဖြစ်ကြသည်။ အန္တိခရစ်တစ်ဦးအတွက် ထိုသရုပ်သကန်မျိုးသည် တစ်ခါတလေဖြစ်သော ထုတ်ဖော်မှု သို့မဟုတ် စိတ်ကူးပေါက်ရာတွေးခြင်း၏ ရလဒ်မဟုတ်။ ယင်းသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝ၏ ကြီးစိုးမှုနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထား၏ နဂိုအတိုင်း ထုတ်ဖော်မှုတစ်ခု အသေအချာ ဖြစ်၏။ ငါ ခုလေးတင် ပြောပြသွားသည့် ခေါင်းဆောင်၏ သရုပ်သကန်နှင့်ဆိုင်သော သဘာဝမှာ အဘယ်နည်း။ (ယင်းမှာ အန္တိခရစ်၏ သဘာဝပင် ဖြစ်သည်။) ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် အချက်အတွက် ဤသရုပ်သကန်ကို ငါတို့ အဘယ့်ကြောင့် ဆွေးနွေးနေကြသနည်း။ ဤသရုပ်သကန်၏ သဘာဝသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် မည်သို့ ဆက်စပ်နေသနည်း။ သူပြောခဲ့သည့် “သမ္မာတရားကို ထုတ်ပြန်သည်” ဟူသည့် စကားများ၏ သဘာဝမှာ အဘယ်နည်း။ ဤစကားများသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆက်စပ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ (ထိုခေါင်းဆောင်က သူသည် လူတို့ကို သမ္မာတရား ထောက်ပံ့ပေးနိုင်သည်ဟု ယုံကြည်ခဲ့၍ ဖြစ်သည်။) ယင်းမှာ သူဆိုလိုခဲ့သည့်အရာ ဖြစ်၏။ ထိုသို့သော အရာများကို သူပြောသည့်အခါ ယင်းတို့ကိုကြားသော လူတို့က “သင်သည် ထိုမျှအထင်ကြီးလောက်သော ဟန်ပန်ရှိပြီး သင်သည် ထိုလေသံမျိုးဖြင့် စကားပြောနိုင်သည်။ ဤသည်မှာ ဘုရားသခင် စကားပြောရမည့် လေသံမျိုးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အထင်ကြီးလောက်သော ဟန်ပန်မျိုးနှင့် ဘုရားသခင်၌ရှိရမည့် ဉာဏ်အကျယ်အဝန်းပင် ဖြစ်သည်မဟုတ်လော” ဟု စဉ်းစားကြသည်။ ဤခေါင်းဆောင်သည် သူ့ကိုယ်သူ ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိထားပြီး ဖြစ်သည်မဟုတ်‌လော။ သူသည် လူတို့အား သူ့အပေါ် လေးစားမှု၊ ကိုးကွယ်ခြင်းနှင့် သဘောကျခြင်းဟူသည့် ခံစားမှုများကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်လာစေခဲ့ပြီး ဖြစ်သည်။ ယင်းမှာ မှန်ကန်သည်မဟုတ်လော။ (မှန်ကန်ပါသည်။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အကျည်းတန်သော ပုံပန်းဖြစ်၏။ ဤသည်မှာ အန္တိခရစ်တစ်ဦးက တိတ်တခိုး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။