အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည် (အခန်း နှစ်)

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၏ အခြား သရုပ်သကန်တစ်ခုခု ရှိသေးသလော။ သင်တို့အားလုံးသည် ဤကိစ္စနှင့် ပတ်သက်၍ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်သင့်သည်။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်းဟူသည့် ထိုအရာမျိုးကို ပြုလုပ်မည်လော။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းကို ခံနိုင်ပြီး ထိုမျှရှက်ဖွယ်ကောင်းသော အရာတစ်ခု ပြုလုပ်ခြင်းမှ မိမိကိုယ်ကို ကာကွယ်နိုင်သ‌လော။ အကယ်၍ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းနိုင်ပါက ဤသည်မှာ သင်၌ ဆင်ခြင်တုံတရား ရှိကြောင်း၊ သင်သည် အန္တိခရစ်များနှင့် ကွဲပြားကြောင်း သက်သေပြသည်။ အကယ်၍ သင်၌ ဤဆင်ခြင်တုံတရားကို မပိုင်ဆိုင်ဘဲ ဤရည်မှန်းချက်နှင့် လိုအင်ဆန္ဒမျိုးတို့ ရှိကာ သင့်ကိုယ်သင် သက်သေခံခြင်းကဲ့သို့သော အရာမျိုးကိုလည်း ပြုလုပ်နိုင်စွမ်းရှိပါက သင်သည် အန္တိခရစ်တစ်ဦးနှင့် အတူတူပင်ဖြစ်၏။ သို့ဆိုလျှင် သင်တို့၏ အခြေအနေမှာ အဘယ်နည်း။ သင်သည် ချုပ်တည်းမှုဖြင့် ပြုမူလုပ်ဆောင်သလော။ အကယ်၍ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရှက်တရားနှင့် ဆင်ခြင်တုံတရားရှိပါက ဤအရာများကို လုပ်ဆောင်လိုစိတ် ရှိသော်လည်း ယင်းတို့က ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သူ၏ ရွံရှာစက်ဆုပ်ခြင်းကို ခံရမည်ဟု စဉ်းစားမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ကာ မိမိကိုယ်ကို သက်သေခံရဲမည် မဟုတ်ပေ။ အကယ်၍ သင်သည် တစ်ကြိမ်နှစ်ကြိမ် မိမိကိုယ်ကို ချုပ်တည်းပါက အတန်ကြာလျှင် ဤစိတ်ကူးများ၊ ဤရည်ရွယ်ချက်များနှင့် အတွေးအခေါ်များက တဖြည်းဖြည်းချင်း စတင်၍ တစ်စတစ်စနှင့် လျော့နည်းလာမည် ဖြစ်သည်။ သင်၌ ဤစိတ်ကူးများအား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်ဖြစ်ပြီး ယင်းတို့သည် စက်ဆုပ်ဖွယ်နှင့် ရွံရှာဖွယ်ကောင်းသည်ဟု ခံစားမည်ဖြစ်သည်။ ထိုအရာမျိုးပြုလုပ်ဖို့ သင်၏ စေ့ဆော်မှုနှင့် လိုအင်ဆန္ဒများက လျော့နည်းသွားမည်ဖြစ်ပြီး သင်သည် ဤစိတ်ကူးများ မကြာခဏ ထွက်ပေါ်လာခြင်း ပို၍ပို၍ လျော့နည်းလာသည်အထိ မိမိကိုယ်ကို တဖြည်းဖြည်းချင်း ထိန်းနိုင်ပြီး ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အကယ်၍ သင်သည် ယင်းတို့ကို သတိထားမိသော်လည်း မိမိကိုယ်ကို မချုပ်ထိန်းနိုင်သည့်အပြင် အထူးသဖြင့် ပြင်းပြသော ရည်ရွယ်ချက်များ ထားရှိကာ လူတို့ကို သင့်အား ကိုးကွယ်စေလိုခြင်း၊ သင့်ကို မည်သူမျှ မကိုးကွယ်လျှင်ဖြစ်စေ၊ သင့်နောက်မလိုက်လျှင်ဖြစ်စေ မကျေမနပ်ဖြစ်ပြီး အမုန်းနှင့်ပြည့်နှက်လာကာ တစ်စုံတစ်ခု ပြုလုပ်လိုခြင်းနှင့် သင့်ကိုယ်သင် မဆင်မခြင်ဘဲ သက်သေခံပြီး သင့်ကိုယ်သင် ကြွားလုံးထုတ်နိုင်ခြင်းတို့ ရှိပါက သင်သည် အန္တိခရစ်တစ်ဦး ဖြစ်နေသည်။ သင်တို့၏ အခြေအနေမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ယင်းတို့ကို သတိထားမိသောအခါ မိမိကိုယ်မိမိ ချုပ်ထိန်းနိုင်ပါသည်။) မိမိကိုယ်ကို ချုပ်ထိန်းရန်အတွက် မည်သည့်အရာကို သင် အမှီပြုသနည်း။ (ကျွန်ုပ်သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိ အနည်းငယ်ရှိခြင်းအပေါ်နှင့် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းအပေါ် အမှီပြုသည်။) အကယ်၍ လူတစ်ဦး၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် ချုပ်ထိန်းမှုကို ကျင့်သုံးနိုင်သည်။ ချုပ်ထိန်းမှုကို မိမိကိုယ်ကို ချုပ်တည်းထားခြင်း သို့မဟုတ် မိမိကိုယ်ကို ဟန့်တားခြင်းအားဖြင့် မရရှိဘဲ ထိုအစား သမ္မာတရား သိနားလည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအားဖြင့် ရရှိသည့် ရလဒ်ပင်ဖြစ်၏။ လူတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် သိမြင်ခြင်းနည်းလမ်းဖြင့် မိမိကိုယ်ကို ချုပ်ထိန်းကာ တစ်ချိန်တည်းမှာပင် သူ၌ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်ရှိပြီး သူ့အား ပုန်ကန်ပြစ်မှားမည် ကြောက်ရွံ့သောကြောင့် ချုပ်ထိန်းမှုကို ကျင့်သုံးသည်။ အကယ်၍ သင်၏ ဆင်ခြင်တုံတရားက သင့်ကို မချုပ်ထိန်းနိုင်သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိပါက၊ ထို့ပြင် သင်သည် မိမိကိုယ်ကို သက်သေခံသောအခါ အရှက်တရားကို မခံစားဘဲ ထိုသို့ မရမကပြုရန် ဆန္ဒရှိကာ သင်၏ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိသည်အထိ အလျှော့မပေးပါက ဤအရာ၏ သဘာဝမှာ ကွဲပြားသည်။ သင်သည် အန္တိခရစ်တစ်ဦးပင် ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် အန္တိခရစ်များ ပိုင်ဆိုင်သည့် နည်းနိဿယများနှင့် သရုပ်သကန်များမှာ မျိုးစုံဖြစ်၏။ အချို့တွင် အန္တိခရစ်များ ပြောင်ပြောင်တင်းတင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ၎င်းတို့၏ အရည်အသွေးအားလုံးကို ပြောပြခြင်းတို့ ပါဝင်သော်လည်း ကျန်သည့်အရာများ၌ လူတို့ကို မိမိတို့အား အထင်ကြီးအောင် တစ်ဖက်လှည့်ဖြင့် လုပ်ဖို့သော်လည်းကောင်း၊ လူတို့ကို မိမိတို့အား အထင်ကြီးစေရန်၊ ကိုးကွယ်ရန်၊ မိမိတို့နောက်လိုက်ရန်နှင့် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာပင် ယူရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့သော်လည်းကောင်း သွယ်ဝိုက်သော စကားအသုံးအနှုန်းများ သို့မဟုတ် နည်းစနစ်များကို အသုံးချရန်အတွက် နည်းလမ်းများကို ရှာဖွေခြင်းတို့ ပါဝင်သည်။ ဤသည်မှာ ထိုသို့သော အပြုအမူ၏ သဘာဝဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် အန္တိခရစ်များ၏ စိတ်သဘောထားသည် ယင်း၏သဘာဝ၊ ယင်းက အကျိုးသက်ရောက်စေသည့် ရလဒ်များသာမက သိသာထင်ရှားသည့် နည်းလမ်းများနှင့် ယင်း၏ ဖုံးကွယ်နေသော ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအရ သာမန်လူတို့၏ စိတ်သဘောထားနှင့် ခြားနား၏။ ထိုမျှမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသော လူတို့သည် ၎င်းတို့၏ အရည်အသွေးအားလုံးကို ပြောပြရုံမျှ ပြောပြကြသလော။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ မကောင်းသောဘက်ခြမ်းကိုလည်း ပြောပြကြသည်။ သို့သော် ၎င်းတို့သည် ဤသို့ပြုသောအခါ မိမိတို့ကိုယ်ကို အမှန်တကယ် စိတ်ဖြာလေ့လာဆွေးနွေးပြီး သိကျွမ်းဖို့ ကြိုးစားနေကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးသည် သူ၏ မိမိကိုယ်ကို သိကျွမ်းမှုက မစစ်မှန်ကြောင်းနှင့် ထိုအစား ယင်းက မသန့်စင်ဘဲ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိကြောင်း မည်သို့ ရှာဖွေတွေ့ရှိသနည်း။ လူတစ်ဦးသည် ဤကိစ္စကို မည်ကဲ့သို့ လုံးစေ့ပတ်စေ့ နားလည်နိုင်သနည်း။ ဤတွင် အခရာကျသော အချက်မှာ ၎င်းတို့ မိမိတို့ကိုယ်ကို သိကျွမ်းဖို့နှင့် ၎င်းတို့၏ အားနည်းချက်များ၊ အနာအဆာများ၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ဖို့ ကြိုးစားနေစဉ် တစ်ချိန်တည်း၌ မိမိတို့ကိုယ်တိုင် အပြစ်တင်ခံရခြင်းမှ လွတ်မြောက်ရန်အတွက် ဆင်ခြေများနှင့် အကြောင်းပြချက်များကိုလည်း ရှာဖွေနေကြသည်။ ၎င်းတို့က လူတို့ကို “လူတိုင်းသည် အမှားပြုလုပ်နိုင်စွမ်း ရှိပြီး ကျွန်ုပ်သာ မဟုတ်ပေ။ သင်တို့အားလုံးသည်လည်း အမှားပြုလုပ်နိုင်စွမ်း ရှိကြသည်။ ကျွန်ုပ်ပြုမိသည့် အမှားမှာ ခွင့်လွှတ်နိုင်လောက်သည်။ ယင်းမှာ အမှားသေးသေးလေး ဖြစ်၏။ အကယ်၍ သင်တို့သည် တစ်ပုံစံတည်းသော ဤအမှားမျိုးကို ပြုမိခဲ့လျှင် ကျွန်ုပ်၏ကိစ္စထက် များစွာပို၍ ကြီးလေးသောကိစ္စ ဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာမည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် အမှားများပြုမိလျှင်ပင် သင်တို့ထက် ပိုကောင်းမွန်ပြီး ဆင်ခြင်တုံတရားနှင့် တည်ကြည်မှု ပို၍ရှိ၏” ဟု တိတ်တခိုး ပြောပြလေသည်။ ဤသည်ကို လူတိုင်းက ကြားသောအခါ “သင်သည် လုံးဝမှန်ကန်၏။ သင်သည် သမ္မာတရားကို များစွာ နားလည်ပြီး ဝိညာဉ်ရင့်သန်မှု အမှန်တကယ် ပိုင်ဆိုင်၏။ အမှားများကို