အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည် (အခန်း သုံး)

စတုတ္ထအချက်ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ တစ်သမတ်တည်းဖြစ်သော နည်းလမ်းဖြစ်သည်။ သင်တို့သည် အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သိသာထင်ရှားသော နည်းလမ်းများ၊ ပုံစံများနှင့် နည်းစနစ်တို့ကို ပိုင်းခြားသိမြင်နိုင်သော်လည်း ပို၍ လျှို့ဝှက်သော အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်းခြားသိမြင်နိုင်သလော။ မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန်အတွက် ဘာသာစကားကို အသုံးပြုခြင်းကဲ့သို့ သိသာထင်ရှားသော အရာများနှင့် ပတ်သက်လာလျှင် သင်တို့သည် ဤအရာများကို ထုတ်ဖော်သည်၊ အခြားသူများ ထုတ်ဖော်သည်ကိုလည်း တွေ့မြင်ခဲ့ပြီးဖြစ်၍ ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်လေသည်။ သို့သော် ဘာသာစကားကို အသုံးမပြုသည့်အပြင် အပြုအမူပိုင်း သရုပ်သကန်များသာ ရှိပါက ယင်းတို့ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ဦးမည်လော။ လူအများစုက ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဟု ဆိုနိုင်သည်။ သို့ဆိုလျှင် အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အပြုအမူများနှင့် ပတ်သက်သော ထူးခြားသည့်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့၏ အပြုအမူသည် လူသား၏ အယူအဆများ၊ စိတ်ကူးများ၊ ကိုယ်ကျင့်တရားအပြုအမူ၊ အသိတရား၊ ခံစားချက်များနှင့် မုချ ကိုက်ညီသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ယင်းက လူတို့၏ အသိအမှတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်းကို ရရှိလေသည်။) ယင်းက အသိအမှတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်းကို ရရှိသည်။ ဤသည်မှာ ယင်းကပေးသည့် ရလဒ်ဖြစ်၏။ အကယ်၍ ယင်းကို ထိုရလဒ်၏ ရှုထောင့်မှကြည့်လျှင် ဤအပြုအမူက အမှန်ပင် ထိုအရာအတွက် အထင်အမြင်မှားစေသည့် လက္ခဏာရှိသည်။ ဤလုပ်ရပ်၏ သဘာဝဆိုင်ရာ ရှုထောင့်မှနေ၍ ကြည့်လျှင် ယင်းမှာ တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်လေသည်။ ဥပမာ လူတစ်ဦး ဖျားနာသောအခါ လူတို့ကို အထင်အမြင်မှားစေပြီး သူ့ကို အထင်ကြီးစေလိုပါက လူတို့ရှေ့တွင် ဆေးသောက်မည်လော၊ သို့မဟုတ် မည်သူမျှ မရှိသောအခါ သောက်မည်လော။ (လူတို့ရှေ့တွင် သောက်ပါမည်။) ဤအရာ၏ နောက်ကွယ်တွင် ရည်မှန်းချက်တစ်ခု ရှိသည်မဟုတ်လော။ ဤသည်မှာ သူသည် တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ ဆေးကို ဤကဲ့သို့ သောက်သုံးရာတွင် သူ၏တကယ့်ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိအတွက် နာမည်ကောင်းရယူလိုကာ သင့်အား “ကိုင်း ကျွန်ုပ်သည် မိမိ၏တာဝန်ကို လုပ်ဆောင်ရာတွင် အလွန်ပင်ပန်းသဖြင့် ဖျားနာပြီဖြစ်သော်လည်း မညည်းညူသေး သို့မဟုတ် မျက်ရည်တစ်စက်ပင် မကျသေးပေ။ ကျွန်ုပ်သည် မိမိ၏နာမကျန်းမှုကို ကုသနေသော်လည်း ဆေးသောက်သောအခါ ကျွန်ုပ်၏တာဝန်ကို ဆက်လက်၍ လုပ်ဆောင်နိုင်သေးသည်” ဟု ပြောလိုသည်။ အမှန်တွင် သူသည် တာဝန်လုပ်ဆောင်ရင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ခြေကုန်လက်ပန်း ကျခြင်းကြောင့် ဤနာမကျန်းမှုကို ရရှိခဲ့ခြင်းမျိုး ဖြစ်ချင်မှဖြစ်ပေမည်။ သူသည် လူတို့အား သတင်းစကားတစ်ခွန်း ပေးပို့ရန်အတွက် အပြုအမူမျိုးစုံကို အသုံးပြုဖို့ ကြိုးစားနေခြင်းသာ ဖြစ်ကာ ထိုသတင်းစကားမှာ သူသည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးနေသည်၊ သူသည် ဤဝန်းကျင်ထဲတွင် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရပြီဖြစ်သော်လည်း တစ်ခါမျှ မညည်းညူခဲ့သေးဘဲ မိမိ၏ တာဝန်ကို အလွန်တက်ကြွစွာ လုပ်ဆောင်နေဆဲဖြစ်သည်၊ ထို့ပြင် သူ့ထံတွင်ဆင်းရဲဒုက္ခခံရန် သန္နိဋ္ဌာန် ရှိသည်ဟူ၍ ဖြစ်သည်။ ဤအရာက လူတို့အား မည်သည့်အရာကို မသိမသာ ပြောနေသနည်း။ ဘုရားသခင်အပေါ် သူ၏ သစ္စာစောင့်သိမှုက သံသယဖြစ်စရာမရှိ ဟူ၍ဖြစ်သည်။ သူဖော်ပြလိုသည့်အရာမှာ သူသည် သစ္စာစောင့်သိပြီး အဖိုးအခပေးလိုစိတ် ရှိသည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တိတ်တခိုး ဂုဏ်တင်ချီးကျူးနေသည့် ပုံစံတစ်ခု မဟုတ်လော။ အကယ်၍ သူ၌ အသိစိတ်ရှိခဲ့လျှင် ဤကိစ္စကို ဖော်ထုတ်မည်မဟုတ်၊ မည်သူမျှ မရှိသောအခါ ဘုရားသခင်ထံ ဆုတောင်းပြီး မိမိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဖော်ပြကာ မိမိကိုယ်ကို သိနားလည်ဖို့ ကြိုးစားမည် သို့မဟုတ် မိမိ၏ဆေးကိုသာ ပုံမှန်အားဖြင့် သောက်မည် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် သူသည် ဆင်းရဲဒုက္ခ ခံနေကြောင်း၊ မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နေကြောင်းနှင့် ထောမနာပြုခံရသင့်ကြောင်း လူတို့ကိုပြောဖို့ ဤအပြင်ပန်း အပြုအမူများကို အသုံးချမည် မဟုတ်ပေ။ ဤရည်ရွယ်ချက်များ ထားရှိမည်မဟုတ်ပေ။ သို့ရာတွင် သူသည် အထူးသဖြင့် ဝံ့ကြွားလွန်းသော နည်းလမ်းဖြင့် ပြုမူကာ လူတို့ကို သူ့အား အထင်ကြီးပြီး ချီးမွမ်းစေချင်ပါက ဤသည်မှာ တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို သူပေးပို့သည့် သတင်းစကားအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ရလဒ်ကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အကယ်၍ သူသည် သစ္စာစောင့်သိလျှင် ဤသည်ကို ဘုရားသခင် သိမည်ဖြစ်သဖြင့် အဘယ့်ကြောင့် အခြားလူတို့အား ဤအကြောင်းကို ကြွားဝါပြီး အခြားလူတိုင်းကို သိစေရမည်နည်း။ ထိုအကြောင်းကို လူတိုင်းအား သိစေရာတွင် သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အား သူတို့ကို အထင်ကြီးအောင် လုပ်ဖို့ဖြစ်သည်။ သူ၌ ဤရည်မှန်းချက် မရှိခဲ့လျှင် ဤအမှုကို ပြုခြင်းသည် ရည်ရွယ်ချက်မဲ့သွားမည်ဖြစ်ပြီး အခြားသူများက ဤအရာများ သူ ပြုလုပ်သည်ကို မြင်တွေ့မည် မဟုတ်ပေ။ အကယ်၍ သူသည် တကယ့်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်လျှင် သူ့လုပ်ဆောင်ချက်များ၏ အတိုင်းအတာကို ချင့်ချိန်မည်ဖြစ်ပြီး အချိန်နှင့် နေရာကို အရေးပေး၍ ဆင်ခြင်စဉ်းစားမည်ဖြစ်ကာ တစ်စုံတစ်ဦးကို သူ့အား ဆေးယူပေးခိုင်းဖို့ လူတိုင်းရှိနေသည့် အချိန်အထိ စောင့်ဆိုင်းခြင်း၊ ထိုကိစ္စကို လူရှေ့သူရှေ့တွင် တခမ်းတနားကြီး ဖွင့်ပြောခြင်း ပြုလုပ်မည်ဖြစ်သည်။ ဤအရာတွင် အလွန်ရှင်းလင်းသော ရည်ရွယ်ချက်တစ်ခု ရှိလေသည်။ အကယ်၍ သူ၌ ဤရည်ရွယ်ချက် မရှိခဲ့လျှင် ဆေးသောက်ရန်အတွက် မည်သူမျှ မရှိတော့သည့်အချိန်အထိ စောင့်မည်ဖြစ်သည်။ ဆင်းရဲဒုက္ခခံရန်နှင့် အဖိုးအခပေးရန်အတွက် သင်၏ လိုလိုလားလား ရှိခြင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးနှင့် သက်ဆိုင်လေသည်။ ထိုကိစ္စကို ရှင်းလင်းအောင် လုပ်ရန်နှင့် အခြားသူများကို သိအောင်လုပ်ရန် မလိုပေ။ အကယ်၍ သင်သည် အခြားသူများအား ရှင်းလင်းအောင်လုပ်လျှင် သင့်အား သူတို့ မည်သည့်အရာ ပေးနိုင်မည်နည်း။ သူတို့၏ ကရုဏာနှင့် ချီးမွမ်းခြင်းကို ရရှိသည့်အပြင် သင်သည် သူတို့ထံမှ အခြားအရာတစ်ခုခု ရရှိနိုင်စရာ ရှိသေးသလော။ မရှိ၊ ဘာမျှမရှိချေ။ သင်သည် သင်၏ တာဝန်ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခအနည်းငယ် ခံစားပြီး အဖိုးအခအနည်းငယ် ပေးဆပ်ရသောအခါ တစ်ဖက်တွင် ဤသည်တို့မှာ သင်ပြုလုပ်သင့်သည့်၊ သင်ပြုလုပ်လိုသည့် အရာများဖြစ်ပြီး သင်သည် မိမိ၏တာဝန်ကို လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။ အခြားတစ်ဖက်တွင် ယင်းတို့သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင်အပေါ် ပြသသင့်သည့် သရုပ်သကန်များ ဖြစ်သဖြင့် အဘယ့်ကြောင့် ယင်းတို့ကို လူသိရှင်ကြားဖြစ်အောင် လုပ်သင့်သနည်း။ သင် ကြော်ငြာသောအခါ ယင်းတို့မှာ အော်ဂလီဆန်စရာ ဖြစ်လာ၏။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ မည်သည့်အရာ ဖြစ်လာသနည်း။ ယင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် အခြားသူများအား အထင်အမြင် မှားစေခြင်းသို့ ပြောင်းလဲသွားသည်။ သဘာဝက ပြောင်းလဲသွားသည်။ ဥပမာ လူအချို့သည် အခြားသူများရှေ့တွင် အမြဲတမ်း ခေါင်းကုပ်တတ်ကြပြီး ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ဦးက မေးမြန်းသောအခါ သူတို့က “ကျွန်ုပ် ခေါင်းမလျှော်ရသေးသည်မှာ ၁၀ ရက်ကျော်ပြီ။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများနှင့် တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံနေရသည်။ အလျင်တစ်နေ့က ခေါင်းလျှော်ရန် အချိန်အနည်းငယ်ယူဖို့ ကြိုးစားခဲ့သော်လည်း ဧဝံဂေလိလက်ခံရန် အလားအလာရှိသူတစ်ဦး စုံစမ်းမေးမြန်းဖို့ လာခဲ့သဖြင့် ထားခဲ့၍ မရပါ” ဟု ပြောလေသည်။ အမှန်တွင် ထိုသူတို့သည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရင်း အလွန်အလုပ်ရှုပ်နေသည့် အသွင်မျိုးကို လူတို့အား ပြဖို့အတွက် တမင်သက်သက် ခေါင်းမလျှော်ခြင်းဖြစ်သည်။ ဤသည်ကို ကိုယ်ရည်သွေးခြင်းဟုခေါ်သည်။ ကိုယ်ရည်သွေးရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အား မိမိတို့ကို အထင်ကြီးစေဖို့ဖြစ်ပြီး ဤအပြုအမူ၏ သဘာဝမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်လေသည်။ ဤကဲ့သို့ သေးငယ်သောကိစ္စ၌ပင်လျှင် သူတို့သည် အလွတ်မပေး၊ ယင်းကို ရေးကြီးခွင့်ကျယ်ဖြစ်အောင် လုပ်ကာ ကြွားလုံးထုတ်ဖို့၊ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အထမြောက်ဖို့၊ လူတို့အား သူတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင်လုပ်ရန်ဟူသည့် သူတို့၏ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့အတွက် သူတို့အသုံးပြုနိုင်သည့် တန်ဖိုးရှိသော အရင်းအမြစ်မျိုးအဖြစ် ပြောင်းလဲချင်သေးသည်။ ဤသည်မှာ ရှက်စရာ ကောင်းသည်မဟုတ်လော။ ယင်းမှာ ရှက်စရာနှင့် ရွံရှာစရာကောင်းသည်။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာကာ ယင်း၌ ဟန်ဆောင်မှု၊ လှည့်စားမှု၊ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရည်မှန်းချက်များ ရှိလေသည်။ ဤကဲ့သို့သော လူတို့သည် သူတို့၏ ပုံရိပ်၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းအကြောင်းကို အမြဲတစေ စဉ်းစားနေကြသည်။ သူတို့သည် မည်သည့်အရာကိုမျှ အလွတ်မပေး၊ လူတို့အား သူတို့ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ဖို့အတွက် ထိုအရာများကို သူတို့အသုံးပြုနိုင်မည့် အရင်းအနှီးအဖြစ်၊ အရင်းအမြစ်များအဖြစ် ပြောင်းလဲပစ်ရန် နည်းလမ်းများကို အမြဲတမ်း ရှာဖွေနေသည်။ အဆုံးတွင် မိမိတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိသောအခါ သူတို့သည် ယင်းနှင့်ပတ်သက်၍ ဂရုမစိုက်သကဲ့သို့ ပြုမူကြသည်။ ဤသည်မှာ အတုအယောင်ဟန်ပန်မျိုးလည်း ဖြစ်ပြီး အတွင်းထဲ၌ အမှန်တွင် မိမိတို့ကိုယ်ကို တိတ်တခိုး ချီးကျူးဂုဏ်ပြုနေပြီး ကျေနပ်အားရနေခြင်း ဖြစ်သည်။ ဤသည်မှာ ပို၍ပင် စက်ဆုပ်ရွံရှာစရာကောင်းသည် မဟုတ်လော။ သူတို့၌ အလွန်မြင့်မားသော အဆင့်အတန်းရှိကြောင်း၊ လူတိုင်းက သူတို့ကို လေးစားကြောင်း၊ အထင်ကြီးကြောင်း၊ နာခံကြောင်းနှင့် လိုက်လျှောက်ကြောင်း ရှင်းနေသော်လည်း အပေါ်ယံတွင် သူတို့သည် အဆင့်အတန်းကို မနှစ်သက်သကဲ့သို့ ဟန်ဆောင်နေကြသေးသည်။ ဤသည်မှာ ပို၍ပင် ကြောင်သူတော် ဆန်လေသည်။ အဆုံးတွင် လူတိုင်းသည် သူတို့၏ အထင်အမြင် မှားစေခြင်းကို ခံရပြီး ထိုသူတို့သည် မည်သည့်ရည်မှန်းချက်မျှ မရှိဘဲ မွေးဖွားလာသည်၊ ထိုသူတို့သည် လက်တွေ့လုပ်ဆောင်တတ်သော လူများဖြစ်သည်ဟု ဆိုကြလေသည်။ အမှန်တွင် သေးငယ်သော စမ်းသပ်မှုက ဤအရာကို ထုတ်ဖော်နိုင်၏။ အကယ်၍ သူတို့သည် အဆင့်အတန်းမှ ဖြုတ်ချခံရလျှင် သူတို့၏ တာဝန်များအား လုပ်ဆောင်ခြင်းကို ချက်ချင်း ရပ်တန့်မည်ဖြစ်သည်။ ယင်းက ထိုမျှ မြန်ဆန်မည်ဖြစ်သည်။ သေးငယ်သော အရာတစ်ခုက သူတို့၏ ရည်မှန်းချက်များကို ထုတ်ဖော်မည်ဖြစ်သည်။ ဤသည်တို့မှာ လူတို့၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပေါ်လွင်စေသည့် အပြုအမူများနှင့် နည်းလမ်းများ ဖြစ်သည်သာမက လူတို့၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးလည်း ဖြစ်၏။ ဤသရုပ်သကန်များမှနေ၍ လူတို့သည် အဆင့်အတန်းကို နှစ်သက်ပြီး အခြားသူတို့၏ စိတ်နှလုံးထဲ၌ နေရာယူလိုကြောင်း မြင်တွေ့နိုင်သည်။ ထိုသူတို့သည် အခြားသူများ၏ စိတ်နှလုံးကို ပိုင်ဆိုင်လိုသည်၊ အခြားသူများကို စည်းရုံးသိမ်းသွင်းလိုသည်၊ ထို့ပြင် အခြားသူများအား သူတို့ကို ကိုးကွယ်စေလိုသည်၊ အထင်ကြီးစေလိုပြီးလျှင် သူတို့နောက်သို့ပင် လိုက်စေလိုကာ၊ ထိုသို့ဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏နေရာကို အစားထိုးလိုသည်။ ဤသည်မှာ လူတိုင်း မွေးကတည်းက ပိုင်ဆိုင်ထားသည့် လိုအင်ဆန္ဒဖြစ်၏။ သို့ဆိုလျှင် ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ လူတို့၏ အသက်တာထဲ၌ သူတို့ကို ထိန်းချုပ်သည့်အရာမှာ စာတန်၏ စိတ်သဘောထား ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် အဆင့်အတန်းကို မနှစ်သက်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ လူနုံလူအများပင်လျှင် အရာရှိများ ဖြစ်ချင်ကာ ဉာဏ်တုံးသောသူများပင် အခြားသူများကို စီမံခန့်ခွဲချင်ကြ၏။ လူတိုင်းက အဆင့်အတန်းကို နှစ်သက်ပြီး အဆင့်အတန်းအတွက် အမှုအရာများကို လုပ်ကာ အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြ၏။ လူတိုင်း၌ ဤအပြုအမူမျိုးနှင့် နည်းလမ်းများသာမက ဤစိတ်သဘောထားမျိုး ရှိ၏ဟူ၍ဖြစ်လေသည်။ သို့ဖြစ်၍ အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည်ကို ငါတို့ ဖော်ထုတ်သောအခါ လူတိုင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာကို ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် ဤအပြုအမူများနှင့် သရုပ်သကန်များသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားသင့်သည့် အရာမဟုတ်ကြောင်း၊ ထိုအစား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပျက်သဘောဆောင်သော၊ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော အရာများ၏ ထုတ်ဖော်ခြင်းများ ဖြစ်ကြောင်းကို လူတို့အား နားလည်စေဖို့ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သင်၏ နည်းစနစ်များက အဘယ်မျှကောင်းနေပြီး သင်၏ လုပ်ဆောင်ချက်များက အဘယ်မျှ ခိုးကြောင်ခိုးဝှက် ဖြစ်နေပါစေ ဤအရာများတစ်ခုမျှ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများ မဟုတ်ဘဲ ယင်းတို့အားလုံးကို ဘုရားသခင်က ရွံရှာစက်ဆုပ်သည်၊ ပြစ်တင်ရှုတ်ချပြီး ကျိန်ဆဲလေသည်။ ထို့ကြောင့် လူတို့အားလုံးသည် ဤနည်းလမ်းများကို ဘေးဖယ်ထားသင့်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် လူသားအတွက် ဘုရားသခင် ဖန်ဆင်းထားသည့် ပင်ကိုစရိုက်မဟုတ်၊ ထို့ထက် ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ စံဖြစ်သော ထုတ်ဖော်ပြမှုတစ်ခု ဖြစ်ကာ ထို့ထက်ပို၍ စာတန်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့်ပတ်သက်၍ အထူးခြားဆုံး လက္ခဏာနှင့် အတိကျဆုံးသော စိတ်သဘောထားနှင့် နည်းလမ်းတစ်ခု ဖြစ်၏။

သိသာထင်ရှားသော စကားပြောခြင်းနှင့် ပြုမူခြင်းနည်းလမ်းဖြစ်စေ၊ ပို၍လျှို့ဝှက်သော စကားပြောခြင်းနှင့် ပြုမူခြင်းနည်းလမ်းဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အမျိုးမျိုးကို နားလည်ခြင်းနှင့်ပတ်သက်၍ တိကျသော ဥပမာများအချို့အကြောင်း မိတ်သဟာယပြုခြင်းသည် သင်တို့အတွက် အထောက်အကူ ဖြစ်သလော။ (အထောက်အကူဖြစ်ပါသည်။) ယင်းက မည်သည့်အရာနှင့် ပတ်သက်၍ အထောက်အကူပေးသနည်း။ ယင်းက လူတို့ကိုယ်တိုင်နှင့် အခြားသူများကို ပိုင်းခြားသိမြင်ရန် အထောက်အကူပေးသည်။ ငါပြောပြနေသည့် ဤအခြေအနေများ၊ သရုပ်သကန်များနှင့် ထုတ်ဖော်မှုများသည် သင်တို့ မကြာခဏ ပြသသည့် အရာများအားလုံးဖြစ်ပြီး သင်တို့သည် မိမိတို့၏ကိုယ်ပိုင် အခြေအနေများကို ယင်းတို့နှင့် နှိုင်းယှဉ်ကြည့်သင့်သည်၊ သင်တို့သည် အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ရှင်သန်ကျန်ရစ်ရန်အတွက် သင်တို့ အမှီပြုပြီး အားထားသည့် အသက်တာက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ဤအသက်တာထဲ၌ အတိအကျ မည်သည့်အရာ ပါဝင်ကြောင်း၊ ဤစိတ်သဘောထားများက လူတို့အား အတိအကျ မည်သည့်အရာကို ပြုလုပ်စေကြောင်းနှင့် ယင်းတို့က လူတို့အား မည်သို့ အသက်ရှင်နေထိုင်စေကြောင်း နားလည်သင့်သည်။ သတ်သတ်မှတ်မှတ်ရှိသော ဤအပြုအမူများ၊ သရုပ်သကန်များ၊ နည်းလမ်းများနှင့် စိတ်သဘောထားများကို