အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည် (အခန်း ငါး)
ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ အဓိကသရုပ်သကန် ဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရအား ဤသရုပ်သကန်အရ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းသည် အလွန် သင့်လျော်ပြီး ခိုင်လုံ၏။ ယင်းမှာ အဓိပ္ပာယ်မဲ့သော စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းမဟုတ်ပေ။ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ၎င်းတို့၏ အနှစ်သာရနှင့်ဆိုင်သည့် ထုတ်ဖော်ချက်များနှင့် ၎င်းတို့လုပ်ရပ်များ၏ မပြောင်းလဲသော ရည်ရွယ်ချက်များကို ကြည့်ခြင်းဖြင့် လူတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အန္တိခရစ်များ၏ ထူးခြားသည့်လက္ခဏာရှိသော သရုပ်သကန်တစ်ခုဖြစ်ကြောင်း မြင်တွေ့နိုင်သည်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မည်သည့်အခါမျှ မပြုလုပ်သည့် အန္တိခရစ်တစ်ဦးဦး ရှိသလော။ (မရှိပါ။) အဘယ့်ကြောင့် မရှိသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက အလွန်ကြီးမားသောကြောင့် ဖြစ်ကာ ယင်းတို့ကို ၎င်းတို့ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် မည်သည့်လူအုပ်စုထဲတွင် နေထိုင်သည်ဖြစ်စေ ၎င်းတို့ကို မည်သူမျှ ဂုဏ်တင်ချီးကျူးခြင်းနှင့် ကိုးကွယ်ခြင်းမရှိလျှင် ဘဝသည် တန်ဖိုးမရှိ သို့မဟုတ် အဓိပ္ပာယ်မရှိသကဲ့သို့ ခံစားကြကာ ဤအကြောင်းကြောင့်ပင် ၎င်းတို့၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် အလွန် စိတ်အားထက်သန်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက် သာလွန်ရန် အသက်ရှင်ပြီး ၎င်းတို့အား ကိုးကွယ်ပြီး နောက်လိုက်ဖို့အတွက် လူတို့ကို အလိုရှိသည့်အပြင် ထိုလူတို့သည် စိတ်အနှောင့်အယှက်ပေးသော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ယင်ကောင်များ သို့မဟုတ် သူတောင်းစားတစ်သိုက် ဖြစ်နေလျှင်ပင် ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့အား ကိုးကွယ်ပြီး နောက်လိုက်သောလူတို့ ရှိနေသရွေ့ စိတ်ချမ်းသာကြသည်။ အကယ်၍ ၎င်းတို့သည် နာမည်ကျော် အဆိုတော်များကဲ့သို့ ပရိသတ်များထံမှ အလွန်ရူးသွပ်တက်ကြွသော လက်ခုပ်သြဘာသံကို ရရှိနိုင်လျှင် အရူးအမူး ဝမ်းသာကြမည် ဖြစ်ကာ ထိုအရာအား ခံစားရသည်ကို နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝဖြစ်၏။ ၎င်းတို့ကို မည်သို့သော လူစားမျိုးတို့က နောက်လိုက်သည်ဖြစ်စေ သို့မဟုတ် ကိုးကွယ်သည်ဖြစ်စေ အန္တိခရစ်များက အကုန်လုံးကို ကြိုက်သည်။ အကယ်၍ ၎င်းတို့နောက် လိုက်နေသော လူတို့သည် စိတ်ပျက်စရာနှင့် စက်ဆုပ်ရွံရှာစရာ အကောင်းဆုံးများ ဖြစ်ကြလျှင်ပင်၊ ထိုသူတို့သည် လူ့တိရစ္ဆာန်များ ဖြစ်လျှင်ပင် မိမိတို့ကို ဂုဏ်တင်ချီးကျူးပြီး အဆင့်အတန်းရဖို့ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေသရွေ့ အန္တိခရစ်များက ဂရုမစိုက်ချေ။ သို့ဆိုလျှင် အန္တိခရစ်များသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းနှင့် သွားလေရာတိုင်း ကြွားလုံးထုတ်ခြင်းမှ ကိုယ့်ကိုယ်ကိုယ် တားဆီးနိုင်သလော။ (မတားဆီးနိုင်ပါ။) ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်၏။ မည်သို့သော လူစားမျိုးတို့သည် ဘုရားသခင်နောက် အမှန်တကယ် လိုက်သူတို့ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ လူသားမျိုးနွယ်ကြားတွင် ဘုရားသခင် ရွေးကောက်ပြီး ကယ်တင်လိုသော လူတစ်မျိုးရှိကာ ဤလူတို့၌ အသိတရား၊ ဆင်ခြင်တုံတရားနှင့် အရှက်တရား အနည်းဆုံး ရှိကြသည်။ ဤသူထက် အနည်းငယ် ပိုကောင်းမွန်သောသူတို့သည် သမ္မာတရားကို ချစ်နိုင်စွမ်း၊ အပြုသဘောဆောင်သော အရာများကို ချစ်နိုင်စွမ်း၊ ဘုရားသခင်၏ မျှတမှုနှင့် ဖြောင့်မတ်မှုကို ချစ်နိုင်စွမ်း ရှိကြ၏။ ထိုသူတို့သည် ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးနိုင်စွမ်း ရှိကြသည်။ မတရားသော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အရာများကို မြင်တွေ့သောအခါ မခံမရပ်နိုင်အောင် ဖြစ်ကာ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာမျှ မပြုလုပ်နိုင်လျှင်ပင် ယင်းတို့ကို ၎င်းတို့ မုန်းနေဆဲပင် ဖြစ်သည်။ ဤလူတို့မှာ အနည်းဆုံးအနေဖြင့် ဘုရားသခင် အလိုရှိသူများ ဖြစ်ကြသည်။ ဤလူ့သဘာဝနှင့် အနှစ်သာရကို မပိုင်ဆိုင်သောသူတို့မှာမူ ဘုရားသခင်၏ ကောင်းမြတ်ခြင်း သို့မဟုတ် ဘုရားသခင် အဘယ်မျှ ကြီးမြတ်ကြောင်း အဘယ်မျှလောက် ပြောသည်ဖြစ်စေ ဘုရားသခင် အလိုမရှိပေ။ ဥပမာအနေဖြင့် ဘာသာရေးတွင်ရှိသော ဖာရိရှဲများသည် မပြောင်းလဲသော အနှစ်မဲ့သည့် အယူအဆဟောင်းများနှင့် အပေါ်ယံစကားလုံးများဖြင့် ဘုရားသခင်ကို ချီးမြှောက်ပြီး ဘုရားသခင်အား သက်သေခံကြကာ အနှစ်နှစ်ထောင် ကြာပြီးနောက်၌ပင် ယင်းတို့အား ပြောရသည်ကို မငြီးငွေ့ကြပေ။ ယခုအခါတွင် ဘုရားသခင်သည် သမ္မာတရား အမြောက်အမြားကို ဖော်ပြနေသော်လည်း ၎င်းတို့က မမြင်တွေ့နိုင်ဘဲ လျစ်လျူရှုသည့်အပြင် အချို့က ယင်းတို့ကိုပင် ပြစ်တင်ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်။ ဤအရာက ၎င်းတို့ကို လုံးလုံးလျားလျား ထုတ်ဖော်သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို ကြောင်သူတော်ဖာရိရှဲများဟု စရိုက်လက္ခဏာ သရုပ်ဖော်ထားသည်မှာ ကြာပြီဖြစ်ကာ ၎င်းတို့အားလုံးမှာ စာတန်၏ ဂိုဏ်းသားများ ဖြစ်ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို မကောင်းဆိုးဝါးများနှင့် စာတန်များ၊ ဝက်များနှင့် ခွေးများအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ထားပြီး ဖြစ်သည်။ အန္တိခရစ်များသည် ထိုသို့သော လူအုပ်စုထဲ ရောက်ရှိပြီး ၎င်းတို့ အနည်းငယ်ကသာ သမ္မာတရားကို နားလည်နိုင်ကြောင်း၊ ၎င်းတို့ မည်သူမျှ ပိုင်းခြားသိမြင်နိုင်စွမ်း သို့မဟုတ် ပင်ကိုစွမ်းရည်တစ်ခုမျှ မရှိကြောင်း မြင်တွေ့သောအခါ ကြွားလုံးထုတ်ရန်အတွက် ဤအခွင့်ကောင်းကို အလျင်အမြန် ယူကြလေသည်။ အချို့က သူတို့သည် တစ်ချိန်က ကမ္ဘာ့အဆင့်မီ တက္ကသိုလ်နှစ်ခုတွင် တစ်ပြိုင်နက်တည်း တက်ရောက်ခဲ့ပြီး သူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သောကြောင့် ဆုံးခန်းမတိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကြွားလေသည်။ ထိုသူတို့ ဤသို့ပြောသည်ကို ကြားရပြီးနောက် လူအချို့က ထိုသူတို့ကို စတင်၍ လွန်စွာ အထင်ကြီးတော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ ထို့ပြင် သင်နှစ်သက်သည့် အရာများနှင့် သင်၏ လောကီအမြင်တို့က လောကီဆန်သော ထိုလူတို့နှင့် အတူတူပင် ဖြစ်လျှင် သင်သည် ဤကဲ့သို့သော လူတို့ကို ကိုးကွယ်မည်ဖြစ်ကာ ဤအကြောင်းကြောင့်ပင် အန္တိခရစ်များက ထိုကဲ့သို့သော အရာများကို ပြောသောအခါ သင်သည် ထိုသူတို့၏ အထင်အမြင် မှားစေခြင်းနှင့် အရူးလုပ်ခြင်းကို ခံရမည်ဖြစ်သည်။ အန္တိခရစ်များသည် ဤနည်းအတိုင်း မိမိတို့ကိုယ်ကို တိတ်တခိုး ဂုဏ်တင်ချီးကျူးကြပြီး ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော စဉ်းစားဉာဏ်မဲ့သည့် ထိုလူတို့သည် သူတို့၏ အထင်အမြင် မှားစေခြင်းကို ခံရသည်။ အန္တိခရစ်များက သူတို့အောက်၌ရှိသော မည်သူမျှ သာမန်မဟုတ်ဟု ထင်လျက် အလွန်ပျော်ရွှင်သွားကြလင့်ကစား အမှန်တွင် ထိုလူတို့အားလုံးမှာ နားဝေတိမ်တောင်ဖြစ်သော လူတစ်သိုက်နှင့် အသုံးမကျသူများသာ ဖြစ်ကြသည်။ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိသောသူတို့အားလုံးသည် စာတန်များနှင့် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို ခံရနိုင်သည်။ ၎င်းတို့သည် စာတန်များနှင့် အန္တိခရစ်များ စကားပြောသည်ကို ကြားရသောအခါ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ချက်များ၊ အကြိုက်များနှင့် အမှန်ပင် လိုက်ဖက်သည်ဟု ခံစားကြသဖြင့် ထိုအရာအား နားထောင်ရသည်ကို မွေ့လျော်ကြသည်။ ၎င်းတို့သည် မိမိတို့ နားထောင်နေသည့်အရာနှင့် ပတ်သက်၍ အကဲဖြတ်ချက်ပြုလုပ်ဖို့အတွက် ပုံမှန်စဉ်းစားဉာဏ်ကို အသုံးပြုနိုင်စွမ်း မရှိသည်သာမက ထိုကဲ့သို့သော အရာများအား ပိုင်းခြားသိမြင်ဖို့ ၎င်းတို့ကို အကူအညီပေးရန်အတွက် သမ္မာတရား နားလည်သော လူတစ်ဦးကိုလည်း ရှာဖွေမည်မဟုတ်ပေ။ ၎င်းတို့ နားထောင်နေသောအရာက ယုတ္တိတန်ဟန်ရှိသည်ဟု ခံစားသရွေ့ ယင်းကို လက်ခံလိုစိတ်ရှိမည် ဖြစ်သောကြောင့် သတိပင်မထားမိလိုက်ဘဲ အထင်အမြင် မှားစေခြင်းကို ခံရခြင်းဖြစ်သည်။ အကယ်၍ သမ္မာတရားကို သဘောပေါက် နားလည်နိုင်စွမ်းရှိပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောသူတို့သည် အန္တိခရစ်များ စကားပြောသည်ကို ကြားရလျှင် ထိုလူတို့သည် အခြားသူများကို အထင်အမြင် မှားစေဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း သိမည်ဖြစ်ပြီး ထိုသူတို့ကို ပစ်ပယ်မည် ဖြစ်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည့် နားဝေတိမ်တောင်ဖြစ်သော ထိုလူတို့သည် အန္တိခရစ်များကို လေ့လာသင်ယူမှု ရှိသည်၊ အစွမ်းအစ ကောင်းရှိသည်၊ ထို့ပြင် အလားအလာရှိသည်ဟု ယုံကြည်မည်ဖြစ်သည်။ ၎င်းတို့က အမှုအရာများကို ဤပုံစံအတိုင်း ကြည့်မြင်ပြီး သာမန်ကာလျှံကာ ဖြစ်ရပ် အနည်းငယ်အားဖြင့် အထင်အမြင်မှားစေခြင်း ခံရမည်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်ကြောင်း သိကြမည်မဟုတ်ဘဲ စာတန်များနောက်သို့လိုက်ကြမည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စဉ်းစားဉာဏ်မဲ့ခြင်းနှင့် ပညာမဲ့ခြင်းကြောင့် ကိုယ့်သေတွင်းကိုယ်တူးကြသည် မဟုတ်လော။ ဤသည်မှာ ပကတိအခြေအနေ ဖြစ်၏။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည့် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုး သို့မဟုတ် ထိုသို့ပြုရာတွင် သူတို့၏ ကွဲပြားသော နည်းလမ်းများနှင့် ပတ်သက်၍ သင်၌ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကာ သင်သည် သူတို့၏ စကားလုံးများနောက်ကွယ်မှ ရည်မှန်းချက်နှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို အကဲဖြတ်နိုင်လျှင် သင့်အနေဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို ရိပ်စားမိဖို့ လွယ်ကူမည် ဖြစ်သည့်အပြင် သူတို့ကို ချက်ချင်း ပစ်ပယ်ပြီး ကျိန်ဆဲနိုင်မည် ဖြစ်ပြီး သူတို့ကို မည်သည့်အခါမျှ ထပ်တွေ့တော့မည် မဟုတ်ပေ။ ဤသို့ သင် အဘယ့်ကြောင့် ပြုလုပ်ရမည်နည်း။ အဘယ့်ကြောင့်ဆိုသော် အန္တိခရစ်များ စကားပြောပြီး ပြုမူသည်ကို သင် တွေ့သောအခါ ထိုသူတို့ကို သင် စက်ဆုပ်ပြီး မုန်းတီးမည် ဖြစ်ကာ ယင်ကောင်များကို ကြည့်နေရသကဲ့သို့ စက်ဆုပ်ရွံရှာမည် ဖြစ်ပြီး သူတို့ကို မြန်နိုင်သမျှ အမြန်ဆုံး မောင်းထုတ်ဖို့ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့် ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ သင်သည် အခြားသူများအနေဖြင့် သူတို့ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ သူတို့ကို ချက်ချင်း ဖော်ထုတ်ပြီးနောက် စည်းမျဉ်းများနှင့်အညီ သူတို့ကို အသင်းတော်မှနေ၍ နှင်ထုတ်သင့်လေသည်။ သင်တို့သည် ဤသို့ ပြုလုပ်ဝံ့သလော။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် ယင်းက ၎င်းတို့သည် ဝိညာဉ်ရင့်သန်မှု၌ ကြီးထွားလာပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အလေးထားမှုကို ပြနိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးနိုင်ကြောင်း ပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောအခါ အန္တိခရစ်များသည် အသင်းတော်ထဲ၌ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ထဲ၌ နောက်ထပ် ခြေကုပ်ယူနိုင်မည် မဟုတ်တော့ချေ။
မည်သည့်အခါသမယတွင်ဖြစ်စေ အန္တိခရစ်များသည် အခွင့်အရေး ရှိသရွေ့ ကြွားလုံးထုတ်ပြီး မိမိတို့ကိုယ်ကို သက်သေခံမည်ဖြစ်ကာ မိမိတို့အား ကိုးကွယ်ပြီး သဘောကျသော၊ အားကျသော၊ ကြည်ညိုလေးစားသော မျက်လုံးများဖြင့်ကြည့်သည့် လူတို့ရှိသရွေ့ ၎င်းတို့ ပျော်နေမည်ဖြစ်သည်။ ထိုလူတို့က မည်သူဖြစ်ဖြစ် ဂရုမစိုက်ပေ။ မိမိတို့ကို နောက်လိုက်သော၊ ကိုးကွယ်ပြီး အထင်ကြီးသောသူတို့အပေါ်၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းများရှိသလော။ (မရှိပါ။) ထိုလူတို့သည် အရူးအနှမ်းများ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသောသူများ၊ ဆိုးယုတ်သော လူများ၊ သို့မဟုတ် မယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းပစ်ခြင်း ခံရသင့်သော လူတို့ပင်အပါအဝင် သူတို့သည် မည်သို့သော လူစားမျိုးဖြစ်စေ ထိုလူတို့က ၎င်းတို့အား နောက်လိုက်ပြီး ကိုးကွယ်ကာ ဂုဏ်တင်ချီးကျူးနိုင်သရွေ့ အန္တိခရစ်များက ထိုသူတို့ကို လက်ခံသည်၊ ထိုသူတို့ကို အလွန်နှစ်သက်သည်၊ ပြီးလျှင် ထိုလူတို့ကို မိမိတို့ဘက်သို့ စည်းရုံးသိမ်းသွင်းပြီး အကာအကွယ်ပေးသည်။ အန္တိခရစ်များက ထိုလူတို့ကို ၎င်းတို့၏ သိုးများအဖြစ်၊ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ထိုသူတို့ကို လွှဲပြောင်းရန်၊ ထိုသူတို့ကို ဖော်ထုတ်ရန်၊ သို့မဟုတ် ကိုင်တွယ်ရန် အခြားမည်သူ့ကိုမျှ အခွင့်မပေးချေ။ ထိုလူတို့ကိုယ်တိုင်က အန္တိခရစ်များကို မည်ကဲ့သို့ မျက်နှာချိုသွေးပြီး ကပ်ပါးရပ်ပါး လုပ်သည်ဖြစ်စေ၊ ထိုသူတို့က မည်သည့် အော်ဂလီဆန်ဖွယ်နှင့် ရွံရှာဖွယ် အရာများကို ပြောသည်ဖြစ်စေ အန္တိခရစ်များက ယင်းတို့အားလုံးကို အရသာတွေ့မည် ဖြစ်သည်။ ထိုလူတို့က မိမိတို့ကို မြှောက်ပင့်သရွေ့ အန္တိခရစ်များအတွက် အကုန်လုံး အဆင်ပြေသည်။ အန္တိခရစ်များ ပြောသမျှနှင့် လုပ်သမျှမှာ အခြားလူတို့က ၎င်းတို့ကို အထင်ကြီးလေးစားဖို့၊ ၎င်းတို့ကို နှစ်သက်ဖို့နှင့် ၎င်းတို့နောက်လိုက်ဖို့အတွက် ဖြစ်ပြီး ၎င်းတို့နောက်လိုက်သော လူတို့က အဘယ်မျှများပြားသော မကောင်းမှုများ ပြုလုပ်သည်ဖြစ်စေ အန္တိခရစ်များက ထိုသူတို့ကို စုံစမ်းစစ်ဆေးမည် မဟုတ်သည့်အပြင် ထိုသူတို့၏ လူ့သဘာဝက မည်သို့ ဒုက္ခကျိတ်ပေးပြီး မလိုမုန်းထားသည်ဖြစ်စေ ၎င်းတို့ အရေးစိုက်မည် မဟုတ်ပေ။ ထိုလူတို့သည် ၎င်းတို့နောက်လိုက်ပြီး ကိုးကွယ်သရွေ့ အန္တိခရစ်များက ထိုသူတို့ကို နှစ်သက်မည်ဖြစ်သည့်အပြင် ထိုလူတို့က အန္တိခရစ်များ၏ အာဏာနှင့် အဆင့်အတန်းကို ထိန်းသိမ်းနိုင်ပြီး ၎င်းတို့ကို အာမခံ သို့မဟုတ် မဆန့်ကျင်သရွေ့ အန္တိခရစ်များမှာ အတိုင်းအထက်အလွန် ကျေနပ်နေမည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များ၏ ပကတိအခြေအနေဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်များသည် မိမိတို့ကို အမြဲတမ်း ဖော်ထုတ်ကာ မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းမှ ဟန့်တားသောသူနှင့် ထိုသို့ပြုသည့်အတွက် မိမိတို့ကို အထင်သေးသောသူသာမက မိမိတို့အား သမ္မာတရားကို မိတ်သဟာယပြုသူ၊ မိမိတို့ပြဿနာများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သူနှင့် မိမိတို့အပေါ် စစ်မှန်သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသူတို့ကို မည်ကဲ့သို့ ဆက်ဆံသနည်း။ ၎င်းတို့သည် ရှက်စိတ်ဖြင့် ချက်ချင်း စိတ်ဆိုးကာ ထိုလူတို့ကို သတိထားရှောင်၊ ပထုတ်၊ တိုက်ခိုက်လျက် နောက်ဆုံးတွင် မိမိတို့ကို ပိုင်းခြားသိမြင်ပြီး ဆန့်ကျင်နိုင်သောသူတို့ကို သီးခြားခွဲထားမည့် နည်းလမ်းပေါင်းမျိုးစုံကို ကြိုးစားလေသည်။ ၎င်းတို့ ဤသို့ပြုလုပ်ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံသောအခါ ထိုလူတို့သည် မျက်စိစပါးမွေးစူးစရာနှင့် မိမိတို့၏ နံကြားမှ ဆူးများဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုလူတို့က မိမိတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်လိမ့်မည်၊ ဖော်ထုတ်လိမ့်မည်၊ ပြီးလျှင် မိမိတို့ ထိန်းသိမ်းထားသည့် အခြေအနေကောင်းများကို ဖျက်ဆီးလိမ့်မည် ဟူ၍လည်းကောင်း အမြဲတမ်း စဉ်းစားသောကြောင့် ဖြစ်၏။ ထိုလူတို့ကို ကြည့်လိုက်မိသည့်အခိုက်တွင် အန္တိခရစ်များသည် စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး ထိုလူတို့ကို အမြဲတမ်း ကိုင်တွယ်လိုကာ ထိုလူတို့ကို ကိုင်တွယ်နိုင်သရွေ့ မိမိတို့ကိုယ်ကို ထပ်မံ၍ ဂုဏ်တင်ချီးကျူးပြီး သက်သေခံသောအခါ မိမိတို့ကို ဖော်ထုတ်မည့်သူ သို့မဟုတ် ဟန့်တားမည့်သူ မည်သူမျှရှိမည်မဟုတ်ဘဲ မိမိတို့သည် မကောင်းမှုကို လက်လွတ်စပယ် ကျူးလွန်နိုင်မည်ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုမူဆောင်ရွက်သည့် စည်းမျဉ်းပင်ဖြစ်၏။ မိမိတို့ကို မည်သည့်လူစားမျိုးက မြှောက်ပင့်၊ ချီးမွမ်းသည် သို့မဟုတ် ဂုဏ်တင်ချီးကျူးသည်ဖြစ်စေ၊ ထိုလူတို့ ပြောသည့်အရာက အချက်အလက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့က မုသားများကို ပြောနေလျှင်ပင် အန္တိခရစ်များသည် ယင်းတို့ကို လက်ခံလိုစိတ်ရှိမည်၊ ယင်းတို့အား နားထောင်ရခြင်းကို အရသာတွေ့နေမည်ဖြစ်ပြီး ထိုလူတို့ကို လှိုက်လှိုက်လှဲလှဲ နှစ်သက်မည် ဖြစ်သည်။ ထိုလူတို့၌ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ ဂရုမစိုက်သည့်အပြင် ထိုလူတို့နှင့်ပတ်သက်သည့် ပြဿနာများကို ရှာတွေ့လျှင်ပင် ယင်းတို့ကို ကွယ်ဝှက်မည်၊ ဖုံးကွယ်မည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ တစ်ခွန်းမျှဟမည်မဟုတ်ပေ။ အန္တိခရစ်များသည် ထိုလူတို့ မိမိနံဘေးတွင်နေကာ မိမိတို့နောက်လိုက်ပြီး မြှောက်ပင့်နေသရွေ့ ယင်းကို ပျော်မွေ့နေမည်။ ဤသည်မှာ အမှုအရာတို့ကို အန္တိခရစ်များ ပြုလုပ်သည့်ပုံစံဖြစ်သည်။ သင်တို့သည် အန္တိခရစ်များ ပြုလုပ်သည့် ဤအရာများကို ပြုလုပ်နိုင်စွမ်းရှိသလော။ ဥပမာ သင်တို့သည် အသင်းတော်ထဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကြားတွင် အဆင့်အတန်းနှင့် နာမည်ကောင်း ရှိနေသောလူများဖြစ်ကြသည် ဆိုပါစို့။ ညီအစ်ကို မောင်နှမများက သင့်ကို အထင်ကြီးလေးစားမည်၊ သင့်ကို မြှောက်ပင့်မည်၊ သင့်ကို မျက်နှာချိုသွေးပြီး သင့်ကို မကြာခဏ ချီးမွမ်းလျက် သင်သည် တရားဒေသနာ အဟောကောင်းသည်၊ ချောမောသည်၊ သူတို့အတွက် သင်သည် အကောင်းဆုံးခေါင်းဆောင် ဖြစ်သည်ဟု ပြောမည်ဆိုပါက သင် မည်သို့ခံစားမည်နည်း။ ထိုသူတို့၏ စကားလုံးများနောက်ကွယ်မှ အကြံကို သင် ပိုင်းခြားနားလည်နိုင်မည်လော။ ထိုသို့သောလူတို့ကို ငြင်းပယ်ပြီး ရှောင်နိုင်မည်လော။ မဟုတ်ပါက သင်သည် အန္တရာယ်ရှိနေပြီ။ သင်သည် မချောမောကြောင်း၊ သမ္မာတရားလက်တွေ့ကျမှုကို မိတ်သဟာယ မပြုနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိလင့်ကစား လူတို့က ဤပုံစံအတိုင်း မြှောက်ပင့်သည်ကို ကြားရသောအခါ ပျော်ရွှင်နေသေးကာ ထိုသို့သော လူတို့နှင့် အမြဲတမ်းရင်းနှီးလိုပြီး ရာထူးတိုးပေးလိုသည်။ ယင်းမှာ သင် ဒုက္ခရောက်နေပြီဟု ဆိုလိုသည်မဟုတ်လော။ ဤသည်မှာ သင်သည် အန္တရာယ်ရှိနေပြီဟု ဆိုလိုသည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်နေသောအခါ ၎င်းတို့သည် တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းကို ခံရသည်။ ၎င်းတို့သည် စစ်မှန်သော အတွေ့အကြုံအချို့အကြောင်း ပြောပြနိုင်သည့်အခါ လူတို့သည် သူတို့ကို အထင်ကြီး ကြည်ညိုကိုးကွယ်ကြပြီး အရိပ်ပမာ မခွဲမခွာ နောက်သို့ လိုက်လျှောက်ကြသည့် လူများရှိမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ လူတိုင်း၌ ကိုယ်ပိုင်မက်မောမှုများ ရှိသည်။ လူတိုင်း စိတ်ကြီးဝင်တတ်သည်။ အကယ်၍ လူတို့သည် မိမိတို့အကြောင်း သဘောကျစွာနှင့် နှစ်မြို့ဖွယ်ရာ စကားပြောသော လူတစ်ဦးကို ကြားရလျှင် ယင်းကို အလွန်အမင်း သာယာကြည်နူးကြမည် ဖြစ်သည်။ ဤသို့ခံစားရသည်မှာ သာမန်ကိစ္စဖြစ်ပြီး အထူးအထွေ မဟုတ်ပေ။ သို့သော်လည်း သူတို့သည် မိမိတို့အပေါ် ပုံအောချီးမွမ်းနိုင်ပြီး မြှောက်ပင့်နိုင်သောသူ တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးကာ ဤကဲ့သို့သောသူကို အရေးကြီးသော အသုံးပြုမှုတစ်ခုခုအတွက် ထားရှိပါက ယင်းမှာ အန္တရာယ်ရှိသည်။ ဤသည်မှာ အခြားသူများအပေါ် မြှောက်ပင့်ပြီး ဗုံးပေါလအော ချီးမွမ်းရသည်ကို ခုံမင်သော လူတို့အားလုံးသည် အလွန်အမင်း လှည့်ဖြားတတ်ပြီး မရိုးဖြောင့်သည့်အပြင် ၎င်းတို့သည် ရိုးသားခြင်း သို့မဟုတ် ဖြောင့်မတ်မှန်ကန်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော လူတို့သည် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှု သို့မဟုတ် အသင်းတော်အလုပ်အတွက် အကျိုးကျေးဇူး မရှိတော့ပေ။ ဤလူတို့သည် ကောက်ကျစ်စဉ်းလဲပြီး အမှုအရာများကို ရှုပ်ထွေးအောင် လုပ်နိုင်စွမ်း အရှိဆုံးဖြစ်သည်။ အများသူငှာထက် ဖြောင့်မတ်တည်ကြည်သော လူတို့သည် အခြားသူများအပေါ် မည်သည့်အခါမျှ ဗုံးပေါလအော မချီးမွမ်းပေ။ အကယ်၍ သူတို့က သင့်ကို စိတ်နှလုံးထဲ၌ အသိအမှတ်ပြုလျှင်ပင် အသံထွက်၍ ပြောမည်မဟုတ်သည့်အပြင် သင်၌ ချို့ယွင်းချက်များ ရှိကြောင်း သို့မဟုတ် သင်သည် အမှားတစ်စုံတစ်ခု ပြုလုပ်ထားကြောင်း တွေ့ရှိလျှင် သင့်အား ထောက်ပြမည်ဖြစ်သည်။ သို့သော်လည်း လူအချို့က ရိုးသားဖြောင့်မှန်သော လူတို့ကို မနှစ်သက်သည့်အပြင် တစ်စုံတစ်ယောက်က သူတို့၏ အားနည်းချက်များကို ထောက်ပြသောအခါ သို့မဟုတ် ပြစ်တင်ဝေဖန်သောအခါ ထိုလူကို သူတို့ ဖိနှိပ်ကာ ဖယ်ကြဉ်မည်ဖြစ်ပြီး ထိုလူကို အမြဲတစေ အကဲဖြတ်ပြီး ပြစ်တင်ရှုတ်ချဖို့အတွက် သူ၏ ချို့ယွင်းချက်များနှင့် အားနည်းချက်တို့ကိုပင် မလွတ်တမ်း အသုံးချမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူတို့သည် လူကောင်းများကို ဖိနှိပ်ပြီး ဒုက္ခပေးကြသည် မဟုတ်လော။ ဤကဲ့သို့ အမှုအရာများကို ပြုလုပ်ခြင်းနှင့် ထိုသို့သောလူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ဘုရားသခင် အမုန်းတီးဆုံးသော အရာများဖြစ်၏။ လူကောင်းများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ယုတ်ကန်းသောအရာ ဖြစ်ပေ၏။ ထို့ပြင် လူတစ်ဦးသည် လူကောင်းအမြောက်အမြားကို နှိပ်စက်ညှဉ်းပန်းပါက သူသည် နတ်ဆိုးဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတိုင်းကို မျှတစွာနှင့် ချစ်ခင်ကြင်နာစွာ ဆက်ဆံသင့်ပြီး အရေးကိစ္စများကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်သင့်သည်။ အထူးသဖြင့် သင်၌ သင့်အား မြှောက်ပင့်ပြီး မျက်နှာချိုသွေးသော၊ သင့်ကို ဝန်းရံနေသော လူတို့ ရှိနေလျှင် ၎င်းတို့ကို တိကျမှန်ကန်စွာ ဆက်ဆံရမည်၊ ချစ်ခင်ကြင်နာစွာ ကူညီရမည်၊ ပြီးလျှင် ၎င်းတို့၏ အလုပ်တာဝန်များကို ထမ်းဆောင်ခိုင်းပြီး ဘာသာတရားမရှိသူများကဲ့သို့ လူတို့အား မြှောက်ပင့်ခြင်းကို မလုပ်ဘဲ နေရမည်ဖြစ်သည်။ သင်၏ ရပ်တည်ချက်နှင့် ရှုထောင့်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလော့။ ယင်းကို မည်သည့်အခါမျှ ထပ်မလုပ်အောင် ၎င်းတို့ကို အရှက်တကွဲဖြစ်စေပြီး အရှက်ရစေလော့။ အကယ်၍ သင်သည် စည်းမျဉ်းများကို လိုက်နာပြီး လူတို့ကို မျှတစွာ ဆက်ဆံနိုင်လျှင် စာတန်၏ အမျိုးအစားများဖြစ်သည့် စက်ဆုပ်ဖွယ်ဖြစ်သော ဤငပြောင်များသည် အရှက်ရမည် မဟုတ်လော။ ဤအရာက စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးသည် သူတို့ကို မြှောက်ပင့်သောလူတို့ကို ချစ်သည့်အပြင် တစ်စုံတစ်ဦးက သူတို့အား မြှောက်ပင့်သော သို့မဟုတ် မျက်နှာချိုသွေးသော အရာတစ်ခုခုကို ပြောသည့်အခါတိုင်း သူတို့၏ ဝင့်ဝါမှုနှင့် အဆင့်အတန်းရဖို့ လိုအင်ဆန္ဒတို့ ကျေနပ်တင်းတိမ်သွားသည်ဟု အခြားသူများကို မြှောက်ပင့်ရန် ခုံမင်သောသူတို့က ယုံကြည်ကြသည်။ သမ္မာတရားကို ချစ်သောလူတို့က ဤအရာအားလုံးကို မကြိုက်သည့်အပြင် အလွန်တရာ မုန်းတီးပြီး စက်ဆုပ်ရွံရှာကြသည်။ အတုအယောင် ခေါင်းဆောင်များသာ မြှောက်ပင့်ခံရခြင်းကို ပျော်မွေ့ကြသည်။ ဘုရားအိမ်တော်က ထိုသူတို့ကို ဂုဏ်ပြုခြင်း သို့မဟုတ် ချီးမွမ်းခြင်း ပြုကောင်းပြုမည် မဟုတ်သော်လည်း ဘုရားသခင် ရွေးချယ်ထားသော လူတို့က သူတို့ကို ဂုဏ်ပြုပြီး ချီးမွမ်းလျှင် ထိုသူတို့ အလွန်ကျေနပ်ပြီး ယင်းကို အလွန်တရာ နှစ်သက်သည့်အပြင် နောက်ဆုံးတွင် ထိုအရာအားဖြင့် နှစ်သိမ့်မှုတစ်ခုခု ရရှိကြသည်။ အန္တိခရစ်များသည် မြှောက်ပင့်ခံရခြင်းကို ပို၍ပင် နှစ်သက်ကြပြီး သူတို့ အနှစ်သက်ဆုံးအရာမှာ ဤကဲ့သို့သောလူတို့က သူတို့နှင့် ရင်းနှီးပြီး သူတို့အား ဝန်းရံနေကြသောအချိန် ဖြစ်၏။ ဤသည်မှာ ဒုက္ခပေးသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်ပုံစံပင် ဖြစ်၏။ သူတို့သည် မိမိတို့အား ချီးမွမ်းပြီး ဂုဏ်ပြုသော၊ မိမိတို့အား ကိုးကွယ်ပြီး နောက်လိုက်သော လူများ ရရှိနေခြင်းကို နှစ်သက်ကြလင့်ကစား သမ္မာတရားကို လိုက်စားပြီး အတော်အတန် ဖြောင့်မတ်တည်ကြည်သောသူတို့က ဤသို့သော အရာတစ်ခုကိုမျှ မနှစ်သက်ကြပေ။ သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။ သင့်ကို ဖော်လံဖားပြီး မြှောက်ပင့်သည့် လှည့်ဖြားတတ်သော၊ မရိုးဖြောင့်သော လူတို့ကို သင်၏ လက်ထောက်များအဖြစ် လုံးဝ မထားရပေ။ ဤကဲ့သို့သောလူတို့ သင်ထံတွင် ကပ်တွယ်နေခြင်းသည် သင့်အပေါ် နံဟောင်နေသော ယင်ကောင်များ ပျံဝဲနေခြင်းနှင့် တူ၏။ သင်သည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး အမြောက်အမြားနှင့် ထိတွေ့တော့မည်ဖြစ်၏။ ထိုသို့သောလူတို့သည် သင့်ကို နှောင့်ယှက်ပြီး သင့်အလုပ်ကို ထိခိုက်စေတတ်သည်။ ထိုသူတို့က သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ လဲကျစေပြီး လမ်းလွဲစေနိုင်သည့်အပြင် သင့်အား ကံဆိုးခြင်းနှင့် ဘေးဒုက္ခ ပေးနိုင်သည်။ ထိုသူတို့မှနေ၍ ဝေးလေကောင်းလေ ရှောင်ကြဉ်ရမည် ဖြစ်ကာ သူတို့၌ မယုံကြည်သူများ၏ အနှစ်သာရရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီး သူတို့ကို အသင်းတော်မှနေ၍ ရှင်းလင်းပစ်နိုင်လျှင် သာ၍ပင် ကောင်းသေး၏။ သမ္မာတရားကို လိုက်စားသည့် ဖြောင့်မတ်တည်ကြည်သော လူတစ်ဦးက သင်၌ ပြဿနာရှိကြောင်း သိမြင်သောအခါ သင်၏ အဆင့်အတန်းကို အမှုမထားဘဲ၊ သူတို့ကို သင် မည်သို့ဆက်ဆံမည်ကို အမှုမထားဘဲ သူတို့ကို သင် ဖြုတ်ပစ်မည်ဆိုလျှင်ပင် အမှန်တရားကို ပြောပြမည်ဖြစ်သည်။ ယင်းကို သူတို့ ဖုံးကွယ်ဖို့ သို့မဟုတ် ဝေ့လည်ကြောင်ပတ် ပြောဖို့ မည်သည့်အခါမျှ ကြိုးစားမည်မဟုတ်ပေ။ သင့်ဘေးတွင် ဤကဲ့သို့သောလူတို့ ပို၍ရှိသည်က အလွန်အကျိုးပြုလေ၏။ စည်းမျဉ်းများနှင့် ဆန့်ကျင်သော အရာတစ်ခုကို သင် လုပ်ဆောင်သောအခါ ၎င်းတို့က သင့်ကို ဖော်ထုတ်လိမ့်မည်။ သင်၏ ပြဿနာများအပေါ် ထင်မြင်ချက်များ ပေးလိမ့်မည်။ သင့်ပြဿနာများနှင့် အမှားများကို ပွင့်လင်းစွာနှင့် ရိုးသားစွာ ထောက်ပြလိမ့်မည်။ ၎င်းတို့သည် သင့်အား သိက္ခာဆည်ဖို့ ကူညီရန် ကြိုးစားမည်မဟုတ်။ ပြီးလျှင် လူအများရှေ့၌ အရှက်မရစေရန်အတွက်ပင် ၎င်းတို့က သင့်အား အခွင့်အရေး ပေးမည်မဟုတ်။ ဤသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ညှဉ်းပန်းသင့်သလော သို့မဟုတ် ၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်သလော။ (၎င်းတို့နှင့် နီးစပ်အောင် လုပ်ဆောင်သင့်ပါသည်။) မှန်သည်။ သင်သည် သင့်စိတ်နှလုံးကို ဖွင့်ဟပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ “ကျွန်ုပ်၌ ရှိသည့်ပြဿနာကို ကျွန်ုပ်ကို သင်ထောက်ပြခဲ့သည်မှာ မှန်ကန်သင့်တော်ပါသည်။ ထိုအချိန်က ကျွန်ုပ်သည် ဘဝင်မြင့်မှု၊ အဆင့်အတန်းတို့နှင့် သက်ဆိုင်သော အတွေးများဖြင့် ပြည့်နေခဲ့သည်။ ကျွန်ုပ်သည် နှစ်များစွာကြာ ခေါင်းဆောင် ဖြစ်ခဲ့သည့်တိုင်အောင် သင်သည် ကျွန်ုပ် သိက္ခာဆည်ဖို့ ကူညီရန် မကြိုးစားခဲ့ရုံမက လူများစွာရှေ့တွင်လည်း ကျွန်ုပ်၏ ပြဿနာများကို သင်ထောက်ပြခဲ့သည်ဟု ခံစားရသောကြောင့် ကျွန်ုပ် လက်မခံနိုင်ခဲ့ပါ။ သို့ရာတွင် ယခု၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အရာသည် စည်းမျဉ်းများ၊ သမ္မာတရားတို့နှင့် အမှန်ပင် ကွဲလွဲနေကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်သည် ဤသို့ မလုပ်ဆောင်ခဲ့သင့်ကြောင်းကိုလည်းကောင်း မြင်ပါသည်။ ခေါင်းဆောင်ရာထူး ရှိခြင်းသည် အဘယ်အရေးကြီးသနည်း။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ပင် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ကျွန်ုပ်တို့အားလုံးသည် အဆင့်အတန်းတွင် တန်းတူညီမျှသည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ကျွန်ုပ်သည် တာဝန်အနည်းငယ်ပို၍ ထမ်းရွက်ခြင်းဖြစ်မျှသာ ဖြစ်သည်။ နောင်တွင် ပြဿနာတစ်ခုခုကို သင်ရှာဖွေတွေ့ရှိလျှင် သင်ပြောသင့်သည့်အရာကို ပြောလော့။ ပြီးလျှင် ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးအာဃာတ ရှိမည်မဟုတ်ပါ။ သမ္မာတရားအပေါ် ကျွန်ုပ်တို့၏ သဘောပေါက်နားလည်မှု၌ ကွဲပြားလျှင် ကျွန်ုပ်တို့ အတူတကွ မိတ်သဟာယ ဖွဲ့နိုင်သည်။ ဘုရားအိမ်တော်တွင်၊ ဘုရားသခင်နှင့် သမ္မာတရားရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြမည်။ စိမ်းကားဖယ်ကြဉ်ကြမည် မဟုတ်” ဟု ဆိုသင့်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်းသဘောထား ဖြစ်သည်။ သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာ ရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန် ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများ ဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သော လူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ဂုဏ်တင်ချီးကျူးပြီးကာ သက်သေခံ၍ သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။ သင်တို့သည် ဤအရာကို စွမ်းဆောင်နိုင်သလော။ အကယ်၍ လူတစ်ဦးက သင်၏ ဂုဏ်သတင်းကို ထိခိုက်သည့် အရာတစ်ခုကို ပြောပြီး သင်သည် တစ်ဘဝလုံး သူ့အပေါ် မကျေမချမ်းဖြင့် ကုန်ဆုံးကာ “သင်သည် ကျွန်ုပ်ကို အဘယ့်ကြောင့် ဖော်ထုတ်ခဲ့သနည်း။ သင့်ကို ကျွန်ုပ် မည်သည့်အခါမျှ လွဲမှားစွာ မဆက်ဆံခဲ့ဖူးပါ။ သင်သည် ကျွန်ုပ်အတွက် အမှုအရာများကို အဘယ့်ကြောင့် ခက်ခဲအောင် အမြဲတမ်း လုပ်ရသနည်း” ဟု ဆိုကာ သင့်စိတ်ထဲတွင် အာဃာတထားလျက် စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်သည့်အပြင် “ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ငါ၌ ဤကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိကာ သင့်ကို ထိုပုံစံဖြင့် စကားပြောခွင့် ပြုမည်မဟုတ်” ဟု အမြဲတမ်း စဉ်းစားနေလျှင် ဤသည်မှာ မည်သည့်သရုပ်သကန်မျိုး ဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို လက်ခံခြင်းမဟုတ်ဘဲ မိမိကိုယ်ကို အခြားသူများနှင့် အတိုက်အခံပြုခြင်းဖြစ်၏။ ယင်းသည် အတော်အတန် အသိခေါက်ခက် အဝင်နက်ခြင်းပင်ဖြစ်၏။ ဤသည်မှာ အဆင့်အတန်းအပေါ် သင်၏ထင်မြင်ချက်က ပြဿနာရှာနေခြင်း မဟုတ်လော။ ဤအရာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အလွန် ဆိုးဝါးနေသည်ကို ပြသည်။ အဆင့်အတန်းနှင့် ပတ်သက်၍ ထင်မြင်ချက်များ အမြဲတမ်း ထားရှိသောသူတို့သည် ဆိုးဝါးသော အန္တိခရစ်စိတ်သဘောထား ရှိသည့် လူများဖြစ်ကြသည်။ ထိုသူတို့သည်လည်း မကောင်းမှု ကျူးလွန်လျှင် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို အလွန်လျင်မြန်စွာ ခံရမည်ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို ငြင်းပယ်ပြီး လက်မခံခြင်းက အလွန် အန္တရာယ်ရှိ၏။ အဆင့်အတန်းရဖို့ အမြဲတမ်း ယှဉ်ပြိုင်လိုစိတ်ရှိခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားလိုခြင်းသည် အန္တရာယ်၏ လက္ခဏာများ ဖြစ်ကြ၏။ လူတစ်ဦး၏ စိတ်နှလုံးကို အဆင့်အတန်းက အမြဲတမ်း ဘောင်ခတ်ထားသောအခါ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အမှုအရာများကို စည်းမျဉ်းအတိုင်း ကိုင်တွယ်နိုင်ဦးမည်လော။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအဖို့အလို့ငှာ အမြဲတမ်း ပြုမူဆောင်ရွက်ပြီး အမှုအရာများ လုပ်ဆောင်ဖို့ မိမိ၏ အာဏာကို အမြဲတမ်း အသုံးချနေလျှင် သူသည် မိမိ၏ သရုပ်အမှန်ကို ပြသနေသည့် သိသာထင်ရှားသော အန္တိခရစ်တစ်ဦး မဟုတ်သလော။
မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းကဲ့သို့သော သရုပ်သကန်များသည် အန္တိခရစ်များ၌ အတွေ့ရဆုံးသော သရုပ်သကန်များ ဖြစ်၏။ နေ့စဉ်ဘဝတွင်ဖြစ်စေ၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်နည်းလမ်းတွင်ဖြစ်စေ၊ အသင်းတော်အသက်တာ၌ ဖြစ်စေ ဤသရုပ်သကန်များကို အမြဲတမ်း တွေ့မြင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤသရုပ်သကန်များမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ချက်များ ဖြစ်၏။ သာဓကအနေဖြင့် လူတစ်ဦး၏ မိမိ၏တာဝန်ကို ကိုင်တွယ်ဖြေရှင်းသည့် ပုံစံ၊ အခြားသူများအား ဆက်ဆံသည့်ပုံစံ၊ အခြားသူများအား ပိုင်းခြားသိမြင်သည့် ပုံစံတို့နှင့် ဆက်စပ်သည့် သမ္မာတရားများသည် မိတ်သဟာယပြုချက်ထဲ၌ ငါတို့ ခြုံငုံပြီးဖြစ်သည့် သမ္မာတရားများ ဖြစ်သည်။ သင်တို့သည် ဤအရာများ၏ ခိုင်လုံသော သရုပ်သကန်များကို သင်တို့၏ သာမန်ဘဝထဲ၌ သိရှိသော်လည်း ယင်းတို့ကို ပြဿနာများဖြစ်သည်ဟု သတိမပြုမိနိုင်ခြင်းလော။ သို့တည်းမဟုတ် သတ်သတ်မှတ်မှတ်ရှိသော ဤပြဿနာများအပေါ် အခြေခံ၍ စတင်ဝင်ရောက်မှု မရှိသေးခြင်းလော။ အကယ်၍ သင်တို့သည် စိတ်သဘောထားများဖြင့် အစမပြုလျှင်၊ သို့မဟုတ် ဤသရုပ်သကန်များကို သင် တစ်ခါတစ်ရံ ပြသော်လည်း ယင်းက စိတ်သဘောထားဆိုင်ရာ ပြဿနာဖြစ်သည်၊ မဖြစ်သည်ကို မသိသောကြောင့် ယင်းတို့ကို မသိကျိုးကျွန်ပြုနေလျှင် သင်သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိဖို့ မည်သို့မျှ နီးစပ်မည်မဟုတ်ပေ။ အကယ်၍ ဤသရုပ်သကန်များက သင် မိမိကိုယ်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံနေခြင်းဖြစ်ကြောင်း သင်သဘောပေါက်ရန် ပျက်ကွက်လျှင်၊ ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံနေရကြောင်း သင်မသိဘဲ ယင်းတို့ကို ပင်ကိုစရိုက် လက္ခဏာတစ်မျိုး သို့မဟုတ် မွေးရာပါ အမှုအရာများလုပ်သည့် သို့မဟုတ် သိမြင်တတ်သည့် နည်းလမ်းအဖြစ် ယူမှတ်ပြီး ဖော့ပြောဖို့ ကြိုးစားသည့်အပြင် ယင်းတို့ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရ ထုတ်ဖော်ချက်များအဖြစ် မယူမှတ်လျှင် သင်သည် ထိုသက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲဖို့ အခက်တွေ့လိမ့်မည်။ စိတ်သဘောထားများနှင့် ဆက်စပ်သည့် လူတို့ သဘောပေါက်နိုင်သောအရာမှာ ယင်းက အမှုအရာများကို ပြုလုပ်သည့်နည်းလမ်း သို့မဟုတ် ၎င်းတို့ ရောက်ရှိနေသည့် အခြေအနေဖြစ်စေ၊ အပြင်ပန်း အပြုအမူ သို့မဟုတ် ၎င်းတို့၏ ပြောပုံဆိုပုံနှင့် စကားများ ဖြစ်စေ၊ အကြောင်းအရာတစ်ခုခုအပေါ် ၎င်းတို့၏ ထင်မြင်ချက်များနှင့် ရှုထောင့်များ သို့မဟုတ် ၎င်းတို့၏ သိနားလည်ခြင်းဖြစ်စေ ယင်းသည် စိတ်သဘောထား အနှစ်သာရနှင့် ဆက်စပ်နေသရွေ့ ၎င်းတို့သည် ယင်းကို လူ့သဘာဝ အနှစ်သာရ၏ ပြယုဂ်တစ်ခု သို့မဟုတ် ထုတ်ဖော်ချက်များအဖြစ် အမြဲတမ်း သဘောထားသင့်သည်။ ထို့ပြင် ဤသို့ဖြင့် ၎င်းတို့၏ သိနားလည်ခြင်းကို ကျယ်ပြန့်စေမည် မဟုတ်လော။ ၎င်းတို့သည် လူတစ်ဦးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ သမ္မာတရားကို မချစ်၊ အဆင့်အတန်းရဖို့ လောဘကြီးသည်၊ သို့မဟုတ် လူတစ်ဦးသည် သူပြောသည့်အရာများဖြင့် လူတို့ကို အထင်အမြင်မှားစေသည် အစရှိသည့် ကြီးမားသော အရာများကိုသာ နားလည်သင့်သည်မဟုတ်ဘဲ အမှန်တွင် အသေးစိတ်ကျသော စိတ်ကူးများနှင့် အကြံများကဲ့သို့ သေးငယ်သော အရာများမှစ၍ အကြောင်းပြချက် သို့မဟုတ် ပြောဆိုချက်ကဲ့သို့ ကြီးမားသော အရာများအထိ အရာရာကိုလည်း နားလည်သင့်သည်။ ငါသည် အားလုံးပေါင်း အကြောင်းအရာ ခြောက်ခုကို ယခုတင် ဖော်ပြခဲ့ကာ ယင်းတို့အထဲတွင် ထင်မြင်ချက်များနှင့် ရှုထောင့်များသာမက အကြောင်းအရာတစ်ခုခုအပေါ် လူတစ်ဦး၏ သိနားလည်ခြင်းလည်း ပါဝင်၏။ ထင်မြင်ချက်များနှင့် ရှုထောင့်များသည် လူတစ်ဦး၏ အသိဉာဏ်နှင့် အတွေးအခေါ်ထဲတွင် တည်ရှိသော အရာများဖြစ်၏။ သိနားလည်ခြင်းသည် သတိပြုထားမိပြီးသော အရာတစ်ခုခုဖြစ်ပြီး လူတစ်ဦးက ခိုင်လုံသော စကားလုံးများနှင့် ပြောဆိုချက်များကို ပုံဖော်နိုင်သောအရာနှင့် ပတ်သက်သည်။ ထို့နောက်တွင် အပြုအမူနှင့် ဘာသာစကားလည်း ရှိ၏။ ဤအရာများမှာ အားလုံးပေါင်း အကြောင်းအရာ လေးခုဖြစ်သည်။ ပြောဆိုချက်များနှင့် အကြောင်းပြချက်များလည်း ပါဝင်သည်။ ပြောဆိုချက်များနှင့် အကြောင်းပြချက်များသည် မည်သည့်အရာနှင့် ဆန့်ကျင်သနည်း။ (အကြံများနှင့် စိတ်ကူးများ ဖြစ်ပါသည်။) စိတ်ကူးများမှာ စိတ်ထဲတွင် မရည်ရွယ်ဘဲ ထွက်ပေါ်လာသည့် အတော်ပင် မရေရာသော အရာများဖြစ်သည်။ ယင်းတို့ကို မှန်သည်၊ သို့မဟုတ် မှားသည်ဟု မသတ်မှတ်ရသေး၊ ယင်းတို့ကို သင် စဉ်းစားရုံစဉ်းစားခြင်း ဖြစ်ကာ သင့်အထဲတွင် ပုံစံမဖော်ရသေးသော်လည်း ပြောထွက်ပြီးသား အကြောင်းပြချက်များမှာ အမှန်တွင် ပုံဖော်ပြီးဖြစ်သည်။ အားလုံးပေါင်း အုပ်စုသုံးခုနှင့် အကြောင်းအရာ ခြောက်ခုဖြစ်၏။ ဤအကြောင်းအရာ ခြောက်ခုကို သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအား စွမ်းဆောင်ရရှိခြင်းအတွက် လမ်းကြောင်းတစ်ခုအဖြစ် လက်ခံလော့။ ယခုမှစ၍ ဤအကြောင်းအရာခြောက်ခုမှနေ၍ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအား စတင်၍ သိနားလည်လော့။ ထို့ပြင် ဤနည်းအားဖြင့် သင်တို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိနားလည်လာမည် ဖြစ်သည်။
သင်တို့သည် ယနေ့မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ကြားခဲ့ပြီးသည့်အရာကို ကျေညက်အောင်နားလည်ဖို့ အချိန်အနည်းငယ် လိုသလော။ သင်တို့သည် အတူတကွ စုရုံးလာသောအခါ အမြင်မှန်တချို့ကို မိတ်သဟာယပြုနိုင်သလော သို့မဟုတ် ဤအခြေခံအုတ်မြစ်အပေါ်တွင် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ချက် ပြုနိုင်သလော။ ဤသည်မှာ သော့ချက်ဖြစ်ပြီး သင်တို့အတွက် အကျိုးပြုဆုံးဖြစ်၏။ သင်တို့သည် အတူတကွ စုရုံးလာသောအခါ မိတ်သဟာယပြုဖို့၊ စိတ်ကူးများကို ဖလှယ်ဖို့အပြင် မိမိတို့၏ အတွေ့အကြုံများနှင့် သဘောပေါက်မှုများကို ဆွေးနွေးဖို့ လိုသည်။ ဤသည်မှာ အထိရောက်ဆုံး ဖြစ်၏။ “တွေးဆသည်” ဟူသည့် စကားလုံးကို ယခင်က ငါတို့ အမြဲ အသုံးပြုခဲ့သည်။ အရပ်စကားတွင် “စားမြုံ့ပြန်သည်” ဟု ငါတို့ပြောတတ်သည်။ ဤသည်မှာ ပို၍ဖတ်ဖို့၊ ဆုတောင်းရင်း ဖတ်ရှုခြင်းကို ပိုလုပ်ဖို့၊ ပို၍စဉ်းစားဖို့၊ ထို့ပြင် ပို၍ရှာဖွေဖို့၊ ထိုအချိန်တွင် သင် နားလည်ခဲ့သည့် အရာကိုသာမက နားမလည်ဘဲ အယူဝါဒအဖြစ်သာ သဘောထားခဲ့သည့်အရာများ၊ အရေးကြီးသောအရာများ၊ လူတိုင်း တလွဲနားလည်ခဲ့ပြီးသည့် အချက်များအပြင် သင် သဘောပေါက်နားလည်ခြင်း မရှိခဲ့သေးသည့် အပိုင်းများ အားလုံးကို ထုတ်နုတ်၍ အလေးထား မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ ဤသည်ကို ပြန်လည် “စားမြုံ့ပြန်ခြင်း”ဟု ခေါ်ဆိုလေ၏။ ဤနည်းအားဖြင့် ဤသမ္မာတရားများ၏ အသေးစိတ်အချက်များ၊ သမ္မာတရားများထဲရှိ အမျိုးမျိုးသော ခြားနားချက်များနှင့် သမ္မာတရားတစ်ခုစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ သိနားလည်ခြင်းက ပို၍ပို၍ ရှင်းလင်းလာပြီး တိကျမှန်ကန်လာမည် ဖြစ်သည်။ မကြာသေးမီက နှစ်များအတွင်း မိမိတို့ နားလည်ထားခဲ့ပြီး လက်တွေ့လုပ်ဆောင်ခဲ့ပြီးသည့် အမျိုးမျိုးသော သမ္မာတရားများသည် ယခင်ကထက် ပို၍ ဒွိဟဖြစ်လာသည် သို့မဟုတ် ပို၍ ရှင်းလင်းလာသည်ဟု သင်တို့ ထင်သလော။ (ပို၍ ရှင်းလင်းလာသည်ဟု ထင်ပါသည်။) ထို့ပြင် ဤနှစ်ကာလများတွင် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုလမ်းကြောင်း၊ သင် ကျင့်ကြံပြုမူသည့် ဦးတည်ချက်အပြင် သင်၏ တာဝန်လုပ်ဆောင်ခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ အရင်းခံအကြောင်းနှင့် မူလတွန်းအားတို့တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခုခု ရှိလာပြီလော။ (ဘုရားသခင်၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အနည်းငယ်ကို ကြုံရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ပြီးနောက် ပြောင်းလဲမှုတစ်ခုခု ရှိလာသကဲ့သို့ ခံစားရသည်။) ပြောင်းလဲမှုရှိလာသည်မှာ မှန်ကန်ပြီး ယင်းမှာ တကယ်ဖြစ်လာရမည့် အရာဖြစ်သည်။ လူအချို့သည် တစ်လျှောက်လုံး တုန်လှုပ်ခြင်းမရှိသည့်အပြင် တရားဒေသနာ အမြောက်အမြား နားထောင်ပြီးနောက် စိုးစဉ်းမျှ ပြောင်းလဲမသွားသေးချေ။ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးများထဲ၌ စေ့ဆော်ခြင်းမခံရပေ။ ဆိုလိုသည်မှာ မည်သည့် စုဝေးပွဲ သို့မဟုတ် မိတ်သဟာယကမျှ သူတို့သွားနေသည့် ဦးတည်ချက်ကို မပြောင်းလဲနိုင်ပေ။ ထိုသူတို့သည် အလွန်ထုံထိုင်းပြီး ဉာဏ်တုံးကြပါတကား။ ကယ်တင်ခြင်းရရှိသည့် လမ်းကြောင်းသည် ယခုတွင် ပို၍ပို၍ ရှင်းလင်းလာသင့်ကာ အတွေ့အကြုံရှိသော သူတို့သည် လူကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်းများနှင့် ထိုသို့ပြုလုပ်ခြင်း၌ သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာနှင့် ကြည်လင်ပြတ်သားစွာ မြင်တွေ့သင့်သည်။ အကယ်၍ ဤနှစ်ကာလများတစ်လျှောက် ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင် သင်သည် လူတို့အား ဘုရားသခင် မည်သို့ကယ်တင်သည်နှင့် ၎င်းတို့အား ဖောက်ပြန်ပျက်စီးခြင်းမှ မည်သို့သန့်စင်သည်ကို မသိသေးလျှင် ယင်းက သင်၌ သမ္မာတရားအား သိနားလည်ခြင်း ဘာမျှမရှိသည့်အပြင် ဘုရားသခင်၏ အလုပ်အား နားလည်သဘောပေါက်ခြင်း စိုးစဉ်းမျှ မရှိသည်ကို ပြသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်း၌ အကုန်ရှုပ်ထွေးနေသည် မဟုတ်လော။
၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။