ပြုမိသောအခါ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး စိတ်ဖြာလေ့လာနိုင်သည်။ ကျွန်ုပ်တို့ထက် များစွာ ပို၍ကောင်းမွန်သည်။ အကယ်၍ ကျွန်ုပ်တို့ အမှားများပြုမိလျှင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းဖို့ မကြိုးစားကြသည့်အပြင် အရှက်ရမည်စိုးသဖြင့် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာမှု မပြုရဲကြပေ။ သင်၌ ကျွန်ုပ်တို့ထက် ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှုနှင့် သတ္တိရှိသည်” ဟု စဉ်းစားကြသည်။ ဤလူတို့သည် အမှားများကို ပြုလုပ်လင့်ကစား အခြားသူများ၏ လေးစားသမှုရှိခြင်းကို ရယူပြီး မိမိတို့ကိုယ်ကို ချီးမွမ်းခန်းဖွင့်ကြသေးသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထား ဖြစ်သနည်း။ အချို့သော အန္တိခရစ်များသည် ဟန်ဆောင်ခြင်း၊ လူတို့ကို လိမ်ညာခြင်းနှင့် မျက်နှာဖုံးတပ်ထားခြင်း၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သမ္မာတရား နားလည်သော လူတို့ကို ကြုံတွေ့သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းမှုကို စတင်ပြောပြကြပြီး ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝမှာ ဆိုးဝါးကြောင်း၊ ၎င်းတို့သည် ကျိန်စာတိုက်ခံထိုက်ကြောင်းကိုလည်း ပြောကြသည်။ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု သင်ဆိုသည့်အတွက် မည်သည့် ဒုစရိုက်အမှုများကို သင် ကျူးလွန်ခဲ့သနည်း” ဟု မေးသည် ဆိုပါစို့။ ၎င်းတို့က “ကျွန်ုပ်သည် မည်သည့်အရာမျှ မပြုလုပ်ခဲ့သော်လည်း နတ်ဆိုးတစ်ကောင် ဖြစ်၏။ ထို့ပြင် ကျွန်ုပ် နတ်ဆိုးတစ်ကောင်ဖြစ်သည်သာမက စာတန်တစ်ကောင်လည်း ဖြစ်၏” ဟု ပြောမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့ကို သင်က “သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ဆိုသဖြင့် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်၏ မည်သည့်ဆိုးယုတ်သော လုပ်ရပ်များကို သင် ကျူးလွန်ခဲ့ပြီး ဘုရားသခင်ကို မည်သို့အာခံခဲ့သနည်း။ သင်ပြုလုပ်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့်ပတ်သက်၍ အမှန်တရားကို သင် ပြောနိုင်မည်လော” ဟု မေးသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆိုးယုတ်သောအရာတစ်ခုမျှ မပြုလုပ်ခဲ့” ဟု ဆိုမည်ဖြစ်သည်။ ထိုအခါ သင်သည် ဆက်လက်၍ မရမကဖိမေးပြီး “အကယ်၍ သင်သည် ဆိုးယုတ်သော မည်သည့်အရာကိုမျှ ပြုလုပ်မထားလျှင် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု အဘယ့်ကြောင့် သင်ဆိုရသနည်း။ ဤသို့ပြောခြင်းဖြင့် မည်သည့်အရာကို သင် ရရှိဖို့ကြိုးစားနေသနည်း” ဟု မေး၏။ သင်သည် ဤသို့ဖြင့် ၎င်းတို့အပေါ် အတည်မေးသောအခါ ၎င်းတို့၌ ပြောစရာ တစ်ခုမျှ ရှိမည်မဟုတ်တော့ချေ။ အမှန်တွင် ၎င်းတို့သည် မကောင်းသောအရာ များစွာ ပြုလုပ်ထားပြီးဖြစ်သော်လည်း သင့်အား ဤအရာနှင့်ပတ်သက်သည့် အချက်အလက်များကို လုံးဝ ဖွင့်ပြောမည် မဟုတ်ချေ။ ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ကိုသာ ပြောပြီး ၎င်းတို့၏ မိမိကိုယ်ကို သိကျွမ်းမှုနှင့် ပတ်သက်၍ ပြောဖို့အတွက် အချို့သော အယူဝါဒများကို အနှစ်မဲ့သောပုံစံဖြင့် လေပန်းမည်ဖြစ်သည်။ လူတို့ကို အထူးသဖြင့် မည်သို့ သိမ်းသွင်းစည်းရုံးကြောင်း၊ လူတို့ကို မည်သို့ လိမ်လည်လှည့်စားကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များကို အခြေခံ၍ လူတို့ကို မည်သို့ အသုံးချခဲ့ကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို အလေးအနက်ထားရန် မည်သို့ ပျက်ကွက်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို မည်သို့ ဆန့်ကျင်ခဲ့ကြောင်း၊ အထက်ကို မည်သို့ လိမ်လည်လှည့်စားခဲ့ကြောင်း၊ အမှုအရာများကို ညီအစ်ကို မောင်နှမများထံမှ မည်သို့ ဖုံးကွယ်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို မည်မျှ ထိခိုက်ပျက်စီးစေခဲ့ကြောင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအချက်အလက်များနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ပြောမည်မဟုတ်ချေ။ ဤသည်မှာ မိမိကိုယ်ကို စစ်မှန်သော သိကျွမ်းခြင်းဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု ဆိုရာ၌ သူသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် မိမိကိုယ်ကို သိကျွမ်းခြင်းကို အယောင်ဆောင်နေသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့ အသုံးပြုသည့် နည်းစနစ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သာမန်လူတစ်ဦးက ဤနည်းစနစ်ကို ရိပ်စားမိနိုင်ခြင်း မရှိပေ။ ခေါင်းဆောင်အချို့ ဖြုတ်ချခြင်းခံရကာ များမကြာမီ ပြန်လည် ရွေးကောက်ခံရပြီး ဤအရာအတွက် အကြောင်းရင်းကို သင် မေးသောအခါ လူအချို့က “ထိုခေါင်း‌ဆောင်သည် အစွမ်းအစကောင်း ရှိ၏။ သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း သူသိ၏။ အခြားမည်သူသည် ထိုသိကျွမ်းမှုအဆင့်မျိုး ရှိသနည်း။ သမ္မာတရားကို အမှန်တကယ် လိုက်စားသော လူတို့၌သာ ထိုသိကျွမ်းမှုကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့ မည်သူမျှ မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ ထိုသိကျွမ်းမှုကို မရရှိနိုင်ကြပေ။ သာမန်လူတစ်ဦး၌ ထိုဝိညာဉ်ရင့်ကျက်မှု မရှိပေ။ ဤအကြောင်းကြောင့် လူတိုင်း သူ့ကို ပြန်လည်ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်” ဟု ပြောကြသည်။ ဤနေရာ၌ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဤလူတို့သည် အထင်အမြင် မှားသွားပြီဖြစ်သည်။ ဤခေါင်းဆောင်က သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်မှန်း သိခဲ့သော်လည်း လူတိုင်း၏ ရွေးချယ်ခြင်းကို ခံခဲ့ရဆဲဖြစ်သည်။ သို့ဆိုလျှင် ထိုသူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု သူဆိုရာ၌ လူတို့အပေါ် မည်သည့်သက်ရောက်မှုနှင့် အကျိုးဆက်ရှိသနည်း။ (ယင်းက လူတို့ကို သူ့အား အထင်ကြီးစေပါသည်။) မှန်ပေ၏။ ယင်းက လူတို့ကို သူ့အား ပို၍ အထင်ကြီးစေသည်။ ဘာသာတရားမရှိသူများက ဤနည်းစနစ်ကို “ရှေ့တိုးဖို့ နောက်ဆုတ်ခြင်း” ဟု ခေါ်ကြသည်။ ဤသည်မှာ အခြားသူများက ထိုသူသည် မိမိကိုယ်ကို ဖွင့်ဟနိုင်ပြီး သိကျွမ်းနိုင်ကြောင်း၊ ထိုသူ၌ သိနားလည်နိုင်စွမ်းနှင့် ထိုးထွင်းအမြင်တို့အပြင် ထူးခြားလေးနက်သော သိနားလည်ခြင်းရှိကြောင်း ယုံကြည်လာကာ ဤအရာကြောင့် လူတိုင်းက ထိုသူ့ကို ပို၍ ကိုးကွယ်ကြစေရန်အတွက် လူတို့ကို မိမိအား ပို၍ အထင်ကြီးစေဖို့ ထိုသူသည် မိမိနှင့်ပတ်သက်၍ မကောင်းသော အရာများကို အလျင်ဦးစွာ ပြောသည်။ ထို့ပြင် လူတိုင်း သူ့ကို ပို၍ ကိုးကွယ်ကြခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ခေါင်းဆောင်ရွေးချယ်ဖို့ အချိန်နောက်ထပ် ရောက်လာသောအခါ ထိုသူကို တာဝန်အတွက် အသင့်တော်ဆုံးလူအဖြစ် သဘောထားနေကြဆဲ ဖြစ်သည်။ ဤနည်းစနစ်မှာ အတော်‌လေးပါးနပ်သည် မဟုတ်လော။ အကယ်၍ သူသည် ဤကဲ့သို့ သူ၏ မိမိကိုယ်ကိုသိကျွမ်းမှုအကြောင်း မပြောခဲ့သည့်အပြင် သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု မပြောခဲ့ဘဲ၊ ထိုအစား အပျက်သဘောဆောင်၍သာ နေခဲ့လျှင် ဤသည်ကို အခြားသူများ တွေ့သောအခါ ၎င်းတို့က “သင်သည် ဖြုတ်ချခြင်းခံရပြီး သင်၏ အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက် အပျက်သဘော ဆောင်လာခဲ့သည်။ သင်သည် ကျွန်ုပ်တို့ကို အပျက်သဘောမဆောင်ဖို့ သွန်သင်နေကျဖြစ်ပြီး ယခုတွင် သင်၏ အပျက်သဘော‌ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အပျက်သဘောဆောင်ခြင်းထက် ပို၍ပင် ဆိုးရွားသည်။ သင့်ကို ကျွန်ုပ်တို့ ရွေးချယ်မည်မဟုတ်” ဟု ပြောမည်ဖြစ်သည်။ ဤခေါင်းဆောင်ကို မည်သူမျှ အထင်ကြီးမည်မဟုတ်ပေ။ လူတိုင်းသည် ထိုသူနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေဆဲဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် သူ့ကို ခေါင်း‌ဆောင်တစ်ဦးအဖြစ် ၎င်းတို့ နောက်ထပ်ရွေးချယ်မည် မဟုတ်‌တော့ဘဲ ဤသူသည် အခြားသူတို့ကို သူ့အား