နားလည်ခြင်းဖြင့် လူတို့သည် တဖြည်းဖြည်းချင်း စိတ်ဖြာလေ့လာဆွေးနွေးနိုင်ပြီး မိမိတို့ကိုယ်ကို၊ မိမိတို့၏ကိုယ်ပိုင် အနှစ်သာရနှင့် ဘုရားသခင်ကို ဆန့်ကျင်လိုသော မိမိတို့၏ သဘာဝကို သိနားလည်လာနိုင်ကာ ထိုသို့ဖြင့် ဤနည်းလမ်းများကို လက်လွှတ်နိုင်သည်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာပြီး မိမိတို့ကိုယ်ကို အမှန်တကယ် ပြောင်းလဲပစ်နိုင်သည့်အပြင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်၍ အသက်ရှင်နေထိုင်နိုင်သည်။ လူအချို့က “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် သမ္မာတရားနှင့် မကိုက်ညီသည့် နည်းလမ်း၊ စာတန်နှင့် အန္တိခရစ်များ၏ နည်းလမ်းဖြစ်သည့်အတွက် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ မပြောလျှင် သို့မဟုတ် မလုပ်လျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးခြင်း သို့မဟုတ် သက်သေခံခြင်းမရှိဟု ဆိုလိုသည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။ အကယ်၍ မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းအားဖြင့် သင်သည် သင်၏ စွမ်းပကားများ၊ သင်သည် မည်ကဲ့သို့ ဆင်းရဲဒုက္ခခံရပြီး အဖိုးအခပေးခဲ့ကာ သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီဖြစ်ကြောင်း များစွာ ပြောပြ၍ ရလဒ်အနေဖြင့် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်ပါက ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ ဤအပြုအမူနှစ်ခုကြားမှ ခြားနားချက်ကို ပြောပြနိုင်ဖို့ လိုသည်။ ဥပမာ စမ်းသပ်မှုများကို ရင်ဆိုင်ရသောအခါ သင်သည် မည်ကဲ့သို့ အားနည်းပြီး အပျက်သဘောဆောင်ကြောင်းနှင့် ဆုတောင်း၍ သမ္မာတရားကို ရှာဖွေပြီးနောက် သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ နားလည်ကာ ယုံကြည်ခြင်းကို ရရှိပြီး သင်၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်ခဲ့ကြောင်း ရှင်းပြခြင်းသည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း ဖြစ်၏။ ယင်းမှာ မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် မိမိကိုယ်ကို ကြွားလုံးထုတ်ပြီး သက်သေခံနေခြင်း ဟုတ်မဟုတ်က သင်၏ တကယ့်အတွေ့အကြုံများကို ပြောပြနေခြင်း ဟုတ်မဟုတ်နှင့် ဘုရားသခင်အကြောင်း သက်သေခံခြင်းဟူသည့် သဘောသက်ရောက်ခြင်း ရှိမရှိအပေါ် လုံးလုံးလျားလျား မူတည်သည်။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောသောအခါ သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာ ဖြစ်သည်ကို ကြည့်ဖို့လည်း လိုအပ်သည်။ ထိုသို့ပြုခြင်းက သင်သည် မည်သည့်အပြုအမူမျိုး၌ ပါဝင်နေကြောင်း ပိုင်းခြားသိမြင်ဖို့ လွယ်ကူစေမည် ဖြစ်သည်။ သင်သည် မိမိ၏ သက်သေခံချက်ကို ဝေမျှသောအခါတွင် မှန်ကန်သော ရည်ရွယ်ချက်ရှိပါက လူတို့က သင့်အား အထင်ကြီးပြီး ကိုးကွယ်လျှင်ပင် ယင်းက တကယ့် ပြဿနာမဟုတ်ပေ။ အကယ်၍ သင်၌ မှားယွင်းသော ရည်ရွယ်ချက်ရှိပါက မည်သူမျှ သင့်ကို အထင်ကြီးခြင်း မရှိလျှင်ပင်၊ သို့မဟုတ် မကိုးကွယ်လျှင်ပင် ယင်းက ပြဿနာဖြစ်နေဆဲပင်။ ထို့ပြင် လူတို့က သင့်ကို အထင်ကြီးပြီး ကိုးကွယ်လျှင် ယင်းက ပို၍ပင် ပြဿနာဖြစ်ပေသည်။ ထို့ကြောင့် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်း ဟုတ်မဟုတ် အဆုံးအဖြတ် ပေးရန်အတွက် ရလဒ်များကိုသာ အဓိကထား ကြည့်၍မရပေ။ သူ၏ ရည်ရွယ်ချက်ကို အဓိကအားဖြင့် ကြည့်ရမည်ဖြစ်သည်။ ဤအပြုအမူနှစ်ခုကို ခွဲခြားသိမြင်ဖို့ မှန်ကန်သောနည်းလမ်းမှာ ရည်ရွယ်ချက်များအပေါ် အခြေခံ၏။ အကယ်၍ ဤအရာကို ရလဒ်များအပေါ် အခြေခံ၍သာ ပိုင်းခြားသိမြင်ဖို့ ကြိုးစားလျှင် သင်သည် လူကောင်းတို့ကို မှားယွင်းစွာ စွပ်စွဲမိနိုင်ဖွယ် ရှိပေမည်။ လူအချို့သည် အထူးသဖြင့် စစ်မှန်သော သက်သေခံချက်ကို မျှဝေကြပြီး အကျိုးဆက်အားဖြင့် တချို့တလေက သူတို့ကို အထင်ကြီးကာ ကိုးကွယ်ကြသည်။ ထိုလူတို့က မိမိတို့ကိုယ်ကို သက်သေခံနေကြသည်ဟု သင်ဆိုနိုင်သလော။ မဆိုနိုင်ပေ။ ထိုလူတို့နှင့်ပတ်သက်၍ ပြဿနာ မရှိပေ။ သူတို့မျှဝေသော သက်သေခံချက်နှင့် သူတို့လုပ်ဆောင်သော တာဝန်သည် အခြားသူများအတွက် အကျိုးရှိပြီး လွဲချော်သော သ‌ဘောပေါက်နားလည်မှု ရှိသည့် စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လူတို့ကသာ အခြားလူများကို ကိုးကွယ်ကြလေသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြခြင်း ဟုတ်မဟုတ် ပိုင်းခြားသိမြင်ဖို့ အဓိကသော့ချက်မှာ စကားပြောသူ၏ ရည်ရွယ်ချက်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်ကဲ့သို့ ထုတ်ဖော်ကြောင်းနှင့် သင် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း လူတိုင်းကို ပြသရန်နှင့် အခြားသူများကို ဤအရာမှ အကျိုးရှိအောင် ထောက်ကူပေးရန်ဖြစ်လျှင် သင်၏ စကားများသည် အလွန် အလေးအနက်ထားပြီး မှန်ကန်သည့်အပြင် အဖြစ်မှန်နှင့် ကိုက်ညီသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များက မှန်ကန်ပြီး သင်သည် ကြွားလုံးထုတ်နေခြင်း သို့မဟုတ် မိမိကိုယ်ကို သက်သေခံနေခြင်း မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်မှာ လူတိုင်း သင့်ကို အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် သင်၌ တကယ့် အတွေ့အကြုံများ ရှိကြောင်း၊ သင်သည် ပြောင်းလဲသွားပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ကို ပြဖို့ဆိုပါက ဤရည်ရွယ်ချက်များမှာ မမှန်ကန်ပေ။ ယင်းက ကြွားလုံးထုတ်ခြင်းနှင့် မိမိကိုယ်ကို သက်သေခံခြင်း ဖြစ်၏။ အကယ်၍ သင်ပြောပြနေသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က မှားယွင်းပြီး မစင်ကြယ်သည့်အပြင် လူတို့ကို လိမ်လည်ရန်၊ သူတို့ကို သင်၏ စစ်မှန်သော အခြေအနေအား မြင်တွေ့ခြင်းမှ တားဆီးရန်နှင့် သင်၏ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးမှု၊ အားနည်းချက် သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို အခြားသူများထံ ထုတ်ဖော်ခံရခြင်းမှ ကာကွယ်ရန်အတွက် ရည်ရွယ်ပါက ထိုသို့သော စကားများသည် လှည့်စားပြီး အထင်အမြင်မှားစေသည်။ ဤသည်မှာ အတုအယောင် သက်သေခံချက်ဖြစ်ကာ ဘုရားသခင်ကို လှည့်စားပြီး ဘုရားသခင်ကို အရှက်ရစေသည့်အပြင် ယင်းသည် ဘုရားသခင် အမုန်းဆုံးအရာပင် ဖြစ်၏။ ဤအခြေအနေများကြားတွင် ရှင်းလင်းသော ခြားနားချက်များ ရှိကာ ယင်းတို့အားလုံးကို ရည်ရွယ်ချက်အပေါ် အခြေခံ၍ ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ သင်သည် အခြားသူများကို ပိုင်းခြားသိမြင်နိုင်ပါက သူတို့၏ အခြေအနေများကို ရိပ်စားမိနိုင်မည် ဖြစ်ကာ ထို့နောက် သင်သည် မိမိကိုယ်ကိုလည်း ပိုင်းခြားသိမြင်ပြီး သင့်ကိုယ်ပိုင် အခြေအနေကို ရိပ်စားမိနိုင်မည် ဖြစ်သည်။

ဤတရားဟောချက်များအားလုံးကို နာယူပြီးနောက် အချို့လူတို့သည် ယခင်ကအတိုင်း ဆက်လက်၍ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေကြဆဲ ဖြစ်သည်။ သင်တို့သည် ထိုသို့သော လူတို့ကို မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။ ထိုသူတို့ကို ပိုင်းခြားသိမြင်ကာ ထုတ်ဖော်ပြီး သူတို့ထံမှ ခပ်ဝေးဝေး၌ နေလော့။ အကယ်၍ သူတို့၏ စကားများသည် ကိုးကားစရာ အချက်တစ်ခုအဖြစ် တန်ဖိုးရှိပါက ထိုစကားလုံးများကို လက်ခံနိုင်သည်။ သို့သော် ယင်းတို့၌ ကိုးကားနိုင်စရာ မည်သည့်တန်ဖိုးမျှ မရှိလျှင် ယင်းတို့ကို ပစ်ပယ်ပြီး ယင်းတို့၏ လွှမ်းမိုးခြင်း မခံသင့်ပေ။ အကယ်၍ အဆိုပါလူတို့သည် ခေါင်းဆောင်များ ဖြစ်နေလျှင် ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားကာ ပစ်ပယ်လော့။ ထို့ပြင် ၎င်းတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ “သင်သည် မိမိကိုယ်ကို အမြဲတမ်း သက်သေခံပြီး ဂုဏ်တင်ချီးကျူးသည်။ သင်သည် ကျွန်ုပ်တို့ကို အမြဲတမ်း ထုံထိုင်းအောင်လုပ်ပြီး ထိန်းချုပ်ကာ အထင်အမြင်မှားစေသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ထံမှ ကင်းကွာလာပြီဖြစ်ပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ပင် မရှိတော့ချေ။ သင်သာလျှင် ရှိသည်။ ယခု ကျွန်ုပ်တို့ ရင်ဆိုင်ပြီး သင့်ကို ပစ်ပယ်တော့မည်” ဟူ၍ ပြောလော့။ သင်သည် ဤပုံစံအတိုင်း ပြုမူရမည်၊ အချင်းချင်း ကြီးကြပ်ကာ မိမိကိုယ်ကိုရော အခြားသူများကိုပါ ကြီးကြပ်ရမည်။ သင်တို့သည် အခြားသူများရှေ့တွင် မကြာခဏ ခေါင်းကုတ်ဖူးသ‌လော။ သို့မဟုတ် လူတို့နောက်ကွယ်တွင် သရေစာအများကြီး အမှန်တကယ် စား‌နေစဉ် သင်သည် ထမင်းနှစ်နပ်သုံးနပ် လွတ်သွားခဲ့သည်ဟု လူတို့ကို ပြောဖူးသ‌လော။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်အခြေအနေက အခွင့်မပေးလျှင် လူတို့အနေဖြင့် အလုပ်နှင့် မအားမလပ်လွန်းသောကြောင့် တစ်လလောက် ရေမချိုးသည်မှာ သို့မဟုတ် ရေမချိုးဖြစ်သည်မှာ သို့မဟုတ် ခေါင်းမလျှော်ဖြစ်သည်မှာ ပုံမှန်ဖြစ်သည်။ ဤသည်တို့အားလုံးမှာ သာမန်ဖြစ်စဉ်များ ဖြစ်ပြီး လူတို့ပေးဆပ်သင့်သည့် အဖိုးအခများ ဖြစ်၏။ ယင်းတို့မှာ အထွေအထူး ကိစ္စမဟုတ်၊ တစ်ဆိတ်ကို တစ်အိတ်မလုပ်နှင့်။ အကယ်၍ လူတစ်ဦးသည် ထိုသို့သော ကိစ္စများကို နဂိုရှိရင်းစွဲထက် ပို၍ကြီးမားသော အရာတစ်ခုအဖြစ် အမှန်တကယ် ပြုလုပ်လျက် အခြားသူများရှေ့တွင် တမင်တကာ ခေါင်းကုတ်ပြီး ရက်အတန်ကြာ ခေါင်းမလျှော်ခဲ့ရကြောင်း ပြောခြင်း၊ အခြားသူများရှေ့တွင် တမင်တကာ ဆေးသောက်ခြင်း၊ သို့မဟုတ် သူသည် ခြေကုန်လက်ပန်းကျနေပြီး ကျန်းမာရေး အလွန် ညံ့ဖျင်းပြနေခြင်းတို့ ရှိပါက လူတိုင်းသည် သူ့ကို ရင်ဆိုင်၍ ဖော်ထုတ်သင့်ကာ သူ့အပေါ် မကျေနပ်မှုကို ဖော်ပြသင့်သည်။ ဤနည်းဖြင့် အရှက်မရှိသော ဤလူကို ကန့်သတ်၍ရသည်။ သူသည် အယောင်ဆောင်နေသည်။ သူသည် အခြားလူများ မြင်တွေ့ဖို့အတွက် ကိုယ်ရည်သွေးနေသည့်တိုင်လူတို့အား သူ၏အပြုအမူကို အသိအမှတ်ပြုကြောင်း ဖော်ပြအောင်လုပ်ဖို့၊ သူ့ကို အားကျမှု၊ လေးစားမှုနှင့် အသိအမှတ်ပြုမှုဖြင့် ငေးကြည့်အောင်လုပ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် လူတို့ကို လှည့်စားနေသည် မဟုတ်လော။ ဤနည်းလမ်းများမှာ ဖာရိရှဲများက ကျမ်းစာများကို ကိုင်ထားပြီး လမ်းဆုံလမ်းခွများ၌ ဘုရားသခင်အား ဆုတောင်းခဲ့သည့်အချိန်ကနှင့် တူသည်။ သူသည် ဤအရာနှင့် မကွာခြားပေ။ ဖာရိရှဲများ ကျမ်းစာများကို ကိုင်ထားပြီး လမ်းဆုံလမ်းခွများ၌ မတ်တပ်ရပ်လျက် ကျမ်းစာဖတ်သည့် သို့မဟုတ် ဆုတောင်းသည့်အကြောင်းကို လူတစ်ဦးက ဖော်ပြသည်နှင့် တစ်ပြိုင်နက် ဤလူတို့က “ယင်းမှာ ရှက်ဖွယ် ကောင်းလွန်းသည်။ ထိုကဲ့သို့သောအရာကို ကျွန်ုပ် လုပ်မည်မဟုတ်” ဟု စဉ်းစားသည်။ သို့တိုင် သူက အခြားသူများရှေ့တွင် တမင်တကာ ဆေးသောက်ခြင်း သို့မဟုတ် ခေါင်းကုတ်ခြင်း ပြုလုပ်ကာ သူလုပ်နေသည့်အရာက တူညီသော သဘာဝရှိကြောင်း သတိမထားမိပေ။ ဤအရာကို သူမရိပ်စားမိနိုင်ပေ။ နောင်တွင် ထိုကဲ့သို့သော ကိစ္စများကို ကြုံတွေ့သောအခါ သင်တို့သည် ဤကဲ့သို့သော လူတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ကာ ထိုသူတို့၏ လူကောင်း အယောင်ဆောင်ခြင်းဟူသမျှကို ဖော်ထုတ်ဖို့ သင်ယူရမည်။ ထိုအခါ ထိုသူတို့သည် ဤသို့သောနည်းမျိုးဖြင့် ပြုမူဝံ့မည်မဟုတ်ပေ။ ထိုသူတို့အပေါ် ဖိအားအနည်းငယ် ပေးပြီး ထိုသို့သော နည်းလမ်းများ၊ အပြုအမူများနှင့် စိတ်သဘောထားများသည် ရှက်စရာဖြစ်ပြီး အားလုံးက အလွန်တရာ မုန်းတီးစက်ဆုပ်ကြောင်း ထိုသူတို့ကို စဉ်းစားအောင် လုပ်ရမည်။ အကယ်၍ လူတို့က ထိုသူတို့ကို အလွန် မုန်းတီးစက်ဆုပ်လျှင် သူတို့ကို ဘုရားသခင် မုန်းတီးစက်ဆုပ်သလော။ သူသည် ထိုသူတို့ကို ပို၍ပင် မုန်းတီးစက်ဆုပ်၏။ ပင်ကိုအားဖြင့် သင်သည် ဘာမျှမဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေမခံလျှင်ပင် သင်သည် သနားချင့်စဖွယ် ကောင်းနေပြီးသား ဖြစ်သောကြောင့် အကယ်၍ သင်သည် သနားချင့်စဖွယ်ကောင်းရုံမက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသေးသည်ဆိုလျှင် ဤအရာသည် လူတို့ကို စက်ဆုပ်ရွံရှာစေမည် မဟုတ်လော။ သင်သည် တာဝန်ကို မည်သည့်အခါမျှ သစ္စာစောင့်သိစွာ လုပ်ဆောင်ဖူးခြင်းမရှိ၊ မည်သည့်အခါမျှ စည်းမျဉ်းများနှင့် ပြုမူလုပ်ဆောင်ဖူးခြင်း မရှိသည့်အပြင် ဘုရားသခင်၏ တောင်းဆိုချက်များကို မည်သည့်အချက်တွင်မျှ မပြည့်မီခဲ့သေးချေ။ သင်သည် ဒုက္ခရောက်ပြီးသား ဖြစ်သောကြောင့် အကယ်၍ သင်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းလည်း ပြုလုပ်လျှင် အမှုအရာများသည် သင့်အတွက် ပို၍ပင် အဆင်မပြေ ဖြစ်မည်မဟုတ်လော။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များမှ ပို၍ပင် အလှမ်းဝေးမည်ဖြစ်ပြီး ကယ်တင်ခြင်းရရှိရန်အတွက် စံနှုန်းကို ရောက်ဖို့အတွက် ပို၍ပင် ကွာဝေးမည်ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် ပြဿနာ၏ သဘာဝမှာ အဘယ်နည်း၊ ငါ့ကိုပြောလော့။ စာတန်သည် လူတို့ကို ထိုမျှအတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သဖြင့် သူတို့၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့သည် ပုံမှန်မဟုတ်တော့ပြီ မဟုတ်လော။ သင်တို့သည် တာဝန်ထမ်းဆောင်ရာတွင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် သရုပ်သကန်များကို ပြဖူးသလော။ ဤအရာနှင့်ပတ်သက်၍ မည်သူပြောနိုင်သနည်း။ (ကျွန်ုပ်သည် ထိုသို့သော သရုပ်သကန်မျိုးကို ပြဖူးပါသည်။ ကျွန်ုပ်သည် ညနက်သည်အထိ တာဝန်ထမ်းဆောင်နေသောအခါ အခြားသူများက ဤအချိန်၌ပင် ကျွန်ုပ် မအိပ်ရသေးကြောင်း သိရန်နှင့် ကျွန်ုပ်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သည်ဟု သူတို့ထင်ရန်အတွက် စုဝေးနေသောအဖွဲ့သို့ မက်ဆေ့ဂျ်တစ်စောင် ပေးပို့လိုက်မည် ဖြစ်သည်။ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ အခြားသူများလည်း ပြုလုပ်သည်ကို မကြာခဏ မြင်တွေ့ပြီးဖြစ်သည်။) ထိုသို့သောလူတို့ အမြောက်အမြားရှိပြီး လူနည်းစုမဟုတ်ပုံပေါ်သည်။ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်ခြင်းသည် အကြောင်းမဲ့သက်သက်ဖြစ်သည် မဟုတ်လော။ မိုက်မဲလိုက်လေခြင်း။ အခြားမည်သူသည် တစ်စုံတစ်ရာ ပြောလိုသနည်း။ (ကျွန်ုပ်လည်း ထိုသရုပ်သကန်မျိုးကို ပြဖူးသည်။ အသင်းတော်၏အလုပ်တွင် ပြဿနာအချို့ရှိကြောင်း ကျွန်ုပ် သိမြင်သောအခါ ယင်းတို့ကို ဖြေရှင်းဖို့ အစီအစဉ်စချကာ ကျွန်ုပ်သည် အလွန် စိတ်အားထက်သန်သည့် အသွင်မျိုးကို လူတို့အား လိမ်လည်၍ ပြသော်လည်း များသောအားဖြင့် ထုတ်ပြောပြီးလျှင် မည်သည့်အရာမျှ အမှန်တကယ် မလုပ်ပေ။ ကျွန်ုပ်၏ လုပ်ဆောင်ချက်များသည် ခရီးမပေါက်သည့်အပြင် ထိရောက်မှုလည်း မရှိဖြစ်ကာ အဆုံးတွင် ပြဿနာ မပြေလည်ဘဲ ထိုကိစ္စက မပြီးပြတ်ဘဲ ကျန်ရစ်သည်။ ကျွန်ုပ်သည် လူတို့ကို လိမ်လည်ဖို့အတွက် ကျွန်ုပ်၏ အပေါ်ယံ စိတ်အားထက်သန်မှုကို အသုံးချပြီး ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် အချက်ကို ဖုံးကွယ်သည်။) သင်သည် အနှစ်မဲ့သော စကားများကို ပြောနေသည်၊ လေကြီးနေပြီး မည်သည့် တကယ့်လုပ်ဆောင်ချက်မျှ မရှိပေ။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့်အလား လူတို့အား သင်၏ တက်ကြွမှုကို မြင်တွေ့ခွင့်ပေးသော်လည်း တစ်စုံတစ်ရာ ပြုလုပ်ဖို့အချိန် ရောက်လာသောအခါ ယင်းကို အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်လုပ်ဆောင်ခြင်းမရှိဘဲ ကြွေးကြော်သံများကိုသာ ဟစ်ကြွေးသည်။ နောက်ဆုံးတွင် ဝုန်းကနဲ အစပြုပြီး တအင့်အင့်ဖြင့် အဆုံးသတ်ကာ ထိုအရေးကိစ္စကို လက်စမသတ်ဘဲ ချန်ရစ်သည်။ ထိုသို့သော သရုပ်သကန်သည်လည်း အထင်အမြင် မှားစေသည်။ သို့ဆိုလျှင် အနာဂတ်တွင် တူညီသောအရာတစ်ခု ဖြစ်ပျက်သောအခါ ထိုအရေးကိစ္စတွင် ပိုင်းခြားသိမြင်လိမ့်မည်လော။ (ယခု ကျွန်ုပ်သည် ယင်းကို အတော်လေး ပိုင်းခြားသိမြင်နိုင်ပါပြီ။) သို့ဆိုလျှင် သင်၏ လမ်းကြောင်းကို ပြောင်းပြန်လှန်ရန်အတွက် ဦးတည်ချက် သင်၌ ရှိသလော။ ထိုကဲ့သို့သော အရာတစ်ခု သင့်အပေါ် ထပ်မံဖြစ်ပျက်လျှင် ခြေလှမ်းနှစ်ခုကို သင် လိုက်လျှောက်နိုင်၏။ ပထမခြေလှမ်းမှာ ဤအရေးကိစ္စကို သင် အမှန်တကယ် ဖြေရှင်းနိုင်ခြင်းရှိမရှိ အကဲဖြတ်ခြင်းဖြစ်သည်။ အကယ်၍ ဖြေရှင်းနိုင်လျှင် ယင်းနှင့်ပတ်သက်၍ အလေးအနက်နှင့် လက်တွေ့ကျကျ လုပ်ဆောင်သင့်သည်။ ဒုတိယခြေလှမ်းမှာ ဘုရားသခင်ထံ၌ ဆုတောင်းပြီး ဤကိစ္စ၌ သင့်အား လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခြင်းဖြစ်ကာ ဆောင်ရွက်သောအခါ သင်သည် လူတိုင်း၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် လိုအပ်ကာ တစ်ချိန်တည်းတွင်ပင် ဤတာဝန်ကို ပြီးမြောက်ဖို့ သင်၏ အပိုင်းကို