အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏ (အခန်း သုံး)
၂။ အန္တိခရစ်များသည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားကြ၏
ယခင်က အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်ကဲ့သို့ သဘောထားခြင်း၏ ပထမဆုံး သရုပ်သကန်ဖြစ်သည့် အာဏာကို လက်ဝါးကြီးအုပ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ အန္တိခရစ်တို့ အာဏာကို မည်သို့ရရှိပုံ၊ ယင်းကိုရရှိပြီးနောက် သူတို့၏ အဆင့်အတန်းကို မည်သို့တည်ငြိမ်အောင်လုပ်ပုံနှင့် ထိုအာဏာကို ဆက်လက်၍ ခိုင်မာအောင်လုပ်ပုံ၊ နောက်ဆုံးတွင် ထိုအာဏာကို သူတို့ မည်သို့အသုံးပြုပုံဟူသော တိကျသည့် အကြောင်းအရာများကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းအပြင် အန္တိခရစ်တို့ ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားခြင်း၏ ဒုတိယမြောက် တိကျခိုင်မာသော အလေ့အထမှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းပင် ဖြစ်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်ရန် လွယ်ကူသင့်သည်၊ သို့ဖြစ်လျှင် “အခြေအနေများ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်တစ်ဦးသည် အာဏာကို လက်ဝါးကြီးအုပ်ပြီး မိမိ၏ကိုယ်ပိုင်ပိုင်နက်ကို တည်ထောင်ကာ မိမိ၏အမာခံနောက်လိုက်များ၊ ဘက်တော်သားများနှင့် သြဇာသက်ရောက်မှုနယ်ပယ်တို့ကို စုစည်းပြီးနောက် သူသည် အခြားသူများကို သူ၏အလုပ်တွင် ဝင်ရောက်စွက်ဖက်ခွင့် ပြုနိုင်မည်လော။ သူ ကြီးကြပ်သော ကိစ္စရပ်များနှင့် သြဇာသက်ရောက်မှု နယ်ပယ်တွင် အခြားသူများကို ပါဝင်ပတ်သက်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် သူခွင့်ပြုနိုင်မည်လော။ (သူသည် ဤသည်ကို ခွင့်မပြုပါ။) အန္တိခရစ်တစ်ဦးအတွက် အာဏာသည် သူ၏အသက် ဖြစ်သည်။ သူ၏ သြဇာသက်ရောက်မှုနယ်ပယ်အတွင်း အရာအားလုံးကို သူကသာ အမိန့်ပေးညွှန်ကြားရမည်။ သူ၏ သြဇာသက်ရောက်မှု နယ်ပယ်အတွင်း မည်သည့်အရာပင် ဖြစ်ပျက်စေကာမူ ပါဝင်ပတ်သက်သော လူများနှင့် ကိစ္စရပ်များ၊ ထိုကိစ္စရပ်များ၏ နောက်ဆုံးအကျိုးဆက်များပါ အားလုံးကို သူကပင် ကြံစည်ပြီး ထိန်းချုပ်ရမည်။ ယင်းသည် သူ၏ဆန္ဒများနှင့် ကိုက်ညီရမည်ဖြစ်ပြီး သူ၏လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကာ သူ့ကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေရပေ။ ဥပမာအားဖြင့် အကယ်၍ သူသည် အချို့သောကိစ္စရပ်တွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်စေ၊ ပါဝင်ပတ်သက်ခြင်းဖြစ်စေ၊ ကြိုးကိုင်ညွှန်ကြားခြင်းဖြစ်စေ မပြုဘဲ ယင်းကို ပုံမှန်အတိုင်း သူ့အလိုလို ဖြစ်ပေါ်တိုးတက်ခွင့်ပြုလိုက်လျှင် သူသည် ဂုဏ်သတင်းဆိုး ထွက်လာနိုင်သည် သို့မဟုတ် တစ်စုံတစ်ယောက်၏ တိုင်ကြားခြင်းခံရပြီး ဖြုတ်ချခံရနိုင်သည်၊ ထိုသို့ဆိုလျှင် သူ၏အဆင့်အတန်းသည် ထိခိုက်နိုင်ပြီး သူ ပိုင်ဆိုင်သော အာဏာသည်လည်း ထိုအခါ ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် အသင်းတော်အတွင်း ဖြစ်ပျက်သော ကိစ္စရပ်ကြီးငယ်မဆို အားလုံးအတွက် အန္တိခရစ်သည် ယင်းတို့ကို သူ့ဘာသာသူ ကိုင်တွယ်ရမှဖြစ်မည်။ ဤကိစ္စရပ်များတွင် သူ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းအပြင် သူ၏အာဏာတို့ ပါဝင်သည်။ သူ၏အာဏာနှင့် မသက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်လျှင်မူ သူသည် ယင်းတို့ကို မစုံစမ်းစစ်ဆေးရန် သို့မဟုတ် လျစ်လျူရှုထားရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်ပေသည်။ အထူးသဖြင့် ဘုရားအိမ်တော်၏အလုပ်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှု၊ အသင်းတော်အသက်တာနှင့် ထိုကဲ့သို့သော အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဤအရာများက သူ၏အဆင့်အတန်းနှင့် အာဏာကို မထိခိုက်သရွေ့၊ ပြီးလျှင် ယင်းတို့က အထက်နှင့် သူ၏ အပြန်အလှန်ဆက်ဆံရေးများတွင် မပါဝင်သရွေ့ သူသည် ယင်းတို့ကို ဂရုမစိုက်၊ မစုံစမ်း၊ သို့မဟုတ် စိတ်ဝင်စားမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဧဝံဂေလိအဖွဲ့မှ လစဉ်ရရှိသော လူဦးရေသည် သူ့အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ ယင်းက သူ၏အဆင့်အတန်းကို သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ အကယ်၍ လစဉ် တင်ပြသောအရေအတွက်က သူ၏အဆင့်အတန်းကို အာမခံနိုင်လျှင် သူ၏အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ သူသည် ထိုအရေအတွက်ကို ရရှိရန် အစွမ်းကုန် ကြိုးပမ်းလိမ့်မည်ဖြစ်လင့်ကစား အခြားကိစ္စရပ်များမှာမူ သူနှင့် မသက်ဆိုင်ဘဲ ရှိနေပေမည်။ ဥပမာအားဖြင့် သူ ကြီးကြပ်သောဧရိယာသည် ပုံမှန်အခြေအနေများအောက်တွင် တစ်လလျှင် လူတစ်ရာ ရသင့်သည်ဟု ဆိုကြပါစို့။ သို့ရာတွင် ပတ်ဝန်းကျင်က ခွင့်မပြုခြင်းကြောင့်ဖြစ်စေ၊ ထိုလတွင် အထူးအခြေအနေများ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်စေ၊ အချို့လူများက သူတို့၏ စုံစမ်းစစ်ဆေးဆဲကာလတွင် ရှိနေသေးခြင်းကြောင့်ဖြစ်စေ ရရှိသောလူဦးရေသည် တစ်ရာမပြည့်ခဲ့လျှင် အန္တိခရစ်သည် ဤကိစ္စတွင် အားစိုက်ထုတ်ပြီး စိုးရိမ်ပူပန်လာသည်။ သူသည် မည်သည့်အရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေသနည်း။ ဘုရားသခင်၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ချောမွေ့မှုမရှိသည်ကို သူ မြင်သောကြောင့် ဝန်ပိပြီး စိုးရိမ်ပူပန်နေခြင်းလော။ ဧဝံဂေလိတရားဟောပြောသူများသည် ဝန်တာထားသည့်စိတ် ကင်းမဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်နေ၍ သူတို့ကို မည်သို့ရေလောင်းပေးပြီး ယင်းကို မည်သို့ဖြေရှင်းရမည်ကို သူ စိုးရိမ်နေခြင်းလော။ သို့တည်းမဟုတ် ဧဝံဂေလိတရားဟောပြောရန် လူအင်အား လုံလောက်မှုမရှိခြင်းနှင့် ယင်းကို သူ မည်သို့ ပြုပြင်ပြောင်းလဲပြီး တိုးမြှင့်သင့်သည်ကို စိုးရိမ်နေခြင်းလော။ မဟုတ်ပေ၊ သူသည် ဤအရာများအတွက် စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။ အထက်က သူ၏ လက်သီးပုန်းထိုးသော နည်းလမ်းများကို မသိရှိစေဘဲ ထိုအရေအတွက်ကို တစ်ရာအထိ မည်သို့ရောက်အောင် လုပ်ရမည်ကို သူ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ အကယ်၍ တကယ့်ကိန်းဂဏန်းသည် တစ်ရာအစား ရှစ်ဆယ်သာရှိပြီး သူက အမှန်အတိုင်း တင်ပြလိုက်လျှင် အထက်က အခြေအနေကို စုံစမ်းစစ်ဆေးရန်နှင့် ပိုမိုသိရှိအောင်လုပ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ကောင်း စေလွှတ်နိုင်သောကြောင့် အထက်က တစ်စုံတစ်ရာ မတုံ့ပြန်စေရန် သူသည် အရေအတွက်ကို မည်သို့ တင်ပြနိုင်မည်နည်း။ သူသည် လူ ကိုးဆယ့်ရှစ်ယောက်ဟု တင်ပြသည်။ တစ်စုံတစ်ယောက်က “သင် ဤကဲ့သို့ လိမ်လည်လှည့်ဖြား၍မရ၊ ဤသည်မှာ လှည့်စားခြင်းဖြစ်ပြီး လက်မခံနိုင်စရာဖြစ်သည်” ဟု ပြောသည်။ သူက “အဆင်ပြေပါသည်။ ငါက အဓိကဆုံးဖြတ်သူဖြစ်သည်၊ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ငါ တာဝန်ယူမည်” ဟု ပြန်ပြောသည်။ အဘယ်ကြောင့် သူသည် ဤတိကျသောအရေအတွက်ကို တင်ပြခဲ့သနည်း။ ယင်းနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုခု ရှိသလော။ သူ သေသေချာချာ စဉ်းစားခဲ့သလော။ သူ စဉ်းစားခဲ့သည်။ အမှန်တကယ်အရေအတွက် ရှစ်ဆယ်သာ ရှိသောအခါ လူတစ်ရာဟု တင်ပြခြင်းသည် ကွာခြားချက် အလွန်ကြီးမားပြီး နောက်ပိုင်းတွင် လိမ်လည်မှုကို ဖာထေးရန် ခက်ခဲစေသည်။ သို့ရာတွင် အကယ်၍ သူ ကိုးဆယ့်ရှစ်ယောက်ဟု တင်ပြလျှင် အထက်က တစ်ရာအောက်နည်းသည်ကို မြင်တွေ့မည် ဖြစ်သော်လည်း ယင်းသည် တကယ့်လက်တွေ့ရှိသော အရေအတွက်ဟု ထင်ရပြီး အထက်မှ စစ်ဆေးရန် အစဖော်ပေးမည် မဟုတ်သဖြင့် သူ၏အဆင့်အတန်း လုံခြုံမှု ရှိနေမည်ဖြစ်သည်။ တစ်ခါတစ်ရံ အကယ်၍ သူ လူတစ်ရာရလျှင် သူသည် နှစ်ရာဟု တင်ပြဝံ့ပြီး အထက်က တစ်စုံတစ်ယောက်ကို စေလွှတ်၍ စုံစမ်းစစ်ဆေးပါက သူ၌ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ အပိုတစ်ရာသည် လက်ရှိတွင် စုံစမ်းဆဲဖြစ်ပြီး နောက်လတွင် ရရှိမည်ဟု သူ အခိုင်အမာဆိုသည်။ အကယ်၍ အထက်က ဤသည်ကို စစ်ဆေးရန် မည်သူ့ကိုမျှ မစေလွှတ်ပါက သူသည် သူ၏ စွမ်းဆောင်ရည်များကို ကြွားဝါရန် နည်းလမ်း ရှာဖွေတော့သည်။ တစ်ခါတစ်ရံ အကယ်၍ သူ တစ်လလုံး တစ်ယောက်မျှ မရခဲ့လျှင်ပင် သူသည် လူ သုံးဆယ် သို့မဟုတ် ငါးဆယ်ရသည်ဟု လိမ်လည်တင်ပြပြီး ထို့နောက် နောက်လတွင် ပြန်လည်ဖြည့်ဆည်းရန် နည်းလမ်းရှာဖွေသည်။ အတိုချုပ်ပြောရလျှင် ဧဝံဂေလိတရားဟောပြောခြင်းမှတစ်ဆင့် ရရှိသောလူဦးရေကို တင်ပြသည့်အခါ အန္တိခရစ်သည် ယင်းတို့ကို လှည့်ဖြားရန် ပြောင်းပစ်နိုင်သည်၊ ယင်းတို့နှင့်ပတ်သက်၍ လိမ်ညာနိုင်သည်၊ လှည့်စားနိုင်သည်၊ လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနိုင်ပေသည်။ အရေအတွက်ကို မည်သို့တင်ပြပုံ၊ မည်သည့်အရေအတွက်ကို တင်ပြမည်ကို အန္တိခရစ်က တိုက်ရိုက်ညွှန်ကြားသည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။
အန္တိခရစ်သည် သူ၏အဆင့်အတန်းနှင့် အာဏာကို အသုံးပြု၍ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်ထမ်းဆောင်ခြင်းကို တစ်သမတ်တည်း ဝင်ရောက်စွက်ဖက်ပြီး အနှောင့်အယှက်ပေးသည်။ သူသည် စည်းမျဉ်းများပေါ်အခြေခံ၍ လုပ်ဆောင်ပြီး မိမိတို့၏တာဝန်ကို ထိရောက်စွာ ထမ်းဆောင်သော မည်သူ့ကိုမဆို ဖိနှိပ်ပြီး ဖယ်ကြဉ်သည်။ ဤသို့ပြုမူခြင်း၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန် ဖြစ်သည်၊ သူသည် အလုံးစုံထိန်းချုပ်မှုကို အခိုင်အမာပြုသည်၊ မိမိအောက်ရှိသူများကို နှိပ်ကွပ်ပြီး အထက်ကို လှည့်ဖြားသည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရား ထုတ်ဖော်ခံရခြင်းမှ တားဆီးရန်၊ လူတို့ကို သမ္မာတရား မသိရှိစေရန်၊ အထက်ကို လှည့်စားရန်၊ မိမိအောက်တွင် သူ၏အလုပ်၏ အမှန်တကယ်အခြေအနေကို ဖုံးကွယ်ရန်၊ ပြီးလျှင် သူ တကယ့် အလုပ် တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိနှင့် သူ မည်သို့ အလုပ်လုပ်ဆောင်ခဲ့သည်ကို ဖုံးကွယ်ရန် ဖြစ်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ သူ၏ရည်ရွယ်ချက်မှာ ဖြစ်ရပ်မှန်ကို ဖုံးအုပ်ရန်၊ သမ္မာတရားကို ဖုံးကွယ်ထားရန်၊ သူ၏ ဆိုးယုတ်သော ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်၊ ပြီးလျှင် သူ၏ဒုစရိုက်အမှုများ၊ သူ၏အလွန်အမင်း ဆန့်ကျင်ပုန်ကန်သော လုပ်ရပ်များနှင့် သူ တကယ့်အလုပ် တစ်စုံတစ်ရာ မလုပ်ဆောင်သည့်အပြင် မလုပ်ဆောင်နိုင်သည့်အကြောင်း အမှန်တရား စသည်တို့ကို ဖုံးကွယ်ထားရန် ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်က ငွေပမာဏတစ်ခု လိုအပ်ပြီး သူ၏အသင်းတော်တွင် အလှူငွေ မည်မျှရှိသည်ကို စုံစမ်းသည့်အခါ အန္တိခရစ်သည် ဘုရားအိမ်တော်က မည်မျှလိုအပ်သည်ကို ဦးစွာမေးသည်။ အကယ်၍ သင်က ထောင်ဂဏန်းအနည်းငယ် လိုအပ်သည်ဟု ပြောလျှင် သူ၌ ရာဂဏန်းအနည်းငယ်သာ ရှိသည်ဟု သူ အခိုင်အမာဆိုသည်၊ အကယ်၍ သင်က သောင်းဂဏန်းအနည်းငယ် လိုအပ်သည်ဟု ပြောလျှင် သူ၌ ထောင်ဂဏန်းအနည်းငယ်သာ ရှိသည်ဟု သူ ဆိုသည်။ အမှန်တကယ်တွင် သူသည် အသင်းတော်အလှူငွေ ယွမ်သောင်းပေါင်းများစွာကို ကိုင်ဆောင်ထားပြီး ယင်းကို လက်လွှတ်ရန် ဆန္ဒမရှိပေ။ သူ မကောင်းသောရည်ရွယ်ချက်များ ထားရှိနေခြင်း မဟုတ်လော။ သူ ဘာလုပ်ချင်သနည်း။ သူသည် ဤအလှူငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုရန် သိမ်းပိုက်လိုသည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) အန္တိခရစ်သည် အလှူငွေများကိုပင် လက်မလွှတ်သည့်အထိ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားသည်။ အကယ်၍ သင်က သူ၏အသင်းတော်တွင် စာရေးခြင်း၊ ဂီတ၊ သို့မဟုတ် ဗီဒီယိုထုတ်လုပ်ခြင်းတို့၌ ကျွမ်းကျင်သူ တစ်စုံတစ်ယောက် ရှိမရှိ မေးမြန်းလျှင် သူက “ကျွန်ုပ်တို့တွင် အသက် ခုနစ်ဆယ့်ရှစ်နှစ်အရွယ် စာရေးကျွမ်းကျင်သူ တစ်ဦး ရှိပါသည်၊ သူသည် ယခင်က သတင်းထောက်တစ်ဦးဖြစ်ပြီး ပြင်းထန်သော အစာအိမ်ရောဂါရှိသည်” ဟု ပြောကောင်းပြောပေမည်။ အမှန်တကယ်တွင် ဤသူသည် အသက်သုံးဆယ်ကျော် အရွယ်ကောင်းတစ်ဦးသာ ဖြစ်ပြီး မည်သည့်ပြင်းထန်သော အစာအိမ်ဝေဒနာမျှ ခံစားနေရခြင်း မရှိပေ။ အဘယ်ကြောင့် အန္တိခရစ်သည် သူ၏ချုပ်ကိုင်မှုကို မဖြေလျှော့သနည်း။ အဘယ်ကြောင့် သူ မှားယွင်းသော သတင်းအချက်အလက်များကို ပေးသနည်း။ သူသည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားလိုသည်။ ထိုသို့သော အရည်အချင်းရှိသူကို လက်လွှတ်လိုက်ပါက သူ၏အုပ်စိုးမှုကို ထိခိုက်စေမည်ဟု သူ ယုံကြည်သည်၊ သူသည် ဤအရည်အချင်းရှိသော လူပုဂ္ဂိုလ်များကိုလည်း ဆက်လက် ထိန်းသိမ်းထားလိုသည်။ ဤအရည်အချင်းရှိသောလူများသည် အမှန်တကယ် သူနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) သို့ဖြစ်လျှင် အဘယ်ကြောင့် သူသည် သူတို့ကို လက်မလွှတ်သနည်း။ ဘုရားအိမ်တော်၏ အလုပ်က ဤကျွမ်းကျင်သူများကို လိုအပ်သည့်အခါ အဘယ်ကြောင့် သူ သူတို့ကို မပေးအပ်ဘဲ သတင်းအချက်အလက်များကိုပင် လိမ်လည်လှည့်ဖြားသည်အထိ ပြုလုပ်သနည်း။ သူသည် သူ၏အဆင့်အတန်းကို လုံခြုံအောင်ပြုလုပ်ရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေလိုသည်။ သူသည် အမှန်တကယ်ပင် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနေခြင်း ဖြစ်သည်။ ပါဝင်ပတ်သက်သောသူများ ဤတာဝန်များကို ထမ်းဆောင်ရန် ဆန္ဒရှိမရှိ သူ မမေးမြန်းသကဲ့သို့ ဤသူများ၏အခြေအနေများကို ဘုရားအိမ်တော်သို့ အမှန်အတိုင်း တင်ပြခြင်းလည်း မရှိပေ။ ထိုအစား သူသည် သူတို့ကို မိမိကိုယ်ပိုင်အသုံးပြုရန် ထိန်းသိမ်းထားသည်၊ သို့မဟုတ် အကယ်၍ သူ သူတို့ကို အသုံးမပြုလျှင်ပင် ဘုရားအိမ်တော်သို့ သူတို့ကို မပေးအပ်ဘဲ ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ ဘုရားအိမ်တော်က အသင်းတော်မှ ဗီဒီယိုထုတ်လုပ်သူတစ်ဦး လိုအပ်လျှင် အန္တိခရစ်သည် ဤသည်ကိုမြင်ပြီး “ဗီဒီယိုထုတ်လုပ်ခြင်း၌ ကျွမ်းကျင်သောသူတစ်ဦးကို ပေးခြင်းတွင် ကျွန်ုပ်သည် ထိုသို့သော အခွင့်အလမ်းကောင်းတစ်ခုကို လက်လွှတ်ခံနိုင်မည်လော။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကိုသာ ဖိတ်စေရမည်။ ငါ၏ သမီး၊ သားနှင့် ဆွေမျိုးအနည်းငယ်တို့သည် ဗီဒီယိုထုတ်လုပ်ရေးအကြောင်း အနည်းငယ်ကို နားလည်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ငါ သူတို့ကိုသာ ပေးလိုက်မည်” ဟု စဉ်းစားသည်။ လူများကို ပံ့ပိုးပေးခြင်းကဲ့သို့သော အခွင့်အရေးကောင်းနှင့် ကြုံတွေ့သည့်အခါ သူသည် သူ၏ဆွေမျိုးများနှင့် မိတ်ဆွေများကို ဦးစားပေးပြီး အပြင်လူများအတွက် မည်သည့်အရာမျှ ချန်ထားခြင်းမရှိပေ။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။