အထင်ကြီးစေဖို့ဟူသည့် သူ၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိမည် မဟုတ်တော့ပေ။ သို့သော် ဤခေါင်းဆောင်က “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်။ ဘုရားက ကျွန်ုပ်ကို ကျိန်ဆဲပြီး တစ်ဆယ့်ရှစ်ထပ်မြောက် ငရဲထဲသို့ ချကာ ထာဝရကာလပတ်လုံး ကျွန်ုပ်ကို လူပြန်ဝင်စားဖို့ အခွင့်မပေးပါစေနှင့်” ဟု အလျင်ဦးအောင် ပြောဆိုသည်။ လူအချို့က ဤသည်ကို ကြားရလျှင် သူ့အတွက် စိတ်မကောင်းဖြစ်ပြီး “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် များစွာ ဒုက္ခခံခဲ့ရပြီ။ အို သူသည် မတရားခံခဲ့ရလေခြင်း။ အကယ်၍ သူ့ကို ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ ဘုရားသခင် အခွင့်မပေးလျှင် သူ့ကို ကျွန်ုပ်တို့ ရွေးကောက်မည်” ဟု ဆိုကြသည်။ လူတိုင်းက ဤခေါင်းဆောင်ကို ထိုအတိုင်းအတာအထိ ထောက်ခံအားပေးကြသည်ဖြစ်၍ ၎င်းတို့သည် အထင်အမြင်မှားသွားကြပြီ မဟုတ်လော။ သူ့စကားများ၏ မူလရည်ရွယ်ချက်ကို အတည်ပြုပြီဖြစ်ကာ သူသည် လူတို့ကို ဤနည်းအားဖြင့် စင်စစ် အထင်အမြင်မှားစေကြောင်း သက်သေပြသည်။ စာတန်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြင့် တစ်ခါတစ်ရံ လူတို့ကို အထင်အမြင်မှားစေပြီး တစ်ခါတစ်ရံ သူ၌ အခြားရွေးစရာ မရှိတော့သောအခါ သူ၏အမှားများကို ဝေ့ဝိုက်သောနည်းဖြင့် ဝန်ခံနိုင်သည်။ သို့သော် ယင်းသည် အပြင်ပန်းသာလျှင် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ သနားကရုဏာနှင့် နားလည်ပေးခြင်းကို ရယူဖို့ဖြစ်သည်။ သူက “မည်သူမျှ မပြည့်စုံပေ။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး လူတိုင်း အမှားလုပ်နိုင်စွမ်း ရှိကြသည်။ လူတစ်ဦးသည် သူ၏အမှားများကို ပြုပြင်နိုင်သရွေ့ သူသည် လူကောင်းတစ်ဦးဖြစ်သည်” ဟုပင် ပြောမည်။ ဤသည်ကို လူတို့ကြားသောအခါ ယင်းက မှန်ကန်သည်ဟု သူတို့ ထင်မှတ်ကြပြီး စာတန်ကို ဆက်လက်၍ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ စာတန်၏ နည်းစနစ်မှာ သူ၏အမှားများကို အလျင်ဦးအောင် ဝန်ခံရန်နှင့် သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်တင်ချီးကျူးပြီး လူတို့၏ စိတ်နှလုံးများထဲရှိ သူ၏ နေရာကို တိုးမြှင့်ရန် ဖြစ်သည်။ ဤသို့ဖြင့် လူတို့က သူနှင့်ပတ်သက်သည့် အရာရာတိုင်း၊ သူ၏အမှားများကိုပင် လက်ခံပြီးနောက် ဤအမှားများကို ခွင့်လွှတ်ကာ ယင်းတို့နှင့်ပတ်သက်၍ တဖြည်းဖြည်း မေ့သွားရန်နှင့် နောက်ဆုံးတွင် စာတန်ကို လုံးလုံးလျားလျား လက်ခံလျက် သေသည့်တိုင်အောင် သူ့အပေါ် သစ္စာစောင့်သိလာကာ သူ့ကို မည်သည့်အခါမျှ ချန်ရစ်မထား သို့မဟုတ် စွန့်ခွာမသွားဘဲ အဆုံးတိုင်အောင် သူ့နောက်လိုက်ရန် ဖြစ်သည်။ ဤသည်မှာ စာတန်၏ အမှုအရာများကို ပြုလုပ်သည့် နည်းစနစ် မဟုတ်လော။ ဤသည်မှာ စာတန်ပြုမူလုပ်ဆောင်သည့်ပုံ ဖြစ်ပြီး အန္တိခရစ်များကလည်း လူတို့ကို ၎င်းတို့အား ကိုးကွယ်ပြီး လိုက်လျှောက်စေဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုမူလုပ်ဆောင်သည့်အခါ ဤနည်းကို အသုံးပြုကြသည်။ ဤအရာက ဆိုက်ရောက်စေသည့် အကျိုးဆက်များမှာ အတူတူပင်ဖြစ်ကာ လူတို့ကို စာတန် အထင်အမြင် မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များနှင့် လုံးဝ မခြားနားပေ။

လူအချို့က ၎င်းတို့၏ မိမိကိုယ်ကိုသိကျွမ်းမှုအကြောင်း ပြောကြသောအခါ မိမိကိုယ်ကို တကယ့်အရှုပ်ထုပ်နှင့် အသုံးမကျသူအဖြစ် သရုပ်ဖော်လျက် ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်၊ ကျိန်ဆဲခြင်းကို ခံထိုက်သည်၊ အကယ်၍ ဘုရားသခင်က ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခဲ့လျှင်လည်း မကျေမနပ်ပြောမည် မဟုတ်ဟူ၍ပင် ပြောကြသည်။ သို့သော်လည်း ဤလူတို့၌ မိမိတို့၏ သဘာဝ အနှစ်သာရအပေါ်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်ဖြစ်စေ စစ်မှန်သော သိနားလည်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် မိမိတို့၏ အခြေအနေအကြောင်းခြင်းရာအမှန်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောပြနိုင်ကြပေ။ ထိုအစား ၎င်းတို့သည် အခြားသူများကို အထင်အမြင် မှားစေရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုဖို့ကိုလည်းကောင်း၊ လူတို့ကို အမြင်ဖုံးကွယ်ရန်နှင့် လှည့်စားရန်အပြင် ထို့နောက်တွင် လူတို့ကို မိမိတို့အား အကောင်းမြင်စေရန်အတွက် မိမိတို့၏ အမှားများကို အလျင်ဦးအောင် ဝန်ခံခြင်းနှင့် “ရှေ့တိုးဖို့ နောက်ဆုတ်ခြင်း” ဟူသည့် နည်းလမ်းနှင့် နည်းနိဿယကို အသုံးပြုဖို့ကိုလည်းကောင်း ကြိုးစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ လက်တွေ့ကျင့်သုံးမှု ဖြစ်သည်။ သင်တို့သည် နောက်တစ်ကြိမ် ဤသို့သော လူတစ်ဦးကို ကြုံတွေ့သောအခါ မည်ကဲ့သို့ သဘောထားသင့်သနည်း။ (အသေးစိတ် အချက်အလက်များကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးကြည့်ရမည်။) မှန်၏။ အရေးကိစ္စကို စုံစမ်းပြီး အသေးစိတ် အချက်အလက်များကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးကြည့်တတ်ရမည်။ ထို့ပြင် မည်သို့ ထဲထဲဝင်ဝင် စုံစမ်းသင့်သနည်း။ သက်ညှာဖို့အတွက် သူ တောင်းပန်ပြီး “သင်တို့ကို ကျွန်ုပ် နောက်ထပ် မည်သည့်အခါမျှ အထင်အမြင်မှားအောင်လုပ်မည် မဟုတ်တော့ပေ။ ကျွန်ုပ်ကို ခေါင်းဆောင်ဖြစ်ဖို့ သင်တို့ ရွေးချယ်လျှင်ပင် ထိုတာဝန်ကို ကျွန်ုပ် ယူတော့မည်မဟုတ်” ဟု ပြောသည်အထိ စုံစမ်းလော့။ “ကျွန်ုပ်တို့သည် သင်၏ အထင်အမြင်မှားအောင်လုပ်ခြင်းကို မည်သည့်အခါမျှ ခံတော့မည် မဟုတ်သကဲ့သို့ သင့်ကိုလည်း ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် မည်သည့်အခါမျှ ရွေးတော့မည်မဟုတ်သဖြင့် မျှော်လင့်မနေလေနှင့်” ဟု သူ့ကို ပြောလော့။ ယင်းမှာ မည်သို့ သဘောရသနည်း။ မိမိကိုယ်ကို သိကျွမ်းမှုအကြောင်း အလွန်ပုံကြီးချဲ့သည့် ပုံစံဖြင့် စကားပြောပြီး မိမိကိုယ်ကို ကျိန်၍ပင် ပြောလင့်ကစား မည်သည့်အရာမျှ မှန်သည်ဟု လုံးဝမထင်ရသော သူတို့အားလုံးသည် ဝိညာဉ်ရေးရာဆန်ယောင်ဆောင်ပြီး သူတော်ကောင်း ဟန်ဆောင်သောလူများ ဖြစ်ကြကာ သူတို့၏ စကားများအားလုံးက အထင်အမြင်မှားစေနိုင်သည်။ ထိုသို့သော လူတို့၏ စကားတွင် သင်ပိုင်းခြားသိမြင်ရမည့် ထူးခြားသောလက္ခဏာနှင့် အသေးစိတ် အချက်အလက်အနည်းငယ် ရှိသည်။ ငါ့ကို ပြောလော့၊ ဥပမာ လူတစ်ဦးအား အလှူငွေများကို လုံခြုံအောင် သိမ်းဆည်းရန်အတွက် ကတိသစ္စာဆိုချက်တစ်စောင်‌ ရေးခိုင်းပါက ထိုကတိသစ္စာဆိုချက်၏ ပထမစာကြောင်းတွင် မည်သို့ဆိုထားသင့်သနည်း။ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော လူတစ်ဦးက မည်သည့်အရာ ရေးမည်နည်း။ သူသည် မိမိ၏ သင့်လျော်သော ရပ်တည်ချက်၌ ရပ်တည်ရန်နှင့် မိမိ၏သဘောထားကို သိသာစေရန်အတွက် မည်သည့်လေသံနှင့် စကားရပ်ကို အသုံးပြုမည်နည်း။ သာမန်လူများ စကားပြောသောအခါ ၎င်းတို့သည် ပုံမှန်အတိုင်း စကားပြောနေကြောင်း လူတိုင်းက သိရှိခံစားနိုင်သော်လည်း ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များဖြစ်သော ပုဂ္ဂိုလ်များက စကားပြောသောအခါ ရည်မှန်းချက်ကြီးသည့် ထိုသို့သောလူစားမျိုး၌ သာမန်လူနှင့်ကွဲပြားသည့် သီးခြားလေသံမျိုး ရှိကြသည်။ ဥပမာ ၎င်းတို့က “အကယ်၍ ကျွန်ုပ် မည်သူမည်ဝါသည် ဘုရား၏ ပူဇော်သက္ကာများမှ တစ်ပြားတစ်ချပ်ကို အလွဲသုံးစား လုပ်လျှင် စိတ်မချမ်းမြေ့ဖွယ်ရာ သေခြင်းမျိုးဖြင့် သေရပါစေ။ ကားတိုက်ခံရပါစေ” ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော လေသံမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ကြီးကြီးကျယ်ကျယ် အဖြစ်ဆုံးသော လေသံကိုယူ၍ “ကျွန်ုပ်” ဟူသည့် စကားလုံးဖြင့် အစချီသည်။ ၎င်းတို့ပြောဆိုသည့် လေသံနှင့် ဟန်ပန်နောက်ကွယ်ရှိ အရင်းခံအကြောင်းကို ၎င်းတို့အသုံးပြုသည့် အရှိအတိုင်းဖြစ်သော စာသားများတွင် သတိပြုမိနိုင်သည်။ ပထမစကားလုံးမှာ “ကျွန်ုပ်” ဖြစ်ကာ ၎င်းတို့က ကြီးကြီးကျယ်ကျယ် အဖြစ်ဆုံးသော လေသံနှင့် ထိုမျှမြင့်မားသော အသံပေါက်ကို သုံးထားသည်မှာ ကြီးကျယ်သော ကတိသစ္စာဆိုချက် ဖြစ်သည် မဟုတ်လော။ ဤကတိသစ္စာဆိုချက်မျိုးကို မည်သို့ခေါ်သနည်း။ ယင်းကို