လုပ်ဆောင်ရန် သန္နိဋ္ဌာန်ရှိခြင်းနှင့် လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်သည်။ အမှုအရာများကို တစ်ဆင့်ချင်း လုပ်ဆောင်ပြီး လက်တွေ့ကျသော ပုံစံဖြင့် လုပ်ဆောင်ဖို့ သင်ယူပါက ဤပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ခုကို ပြုလုပ်သောအခါ အနှစ်မဲ့သော စကားများကို အမြဲတမ်း ပြောလျှင်၊ လေကြီးလျှင်၊ ပါးစပ်ဖွာလျှင်၊ အပေါ်ယံ ဟန်ပြသာ လုပ်ဆောင်သည့်အပြင် လုံးဝ လက်တွေ့မကျလျှင် သင်သည် သိမ်ဖျင်းပေသည်။ အသင်းတော်အလုပ်တွင် ပြဿနာရှိကြောင်း သင်သိမြင်ပြီး ထိုပြဿနာကို မည်သို့ဖြေရှင်းသင့်ကြောင်း အကြံပြုနိုင်သည်ကို ထောက်ဆလျှင် ဤအရာက သင်၌ စွမ်းရည်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပြီး ဤအရေးကိစ္စကို ဖြေရှင်းနိုင်မည့် လုပ်ရည်ကိုင်ရည်များ ရှိကောင်းရှိမည်ဖြစ်ကြောင်း သက်သေပြသည်။ တစ်ခုတည်းသော အရာမှာ သင်၏ စိတ်သဘောထားတွင် ပြဿနာတစ်ခု ရှိ၏။ သင်သည် စိတ်လိုက်မာန်ပါဖြစ်သည်၊ အဖိုးအခပေးလိုစိတ် မရှိသည့်အပြင် အနှစ်မဲ့သော ကြွေးကြော်သံများကို ဟစ်ကြွေးဖို့သာ အာရုံစိုက်သည်။ ပြဿနာတစ်ခုကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သင့်အနေဖြင့် ဖြေရှင်းနိုင်ခြင်း ရှိမရှိကို ပထမဦးစွာ ကြည့်လော့။ အကယ်၍ ဖြေရှင်းနိုင်လျှင် ဤတာဝန်ကို လက်ခံပြီး အဆုံးထိလိုက်လျက် ပြဿနာကို ဖြေရှင်းပြီး သင်၏တာဝန်ကို ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိကာ ဖြစ်စဉ်ကို ဘုရားသခင်၏ ရှေ့မှောက်၌ တာဝန်ခံလော့။ ဤသည်မှာ လက်တွေ့ကျသော ပုံစံဖြင့် သင်၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပြုမူနေထိုင်ခြင်းကို ဆိုလိုသည်။ အကယ်၍ သင်သည် ဤပြဿနာကို မဖြေရှင်းနိုင်လျှင် သင်၏ခေါင်းဆောင်ထံ တင်ပြပြီး ဤကိစ္စကို ကိုင်တွယ်ရန် မည်သူ အသင့်လျော်ဆုံးဖြစ်သည်ကို ကြည့်လော့။ ပထမအနေဖြင့် သင်သည် မိမိ၏တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဤနည်းဖြင့် သင်သည် မိမိ၏တာဝန်ကို ထိန်းသိမ်းထားကာ မှန်ကန်သော ရပ်တည်ချက်ဖြင့် ရပ်တည်ထားပြီးဖြစ်ပေမည်။ ပြဿနာကို တွေ့ရှိပြီးနောက် သင် မဖြေရှင်းနိုင်သော်လည်း ယင်းကို တင်ပြနိုင်လျှင် သင်သည် မိမိ၏ ပထမတာဝန်ကို ကောင်းစွာ ဖြည့်ဆည်းပြီးပြီဖြစ်သည်။ အကယ်၍ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်တစ်ခုဖြစ်ပြီး ထိုလုပ်ငန်းဆောင်တာကို သင်ကိုင်တွယ်နိုင်စွမ်း ရှိသည့် တာဝန်တစ်ခု ဖြစ်ကြောင်း ခံစားရလျှင် သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ရှာဖွေလျက် ပထမအနေဖြင့် စည်းမျဉ်းများကို မိတ်သဟာယပြုကာ အစီအစဉ်တစ်ခုကို ချမှတ်သင့်သည်၊ ထို့နောက်တွင် ဤကိစ္စကို လက်စသတ်ဖို့ရန် တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်လော့။ ဤသည်မှာ သင်၏ ဒုတိယတာဝန် ဖြစ်၏။ အကယ်၍ သင်သည် ဤတာဝန်နှစ်ခုလုံးကို တာဝန်ယူနိုင်လျှင် သင်၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ပြီးဖြစ်ကာ သင်သည် စံနှုန်းပြည့်မီသောဖန်ဆင်းခံတစ်ဦး ဖြစ်မည်ဖြစ်သည်။ လူတို့၏ တာဝန်များကို ဤကဏ္ဍနှစ်ခုဖြင့်သာ ဖွဲ့စည်းထားသည်။ အကယ်၍ သင်သည် သင်သိမြင်ပြီး လုပ်ဆောင်နိုင်သည့် အရာများကို တာဝန်ယူပြီး သင့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် ဆိုင်သည့် အခြားသရုပ်သကန်များ ရှိသလော။ (မကြာသေးမီက ကျွန်ုပ်၌ ထိုသရုပ်သကန်မျိုး ရှိခဲ့သည်။ တာဝန်များကို ထမ်းဆောင်နေခဲ့စဉ်က ကျွန်ုပ်သည် တစ်နေကုန် အလုပ်ရှုပ်ကာ အသင်းတော်ထဲတွင် ကျွန်ုပ် လက်တွေ့ကျကျ ဖြေရှင်းခဲ့ရမည့်အစား ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်ခဲ့သည့် ပြဿနာအချို့ ရှိလေသည်။ သို့သော်လည်း ကျွန်ုပ်သည် နေ့စဉ် တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေသည်ကို လူအချို့ တွေ့သဖြင့် ကျွန်ုပ်ကို အထင်ကြီးပြီး လေးစားကြသည်။ ဤအပြုအမူတွင်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့် အရိပ်လက္ခဏာများ ပါဝင်သည် မဟုတ်လော။ ကျွန်ုပ်သည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ဘဲ အမြဲတစေ အနည်းငယ် စိတ်ကျဉ်းကျပ်နေသည်။) ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်းလော။ အကယ်၍ သင်သည် တာဝန်များကို ထမ်းဆောင်ရင်း အလုပ်ရှုပ်ကာ ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ပြီး မညည်းညူသည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို အထင်ကြီးပြီး လေးစားလျှင် ဤသည်မှာ ပုံမှန်ဖြစ်ပြီး မိမိကိုယ်ကို သက်သေခံခြင်းကြောင့် ဖြစ်ခြင်းမဟုတ်ပေ။ သင်သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်ရှုပ်နေခြင်းသာ ဖြစ်ပြီး မိမိကိုယ်ကို ကြွားလုံးထုတ်နေခြင်း သို့မဟုတ် ပြစားနေခြင်း မဟုတ်ဘဲ သင်၏ ဆင်းရဲဒုက္ခအတွေ့အကြုံများနှင့် ပတ်သက်၍ ဆက်တိုက် မပြောဆိုခြင်းသာ ဖြစ်သောကြောင့် ဤသည်မှာ မိမိကိုယ်ကို သက်သေခံခြင်းနှင့် မသက်ဆိုင်ပေ။ သို့သော်လည်း လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် သူတို့၏အလုပ်က အမှန်တွင် မည်သည့်ရလဒ်မျှ မဖြစ်ထွန်းသည့်အပြင် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းရသေးသော်လည်း အပေါ်ယံတွင် အလုပ်ရှုပ်နေသည့်ပုံ ပေါက်လေသည်။ ဘုရားသခင်သည် ထိုပုံစံဖြင့် အလုပ်ရှုပ်နေသော လူတို့ကို အသိအမှတ်ပြုသလော။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို နားလည်သဘောပေါက်သော လူတို့က နှစ်နာရီမျှအတွင်း ဖြေရှင်းနိုင်မည့် ရိုးရှင်းသော ပြဿနာများဖြင့် တစ်နေကုန် အလုပ်ရှုပ်နေပြီး အတော့်ကို ပင်ပန်းနွမ်းလျကာ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးပြီဟု ထင်ပါက ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်နေပြီး ရည်ရွယ်ချက်မရှိဘဲ ပြေးလွှားအလုပ်များနေခြင်းသာ မဟုတ်လော။ မိမိ၏ တာဝန်များကို ဤပုံစံအတိုင်း ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သင်သည် ထိရောက်မှုမရှိဘဲ အလုပ်လုပ်နေပေသည်။ ဤကိစ္စတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်။ တစ်ခါတစ်ရံတွင် လူတို့တွင် အရေးတကြီး ကိုင်တွယ်စရာ လုပ်ငန်းဆောင်တာများစွာ ရှိပြီး အမှန်ပင် အလုပ်ရှုပ်နေကြကာ ယင်းက ပုံမှန်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် လုပ်စရာများစွာ မရှိလင့်ကစား အလုပ်ရှုပ်နေကြသေးသည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ အကြောင်းရင်းတစ်ခုမှာ သင်၏ အလုပ်ကို စဉ်းစဉ်းစားစား ကြိုတင်စီစဉ်ထားခြင်းနှင့် စီမံထားခြင်း မရှိခြင်းဖြစ်သည်။ အဓိကကျသော အလုပ်တာဝန်များကို သဘောပေါက်လျက် ယင်းတို့ကို စဉ်းစဉ်းစားစား ကြိုတင်စီစဉ်ပြီး စီမံထားကာ ပို၍ကြီးမားသော ထိရောက်မှုဖြင့် တာဝန်များကို ထမ်းဆောင်ရမည်။ ရည်ရွယ်ချက်မရှိဘဲ ပြေးလွှားအလုပ်များနေခြင်းနှင့် မိမိဘာသာ အချည်းနှီး အလုပ်ရှုပ်နေခြင်းကို ဘုရားသခင်က အသိအမှတ်ပြုမည် မဟုတ်ပေ။ အခြားနောက်ထပ် အခြေအနေမှာ သင်၏ ရည်ရွယ်ချက်က လူတို့အား သင်အလုပ်ရှုပ်နေသည်ဟု ထင်အောင်လုပ်သည့်အခါ ဖြစ်ပြီး သင်သည် အခြားသူများအား လိမ်လည်ဖို့အတွက် ဤနည်းလမ်းနှင့် အယောင်ဆောင်ပုံပန်းကို အသုံးပြုသည်။ စုဝေးကြသည့်အခါတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များအချို့သည် တကယ့်ပြဿနာများကို ဖြေရှင်းရမည့်အစား အဓိပ္ပာယ်မရှိသော မှတ်ချက်စကားများကို ပြောလျက် လိုရင်းအချက်သို့ မရောက်ဘဲ တောင်ရောက်မြောက်ရောက်ဖြင့် မနားတမ်း ဆက်ကာဆက်ကာ ပြောကြသည်။ ထိရောက်မှု သို့မဟုတ် တိုးတက်မှုရှိအောင် ကြိုးပမ်းခြင်းမဟုတ်ဘဲ ဤနည်းဖြင့် အလုပ်ရှုပ်ခြင်းကို ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ မိမိ၏ အလုပ်တွင် ဟန်ပြလုပ်ဆောင်ခြင်း၊ ဝတ်ကျေတမ်းကျေ လုပ်ခြင်း၊ အချိန်ဖြုန်းခြင်းဖြစ်ပြီး နောက်ဆုံးတွင် “အခြားလူတို့ သို့မဟုတ် ဘုရားသခင်က မည်သို့စဉ်းစားသည်ဖြစ်စေ ကျွန်ုပ်၏ အသိစိတ်က လိပ်ပြာသန့်သရွေ့ ကျွန်ုပ် အဆင်ပြေမည်။ အနည်းဆုံးအနေဖြင့် ကျွန်ုပ်သည် အလဟဿ နေနေသည်မဟုတ်၊ အနည်းဆုံးအနေဖြင့် မည်သည့်ဖြည့်ဆည်းမှုမျှ မရှိဘဲ အခွင့်ကောင်း ယူနေခြင်းမဟုတ်” ဟု စဉ်းစားနေသေးသည်။ အပေါ်ယံတွင် သင်သည် အလဟဿနေသည်မဟုတ်၊ မည်သည့်ဖြည့်ဆည်းမှုမျှ မရှိဘဲ အခွင့်ကောင်းယူနေခြင်းမဟုတ်၊ နေ့စဉ်နေ့တိုင်း စည်းဝေးပွဲများ တက်ရောက်နေသည် သို့မဟုတ် သင်၏တာဝန်ထမ်းဆောင်နေသည်၊ ပြီးလျှင် သင်လုပ်ဆောင်နေသမျှသည် အသင်းတော်အလုပ်နှင့် သက်ဆိုင်နေသည်ဟု ထင်ရကောင်း ထင်ရသော်လည်း အမှန်တွင်မူ စိတ်ထဲ၌ သင်လုပ်ဆောင်နေသမျှသည် လုံးဝ အသုံးမဝင် သို့မဟုတ် လုံးဝ တန်ဖိုးမရှိကြောင်း၊ သင်သည် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သင်သိနေသည်။ ဤသည်မှာ ပြဿနာဖြစ်၏။ သို့ဆိုလျှင် သင်သည် မိမိ၏တာဝန်ကို အဘယ်မျှကောင်းစွာ ထမ်းဆောင်နေသနည်း။ သင်၌ ပြဿနာရှိနေကြောင်း သင် ကောင်းကောင်း သိသော်လည်း ယင်းကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ ဤသည်မှာ ဝတ်ကျေတမ်းကျေ လုပ်ခြင်း၊ ထုံထိုင်းခြင်းနှင့် စိတ်နှလုံးခိုင်မာခြင်းပင်။ သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ် ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် အချိန်ဆွဲနေခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သေချာပေါက် ရရှိမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သင်သည် စည်းမျဉ်းများဖြင့် သို့မဟုတ် ထိရောက်စွာဖြင့် ပြုမူခြင်းမရှိသည့်အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းသည် အလုပ်လုပ်ပေးခြင်းသက်သက်သာ ဖြစ်သည်။ အကယ်၍ သင်သည် ပြုပြင်ခြင်းနှင့် ကူညီထောက်ပံ့ခြင်း ခံရသော်လည်း နောင်တမရသေးဘဲ မကျေမနပ်ပင် ပြောလျက် အပျက်သဘောဆောင်နေပြီး အလုပ်လုပ်စဉ် အချောင်ခိုနေပါက ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် ဝတ်ကျေတမ်းကျေ လုပ်ခြင်းပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မလိုက်စားပါက တာဝန်များကို မည်မျှကြာရှည် ထမ်းဆောင်သည်ဖြစ်စေ အကျိုးရှိမည် မဟုတ်သည့်အပြင် သစ္စာရှိစွာဖြင့် သင်၏တာဝန်များကို ထမ်း‌ဆောင်ခြင်းအတွက် စံနှုန်းများကို ပြည့်မီမည်မဟုတ်ပေ။ ဤပြဿနာနှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ထိုက်သည်။ လူတို့ စည်းမျဉ်းများဖြင့် ပြုမူရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ဘုရားသခင် တောင်းဆိုသည်။ အကယ်၍ လူတစ်ဦးသည် ဤသမ္မာတရားများကို ဝင်ရောက်နိုင်လျှင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရာ၌ ရလဒ်များကို စွမ်းဆောင်ရရှိမည် ဖြစ်ပြီး အနည်းဆုံးအနေဖြင့် စည်းမျဉ်းများဖြင့် ပြုမူနိုင်မည် ဖြစ်သည်။ လူတစ်ဦး၏ ထိရောက်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် အခြေခံအုတ်မြစ်နှင့် အဓိကအချက်မှာ ဤနေရာ၌ ရှိလေသည်။ အကယ်၍ လူတစ်ဦး၌ သမ္မာတရားစည်းမျဉ်းများ မရှိပါက သူ၏တာဝန်များကို အဘယ်မျှ မအားမလပ်အောင် ထမ်းဆောင်သည့်အပြင် နေ့စဉ်နေ့တိုင်း အဘယ်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ စစ်မှန်သော ရလဒ်များကို တွေ့ရမည်မဟုတ်ပေ။ လူတို့သည် မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းရှိမရှိ အကဲဖြတ်သောအခါ ဘုရားသခင်သည် ၎င်းတို့၏ တာဝန်များကို အဘယ်မျှကြာရှည် ထမ်းဆောင်သည်ကို ကြည့်မည့်အစား ၎င်းတို့၏ လက်တွေ့ကျသော ရလဒ်များနှင့်အတူ လုပ်ငန်းထိရောက်မှုနှင့် ၎င်းတို့သည် စည်းမျဉ်းများဖြင့် သမ္မာတရားနှင့်အညီ ပြုမူနေခြင်း ရှိမရှိကိုသာ ကြည့်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် လူတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်နှင့် အသက်ဝင်ရောက်မှုရှိမရှိကို ကြည့်လေသည်။ အကယ်၍ လူတို့တွင် မည်သည့် သမ္မာတရားစစ်မှန်မှုမျှ မရှိလျှင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများသာလျှင် ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများဖြင့် ပြုမူနိုင်လျှင် ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏လူများအဖြစ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသည်ဟူသော လက္ခဏာတစ်ခု ဖြစ်၏။ ဤနှိုင်းယှဉ်ချက်မှနေ၍ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ စံနှုန်းပြည့်မီသောသူများသာလျှင် ဘုရားသခင်၏လူများဟု သတ်မှတ်၍ရကြောင်း နားလည်နိုင်သည်။ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့်အမြဲ ဝတ်ကျေတမ်းကျေလုပ်ကာ စံနှုန်းပြည့်မီခြင်း မရှိသည့်သူများသည် အလုပ်လုပ်ပေးသူများ ဖြစ်ကြ၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားလည်လာပြီး စည်းမျဉ်းများဖြင့် ပြုမူနိုင်လျှင် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ခြင်းသည် သူ့အတွက် ပြဿနာဖြစ်မည် မဟုတ်ဘဲ တစ်ခဏမျှ စမ်းတဝါးဝါးလုပ်နေသရွေ့ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်လိမ့်မည်။ အစွမ်းအစ အလွန်နိမ့်ကျသောသူ သို့မဟုတ် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်သောသူတို့အနေဖြင့် တောင်းဆိုချက်များကို ပြည့်မီဖို့ ခက်ခဲမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုသည် အလုပ်လုပ်ပေးခြင်းသာလျှင် ဖြစ်သည်။ နားဝေတိမ်တောင် ဖြစ်သောလူများ၊ ငတုံးများနှင့် မည်မည်ရရ အလုပ်မလုပ်သည့်၊ သမ္မာတရားကို အဘယ်မျှ မိတ်သဟာယပြုသည်ဖြစ်စေ လက်မခံဘဲ ဆက်လက်၍ မဆင်မခြင် ပြုမူသည့် ညံ့ဖျင်းသော လူ့သဘာဝရှိသော လူများအနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့နှစ်သက်သလို ယုံကြည်ဖို့ ချန်ရစ်ထားခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် မိမိ၏တာဝန်ကို စည်းမျဉ်းများဖြင့် မထမ်းဆောင်ဘဲ ရည်ရွယ်ချက်မရှိ ပြေးလွှားအလုပ်များနေသည့်အပြင် နေ့စဉ်နေ့တိုင်း ဘာမျှမဟုတ်သည့်အရာဖြင့် မိမိဘာသာ အလုပ်ရှုပ်နေလျှင် သူသည် ဤအရာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အလျင်အမြန် ရှာပြီး စည်းမျဉ်းများဖြင့် ပြုမူရမည်။ သူသည် နေ့စဉ် မိမိ၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ရမည် ဖြစ်ပြီး ကြာမြင့်စွာ သူအလုပ်လုပ်ပြီးသည့်အချိန်ဖြင့်သာ မတင်းတိမ်ဘဲ ထိရောက်နိုင်စွမ်းအပေါ် အရေးထားကာ ပြီးပြတ်သော အကျိုးရလဒ်တစ်ခုကို ဖန်တီးသင့်သည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီး မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်သောလူများ ဖြစ်ကြသည်။

ယခုကာလတွင် ဘုရားသခင်နောက်လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော လူများစွာ ရှိသော်လည်း တချို့တဝက်က သမ္မာတရားကို လုံးဝ မလိုက်စားဘဲ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ မဆင်မခြင်နှင့် မိမိတို့ကိုယ်ပိုင် ဆန္ဒများအတိုင်း အမြဲတစေ ပြုမူကြပြီး မိမိတို့လုပ်ချင်သမျှကို လုပ်ကြသည်။ ၎င်းတို့သည် အမှားကြီးကြီးမားမားကို မလုပ်သော်လည်း အမှားလေးများကို တစ်ချိန်လုံး လုပ်ကြကာ အထူးသဖြင့် နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်နေသည့်ပုံ ပေါက်စေကာမူ အမှန်တွင် မည်သည့်မည်မည်ရရကိစ္စကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မကိုင်တွယ်ရသေးသည့်အပြင် မိမိတို့၏အချိန်ကို အလဟဿ ဖြုန်းနေကြသည်။ ၎င်းတို့သည် မိမိတို့၏အလုပ်ကို အဆင်ပြေရုံသာ လုပ်ဆောင်ကြသည်ဟုလည်း ဆိုနိုင်သည်။ ထိုသို့သော လူတို့၌ အန္တရာယ်ရှိနေသည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် မိမိ၏ တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထိုကဲ့သို့ မလေးစားသော သဘောထားဖြင့် အမြဲတမ်း ကိုင်တွယ်ဖြေရှင်းနေပါက မည်သည့်အကျိုးဆက်မျိုး ရှိမည်နည်း။ အလုပ်လုပ်သည်မှာ ထိရောက်ခြင်းမရှိဘဲ မိမိ၏တာဝန်မှ ထုတ်ပစ်ခံရခြင်းသည် ပေါ့တန်သောအကျိုးဆက်တစ်ခု ဖြစ်၏။ လူတစ်ဦးသည် ဒုစရိုက်အမှု အမျိုးမျိုးကို လုပ်ဆောင်ပါက ဖယ်ထုတ်ပစ်ခြင်း ခံရသင့်ကာ ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို စာတန်လက်ထဲသို့ လွှဲအပ်မည်။ စာတန်လက်ထဲသို့ လွှဲအပ်ခံရခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က သူ့ကို နောက်ထပ် ကြည့်ရှုစောင့်ရှောက်တော့မည် မဟုတ်၊ သူ့ကို ကယ်တင်မည် မဟုတ်သည့်အပြင် သူသည် လမ်းကြောင်းမှားကို စတင် လျှောက်လှမ်းမည် ဖြစ်ပြီး အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို သင် နားလည်သည် မဟုတ်လော။ ယခုသည် လူတို့ကို