အထက်တွင်ဖော်ပြခဲ့သော ဥပမာများပေါ်အခြေခံ၍ အန္တိခရစ်က အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း ဆိုသည်မှာ အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်သည် လူတိုင်းနှင့် အရာအားလုံးကို ထိန်းချုပ်ပြီး ကြိုးကိုင်ညွှန်ကြားကာ အလုံးစုံ လွှမ်းမိုးချုပ်ကိုင်မှုကို အခိုင်အမာပြုသည်ဟု ဆိုလိုခြင်း မဟုတ်လော။ အရာအားလုံးသည် သူ၏လက်ထဲတွင်ရှိပြီး အရာအားလုံးတွင် သူကသာ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ သူသည် အလုံးစုံကို ချုပ်ကိုင်သူ၊ နောက်ကွယ်မှ ညွှန်ကြားပြီး ကြိုးကိုင်ညွှန်ကြားသူ ဖြစ်သည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း ဖြစ်သည်။ အထက်က အခြေအနေကို နားလည်ရန် တစ်စုံတစ်ယောက်ကို သူ၏အသင်းတော်သို့ စေလွှတ်ပြီး ဤသူသည် လူအနည်းငယ်နှင့် စကားပြောလိုပြီး ညီအစ်ကိုမောင်နှမများ သူတို့၏ အသက်ဝင်ရောက်မှုနှင့် သူတို့၏ တာဝန်ထမ်းဆောင်မှုတို့တွင် မည်သို့ရှိနေသည်ကို ကြည့်ရှုလိုသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် တရားဒေသနာ မှတ်တမ်းများကဲ့သို့သော ပစ္စည်းများကို ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းထံ ဖြန့်ဝေပြီးခြင်း ရှိမရှိ စစ်ဆေးလိုသည့်အခါ အန္တိခရစ်က “ပြဿနာမရှိပါ၊ ကျွန်ုပ် သင့်ကို ညီအစ်ကိုမောင်နှမအိမ်နှစ်အိမ်သို့ ခေါ်သွားပါမည်” ဟု ဆိုသည်။ ဤလူနှစ်ဦးမှာ မည်သူတို့နည်း။ သူတို့နှစ်ဦးလုံး အန္တိခရစ်၏ ပိုင်နက်အတွင်းမှ လူများ မဟုတ်ကြသလော။ (ဟုတ်ပါသည်။) ဤလူနှစ်ဦးမှာ သူ၏ ညီမနှင့် သူ၏ ယောက်ဖတို့ ဖြစ်ကြသည်။ အထက်မှ စေလွှတ်လိုက်သောသူကို ဤအိမ်နှစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ဤလူနှစ်ဦးက “ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် အလွန်ကောင်းမွန်ပြီး ကျွန်ုပ်တို့တွင် တရားဒေသနာအမျိုးမျိုး၊ မိတ်သဟာယဖွဲ့ခြင်းအမျိုးမျိုးနှင့် သက်သေခံချက်ဗီဒီယိုအမျိုးမျိုး ရှိပါသည်။ ကျွန်ုပ်တို့၏ အသင်းတော်ခေါင်းဆောင်သည် အသင်းတော်အလုပ်အတွက် ရက်အတော်ကြာ အဝေးရောက်နေခဲ့ပြီး အိမ်ပြန်မရောက်သေးဘဲ ရှိနေခဲ့သည်” ဟု ဆိုကြသည်။ မည်သူပင် သူ၏အသင်းတော်သို့ သွားသည်ဖြစ်စေ သူတို့သည် အခြေအနေအမှန်ကို စိုးစဉ်းမျှ သိရှိနားလည်နိုင်ခြင်းမရှိပေ။ အန္တိခရစ်သည် အသင်းတော်ရှိ စစ်မှန်သော အခြေအနေ၊ ပေါ်ပေါက်ခဲ့သော ပြဿနာများ၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသော ဆိုးယုတ်သည့်လူများ၊ မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေသူများ၊ မည်သည့်အလုပ်တာဝန်များတွင် ချွတ်ချော်မှုများ ဖြစ်ပေါ်ခဲ့သည့် စသည်တို့နှင့်ပတ်သက်သည့် အရာအားလုံးကို ဖုံးကွယ်ထားသည်။ သင် ထိုနေရာသို့ သွားသည့်အခါ သင် မြင်တွေ့ရသည်မှာ နှစ်သက်ဖွယ်ကောင်းသော မြင်ကွင်းများသာဖြစ်ပြီး အားလုံးမှာ အတုအယောင် အသွင်အပြင်တစ်ခုသာ ဖြစ်သည်။ မှတ်သားဖွယ် အချက်တစ်ချက်သာ ရှိသည်၊ အကယ်၍ အထက်မှ စေလွှတ်လိုက်သောသူက အသင်းတော် လှူဖွယ်ပစ္စည်းများကို သိုလှောင်ရန် သင့်တော်သောနေရာ ရှိမရှိနှင့် လှူဖွယ်ပစ္စည်းအချို့ကို ယူသွားရန် လိုအပ်ခြင်း ရှိမရှိ စုံစမ်းမေးမြန်းပါက အန္တိခရစ်သည် အသင်းတော်လှူဖွယ်ပစ္စည်းများမှာ များများစားစား မရှိကြောင်း အလျင်အမြန် ပြောဆိုသည်။ အခြားအလုပ်အားလုံးနှင့်ပတ်သက်၍ သူသည် အပြုသဘောဆောင်စွာ ပြောဆိုသော်လည်း လှူဖွယ်ပစ္စည်းများနှင့်ပတ်သက်သည့် အခြေအနေနှင့်ပတ်သက်၍မူ ထိုသူ စကားမပြောနိုင်မီ သူက စကားစကို ဖြတ်လိုက်သည်။ အန္တိခရစ်သည် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရန် သင့်တော်သော အသင်းတော်ဝန်ထမ်းများကို ထိန်းချုပ်ထားပြီး တစ်ချိန်တည်းမှာပင် သူတို့ နှစ်သက်သောသူအချို့ကိုဖြစ်စေ၊ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်များနှင့် မကိုက်ညီသောသူများကိုဖြစ်စေ၊ အထူးသဖြင့် လူ့သဘာဝမကောင်းဘဲ ဆိုးယုတ်သောဝိညာဉ်တစ်ခု အလုပ်လုပ်နေသော အချို့လူများကိုဖြစ်စေ၊ အခြေခံအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ကင်းမဲ့သော၊ လူ့သဘာဝသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော၊ မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်သော၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ကင်းမဲ့သော၊ ဘာသာတရားမရှိသူများကဲ့သို့ပင် ဖြစ်သော အခြားသူများကိုဖြစ်စေ ပေးအပ်လေ့ရှိသည်။ မိမိတို့၏တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းအပြင် ဤလူများသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများလည်း ဖြစ်စေပြီး စည်းကမ်းမဲ့သောအပြုအမူများကို လုပ်ဆောင်ကြကာ အချို့မှာ ဒုက္ခဆင်းရဲကို ခါးစည်းမခံနိုင်ဘဲ ဘုရားအိမ်တော်မှ ထွက်ခွာလိုကြသည်။ အချို့မှာ အခြေအမြစ်မရှိသော ကောလာဟလများကိုပင် ဖြန့်ဝေပြီး အယူအဆများကိုလည်း ဖြန့်ချိကြသည်၊ အခြားသူများမှာမူ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်ဘဲ ရုပ်မြင်သံကြားဇာတ်လမ်းများ သို့မဟုတ် အခြားအဓိပ္ပာယ်မဲ့သော ဗီဒီယိုအများအပြားကို ကြည့်ရှုလျက် နေ့ရက်များကို ကုန်ဆုံးကြသည်။ ပြီးလျှင် အဆုံးတွင် ဘာဖြစ်သွားသနည်း။ ဤလူများထဲမှ အချို့သည် အဝေးသို့ ပို့ခံရသည်။ အဝေးသို့ပို့ခံရသူများထဲတွင် ကိုးဆယ့်ငါးရာခိုင်နှုန်းကျော်မှာ လူ့သဘာဝမကောင်းကြပေ။ သူတို့၏လူ့သဘာဝ မည်မျှ ဆိုးရွားသနည်း။ အလွန်အမင်း ဆိုးရွားသည်။ သူတို့တွင် လူ့သဘာဝ ကင်းမဲ့ပြီး အချို့မှာ ဘုရားသခင်ကို လုံးဝ မယုံကြည်ကြပေ။ ဤလူများ အဘယ်က လာကြသနည်း။ သူတို့အားလုံးကို အသင်းတော်မှ ပံ့ပိုးပေးခဲ့ခြင်း မဟုတ်လော။ သူတို့ကို အသင်းတော်မှ ပံ့ပိုးပေးခဲ့သောကြောင့် သူတို့ကို ပံ့ပိုးပေးခဲ့သော လူများတွင် ပြဿနာရှိရမည်သာ ဖြစ်သည်။ ဤလူများထဲမှ အချို့သည် အန္တိခရစ်များ ဖြစ်နိုင်ပြီး ပံ့ပိုးပေးခြင်းခံရသော လူပုဂ္ဂိုလ်များသည် အန္တိခရစ်တို့၏ ဆွေမျိုးများ၊ ဘက်တော်သားများ သို့မဟုတ် အမာခံနောက်လိုက်များ ဖြစ်နိုင်ချေကို ပယ်ချ၍ မရနိုင်ပေ။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ အမှန်တကယ် လူ့သဘာဝရှိပြီး အသိစိတ် အနည်းငယ် ရှိသော တစ်စုံတစ်ယောက်သည် ပါရမီရှိသော လူပုဂ္ဂိုလ်များကို ပံ့ပိုးပေးခြင်းဟူသော အရေးကြီးသည့်ကိစ္စကို ဂရုတစိုက် ကိုင်တွယ်နိုင်မည်လော။ သူတို့ အနည်းငယ်မျှ တာဝန်ယူနိုင်မည်လော။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်အချို့ကို သူတို့ ဖယ်ရှားရှင်းလင်းနိုင်မည်လော။ လူ့သဘာဝနှင့် အသိစိတ်ရှိသော တစ်စုံတစ်ယောက်သည် ဤသည်ကို လုံးဝ အောင်မြင်ဖြစ်မြောက်နိုင်ပြီး အောင်မြင်ဖြစ်မြောက်နိုင်ခြင်းမရှိသော လူစားတစ်မျိုးတည်းသာ ရှိသည်၊ ယင်းမှာ အန္တိခရစ်များ ဖြစ်ကြသည်။ သူတို့သည် ကောင်းသောအရာအားလုံးကို မိမိတို့အတွက်သာ သိုလှောင်ထားလိုပြီး သူတို့အတွက် အကျိုးမရှိသောအရာ မှန်သမျှကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကြသည်။ ဤသို့သောသူများသည် အန္တိခရစ်များ ဖြစ်ကြသည်။