ကြီးကျယ်ပြီး သူတော်ကောင်းယောင်ဆောင်သည်ဟု ခေါ်သည်။ ထိုမျှ ကြမ်းတမ်းမှုမျိုးဖြင့် ကတိသစ္စာဆိုချက်ရေးခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ကတိသစ္စာဆိုချက် ဖြစ်သည့်အတွက် ဤကတိသစ္စာဆိုချက်ကို သင် မည်သူ့ထံ ကျိန်ဆိုနေသနည်း။ သင်သည် ဤကတိသစ္စာဆိုချက်ကို ဘုရားသခင်ထံ ကျိန်ဆိုနေခြင်းဖြစ်သဖြင့် ဤကိစ္စတွင် ပုံမှန်လူတစ်ဦးက မည်ကဲ့သို့ ပြောဆိုသင့်သနည်း။ ၎င်းတို့သည် နှိမ့်ချသောဟန်ပန်ဖြင့် စကားပြောသင့်သည်၊ မိမိတို့၏ သင့်လျော်သော ရပ်တည်ချက်ဖြင့် ရပ်တည်သင့်သည်၊ ဘုရားသခင်ကို ဆုတောင်းသင့်သည့်အပြင် စိတ်နှလုံးအရင်းခံပြီး ပြောဆိုသင့်သည်။ ကြီးကျယ်သော စကားလုံးများကို မသုံးသင့်ပေ၊ သို့မဟုတ် ကြမ်းလည်း မကြမ်းတမ်းသင့်ပေ။ ထိုသို့သောလူတို့သည် ကတိသစ္စာဆိုချက်ပေးသည့် အခါ၌ပင် အလွန်ကြမ်းတမ်းသည်။ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားမှာ ဆိုးရွားလှ၏။ ၎င်းတို့၏ ကတိသစ္စာဆိုချက်က စစ်မှန်သည်၊ သို့မဟုတ် အတုအယောင် ဖြစ်သည်ကို ပြောရခက်၏။ ၎င်းတို့ ဆိုလိုသည့်အရာမှာ “သင် ကျွန်ုပ်ကို မယုံသလော။ ကျွန်ုပ်သည် ဘုရားအိမ်တော်အား အခွင့်ကောင်းယူမည်၊ အလှူငွေများအား ခိုးယူမည်ကို သင်စိုးရိမ်နေသလော။ ကျွန်ုပ်ကို သင် အသုံးပြုသော်လည်း မယုံကြည်ဘဲ ကျွန်ုပ်ကို ကတိသစ္စာဆိုချက် ကျိန်ဆိုခိုင်းသည်။ သို့ဖြစ်၍ ကျွန်ုပ် ကတိသစ္စာဆိုချက် ကျိန်ဆိုမည်။ ဤကတိသစ္စာဆိုချက်ကို ကျွန်ုပ် ကျိန်ဆိုရဲသည်၊ မကျိန်ဆိုရဲသည်ကို သင် စောင့်သာကြည့်တော့။ ထိုကဲ့သို့သော အရာတစ်ခုကို ကျွန်ုပ်လုပ်နိုင်သည်ဟု ယုံကိုမယုံကြည်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ရုန့်ရင်းကြမ်းတမ်းမှုနှင့် မဆင်ခြင်မှုဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ပွက်လောညံအောင် ကန့်ကွက်ဖို့ပင် ရဲတင်းမှုရှိပြီး မိမိတို့အတွက် ခုခံချေပဖို့နှင့် လူတို့ကို အထင်အမြင်မှားစေဖို့အတွက် ကတိသစ္စာဆိုချက်ကို အသုံးချသည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလော။ ဤအရာ၌ ဘုရားကိုင်းရှိုင်းမှု လုံးဝ မရှိပေ။ ဤလူစားမျိုးသည် စာတန်တစ်ကောင်နှင့် အန္တိခရစ်တစ်ဦး ဖြစ်၏။ ဤသည်မှာ အန္တိခရစ်များ စကားပြောပုံဖြစ်၏။ ပွက်လောညံ‌အောင် ကန့်ကွက်သည့် လေသံမျိုးဖြင့် ကတိသစ္စာဆိုခြင်းဖြစ်ကာ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤလူစားမျိုးကို ကယ်တင်၍ ရနိုင်ဦးမည်လော။ ဤလူစားမျိုးကို သင်တို့ ယခင်က မြင်တွေ့ဖူးသလော။ ၎င်းတို့ပြသည့် ဤသရုပ်သကန်များ၊ ထုတ်ဖော်ချက်များ သို့မဟုတ် စိတ်သဘောထားများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့မသိဘူး မဟုတ်လော။ လူအချို့က ဤလူစားမျိုးသည် အတွေးအမြင်ရှင်းသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ရိုးသားပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟုပင် ယုံကြည်ကြသည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းမဟုတ်လော။ ဆိုးဝါးသော ဤအပြုအမူနှင့် စိတ်သဘောထားကို ၎င်းတို့ရေးသည့် ကတိသစ္စာဆိုချက်၏ အရှိအတိုင်းဖြစ်သော စကားလုံးများနှင့် စကားစုများထဲတွင် မြင်တွေ့နိုင်သော်လည်း လူတို့က ဤအန္တိခရစ်ကို အတော်ပင် ကောင်းမွန်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဤလူတို့သည် သမ္မာတရားကို နားလည်သလော။ မြင်ရသလောက်မှာမူ သင်တို့အားလုံး နားလည်သည်မှာ အယူဝါဒများဖြစ်သည်၊ သင်တို့သည် အယူဝါဒများအကြောင်းကိုသာ ပြောနိုင်ပြီး အနှစ်သာရမဲ့သော စကားများကိုသာ ပြောဆိုနိုင်ကာ တိကျသော အကြောင်းအရာများ၊ အရေးကိစ္စများနှင့် ပတ်သက်လာလျှင် ပိုင်းခြားသိမြင်မှု မရှိချေ။ အနာဂတ်တွင် ဤအရေးကိစ္စမျိုးတို့ကို ကြုံတွေ့ရပါက ပိုင်းခြားသိမြင်နိုင်မည်လော။ (ပိုင်ခြားသိမြင်နိုင်မည် ဖြစ်ပါသည်။) ထိုသို့သော ကတိသစ္စာဆိုချက်မျိုးကို ရေးသောလူတို့အားလုံးသည် လူ့တိရစ္ဆာန်များ ဖြစ်ပြီး ၎င်းတို့အားလုံး၌ လူ့သဘာဝ ကင်းမဲ့သည်။ ဤကတိသစ္စာဆိုချက်မျိုးကို ယခင်က မြင်တွေ့ဖူးသလော။ ဤကဲ့သို့သော ကတိသစ္စာဆိုချက်တစ်ခုကို သင်တို့ ယခင်က ရေးဖူးသလော။ (ရေးဖူးပါသည်။) ယင်းတွင် ဤကတိသစ္စာဆိုချက်မျိုးနှင့် တူညီသောလေသံ၊ တူညီသောနိဒါန်း ပါရှိသလော။ (ထိုမျှ တိုက်ရိုက်မကျပါ။) သို့ဆိုလျှင် ယင်း၏သဘာဝမှာ အတူတူဟုတ်သလော။ (ဟုတ်ပါသည်။) ယင်း၏သဘာဝမှာ အတူတူပင် ဖြစ်သည်။ ကတိသစ္စာဆိုချက်ကို ကျိန်ဆိုခြင်းသည် မိမိကိုယ်ကို သူရဲကောင်းဆန်ဆန် အနစ်နာခံသည်ဟူသော စိတ်ဓာတ်မျိုးလိုအပ်သည့် စစ်မြေပြင်ထဲ ဝင်ရောက်ခြင်းကဲ့သို့ မဟုတ်ပေ။ ယင်း၌ ထိုစိတ်ဓာတ်မျိုး မလိုအပ်ပေ။ ဘုရားသခင်ထံ ကတိသစ္စာ ကျိန်ဆိုသောအခါတွင် သင်သည် ယင်းကို လုံးစေ့ပတ်စေ့ စဉ်းစားရမည်ဖြစ်ပြီး အဘယ့်ကြောင့် ဤကတိသစ္စာဆိုချက်ကို ရေးဖို့လိုကြောင်း၊ ဤကတိသစ္စာဆိုချက်ကို မည်သူ့ထံ ကျိန်ဆိုနေပြီး ဤကတိကို မည်သူ့အား ပေးနေကြောင်း နားလည်ရမည်ဖြစ်သည်။ ဘုရားသခင် အလိုရှိသည်မှာ လူတစ်ဦး၏ သဘောထားဖြစ်ကာ စိတ်ဓာတ်တစ်မျိုး မဟုတ်ပေ။ သင်၏ ထိုစိတ်ဓာတ်မှာ ကြမ်းတမ်းပြီး ယင်းက ပွက်လောညံအောင် ကန့်ကွက်ရာရောက်သည်။ ယင်းမှာ စာတန်၏ မာနထောင်လွှားသော စိတ်သဘောထားနှင့်ဆိုင်သည့် သရုပ်သကန်ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံများ ခံယူသင့်သည့် ရပ်တည်ချက် ဖြစ်ဖို့ဝေးစွ၊ ဘုရားကိုင်းရှိုင်းမှု မဟုတ်သည့်အပြင် ဖန်ဆင်းခံများ၌ ရှိသင့်သည့် သရုပ်သကန်လည်း မဟုတ်ချေ။ ဤသရုပ်သကန်ကို ပြသည့် လူတို့ကို အမျိုးသားရေး သူရသတ္တိက လွှမ်းမိုးထားပြီမဟုတ်လော။ ယင်းက ဤအရာနှင့် ဆက်စပ်နေသလော။ လူတို့သည် အလွန်နက်ရှိုင်းစွာ အဆိပ်မိထားပြီဖြစ်ကာ ကတိသစ္စာဆိုချက် သို့မဟုတ် ကတိပြုချက်တစ်ခု ရေးလျှင်ရေးချင်း ၎င်းတို့အားလုံးသည် ခေတ်အဆက်ဆက်မှ မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးတို့အပေါ် သစ္စာစောင့်သိခဲ့သော ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များအကြောင်းကို စဉ်းစားကြသည်။ ထင်ပေါ်ကျော်ကြားသော ထိုပုဂ္ဂိုလ်များသည် စာတန်၏အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့သည် ထင်ရှားကျော်ကြားမှု ရရှိကာ မိမိတို့ကိုယ်ကို သက်သေခံဖို့အတွက်နှင့် လူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာရပြီး မိမိတို့အတွက် ကောင်းသောဂုဏ်သတင်းကို ချန်ရစ်ထားဖို့အတွက် မဆင်မခြင်ဖြင့် ပြုမူလုပ်ဆောင်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် သမိုင်းတွင်နိုင်ပြီး ထာဝရတည်တံ့မည့် နာမည်ကောင်းတစ်ခု ရရှိနိုင်မည် ဖြစ်သည်။ နောင်လာနောက်သားများက ဤအရာကို ထိုသူတို့သည် မိမိတို့တိုင်းပြည်အတွက် မျက်ကန်းဆက်ကပ်မှု ရှိသည်ဟု အကဲဖြတ်ခဲ့ကြသည်။ ထိုသူတို့သည် အမှန်တကယ် မျက်ကန်းသည်ဟု သင် ထင်သလော။ ဤမျက်ကန်းမှုသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သစ္စာအဖောက်ဆုံး၊ ကောက်ကျစ်ဆိုးယုတ်မှု အရှိဆုံး ကျင့်သုံးမှုဖြစ်ပြီး ယင်း၌ တစ်ကိုယ်ရေ ရည်ရွယ်ချက် ပါရှိသည်။ ယင်းမှာ မျက်ကန်းခြင်းမဟုတ်သည့်အပြင် ဆက်ကပ်မှု မဟုတ်သည်မှာ သေချာ၏။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်၏။