ဘုရားသခင် ထုတ်ဖော်သည့်အချိန် ဖြစ်ပြီး အကယ်၍ သင်သည် အခိုက်အတန့်တွင် လမ်းကြောင်းမှန်ကို လျှောက်နေခြင်းမရှိပါက မိမိ၏ ပြဿနာများကို သင်သတိပြုမိဖို့အတွက် အခွင့်အရေးတစ်ခုကို ပေးရန် ဘုရားသခင်သည် လက်တွေ့ကျသော ပတ်ဝန်းကျင်ကို အသုံးချမည် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သင့်ကို ပြန်လည်သုံးသပ်ဖို့ အချိန်အနည်းငယ် ပေးထားကြောင်း၊ ဘုရားသခင်က သင့်ကို နောက်ဆုံးအခွင့်အရေး ပေးနေကြောင်း သင်သိသည်နှင့်တစ်ပြိုင်နက် သင်သည် မပြောင်းလဲသေးဘဲ ခေါင်းမာစွာဖြင့် မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ ဆက်လက်၍ ထမ်းဆောင်ပါက ဘုရားသခင် အရေးယူမည်ဖြစ်သည်။ ဘုရားသခင်က နိနေဝေမြို့ကို ဖျက်ဆီးဖို့ ရည်ရွယ်သောအခါ ချက်ချင်း ဖျက်ဆီးခဲ့သလော။ ချက်ချင်း မဖျက်ဆီးခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်ခဲ့သောအခါ သူ၏ ပထမခြေလှမ်းမှာ အဘယ်နည်း။ သူသည် ဦးစွာ ယောနကို အသိပေးခဲ့ကာ ဖြစ်စဉ်တစ်ခုလုံး မည်သို့ဖြစ်ပျက်မည်နှင့် သူ၏ ရည်ရွယ်ချက်များမှာ မည်သည့်အရာများ ဖြစ်သည်ကို တိကျပွင့်လင်းစွာ ပြောပြခဲ့သည်။ ဤနောက်တွင် ယောနသည် နိနေဝေသို့ သွားပြီး တစ်မြို့လုံးပတ်ကာ “အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်” (ယောနဝတ္ထု ၃:၄) ဟု ကြေညာခဲ့သည်။ ဤသတင်းစကားက လူတိုင်း၏နားသို့ ရောက်ရှိခဲ့သည်။ ယောက်ျားမိန်းမ၊ လူကြီးလူငယ်နှင့် လူ့အတန်းအစားအလွှာပေါင်းစုံမှ လူတို့က ထိုအကြောင်းကို ကြားခဲ့ရသည်။ ထိုအကြောင်းကို အိမ်ထောင်စုတိုင်းက သိရကာ သူတို့၏ဘုရင်ကြီးကပင် ထိုသတင်းကို ကြားသိခဲ့သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သောနည်းဖြင့် လုပ်ဆောင်ခဲ့သနည်း။ ဤအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် သူသည် လူတို့ကို ကယ်တင်နေသည်ဖြစ်စေ၊ လူတို့ကို ထုတ်ဖော်နေသည်ဖြစ်စေ၊ သူတို့ကို အပြစ်ဒဏ်ပေးနေသည်ဖြစ်စေ လူတို့ကို သူဆက်ဆံသည့် နည်းလမ်းများအားလုံးတွင် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများ ရှိလေသည်။ သူသည် ဗြုန်းစားကြီး စိတ်ကူးပေါက်ရာဖြင့် ပြုမူနေခြင်း မဟုတ်၊ ၎င်းတို့၏ပုံပန်းကို မကြိုက်သောအခါ လူတစ်ဦးကို ချက်ချင်း ဖျက်ဆီးခြင်းမရှိပေ။ ထိုအစား သူသည် အချိန်အနည်းငယ် ကုန်လွန်ခွင့်ပြုသည်။ ဤအချိန်ကုန်လွန်ခြင်းကို အခွင့်ပေးရာ၌ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့ကို နောင်တရရန် အခွင့်ပေးဖို့ ဖြစ်သည်။) ယင်းမှာ သူပြုလုပ်မည့်အရာကို နိနေဝေလူတို့အား သိစေရန်၊ သူတို့အား ပြန်လည်သုံးသပ်ခွင့်ပေးကာ သူ၏ ရည်ရွယ်ချက်များကို တစ်စတစ်စ နားလည်ပြီး တဖြည်းဖြည်းချင်း စတင်ပြောင်းလဲဖို့ အခွင့်ပေးရန် ဖြစ်သည်။ လူတို့အနေဖြင့် ဤအရာကို သတိပြုမိရန်အတွက် ဖြစ်စဉ်တစ်ခုရှိကာ ဤရက်ပေါင်း ၄၀ သည် လူတို့အနေဖြင့် ပြောင်းလဲဖို့ ဘုရားသခင် ပေးထားသည့် အချိန်ဖြစ်သည်။ အကယ်၍ သူတို့သည် ရက်ပေါင်း ၄၀ ပြီးနောက် မပြောင်းလဲသေးသည့်အပြင် မိမိတို့၏ အပြစ်များကို သူ့အား မဝန်ချသေးလျှင် ဘုရားသခင်က သူပြုလုပ်မည်ဟု ဆိုထားသည့်အတိုင်း ဤကိစ္စကို ဖြစ်မြောက်အောင်မြင်စေမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူဆိုသည့်အတိုင်း တကယ်ရည်ရွယ်ပြီး သူဆိုသည့်အရာက ပြီးပြည့်စုံလာမည် ဖြစ်သောကြောင့်ပင်။ ဤစကားများ၌ ယုံမှားစေခြင်း မရှိပေ။ သို့ဆိုလျှင် ဤသတင်းကို သူတို့ ရရှိသောအခါ နိနေဝေလူတို့၏ တုံ့ပြန်ချက်က အဘယ်နည်း။ သူတို့သည် ချက်ချင်းပင် မိမိတို့ကိုယ်ကို လျှော်တေဝတ်ဆင်ပြီး ပြာလူးခဲ့ကြသလော။ မဟုတ်ပေ၊ ဖြစ်စဉ်တစ်ခု ရှိလေ၏။ အစပိုင်းတွင် လူတို့သည် “ဘုရားသခင်က ကျွန်ုပ်တို့ကို ဖျက်ဆီးတော့မည်။ သူသည် ယင်းကို အမှန်တကယ် ဆိုခဲ့သလော။ ကျွန်ုပ်တို့ ဘာလုပ်ခဲ့ကြသနည်း” ဟု သံသယဝင်ကောင်း ဝင်ကြမည်ဖြစ်သည်။ ဤနောက်တွင် အိမ်ထောင်စုများ အားလုံးသည် ဤကိစ္စနှင့်ပတ်သက်၍ အချင်းချင်း အသိပေးပြီး အတူတကွ ဆွေးနွေးခဲ့ကြသည်။ ဘေးကျပ်နံကျပ် အခြေအနေတစ်ခု ဆိုက်ရောက်လာပြီ ဖြစ်ကြောင်းနှင့် သူတို့သည် သေရေးရှင်ရေးနှင့်ဆိုင်သော ဘဝတစ်ဆစ်ချိုး၌ ရှိနေကြကြောင်း ခံစားခဲ့ကြရသည်။ သို့ဆိုလျှင် သူတို့ ဘာလုပ်သင့်သနည်း။ အပြစ်ဝန်ချပြီး နောင်တရသင့်သလော၊ သို့မဟုတ် အယုံအကြည်ကင်းမဲ့ပြီး အတိုက်အခံ လုပ်သင့်သလော။ အကယ်၍ သူတို့သည် အယုံအကြည်ကင်းမဲ့ပြီး အတိုက်အခံလုပ်ဖို့ အမှန်တကယ် ဆုံးဖြတ်ခဲ့လျှင် အကျိုးဆက်မှာ ၎င်းတို့သည် ရက်ပေါင်း ၄၀ ပြီးနောက် ဖျက်ဆီးခံရမည်ဖြစ်သည်။ သို့သော် မိမိတို့၏ အပြစ်များကို ဝန်ချပြီး ပြောင်းလဲခဲ့လျှင် ကယ်တင်ခံရခွင့် ရှိနေဦးမည်ဖြစ်သည်။ ဤကိစ္စကို ရက်ပေါင်းများစွာ အဘက်ဘက်မှ ဆွေးနွေးပြီးနောက် ပြည်သူပြည်သားများမှ တကယ့်လူနည်းစုက မိမိတို့၏ အပြစ်များကို ဝန်ချပြီး ပြောင်းလဲဖို့ သဘောထားတစ်ခုကို ခံယူနိုင်ခဲ့ကြသည်။ သူတို့သည် ပျပ်ဝပ်လျက် ကိုးကွယ်နိုင်ခဲ့ကြသည်၊ ယဇ်ပူဇော်နိုင်ခဲ့ကြသည်၊ သို့မဟုတ် အချို့သော အပြုအမူကောင်းများနှင့် သရုပ်သကန်များကို ပြသနိုင်ခဲ့ကြသည်။ သို့သော် ဤမြို့ကို ကယ်တင်သည့် အရေးပါဆုံးသော လူတစ်ဦးရှိခဲ့သည်။ ဤသူမှာ မည်သူနည်း။ နိနေဝေဘုရင်ပင် ဖြစ်၏။ သူသည် ရှင်ဘုရင်မှစ၍ အနိမ့်ဆုံး အရပ်သူအရပ်သားအထိ တိုင်းပြည်တစ်ခုလုံးကို မိမိတို့ကိုယ်ကို လျှော်တေဝတ်ပြီး ပြာလူးကြရန်၊ မိမိတို့၏ အပြစ်များကို ဝန်ချပြီး ယေဟောဝါဘုရားသခင်ထံ နောင်တရရန် အမိန့်ပေးခဲ့သည်။ ထိုသို့သော အမိန့်ကို ထုတ်ပြန်ပြီးနောက် ထိုမြို့ထဲမှ တစ်စုံတစ်ယောက်က ထိုသို့မလုပ်ဘဲ နေဝံ့သလော။ ရှင်ဘုရင်တစ်ဦး၌ ဤအာဏာမျိုး ရှိ၏။ အကယ်၍ သူသည် မကောင်းမှုအချို့ပြုလုပ်ဖို့ သူစွဲကိုင်ထားသည့် အာဏာကို အသုံးပြုခဲ့ပါက တိုင်းသူပြည်သားတို့သည် ကြီးမားသော ကပ်ဘေးကို ခံစားကြပြီးဖြစ်မည်။ ထိုအစား သူသည် ဤအာဏာကို ကောင်းသောအရာများ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး သူ့ထံ ပြန်လှည့်ခြင်းနှင့်ဆိုင်သော အရာများ ပြုလုပ်ဖို့ စွဲကိုင်ခဲ့ကာ ထိုမြို့မှာ ထိန်းသိမ်းထားခြင်း ခံရသည်။ တစ်တိုင်းပြည်လုံးမှ လူတို့မှာ ကယ်တင်ခံရပြီး သူတို့၌ အပြစ်ဖြေပေးသည်ကိုခံရခြင်းဟူသည့် မျှော်လင့်ချက် ရှိခဲ့သည်။ ဤသည်ကို ဤရှင်ဘုရင်၏ အတွေးတစ်ချက်က ဆုံးဖြတ်ပေးခဲ့ခြင်း မဟုတ်လော။ အကယ်၍ သူက “သင်တို့၌ နောင်တရလိုစိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါသည် နောင်တရမည် မဟုတ်။ သင်တို့သဘောအတိုင်း ဖြစ်သည်။ ထိုသို့သော အရာများကို ငါမယုံကြည်သည့်အပြင် မည်သည့်မကောင်းမှုမျှ ငါမလုပ်ခဲ့ဖူးချေ။ ထို့အပြင် ငါ၌ အဆင့်အတန်းရှိသည်ဖြစ်၍ ဘုရားသခင်သည် ငါ့အား ဘာလုပ်နိုင်သနည်း။ သူသည် ငါ့ကို ထီးနန်းချနိုင်သလော။ အကယ်၍ မြို့ဖျက်ဆီးခံရလျှင်လည်း ခံရစေတော့။ ဤအရပ်သူအရပ်သားများ မရှိလျှင်လည်း ငါသည် ယခင်အတိုင်း ဘုရင်ဖြစ်နေဦးမည်” ဟု ဆိုခဲ့လျှင် မည်သို့ရှိမည်နည်း။ သူ၌ ထိုသို့သော စိတ်ကူးမျိုး၊ ထိုသို့သော ဆင်ခြင်တွေးခေါ်မှုမျိုး ရှိခဲ့လျှင်ကော။ သို့ဆိုလျှင် အလွန်နည်းပါးသော သာမန်လူများသာ ကယ်တင်ခံခဲ့ရမည် ဖြစ်ပြီး ဘုရားသခင်သည် နောက်ဆုံးတွင် နောင်တရလိုစိတ်ရှိသော လူတို့ကိုသာ သီးသန့်ကယ်ထုတ်ခဲ့မည် ဖြစ်သည်။ ထိုသူတို့ကို သူ ကယ်ထုတ်ပြီးနောက် နောင်တရဖို့ထက် အသေခံဖို့လိုလားသောသူတို့သည် ထိုမြို့နှင့်အတူ ဖျက်ဆီးခံခဲ့ရမည် ဖြစ်ကာ ရှင်ဘုရင်လည်း ထိုသူတို့အထဲ ပါခဲ့မည်ဖြစ်သည်။ နောင်တရလိုစိတ်ရှိသော သူတို့မှာမူ ဘုရားသခင်က သူတို့ကို ထိုမြို့မှ ကယ်ထုတ်သည်ကို ခံရပြီးနောက် ဆက်လက်၍ အသက်ရှင်နိုင်မည် ဖြစ်သည်။ သို့သော် ဤအရာနှင့်ပတ်သက်၍ အကောင်းဆုံးအရာမှာ နိနေဝေဘုရင်က မိမိကိုယ်ကို လျှော်တေဝတ်ဆင်ပြီး ပြာလူးခြင်းအားဖြင့် ရှေ့ဆောင်လမ်းပြနိုင်ပြီး မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ၊ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ မည်သူပင်ဖြစ်စေ၊ မည်မျှအဆင့်မြင့်သော အရာရှိဖြစ်စေ၊ မည်မျှနိမ့်ကျသော တောင်သူလယ်သမားဖြစ်စေ မင်းမျိုးမင်းနွယ်မှသည် သာမန်အရပ်သားများအထိ ထိုမြို့မှ သာမန်လူတို့ကို ၎င်းတို့အားလုံး မိမိတို့ကိုယ်ကို လျှော်တေဝတ်ကာ ပြာလူးပြီး ယေဟောဝါ ဘုရားသခင်ကို ဒူးထောက်၍ ကိုးကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်ကို ပျပ်ဝပ်ပြီး မိမိတို့၏ အပြစ်များကို ဝန်ချရမည်ဖြစ်ကြောင်း၊ ပြောင်းလဲသည့် ၎င်းတို့၏ သဘောထားကို ဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ မကောင်းမှုလမ်းခရီးမှ ပြန်လှည့်ပြီး မိမိတို့လက်ထဲမှ မကောင်းမှုကို စွန့်ပစ်ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်ထံ နောင်တရပြီး မိမိတို့ကို မဖျက်ဆီးဖို့ ဆုတောင်းရမည်ဖြစ်ကြောင်း ပြောပြနိုင်ခဲ့သည်။ နိနေဝေဘုရင်သည် နောင်တရပြီး ဘုရားသခင်ထံ သူ၏အပြစ်များကို ဝန်ချခြင်းဖြင့် ရှေ့ဆောင်လမ်းပြကာ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူနှင့်အတူ လူများစွာက အကျိုးခံစားရလျက် ထိုမြို့၏ ပြည်သူလူထုတစ်ရပ်လုံးကို ကယ်တင်ခဲ့သည်။ ဤသို့ပြုလုပ်ရာ၌ ရှေ့ဆောင်လမ်းပြခြင်းအားဖြင့် သူ၏အာဏာမှာ တန်ဖိုးရှိလာခဲ့သည်။ ဤရှင်ဘုရင်က သူ၏လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ပြန်လှည့်ဖို့ ဦးဆောင်ခြင်းသည် ဘုရားသခင် အမှတ်ရသည့် အရာတစ်ခုဖြစ်၏။

အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသော အကြောင်းအရာနှင့်ပတ်သက်၍ ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုခြင်းတွင် သင်တို့အတွက် အကျိုးကျေးဇူးတစ်ခုခု ရှိသလော။ ယင်းကို ဖော်ပြရန်နှင့် အဓိပ္ပာယ်ဖွင့်ရန်အတွက် ဤသို့ ထပ်ကာတလဲလဲ မိတ်သဟာယပြုခြင်း၊ ဥပမာများပေးခြင်း၊ ဇာတ်ကြောင်းများ ပြောပြခြင်း၊ မတူညီသော နည်းလမ်းများနှင့် ဝေါဟာရများ အသုံးပြုခြင်းကို လူတို့ နားမလည်သေးပါက ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အမှန်တကယ် ကင်းမဲ့ခြင်းဖြစ်ပြီး ဤသို့သော လူတို့ကို အဖတ်ဆယ်၍ မရပေ။ ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့သည် ဤစကားများကို ကြားပြီးနောက် ၎င်းတို့ နားလည်လက်ခံသည့် အရာမှာ အယူဝါဒများမဟုတ်ကြောင်း၊ စာသားအရှိအတိုင်း အဓိပ္ပာယ်မဟုတ်ကြောင်းနှင့် သတ်သတ်မှတ်မှတ် ရှိသော ဖော်ပြချက်မဟုတ်ဘဲ အမှုအရာများ၏ ပကတိအခြေအနေများနှင့် ပတ်သက်သည့် သမ္မာတရားနှင့် လူတို့၏ အနှစ်သာရ၊ တည်ရှိမှု၊ အသက်တာများနှင့် ဆက်စပ်သည့် အချို့သော သမ္မာတရားများ၊ စည်းမျဉ်းများသာ ဖြစ်ကြောင်း သေချာစေဖို့ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါပြောဆိုခဲ့သော ဤဆိုရိုးများ သို့မဟုတ် ဤနမူနာများကို သင်၏ တကယ့်အခြေအနေဖြင့်ဖြစ်စေ၊ သင့်ကိုယ်ပိုင် အသက်တာ၌ သင်ထုတ်ဖော်သည့် အရာများဖြင့်ဖြစ်စေ နှိုင်းယှဉ်ကြည့်နိုင်ပါက သင်တို့သည် သမ္မာတရားကို နားလည်နိုင်ပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် လူတစ်ဦးဖြစ်ပေသည်။ ယင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းဟူသည်မှာ ဆွေးနွေးသည့် ဥပမာနှင့် အကြောင်းအရာတစ်ခုစီကို သင်၏အခြေအနေနှင့် ဆက်စပ်မိခြင်း၊ မိတ်သဟာယပြုသည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုစီကို သင့်ကိုယ်ပိုင် အခြေအနေ၊ သင့်ကိုယ်ပိုင် သရုပ်သကန်များနှင့် ဆက်စပ်မိခြင်းကို ဆိုလိုသည်။ အကယ်၍ သင်သည် ဤအရာများကို အတူတကွ ဆက်စပ်ပြီး ဤအရာကို ကျင့်သုံးတတ်ပါက သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကာ သင်၌ သမ္မာတရား လက်တွေ့ကျမှုကို ဝင်‌ရောက်ရန် မျှော်လင့်ချက်ရှိပြီး သင်သည် သမ္မာတရားကို နားလည်နိုင်လေသည်။ အကယ်၍ သင်သည် မည်သည့်အရာကို ပြောပြသည်ဖြစ်စေ နားမလည်ပါက၊ ဤအကြောင်းအရာများကို မိမိကိုယ်ကိုနှင့် မဆက်စပ်နိုင်ပါက၊ သင်သည် မည်သည့်အရာ ကြားသည်ဖြစ်စေ ယင်းမှာ သင်ထုတ်ဖော်သည့်အရာနှင့်လည်းကောင်း၊ သင့်ကိုယ်ပိုင် သဘာဝအနှစ်သာရနှင့်လည်းကောင်း ဘာမျှမဆိုင်ဟု ခံစားရပါက၊ ထို့ပြင် အပြန်အလှန်အားဖြင့် ဆက်နွှယ်နေမှုကို ရှာမတွေ့နိုင်ပါက သင်သည် လုံးလုံးလျားလျား ပညာမဲ့ပြီး သင်၏ခေါင်းထဲသို့ မည်သည့်အရာကိုမျှ မထည့်နိုင်ခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့် ထိုသို့သော လူတို့သည် အလုပ်လုပ်ပေးခြင်းအတွက်သာ သင့်တော်ပြီး သမ္မာတရားလက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ပေ။ ကယ်တင်ခြင်းကို ကြိုးပမ်းရယူလိုသည့် လူတို့သည် သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရမည် ဖြစ်ကာ သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အတွက် လူတစ်ဦးသည် ဤစကားများကို နားလည်ပြီး ငါပြောပြထားသည့် ဤဇာတ်ကြောင်းများနှင့် အခြေအနေများကိုသာမက အကြောင်းအရာတစ်ခုစီ၊ ထုတ်ဖော်ချက်တစ်မျိုးစီအပြင် လူတစ်မျိုးစီ၏ အနှစ်သာရ၊ သူ၏ သရုပ်သကန်များနှင့် အခြေအနေများက မည်သည့်အရာများ ဖြစ်ကြောင်းတို့ကိုပါ နားလည်ရမည်ဖြစ်ကာ ဤအရာများအားလုံးကို မိမိတို့ကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆကြည့်လာနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအဆင့်အထိ မရောက်ပါက သမ္မာတရားကို နားမလည်နိုင်ပေ။ ယင်းမှာ လူတို့ ကြက်မွေးသောအခါနှင့် တူညီ၏။ အကယ်၍ လူတစ်ဦးသည် နှစ်တစ်ဝက်မျှ ကြက်တစ်ကောင်မွေးကာ ယင်းက ဥတစ်လုံးပင် မဥရသေးပါက ဤကြက်သည် ဥမဥပါဟု ဆို၍ရသလော။ (မရပါ။) အကယ်၍ ကြက်ပိုင်ရှင်က ဤကြက်ကို သုံးနှစ်မျှ မွေးခဲ့ပြီး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များဖြင့် ကျွေးမွေးသော်လည်း ယင်းက မည်သည့်အရာ စားစေကာမူ ဥတစ်လုံးပင် မဥသေးပါက ဤကြက်သည် ဥမဥဟု ဆို၍ရသလော။ (ရပါသည်။) ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် လူအချို့က မည်သည့်တရားဒေသနာများကို နားထောင်သည်ဖြစ်စေ၊ ၎င်းတို့အား သမ္မာတရားအကြောင်း သင်မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ နားမလည်ကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်လူတစ်ဦး ဖြစ်၏။ မိမိကြားဖူးသည့်အရာကို နားလည်နိုင်သော်လည်း လက်တွေ့မလုပ်ဆောင်သည့်၊ မပြောင်းလဲသည့် အခြားလူတစ်မျိုး ရှိလေသည်။ ဤလူစားမျိုးသည် ဇာတ်သိမ်းသွားပြီဖြစ်ပြီး သောဒုံမြို့မှ လူတို့နှင့် အတူတူပင် ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်ကိန်းဆိုက်လေသည်။ အန္တိခရစ်များသည် ဤလူတန်းစားမျိုး၌ ပါဝင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားသက်သက် ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့တွင် ဘုရားသခင်ကို ရန်မူပြီး သမ္မာတရားကို ဆန့်ကျင်သော သဘာဝအနှစ်သာရ ရှိကာ ထိုသို့သောလူတစ်ဦးအနေဖြင့် သမ္မာတရားကို နားလည်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူဖြစ်လာကာ သမ္မာတရားနှင့် ဘုရားသခင်ကို ရန်မူသည့်အပြင် အပြုသဘောဆောင်သော အရာများကို ဆန့်ကျင်သဖြင့် သင်သည် သမ္မာတရားအကြောင်း မိတ်သဟာယပြုသောအခါ ၎င်းတို့က ယင်းကို သမ္မာတရားအဖြစ် သဘောထားရမည့်အစား သဘောတရားတစ်မျိုးအဖြစ်ဖြစ်စေ၊ ပညာအရည်အချင်းတစ်မျိုးအဖြစ်ဖြစ်စေ၊ အယူဝါဒတစ်မျိုးအဖြစ်ဖြစ်စေ သဘောထားကြသည်။ မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ကြွားလုံးထုတ်နိုင်ဖို့နှင့် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အမြတ်အစွန်းကို ရရှိနိုင်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများကို ထိုအရာနှင့် ပြင်ဆင်ထားကြသည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်၏။ သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယပြုပြီး မည်သည့်ဥပမာများကို ဆွေးနွေးသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ပြုပြင်ပြောင်းလဲ၍ မရသည့်အပြင် ၎င်းတို့၏ ရည်ရွယ်ချက်များကို ပြောင်းပြန်လှန်နိုင်ခြင်း သို့မဟုတ် အမှုအရာများအား ၎င်းတို့ပြုလုပ်သည့် နည်းလမ်းကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောသူ ဖြစ်သည်။ သမ္မာတရားကို ကြားနာပြီးနောက် လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမရှိသော လူတို့သည် သမ္မာတရား၏ ပြောင်းလဲခြင်းကို မခံရနိုင်သည့်အပြင် ဘုရားသခင်သည် ထိုသို့သောလူတို့ကို ကယ်တင်မည်မဟုတ်ပေ။ ဤအမျိုးအစား ဖြစ်သောသူတို့ကို အခြေခံအားဖြင့် သမ္မာတရားကို ရန်လိုသောလူများဟု စရိုက်လက္ခဏာ သရုပ်ဖော်နိုင်ပြီး ပို၍အတိအကျဆိုရလျှင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန်လူတို့ကြားမှ ခြားနားချက်ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။