အန္တိခရစ်တို့သည် အသင်းတော်တွင် အလုံးစုံထိန်းချုပ်မှုကို အခိုင်အမာပြုပြီး ကိစ္စရပ်များကို အမိန့်ပေးညွှန်ကြားရန် အစဉ်သဖြင့် လိုလားခြင်းအပြင် အခြေအနေများကို သူတို့ ကြိုးကိုင်ညွှန်ကြားရာ၌ ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရှုထောင့်တစ်ခု ရှိသေးသည်။ မိမိတို့၏ အမာခံနောက်လိုက်များနှင့်အတူ ပူးပေါင်းကြံစည်နေသော အန္တိခရစ်တို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်မည်လော၊ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော၊ ဘုရားအိမ်တော်၏အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်လော၊ ပြီးလျှင် သူတို့၏တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော။ (သူတို့ မဖြည့်ဆည်းနိုင်ပါ။) ထို့ကြောင့် သူတို့ အတူတကွ ပူးပေါင်းကြံစည်နေကြသည်ဟု ငါ ပြောခဲ့ခြင်း ဖြစ်သည်။ သူတို့ ပူးပေါင်းကြံစည်သည်ဟု ဆိုလိုက်သည်နှင့် သူတို့ အတူတကွ ပြောဆိုပြီး လုပ်ဆောင်သမျှ အရာအားလုံးတွင် လက်သီးပုန်းထိုးသော လျှို့ဝှက်လုပ်ဆောင်ချက်များ ပါဝင်ကြောင်း ထင်ရှားလာသည်။ အပေါ်ယံအားဖြင့် ဤလူများသည် ဖော်ရွေကြပုံ၊ လူကြီးသူမကို ရိုသေကြပုံ၊ တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင်ကြင်နာကြပုံ၊ ရည်မွန်ပြီး လေးစားကြပုံ၊ ထို့ပြင် ယဉ်ကျေးပြီး အကျင့်စာရိတ္တကောင်းမွန်ကြပုံ ပေါ်သည်။ အမှန်တကယ်တွင် ယင်းတို့အားလုံးသည် အပေါ်ယံဆန်ကာ လိမ်လည်လှည့်ဖြားပြီး ကြောင်သူတော်ဆန်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ဤမျှ ရည်မွန်ပြီး အဆုံးစွန် လေးစားမှုနှင့် ယဉ်ကျေးမှုကို ပြသနိုင်ကြသနည်း။ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ သူတို့ အတူတကွ ပူးပေါင်းကြံစည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အလိုတော်ကို လိုက်နာပြီး အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ မိမိတို့၏အားနည်းချက်များကို ထေမိစေဖို့ တစ်ဦးထံမှတစ်ဦး သင်ယူရန် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင် တစ်ဦးကိုတစ်ဦး ထောက်ပံ့ရန် မဟုတ်ပေ။ ထိုအစား ယင်းမှာ အပြန်အလှန် အသုံးချမှု၊ မှီခိုမှုနှင့် ကူညီမှုတို့အတွက် ဖြစ်သည်။ သူတို့ ပူးပေါင်းကြံစည်ကြသည်၊ အကြောင်းမှာ လူများလေ အာဏာပိုရှိလေ ဖြစ်ပြီး အာဏာပိုရှိလေ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူလေဖြစ်ကာ ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် လွယ်ကူစေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့ အတူရှိနေသည့်အခါ သူတို့သည် စည်းလုံးသောမိသားစုတစ်ခုကဲ့သို့ အလွန်သင့်မြတ်ကြပုံပေါ်သည်။ သူတို့သည် အသက်ကြီးသော လူပုဂ္ဂိုလ်များကို ယဉ်ကျေးစွာ ခေါ်ဝေါ်ကြပြီး အသက်အရွယ်တူသူများကို ချစ်ခင်တွယ်တာမှုဖြင့်လည်းကောင်း၊ လောကဝတ်အပြည့်ဖြင့်လည်းကောင်း “အစ်မ၊ ညီမ” သို့မဟုတ် “အစ်ကို၊ ညီ” ဟု ခေါ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အခြေအနေမှန်ကို မသိရှိပါက သူတို့၏ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်ကူညီမှုနှင့် တစ်ဦးအပေါ်တစ်ဦး မှီခိုမှုတို့အတွက် သူတို့ကို ချီးကျူးကောင်းပင် ချီးကျူးပေမည်၊ သူတို့သည် အခက်အခဲကြုံတွေ့ချိန်တွင် ကူညီသောလက်တစ်စုံ ကမ်းရန် ဆန္ဒရှိပုံပေါ်ပြီး သူတို့က “ကျွန်ုပ်တို့အားလုံး မိသားစုဝင်များ ဖြစ်ကြသည်၊ ကျွန်ုပ်တို့ တူညီသောဘုရားတစ်ဆူကို ယုံကြည်ကြသည်” ဟု ဆိုလျက် အလွန် ပျော်ရွှင်ပြီး ကျေနပ်နေကြသည်။ သူတို့ စကားပြောဆိုနေစဉ် သူတို့သည် အဓိပ္ပာယ်ပါသော မျက်ရိပ်ပြခြင်းများမှတစ်ဆင့် မိမိတို့၏ ချစ်ခြင်းမေတ္တာကို မျှဝေကြပြီး သူတို့ အမှန်တကယ်ပင် မိသားစုတစ်စု ဖြစ်ကြောင်းနှင့် စည်းလုံးသော အုပ်စုတစ်စု ဖြစ်ကြောင်း ထပ်မံအတည်ပြုကြသည်။ သို့ဖြစ်လျှင် သူတို့ အတူတကွ ပူးပေါင်းကြံစည်သည့်အခါ အတိအကျ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ဥပမာအားဖြင့် အသက်ကြီးသော ညီအစ်မတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အထွေထွေမန်နေဂျာဖြစ်ပြီး ကျယ်ပြန့်သော လူမှုရေးရာ ဆက်ဆံမှုများနှင့် အဆက်အသွယ်များ ရှိသည်။ သူသည် အန္တိခရစ်၏ ပိုင်နက်အတွင်းရှိ လူများအတွက် အမှုအရာများစွာကို လုပ်ဆောင်ပေးခဲ့ပြီး လူအများစုသည် သူမထံမှ အကူအညီများ ရရှိခဲ့သောကြောင့် သူတို့က သူမကို သူတို့၏ “အစ်မကြီး” ဟု ရည်ညွှန်းခေါ်ဝေါ်ကြသည်။ တစ်စုံတစ်ယောက်၏အိမ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ဥပမာ သားတစ်ယောက် တက္ကသိုလ်တက်ခြင်း သို့မဟုတ် သမီးတစ်ယောက် အလုပ်ရှာဖွေခြင်းကဲ့သို့သော ကိစ္စများတွင် သူတို့သည် သေချာပေါက် သူမနှင့် တိုင်ပင်ပြီး ကိစ္စရပ်များကို ဖြေရှင်းရာတွင် သူမ၏အကူအညီကို ရယူကြ၏။ အကယ်၍ တစ်စုံတစ်ယောက် ဆေးရုံတင်ရပြီး အသင်းတော်တွင် ဆေးရုံတွင် အလုပ်လုပ်သော လူတစ်ဦးရှိကာ သူတို့ကို တင်သွင်းလာသောဆေးဝါးများ ရရှိရန် ကူညီနိုင်လျှင် အန္တိခရစ်သည် ဤသူကို ရင်းနှီးသော အတွင်းလူတစ်ဦးအဖြစ်လည်းကောင်း၊ မိသားစုဝင်အဖြစ်လည်းကောင်း လျင်မြန်စွာ မှတ်ယူလိုက်သည်။ သူတို့သည် ထိုသို့သောတာဝန်များကို ကိုင်တွယ်ဖြေရှင်းရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးရှိစေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေများကို ဖန်တီးရန် အတူတကွ ပူးပေါင်းကြံစည်ကြသည်။ ထို့ကြောင့် သူတို့ အတူရှိနေသည့်အခါ သူတို့သည် အလွန်အမင်း ဆက်ဆံရေးကောင်းမွန်ပြီး သဟဇာတဖြစ်နေပုံ၊ အလွန် ပျော်ရွှင်နေကြပြီး ဘယ်သောအခါမျှ ရန်မဖြစ်ကြပုံ ပေါ်သည်။ သို့ရာတွင် ဤသဟဇာတဖြစ်မှု၏ နောက်ကွယ်၌ လူတစ်ဦးစီတိုင်းသည် အခြားတစ်ဖက်ကို မည်သို့အသုံးချမည်၊ အခြားသူများကို မည်သို့အသုံးပြုမည်ကို စဉ်းစားသည့်အပြင် အပြန်အလှန်အကျိုးကျေးဇူးများ ဖန်တီးပြီး အခြားသူများ၏ ကျေးဇူးကို ပြန်ဆပ်ရင်း မိမိတို့က အခြားသူများကို မည်သို့ကူညီနိုင်မည်ကို စဉ်းစားလျက် လျှို့ဝှက်စွာ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များကို သိုဝှက်ထားကြသည်။ အန္တိခရစ်သည် သူတို့၏ပိုင်နက်ကို တည်ထောင်ပြီး သူတို့၏ အမာခံနောက်လိုက်များ ရှိလာပြီးနောက် နေ့စဉ်အသက်တာရှိ အသေးအဖွဲကိစ္စအားလုံးတွင် ကူညီရန် သူတို့၏အဖွဲ့နှင့် သူတို့၏ “မိသားစု” ရှိနေလေသည်။ ဥပမာအားဖြင့် အလုပ်ရှာဖွေခြင်း၊ ကောလိပ်တက်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြင်းထန်သောဖျားနာမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ သို့မဟုတ် ဖမ်းဆီးခံရပြီးနောက် ထောင်မှလွတ်မြောက်ရန် ကြားဝင်ဖျန်ဖြေသူတစ်ဦးကို ငွေပေး၍ရှာဖွေခြင်းပင်ဖြစ်စေ ဤအရေးကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ယောက် ရှိနေသည်။ အန္တိခရစ်၏ရှုထောင့်မှကြည့်လျှင် ဤ “မိသားစုဝင်များ” သည် အသုံးဝင်သည် မဟုတ်လော။ သူတို့ကို အားကိုး၍မရနိုင်ဘူးလော။ သူတို့ တစ်ဦးနှင့်တစ်ဦး မှီခိုပြီး ကူညီ၍မရနိုင်ဘူးလော။ (ရပါသည်။) ထို့ကြောင့် ထိုသို့သောပိုင်နက်အတွင်း၌ မြင်တွေ့ရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ စည်းမျဉ်းများအဖြစ်ထား၍ အတူတကွ ပေါင်းသင်းဆက်ဆံသောလူများ သို့မဟုတ် မိမိတို့၏ အသိစိတ်အတိုင်း ပြုမူသောလူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သောလူများ၊ ဘုရားသခင်ကို ကိုးကွယ်သောလူများ၊ တစ်ဦးနှင့်တစ်ဦး ပုံမှန်ပေါင်းသင်းဆက်ဆံသောလူများ၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယ ဖွဲ့သောလူများ၊ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး မိမိတို့ကိုယ်ကို အရှိအတိုင်း ဖော်ပြသောလူများ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မိတ်သဟာယဖွဲ့၍ သိရှိသောလူများ၊ သို့မဟုတ် မိမိတို့၏အားနည်းချက်များကို ပြုပြင်ရန် တစ်ဦးထံမှတစ်ဦး သင်ယူသောလူများ မဟုတ်ပေ၊ ထိုသို့သောအရာမျိုး လုံးဝမရှိပေ။ ဤအုပ်စု၊ ဤပိုင်နက်သည် အန္တိခရစ်၏ဂိုဏ်း၏ ပိုင်နက်ဖြစ်သည်၊ ထိုနေရာတွင် သမ္မာတရားက အာဏာကိုင်စွဲခြင်း မရှိ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စိတ်နှလုံးထဲတွင် မရှိပေ။ ထိုအစား အန္တိခရစ်၏ ဂိုဏ်းသည် ဤနေရာတွင် ကျေနပ်စွာ၊ သက်သောင့်သက်သာဖြစ်စွာနှင့် နှစ်ခြိုက်စွာ နေထိုင်ကြပြီး ယင်းကို မိမိတို့၏ကိုယ်ပိုင်အိမ်အဖြစ် သဘောထားကြသည်။ လက်တွေ့တွင် ဤသည်မှာ ဘုရားအိမ်တော်လည်းမဟုတ်၊ အသင်းတော်လည်းမဟုတ်ပေ၊ ယင်းမှာ လူ့အဖွဲ့အစည်း၊ အန္တိခရစ်၏ဂိုဏ်းသာ ဖြစ်သည်။
အန္တိခရစ်တို့သည် အသင်းတော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်သို့ ပြောင်းလဲကာ ယင်းကို လူမှုရေးအုပ်စုတစ်ခုနှင့် မိမိတို့၏ ဂိုဏ်းတစ်ခုအဖြစ် အသွင်ပြောင်းကြသည်။ ၎င်းတို့သည် ဖျက်ဆီးတတ်သော၊ မုန်းတီးဖွယ်ဖြစ်သော လုပ်ဆောင်ချက်များတွင် ပါဝင်လုပ်ဆောင်ကြပြီး ဘာသာတရားမရှိသူတို့၏ နည်းဗျူဟာများ၊ နည်းလမ်းများဖြင့်သာ လုံးလုံး ပြောဆိုကြသည်၊ သို့မဟုတ် ပြုမူကြသည်။ တစ်ဦးစီတိုင်းသည် လျှာအရိုးမရှိ ပြောတတ်သည်၊ စကားပြောဆိုရာတွင် ပေါ့ပြက်ပြက်နိုင်သည်၊ လူမိုက်အကျင့်စရိုက်များနှင့် ပြည့်နှက်နေသည်၊ မသိမသာ ဒုက္ခပေးတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြသည်။ အပြင်ပန်းတွင်မူ ၎င်းတို့သည် မိမိတို့ကိုယ်ကို ယဉ်ကျေးသူ၊ သိမ်မွေ့သူ၊ ဖော်ရွေသူ၊ စည်းကမ်းရှိသူများ၊ ကောင်းမွန်စွာ ပြုမူတတ်သူအဖြစ်လည်းကောင်း၊ အစွမ်းအစ၊ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသူများအဖြစ်လည်းကောင်း ဟန်ဆောင်ကြသည်။ သို့ရာတွင် ၎င်းတို့တစ်ဦးစီတိုင်းသည် စင်စစ်အားဖြင့် မသိမသာ ဒုက္ခပေးတတ်သည်၊ စဉ်းလဲကာ ယုတ်ညံ့ပြီး ကောက်ကျစ်ဆိုးယုတ်သော စရိုက် ရှိကြသည်။ ၎င်းတို့သည် အတူတကွ လျှို့ဝှက်ပူးပေါင်းကြံစည်ကြပြီး အဆက်အသွယ်များ ထူထောင်ကာ သြဇာလွှမ်းမိုးမှု ပြိုင်ဆိုင်၍ ခမ်းကြီးနားကြီး ပြုမူမှုများကို အာရုံစိုက်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုအသိုင်းအဝိုင်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာ ဆက်ဆံရေးများကို အလေးပေးကြသည်။ လူ့အဖွဲ့အစည်းအတွင်း မည်သူက ပို၍ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည်၊ ပို၍မြင့်မားသော အဆင့်အတန်းရှိပြီး ပို၍ ဂုဏ်သိက္ခာရှိသည်၊ ထို့အပြင် မည်သူက ဗျူဟာပိုင်းတွင် အတော်ဆုံးဖြစ်သည်ကို ၎င်းတို့ အာရုံစိုက်ကြသည်။ သူတို့၏ စကားနှင့် အပြုအမူတို့မှနေ၍ သင်တို့အနေဖြင့် စစ်မှန်သော ယုံကြည်လက်ခံခြင်း တစ်ခုတလေကိုမျှ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအတွက် အသေးငယ်ဆုံးသော နေရာတစ်ခု ရှိသည်ကိုပင် သင်တို့ သာ၍ မြင်နိုင်ဖွယ်မရှိချေ။ သူတို့၏ ယုံကြည်လက်ခံခြင်းသည် ကစားပွဲတစ်ခုနှင့် လိမ်လည်လှည့်ဖြားမှုတစ်ခုမျှသာ ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်သော စရိုက်ရှိသူများသည် အသင်းတော်ကို လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့၊ ကောက်ကျစ်ဆိုးယုတ်သော စရိုက်ရှိသူတို့ အတူတကွ လျှို့ဝှက်ပူးပေါင်းကြံစည်ရန် ပိုင်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့ကြပြီး တစ်ချိန်လုံး စကားကြီးစကားကျယ်များကို အဆက်မပြတ် ပြောဆိုကြကာ ဤသို့ ဆိုကြသည်၊ “ကျွန်ုပ်တို့သည် ဘုရားကို ယုံကြည်သည်၊ ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်သည်၊ ဘုရားနောက်သို့ ဤသို့ လိုက်လျှောက်သည်၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ၏ ကောင်းကျိုးချမ်းသာအတွက် ထိုသို့သောနည်းလမ်းဖြင့် ထောက်ပံ့ဖြည့်ဆည်းသည်၊ သူတို့ကို ဤသို့ ကူညီပြီး ပံ့ပိုးပေးသည်၊ ပြီးလျှင် ဤသို့သောနည်းလမ်း၊ ထိုသို့သောနည်းလမ်းဖြင့် အချင်းချင်း ချစ်ကြသည်” ဟူ၍ ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေပြီး အမိဖမ်းသော ကောက်ကျစ်ဆိုးယုတ်သည့် နည်းလမ်းများမှတစ်ဆင့် အမျိုးမျိုးသော ယုတ်ညံ့သည့် နည်းလမ်းများနှင့်အတူ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုကြသည့်တိုင် ၎င်းတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည်၊ ညီအစ်ကိုမောင်နှမများကို ကူညီနေသည်၊ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေပြီး ကိုယ်တော့်အတွက် သက်သေခံနေသည်ဟု ယုံကြည်နေကြသည်။ ဤလုပ်ဆောင်ချက်များနှင့် အပြုအမူများ၏ နောက်ကွယ်၌ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနေသော အန္တိခရစ်တို့၏ အနှစ်သာရ တည်ရှိနေသည်ကို သူတို့ နားလည်သဘောပေါက်ခြင်း အနည်းငယ်မျှ မရှိပေ။ အန္တိခရစ်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့ကို မိမိတို့၏ အာဏာအောက်၌ အမိဖမ်းကြပြီး အသင်းတော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်သို့၊ လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့၊ စာတန်၏ အာဏာအောက်ရှိ လူတို့၏ အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲကြသည်။ ထိုသို့သော အဖွဲ့အစည်းသည် အသင်းတော်တစ်ခုအဖြစ် ဆက်လက် မှတ်ယူ၍ ရနိုင်ဦးမည်လော။ မရနိုင်သည်မှာ သိသာထင်ရှားသည်။ အန္တိခရစ်တို့၏ အပြုအမူသည် လုံးဝကို အော်ဂလီဆန်စေသည် မဟုတ်လော။ သင်တို့ ဤကဲ့သို့သော အန္တိခရစ်တစ်ဦး၏ ဂိုဏ်းကို တစ်ခါမျှ မြင်ဖူးသလော။ သူတို့အလယ်၌ သင် ရှိနေသည့်အခါ သင် မည်သို့ ခံစားရသနည်း။ အပြင်ပန်းတွင်မူ သူတို့သည် ရည်မွန်ပြီး ဖော်ရွေပုံရသည်၊ သို့သော် သူတို့အား သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့ ပြသသော သဘောထားမှာ သူတို့၏ အပြင်ပန်း ရည်မွန်ခြင်း၊ ဖော်ရွေခြင်းတို့နှင့် ဆန့်ကျင်လျက် အထူးသဖြင့် ရွံရှာစက်ဆုပ်ခြင်းနှင့် စိတ်ဝင်စားမှု ကင်းမဲ့ခြင်း ဖြစ်သည်။ သူတို့အား သမ္မာတရားကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့က သင့်ကို အပြင်လူတစ်ဦးကဲ့သို့ ခံစားရပြီး အသင်းတော်၏ အလုပ်ကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့ သာ၍ပင် ထိုသို့ ခံစားရသည်။ သင်တို့ တာဝန်တစ်ခုကို ထမ်းဆောင်ရာ၌ လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ ဆက်လက် မိတ်သဟာယဖွဲ့သည့်အခါ သူတို့သည် မချင့်မရဲဖြစ်ကာ စိတ်မဝင်စားကြတော့ပေ၊ ထိုအချိန်မှာပင် သူတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြကြသည်၊ သူတို့ ခေါင်းကုတ်ကြသည်၊ သမ်းဝေကြသည်၊ သူတို့၏ မျက်လုံးများ မျက်ရည်ဝဲလာကြသည်။ ဤသည်မှာ ပုံမှန်မဟုတ်သည် မဟုတ်လော။ သမ္မာတရားကို သင်မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါး ပုံသဏ္ဌာန်သည် အဘယ့်ကြောင့် ပေါ်ထွက်လာသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၌ ၎င်းတို့၏ စိတ်နှလုံးများတွင် မေတ္တာများများစားစား မရှိသလော။ သမ္မာတရားအကြောင်းကို သင်စတင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က အဘယ်သို့များ စိတ်ပါဝင်စားခြင်း မရှိတော့သနည်း။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ အပြင်ပန်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၌ ကြီးစွာသော စိတ်ထက်သန်မှုနှင့် သစ္စာစောင့်သိမှုတို့ မရှိသလော။ ၎င်းတို့သည် သစ္စာစောင့်သိပါက ၎င်းတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်သလော။ ၎င်းတို့၌ စစ်မှန်မှုရှိပါက သမ္မာတရားကို လူတို့မိတ်သဟာယပြုသည်ကို ကြားသည့်အခါ ၎င်းတို့ပျော်သင့်သည်၊ ယင်းကို ၎င်းတို့ တမ်းတသင့်သည်။ ၎င်းတို့၏ အခြေအနေသည် ဆိုးယုတ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းပင် ဖြစ်ပေါ်ကာ အဘယ်ကြောင့် အစဉ်သဖြင့် ပုံမှန်မဟုတ်သနည်း။ ၎င်းတို့၏ ပုံမှန် သဟဇာတရှိသော ဆက်ဆံမှုများ၊ ၎င်းတို့၏ ယဉ်ကျေးခြင်းနှင့် ဖော်ရွေမှုတို့သည် လုံးဝ အတုအယောင်ဖြစ်ကြောင်း ယင်းက ပြသသည်။ ၎င်းတို့ကို လုံးလုံးလျားလျား ထုတ်ဖော်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့် သမ္မာတရားများဖြစ်၏။ ထို့နောက် သူတို့၏ဒေါသသည် ပြည့်လျှံလာကာ သူတို့၏အခြေအနေသည် ခါတိုင်းနှင့် အတော်ကို မတူဘဲဖြစ်ကာ သူတို့သည် မကောင်းမှုပြုရန်နှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေရန် စတင်ကြသည်။ ထို့နောက် ဘုရားသခင်က သူတို့ကို စာတန်ထံသို့ ပေးအပ်ပြီး သူတို့နှင့်ပတ်သက်၍ စိတ်မဝင်စားတော့ပေ။ သူတို့၏ မရေမတွက်နိုင်သော ဆိုးယုတ်သောအပြုအမူများတွင် သူတို့၏ စရိုက်မှန်ကို ပြသခဲ့ပြီးဖြစ်သည်။
အန္တိခရစ်တို့က အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းသည် အမှန်တကယ်ပင် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ ပို၍နူးညံ့သိမ်မွေ့သော ဖြစ်ရပ်များတွင် လူတစ်ဦးက လူအချို့ကို ကြိုးကိုင်ညွှန်ကြားပြီး ပြင်းထန်သော ဖြစ်ရပ်များတွင် ဂိုဏ်းတစ်ဂိုဏ်းက အရေအတွက်တစ်ခုမျှ ရှိသော လူများအပြင် အခြားကိစ္စရပ်တိုင်းကိုပါ ကြိုးကိုင်ညွှန်ကြားသည်။ လူတစ်ဦးက ကြိုးကိုင်ညွှန်ကြားနိုင်သည့် အမှုအရာများနှင့် အခြေအနေများ အရေအတွက်သည် အကန့်အသတ်ရှိသည်။ ထို့ကြောင့် မိမိတို့၏ အင်အားစုများကို ချဲ့ထွင်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ အန္တိခရစ်တို့သည် လူတစ်သိုက်ကို လေ့ကျင့်ပေးရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကို ကူညီရန်၊ မိမိတို့၏ အဆင့်အတန်းနှင့် အာဏာကို လုံခြုံစေရန်နှင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရာတွင် မိမိတို့ကို ကူညီရန်အလို့ငှာ လူတစ်စုကို ဆွဲဆောင်ပြီး ထိန်းချုပ်ရန် လိုအပ်သည်။ အန္တိခရစ်တို့သည် မိမိတို့၏ ဂိုဏ်းကို တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်သည် ပို၍ ကြီးမားကျယ်ပြန့်လာပြီး အမှုအရာများကို ပိုမို ကြိုးကိုင်ညွှန်ကြားခွင့်ရကာ ၎င်းတို့၏ ပါဝင်ပတ်သက်မှုလည်း ကျယ်ပြန့်လာသည်။ အကျိုးဆက်အနေဖြင့် ထိခိုက်နစ်နာသူအရေအတွက် တိုးပွားလာသည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနိုင်စွမ်းရှိသည့် အန္တိခရစ်တစ်ဦး၏ ဂိုဏ်းကို သင်တို့ ကြုံတွေ့ရပါက မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ ထိုသို့သော ဂိုဏ်းတစ်ခုကို သင်တို့ မြင်ဖူးသလော။ ဤအုပ်စု၏ အဓိက အဖွဲ့ဝင်များသည် ပုံမှန်အားဖြင့် လူလေးဦး သို့မဟုတ် ငါးဦး သို့မဟုတ် ဆယ်ဦးထက်ပို၍ ပါဝင်သည်။ တစ်ဦးစီတိုင်းသည် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများအတွက် တာဝန်ရှိကြသည်။ ဥပမာအားဖြင့် ဝန်ထမ်းအပြောင်းအလဲများတွင် အထူးကျွမ်းကျင်သူများ၊ ဘဏ္ဍာရေးကိုင်တွယ်သူများ၊ အထက်နှင့်ဆက်ဆံသူများ၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အန္တိခရစ်အတွက် အမှုအရာများကို ချက်ချင်းဖုံးကွယ်ပေးသူများ ရှိကြသည့်အပြင် နောက်ကွယ်မှ အကြံဉာဏ်ပေးသူများ၊ လူတို့ကို အန္တရာယ်ပြုရန် မကောင်းသည့်အရာများ ကြံစည်သူများ၊ ကောလာဟလများ ဖြန့်ဝေရာတွင် အထူးကျွမ်းကျင်သူများ၊ ရန်တိုက်ပေးသူများ၊ မကောင်းမှုပြုသူများကို မကောင်းမှုပြုရန် ကူညီသူများ၊ သတင်းအချက်အလက် စုဆောင်းသူများ၊ ပြီးလျှင် အကျိုးအမြတ်များကို ကြိုးစားရယူကာ ၎င်းတို့အား ဆေးကုသမှုပေးသူများပင် ရှိကြသည်။ အတိုချုပ်ဆိုရသော် ဤအုပ်စုတွင် အခန်းကဏ္ဍမျိုးစုံကို ပါဝင်ဆောင်ရွက်ရန် တစ်စုံတစ်ယောက် ရှိသည်။ အန္တိခရစ်တို့သည် သြဇာလွှမ်းမိုးမှုမရှိသော၊ မာယာကင်းပြီး ရိုးသားသော၊ လူ့အဖွဲ့အစည်းအတွင်း အမှုကိစ္စများကို ကိုင်တွယ်နိုင်စွမ်းမရှိသော လူပုဂ္ဂိုလ်များကို လျစ်လျူရှုကြသည်။ ထိုအစား အဆင့်အတန်း၊ ဂုဏ်သတင်း၊ သြဇာလွှမ်းမိုးမှုနှင့် အရာရှိတစ်ဦးအဖြစ်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင် စီးပွားရေးကြီးကြီးမားမား လုပ်ဆောင်ရာ၌ဖြစ်စေ အတွေ့အကြုံရှိသည့် ယုံကြည်သူများ၊ လောကတွင် တွေ့ဖူးကြုံဖူးသူများ၊ အမှုအရာများကို ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသူများနှင့် ၎င်းတို့အတွက် ကောင်းမွန်သည့်အရာများကို ရယူပေးနိုင်သူများကို အထူးသဖြင့် ပစ်မှတ်ထားကြသည်။ သာဓကအနေဖြင့် ကားတစ်စီးက ယွမ် ၄၀၀၀၀၀ တန်လျှင် ဈေးကွက်ကို ကစားနိုင်သည့် အရည်အချင်းရှိသူတစ်ဦးသည် အန္တိခရစ်အတွက် ကားသစ်နှင့်ညီမျှသော တစ်ပတ်ရစ်ကားတစ်စီးကို ဈေးတစ်ဝက်ဖြင့် ရယူပေးနိုင်သည်။ အကယ်၍ အန္တိခရစ်သည် ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးနှင့် နီးစပ်သွားပါက သူ့ကို ခေါ်ဆောင်မည်လော။ (ဟုတ်ကဲ့။) အန္တိခရစ်တို့သည် ဤကဲ့သို့သော လူများကို ဆွဲဆောင်ခေါ်ယူကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၊ ဘုရားသခင်၏ အမှုတော်နေရာကို လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ကြပြီး ဘုရားသခင်၏အမှုတော်နှင့် သမ္မာတရားတို့သည် လူတို့ကြားတွင် အကောင်အထည်ဖော်၍ မရနိုင်အောင် ပြုလုပ်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်ဖြစ်မြောက်လိုကြသည်။ သာမန်ယုံကြည်သူတစ်ဦးသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး သူမ၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်နိုင်ကာ မာယာကင်းပြီး ရိုးသားသည့်အပြင် အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းမရှိလျှင် အန္တိခရစ်က သူမကို အလိုရှိမည်လော။ (အလိုရှိမည်မဟုတ်ပါ။) အကယ်၍ သူမ၏ ခင်ပွန်းနှင့် သား နှစ်ဦးလုံးတို့သည် စီးပွားရေးလုပ်ငန်းတွင် ငွေရှာနိုင်ကြလျှင်၊ လူ့အဖွဲ့အစည်းတွင် သြဇာလွှမ်းမိုးမှု ရှိကြပြီး မည်သူကမျှ သူတို့ကို အနိုင်မကျင့်ဝံ့လျှင် ဤကဲ့သို့သော သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် အန္တိခရစ်အတွက် တန်ဖိုးတစ်ခုခု ရှိသလော။ အန္တိခရစ်၏ အမြင်တွင် သူမ၌ ပင်ကိုတန်ဖိုး ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း သူမ၏ မိသားစုကြောင့် သူမသည် အလွန်တန်ဖိုးရှိသည်။ သူမ၌ ငွေကြေးမရှားပါး၊ သူမ၏အိမ်သည် ညီအစ်ကိုမောင်နှမများကို