ငါတို့သည် အန္တိခရစ်များ မိမိကိုယ်ကို သက်သေခံခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ အမြောက်အမြား မိတ်သဟာယပြုခဲ့ကြပြီးသား ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ လုံးစေ့ပတ်စေ့ နားမလည်သေးသော အခြားအရေးကိစ္စတစ်ခုခု ရှိသလော။ မိမိတို့အကြောင်း သက်သေခံရန် အခြားသူများက အပြုအမူများကို အသုံးပြုနေစဉ် လူအချို့သည် ဘာသာစကားကို အသုံးပြုပြီး မိမိတို့ကိုယ်ကို ကြွားဝါသည့် စကားအချို့ကို ပြောဆိုကြသည်။ မိမိကိုယ်ကို သက်သေခံရန် အပြုအမူများ အသုံးပြုသည့် လူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အပေါ်ယံတွင် ၎င်းတို့သည် လူတို့၏ အယူအဆများနှင့် အတော်ပင် ကိုက်ညီပြီး လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည့်အပြင် အတော်အတန် မြင့်မြတ်ကာ လူ့ကျင့်ဝတ် စံနှုန်းများနှင့် အတော်ပင် ကိုက်ညီမှုရှိသည့်အရာအဖြစ် လူတို့ မြင်ကြသည့် အပြုအမူအချို့ကို လုပ်ဆောင်ကြသည်။ ဤအပြုအမူက ၎င်းတို့ ဂုဏ်အသရေရှိကြောင်း၊ တည်ကြည်မှုရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ကြကြောင်း၊ အလွန် ဘာသာတရားကိုင်းရှိုင်းကာ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်ကြောင်း လူတို့အား တွေးထင်စေသည်။ လူတို့ကို အထင်အမြင်မှားစေရန် အပြင်ပန်း အပြုအမူကောင်းအချို့ကို မကြာခဏ ၎င်းတို့ ပြသကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ကာ သက်သေခံသည့် မနှစ်မြို့ဖွယ် လက္ခဏာ ဖြစ်သည် မဟုတ်လော။ ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ကို အထင်ကြီးကာ ကြည်ညိုလေးစားရန်အလို့ငှာ အများနှင့် ၎င်းတို့ ကွဲပြားကြောင်းနှင့် ၎င်းတို့တွင် အခြားသူများထက် ပိုအမြော်အမြင်ရှိသည့် အယူအဆများ ရှိကြောင်း ဖော်ပြဖို့ ရှင်းလင်းသော စကားကို အသုံးပြုလျက် စကားလုံးများဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်။ သို့ရာတွင် လူများသည် ၎င်းတို့အနေဖြင့် အခြားသူများထက် သာကြောင်း သက်သေခံရန် တိကျပြတ်သားသော စကားများမပါဝင်ဘဲ ထိုအစား အပြင်ပန်း အလေ့အထများကို သုံးသည့် နည်းလမ်းအချို့ ရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးများသည် ကောင်းစွာ ချင့်ချိန်စဉ်းစားထားသည့် အရာပင်ဖြစ်ကာ ၎င်းတို့၌ ကြံရွယ်ချက်နှင့် အကြံတစ်ခုခု ပါရှိသည့်အပြင် အတော်ပင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ယင်းတို့ကို မွမ်းမံထားပြီး စီမံပြုလုပ်ထားသဖြင့် လူတို့ မြင်တွေ့ရသည်မှာ လူ၏ အယူအဆများနှင့် ကိုက်ညီသည့်၊ မြင့်မြတ်ကာ ဘုရားကိုင်းရှိုင်းသည့်၊ သူတော်စင်၏ ကျင့်ဝတ်နှင့် ကိုက်ညီသည့်အပြင် ဘုရားသခင်ကိုပင် ချစ်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ သမ္မာတရားနှင့် ကိုက်ညီသည့် အချို့သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများပင် ဖြစ်လေသည်။ ဤအရာက မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံခြင်းနှင့် လူတို့ကို မိမိတို့အား အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ခြင်းဟူသည့် တူညီသော ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိသည်။ ထိုကဲ့သို့သော အရာမျိုးကို သင်တို့ ကြုံတွေ့ဖူး သို့မဟုတ် မြင်တွေ့ဖူးကြသလော။ သင်တို့၌ ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားသလော။ ငါဆွေးနွေးနေသည့် ဤအရာများနှင့် ဤအကြောင်းအရာတို့သည် လက်တွေ့ဘဝနှင့် သီးခြားဖြစ်နေသလော။ အမှန်တွင် သီးခြားမဟုတ်ပေ။ အလွန်ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ပေးမည်။ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန် အပေါ်ယံတွင် ၎င်းတို့ အလွန့်အလွန် အလုပ်များနေပုံရသည်။ အခြားသူများက အစာစားနေချိန်၊ သို့မဟုတ် အိပ်နေချိန်များတွင် ၎င်းတို့က တမင်တကာ ဆက်၍ အလုပ်လုပ်ကြပြီး အခြားသူများက မိမိတို့ တာဝန်များကို စတင်လုပ်ဆောင်ချိန်တွင် ၎င်းတို့က သွား၍ စားကြသည်၊ သို့မဟုတ် အိပ်ကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အာရုံစိုက်ခံရရန် ဆွဲဆောင်လိုကြပြီး ၎င်းတို့အနေဖြင့် စားချိန်၊ အိပ်ချိန် မရှိအောင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလွန် အလုပ်များကြောင်းကို လူတိုင်းအား ပြသလိုကြလေသည်။ ၎င်းတို့က “သင်တို့သည် တကယ်ကို ဝန်ထုပ် မထမ်းကြပါ။ အဘယ်သို့ဖြစ်ပြီး အစာစားခြင်းနှင့် အိပ်စက်ခြင်းတွင် သင်တို့ အလွန် တက်ကြွကြသနည်း။ သင်တို့ အသုံးမကျကြပါတကား။ ငါ့ကို ကြည့်ပါ၊ ငါသည် သင်တို့ အားလုံး အစာစားနေချိန်တွင် အလုပ်လုပ်နေပြီး သင်တို့ အိပ်နေချိန် ညဖက်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ဤကဲ့သို့ သင်တို့ ဆင်းရဲဒုက္ခ ခံနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခကို ငါ သည်းညည်းခံနိုင်သည်။ ငါ၏ အပြုအမူဖြင့် ပုံသက်သေကို ငါ ပြသနေသည်”ဟု စဉ်းစားကြသည်။ ဤအပြုအမူနှင့် သရုပ်သကန်မျိုးကို သင်တို့ အဘယ်သို့ တွေးကြသနည်း။ ဤလူများသည် ဤအရာကို တမင်သက်သက် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ လူအချို့သည် ဤအရာများကို တမင် လုပ်ဆောင်နေကြပြီး ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤလူများသည် သူများနှင့်မတူ၊ တမူထူးသောသူများ ဖြစ်လိုကြသည်။ ၎င်းတို့သည် အများနှင့် ကွဲပြားချင်ကြပြီး ၎င်းတို့အနေဖြင့် တစ်ညလုံး အလုပ်များလျက် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ အထူးသဖြင့် ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းညည်းခံနိုင်ကြောင်း လူတို့အား ပြချင်ကြသည်။ ဤနည်းဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် အလုပ်အလွန်ဝန်ပိကာ မစားနိုင်၊ မအိပ်နိုင်အောင်ပင် အလုပ်ထဲ နစ်မြုပ်နေသည်အထိ မိမိတို့၏ ပခုံးထက်တွင် လေးလံသော ဝန်ထုပ်တစ်ခု ရှိကြောင်း တွေးထင်လျက် ၎င်းတို့အတွက် အထူး စိတ်မကောင်းဖြစ်ကာ အထူးတလည် စာနာမှုကို ပြကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ကယ်တင်မခံရနိုင်လျှင် လူတိုင်းက ၎င်းတို့အတွက် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်ပေးကြလိမ့်မည်။ ၎င်းတို့ကိုယ်စား ဘုရားသခင်ထံ အသနားခံပေးကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အတွက် ဆုတောင်းပေးကြလိမ့်မည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ဤလူများသည် အခြားသူများကို လှည့်စားပြီး ၎င်းတို့၏ စာနာမှုနှင့် ချီးမွမ်းခြင်းတို့ကို လိမ်လည်လှည့်ဖြားလျက် ရရှိရန် အခက်အခဲများကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကဲ့သို့သော လူ၏ အယူအဆများနှင့် ကိုက်ညီသည့် ကောင်းမွန်သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများကို အသုံးပြုနေကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာရပြီး ၎င်းတို့ အဖိုးအခပေးသည်ကို မြင်သောလူတိုင်းက “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အရည်အချင်းအရှိဆုံး၊ ဆင်းရဲဒုက္ခကို အသည်းခံနိုင်ဆုံးနှင့် အဖိုးအခအပေးနိုင်ဆုံးသောသူ ဖြစ်သည်”ဟူ၍ တစ်သံတည်းဖြင့် အားလုံး ပြောဆိုကြလိမ့်မည်။ ထိုအခါ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်သည် မဟုတ်လော။ ထို့နောက် တစ်နေ့တွင် ဘုရားအိမ်တော်က “သင်တို့၏ ခေါင်းဆောင်သည် တကယ့် အလုပ်ကို မလုပ်ပေ။ ၎င်းသည် မိမိကိုယ်ကို အလုပ်များစေပြီး ရည်ရွယ်ချက်မရှိဘဲ အလုပ်လုပ်သည်။ ၎င်းသည် မဆင်မခြင် ပြုမူကာ ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်သည်။ ၎င်းသည် အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးစေသည်။ ၎င်းအနေဖြင့် လုပ်သင့်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လေပြီ။ ဧဝံဂေလိ အလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်ကို မဆောင်ရွက်သကဲ့သို့ အသင်းတော် အသက်တာကလည်း ကစဉ့်ကလျားဖြစ်နေသည်။ ညီအစ်ကို မောင်နှမများက သမ္မာတရားကို နားမလည်ကြ။ အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သက်သေခံချက် ဆောင်းပါးများကို မရေးနိုင်ကြပေ။ သနားဖွယ်အကောင်းဆုံးသောအရာမှာ ၎င်းက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကိုပင် ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း ဖြစ်သည်။ ဤခေါင်းဆောင်မျိုးသည် အလွန် အရည်အချင်းမဲ့လေသည်။ ၎င်းသည် ဖြုတ်ချခံရသင့်သည့် အယောင်ဆောင် ခေါင်းဆောင် ဖြစ်သည်”ဟု ပြောလေသည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့ကို ဖြုတ်ချရန် လွယ်ကူလိမ့်မည်လော။ ခက်ခဲကောင်းခက်ခဲမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းကို အသိအမှတ်ပြုကာ အားပေးထောက်ခံကြသည့်အတွက် ဤခေါင်းဆောင်ကို တစ်ဦးတစ်ယောက်က ထုတ်ပယ်ရန် ကြိုးစားလျှင် ညီအစ်ကို မောင်နှမများက ကန့်ကွက်စာ တင်ကြလိမ့်မည်ဖြစ်ပြီး ထိုသူကို ဆက်လက်ထားရှိရန် အထက်သို့ တောင်းလျှောက်ချက် တင်ပြကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော ရလဒ် ရှိလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် လူတို့ကို တို့ထိခံစားစေရန်၊ သိမ်းသွင်းစည်းရုံးရန်နှင့် အထင်အမြင်မှားစေရန် အခက်အခဲကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းအပြင် ကြားကောင်းသည့် စကားလုံးများကဲ့သို့သော အပြင်ပန်း ကောင်းမွန်သည့် အပြုအမူများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့က ဤအတုအယောင် သွင်ပြင်များကို အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့အတွက် ပြောပေးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မစွန့်ခွာနိုင်ဖြစ်ကြလိမ့်မည်။ ဤခေါင်းဆောင်က တကယ့်အလုပ် များများစားစား မလုပ်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသူများ သမ္မာတရားကို နားလည်ကာ အသက်ဝင်ရောက်မှုကို ရရှိရန် ဦးဆောင်လမ်းပြခြင်း မရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤလူများက ထိုခေါင်းဆောင်များကို အားပေးထောက်ခံကြဆဲ၊ အသိအမှတ်ပြုကာ ၎င်းတို့နောက် လိုက်ကြဆဲဖြစ်သည်။ ယင်းက သမ္မာတရားနှင့် အသက်ကို ၎င်းတို့ ရရှိမည်မဟုတ်သည့် သဘောလောဟူသည်ကိုပင် အရေးမစိုက်ဘဲ ရှိကြလေသည်။ ထို့အပြင် ဤခေါင်းဆောင်၏ အထင်အမြင် မှားစေခြင်းကြောင့် ဤလူတို့အားလုံးက သူ့ကို ကိုးကွယ်ကြသည်။ သူမှလွဲ၍ အခြားခေါင်းဆောင်များကို လက်မခံသည့်အပြင် ဘုရားသခင်ကိုပင် အလိုမရှိကြတော့ပေ။ ၎င်းတို့သည် ဤခေါင်းဆောင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေကြသည် မဟုတ်လော။ အကယ်၍ ဘုရားအိမ်တော်က ဤသူသည် တကယ့် အလုပ်ကို မလုပ်ဆောင်ကြောင်း၊ ၎င်းသည် အတုအယောင်ခေါင်းဆောင်နှင့် အန္တိခရစ်ဖြစ်ကြောင်း ပြောပါက သူ၏ အသင်းတော်ရှိလူတို့သည် ကန့်ကွက်ပြီး ထကြွပုန်ကန်ကြမည် ဖြစ်သည်။ ဤအန္တိခရစ်သည် ထိုလူတို့ကို မည်သည့်အတိုင်းအတာအထိ အထင်အမြင်မှားစေပြီး ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ အကယ်၍ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ပါက လူတို့၏ အခြေအနေများမှာ ပို၍သာ တိုးတက်လာမည်ဖြစ်ပြီး သမ္မာတရားကို ပို၍ နားလည်မည်၊ ဘုရားသခင်၌ ပို၍ ကျိုးနွံနာခံလာမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် နေရာပိုရှိမည်ဖြစ်သည့်အပြင် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ရာ၌ ပို၍တိုးတက်လာမည် ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ငါတို့ ယခုတင် ဆွေးနွေးသွားသည့် အခြေအနေသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝ မဟုတ်ပေ။ အန္တိခရစ်များနှင့် ဝိညာဉ်ဆိုးများကသာ အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက်တွင် လူတို့ကို ထိုမျှအတိုင်းအတာအထိ အထင်အမြင်မှားစေနိုင်သည်။ လူများစွာတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရပြီး ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ထိုအန္တိခရစ်များအတွက်သာ နေရာရှိကာ ဘုရားသခင်အတွက် နေရာမရှိပေ။ ဤသည်မှာ အပြင်ပန်း အပြုအမူကောင်းများအားဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည့် အန္တိခရစ်များ စွမ်းဆောင်ရရှိသည့် နောက်ဆုံးရလဒ်ဖြစ်သည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံရန်အတွက် အခက်အခဲကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် အပြင်ပန်း အပြုအမူကောင်းများကို အသုံးချကြသည်။ ယင်းမှာ လူတို့ကို အထင်အမြင် မှားစေရန်နှင့် ထိန်းချုပ်ရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဤကိစ္စကို သင်တို့ ယခု ရှင်းရှင်းလင်းလင်း သိမြင်ပြီမဟုတ်လော။ လူတို့ကို အထင်အမြင် မှားစေရန်အတွက် အခက်အခဲကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် အပြင်ပန်း အပြုအမူကောင်းများကို အသုံးချသည့် အန္တိခရစ်တစ်ဦးသည် အလွန် လှည့်ဖြားတတ်ပြီး တိတ်တဆိတ် အန္တရာယ်ပြုတတ်သည် မဟုတ်လော။ ထို့ပြင် သင်တို့သည် ဤအရာများကို ရံဖန်ရံခါ ပြုလုပ်သည်မဟုတ်လော။ လူအချို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း ညနက်သည်အထိနေဖို့ ပြင်ဆင်ရာတွင် မိမိတို့၏စွမ်းအင်ကို မြှင့်တင်ရန်အတွက် ကော်ဖီသောက်ကြသည်။ ညီအစ်ကို မောင်နှမများက ထိုသူတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပြီး ကြက်စွပ်ပြုတ် ချက်ပြုတ်ပေးကြသည်။ ၎င်းတို့သည် စွပ်ပြုတ်ကို သောက်ပြီးသောအခါ ဤလူတို့က “ဘုရားကို ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် ဘုရားကျေးဇူးတော်ကို ခံစားရပြီ။ ဤအရာနှင့် ကျွန်ုပ် မထိုက်တန်ပါ။ ကျွန်ုပ်သည် ယခုတွင် ဤကြက်စွပ်ပြုတ်ကို သုံးဆောင်ပြီးပြီဖြစ်၍ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ရာ၌ ပို၍ ထိရောက်မှုရှိလာရမည်” ဟု ဆိုကြသည်။ လက်တွေ့တွင်မူ ၎င်းတို့၏ ထိရောက်မှုက လုံးဝ တိုးတက်မလာဘဲ မိမိတို့၏တာဝန်များကို ပုံမှန်လုပ်ဆောင်သည့် နည်းအတိုင်း ဆက်လက်၍ လုပ်ဆောင်ကြသည်။ ၎င်းတို့က ဟန်ဆောင်နေကြသည် မဟုတ်လော။ ၎င်းတို့သည် ဟန်ဆောင်နေကြခြင်း ဖြစ်ပြီး ဤအပြုအမူမျိုးက တိတ်တခိုးဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံနေကြခြင်းလည်း ဖြစ်သည်။ ယင်းကရရှိသည့် ရလဒ်မှာ လူတို့အား မိမိတို့ကို အသိအမှတ်ပြုအောင်၊ မိမိတို့ကို အထင်ကြီးအောင်နှင့် မိမိတို့၏ အမာခံနောက်လိုက်များ ဖြစ်လာအောင် ပြုလုပ်ဖို့ဖြစ်သည်။ အကယ်၍ လူတို့၌ ဤစိတ်နေစိတ်ထားမျိုး ရှိသည်ဆိုပါက ဘုရားသခင်ကို မေ့လျော့ထားကြပြီး ဖြစ်သည်မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိတော့သည့်အတွက် ၎င်းတို့ နေ့နေ့ညည စဉ်းစားသူမှာ မည်သူဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ “ခေါင်းဆောင်ကောင်း”၊ ၎င်းတို့၏ “ချစ်ခင်လေးစားရသူ” ဖြစ်၏။ အန္တိခရစ်အချို့မှာ အပြင်ပန်းတွင် လူအများစုအပေါ် အလွန်ချစ်ခင်တတ်ပြီး ထိုသူတို့ စကားပြောသောအခါ နည်းနိဿယများကို အသုံးပြုကြသည်။ ဤသို့ဖြင့် လူတို့က ထိုသူတို့သည် ချစ်ခင်တတ်ကြောင်း သိမြင်ပြီး ထိုသူတို့နှင့် ရင်းနှီးလိုစိတ်ရှိကြမည် ဖြစ်သည်။ ထိုသူတို့သည် မိမိတို့နှင့် ရင်းနှီးပြီး ထိတွေ့မှုရှိသူတိုင်းကို အားပါးတရ ပြုံးပြပြီး ထိုသို့သောလူတို့ကို အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် စကားပြောကြသည်။ အကယ်၍ ညီအစ်ကို မောင်နှမအချို့သည် သူတို့၏လုပ်ရပ်များ၌ စည်းမျဉ်းနှင့် ကိုက်ညီမှု မရှိကြောင်း၊ ထိုသို့ဖြင့် အသင်းတော်၏ အကျိုးစီးပွားကို ထိခိုက်ကြောင်း ၎င်းတို့ မြင်တွေ့လျှင်ပင် ထိုသူတို့ကို ပြုပြင်ခြင်း စိုးစဉ်းမျှ မရှိဘဲ ထိုသူတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် တွန်းအားပေးခြင်း၊ နှစ်သိမ့်ခြင်းနှင့် ချော့မော့ခြင်းကိုသာ ပြုကြသည်။ ၎င်းတို့သည် လူတိုင်းကို ၎င်းတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီးသည်အထိ လူတို့အား ချော့ပြီးရင်း ချော့ကြသည်။ လူတို့သည် ဤအန္တိခရစ်များ၏ စေ့ဆော်ခြင်းကို တဖြည်းဖြည်းခံရသည်။ လူတိုင်းက ထိုသူတို့၏ ကြင်နာတတ်သော စိတ်နှလုံးများကို အလွန်အသိအမှတ်ပြုပြီး ထိုသူတို့အား ဘုရားသခင်ကို ချစ်သောသူများဟု ခေါ်ကြသည်။ နောက်ဆုံးတွင် လူတိုင်းက ထိုသူတို့ကို ကိုးကွယ်ပြီး အရေးကိစ္စတိုင်းတွင် ထိုသူတို့၏ မိတ်သဟာယပြုချက်ကို တောင်းခံကာ ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှာဖွေခြင်းကိုပင် မပြုတော့သည်အထိ ဤအန္တိခရစ်များအား မိမိတို့၏ ရင်တွင်းဖြစ် စိတ်ကူးများနှင့် ခံစားချက်များအားလုံးကို ပြောပြကြသည်။ ဤလူတို့သည် ဤအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံထားရပြီ မဟုတ်လော။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် အခြားနည်းလမ်းဖြစ်၏။ သင်တို့သည် ဤအပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများ ပါဝင်သောအခါ သို့မဟုတ် ဤရည်ရွယ်ချက်များကို ထားရှိသောအခါ ဤအရာ၌ ပြဿနာရှိနေပြီ ဖြစ်ကြောင်း သင်တို့ သတိပြုမိသလော။ ထို့ပြင် ဤအရာကို