အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည် (အခန်း လေး)

လူအချို့တွင် အန္တိခရစ်၏ စိတ်သဘောထားရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခုကို မကြာခဏ ထုတ်ဖော်ကြသော်လည်း ထိုသို့သော ထုတ်ဖော်ချက်များရှိသည့် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး သိကျွမ်းခြင်း၊ သမ္မာတရားကို လက်ခံနိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းလည်း ရှိကြပြီး အချိန်အတန်ကြာပြီးနောက် ၎င်းတို့အထဲ၌ ပြောင်းလဲမှုကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်ဖွယ် ရှိသူများဖြစ်ကြ၏။ အပြင်ပန်းတွင် အမှုအရာများကို စွန့်ပစ်နိုင်စွမ်း၊ မိမိတို့ကိုယ်ကို အသုံးခံနိုင်စွမ်း၊ အခက်အခဲကို ခါးစည်းခံပြီး အဖိုးအခ ပေးနိုင်စွမ်းရှိဟန်တူသောသူများ ရှိသော်လည်း ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးကြသည်။ သင်သည် ၎င်းတို့အား သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသောအခါ ၎င်းတို့သည် ယင်းကို အလွန်အမင်း မနှစ်မြို့သည့်အပြင် အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများနှင့် တရားဒေသနာချိန်များတွင် ငိုက်မျဉ်းအိပ်ပျော်ကြသည်။ ယင်းတို့ကို ပျင်းစရာကောင်းသည်ဟု ထင်ကြပြီး ၎င်းတို့ကြားနာသည့် အရာကို တကယ်နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်ကြပေ။ တရားဒေသနာများကို အလေးအနက် နားထောင်ပုံပေါက်သည့် အခြားသူများ ရှိသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက သမ္မာတရားကို မဆာငတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ ယင်းတို့ကို ဝိညာဉ်ရေးရာ အသိပညာတစ်မျိုးအဖြစ်ဖြစ်စေ၊ အယူအဆသဘောတရားတစ်မျိုးအဖြစ်ဖြစ်စေ တန်ဖိုးဖြတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်သူတစ်ဦး ဖြစ်လာစေကာမူ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှဖတ်ရှုခဲ့ပြီး ဖြစ်စေကာမူ၊ သို့မဟုတ် တရားဒေသနာများကို မည်မျှများစွာ ကြားနာခဲ့ပြီး ဖြစ်စေကာမူ အဆင့်အတန်းကို လိုက်စားခြင်းနှင့် အာဏာကို အထင်ကြီးခြင်းအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်၌၊ သို့မဟုတ် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းအပေါ် ၎င်းတို့၏သဘောထား၌ ပြောင်းလဲမှု မရှိပေ။ ၎င်းတို့သည် တကယ့်အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ အကယ်၍ သင်က “သင်ပြုလုပ်နေသည့်အရာမှာ လူတို့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်းဖြစ်ပြီး သင်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံသည့်အခါ လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် တုပြိုင်နေခြင်း ဖြစ်သည်။ ဤသည်တို့မှာ စာတန်နှင့် အန္တိခရစ်များ၏ လုပ်ရပ်များဖြစ်သည်” ဟု ပြောခြင်းဖြင့် ၎င်းတို့ကို ဖော်ထုတ်ပါက ၎င်းတို့သည် ထိုသို့သော ပြစ်တင်ရှုတ်ချခြင်းကို လက်ခံနိုင်စွမ်းရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့ မည်သို့စဉ်းစားသနည်း။ “ကျွန်ုပ် ဤပုံစံအတိုင်း ပြုမူသည်မှာ မှန်သည်ဖြစ်၍ ဤသည်မှာ ကျွန်ုပ် ပြုမူသည့်ပုံဖြစ်၏။ ကျွန်ုပ်ကို သင် မည်သို့ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ထို့ပြင် ယင်းက မည်မျှ မှန်ကန်ပုံပေါက်သည်ဖြစ်စေ ကျွန်ုပ်သည် ဤနည်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း၊ ဤလိုအင်ဆန္ဒ၊ ဤလိုက်စားမှုကို စွန့်လွှတ်မည်မဟုတ်” ဟူ၍ပင်။ သို့ဆိုလျှင် ဤသူတို့သည် အန္တိခရစ်များဖြစ်သည်မှာ အဆုံးသတ် သတ်မှတ်ချက်ပင်တည်း။ သင်ပြောသော မည်သည့်အရာမျှ ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ရည်ရွယ်ချက်၊ ကွယ်ဝှက်ထားသော ကြံရွယ်ချက်များ၊ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရ စစ်စစ်ဖြစ်သည်။ ၎င်းတို့ကို မည်သူမျှ ပြောင်းလဲ၍မရပေ။ လူတို့က ၎င်းတို့ကို သမ္မာတရားနှင့် ပတ်သက်၍ မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ဘာသာစကား သို့မဟုတ် စကားအသုံးအနှုန်းကို ထိုသူတို့ အသုံးပြုသည်ဖြစ်စေ၊ မည်သည့်အချိန်၊ နေရာ သို့မဟုတ် အခြေအနေဖြစ်ပါစေ ၎င်းတို့ကို မည်သည့်အရာကမျှ မပြောင်းလဲနိုင်ချေ။ ၎င်းတို့၏ ဝန်းကျင်အခြေအနေ မည်သို့ပြောင်းလဲပါစေ၊ ၎င်းတို့ပတ်လည်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများက မည်သို့ပြောင်းလဲပါစေ၊ ထို့ပြင် ခေတ်ကာလများ မည်သို့ပြောင်းလဲပါစေ၊ ဘုရားသခင် ပြသသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများက မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့အပေါ် ကျေးဇူးတော်ကို မည်မျှများစွာ ပေးအပ်သည်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင် မည်သို့အပြစ်ဒဏ်ကို ပေးသည်ပင်ဖြစ်စေ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်ပုံစံနှင့် ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်က မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို လုယူမည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ချေ။ ၎င်းတို့ ကျင့်ကြံပြုမူပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းမှာ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် ဘုရားသခင်အား မုန်းသည့် ၎င်းတို့၏ သဘောထားလည်း မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ချေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်ပြီး လူများကို အထင်အမြင်မှားစေဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း အခြားသူများက ထောက်ပြသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စကားပြောသည့်ဟန်ပန်ကို အခြားသူများက အမှားရှာမတွေ့နိုင်သည့် သို့မဟုတ် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သည့် ဟန်ပန်တစ်ခုသို့ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား အုပ်စိုးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ဖြစ်သည့် မိမိတို့၏ ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်စေရန် စဉ်းလဲသော နည်းလမ်းများကိုပင် အသုံးပြုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင် ပြသသည့် အရာဖြစ်ပြီး ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှ ပေါက်ဖွားလာသည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဆုံးသတ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ကျိန်စာသင့်နေခဲ့ကြောင်း ၎င်းတို့အား ဘုရားသခင်က ပြောလျှင်ပင် ဤအရာက ၎င်းတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်မည်လော။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည်လော။ ယင်းက အဆင့်အတန်း၊ ကျော်စောမှုနှင့် အကျိုးအမြတ်တို့ကို ၎င်းတို့၏ နှစ်သက်ခြင်းအား ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ချေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောလူများကို ဘုရားသခင်ကို ကိုးကွယ်သည့် သာမန်လူ့သဘာဝရှိသည့် လူများအဖြစ်သို့ ပြောင်းလဲခြင်းသည် ဘုရားသခင်၏အမှု ဖြစ်သည်။ ယင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် မကောင်းဆိုးဝါးများ၊ လူ့အရေကို ခြုံထားသော်လည်း စာတန်ဆန်သော အနှစ်သာရ ရှိသည့် လူများနှင့် ဘုရားသခင်ကို ရန်လိုသူများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲရန်မှာ ဖြစ်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သော အမှုမျိုးကို မလုပ်ဆောင်ချေ။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့် သူများထဲတွင် မပါဝင်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သောလူများအပေါ် မည်သို့ဆုံးဖြတ်သတ်မှတ်သနည်း။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ခံရသည့်သူများ မဟုတ်ကြပေ။ ဘုရားသခင်သည် ထိုသို့သောလူများကို မလိုချင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာမြင့်စွာ ယုံကြည်လာခဲ့ပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှဒုက္ခခံပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပြီးမြောက်ဖြစ်မြောက်ပြီးဖြစ်ပါစေ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်က ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများကို စွန့်လွှတ်ကြမည် မဟုတ်ချေ၊ အဆင့်အတန်းနှင့် လူများအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ရန် ၎င်းတို့၏ စေ့ဆော်မှုနှင့် အာသာဆန္ဒတို့ကို စွန့်လွှတ်ရန်မှာ သာ၍နည်းပါးပေသည်။ ထိုသို့သော လူများသည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြလေသည်။

လူအချို့က “အန္တိခရစ်များသည် မကောင်းမှုပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည်မှာ ခဏတာ နားဝေတိမ်တောင်ဖြစ်ခြင်းကြောင့်သာ မဟုတ်လော။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မြင်နိုင်ဖို့အတွက် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများကို ပြမည်ဆိုပါက သို့မဟုတ် ၎င်းတို့ကို အနည်းငယ် အပြစ်ဒဏ်ပေးမည်ဆိုပါက ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ကျိုးနွံနာခံနိုင်မည် မဟုတ်လော။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း လက်ခံ၍ အသိအမှတ်ပြုနိုင်မည် မဟုတ်လော၊ ပြီးလျှင် အဆင့်အတန်းရဖို့ ဘုရားသခင်ကို တုပြိုင်ခြင်း မရှိတော့မည် မဟုတ်လော။ ယင်းမှာ ၎င်းတို့က ဘုရားသခင် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သော အမှုအရာ တစ်ခုတလေ ပြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ ဝိညာဉ်ခန္ဓာကိုလည်းကောင်း မမြင်တွေ့ရသောကြောင့် ယုံကြည်ခြင်းကင်းမဲ့ကာ အားနည်း၍ စာတန်၏လှည့်ဖြားခြင်းကို ခံရလေသလော” ဟု ဆိုကြသည်။ မဟုတ်ပေ။ ယင်းမှာ မမှန်ကန်‌ပေ။ အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရမှာ လုံးလုံးလျားလျား ခြားနားပြီး အခိုက်အတန့် လိမ်လည်ခံရပြီး စဉ်းစားဉာဏ်မဲ့ကာ သမ္မာတရားကို နားမလည်သောသူတစ်ဦးနှင့် မတူပေ။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ထားပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် သမ္မာတရားကို မွေးကတည်းက မုန်း၏။ ၎င်းတို့သည် ဘုရားသခင်နှင့် စေ့စပ်၍မရသော၊ အဆုံးအထိ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို တုပြိုင်သော စာတန်များဖြစ်ကြပြီး လူ့အရေကိုခြုံသော သက်ရှိထင်ရှားရှိသော စာတန်များ ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ၎င်းတို့၏ သဘာဝအနှစ်သာရအရ အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းခံရသဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်ထဲတွင် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်နိုင်ပြီး မည်သည့်အရာများကို လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်သည်၊ အဖျက်အမှောင့်လုပ်သည်၊ ဖြိုဖျက်ပြီး ဖျက်ဆီးလေသည်။ ဤလူတို့သည် ဘုရားအိမ်တော်တွင် ဤအရာများကို မလုပ်ဘဲမနေနိုင်ကြချေ။ ၎င်းတို့သည် ဤသို့သော သတ္တဝါမျိုးဖြစ်ကာ ၎င်းတို့၌ စာတန်ဆန်သော သဘာဝရှိပြီး သိုးများကို ဝါးမျိုဖို့ ကြံရွယ်လျက် သိုးစုထဲသို့ ဝင်ရောက်သည့် ဝံပုလွေများကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၏။ အခြားရှု‌ထောင့်မှ ပြောရလျှင် ဘုရားသခင်သည် ဤလူတို့ကို အဘယ့်ကြောင့် ဘုရားအိမ်တော်ထဲသို့ ရောက်လာဖို့ အခွင့်ပေးရသနည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူများသည် ပိုင်းခြားသိမြင်နိုင်စွမ်းတွင် တိုးတက်ဖို့အတွက် ဖြစ်၏။ နတ်ဆိုး စာတန်သည် မည်သည့်အရာမျိုးဖြစ်သည်ကိုဖြစ်စေ၊ ၎င်း၏ စကားများနှင့် လုပ်ရပ်များသည် မည်သည့်အနှစ်သာရ ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းသည် မည်သည့်စိတ်သဘောထား ထုတ်ဖော်သည်ကိုဖြစ်စေ၊ လောကထဲတွင် လူများကို ၎င်းက မည်သို့အထင်အမြင်မှားစေပြီး ဘုရားသခင်ကို မည်သို့ဆန့်ကျင်သည်ကိုဖြစ်စေ လူတို့ ရှင်းလင်းစွာ မြင်နိုင်သလော။ နတ်ဆိုးစာတန်ကို ဖော်ပြသည့်အခါတွင် ယင်းမှာ နတ်ဆိုးဖြစ်စေ၊ စာတန်ဖြစ်စေ အတိအကျ မည်သည့်အရာဖြစ်သည်ကို လူတို့ ရှင်းလင်းစွာ မပြောနိုင်ကြပေ။ ယင်းမှာ စိတ်ကူးသက်သက်ဖြစ်ပြီး အနှစ်သာရမဲ့သည်၊ လက်ဆုပ်လက်ကိုင် မပြနိုင်လောက်ဟု ၎င်းတို့က ခံစားကြသည်။ ၎င်းတို့က “စာတန် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ အဖြေက “လေထဲမှာ” ဟု ဖြစ်၏။ “သို့ဆိုလျှင် စာတန်သည် အဘယ်မျှ ကြီးမားသနည်း။ သူသည် အတိအကျအားဖြင့် မည်သည့် ထူးဆန်းသော တန်ခိုးများကို ပြုလုပ်သနည်း။ သူသည် ဘုရားသခင်ကို အတိအကျအားဖြင့် မည်ကဲ့သို့ ဆန့်ကျင်သနည်း။ သူ၏ သဘာဝ အနှစ်သာရမှာ အဘယ်နည်း” ဟူ၍ ဆိုကြ၏။ ၎င်းတို့က ယင်းကို လုံးဝ စိတ်ကူးသက်သက် ဖြစ်သည်၊ မရေမရာဖြစ်ပြီး အနှစ်သာရမဲ့လွန်းသည်ဟု ထင်မြင်ကြသည်။ သို့သော်လည်း အန္တိခရစ်များ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအားဖြင့် ၎င်းတို့သည် ဤအရာများကို စာတန်ပြုလုပ်သည့်အရာ၊ စာတန်၏ သဘာဝ အနှစ်သာရနှင့် ဆက်စပ်နိုင်ကြောင်း သိမြင်နိုင်သောအခါ ယင်းမှာ လုံးဝ ခိုင်လုံလာပြီး စိတ်ကူးသက်သက် သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်း မရှိတော့ပေ။ ယင်းက လုံးဝ ခိုင်လုံလာသောအခါ လူတို့သည် သူစကားပြောသည်ကို ကြားနိုင်သည်၊ သူ၏ အပြုအမူကို တွေ့မြင်နိုင်သည်၊ ပြီးလျှင် သူ၏ သဘာဝ အနှစ်သာရကို အာရုံစိုက်လျက် ပိုင်းခြားသိမြင်နိုင်လေသည်။ ဤနည်းအားဖြင့် ဘုရားသခင်ပြောသည့် နတ်ဆိုးစာတန်၏ အနှစ်သာရက ပို၍ ခိုင်လုံလာပြီး စစ်မှန်လာကာအမှန်တကယ်ဖြစ်သော သရုပ်သကန်များနှင့် လက်တွေ့ကျကျ ကိုက်ညီနိုင်သည်။ လူအချို့သည် ဝိညာဉ်ရင့်သန်မှု သေးငယ်ပြီး သမ္မာတရားကို နားမလည်ဘဲ အခိုက်အတန့် စဉ်းစားဉာဏ်မဲ့ခြင်း တစ်ခုခုအားဖြင့် အန္တိခရစ်များ၏ လိမ်လည်ခြင်းကို ခံရပြီး အထင်အမြင်မှားစေခြင်းကို ခံကြရသောကြောင့် တစ်နှစ် နှစ်နှစ်မျှ ထွက်သွားကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ပြန်ရောက်လာသောအခါ စာတန်နောက်လိုက်ရသည်မှာ နှစ်လိုဖွယ် မကောင်းကြောင်း သဘောပေါက်ကြသည်။ ဤလူတို့သည် အန္တိခရစ်များနောက်သို့ အရင်ဆုံး စလိုက်သောအခါ ၎င်းတို့တွင် လုံလောက်သော အကြောင်းရင်းရှိပြီး ကြီးမားသော စိတ်ချယုံကြည်မှု ရှိသည်ဟု ခံစားလျက် “အထက်က ကျွန်ုပ်တို့ကို အန္တိခရစ်များနောက် မလိုက်စေလိုသော်ငြားလည်း သူတို့နောက်သို့ ကျွန်ုပ်တို့ လိုက်မည်ဖြစ်ပြီး တစ်နေ့နေ့တွင် ကျွန်ုပ်တို့မှန်ကန်ကြောင်း သက်သေပြလိမ့်မည်ဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာ၏ ရလဒ်မှာ အချိန်အတန်ကြာပြီးနောက် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပျောက်ဆုံးသွားပြီဟု ခံစားကာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့် အတည်ပြုချက်ကိုမျှ မခံစားရနိုင်တော့ခြင်း ဖြစ်ပေသည်။ ၎င်းတို့အတွက် ဘုရားသခင်သည် ၎င်းတို့နှင့်အတူ မရှိတော့သည့်အလား၊ ၎င်းတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ်နှင့် ဦးတည်ချက် ပျောက်ဆုံးသွားသည်ဟု ခံစားရကာ တဖြည်းဖြည်းဖြင့် အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ပို၍ပို၍ ရှိလာကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို အမှန်တကယ် နားလည်သည်၊ ထိုသူတို့နောက်ကို လိုက်ခြင်းဖြင့် ၎င်းတို့၏ ယုံကြည်ခြင်း၌ မမှားယွင်းနိုင်ဟု ၎င်းတို့ ယခင်က တွေးထင်ကြသော်လည်း ယခုတွင် အန္တိခရစ်များ၌ ဆိုးရွားသော ပြဿနာများရှိကြောင်း၊ အန္တိခရစ်များသည် သမ္မာတရားကို နားလည်သယောင် စကားပြောလင့်ကစား သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြောင်း မြင်တွေ့ကြသည်။ ဤသည်မှာ အဖြစ်မှန်ပင်။ ၎င်းတို့သည် အန္တိခရစ်များကို အချိန်ကြာမြင့်စွာ နောက်လိုက်ပြီး သမ္မာတရား မရရှိကြောင်းနှင့် အန္တိခရစ်များနောက်သို့ ဆက်လိုက်ခြင်းသည် အမှန်ပင် အလွန် အန္တရာယ်ရှိကြောင်း သိမြင်ကြသဖြင့် နောင်တရကြသည်၊ အန္တိခရစ်များကို ငြင်းပယ်ကြသည်၊ ပြီးလျှင် ဘုရားအိမ်တော်သို့ ပြန်လာလိုစိတ် ရှိလာကြသည်။ ဘုရားအိမ်တော်က ထိုသို့သောလူတို့ကို ပြန်လက်ခံပြီးသောအခါ ထိုလူတို့အား သူတို့၏ အတွေ့အကြုံကို ပြန်ပြောပြခိုင်းကာ သူတို့က “ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေရာ၌ အလွန်ကျွမ်းကျင်သည်။ ယခင်က ထိုသူတို့ကို ကျွန်ုပ် မည်သို့ထင်မြင်ပါစေ သူတို့သည် မှန်ကန်ပုံပေါက်ခဲ့သည်။ သို့သော် ရလဒ်မှာမူ ကျွန်ုပ်သည် မည်သည့်အရာကို မရရှိ၊ သမ္မာတရားကို နားမလည်သည့်အပြင် သူတို့နောက် တစ်နှစ်ကျော်မျှ လိုက်ပြီးနောက် သမ္မာတရား လက်တွေ့ကျမှု အရိပ်အယောင်မျှပင် ပိုင်ဆိုင်မလာခဲ့ပေ။ ကျွန်ုပ်သည် တန်ဖိုးရှိသော အချိန်ကို ဖြုန်းတီးခဲ့သည်။ ကြီးမားသော ဆုံးရှုံးမှုကို အမှန်ပင် ခံစားခဲ့ရပေသည်” ဟု ဆို၏။ ဤကျရှုံးမှုအတွေ့အကြုံသည် ၎င်းတို့၏ အနက်နဲဆုံးသော အမှတ်ရစရာ ဖြစ်လာ၏။ ဘုရားအိမ်တော်သို့ ၎င်းတို့ ပြန်ရောက်လာပြီးနောက် တရားဒေသနာများကို ပို၍နားထောင်လေလေ သမ္မာတရားကို ပို၍နားလည်လာလေလေ ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများက ပို၍ တောက်ပလာသည်။ ၎င်းတို့သည် ထိုအန္တိခရစ်‌များနောက်လိုက်ရင်း ကုန်လွန်ခဲ့သည့် အချိန်များကို ပြန်တွေးပြီး ဆုံးရှုံးမှုကို ၎င်တို့ မည်သို့ခံစားခဲ့ရကြောင်း သိမြင်သောအခါ အန္တိခရစ်များသည် အမှန်ပင် စာတန်များဖြစ်ပြီး အခြေခံအားဖြင့် သမ္မာတရားမရှိကြောင်း၊ ဘုရားသခင်သည်သာ သမ္မာတရားဖြစ်ကြောင်း ခံစားလာရကာ အခြားလူသားနောက်သို့ ထပ်မံ မလိုက်ဝံ့တော့ချေ။ ခေါင်းဆောင်ရွေးချယ်ဖို့ နောက်ထပ်အချိန် ရောက်လာသောအခါ ၎င်းတို့သည် ဂရုတစိုက် မဲပေးလျက် “ကျွန်ုပ်သည် မည်သူမည်ဝါကို မဲပေးပါက အန္တိခရစ်တစ်ဦး ရွေးကောက်ခြင်းခံရအောင် ကူညီပေးနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းအတွက် ကျွန်ုပ် မဲမပေးပါက အန္တိခရစ်တစ်ဦး ရွေးကောက်ခြင်းမခံရအောင် ကာကွယ်ကောင်း ကာကွယ်နိုင်သည်။ ကျွန်ုပ်သည် ဂရုစိုက်ပြီး စည်းမျဉ်းများအတိုင်း လူတို့ကို အကဲဖြတ်ရမည်” ဟု စဉ်းစားလေသည်။ ယခုတွင် ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းများနှင့် စံနှုန်းများအပေါ် အခြေခံသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကောင်းသောအရာဖြစ်၏။ လူအချို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားအောင်လုပ်ခြင်းခံရပြီး “ကျွန်ုပ်တို့တွင် အဘယ့်ကြောင့် ဤအရာ ဖြစ်ပျက်ခဲ့ရသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘေးဖယ်ထားခြင်းကို ခံရပြီလော။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နောက်ထပ် ဂရုမစိုက်တော့သလော” ဟု ဆိုကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘုရားသခင်က သင့်အား အန္တိခရစ်များနောက်သို့ မလိုက်ဖို့ပြောလျှင် သင် သဘောတူမည်လော။ သင် သဘောတူမည် မဟုတ်။ သင်သည် ၎င်းတို့နောက်လိုက်ဖို့ မရမက လုပ်နေဦးမည်ဖြစ်ကာ ဘုရားသခင် တတ်နိုင်သမျှမှာ သင့်ကို လိုက်ခွင့်ပြုပြီး အဖြစ်အပျက်များကို အသုံးပြုရင်း သင့်အား သင်ခန်းစာပေးဖို့သာ ဖြစ်မည်။ အန္တိခရစ်များနောက်ကို အတန်ကြာအောင် လိုက်ပြီးနောက် သင်သည် ရုတ်တရက် အသိတရား‌ရလာပြီး သင့်အသက်တာတွင် ဆုံးရှုံးမှုကို ခံစားရပြီဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါမှသာ သင်သည် နောင်တရကာ အန္တိခရစ်များကို ငြင်းပယ်ပြီး ဘုရားသခင်ရှေ့မှောက်သို့ နောက်တစ်ဖန် ပြန်လာလိုစိတ် ရှိလာသည်။ သင့်အတွက် ကံကောင်းထောက်မ၍ ဘုရားသခင်သည် သည်းခံစိတ်ရှည်ပြီး သနားကရုဏာဖြင့် ပြည့်ဝကာ သင့်ကို သူ အလိုရှိနေဆဲဖြစ်သည်။ အကယ်၍ သူ အလိုမရှိခဲ့ပါက သင်သည် လုံးဝ အဆုံးသတ်ပြီးဖြစ်မည်။ ကယ်တင်ခြင်းကို ရရှိဖို့ နောက်ထပ် အခွင့်အရေး ရှိမည်မဟုတ်တော့ပေ။ အန္တိခရစ်များနောက် လိုက်ရာ၌ ကောင်းသောနိဂုံး မရှိပေ။

သင်သည် အန္တိခရစ်များကို ရှင်းလင်းစွာ သိမြင်ပြီး မှန်ကန်စွာ သတိပြုမိရမည်။ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ပိုင်းခြားသိမြင် တတ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သင့်ကိုယ်ပိုင် သဘာဝ အနှစ်သာရတွင် အန္တိခရစ်များနှင့် တူညီသည့် အရာများစွာရှိကြောင်း ရှင်းလင်းစွာ သိသင့်သည်။ ဤသည်မှာ သင်တို့အားလုံးသည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးစေခြင်း ခံထားရသည့် လူသားမျိုးနွယ်တွင် ပါဝင်သောကြောင့် ဖြစ်ကာ တစ်ခုတည်းသော ခြားနားချက်မှာ အန္တိခရစ်များသည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိပြီး ထိုသူတို့သည် စာတန်၏ ကြံရာပါများ ဖြစ်လာကြကာ သူ၏ကိုယ်စား စကားပြောကြခြင်း ဖြစ်သည်။ သင်သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ပါဝင်သော်ငြား သမ္မာတရားကို လက်ခံနိုင်ပြီး ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိသည်။ သို့သော်လည်း သင်၌ အန္တိခရစ်များနှင့် တူညီသည့် အနှစ်သာရနှင့် ပတ်သက်၍ အရာများစွာရှိကာ သင်တို့၏ နည်းစနစ်များနှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များမှာ အတူတူပင်ဖြစ်၏။ သင်သည် သမ္မာတရားကို ကြားနာပြီး တရားဒေသနာများကို နားထောင်ပြီးသောအခါ လမ်းကြောင်းပြောင်းနိုင်ကာ လမ်းကြောင်းပြောင်းနိုင်ခြင်းက သင်၌ ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက် ရှိကြောင်း အဆုံးအဖြတ်ပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ သင်နှင့် အန္တိခရစ်များကြားရှိ ခြားနားချက်ပင်။ ထို့ကြောင့် အန္တိခရစ်များကို ငါဖော်ထုတ်နေသောအခါ သင်သည် နှိုင်းယှဉ်ချက်တစ်ခုကိုလည်း ပြုလုပ်သင့်ပြီး သင်နှင့် အန္တိခရစ်များ၌ မည်သည့်အရာများသည် တူညီပြီး သူတို့နှင့် မည်သည့် သရုပ်သကန်များ၊ စိတ်သဘောထားများနှင့် အနှစ်သာရ၏ လက္ခဏာသွင်ပြင်များ တူညီကြောင်း သတိပြုမိသင့်သည်။ ဤအရာပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်ကို ပို၍သိကျွမ်းနိုင်မည် မဟုတ်လော။ သင်သည် အန္တိခရစ်တစ်ဦးမဟုတ်ဟု ယုံကြည်ခြင်း၊ အန္တိခရစ်များကို ပြင်းပြင်းထန်ထန် မုန်းတီးခြင်းဖြင့် အစဉ်သဖြင့် အတိုက်အခံလုပ်ပြီး ဤနှိုင်းယှဉ်ချက်ကို ပြုလုပ်လိုစိတ် သို့မဟုတ် မိမိကိုယ်ကို ပြန်လည်သုံးသပ်လိုစိတ်နှင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်နေကြောင်း နားလည်လိုစိတ် မရှိပါက အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ စာတန်ဆန်သော စိတ်သဘောထားဖြင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ဖွယ် အလွန်ရှိသည်။ ဤသည်မှာ မည်သည့် အန္တိခရစ်ကမျှ အန္တိခရစ်တစ်ဦး ဖြစ်လာဖို့ တမင်သက်သက် မကြိုးစားဘဲ အန္တိခရစ်တစ်ဦး ဖြစ်လာသောကြောင့် ဖြစ်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်ရင်း ထုံးစံအတိုင်း အဆုံးသတ်ရသည်။ ဘာသာရေးလောကထဲရှိ သမ္မာတရားကို မချစ်သည့် သူတို့အားလုံးသည် အန္တိခရစ်များ မဟုတ်သလော။ မိမိ၏ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင် နားမလည်ဘဲ မိမိ၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို ယုံကြည်သော လူအယောက်စီတိုင်း အန္တိခရစ်ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို စတင်လိုက်သောအခါ အဆင့်အတန်းကို သင် ရရှိပြီး သင်၌ ဆုကျေးဇူးအချို့နှင့် ဗဟုသုတရှိသည့်အပြင် လူတိုင်းက သင့်ကို လေးစားသဘောကျသည် ဟူသည့်အချက်နှင့် ပေါင်းစပ်လိုက်သောအခါ အလုပ်လုပ်ရင်း သင်ကုန်လွန်စေသည့်အချိန် ရှည်ကြာသည်နှင့်အမျှ သင်သည် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာ ရှိလာသည်။ သင် တာဝန်ရှိသည့် အလုပ်သည် နယ်ပယ်ကြီးမားလာသည်နှင့်အမျှ သင်သည် လူတို့ကို ပို၍ပို၍ ဦးဆောင်လာရသည်။ သင်၌ အရင်းအနှီး ပို၍ပို၍ ရရှိသည်။ ထိုအခါတွင် သင်သည် ပေါလုအစစ်ဖြစ်လာသည်။ ဤအရာအားလုံး သင်၏သဘောအတိုင်း ဖြစ်သလော။ ဤလမ်းကြောင်းကို လိုက်ဖို့ သင်၌ အစီအစဉ် မရှိခဲ့သော်လည်း အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မည်သို့များ အမှုမဲ့အမှတ်မဲ့ စတင်ခဲ့သနည်း။ ဤအရာအတွက် အရေးကြီးသော အကြောင်းပြချက်တစ်ခုမှာ သင်သည် သမ္မာတရားကို မလိုက်စားလျှင် သင်သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားမည်မှာ အသေချာဆုံးဖြစ်ကာ သင်၏ကိုယ်ပိုင် လုပ်ငန်း၌ ပါဝင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သတိပင် မထားလိုက်မိဘဲ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်နေမည်ဖြစ်သည်။ အကယ်၍ အန္တိခရစ်လမ်းကြောင်းကို လိုက်နေသော လူတို့သည် အချိန်မီ လမ်းကြောင်းမပြောင်းလျှင် အဆင့်အတန်းကို ရရှိသောအခါ အန္တိခရစ်များ ဖြစ်လာနိုင်ချေ အတော်ရှိမည်။ ဤရလဒ်ကို ရှောင်လွှဲမရပေ။ အကယ်၍ ၎င်းတို့သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်တွေ့နိုင်လျှင် အန္တရာယ်ရှိနေပြီ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်ပြီး လူတိုင်းက ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ခုံမင်နှစ်သက်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို မချစ်ပါက ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျဖို့ အလွန်လွယ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါလျှင် လူတိုင်း အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့် လဲကျမည်ဖြစ်ကာ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သော အရာတစ်ခု ဖြစ်၏။ သင်က “ကျွန်ုပ်၌ ရံဖန်ရံခါဆိုသလိုသာ ဤထုတ်ဖော်ချက်များ ရှိပါသည်။ ယင်းတို့သည် တဒင်္ဂသရုပ်သကန်များသာ ဖြစ်သည်။ ကျွန်ုပ်၌ အန္တိခရစ်များနှင့်တူညီသော အနှစ်သာရရှိသော်လည်း ကျွန်ုပ်၌ သူတို့ကဲ့သို့ ထိုမျှကြီးမားသော ရည်မှန်းချက်များ မရှိသောကြောင့် အန္တိခရစ်များနှင့် ကွဲပြားနေသေးသည်။ ထို့ပြင် မိမိ၏တာဝန်ကို လုပ်ဆောင်နေစဉ်အတွင်း ကျွန်ုပ်သည် မိမိကိုယ်ကို အမြဲတစေလည်း ပြန်လည်သုံးသပ်ကာ နောင်တစိတ်ရှိပြီး သမ္မာတရားကို ရှာဖွေသည့်အပြင် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူသည်။ ကျွန်ုပ်၏ အပြုအမူကို အကဲဖြတ်ခြင်းဖြင့် ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး မဟုတ်သည့်အပြင် အန္တိခရစ်တစ်ဦး ဖြစ်လာဖို့လည်း ဆန္ဒမရှိသောကြောင့် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်ချေမရှိပါ” ဟု ပြောသည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး ဖြစ်ချင်မှဖြစ်ပေမည်၊ သို့သော်လည်း သင်သည် အန္တိခရစ်လမ်းကြောင်းကို လိုက်ပြီး အန္တိခရစ်တစ်ဦး ဖြစ်မလာဟု သင် တပ်အပ်ပြောနိုင်သ‌လော။ သင်သည် ထိုအာမခံချက်မျိုး ပေးနိုင်သလော။ သင် မပေးနိုင်ချေ။ သို့ဆိုလျှင် ထိုအာမခံချက်မျိုး သင် မည်ကဲ့သို့ ပေးနိုင်မည်နည်း။ ဤသို့ပြုလုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤသို့ပြုလုပ်ဖို့ သင်၌ နည်းလမ်းရှိသလော။ ပထမအနေဖြင့် သင်သည် အန္တိခရစ်များနှင့် တူညီသော စိတ်သဘောထား အနှစ်သာရ ရှိသည်ဟူသည့်အချက်ကို ဝန်ခံရမည်။ သင်သည် ယခုလက်ရှိတွင် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း သင့်အတွက် အသေနိုင်လောက်ဆုံးနှင့် အန္တရာယ်အရှိဆုံး အရာမှာ အဘယ်နည်း။ ယင်းမှာ သင်၌ အန္တိခရစ်များနှင့် တူညီသော သဘာဝအနှစ်သာရ ပိုင်ဆိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာ တစ်ခုလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင့်အတွက် သေနိုင်လောက်လေသည်။ ထို့ကြောင့် သင်သည် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးကို ထုတ်ဖော်သည့် ဤတရားဒေသနာများကို နားထောင်နေစဉ် ဤအရာများသည် သင်နှင့်မဆိုင်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသော သဘောထားရှိခြင်းဖြစ်၏။ သို့ဆိုလျှင် ဤအဖြစ်မှန်များနှင့် သရုပ်သကန်များကို လက်ခံဖို့ သင်၌ မည်သည့်သဘောထားမျိုး ရှိသင့်သနည်း။ မိမိကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်လော့။ သင်၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိကြောင်း ဝန်ခံပြီးနောက် သင်၏ မည်သည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များက အန္တိခရစ်များ၏ သရုပ်သကန်များ၊ ထုတ်ဖော်ချက်များနှင့် တထေရာတည်းဖြစ်သည်ကို သိရအောင်လုပ်ဖို့ မိမိကိုယ်ကို ဆန်းစစ်လော့။ ပထမဦးစွာ ဤအချက်ကို အသိအမှတ်ပြုလော့။ မိမိကိုယ်ကို အယောင်ဆောင်ဖို့ သို့မဟုတ် မိမိကိုယ်ကို ဖုံးကွယ်ဖို့ မကြိုးစားနှင့်။ သင်လျှောက်သည့်လမ်းကြောင်းသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းဖြစ်၏။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု ဆိုခြင်းသည် အချက်အလက်များနှင့် ကိုက်ညီ၏။ ဘုရားအိမ်တော်က သင့်ကို ထိုသို့ စရိုက်လက္ခဏာ သရုပ်မဖော်သေးဘဲ သင့်အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်းသာလျှင် ဖြစ်၏။ သင်နားလည်သလော။ ပထမအနေဖြင့် ဤအချက်ကို လက်ခံကာ အသိအမှတ်ပြုလော့။ ထို့နောက် သင်ပြုလုပ်ရမည်မှာ ဘုရားသခင်ရှေ့သို့ လာရောက်ပြီး သင့်အား ဆုံးမပဲ့ပြင်ပြီး ထိန်းချုပ်ရန် တောင်းဆိုဖို့ဖြစ်သည်။ ဘုရားမျက်မှောက်တော်၏ အလင်းမှ ထွက်မသွားနှင့် သို့မဟုတ် သူ၏ စောင့်ရှောက်ခြင်းကို စွန့်ပစ်မသွားနှင့်။ ဤနည်းအားဖြင့် သင်သည် အမှုအရာများ လုပ်ဆောင်သောအခါ မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ထိန်းချုပ်ခြင်းခံရမည် ဖြစ်ပြီး သင့်အား အလင်းပေးဖို့၊ သင့်အား ဦးဆောင်လမ်းပြဖို့နှင့် သင့်အား ထိန်းချုပ်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ရရှိမည်ဖြစ်သည်။ ထိုမျှမက သင့်အား လမ်းညွှန်ဖို့၊ သင့်အတွက် သတိပေးချက်များအဖြစ် အသုံးချရန်နှင့် သင့်အား ဆုံးမပဲ့ပြင်ရန်အတွက် သင့်အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီမံပေးဖို့အလိုငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ရရှိမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်ကဲ့သို့ သတိပေးသနည်း။ ဘုရားသခင်သည် နည်းလမ်းများစွာဖြင့် လုပ်ဆောင်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင်၏စိတ်နှလုံးထဲတွင် သိသာထင်ရှားသော စိတ်ခံစားမှုရှိစေကာ သင်သည် ထိန်းချုပ်ခံရဖို့ လိုကြောင်း၊ သင်သည် ဇွတ်တရွတ်ဖြင့် ပြုမူ၍မရကြောင်း၊ အကယ်၍ မှားယွင်းစွာ ပြုမူလျှင် ဘုရားသခင်ကို အရှက်ရစေပြီး မိမိကိုယ်ကို အရူးလုပ်မိမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ အခွင့်ပေးမည်ဖြစ်သောကြောင့် သင်သည် မိမိကိုယ်ကို ချုပ်တည်းလေသည်။ ဤသည်မှာ သင့်ကို ဘုရားသခင် စောင့်ရှောက်နေခြင်း မဟုတ်လော။ ဤသည်မှာ နည်းလမ်းတစ်ခု ဖြစ်၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင့်စိတ်အတွင်း၌ အပြစ်တင်မည် ဖြစ်ပြီး ထိုပုံစံဖြင့် ပြုမူခြင်းသည် ရှက်ဖွယ်ကောင်းကြောင်း၊ သူသည် ယင်းကို အလွန်မုန်းတီးကြောင်း၊ ယင်းသည် ကျိန်စာသင့်ကြောင်း သင့်ကို ပြောပြဖို့အတွက် သင့်အား ရှင်းလင်းသော စကားများကို ပေးမည်ဖြစ်ကာ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ချိန်ဆဖို့အတွက် သင့်အား အပြစ်တင်ရန် ရှင်းလင်းသော စကားလုံးများကို သူ အသုံးပြုခြင်း ဖြစ်သည်။ သင့်အား ဤနည်းအတိုင်း အပြစ်တင်ရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်၏ အသိတရားက တစ်စုံတစ်ခုကို ခံစားစေဖို့အတွက် ယင်းကို သူ ပြုလုပ်ခြင်းဖြစ်ပြီး သင်သည် တစ်စုံတစ်ခုကို ခံစားရသောအခါ အကျိုးသက်ရောက်မှု၊ အကျိုးဆက်များနှင့် သင်ကိုယ်တိုင်၏ ရှက်စိတ်အသိကို သင် သုံးသပ်ဆင်ခြင်ကာ သင်၏ လုပ်ဆောင်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှုများ၌ ချုပ်တည်းမှု အနည်းငယ်ကို ကျင့်သုံးမည်ဖြစ်သည်။ သင်သည် ထိုသို့သော အတွေ့အကြုံများစွာ ရှိထားပြီးသောအခါ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများသည် လူတို့အထဲ၌ အမြစ်တွယ်ထားသော်လည်း လူတို့သည် သမ္မာတရားကို လက်ခံလာပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းစွာ သိမြင်လာနိုင်သောအခါ မိမိတို့၏ ဇာတိပကတိကို ရည်ရွယ်ချက်ရှိရှိ ပုန်ကန်နိုင်သည်ကို သင်တွေ့မြင်လာလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားက သန့်စင်ပြီး ပြောင်းလဲသွားသည်။ လူသား၏ စာတန်ဆန်သော စိတ်သဘောထားမှာ ဖျက်ဆီး၍ရသောအရာဖြစ်စေ၊ ပြောင်းလဲ၍မရသောအရာဖြစ်စေ မဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်ခံလာပြီး လက်တွေ့လုပ်ဆောင်ကြည့်လာနိုင်သောအခါ သင်၏ စာတန်ဆန်သော စိတ်သ‌ဘောထားက ပင်ကိုအားဖြင့် ပျက်စီးသွားပြီး အသစ်လဲခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်ခြင်းက အဘယ်မျှ နှစ်လိုဖွယ်ကောင်းသည်ကို သင် မြည်းစမ်းရသည်နှင့်တစ်ပြိုင်နက် “ကျွန်ုပ်သည် ယခင်က အလွန် အရှက်ကင်းမဲ့ခဲ့သည်။ ကျွန်ုပ်၏ စကားလုံးများက အဘယ်မျှ မျက်နှာပြောင်တိုက်ခဲ့သည်ဖြစ်စေ၊ အခြားသူများကို ကျွန်ုပ်အား ကိုးကွယ်စေဖို့ မိမိကိုယ်ကို အဘယ်သို့ ချီးမြှောက်ခဲ့သည်ဖြစ်စေ ထို့နောက်တွင် ကျွန်ုပ်သည် အရှက်မရှိသည့်အပြင် နားလည်သဘောပေါက်ခြင်းလည်း မရှိခဲ့ပေ။ ယခုတွင် ထိုပုံစံအတိုင်း ပြုမူခြင်းက မှားယွင်းပြီး ကျွန်ုပ်သည် သိက္ခာကျရကြောင်း ကျွန်ုပ်ခံစားရကာ မျက်လုံးပေါင်းများစွာက ကျွန်ုပ်ကို စောင့်ကြည့်နေသကဲ့သို့ ကျွန်ုပ်ခံစားရသည်” ဟု သင် စဉ်းစားမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်၏။ သူက သင့်ကို စိတ်ခံစားမှုတစ်ခု ပေးပြီး သင်သည် မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့ ခံစားရမည်ဖြစ်ပြီးနောက် သင်သည် မကောင်းမှုကို ကျူးလွန်တော့မည်မဟုတ် သို့မဟုတ် သင့်ကိုယ်ပိုင် လမ်းကြောင်းကို ဖက်တွယ်ထားတော့မည် မဟုတ်ပေ။ အမှုမဲ့အမှတ်မဲ့ဆိုသလိုပင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် သင်၏ နည်းလမ်းများက ပို၍ပို၍ နည်းပါးလာကာ သင်သည် မိမိကိုယ်ကို ချုပ်တည်းမှုကို ပို၍ပို၍ ကျင့်သုံးလာမည်ဖြစ်သည်။ ထို့ပြင် ဤပုံစံအတိုင်း ပြုမူခြင်းဖြင့် သင်၏ စိတ်နှလုံးသည် သောကကင်းဝေးပြီး သင်၏ အသိတရားသည် အေးချမ်းကြောင်း ပို၍ပို၍ ခံစားရသည်။ ဤသည်မှာ အလင်းထဲ၌ အသက်ရှင်ခြင်းဖြစ်ကာ ရင်တမမဖြစ်နေဖို့၊ မိမိကိုယ်ကို ဖုံးကွယ်ရန်အတွက် မုသားများ သို့မဟုတ် နှစ်လိုဖွယ်စကားလုံးများကို အသုံးပြုဖို့ နောက်ထပ် လုံးဝမလိုတော့ပေ။ အတိတ်တွင် သင်သည် မိမိ၏ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် နေ့စဉ်နှင့်အမျှ မုသားပြောပြီး ထိုမုသားများအတိုင်း ဆက်၍ လိမ်ညာနေခဲ့သည်။ သင် မုသားတစ်ခု ပြောသည့်အခါတိုင်း ထိုမုသားအတိုင်း ဆက်၍ လိမ်ညာနေရန် လိုအပ်ကာ အလိမ်ပေါ်အောင် လုပ်ကောင်းလုပ်မိနိုင်သည်ကို အလွန်ကြောက်ခဲ့သည်။ ဤအရာ၏ရလဒ်မှာ သင်သည် မုသားများကို ပို၍ပို၍ ပြောပြီး နောက်ပိုင်းတွင် သင်၏မုသားအတိုင်း ဆက်လက်၍ လိမ်ညာနေရန်အတွက် ကြီးစွာသော လုံ့လကို စိုက်ထုတ်ပြီး ဦးနှောက်ခြောက်အောင် စဉ်းစားရခြင်းပင် ဖြစ်သည်။ သင်သည် လူသားများ၏ ဘဝရော နတ်ဆိုးများ၏ ဘဝနှင့်ပါ မတူညီသည့် ဘဝတစ်ခုကို အသက်ရှင်နေပြီး ခြေကုန်လက်ပန်းကျဖွယ်ပါတကား။ ယခုအခါတွင် သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ဖို့ကြိုးပမ်းနေပြီး သင်၏ စိတ်နှလုံးကို ဖွင့်ဟကာ စစ်မှန်သော အရာများကို ပြောဆိုနိုင်သည်။ သင့်အနေဖြင့် နေ့စဉ် မုသားပြောဖို့နှင့် သင်၏မုသားများအတိုင်း ဆက်လက်၍ လိမ်ညာနေဖို့ မလိုအပ်ပေ။ သင်သည် မုသားများ၏ ဘောင်ခတ်ခြင်း မခံရတော့ပေ။ သင်ခံစားရသည်မှာ များစွာ လျော့နည်းပြီ။ ပို၍ပို၍ ငြိမ်းအေးသော၊ လွတ်လပ်ပြီး လွတ်မြောက်သော ဘဝတစ်ခုကို နေထိုင်ရသည်။ သင်၏အတွင်းစိတ်ထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း စိတ်ခံစားမှုများကို ရရှိခံစားသည်။ သင်သည် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေခြင်းဖြစ်သည်။ ထို့ပြင် ဤဘဝ၏ ချိုမြိန်မှုကို မြည်းစမ်းနေစဉ် သင်၏အတွင်းစိတ်ကမ္ဘာသည် နောက်ထပ် လိမ်လည်လှည့်ဖြားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း သို့မဟုတ် အယောင်ဆောင်ခြင်း မရှိတော့ပေ။ ထိုအစား သင်သည် ယခုတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်လာလိုစိတ် ရှိသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသည်။ သင်၌ အရေးကိစ္စတစ်ခု ရှိသောအခါ ယင်းကို အခြားသူများနှင့် ဆွေးနွေးနိုင်သည်။ ထို့ပြင် တစ်ဖက်သတ် သို့မဟုတ် ထင်ရာမြင်ရာ မပြုမူတော့ပေ။ အမှုအရာများကို သင်ပြုလုပ်နေကျ နည်းလမ်းက စက်ဆုပ်ဖွယ် ဖြစ်ကြောင်းနှင့် အမှုအရာများကို ထိုကဲ့သို့ နောက်ထပ် မပြုလုပ်ချင်တော့ကြောင်း သင်သည် ပို၍ပို၍ ခံစားရသည်။ ထိုအစား သမ္မာတရားနှင့်လည်းကောင်း၊ ဆင်ခြင်တုံတရားနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း ကိုက်ညီသည့် မည်သည့်နည်းလမ်းဖြင့်မဆို သင် ပြုမူသည်။ သင်ပြုမူနေထိုင်သည့်ပုံစံ ပြောင်းလဲသွားသည်။ ဤအရာများကို သင်စွမ်းဆောင်ရရှိနိုင်သောအခါ ယင်းက သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းမှ ထွက်သွားပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ ထို့ပြင် သင်သည် အန္တိခရစ်လမ်းကြောင်းမှ ထွက်ခွာပြီးသောအခါ ကယ်တင်ခြင်း လမ်းကြောင်းပေါ် စတင်ပြီဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းပေါ် စတင်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ ရောက်လာပြီဖြစ်သောအခါ သင်၏ သဘောထား၊ ရည်ရွယ်ချက်၊ ရှုထောင့်အမြင်၊ သင်၏ ဘဝရည်မှန်းချက်ပန်းတိုင်များနှင့် ဘဝ၏ ဦးတည်ချက်တို့သည် ဘုရားသခင်နှင့် မဆန့်ကျင်တော့ပေ။ သင်သည် အပြုသ‌ဘောဆောင်သော အရာများကို စတင်၍ ချစ်လာပြီး တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကို စတင်၍ ချစ်လာသည်။ ဤအရာဖြစ်ပျက်သောအခါ သင်၏ အတွင်းစိတ်နှလုံးနှင့် အကြံအစည်များ စတင်၍ အသွင်ပြောင်းလဲသွားပြီး ဖြစ်သည်။ သင်သည် ကယ်တင်ခြင်း လမ်းကြောင်းပေါ် စတင်ပြီးသောအခါ သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာနိုင်သေးသလော။ သင်သည် ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်နိုင်သေးသလော။ မလုပ်နိုင်တော့သည့်အပြင် ယခု သင်သည် အန္တရာယ်မှ လွတ်ပြီဖြစ်သည်။ ဤအခြေအနေသို့ ဝင်ရောက်ခြင်းဖြင့်သာ လူတို့သည် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် ရောက်ရှိမည်ဖြစ်ကာ သမ္မာတရားကို ဤနည်းအတိုင်း ရှာဖွေပြီး လက်ခံခြင်းဖြင့်သာ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝနှင့် အန္တိခရစ်သဘာဝက ဖြစ်ပွားစေသည့် ဒုက္ခပြဿနာများ၊ ထိန်းချုပ်မှုနှင့် နှောင့်ယှက်မှုကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ယခုတွင် သင်သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ဘဝ၏ မှန်ကန်သောလမ်းကြောင်းပေါ် စတင်ပြီးပြီလော။ မစတင်ရသေးလျှင် ထိုလမ်းကြောင်းပေါ် ရောက်ရှိဖို့ အမြန်ကြိုးစားလော့။ အကယ်၍ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ် မရောက်ရှိနိုင်လျှင် သင်သည် အန္တရာယ်ထဲ၌ အသက်ရှင်နေဦးမည် ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သော သူတို့အားလုံးသည် မည်သည့်အချိန်မဆို ဖယ်ရှားရှင်းလင်းခံရမည့် အန္တရာယ်ရှိနေသည်။

လူအများစုသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် မိမိတို့၏ အန္တိခရစ်စိတ်သဘောထားနှင့် တွန်းလှန်တိုက်ခိုက်နေကြပြီး ဂုဏ်သတင်း၊ အဆင့်အတန်း၊ ငွေနှင့် အကျိုးစီးပွားတို့အတွက် ကြိုးပမ်းရာမှ ခြေကုန်လက်ပန်းကျကာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြသည်။ သို့ဆိုလျှင် ဤပြဿနာကို မည်သည့်အခါ ဖြေရှင်းနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြင့်သာ သင်သည် အန္တိခရစ် သဘာဝ အနှစ်သာရ၏ ဘောင်ခတ်မှုများနှင့် ချည်နှောင်မှုများကို တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်ပြီး စာတန်ဆန်သော စိတ်သဘောထားကို တဖြည်းဖြည်းချင်း အားနည်းပြီး ပျောက်ကွယ်သွားအောင် လုပ်နိုင်မည်ဖြစ်ကာ ထိုသို့ပြုလုပ်ရာတွင် သင်သည် စာတန်၏အာဏာမှ မိမိကိုယ်ကို လွတ်မြောက်စေဖို့ မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မိမိတို့သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်၊ သမ္မာတရားကို မည်သည့်အခါမျှ မချစ်နိုင်သည့်အပြင် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မကိုင်တွယ်နိုင်ဟု ခံစားရင်းနှင့် မိမိတို့ကိုယ်ကို မုန်းတီးလှသည်မှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြီး ခါးသီးသော မျက်ရည်များ ကျရသည်အထိ ဖြစ်ရင်း ဤအရာများကြောင့် သင်တို့သည် ကျိတ်၍ ငိုကြွေးဖူးသလော။ သင်တို့သည် ဤသို့ ကြိမ်ဖန်များစွာ ဖြစ်ဖူးသလော။ အကယ်၍ လူတစ်ဦးသည် ဤသို့ သိပ်မဖြစ်ခဲ့ဖူးလျှင် ယင်းက သူ့ကို မထုံတက်သေးဖြစ်အောင် လုပ်သည်မဟုတ်လော။ ထိုသို့သော လူတစ်ဦးက သူသည် ဖောက်ပြန်ပျက်စီးနေကြောင်း မည်သည့်အခါမျှ သတိမူမိနိုင်မည် မဟုတ်သည့်အပြင် သူသည် ကောင်းမွန်စွာ အလုပ်လုပ်နေသည်၊ သူ၌ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်ရှိသည်၊ သူသည် သမ္မာတရားများစွာကို နားလည်သည်၊ သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာဖြင့် အမှုအရာများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်ဟု ယုံကြည်နေသေးသည်။ ထိုသို့သော လူတစ်ဦးသည် မထုံတက်သေးနိုင်သည်၊ သူက မိမိကိုယ်ကို ထူးကဲသည်ဟု ထင်သဖြင့် ဤသည်မှာ သူ့အတွက် အလွန် အန္တရာယ်ရှိ၏။ သင်တို့၏ ဝိညာဉ်ရင့်သန်မှုသည် သေးငယ်လွန်းကြောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ဖို့ များစွာ လိုနေသေးကြောင်း၊ သင်တို့သည် အန္တရာယ်နယ်မြေထဲတွင် ရှိနေဆဲ ဖြစ်ကြောင်းကို ယခု သင်တို့ အမှန်တကယ် သတိမူမိနိုင်ပြီလော။ သမ္မာတရားကို မလိုက်စားသော လူတို့၌ ဤအသိအမြင်မရှိသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မပါသော လူတို့၌လည်း ဤအသိအမြင် မရှိပေ။ လူအများစုသည် ၎င်းတို့က မိမိတို့၏တာဝန်ကို စနစ်တကျဖြင့် ထမ်းဆောင်ပြီး မကောင်းမှု မပြုလုပ်သရွေ့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း မဟုတ်သည့်အပြင် မကောင်းမှုမျိုးစုံကို မလုပ်သရွေ့ ၎င်းတို့သည် အန္တိခရစ်များမဟုတ်ဟု ထင်လျက် မရှင်းမလင်းဖြစ်ကာ နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤအရာကြောင့် ၎င်းတို့သည် မကြာခဏ မိမိတို့ကိုယ်ကို ကျေနပ်နေကြကာ မိမိတို့ကိုယ်ကို ထူးကဲသည်၊ ကယ်တင်ခြင်းကို မကြာမီ ရရှိမည်၊ ပြီးလျှင် အန္တိခရစ်များ၏ လမ်းကြောင်းသည် မိမိတို့နှင့်မဆိုင်ဟု ထင်လျက် များသောအားဖြင့် ထုံထိုင်းခြင်းဟူသည့် စိတ်အခြေအနေတွင် ရှိနေကြသည်။ သင်သည် ဤစိတ်အခြေအနေတွင် ရှိသည်၊ မရှိသည်ကို အကဲဖြတ်ရန် သင်တို့၏ နေ့စဉ်ဆုတောင်းချက်များကို အသုံးပြုနိုင်သည်။ သင်တို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်ရှေ့မှောက် ရောက်လာသောအခါ မည်သည့်အရာကို ဆုတောင်းကြသနည်း။ အကယ်၍ သင်သည် နေ့စဉ် “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပါ၏။ အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျိုးနွံနာခံလိုစိတ် ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်ုပ်အား ကိုယ်တော် ပေးထားသော တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းလိုစိတ် ရှိပါ၏။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို သစ္စာစောင့်သိစွာ လုပ်ဆောင်နိုင်သည့်အပြင် ကိုယ်တော့်ကို ကျေနပ်စေပြီး ကိုယ်တော်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန် သန္နိဋ္ဌာန် ရှိပါသည်။ အန္တိခရစ်၏ မည်သည့် သရုပ်သကန်များကို ကျွန်ုပ်ပိုင်ဆိုင်ထားပါစေ၊ ကျွန်ုပ်သည် မိမိ၏အကြောင်းကိုမိမိ သိနားလည်သည်မှာ အဘယ်မျှနည်းပါးပါစေ ကိုယ်တော်သည် ကျွန်ုပ်ကို ချစ်နေဆဲနှင့် ကယ်တင်လိုဆဲ ဖြစ်ပါ၏” ဟု ပြောလျှင် ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ ဤသည်မှာ ထုံထိုင်းခြင်းဖြစ်၏။ သင်သည် စိတ်ပိုင်းဖြတ်ခြင်းကိုသာ ဖော်ပြပြီး မိမိ၏ သဘာဝအနှစ်သာရအား သိနားလည်ခြင်း တစ်စက်မျှ မရှိပေ။ သင်သည် စိတ်အားထက်သန်သည့် အဆင့်တွင် ရှိနေပြီး သမ္မာတရား လက်တွေ့ကျမှုအား ပိုင်ဆိုင်ခြင်းရှိဖို့ များစွာ လိုနေသေးသည်။ သင်တို့သည် မိမိတို့၏ စိတ်နှလုံးထဲရှိသည့်အရာကို ဘုရားသခင်အား ပြောဖို့၊ မိမိတို့၏ တကယ့်အခြေအနေကို သူ့အား ပြောပြဖို့၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားရဖို့နှင့် မိမိတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် နေထိုင်အသက်ရှင်နေသည်ဟု ခံစားရဖို့အတွက် သင်တို့သည် စစ်မှန်သော ဆုတောင်းချက်တစ်ခုကို ဆုမတောင်းနိုင်မီ အချိန်မည်မျှ ကုန်လွန်သနည်း။ ဤကဲ့သို့ တစ်ကြိမ်တစ်ခါ မပြုလုပ်နိုင်မီ အချိန်မည်မျှ ကုန်လွန်သနည်း၊ ငါ့ကိုပြောလော့။ တစ်လလော၊ နှစ်လလော၊ ခြောက်လလော၊ သို့မဟုတ် တစ်နှစ်လော။ အကယ်၍ သင်သည် စစ်မှန်သော ဆုတောင်းချက်တစ်ခုကို မည်သည့်အခါမျှ ဆုမတောင်းခဲ့ဖူးသည့်အပြင် ဘာသာရေးလောကထဲရှိ လူများ ဆုတောင်းသကဲ့သို့ ဆုတောင်းနေသေးကာ ဘုရားသခင်ကို သင် ချစ်သည်ဟု အမြဲတမ်း ပြောဆိုနေလျှင်လည်းကောင်း၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို အမြဲတမ်း ဖော်ပြနေလျှင်လည်းကောင်း၊ တစ်ပုံစံတည်းသော ပုံသေစကားရပ်များကို အမြဲတမ်း ဆုတောင်းနေလျှင်လည်းကောင်း သင်တို့သည် အလွန် ချို့တဲ့နေကြပြီး သင်တို့၌ သမ္မာတရားစစ်မှန်မှု တစ်စက်မျှ မရှိချေ။ သာမန်အားဖြင့် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်မျှ ယုံကြည်လက်ခံလာပြီးသော လူတို့က ဘုရားသခင်၏ရှေ့မှောက် ရောက်လာသောအခါ ထိုမျှ ကလေးကလားဆန်ပြီး ပညာမဲ့သော အရာများကို မပြောကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်နောက် လိုက်မည်ဖြစ်ကြောင်း၊ သူတို့၌ ယုံကြည်ခြင်းလည်း ရှိကြောင်း၊ ပြီးလျှင် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဘုရားသခင့်အလုပ်၏ ရည်ရွယ်ချက်တို့နှင့် ပတ်သက်သည့် ရူပါရုံများ၏ သမ္မာတရားများကို ရှင်းရှင်းလင်းလင်း နားလည်ပြီးသားဖြစ်ကြောင်း ကျိန်းသေကြသောကြောင့်ဖြစ်သည်။ ထိုသူတို့သည် ဘုရားသခင်၏ရှေ့မှောက် ရောက်လာသောအခါ အများအားဖြင့် မည်သည့်အရာအဖို့ ဆုတောင်းကြသနည်း။ တစ်ချက်မှာ မိမိတို့ကိုယ်ကို သိရှိခြင်းဖြစ်ကာ နောက်တစ်ချက်မှာ အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ်၌ အခက်အခဲ အနည်းငယ်ရှိသည်၊ ကျွန်ုပ်သည် ကိုယ်တော်အပေါ် အကြွေးတင်ရှိစေသည့် အရာတစ်ခုကို ပြုလုပ်မိပါပြီ၊ ကျွန်ုပ်သည် ကိစ္စအနည်းငယ်တွင် မပြည့်စုံသဖြင့် ကျွန်ုပ်အား ကာကွယ်ပေးရန်၊ ဦးဆောင်လမ်းပြရန်၊ ဉာဏ်ပွင့်စေရန်နှင့် အလင်းပေးရန် ကိုယ်တော့်ကို တောင်းလျှောက်ပါသည်ဟူ၍ စစ်မှန်သော စကားများကို ပြောခြင်းဖြစ်သည်။ ဤသူသည် သမ္မာတရားစစ်မှန်မှုနှင့် စပ်ဆိုင်သည့် အတော်ပင် စစ်မှန်သော အရာတချို့ကို စတင်၍ တောင်းလျှောက်သည့်အပြင် မကြာမီက ယုံကြည်လက်ခံပြီးခါစဖြစ်သည့် စိတ်အားထက်သန်သော ထိုသူတို့ ပြောသည့် စိတ်ပိုင်းဖြတ်ချက်နှင့်ဆိုင်သော ထိုအသုံးအနှုန်းများနှင့် ကြွေးကြော်သံများကို နောက်ထပ် မပြောတော့ချေ။ ထိုသူတို့က အဘယ့်ကြောင့် ဤအရာများကို မပြောသနည်း။ သူတို့သည် ထိုသို့သော အရာများကို ပြောရာ၌ အကျိုးမရှိဟုလည်းကောင်း၊ ထိုသို့သော အရာများက သူတို့၏ စိတ်ထဲမှ သမ္မာတရားလိုအပ်မှု သို့မဟုတ် သူတို့၏ အသက်ဝင်ရောက်မှု လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဟုလည်းကောင်း ထင်ကြသည်။ သင် ယုံကြည်လာခဲ့သည်မှာ နှစ်ကာလ မည်မျှရှိပြီဖြစ်စေ၊ သင်သည် ဟန်ဆောင်လုပ်ဆောင်နေခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်အား ဆုတောင်းသောအခါ သူ၏ရှေ့မှောက်သို့ ရိုးသားစစ်မှန်စွာ ရောက်လာခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်သည် အနှစ်မဲ့သော ထိုစကားလုံးများနှင့် ပြောနေကျဖြစ်သော စကားလုံးများကို ဆယ်ရက်တွင် ရက်ပေါင်းမည်မျှ ပြောသနည်း။ တစ်စုံတစ်ယောက်က တစ်ရက်ဟု ပြောမည်ဆိုလျှင် အခြားကိုးရက်တွင် မည်သည့်အရာကို ဆုတောင်းသနည်း။ အကယ်၍ သူ၏ ဆုတောင်းချက်များက သူ၏တာဝန်၊ အသက်ဝင်ရောက်မှုနှင့် ပတ်သက်နေလျှင် ကောင်း၏။ ထို့ပြင် ဤအရာက သူသည် သမ္မာတရားအပေါ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်နှင့် သူ၏တာဝန်အပေါ် ဝန်တာအချို့ကို တာဝန်ယူနေကြောင်း၊ သူသည် သိပ်မထုံထိုင်းတော့ကြောင်းကို ပြသည်။ “သူသည် သိပ်မထုံထိုင်းတော့” ဟု ဆိုရာတွင် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါဆိုလိုသည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ စိတ်အခြေအနေ အမျိုးမျိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပြောပြသောအခါ ထိုသူတို့သည် တစ်မျိုးတစ်မည် ခံစားကြပြီး သိမြင်ခြင်းရှိကာ နားလည်နိုင်ကြသည်။ ထိုသူတို့သည် သိနားလည်ခြင်းနှင့် သဘောပေါက်နားလည်ခြင်းကို ရရှိနိုင်ကြကာ ဤအရာများကို မည်သို့ရှင်းပြသည်ဖြစ်စေ နားလည်ကြပြီး ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် ရှင်းပြသွားသည့်အရာနှင့် ကိုက်ညီလုနီးပါး ဖြစ်၏။ ဤအရာက သူတို့သည် ဝိညာဉ်ရင့်သန်မှု အနည်းငယ်ရှိကြောင်း ပြသည်။ ထုံထိုင်းသောလူတို့က မည်သည့်သရုပ်သကန်များက ပြသသနည်း။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ထိုကဲ့သို့ အသက်ရှင်ကာ ကြိုးစားအားထုတ်ခြင်းနှင့် တိုးတက်ခြင်းမရှိသဖြင့် ဘုရားသခင်ထံ ဆုတောင်းရာ၌ မပြောင်းလဲသော ဆု‌တောင်းချက် အဟောင်းများကိုသာ အမြဲတမ်း ပြောကြခြင်းဖြစ်သည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုကို လုံးဝနားမလည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း မရှိ၊ ဘာမျှမခံစားရဘဲ တရားဒေသနာမည်မျှကို နားထောင်သည်ဖြစ်စေ၊ ထို့ပြင် သမ္မာတရားကို မည်ကဲ့သို့ မိတ်သဟာယပြုသည်ဖြစ်စေ ယင်းကို တစ်ခါလာ မဲပြာပုဆိုးချည်း ဖြစ်ပြီး အကုန်လုံး ဆိုလိုရင်းအတူတူပင် ဖြစ်သည်ဟု ခံစားကြရသဖြင့် မည်သည့်တုံ့ပြန်ချက်မျှ မပေးကြချေ။ သို့ဆိုလျှင် ၎င်းတို့၌ ဘုရားသခင်ထံ တောင်းစရာတစ်ခုခု ရှိသလော။ ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာသောအခါ လူတို့ မည်သည့်အရာကို ဆုတောင်းပြီးပြောမည် ဟူသည့်အရာမှာ ဘုရားသခင်ထံ သူတို့ပြောချင်သည့် သူတို့၏ စိတ်နှလုံးထဲမှ စကားလုံးများအပေါ် မူတည်ကာ ဤအရာများကို ဘုရားသခင်ထံ တကယ်ပြောဖို့ လိုသည်ဟု ထင်ကြသည်။ သင်၏ စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သင်ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအား သင် ဖြည့်ဆည်းသင့်ပုံတို့အပေါ် သင်၏ သိနားလည်မှုတို့ အနည်းဆုံး ရှိနေရမည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ မည်သည့်အရာမျှ မရှိဘဲ ကြား၍ကောင်းသော စကားလုံးများအချို့၊ ဆောင်ပုဒ်များနှင့် အယူဝါဒများအချို့ကိုသာ သင်ပြောနိုင်ခြင်းဖြစ်ပြီး ဟန်ပြလုပ်ဆောင်ခြင်းသာ ဖြစ်လျှင် ယင်းမှာ ဆုတောင်းခြင်းမဟုတ်ပေ။ အကယ်၍ သင်သည် ထိုနှစ်ကာလများတစ်လျှောက် သစ္စာဆိုခဲ့ပြီးသော်လည်း လက်တွေ့ကျသော မည်သည့်အရာမျှ လုံးဝ မလုပ်ဆောင်ထားသည့်အပြင် အဆုံးတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် မည်သည့်အချိန်မဆို နုတ်ထွက်ခြင်း ဖြစ်နိုင်ချေရှိသေးလျှင် ဤအရာက သင်၌ ဝိညာဉ်ရင့်သန်မှု မရှိကြောင်း ပြသည်။ အကယ်၍ သင်တို့သည် ယခုအခါတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းဖို့ ရောက်လာသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သင်၏ စိတ်သဘောထား ပြောင်းလဲမှုနှင့် အဓိကအားဖြင့် ဆက်စပ်အောင် ထိန်းသိမ်းထားနိုင်လျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အခြေကျပြီး ဖြစ်လိမ့်မည်၊ သင်တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လိုက်မည်မဟုတ်သဖြင့် ဤအရာက သင်တို့သည် ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းလမ်းကြောင်းပေါ် အစပြုပြီး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။

အန္တိခရစ်များ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဟူသည့် သရုပ်သကန်အမျိုးမျိုးအပေါ်သာမက ထိုသို့သော အပြုအမူ၏ သဘာဝနှင့်ဆိုင်သည့် သတ်မှတ်ချက်များအပေါ် သင်တို့ ယခု ရှင်းလင်းပြီလော။ အန္တိခရစ်များ၏ သရုပ်သကန်များနှင့် သာမန်လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များကြားတွင် ခြားနားချက်တစ်ခုခု ရှိသလော။ အရေးကိစ္စတစ်ခုနှင့် အမှန်တကယ် ကြုံတွေ့သောအခါ သင်တို့သည် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်သလော။ အန္တိခရစ်များ၏ သရုပ်သကန်များကို ဖောက်ပြန်ပျက်စီးသော သာမန်လူတို့၏ သရုပ်သကန်များ၊ အပြန်အလှန်အားဖြင့် သာမန်လူတို့၏ သရုပ်သကန်များကို အန္တိခရစ်များ၏ သရုပ်သကန်များအဖြစ် သတ်မှတ်နိုင်သလော။ ဤအရာနှစ်ခုကို သင်တို့ မည်သို့ ခွဲခြားသိမြင်သင့်သနည်း။ လူတစ်ဦး၏ စိတ်သဘောထားကို သူ၏ မပြောင်းလဲသော သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအားဖြင့် အကဲဖြတ်ခြင်း၊ သူ၏ အနှစ်သာရကို သူ၏ စိတ်သ‌ဘောထားမှ အကဲဖြတ်ခြင်းသည် သူနှင့်ပတ်သက်၍ စရိုက်လက္ခဏာ သရုပ်ဖော်ရန်အတွက် တိကျမှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်၏။ အန္တိခရစ်များသည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်ကိုလည်း ဂုဏ်တင်ချီးကျူးခြင်း မရှိပေ။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ်သာ ဂုဏ်တင်ချီးကျူးပြီး သက်သေခံ၏။ ဤသရုပ်သကန်သည် အလွန်အမင်း သိသာထင်ရှားပြီး ပေါ်လွင်ကာ ယင်းကို ၎င်းတို့၏ စာတန်ဆန်သော သဘာဝက လုံးလုံးလျားလျား ကြီးစိုးလေသည်။ သာမန်လူတို့သည်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံလျှင်ပင် ထိုသူတို့အား သမ္မာတရားနှင့်ပတ်သက်၍ သင် မိတ်သဟာယပြုသောအခါ ယင်းကို လက်ခံနိုင်ကြပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း ဝန်ခံနိုင်သည့်အပြင် သမ္မာတရားကို လက်ခံနိုင်ကြကာ သူတို့အတွက် ပြောင်းလဲမှုက အလွန် မြန်မြန်ဆန်ဆန် သို့မဟုတ် လွယ်လွယ်ကူကူ ဖြစ်မလာခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန်လူတို့ကြားမှ ခြားနားချက်ပင် ဖြစ်၏။ ယခု ဤအရာကို ပြောပြီးနောက်တွင် ၎င်းတို့ကို ခွဲခြားသိမြင်ဖို့ လွယ်ကူပြီလော။ အန္တိခရစ်များတွင် ထူးခြားသည့်လက္ခဏာတစ်ခု ရှိ၏။ ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို ငြင်းပယ်သောအခါ တဲ့တိုး ငြင်းပယ်ကြခြင်း ဖြစ်သ‌လော။ (မဟုတ်ပါ။) သမ္မာတရားကို ၎င်းတို့ အသိအမှတ်မပြုကြောင်း သင် မြင်တွေ့ရဖို့အတွက် ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ ၎င်းတို့သည် သင့်ကို ချေပရန် နှစ်ပေါက်တစ်ပေါက် ရိုက်ကာ သင် မိတ်သဟာယပြုနေသည့်အရာမှာ သမ္မာတရား မဟုတ်ကြောင်း၊ ၎င်းတို့ မိတ်သဟာယပြုသည့်အရာသာ သမ္မာတရား ဖြစ်ကြောင်း ပြောမည်ဖြစ်သည်။ ဥပမာ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ဖော်ထုတ်ပြီးနောက်တွင် ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း သို့မဟုတ် လက်မခံကြောင်း အခြားသူများအား အတည်ပြုခွင့်ပေးသော မည်သည့်သရုပ်သကန်များကို ၎င်းတို့ ပြသသနည်း။ နှစ်ပေါက်တစ်ပေါက် ရိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သင်္ကာရှင်းဖို့ ကြိုးစားခြင်းက သရုပ်သကန်တစ်ခု ဖြစ်ကာ တကယ့်အမှန်တရားကို ဖုံးကွယ်ခြင်းလည်း ရှိသည့်အပြင် ယင်းမှာ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ဖြစ်သည့် အမှန်တရားဖြစ်သည်။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်မှာ အခြားသူများက ၎င်းတို့အား အထင်ကြီးရန်အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်။ ၎င်းတို့သည် သူတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို သင့်အား အသိပေးမည် မဟုတ်ပေ။ ၎င်းတို့သည် အတုအယောင်ဖြစ်သော၊ နှစ်လိုဖွယ်ကောင်းသော အရာများကိုသာ ပြောမည်။ နှစ်ပေါက်တစ်ပေါက် ရိုက်မည်။ သင့်ကို လိမ်လည်မည်။ သင့်ကို မရှင်းမလင်းဖြစ်စေမည်ဖြစ်ကာ ဤသို့ဖြင့် အဆုံးတွင် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေခြင်းမဟုတ်ဟု သင် ပြောပြီးနောက် ၎င်းတို့က သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်မည်။ ၎င်းတို့သည် အတုအယောင်ဖြစ်သော၊ နှစ်လိုဖွယ်ကောင်းသော အရာများကို ပြောသည်။ နှစ်ပေါက်တစ်ပေါက် ရိုက်သည်။ လူတို့ကို လိမ်လည်သည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေကြောင်း မဝန်ခံကြပေ။ သင် ၎င်းတို့အား ဖော်ထုတ်သည်ကို ၎င်းတို့ လက်မခံပေ။ ၎င်းတို့သည် အမှန်တကယ်ဖြစ်သော စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းကို လက်ခံဖို့မဆိုနှင့်၊ သင်၏ အပြစ်ဆိုမှုများကိုပင် လက်မခံပေ။ ဤအရာကို လုံးဝ လက်မခံသည့်အပြင် “ယင်းသည် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သက်သေခံနေခြင်း မဟုတ်။ ထိုသို့ပြောရာတွင် ကျွန်ုပ်အတွက် အကြောင်းရင်းတစ်ခုနှင့် အခြေအနေတစ်ခု ရှိ၏။ ထိုအနေအထားတွင် မသင့်လျော်သော အရာအနည်းငယ်ကို ပြောခြင်းသည် လုံးဝ ပုံမှန်ဖြစ်ပြီး ပြဿနာမဟုတ်ပေ။ ယင်းကို ကိုယ့်ကိုယ်ကိုယ် သက်သေခံခြင်းဟု သဘောထား၍ ရမည်လော။ ထိုမျှမက ကျွန်ုပ်သည် ဤအလုပ်များအားလုံးကို လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အောင်မြင်မှုမျှ ကျွန်ုပ် မရရှိသေးလျှင်ပင် ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီးဖြစ်လေသည်။ အကယ်၍ လူအချို့က ကျွန်ုပ်အား အထင်ကြီးပြီး ကိုးကွယ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပါ” ဟု ဆိုလျက် ဆင်ခြေများပင် ထွက်ပေါ်လာကြသည်။ ၎င်းတို့က ထိုမျှ ရှက်ဖွယ်ကောင်းသော အပြုအမူကို၊ ထိုမျှ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ကို အရေးကြီးသည်ဟု မထင်ကြပေ။ ဤသည်မှာ သမ္မာတရားကို လက်ခံသော သဘောထား ဟုတ်သလော။ ၎င်းတို့သည် ဤဒုစရိုက်အမှုများကြောင့် ရှက်စိတ် မရှိသည့်အပြင် မိမိတို့ကိုယ်ကို ထူးမြတ်သည်ဟုပင် ထင်ကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ အနှစ်သာရပင် ဖြစ်၏။ အန္တိခရစ်များက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် လုံးဝ သင့်တော်ပြီး ၎င်းတို့ပြုလုပ်ရမည့် အရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က “ငါ၌ ဤလုပ်နိုင်စွမ်း ရှိသောကြောင့် ငါထိုသို့ လုပ်သည်။ ထိုသို့ပြုထိုက်သော အခြားသူများ ရှိသလော။ ငါသည် လူတို့၏ ထောက်ခံအားပေးမှုကို ရရှိပြီးပြီ။ အသင်းတော်အလုပ်ကို လုပ်ဆောင်ရင်း များစွာသော ကြိုးစားအားထုတ်မှုကို ငါ အသုံးခံခဲ့ပြီးပြီ။ ဘုရားအိမ်တော်အတွက် ထိုမျှကြီးမားသော အကျိုးပြုဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး စွန့်စားမှုများစွာကို လုပ်ဆောင်ခဲ့ပြီးလေပြီ။ သင်သည် ငါ့အား ဆုလာဘ်နှင့် အကျိုးအမြတ်ကို မပေးလျှင် တရားသလော။ ဘုရားသည် ဖြောင့်မတ်သည် မဟုတ်လော။ သူသည် လူတစ်ဦးစီကို သူ၏ လုပ်ဆောင်ချက်များအတိုင်း တုံ့ပြန်သည်မဟုတ်လော။ သို့ဆိုလျှင် ငါသည် ဤအကျိုးပြုဆောင်ရွက်မှုများ အားလုံးကို ပြုလုပ်ခြင်းနှင့် ဤစွန့်စားမှုအားလုံးကို လုပ်ဆောင်ခြင်းကြောင့် လူတိုင်း၏ ထောက်ခံအားပေးမှုကို ရထိုက်သည်မဟုတ်‌လော” ဟု စဉ်းစားကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် အပြန်အလှန်အားဖြင့် တစ်စုံတစ်ခု ရသင့်သည်၊ အနည်းဆုံးသော ဆုလာဘ်က လူတိုင်း၏ ထောက်ခံအားပေးမှုနှင့် ၎င်းတို့ရထိုက်သည့် သစ္စာခံခြင်း၊ ဂုဏ်ပြုခြင်း၊ အကျိုးကျေးဇူးကို ခံစားရနိုင်ခြင်းတို့ ဖြစ်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့်သဘောထား ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤတွင် သမ္မာတရားမှာ အဘယ်နည်း။ သာဓကအားဖြင့် သင်က ၎င်းတို့ကို “လူတို့သည် အဘယ်မျှ ဒုက္ခခံသည်ဖြစ်စေ သူတို့သည် ဖန်ဆင်းခံများဖြစ်ကြပြီး သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဒုက္ခခံသင့်သည်။ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ် ဒုက္ခခံခြင်းသည် လူတို့ ဒုက္ခခံရမည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အဘယ်မျှ လုပ်နိုင်စွမ်းရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်ဆုကျေးဇူးများကို ပိုင်ဆိုင်သည်ဖြစ်စေ မည်သည့်ဆုလာဘ်ကိုမျှ မျှော်လင့်မထားသင့် သို့မဟုတ် ဘုရားသခင်နှင့် အပေးအယူ မလုပ်သင့်” ဟု ပြောလေသည်။ ဤသည်မှာ သမ္မာတရား မဟုတ်သလော။ ဤသည်မှာ ဖန်ဆင်းခံများ နားလည်ထားသင့်သည့် အခြေခံအကျဆုံးသော သမ္မာတရား ဖြစ်၏။ သို့သော်လည်း လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များ၊ ၎င်းတို့၏ ထင်မြင်ချက်များနှင့် အမြင်ရှုထောင့်များ၌ ဤသမ္မာတရားကို တွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ၎င်းတို့သည် ဤသမ္မာတရားကို ကြားရသောအခါ လက်ခံသလော။ ၎င်းတို့က လက်မခံပေ။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ အိမ်တော်ထဲ၌ နေခြင်းသည် ကမ္ဘာလောကထဲ၌ နေခြင်းနှင့် တူသည်၊ ၎င်းတို့သည် မိမိတို့ အလုပ်လုပ်ပေးသည့်အတိုင်း ဆုလာဘ်ပေးခြင်းခံရမှဖြစ်မည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် တစ်စုံတစ်ခု ရမှဖြစ်မည်၊ ပြီးလျှင် ၎င်းတို့က စွန့်စားမှုတစ်ခုခု လုပ်ဆောင်ပါက ၎င်းတို့ရထိုက်သည့် အကျိုးကျေးဇူးနှင့် ကျေးဇူးတော်ကို ရရှိသင့်သည်ဟု ယုံကြည်ကြသည်။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး အခကြေးငွေပေးခြင်းသည် ဆက်စပ်မှုမရှိပေ။ အန္တိခရစ်များက ဤသမ္မာတရားကို လက်ခံသလော။ ၎င်းတို့၏ သဘောထားက အဘယ်နည်း။ ၎င်းတို့သည် ကဲ့ရဲ့တတ်ပြီး အတိုက်အခံလုပ်တတ်ကာ “သင်တို့ လူအလူနများက ဤအရာကိုပင် လက်ခံကြသည်။ ထိုအရာက သမ္မာတရားဟုတ်သလော။ ထိုအရာသည် သမ္မာတရားမဟုတ်၊ လူတို့ကို လှည့်ဖြားခြင်းသာ ဖြစ်၏။ လူတို့ကြားရှိ မျှတမှုနှင့် တန်းတူညီမျှမှုသာ သမ္မာတရားဖြစ်သည်” ဟု ဆိုကြသည်။ ဤသို့ပြောခြင်းက မည်သို့သောအရာမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်၊ မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီးအဓိပ္ပာယ်မဲ့ခြင်း ဖြစ်၏။ ထို့ပြင် ယင်းတို့သည် သမ္မာတရားကို နားမလည်သောသူတို့အား အထင်အမြင် မှားစေနိုင်သလော။ ယင်းတို့သည် ထိုသူတို့ကို လွယ်ကူစွာ အထင်အမြင် မှားစေနိုင်သည်။ လူအချို့က အားနည်းသည်။ သူတို့သည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို နားမလည်ကြသည်သာမက အစွမ်းအစနှင့် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည်။ ထို့ပြင် ၎င်းတို့၌ ယုံကြည်ခြင်း များစွာမရှိဘဲ ထိုသို့သောအရာများကို ကြားရသောအခါ သူတို့၏အကြိုက်နှင့် သွား၍ ကိုက်ညီသည်ဟု ထင်ကာ “အလွန်မှန်ပေ၏။ ကျွန်ုပ် အဘယ့်ကြောင့် လွန်စွာ မိုက်မဲနေခဲ့သနည်း။ ယနေ့ ကျွန်ုပ်သည် နောက်ဆုံးတွင် တတ်သိနားလည်သော လူတစ်ဦးနှင့် ကြုံတွေ့ရပြီ။ သူပြောသည့်အရာသည် မှန်ပေ၏” ဟု စဉ်းစားသည်။ ဤလူတို့က ယုတ္တိရှိပြီး မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသည်ဟုထင်ရသည့် အရာများကိုသာ နားထောင်ကာ လက်ခံကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟူသည့် စည်းမျဉ်းအတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မချဉ်းကပ်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ ခံစားချက်များ၊ လူတို့၏ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ်၊ လူတို့၏ ဓလေ့ထုံးတမ်းများနှင့် အလေ့အထများ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အတည်ဖြစ်ပြီး အစမှအဆုံးထိ ထိုစကားလုံး တစ်လုံးချင်းသည် သမ္မာတရား ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သူမျှ မေးခွန်းထုတ်ဖို့ သို့မဟုတ် စိစစ်ပိုင်းခြားဖို့ မလိုသည့်အပြင် လူသားမျိုးနွယ်အားလုံးက ယင်းတို့ကို မှန်သည်ဟု ထင်သည်ဖြစ်စေ၊ မှားသည်ဟု ထင်သည်ဖြစ်စေ၊ လူတိုင်းက ယင်းတို့ကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အစဉ်အမြဲ သမ္မာတရား ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အချိန်အားဖြင့် သက်သေပြစရာ မလိုသကဲ့သို့ အတွေ့အကြုံအားဖြင့် လူသားမျိုးနွယ်၏ မှန်ကန်ကြောင်း အတည်ပြုဖို့လည်း မလို။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏။ ဤသည်မှာ အန္တိခရစ်များ စဉ်းစားသည့်အရာ ဟုတ်သလော။ ၎င်းတို့က “ဘုရားဟူသည် ယုတ္တိတန်ရမည်။ ဘုရား၏ ဖြောင့်မတ်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဒုက္ခများစွာခံပြီး အလွန်တရာ လုပ်ဆောင်နိုင်စွမ်း ရှိသောသူတို့က ကြီးမားသော ဆုလာဘ်များကို ရရှိခြင်းနှင့် အနည်းငယ်သာ ဒုက္ခခံသော၊ လုပ်ဆောင်နိုင်စွမ်း သိပ်မရှိသော၊ ပြီးလျှင် အကျိုးပြုဆောင်ရွက်မှု မပြုလုပ်သောသူတို့က ဆုလာဘ်အနည်းငယ်ကို ရရှိခြင်းပင် မဟုတ်လော” ဟု စဉ်းစားကြသည်။ ဘုရားသခင်က ဤသို့ဆိုသလော။ (မဆိုပါ။) ဘုရားသခင်က ဤသို့မဆိုပေ။ ဘုရားသခင် မည်သည့်အရာကို ဆိုသနည်း။ ဘုရားသခင်က မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနှင့်အတူ ယင်း၏စည်းမျဉ်းများ ပါရှိသည်၊ လူတိုင်းက မိမိ၏တာဝန်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သင့်သည်၊ ပြီးလျှင် ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်ဟု ဆို၏။ ဤနေရာတွင် အခကြေးငွေပေးခြင်းနှင့်ပတ်သက်၍ ပြောဆိုချက်တစ်ခုခု ရှိသလော။ ဆုလာဘ်နှင့်ပတ်သက်၍ ပြောဆိုချက်တစ်ခုခုကော။ (မရှိပါ။) လုပ်ခပေးခြင်း သို့မဟုတ် ဆုလာဘ်နှင့်ဆိုင်၍ ပြောပြချက်မရှိပေ။ ယင်းမှာ ဝတ္တရားတစ်ခု ဖြစ်၏။ “ဝတ္တရား” ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဝတ္တရားဟူသည်မှာ လူတို့ ပြုလုပ်သင့်သည့် အရာတစ်ခုဖြစ်ကာ မိမိ၏ အလုပ်လုပ်ပေးခြင်းအရ ဆုလာဘ်ပေးခံရသည့် အရာတစ်ခုနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် မိမိ၏ တာဝန်ကို များစွာ ထမ်းဆောင်သည့် လူတစ်ဦးက ကြီးမားသော ဆုလာဘ်ရရှိသင့်ကြောင်း၊ မိမိ၏တာဝန်ကို အနည်းငယ်သာ ထမ်းဆောင်သည့် သို့မဟုတ် ညံ့ဖျင်းသောပုံစံဖြင့် ထမ်းဆောင်သည့် လူတစ်ဦးက ဆုလာဘ်အနည်းငယ်သာ ရရှိသင့်ကြောင်း မည်သည့်အခါမျှ ပြဋ္ဌာန်းမထားချေ။ ဘုရားသခင်က ထိုသို့သောအရာကို မည်သည့်အခါမျှ မပြောခဲ့ဖူးချေ။ သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ဆိုထားသနည်း။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတိုင်းလူတိုင်း၏ မွေးရာပါတာဝန် ဖြစ်သည်၊ ပြီးလျှင် ယင်းမှာ ဖန်ဆင်းခံများ လုပ်ဆောင်ရမည့် အရာဖြစ်သည်ဟု ဘုရားသခင်က ဆိုသည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ ဤသည်မှာ အန္တိခရစ်များက ယင်းကို နားလည်ပုံ ဟုတ်သလော။ ၎င်းတို့က ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မည်သို့ သဘောထားသနည်း။ ၎င်းတို့က ယင်းတို့ကို ကွဲပြားသည့်နည်းလမ်းဖြင့် သဘောထားကြသည်။ ၎င်းတို့၏ ကိုယ်ကျိုးနှင့်ဆိုင်သည့် ရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လွဲချော်သော အနက်ဖွင့်ခြင်း ရှိမည်ဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်းတို့ပြုလုပ်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိမ်လည်ပြင်ဆင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအား အခြားသော အနက်ဖွင့်ခြင်းအဖြစ် ပြောင်းလဲပစ်ရန်အတွက် မိမိတို့၏ နည်းလမ်းနှင့် သိနားလည်ခြင်းကို အသုံးပြုသည်။ ထို့ပြင် ထိုသို့သော အနက်ဖွင့်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ယင်းသည် ၎င်းတို့ကို အကျိုးပြုကာ လူတို့ကို အထင်အမြင် မှားစေနိုင်သည့်အပြင် ယင်းက လူတို့ကို လှုံ့ဆော်ပြီး သိမ်းသွင်းနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ ဖော်ပြနေသည့် သမ္မာတရားများ ဖြစ်သည့်အလား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စကားပြောပုံအဖြစ် ပြောင်းလဲကြကာ ဘုရားသခင်က တစ်စုံတစ်ခု ပြောပြီးနောက်တွင် ဘုရားသခင်ပြောသည့်ပုံစံနှင့် ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများကို မိမိတို့၏ ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းလဲတတ်သည်။ ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်ဟန်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် ယင်းသည် သမ္မာတရား ဟုတ်သေးသလော။ မဟုတ်တော့ပေ။ ယင်းမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းနှင့် မိစ္ဆာဒိဋ္ဌိအယူ ဖြစ်၏။ သင်တို့သည် ဤကိစ္စကို ပိုင်းခြားသိမြင်နိုင်သလော။ (အတိုင်းအတာ တစ်ခုအထိ ပိုင်းခြားသိမြင်နိုင်ပါသည်။) တရားဒေသနာ အမြောက်အမြားကို နားထောင်ပြီးနောက် လူအချို့သည် ပိုင်းခြားသိမြင်မှု အနည်းငယ်ကို ရရှိထားကြသည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ သမ္မာတရားအား ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လိမ်လည်ပြင်ဆင်ခြင်းနှင့် လွဲချော်သော အနက်ဖွင့်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကလီကမာလုပ်ခြင်းနှင့် လွဲချော်သော အနက်ဖွင့်ခြင်းတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံမည့်အစား မိမိတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများနှင့် မိစ္ဆာဒိဋ္ဌိအယူများကို လက်ခံရန်အတွက် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စဉ်းစားဉာဏ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ်၊ မိမိတို့၏ အကျိုးစီးပွားနှင့် အမြင်ရှုထောင့်များအပြင် မိမိတို့၏ အယူအဆများအရ သမ္မာတရားကို မှားယွင်းစွာ ဖော်ပြကြသည်။ သို့ဖြစ်၍ ဤအရာသည် ၎င်းတို့ကို အကျိုးပြုပြီး စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော၊ သမ္မာတရားကို နားမလည်သော လူအချို့ကိုလည်း လှုံ့ဆော်ပြီး အထင်အမြင် မှားစေနိုင်သည်။ ၎င်းတို့၏ စကားများသည် စကြားကြားချင်းတွင် သင့်အတွက် မှန်ကန်ပုံရနိုင်သော်လည်း သင် ဂရုတစိုက် စိစစ်ပိုင်းခြားပါက ယင်းတို့အထဲ၌ ပုန်းလျှိုးကွယ်လျှိုး ရှိနေသည့် စာတန်၏ ရည်မှန်းချက်များနှင့် အကြံအစည်များကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် အကြံအစည်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့ကိုယ်ကို အကျိုးပြုရန်၊ မိမိတို့၏ကိုယ်ပိုင် အမှုအရာများ လုပ်ဆောင်ပုံနှင့် အပြုအမူကို ယုတ္တိတန်အောင် လုပ်ရန်၊ လူတို့အား မိမိတို့အပေါ် အကဲဖြတ်ချက် ကောင်းကောင်းပေးအောင် လုပ်ရန်၊ မိမိတို့၏ ညံ့ဖျင်းသော၊ ဆိုးယုတ်သော အပြုအမူကို သမ္မာတရားနှင့် ကိုက်ညီသည့် လျော်ကန်သော အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ပုံအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့က လူတို့သည် မိမိတို့ကို ပစ်ပယ်မည်မဟုတ်၊ ဘုရားသခင်က မိမိတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့က လူတို့အနေဖြင့် မိမိတို့ကို မပစ်ပယ်ဖို့အတွက် အခြားသူများကို အထင်အမြင် မှားကောင်းမှားစေနိုင်ကြမည် ဖြစ်သော်လည်း မိမိတို့အား ဘုရားသခင် ပြစ်တင်ရှုတ်ချခြင်း မပြုအောင် လုပ်နိုင်ကြသလော။ လူသည် ဘုရားသခင်၏ အနှစ်သာရကို ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ဤသည်မှာ အန္တိခရစ်များ စဉ်းစားဉာဏ် အကင်းမဲ့ဆုံး နေရာပင် ဖြစ်၏။ ၎င်းတို့၏ စကားသည် ယုတ္တိတန်လာနိုင်အောင် သမ္မာတရားကို ကလီကမာလုပ်ဖို့ အချို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းမျိုးနှင့် မိစ္ဆာဒိဋ္ဌိအယူမျိုးကို စဉ်းစားရန်အတွက် မိမိတို့၏ အပြောကောင်းခြင်းများနှင့် “ထက်မြက်သော ဦးနှောက်များ” ကို ၎င်းတို့ အသုံးချလိုကာ ထိုသို့ဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ငြင်းပယ်လိုပြီး သမ္မာတရား၏ အမှန်တည်ရှိမှုကို ငြင်းဆိုလိုကြသည်။ ဤသည်မှာ ၎င်းတို့ အတွေးမှားခြင်း မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အန္တိခရစ်တစ်ဦးက လူတချို့ကို အထင်အမြင် မှားစေသောအခါ မည်သည့်အရာ ပြုလုပ်နိုင်သနည်းဟု အချို့သောလူတို့ မေးကြသည်။ အကယ်၍ ထိုသို့သော လူတို့သည် အမှန်တကယ် အထင်အမြင်မှားသွားပြီး လမ်းကြောင်းမပြောင်းနိုင်လျှင် ဤသည်မှာ သူတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရခြင်းဖြစ်ကာ ဖြစ်သင့်သည့်အလျောက် ထိုသို့ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ထိုသူတို့ ပျက်စီးကိန်းကြုံရခြင်း ဖြစ်ပြီး မလွတ်မြောက်နိုင်ပေ။ ထိုသူတို့သည် သေကိန်းကြုံရပြီဖြစ်ပြီး သူတို့ကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဘုရားသခင် မည်သည့်အခါမျှ မရည်ရွယ်ပေ။ ထိုသူတို့သည် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် အသင်းတော်ထဲသို့ ဝင်ရောက်လာပြီး အလုပ်အနည်းငယ်ကို ထမ်းဆောင်ကာ ကျေးဇူးတော် အနည်းငယ်ကို ခံစားကြသည်ဖြစ်၍ သူတို့ကို ဘုရားသခင် အလိုမရှိတော့သောအခါ စာတန်ထံသို့ ပေးအပ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ထိုသူတို့သည်လည်း မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို ကြားရကာ ယင်းကို ကြားသောအခါ လက်ခုပ်တီး၍ အသိအမှတ်ပြုပြီးနောက် စာတန်နောက်သို့ ထွက်၍ လိုက်ကြခြင်းသာ ဖြစ်လေသည်။ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ အစေခံမှုပေးဖို့အတွက် စာတန်ကို အသုံးချခြင်းဖြစ်၏။ ဗျာဒိတ်ကျမ်းထဲတွင် “မဖြောင့်မတ်သောသူသည် မဖြောင့်မတ်စွာ ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။” (ဗျာဒိတ်ကျမ်း ၂၂:၁၁) ဟုဆိုသည့် ကျမ်းပိုဒ်တစ်ပိုဒ် ရှိသည်။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်းခံရသည်ကို ဆိုလိုသည်။ အန္တိခရစ်များနောက် လိုက်သော ထိုလူတို့နှင့် ပတ်သက်လာလျှင် ဤသည်မှာ သူတို့ဘက်မှ တဒင်္ဂ သတိမမူခြင်းသက်သက်လော။ ယင်းမှာ ဘုရားသခင်က မစောင့်ကြပ်ခဲ့သောကြောင့်လော။ ဤသည်မှာ သူတို့ သေကိန်းကြုံရခြင်း ဖြစ်၏။ ထိုသို့သော လူတို့နှင့် တစ်ခဏ ပတ်သက်ပြီးနောက် သူတို့သည် ကယ်တင်ခံရဖို့ မထိုက်တန်ကြောင်း သင် တွေ့လိမ့်မည်။ ထိုသူတို့သည် စိတ်ပျက်စရာ ကောင်းလွန်းပါတကား။ သူတို့၏ အကျင့်စရိုက်နှင့် သမ္မာတရား လိုက်စားမှုဖြင့် အကဲဖြတ်လျှင် ထိုသူတို့၏ သဘာဝသည် ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ကယ်တင်ခံရဖို့ မထိုက်တန်၊ ဘုရားသခင်ထံမှ ထိုမျှကြီးမားသော ကျေးဇူးတော်ကို အမွေခံရဖို့ မထိုက်တန်ချေ။ အကယ်၍ ဘုရားသခင်သည် သူတို့အား ဤကျေးဇူးတော်ကို မပေးအပ်လျှင် သူတို့ရကိုရမည် မဟုတ်သောကြောင့် သူတို့အား စကားလုံးအနည်းငယ်တည်းဖြင့် အတိုချုံးဖို့ တိကျမှန်ကန်မှု အရှိဆုံးမှာ “သေကိန်းကြုံရပြီ” ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။