လက်ခံဧည့်ခံနိုင်ပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာလျှင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် သူမ၏ မိသားစုကို အကူအညီ တောင်းခံနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် အန္တိခရစ်အတွက် တန်ဖိုးရှိသည်။ အန္တိခရစ်သည် ထိုသို့သောလူကို မိမိတို့ဘက်တွင် ရပ်တည်စေရန်နှင့် မိမိတို့၏ အသုံးချခံဖြစ်စေရန်အလို့ငှာ ဆွဲဆောင်ပြီး အထင်အမြင်မှားစေဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သည်။ အန္တိခရစ်သည် မိမိတို့အတွက် အသုံးဝင်သော လူတို့ကို တိကျစွာ အကဲဖြတ်သည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်းရှိသူများ၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများ သို့မဟုတ် ကောင်းမွန်သော စရိုက်လက္ခဏာရှိပြီး တာဝန်ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသူများ၊ ထိန်းကျောင်းခြင်းနှင့် ရေလောင်းခြင်းခံရပြီးနောက် တိုးတက်နိုင်ကာ စစ်မှန်စွာ အဖိုးအခပေးနိုင်သူများကို ဂရုမစိုက် သို့မဟုတ် တန်ဖိုးမထားကြပေ။ သင်သည် သာ၍ ဖြောင့်မတ်နိုင်လေ၊ ပြီးလျှင် အသိစိတ်နှင့် ဆင်ခြင်တုံတရား သာ၍ ရှိနိုင်လေ၊ သင့်ကို ၎င်းတို့ သာ၍ ရွံမုန်းလေ ဖြစ်သည်။ သင်သည် အမှန်အတိုင်းနှင့် ပွင့်လင်းစွာ ပြောဆိုဆက်ဆံလျှင် ၎င်းတို့က သင့်ကို ရွံမုန်းကာ စက်ဆုပ်ကြသည်။ သင့်ကို ၎င်းတို့ မြင်သည့်အခါ သင်နှင့် ခပ်ဝေးဝေးတွင်နေကြသည်။ သင်သည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံလျှင် သင်သည် ၎င်းတို့အတွက် တန်ဖိုးမရှိပါက ၎င်းတို့သည် အပေါ်ယံ နှုတ်ခွန်းဆက်သကြသော်လည်း စိတ်ရင်းမှန်ဖြင့် စကားမပြောကြပေ။ ၎င်းတို့သည် မိမိတို့အတွက် တန်ဖိုးရှိသော၊ မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအတွက် အကျိုးရှိသော လူတို့ကိုသာ ပို၍နှစ်သက်ကြသည်။ တစ်စုံတစ်ဦးကို ၎င်းတို့ အသုံးပြုနိုင်လျှင်၊ ထိုသူက ၎င်းတို့ကို အမှုအရာများ ဆောင်ရွက်ရာတွင် ကူညီနိုင်လျှင်၊ အမှန်တရားများကို ဖုံးကွယ်ပေးနိုင်လျှင်၊ ၎င်းတို့အတွက် သင့်တော်သော ဆင်ခြေများကို ရှာဖွေရင်း မကောင်းမှုများ လုပ်ဆောင်ပေးနိုင်လျှင်၊ ပြီးလျှင် မည်သူမျှ သတိမပြုမိဘဲ၊ မည်သူမျှ ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ထွင်းဖောက်သိမြင်နိုင်ခြင်း မရှိဘဲ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေနိုင်လျှင် ထိုသူသည် ၎င်းတို့၏ အမြတ်ထုတ်ခြင်းနှင့် စုဆောင်းခြင်းခံရမည့်သူ ဖြစ်လာသည်။ တစ်စုံတစ်ဦးသည် မည်သူနှင့် စကားပြောသည်ဖြစ်စေ အမြဲတမ်း မြှောက်ပင့်သော စကားများပြောဆိုကာ အာဏာရှိသူများကို ချီးမွမ်းထောမနာပြုပြီး အဆင့်အတန်းရှိသူ မည်သူ့ကိုမဆို လိုက်လျှောက်ကာ မည်သူ့အပေါ်၌မဆို ပိုင်းခြားသိမြင်မှု မပြလျှင် အန္တိခရစ်က ထိုသူကို အသုံးပြုသလော။ ထိုသို့သော လူသည် အန္တိခရစ်အတွက် တန်ဖိုးရှိသော်လည်း ၎င်းတို့က ထိုသူကို သတိဖြင့်လည်း ဆက်ဆံကြသည်။ ၎င်းတို့ကို မြှောက်ပင့်သောသူတို့ကို အပြည့်အဝ မယုံကြည်ကြသကဲ့သို့ အချို့သော အမှုအရာများကိုလည်း သိခွင့်ပေးမည် မဟုတ်ပေ။ အစည်းအဝေးများကို အဆင့်အတန်းအလိုက် အဆင့်ခွဲခြားထားလျှင် ၎င်းတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ပို၍ အရေးကြီးသော စုဝေးပွဲများမှ ဖယ်ထုတ်ထားသည်။ နိမ့်ကျသော အရေးပါမှုရှိသည့် စုဝေးပွဲများ သို့မဟုတ် သာမန် စုဝေးပွဲများမှာ ထိုသို့သော စိတ်တွေဝေသူများ ပါဝင်နိုင်သည့် နေရာများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အခြားခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာလျှင် ဤစိတ်တွေဝေသူများသည် ၎င်းတို့ကို အချိန်မရွေး သစ္စာဖောက်ကောင်း ဖောက်နိုင်ကာ ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ အန္တိခရစ်သည် ထိုသို့သော လူများနှင့် ဆက်ဆံရာတွင် စဉ်းလဲပြီး အခြေအနေအပေါ်မူတည်၍ ၎င်းတို့ကို အသုံးချသည်။ ထို့ကြောင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ပတ်သက်လာလျှင် အန္တိခရစ်သည် အလွန်သတိထားသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို စနစ်တကျရှိပြီး ချင့်ချိန်တွက်ဆသည့် နည်းလမ်းဖြင့် ကိုင်တွယ်ကာ မည်သို့ပြုမူဆောင်ရွက်ရမည်နှင့် မည်သည့်လူတို့ကို မိမိတို့အကျိုးအတွက် အသုံးချရမည်ကို သေချာစွာ စဉ်းစားသည်။ ၎င်းတို့၏ စိတ်ထဲတွင် ရင်းနှီးသော ဘက်တော်သားများနှင့် သာမန်နောက်လိုက်များကို ခွဲခြားထားသည်။
အန္တိခရစ်သည် အထက်အဆင့်ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် ၎င်းတို့နှင့် အသိအကျွမ်းမရှိသူတစ်ဦးဦးကဲ့သို့သော သူစိမ်းတစ်ဦးနှင့် ထိတွေ့ဆက်ဆံသည့်အခါ ထိုသူ၏အကျင့်စရိုက်၊ ထိုသူတွင် အချို့သော လိုက်စားမှုများ သို့မဟုတ် ဝါသနာများ ရှိမရှိ၊ ထိုသူတွင် စစ်မှန်သောယုံကြည်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ယုံကြည်သည့်သက်တမ်း၊ သမ္မာတရားလက်တွေ့ကျမှု သို့မဟုတ် မိမိတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမရှိနှင့် အသက်ဝင်ရောက်မှုအတွက် ဝန်တာတစ်ခုကို ထမ်းဆောင်ခြင်း ရှိမရှိတို့ကို ဦးစွာ စုံစမ်းသည်။ ၎င်းတို့သည် သွင်ပြင်လက္ခဏာတိုင်းကို အကဲဖြတ်ကာ စောင့်ကြည့်လေ့လာပြီးနောက် ထိုသူတို့ထံမှ စကားကို အစ်အောက်မေးမြန်းရန်နှင့် ထိုသူတို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုသည်။ လူတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်သည်ကို တွေ့ရှိလျှင် ၎င်းတို့သည် မိမိတို့၏ သတိထားမှုကို လျှော့ချပြီး ထိုသူကို လျစ်လျူရှုလိုက်သည်။ သို့ရာတွင် လူတစ်ဦးသည် လိမ္မာပါးနပ်ပြီး နားလည်ရခက်ပုံပေါ်လျှင် ၎င်းတို့သည် သတိထားရမည်ဟု ခံစားရသည်။ အန္တိခရစ်၏ အခြေအနေများကို ထိန်းချုပ်ခြင်းဆိုသည်မှာ လူအမျိုးအစားအားလုံးကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်း အပါအဝင် အရာရာတိုင်းကို ထိန်းချုပ်ကာ အရာရာတိုင်းတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် အသုံးမဝင်သော စက္ကူတစ်ရွက်ကဲ့သို့ ၎င်းတို့အတွက် အဓိပ္ပာယ်မဲ့သွားပြီး ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စိတ်သဘောထားတို့သည် လေထုဖြစ်သည့်အလား လုံးဝတည်ရှိခြင်း မရှိတော့ချေ။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများသည် လူတို့ကို ထိန်းချုပ်ခြင်းနှင့် လူတို့ကို ၎င်းတို့စကား နားထောင်စေခြင်းထက် ကျော်လွန်သည်။ ၎င်းတို့သည် မိမိတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်အတွင်း၌ဖြစ်စေ၊ အပြင်၌ပင်ဖြစ်စေ မိမိတို့မျက်စိအောက်တွင် ဖြစ်ပျက်သည့် ကိစ္စရပ်များအပြင် လူတိုင်းကြုံတွေ့ရသည့် အဖြစ်အပျက်တိုင်းကို ထိန်းချုပ်သည်အထိပင် ဖြစ်သည်။ ဤထိန်းချုပ်မှု၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအပြင် မိမိတို့၏ ဂုဏ်သတင်းကိုပါ လုံခြုံစေရန် ဖြစ်သည်။ စကားတစ်ခွန်းက အန္တိခရစ်၏ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းကို အနှစ်ချုပ်ဖော်ပြသည်၊ ယင်းမှာ အရာအားလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်သည် မည်သည့်ကိစ္စကိုမဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လျစ်လျူမရှုဝံ့ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လျစ်လျူမရှုဝံ့ဘဲ မိမိတို့၏ အဆင့်အတန်း သို့မဟုတ် မိမိတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်နှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမဆို ပါဝင်ပတ်သက်ကာ ဝင်ရောက်စွက်ဖက်လိုကြပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ လက်လွှတ်မခံကြပေ။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ ကိစ္စရပ်များစွာတွင် တက်ကြွစွာ ပါဝင်လိုပြီး အမှုအရာများ မည်သို့တိုးတက်နေသည်ဟူသည့် အခြေအနေကို ဆုပ်ကိုင်ထားလိုကြသည်။ ဥပမာအားဖြင့် အချို့လူများက ၎င်းတို့ကို အမှန်တကယ် နားမထောင်လျှင် သို့မဟုတ် ၎င်းတို့အပေါ် ကျိုးနွံနာခံမှုမရှိဘဲ ၎င်းတို့အပေါ် အစဉ်သဖြင့် ထင်မြင်ချက်များရှိနေလျှင် ထိုသူတို့ကို ညှဉ်းပန်းရန် နည်းလမ်းများရှာကြသည်။ သို့သော် ၎င်းတို့ကို ပြုပြင်ရန် မည်သည့်ဆင်ခြေမျှ ရှာမတွေ့လျှင် မည်သို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ပေးပို့လိုက်သော စာအုပ်များနှင့် တရားဒေသနာ မှတ်တမ်းများကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခု ရှာကြသည်။ မည်သူက ၎င်းတို့ကို နာခံသည်ဆိုသည့်အပေါ်မူတည်၍ ဤပစ္စည်းများကို မည်သူက ချက်ချင်းလက်ခံရရှိမည်ကို ၎င်းတို့ ဆုံးဖြတ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို နားမထောင်လျှင် သို့မဟုတ် ထိုအချိန်အတောအတွင်း မနှစ်မြို့ဖွယ်ရာ အပြုအမူကို ပြသလျှင် အရင်းအမြစ်များ နည်းပါးသည်ဟု အကြောင်းပြကာ သင့်ထံသို့ ပေးပို့တော့မည်မဟုတ်ပေ။ အန္တိခရစ်သည် သင်၏အပြုအမူကို စောင့်ကြည့်နေသည်။ အကယ်၍ သင်သည် ထိုအကြောင်းကို ရှင်းလင်းစွာ စဉ်းစားပြီး ထွင်းဖောက်သိမြင်ကာ အန္တိခရစ်၏ စိတ်သဘောကို သဘောပေါက်လျှင်၊ သင်၏အမှားများကို သင်ဆန္ဒအလျောက် ဝန်ခံပြီး အန္တိခရစ်နှင့် နီးစပ်အောင်နေလျှင် ၎င်းတို့က “ဤတစ်ကြိမ်တွင် ဘုရားအိမ်တော်က လူတိုင်းအတွက် လုံလောက်သော အရင်းအမြစ်များကို ပေးပို့လိုက်ပြီး သင်လည်း ပါဝင်သည်” ဟု ပြောရန် ဆင်ခြေတစ်ခုကို ရှာတွေ့လိမ့်မည်။ သို့ရာတွင် အချိန်အတန်ကြာပြီးနောက် သင်သည် တစ်ဖန် ခပ်ခွာခွာနေသည်ကို ၎င်းတို့တွေ့ရှိလျှင် သင့်ကို ဆက်၍ ညှဉ်းပန်းနေဦးမည်သာဖြစ်သည်။ အရင်းအမြစ်အသစ်များ ရောက်ရှိလာသည့်အခါ သင့်ကို အကြောင်းကြားခြင်းပင် ပြုတော့မည်မဟုတ်၊ သင့်ကို မည်သည့်အရာမျှ ပေးတော့မည်မဟုတ်ဘဲ သင်မူလက ပိုင်ဆိုင်ခဲ့သည့်အရာကို သိမ်းယူရန် ဆင်ခြေတစ်ခုကိုပင် ရှာကောင်းရှာပေမည်။ အထူးသဖြင့် အန္တိခရစ်သည် တစ်စုံတစ်ဦးက မိမိတို့၏ မကောင်းမှုများကို နောက်ကွယ်တွင် သိရှိကောင်း သိရှိနိုင်ပြီး မိမိတို့ကို တိုင်ကြားနိုင်သည်ကို သိရှိသွားသည့်အခါ ပထမဦးစွာ သိမ်မွေ့သောနည်းလမ်းကို အသုံးပြုလျက် အလျင်ဦးအောင် မိမိတို့၏အမှားများကို ဝန်ခံပြီး မိမိကိုယ်ကိုသိသောအသိကို မျှဝေကာ လက်ဦးမှုယူ၍ ဆောင်ရွက်ကြသည်။ သိမ်မွေ့သောနည်းလမ်းသည် အလုပ်မဖြစ်သည်ကို အန္တိခရစ် မြင်သည်နှင့်တစ်ပြိုင်နက် ဤသူသည် မိမိတို့ကို တိုင်ကြားကောင်း တိုင်ကြားနိုင်ဆဲဖြစ်သည်ဟု တွေးလျက် မိမိတို့စိတ်ထဲတွင် အနည်းငယ် မလုံမခြုံဖြစ်လာကာ ဤပုဂ္ဂိုလ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်နှင့် အတင်းအကျပ် ခြိမ်းခြောက်ရန် လူအများအပြားကို စုစည်းဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မည်။ ထိုသူသည် အလျှော့ပေးလိုက်လျောပြီး မိမိတို့ကို တိုင်ကြားမည်မဟုတ်ကြောင်း သူ၏ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာသည်အထိ ဤသို့ဆက်လက်လုပ်ဆောင်ပြီး ထိုအခါမှသာ အန္တိခရစ်သည် မိမိ၏လုပ်ဆောင်မှုကို ရပ်တန့်လိုက်သည်။ အချို့ကိစ္စများတွင် အန္တိခရစ်သည် အခြားသူတို့ကိုပင် ဦးစွာ ဖော်ထုတ်ကောင်းဖော်ထုတ်ပေမည်။ အခြားသူတို့က မိမိတို့ကို ဖော်ထုတ်ပြီး တိုင်ကြားမည်ကို စိုးရိမ်သဖြင့် အခြားသူတစ်ဦးကို မှားယွင်းသော စွပ်စွဲချက်များ ပြုလုပ်ပြီး ထိုသူ့အတွက် ထောင်ချောက်ဆင်ရန် တမင်တကာပင် နိုင်ကွက်ကို လက်မလွတ်တမ်း အသုံးချ၍ လက်ဦးမှုယူကာ ဆောင်ရွက်ကြသည်။ နောက်ပိုင်းတွင် ထိုသူကို အထက်နှင့်လည်းကောင်း၊ အသင်းတော်နှင့်လည်းကောင်း အဆက်အသွယ်ဖြတ်တောက်ကာ သီးခြားခွဲထုတ်ပြီး နှင်ထုတ်ရန် ဆင်ခြေတစ်ခုကို ၎င်းတို့ရှာကြသည်။ ယခုတွင် အန္တိခရစ်သည် လုံခြုံသည်ဟု ခံစားရပြီး စိုးရိမ်စရာမရှိတော့ပေ။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ကိစ္စရပ်များတွင် အန္တိခရစ်၏ လုပ်ဆောင်ချက်များသည် သီးခြားဖြစ်ရပ် တစ်ခု သို့မဟုတ် နှစ်ခုမျှသာ သို့မဟုတ် နည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုကိုသာ အသုံးပြုခြင်းထက် ပိုသည်ဟု ဆိုနိုင်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန်၊ မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်နှင့် မိမိတို့၏ဩဇာနယ်ပယ်ကို မယိမ်းယိုင်စေရန်အလို့ငှာ အန္တိခရစ်သည် မကောင်းမှုများစွာကို ပြုလုပ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်အတွင်းရှိ ဝန်ထမ်းစနစ်များနှင့် စီစဉ်ခန့်ခွဲမှုများကို ပြောင်းလဲပစ်သည်။ လူအများကို ပိုမိုထိန်းချုပ်နိုင်ရန် ညီအစ်ကိုမောင်နှမများကြားတွင် ရန်တိုက်ပေးပြီး ညီအစ်ကိုမောင်နှမများကို အချင်းချင်း တိုက်ခိုက်စေကာ ဝေဖန်သုံးသပ်စေသည်။ တရားမျှတစိတ်ပိုရှိသော ညီအစ်ကိုမောင်နှမအချို့ကို ဝိုင်းဝန်းတိုက်ခိုက်ရန် မိမိတို့၏ နောက်လိုက်များကိုပင် လှုံ့ဆော်သည်။ ၎င်းတို့သည် အထက်က မိမိတို့ကို မည်မျှအထင်ကြီးကြောင်းကိုလည်း ညီအစ်ကိုမောင်နှမများရှေ့တွင် အခိုင်အမာပြောဆိုကြသည်။ ထို့ထက်မက ၎င်းတို့သည် မိမိတို့၏ ထူးချွန်သောအလုပ်အကြောင်း ကြွားဝါပြီး မိမိကိုယ်ကိုသိသောအသိကို ရရှိခဲ့ကြောင်း၊ မိမိတို့၏ပြဿနာများကို ဆန္ဒအလျောက် ထုတ်ဖော်နိုင်ကြောင်း စသည်တို့ကို အခိုင်အမာဆိုလျက် အထက်သို့ စာများရေးသားကြသည်။ အထက်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးပမ်းမှုအားလုံးတွင် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအကြောင်း စာများရေးသားကာ အသိပေးကြသည်။ ၎င်းတို့သည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန်၊ မိမိတို့၏ အမာခံနောက်လိုက်များကို ထိန်းချုပ်ရန်၊ ညီအစ်ကိုမောင်နှမများကို လှည့်စားရန်နှင့် တစ်ပြိုင်နက်တည်းတွင် ဘုရားအိမ်တော်ကို လှည့်စားရန် နည်းလမ်းများနှင့် နည်းစနစ်အမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်တို့မှာ အသင်းတော်အတွင်း၌ အခြေအနေများကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် အမျိုးမျိုးသော အလေ့အကျင့်များ ဖြစ်ကြသည်။ သီးခြားကျင့်သုံးမှုများ များစွာရှိပါသေးသည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းတို့ကို ဤနေရာတွင် တစ်ခုချင်း ဖော်ပြမည်မဟုတ်ချေ။ အနှစ်ချုပ်အားဖြင့် အန္တိခရစ်များက အသင်းတော်ကို ထိန်းချုပ်ပုံနှင့်ပတ်သက်သော ဤကိစ္စရပ်များသည် ဖြစ်နေကျဖြစ်ပြီး ၎င်းတို့ပြသသည့် အမျိုးမျိုးသော အလေ့အကျင့်များသည်လည်း ဖြစ်နေကျဖြစ်ပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။