သတိပြုမိသောအခါ သင်သည် မိမိ၏ဆောင်ရွက်ပုံနည်းလမ်းများကို ပြောင်းလဲနိုင်သလော။ အကယ်၍ သင်သည် မိမိ၏ အပြုအမူ၊ လက်တွေ့လုပ်ဆောင်မှုများ သို့မဟုတ် ရည်ရွယ်ချက်များက ပြဿနာ ရှိကြောင်း သတိပြုမိပြီး ဆန်းစစ်သောအခါ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး စစ်မှန်သောနောင်တ ရနိုင်ပါက ဤသည်မှာ သင်သည် သင်၏ ဆောင်ရွက်ပုံနည်းလမ်းကို ပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ သင်၏ပြဿနာများကို သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်ပြီး မိမိ၏ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း ပြုမူလျက် မိမိဘာသာ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိတော့သည့် အဆင့်အထိ ရောက်ရှိသွားအောင် ပို၍ပို၍ နက်ရှိုင်းစွာ ကျဆင်းသွားပါက သင်သည် မိမိ၏နည်းလမ်းကို မပြောင်းလဲရသေးဘဲ ဘုရားသခင်နှင့် တမင်သက်သက် ဆန့်ကျင်ရပ်တည်နေခြင်းဖြစ်ကာ မိမိတို့ကိုယ်ကို ချီးမြှောက်ကာသက်သေခံနေခြင်းနှင့် မှန်သောလမ်းခရီးမှ သွေဖည်နေခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားပင် ဖြစ်၏။ ယင်းက ဆိုးဝါးသလော။ (ဆိုးဝါးပါသည်။) အဘယ်မျှ ဆိုးဝါးသနည်း။ ပို၍ အန္တရာယ်ဖြစ်စေပြီး လှည့်စားတတ်သော နည်းလမ်းများကို လက်ခံကျင့်သုံးသည့်၊ လူတို့အား အထင်အမြင်မှားစေဖို့အတွက် အခက်အခဲကို ခါးစည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကို အသုံးချသည့်၊ ထိုလူတို့ကို မိမိအား ကိုးကွယ်အောင်နှင့် မိမိ၏နောက်လိုက်အောင် ပြုလုပ်ဖို့ ကြိုးစားသည့် လူတစ်ဦး၏ အဆုံးသတ်မှာ မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း ချီးမြှောက်ကာ သက်သေခံသည့် လူတစ်ဦး၏ အဆုံးသတ်နှင့် အတူတူပင်ဖြစ်သည်။ ယင်းမှာ သဘောသဘာဝ အတူတူပင် ဖြစ်၏။ သင်သည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံဖို့အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ယင်းမှာ ရှင်းလင်းသော စကား သို့မဟုတ် အတော်လေး သိသာထင်ရှားသော အပြုအမူကောင်းတစ်ခုခု ဖြစ်စေကာမူ ယင်းတို့အားလုံးက သဘောသဘာဝ အတူတူပင်ဖြစ်၏။ ယင်း၌ အန္တိခရစ်အရည်အသွေးနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများကို ရရှိဖို့ ဘုရားသခင်နှင့် တိုက်ခိုက်ခြင်းဟူသည့် အရည်အသွေးမျိုး ရှိလေသည်။ သင်၏ သရုပ်သကန်များက မည်သည့်ပုံစံရှိသည် သို့မဟုတ် သင်သည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သင်၏ ရည်ရွယ်ချက်က မပြောင်းလဲသည့်အပြင် အကျိုးဆက်များက အတူတူပင်ဖြစ်နေသရွေ့ ယင်းတို့အားလုံးသည် သဘာဝအားဖြင့် အတူတူပင်ဖြစ်၏။ ထိုအတွက်ကြောင့် အန္တိခရစ်များသည် အလွန်ကောက်ကျစ်စဉ်းလဲသည်။ ၎င်းတို့သည်သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသည်မှာ ထင်ရှားသော်လည်း ထိုသူတို့သည် လူတို့အား အထင်အမြင်မှားစေသည့် နည်းလမ်းတစ်ခုအဖြစ် အခက်အခဲကို ခါးစည်းခံခြင်းနှင့် အဖိုးအခ ပေးခြင်းကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်၏။

သူတို့သည် အသိဉာဏ်ရှိပြီး နှံ့စပ်သည် ဟူ၍လည်းကောင်း၊ သူတို့၏ လုပ်ဆောင်ချက်များသည် အလွန် နက်နဲသည် ဟူ၍လည်းကောင်း လူတို့ကို ထင်မြင်စေရန်အတွက် ထူးခြားဆန်းကြယ် အယူအဆသဘောများနှင့် သဘောတရားအရဖြစ်သော အကြောင်းပြချက်များအကြောင်းကို ပြောကြပြီး ထိုသို့ဖြင့် လူတို့အား မိမိတို့ကို ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ ဆိုလိုသည်မှာ ထိုသူတို့သည် အရေးကိစ္စအားလုံး၌ ပါဝင်ပြီး မိမိတို့၏ ထင်မြင်ချက်ကို အမြဲတမ်း ပေးချင်ကြကာ လူတိုင်းက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ပြီးသောအခါ၌ပင် ယင်းအပေါ် သူတို့ ကျေနပ်မှုမရှိပါက ကြီးကျယ်သော ထင်မြင်ယူဆချက်များအချို့ကို လေပန်းပြီး ကြွားလုံးထုတ်ကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုချီးမြှောက်ပြီး သက်သေခံခြင်းဟူသည့် နည်းလမ်းတစ်ခုပင် မဟုတ်လော။ အချို့ကိစ္စများနှင့်ပတ်သက်၍ လူတိုင်းက အမှုအရာများကို အမှန်ပင် ပြောဆိုဆွေးနွေးပြီး တစ်ဦးနှင့်တစ်ဦး တိုင်ပင်ညှိနှိုင်းထားကာ စည်းမျဉ်းများကို တွေ့ရှိထားပြီးသား ဖြစ်သည့်အပြင် လုပ်ဆောင်မှု အစီအစဉ်တစ်ခုကို ချမှတ်ပြီးသားဖြစ်သော်လည်း ထိုသူတို့က ဆုံးဖြတ်ချက်ကို လက်မခံဘဲ အမှုအရာများကို မလျော်ကန်သော ပုံစံဖြင့် နှောင့်ယှက်ဟန့်တားကာ “ယင်းက အဆင်ပြေမည်မဟုတ်။ သင်တို့သည် ဤအရာကို လုံးစေ့ပတ်စေ့ မစဉ်းစားကြသေးချေ။ ကျွန်ုပ်တို့ ပြောဆိုဆွေးနွေးသည့် ရှုထောင့်အနည်းငယ်အပြင် ကျွန်ုပ်သည် အခြားရှုထောင့်တစ်ခုကိုလည်း စဉ်းစားမိသည်” ဟု ဆိုသည်။ အမှန်တွင် ထိုသူစဉ်းစားမိသည့် ရှုထောင့်မှာ အဓိပ္ပာယ်မဲ့သော အယူအဆသဘော တစ်ခုခုသာဖြစ်၏။ ထိုသူသည် ချစ်တီးခေါင်း သန်းရှာနေခြင်းသာ ဖြစ်၏။ သူသည် ချစ်တီးခေါင်းသန်းရှာနေပြီး အခြားလူတို့ ဘေးကျပ်နံကျပ် ဖြစ်အောင် လုပ်နေမှန်း ထိုသူ လုံးလုံးလျားလျား သတိပြုမိသော်လည်း ဆက်လုပ်ဆဲဖြစ်သည်။ ဤအရာ၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သူသည် ကွဲပြားကြောင်း၊ အခြားသူများထက် ပို၍ တော်ကြောင်း လူတို့အား ပြရန်ဖြစ်သည်။ သူဆိုလိုသည်မှာ “သို့ဆိုလျှင် ဤသည်မှာ သင်တို့အားလုံး ရောက်နေသည့်အဆင့် ဟုတ်သလော။ ကျွန်ုပ်သည် ပို၍မြင့်သော အဆင့်၌ ရောက်နေသည်ကို သင်တို့အား ကျွန်ုပ်ပြရမည်” ဟူ၍ ဖြစ်သည်။ သူသည် အခြားသူတစ်ယောက်ယောက် ပြောဆိုသမျှကို လျစ်လျူရှုနေကျ ဖြစ်သော်လည်း အရေးကြီးသောအရာတစ်ခု ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမှုအရာများကို စတင်၍ ကမောက်ကမ ဖြစ်စေတော့သည်။ ဤကဲ့သို့သောလူမျိုးကို မည်သို့ခေါ်သနည်း။ အရပ်စကားအားဖြင့် ထိုသူကို ချစ်တီးခေါင်း သန်းရှာသူနှင့် အကျင့်စာရိတ္တ မကောင်းသူဟု ခေါ်သည်။ ချစ်တီးခေါင်း သန်းရှာသူတစ်ဦး၏ တွေ့နေကျဖြစ်သော လုပ်နည်းကိုင်နည်းများမှာ အဘယ်နည်း။ ထိုသူသည် ကြီးကျယ်သော ထင်မြင်ယူဆချက်များအား လေပန်းခြင်းနှင့် ဆိုးညစ်ပြီး မရိုးဖြောင့်သော လက်တွေ့လုပ်ဆောင်မှု အချို့၌ ပါဝင်ခြင်းကို ပျော်မွေ့သည်။ အကယ်၍ သင်သည် သူ့အား မှန်ကန်သော လုပ်ဆောင်မှုအစီအစဉ်တစ်ခုကို တင်ပြခိုင်းလျှင် တစ်ခုမျှ တင်ပြနိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အရာတစ်ခုကို ကိုင်တွယ်ခိုင်းလျှင်လည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထိုသူသည် ဆိုးညစ်သော အရာများကိုသာ ပြုလုပ်ပြီး လူတို့အား “မျှော်လင့်မထားသည့်အရာ” ကို အမြဲတမ်း ပေးလိုကာ သူ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည်။ ပြောနေကျစကားမှာ အဘယ်သို့ဖြစ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သူ့အရည်အချင်းကို သင့်အားပြရန်ဖြစ်သည်” ဟူ၍ပင်။ ဤအရာက ဆိုလိုသည်မှာ ထိုသူသည် မိမိ၏ အစွမ်းအစများကို အမြဲတမ်း ကြွားလုံးထုတ်လိုသည့်အပြင် ယင်းတို့ကို ကောင်းမွန်စွာ ကြွားလုံးထုတ်နိုင်သည် ဖြစ်စေ၊ မထုတ်နိုင်သည်ဖြစ်စေ “ကျွန်ုပ်သည် သင်တို့တတွေထက် ပို၍ ထူးချွန်ပြောင်မြောက်သည်။ သင်တို့အားလုံးသည် အသုံးမကျ၊ သင်တို့သည် သေမျိုးသက်သက်၊ သာမန်လူများသာ ဖြစ်ကြသည်။ ကျွန်ုပ်မှာမူ သာမန်ထက်ထူးခြားပြီး သာလွန်ထူးကဲသည်။ ကျွန်ုပ်သည် သင်တို့ကို အံ့အားသင့်စေရန် ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို ပြောပြမည်ဖြစ်ပြီးလျှင် ကျွန်ုပ် သာလွန်သည်၊ မသာလွန်သည်ကို သင်တို့ မြင်တွေ့နိုင်မည်” ဟူ၍ လူတို့အား သိစေလိုသည်။ ဤသည်မှာ အမှုအရာများကို ကမောက်ကမ ဖြစ်စေခြင်း မဟုတ်လော။ ထိုသူသည် အမှုအရာများကို တမင်သက်သက် ကမောက်ကမ ဖြစ်စေခြင်းပင်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ထိုသူသည် အဖျက်အမှောင့် လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေသည်။ ထိုသူဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ကျွန်ုပ်သည် ဤကိစ္စတွင် ကျွန်ုပ် မည်မျှတော်ကြောင်း မပြရသေးချေ။ ထို့ကြောင့် မည်သူ၏ အကျိုးအမြတ်ကို ထိခိုက်သည်ဖြစ်စေ၊ ပြီးလျှင် မည်သူ၏ ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သည်ဖြစ်စေ ကျွန်ုပ်သည် သာလွန်သည်၊ စွမ်းဆောင်နိုင်ပြီး တတ်နိုင်သည်ကို လူတိုင်း ယုံကြည်သည်အထိ ဤအရာကို တမင်ဖျက်ဆီးမည်ဖြစ်သည်။ သို့မှသာ ကျွန်ုပ်သည် ဤကိစ္စကို အတားအဆီးမရှိ ဆက်လုပ်ခွင့်ပြုမည် ဖြစ်သည်။ ဤကဲ့သို့သော လူဆိုးများ ရှိသလော။ သင်တို့သည် ဤကဲ့သို့သော အရာမျိုးတို့ကို ယခင်က ပြုလုပ်ခဲ့ဖူးသလော။ (ပြုလုပ်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံတွင် အခြားသူများသည် အရေးကိစ္စတစ်ခုအား ဆွေးနွေးခြင်းကို အဆုံးသတ်ပြီး သင့်တော်သော အစီအစဉ်တစ်ခုကို တွေ့ရှိပြီးဖြစ်သော်လည်း ဆုံးဖြတ်ချက်ချသော ထိုဖြစ်စဉ်အတွင်း ကျွန်ုပ်ကို အသိမပေးခဲ့ကြသဖြင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် အပြစ်တချို့ကို တမင်သက်သက် ရှာခဲ့ပါသည်။) ဤအရာကို ပြုလုပ်သောအခါ မှန်သည်၊ မှားသည်ကို သင်သည် စိတ်နှလုံးထဲ၌ သိခဲ့သလော။ ဤပြဿနာ၏ သဘာဝမှာ ဆိုးဝါးကြောင်း၊ ယင်းသည် နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်စေကြောင်း သင်သိခဲ့သလော။ (ထိုအချိန်တွင် ဤအရာကို ကျွန်ုပ် သတိမပြုမိခဲ့သော်လည်း ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများ၏ အပြင်းအထန် ပြုပြင်မှုခံရခြင်းအားဖြင့်လည်းကောင်း၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်‌တော်များကို စားသောက်ခြင်းအားဖြင့်လည်းကောင်း ဤပြဿနာသည် သဘာဝအားဖြင့် ဆိုးဝါးကြောင်း၊ ယင်းသည် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ စာတန်ဆန်သော အပြုအမူမျိုး ဖြစ်ကြောင်း ကျွန်ုပ်မြင်တွေ့ခဲ့သည်။) ဤသည်မှာ အဘယ်မျှဆိုးဝါးသည်ကို သင် သတိပြုမိခဲ့သဖြင့် ယင်းနောက် အလားတူအမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်သည် အနည်းငယ် ပြောင်းလဲပြီး သင်၏ လုပ်ပုံကိုင်ပုံအရ ဝင်ရောက်မှုတစ်ခုခု ရှိနိုင်ခဲ့သလော။ (ရှိနိုင်ခဲ့ပါသည်။ ကျွန်ုပ်သည် ထိုသို့သော စိတ်ကူးများနှင့် ထင်မြင်ချက်များကို ထုတ်ဖော်သောအခါ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်ကြောင်း၊ ကျွန်ုပ်သည် အမှုအရာများကို ထိုပုံစံအတိုင်း လုပ်၍မဖြစ်ကြောင်းနှင့် ဘုရားသခင်ထံ အသိနိုးကြားစွာ ဆုတောင်းပြီး မမှန်ကန်သော ထိုစိတ်ကူးများနှင့် ထင်မြင်ချက်များကို ပုန်ကန်နိုင်ကြောင်း သတိပြုမိခဲ့သည်။) သင်သည် အတော်လေး ပြောင်းလဲနိုင်ခဲ့ပေသည်။ သင်၌ ထိုသို့ဖောက်ပြန်ပျက်စီးသော ပြဿနာများ ရှိသောအခါ ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေရမည်၊ မိမိကိုယ်ကို ချုပ်တည်းရမည်၊ ပြီးလျှင် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားသူများက သင့်ကို မထီမဲ့မြင်ပြုသည်၊ ၎င်းတို့က သင့်ကို အထင်မကြီး သို့မဟုတ် အလေးအနက်မထားဟု သင်ထင်မြင်ကာ အကျိုးဆက်အားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်ပွားစေလိုသောအခါ၊ ဤစိတ်ကူးရှိသောအခါ ယင်းသည် သာမန်လူ့သဘာဝမှ မလာဘဲ စာတန်ဆန်သော စိတ်သဘောထားမှ လာခြင်းသာဖြစ်ကြောင်းနှင့် သင် ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ဒုက္ခရောက်မည် ဖြစ်သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိမည်ဖြစ်ကြောင်း သင် သတိပြုရမည်ဖြစ်သည်။ သင်သည် ပထမဦးစွာ မိမိကိုယ်ကို ချုပ်တည်းဖို့ကို သိရမည်၊ ထို့နောက် ဘုရားသခင်ထံ ဆုတောင်းရန် သူ့ရှေ့မှောက်သို့ ရောက်လာပြီး သင်၏လမ်းကြောင်းကို ပြောင်းလဲရမည် ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် အတွေးအခေါ်များထဲ၌၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲ၌ အသက်ရှင်သောအခါ ၎င်းတို့လုပ်ဆောင်သော မည်သည့်အရာမျှ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ဘုရားသခင်ကိုလည်း ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ၎င်းတို့ပြုလုပ်သမျှသည် သူ့အပေါ် ဆန့်ကျင်ရန်မူနေသည်။ သင်တို့သည် ဤအချက်ကို ယခု သတိပြုမိနိုင်သည် မဟုတ်လော။ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အမြဲတမ်း ကြိုးပမ်းလိုခြင်းအပြင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိဖို့အတွက် အသင်းတော်အလုပ်ကို နှောင့်ယှက်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် ဝန်မလေးခြင်းတို့သည် အန္တိခရစ်များ၏ အသိသာဆုံးသော သရုပ်သကန်များပင် ဖြစ်၏။ အမှန်တွင် လူတို့အားလုံးက ဤသရုပ်သကန်များကို ပိုင်ဆိုင်ထားကြသော်လည်း သင်သည် ဤအရာကို အသိအမှတ်ပြုပြီး ဝန်ခံနိုင်ပြီးနောက် သင်၏ လမ်းကြောင်းကို ပြောင်းလဲနိုင်ကာ ဘုရားသခင်ရှေ့မှောက်တွင် စစ်မှန်သော နောင်တရခြင်း သဘောထားကို ခံယူသည့်အပြင် သင်၏ လုပ်ပုံလုပ်နည်း၊ အပြုအမူများနှင့် စိတ်သဘောထားများကို ပြောင်းလဲပါက သင်သည် သမ္မာတရားကို လိုက်စားနေသူတစ်ဦး ဖြစ်ပေသည်။ အကယ်၍ သင်သည် စစ်မှန်သော ဤပြဿနာများကို အသိအမှတ်မပြုပါက သင်၌ နောင်တရခြင်း သဘောထား မရှိသည်မှာ သေချာပြီး သင်သည် သမ္မာတရား လိုက်စားသော လူတစ်ဦး မဟုတ်ပေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မလျှော့တမ်းလျှောက်နေပြီး ဤလမ်းကြောင်းကို အဆုံးတိုင်အောင် လိုက်လျှောက်သည့်အပြင် ဤအရာကို ပြဿနာမဟုတ်ဟု ထင်နေဆဲဖြစ်ကာ နောင်တရလိုစိတ် မရှိဘဲ ဤနည်းအတိုင်း မလျှော့တမ်းပြုမူခြင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အမှုဆောင်များ၊ ခေါင်းဆောင်များနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများထက် ပို၍ထင်ပေါ်အောင်၊ လူထုထဲတွင် ထင်ရှားပေါ်လွင်အောင်နှင့် မည်သည့်အဖွဲ့၌ ရှိနေသည်ဖြစ်စေ အခြားသူများထက် ပိုသာအောင် အပြင်းအထန် ကြိုးစားခြင်းတို့ ရှိနေလျှင် သင်သည် ဒုက္ခရောက်နေပြီ။ အကယ်၍ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဆက်လက်၍ လိုက်စားနေပြီး နောင်တရဖို့ ဇွတ်ငြင်းပါက သင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး အဆုံးတွင် ပြစ်ဒဏ်ပေးခံရကိန်း ရှိနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၊ အသိတရားနှင့် ဆင်ခြင်တုံတရားက သင့်အပေါ် အကျိုးသက်ရောက်မှု မရှိသည့်အပြင် သင်သည် အန္တိခရစ်များ၏ အဆုံးသတ်ကို တွေ့ရဖို့ သေချာသည်။ သင်သည် ကယ်တင်ခြင်းကို မခံရနိုင်သည့်အပြင် အဖတ်ဆယ်၍ မရတော့ပေ။ လူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့်လမ်းကြောင်းကို အစပြုနိုင်ခြင်း ရှိမရှိဟူသည် မိမိတို့ကိုယ်ကို သိနားလည်လာပြီးနောက် စစ်မှန်သော နောင်တတရား၏ သရုပ်သကန်များ၊ သမ္မာတရားကို ၎င်းတို့ချဉ်းကပ်ရာတွင် ထားရှိသော သဘောထားသာမက ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းကို ပြသခြင်းရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စွန့်ခွာရမည့်အစား သင့်ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့သာ ဆုံးဖြတ်လျက် သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ ဘုရားသခင်အား ဆန့်ကျင်ရပ်တည်နေပါက သင်သည် အဖတ်ဆယ်၍ မရပေ။ အကယ်၍ လူတစ်ဦးသည် သူ၏အမှားပမာဏ မည်သို့ရှိစေ သို့မဟုတ် သူသည် ဒုစရိုက်အမှုများ မည်မျှပြုလုပ်ပါစေ မစိုးရိမ်တတ်သည့်အပြင် အပြစ်ရှိသည်ဟု မခံစား၊ နောင်တတရား တစ်စက်မျှမရှိဘဲ မိမိအတွက် အကြောင်းပြချက်များ ဆက်၍ ပေးနေပါက သူသည် အန္တိခရစ်နှင့် နတ်ဆိုးအစစ်ပင် ဖြစ်၏။ အကယ်၍ လူတစ်ဦးသည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ပိုင်ဆိုင်ထားသော်လည်း မိမိ၏ အမှားများကို ဝန်ခံနိုင်ပြီး လှည့်ပြန်နိုင်ကာ နောင်တရသော စိတ်နှလုံးရှိနိုင်ပါက ဤသည်မှာ အန္တိခရစ်များနှင့် သဘာဝအားဖြင့် ကွာခြားပြီး အခြားကိစ္စတစ်ခု လုံးလုံးဖြစ်လေ၏။ ထို့ကြောင့် လူတစ်ဦး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းရှိမရှိနှင့် ဆိုင်သည့် သော့ချက်သည် သူသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ခြင်း ရှိမရှိ၊ သူ၌ နောင်တရသော စိတ်နှလုံးရှိမရှိ၊ ထို့ပြင် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို အစပြုနိုင်ခြင်းရှိမရှိတွင် မူတည်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။